သပြေကန် တရားတော်ပေါင်းချုပ်
အမှတ် (၂)
(ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း • ခရစ်သက္ကရာဇ် ၂၀၀၃)
မြတ်ဗုဒ္ဓ၏ သဒ္ဓမ္မသုံးဖြာ သာသနာသည် ရှည်ကြာတည်တံ့ ရှည်ခိုင်ခံ့၍ သန့်ရှင်းပြန့်ပွားပါစေသော်။
ပုံနှိပ်မှတ်တမ်း
မာတိကာ (Table of Contents)
▸ နိဒါန်း ၁ ပုဒ်
▸ တရားတော်များ ၉၃ ပုဒ်
- ၁။ အားလုံးကို ကျေးဇူးတင်ပါသည်
- ၂။ သာသနပါလကအဖွဲ့ ဥက္ကဋ္ဌကြီး၏ ဥယျောဇဉ်
- ၃။ အမှာစာ
- ၄။ ပရိတ်အမွှန်း (စာ ၁)
- ၅။ ဗုဒ္ဓါနုဿတိဘာဝနာသစ္စာမေတ္တာ (စာ ၁)
- ၆။ ပဋ္ဌာန်းအမွှန်းဂါထာများ (စာ ၄)
- ၇။ ပဋ္ဌာန်းအခမ်းအနားသိမ်း အောင်ဩဘာစာ (စာ ၇)
- ၈။ ပဋ္ဌာန်းအမေးအဖြေ ရှစ်လုံးဖွဲ့ မြန်မာကဗျာ (စာ ၉)
- ၉။ ဩဝါဒပါတိမောက်တရားတော် (စာ ၁၄)
- ၁၀။ ဂိလာနသံဃာစောင့်ရှောက်ရေးအဖွဲ့ (နှစ်ပတ်လည်) တရားတော် (စာ ၂၃)
- ၁၁။ ရက်လည်ဆွမ်း အနုမောဒနာတရားတော် (စာ ၂၇)
- ၁၂။ ဘဝပဒေသာတရားတော် (စာ ၃၇)
- ၁၃။ မင်္ဂလာဦးဆွမ်း အနုမောဒနာတရားတော် (စာ ၄၃)
- ၁၄။ အနေကဇာတင်အနုမောဒနာတရားတော် (စာ ၅၁)
- ၁၅။ အနေကဇာတင်တရားတော် (စာ ၅၇)
- ၁၆။ ဗုဒ္ဓဘာသာနှစ်မျိုး (တရားပဒေသာဩဝါဒ) (စာ ၆၇)
- ၁၇။ ဗုဒ္ဓကိုယ်စား ဘုရားတရားတော်တွေက ဘယ်လိုကျေးဇူးပြုတုန်း (စာ ၇၃)
- ၁၈။ ဓမ္မသတ္တိ (တရားပဒေသာဩဝါဒ) (စာ ၇၈)
- ၁၉။ မနုဿတ္တဒုလ္လဘ ရခဲအကျိုးတွေ (တရားပဒေသာဩဝါဒ) (စာ ၈၂)
- ၂၀။ သဗ္ဗမင်္ဂလာဂါထာတော် (တရားပဒေသာဩဝါဒ) (စာ ၈၅)
- ၂၁။ ဩပနေယျိကဂုဏ်တော် တရားတော် (စာ ၈၈)
- ၂၂။ ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော်တရားတော် (စာ ၉၄)
- ၂၃။ ကိုယ်တိုင်ဒိဋ္ဌသိနိုင်မြင်နိုင်တွေ့နိုင်တဲ့ လောကုတ္တရာကိုးပါးတရားတော် (စာ ၁၀၁)
- ၂၄။ လာခဲ့ပါ ကျင့်ကြည့်ရှုကြည့်ပါဟု ဖိတ်ခေါ်ထိုက်တဲ့ ဗုဒ္ဓဓမ္မတရားတော် (စာ ၁၁၀)
- ၂၅။ ဥပုသ်တရားတော် (၁၃၅၄) ခု ဝါဆိုလဆုတ် (၈) ရက် (စာ ၁၁၇)
- ၂၆။ ဥပုသ်တရားတော် (၁၃၅၄) ခု ဝါခေါင်လဆန်း (၈) ရက် (စာ ၁၂၈)
- ၂၇။ သူ့အကျိုးဆောင်မှ ကိုယ့်အကျိုးပြီးမြောက် တရားတော် (စာ ၁၃၅)
- ၂၈။ ဘုရားဂုဏ်တော်များကို မြွက်ဆိုဂုဏ်တင်ရခြင်းအတွက် ပြုအပ် ဆုပတ္ထနာ (စာ ၁၃၉)
- ၂၉။ ဝါဆိုသင်္ကန်းကပ်အလှူတော် (ဦးတိုးမောင် ဒေါ်စန်းစန်း-အိမ်) (စာ ၁၄၄)
- ၃၀။ ဝါဆိုသင်္ကန်းကပ်အလှူတရားတော် (စာ ၁၅၃)
- ၃၁။ ရတနာအိုးမြှုပ်နှံတရားတော် (စာ ၁၅၈)
- ၃၂။ ကုသိုလ်ရှိမှ ကျက်သရေရှိသည် သီရိဂေဟာတရားတော် (စာ ၁၆၃)
- ၃၃။ ဘဝကောင်းကျိုးပွားတိုးရည်မြော် ကုသိုလ်ပြုတရားတော် (စာ ၁၇၀)
- ၃၄။ သဒ္ဓါတရားရှိမှ ကုသိုလ်ကောင်းမှု ဖြစ်စေနိုင်ကြောင်းတရားတော် (စာ ၁၇၅)
- ၃၅။ ဒါနဆိုသော စိတ်ချမ်းသာဆေး တရားတော် (စာ ၁၈၀)
- ၃၆။ သာသနာပြု ကောင်းမှုအတ္ထုပ္ပတ် တိုး၍တိုး၍ပြုနေ သေရမှာမကြောက် နေရမှာပျော်စရာ တရားတော် (စာ ၁၈၅)
- ၃၇။ ဘုရားရှင်ထံ တပည့်ခံ တရားတော် (စာ ၁၈၉)
- ၃၈။ တိုက်တွန်းနှိုးဆော် အပ္ပမာဒ တရားတော် (စာ ၁၉၅)
- ၃၉။ ထာဝရကုသိုလ် တရားတော် (စာ ၂၀၂)
- ၄၀။ အနှစ်မဲ့များကို အနှစ်နှင့်လဲယူသည့်ကုသိုလ်ပွဲ တရားတော် (စာ ၂၀၇)
- ၄၁။ ဘာဝနာပွားများရေး တရားတော် (စာ ၂၁၅)
- ၄၂။ ကိုယ့်ကိုကိုယ်ချစ် တရားတော် (စာ ၂၂၄)
- ၄၃။ အလှူပဒေသာ တရားတော် (ဦးမောင်မောင် ဒေါ်မြိုင်-သာကေတ) (စာ ၂၃၁)
- ၄၄။ မိမိအလှူ အကျိုးကြီးအောင်လှူပါ တရားတော် (စာ ၂၄၂)
- ၄၅။ အိုနာသေဘေး မကြောက်ရေးတရားတော် (စာ ၂၄၈)
- ၄၆။ ဆွမ်းအလှူ၌ ဟောကြားအပ်သော သောတာပန်ဖြစ်ကြောင်း တရားတော် (စာ ၂၅၃)
- ၄၇။ ရှင်ပြုရဟန်းခံ အလှူတော်ကြီး (စာ ၂၆၀)
- ၄၈။ ရဟန်းခံ ရှင်ပြုပေးခြင်းအကျိုး တရားတော် (ဦးအောင်ဆန်း အလှူ) (စာ ၂၆၉)
- ၄၉။ အရှင်သုမန သိက္ခာထပ်ပွဲ၌ ဟောကြားအပ်သော တရားတော် (စာ ၂၇၅)
- ၅၀။ သိက္ခာထပ်အလှူတော်မင်္ဂလာ တရားတော် (ဦးမြင့်ဦး ဒေါ်ခင်အေးကြူ) (စာ ၂၈၂)
- ၅၁။ ပဗ္ဗဇ္ဇာဘိသေကမင်္ဂလာ တရားတော် (စာ ၂၈၈)
- ၅၂။ သာသနာ့နုဂ္ဂဟတရားတော် (ဦးကျော်ခင်မြင့် ဒေါ်ခင်ခင်စိန်-အလှူ) (စာ ၂၉၇)
- ၅၃။ ဒုလ္လဘ ရဟန်းခံရှင်ပြုအလှူတော် (ဦးစောစိန် ဒေါ်စန်းလွင်) (စာ ၃၀၃)
- ၅၄။ သာသနာ့အမွေခံ တရားတော် (စာ ၃၁၁)
- ၅၅။ ရှင်ပြုရဟန်းခံ အလှူတော်ကြီး (စာ ၃၂၁)
- ၅၆။ အိမ်သစ်တက် မင်္ဂလာ အနုမောဒနာ (စာ ၃၂၈)
- ၅၇။ အိမ်သစ်တက် မင်္ဂလာတရား (၄၂) လမ်းထိပ် (စာ ၃၃၅)
- ၅၈။ ဦးညွန့်ဆွေ ဒေါ်သက်သက်ဆွေ အိမ်၌ ဟောကြားအပ်သော တရားတော် (စာ ၃၄၀)
- ၅၉။ မွေးနေ့ဆွမ်း အနုမောဒနာတရား (ဦးသက်ထွန်း-အိမ်) (စာ ၃၄၈)
- ၆၀။ မွေးနေ့အလှူ တရားတော် (မောင်ဇော်မျိုးထွန်း မွေးနေ့) (စာ ၃၅၄)
- ၆၁။ မိဘမှူးထား မွေးနေ့တရား (စာ ၃၆၀)
- ၆၂။ ဝိဇာတမင်္ဂလာ တရားတော် (စာ ၃၆၇)
- ၆၃။ အဖိုးတန် မွေးနေ့အလှူမင်္ဂလာ တရားတော် (စာ ၃၇၂)
- ၆၄။ မွေးနေ့ အလှူတရား (ဦးဟန်တင် ဒေါ်ကျင်မေ) (စာ ၃၇၉)
- ၆၅။ နိုင်မာလင်း မွေးနေ့ မင်္ဂလာတရားတော် (စာ ၃၈၄)
- ၆၆။ ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက် ဦးအေး အိမ်၌ ဟောကြားသော တရားတော် (စာ ၃၉၃)
- ၆၇။ ပညာရှိ ပဏ္ဍိတ တရားတော် (ဆက်သွယ်ရေးဝန်ကြီး ဦးစိုးသာအိမ်၌ ဟောကြား) (စာ ၃၉၉)
- ၆၈။ မရဏဿတိကထာ (စာ ၄၀၅)
- ၆၉။ စုပေါင်း အာစရိယပူဇော်ပွဲ (တာမွေ) (စာ ၄၀၈)
- ၇၀။ တရားသည်သာ လူ့အသက် တရားတော် (စာ ၄၁၃)
- ၇၁။ သိမ်ကျောင်းအမကြီး ဒေါ်နီရင်း ရည်စူး၍ ဦးဘကြည်အလှူ (စာ ၄၂၀)
- ၇၂။ ခန္ဓာမီးပုံကြီးမှ မီးငြိမ်းစေသော ပစ္စည်းများ တရားတော် (စာ ၄၃၁)
- ၇၃။ ပစ္စည်းကုန်ခြင်း သုံးမျိုး တရားတော် (ဒေါ်လှမေ တစ်လပြည့်) (စာ ၄၃၆)
- ၇၄။ အမျှပေးဝေ ရပါစေ (ဦးသောင်းစိန် ရည်စူးအလှူ) (စာ ၄၄၂)
- ၇၅။ ဒေါ်တင်တင် (၆) နှစ်ပြည့် ဆွမ်းအနုမောဒနာ (စာ ၄၅၂)
- ၇၆။ အနေလှ အသေလှအောင် ကုသိုလ်ပြုကြ တရားတော် (စာ ၄၅၉)
- ၇၇။ မိဘများရည်စူး၍ ပြုလုပ်သောတရား (၂၄) ပိတောက်လမ်း တပ်မြေ (စာ ၄၆၇)
- ၇၈။ ဒေါ်သိန်းလှ ရက်လည်ဆွမ်း အနုမောဒနာတရားတော် (စာ ၄၇၃)
- ၇၉။ သာကေတ မကြည်ကြည်သိန်း ရက်လည်ဆွမ်းတရားတော် (စာ ၄၇၉)
- ၈၀။ သာကေတ မကြည်ကြည်သိန်း တစ်လပြည့်ဆွမ်း တရားတော် (စာ ၄၈၈)
- ၈၁။ မွေးသမိခင် ကျေးဇူးရှင် (မောင်သန်းစိုး မိသားစုအလှူ) (စာ ၄၉၅)
- ၈၂။ ကျေးဇူးသိတတ် ကျေးဇူးဆပ် တရားတော် (ဒေါ်သဲမေ ရည်စူးအလှူ) (စာ ၅၀၃)
- ၈၃။ ကွယ်လွန်သူ ဒေါ်လှကြည်အတွက် ကုသိုလ်ပွဲတရားတော် (စာ ၅၀၉)
- ၈၄။ ဒေါ်ညွန့်လွင် ရက်လည်ဆွမ်း အနုမောဒနာ (စာ ၅၁၇)
- ၈၅။ သရဏဂုံတင် မြေဆင်း သပိတ်သွတ် တရားတော် (စာ ၅၂၄)
- ၈၆။ အိုးခွက်ပမာ တို့ခန္ဓာ တရားတော် (စာ ၅၂၈)
- ၈၇။ ပတ္တိဒါန ကုသိုလ်တရားတော် (စာ ၅၃၅)
- ၈၈။ ကြွေးဟောင်းဆပ် ကြွေးသစ်ချ တရားတော် (စာ ၅၄၁)
- ၈၉။ ဦးဟန် တစ်နှစ်ပြည့် ဒေါ်ခင်လှ အလှူ၌ ဟောကြားအပ်သော တရားတော် (စာ ၅၄၆)
- ၉၀။ ဦးကျော်ခင်မြင့်အိမ်၌ ဟောကြားသော တရားတော် (စာ ၅၅၅)
- ၉၁။ လူ့ဘဝအလှတရားတော် (စာ ၅၆၈)
- ၉၂။ ရက်လည်ဆွမ်း အနုမောဒနာ (စာ ၅၇၄)
- ၉၃။ ဆရာတော်ကြီး နောက်ဆုံး ဟောကြားခဲ့သော တရားတော် (စာ ၅၈၄)
▸ နောက်ဆက်တွဲ ၁ ပုဒ်
အားလုံးကို ကျေးဇူးတင်ပါသည်
မိမိတို့စာအုပ်တိုက်သည် သပြေကန်ဆရာတော်ကြီး၏ “စေတီနှင့် ရိုသေမှု ” အမည်ရှိ ပုံနှိပ်မူအဖြစ်သို့မရောက်သေးသော ကျမ်းစာအုပ်ကို ဓမ္မဒါနလှူဒါန်းခြင်းဖြင့် စာပေနယ်သို့ မှတ် မှတ်ရရ ရောက်ရှိခဲ့ရပါသည်။
စာပေနယ်ဆိုသော်လည်း သောင်းပြောင်းထွေလာ စာပေစာစုံမျိုး မဟုတ်ပါ မြတ်ဗုဒ္ဓဓါ အသိအမြင် အကျင့်မြတ် စရဏတရားများကို ဆရာ အဆက်ဆက် ရေးဖွဲ့ ဖော်ထုတ်ခဲ့ကြသော လောကအကျိုးပြု စာကောင်းပေမွန် များကိုသာ ရွေးချယ်စုစည်း ထုတ်ဝေဖြန့်ချိလာခဲ့ကြခြင်း ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်။ ဇန်နဝါရီလ(၉)ရက်၊ စနေနေ့မှ စတင်လျှောက်လှမ်းခဲ့သော မိခင်ဧရာဝတီ၏ ဗုဒ္ဓစာပေအမွေ ဖြန့်ချိခဲ့သည့် စာခရီးသည် ယခုခိလျွင် (၄)နှစ်ခရီးသို့ တိုင်ခဲ့ပြီဖြစ်ပါသည်။
အများအကြ်ုက်မှ ရောင်းကောင်းမည် ရောင်းကောင်းမှ ထုတ်ဝေဖြန့်ချိ ကြမည်ဆိုသော ထုတ်ဝေသူအမျိုးအစားထဲတွင် မိမိတို့မပါပါ / စာကောင်း သော်လည်း ရောင်းမကောင်းသည့် စာအုပ်ကောင်းများရှိပါ၏။ မိမိတို့မှာ ရောင်းမကောင်း လျှင်လည်း နေပါစေ အများအတွက်၊”လောကအကျိုးအတွက် ထုတ်ဝေဖြန့်ခ်ျသင့်သော စာ ကောင်းပေမွန်မျိုးကိုမူကား မိမိတို့အတ္တအကျိုး မကြည့်ဘဲ သာသနာတော်အတွက် တကယ့် စေတနာနှင့် ထုတ်ဝေခဲ့ကြ ပါသည်။
တရားမြတနိုးသူများဖြစ်မှသာ ရွေးချယ် ဖတ်ရှုလေ့ရှိသော ဗုဒ္ဓကျမ်းစာ ထုတ်ဝေခြင်းလုပ်ငန်းမှာ စျေးကွက်စီးပွားရေး တွင်ကျယ်နေသော ယနေ့ခေတ် အခါနှင့် နှိုင်းယှဉ်လျှင် အမြတ်အစွန်း ရာခိုင်နှန်းများသော လုပ်ငန်းမျိုး မဟုတ်ပါ။ လနှင့်ချီ၍ နှစ်နှင့်ချီ၍ ကာလရှည်ကြာ ငွေရင်းမြှုပ်နှံ ထားရသော လုပ်ငန်းမျုးဖြစ်ရာ စာအုပ်မှရရှိလာသော ငွေကြေးအမြတ်အစွန်း ဟူလည်
လုပ်ငန်း ဆက်လက်လည်ပတ်ရုံ စဉ်ဆက်မပြတ် စာအုပ်.။ လောက်သာ ကြိုးစားနိုင်ပါသည်။
အမှန်စင်စစ် မိမိတို့ ဓါ ရင်တွင်းဆန္ဒမှာ တိုက်မှထုတ်ဝေသမျှ စာအုပ် များကို တရားမြတ်နိုးသူတို့အား အခမဲ့ ဓမ္မဒါနအဖြစ်ဖြင့် ငွေငှလိုခြင်း ဖြစ်ပါသည်။ သို့ဝေငှနေလျှင်လည်း မကြာမီ မိမိတို့ အရင်းပြုတ်ကာ စာအုပ်တိုက်လုပ်ငန်း ရပ်ဆိုင်းသွားရပါလိမ့်မည်။ ဆရာတော်ကြီးများ၏ စာကောင်းပေမွန်များကို ယခုကဲ့သို့ စဉ်ဆက်မပြတ် စာမြတ်နိုးသူတို့ လက်ဝယ်သို့ ပေးပို့နိုင်လိမ့်မည်မဟုတ်ပါ သို့ဖြစ်ရွ ထုတ်ဝေသမျှ စာအုပ် အချို့ကိုလည်း တရားမြတ်နိုးသူတို့အတွက် ဓမ္မဒါနပြုပါသည်။ စာအုပ်မှ သမျှ အကျိုးအမြတ်တို့ကိုလည်း အချို့ကို ကျောင်းတိုက်က္ကြီးများသို ပြန်လည်လှူဒါန်းပါသည်။ အချို့ကို လောကအကျိုးပြုလုပ်ငန်းများအတွက် ရန်ပုံငွေအဖြစ် အသုံးပြုပါသည် အချို့ကို မိခင်ဧရာဝတီ စဉ်ဆက်မပြတ် ဆက်လက်ရှင်သန်၍ မြတ်ဗုဒ္ဓ တရားဓမ္မများ ပျံ့နှံ့အောင် ဖြန့်ခ်ျနိုင်ရေး အတွက် အသုံးပြုခဲ့ပါသည်။
မိမိတို့ (၄)နှစ်တာ လျှောက်လှမ်းခဲ့ရသော ခရီးမှာ ဆူးမဲ့ညက်ညော ချောမွေ့ခဲ့သည်တော့ မဟုတ်ပါ။ သဒ္ဓါတရားကို အမြုတေ အရင်းခံပြီး မိမိတို့ အပမ်းတကြီး အာဇိဝဖြင့် ရှာဖွေခဲ့ရသော ဥစ္စာရတနာများစွာကို ထုခွဲမြှုပ်နှံခဲ့ရပါသည်။ အမှားအယွင်း ကင်းနိုင်သလောက်ကင်းသော စာအုပ် ကောင်းများ ထွက်ပေါ်နိုင်ရေးအတွက် စာပြု။ စာပြင်။ စာတည်းပြီး နေပူ စပ်ခါးမရှောင် ပြေးလွှားလုပ်ကိုင်ခဲ့ကြရပါသည်။
မိမိတို့ဓဇ်ာ ဤသို့ သဒ္ဓါကိုအခြေပြုသော စေတနာ။ လွတ်လွတ် စွန့်လွှတ်ရဲသော ပညာ။ အရာရာသည်းခံဆောင်ခွက်ရသော ဝေယျာဝစ္စ ကမ္မတို့သည် ၀တ္ထုငွေကြေး အမြတ်လိုချင်ရသက်သက်မဟုတ်ပါ / နှလုံးသား ကိုရင်းရ ပြုရသော မိမိတို့ ကာယ ဝစီ။ မနော စေတနာကံများသည် အာရုံပြတ်ရာ နိဗ္ဗာန် ပရမတ်တရားစစ်ကို လိုလားတောင့်တရ်သာ ဖြစ်ပါ သည်။ မြတ်ဗုဒ္ဓဓါ သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ပြန့် ပွားနိုင်ဖို့ မိမိတို့ တစ်နိုင်တစ်ပိုင် မိမိတို့ကိုယ်စီ၏ တရားမြတ်နိုးသော အသိစိတ်ဖြင့် တာဝန်ထမ်းခြင်းသာ ဖြစ်ပါသည်
ဤကဲ့သို့ တစ်နိုင်တစ်ပိုင် တာဝန်ထပံး ရွက်ခွင့်ရရေးသည် လွယ်ကူ လှသည်တော့ မဟုဟဲပါ ထိုအခွင့်အရေးရဖို့ မိမိတို့အား ကူညီခဲ့သူများမှာ ကျေးဇူးကြီးမားလှပါပေသည်။ မိမိတို့မြတ်နိုးသော နိဗ္ဗာန်ပရမတ်တရားကြီး ဆီသို့ ခြေလှမ်းသစ်များ လျှောက်လှမ်း အရောက်သွားနိုင်ရေးအတွက် ခွင့်ပြုတော်မူခဲ့ကြသော ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု တွဲဖက် ရွှေကျင်သာသနာပိုင် သပြေကန်ဆရာတော်ဘုရားကြီး၊ ပုဇွန်တောင် ရွှေကျင် ကျောင်းတိုက်၊ ပဓာနနာယကဆရာတော်ကြီး ဦးခေမာစာရ။ ပုဇွန်တောင် ရွှေကျင်ကျောင်းတိုက် သာသနပါလကအဖွဲ့ လူကြီးများအားလုံးနှင့် စက္ကူ စျေးကြီး စာအုပ်တန်ဖိုးကြီးလှသော်လည်း မိမိတို့ချွေးနဲစာလေးနှင့် မြတ်နိုး စွာ ဝယ်ယူဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ် တရားမြတ်နိုးသူအပေါင်း တို့ကို အထူးပင် ကျေးဇူးတင်မိပါကြောင်း နှလုံးသားထဲမှ လှိုက်လှဲစွာ မှတ်တမ်းတင်လိုက်ရပါသည်။
ဤတရားပေါင်းချုပ်စာအုပ်ကြီးနှင့် စပ်သမျှ ချမ်းသာကြပါစေ ဒေါ်ရွှေဝါစိုးနှင့်မိခင်ဧရာဝတီစာအုပ်တိုက်မိသားစု
သာသနပါလကအဖွဲ့ ဥက္ကဋ္ဌကြီး၏ ဥယျောဇဉ်
အကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်မှန်သမျှတို့သည် စစ်မှန်သော ထေရဝါဒ သာသနာတော်မြတ်ကြီး ညစ်ကြေးမတင် သန့်ရှင်းစေရန် အရှည်တည်တံ့ ခိုင်ခံ့စေရန် စည်ပင်သာမော ပြန့်ပြောစေရန် တာဝန်အသီးသီးရှိကြပါသည်။
ဤသို့ တာဝန်အသီးသီး ရှိကြသည့်အားလျော်စွာ သာသနာတော်အတွက် ဆိုလျှင် သုဓမ္မာ။ ရွှေကျင် စသည့်ဂိုဏ်းစွဲ။ သူ့ကျောင်း။ င၂ကျောင်း စသည့် ကျောင်းစွဲများမထားကြဘဲ ပရိယတ္တိပြည့်စုံရ ပဋိပတ္တိကို အားထုတ်တော်မူ နေကြသည့် ဆရာတော် သံဃာတော်များနှင့် ပရိယဘ္တိ ပဋိပတ္တိ ပြည့်စုံကြ စေရန် အားထုတ်နေကြသော သံဃာတော်များအား သာသနာနှင့်လျော်သော ပစ္စည်းများကို မလိုရ မပိုရအောင် ထောက်ပံ့ရုံမျှသာမက သီလသုတစွယ်စုံ ရသည့် ဆရာတော်အရှင်မြတ်ကြီးများစ၊ါ အဆိုအမိန့် ဩဝါဒတရားတော်များ ကိုလည်း ကိုယ်တိုင်လည်း လိုက်နာမှတ်သားနာယူရန်တာဝန်နှင့် သူတစ်ပါး တို့ကိုလည်း သိမှတ်ကျင့်ကြံအားထုတ်ဤ ချမ်းသာရရေးအတွက် ဆောင်ရွက် ရန် တာဝန်များလည်းရှိကြပါသည်။ သို့မှသာ ဆရာဒကာ လက်တွဲညီသည့် သာသနာပြုအလုပ်ဟု ဆိုရပါမည်။
ပုဇွန်တောင် ရွှေကျင်ကျောင်းတိုက် သာသနပါလကအဖွဲ့သည် ဤသည့် သာသနာ့တာဝန်ကို ဆောင်ရွက်သောအားဖြင့် နိုင်ငံတော်ဩဝါဒါစရိယ အဘိ ဓဇမဟာရဋ္ဌဂုရု ရွှေကျင်နိကာယဥပဥက္ကဋ္ဌ ကျမ်းပြုအကျော် စသည်ဖြင့် များစွာသောဂုဏ်တိုခှင့် ြည့်စုုတော်ဓူသေားသမပြေကန်ဆရာတော်မြ်ကြီးတါ တရားတော်များကို လောကနှင့် သာသနာတော်အတွက် စဉ်ဆက်မပြတ် ထွက်ပေါ်စေရန် ကြိုးပမ်းလျက်ရှိပါသည်။
ဤဆရာတော်အရှင်မြတ်ကြီး၏ ကျမ်းစာတို့ကို ထုတ်ဝေရခြင်းအ ကြောင်းမှာ စာပေပညာရှင် ကဝိထိပ်သီးကြီးတို့က သပြေကန်ဆရာတော်ကြီး စါ အဆိုအမိန့် ဩဝါဒ ကျမ်းစာများသည် လောကလူသားတို့အား အကျိုး ရှိမူုကိုဖြစ်စေဒါ 1 သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးတို့၌ များစွာ အထောက်အကူဖြစ်ဇစါ ဟု ယုံကြည်ကြသဖြင့် သပြေကန်ဆရာတော်ကြီးအား ကျမ်းပြုအကျော်ဟူသော ဘွဲ့မည်တော်ကို တညီတညွတ်တည်း လေးလေး စားစား ထိုက်ထိုက်တန်တန် အပ်နင်းထားကြပါ၏ / ဤသို့သောအကြောင်း ကြောင့်သာ သပြေကန်ဆရာတော်ကြီး၏ ကျမ်းစာများ စဉ်ဆက်မပြတ်ထွက် ပေါ်နိုင်ရန် ကြိုးပမ်းရခြင်းဖြစ်ပါသည်။
ပညာရှင်ကြီးများလေးစားသော ဤသပဗြေကန်ကျမ်းစာကို မိမိနှင့် လောကကို အလှဆင်နိုင်ရန် ဂရုပြု ကြည့်ရှုမှတ်သား နာယူကျင့်ကြံပါဟု တိုက်တွန်းရင်း အောက်ပါကဗျာလေးဖြင့် အဆုံးသတ်လိုက်ပါသတည်း။
ရဟန်းနှင့်လူ ဤနှစ်ဆူတို့
တူတူရိုင်းပင်း စောင့်ရှောက်ခြင်းကြောင့်
တို့ဘသာသနာ တိုးတက်ကာဖြင့်
တို့မျှော်မှန်းရာ နိဗ္ဗုတာ
သေချာရောက်မည်သာ ------
ဦးခင်လှ
ဥက္ကဋ္ဌ သာသနပါလကအပွဲ့. ပုဇွန်တောင် ရွှေကျင်ကျောင်းတိုက်။ ရန်ကုန်
အမှာစာ
ထုတ်ဝေရခြင်းအကြောင်း
သပြေကန်တရားပေါင်းချုပ်အမှတ်(၁)ကို ကိုယ်တော်တိုင်ဟောကြား တော်မူခဲ့သော နိုင်ငံတော်သြဝါ ဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ ကျမ်းပြုအကျော် သပြေကန်ဆရာတော်ဘုရားကြီး သက်တော်ထင် ရှားရှိတော်မူစဉ်ကပင် (၂)ကြိမ်တိုင်တိုင်ရိုက်နှိပ်ခဲ့ရာ ကာလမကြာမြင့်မီ လက်ကျန်မရှိလောက်အောင် ကုန်သွားရုံမျှမက ဟိုမှာဒီမှာရှာဖွေရ်် မရလောက် အောင် ပြတ်လပ်သွားခဲ့ပါသည်။ စာပေပညာရှင်များ၊ ကျောင်းထိုင်ဆရာတော် များ၊ ဓမ္မကထိကအရှင်မြတ်များက ထပ်ရိုက်ဖို့ကောင်းပါသေးသည်ဟုလည်း ကောင်း သပြေကန်တရားပေါင်းချုပ် အမှတ်(၂)ကိုလည်း ဆက်လက်ထုတ် ဝေသင့်ပါသေးသည်ဟုလည်းကောင်း သာသနာတော်အတွက် အကြံဉာဏ် များပေးကြသလို တောင်းဆိုမှုများ ပြုလာကြသဖြင့် ရွှေကျင်ကျောင်းတိုက် သာသနပါ လကအဖွဲ့ကြီးက ဦးစားပေးသည့်အနေဖြင့် ဤသပြေကန်တရား ပေါင်းချုပ်အမှတ်(၂)ကို ကြိုးစားထုတ်ဝေရပါသည်။ ပညာရှင်တို့ခုံမင်
စာရေးသူအနေဖြင့် ဤသပြေကန်တရားပေါင်းချုပ်ကို မည်သို့မည်ပုံ ကောင်းပါသည်။ စာရှုသူ။ ဟောကြားသူ။ နာကြားသူ။ ကျင့်ကြံကြသူတို့ အား မည်သည့်သုတရသ။ ဓမ္မရသ၊ အတ္တရသ စသည့် ရသအမိုးမျိုးကို ခံစားနိုင်ပါလိမ့်မည်ဟု ဂုဏ်မတင်တတ်ပါ / ဂုဏ်တင်ရဤလည်း မပြောချင်ပါ 1 ပြောချင်သည်ကတော့ ဤသပြေကန်တရားပေါင်းချုပ်ကို ပညာရှင်များ ခုံမင်သည်ဟုသာ ရဲရဲဝံ့ဝံ့ကြီး ပြောချင်ပါသည်။
တရားသုံးမျိုး
ဤသို့ပြောချင်သည်မှာ ပညာရှင်တို့၏ အလိုအရ စကားအရပင် ဖြစ် ပါတော့၏။ ပညာရှင်တို့က တရားဟောခြင်း၊ တရားနာခြင်းဆိုသည်မှာ-
၁၅0 အရ တရား၊
၂။အဝ တရား။
၃1 အလှ တရား သုံးမျိုးရှိစါ။
၁၅ အရတရားဆိုသည်မှာ စာပေဗဟုသုတလိုလားကြသော အမျိုးကောင်း သား။ အမျိုးကောင်းသမီးများသည် စာပေနှံ့စပ်သော ဆရာတော် သံဃာ တော်များကျောင်းကန်သို့သွားရဤ သုတ္တန်က ဘယ်နည်း။ ဝိနည်းက ဘယ်အကျင့်။ အဘိဓမ္မာက ဘယ်သဘာဝ စသည်ဖြင့် မိမိသိလိုရာအချက်အလက်တို့ကို မေးမြန်းလျှောက်ထားကြဇစါ။ ကျမ်းဂန်တတ်ဆရာတော်များက မေးမြန်းရာ အချက်အလက်တို့ကို ဆိုင်ရာ ပါဠိတော်' အဋ္ဌကထာ ဋီကာ စသည်တို့ကို ကြည့်ရှုပြီး နည်းအဖြာဖြာနှင့် သဘောမိ သိရှိအောင် ဆွေးနွေးဟောပြောပြ စါ 1 ထိုတရားမျိုးကို မိမိရရဖြစ်အောင် ဟောရခြင်းဖြစ်သောကြောင့် အရ တရားဟုခေါ်၏။
၂။ အဝတရားဟူသည် ညဉ့်တရားပွဲကြီးများ၌ အချိန်နှစ်နာရီ။ သုံးနာရီ ယူပြီး ဟောကြားသည့် ဓမ္မကထိကဆရာတော်ကလည်း အားပါးတရ ၀၀ ကြီးဟော။ နာကြားသူတွေကလည်း တစ်ဝကြီးနာရရွ် ဒါမျိုးကို အဝတရား ခေါ်ပါသည် ၃4 အလှတရားဟူသည် ဆွမ်းကျွေး။ အိမ်တက်။ ရှင်ပြုရဟန်းခံ ပူဇော်ပွဲ စသည့်အခမ်းအနားများမှာ အချိန်မကြာရအောင်။ အခြားအစီအစဉ်များမထိ ဒိုက်ရအောင် ကာလဌာန ရိသတ်အမြေဘနေကိုက္ကည့်ဖြီး အင်္ဂပြည့်စံ ဟောရသောတရားသည် အလှဆင်ရုံသဘောမျိုး ဟောရခြင်းဖြစ်သောကြောင့် အလှတရားခေါ်သည်ဟု ပညာရှင်များမိန့်ကြားသည်ကို မှတ်သားရဖူးပါ၏ 1 လှသည့တက်လှ
ထိုသုံးမျိုးသောတရားတို့တွင် ယခု သပြေကန်တရားပေါင်းချုပ်မှာ လာရောက်မေးမြန်းသူကို မေးမြန်းသူ၏ စရိုက်အလိုက် နားလည်အောင်ဖြေ
ရှင်းသကဲ့သို့ တန်ဆာဆင်မှုကင်းပြီး တုံးတိတိ ဖြေရှင်းဟောကြားရခြင်းမ ဟုတ်။ ညဉ်းတရားပွဲကဲ့သို့ တရားရှည်ကြီးများမဟုတ်ဘဲ သပြေကန်ဆရာတော် ဘုရားကြီးကိုယ်တော်တိုင် ဆွမ်းကျွေး၊ အိမ်တက်မင်္ဂလာ၊ ရဟန်းခံရှင်ပြု မင်္ဂလာ ပူဇော်ပွဲ စသည်တို့ ကိစ္စနှင့်လိုက်လျောညီထွေ တရားအစဉ်ပြင် ဆင်၍ ရံခါရံခါ ဘုရားဟောပါဠိတော်၊ ရံခါရံခါ အဋ္ဌကထာဋီကား ရံခါရံခါ ကိုယ်တော်တိုင်ရေးစီသည့် ပါဠိဂါထား မြန်မာကဗျား ရံခါရံခါ သက္ကတနီတိ ကျမ်းကြီးများလာ ဂါ ထာများ၊ ရံခါ ရံခါ အခြားအခြားသော ဆရာတော်ကြီး များစ၊ါ အဆိုအမိန့် စသည်ဖြင့် အချက်ကျကျ အကွက်လှလှ ဟောကြား ထားသော တရားတော်များဖြစ်ရာ လှသည်ထက်လှသည်ဟုဆိုလျှင် မှားမည် မဟုတ်ပါ။ ထို့ကြောင့် ပညာရှင်တို့ ခုံမင်ခြင်းသာ။ အပြစ်ကင်းစင်
ဤသို့လျှင် ဆရာတော်ကြီးသည် ကိစ္စ ကာလဌာနအားလျော််စွာ နှုတ် တော်ထွက်ဟောမြွက်ခဲ့သော တရားတော်များဖြစ်ရာ ဓမ္မသံစဉ် တရားခွင်အရ ရံခါ ရံခါ ဂါထာ်တစ်ပုဒ်တည်းကိုပင် ထပ်ခါထပ်ခါဟောထားသည်ကို တွေ့ ရပါလိမ့်မည်။ ရံခါရံခါ ကိစ္စချင်းကူနေသည်မို့ တစ်နေရာနှင့်တစ်နေရာ ဂါထာ စသည်တူနေခြင်းများ တွေ့ရပါလိမ့်မည်၊ ထိုသို့ပင် တူနေ ထပ်နေ ပါသော်လည်း ဆရာတော်ကြီး၏ တရားဆင်မှု ဓမ္မသံစဉ် တရားခွင်မထိမိဘဲ ဆရာတတာ်ကြီး နှလုံးသွင်းအလို ပျက်မည်စိုးသဖြင့် ဖြုတ်ပယ်ပြင်ဆင်ခြင်း များ ပြုမထားပါ။ ဓမ္မသံစဉ် တရားခွင်အရ ဟောရခြင်းဖြစ်သောကြောင့် ပုနရုတ္တိဒေါ သ၊ ဧကတ္ထဒေါသ စသောအပြစ်များ ကင်းရှင်းပြီး မြူတိမ်စင် သည့် လပြည့်ဝန်းကြီးကဲ့သို့ ကြည်လင်လှသည်ဟု ဆိုနိုင်ပါတော့သည်။ ခွင့်လွှတ်စေချင်
ဤမျှ အပြစ်ကင်းစင် လွန်ကြည်လင်၍ ပညာရှင်တို့ခုံမင်သော ဤ သပြေကန်တရားပေါင်းချုပ်ခ် စုံလင်သည်ထက်စုံလင်အောင် ဆရာတော်ကြီး ရေးသားခဲ့သည့် ပဋ္ဌာန်းအမွှမ်း၊ ပဋ္ဌာန်းအောင်ဩဘာစား ရှစ်လုံးဖွဲ့ ကဗျာ ဂုဏ်တော်၊ သစ္စာမေတ္တား မရဏဿတိကထာ စသည့်စာများကို ပညာရှင်
တို့ ကြည်ည်ုခွင့်ရအောင် စေတနာကောင်းဖြင့် ကြုံးစားထည့်သွင်းထားပါ သည် အမှားကင်းစင်ရန်နှင့် စာကြည့်ရသည်မှာ ရှင်းလင်းလွယ်ကူစေရန် လည်း အထူးကြိုးစားထားပါသည်။ မည်မျှပင်ကြိုးစားကြိုးစား ပုထုဇဉ်တို့ သဘာဝ မောဟမကင်းသေးသောကြောင့် အမှားအယွင်းများ ပါရှိဦးမည်ပင်။ ထိုအမှားအယွင်းများသည် ဤကျမ်းစာရှင် သပြေကန်ဆရာတော်ကြီးနှင့် လုံးဝမသက်ဆိုင်ပါ။ ဤအမှာစာရေးသူ၏ မောဟအကျိုးဆက်မျှသာ ဖြစ် ပါသည် ဤစာရေးသူမှာလည်း ရဟန်းသာမဏေများကို အာရုံပြုရ ဆရာ အရှင်မြတ်တို့၏ ဘုန်းကံတော်ကို အားထားကာ မိမိကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက်လေးဖြင့် သာသနာတော်အတွက် အဖိုးတန်သော စိန်ကောင်း။ ကျောက်ကောင်းလေးများ ရရှိနိုင်ရန် တွင်းကြီးနက်နက်တူးပြီး ချွေးဒီးဒီးကျ လောက်အောင် ပင်ပင်ပန်းပန်းလုပ်နေသည့်ကြားထဲက အချိန်လုပြီး ကြိုးစား အားထုတ်သည်ကို စာနာသောအားဖြင့် သည်းခံခွင့်လွှတ်ကြပါရန် အလေး အမြတ် တောင်းပန်အပ်ပါသည်။
အရှင်ခေမာစာရ ပုဇွန်တောင် ရွှေကျင်ကျောင်းတိုက် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့
ပရိတ်အမွှန်း
ပရိတ္တံနာမ ဗုဒ္ဓဿ-
အန္တရာယ နီဝါရဏံ မင်္ဂလံ ဇနန္ဒံ တဉ- ဒါနိ သာဓု ဘဏာမသေ။။
ဗုဒ္ဓဿ-လောကထွတ်ထား မြတ်စွာဘုရား၏ ပရိတ္တံနာမ-မြတ်စွာဘုရား၏ မုခပတ် ပရိတ်တရားတော်မြတ်သည်ကား၊ အန္တရာယနီဝါရဏံ-ပရ်ိသမန္တတော ဘယံတာယတိ “ရက္ခတိ” စာရှိအရ ထက်ဝန်းကျင်မှ ဘေးအပေါင်း ရန်အပေါင်းကို ကာကွယ် စောင့် ရှောက်တတ်ပါ ပေ၏ တံ- ထိုမြတ်စွာဘု ရားစါ မုခပတ်ပရိတ်တရားတော် မြတ်သည် မင်္ဂလံ-ကောင်းကျိုးအဖြာဖြာ မင်္ဂလာကို၊ ဇနနံဟိ ဇနနံဧဝဖြစ်စေတတ် သည်သာလျှင်တည်း။ တံ-ထိုမြတ်စွာဘုရား၏ မုခပတ်ပရိတ်တရားတော်မြတ်ကို၊ သာဓု။ ပါဠိမပျက် အနက်ကိုသိ မေတ္တာကရုဏာရှိဟု တြိအင်္ဂါပြည့်စုံကာဖြင့် ညီညာဖြဖြ ကောင်းမွန်လှစွာ၊ မယံ-ငါတို့သည်။ ဘဏာမသေ-ရိုသေလေးစားစွာ ရွတ်ပွား သရဇ္ဈာယ် ကြပါ ကုန်စို့။
ဗုဒ္ဓါနုဿတိဘာဝနာသစ္စာမေတ္တာ
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ က္ကိ ပိ-သိစရာ ရှိသမျှ ဓမ္မာအဖြာဖြာ အရာရာကို ဆရာမရှိ ဟုတ်တိုင်း သိတတ် မြတ် အရည်ကောင်း ဤအကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ ဟု လောက အလုံး လွှမ်းပုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏
ဧတံ သစ္စံ (ပ) သည်ပိုးဆောင်နိုင်ကြပါစေ။
၃။ က္ဂတိ ပိ သောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နေား ဧတံသစ္စံ၊ ဧတေန သစ္စေန၊ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု။ အဗျာပဇ္ဇာ ဟောန္တု အနီဃာဟောန္တျ သုခ်ီအတ္တာနံ။ ပရိဟရန္တု။
သောဂဝါ -ထိုရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ-ဝိဇ္ဇာ ဉာဏ်နှင့်၊ အကျင့်စရဏ ပြည့်၀စုံလင် ဂုဏ်ထင်ဖွယ်ကောင်း ဤအကြောင်းလည်း ဝိဇ္ဇာစရဏသမ္ပန္နော-ဝိဇ္ဇာစရဏ၊ သမ္ပန္နဟု လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြား တော်မူခဲ့ပါပေဓါ။
ဧတံသစ္စံ (ပ) သည်ပိုးဆောင်နိုင်ကြပါစေ။
၄။ က္ကတိ ပိ သောဘဂဝါ သုဂတော။ ဧတံ သစ္စံ ဧတေန သစ္စေန၊ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။ အဗျာပဇ္ဇာ ဟောန္တျ၂ အနီဃာ ဟောန္တု။ သုခီ အတ္တၾနံ။ ပရိဟရန္တျ1
သောဂဝါ -ထိုရွှေဘုန်းတော်သခင်။ ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ-စကား ဘားငီးဆို နိဗ္ဗာန်ကိုက္ကြ ဗုဒ္ဓဖြစ်ထိ လွဲမရှိဘဲ သတိသမ္ဒဖဉ္ခံ မြဲယ္ဦးကောင်းစွာ လာတော် မူတတ် သိမှတ်ဖွယ်ကောင်း ဤအကြောင်းကြောင့်လည်း သုဂတော-သုဂတဟု ဂုဏ် မြတ်မွန် တံခွန်ထူကာ ကျော်ကြားတော်မူပါပေသတည်း။
ဧတံသစ္စံ (ပ) သည်ပိုးဆောင်နိုင်ကြပါစေ။
၅။ ကုတိ ပိ သောဘဂဝါ လောကဝိဒူ၊ ဧတံ သစ္စံ၊ ဧတေန သစ္စေန၊ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။ အဗျာပဇ္ဇာ ဟောန္တု အနီဃာ ဟောန္တု သုခီ အတ္တာနံ။ ပရိဟရန္တု။
သောဂဝါ -ဘုန်းတော်ခြောက်ပါးသခင် ထိုရှင်တော်မြတ်ဘုရားသည် ဣတိပိ- သတ္တဝါအဖုံဖုံ ဘုံအန္တ သင်္ခါရဟု လောကအစုံ အကုန်သိတတ် မြတ်အရည်ကောင်း ဤအကြောင်းကြောင့်လည်း လောကဝိဒူ -တံခွန်ထူလျက် ဝှန်ဆူဖြိုးမော် ကျော်ကြား တော်မူပါပေသတည်း။
ဧတံသစ္စံ (ပ) သည် သည်ပိုးဆောင်နိုင်ကြပါစေ။
၆၂ ဏ္ကတိ ပိ သောဘဂဝါ အနုတ္တရောပုရိသ ဒမ္မသာရထိ။ ဧတံ သစ္စံ ဧတေန သစ္စေန သဗ္ဗေသတ္တာ။ အဝေရာ ဟောန္တျ အဗျာပဇ္ဇာ ဟောန္တု အနီဃာ ဟောန္တု သုခီ အတ္တာနံ၊ ပရိဟရန္တု။
သည် က္ဂတိပိ-သီလ စသည့် ဂုဏ်အရည်ဖြင့် မီသူကင်းကွာ သာသူမထင် ဂုဏ်တင် ဖွယ်ကောင်း ဤအကြောင်းကြောင့်လည်းး အနုတ္တရေား အနုတ္တရ ဘွဲ့တော်ရလျက် လောကလုံးတွင် ထင်ထင်ရှားရှား ကျော်ကြားတော်မူပါသတည်း။
သောဘဂဝါး ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ- ဆုံးမထိုက်သူ နတ်နှင့်လူကို ကျင့်မူလုံး၀ အသုံးကျအောင် ဆုံးမပဲ့ပြင် သွန်သင်ပေ တတ် မြတ်အရည်ကောင်း ဤအကြောင်းကြောင့်လည်း။ ပုရိသဒမ္မသာရထိ။ ပုရိသ ဒမ္မသာရထိ ဂုဏ်အရှိဖြင့် နံ့သိကြေညာ ကျော်ကြားတော်မူပါပေသတည်း။
ဧတံ သစ္စံ (ပ) သည်ပိုးဆောင်နိုင်ကြပါစေသတည်း( ၇ ကတိ ပိ သောဘဂဝါ သတ္တာဒေ၀ မနုဿနံ။ ဧတံ သစ္စံ ဧတေန သစ္စေန၊ သဗ္ဗေသတ္တာ။ အဝေရာ ဟောန္တု အဗျာပဇ္ဇာ ဟောန္တ၂ အနီဃာ ဟောန္တျ သုခီ အတ္တာနံ၊ ပရိဟရန္တု။
သောဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ကုန်သည်ကြီးမှူး ဦးစီးပမာ သတ္တဝါတို့ကို သံသရာတစ်ဝှမ်း ခရီးကြမ်းမှ ရွှေနန်းနိဗ္ဗူ ထုတ်ကယ်ယူလျက်၊ နတ်လူဗြဟ္မား မြတ်ဆရာဟု မှတ်စရာ အရည်ကောင်း ဤအကြောင်းကြောင့်လည်းး သတ္တာဒေ၀မနုဿနံ။ သတ္တာဒေ၀ မနုဿနံ ခေတ်လုံး လျှံအောင် ဆူညံခြိမ့်ဝေ ကျော်ကြားတော်မူပါပေသတည်း။
ဧတံ သစ္စံ (ပ) သည်ပိုးဆောင်နိုင်ကြပါစေသတည်း။ ၈1 ကတိ ပိ သောဘဂဝါ ဗုဒ္ဓေါ1 ဧတံ သစ္ခံ၊ ဧတေန သစ္စေန သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။ အဗျာပဇ္ဇာ ဟောန္တု အနီဃာ ဟောန္တု။ သုခီ အတ္တာနံ၊ ပရိဟရန္တု။
သောဘဂဝါ ဘုန်းတော်ကြီးမား။ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ။ သစ္စာလေးတန် တရားမှန်ကို ရွှေဉာဏ်တော်ထူး။ မင်္ဂအမှူးဖြင့် လက်ဦးတွင်ဘိ၊ မြင် သိတော်မူ နတ်လူတတွေ မြင်သိစေတတ် ထူးမြတ်ဘိတောင်း ဤအကြောင်းကြောင့် လည်း။ ဗုဒ္ဓေါ1 ဗုဒ္ဓနာမံ ဘွဲ့တော်ခံလျက် သုံးတန်ဘုံဘွေ ထင်ရှားတော်မူပါပေ သတည်း။
ဧတံ သစ္စံ (ပ) သည်ပိုးဆောင်နိုင်ကြပါစေသတည်း။ ၉။ ကတိ ပိ သောဘဂဝါ ဘဂဝါ၊ ဧတံ သစ္စံ ဧတေန သစ္စေန သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။ အဗျာပဇ္ဇာ ဟောန္တု အနီဃာ ဟောန္တု သုခီ အတ္တာနံ၊ ပရိဟရန္တု။
ကုတိပိ၊ ကုဿရိယ စသည် ခြောက်ဆင့်။ ဘုန်းပန်းပွင့်တွေး တင့်ဝေဘိ ဘောင်း။ ဤအကြောင်းကြောင့်လည်းး ဘဂဝါ -ဘဂဝါဟု ကမ္ဘာအသလုံး၊ လွှမ်းဖုံးထင် ပေါ်ဝ ကျော်ကြားတော်မူခဲ့ပါ၏
ဧတံ သစ္စံ (ပ) သည်ပိုးဆောင်နိုင်ကြပါစေသတည်း။
ပဋ္ဌာန်းအမွှန်းဂါထာများ
ရန်ကုန်မြို့ ဝုံဇွိစိုတောင် ရွှေကျင်ကျောင်းတိုဇ် ခရဝတော်အရှဇိဝါသေဋ္ဌ၁အိဝံသ။
ရေးသားအင်ဒော ဗဋ္ဌ၁နိုးအမွှန်းင်ါတာများ
၁1 ပဋ္ဌာနံ သမ္မသန္တ ဿ-
ဗုဒ္ဓဿ ရတနာဃရေး
နိစ္ဆရန္ဘံ သရီရမှာ-
သုဘာ ဆဗ္ဗဏ္ဍရံသိယော။
ရတနာဃရေ- ရတနာဃရ အမည်ရသည့်၊ ဌာနဗ္ဗေချာ အသရေ
ဖြာလတ် နေ ရာတော်မြတ်ခ် ပဋ္ဌာနံ-သိဖို့မခိုင် ဖြစ်နိုင်ခက်ခဲနက်နဲကျယ်ဝန်း ပဋ္ဌာန်းကျမ်းကိုး သမ္မသန္တ ဿ-သဗ္ဗညုတံ မြတ်ရွှေဉာဏ်ဖြင့် ဝေဖန်ထင်ထင် ဆင်ခြင်မလတ် သုံးသပ်တော်မူသော၊ ဗုဒ္ဓဿ-နတ်လူများစွာ ဗြဟ္မာဦးညွတ် ထွတ်ဖျားသခင် ဘုရားရှင်တော်၏။ သရိရမှာ-ကျက်သရေစု ရှုမဝဖွယ်တင့်တယ် သပ်ယပ် ကိုယ်တော်မြတ်မှ သုဘာ-ကြည့်သူရွှင်ရွှင် မြင်သူအားရ အလှဆင့်ခြယ် ဝင့်ထယ်ကြွကြ တင့်တယ်လှကုန်သေား ဆဗ္ဗဏ္ဍရံသိယော-ည်ုရွှေဖြူဖွေး။ “မောင်းရီပြိပြက် တလက်လက်ထင်း တဝင်းဝင်းတောက် မောက်ကြြား ပြောင်လည် ခြောက်ပါးသော ရောင်ခြည်တို့သံ်း နိစ္ဆရန္ကိ-ဤမြေတစ်ခွင် ကောင်းကင်မလပ် အရပ်တိုင်းတွင် ပေါ်လွင်တက်လျက် တလက်လက်လွန့် လူးရွ် ကွန့်မြူးပေါ်ထွက်လေကုန်သတည်း။
၂] ပစ္ဆာပိ တာဝတိံသမှိ-
ဒေဝါနံ တမဒေသယီ
မာတရ ပမုခ ကတွာ-
သဗ္ဗညုတာယ တေဇသာ 1
ပစ္ဆာပိ ဘုရားဖြစ်လာ ခုနစ်ဝါမြောက်ရာ နောက်အခါဠ်လည်း
တာဝတိံသမှိ- ကုသိုလ်ဖန်ရ် ဗိမာန်အသင့် ဘုံအသင့်ဖြင့် ဂုဏ်မြင့်ထူးခြား နတ်အများတို့ ပျော်ပါးစံရာ ဝတီံသာခေါ် နတ်ပြည်တော်ခ်။ မာတရ- တုသိတာနန်း စံမြန်း ရွှင်ပျော် နတ်မယ်တော်ကို ပမုခကတ္ပာ- ကျေးဇူးအမြတ် ဆပ်ဖို့ရည်စူး အဦးအဖျား အမှူးထားလျက်၊ သဗ္ဗညုတာယ-သိစရာအကုန် လုံးစုံသိမြင် သဗ္ဗညုတဉဉာဏ်တော်မြတ်ရတနာ၏။ တေဇသာ-တရားကုန်မြင် ဆင်ခြင်နည်းသိ သတ္ပွာစရိုက် အလိုက်ထင်မြင် ဆင်ခြင်တတ်သည့် အစွမ်းသတ္တိ တန်ခိုးတော်ဖြင့် ဒေဝါနံ- စကြာ၀ဠာပေါင်း တိုက်တစ်သောင်းမှ ခညောင်း ကပ်လာ နတ်ဗြဟ္မာတို့အား၊ တံ- ထိုနက်လည်းနက်နဲ ခက်ခဲကျယ်ဝန်း နည်းစုံ ပြွမ်းလျက် အဆန်းဝေဖြာ ပဋ္ဌာန်းဒေသနာတော်မြတ်ကိုး အဒေသယိ- ပင်လယ်ကသစ်ပင်ရင်း ဝင်းခင်းဖန်ပြု ပုံဟန်နုသည့် ပဏ္ဍုကမ္ပလာ မြ ကျောက်ဖျာ ဟု နေရာတော်စံ ဉဉာဏ်သဗ္ဗညု ဆင်သမှုဖြင့် ကရုဏာတရား ထပ်ထပ်ပွားရှ ဟောကြား မိန့် မြွက်တော်မူခဲ့လေပြီတကား။ 1 ၇၃၈ မုနိနာ ဗိဘဓိတ္စာန။
ဓမ္မေစ ဓမ္မသတ္တိယော
ဒေသိတံ ပဋ္ဌာန နန္တ-
နယံ တံ နော ဘဏာမ ဟေး 1
မုနိနာ-အသိလမ်းကုန် အစွမ်းလုံသည့် သုံးလူထွင်ထား မြတ် ဘုရားသည်။ ဓမ္မေစ-အသက်ဇီ၀ အတ္တမဟုတ် နာမ်ရုပ်နှစ်ပါး သဘောတရား တို့ကိုလည်းကောင်း' ဓမ္မသတ္တိယောစ- တရားတိုင်းစါ ထင်ရှားရှိသည့် သတ္တိ အင်အား စွမ်းပကားတို့ကိုလည်းကောင်း၊ ဝိဘဇိတ္ပာန- ဉာဏ်ဖြင့်အသင့် ဆင်ကာ ဆင့်ကာ မြင့်လာစေရန် ဝေဖန်တော်မူရဤ်။ ဒေသိတံ- သဗ္ဗညုခေါ် ရွှေ ဉာဏ်တော်ဖြင့် ထုတ်ဖော်တပ်အပ် ဟောကြားတော်မူအပ်သော၊ အနုန္တနယံ- မဆုံးနိုင်အောင် များမြောင်နက်ကျယ် သိမလွယ်သည့် ဆန်းကျယ်သီးသီး နည်းအမျိုးစုံသော၊ တံ ပဋ္ဌာနံ- ကြောင်းကျိုးနှစ်တန် သိဖို့ရန်ဟု ဝေဖန်ရှင်းဟ အလင်းပြရာ ဝေဆာဆန်းပြား ထိုပဋ္ဌာန်းဒေသနာတော်တရားကို၊ ဟေ- တရားဖက်တွင် သက်ဝင်ကျက်စား အို-သူတော်ကောင်းအများတို့၊ နော- ၈ ဓ
ဘုရားဟူက အတုမဲ့မှန် ဉာဏ်တော်က မယှဉ်သာ ဒေသနာက မနှိုင်းအပ် အမြတ်ချည်း အနှစ်ချည်း ဖြစ်ခဲ့ပါဟု စေတနာထား သဒ္ဓါပွားကြသော ငါတို့သည်၊ ဘဏာမ-ပဋ္ဌာန်းတရား စွမ်းပကားကို အားထားကြည်ညို ရိုသေလေးစား အရေးထားလျက်၍ (အားပါးတရ) အားရပါးရ အမြဲထာဝရ ပူဇော်ကြပါကုန်စို့။၂ 1
ပဋ္ဌာန်းအခမ်းအနားသိမ်း အောင်ဩဘာစာ
ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ခါဖြင့် ပူဇာသဘင် ပွဲတော်ဆင်လျက် ရွင်ရွှင်ပျပျ ပူဇော်ကြသည့် ဓမ္မပူဇာ ပွဲမဟာကား ဤခါကာလ အောင်ပွဲရခဲ့။ ဌာနခမ်းဝါ ဝတိီံသာခ် ဘိဓမ္မာတရား ဟောဖော်ကြားသည့် ဘုရားမုနိ မာရဇိန်သည် ဆွမ်းခ်ျိန်ကျက နိမ္မိတ္ဟူ ဗုဒ္ဓကိုယ်စား ဖန်ဆင်းထားရွ် တရားဆက်လက် ဟောစေလျက်သာ လူမရပ်ရွာကြွ မြောက်ကျွန်းမှလျှင် ပိဏ္ဍပါတံ ဆွမ်းတော်ခံလျက် အိုင်ကန် အနတတ် အနီးရပ်မှာ ဘုဉ်းပေးကာဖြင့် နံ့သာပျံ့ပျူး ရနံ့ထူးသည့် စန္ဒကူးမှတ် တောအရပ်တွင် စံနေစဉ်ခ် အရှင် သာရိပုတ္တရာ ဝတ်ပြုလာက ဟောခါပြီးသမျှ ဓမ္မတရား နည်းပေးသွားခဲ့ တရားဘိဓမ္မ - ရသမျှကို သိဿများစွာ ငါးရာတို့အား ရှင်ဟောကြားခဲ့ တရားဘိဓမ္မ နာယူကြသည့် သိဿငါးရာ ရှေးကံမှာကား ရတနာမြတ်လှ ကဿပဟု ဗုဒ္ဓရှင်ကျော် လက်ထက်တော်တွင် အရှင်နှစ်ပါး ရဟန်းများတို့ တရားဘိဓမ္မ ရွတ်နေကြစဉ် တောင်ခွင်ချိုင့်ထဲ တွဲလွဲဆွဲလျက် မှိစွဲကပ်ငြား လင်းနို့သားဟု ထင်ရှားဖြစ်လာ သူငါးရာအား ရွတ်ရာပါဠိထွက် အနက်အတ္ထ မသိကြလည်း ဓမ္မသံပဲ နိမိတ်စွဲလျက် ထူးကဲတည်စွာ ကြားနာခဲ့ကြ အကြောင်းလှရ် ကဿပဂေါတမ ဗုဒ္ဓမြတ်ဖျား နှစ်ဆူကြားဦ် ခက်ပွား နတ်ပြည် ကြိမ်ကြိမ်လည်ခဲ့ ဤရှင်ဗုဒ္ဓ ပွင့်ကာလ၌ ယမကပြာဋိကာ တေဇာတော်ပြ ကြည်ညိုလှရံ အဂ္ဂပဏ္ဍိ သာရိပုတ္တရာ ထေရ်မဟာထံ ရဟန်းခံခဲ့ ကြံဉာဏ်တော်ရှိ သာရိပုတ္တရာ ထေရ်မြတ်စွာလည်း ဘဂဝါ ဘုရား နည်းညွှန်ကြားသည့် တရားဘိဓမ္မ ပဋ္ဌာန်းကျအောင် ရသမျှနေ့စဉ် ထိုအရှင်တို့အား ဟောဖော်ကြားခဲ့) နားမလည်ဘိ မသိရှိငြား လင်းနို့သားတို့
၈ 9 ခ သပြေ
တရားသံထဲ နာစွဲရုံမျှ ကျိုးရများစွာ ဖြစ်ခဲ့ရာကို ကောင်းစွာသိမြင် များလူရှင်ဟု သဗ္ဗညုတ တုမရသည့် ဥဉာဏကျက်စား တရားပဋ္ဌာန်း ကျမ်းနက်ဝှန်းကို ရွှင်လန်းသဒ္ဓါ စေတနာတက်ကြြ ရွတ်ဖတ်ကြသူ နာကြားသူတို့ ရယူတန်ဖိုး အကျိုးဘယ်မျှ ကြီးနိုင်လှဟု ပြောပြဖွယ်ရာ မတတ်သာခဲ့။ ဒေသနာကိတ္တိ သိဒ္ဓိဖုံဖုံ ပြည့်ပြည့်စုံလျက် ကြုံလာသမျှ ဘေးဘယနှင့် ကျမည့်ရန်စွယ် အန္တ ရာယ်လည်း မတွယ်ကင်းဝေး အေးချမ်းသာယာ ရွင်လန်းစွာဖြင့် မင်္ဂလာ ကျက်သရေ ဖြိုးဖြိုးဝေလိမ့် အခြေရှည်ရှည် ပဝေဏီက စွဲလာကြသည့် အတ္တဇီဝ ပုဂ္ဂလနှင့် သတ္တသညာ ကင်းစင်ကွာလျက် အရိယာမဂ်ဉာဏ် ရဖို့ ရန်ရှိ ပဋိသမ္ဘိဒါ ရရာရကြောင်း ကောင်းမြတ်လှစွာ မဟာပဋ္ဌာန ပူဇနဟု သာစွဆင်နွဲ သဘင်ပွဲကား ခြိမ့်သဲကြေညာ နတ်ဗြဟ္မာတို့ ဩဘာသိမ့်ညံ ထုတိသံဖြင့် မြေယံမှထက် အဆက်ဆက်လျှင် ဘဝဂ်အထိ သိရိညွန့်လွင် အောင်ပွဲဆင်သည် လူတွင် ဥဒါန်းတွင်တကား။။
ပဋ္ဌာန်းအမေးအဖြေ ရှစ်လုံးဖွဲ့ မြန်မာကဗျာ
ရနိုကုနိုမြို့ မင်လာတောဇိညွှနို့မြို့နယ်၊ တျီတောိရဗ် ဗုစ္ထနုံတောဇိရွှေကျဇိကျောဇိးတိုကိ ဆရာတေနိဘုရား ရေးသားစီကုံးတေဒမူသော ဗဋ္ဌ၁နုံးအမေးအဖြေ ရွစ်လုံးဖွဲ့ကဗျာ မေး-၁1 နက်နဲထူးဆန်း-ပဋ္ဌာန်းဒေသနာ လောကထွဋ်ထား-ဘုရားရတနာ ဘယ်ခါ ကာလ- ဒေသဘယ်မှာ သိမြင်ခဲ့-ဖွဲ့န္ပဲ့ဖြေစမ်းပါ ဖြေ-1 မဟာဗောဓိ-သီရိညွန့်ဝေ အပရာဇိ-မည်ရှိပလ္လင်ဗွေ အရဟတ္တ-မဂ်ရပိုင်ချေ အသိပြီး-ထွဋ်ထီးတို့ဘုန်းဝေး မေး-၂။ သိမြင်ဒိဋ္ဌ-ကိစ္စပြီးကာ မြတ်ပဋ္ဌာန-ဓမ္မဒေသနာ ဆင်ခြင်သုံးသပ်- ဘုန်းမြတ်ရှင်မှာ ဘယ်ကာလ-ဒေသဘယ်ရပ်မှာ။
ဖြေ-1 သတ္တသတ္တာဟ-လှည့်ကြွစံစဉ် ဘုန်းရှင်ထွဋ်ထား- ဘုရားသခင်။
- ၇ ရတနာဃရ-ဌာနဗ္ဗေခွင် ပဋ္ဌာန်းမြတ်-သုံးသပ်ကုန်အစဉ်။
မေး-၃1 ကြောင်းကျိုးသွယ်တန်း-ပဋ္ဌာန်းဒေသနာ ဆင်ခြင်သုံးသပ်-ဘုန်းမြတ်ရှင်မှာ
အံ့မခန်းတဲ့-ထူးဆန်းထွေလာ
ဘယ်သို့များ-ဖြစ်ပွားပေါ်ပေါက်လာ။
ဖြေ-4 ကျမ်းကကျယ်ဝန်း- ဉဉာဏ်စွမ်းကြီးစွာ
လိုသလိုလွန့်လူး-ကွန့်မြူးနိုင်ကာ
စိတ်ဓာတ်ကြည်နူး- ရွှင်မြူးလွန်စွာ ကိုယ်တော်မှ- ထွက်ကြွရောင်ခြောက်ဖြာ။
ကြာညိုအဆင်း-မျက်စဉ်းည်ုသလို က္ကန္ဒနီလား- မြသားရွှန်းစို ရာဌာန ကာယသိုထို အညိုဓာတ်- စိုဖတ်ရပ်တိုင်းည်ု။
မဟာလှေကား-စကားရွှေဝါ။
ရွှေစင်ရွှေသား-အလားပမာ - ကိုယ်ရေထက်မှ- ပေါ်ထွက်ပြူကာ ရောင်ပီတ။ မြီသရွန်းရွန်းဖြာ နှုတ်ခမ်းနီတွေး- အသွေးမှပင် နှင်းဆီနီမြန်း-ခေါင်ရန်းအသွင် ပတ္တမြားနီစွ- အလှပေါ်လွင် လောဟိတ-နီလှရောင်ခြည်ထင်။
စံပယ်လွန်ဆန်း- ဇွန်ပန်းအသွင် စိန်ရတီသွေး-ဖွေးဖွေးဖြူစင် သွားတော်အစ- ဖြူဆွရပ်ခွင် သြဒါတ-ထွက်ကြွလရောင်သွင်။
ထန်းကျင့်နီစွေး-အသွေးရောင်ဝါ
အနီနစ္စ-အလှတစ်ဖြာ
လိုထိုကိုယ်မှ-ထွက်ကြွမြူးကာ မဒ္ဖိဋ္ဌ- ထူးလှရောင်တဖြာ။
လျှပ်စစ်နွယ်ပန်း-ပြက်သန်းလူးလာ
ပြုံးပြိုးပြက်ပြက်-လက်လက်ပမာ ထိုထိုကိုယ်မှ-ထွက်ကြွမြူးလာ အလှဓာတ်-ပဘဿရသာ 1
မေး-၄1 ပဋ္ဌာန်းကျမ်းမြတ်- သုံးသပ်ဆင်ခြင် သုံးခွင်ထွဋ်ထား- ဘုရားသခင် ဘယ်ခါကာလ- ဌာနဘယ်တွင် ဘယ်သူအား- ပြောကြားနောင်ခါတွင်၊
ဖြေ။ ခုနစ်ဝါမြောက်- ဘုန်းတောက်အရှင် တိတ္ထိတစ်သင်း-နှိပ်နင်းဖို့ပင် ကဏ္ဍမွဟု-မည်ရသရက်ပင် အရင်းခ်-ယမိုက် တန်ခိုးဆင်။
တိတ္ထိတစ်သင်း-နှိပ်နင်းအောင်မြင်္ဓတ္ပဋိထားဗဘုရားသခင် တာဝတိံနန်း-ကြွမြန်းထက်ခွင် စံခြင်းပြု-ပဏ္ဍကမ္ဗလာတွင်။
စကြဝဠာပေါင်း-တစ်သောင်းဗွေချာ ဆိုက်လာရောက်ငြား-နတ်များဗြဟ္မာ ဦးတင်သလို့- ဓမ္မကာမာ မြတ်ဗုဒ္ဓ-ရံခဝိုင်းလို့ကာ။
မယ်တော်နတ်အား-ရှေ့ဖျားတင်ကာ အဘိဓမ္မ-နက်လှဒေသနာ ဟောဖော်ကြားတဲ့-ဘုရားမြတ်စွာ ပဋ္ဌာန်းဆုံး-ကျမ်းလုံးခုနစ်ဖြာ။
၁၂ ဒျ အ သပြေက လ
မေး-၅1 ကျမ်းကြီးပဋ္ဌာန်း-နက်ဝှမ်းဒေသနာ ဘယ်ပုံဆင်သ- ဓမ္မကထာ နတ်ဗြဟ္မာအား-ဟောကြားဝေဆာ ဤအချက်-မိန့်မြွက်ဖြေစမ်းပါ
ဖြေ၊ ကြောင်းကျိုးသွယ်လျက်- ဆက်ဆက်စဉ်ကာ တရားမှန်သမျှ-ဖြစ်ကြမကွာ ချင်းချင်းဆက်ကူး-ကျေးဇူးပြုကာ ဖြစ်ပုံပြ-ပဋ္ဌာနဒေသနာ။
မေး-၆၂။ အနန္တ နယ-ကျယ်လှထူးစွာ
ပဋ္ဌာန်းတရား-နာကြားနတ်ဗြဟ္မာ ဘယ်လိုမြင်မှား-ပယ်ရှားနိုင်စွာ ဘယ်အသိ-ရရှိထင်အလာ။
ဖြေ-1 အဟေတုက-က္ဂဿရန်မ္မာ။
အကိရိယ-နတ္ထီကတဖြာ အယူမှားတို့-ပယ်ရှားနိုင်စွာ။
အတ္တပဲ- အစွဲပြုတ်တော့တာ။
ရုပ်နာမ်အမျိုး-ကြောင်းကျိုးသိလာ ဒိဋ္ဌိစင်ငြား-ပယ်ရှားကခ်ါ ဉာဏ်အဆင့်ဆင့်-မြင့်ထက်မြင့်ကာ အရိယ-မဂ္ဂသိပိုင်လာ။
မေး-ဂု၊ ရွတ်ကြဖတ်ကြ-ပဋ္ဌာနဒေသနာ
နာကြကြားကြ-ဓမ္မမဟာ ဘယ်လိုကျိုးရ-ဖော်ပြစမ်းပါ သိသမျှ-ဓမ္မရှိန်အဝါ {
ဖြေ-1 စွမ်းဟုန်ကြီးလှ-ဓမ္မရှိန်ဝါ ရွတ်နာသူဉ်-ဆိုက်ရောက်အလာ ဘေးရန်ဝေးလို့-လွန်အေးချမ်းသာ တ-သမျှ-ရကြမင်္ဂလာ။
တရားလိုလား- နတ်များဗြဟ္မာ နာကြရလို့-အားရရွှင်စွာ ရွတ်နာသူအား- လိုလားမေတ္တာ စောင့်ရှောက်ကြ-က္ကဋ္ဌကြုံဖို့ရာ' ပဋ္ဌာန်းတရား-နာကြားသူတွေ ပဋ္ဌာန်းအသိ-ရရှိမသွေ မဂ်ဉာဏ်ဖိုလ်ရ-အမတမြင်ချေ အရိယ-ဘဝရောက်ပါစေ။
ဩဝါဒပါတိမောက်တရားတော်
ဩဝါဒပါတိမောက် သံဃာတော်တွေ အခုဆွမ်းကျွေးကြ၊ အဲဒါနဲ့ ဒီနေ့ဥပုသ်နေ့ဖြစ်တာနဲ့ အဲဒီဩဝါဒပါတိမောက်တရားတော်လေးပဲ ဟောရ မှာပဲ။ ဩဝါဒပါတိမောက်ဆိုတာက ဘုရားရှင်ကိုယ်တော်မြတ်တို့မှန်သမျှ ပြဆိုတော်မူခြင်းဖြင့် ရွတ်ဆိုတော်မူခဲ့ကြတဲ့ ပါတိမောက်တစ်မျိုး အားလုံး ကြားဖူးကြမှာပဲ။ အဲ - အဲဒီဥစ္စာ အသက်ရှည်တဲ့ သက်တမ်းရှည်တော်မူတဲ့ ဘုရားရှင် ကိုယ်တော်မြတ်တွေကျတော့ ဒီဩဝါဒပါတိမောက်ကလေးပဲ အမြဲတမ်းပြတော်မူကြတယ်။ အဲ- အခုခေတ် ရဟန်းတော်တွေ ပြနေကြတဲ့ အာဏာပါတိမောက် ဆိုတာကို မပြဘူး သက်တမ်းရှည်တဲ့ ဘုရားရှင် ကိုယ်တော်မြတ်တွေကျတော့ စောစောက အဲဒီဩဝါဒပါတိမောက်ပဲ ပြတော် မူခဲ့တယ်။ နောင်အခါမှ ကိုယ်တော်မြတ်များက မပြတော့ဘဲနဲ့ တပည့်သား သံဃာတော်တွေကို ပြခိုင်းတော့တယ်။ အဲဒီလို ဘုရားရှင်ကိုယ်တော်မြတ်တိုင်း ပြတော်မူခဲ့တဲ့ ဩဝါဒပါ တိမောက်။
ခန္တီ ပရမံ တပေါ တိတိက္ခာ
နိဗ္ဗာနံ ပရမံ ဝဒင္တ်ဗဒ္ဓါ
နဟိပဗ္ဗဇိတော ပရူပဃာတီ
န သမဏော ဟောတိ
ပရဝိဟေဋ္ဌယန္ထော။
တိတိက္ခာ-အရာရာတွင် သည်းခံခြင်းတည်းဟူသော၊ ခန္တီ-သည်း ခံခြင်း ခန္တီတရားသည်။ ပရမံ-ထူးမြတ်လှစွာသော၊ တပေါ-အကျင့်တရား . အစစ်ဖြစ်ပါပေ၏ / တိတိက္ခာ-အရာရာတွင် အနာခံခြင်းတည်းဟူသော၊
ခန္တံ-သည်းခံခြင်း ခန္တီ တရားသည်။ ပရမံ-ထူးမြတ်လှစွာသေား တပေါ- အကျင့်တရားစစ်ဖြစ်ပါပေ၏။ ဗုဒ္ဓါ-မြတ်စွာဘုရားတို့သည်။ နိဗ္ဗာနံ-နိဗ္ဗာန်ဆိုတဲ့ တရားကို၊ ပရမံ-ထူးမြတ်လှစွာသော တရားဟူရ်။ ၀ဒန္တိ- မိန့်ဆိုတော်မူကြ လေကုန်၏ ပရူပညဃာတီ-သူတစ်ပါးကို ညှဉ်းဆဲတတ်သော ညှဉ်းဆဲနိပ်စက် တတ်သော ပုဂ္ဂိုလ်သည်။ ပဗ္ဗဇိတော- ပဗ္ဗဇိတအမည်ရသည်။ နဟောတိ- မဟုတ်ပါပေ။ ပရံ-သူတစ်ပါးကို၊ ဝိဟေဋ္ဌယန္ဘော-ညှဉ်းဆဲနိပ်စက်တတ်သော သူသည်။ သမဏော-ကိလေသာငြိမ်တဲ့ သမဏပုဂ္ဂိုလ်သည်။ နဟိ ဟောတိ- မဖြစ်နိုင်ရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာလျှင်တည်း။ တိတိက္ခာ- အရာရာတွင် အနာခံခြင်းတည်းဟူသော၊ ခန္တီ သည်းခံခြင်း တရားသည်။ ပရမံ-မွန်မြတ်လှစွာသော။ တပေါ-အကျင့်တရား အစစ် တကယ်တမ်း ဖြစ် ပေ၏ 1 အဲ- ဘုန်းကြီးတို့ ဝီပဿီစသော သက်တော်ရှည် ဘုရားရှင် ကိုယ်တော်မြတ်များလက်ထက် အဲဒီအခါမှာ ဒါနဲ့ ပြီးတာပဲ အဲ- သိက္ခာပုဒ်တွေ ပညတ်မနေတော့ဘူး။ ဒီတရားနဲ့ပြီးတာပဲ။ သည်းခံခြင်းဟာ မြင့်မြတ်သော အကျင့်ပဲ။ ဒီတော့ သည်းခံတယ်ဆိုတာက သူတစ်ပါးရဲ့ မိမိပေါ်မှာ မကောင်းပြုတာကို သည်းခံတယ်။ အဲဒီလို သည်းခံတာပဲ သည်းခံတယ်လို့ ဆိုရတာပဲ။ အအေးကို သည်းခံမှု၊ အပူကိုသည်းခံမှု၊ မှက်ခြင်ယင်တွေ ကိုက်ခဲမှုကို သည်းခံမှုစသည်ဖြင့် အဲဒီသည်းခံမှုတွေကိုလည်း သည်းခံတယ်လို့ ဆိုရတယ် အဲဒီ ခန္တံဆိုတဲ့ သည်းခံခြင်းတရားဟာ မွန်မြတ်လှစွာသော တရားတစ်ခုပဲ။ အဲ သည်းညဉ်းခံနိဗ္ဗာန်ရောက်။ တကယ်နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရား ဒါကြောင့် မွန်မြတ်တဲ့ အကျင့်လို့ ဘုရားရှင်ကိုယ်တော်မြတ် များက မိနဲ်ကြားတော်မူခဲ့တယ်။ လောကမှာ အလုံးစုံသော တရားတို့ဟာ ခန္တံကို အမှီပြုပြီးတော့ ဖြစ်ကြတယ်။
သီလသမာဓိပညာနံ ခန္တီပဓာနကာရဏံ
သဗ္ဗေပိ ကုသလာဓမ္မာ
ခန္တာယတ္တာ၀ ဝတ္တရေ။
ခန္တီ-သည်းခံခြင်းတည်းဟူသော ခန္တီတရားသည် သီလသမာဓိ ပညာနံ- သီလ သမာဓိ ပညာတရားတို့၏။ ပဓာနကာရဏံ- လိုရင်းကျတဲ့
အကြောင်းရင်း စင်စစ်ဖြစ်ပါပေ၏ ခန္တီသည်းခံခြင်းဆိုတာ အင်မတန် လိုရင်းကျတဲ့ ပဓာနအကြောင်းတရားတဲ့။ သဗ္ဗေပိကုသလာဓမ္မာ-အလုံးစုံသော ကုသိုလ်တရား မှန်သမျှတို့သည်လည်း။ ခန္တာယတ္တာ၀-ခန္တံဆိုတဲ့ သည်းခံခြင်း တရားနှင့်စပ်ရဤ သာလျှင် ဝတ္တရေ-ဝတ္တန္တ်-ကောင်းစွာမသွေ ဖြစ်ကြရပါ ပေကုန်၏။
အဲ-သည်းညည်းခံ နိဗ္ဗာန်ရောက်။ သည်းခံတဲ့တရား ခန္တံရှိရင် အဲဒီ ပုဂ္ဂိုလ်မှာ ကုသိုလ်တွေ အများကြီးပွားနိုင်တယ်။ ဒါကြောင့်မို့လို့ ခုနပြောသလို သက်တမ်းရှည်တဲ့ ပုဂ္ဂိုလ်မှန်သမျှ ဘုရားရှင်ကိုယ်တော်မြတ်များလက်ထက် အဲ-ဒါလေးနဲ့ ပါတိမောက် သုံးဂါထာနဲ့ပဲ ပြီးတယ်။ သည့်ပြင် သိက္ခာပုဒ်တွေ ဘာတွေ ရဟန်းတွေအတွက် ပညတ်မနေဘူး။ အဲဒီတော့ ခန္တံဆိုတဲ့တရားဟာ ကုသိုလ်များစွာ ဖြစ်ပွားဖို့ရာ တကယ့်အခြေခံ အကြောင်းတဲ့ သူရှိရင် ကုသိုလ်တွေ အများကြီး ဖြစ်ကြတယ်။ အဲဒီ ခန္တီမရှိတဲ့ ပုဂ္ဂိုလ်တွေအဖို့ ကုသိုလ် မဖြစ်နိုင်ဘူး ဒါကြောင့် ခန္တီဆိုတဲ့တရားဟာ သီလသမာဓိပညာသိက္ခာ သုံးပါးတို့၏ အခြေခံအကြောင်း အခြေခံအကြောင်း ပြည့်စုံနေရင်။ အဲ- အကျိုးဖြစ်တဲ့ သီလသမာဓိပညာ ဒီတရားတွေ ပြည့်စုံတော့တာပဲ။ ဒါကြောင့် မို့လို့ အဲ- ဩဝါဒပါတိမောက်ဟာ အဲ- သက်တော်ရှည်တဲ့ ဘုရားရှင်ကိုယ် တော်မြတ်တို့ လက်ထက်မှာ ဒီဩဝါဒပါတိမောက်နဲ့ ပြီးတာပဲ တခြား အပြစ်တွေ တခြားသိက္ခာပုဒ်တွေ ပညတ်မနေတော့ဘူး။
နိဗ္ဗာနံ ဝရံ ဝ်ဗဒ္ဓါး
ဗုဒ္ဓါ -ဘုရားရှင်ကိုယ်တော်မြတ်တို့သည်။ နိဗ္ဗာနံ-နိဗ္ဗာန်ဆိုတဲ့ တရားကို၊ ပရမံ-ထူးမြတ်လှစ် ဟူရဌ် ဝဒန္တိ-ထုတ်ဖော်မြွတ်ဟ ဟောကြားတော်မူကုန် ကြလေသတည်း။
အဲ-ဒုတိယအချက်က နိဗ္ဗာန် နိဗ္ဗာန်ဆိုတဲ့ တရားဟာ တရားအလုံးစုံ တို့တွင် အမြတ်ဆုံးအကောင်းဆုံးတရားပဲလို့ အဲဒီဒေသနာတော်မှာ ဟောတော် မူတယ်4 အဲဒီတော့ နိဗ္ဗာန်ဆိုတာ ထူးခြားတဲ့တရား၊ မွန်မြတ်တဲ့တရား အလုံးစုံတို့တွင် အကောင်းဆုံးတရား။ အဲဒီအကြောင်းကို ဘုရားရှင်ကိုယ် တော်မြတ်က ဩဝါဒပါတိမောက်မှာ ဟောတော်မူခဲ့တယ်။ အဲဒီတော့
အဲဒီခေတ်က ပုဂ္ဂိုလ်တွေ သက်တမ်းရှည်ကြတဲ့ ပုဂ္ဂိုလ်တွေ ဒီတရားမျိုးကြား ရတဲ့ အခါကျတော့ အဲဒီနိဗ္ဗာန်ကို မရရအောင် ကြိုးစားကြတော့တာပဲ။ ကြိုးစားကြတော့ သူတို့မှာ အထူးတရားတွေ ဘာတွေသိပ်အရှည်ကြီး ဟော စရာမလိုတော့ဘူး တိုတိုဟောလို့ရှိရင် ပြီးသွားတာပါပဲ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ။
ပရူပဃာတီ-သူတစ်ပါးကို ညှဉ်းဆဲတတ်နှိပ်စက်တတ်သော ပုဂ္ဂုံလ် သည်။ နပဗ္ဗဇိတော-ပဗ္ဗဇိတ အနက်အရနှင့်မညီ မဆီလျော်သောကြောင့် ပဗ္ဗဇိတ ရဟန်းအမည် မရပါပေ။ ဟော-ပဗ္ဗဇိတ ဆိုတာက အနက်က ဘာတုံးဆိုရင်- အဲ-မိမိရဲ့ အညစ်အကြေးကို နှင်ထုတ်နေတဲ့ ပုဂ္ဂိုလ်လို့ဆိုတယ်။ သူတစ်ပါးကို ညှဉ်းဆဲနှိပ်စက်နေရင် အဲဒီပုဂ္ဂိုလ်က ဘယ်မှာသွားပြီးတော့ မိမိရဲ့ အညစ်အကြေးကို နှင်ထုတ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါမတုံး။ အဲ အညစ်အကြေး ထူအောင် လုပ်သလိုဖြစ်တယ်။ ဒါကြောင့် ပဗ္ဗဇိတဆိုတဲ့ အမည်နဲ့မကိုက်လို့ သူတစ်ပါးကို ညှဉ်းဆဲနှိ်ပ်စက်တတ်သော ပုဂ္ဂိုလ်သည် နသမဏော-ကိလေ သာကို ငြိမ်စေတတ်တဲ့ သမဏခေါ်သောအရာမဟုတ်ပါပေ။ သူတစ်ပါးကို ညှဉ်းဆဲနှိပ်စက်နေလျှင် သမဏဆိုတာက ကိလေသာကို ငြိမ်းအေးအောင် လုပ်တဲ့ ပုဂ္ဂိုလ်ဆိုတယ်။ သူတစ်ပါးကို ညှဉ်းဆဲနှိပ်စက်နေရင် ဘယ်မှာ သွားပြီးတော့ သမဏဆိုတဲ့ သူ့နာမည်နဲ့ ဘယ်ကိုက်တော့မတုံး။ ဒါကြောင့်မို့လို့ သမဏအမည် မရဘူး သူတစ်ပါးကို ညှဉ်းဆဲနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်ဟာ သမဏမဟုတ်ဘူးတဲ့။ ဒီတော့ ခုနပြောသလို သက်တမ်းရှည်တဲ့ အခါကျတော့ လူတွေက တရားရှိကြတယ်။ အဲ-တရားရှိကြတဲ့ ပုဂ္ဂိုလ်တွေဆိုရင်တော့ တစ်ခုလောက် ဟောလိုက်ပြီးရင် သူတို့က ကောင်းကောင်းလိုက်နာတော့တာပဲ။ ကောင်းကောင်းကျင့်ကြံတော့တာပဲ။ ဒါ ကြောင့် သက်တမ်းရှည်တဲ့ ဘုရားရှင် များဟာ မိမိတပည့်သား ရဟန်းတွေ အဲ မိမိတပည့်သား ပုဂ္ဂိုလ်တွေကို ပါတိမောက်အရှည်ကြီး ပြမနေတော့ဘူး။ အဲဒီ ဩဝါဒပါတိမောက်လေး နှင့်ပဲ ကိစ္စပြီးစေတော့တယ်။
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သ စိတ္တ ပရိယောဒပနံ
ဧတံ ဗုဒ္ဓါနသာသနံ။
ဒါ ဒုတိယဩဝါဒ။ သဗ္ဗပါပဿ-အလုံးစုံသော မကောင်းမှု မှန်သမျှ ကိုး အကရဏံ-မပြုခြင်းလည်းကောင်း။ ကုသလဿစ-စတုဘုမ္မိက ဘုံလေးပါး ဖြစ်တဲ့ ကုသိုလ်တရားကို၊ ဥပသမ္ပဒါ-ပြည့်စုံအောင် ကြိုးစားခြင်းလည်း ကောင်း၊ သစိတ္တပရိယောဒပနံ- မိမိစိတ်ကို ဖြူစင်အောင် ကြုံးစားခြင်း လည်းကောင်း၊ ဧတံ-ဤသို့ မကောင်းမှုကို မပြုခြင်း၊ ကောင်းမှုဆိုတဲ့ ကုသိုလ်တရားတွေကို ပြည့်စုံစေခြင်း မိမိစိတ်ကို ဖြူစင်အောင်ပြုခြင်း ဤသုံးပါးသည်။ ဗုဒ္ဓါနံ-ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြတဲ့ ဗုဒ္ဓထွဋ်တင် ရှင်တော်မြတ် ဘုရားတို့၏ သာသနံ-ကျိုးကြောင်းထုံးပြ အဆုံးအမတော် ပါပေတည်း။
အဲ-သက်တမ်းရှည်တဲ့ ပုဂ္ဂိုလ်တွေ သက်တမ်းရှည်တဲ့ခေတ်က ပုဂ္ဂိုလ် တွေကျတော့ အဲဒါလေးနဲ့ ပြီးတယ်။ အဲ-သဗ္ဗပါပဿ။ အကရဏံ- မကောင်းမှုမှန်သမျှကို မပြုကြနဲ့ဆိုတာ ငါဘုရားရဲ့အဆုံးအမပဲဆိုရင် သူတို့ဟာ တကယ်ကြောက်ကြတယ်။ တကယ်မပြုကြဘူး။ ဒါလေးတစ်ခုနဲ့ပဲ ကိစ္စပြီး နေတာ သည့်ပြင် ထွေထွေရာရာ သိက္ခာပုဒ်တွေ ပညတ်ဖို့မလိုတော့ဘူး။
ကုသလဿ ဥပသမ္ဗဒါ
ကုသလ - ကာမ မဟဂ္ဂုတ် လောကုတ္တရာ ကုသိုလ်မှန်သမျှကို။ ဥပသမ္ပဒါ- ပြည့်စုံအောင်ကြိုးစားခြင်း၊ ဒါလည်း ဘုရားအဆုံးအမတစ်ရပ်။ အဲ. ကုသိုလ်မှန်သမျှ ပြည့်စုံအောင် ကြိုးစားကြလို့ ဘုရားက ညွှန်ကြားတယ်ဆို ရင် အဲဒါ ကုသိုလ်တွေ ကြိုးစားကြတယ်။ အဲ-ဘယ်တော့မှ ကုသိုလ်မလစ်ဟင်း စေရဘူး။ အဲဒီတော့ ဘုရားစကားတော်ကို ဒီစကားတော်လေးနဲ့ ဟိုခေတ်က ရဟန်းတော်တွေ အကုသိုလ်အမှုတွေကို ရှောင်နေကြတာဖြစ်တော့ ကုသိုလ် ဖြစ်ကြောင်းတရားတွေကို ပွားနေကြတာဖြစ်တော့ အကုသိုလ်ရှောင် ကုသိုလ် ပွားနေကြတာ ဖြစ်သောကြောင့် အဲ-အဲဒီဩဝါဒပါတိမောက်ဟာ ထိုခေတ်က
ရဟန်းတွေအဖို့ လုံလောက်တဲ့တရား၊ အဲ သစိတ္တပရိယောဒပနံ- မိမိစိတ်ကို ဖြူစင်အောင်ကြိုးစားခြင်းလည်းကောင်း။ အဲ- ဧတံ-ဤသုံးပါးသည်။ ဗုဒ္ဓါနံ- ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဗုဒ္ဓထွဋ်တင် ရှင်တော်မြတ်ဘုရား တို့၏။ သာသနံ-ကျိုးကြောင်းထုံးပြ အဆုံးအမတော်ပါပေတည်းဆိုတဲ့ အဲ-။ မိမိစိတ်ကို ဖြူအောင်ကြိုးစားပါတဲ့။ ဒါက အဆုံးအမတစ်ခု။ အဲဒီ အဆုံးအမကိုလည်း လိုက်နာကြ1 ကျင့်ကြံကြ။ မဖောက်ဖျက် မကျူးလွန်ကြ။ အဲဒါကြောင့် မို့လို့ သူတို့စိတ်စင်ကြယ်အောင် နောက်ဆုံး အပြီးရအောင် ကြိုးစားနိုင်ကြတယ်။ အဲဒီတော့ ဒီတရားလေး ဒီအဆုံးအမလေးဟာ ပုဂ္ဂုံလ် တစ်ယောက်အဖို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ရအောင် လုံလောက်နေတဲ့ အဆုံးအမတွေ ဖြစ်တယ်။ မကောင်းမှုမှန်သမျှ မပြုကြနဲ့။ ကောင်းမှုမှန်သမျှ ပြုကြ အဲ-မိမိစိတ်ကို ဖြူစင်အောင် ကြိုးစားကြဆိုတဲ့ အဆုံးအမသုံးချက်ဟာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ အဆုံးအမသုံးချက်ဟာ ဟိုခေတ်လူတွေအဖို့ လုံလောက်နေတယ် 1 ဟိုခေတ် ရဟန်းတွေအဖို့ လုံလောက်နေတယ်။ ဒါကြောင့် ဟိုခေတ် ရဟန်းတော်တွေဟာ မကောင်းမှုကို မပြုကြနဲ့ဆိုရင် မပြုကြဘူး။ အဲ-ကောင်းမှုပြုကြဆိုရင် ကောင်းမှုတွေ ပြကြတယ် ကောင်းမှန်း လည်း သိကြတယ်။ မိမိစိတ်ကို ဖြူစင်အောင် ကြိုးစားကြဆိုတာ နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်အောင် ကြိုးစားကြပြောတာပဲ။ စိတ်တကယ် ဖြူစင်အောင် ဆိုတာက အရဟတ္တမဂ်ရမှ ဖြူစင်တာ။ အဲ တကယ်စိတ်ဖြူ စင်အောင် ကြိုးစားကြဆိုရင် အရဟတ္တမဂ်ရအောင် မင်းတို့ကြိုးစားကြလို့ ရှင်တော်မြတ်က မိန့်တော်မူလိုရင်းဖြစ်တော့ အဲ- အရဟတ္တမဂ်ရအောင် ကြိုးစားကြ အဲဒီလို ကြုံးစားကြတာဖြစ်တော့ ဘယ်သည့်ပြင် တရားတွေ လိုတော့မတုံး။ သို့သော် အကျဉ်းအားဖြင့်တော့ ရံခါ ရံခါ ဘုရားရှင် ကိုယ်တော်မြတ်များ ဟောတော်မူခဲ့တယ်4 အဲဒါ ဒုတိယဩဝါဒပါတိမောက် ဘုရားရှင်ကိုယ်တော်မြတ်တိုင်း ဆုံးမပေးတော်မူကြတယ်။ အသက်ရှည်တဲ့ ဘုရားရှင်တွေကျတော့ တစ်သက်လုံး ဒါနဲ့ပဲ ဆုံးမသွားကြတာပဲ။ အသက် တိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ်တွေကျတော့ ပထမပိုင်းမှာ ဒီအဆုံးအမနဲ့ပဲ ဆုံးမပေးသွားကြတယ်။ အဲ-နောင်အခါ ကျတော့မှ အကြောင်းအားလျော်စွာ သိက္ခာပုဒ်တွေ ပညတ်လာရတယ်။
၂၀ 5 စ သငြ
အဲ-တတိယဩဝါဒက-
အနုပဝါဒေါ အနုပဃာတော။
ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသ္မိ 1
ပန္တဉ္စသယ နာသန။
အဓိစိတ္တေစ အာယောဂေါ]
ဧတံ ဗုဒ္ဓါန သာသန။
အနုပဝါဒေါ- နှုတ်ဖြင့် မစွက်ခြင်းလည်းကောင်း' အနုပဃာတော- ကိုယ်စိတ်တို့ဖြင့် မညှဉ်းဆဲခြင်းလည်းကောင်း၊ ပါတိမောက္ခေ-ပါတီမောက္ခ သံ၀ရသီလခ္ဗ်၊ သံဝရောစ-စောင့်စည်းခြင်းလည်းကောင်း' ဘတ္တသ္မိံ- ဆွမ်းအစားအစာဥ်၊ မတ္တညုတာစ-ခံယူခြင်း၊ သုံးဆောင်ခြင်းခ အတိုင်းအရှည် ကို သိခြင်းလည်းကောင်း) ပန္တံ-အစွန်းအဖျား အနားကျသော သယနာသနဉ္စ- အိပ်ရာနေရာ ကျောင်းကန်စသည်တို့ မှီိဝဲခြင်းလည်းကောင်း၊ အဓိစိတ္တေ- လွန်မြတ်သော စိတ်ဖြစ်သော၊ အဓိစိတ္တေ-ကာမာ၀စရ-စိတ်များထက် လွန် မြတ်သော အဲ- သမာပတ်စိတ်ခ်လည်းကောင်း၊ အဓိစတ္တေ-မဂ်စိတ်ဖိုလ်စိတ်၌ အာယောဂေါ- အားထုတ်ခြင်းလည်းကောင်း၊ ဧတံ- ဤသို့ဆိုအပ်ခဲ့ပြီးသော အချက်အလက် မှန်သမျှသည်။ ဗုဒ္ဓါနံ-ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြတဲ့ ဗုဒ္ဓထွဋ်ိတင် ရှင်တော်မြတ်ဘုရားတို့၏1 သာသနံ-ကျိုးကြောင်းထွန်းပြ ဆုံးမတော်မူတဲ့ ဆုံးမချက်ဖြစ်ပါပေသတည်း။
အဲ-ဒီအဆုံးအမသည်လည်း လိုက်နာကြတာပဲ အဲဒီခေတ်က၊ အဲ- အနုပဝါဒေါ။ သူတစ်ပါးကို မစွပ်စွဲရဘူး' သူတော်ကောင်းဆိုတာ သူတစ်ပါးကို မစွပ်စွဲရဘူး နှုတ်ဖြင့်မစွပ်စွဲရဘူး။ ကိုယ်စိတ်ဖြင့်လည်း အဲ-မညဉ်းဆဲ မနှိပ်စက်ရဘူး။ ပါတိမောက္ခ သံ၀ဝရသီလဆိုတဲ့ ရဟန်းတို့ရဲ့ သီလမှာ ကောင်းစွာ စောင့်စည်းရမယ်။ လိုက်နာကြတာပဲ။ အဲ-နောက်ဆွမ်းအာဟာရမဉ် အတိုင်၊ အရှည်သိရမယ်။ ခံယူတဲ့အခါလည်း လောက်ရုံလေး၊ သုံးဆောင်တဲ့ အခါလည်း သင့်ရုံလေး၊ သင့်ရုံထက်ပိုပြီး သုံးဆောင်ဖို့မရှိ လောက်ရုံနဲ့ ပိုပြီးတော့ လောဘတကြီးနဲ့ ခံလေ့မရှိဘူး။ ဆွမ်းခ အတိုင်းအရှည်သိရမယ်။ တရား အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေအတွက် အင်မတန်အရေးပါတဲ့ အကျင့်တွေ။
ပန္တဉ္စသယနာသနံ- အဲ - ကျောင်းကြီးကန်ကြီးတွေမှာ ရည်ရွယ်မနေဘဲနဲ့ အစွန်းအဖျား အနားကျတဲ့ တောတောင်ချောက်ကြားစသည့် ဆိတ်ငြိမ်တဲ့ နေရာတွေမှာ နေကြရမယ်တဲ့ ဆုံးမချက်ညွှန်ကြားချက်။ အဲဒီ အဆုံးအမလည်း အများအားဖြင့် လိုက်နာကြတယ်။
အဲ- အဓိစိတ္တေစ အာယောဂေါ မွန်မြတ်တဲ့ သမာပတ်စိတ်တွေး လွန်မြတ်တဲ့ မဂ်စိတ်ဖိုလ်စိတ်တွေရအောင် ကြိုးစားကြ နောက်ဆုံး အဆုံး အမ ပေးတော်မှုတယ်။ အဲ-ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့ ဩဝါဒ ပါတိမောက်။ အဲဒီဩဝါဒပါတိမောက်နဲ့ သက်တော်ရှည်ကြတဲ့ ဘုရားရှင် ကိုယ်တော်မြတ်တွေဟာ ဒီဩဝါဒပါ တိမောက်နဲ့ပဲ အသုံးပြုပြီးတော့ တပည့် တပန်းတွေ ပါတိမောက်ပြခဲ့ကြတယ်။ အဲဒီခေတ်က ပါတိမောက် ပြတယ် ဆိုတာ ရဟန်းတော်တွေ မပြရဘူး။ ဘုရားရှင်ကိုယ်တော်မြတ်တွေသာ ပြ ကြတယ်။ အဲ- ဘုန်းကြီးတို့ ဝိပဿီဘုရားရှင်ကိုယ်တော်မြတ်ကြီး ရှစ်သောင်း တန်းမှာ ပွင့်သွားတော်မူတယ်။ အင်မတန် အသက်ရှည်တော်မူတယ်။ အဲဒီ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကိုယ်တော်တိုင် ဒီဩဝါဒပါတိမောက်ကို ပြတော်မူခဲ့တယ်။
အဲဒီခေတ်က ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဩဝါဒပါတိမောက် နဲ့သာ ပြီးတယ် အဲတော့ အခုလို ဥပုသ်နေ့မှ ဥပုသ်ပြုတာ မဟုတ်ဘူး။ ခြောက်နှစ်တစ်ကြိမ် ခြောက်နှစ်တစ်ကြိမ်မှ ဥပုသ်ပြုတယ်။ အဲ- ပြုတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်ကသာ ပြုတယ် ရဟန်းတွေက မပြုရဘူး။ ဘုရားရှင် ကိုယ်တော်မြတ်က ခြောက်နှစ်တစ်ကြိမ် ခြောက်နှစ်တစ်ကြိမ် သံဃာအစည်းအဝေးပြီးတော့ ဩဝါဒပါတိမောက် ပြတော်မူခဲ့တယ်။ အဲ- ပြတဲ့အခါလည်း တစ်နေရာတည်းမှာ ဟိုနေရာ ဒီနေရာ ရဟန်းတွေရှိနေကြတဲ့ ဟိုငြည် ဒီတိုင်းပြည် ဟိုနယ်ဒီနယ်မှာ ပြေရဘူး4 ဘုရားရှိတဲ့ ဗန္ဓုမတ်ပြည်း ခေမမိဂဒါဝုန်တော ကျောင်းတော်ကြီးမှာ ဘုရားရှင်ကိုယ်တော်မြတ် ဒီဩဝါဒ ပါတိမောက်ကို ကိုယ်တော်တိုင် ပြတော်မူခဲ့တယ်။ အဲတော့ အဲဒီအခါမှာ ဧမ္ဗူဒိပ်ကျွန်းမှာ ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ရှိတယ်။ အဲဒီ ရှစ်သောင်း လေးထောင် ရှိတဲ့ ကျောင်းတွေမှာ နက်တွေက ဥပုသ်ပြောကြားတဲ့ နတ်တွေဆိုတာရှိတယ်။ အဲဒီ နတ်တွေက နှစ်တိုင်းနှစ်တိုင်း တစ်နှစ်စေ့ပြီးနောက်
နှစ်နှစ်စေ့ပြီး ဥပုသ်ပြုဖို့ သုံးနှစ်ရှိပြီ လေးနှစ်ရှိပြီ ငါးနှစ်ရှိပြီဆိုပြီးတော့ ပြောပြီးတဲ့အခါကျတော့ ခြောက်နှစ်ပြည့်တဲ့အခါကျတော့ အဲ- အရှင်ဘုရားတို့ ငါးနှစ်လွန်ခဲ့ပြီး ခြောက်နှစ်ရှိပြီး ခြောက်နှစ်ရောက်တော့မယ် အခုမကြာခင် လပြည့်နေ့ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ် ဥပုသ်ပြုတော်မူတော့မယ်။ ဥပုသ်ပြုဖို့ရာ ဘုရားရှင် ကိုယ်တော်မြတ်ကို ဖူးမြော်ဖို့ရာ ကြွကြပါဆိုပြီးတော့ ကြွေးကြော်တယ်တဲ့။
အဲ- ကြွေးကြော်လို့ရှိရင် ချက်ချင်းပဲ ဒီလပြည့်နေ့ကျရင် တန်ခိုးနဲ့ ကြွလာတယ်။ ဝိပဿီဘုရားထင်ရှားရှိရာ သီတင်းသုံးရာ အဲ ဗန္ဓုမတီ ပြည်ကြီးမှ ခေမမိဒဂ၊ါါဝုန်တောကြီးကို ကြွကြတယ်။ တန်ခိုးမရှိကြတဲ့ ပုဂ္ဂိုလ်တွေး ရဟန်းတွေကျတော့ နတ်တွေရဲ့တန်ခိုးနဲ့ ကြွကြတယ်။ နောက် အဲဒီနေ့ကျတော့ သူတို့ စောစောက ဂမိကဝတ်ဆိုတဲ့ ခရီးသွားတဲ့ ရဟန်းတွေ ပြုရမည့်ဝတ်တွေ ပြုပြီးတော့ သပိတ်သင်္ကန်းပြင်ပြီးတော့ အရှေ့သမုဒ္ဒရာစွန်း အနောက်သမုဒ္ဒရာစွန်း တောင်သမုဒ္ဒရာစွန်း။ မြောက်သမုဒ္ဒရာစွန်းတွေ သွားရပ် ရပ်တယ်ဆိုရင် မကြာခင်ပဲ သူ့အလိုအလျောက် ဗန္ဓုမတီ ပြည်ကြီး ဝိပဿီ ဘုရားရှင် သီတင်းသုံးရာကျောင်းသို့ ရောက်သွားတယ် 1
အဲဒီအခါမှာ ရဟန်းတော်တွေ ဆုံမိတဲ့အခါကျတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က ခုန ပြောတဲ့ “ခန္တီ ပရမံ တပေါတိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တီဗုဒ္ဓ။ နဟိ ပဗ္ဗဇိတော ပရူပညာတီ နသမဏော ဟောတိ ပရံ ဝိဟေဋ္ဌ ယန္တော၊ သဗ္ဗပါ ပဿ အကရဏံ ကုသလဿဥပသမ္ပဒါ သစိတ္တပရိယော ဒပနံ၊ ဧတံဗုဒ္ဓါန သာသနံ အနုပဝါဒေါ အနုပဃာတော ပါတိမောက္ခေစ သံဝရော မတ္တညုတာစ ဘတ္တသို့ ပန္တဉ္စသယနာ သနံ အဓိစိတ္တေစ အာယောဂေါ ဧတံဗုဒ္ဓါနသာသနံ” ဆိုတဲ့ ဩဝါဒပါတိမောက် သုံးဂါထာကို ရွတ်ပြတော်မူခဲ့တယ်။
သာမု-သာဓု။ သာဓမု [
ဂိလာနသံဃာစောင့်ရှောက်ရေးအဖွဲ့ (နှစ်ပတ်လည်) တရားတော်
မင်္ဂလာတောဇိညွှနို့မြို့နယ် ရွှေကျဇိကျောဇ်းတိုက်
စိလာနုသံဃာတောိများ စောဇ္ဇိရှောတ်ရေးအဖွဲ့
နှစံစတ်လည်ရေစက်ချ အနုမေ၀ဒန၁တရားတေ် အဖွဲ့ပေါ်လာပုံ
ယနေ့ထူးထူးခြားခြား ဂိလာနသံဃာတော်စောင့်ရှောက်ရေးအဖွဲ့ ရဲ့ တစ်နှစ်တာအတွင်း လှူခဲ့တဲ့ အလှူတော်တွေ စုပေါင်းရေစက်ချပွဲဆိုပြီးတော့ ကျင်းပကြတယ်။
ဂိလာနသံဃာ စောင့်ရှောက်ရေးအဖွဲ့ ရယ်လို့ ပေါ်လာတာကလည်း
ပြန်ပြီးတော့ တွေးလိုက်လို့ရှိရင် တွေးချင်စရာလေးပဲ။ စလာတာက ဘုန်းကြီး မကျန်းမမာဖြစ်တုန်းက ဆေးရုံတက်နေစဉ်တုန်းကဖြစ်စေ။ မတက်ခင်နဲ့ တက်ပြီးမှဖြစ်စေ လှူကြတန်းကြ ပူဇော်ကြတာတွေ ဆေးပစ္စည်းအတွက် လှူကြ တန်းကြ ပူဇော်ကြတာတွေဟာ မနည်းဘူး။ အဲဒီပစ္စည်းတွေဟာ နောက်ဆုံး မကုန်တော့ ဘုန်းကြီးဆီမှာ တော်တော်လေး ကျန်နေတယ်။ အဲဒါ ဒကာများက ကျောင်းအတွက် ဂိလာနစောင့်ရှောက်ရေးများ ဆရာတော် လုပ်မယ်ဆိုရင် သူတို့စောင့်ရှောက်ထိန်းသိမ်းပေးမယ်-လို့ ဆိုတော့ ဘုန်းကြီး ကလည်း ကျန်းမာရေးအတွက် လှူထားတဲ့ပစ္စည်းတွေဟာ (မိမိကျန်းမာရေး အတွက် လှူထားတဲ့ ပစ္စည်းတွေဟာ) သံဃာတော်တွေ ကျန်းမာရေးအတွက် ဒီလိုပြုလုပ် စောင့်ရှောက်မယ်ဆိုရင် ဒါဟာအင်မတန် မွန်မြတ်တဲ့လုပ်ငန်းပဲ။ သံဃာတော်တွေလည်း ချမ်းသာ။ လှူကြ တန်းကြ ပူဇော်ကြတဲ့ ဒကာ ဒကာမတွေလည်း ချမ်းသာလိမ့်မယ်လို့ စိတ်ထဲဖြစ်လာတာနဲ့ အဲဒါစ္ပန့်လိုက် တယ်။ ငွေတစ်သောင်းကျော်လောက်ကျန်တာ စွန့်လိုက်တယ်။ အဲဒါ အခြေ တည်ပြီးတော့ ဒီအဖွဲ့ကြီး ဖြစ်ပေါ် လာတာ။။
အကြောင်းကောင်းတော့ အကျိုးကောင်း
ဖြစ်ပေါ်လာတော့ ဒကာများကလည်း စေတနာရှိရှိနဲ့ ထိန်းသိမ်းပေး စောင့်ရောက်ပေးကြတယ်။ အလှူရှင်တွေကလည်း တကယ့်စေတနာနဲ့ အားကျိုး မာန်တက် လှူကြတန်းကြ ပူဇော်ကြတယ်။ အဲဒီတော့ သံဃာတော်တွေလည်း ဒီ ဆေးပဒေသာ ပစ္စည်းတွေ အကြောင်းပြုပြီးတော့ ကျန်းမာရေးအတွက် အထောက်ပံ့ အတော်ဖြစ်တယ်။ ဒကာ ဒကာမတွေလည်း ကုသိုလ်ပွား သံဃာတော်တွေလည်း ချမ်းသာတဲ့ ဆေးပဒေသာ ရန်ပုံငွေ ဖြစ်ပေါ်လာရ ခြင်းက အကြောင်းကောင်းခဲ့လို့ အကျိုးကောင်းတယ်လို့ ဆိုရမှာပဲ။ အားငယ်ခ်ျန်မှာ အားကိုးရှာ
အဲဒီတော့ ဂိလာနသံဃာတော် စောင့်ရှောက်ရေးအတွက် လှူကြတန်း ကြတဲ့ ဆေးပဒေသာ အလှူတွေဟာ အင်မတန် ခရီးရောက်ခဲ့ပါတယ်။ သံဃာတွေလည်း တော်တော်ကျေးဇူးများခဲ့တယ်။
ဒီတော့ လောကမှာ မကျန်းမာတဲ့အခါမှာ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် အင်မတန်အရေးကြီးတယ်။ မကျန်းမာတဲ့အခါ အင်မတန်အားငယ်ရတဲ့အခါ၊ အဲဒီအခါမှာ အားပေးမည့်ပုဂ္ဂိုလ်၊ စောင့်ရှောက်မည့်ပုဂ္ဂိုလ် ကူညီမည့်ပုဂ္ဂ်ုလ် ရှိရင် သူတို့ တအားပဲ တော်တော့်ရောဂါဟာ အားပေးစောင့်ရှောက်ကူညီတဲ့ ပုဂ္ဂိုလ်တွေ အကြောင်းပြုပြီးတော့ အတော်သက်သာသလို ဖြစ်တယ် ဘုရားရှင်ကိုယ်တိုင် သူနာပြုစု
ဘုရားရှင်ကိုယ်တော်မြတ် လက်ထက်က ရဟန်းတစ်ပါး မကျန်းမာ ဘူး။ သူ့ရောဂါက ဝမ်းရောဂါ။ ဝမ်းလျှောတဲ့ရောဂါ) ကျင်ကြီးကျင်ငယ်တွေထဲ နစ်ပြီးတော့ အလူးအလဲနဲ့ ဘယ်သူမှ စောင့်ရှောက်မယ့်သူလည်း မရှိဖြစ်နေ တယ်။ အဲဒီအခါမှာ ရှင်တော်မြတ်ဘုရားနဲ့ အရှင်အာနန္ဒာမထေရ်မြတ်တို့ ကျောင်းလှည့်ပတ်ပြီးတော့ ကြည့်ကြတဲ့အခါကျဘော့ အဲဒီ ရဟန်းကျောင်းနား ရောက်သွားတော့ ဘုရားရှင်က အရှင်အာနန္ဒာနဲ့ ကျောင်းထဲဝင်ပြီးတော့ တောင့်ရှောက်သူမဲ့ပြီး ကျင်ကြီးကျင်ငယ် အလူးအလဲနဲ့ ခံနေရတဲ့ ရဟန်းကို မြင်ရတော့ ဘုရားရှင်ကိုယ်တော်မြတ်က ဘယ့်နှယ်တုန်းရဟန် ဘာရောဂါ
ဖြစ်သတုံးဆိုတော့ တပည့်တော် ဝမ်းရောဂါဖြစ်နေပါတယ်လို့- လျှောက် တယ်။
နို့ အလုပ်အကျွေးမရှိဘူးလား-ဆိုတော့ မရှိတဲ့အကြောင်း လျှောက်ထား တော့ ဘာဖြစ်လို့ ရဟန်းတွေက သင်ရဟန်းကို မလုပ်ကျွေးတာတုံး- ဆိုတော့။ မှန်ပါ တပည့်တော်ကလည်း သူများဖြစ်ရင် ဘာမျှစောင့်ရှောက်လေ့ သူနာပြုလေ့ မရှိပါဘူးဘုရား။ ဒါကြောင့် တပည့်တော်ကိုလည်း သူတို့က မစောင့်ရှောက်ကြပါဘူး-ဆိုတော့ အဲဒီတင် ဘုရားရှင်ကိုယ်တော်မြတ်က-
အာနန္ဒာ။ သွား။ ရေခပ်ချေ-ဆိုပြီးတော့ ရေခပ်ခိုင်းပြီးတော့ ဘုရား ရှင်က ရေလောင်းပေး၊ အရှင်အာနန္ဒာက အဝတ်လျှော်ပေးပြီးတော့ ထိုရဟန်း ကိုယ်ပေါ်ရေနဲ့လောင်းပြီး သုတ်သင်ပေးပြီးတဲ့အခါကျတော့ ဘုရားရှင်က ခေါင်းကကိုင်လို့ အရှင်အာနန္ဒာက ခြေထောက်ကကိုင်လို့ အဲဒီရဟန်းကို ခုတင်ပေါ်တင်ကြတယ်။ တင်ပြီးတော့ နောက်ဆုံး ဘုရားရှင်ကိုယ်တော်မြတ် ပြန်ကြွသွားတော်မူတယ်။
အချင်းချင်း ပြုစုရန်ညွှန်ကြား
ညချမ်းအခါကျတော့ ရဟန်းတွေ အစည်းအဝေးမှာ ဘုရားရှင် ကိုယ်တော်မြတ်က ရဟန်းတွေကို မေးတော်မူတယ်။ ချစ်သားတို့-ဟိုကျောင်း တစ်ကျောင်းက ရဟန်းတစ်ပါး မမာနေတာ သိသလားဆိုတော့ မှန်ပါ။ သိကြပါတယ်ဘုရား၊ ဘာရောဂါ ဖြစ်တုံးဆိုတော့။ ၀မ်းလျှောတဲ့ရောဂါ ဖြစ် နေကြောင်း လျှောက်ထားကြတယ်။ အဲဒီ ရဟန်းအလုပ်အကျွေး ဂိလာနပဋ္ဌက မရှိဘူးလားမေးတော့ မရှိတဲ့အကြောင်းလျှောက်ထားကြတော့
ဘာဖြစ်လို့ အဲဒီရဟန်းမမာတာကို မပြုစုကြသတုံး-မစောင့်ရှောက် ကြသတုန်းလို့ မေးတော်မူတော့။ မှန်ပါ သူက သူများမမာရင်လည်း ဘာမျှ မစောင့်ရှောက်ပါဘူးဘုရား၊ ဒါကြောင့် သူများကလည်း မစောင့်ရှောက်ကြ ပါဘူးဆိုတော့-
အေး-ချစ်သားတို့ ချစ်သားတို့ဟာ မိလည်းမရှိ။ ဖလည်းမရှိ။ အချင်းချင်း မပြုစုကြ မစောင့်ရှောက်ကြဘူးဆိုရင် ဘယ်သူကလာပြီး စောင့်ရှောက်လိမ့်မတုံး။ အဲဒီတော့ ငါဘုရားကို ပြုစုလိုကြတဲ့ ပုဂ္ဂိုလ်ဟာ
ဂိလာနကိုလည်း ပြုစုရလိမ့်မယ်။ တကယ်လို့ ရဟန်းတွေထဲက မမာမကျန်း ဖြစ်လာပြီဆိုရင် ဥပဇ္စျာယ်ဆရာကဖြစ်ဖြစ် ပြုစုရလိမ့်မယ်။
ဥပဇ္စျာယ်ဆရာမရှိရင် အာစရိယ သြဝါ ဒါစရိယနဲ့ မ္မောစရိယတွေက ပြုစုရမယ်။ ဆရာသမားမရှိရင် ဥပဇ္စျာယ်အတူတူ ရဟန်းများက ပြုစုရမယ်။ ဆရာတူရဟန်းက ပြုစုရမယ်။ ဘယ်သူမျှမရှိဘူးဆိုရင် နောက်ဆုံး သံဃာက ပြုစုရမယ်လို့ ဘုရားရှင်ကိုယ်တော်မြတ် မိန့်တော်မူခဲ့တယ်။ ဒါကြောင့်မို့လို့ လောကမှာ မကျန်းမာဘူးဆိုရင် အထူးသဖြင့် သံဃာတွေမှာ ပိုပြီးတော့ အရေးကြီးတာ။ တခြားဆွေမျိုးတွေ ဘာတွေရှိတာမဟုတ်တော့ မိဘတွေ အနီးမှာ ရှိတာမဟုတ်တော့ အဲဒီသံဃာတွေ မကျန်းမာလို့ရှိရင် အားလုံးရဲ့ တာဝန်ချည်းပဲ) စောင့်ရှောက်ကြရမည့်တာဝန် ရှိတယ်။ ဘုရားရှင်က ဤလိုပဲ မိန့်ကြားတော်မူခဲ့တယ်။
ဗုဒ္ဓအလိုကျဖြစ်လို့ မွန်မြတ်
ဒါ ကြောင့် ဂိလာနသံဃာတော် စောင့်ရှောက်ရေးအဖွဲ့ရဲ့ တစ်နစ်ပြည့် မြောက်တဲ့ ရေစက်ချ အလှူဆေးပဒေသာ အလှူဟာဖြင့် သံဃာတွေအတွက် အင်မတန် ခရီးရောက်လို့ ဘုရားရှင်ကိုယ်တော်မြတ်လိုလားတော်မူတဲ့။ တောင့်တ တော်မူတဲ့ အလိုအတိုင်း မိမိတို့ ဆောင်ရွက်ခြင်းဖြစ်လို့ ဘုရားအလိုကျ မွန်မြတ်တဲ့လုပ်ငန်း ဖြစ်တယ်။ ယနေ့ မိမိတို့ပါဝင်ကြရတဲ့ ဂိလာနသံဃာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဆေးပဒေသာအလှူ နှစ်ပတ်လည် ကောင်းမှုကြီး ဟာဖြင့် အင်မတန်မွန်မြတ်တဲ့ အလှူတစ်ခုဖြစ်တယ်။
ရက်လည်ဆွမ်း အနုမောဒနာတရားတော်
ပါတောဒိဋ္ဌာ ဗဟူဇနာ။
ပါတော ဧကေ နဒိဿန္တိ။
သာယံ ဒိဋ္ဌာ ဗဟူဇနာ။
ဗဟူဇနာ၊ ရဟန်းရှင်းလူ အဆူဆူ ထိုထိုများစွာသော ပုဂ္ဂိုလ်တို့ကို၊ ပါတေား နံနက်ခင်းအခါက။ ဒိဋ္ဌာ။ မြင်အပ် တွေ့အပ်ပါပေကုန်စါ / ဧတေ။ မနက်ခင်းက မြင်ရထိုထို အချို့သော ပုဂ္ဂိုလ်တို့ကို၊ သာယံ၊ ညနေခင်း အခါကျတော့။ နဒိဿန္တိ။ မမြင်ကြရပါပေကုန်။
ဗဟူဇနာ၊ ရဟန်းရှင်လူ အဆူဆူ ထိုထိုများစွာသော ပုဂ္ဂိုလ်တို့ကို သာယ။ ညနေခင်းအခါက၊ ဒိဋ္ဌာ တွေ့မြင်ကြရပါပေကုန်၏။ ဧတေ၊ ညနေချမ်းက မြင်ရတဲ့ အချို့သော ပုဂ္ဂိုလ်တို့ကို၊ ပါတော။ နံနက်ခင်း ကျတော့ နဒိဿန္တိ၊ မတွေ့ရ မမြင်ကြရပါပေကုန်တော့တကား။ နေ့မြင် ညပျောက်၊ ညမြင် နေ့ပျောက်သော လောကသဘာဝ။ သူသူ ငါငါ သတ္တဝါမှန်သမျှ မသေနိုင်တဲ့ အချိန်ရယ်လို့ မရှိဘူး။ မသေ နိုင်တဲ့ အခါရယ်လို့မရှိဘူး နေ့မြင်ညပျောက်။ ညမြင်နေ့ပျောက်။ သေခြင်း သဘောတရားဆိုတာက သေမယ်ထင်ပေမည့် သေချင်မှသေတာ။ မသေဘူး ထင်ပေမည့် သေသွားရတယ်။ သေမင်းက အချိန်မရွေးဘူး။ ဇီဝိတံ ဗျာဓိကာလောစ။
ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိ') အနိမိတ္တာ နနာယရေ။
ဇီဝိတဉ္စ။ ဘယ်အသက်ရွယ်မှာ သေရမယ်ဆိုတဲ့ အသက်ကို လည်းကောင်း၊ ဗျာဓိစ။ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတဲ့ သေရမည့်ရောဂါကို ဗိဒင်ငရာ ဝင်
လည်းကောင်းး' ကာလောစ။ ဘယ်အချိန်မှာ သေရမယ်ဆိုတဲ့ သေရမည့် အချိန်ကိုလည်းကောင်း၊ ဒေဟနိက္ခေပနံစ၊ ခန္ဓာကိုယ်ကြီးကို ဘယ်သင်္ချိုင်းမှာ မြှပ်ရမယ်ဆိုတဲ့ ခန္ဓာကြီး ပစ်ချရမည့် နေရာကိုလည်းကောင်း၊ ဂတိစ။ သေပြီးနောက်အခါ ရောက်ရမည့် နောက်ဘဝ ဂတိတစ်မျိုးမျိုးကိုသော် လည်းကောင်း ဧတေပဉ္စ။ ဤငါးမျိုးတို့ကို၊ အနိမိတ္တာ။ အမှတ်အသား မထားအပ်ကုန်သည်ဖြစ်ရဤ။ နနာယရေး မသိအပ် မသိနိုင် မသိရပါပေကုန် တကား]။
(၁) ဘယ်အသက်ရွယ်မှာ သေရမယ်ဆိုတာလဲ မသိရဘူး။ “ဘယ် သက်ရွယ်မှာ ဘယ်ရောဂါနဲ့။ ဘယ်ခါကာလ၊ ဘယ်ဒေသရှိ။ ဘယ်ဂတိခ် လားရမည့်တာ။ တို့သူငါ။ မှန်စွာမသိရပါတကား-” ဆိုတဲ့အတိုင်း ဒေသရမည့် အချက်တွေကို မသိနိုင်ကြဘူး။ ဘယ်သက်ရွယ်မှာ သေရမယ်။ တချို့ အသက်ငယ်ငယ်နဲ့ သေကြတယ်။ တချို့ အသက်ကြီးပေမည့် အရွယ်မကုန်ခင် သေကြတယ်။ အမျိုးမျိုးပဲ အနာရောဂါ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတာလည်း ပိုင်းခြားသတ်မှတ်ချက် မရှိဘူး သေချင်တဲ့ရောဂါနဲ့ သေတတ်တယ်။ မနက်ခင်းသေမယ်။ နေ့လယ်ခင်းသေမယ်။ ညနေခင်းသေမယ်ဆိုတဲ့ အချိန် ကာလလည်း ပိုင်းခြားသတ်မှတ်လို့ မရဘူး။ သေတဲ့အခါကျတော့ ဘယ်မှာ သေရမယ်ဆိုတဲ့ သေရမည့်သခ်ျိုင်းလည်း ပိုင်းခြားသတ်မှတ်ချက် မရှိဘူး။ ရန်ကုန်မှာနေပေမည့် တခြားသွားသေချင် သေတာပဲ။ မမျှော်လင့်ဘဲ ကုန်းပေါ် နေတဲ့သူတွေက ရေထဲသွားသေတာလည်း ရှိကြတာပဲ။ တချို့ ကောင်းကင်မှာ သေချင်သေကြတယ်။ သေခြင်းသဘောတရားဆိုတာ သတ်မှတ်ချက်မရှိဘူး ဘာမှသတ်မှတ်ချက်မရှိဘူး။ သူဖြစ်ချင်သလိုဖြစ်တာ။
“ မနာချင်လို ငါကဆိုလည်း ဆိုတိုင်းမရ။ နာကြရ အနတ္တခန္ဓာကိုယ်။
“မအိုချင်လို ငါကဆိုလည်း ဆိုတိုင်းမရ။ အိုကြရ အနတ္တခန္ဓာကိုယ်”
“မသေချင်လို ငါကဆိုလည်း ဆိုတိုင်းမရ သေကြရ အနတ္တခန္ဓာကိုယ် ”
အနတ္တဆိုတဲ့အတိုင်း မိမိတို့အစိုးမရဘူး။ လိုချင်တိုင်းမရဘူး။ သူဖြစ်ချင် တိုင်းဖြစ်တာ။ ခန္ဓာကိုယ်ကြီးက။ ဒီတော့ ခန္ဓာကိုယ်ကြီးဆိုတာက ဘာမှ မိမိအလိုတိုင်း မဖြစ်ဘူး။ တစ်နေ့ကျံ ပျက်စီးရမှာ သေချာတယ်။ မြန်မြန်နဲ့ နေးနေးပဲ။ အဲသလို ပျက်စီးတတ်တဲ့။ ခန္ဓာကိုယ်ကြီးဟာ ပျက်စီးမှာဖြစ်တော့။
မိမိ ဒီခန္ဓာကိုယ်ကြီး အကြောင်းပြုပြီးတော့ မိမိတို့ ဘာမှကြောင့်ကြစရာ မရှိဘူးး ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ ကြောင့်ကြစရာက တရားမရှိမှာ စိုးရိမ်ကြး ကြောင့်ကြ ကြရတယ်။ ဘုန်းကြီးတို့ ဒီဘဝကနေပြီးတော့ ဘယ်ရောက်ရမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ တန်ခိုးရှင်း အဘိညာဉ် တန်ခိုးရှင်မှလွဲလို့ တခြားပုဂ္ဂိုလ်တွေ သိနိုင်မှာမဟုတ်ဘူး။ မသိနိုင်တော့ နောက်ဘဝ စိတ်ချအောင်ဆိုတာ လုပ်ထားရမယ်။ ဒီဘဝ မိမိဘဝ ဆုံးချင်မှ ဆုံးမှာ၊ ရဟန္တာ-ရဟန္တာမဖြစ်မှ ဘဝဆုံးတယ်။ နောက်ဘဝ မဖြစ်ရတော့ဘူး။ ဘယ်ဒုက္ခမှ မခံရတော့ဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ အကြင်မျှလောက် ရဟန္တာ ရဟန္တာမ မဖြစ်သေးဘူးဆိုရင် ထိုမျှလောက်သွားရဦးမယ် နောက်ဘဝကို။ ဒါကြောင့် အဲဒီနောက်ဘဝမှာ သွားရတဲ့အခါ သံသရာခရီးသွားအဖြစ်နဲ့ သွားရတဲ့အခါ မိမိတို့မှာ အားကိုးစရာပါ ဖို့လိုပါတယ် အားကိုးစရာဆိုတာက ပစ္စည်းဥစ္စာလည်းမဟုတ်ဘူး ဆွေမျိုးဉာတိ မိတ်သင်္ဂဟတွေလည်းမဟုတ်ဘူး။ ကိုယ်အားထုတ်ထားတဲ့ တရားတွေ။ ဒါနတွေး သီလတွေ ဘာဝနာတွေ။ အဲဒီ အားထုတ်ထားတဲ့ ကုသိုလ်တရားတွေသာ ကိုယ့်ရိက္ခာ၊ အဲဒီ ရိက္ခာ များများ ထုပ်မိပြီဆိုရင်ဖြင့် ဘာမှစိုးရိမ်စရာမရှိဘူး။ အဲဒီ စိုးရိမ်စရာမရှိအောင် ကြိုတင်ပြီးတော့ များများရိက္ခာထုပ်ကြရတယ်။
တစ်ခါက- သာကီဝင်မင်း မဟာနာမ်က ဘုရားရှင် ကိုယ်တော်မြတ် ကြီးဆီ ရောက်လာတယ်။ ရောက်လာတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို လျှောက်ထားတယ်။
“မြတ်စွာဘုရား၊ တပည့်တော်ဟာ တစ်ခါတစ်ခါ ဘုရားရှင် ကိုယ်တော် မြတ်ကြီးထံ ရောက်လာတယ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ဖူးမြော် ပြီးတော့ မိမိကြည်ညိုတဲ့ အရှင်မြတ်တွေကို ဖူးမြော်ပြီးတော့ ညနေချမ်းအခါ ကပ္ပိလ၀တ် နေပြည်တော်ကြီးဆီဝင်သွားတယ်။ ဝင်သွားတဲ့အခါ ဆင်ကြမ်း နဲ့လည်းကြုံရတယ်။ မြင်းကြမ်းနဲ့လည်းကြုံရတယ်။ လူတွေ လှုပ်ရှားသွား လာတာလည်း မြင်ရတယ် အမျိုးမျိုးကြုံရတဲ့အခါမှာ- တပည့်တော် “သြော်- ဒီအချိန်ခါများ ငါသေသွားရင်ဖြင့် ဘယ်ဘဝများရောက်ရပါလိမ့် မလဲ”လို့ စိုးရိမ်မိတဲ့အကြောင်း လျှောက်ထားတဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက-
မာ ဘာယိ မဟာနာမ။ မာ ဘာယိ မဟာနာမ အပါပကံ တေ မရဏံ ဘဝိဿတိ အပါပိကာ ကာလကိရိယာ။
မဟာနာမ် မစိုးရိမ်နဲ့။ မစိုးရိမ်နဲ့။ “မဟာနာမ်အဖို့ မကောင်းသော သေခြင်းမျိုး ဖြစ်မှာမဟုတ်ဘူးလို့ ” မိန့ဲ့တော်မူပြီးနောက်- ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တရားသဘောလေးတွေနဲ့ပဲ မစိုးရိမ်ရမည့် ပုဂ္ဂိုလ် အရည်အသွေးကို ပြောပြတယ်။
လောကမှာ ထောပတ်အိုးကြီး၊ ဆီအိုးကြီးကို နက်လှတဲ့မြစ်ထဲမှာ နှစ်ပြီးတော့ ခွဲလိုက်တယ်။ အဲဒီလို ခွဲလိုက်တဲ့အခါမှာ- အိုးခြမ်းကွဲထဥ ကတော့ အောက်ကျသွားတယ်။ အဲဒီ ထောပတ်အိုး။ ဆီအိုးထဲက ထောပတ် တွေ ဆီတွေကတော့ ရေအထက်ကိုတက်ပြီးတော့ ဝေ့နေကြတယ်၊ အဲဒီလိုပဲ ခန္ဓာကိုယ်ကြီးကတော့ သေရင် ကျီးအစာ။ လင်းတအစား ပိုးလောက်တို့ရဲ့ အစာဖြစ်မှာပဲ။ သို့သော် အဲဒီခန္ဓာကိုယ်ကြီးနဲ့ ရင်းနှီးထားတဲ့ သဒ္ဓါတရား၊ သီလတရား' သုတတရား၊ စာဂတရား၊ ပညာတရားဆိုတဲ့ တရားတွေ ကတော့။ ဥဒ္ဓဂါမိ အထက်အထက်သို့သာ တက်သွားကြမှာပဲ။ ဝိသေသဂါမိ သာမညအခြေအနေက ထူးခြားတဲ့အခြေအနေသို့ ပေါက်သွားရောက်သွား တက်သွားမှာပဲလို့ မိန့်တော်မူပြီးတော့။
မာ ဘာယိ မဟာနာမ။ မာ ဘာယိ မဟာနာမ အပါပကံ တေ မရဏံ ဘဝိဿတိ အပါပိကာ ကာလကိရိယာ။ လို့- အားပေးတော်မူတယ်။
မစိုးရိမ်နဲ့ မဟာနာမ် မစိုးရိမ်နဲ့။ သူက သကဒါဂါမ်လောက်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကြီး၊ ဒါကြောင့်မို့လို့ မစိုးရိမ်နဲ့မဟာနာမ် မစိုးရိမ်နဲ့ 1 သင့်အတွက် မကောင်းသောသေခြင်းမျိုး ယုတ်ညံ့တဲ့သေခြင်းမျိုး သေရမှာမဟုတ်ဘူးလို့ အားပေးစကားမြွက်ကြားတော်မူတယ် 1 အဲဒီလို ဘုရားရှင်ကိုယ်တော်မြတ် မိန့်တော်မူတဲ့စကားတော်အရ ခန္ဓာကိုယ်ဆိုတာကတော့ ပျက်စီးမှာချည်းပဲ။ တစ်နေ့ကျတော့ ဘယ်သူမှ ရမှာမဟုတ်ဘူး။
အန္တော ဝဿသတံ သဗ္ဗေ
လောကေ သကမ္မနိဿိတာ။
မရဏ ဝေ ဂမိဿန္တို။
ဇာတာနံ ဟိ မတံ ဓုဝံ။
လောကေ။ လူ့လောကတစ်ခွင်ဉ်၊ သကမ္မနိဿိတာ။ စာရေး ဝတ်ရေး။ ထိုသိုအမှု ကိစ္စတို့ကို မှီရနေကြကုန်သော၊ သဗ္ဗေ အလုံးစုံကုန်သော သတ္တဝါမှန်သမျှတို့သည်။ အန္တော၀ဿသတံ။ အနှစ်တစ်ရာအတွင်း၌ ဝေ၊ စင်စစ် လက်ခတ်မလွဲ၊ မရဏံ) သေရခြင်းသို့ ဂမိဿန္တိ။ ဘယ်သူမှမနေရ အားလုံးပင် ရောက်ကြရပါကုန်လတ္တံ့၊ ဟိ။ ထိုစကားမှန်လှပေ၏ / ဇာတာနံ။ ဖြစ်လာကြကုန်သော သတ္တဝါမှန်သမျှတို့၏ ထ မတံ။ ဖြစ်ပြီးနောက်အခ်ျန် ကျလျှင် သေခြင်းသည်။ ဓုဝံ။ မြေကြီးလက်ခတ်မလွဲ တကယ်မြဲတဲ့ နိယာမ သဘောသဘာဝသာ ဖြစ်ပါပေသတည်း။
နှစ်တစ်ရာအတွင်းမှာ ဘယ်သူမှမြဲမှာမဟုတ်ဘူး။ အင်မတန် ကံကောင်း လှတဲ့ တချို့ပုဂ္ဂိုလ်တွေ အနည်းအကျဉ်းတော့ တစ်ရာကျော်နေရတာ ရှိပါတယ်။ သို့သော် များသောအားဖြင့် တစ်ရာအတွင်း ခုခေတ်- ခုနစ်ဆယ် လောက်ဆို တယ်မဟုတ်ချင်ဘူး။ ခုနစ်ဆယ်။ ရှစ်ဆယ်အတွင်း သေကြတာ ချည်း များနေတယ်။ အဲဒါကြောင့် ကိုယ့်အလုပ်လုပ်ကြရင်း။ လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်းနဲ့ အနှစ်တစ်ရာအတွင်းမှာ အကုန်လုံး သေကြမှာချည်းပဲ။ ဒီတော့ ခန္ဓာကိုယ်က သေတဲ့တရားမို့သေမှာပဲ ပျက်တဲ့တရားမို့ ပျက်မှာပဲ။ ဘိဇ္ဇန ဓမ္မ ဘိန္နံ န စိန္တိ တဗ္ဗံ မလ္လီကေ။ မလ္လိကေ။ မလ္လိကာ-ဘိဇ္ဇန ဓမ္မံ ပျက်တတ်တဲ့ သဘောတရားသည်။ ဘိန္နံ။ ပျက်မှာပင်ဖြစ်ပါ၏ နစိန္တိတဗ္ဗံ၊ တွေးပြီးတော့ပူစရာ မလိုပါ 1 စစ်သူကြီးကတော် မလ္လိကာ။ သံဃာတော်တွေ ရှင်သာရိပုတ္တရာ အမှူးရှိတဲ့ သံဃာတော်တွေ ဆွမ်းဆက်ကပ်လှူဒါန်းနေတုန်း တစ်နေရာမှ ချီမယူလာတဲ့ ထောပတ်အိုးကြီးက ကျကွဲသွားတယ်/။ အဲဒါအကြောင်းပြုပြီး တော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက၊ မလ္လီကာ -ကွဲတတ်တဲ့ သဘောဟာ ကွဲမှာပဲ။ ပျက်စီးတတ်တဲ့သဘောဟာ ပျက်စီးတာပဲ။ တွေးမပူ လေနဲ့ဆိုတော့။ မလ္လီကာက ခါးကြားတဲက စာလေးထုတ်ပြီးတော့ ရှင်သာရိ ပိဒင်ဧရာ ပကီ
ပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုပြတယ်။ အရှင်ဘုရား တပည့်တော်ဟာ သားသုံးကျိပ်နှစ်ယောက်နှင့်တကွ။ လင်သား ဗန္ဓုလစစ်သူကြီး ကွယ်လွန် သွားတယ်ဆိုတဲ့ သတင်းရတယ်။ အဲဒီသတင်းရတာတောင် တပည့်တော်ဟာ ဘာမှမဖြစ်ပါဘုရားလို့ လျှောက်ထားတယ်။
လောကမှ ခံနိုင်ရည်ရှိအောင် ခံနိုင်ရည်ရှိတဲ့ တရားတွေ ကြိုးစား စုဆောင်းကြရတယ်။ ကြိုးစားပြီးတော့ရှာကြရတယ်။ ကြိုးစားပြီးတော့ စုဆောင်းကြရတယ်။
စိတ်ဓာတ်ခိုင်မာအောင် ကြိုးစားကြရတယ်။ အဲဒါကို ဒါ-မလ္လီကာ စစ်သူကြီးကတော် စိုးရိမ်မှု ဘာကြောင့်မဖြစ်သတုံးဆိုတော့ အလကားရတဲ့ စိတ်မဟုတ်ဘူး။ နဂိုက သူများလို စိတ်မခိုင်တဲ့ ပုဂ္ဂိုလ်ပဲ။ သို့သော်လည်း မိမိကျင့်အပ်တဲ့တရားတွေ၊ အဲဒီ တရားတွေအကြောင်းပြုပြီးတော့ စိတ်ဓာတ် ဟာ တဖြည်းဖြည်းမာလာတာပဲ။ စိတ်ဓာတ်မာလာတော့ ဘယ်လိုဒုက္ခမျိုး ကြုံကြုံ မဖြုံဘူး။ ခံနိုင်ရည်ရှိတယ်။ ဒါကြောင့် တရားဆိုတာ အင်မတန် အားထုတ်ထိုက်တယ်။ ဒါကြောင့် ခုန မဟာနာမ် သာကီဝင်ကို ဘုရားရှင် ကိုယ်တော်မြတ်ဟောတော်မူတယ် / ခန္ဓာကိုယ်ကြီး ပျက်စီးပေမည့် ကိုယ့် တရားက ကိုယ့်ကို မပျက်ရာရောက်အောင် ပို့ပေးမှာ။ ထူးခြားတဲ့ပုဂ္ဂိုလ် ဖြစ်အောင် ဆောင်ရွက်ပေးမှာ။
လောကမှာ တရားဆိုတာ အင်မတန်အရေးကြီးတယ်။ တရားကြိုးစား ပြီး ပွားကြရတယ်။ အားထုတ်ကြရတယ်/။ ဆည်းပူးကြရတယ်။ စုဆောင်း ကြရတယ်။
ယံ ကိဉ္စိဗာဟိယံ ဝတ္ထု ယထာကာမံ ပဘိဇ္စတု။
အချွတ္တနမှီ အဘိနူမ အဘိန္နော ဝေ သပညဝါ 1 ခန္ဓာကိုယ်ကြီးက ပျက်စီးတတ်တား ပျက်စီးပွာစေတဲ့။ သူ့ဟာသူ ပျက်စီးချင်သလိုပျက်စီးပါစေ။ အဇ္စျတ္တိက တရားမပျက်စီးဘူးဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ မပျက်စီးတဲ့ ပုဂ္ဂိုလ်ပဲ။ ခန္ဓာကိုယ်ကြီးပျက်စီးပေမည့် သူဘယ်တော့
မှ မပျက်စီးဘူး။ မပျက်စီးတဲ့ ပုဂ္ဂိုလ် တရားမပျက်သေးရင် လူမပျက်ဘူး။ တရားပျက်ရင် လူပျက်တာပဲ။
ဗာဟိယံ၊ အပဖြစ်သော၊ ယံကိဉ္စိ၀တ္ထု။ အကြင်တစ်စုံတစ်ခုသော ဝတ္ထုသည်။ ယထာကာမံ ပျက်လိုသည့်အတိုင်း၊ ပဘိဇ္ဇတု၊ ပျက်ပါစေ။ အဇ္စျတ္တမှိ။ အဇ္စျတ္တဖြစ်သော တရားသည်။ ကိုယ်တွင်းမှာဖြစ်တဲ့တရားသည်။ အဘိန္နမှီ။ မပျက်စီးသည်ရှိသော်၊ ဧသပညဝါ ထိုပညာရှိပုဂ္ဂိုလ်သည်။ အဘိန္နောဝ။ ဘယ်သောအခါကာလမှ) မပျက်စီးတဲ့ ပုဂ္ဂိုလ်အဖြစ် တကယ်ခိုင်မြဲတဲ့ ပုဂ္ဂိုလ်အဖြစ် တကယ်တမ်း ဖြစ်ပါပေသတည်း။
ခန္ဓာကိုယ်လည်း ပျက်စီးတတ်တယ်။ မိမိတို့ပစ္စည်းလည်း ပျက်စီး တတ်တယ်1။ ပျက်စီးပါစေ။ သူ့အကြောင်းအားလျော်စွာ ပျက်စီးတာ ဘာမှ စိုးရိမ်စရာမလိုဘူး။ မိမိတို့စိုးရိမ်ဖို့က တရားမပျက်စီးဖို့သာ အရေးကြီးတယ်။ အဲဒီတရားကသာ မိမိတို့ကို ကယ်မှား အဲဒီ တရားပျက်ရင်တော့သွားရော။ ဒါကြောင့် လူ့ဘဝအဖို့ အနှစ်သာရက တရားပဲ။ အကာဖြစ်တဲ့ ခန္ဓာကိုယ်။ အကာဖြစ်တဲ့ ပစ္စည်းဥစ္စာတွေ အကြောင်းပြုပြီးတော့ စိုးရိမ်ခြင်းမဖြစ်ဘဲနဲ့ တရားပျက်မှာကိုသာ စိုးရိမ်ကြရတယ်။ မပျက်အောင် ကြိုးစားကြရတယ်။ တရားတွေ ပွားသထက်ပွား များသထက်များအောင် ကြိုးစားကြရတယ်။ စက္ကဘူတာန ပုဗ္ဗေပိ ဘိန္နာ သမ္ပတ္တိယော ဗဟူ။
ပါရမီ ဒဗ္ဗသမ္ဘာရ။
သာရေကောဝ အဘိန္နကော၊1 တသ္မာ တမေဝ၀ သမ္ဘာရံ သဗ္ဗ သမ္ပတ္တိသာဓကံ။
သတိမာ ပညဝါ ရက္စေ။
န သောစေ ဖဂ္ဂုဘေဒန]။
စက္တဘူတာနံ၊ လေးကျွန်းပိုင်သ စကြာသနင်း မင်းအဆက်ဆက် ဖြစ်ကြကုန်သော၊ အမှာကံ။ ငါတို့၏1 ယာသမ္ပတ္တိယော- အကြင်စည်းစိမ် ဥစ္စာ ရတနာတို့သည်။ ပုဗ္ဗေပိ၊ ရှေးအခါကလည်း။ ဗဟူ-မြားမြောင်လှစ္ပာ။ သန္တိ။ ရှိကြလေကုန်၏ 1 ဖြစ်ခဲ့ကြပေကုန်၏။ တာသမ္ပတ္တိယော။း ရခဲ ကြံခဲ
ရတဲ့ စည်းစိမ်ဥစ္စာ ရတနာမှန်သမျှတို့သည်။ ဘိန္နာ၊ ပရမ်းပတာ ယူစရာမရ ပျက်စီးရပေကုန်၏ ] ဧကေား တစ်ခုသော ပါရမီ ဒဗ္ဗသမ္ဘာရောဝ။ ဝိ၀င္ညနိဿိတ ဓမ္မအဆောက်အအုံ ပါရမီကောင်းမှုတည်းဟူသော၊ သာရောဧဝ၊ အနှစ်သာရ သည်သာလျှင်၊ အဘိန္နကော။ ဘယ်အခါကာလမှ မပျက်စီးမပျောက်ပျက် အမြဲသာ တည်နေပါပေသတည်း။
တသ္မာ ထိုသို့ပစ္စည်းတွေပျက်ပေမည့်။ မိမိတို့ ဆည်းပူးအားထုတ် ထားတဲ့ ဝိ၀ဋ္ဌနိဿိတ ပါ ရမီ အဆောက်အအုံ ကုသိုလ်သည်သာလျှင်- မပျက်စီးလေသော ကြောင့် သဗ္ဗသမ္ပတ္တိသာ၀ကံ။ လူ့စည်းစိမ်။ နတ်စည်းစိမ်) ဗြဟ္မာ့စည်းစိမ် ဟူသော စည်းစိမ်အားလုံးကိုဖြစ်စေ ပြီးမြောက်စေနိုင်သော၊ တမေဝ၀သမ္ဘာရံ။ ထိုဝိ၀င္ည နိဿိတ၊ ဓမ္မအဆောက်အအုံဖြစ်တဲ့ ပါရမီကုသိုလ်ထူး ကိုသာလျှင်၊ သတိမာ။ သတိရှိသည်ဖြစ်ရ။ ပညာဝါ ကျိုးကြောင်းသိမြင် ပညာရှင်သည်။ ရက္ခေ ကာကွယ်စောင့်ရှောက်ရမည်သာတည်း။ ဖဂ္ဂုဘေဒနံ၊ အကာဖြစ်တဲ့ ခန္ဓာကိုယ်ကြီး ပျက်စီးမှု ပစ္စည်းဥစ္စာတွေ ပျက်စီးမှုဆိုတဲ့ ပျက်စီးမှုမျိုးကိုန နသောစေ။ မတွေးကြရ မပူပန်ကြရ တွေးကြံပူပင်ပြီး စိုးရိမ်ခြင်းမဖြစ်ရာ သတည်း။
ဘုန်းကြီးတို့ ကျေးဇူးရှင် ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးရဲ့ ဩဝါဒတော်။ ဆရာတော်ကြီးက ရန်ကုန်ကျိုက်က္ကစံ ကျောင်းတိုက်မှာ သီတင်းသုံးနေတုန်း မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်းတိုက် မှာ ကျောင်းတွေမီးလောင်တယ်။ မီးလောင်တော့ တပည့်တွေက လာပြီးတော့ အကြောင်းကြားတယ်။ အဲဒီအခါမှာ ဒီဂါထာလေးတွေ ရေးပေးလိုက်တယ်။ တပည့်တွေကို တရားပြသောအားဖြင့် သတိတရားရအောင် ဩဝါဒပေးတာ။ လူ့.ဘဝစည်းစိမ်။ နတ်ဘဝစည်းစိမ်။ ဗြဟ္မာ့ဘဝစည်းစိမ်။ စည်းစိမ်ဆိုတာက များလှပြီး ခံစားခဲ့ကြရတာ။ ယနေ့ အိပ်မက်ထဲ မှာတောင် မရှိတော့ဘူး။ အားလုံးပျောက်ကြရပြီး ဒီတော့- စည်းစိမ်ဥစ္စာ ရတနာတွေဆိုတာ ပျက်စီးတာ ချည်းပဲ
မပျက်စီးတာတရားပဲ။ တို့-ပွားများထားတဲ့ အားထုတ်ထားတဲ့ တရား တွေသာ မပျက်စီးတာ။ ဘယ်အခါမှမပျက်။ ဒီဘဝသေ)၊ နောက်ဘဝ ပါတာပဲ နောင်ဘဝသေရင် ဟိုနောက်ဘဝ ပါတာပဲ။ အနှစ်သာရတွေ။
ခန္ဓာကိုယ်ဟာ အနှစ်သာရမဟုတ်ဘူး။ ပစ္စည်းဟာ အနှစ်သာရမဟုတ်ဘူး။ အနှစ်သာရမဟုတ်လို့ ပျက်စီးချင်တိုင်းပျက်စီးတာ။ တရားကတော့ မပျက် စီးဘူး။ မိမိ ကံမကောင်း အကြောင်းမလှလို့ ကွယ်လွန်ရရင် နောက်ဘဝ လိုက်မှာပဲ ကိုယ်ပြုထားတဲ့ ကုသိုလ်စိတ်တွေဟာ။ ကမ္မသတ္တိအဖြစ်ဖြင့် လိုက်မှာပဲ။ ပါရမီသတ္တိအဖြစ်ဖြင့် လိုက်မှာပဲ။ အဲဒီသတ္တိတွေဟာ မမြင်ရပေမည့် ရှိနေတာချည်းပဲ။ ကိုယ့်ကို ကောင်းကျိုးပေးဖို့ ရှိနေတာချည်းပဲ။
ဒီဩဝါဒတော်များကို “ဝိသုဒ္ဓါရုံ အဆုံးအဖြတ်”စသောကျမ်းများမှာ တွေ့ရသော်လည်း ထိုဂါထာတို့၏ နိဒါန်းအတ္ထုပ္ပတ္တိ မတွေ့ရ ဒကာဦးထိန်ဝင်း ထံမှ ကြားခဲ့ရ။ စ၊ါ / ဒကာဦးထိန်ဝင်းကလည်း အမှတ်အသားကောင်းလှသော မြောင်းမြဆရာတော် ရွှေကျင်နိကာယ ဓမ္မသေနာပတိထံမှ ရခဲ့သည်ဟုသိရ ပါသည်။ အမှတ်အသားကောင်းလှသော ရွှေကျင်နိကာယ ဓမ္မသေနာပတိ ကျေးဇူးရှင်မြောင်းမြဆရာတော်ဘုရားနှင့် ဦးထိန်ဝင်းတို့ကျေးဇူးကြောင့် အကြောင်းအရာ နိဒါန်း မပျောက်ရသည်ကို ဝမ်းမြောက်စွာသာဓုခေါ်ရပါ တော့သည်။
အဲဒါကြောင့်မို့လို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မမေ့ကြနဲ့ဆိုတာ ပါပဲ။ မမေ့ကြနဲ့ဆိုတာ ဒီတစ်ဘဝတည်း မိမိတို့ကိစ္စ ကုန်ချင်ကုန်မယ်။ ရဟန္တာဖြစ်မှ ကိစ္စကုန်တာ ခုနပြောသလိုပဲ ရဟန္တာဟွေ။ ရဟန္တာမတွေဖြစ်မှ ဒုက္ခဆုံးမှာ' မဖြစ်သေးသမျှ သွားရဦးမယ်။ သံသရာခရီးကြီး ဘယ်လောက် ရှည်ဦးမယ် မသိဘူး။ ဘယ်လောက်ရှည်တယ်ဆိုတာကတော့ ကိုယ့်အစွမ်း အရပဲ၊ ကိုယ်ကစွမ်းရင် နောက်ဘဝ ပြတ်ချင်ပြတ်မယ်။ ဒီဘဝ ပြတ်ချင် ပြတ်မယ်။ ရဟန္တာဖြစ်ရင် ပြတ်တာပဲ။ ပြတ်တယ်ဆိုရင် ဘာဒုက္ခမှ မရှိ တော့ဘူး။/ မခံရတော့ဘူး။ အဲဒါကြောင့် အဲဒီဒုက္ခတွေငြိမ်းဖို့။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ အဲဒီဒုက္ခတွေ ငြိမ်းပို့။ ဒါကြောင့် ကွယ်လွန်ခဲ့တဲ့ ဒကာဦးဖေကြည် အကြောင်းပြုပြီးတော့ တို့တစ်တွေဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေလို့မသင့်ဘူး။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေရင် ရတဲ့လူ့ဘဝလေးတောင် တော်ကြာအရင်း ရှံးချင် ရှး နေမယ်။ အပါယ်ရောက်ဖို့ အကြောင်းတွေဟာ အများကြီး၊ လူတစ်ယောက် မှာ။ ဒါကြောင့် ကြောက်ကြပါ။ လန့်ကြပါ 1
ဘုရားရှင်ကိုယ်တော်မြတ်က ဘဝဆုံးမှာကို အင်မတန် ကြောင့်ကြတော် မူလို့ အပ္ပမာဒေန သမ္ပာဒေထ”လို့ အထပ်ထပ်အခါခါ မိန့်တော်မူတဲ့အတိုင်း မမေ့မလျော့ မပေါ့မဆ သူတော်ကောင်းတရားတွေး ပါရမီတရားတွေ။ ပွားများကြ၊ ကြိုးစားကြ၊ အားထုတ်ကြ ပြီးတော့ ရလာတဲ့ဘဝလေး အရင်းမရှုံး အမြတ်တွေများများရပြီးတော့ နောက်ဘဝလည်း ဘဝအပြောင်း လှပြီးတော့ ဟိုဘဝမှာ ချမ်းသာအောင် ဟိုဘဝမှာ ချမ်းသာပြီးတော့ တရားတွေအားထုတ်နိုင်အောင်၊ မြန်မြန်တရားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “အပ္ပမာဒေနသမ္ပာဒေထ” ဆိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အမိန့်တော်ကို မမေ့ကြနဲ့- မမေ့ကြနဲ့လို့ ဘုရားရှင်ကိုယ်တော်မြတ် မိန့်တဲ့ အမိန့်တော်ကို ယခု- ဘုန်းကြီးတို့) ဘုန်းကြီးတွေ အမြဲတမ်းသတိပေးနေတဲ့ “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ ဘုရားအမိန့်တော်ကို အလေးအနက်ထားပြီးတော့ ကြိုးစား လိုက်နာကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဘဝပဒေသာတရားတော်
ယနေ့ ဘုန်းကြီးတို့ သင်္ကန်းအလှူ ဆက်ကပ်လှူဒါန်းကြ ဆွမ်း အလှူတော် ပါဝင်လှူဒါန်းကြ၊ ပစ္စည်းအလှူတော် ပူဇော်လှူဒါန်းကြ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ် အဲဒီတော့ မိမိတို့ဟာ ရှေးဘဝက ဆည်းပူးခဲ့တဲ့ ကောင်းမှု အထူးရှိခဲ့ဖူးလို့ ယခုလို လူ့ဘဝမှာ လူလာဖြစ်ကြ ထူးခြားတဲ့ လူ့ဘဝရောက်ကြရ။ လူ့.ဘဝရောက်ပြန်တော့လည်း သာသနာ မထွန်းကားရာ ရတနာသုံးပါး မရှိရာ အရပ်ဒေသမှာ မဖြစ်ကြရဘဲနဲ့ သာသနာတော် ထွန်းကားရာ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ မိမိတို့ ဖြစ်လာကြရတယ်။ ကံကောင်းကြတယ် အဲဒီလို ကံကောင်းကြလို့ လူလည်း ဖြစ်လာ။ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမျိုးမှာ မမေ့ကြနဲ့လို့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အလိုတော်အတိုင်းပေါ့။ ဘုန်းကြီးတို့ ဩဝါဒပေးရတယ်။ မမေ့ကြနဲ့ လူလည်းဖြစ်လာ ဘုရားပွင့်ရာ အခွင့်အခါ ကောင်းကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမျိုးမှာ မမေ့ကြနဲ့လို့ သတိပေးရတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ နည်းလမ်းအတိုင်းပဲ။ ဘုရားရှင် ကိုယ်တော် မြတ်ဟာ နေ့တိုင်း နေ့တိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” မမေ့ကြ နဲ့လို့ မကြာမကြာ သတိပေးတော်မူတယ်။
ချစ်သားတို့၊ အပ္ပမာဒဆိုတဲ့ မမေ့လျော့တဲ့ သတိတရားနဲ့အမြဲတမ်း ပြည့်စုံအောင် ကြိုးစားကြလို့ နေ့တိုင်းနေ့တိုင်း တပည့်သားတွေကို ဩဝါဒ ပေးတော်မူတယ်။ ရှင်တော်ဘုရားဟာ သက်တော်ထင်ရှားရှိတုန်းလည်း အမြဲ တမ်း သတိပေးရုံမက နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း နောက်ဆုံး စကားအဖြစ်ဖြင့်-
ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။
ဘိက္ခဝေ အ ချစ်သားတို့ ဟန္ဒ = ငါဘုရား တိုက်တွန်းတော်မူခဲ့အံ့။ ဝေါ= သင်ချစ်သားတို့ကို၊ အာမန္တ ယာမိ=နောက်ဆုံးစကား မှာကြားတော်မူ
ခဲ့အံ့ ယသ္မာ=အကြင့်ကြောင့်။ သင်္ခါရာ= ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါး၀ သင်္ခါရ တရားတို့သည်။ ဝယဓမ္မာ=ပျက်စီးတတ်သော သဘောရှိပါပေကုန်၏ / တသ္မာ= ထို့ကြောင်း ဝါ။ တသ္မာ= ထိုသို့ သင်္ခါရမှန်က ပျက်စီးတတ်သော သဘော ရှိကြ လေသောကြောင့်။ တုမှေ= သင်ချစ်သားတို့သည်။ အပ္ပမာဒေန= မမေ့မလျော့ မပေါ့မဆ အပ္ပမာဒဆိုသော သတိတရားဖြင့်။ သမ္ပာဒေထ= ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော သီလသမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးပမ်းကြပါကုန်လော။
အရေးကြီးလို့ အပ္ပမာဒတရားကို ဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်းပဲ ဟောတော်မူခဲ့တယ်။ နောက်ပိတ်ဆုံး ပရိနိဗ္ဗာန်စံတော်မူခါ နီးမှာလည်း အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ=မမေ့ကြနဲ့ဆိုတဲ့ နောက်ဆုံးစကားဖြင့် နိဂုံးချုပ်ပြီးတော့ မိန့်ကြားတော်မူခဲ့တယ်။ ပိဋကတ်သုံးပုံကို အကုန်ချုပ်ပြီးတော့ န်ဂုံးအုပ်သလို အပ္ပမာဒတရားဖြင့် နိဂုံးချပ်တော်မူတယ်။ အပ္ပမာဒတရား ဆိုတာက ပိဋကတ်သုံးပုံကို အကုန်ခြုံမိတယ်။ ငုံမိတယ်။ ပိဋကတ်သုံးပုံမှာ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ သုတ္တန်တရားတွေရှိကြ ဝိနည်းတရား တွေရှိကြ၊ အဘိဓမ္မာတရားတွေ ရှိကြတယ်။ အားလုံး ဒီတရားတွေဟာ အပ္ပမာဒထဲ ဝင်တာချည်းပဲ။ အားလုံးတရားတွေဟာ အပ္ပမာဒရှိမှ ကျင့်နိုင်ကြ တယ် အပ္ပမာဒနဲ့ပဲ ကျင့်ကြံနိုင်ကြတဲ့ တရားတွေ အားထုတ်နိုင်ကြတဲ့ တရားတွေ။ ဒါကြောင့်မို့ မမေ့ကြနဲ့ဆိုတဲ့ အပ္ပမာဒတရားကို ဘုရားရှင် ကိုယ်တော်မြတ်က မိန့်တော်မူခဲ့တာ။ ပိဋကတ်သုံးပုံကို အကုန်ငုံမိတဲ့ တရားလေးတစ်ပုဒ်။
ဘာကြောင့် မမေ့ရမှာတုံး။ မိမိတို့က တကယ့်ထူးခြားတဲ့ ဘဝကြီးကို ရကြ၊ မနုဿတ္တဘာဝေါ=ဘဝပဒေသာဆိုရတဲ့ လူ့ဘဝကို၊ လဒ္ဓေါ=ကံကောင်း ထောက်မ ရခဲ့ပါပေပြီ။ ခဏောစ=ဘုရားပွင့်ရာ အခွင့်အခါ ကောင်းကြီးကို လည်း။ ပဋိပါဒိတော=ရှေ့ရှုမျက်မှောက် ကျရောက်ဆုံတွေ့အပ်ပါပေပြီ (လူလည်းဖြစ်လာ၊ သာသနာတော်နဲ့လည်း ကြုံရတဲ့အတွက် မိမိတို့အဖို့ အင်မတန် ကံကောင်းတဲ့ အခွင့်အခါကြီးနဲ ကြုံကြိုက်နေကြလေသောကြောင့် မမေ့ကြနဲ့လို့ မှာကြားခဲ့တာ။ အဲဒီတော့ မိမိတို့မှာ မမေ့မှ ဖြစ်မယ် မမေ့ရင် အဲဒီဘဝ မဆုံးဘူး ဒီဘဝက ထူးသထက်ထူးခြားတဲ့ ဘဝကို ရောက်ကြရမှား
မြင့်သထက် မြင့်မြတ်တဲ့ ဘဝသို့ ရောက်ကြရမှာ လူ့ဘဝဟာ အလွန် တရာလည်း ကြုံကြိုက်ခဲတယ်။ ဘ၀ဝပဒေသာဆိုတဲ့ ဒီလူ့ဘဝကနေ ထူထောင် လိုက်မယ်ဆိုရင် လူ့အဖြစ်လည်း မခဲ ယဉ်းဘူး။ လူချမ်းသာဖြစ်ဖို့လည်း မခဲယဉ်းဘူး။ နတ်ချမ်းသာဖြစ်ဖို့လည်း မခဲယဉ်းဘူး သောတာပန်ဖြစ်ဖို့လည်း မခဲယဉ်းဘူး။ သကဒါဂါ မ်ဖြစ်ဖို့လည်း မခဲယဉ်းဘူး။ အနာဂါ မ်ဖြစ်ဖို့လည်း မခဲ ယဉ်းဘူး။ ရဟန္တာဖြစ်ဖို့လည်း မခဲယဉ်းဘူး။ မမေ့မလျော့တဲ့ အပ္ပမာဒ တရားနဲ့သာ ထူထောင်ကြမယ်ဆိုရင် အားလုံးရနိုင်တာချည်းပဲ။ ယော က္ကမသို့ ဓမ္မဝိနယေ။
အပ္ပမတ္တော ဝိဟေဿတိ။
ပဟာယံ ဇာတိ သံသာရံ။
ဒုက္ခဿန္တံ ကရိဿတိ ယော = အကြင်ပုဂ္ဂုုလ်သည်။ က္ကမသို့သာသနေ = ဤယခု ကြုံကြိုက်နေကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ်စါ သာသနာတော်မြတ်ကြီးခ်။ အပ္ပမတ္တော=မမေ့မလျော့မပေ။ မဆဘဲ။ ဝိဟေဿတိ နေခဲ့သည်ဖြစ်အံ့။ ဇာတိသံသာရံ=ဖောက်ပြန်တလဲလဲ ဆင်းရဲတို့ဖြင့် ဖန်တီးထားတဲ့ ဇာတိဆိုတဲ့ ပဋိသန္ဓေနေရခြင်း သံသရာကြီးကို၊ ပဟာယခစွန့်ခွာနိုင်ကြရ်၊ ဒုက္ခဿ= ဝဋ်ဆင်းရဲဒါ / အန္တံ=အဆုံးသတ်ရာဖြစ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ကိုဉ ကရိဿတိ=ကောင်းစွာမသွေ ပြုနိုင်ပေတော့လတ္တံ့သတည်း။ ဒီလို ဘုရားရှင်သာသနာတော်မြတ်ကြီးနဲ့ ကြုံကြိုက်ကြတဲ့အခါမှာ မမေ့မလျော့ မပေါ့မဆဘဲ နေရင်ဖြင့် အဲဒီ ဒုက္ခအမျိုးမျိုးကို ဖန်တီးပေး တတ်တဲ့ သံသရာကြီးကို ပယ်ခွာနိုင်ပြီးတော့ ဒုက္ခဆုံးရာနိဗ္ဗာန်။ ဒုက္ခဆုံးရာ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြလိမ့်မယ်လို့ ဟောကြားတော်မူခဲ့တာကြောင့် မိမိတို့ဘဝဟာ မမေ့ရတဲ့ဘဝ အဲဒီမမေ့ရမည့် ဘဝကို မမေ့လျော့ဘဲ နေကြရင်ဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ပြီး တော့ အထက်တန်းကို တက်လှမ်းကြရမယ်။
ဥဒ္ဓံဂါမီ = အထက်တန်းသို့ တက်လှမ်းရမယ် ဝိသေသဂါမီ = ထူးခြားတဲ့ တရားထူး တရားမြတ်တွေ ရပြီးတော့ ထူးခြားတဲ့အဆင့်အတန်း အခြေအနေသို့ ဆိုက်ရောက်ကြလိမ့်မယ်။ ဒါကြောင့် မမေ့ကြဖို့ အရေးကြီး
တယ်။ ဒီတော့ ဘုန်းကြီးက ယခုဒကာဒကာမတွေကို မေ့နေလို့ သတိပေးနေ တာလား ဆိုတော့ မဟုတ်ပါဘူး။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အပ္ပမာဒတရား လက်စွဲပြုပြီးတော့ အပ္ပမာဒတရားတို့မှာ ရှိတယ် အပ္ပမာဒ တရားကို တို့ကျင့်သုံး နေတယ်လို့ လက်တွေ့ပြနေကြတာပဲ။ ယနေ့သက်္ကန်း ဆက်ကပ်လှူဒါန်းကြ၊ ကုသိုလ်ကောင်းမှုတွေ ပြုကြတာဟာ မမေ့ကြလို့ပဲ။
ဓမ္မေသု=ကုသိုလ်တရားတို့ခ်။ အပ္ပမာဒေါ စ=မမေ့မလျော့ခြင်းသည် လည်း ဥတ္တမံ=ကောင်းမြတ်သော၊ မင်္ဂလံ=မင်္ဂလာမည်၏ ဆိုတဲ့ ဒေသနာ တော်အရ ကုသိုလ်တရား၌ မိမိတို့ နေ့တိုင်းလည်း မမေ့မလျော့ကြဘူး။ ဘုရားမမေ့ကြ တရားကို မမေ့ကြ၊ သံဃာမမေ့ကြ၊။ နေ့တိုင်းနေ့တိုင်း အပ္ပမာဒတရား လက်ကိုင်ထားနေကြတယ်။
ဒါကြောင့်မို့လို့ လူ့ဘဝဟာ အင်မတန် ဘဝပဒေသာကြီးလို့ ဘုန်းကြီး ဆိုခဲ့တယ်။ မနုဿတ္တဘာဝေါ=ဘဝပဒေသာဆိုရတဲ့ လူ့.ဘဝကို၊ လဒ္ဓေါ= ကံကောင်းထောက်မ ရခဲ့ပါပေပြီ/' အင်မတန် ရခဲကြတဲ့ ဘဝ ပဒေသာကြီး၊ အဲဒါကြောင့်မို့လို့ နတ်တွေက လူ့ဘဝကို သုဂတိလို့ ဂုဏ်တင်ကြတဲ့အကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က အဖြေပေးတော် မူတယ်။ ကောင်းစွာ ရအပ်တဲ့ လာဘ်ကြီးဆိုတာက ဘာတုံးဘုရားလို့ ရဟန်းတော် တစ်ပါးက လျှောက်ထားတော့လည်း အဲဒီအခါ ဘုရားရှင် ကိုယ်တော်မြတ်က အဖြေပေးတော်မူတယ်။
ကောင်းစွာရအပ်တဲ့ လာဘ်လာဘဆိုတာ အဲဒီလူ့.ဘဝကို ရောက်ပြီး တော့ သာသနာတော်မှာ သဒ္ဓါတရား ဖြစ်ပွားကြတယ်။ ဘုရားအပေါ်မှာ။ တရားအပေါ်မှား သံဃာအပေါ်မှာ။ သဒ္ဓါတရားဖြစ်ပွားကြတယ်။ အဲဒီ သဒ္ဓါတရားဟာ ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးပဲလို့ အဖြေပေးတော် မူတယ်။ ဟုတ်တာပဲ လူ့ဘဝမှာ တကယ့်လာဘ်လာဘကြီးဟာ သဒ္ဓါတရားပဲ။ ဒီသဒ္ဓါတရား ရှိလို့လည်းပဲ လိုရာရနိုင်တဲ့ ဘဝကြီး၊ သဒ္ဓါတရားမရှိတဲ့လူ အဖို့ လူဖြစ်ပေမဲ့ အဲဒီ လာဘ်လာဘကြီးကို မရနိုင်ဘူး။ သဒ္ဓါတရားရှိတဲ့ လူတွေ မှာတော့ လူ.ပြည်ကိုလည်း ရနိုင်တယ်။ နတ်ပြည်ကိုလည်း ရနိုင်တယ်။ ဗြဟ္မာ့ပြည်ကိုလည်း ရနိုင်တယ်။ သောတာပန်လည်း ဖြစ်နိုင်တယ် သကဒါဂါမ် လည်းဖြစ်နိုင်တယ်။ အနာဂါမ်လည်း ဖြစ်နိုင်တယ်။ ရဟန္တာလည်း ဖြစ်နိုင်
တယ် အဲဒါကြောင့် သဒ္ဓါတရားရှိပြီဆိုရင် လိုရာရတ၊ တိုင်းဖြစ်နိုင်တယ်။ သဒ္ဓါဟာ လူတို့အဖို့ အင်မတန်ထူးခြားတဲ့ လာဘ်လာဘကြီး။
သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။
ကု= ဤလောကခ်။ ပုရိသဿ=ပုဂ္ဂိုလ်အပေါင်း၏ / အမျိုးသား အမျိုးသမီးအပေါင်း ပုဂ္ဂိုလ်မှန်သမျှစါ / ဝိတ္တံ=နှစ်သက်ဖွယ် ပစ္စည်းဥစ္စာသည်။ သဒ္ဓါ=ရတနာသုံးတန် ကံ၊ ကံ၏ အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားတည်းဟူ သော ဥစ္စာသာဖြစ်ပါပေတော့သတည်းလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော် မူတဲ့ ဒေသနာတော်တစ်ခုရှိတယ်။
သဒ္ဓါဆိုတာ တကယ့်လာဘ်ကြီး၊ ဘာမဆို ဝယ်နိုင်တယ်။ လူ့ဘဝ စည်းစိမ်တွေကိုလည်း ဝယ်နိုင်တယ်။ နတ်ဘဝစည်းစိမ်တွေကိုလည်း ဝယ်နိုင် တယ်။ ဗြဟ္မာဘဝစည်းစိမ်တွေကိုလည်း ဝယ်နိုင်တယ်။ အသက်ရှည်ခြင်း ဂုဏ်ကိုလည်း ဝယ်နိုင်တယ်။ အဆင်းလှခြင်းဆိုတဲ့ ဂုဏ်ကိုလည်း ဝယ်နိုင် တယ် ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့ ဂုဏ်တွေကိုလည်း ဝယ်နိုင်တယ်။ မရနိုင်တာ ဘာမျှမရှိဘူး။ သဒ္ဓါ ရှိရင် အကုန်ရ။ အဲဒါကြောင့် သဒ္ဓါဆိုတာ လူ့ဘဝရဲ့ တကယ့် ထူးခြားတဲ့ လာဘ် လာဘကြီး၊ ရတနာကြီး အဲဒါကြောင့်မို့လို့ သုဂတိဆိုတဲ့ လူ့ဘဝကို ရပြီဆိုရင် သဒ္ဓါတရားကိုရမှ ထိုပုဂ္ဂိုလ်ဟာ ကောင်းစွာရအပ်တဲ့ လာဘ် လာဘကြီးကိုရတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း ဘုရားရှင်က အဖြေပေးတော်မူတယ်။
အဲဒီလို အဖြေပေးတဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို ရဟန်းက ဆက်လျှောက်ထားပြန်တယ်။
“ရှင်တော်မြတ်ဘုရား ကောင်းစွာတည်တံ့သူဖြစ်အောင် ကြိုးစားပါလို့ ဆိုတဲ့နေရာမှာ ကောင်းစွာတည်တံ့သူဆိုတာ ဘယ်လိုပါလိမ့်ဘုရား” လို့ လျှောက်ထားတယ်။ “သာသနာတော်မှာ သဒ္ဓါတရားတည်းဟူသော လာဘ် လာဘကိုရတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလာဘ်လာဘဆိုတဲ့ သဒ္ဓါတရားကို လူကလည်း မဖျက်ဆီးနိုင်း နတ်ကလည်း မဖျက်ဆီးနိုင်၊ ဗြဟ္မာကလည်း မဖျက်ဆီးနိုင်။ ဘယ်သူမျှ မဖျက်ဆီးနိုင်အောင် ခိုင်ခံ့တဲ့။ စွဲမြဲတဲ့ သဒ္ဓါဖြစ်အောင် ကြိုးစားဖို့။ အဲဒီလို ကြိုးစားလို့ရှိရင် တည်တံ့သူဖြစ်တဲ့အကြောင်း” ဘုရားရှင် ကိုယ်တော် မြတ်က အဖြေပေးတော်မူတယ်။ အဲဒီအဆိုဖြင့် ဘာပြောတုံးဆိုတော့ မဂ်ရအောင်
ကြိုးစားပါလို့။ မင်္ဂရပြီဆိုရင် ယုတ်စွအဆုံး သောတာဟတ္တိမဂ်ရပြီဆိုရင် . သောတာပန်ပုဂ္ဂိုလ်အဖြစ် ရောက်ပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သူမှ သူ့သဒ္ဓ။ တရားကို မဖျက်ဆီးနိုင်တော့ဘူးး ဘယ်နတ်ကမျှ ရွေ့ရှားအောင် မတတ်နိုင်ဘူး။ ဘယ်ဆရာကြီးကမှ မတတ်နိုင်ဘူး ' ဘယ်လို တုန်လှုပ်ချောက်ချားပေမဲ့ တုန်လှုပ်ခြင်း မရှိတော့ဘူး။ ရွေ့ရှားခြင်း မရှိတော့ဘူး။ ခိုင်မြဲတယ်။ ဘုရား အပေါ်မှား တရားအပေါ်မှာ။ သံဃာအပေါ်မှာ ကြည်ည်ုတိုးကာ စွဲသွားတယ်။ ကုသိုလ်တွေ အပေါ်မှာလည်း အကြည်ည်ုစွဲသွားတယ်။ ဒါကြောင့် ကောင်းစွာ တည်တံ့သူ ဖြစ်အောင် ကြိုးစားပါဆိုတာ အဲဒီသဒ္ဓါတရားကို အဓိဂမသဒ္ဓါ ဖြစ်အောင် ကြိုးစားပါလို့ဆိုတာ။ သဒ္ဓါလေးမျိုး ကြားဖူးကြမှာပဲ။
အာဂမသဒ္ဓါ အဓိဂမသဒ္ဓါ သြကပ္ပနသဒ္ဓါ ပသာဒသဒ္ဓါလို့ သဒ္ဓါ လေးမျိုးရှိတယ်။
အာဂမသဒ္ဓါဆိုတာ ဘုရားလောင်းတို့ရဲ့ သဒ္ဓါမျိုး။ နိယတဗျာဒိတ်ပန်း ဆင်မြန်းသည့်အခါကစရွ် ဘုရားဖြစ်တော်မူသည်အထိ ဘယ်တော့မှ မပျက် ပြားဘဲ တစ်သန်တည်း ဆိုက်ရောက်လာတဲ့ အလောင်းတော်တို့ရဲ့ သဒ္ဓါမျိုး။
အဓိဂမသဒ္ဓါဆိုတာ အရိယာတို့ သဒ္ဓါမျိုး။ အရိယာမဂ်ကို ရခြင်းဖြင့် ရခဲတဲ့ သဒ္ဓါမျိုး။
သြကပ္ပနသဒ္ဓါဆိုတာ ဘုရား တရာ. သံဃာဟု ဆိုလိုက်လျှင် မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါမျိုး၊ ကြည်ည်ုသဒ္ဓါ ဖြစ်လာခြင်း မျိုးကိုတော့ ပသာဒသဒ္ဓါလို့ ဆိုပါတယ်
အဲဒါကြောင့် ဘယ်သူမှ မဖျက်နိုင်အောင် ခိုင်မြဲတဲ့ အဓိဂမသဒ္ဓါ ဖြစ်အောင် ကြိုးစားမှ ဗုဒ္ဓသာသနာနဲ့ တွေ့ ရကျိုးနပ်ကြောင်း ကောင်းကောင်း ကြီးသိပြီး အဓိဂမခေါ် အရိယသဒ္ဓါမျိုးဖြစ်အောင် ကြိုးစားနိုင်ကြပါစေကုန် သတည်း။
(သာဓု သာဓု သာဓု)
မင်္ဂလာဦးဆွမ်း အနုမောဒနာတရားတော်
အဲ- ယနေ့ မောင်သန်းဇော်+မစောသူဇာငြိမ်းတို့၏ မင်္ဂလာဦးဆွမ်း [။ (။ (၃ အလှူတော် ပူဇော်လှူဒါန်းကြတယ်။
ဇ (ဒီ (၂ (_) () (မ (။ (၂) အဲ-လောကမှာ မင်္ဂလာတွေ အမျိုးမျိုးရှိတယ်။ ဘုန်းကြီးတို့ လောက မင်္ဂလာတွေထက် သာသနာတော်မှာရှိတဲ့ (၃၈)ဖြာမင်္ဂလာဆိုတဲ့ မင်္ဂလာ ဇ မျ တရားတော်ဟာ တကယ့်မင်္ဂလာပါ။ တကယ့် ချမ်းသာစေတတ်တဲ့မင်္ဂလာ။ (ပး (၂ (ဥ (။ (ဤဤ င (။ ပြ ပျ တကယ့် အကျိုးရှိတဲ့ မင်္ဂလာတွေ။ အဲဒီမင်္ဂလာတွေကို အကြောင်းအားလျော်စွာ (။ ပျ။ (။). 5 5 ပ (။ (။ (၂ (' ဆောင်ရွက်ကြတဲ့အခါကျတော့ မိမိတို့ကို တကယ်ကောင်းကျိုးပေးနိုင်တဲ့ (မ (။ (။ + (။ ဥ (။ (။ (။ ရ မင်္ဂလာတရားဖြစ်တယ်။ အဲဒီဘုရားကိုယ်တော်မြတ် ဟောတော်မူတဲ့ (၃၈)ဖြာ ၆ (။ မ။ (“၂ = (၂) (။
မင်္ဂလာ ဒေသနာတော်လာတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြရင် လောကမှာ အားလုံး သာယာဖွယ် ချမ်းသာဖွယ်ချည်းပဲ။ နှစ်သက်ဖွယ်။ ရွှင်လန်းဖွယ်ချည်းပဲ။ ဒါကြောင့် လောကလူ့ဘဝမှာ အဲသလို မိမိတို့ ပုတ္တသင်္ဂဟမင်္ဂလာ မ မ မ။ ရ (ခ (။ (။ (၂ (။ ပ။
သားသမီးတို့ကို ချီးမြေ့က်ရတဲ့ မင်္ဂလာကို ဆောင်ရွက်ပေးလိုက်ရတဲ့အခ န။ ဂ က (ခ င် (_ က (။။ (၆ (၂) (။
ကျတော့ အဲဒါကို ပုတ္တဒါရသဂ်ဟ မင်္ဂလာလို့ ခေါ်တယ်။ အဲဒီမင်္ဂလာအတိုင်း လျာ ၀ ဝ္ဝ င စ ၀၃ ၂၃ မျ ကျင့်ကြံနေထိုင်သွားကြလို့ရှိရင် အားလုံး ဘာပြဿနာမှ မရှိဘဲ ချမ်းသာခြင်း အကြောင်းပဲ ' (။။ {၂ (. (၂ (။ (မ { (။) (။
အဲ- တစ်ခါတုန်းက ဘုရားရှင်ကိုယ်တော်မြတ်ဟာ ဘဂ္ဂတိုင်း သံသုမာရဂိရိ ဘေသကလာ၀န ဘေသကာလာကုန်း' ဘေသကလာတောအုပ် ကြီ မ ဓ. င... 4၊ ည်အ မျ ဝ္ဝ ကီးထဲမှာ သီတင်းသုံးနေတော်မူတဲ့အခါ ဘဂ္ဂတိုင်း' သံသုမာရဂိရိမြို့က (။ (၂ ( မ ပူ (။ (. (၂)။
နကုလမာတာ။ နကုလပိတာဆိုတဲ့ သူကြွယ်ဇနီးမောင်နှံနှစ်ယောက် ရှိတယ် + {ကါ န (' ပြ (“။ (.). (' (၂) {။ (“ [၂ (။ ( ( အဲဒီ ဇနီးမောင်နံနှစ်ယောက်ရဲ့အိမ်ကို တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ် {(*။ ( (၂ (၂ မျ. (။ (. ကြြတော်မူလာတယ်။ မနက်ခင်း သပိတ်သင်္ကန်းကို ပြင်ပြီးတော့ ကြွတော်မူလာ (၅ ( {မ (။. (။ ၂ တယ်။ အဲဒီလို သူကြြယ်တို့အိမ်ကို ကြွတော်မူလာတော့ နကုလပိတာ+ (. (ကာ (“ ( (။ ပြ ၂ ၂ { နကုလမာတာ သူကြြယ်ဇနီးမောင်နံ နှစ်ယောက်က ဘုရားရှင်ကိုယ်တော်
မြတ်ကြီးထံ လာပြီးတော့ ချဉ်းကပ်ပြီး ရှိခိုးပူဇော်ပြီးတော့ ထိုင်နေကြတယ် အဲဒီလို ထိုင်ကြပြီးတဲ့နောက် နကုလပိတာဆိုတဲ့ ဒကာကြီးက ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထား၊ တယ်။။
မြတ်စွာဘုရား တပည့်တော်ဟာ နကုလမာတာခဆိုတဲ့ အမျိုးသမီးကို ငယ်ငယ်ကတည်းက လက်ထပ်ထိမ်းမြားခဲ့တာ အဲဒါ နကုလမာတာဆိုတဲ့ အမျိုးသမီးကို တပည့်တော်ဟာ စိတ်ဖြင့်သော်မှ ကျော်လွန်ပြီးတော့ ကျင့် တာမရှိပါဘူးဘုရား၊ ကိုယ်ဖြင့်ကျော်လွန်ပြီးတော့ ကျင့်ဖို့ဆိုတာ ပြောစရာ မရှိပါဘူးဘုရား၊ တပည့်တော်တို့ဟာ ယခုဘဝလည်း အချင်းချင်း ပေါင်းသင်း နေထိုင်ကြပြီးတော့ နောက်ဘဝကျတော့လည်း ဒီလိုပဲနှစ်ယောက်ပေါင်းသင်း နေထိုင်လိုပါတယ်ဘုရားလို့ လျှောက်ထားတယ်။ ထို့အတူပဲ နကုလမာတာ ဆိုတဲ့ အမျိုးသမီးလေးကလည်း ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ထား တယ်။
မြတ်စွာဘုရား ဒီနကုလပိတာ ဒကာကြီးဟာ တပည့်တော်ကို ငယ်ငယ် ကတည်းက ထိမ်းမြားလက်ထပ်ခဲ့တဲ့ ဒကာကြီးပါ။ တပည့်တော်မဟာ ဒကာကြီးကို စိတ်ဖြင့်တောင်မှ ကျူးကျော်ပြီးတော့ မကျင့်ပါဘူး။ ကိုယ်ဖြင့် ကျူးကျော်ကျင့်ဖို့ဆိုတာကတော့ ပြောစရာမရှိပါဘူးဘုရား၊ တပည့်တော် တို့ဟာ ဒီဘဝမှာလည်း အတူတကွ ပေါင်းသင်းနေထိုင်ကြသလို နောက်ဘဝကြ တော့လည်း အတူတကွ ပေါင်းသင်းနေထိုင်လိုတဲ့အကြောင်း လျှောက်ထား တယ်။ အဲသလို လျှောက်ထားတဲ့ အခါကျတော့ ဘုရားရှင် ကိုယ်တော် မြတ်က အိမ်ရှင်ဒကာကြီးနဲ့ ဒကာမကြီးကို တရားဟောတယ်
အဲ-အိမ်ရှင်ဒကာကြီးနဲ့ ဒကာမကြီးတို့ တကယ်လို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဒီဘဝမှာလည်း ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်ကြရ သလို နောက်ဘဝမှာလည်း ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်လိုကြရင်ဖြင့် အဲ-သဒ္ဓါတရား တူကြရတယ်။ တူမျှသော သဒ္ဓါတရား ရှိကြရမယ်။ တူမျှသော သီလတရားရှိကြရမယ်။ တူမျှသောစွန့်ကြဲမူ စာဂတရားရှိကြရမယ်။ တူမျှသော ပညာတရား ရှိကြရမယ်။ အဲသလို ဇနီးမောင်နှံနှစ်ယောက်ရဲ့ တူမျှသော သဒ္ဓါ။ တူမျှသော သီလ၊ တူမျှသော စာဂစွန့်ကြဲခြင်း၊ တူမျှသော ပညာရိါကလို့ရှိရင် ဒီဘဝမှာလည်းပဲ ကြာရှည်စွာ ပေါင်းသင်းနေထိုင်ကြရ။
နောင်ဘဝကျတော့လည်း ပေါင်းသင်းနေနိုင်တဲ့အကြောင်း ဘုရားကိုယ်တော် မြတ်က ဟောကြား တော်မူခဲ့တယ်။
ဥဘော သဒ္ဓါဝ၀ဒညူဟ၊ သညတာဓမ္မဇီဝိနော
တေ ဟောန္တ်ီ ဇာနိပတယျော
အညမညံ ပိယံ၀ဒါ 1
သဒ္ဓါ သဒ္ဓါတရားရှိကြကုန်သော၊ ၀ဒညူ-အလျူခံတို့၏ စကားကို တတ်သိနားလည်ကြကုန်သေား သညတာ- ကိုယ်နှုတ်နှလုံးစောင့်သုံးညီမျှ သီလရှိကြကုန်သော၊ ဓမ္မဇီဝိနော- တရားကိုသာ လေးစားရွ တရားဖြင့်သာ အသက်ရှင်နေကြကုန်သေား ဥဘော နှစ်ယောက်ကုန်သော ဇာနိပတယျော- ဇနီးမောင်နှံတို့သည် အညမညံ-အချင်းချင်း' ပိယံ၀ဒါ-ချစ်ဖွယ်စကားကို ပြောကြားကြကုန်လျက်။ ပိယံ၀ဒါ- ချစ်ဖွယ်စကားကို အချင်းချင်း ပြော ကြားမွ နေကြကုန်သည်။ ဟောန််.-ဖြစ်ကြကုန်သည်ဖြစ်အုံ
ဧနီးမောင်နံနစ်ယောက် သဒ္ဓါတရားလည်း တူကြတယ်1။ အဲ- ကိုယ်နှုတ်နှလုံး စောင့်သုံးခြင်းဆိုတဲ့ သီလလည်း ရှိကြတယ်။ အလှူခံပုဂ္ဂိုလ် တွေရဲ့ စကားကို သိပြီးတော့ အလှူခံပုဂ္ဂိုလ်တို့ကို လ္ဒူနိုင်ကြ၊ တန်းနိုင်ကြ ပူဇော်နိုင်ကြတယ်။ မတရားကို ရှောင်ပြီးတော့ တရားသဖြင့်သာ အသက်ရှင် ကြတယ်။ အသက်မွေးနေကြတယ် ဆိုလို့ရှိရင် အဲ-ဒီဇနီးမောင်နံဟာ အဲ= အချင်းချင်း ချစ်ဖွယ်စကား ပြောကြားကြလျက် နေကြမယ်ဆိုရင် အဲ- အကျိုးအများကြီး ရနိုင်တဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော် မူခဲ့တယ်။
အဲဒီ ဇနီးမောင်နံဟာ စီးပွားချမ်းသာတွေ ရနိုင်တဲ့အကြောင်း ချမ်းသာမှု သုခကြီး ကြုံရမည့်အကြောင်း အဲ- ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော် မူခဲ့တယ်။ အဲသလို ဟောတော်မူပြီးတဲ့အခါကျတော့ နကုလပိတာ နကုလမာတာဒကား ဒကာမကြီးများဟာ အင်မတန်ဝမ်းသာကြတယ်။
အတ္ထ္တာသံ ပစုရာ ဟောန္တ် ဖာသုကံ ဥပဇီဝတိ
အမိတ္တာ ဒုမ္မနာ ဟောန္တ် ဥဘိန္နံ သမဇိဝိနံ။
အာသံ- ထိုဇနီးမောင်နှံတို့အားး' အတ္ထာ- အကျိုးစီးပွားတို့သည် ပစုရာ-အမျိုးမျိုးအစားစား များပြားကုန်သည်။ ဟောန္တ်-ဖြစ်ကြပါပေကုန်၏။
ဖာသုကံ- ချမ်းချမ်းသာသာ။ ဥပဇီဝတိအသက်ရှင်နေရပါ ပေ၏ 1 သမဇီဝိနံ- အညီအမျှ အသက်မွေးနေကြကုန်သော၊ ဥဘိန္နံ-ဧနီးမောင်နှံနှစ်ဦးသားတို့ ၏ / အမိတ္တာ-ညှိုးထား။ မာန်မူ၊ ရန်သူအပေါင်းတို့သည်။ ဒုမ္မနာ-မနာလိုစွ စိတ်မကောင်းကြကုန်သည်။1 ဟောန္တ်-အပြစ်ရတုံဖြစ်ကြပါ ပေကုန်သတည်း။
အဲ-သူတို့အချင်းချင်း သဒ္ဓါ၊ သီလတူမျှပြီးတော့ ကောင်းမွန်စွာ ကျင့်ကြံနေကြတဲ့ ဇနီးမောင်နံတို့မှာ စီးပွားချမ်းသာတွေ တိုးတက်နိုင်တယ်။ အမြဲတမ်းချမ်းသာသုခနဲ့ ကြုံရတယ် အဲ-ကိုယ်ကျင့်သီလ တူမျှတဲ့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အမြဲတမ်းချမ်းချမ်းသာသာနဲ့ ကြီးပွားခြင်းသို့ ရောက်ကြရ တယ်။
ဏ ဓမ္မ စရိတ္ပာန) သမသီလဗ္ဗတာ ဥဘော။
နန္ဒာ ဒဝလောကသိိ
မောဒန္ကီ ကာမ ကာမိနော။
က္ကဓ- ဤလူ့ပြည်လောကဉ်း ဓမ္မံ-ကုသိုလ်တရား အများအပြားကို စရိတ္ပာန-စိတ်တူကိုယ်မျှ ကျင့်ကြံကြကုန်ရဤ1။ ဥဘော-ဇနီးမောင်နှနှစ်ဦး နှစ်ယောက်တို့သည် သမသီလဗ္ဗတာ-တူမျှညီမျှ သီလအကျင့် ရှိကြကုနဲလျက်။ ဒေဝလောကသ္မိံ-ချမ်းသာပေါလှ နတ်လောကခ်။ ကာမကာမိနော-နတ်တို့ အာရုံ ကာမဂုဏ်အဝဝ လိုတိုင်းရကြကုန်လျက် မောဒန္တီ- တူပျော်ရွှင်ပျ ၀မ်းသာကြရလေကုန်သတည်း။
ယခုဘ၀မှာ တရားတွေ ကျင့်ကြံကြပြီးတော့ နောင်အခါ သုဂတိရောက် ကြောင်း ကောင်းမြတ်တဲ့အကျင့်တွေ ကျင့်ကြပြီးတော့ နတ်ပြည်၌ မွေ့လျော် ကြရတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။ အဲဒီတော့ လောကမှာ ဘာပဲဖြစ်ဖြစ် သဒ္ဓါတူကြမယ်။ သီလတူကြမယ်။ ဆန္ဒတူကြမယ်) ကုသိုလ်တွေ ပွားများအားထုတ်မှု တူကြမယ်ဆိုရင် အဲ- ဒီဘဝလည်း ချမ်းသား နောက်ဘဝလည်းချမ်းသာ ပြီးတော့ ကောင်းရာသုဂတိမှာ စံနိုင် တဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။ အဲဒီတော့ လောကမှာ ဒီလိုပဲ သံသရာမှာ ကျင်လည်ရတဲ့ ပုထုဇဉ်တို့ ဓမ္မတာအတိုင်း အဲ-ဇနီးရယ်။ မောင်နှံရယ်လို့ ဖြစ်ကြတယ် ဖြစ်ကြတော့ သာသနာတော်နဲ့ ကြုံကြိုက်တဲ့အခါ၊ သာသနာတော်မှာ နေကြရတဲ့အခါ မိမိတို့ သာသာနာတော်
က ထူးခြားတဲ့ တရားတွေရဖို့ဆိုတဲ့ မျှော်လင့်ချက်တွေ ထားကြရတယ်။ သာသနာတော်၌ ထူးခြားသော တရားတွေကို တို့ ရဖို့ဆိုတဲ့ မျှော်လင့်ချက် တွေထားကြရတယ်။
အဲ-နကုလပိတာ။ နကုလမာတာဒကာကြီး၊ ဒကာမကြီးတို့ဟာ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ အဲ-ဘုရားရှင်ကိုယ်တော်မြတ်နဲ့ အင်မတန်အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်တွေ။
တစ်နေ့ကျတော့ နကုလပိတာဆိုတဲ့ ဒကာကြီး မကျန်းမမာ ရောဂါ တွေခံစားနေရ၊ အဲဒီလိုအခါမျိုးပှာ နကုလမာတာဆိုတဲ့ ဒကာမကြီးက နကုလပိတာ ဒကာကြီးကို တရားသဘောတွေ ပြောပြပြီးတော့ ဆုံးမဩဝါဒ ပေးတယ် အဲ-အိမ်ရှင်ဒကာကြီးး' နကုလမာတာဆိုတဲ့ ဒကာမကြီးဟာ ငါမရှိရင် သားတွေ၊ သမီးတွေကို စောင့်ရှောက်နိုင်မှာမဟုတ်) အိမ်ထောင်ရေးကို ဦးစီးနိုင်မှာ မဟုတ်ဘူး။ အဲ-သလိုများ တွယ်တာမှု မထားပါနှင့်။ အဲ- ကျွန်မဟာ ဗိုင်းငင် ဝါဖတ်ဆိုတဲ့ ရက်ကန်းအလုပ်တွေကိုလည်း လုပ်တတ်။ သိုးမွေး ထိုးခြင်း အစရှိသော အလုပ်တွေကိုလည်း ကျွမ်းကျင်ပါတယ်။ အဲ-သားသမီးတွေကိုလည်း ချမ်းသာအောင် စောင့်ရှောက်နိုင်ပါတယ်။ အိမ်ထောင်ကြီးကိုလည်း ဦးစီးနိုင်ပါတယ်။ တွယ်တာမှု မကင်းတဲ့ သေခြင်းဟာ ဒုက္ခဖြစ်ကြောင်းပဲ အဲဒီတွယ်တာမှု မကင်းတဲ့ သေခြင်းမျိုးဖြင့် သေရင် မသေပါစေနင့်။ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း တွယ်တာမှု မကင်းတဲ့ သေခြင်းမျိုးနဲ့ သေရင် ဆင်းရဲခြင်း အကြောင်းဆိုပြီးတော့ ဟောထားတာ ရှိတယ်လို့ ဖျောင်းဖျပြောဆို ဩဝါဒပေးနေတယ်။
ဒကာကြီးက နေမကောင်းဘူး နေမကောင်းတဲ့ ဒကာကြီးကို နကုမာတာဆိုတဲ့ ဒကာမကြီးက တရားနဲ့ဖျောင်းဖျ ဩဝါဒပေးနေတယ်။ အဲ-ငါသေရင် နကုလမာတာဆိုတဲ့ ဒကာမကြီးဟာ နောက်အိမ်ထောင်ပြု ပြီးတော့ တခြားအိမ် သွားလိမ့်မယ်လို့ အဲ-သလို မထင်ပါနဲ့ ကျွန်မ အကြောင်းကို ကျွန်မလည်းသိ၊ ရှင်လည်းသိတာပဲ။ ကျွန်မတို့ နှစ်ယောက်ဟာ ဗြဟ္မစရိယအကျင့်ကို ကျင့်နေကြတာ (၁၆)နှစ်ရှိပြီ။ အဲဒီတော့ဘာမျှ ဒါနဲ့ စပ်ပြီးတော့လည်း တွယ်တာမှု မထားပါနှင့်၊ တွယ်တာမှု မကင်းတဲ့ သေခြင်းဟာ ဒုက္ခရောက်ကြောင်း) တွယ်တာမှုမကင်းတဲ့ သေခြင်းနဲ့ သေလို့ရှိရင်
ဘုရားရှင်ကိုယ်တော်မြတ်ကလည်း ကဲ့ရဲ့တယ်။ ကဲ့ရဲ့တဲ့ အမှုကြီးပါလို့ ဩဝါဒကို ထပ်ကာထပ်ကာ ပြောကြားတယ်။
အဲ-နောက်တစ်ခါ ကျွန်မဟာ အိမ်ရှင်ကြီးမရှိလို့ရှိရင် ဘုရားရှင် ကိုယ်တော်မြတ်ကို ဆည်းကပ်မှာ မဟုတ်ဘူး။ သံဃာတော်တွေကို ဆည်းကပ်မှာ မဟုတ်ဘူးလို့ ဒီလို မအောက်မေ့ပါနဲ့။ ပိုပြီးတော့တောင်မှ ဘုရားရှင် ကိုယ်တော်မြတ်ကို ဆည်းကပ်ဦးမှာပါ။ ဒါတွေကိုလည်း ဘာမျှစိတ်ထဲမှာ မထားနဲ့ / တွယ်တာမှု မထားပါနဲ့။ တွယ်တာမှုမကင်းတဲ့ သေခြင်းဟာ ဒုက္ခ ဖြစ်ကြောင်း။ တွယ်တာမှုမကင်းတဲ့ သေခြင်းမျိုးကို ဘုရားရှင်ကိုယ်တော်မြတ် ကလည်း အင်မတန်ကဲ့ရဲ့တော်မူတယ်။ အားပေးစကားဖြင့် နှစ်သိမ့်စကားပေး ပြီးတော့ ဖျောင်းဖျပေးတယ်။
အဲ-ဆက်လက်ပြီး ပြောတာကတော့ ဒီ-နကုလမာတာ ဒကာမကြီးဟာ သီလတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းဖူးမှာ မဟုတ်ဘူး။ အဲ-သလို မအောက်မေ့ပါနဲ့။ လောကမှာ သီလကို ပြည့်စုံအောင် ဖြည့်ကျင့်တဲ့ ဘုရား တပည့် အမျိုးသမီးတွေရှိပါ ရဲ့ 1 အဲဒီ-အမျိုးသမီးတို့တွင် ကျွန်မဟာလည်း တစ်ယောက်အပါအဝင်ပါပဲ။ မယုံလို့ရှိရင် ဟောဒီက သံသုမာရ ဂိရိပြည် ဘေသကလာဆိုတဲ့ တောကြီးထဲမှာ မြတ်စွာဘုရားရှင် သီတင်းသုံးနေပါတယ် လျှောက်ထားကြည့်ပါ ( အဲဒီလို သက်သေတင်လိုက်သေးတယ်။
အဲဒါကြောင့်မို့လို့ ဒီအတွက်ကြောင့်လည်း မပူပါနှင့်၊ တွယ်တာမှု မကင်းတဲ့ သေခြင်းဟာ ဒုက္ခဖြစ်ကြောင်း တွယ်တာမှုမကင်းတဲ့ သေခြင်း မျိုးကို ဘုရားရှင်ကိုယ်တော်မြတ်က ကဲ့ရဲ့တော်မူတဲ့အကြောင်း ပြောပြီးတော့ ဖျောင်းဖျသေးတယ်။ ဒါတင်မက ငါသေလို့ရှိရင် နကုလမာတာ ဒကာမ ကြီးဟာ အဇ္စျတ္တသန္တာန်၌ စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိတရားရှိမှာ မဟုတ်ဘူး ဒီလိုလည်း မအောက်မေ့ပါနဲ့1/ လောကမှာ အဲဒီ-သမာဓိတရားရှိကြတဲ့ ဘုရားတပည့် အမျိုးသမီးတွေ အများကြီး ရှိကြပါတယ် အဲဒီ အမျိုးသမီး တို့တွင် ကျွန်မလည်း တစ်ယောက်အပါအဝင်ပါ 1 အဲ-မယုတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ ဘုရားရှင်ကိုယ်တော်မြတ်ထံ သွားပြီးတော့ မေးနိုင်ပါ တယ်လို့ ပြောတယ်။ ဒါကြောင့် ဒီအတွက်ကြောင့်လည်း တွယ်တာမှု မထားပါနဲ့။ ငဲ့ကွက်မှု မထားပါနှင့်၊ တွယ်တာမှု ငဲ့ကွက်မှုမကင်းတဲ့ သေခြင်းဟာ
ဒုက္ခရောက်ကြောင်း သာဖြစ်တယ်။ တွယ်တာမှုမကင်းတဲ့ သေခြင်းမျိုးကို ဘုရားရှင်ကိုယ်တော် မြတ်ကလည်း ကဲ့ရဲ့တော်မူပါတယ် ဖျောင်းဖျပြောတယ်။
အဲ-ဒါတင်မကသေးဘူး။ ဘုရားကျွန်မဟာ အဲဒီဘုရားရှင် သာသနာ တော်မှာ ထောက်တည်ရာ မရသေးဘူး။ ယုံမှားသံသယ ဝိစိကိစ္ဆာတွေ မကင်းသေးဘူး။ အဲမဂ်၊ ဖိုလ် မရသေးဘူးလို့လည်း မအောက်မေ့ပါနဲ့ ဒီဘုရား သာသနာတော်မှာ ထောက်တည်ရာရကြတဲ့ ယုံမှားသံသယ။ ဝိစိကိစ္ဆာတွေ ကင်းပြတ်နေကြတဲ့ တကယ့် မဂ်ပေါက်။ ဖိုလ်ပေါက်အမျိုး သမီးတွေ ရှိကြပါတယ်။ အဲဒီ-ပုဂ္ဂိုလ်တို့တွင် ဘုရားကျွန်မကလည်း တစ်ယောက်အပါ အဝင်ပါပဲ။ တစ်စုံတစ်ယောက်သော သူက ကျွန်မရဲ့ စကားကို မယုံဘူးဆိုရင် ဘေသကလာတောအုပ် သံသုမာရဂိရိဘေသကလာ တောအုပ်ကြီးမှာ သီတင်း သုံးနေတော်မူတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို သွားပြီးတော့ မေးပါဆိုပြီးတော့ အဲ-သက်သေထူပြီးတော့ ဒကာကြီးကို အားပေးစကား ပြောကြားတယ်။ ဆုံးမသွန်သင်ဩဝါဒပေးတယ်။
ထူးဆန်းတာက အဲသလို အဆုးအမ ဩဝါဒတွေနဲ့ ရောဂါ ဖြစ်နေတဲ့ ဒကာကြီးကို ဖျောင်းဖျပေး၊ သွန်သင်ပေး။ ဆုံးမပေးလိုက်တဲ့ အခါကျတော့ ရောဂါတွေ အရှင်းပျောက်သွား၊ အရှင်းပျောက်ခြင်းသို့ ရောက်ရတယ်။ အဲဒါနဲ့ နောက်လည်းကျန်းမာလာတော့ တုတ်ကလေးထောက်ကာ ထောက်ကာ နဲ့ ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးတော်မူတဲ့ သသုမာရ ဂိရိဘေသကလာ တောအုပ်ကြီးထဲကို တုတ်ထောက်ကား ထောက်ကာနဲ့သွား အဲ-ရောက်တဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို ရှိခိုးပြီး ထိုင်နေတဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က အဲ- အိမ်ရှင်ဒကာကြီးး ဒကာကြီးဟာ အင်မတန် အရတော်ပါပေစွ/ ယခုလို မိမိကို ဆုံးမတတ်။ သွန်သင်တတ်။ ကြောင်းကျိုး ပြသ ဆုံးမဩဝါဒပေးတတ်တဲ့ နကုလမာတာတို့လို ဒကာမကြီးကို ရတာဟာ ဒကာကြီးမှာ အင်မတန်အရတော်ပါပေစွ။
အဲ-နကုလမာတာ ဒကာမကြီးဟာ သီလတွေအပြည့်အစုံ ကျင့်သုံး နေတဲ့ ဒကာမကြီး၊ လောကမှာ ငါဘုရား တပည့်သားတွေထဲ သီလ အပြည့် အစုံ ကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေရှိကြတယ်။ အဲ-ဒီပုဂ္ဂိုလ်တွေထဲတွင် အဲဒီနကုလ မာတာ ဒကာမကြီးဟာ တစ်ယောက် အပါအဝင်ပဲ အဇ္စျတ္တသန္တာန်မှာ
သမာဓိတရားတွေ ဖြစ်ပွားနေတဲ့ ဒကာမကြီး၊ အဲ- လောကသမာဓရေကြတ့ ပုဂ္ဂိုလ်ထဲမာလည်း နကုလမာတာ ဒကာမကြီးဟာ တစ်ယောက် အပါအဝင်ပဲ။ အဲ-နကုလမာတာ ဒကာမကြီးဟာ ဒီဘုရား သာသနာတော်မှာ ထောက်တည်ရာ မှိခိုရာကိုလည်းရ ဒိဋ္ဌိဝိစိကိစ္ဆာတွေကင်းလို့ သာန။=နာတော်မှတစ်ပါး ယုံကြည် စရာမရှိသလောက်အောင် မြဲမြံခိုင်ခံ့တဲ့ သဒ္ဓါတရားတွေရှိပြီးတော့ သာသနာ တော်ကို သက်ဝင်တဲ့ ပုဂ္ဂုံလ်ထူး တစ်ယောက်ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့် မို့လို့ ဒကာကြီးဟာ အင်မတန် ကံကောင်းတဲ့ အကြောင်းကို ဘုရားရှင် ကိုယ်တော်မြတ်က ဟောကြားတဲ့ အခါကျတော့ ဒကာကြီးလည်း အင်မတန်ကို ၀မ်းမြောက်ဝမ်းသာဖြစ်သွားတယ်။
အဲ- ဒါကြောင့်မို့လို့ လောကမှာ ဘာပဲဖြစ်ဖြစ် သာသနာတော်နဲ့ ကြုံကြိုက်တဲ့အခါမှာ သာသနာတော်က ထူးခြားတဲ့ တရားတွေကိုလည်း တို့တစ်တွေ တစ်နေ့ကျတော့ ကောင်းကောင်းရအောင် ကြိုးစားမယ်လို့ အာသီသမျိုး ထားပြီးတော့ မိမိတို့ဘဝ ဤဘပဒ် လည်းကောင်း၊ နောင်ဘဝ၌ လည်းကောင်း သာယာဖွယ်ဖြစ်အောင် ချမ်းသာခြင်းအကြောင်း ကောင်းမြတ်တဲ့ တရားတွေကို ဆည်းပူးပြီးတော့ အဲဒီသာသနာတော်ကြုမှ ရနိုင်တဲ့ မင်ာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တွေကိုရအောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန် သတည်း။
(သာဓု သာဓု သာဓု)
အနေကဇာတင်အနုမောဒနာတရားတော်
ယနေ့ ဗုဒ္ဓဘိသေကမင်္ဂလာ အနေကဇာတင်ပွဲ ဆင်နှဲကျင်းပ ပူဇော် ကြတယ်1။ ဗုဒ္ဓါဘိသေကမင်္ဂလာ ပူဇော်ရင်းနှင့် ဆွမ်းအလှူတော်၊ ပစ္စည်း အလှူတော် အလှူတော်ဒါန၊ သီလ၊ ဘာဝနာတွေ အားထုတ်ကြတယ်။ အဲ့ဒီလို ကုသိုလ်တွေဆီ ရောက်အောင် ဘယ်သူက ဆွဲသွားတုန်း' ဘယ်သူက ပို့ပေးတုန်း ဆိုတော့ မိမိတို့ရဲ့ သဒ္ဓါတရားက ပို့ပေးတာ။ သဒ္ဓါတရားက ပို့ပေးတယ်။ သဒ္ဓါတရားဆိုတာက အင်မတန်ကြည်လင်တဲ့တရား။ သံပသာဒန လက္ခဏာ- ကြည်လင်ခြင်း၊ ကောင်းစွာ ကြည်စေခြင်း လက္ခဏာ ရှိတယ်။ ကြည်လင်စေခြင်း လက္ခဏာရှိတယ်။ ဒီတရားဖြစ်ပြီဆိုရင် စိတ်ဟာ ကြည်လင် နေတယ် အဲဒီ ကြည်လင်နေတဲ့ သဒ္ဓါတရားကို မှန်းကြည့်ရင် မိမိတို့ မှန်းနိုင်ကြတယ်။
ကုသိုလ်ထူးခြားတဲ့ ပုဂ္ဂိုလ်တွေမို့လို့ သဒ္ဓါတရားလေးရှိပြီး စိတ်ဟာ ကြည်လင်နေကြတယ်။ ဒါကြောင့် သံပသာဒန လက္ခဏာ-ကောင်းစွာ ကြည်လင်စေခြင်း လက္ခဏာရှိတယ်။ စကြဝတေးမင်းကြီးရဲ့ ပတ္တမြားရတနာ။ ရေကို ကြည်လင်စေတတ်တဲ့ ပတ္တမြားရတနာလို ရေထဲဘယ်လိုရွံ့တွေ။ ညွှန်တွေနဲ့ဖြစ်ဖြစ်' ဘယ်လို အမှိုက်သရိုက်တွေနဲ့ဖြစ်ဖြစ် နောက်ကျုနေတဲ့ ရေထဲကို အဲဒီစကြာမင်းရဲ့ ပတ္တမြားရတနာကြီးထည့်လိုက်ရင် အဲဒီရေဟာ အနည်တွေ ကျသွားပြီးတော့ ကြည်ပြီးတော့ လာရတယ်
မိလိန္ဒမင်းကြီးကို ရှင်နာဂသိန် မိန့့တော်မူတယ်။ ဒေသနာတစ်ခုမှာ သဒ္ဓါတရားနဲ့စပ်လို့-မင်းကြီး၊ စကြဝတေးမင်းကြီးဟာ အင်္ဂါလေးပါးရှိတဲ့ စစ်သည်တွေနဲ့ ချိတက်သွားတဲ့အခါမှာ လမ်းခရီးအကြား ကျဉ်းတဲ့ချောင်း ကလေးတစ်ခု တွေ့တယ်။ ဆင်။ မြင်း ရထား။ ခြေသည် စစ်အင်္ဂါလေးပါး ခင်းပြီးတော့ တစ်ဖက်ကမ်း ကူးသွားကြလို့ တစ်ဖက်ကို ရောက်တော့ စကြဝတေးမင်းကြီးက ရေဆာလို့ ရေကြည်တော်ဆက်ဖို့ အမိန့်ရှိတယ်။ အဲ့ဒီအခါမှာ သူတို့ စကြဝတေးမင်းကြီးရဲ့ ပတ္တမြားရတနာရှိလားဆိုပြီး
ကြည့်လိုက်တော့ ပတ္တမြားရတနာ ရှိတယ်ဆိုရင်ပဲ နောက်နေတ့ရေထ ပတ္တမြားရတနာကြီး ထည့်လိုက်တယ်။ အဲ့သလို ထည့်လိုက်တဲ့အခါ အကုန်လုံး မှော်တွေး အမှုံတွေ။ အမှိုက်တွေ။ ရွှံ့တွေ အကုန်လုံးကျပြီးတော့ တကယ့် ကြည်လင်တဲ့ ရေအဖြစ် ရောက်သွားတယ်။ အဲ့ဒီအခါမှာ သူတို့က စကြဝတေး မင်းကြီးကို ရေကြည်တော် ဆက်သရတယ်။
မင်းကြီး အဲဒီအတိုင်းပဲ။ အဲဒီ ဥပမာမှာ ရေနဲ့စိတ်နဲ့ တူတယ်။ လူတွေနဲ့ အဲ့သလို ရေကြည်တော်ဖြစ်အောင် ဆောင်ရွက်ပေးတဲ့ လူတွေနဲ့ ယောဂါဝစရဆိုတဲ့ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်နဲ့တူတယ်။ မှော်တွေ။ ညွှန်တွေး ရှံ့တွေနဲ့ ကိလေသာတွေ တူတယ်။ နီဝရဏတွေ တူတယ်။ သဒ္ဓါတရားက ပတ္တမြားကြီးနဲ့တူတယ်။ သဒ္ဓါတရားတည်းဟူသော ပတ္တမြားကြီး စိတ်တည်း ဟူသော ရေထဲ ရောက်သွားရင်ဖြင့် အားလုံး ကိလေသာ အညစ် အကြေးတွေ စင်ကြယ်ရတယ်။ နီ၀ဝရဏတွေ စင်ကြယ်ရတယ်။ အဲ့ဒီတော့ ယောဂါ၀စရ ပုဂ္ဂိုလ်ဟား ယောဂီပုဂ္ဂိုလ်ဟာ အဲ့ဒီသဒ္ဓါ အခြေခံပြီးတော့ ဒါနပြုတယ်။ သီလဆောက်တည်တယ်။ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းတယ်ဆိုတဲ့အကြောင်း ရှင်နာဂသိန်မထေရ်မြတ် မိန့်ကြားတော်မူတယ်။ အဲ့သလို သဒ္ဓါဆိုတဲ့ တရားဟာ ပုဂ္ဂိုလ်၍ သန္တာန်မှာ ဖြစ်လာပြီဆိုရင် စိတ်ဟာ အင်မတန်ကြည်လင်လာတယ်1/ စိတ်ကြည်လင်လာတော့ မကောင်းတဲ့ ကိလေသာ အနောက်အကျုတွေ အောက်ကျကုန်တယ်။ ကင်းကွာကုန်တယ်။ တစ်နည်းပြောရရင် သူရဲကောင်းကြီးနဲ့လည်း တူတယ်။ ရှင်နာဂသိန် မထေရ် မြတ်က “တစ်နည်းပြောထားတယ်။ သူရဲကောင်းကြီးနဲ့လည်း တူတယ်တဲ့။ မြစ်ကြီးတစ်ခု ရှိတယ်။ မိကျောင်းတွေ ငမန်းတွေ။ ရက္ခိုက်တွေနဲ့ အန္တ ရာယ်ထူပြောတဲ့ မြစ်ကြီးတစ်ခုရှိတယ်။ အဲဒီ မြစ်ကြီးမှာ ဘေးနှစ်ဖက် ကမ်းမှာ လူတွေက စောင့်နေတယ်။ မကူးရဲလို့ စောင့်နေကြတယ်။ အဲဒီ အခါမှာ ရဲရင့်တဲ့ သူရဲကောင်းတစ်ယောက် ရောက်လာတယ်။ ဘာကြောင့် ဒီနေရာမှာ စုရုံးထိုင်နေကြသတုန်းဆိုတော့ ဘေးရန်အန္တရာယ်တွေ ထူပြောတဲ့ အတွက် မိမိတို့ မကူးရဲလို့ စောင့်ဆိုင်းနေကြပါတယ်ဆိုတာကို ပြောတော့ ကဲ-ဘာမျှမကြောက်နဲ့ လိုက်ခဲ့ကြဆိုပြီးတော့ သံလျက်ကိုင်ပြီးတော့ ကြုံလာ သမျှ မိချောင်းစသော အန္တရာယ်တွေကို ကာကွယ်တားဆီးပြီးတော့ ဒီဘက် ပိဒင်ဧရာ က
ကမ်းကလူတွေ ဟိုဘက်ကမ်းပို့။ ဟိုဘက်ကမ်းက လူတွေ ဒီဘက်ကမ်းပို့ အားလုံးချမ်းသာအောင် ဆောင်ရွက်ပေးတယ်။
အဲဒီလိုပဲ သဒ္ဓါဆိုတဲ့တရား ဖြစ်လာပြီဆိုရင် အဲဒီသဒ္ဓါတရားက မိမိတို့ကို ဦးဆောင်ပြီးတော့ ကုသိုလ်ဘက် ခေါ်သွားတယ် ယနေ့ သဒ္ဓါ တရား ခေါ်ဆောင်ခြင်းကြောင့် မိမိတို့ကုသိုလ်တွေ အများကြီးပြုဖြစ်တယ်။ ဘုရားပူဇော်မှု- ဗုဒ္ဓံပူဇာကုသိုလ်တွေ ဖြစ်ကြတယ်။ တရားပူဇော်မှု-ဓမ္မ ပူဇာကုသိုလ်တွေ ဖြစ်ကြတယ်။ သံဃာပူဇော်မှု သံဃပူဇာ ကုသိုလ်တွေ အများကြီး ဖြစ်ကြတယ်။ အဲဒါ တွေဟာ မိမိတို့ အလိုအလျောက်မဟုတ်ဘူး။ သဒ္ဓါက ခေါ်သွားတာ။ မိမိတို့ရဲ့ သဒ္ဓါတရားက ခေါ်သွားတာ ဦးဆောင် သွားတာ ကုသိုလ်ဘက်ရောက်အောင် သူက ဦးဆောင်ပေးသွားတာ။
ဒါကြောင့် ပက္ခန္ဒနလက္ခဏ-ပြေးဝင်ခြင်း လက္ခဏာရှိတယ်။ ကုသိုလ် ဘက် ပြေးဝင်ခြင်း လက္ခဏာရှိတယ်။ သူ ဦးဆောင်မှုခံရတော့ မိမိတို့မှာ ကုသိုလ်ဘက် ရောက်သွားကြတယ်။ ယနေ့မိမိတို့ကို သဒ္ဓါတရားက ကုသိုလ် တွေဘက် ရောက်အောင် ဆွဲဆောင်သွားတယ်။ ဦးဆောင်သွားတယ်။ ခေါ်ဆောင်သွားတယ်1။
သာ ဟတ္တဝိတ္တဗီဇာနိ ဝိယ ဒဌဗ္ဗာ။
သာ- ထိုသဒ္ဓါတရားကို၊ ဟတ္တဝိတ္တဗီဇာနိဝိယ- လက်ကဲ့သို့ လည်းကောင်း၊ ဥစ္စာရတနာကဲ့သို့လည်းကောင်း၊ မျိုးစေ့ကဲ့သို့လည်းကောင်း။ ဒဋ္ဌဗ္ဗာ-မှတ်အပ်ကုန်၏။
သဒ္ဓါကို ဘုန်းကြီးတို့ အဋ္ဌသာလိနီ အဋ္ဌကထာဆရာကြီးက ဥပမာ ပေးတယ် လက်နဲ့လည်း တူတယ်။ ဥစ္စာနဲ့လည်း တူတယ်။ မျိုးစေ့နဲ့လည်း တူတယ်တဲ့။ လောကမှာ ရတနာတွေ တွေ့တယ်ဆိုပါတော့ သွားရင်းလာရင်း လက်မရှိတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီရတနာတွေ မကောက်နိုင်ဘူး။ လက်ရှိမှ ကောက်နိုင်တာ။ ဒါကြောင့် လက်ဆိုတာ ထိုထိုပစ္စည်းကို ကောက်ယူနိုင်သလို သဒ္ဓါတည်းဟူသောလက်ကြီး ရှိပြီဆိုရင် ကုသိုလ်ရတနာတွေကို ကောက် ယူနိုင်တယ်။
ယနေ့ မိမိတို့ သဒ္ဓါတည်းဟူသောလက်ကြီးဖြင့် ကုသိုလ်ရတနာများစွာ ကို ကောက်ယူကြတယ်။ ပစ္စည်းနဲ့လည်း တူတယ်တဲ့။ သဒ္ဓါဟာ ပစ္စည်းနဲ့
လည်း တူတယ်တဲ့4 လောကမှာ ပစ္စည်းရှိရင် ဘာမဆိုရတယ်။ အဲ့ဒါလိုပဲ သဒ္ဓါတည်းဟူသော ပစ္စည်းရှိရင် လောကီအကျိုးး' လောကတ္တရာအကျိုး၊ အကျိုးအမျိုးမျိုးတည်းဟူသော ပစ္စည်းဝတ္ထုတွေ ရနိုင်တယ်။
အာယု အာရောဂိတာ ၀ဏ္ဌံ။ သဂ္ဂံ ဥစ္စာကုလီနတာ။
အသခံတဉ္ဇ အမတံ။ အတ္ထိ သဗ္ဗ ပဏေ ဇိနေ။
အပ္ပေန ဗဟုဂေ.နာပိ၊ ကမ္မမူလေန လဗ္ဘတိ
သဒ္ဓါမူလေန ကိဏိတ္စား သဓနာ ဟောထဘိက္ခဝေါ။
ဘိက္ခဝေါ-ချစ်သားတို့၊ ဇိနေ-ဘုရားရှင်ကိုယ်တော်မြတ် တည်ထ. . ခင်းကျင်းအပ်သော၊ သဗ္ဗါ ပဏေ-ကုန်မျိုးစုံရှိရာ စျေးခင်းကြီးထဲခ် စျေးရုံကြီး ထဲခ်၊ အာယုအတ္တီ -အသက်ရှည်ခြင်းတည်း ဟူသော ဥစ္စာလည်းရှိပါပေ၏။ အရောဂတာ- ကျန်းမာခြင်းဆိုတဲ့ အာရောဂျ ကုန်မျိုးလည်းရှိပါပေ၏။ ဝဏ္ဍံ-အဆင်းလှခြင်းဆိုတဲ့ ကုန်မျိုးလည်းရှိပါ ပေ၏။ သဂ္ဂံ-နတ်ပြည်။ လူ့ပြည် ဆိုတဲ့ သုဂတိကုန်မျိုးလည်းရှိပါပေ၏ / ဥစာဟုလ်နတာ-အမျိုးမြတ်ခြင်းခ ဖြစ်ရခြင်းဆိုတဲ့ ကုန်မျိုးလည်းရှိပါပေ၏ / အမတံ-သေခြင်းကင်းသေား အသင်္ကတံ-နိဗ္ဗာန်တည်းဟူသော ကုန်မျိုးလည်းရှိပါ ပေ၏။
အပ္ပေန-အနည်းငယ်မျှလည်းဖြစ်သော၊ ဗဟုကေနဗပိ-များစွာလည်း ဖြစ်သေား ကမ္မမူလေန-ကုသိုလ်ကံတည်းဟူသော အဖိုးအခဖြင့်၊ လဗ္ဘတိ- ရအပ်ရနိုင်ပါပေ၏ သဒ္ဓါမူလေန-ရတနာသုံးပါးကို ယုံကြည်တတ်တဲ့သဒ္ဓါ။ ကုသီလ်ကံ အကုသိုလ်ကံကို ယုံကြည်တတ်တဲ့ သဒ္ဓါတရားဖြင့်၊ ကိဏိတွာ- လဲလှယ်ဖလှယ်ဝယ်ယူကြကုန်ရှ၊ သဓနာ-ပစ္စည်းဥစ္စာ ကြွယ်ဝတဲ့ သူဌေး သူကြွယ်တို့သည် ဟောထ-မုချမသွေ ဖြစ်ကြပါကုန်တော့လော၊
သာသနာကုန်စုံဆိုင်ကြီးတဲ့။ ဘုရားသာသနာတော်ကြီးမှာ ကုန်တွေ အမျိုးစုံရိတယ်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း) စီးပွား တိုးတက်ခြင်း စတဲ့ ကုန်တွေ ကုန်တွေ အဲ့ဒီကုန်တွေ သာသနာမှာ ဘုရားရှင်ကိုယ်တော်မြတ် တည်ခင်းထားတယ်။ သာသနာ့ကုန်ရုံကြီးမှာ အမျိုးစုံရှိတယ်။ သဒ္ဓါတည်းဟူသော အဖိုးအခဖြင့် ပေး၀"ဂ်ရင် ရနိုင်တယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူတယ်။ ဒါ့ဓေ.ပှာင့် ယနေ့မိမိတို့ သဒ္ဓါတရားဖြင့် သာသနာ့ကုန်ရုံကြီးမှ ကောင်းမှုရတနာဆိုတဲ့ ကုန်တွေ
ကုန်တွေ ၀ယ်ကြတယ်။ သမ္ပတ္တိ အမျိုးမျိုး ကောင်းကျိုးဆိုတဲ့ ကုန်တွေ ဝယ်ကြတယ် သဒ္ဓါတရား ကြီးဖြစ်ပေါ်လာပြီးတော့ ကုသိုလ်ရတနာတွေကို ဝယ်နိုင်ကြတယ်။ ဘာ့ကြောင့် ဝယ်နိုင်ကြသလဲ။ ဘုရားအပေါ်မှာ ကြည်ည်လို့။ ယုံကြည်လို့ ယနေ့ ဗုဒ္ဓဘိသေကမင်္ဂလာ အနေကဇာတင်ကြတယ်။ ဘုရား အပေါ်မှာ ယုံကြည်လို့သဒ္ဓါတရား ဖြစ်တယ်။ ဒါကြောင့်မို့ ဘုရားရှင်ဟာ သဒ္ဓါဖြစ်ခြင်းအကြောင်း၊ ထို့အတူ တရားတော်မှာ ယုံကြည်ကြတယ်။ သံဃာအပေါ်မှာ ယုံကြည်ကြတယ်။ ယုံကြည်ခြင်းဟာ သဒ္ဓါဖြစ်ခြင်း အကြောင်း၊ ကုသိုလ်ကံအကုသိုလ်ကံကို ယုံကြည်ကြတယ်။ ဤကံတွေဟာ ကောင်းကျိုး မကောင်းကျိုးပေးလိမ့်မည်လို့ ယုံကြည်ကြတယ် ယုံကြည်တဲ့ အတွက်ကြောင့် ဘုရားပူဇော်ဖြစ်) တရားပူဇော်ဖြစ်။ သံဃာပူဇော်ဖြစ်ကြတယ်။ ကုသိုလ်တွေ စပြုဖြစ်ကြတယ်။ သဒ္ဓေယျ ဝတ္ထုပဒဋ္ဌာနလို့ သဒ္ဓါတရားရဲ့ ပဒဋ္ဌာန်ပြတော့ သဒ္ဓေယျ၀တ္ထုပဒဋ္ဌာန-ယုံကြည်ထိုက်တဲ့ ဘုရား တရား၊ သံဃား ကံ-ကံဇစါအကျိုးဤငါးမျိုးကို ယုံကြည်တဲ့ သဒ္ဓါတရား၊
အဲဒီတော့ သဒ္ဓါဖြစ်ခြင်းအကြောင်းဟာ ယုံကြည်ထိုက်တဲ့ ဘုရား၊ တရား၊ သံဃာ ကံ-ကံ၏ အကျိုး အဲ့ဒါတွေ ယုံကြည်သမျှ မိမိတို့မှာ ဒီလို ကုသိုလ်တွေ ပြပြစ်ကြမှာပဲ'
အောတာပတ္တိယင်္ဂပဒဋ္ဌာနာဝါ-သောတာ-ပတ္တိရကြောင်း။ အင်္ဂါလျှင် နီးစွာသော အကြောင်းရှိတယ်။
သပ္ပုရိသသံ၈သ၀ဝ - သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်း၊ သဒ္ဓမ္မသဝနံ-သူတေ်.ကာင်းတရားကြားနာရခြင်း။ ယောနိသော မနသိ ကာရော-နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း၊ ဓမ္မာနုဓမ္မပဋိပတ္တိ- မဂ်ဖိုလ် နိဗ္ဗာန်အားလျော်တဲ့ အကျင့်ကျင့်ခြင်းဆိုတဲ့ သောတာပတ္တိမဂ်ဆိုက်ကြောင်း ကောင်းမြတ်တဲ့အကြောင်း အင်္ဂါလေးပါး၊ သောတာပတ္တိယဂ်-ဒါတွေဟာ သဒ္ဓါဖြစ်ခြင်း အကြောင်းတွေ။ ဒါကြောင့် သာသနာတော်မှာ မိမိတို့သဒ္ဓါ ဖြစ်ဖို့ အရေးကြီးတယ်။
အခုလိုပဲ သဒ္ဓါတွေ ဖြစ်ပြီးတော့ လျှူနိုင်တန်းနိုင်ဖို့ အရေးကြီးတယ်။ လှူရုံတန်းရုံနဲ့ မပြီးသေးဘူး။ သီလဆောက်တည်နိုင်ဖို့ အရေးကြီးတယ်။ သီလ ဆောက်တည်ရုံနဲ့လည်း မပြီးသေးဘူး သာသနာကြုံတုန်း ထူးခြားတဲ့
ဘာဝနား ဘာဝနာတွေလည်း ကြိံးစားပွားများဖို့လည်း အရေးကြီးတယ်။ ဒါကြောင့် အရေးကြီးတဲ့ ကောင်းကျိုးတွေ သာသနာနဲ့ ကြံံတုန်း ပြည့်စုံအောင် သဒ္ဓါတရားမွေးပြီးတော့ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ပါ စေကုန် သတည်း။
(သာဓု သာဓု သာဓု)
အနေကဇာတင်တရားတော်
ဂွတ္တလစ်၊ အမှတ် ၁ရ(စီ)နေ ဒေါ်ခင်လှနေအိမ်၌ ဟောကြားတော်မူသော အနေကဇာတင် တရားတော် (၂ရ-၁၀-၉၂) အဲ-ယနေ့ အနုမောဒနာ တရားလေး နည်းနည်းချိးမြှင့်လိုက်ရအောင် သိပ်ဟောစရာလည်း မလိုပါဘူး ယနေ့ ဗုဒ္ဓဘိသေကမင်္ဂလာ အနေကဇာတင် ကြ ဥဒ္ဒိဿစေတီ ဆင်းတုတော်မြတ်တို့ကို မိမိတို့ အများကိုးကွယ်ဖို့ရာ လှူဒါန်းပူဇော်ကြမည့် ပွဲခ ဆွမ်းအလှူတော် ပူဇော်လ္ဂူဒါန်းခြင်းဖြင့် ကုသိုလ် တွေပြုကြတယ်။ အဲ- ယနေ့ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်တဲ့အခါမှာ အရေးကြီးတာက ဘာလဲ) ဘုရားရှင်ကိုယ်တော်မြတ်အပေါ်မှာ စိတ်ရောက်စေ ကြရတယ်။ အဲ- တရားဂုဏ်တော်အပေါ်မှာ စိတ်ရောက်ပြီးတော့ ပူဇော်ကြခြင်း က မှန်ကန်သောပူဇော်ခြင်း အကျိုးရှိသော ပူဇော်ခြင်း တိဋ္ဌန္တေ နိဗ္ဗုတေစာပိ သမေစိတ္တံ သမံ ဖလံ စေတော ပဏီဓိဟေတုဟိ သတ္တာဂစ္တန္က် သုဂတိံ၊ တိဋ္ဌန္တေ။ သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော်မြတ်ခ်လည်း ကောင်း။ နိဗ္ဗူတေစာပိ။ ပရိနိဗ္ဗာန်ဝင်စံကြွသွားဘုရားရှင် ကိုယ်တော်မြတ် လည်းကောင်း၊ စိတ္တေ၊ စိတ်ထားသည်။ သမေ-တူမျှသည်ရှိသော်၊ စိတ္တေ။ ဂုဏ်တော်ဋ် ရောက်သော စိတ်ထားသည်/။ သမေး တူမျှသည်ရှိသော်၊ ဖလံ အကျိုးသွားသည်လည်း။ သမံ တစ်ပြေးတည်းအညီ တူမျှသည်သာတည်း။ အဲ-သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ခ်လည်းကောင်း၊ ပရိဗိဗ္ဗာန်ဝင်စံကြွသွား ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ကိုယ်စား စေတီတော်၊ ဆင်းတုတော်မြတ်တို့၌ လည်းကောင်း၊ စိတ်ထားတူမျှသည်ရှိသော် အကျိုး ပေးလည်း တူမျှသည်။ သက်တော် ထင်ရှးဘုရားရှင် ကိုယ်တော်မြတ်နှင့်
ယခုလို စေတီတော် ဆင်းတုတော်မြတ်တို့ကို ပူဇော်တဲ့အခါမှာ စိတထား တူမျှလို့ရှိရင် အကျိုးပေးတူမျတယ်4
အဲ- သက်တော် ထင်ရှားဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ ဘုရားရှင် ကိုယ်တော်စား ဆင်းဟုတော်မြတ်ကို ပူဇော်ရခြင်းဟာ အကျိုးပေး တူမျှ သည်ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုတော့-
သင့်မြတ်ကြောင်းကို ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူခဲ့ တယ်။
ဟိ-သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်နှင့် ပရိနိဗ္ဗာန်ဝင် စံကြွသွားတဲ့ ဘုရားရှင်ကိုယ်တော်မြတ်နှစ်ပါး စိတ်ထားတူမျှသည် ရှိသော် အကျိုးပေးတူမျှသည် ဟူသောစကား မှန်ကန်သင့်မြတ်လှပါပေ၏။ သတ္တာ သတ္တဝါအပေါင်းတို့သည် သတ္တာ။ သူသူငါငါ သတ္တဝါအပေါင်းတို့သည်။ စေတော ပဏီဓိဟေတု။ စိတ်ထားကောင်းခြင်း အကြောင်းရင်းမှန် အခြေခံ အရ။ သုဂတိံ သုဂတိဘဝသို့၊ ဂစ္ဆန္က မုချမသွေ ရောက်ကြရပါပေကုန် သတည်း
(သာဓု သာဓု သာဓု)
အဲ- ကုသိုလ်ဆိုတာ စိတ်ထားကောင်းခြင်းကို အကြောင်းပြုပြီး ဖြစ်ကြရတယ် ကုသိုလ်ဖြစ်တယ်ဆိုတာ စိတ်ထားကောင်းခြင်းကို အကြောင်း ပြုပြီး ဖြစ်ကြရတာ။ အဲဒီတော့ သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော် မြတ်ကို ပူဇော်တဲ့အခါ မှာလည်း ဘုရား ရှင်ကိုယ်တော်မြတ်ရဲ့ ကိုယ်တော်ကြီးကို အာရုံပြုပြီးတော့ ပူဇော်ရတာမဟုတ်။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်ကို အာရုံပြုပြီးတော့ ပူဇော်ရတာ။
ပရိနိဗ္ဗာန် ဝင်စံကြွသွားကြတဲ့ ကိုယ်တော်အစား ရုပ်ပွားဆင်းတု စေတီတော်မြတ်တို့ကို ပူဇော်ကြတဲ့အခါမှာလည်း ထိုနည်းအတူပဲ။ ဂုဏ်တော် အပေါ်မှာ စိတ်ထားပြီးတော့ ဂုဏ်တော်အပေါ်မှာ စိတ်ရောက်ပြီးတော့ ပူဇော်ကြရ၊ ဒီတော့ ဂုဏ်တော်အပေါ်မှာ စိတ်ရောက်ခြင်း တူမျှသောကြောင့် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်ရတာနဲ့ စေတီတော် ဆင်းတုတော်မြတ်တို့ကို ပူဇော်ရတာဟာ အတူတူပါပဲလို့ ဘု ရှင်
ကိုယ်တော်မြတ်က အကြောင်းပြခဲ့တယ်။ အဲဒါကြောင့် ဘုရားကို ပူဇော် တယ်ဆိုတာ အရေးကြီးတာက ဘုရားရှင်ကိုယ်တော်မြတ်ကို မြင်မှ မြင်တယ် ဆိုတာ ဂုဏ်တော်အပေါ်မှာ စိတ်ရောက်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်ကို သိမြင်နားလည်ပြီး အာရုံပြုပြီး ပူဇော်ကြရတယ်။ အဲသလို ပူဇော်ကြလို့ရှိရင် ဆင်းတုတော်ကို မူဇော်ပေမယ့် ဘုရားရှင် ကိုယ်တော်မြတ်ကို စိတ်ရောက်သွားတာမို့လို့ အဲ- စိတ်ထားတူသောကြောင့် ကုသိုလ် အကျိုး ပေးတဲ့အခါကျတော့လည်း အကျိုးပေး တူပါတယ်တဲ့။ အဲဒါကို ဘုရားရှင် ကိုယ်တော်မြတ်က ဘုရားမရှိဘဲနဲ့ ဘုရားအဖြစ်နဲ့ကိုးကွယ်လို့ ဖြစ်ပါ့မလား ဆိုတဲ့ အမေးကို အဖြေပေးတော်မူခဲ့တာ။ ဘုရားမှမရှိဘဲ ဘုရားရှင် ကိုယ်တော်မြတ်ဟာ ပရိနိဗ္ဗာန်စံသွားပြီ။ အဲ-မရှိဘဲနဲ့ မရှိတဲ့ ပုဂ္ဂိုလ်ကို ပူဇော်လို့ ဘာသွားအကျိုးထူးမှာတုံးလို့ ပြောစရာရှိလို့ အဲဒီပြောကြားမည့် အချက်အလက်ကို ကာကွယ်တားဆီးသောအားဖြင့် ဘုရားရှင်ကိုယ်တော် မြတ်က ယုတ္တိလေးပေးပြီး မိန့်ကြားတော်မူခဲ့တယ်။
စိတ်ဟာ အရေးကြီးတယ် ကုသိုလ်ဖြစ်တယ်ဆိုတာ စိတ်ထား အကြောင်းရင်းခံပြီးတော့ ဖြစ်ကြရတာ။ ယောနိသော မနသိကာရရှိရင် ကုသိုလ်ဖြစ်တယ်။ အယောနိသော မနသိကာရရှိရင် အကုသိုလ်ဖြစ်တယ်။ ကုသိုလ်ဖြစ်တယ်ဆိုတာ ယောနိသော မနသိကာရ အသင့်အတင့်အားဖြင့် နလုံးသွင်းရင် ကုသိုလ်ဖြစ်တယ်။ အသင့်အတင့်ဆိုတာ နည်းမှန်လမ်းမှန်မှ ဖြစ်တယ်။ နည်းမှန်လမ်းမှန်အားဖြင့် နှလုံးသွင်းတယ်ဆိုတာ ဘုန်းကြီးတို့ ဘုရားကို မြင်ပြီးတော့ ဘုရားကို မြင်အောင် နှလုံးသွင်းတတ်ဖို့ လိုတယ်။ ဒီတော့ ဂုဏ်တော်အပေါ် စိတ်ရောက်ရင် ဘုရားကိုမြင်တယ်။ ဂုဏ်တော်အပေါ် စိတ်မရောက်ရင် ဘုရားကို မမြင်ဘူး။
ကလေးသူငယ်တို့ရဲ့ အမြင်မျိုးဖြင့် ဘုရားကို တွေ့ရုံမြင်ရုံလေးနဲ့ ဆိုရင် ဘုရားကို မြင်တယ်လို့ မဆိုနိုင်သေးဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အတုမရှိသော သီလဂုဏ် သမာဓိဂုဏ်။ ပညာဂုဏ်။ အရဟံသမ္မာသမ္ဗုဒ္ဓေါ စသော ဂုဏ်တော်တွေကို မြင်ပြီးတော့ ဘုရားရှင် .ကိုယ်တော်မြတ်ကို ပူဇော်ကြမှ ဘုရားကိုမြင်ပြီး ဗူဇ္ရော်ရာရောက်။ အဲသလို မြင်တဲ့ ပုဂ္ဂိုလ်အဖို့မှာ စေတီ ပူဇော်ခဲ့ရတာလည်း ဒီဘုရားပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်ခဲ့ရင်လည်း
ဒီဘုရားပဲ။ အမြင်မတူဘူး-စိတ်ထားတူတယ်။ စိတ်ထားတူသောကြောင့် အကျိုးပေးတဲ့အခါကျတော့ အဲ-သက်တော်ထင်ရှား ဘုရားရှင်မို့လို့ ပိုမသွား ဘူး။ စေတီမို့လိုလည်း လျော့မသွားဘူး။ ထပ်တူညီမျှ အကျိုးပေးတယ်လို့ ဆိုရတယ် ဒါကြောင့်မို့လို့ လောကမှာ တရားကိုမြင်ဖို့ အရေးကြီးတယ် အဲ-တရားကိုမြင်ဖို့ရာမှာ-
ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ
သော မံ ပဿတိ
အကောင်းဆုံးဘုရားကို မြင်ဖို့ကတော့ ဘုရားရှင်ကိုယ်တော်မြတ်တို့ သိတော်မူတဲ့။- မင်္ဂဖိုလ်နိဗ္ဗာန်တရားတွေကိုမြင်ဖြီး ပူဇော်ရမယ်ဆိုရင် အဲဒါ ဘုရားရှင်ကိုယ်တော်မြတ်ကို အကောင်းဆုံးမြင်တဲ့ ပုဂ္ဂိုလ်၊ အကောင်းဆုံး ဘုရားရှင်ကိုယ်တော်မြတ်ကို တွေ့ရတဲ့ပုဂ္ဂိုလ်ပဲ။ အဲဒီ။ ပုဂ္ဂိုလ်တို့ရဲ့ ပူဇော်ခြင်း ကတော့ ပြောစရာမရှိဘူး။ ဘုရားရှင်ကိုယ်တော်မြတ်အပေါ်မှာ ကောင်းကောင်း စိတ်ရောက်သွားပြီးတော့ အကောင်းဆုံး ပူဇော်ခြင်းဖြင့် ပူဇော်ရာ ရောက်တယ်။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကိုာတကယ်မြင်တဲ့ ပုဂ္ဂုုလ်အဖြစ်ဖြင့် ပူဇော်နိုင်အောင်လည်း ဘုန်းကြီးတို့ ဒကာဒကာမတွေ ကြိုးစားကြရတယ်။ အဲ- လောကမှာ ဘုရားကို မြင်တယ်ဆိုတာ ဂုဏ်တော်ကို မြင်တား ဘုရားရှင် ကိုယ်တော်မြတ်ကို ပူဇော်တယ်ဆိုတာ ဂုဏ်တော်တွေကို အာရု ပြုပြီး ပူဇော်ကြ။ အဲသလို ပူဇော်မှ ဘုရားမြင်တယ်။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကို၊ မူဇော်တော့မယ်ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေမှာ စိတ်ရောက်ပြီးတော့ ပူဇော်ကြရတယ်။
ယနေ့ ဘုရားရင်ကိုယ်တော်မြတ်ကို ပူဇော်ကြတယ်4 တရားတော်ကို ပူဇော်ကြတယ် သံဃာတော်တွေကို ပူဇော်ကြတယ်။ အားလုံးပူဇော်ကြတဲ့ အခါမှာ ဘုရားရှင်ကိုယ်တော်မြတ် အလိုကျအောင် ပူဇော်ဖို့ အရေးကြီးတယ်။ အဲ-ပူဇော်တယ်ဆိုတာ အာမိသပူဇာ ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း၊ ဓမ္မပူဇာ- တရားဖြင့် ပူဇော်ခြင်းလို့ ပူဇော်ခြင်းနှစ်မျိုးရှိတယ် အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို သောက်တော်ရေ ဆီမီး၊ ပန်း၊ ဆွမ်းအာဟာရရမိိုးစုံဖြင့် ပူဇော်တာလည်းတစ်မျိုးး အဲ- သရဏဂုဏ် သီလ၊ သမာဓိ ဝိပဿနာတရား တို့ဖြင့် ပူဇော်ခြင်းက တစ်မျိုး။ အဲဒီလို အာမိသပူဇာ။ ဓမ္မပူဇာနစ်မျို ဖြင့် ပူဏေါ်ကြရတယ်။
ပစ္စည်းဝတ္ထုဖြင့် ပူဇော်ရုံနဲ့ ဘုရားရှင် အကြ်ုက် မကျသေးဘူး။ တရားဖြင့် ပူဇော်ခြင်း ဓမ္မပူဇာဖြင့် ပူဇော်မှသာ ဘုရားရှင်အလိုတော်ကျ ဖြစ် တယ်။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူခါနီး နတ်ဗြဟ္မာတွေက အကြီးအကျယ် ပူဇော်။ မကြုံစဖူး တူးထူးကဲကဲ နတ်ဗြဟ္မာတွေက ဘုရားရှင် ကိုယ်တော်မြတ်ကို ပူဇော်ကြတာကို မြင်တော်မူတော့ ဘုရားရှင် ကိုယ်တော် မြတ်က ရှင်အာနန္ဒာကို မိန့်ကြားတော်မူခဲ့တယ်။ အာနန္ဒာ။ ငါဘုရားကို ယခုကဲ့သို့ အတိုင်းအဆမရှိအောင် ထူးထူးကဲကဲ ပူဇော်ခြင်းဖြင့် ပူဇော်ရာ မရောက်သေးဘူး။ အဲ-ဓမ္မာနုဓမ္မပဋိပတ် အကျင့်မြတ်ဖြင့် ပူဇော်မှသာ ငါဘုရားကို ပူဇော်ရာ ရောက်တယ်ဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် မိန့်ကြားတော်မူခဲ့တယ်။
ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကို ပူဇော်ခြင်းဟာ အာမိသပူဇာ။ ဓမ္မပူဇာလို့ ပူဇာနှစ်မျိုးတို့တွင် ဓမ္မပူဇာကို ဘုရားရှင်ကိုယ်တော်မြတ် အလွန် နှစ်သက်တော်မူတာ ဖြစ်သောကြောင့် ပစ္စည်း၀တ္ထုဖြင့် ပူဇော်ခြင်းဟာ အကျိုးရှိသော်လည်း ဘုရားရှင်ကိုယ်တော်မြတ် စိတ်ကြိုက် အလိုတော်ကျ မဟုတ်သေးဘူး။ ပဋိပတ္တိပူဇာခေါ်တဲ့ အကျင့်ဖြင့် ပူဇော်ခြင်းကိုသာ ဘုရားရှင် ကိုယ်တော်မြတ်လိုလားတော်မူတယ် / အဲယနေ့ ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်ကြတဲ့ အခါသမယမှာ အာမိသပူဇာဖြင့် ပူဇော်ရုံမျှဖြင့် တင်းတိမ်ရောင့် ရဲမှု မဖြစ်ကြဘဲ နဲ့ ဓမ္မပူဇာခေါ်တဲ့ တရားအကျင့်ဖြင့်လည်း ပူဇော်ကြရတယ်။
ဓမ္မာနုဓမ္မပဋိပတ်၊ အကျင့်မြတ်ဆိုတာ- သရဏဂုံကစပြီးတော့ သီလ၊ သမာဓိ ပညာ။ ဝိပဿနာတရားထူး တရားမြတ်တွေကို ကျင့်ခြင်းဖြင့် ပူဇော် တာကို ဓမ္မပူဇာလို့ ခေါ်တယ်။ ယနေ့ ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်မှု နဲ့ ကြုံကြတဲ့ အခါသမယမှာ အာမိသပူဇာဖြင့် တင်းတိမ်ရောင့်ရဲမှု မဖြစ်ကြ ဘဲနဲ့ ဓမ္မပူဇာခေါ်တဲ့ တရားကို ကျင့်ခြင်းဖြင့်လည်း ပူဇော်ကြရတယ်။ မြတ်နိုးကြရတယ်။ အ- ဘုရားရှင်ကိုယ်တော်မြတ် အလိုကျအောင် လိုက်နာ ဆောင်ရွက်ပေးကြရတယ်။
ယနေ့ ဗုဒ္ဓဘိသေကမင်္ဂလာ အနေကဇာတင်မှုနှင့် ကြုံကြိုက်တဲ့အခါ တို့တစ်တွေ အာမိသပူဇာနဲ့ရော။ ဓမ္မပူဇာနဲ့ပါ ထူးထူးခြားခြား ပူဇော်တယ်လို့ အဓိဋ္ဌာန်ထားတဲ့အတိုင်း ဘုရားကို တကယ်မြင်အောင် ဓမ္မာနဓမ္မပဋိပတ်
အကျင့်မြတ်ဖြင့် အဆုံးရောက်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန် သတည်း
(သာဓု သာဓု သာဓု)
တိဋ္ဌနေ နိဗ္ဗူတေစာပိ သမေစိတ္တေ သမံဖလံ။
စေတော ပဏိဓိ ဟေတူ ဟိ သတ္တာ ဂစ္ဆန္က် သုဂတိံ။
တိဋ္ဌန္တေ။ သက်တော်ထင်ထင် တည်ရှိစဉ်၀ယ် ဖူးမြင်အပ်ငြား မြတ်စွာဘုရားခဋ်လည်းကောင်း၊ နိဗ္ဗုတေစာပိ။ ပရိနိဗ္ဗာန် ဝင်စံကြွသွား မြတ်စွာဘုရားဒဋ်လည်းကောင်း၊ စိတ္တေ၊ စိတ်ထားသည် သမေ တူမျှသည် ရှိသော်၊ ဖလ အကျိုးသွားသည်လည်း၊ သမ တစ်ပြေးတည်း တူမျှသည်သာ လျှင်တည်း။ ဟိ-သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ဥ1 ပရိနိဗ္ဗာန် ဝင်စံကြွသွား မြတ်စွာဘုရားတို့ အပေါ် ပူဇော်ရာဠ် စိတ်ထားတူမျှသည်ရှိသော် အကျိုးပေးလည်း တူမျသည်ဆိုသော စကားမှန်ကန်လှပါပေ၏။ သတ္တာ သူသူငါငါ သတ္တဝါမှန်သမျှတို့သည် စေတောပဏိဓိဟေတူ စိတ်ထား ကောင်းကောင်း အကြောင်းရင်းမှန် အခြေခံအရ၊ သုဂတိံ ကောင်းသောသုဂတိ။ ကုသိုလ်ရှင်တို့ဓစး လားရောက်ရာ သုဂတိဘဝသို့၊ ဂစ္ဆန္ဘံ ကောင်းစွာမသွေ လားရောက်ကြရစေကုန်သတည်း။
(သာဓု သာဓု သာဓု)
အဲ-သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ဉ်လည်းကောင်း။ ပရိနံဗ္ဗာန်၀င်စံကြွသွား မြတ်စွာဘုရားခ်လည်းကောင်း စိတ်ထားတူရင် အကျိုး ပေးလည်း အတူတူပါပဲတဲ့။ အဲ-ဘာကြောင့်တုံးဆိုတော့ ဟိ ထိုစကား မှန်လှပါပေ၏။ သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော်မြတ် ပူဇော် ရတာနဲ့ ပရိနိဗ္ဗာန်ဝင်စံကြွသွား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကို ပူဇော်ရခြင်းသည် (နဲ့) စိတ်ထားတူရင် အကျိုးပေးလည်း တူသည်ဆိုတဲ့ စကားသည် အမှန်ပဲတဲ့ ဒါဟာ ယုတ္တိရှိပါတယ်တဲ့။
ဘာကြောင့်တုံးဆိုတော့ သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော် မြတ်ကို ပူဇော်ရင်လည်း ဂုဏ်တော်တွေကို အာရုံပြုပြီး ပူဇော်ကြ ကာပဲ။
ထို့အတူပဲ ရှင်တော်မြတ်ဘုရားရဲ့ ကိုယ်တော်စား ဓာတုစေတီ။ ဓမ္မစေတီ။ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ စေတီတော်လေးပါးတို့၌ အဲ-ရှိခိုးကြ။ ပူဇော်ကြ၊ လှူဒါန်းကြ၊ ကောင်းစွာ ပူဇော်ကြ။ ကောင်းမှုတွေပြုကြ၊ အဲဒီ ပြုကြတဲ့အခါမှာလည်း အဲ-ဒီဆင်းတုတော်ပုံကလေးမျှသာ စိတ်မရောက် ဘဲနဲ့ ထိုဆင်းတုတော်စေတီတော်ဥဒ္ဒိဿစေတီတော်မြတ်ကို ပူဇော်တဲ့အခါမှာ အဲ- ဂုဏ်တော်တွေအပေါ်မှာ စိတ်ရောက်တဲ့ အရဟံ၊ ဗြဟ္မာနတ်လူ သုံးဘုံ သူတို့စ၊ါ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ မြတ်စွာဘုရား၊ အရဟံ တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတော်မူတဲ့ မြတ်စွာဘုရား၊ သမ္မာသမ္ဗုဒ္ဓေါ။ သိစရာရှိသမျှ တရားအလုံးစုံတို့ကို သဗ္ဗညုတာ ဉာဏ်တော် ကြီးဖြင့် လုံးဝကုန်စင် အမှန်အတိုင်း သိမြင်တော်မူသော မြတ်စွာဘုရား ဝိဇ္ဇာစရာဏ သမ္ပန္နော။ ပုဗ္ဗေနိဝါသ ဒိဗ္ဗစက္ခု အသာ၀က္ခယ ဝိဇ္ဇာသုံးပါး။ ဝိဇ္ဇာရှစ်ပါးအသိဉဉာဏ်တရား၊ အဲ- သီလသံ၀ဝရ အစရှိသော အကျင့်တရား အသိဉာဏ် ဝိဇ္ဇာအကျင့်စရဏတရားတို့နှင့် ပြည့်တော်မူသော မြတ်စွာဘုရား စသည်ဖြင့်ပေ လေ။
ဘုန်းကြီးတို့ ဂုဏ်တော်ကိုးပါး၊ ဂုဏ်တော်အနန္တ ) ရရာဂုဏ်တော်တွေ မိမိတို့ လက်လှမ်းမီသမျှ ဂုဏ်တော်တွေကို အာရုံပြုပြီးတော့ ဆင်ခြင်ပြီးတော့ အောက်မေ့ပြီးတော့ ပူဇော်ကြရတယ်။ အဲဒီလိုပူဇော်မှ ဘုရားရှင်ကိုယ်တော်မြတ် ပူဇော်တာနဲ့ ထပ်တူညီမျှ အကျိုးရနိုင်တယ်။ ဘုရားရှင်ကိုယ်တော်မြတ် ပူဇော်တဲ့အခါမှာ ဂုဏ်တော်ကြီးကိုသာ ပြောပြီး ကြည်ည်ုရတာမို့ ဂုဏ်တော် ကို အာရုံပြုပြီး ကြည်ညိုရတယ်။ ဂုဏ်တော်ကို အာရုံပြုပြီး ကြည်ညိုမှ တကယ့်ဘုရားမှာ စိတ်ရောက်တယ်။ ဂုဏ်တော်ကို အာရုံပြုပြီး မကြည်ည်ု တတ်ရင် တကယ့်ဘုရားမှာ စိတ်မရောက်ဘူး။ ကလေးသူငယ်များ ဘုရားပူဇော်တာလို ဉာဏ်မပါတဲ့ ပူဇော်မှု။ အဲဒီဉာဏ်မပါတဲ့ ပူဇော်မူကို ဉာဏဝိပ္ပယုတ်ပူဇော်မှုလို့ဆိုတယ်။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်တဲ့အခါလည်း ဂုဏ်တော်အပေါ်မှာ စိတ်ရောက်ရတယ် 1
ကိုယ်တော်ရဲ့ ကိုယ်တော်စား ဓာတ်တော် ဓာတုစေတီ။ ဓမ္မစေတီ အဲ- ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားတော်တွေ၊ ပရိဘောဂစေတီး ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အသုံးအဆောင်ဖြစ်တဲ့ ဗောဓိပင်တို့၊ တောင်ဝှေးတို့။
သပိတ်တို့၊ သင်္ကန်းတို့ အသုံးအဆောင်တွေ ပရိဘောဂစေတီ။ အဲ- ဥဒ္ဒိဿစေတီ ဘုရားရှင် ကိုယ်တော်မြတ်ကို ရည်ရွယ်ပြီးတော့ ပုံတော်တွေ ထုလုပ်ပြီး ကိုးကွယ်ကြရတဲ့ စေတီတော်တွေ ဥဒ္ဒိဿစေတီ။ အဲဒီစေတီ လေးပါး ပူဇော်တဲ့အခါမှာလည်း သည်စေတီ လေးပါးအပေါ်သာ စိတ်ရောက် ရတာမို့လို့ စိတ်က စေတီတော်တွေကိုပူဇော်ရသော်လည်း စိတ်က သက်တော် ထင်ရှား ဘုရားရှင်ရဲ့ ဂုဏ်တော်အပေါ် စိတ်ရောက်ရတယ်။
အရဟံ ဂုဏ်တော်အောက်မေ့ပြီးတော့ ပူဇော်ရတယ်။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်၊ ဝိဇ္ဇာစရဏ သမပန္နဂုဏ်တော် အစရှိသော ဂုဏ်တော်တွေ အသင်္ခ္ရေ အနန္တ အပ္ပမေယျ တိုင်းတာလို့မရ။ နှိုင်းယှဉ်လို့မရ။ ကုန်အောင် ပြောလို့ မရလောက်အောင် ပေါများကြွယ်ဝလှတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်တွေထဲက မိမိလက်လှမ်းမီရာ မိမိဉာဏ်မီရာ မိမိရသလောက် ဂုဏ်တော်တွေကို အာရုံပြုပြီးတော့ ပူဇော်ရတယ်။ အဲဒီလို ပူဇော်ရင် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်ရသလိုပဲ။ အဲ- အတူတူပဲတဲ့။ အကျိုးအတူတူရတယ်။ အကျိုးအတူတူရတယ်ဆိုတာ မကျေနပ် မှာစိုးလို့
အဲ-ဘုရားရှင်ကိုယ်တော်မြတ်က စေတောပဏိီဓိ ဟေတူဟိ သတ္တာ ဂစ္ဆန္တိ သုဂတိံ။ ဟိုက သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကြီးပဲ။ အခုဟာက ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ပုံတော်ဖော်ထားတဲ့ ဆင်းတုတော် တွေပဲ။ တစ်ခြားစီပဲ ဘယ်မှာများ အကျိုးတူရနိုင်မှာတုန်းဆိုတဲ့ အမေးကို စေတော ပဏိဓိဟေတူဟိ သတ္တာဂစ္ဆနသုဂတိံ ဟိ၊ သက်တော် ထင်ရှားရှင် တော်မြတ် ဘုရားနှင့် ပရိနိဗ္ဗာန် ဝင်စံကြွသွား ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ပူဇော်ရာခ် စိတ်ထားတူမျှသည်ရှိသော် အကျိုးပေးလည်း တူမျှသည် ဆိုသော စကားသည် မှန်လှပါပေ၏ / သတ္တာ။း သူသူငါငါ သတ္တဝါအများတို့သည် စေတော ပဏိဓိဟေတူး စိတ်ထားကောင်းခြင်း အကြောင်းမှန် အခြေခံအရ။ သုဂတိံ သုဂတိဘဝသို့၊ ဂစ္ဆန္တ်၊ လားရောက်ကြရကုန်သတည်း လို့ ဘုရားရှင် ကိုယ်တော်မြတ်က အကြောင်းပြခဲ့တယ်။
အဲ-စိတ်ထားတူရင် အကျိုးပေး တူတယ်ဆိုတာ မှန်တယ်။ ဘာကြောင့်တုံးဆိုရင် စိတ်ပဲ အကျိုးပေး ဆိုတာ စိတ် စိတ်စေတနာကသာ
အကျိုးပေးနိုင်တယ်။ ကုသိုလ်စိတ်ကသာ အကျိုးပေးမှာ။ အဲဒီ ကုသိုလ် စိတ်ကတူရင် ကိုယ်တော်တွေက ကွဲပြားသော်လည်း အကျိုးပေးက မကွဲပြား တော့ဘူး အကြောင်းပြတယ်။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ဘုရားပူဇော် ပူဇော်' တရားပူဇော် ပူဇော်၊ သံဃာပူဇော် ပူဇော်။ စိတ်ထား အဲဒီ ဘုရား အပေါ်ရောက်လို့) တရားအပေါ်ရောက်ဖို့) စိတ်ထားက တကယ့်ဘုရား အစစ်အပေါ် ရောက်ဖို့ အရေးကြီးတယ်။ အဲသလို ရောက်နိုင်ရင် ခုနပြောသလို အကျိုးပေးတူတယ်လို့ ဆိုရတယ်
အဲဒီတော့ ဘယ်ကိစ္စမဆို မိမိတို့လူကြီးတွေ ဖြစ်ပေမယ့် ကလေးစိတ်မျိုး။ ကလေးရဲ့ ပူဇော်ခြင်းမျိုးဖြစ်တဲ့ နားမလည်ရင် ကလေးရဲ့ပူဇော်ခြင်းမျိုး ဖြစ်တယ်။ ဉာဏဝိပ္ပယုတ် သရဏဂုံတွေဖြစ်၊ ဉာဏ်ဝိပ္ပယုတ်ဘုရားပူဇော် မှုတွေ ဖြစ်ကြ ဉာဏသမ္ပယုတ် ဉာဏ်ယှဉ်တဲ့ ကုသိုလ်မျိုးမရောက်တတ်ကြ။ ဉာဏ်ပါတဲ့ ကုသိုလ်မျိုးနှင့် ကင်းနေတတ်ကြတယ်။ ဒါကြောင့် လူကြီးပေမယ့် တချို့ အဲ-ဉာဏ်မပါတဲ့ ကလေးရဲ့ ကုသိုလ်မျိုး ရရှိတတ်ကြတယ်။ ဒါကြောင့်မို့ လူကြီးပီပီ ဘုရားအပေါ်မှာ စိတ်ကောင်းကောင်းရောက်အောင် ကြိုးစား ကြရတယ်။
အဲသလို ကြိုးစားကြတဲ့အခါမှာ အဲ-ဂုဏ်တော်တွေ ဖော်ကျူးထားတဲ့ ဘုရားရှိခိုးတွေ များများကျက်ရတယ်။ အေး- ဘုရားဂုဏ်တော်တွေ အများထဲက အထူးသဖြင့် ဂုဏ်တော် (၉)ပါးဆိုရင် အတော်လုံလောက်ပါပြီ။ ဂုဏ်တော် (၉)ပါးကို အနက်ကလေးရပြီးတော့ ပူဇော်ရမယ်ဆိုရင် အနက်ကလေး တွေးပြီးတော့ ပူဇော်ရမယ်ဆိုရင် အဲဒါ အကျိုးပေးတဲ့ ပူဇော်မူုမျိုးအဖြစ်သို့ ရောက်ရတယ်။ အဲ-ဒီလိုမဟုတ်ဘဲနဲ့ သူများဘုရားဆိုလို့ ဘုရားလိုက်ရ။ မိရိုးဖလာအတိုင်း ဘုရားဆိုလို့ ဘုရားလိုက်ရတယ်ဆိုရင် အကျိုးတယ်မရဘူး [ ကလေးပူဇော်မှုမျိုး ဉာဏဝိပ္ပယုတ်ဆိုတယ်။ အဲဒီပုဂ္ဂိုလ်မျိုးတွေက သရဏ ဂုံဆောက်တည်လည်း ဉာဏဝိပ္ပယုတ် သရဏဂုံသာရတယ်။ ဉာဏသမ္ပယုတ် ဆိုတဲ့ ဉာဏ်ယှဉ်တဲ့ သရဏဂုံမျိုး မရောက်နိုင်ဘူး ဘုရားရှိခိုးတယ်။ ဉာဏ် ဝိပ္ပယုတ်ဘုရားရှိခိုးသာဖြစ်တယ်။ ဉာဏ်သမ္ပယုတ်ဆိုတဲ့ ဘုရားရှိခိုးအဖြစ်သို့ မရောက်နိုင်ဘူး
ဒါကြောင့် ဘုရားရှိခိုးသလောက် အကျိုးရအောင် ဘုရားပူဇော် သလောက် အကျိုးရအောင်ဆိုရင် မိမိတို့ဘုရားဂုဏ်တော်တွေ ကြပ်ကြပ်ပွားများ ပြီးတော့ နားလည်ကြ၊ ဆင်ခြင်တတ်စေရတယ်။ အဲသလို ဆင်ခြင်တတ်။ အောက်မေ့တတ် အဲ-ပွားများတတ်မှ မိမိတို့ ဘုရားပူဇော်မှုဟာ အကျိုးရှိတယ်။ တရားပူဇော်မှုဟာ အကျိုးရှိတယ်။ သံဃာပူဇော်မှုလည်း အကျိုးရှိတယ်။ ဒါကြောင့် အဲ-ကုသိုလ်အရာမှာတော့ ဉာဏ်ပါဖို့ဟာ အင်မတန် အရေး ကြီးတယ်။ ဉဉာဏ်ပါလေ မိမိတို့ ကုသိုလ်ဟာ အကျိုးကြီးလေ။ အဲ-ကုသိုလ် တစ်ခုပြု တစ်ခုဆိုရလောက်အောင် တကယ်ပီပီပြင်ပြင် အောင်အောင်မြင်မြင် ပြည့်ပြည့်ဝဝ အကျိုးရနိုင်တယ်။ ဒါ ကြောင့်မို့လို့ ဘယ်ကိစ္စမှာမဆို ကုသိုလ် အရေးနှင့် ဆိုင်ရာကိစ္စတွေမှန်သမျှ ဉာဏ်ပါ ဖို့ အရေးကြီးတယ်လို့ နားလည် ပြီးတော့ မိမိတို့ပြုတဲ့ ကုသိုလ်အပေါ်မှာ အဲ- နားလည်အောင် ဘာသာရေး ဗဟုသုတတွေ ကြွယ်ဝအောင် ကြုံးစားခြင်းဖြင့် ဘုရားကောင်းကောင်းပူဇော် တတ်အောင်။ တရားကောင်းကောင်းပူဇော်တတ်အောင်။ သံဃာကောင်းကောင်း ပူဇော်တတ်အောင် ကြိုးစားခြင်းဖြင့် ကုသိုလ်တွေ အကျိုးရအောင် အကျိုး ရှိအောင် ပြုလုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဗုဒ္ဓဘာသာနှစ်မျိုး (တရားပဒေသာဩဝါဒ)
သဒ္ဓါ ဗုဒ္ဓဘာသာ ပညာဗုဒ္ဓဘာသာလို့ နှစ်မျိုးရှိတယ် သဒ္ဓါဗုဒ္ဓဘာသာ ဆိုတာက မိရိုးဖလာ မိဘတွေက ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာဖြစ်နေကြ ရတာ။ ဗုဒ္ဓဘာသာနဲ့ စပ်ပြီးတော့ ဘာမှ မည်မည်ရရ ကောင်းကောင်း မွန်မွန်တော့ သိတာမဟုတ်ဘူး
ပညာ ဗုဒ္ဓဘာသာဆိုတာက ဘုရားအကြောင်း သိတယ်။ တရား အကြောင်း သိတယ်။ သံဃာအကြောင်း သိတယ်။ ကုသိုလ်ကောင်းမှုတွေရဲ့ အကြောင်း သိတယ် တော်တော် ရေရေလည်လည် သိပြီးတော့ ဘုရား ကိုးကွယ်ကြ၊ တရား ကိုးကွယ်ကြ၊ သံဃာ ကိုးကွယ်ကြ ပုဂ္ဂိုလ်တွေကျတော့ ပညာဗုဒ္ဓဘာသာ ခေါ်တယ်။
လောကမှာ သဒ္ဓါ ဗုဒ္ဓဘာသာသက်သက်ဆိုရင် ကုသိုလ်တော့ ရ တာပေါ့ လေးလေးနက်နက်တော့မရှိလှဘူး။ ဒါနပြုရင် ကောင်းကျိုးများများ ရတယ်လို့ နားမလည်ကြဘူး။ ဘယ်လို စိတ်ထားရမယ်။ ဘယ်လိုပြုရင် ဘယ်လို ကောင်းကျိုးတွေ များများရမယ်ဆိုတာ နားမလည်ကြဘူး)
သီလဆောက်တည်ရင်လည်း ဘယ်လိုဆောက်တည်တာက အကျိုးရှိ တယ် ဒီလိုကောင်းကောင်းမွန်မွန် ရေရေလည်လည် နားလည်တာမဟုတ်ဘူး။ ဘာဝနာစီးဖြန်းလည်း အတူတူပဲ။ ကောင်းကောင်းမွန်မွန် နားလည်ရမယ်
အဲသလို ဗုဒ္ဓဘာသာဝင်ဆိုင်ရာ ဘယ်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် နားလည်မှုတော့ သိပ်မရှိလှဘူး။ ဒါပေမဲ့ ကုသိုလ်ရမှန်းတော့ သိကြတာပဲ အဲဒါမျိုးကို သဒ္ဓါဗုဒ္ဓဘာသာလို့ ခေါ်တယ်။
အဲသလို မဟုတ်ဘဲနဲ့ ကိုယ်က ဉာဏ်ရှိတယ်။ လေ့လာထားတာ။1 ဘုရားတရားတော်တွေ တတ်နိုင်သလောက် လေ့လာထားတော့ ဘယ်လိုလှူရင် အကျိုးရှိတယ်' ဘယ်လိုလှူရင် အကျိုးမရှိဘူးဆိုတာ နားလည်တယ်။
ဘုရားကို ဘယ်လိုလှူရင် အကျိုးရှိတယ်။ ဘယ်လိုလှူရင် အကျိုးမရှိဘူး ဆိုတာ နားလည်ထားတယ်။
အဲဒီတော့ နားလည်မှုဟာ အင်မတန်အရေးကြီးတယ်။ နားလည်မှု ရှိမှ ကိုးကွယ်မူဟာ လေးနက်တယ်။ လေးနက်မှ အကျိုးများလည်း ကောင်း ကောင်းရတတ်တယ်။ ဒါကြောင့် ပညာဗုဒ္ဓဘာသာဆိုတဲ့ ပညာရှိတဲ့ ဗုဒ္ဓ ဘာသာဖြစ်ဖို့ အရေးကြီးတယ်။
ဂုဏ်တော်ပွားများပုံ
ဗုဒ္ဓါနုဿတိ ဘာဝနာဆိုတာက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ အာရုံပြု မိရတယ် ဂုဏ်တော်ကိုးပါး အရဟံဆိုရင် အားလုံးသိကြတယ်။ အဲဒီတော့ အရဟံရဲ့အနက်က ပူဇော်အထူးကို ခံတော်မူထိုက်တယ်။ ခံတော်မှုထိုက်တဲ့ ဘုရားလို့။ အဲဒီဥစ္စာကို ဘုရားရှင်ရဲ့ ပူဇော်ခံထိုက်ပုံကို ပေါ်လွင်အောင် စိတ်ထဲမြင်လာအောင် ဆင်ခြင်ပြီး အာရုံပြုနိုင်ပို့ အရေးကြီးတယ်။
ဘုန်းကြီးတို့ အရဟံဂုဏ်တော် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ပူဇော်အထူး ခံတော်မူထိုက်ပုံဆိုတာကတော့ တခြားရှာနေစရာ မလိုဘူး။ ဘုန်းကြီးတို့ ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံစေတီတော်' ဆူးလေစေတီတော် စသည်ဖြင့် စေတီတော်တွေကို ကြည့်လိုက်ရင်ပဲ ဘုရားရှင်ကိုယ်တော်မြတ် ဘယ်မျှပူဇော်ခံရတယ်ဆိုတာ ထင်ရှားတာပဲ။ ဒီစေတီတော်တွေကို အာရုံပြု ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ဟာ တကယ့်ကို သူမတူအောင် အများ ပူဇော်ခြင်းခံရတဲ့ တကယ့်ပုဂ္ဂိုလ်ထူး။ ပုဂ္ဂုုလ်မြဟ်ပါလားလို့ အောက်မေ့နိုင် တယ်။
အဲသလို အရဟံနဲ့တင်မပြီးဘဲနဲ့ ဂုဏ်တော်တွေရအောင် ပွားရတယ်။ အဲသလောက်ထိအောင် အပူဇော်ခံရတာဟာ ဘာကြောင့်တုံးလို့ တစ်ဆင့် တွေးလိုက်တော့ တခြားကြောင့်မဟုတ်ဘူး' တကယ့် သဗ္ဗညုတဉာဏ်တော် ကြီးကြောင့် တကယ့်ကို ခန္ဓာကိုယ်မှ ကိလေသာအညစ်အကြေးတွေ ကင်း ဝေးအောင် စင်ကြယ်အောင်။ သုတ်သင်နိုင်။ ရှင်းလင်းနိုင်လို့ ဘယ်ကိလေသာ ဘယ်အညစ်အကြေးမှ ဘုရား ရှင်ကိုယ်တော်မြတ်မှာ မတင်ဘူး။ အဲဒီ ကိလေသာ
အညစ်အကြေး ကင်းဝေးသန့်ရှင်း စင်ကြယ်မှုဟာလည်းပဲ ဘုရားရှင်ကိုယ် တော်မြတ် ပူဇော်အထူးကို ခံထိုက်တဲ့ ဂုဏ်တစ်ရပ်ပဲမှတ်၊။
ဗုဒ္ဓနုဿတိဆိုတာက အရဟံရွတ်ဆိုနေရုံနဲ့ မပြီးဘူး။ အဓိပ္ပာယ် လေးလည်းမှန်အောင် နလုံးသွင်းကြရတယ်။ ဂုဏ်တော်တွေ ဆိုက်အောင် တကယ့် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်တွေ ရောက်အောင် အာရုံပြုမိတတ်ကြရတယ်။ ဘုရားလည်း ရှိခိုးကြရတယ်။ ဘုရားရှိခိုးတွေ ကျက်ထားရတယ်။ ဘုရားရှိခိုးတွေကိုဆိုတာ ဂုဏ်တော်တွေ ဖော်ထားတာ။
စိတ်ဖြင့်မွားလည်းဖြီးပါတယ်
ဘုရားရှိခိုးဆိုရင် သူများအနှောင့်အယှက်ဖြစ်အောင်လည်း မရှိခိုး ရဘူး။ ဘုန်းကြီးတ (ကျောင်းတိုက်မှာ အခု ဒကာတွေ ကျောင်းထဲအိပ် ကြတယ်4 မနက် မနက် ဘုရားရှိခိုး ကျယ်ကျယ်လေး ရှိခိုးကြတယ်။ အမှန်က ဘုန်းကြီးတို့က ကျောင်းထဲက ဦးဇင်းတွေတောင် မနက်ကို စာကျယ်ကျယ် မအံရဘူးလို့ ပညတ်ထားတယ်။ ဘာဖြစ်လို့တုံးဆိုတော့ တရားနှလုံးသွင်းတဲ့ပုဂ္ဂိုလ်တွေး စာနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်တွေ အနှောင့်အယှက် ဖြစ်မှာစိုးလို့။ အဲဒါကြောင့် ဘုရားရှိခိုး ကျယ်ကျယ်ခိုးတတ်တဲ့အကျင့်ကိုတော့ ကိုယ်နေရာကိုယ် လွတ်လွတ်လပ်လပ် ဘယ်သူမှ အနှောင့်အယှက်မဖြစ်တဲ့ နေရာမျိုးတော့ ဟုတ်တာပေါ့။ ဘုန်းကြီးတို့ ကျောင်းထဲကန်ထဲကျတော့ မနက်ခင်းဟာ ဆိတ်ငြိမ်တဲ့အခါအဖြစ်နဲ့ သတ်မှတ်ထားတဲ့အချိန်။ အဲဒီ အချိန်မှာ စာကျယ်ကျယ်အံ ဦးဇင်းတွေကိုတောင် တားမြစ်ထားတယ် မအံ ရဘူး။ အံချင်ရင် တိုးတိုး။ အဲဒါကြောင့် တစ်ခါတစ်ခါ ဘုရားရှိခိုးပေမယ့် သူတစ်ပါးကို အနှောင့်အယှက် ဖြစ်စေတတ်တယ်။
အဲဒါကြောင့် မနက်စောစောဆိုတော့ တရားကို နလုံးသွင်း။ ဘုရား
ဂုဏ်တော် နှလုံးသွင်းချင်ရင်လည်း စိတ်ထဲက နှလုံးသွင်းပေါ့ ဘုရားရှိခိုး
ချင်ရင်လည်း တိုးတိုးပေါ့။ ဘာဝနာဆိုတာကတော့ မနောကံ။ မနောကံဆိုတာ ကတော့ စိတ်ထဲက ပွားများရင် ပြီးတာပဲ။ သို့သော်လည်းပဲ စိတ်ထဲက ပွားများမှုကို အားပေးတဲ့ နှုတ်ဖြင့် ရွတ်ဆိုပူဇော်မှုကိုလည်း ပြုနိုင်တာပါပဲ။
သို့သော်လည်းပဲ ခုနက ပြောခဲ့သလို သူတစ်ပါး အနှောင့်အယှက် မဖြစ် အောင်တော့ သိပ်ကျယ်ကျယ်ကြီး ဘုရားရှိခိုးမှုကို ရှောင်ကြရင်ကောင်းမယ်။ မနက်စောစောကို တိုးတိုးရှိခိုးရင် အသံ ဒီလောက်မကြားရဘူး။ သို့မဟုတ် စိတ်ဖြင့်သော်လည်း ရှိခိုးလည်း ရတာပဲ အတုမရှိတဲ့ဘာဝနာ
ဗုဒ္ဓါနုဿတိ ဘာဝနာကို ဘာဝနံ- ဘာဝနာတို့တွင်၊ အနုတ္တရံ- အတုမရှိ မြတ်သောလို့။ အတုမရှိ မြတ်တယ်လို့ ဒီလို ချီးကျူးထားတာ ရှိတယ်။
အမှန်ကတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ အတုမရှိတဲ့ ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော်တို့နှင့် ပြည့်စုံသောကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ဟာ အတုမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ဘုရားရှင် ကိုယ်တော် မြတ်ကို အာရုံပြုရုတာပြစ်သောကြောင့် ဘာဝနာကိုလည္ပီး အတုမရွိလိ မိန့်ဆိုတော်မူခဲ့တယ်။ အဲဒါကြောင့် ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများမှုခ် ကြုံးစားကြပါ
ဘုရားဂုဏ်တော်ဟာ အင်မတန် ပွားများထိုက်တယ်။ ဘာကြောင့်တုံး ဆိုတော့ ဘုရားဆိုတာက တန်ခိုးအင်မတန်ကြီးတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ တန်ခိုး ကြီးတဲ့ ပုဂ္ဂိုလ်ကို အာရုံပြုမိရင် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်တော်တွေ ပူဇော်ရင် ကိုယ်လည်း တန်ခိုးကြီးတာပဲ။ ကိုယ်က သိသည်ဖြစ်စေ။ မသိသည် ဖြစ်စေ ကိုယ်က တန်ခိုးကြီးတာပဲ။
ပြီးတော့ ဘုရားကို အမြဲတမ်း အာရုံပြုပေးရင် ကိုယ့်အနားမှာ ဘုရားရှိနေသလိုပဲ။ ဘုရားနဲ့အတူတူ နေရသလိုပဲ။ ဒါကြောင့် ကုသိုလ်တွေ တိုးပွားရုံမက အကုသိုလ်တွေ မဖြစ်ပွားအောင်လည်း ရှောင်တတ်တယ်။ လောကမှာ အလေးပြုအပ်တဲ့ ဆရာသမား။ အလေးပြုအပ်တဲ့ မိဘနားမှာနေတဲ့ သားသမီး တပည့်တပန်းတွေဟာ မကောင်းမှုပြုရမှာ ဝန်လေးသလို ထို့အတူပဲ ဘုရားအနားမှာ ရှိနေတယ်လို့ သိနေတဲ့သူဟာ အကုသိုလ်တွေ မပြုဖြစ်။ ကုသိုလ်တွေ ဘုရားကြိုက်တဲ့ အလုပ်တွေကိုသာ လုပ်ဖြစ်တယ်။ ဒါကြောင့် ဘုရားဂုဏ်တော်ကို အားထုတ်မှုကိုတော့ မလစ်လပ်စေကြရဘူး။
သဗ္ဗတ္ထက ကမ္မဋ္ဌာန်းထဲသွင်းနိုင်
သဗ္ဗတ္ထက ကမ္မဋ္ဌာန်းဆိုတာ ရှိတယ်။ ဝိသုဒ္ဓိမဂ်မှာ မရဏဿတိ။ မေတ္တာ။ အချို့အလို အသုဘသညာလို့ သဗ္ဗတ္ထက သုံးပါးလာတယ်။ အလုံးစုံသောအရာ၌ အလိုရှိအပ်သောကြောင့် ဘယ်ကမ္မဋ္ဌာန်း အားထုတ် အားထုတ် ပွားပေးရမယ့် ကမ္မဋ္ဌာန်းဖြစ်လို့ သဗ္ဗတ္တက ဆိုတယ်။ မရဏဿတိ- ဆိုတဲ့ သေခြင်းတရား အောက်မေ့ပွားများရင် မကောင်းမှုမပျြဖြစ်။ သံဝေဂဂပွားပြီး တရားမဆုတ်မနစ် အားထုတ်ဖြစ်တယ်။ အသုဘဘာဝနာပွားပေးရင် လူ့အလှ မက နတ်အလှအာရုံများပင် မဆွဲနိုင်လို့ ကမ္မဋ္ဌာန်းအနောင့်အယှက် တပ်မက် မူကင်းတယ်။
မေတ္တာပွားပေးတော့ အားလုံးက ချစ်မြတ်နိုးလို့ မိမိကို စောင့်ရှောက် ကြ။ ဘယ်ကမှ ဘေးရန်မရောက်လာ ချမ်းသာစွာ ကမ္မဋ္ဌာန်းအားထုတ်နိုင် တယ်
အဲဒီလိုပဲ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဟာလည်း ဂုဏ်တော် အာရုံပြု ရလို့ ကြည်နူးရွှင်ပျလာတဲ့အခါ တခြားကမ္မဋ္ဌာန်း အားထုတ်လိုက်တော့ အဲဒီ ရွှင်ပျတဲ့စိတ်က တခြားကမ္မဋ္ဌာန်းကို အလွယ်တကူ ပေါ က်ရောက်အောင် အားပေးနိုင်တယ်။ ဒါကြောင့် သူကိုလည်း သဗ္ဗတ္ထက ကမ္မဋ္ဌာန်းထဲ သွင်း နိုင်ပါတယ် “ဗုဒ္ဓါနုဿတိ မေတ္တာစ အသုဘာ မရဏဿတိိ၊ ထိုထိုအရာမှာ စတုရာရက္ခလို့ ကိုယ်စောင့်တရားများလို့ အဆိုရှိပါတယ် အဲဒီအဆိုများ အရဆိုလျှင် မေတ္တာစသည်ကဲ့သို့ ဗုဒ္ဓနဿတိလည်း သဗ္ဗတ္ထက ဖြစ်နိုင်တယ်လို့ ဆိုရပါတယ်။ ဒီကမ္မဋ္ဌာန်းတွေကို ဘယ်လိုပုဂ္ဂိုလ် ပွားနိုင်သလဲ။ စွမ်းနိုင်သူမှ ဗုဒ္ဓါနုဿတိပွားနိုင်
ဘုန်းကြီးတို့ မေတ္တသုတ်များမှာ “သက္ကော ဥဇု စ သုဟုဇု စ သုဝစော စဿ မုဒု အနတိမာနိ စသည်ဖြင့် မေတ္တာရှေ့သွား အကျင့်တရား တစ်ဆယ့်ခြောက်ပါးရှိတယ်။ အဲဒီအထဲမှာ တစ်နံပတ် အကျင့်တရားဟာ သက္ကောစ-စွမ်းနိုင်သူလည်း၊ အဿဒ-ဖြစ်ရာ၏ / စွမ်းနိုင်သူလည်း ဖြစ်ရ မည်တဲ့။ မေတ္တာကမ္မဋ္ဌာန်း ပေါက်မြောက်အောင် ပွားများတဲ့ပုဂ္ဂုံလ်ဟာ။
သက္ကော- စွမ်းနိုင်သူဖြစ်ရမည်တဲ့။ ဒါဟာ မေတ္တာပေါက်မြောက်ကြောင်း အကျင့်တစ်ခု။ ဒီတော့ စွမ်းနိုင်သူဖြစ်ရရည်ဆိုတာ ဘာတုံးဆိုတော့ အဲဒီမေတ္တာတရားကို ယုံကြည်ရတယ်။ ဘယ်လို ယုံကြည်ရမလဲ-သဒ္ဓါတရား ရှိရမည်၊ မေတ္တာတရားအပေါ်မှာ သဒ္ဓါတရား ရှိရမည်၊ မေတ္တာအကျိုး တစ်ဆယ့်တစ်မျိုးတဲ့။
သုခ သုပတိ-ချမ်းသာစွာ အိပ်ရမည်၊ သုခ ပဋိဗုဇ္စျတိ-ချမ်းသာစွာ နိုးရရါ 1 န ပါပကံ သုပိနံ ပဿတိ-မကောင်းတဲ့အိပ်မက်ဆိုး မမြင်မက်။ မနုဿာနံ ပိယော ဟောတိ-လူတွေလည်း ချစ်မြတ်နိုးကြစါ / အမနုဿာနံ ပိယော ဟောတိ-နတ်တွေရဲ့ ချစ်မြတ်နိုးလည်း ခံရ၏ / ဒေဝတာ ရက္ခွန္တိ- နတ်တွေစောင့်ရှောက် ကြတယ်။ နဿ အဂ္ဂိ ဝါ သတ္ထံ ဝါ ဝိသံ ဝါ ကမတိ- မီးလည်းမသင့် မီးလည်းမလောင်။ လက်နက်တွေလည်း မစူးမရှ။ အဆိပ်လည်း ပြီးတယ် ဘယ်အဆိပ်မျိုး စားမိစားမိ မေတ္တာတကယ်လုံထားတဲ့ ပုဂ္ဂိုလ်ဟာ အဆိပ်မမိဘူးး အဆိပ်ဟာ ပြယ်ရတယ်။ တုဝနံ စိတ္တံ သမာဓိယတိ- စိတ်လည်း တည်ကြည်တယ်။ လျင်မြန်စွာ တည်ကြည်တယ်။ မုခဝဏ္ဍော ဝိပ္ပသီဒတိ- မျက်နှာအဆင်း ကြည်လင်တယ်။ အသမ္မုဠော ကာလံကရောတိ- မတွေမဝေ သေရ၏ / ဥတ္တရိ အပ္ပနိဓိဇ္စျန္တေက ဗြဟ္မလောကူပကာဟောတိ- မဂ်ဖိုလ်ဆိုတဲ့ အဆုံးမရောက်ရင် ဗြဟ္မာပြည် ရောက်ရတယ်တဲ့။ မေတ္တာ စျာန်လေး ရပြီးတော့ စုတေရင် ဗြဟ္မာပြည်ရောက်တယ် အဲသလို မေတ္တာအကျိုး ဆယ့်တစ်မျိုးတဲ့။
အဲဒီ ဆယ့်တစ်မျိုးကို ယုံကြည်ရတယ်။ ယုံကြည်တဲ့ သဒ္ဓါတရား ရှိရတယ်။ သဒ္ဓါတရားရှိရင် ဒီလူဟာ မေတ္တာပွားတော့မှာပဲ။ စွမ်းနိုင်တဲ့ပုဂ္ဂိုလ် ဆိုတာ ပညာရှိရတယ်။ အဲသလို အကျိုးဆယ့်တစ်ပါ။ ရနိုင်တယ်ဆိုတဲ့ ပညာရှိရတယ်။ သဒ္ဓါ၊ ပညာတရား နှစ်ပါးရပြီးရင် ကြိုးစားအားထုတ်မှု ဝီရိယ ရှိလာတယ်။ ဒါကြောင့် သဒ္ဓါ၊ ပညာ၊ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်ဟာ စွမ်းနိုင်တဲ့ ပုဂ္ဂိုလ်ပဲ။ အဲသလို မေတ္တာအကျိုးကို ယုံကြည်တယ် မေတ္တာ အကျိုးကို နားလည်တယ်။ နားလည်လို့ မေတ္တာတရားပွားဖို့ ကြိုးစားတယ်။ အဲဒီပုဂ္ဂိုလ်ဟာ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ပဲ။ ဒါကြောင့် စွမ်းနိုင်သူ ဖြစ်ရမယ်ဆိုတာ မေတ္တာအထမြောက်အောင် ပွားများပေးရတယ်။ မိမိတို့၌ ထူးခြားတဲ့
ဗုဒ္ဓကိုယ်စား ဘုရားတရားတော်တွေက ဘယ်လိုကျေးဇူးပြုတုန်း
ထက်သန်တဲ့ သဒ္ဓါတရား ရှိကြရတယ်။ ပညာတရား ဝီရိယတရား ရှိရ မယ်လို့ ဆိုတယ်။ အဲဒါကြောင့် မေတ္တာအကျိုးအပေါ်မူတည်ပြီး နားလည် ပြီးတော့ သဒ္ဓါ ပညာ ဝီရိယတရားရှိတဲ့ ပုဂ္ဂိုလ်ဟာ သက္ကော-အဲဒီမေတ္တာ တရား ပျံ့နှံ့အောင် ကြိုးစားနိုင်တဲ့ ပုဂ္ဂိုလ်ပဲ။ စွမ်းနိုင်တဲ့ ပုဂ္ဂိုလ်ပဲ။
အတူတူပေါ့။ ဘုန်းကြီးတို့ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားမယံဆိုရင် လည်း သက္ကော-စွမ်းနိုင်သူဖြစ်မှ ပွားများနိုင်တယ်။ စွမ်းနိုင်သူဖြစ်မှဆိုတာ ဘုရားဂုဏ်တော်ကို ယုံကြည်တဲ့ သဒ္ဓါတရားရှိတဲ့ ဘုရားဂုဏ်တော်ကို သိနားလည်တဲ့ ပညာတရားရှိတယ်။ သဒ္ဓါတရား ပညာတရားရှိလို့ ဘုရား ဂုဏ်တော်ပွားများမှုဉ် အားထုတ်ကြိုးပမ်းဖို့ ဝီရိယတရား ဖြစ်လာရတယ်။ ဒီတရားသုံးပါ။ ဒီတရားတွေရှိတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓ နုဿတိ ဘာဝနာ ထမြောက်အောင် စွမ်းနိုင်တဲ့ပုဂ္ဂိုလ်၊ ဗုဒ္ဓနုဿတိဘာဝနာ ခရီးရောက်အောင် စွမ်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရတယ်။
အဲဒါ ကြောင့်မို့လို့ ဘုန်းကြီးတို့လောကမှာ ဘာမဆိုပေါ့လေ။ မသိ သေးရင် မစွမ်းနိုင်သေးရင်တော့ သူဟာ ကောင်းတဲ့အလုပ် လုပ်ဖို့ရာတောင် ဝန်လေးတယ်။ သိတတ်၊ နားလည်တတ်ပြီဆိုရင် အဲဒီအခါမှာ စွမ်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရော။ အဲဒီလို အလုပ်ထမြောက်အောင် လုပ်ဆောင်နိုင်တယ်။
ဗုဒ္ဓေါပိ ဗုဒ္ဓဿ ဘဏေယျ ၀ဏ္ထံ။
ကပ္ပမ္ပိ စေ အညမဘာသမာနော။
ခ်ီယထ ကပ္ပွော စိရဒီဃမန္တရေ
ဝဏ္ယော န ခီယထ တထာဂတဿ]။
ဘုရားတစ်ဆူရဲ့ ဂုဏ်ကို ဘုရားတစ်ဆူက တခြားစကား မပြောဘဲနဲ့ ဒါကိုပဲ ဂုဏ်တော်တွေချည်းကိုပဲ ထပ်တလဲလဲ နေ့ရှိသမျှ ဟောကြားနေရင် ကမ္ဘာသာ ကုန်သွားမယ်။ ဂုဏ်တော်က မကုန်နိုင်ဘူး။ အဲဒီလို ဟောထားတဲ့ ဒေသနာ ရှိတယ်။
အမှန်အတိုင်းပဲ ဘုရားရှင်ကိုယ်တော်မြတ် ဂုဏ်တော်ဆိုတာ မသိတဲ့ ပုဂ္ဂိုလ်တွေက တယ်ပြီးတော့ ရွတ်စရာမရှိဘူး။ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ရွတ်လို့ မဆုံးဘူး။ အဲဒီလောက် ဂုဏ်တော်ကြီးတယ်။ ဂုဏ်တော်ကြီးသည် နှင့်အမျှ ဘုရားရှင် ကိုယ်တော်မြတ်စါ ကျေးဇူးတော်ဟာလည်း အင်မတန် ကြီးမြတ်လှတယ်။ ကြီးမြတ်လှတဲ့ ကျေးဇူးရှင် ဘုရားမရှိတော့လို့ ဘုရားကျေးဇူးမရှိဘူး မထင်နဲ့
ဘုရားရှင်မရှိဘူး' ဘုရားရှင်မရှိတော့ ဘယ်မှာသွားပြီး ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ကျေးဇူးတွေ ရှိပါ့မတုံးလို့၊ ဒီလိုပဲ စောဒက၀င်စရာရှိ တယ်။ အမှန်က ဘုရားရှင် ပရိနိဗ္ဗာန်စံသွားတာ မှန်တယ်။ သို့သော် ဘုရားရှင်ကိုယ်စား ဘုန်းကြီးတို့ အားထားရာ တရားတော်တွေ ရှိနေတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင် မြြတ်ကြားထားတဲ့ တရားတစ်ပုဒ်က
အဲဒီတရားတော်ဟာ ငါဘုရားပဲလို့ ကိုယ်တော်စားအဖြစ် ညွှန်ကြား မိန့်တော် မူခဲ့တာ ရှိတယ်။
ယော ဝေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော
ပညတ္တေား သော ဝါ မမစ္စယေန သတ္ထ္တာ။
အာနန္ဒ=ချစ်သားအာနန္ဒာ။ မယာ=သင်တို့ဆရာ ငါဘုရားသည် ယော ဓမ္မောစ= အကြင် သုတ်အဘိဓမ္မာတရားကိုလည်းကောင်းး ယော ဝိနယောစ= အကြင် ဝိနည်းတရားတော်ကိုလည်းကောင်း။ ဒေသိတော= ဟောတော်မူအပ်ပြီ။ ပညတ္တော=ပညတ်တော်မှုအပ်ပြီ။ သော ဓမ္မဝိနယော= ထိုငါဘုရား ဟောကြားတော်မူခဲ့တဲ့ သုတ် အဘိဓမ္မာ ဝိနည်းဆိုတဲ့ တရားတော် မြတ်သည် မမ=ငါဘုရား၏ / အစ္စယေန=ပရိနိဗ္ဗာန် စံဝင်တော်မူရာ အခါ သမယနဉ်၊ ဝေါ= သင်ချစ်သားတို့၏ / သတ္ထာ=ဆုံးမပေတတ် ဆရာမြတ်သည်။ ဟေဿတိ=ဖြစ်ပေလတ္တံ့လို့ ဘုရားရှင် ကိုယ်တော်မြတ် မိန့်ကြားတော် မူခဲ့တယ်။
ဘုရားရှင်ကိုယ်စား ဘုရား တရားတွေက ဘယ်လိုကျေးဇူးပြုတုံး
ငါ ဘုရား ကွယ်လွန်သွားပြီမထင်ကြနဲ့။ ငါ ဘုရားမရှိတော့ဘူး မထင် ကြနဲ့။ ငါဘုရား မရှိတောင် ငါဘုရားရဲ့ (၄၅)ဝါ ကာလပတ်လုံး ဟောတော် မူခဲ့တဲ့ သုတ္တန်တရားတွေး ဝိနည်းတရားတွေး အဘိဓမ္မာတရားတွေ။ အဲဒီ တရားတွေဟာ ငါဘုရား ကိုယ်တော်စားအဖြစ်ဖြင့် သင်ချစ်သားတို့ကို ဆုံးမလိမ့်မယ်။ သွန်သင်လိမ့်မယ်။ တရားပြသလိမ့်မယ် အကျိုးရှိလိမ့်မယ်လို့ ဟောကြားတော်မှုခဲ့တဲ့ ဒေသနာရှိတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တိုင် ဟောကြားတော်မူ ခဲတယ်၊
ငါဘုရား အခု ပရိနိဗ္ဗာန်မစံခင် တစ်ပါးတည်း ဆုံးမသွန်သင် ပြသ နေတယ်။ ငါဘုရား ပရိနိဗ္ဗာန်စံသွားလို့ရှိရင်ဖြင့် တစ်ပါးတည်းမကဘူး ဓမ္မက္ခန္ဓာ ဒေသနာပေါင်း ရှစ်သောင်းလေးထောင်တည်းဟူသော တရားတော် တွေက သင်တို့ကို ပြသပြီးနေကြလိမ့်မယ်လို့ အဲဒီလို ညွှန်ကြားမိန့်ကြား တော်မူခဲ့တယ်။
ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဓမ္မကာယ ခေါ်ဆိုတဲ့ ဘုရားရှင် ကိုယ်တော်မြတ်၏ ကိုယ်တော်လို့ခေါ်ဆိုရတဲ့ တရားတော်တွေ ယခု ထင်ရှားတယ်။ ရှေးမူမပျက် ထင်ရှားရှိနေကြတယ်4 သတ္တဝါတွေ ပူဇော်ဖို့ရာ သတ္တဝါတွေ လိုက်နာကျင့်ကြံဖို့ရာ အများကြီးရှိတယ်။ အဲဒီ တရားတွေကို သိရသဖြင့် မိမိတို့မှာ အင်မတန် ကျေးဇူးများတယ်။1
ဘုရားရှင်တော်၊ မပွင့်ပေါ်က
သူတော်အများ၊ စိတ်ကောင်းထားလည်း။
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘဝ၊ မသိရ။
များလှအပြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်ရှ်
ထုတ်ဖော်မြွက်ကြား။ မြတ်တရားကြောင့်။
ဤကားကုသိုလ်၊ အကုသိုလ်နှင့်။
ထိုထိုဘုံဘ၀၊ သိကြရ
များလှအကျိုးတွေ-
လို့ ဆရာတော် အရှင်ဇနကာဘိဝံသက ဆိုတယ်။
ဘုရားရှင်စါ ဂုဏ်ကျေးဇူး ဘယ်လောက်ကြီးတယ်ဆိုတာ ဖော်ထား ခဲ့တဲ့ ကဗျာလေး၊ ဘုရားရှင်တော် မပ္ပင့်ပေါ်ရင် မိမိတို့ စိတ်ကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဦးတဲ့- ဤကား ကုသိုလ်၊ ဤကား အကုသိုလ် မသိနိုင် ကြဘူး) ထိုထိုဘုံဘဝတွေ မသိကြဘူး။ ထိုထိုတရားတွေ မသိကြရဘူး။ အခု ဘုရားရှင်ကိုယ်တော်မြတ် ပွင့်တော်မူလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောထား ခဲ့တဲ့ တရားတွေအရ ဤကား ကုသိုလ်၊ ဤကား အကုသိုလ်၊ ကုသိုလ်နဲ့ အကုသိုလ်နှစ်ပါး ခွဲခြားပြီးသိကြရတယ်။
ဤကား လူ့ပြည် ဤကား နတ်ပြည်။ ဤကား ငရဲပြည်။ တိရစ္ဆာန် ပြိတ္တာပြည်ပံ။ ဤကား ဗြဟ္မာပြည် စသည်ဖြင့် မိမိတို့ မမြင်ကြရတဲ့ မြင်ခြင်းငှာ ပကတိမျက်စိဖြင့် မြင်ခြင်းငှာ မစွမ်းနိုင်တဲ့ ဘုံဘဝတွေ အမျိုးမျိုး သိကြရတယ်။ အဲဒါ ဘုရားရှင်ကိုယ်တော်မြတ် ပွင့်ထွန်းပေါ်ပေါက် လာလို့ ရရှိခဲ့တဲ့ အကျိုးတွေ။
ဒါကြောင့် ဆပ်လို့မကုန်အောင် ကျေးဇူးတွေကများမြောင်
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ကျေးဇူးဟာ ဆပ်လို့မကုန် နိုင်အောင် များမြောင်လှတယ်။ ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ မိမိ တို့ရဲ့ ကျေးဇူးရှင်ကြီးပဲ တကယ့်ကျေးဇူးရှင်' ဒါကြောင့် တကယ့်ကျေးဇူး ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ချုပ်ငြိမ်းသွားကြတယ်။ ဘဝတစ်ပါး ပြောင်းသွားကြပေ မည့် သူတို့ဟာ မကွယ်ဘူး။ သူတို့ဂုဏ်ကို သိကြတဲ့ သားသမီး တပည့်တွေ အပေါ်မှာ အဲဒီဂုဏ်တွေဟာ မကွယ်ဘူး။ ထင်ရှားရှိနေတာ။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဂုဏ်ကျေးဇူးဟာ မနည်းဘူးဆိုတာ ခုနပြောတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ သုတ်၊ အဘိဓမ္မာ။ ဝိနည်းဆိုတဲ့ ဓမ္မက္ခန္ဓာ တွေက ပြသတယ်။ အဲဒါ ဗုဒ္ဓဂုဏော အနန္တောပဲ။
ဓမ္မသတ္တိ (တရားပဒေသာဩဝါဒ)
တစ်ခါက ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး အပြင်းအထန် မမာမကျန်း ဖြစ်နေခဲ့တယ် ဘုရားရှင်ကိုယ်တော်မြတ် ကြွရောက်ပြီးတော့ ဗောဇ္စျင်ခုနစ်ပါးတရားဟောလို့ ရှင်မဟာကဿပကြီးရဲ့ ရောဂါဝေဒနာဟာ ကင်းပျောက်သွားတယ်။ ထို့အတူပဲ တစ်ခါက ရှင်မဟာမောဂ္ဂလာန် ကိုယ်တော် မြတ်ကြီး အပြင်းအထန် မကျန်းမမာဖြစ်နေတာ ဘုရားရှင်ကိုယ်တော်တိုင်ပဲ ကြွရောက်ပြီးတော့ ဗောဇ္စျင်ခုနစ်ပါး တရားဟောခဲ့တယ်။ ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးရဲ့ ရောဂါဟာလည်း နောက်တစ်ခါ ပြန်ပေါ်မလာလောက် အောင်ပဲ အရှင်းပျောက်ခဲ့တယ်။
ထို့အတူပဲ တစ်ခါ တုန်းက ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တော်တိုင် မကျန်းမမာ ဝေဒနာဖြစ်တော့ စုန္ဒမထေရ်ကို ရွတ်ခိုင်းပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ် နာယူပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ရောဂါဟာလည်း အလျှင်းမရောက် ကင်းပျောက်ပြီးတော့ နောက်တစ်ခါ ပြန်ပေါ်မလာတော့ ဘူး
ဗောဇ္စျင်တရားတွေကိုနာရတော့ သြော် ဒီဗောဇ္စျင်တရားတွေဟာ တစ်ချိန်က တို့သန္တာန်မှာ အထင်အရှား ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်ဖူးတဲ့ တရားတွေပါလားလို့ ပြန်တွေးပြီးတော့ ပီတိ နှစ်သက်ခြင်းတွေဖြစ်၊ ပဿဒ္ဓိဖြစ် စိတ်စေတသိက်တွေ ငြိမ်းအေးခြင်း) အဲဒါနဲ့ အဲဒီအေးငြိမ်းခြင်း အကြောင်းပြုပြီး ရုပ်တွေ စိတ်တွေး စေတသိက်တွေ ကြည်ပြီးတော့ ရောဂါဟာ အရှင်း ပျောက်သွားခြင်းဖြစ်တယ် ဒါကြောင့် ဗောဇ္စျင်ခုနစ်ပါးတရားဟာ အန္တ ရာယ် ပျောက်ကြောင်း။ ဘေးကင်းကြောင်း။ ရောဂါပျောက်ကြောင်းအဖြစ်ဖြင့် အသိ အမှတ်ပြုပြီးတော့ ရွတ်ကြ ဖတ်ကြ ပူဇော်ကြ တကယ်တော့ ဒီတရားတွေ ဟာ ရွတ်တာနာတာထက် ကိုယ်တိုင်ကျင့်ဖို့ ပိုပြီးအရေးကြီးတယ်။
သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ ဥပေက္ခာဆိုတဲ့ (။ င {၂ (. (။ (။ ရ (_) (။
တရားတွေ အားထုတ်တယ်ဆိုရင် ကိုယ်သန္တာန်မှာဖြစ်တာ။ သတိပဋ္ဌာန် တရား အားထုတ်မယ်ဆိုရင် အဲဒီသတိပဋ္ဌာန်တရားဆိုတာ ဒီတရားတွေနဲ့ အားထုတ်ရတာ။ သတိ၊ ပညား ဝီရိယ။ ပီတိ၊ ပဿဒ္ဓိ သမာဓိ။ ဥပေက္ခာ တရားတွေ ဖြစ်ပေါ်ပြီးတော့နေတာ။
တရားအားထုတ်ရင် သတိပဋ္ဌာန်တရား အားထုတ်ရင် အဲဒီတရား တွေဟာ ရင့်လာပြီး နောက်ဆုံး ထူးထူးခြားခြား ပ္ပားများလို့ ရင့်လာပြီ (၂) (.။ (။ (။။ . (။
အချိန်စေ့လာပြီး အရှိန်တက်လာပြီဆိုရင် နောက်ဆုံး သမ္မသနဉာဏ်။ ဥဒယဗ္ဗယဉဉာဏ် ဖဿည်ဖြင့် ဉာဏ်တွေ အဆင့်ဆင့်တက်သွားတဲ့အခါ ( ပြ မျ ၂ မ။ 5 ၂)။ () ဥဒယဗ္ဗယဉာဏ် ရောက်တယ်ဆိုရင် အဲဒီ သတိ၊ ပညာ။ ဝီရိယ၊ ပီတိ။ ပဿနဒ္ဓိ၊ ဥပေက္ခာတရားတွေဟာ ထူးထူးခြားခြား ပေါ်လာတာ။ ထူးထူး (။ မ ၂စေီမ။ ( (။ ("။ (။ () ခြားခြား ဖြစ်လာတာ။ ဒီအခိုက်မှာ ပီတိကလည်း အင်မတန် ထူးခြားတဲ့ပီတိ (။ (။ (5)။ (။ မ စ ဖစ (။ ဤ ဖြစ်နေတယ် ပဿဒ္ဓိ အင်မတန်ထူးခြားတဲ့ ပဿဒ္ဓိဖြစ်နေတယ်။ သမာဓိ။ (။ (။ (' [ဤ (။. (၂ (၂. (။။
ဥပေက္ခာကလည်း အင်မတန် တိုးတက်ခိုင်မြဲပြီးတော့ အင်မတန် တရားတွေ တက်နေတော့ နောက်ဆုံး ကိုယ်က အားထုတ်ရသလိုမဟုတ်ဘဲနဲ့ သူ့ဟာသူ အလွယ်တကူ အားထုတ်လာတယ်/။ အဲသလို ဖြစ်လာတဲ့ ဥပေက္ခာတရားတွေ ဖြစ် ဒီအခါ ငဝ င ဂ င န င ဖစ်လာမယ်။ ဒီအခါမှာ တော်တော့်ရောဂါဟာ ပျောက်နေပြီ။ အဲဒါကြောင့် (။ မြ (။ (။ စျေ (။ (“+ [၂ (၂ (။ {။
နာရုံတင်မကဘဲ ကျင့်လည်းကျင့်ကြံရတယ်။ ကျင့်ကြံလို့ရှိရင် ဗောဇ္စျင်တွေ (၂ [ဥ (။ (း (။ { (။ ဂ (။
တက်လာပြီဆိုရင် တော်တော်တန်တန် ကိုယ်ထဲက အညစ်အကြေးတွေဟာ ရောဂါအနာ အညစ်အကြေးတွေဟာ ပျောက်တယ်။ ရောဂါတွေကင်းတယ်။ ခုနပြောတဲ့ ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿပနှင့် ဘုရားရှင် ပ (' (. (။. (။ (။ ပ (၂) မ ဂ။) ။ ကိုယ်တော်မြတ်တို့ ရောဂါပျောက်တယ်ဆိုတာ အဲသလိုပဲ ပီတိပဿဒ္ဓိတွေ က ပေါ်လာတယ်။ ကောင်းတဲ့ဓာတ်တွေက ပေါ်လာတယ် စင်ကြယ်တဲ့။ မျ {. (။ (။ (. မူ့ (.။
အေးချမ်းတဲ့ဓာတ်တွေ ပေါ်လာတယ် မစင်ကြယ်တဲ့ ပူလောင်တဲ့ ရောဂါ ဓာတ်တွေဟာ ပျောက်ငြိမ်းခြင်းသို့ ရောက်ရတယ်။ ဒါကြောင့်မို့လို့ ဗောဇ္စှင်တရားကို နာလည်းနာပေးရတယ်။ ကျင့်လည်း ကျင့်ပေးရတယ်။ ပွားလည်းပွားပေးရတယ်4 အဲသလိုစုံမှ ပိုပြီးတော့ မိမိတို့မှာ တကယ်ဒုက္ခငြိမ်းသွားမယ်။ အငြိမ်းဓာတ်ကိုရမယ်။ ယခု အဲဒီဗောဇ္စျင်ဟာ
အဲဒီမထေရ်မြတ်ကြီးတွေး ဘုရားရှင်ကိုယ်တော်မြတ်တို့ ကိလေသာတွေ ငြိမ်းတဲ့အထိ ရောဂါတွေလည်း ပျောက်ကြတယ်။ ရောဂ၊ါပျောက်ကြောင်း လည်း ဟုတ်တယ် အပ။ ရောဂါ ဆိုတဲ့ ခန္ဓာကိုယ်ရောဂါ ပျောက်ကြောင်းလည်း ဟုတ်တယ်။ အတွင်းရောဂါခေါ်တဲ့ ကိလေသာတွေ ပျောက်ကြောင်းလည်း ဟုတ်တယ်။ အဲဒီတော့ ရောဂါပျောက်ကြောင်း ကိလေသာပျောက်ကြောင်း ကောင်းမြတ်တဲ့ ဗောဇ္ဇျင်ခုနစ်ပါးတို့ကို ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရား ထူးတွေအစွမ်းရှိတဲ့ တရားတော်တွေဆိုပြီးတော့ အားကြိုးမာန်တက် နာကြ ရတယ်။
အတ္ထီ ဟိ သတ္တိ ဓမ္မဿ
ဓမ္မော နော ဗုဒ္ဓပူဇိတော။
ယေ ဓမ္မ အဘိမာနေန္က်။
တေ ဟောန္တ် ဥန္နတုန္နတာ။
ဓမ္မဿ-ရှင်တော်ဟောကြား တရားမြတ်၏။ သတ္တိ-အစွမ်းသတ္တိ သည်။ အတ္ထိဟိ-တကယ်ထင်ရှား ရှိသည်သာတည်း။ ဘုရားရှင်ကိုယ်တော် မြတ်ရဲ့ တရားတော်တွေမှာ အစွမ်းသတ္တိတွေ ရှိနေတယ်။ ဓမ္မသတ္တီ တရား တို့ရဲ့ အစွမ်းသတ္တိရှိနေတယ်။ ဘာကြောင့်ရှိ သတုံးဆိုတော့-ဓမ္မော နော ဗုဒ္ဓပူဇိတော။ ဓမ္မော-တရားတော်မြတ်ကို၊ နော-ငါတို့၏ 1 ဗုဒ္ဓပူဇိတော- ဘုရားရှင်ကိုယ်တော်မြတ်သည်။ ပူဇော်တော်မူအပ်၏ 1 ဘုရားရှင်ကိုယ်တော်မြတ် ပူဇော်ထုံမွှမ်းထားတဲ့ တရားတွေ။ အဲသလို ဘုရားရှင်ကိုယ်တော်မြတ်သည် အာရုံပြုသောအားဖြင့်လည်းကောင်း)။ မိမိသန္တာန်မှာ ဖြစ်ပွားစေသောအားဖြင့် လည်းကောင်း၊ အမျိုးမျိုး အပုံဖုံထုံပွား အခါခါအထပ်ထပ် မှီဝဲအပ်တဲ့ တရားတွေမို့လို့ အဲဒီတရားတွေမှာ အစွမ်းသတ္တိရှိနေတယ်။
ယေ-အကြင်ပုဂ္ဂိုလ်တို့သည်။ ဓမ္မံ-ထိုကဲ့သို့ တကယ်အစွမ်းသတ္တိရှိ တဲ့ တရားတော်ကို မာနေန္တ်-မြတ်နိုးကြကုန်။ တေ-ထိုတရားတော်ကို မြတ်နိုးကြသော ပုဂ္ဂိုလ်တို့သည်။ ဥန္နတုန္နတာ-တစ်ဆင့်ထက်တစ်ဆင့် မြင္ခ်ထက် မြင့်ကာ တိုးတက်ခြင်းသို့ ရောက်ကြရပါလေကုန်သတည်း။
အပရာဇိတပလ္လက်္ကေ
သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ)
အဂ္ဂပ္ပတ္တော ပမောဒတိ၊။
ဇိနော-ငါးမာရ်အောင်မြင် ဘုရားရှင်သည် သဗ္ဗ ဗုဒ္ဓါနံ-ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူကြတဲ့ ဗုဒ္ဓထွတ်တင် ရှင်တော်မြတ်ဘုရားတို့၏ 1 အဘိ သေကေ-ဗုဒ္ဓါဘိသေက ခံယူရာဌာနဖြစ်သော။ သီသေ-မြေတို့၏ အထွတ် အထိပ် အချက်အချာဖြစ်သော) ပုထုဝိပုက္ခလေ-တင့်တယ်သာလွန် မြေမွန် မြေကောင်းဖြစ်သော၊ အပရာဇိတပလ္လက်္ကေ-အပရာဇိတတွင်ခေါ် ပလ္လင်တော် မြတ််၊ အဂ္ဂပ္ပတ္တော-ထွတ်ဖျားတိုင်မြောက် ဘုရားအဖြစ်သို့ ရောက်တော်မူ ရသည်ဖြစ်ရှှ။ ပမောဒတိ-ရှင်တော်ဘုရား နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော် မူရပါပေသတည်း။ ဧ၀ဝမေ၀-ရှင်တော်မြတ်ဘုရား ဘုရားအဖြစ်သို့ရောက်ဤ နှစ်သက်ရွှင်ပျ ၀မ်းသာရသလိုပင် တုမှေ-ဘုရားတပည့် ဥပါသကာ ဥပါ သိကာအပေါင်း သူတော်ကောင်းဖြစ်ကြတဲ့ ပုဂ္ဂိုလ်အပေါင်းတို့သည်။ အဂ္ဂပ္ပ တ္တော-မိမိတို့ ဆောင်ရွက်သမျှ ထိုထိုကိစ္စ ထိုထိုလုပ်ငန်းအရပ်ရပ်် လုံးဝ ပြီးမြောက် အထွတ်အထိပ်သို့ ရောက်ကြကုန်သည်ဖြစ်ရဤ။ ပမောဒတိ-နှစ် သက်ရွှင်လန်း ဝမ်းမြောက်ပါစေသတည်း
ဘုရားရှင်ကိုယ်တော်မြတ်သည် တစ်ချိန်က ဘုရားအဖြစ်သို့ ရောက် တော်မူရသည်ဖြစ်ဤ အင်မတန် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရသလို ထို့ အတူ ဘုရားတပည့်ဖြစ်တဲ့ ဒကာ ဒကာမ သင် သူတော်ကောင်းတို့မှာလည်း မိမိတို့ဆောင်ရွက်သမျှ ကြိုးစားသမျှ ထိုထိုကိစ္စ ထိုထိုအမှုတို့၌ လုံးဝပြီး မြောက် အထွတ်အထိပ်သို့ ရောက်ကြအောင်မြင်ခြင်းသို့ ရောက်ကြကုန်သည် ဖြစ်ရ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မနုဿတ္တဒုလ္လဘ ရခဲအကျိုးတွေ (တရားပဒေသာဩဝါဒ)
“ဘုန်းကြီးတို့ ကုသိုလ်ကောင်းမှုမျိုးတွေ အမျိုးမျိုးပြုနေကြတာ ဘာဖြစ်လို့တုံး” အကြောင်းရှာတယ်။ အဲ အကြောင်းကတော့ အမျိုးမျိုးရှိပါ တယ်။ သို့သော်လည်းပဲ လူ့ဘဝ လူဖြစ်ရခြင်းဟာ အကြောင်းတစ်ရပ်ပဲ။ မနုဿတ္တဘာဝေါ ဒုလ္လဘောကဲ့။
ဒုလ္လဘ(၅)ပါးရှိတယ်။ ၁။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော-ဘုရားပွင့်တော် မူတဲ့ အခွင့်အခါကောင်းကြီးကို ရခဲတယ်။ ၂1 မနုဿတ္တဘာဝေါ ဒုလ္လဘော- လူ့ဘဝကို ရခဲတယ်။ ၃။ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော-ရဟန်းအဖြစ်ဟာ ရခဲတယ်။ ၄။ ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ-သဒ္ဓါ အစရှိတဲ့ တရားတို့နဲ့ ပြည့်စုံ ခြင်းကို ရခဲတယ်။ ၅] ဒုလ္လဘံ သဒ္ဓမ္မဿ၀နံ-သူတော်ကောင်းတို့ တရား ကြားနာရခြင်းဟာလည်း ရခဲတယ်။ ဒီ ဒုလ္လဘ(၅)မျိုးထဲမှာ ဘုန်းကြီးတို့ အရင်းခံ ဒုလ္လဘကတော့ မနုဿတ္တဘာဝေါ ဒုလ္လဘောပဲ။ လူဖြစ်လို့
လူဖြစ်လို့ ဒီလိုတရားတွေ သိရ လူဖြစ်လို့ လူ့ တရားတွေ သိရလို့ ပရမတ္ထ မနုဿ ဆိုတဲ့ မွန်မြတ်တဲ့လူတစ်ယောက်အဖြစ်နဲ့ မွန်မြတ်တဲ့ တူသိုလ်တ ကြတ္သြရတယ်။ လူနြစ်လို့ပဲ ရဟန်းဖြစ်ခိုင်တယ်) လူဖြစ်လို့ပ ရှင်ဖြစ်နိုင်တယ် စသည်ဖြင့် လူ့အဖြစ်ကို အရင်းခံပြုသောအားဖြင့် ကုသိုလ် အမျိုးမျိုးတွေ ဖြစ်ပွားလာကြရတယ်။
လူ့.ဘ၀ဆိုတာက ကုသိုလ်ဖြစ်ရာ အင်မတန်အခွင့်သာတဲ့ ဘဝ နတ်ဘဝဆိုတာက ဝီရိယကို အားကိုးလို့ရတဲ့ဘ၀ မဟုတ်ဘူး။ ကံကိုသာ အားကိုးရတဲ့ဘဝ၊ အစစအရာရာ ဘာမျှမလုပ်ဘဲနဲ့ အစားလည်း ပြည့်စုံတယ်။
စားချင်ရင် အရန်သင့် ရောက်လာတယ် ဘာမျှမလုပ်ရဘဲနဲ့ နတ်တန်ဆား နတ်ဝတ်တန်ဆာ၊ နတ်ပန်း စသည်ဖြင့် အဆင်တွေ ဘာတွေ အသုံး အဆောင်တွေ အလိုအလျောက် ရလာတယ်။ ဒီတော့ သူတို့မှာက ပျော်ဖို့ ဘက်သာ ဦးတည်နေကြတယ်။ အပျော်အပါးတွေနဲ့သာ အချိန်ကုန်နေကြတယ်။ အဲဒီလိုကုန်တော့ ကုသိုလ်ကောင်းမှုပြုဖို့ရာ အခွင့်အလမ်းက တယ်မသာဘူး။
လူ့ဘဝကတော့ ဒီလိုမဟုတ်ဘူး။ ဝီရိယအားဖြင့် ကြိုးစားပြီးတော့ လုပ်ကြ ကိုင်ကြရတော့ ကံအကျိုးလည်း ခံစားရတယ် အဲဒီတော့ ဝီရိယ အကျိုး၊ ကံအကျိုး နှစ်မျိုးခံစားရတယ်ဆိုတယ်။ နောက် ဝီရိယကကိုပဲ ကောင်းမှုပြုဖို့ရာ အားပေးသလို ဖြစ်နေတယ်။ ဝီရိယစွမ်းအားက ရှိနေကြ တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ လောကရေးမှာလည်း ဝီရိယအားထုတ်ကြတယ်။ ဓမ္မရေး။ ကုသိုလ်ရေးမှာလည်း ဝီရိယအားထုတ်ကြတယ်။ ကုသိုလ်ကောင်းမှု တွေဖြစ်ဖို့ နှိုးဆော်ကြ တိုက်တွန်းကြနဲ့ အင်မတန် အခွင့်အလမ်းသာတဲ့ဘဝ ထိုလူ့ဘဝမှာ တောင်ကျွန်းက လူတွေဟာ နတ်တွေထက်လည်းကောင်း။ မြောက်ကျွန်းက လူသားတွေထက်လည်းကောင်း တရားသုံးပါးနဲ့ သာလွန်တယ် ဆိုတဲ့အကြောင်း ဘုရားဟောထားတာ ရှိတယ်။
လူတွေဟာ ရဲရင့်တယ်။ ဟုတ်တာပဲ။ ကုသိုလ်ကောင်းမှုပြုရာမှာ မတွန့်မဆုတ်ကြဘူး။ ရဲရင့်ကြတယ်။ ဝီရိယထူးထူးကဲကဲရှိကြတယ်။ နောက် သတိမန္တာ-သတိလည်းကောင်းကြတယ် 1 ခုနကပြောသလိုပဲ အဲဟိုပုဂ္ဂိုလ်တွေ မြောက်ကျွန်းတို့ တာဝတိံသာတို့ဆိုတာ မပူပင် မကြောင့်မကြ နေကြရတဲ့ အရပ်ဒေသတွေမို့လို့ သူတို့ကတော့ အပျော်ဘက်လွန်တယ်။ ကောင်းမှုပြုဖို့ အမေ့ကြီးမေ့ကျန်နေကြတယ်။
ဘုန်းကြီးတို့ လူ့ဘဝကတော့ အဲသလိုမဟုတ်ဘူး။ ချမ်းသာတစ်၀က် ဆင်းရဲတစ်ဝက်ဆိုတာလို။ အဲဒီတော့ ကြိုးစားကြရတယ်။ ကြိုးစားရတော့ သတိမမေ့ကြဘူး( အိုခြင်းတရား ထင်ရှားတယ်။ သေခြင်းတရား ထင်ရှား တယ် နာခြင်းတရား ထင်ရှားတယ်။ ထင်ရှားတော့ ဒီ အိုခြင်း နာခြင်း သေ ခြင်းတရား အကြောင်းပြုပြီးတော့ ကုသိုလ်ဘက်မှာ တရားဘက်မှာ စိတ်တွေ ထက်သန်ကြတယ်။
ပြီးတော့ ဆင်းရဲချမ်းသာ အမျိုးမျိုးဖြစ်နေကြတော့ ဆင်းရဲတဲ့ပုဂ္ဂိုလ် ကလည်း ဒီဆင်းရဲမှုကလွတ်အော့င် ချမ်းသာအောင်ဆိုပြီး အမျိုးမျိုးကြိုးစား ကြတယ်။ ချမ်းသာတဲ့ ပုဂ္ဂုုလ်တွေကလည်း ဒီချမ်းသာတာဟာ တကယ့် ချမ်းသာမဟုတ်သေးဘူး။ ဒီထက် ချမ်းသာရှိသေးတယ်။ နိဗ္ဗာန်။ အဲဒီနိဗ္ဗာန် ချမ်းသာတို့ ခံစားရအောင်ဆိုပြီး ကြိုးစားကြတယ်။
အဲဒီတော့ သတိက အမြဲတမ်းရှိနေကြတယ်/။ အမြဲ တမ်းရှိကြတော့ ကုသိုလ်ပွားဖြစ်ကြတယ်။ ကုသိုလ်အားထုတ်ဖြစ်ကြတယ်။ မြတ်သောအကျင့် ဆိုတဲ့ အကျင့်ကို ကျင့်ဖို့ရာမာလည်း လူ့ဘဝက အခွင့်သာတယ်။
သဗ္ဗမင်္ဂလာဂါထာတော် (တရားပဒေသာဩဝါဒ)
ဒီဝဓါ တပတိ အာဒိစ္စော။
စျာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိ“။
ဗုဒ္ဓေါ တပတိ တေဇသား (။ (1 (ရျ { (1 (မ။ ၂ (။
အာဒိစ္စော=ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ နေမင်းသည်။ ဒိဝါ =အလင်းရရာ နေ့အခါဠ်သာလျှင်၊ တပတိ=ရောင်ခြည်ရွှန်းရွှန်း ထွန်းလင်း . [ဤ။ န် (5 ၂ {၂ {။ မျူ မျူ မျူ (။ 0. _ တောက်ပနိုင်ပါပေ၏။ စန္ဒီမာ=တင့်တယ်ရွှန်းဝင်း ငွေလမင်းသည်။ ရတ္တိံ= အမှောင်ကျရာ ညအခါ ခဲသာလျှင်၊ အာဘာတိ=အရောင်ရွှန်းရွှန်း ထွန်းလင်း {င [၂ [+။ င် ပူ င့ (။ မူ (။ နီ တောက်ပနိုင်ပါပေ၏။ ခတ္တိယော=ရေမြေ့သနင်း ဘုရင်မင်းသည်။ သန္နဒ္ဓေါ = မင်းဝတ်တန်ဆာ ဆင်ယင်မှသာ၊ တပတိ=ထွန်းလင်းတောက်ပ တင့်တယ် (။ (။ (ရှ (၂ လှပါပေ၏ [။ ဗြာဟ္မဏော=မကောင်းမှုကို မျှောပြီးသော ရဟန္တာအရှင်မြတ် သည်။ စျာယီ=အာရမ္မဏလက္ခဏဆိုတဲ့ စျာန်နှစ်၀ ဝင်စားမှသာလျှင်။ တပတိ= ထွန်းလင်းတောက်ပ တင့်တယ်လှပါပေ၏ / အထအထို့ပြင် (ဝါ) ထိုမှတစ်ပါး ဗုဒ္ဓေါ =လောကထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ ဝတောဇသာ= { (ရ (။ ရ် (လ (မ (မှ ဖီ {။ ( လျှ (န {။
ကိုယ်တော်မြတ်၏ ဘုနံးတော်ရောင် ကံတော်ရောင် ဉာဏ်တော်ရောင် (။ {။ (။ _ (။)။။ . ၂ တန်ခိုးတော်ရောင်ဖြင့် ] သဗ္ဗမဟောရတ္တိ။= နေ့ရောညပါ အခါခပ်သိမံး။ တပတိ=ထွန်းလင်းတောက်ပ တင့်တယ်တော်မူပါပေသတည်း။ ဒါ သဗ္ဗမင်္ဂလာ ဂါထာပဲ။ လာဘ်လာဘပေါများတယ်။ ကျော်စော {း။ (မ (။ (မျ {။ မီ။ ရံ ထင်ရှားတယ် စသည်ဖြင့် ရွတ်ဖတ်ကြတဲ့ဂါထား ဘုရားဟောဂါထာတစ်ပုဒ်။ ငး။ (န (။)။ (။ (၂) မ (။
ဒီဂါထာလေးက အကြောင်းအတ္ထုပ္ပတ်ကလေးရှိတယ်။ ဘုန်းကြီးတို့ သီဟိုဠ် မိခင်ငရာ ပတိ
င စ ဝ ဇာမ င မျ ဇ င ငု ကျွန်း (သီရိလင်္ကာ) ဘာတိကမင်းကြီး လက်ထက်က ပူလဇော်ပွဲတစ်ခု လုပ် မြ မ (။) (။ 46။
တယ်။ အဲဒီပူဇော်ပွဲမှာ ဘာတိကမင်းကြီးက ပညာရှိအမတ်ကို “ကဲ ဆရာ၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး ဂုဏ်မလွတ်တဲ့ ဂါထာတစ်ပုဒ်ကို ပ (။ {(. (။ သ (. (ဂ ပြ င (၂ ၅ (6၈ စ (။ မျ ပိငုကတ်ထဲက ထုတ်နုတ်ပြီးတော့ ရွတ်ဆိုစမ်းပါ”လို့ တိုက်တွန်းတယ် အဲ (၉ (.။ ပိ (“။။ (။.။ ဂ။
သလို တိုက်တွန်းတဲ့အခါကျတော့ ပိဋကတ်သုံးပုံတတ်တဲ့ ပညာရှိအမတ်က ပ (ပ္က )။ မျ က ပ ၈ . 1 သိပ် မျူ င လည်း သူဉဉာဏ်မီသမျှ ပိဋကတ်မှာ စဉ်းစားလိုက်တဲ့အခါ ကျတော့ သိပ်စဉ်းစား င။ (5 (။။ (။ (။ ရ ရတယ်တော့ မဟုတ်ပါဘူး။ ပိဋကတ် ကျေပွန်တတ်မြောက်ထားတဲ့ဆရာ ဖြစ်နေတော့ တော်ရုံစဉ်းစားလိုက်တာနဲ့ပဲ ပေါ်လာတာပါပဲ။ ဒီဂါ ထာဖြင့် မင်းကြီးလိုလားတဲ့ ရတနာသုံးပါးမလွတ်တဲ့ ဂါထာ တစ်ပုဒ်ပဲလို့ မကြာခင်ပဲ စိတ်ထဲ ပေါ်လာတယ် ပေါ်လာတော့ အခု မ။ (။ (.) (။ (။။ (၂။။။ (၈ ဒဂါထာလေးကို ပညာရှိအမတ်က ရွတ်တယ်။ ရွတ်တဲ့အခါကျတော့ ဒီအတိုင်း (။။ ပူ ယျ ၂ (။ န (('။
မရွတ်သေးဘူး။ ဒီအတိုင်းလျှောက်ပြီးတော့ ရွတ်သွားတာ မဟုတ်ဘူ။ အဲဒီ မ (။ (။ { (။ (။ ( <။
အချိန်က အနောက်ဘက်က နေဝန်းကြီးကလည်း ဝင်တော့မည့်ဆဲဆဲ အရှေ့ဘက်ကလည်း လဝန်းကြီးကလည်း ထွက်ပြီးစ၊ အဲသလို အချိန်မှာ ရှေးဦးစွာ အနောက်က ဝင်ခါနီးဆဲဆဲ နီနီရဲရဲ နေမင်းကြီးကို လက်အုပ်ချီ ပြီးတော့- 5၂။ ၂ (_ ပျူ။. (၂) {။ (။
ဒိဝါတပတိ အာဒိစ္စော-လို့ ရွတ်လိုက်တယ်။ အာဒိစ္စော=ရောင်ခြည် (။ (။ (။ (။. (။ (.။။ တိ တစ်ထောင် အလင်းဆောင်တဲ့ နေမင်းသည် ဒိဝါ =နေ့အခါခဋ်သာ၊ တပတိ= (။ (။ (. ထွန်းလင်းတောက်ပနိုင်ပါပေ၏။
ရွတ်ပြီးတော့တစ်ခါ နောက်တစ်ပုဒ်ရွတ်ချင်တော့ အရှေ့ဘက်က င င ဝ ဇ ငက ထွက်ခါစလဝန်းကြီးကို လက်အုပ်ချီပြီးတော့- ရတ္ထိမာဘာတိ စန္ဒိမာ-လို့ ရွတ်လိုက်တယ် စန္ဒိမာ=ကမ္ဘာ့တန်ဆာ ဇ င ဂျိူ ပျ င င မူ လစန်းရတနာသည်။ ရတ္တိ=အလင်းပရာ ညအခါခ်သာလျှင်၊ တပတိ= ထွန်းလင်းတောက်ပ တင့်တယ်လှပါပေ၏လို့ ရွတ်လိုက်တယ်။ တစ်ခါ ဘာတိက မင်းကြီးဘက် လက်အုပ်ချီပြီးတော့- ။ စ) (.) ပ (( (။ ၂ ရ။
သန္နဒ္ဓေါ ခတ္တိယော တပတိ-လို့ ရွတံလိုက်သတဲ့။ ခတ္တီယော= ရေမြေသနင်း ဘုရင်မင်းသည်။ သန္နဒ္ဓေါ=ချပ်၀ပ်တန်ဆာဆိုတဲ့ မင်းမြောက် ဗ (။။. ပ ဂ စ. (။ (။ ( (။
တန်ဆာကို ဆင်ယင်မှသာလျှင်၊ တပတိ=ထွန်းလင်းတောက်ပ တင့်တယ်လှ
ပါပေ၏လို့ ဆိုပြီး ရွတ်တယ်။ အဲ-သံဃာတော်တွေဘက် လှည့်ပြီးတော့ လက်အုပ်ချီ ပြီးတော့-
စျာယီ တပတိ ဗြာဟ္မဏော - ဗြာဟ္မဏော = မကောင်းမှုကို မျှော ပြီးသော ရဟန္တာသခင် အရှင်မြတ်သည်။ စျာယီ=အာရမ္မဏ လက္ခဏဆိုတဲ့ စျာန်နှစ်ပါးဝင်စားမှသာလျှင်၊ တပတိ=ထွန်းလင်းတောက်ပ တင့်တယ်လှပါ ပေဒါလို့ဆိုပြီး ရွတ်တယ်။ နောက်ကျတော့ မဟာစေတီကြီးဆိုတာ ရှိတယ်။ အဲဒီ မဟာစေတီကြီးဘက် လှည့်ပြီးတော့ လက်အုပ်ချီပြီးတော့-
အထသဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇလသာလို့ ရွတ်လိုက်တယ်။
အထအထို့ပြင်၊ ဝါ=ထိုမှတစ်ပါး၊ ဗုဒ္ဓေါ =လောကထွတ်သား ရှင်တော်မြတ်
ဘုရားသည်4 တေဇသာ=ကိုယ်တော်မြတ်စါ ဘုန်းတော်ရောင် ကံတော် ရောင် ဉဉာဏ်တော်ရောင် တန်ခိုးတော်ရောင် အရောင်အမျိုးမျိုးဖြင့်' သဗ္ဗမဟော ရတ္တိ။=နေ့ရောညပါ အခါခပ်သိမ်း၊ တပတိ=ထွန်းလင်းတောက်ပ တင့်တယ် တော်မူရပါပေသတည်း။
အဲဒီတော့မှ ဘာတိကမင်းကြီးက ဆရာ လက်မချနဲ့ဦး။ မြှောက်ပြီးချျ ထားတဲ့ လက်အုပ်မချနဲ့ဦးဆိုပြီးတော့ လက်အုပ်ချီထားတဲ့ လက်အငုံထဲမှာ တစ်ထောင်ထုပ် ထည့်လိုက်တယ်။ ထည့်ပြီး ပူဇော်လိုက်တယ်တဲ့။ အဲဒီ ဒီဂါထာကိုရွတ်တဲ့အတွက် ချက်ချင်း ငွေတစ်ထောင်ရသွားတယ်။ ဒါကြောင့် ဒီဂါထာကို ဘုန်းကြီးတို့ အဋ္ဌကထာဆရာကြီးများက “သဗ္ဗမင်္ဂလာဂါထာ မည်တယ်” လို့ အမည်ပေးခဲ့ကြတယ်။ ဒီဂါထာက ထူးထူးခြားခြားမို့လည်း ဘုန်းကြီးတို့ သာသနာတော်မှာ အင်မတန်ထင်ရှားခဲ့တဲ့ မန်လည်ဆရာတော်ကြီး နဲ့ မင်းကွန်း ဆရာတော်ကြီးနှစ်ပါး ဒီဂါထာလေးကို အမေးအဖြေပြုကြတယ်။
ဒီဂါထာလေးဟာ ထူးထူးခြားခြား ဆရာတော်နှစ်ပါး အမေးအဖြေ လုပ်ပြီးတော့ ဉာဏ်စမ်းပြီးတော့ မှတ်တမ်းတင်ခဲ့တဲ့ ဂါထာလေး၊ ရွတ်လို့ ရှိရင် စည်းစိမ်ဥစ္စာတိုးတယ်။ လာဘ်သပ္ပကာပေါတယ် ဘုန်းတန်ခိုးကြီးတယ် လို့ဆိုတယ်။ အဲဒါကြောင့်မို့လို့ သဗ္ဗမဂ်္ဂလာဂါထာလေးနဲ့ ဘုန်းကြီးက ချီးမြွောက်လိုက်ရတယ်။ အားလုး အဘက်ဘက်ခ တိုးတက်ကြီးပွားခြင်းသို့ ရောက်ကြပါစေ။
(သာဓု သာဓု သာဓု)
ဩပနေယျိကဂုဏ်တော် တရားတော်
ဘုန်းကြီး ယနေ့ဟောမှာက တရားဂုဏ်တော်(၆)ပါးက သြပနေယ်ျက ဂုဏ်တော်ဆိုတဲ့ တရားကို ဟောမယ်။ ဩပနေယျိက မိမိတို့စိတ်ထဲစွဲသွား အောင်ကပ်လို့ ဆောင်ထိုက်တဲ့တရားး မရအရ ဒီတရားကို ရအောင်ကြုံးစား အားထုတ်ရမယ်လို့ ဆိုလိုတယ်။ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော တရားတွေ ဟာ မိမိတို့၏ ကိုးကွယ်ရာ ဆောက်တည်ရာ။ မှီခိုရာ တကယ့်ချမ်းသာအစစ်ကို ပေးမည့် အားကိုးရား ဆောက်တည်ရာ မှီခိုရာ တရားတွေမို့လို့ အဲဒီတရား တွေကို မိမိတို့ မရ-အရ ရယူရမည့်တရားတွေ။ ဒါကြောင့် သြပနေယ်ျက လို့ ခေါ်တယ်။
မိမိတို့ရဲ့ သန္တာန်မှာ ဆောင်ထိုက်ကပ်ထိုက်ရအောင် ကြိုးစားထိုက်တဲ့ တရားတွေ။ အဲဒီတရားတွေရမှ မိမိတို့ ချမ်းသာကြမှာ။ ဒါကြောင့်မို့လို့ ဘုရားရှင် ကိုယ်တော်မြတ်ကလည်း ဤကဲ့သို့ ကပ်ဆောင်ထိုက်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်တရားတွေကို မိမိတို့ရအောင် ကြိုးစားအားထုတ်ဖို့ဆိုတဲ့ နှိုးဆော်ချက် တွေကို မကြာခဏ မိန့်ကြားတော်မူခဲ့တယ် အမြဲတမ်း မိန့်ကြားတော်မူဲ့တယ်။ လှံကြီး အစူးခံနေရတဲ့ ပုဂ္ဂိုလ်၊ လှံနဲ့အထိုးခံနေရတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီ လှံကိုနုတ်ဖို့ အရေးတကြီး ကြုုံးစားရသလို ခေါင်းမီးလောင်ခံနေရတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီမီးကို အရေးတကြီး ငြိမ်းသတ်ဖို့ လိုသလို ထို့အတူ မိမိတို့ -ဥဘယဒိဋ္ဌိဆိုတဲ့ ဒိဋ္ဌိတရားကြီး ပယ်ရှားနိုင်ဖို့ရာ စွဲစွဲမြဲမြဲ သတိတရား ထားပြီးတော့ ကြိုးစား အားထုတ်ရမယ်လို့ ဘုရားရှင် ကိုယ်တော်မြတ် မိန့်တော်မူခဲ့တယဲ။
လှံကြီးအစူးခံနေရတဲ့ပုဂ္ဂိုလ်ဟာ အဲဒီလှံကြီးနုတ်ဖို့ ကြိုးစားရသလို ခေါင်းမီးလောင်ခံနေရတဲ့ပုဂ္ဂိုလ်ဟာ အဲဒီ လောင်နေတဲ့မီးကြီးကို ငြိမ်းအောင် ငြိမ်းဖို့ ကြိုးစားရသလို ထို့အတူ ဘဝများစွာ မိမိတို့သန္တာန်မှာ စွဲကပ်နေတဲ့ သက္ကာယဒိဋ္ဌိဆိုတဲ့ ခန္ဓာငါးပါတို့၌ အသက် ဇီဝ ငါအတ္တဆိုတဲ့ အစွဲတွေ အဲဒီ အစွဲကြီးတွေ စွဲယူနေတဲ့ သက္တာယဒိဋ္ဌိကြီးကို ပယ်နုတ်နိုင်အောင် ကြိုးစား အားထုတ်ရမယ်လို့ မိန့်ကြားတော်မူခဲ့တယ်။
အဲဒီတော့ သက္ကာယဒိဋ္ဌိဆိုတာက ဒိဋ္ဌိအမျိုးမျိုးတွေး မကောင်းကျိုး အရပ်ရပ်တွေ ဖြစ်ပွားရာ အရင်းခံချည်းပဲ) သက္ကာယဒိဋ္ဌိရှိနေရင် မိမိတို့မှာ ဒိဋ္ဌိအမျိုးမျိုးတွေ ဖြစ်ပွားရာ အခြေခံကြီးအဖြစ်ဖြင့် ရှိနေတယ် ဒုက္ခအမျိုးမျိုး မကောင်းကျိုးတွေ ဖြစ်ပွားရာ အခြေခံအဖြစ်နဲ့လည်းတူနေတယ်။
ဒီတော့ သက္ကာယဒိဋ္ဌိကို ပယ်သတ်နိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အမိန်က သက္ကာယဒိဋ္ဌိကို ပယ်ဖျောက်နိုင်တဲ့ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတွေကို ရအောင်ကြိုးစားရမယ်လို့ မိန့် တော်မူခြင်းပဲ။
သတ္တိယာ ဝိယ သြမဋ္ဌော။
ဒယှမာနော၀ မတ္တကေ။
သက္ကာယဒိဋ္ဌိပဟာနာယ။
သတော ဘိက္ခု ပရိဗ္ဗဇေ။
သတ္တိယာဒလှံကြီးဖြင့်၊ သြမဋ္ဌောဝိယ=အထိုးခံနေရတဲ့ပုဂ္ဂိုလ်သည် ထို လှံကြီးကိုနုတ်ဖို့ရာ ကြိုးစားသကဲ့သို့လည်းကောင်း။ မတ္ထကေ= ဦးခေါင်း ထက်ခ်၊ ဒယှမာနော=မီးလောင်ခံနေရတဲ့ပုဂ္ဂိုလ်သည် ထိုမီးကိုငြိမ်းသတ် ဖို့ရာ ကြိုးစားသကဲ့သို့လည်းကောင်း၊ သက္ကာယဒိဋ္ဌိ=ဘဝါဘ၀ဝသံသာရက မြဲစွာကပ်လာတဲ့ သက္ကာယ ဒိဋ္ဌိတရားကို၊ ပဟာနာယ = မဂ်လေးပါးဖြင့် ထူးခြားစွာ ပယ်သတ်နိုင်ခြင်းငှာ သတော=သတိပဋ္ဌာန်တရား ထင်ရှားရှိ သည်ဖြစ်ရွှ။ ပရိဗ္ဗဇေ= အရိုးရိုးကြေကြေ အရေခန်းခန်း အစွမ်းထုတ်ကာ ကြိုးစားရာသတည်း။
အဲဒီ သက္ကာယဒိဋ္ဌိကြီး ပယ်ဖျောက်နိုင်ဖို့ရာ ကြိုးစားရမယ်ဆိုတာ မင်္ဂတရား၊ ဖိုလ်တရား အဲဒီ တရားထူး တရားမြတ်တွေရအောင် ကြိုးစားရမယ် ဆိုတာပဲ။
အဲဒီတရားတွေ မိမိမှာကပ်ရောက်လာအောင်။ ဆိုက်ရောက်လာအောင် မရ။ ရအောင် ကြိုးစားရမယ်လို့ မိန့်ဆိုလိုရင်းပဲ။
အဲဒီသက္ကာယဒိဋ္ဌိတရားတွေ ပယ်ဖျောက်ဖို့ဆိုတာ အဲဒီမဂ်ဖိုလ်တွေ ရမှ ပယ်ဖျောက်နိုင်မယ်။ ဒါကြောင့် မဂ်ဖိုလ်ရအောင် ကြိုးစားကြလို့ ဆိုလို တာပဲ။ အဲဒီတော့ ဘုန်းကြီးတို့ တချို့နေရာမှာ အ၀တ်မီးလောင်နေတယ်။
ဆံပင် မီးလောင်နေတယ်။ အဝတ်မီးလောင်ခံနေရတဲ့ပုဂ္ဂိုလ်၊ ဆံပင်မီးလောင် ခံနေရတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီ အဝတ်ကြီးကို မငြိမ်းသေးဘဲနဲ့ အဲဒီဆံပင်မီးကို မငြိမ်းသေးဘဲနဲ့ ကြိုးစားအားထုတ်ရမယ်လို့ ဒီလိုထူးထူးခြားခြား ဟောထား တာလည်း ရှိတယ် လောကမှာ ဆံပင်မီးလောင်တာ ဒီလောက်အရေးမကြီးဘူး။
အဲဒါထက် အရေးကြီးတာက မိမိကိုယ်မှာရှိတဲ့ ဒိဋ္ဌိတရားကြီး ပယ် သတ်ဖို့က အရေးကြီးတယ်ဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း ဒိဋ္ဌိတရားတွေကို ပယ်သတ်ဖို့ အရေးကြီးပုံကို အရေးတကြီးလုပ်လို့ ထူးထူး ခြားခြား မိန့်ကြားတော်မူခဲ့တာတွေ ရှိတယ်။ ဘုန်းကြီးတို့ ဘုရားရှင်ကိုယ် တော်မြတ် လက်ထက်က တချို့မထေရ်မြတ်တွေ အဲသလိုပဲ ထူးထူးခြားခြား ကြိုးစားခဲ့ကြတယ်။
အဲဒီထဲမှာ အရှင်တိဿမထေရ်ဆိုတာ ရှိတယ်။ တောထဲသွားပြီးတော့ တရားအားထုတ်တယ် သူ့မှာ ညီတစ်ယောက် ရှိတယ် ပစ္စည်းဥစ္စာတွေကို အကုန်စွန့်ပြီးတော့ တောထဲသွားပြီး တရားအားထုတ်တယ်။ ညီ၏ ဇနီးက အဲဒီမထေရ်ဟာ တော်တော်ကြာ လူထွက်လာပြီးတော့ သူ့အမွေတွေ ပြန်တောင်းမှာ စိုးရိမ်နေကြတယ်။ စိုးရိမ်နေတော့ ခိုးသားငါးရာကို ပိုက်ဆံ တွေပေးပြီးတော့ သွားသတ်ဖို့ခိုင်းတယ်။ မထေရ်ကို သွားသတ်ဖို့လွှတ်လိုက် တယ်။ အဲဒီလို သွားသတ်ဖို့ လွှတ်လိုက်တဲ့အခါကျတော့ ခိုးသားငါးရာ မထေရ်သတ်ဖို့ သွားကြတယ် မထေရ်ဆီရောက်တဲ့အခါကျတော့ မထေရ်ကို သတ်ဖို့ သူ့ခယ်မက လွှတ်လိုက်တဲ့အကြောင်း အရှင်ဘုရားကို သတ်ဖို့လာတဲ့ အကြောင်း ပြောတဲ့အခါကျတော့ “အဲ မင်းတို့သတ်တာတော့ ဟုတ်ပါပြီကွာ။ သတ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းတို့ ငါ့ကို တစ်ညလောက်တော့ ဆိုင်းပါဦး” လို့ ဆိုသတဲ့
“အရှင်ဘုရား၊ ဆိုင်းနေလို့ရှိရင် တော်ကြာ အရှင်ဘုရား ထွက်ပြေး သွားရင် ဘယ့်နယ်လုပ်မတုံးဘုရား”လို့ ဆိုတော့ “ငါ အာမခံပေးမှာပေါ့ကွာ”လို့ ဆိုသတဲ့ 1 အဲဒီလို အာမခံပေးမှာပေါ့ ဆိုပြီးတော့ အနားမှာရှိတဲ့ ကျောက်တုံး ကြီးကိုယူပြီးတော့ ပေါင်ကို ရိုက်ချိုးပစ်လိုက်တယ်။ ပေါင်ကိုရိုက်ချိုးပြီးတော့ “ဒီလောက်ဆိုရင် တော်လောက်ပါပြီကွား ဒါဟာ အာမခံပေါ့ ဆိုတော့ သူ တို့လည်း တစ်ညတော့ ခွင့်ပြုကြတယ်။
အဲဒါနဲ့ ကျိုးသွားတဲ့ပေါင်ကြီးကို အရေးမထားဘဲနဲ့ တကယ့်ကို ထူးထူးခြားခြား ကြိုးကြိုးစားစား အားထုတ်လိုက်တာ အဲဒီညပဲ အာသဝေါ ကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်သွားတယ်။ ရဟန္တာအဖြစ်ရောက်သွားတော့ “ကဲ မင်းတို့ လုပ်ချင်သလိုလုပ်တော့”လို့ ဆိုတယ် ဒါနဲ့ သူခိုးတွေကလည်း သတ်သွားကြတယ်။ အဲ မထေရ်ကြီးကလည်း ရဟန္တာ ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ မထေရ်ကြီးဟာ တကယ့်ဒုက္ခတွေကို အရေးမစိုက်ဘဲနဲ့ တကယ့်တရားကိုသာ ကြိုးစားပြီးတော့ မရ-အရ အားထုတ်သွားတာ။ ဒါဟာ အခွင့်ကောင်းကြီးပဲ4 မိမိက တကယ့် တရားထူးရအောင် ကြိုးစား အားထုတ်မယ်ဆိုရင် တရားအားထုတ်ဖို့ရာ သာသနာတော်ကြီးဟာ ကိုယ့် အတွက် အခွင့်ကောင်းကြီး၊ အဲဒီအခွင့်ကောင်းကြီးကို နောင် ကြုံချင်မှကြုံရမှာ၊ ကြုံနေတုန်း အားထုတ်သွားမယ်ဆိုပြီးတော့ ဒုက္ခကို အရေးမထားဘဲနဲ့ တိဿမထေရ်ပြတ် ကြိုးစားအားထုတ်သွားတာ။
ဒါကြောင့်မို့လို့ တကယ့်ဒီတရားတွေဟာ မိမိကိုယ်မှာ ကပ်ဆောင် ထိုက်တဲ့ တရားတွေ (မှန်ပါဘုရား) အဲဒီတရားတွေ မိမိကိုယ်မှာ ကပ်ဆောင် ထားမယ်ဆိုရင် ဒုက္ခတွေငြိမ်းတော့တာပါပဲ။ ဒါကြောင့်မို့လို့ ဩပနေယျိက= ကပ်ဆောင်ထိုက်တဲ့ တရားတွေပဲ။ ဒါကြောင့် လောကမှာ အဲဒီတရားတွေ ကပ်ဆောင်ဖြစ်တဲ့နေရာမှာ လူတွေက မေ့မေ့လျော့လျော့ နေကြရင်တော့ တရားတွေ ကပ်ဆောင်ရမှန်းမသိ ဖြစ်တတ်တယ်။ ဘုန်းကြီးတို့ အိုဘေး နာဘေး သေဘေးဆိုတဲ့ ဘေးကြီးကို လူတွေဟာ တော်တော်ကြောက်ကြ တယ် အထူးသဖြင့် သေဘေးကို ကြောက်ကြတယ် သို့သော် မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆ နေကြတဲ့အခါမှာ မိမိကိုယ်ကို မသေရဘူး ထင်ပြီးတော့ သေဘေးကို ကြောက်ရမှန်းမသိကြဘူး။ နီးလာတဲ့အခါကျတော့ မကြာခင် သေရတော့မယ်ဆိုရင် အဲဒီအခါမှ ကြောက်ရမှန်းသိကြတယ်။ ကြောက်လန့်ကြတယ်။
ဘုန်းကြီးတို့ အသောကမင်းတရားကြီးဆိုတာ လူတိုင်းကြားဖူးကြ တာပဲ။ သီရိဓမ္မာသောကမင်းကြီးလို့လည်း ခေါ်တယ်။ အဲဒီမင်းကြီးမှာ ညီတော် တစ်ယောက်ရှိတယ် တိဿတဲ့။ အိမ်ရှေ့မင်းသားပါပဲ။ အဲ တစ်နေ့ကျတော့ မင်းကြီးရဲ့ညီတော် တိဿမင်းသားဟာ တောထဲ တောလှည့်
လည်သွားတော့ သမင်တွေကို မြက်တွေစားရင်း ပျော်မြူးနေကြတာတွေ့ ရ။ တွေ့တဲ့အခါကျတော့ သူက မသင့်လျော်တဲ့ စိတ်ကူး သွားစိတ်ကူးမိတယ်။ ဒီသမင်တွေဟာ မြက်တွေကိုသာ စားရပေမည့် ဒီလောက် ပျော်မြူးနိုင်ကြ တယ် ဒီရဟန်းတွေဟာ အကောင်းအမွန် ဘုရင့်အိမ်က လှူဒါန်းတဲ့ ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာဖြစ်တဲ့ ဆွမ်းတွေ။ ကွမ်းတွေ စားနေ ရပြီး မိုးလုံလေလုံ ကောင်းမွန် ချမ်းသာတဲ့ နေရာတွေမှာ အိပ်စက်ကြရတယ်။ အဲဒီတော့ မြက်တွေသာစားနေရတဲ့ သမင်တွေတောင် ပျော်နိုင်ကြ ပါးနိုင်ကြတယ်ဆိုရင် အဲသလို ကောင်းတဲ့ အစားအစာတွေစား။ ကောင်းတဲ့ နေရာမှာ အိပ်နေကြရတဲ့ ရဟန်းတော်တွေဆိုတာ သာပြီးတော့ စိတ်ကစား ကြ၊ ပျော်မြူးကြမှာပေါ့။ အဲသလို မသင့်တဲ့ အကြံကို ကြံမိတယ်။ (မှန်ပါ) အဲဒါနဲ့ တောကပြန်သွားတော့ မိမိအကြံရတာကို နောင်တော်ဖြစ်တဲ့ အသောက မင်းတရားကို ပြောပြတယ်။ “သမင်တွေဟာ မြက်စားပြီးတော့တောင် ပျော် ကြသေးတာ။ ဒီရဟန်းတော်တွေဟာ မိုးလုံလေလုံ ချမ်းချမ်းသာသာ အိပ်ရာ တွေမှာ နေကြ အိပ်ကြ ရှင်ဘုရင့်အိမ်က လှူဒါန်းတဲ့ ကောင်းကောင်း မွန်မွန် ဆွမ်းတွေ ကွမ်းတွေကိုစားကြ၊ စားနေကြတာ သူတို့လည်း ကာမဂုဏ် စိတ်တွေ ဖြစ်ကြမှာပေါ့”လို့ ပြောတော့ အဲ မင်းကြီးက ငါ့ညီဟာ မသင့်တဲ့ အကြောင်းကို ကြံတာပဲ သူ့ကိုတော့ အကြောင်းပြရဦးမည် ဆိုပြီးတော့ သူ့ကို စိတ်ဆိုးသလို စိတ်ဆိုးချင်ယောင်ဆောင်ပြီးတော့-
“ဟေး-ငါ့ညီ မင်းဟာ ခုနစ်ရက် မင်းစည်းစိမ်ကို ခံစားလိုက်) ခုနစ်ရက်စေ့တဲ့အခါကျတော့ မင်းကို ငါသတ်မယ်”ဆိုပြီးတော့ အမိန့်ပေး လိုက်တယ်။ ဒါနဲ့ ခုနစ်ရက် နန်းတင်လိုက်ပြီး မင်းစည်းစိမ်ကို ခံစားခိုင်းတယ်။ ဘယ်သူက ခံစားနိုင်မှာတုံး။ ခုနစ်ရက်ကျရင် သေရမယ်ဆိုတာ သိနေတဲ့ အသိကြီးက ရှိနေတော့ ဘယ်လောက်ချမ်းသာပါတယ်ဆိုတဲ့ မင်းစည်းစိမ် ကြီးဟာ ချမ်းသာ မထင်တော့ဘူး။ ချမ်းသာမှန်း မသိတော့ဘူး။ သေရမှာကိုပဲ ကြောက်နေရ။ အဲဒါနဲ့ ခုနစ်ရက်စေ့တဲ့အခါကျတော့ သီရိဓမ္မာသောက မင်းကြီးဟာ ညီတော်ကို မေးတယ်။
“ဘယ့်နယ် ညီတော်၊ မင်းခုနစ်ရက် နန်းစံရတာ။ မင်းစည်းစိမ်ခံစား ရတာ ပျော်ရဲ့လား”ဆိုတော့ “နောင်တော်၊ ဘယ်ပျော်မတုံး။ ခုနစ်ရက်
လွန်ရင် သေရမှာဆိုတာသိနေတော့ ဘယ်မှာသွားပြီး ကျွန်တော်မျိုး ပျော်နိုင်ပ) မတုံး”ဆိုတော့ “အဲ မင်းဟာ ခုနစ်ရက်အပိုင်းအခြားနဲ့ ရက်ချိန်းရတာတောင် မင်းမပျော်နိုင်ဘူးဆိုတော့ ရဟန်းတော်တွေဆိုတာ ထွက်သက်ဝင်သက်တိုင်း သေခြင်းတရား ထင်နေကြတာ မင်းက ခုနစ်ရက်မှာတောင် မပျော်နိုင်မပါ။ နိုင်ဖြစ်နေတာ ထွက်သက်ဝင်သက်တိုင်း သေခြင်းတရား အစဉ်မပြတ်ထင် နေကြတဲ့ ရဟန်းတော်တွေမှာ ဘယ်မှာသွားပြီး ပျော်နိုင်မတုံး” ပြောတော့မှ သဘောပေါက်သွားတယ်။ ဒီတော့မှ သူဟာ သာသနာတော်ကို ကြည်ည်ု ရမှန်း သိသွားတယ်။
အဲဒါကြောင့် တစ်ခါတလေ ပျော်ပါး၊ တဲ့အခါမှာ တရားကိုမေ့တတ် တယ် ပပျော်အောင် ဘာလုပ်ရမတုံး' သံဝေဂလေးတွေနဲ့ မိမိတို့စိတ်ကို နှိပ်ပေးကြရတယ်။ ထိတ်လန့်အောင် လုပ်ပေးကြရတယ်။ ဇာတိ=ပဋိသန္ဓေ နေရခြင်း၊ ဧရာ=အိုရခြင်း၊ ဗျာဓိ=နာရခြင်းး မရဏ=သေရစခြင်းဆိုတဲ့ အိုနာ သေရေး ဒုက္ခဘေးတွေး အတိတ်ဘဝမှာ ခံရတဲ့ဘဝတွေကို တွေးမိခြင်း အနာဂတ်ဘဝမှာ ခံရမည့်ဒုက္ခတွေကို တွေးမိခြင်း၊ ပစ္စုပ္ပန်ဘဝမှာ ခံရတဲ့ ဒုက္ခတွေကို တွေးခြင်း' အဲ အာဟာရကို ရှာမှီးရတဲ့ ဒုက္ခတွေကို တွေးခြင်း စသည်ဖြင့် သံဝေဂဝတ္ထု ရှစ်ပါးဆိုတဲ့ သံဝေဂတွေနဲ့ မိမိတို့ရဲ့စိတ်တွေကို လှန့်ပေးရ၊ ခြောက်ပေးရတယ်။ အဲဒီလို ခြောက်လှန့်ပေးတဲ့အခါ တရားတွေကို သတိရတတ်တယ်။ အဲ လောကမှာ အစဉ်မကွာ တရားသတိရမူက အရေး ကြီးတာဖြစ်သောကြောင့် အဲသလို သတိရနေအောင် ဇာတိံ ဧရာ။ ဗျာဓိ မရဏ၊ အတိတ်၊ အနာဂတ်။ ပစ္စုပ္ပန် ဝင်ဒုက္ခတရားတွေး အာဟာရကို ရှာမှီးရတဲ့ဒုက္ခတွေ စသည်ဖြင့် အဲဒီဒုက္ခတွေနဲ့ ခြောက်လှန့်ပြီးတော့ မိမိတို့ စိတ်ထဲမှာ သံဝေဂတွေဖြစ်အောင် ကြိုးစားခြင်းဖြင့် ဝင်ဒုက္ခခပ်သိမ်းချုပ် ငြိမ်းအောင် ဩပနေယျိကအမည်ရတဲ့ မိမိကိုယ်မှာကပ်ဤ ဆောင်ထိုက်တဲ့ တရားတွေကိုဆောင်ပြီးတော့ တရားရှိသူတွေဖြစ်အောင် ကြိုးစားအားထုတ် နှင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော်တရားတော်
အဲ ဘုန်းကြီး တရားဂုဏ်တော် ၆-ပါးအနက် နောက်ဆုံး ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဆိုတဲ့ ဂုဏ်တော်ကို ဟောပါမယ်။ အဲ တစ်ခါတစ်ခါကျ တော့လည်း တရားဆိုပေမည့် တရားသဘောတွေပဲ များများနေရင် ခြောက်နေ သလို ဖြစ်နေတယ်။
အဲဒီတော့ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ၊ ပညာရှင်တို့သည် အသီး အသီး ကိုယ်စီကိုယ်င မိမိသန္တာန် သိအပ်တဲ့ဂုဏ်ကို ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိလို့ ခေါ်တယ်။ အဲ-အရိယာပညာရှင်တို့သည် အသီးအသီး မိမိသန္ဘာန်ဉ် ကောင်းစွာသိအပ်တဲ့ တရား၊ ပညာရှိဆိုတော့ လောကမှာ စာပေပညာ တတ်တဲ့ ပညာရှိကိုလည်း ဝိညူ ပညာရှိလို့ဆိုရတယ် (မှန်ပါဘုရား) ဒီနေရာမှာတော့ အဲဒီပညာရှိတွေကို မယူရဘူးတဲ့။ တကယ့် မဂ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေ။ ဖိုလ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေ မဂ်ဖိုလ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာ ဝိညူ -အရ ပညာရှိလို့ ဆိုလိုတယ် (မှန်ပ၊ ဘုရား)
အဲဒီတော့ အသီးအသီး ကိုယ်စီကိုယ်င မိမိသန္တာန် သိအပ်တယ် ဆိုတာက အားလုံသော ပညာရှိတွေဟာ မဂ်ပညာပဖြင့် နိဗ္ဗာန်ကို ကိုယ်တွေ့ တွေ့ကြ ဖိုလ်ပညာဖြင့် နိဗ္ဗာန်အရသာကို ခံစားကြရ။ ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် မိမိရဲ့မဂ်ကို သိကြတယ်။ မိမိရဲ့ဖိုလ်ကို သိကြတယ်။ မိမိရခဲ့တဲ့ နိဗ္ဗာန်ကို သိကြတယ်။ အဲလို အားလုံး မဂ်ဖိုလ်နိဗ္ဗာန် တရားတွေရပြီးတော့ အဲဒီနိဗ္ဗာန်ကို ကြိုရွှသိကြတဲ့ အရိယာပညာရှင်တွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တွေ့သိအပ်သောကြောင့် ဒီမဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့တရားဟာ သူများအပြောနဲ့ သိရတဲ့ တရားမျိုး မဟုတ်ဘူး။ ကိုယ်တွေ့ဒိဋ္ဌ သိမြင်ရတဲ့တရား။ (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ)
ကိုယ်တွေ့သိအပ်တဲ့တရားလို့ တရားတော်ကိုဂုဏ်ပြုတာ။ လောကမှာ ကိုယ်တွေ့မသိဘဲနဲ့ ပြောနေကြတဲ့တရားတွေ အများကြီးရှိတယ်။
အဲဒီလောကမှာ ဘုန်းကြီးတို့ က္ဂဿရန်မ္မာနဆိုတဲ့ ဒိဋ္ဌိတွေ ရှိတယ် (အမိန့်ရှိပါဘုရား) မိမိတို့ကို အစိုးရတဲ့ သိကြား+ဗြဟ္မာ+ဗိဿနိုး+ထာဝရ စတဲ့ ပုဂ္ဂိုလ်တွေ လောကကြီးကို ဖန်ဆင်းတယ်လို့ယူဆတဲ့ အယူအဆတွေ ရှိတယ်4 ဒိပြင် ဗြဟ္မာကြီးတစ်ယောက်က လောကကို ဖန်ဆင်းတယ်လို့ ရှေးအခါက အိန္ဒိယနိုင်ငံမှာ ဒီအယူဝါဒကြီးဟာ အင်မတန် တွင်ကျယ်နေ တယ်။ (မှန်ပါဘုရား) အထူးသဖြင့် ဗြဟ္မဏဘာသာဆိုတဲ့ ဘာသာကြီး ထဲမှာ ဒီဝါဒတွေ အတော်ခေတ်စားနေတယ်1။
လောကြီးကို ဗြဟ္မာကဖန်ဆင်းတယ်လို့ ခုနကပြောသလို သာသနာ တော်မှာရှိတဲ့ မဂ်ဖိုလ်နိဗ္ဗာန်တရားတွေကို ကိုယ်တိုင်ကျင့် ကိုယ်တိုင်တွေ့ ကိုယ်တိုင်သိရလို့ ပြောကြ ဆိုကြတဲ့ အပြောမျိုးတော့ မဟုတ်ဘူး သူများ အပြောဖြင့် ခန့်မှန်းပြီးတော့ မိမိတို့ပြောနေကြတာ။ ကိုယ်တွေ့သိတာတော့ မဟုတ်ဘူး။ ဗြဟ္မာဆိုတာကိုလည်း သူတို့ မမြင်ဖူးကြဘူး။ ဗြဟ္မာဟာ လောကကို ဖန်ဆင်းတတ်တယ်ဆိုတာလည်း ကိုယ်တွေ့သိရတာမဟုတ်ဘူး။ အဲ သူများက ပြောလို့။ အဲ ဆရာ့ဆရာတွေကပြောလို့ ယုံကြည်သောအားဖြင့် ပြောနေကြတာတွေ (မှန်ပါဘုရား)
အမှန်က ဒီအယူဝါဒကြီးဟာ ဘုန်းကြီးတို့ ကမ္ဘာဦးကတည်းက ပေါ်လာတဲ့ ဝါဒကြီးပဲ။ အဲ ဘုန်းကြီးတို့ကမ္ဘာကြီး ပျက်စီးတဲ့အခါကျတော့ အဲ ဗြဟ္မာ့ဘုံတစ်ဘုံပေါ်မှာ ဗြဟ္မာမရှိဘူး။ ဗြဟ္မာမရှိဘဲ ဆိတ်သုဉ်းပြီးတော့ ဗိမာန်ချည်း။ ဘုံချည်းပဲ ကျန်ရှိတော့တယ်။
ကမ္ဘာကြီး ပြန်တည်တဲ့အခါ ကျတော့ အဲဒီ ပျက်စီးသွားတဲ့ ဗြဟ္မာ့ ဘုံတွေ ပြန်ပြီးဖြစ်လာတဲ့အခါကျတော့ အစပထမမှာ ဗြဟ္မာတွေမရှိဘဲ ဖြစ် နေတယ်။ အဲဒီအခါမှာ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်က တစ်နေရာကနေပြီး စျာန်ကုသိုလ်ကံကြောင့် အဲဒီဘုံသို့ ရောက်လာတယ်။ ဗြဟ္မာကြီးဖြစ်လာတယ်။ အဲဒီလို သူဖြစ်လာတဲ့အခ်ျန်မှာ ဘယ်သူမှမရှိသေးဘူး။ မိမိတစ်ယောက်တည်း နေရ၊ အဲသလို တစ်ယောက်တည်းဖြစ်ရတဲ့ အခါကျတော့ သြော် ငါဟာ- ငါနဲ့အဖော် တစ်ယောက်ယောက် ဗြဟ္မာများ လာဖြစ်လို့ရှိရင် ကောင်းလေစွ ဆိုပြီးတော့ တောင့်တပြန်တယ်။
သူက အဲဒီလို တောင့်တလိုက်တဲ့အချိန်မှာ ဟိုကလည်း သူ့ကံ အလျောက် စုတေလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကလည်း ရုတ်တရက် ဗြဟ္မာ့ ပြည်ကို မြန်းခနဲဆို ငြဟ္မာတက်ပြီးတော့လာဖြစ်တယ်4 ကြတ္ကြက်တာတ သူကလည်း တောင့်တလိုက်တဲ့အချိန် အဲဒီက ဗြဟ္မာကလည်း ဘွားခနဲဆို ပေါ်လာတဲ့အချိန် တိုက်ဆိုင်နေပြန်တော့ ငါဟာ သတ္တဝါတွေကို ဖန်ဆင်း နိုင်တယ်လို့ ယူဆလိုက်တယ်။ (မှန်ပါဘုရား)
သူက ယူဆရုံတင်မဟုတ်ဘူး နောက်ကျတော့ အဲဒီ ဗြဟ္မာကြီးဟာ တန်ခိုးအားဖြင့်လည်းကောင်း) အရှိန်အဝါအားဖြင့်လည်းကောင်းး အဘက် ဘက်က တိုးတက်သာနေတော့။ နောက်ပေါ်လာတဲ့ ဗြဟ္မာလေးတွေကလည်း ဒီ ဗြဟ္မာကြီးဟာ တို့ကို ဖန်ဆင်းတယ်လို့ ယူဆကြတယ်။ နောင်အခါ နောက် ပြစ်လာတဲ့ ပြဟ္မာတွေက ဗြဟ္မာပြညကနေ စုတေမြီးတော့လူပြည်ဖြစ် လူ.ပြည်ဖြစ်လာတဲ့အခါကျတော့ ငါဟာ ဘယ်ကလာပါလိမ့်၊ စဉ်းစားကြည့်။ ြဟ္မာြည်ကလာတာ တွေ့ ရ။ တွေ့တော့ တို့ဗြဟ္မာကြီး ရှိသေးရဲ့လားတြညှ် လိုက်တော့ ခုနကပြောတဲ့ဗြဟ္မာကြီးဟာ ရှိနေလျက်ပဲ။ (မှန်ပါဘုရား)
ရှိနေဆဲဖြစ်တော့ သြော် ဒီဗြဟ္မာကြီးဟာ တို့သာသေရတယ် ဒီဗြဟ္မာကြီး မသေဘူး။ အဲဒီ ဗြဟ္မာကြီးဟာ တို့ကို ဖန်ဆင်းတာပဲ။ အဲသလို ယူဆလာတယ်။ (မှန်ပါဘုရား)
အဲဒီလို ယူဆလာတော့ နောက် ဟိုပြော ဒီပြော၊ ဒီလိုနဲ့ တစ်ဆင့် တစ်ဆင့် ပြန့်ပွားပြီးတော့ ဗြဟ္မာဖန်ဆင်းတယ်ဆိုတဲ့ ဝါဒကြီး ဖြစ်ပေါ်လာတယ် အဲဒီလို ဖြစ်ပေါ်လာပြီး နောက်ကျတော့ အဆင့်ဆင့် ကိုယ်က သူ့ကိုပြော။ သူက ကိုယ့်ကိုပြောနဲ့ ဒီဝါဒ ပျံ့နံ့လာတယ်။ အဲဒါကြောင့်မို့လို့ ဗြဟ္မာကြီး ဖန်ဆင်းလို့ လောက လူဖြစ်ရတယ်ဆိုတာ အမှန်က ကိုယ်တွေ့မဟုတ်ဘူး။ သူများအပြောနဲ့ ပြောကြတာ။ ဗြဟ္မာဖန်ဆင်းတယ်လို့ ပြောတဲ့စကားတွေ တွင်ကျယ်လာပြီး နောက်ဆုံး ဝါဒတစ်ခုအဖြစ်နဲ့ ပြောကြ ဆိုကြ ဖြစ်လာ ကြတယ်။
အဲဒါ ဘုန်းကြီးဆိုလိုရင်းကတော့ လောကမှာ ဖန်ဆင်းလို့ဖြစ်လာ တယ်ဆိုတဲ့ ဝါဒဟာ နောက်နှောက်က တကယ်မဟုတ်ဘဲနဲ့ အထင်ကြီးပြီး ဖြစ်လာကြတဲ့ အယူအဆ၊ နောင်အခါကျတော့ ဘာတွေဖြစ်လာသလဲဆိုတော့
အဲ-တကယ်ပဲ တချို့ စ္ဂဲလာကြတယ်။ လောကကြီးဟာ အတော်ဆန်းကြယ် တယ်။ သစ်ပင်တွေး တောတောင်တွေ။ ရေမြေတွေ ကြည့်လိုက်ပြန်တော့ ကမ္ဘာကြီးဟာ အတော်ဆန်းကြယ်တယ် 1။ သစ်ပင်တွေပေါက်ပုံး စည်ကားပုံ။ လူတွေဖြစ်လာပုံကလည်း အင်မတန်ဆန်းကြယ်တယ်။ အဲ တိရစ္ဆာန်တွေဖြစ်ပုံ ကလည်း အင်မတန်ဆန်းကြယ်တယ်။ ကမ္ဘာကြီး ဘာဖြစ်ဖြစ် အရာ၀တ္ထုတွေ ကြည့်လိုက်လို့ရှိရင် အင်မတန်ဆန်းကြယ်တာ တွေ့ ရတယ်။ အဲဒါ နိယာမ သဘောတရားအတိုင်းပဲး ရုပ်တရား နာမ်တရားတွေ စီမံချက်ကြောင့် အားလုံး ကမ္ဘာလောကကြီးနဲ့ သတ္တဝါတွေဆိုတာ ဖြစ်လာတယ်။ ရုပ်နာမ် အပြင် ဘာမှရှိတာ မဟုတ်ဘူး။ (မှန်ပါဘုရား)
လူဆိုတာ နာမ်ရုပ်၊ ကံအကျိုး-ကံကြောင့် အကျိုးဖြစ်လာတယ်။ သြော်-အကျိုးဖြစ်လာတော့ အကျိုးရုပ်နာမ်တွေ ပေါ်လာတယ် ဖြစ်လာမည့် ရုပ်တွေ နာမ်တွေ ဆိုတာကလည်း အင်မတန် ဆန်းကြယ်တယ်။ ဖြစ်နေ လိုက်ကြတာ။ သူ့ဟာသူ အကြောင်းဖန်တီးမှုအရ အကျိုးဖြစ်တဲ့ ရုပ်နာမ် တွေဟာ အဆက်မပြတ် တရစပ်ဖြစ်ပြီးတော့ ဒီခန္ဓာကိုယ်ကြီး ဖန်တီးနေကြ ဒါတင်မက အဝိညာဏက တောတောင် အစရှိသော အရာဝတ္ထုတွေကို ဖန်တီးနေကြ။ ဖန်တီးပုံကလည်း တော်တော်ဆန်းကြယ်တယ်။ ဖြစ်နေပုံ ကလည်း အတော်ဆန်းကြယ်တော့ အဲ ကမ္ဘာကြီးကိုဖန်ဆင်းတဲ့ တန်ခိုးရှင် တစ်ယောက် ရှိရမယ်။ အဲသလို တန်ခိုးရှင်ကို ကြံဆပြီးတော့ သူတို့ကို ဖန်တီးယူတာ ဖြစ်တယ်လို့ ယူဆတယ်။
ဒီတော့ လောကကြီးမှာ အဲ တကယ်တော့ ရုပ် နာမ်တရားတွေ သူ့ ကိစ္စတွေ သူတကယ် ဆောင်ရွက်ခြင်းကြောင့် လူရယ်လို့။ နတ်ရယ်လို့။ ဗြဟ္မာရယ်လို့။ ပုဂ္ဂိုလ်ရယ်လို့ သတ္တဝါရယ်လို့ ဖြစ်လာကြတာ။ အဝိညာဏက အရာ။ သဝိညာဏကအရာတွေ နိယာမ သဘာဝအတိုင်း ဖြစ်ကြတာ အဝိညာဏကကျတော့ ဥတုနိယာမ။ ဥတုတွေရဲ့ ဆန်းကြယ်ပုံး ဆန်းကြယ်တဲ့ စီမံမှုကြောင့် ဖြစ်လာရတယ်။ အဲ သတ္တဝါတွေကျတော့ ကမ္မန်ယာမ။ ကံရဲ့ စီမံချက်ကြောင့် ဖြစ်လာတယ် ကံရဲ့ စီမံချက်ကြောင့် ရုပ်နာမ်တွေ ဖြစ်လာ ရတယ်။ အဲဒီရုပ်နာမ်တွေဟာ အင်မတန်ဆန်းကြယ်တယ်။ သူတို့ဖြစ်ပုံ။ သူတို့အလုပ်လုပ်ပုံ သူတို့အချင်းချင်း ကြောင်းကျိုး ဆက်ပြီးတော့ ပေါ်လာလိုက်။
ပျောက်လာလိုက်။ အဲ တည်လာလိုက်။ ပျောက်လာလိုက် ရုပ်တွေဖြစ်လာတာတွေ အင်မတန်ဆန်းကြယ်တယ် (မှန်ပါ့ဘုရား) အဲဒါ ဖန်ဆင်းရှင်ရဲ့ ဖန်တီးချက် အရ မဟုတ်ဘူး။ စိတ္တနိယာမဆိုတဲ့ နိယာမသဘောအရ စိတ်တွေ သူ့ အကြောင်းနဲ့သူ ဆက်ကာဆက်ကာဖြစ်ရ။ ဥတုနိယာမအရကြောင့် တေဇော ဆိုတဲ့ ဥတုနိယာမအရ။ ရုပ်တရားတွေကလည်း အမျိုးမျိုးဖြစ်ကြရတယ်။ အာဟာရဆိုတဲ့ အာဟာရတရားကြီး ဖန်တီးပေးလို့ အဲ ရုပ်တွေ နာမ်တွေ ဖြစ်လာကြတယ်။
အဲ ကံကြောင့် စိတ်ကြောင့် နာမ်တရားတွေဖြစ်ပြီးတော့ အမျိုးမျိုး ခန္ဓာကိုယ်ကြီးထဲမှာ ရုပ်တွေ နာမ်တွေဟာ သူတို့ဖြစ်ပွားပြီး အလုပ်လုပ်နေ ကြတာ။ အဲဒီလို အလုပ်လုပ်နေကြတာက အင်မတန်ဆန်းကြယ်တော့ လူ တွေက တီထွင်ကြတယ်။ ဒါဟာ သူ့အလိုအလျောက်တော့ မဖြစ်နိုင်ဘူး။ တန်ခိုးရှင်က ဖန်ဆင်းပေးလို့သာ ဖြစ်တာပဲ စသည်ဖြင့် အဲဒီတန်ခိုးရှင်ဟာ တကယ်ရှိသလားဆိုတော့ တကယ်ရှိတာမဟုတ်ဘူး။ တကယ်မြင်ရတာလည်း မဟုတ်ဘူး။ စိတ်ကူး သူများအပြောနဲ့ ဗြဟ္မာဖန်ဆင်းတယ်။ ဗိဿနိုးဖန်ဆင်း တယ်။ ဘုရားသခင် ဖန်ဆင်းတယ် စသည်ဖြင့် ဖန်ဆင်းရှင်ဝါဒရယ်လို့ လောက ပေါ်လာရတယ်။ အမှန်က အဲ သဘာဝအတိုင်း ဖြစ်ကြတာတွေပဲ။
အဲဒီတော့ တခြားတရားတွေဆိုတာက ကိုယ်တွေ့သိရတဲ့တရားတွေ မဟုတ်ဘူး သူများအပြောနဲ့ သိရတဲ့တရားတွေး တကယ့်ကိုယ်တွေ့ ကြည့် လိုက်လိုရှိရင် ဘာသာရှိ၊ ရုပ်နာမ်သာရှိ (မှန်ပါဘူရား)
နဟေတ္ထ ဒေဝေါဗြဟ္မာဝါ
သံသာရဿတ္တီ ကာရကော1။
သုဒ္ဓဓမ္မာ ပဝတ္တန္က်။
ဟေတု သမ္ဘာရပစ္စယာ။
ဧတ္ထ=ဤလောကကြီး ဖြစ်ရာခ်၊ ဒေဝေါဝါ=ဤလောကကြီးကို ဖန် ဆင်းတတ်တဲ့ တန်ခိုးကြီးမား နတ်တစ်ပါးပါးသည်လည်းကောင်း၊ ဗြဟ္မာဝါ= ဗြဟ္မာဆိုရတဲ့ ထာဝရဗြဟ္မာကြီးသည်လည်းကောင်း၊ နအတ္တီ=ဘယ်သို့ပင် ရှာကြည့်ကြည့် မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာလျှင်တည်း။ ဧတ္ထ=ဤလောကကြီး ဖြစ်ရာခ်4 ဟေတု သမ္ဘာရပစ္စယာ အကြောင်းလောက်လုံ
ပြည့်စုံခြင်း တည်းဟူသော အကြောင်းကြောင့် သုဒ္ဓဓမ္မာ၀ = အတ္တမဖက် ထာဝရမဖက် သက်သက် ရုပ်နာမ်ဟုဆိုအပ်သော ရုပ်နာမ်နှစ်ပါး တရားတို့ သည်သာလျှင် ပဝတ္တန္တံ=အကြောင်းအားလျော်စွာ ဖြစ်လာပေါ်လာကြလေ ကုန်သတည်း။
အဲ ဘယ်တန်ခိုးရှင်မှ မရှိဘူး။ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရား တွေသာရှိတယ်4 အကျိုးဖြစ်တဲ့ ရုပ်နာမ်တွေသာ ရှိတယ် ကဲဒီရုပ်နာမ် တွေဟာ သူ့အကြောင်းနဲ့သူ သူ့အကျိုးနဲ့သူ ဆိုင်ရာဆိုင်ရာ ကိစ္စတွေကို စုပေါင်းပြီး ဆောင်ရွက်ကြတော့ အားလုံးကိစ္စတွေပြီးတယ်။
အမှန်က ဒီတရားတွေဟာ မိမိတို့ မတွေ့နိုင်။ မသိနိုင်တဲ့ တရားတွေ မဟုတ်ဘူး။ အမှတ်တမဲ့နေရင်သာ မသိကြတာ အဲ အမှတ်တမဲ့ မနေဘဲ မိမိခန္ဓာကိုယ်မှာ ဖြစ်သမျှ ဆင်ခြင်ကြည့်။ နှလုံးသွင်းကြည့် တွေးတောကြည့်။ စဉ်းစားကြည့်မယ်ဆိုရင် ကောင်းကောင်းတွေ့ကြရတာပဲ။ နောက်ဆုံး ဝိပဿနာ ဉာဏ်ပညာ၊ မဂ်ပညာနဲ့ စနစ်တကျ နည်းကျလမ်းကျ ဆင်ခြင်သုံးသပ်မယ် ဆိုရင် အဲဒီအခါမှာ အဲ ကိုယ်တွေ့ တွေ့လာရမှာပဲ။
အဲဒီကိုယ်တွေ့ တွေ့လာတာကိုပဲ (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ) ပညာရှင်တို့ ကိုယ်တွေ့ ဆတ်ဆတ် သိအပ်တဲ့တရားလို့ ဆိုရတယ်။ နောက်ဆုံး မင်္ဂတရား ဖိုလ်တရား နိဗ္ဗာန်တရားများကို ခုနက ပညာရှင်တွေ ကိုယ်တွေ့ သိနိုင်ခြင်းကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိလို့ ဆိုလိုတယ်။
အဲ ကိုယ်တိုင်သိရလို့ပဲ ဆရာရဲ့ မဂ်က တပည့်ရဲ့ ကိလေသာကို မပယ်နိုင်း ဆရာရဲ့ ဖလသမာပတ်က တပည့်ရဲ့ ချမ်းသာခံမှုကို မပေးနိုင်ဘူး ဆရာရဲ့ နိဗ္ဗာန်တရားက တပည့်မြင်ရအောင် မဆောင်ရွက်နိုင်ဘူး။ အဲဒီတော့ အဲဒီတရားတွေဟာ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်ခဲ့လို့ ဝိပဿနာ ပွားများခဲ့လို။း ဝိပဿနာ အခိုက်အတန့်ကနေပြီးတော့ ဝိပဿနာဉာဏ် တွေဟာ အဆင့်ဆင့်တိုးပေးလိုက်လို့။ နောက်ဆုံးကျတော့ နိဗ္ဗာန်ဆိုတာကို ဘွားခနဲ ဆိုက်ရောက်ကြရတယ်။
မင်ရကြတယ်။ ဖိုလ်ရကြတယ်။ နိဗ္ဗာန်ရကြတယ်။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်တွေဟာ (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ) ပညာရှိတွေကိုယ်တိုင် သိနိုင်တဲ့တရား၊ အဲ ပစ္စတ္တံ ဝေဒိတဗ္ဗော
ဝိညူဟိ-လို့ တရားတော်ကို ဂုဏ်ပြု လိုက်သဖြင့် အဲဒီ လောကုတ္တရာ တရားတော်တွေဟာ အဲ လောကီကုသိုလ်တွေထက် ထူးခြားတဲ့ အရှိန်အဝါ ရှိတယ်ဆိုတာ သိရတယ်။ ဒါကြောင့် ဒီ သာသနာတော်မှာ ကြုံရတဲ့ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ=ဂုဏ်ရှိတဲ့ တရား တော်မြတ်ကို ကြိုးစားပမ်းစား ပွားသထက်ပွား တိုးသထက်တိုးအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန် သတည်း။
(သာဓု သာဓု သာဓု)
ကိုယ်တိုင်ဒိဋ္ဌသိနိုင်မြင်နိုင်တွေ့နိုင်တဲ့ လောကုတ္တရာကိုးပါးတရားတော်
ဘုန်းကြီး ယနေ့ တရားဂုဏ်တော် ၆-ပါးထဲက သန္ဒိဋ္ဌိကတရား ဂုဏ်တော် ပ္ပားများနည်းကို ဟောပါမည်၊ သန္ဒိဋ္ဌိကဆိုတာ မြန်မာလိုတော့ ကိုယ်တိုင်တွေ့မြင်ခြင်းငှာ ထိုက်တဲ့တရားလို့ အဓိပ္ပာယ်ရတယ်။
သူများအပြောနဲ့ မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင် တွေ့ပြီးတော့ သိရတာကို သန္ဒိဋ္ဌိက။ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်တွေဟာ သူများအပြောဖြင့် သိရတာမဟုတ်ဘဲနဲ့ မိမိကိုယ်တိုင် တွေ့ရ မြင်ရ သိရ။ ကိုယ်တွေ့ဒိဋ္ဌ သိနိုင် မြင်နိုင် တွေ့နိုင်တဲ့ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် တရားကို သန္ဒ်ဋ္ဌိကလို့ဆိုတယ်။
ဘုန်းကြီးတို့ လောက ဗြဟ္မဏဝါဒမှာ စျာန်တရားဆိုတာ ရှိတယ်။ သူတို့၊ စ၊ါ အထူးခြားဆုံးတရားဟာ စျာန်တရားပဲ။ ကိုယ်တွေ့လည်းကိုယ်တွေ့ ပါပဲ။ သူတို့အားထုတ်လို့ ကျင့်ကြံလို့ရကြတဲ့ စျာန်တရားတွေဟာ သူတို့ရဲ့ အကောင်းဆုံးတရားတွေပဲ။ သို့သော် ဘုန်းကြီးတို့ သန္ဒိဋ္ဌိက ကိုယ်တိုင် တွေ့ရတဲ့ နိဗ္ဗာန်တရားကဲ့သို့ ကိလေသာငြိမ်းကြောင်း တရားလည်းမဟုတ်။ ဒုက္ခတွေငြိမ်းကြောင်း တရားလည်းမဟုတ် ဗြဟ္မာ့ပြည်ရောက်ကြောင်း တရား သာဖြစ်တယ်။
အဲဒီတော့ သူတို့တစဲတွေဟာ အဲဒီတရားကို အထူးမြတ်ဆုံးထား ပြီးတော့ အဲဒီတရားဖြင့် ရောက်ကြရတဲ့ ဗြဟ္မာဘဝကို သူတို့က မအို မနာ မသေရာဌာနဆိုပြီးတော့ သတ်မှတ်ကြတယ် ဗြဟ္မာတွေဟာ မအိုရ၊ မနာရ။ မသေရဘူးတဲ့။ ဒါဟာ သူတို့ကိုယ်တွေ့ မဟုတ်ဘူး။ သူများက ပြောလို့ သူ့ဆရာ့ဆရာတွေက ဗြဟ္မာဆိုတာ ထာဝရတည်မြဲတယ်။ မအိုဘူး။ မနာဘူး။ မသေကြဘူး။ ဒီလို သူများပြောလို့ သိရတာ။ အဲဒါကို နိစ္စဓာတ်လို့
သတ်မှတ်ကြတယ် အမှန်က ဗြဟ္မာဆိုတာ စျာန်တရားကြောင့် ဖြစ်လာရတာ။ စျာန်တရားဆို တာလည်း မြဲတာမဟုတ်ဘူး။ စျာန်တရားကြောင့်ဖြစ်တဲ့ ဗြဟ္မာတွေလည်း မြဲတာမဟုတ်ဘူး။ အနိစ္စဓာတ်တွေ။ ဒါ ကြောင့် ဗြဟ္မာဖြစ် ပေမည့် တစ်နေ့ကျတော့ အောက်သို့ကျရတယ်။
ဥက္ခိတ္တာ ပုညတေဇေန။
ကာမရူပဂတိံ ဂတာ။
ပုန အာယန္တ် ဒုဂ္ဂတိံ။
ပုညတေဇေန=ကောင်းမှုအရှိန်အစော် အာနုဘော်က ဥက္ခိတ္တာ=မြှောက် တင်ပေးအပ်သည်ဖြစ်ရှ။ ကာမရူပ ဂတိံ<ကာမ ဘဝ ရူပဘ၀သို့။ ဂတာ= ရောက်ကြရကုန်သော ပုဂ္ဂိုလ်တို့သည် ပုန=နောက်ထပ်တစ်ဖန် / ဒုဂ္ဂတိံ= အပါယ်လေးဝ ဒုဂ္ဂတိ ဘဝသို့ အာယန္တ်=ဒုက္ခဖြစ်ဖို့ရာ ဆိုက်ရောက်လာကြ ပါပေကုန်သတည်း။
အနိစ္စဓာတ်တွေ။ စျာန်တရားဆိုတာ အနိစ္စဓာတ်တွေ ဖြစ်သောကြောင့် ဗြဟ္မာတွေဟာ တစ်နေ့ကျတော့ ၃၁-ဘုံ ထိပ်ဆုံးက ဘဝဂ်ခေါ်တဲ့ နေဝ သညာ နာသညာဘုံကြီးမှာ ဖြစ်ရပေမည့် တစ်နေ့ကျရင် ဒုဂ္ဂတိဘ၀သို့ ဆိုက်ရောက်ကြရတာပဲ။ (မှန်ပါဘုရား)
ဘုရားရှင်ကိုယ်တော်မြတ် လက်ထက်က ဗကဗြဟ္မာကြီးဆိုတာ ရှိတယ်။ သူက သူ့ကိုယ်သူ အတော်အထင်ကြီးနေတယ်။ ငါဟာမြဲတယ်။ မပျက်စီးနိုင်တော့ဘူးလို့ မိစ္တာအယူဝါဒ ဖြစ်လာတယ်၊ အဲဒီအခါမှာ ဘုရားရှင် တိုယ်တော်မြတ်က သိတော်ခူလို ဗြဟ္မာပြည်တ္ကြသွားမြီးတော့ သူ.ကိုချတ်ရတယ်။
သင်ယူဆသလို ဗြဟ္မာ့ဘုံဟာ မြဲတာမဟုတ်ဘူး။ မမြဲတဲ့တရားဖြစ် ကြောင်း။ မြဲတဲ့တရားကာခြားတစ်မျိုးဖြစ်ကြောင်း အဲဒါတွေကို သိလာ အောင် ဟောကြားပြီးတော့ ချွတ်ခဲ့ရတယ်4 ဗြဟ္မာဆိုတာဟာ သဘာဝက ပျက်စီးတတ်တဲ့ သဘောတွေပဲ/။ ဘုရားရှင်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ တရားတွေ ဟာ အဲဒီလိုမဟုတ်။ ကိုယ်တွေ့ဒိဋ္ဌ ကိုယ်တွေ့သိမြင်နိုင်တဲ့ တရားတွေမို့လို့ မိမိကိုယ်တိုင် တရားရဲ့ အရသာကို ခံစားရတယ်ဆိုတာ ရှိတယ်။
ရှေးတုန်းက သေလာဆိုတဲ့ ဘိက္ခုနီမလေးတစ်ယောက် အန္စဝန်တော ကြီးထဲဝင်ပြီးတော့ နေ့လယ်ခင်း တရားနှလုံးသွင်းနေတယ်။ သမာပတ် ချမ်းသာကို ခံစားနေတယ်။ အဲဒီအချိန်မှာ မာရ်နတ်ကြီးလာပြီး-
နိတ္ထိ နိဿရဏံ လောကေ။
ကိံ ဝိဝေကေန ကာဟသိ။
ဘုဒဥ္ဇဿု ကာမရတိယော။
မာဟု ပစ္ဆာနတာပိနီ။
လို့ပြောပြီး သူ့ကို အနှောင့်အယှက် လာပေးတယ်။
ဘိက္ခုနီ=ဘိက္ခုနီမလေး၊ လောကေ=လောကကြီးထဲခ်၊ န် ဿရဏ= ထွက်မြောက်ရာဆိုတဲ့ နိဿရဏတရားသည်။ နတ္တိ=မရှိ။
ဘိက္ခုနီမလေးကို သူက လောကမှ ထွက်မြောက်ကြောင်း နိဿရဏ တရားဆိုတာ မရှိဘူး။ ယခုလို တစ်ယောက်တည်း ကျင့်နေရပြီး တိတ်တိတ် ဆိတ်ဆိတ် လာပြီးနေလို့ ဝိဝေကဆိုတဲ့ ဆိတ်ငြိမ်မှုကိုယူပြီးနေလို့ ဘာအကျိုး ရိမှာတုံး။
ဘုဥ္ဓဿု ကာမရတိယော၊ ကာမရတိယော=ကာမဂုဏ် အပျော် အမျိုးမျိုးတို့ကို၊ ဘုဥ္ဇဿု=ခံစားသုံးဆောင်ပါ လော။
ကာမဂုဏ်အပျော်အပါးတွေကိုသာ ခံစားပါ မာဟုပစ္ဆာနုတာပီ= နောက်အရွယ်တွေ သိပ်ကြီးသွားမှ ကာမဂုဏ်တွေ မခံစားလိုက်ရလို့ နောင်တ မဖြစ်ပါစေနဲ့လို့ဆိုပြီး အနှောင့်အယှက်ပေးတယ်။
အဲဒီတော့ ဘိက္ခုနီမလေးက ဘယ်လက်ခံမတုံး။ အမှန်က ဒီ ဝိဝေကဆိုတဲ့ ကိလေသာတို့မှ ကင်းဆိတ်မှုဆိုတာ သူ့ကိုယ်တွေ့။ သူ အားထုတ်လို့ ရထားတဲ့ ကိုယ်တွေ့တရား) ကိုယ်တွေ့နိဗ္ဗာန်ကို သူကရပြီးသား။ နိဗ္ဗာန်ဟာ သူ့အဖို့ သန္ဒိဋိကတရားပဲ။ (မှန်ပါဘုရား)။ ကိုယ်တိုင်ရထားတာ။ မာရ်နတ်ကြီးက ဒီလိုလာပြောလို့ ဘယ်ရမတုံး။
အတ္ထိ နိဿရဏံ လောကေ၊
ပညာယ မေ သုဖုဿိတံ။
ပမတ္တဗန္ဓု ပါပိမ။
န တွံ ဇာနာသိ တံ ပဒါ
ပမတ္တဗန္ဓု=မေ့လျော့တတ်သူတို့ဓ၊ါ မိတ်ဆွေဖြစ်သော။ ပါပိမ = ယုတ်မာလှတဲ့ မာရ်နတ် လောကေ=လောကဋ်း နိဿရဏံ= ထွက်မြောက်ခြင်း ဆိုတဲ့ နိဗ္ဗာန်တရားသည်။ အတ္ထိ=ထင်ရှားမသွေ ရှိပါပေ၏ ( နိဗ္ဗာန်ဆိုတာ တကယ် ထင်ရှားရှိတာ။ ဒါဟာ သူ့ကိုယ်တွေ့ပါ။ သူများပြောလို့ မဟုတ်ပါဘူး။ ပညာယ မေ သုဖုဿိတံ/ မေ= ငါသည် ပညာယ= မဂ်ပညာ ဖိုလ်ပညာ ပစ္စဝေက္ခဏာပညာဖြင့်၊ သုဖုဿိတံ=ကောင်းစွာသိအပ်ပါပေပြီ။ နိဗ္ဗာန်ဆိုတဲ့ နိဿရဏကို ငါသူများ အပြောနဲ့ သိတာမဟုတ်ဘူး။ ပညာတရားဖြင့် ငါ့ကိုယ်တွေ့ တွေ့ထားတာ။ ဒါလည်း သန္ဒ်ဋ္ဌိကဂုဏ်တစ်ရပ် မိမိအနေဖြင့် ကိုယ်တွေ့တွေ့ထားတဲ့ အကြောင်းကို ပြောတယ်။
ပမတ္တဗန္ဓု ပါပိမ။
န တ္ပ ဇာနာသိ တံ ပဒံ။
ပမတ္တ ဗန္ဓု=မေ့လျော့တတ်သူတို့၏ မိတ်ဆွေဖြစ်သော၊ ပါပိမ= ယုတ်မာလှတဲ့ မာရ်နတ် တွံ=သင်သည်။ တံ ပဒံ=ထိုနိဗ္ဗာန်ဆိုတဲ့ နိဿ ရဏ တရားကို၊ နဇာနာသိ=မသိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သတည်း။
(သာဓု သာဓု သာဓု)
သတ္တိသုလူပမာ ကာမာ။
ခန္ဓာသံ အဓိကုန္နနာ။
ယံတွံကာမ ရတိ” ဗြူသိ
အရတိ မယှသာ အဟု။
ပါပိမ=မာရ်နတ်ကြီး၊ ကာမာ=ငါးဖြာအာရုံ ကာမဂုဏ်တရားတို့သည်။ သတ္တိသုလူပမာ=အမြဲ တမ်းထိုးဆွနေတတ်တဲ့ လှံတံကျင်ကြီးတွေနဲ့ တူလှပါ ပေကုန်၏။
ကာမဂုဏ်ကို သူ့အမြင်နဲ့ ပြောနေတာ။ ကာမဂုဏ်ကို ဘိက္ခုနီမလေး
- က နောက်နောက်ကတော့ ကာမဂုဏ်ကို အကောင်းထင်ခဲ့တာ။း နောက်
ကျတော့ ဒီကာမဂုဏ်တွေ အမှန်အတိုင်းသိီလာတော့ ကာမဆိုတာ ချမ်းသာ တာက နည်းနည်း ဆင်းရဲဒုက္ခတွေကအနန္တ။ (မှန်ပါက္ရား) အမြဲထိုးဆွနေ ကြတဲ့ လှုကြီးတွေနဲ့တူတယ်လို့ သူမြင်ရတဲ့ အမြဒီနဲကို ပြောပြခဲ့တယ်။ (မှန်ပါဘုရား)
သတ္တိီသုလူပမာ ကာမာ။
ခန္ဓာသံ အဓိကုန္နနာ။
ခန္ဓာ=ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးတရား သည်။ အာသံ=ထိုကာမဂုဏ်တရားတည်းဟူသော လှံကြီးတို့၏။ အဓိ ကုန္နနာ=ထိုးဆွရာ စဉ်းတီတုံးကြီးတွေနဲ့ တူလှပါပေသတည်း။ တွံ=သင်သည်။ ယံကာမရတိံ=အကြင် ကာမဂုဏ်အပျော်ဆိုတဲ့ အပျော်မျိုးကို၊ ဗြူသိ=ဆိုခဲ့ ပါပေ၏ / သာ ရတိ=သင်ပြောတဲ့ ကာမဂုဏ်အပျော်မျိုးသည်။ မယှံ=ငါ့အဖို့ 1 အ ရတိ=ပျော်စရာမဟုတ် စက်ဆုပ်စရာသည်သာ။ အဟု=မုချမသွေ ဖြစ်ပါ ပေသတည်း။
သင်က ကာမဂုဏ်တွေကို ကာမဂုဏ်အပျော်တွေကို ကောင်းတယ်လို့ ဆိုခဲ့တယ်။ သို့သော် ငါ့အမြင်က အဲဒီ ကာမဂုဏ်တွေဆိုတာ လှံကြီးတွေ။ ထိုးဆွနေတဲ့ လှံကြီးတွေ (မှန်ပါဘုရား) ခန္ဓာငါးပါးကို အမြဲထိုးဆွနေတာ။ အဲဒီ ကာမဂုဏ်တည်းဟူသော လှံကြီးတို့၏ ထိုးဆွရာ နှိပ်စက်ရာ စဉ်းတီ တုံးကြီးတွေပဲ။ ဒါကြောင့် အမှန်မြင်ထားတဲ့ ငါ့အဖို့တော့ အဲဒီကာမဂုဏ် ဆိုတာ ပျော်စရာမဟုတ်တော့ဘူး) စိတ်ပျက်စရာ။ ငြီးငွေ့စရာ စက်ဆုပ်စရာ ကြီးတွေသာ ဖြစ်တဲ့အကြောင်း ဘိက္ခုနီမလေးက မိန့်ကြားခဲ့တယ်။
အဲဒီလို ပြောလိုက်တော့ မာရ်နတ်ကြီး စိတ်ပျက်ပြီး ထွက်သွားတယ်။ အဲဒါကြောင့်မို့ ဘုန်းကြီးတို့လောကမှာ သန္ဒိဋ္ဌိကဆိုတာကို ကိုယ်တွေ့သိထား ထားတဲ့ ပုဂ္ဂိုလ်တွေအဖို့ကတော့ ကာမဂုဏ်ဆိုတာ အလကားပဲ ကာမဂုဏ် တို့ရဲ့ကင်းရာ ကာမဂုဏ်တို့ရဲ့ ချုပ်ရာ ကာမဂုဏ်တို့ရဲ့ငြိမ်းရာ နိဗ္ဗာန်သည် သာလျှင် တကယ့်ချမ်းသာပဲ။ တကယ် နှစ်သက်ဖွယ်ကောင်းတဲ့ အရာ အဲဒါဟာ သန္ဒိဋ္ဌိက သိပ်ဟုတ်တာပေါ့။ (မှန်ပါဘုရား)
လောကမှာ နိဗ္ဗာန်ဆိုတာ ရရှိတဲ့ပုဂ္ဂိုလ်တွေအဖို့ တကယ်မွန်မြတ်တဲ့ တရားတစ်ခုပဲ) ဤသာသနာတော်မှာ နိဗ္ဗာန်ရကြတဲ့ ပုဂ္ဂိုလ်တွေကသာ မိမိ တို့ နိဗ္ဗာန်ကို အကြောင်းပြုပြီး ဖလသမာပတ္တိ ချမ်းသာထူးကို ခံစားနိုင်တယ်။ ဒါကြောင့် ဒါတွေဟာ ကိုယ်တွေ့ သန္ဒိဋ္ဌိကတရားတွေမို့လို့ အဲဒီ သန္ဒိဋ္ဌိက တရားဟာ တို့ဘုရားသာသနာတော်မှာသာ ရှိတယ်လို့ လက်ခံနိုင်ကြတယ်။
အဲဒီ သန္ဒိဋ္ဌိကဆိုတဲ့ မဂ်ဖိုလ်သာမက အဲဒီ မဂ်ဖိုလ်ရောက်ကြောင်း တရားတွေဟာလည်း သန္ဒိဋ္ဌိကချည်းပဲ။ မင်ဖိုလ်ရောက်အောင် ဘာတွေ အားထုတ်ရတုန်းဆိုတော့ ခန္ဓာငါးပါး အားထုတ်ရတယ် အာယတန ဆယ့် နှစ်ပါးကို အားထုတ်ရတယ်။ ဓာတ် တစ်ဆယ့်ရှစ်ပါးကို အားထုတ်ရတယ်။ ရုပ်နာမ်တရားတွေကို စောစောက မိမိတို့ စာတွေ့အရသာ သိကြတာ။ သူများ သင်ပြလို့၊ သူများပြောလို့သာ သိကြရတာ။ ကိုယ်တွေ့ အသိနဲ့တော့ မသိကြ ရဘူး။ (မှန်ပါဘုရား)
အဲဒီ ရုပ်တရားတွေနဲ့ သဘောသဘာဝတွေကို တရားရှု ဆင်ခြင် အားထုတ်တဲ့အခါ ရှုဆင်ခြင်ပွားများ အားထုတ်တဲ့အခါ ကိုယ်တွေ့.မြင်လာ ကြရတော့ အဲဒီတရားတွေဟာ မိမိတို့နောက်က ထင်ခဲ့သလို နိစ္စ=မြဲတာ လည်းမဟုတ် သုခ=ချမ်းသာတာလည်းမဟုတ် 1 အတ္တ=ထင်နေကြတဲ့ အကောင် လေးလည်း မဟုတ်ဘူး အမှန်က အနိစ္စ=အမြဲမရှိ။ ဒုက္ခ=ဆင်းရဲခြင်း၊ အနတ္တ=အတ္တထင်နေတဲ့ အကောင်ရယ်လို့ မဟုတ်ဘူး။ တကယ်တော့ ခက် မာတဲ့သဘော။ ယိုစီးတဲ့သဘော။ တွန်းကန်တဲ့သဘော။ ပူတဲ့သဘော။ အေးတဲ့ သဘော ဒီသဘောတွေသာ ရှိတယ်ဆိုတာ တွေ့လာရတယ်။
စိတ်တရားတွေး စေတသိက်တရားတွေလို့သာ သိလာကြရတယ်။ သိလာကြတဲ့အခါကြတော့ ကိုယ်တွေ့ ဒိဋ္ဌ ပရမတ္ထအားဖြင့် မြင်လာကြရ တယ် ပရမတ္ထဆိုတာ ဘာတုံး။ ပရမတ္ထဆိုတာ မဖောက်မပြန် မှန်ကန်တဲ့ တရားလို့ အနက်ရတယ်။ (မှန်ပါဘုရား)
အနုဿဝါဒိ၀ဝသေန အဂ္ဂဟေတဗ္ဗတ္ထော။ တစ်ဆင့်ကြား စသည်၏ အစွမ်းဖြင့် မယူအပ်တဲ့အနက် ကိုယ်တွေ့သိမြင်အပ်တဲ့ သန္ဒိဋ္ဌိကတရားကို ပရမတ္ထလို့ဆိုတယ်။ ဘုန်းကြီးတို့လောကမှာ ပထဝီက ဘယ်လိုတဲ့။ အာပေါက ဘယ်လိုတဲ့။ တေဇောကဘယ်လိုတဲ့ စိတ်ဟာ ဘယ်လိုတဲ့။ စေတသိက်ဟာ ဘယ်လို စသည်ဖြင့် ဆရာ့ဆရာတွေ ပြောကြတယ်။ အဲဒီလိုပြောတာတွေကို မိမိတို့က မှန်းဆပြီး သိနေတာဟာ ပရမတ္ထ မဟုတ်သေးဘူး။ တကယ့် ပရမတ္ထက ဟိုမှာ ရှုဆင်ခြင်ပွားများလို့ ကိုယ်တွေ့သိကြရတဲ့ တရားတွေ (မှန်ပါဘုရား)
အဲဒီတရားတွေကို ရှုဆင်ခြင်တဲ့အခါကျတော့ ခက်မာတဲ့သဘော လေးကို ကိုယ်တွေ့သိရတယ်။ အဲဒီခက်မာတဲ့ သဘောလေးဟာ စောစောက တစ်ဆင့်ကြားမျိုး ကြားတုန်းက အနိစ္စလို့ မသိရ။ တကယ့်ကိုယ်တွေ့.ဒိဋ္ဌ ရှဆင်ခြင်တဲ့အခါကျတော့ သူတို့ဟာ တစ်မိနစ်အတွင်းမှား တစ်စက္ကင်ုလေး အတွင်းမှာ အကြိမ်ပေါင်းများစွာဖြစ်နေကြတယ်။ အဲဒီလိုပဲ ပထဝီ တေဇော ဝါယော ဆိုတဲ့တရားတွေ စိတ်စေတသိက်ဆိုတဲ့တရားတွေ အကုန်လုံးပျက် နေကြတာချည်းပဲ။ အဲဒီပျက်နေတာတွေကိုသိလို့ ကောင်းကောင်းမွန်မွန် ဖြစ်ပျက် ဖြစ်ပျက်တရားလို့ မြင်လာရတဲ့အခါကျတော့ ပရမတ်အမှန်ကို သိရတယ်။
အဲဒီအချိန်ကျမှ ပရမတ်ဟာ သူပြောငါပြောနဲ့ သိရတာ။ ပရမတ် မဟုတ်သေးဘူး။ ကိုယ်တွေ့ ပစ္စက္ခသိရတဲ့ တရားသာလျှင် ပရမတ္ထဖြစ်ကြောင်း သဘောပေါက်လာတယ် 48 အဲဒါကြောင့်မို့လို့ ပရမတ္ဆဆိုတာဟာ ခုနပြောတဲ့ သန္ဒိဋ္ဌိကနဲ့ သဘာဝတူကြတဲ့ ကိုယ်တိုင်မြင်မှ ပရမတ္ထ ကိုယ်တိုင်မြင်မှ သဒ္ဒိဋိက ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ မင်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ တရားတွေဟာ ကိုယ်တွေ့.ဒိဋ္ဌ ကိုယ်တိုင်မြင်နိင်တဲ့ တရားတွေမို့လို့ ဖရ မှန်ကန်တဲ့ တရား မဖောက်ပြန်တဲ့တရားကို သန္ဒိဋ္ဌိက ကိုယ်တွေ့သိရတဲ့ တရားတွေမို့လို့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတွေဟာ ဟောဒီဥစ္စာ။ ဟောဒီဗြဟ္မာ တွေဟာ မြဲတယ် ဟောဒီ ဗြဟ္မာဖြစ်ကြောင်း တရားတွေဟာ မြဲတယ်ဆို ပြီးတော့ သူများပြောရုံနဲ့ သိရတာမဟုတ်ဘဲနဲ့ တကယ်ကောင်းတယ်ဆိုတာ ကိုယ်တွေ့ ဒိဋ္ဌ တွေ့ပြီလို့ သိရတာမို့လို့ တရားတော်တွေဟာ သန္ဒိဋ္ဌိက။ (မှန်ပါဘုရား)
သန္ခ်ဋိကတရားဟာ ဒီသာသနာတော်မှာသာ ရှိတယ်။ ဒီတော့ ဒီတရားကို မသိသေးသမျှတော့ မိမိတို့ဟာ တရားမှန်ကို မမြင်ကြသေးဘူး။ မမြင်ရ သေးရင် ဘာဖြစ်သတုံးဆိုတော့ တရားမှန်ကို မသိသေးရင် ထူးထူးဆန်းဆန်း လို ပုဂ္ဂိုလ်တွေကို တွေ့တဲ့အခါကျတော့ အဲ ယောင်ပြီးတော့ အထင်ကြီးပြီးတော့ သူတို့နောက် ပါချင်ပါသွားတတ်တယ်။ ဒါကြောင့် လောကမှာ သန္ဒ်ဋ္ဌိက ဆိုတဲ့ ကိုယ်တွေ့တရားဟာ အင်မတန်အရေးကြီးတယ်။
တစ်ခါတုန်းက အစေလ ကဿပကြီးဆိုတာ ရှိတယ်။ တိတ္ထိကြီးပေါ့။ စိတ္တသူကြွယ်ရဲ့ မိတ်ဆွေကြီး၊ အဲဒီလိုပဲ မစ္ဆိကာသဏ္ဍမြို့ကြီးကို ရောက်လာ တယ်။ ရောက်လာတော့ စိတ္တသူကြွယ်က သူ့မိတ်ဆွေကို သွားတွေ့တယ်။ တိတ္ထိကြီးကို တွေ့တဲ့အခါကျတော့ အစေလကဿပကြီးကို စိတ္တသူကြွယ်က မေးတယ် အရှင်ဘုရား၊ အရှင်ဘုရား ရဟန်းပြုလာတာဟာ ဘယ်လောက်ရှိ ပြီလဲ နှစ်ပေါင်းသုံးဆယ်ရှိပြီ အဲဒီနှစ်ပေါင်းသုံးဆယ်အတွင်းမှာ စျာန်တရား တွေ ရပြီးပြီလားလို့မေးတယ်။ ဘယ်ရမတုံး။
အ၀တ်မဝတ်တာရယ်။ ခေါင်းတုံး တုံးတာရယ် ဖုန်ခါတဲ့ ယပ်ကလေး ဆောင်တာရယ် ဒါပဲ ငါ့မှာ အကျင့်ရှိတာပဲဆိုတော့ သြော်-အရှင်ဘုရားရဲ့ တရားဟာ တယ်အံ့သြစရာကောင်းပါလား။ အဝတ်မဝတ်ရုံနဲ့ ဆံပင်ရိတ်ရုံနဲ့ ယပ်ကလေး ဆောင်ရုံနဲ့ဆိုတော့ တယ်အံ့သြစရာကောင်းပါလား- ဆိုတော့ သူက ပြန်မေးတယ်။ ဒကာ စိတ္တသူကြွယ်။ ဘုရားတပည့်ဖြစ်တာ ဘယ်လောက် ကြာပြီတုံး။ တပည့်တော် နှစ်ပေါင်းသုံးဆယ်ရှိပြီး ဘယ်လိုတုံး ဘယ်လောက်များ တရားထူးတွေကို ရသတုံးဆိုတော့-
အား-တပည့်တော် ပထစစျာန်ကိုလည်း ဝင်စားနိုင်တယ်။ ဒုတိယစျာန် ကိုလည်း ဝင်စားနိုင်တယ် တတိယစျာန်လည်း ဝင်စားနိုင်တယ်။ စတုတ္ထစျာန် ကိုလည်း ဝင်စားနိုင်တယ်။ တကယ်လို့များ တပည့်တော် အရင်ကွယ်လွန်မယ် ဆိုရင် ဘုရားရှင်က တပည့်တော်ကို ဟောဒီ စိတ္တသူကြွယ်ဟာ လူ့ပြည်ကို လာနိုင်တဲ့ သံယောဇဉ်တွေ မရှိတော့ဘူး။ ဘယ်တော့မှ မလာတော့ဘူးလို့ မိန့်ကြားမှာပဲလို့ဆိုတော့ အဲဒီမှာတင် သူက ကောင်းချီးပေးတယ်။ တယ် အံ့သြစရာကောင်းပါလား)။ တကယ်တော့ လူဖြစ်ရက်သားနဲ့ ဒီလိုတရားထူး တွေကို ရပါလားဆိုပြီးတော့ ကောင်းချိီးပေးတယ် ကောင်းချီးပေးပြီးတော့ ငါလည်း ဒီသာသနာတော်မှာ ဝင်ချင်တယ်။ တရားအားထုတ်ချင်တယ်ဆိုတော့ မထေရ်ကြီးတွေထံ ခေါ်သွားပြီးတော့ ရဟန်းပြုပေးဖို့ တောင်းပန်တယ် အဲဒါနဲ့ သူရဟန်းအဖြစ်ရောက်သွားတယ်။ နောင်အခါကျတော့ တစ်ခါတည်း တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်သည်အထိ တရားထူးတရားမြတ် တွေကို ရသွားတယ် အဲဒီလို ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားတော် ဆိုတာက သန္ဒိဋ္ဌိကဖြစ်တယ်။
ခုနက နှစ်ပေါင်းသုံးဆယ်လုံးလုံး အလကားဖြစ်နေတဲ့ အစေလကဿပ ကြီးဟာ သန္ဒိဋ္ဌိကဆိုတဲ့ ကိုယ်တွေ့ တွေ့မြင်နိုင်တဲ့ တရားတွေကို အားထုတ် လိုက်တော့ ရဟန္တာအဖြစ် ရောက်သွားတယ်။ ဒါကြောင့် ဘုရားရှင်ကိုယ် တော်မြတ်ရဲ့ တရားတော်တွေဟာ အေး ဟိုမှာ မအို မသေတဲ့ နေရာချည်းပဲလို့ ကိုယ်တွေ့ ရတဲ့ မင်တွေ ဖိုလ်တွေ ဝိပဿနာတွေနဲ့ ကိုယ်တွေ့ကျင့်ကြပြီး အားထုတ်နိုင်တဲ့ ရနိုင်တဲ့ တရားတွေရှိတာမို့လို့ သန္ဒိဋ္ဌိကဆိုတဲ့ တရားဇေံ ရဲ့ဂုဏ်ဟာ အင်မတန် မြတ်နိုးထိုက် အားကိုးတိုက်တဲ့ ဂုဏ်တွေမို့လို့ မိမိတို့ သန္ဒိဋ္ဌိကတရားတော်တွေကို ကိုယ်တွေ့ကြုံပြီးတော့ သာသနာတော်မှ ထူး မြတ်သော ဂုဏ်ထူးတွေရအောင် ကြိုးစားနိုင်ကြ၊ အားထုတ်နိုင်ကြပါစေကုန် သတည်း။
(သာဓု သာဓု သာဓု)
လာခဲ့ပါ ကျင့်ကြည့်ရှုကြည့်ပါဟု ဖိတ်ခေါ်ထိုက်တဲ့ ဗုဒ္ဓဓမ္မတရားတော်
ယာဝတာ ခေတ္တာ ဝိဇ္ဇန္ကိ။
သံဃာပိစ ဂဏာပိစ။
ဗုဒ္ဓ ခေတ္တ သမော နတ္ထိ
သုခဒေါ သဗ္ဗပါဏိနံ။
သံဃာပိစ=သံဃာဆိုရတဲ့ သံဃာအမျိုးမျိုးတို့သည်လည်းကောင်း၊ ဂဏာပိစ=ဂိုဏ်းဆိုရတဲ့ ဂိုဏ်းအမျိုးမျိုးတို့သည်လည်းကောင်း၊ ယာ၀ဝတာ= အကြင်မျှလောက်ကုန်သော၊ ခေတ္တာ=ကောင်းမှု ပုညတို့ဖြစ်ပွားရာ ခေတ် အပေါင်းတို့သည်။ ဝိဇ္ဇန္က်=ထင်ရှားမသွေ ရှိနေကြပါပေကုန်၏ / သဗ္ဗပါဏိနံ= လုံးစုများစွာ သတ္တဝါအပေါင်းတို့၏။ သုခဒေါ=ချမ်းသာသုခကို တကယ် တမ်းပေးတတ်သော၊ ဗုဒ္ဓခေတ္တသမော=ဘုရားပွင့်ရာ ခေတ်အခါ ဗုဒ္ဓခေတ် နှင့်တူသော ခေတ်တစ်မျိုးသည်။ နတ္ထိ=ဘယ်သို့ပင်ရှာရှာ ဘယ်မှာပင်ကြည့် ကြည့် မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေသတည်း။ (သာဓု။ သာဓု။ သာဓု)
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သာသနာ ဗုဒ္ဓခေတ်ကြီးသည် လောကမှာ ဘယ်ဂိုဏ်း ညာဂိုဏ်းဆိုတဲ့ ဂိုဏ်းတွေ ဘယ်သံဃာ ညာသံဃာဆိုတဲ့ သံဃာတွေ အဲဒီဂိုဏ်း သံဃာတွေနဲ့ နှိုင်းမရ တုမရအောင် တကယ့်သတ္တဝါ တို့၏ ချမ်းသာသုခကို ဧကန်ပေးနိုင်တဲ့ ခေတ်ကြီးတွေ။ ခေတ်ကြီးအခါကြီး သာသနာတော်ကြီး ဗုဒ္ဓရဲ့ပုညခေတ် သာသနာတော်ကြီး ဒီသာသနာတော် ကြီးဟာ ဘယ်သာသနာ ဘယ်ခေတ် ဘယ်ဂိုဏ်း ဘယ်သံဃာနဲ့မှ တုလို့ မရအောင် ထူးခြားတဲ့ခေတ်ကြီး' သတ္တဝါတို့ကို ချမ်းသာကို ပေးနိုင်တဲ့ ခေတ်အပေါင်းတို့တွင် ဘုရားရှင် သာသနာတော်တည်းဟူသော ခေတ်ကြီးသည် ထူးခြားမွန်မြတ်သော ခေတ်။ ကောင်းမြတ်သော ခေတ်ကြီးကို ဘုန်းကြီးတို့
ဒကာ ဒကာမတွေ ကြုံတွေ့နေရတယ်။ အင်မတန်ထူးခြားတယ် ဘုန်းကြီး ဟောခဲ့တဲ့ တရားတွေထဲမှာ ဂုဏ်တော်တွေကို ဟောခဲ့တာ။ ယခု ဒီနေ့ ဧဟိပဿိက ဆိုတဲ့ ဂုဏ်တော်ကို ဟောမယ်။
ဧဟိပဿိကဂုဏ်တော်၊ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်ဟာ ဧဟိပဿိကဂုဏ် ရှိတယ်။ ဧဟိပဿိကဆိုတာ ဧဟိ=လာလှည့်စမ်းပါ ပဿ=ကြည့်လှည့်စမ်းပါလို့၊ လာလှည့်စမ်းပါ။ ကြည့်လှည့်စမ်းပါလို့ ဖိတ် ခေါ်ထိုက်တဲ့တရားတွေး တရားက တကယ့်ထင်ရှားတဲ့တရား' တကယ့် ကောင်းကျိုးချမ်းသာကို ပေးတတ်တဲ့တရားမို့လို့ အဲဒီတရားတော်တွေကို လာလှည့်စမ်းပါ။- ကျင့်ကြည့်စမ်းပါလို့ ရဲရဲတင်းတင်း ဖိတ်ခေါ်ပြထိုက်တဲ့ တရား၊ အဲဒါကို ဧဟိပဿိကလို့ ခေါ်တယ်။ လာစမ်းပါ။ ကျင့်ကြည့်စမ်းပါ လို့ ဖိတ်ခေါ်ထိုက်တယ်။ .
လောကမှာ သေတ္တာတို့ ဗီရိုတို့ပေ]့လေ။ အဲဒီထဲမှာ ထူးခြားတဲ့ ရတနာတွေ ရှိလို့ရှိရင် လိုချင်တဲ့လူး ဝယ်ချင်တဲ့ လူတွေကို လာစမ်းပါ)။ ကြည့်စမ်းပါလို့ ဖိတ်ခေါ်ပြီးတော့ ပြထိုက်တယ်။ သေတ္တာထဲမှာ ဘာမှလည်း မရှိဘူး ရှိတာကလည်း အဖိုးမတန်။ တန်ဖိုးမရှိ မသန့်ရှင်းတဲ့ပစ္စည်းတွေ ရှိနေမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ ဖိတ်ခေါ်ပြီးတော့ ပြခြင်းငှာ မထိုက်ပါဘူး။ ပြရင်လည်း ဘာမှအကျိုးမရှိဘူးး ဘယ်သူကမှ လိုချင်မှာမဟုတ်ဘူး။
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်တွေဟာ အဲသလိုမဟုတ်ဘူး။ အင်မတန် သန့်ရှင်း။ အပြစ်ကင်းတဲ့ တရားတော်တွေမို့လို့ ကျင့်ကြံချင်တဲ့ ပုဂ္ဂိုလ်တွေ။ အားထုတ်ချင်တဲ့ပုဂ္ဂိုလ်တွေကို လာစမ်းပါ။ ကျင့်ကြည့်စမ်းပါလို့ ဖိတ်ခေါ်ပြီးတော့ ပြထိုက်တဲ့ တရားတွေ၊
အဲဒီတော့ တရားကလည်း ထင်ရှားရှိတဲ့တရား၊ မဂ် ၄-ပါး။ ဖိုလ် ၄ ပါး နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာတရားတွေဟာ အထင်အရားရှိကြတဲ့ တရားတွေ။ အဲဒီတရားတွေကို ရှေးကဖြစ်ကြတဲ့ ဘုရား ပစ္စေကဗုဒ္ဓါ အရှင် မြတ်တွေ။ အရိယာပုဂ္ဂိုလ်တွေ ဒီတရားတော်ကို ရသွားကြလို့ပဲ ဟောပြောပြသ ဆိုဆုံးမထားကြလို့ တရားတော်တွေရဲ့ ကျင့်ကြံဖို့ အားထုတ်ဖို့ နည်းလမ်း တွေကလည်း အထင်အရှား အဲဒါကြောင့်မို့လို့ ကိုယ်တိုင်မြင်နိုင်တဲ့ တရား တွေလည်းဟုတ်ကဲ့။ အဲဒီတရားတွေကို ရပြီဆိုရင် မိမိသန္တာန်မှာရှိတဲ့ ကိလေသာ
အညစ်အကြေးတွေ ကင်းဝေးပြီးတော့ တကယ့်စင်ကြယ်တဲ့ တရားလည်း ဟုတ်တယ်။ ဒါကြောင့် ဒီတရားတော်တွေဟာ ဆီးနှင်းမြူတိမ် အခိုးတွေ ကင်းပြီးတော့ အင်မတန် သန့်ရှင်းကြည်လင်နေတဲ့ လပြည့်ဝန်းကြီးလို အင်မတန် အရည်လဲ့လဲ့ ရွှန်းပနေတဲ့ တောက်ပနေတဲ့ စင်ကြယ်နေတဲ့ ပတ္တမြားရတနာကြီးလို။ အဲဒီလို စင်ကြယ်သန့်ရှင်း အပြစ်ကင်းလို့ ထုတ်ပြ ခြင်းငှာ သင့်လျော်တဲ့ တရားတွေမို့လို့ အဲဒီတရားတွေကို ဧဟိပဿိကဂုဏ် ရှိတယ်လို့ ဆိုရတယ် မကောင်းတဲ့တရားဆိုရင် လောကမှာ ဘယ်သူမှ မပြချင်ကြဘူး။ ကောင်းတဲ့တရားတွေမို့ လို့သာ ခေါ်ပြီးတော့ ဖိတ်ခေါ်ပြီးတော့ ပြရတဲ့တရားတွေမို့လို့ ဧဟိပဿိကလို့ ခေါ်တယ်
ဘုန်းကြီးတို့ အကာလိက=အခါမလင့် အကျိုးကိုပေးတတ်တယ်လို့ နောက်က အကာလိကဂုဏ်တော်ကို ဖွင့်ခဲ့တယ်။ သန္ဒ်ဋိက=သူပြော ငါပြော နဲ့မဟုတ်။ ကိုယ်တွေ့ဒိဋ္ဌ ကြုံရမည့်တရားတွေမို့လို့ တကယ်ထင်ရှားရှိတဲ့ တရား၊ အဲဒါကြောင့်မို့လို့ လောကမှာ ဒီတရားကို နည်းမှန်လမ်းမှန် ကြိုးစားကျင့်ကြံကြတဲ့ သူတော်ကောင်းတွေ ဒီတရားကိုရကြတဲ့အခါ ကိုယ်တွေ့ သိမြင်ရ။ နိဗ္ဗာန်တည်းဟူသော တရားကြီးဆိုလို့ရှိရင် ကိလေသာအညစ်အကြေး ကင်းဝေး စင်ကြယ်မှုကိုလည်း ကိုယ်တွေ့ကြုံကြရတယ်။ ဒါကြောင့်မို့လို့ ကောင်းမြတ်တဲ့ တရားတွေမို့လို့ ဘယ်မှာ ဖိတ်ခေါ်မပြနိုင်ဘဲ ရှိမတုံး။ လောကမှာ အဲသလောက်ထူးခြားတဲ့ တရားတွေမို့လို့ မဂ်ဖိုလ်န်ဗ္ဗာန်ဆိုတဲ့ လောကုတ္တရာတရားတွေဟာ အများကိုဖိတ်ခေါ်လို့ ပြထိုက်တဲ့တရား၊ အဲဒီ လောကုတ္တရာတရားကို ရကြောင်းဖြစ်တဲ့ ဝိပဿနာတရားဆိုတာကလည်း လာခဲ့စမ်းပါ။ ကျင့်ကြည့်စမ်းပါလို့ ဖိတ်ခေါ်ပြီးတော့ မပြထိုက်ဘဲ ဘယ်မှာ ရှိမတုံး။
လောကမှာ ထူးထူးခြားခြားလေးတွေကို တွေ့လို့ရှိရင် ထူးဆန်းတဲ့ အရာဝတ္ထုတစ်ခုကို တွေ့လို့ရှိရင် မိမိလည်းအားရ။ မိမိကတွေ့လို့ မြင်လို့ သိလို့ မိမိက ရပြန်ရင်လည်း သူတစ်ပါးကိုဖိတ်ခေါ်ပြီး ပြသပေးချင်တယ်။ ဒါကတော့ ထုံးစံပဲ) အဲဒီလိုပဲ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်ကို ရကြတဲ့အခါမှာ မကြုံစဖူး ထူးထူးခြားခြားရတဲ့ အရာကြီးမို့လို့ အဲဒီအရာ ကြီးကို မိမိကို ချစ်မြွတ်နိုးအပ်တဲ့ မိတ်ဆွေသင်္ဂဟ ဆွေမျိုးညာတိတွေ မိဘ
ဆရာသမားတွေ စသည်ဖြင့် သူတို့တစ်တွေကိုလည်း သိစေချင်တယ် လာခဲ့စမ်းပါ။ ကျင့်ကြည့်စမ်းပါလို့ ဖိတ်ခေါ်ချင်တယ်။ တိုက်တွန်းချင်တယ်။ နှိုးဆော်ချင်တယ်။ ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော် ဟာ အဲဒီလို တိုက်တွန်းမှုကို ခံထိုက်တဲ့တရား၊ ဖိတ်ခေါ်မှုကို ခံထိုက်တဲ့တရား။ ဒါကြောင့်မို့လို့ ဧဟိပဿိကဂုဏ်ရှိတယ်လို့ ကျမ်းဂန်များမှာ ဖွင့်ဆိုကြတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က ဧဟိပဿိက လာခဲ့ ကြည့်ကြစမ်းလို့ အဲဒီ အနေနဲ့ ဖိတ်ခေါ်ထားတဲ့ ဖိတ်ခေါ်ချက်တွေလည်း ဘုန်းကြီးတို့ ကျမ်းဂန်မှာ အများကြီးတွေ့ ရတယ်
ကုဓေ၀=ဤဘုရားသာသနာတော်ခဌ်သာလျှင်။ ပထမော= အစဦး ဖြစ်သော၅ သမဏော = ကိလေသာငြိမ်းတဲ့ သောတာပန် ရဟန်းကို။ လဗ္ဘတိ= ရအပ်ပါပေ၏ / ကုဓေ၀= ဤငါဘုရားသာသနာတော်ခ််သာလျှင်။ ဒုတိယော= နစ်ခုမြောက်သော၊ သမဏော=သကဒါဂါမ်ဆိုတဲ့ ရဟန်းမျိုးကို။ လဗ္ဘတိ= ရအပ်ပါပေ၏ / ကုဓေ၀=ဤငါဘုရားသာသနာတော်ခ််သာလျှင်။ တတိယော= သုံးယောက် မြောက်ဖြစ်သော၊ သမဏော=အနာဂါမ်ရဟန်းကို။ လဗ္ဘတိ= ရအပ်ပါပေ၏ / ကုဓေ၀=ဤ ငါဘုရားသာသနာတော်ခ်သာလျှင်။ စတုတ္ထော = လေးယောက်မြောက်ဖြစ်သော၊ သမဏော=ရဟန္တာဆိုတဲ့ သမဏပုဂ္ဂိုလ်ကြီးကို၊ လဗ္ဘတိ=ရအပ်ပါပေ၏ / ပရပ္ပဝါဒါ=ငါဘုရားသာသနာ တော်မှတစ်ပါး အခြားဖြစ်ကုန်သော သာသနာပ အယူဝါဒများတို့သည်။ အညေဟိ=သစ္စာလေးပါးကို သိကြကုန်သော၊ သမဏေဟိ=ဆိုခဲ့ပြီးသော သောတာပန်ရဟန်း၊ သကဒါဂါမ် ရဟန်း၊ အနာဂါမ်ရဟန်း၊ ရဟန္တာဆိုတဲ့ ရဟန်းတို့မှာ သုညာ၀=လုံး၀ဥဿုံ ဆိတ်လျက် ကင်းလျက် ရှိကြပါပေကုန်
(သာဓု သာဓု သာဓု)
သမဏဆိုတာ ကိလေသာ ငြိမ်းတတ်တဲ့ ပုဂ္ဂိုလ် အဲဒီ ကိလေသာ ငြိမ်းကြောင်း သမဖဖြစ်ကြောင်းဟာ ဘာတုံးဆိုတော့ မဂ်ဖိုလ်နိဗ္ဗာန်တရား တွေပဲ သမဏဖြစ်ကြောင်းဆိုတာ မဂ်ဖိုလ်နိဗ္ဗာန်တရား၊ အဲဒီ ဝိပဿနာ စသော တရားတွေ။ မဂ်ဖိုလ်နိဗ္ဗာန်တရားတွေဆိုတဲ့ သမဏဖြစ်ကြောင်း တရားတွေဟာ ငါဘုရားသာသနာတော်မှာသာရှိတယ်။ မယုံရင် လာကြ ကြည့်ကြ။ ကျင့်ကြး ကြည့်လှည့်ကြ၊ ကျင့်ကြည့်ရင် အဲဒီ သမဏအကျင့်တွေကို
ရလိမ့်မယ်။ ရပြီးတော့ သောတာပန်သမဏတွေ ဖြစ်ကြလိမ့်မယ်။ ယပပပ၊ ယ၊ မ သမဏတွေ ဖြစ်ကြလိမ့်မယ်။ အနာဂ၊ါမ်သမဏတွေ ဖြစ်ကြလိမ့်မယ်။ ရဟန္တာသမဏတွေ ဖြစ်ကြလိမ့်မယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဖိတ်ခေါ် တယ်။ အဲဒီဖိတ်ခေါ်ချက်ကြောင့် ဘုရားရဲ့ တရားတော်တွေဟာ ဧဟိပဿိက င င င၊ င ဝ _ဝ ၂ ဒါညာင် ၁ ဂုဏ်နှင့် ပြည့်စုံတယ်လို့ ဆိုရတယ် ဒါတင်မကသေးဘူး- ဧကာယနော ယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောက ပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါ မနဿာနံ အတ္ထဂ်္ဂမာယ ဉာဏဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ ဘိက္ခဝေ=ချစ်သားတို့။ ယဒိဒံ ယေ ကုမေ စတ္တာရော သတိပဋ္ဌာနာ= အကြင်လေးပါးသော သတိပဋ္ဌာန်တရားတော်တို့သည်။ သန္တ်=ရှိကြကုန်၏ 1 အယံ= ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားသည်။ ဧကာယနော= သာသနာ တော်မှာ တစ်ကြောင်း တစ်လမ်းသာဖြစ်သော၊ မဂ္ဂေါ=တကယ့်မှန်ကန်တဲ့ ဖြောင့်မှန်တဲ့ လမ်းကောင်းလမ်းမြတ်ကြီး ဖြစ်တော်မူပါပေ၏ 1 သောက ပရိဒေဝါနံ= စိုးရိမ်ပူဆွေး ငိုက္ပြေးခြင်းတို့ကို သမတိက္က င (။ (5 (။. မာယ= လွန်မြောက်ခြင်းငှာ။
မျ 9 မျိူ မျူ ဖပျီး မြ င ခုနပြောတဲ့ သတိပဋ္ဌာန်တရားတော်ကို ဘုရားရှင်ကိုယ်တော်မြတ်က ဂုဏ်တင်ပြီးတော့ ထုတ်ဖော်ဟောကြားတော်မူခဲ့တယ်။ သတိပဋ္ဌာန်တရား (။) 5။ () (_) ((" (_) (. [(_. (၂) ဆိုတာ သောက ပရိဒေဝါနံ=စိုးရိမ်ပူဆွေး ငိုးကြွေးခြင်းတို့ကို၊ သမတိက္က မာယ=လွန်မြောက်ခြင်းငှာ' သောကပရိဒေ၀ကို လွန်မြောက်နိုင်တယ်။ ဒုက္ခ ဒေါမနဿာနံ=ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခဒေါမနဿတို့၏ (။ (ခ။ ( (။
ဂူပသမာယခ=ချုပ်ငြိမ်းငှာ' ဒုက္ခဒေါ မနဿတွေ ချုပ်ငြိမ်းကြောင်း တရားဟာ သတိပဋ္ဌာန်ဆိုတဲ့ ဧကာယန=တစ်ကြောင်းတည်းသော လမ်းပဲတဲ့။ ဉာယဿ=အရိယာမဂ်တရားကို၊ အဓိဂမာယ=ရခြင်းငှား တကယ့် ဓ မ စစ်မှန်တဲ့ အရ်ယာမဂ်တရားကို ရခြင်းငှာ တစ်ကြောင်းတည်းသောလမ်းဟာ သတိပဋ္ဌာန်လမ်းစဉ်ပါ1 ၀ ရ့ ညရ ၃ ဇ ၀ င (ဧ နိဗ္ဗာနဿ=ဒုက္ခဒပ်သိမ်း ငြိမ်းအေးရာမှန် မြတ်နိဗ္ဗာန်ကို။ သစ္ဆိကရဏ စ () တ္ထာယ=မျက်မှောက်ပြုခြင်းအကျိုးငှား ယဒိဒံ-ယေကုမေ စတ္တာရော သတပဋ္ဌာ (၂ (။
နာ=အကြင် သတိပဋ္ဌာန်တရား လေးပါးတို့သည်။ သန္တ်=ရှိကုန်စါ။ အယံ= တာ ဒျ
ဤသတိပဋ္ဌာန်တရားလေးပါးသည်။ ဧကာယနောံ=တစ်ကြောင်းတညးသော။ မဂ္ဂေါ=လမ်းကောင်းအစစ် တကယ်တမ်းဖြစ်ပါပေသတည်း။
(သာဓု သာဓု သာဓု)
ဘုရားရှင်ကိုယ်တော်မြတ်က ဖိတ်ခေါ်တယ်။ သတိပဋ္ဌာန်ဆိုတဲ့လမ်း ဟာ ငါဘုရားသာသနာတော်မှာ တစ်ကြောင်းတည်းသောလမ်း) အဲဒီလမ်းဟာ ဒိပြင်မှာမရှိ ငါဘုရားသာသနာတော်မှာသာ ရှိတယ်။ အဲဒီလမ်းကို လာကျင့် ကြည့်ကြ၊ ကျင့်ကြည့်ရင်-
သောက ပရိဒေဝါနံ သမတိက္ကမာယ=သောကတွေး စိုးရိမ်ပူဆွေး ခြင်းတွေ ငိုကြွေးခြင်းတွေ လုံးဝပျောက်သွားမယ်။ ဒုက္ခတွေး ဒေါမနဿတွေ။ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတွေ ဆင်းရဲခြင်းအမျိုးမျိုး လုံးဝပျောက် မယ်။
ဉာဏဿအဓိဂမာယ=တစ်ခါ မှ မိမိတို့မတွေ့ဖူးတဲ့ တကယ့်ကိလေသာ တွေ ကင်းရှင်းကြောင်း လက်နက်ကောင်း အရိယာမဂ်ကြီးကိုရမယ်။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ=နိဗ္ဗာန်ဆိုတဲ့ တကယ့်ဒုက္ခငြိမ်းအေးရာ နိဗ္ဗာန်ချမ်းသာကြီးကို ရမယ်။ အဲဒီ တရားအကျိုးတွေကိုရကြောင်း ကောင်းမြတ်တဲ့တရားထူးဟာ ငါဘုရားသာသနာတော်မှာသာ ရှိတယ်လို့ လာခဲ့ကြ ကျင့်ကြည့်ကြ ဖိတ် ခေါ်နေတာပဲ။ အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ အဲဒီလို ဘုရားရှင်ကိုယ်တော် မြတ်က ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ပြီးတော့ ဟောထားတဲ့ ဒေသနာတော်တွေဟာ အများကြီးရှိတယ်။ ဧဟိပဿိကခေါ်တဲ့ ဂုဏ်ပြဒေသနာတော်တွေ။ ဒါကြောင့် သာသနာတော်ဆိုတာက ဘုန်းကြီးတို့သာသနာမှာ ထူးခြားတဲ့တရားတော် တွေး မွန်မြတ်တဲ့တရားတော်တွေရှိတဲ့ သာသနာတော်ကြီး၊ မဂ်ဖိုလ်နိဗ္ဗာန် တွေသာမဟုတ် မဂ်ဖိုလ်နိဗ္ဗာန်မရခင် ဘုန်းကြီးတို့ ဝိပဿနာအားထုတ်ကြ ရတယ်။
အဲဒီအခိုက်မှာဖြစ်တဲ့ တရားတော်တွေဟာလည်း ခုနကပြောသလို ထူးခြားတဲ့ စိတ်ချမ်းသာမှုမျိုးတွေ အမျိုးမျိုးအဖုံဖပုံ တွေ့ကြုံကြရတယ်။ အဲဒါတွေရှိတာမျိုးကို ဧဟိပဿိက = လာခဲ့ကြ ကျင့်ကြည့်ကြစမ်းပါလို့ ဖိတ်ခေါ်ထိုက်တာပဲ။
ဒါကြောင့်မို့လို့ ခွင့်သာတုန်းကမှ မသုံးချင်လျှင် အရှုံးနင့်ပြင် ရှိသေးရဲ့လား။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင် ရှိသေးရဲ့လား ဆိုတဲ့ လယ်တီဆရာတော်ကြီးရဲ့ ဩဝါဒကို သတိထားပြီးတော့ ရနိုင်သမျှ ကြုံးစားကြ၊ အားထုတ်ကြခြင်းဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ဒါ တရားတော် တို့ကို စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။။
(သာဓု သာဓု သာဓု)
ဥပုသ်တရားတော် (၁၃၅၄) ခု ဝါဆိုလဆုတ် (၈) ရက်
ဇာတိ မစ္စု ဇရာ ဗျာဓိ။
ဝေဒနာဘိ အဘိပ္လုတံ။
မသာရ စဧတော သုခါ
ဇာတိမစ္စု ဧရာဗျာဓိ ဝေဒနာဘိ-ပဋိသန္ဓေနေရခြင်း၊ သေရခြင်း အိုရခြင်း နာရခြင်း၊ စိုးရိမ်ပူဆွေးရခြင်း စသည်တို့ဖြင့်၊ အဘိပ္လုတံ-အမြဲ မပြတ် အမြဲမပြတ် ရှုပ်ယှက်ခတ်လျက်ရှိသော၊ က္ဂဒံသံသာရံ-ဤမိမိနေရာ ဘဝခန္ဓာ သံသရာကြီးကို။ စဇတော-မတွယ်မတာ ပယ်ခွာခွန့်ပစ်နိုင်သူအဖို့ သုခ ဟောတိ-ချမ်းသာခြင်း အစစ် တကယ်တမ်းဖြစ်နိုင်ပါပေသတည်း။
အဲ ယနေ့ ဘုန်းကြီးတို့ ချမ်းသာရေးတရားတစ်ခု-
မိမိတို့ တကယ်ချမ်းသာဖို့ ဘာလုပ်ရမတုံးဆိုတော့ ပဋိသန္ဓေ။ အိုနာ သေရေး။ ဘေးဒုက္ခကြီးဖြင့် တွေ့ကြုံနေရတဲ့ ရူပ်ယှက်ခတ် တွေ့ကြုံဆုံနေရတဲ့ သံသရာခန္ဓာကြီးကို ပယ်စွန့်နိုင်ကြရင် ချမ်းသာသုခ တကယ်တမ်းကြုံရမယ် လို့ ညွှန်ကြားထားတဲ့ ဂါထာလေး။
လောကကြီးမှာ စွန့်နိုင်မှချမ်းသာမှား မစ္ပန့်နိုင်လို့ ဒီခန္ဓာကိုယ်ကြီး ရှိနေသမျှတော့ မိမိတို့သည် ပဋိသန္ဓေ အဖန်တလဲလဲ နေကြရမယ်။ အဖန် တလဲလဲ သေရမယ်။ စိုးရိမ်ခြင်း ပူဆွေးခြင်း စသည့်ဒုက္ခအပုံပုံကို အမြဲတမ်း ကြုံရမယ်။
အဲဒီတော့ ဒီခန္ဓာကြီး၊ ဒီသံသရာကြီးရှိနေသေးလို့ မိမိတို့ ဒီဒုက္ခတွေ ကြုံရတာ။
အကြင်အခါ ဒီခန္ဓာကြီး ဒီသံသရာကြီးကို ပယ်နိုင်ကြ။ စွန့်နိုင်ကြမယ် ဆိုရင် အဲဒီဒုက္ခတွေ မရှိတော့ဘူး။ အဲဒါကြောင့် သံသရာမှာ ဒုက္ခတွေ အမျိုး မျိုးကင်းဖို့ရာဆိုရင် ခန္ဓာကိုယ်ကြီးကို စွန့်ပစ်နိုင်ဖို့ အရေးကြီးတယ် အဲဒီ ခန္ဓာကိုယ်ကြီးကို ဘယ်လိုစွန့် ကြမလဲ
ဟေ့ ခန္ဓာကိုယ်ကြီး နင် နေနှင့်ခဲ့တော့ဆိုလို့ နေတာမဟုတ်ဘူး။ ခန္ဓာ ကိုယ်ကြီးဆုံးအောင်ဆိုပြီးတော့ သတ်လို့ရတာ မဟုတ်ဘူး။ ဖျက်ဆီး လို့လည်း ရတာမဟုတ်ဘူး။
သူက ဘယ်လိုပဲ သူ့ကိုဖျက်ဆီးဖျက်ဆီး လိုက်နေမှာပဲ။ မိမိနောက်သို့ တကောက်ကောက်လိုက်နေမှာပဲ။ ကွာမှာမဟုတ်ဘူး။ အဲဒီတော့ ခန္ဓာကိုယ် ကြီးကို ပယ်ချင် စွန့်ချင်' ခွာချင်ရင် ခန္ဓာကိုယ်ကြီးကို ဖျက်ဆီးလို့တော့ မရဘူး။ အကြောင်းရှာပြီးတော့ အကြောင်းတရားကို ဖျက်ဆီးကြရတယ်။
ဒီခန္ဓာကိုယ်ကြီးကို တစ်ဘဝပြီးတစ်ဘ၀ဝ ဆက်ဆက်ခါခါ အဖန်ဖန် ဖြစ်အောင် ဖန်တီးတတ်တဲ့တရား1။
ဒုက္ခသစ္စံ ဘိက္ခဝေ သမုဒယနိဒါနံ။
ဘိက္ခဝေ-ချစ်သားတို့၊ ဒုက္ခသစ္စံ-မိမိတို့ကြုံရတဲ့ ရုပ်နာမ်နှစ်ဖြာ ခန္ဓာ ငါးဝ ဒုက္ခသစ္စာဆိုတဲ့ တရားကြီးသည် သမုဒယနိဒါနံ-ထိုဒုက္ခခန္ဓာကြီးကို ဖန်တီးတတ်တဲ့ ဒုက္ခဖြစ်ကြောင်းး သမုဒယသစ္စာ။ တဏှာတရားသာလျှင် အကြောင်းရင်း ရှိပါပေသတည်း။
အဲဒီ ခန္ဓာကိုယ်ကြီးကို ဖန်တီးတတ်တဲ့ လက်သည်ကို ကြည့်လိုက်တဲ့ အခါကျတော့ သမုဒယသစ္စာ တဏှာတရားပဲ။
အဲ-ဒီတဏှာတရားရှိနေသမျှ ဒီခန္ဓာကိုယ်ကြီးကို ဘယ်လိုမှ ဖျက်ဆီး လို့မရဘူး။ ဒီဘဝ ဒီခန္ဓာ ပျက်စီးရင် နောက်ဘဝ တစ်ခန္ဓာရောက်သွားမယ် နောက်ဘဝ တစ်ခန္ဓာရောက် ဒီလိုပဲ ဘဝများစွာ သံသရာက မိမိတို့ ဒီခန္ဓာ ကိုယ်ကြီးကို တစ်ခန္ဓာပြီး တစ်ခန္ဓာ၊ တစ်ဘဝပြီးတစ်ဘဝ ပြောင်းလဲပြီးတော့ သံသရာထဲမှာ ကျင်လည်ခဲ့ရတယ်။ သံသရာစက်ဝိုင်းကြီး လှည့်ပြီးတော့ ပြေးနေရတယ်။ ယနေ့တိုင်အောင် ပြေးနေရဆဲပဲ။ အကြောင်းဖြစ်တဲ့ တဏှာ သမုဒယ ရှိနေသေးသမျှ နောင်အခါမှာလည်းပဲ တစ်ဘဝပြီး တစ်ဘဝ ပြေး နေရဦးမှာ။
အဲဒီလို ပြေးနေကြရလို့ရှိရင် ဒုက္ခ ဘယ်တော့မှမကင်းဘူး။
ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠေ။
ဆိန္နောပိ ရုက္ခော ပုနဒေ၀ ရူဟတိ၊1
ဧဝ တဏှာနုသယေ
အနုဟတေ နိဗ္ဗတ္တတိ
ဒုက္ခမိဒံ ပုနပ္ပုနံ။
မူလေ-ရေသောက်မြစ်အရင်းသည်။ အနုပဒ္ဒဝေ-ဘေးရန်ကင်းကွာ မပျက်မစီးဘဲ တည်နေသည်ဖြစ်ရ။ ဒဠေ-ခိုင်ခိုင်မြဲမြဲ စွဲနေသည်ရှိသော်၊ ဆိန္နောပိ-ဖြတ်အပ်ပါသော်လည်း။ ရုက္ခော-သစ်ပင်ကြီးသည်။ ပုနဒေ၀- နောက်ထပ်တစ်ဖန်သာလျှင်1။ ရူဟတိယထာ-စည်စည်ကားကား ကြီးပွား ပေါက်ရောက်လေအပ်ပြီးသကဲ့သို့၊ ဧ၀မေ၀-ဤနည်း ထားယူ အလားတူ သာလျှင်၊ တဏှာနုသယေ-သတ္တဝါတို့သန္တာန်မှာ ကိန်းနေတဲ့ ဘဝများစွာ ကို ဖန်တီးတတ်တဲ့ ခန္ဓာတွေ တည်ဆောက်နေတဲ့ တဏှာ အနုသယသည်။ အနုပ္ပဟတေ-မဂ်ဖြင့် မဖျက်ဆီးရသေးသည်ဖြစ်၍ စွဲမြဲတည်နေသည်ရှိသော်၊ က္ကဒံဒုက္ခံ။ ဤသံသရာ ခန္ဓာဒုက္ခကြီးသည်။ ပုနပ္ပုနံ-ထပ်တလဲ ဖန်ခါခါ1 နိဗ္ဗတ္တတေ-တစ်ဘဝပြီးတစ်ဘဝ တစ်ဖြစ်ပြီးတစ်ဖြစ် အသစ်အသစ်သာ လဲကာ လဲကာ တည်နေရာသတည်း။
ဒီတော့ ခန္ဓာကိုယ်ကြီးရဲ့ လက်သည်ရှာကြည့်တော့ တဏှာတရား၊
လောကမှာ ရေသောက်မြစ် မပြတ်သေးရင်- သစ်ပင်ကြီးကို ဘယ်လောက်ပဲဖြတ်ဖြတ် ပြန်ပြန်ပြီး အတက်တွေ၊ အခက်တွေ စည်ပြီးတော့ ကြီးပွားစည်ပင်လာဦးမှာပဲ။
အောက်က ရေသောက်မြစ်နှင့်တကွ အမြစ်တွေကုန်အောင် သုတ်သင် ရှင်းလင်းပြီးတော့ ပစ်လိုက်ပြီဆိုရင် ထိုသစ်ပင်ကြီးဟာ နောက်မပေါက် တော့ဘူး။
အဲဒီလိုပဲ တဏှာတည်းဟူသော အနုသယကြီးကိန်းနေတာ မိမိတို့ ဘယ်လိုမှ ခွာလို့ရတဲ့ တဏှာနုသယကြီး မဟုတ်ဘူး။
အဲဒီ တဏှာနုသယကြီးဟာ မိမိတို့သန္တာန်မှာ ကိန်းဝပ်နေတယ်။ ဒါကြောင့် ဒီတဏှာနုသယကြီးဟာဖြင့် မိမိတို့ရဲ့ဘဝတွေ အမျိုးမါ။ ဖန်တီး
ငရဲ တိရစ္ဆာန်) ပြိတ္တာ အသူရကာယ်ဆိုတဲ့ ဘဝအမျိုးမျိုးကို ဖန်တီးခဲ့တယ်။
အမျိုးမျိုး ဇာတ်စုံကလိုက်ရတာ မိမိတို့ သံသရာရှည်လှပြီ အဲဒီအတွင်း မှာ မိမိတို့ အမျိုးမျိုးအဖုံပုံ ပြောင်းလဲပြီးနေလာတာ အနမတဂ္ဂအစကို ရှာလို့ မရဘူး။
အဲဒီလောက်ရှိအောင် ရှည်လျားစွာ ကျင်လည်ခဲ့ရတဲ့ ခန္ဓာကိုယ်ကြီး။
အဲဒီတော့ လောကမှာ ရေသောက်မြစ်ကို အကုန်ဖြတ်လိုက်မှ သစ်ပင်ကြီး လုံးဝပျက်စီးသလို အဲ-မိမိခန္ဓာကိုယ်ကို ဖန်တီးပေးတတ်တဲ့ တဏှာ ဆိုတဲ့ အနသယလေးကို အကြွင်းမဲ့ ပယ်ဖျက်နိုင်မှ မိမိတို့ခန္ဓာကိုယ် နောက် ထပ်တစ်ဖန် မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် လက်သည်ရှာကြည့်တော့ တဏှာ။ သူက ဖန်တီးနေတာ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တော်မှုတဲ့အခါကျတော့ ဥဒါန်းကျူးတယ်။
အဲ-သင် တဏှာကြီးကို ငါ မဖျက်ဆီးနိုင်သေးလို့ ပဋိသန္ဓေ ထပ် တလဲလဲနေခဲ့ရ။ ဘဝပေါင်းများစွာ ကျင်လည်ခဲ့ရတယ်။
အနေကဇာတိ သံသာရံ။ သန္ဓာဝိဿံ အနိဗ္ဗိသံ၊ ဘဝပေါင်းများစွာ သံသရာစက်ဝိုင်းကြီးကို ငါဘုရား လှည့်ပတ်ပြေးခဲ့ရတယ်။ ယခုတော့ သင် တဏှာကို ငါမြင်ပြီ
နောက်ထပ်တစ်ဖန် ငါ၏ ခန္ဓာကိုယ်ဆိုတဲ့ အိမ်ကြီးကို သင်ဆောက် လုပ်ဖို့ အခွင့်မရတော့ဘူးး သင်ရဲ့ ကိလေသာဆိုတဲ့ အခြင်ရနယ်တွေကို ဖျက်ဆီးပြီးပြီ။
သင်္ခါ ရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ငါဆိုက်ပြီး နောက်တစ်ခါ ငါစါ ခန္ဓာကိုယ်ကို သင်ဆောက်လုပ်နိုင် ပြုလုပ်နိုင်မှာ မဟုတ်ဆိုတဲ့အနေနဲ့ ရှင်တော်မြတ်ဘုရား ဝမ်းသာအားရ ဥဒါန်းကျူးတော်မူခဲ့တယ်။
အဒါတကြောင့ဖို့လို့ လောကမှာ ဤခန္မာကိုယ်တ္ကြီးကို စွန့်ချင်ရင်ဖြင့ ဒီအတိုင်းစွန့်လို့မရ။ ခန္ဓာကိုယ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်လာတဲ့ တဏှာဆိုတဲ့ တဏှာတရားကြီး ဖျက်ကြရတယ် 1။
အဲ-ဖြတ်တော့လည်း ဒီတဏှာက တော်ရုံတန်ရုံနဲ့ ပြတ်တာမဟုတ်ဘှ။
ဒုက္ခမြင်မှ တဏှာပြတ်တယ်။ ဒုက္ခမမြင်ရင် တဏှာမပြတ်ဘူး။ အဲဒီ တော့ ဘုန်းကြီးတို့ ဒုက္ခမြင်ဖို့အရေးကြီးတယ် 1 အဲ ဒုက္ခမြင်ရင် တွယ်တာမှု နည်းတာပဲ) ဒုက္ခမမြင်ရင် တွယ်တာမှုမပြတ်ဘူး။ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဟာ ဒီဘဝ ဘုရားဖြစ်မည့် ဘုရားအလောင်းတော်ကြီး၊ စောစောက မိမိရဲ့မင်းစည်းစိမ်အပေါ်မှာ အမေ့မေ့ လျော့လျော့နဲ့ တွယ်တာပြီးတော့ နေခဲ့တယ်။ အဲဒီအာရုံတွေကို မဖြတ်နိုင်ဘူး။ မငြီးငွေ့ နိုင်ဘူး။ ပျော်နေခဲ့တယ်။
ဟော နောက်ဆုံးကျတော့ သူအို၊ သူနာ။ သူသေ၊ ရဟန်းဆိုတဲ့ နိမိတ် ကြီးလေးပါး မြင်ရတယ်။ အဲဒါ နတ်တွေက ဖန်တီးပေးတယ်ဆိုတယ်။ ဖန်တီးပေးတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ် တောထွက်ဖြစ်အောင် ဖန်တီးပေးခဲ့တား အဲသလို သူအိုမြင်ရတော့ တော်တော်ကြောက်တယ်။ ထိတ်လန့်သွားတယ်။ သူနာ၊ သူသေ မြင်ရတော့ ပိုပြီးထိတ်လန့်သွားတယ်။ အဲ နောက်ကျတော့ ရဟန်းမြင် ရတော့ ရဟန်းဘဝကို စိတ်ညွှတ်သွားတယ်။ အဲသလို နိမိတ်ကြီးလေးပါးပြတဲ့အခါကျမှ ငြီးငွေ့သွားတယ်။ လောကကြီး ငြီးငွေ့သွားတယ်။
နန်းတော်ပြန်ရောက်တော့ နဂိုက နှစ်သက်ဖွယ် မြတ်နိုးဖွယ် ထင်ခဲ့တဲ့ အာရုံတွေအပေါ်မှာ လုံးဝ စိတ်မပါတော့ဘူး။ မပျော်တော့ဘူး။ မနှစ်သက် နိုင်တော့ဘူး။ နိမိတ်ကြီးလေးပါး ထင်လာတာကိုး။ ဒုက္ခ၊ ဒုက္ခလို့ ထင်လာတဲ့အခါကျတော့ ဒီအာရုံတွေ အပေါ်မှာ တွယ်တာမှု မရှိတော့ဘူး။
အဲဒါနဲ့ နောက်ဆုံး တောထွက်ရတဲ့အထိ တောထွက်ပြီးတော့ ကျင့်ဖြစ်တယ်။ ကျင့်ဖြစ်တော့ ဘုရားဖြစ်တော်မူတယ်။ အဲဒီလိုပဲ ဘုန်းကြီးတို့ တချို့လည်းပဲ အကြောင်းအားလျော်စွာ ငြီးငွေ့လာတာတွေရှိတယ်။
အရှင်ယသတို့၊ ဘုရားလောင်းတော်လိုပဲ ပြာသာဒ်ကြီးသုံးဆောင်မှာ အခြေအရံ အမျိုးသမီးတွေနဲ့ ခံစားပြီးနေတယ်။ အဲဒီအာရုံတွေကို တွယ်တာ တယ်။
အဲ တစ်နေ့ကျတော့ ညသန်းခေါင်ယံအချိန်။ အိပ်ရာက ထလိုက်တဲ့ အခါကျတော့ အမျိုးသမီးတွေ ကိုယ်အမူအရာ အမျိုးမျိုးနဲ့ အိပ်နေကြတာ ကိုမြင်ရတော့ ငြီးငွေ့သွားတယ်။
သုသာန်တစ သင်္ချိုင်း၀ကြီးလို-ထင်သွားတယ်။ ဒီတော့ ငြီးငွေ့ သွား တယ်။ ဒီမှာ မပျော်တော့ဘူး။ ဒီအာရုံတွေကို နှစ်သက်ဖွယ်မထင်တော့ဘူး။ ငြီးငွေ့သွားတယ်။ ဒုက္ခလို့ထင်တယ်။ ဒါနဲ့ ဓတာထွက်တော့တာပဲ။ ဒါ ဖြစ်ချိန်တန်ရင်လည်း ဖြစ်တာ။ ရှင်ယသမထေရ်တို့ ဒီလောက်ဖြစ်လာတာ ဘာဖြစ်လို့တုံးဆိုတော့-
ဟိုး ရှေးရေေးဘဝက လူသေတွေကို သူတို့ ကိုးကွယ်ရာမဲ့ကြတဲ့ လူသေတွေကို သူတို့က တာဝန်ယူပြီးတော့ မီးသဂ်ြိုဟ်ပေးကြတယ်။
အဲဒီလို မီးသင်္ကြိဟ်ပေးတဲ့အခါမှာ အလောင်းကောင်တွေရဲ့ ဖောက်ပြန် နေတာတွေ မြင်ရတော့ ငြီးငွေ့သွားတယ်။ အသုဘသညာ ထင်လာတယ်။ အသုဘ ပွားဖြစ်သွားတယ် အဲသလို နောက်နောက်က သူတို့ဆောင်ရွက်ခဲ့တဲ့ ကုသိုလ်ကောင်းမှုက ဖန်တီးပေးလိုက်တဲ့အတွက်ကြောင့် ဟော-မပျော်တော့ ဘူး။ အသုဘသညာ ထင်လာတယ်။] ထင်လာတယ်ဆိုရင်ပဲ ငြီးငွေ့သွားပြီ။
အသုဘသညာ ထင်လာတယ်ဆိုရင် ငြီးငွေ့သွားပြီ။ ဒုက္ခမြင်သွားပြီ။ ဒီတော့ အဲဒီပြာသာဒ်ကြီးပေါ်ကနေပြီး နောက်ဆုံး လွတ်ရာကျွတ်ရာ လွတ်ရေး ကျွတ်ရေး တရားရှာမယ်ဆိုပြီး ထွက်သွားလိုက်တာ နောက်ဆုံး ဘုရားရှင် ကိုယ်တော်မြတ်နဲ့တွေ့လို့ တရားထူးရပြီး ရဟန္တာဖြစ်သွားတယ်။
အဲဒါလည်း ရှေးဘဝက ကောင်းမှုအထူးရှိခဲ့လို့-_ အသုဘဘာဝနာ ပွားများခဲ့လို့ နောက်ဆုံး အဲဒီအသုဘဘာဝနာ အထောက်အပံ့ဖြင့် အဲ ကျွတ်တမ်း ဝင်သွားတယ်။ တဏှာတရားကို ပယ်နိုင်သွားတယ်။ အဲဒီတော့ မိမိတို့ နောက်နောက်က ဖြည့်ဆည်းပူးခဲ့တဲ့ ကောင်းမှုပါ ရမီရှိရင်လည်းပဲ ကျွတ်တမ်းဝင်နိုင်တာပဲ။
အဲ ခုနကပြောခဲ့တဲ့ ခန္ဓာကိုယ်ကို ကြိမ်ဖန်မလပ် ဆောက်တည် တတ်တဲ့ တဏှာလက်သမားကို ဖျက်ဆီးနိုင်တယ်။ အဲဒီတော့ ဘုန်းကြီးတို့ သာသနာကတော်ကြီးမှာ အဲသလို ခန္ဓာကိုယ်ကြီးကို ကြိမ်ဖန်များစွာ ဆောက်
လုပ်ပြီးတော့ ဒုက္ခဖန်တီးတတ်တဲ့ တဏှာတရားကြီး။ အဲ့ဒီတဏှာတရားကြီးကို ပယ်ဖျောက်ဖို့ရာ နည်းလမ်းတွေ အများကြီးရှိတယ်
သတိပဋ္ဌာန်လေးပါး။ သမ္မပ္ပဓာန်လေးပါး။ ဣဒ္ဓိပါဒ်လေးပါး။ ဗိုလ် ငါးပါး။ ဗောဇ္စျင်ခုနစ်ပါး။ က္ဂန္ဒြေငါးပါး။ မဂ္ဂင်ရှစ်ပါးတရားတွေ၊ ဗောဓိပက္ခိယ တရားတွေ ရှိတယ်။
အဲဒီတရားတွေ ပွားများကြရင်။ အားထုတ်ပေးကြလို့ရှိရင် ခုနက ပြောတဲ့ ခန္ဓာကိုယ်ကြီးဆိုတဲ့ ဒုက္ခမျိုးမှာလည်း ဒုက္ခမြင်ရင် နောက်ဆုံး အဲ တဏှာငြိမ်းမှာပဲ။ သာသနာတော်မှာ ဘုရားရှင်ကိုယ်တော်မြတ် ဟောကြား တော်မူခဲ့တဲ့ ဒုက္ခငြိမ်းကြောင်း။ ကိလေသာငြိမ်းကြောင်း၊ ကောင်းမြတ်တဲ့ တရားတော်တွေရှိတာ ဖြစ်သောကြောင့် အဲဒီ တရားတော်တွေကို ပွားများ ခြင်းဖြင့် မိမိတို့မှာ အဲသလို ဘဝများစွာ ဒုက္ခပေးတဲ့ သမုဒယတဏှာဆိုတဲ့ တရားကြီးကို ပယ်ဖျက်နိုင်ကြမှာ။
ဒါကြောင့် သာသနာထဲမှာ ကြုံကြိုက်နေတဲ့အခိုက် သာသနာတွင်းမှာ ကြုံကြိုက်နေတဲ့အခိုက် မိမိတို့ ချမ်းသာဖို့အကြောင်း ကောင်းမြတ်တဲ့ ဗောဓိပက္ခိယတရားတွေ ရှိတယ်။
အထူးသဖြင့် မဂ္ဂင်ရှစ်ပါး တရားတော်တွေရှိတယ်။ အဲဒီမဂ္ဂင်ရှစ်ပါး တရားကို ပွားများလို့ရှိရင်ဖြင့် နောက် ဝိပဿနာတရားတွေဖြစ်။ ဝိပဿနာ တရားကနေ မဂ်ဆိုက် ဖိုလ်ဆိုက်ဖြစ် ကိလေသာတွေငြိမ်းး' တဏှာနုသယ တွေငြိမ်းပြီးတော့ နောက်ဆုံး မိမိတို့လိုလားတောင့်တတဲ့ ဒုက္ခငြိမ်းရာနိဗ္ဗာန် ဆိုတဲ့ တရားထူးကြီးကို ရရှိပြီးတော့ ခန္ဓာကိုယ်ကြီးကို အပြီးပိုင် စွန့်နိုင်ကြမှာ။
ဒါကြောင့် ခန္ဓာငြိမ်းကြောင်း။ သမုဒယငြိမ်းကြောင်းး တရားကောင်းတွေ ကြိုးစားပွားများခြင်းဖြင့် မိမိတို့ကြုံတွေ့နေရတဲ့ ခန္ဓာကိုယ်ကြီးကို စွန့်ခွာ နိုင်ကြပြီးတော့ ဒုက္ခခပ်သိမ်း အေးငြိမ်းမှုကြီးကို ရယူဖို့ ဟောဒီ သာသနာ တော်ကြီးမှာ အရန်သင့်ရှိတယ်။
အဲ သတိပဋ္ဌာန်တရား ပွားများကြဖို့ သမ္မပ္ပဓာန်တရား ပွားများကြဖို့ စတဲ့ ဗောဓိပက္ခိယတရား ရတနာတွေ ပွားများကြဖို့ အရန်သင့်ရှိတယ်။ ဒါကြောင့်မို့လို့ တတ်နိုင်သမျှ၊ စွမ်းနိုင်သမျှ ဗောဓိပက္ခိယ တရားရတနာတွေ ပွားများကြရတယ်။
ယောက္ကမသ္မီ ဓမ္မဝိနယေ။
အပ္ပမတ္တော ဝိဟရတိ။
ပဟာယ ဇာတိသံသာရံ။
ဒုက္ခ ဿန္တ ကရိဿတိ။
ယော-အကြင်ပုဂ္ဂုလ်သည်။ ကူမသ္မိံ ဓမ္မဝိနယေ-ဤတရားသဖြင့် ဆုံးမရာ သာသနာတော်မြတ်ခ်။ အပ္ပမတ္တော-မမေ့မလျော့ မပေါ့ မဆသည် ဖြစ်ရဲ၅ ဝိဟရတိ-သတိပဋ္ဌာန် စသော ဘာဝနာတွေ ပွားခဲ့ နေခဲ့သည် ဖြစ်အံ့ သော-ထိုပုဂ္ဂိုလ်သည်။ ဇာတိသံသာရံ-ထပ်ခါထပ်ခါ သသ ရာတစ်ဝိုက် သံသရာတစ်ခွင် ကျင်လည်နေရတဲ့ ဇာတိသံသရာကြီးကို၊ ပဟာယ- (. ဧး ရုက။ မျ င် ပယ်စွန့်ခွာနိုင်ပြီးရဲ္ဓ။ ဒုက္ခဿ-ဝဋ်ုဆင်းရဲစါ / အန္တံ-အဆုံးကို။ အန္တ- ။ (။ _ ( (။ (၂) (။ (။ (၂။
ဆုံးရာ ကုန်ရာ နိဗ္ဗာန်ကို၊ ကရိဿတိ-ကောင်းစွာမသွေ ပြုနိုင်ပေလိမ့်သတည်း။ အဲ ဘုရားရှင်ကိုယ်တော်မြတ်က သုဘဒ္ဒ ပရိဗိုဇိကြီးကို ဟောထားတဲ့ တရားရှိတယ်။ သုဘဒ္ဒဆိုတာ နောက်ဆုံး သာဝကကြီး ဘုရားရှင်ကိုယ်တော်မြတ်ထံ နောက်ဆုံး ရဟန်းဖြစ်ခဲ့တဲ့ ပရိဗိုဇိ။ နောက်နောက်ကတော့ သူဟာ ဘုရားထံမကပ်ဘူး) အဲဒီခေတ်က ကျော်စောတဲ့ သက်တမ်းအားဖြင့် ရှည်လျားတဲ့ ပုရာဏကဿပတို့ မက္ခလိ ဂေါသာလ စသော ဒိဋ္ဌိဆရာကြီးတွေး အဲဒီဆရာကြီးတွေကိုသာ သူက ချဉ်းကပ်ပြီးတော့ အမေးပုစ္ဆာတွေ မေးလေ့ရှိတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကိုတော့ အဲ- သူက ငယ်နေတယ်။ ငယ်ငယ်ဆိုတော့ သိပ်ပြီး ပညာရှိမှာမဟုတ်ဘူးဆိုပြီး မကပ်ဘူး။
နောက်ဆုံး ပရံနံဗ္ဗာနံ စံတောံမူခါနံ၊းမှာ ဟော-သူ ဘုရားထံရောကံ {။ န (။ { (5) .။ ပူ (. လာတယ်။ အဲ ရောက်လာတော့ အရှင်အာနန္ဒာကို ဘုရားရှင်ကိုယ်တော်မြတ်က ပရိနိဗ္ဗာန်စံရန် ညောင်စောင်းတော်မှာ လဲလျောင်းပြီးတော့ ဝေဒနာခံနေ ရတုန္ခ်း ရောက်လာပြီးတော့ အရှင်အာနန္ဒာဆီ ခွင့်တောင်းတယ်။ ဗ ရှင်အာနန္ဒာက ခွင့်မယေဘူး။ “အဲ-ဘုရားခှင်ကိုယ်ကော်မြတ် ပင်ပန်း နေပါတယ်ကွယ် ဘုရားရှင်ကိုယ်တော်မြတ်ကို မညဉ်းဆဲချင်ပါနဲ့ “လို့ သူက တာ*မြစ်တယ်။
အဲ နောက်ဆုံးကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က သူတို့နှစ်ဦး ပြောနေတဲ့အသံ ကြားတယ် ကြားတော့ ရှင်အာနန္ဒာကို လှမ်းပြီးတော့ အာနန္ဒာ သုဘဒ္ဒကို ခွင့်ပြုလိုက်ပါ။ သူဟာ ငါဘုရားကို ညှဉ်းဆဲချင်လို့ မဟုတ်ပါဘူး။ သူသိချင်လို့။ နားလည်ချင်လို့။ ငါဘုရားကိုမေးချင်လို့။ အဲ သူကို လွှတ်လိုက်ပါ။ ခွင်ပြုလိုက်ပါ ”လို့ လှမ်းပြီး မိန်ကြားပီးမှ-
ရှင်အာနန္ဒာက “ကဲ ငါ့ ရှင်ကို ဘုရားရှင်က ခွင့်ပြုပြီး သွားပေတော့ ” ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားတယ်။ သွားပြီးတော့ မေးခွန်း မေးတယ်။
“မှန်ပါဘုရား၊ ရှင်တော်မြတ်ဘုရားး လောကမှာ ဆရာကြီးတွေ ရှိကြပါတယ်။ ပုရာဏ ကဿဗတို့။ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ။ မကုဓကစ္စာယန။ နိဂဏ္ဍနာဋပုတ္တ စတဲ့ ဆရာကြီးတွေ၊ အဲဒီဆရာကြီး တွေဟာ သူတို့အသီးသီး မိမိတို့သိကြတဲ့ အသိဉာဏ်ဖြင့် သိကုန်ကြဂြီလို ဝန်ခံကြတယ်။ အဲဒီလို ဝန်ခံကြတာဟာ တကယ်သိလို့ပဲလား ဘုရား၊ ဘယ်လိုပါ တုံးဘုရား ”လို့ လျှောက်ထားတဲ့အ ခါ ကျတော့ ဘုရား ရှင် ကိုယ် တော် မြတ်က အချိန်ကလည်း သိပ်မရှိဘူး' ဒါတွေကိုဖြေနေလို့ သူ့မှာလည်း ဘာမှ အကျိုးရှိမှာမဟုတ်ဘူး။
ဒီတော့ “အဲဒါ အသာထားလိုက်ဦး သုဘဒ္ဒ၊ သူတို့သိတာ မသိတာကို အသာထားလိုက်။ သင့်ကို ငါတရားဟောမယ်” ဆိုပြီးတော့ ဘုရားရှင်ကိုယ်တော် မြတ်က တရားဟောတော်မူခဲ့တယ်။
“သုဘဒ္ဒ-အကြင် တရားသဖြင့် ဆုံးမရာ သာသနာတော်မြတ်ကြီးခွ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ သမ္မာဝါစာ။ သမ္မာကမ္မန္တ။ သမ္မာအာဇီဝ၊ သမ္မာဝါ ယာမ စသော မဂ္ဂင်ရှစ်ပါး တရားတော်များရှိတယ်။ ထိုသာသနာတော်၌ သောတာပန်ဆိုတဲ့ ပထမတန်းရဟန်းကိုလည်း ရနိုင်တယ် သကဒါဂါမ် ရဟန်းကိုလည်း ရနိုင်တယ်။ အနာဂါမ်ရဟန်းကိုလည်း ရနိုင်တယ်။ ရဟန္တာ ကိုလည်း ရနိုင်တယ်။ အကြင် သာသနာမှာ ခုနကပြောတဲ့ မဂ္ဂင်ရှစ်ပါး။ အကျင့်တရားလည်းမရှိ။ ထိုသာသနာတော်မှာ သောတာပန်လည်း မရနိုင် သကဒါဂါမ်လည်း မရနိုင်း အနာဂါမ်ကိုလည်း မရနိုင် ရဟန္တာကိုလည်း မရနိုင်။
ဤသာသနာတော်မှာသာ ကောင်းစွာကျင့်မယ်ဆိုရင် လောကမှာ ရဟန္တာတွေ မဆိတ်နိုင်တဲ့အကြောင်း ဟောတော်မူခဲ့တယ်။
အဲသလို ဟောတော်မူတဲ့ တရားတော်ကို ကြားနာရတဲ့အခါကျတော့ ရဟန်းအဖြစ်ကို တောင်းပန်တော့တယ်။ အဲဒီအခါ ဘုရားရှင်ကိုယ်တော်မြတ်က ရှင်အာနန္ဒာကို တာဝန်လွှဲတယ်။ တာဝန်လွဲပြီးတော့ ရှင်အာနန္ဒာက သုဘဒ္ဒကို ခေါ်သွားပြီးတော့ အဲ သူ့ရေဘူးထဲကရေနဲ့ သူ့ခေါင်းကို ရေစွတ် ပေးပြီးတော့ (ကေသာ လောမာ နခါ ဒန္တာ တစော- ဆံပင်။ မွေးညှင်း။ ခြေသည်းလက်သည်း သွားး အရေထူ အရေပါးဆိုတဲ့) တစပဉ္စက ကမ္မဋ္ဌာန်းကိုပေးပြီးတော့ ဆံပင်ချတယ်။ ဆံရိတ်တယ်။ ဆံရိတ်ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ထံ ခေါ်သွားတယ်
အဲ ဘုရားရှင်ကိုယ်တော်မြတ်ထံရောက်တဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က ရဟန်းအဖြစ်ရောက်အောင် ဆောင်ရွက်ပေးပြီးတော့ နောက် တရားပေး။ နည်းပေးပြီးတော့ အဲဒီတရားကို အားထုတ်လိုက်တာ မကြာခင် ဘုရားရှင် ပရိနိဗ္ဗာန်မစံခင် ရဟန္တာအဖြစ်သို့ ရောက်သွားတယ်။ အဲ ခန္ဓာကိုယ်ငြိမ်းသွားတယ်။
နောက်ဆုံး ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်မှာ ဤခန္ဓာကိုယ်ကြီး ငြိမ်းပြီးတော့ ရုပ်နာမ်နှစ်ဖြာ ခန္ဓာတရားတွေငြိမ်းပြီးတော့ နိဗ္ဗာန်ဆိုက် သွားတဲ့ နောက်ဆုံး သာဝကဟာ အရှင်သုဘဒ္ဒ-အရှင်သုဘဒ္ဒမထေရ်ပဲ။
အဲ သူဘဒ္ဒမသေရဲဟာ ဘာကိုအသုံးပြုမြီးတော့ နိဗ္ဗာန်းအိုက်သွားတုန်း ဆိုတော့ ခုနကပြောတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရား၊ သမ္မာဒိဋ္ဌိ သမ္မာသက်္ကပ္ပ။ သမ္မာဝါစာ။ သမ္မာကမ္မန္တ။ သမ္မာအာဇီဝ၊ သမ္မာဝါယာမ။ သမ္မာသတိ။ သမ္မာ သမာဓိ။ ဒါတွေကတော့ ကြားဖူးကြမှာပါ။
လိုရင်းကတော့ သမ္မာဒိဋ္ဌိပဲ။ ဒါဟာ အရေးအကြီးဆုံးပဲ သမ္မာဒိဋ္ဌိကို ပိုင်ပြီဆိုရင် အကုန်လုံးကိစ္စပြီးတာပဲး (မဂ္ဂင်တွေ) သမ္မာဒိဋ္ဌိဖြစ်ဖို့ဟာ ဒုက္ခ သစ္စာကို သိရမယ်။ သမုဒယသစ္စာကို သိရမယ်။ နိရောဓသစ္စာကို သိရမယ်။ မဂ္ဂသစ္စာကို သိရမယ်။ အဲဒီသစ္စာလေးပါးကို သိပြီးတော့ ခုနကပြောတဲ့ (သမုဒယ) ဒုက္ခပေးတတ်တဲ့ သမုဒယတရားကို ဖယ်ရှားနိုင်ပြီဆိုရင် ဒီခန္ဓာ ကိုယ်ကြီး၊ နောက် ခန္ဓာဝန်ကြီးကို မဆောင်ရတော့ဘူး။ ဒါကြောင့် ခုနက
ပြောသလို ဇာတိ။ မစ္စု၊ ဧရာ။ ဗျာဓိ ဝေဒနာဘိ-ပဋိသန္ဓေ နေရခြင်း သေရ ခြင်း၊ အိုရခြင်း၊ စိုးရိမ်ပူဆွေးရခြင်း စသည်တို့ဖြင့်။ အဘိပ္ပလုတံ-အမြဲ မပြတ် ရှပ်ယှက်ခတ်လျက်ရှိသော4 က္က္ဂဒံသံသာရံ-ဤဘဝခန္ဓာ သံသရာ ကြီးကို' စဇတော-မတွယ်မတာ ပယ်ခွာစွန့်ပစ်နိုင်သူအဖို့၊ သုခံဟောတိ- ချမ်းသာအစစ် တကယ်တမ်းဖြစ်ရပါပေသတည်း။
သာသနာတော်ကြီးမှာ သမုဒယငြိမ်းဤ ခန္ဓာကိုယ်ကြီးငြိမ်းအောင် စွမ်းနိုင်ကြတဲ့ အရှင်မြတ်တွေ သူတော်ကောင်းတွေကို အားကျပြီးတော့ မမေ့ မလျော့ မပေါ့မဆ ကြ်းစားကြဖို့ရာ တိုက်တွန်းနှိုးဆော်လိုက်ရပါသတည်း။
(သာဓု သာဓု သာဓု)
ဥပုသ်တရားတော် (၁၃၅၄) ခု ဝါခေါင်လဆန်း (၈) ရက်
ဘုရားတပည့်ဖြစ်ကြတဲ့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဘုရား စကားကို ကောင်းကောင်းနားထောင်ကြရတယ်။ ဘုရား အလိုကျအောင် နေထိုင်ကြရတယ်။ ဘုရား၊ တရား အလိုကျအောင် ပြောဆိုကြရတယ်။ ဘုရားအလို ကျအောင် တွေးကြ၊ ကြံကြရတယ်။ အားလုး ဘုရားအလိုလိုက်ပြီ ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်တို့၏ အချီးအမွမ်းကို ခံကြရတယ်။ အဲ- အဲဒါနဲ့ စပ်ပြီးတော့ ဘုန်းကြီးက ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ရဲ့ အကြောင်းကို နည်းနည်းဟောရမယ်။
တစ်ခါတုန်းက ဘုရားရှင်ကိုယ်တော်မြတ် ဝေသာလီပြည် မဟာဝုန် တော ကူဋဌာဂါရသာလာဆိုတဲ့ ကျောင်းတော်ကြီးမှာ သီတင်း သုံးတော်မူစဉ် တစ်နေ့ကျတော့ ရဟန်းတော်များကို အမိန့်ရှိတော်မူတယ်။ “ချစ်သား ရဟန်းတို့၊ ဝေသာလီပြည်သား ဥဂ္ဂဆိုတဲ့သူကြွယ်ကို အံ့ဖွယ်ရှစ်ပါး မဖြစ်ဖူးမြဲ ထူးကဲတဲ့ တရားရှစ်ပါးနဲ့ပြည့်စုံတဲ့ သူကြွယ်လို့ သင်တို့မှတ်ထား ရမယ်”လို့ မိန့်ကြားပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ နေ ရာမှထပြီးတော့ အခန်းထဲ ဝင်ကြွသွားတော်မူတယ်။
အဲဒီနောက် ရဟန်းတော်တစ်ပါးက မနက်ခင်း ဝေသာလီပြည်ထဲ ဆွမ်းခံကြွတော်မူတယ်။ ဆွမ်းခံကြွပြီးတော့ ခုန ဘုရားရှင် ကိုယ်တော်မြတ် မိန့်ကြားတော်မူတဲ့ ဥဂ္ဂသူကြွယ်ရဲ့အိမ်ကိုသွား။ အိမ်သွားပြီးတော့မှ ခင်းထား အပ်တဲ့ နေရာမှာထိုင်နေ၊ သူကြွယ်အိမ်က နေ့စဉ်နေ့တိုင်း နေရာငါးရာ အမြဲခင်းထားတယ်။ ကြွလာတဲ့ အရှင်မြတ်တွေ ဆွမ်းလောင်းဖို့။ ဆွမ်းခံယူဖို့ ထိုင်ဖို့) အဲဒါနဲ့ အဲဒီအံခင်းငါးရာရဲ့ သင့်လျော်ရာ အခင်းတစ်ခုမှာ သူက ထိုင်နေတော့ သူကြွယ်က သူ့အနား လာပြီးတော့ သူ့ကို ရှိခိုးတယ်။ ရှိခိုး
ပြီးနေတော့ အဲဒီရဟန်းက သူကြွယ်။ သူကြွယ်ကို ဘုရားရှင်ကိုယ်တော်မြတ်က အံ့ဖွယ်ရှစ်ပါးနဲ့ ပြည့်စုံတယ်လို့ မိန့်ကြားတော်မူတယ်။
ဘုရားရှင်ကိုယ်တော်မြတ် မိန့်ကြားတော်မူတဲ့ အံ့ဖွယ်ရှစ်ပါးဆိုတာ ဘာဘာတုန်းလို့ မေးတဲ့အခါကျတော့ သူကြြွယ်က အရှင်ဘုရား မြတ်စွာ ဘုရား အမိန့်ရှိတဲ့ အံ့ဖွယ်ရှစ်ဖြာဆိုတာကိုတော့ တပည့်တော် မသိဘူး။ မပြောနိုင်ဘူး ဒါပေမဲ့ တပည့်တော်မှာ အံ့ဖွယ်ရှစ်ပါးတော့ရှိတယ်။ အဲဒီလို လျှောက်ထားပြီးတော့ သူကြြွယ်က သူရဲ့အံ့ဖွယ်ရှစ်ပါးကို လျှောက်ပြောသွား တယ်။
၁1 အဲ အကြင်အခါ တပည့်တော်ဟာ ဘုရားရှင်ကိုယ်တော်မြတ်ကို အဝေးကနေပြီးတော့ မြင်ရတယ်။ မြင်မြင်ချင်းပဲ ဘုရားရှင်ကိုယ်တော်မြတ် ကြီးအပေါ်ခ် စိတ်ကြည်လင်သွားတယ်။ စိတ်ကြည်လင်သွားတယ်ဆိုတာဟာ ဘုရားဟုတ်သလား။ မဟုတ်ဘူးလား ဒီလို သံသယမဖြစ်ဘဲနဲ့ တစ်ခါတည်း ဘုရားဧကန် စင်စစ်အမှန်ဖြစ်၏ ဆိုတဲ့ ယုံကြည်ဆုံးဖြတ်ချက်ချနိုင်လောက် အောင် စိတ်ထဲမှာ ကြည်သွားတာကို ပြောတာ။ အဲဒါဟာ တပည့်တော်ရဲ့ ပထမဦးစွာသော အံ့ဖွယ်အချက်ပါဘုရား။
၂1 အဲဒီလို ဘုရားရှင်ကိုယ်တော်မြတ်ကို ကြည်ည်ုပြီးတော့ တပည့်တော်ဟာ ဘုရားရှင်ကိုယ်တော်မြတ်ထံ သွားရောက် ဖူးမြော်တော့ တပည့်တော်ကို ဘုရားရှင် ကိုယ်တော်မြတ်က အနုပုဗ္ဗိက ကထာဆိုတဲ့ အစဉ်အတိုင်း ဟောကြားတဲ့ တရားတော်ကို ဟောကြားတော်မူခဲ့တယ်။ ဒါနကထာ။ ဒါနနှင့်စပ်တဲ့ စကား' သီလကထာ၊ သီလနှင့်စပ်တဲ့ စကား။ သဂ္ဂကထာ နတ်ပြည်နှင့်စပ်တဲ့စကား၊ ကာမာနံအာဒီနဝကထား ကာမဂုဏ် တို့၏ အပြစ်နှင့်စပ်တဲ့ စကား နိက္ခမ္မေအာနိသံသကထာ ကာမမှ ထွက် မြောက်ကြောင်းဖြစ်တဲ့ သမထဝိပဿနာ စသော တရားတို့၏ အကျိုး အာနိသင်ကို ဖော်ပြတဲ့စကား၊ အဲ-ကာမဂုဏ်တို့၏ ယုတ်ညံ့မှု ကာမဂုဏ် တို့၏ ညစ်နွမ်းမှုး ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း အကျိုးနိက္ခမကတာ။ အဲဒီကထာတွေဟာ အနုပုဗ္ဗေကထာဆိုတဲ့ အစဉ်အတိုင်း ဟောကြားတဲ့ တရားကို ဟောကြားတော်မူခဲ့တယ်။
ဟောကြားတော်မူခဲ့တော့ တပည့်တော်ဟာ အဲ-အဲဒီတရားကြားနာ ပြီးတဲ့အခါ လောကမှာ စင်ကြယ်နေတဲ့ အဝတ်မှာ ဆိုးရည်ဆိုးလို့ရှိရင် ကောင်းစွာ အစွန်းထင်သလို အဲဒါလိုပဲ ဘုရားတပည့်တော်ဟာ အဲ- ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဤတရားတော်ကို ကြားနာ။ ကထာဆယ်ပါး တရားတော်တို့ကို ဟောကြားပြီးတဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော် မြတ်ဟာ အဲ-သာမုက္ကံသိက ဒေ သနာဆိုတဲ့ သစ္စာလေးပါးတရားကို ပြတော် မူခဲ့တယ်4 အဲဒီလို သစ္စာလေးပါးတရားကို ပြတဲ့အခါကျတော့ လောကမှာ အညစ်အကြေးကင်းနေတဲ့ လျှော်ဖွပ်ပြီးသား ဖြူစင်နေတဲ့အဝတ် မှာ ဆေးဆိုးရင် ဆေးရည်ကောင်းစွာထင်သလို အဲဒီလိုပဲ ဘုရားတပည့်တော် ရဲ့ စိတ်အစဉ်မှာ ကြည်လင်ပြီးတော့ ကိလေသာအညစ်အကြေးကင်းတဲ့ ကိလေသာမြူကင်းတဲ့ ဓမ္မစက္ခုဆိုတဲ့ တရားမျက်လုံး ပေါက်သွားပါတယ်။ အဲဒီ တရားမျက်လုံး ဓမ္မစက္ခုဆိုတဲ့ ဉာဏ်ရတဲ့အခါကျတော့ ဘုရားတပည့်တော်အား ဗုဒ္ဓ။ ဓမ္မ။ သံဃ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခဲ့တယ်။
အဲဒီနောက် ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်ပြီးတော့ ဗြဟ္မစရိယ ပဉ္စမဆိုတဲ့ သီလသိက္ခာပုဒ်တွေကိုလည်း ခံယူဆောက်တည်ခဲ့ပါတယ်/။ အဲဒီ အခါမှာ ဗြဟ္မစရိယ သီလသိက္ခာပုဒ်ကို ခံယူဆောက်တည်တယ်။ ဗြဟ္မစရိယ ပဉ္စမ သီလဆိုတာ ကာမေသုမိစ္ဆာစာရ နေရာမှာ အဗြဟ္မစရိယထည့်ပြီး ဆောက်တည်ရတဲ့ ငါးပါးသီလပါပဲ။ အဲဒီသီလ ဆောက်တည်တဲ့အတွက် မေထုန်မှီဝဲမှုမျိုး မပြုဘဲ ရှောင်ကြဉ်တယ်။ အဲ- အဲဒီလို သီလကို ဘုရား တပည့်တော် ဆောက်တည်ခဲ့တယ်ဆိုတဲ့အကြောင်း၊ အဲဒီ သီလဆောက်တည်တဲ့ ဘုရားတပည့်တော်အဖို့ အဲဒီအချက်ဟာ ဒုတိယ အံ့ဖွယ်တစ်ခုပါပဲ ဘုရား၊ တပည့်တော်ရဲ့ အံ့ဖွယ်နှစ်ခု တပည့်တော်မှာရှိပါတယ်။
၃1 အဲဒီနောက် တပည့်တော်ဟာ မယားတွေထံ သွားပြီးတော့ တပည့်တော်မှာ မယားလေးယောက်ရှိပါတယ် ဘုရား၊ မယားလေးယောက်ထံ ချဉ်းကပ်ပြီးတော့ တပည့်တော်ဟာ နှမတို့ ငါတော့ဖြင့် ဗြဟ္မစရိယ ပဉ္စ သီလကြီး ဆောက်တည်ထားပြီ။ အဲဒီတော့ ငါ့နှမတွေ ဒီအိမ်မှာ နေမယ် ဆိုရင်လည်း နေနိုင်တယ် ကုသိုလ်ကောင်းမှုတွေ ပြုပြီး နေနိုင်တယ် ကိုယ့်အိမ် ကိုယ့်ရာသွားပြီး နေချင်ရင်လည်း နေနိုင်တယ်လို့ သူ့ဧနီးသည်
တွေကို ပြောပြီးတော့ တပည့်တော်ရဲ့ ဇနီးသည်တွေကိုပြောပြီးတော့ တပည့်တော်ဟာ တကယ်လို့များ တခြားယောက်ျားတစ်ယောက် လိုချင် တယ်ဆိုရင်လည်း ပြောကြ။ ပြောနိုင်တယ်လို့ပြောတော့ တပည့်တော်ရဲ့ မယားကြီးဟာ တပည့်တော်ရဲ့ပျိုပျိုရွယ်ရွယ် မယားကြီးက သူ ဘယ်ယောက်ျား ကို လိုချင်ပါတယ်။ အဲဒီ ယောက်ျားနဲ့ပေးစားဖို့ ပြောပါတယ်
အဲဒီလို သူပြောတဲ့အခါကျတော့ တပည့်တော်လည်း ဒါဖြင့် အဲဒီ ယောက်ျားကို ခေါ်ခိုင်းပြီးတော့ လက်တစ်ဖက်က ဇနီးသည်ရဲ့လက်ကို ကိုင် ပြီးတော့ အဲ-ကျန်တစ်ဘက်က ရေကရားကိုင်ပြီးတာ့ အဲဒီ မိမိရဲ့ ဇနီးသည် ကြီးကို ယောက်ျားတစ်ယောက်ကို အပ်နှင်းလိုက်တာပဲ။ ပျိုပျိုရွယ်ရွယ် ဇနီးသည်ကို ယောက်ျားတစ်ယောက်ကို အပ်နှင်းလိုက်ရတဲ့အတွက် တပည့် တော်မှာ ဘယ်လိုမှ စိတ်ထဲမှာ မဖြစ်ပါဘူး ဘုရား၅ ဒါကလည်း တပည့် တော်ရဲ့ အံ့ဖွယ်တစ်ရပ်ပါပဲ။ ဒါက အံ့ဖွယ်တစ်ရပ်။
အဲဒီနောက် အံ့ဖွယ်တစ်ပါးပြောပြန်တယ်။ ၄1 တပည့်တော်ရဲ့အိမ်မှာ ပစ္စည်းဥစ္စာတွေ ရှိပါတယ်။ အဲဒီ ပစ္စည်းဥစ္စာတွေကို တပည့်တော်တို့က သီလဝန္တ ဖြစ်တဲ့ အရှင်မြတ်တွေနဲ့ မခွဲမဝေဘဲနဲ့ ခွဲခြားခြင်း မပြုဘဲနဲ့ သုံးဆောင်လျက်ရှိပါတယ်။ ဒါလည်းပဲ တပည့်တော်ရဲ့ အံ့ဖွယ်တစ်ခုပါပဲ။ ဒါလှူမယ်။ ဒါမလှူဘူး။ ဒါလေးတော့ ချန်ထားမယ်ဆိုရင် ဒါ ခွဲခြားတယ် ဆိုရတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အဲ-ခွဲခြားမှုမရှိဘဲနဲ့ အလိုရှိသလို အလိုရှိသလို ပေးကမ်းနိုင်တာကို မခွဲခြားဘူး လို့ဆိုတယ်။ ပစ္စည်းအရာမှာ တပည့်တော်တို့ ဒီလိုခွဲခြားမူမရှိတဲ့အကြောင်း လျှောက်ထားတယ်။ အဲဒီဥစ္စာဟာ တပည့်တော်ရဲ့ အံ့ဖွယ်တစ်ရပ်ပါပဲဘုရား၊ စတုတ္ထအံ့ဖွယ်တစ်ရပ်လို့ လျှောက်ထားခဲ့တယ်။
၅။ ဒါတင်မကသေးဘူး တပည့်တော်မှာ ရဟန်းတော်တစ်ပါးကို ဆည်းကပ်ပြီဆိုရင် တပည့်တော်ဟာ ဘယ်တော့မှ မရှိမသေ မဆည်းကပ်ပါဘူး။ ရိုရိသေသေ လေးလေးစားစားနဲ့သာ ဆည်းကပ်ပါတယ်။ အဲဒါလည်း တပည့် တော်ရဲ့ အံ့ဖွယ်တစ်ရပ်ပါဘုရား၊ ဒ အံ့ဖွယ်တစ်ရပ်လည်း တပည့် တော်မှာ ရှိနေပါတယ် ရဟန်းတော်ကို ဆည်းကပ်တဲ့အခါမှာ ကပ်စရာရှိရင် သူများ မကပ်ခိုင်းဘဲနဲ့ ကိုယ်ထိ လက်ရောက်ကပ်တယ်။ အဲ- ရိုရိုသေသေ လေးလေး စားစားနဲ့ကပ်တယ်။ အဲ- သူ့အံ့ဖွယ်တစ်ရပ်အဖြစ်နဲ့ လျှောက်ထားပြန်တယ်။
၆၂ အဲ-တကယ်လို့ ကိုယ်တော်တ စ်ပါး ကြွလာပြီး အဲဒီကိုယ်တော်က တရားဟောမယ်ဆိုရင် တပည့်တော်က ရိုရိုသေသေ လေးလေးစားစား ပ (၂ ဂ နာပါတယ်။ မရိုမသေ ဘယ်တော့မှ မနာပါဘူး အဲ-ဟိုကိုယ်တော်က (။. (။ (။။.။ (၂ မျ မျူ ၂။ (။
မဟောဘူးဆိုရင်လည်း တပည့်တော်က အဲဒီ ရဟန်းတော်ကို ဟောပြတာပါပဲ။ အဲဒါလည်း တပည့်တော်ရဲ့ အံ့ဖွယ်တစ်ရပ်ပါပဲ။
ဂု အဲ-တပည့်တော်ထံ နတ်တွေကလာကြ။ ဒါ အံ့စရာမဟုတ်ပါဘူး။ ရ (။
အဲဒီနတ်တွေက တပည့်တော်ဆီလာပြီးတော့ သူကြွယ်။ မြတ်စွာဘုရားက တရားတော်ကို အကောင်းဆုံး ဟောကြားထားအပ်တယ်။ အဲဒီလို လာပြော (ဒ (။ (။။ (။ (“ (၂) ကြတယ်4 ပြောကြတော့ တပည့်တော်က အရှင်နတ်တို့ တရားတော်ကို ရှင်တော်မြတ်ဘုရား ကောင်းစွာဟောကြားထားတယ်ဆိုတာ အဲ-အရှင်နတ်များ ပ (။ ပ လာပြောစရာ မလိုပါဘူး။ မိမိသိပြီးသား။ အဲဒီလို နတ်တွေနဲ့ တပည့်တော် ။ {။ (။ (။ (4 . စကားပြောရတဲ့အတွက် နတ်တွေကလာပြီးတော့ ချဉ်းကပ်တဲ့အတွက် ဒီလို အတွက်ကြောင့် တပည့်တော် စိတ်တက်ကြွတယ်။ ဘဝင်မြင့်တယ်လို့ မရှိ ပါဘူးဘုရား၊ အဲဒါလည်းပဲ တပည့်တော်ရဲ့ အံ့ဖွယ်တစ်ရပ်ပဲ။ ပ ဉ့။ ရ။ { (။) (မှ ၈။ ဩရမ္ဘာဂိယ သံယောဇဉ်ဆိုတဲ့ သံယောဇဉ်တရားတွေ ရှိတယ် အောက်ကာမဘုံသို့ သက်ရောက်စေတတ်တဲ့ သံယောဇဉ်တွေ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာ မာသ-ကာမရာဂ ဗျာပါဒဆိုတဲ့ သံယောဇဉ်တွေ။ အဲဒီသံယောဇဉ်တွေ တပည့်တော်ရဲ့သန္တာန်မှာ လုံးဝမရှိတော့ပါဘူး။ အဲဒါ ( ခ (။ မျှ။ (_ (။. (“။ (င (၂ လည်းပဲ တပည့်တော်ရဲ့ အံ့ဖွယ်တစ်ရပ်ပါပဲဘုရားလို့ ရှစ်ခုမြောက်အံ့ဖွယ်ကို လျှောက်ထားတယ်။
ဂ (။ (၂။. ဧ။ ဂ (။ ပြ လျှောက်ထားပြီးတော့ တပည့်တော်မှာရှိတဲ့ အံ့ဖွယ်တွေကို တပည့်တော် ပြောပြီးပါပြီ။ ဘုရားရှင်ကိုယ်တော်မြတ်က တပည့်တော်အတွက် အံ့ဖွယ်ရှစ်ပါ ရှိတယ်ဆိုတာကတော့ ဘာအံ့ဖွယ်ရယ်လို့ တပည့်တော် မသိပါဘူးဘုရားလို့ ရဟန်းတော်ကို လျှောက်ထားတယ်။
( (။ (။ (၂) (.' (။ . (. ၂၂။. ရဟန်းတော်ကလည်း အိမ်ကနေဆွမံးခံ ပြီးတော့ ကျောင်းကိုပြန်သွား။ (။ (။ (၊ {။ မျု ၂။ (၂) ကျောင်းရောက်ပြီး ဆွမ်းဘုဉ်း ပေးပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို ။ [ကြ (။။) (။ သျ ၂ (။ ရျ အဲဒီအကြောင်းအကျိုးတွေ လျှောက်ပြ တော့မှ ဘုရားရှင်ကိုယ်တော်မြတ်က (4 (။။ (ရ က်။။ ကျိ န (။
ချစ်သားရဟန်း ဥဂ္ဂသူကြွယ်အတွက် ငါဘုရား ပြောတဲ့ အံ့ဖွယ်ရှစ်ပါးဆိုတာ
တစ်ခြားမဟုတ်ဘူး။ အခုပြောခဲ့တဲ့ ဒီတရားတွေပဲ။ အဲဒီတရားရှစ်ပါးကိုပဲ ငါဘုရားပြောခဲ့တာ”ဆိုတဲ့အကြောင်း မိန့်ကြား တော်မူခဲ့တယ်နော်။ သုတ္တန်ကို အကျဉ်းချုံးပြီး ဘုန်းကြီးဟောခဲ့တာ။
အဲဒီတော့ လိုရင်းကတော့ ဥဂ္ဂသူကြွယ်ကြီးဟာ ဘုရားရှင်ကိုယ်တော် မြတ်က ချီးကျူးဂုဏ်တင်ပြီးတော့ ရဟန်းတော်တွေကို မိန့်ကြားတော်မူခဲ့တယ်။ ဥဂ္ဂသူကြွယ်ကြီးဟာလေ အံ့ဖွယ်ရှစ်ပါးနှင့် ပြည့်စုံတဲ့သူကြွယ်ကြီးလို့ အဲ- . ချီးကျးဂုဏ်တင်စကား မိန့်ကြားတော်မူခဲ့တယ်။ သူကြွယ်ကြီးက အနာဂါမ်။ အနာဂါမ်မို့လို့ သူ့ဒကာမကို စ္ပန့်နိုင်တာ။ အဲ-အနာဂါမ်လည်းဖြစ်) ထူးခြားတဲ့ ဂုဏ်ရည်တွေနဲ့လည်း ပြည့်စုံသောကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က မိမိရဲ့ တပည့် အနာဂါမ်ဒကာကြီး ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ရှစ်ပါးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်အဖြစ် ချီးကျူးဂုဏ်တင်ပြီးတော့ ရဟန်းတော်တွေကို မိန့်ကြားတော် မူခဲ့တယ် အဲ-မိန့်ကြားတော့ ရဟန်းတစ်ပါးက သွားစုံစမ်းတော့ ပေါ်လာ တယ် အံ့ဖွယ်ရှစ်ပါး၊ အံ့ဖွယ်ရှစ်ပါးကို ပြန်လျှောက်ထားလိုက်တဲ့အခါကျ တော့မှ ဘုရားရှင်ကိုယ်တော်မြတ်က အံ့ဖွယ်ရှစ်ပါးကို ဖော်လိုက်တယ်။
အဲဒါ ဘာပြောလိုတာတုန်းဆိုတော့ သာသနာတော်မှာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ အချီးကျူးခံရတယ်။ ဂုဏ်တင်ခံရတယ်ဆိုရင် အင်မတန်ကို ကံထူးတဲ့ပုဂ္ဂိုလ်တွေး အားရစရာကောင်းတဲ့ ပုဂ္ဂုံလ်တွေ ရှေးက ဧတဒဂ်ပေး တယ်လို့ ဆိုတယ်။ အဲ-ရဟန်းတွေ ဘိက္ခုနီမတွေ ဥပါသကာတွေး ဥပါသိ ကာမတွေ ဘယ်သူဖြင့် ပညာအရာမှာ အထူးဆုံး။ ဘယ်သူဖြင့် တန်ခိုးအရာမှာ အထူးဆုံး စသည်ဖြင့် ဧတဂ်ရာထူး ချိးကျူးပေးအပ်တယ်။ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဧတဒဂ်ဂုဏ်ထူး ချီးကျူးခံကြရတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အလွယ်နဲ့ ခံယူကြရတာမဟုတ်ဘူး။ ကမ္ဘာပေါင်းများစွာ ပါ ရမီတွေဖြည့်ပြီးတော့ မိမိတို့ ထူးခြားတဲ့ပုဂ္ဂိုလ်တွေအဖြစ်ရောက်လို့ ချီးကျူးခံရတာပဲ။ အဲဒါကြောင့် မို့လို့ လောကမှာ ဘုရားရှင်ကိုယ်တော်မြတ် အချီးအကျူးခံရဖို့ဟာ အင်မတန် အရေးကြီးတယ်။
အဲ-လောကမှာ ဒါကြောင့် ရှေးရှေးဆရာတော်ကြီးတွေက ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့ ဘုရား မကဲ့ရဲ့အောင် နေကြရမယ်လို့ မိန့်ကြားတော်မူခဲ့တယ်။ ဘုရားမကဲ့ရဲ့အောင်နေချင်ရင် ဘာလုပ်ရမှာတုန်း တရားကျင့်ရမှာပဲ။ အဲ-
ဘုရားရှင်ကိုယ်တော်မြတ် လိုလားတော်မှူတဲ့ ဒါန သီလ၊ သမထ' ဝိပဿနာ အစရှိသော တရားတွေကိုကျင့်ကြံရင် တစ်နေ့ကျတော့ ဘုရား အချိးအမွမ်း ခံရတာပဲ ဒါကြောင့်မို့လို့ လောကမှာ ရှေးရှေးဘုရားရှင် ကိုယ်တော်မြတ် လက်ထက်အခါက ဘုရားရှင်ကိုယ်တော်မြတ် အချီးမွမ်းခံရတဲ့ ပုဂ္ဂိုလ်ထူး။ ပုဂ္ဂိုလ်မြတ်တွေ အမျိုးသမီး) အမျိုးသားတွေ အများကြီးရှိခဲ့တယ်။ မိမိတို့လည်း အဲဒီလို နောင်အခါ အချီးမွမ်းခံကြရအောင် ယခုဘဝက တရား ဘက်ကို များများကြိုးစားထားပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် လိုလားတော် မူတဲ့ တရားတော်မြတ်ကို ကျင့်ကြံကြုးစားအားထုတ်ခြင်းဖြင့် ဘုရားအချီးမွမ်း ခံကြရတဲ့ ဥပါသကား ဥပါသိကာမတွေဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြ ပါစေကုန်သတည်း။
သူ့အကျိုးဆောင်မှ ကိုယ့်အကျိုးပြီးမြောက် တရားတော်
တစ်ခါတစ်ခါတော့ ဘုန်းကြီးတို့ဟာ ဘုန်းကြီးတို့ လူရှင်ရဟန်းတွေ မှာ ကိုယ့်ကိစ္စလေးပြီးရင်ပြီးရောလို့ သဘောမထားရဘူး။ မြန်မာတိုင်းပြည်မှာ ခေကြတဲ့။ မြန်မာလူမျိုးဝအဖို့ ဤတိုင်းပြည် ကြီးပွားဖို့ စည်ပင်ဖိ သာယာရို့ မိမိတို့မှာ တာဝန်ရှိသလို ဤတိုင်းပြည့်ရဲ့ ဘာတယ့်လူးခြငးတဲ ဝိသေသတံခွန် အထိမ်းအမှတ်ဖြစ်တဲ့ သာသနာတော်ကြီးစည်ပင်ဖို့ သာယာဖို့ ထွန်းကားဖို့ မိမိတို့မှာ တာဝန်ကိုယ်စီ ရှိကြတယ်4 ယခုတာဝန်ကတော့ တော်တော်ကျေပွန်ပါတယ်။ မြန်မာပြည်သူပြည်သား ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများကို လှူကြပါ။ တန်းကြပါလို့ ဘုန်းကြီးတို့ ပြောစရာမလိုပါဘူး။ ဘုန်းကြီး တို့ ဘိုက်တွန်းတာထက်ကို ခိုပ္ပီးလျှနေတြတယ်' ဒါကြောင့်မလို့ တာဝန် ကျေ ကြတယ် တာဝန်ကျေပကောလို့ ဘုန်းတော်ကြီးတို့က ဒီ ဒကာ ဒကာမတွေ မတိုက်တွန်းရတော့ဘူး မဟုတ်ဘူး) တိုက်တွန်းပေးရမှာပဲ။ စရိယသုံးမျိုး
လောကမှာ လူရယ်လို့ဖြစ်လာရင် မိမိအကျိုးလေးနဲ့တင် လုံလောက် တာမဟုတ်ဘူး။ မိသားစုအကျိုး' တတ်နိုင်ရင် မိသားစုထက်လွန်ပြီးတော့ ကိုယ့်အမျိုးအဆွေဖြစ်တဲ့ မြန်မာပြည်သူ မြန်မာပြည်သားများရဲ့ အကျိုး ဆောင်ရွက်ရတယ်။ မတတ်နိုင်ရင်သာ နေရမယ်။ တတ်နိုင်ရင် လောကတ္ထ စရိယ၊ ဥာတတ္ထစရိယ။ ဗုဒ္ဓတ္ထစရိယလို့ ဘုရားရှင်ကိုယ်တော်မြတ် စရိယ သုံးပါးကျင့်သလို မိမိတို့လည်း လောကတ္ထစရိယ-လောကအကျိုး ကျင့်ရတာ ပဲ ဉာတတ္ထစရိယ-အဆွေအမျိုးတို့ရဲ့ အကျိုးကျင့်ရတယ်။ အဆွေအမျိုးဆို တာ မိမိဆွေမျိုးလေးတင်မကဘူး။ မြန်မာတစ်ပြည်လုံး အားလုံး မိမိတို့ဆွေမျိုး ကြီးပဲ အဲဒီဆွေမျိုးတွေ ချမ်းသာအောင် လည်း မတတ်နိုင်ရင်သာ ကိုယ်အား
ဖြင့်တတ်နိုင်တဲ့အခါ ချီးမြွောက်ကြရတယ်။ ငွေအား လူအားဖြင့် တတ်နိုင် တဲ့အခါလည်း ချီးမြွောက်ကြရတယ်။ သင်္ဂဟ၀တ္ထုလေးပါးနဲ့ ချီးမြွောက်ကြ ရတယ်။
ကိုယ်ကျိုးဆိုတာမရှိ
ထို့အတူပဲ သာသနာတော်ကြီးကိုလည်း မိမိက မတတ်နိုင်ရင်သာ တတ်နိုင်လို့ရှိရင် ချီးမြွောက်ဖို့တာဝန်ရှိတယ် ငွေအားဖြင့်လည်း တတ်နိုင် သမျှ ချီးမြွေက်ကြရတယ်။ ဒါဟာ ငါ့တာဝန်လို့ တာဝန်တစ်ခုအဖြစ်နဲ့ ခယူ ကြရတယ်။
လောကမှာ ပညာရှိတို့က ဆိုထားတဲ့ စကားတစ်ခုရှိတယ်။ သူတစ်ပါး အကျိုးမကျင့်တဲ့ ပုဂ္ဂိုလ်အဖို့ ကိုယ်ကျိုးဆိုတာ မရှိပါဘူးတဲ့ ဒါ အမှန်ပဲတဲ့။ တကယ်မှန်ပါတယ်လို့ အဲသလို ပညာရှိများက ဆိုကြတယ်နော်။ ဥပမာ- ဒါနဆိုတာမှာ ကြည့်လိုက်ရင် သူတစ်ပါးအကျိုး ဆောင်တာချည်းပဲ။ တောင်း စားနေတဲ့ သူတောင်းစားလေးတွေကို ပေးတာလည်း သူ့အကျိုးဆောင်ရွက် တာပဲ။ မိတ်ဆွေသင်္ဂဟတွေ ကျွေးမွေးပေးကမ်းတာလည်း သူ့အကျိုးဆောင် တာပဲ။ သံဃာတော်တွေလှူဒါန်းတော့ သာသနာကြီးပွားအောင် ဆောင်ရွက် ခြင်းမျိုးဖြစ်တယ်4 ဒါကြောင့် လှူတယ် တန်းတယ် ပေးတယ် ကမ်းတယ် ဆိုတာ အားလုံး သူတစ်ပါး၊ အကျိုးကိုဆောင်တဲ့ ပရဟိတပဲ။
သာသနာတော်အကျိုးဆောင်ရင် အဲဒါ ကိုယ့်အကျိုးဆောင်မှု ပြီးသွား တာပဲ ဟုတ်လည်းလေး သာသနာတော်မှာ လျူဒါန်းပူဇော်ရင် မိမိတို့မှာ ဒီ ပစ္စက္ခဘ၀မှာပဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာခြင်းအကျိုး နောင်သံသရာမှာ လည်း ချမ်းသာခြင်းအကျိုးတွေ ရနိုင်တာမို့လို့ သူတစ်ပါးအကျိုးဆောင်လို့ ကိုယ့်အကျိုးပြီးမြောက်တာပဲ။
အလင်္ကာကျမ်းပြု ဆရာတော်ကြီး၏ ဩဝါဒ
ဘုန်းကြီးတို့ သာသနာတော်မှာ အလင်္ကာကျမ်း ဆန်းကျမ်းတွေကို စီရင်ရေးသားလို့ ယနေ့အထိ သာသနာတော်မှာ စာသင် စာချ ပုဂ္ဂိုလ်တွေ ကျေးဇူးအလွန်များတဲ့ ကျေးဇူးအလွန်များအောင် ရွက်ဆောင်ပေးခဲ့တဲ့ ဆရာ
တော်ကြီး အရှင်သံဃရက္ခိတ မဟာသာမိမထေရ်ဆိုတာ ရှိခဲ့တယ် အဲဒီ မထေရ်ရဲ့မိန့်ခွန်းပဲ) ဩဝါဒပဲ။
သစ္စံ ပုန ပိ သစ္စန္တ်၊ ဘုဧမုက္ခိပ္ပ ဝုစ္စတေ။ သကတ္ထော နတ္ထီ နတ္ထေဝ၊ ပရဿတ္ထမကုဗ္ဗတော။
ပရဿတ္ထံ-သူတစ်ပါးအကျိုးကို အကုဗ္ဗတော-မပြုလုပ် မဆောင်ရွက် သော ပုဂ္ဂုံလ်အဖို့။ သကတ္ထော-ကိုယ်ကျိုး ကိုယ်စီးပွားဆိုသည်မှား နတ္ထိ- မရှိပါပေ။
မရှိဘူးလို့ သာမညတောင်မှ ဆရာတော်ကြီးက မဆိုဘူး အတည်ပြု ချင်လို့ စကားဟာ တကယ်မှန်ပါတယ် တကယ့်ကိုမရှိတာပါ သူတစ်ပါး အကျိုးမဆောင်ရင် ကိုယ့်အကျိုးဟာ မရှိဘူးဆိုတာ သာမန်မရှိမဟုတ်ဘူး။ တကယ့်ကို မရှိတာပါ သူတစ်ပါ အကျိုးမဆောင်တဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ် ကျိုးဆိုတာဟာ မရှိဘူးတဲ့။ ဒါတင်မကသေးဘူး)။ ဆရာတော်ကြီးက အင်မတန် သူ့စကားကို လေးလေးစားစား လိုက်နာစေချင်လို့ 1
သစ္စံ-သူတစ်ပါးအကျိုးမဆောင်တဲ့ ပုဂ္ဂိုလ်မှာ ကိုယ်ကျိုးမရှိဆိုတဲ့ စကားဟာ မှန်လှပါပေ၏ /၊ အတည်ထပ်ပြုလိုက်သေးတယ်။ သူတစ်ပါး အကျိုးမဆောင်တဲ့ ပုဂ္ဂိုလ်မှာ ကိုယ်ကျိုးမရှိဘူးဆိုတာ အမှန်ပဲတဲ့။ အမှန်ပဲ ဆိုပြီးတော့ မပြီးသေးဘူး။ ဆရာတော်ကြီးက အမှန်ပဲဆိုတဲ့စကားကို “မြဲရာ သံပတ် ကျပ်ရာသပ်ပင်း”ဆိုတာလို ခိုင်မြဲသထက်ခိုင်မြဲအောင်။ သစ္စံ-မှန်ပါ ပေ၏ ဆိုပြီးတော့။ ပုန-နောက်ထပ်တစ်ဖန် ကျော့လိုက်ပြန်ဦးအံ့။ သစ္စံ-တကယ်ပဲ မှန်လှပါပေ၏။ သစ္စံတွေ အထပ်ထပ် ထပ်ပြီးတော့ ကိုယ့်စကား ကို အတည်ပြုသွားတော်မူတယ်။
အင်မတန် အရေးကြီးတယ်။ ဘုန်းကြီးတို့ တပည့်သားတွေ။ တပည့် သားတွေဆိုတာ ဘုန်းကြီးတို့လည်း ပါတာပဲ။ ဆရာတော်ကြီး မမြင်ပေမည့် ဟို နှစ်ပေါင်းထောင်ကျော်က ဖြစ်ခဲ့ပေမည့် ဆရာတော်ကြီးရဲ့ စာတွေ ပေတွေ ဘုန်းကြီးတို့ သင်နေရတယ် ဘုန်းကြီးတို့တင် မဟုတ်ဘူး လောကမှာလည်း အထက်တန်းပညာရှင်တွေ ဆရာတော်ကြီးရဲ့ ကျမ်းတွေနဲ့ ရင်းနှီးခဲ့ကြတယ်။
အဲဒီ ဆရာတော်ကြီးတွေရဲ့ စာဟာ ယနေ့မြန်မာပြည်မှာသာမက ဟို အနောက်နိုင်ငံတွေ အင်္ဂလန်။ ပြင်သစ်။ ဂျာမဏီ စသည်ဖြင့် ပြည်တွေ သညွိပြင် ဟိုတိုင်း ဒီပြည်တွေ အနှံ့အပြား ဆရာတော်ကြီးကို အဓှိပြုမြီးတော့ ဉာဏ်ပညာတွေ တိုးပွားရတယ်4/ ကဗျာဉာဏ် စာဉာဏ်ပေဉာဏ်တွေ တိုးပွားရတယ်။ ကျေးဇူးအင်မတန်ကြီးတဲ့ ဆရာတော်ကြီး) အဲဒီဆရာတော် ကြီးရဲ့ မှာတမ်း။
သစ္စံ-သူတစ်ပါ။ အကျိုးမဆောင်ရင် ကိုယ်အကျိုးမရှိ။ တကယ်ပင် မရှိ။ အဲဒီ မရှိဆိုသည်မှာ မှန်ပါ၏။ တကယ့်ကို မှန်ပါပေ၏ ဟူရ။ ကုတိ- ဤသို့ ဘုဇံ-လက်ရုံးလက်မောင်းကို၊ ဥက္ခိပ္ပ-အားရပါးရ ပြသဆန့်တန်း လျက် ဝုစ္စတေ-ရဲရဲရင့်ရင့်သာ ဆိုလိုက်ပါတော့လော။
ဒါအမှန်ပဲ) ဒါကြောင့် ကိုယ့်အကျိုး ကိုယ်ကုသိုလ်ဖြစ်ရုံလေးသာ သဘောမထားပါနဲ့။
ကိုယ့်အမျိုးအဆွေတွေ မြန်မာပြည်သူပြည်သားတွေ ပြည်ထောင်စုသား တွေ ချမ်းသာအောင်။ ထိုပြည်ထောင်စုသားတွေ ကိုးကွယ်ရာ သာသနာတော် ကြီး အဓွန့်ရှည်ကြာ ကိုယ့်သား ကိုယ့်မြေး။ ကိုယ့်မြစ် တီ တွတ် ကျွတ် ဆတ် ဆိုတဲ့ ဆွေခုနစ်ဆက်ထိရောက်အောင် အကျိုးများအောင် အဲဒီ သာသနာတော်ကြီးကို တို့တစ်တွေ ချီးမြှောက်ဖို့ တာဝန်ရှိတယ်ဆိုတာ ခံယူပြီးသားပါပဲ။
ဘုရားဂုဏ်တော်များကို မြွက်ဆိုဂုဏ်တင်ရခြင်းအတွက် ပြုအပ် ဆုပတ္ထနာ
ဘုရားဂုဏ်တော်တို့ကို မြှက်ဆိုုဏ်တင်ရခစြင်းအတွက် ဗြုအငိသော ဆုဗတ္တနာ ၁1 အရဟန္တ် ဂုဏဂ္ယဿ ၀ဝန္ဒနေန အဟံ က္တဓ။
ဟနေယျံ ကိလေသာရီစ- ပူဇနဉ္စ ပဋိဂ္ဂဟေ၊။
အဟ ဘုရားတပည့်တော်သည် အရဟန္တ်ဂုဏဂ္ယဿဘဘုရားရှင်စါ အရဟံဂုဏ်တော်မြတ်ကို ဝန္ဒနေန-ချီးကျူးမြွက်ဟ ဂုဏ်တင်ရခြင်းကြောင့် ကုဓ-ဤလောက၌ ကိလေသာရီ-ကိလေသာရန်သူအားလုံးတို့ကို ဟနေယျံ-သတ်အပ်သတ်ဖြတ် ချေမှုန်းအဆုံးတိုင် ဖျက်ဆီးရပါလို၏ ပူဇနံ-သူငါကြည်ဖြူ ပူဇော်ခြင်းကို ပဋိဂ္ဂဟေ ပဋိဂ္ဂဟေယျစ-ခံယူလည်း ခံယူရပါလို၏ အရှင်မြတ်ဘုရား၊။ ပ သမ္မာသမ္ဗုဒ္ဓဂုဏဿ- ဝန္ဒနေန အဟံ က္ကဓ။
ဇိနဒေသိတ ဓမ္မေသု- သဗ္ဗေသု ပါရဂူ ဘဝေ)။
အဟံ-ဘုရားတပည့်တော်သည် သမ္မာသမ္ဗုဒ္ဓဂုဏဿ-သမ္မာသမ္ဗုဒ္ဓခေါ် ဂုဏ်တော်မြတ်ကို ဝန္ဒနေန-ချီးကျူးဖုံဖုံ ဂုဏ်တင်ပူဇော်ရခြင်းကြောင့် က္က ဤလောက
သဗ္ဗေသု-ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော ဇိနဒေသိတ ဓမ္မေသု-ဘုရားဟော တရားတော်တို့၌ ပါရဂူ-တစ်ဖက်ကမ်းခပ် တတ်မြောက်ကျွမ်းကျင်သူ ပညာရှိသည် ဘဝေ ဘဝေယျံ-ဖြစ်ရပါစေသား ရှင်တော်မြတ်ဘုရား၊။ ၃4 ဝိဇ္ဇာစရဏသမ္ပန္န
ဂုဏ၀န္ဒန တေဇသာ
စရဏေနစ ဝိဇ္ဇာယ-
သုသမီဒ္ဓေါ ဘဝါမဟံ။
အဟံ-ဘုရားတပည့်တော်သည် ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ၀န္ဒနတေဇသာ-ဝိဇ္ဇာစရဏသမ္ပန္နခေါ် ဂုဏ်တော်ကို ချီးကျူးကုသိုလ်ထူး အစွမ်းအာနုဘော်ကြောင့် စရဏေန-စရဏအဖုဖုံ အကျင့်ဂုဏ်နှင့်လည်းကောင်း ဝိဇ္ဇာယစ-ဝိဇ္ဇာအတန်တန် ထိုထိုဉာဏ်တို့နှင့်လည်းကောင်း သုသမီဒ္ဓေါ-ကောင်းစွာ ကုလု ပြည့်စုံကြွယ်ဝသည် ဘဝါမိ-ဖြစ်ရပါစေသား ရှင်တော်မြတ်ဘုရား။
၄။သုဂတောတိ ဂုဏဂ္လဿ
ဗုဒ္ဓဿ ဝန္ဒနေနဟံ
ဂစ္ဆေယျ သုန္ဒရ ဌာန-
ကရေယျံ သုန္ဒရံ ကထံ
အဟံ-ဘုရားတပည့်တော်သည် သုဂတောတိ ဂုဏဂဿ-သုဂတခေါ် ဂုဏ်တော်မြတ်ကို ဝန္ဒနေန-ချိးကျူးခုံမင် ဂုဏ်တင်ပူဇော်ရခြင်းကြောင့် သုန္ဒရံ-ကောင်းမြတ်လှစွာသော ဌာနံ-နိဗ္ဗာန်အေးမြ ရပ်ဌာနသို့ ဂစ္ဆေယျံ-ဆိုက်ရောက်ရပါစေသား အရှင်မြတ်ဘုရား သုန္ဒရံ-အပြစ်ကင်းဘိ အကျိုးရှိလှ ကောင်းမြတ်လှစွာသော
ကထံ-နားဝင်ချိုချို အဆိုထူးခြား စကားအဆိုမျိုးကို ကရေယျံ-မြွက်ကြားဟောပြနိုင်ပါစေသား ရှင်တော်မြတ်ဘုရားး 1။ ၅၈ လောကဝိဒူတိ ဂုဏ ဿ- ဗုဒ္ဓဿ ဝန္ဒနေနဟံ။
သတ္တ သင်္ခါရ ဩကာသ- လောက ဇာနေ ယထာ တထံ။
အဟံ-ဘုရားတပည့်တော်သည် ဗုဒ္ဓဿ-ရှင်တော်မြတ်ဘုရား၏ လောကဝိဒူတိဂုဏဿ-လောဝိဒူခေါ် ဂုဏ်တော်မြတ်ကို ဝန္ဒနေန-ချီးကျူးခုံမင် ဂုဏ်တင်ရခြင်းကြောင့် သတ္တ သခ်ံ။ ရ ဩကာသလောကံ-သတ္တဝါအဝဝ သခ်ါရအပုံဖုံ ဘုံအစားစား သုံးပါးသောလောကကို ယထာ တထံ-ဟုတ်တိုင်းမှန်စွာ ဇာနေ ဇာနာဓိ-ရှိတိုင်းထိမိ သိရှိရပါစေသား ရှင်တော်မြတ်ဘုရား ၆၂ အနတ္တရောပုရိသ ခမ္မ- သာရထိ ဂုဏ၀န္ဒနာ။
အညေ သတ္တေ ယထာ သာရဓူ- ဒမေယျ သုကရ အဟံ။
. -အဟံ-ဘုရားတပည့်တော်သည် အနုတ္တရောပုရိသ ဒမ္မသာရထိ ဂုဏ၀န္ဒနာ-အနုတ္တရောပုရိသ ဒမ္မသာရထိ ဂုဏ်တော်ကို ထုတ်ဖော်မြွက်ဟ ချီးကျူးဂုဏ်တင်ရခြင်းကြောင့် အညေ သတ္တေ-တစ်ပါးသတ္တဝါ ပေါင်းများစွာတို့ကို ယထာ-အကြင်အခြင်းအရာအားဖြင့် ဆုံးမအပ်သော် သာဓူ-သူတော်ကောင်းပုဂ္ဂိုလ်မွန်တို့သည် ဘဝေယျုံ- ဖြစ်ကုန်ရာ၏ တထာ-သူတော်ကောင်းဖြစ်နိုင်လောက်သော အခြင်းအရာအားဖြင့်
သုကရံ-လွယ်ကူသက်သာစွာ ဒမေယျံ-ဆုံးမနိုင်ရပါစေသား အရှင်မြတ်ဘုရား ဂု၊ သတ္ထာဒေ၀ မနုဿာန
မိတိ ဂုဏဿ ဝန္ဒနာ။
သာသေယျညေ ယထာ သနော-
ဗုဒ္ဓဝါဒါနဂါမိနော။
အဟံ-ဘုရားတပည့်တော်သည် သတ္ထာဒေ၀မနုဿာနမိတိဂုဏဿ-သတ္ထာဒေ၀မနုဿနခေါ်ဂုဏ်တော်မြတ်ကို ဝန္ဒနာ-ထုတ်ဖော်မြွက်ဟ ချီးကျူးရခြင်းကြောင့် အညေ-တစ်ပါးပုဂ္ဂိုလ် များထိုထိုတို့ကို ယထာ-အကြင်အခြင်းအရာအားဖြင့် ဆုံးမအပ်သည်ရှိသော် ဗုဒ္ဓဝါဒါနုဂါမိနော-ဗုဒ္ဓဝါဒလိုက်နာကြကုန်သော သန္တော-သူတော်ကောင်းတို့သည် ဘဝေယျုံ-ဖြစ်ကုန်ရာ၏ တထာ-ဘုရားတပည့်သူတော်ကောင်းတွေဖြစ်အောင် သာသေယျံ-ဆုံးမသွန်သင် ပဲ့ပြင်နိုင်ပါစေသား အရှင်မြတ်ဘုရား၊ 1
၈၅ ဗုဒ္ဓေါ ကုတိ ဂုဏဂ္ယဿ-
ကိတ္တနေန သုခံ အဟ
ဝိဇာနေယျံ ဓမ္မ သဗ္ဗံ-
ယထာ ဗုဒ္ဓေန ဒေသိတံ-
အဟံ-ဘုရားတပည့်တော်သည် ဗုဒ္ဒေါကုတိဂုဏဂ္ယဿ-ဗုဒ္ဓဟူသောဂုဏ်တော်မြတ်ကို ကိတ္တနေန-စိတ်ထဲပျော်ပျော် ဖော်ကြားကြားရခြင်းကြောင့် ဗုဒ္ဓေန-ရှင်တော်မြတ်ဘုရားသည် ယထာ-အကြင်အခြင်းအရာအားဖြင့် ဒေသိတံ-ဟောတော်မူအပ်၏
တထာ-ထိုသို့ ရှင်တော်မြတ်ဘုရား ဟောကြားအပ်သည့်အတိုင်း သဗ္ဗံဓမ္မံ-သုံးမကုန်များပြား အလုံးစုံသောတရားကို သုခံ-သက်သက်သာသာ လွယ်ကူချမ်းသာစွာ ဝိဇာနေယျံ-မဆိုင်းမတွ တစ်ခဏချင်းသာ သိမြင်ရပါစေသား ရှင်တော်မြတ် ဘုရား။
၉80 ဘဂဝါတိ ဂုဏဂ္လဿ- ၀ဝန္ဒနေနေဝ သော အဟံ ဘဂါမိ ဘဂသမ္ပန္နော- ဇဧနာနံ ဂရုတံ ဂမေ။
ဘဂဝါ တိဂုဏဂ္ယဿ-ဘဂဝါ ခေါ် ဂုဏ်တော်မြတ်ကို သော အဟံ-ထိုဘုရားတပည့်တော်သည် ဝန္ဒနေနေ၀-ချီးကျူးဂုဏ်တင်ရခြင်းကြောင့်သာလျှင် ဘဂသမ္ပန္နော-အစိုးရခြင်းစသော အလီလီအပုံပုံ ဘုန်းဂုဏ်ပြည့်စုံသည် ဘဝါမိ-ဖြစ်ရပါစေသား ရှင်တော်မြတ်ဘုရား ဇနာနံ-အများသတ္တဝါတို့၏ ဂရုတံ-လေးစားအပ်သူအဖြစ်သို့ ဂမေ-ဂမေယျံ မုချမသွေ ရောက်ရပါစေသား ရှင်တော်မြတ်ဘုရား။ ၈. ပ
ဝါဆိုသင်္ကန်းကပ်အလှူတော် (ဦးတိုးမောင် ဒေါ်စန်းစန်း-အိမ်)
ဦးတိုးမောငိ၊ ဒေါ်ခနိုးစနိုးတို့ဇ်ါ ဝါဆိုသက်နိုးကဝ်ဗ္ထဲခွံ တောကြငးအဗ်သေ၀တရားတေဒိ
ယနေ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြတော့ သင်္ကန်းနှင့်စပ်တဲ့ အကြောင်းလေးတွေ နည်းနည်းပြောဦးမယ်။
ဘုန်းကြီးတို့ ကျမ်းဂန်များမှာ သင်္ကန်းလှူဒါန်းတဲ့ ဒကာ၊း ဒကာမ တွေအဖို့ အမျိုးသားတွေအဖို့မှာတော့ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ထူးခြားတဲ့ အကျိုးတွေ ခံစားကြရတယ်။ အမျိုးသမီးတွေအဖို့ မှာတော့ ဝိသာခါ မလ္လိကာ ဒကာမကြီးတို့ကဲ့သို့ မဟလ္လတာဆိုတဲ့ တန်ဆာကြီးကို ရခြင်းအကြောင်းလို့ ဒီလို ကျမ်းဂန်ကြီးများမှာဆိုတယ်4 အဲဒါကြောင့် သင်္ကန်းအလှူကတော့ အဲဒီလို ထူးခြားတဲ့အကျိုးတွေ ရှိတယ်ဆိုတာလည်း သိကြပြီးသာ ဖြစ်နေမှာ ပါ။ ဘုန်းကြီးတို့ သာသနာတော်မှာ ရှေးဦးဆုံး ဖြစ်ပေါ်လာတဲ့သင်္ကန်းဟာ ဘာသင်္ကန်းတုန်းဆိုတော့ ခုနပြောခဲ့တဲ့ ဧဟိဘိက္ခုအဖြစ်ဖြင့် ဖြစ်ပေါ်လာတဲ့ သင်္ကန်း ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်တော်မူပြီးတော့ ပဉ္စဝဂ္ဂီငါးဦး တို့ကို တရားဒေသနာ ဟောတော်မူခဲ့တယ်။ တရားဦး အစဦး တရားဒေသနာ တော်ကို ဟောတော်မူတယ်။ အရှင်ကောဏ္ဍညမထေရ် စပြီးတော့ တရားထူး ရသွားတယ်။ ရသွားတော့-
လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တီကေ ပဗ္ဗဇ္ဇ လဘေယျံ ဥပသမ္ပဒန္တံ-
အရှင်ဘုရား တပည့်တော်သည် ရှင်တော်မြတ်ဘုရားထံခ် ရှင်အဖြစ်ကို အလိုရှိပါတယ်ဘုရား၊/ ရဟန်းအဖြစ်ကို အလိုရှိပါတယ်ဘုရား၊ ရှင်အဖြစ် ရဟန်းအဖြစ်ကို တောင်းပန်လျှောက်ထားလိုက်တဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဧဟိဘိက္ခု ခေါ်တော်မူတယ်4 ဧဟိဘိက္ခု-ဘိက္ခု- ရဟန်း၊ ဧဟိ-လာလှည့်ပါလော။ ဓမ္မော-တရားတော်မြတ်ကို၊ သွာက္ခာတော-
အကောင်းဆုံးဖြစ်အောင် ငါဘုရား ဟောကြားတော်မူအပ်၏ / သမ္မာ- ကောင်းစွား ဒုက္ခဿ-သံသရာ၀ဋ်ိုဆင်းရဲစါ ' အန္တကိရိယာယ-အဆုံးသတ် မှုကို ပြုခြင်းငှာ ဗြဟ္မာစရိယ-မဂ်တည်းဟူသော မြတ်သော အကျင့်ကို စရ-ကျင့်ပေလော့လို့ ဧဟိဘိက္ခု ခေါ်ပေးလိုက်တယ်။ ခေါ်ပေးလိုက်တယ် ဆိုရင်ပဲ ဟော သပိတ် သင်္ကန်း ပရိက္ခရာ အစုံအလင်နဲ့ ဝါတော်ခြောက်ဆယ် ရှိတဲ့ ရဟန်းတော်ကြီးလို ရဟန်းအဖြစ်သို့ ရောက်ရှိပြီး ရဟန်းဖြစ်သွားတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ဧဟိဘိက္ခု ခေါ်တော်မှုချက်ဖြင့် ရဟန်းဖြစ်တော်မူ သွားတယ်။
အဲဒီတော့ အရှင်ကောဏ္ဍညအဖို့မှာ သပိတ်လည်း မရှာရဘူး။ သင်္ကန်းလည်း မရှာရဘူး။ သင်္ကန်းဝတ်ပြီးသား သပိတ်လွယ်ပြီး ပရိက္ခရာတွေ ဆင်ပြီးအသင့်။ ဝါတော်ခြောက်ဆယ်ရတဲ့ ရဟန်းတော်ကြီးလို' မထေရ်ကြီးလို ရဟန်းအဖြစ်သို့ ရောက်သွားတယ် အဲဒါ ခုနပြောခဲ့တဲ့ ကျမ်းဂန်များအဆို အရဆိုရင် သင်္ကန်းကို လှူခဲ့ဖူးလို့ သင်္ကန်း သပိတ် စသော ပရိက္ခရာတွေကို လှူခဲ့ဖူးလို့ ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ သက်န်းကို အထူးရှာမနေရဘူး။ သပိတ် အထူးရှာမနေရဘူး။ တန်ခိုးဖြင့်ပြီးတဲ့ သင်္ကန်း တန်ခိုးဖြင့်ပြီးတဲ့ သပိတ်ဖြင့် ရှင်ရဟန်းအဖြစ် ရောက်သွားတယ်။ အဲဒီအခါတုန်းက ဧဟိဘိက္ခု အဖြစ်နဲ့ ဆင်နွှဲရတဲ့ အရှင်ကောဏ္ဍညရဲ့ သင်္ကန်းဆိုတာ ဘယ်လိုနေတယ် ဆိုတဲ့ ကျမ်းဂန်အဆိုများကတော့ အထူးမရှိဘူး။ ဒါပေမဲ့ တန်ခိုးကြောင့် ဖြစ်လာတဲ့ သင်္ကန်းဆိုတော့ ထူးထူးခြားခြား။ အဲ ထူးခြားတဲ့ သင်္ကန်းတစ်မျိုး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရတယ်။
အဲ ထားလိုက်ပါတော့။ ရှေ့ဦးဆုံးပေါ်လာတဲ့ သင်္ကန်းဆိုတော့ သာသနာတော်မှာ ပထမဆုံးသင်္ကန်းတစ်ခု နောက်ကျတော့ အရှင်ကောဏ္ဍည မထေရ် နောက်တစ်နေ့ကျတော့ အရှင်ဝပ္ပ။ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်။ အရှင်အဿဇိမထေရ်၊ သူတို့လည်းပဲ ဒီလိုပဲ တစ်နေ့ တစ်ပါး တရားအားထုတ်။ တရားတွေရကြပြီးတော့ နောက်ဆုံး ဧဟိဘိက္ခု ရဟန်းအဖြစ်ချည်းပဲ။ သင်္ကန်းတွေကလည်း တန်ခိုးဖြင့်ပြီးတဲ့ သင်္ကန်းတွေချည်းပဲ။ ဧဟိဘိက္ခု ရဟန်းတော်များ ဆင်မြန်းရတဲ့သင်္ကန်းမို့လို့ အဲဒါ သာသနာတော်မှာ အစ ဦးဆုံး ပေါ်လာတဲ့ သင်္ကန်းပဲ။ ဒီနောက်တော့ ယသအမျိုးသား ယသမထေရ်
သာသနာတော်မှာ ပဉ္စဝဂ္ဂီငါးဦး တရားထူးတွေရကြပြီးတော့ ယသအမျိုးသား ရဟန္တာအဖြစ်ဖြင့် ဧဟိဘိက္ခု ရဟန်းဖြစ်သွားတယ်။ နောက်တော့ ယသရဲ့ မိတ်ဆွေ ၄-ယောက် သူတို့ ရဟန်းအဖြစ် ရောက်သွားကြတယ်။ ဧဟိဘိက္ခု ချည်းပဲ။ ဘုရားထံမှာ တရားနာ။ တရားထူးတွေ ရကြလို့ ဘုရားရှင်စါ ဧဟိဘိက္ခု ခေါ်ခြင်းဖြင့် ဧဟိဘိက္ခု ရဟန်းဖြစ်သွားကြတယ်။ အဲဒါနဲ့ပဲ အဲဒီအခါမှာ လောကမှာ ရဟန်းတော်ပေါင်း ခြောက်ကျိပ် ရှိသွားတယ် ခြောက်ကျိပ်ရှိသွားတော့ ဘုရားရှင်ကိုယ်တော်မြတ်က သာသနာပြုဖို့ စေ လွှတ်တော်မူတယ်။ စရထဘိက္ခဝေ စာရိကံ-ဒေသစာရီလှည့်လည်ကြ၊ တရား ဟောပြီးတော့ သတ္တဝါတို့ကို အကျွတ်တရားရအောင် ကြိုးစားကြဆိုပြီးတော့ သာသနာပြု စေလွှတ်တော်မူတယ်။
သာသနာပြုစေလွှတ်တော့ အဲဒီရဟန်း၊ အဲဒီမထေရ်တွေ အသီးသီး သာသနာပြုဖို့ ခရီးထွက်ကြတယ်။ ဘုရားရှင်ကလည်း ဒီအခါတုန်းက ရဟန္တာ္ခြာက်ကျိပ်ဆိုတော့ ည့်းနည်းရှိသေးတယ်' နည်းနည်းနဲ့ ကျဲကျမိုင် ဆိုသလို.
ခရီးတစ်ကြောင်းကို တစ်ပါးတည်း သွားကြလို့ အစ၏ ကောင်းခြင်း ရှိတဲ့ အလယ်ဇာါ ကောင်းခြင်းရှိတဲ့။) အဆုံးစ၊ါ ကောင်းခြင်းရှိတဲ့ တရားဒေသနာ တော်ကို ဟောကြ ပြောကြ ဆိုပြီးတော့ စေလွှတ်လိုက်တယ်။ လွှတ်လိုက် တော့ အဲဒီမထေရ်ကြီး၊ အဲဒီရဟန်းတွေကို ရှင်လောင်းတွေတွေ့ ရင် ဘုရားရှင် ကိုယ်တော်မြတ်ဆီ ခေါ်ခဲ့ကြ၊ ရဟန်းလောင်းတွေတွေ့ ရင်လည်း ဘုရားရှင် ကိုယ်တော်မြတ်ကြီးဆီ ခေါ်ခဲ့ကြ။ သူတို့လည်းပင်ပန်း) ရှင်လောင်း ရဟန်း လောင်းတွေလည်း ပင်ပန်း။ အဲဒါနဲ့ ဘုရားရှင်ကိုယ်တော်မြတ်က တစ်နေ့ အကြံရတော်မှုလိုက်တော့ ချစ်သားရဟန်းတို့ ယနေ့မှစရ် ငါဘုရားထံ ခေါ် မလာနံ့တော့။ ချစ်သားတို့ကိုယ်တိုင်ပဲ ရှင်ပြုပေးကြ။ ရဟန်းပြုပေးကြ။ ဘယ်လိုပြုရမတုံးဆိုတော့ ပထမ ခေါင်းရိတ်ပေးကြ၊ ခေါင်းရိတ်ပြီးတော့ ဖန်ရေစွန်းသောအ၀တ်တွေကို ဝတ်ပေးကြ၊ ဝတ်ပေးကြပြီးတော့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ သရဏဂုံသုံးပါး သင် ပေးပြီး ရွတ်ပြီးတော့ ရှင်ပြုပေးကြ၊ ရဟန်းခံပေးကြလို့ မိန့်ကြားတော်မူလိုက် တော့-
နောက်ကျတော့ အဲ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အမိန့်တော်အတိုင်း ဘုရားရှင်ကိုယ်တော်မြတ်ထံ ခေါ်မလာတော့ဘူး။ သူတို့ကပဲ ရောက်ရာ အရပ်မှာ ရဟန်းပြုလိုတဲ့ ရှင်ပြုလိုတဲ့ သာမဏေလောင်း။ ရဟန်းလောင်း တွေကို ရှင်ပြုပေးကြ ရဟန်းပြုပေးကြတယ်လို့၊ အဲဒီအခါမှာ သင်္ကန်းဟာ ကာသာယာ နိ၀တ္ထာ ဆိုပြီးတော့ ဖန်ရည်ဆိုးထားတဲ့ အဝတ်ကို ဝတ်ကြတယ်။ ဖန်ရည်ဆိုးထားတဲ့ အ၀တ်တွေပဲ ယခု ဘုန်းကြီးတွေ၀တ်နေကြတဲ့ သင်္ကန်းမျိုး မဟုတ်သေးဘူး ခုနပြောတဲ့ ဧဟိဘိက္ခုခေါ်ထားတဲ့ ရဟန်းတော်ဝတ် ထားတဲ့ သင်္ကန်းမျိုးလည်း မဟုတ်သေးဘူး အဲဒီလိုနဲ့ ရှင်ပြုပေးကြ ရဟန်းပြုပေးကြ အဲဒီအခါတုန်းက ရှင်ပြုလည်း သရဏဂုံသုံးပါးနဲ့ပဲ။ ရဟန်းခံလည်း သရဏဂုံသုံးပါးနဲ့ပဲ။ ရှင်ဖြစ်ခဲ့ကြတယ်။ ရဟန်းဖြစ်ခဲ့ကြတယ်။ အဲဒီသင်္ကန်းကလည်း တစ်မျိုး။ နောက်ကျတော့ ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင် ဒါကတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြားဖူးကြပြီးသား ပါပဲ၊
ကိုယ်တော်တိုင် ပ့္သကူ ကောက်တော်မူတယ်။ မြတ်စွာဘုရား သာသနာ ပြုစေလွှတ်ပြီးတော့ ကိုယ်တော်တိုင် ဥရုဝေဠတောကို ကြွသွားတယ်။ အဲဒီ ဥရုဝေဠတော၊ ဥရုဝေဠရသေ့ထံမှာ နေပြီးတော့ သူတို့ကို ချွတ်ဖို့ အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။ တစ်နေ့ကျတော့ မြတ်စွာဘုရား ပံ့သကူ ကောက်တော်မူတယ်။ အဲဒီအနီးအနား ဇနပုဒ်က ပုဏ္ဍာမည်တဲ့ ကျွန်မကိုယ် ပေါ်မှာ ရစ်ပတ်ပြီးတော့ အလောင်းကို စောစောတောထဲမှာ လာပစ်ထားတယ်။ အဲဒီ ပစ်ထားတဲ့ အလောင်းကို ဘုရားရှင် ကိုယ်တော်မြတ်ဟာ တစ်ခါထဲ အဝတ်ကိုခွာပြီး ပိုးတွေ လောက်တွေနဲ့ တဖွားဖွားနေတဲ့ အလောင်းကြီးကို အဝတ်တွေ ခွာယူပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် အဲဒါကို ကိုယ်တော်တိုင် လျှော်တော်မူတယ်။
လျှော်တဲ့အခါ ဖွတ်တဲ့အခါ သွားတဲ့အခါ လှမ်းတဲ့အခါ တိုတို ဆိုကြပါစို့။ သိကြားမင်းကြီးက လာလာပြီး ကူပေးတယ်။ ဒီနေရာမှာ ကျောက်ပြားကြီးခင်းပေးလိုက်။ ဒီနေရာမှာ လျှော်ဖို့ဆိုပြီးတော့ ကန်ကြီး ဖန်ဆင်းပေးလိုက်နဲ့ လာလာပြီးတော့ စောင့်ရှောက်ပေးခဲ့တယ်။ နောက်ဆုံး သင်္ကန်းပြီးသွားတယ်။ အကုန်လုံး သိကြားမင်းရဲ့ အကူအညီနဲ့ ပံ့သကူ
ကောက်ပြီးတော့ ကိုယ်တော်တိုင် လျှော်ဖွတ်ပြီးတော့ နောက်ဆုံး အပြီးသတ် ပြီးသွားတဲ့အခါကျတော့ ဆိုးတာကတော့ မပါဘူး။ ဆိုးတယ်။ ဘာဆိုးတယ် ဆိုတာ အထူးမပါဘူး။ အဲဒါကို ဘုရားရှင်ကိုယ်တော်မြတ် ရုံတော်မူတယ်။
ဒီထဲက ဘုရားရှင်ကိုယ်တော်မြတ်ဟာ နဂိုသင်္ကန်း မရတော့ဘူး။ အဲဒီ ပံသကူသင်္ကန်းကိုပဲ ရုံတော်မူခဲ့တယ်။ နောင်အခါကျတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က ပံသကူသင်္ကန်းရုံတော့ ရဟန်းတွေကလည်း အဲဒီအခါ တုန်းက များသောအား ဖြင့် ပံသကူသင်္ကန်းရုံကြတာပဲ။ ဒကာ ဒကာမလှူတဲ့ သင်္ကန်းရယ်လို့ မရှိသေးဘူး။ တော်တော်ကြာအောင် ဝါတော်(၂၀)အတွင်း လောက်ကဆိုရင် ရဟန်းတော်များ ပံသကူဆောင်ကြတယ်။ ပံသကူကောက် ကြတယ်။ ပံသကူ ဝတ်ကြတယ်။ ပံသကူသုံးကြတာချည်းပဲလေ။ လူတွေ လှူတယ်ရယ်လို့ တယ်မရှိဘူး။
နောင်အခါကျတော့မှ ဧဟိဘိက္ခု အခေါ်ခံရတဲ့ ရဟန်းတော်မှတစ်ပါး ကျန်ရဟန်းတော်တွေဟာ ပံသကူရုံကြ၊ ပံသကူ၀ဝတ်ကြတယ်။ ပံသကူဝ၀တ် ကြတယ်ဆိုတာဟာ ခုနပြောသလို ကိုယ့်ဟာကိုယ်လိုက်ရှား ကိုယ့်ဟာကိုယ် အဝတ်တွေ လိုက်ရှာရတာ ကိုယ့်ဟာကိုယ် လျှော်ကြ ဖွတ်ကြ၊ ဖွတ်ကြ ပြီးတော့ သင်္ကန်းကို ဝတ်ရုံကြတာပဲ။ နောက်ကျမှ ဝါတော်(၂၀) လောက်ရှိ လာတဲ့အခါကျမှ ဆရာဇီဝက၊ က စန္ဒပဇ္ဇောတမင်းကြီးဆီက ရခဲ့တဲ့ အဝတ်တွေ။ အဲဒီအ၀တ်တွေ သိဝိတိုင်းဖြစ် အင်မတန်တန်ဖိုးရှိတဲ့ အင်မတန် နူးညံ့တဲ့ သိဝေကဒုဿဆိုတဲ့ အ၀တ်တွေရတော့ ဘုရားရှင်ကိုယ်တော်မြတ်ကိုလည်း လှူတယ်။ သံဃာတော်တွေကို ဒကာ ဒကာမလှတဲ့သင်္ကန်း ခွင့်ပြုဖို့လည်း လျှောက်ထားခဲ့တယ်4 အဲဒီလျှောက်ထားချက်ကို အကြောင်းပြု ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က ကိုယ်တော်တိုင်လည်း ခံယူတော်မူခဲ့တယ်။ အဲဒီနောက် အဲဒီကစပြီး သံဃာတော်တွေကို သင်္ကန်းခွင့်ပြုတော်မှုခဲ့တယ်။ ဒကာ ဒကာမ လှူတဲ့သင်္ကန်းကို ခံယူဖို့။ သုံးဆောင်ဖို့ ဘုရားရှင် ကိုယ်တော် မြတ် ခွင့်ပြုတော်မူခဲ့တယ်။
အဲဒီကစပြီးတော့ ဒကာ ဒကာမတွေက လှူလိုက်ကြတာ ယနေ့ထက် တိုင်ပဲ။ နောင်လည်းပဲ အဲဒီကစပြီးတော့ ဒကာ ဒကာမတွေက လှူလိုက် ကြတာ ယနေ့ထက်တိုင်ပဲ။ နောင်လည်းပဲ အဲဒီကစပြီး သင်္ကန်းလှူကြတယ်။
ဒါနဲ့ အဲဒီကစပြီး ဒကာ၊ ဒကာမတွေက သင်္ကန်းလှူခွင့် ရကြတယ်။ ရဟန်း တွေကလည်း သင်္ကန်းကို လွယ်လွယ်ကူကူနဲ့ သုံးနိုင်ကြ၊ စွဲနိုင်ကြတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင်ပဲ အပြောင်းအလဲတွေလည်း ဖြစ်လာတယ်။
ရှင်မဟာကဿပနှင့် ဘုရားရှင်ကိုယ်တော်မြတ်တို့ ဆုံတွေ့တဲ့အခါ ကျတော့ ဘုရားတပည့်အဖြစ် ရောက်တဲ့အခါကြတော့ ဘုရားရှင်ကိုယ်တော် မြတ်က “ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးကို ကဿပ-ကဿပရဲ့ သင်္ကန်းဟာ အင်မတန်နူးညံ့ပါတကား”လို့ဆိုတော့ “ရှင်တော်မြတ်ဘုရား ရှင်တော်မြတ်ဘုရား အသုံးပြုရင် တပည့်တော်လှူပါတယ်ဘုရား”လို့ အမိန့် ရှိခဲ့တယ်။ ဒီတော့ မြတ်စွာဘုရားက “ငါဘုရားရဲ့သင်္ကန်းကို အသုံးပြုနိုင် ပါ့မလား။ ငါဘုရားရဲ့ သင်္ကန်းကို အသုံးပြုနိုင်မည့် ပုဂ္ဂိုလ်ဟာ သာမန် ပုဂ္ဂိုလ်တွေ အသုံးပြုနိုင်မှာ မဟုတ်ဘူး ဓုတင်ဆောင်ခြင်း အစရှိသော အကျင့်ထူးကို ကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေကသာ ဆောင်နိုင်မယ်”ဆိုတော့-
“ဆောင်ပါ့မယ်ဘုရား” ဆိုပြီးတော့ အဲဒီထဲက ဘုရားရှင်ကိုယ်တော် မြတ်နဲ့ သင်္ကန်းချင်း လဲလှယ်ပြီးတော့ ဝတ်တော်မူခဲ့တယ်။ အဲဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သင်္ကန်းအပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ သာဓကလေးရှိခဲ့တယ်။ နဂိုက ကျွန်မပုဏ္ဍ္ဌာရဲ့ သင်္ကန်းကြီးကို ပံသကူကောက် ထားတဲ့ သင်္ကန်းကြီးကို အသုံးပြုခဲ့တဲ့ ဘုရားရှင်ကိုယ်တော်မြတ်က ရှင်မဟာ ကဿပ ကိုယ်တော်မြတ်ကြီးနှင့် လဲလှယ်တော့ အသုံးပြုခဲ့တဲ့ သာဓကရှိခဲ့ တယ်။ ဒါ သင်္ကန်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ အချက် ကလေးမို့လို့ ကြုံကြိုက်တုန်း နည်းနည်းပြောလိုက်ရတယ်။
အဲဒီအခါတုန်းက သင်္ကန်းဆိုတာက ရဟန်းတော်တွေမှာ ထူးထူး ခြားခြား အခုခေတ်သင်္ကန်းတွေနဲ့ မတူသေးဘူး။ စောစောက ပံသကူကောက်ပြီး ဝတ်ကြတော့ နောက်ကျမှ ဘုရားရှင်ကိုယ်တော်မြတ် အမိန့်တော်အရ ရှင်အာနန္ဒာ စီမံထားတဲ့ ယခုခေတ် သင်္ကန်းတွေလို မြောင်းတိုတွေ မြောင်းရှည်တွေ အခန်းတွေ ဘာတွေ ဖွဲ့ပြီးတော့ထားတဲ့ သင်္ကန်းတွေဖြစ် လာတယ်။ တစ်နေ့ မဂဓတိုင်းတို့အပိုင်းမှာ ဘုရားရှင်ကိုယ်တော်မြတ် ဒေသစာရီကြွချီတော့ နောက်လိုက်ရဟန်းတွေနဲ့ အဲဒီအခါမှာ လယ်ကွင်း
ကြီးထဲ ကြွတော်မူတယ်။ အဲဒီ မဂဓတိုင်းရှိ လယ်ကွင်းကြီးကို ကြည့်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က “အာနန္ဒာ ဟောဒီ မဂဓတိုင်းလယ်ကွင်းကြီးကို မြင်ပါသလား”1 မြင်ပါတယ်ဘုရား “ကောင်းပြီ ရဟန်းတော်တွေရဲ့ သင်္ကန်းတို့ကို အဲဒီ လယ်ကွင်းတွေလို စီမံပြုလုပ်နိုင်ပါသလား1” မှန်ပါ။ ပြုလုပ်နိုင်ပါတယ် ဘုရားလို့ လျှောက်ထားတော့ နောက်အခါကျတော့ အဲဒီ လယ်ကွင်းထဲက ကန်သင်းတွေ ဘာတွေ။ လမ်းဆုံတွေ။ ကန်သင်းအဆုံတွေ။ အကွက်တွေ ကြည့်ပြီတော့ ရှင်အာနန္ဒာကိုယ်တော်မြတ်က စီမံပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်အား ဆက်ကပ်လိုက်တဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က ချီးမွမ်းတော်မူတယ်။ အာနန္ဒာပညာရှိတယ်။ အာနန္ဒာ။ ပညာရှိတယ်လို့။
အလျားအနံ အနားပတ်။ တလုပ်မြောင်းရှည်။ မြောင်းတိုကိုလည်း ပြုဘိသည်။ အိမ်ခန်းကြီး အိမ်ခန်းငယ်ကိုလည်း ပြုဘိသည်။ အလယ်ခေါင် ကိုလည်း ပြုဘိသည်။ ခေါင်းရံကိုလည်း ပြုဘိသည်။ သူ့အလိုအတိုင်း သင်္ကန်း တွေကို ဒီမဂဓလယ်ကွင်းတွေနဲ့တူအောင် စီမံဖန်တီးတော့ မြောင်းတွေ။ အခန်းတွေပဖွဲ့ ပြီးတော့ စီမံခဲ့တယ်လို့ ချီးမွှမ်းတော်မူတယ်။ အဲဒီကစပြီးတော့ ဘုန်းကြီးတို့ အခုခေတ်သင်္ကန်းတွေဆိုတာ ပေါ်ပေါက်လာတယ်4။ သင်္ကန်းပုံ မျိုးတွေ ပေါ်လာတယ် ရေးတုန်းကဆိုရင် ဒီလိုသင်္ကန်းမျိုးတွေ မဟုတ်သေး ဘူး အဲဒီတော့ အခုခေတ် ဘုန်းကြီးတို့ ဝတ်နေကြတဲ့ သင်္ကန်းတွေဟာ ဘုရားရှင်ကိုယ်တော်မြတ် အမိန့်တော်အရ ရှင်အာနန္ဒာက လယ်ကွင်းကြီးကို ကြည့်ပြီးတော့ ဖန်တီးရလို့ သင်္ကန်းကြီး ဖြစ်လာတယ်။ အဲဒီတော့ အရှင် အာနန္ဒာက စီမံလိုက်တဲ့အတွက် နဂိုက သင်္ကန်းတွေဆိုရင် သူခိုးက လိုချင် တယ်။ ဓားပြက လိုချင်တယ်။ အခု သင်္ကန်းကြီးမျိုးကိုတော့ တယ်မလိုချင် ကြတော့ဘူး။ ဝတ်ချင်စရာမရှိတော့ဘူး။ မြောင်းတွေး အကွက်တွေ ဘာတွေ။ ညာတွေနဲ့၊ တလုတ်မြောင်းတို့ အကွက်တို့ စသည်ဖြင့် ဖန်တီးထား။ စီမံ ထားတော့ လူတွေက မဝတ်ချင်ကြတော့ဘူး။ အဲဒီလို စီမံဖန်တီးပြီးတော့ လာခဲ့တော့။
အခုခေတ် သင်္ကန်းတွေ အခန်းတွေ ဘာတွေ အမျိုးမျိုး အခန်းတွေ ဘာတွေ ဖွဲ့စည်းထားတာ တစ်မျိုးဖြစ်နေတော့ ရှင်အာနန္ဒာစီမံခဲ့လို့ ဘုရားရှင်
ကိုယ်တော်မြတ် ခွင့်ပြုခဲ့လို့ သင်္ကန်းတွေဖြစ်လာတယ်။ အဲဒီသင်္ကန်းတွေဟာ ဆိုပါတော့ မွန်မြတ်တဲ့ပစ္စည်းတွေ လမ်းဆုံလမ်းမ လမ်းလေးခွတို့၌ တွေ့ ရတဲ့ သင်္ကန်းလေးတောင်မှ ရှိခိုးထိုက်တယ်။ ဦးခေါင်း လက်အုပ်ချီပြီးတော့ လမ်းဆုံလမ်းမ လမ်းလေးခွ်ရှိတဲ့ မစင်အညစ်အကြေး လူးလဲနေတဲ့ သင်္ကန်း ကိုတောင် ရှိခိုးထိုက်တယ်လို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တာ ရှိတယ်
ဘာကြောင့် ရှိခိုးထိုက်တုန်းဆိုတော့ ဒီသင်္ကန်းကို ဆင်မြန်းပြီးတော့ ရှေးက ဘုရားရှင် ရဟန္တာ အရှင်မြတ်တွေလည်း ကိလေသာအညစ်အကြေး ကင်းဝေးစင်ကြယ်ကြ၊ ယခုခေတ်ထဲ ပွင့်တော်မူတဲ့ ဘုရား ရဟန္တာတွေလည်း ဒီသင်္ကန်းကို ဆင်မြန်းပြီးတော့ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်ကြတယ်။ ဒါကြောင့် ရှိခိုးထိုက်၊ ပူဇော်ထိုက်တဲ့ သင်္ကန်းတွေဖြစ်တဲ့ အကြောင်း ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတယ်။ ဒီတော့ မိမိတို့ ယနေ့လှူရတဲ့ သင်္ကန်းဆိုတာ အင်မတန်မွန်မြတ်တဲ့သင်္ကန်း။ အဲဒီသင်္ကန်းမှာ ဝါဆိုသင်္ကန်းလို့ ဆိုရပြန်တော့လည်း အထူးတော့မဟုတ်ဘူး။ ရှေးခေတ်က သင်္ကန်းရှားတယ်။ သင်္ကန်းရှားတော့ ဘုရားရှင်သာသနာတော်နောက်ပိုင်းမှာ ဆိုရင် သင်္ကန်း အတော်ရှားကြတယ်။ အဲဒီလိုရှားတော့ ဝါတွင်းအခါမှာ ပိုပြီးတော့ ရဟန်းတော်တွေ ပိုပြီးဒုက္ခရောက်ကြတယ်။
ရဟန်းတော်တွေ ချမ်းသာအောင်ဆိုပြီးတော့ ဒကာ ဒကာမတွေ စီမံ ချက်အရ ဖြစ်ပေါ်လာတဲ့ သင်္ကန်း၊ ဝါဆိုသင်္ကန်းဆိုတာ ဝါဆိုတဲ့ ရဟန်း တော်တွေ အသုံးပြုနိုင်ဖို့ဆိုပြီးတော့ ရှေးခေတ်ကဆိုလို့ရှိရင် အသီးသီး ဒကာတစ်ဦးတည်း လှူတာလည်း ရှိတယ်။ အတိုးအပွားတွေ ချထားပြီးတော့ အဲဒီ အတိုးအပွားနဲ့ သက်န်းဝယ်ပြီးတော့ အဲဒီ ခြံကြီးတွေက ထွက်တဲ့ ပစ္စည်းတွေကို ရောင်းပြီးတော့ အဲဒီကနေ ထွက်တဲ့ ရတဲ့ ပစ္စည်းတွေနဲ့ သင်္ကန်း၀ယ်ပြီးတော့ သံဃာတော်တွေကို လှူတာလည်း ရှိတယ်။
ရှေးသာသနာတော် နောက်ပိုင်းလောက်မှား သာသနာတော် ရှေ့ပိုင်း မှာလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းကြတော့ အဲဒါတွေက ပိုများလာတယ်။ ဝါဆိုသင်္ကန်းအတွက် ဆောင်ရွက်ခဲ့ကြတာတွေပဲ။ ယနေ့ လှူဒါန်းရတဲ့ ဝါဆိုသင်္ကန်းဆိုတာဟာ အဲဒီလို၊ ကထိန်သင်္ကန်းတွေလို ဘုရားရှင်က
ခွင့်ပြုလို့ ပေါ်လာတဲ့ သင်္ကန်းမျိုးတော့ မဟုတ်ဘူး။ နောင်အခါ ဝါဆိုတဲ့ သံဃာတော်များ ချမ်းသာဖို့ဆိုပြီးတော့ ဆောင်ရွက်ခဲ့ကြတာ။ ဒကာ ဒကာမ တွေရဲ့ ဆောင်ရွက်ချက်ကြောင့် ပေါ်လာတဲ့ သင်္ကန်းမျိုး၊ အဲဒီသင်္ကန်းကို အကြောင်းပြုပြီးတော့ ဝါဆိုသင်္ကန်း ဖြစ်လာရတယ်။
ဘုန်းကြီးတို့ ဖြန်မာပြည်မှာတောင် ဘုန်းကြီး ငယ်ငယ်တုန်းက ဒီလောက်မရှိသေးဘူး။ ဝါဆိုသင်္ကန်းလှူတယ်လို့ သိပ်မရှိဘူး။ လုံးလုံးမရှိ တာတော့ မဟုတ်ဘူး။ နည်းနည်းပါးပါးတော့ ရှိပါတယ် အခုခေတ်တော့ အတော်ကို လှူလာကြတယ်။ ဘုန်းကြီးတို့ ရဟန်းဖြစ်စကဆိုရင် သိပ်မရှိ သေးဘူး တဖြည်းဖြည်းနဲ့ တိုးတိုးပြီး လှုလိုက်ကြတာ အခုခေတ်ကျတော့ အတော်ကို လှူနိုင်ကြတယ်။ အချို့နေရာမှာ နီးစပ်ရာကျောင်း တစ်ကျောင်း သံဃာစေရအောင် လှျူနိုင်တဲ့နေရာတွေ ရှိတယ် အဲဒီလောက်အထိတောင် တိုးတက်လာပြီး လှူတန်းကြ၊ ပူဇော်ကြတယ်။
အဲ အားလုံး ဒါတွေဟာ ခုနပြောခဲ့တဲ့ ထူးမြတ်တဲ့ သင်္ကန်းကို လှူဒါန်းရသောကြောင့် မိမိတို့မှာလည်း ထူးမြတ်တဲ့ အကျိုးရှိ သာသနာတော် အတွက်လည်း ထူးမြတ်တဲ့ အကျိုးရှိ အဲဒီအကျိုးရှိတဲ့ ထူးမြတ်တဲ့ သက်္ကန်း အလှူတော်ကြီးကို ဝါဆိုသင်္ကန်းအလှူတော်ကို တို့တစ်တွေ ယနေ့ လှူဒါန်း ရပြီး ထူးမြတ်သော အကျိုးကို ရရှိလိမ့်မည်လို့ပဲ ၀မ်းသာတဲ့ စိတ်ထားဖြင့် မိမိတို့ကုသိုလ်ကို ပြန်ပြန်အောက်မေ့ အောက်မေ့ပြီးတော့ ထူးခြားတဲ့ ကုသိုလ်ကြီးတစ်ခု တို့တစ်တွေ ပြုခဲ့ရပြီလို့ ပြန်ပြန် အောက်မေ့ပြီးတော့ အဲ တူသိုလ်ကို ပြန်ပြန်အောက်မေ့ခင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြား နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဝါဆိုသင်္ကန်းကပ်အလှူတရားတော်
ယနေ့ ဝါဆိုသင်္ကန်းအလှူတော်ကို နှစ်စဉ်လှူဒါန်းမြဲဖြစ်တဲ့ ဝါဆို သင်္ကန်းအလ္ဂူကို လ္ဂူဒါန်းကြ။ နှစ်စဉ် နှစ်စဉ် လှူဒါန်းနေတော့ ဝါဆိုသင်္ကန်း အလှူဟာ သာမန်ဝါဆိုသင်္ကန်းအလှူ မဟုတ်တော့ဘူး နိဗဒ္ဓပုည-ထာဝရ ကောင်းမှု၊ အမြဲ၀တ်ပြု လှူဒါန်းအပ်တဲ့ ကုသိုလ်မို့လို့ နိဗဒ္ဓကောင်းမှု ကုသိုလ်တစ်ရပ်အဖြစ်သို့ ရောက်သွားတယ် ကုသိုလ်ထူးတစ်ရပ်အဖြစ်သို့ ရောက်သွားတော့ အဲဒီ ပုဂ္ဂိုလ်ဟာ သောတာပန်များ အပါယ်မလားဘဲနဲ့ ဂတိမြဲ တဲ့ အကျိုးကို ရနိုင်သလို အဲဒီ နိဗဒ္ဓပုညရှင် ထာဝရကုသိုလ်ရှင် တွေဟာလည်း အပါယ်မလားဘဲ ဂတိမြဲတဲ့ အကျိုးကို ရနိုင်တယ်လို့ ဘုန်းကြီးတို့ ကျမ်းဂန်မှာ ဒီအတိုင်း မိန့်ဆိုထားတာရှိတယ်။
ဒါကြောင့်မို့လို့ ယနေ့ ထူးခြားတဲ့ ဝါဆိုသင်္ကန်းအလှူကို နှစ်ပေါင်း များစွာကြာအောင် အထုံရလာတဲ့ ဝါဆိုသင်္ကန်းအလှူမို့လို့ အာစိဏ္ဍကံ မြောက်တယ်။ အာစိဏ္ဍကံမြောက်တော့ အရှိန်အဝါရှိတယ်။ အဟုန်ရှိတယ်။ အာနဘော်ရှိတယ်။ အစွမ်းသတ္တိရှိတယ်။ အဲဒီလို ဝါဆိုသက်န်းအလှူက ထူးခြားတဲ့ အလှူအဖြစ်သို့ ရောက်တဲ့အခါ ယခု ဒကာကြီး ဦးအုန်းသွင်ကို ရည်ရွယ်ပြီးတော့ ရွှေကျင်ကျောင်းတိုက် ဆောက်လုပ်ဆဲဖြစ်တဲ့ ကျောင်းတော် ကြီးအတွက် နဝကမ္မအလှူ တစ်သောင်းတန် ဝတ္ထုငွေကို လှူဒါန်းပြန်တော့ ရွှေပေါ်မြတင်ဆိုသကဲ့သို့ တင့်တယ်တဲ့ ကုသိုလ်ထူး။ တင့်တယ်သည်ထက် တင့်တယ်တဲ့ ကုသိုလ်ကြီးတစ်ခု ဆင့်ပေးလိုက်တော့ အလှူတော်ကြီးဟာ ပိုပြီးတော့ ထူးခြားတင့်တယ်သွားခဲ့တယ် ကုသိုလ်ကောင်းမှု ဆိုတာကတော့ အင်မတန်ထူးခြားတဲ့ တရားတွေ၊
တိဏ္ဍံ ဘိက္ခဝေ သမ္မ္ဗုခီဘူတာ သဒ္ဓေါ
ကုလပုတ္တော ဗဟုံ ပုညံ ပသဝတိ
ဘိက္ခဝေ=ချစ်သားတို့၊ တိဏ္ဍံ=အကြောင်းသုံးပါးတို့၏။ သမ္မ္ဗုခီဘူတာ= ရှေ့ရှုမျက်မျောက် ဖြစ်ခြင်းကြောင့်၊ သဒ္ဓေါ=သဒ္ဓါတရားရှိသော၊ ကုလ ပုတ္တော=အမျိုးကောင်းသား အမျိုးကောင်းသမီးသည်။ ဗဟုံ=များပြားလှစွာ သော၊ ပုညံ=ကုသိုလ်ကောင်းမှုကို၊ ပသဝတိ=အမျိုးမျိုး များအောင် ဖြစ်ပွား စေတတ်ပါပေ၏ 1
ကုသိုလ်တရားတွေ အများအပြား ဖြစ်ထွန်းစေတာဟာ အဲဒီအကြောင်း သုံးပါး ထင်ရှားဖြစ်လာတဲ့အခါ အဲသလို ကုသိုလ်တွေများပြားပြီး တိုးပွား လာခြင်းဖြစ်တဲ့အကြောင်း။
သဒ္ဓါယ သမ္မုခီဘာဝါ သဒ္ဓေါ ကုလပုတ္တော
ဗဟု ပုည ပသဝတိ 1
သဒ္ဓါတရား ထင်ရှားဖြစ်ခြင်းကြောင့် အမျိုးကောင်းသား အမျိုးကောင်း သမီးတို့အဖို့ ကုသိုလ်တိုးပွား ဖြစ်ထွန်းတယ်။ ဒါကတော့ အထူးပြောစရာ မရှိ ကုသိုလ်ဖြစ်ပွားဖို့ရာမှာ အရင်းခံက သဒ္ဓါတရားပဲ။ မိမိတို့သဒ္ဓါတရား ရှိပြီဆိုရင် သဒ္ဓါတရားက ကုသိုလ်ကို ရှာနေတာပဲ။ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ် အဖို့မှာ ငါ ဘယ်အခါမှာ ဘယ်ကုသိုလ်မျိုးကို ဘယ်လိုလုပ်ရပါ့ မတုံးဆိုတဲ့ အကွက်ကိုပဲ ရှာနေတယ်။ ကုသိုလ်ရဲ့အရင်းခံက သဒ္ဓါတရားပဲ။ သဒ္ဓါ)ရှိပြီ ဆိုရင် ဘာမှမမှုတော့ဘူး။ သဒ္ဓါမရှိရင် နမြောဝန်တိုပြီးတော့ တစ်ပြားတစ် ချပ်တောင် ဝန်လေးနေတတ်တယ်။ သဒ္ဓါရှိလာပြီဆိုရင် သဒ္ဓါကြီးမားလာပြီ ဆိုရင် ဘာမှမမူုတော့ဘူး။ တစ်ထောင်လည်းမခက်၊ တစ်သောင်းလည်းမခက်း တစ်သိန်းလည်းမခက်။ တစ်သန်းလည်းမခက်တော့ဘူး။ ကုင္ရေကုငုာလည်း မခက်တော့ဘူး။ အဲဒါ ကြောင့်မို့လို့ သဒ္ဓါဆိုတဲ့တရားဟာ ကုသိုလ်အမျိုးမျိုး ဖြစ်ပွားဖို့ရာ အင်မတန်အရေးကြီးတဲ့ တရားတစ်ခု။ ယနေ့ မိမိတို့ ဟောဒီ သဒ္ဓါတရားက ထူးထူးခြားခြား ဖြစ်လာသောကြောင့် ဆက်ကပ်နေကြ ဝါဆို သင်္ကန်းဒါနသာမက ကျောင်းအလှူတော်ကြီးကိုလည်း ငွေ အမြောက် အမြား ပါဝင်ပြီးတော့ လှူဒါန်းနိုင်ကြတယ်။
ဒေယျဓမ္မဿ= လှူဖွယ်ဝတ္ထု၏ / ပါတုဘာဝေါ=ထင်ရှားဖြစ်ခြင်း ကြောင့်၊ သဒ္ဓေါ ကုလပုတ္တော=သဒ္ဓါတရားရှိတဲ့ အမျိုးကောင်းသား အမျိုး ကောင်းသမီးသည်။ ဗဟုံ=များပြားလှစွာသော၊ ပုညံ=ကုသိုလ်ကောင်းမှုကို။ ပသဝတိ= တိုးပွားစေတတ် ဖြစ်ပွားစေတတ်ပါပေ၏ 1
ဒုတိယကုသိုလ်ပွားခြင်း အကြောင်းက ဒေယျဓမ္မ=လှူဖွယ်ပစ္စည်း ထင်ရှားရှိခြင်းကြောင့် ကုသိုလ်တွေ အများကြီး တိုးပွား ဖြစ်ထွန်းတယ်1။ သဒ္ဓါတရားရှိတဲ့အတိုင်း သဒ္ဓါတရားတွေ တိုးတိုးလာတယ်။ သဒ္ဓါကတိုးလာ တော့ သင်္ကန်းပါမက ကျောင်းအလှူတော်ကြီးပါ လှူဒါန်းလိုက်တယ်။ လှူဒါန်းလိုက်တော့ အဲဒီအလှူ၀တ္ထုကို အကြောင်းပြုပြီးတော့ ကုသိုလ်တွေ အများအပြား တိုးပွားလာတယ်။
ဒက္ခိဏေယျဿ ပါတုဘာဝါ
ဗဟု ပုညံ ပသဝတိ။
ဒက္ခိဏေယျဿ= အလျှုခံပုဂ္ဂိုလ်၏ / ပါတုဘာဝါ= ထင်ရှားဖြစ် ခြင်းကြောင့်၊ သဒ္ဓေါ=သဒ္ဓါတရားရှိသော၊ ကုလပုတ္တော=အမျိုးကောင်းသား အမျိုးကောင်းသမီးသည်။ ဗဟု= များစွာကုန်သော၊ ပုညံ= ကုသိုလ်ကောင်း မှုကို ပသဝတိ= တိုးပွားစေတတ်ပါပေ၏
ကုသိုလ်တိုးပွားစေတတ်တဲ့ အကြောင်းတရားသုံးပါးကို ဘုရားရှင် ကိုယ်တော်မြတ်က ဟောကြားတော်မူခဲ့တယ်။ အလှူခံအတွက်လည်း ကုသိုလ် တွေ အများကြီး တိုးပွားဖြစ်ထွန်းစေတတ်တယ်။ ဒီနေရာမှာ အဓိကလိုရင်း ကတော့ သဒ္ဓါတရားပါပဲ။ သဒ္ဓါတရားရှိမှ လှူဖွယ်ဝတ္ထုကိုလည်း ရှာတတ် တယ်။ ရှာတော့ ကုသိုလ်တွေ အများကြီးဖြစ်။ သဒ္ဓါတရားကို အကြောင်းပြု ပြီးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကုသိုလ်တွေ နည်းတာမဟုတ်ဘူး။ နောက်နောက်ကလည်း ဖြစ်ခဲ့တာတွေ ပြုခဲ့တာတွေ မနည်းဘူး ဒီနေ့လှုတယ် ဆိုတာကတော့ မြင်တဲ့လူက ဒီနေ့ပဲလှုတယ် အောက်မေ့နိုင်တယ်။ အမှန် ကတော့ ဘုန်းကြီးတို့ နောက်နောက်ကလှူခဲ့တာတွေ မနည်းဘူး။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေရတဲ့ ကုသိုလ်တွေလည်း မနည်းဘူး။ အဲဒီ ကုသိုလ်တွေ ယနေ့ဖြစ်ပွားကြတာဟာ သဒ္ဒါတရား အကြောင်းပြုပြီးတော့ ဖြစ်ပွားရတာ။ အလှူဝတ္ထုတွေ အကြောင်းပြုပြီးတော့ ကုသိုလ်တွေအများကြီး ဖြစ်ပွားရတယ်။
အဲဒီအထဲမှာ သဒ္ဓါတရားဟာ အရင်းခံတယ်။ သဒ္ဓုတရားကြီးရှိလို့ မိမိတို့ ထူးထူးခြားခြား ကုသိုလ်တွေ ပြုလုပ်နိုင်ကြတယ်။ အားထုတ်နိုင်ကြတယ်။ အဲဒီသဒ္ဓါတရားဟာ မိမိတို့အဖို့ ဆုံးပြီလားဆိုတော့ မဆုံးသေးဘူးနော်။
ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးမှာ ဒီသဒ္ဓါတရား မခိုင်မြဲ သမျှ မဆုံးသေးဘူးနော်။ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ သာသနာတော် မြတ်ကြီးမှာ ဒီသဒ္ဒါတရား မခိုင်မြဲ သမျှ မဆုံးသေးဘူး အဲဒီသဒ္ဓါတရားကို ခိုင်မြဲအောင်ဆိုရင် အဓိဂမသဒ္ဓါခေါ်တဲ့ မဂ်နှင့်ဖြစ်ပေါ်လာတဲ့ သဒ္ဓါမျိုး အရိယာမဂ်နှင့် အတူတကွ ဖြစ်ပေါ်လာတဲ့ သဒ္ဓါမျိုးဖြစ်အောင် ကြိုးစားကြ ရတယ်။ အဲဒါကြောင့် သဒ္ဓါတရားဆိုတာက အာဂမသဒ္ဓါတဲ့ ဘုရားလောင်း တို့ရဲ့ နိယတ ဗျာဒိတ်ပန်း ဆင်မြန်းသည့်အခါကစရွ် မပျက်ဘဲနဲ့ တသန်ထဲ ဘုရားဖြစ်သည်ထိ ဆိုက်ရောက်လာတဲ့ သဒ္ဓါမျိုးကို အာဂမသဒ္ဓါလို့ ခေါ်တယ်။ အဓိဂမသဒ္ဓါ ဆိုတာက အရိယာအဖြစ်သို့ရောက်၊ မဂ်ရလို့ အရိယာ အဖြစ်သို့ ရောက်ကာ အရိယာတို့ရဲ့ သဒ္ဓမျိုးကို အဓိဂမသဒ္ဓါလို့ ခေါ်တယ်။ မဂ်ကြောင့်ဖြစ်လာတဲ့ သဒ္ဓါ။ မဂ်ကြောင့်ဖြစ်လာတဲ့ သဒ္ဒါမျိုး အဲဒီသဒ္ဓါဟာ မပျက်တော့ဘူး။ အဲဒီ သဒ္ဓါမျိုးရောက်ပြီဆိုရင် ဘယ်လိုတန်ခိုးရှင်က သွေးဆောင်လို့မှ မရ။ ခိုင်မြဲပြီး ဘယ်သူမှ ရွေ့လျားအောင် မတတ်နိုင်တဲ့ သဒ္ဓါမျိုး အဲဒါကို အဓိဂမသဒ္ဓါ လို့ခေါ်တယ်။
သြကပ္ပနသဒ္ဓါ ဆိုတာကတော့ မိမိတို့ ရတနာသုံးပါး ယုံကြည်တဲ့ အခါမှာ မခိုင်မြဲသေးပေမည့် အင်မတန်သက်ဝင်ပြီးတော့ စူးစူးစိုက်စိုက် စွဲစွဲ မြဲမြဲတည်တဲ့ သဒ္ဓါမျိုး၊ အဲဒီသဒ္ဓါမျိုးကို သြကပ္ပနသဒ္ဓါမျိုးလို့ခေါ်တယ်။ အဲဒီ သဒ္ဓါရောက်ပြီးရင် စိတ်ချရလောက်ပြီ။4 သို့သော်လည်း အပါယ်မကျ အောင်တော့ စိတ်မချရသေးဘူး။
ခုနကပြောခဲ့တဲ့ အဓိကမသဒ္ဓါမျိုးး အရိယာ၏ သဒ္ဓါမျိုးကမှ ဒဠ္တာ။ ခိုင်မြဲသောသဒ္ဓါ ဘယ်သူမှ ရွေ့လျားအောင် မတတ်နိုင်သော သဒ္ဓါမျိုး အဲဒီ သဒ္ဓါ မျိုးရောက်ပြီဆိုရင် စိတ်ချရလောက်ပြီ ဒါကြောင့်မို့လို့ သာသနာတော် ကြီးမှာ ဘုန်းကြီးတို့ ယနေ့ လှူဒါန်းကြ၊ ပူဇော်ကြ၊ သာသနာတော်ဆိုင်ရာ ဒါနပြု သီလဆောက်တည်ကြ၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ကြ အကြင်မျှလောက် အရိယာမဂ်မရသေး) ထိုမျှလောက် ထိုသဒ္ဓါသည် မခိုင်မြဲ။
တကယ် ခိုင်မြဲပြီလို့ မဆိုနိုင်သေး။ အကြင်မျှလောက် အရိယာမဂ်ကို ရ၏။ ထို အရိယာမဂ်ရတဲ့ အခါကျမှ ထိုသဒ္ဓါသည် ဒာ = ခိုင်မြဲပါတယ်။ အသံဟာရိယာ=ဘယ်တန်နိုးရှင် ဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်ဆရာ တစ်းဦး တစ်ယောက်ကမှ ရွေ့လျားအောင် လူပ်ရှားခြင်းငှာ မစွမ်းနိုင် မပြုနိုင်တဲ့ သဒ္ဓါ အဖြစ်သို့ ရောက်သွားတယ်။
အဲဒီ သဒ္ဓါတရား အဖြစ်သို့ ရောက်မှ သာသနာဘော််ခ် မိမိတို့ တည်တံ့ပြီ ခိုင်မြဲပြီး အဲဒါကြောင့်မို့လို့ မိမိတို့တာဝန်ဟာ အဲဒီ အဖြစ်မျိုး ရောက်မှ အဆုံးသို့ ရောက်တယ်။ ဒါကြောင့် အဲဒီအဖြစ်မျိုး ရောက်အောင် တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် ကြိုးစားဖို့တာဝန် တွေရှိကြ သေးတယ်လို့ အဲဒီခံယူချက်ထားပြီးတော့ တစ်ဆင့်ထက်တစ်ဆင့် သဒ္ဓါတရား မြင့်မြင့်လာအောင် ခိုင်မြဲလာအောင် ကြိုးစားအားထုတ်နိုင်ပါစေကုန်သတည်း။
ရတနာအိုးမြှုပ်နှံတရားတော်
ယနေ့ ညီညှှတ်ခြင်း၏ အကျိုးကျေးဇူးကိုပြတဲ့နေ့ပဲ။ သမဂ္ဂါနံတပေါ သုခေါ။ သမဂ္ဂါနံ=ညီညွတ်ကြသော ပုဂ္ဂိုလ်တို့၏ ၈ တပေါ=အကျင့်သည်။ သုခေါ=ချမ်းသာခြင်း၏ အကြောင်းဖြစ်ပါပေ၏။ ညီညွတ်လို့ရှိရင် ချမ်းသာခြင်း အကြောင်းပဲ ယနေ့ အခါတိုင်းနှစ်ထက် ပိုပြီးတော့ သိုက်သိုက်မြိုက်မြိုက်) စည်စည်ကားကား အားထုတ်နိုင်ကြတာ ညီညွတ်ခြင်းရဲ့ ရလဒ်။ ညီညွတ်ခြင်းရဲ့ အကျိုး။
သမဂ္ဂါနံ တပေါ သုခေါ)
သုခါ သံဃဿ သာမဂ္ဂီ၊1
သံဃဿ=လူအပေါင်း။ ရဟန်းအပေါင်း။ နတ်အပေါင်း။ ဗြဟ္မာ အပေါင်းစါ သာမဂ္ဂီ=စိတ်တူကိုယ်မျ ညီညွတ်ကြသည်၏ အဖြစ်သည်။ သုခါ=ချမ်းသာခြင်းအကြောင်း ကောင်းမြတ်သောအမှုကြီး ဖြစ်ပါပေ၏။
ညီညွတ်ခြင်းဟာ ချမ်းသာခြင်းအကြောင်း၊ သမဂ္ဂါနံ တပေါသုခေါ) ညီညွတ်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့ အကျင့်ဟာ ချမ်းသာခြင်းအကြောင်းပဲ။ ယနေ့ ဘုန်းကြီးတို့ ညီညီညွတ်ညွတ်နဲ့ ကုသိုလ်ပွဲကြီးသဘင်ဖြစ်အောင် ဆောင်ရွက် ခဲ့ကြတာဟာ အင်မတန်ဝမ်းသာစရာ ကောင်းတယ်။ အချင်းချင်း ညီညွတ်ကြ တာဟာ အချင်းချင်း မေတ္တာတရားတွေဖြစ်ကြ၊ မုဒိတာတရားတွေဖြစ်ကြ။ ဥပေက္ခာတရားတွေဖြစ်ကြ။ ဗြဟ္မစိုရ်တရားတွေဖြစ်ကြ။ မိမိတို့သာ ဗြဟ္မစိုရ် တရားဖြစ်ကြတာ မဟုတ်ဘူး။ ကြားရသူတွေလည်း ဗြဟ္မစိုရ်တရား ဖြစ်ပွား စေတယ်။ ကြားရသူတွေ လူတွေ။ နတ်တွေ။ လူတွေရော။ နတ်တွေရော။ လူအပေါင်း၊း နတ်အပေါင်း' ဗြဟ္မာအပေါင်းး' သတ္တဝါအပေါင်းတွေကို ချမ်းသာ စေတတ်။ စိတ်ကြည်နူးစေတတ်။ ဝမ်းမြောက်စေတတ်။ ကောင်းတဲ့အမှု ပြုကြတဲ့ပုဂ္ဂိုလ်ကို နတ်ကလည်းချစ်မြတ်နိုးတယ်။ လူကလည်း ချစ်မြတ်နိုး ကြတယ်။ နှစ်သက်ကြတယ်1။ ယနေ့ ကုသိုလ်ကောင်းမှုအကြောင်းပြုပြီ တော့
နတ်တွေ နှစ်သက်ကြ၊ လူတွေနှစ်သက်ကြ၊ နတ်သာဓုခေါ်ဝ လူသာဓုခေါ်။ ကောင်းမြတ်တဲ့ အလုပ်ကြီး [ တကယ်တော့ သာသနာတော်မှာ မိမိတို့ တာဝန်ကို ထမ်းဆောင်ကြခြင်းပဲ။
ယဿ ဒါနေန သီလေန။
သံယမေန ဒမေနစ။
နိဓိ သုနိဟိတော ဟောတိ။
အဇေယျော အနုဂ၊ါါမိကော၊1
ယဿ= အကြင်ပုဂ္ဂိုလ်သည် ဒါနေနစ= လှူဒါန်းပေးကမ်းခြင်း ဖြင့်လည်းကောင်း၊ သီလေနစ=ကိုယ်ကျင့်သီလဖြင့်လည်းကောင်း၊ သံဃ မေနစ =စောင့်စည်းချုပ်တည်းခြင်းဆိုတဲ့ သမာဓိတရားဖြင့်လည်းကောင်း၊ ဒမေန=ပညာတရားဖြင့်လည်းကောင်း။ အဇေယျော=ရန်သူဖြစ်တဲ့ သူတစ်ပါး တို့က မိမိအပေါ်မှာ မအောင်နိုင်။ မလွှမ်းမိုးနိုင်သော၊ အနုဂါမိကော = မိမိ နောက်သို့ တကောက်ကောက် ထက်ကြပ်မကွာ လိုက်ပါတတ်သော/။ နိဓိ= ရတနာရွှေအိုးကြီးကို' သုနိဟိတော=ကောင်းစွာထပ်ထပ် မြှုပ်နှံအပ်သည် ဟောတိ=မုချမသွေ ဖြစ်ပါပေသတည်း။
(သာဓု သာဓု သာဓု)
ရွှေအိုးမြှပ်တရား ဘုရားရှင်ကိုယ်တော်မြတ် ဟောထားတာရှိတယ်။ နိဓိကဏ္ဍသုတ်ဆိုတာ ရှိတယ်။ သုတ္တန်ကြီးတော့ အရှည်ကြီးပဲ။ ဘုန်းကြီးက အကုန်တော့ ဟောနိုင်မှာမဟုတ်ဘူး။ နည်းနည်းတော့ ဟောရမယ်။ ရွှေအိုး မြွှပ်ကြဖို့ တာဝန်ရှိတယ်။ ဘုရားတပည့် ဥပါသကား ဥပါသိကာမတွေမှာ သာသနာတော်မှာ ရွှေအိုးမြှုပ်ဖို့ တာဝန်ရှိတယ်။ ဘာရွှေအိုးတွေလဲ။ ရတနာအိုး တွေ မြှုပ်ဖို့တာဝန်ရှိတယ်။ ဘယ်လို ရတနာအိုးတွေတုန်းဆိုတော့-
ဒါနေန = ပေးကမ်းလှူဒါန်းခြင်းဖြင့်လည်းကောင်း၊ သီလေန = စောင့်သုံးခြင်း သီလဖြင့်လည်းကောင်း၊ သံယမေန = စောင့်စည်းချုပ်တည်းခြင်း သမာဓိတရားဖြင့်လည်းကောင်း4 ဒမေန = က္ဂန္ကြေကို နှိပ်ကွပ်ခြင်း ပညာတရား ဖြင့်လည်းကောင်း၊ နိဓိ = ရတနာအိုးကြီးကို။ သုနိဟိတော = ကောင်းစွာ ထပ်ထပ် မြှုပ်နှံအပ်သည်။ ဟောတိ = မုချမသွေ ဖြစ်ပါပေသတည်း။
သာသနာတော်မှာ မိမိတို့နေရတဲ့အခါမှာ ရွှေအိုး မြှုပ်ရမယ်တဲ့။ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိပြီးသားပဲ မြှပ်လည်း မြှပ်နေကြတာပဲ။ ဒါန ရတနာအိုးကြီးမြှုပ်ကြ တယ်။ သီလ ရတနာအိုးကြီး မြှုပ်ကြတယ်။ သမာဓိ ရတနာအိုးကြီး မြှပ်ကြတယ်။ ပညာ ရတနာအိုးကြီး မြှပ်ကြတယ်။ အဲဒီ ရတနာအိုးကြီးတွေ မြှုပ် ထားပြီဆိုရင် ဘယ်ရန်သူမျှ မဖျက်ဆီးနိုင်တော့ဘူး။ လောကပစ္စည်း ဥစ္စာတွေ ဆိုရင် အားလုံးသိတဲ့အတိုင်း ရေသော်လည်း ဖျက်ဆီးတတ်တယ်။ မီးသော်လည်း ဖျက်ဆီးတတ်တယ်14 မင်းသော်လည်း ဖျက်ဆီးတတ်တယ်။ သူခိုးဓားပြသော်လည်း ဖျက်ဆီးတတ်တယ်။ အမွေခံ သားဆိုးသမီးဆိုးတို့က သော်လည်း ဖျက်ဆီးတတ်တယ်။
ဒ။ ကြောင့် အဲဒီ ပစ္စည်းဥစ္စာတွေဟာ အဖျက်ဆီးခံရတတ်တယ်။ ကိုယ့်ဥစ္စာ အစစ်မဟုတ်ဘူး။ ယခု မိမိတို့ မြှုပ်နံရတဲ့ ဒါန သီလ၊ သံယမ။ ဒမဆိုတဲ့ တရားလေးပါးက ပစ္စည်းဥစ္စာလေးမျိုးက ရတနာအိုး လေးမျိုး ကတော့ အဲသလို အဖျက်အဆီးမခံရ။ ရေကလည်းမဖျက်ဆီးနိုင် မီးကလည်း မဖျက်ဆီးနိုင် မင်းကလည်း မဖျက်ဆီးနိုင်' သူခိုးဓားပြကလည်း မဖျက်ဆီး နိုင်း အမွေခံသားဆိုး သမီးဆိုးကလည်း မဖျက်ဆီးနိုင် ရန်သူမျိုးငါးပါး တို့ကြောင့် ပျက်စီးခြင်းမရှိသောကြောင့် ကိုယ့်ဥစ္စာအစစ်။
ဒါကြောင့် အနုဂါမိကော-မိမိနောက်သို့ ထက်ကြပ်မကွာ လိုက်ပါ တတ်ရွှဲ လောကပစ္စည်း ဥစ္စာတွေဟာ ခုနပြောတဲ့ ရန်သူမျိုး ငါးတန် ဆက်ဆံနေသောကြောင့် ပျက်စီးနိုင်တယ်။ ကိုယ့်နောက်လည်း မပါဘူး အခု ဒီကုသိုလ်ပစ္စည်းတွေကတော့ ကိုယ့်နောက်ပါမှာ။ ကိုယ့်နောက်လိုက်မည့် ပစ္စည်းတွေ။ ဒ) ကြောင့် အနု = ကိုယ့်နောက်သို့၊ ဂါမိက = ထက်ကြပ်မကွာ လိုက်ပါတတ်တယ်။ ဒါ့ကြောင့် ဒီပစ္စည်းတွေဟာ ကိုယ်ပိုင်ဥစ္စာ ပစ္စည်းအစစ်။ ကိုယ့်ရိက္ခာ ဒါတွေက လိုက်ပါမှာ။
ယနေ့ အဲသလို မပျက်စီးနိုင်တဲ့၊ မိမိနောက်သို့ ထက်ကြပ်မကွာ လိုက်ပါမည့်။ နိဗ္ဗာန်မရသေးလို့ သံသရာကျင်လည်ရရင်ဖြင့် ကျင်လည်ရတဲ့ ဘဝတွေမှာ မိမိကို ချမ်းသာအောင် ဆောင်ရွက်ပေးမည့် ကုသိုလ်ဥစ္စာရတနာတွေ အဲဒီ ရတနာတွေကို ယနေ့ မြှုပ်နှထားကြတယ်။ မကုန်နိုင်ဘူး။ မပျက်စီးနိုင်ဘူး။
မိမိနောက်ပါမှာ။ အဲဒီတော့ ဒီလိုမြှုပ်နှံထားတဲ့ ပစ္စည်းဥစ္စာတွေ ကိုယ့်နောက် ဒီပစ္စည်းဥစ္စာတွေက လိုက်ပါမှာ။ လိုက်ပါမည့် အနုဂါမိကဥစ္စာ ရတနာအိုး ကြီးတွေ ယနေ့မြှုပ်နံကြတယ်။ နည်းတာမဟုတ်ဘူး။ ဥစ္စာ ရတနာတွေနော်။ တကယ့် သူရဲကောင်းတွေ ခေါ်တယ်။ ဒါနမှာ ရဲရင့်တဲ့ သူရဲကောင်းတွေ]။
ဒါနဉ္စ ယုဒ္ဓဥဉ္စ သမာနမာဟု။
ဒါနဉ္စ = လှူဒါန်းခြင်းကိုလည်းကောင်း ယုဒ္ဓွဥ္စ = စစ်တိုက်ခြင်းကို လည်းကောင်း၊ သမာနံ = တူမျှစါဟူရ။ အာဟု = မိန့်တော်မူကြကုန်၏။
အလှူပေးခြင်း၊ စစ်တိုက်ခြင်းဟာ မယွင်းတူမျှ/ စစ်တိုက်တဲ့ပုဂ္ဂိုလ်ဟာ အသက်ငှဲ့ကွက် ညှာတာနေရင် စစ်တိုက်ဖို့ မဖြစ်နိုင်ဘူး။ ထို့အတူပဲ အလှူ ဒါနပြုကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ပစ္စည်းဥစ္စာ တွယ်တာနေရင် မစ္ဆရိယ ဖြစ်နေရင် မလှူနိုင်ဘူး။ အဲဒီတွယ်တာမှု ဖြတ်တောက်ပြီးတော့ တကယ်ရဲရင့်မှ လှူနိုင်တာ။ ဒါ့ကြောင့် အလှူပေးခြင်းနဲ့ စစ်တိုက်ခြင်းဟာ အတူတူပဲတဲ့။ ယနေ့ မိမိတို့ စစ်ပွဲကြီးတစ်ပွဲ အောင်နိုင်ခဲ့ကြတယ်။
ဒါကြောင့် ယနေ့ ခုနပြောသလို အနုဂါမိကဥစ္စာ ရတနာဘသိုးမြှုပ်နှံတဲ့ ပွဲကြီး၊ အဲဒီပွဲကြီးမှာ မိမိတို့ဆောင်ရွက်ခဲ့ကြသမျှ ကုသိုလ်ဥစ္စာ ရတနာတွေဟာ ကိုယ်ဖို့ချည်းပဲျ။ျ ဘယ်တော့မှ ဒီဥစ္စာရတနာတွေကို ပစ်မထားခဲ့ရဘူး။ သေရင်လည်းပဲ ယူသွားရမှာပဲ။ တစ်ဘဝ မဟုတ်ဘူး။ နှစ်ဘဝ မဟုတ်ဘူး။ ဘဝပေါင်းများစွာ ဒါကြောင့်မို့လို့ ထူးခြားတဲ့ ရတနာအိုးကြီး မြှုပ်နှံကြ ရတယ် အနုဂါမိက ဥစ္စာ ရတနာအိုးကြီး မြှုပ်နှံခဲ့ကြရတယ်။ ရွှေအိုးကြီး မြုပ်နှံတယ်လို့လည်း ဆိုကြတယ်။ အဲဒီ ရွေအိုးမြှုပ်ပွဲ ရတနာမြှပ်ပွဲကြီးကို ယနေ့ မိမိတို့ မြှပ်နဲခဲ့ကြတယ်။ အနုဂါမိက ဘဏ္ဍာထုပ်ကြီး ထုပ်ခဲ့ကြတယ်။ ဒ)ကြောင့် ဒီနေ့ပွဲကြီး ဟာဟာ မွန်မြတ်တဲ့ ပွဲကြီး၊ ဒီပွဲကြီးလုပ်သော်လည်း တစ်ဦးတစ်ယောက် မဟုတ်ဘဲနဲ့ ညီညီညွတ်ညွတ်နဲ့ 1
ဧကတော ကမ္မ ကတ္ပွာန။
ပုညက္ခေတ္ဘေ အနုတ္တရေ။
ဧကတော သံသရိတ္ပာန။
ဧကတော ဝိနိ၀တ္ထယုံ။
(လယ်တီ-ပဏ္ဍိတ)
အနုတ္တရေ=အတုမရှိ ထူးမြတ်လှစွာသော/။ ပုညက္ခေတ္တေ= ကောင်းမှု တည်းဟူသော ကုသိုလ်ကံထူးတို့စ၊ မြှုပ်နှံရာ သာသနာအတုမဲ့ တကယ့် ခေတ်ကောင်းကြီးခွ်။ ဧကတော = သူလည်း စိတ်တူ ကိုယ်လည်း စိတ်တူ။ ကြည်ဖြူအားရာတစ်ပေါင်းတည်းဖြစ်ကြကုန်ရွှ် ကမ္မ = ကုသိုလ်ကောင်းမှုကြီး ကို ကတ္ပာန = ပြုကြရကုန်ရ။ ဧကတော = နောင်အခါကျတော့လည်းပဲ အတူတက္ပ စုပေါင်းရှ တစ်ပေါင်းတည်းသာ။ သံသရိတ္ပာန = သံသရာတစ်ခွင် ပျော်ပျော်ရွှင်ရွှင်။ သံသရာတစ်ခွင် ကျင်လည်ကြကုန်ရှ်၊ ဧကတော= နောင် အခါ နိဗ္ဗာန်ယူတော့လည်း တစ်စုတစ်ပေါင်းတည်း။ ဝိနိ၀တ္ထယုံ = သံသရာ စခန်းသတ် အမြတ်နိဗ္ဗူ၊ အတူတကွ ရောက်ကြရလေကုန်သတည်း။ တချို့ အတူတကွ စုပေါင်းပြီး ကုသိုလ်ပြုကြတယ်။ အတူတကွပဲ ရဟန္တာတွေး ရဟန္တာမတွေ ဖြစ်ကြတယ်။ အတူတကွ နိဗ္ဗာန်ကူးကြတယ်။ ဒါဟာ စိတ်တူကိုယ်တူ ကြည်ဖြူအားရ ပျော်ပျော်ရွှင်ရွှင် ပြုကြတဲ့ ကုသိုလ်တွေ။ စုပေါင်းပြီး ပြုကြတဲ့ကုသိုလ်တွေကို ပြုလုပ်ကြတဲ့အခါမှာ အထုံပါကြတော့ အချင်းချင်း မေတ္တာကရုဏာဖြင့် ဖလှယ်ပြီးတော့ စုရုံးပြုကြတာမို့လို့ နောင် အခါကျတော့လည်း ပျော်ပျော်ပါးပါး စုရုံးပြီးတော့ နိဗ္ဗာန်ရောက်ကြတဲ့ ထုံးတမ်းသာဓကတွေ ဘုရားရှင်လက်ထက်က အများကြီးရှိပါတယ်။ အဲသလိုပဲ ခုလည်း စုပေါင်းပြီးတော့ ပျော်ပျော်ရွှင်ရွှင် ကုသိုလ်တွေ ပြုကြတယ်။ ကုသိုလ်တွေပြုကြလို့ နောင်အခါကျတော့လည်း ပျော်ပျော်ရွှင်ရွှင် နဲ့ ဒီသံသရာဘဝဆိုတဲ့ ဒုက္ခဘုံကြီးက ဒုက္ခခဲကြီးက လွတ်မြောက်ပြီးတော့ အတူတူပဲ တရားထူးတွေရကြလို့။ အတူတူပဲ ရဟန္တာတွေ ရဟန္တာမတွေ ဖြစ်ကြပြီး ၀ဋ်ဇာတ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ သိမ်းကြရလိမ့်မယ်လို့ အားရနှစ်သက် ပျော်ရွှင်လန်းပြီးတော့ မိမိတို့ကုသိုလ်တွေကို တွေးတောပြီးတော့ ဝမ်းမြောက် နိုင်ကြခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ကုသိုလ်ရှိမှ ကျက်သရေရှိသည် သီရိဂေဟာတရားတော်
လောကမှာ ဘုန်းကြီးတို့ ကာရဏာနုမာနနည်း ဖလာနုမာနည်းဆိုတာ ကျမ်းဂန်မှာ နည်းနှစ်နည်းဖော်ပြထားတာ တွေ့ရပါတယ်။
ကာရဏာနုမာနနည်းဆိုတာက အကျိုးကိုမြင်သဖြင့် အကြောင်းကို မှန်းဆပြီးတော့ သိနိုင်တဲ့နည်းး ဖလာနုမာနနည်းဆိုတာက အကြောင်းကို မြင်သဖြင့် အကျိုးကိုမှန်းဆပြီးတော့ သိနိုင်တဲ့နည်း။ အဲသလို ကျမ်းဂန်များမှာ အသုံးနှစ်မျိုး ရှိတယ်။ ကာရဏာနုမာန=အမျိုးသား အမျိုးသမီးတွေ။ ရုပ်ရည် ရူပကာယတွေ လှလှပပ တင့်တင့်တယ်တယ်နဲ့ တွေ့ရမြင်ရလို့ရှိရင် အဲဒီ အမျိုးသား အမျိုးသမီးလေးတွေကို ရှေးအကြောင်း ကောင်းမှုအမျိုးမျိုးကို မှန်းဆပြီးတော့ သိနိုင်တယ်။
သဗ္ဗေ သတ္တာ ကမ္မသကာ = သတ္တဝါမှန်သမျှ ကံသာလျှင် မိမိဥစ္စာ ရှိကြစါ - ဆိုတဲ့အတိုင်း လှနေတယ်ဆိုတာ ရှေးကောင်းမှုကြောင့် ဖြစ်လာတာ။ ရှေးဘဝက ဒါနပြုသီလပြုစသည်ဖြင့် ကုသိုလ်ကောင်းမှုတွေပြုခဲ့လို့ ယခု ဘဝမှာ သူလှနေတယ်။ လှနေတဲ့ အမျိုးသား အမျိုးသမီးလေးတွေကို တွေ့ရတဲ့အခါမှာ သူရဲ့လှခြင်းတည်းဟူသော အကျိုးကို မြင်သဖြင့် ဒီအကျိုးဟာ အလကားဖြစ်လာတာ မဟုတ်ဘူး။ အေး ရှေးဘဝက ပြုခဲ့ဖူးသော သူ့ရဲ့ ကောင်းမှုရှိခဲ့လို့။ ရုပ်အဆင်းလှအောင် ပြုခဲ့တဲ့ကောင်းမှုရှိခဲ့လို့ လှနေတာ ပဲလို့ အကြောင်းကို မှန်းဆပြီးတော့ ဘုန်းကြီးတို့ သိနိုင်တယ်။
အတူတူပေါ့။ ပစ္စည်းဥစ္စာရှိရင် ပစ္စည်းဥစ္စာပေါ ရင် ဟော ဒီလူဟာ ဘာကြောင့် ပစ္စည်းဥစ္စာပေါသလဲ။ သည့်ပြင်အကြောင်းတွေ မရှိဘူးမဟုတ်။ ရှိတော့ရှိတယ်။ သို့သော် အရင်းခံ အကြောင်းကတော့ ကံတရားပဲ။ သဗ္ဗေ သတ္တာ ကမ္မသကာ = ပစ္စည်းပေါများအောင် ရှေးဘဝက သူပြုခဲ့ဖူးတဲ့ ကောင်းမှု အထူးတွေ ရှိခဲ့ဖူးလို့ ဒီဘဝမှာ ပစ္စည်းအားဖြင့် ချမ်းသာကြတယ်။
ဒါမျိုးကို အကျိုးမြင်သဖြင့် အကြောင်းကိုမှန်းဆနိုင်တဲ့ ကာရဏာ နုမာန = အကြောင်းကို မှန်းဆနိုင်တဲ့နည်းလို့ ဆိုတယ် ထို့အတူပေ့ ကုသိုလ်တွေ ကောင်းကောင်းပြုနေရင် ကုသိုလ်ကောင်းမှုတွေ ကောင်းကောင်း ပြုနေကြတဲ့ အမျိုးသား အမျိုးသမီးတွေကိုတွေ့ ရရင် သြော် သူတို့တစ်တွေဟာ နောက်ဘဝကျတော့ တကယ့်ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်။
အသက်ရှည်မယ်။ အဆင်းလှမယ်။ ချမ်းသာကြီးကြမယ်။ ခွန်အား ကြီးကြမယ်။ ဉာဏ်ပညာ ကြီးကြမယ်။ ဘုန်းတန်ခိုးအာနုဘော် ကြီးကြမယ်။ အခြွေအရံပရိသတ်တွေ များကြလိမ့်မည်လို့ ဟော နောင်ရေးကို ဘုန်းကြီးတို့ ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေက တွေးနိုင်ကြတယ်။ ဉဉာဏ်ဆိုတာက ဘာတုံး။ ဟော ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ ဒေသနာတော်ကို အမှီပြု ပြီးတော့ သိရတဲ့ဉာဏ်။
ကမ္မသတ္တိဆိုတာ ရှိတယ်။ ကံဆိုတာ မိမိတို့ပြုလို့ ရှိရင် အဲဒီကံအစွမ်း ကြောင့် အကျိုးတွေ ခံစားရတယ်။ လှူတယ်။ တန်းတယ်ဆိုရင် လှူခြင်း။ တန်းခြင်းကြောင့် မိမိတို့မှာ အသက်ရှည်မယ်။ အဆင်းလှမယ်။ ချမ်းသာ ကြီးမယ် ခွန်အားကြီးမယ်။ ဉာဏ်ပညာကြီးမယ်။ ဘုန်းတန်ခိုးအာနဘော် ကြီးမယ်။ ခြွေရံပရိသတ် များပြားမယ်။
ဒါကြောင့် ကုသိုလ်တွေ။ ကောင်းမှုတွေ အခုလို များများပြုနေကြတဲ့ အခါ) ပြုနေကြတာကို တွေ့ရတော့ ပညာရှိတွေးနိုင်တယ်။ ကိုယ့်ပင်ကိုဉာဏ် နဲ့တော့မဟုတ်။ ဘုရားပေးတဲ့ ဉာဏ်မျက်စိနဲ့ ကြည့်ပြီးတော့ မြင်နိုင်ကြတယ်။ တွေးနိုင်ကြတယ်။ သြော် ဒီပုဂ္ဂိုလ်တွေဟာ ကောင်းမှုရှင်တွေ ကုသိုလ်ရှင်တွေ အဲဒီ ကောင်းမှုရှင်း ကုသိုလ်ရှင်တွေရဲ့ သွားရာလမ်းဟာ အထက်တန်းမှာသာ ရှိတယ်။ အောက်တန်း ဘယ်တော့မျှမရှိဘူး။
ကုသိုလ်ရှင်တွေ ကောင်းမှုရှင်တွေ ဖြစ်ရမည့် ဘဝဟာ အားလုံး ပြည့်ပြည်စံစုံ ချမ်းချမီးသာသာရဲ့ ဖြစ်ရမည့်ဘဝတွေလိုး မှန်းသနိုင်ကြွတယ်' မှန်းဆနိုင်ကြလို့ပဲ ဖလာနုမာနနည်းလို့ ဆိုတယ် ဒါကြောင့်မို့လို့ လောကမှာ အကျိုးဖြစ်လို့လည်း- အကြောင်းကို မှန်းဆနိုင်တယ်။ အကြောင်းဖြစ်ရပြန် တော့လည်း အကျိုးကို မှန်းဆနိုင်တယ်။ အဲဒီနည်းအရ ယနေ့ ကုသိုလ်ကောင်း မှုတွေ ပြုကြတယ်။
ကုသိုလ်ဆိုတာက နောင်ဘဝထိအောင် ဆိုင်းရတာမဟုတ်ဘူး။ ဒံဘဝ တွင်ပဲ မိမိတို့မှာ ပျော်ကြ၊ ရွှင်ကြ၊ စိတ်ကြည်နူးကြ၊ ဝမ်းသာကြရတယ်။
အဲသလို ယနေ့ကုသိုလ်တွေကို ပြုကြတော့ မိမ်တို့မှာ ယနေ့ကစပြီး ဤအိမ်း ဤဂေဟာဒ် ကျက်သရေတွေဖြစ်ကြ၊ မင်္ဂလာတွေရှိကြတယ်။ ကျက်သရေမင်္ဂလာဆိုတာတွေလည်း ကုသိုလ်တွေပဲ။1 ကောင်းမှုရှိရင် ကျက်သရေ ရှိတယ်။ ကောင်းကျိုးတွေရနေရင် ကျက်သရေရှိနေတယ်။
အဲဒီလို ကျက်သရေရှိရှိနဲ့ လှူဒါန်းရသောကြောင့် ကျက်သရေရှိတဲ့ ပစ္စည်းဝတ္ထုကို လ္ဒူဒါန်းရသောကြောင့် မိမိတို့မှာ ကျက်သရေရှိနေကြ မင်္ဂလာရှိနေကြတယ်။
အဲဒါကြောင့်မို့လို့ ဒါနဆိုတာဟာ ကျက်သရေရှိစေတတ်တယ် 1။ မင်္ဂလာ ရှိစေတတ်တယ်။ ဒါကြောင့် ဤနေ့။ ဤအချိန် ဤအခါကစပြီးတော့ ဤအိမ်ကြီးမှာ ဘေးကင်းမယ်။ ရန်ကင်းမယ်။ ကြီးပွားကြမယ်။ တိုးတက် ကြမယ်။ ဒါတွေအားလုံး ကျက်သရေတွေချည်းပဲ။
အေး ကျက်သရေမင်္ဂလာရှိအောင် မိမိတို့ ဤအိမ်ကြီးကို ဖန်တီး လိုက်ခြင်းပဲ။ အဲဒီတော့ ဒီလိုကုသိုလ်တွေပြုပြီး အားထုတ်ကြတော့။ အိမ်သစ် ယာသစ်ဆိုတာကတော့ အမှန်က ဘယ်နေရာမှာမဆို လူတွေရောက်လာရင် နတ်တွေဆိုတာကလည်း ရောက်လာတတ်တယ်။
မိမိတို့သည် သိသည်ဖြစ်စေ။ မသိသည်ဖြစ်စေ။ ပကတိမျက်စိနှင့် မမြင်နိုင်တဲ့ အိမ်စောင့်နတ်တွေရှိကြတယ်။ အရံစောင့်နတ်တွေ ရှိကြတယ် သစ်ပင်စောင့်နတ်တွေ ရှိကြတယ် သူတို့က လူတွေကို မှီခိုပြီးတော့နေဖို့ ရောက်လာကြတယ်။ အဲသလိုရောက်လာရင် သူတို့ကို အမျှအတမ်းပေး ဝေတော့ သူတို့ကလည်း မိမိတို့ကို စောင့်ရှောက်ကြတယ်။
ဒါကြောင့် အထူးသဖြင့် နတ်တွေကိုလည်း အမျှအတမ်းပေးဝေ ကြရတယ် ဘုရားရှင်ကိုယ်တော်မြတ် လက်ထက်က ပါဋလိပုတ်ပြည်ကြီး တည်ထောင်လိုက်တဲ့အခါမှာ အိမ်နေရာတွေ အကွက်ချသတ်မှတ်တဲ့အခါ ကြတော့ အဲ နတ်တွေကလည်း ဝိုင်းပြီးတော့ နေရာယူကြတယ်။
အမတ်ကြီးတွေး စစ်သူကြီးတွေစသည်ဖြင့် ကြီးတဲ့ပုဂ္ဂိုလ်တွေ နေ ရမည့်နေရာ တန်ခိုးကြီးတဲ့နတ်တွေက နေရာလာယူကြတယ်။ အလတ်စား
ရာထူးရှိတဲ့ အမတ်တွေ။ ပုဂ္ဂိုလ်ကြီးတွေ နေရာယူမည့်နေရာမှာ အလတ်စား ဖြစ်တဲ့နတ်တွေက နေရာဝင်ယူကြတယ်။ အငယ်စားရာထူးရှိကြတဲ့ အမှုထမ်း အရာထမ်းတွေ နေရာယူမည့်နေရာမှာ အငယ်စားနတ်တွေက ဝင်ပြီးတော့ နေရာယူကြတယ်။
အဲဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က သိတော်မူလို့ အဲဒီ အခါတုန်းက အရှင်အာနန္ဒာကို ဘုရားရှင်မိန့်တော် မူတယ်။
ပါဋလိပုတ်ပြည်မှာ ဘယ်သူက မြို့တည်နေကြသတုံးဆိုတော့ သုနိဓ- ၀ဝဿကာရပုဏ္ထားကြီးတွေး အမတ်ကြီးတွေ မြို့တည်နေကြပါတယ်။
အေး တာဝတိံသာနတ်ပြည်နဲ့ တိုင်ပင်ပြီးတော့ မြို့တည်သလို ပါလားဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်က နောက်တစ်နေ့ အဲဒီ အမတ်ကြီးတွေ ဆွမ်းဆက်ကပ်လှူဒါန်းတဲ့ ဆွမ်းအလှူပွဲမှာ အနုမောဒနာလေး ပြုခဲ့တယ်။
ယသ္မိပဒေသေ ကပ္ပေတိါ
ဝါသံ ပဏ္ဍိတဇာတိယော။
သီလဝန္ကေတ္ထ ဘောဇေတွာ။
သညတေ ဗြဟ္မစာရယော။
ယာ တတ္ထ ဒေဝတာ အာသုံ။
တာသံ ဒက္ခီဏာမာဒိသေး
တာ ပူဇိတာ ပူဇယန္တိ။
မာနိတာ မာနယန္တိ န
တတော နံ အနကမ္ပန္တိ။
မာတာ ပုတ္တံ၀ သြရသံ။
ဒေ၀ဝတာနုကမ္ပိတော ပေါသော၊
သဒါ ဘဒြာနိ ပဿတိ
ဆွမ်းကျွေးပွဲမှာ ဘုရားရှင်ကိုယ်တော်မြတ်က ဒီဂါထာလေးနဲ့ အနုမော ဒနာပြုတာ။ အဲဒီဂါထာလေးထောက်ပြီးတော့ နတ်တွေဆိုတာ လူတွေကို မှိပြီးတော့ လာနေကြတယ်။ နေရင် သူတို့ကို ကိုယ်က မေတ္တာပွားတယ်။ အမျှအတမ်း ပေးဝေတယ်။
သူတို့ကလည်း ကိုယ့်ကို စောင့်ရှောက်ကြတယ်။ ကိုယ်ကသိသည် ဖြစ်စေး မသိသည်ဖြစ်စေ သူတို့ကတော့ စောင့်ရှောက်လျက်ပဲ။
အေး ဒါကြောင့်မို့လို့ ပဏိတဇာတိယော = ပညာရှိသော သဘော ရှိသော ပုဂ္ဂိုလ်သည် ယသ္မိ'ပဒေသေ= အကြင်အရပ်ခ်။ ဝါသံ = နေခြင်းကို ကပ္ပေတိ = ပြပါပေ၏ / ဧတ္ထ = ဤမိမိတို့နေသော နေရာအရပ်ခ် သီလန္တေ = ကိုယ်ကျင့်သီလနှင့် ပြည့်စုံကန်သော၊ သညတေ = ကိုယ်နှုတ်နှလုံးကို စောင့်သုံးခြင်းရှိကြကုန်သော၊ ဗြဟ္မစာရယော = မြတ်သောအကျင့်ကို ကျင့်ကြသော ပုဂ္ဂိုလ်တို့ကို၊ ဘောဇေတွာ = ဆွမ်းဆက်ကပ်လှူဒါန်းကြ ပြီးရ်။ တတ္ထ = ထို မိမိတို့နေမည့်အရပ်ခ်၅။ ယာဒေဝတာ = အကြင် နတ် အပေါင်းတို့သည် အာသုံ = ရှိနေကြပါပေကုန်၏။ တာသံ = ထို မိမိတို့ နေရာ အရပ်ခ်ရှိနေကြသော နတ်အပေါင်းတို့အား။ ဒက္ခိဏံ = အလှူဒါနကို၊ အာဒိသေ = အမျှ အတမ်းပေးဝေရာ၏ / မိမိတို့နေရာ အရပ်မှ နတ်တို့ဆိုတာ ရှိနေတတ်၊ လာနေတတ်တယ် 18 အဲဒီနတ်တွေကို ရည်ရွယ်ပြီး သီလဝန္တဖြစ် ကြတဲ့ အရှင်မြတ်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းပြီးတော့ အမျှအတမ်း ပေးဝေရမယ်လို့ ဘုရားရှင်က မိန့်တော်မူတယ်။
ပူဇိတာ = ပူဇော်အပ်ကုန်သော၊ တာ =ထိုနတ်အပေါင်းတို့သည်။ နံ= ထို မိမိကို ပူဇော်တဲ့ပုဂ္ဂိုလ်ကို၊ ပူဇယန္တိ =ပူဇော်ကြကုန်စါ။ မာနိတာ= အမြတ်နိုး ခံအပ်ကုန်သော၊ တာ =ထိုနတ်အပေါင်းတို့သည်။ န = ထိုမိမိကို မြတ်နိုးတဲ့ ပုဂ္ဂိုလ်ကို၊ မာနယန္တိ = တုံ့လှည့်တစ်ဖန် ပြန်လည် မြတ်နိုးကြ လေကုန်၏
တတော = ထိုသို့ မိမိကို မြတ်နိုးတဲ့ လူတွေကို ပြန်လှန်ဂွ နတ်တွေက မြတ်နိုးကြလေသောကြောင့်၊ နံ = ထို မိမိကို ပူဇော်တဲ့လူသား မိမိကို မြတ်နိုးတဲ့ လူပုဂ္ဂိုလ်ကို၊ မာတာ = မွေးသမိခင်သည်။ သြရသံ = ရင်ခ်ေပါ က်ဖွားလာသော၊ ပုတ္တ = သားသမီးကို အနုကမ္ပတိက္က၀ = အစဉ် သနား စောင့်ရှောက်ကြရကုန်သကဲ့သို့။ အနိကမ္ပန္တိ = ချီးမြွှောက်ကြလေကုန်၏။
ဒေ၀ဝတာနုကမ္ပိတော = နတ်တို့၏အစောင့်အရှောက်ကို ခံကြရ ကုန်သော၊ ပေါသော = အမျိုးကောင်းသား။ အမျိုးကောင်းသမီးအပေါင်းသည်။ သဒါ = အခါခပ်သိမ်း၊ ဘဒြာနိ = ကောင်းမြတ်သော ကုဋ္ဌအာရု အပုဖု
၁၆၈။ ဒ သပြေ။
တို့ကို၊ ပဿတိ= ကောင်းစွာလှလှ တွေ့ကြရ။ မြင်ကြရ။ ကြုံကြရလေ ကုန်သတည်း
ဘုရားရှင်ကိုယ်တော်မြတ် အဲဒီမြို့တည်တဲ့နေရာမှာ နတ်တွေက စောင့်ရှောက်ပြီးတော့ ကူညီနေသလိုဖြစ်တာ မြင်ရလို့ အဲဒီအခါမှာ ဒီ အနုမောဒနာ ဂါထာလေးနဲ့ နောက်တစ်နေ့ ဆွမ်းကျွေးပွဲမှာ အဆုံးသတ်ခဲ့တယ်။
ဒါကြောင့်မို့လို့ ယနေ့ အိမ်သစ်ရာသစ်အတွက် အလှူအတန်းပေး ကြတဲ့ လှ္ဒူကြတဲ့ အလှူရှင်တွေအားလုံး မိမိတို့ပြုသမျှ ကုသိုလ်တွေ ပြန်ပြန် အောက်မေ့ပြီးတော့ ဝမ်းသာကြရတယ်။
အဲဒီကုသိုလ်တွေကို မိမိတို့ ရရှိသလို အများလည်း ရကြပါစေလို့ အမျှ အတမ်းပေးဝေကြတဲ့အခါ အထူးသဖြင့် နတ်တွေကိုလည်း အမျှအတမ်း ပေးဝေကြရတယ်။ အဲသလို အမျှအတမ်းပေးဝေကြခြင်းဖြင့် နောင်အခါ နတ်တွေကလည်း မိမိတို့ကို မြတ်နိုးလို့ မိမိတို့ကို ပူဇော်သောအားဖြင့် စောင့်ရှောက်လေ့ ရှိကြတယ်။ အခါခပ်သိမ်း မစောင့်ရှောက်နိုင်စေကာမူ သူတို့ အခွင့်သာတဲ့အခါ သူတို့စောင့်ရှောက်နိုင်ကြလို့ စောင့်ရှောက်ကြတယ်။ ဒါကြောင့် ဒီတရားဒေသနာတော်အရ အထူးအားဖြင့် နတ်တွေကိုလည်း အမျှအတမ်း ပေးဝေကြရတယ်။ အဲသလိုနတ်တွေကို အမျှအတမ်းပေးဝေနေကြ အိမ်တစ်အိမ် ကျက်သရေဆိုတာ ဘာတုံး အိမ့်ကျက်သရေဆိုတာ မိမိတို့ မင်္ဂလာရှိအောင် နေကြရတယ် ကျက်သရေ ရှိအောင်နေကြရတယ်။
ဒီတော့ ဘုရားပူဇော်ကြရတယ်။ တရား ပူဇော်ကြရတယ်။ သံဃာ ပူဇော်ကြရတယ်။ ကုသိုလ်ကောင်းမှု မပြတ်ကြရဘူး။ ဘုရားရှင်ကို ဆီမီး ရေချမ်း။ ပန်း ဆွမ်း စသည်ဖြင့် ပူဇော်တဲ့ အာမိသပူဇာအဖြစ်၊ ဓမ္မပူဇာ အဖြစ်ဖြင့် သရဏဂုံသီလဒါနအစရှိသော။ ဘာဝနာ အစ ရှိသော ကုသိုလ်တွေ ပွားများပြီးတော့ ကုသိုလ်တွေနဲ့ ထုံပေးနေရင် အဲဒီ အိမ်ဂေဟာဟာ အမြဲတမ်း ကျက်သရေရှိ။ အမြဲတမ်းမင်္ဂလာရှိသော အိမ်ဂေဟာဖြစ်ပြီးတော့ ဘေးကင်း။ ရန်ကင်း။ အန္တရာယ်ကင်းပြီး တစ်နေ့တခြား ကောင်းကျိုး ချမ်းသာတို့ဖြင့် တိုးတက်ကြီးပွားခြင်းသို့ ရောက်နိုင်တဲ့အကြောင်း ဘုရားဟော အရလည်းကောင်း လောကယုံကြည်ချက်အရ လည်းကောင်း ထင်ရှားတာ
ဖြစ်သောကြောင့် ဒီအိမ်ကြီး ကျက်သရေရှိအောင် အိမ်မှာရှိတဲ့ အိမ်သူ အိမ်သားတွေရဲ့ တာဝန်ချည်းပဲ။
ဒါကြောင့် တရားရှိကြရင် အိမ်ဟာ ကျက်သရေရှိတာပဲ တရား မရှိရင် ကျက်သရေမဲ့တယ်။ ဒါကြောင့် ဒီအိမ်ကြီး အမြဲတမ်း ကျက်သရေ ရိနေအောင် .တရားရှိကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တြပါဝေးလို့ ဘုန်းကြီးတို့က တိုက်တွန်း နိုးဆော်အပ်ပါသတည်း။
(သာဓု သာဓု သာဓု)
ဘဝကောင်းကျိုးပွားတိုးရည်မြော် ကုသိုလ်ပြုတရားတော်
ဘဝတောင်းကျိုး မွားတိုးရည်မျှေံ ကုသိုလိ်ပြုတရားတော်
မိမိတို့ဘဝအတွက် ကောင်းမြတ်သောအကျိုးကို ရည်မျှော်ပြီး ယနေ့ အလှူတော်ကြီးကို ပူဇော်လှူဒါန်းကြတော့ သံဃာတော်တွေရဲ့ မေတ္တာကို ခံယူကြရတယ်။ ကုသိုလ်တွေ ကုသိုလ်တွေ အများကြီးတိုးပွားအောင် ပြုကြ ရတယ်။ လောကမှာ တစ်ခါတစ်ခါ ကိုယ့်အဖြစ် ကိုယ့်ဘဝကို ပြန်ပြန်ပြီးတော့ တွေးကြရတယ်။
ငါ့ဘဝဟာ ဘယ်လိုဘဝတုံး။ ပြန်ပြန်ပြီးတွေးကြရတယ် 1။ တွေးကြ ရတဲ့အခါမှာ ကိုယ်ကကောင်းလို့ရှိရင် ၀မ်းသာရတယ်။ ကိုယ်က မကောင်းလို့ ရှိရင် သတိတရားရပြီးတော့ ပြုပြင်ကြရတယ်။ အဲဒီ ကိုယ့်ဘဝကိုဆိုတာကို ပြန်ပြန်ပြီးတော့ အောက်မေ့တတ်ကြရတယ်။ ဘုန်းကြီးတို့ ဘုန်းကြီးတွေ မွာတော့<
ကထံ ဘူတဿ မေ ရတ္တီံဒိဝါ
ဝီတိဝတ္တန္တီတိ။
ပဗ္ဗဇိတေနအဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ
ကထံ ဘူတဿ = အဘယ်သို့ ဖြစ်ရဖြစ်သော၊ မေ = ငါအား၊ ရတ္တိ။ ဒိဝါ = နေ့ညဉ့်တို့သည်။ ဝီတိဝတ္တစ္တိ = လွန်မြောက်ကြကုန်သနည်း။ ငါဟာနေ့ရက်တွေကို ဘယ်လိုအသုံးချပြီးတော့ ဘယ်လိုပြုလုပ်အားထုတ် ပြီးတော့ ကွယ်လွန်သွားရသတုံး။ ကတိ 2 ဤသို့၊ ပဗ္ဗဇိတေန။ ရဟန်း အဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်သည် အဘိဏှံ = နေ့ညမပြတ် ပစ္စဝေက္ခိ တဗ္ဗံ = ဆင်ခြင်အပ် [ ရဟန်းဆိုတာ ကိုယ့်ဘဝကို ပြန်ပြန်အောက်မေ့ပေးကြ ရတယ် ဒီနေ့ညတွေ ဘယ်လို ကုန်သွားသတုံး။ ကောင်းသော အလုပ်နဲ့ ကုန်သွားသလား။ မကောင်းသော အလုပ်နဲ့ ကုန်သွားသလား။ အဲသလို မိမိရဲ့ ကုန်သွားတဲ့ ညဉ့်နေ့တွေကို ပြန်ပြန်တွေးပြီးတော့ တွက်ကိန်းချ ကြည့်ရတယ်။
အဲဒီလို တွက်ကိန်းချလို့မှ ရဟန်းတွေအဖို့ မကောင်းချင်သေးရင်လည်း ကောင်းအောင် နေ့ရက်တွေ အလကား ကုန်သွားပြန်တော့လည်း အကျိုး ရှိသောကုန်နည်းဖြင့်ကုန်အောင် ကြိုးစားနိုင်ခွင့်ရှိတယ်။ ရဟန်းဆိုတာ ပြန်ပြန် တွေးကြည့်ရတယ်။ ငါဟာ ဘယ်နည်းနဲ့အခ်ျန်တွေကုန်သွားသလဲ ငါ့ဘဝဟာ ဘယ်လိုနည်းနဲ့ ဒီအထိ ရောက်လာသလဲ။ အဲဒါ ပြန်ပြန်တွေးရတယ်။ မိမိတို့က ကောင်းကောင်းမွန်မွန်နဲ့ နေ့ရက်တွေကုန်ခဲ့ရင် ၀မ်းသာရတယ်။ အဲမကောင်းသဖြင့် နေ့ရက်တွေ ကုန်သွားခဲ့ရင်လည်း မိမိတို့အဖို့ ပြန်ပြန် တွေးပြီးတော့ ပြုပြင်ကြရတယ်။ အဲသလို ပြုပြင်နိုင်အောင် ဘုရားရှင်ကိုယ် တော်မြတ်က သတိရအောင် မိမိကိုယ်ကို တွေးတတ်အောင် နည်းလမ်းလေးတွေ ပေးထားတာ ရှိတယ်။ ၂။
သမ္ပဒါရှစ်ပါးကို ဘုရားရှင်ကိုယ်တော်မြတ်က ဟောထားတာရှိတယ် 1 အဲဒီတော့ သမ္ပဒါရှစ်ပါးဆိုတဲ့ တရားဒေသနာတော်ကို ဘုရားရှင်ကိုယ်တော် မြတ်က မျက်မှောက်အကျိုးငှာလည်းကောင်း၊ နောက်ဘဝရဲ့ အကျိုးငှာ . လည်းကောင်း ဟောတော်မူခဲ့တယ်။
မျက်မှောက်ဘဝ . အကျိုးလေးပါးဆိုတာက ဘာတွေတုန်းဆိုရင် အားလုံးသိကြတဲ့အတိုင်း-။
(၁) ဥဋ္ဌာနသမ္ပဒါ = မိမိအလုပ်မှာ ကျွမ်းကျင်လိမ္မာပြီးတော့ ထထကြြက္ပြ ရှိမှုကို ဥဋ္ဌာနသမ္ပဒါ လို့ခေါ်တယ်။။
(၂) အာရက္ခသမ္ပဒါ = မိမိရတဲ့ ပစ္စည်းတွေကို မပျက်စီးအောင် တိုးပွားအောင် စောင့်ရှောက်ထိန်းသိမ်းမှုတစ်ခု ပြည့်စုံမှုကို အာရက္ခ သမ္ပဒါ လို့ခေါ်တယ်။ ၂။
(၃) ကလျာဏမိတ္တတာ = မိတ်ကောင်းဆွေကောင်းရှိရတယ်။ ကိုယ့်ကို နည်းလမ်းညွှန်ပြသွန်သင်ဆုံးမမည့် မိတ်ကောင်း ဆွေကောင်းရှိရမယ်။ (၄) သမဇီဝိတာ = အ၀င်နဲ့အထွက် ချင့်ခ်ိန်ပြီးတော့ အဝင်များအောင် အထွက်ကနည်းအောင် ချွေတာသင့်တဲ့နေရာ ချွေတာ။ သိမ်းဆည်း တန်ရင် သိမ်းဆည်း စသည်ဖြင့် အားထုတ်ရတဲ့အမှု့ သမဇီတိတာလို့ ခေါ်တယ် ”
အဲဒီ သမ္ပဒါ လေးပါးကိုတော့ မျက်မှောက်ဘဝအတွက် ရည်ရွယ် ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တယ်။
ဥဋ္ဌာနသမ္ပဒါ = ဝီရိယရှိရမယ်။ အာရက္ခသမ္ပဒါ = ကိုယ့်ဥစ္စာကို ကောင်းကောင်းထိန်းသိမ်းရမယ်။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ကောင်း ဆွေကောင်းရှိရမယ်။ သမဇီဝိတာ = ချွေတာသုံးစွဲရမယ်။ အဝင်များပြီး အထွက်နည်းအောင် ကြိုးစားရမယ်လို့ဆိုတယ်။
ဒီသမ္ပဒါ လေးပါးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြားဖူးပြီးသားပဲ။ ကြားဖူးပေမည့် ပြန်ပြီးသတိရအောင် ဟောရတယ်။ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် ဒီသမ္ပဒါလေးပါးဆိုတာရှိရမယ်။
ငါဟာ လူ့ဘဝမှာ ဘယ်လောက် အသုံးကျသလဲ။ ဘယ်လောက် တိုးတက်သတုံး' ဘယ်လောက်ဆုတ်ယုတ်သတုံး အဲဒါတွေကို သမ္ပဒါက ပြောနေတာ။ အဲဒီတော့ ယနေ့ မိမိတို့မှာ သမ္ပဒါ ၄-ပါးပြည့်စုံနေကြတာ ဖြစ်သောကြောင့် အားရစရာကောင်းတယ်။ လျှူနိုင်။ တန်းနိုင်း စားနိုင် သောက်နိုင်ရင်ဖြင့် အားရစရာကောင်းတယ်။
ဒီဋ္ဌေ ဓမ္မ စ ယော အတ္ထော။
ယော စတ္ထော သမ္ပရာယိကော။
အတ္တာဘိသမယာ ဓီရော။
ပဏ္ဍိတောတိ ပဝုစ္စတိ
သမ္ပဒါ လေးပါးနဲ့ပြည့်စုံရင် အဲဒါ ပဏ္ဍိတပဲ။
ဒီဋ္ဌေဓမ္မေ = ယခုမျက်မှောက်ဘဝခ််။ ယောစတ္ထောစ= အကြင် အကျိုး စီးပွားသည်လည်းကောင်း၊ သမ္ပရာယိကော = တမလွန်ဘဝ ယောစတ္ထောစ = အကြင်အကျိုးစီးပွားသည်လည်းကောင်း။ အတ္တိ= ရှိပါ၏ 1 အတ္ထာဘိသမယာ = အကျိုးနှစ်ပါးကိုရခြင်းကြောင့်၊ ဓိရော = ဉာဏ်ရှိသူကို။ ပဏ္ဍိတောတိ = ပညာရှိတဲ့ အမျိုးကောင်းသား။ အမျိုးကောင်းသမီးဟူရ်။ ဝုစ္စတိ = ကောင်းစွာ ထပ်ထပ်မိန့်အပ်ပါပေတော့သတည်း။
အဲ မိမိတို့မှာ လောကဘက်ကတော့ တော်တော်အောင်မြင်ခဲ့ကြတယ်။ စား၀တ်နေမှု ပြည့်စုံအောင် ကာကွယ်နိုင်ကြ၊ ဆုတောင်းနိုင်ကြ၊ နေထိုင် နိုင်ကြ တယ်။ အဲဒါကို မျက်မှောက်ဘဝရဲ့ အကျိုးပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေလို့
ဆိုရတယ် ဒါလည်း ဝမ်းမြောက်စရာပဲ။ မိမိတို့လောက်မှ မပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ရင် ၀မ်းမြောက်စရာ မိမိတို့အထက်က ပုဂ္ဂိုလ်တွေ ကြည့်လိုက် ပြန်တော့လည်း နည်းနည်းတော့လျော့နေတယ်။ ဘာပဲဖြစ်ဖြစ် လူချင်းတူတူ သူချင်းမျှမျှ ဒီဘဝ အကျိုးပြည့်စုံတယ်လို့ဆိုရတယ်။
အဲဒီလိုဖြစ်နေတဲ့ နေရာကနေပြီးတော့ နောက်ဘဝ အကျိုးကြည့်လိုက် ပြန်တော့လည်း မိမိတို့မှာ ပြည့်စုံလျက်ပဲ။ နောက်သမ္ပဒါ ၄-ပါးကို ဘုရားရှင် ကိုယ်တော်မြတ်က ဟောထားတာရှိသေးတယ်။
သဒ္ဓါသမ္ပဒါ1 သီလသမ္ပဒါ၊ စာဂသမ္ပဒါ။ ပညာသမ္ပဒါ-ဆိုတဲ့ လေးပါးပဲ။
(၁) သဒ္ဓါသမ္ပဒါ = သဒ္ဓါတရားနဲ့ပြည့်စုံခြင်း။
(၂) သီလသမ္ပဒါ = သီလနဲ့ပြည့်စုံခြင်း
(၃) စာဂသမ္ပဒါ = စာဂနဲ့ပြည့်စုံခြင်း
(မ) ပညာသမ္ဗဒါ = ပညာနဲ့ပြည့်စုံခြင်း
ဒီတော့ ဒီသမ္ပဒါလေးပါးလည်း အထိုက်အလျောက် ရှိနေတယ် သဒ္ဓါသမ္ပဒါ - သဒ္ဓါတရားနဲ့ပြည့်စုံနေလို့) သဒ္ဓါ တရားရှိလို့ ယနေ့ဒီကောင်းမှု အလှူတော်ကြီးကို လှူဒါန်းနိုင်ကြတယ်။
မွန်မြတ်တဲ့ အလှူဒါနတွေ။ ကျောင်းအလှူကလည်း မွန်မြတ်တယ်။ အသက်ရှည်စေတတ်တယ်။ ကျန်းမာစေတတ်တယ်။ သင်္ကန်းအလှူကတော့ ပြောစရာမရှိ။ ဆွမ်းအလှုကလည်း ပြောစရာမရှိဘူး။ အားလုံး အသက်ရှည် ကြောင်း။ ကျန်းမာကြောင်း။ ခွန်အားကြီးကြောင်းတွေချည်းပဲ။ ဒီတော့ ယနေ့ပြုလုပ်လှူဒါန်းခဲ့ကြတဲ့ ကုသိုလ်တွေကို မိမိတို့မမေ့ကြရဘူး။ သတိတရား ရကြ ယနေ့ အပ္ပမာဒတရားကို ရှေ့သွားပြုပြီးတော့ ကောင်းမှုအလှူတော်ကြီး ထူထောင်ကြတယ်။ ထူထောင်ကြတော့ ခုနကပြောတဲ့ သမ္ပဒါလေးပါးနှင့်လည်း ပြည့်စုံနေကြပြီ။ အဲဒီ သမ္ပဒါ ၄-ပါးနဲ့ ပြည့်စုံတော့ ကမ်းကုန်ပြီလား ဆိုရင်ဖြင့် ဘယ်တော့မှ တရားဘက်မှာကမ်းကုန်တယ် မရှိသေးဘူး။ အထက်ကို တက်လှမ်းရမှာ အများကြီးပဲ
သဒ္ဓါဆိုတာလည်း အထူးဆုံးသဒ္ဓါတရားဖြစ်အောင်၊ သီလဆိုတာ လည်း အထူးဆုံး သီလဖြစ်အောင်၊း စာဂဆိုတာလည်း အထူးဆုံး စာဂ ဖြစ်အောင်' ပညာဆိုတာလည်း အထူးဆုံးပညာဖြစ်အောင်။
အထူးဆုံး သဒ္ဓါ-သီလ-ပညာဆိုတာ ဘာတုံးဆိုရင် နောက်ဆုံး ထူးခြားတဲ့ အဓိဂမ သဒ္ဓါ)။ အရိယာတို့ရဲ့ သဒ္ဓါမျိုးဖြစ်အောင်။ အရိယာတို့ သီလဆိုတဲ့ အဓိသီလမျိုးဖြစ်အောင်။ အရိယာတို့၏ ပညာဆိုတဲ့ အဓိပညာမျိုး ဖြစ်အောင် တက်လှမ်းဖို့ တာဝန်ရှိကြသေးတယ်လို့ ခံယူချက်ထားပြီးတော့ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် ကြိုးစား အားထုတ်နိုင်ကြပါ စေကုန်သတည်း။
(သာဓု သာဓု သာဓု)
သဒ္ဓါတရားရှိမှ ကုသိုလ်ကောင်းမှု ဖြစ်စေနိုင်ကြောင်းတရားတော်
သဒ္ဓိတရားရွိမွ ကုဆိုလိကောင်းမှုဖြစ်စေနိုင်ကြောင်း တရားတော် ဘုန်းကြီးတို့ ရွှေကျင်နိကာယ ဗိမာန်တော်ကြီး ရေစက်ချပွဲ။ ရွှေဟင်္သာ ဆရာတော်ဘုရားကြီး အသက်ရာပြည့်ပူဇော်ပွဲ။ ပူဇော်ပွဲသဘင် ဆင်ယင် ကျင်းပရာတွင် ဆရာတော်ကြီးက (၅)မိနစ်လောက် တရားလေးဟောတယ်။ အဲဒီတော့ တရားဆိုတာ များများဟောမှ မဟုတ်ပါဘူး၊ တော်ရုံနာကြလို့ တော်ကြပြီပေါ့။ အေး- တကယ်တော့ သဒ္ဓါဆိုတာအင်မတန် အရေးကြီးတယ်။ သဒ္ဓါရှိရင် ရဲတယ်။ သဒ္ဓါမရှိရင် တွန့်တယ်။ ဆုတ်တယ်။ ကြောက်တယ်။ ဘယ်လောက် လှူရ လှူရ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ဟာ လှူဖို့ ဝန်မလေးဘူး။ သဒ္ဓါတရား မရှိဘူးဆိုရင် တစ်ပဲကို တစ်ရာ တစ်ထောင် ထင်နေတယ်။ အဲသလောက် တွန့်တိုဆုတ်နစ်နေကြတယ်။ အဲဒီတော့ ကုသိုလ်ကောင်းမှု ဖြစ်ဖို့ အရေးကိစ္စမှန်သမျှဒ် သဒ္ဓါဆိုတာ အင်မတန် အရေးကြီးတယ်။ ဘုန်းကြီးတို့ တစ်ခါတုံးက စန္ဒပဇ္ဇောတမင်းကြီး ရှင်မဟာကစ္စာယန ဖြစ်လာမယ့်လုလင်ကို ဘုရားအပင့်ခိုင်းလိုက်တယ်။ င့်ခိုင်းတော့ ရှင်မဟာ ကစ္စာယနအလောင်းကစ္စယနလုလင်က နောက်ပါအဖော် ခုနစ်ယောက်နဲ့အတူ ဘုရားရှင်ကိုယ်တော်မြတ်ထံ အပင့်သွား။ ဘုရားရှင် ကိုယ်တော်မြတ်ထံ ရောက်တဲ့အခါကြတော့ ဘုရားကိုရှိခိုးတယ်။ အဲဒီတော့ ဘုရားက တရားဟော တယ်။ တရားဟောပြီး ဧဟိဘိက္ခု - ရဟန္တာအဖြစ်သို့ ရောက်ကြရတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကို ဒီအခါမှလျှောက်ထားတယ်။ စန္ဒပဇ္ဇောတမင်းကြီး က ရှင်တော်မြတ်ဘုရားကို အပင့်ခိုင်းလိုက်တဲ့အတွက် ဘုရားတပည့်တော်တို့ လာရောက် ပင့်ရခြင်းပါဘုရား၊ ပြီးတော့ မင်းကြီးကို သနားချီးမြှင့်သော အားဖြင့် ရှင်တော်မြတ်ဘုရား ကြွတော်မူပါလို့ လျှောက်ထားလိုက်တဲ့အခါ ကြတော့ ဘုရားရှင်ကိုယ်တော်မြတ်က “ငါ့ချစ်သား ကစ္စယန သွားလော။ ကိစ္စပြီးပါတယ်။ တို့လာဖို့ မလိုတော့ပါဘူး။ တို့လာစရာ မလိုတော့ပါဘူး” ဗီဒင်ဧရာ ဝက
လို့ ဘုရားရှင် ကိုယ်တော်မြတ်က သူ့ကိုပဲ တာဝန်လွှဲပြီးတော့ လွတ်လိုက် တယ်]။
အဲသလိုလွှတ်လိုက်တော့ လမ်းခရီးအကြားမှာ ဆွမ်းချိန်ကလည်း နီးတယ်။ နီးနေတော့သွားဖို့ဆိုတာ တယ်မလွယ်တော့ဘူး။ အဲဒါနဲ့ လမ်းခရီး အကြားက တေလပနာဠိဆိုတဲ့ နိဂုံး။ နိဂုံးကြီးဆိုတာ ရွာကြီးပဲ။ သူတို့စျာန်နဲ့ ကြြလာတော့ နိဂုံးကြီးရောက်။ အဲ-ဆွမ်းလိုက်ခံတော့ ဆွမ်းမရဘူး။ အဲဒီအခါမှာ အမျိုးသမီးလေး တစ်ယောက်နဲ့ဆုံမိတော့ အဲဒီအမျိုးသမီးကလေးက သြော် ကိုယ်တော်တွေ ဆွမ်းရပုံမရဘူးလို့ သူကခန့်မှန်းသိတော့ ချဉ်းကပ်ပြီးတော့ လျှောက်ထားတယ်။ အရှင်ဘုရားတို့ ဆွမ်းမရဘူးလားဆိုတော့။ မရတဲ့ အကြောင်း၊ ရပါလိမ့်မည် မိန့်ကြားတော်မူကြတယ်။ ဒါပေမဲ့ အမျိုးသမီးလေးက သိတယ်။ ဒီကိုယ်တော်တွေက ဆွမ်းမရသေးဘူး။ ဘုရားမှန်းမသိ။ တရားမှန်း မသိ သံဃာမှန်း မသိသေးဘူး။ အဲဒီတော့ ဆွမ်းလောင်းရမှန်း မသိတော့ ကိုယ်တော်တွေက ဆွမ်းမရကြဘူး။ အဲဒါကို သူသိတော့ အဲ-အရှင်မြတ် တွေလည်း ဆွမ်းမရသေးဘူး။ ငါ့မှာလည်း လှူစရာမရှိ။
တကယ်တော့ အဲဒီအမျိုးသမီးလေးက နဂိုက တကယ်ချမ်းသာတဲ့ သူဌေးသမီး နောင်အခါကျတော့ မိဘတွေကွယ်လွန်တော့ ပစ္စည်းဥစ္စာတွေ ပျက်စီး။ ပစ္စည်းဥစ္စာတွေပျက်စီးတော့ ဘာမျှမရှိဘူး။ အထိန်းတော်ကြီးကို အမှီပြုပြီးတော့ အသက်မွေးနေရတဲ့ အမျိုးသမီးကလေး၊ အဲဒီအခါမှ ငါ ဘယ်လိုလုပ်လှူရမတုံး စဉ်းစားတော့ ရှေးတုန်းက အဲဒီရွာမှာ သူ့လိုပဲ သူဌေးသမီးတစ်ယောက် ရှိတယ် အဲဒီ သူဌေးသမီးက ဆံပင်မကောင်းဘူး။ ဆံပင်မရှိဘူး။ အဲအခုပြောတဲ့ မထေရ်မြတ်တွေနဲ့တွေ့။ ရှေးတုန်းက ချမ်းသာ ဖူးတဲ့ အမျိုးသမီးလေးက ဆံပင်အင်မတန်ကောင်းတယ်။ ဆံပင် ကောင်း သလောက် ရုပ်ရည်ရူပါကလည်း အင်မတန်လှပတယ်။ ချောမောတဲ့ အမျိုးသမီး ကလေး)။ အဲဒါနဲ့ အဲဒီအမျိုးသမီးဆီကဆံပင်ကို ဆံပင်မကောင်းတဲ့ အမျိုး သမီးက ဝယ်တယ်။ သူကလည်း မရောင်းဘူး။ တစ်ရာကနေ တစ်ထောင်အထိ စသည် တက်ပြီးတော့ မြှင့်ပေး။ ဘယ်လောက်ပဲပေးပေး ဘယ်လောက်ပဲ ပေးရပေးရ ဟိုအမျိုးသမီးလေးက မရောင်းဘူး။ ဆံပင်ဆိုတာက ရှေးကတော့ အမျိုးသမီး တွေက တန်ဖိုးထားကြတယ်။ မိန်းမတွေရဲ့ အဲဒီကျက်သရေကိ
အဖျက် မခံနိုင်ဘူးဆိုပြီးတော့ ဘယ်လိုပဲပေးပေး မရောင်းခဲ့ဘူးး။ အငဲမတနဲ နှမြောတယ် အင်မတန် တန်ဖိုးထားတယ် အင်မတန် စောင့်ရှောက်တယ်။ သို့သော် အခု မထေရ်မြတ်တွေကို ဆွမ်းကပ်ဖို့ ကြုံလာတဲ့အခါ ကျတော့ သူ့ဆံပင်၀ယ်ဖူးတာကို သွားပြီးအမှတ်ရတယ်။ ဒီဆံပင်နဲ့ပဲ ရင်းနှီးပြီး လှူဖို့ရည်ရွယ်တယ်။ ရည်ရွယ်ပြီးတော့ မထေရ်မြတ်ရှစ်ပါးကို အိမ်ပင့်သွားတယ် အိမ်ရောက်တဲ့အခါကျတော့ မထေရ်ကြီးတွေကို နေရာခင်း ပြီးတော့ အခန်းထဲဝင်သွားတယ်။ ဝင်သွားပြီး အထိန်းတော်ကြီးကို ခေါ်ပြီး သူ့ဆံပင်တွေကို တစ်ခါတည်းဖြတ်ခိုင်းတယ်။ သူဌေးသမီးကလေးက အင်မတန် သဒ္ဓါတရားကောင်းနေတော့ ဆံပင်ကိုဘယ်လိုမျှ အမှုမထားဘူး။ ဆွမ်းတွေ လှူချင်နေလို့။ အထိန်းတော်ကတော့ ဆံပင်ဖြတ်ရင်း မျက်ရည်တွေ ကျတယ် တကယ်တော့ အထိန်းတော်ကြီးက သဒ္ဓါတရားထက်သန်တာမှ မဟုတ်ဘဲ။ အမျိုးသမီးကလေးကသာ သဒ္ဓါတရားအင်မတန်ထက်သန်တော့ သဒ္ဓါထက်သန်ပြီဆိုရင် အသက်တောင်မှ နှမြောချင်မှ နှမြောတာ။ အခုလို ပစ္စည်း ဘယ်နှမြောတော့မတုံး။ အင်မတန်တွယ်တာတဲ့ ပစ္စည်းဖြစ်ပေမည့် မထေရ်မြတ်ကြီးတွေပေါ်မှာ ဖြစ်ပေါ်လာတဲ့ သဒ္ဓါတရားက တွန်းအားပေး လိုက်တဲ့အတွက် မနမြောတော့ဘူး။ ရက်ရက်ရောရော စွန့်ပစ်လိုက်တယ်။ အဲဒီ သူဌေးသမီးဆီ သွားပြီးတော့ရောင်းတော့ အေး ညည်းတို့ အမျိုးသမီးက ငါအရင်ဝယ်တုံးကတော့ မရောင်းဘူး အခုမှရောင်းတယ်။ ဆံပင်ဆိုတာ ကိုယ်ပေါ်မှာနေတုန်းသား တန်ဖိုးရှိတာ ကိုယ်ပေါ်က သူလွတ် သွားရင် တန်ဖိုး မရှိတော့ဘူး။ ရှစ်ကျပ်ပဲပေးမယ်ဆိုပြီးတော့ ရှစ်ကျပ်ပဲပေး လိုက်တယ်။
အဲဒီ ရှစ်ကျပ်ကို ယူလာပြီးတော့ မထေရ်တစ်ပါးအတွက် ဆွမ်း တစ်နပ်စာ ရှစ်ပါးအတွက် ရှစ်ပါးစာဝယ်လာပြီးတော့ အဲဒီအခါ မထေရ်တွေကို ဆွမ်းကပ်တယ် အဲသလို ဆွမ်းကပ်တဲ့အခါကျတော့ မထေရ်တွေလည်း ဆွမ်းကပ်လှူတဲ့ ဒကာမ ဘယ်မှာတုံးဆိုတော့ ဒီတော့မှ အထိန်းတော်ကြီးက လျှောက်တယ်။ မှန်ပါ့ အကျိုးအကြောင်းလျှောက်တယ်။ ဒီလို ဒီလိုပါပဲ ဘုရားဆိုတော့ ဒါနဲ့ အထဲကနေ သူဌေးသမီးလေးက ထွက်လာတယ်။ ဒာ ဒာ
ထွက်လာတဲ့အခါကျတော့ ကုသိုလ်ကံအကျိုးပေးတာ ဒိဋ္ဌဓမ္မဝေဒနိယ ကံ အကျိုးပေးတယ် အကျိုးပေးတော့ ဆံပင်တွေချက်ချင်းပဲ ပြန်ပေါ်လာတယ်။ အဲ-သဒ္ဓါတရားရဲ့ ထူးမြတ်တဲ့အကျုုံးပေး။ မထေရ်မြတ်တွေကလည်း ရဟန္တာ တွေ၊ သူ့သဒ္ဓါကလည်း အံ့ဖွယ်ကောင်းသော သဒ္ဓါတရား၊ အင်မတန် နီလွတ်ခိုင်ခဲတဲ့ အင်မတန်နှြောတဲ့ ဖစ္စည်း၀တ္ဆုကို ဘာမျှ တွန့်တိုခြင်းရိ နှမြောခြင်းမရှိ ရက်ရက်ရောရောအံ့ဖွယ်ကောင်းလောက်အောင် စွန့်လွှတ်ခြင်း မျိုးဖြင့် စွန့်လွှတ်ခဲ့တာမို့လို့ ပြုနိုင်တဲ့အမှုကို ပြုရတာမို့လို့ တစ်ခါတည်း ဆံပင်တွေ ပြန်ပေါက်လာတယ်။ ဒါတွင် မပြီးသေးဘူး။
မထေရ်တွေက အနုမောဒနာတရားတွေဟောပြီးတော့ ပြန်ကြွသွား ကြတယဲ။ နောက် စန္ဒပဇ္ဇောတမင်းကြီးနဲ့တွေ့တော့ ဒီနေ့အရှင်ဘုရားတို့ ဘယ်မှာ ဆွမ်းဘုဉ်းပေးတုံးမေးတော့ အဲဒါနဲ့ ရှင်ကစ္စယနမထေရ်က အမျိုး သမီးကလေးရဲ့ ပြုနိုင်ခဲတဲ့ အင်မတန် စွန့်လွှတ်နိုင်ခဲ့တဲ့ စွန့်လွှတ်တဲ့ ရဲရင့်သော သဒ္ဓါတရားအကြောင်းပြောပြတော့ မင်းကြီးကလည်း အင်မတန် အားရသွားတယ်။ အားရသွားတော့ တစ်ခါတည်း ထိုအမျိုးသမီးကလေးကို အခေါ်ခိုင်းပြီးတော့ မိဖုရားမြွောက်လိုက်တယ်။ အဲဒါ ထူးခြားတဲ့ သဒ္ဓါတရား အဖြစ်သို့ရောက်ပြီး ထူးထူးခြားခြား အကျိုးပြည့်စေတာပဲ။
အဲဒီတော့ ဘုန်းကြီးဆိုလိုတာကတော့ သဒ္ဓါတရားဆိုတာဟာ ဖြစ်လာပြီ ဆိုရင်ဘာမျှမမှုတော့ဘူး။ စောစောက သူ့ဆံပင်ကို တစ်ထောင် တစ်သောင်း ပေးတာတောင် မရောင်းခဲ့ပေမဲ့ အခု ရှစ်ကျပ်တည်းနဲ့ ရောင်း လိုက်တယ်။ အင်မတန်ပြုနိုင်ခဲတဲ့ အမှုပြု နဂိုကတွန့်တိုမှုရှိပေမည့် အခုတော့ လုံးလုး မတွန့်တိုတော့ဘူး။ ဥစ္စာရှင်က သဒ္ဓါတရားရှိတော့ မတွန့်တိုဘူး။
ဥစ္စာရှင်မဟုတ်တဲ့ အထိန်းတော်ကြီးက မျက်ရည်ကျတယ်။ မျက်ရည် မဆည်နိုင်ဘူးတဲ့။ အဲသလို သဒ္ဓါတရားဆိုတာကပင် အင်မတန်ပြုနိုင်ခဲတဲ့ အမှုကို ပြုနိုင်တယ်။ ရက်ရောတယ်။ စွန့်လွှတ်နိုင်တယ်။ အလှူရေစက် လက်နှင့်မကွာ တစ်ခါတစ်ခါ စွန့်နိုင်ခဲ့တဲ့ အလှကြီးကို အခုစွန့်နိုင်ပြီး ဘုန်းကြီးတို့ ကျောင်းမှာ သူတို့လှုထားတာတွေ အများကြီး၊ အခါအားလျော်စွာ လှူလိုက်ကြတာတွေလည်း မနည်းဘူး ဒါကြောင့် စွန့်လွှတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ စွန့်လွတ်ခြင်းရဲ့အကျိုးကိုတော့ ခံစားရတာချည်းပဲ။ မရှိလို့ မလှူ။ မလှူလို
မရှိ ရှိလို့ လှူ လျှို့ ရှိ ဆိုတာလိုပဲ စွန့်ကြံခြင်းဆိုတာဟာ တကယ်တော့ အကျိုးမမြင်လို့သာ တွန့်တယ်။ အကျိုးမြင်ရင် ဘယ်တော့မျှ မတွန့်ဘူး။ ဒါကြောင့် စွန့်နိုင်လေ အကျိုးများလေပဲ။ များတယ်ဆိုတာ သူများပြောစရာ မရှိ။ ကိုယ့်လက်တွေ့ပဲ။ ဒါကြောင့် ယနေ့မိမိတို့ ထူးထူးခြားခြား မွေးနေ့ အလှူတော်ဆိုပေမယ့် ထူးထူးခြားခြား အလှူတော်အဖြစ်ဖြင့် စွန့်ကြ လှူဒါန်းကြ ကောင်းမှုတွေပြုကြ အားလုံး ဒါတွေဟာ ဆုံးသွားတာမဟုတ်ဘူး။ ဒီဘဝ ရချင်ရမယ် နောက်ဘဝမှာ ဧကန်ရမယ်1။
ကိုယ့်ကို တကယ်ရစေတတ်တဲ့ ဒါန၊ အဲဒီ ဒါနကို သိလည်းသိတယ်။ သိတော့လည်း ဟိုတွေး ဒီတွေး မတွန့်တိုကြဘူး။ လှူတဲ့ပုဂ္ဂိုလ်တော့ လှူစရာ ရှိလာတာပဲ။ မလ္ဂူတဲ့ ပုဂ္ဂိုလ်ကတော့ လှူစရာကို မရှိဘူး။ ဒါ ဒါနရဲ့အကျိုး၊ သဒ္ဓါရဲ့အကျိုးတွေ။ ဒါကြောင့် ယနေ့ မိမိတို့ သဒ္ဓါတရားရဲ့ အစွမ်းကြောင့် နှစ်စဉ်လှုနေကြ။ မွေးနေ့အလှူသဘင်ဆင်ယင်ကျင်းပ ပူဇော် ကြတာ အောင်မြင်သွားပြီး အဲဒီအလှူက မိမိတို့ကို ထူးထူးခြားခြား ဒီဘဝ နောက်ဘဝ ကောင်းကျိုးတွေ ချမ်းသာတွေကို ပေးလိမ့်မယ်လို့ ယုံကြည်ပြီးတော့ မေ့မေ့ပျောက်ပျောက် သဘောမထားဘဲ နဲ့ ပြန်ပြန်အောက်မေ့ပြီးတော့ မိမိတို့ ကြုံရတဲ့ အလှူပွဲအတွေ့အကြံံတွေကို ပြန်ပြန်ဆင်ခြင်။ ပြန်ပြန်အောက်မေ့ ပြီးတော့ ပြန်ပြန်၀မ်းသာကုသိုလ်ကြီး ထပ်ခါထပ်ခါ တိုးပွားအောင် ကြိုးစား နိုင်ကြပါစေကုန်သတည်း။
ဒါနဆိုသော စိတ်ချမ်းသာဆေး တရားတော်
အဲ ယနေ့ မွေးနေ့အလှူတော်မှာ သင်္ကန်းအလှူတော်၊ ကျောင်း အလှူတော်၊ ဆွမ်းအလှူတော် အလှူတော်ဒါနတွေ ထူးထူးခြားခြား ပေးလှူ ထားကြတယ်။
အဲ ဒကာ ဦးသိန်းဟန်က လမ်းမှာ သူလှူခဲ့တဲ့ အလှူဒါနတွေကို လျှောက်ပြီးတော့ပြောတယ်။ ဘုန်းကြီးတို့က ဝမ်းသာပါတယ်။ ဒါနအရာမှာ လှူလို့ အားမရ တင်းမတိမ်နိုင်တာတွေကို ကြားရတော့ ဝမ်းသာစရာပဲ။
အဲ တကယ်လျှူချင်တဲ့ ပုဂ္ဂိုလ်ကျတော့ လ္ဂူလို့ကို အားမရနိုင်ဘူး။ လှူရတိုင်းလည်း ၀မ်းသာကြရတယ်။ ပျော်ရွှင်ကြရတယ်။ ဒါကြောင့် ဒါန ဆိုတာ စိတ်ချမ်းသာဆေး တစ်မျိုးပဲ၊ အလှူဒါနကို ဝါသနာထုံလာပြီဆိုရင် ပုဂ္ဂိုလ်တွေဟာ မလှူဘဲ မနေနိုင်ဘူး။ ရက်ရက်ရောရော လျူနိုင်ကြတယ်။
ဘုန်းကြီးတို့ ကျမ်းဂန်မှာ အက်္ကရမင်းသားဆိုတာရှိတယ်။ အဲဒီ အက်ုရမင်းသားဆိုတာ ကြာဖူးကြပါတယ်။ အလှူမှာအင်မတန် ဝါသနာပါ တယ် မလှူရရင် မနေနိုင်ဘူး ဇမ္ဗူဒိပ်မှာ မီးခိုးတိတ်အောင် လှူခဲ့တယ်လို့ ဆိုတယ်။ ဇမ္ဗူဒိပ်သားတွေ အလုပ်လုပ်စရာကို မလိုတော့ဘူး။ သူ့အလှူဌာန တွေမှာသွားပြီး စားစရာ။ သောက်စရာ သုးစရာတွေရတော့ ဘယ်သူမျှ ကောင်းကောင်း အလုပ်မလုပ်ကြတော့ဘူး။ ဒီတော့ မင်းသားတွေက မခံနိုင်ဘူး) သူတို့ဘဏ္ဍာတိုက်တွေ လျော့နည်းကုန်ပြီ၊ အက်ုရမင်းသားလုပ်တဲ့အတွက် ဘဏ္ဍာတိုက်တွေ လျော့ကုန်ပြီ။ ကြာရင်ခက်လိမ့်မယ်ဆိုပြီးတော့ အကြောင်း ကြားတော့ အက်္ကုရမင်းသားက တစ်ခါတည်း အလှူကို ရွှေ့သွားပြန်တယ်။
က္ကန္ဒိယဒက္ခိတာ အိန္ဒိယတောင်ပိုင်းမှာသွားပြီးတော့ လှူပြန်တယ်။ အဲဒလောက အလှူဒါနမှာ ရက်ရက်ရောရော ရှိတယ် လှူချင်တယ် တန်းချင်တယ်။ လှူဒါန်းလို့မဝ အားမရနိုင် ဖြစ်နေတယ်။ သူ့ရဲ့ဌာနမှာ တာဝန်ထမ်းနေတဲ့ ကုန္ဒကဆိုသူကပြောတယ်။ အရှင်မင်းသား တကယ်လို့ သိကြားမင်းကြီးက အရှင်မင်းသားကို ဆုပေးမယ်ဆိုရင် အရှင်မင်းသား ဘာဆုများ တောင်းမတုံး။ သိကြားမငီးကြီးကသာ ငါ့ကိုဆုပေးမယ်ဆိုရင်ထွယ် ငါမနကဲ အိပ်ရာကထလို့ နေထွက်တယ်ဆိုရင် နတ်သြဇာ နတ်အာဟာရတွေ ရလာပါစေ။ နတ်သြဇာတွေ ရလာတဲ့အခါ အလှူခံ သီလဝန္တ သီလရှိတဲ့ အလှူခတွေ လာအလှူခံကြပါ စေ။ အဲပြီးတော့ ငါဟာလှူရတဲ့အတွက်-
“ဒဒတော မေ နစီယေထ
ဒတ္ဗာနာနူ တပေယျဟံ
ဒဒ စိတ္တံ ပသာဒေယျ
ဧတံသက္က ဝရံ ဝရေ”
ဘယ်လောက်လှူလှူ ဘယ်လောက်ပေးပေး။ မကုန်နိုင်အောင်ဖြစ်ရ ပါလိုစါ လို့ ငါဆုတောင်းမှာ။ အဲ လှူပြီးတဲ့အခါလည်း အလှူကို အကြောင်း ပြုပြီးတော့ စိုးရိမ်မှု ပူပင်မှု မဖြစ်ရပါလိုစါ ဟု ဆုတောင်းမှာ။ လှူတုန်း လှူဆဲ လ္ဒူခိုက်မှာ စိတ်တွေကြည်ကြည်လင်လင် ဖြစ်ရပါလို၏ဟု သိကြား မင်းကြီးကသာ ဆုပေးရင်တော့ အခုပြောသလို ငါအဲဒီဆုတွေ တောင်းမှာပဲ ဆိုပြီးတော့ မိမိရဲ့ ဒါနမှာ ဘယ်လောက်ပျော်တယ်ဆိုတာဖော်ပြရင်း သူ့လူကို မိမိတောင်းမည့် ဆုတွေကို ပြောပြတယ်။
အဲ လ္ဒူချင်တဲ့ ပုဂ္ဂိုလ်တွေကတော့ လှူလို့မကုန်နိုင်အောင် ပစ္စည်းတွေ ပေါချင်တာပဲ။ ဒါဟာ လှူလို့အားမရတဲ့ ပုဂ္ဂိုလ်မို့လို့ ဘယ်လောက်လှူလှူ ပစ္စည်းတွေမကုန်ဘဲ ပေါများနေရပါလိုဇစါ ဆုတောင်းတာ။ လှူတယ်ဆို တာလည်း လှူပြီးနောက် နောင်တရတယ်ဆိုရင် ထိခိုက်တတ်တယ်။ အဲဒါကြောင့် ဒီဆုကို သူတောင်းလိုက်သေးတယ် 1။ ဘယ်လောက်ပဲ ငါ လှူရ လှူရ ငါလှူတာ မှားမိလေခြင်းဆိုတဲ့ နောင်တ တစ်ဖန် မှားတယ်ဆိုတဲ့ နောင်တမျိုး ဘယ်အခါမျှ မဖြစ်ရပါလို လို့ဆုတောင်းတယ်။ လှူတုန်းလည်း အင်မတန်နှစ်သက် ရွှင်လန်းဝမ်းမြောက်ရပါလိုဇဓါ လို့ ဆုတောင်းတယ်။
အဲသလို အလှူမှာ ဘယ်လောက်ရက်ရောတယ်။ သူတောင်းတဲ့ဆုတွေကလည်း ထူးခြားတဲ့ဆု တောင်းဆိုတာ ထင်ရှားတယ်။ ဒီတော့ အက်ုရမင်းသားဟာ အဲ့သလိုအများကြီး လှူခဲ့ပြီးတော့ ကွယ်လွန်တဲ့အခါကျတော့ တာဝတိံသာ နတ်ပြည်မှာ သွားပြီးတော့ အကင်ုရနတ်သားရယ်လို့ သွားဖြစ်တယ် အဲဒီမှာပဲ ရာဇဂြိုဟ်ပြည်မှာ အဲဒီလိုပဲ ကုန္ဒကဆိုတဲ့ လုလင်တစ်ယောက်လည်း ရှင်အနုရုဒ္ဓါ မထေရ်မြတ်ကို ဆွမ်းတစ်ဇွန်း လောင်းလှူဖူးတယ်။ အဲဒီ ဆွမ်းလောင်းတဲ့ အလှူကြောင့် သူလည်း တာဝတိံသာနတ်ပြည် ရောက်သွားတယ်။ အဲဒီ နတ်ပြည်ရောက်တော့ ထမင်းရည်ချောင်းစီး လှူတဲ့ အင်္ကရနတ်သားဟာ ဆွမ်းလေးတစ်ဇွန်းလောက် လှူဒါန်းခဲ့ရတဲ့ ကုန္ဒကနတ်သားကို မမှီဘူး အဘက်ဘက်က အင်မတန်ကွာခြားတယ်။ အဆင်းအားဖြင့်လည်း ကွာခြား တယ်။ အသံအားဖြင့်လည်း ကွာခြားတယ်။ အစစအရာရာ အဘက်ဘက်က ကွာခြားနေတယ်။ အက်ုရနတ်သားကို ကုန္ဒကနတ်သားက လွှမ်းမိုးပြီးတော့ သွားလိုက်တာ ဘယ်လိုမှ လိုက်မမိနိုင်ဘူး။
တာဝတိံသာနတ်ပြည်မှာ ဘုရားရှင်ကိုယ်တော်မြတ် အဘိဓမ္မတရား တော်ကို ဟောတော်မူတဲ့အခါကျတော့ အနားထိုင်ပြီးတော့ ဘုရားရှင်ကို ကြည်ညိုနေကြ။ တန်ခိုးကြီးနတ်သားတွေလာတယ်ဆိုရင် အက်ံရနတ်သားက နောက်ဆုတ် နောက်ဆုတ်သွားရတယ်။ ကုန္ဒကနတ်သားကတော့ ဘုရားနားက မခွာရဘူး။ အဲ လောကမှာ သာသနာခေတ် အလှူခံကောင်းကို အမှိရတယ် ဆိုတာဟာ ဘယ်လောက်ထူးခြားတယ်ဆိုတာ ပေါ်လွင်အောင်လို့ ဘုရားရှင် ကိုယ်တော်မြတ်က အက်ံရနတ်သားကို ပြောတယ်။ အဲ အက်ုရ။ သင်ဟာ အင်မတန် ရှည်လျားလှတဲ့ ကာလပတ်လုံး အလှူကြီးကိုပေးလှူခဲ့ရက်သားနဲ့ အခု ငါ့ဘုရားအနားက အတော်ဝေးအောင် ခွာသွားနေရတယ်။ ကုန္ဒကတော့ မခွာရဘူး။ ဒါဘာကြောင့်တုံးဆိုတာသိရဲ့လားဆိုတော့ မှန်ပါ တပည့်တော် ဟာ ကာလရှည်လျားစွာ အလှူကြီးလ္ဂူတာ မှန်ပါရဲ့ သို့သော်လည်းပဲ အဲဒီ အခါက တပည့်တော်လှူရတဲ့ ပုဂ္ဂိုလ်တွေဟာ သီလဝန္ကပုဂ္ဂိုလ်တွေမဟုတ်။ သာသနာတော်အတွင်းမှာမံဟုတ်တဲ့အကြောင်း၊ ကုန္ဒကနတ်သားကတော့ သာသနာတော်မှာ သီလဝန္က္တပုဂ္ဂိုလ်ကို အမှီရတော့ တစ်ဇွန်းတည်းပင် လှူသော်လည်း မိမိထက် အများကြီးသာတဲ့ အကြောင်းကို လျှောက်တယ်။
အဲ မြေမကောင်းရင် အပင် မဖြစ်ထွန်းတာလို။ အပင်ညံ့ဖျင်းတာလို အဲ မြေကောင်းမှ မြေသြဇာစစ်မှ အသီးအနှံကောင်းမွန်တယ်ဆိုတာ ပမာဏ ထားပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ထားခဲ့တယ်။ ဒါ ကြောင့်မို့လို့ ယနေ့ မိမိတို့လှူရတဲ့အလှူဟာဖြင့် မြေကောင်းမှာ လှူရတဲ့အလှူ၊ သာသနာ တော်မှာ သာသနာတည်းဟူသော မြေကောင်းမြေမွန်ကြီးမှာ မိမိတို့ လှူရ တန်းရ ပူဇော်ရတာဟာ တစ်ပန်းသာနေတယ်။ အဲ အလှူ အကျိုးကြီးခြင်း အကြောင်း အလှူမြတ်ခြင်းအကြောင်း ကောင်းမြတ်တဲ့ ပုညခေတ္တ - အဲဒီ ခေတ်ကြီးမှာ မိမိတို့ ယနေ့လှူဒါန်းရတယ်။
ယာဝတာ ခေတ္တာ ဝိဇ္ဇန္တိ။
သံဃာပိစ ဂဏာပိစ။
ဗုဒ္ဓခေတ္တ သမောနတ္ထိ။
သုခဒေါ သဗ္ဗ ပါဏိနံ
သံဃာပိစ၊ သံဃာအမျိုးမျိုးတို့သည်လည်းကောင်း၊ ဂဏာပိစ ဂိုဏ်းဆိုတဲ့ ဂိုဏ်းအမျိုးမျိုးတို့သည်လည်းကောင်းး'း ယာ၀တား အကြင်မျှ လောက်ကုန်သော၊ ခေတ္တာ။ ကောင်းမှုပြုရာ ခေတ်တို့သည်။ ဝိဇ္ဇန္တိ' ထင်ရှား ရှိနေကြပါကုန်စါ 1 သဗ္ဗ ပါဏိနံ၊ အလုံးစုံများစွာ သတ္တဝါတို့၏ 1 သုခဒေါ၊ ချမ်းသာ သုခကိုပေးတတ်သော၊ ဗုဒ္ဓခေတ္တ သမေား ဘုရားပွင့်ရာ ခေတ်အခါကြီးနှင့်တူသော ခေတ်တစ်မျိုးသည် နတ္ထိ မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာလျှင်တည်း။
အဲ ယနေ့ မိမိတို့ပြုရတဲ့ ကုသိုလ်ပြုရတဲ့ခေတ်က သာသနာခေတ်ကြီး။ အဲ ဘုရား ထင်ရှားရှိတဲ့ခေတ်' တရား ထင်ရှားရှိတဲ့ခေတ်၊ သံဃာ ထင်ရှား ရှိတဲ့ခေတ်၊ ဘုရား သာမန်မဟုတ် ဗုဒ္ဓသုဗုဒ္ဓ အလွန်ကောင်းမြတ်တဲ့ဘုရား ထင်ရှားရှိတဲ့ခေတ်။ ဓမ္မ သုဓမ္မ - အင်မတန်မွန်မြတ်တဲ့ တရားတော်တွေ ထင်ရှားရှိတဲ့ခေတ်၊ သံဃ သုသံဃ။ မွန်မြတ်တဲ့ သံဃာတော်တို့ ထင်ရှားရှိ နေတဲ့ ပုညခေတ်ကြီး အဲဒီပုညခေတ်ကြီးမှာ မိမိတို့နောက်နောက်ကလည်း ကုသိုလ်တွေ အများကြီးပြုခဲ့ရ ယနေ့လည်း ကုသိုလ်တွေ အများကြီးပြုခဲ့ရ။ မွေးနေ့အကြောင်းပြုပြီးတော့ ကုသိုလ်တွေဖြစ်ကြရ၊ ဒါတွေဟာ ခေတ်ကောင်း မှာ ပြုကြရတဲ့ ကုသိုလ်တွေမို့လို့ သာသနာ့ခေတ်ကြီး လှူရတာမို့လို့
အကျိုးပေးအားဖြင့်လည်း မိမိတို့မှာ ထူးထူးခြားခြား အကျိုးပေးလိမ့်မယ် ဆိုတာကတော့ အထူးယုံမှားစရာ မရှိဘူး အဲ ဗုဒ္ဓခေတ်ကြီး လှူရတာမို့လို့ မိမိတို့လှူုရတဲ့ အလှူဒါနဟာ အလွန်မွန်မြတ်ပါလားလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ပြီးတော့ အဲ မိမိတို့ပြုရတဲ့ ကုသိုလ်ကို ထပ်ခါထပ်ခါ အောက် မေ့ခြင်း၊ ဆင်ခြင်ခြင်း ပွားများခြင်းဖြင့် အဲ ကုသိုလ်တွေ တိုးသထက် တိုးအောင် စာဂါနုဿတိ အခါခါပွား ကုသိုလ်တွေများအောင် ကြိုးစားနိုင်ကြ ပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
သာသနာပြု ကောင်းမှုအတ္ထုပ္ပတ် တိုး၍တိုး၍ပြုနေ သေရမှာမကြောက် နေရမှာပျော်စရာ တရားတော်
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ မဟာထေရ်မိန့်ကြားတော်မူအပ်သော သမ္မောဒနီယ ဩဝါဒကထာ-
ယနေ့ကျင်းပသော ပူဇော်ပွဲကြီးသည် မင်္ဂလာတရားတော်နှင့်အညီ ပူဇော်အပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ် လှူဒါန်းသော ဂုဏပူဇာ မင်္ဂလာသဘင်ဆင်ယင်ကျင်းပသော ပွဲကြီးဖြစ်ပေ သည်။ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ပူဇနိယ၊ ပူဇေတဗ္ဗ၊ ပူဇာရဟအရ ဂူဇော်သင့်။ ပူဇော်အပ်။ ပူဇော် ထိုက်သော ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား အပရိဟာနိယ တရားတော်နှင့်အညီ ရှေးအစဉ်အလာမပျက်ရေးကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း ပူဇော် ခြင်း ဖြစ်ပါပေ၏။ ထို့ကြောင့် ဤပူဇော်ပွဲကြီးသည် တရားတော်မြတ်ကို အလေးအမြတ်ပြုပြီး ပြုလုပ်ပူဇော်သော ဂုဏပူဇာ မင်္ဂလာပွဲကြီး ဖြစ်ပေ သည်။
မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့က ဦးဆောင်ရွှ ပြည်သူပြည်သား ဥပါသကာ ဥပါသိကာမများက ဆရာတော် သံဃာတော်များအား သောင်းသောင်းဖြဖြ ပါ ဝင်ပူဇော်ကြခြင်းသည် မိမိတို့တာဝန်ကို ကျေပ္ပန်စွာဆောင်ရွက်ခြင်းဖြစ်ရ လူသာဓုခေါ် နတ်သာဓု ခေါ်နိုင်သော ကောင်းမှုကြီးဖြစ်ပေသည်။ ထိုကောင်းမူရှင်များအား အကျိုး
များစေရန် သံဃာတော်များနှင့် သာသနာပြု ဆရာတော်သံဃာတော်များ ကလည်း ကတညုတ ကတဝေဒီ မင်္ဂလာတရားတော်အရ ကျေးဇူးပြန်ဆပ်ရန် ဗုဒ္ဓဝံသ အဋ္ဌကထာခ် ဤသို့လာရှိတော်မူလေသည်။ .
ဂိဟီနမူပကရောန္တာနံ၊
နိစ္စံ အာမိသဒါနတော။
ကရောထ ဓမ္မဒါနေန။
တေသံ ပစ္စုပကာရကံ။
နိစ္စံ=အမြဲမပြတ်/။ အာမိသဒါနတော=ပစ္စည်းလေးဖြာ။ အာမိသပူဇာ အလှဖြင့်၊ ဥပကရောန္တာနံ=လှူဒါန်းသမှု ကျေးဇူးပြုကြကုန်သေား တေသံ ဂိဟီနံ=ထိုလူပုဂ္ဂိုလ် ဥပါသကာ ဥပါသိကာမတို့အား၊ ဓမ္မဒါဇေန=တရား အလှူတော်ဖြင့်၊ ပစ္စုပကာရကံ=ကျေးဇူးတုံ့ပြန်မှုကို၊ ကရောထ=အလှူခံ ပုဂ္ဂိုလ်တို့က ပြုကြကုန်လော့။
ဤဒေသနာတော်အရ “ပစ္စည်းလေးဖြာ အာမိသပူဇာဖြင့် လှူဒါန်း သမှု ကျေးဇူးပြုကြကုန်သော လူပုဂ္ဂိုလ် ဥပါသကာ ဥပါသိကာမတို့အား တရားတော်အလှူဒါန ပေးဝေငှခြင်းဖြင့် ကျေးဇူးပြုကြကုန်လော့”ဟု သာသနာပြု အရှင်မြတ်တို့အား မိနဲ့ကြားတော်မူသော ဘုရား၏ အမိန့်တော် နှင့်အညီ နိုင်ငံတော်အစိုးရနှင့် ပြည်သူပြည်သား ဥပါသကာ ဥပါသိကာမ အပေါင်းက ပစ္စည်းအဖြာဖြာ အာမိသပူဇာဖြင့် ပူဇော်ကြ မိမိတို့ကလည်း အလှူရှင် ပုဂ္ဂိုလ်အပေါင်းတို့အား တရားဓမ္မဩဝါဒ အလှတော်ဖြင့် ကျေးဇူးပြုရမည် ဖြစ်ပေတော့သည်။
ယခုအခါ ကုသိုလ်တရား ပွားထုံထားအပ်သော နိုင်ငံတော်အစိုးရနှင့် ပြည်သူပြည်သား ဥပါသကာ ဥပါသိကာမများ၏ စိတ်ဓာတ်အစဉ်သည် အထက်အထက်သို့ ရောက်ရှိနေမည်ဖြစ်ကြောင်းကို ပိဋကတ်တော်နှင့်အညီ ဖော်ပြလတ္တံ့ပါ “ရစနာဂါထာ။ အရ သိရှိနိုင်ပေသည်။
သဒ္ဓါ သီလ သုတ စာဂ။
ပညာဟိ-စိရဘာဝိတံ။
ဟေဿတိ ခေါ စိတ္တံ တုမှံ
ဥဒ္ဓဂါမိ ဝိသေသဂူ။
သဒ္ဓါ သီလ သုတ စာဂ ပညာဟိ= သဒ္ဓါ သီလ သုတ စာဂ ပညာ တရားတို့ဖြင့်။ စိရဘာဝိတံ=နေ့ညရှည်စွာ အခါခါ အထပ်ထပ် ပွားထားအပ် သော၊ တုမှံ<သာသနာပြုကောင်းမှု အထပ်ထပ်ပြုအပ်သော သင်ဥပါသကာ ဥပါသိကာမတို့၏ / စိတ္တံ=ဖြစ်ပေါ်လျက်နေသော စိတ်ဓာတ်အစဉ်သည်။ ဥဒ္ဓ ဂါ မိ=အထက်အထက်သို့သော တက်လျက်တက်လျက်နေသည်။ ဝိသေသဂူ = ထူးခြားသော အခြေအနေသို့ရောက်လျက် ရောက်လျက်နေသည်။ ဟေဿ တိ ခေါ=ဖြစ်လိမ့်မည်ဟု သေချာလွန်ကဲ မှန်စွာမလွဲပါ တကား။
ဤသို့ သာသနာပြုကောင်းမှု အထွေထွေကို ရှေးရှေးနှစ်တွေကလည်း အထပ်ထပ်ပြုခဲ့ကြ ယခုနှစ်မှာလည်း ခြိမ့်ခြိမ့်သဲသဲ တစ်ခဲနက် ဆင်နွှဲကျင်းပ ပြုလုပ်ကြသောကြောင့် သဒ္ဓါ။ သီလ၊ သုတ၊ စာဂ၊ ပညာတရားငါးပါးတို့ဖြင့် ထပ်တလဲလဲ ထုံထားပွားထားအပ်သော ဥပါသကာ ဥပါသိကာမများ၏ စိတ်ဓာတ်အစဉ်သည် အထက်အထက်သို့သာ တက်သွားလိမ့်မည်၊ ထူးခြား သော အခြေအနေသို့သာ ရောက်ရှိသွားမည်သာဖြစ်ပေသည်။
သဒ္ဓါ။ သီလစသော ကုသိုလ်တရားပွားထုံထားမှုနှင့်ပတ်သက်ရွှ မဟာဝဂ္ဂသံယုတ်။ မဟာနာမသုတ်တော်၌၊ မဟာနာမ် သာကီဝင်မင်း၏ လျှောက်ထားချက်နှင့် ဘုရားရှင် ဖြေကြားတော်မူချက် (၂)မျိုးတို့၏ ဆိုလိုရင်းကို အကျဉ်းချုပ်ရွ ဖော်ပြလိုသည်မှာ. "”'
မဟာနာမ်သာဂီ၀င်မင်းက ဘုရားရှင်အား လျှောက်ထားသည်မှာ “တပည့်တော်သည် ဘုရားရှင်နှင့် မိမိကြည်ညိုသော အရှင်မြတ်များကို ဖူးမြော်ပြီးလျှင် ညနေချမ်းအခါ ကပ္ပိလဝတ်နေပြည်တော်သို့ ဝင်ရောက်သော အခါတွင် ပြေးသွားလှုပ်ရားနေသော ဆင်။ မြင်း' ရထား။ လူသူများနှင့် ဆုံတွေ့ရသောအခါ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မေ့သွား ပါ ကြောင်း။ ထိုအချိန်အခါ မျိုးခ် ငါများသေသွားလျှင် အဘယ်ဂတိ ဘဝများသို့ လားရောက်ရပါလိမ့်” ဟု စိတ်ထဲဖြစ်မိပါကြောင်း လျှောက်ထားတော်မူ၏။
ထိုအခါ ဘုရားရှင်က “မဟာနာမ် မကြောက်လင့်၊ မဟာနာမ် မကြောက်လင့်၊ သင့်အား မကောင်းသော သေခြင်း ဖြစ်ပေလိမ့်မည်မဟုတ်။ သဒ္ဓါ၊ သီလ သုတ၊ စာဂပညာ တရားတို့ဖြင့် ထုံထားအပ်သော စိတ်ဓာတ် အစဉ်ရှိသည့် ပုဂ္ဂိုလ်မှာ သူ့ ခန္ဓာကိုယ်က ခွေး၊ မြေခွေး။ ကျီး၊ လင်းတတို၏
အစားကို ခံရမည်ဖြစ်သော်လည်း ထိုသဒ္ဓါသီလစသော တရားတို့ဖြင့် ထုံထားအပ်သော သူ၏ စိတ်ဓာတ်အစဉ်ကမူ အထက်အထက် အဆင့်ဆင့် မြင့်တက်သွားမည် ဖြစ်ကြောင်း ဥပမာအားဖြင့် ထောပတ်ဆီအိုးကို နက်လှ စွာသော ရေထဲသို့ ဆင်းပြီးခွဲလိုက်လျှင် အိုးကွဲတွေက ရေအောက်သို့ ကျ သွားပြီး ထောပတ်ဆီတွေက အထက်ထက်သို့ တက်သွားကြောင်း။ ထူးခြားသော အခြေအနေသို့သာ ဆိုက်ရောက်သွားမည်ဖြစ်ကြောင်း' အသင် မဟာနာမ်မှာ ကာလကြာမြင့်စွာ သဒ္ဓသီလစသော (၅)ပါးတို့ဖြင့် ထုံထားအပ်သောစိတ် ရှိသည်ဖြစ်ရှ မကောင်းသော သေခြင်းဖြင့် သေလိမ့်မည်မဟုတ်ကြောင်း”ဟု အားပေးမိန့်ကြား ဖြေကြားတော်မူလေသည်။
ဤသို့လျှင် သာသနာပြုကောင်းမှု အထွေထွေကို နေ့ညဉ့်မပြတ် အထပ်ထပ်အခါခါ တိုးဤ တိုးဤ ပြုနေကြသော မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်ငြိမ်၀ပ်ပိပြားမူတည်ဆောက်ရေးအဖွဲ့နှင့် ပြည်သူပြည်သား ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့သည် “သေရမှာလည်း မကြောက်ရ။ နေရမှာလည်း ပျော်စရာပါတကား”ဟု အားရရွှင်လန်းဝမ်းမြောက်နိုင်ကြပါစေ ကုန်သတည်း။ 1
(သာဓု သာဓု သာဓု)
ဘုရားရှင်ထံ တပည့်ခံ တရားတော်
ဘုန်းကြီးတို့ သာသနာမှာ ဥပါလိသူကြွယ်ဆိုတာရှိတယ်။ နိဂဏ္ဌနာဋ ပုတ္တဆိုတဲ့ တိတ္ထိဆရာကြီးရဲ့ ဒကာရင်းကြီးပေ လေ နာလန္ဒမြို့မှာ ဘုရားရှင် ကိုယ်တော်မြတ်ထံ ဝါဒပြိုင်မယ်လို့သွားတာ နောက်ဆုံးကြတော့ ရှုံးရတာပဲ။
တစ်ခါတုန်းက နိဂဏ္ဍနာဋပုတ္တရဲ့ တပည့် ဒီဃတပဿီဆိုတဲ့ ပရဗိုဇ် ကြီးက ဘုရားရှင်ကိုယ်တော်မြတ်ထံသွားတယ်။ သူက တစ်ခါတစ်ခါ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားလေ့ရှိတယ်။ ဒီတော့ ဘုရားရှင်ကိုယ်တော် မြတ်က မေးတယ်။ နိဂဏ္ဍနာဋပုတ္တဟာ မကောင်းမှုပြုဖို့ရာ ကံဘယ်နှစ်ပါး ပညတ်တုံး ဆိုတော့ အရှင်ဂေါတမ ကျွန်ုပ်တို့ဆရာ နိဂဏ္ဍဆရာကြီးဟာ ကံလို့ မသုးဘူး။ ကံလို့ သုံးလေ့မရှိဘူး။ ဒဏ်လို့ သုံးလေ့ရှိတယ်ဆိုတော့ အေး ဒါဖြင့် ဒဏ်ဘယ်နှစ်ပါး ပညတ်တုံးဆိုတော့ သုံးပါးပညတ်တယ်။ ကာယဒဏ်။ ဝစီဒဏ်။ မနောဒဏ်လို့ သုံးပါးပညတ်တယ်လို့ဆိုတယ်။ လျှောက်ထားတယ်။ ကောင်းပြီ။ အဲဒီသုံးပါးဟာ အချင်းချင်းတူသလား။ ထူးသလားဆိုတော့ မတူပါဘူးဘုရား၊ ထူးပါတယ်။ အချင်းချင်းသီးခြားစီပါ အဲဒီ သုံးပါးတို့တွင် ဘယ်ဒဏ်ဟာ အပြစ်အကြီးဆုံးလို့ နိဂဏ္ဌနာဋပုတ္တက ပညတ်တုံးဆိုတော့ ကာယဒဏ်ကို အပြစ်အကြီးဆုံးလို့ ပညတ်ပါ တယ်ဘုရား။ အဲ ကာယဒဏ် အပြစ်အကြီးဆုံးလို့ ပညတ်တယ်နော်လို့ သုံးကြိမ်ထပ်မေးတယ်။ သုံးကြိမ် ထပ်ပြီးတော့ အတည်ပြုအောင်မေးတယ်။ ဘာပြုလို့တုံးဆိုတော့ သူတို့ တိတ္ထိတွေက တစ်ခါတစ်ခါပြောပြီးတော့ မပြောဘူးလုပ်ချင်လုပ်တတ်လို့။ နောက်တစ်ခါ ဒီဃတပဿီက ဘုရားရှင်ကိုယ်တော်မြတ်ကို ပြန်ပြီး လျှောက် ထားပြန်တယ်။
အရှင်ဂေါတမရော ဘယ်နှစ်ပါးပညတ်တုံးလို့ဆိုတော့ အေး ဒဏ်ဆိုတဲ့ အသုံး မသုံးဘူး။ ကံဆိုတဲ့ အသုံးသုံးတယ်။ ဒါဖြင့် ကံဘယ်နှစ်ပါ။ ပညတ် တုံးဆိုတော့ သုံးပါးပညတ်တယ်။ ကာယကံ ဝစီကံ။ မနောကံလို့ ဒီကံသုံးပါး ဟာ တခြာစီ တစ်မျိုးစီပေါ့ဆိုတော့ အေးတစ်မျိုးစီပဲ။ ဒါဖြင့် ဒီကံသုံးပါ
တို့တွင် ဘယ်ကံဟာ အပြစ်အကြီးဆုံးလဲလို့ မေးတဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က မနောကံဟာ အပြစ်အကြီးဆုံးလို့ မိန့်တော်မှုတယ်။ သူကလည်း သုံးခါမေးပြီး အတည်ပြုချက်ယူသွားတယ်။ ယူပြီးတော့ သူ့ဆရာ ဆီသွား။ အဲဒီအခါမှာလည်း သူဆရာကလည်း မြို့မျက်နှာဖုံး။ သူတို့ရဲ့တပည့် ဥပါလိ အမှူးရှိတဲ့ ဥပါလိအရပ်သူ အရပ်သား ဒကာတွေခြံရံ ပြီးတော့နေတုန်းး ဒီဃတပဿီက ရောက်သွားတယ် နိဂဏ္ဍနာဋပုတ္တ ဆရာကြီးက ဒီဃတပဿီ နေ့လယ်ကြီး ဘယ်ကပြန်လာတုံးဆိုတော့ အရှင် ဂေါတမထံက ပြန်လာတယ်လို့ သူ့ဆရာကို လျှောက်ထားတယ်။
အေး-ရှင်တော်ဂေါတမနဲ့ တစ်စုံတစ်ခုပြောခဲ့ရသလားဆိုတော့ မြတ်စွာ ဘုရားနဲ့ သူနဲ့ ပြောဆိုခဲ့ရတဲ့စကားကို ပြန်ပြီးတော့ ပြောပြတဲ့အခါကျတော့ နိဂဏ္ဌနာဋပုတ္တက သူ့ကိုချီးမွမ်းတယ်။ အေး တပည့်ကောင်းဆိုတာ ဒီလိုမှ ပေါ့ 1 တကယ်ဆိုတော့ မနောကံလေးက ကာယကံလောက် ဘယ်အပြစ်ကြီး မတုံး။ ကာယကံကသာ အပြစ်ကြီးတာပေါ့။ အဲဒီပရိသတ်ထဲမှာ ခုနပြောတဲ့ ဥပါလိကသူကြွယ်က ဟာဟုတ်တာပေါ့ဘုရား၊ အရှင်ဒီဃယတပဿီ ပြောတာ ဟုတ်တာပေါ့။ တပည့်ကောင်း ပီသပါပေတယ်။ ဘယ်မှာသွားပြီးတော့ မနောကက အပြစ်ကြီးမတုံး။ မနောကံက အသေးအဖွဲ ကာယကံသာ အပြစ်ကြီးမှာပေါ့လို့ အဲဒီလိုပြောတယ်။ ပြောပြီးတော့ ဘုရားထံသွားပြီး ၀ဝါဒတင် မယ်လို့ ခွင့်တောင်းတယ်။
ဒီတော့ နိဂဏ္ဌနာဋပုတ္တက ခွင့်ပြုတယ် အေး-သွားကွ။ သွားပြီး မင်းဝါဒတင်ချေဆိုတော့ ခုန ဒီဃတပဿီက သဘောမတူဘူး။ အဲဒီ နိဂဏ္ဍ နာဋပုတ္တဆိုတာက တိတ္ထိဆရာကြီး၊ တိတ္ထိဆရာကြီးဆိုတာတွေက ဘုရားကို ဒီဘဝမှာတွေ့ဖို့ သူတို့မှာ အခွင့်မရှိတော့ဘူး။ ဘယ်နည်းနှင့်မျှ မတွေ့နိုင် တော့ဘူး။ သူတို့က သူတို့အယူတွေက တကယ့်ကို ဟို-ခေါင်ခိုက်နေပြီ
ဒီဃတပဿီကတော့ ဘုရားထံ မကြာမကြာရောက်ရောက်နေတော့ ဘုရားအကြောင်း ကောင်းကောင်းသိတယ်။ ဒီတော့ ဥပါလိသွားပြီးတော့ ဝါဒတင်မယ်ဆိုရင် ဥပါလိဟာ ဘုရားတပည့်ဖြစ်သွားလိမ့်မယ်လို့ စိုးရိမ်တယ်။ စိုးရိမ်တော့ နိဂဏ္ဌနာဋပုတ္တဆရာကြီးကို “ဆရာကြီး၊ ဥပါလိ ရှင်ဂေါတမထံ သွားမှာကို တပည့်တော် မကြိုက်ဘူး။ ဘာကြောင့်တုံးဆိုရင် ရှင်ဂေါတမဟာ
မာယာများတယ်။ လှည့်ပတ်တတ်တယ်။ အာ၀င္အနမာယာဆိုတာ လှည့်ပတ် တတ်တယ် လှည့်စားတတ်တဲ့ မာယာရှိတယ်။ အဲဒီမာယာဖြင့် သူများတပည့် တွေကို လှည့်စားပြီးတော့ သိမ်းသွင်းထားတာတွေ အများကြီးလို့ဆိုတယ်”။
“အို-ကိစ္စမရှိပါဘူးး တကယ်ဆိုရင် ရှင်ဂေါတမကသာ ဥပါလိတပည့် ခံမှာပါ။ ဥပါ လီက ရှင်ဂေါတမတပည့် ခံမှာမဟုတ်ဘူး” ဆိုပြီးတော့ သူ့ တပည့်ကို အထင်ကြီးတယ်။ သုံးကြိမ်တိုင်အောင် ပြောပေမည့် မရဘူး။ ဒါနဲ့ လက်လျှော့လိုက်ရတယ်။ “
ဥပါလိက ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက်သွားတဲ့အခါကျတော့ ဒီဃတပဿီဟာ မြတ်စွာဘုရားထံ ရောက်ပါ သလားဆိုတော့ အေး-ရောက် တယ် တစ်စုံတစ်ခု အချင်းချင်း စကားပြောကြပါသလားဆိုတော့ မြတ်စွာ ဘုရားက ဒီဃတပဿီနဲ့ မိမိပြောကြဆိုကြတဲ့ စကားတွေကို ပြန်ပြောပြတော့ “ဟာ-အရှင်ဘုရား၊ ဒီဃတပဿီဟာ တပည့်ကောင်းပီသပါတယ်။ ဘယ်မှာ သွားပြီး ဒီမနောကံက အပြစ်ကြီးမတုံး။ ကာယကကသာ အပြစ်ကြီးမှာပေါ့ ( လို့ဆိုတော့-
ဘုရားရှင်ကိုယ်တော်မြတ်က “ဥပါလိ။ အမှန်တရားမှာ တည်ပြီးတော့ ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးနိုင်တယ်”လို့ပြောတယ်4 အမှန်တရားမှာတည်ပြီး ဆိုတာက ဘာဖြစ်ဖြစ် ငါ့ဟာမှ အဟုတ်ဆိုပြီး တစ်ဖက်သတ်စွဲထားတဲ့ ပုဂ္ဂိုလ်တွေး တစ်ယူသန်တွေဆိုရင် ပြောရခက်လို့ အမှန်တရားကို ပဓာနထားပြီး အမှန်တရားဦ်တည်ပြီး ဆွေးနွေးလိုရာ ဒီနေရာမှာ ဆွေးနွေးကြပါစို့ဆိုတော့ “တပည့်တော် အမှန်တရားမှာပဲတည်ပြီး ဆွေးနွေးပါ့မယ်ဘုရားလို့” လျှောက် ထားတယ်
ကောင်းပြီ နိဂဏ္ဍဆိုတာ တိတ္ထိတစ်မျိုးပဲ။ နိဂဏ္ဍနာဋပုတ္တဆိုတာဟာ ဘုန်းကြီးတို့ ဟိုတစ်ခါက အင်မတန်ထင်ရှားတဲ့ တိတ္ထိဆရာကြီး ခြောက် ယောက်မှာ တစ်ယောက်အပါ၀င်။ ခုထက်ထိတောင် ရှိသေးတယ်။ ဘုန်းကြီး တို့ ဂ်ျန်းဘာသာဆိုတာ ဂျိန်းဘာသာတို့ရဲ့ ပဓာန ရှေ့သွားဆရာကြီးပေါ့လေ။ အဲဒီတော့ သူတို့က ရေအေးမှာ အသက်ရှိတယ်လို့ အယူရှိတယ်။ ဒါကြောင့် ရေကိုကျိုချက်ပြီးမှ သောက်တယ်။ ဘုရားရှင်ကိုယ်တော်မြတ်က နိဂဏ္ဍ တစ်ယောက်ဟာ အပြင်းအထန် မကျန်းမာနေဘူးး သူက ရေအေးကို
ပယ်ရှားပြီးတော့ ရေနွေးသာသောက်နေတယ်။ အမှန်က သူ့ရောဂါက သည်းခြေနာဖြစ်လို့ ရေအေးသာတည့်တာ။ ရေနွေးမတည့်ဘူး) သို့သော် တိတ္ထိတွေရဲ့ အယူကတော့ ရေအေးဟာ အသက်ရှိတယ်လို့ ယူဆတော့ မသောက်ဘူး။ ရေနွေးသာ သောက်နေတော့ ရောဂါဟာ ပြင်းထန်ပြီးတော့ နောက်ဆုံးသေသွားတယ်။ သေသွားတော့ အဲဒီပုဂ္ဂိုလ်ရဲ့ အဲဒီန်ဂဏ္ဍရဲ့ စျ) (င။ . လားရာဂတိကို ဘယ်လို သတ်မှတ်တုံးဆိုတော့- ဇျြူ့ီ (။ (။ င။ (။ (။ (။။ (။
မနောသတ္တဆိုတဲ့ နတ်တွေရှိတယ်။ အဲဒီနတ်အဖြစ်ရောက်သွားပါတယ် (။ (။။ (။။ ညိ န (။ မျ လို့ သတ်မှတ်ပါတယ်ဆိုတော့ ဥပါလိ စဉ်းစား။ စဉ်းစား။ သင့်ရဲ့ ရှေ့စကား ဟာ နောက်စကားနဲ့မညီပါလား။ ရှေ့တုံးက ကာယဒဏ်က အပြစ်ကြီးတယ် ဆိုတယ်။ အခု စောင့်စည်းတဲ့ ကာယကံက အကျိုးမပေးဘူး။ မစောင့်စည်း (။ (။ နိ (။ ဒီစ ပ။. + {ဋ. ရျ (။
တဲ့စိတ်' ရေအေးကိုသောက်လိုတဲ့စိတ်။ အဲဒီစိတ် စောင့်စည်းမှုပျက်သွားတယ်။ ပျက်သွားတော့ အဲဒီပျက်သွားတဲ့စိတ်က အကျိုးပေးတယ်။ မနောသတ္တဆိုတဲ့ (၅ {4 (မ (။ (။ မျ) (၂ စိတ်စွဲလမ်းတဲ့ နတ်တွေသွားပြီး ဖြစ်တယ်ဆိုတော့ စိတ်ကသွားပြီးတော့ အကျိုးပေးနေတာထင်ရှားတယ်။ အခု စိတ်က စွဲလမ်းလို့ စောင့်စည်းတဲ့ ကာယကံက အကျိုးမပေးဘဲနဲ့ ပျက်နေတဲ့ မနောကံက အကျိုးပေးနေတယ်။ ဒီတော့ သင့်စကားဟာ ရှေ့စကားနဲ့နောက်စကား မညီတော့ဘူးလို့ဆိုတော့ ဥပါလိကလည်း တွေးမိတယ်။ သြော် လောကမှာ အချို့ (ဂု)ရက်လောက် (။ ( (. {၉ (။ (။
မိန်းမောပြီး မေ့မြောနေကြတယ်။ ထွက်သက်ဝင်သက်တောင် မရူတော့ဘူး။ (. (။. (။ (. (။။ (။ (။။
သို့သော် စိတ်ရှိသေးတော့ အသက်ရှင်သေးတာပဲ) စိတ်မရှိတဲ့အခါကျတော့ အဲဒီလူ သေတာပဲ။ ဒါကြောင့် စိတ်ပဓာနဆိုတာ ဖြစ်နိုင်တယ်ဆိုပြီးတော့ သူက တွေးမိတယ်။
ပ ( (ဤ။ (။ (။ (6) (. တွေးမိတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားစကားကို အတော် သဘောကျသွားတယ် ကျေနပ်သွားတယ် ကျေနပ်သွားပေမည့် ဆန်းကြယ် တဲ့ တရားစကားတွေ ဆက်ကြားနာချင်သေးတာနဲ့ “မြတ်စွာဘုရား၊ ဘယ် လိုပြောပြေား တပည့်တော်ကတော့ ကာယဒဏ်သာ အပြစ်ကြီးတယ်လို့ ယူဆတယ်” “ကောင်းပြီ နိဂဏ္ဌနာဋပုတ္တ။ နိဂဏ္ဍ္ဌတွေ ည လမ်းလျှောက် ကြတော့ ပိုးကောင်လေးတွေး ဘာလေးတွေ နင်းမိ ပြုမိလို့ ပိုးကောင်လေး တွေသေကြတယ်။ နိဂဏ္ဍနာဋဠပုတ္တက ဘယ်လိုပညတ်တုံးဆိုတော့ “ဒါဟာ
စေတနာမရှိလို့ အပြစ်မကြီးဘူးလို့ ဆိုပါတယ်” “ကောင်းပြီး ဒါဖြင့် စေတနာကို ဘယ်ထဲထည့်တုံးဆိုတော့ စေတနာကို စိတ်ထဲမှာထည့်ပါတယ်”1 “ ကဲ-ဥပါလိ။ စဉ်းစား။ စဉ်းစား။ ဘယ့်နှယ်တုံး ရှေ့စကားနှင့် နောက်စကား မညီပါလားး' ကာယဒဏ် အပြစ်ကြီးတယ်ဆိုပြီး အခုတော့စိတ်က အပြစ် ကြီးနေပါလားဆိုတဲ့အနေနဲ့စဉ်းစား၊ ရှေ့စကားနဲ့ နောက်စကားမညီဘူး ဆိုတော့ မလျှော့သေးဘူး။ သူက ရှေ့တစ်ဆင့်တက်ပြီး လျှောက်ပြန်တယ်။
“ရှင်တော်မြတ်ဘုရား ဘယ်လိုပြောပေမည့် တပည့်တော်က ကာယ ဒဏ်သာ အပြစ်ကြီးတယ်လို့ ယူဆပါတယ်ဘုရား”လို့ လျှောက်ပြန်တယ်။ လျှောက်တဲ့အခါကျတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က “ကောင်းပြီ အခု နာလန္ဒမြို့ကြီးဟာ အင်မတန်စည်ကားတယ်' လူတွေ။ ဆင်တွေ။ မြင်းတွေ။ သတ္တဝါတွေနဲ့ပေါ့။ အဲဒီ စည်ကားတဲ့မြို့ကြီးကို လူတစ်ယောက်ဟာ သန်လျက် ကိုင်ပြီးတော့ ဒီနာလန္ဒာတစ်မြို့လုံးကို ငါဟာ အကုန်လုံးသတ်ပြီးတော့ တစ်ခါတည်း စင်းပြီးတော့ တစ်ပြင်လုံး အသားပုံကြီးတွေဖြစ်အောင်လုပ်မယ် လို့ လာမယ်ဆိုရင် ဒါဖြစ်နိုင်မလားဆိုတော့ “အရှင်ဘုရား' လူဆယ်ယောက်။ လူနှစ်ဆယ်။ လူသုံးဆယ်၊ လူလေးဆယ်။ လူငါးဆယ်တောင် မဖြစ်နိုင်ပါဘူး ဘုရား၊ တစ်ယောက်တည်းဆိုရင် ဘာပြောစရာရှိမတုံး။ ဘယ်ဖြစ်နိုင်မတုံး” “ကောင်းပြီး တန်ခိုးရှိတဲ့ စိတ်အရာမှာ ဝသီဘော်နိုင်နင်းတဲ့ သမဏဗြာဟ္မဏ တစ်ဦးဦးလာမယ်ဆိုရင် အဲဒီစိတ်နိုင်နင်းတဲ့ စိတ်တန်ခိုးကြီးမားတဲ့ သမဏ ဗြာဟ္မဏတစ်ဦးဦးဟာ လာပြီးတော့ ဒီနာလန္ဒာမြို့ကြီးကို ပြာဖြစ်အောင် လုပ်လိုက်မယ်ဆိုရင် သူ့စိတတန်ခိုးနဲ့ လုပ်လိုက်မယ်ဆိုရင် ဘယ့်နှယ်တုံး" “မြတ်စွာဘုရား၊ နာလန္ဒာတစ်မြို့မပြောနဲ့ နာလန္ဒာနှစ်ဆယ်။ နာလန္ဒာသုံးဆယ်။ လေးဆယ်။ ငါးဆယ် အကုန်လုံး ပြာဖြစ်နိုင်ပါတယ်ဘုရား” “ဥပါလိ စဉ်းစား။ စဉ်းစား' ဥပါလိ။ သင့်စကားဟာ ရှေ့စကားနဲ့နောက်စကား မညီ ညွတ်တော့ဘူး” ဒါလည်း မလျှော့သေးဘူး။ သူက သူ့အယူ မစွန့်သေးဘူး။
ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ပြန်တယ်။ တပည့်တော် ဒါပေမဲ့ ရှင်တော်မြတ်ဘုရား ဒီလိုပြောပေမည့် ကာယဒဏ်ပဲ အပြစ်ကြီးပါတယ် ဘုရားလို့ဆိုတော့ “အဲ- ရှေးတုန်းက ကလိင်္ကတိုင်းတို့ မဇ္ဇတိုင်း မာဒင်္ဂတိုင်းတို့ိုင်းကြီးတွေ တောဖြစ်သွားတယ်ဆိုတာ ကြားဖူးသလား” “ကြားဖူးပါတယ်
အရှင်ဘုရား” “ဒါလောကမှာ အထင်အရားပဲ။ အဲဒီတိုင်းကြီးတွေ ကလိဂ် တိုင်းတို့ မဇ္ဇတိုင်းတို့ မာဒင်္ဂဆိုတဲ့ တိုင်းကြီးတွေ တောဖြစ်သွားတာ ဘာ ကြောင့်တုံးဆိုတော့ “ရသေ့တွေ စိတ်ဆိုးလို့ဖြစ်သွားတာပါ ”ရသေ့တွေကို ပစ်မှားကြလို့ ရသေ့တွေရဲ့ စိတ်တန်ခိုးကြောင့် အားလုံးသတ္တဝါတွေ သေကျေ ပြီးတော့ ဟိုမှာ တောကြီးတွေဖြစ်သွားတာပါ။ လူတွေတိတ်ဆိတ်တဲ့ တောကြီး တွေဖြစ်သွားတယ်။ အဲ အမှန်ကတော့ သူတို့ အကုသိုလ်ကြောင့်ဖြစ်တာပါပဲ။ သို့သော် ရသေ့တွေစိတ်ဆိုးလို့ လို့လောကကအထင်ရှိကြတယ်။ စိတ်တန်ခိုး။ စိတ်ဟာတန်ခိုးကြီးတယ်ဆိုတာ ပြောချင်တော့ လူတွေရဲ့ အယူအဆ အရပဲ လိုက်ပြီး ဘုရားရှင်က မိန့်တော်မူလိုက်တယ်။ “အဲ ရသေ့တွေစိတ်ဆိုးလို့ တိုင်းပြည်ကြီးတွေ ပျက်စီးသွားတယ်ဆိုတော့ အဲ ဥပါလိ၊ ရှေ့စကားနဲ့ နောက်စကားမညီတော့ဘူး' ဘယ်မလဲ ကာယဒဏ်က အပြစ်ကြီးတယ်ဆိုတာ” အဲဒီအခါကျမှ ဥပါလိက “ရှင်တော်မြတ်ဘုရားး တကယ်တော့ ဘုရားတပည့်တော်ဟာ ပထမဆုံးပေးတဲ့ ဥပမာစကားလေးနဲ့ပဲ ကျေနပ်သွား ပါတယ်။ သို့သော်လည်းပဲ ရှင်တော်မြတ်ဘုရားရဲ့ ဆန်းကြယ်တဲ့ တရား စကားတွေ တပည့်တော်ကြားနာချင်လို့ ထပ်ထပ်ပြီး ပြောနေတာပါဘုရား” ဥပါလိဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်ကို ချီးကျူးစကား လျှောက်ထားပြီးတော့ ဥပါသကာအဖြစ် ခံယူတယ်။ သရဏဂုံခံယူတယ်။ နောက် ဘုရားရှင်ကိုယ်တော်မြတ် တရားဟောတော့ သောတာပန်ဖြစ်သွား တယ် နောက်ကျတော့ တိတ္ထီတွေပယ်ပြီးတော့ ဘုရားကို ကိုးကွယ်တယ်။ ဒီသုတ္တန်ကြီးကတော့ အရှည်ကြီးပဲ။ ဘုန်းကြီးက ဘုရားရှင်ကိုယ်တော်မြတ်ကို ပြိုင်လို့မရဘူးဆိုတာကို သိစေချင်လို့ အကျဉ်းချုပ်ပြီးတော့ အကျဉ်းချုပ် ကလေး ပြောလိုက်ရတာ ရှေ့အများကြီးရှိသေးတယ်။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ် အလိုကျအောင် စက္ခု သောတ ဃာန ဇိဝှာ ကာယ မနဆိုတဲ့ တရားတွေအပေါ်မှာ အမှန်မြင်ကြပြီးတော့ ထိုတရားတော်ကို အကြောင်းပြုပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်အထိ ကောင်းမြတ်တဲ့ ထူးခြားတဲ့ဉာဏ်ထူးတွေရကြပြီး မိမိတို့လိုလားတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာရကြသည် ဖြစ်ပါစေသတည်း။
(သာဓု သာဓု သာဓု)
တိုက်တွန်းနှိုးဆော် အပ္ပမာဒ တရားတော်
သမ္ပာဒေထပ္ပမာဒေန။
ပမာဒေါ ဒုက္ခကာရဏံ။
အပ္ပမာဒေါ၀ သုခဿ။
ပမာဒေါ်=ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ပေဆ။ ပမာဒ=ဆိုသော တရားသည်။ ဒုက္ခကာရဏံ=ပဋိသန္ဓေ အိုနာသေရေးဘေးဒုက္ခအဖုံဖုံ တွေ့ကြုံ ရခြင်းစ၊ စ အကြောင်းရင်းစစ် တကယ်တမ်းဖြစ်ပါပေ၏။ အပ္ပမာဒေါ၀=ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ မပေါ့မဆ အပ္ပမာဒ ဆိုသော တရားသည်သာလျှင်၊ သုခဿ=မဂ်ချမ်းသာ။ ဖိုလ်ချမ်းသာ နိဗ္ဗာန်) ချမ်းသာအထိ ချမ်းသာမျိုးစုံစါ။ ကာရဏံ=ရရာရကြောင်း အကြောင်းရင်းစစ် တကယ်တမ်းဖြစ်ပါပေ၏။
“ကုတိ=ဤသို့ မေ့လျော့ခြင်းသည် ဒုက္ခဖြစ်ကြောင်း မမေ့မလျော့ ခြင်းသည် ချမ်းသာခြင်းစါ အကြောင်းဟူရွ် ဝိဇာန်ိယျ=အမှန်အတိုင်း သိကြကုန်ရွှု။ အပ္ပမာဒေန= မမေ့မလျော့ မပေါး့မဆ အပ္ပမာဒဆိုသော တရားဖြင့်၊ သမ္ပာဒေထ=ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော သီလသမာဓိ ပညာသိက္ခာသုံးရပ် အကျင့်ခြတ်တို့ကို ကိုယ်စီကိုယ်၄ြည့်စုံအောင် ကြိုးပမ်း ကြပါကုန်လော။
အေး- မေ့လျော့ပေါ့ဆခြင်းသည် ဒုက္ခဖြစ်ကြောင်း။ မမေ့မလျော့ခြင်း သည် ချမ်းသာခြင်းစါအကြောင်း၊ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်းသည် အဲ-ကုသိုလ်တွေဖြစ်ပွားမှုမရှိ အကုသိုလ်တွေသာ ဖြစ်ပွားလာမှာမို့လို့ ဒုက္ခ ဖြစ်ကြောင်း ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ မပေါ့မဆလုံ့လအားထုတ် ပြီးတော့ ပြုလုပ်ခဲ့ရင် အဲဒီမမေ့မလျော့ခြင်းဟာ အဲ လူချမ်းသာ။ နတ်ချမ်းသာ။
နိဗ္ဗာန်ချမ်းသာအထိ ချမ်းသာမျိုးစုံကို ရခြင်း အကြောင်းဖြစ်သောကြောင့် ချမ်းသာခြင်းစ၊ါ အကြောင်း---
အဲသလို သိပြီးတော့ ကုသိုလ်ကောင်းမှုတို့၌ မမေ့လျော့ မပေါ့မဆ အပ္ပမာဒ တရားရှေ့ထားပြီးတော့ ကြိုးစားသွားကြဖို့ ခုနဘုန်းကြီး သီလပေး ပြီးတော့ တိုက်တွန်းခဲ့တယ်။
အဲ အပ္ပမာဒတရားဆိုတာ အင်မတန်အရေးကြီးတယ်။ ဒါနဖြစ် မြောက်အောင် ဆောင်ရွက်နိုင်တာ အပ္ပမာဒတရားရှိလို့ သီလဆောက်တည် နိုင်တာ အပ္ပမာဒတရားရှိလို့ ကုသိုလ်ကောင်းမှုတွေပြုနိုင်တာ ကုသိုလ်ကောင်းမှု တို့၌ မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားရှိနေကြလို့-
တစ်ခါက ကောသလမင်းကြီး ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက် လာတယ်။ ရောက်လာပြီးတော့ လျှောက်ထားတယ်။
မြတ်စွာဘုရား၊ ဒီဘဝအကျိုးး နောင်ဘဝအကျိုး၊ အကျိုးနှစ်မျိုးကို သိမ်းယူနိုင်တဲ့ တရားတစ်မျိုးရှိပါသလားလို့ လျှောက်ထားတော့ ဘုရားရှင် ကိုယ်တော်မြတ်က ရှိတဲ့အကြောင်း-
ဒီဘ၀အကျိုး နောင်ဘဝအကျိုး အကျိုးနစ်မျိုးကို သိမ်းယူနိုင်တဲ့ တရားတစ်ပါးဟာ အပ္ပမာဒ မမေ့မလျော့တဲ့ တရားဖြစ်ကြောင်း အဲ လောကမှာ အားလုံးသတ္တဝါတွေ ခြေရာတွေရှိကြတယ်။ အဲဒီ ခြေရာတို့တွင် ဆင်ခြေရာဟာ အကြီးဆုံး။
အဲဒီဆင်ခြေရာမှာ သတ္တဝါတို့ရဲ့ ခြေရာမှန်သမျှ အကုန်ဝင်နိုင်တာ ချည်းပဲ ဝင်နိုင်တာချည်းပဲ ဖြစ်သောကြောင့် ကြီးကျယ်တဲ့ အနက်သဘော အရ ဆင်ခြေရာကို အကြီးဆုံးလို့ဆိုရတယ်။ အဲဒါလိုပဲ အားလုံးကုသိုလ် တရားတွေရှိကြတယ်။ အဲဒီကုသိုလ်တရားတွေက အားလုံးအပ္ပမာဒတရားထဲ သက်ဝင်တာချည်းပဲဆိုတဲ့အကြောင်း မိနဲ့ကြားတော်မူခဲ့တယ်။
မိန့်ကြားတော်မူခဲ့ပြီးတော့ ဆက်လက်ပြီးတော့ အဲ- အပ္ပမာဒတရား အရေးကြီးကြောင်း ဟောကြားတော်မူခဲ့တယ်။
အာယုံ အရောဂိယံ ၀ဏ္ဌံ။ သဂ္ဂံ ဥစ္စာကုလီနတံ။
ရတိယော ပတ္လ္တျန္တေ န။ ဥဠဋာရာ အပရာပရေ၊
အာယုံ=အသက်ရှည်ခြင်းကိုလည်းကောင်း၊ အရောဂိယံ=ကျန်းမာခြင်း ရောဂါကင်းရှင်းခြင်းကိုလည်း ကောင်း ဝဏ္ယံ=အဆင်းလှခြင်းကိုလည်းကောင်း၊ သဂ္ဂံ=နတ်ပြည်နတ်ဌာန ကိုလည်းကောင်း၊ ဥစ္စာကုလီနတံ=မြင့်မြတ်သော အမျိုးအဆွေခ် ဖြစ်ရခြင်း ကိုလည်းကောင်း ဥဋာရာ=မွန်မြတ်ကုန်သော။ အပရာပရေ=အဆင့်ဆင့် ဖြစ်ကုန်သော ရတိယာ မွေ့လျော်ဖွယ် အမျိုးမျိုး တို့ကို ပတ္ထျန္တေန = လိုလားတောင်းတကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးအပေါင်းသည်။ အပ္ပမာဒေါ= မမေ့မလျော့ မပေါ့မဆ အပ္ပမာဒဆိုတဲ့ တရားကို ကရဏီယောဝဒ=ပြုသင့်ပြုထိုက် ပြုအပ်လှပါပေ သတည်း။
အဲ လောကမှာ အသက်ရှည်မှုကို လိုချင်သလား။ ကျန်းမာမှုကို လိုချင်သလား။ အဆင်လှမှုကို လိုချင်သလား အဲ - နတ်ပြည်ဆိုတဲ့ နတ်ပြည်ဌာန ချမ်းသာကို လိုချင်သလား။ အမျိုးမြတ်မှုဆိုတဲ့ ဥစ္စာကုလီန အမျိုးမြတ်မှုကို လိုချင်သလား။ အဲဒီ မွေ့လျော်ဖွယ်ကောင်းတဲ့ ဒီအကျုံးတရား တွေကို- အဲ- အဆင့်ဆင့်ဖြစ်တဲ့ ဒီမွန်မြတ်တဲ့ အကျိုးတရားတွေကို လိုလားတဲ့ ပုဂ္ဂိုလ်တွေမှန်သမျှ အပ္ပမာဒဆိုတဲ့ မမေ့မလျော့မှုကို ပြုအပ်ပြုသင့် ပြုထိုက်တဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။
အပ္ပမာဒံ ပသံသန္ထ္တိ။
ပုညကြိယာသု ပဏ္ဍိတာ။
အပ္ပမတ္တော ဥဘော အတွေး
အဓိဂ္ဂဏဏှတိ ပဏ္ဍိတော။
ပဏ္ဍိတာ=ပညာရှိသူတော်ကောင်းတို့သည်။ ပုညကြိယာသု=ဒါနသီလ အစရှိသော ပုညကြိယာဝတ္ထုတရားတို့ဒ်4 အပ္ပမာဒံ=မမေ့မလျော့ မပေါး့မဆ အပ္ပမာဒဆိုသော တရားကို ပသံသန္တိ =ခ်ျီးမွမ်းဂုဏ်တင်တော်မှူကြလေကုန် သတည်း။ အပ္ပမတ္တော=မမေ့မလျော့ မပေါး့မဆ အပ္ပမာဒတရား လက်ကိုင် ထားရှိသော၊ ပဏ္ဍိတော=ကျိုးကြောင်းသိမြင် ပညာရှင်ဖြစ်သော ပုဂ္ဂိုလ်သည်။ ဥဘော အတ္ထေ ဒီဘဝအကျိုး နောင်ဘဝအကျိုး အကျိုးတရားနှစ်ပါးတို့ကို= အဓိဂ္ဂဏှာတိဒစ္ပဲစွဲမြဲမြဲ သိမ်းယူနိုင်ပါပေသတည်း။
အဲ- မမေ့မလျော့ဘဲ အပ္ပမာဒတရားရှိတဲ့ ပုဂ္ဂိုလ်သာ ဒီဘဝအကျိုး နောင်ဘဝအကျိုး အကျိုးနှစ်ပါးသိမ်းယူနိုင်တယ်။ ပုညကြိယာ၀တ္ထု ဆယ်ပါး တို့၌ မမေ့မလျော့ဘဲ ပုဂ္ဂိုလ်သည်သာလျှင် အကျိုးနှစ်ပါးကို သိမ်းယူနိုင်တား ပုညကြိယာ၀တ္ထုဆယ်ပါးဆိုတာ ဒါန သီလ ဘာဝန အပစာယန ဝေယျာဝစ္စ ပတ္တိဒါန ပတ္တာနုမောဒန ဓမ္မသဝန ဓမ္မဒေသနာဒိဋ္ဌိဇူကမ္မ ဆိုတဲ့ တရား ဆယ်ပါးပဲ။ အဲဒီတရားဆယ်ပါးဟာ အပ္ပမာဒဆိုတဲ့ မမေ့မလျော့ခြင်းရှိမှသာ ဖြစ်နိုင်တဲ့တရားတွေ ဒါကြောင့် ပုညကြိယာဝတ္ထုဆယ်ပါးတို့၌ မမေ့မလျော့ ခြင်းကို ပညာရှိတို့က ချီးမွမ်းတော်မူခဲ့တယ်။ ဒါနဆိုတာ လှူဒါန်းမှု။ လှူဒါန်းမှုကို ဒါန သီလဆိုတာ စောင့်ရှောက်ရတဲ့ ငါးပါးသီလ၊ ရှစ်ပါး သီလ၊ ဆယ်ပါးသီလ အဲဒီသီလ၊ လူသီလ၊ ရဟန်းသီလ၊ ဒီသီလတွေကို သီလလို့ခေါ်တယ်။
ဘာဝနာပွားများရတဲ့ သမထဘာဝနာ ဝိပဿနာဘာဝနာဆိုတဲ့ ဘာဝနာတရားတွေကို ဘာဝနာခေါ်တယ်။ အားလုံး အပ္ပမာဒတရားရှိမှ ဖြစ်တာချည်းပဲ အပစာယန အသက် သိက္ခာဂုဏ်အားဖြင့် ကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို ရိုသေမှု အလေးအမြတ်ပြုမှုကို အပစာယနလို့ခေါ်တယ်။
ဝေယျာဝစ္စ=ရတနာသုံးပါးဆိုင်ရာ ကိစ္စတွေမှာ မိမိတို့လုပ်အားပေး ပြီးတော့ ဆောင်ရွက်ကြတဲ့ အမှုတွေကို ဝေယျာဝစ္စလို့ခေါ်တယ်။ ပတ္တိဒါန- မိမိတို့ပြုတဲ့ ကုသိုလ်အဖို့တွေကို မိမိတို့ရဲ့ မိဘဆရာသမား ဆွေမျိုးဥာတိ မိတ်သင်္ဂဟစသည်ကို ရည်ညွှန်းပြီးတော့ အမျှအတမ်းပေးဝေခြင်းကို ပတ္တိဒါန။ ပတ္တိ=ကုသိုလ်အမျှကို၊ ဒါန=ပေးခြင်း၊ ပတ္တာနုမောဒန=သူတစ်ပါးပြုတဲ့ ကုသိုလ်တွေကို မိမိက အမျှယူခြင်းမျိုးကို ပတ္တာနုမောဒန။
ဓမ္မဿ၀န=တရားနာခြင်း၊ တရားနဲ့စပ်ဆိုင်တဲ့ စာပေတွေ ကြည့်ရှုခြင်း စသည်။ ဒါတွေဟာ ဓမ္မသဝန ဓမ္မဒေသနာ တရားဟောခြင်း) စာပေကျမ်းဂန် ပို့ချခြင်းစသည်ဖြင့် အဲဒီကောင်းမှုမျိုးကို ဓမ္မဒေသနာ ဒိဋ္ဌိဒုကမ္မ= ကံ ကံ၏ အကျိုးကို ယုံကြည်ခြင်း၊ အယူဖြောင့်မတ်ခြင်းကို ဒိဋ္ဌိဇုကမ္မ
ပုညကြိယာ၀တ္ထုဆယ်ပါး အဲဒီပုညကြိယာ ၀ဝတ္ထုဆယ်ပါးဆိုတာဟာ မိမိတို့ အပ္ပမာဒ တရားရှိမှ ဒီကုသိုလ်တွေဖြစ်နိုင်တား သတိတရားမရှိရင် မဖြစ်နိုင်ဘူး။ မစ္ဆေရာ စဝန်တိုခြင် ကြောင့်လည်းကောင်း၊ ပမာဒါစ=မေ့လျော့
ခြင်းကြောင့်လည်းကောင်း၊ ဧဝံ=ဤသို့အကြောင်းနှစ်ပါးကြောင့် 1 ဒါနံ= အလှူဒါနကို၊ နဒီယတိ=မပေးအပ်မပေးနိုင်။
ဟော- ဒါနရဲ့ အန္တ ရာယ်ဟာ မစ္ဆရိယ=နှမြောဝန်တိုတယ်။ မစ္ဆရိယကို နှမ်နင်းနိုင်ပို့ အရေးကြီးတယ် ပစ္စည်းပေါ်မှာ တွယ်တာနေတဲ့ ပုဂ္ဂိုလ်ဟာ မလ္ဒူနိုင်ဘူး။ ဝန်တိုနေတဲ့။ နှမြောနေတဲ့ ကပ်စေးနှဲနေတဲ့ ပုဂ္ဂိုလ်ဟာ မလှူ နိုင်ဘူး။ သဒ္ဓါတရားရှိမှ လှူနိုင်တာ။ သဒ္ဓါတရားကမှ မစ္ဆေရကို နှိမ်နင်း နိုင်တာ။ သဒ္ဓါမရှိတဲ့ ပုဂ္ဂိုလ်ဟာ တစ်ပြားမှ မလှူနိုင်ပေမည့် သဒ္ဓါတရား ရှိလာပြီဆိုရင် တစ်ရာလည်း မခဲယဉ်း တစ်ထောင်လည်း မခဲယဉ်း တစ်သောင်း တစ်သိန်း တစ်သန်းလည်း မခဲယဉ်းဘူး။
ဒါကြောင့် မစ္ဆေရကို နှိမ်နင်းနိုင်ဖို့ အရေးကြီးတယ်။ အပ္ပမာဒ မေ့လျော့ခြင်း' ဒါလည်း ပိုအရေးကြီးတယ်။ ပိုအရေးကြီးလို့ ဘုရားရှင်ကိုယ် တော်မြတ်ဟာ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထလို့ နေ့တိုင်း ဒီတရားတော်ကို ဟောတော်မူခဲ့တယ်။
နောက်ဆုံး ပရိနိဗ္ဗာန်စံလွန်တော်မူခါနီးတောင်မှ-
ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
ဝယဓမ္မာ သင််္ခရာ အပ္ပမာဒေန သမ္ပာဒေထ
ချစ်သားတို့ ငါဘုရား တိုက်တွန်းတော်မူခဲ့အံ့ သင်ချစ်သားတို့ကို ငါဘုရား မိန့်တော်မူခဲ့အံ့ သခ်္ခါရတရားတို့သည် ပျက်စီးတတ်သော သဘော ရှိကြကုန်စါ / ထို့ကြောင့် မမေ့မလျော့ မပေါ့မဆ အပ္ပမာဒဆိုသော တရားဖြင့် သိက္ခာသုံးပါး အကျင့်တရားတို့ကို ပြည့်စုံအောင် ကြိုးစားကြပါလို့ နောက်ဆုံး ပရိနိဗ္ဗာန်စံလွန်တော်မူခါနီး ဒီအပ္ပမာဒတရားနဲ့ပဲ နိဂုံးချုပ်ပြီးတော့ မိန့်ကြားတော်မူခဲ့တယ်။ ဒါကြောင့် အပ္ပမာဒဆိုတာ အင်မတန် အရေး ကြီးတယ်။
ဒိဋ္ဌေ ဓမ္မေစ ယော အတ္ထော။
ယောစတ္ထော သမ္ဂရာယိကော။
အတ္တာဘိသမယာ ဓိရော။
ပဏ္ဍိတောတိ ပဝုစ္စတိ
ဘုရားရှင်က မမေ့မလျော့တဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုး အာနိသင်တစ်ရပ်ကို ထုတ်ဖော်ပြီးတော့ ဟောတော်မူခဲ့သေးတယ်။
ဒီဋ္ဌေဓမ္မေ=ပစ္စုပ္ပန်အတ္တဘောခ်ဖြစ်သော1။ ယောအတ္ထောစ=အကြင် အကျိုးစီးပွားသည်လည်းကောင်း။ သမ္ပရာယိကော=တမလွန်ဘဝခ်ဖြစ်သော။ ယောအတ္ထောစ အကြင်အကျိုးစီးပွားသည်လည်းကောင်း၊ အတ္ထိ=ရှိစါ [ အတ္တာ ဘိသမယာ=အကျိုးနှစ်ပါးကိုရခြင်းကြောင့်၅ ဓိရော=ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကို ပဏ္ဍိတောတိ= ပဏ္ဍိတ ပညာရှိသော ပုဂ္ဂိုလ်ဟူရဤ။ ပဝုစ္စတိ=ကောင်းစွာ သတ်မှတ်မိန့်ဆိုတော်မူအပ်ပါပေသတည်း။
မျက်မှောက်ဘဝအကျိုး တမလွန်ဘဝအကျိုး ဒီအကျိုးနစ်ပါးကို မမေ့မလျော့တဲ့ ပုဂ္ဂိုလ်သာ ရနိုင်တယ် မေ့လျော့နေတဲ့ ပုဂ္ဂိုလ်တွေအဖို့ မရနိုင်ဘူး။ မမေ့မလျော့တဲ့ အပ္ပမာဒတရားရှိမှသာ မျက်မှောက်ဘဝ အကျိုး ရအောင် ကြိုးစားနိုင်တယ်။ တမလွန်ဘဝ အကျုုးရအောင် ကြိုးစားနိုင်တယ် ဆိုရင် အဲဒီပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ပဏ္ဍိတလို့ နာမည်ပေးတော်မူခဲ့တယ်။ လောကမှာ စာပေ အတတ် ပညာတွေ တတ်မြောက်တဲ့ ပုဂ္ဂိုလ်တွေကို ပဏ္ဍိတလို့ တစ်မျိုးတစ်ပုံအားဖြင့် ခေါ်နိုင်သော်လည်း ဒီပဏ္ဍိတဆိုတာက အဲသလိုတတ်တဲ့ ပုဂ္ဂိုလ်သာမညမဟုတ်ဘူး။ ကုသိုလ်တရားတွေ တိုးပွားအောင် ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်' လောကစီးပွား သံသရာစီးပွား စီးပွားနှစ်ရပ်စလုံးရအောင် ကြိုးစားနိုင်တဲ့ ပုဂ္ဂိုလ်ကို ပဏ္ဍိတလို့ နာမည်သတ်မှတ်တော်မူတယ်။ ပညာရှိ တွေတဲ့ ကုသိုလ်တရားတွေကြိုးစားမယ် လောကစီးပွားတွေ ကြိုးစားမယ်။ စီးပွားတွေ ကြိုးစားလို့ အောင်မြင်မယ် ကုသိုလ်တွေကြိုးစားလို့ အောင်မြင် မယ်ဆိုရင် တစ်နေ့ကျ ဒိဋ္ဌဓမ္မ အကျိုးပြည့်စုံအောင် ပြုလုပ်နိုင်တယ်။ မိမိတို့စားဝတ်နေရေး မပူရအောင် မကြောင့်ကြရအောင် ဆောင်ရွက် နိုင်ကြတယ်1။ လောကကိစ္စအဝဝ ပြီးမြောက်နိုင်အောင် ဆောင်ရွက်နိုင်ကြ။ ဒါဟာ ဒိဋ္ဌဓမ္မအကျိုးကို ဆောင်ရွက်ခြင်းပဲ ယနေ့ မိမိတို့ ဒိဋ္ဌဓမ္မအကျိုး အောင်မြင်ကြတယ်။ အဲ ထို့အတူပဲ။ တမလွန်ဘဝ အကျိုးဆိုတာလည်း ကုသိုလ်တွေ ဆည်းပူးကြရတယ်။ ဒီအကျိုးတွေကိုလည်း မိမိတို့တတ်နိုင်သမျှ အားထုတ်နေကြတယ် 1 အဲဒါကြောင့်မို့လို့ တမလွန်ဘဝအကျိုးလည်း ပြည့်စုံ တယ်။ ပြည့်စုံသောကြောင့်-
အတ္ထာဘိသမယာ=မျက်မှောက်အကျိုး တမလွန်ဘဝအကျိုးဆိုတဲ့ အကျိုး နှစ်မျိုးကိုရခြင်းကြောင့်။ ဓီရော=ဉာဏ်ရှိသောပုဂ္ဂိုလ်ကို၊ ပဏ္ဍိတောတိ= ပဏ္ဍိတဟူရွ် ပဝုစ္စတိ=ကောင်းစွာသတ်မှတ် မိန့်ဆိုအပ်ပါပေသတည်း။
အေး - ဒါကြောင့်မို့လို့ မိမိတို့ ယနေ့ ယခု မမေ့မလျော့ကြဘဲ အပ္ပမာဒတရား လက်ကိုင်ထားနိုင်ကြသလို နောင်လည်းပဲ ဒီထက်တိုးပြီး ဒါနတွင် မတင်းတိမ်ကြဘဲနဲ့ သီလတွင်လည်း မတင်းတိမ်ဘဲနဲ့ ဘာဝနာ စသည်ဖြင့် အဆင့်ဆင့် ထပ်ခါထပ်ခါ ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
ထာဝရကုသိုလ် တရားတော်
အဲ ဘုန်းကြီးတို့ ထာဝရကောင်းမှု နိဗဒ္ဓကုသိုလ်ဖြစ်တဲ့ ယနေ့ ဆောင်ရွက်နေကြ၊ ပြုလုပ်အားထုတ်နေကြ ကုသိုလ်တစ်ခုပြုလုပ်ကြရာ အောင်မြင်တော့မည့် ကုသိုလ်တစ်ခုဟာ နှစ်စဉ်နှစ်တိုင်း စစမ မြုလုပ လာတော့လည်း အဲဒီကုသိုလ်ဟာ သာမန်ကုသိုလ်အဖြစ်ကနေ ထာဝရကောင်းမှု အမြဲပြုတဲ့ ထာဝရကုသိုလ်အဖြစ်ရောက်သွား။ နိဗဒ္ဓပုည ဝတ်မပျက်ရအောင် အချိန်ကျတိုင်းကျတိုင်း' အဲ-မိမိတို့သဒ္ဓါတရားက နှီးဆော်ပေး။ မိမိတို့ စေတနာက နှိးဆော်ပေး သဒ္ဓါ' စေတနား သတိတရား၊ တရားကောင်း တရားမြတ်တွေက နှိုးဆော်ပေးခဲ့လို့ မိမိတို့မှာ နစ်တိုင်းပဲ ဤကုသိုလ်ကြီး ထမြောက်အောင် ဆောင်ရွက်နိုင်ကြတယ်။ ယနေ့အထိ နစ်ပေါင်းများ ၁၁နှစ်လုံးလုံး အောင်အောင်မြင်မြင် ပြုခြင်းငှာ တတ်နိုင်ကြတယ်။ ဒါကြောင့် ထာဝရကောင်းမှုအဖြစ် ရောက်သွားတဲ့ ကုသိုလ်တော်ကြီး။
ယေသံ နိဗဒ္ဓ ပုညာနိအတ္ထိ။
တေသံဂတိ သောတာပန္နသဒိသာ။
ယေသံ=အကြင်ပုဂ္ဂိုလ်တို့အား၊ နိဗဒ္ဓပုညာနိ=အမြဲဝတ်ပြုအပ်သော နိဗဒ္ဓပုည ထာဝရကောင်းမှုတို့သည်။ သန္တိ =ရှိကုန်စါ။ တေသံ=ထိုထာဝရ။ ပုည နိဗဒ္ဓ ကုသိုလ်ရှိကြကုန်သော သူတို့၏။ ဂတိ= လာရာဂတိသည်။ သောတာ ပန္နသဒိသာ=သောတာပန်နဲ့တူပါပေ၏။
သောတာပန်ပုဂ္ဂိုလ်သည် အပါယ်မလားသကဲ့သို့ မိမိတို့ထာဝရ ကောင်းမှု အမြဲဝတ်ပြုထားအပ်တဲ့ ကုသိုလ်ရှိပြီဆိုရင် အပါယ်မလားတော့ဘူး။ သောတာပန်နဲ့ အတူတူပဲ
အဲ ယနေ့ပြုကြတဲ့ ကုသိုလ်တွေဟာ တကယ်တော့ အင်မတန်ပြုဖို့ ကောင်းတဲ့ ကုသိုလ်တွေ။ ကုသိုလ်ဆိုတာ နတ်ဖြစ်တဲ့ ပုဂ္ဂိုလ်အတွက်လည်း
အကျိုးရှိတာပဲ။ လူဖြစ်တဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း အကျိုးရှိတာပဲ။ ရဟန်း ဖြစ်တဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း အကျုုးရှိတာပဲ။
ဒါကြောင့် ပြုသင့်ပြုထိုက်သော ကောင်းမှုတွေ လောကလူ့ဘ၀ဝအရေး ကြီးတာက ပုဗ္ဗေစ ကတပုညတား ရှေးရှေးဘဝ မိမိတို့ပြုခဲ့ဖူးတဲ့ ကုသိုလ် ထူးရှိဖို့ အရေးကြီးတယ်။ အဲဒီ ကောင်းမှု အထူးရှိပြီဆိုရင် ကောင်းတဲ့နေရာ ဌာနရောက်။ ကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြရ၊ ကောင်းတဲ့ကုသိုလ်တွေ ပြုကြရ အကောင်းချည်းပဲ ဖြစ်သွားတယ်။
ယေန ဉာဏသမ္ပယုတ္တစိတ္တေန = အကြင်ဉာဏသမ္ပယုတ်စိတ်ဖြင့်။ ကုသလံ=ကုသိုလ်ကို။ ကတံ=ပြုအပ်စါ / တဒေ ၀=ထိုဉာဏသမ္ပယုတ် ကုသိုလ် စိတ်ကာသာလျှင်၊ ပဋိရူပဒေသေ=သင့်လျော် လျောက်ပတ်ကောင်းမြတ်တဲ့ အရပ်တို့သို့၊ ဥပနေတိ=ပို့ဆောင်ပေးတတ်ပါ ပေ၏ / သပ္ပုရိသေ=သူတော် ကောင်းဖြစ်တဲ့ ပုဂ္ဂိုလ်တို့ကို(ဝါ) သူတော်ကောင်းဖြစ်တဲ့ မိဘဆရာသမား တို့ကို ဘဇာပေတိ=ဆည်းကပ်ရအောင် ဆောင်ရွက်ပေးတတ်ပါပေ၏။
သော ဧဝ = ထိုဉာဏသမ္ပယုတ် ကုသိုလ်စိတ်ရှင်သည်သာလျှင်၊ အတ္တာနံ =မိမ်ကိုယ်ကို သမ္မာဌပေတိ၊ လူကောင်းလူမြတ် သူတော်ကောင်း ဖြစ်အောင် ဆောင်ပေးတတ် ပို့ဆောင်ပေးတတ်ပါပေ၏။
ဘုန်းကြီးတို့ သဂီတိသုတ္တန် အဋ္ဌကထာအဆို) လောကမှာ လူကောင်း တစ်ယောက်ဖြစ်ဖို့) သူတော်ကောင်းအမှိရဖို့ သင္နဲလျော်သည့်အရပ်မှာ နေရဖို့ ရှေးဘဝကိုယ်ပြုတဲ့ ကုသိုလ်က ဖန်တီးပေးတာ။
က္ဂဒံ မေဝေတ္ထ္ဆ ပမာဏံ။
ဥဉာဏသမ္ပယုတ် ကုသိုလ်စိတ်၊ အဲဒါကိုပဲ ရှေးဘဝကလျှူခဲ့လို့ ပုဗ္ဗေစ ကတပုညတာလို့ ပါ ဠိလိုခေါ်တယ်။ ရှေးဘဝကပြုခဲ့တဲ့ကောင်းမှုအထူး။ အဲဒီ ကောင်းမှုအထူးဟာ လိုရင်းပမာဏပဲ။ အဲဒါ လူ့ဘဝအတွက် လိုရင်းပဓာန)1 သူဖန်တီးပေးတာ။ အဲဒီ ရှေးဘဝကဘုရားရှင် သာသနာ ဘုရားရှင်ပွင့်ရာ ခေတ်တစ်ခုခုမှာ မိမိတို့ ဉာဏသမ္ပယုတ်စိတ်ဖြင့် ကုသိုလ်ကောင်းမှုတွေ ပြုခဲ့ကြ။ အဲဒီပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကသာ သာသနာထွန်းကားရာ ပဋိရူပ ဒေသဝါသအရပ်သို့ ပို့ပေးခဲ့တယ်။ အကြောင်းမဲ့မဟုတ်ဘူး။ ရှေးရှေး ဘဝ မိမိတို့ပြုခဲ့တဲ့ ဉာဏသမ္ပယုတ် ကုသိုလ်စိတ်ရှိခဲ့လို့ ရှေးဘဝပြုခဲ့တဲ့
ပုဗ္ဗေစ ကတပုညတာဆိုတဲ့ ပါရမီကုသိုလ်ထူးက မိမိအားထောက်ပံ့ လိုက်သည် ဖြစ်ရ ပို့ဆောင်ပေးလိုက်သည်ဖြစ်ရ ဘုရားပွင့်ရာ ခေတ်အခါကြီး အရပ် ဒေသမှာ မိမိတို့လာဖြစ်ရ သောယေ၀ဝ=ထိုဉာဏသမ္ပယုတ် ကုသိုလ်စိတ်က သာလျှင်။ သပ္ပုရိသေ= သူတော်ကောင်းဖြစ်တဲ့ မိဘဆရာသမားတို့ကို။ ဘဇာပေတိ = ဆည်းကပ်ရအောင် ဆောင်ရွက်ပေးတတ်ပါပေ၏ 1
အဲဒီဘဝမှာ မိကောင်းဖကောင်းတွေနဲ့ တွေ့ကြ။ ဆရာကောင်းသမား ကောင်းတွေနဲ့ တွေ့ကြ ဆည်းကပ်ရ ပူဇော်ရတာတွေအားလုံး အကြောင်းမဲ့ သက်သက်မဟုတ်ဘူး။ အကြောင်းကောင်းလို့ အကျိုးကောင်းခြင်းပဲ။ ရှေးဘဝက မိမိတို့ ဆည်းပူးခဲ့တဲ့ ပုဗ္ဗေစ ကတပုညတာ ပါရမီကုသိုလ်ထူး ရှိခဲ့ကြလို့ အဲဒီပါရမီကုသိုလ်ထူး၏ / ပို့ဆောင်ပေးချက်အရ သာသနာတော် ထွန်းကား ရာမှာ လူလာဖြစ်။ သူတော်ကောင်းဖြစ်ကြတဲ့ မိဘတွေး ဆရာသမားတွေနဲ့ လာပြီးတော့ တွေ့ကြရတယ်။
သောယေ၀ဝ= ထိုဉဉာဏ သမ္ပံယုတ် ကုသိုလ်စိတ်ရှင်သည်သာလျှင်။ အတ္ထာနံ= မိမိကိုယ်ကို၊ သမ္မာဌပေတိ=ကောင်းစွာ ထားတတ်ပါပေစ၏ 1 ဟောဒါလည်း မိမိတို့မှာ သူတော်ကောင်းတွေဖြစ်နေကြ။ မိမိတို့မှာ မကောင်းတဲ့ အမှုကို မပြုကြဘူး။ ကောင်းတဲ့အမှုကိုသာ ပြုကြရတယ်။ အကုသိုလ်ကို ရှောင်ကြဉ်နိုင်တယ်။ ကုသိုလ်တွေကို ပြုလုပ်နိုင်တယ်။ အားလုံး ဒါတွေဟာ ခုနကပြောသလိုပဲ ဘယ်ဘုရားကမျှ ဖန်ဆင်းတာမဟုတ်ဘူး။ ဘယ်နတ်မင်းကြီး ကမျှ စီမံလိုက်တာ မဟုတ်ဘူး။ အဲ မိမိတို့ပြုခဲ့ဖူးတဲ့ ဟိုရှေေးရေေးဘဝက ပုဗ္ဗေစ ကတပုညတာဆိုတဲ့ ပါရမီသမ္ဘာရ ကောင်းမှုအထူးက ပြုလုပ်ပေး လိုက်တာ။ အဲ ယနေ့ မိမိတို့ သူတော်ကောင်းတွေ ဖြစ်နေကြတယ်။ သူတော်ကောင်း။ သူတော်ကောင်းတွေဖြစ်ကြလို့ သူတော်ကောင်းတွေ ပြုမြဲ ဖြစ်တဲ့ ဒါနမှုတွေပြုကြ၊ သီလမှုတွေပြုကြ၊ ဘာဝနာမှုတွေ ပြုကြရတယ်။
ခုလိုပဲ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်တွေအကြောင်းပြုပြီးတော့ သူ့အပေါ်မှာ မေတ္တာ ကရုဏာထားပြီးတော့ ကုသိုလ်တွေပွားကြတယ်။ အားလု၊ ဒါ တွေဟာ အကြောင်းမဲ့မဟုတ်ဘူး။ ဒီဘဝမှာ လူကောင်းတွေ။ သူကောင်းတွေဖြစ်ပြီးတော့ လူကောင်း။ သူကောင်း သူတော်ကောင်းတွေရဲ့ အကျင့်တွေကိုကျင့်နေရတာ ဟာ အားလုး ဒီဘဝအကြောင်းချည်း မဟုတ်ဘူး ဆိုလိုရင်းက ရှေးရှေးဘဝ
မိမိတို့ဖြည့်ဆည်းဖူးခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် အဲဒီကုသိုလ်ကောင်းမှု တွေက ဖန်ဆင်းပေးလိုက်တား
အဲ ယနေ့ တင်တင်ထွေးတို့ဆိုရင် ဒကာဦးစိုးသွင် ကွယ်လွန်သွား ပေတဲ့ တကယ်တော့ ကွယ်လွန်သွားတယ်ဆိုတော့ စိုးရိမ်စရာလို ဖြစ်နေ တယ်။ သို့သော်လည်းပဲ ခုနပြောသလို မိမိတို့က ကံရှင်ကုသိုလ်ရှင်တွေး အဲ ရှေးရှေးဘဝက ဖြည့်ဆည်းဖူးခဲ့တဲ့ ပါရမီကုသိုလ်ထူးတွေ။ ကောင်းမှုအထူး တွေရှိတော့ ဒီဘဝမှာ အဲ-ဘာဆုတ်ယုတ်မှုမှ မရှိဘူး။ ဘာမျှ ဖရိုဖရဲ မဖြစ် ဘူး။ ဆင်းဆင်းရဲရဲ မဖြစ်ကြဘူးး အခြေမပျက် အနေမပျက်၊ မူမပျက် သားသမီးတွေကို ထိန်းကျောင်းပြီးတော့ မိမိတို့ဘဝကို တင့်တင့်တယ်တယ် ဖြစ်အောင် ရပ်တည်နိုင်ကြတယ်။ ဒါတွေအားလုံး ပုဗ္ဗေစ ကတပုညတာခေါ် တဲ့ ပါရမီသမ္ဘာရ။ မိမိတို့ဆည်းပူးကြတဲ့ ကောင်းမှ အထူးတွေက ဖန်တီး ပေးလိုက်တာ။ အဲဒါဟာ လူ့ဘဝကို အရတော်ခြင်းတစ်မျိုးပဲ။
ဒိဋ္ဌေ ဓမ္မေစ ယော အတ္ထော။
ယော စတ္ထော သမ္ပရာယိကော။
အတ္တာဘိသမယာ ဓီရော
ပဏ္ဍိတောတိ ပဝုစ္စတိ
ဒိဋ္ဌေ ဓမ္မေ = မျက်မှောက်ဘဝခ််။ ယောအတ္ထောစ=အကြင် အကျိုး စီးပွားသည်လည်းကောင်း၊ သမ္မရာယိကော=တမလွန်ဘဝနခ်ဖြစ်သော၊ ယော အတ္တ္ထောစ=အကြင်အကျိုးစီးပွားသည်လည်းကောင်း၊ အတ္ထိ=ရှိစါ [ အတာဘိ သမယာ=မျက်မှောက်ဘဝ အကျိုး' တမလွန်ဘဝအကျိုး၊ အကျိုးနှစ်ပါးကို ရခြင်းကြောင့်၊ ဓီရော=ပညာဉာဏ်ကြီးတဲ့ ပုဂ္ဂိုလ်ကို၊ ပဏ္ဍိတောတိ=ပဏ္ဍိတ ဟူရဤ။ ပဝုစ္စတိ=ကောင်းစွာသတ်မှတ် မိန့်ဆိုအပ်ပါပေသတည်း။
(သာဓု သာဓု သာဓု)
မိမိတို့ မျက်မှောက်ဘဝမှာလည်း မပူရ မပင်ရ မကြောင့်ကြရ ပြည့်ပြည့်စုံစုံဖြစ်အောင် ဆောင်ရွက်နိုင်ကြတယ်။ မျက်မှောက်အကျိုး ပြည်စုံ နေကြး အဲ မျက်မှောက် ပြည့်စုံနေပြန်တော့ ယခုလိုအခါ အကြောင်းအား လျော်စွာ ကုသိုလ်တွေပြုကြခြင်းဖြင့် ဒါနပြုကြး သီလဆောက်တည်ကြ။
၂၀၆ 5 8 သပြေကမ+ပရ။ ပ--
ဘာဝနာစီးဖြန်းကြခြင်းဖြင့် ကုသိုလ်အဆောက်အဦတွေ ထပ်ဖြည့်လိုက်တဲ့ အခါကျတော့ တမလွန်ဘဝအကျိုးလည်း ပြီးသွားပြီ
အဲ မျက်မှောက်ဘဝအကျိုး တမလွန်ဘဝအကျိုး အကျိုးနှစ်ပါးရလို့ ရှိရင် အဲဒီပုဂ္ဂိုလ်ကို ပဏ္ဍိတလို့ ဘုရားရှင် ကိုယ်တော်မြတ်က မိန့့တော်မူတယ်။ ပဏ္ဍိတဖြစ်အောင် ဘယ်သူမျှ ဆောင်ရွက်ပေးတာ မဟုတ်ဘူး။ ကံက ဆောင်ရွက်ပေးတာ။ ကုသိုလ်တွေက ဆောင်ရွက်ပေးတာ။ ယနေ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြ၊ အဲ ဆွမ်းအလှူတော် လှ္ဒူဒါန်းကြ၊ အားလုံးကောင်းမှု တွေဟာ နောင်အခါ မိမိတို့ပြည့်စုံဖို့အကြောင်း၊ ဒိဋ္ဌဓမ္မိက အကျိုးပြည့်စုံဖို့ အကြောင်း၊ သမ္ပရာယိက ပြည့်စုံဖို့အကြောင်း၊ မျက်မှောက် အကျိုးပြည့်စုံဖို့ အကြောင်း၊ တမလွန်အကျိုး ပြည့်စုံဖို့အကြောင်း ကောင်းမြတ်တဲ့ အထောက် အပံ့တွေလို့ တွေးပြီးတော့ သိပြီးတော့ မိမိတို့ပြုရတဲ့ ကုသိုလ်တွေကို နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် ပြန်ပြန်အောက်မေ့ပြီးတော့ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
အနှစ်မဲ့များကို အနှစ်နှင့်လဲယူသည့်ကုသိုလ်ပွဲ တရားတော်
အဲ ယနေ့ သင်္ကန်းအလှူတော် ပူဇော်လှူဒါန်းကြ၊ အခြံအရံကောင်း မှုများအဖြစ်ဖြင့် ဆွမ်းအလှူတော် ပူဇော်လှူဒါန်းကြ၊ အဲ တစ်နည်းပြော ရရင် မိမိတို့ပစ္စည်းဥစ္စာ ရတနာတွေကို အဲ ဒါနနဲ့ လဲလှယ်ယူတယ်လို့ ဆိုနိုင်တယ်။ ဒါနတည်းဟူသော အနှစ်သာရနဲ့ လဲ ယူတယ်လို့ ဆိုနိုင်တယ်။
ပဉ္စနှု ဝေရာနံ သာဓာရဏဘာဝေန
အသာရဿ ဓနဿ ဒါနံ သာရော
ပဉ္စန္နံဝေရာနံ=ရန်သူမျိုးငါးပါးတို့နှင့်၊ သာဓာရဏ ဘာဝေန=ဆက်ဆံ နေသည်၏ အဖြစ်ကြောင့်၊ အသာရဿ=အနှစ်သာရမရှိသော၊ ဓနဿ=ပစ္စည်း ဥစ္စာ ရတနာ၏ / ဒါနံ=လှူဒါန်းပေးကမ်း စွန့်ကြဲခြင်းသည်။ သာရော=အနှစ် သာရအစစ် တကယ်တမ်းဖြစ်ပါပေ၏။
ပစ္စည်းဥစ္စာဆိုတာ အနှစ်သာရမရှိတဲ့ အရာတွေ။ ယနေ့ အဲဒီပစ္စည်း ဥစ္စာတွေနဲ့ မိမိတို့ လဲလှယ်ယူတယ်။ သင်္ကန်းအလှူဒါန၊ ဆွမ်းအလှူဒါန စသော အလှူဒါနဟာ အနှစ်သာရအစစ်။ ပစ္စည်းတွေက ပျက်စီးတတ်တယ်။ ဒါကြောင့် အနှစ်မရှိဘူးး ဒါနဟာ မပျက်စီးတတ်ဘူး။ မပျက်စီးတတ်လို့ အနှစ် အမြုတေ အနှစ်သာရချည်းပဲလို့ ဘုရားရှင် ညွှန်ကြားတော်မူတယ်။
ပစ္စည်းဥစ္စာဆိုတာကတော့ မိမိတို့သိတဲ့အတိုင်းပဲ ပဉ္စန္နံ ဝေရာနံ= ရန်သူမျိုးငါးပါးတို့နှင့် သာဓာရဏဘာဝေန=ဆက်ဆံနေသည်၏ အဖြစ် ကြောင့်၊ အသာရဿ= အနှစ်သာရ မရှိသော၊ ဓနဿ= ပစ္စည်းဥစ္စာ၏။ သာရော= အနှစ်သာရကား၊ ဒါနံ=လှူဒါန်းစွန့်ကြဲပေးကမ်းခြင်းပေတည်း။
ပစ္စည်းဟာ ရေကြောင့်လည်း ပျက်စီးနိုင်တယ်။ မီးကြောင့်လည်း ပျက်စီးနိုင်တယ်။ မင်းစိုးရာဇာတို့ကြောင့်လည်း ပျက်စီးနိုင်တယ်။ သူခိုး ဓားပြတို့ကြောင့်လည်း ပျက်စီးနိုင်တယ်။ အမွေခံဆိုး၊ သားဆိုး သမီးဆိုး တို့ကြောင့် လည်း ပျက်စီးနိုင်တယ်။ ဒါကြောင့် ပစ္စည်းဆိုတာက တကယ်တော့
အနှစ်သာရမရှိ ပျက်စီးတတ်တဲ့ တရားတွေ။ ပျောက်ဆုံးတတ်တဲ့တရားတွေ ဘယ်လောက်ပဲတည်အောင် လုံခြုံအောင် သိမ်းဆည်းထားပေမည့် တစ်နေ့ ကျတော့ ကိုယ်ကသေသွားရင် စွန့်သွားရမှာပဲ ဒါကြောင့်မမြဲဘူး အနှစ်သာရ မရှိဘူး။
ဒါနဆိုတာကတော့ ဒီလိုမဟုတ်ဘူး ဒါနက အနှစ်သာရ ရှိတယ်။ မပျောက်ဘူး။ မိမိတို့လှတားတဲ့ ကုသိုလ်ကံလေးဟာ အကျိုးမပေးရသေးသမျှ အမြဲတမ်း ရှိနေတာပဲ မိမိတို့နောက် အမြဲတမ်း လိုက်နေမှာပဲ။ အဲဒါကို အနုဂါမိက ဥစ္စာလို့။ ရတနာလို့ ဆိုတယ်။ မိမိတို့နောက် အမြဲလိုက်တဲ့ အနုဂါမိက ဥစ္စာ ရတနာလို့ဆိုတယ်။ မိမိတို့နောက် အမြဲလိုက်တဲ့ အနုဂါမိက ဥစ္စာ ရတနာအိုးကြီး၊ ဒါနဆိုတာ အနှစ်သာရတွေး လောကမှာ မိမိက ပညာ မရှိရင်သာ ပညာရှိရင် ဒီစကားကို လက်ခံနိုင်ကြမှာပဲ။
ပညာဆိုတာ ဘာတုံး။ ပညာဆိုတာ မဂ္ဂင်ရှစ်ပါးက သမ္မာဒိဋ္ဌိဆိုတဲ့ တရားပဲ။ အဲဒီတရားဟာ မဂ္ဂင်ရှစ်ပါးထဲက ခေါင်းဆောင်ရှေ့သွားတရား တစ်ခု။ အဲဒီ သမ္မာဒိဋ္ဌိဆိုတာက ကုသိုလ်ကံတွေး ကောင်းသောအကျိုးကို ပေးတယ်။ အကုသိုလ်ကံသည် မကောင်းသော အကျိုးကို ပေးတယ်လို့ သိတတ် မြင်တတ်တဲ့ တရားပဲ။ အဲဒီပညာရှိပြီဆိုရင် ခုနကပြောတဲ့ ဓန ပစ္စည်းဥစ္စာဆိုတာ အလကား၊ ဒါနသည်သာလျှင် တကယ့်ပစ္စည်းဥစ္စာ တကယ့်အနှစ်သာရဖြစ်ကြောင်း သိမြင်ဖို့လိုတယ်။ လောကမှာ ပညာရှိဖို့ အရေးကြီးတယ် တစ်ခါတုန်းက ဘုန်းကြီးတို့ ရာဇဂြိုဟ်ပြည် သူဌေးကြီး တစ်ယောက် ကွယ်လွန်သွားတော့ သူ့မှာ သားတစ်ယောက်ရှိခဲ့တယ်။ ဂန္ဓ သူဌေးသားဆိုတာ အဲဒီ သူဌေးသားကို သူ့ရဲ့ ဘဏ္ဍာစိုးက ပစ္စည်းတွေ အကုန်လုံး ထုတ်ပြ ဘဏ္ဍာတိုက်တွေ ထုတ်ပြတယ်။
ဟောဒါက အရှင့်သားရဲ့ အဘိုးအဘွားတွေရဲ့ ပစ္စည်းဥစ္စာတွေ။ ဟောဒါက မိဘတွေရဲ့ ပစ္စည်းဥစ္စာတွေ။ အဲဒီဥစ္စာတွေကို အရှင့်သားလက်ခံ ပါလို့ အပ်နှင်းတယ်။ အဲဒီလို အပ်နှင်းတော့ သူက “ဒီပစ္စည်းတွေကို တို့ အဘိုး အဘွားတွေး အဖေ အမေတွေဟာ ယူမသွားကြဘူးလား”လို့ မေး တယ်တဲ့။ မေးတော့ ဘဏ္ဍာစိုးက ဘယ့်နယ်ပြောတုံးဆိုတော့ သာမိ=အရှင်။ ဓနံ=ဥစ္စာကို၊ ဂဟေတွာ=ဟူရှ် ဂတာနာမ=ယူသွားကြရတဲ့ ပုဂ္ဂိုလ်မည်သည်။
နတ္ထိ=မရှိပါပေကုန်။ အရှင့်သား။ ပစ္စည်းဥစ္စာဆိုတာ ပစ္စည်းဥစ္စာကို ယူသွား တယ်ဆိုတာ ဘယ်မှာမျှမရှိပါဘူး။ သတ္တာ=သတ္တဝါတို့သည်။ အတ္တနာ=မိမိ သည်။ ကတံ=ပြုအပ်သော။ ကုသလာ-ကုသလ ကမ္မမေ၀ဝ=ကုသိုလ် အကုသိုလ် ကံကိုသာလျှင်၊ ဂဟေတွာ=ယူရွ်၊ ဂတာ=သွားကြရိုးသာ ဖြစ်ကြရပါပေ ကုန်၏။ သြော်-အရှင့်သား၊ တမလွန်ဘဝသွားတဲ့ ပုဂ္ဂိုလ်တွေဟာ ပစ္စည်းဥစ္စာ တွေကို ယူသွားတယ်လို့ မရှိဘူး။ တကယ်တော့ သတ္တဝါမှန်သမျှ မိမိကိုယ် တိုင် ပြုထားတဲ့ ကုသိုလ်ကိုသာ ယူသွားနိုင်တယ်။ အကုသိုလ်ကံကိုသာ ယူသွားနိုင်တယ်လို့ ရှင်းပြ ပြောပြပေမည့် နားမလည်ရှာဘူး။
အဲ- ဘဏ္ဍာစိုးကတော့ ခုနပြောသလို သမ္မာဒိဋ္ဌိဉာဏ်ဆိုတဲ့ ပညာရှိ လေတော့ကာ ကုသိုလ်ဆိုတာ ကိုယ့်နောက်ကို လိုက်တယ်။ အကုသိုလ်ပြုရင် မကောင်းတဲ့ အကျိုးတွေ ကိုယ့်နောက်လိုက်တယ်။ ကုသိုလ်ကံ အကုသိုလ်ကံ တရားနှစ်ပါးသည်သာ မိမိတို့နောက်သို့လိုက်တယ်။ ပစ္စည်းတွေဟာ ဘယ်သူမျှ ယူမသွားနိုင်ပါဘူး။ ဘယ်တော့မျှလည်း မလိုက်ဘူး ဒီမှာပဲ ကျန်ရစ်နေခဲ့တာ။ အများ သုံးဖြုန်းကုန်ကြတာ။ ဒါဟာ သဘာဝအတိုင်းပဲ။ အဲဒီ သဘာဝကို ဘဏ္ဍာစိုးက မြင်တယ်။ မြင်တော့ သူက ပြောနိုင်တယ်။ အဲ- သမ္မာဒိဋ္ဌိရှိ နေတာကိုး၊ သမ္မာဒိဋ္ဌိ ပညာတရားနဲ့ သူပြောနိုင်တယ်။
အံ- အရှင့်သား ပစ္စည်းဆိုတာ ဘယ်သူမျှ မယူနိုင်ပါ ဘူး။ ယူနိုင်တာ ကံပါပဲ ကိုယ်က မကောင်းတဲ့ကံ ပြုထားရင် အဲဒီ မကောင်းတဲ့ ကံကို ယူ သွားနိုင်တာပဲ။ ကောင်းတဲ့ ကုသိုလ်ကံတွေ ပြုထားရင် အဲဒီ ကံတွေကို ယူသွားနိုင်တာပဲလို့ ပြောပြပေမည့် နားမလည်ဘူး ဘယ် နားလည်မတုံး။ ဘဏ္ဍာစိုးကတော့ ခုနကပြောတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရှိတယ် ပညာရှိတယ်။ အမှန်တရားကို နားလည်တယ် သူကတော့ ဘာမျှမသိဘူး။ မိဘတွေက အလိုလိုက်ထားလို့ ဘာမှလည်း သင်ရကြားရတာ မဟုတ်ဘူး သိလည်း မသိဘူး။ မသိတော့ သူက ဘာပြောတုံး။ သူက “သြော်- သူတို့ မိုက်လို့ မယူသွားနိုင်တား ကျွန်တော်ကတော့ ဒီပစ္စည်းတွေ အကုန်လုံးယူသွား မယ်ဆိုသတဲ့
အဲဒီတော့ ခုနကပြောသလို သူ့မှာ သမ္မာဒိဋ္ဌိပညာက မရှိ4 ပညာက မရှိတော့ အမှန်တရားကို မမြင်၊ မမြင်တော့ကံ ကံ၏အကျိုးကို မသိ။
မသိတော့ ဟောပစ္စည်းတွေ ယူသွားနိုင်တယ်လို့ လုပ်တယ်။ သူ့ယူနည်း ကတော့ ကုသိုလ်ပြုပြီးတော့ အဲဒီကံတွေကို ယူသွားမယ် မဟုတ်ဘူး။ သူ့ ယူနည်းကတော့ ဒီပစ္စည်းတွေအားလုံး သူသုံးသွားမယ်လို့ဆိုပြီးတော့ ဒီအတိုင်း သူအတည်ပြုပြီးတော့ ပြောတာ အဲ-သူတို့မိုက်လို့တဲ့။ မိဘတွေက မိုက်လို့ အဘိုးအဘွားတွေက မိုက်လို့ မယူသွားနိုင်တာ။ ကျွန်တော်ကတော့ ဒါတွေကို ယူသွားမယ်ဆိုပြီးတော့ကာ အကုန်ဖြုန်းတော့တာပဲ။ အဲ- အဖိုးတစ်သိန်း ထိုက်တန်တဲ့ ရေချိုးအိမ်ကြီးတွေလုပ် စသည်ဖြင့်ပေါ့လေ-
ငွေတွေကို အရမ်းမဲ့ သုံးချင်တိုင်းသုံး' ဖြုန်းချင်တိုင်း ဖြုန်းတော့ တာပဲ။ ဘုန်းကြီးက ဒီဝတ္ထုကို ပြောချင်လို့တော့ မဟုတ်ပါဘူး။ အဲ- လောကမှာ သမ္မာဒိဋ္ဌိဆိုတဲ့ ဉာဏ်ပညာရှိမှ အမှန်မြင်တယ်။ သမ္မာဒိဋ္ဌိရှိမှ အမှန်သိတယ်။ သမ္မာဒိဋ္ဌိပညာနဲ့အမှန်သိရင် ကုသိုလ်ဆိုတာ ကိုယ့်နောက် လိုက်တယ်။ ကုသိုလ်ဆို မိမိအပေါ် ကောင်းကျိုးပေးနိုင်တယ်လို့ မြင်တယ်။ အဲဒီမြင်တဲ့သူ အဖို့တော့ အဲဒီကုသိုလ်တွေဟာ ဒီဒါနဟာ မိမိတို့ရဲ့ အနှစ် သာရပဲလို့ နားလည်တယ်
သဒ္ဓါဓနံ သီလဓနံ ဟီရိသြတ္တပ္ပိယံ နေ
သုတဓနဉ္စ စာဂေါစ ပညာဝေ သတ္တမံဓနံ
ယဿ ဧတေ ဓနော အတ္ထီ က္ကတ္တီယာဝါ ပုရိသဿဝါ
အဒလိဒ္ဒေါတိ တံ အာဟု အမောဃံ တဿ ဇီဝိတံ
ဟော-ဒါနဆိုတဲ့ ပစ္စည်းဥစ္စာတွေ။ ရတနာတွေ ရှိပြီဆိုရင် ရတနာတွေ စုလာတာပဲ။ သဒ္ဓါတည်းဟူသော ဥစ္စား သီလတည်းဟူသော ဥစ္စာ။ သုတ တည်းဟူသော ဥစ္စာ။ စာဂတည်းဟူသော ဥစ္စား' ပညာတည်းဟူသော ဥစ္စာ ဟီရိသြတ္တပ္ပတည်းဟူသော ဥစ္စာ။ သူတော်ကောင်း ဥစ္စာ ရတနာ ခုနစ်ပါးတွေ စုလာတာပဲ။ အဲဒီ ရတနာတွေကလည်း အနှစ်သာရတွေ။ အဲဒါကြောင့် ဒါန ဆိုတဲ့ အနစ်သာရသာ ရှိလာပြီဆိုရင် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟီရိသြတ္တပ္ပ တည်းဟူသော ရတနာတွေ စုလာကြတာ။ ဒီတော့ ဒါနတည်း ဟူသော ရတနာတွေကို အကြောင်းပြုပြီးတော့ မိမိမှာ ရတနာအမျိုးမျိုး ရောက်လနိုင်တယ်။ ဒါကြောင့် ရတနာရှိရာ ရတနာစုဆိုတာ ဒါနတည်း ဟူသော ရတနာစုလာရင် အဲဒီပုဂ္ဂိုလ်ဟာ အဲ-မဆင်းရဲဘူးတဲ့။ သူငဌေးပဲတဲ့။
လောကမှာ ဘယ်လောက်ပဲ ပစ္စည်းဆင်းရဲဆင်းရဲ ဒီရတနာတွေရှိရင် အဲဒီ ပုဂ္ဂိုလ် သူဆင်းရဲ မဟုတ်ဘူး။ သူဌေးပဲတဲ့။ ဘုရားရှင် ကိုယ်တော်မြတ်က သူဌေးအဖြစ်နဲ့ သတ်မှတ်မိန့်ကြားတော်မူခဲ့တယ်။
တဿအထိုသူတော်ကောင်းဥစ္စာ ရတနာတွေရှိနေတဲ့ ပုဂ္ဂိုလ်၏ ဇီဝိ တံ=အသက်ရှင်ရခြင်းသည်။ အမောဃံ=အချည်းအနှီးမဟုတ်ာတကယ့်အကျိုး ရှိတဲ့ အသက်ရှင်ခြင်းအစစ် တကယ်တမ်းဖြစ်ပါပေသတည်း။
အဲ-ဒါနကို အကြောင်းပြုပြီးတော့ ရတနာတွေ အများကြီးစုလာ။ ရတနာတွေ အများကြီးစုလာပြီးတော့ ရတနာထဲက ရတနာတွေဖြစ်လာကြ ရတယ်။ ယနေ့ သင်္ကန်းလှူဒါန်းခြင်းဖြင့် မိမိတို့သည် အနှစ်သာရမရှိတဲ့ ပစ္စည်းဥစ္စာတွေထဲက ဘဝများစွာ သံသရာပတ်လုံး မိမိတို့အမြဲတမ်း အသုံး ပြုဖို့ မိမိတို့နောက် အမြဲထပ်ကြပ်မကွာ လိုက်ပါမည့် အနုဂါမိက ဥစ္စာ ရတနာအဖြစ်ဖြင့် ယနေ့ သင်္ကန်းဒါန ဆွမ်းဒါနတွေ ဖန်တီးခဲ့ကြတယ်။ ဒါ- ရတနာတွေပဲ 1 မကုန်နိုင်ဘူး။
ဗဟုရောဂသာဓရဏတာယ
အသာရဿ ကာယဿ
သီလဝန္ကေသု အဘိဝါဒနာဒီကမ္မံ သာရော
ဗဟုရောဂ သာဓာရဏတာယ=ရောဂါပေါင်းများစွာ ဖြစ်ပွားရာဖြစ် သည်၏ အဖြစ်ကြောင့်၊ ရောဂါပေါင်းများစွာနဲ့ ဆက်ဆံနေသည်၏ အဖြစ် ကြောင့်၊ အသာရဿ=အနှစ်သာရမရှိသော၊ ကာယဿခခန္ဓာကိုယ်ကြီး၏။ သာရော=အနှစ်သာရမှာ1။ သီလဝန္တ္ဘေသု=သီလရှိသော ပုဂ္ဂိုလ်တို့ခ်၅4 အဘိ ဝါဒနာဒိကမ္မံ=ရှိခိုးခြင်းစသော အမူသည်။ သာရော=အနှစ်သာရအစစ် တကယ် တမ်း ဖြစ်ပါပေ၏။
ပစ္စည်းဥစ္စာရဲ့ အနစ်သာရဟာ ဒါနပဲလို့ မှာကြားတော်မူပြီးနောက် အနှစ်သာရမရှိတဲ့ ခန္ဓာကိုယ်ကြီးရဲ့ အနှစ်သာရဟာ သီလဝန္တ ပုဂ္ဂိုလ်တွေကို ရှိခိုးခြင်း အစရှိသော ကောင်းမှုတွေပဲ။ အဲဒီ ကောင်းမှုတွေဟာ ခန္ဓာကိုယ်ကြီးရဲ့ အနှစ်သာရလို့ ခန္ဓာကိုယ်ကြီးဆိုတာ အားလုံးသိကြတဲ့အတိုင်း ဘာမျှ အနှစ်သာရမရှိဘူး။
ကေသာ။ လောမား နခါ။ ဒန္တာ။ တစော၊ ဆံပင် မွေးညင်း။ ခြေသည်း၊ လက်သည်း။ သွား။ အရေး အသား။ အကြော။ အရိုး။ ရိုးတွင်း ခြင်ဆီ) အသည်း။ နှလုး၊ အမြှေး အူမ။ အူသိမါ အစာသစ် အစာဟောင်း။ ဦးနှောက်၊ သည်းခြေး သလိပ်။ ပြည်။ ချွေး' အဆီခဲ မျက်ရည် ဆီကြည်။ တံတွေး) နပ်။ အစေး။ ကျင်ငယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးကြီး၊ နှစ်သက်ဖွယ်ရာဆိုလို့ ဘာမျှမရှိဘူး။ အနှစ်သာရ ဘာမျှမရှိဘူး။ အားလုံး အကာကြီးပဲ။ တကယ့်အကား ပျက်စီးဖို့ရာ ရှေ့ရူနေတဲ့ အကာကြီးတွေ။ အဲ-အနှစ်သာရ မရှိဘူး ရောဂါတွေ ထူပြောနေတဲ့ ခန္ဓာကိုယ်ကြီး၊
ယော ဟိ ဂဟပတိ မုဟုတ္တမ္ပိ
ဏ္ကမံ ကာယံ အာရောဂျံ
ပဋိဇာနေယျ ကိ မညတြ ဗာလျာ။
ဒီခန္ဓာကိုယ်ကြီးကို ခဏလေး ကျန်းမာတယ်ဆိုရင် မိုက်လို့ပြောတာ ပဲလို့ ဘုရားရှင်ကိုယ်တော်မြတ်က ညွှန်ကြားတော်မူခဲ့တယ်။ အဲ- ဒီခန္ဓာကိုယ် ကြီးဟာ ဘယ်တော့မှ မကျန်းမာဘူး။ ရောဂါ အမြဲရှိတယ် ရောဂါကြီး ရောဂါငယ်သာ ကွာတယ် အနာမရှိတဲ့ အခါရယ်လို့မရှိဘူး။ ဒီခန္ဓာကိုယ်ကြီးကို ခဏလေးမျှ ရောဂါကင်းတယ်လို့ဝန်ခံခဲ့ရင် အဲဒီ ဝန်ခံတဲ့ပုဂ္ဂိုလ်ဟာ မိုက်လို့ ဝန်ခံတာပဲ။ အဲဒီတော့ အလကား၊ အလကားခန္ဓာကိုယ်က အနှစ်ထုတ်ကြ ရတယ်။ အနှစ်ဟာ ဘာတုံးဆိုတော့ သီလဝန္တပုဂ္ဂိုလ်တွေကို ရှိခိုးခြင်း အပစာယန=သီလဆောက်တည်ကုင့်သုံးခြင်း၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်း၊ ဝေယျာ၀စ္စ= ရတနာသုံးပါးနှင့်စပ်ယှဉ်တဲ့ ဝေယျာဝစ္စကုသိုလ် စသည်ဖြင့် ကုသိုလ်တွေ ကုသိုလ်တွေ ထုတ်ပြီးတော့ အသုံးပြုရင် အဲဒီ ကုသိုလ်တွေဟာ ရောဂ၊ါထူပြောတဲ့ ခန္ဓာကိုယ်ကြီးရဲ့ အနှစ်အမြုတေ။ ချမ်းသာ ခြင်းအကြောင်း ကောင်းသော အမြူတေဓာတ်တွေဟာ တကယ့်ချမ်းသာကြောင်း ရတနာတွေ ခန္ဓာကိုယ်ထဲက အနှစ်ထုတ်ရင် ကုသိုလ်ရတနာတွေ ထုတ်ယူရတယ်။
အဲသလို ဘုန်းကြီးတို့ ခန္ဓာကိုယ်ကြီးကလည်း ရောဂါထူပြောတဲ့ ခန္ဓာကိုယ်ကြီး အဲဒီခန္ဓာကိုယ်ကြီးထဲက မိမိတို့ အနှစ်သာရထုတ်ယူဆိုတာ ဝေယျာဝစ္စကုသိုလ် ကို ထုတ်ယူရတယ်။ ဘုရားအမှူးရှိသော သံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းလို့ သင်္ကန်းလှူဒါန်းလို့ စသည်ဖြင့် ကုသိုလ်ကောင်းမှု
တွေပြုလို့ ယနေ့ အသီးသီး ဝေယျာဝစ္စတွေ ဆောင်ရွက်ကြ၊ အားလုး ဒါတွေဟာ ခန္ဓာကိုယ်ကြီးရဲ့ အနှစ်သာရ။ သီလဆောက်တည်ကြတယ်။ ဒါလည်း ခန္ဓာကိုယ်ကြီးထဲက တကယ့်အနှစ်ထုတ်တာ။
အပစာယန ရတနာသုံးပါးရှိခိုးကြ၊ ဆရာသမားတွေ ရှိခိုးကြ ပူဇော် ကြ။ မိဘတွေကို ရှိခိုးကြ ပူဇော်ကြ ကောင်းတဲ့ အနှစ်သာရတွေကို ခန္ဓာ ကိုယ်ကြီးထဲက ထုတ်ယူတာ။ ဒါကြောင့် ခန္ဓာကိုယ်ကြီးထဲကလည်း မိမိတို့ ထူးထူးခြားခြား အနှစ်သာရတွေ ထုတ်ယူနိုင်ကြတာပါ။ အဲဒီတော့ ကုသိုလ် တွေဟာ မိမိတို့အဖို့ အနှစ်သာရချည်းပဲ။ ဒါကြောင့် လောကမှာ အနှစ်သာရ ဆိုတာ ဘာဆိုတာ သိကြရတယ်။
အနိစ္စာဘိ ဘူတတာယ
အသာရဿ ဇီဝိတဿ
အနိစ္စာဒိ၀သေန ဝိပဿနာဘိ
ယောဂေါ သာရော။
အသာရဿ=အနှစ်သာရမရှိသော။ ဇီဝိတဿ=အသက်၏ / သာရော= အနှစ်သာရမှာ။ အနိစ္စာနုပဿနာ=အနိစ္စဟု ရှုဆင်ခြင်သည် အနိစ္စာ နုပဿနာ ခန္ဓာငါးပါးခ် အနိစ္စ အမြဲမရှိဟု ရှုဆင်ခြင်ခြင်းသည်။ သာရော=အနှစ်သာရ အစစ် တကယ်တမ်းဖြစ်ပါပေ၏
အသက်ရဲ့ အနှစ်သာရဟာ ဘာတုံးဆိုရင် အသက်ဆိုတာ အလကား ပဲ။ တစ်နေ့ကျရင် ပျက်စီးမှာ။ မိမိတို့ကို သေအောင်လုပ်သွားမှား အသက်က အလကားပဲ။ အနှစ်သာရမရှိဘူး။ အနှစ်သာရမရှိတဲ့ အသက်ကို အနှစ်သာရ ရှိအောင် ဘာလုပ်ပေးမတုံးဆိုတော့ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ အနိစ္စ ဆိုတဲ့သဘော၊ အမြဲမရှိဆိုတဲ့ သဘောကို ရူဆင်ခြင်ရမယ်။ ဝိပဿနာဘာဝနာ ပွားမယ်ဆိုရင် ဝိပဿနာပွားများမှုဟာ အဲဒီအသက်ရဲ့ အနစ်သာရပဲလို့ အနှစ်သာရသုံးပါး ထုတ်ဖော်ပြီးတော့ ဟောကြားတော်မူခဲ့တယ်။
ဒါကြောင့်မို့လို့ ယနေ့ မိမိတို့မှာ အနှစ်သာရ ထုတ်ယူရတယ်။ အနှစ်သာရကို အနှစ်သာရမှန်း သိကြတယ်။ သိတဲ့အတိုင်း ထုတ်ယူကြတယ်။ အဲဒီလို ထုတ်ယူနိုင်ကြလို့ အနှစ်သာရကို လောကမှာ အနှစ်သာရမှန်း
သိကြလို့ မိမိတို့သည် ယနေ့ အနှစ်သာရ အမျိုးမျိုးရကြ၊ ဓမ္မရတနာ အနှစ် သာရတွေ အများကြီး ရကြတယ်။
သာရဉ္စ သာရတော ဥတွာ
အာသာရဉ္စ အသာရတော
တေသာရံ အဓိဂစ္ဆန္တိ
သမ္မာသင်္ကပ္ပ ဂေါစရာ။
သာရဉ္စ=အနှစ်သာရကိုလည်း၊ သာရတော=အနှစ်သာရအားဖြင့်။ ဥတွာ =သိကြကုန်ရှ။ အသာရဉ္စ=အနှစ်သာရမဟုတ်သောအရာကိုလည်း။ အသာရတော=အနှစ်သာရမဟုတ်သောအားဖြင့်4 ဥတ္ပွာ=သိကြကုန်ရွ်။ သမ္မသက်္ကပ္ပဂေါစရာ- မှန်ကန်သော အကြံအစီလျှင် ကျက်စားရန်ရှိကုန်သော၊ တေအထိုပုဂ္ဂိုလ်တို့သည်။ သာရံ=သီလ သမာဓိ ပညာ ဒါန အစရှိသော အနှစ်သာရကို၊ အဓိဂစ္ဆန္တိ =ကောင်းစွာလှလှ ရရှိကြပါပေကုန်သတည်း။
မိမိတို့ အနှစ်သာရကို ခံယူထားကြတဲ့အတိုင်း အနှစ်သာရကို သိကြပြီး ပြုကြလို့ ယနေ့ သင်္ကန်းအကြောင်းပြုပြီးတော့ ဆွမ်းအကြောင်း ပြုပြီးတော့ အလှူဒါနတည်းဟူသော အနှစ်သာရ ရကြ။ သီလတည်း ဟူသော အနှစ်သာရ ရကြ အပစာယန ဝေယျာဝစ္စစသော အနှစ်သာရတွေ ရကြ။ အားလုး အနှစ် သာရတွေကို ယနေ့ရကြသောကြောင့် ထိုအနှစ်သာရ တွေဟာ မိမိတို့ တကယ့် အနှစ်သာရဖြစ်တဲ့ မင်တည်းဟူသော အနှစ်သာရ ဖိုလ်တည်းဟူသော အနှစ်သာရ နိဗ္ဗာန်တည်းဟူသော အနှစ်သာရ အမျိုးမျိုး တို့ကို တွေ့ကြရလိမ့်မယ်။ ရအောင်လည်း ဆောင်ရွက်ပေးကြလိမ့်မယ်လို့ ယုံကြည့်အားကိုးတဲ့ စိတ်ထားနဲ့ မိမိတို့ပြုက္သြတဲ့ ကုသိုလ်တွေကို ပြီးပြဲ ပျောက်ပျောက် ဃဘောမထားကြပဲနဲ့ ပြန်ကြည့်ပြီးတော့ အောက်မေ့ခြင်းဖြင့် စာဂါနုဿတိဘာဝနာ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဘာဝနာပွားများရေး တရားတော်
ယနေ့ ဘုန်းကြီး တရားမဟောခင် ဘုန်းကြီးတို့ ဒကာ၊း ဒကာမတွေ အဲ ဘာဝနာတွေ ပွားခိုင်းရမယ်။ အဆန်းတော့ မဟုတ်ပါဘူး။ ဗုဒ္ဓနဿတိ။ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ။ ဒေဝတာ နုဿတိဆိုတဲ့ အနုဿတိခြောက်ပါး ဘာဝနာ ပွားများခိုင်းရမယ်။ ကဲ ... လိုက်ဆိုကြ၊ ဗုဒ္ဓနုဿတိဘာဝနာ ဘုရားဂုဏ်တော်ကို အာရုံပြုတဲ့ ဘာဝနာကို ရှေးဦးစွာပွားကြရမယ်။
သော ဘဂဝါ ကုတိပိအရဟံ)။ သောဘဂဝါ] ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ က္ဂတိပိ၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း။ အရဟံ အရဟံဟု သုံးတန်ဘုံလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ကတိပိ။ သိစရာရှိသမျှ ဥေယျဥဿုံ အလုံးစုံတို့ကို အကုန်အစင် ညဏ် သမ္ပဇဉ်ဖြင့် ထင်ရှားပိုင်ပိုင် သိမြင်တော်မူနိုင်သော ဤအကြောင်းကြောင့်လည်း။ သမ္မာ သမ္ဗုဒ္ဓေါ သမ္မာသမ္ဗုဒ္ဓဟု လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော် မူခဲ့ပါပေ၏။
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ကုတိပိ၊ ဤသို့ အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏ ပြည့်ဝစုံလင် ဂုဏ်တင်ဖွယ် ကောင်း ဤအကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နော။ ဝိဇ္ဇာစရဏသမ္ပန္နဟု လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏ / သောဘဂဝါ။ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ကူတိပိ၊ ဤသို့ စကား ဆိုရန် ခွန်းခြောက်တန်တွင် မှန်လည်းမှန်ဘိ၊ အကျိုးရှိလတ် ကောင်းမြတ်သော နှုတ်ခွန်းစကားကိုသာ ဆိုတော်မူတတ်သောကြောင့်လည်းကောင်း၊ ကောင်းမြတ်
ရာမှန် နိဗ္ဗာန်ရွှေမြို့သို့ ကြွသွားတော်မူတတ်သော ဤအကြောင်းကြောင့် လည်းကောင်း သုဂတော။ သုဂတဟု လောကအလုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မှုခဲ့ပါပေ၏
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင် ရှင်တော် မြတ်ဘုရားသည်။ ကုတိပိ၊ ဤသို့ သတ္တဝါအစုံ ဘုံအနန္တ သင်္ခါရဟု လောက သုံးပါး ပိုင်းခြား ထင်ထင် သိမြင်တော်မူတတ် ဤ ဂုဏ်သကတ်ကြောင့်လည်း လောကဝိဒူ၊ လောကဝိဒူဟု သင်းကြူပျံ့ထုံ ဘုံအနန္တ မကျန်ရအောင် လုံးဝ ကုန်စင် ထင်ပေါ်ကျော်ကြားတော်မူခဲ့ပါ ပေ၏။
သော ဘဂဝါ။ ထိုရွှေဘုန်းတော် သခင် ရှင်တော်မြတ်ဘုရားသည်။ ကုတိပိ၊ ဤသို့ ဆုံးမသင့် ဆုံးမထိုက်သော သတ္တဝါအပေါင်းတို့အား တုတ်ဓား မပြ။ တရားချလျက် ဆုံးမပဲ့ပြင် သွန်သင်ရေးဝယ် အတုမရှိ ထူးမြတ်တော်မူသော ဤအကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသ ဒမ္မသာရထိ အနုတ္တရောပုရိသ ဒမ္မသာရထိဟု လောက အလုံးလွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏။
သော ဘဂဝါ ထို ရွှေဘုန်းတော်သခင် ရှင်တော် မြတ်ဘုရားသည်1။ က္ဂတိပိ၊ ဤသို့ နတ်လူတို့၏ ဆရာသခင်ဖြစ်တော်မူသောကြောင့်လည်းကောင်း။ သတ္တဝါအများတို့ကို သံသရာ ဘဝဝဠဋ်ဒုက္ခမှ ကယ်တင်ရာခ် ကုန်သည်မှူး ကြီးပမာ ရှေ့ဆောင်ဦးစီး အကြီး အမှူးဖြစ်တော်မူသောကြောင့်လည်းကောင်း။ သတ္ထာဒေဝမနုဿာနံ သတ္ထာ ဒေဝ မနဿာနံဟု လောကအလုံး လွှမ်းဖုံး ထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ကုတိပိ ဤသို့ သစ္စာလေးတန် တရားမှန်တို့ကို ကိုယ်တော်တိုင်သိ ဝေနေယျ တပည့်တို့အားလည်း သိစေတော်မူသော ဤအကြောင်းကြောင့် လည်း။ ဗုဒ္ဓေါ) ဗုဒ္ဓနာမံ ဘွဲ့တော်ခံလျက် သုံးတန်ကုန်လုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ကုတိပိ၊ ဤသို့ သစ္စာလေးတန် တရားမှန်တို့ကို ကိုယ်တော်တိုင်သိ ဝေနေယျ တပည့်တို့အားလည်း သိစေတော်မူသော ဤအကြောင်းကြောင့်
လည်း။ ဗုဒ္ဓေါ ဗုဒ္ဓနာမံ ဘွဲ့ တော်ခံလျက် သုံးတန်ကုန်လုံး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော် မူခဲ့ပါပေ၏ / သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော် မြတ်ဘုရားသည်။ က္ဂတိပိ၊ ဤသို့ ကုဿရိယ-ဓမ္မ-ယသ-သိရီ-ကာမ ပယတ္တကုန်လုံ ဘုန်းခြောက်စုံနှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့် လည်း၊ ဘဂဝါ] ဘဂဝါဟု လောကအလုး လွှမ်းဖုံးထင်ပေါ် ကျော်ကြားတော် မူခဲ့ပါပေ၏။
အဲဒါ ဘုရားဂုဏ်တော်ကို အာရုံပြုတဲ့ ဗုဒ္ဓနုဿတိဘာဝနာ၊
ဓမ္မာနဿတိ တရားဂုဏ်တော်ကို အာရုံပြုပြီး ပွားကြဦးစို့။ အဲ-
ဘဂဝတာ ဘုန်းခြောက်ပါးသခင် ရှင်တော်မြတ်ဘုရားသည် ဓမ္မော မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ပရိယတ် ဆယ်ပါးသော တရားတော်မြတ်ကို သွာက္ခာတော ကောင်းခြင်းသုံးဖြာ စုံညီညာလျက် ကောင်းစွာထပ်ထပ် ဟောကြားတော်မူအပ်ပါပေ၏။ ဘဂဝတေား။ ရွှေဘုန်းတော်သခင်ရှင်တော် မြတ်ဘုရား၏ / ဓမ္မော မဂ်ဖိုလ်နိဗ္ဗာန် တရားတော်မြတ်သည်။ သန္ခ်င္ဒိကော။ သူပြောငါ ပြော အဟောဠိတည် မယုံကြည်ရ။ ဓမ္မကျင့်သူ နတ်လူမှန်က ဒိဋ္ဌကိုယ်တိုင် ပိုင်ပိုင် တိတိ သိအပ်မြင်အပ် တရားတော်မြတ် ဖြစ်ပါသောကြောင့် သန္ဒိဋိက မည်တော်မူပါပေ၏။
ဘဂဝတေား ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ ဓမ္မော။ မင်္ဂလေးပါး တရားတော်မြတ်သည်။ အကာလိကော အခါအခွင့် ကြာမဖင့်ဘဲ မလင့်မနှေး ချက်ချင်းအကျိုးကို ပေးတတ်သောကြောင့် အကာလိက မည်တော် မူပါပေ၏။ ဘဝဂတော ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ 1 ဓမ္မော။ မဂ်ဖိုလ် နိဗ္ဗာန်တရားတော်မြတ်သည်။ ဧဟိပဿိကော သန့်ရှင်း ကောင်းမြတ် လှသည်ဖြစ်ရှ လာလှည့်စမ်းပါ ရှုစမ်းပါဟု သာယာချိုမြ ဖိတ်ခေါ်ခြင်းငှာ ထိုက်သောကြောင့် ဧဟိပဿိကဟု လောကအလုံး လွှမ်းပုံး ထင်ပေါ် ကျော်ကြားတော်မူခဲ့ပါပေ၏ 1
ဘဂဝတေား ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ / ဓမ္မော။ မဂ်ဖိုလ်နိဗ္ဗာန် တရားတော်မြတ်သည်။ ဩပနေယျိကော။ ပုဆိုးမီးလောင်။ ခေါင်းမီးလောင်လည်း ငြိမ်းအောင်ပြုရေး မပြုသေးဘဲ အရေးကြီးစွာ ဘာဝနာ ဖြင့် စိတ်မှာစွဲအောင် အမြဲဆောင်ထိုက်သောကြောင့် ဩပနေယျိကမည်တော်
မူပါပေသတည်း။ ဘဂဝတေား ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ ဓမ္မော။ မဂ်ဖိုလ် နိဗ္ဗာန် တရားတော်မြတ်ကို၊ ဝိညူဟိ။ တရားသိမြင် ပညာရှင်တို့သည် (ဝါ) အရိယာသခင် အရှင်မြတ်တို့သည်။ ပစ္စတ္တံ အသီး အသီး ကိုယ်စီကိုယ်ငှ မိမိတို့သန္တာန်ဉ္ဗ်။ ဝေဒိ တဗ္ဗော။ မဂ်ဖိုလ်နိဗ္ဗာန် ရပိုင်ဟန်ကို အမှန်တွေ့ရှိ ကိုယ်တွေ့သိအပ်ပါပေ၏
ဒါ တရား ဂုဏ်တော်ခြောက်ပါး။
သံဃာ့ဂုဏ်တော် (၉)ပါ။ ပွားလိုက်ကြဦးစို့-
ဘဂဝတေား ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ / သာဝက သံဃော။ တပည့်သား အကျော် သံဃာတော်အပေါင်းသည်။ သုပ္ပဋိပန္နော) ရှင်တော်မြတ် အဆုးအမ မလွန်ရအောင် ညွှန်ပြတိုင်းသာ အကောင်းဆုံး ကျင့်တော်မူတတ်ပါပေ၏ / ဘဂဝတော-၏ [ သာဝကသံဃေား သည်။ ဥဇုပ္ပဋိပန္နော၊ မဇ္စျိမပဋိပဒါလမ်းသာယာဖြင့် ကောင်းစွာလျှောက်ဤ ကောက် ကွေ့ခြင်းကင်း) ဖြောင့်စင်းတည့်မတ်စွာ။ ကျင့်တော်မူတတ်ပါပေ၏ / ဘဂဝ တော။-စါ / သာဝကသံဃေား -သည်။ ဥာယပ္ပဋိပန္နော။ ဒုက္ခကင်းဝေး ငြိမ်းအေးရာမှန် နိဗ္ဗာန်အလို့ငှာ အလေးပေးကာ ကျင့်တော်မူတတ်ပါပေ၏ ဘဂဝတော။-ဓါ [ သာဝက သံဃော၂1-သည်။ ဉာယပ္ပဋိပန္နော၊ နတ်လူကြည်ညို ရိုသေဖို့တန် ခံယူထိုက်ခွင့် ဂုဏ်ရည်မြင့်စရာ ကျင့်တော်မူတတ်ပါပေ၏။
ယဒိဒံ ယာန်က္ကမာနိ စတ္တာရိပုရိသယုဂ၊ါနိ၊ အကြင် အစုံအားဖြင့် လေးစုံတို့သည်။ အဋ္ဌ၊ ရှစ်ယောက်ကုန်သော1။ ပုရိသပုဂ္ဂလာ။ ယောက်ျားမွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဟောန္တိ။ ဖြစ်ကြပါပေကုန်စါ။ ဘဂဝတေား ရွှေဘုန်း တော်သခင် ရှင်တော်မြတ်ဘုရား၏ ဧသဧသော သာဝကသံဃော ဤတပည့် သား အမော် သံဃာတော်မြတ်သည် အာဟုနေယျော]။ အဝေးမှပင် ဆောင်ယူ ငင်လာ လှူစ ရာကို ရှင်သာထိုက်စေ ခံယူတော်မူထိုက်ပါ ပေ၏ --ပါ ဟုနေယျော ချစ်ခင်မြတ်နိုး ဆွေမျိုးမိတ်ကလျာ အတွက်တာဟု ဖွယ်ရာမငြီး အသီးစီမံ အာဂန္တုက ဧည့်ဒါနကို မုချမသွေ ခံယူတော်မူထိုက်ပါပေ၏။ ဒက္ခိဏေယျော။ ချမ်းသာအမျိုးမျိုး အကျိုးရည်သန် အလှူမှန်ကို ခံယူတော်မူထိုက်ပါပေ၏ 1 အဉ္စလိကရဏိယော၊ ကောင်းကျိုးကိုသော် ရည်မျှော်တလျက် လက်နှစ်ဖက်ကို ဦးထက်မှာမိုး ရှိခိုးခြင်းအမှန် ခံယူတော်မူထိုက်ပါပေ၏ [ လောကဿ
တစ်လောကလုံး၏။ အနတ္တရံ။ ကြီးကျယ်ဖွံ့ဖြိုး အကျိုးအရ နှိုင်းဆကင်းဘိ အတုမရှိသော၊ ပုညက္ခေတ္တံ) ကောင်းမှုမျိုးတို့ စိုက်ပျိုးဖွယ်ရာ လယ်ယာ တစ်မျိုး အဖိုးထိုက်တန် မြေကောင်းအမှန် ဖြစ်ပါပေ၏ 1
ဒါဟာ သံဃာနုဿတိ သံဃာ့ဂုဏ်ရည်ကို ပွားများရတာ အခုတစ်ခါ သီလာနုဿတိ မိမိဆောက်တည်ရတဲ့ သီလရဲ့ဂုဏ် အာရုံပြုပြီး ပွားများကြ ဦးစို့
မေ၊ ဘုရားတပည့်တော်၏ / သီလံ။ ယနေ့ကျင့်သုံးဆောက်တည် ရသော 1 နဝင်္ဂသီလ၊ ထူးမြတ်လှသော သီလတရားသည်။ အစဏ္ဍ 1 အဝတ် အနား ပြတ်သည့်လားသို့ အနားမြိတ်စပ် ကျိုးအပြတ်လည်း မရှိပါပေ။ အဆိဒ္ဒံ အဝတ်အလယ် ပေါက်သည့်နယ်သို့ အလယ်သိက္ခာ အရာရာတွင်၊ အပေါက်လည်းမမြင်ပါတကား4 အသဗလံ။ နွားကြောင် နွားကြား ပုံအလားသို့ အများဆက်လျက် အကြားအကွက်လည်း မရှိပါပေတကား။ အကမ္မာသ။ ဝါစေ့ပျောက်န္ပား ပုံအလားသို့ ကြိုးကြားပေါက်အင် အပြောက်လည်း မထင်ပါပေတကား။ ဘုဇိဿံ။ လူနတ်ချမ်းသာ မမှန်းပါဘဲ တဏှာ၏ ကျွန် တာဝန်မဲ့ကင်း သန့်ရှင်းလေစွတကား။ အပရာမသံ။ တစ်စုံတစ်ရာ ပြစ်အနာကို ဖွေရှာသုံးသပ် မစ္ပဲအပ်ပေစွတကား။ သဗ္ဗဝိညူဟိ။ အဘိဇ္စျာကင်း ကဿာ ရှင်း ဤကောင်းခြင်းလိုလား ပညာရှိများတို့သည် ပသတ္ထံ။ နည်းလမ်း ချီးမွမ်းထိုက်သည်ဖြစ်ရ၊ သမာဓိ သံဝတ္တနကံ သမာဓိ၏ အခြေခံ ဧကန်ဖြစ်ရွှဲ စင်စင် မြတ်လှပါပေစွတကား1။
(သာဓု သာဓု သာဓု)
အဲ-သီလာနုဿတိ။ မိမိ သီလ ပြည့်စုံတယ်။ ကောင်းမြတ်တယ်။ မွန်မြတ်တယ်ဆိုတာကို ဆင်ခြင်တဲ့ သီလာနုဿတိ၊ ဒါပြီးတော့ တစ်ခါ စာဂါ နုဿတိ။ အဲ-ယွောဟံယောအဟံ-သံသရာနောင်ရေး မျှော်ခေါင်တွေးဤ လေးလေးပင်ပင် ဆင်ခြင်လေ့လာ အကြင်ငါသည်။ မစ္ဆေရပရိယုဋ္ဌာယ- မပေးရက်လို သဝန်တိုသဖြင့် ထိုထိုဒါန မှန်သမျှ မစ္ဆေရရန် ပုန်ကန် သောင်းကျန်းလျက်ရှိသေား ပဇာယ-ဝတ်မှုစားမှု အကြွားမှုတို့ခ်် အားပြိုင်ငဲ့ စောင်း သူအပေါင်းတွင်' တတော-ထိုမစ္ဆေရဟု ထကြြပုန်ကန် သူပုန်ရန်မှ1
ဝိဂတော-ရှေးဝါသနာ အထုံပါသဖြင့် ကောင်းစွာလွတ်ကင်း သန့်ရှင်းသည် ဖြစ်ရ စာဂေ-စွန့်ကြဲဝေငှ လှူဒါန်းနေရခြင်းခ်၊ သဒါရတော-ကိုယ့်တွက် ခြိုးခြံ ပင်ပန်းခံလျက် အမှန်မွေ့လျော် အပျော်ကြီး ပျော်ရပါပေ၏ တဿမေ- ဒါနစာဂီပါရမီခ် သာကြည်မွေ့လျော် ထိုကဲ့သို့ ပျော်နေသော ငါသည်။ ပနုဿတ္တံ ပတိရူပ ဤဒေသခ် ဖြစ်ရစင်စစ် လူအဖြစ်ကို၊ သုလဒ္ဓံဝတ-သံသရာနောင်ရေး မျှော်ခေါင်တွေးက အေးမြရွှင်ပျော် သြော် အရတော်လေစွ တကား။ အဲဒါ စာဂါနုဿတိ မိမိတို့ ယနေ့လှူဒါန်းရတဲ့ ဒါနကို ဘာဝနာ ပွားများတာ။
အဲ-တစ်ခါ ဒေဝတာနုဿတိ၊ ဒေ၀တာနုဿတိဆိုတာ နတ်တွေမှာ သဒ္ဓါသီလစသော တရားတွေရှိတယ်။ နတ်ပြည်ရောက်ကြတယ်14 အဲဒီနတ် တွေမှာရှိတဲ့ သဒ္ဓါသီလစသည် ငါ့မှာလည်း ရှိတယ်။ အဲဒီလို နတ်တွေနဲ့ ပုံခိုင်းပြီးတော့ နတ်တွေရဲ့ သဒ္ဓါသီလစသော တရားတွေကို ပုံနှိုင်းပြီးတော့ မိမိရဲ့သဒ္ဓါတရား သီလတရားစသည်ကို ရှုဆင်ခြင်တဲ့ ဘာဝနာကို ဒေဝတာ နုဿတိခေါ်တယ်။ အဲ-ယေယိ သဒ္ဓါဒိဂုဏေဟိ-သဒ္ဓါသီလ များသုတနှင့်။ စာဂ-ပညာ စည်သာလောက်လုံ အကြင်ကျေးဇူးဂုဏ်တို့ကြောင့်။ ဒေ၀ဝတာ- စတုမဟာ ဝတိံသာနှင့် နတ်ရွာခြောက်လီ ဗြဟ္မာပြည် ကိုယ်စီစံစား နတ် အများတို့သည် ဒေဝတ္တံ-ရောဂါမကပ် ဥပဒ်မတွယ် အန္တရာယ်ကင်းဝေး အေးချမ်းသာယာ ဗြဟ္မာနတ်၏ အဖြစ်သို့) ဂတာ-ဤလူ.ပြည်မှ စုတေကြ သော် ခဏမသွေ ဆိုက်ရောက်ရပါ ပေကုန်စါ။ တေဂုဏာ-ထိုနတ်ဗြဟ္မာနန်း ကပ်ကာမြန်းဖို့ အစွမ်းလောက်လုံ ထိုကျေးဇူးဂုဏ်တို့သည်။ မယှံပိ-ဘုရား အကြိုက် တရားလိုက်တဲ့ စရိုက်မြင့်စွာ ဤသည့်ငါ်လည်း။ သံဝိဇ္ဇန္တိ- အမြဲ မပြတ် သတိချပ်သဖြင့် မလပ်ပုံသေ ရှိခဲ့ပါပေကုန်စါ။ မေ-ငါ၏1 ဂုဏ ၀န္တ တာ-သဒ္ဓါသီလ စသည်လောက်လုံ ဂုဏ်ပေါင်းစုံစါ် အဖြစ်သည်။ အဟော၀တ-တမလွန်အရေး ကြုံတိုင်းအေးဖို့ လေးလေးပင်ပင် အစဉ်မျိုးမှန် သြော် အဖိုးတန်ပါပေစွတကား။ အဲဒါ ဒေ၀တာနုဿတိ/။ အဲ- ဒေ၀တာနုဿတိ ပြီးတော့ ဥပသမာနဿတိ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ပွားများရတယ်။
အဲဒီတော့ နည်းနည်းသာ ဟောတော့မယ်။ ငါးမိနစ်လောက်။ အဲ- တစ်ခါတုန်းက ဘုရားရှင်ကိုယ်တော်မြတ်ကြီး နိဂြောဓရုံကျောင်းတော်ကြီးမှာ
သီတင်းသုံးနေတယ်။ ဇာတိဌာန ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတော် ကြီးမှာ သီတင်းသုံးတော်မူတယ် 1 အဲဒီတော့ ရဟန်းတွေက ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သင်္ကန်းကို ပြုပြင်စီမံနေကြတယ်။ နောက်သုံးလ ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ခရီးဒေသစာရီ ကြွချီတော်မူမယ် ဆိုပြီးတော့ သင်္ကန်းကိစ္စ ဆောင်ရွက်နေကြတယ်။
ဒါကို မဟာနာမ်က ကြားရတယ် ကြားတော့ ဘုရားရှင် ကိုယ်တော် မြတ်ဆီ ရောက်လာတယ်။ မြတ်စွာဘုရား တပည့်တော် ဒီလိုပဲကြားရတယ်။ နောက် သုံးလဆိုရင် ဘုရားရှင်ကိုယ်တော်မြတ် ခရီးဒေသစာရီ ကြြချီတော့ မှာပဲ။ ဘုရားတပည့်တော်တို့ဟာ အမျိုးမျိုးသော နေခြင်းမျိုးဖြင့် နေခဲ့ကြရ တယ်။ ဒီတော့ ဘယ်လိုနေခြင်းမျိုးနဲ့ နေထိုက်ပါသတုံးဘုရားလို့ လျှောက် ထားလိုက်တဲ့အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က မဟာနာမ်။ အဲ- ယခုလိုလာပြီးတော့ လျှောက်ထားတာဟာ အင်မတန်ကောင်းတယ်။ အဲ အမျိုးကောင်းသား။ အမျိုးကောင်းသမီးတွေအဖို့ ဤသို့ ငါဘုရားကို ချဉ်းကပ် ပြီးတော့ မေးမြန်းလျှောက်ထားခြင်းဟာ အင်မတန် ကောင်းတယ်။ အဲ- အမျိုးကောင်းသား။ အမျိုးကောင်းသမီးတွေအဖို့ ဤသို့ ငါဘုရားကို ချဉ်းကပ် ပြီးတော့ မေးမြန်းလျှောက်ထားခြင်းဟာ အင်မတန် အမျိုးသား အမျိုးသမီး တို့နဲ့ သင့်လျော်တဲ့ အကျင့်ကောင်း တစ်ရပ်ပဲ။ အဲ-ဒီတော့။
သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘာကိစ္စမှ တရားဆိုင်ရာ ကိစ္စတွေမှာ သူပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘူး။ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်ဟာပြီး မြောက်အောင် ဆောင်ရွက်နိုင်တယ်။ သတိတရား မရှိဘူး။ မေ့မေ့လျော့လျော့ ပေါ့ပေါ]့ဆဆနေတဲ့ ပုဂ္ဂိုလ်ဟာလည်း တရားအရာမှာ ဘာကိစ္စမျှ မဆောင် ရွက်နိုင်ဘူး။ အဲ-မမေ့မလျော့ မပေါ့မဆတဲ့ အပ္ပမတ္တပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်သာ တရားအရာမှာ လိုရာကို ဆောင်နိုင်တယ်။ အဲဒီတော့ မတည်ကြည်တဲ့ ပုဂ္ဂိုလ် သမာဓိ မရှိတဲ့ပုဂ္ဂိုလ်ဟာလည်း တရားအရာမှာ ဘာမျှ မဆောင်ရွက်နိုင်။ ပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘူး။ သမာဓိရှိတဲ့ သမာဓိတည်တဲ့ ပုဂ္ဂိုလ်သည်သာလျှင် တရားအရာမှာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်တယ်။ အဲ- လုံ့လဝီရိယမရှိတဲ့ လူပျင်းဟာလည်း တရားအရာမှာ ပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘူး။ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်ကသာ ဆောင်ရွက်နိုင်တယ်။
ထို့ပြင် ပညာမရှိတဲ့ ပုဂ္ဂိုလ်ဟာလည်း တရားအရာမှာ ပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘူး။ အဲ-ပညာရှိတဲ့ ပုဂ္ဂိုလ်သည်သာလျှင် တရားအရာမှာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်တယ်။
ဒါကြောင့် မဟာနာမ်ဟာ ဤတရား ငါးပါးတို့၌ တည်ပြီးတော့ ခြောက်ပါးသော တရားတို့ကို ပွားများရမယ်။ အဲ-ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနဿတိ၊ ဒေ၀ဝတာနဿတိဆိုတဲ့ အနုဿတိခြောက်ပါး တရားတို့ကို ပွားများအားထုတ်ရမယ်လို့ မိန့်တော် မပြီးတော့ အဲ-ဗုဒ္ဓါရသာတိ မွားပုကို ခန ဘုန်းကြိုးချပေးသလို မိန့့ကြားတော် မူခဲ့တယ်။ ချပေးတုန်းကလည်း ကုတိပိသောဘဂဝါအတိုင်းပဲ မိန့်ကြားတော် မူခဲ့တယ်။ အဲဒီတရားတွေ ပွားများရတယ်။ ဗုဒ္ဓါနုဿတိဘုရား အာရုံဘုရား ဂုဏ်တော်တွေကို ပွားများရတယ်။1
အဲဒီလို ဘုရားဂုဏ်တော်တွေကို အာရုံယူပြီးတော့ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများလို့ရှိရင် အဲ- ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများတဲ့အခါ၌ စိတ်ထဲ မှာ ကာမရာဂ စသည်အကုသိုလ်တရားတွေ မဖြစ်ပွားဘူး။ စိတ်ဟာ တည်ကြည် ပြီးတော့ ချမ်းသာတယ် အဲ-စိတ်ဋ် ကာမဂုဏ် သောင်းကျန်း ထကြြတဲ့စိတ်လည်း မဖြစ်ဘူး ဒေါသထကြြသောင်းကျန်းတဲ့ စိတ်လည်း မဖြစ်။ မောဟ ထကြ သောင်းကျန်းတဲ့ စိတ်လည်း မဖြစ်ဘူး။ စိတ်ဓာတ်ဟာ တည်ကြည်နေတယ်။ စိတ်ဓာတ်ဟာ တည်ကြည်ခြင်းသို့ရောက်နေတယ်။ အဲ တည်ကြည်တဲ့စိတ်ဖြင့် ဗုဒ္ဓနုဿတိဒ် သက်ဝင်နေတဲ့ ပုဂ္ဂိုလ်ဟာ အဲ- ထိုထိုတရားနှင့်ဆိုင်ရာ အနက်အဓိပ္ပာယ်တွေကို သိနိုင်တယ်။ တရားနှင့် ဆိုင်ရာ အချက်အလက်တွေကို သိနိုင်တယ်။ တရားနှင့်ဆိုင်ရာ အနက် အဓိပ္ပာယ်တွေကို ကောင်းကောင်း သိနိုင်တယ်။ တရားနှင့်ဆိုင်ရာ အချက် အလက်တွေကို ကောင်းကောင်းသိနိုင်တယ်။ အဲဒီလို သိတော့ နှစ်သက် ၀မ်းမြောက်ရတယ်။ ဝမ်းမြောက်တော့ ပီတိဖြစ်ရတယ်။ ပီတိဖြစ်တော့ ပဿဒ္ဒိဖြစ်ရတယ်။ ဒါတွေကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက နားလည် ပြီးသား။
ဒီတရားတွေက အဲ-ပီတိတို့ ပဿဒ္ဓ္ဗိတို့ ဆိုတာ ကြာဖူးနားဝများလှပြီး။ သမာဓိ ဖြစ်တယ် သမာဓိ ဖြစ်နိုင်တယ်။ အဲဒါကြောင့်မို့လို့ အဲဒီတရားကို
ပွားများဖို့ဆိုပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။ ထို့အတူ တရားတော် ဓမ္မာနုဿတိ/ သံဃာ့ဂုဏ်တော်ကို အာရုံပြုတဲ့ သံဃာ့နုဿတိ/ အဲ-ခုနပြောခဲ့သလို မိမိ သီလကို အာရုံပြုတဲ့ သီလာနုဿတိ။ မိမိရဲ့ စာဂစွန့်ကြဲမှုကို အာရုံပြုတဲ့ စာဂါနုဿတိ။ အဲ-နိဗ္ဗာန်ကိုအာရုံပြုတဲ့ ဥပသမာနုဿတိဆိုတဲ့။ အနုဿတိ တရားတွေပွားများက-
ကာမရာဂ ပယ်နိုင်တယ်။ ဒေါသကို ပယ်နိုင်တယ်။ အဲ-စိတ်ဓာတ် တညိကြည့်လို့ အဲဒီ တည္ပိက္သြည်တဲ့စိတံကို အမကြြာင်းပြုပြီးတော့ တရားကို သိရ၊ အနက်ကိုသိရ။ အနက်အဓိပ္ပာယ်ကို သိရတယ် အဲဒီတရားကို သိရ။ အနက်အဓိပ္ပာယ်ကို သိရလို့ ပီတိဖြစ်ရ။ ပဿဒ္ဓိ ငြိမ်းချမ်းမှုဖြစ်ရ သမာဓိ တည်ကြည်မှု ဖြစ်ရတယ် အဲ-ကောင်းမြတ်တဲ့ တရားတွေ ဖြစ်ပေါ်လာ ရတယ် ဒါကြောင့်မို့လို့ အဲဒီတရားတွေကို ပွားများဖို့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ညွှန်ကြားတော်မူခဲ့တယ် 1
အဲ-အဲသလို ဘုရားတပည့်တော်တို့ အမျိုးမျိုးသော နေခြင်းမျိုးဖြင့် နေလာခဲ့တာဖြစ်တော့ ရှင်တော်မြတ်ဘုရား၊ အဲ တပည့်တော်တို့ ဘယ်လိုနေ ရမယ်ဆိုတာ ညွှန်ကြားတော်မူပါဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဗုဒ္ဓါနုဿတိနဲ့နေဖို့။ ဓမ္မာနုဿတိနဲ့နေဖို့။ သံဃာ နုဿတိနဲ့နေဖို့) သီလ နုဿတိနဲ့နေဖို့း_ စာဂါနုဿတိ၊ ဥပသမာနုဿတိနဲ့နေဖို့ နေခြင်းနည်း ပေးတော်မှုခဲ့တယ်။ အဲဒီနည်းကို အကျဉ်းချုံးပြီးတော့ ဘုန်းကြီး ယနေ့ ဖော် ပြပြီး ဟောလိုက်ရခြင်း ဖြစ်တယ်
ဒါကြောင့် မိမိတို့လည်း တတ်စွမ်းနိုင်သမျှ ဘုရားဂုဏ်တော်ပွားများ)။ တရားဂုဏ်တော်ပွားများ၊ သံဃာ့ဂုဏ်တော်ပွားများ) မိမိရဲ့ သီလပ္ပွားများ၊ မိမိရဲ့ စွန့်ကြဲခြင်း အလှူဒါနပွားများ၊ အဲ-နိဗ္ဗာန်ရဲ့ဂုဏ်ကို ပွားများခြင်းဖြင့် ကောင်းကောင်းနေခြင်းဖြင့် နေနိုင်ကြပြီးတော့ ထိုနေခြင်းကြောင့် ဖြစ်သော ချမ်းသာသုခကို အမြဲ တမ်း ခံစားနိုင်ကြပြီးတော့ အမြဲ တမ်း ချမ်းသာကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
ကိုယ့်ကိုကိုယ်ချစ် တရားတော်
(၁၀-၁၁-၉၂ ရေကျော်-ပုဇွန်တောင်နေ မောင်အေး ကဖီးဆိုင်ပိုင်ရှင်။ ဒကာ ဦးမောင်အေး။ ဒေါ်စိးစိုးထွန်းတို့ဓစါ မွေးနေ့အလှူတော်၌ ဟောကြား အပ်သော တရားတော်) ယနေ့ မွေးနေ့ အခါသမယခ်် ဒကာ ဦးမောင်အေး + ဒကာမ ဒေါ်စိုးစိုးထွန်းတို့၏ ထူးခြားသော ကျောင်းအလှူတော်၊ သင်္ကန်းအလှူတော်။ ဆွမ်းအလှူတော် လှူဒါန်းကြတယ်။
. -- အဲ-လမ်းတုန်းကလည်း ဒကာကြီးက တိုက်ကြီးမြို့မှာ ကျောင်း တော်ကြီး ဆောက်လုပ်လှူဒါန်းလို့ပြီးပြီလို့ ဆိုရလောက်အောင် ဖြစ်နေပြီ၊ ဒီ့အပြင် ဘာလှုူတာ။ ညာလှူတာတွေလည်း အများကြီးပဲလို့ လျှောက်ပြော လာတော့ ဘုန်းကြီးသတိရတုံး- အတ္တာ နဉ္စေပိယံဇညာ ရက္စေယျနံသုရက္စိတံ။
တိဏ္ဍံ မညတရံယာမံ ပဋိဇဂ္ဂေယျ ပဏ္ဍိတော ပဏ္ဍိတော။ ပညာရှိသည်4 အတ္တာနံ။ မိမိကိုယ်ကိုယ်၊ ပိယံ။ ချစ်ခင်အပ် မြတ်နိုးအပ်စါ ဟူရဤ။ စေဇဧညာ။ အကယ်ရွ် သိငြားအံ့။ တံ အတ္တာနံ။ မိမိ ချစ်အပ်ပါတယ်ဆိုတဲ့ ကိုယ်ခန္ဓာကြီးကို၊ သုရက္ခိတံ။ အကောင်းဆုံး စောင့်ရှောက်ခြင်း မည်လောက်အောင် 1 ရက္ခေယျ စောင့် ရှောက်ရာသတည်း။
မိမိကိုယ်ကို ချစ်သလားတဲ့။ မိမိကိုယ်ကို ချစ်လို့ရှိရင် မိမိချစ်ပါတယ် ဆိုတဲ့ ကိုယ်ခန္ဓာကြီးကို အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်ရမယ်။ ပဏိတော၊ ကြောင်းကျိုးမြင်သိ ပညာရှိသည် တိဏ္ဍံ သုံးပါးကုန်သော ပထမအရွယ်။ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးတို့တွင် အည
တရယာမံ၊ အရွယ်တစ်ပါးပါးကို၊ ပဋိဧဂ္ဂေယျ၊ အဟုတ်စင်အောင် သုတ်သင် ရှင်းလင်းရာသတည်း။
အဲ- မိမိကိုယ်ကို ချစ်သလား။ ချစ်လို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းစောင့်ရှောက်ပါ ပညာရှိတဲ့ ပုဂ္ဂိုလ်ဟာ မိမိတို့ရဲ့ ပထမအရွယ်။ ဒုတိယအရွယ်။ တတိယအရွယ် အရွယ်သုံးပါးတို့တွင် အရွယ်တစ်ပါးပါးကို ကောင်းကောင်း စောင့်ရှောက်ဖို့ရာ ဟောကြားတော်မူခဲ့တယ်4 အဲဒီတော့ လောကမှာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ပုဂ္ဂိုလ်တိုင်း သာသနာတော်ကို ချစ်ကြ။ ကုသိုလ်ကိုချစ်ကြး ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ဗုဂ္ဂိုလ်တိုင်း အကုသိုလ်ကိုမုန်း ကြရတယ်။ အဲ ဒီနေ့ ထူးခြားတဲ့ ကုသိုလ်တွေ ထာဝရကုသိုလ်တွေ နိဗ္ဗဒ္ဓ ကောင်းမှုတွေ ပြုလုပ်အားထုတ်ကြတယ်ဆိုတာ မိမိကိုယ်ကိုယ် ချစ်ကြတဲ့ ပုဂ္ဂိုလ်တွေလုပ်ကြတဲ့ အလုပ်ပဲ။
အဲ- မိမိကိုယ်ကို ချစ်ကြတဲ့ သူတော်ကောင်းမှန်သမျှ ပညာရှိမှန်သမျှ ကောင်းတဲ့အလုပ်ကိုသာလုပ်ကြ၊ မွန်မြတ်တဲ့ အလုပ်ကိုသာလုပ်ကြတယ်။
သာသနာတော် ကောင်းစားဖို့) လောကကောင်းစားဖို့။ သတ္တဝါတွေ ချမ်းသာဖို့) သံဃာတော်တွေချမ်းသာဖို့ စသည်ဖြင့် ချမ်းသာစေတတ်တဲ့ အလုပ်တွေကိုသာ လုပ်ကြတယ် အဲသလိုလုပ်ခြင်းဖြင့် ဒီပုဂ္ဂိုလ်ဟာ ကိုယ့် ကိုယ်ကိုယ် ချစ်တဲ့ပုဂ္ဂိုလ်ဝဲလို့ဆိုရတယ်။
ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ်လက်ထက်က ကောသလ မင်းကြီးဆိုတာ ကြားဖူးကြမှာပေါ့
အဲဒီမင်းကြီးဟာ ဘုရားရှင်ကိုယ်တော်မြတ်နဲ့ အင်မတန် ရင်းနှီးတယ်။ အကျွမ်းဝင်တယ်။ သို့သော် မင်းကြီးဟာ တရားထူးတော့ မရရှာဘူး။ ဘုရားရှင် ကိုယ်တော်မြတ်နဲ့ ဒီလောက်ရင်းနှီပေမည့် အကျွမ်းတဝင် ကြည်ည်ု နေပေမည့် ချဉ်းကပ်နေပေမည့် တရားထူး မရရှာဘူး။ ဒါပေမဲ့ တရားထူး သာမရတာ မင်းကြီးရဲ့ အတွေးအခေါ်လေးတွေက အင်မတန် အထက်တန်းကျ အင်မတန် သဘာဝကျတယ်။ သူရဲ့ အတွေးအခေါ်လေးတွေကို ဘုရားရှင် ကိုယ်တော်မြတ်ကတောင် လက်ခံရတဲ့အခါတွေ ရှိတယ်။
တစ်နေ့ကျတော့ မင်းကြီး ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက်လာ တယ်။ ရောက်လာပြီးတော့ သူ့အတွေးအခေါ် သူ့အကြံအစည်တွေကို
၂၂၆ ဒ သပြေက .
လျှောက်ထားတယ်။ မြတ်စွာဘုရား တပည့်တော် ဆိတ်ကွယ်ရာမှာ တစ်ယောက်တည်းနေတုန်း ဒီလိုအကြံဖြစ်ပါတယ်ဘုရား။ လောကမှာ ဘယ် ပုဂ္ဂိုလ်တွေက ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ ပုဂ္ဂိုလ်တွေတုံး။ ဘယ်ပုဂ္ဂိုလ် တွေဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်တွေတုံးလို့ တွေးမိခဲ့ပါတယ်ဘုရား။ အဲဒီလို တွေးမိရာကနေပြီးတော့ အကြင်ပုဂ္ဂိုလ်တို့သည် ကိုယ်ဖြင့် ကာယဒုစရိုက်ကို ကျင့်ကြတယ်။ နှုတ်ဖြင့် မကောင်းမှုဝစီဒုစရိုက်ကို ကျင့်ကြံ တယ်။ စိတ်ဖြင့်မကောင်းမှု မနောဒုစရိုကဲတွေကို ကျင့်ကြတယ်။ အဲဒီ ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းမှု ဒုစရိုက်ပြုကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကိုမချစ်တဲ့ ပုဂ္ဂိုလ်တွေပဲ4 သူတို့က သူ့ကိုယ်သူဘယ်လောက်ပဲ ချစ်ပါတယ်လို့ပြောပြော တကယ်တော့ မချစ်တဲ့ပုဂ္ဂိုလ်တွေ။ ဘာ့ကြောင့်တုံး။ ကိုယ်မချစ်တဲ့ သူ့အပေါ်မှာပြုတဲ့ မကောင်းမှုတွေကို သူတို့ပြုနေ ကြတာ။ ထို့အတူပဲ ဘုရား အကြင်ပုဂ္ဂိုလ်တို့သည် ကိုယ်ဖြင့်ကောင်းတဲ့ သုစရိုက်တရားတွေ ကျင့်ကြတယ်။ နှုတ်ဖြင့် သုစရိုက်တရားတွေ ကျင့်ကြတယ်။ စိတ်ဖြင့် သုစရိုက်တရားတွေကျင့်ကြတယ်/။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပဲ သူတို့က ကိုယ့်ကိုယ်ကိုယ် အချစ်ဘူးမပြောမပြာ အမှန်ကတော့ သူတို့ ကိုယ့် ကိုယ်ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်တွေ ဘာကြောင့်တုံးဆိုရင် သူချစ်တဲ့သူ တစ်ယောက် အပေါ်မှာပြုတဲ့ ကောင်းမှုတွေကို ပြုနေကြလို့၊ အဲဒီလို တပည့်တော် အကြံဖြစ်တဲ့အကြောင်း လျှောက်ထားတယ် အဲသလို လျှောက်ထားတဲ့ အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က လက်ခံတော်မူတယ်။ မင်းကြီး၊ မင်းကြီးပြောတဲ့အတိုင်း ဟုတ်တယ်။ မကောင်းမှုတွေကို ကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိကိုယ်ကိုယ် မချစ်တဲ့ ပုဂ္ဂိုလ်တွေ ကောင်းတဲ့ အမှုပြုကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိကိုယ်ကိုယ် ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြောင်း ကောသလမင်းကြီးရဲ့စကားကို လက်ခံပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က အတည်ပြု မိန့်ကြားတော်မူခဲ့တယ်။ ဒ) ကြောင့် လောကမှာ အဲ-သတ္တဝါမှန်သမျှ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူလား ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့သူလား ဆုံးဖြတ်ဖို့ရာ သူ့အပြုအမူ တွေကို ကြည့်ခြင်းဖြင့် သူ့အပြုအမူတွေက သူ့အသက်တွေ သတ်နေမယ်။ သူ့.ဥစ္စာတွေ ခိုးနေမယ်။ သူများသားမယား ပြစ်မှားနေမယ်။ မုသားတွေ
ပြောနေမယ်။ သေရည်သေရက်တွေ သောက်နေမယ် စသည်ဖြင့် မကောင်းတဲ့ အကျင့်တွေ ကျင့်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ ပုဂ္ဂိုလ် မချစ်လို့ဘဲ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်ကြောင်း အလုပ်တွေ လုပ် နေတာပဲ
အဲ. အကြင်ဖုဂ္ဂိုလိတို့သည် ကိုယ်ဖြင့် သုစရိုက်ကောင်းမှုတွေကို ပြုကြ၊ နှုတ်ဖြင့် သုစရိုက်ကောင်းမှုတွေကို ပြုကြ၊ နှုတ်ဖြင့် ကောင်းမှုတွေကို ပြုကြ၊ အဲ- ကိုယ်နှုတ်စိတ်တို့ဖြင့် ကောင်းမှုတွေ ပြုကြတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ် ကိုယ့်ကိုယ်ကိုယ် ချစ်ကြတဲ့ ပုဂ္ဂိုလ်တွေ ဘာကြောင့်တုံး ကိုယ် ချမ်းသာမည့် အလုပ်တွေ လုပ်နေကြတာဖြစ်သောကြောင့် သူဟာ ကိုယ့်ကိုယ် ကိုယ် မချစ်ဘူးလို့ ဘယ်လိုပဲ ပြောပြော တကယ်တော့ အမှန် ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ပုဂ္ဂိုလ်ပဲလို့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။
ါကြောင့်မို့လို့ လောကမှာ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ဗုဂ္ဂိုလ်တိုင်း သံဃာတော်တွေကို မြတ်နိုးကြ၊ သူတော်ကောင်းတွေကို မြတ်နိုးကြ။ ကောင်းမှုတွေ မြတ်နိုးကြ၊ ကုသိုလ်တွေကို ပြုကြတယ်။ တစ်ခါတုန်းက ဘုန်းကြီးတို့ ဘဒ္ဒဝ၀ဂ္ဂီ ညီနောင်သုံးကျိပ် ဆိုတာရှိ။ ကိုယ့်အမျိုးသမီး ဇနီး သည်တွေနဲ့ တောထဲလာပြီးတော့ ပျော်ပွဲစားထွက်ကြ၊ သူတို့ထဲက အဖော် မင်းသားတစ်ယောက်မှာ မိန်းမ မရှိဘူး။ မရှိတော့ အဲ- အငှားမယား ပြည့်တန်ဆာမ တစ်ယောက်ကို ခေါ်လာတယ်။ အဲဒီ ပြည့်တန်ဆာမက သူတို့ မေ့လျော့နေတုန်း ပစ္စည်းတွေ အလစ်သုတ် ထွက်ပြေးသွားတော့ အဲဒီ အလစ်သုတ်သွားတဲ့ ပြည့်တန်ဆာမကို လိုက်ရှာကြတယ်။ လိုက်ရှာ ကြတော့ ဘုရားရှင်ကိုယ်တော်မြတ်နဲ့ သွားတွေ့ 1
အဲဒီတော့ အရှင်ဘုရား မိန်းမတစ်ယောက်များ မတွေ့လိုက်ဘူးလား ဆိုတော့ မင်းသားတို့၊ မိန်းမကို ဘာလုပ်မလို့တုံး။ ဒီလိုပဲ တပည့်တော်တို့ ပြည့်တန်ဆာမ တစ်ယောက်ခေါ်လာတုန်း သူက ပစ္စည်းတွေကို အလစ်သုတ် ထွက်ပြေးသွားပါတယ်ဘုရား လျှောက်ထား။ အဲဒီတော့ ဘုရားရှင်ကိုယ်တော် မြတ်က ချစ်သားတို့ မိန်းမကို ရှာတာက ကောင်းသလား။ ကိုယ့်ကိုယ်ကိုယ် ရှာတာက ကောင်းသလားလို့ မေးတော်မူတော့ အဲ သူတို့ အမှန်အတိုင်း ဖြေကြတယ်။ မှန်ပါ ကိုယ့်ကိုယ်ကိုယ်ရှာခြင်းက ပိုပြီးကောင်းပါတယ်ဘုရား
လို့ လျှောက်ထားကြ၊ အဲဒီ မင်းသားတွေက ခုတင်ပဲ ကျွတ်တန်းဝင်မည့် ကျွတ်လုဆဲဆဲ မင်းသားတွေ။ အဲ- ကျွတ်ခါနီးဆဲဆဲ ထူးခြားတဲ့ မင်းသားတွေ မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က မိန်းမကို ရာတာကောင်းသလား/။ အဲ ကိုယ့်ကိုယ်ကိုယ် ရှာတာကောင်းသလားလို့ မေးတော်မူတာကို အမှန်အတိုင်း ဖြေနိုင်တယ်။ သဘာဝကျအောင် ဖြေနိုင်တယ်။
ကိုယ့်ကိုယ်ကိုယ် ရှာဆိုတာ တခြားမဟုတ် တရားပဲ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ရှာခြင်းဟာ မြတ်တယ်လို့ ဖြေနိုင်တာ။ သူတို့က အရင့်အမာ တွေမို့လို့ ခုတင်ပဲ ကျွတ်တော့မည့်ဆဲဆဲ ဓမ္မမျက်လုံး၊ ဓမ္မစက္ခုတွေ ပေါက်မည့် ပုဂ္ဂိုလ်တွေ။ ဒါကြောင့်မို့လို့ အမှန်အတိုင်း ဖြေနိုင်တယ်။ အမှန် အတိုင်း ဖြေဆိုနိုင်ကြတဲ့အတိုင်း ဘုရားရှင်ကိုယ်တော်မြတ်က သစ္စာလေးပါး တရားတော်ကို ပြလိုက်တော့ အကုန်လုံး အချို့သောတာပန်တွေ တည်ကြ။ အချို့ သကဒါဂါမ်တည်ကြ၊ တချို့ အနာဂါမ်တည်ကြ တရားမျက်လုံး ပေါက်သွားကြတော့မှ ရဟန်းအဖြစ် တောင်းပန်တယ်။
ရဟန်းအဖြစ် တောင်းပန်တော့မှ ဘုရားရှင်ကိုယ်တော်မြတ်က ဧဟိ ဘိက္ခူ ခေါ်တော်မူတယ်။ ဧဟိဘိက္ခူ သင်္ကန်းမရှာရဘူး။ ပရိက္ခရာမရှာရဘူး။ ဆံပင်လည်း ရိတ်စရာ မလိုဘူး။ ဆံမုတ်ဆိတ်လည်း ရိတ်စရာ မလိုဘူး။ တစ်ခါတည်း သပိတ်လွယ်ပြီးသား၊ သင်္ကန်းရုံပြီးသား။ တန်နိုးဖြင့်ပြီးတဲ့ သပိတ်သင်္ကန်းတွေ အကုန်ရောက်လာပြီးတော့ ဆင်ပြီးမြန်းပြီး ရဟန်းဖြစ်ပြီး
ဧဟိဘိက္ခူလို့ ခေါ်လိုက်ပြီးတဲ့အခါတည်းက ရဟန်းဖြစ်ပြီးသား ဖြစ်သွားတယ်။
အဲဒါတွေဟာ ရှေးဘုန်း ရှေးကံတွေ ရှေးဘဝတုန်းက သင်္ကန်းလှူခဲ့ လို့ ဘုန်းကြီးတို့ ကျမ်းဂန်များမှာ အမျိုးသားများ သင်္ကန်းလှူလို့ရိရင ဧဟိ ဘိက္ခူရဟန်းအဖြစ်သို့ရောက်၊ အမျိုးသမီးများ သင်္ကန်းလှလို့ရှိရင် ဝိသာခါ ကျောင်းအမကြီးတို့လို' မလ္လိကာမိဖုရား အမျိုးသမီးတို့လို မဟလ္လတာ တန်ဆာထူးခြားတဲ့ တန်ဆာကြီးများ ဆင်မြန်းရခြင်းအကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့တွေလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောထားတာ ရှိတယ် ဒ]ကြောင့်မို့လို့ မွန်မြတ်တဲ့သင်္ကန်း။ မွန်မြတ်တဲ့ ပစ္စည်းဝတ္ထုတွေ လျှူခဲ့ ဖူးတော့ ဧဟိဘိက္ခူ ရဟန်းအဖြစ်ရောက်သွားကြ။
ဒီမှာ ဘုန်းကြီးပြော ဆိုလိုရင်းကတော့ ကိုယ့်ကိုယ်ကိုယ် ရှာတာ ကောင်းပါတယ် ဘုရားလို့ လျှောက်ထားသည် အဲဒီ လျှောက်ထားချက်မှာ ကိုယ့်ကိုယ်ကိုယ်ဆိုတာ တရားကို ပြောတား ဒါကြောင့်မို့လို့ ကိုယ့်ကိုယ် ကိုယ်ရှာတာ ကောင်းပါတယ်ဆိုတဲ့ မင်းသားတွေရဲ့ အဆိုကို လိုက်ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်က ကိုယ့်ကိုယ်ကိုယ်ရှာတာ ကောင်းတယ် ဆိုရင် ထိုင်ကြ၊ ငါဘုရား တရားဟောမယ်ဆိုပြီး မင်းသားတို့ကို ကိုယ့်ကိုယ်ကိုယ် ရှာကြလို့ ဘုရားရှင်က တရားဟောတော်မူတယ်။ တရားဟောတော်မူတယ် ဆိုရင်ပဲ ကိုယ့်ကိုယ်ကိုယ် ထောက်တည်ရား ခှီခိုရာရတဲ့ ပုဂ္ဂိုလ်ကြီးအဖြစ်သို့ ရောက်သွားတယ်။
အဲ-ယနေ့ ဒကာအေး။ ဒကာမ ဒေါ်စိုးစိုးထွန်းတို့ လှုကြတဲ့ အလှူ တွေဟာ အင်မတန် မွန်မြတ်တဲ့ အလှူတွေ ကျောင်းအလှူတွေလည်းပါရဲ့။ ကျောင်းအလှူဆိုတော့ ပိုကောင်းတာပေါ့ ၅ ကျောင်းအလှူတော့လည်း ဒကာအေးတို့အနေနဲ့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လှူခဲ့တဲ့ကျောင်း အဆောက်အဦးတွေလည်း မနည်းဘူး ထာဝရ နိဗ္ဗဒ္ဓ ကောင်းမှုတွေ မနည်း ဘူး။ သင်္ကန်းအလှူဆိုတာကတော့ ပြောစရာမရှိ မိမိတို့ နောက်နောက်က လှူခဲ့တာတွေး ဆွမ်းအလှူတော်အားလုံး ဒါတွေဟာ ခုနကပြောသလို ကိုယ့်ကိုယ်ကိုယ်ရှာခြင်းပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့လူတွေ ပြုလုပ်တဲ့ အလုပ်တွေ ယနေ့လုပ်ကြခြင်းပဲ။
ကျောင်းအလှူဟာလည်း ကိုယ့်ကိုယ်ကိုယ် ချစ်လို့လှုကြတာ။ သကန်းအလှူဟာလည်း ကိုယ့်ကိုယ်ကိုယ် .ချစ်လို့လျှုတြတာ ဆွမ်းအလျှ ဟာလည်း ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးလို့ လှူကြတာ။ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေ လုပ်မြဲဖြစ်တဲ့ ကောင်းမှုတွေပြုကြ၊ အလှူတွေ လှူဒါန်းကြ။
အဲ- အရွယ်သုံးပါးတို့တွင် တစ်ပါးပါး ကြိုးစားကြပါဆိုတဲ့နေရာမှာ ယနေ့ မိမိတို့အရွယ်သုံးပါးလုံး ကောင်းခဲ့ကြတာ။ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်တွေမို့လို့ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စံရာဖြစ်တဲ့ သုဂတိ ဘုဘဝ စံကြရလိမ့်မယ်။ ကောင်းကျိုးချမ်းသာ မင်္ဂလာတွေ ကြုကြရလိမ့်မယ်။ ကောင်းရာ ဘုဌာန ရောက်ကြရလိမ့်မယ်။ ကောင်းသော မင်္ဂဖိုလ်တရား။
၂၃၀။ အ သပြေက။
နိဗ္ဗာန်တရားဆိုတဲ့ တရားတွေရကြလိမ့်မယ်လို့ ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် တစ်ရံတစ်ခါ ထူးထူးခြားခြား ကုသိုလ်တွေကို မမေ့အောင် ထပ်ခါထပ်ခါ တွေးတွေးပြီးတော့ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစား နိုင်ကြပါစေကုန် သတည်း
(သာဓု သာဓု သာဓု)
အလှူပဒေသာ တရားတော် (ဦးမောင်မောင် ဒေါ်မြိုင်-သာကေတ)
(၁၂-၁၀-၉၂ သာဧကေတနေ။ ဦးမောင်မောင်) ဒေါ်မမြိုင်တို့အိမ်တွင် ကျောင်း အတွက် သုံးသောင်းနှင့်ဆွမ်းအလှူတော်၌ ဟောကြားအပ်သော တရားတော်)
အဲ-ယနေ့ ဒကာ ဦးမောင်မောင်။ ဒကာမ မမြိုင်တို့ဓစါ တစ်သက်တစ်ခါ ကြုံခဲစွာ ဆိုသလို ထူးထူးခြားခြား လှူဒါန်းပူဇော်တဲ့ ဒါနကြီးနဲ့ ကြုံကြိုက် ရတယ်။ ဒါလည်း ထီတစ်မျိုးပေါက်ခြင်းပဲ။ လောကထီဆိုတာက သိန်းနှစ် ဆယ်ကျော်ဆိုတာ နည်းနည်း။ ယနေ့ မိမိတို့ပေါက်ရမည့်ထီက အများကြီး ဘယ်လိုမှ ရေတွက်လို့မရနိုင်လောက်အောင် အကျိုးအာနိသင်တွေရမည့် နေ့ကြီး။
ဝိဟာရဒါနံ သံဃဿ
အဂ္ဂ်ံ ဗုဒ္ဓေန ၀ဏ္ဍိတံ။
တံဒါနံ ဒါနိဒတွ္ပာန)
သုခိတာ ဟောန္တု ဒါယကာ။
သံဃဿ။ သံဃာတော်မြတ်အား၊ ဝိဟာရဒါနံ။ ယနေ့ ကျောင်းအလှူ တော်ကို ပူဇော်လှူဒါန်းရခြင်းကို အဂ္ဂံ ထူးမြတ်လှစ် ဟူရ်။ ဗုဒ္ဓေန။ လောက ထွဋ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားသည်။ ဝဏ္ဍိတံ။ ကောင်းစွာ ထပ်ထပ် ချိးမွမ်းတော်မူအပ်ပါ ပေ၏ 1 တံဒါနံ။ ထိုဘုရားရှင် ကိုယ်တော်မြတ် ချီးမွမ်း တော်မူအပ်သော ကျောင်းအလှူတော် သိမ်ကျောင်းအလှူတော် အလှူတော် ဒါနကို အဇ္ဇ' ယနေ့။ ဒါနိ၊ ယခုအခါ သမယဉ္ဗ်၊ ဒတွာန။ ပေးလှူဒါန်းကြကုန်သည်ဖြစ်ရွှဲ
ဒါယကား အလှူဒကား ဒကာမဖြစ်ကြသော ဒကာကြီး ဦးမောင်မောင်။ ဒကာမကြီး မမြိုင် အလှူရှင်အပေါင်း သူတော်ကောင်းတို့သည် သုခိတာ ဤဘ၀ဝလည်း တိုးတက်ချမ်းသာ၊ နောက်နောင်ဘဝလည်း ဆက်ကာဆက်ကာ
တိုးတက်ချမ်းသာကြကုန်သည်။ ဟောန္တု။ မုချမသွေ ဖြစ်ကြကုန်ပါစေကုန် သတည်း။
(သာဓု သာဓု သာဓု)
အဲဒါ- သံဃာတော်တို့ရဲ့ မေတ္တာပဲ။
ယနေ့ ထူးထူးခြားခြား အလှူဒါနတွေ လှူကြတော့ သံဃာတော် တွေကလည်း မေတ္တာပွားကြ၊ အလှူရှင်တွေ ချမ်းသာကြပါစေလို့ သံဃာတော် တို့ရဲ့ မေတ္တာကိုခံယူကြရင်း မိမိတို့လည်း ဤဘဝ နောင်ဘဝ တိုးတက် ပြီးတော့ ချမ်းသာကြမှာ။ ဘုရားရှင် ကိုယ်တော်မြတ် ချိီးမွမ်းအပ်တဲ့ ကျောင်းအလှူတော်ကြီးကို ယနေ့ လှူဒါန်းရတယ်ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဘယ်ကဲ့သို့ ချီးမွမ်းတော်မူခဲ့သတုံး) ချိးမွမ်းတော်မူတဲ့ ဒေသနာတော်တွေက အများကြီးပဲ။ အဲဒီထဲက- နည်းနည်း ကောက်နုတ်ချက် ကလေးအဖြစ်နဲ့ အတိုချုပ် အကျဉ်းချုပ် ချီးမွမ်းပုံလေးကို ဟောပြရအုံးမယ်။
အနှဒေါ ဗလဒေါဟောတိ။ ဝတ္ထေဒေါ ဟောတိ ဝဏ္ဍဒေါ။ ယာနဒေါ သုခဒေါ ဟောတိ။ ဒီပဒေါ ဟောတိ စက္ခုဒေါ။ သောစ သဗ္ဗဒဒေါ ဟောတိ ယော ဒဒါတိ ဥပဿယံ။
အန္နဒေါ- ဆွမ်းအလှူကို လှူဒါန်းသော ပုဂ္ဂိုလ်သည် ဗလဒေါ- ခွန်အားဗလကို လှူသည်မည်သည်။ ဟောတိဖြစ်၏။ ဆွမ်းလှူတဲ့ ပုဂ္ဂိုလ်ဟာ ခွန်အားကို လှူသည်မည်တယ်။ ခွန်အားဗလကို လှူသည်မည်သောကြောင့် ဆွမ်းအလှူဒါနကြောင့် ဖြစ်လေရာရာ ဘဝသံသရာဠ် ကာယဗလ၊ ဉာဏဗလ အထွေထွေ သန်စွမ်းဖို့အကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့ဖြစ်တယ် ဆိုတဲ့အကြောင်း ဟောတော်မူတယ်။
၀ဝတ္ထဒေါ ဟောတိ ဝဏ္ဍဒေါ။ ဝတ္ထေဒေါ1 အ၀တ်သင်္ကန်းကို လ္ဂူဒါန်း သော ပုဂ္ဂိုလ်သည် ၀ဏ္ဍဒေါ၊ အဆင်းကို လှူသည်မည်သည်။ ဟောတိ။ ဖြစ်ပါပေ၏။
အဝတ်သင်္ကန်းကိုလှူတဲ့ သင်္ကန်းအလှူရှင်ဟာ အဆင်းကိုလှူသည် မည်တယ်။ ဒါကြောင့် အဆင်းကို လှူသည်မည်ခြင်းကြောင့် သင်္ကန်းလှူတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်လေရာရာဘဝတိုင်း ဘဝတိုင်းတို့ဋ် အဆင်းလှခြင်း အကျိုးကို ခစားရ။ ဒါကတစ်ဌာန။
ယာနဒေါ ဟောတိ သုခဒေါ-
ယာနဒေါ။ ဖိနပ်ဆိုတဲ့ယာဉ်။ စီးစရာယာဉ် အစရှိသော ယာဉ်ကို လှူဒါန်းသော ပုဂ္ဂိုလ်သည်။ သုခဒေါ) ချမ်းသာကို လှူသည် မည်သည်။ ဟောတိ ဖြစ်၏။
ဖိနပ်ဆိုတာ ယာဉ်တစ်မျိုး၊ အဲဒီ ဖိနပ်တည်းဟူသော ယာဉ်ကို လှူဒါန်းတဲ့ ပုဂ္ဂိုလ်ဟာ ချမ်းသာသုခကို လှူသည်မည်သောကြောင့် ချမ်းသာခြင်း အကျိုးကိုခံစားရတယ်။ ဒီပြင် သံဃာတော်တွေကို ကားတို့၊ ဘာတို့ကို တစ်ခဏဖြစ်စေ။ အခါခပ်သိမ်းဖြစ်စေ လှူကြတဲ့ပုဂ္ဂိုလ်ဟာ ချမ်းသာကို လှသည် မည်တယ်။ ဟုတ်တာပေါ့ ယာဉ်စီးရရင် ချမ်းချမ်းသာသာဖြင့် ချမ်းသာကြတယ်။ ဒါကြောင့် ယာဉ်လှူတဲ့ ပုဂ္ဂိုလ်ဟာ ချမ်းသာကို လှူသည် မည်တယ်။
ချမ်းသာကို လှုသည်မည်သောကြောင့် ဖြစ်လေရာရာ ဘဝသံသရာ၌ ချမ်းသာခြင်းအကျိုး အမျိုးမျိုးကို ခံစားရတယ်။
ဒီပဒေါ ဟောတိ စက္ခုဒေါ-
ဒီပဒေါ1 ဆီမီးကိုလှူသော ပုဂ္ဂိုလ်သည်။ စက္ခုဒေါ-မျက်စိအမြင်ကို လှူသည်မည်သည်။ ဟောတိ ဖြစ်ပါပေ၏ / အဲ မီးလှူတဲ့ ပုဂ္ဂိုလ်၊ ဓာတ်မီး တို့၊ ထွန်းတဲ့ဆီမီးတို့ စသည်ဖြင့် မီးအမျိုးမျိုးကို လှူတဲ့ပုဂ္ဂိုလ်ဟာ မျက်စိကို လှူသည်မည်တယ်။ ဟုတ်တာပျေ။ မီးရှိမှ မျက်စိက မြင်သင့်တဲ့ အရာကို မြင်နိုင်တယ် ဒါကြောင့် မီးလှူခြင်းဟာ စက္ခုမျက်စိကို လှုူသည် မည်တယ်။
မျက်စိကို လှုသည်မည်သောကြောင့် ဖြစ်လေရာရာ ဘဝသံသရာခ်် မျက်စိကောင်းတယ်။ မီးအလှူရှင်ဟာ မျက်စိကောင်းခြင်းဆိုတဲ့ အကျိုးကိုရ အဲ- သာမန်စက္ခု။ ဒိဗ္ဗစက္ခု အစရှိသော စက္ခုတွေ ရခြင်းအကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့။ အဲသလို ဆွမ်းအလှုကလည်း သူ့အကျိုးနဲ့သူ။ သင်္ကန်းလှူတဲ့ ပုဂ္ဂိုလ်က ဘယ်လိုအကျိုး၊ သူ့အကျိုးနဲ့သူ၊ ယာဉ်လှူတဲ့ ပုဂ္ဂိုလ်က ဘယ်လိုအကျိုး၊ သူ့အကျိုးနဲ့သူ၊ မီးလှူတဲ့ ပုဂ္ဂိုလ်က ဘယ်လို ဆိုပြီးတော့ သူ့အကျိုးနဲ့သူ ရှိကြတယ်။
အဲ- ကျောင်းအလှူကျတော့ အဲဒီလို အကျိုးတွေ တစ်ခုစီမဟုတ် တော့ဘူး။ အားလုး အကျိုးတွေကိုရနိုင်တယ်လို့ သောစ သဗ္ဗဒဒေါဟောတိ။ ယောဒဒါတိ ဥပဿယ၊ ဟော- အကြင်ပုဂ္ဂိုလ်သည်။ ဥပဿယံ ကျောင်း ဧရပ် အစရှိသော အဆောက်အအုံကို၊ ဒဒါတီ။ ပေးလှူ၏။ျ သေား ထိုကျောင်းအလှူကို လှူတဲ့ပုဂ္ဂိုလ်သည်။ သဗ္ဗဒဒေါ။ အဆင်းကိုလည်း လှူရာရောက်။ ခွန်အားကိုလည်း လ္ဒူရာရောက်။ ချမ်းသာကိုလည်း လ္ဒူရာရောက်' မျက်စိ ကိုလည်း လှူရာရောက်။ အရာခပ်သိမ်းကို လှူရာရောက်သည်။ ဟောဟု။ မုချမသွေဖြစ်ပါပေသတည်း။ (သာဓု၊ သာဓု။ သာဓု)
ကျောင်းလှူတယ်ဆိုတာ အကုန်ပြည့်စုံတယ်။ ကျောင်းထဲနေရရင် မျက်စိလည်း ဘာမျှမဖြစ်ဘူး။ အပြင်ဘက်မှ သွားလာနေရင် မျက်စိစပ်တယ်။ ပူတယ် မျက်စိနာတယ်ဆိုတာ ဖြစ်ချင်ဖြစ်အုံးမယ်။ ကျောင်းထဲနေရင် အဲဒီ မျက်စိဒုက္ခကင်းတယ်။
အဲ- အပြင်ဘက် နေပူထဲသွားနေရင် ခွန်အားနည်းတယ်ဆိုတာ ဖြစ်ချင်ဖြစ်မယ်။ ကျောင်းထဲနေရတော့ နေပူဆာခံ အပူအအေး ဝိသဘာဂ ဓာတ်တွေ မကြုံရတော့ဘူး။ ချမ်းသာတယ်။ ခွန်အားရှိတယ်။ အပြင်နေရင် ခွန်အားလျော့တယ်။ အဆောက်အဦးအတွင်းနေရင် ခွန်အားပြည့်တယ်။ ဒါကြောင့် ခွန်အားလှူရာ ရောက်တာပဲ။ အဲ-ကျောင်းထဲနေရင် ချမ်းသာတယ် ဒါကြောင့် ကျောင်းဟာ ချမ်းသာကို လှူရာလည်း ရောက်တယ်။ ချမ်းသာခြင်း အကျိုးကို ရနိုင်တယ် ကျောင်းထဲမှာနေရင် မျက်စိဘာမျှ မဖြစ်ဘူး။ မျက်စိ အေးတယ်။ ကြည်တယ်။ နေပူထဲသွားရင် မျက်စိစပ်တယ်။ ဘာတွေဖြစ်နိုင် သေးတယ်။ အဲဒါကြောင့် ကျောင်းထဲ နေရတော့ မျက်စိချမ်းသာတယ်။ မျက်စိကောင်းခြင်း အကျိုးကိုလည်း ရတယ်။ ဒီပြင် အကျိုးအမျိုးမျိုး ကိုလည်း ကျောင်းထဲ နေခြင်းကြောင့်ရတာ ဖြစ်သောကြောင့်။
သောစ သဗ္ဗဒဒေါ ဟောတိ။ ယော ဒဒါတိ ဥပဿယံ။
ယေား အကြင် ဒကာ ဒကာမသည်။ ဥပဿယံ။ ကျောင်းဇရပ် အစ ရှိသော အဆောက်အဦးကို ဒဒါတိ။ ပေးလှူစါ [ သော၊ ထိုကျောင်းအလှူကို လှူတဲ့ ပုဂ္ဂိုလ်သည်။ သဗ္ဗဒဒေါ1 အဆင်းကိုလည်း လှူရာရောက်း ခွန်အား ကိုလည်း လှူရာရောက်။ ချမ်းသာကိုလည်း လှူရာရောက်။ မျက်စိကိုလည်း
လှူရာရောက်။ အရာခပ်သိမ်းကို လှုရာရောက်သည်။ ဟောတု။ မုချမသွေ ဖြစ်ပါပေတော့သတည်း။
(သာဓု သာဓု သာဓု)
ကျောင်းမှာနေရင် ခုနကပြောတဲ့ ချမ်းသာအမျိုးမျိုး ကြုံရတာဖြစ် သောကြောင့် ကျောင်းအလှူဟာ ချမ်းသာအမျိုးမျိုး ကောင်းကျိုးအရပ်ရပ်ကို ပေးလှူသည်မည်တယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။ အဲသလို ချီးမွမ်းခဲ့တာဖြစ်လို့ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဍိတံ၊ အဂ္ဂံ။ မွန်မြတ်လှစါ ဟူရ ဗုဒ္ဓေန၊ လောကထွတ်ထား မြတ်စွာဘုရားသည်။ ၀ဏ္ဍိတံ။ ချီးမွမ်း တော်မူအပ်၏။
ဘုန်းကြီးတို့ ကျမ်းဂန်မှာ မိနဲ့ဆိုတယ်။ ဒါတင်မကသေးဘူး ဘုရား ချီးမွမဖ်းတာတွေက အများကြီးပဲ ကျောင်းအလှူနဲ့စပ်လို့ ဟောလိုက်ရဦး မယ်
ကေသံ ဒိဝါစ ရတ္တောစ၊ သဒ္ဓါပုညံ ပဝနတိ
ဓမ္မဋ္ဌာ သီလသမ္ပန္နာ[း တေဇနာ သဂ္ပဂါမိနော။
နတ်သားတစ်ယောက်က ညသန်းခေါင်ယံအချိန် ဘုရားရှင်ထံ ရောက် လာပြီးတော့ ဤအမေးပုစ္ဆာလေးကို မေးလျှောက်ထားတယ်။ ဘန္တေ။ ရှင်တော် မြတ်ဘုရား၊ ကေသံ၊ အဘယ်ပုဂ္ဂိုလ်တို့အား ဒီဝါစ၊ နေ့အခါခ်လည်းကောင်း။ ရတ္တောစ၊ ညဉ်အခါခဋိလည်းကောင်း၊ သဒါ။ နေ့ရောညပါ အခါခပ်သိမ်း) ပုညံ၊ ကုသိုလ်ကောင်းမှုသည်။ ပဝနတိ)1 တိုးပွားပါသနည်း။
အဲ-နေ့ရောညပါ အခါခပ်သိမ်း ကုသိုလ်တရားတွေ တုံးပွားနေ ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လို ပုဂ္ဂိုလ်တွေပါတုန်း ဘုရားလို့ လျှောက်ထား တယ်။
ဓမ္မဋ္ဌာ၊ ကုသိုလ်တရားခ်် တည်ကြကုန်သော၊ သီလသမ္ပန္ရာ။ ကိုယ်ကျင့် သီလနှင့် ပြည့်စုံကုန်သော၊ ကေဇနာ၊ အဘယ်သို့သော ပုဂ္ဂိုလ်တို့သည် သဂ္ဂဂါမိနော။ နတ်ရွာသုဂတိ၊ လူ.ရွာသုဂတိ၊ သုဂတိဘဝ ဘုံဝဌာနသို့ ရောက် ကြရကုန်သည်။ ဟောန္တိ။ ဖြစ်ကြကုန်သနည်း။ အဲဒီလို လျှောက် ထားတယ် ဘယ်ပုဂ္ဂိုလ်တွေဟာ နေ့ရောညပါ အခါခပ်သိမ်း ကုသိုလ်တွေ တိုးပွားပါသတုံး ဘုရား၊ ဘယ်ပုဂ္ဂိုလ်တွေဟာ ကုသိုလ်တရား တည်ကြကုန်ရွ်
သီလနှင့် ပြည့်စုံကြကုန်၍ နတ်ပြည်သုဂတိ( လူ့ပြည် သူဂတိဘငသို့ ဆိုက်ရောက် ကြပါသနည်းဘုရား၊ လျှောက်ထားတယ်။
အဲဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်က-
အာရာမ ရောပါ ဝနရောပါ။ ယေ ဇနာ သေတုကာရကား
ပပဉ္စ ဥဒပါနဉ္စ ယေ ဒဒန္တိ ဥပဿယံ
တေသံ ဒိဝါစ၊ ရတ္တောစ၊ သဒါ ပုညံ ပဝနတိ
ဓမ္မဋ္ဌာ သီလ သမ္ပန္နာ။ တေဇနာ သဂ္ဂဂါမိနော။
ယေဇနာ။ အကြင်သူတို့သည် အာရာမရောပါ။ ကုသိုလ်ရေးနဲ့စပ်သော အရာမ်ကို စိုက်ပျိုးကြလေကုန်စါ။ သေကုကာရကား သတ္တဝါတို့ ချမ်းသာ အောင်၊ အသွားအလာ လွယ်ကူအောင် တံတားဆောက်လုပ် လှူဒါန်းကြ လေကုန်၏
ပပဉ္စ၊ ရေအိုးစင်ကိုလညဲးကောင်း၊ ဥဒပါနဉ္စ၊ ရေတွင်းရေကန်ကို လည်းကောင်း ဒဒန္တိ။ ပေးလှူကြလေကုန်၏ ' ယေစ၊ အကြင်ပုဂ္ဂိုလ်တို့သည် လည်း။ ဥပဿယံ။) ကျောင်းကန်ဧရပ် အလှူဒါနကို၊ ဒဒန္တိ။ ပေးလှူကြလေ ကုန်စါ။ ထိုသို့ အရာမ်စိုက်ပျိုးတဲ့ပုဂ္ဂိုလ်၊ ဥယျာဉ်စိုက်ပျိုးတဲ့ပုဂ္ဂိုလ်' တံတား ဆောက်တဲ့ပုဂ္ဂိုလ်' ရေအိုးစင်' ရေတွင်းရေကန် တူးကြတဲ့ ပုဂ္ဂိုလ်တွေ။ ကျောင်းကန်ဇရပ် ဆောက်လုပ်ကြတဲ့ပုဂ္ဂိုလ်တို့သည်4 ဒိဝါစ၊ နေ့အခါ၌ လည်းကောင်း၊ ရတ္တောစ၊ ညဉ်အခါခ်လည်းကောင်း၊ သဒါ။ နေ့ရော ညပါ ဘယ်ခါမလပ်။ ပုညံ၊ ကုသိုလ်ကောင်းမှုသည်။ ပဝနတိ။ အမြဲတစေ တိုးပွားရွ် နေပါပေ၏ 1 ဓမ္မဋ္ဌာ၊ ကုသိုလ်တမ္မပထတရား ဆယ်ပါးခ်် တည် ကြကုန်သော၊ သီလသမ္ပန္နာ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံကြကုန်သော၊ တေဇနာ၊ ထိုပုဂ္ဂိုလ်တို့သည်။ သဂ္ဂဂ၊ါမိနော။ လူ့ပြည်သုဂတိ၊ နတ်ပြည်သုဂတိ။ သုဂတိဘဝနန်းသို့ စံမြန်းဆိုက်ရောက်ကြလေကုန်တော့သတည်း။
(သာဓု သာဓု သာဓု)
အဲဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ် ချီးမွမ်းတော်မူတယ်ဆိုတာ
ဒီလို ချီးမွမ်းမှုမျိုးကို ဘုန်းကြီးကပြောတာ။
ဘုရားရှင် ကိုယ်တော်မြတ် ကျောင်းအလှူနဲ့စပ်ပြီးတော့ အမြဲမပြတ် ချီးမွမ်းတော်မှုခဲ့တာ ဒိပြင်လည်း ရှိပါသေးတယ်။ ပြောရမယ်ဆိုရင် မကုန် နိုင်ပါဘူး။ သို့သော် ဒီလောက်ဆိုရင် တော်ပါပြီ။
အဲ တကယ်တော့ ဘုန်းကြီးတို့ ကျောင်းအလှူရှင် သိမ်အလှူရှင် တွေဟာ ဘာလိုချင်လို့) ညာလိုချင်လို့တော့ မဟုတ်ကြပါဘူး။ အမှန်ကတော့ သာသနာတော်ကို ကြည်ညိုလို့ သာသနာတော် ကြီးပွားမှုကို လိုလားကြတယ်။ သာသနာ့တာဝန် တို့တာဝန်ပဲလို့ ခံယူချက်ထားကြလို့။ ကြံကြိုက်တဲ့ အခါမှာ မိမိတို့ကလည်း ကုသိုလ်ကံ အခွင့်သာလို့ လှူဒါန်းနိုင်လောက်အောင် အကြောင်းသာတဲ့အခါကျတော့ လှူနိုင်ကြတယ်။ ဘုန်းရှိလို့ လှူနိုင်ကြတာ။
သာသန ပုည၀န္ကဿ၊ ပုည၀န္ကာ၀ လမဗ္ဘရေ။
နပ္ပပုညာ ကရဟစိ။ ပဂ္ဂဏှီတုမဝိသယာ။
ပုည၀န္တဿ၊ ကုဿရိယ စသည်ခြောက်ဖြာ ဘုန်းသမ္ဘာနှင့် ပြည့်စုံ တော်မှုသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။ သာသနံ။ အံ့ဖွယ်ရှစ်ဖြာ ပြည့်စုံစွာသည့် သာသနာတော်မြတ်ကြီးကို။ ပုည၀န္တာ၀၊ ရှေးရှေးဘဝ သံသရာက ဘုန်းစကံထူး ရှိခဲ့ဖူးသူတို့သည်သာလျှင်၊ ပဂ္ဂဏှီတုံး ပစ္စယဓမ္မ နှစ်ဝ လုံလောက်ချီးမြေ့ာက် ထောက်ပံ့ခြင်းငှာ၊ လဗ္ဘရေ-လဗ္ဘန္တိ။ ကောင်းစွာ ပိုင်ပိုင် ရရှိနိုင်ပါပေ၏။
ပုည္ဝန္တဿ။ ကဿရိယစသည် ခြောက်ဖြာဘုန်းသမ္ဘာနဲ့ ပြည့်စုံသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သာသနံ။ အံ့ဖွယ်ရှစ်ဖြာ ပြည့်စုံစွာသည့် သာသနာတော်မြတ်ကြီးကို အပ္ပပုညာ၊ ဘုန်းကံပါးရှား ဂုဏ်နွမ်းပါးသည့် ပုဂ္ဂိုလ်တို့သည်။ ကဒါစိကရဟစိ။ တစ်ဘဝတစ်ခါ တစ်ရံတစ်ခါမျှ ပဂ္ဂဏှီတုံ- ပစ္စယဓမ္မ နှစ်ဝလုံလောက် ချိးမြွောက်ခြင်းငှာ၊ နလဗ္ဘရေ- နလ္ဘန္တိ။ ကောင်းစွာပိုင်ပိုင် မရနိုင်ကြပါပေကုန်တကား။
(သာဓု သာဓု သာဓု)
ဘုန်းရှိမှ သာသနာတော်ကို ချီးမြှောက်နိုင်တယ်။ မိမိတို့ ဘုန်းရှိလို့ သာသနာတော်ကို ချီးမြောက်နိုင်တယ်။
နောက်နောက်ကလည်း ချီးမြှောက်လာကြ။ အမျိုးမျိုး အဖုံဖုံ လှူခဲ့ကြ အမျိုးမျိုး အစုံအစုံ စွန့်ကြဲကြး ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုးပြုခံ့ကြတယ်။
အဲ- ဘုန်းကြီးတို့ကို ယခု တကာ တကာမတွေဟာ နှစ်စဉ်နှစ်တိုင်း ဝါဆို သက်္ကန်း ဆက်ကပ်လှူဒါန်းကြ၊ ဝါဆိုသင်္ကန်းဆိုရင်လည်းပဲ အကောင်းတွေ ချည်းပဲ စီဝိုင်စီ သင်္ကန်းတွေချည်းပဲ လှူဒါန်းခဲ့ကြတယ်။
အဲဒီ ကုသိုလ်တွေဟာ ခုနေခါ အကျိုးပေးတယ်လို့ အကျိုးမပေးဘူးလို့ မပြောနိုင်ဘူး မိမိတို့ပြုအပ်တဲ့ တကယ့်စေတနာ ထက်ထက်သန်သန်နဲ့ မွန်မွန်မြတ်မြတ် ပစ္စည်းတွေကို လှူဒါန်းတာဖြစ်ခြင်းကြောင့် အဲသလို ဒီကျောင်းကြီးတွေကို လှူဒါန်းဖို့ အထောက်အပံ့ဖြစ်တယ်။ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ အဲဒီ ကုသိုလ်တွေ အဲဒီစေတနာတွေ အထောက်အပံ့ပြုလိုက် လို့ ယနေ့ထူးထူးခြားခြား ကုသိုလ်တွေပြုနိုင်ကြတယ်။ ကုသိုလ်ဆိုတာ ကိုယ်က သိသည်ဖြစ်စေ။ မသိသည်ဖြစ်စေ တစ်နည်းတစ်လမ်းအားဖြင့် သူက ကိုယ့်ကို ထောက်ပံ့နေတာပဲ။
အဲ ယနေ့ ကုသိုလ်တစ်ခါဆက်ပေးပြန်တော့ ထူးခြားတဲ့ အကျိုးတွေ။ ထူးထူးခြားခြားရကြမှာပဲ ဒါကြောင့် ယနေ့ မိမိတို့ပြုတာဟာ လိုချင်လို့ ပြုတာမဟုတ်။ မလိုချင်ကြဘူး။ မိမိတို့လိုချင်တာက ကုသိုလ်ပဲ။ သို့သော် ဘာအကျိုး ညာအကျိုး လိုချင်လို့ပြကြတာတော့ မဟုတ်ဘူး၊ သာသနာတော်ကို မိမိတို့မြတ်နိုးတယ်။ သာသနာတော်ကို မိမိတို့ကြည်ညိုတယ်။ သာသနာ တော်ကို တို့ထောက်ပံ့ဖို့ တာဝန်ရှိတယ် တို့ကို အမှီရမှ သာသနာတော်ကြီး တိုးတက်မှာ။ စည်ပင်မှား သာယာမှာ။ ကျောင်းကန်တွေ သာယာမှာဆိုပြီးတော့ အဲ မိမိတို့အတွက် သိပ်ငဲ့ကွက်တာမဟုတ်ပါဘူး။ သာသနာအကျိုး မျှော်ကိုး တောင်းတလို့ သာသနာတော်ကို ပြုစုစောင့်ရှောက်ချင်လို။ သာသနာတော်ကြီး တိုးတက်အောင် ကြီးပွားအောင်ဆိုတဲ့ သာသနာတော်စ၊ါ အကျိုးကိုသာ ရှေ့ရှုပြီးတော့ လှူဒါန်းကြတာ။ အဲ အင်မတန် အခွင့်သာတယ်။ ယခု ထန်းတောပရိယတ္တိစာသင်တိုက်ကြီးမှာ သိမ်ကျောင်းတော်ကြီး မရှိသေးဘူး။
အဲ သိမ်ကျောင်းတော်ကြီးကို လှူဖို့ အခွင့်သာတာဟာ အင်မတန် အဆင်သင့်တာ။ အခန့်သင့်တာ။ သိမ်။ ကျောင်းဒါနဆိုတာ အင်မတန်မွန်မြတ် တယ်။ သာသနာတော်ရဲ့အစ သိမ်ကလို့ ပြောနိုင်တယ်။ ဒီသိမ်မှာပဲ ရဟန်း ဖြစ်ကြ၊ ဒီသိမ်မှာ သံဃာတော်တို့ရဲ့ ဆောင်ရွက်သင့်တဲ့ ကံကြီးကံငယ်ဆိုတဲ့ ကိစ္စတွေ ဆောင်ရွက်ကြတာဖြစ်သောကြောင့် သိမ်ဟာ သာသနာတော်ရဲ့
အရင်းခံလိုဖြစ်နေတယ်။ သာသနာတော်မှာ သိမ်မရှိမဖြစ်ဘူး။ အဲဒီ မရှိမဖြစ်တဲ့ သိမ်ကျောင်းတော်ကြီးဖြစ်မြောက်အောင် မိမိတို့က ပြုရတာဟာ အင်မတန် အခွင့်သာတယ်။ ကံကောင်းတယ် ကိုယ့်အဖို့ ဘာမျှမမျှော်လင့်နဲ့။ အကျိုး ဆိုတာ စေတနာတွေ မြောက်ပြီးရင် ရမှာပဲ။ ကိုယ့်အတွက် မျှော်လင့်ချက် မထားရဘူး။
အဲ သာသနာတော်ကြီး တည်တံ့အောင်း သာသနာတော်ကြီး ကြီးပွား အောင်ဆိုတဲ့ သာသနာစိတ် ထားရတယ် ဒီအတိုင်းပဲ ရှေးက သူတော် ကောင်းတွေ ထားခဲ့ကြ။
အတ္တတ္ထာယေဝ ဝါယာမော
နာယ မမ ကုဒါစနံ။
သမ္ဗုဒ္ဓသာသနဒေ၀
ဌပနာယ အယံ မမ။
မမ။ ငါစါ။ အယံဝါယမေား ယခုကဲ့သို့ ကြိုးပမ်းရခြင်းသည်။ အတ္တတ္ထာယေဝ။ ကိုယ်ကျိုးစီးပွားအတွက်၊ နဝါယာမေား အားထုတ်ရခြင်း မဟုတ်ပါပေ။ အယံဝါယမော၊ ယခုကဲ့သို့ ကြိုးပမ်းအားထုတ်ရခြင်းသည် 1 သမ္ဗုဒ္ဓသာသနာဿ။ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကို ဌပနာယ၊1 နောင်လာနောက်သားတွေ ချမ်းသာအောင် သာသနာတော်ကြီး ကြာကြာ ရှည်ရှည် တည်တံ့ခြင်း အကျိုးဝှာသာလျှင်၊ ဝါယမေား၊ ကြိုးစားအားထုတ်ခြင်း သည်။ ဟောတိ မုချမသွေ ဖြစ်ပါလေတော့သတည်း။
(သာဓု သာဓု သာဓု)
အဲ သာသနာတော်ကို တစ်ဖို့တည်းထား။ သာသနာတော်ကြီးပွားရေး အတွက် သာသနာတော်ကို တို့စောင့်ရှောက်ခြင်းပဲ။ သာသနာတော် တည်တံ့ အောင် တို့ကြိုးစားခြင်းပဲလို့ ရည်ရွယ်ချက်ထားပြီးတော့ ယနေ့အလှပုပွဲ ကြီးကို အပြီးသတ်ကြစို့
ယနေ့ မိမိတို့ တစ်သက်တစ်ခါဆိုသလို ကြုံလာရတဲ့ ကုသိုလ်ပွဲကြီး ဆင်နွဲကျင်းပ ပူဇော်ကြခြင်းကြောင့် ရရှိခဲ့တဲ့ ကုသိုလ်တွေဟာ မနည်းဘူး
စောစောက မိမိတို့ စုဆောင်းရတဲ့အခါကစပြီးတော့ ပုဗ္ဗစေတနာတွေ။ အဲ ယနေ့ ဖြစ်ပွားကြတဲ့ ကုသိုလ်စေတနာတွေဟာလည်း မနည်းဘူး
နောင်ကိုလည်း ပြန်ပြန်တွေးပြီးတော့ ကုသိုလ်တွေ။ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားရတယ် စာဂါနုဿတိဆိုတာ ပွားရတယ်။ သြော် တို့ ဘယ်နေ့ဘယ်ခါက အဲဒီလို ကျောင်းအလှူပွဲကြီး၊ သိမ်အလှူပွဲကြီး။ သိမ် ကျောင်းအလှူတော်ကြီးကို ဘယ်လိုဆောင်ရွက်ခဲ့ရတယ်။ ဘယ်လို ကြိုးစား ခဲ့တယ်ဆိုပြီးတော့ မျက်စိထဲမြင်ပြီးတော့ ပြန်ပြန် အောက်မေ့ရတယ်။
အောက်မေ့လေလေ ကုသိုလ်တွေက တိုးလေလေး အဲဒီ ကုသိုလ် တွေဟာ နောက်ထပ် မျက်မြင် ဤဘဝမှာပဲ အကျိုးမပေးလို့ မဆိုနိုင်ဘူး။ အရှိန်သန်တဲ့ ကုသိုလ်ဆိုတာ နောင်ဘဝတောင် ဆိုင်းရတာ မဟုတ်ဘူး။ ဒီဘဝမှာပင် တစ်နည်းတစ်လမ်းအားဖြင့် အကျိုးပေးနိုင်တာဖြစ်သောကြောင့် မိမိတို့ ယနေ့ပြုတဲ့ ကုသိုလ်ဟာ ထူးခြားတဲ့ကုသိုလ် ဒုလ္လဘကုသိုလ်၊ အဲဒီ - ကုသိုလ်တွေ ပြုရတာဖြစ်သောကြောင့် အဲ မမေ့လိုက်ရဘူး။ ပြန်ပြန်တွေး ရတယ်။ ပြန်ပြန် အောက်မေ့ရတယ် ပြန်ပြန်ပြီးတော့ ဝမ်းသာရတယ်။ ဝမ်းသာလေလေ ကုသိုလ် တိုးလေလေ။ ကုသိုလ်အရှိန် တက်လေလေပဲ။ အာစိဏ္ဍကံမြောက်တဲ့ ကုသိုလ်အဖြစ်သို့ ရောက်ရတယ်။ ဒါကြောင့် ဘုရားရှင်က ကုသိုလ်ဆိုတာ-
မလှူခင်လည်း ဝမ်းသာရမယ်။ လှူတုန်းလည်း ဝမ်းသာရမယ်။ လှူပြီးလည်း ဝမ်းသာရမယ်လို့ ညွှန်ကြားတော်မူခဲ့တယ်။ အဲသလို ဝမ်းသာမှ ကုသိုလ်တစ်ခုဟာ ပြည့်စုံတယ်။ ပြည့်စုံတဲ့ကုသိုလ်ဟာ နောက်ဘဝတောင် မဆိုင်းရဘူးး ဤဘဝကို တစ်နည်းတစ်လမ်းအားဖြင့် အကျိုးပေးမှာလို့ ယုံကြည်စိတ်ချပြီးတော့ မိမိတို့ရဲ့ ကုသိုလ်ကို ၀မ်းမြောက်ကြဖို့ အရေးကြီး တယ်နော်။
ဝိဟာရ ဒါနံ သံဃဿ
အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဍိတံ။
တံ ဒါနံ ဒါနိ ဒတ္ပွာန
သုခိတာ ဟောန္တု ဒါယကာ-
သံဃဿ သံဃာတော်မြတ်အား ] ဝိဟာရဒါနံ။ ကျောင်းအလှူတော် လှူခြင်းကို အဂ္ဂ်။ ထူးမြတ်လှစခါဟူရွ်း ဗုဒ္ဓေန လောကထွတ်ထား မြတ်စွာ ဘုရားသည် ဝဏ္ဍိတံ။ ချီးမွမ်းတော်မူအပ်စါ / တံဒါနံ။ ထိုကျောင်း အလှူတော် သိမ်ကျောင်းအလှူတော်ဒါနကို၊ ဒါနိက္ကဒါနိ၊ ဤနေ့။ ဤအခါသမယညဉ်။ ဒတွာန။ ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းရကုန်ရှ။ ဒါယကား အလှူရှင် ဖြစ်ကြကုန်သော ဒကာ ဦးမောင်မောင် ဒကာမကြီး မမြိုင်။ အလှူရှင် ဒကာ ဒကာမတို့သည်။ သုခိတာ ဤဘဝလည်း ချမ်းသာ။ နောင်ဘဝလည်း ချမ်းသာ ဘဝနှစ်ပါးလုံး ချမ်းသာသုခ အမြဲ တမ်း ကြုံရကုန်သည်။ ဟောန္တု မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မိမိအလှူ အကျိုးကြီးအောင်လှူပါ တရားတော်
အဲ- ယနေ့ ဝါဆိုသင်္ကန်းအလှူတော်၊ ကုဋီကျောင်းအလှူတော်။ ပစ္စည်းအလှူတော် အလှူတော်ဒါန ပူဇော်ကြတယ်။ အဲ- အလှူဆိုတာ သူလည်းလ္ဒူ။ ကိုယ်လည်းလှူ လှူနေကြတာ။ သို့သော်လည်းပဲ မိမိတို့ရဲ့ ပြုမူပုံကို အကြောင်းပြုပြီးတော့ အလှူဟာ အကျိုးကြီးတယ်ဆိုတာ ဖြစ်ရ။ မိမိက အကျိုးကြီးအောင် ပြုတတ်ရင် အကျိုးကြီးတယ်။ အကျိုးနည်းအောင် ပြုရင် အကျိုးနည်းတာပဲ။
ပုဗ္ဗေ၀ ဒါနာ သုမနော။
ဒဒ စိတ္တံ ပသာဒယေ။
ဒတ္ပာ အတ္တမနော ဟောတိ
ဧသာ ပုညဿ သမ္ပဒါ 1
ဒါနာ = လှူဒါန်းပေးကမ်း စွန့်ကြဲသည်မှ၊ ပဗ္ဗေ၀= မလှူမီအစ ရှေ့မဆွကပင်လျှင်၊ သုမနော=နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းရှိသည်။ ဟောတိ= ဖြစ်ပါပေ၏ 1
မလှူခင်လည်း ဝမ်းသာနေရတယ်14 အဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေ ရတယ်။ ဒါကတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝမ်းသာပြီးပါပြီ အဲ မိမိတို့ ဘယ်နေ့ လှူရတော့မယ်ဆိုရင် မလှုခင်ကတည်းစပြီးတော့ ပစ္စည်းတွေ ရှာကြ ဖွေကြ အဲဒီနေ့ည ဆွမ်းချက်ပြုတ် စီမံကြ၊ အဲဒီအခါတည်းက ပုဗ္ဗ စေတနာတွေဆိုတဲ့ စေတနာ ဖြစ်တယ် အဲဒီ စေတနာအခိုက်မှာ မိမိတို့ ပျော်ပြီးပြီ' နှစ်သက်ရွှင်လန်း ဝမ်းမြောက်ပြီးပြီ အစကောင်းခြင်းနဲ့ ပြည့်စုံ သွားပြီ
ဒဒံ ဒဒန္တော= လှူတုန်း လှူဆဲ လှူခိုက်လည်း၊ စိတ္တ=မိမိစိတ်ကို။ ပသာဒယေ= အကျိုးကို မြော်မြင်လို့ ကြည်လင်ရွှင်လန်းစေရာသတည်။
လှူတုန်း လှူဆဲ လှူခိုက်လည်း နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရမယ်။ အခုလည်း လှူတုန်း လှ္ဒူဆဲ လှူခိုက်မှာ ၀မ်းသာနေကြ။ ဒတွာ=ပေးလှူပြီး သည်ရှိသော် အတ္တမနော=နှစ်သက် ရွှင်လန်းဝမ်းမြောက်သည်။ အတ္တမနော= မည်သည့်ကုသိုလ်ကို မည်သည့်ရက်က မည်သို့မည်ပုံ တို့တစ်တွေလှူခဲ့ရ တန်းခဲ့ရ ပူဇော်ခဲ့ရသည်ဟူရ နှစ်သက်ရွှင်လန်း ၀မ်းမြောက်သည်။ ဟောတိ= ဖြစ်နေရပါပေ၏
လှူပြီးနောက် အခါမှာလည်း နစ်သက်ရွှင်လန်း ဝမ်းမြောက်ရမယ်။ အဲဒါကတော့ နောင်ရေး
အလှူပြီးတဲ့အခါလည်း မမေ့ရဘူး။ အလှူကိုပြန်ပြီးတော့ အောက်မေ့ ပြီးတော့ ၀မ်းသာနေရတယ်။
ဝမ်းသာတိုင်း ၀မ်းသာတိုင်း ကုသိုလ်တွေ တိုးနေတယ်။ အဲဒါကြောင့် အလှူပြည့်စုံခြင်းရဲ့ အင်္ဂါသုံးပါး၊ ဧသာ=မလှူခင်လည်း ဝမ်းသာ လှူတုန်း လည်းဝမ်းသာ။ လှူပြီးလည်း ဝမ်းသာခြင်းသည်။ ပုညဿနခမိမိတို့ပြုရတဲ့ ကုသိုလ်ကောင်းမှု၏။ သမ္ပဒါ=အကြောင်းလောက်လုံရွ ပြည့်စုံခြင်းအစစ် တကယ်တမ်း ဖြစ်ပါပေသတည်း။
အဲဒီတော့ အလှူတစ်ခုဟာ မိမိက အလှူအကျိုးကြီးအောင်လို့ လုပ်ချင်ရင်လည်း လုပ်နိုင်တယ်။ လုပ်တတ်ရင် အလှူအကျိုးကြီးတယ် 1။ မလှူခင်လည်း ဝမ်းသာရမယ်။ လှူတုန်းလည်း ဝမ်းသာရမယ်။ လှူပြီး နောက်တော့လည်း မေ့မေ့ပျောက်ပျောက် မဟုတ်ဘဲနဲ့ မိမိတို့ အလှူကို နှစ်သက်ရွှင်လန်း ဝမ်းသာကြရတယ်4 ဝမ်းသာတိုင်း ၀မ်းသာတိုင်း ကုသိုလ်တွေ ထပ်ထပ်တိုးနေတယ်။ မိမိတို့ ကုသိုလ်က မကုန်နိုင်တော့ဘူး။
အဲဒီတော့ ကုသိုလ်အကျိုးကြီးအောင် လုပ်တတ်ရင်ရတယ်။ အကျိုး နည်းအောင်လုပ်ရင်လည်း အကျိုးပေး နည်းသွားတတ်တယ်။ ဒါကြောင့် ယနေ့ မလွ ရှေ့အဖို့ ဝမ်းသာခဲ့ရလို့ မု္ဗစေတနာတွေ ပြည့်စုံပြီးတော့ ပုဗ္ဗစေတနာအခိုက်မှာ ကောင်းခြင်းတစ်ပါးနဲ့ ပြည့်စုံသွားတယ်။ လှူနေဆဲ အခိုက်အတန့်မှာ ဝမ်းသာခဲ့ရင် အလယ်အခိုက်မှာ ပြည့်စုံခြင်းနဲ့ ပြည့်စုံ နေတယ်။
လှူပြီးနောက်အခါမှာ မေမမေ့ပျောက်ပျောက် မဟုတ်ဘဲ ပြန်ပြန် အောက်မေ့ပြီးတော့ နှစ်သက်ရွှင်လန်း ၀မ်းသာနေမယ်ဆိုရင် အလှူရဲ့နောက် ပိုင်း ပြည့်စုံခြင်းနဲ့ ပြည့်စုံလျက်ရှိတယ်။ အဲဒီလိုဆိုရင် အလှူ့ ဒကာဒကာမတွေ အကျိုးကြီးကြီး ရတာပဲ။
အလှူဟာ အလှူပေးပုဂ္ဂိုလ်ဘက်က အကျိုးကြီးခြင်းအကြောင်း။ အလှူခံ ပုဂ္ဂိုလ်ဘက်က အကျိုးကြီးခြင်းအကြောင်း သုံးပါးရှိတယ်။
ဝီတရာဂါ ဝါ ရာဂဝိနယပဋိပန္နာဝါ 1
ရာဂကင်းပြီးတဲ့ ပုဂ္ဂိုလ်သော်လည်း ဖြစ်ရမယ် အဲ့ ထိုသို့ ရာဂတွေ ကင်းအောင် ကြိုးစားနေကြတဲ့ ပုဂ္ဂိုလ်တွေသော်လည်း ဖြစ်ရမယ် ဒေါသ ကင်းပြီး ပုဂ္ဂိုလ်သော်လည်း ဖြစ်ရမယ် ဒေါသကင်းအောင် ကြိုးစားနေကြတဲ့ ပုဂ္ဂိုလ်သော်လည်း ဖြစ်ရမယ် မောဟကင်းပြီး ပုဂ္ဂိုလ်တွေသော်လည်း ဖြစ် ရမယ် မောဟကင်းအောင် ကြိုးစားနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ရမယ်လို့ အလျူခံပုဂ္ဂိုလ် ဘက်က အင်္ဂါ သုံးပါ။
ယနေ့ မိမိတို့လှုလိုက်တဲ့ထဲ သံဃာတော်တွေ။ သံဃာကို လှူတဲ့ အလှူတွေကပါ ပါနေတော့ အဲဒီ အလှူတွေဟာ ရာဂကင်းပြီးတဲ့ ပုဂ္ဂိုလ် တွေကို လှူရာရောက်တာပဲ။ သံဃာဆိုတာ ရဟန္တာပုဂ္ဂိုလ်လည်း ပါတာပဲ) အဲဒီတော့ သံဃာကို လှူလိုက်ပြီဆိုရင် သံဃေ ဒိန္နံ မဟပ္ဖလံ= သံဃာကို လှူရခြင်းဟာ အကျိုးကြီးတယ်လို့ဆိုတယ်။
ဒါကြောင့် ယနေ့ မိမိတို့ဘက်က မလှူခင်လည်း ဝမ်းသာ။ လှူတုန်းလည်း ဝမ်းသာ လှူပြီးလည်း ဝမ်းသာ အင်္ဂါသုံးပါးပြည့်စုံသွား။ အလှူခံ ပုဂ္ဂိုလ်ဘက်ကလည်း အံင်္ဂါသုံးပါး ပြည့်စုံလို့ ဆဠဂ်သမ္မန္နာဂတ အင်္ဂါခြောက်ပါးနဲ့ ပြည့်စုံတဲ့ အလှူဒါနလို့ ဆိုရတယ်။ အဲဒီ အလှူဒါနမျိုးဟာ ဘယ်လောက် အကျိုးရှိတယ်လို့ ရေတွက်ခြင်းငှာ နှိုင်းစာခြင်းဝှာ မတတ်နိုင်တဲ့ အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်ဟောတော်မူခဲ့တယ်။
ဒါကြောင့် အလှူအကျိုးကြီးဖို့ အကြောင်းတွေပြည့်စုံရင် အကျိုးကြီး တာပဲ။ အဲဒီတော့ အကျိုးကြီးတယ်လို့ ဆိုတဲ့နေရာမှာ အခုပြောခဲ့တာ အကြောင်းတစ်ရပ်၊ အကြောင်းတွေ အများကြီးရှိ
ဒါန ဒါသ။
ဒါန သာမိ။
ဒါန သဟာယ။
ဒါန ဒါသ ဆိုတာ ကျွန်ဒါန၊ ကျွန်ကိုပေးသလို မကောင်းတာတွေ ကိုပေးရင် ဒါန ဒါသ၊ ကျွန်ကိုတော့ ကောင်းကောင်းမွန်မွန် တယ်မပေးချင် ကြဘူး မကောင်းတာတွေကိုပဲ ပေးကြတယ်။ အဲ-ကိုယ်စားသလို မပေးဘူး အဲဒါကြောင့် အဲသလို ကိုယ်စားသလိုပစ္စည်း မပေးဘူး။ ကိုယ်မစားချင်တဲ့ ပစ္စည်းတွေကို ပေးတာကို ဒါန ဒါသ ကျွန်ဒါနလို့ ခေါ်တယ်။
ဒါနသဟာယ/။ ကိုယ်စားတဲ့ အစာမျိုးကို ပေးကမ်းလှူဒါန်းရင် ဒါန သဟာယလို့ ခေါ်တယ်။ ကိုယ်တူပြုပြီးတော့ လှူဒါန်းပေးကမ်းတာမျိုးကို ဒါနသဟာယလို့ ခေါ်တယ်။ ကိုယ်စားတာထက် မွန်မွန်မြတ်မြတ် ဖွယ်ဖွယ် ရာရာပြုလုပ်စီမံပြီးတော့ ပေးကမ်းလှူဒါန်းတာကို ဒါနသာမိ အရှင်ဒါနနဲ့ တူတယ်။
အရှင်နဲ့တူတဲ့ဒါ န ယနေ့ မိမိတို့လှုကြတဲ့ အလှူတွေဟာ ကိုယ်စား တာထက် အမျိုးမျိုး ဖွယ်ဖွယ်ရာရာ ကောင်းကောင်းမွန်မွန် ဖြစ်အောင်။ အကောင်းဆုံးဖြစ်အောင် ပြုစီမံပြီးတော့ လှူကြတာမို့လို့ အရှင်ဒါနမျိုး ကိုယ့်အရှင် သခင်ဆိုရင် ကိုယ်မြတ်နိုးတဲ့ မင်းတို့ စိုးတို့ ကိုယ်မြတ်နိုးတဲ့ သံဃာတော်တွေကျတော့ မိမိစားတာထက် ကောင်းကောင်းမွန်မွန် ဖြစ်အောင် လှူကြတာဖြစ်သောကြောင့် ဒါနသာမိ အရှင်ဒါနမျိုး ယနေ့လှူကြတယ်။
ဖွယ်ဖွယ်ရာရာ ကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးတော့ နှစ်သက်ဖွယ် ဖြစ်အောင် စီမံပြီးတော့ လှူဒါန်းကြ၊ ပူဇော်ကြတာဖြစ်သောကြောင့် ကိုယ် အရှင်ကို ပေးတဲ့အပေးမျိုး၊ အဲဒီလိုလှုတဲ့ အလှူမျိုးကို လှူတာမို့ ဒါနသာမိ အလှူမျိုးလို့ဆိုနိုင်တယ်။
ဒါနသာမိဆိုတဲ့ အလှူဟာ မိမိတို့ ဒါနဟာ ဘယ်အကျိုးမကြီးဘဲ ရှိပါ့မလဲ။ ဒါကတစ်မျိုး-
အလှူဆိုတာဟာ လှူတတ်ရင်မြတ်တယ်။ မလှူတတ်ရင် အကျိုး နည်းနည်းရတတ်တယ်1။
အဲ တစ်ခါတစ်ခါကျတော့ မလှူတတ်တော့ ကိုယ်က အကျိုးကောင်း ကောင်းမရဘူး။ ကိုယ်ခိုင်းထားတဲ့ လူက အကျိုးကောင်းကောင်း ရသွားတာ တွေရှိတယ်။
ရှေးတုန်းက ပါယာသိရာဇည မင်းကြီးဆိုတာရှိ၅ အဲ စောစောက ဒီမင်းကြီးဟာ တမလွန်ဘဝ မရှိဘူးဆိုပြီး ယူဆပြီးတော့ မိမိကိုယ်တိုင်လည်း ဒီအတိုင်းယူပြီးတော့ သူတစ်ပါးကိုလည်း ဟောပြောနေတယ်။
ပြီးတော့ တမလွန်ဘဝ မရှိဘူးဆိုတာကို သက်သေထူချင်တော့ အဲ စုံစမ်းစစ်ဆေးခြင်း အမျိုးမျိုးနဲ့ စစ်ဆေးခဲ့တယ်။ အဲ။ အဲသလောက်မှားတဲ့ အယူကို ယူထားတဲ့ ပါယာသိရာဇည မင်းကြီးဟာ အရှင်ကုမာရ ကဿပနဲ့ တွေ့ဆုံလို့ တွေ့ဆုံမိတဲ့အခါမှာ အရှင်ကုတာရကဿပ မထေရ်က ဆန်းဆန်း ကြယ်ကြယ် နည်းမျိုးစုံတို့ဖြင့် တမလွန်ဘဝရှိကြောင်းကို အထောက်အထား အမျိုးမျိုးနဲ့ ယုတ္တိအမျိုးမျိုးနဲ့ သူမငြင်းနိုင်အောင် တင်ပြနိုင်တဲ့အခါကျတော့ မှ မိမိအယူကို စွန့်တယ်။
အယူစွန့်ပြီးတော့ နောက်အခါကျတော့ တစ်ခါတည်း အလှူမဏ္ဍပ် ကြီးတွေ ထိုးပြီးတော့ အရပ်လေးမျက်နာက လာလာသမျှ အမျိုးမျိုးသော ခိုကိုးရာမဲ့ ပုဂ္ဂိုလ်တွေအတွက် အလှူကြီးပေးတယ်။ အဲ အလှူကြီးပေးတော့ သူကတော့ ဘာမျှဂရုမစိုက်ဘူး။ ပြန်လည်း မကြည့်ပါဘူး။ သူက ဥတ္တရ လုလင်ဆိုတာကို လွှဲထားတယ်။ ဒီအလှမှာ ကြီးကြပ်ပြီး ဆောင်ရွက်ဖို့။ စီမံဖို့၊ ခန့်ခွဲဖို့ အကုန်လုံး သူ့ကို တာဝန်လွှဲထားတယ်။
အဲ ဥတ္တရလုလင်ကတော့ စိတ်ကောင်းစေတနာကောင်းနဲ့ လာလာသမျှ အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ မေတ္တာထား ကရုဏာထားပြီးတော့ လ္ဂှူခဲ့တယ်။
အလှူရှင်ကတော့ မျက်နှာလွှဲ ခဲပြစ်သဘောနဲ့ နေခဲ့တယ်။ အကျိုး ဆောင် ဥတ္တရလုလင်က ရိုရိုသေသေ လေးလေးစားစား လှူခဲ့တဲ့အတွက်ကြောင့် အလှူရှင်ဖြစ်လျက်နဲ့ ပါယာသိရာဇညမင်းကြီးဟာ တာ၀တိံသာနတ်ပြည်သို့ မရောက်ရဘူး။ စတုမဟာရာဇိ နတ်ပြည်မှာတင် ဗိမာန်ကလေးတစ်ခုနဲ့ တစ်ယောက်တည်း အခြွေအရံကင်းမဲ့စွာ နေရတယ်။
ကိုယ့်အလှူမှာ ဝေယျာဝစ္စဆောင်ရွက်ရတဲ့ ဥတ္တရလုလင်ကတော့ တာဝတိီံသာနတ်ပြည်မှာ အခြွေအရံပေါင်းများစွာနဲ့ ထူးခြားတဲ့ ဝိမာန်မှာ နတ်သားဖြစ်ရတယ်။
အဲ တစ်ခါတစ်ခါကျတော့ အလှူရှင်က အကျိုးနည်းပြီး ဝေယျာဝစ္စ သမားက အကျိုးကြီးသွားတဲ့ သာဓကတွေလည်းရှိတယ် ဒါကြောင့်မို့လို့ အလှူဆိုတာဟာ အကျိုးကြီးအောင်လည်း မိမိကလုပ်နိုင်တယ်။ အကျိုးနည်း အောင်လည်း မိမိက လုပ်နိုင်တယ်။ အဲဒီတော့ အကြောင်းအားလျော်စွာ အလှူ အကျိုးကြီးတယ်။ အလှူ အကျိုးမကြီးဘူးဆိုတာ မိမိကိုအကြောင်းပြုပြီး ဖြစ်ရတာပဲ။ အဲဒီတော့ ယနေ့ မိမိတို့အလှူကို လှူဒါန်းပူဇော်ကြတဲ့အခါမှာ အလှူ အကျိုးကြီးအောင် ကောင်းကောင်းမွန်မွန် လှူဒါန်း ပူဇော်ကြပါ အဒီလို ဖွယ်ဖွယ်ရာရာ ခွန်မွန်မြတ်မြတ်တွေ လျှုဒါန်းပူဇော်ကြ အားထူတဲ့ ကြရင် အပြုအမူအားဖြင့်လည်း ဖွယ်ဖွယ်ရာရာဖြစ်တယ်။ ပစ္စည်းအားဖြင့်လ ဖွယ်ဖွယ်ရာရာ ဖြစ်ပြီး အကျိုးများစွာ ပေးနိုင်တဲ့အတွက် အကျုးများျားကြှ ရအောင် ကြံဆောင်ကြိုးစားနိုင်ကြပါစေသတည်း။
(သာဓု သာဓု သာဓု)
အိုနာသေဘေး မကြောက်ရေးတရားတော်
(ရွှေပန်းတိမ် ဦးသက်ထွန်း။ တောင်လုံးပြန်)နေအိမ် ဆွမ်းအလှူတော်၌ ဟောကြားအပ်သော တရားတော်)
အဲ- ယနေ့ နှစ်စဉ်နှစ်စဉ် ပူဇော်နေကျ၊ လှူဒါန်းနေကျ မွေးနေ့ အလှူတော် နိဗုဒ္ဓပုည ထာဝရကောင်းမှု ကုသိုလ်တော်ကြီးကို နှစ်စဉ်နှစ်တိုင်း အောင်မြင်အောင် ဆင်နွဲကျင်းပခဲ့ကြသလို ယခုနှစ်မှာလည်း ဆင်ယင်ကျင်းပ ပူဇော်ကြ၊ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တွေမှာ သဒ္ဓါ။ သီလ၊ သုတ။ စာဂ၊ ပညာဆိုတဲ့ တရားငါးပါးရှိတယ်။
သဒ္ဓါ-ယုံကြည်မှု၊ သီလ- ကျင့်သုံးဆောက်တည်မှု သုတ- အကြား အမြင်များမှု၊ စာဂ-စွန့်ကြဲပေးကမ်းမှု ပညာ-အသိအလိမ္မာ ဉာဏ်ပညာ။ တရားငါးပါး၊ အဲဒီ တရားငါးပါးဟာ အရေးကြီးတာပဲ။ အဲ-ယခု မိမိတို့မှာ သဒ္ဓါ1 သီလသုတ၊ စာဂ၊ ပညာဆိုတဲ့ ဟရားငါးပါး ထင်ရှားရှိကြသောကြောင့် မိမိတို့ ယခုလို နှစ်စဉ်နှစ်တိုင်း မပျက်မကွက် တက်တက်ကြြကြြ ဆောင်ရွက် နိုင်ကြ၊ လှူဒါန်းနိုင်ကြ၊ အလှူပွဲကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင် ကြတယ်။ အဲ-သဒ္ဓါ ဆိုတာလည်း အရေးကြီးတယ်။ သဒ္ဓါတရားဆိုတာ အဆင့်အတန်းမြင့်လေ ယုံကြည်မှု၊ ကြည်ညိုမှုဆိုတာ မြင့်လေပဲ။ အဲ- နောက်ဆုံး မဖြတ်နိုင်တော့ဘူး။ မိမိတို့ မပျက်နိုင်တဲ့ သဒ္ဓါမျိုးဖြစ်အောင် ကြိုးစားကြရတယ်။ ယနေ့ ကုသိုလ်ပြုကြတာလည်း အဲဒီလိုမပျက်တဲ့ သဒ္ဓါ တရားကိုရဖို့ ကြိုးစားကြရတာပဲ
တစ်ခါတုန်းက မဟာနာမ်ဆိုတဲ့ သူကြွယ် ဘုရားရှင်ကိုယ်တော်မြတ်နဲ့ ညီနောင်ဝမ်းကွဲတော်တဲ့ မဟာနာမ်မင်းသားပဲ။ အဲ- ဘုရားရှင်ကိုယ်တော် မြတ်ထံရောက်လား ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။ မြတ်စွာ
ဘုရား။ မြတ်စွာဘုရားက တစ်ဖက်။ ဘိက္ခုရဟန်းတွေက တစ်ဖက်၊ တရား တစ်ခုဖြစ်ပေါ်လာတဲ့အခါမှာ မြတ်စွာဘုရားက တစ်ဖက် ရဟန်းတော်တွေက တစ်ဖက်ဆိုရင် တပည့်တော်ဟာ မြတ်စွာဘုရားဘက်ကသာ လိုက်မှာပါ 1 အဲသလောက် မြတ်စွာဘုရားကို ကြည်ညိုပါတယ်။ ထို့အတူ တရားတစ်ခု ဖြစ်ပေါ်လာတဲ့အခါ မြတ်စွာဘုရားက တစ်ဖက်၊ ရဟန်းယောက်ျား၊ ရဟန်း မိန်းမတွေက တစ်ဖက်ဆိုရင် တပည့်တော်ဟာ မြတ်စွာဘုရားဘက်ကိုပဲ လိုက်မှာပဲ တပည့်တော် အဲသလောက် ကြည်ညိုပါတယ်ဘုရား၊
ဒါတင်မက မြတ်စွာဘုရားက တစ်ဖက်။ ဘိက္ခု။ ဘိက္ခူနီ ဥပသကား ဥပါသိကာမတွေက တစ်ဖက်ဆိုရင် တပည့်တော်ဟာ မြတ်စွာဘုရားဘက်သာ လိုက်မှာပါ။ အဲသလောက် တပည့်တော်ဟာ ဘုရားရှင်ကိုယ်တော်မြတ်ကို ကြည်ညိုပါတယ်လို့ လျှောက်ထား။
အဲ- တကယ်တော့ မဟာနာမ်ဆိုတဲ့မင်းဟာ သကဒါဂါမ်၊ သောတာ ပတ္တိမဂ်ကိုလည်း ရပြီးပြီ သကဒါဂါ မိမဂ်ကိုလည်း ရပြီးပြီ သကဒါဂမ်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်အပေါ်မှာ ဒီလောက်ကြည်ညိုပါတယ်လို့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်လျှောက်ထားနိုင်တယ်။ အဲ-တစ်ခါက မဟာနာမ်မင်းကြီး ဘုရားရှင် ကိုယ်တော်မြတ်ကို လျှောက်ထားတာ တစ်ခု ရှိသေးတယ်
တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ထံ မဟာနာမ်မင်းကြီး ရောက်လာပြီး မြတ်စွာဘုရား တပည့်တော်ဟာ ဘုရားရှင်ကိုယ်တော်မြတ်ကို ဖူးမြော်ပြီးတော့ ညနေချမ်းအခါ ကပိလဝတ်နေပြည်တော်ကြီး ဝင်သွားပြီဆိုရင် အဲဒီအခါမှာ ဆင်ကြမ်းနဲ့လည်း ကြုံရ မြင်းကြမ်းနဲ့လည်း ကြုံရ၊ ပြေးလားလွားလားနဲ့ သောင်းကျန်းနေကြတဲ့ ဆင်ကြမ်းနဲ့လည်း ကြုံရ မြင်းကြမ်းနဲ့လည်း ကြုံရ လှုပ်ရှားပြေးလွှားနေတဲ့ ရထားကြမ်းနဲ့လည်း ကြုံရ အဲ-အမျိုးမျိုး အနှောက် အယှက်တွေနဲ့ ကြုံရ။ အဲဒီအခါမှာ တပည့်တော်ဟာ ဘုရားရှင်ကိုယ်တော် မြတ်ကို သတိရနေတဲ့ သတိဟာ ပျောက်သွားပါတယ် မေ့သွားပါတယ်။ တရားအာရုံ ပြုပြီးဖြစ်တဲ့ သတိဟာလည်း ပျောက်သွားပါတယ်။ တရားအာရုံ ပြုပြီးဖြစ်တဲ့ သတိဟာလည်း မေ့သွားပါတယ်။ သံဃာအာရုံပြုပြီးဖြစ်တဲ့ သတိဟာလည်း ပျောက်သွားပါတယ်။ အဲဒီလို သတိတွေ ပျောက်သွားတဲ့ အခါကျတော့ တပည့်တော်ဟာ သြော်-- ငါ ခုနေခါများ စုတေလို့ ရှိရင်
ငါ့ရဲ့လားရာဂတိဟာ ဘယ်မှာများ ဖြစ်မှာပါလိမ့်။ ငါ့ရဲ့ တမလွန်ဘဝ ဖြစ်ရာဘဝဟာ ဘယ်လိုများ ဖြစ်မှာပါလိမ့်လို့ အဲသလို အကြံဖြစ်လာတဲ့ အကြောင်းကိုလျှောက်ထားတဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က-
မာ ဘာယိ မဟာနာမ မာ ဘာယိ မဟာနာမ၊ အပါပကံ တေး မရဏံ ဘဝိဿတိ အပါပိကာ ကာလကိရိယာ။
မကြောက်နဲ့ မဟာနာမ်။ မကြောက်နဲ့ မဟာနာမ် မဟာနာမ်အဖို့ မကောင်းသောသေရခြင်းမျိုး ဖြစ်မှာမဟုတ်ဘူး။ ဆိုးဆိုးရွားရွား သေရခြင်းမျိုး ကြုံရလိမ့်မယ် မဟုတ်ဘူး အဲ- မဟာနာမ် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က ကာလကြာမြင့်စွာက ပွားများအပ်တဲ့ သဒ္ဓါတရားရှိမယ်။ ကာလ ကြာမြင့်စွာက ပွားများခဲ့တဲ့ သီလတရားရှိမယ်။ ကာလကြာမြင့်စွာ ပ္ပားများ အပ်တဲ့ သုတတရားရှိမယ်4 ကာလကြာမြင့်စွာ ပွားများအပ်တဲ့ စာဂတရား ရှိမယ်။ ကာလကြာမြင့်စွာ ပွားများအပ်တဲ့ ပညာတရားရှိမယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ သူ့ခန္ဓာကိုယ်ကတော့ ဤဘဝ ကျျးတွေစား လင်းတတွေစား။ မြေခွေးတွေစားစသည်ဖြင့် အမျိုးမျိုးသော သတ္တဝါတွေစားလို့ ပျက်စီးသွား မှာပဲ။
ခန္ဓာကိုယ်ပျက်စီးသွားသော်လည်း ကာလကြာမြင့်စွာ ဆည်းပူးထားတဲ့ သဒ္ဓါတရားကတော့ အထက်အထက်သာ ရောက်သွားမှာပဲ။ သီလတရား။ စာဂတရား၊ ပညာတရား၊ သဒ္ဓါသီလ သုတစာဂပညာဆိုတဲ့ တရားတွေ ကတော့ မပျက်တော့ဘူး။ အထက်အထက်ဘဝ ရောက်သွားမှာပဲ။ ထူးခြားတဲ့ အခြေအနေသာ ရောက်သွားမှာပဲလို့ မိန့်တော်မူပြီးတော့ ဘုရားရှင်ကိုယ်တော် မြတ်က ဥပမာကလေးနဲ့ မိန့်တော်မူခဲ့တယ်။
မဟာနာမ် ယောက်ျားတစ်ယောက်ဟာ နက်တဲ့ရေထဲ ဆင်းပြီးတော့ ထောပတ်အိုးကိုဖြစ်စေ။ ဆီအိုးကိုဖြစ်စေ ခွဲလိုက်မယ်ဆိုရင်။ ခွဲလိုက်လို့ရှိရင် ထောပတ်ဆီအိုးရဲ့ အိုးခြမ်းကွဲတွေကတော့ အောက်ကျသွားမှာပဲ။ အဲ- ထောပတ်တွေ။ ဆီတွေကတော့ အထက်ချည်းတက်သွားမှာပဲ။ အဲဒီ ဥပမာ အတိုင်း။ အကြင်ပုဂ္ဂိုလ်တစ်ယောက်ဟာ ကာလကြာမြင့်စွာ ပွားထားတဲ့ သဒ္ဓါရှိမယ်' သီလတရားရှိမယ်။ သုတတရားရှိမယ်။ စာဂတရားရှိမယ်။ ပညာတရားရှိမယ်ဆိုရင် အဲဒီကာလကြာမြင့်စွာက ပွားများခဲ့တဲ့ သဒ္ဓါ
သီလ သုတ စာဂ ပညာဆိုတဲ့ တရားတွေဟာ အဲ- အထုံရထားတာဖြစ်တော့ သူ့ခန္ဓာကိုယ်ကြီးတွေကို ခွေးတွေစား။ ကျီးတွေစား။ မြေခွေးတွေစား။ လင်းတတွေစား။ အမျိုးမျိုးသော ပိုးကောင်တွေစားလို့ ပျက်စီးပေမည့် ခန္ဓာကိုယ်ကြီး ပျက်စီးရပေနဲ့ ခန္ဓာကိုယ်ကြီး ပျက်စီးရပေနဲ့ သူကြာမြင့်စွာ ထုံထားတဲ့ သဒ္ဓါတရား၊ သီလတရား၊ သုတတရား၊ စာဂတရား၊ ပညာဆိုတဲ့ တရား၊ တရားတွေကတော့ မပျက်စီးဘူး။ အထက်အထက်သာ တက်သွား မှာပါ။ ထူးခြားတဲ့ အခြေအနေကိုသာ ဆိုက်ရောက်သွားမှာပဲ။
အဲ- ထို့အတူပဲ မဟာနာမ်ဟာ ကြာမြင့်စွာ ထုံထားပွားထားတဲ့ သဒ္ဓါတရားတွေ ရှိတယ်။ သီလတရားတွေ ရှိတယ် သုတတရားတွေ ရှိတယ်။ စာဂတရားတွေ ရှိတယ် ပညာတရားတွေ ရှိတာဖြစ်သောကြောင့် အဲ- မဟာနာမ်ဟာ မကောင်းသော သေခြင်းမျိုး သေရမှာမဟုတ်။ ဆိုးရွားသော၊ ညံ့ဖျင်းသော သေရခြင်းမျိုး ဖြစ်ရမှာမဟုတ်။ မိမိပွားထားတဲ့ သဒ္ဓါ။ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ တရားတွေ။ အဲဒီတရားတွေဟာ တစ်ဆင့်ထက် တစ်ဆင့် ဥဒ္ဓံ ဂါမီ အထက်အထက်သာ တက်သွားမှာ။ တစ်ဆင့်ထက် တစ်ဆင့် မြင့်မြင့်နဲ့သာ ထူးခြားတဲ့ အခြေအနေသို့ ဆိုက်ရောက်သွားမှာပဲ။ ဒါကြောင့် ငါ့ဂတိဟာ ဘယ်လိုလဲလို့တွေးပြီးတော့ ပူစရာမလိုတဲ့အကြောင်း စိုးရိမ်စရာ မလိုတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က အားပေးစကား မိန့်ကြား တော်မူခဲ့တယ်။ အဲဒါလေးတွေကို ထောက်ပြီးတော့ မိမိတို့ သဒ္ဓါ သီလ သုတ စာဂပညာဆိုတဲ့ တရားငါးပါးကို မိမိတို့လည်း ပွားများထား ခဲ့ကြတပဲ။
အဲ- သဒ္ဓါတရားရှိမှ သီလလည်း ဆောက်တည်ဖြစ်တယ်။ သဒ္ဓါ တရားရှိမှ ဗဟုသုတလည်း ဆည်းပူးဖြစ်တယ်။ သဒ္ဓါတရားရှိမှ စာဂလှူဒါန်း မှုလည်း ဖြစ်နိုင်တယ်။ သဒ္ဓါတရားရှိမှ ပညာလည်း ဆည်းပူးနိုင်တယ်။ အဲ- သဒ္ဓါတရားဟာ အရင်းခံပဲ။
အဲ- သဒ္ဓါတရားရှိလို့ မိမိတို့ ယနေ့လှူကြ၊ တန်းကြ၊ ပူဇော်ကြ။ သီလဆောက်တည်ကြ။ ဒီလောက်လေးနဲ့ မပြည့်စုံသေးဘူး သီလရှိရင်တော့ ဘဝအတွက် နည်းနည်းစိတ်ချရတယ်။/ သီလမရှိဘူးဆိုရင် သဒ္ဓါတရားရှိပြီး ဘယ်လိုပင်လှူုနေနေ ဘဝအတွက် စိတ်မချရဘူး။ အဲဒါကြောင့် သီလဟာလည်း
အရေးကြီးတာပဲ။ စာဂသုတ၊ ဗဟုသုတလည်း အရေးကြီးတယ်။ ဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်မှ လှုူတတ်တယ်။ သီလ ဆောက်တည်တတ်တယ်။ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်၊းတတ်တယ်4 ဒါကြောင့်မို့လို့ သဒ္ဓါတရားဟာ အင်မတန် အရေးကြီးတယ်။ အဲ- သဒ္ဓါ ရှိရင် ပညာကို ဆည်းပူးဖို့လည်း ဝန်မလေးဘူး ဆည်းပူးတတ်တယ်။ ပညာတိုးပွားအောင် ဆည်းပူးထားလို့ရှိရင် အလှူ အကျိုးရှိအောင် စောင့်ရှောက်တတ်၊ ဘာဝနာအကျိုးရှိအောင် ပွားများတတ်။ ဒါကြောင့် မို့လို့ သဒ္ဓါ1 သီလ သုတ။ စာဂ၊ ပညာဆိုတဲ့ တရားငါးပါးဟာ အင်မတန် အရေးကြီးတယ်။ ကျေကျေနပ်နပ် အားထုတ်ဖို့ အရေးကြီးတယ် အဲသလို အားထုတ်ထားပြီဆိုရင် ဘယ်ခါသေရသေရ ဘာမျှမမှုတော့ဘူး။ သေရဲတယ်။ နေရဲတယ်။ နေတုန်းလည်း ချမ်းသား သေရရင်လည်း သေရ ခြင်းကို အကြောင်းပြုပြီးတော့ ဘာမျှကြောက်လန့်ခြင်း စိုးရိမ်ခြင်း မရှိ တော့ဘူး။ သေရဲတယ်။ နေရဲတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေအဖို့ သဒ္ဓါ၊း သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ တရားငါးပါးဟာ အရေးကြီး
အဲ- ယနေ့ မိမိတို့ နှစ်တိုင်းနှစ်တိုင်း လှူကြ၊ တန်းကြ၊ ပူဇော် ကြတာဟာ ဒီတရားငါးပါး ထင်ရှားရှိလို့ လှူနိုင်ကြ၊ တန်းနိုင်ကြ၊ ပူဇော် နိုင်ကြတယ်။ သို့သော် အဲဒီတရားတွေဟာ လမ်းဆုံးပြီးလို့ စိတ်ချပြီး ကျေနပ်နေလို့ မရသေးဘူး4 အဲ- တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်အောင်။ တစ်ဆင့်ထက် တစ်ဆင့်တိုးပွားအောင် ကြိုးစားပြီးတော့ တရားတွေမြင့်အောင် အားထုတ်နိုင်ဖို့က အရေးကြီးတယ်။ အားထုတ်နိုင်ရင် ယနေ့ အဲဒီတရား တွေကို ဖြင့်လေး ဘယ်လိုပဲ သေဘေးနဲ့ ကြံရက္ကြရ။ ရာဘေးနဲ့ ကြရက္ကြရ ချမ်းသာနိုင်တာချည်းပဲ။
မိမိတို့ ချမ်းသာခြင်းအကြောင်း၊ မိမိတို့ကုသိုလ်တိုးပွားကြောင်း ကောင်း မြတ်တဲ့ သဒ္ဓါသီလ သုတ စာဂ ပညာဆိုတဲ့ တရားတွေကို တစ်နေ့တခြား တိုးပွားအောင် တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်အောင် ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဆွမ်းအလှူ၌ ဟောကြားအပ်သော သောတာပန်ဖြစ်ကြောင်း တရားတော်
ဆွမ်းစားလာပင့်တုနဲးက အဲ-မင်းတို့ဘာလို့ ဆွမ်းကပ်တာကုန်းလို့ မေးကြည့်တော့ ဆရာတော်တရားကို နာချင်လို့ပါလို့ ဆိုတယ်။ အဲ- အမှန် တော့ ဘုန်းကြီးတို့က တရားများများ ဟောနိုင်တာမဟုတ်ဘူး။ တော်ရုံသင့်ရုံ ဆွမ်းစား ကွမ်းစားတွေမှာ နည်းနည်းပါးပါးပဲ။ ဒီနေ့လည်း ဆက်ပြီး သွား စရာတွေကလည်း ရှိနေသေးတယ်။ အဲတော့ နည်းနည်းပဲ/။ အဲ-ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေမှာ အရေးကြီးတာဘာတုံးဆိုတော့ အဲ-သောတာပန်ဖြစ်ဖို့ အရေးကြီးတယ်။ ယနေ့ ဒါနပြုသည် ဖြစ်စေ သီလဆောက်တည်သည်ဖြစ်စေ။ ဘာဝနာဆိုတာ ပြောစရာမရှိ။ ဘာဝနာစီးဖြန်းသည်ဖြစ်စေ။ အဲ-တရားထူး ရဖို့ဆိုတာ သောတာပန်ဖြစ်ဖို့ပဲ သောတာပန်ဖြစ်ဖို့ အင်္ဂါ(၄)ပါးရှိတယ်။
၁ သပ္ပုရိသသန္တေ၀- သူတော်ကောင်းတို့ကို ပေါင်းသင်းရခြင်း။ ၂] သဒ္ဓမ္မသဝန-သူတော်ကောင်းတရားတို့ကို ကြားနာရခြင်း၊ ၃1 ယောနိသော မနသိကာရော - ဖြောင့်မှန်သော၊ သင့်လျော်သော နှလုံးသွင်းရှိခြင်း၊ ၄ ဓမ္မာနုဓမ္မပဋိပတ္တိ- လောကုတ္တရာတရားကိုးပါးအား လျော်သော အကျင့် ပဋိပတ်ကို ကျင့်ခြင်းလို့။ အဲ- သောတာပန်ဖြစ်ဖို့ သောတာပန် မဖြစ်ခင် ဖြည့်ကျင့်ရမည့် အင်္ဂါ(၄)ပါး၊ သပ္ပုရိသ သသေဝန- သူတော်ကောင်းတို့နှင့် ပေါ င်းသင်းရမယ်။ သဒ္ဓမ္မသဝန- သူတော်ကောင်းတို့ရဲ့ တရားတော်ကို ကြားနာ ရမယ်) ယောနိသောမနသိကာရ- မှန်ကန်သော ဖြောင့်မှန်သော နှလုံးသွင်းမှု ရှိရမယ် ဓမ္မာနုဓမ္မပဋိပတ္တိ- လောကုတ္တရာတရားကိုးပါးအား လျော်သော အကျင့်ပဋိပတ်ကို ကျင့်ခြင်းလို့ (၄)ပါးရှိတယ်။
(_။ (။ု ပ ၂ ၆ မျူ (ပ သပ္ပုရိသ သံသေ၀န- သူတော်ကောင်းတို့ကို ပေါင်းသင်းရခြင်းဆိုတာ အရေးကြီးတယ်။ ဒါကြောင့် မိမိတို့ ယခုအခါမှာ သူတော်ကောင်းတို့နဲ့ ဆုံကြ တွေ့ကြရ၊ ပေါင်းသင်းဆက်ဆံကြရ။ မှီဝဲကြရ။ အဲဒါဟာ အကြောင်းမဲ့ မဟုတ်ဘူး အဲ-ဒီဘဝမှ အလိုလျောက် ရလာတာ မဟုတ်ဘူး။ အမှန်က ရှေးရှေးဘဝက ဆည်းပူးခဲ့တဲ့ အဲ- ကောင်းမှုအထူးရှိခဲ့ဖူးလို့။ ဒါ ပုဗ္ဗေစ ကတ ပုညတာလို့ခေါ်တယ်၊ အဲဒီ ပုဗ္ဗေစကတပုညတာလို့ခေါ်တဲ့ ရေးဘဝက {။။ (။။ ( (. (ယ။ ၆ (. ကောင်းမှုအထူး ဖြည့်ဆည်းခဲ့ဖူးလို့ ယနေ့သူတော်ကောင်းတို့နဲ့ ပေါင်းသင်းရ (။ (. ၂ .*. မ င်း ( (။ (။ ပြူ တယ် သူတော်ကောင်းဖြစ်တဲ့ မိဘတွေနဲ့ ပေါင်းသင်းရတယ်။ သူတော်ကောင်း မ 4 (။ (။ (။ ရ (။ (။ (. ဖြစ်တဲ့ ဆရာသမားတွေနဲ့ ပေါင်းသင်းရတယ်။ အဲ-သူတော်ကောင်းဖြစ်တဲ့ ဂ န န ပေါင်းသင်း အဲဒါ ရေး ဝ ၂ မိတ်ဆွေသဂ်ဟတွေနဲ့ ပေါင်းသင်းရတယ်။ အဲဒါ ရှေးဘဝက ကုသိုလ်အထူး ရှိခဲ့ဖူးလို့ အဲ- ဒီဘဝမှာလည်း ရှေးဘဝက ကောငင်းမှုရဲ့အစွမ်းကြောင့် (ပ (။) (။ (။ မီ စ (။ မီ။
မိမိတို့ ယခုလို သူတော်ကောင်းတွေနဲ့ တွေ့ကြုံကြရတယ်။ အဲ- အဲဒီ တွေ့ကြုံမှုဟာ အင်မတန်မှ အရေးကြီးတယ်။
( ( (၂ . (၂း (။ 5 « (_. =. အရှင်အာနန္ဒာ မထေရ်မြတ်က ဘုရားရှင်ကိုယ်တော်မြတ်ကို “ဥပဒ္မပိတံ (။ . (။ +။ (၂ ၈ ဘန္တေ ဗြဟ္မစရိယံ ယဒိဒံ ကလျာဏမိတ္တတာ' မိတ်ဆွေ မိတ်ကောင်းနဲ့ ။ င်။ (၂။။ လ။ (။။
ပေါင်းသင်းရတာဟာ ဗြဟ္မ စရိယဆိုတဲ့ မဂ်အကျင့်ရဲ့ ထက်ဝက်လောက် ။ ပ (၂) (။ မ (။ (။ ( (၀ 46 အရေးပါပါတယ်လို့ လျှောက်ထားတဲ့ အရှင်အာနန္ဒာမထေရ်မြတ်ကို “အာနန္ဒာ။ မ () မီ (ဤ () မီ (။) (၂ (။ ပူရီ မီ ဒီလိုမပြောနဲ့။ ဒီလိုမပြောနဲ့။ ကလျာဏမိတ္တ- မိတ်ကောင်းဆွေကောင်းနဲ့ ၂ င (။။ (။ {_. (၂ (။ ပူ ပြ။ (။ (“ ပေါင်းသင်းရခြင်းသည် ဗြဟ္မစရိယဆိုတဲ့ မင်အကျင့်ရဲ့ တစ်ခုလုံးကို ရလောက် {။ ပ (. ၄7 (၂ (။ (. မူ (။ ပျ အောင် အရေးပါတဲ့အကြောင်း” မိန့်ကြားတော်မူခဲ့တယ်။ အဲ- လောကမှာ မိတ်ကောင်း ဆွေကောင်းဆိုတဲ့ ဆရာသမားကောင်းတွေနဲ့ တွေ့ရတဲ့အခါ ဆရာသမားတွေရဲ့ အဆုံးအမကို ခံယူကြပြီးတော့ အဘက်ဘက်ကနေ ၊ တက်ကြီး၊ ခြင်း ဝ င္သဓင ၉၃ စး ဝ တိုး၊ ပွားခြင်းသို့ ရောက်နိုင်တာမို့လို့ ဆရာသမားကို ကလျာဏမိတ္တ။ အဲ-သူတော်ကောင်း မိတ်ကောင်းဆွေကောင်းလို့ ဆိုတယ်။ မမညု ကလျာဏမိတ္တံ အဟံ အာဂမ္မ ဇာတိဓမ္မဿစ ဇာတိတော ပရိမုစ္စန္တ်။
(၂) (၂. () (.) () (၂) ဧရာဓမ္မဿ ဇဧရတော ပရိမုစ္စန္ဘ်။ ဗျာဓိဓမ္မဿ ဗျာဓိတော ပရိမုစ္စန္က်ါ မရဏဓမ္မဿ မရဏတော ပရိမုစ္စန္တ်။
“ငါဘုရားတည်းဟူသော ကလျာဏမိတ္တ မိတ်ကောင်းဆွေကောင်း ကြီးကို အမှီပြုကြရသောကြောင့် သင်ချစ်သားတို့သည် ဇာတိပဋိသန္ဓေ နေရသော သဘောရှိကြကုန်လျက် ပဋိသန္ဓေ နေရခြင်းမှ လွတ်မြောက်ကြရ ကုန်စါ / အိုရခြင်းသဘောရှိကြကုန်လျက် အိုရခြင်းသဘောမှ လွတ်မြောက်ကြ ရကုန်ဒါ [ နာရခြင်းသဘောရှိကြကုန်လျက် နာရခြင်းသဘောမှ လွတ်မြောက် ကြရကုန်စါ / သေရခြင်းသဘော ရှိကြကုန်လျက် သေရခြင်း သဘောမှ လွတ်မြောက်ကြရကုန်၏ (” လို့ ကလျာဏမိတ္တရဲ့ တန်ဖိုးရှိပုံကို ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူခဲ့တယ်။
ဒါကြောင့် အဲ-လောကမှာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ထူးခြားသော တရားတော်တွေကို ရရှိဖို့ အထူးသဖြင့် ဒီဘဝမှာ သောတာပန် ဖြစ်ဖို့ဆိုရင် ပထမအရေးအကြီးဆုံး အကြောင်းကတော့ ကလျာဏမိတ္တ သူတော်ကောင်း မိတ်ဆွေကောင်းတို့နဲ့ ပေါင်းသင်းရခြင်း ပထမ အရေးကြီးတဲ့အချက်။ အဲဒီ အချက်ရှိရင် အဲ-နောက် ဒုတိယ သဒ္ဓမ္မဿ၀န- သူတော်ကောင်းတရားကို နာကြားရခြင်း၊ ယောနိသော မနသိကာရ- နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း ဆိုတာတွေဟာ အဲ- ပြီးကုန်တာပဲ1။ ကလျာဏမိတ္တကို အမှီပြုပြီးတော့ ဤအကျိုးတွေကို ရရှိနိုင်တယ်။
အဲဒီတော့ ဒုတိယအကျိုးက သဒ္ဓမ္မသဝ၀န- သူတော်ကောင်းတရားကို နာကြားခြင်း၊ အဲ- သူတော်ကောင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရရင်' မှီခိုရရင် သူတော်ကောင်းတရား ကြားနာရခြင်းဆိုတဲ့ အကျိုးကို ရတယ်။ သူတော်ကောင်း တရား ကြားနာရခြင်းဆိုတာ ဘုန်းကြီးတို့ မင်ရဖိုလ်ရဖို့ အင်မတန်ကြီးမားတဲ့ အထောက်အပံ့တစ်ရပ်ပဲ။ အဲ- တရားတော်ကို နာရရင် မကြားဖူးတာကို ကြားရတယ်။ ကြားဖူးတာကို ထပ်မံရဤကြားရပြန်တော့ မိမိတို့ ယုမှားသံသယ တွေကို ကောင်းကောင်းဖျောက်နိုင်တယ်။ အဲဒါကြောင့် မကြားဖူးတာကို ကြားရခြင်း အကျိုးလည်းရ။ ကြားဖူးရင် အဲဒီတရားမှာ ပိုပြီးတော့ စင်ကြယ် သွားတယ်။ ပြည့်စုံသွားတယ်။ ယုံမှားသံသယရှိရင်လည်း တရားနာရတဲ့ အကျိုးကြောင့် ယုံမှားကင်းသွားနိုင်တယ်။ အဲ- အယူမှားနေရင်။ အယူလွဲ နေရင်လည်း သူတော်ကောင်းတွေရဲ့တရားကို ကြားနာရလို့ မိမိမှားနေတဲ့
အယူ ဖြောင့်မတ်ခြင်း၊ အယူကောင်းခြင်း သမ္မာဒိဋ္ဌိအဖြစ်သို့ ရောက်သွားတယ်။ နာနေရတဲ့အခါမှာ စိတ်ကြည်လင်ရတယ်။ နှစ်သက်ရတယ်။ ဒါ အကျိုးတစ်ခု။
အဲ- မကြားဖူးတဲ့အရာ ကြားရတယ်။ ကြားဖူးပြီးသားတရား ဖြစ် ရင်လည်း ထပ်ပြီးတော့ ပြည့်ပြည့်စုံစုံ ထင်ထင်ရှားရှား ဖြစ်သွားတယ်။ ယုံမှားသံသယရှိရင်လည်း ပျောက်သွားနိုင်တယ်။ အဲ- အယူမှားနေရင်လည်း အယူဖြောင့်မတ်သွားတယ်။ အဲဒါ ကြောင့်မို့လို့ စိတ်လည်းကြည်လင်တယ်။ တရားတော်ကို ကြားနာရတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်တရားတော်တွေ ဆိုတာက ကောင်းတာတွေချည်း ဟောထားတော့ အနက်အဓိပ္ပာယ် ပြည့်စုံတဲ့ တရားတွေ ဟောထားတာ။ အဲဒီတရားတော်ကို နာကြားရတဲ့အခါ မိမိတို့စိတ် နှစ်သက်ရတယ်။ ကြည်လင်ရတယ်/။ ဝမ်းသာရတယ်။ ရွှင်လန်းရတယ်။ အဲဒီအကျိုး(၅)ပါး ရနိုင်တယ်။ အဲဒီတော့ သောတာပန်ဖြစ်ဖို့ဆိုတာ ဒီအကျိုး (၅)ပါးကလည်း ဘယ်လောက်အရေးပါ အရာရောက်တယ်ဆိုတာ မိမိတို့ သိပြီးသားပါ။
တတိယအကျိုးအင်္ဂါက ယောနိသောမနသိကာရဆိုတာ အင်မတန် အရေးကြီးတယ်။ လူ့ဘဝ ကုသိုလ်ဖြစ်ဖို့အရေးမှာ အင်မတန် လိုရင်းကျး။ ပဓာနကျတဲ့ အကြောင်းတစ်ရပ်ပဲ4 အဲ- စိတ်ထားတတ်ရင် မြတ်တယ်။ စိတ်ထားမတတ်ရင် မမြတ်ဘူး4 မှန်မှန်ကန်ကန် နလုံးသွင်းတတ်ရင် ကုသိုလ်တွေ အများကြီးဖြစ်တယ်။ မှန်မှန်ကန်ကန် နှလုံးမသွင်းတတ်ရင် အသင့်အတင့်အားဖြင့် နှလုံးမသွင်းတတ်ရင် အကုသိုလ်တွေ အများကြီး ဖြစ်တယ်။
အဲ- ဘုရားဝင်း ကျောင်းဝင်းအတွင်းမှာ မစင်ပုံတွေ တွေ့တယ်လို့ ဆိုပါတော့။ အဲ- တစ်ယောက်သော ပုဂ္ဂိုလ်က အဲဒီ မစင်ပုံတွေ့ရတော့ သူစိတ်ဆိုးတယ်။ ဟိုဆွဲ သည်ဆွဲနဲ့။ တစ်ယောက်သော ပုဂ္ဂုုလ်ကတော့ သြော်- ငါကတော့ ကုသိုလ်တော့ ရမှာပဲ ဆိုပြီးတော့ အားရဝမ်းသာနဲ့ ကျုံးပစ်တယ်။ သန့်ရှင်းပစ်တယ်။ အဲ- တစ်ယောက်သော ပုဂ္ဂိုလ်က အယောန်သော မနသိကာရ မသင့်မတင့် နှလုံးသွင်းမိတော့ စိတ်ဆိုးတယ် ဒီနေရာမှာ မစင်ပါရမလားဆိုပြီးတော့ စိတ်ဆိုးတယ်။ စိတ်ဆိုးတော့ သူ့မှာ ကုသိုလ်မဖြစ်ဘူး/။ အကုသိုလ်တွေဖြစ်သွားတယ်။
တစ်ဦးသောပုဂ္ဂိုလ်ကတော့ သြော်- ငါကုသိုလ်ရဖို့ ဖန်တီးလာတာပဲ။ အဲ- ကျောင်းကန်ဘုရားဝင်း အတွင်းမှာ ဒီလို မစင်အညစ်အကြေးတွေကို သုတ်သင်ရင် သန့်ရှင်းရင် အကျိုးအငိမတန် ကြီးတယ်ဆိုပြီးတော့ သူကတော့ သုတ်သင် သန့်ရှင်းသွားတယ်။ အဲ- တစ်ယောက်သော ပုဂ္ဂိုလ်က အယော နိသော မနသိကာရ မသင့်မတင့် နှလုံးသွင်းတယ်။ တစ်ယောက်သော ပုဂ္ဂိုလ်က အသင့်အတင့် နှလုံးသွင်းတယ်။ အဲ- တစ်ယောက်သောပုဂ္ဂုံလ်မှာ အကုသိုလ်ဖြစ်ရတယ်။ တစ်ယောက်သော ပုဂ္ဂုါလ်မှာ ကုသိုလ်ဖြစ်ရတယ်။ ဒါကြောင့် ယောနိသော မနသိကာရ အသင့်အတင့် နလုံးသွင်းခြင်းဆိုတာဟာ အင်မတန် အရေးပါတဲ့ အင်္ဂါတစ်ရပ်။
အဲ- လောကမှာ ရုပ်နာမ်ဓမ္မတွေကို အဲ- မှန်မှန်ကန်ကန် မြင်ဖို့ ယဘာဘူတကျအောင်ကြည့်ဖို့၊ အဲဒီယောနိသောမနသိကာရဆိုတာ အရေးကြီး တာပဲ။ အဲ- မှန်မှန်ကန်ကန် နလုံးသွင်းတယ်ဆိုတာဟာ အနိစ္စကို အနိစ္စ အဖြစ်နဲ့နှလုံးသွင်းရမယ်။ အနိစ္စကို နိစ္စလို့ထင်ရင် အယောနိသော မနသိကာရ- ကုသိုလ်မဖြစ်ဘူး။ ဒုက္ခကို ဒုက္ခအဖြစ်နဲ့ မှန်မှန်ကန်ကန် နှလုံးသွင်းတတ်ရင် ယောနိသောမနသိကာရ အသင့်အတင့်နှလုံးသွင်းခြင်းလို့ ဆိုတယ် အဲ- ဒုက္ခဖြစ်တဲ့ တရားတွေကို သုခလို့ထင်ပြီး နှလုံးသွင်းနေရင်ဖြင့် မမှန်မကန် နှလုံးသွင်းခြင်း၊ အဲဒီနှလုံးသွင်းခြင်းဟာ မဂ်ရောက်ကြောင်းမဟုတ်။ ဖိုလ် ရောက်ကြောင်းမဟုတ် သောတာပန်ဖြစ်ခြင်း အကြောင်းမဟုတ်။ ဒါကြောင့် ယောနိသောမနသိကာရ ဆိုတာဟာ အရေးကြီးတယ်။
အနတ္တ- အတ္တမဟုတ်တဲ့ ခန္ဓာကိုယ်ကြီးကို အတ္တအသက်ကောင်။ လိပ်ပြာကောင်။ ဝိညာဉ်ကောင်အဖြစ်ဖြင့် ရူနေမယ်။ ဆင်ခြင်နေမယ်ဆိုရင် အယောနိသော မနသိကာရ။ အဲ- အနတ္တဖြစ်တဲ့ ခန္ဓာကိုယ်ကို အနတ္တအဖြစ်ဖြင့်။ ရုပ်တရားအဖြစ်၊ နာမ်တရားအဖြစ်ဖြင့်ရူရင် ဒါဟာ ယောနိသောမနသိကာရ အဲဒီ ယောနိသောမနသိကာရဆိုတဲ့ အနတ္တ အမြင်သည်သာ မဂ်ရောက်ကြောင်း။ ဖိုလ်ရောက်ကြောင်း သောတာပန်ဖြစ်ခြင်း အကြောင်းမို့လို့ ယထာဘူတကျတဲ့ အမြင် ဒါကြောင့် သောတာပန်ဖြစ်ဖို့ အရေးမှာ အဲသလို မိမိတို့သန္တာန်မှာ ရှိတဲ့ ရုပ်တရား၊ နာမ်တရားတွေကို ယထာဘူတကျကျ။ အဲ- အနိစ္စတရား တွေလိုမြင်။ ဒုက္ခတရားတွေလိုမြင်' အနတ္တတရားတွေလိုမြင်' ယောနိသော
မနသိကာရ။ အဲဒီ ယောနိသောမနသိကာရ အကြောင်းပြုပြီးတော့ သောတာ ပတ္တိမဂ်ဖိုလ် ရနိုင်တာဖြစ်လို့ အဲ-ယောနိသောမနသိကာရဟာ သောတာပန် ဖြစ်ခြင်းအကြောင်းလို့ မိန့်ကြားတော်မူခဲ့တယ်။
အဲ- ဓမ္မာနုဓမ္မပဋိပတ္တိ- လောကုတ္တရာတရား ကိုးပါးအားလျော််တဲ့ အကျင့်ကို ကျင့်ခြင်း၊ ဒါကတော့ အရေးအကြီးဆုံးပဲ အဲဒီတော့ ဘုန်းကြီးတို့ သောတာပန်ဖြစ်ချင်ရင်တော့ ဓမ္မာနုဓမ္မပဋိပတ္တိ အကျင့်တွေကို ကျင့်ရတယ်။ လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့်တွေ။ အဲဒီ အကျင့် တွေဟာ သရဏဂုံအစ သီလသမာဓိ ပညာတရားတွေ ကျင့်ရမှာချည်းပဲ။ ဒါတွေအားလုံး ဓမ္မာနဓမ္မာပဋိပတ် အကျင့်တွေ။ အဲဒီ ဓမ္မာနဓမ္မပဋိပတ် အကျင့်ဆိုတာဟာ သာသနာတော်နဲ့ကြံုံမှ ကျင့်နိုင်တဲ့ အကျင့်တွေ သာသနာ ပမှာ ကြုံရတာ မဟုတ်ဘူး။ အဲ-သာသနာပမှာလည်း စျာန်အားထုတ်ကြ။ သီလဆောက်တည်ကြ၊ ဒါနပြုကြတယ် မဟုတ်ဘူးလားဆိုတော့ ပြုတော့ ပြုကြတယ်။ သို့သော် သူတို့မှာ သရဏဂုံ မရှိကော့ အဲဒီ သာသနာပမှာ တကယ့်တရားနဲ့လျော်တဲ့ ဒါနမဟုတ်။ လောကုတ္တရာတရားနဲ့လျော်တဲ့ ဒါနမဟုတ်။ သီလလည်း အတူ၊ ဘာဝနာဆိုတဲ့ စျာန် သာသနာပမှာ စျာန် တရားပဲ ရှိတယ် မဂ်တရား၊ ဖိုလ်တရားရတဲ့ အခွင့်မရှိဘူး။
ဒါ ကြောင့် သာသနာပမှာ သရဏဂုံမရှိ။ သရဏဂုံ မရှိတော့ သရဏဂုံဆိုတဲ့ ဘုရားကိုးကွယ်ဆည်းကပ်မှု၊ တရားကိုးကွယ်ဆည်းကပ်မှူ။ သဃာ ကိုးကွယ်ဆည်းကပ်မှူ။ ဤသရဏဂုံမှ ပနေတာ ဖြစ်သောကြောင့် ပြုသမျှ ကုသိုလ်တွေဟာ သာသနာတွင်းက သရဏဂုံတည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြက္သြတဲ့ ကုသိုလ်ကဲ့သို့ ထူးခြားတဲ့ကုသိုလ်အဖြစ် မရောက်ရဘူး။ ဒါကြောင့် မို့လို့ မိမိတို့မှာ ကံကောင်းကြလို့ ယနေ့ သရဏဂုံတည်ကြတယ်။ သရဏဂုံ တည်ပြီးတော့ အဲ- ဒါနပြုရင်လည်း နိဗ္ဗာန်ကိုတောင့်တပြီး ပြတတ်ကြတယ်။ သီလဆောက်တည်ရင်လည်း နိဗ္ဗာန်ကို မျက်ခြေမပြတ်၊ ဘာဝနာအားထုတ် ရင်လည်း နိဗ္ဗာန်ကို မျက်ခြေမပြတ်ဘူး။
ဒါကြောင့် တို့တတွေရဲ့ ယနေ့ပြုကြတဲ့ ကောင်းမှုတွေဟာ ဓမ္မာနဓမ္မ ပဋိပတ္တိ လောကုတ္တရာတရား ကိုးပါးအားလျော်တဲ့ အကျင့်တွေပါလားလို့ အားရသော စိတ်ထားဖြင့်၊ အဲ- သပ္ပုရိသသံသေဝ။ သူတော်ကောင်းတို့နှင့်
ပေါင်းသင်းခြင်း၊ သဒ္ဓမ္မသ၀န- သူတော်ကောင်းတရားကို ကြားနာရခြင်း။ ယောနိသောမနသိကာရ အသင့်အတင့် မှန်မှန်ကန်ကန် နှလုံးသွင်းခြင်း။ ဓမ္မာနုဓမ္မပဋိပတ္တိ ကိုးပါးသော လောကုတ္တရာတရား အားလျာ်သော အကျင့်ကို ကျင့်ခြင်းဆိုတဲ့ သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါးနှင့် အကုန်ပြည့်စုံ ကြတယ်လို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြရတယ်။
သို့သော် တကယ်အပြီးသတ် မရောက်ကြသေးဘူး။ အပြီးသတ် ရောက်နိုင်ဖို့ မိမိတို့သန္တာန်မှာရှိတဲ့ ရုပ်နာမ်တွေကိုမြင်ဖို့။ အဲ- ဉာဏ်တွေ ထက်မြက်လာတဲ့ အခါကျမှ ဝိပဿနာဉာဏ်တွေ။ နောက်ဆုံး သင်္ခါရုပေက္ခာ ဉာဏ် အနုလောမဉဉာဏ်ဆိုတဲ့ ဉဉာဏ်တွေထိအောင် ပေါက်သွားတဲ့အခါ ကျမှ မဂ်ဖိုလ်ဆိုတာ ရနိုင်တယ်
ဒါကြောင့် မိမိတို့မှာ သာသနာမှာလုပ်ဖို့ အလုပ်တွေ အများကြီး ရှိသေးတယ်ဆိုတဲ့ အသိတွေထားပြီးတော့ အဲဒီလိုဖြစ်အောင် အဲ- တတ်နိုင် သမျှ ကြိုးစားပြီးတော့ အားထုတ်ကြရတယ်။ သောတာပန်လို့ ဖြစ်သွားတဲ့ အခါမှာ သောတာပန်ရဲ့ ပြည့်စုံရမည့် အင်္ဂါလေးပါး ရှိတယ်။ အဲဒါလည်း ရှိသေးတယ်။ အဲဒါကတော့ အထူးတော့မဟုတ်ပါဘူး) ဘုရားခ် မတုန်မလှုပ် သက်ဝင်ကြည်ည်ုခြင်း၊ သံဃာခ် မတုန်မလှုပ်သက်ဝင်ကြည်ည်ုခြင်း' အရိယ ကန္တဆိုတဲ့ အရိယာတို့ နှစ်သက်မြတ်နိးအပ်တဲ့ ငါးပါးသီလပြည့်စုံခြင်းဆိုတဲ့ အကြောင်းလေးရပ်၊ သောတာပန်ရဲ့ ပြည့်စုံရမည့်အင်္ဂါမို့လို့ စူဠသောတာ ပတ္တိယင်္ဂ သောတာပန် ပြည့်စုံရတဲ့ အကြောင်းလေးပါး အားလုံးဟာ သောတာပန်ဖြစ်မှ ရနိုင်တယ်
အဲဒါကြောင့် သောတာပန်မဖြစ်ခင် သောတာပန်ဖြစ်အောင်။ သောတာ ပတ္တိအင်္ဂါါ သောတာပန်ဖြစ်ကြောင်းဆိုတဲ့ အကျင့်တရားတွေ ပွားများ အားထုတ်နိုင်ကြဤ နောင်အခါ သောတာပန်ဖြစ်ပြီးတော့ ဘုရားခ် မတုန် မလှုပ် သက်ဝင်ယုံကြည်ခြင်း၊ တရား၌ မတုန်မလူပ် သက်ဝင်ယုံကြည်ခြင်း၊ သံဃာဥခ် မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊ အရိယကန္တ အရိယာတို့ နှစ်သက်အပ်သော ငါးပါးသီလနဲ့ ပြည့်စုံခြင်းတို့နဲ့ ပြည့်စုံခြင်း တရားလေးပါး သောတာပတ္တိမဂ်ရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ရှင်ပြုရဟန်းခံ အလှူတော်ကြီး
သသီမော သာသနုဇ္နလော။
နိဗ္ဗာန တရဏော သေဋ္ဌာ။
သဗ္ဗသမ္ပတ္တိဒါယကော။
ကောင်းမှု အမျိုးမျိုး တိုးပွားဖြစ်ထွန်းရား = ခေတ်ကြီး၊ ကောင်းမြတ်သော ခေတ်ကြီး ဖြစ်ပါပေ၏ / သသီမော= ကံတွေဆောင်ဖို့ရာ သိမ်တွေသိမ်တွေ များပြားစွာ တည်ရှိလျက် ရှိနေပါပေ၏ / သာသနုဇူလော= ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်၏ လွန်စွာထွန်းကားတောက်ပရာလည်း ဖြစ်တော်မူပါ ပေ၏။
နိဗ္ဗာနတရဏော= နိဗ္ဗာန်တည်းဟူသော ဆိပ်ကမ်းသို့ တက်လှမ်းနိုင် သည်ဖြစ်ရှ။ သေဋ္ဌော= ထူးမြတ်သော ဘ၀ကြီးလည်း ဖြစ်ပါပေ၏။ သဗ္ဗ သမ္ပတ္တိဒါယကော= ဤလူ့ဘုံကနေရ် လူကောင်းလူမြတ်အဖြစ်။ နတ်ကောင်း နတ်မြတ်အဖြစ်၊ ဗြဟ္မာကောင်း ဗြဟ္မာမြတ်အဖြစ် ရောက်နိုင်သည်ဖြစ်ဤ အလုးစုသော သမ္ပတ္တိ= အမျိုးမျိုး ကောင်းကျိုးအထွေထွေကို ပေးတတ်သော တကယ် ထူးမြတ်သော ဘဝကြီးဖြစ်ပါပေ၏လို့ ရှေးပညာရှိတွေ မိန့်ဆိုထားတဲ့ အတိုင်း လူ့ဘဝကောင်းကျိုးပြ ဒေသနာအရ လူ့.ဘဝဆိုတာဟာ ကံထူးတယ်။ ပုညခေတ္တ= ကောင်းမှုတွေဖြစ်ပွားနိုင်တဲ့ ခေတ်ကြီး၊ သိမ်တွေနဲ့ သာသနာတော် ထွန်းကားနေတဲ့ အရပ်ကြီး၊ နိဗ္ဗာန်သို့ကူးမြောက်ဖို့ရာ ဆိပ်ကမ်းတွေလည်း အများကြီးရှိတဲ့ ပြည်ကြီး အဒီပြည်ကြီးမှာ ယနေ့ လူ.ဘဝအဖြစ်ကို ရ ကြလို့ မိမိတို့သာသနာတော်ကြီးနဲ့ ကြုံကြိုက်ရတယ် သာသနာတော်ကြီးနဲ့ တွေ့ကြရတယ်။ သာသနာတော်ကြီးကို ချီးမြွောက်ကြရတယ် အဲ- ယနေ့
ရှင်ပြုရဟန်းခံ အလှူတော်ကြီး ပူဇော်လှူဒါန်းကြတဲ့ အခါသမယမှာ ရဟန်းခံပွဲသဘင် အခမ်းအနားကြီးကို ဆင်ယင်ကျင်းပ ပူဇော်ကြမည်ဖြစ်ရာ ရှေးဦးစွာ ရတနာသုံးပါး ဦးထိပ်ထားရွှ ရတနာမြတ်သုံးပါးတို့၏ ထူးခြားသော ဂုဏ်ရည်ကို ယုံကြည်မြတ်နိုး လက်စုံမိုးရွှ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ကြရသော ပဏာမမင်္ဂလာ ကောင်းမြတ်သော ကုသိုလ်စေတနာ ကြောင့် ဤနေ့ ဤအခါမှစရ် မကောင်းသောဘေးဒဏ် ရန်စွယ်အန္တ ရာယ် မှန်သမျှ ကင်းလွတ်ငြိမ်းကြကုန်သည်ဖြစ်ဤ ကျန်းကျန်းမာမာ ချမ်းချမ်း။ သာသာဖြင့် ဤအလှုပ္ပဲကြီး နောက်ဆုံးနိဂုံး ဆိုက်သည်အထိ။ အဲ- ပြီး မြောက်အောင် ဆောင်ရွက်နိုင်ကြကုန်သည်ဖြစ်ရဤဤ မင်္ဂဉာဏ်၊ ဖိုလ်ဉာဏ်။ိဗ္ဗာန်ချမ်းသာမြှတ်ကိုလည်း လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြသည်ပြစ်စေး (ကိုးပါးသီလ ဆက်ပေးသည်) ပုညခေတ္တော အယံ လောကော သသီမော သာသနဇ္စလေား . နိဗ္ဗာနတရဏော သေဋ္ဌာ သဗ္ဗသမ္ပတ္တိဒါယကော။
အယံလောကော= ဤလူ.ပြည်လောကသည်။ ပုညခေတ္တော= ကောင်းမှု အမျိုးမျိုးတို့ တိုးပွားဖြစ်ထွန်းရာ ခေတ်ကောင်းကြီး ဖြစ်ပါပေ၏။ ဘုန်းကြီးတို့ လူ.ပြည်လောကကြီးဟာ ပုညခေတ္တ ကောင်းမှုအမျိုးမျိုးတို့၏ တိုးပွား ဖြစ်ထွန်းရာ အင်မတန်စစ်မှန်တဲ့ မြေကောင်းမြေမှန် အဖိုးတန်ကြီး။ သသီမော= ဟိုအရပ်၊ သည်အရပ်။ ဟိုနေရာ။း ဒီနေရာ။ တစ်ပြည်လုံး အနှံ့အပြား သိမ်တွေလည်း အများအပြား တည်လျက်ရှိနေပါပေ၏။ အဲဒီ သိမ်တွေဟာ သာသနာထွန်းကားကြောင်း ပြတဲ့ အမှတ်အသား တစ်ခုပဲ။ အဲဒီ အမှတ်အသားမတွ .ဟ မြန်မာပြည် မြို့တကာ နယ်တကာ နေရာတကာ အနှံ့အပြား အဲ- သိမ်တွေ အဲဒီ သိမ်တွေက သာသနာ တော်ကြီး ထွန်းကားကြောင်း ဖော်ပြနေတယ်။ ဟောဒီ သိမ်တွေထဲက ရဟန်းတော်တွေဖြစ်ခဲ့တာ များလှပါပြီ။ ဟိုမြို့က သိမ်လည်း ဒီလိုပဲပြ ဒီမြို့က သိမ်လည်း ဒီလိုပဲပြ၊ ဟိုရွာကလည်း ဒီလိုပဲပြ။ ဒီရွာကလည်း ဒီလိုပဲပြ သသီမော= သာသနာတော်ကြီး စတင်ဖြစ်ပွားရာ သာသနာအစ သိမ်က ဆိုတဲ့အတိုင်း သာသနာတော်ကြီး စတင်ဖြစ်ပွားရာ သိမ်တွေ။ သိမ်တွေ၊ ဗုဒ္ဓသိမ်တွေ အများကြီး ထင်ရှားရှိနေပါပေ၏
၂၆၂ 9 အ သပြေက
သာသနဇ္ဇလော= ပရိယတ္တိတွေကလည်း ထွန်းကား၊ ပဋိပတ္တိတွေ ကလည်း ထွန်းကား၊ ပဋိဝေဓတွေကလည်း ထွန်းကား။ ပရိယတ္တီ။ ပဋိပတ္တိ။ ပဋိဝေဓ တရားသုံးပါး ထွန်းပရား တောက်ပြောင်ရာ တကယ့် သာသနာ့ အရောင် ထိန်ထိန်ပြောင်တဲ့ အရပ်ကြီး ဖြစ်ပါပေ၏ လူ့.ပြည်ဟာ သာသနာတော် ထွန်းကားနေတာ။ ပရိယတ်ဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေလည်း မနည်း။ ပဋိပတ် ကျင့်ကြံကြတဲ့ ပုဂ္ဂိုလ်တွေလည်း မနည်း။ ပဋိဝေဓ မတွေ့. ရပေမယ့် အကြားအားဖြင့် ရဟန္တာတွေ ဆုံးမကြ၊ ထုတ်ဖော်ကြ။
အဲသလို သာသနာတော်သုံးပါး ထွန်းကားရာအရပ်ရဲ့ အဖြစ်ဖြင့် -လူ့ပြည်ဟာ တကယ့် သာသနာတော် ထွန်းကားရာ အရပ်ကြီး၊ ဒါကြောင့် နတ်တွေကိုက လူ့ပြည်သွားကြလို့ ညွှန်ကြားတာ။ ဘုန်းကြီးတို့ကျမ်းဂန်မှာ ကုတိဝုတ်ပါဠိတော်မှာ ပဉ္စပုဗ္ဗနိမိတ္တသုတ် ဆိုတာရှိတယ်။ အဲ- နတ်သား တစ်ယောက်။ နတ်သမီးတစ်ယောက် စုတေသွားမယ်ဆိုရင် ဟေ့ဟေ့ “ကုတော သုဂတိ“ဂစ္ဆ= ” အေး မင်းတို့ ဒီဘဝကနေပြီး သုဂတိ ဘဝကြီး သွားကြ သွားကြလို့ တိုက်တွန်းတယ်တဲ့။ သူတို့ပြောတဲ့ သုဂတိဘဝဆိုတာဟာ တခြားမဟုတ်ဘူး။ လူ့ဘဝကြီးပဲ။ လူ့ဘဝကို သုဂတိ ဘဝလို့ ဂုဏ်တင် ပြီးတော့ အဲဒီ သုဂတိဘဝမှာ ဘုရား တွေ့နိုင်တယ်။ တရား တွေ့နိုင်တယ်) သံဃာ တွေ့နိုင်တယ် ထူးခြားတဲ့ သဒ္ဓါတရားတွေ ဖြစ်ပွားနိုင်တယ်။ ဒါကြောင့် လူ့ဘုံကို သုဂတိ။
အဲဒီ သုဂတိဆိုတဲ့ လူ့ဘုံကို သွားကြ၊ သွားပြီးနောက် ဟော- သဒ္ဓါတရားတွေရအောင် ကြိုးစားကြ ဘုရားခ်တည်တဲ့ သဒ္ဓါ။ တရား၌ တည်တဲ့ သဒ္ဓါ။ သံဃာခ်တည်တဲ့ သဒ္ဓါဆိုတဲ့ သဒ္ဓါတွေရအောင် ကြိုးစားကြ။ ရပြီးတော့လည်း အဲဒီသဒ္ဓါကို မင်းတို့ အမှတ်တမဲ့ မေ့မေ့ပျောက်ပျောက် မထားဘဲနဲ့ တကယ့်စွဲမြဲတဲ့ သဒ္ဓါ1 အဓိဂမ သဒ္ဓါခေါ်တဲ့ မဂ်ဆိုက်တဲ့သဒ္ဓါမျိုး ဖြစ်အောင် ကြိုးစားကြလို့ မှာကြားတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ် က္ကတိဝုတ် ပါဠိတော်မှာ ဟောတော်မူခဲ့တယ် ဒါကြောင့် လူ့ဘဝဆိုတာဟာ ကုသိုလ်ကောင်းမှုတွေ ထွန်းကားရာ ပုညခေတ္တ။ အဲ- နိဗ္ဗာနတရဏး။ နိဗ္ဗာန တရဏော။
နိဗ္ဗာန်သို့အရောက် ကူးမြောက်ရာ ဆိပ်ကမ်းလည်း ဖြစ်ပါပေ၏။ အဲ- လူ့ဘုံကနေပြီး နိဗ္ဗာန်သို့ ကူးမြောက်သွားတဲ့ ဘုရားတွေ ဘယ်လောက်များ ဂင်္ဂါဝါဠု သဲစုမက လူ့ဘုံက၊ လူ့ဘုံက ဘုရားဖြစ်သွားကြတာတွေ။ ပစ္စေက ဗုဒ္ဓါ ဖြစ်သွားကြတာတွေ၊ ဘုရားငယ်တွေ ဖြစ်သွားကြတာတွေ ဂဏန်းမထိုး နိုင်ဘူး အဲ- ရဟန္တာတွေဆိုရင် ပြောစရာ မရှိဘူး ရဟန္တာ အထူးကြီးတွေ။ ရဟန္ဘာမ။ ထေရီမအထူးကြီးတွေ။ ထူးခြားတဲ့ ထေရီမယ်ကြီးတွေး ထူးခြားတဲ့ ထေရ ရဟန္တာပုဂ္ဂိုလ်ကြီးတွေး ထူးခြားတဲ့ သောတာပန်။ သကဒါဂါမ် အနာဂါမ်တွေ အများကြီး လူ့ဘုံက ဖြစ်သွားကြတာ။ နည်းတာ မဟုတ်ဘူး။ ဂဏန်းမထိုးနိုင်ဘူး။ ရှေးတုန်းက (၂၄)သခ်္ချေ၊ ကုဋေခြောက်ဆယ်။ ဗိုလ်ခြေ တစ်သိန်းလို့ ပြောစမှတ် ရှိခဲ့တယ်။ အမှန်ကတော့ ဒါဟာ သည်ထက် အတိုင်းအတာနဲ့ဆိုရင် နည်းနေပါသေးတယ် တကယ်တော့ မရေတွက် နိုင်ဘူး။ မပိုင်းဖြတ်နိုင်အောင်ကိုပဲ လူ့ပြည်ကနေပြီးတော့ အရိယာတွေ။ သောတာပန်တွေး သကဒါဂါမ်တွေး အနာဂါမ်တွေး ရဟန္တာတွေ ရဟန္တာ အထူးကြီးတွေ။ ရဟန္တာမအထူးကြီးတွေ။ ထေရာအထူးကြီးတွေး ထေရီမယ် အထူးကြီးတွေ။ ပစ္စေကဗုဒ္ဓါတွေ။ ဘုရားရှင်ကိုယ်တော်မြတ်တွေ ဖြစ်ပွားရာ မို့လို့ နိဗ္ဗာနတရဏော- နိဗ္ဗာန်သို့ ကူးမြောက်ရာ ဆိပ်ကမ်းကြီးလည်း ဖြစ်ပါပေ၏။
သေဌော= ဘယ်ဘုံနဲ့ နှိုင်းမတုံး။ ဘယ်ဘုံနဲ့မှ နှိုင်းမရဘူး။ ထူးခြား လှတဲ့ ထူးမြတ်လှတဲ့ ဘုံကြီး ဖြစ်ပါပေ၏ / သေဋ္ဌော= လူ့ပြည်က ဘုရား ဖြစ်ရတယ် ပစ္စေကဗုဒ္ဓါ ဖြစ်ရတယ် ရဟန္တာ ဖြစ်ရတယ် ဒါကြောင့်မို့လို့ သေဋ္ဌွော= ဘုံတကာတို့တွင် လွန်စွာထူးမြတ်တဲ့ ဘုံကြီး ဖြစ်ပါ ပေ၏ 1 သဗ္ဗသမ္ပတ္တိဒါ-ယကော သမ္ပတ္တိ= အမျိုးမျိုး ကောင်းကျိုးအထွေထွေ ပေးတတ် ပေသော တကယ်ပြည့်စုံတဲ့ ဘုံထူးဘုံမြတ်ကြီး ဖြစ်ပါပေ၏။ အဲသလို လူ.ဘုံဂုဏ်ရည်ကို ဘုန်းကြီးတို့ နိုင်ငံကျော် လယ်တီပဏ္ဍိတ ဆရာဦးမောင် ကြီးက လူ့ဘုံရဲ့ ထူးခြားတဲ့ဂုဏ်ကျေးဇူးဘွဲ့ ဒီဂုဏ်ဘွဲ့လေးကို ဟောခဲ့တာ ဘုန်းကြီးတို့ငယ်ငယ်လေးက ရထားပြီးတော့ ငယ်ငယ်ကတည်းက ဒါတွေကို သဘောကျလွန်းလို့။ အဲ- အခုတော့ အနက်တွေကိုတော့ မေ့ကုန်ပြီ။ အနက် မေ့ပေမဲ့ ကိုယ့်အနက်လေးနဲ့ပဲ ပေးလိုက်ရတယ်။
အဲဒါကြောင့် လူ့ဘုံဆိုတာဟာ ပြောမကုန်နိုင်လောက်အောင်ကိုပဲ တကယ့်ဂုဏ်ထူးရှိတဲ့ ပြည်ကြီး၊ အဲတော့ အမှတ်တမဲ့နေရင် ကိုယ့်ဘုံဟာ အလကားဘုံလိုဖြစ်နေတယ်4 အလကားဘုံမဟုတ်ဘူး။ တကယ့်ထူးခြားတဲ့ ဘုဘဝ။
အဲဒီလူ့ဘုံတွေထဲကလည်း ဟော- ဘုန်းကြီးတို့ မြန်မာပြည်ကြီး၊ မြန်မာပြည်ကြီးရဲ့ဂုဏ်ကလည်းပဲ တခြားတခြားပြည်တွေထက် ထူးခြားတဲ့ ဂုဏ်တွေရှိနေတယ်။ အဲ-တချို့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ပြည်တွေကျတော့ အထူးပြောစရာမရှိဘူး။ သူတို့ကတော့ မြန်မာပြည်နဲ့ တစ်ဖက်တစ်လမ်း ဆိုတော့ မြန်မာပြည်ရဲ့ ဂုဏ်တွေ သူတို့ မရှိကြဘူး။ အဲ- မြန်မာပြည်က သာသနာတော်ရှိနေတဲ့ ထိုင်းတို့ အဲ- သီဟိုဠ်တို့၂ ဒီပြည်ထဲက တော်ကြပါ သေးတယ်။ သာသနာရှိသေးတယ်။ အဲဒီပြည်တွေမှာလည်းပဲ မြန်မာပြည်ကို မမီနိုင်ကြဘူး။ ပရိယတ်အားဖြင့်လည်း မမီကြ၊ ပဋိပတ်အားဖြင့်လည်း မမီကြ၊ မြန်မာပြည်က အသာဆုံး ဖြစ်နေတယ် ကမ္ဘာကကို အာရုံပြုလာ ရတယ်။ အဲ- အာရုံပြုလောက်အောင်ပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တက်ညီလက်ညီ ကြိုးစားကြတယ် အဲ- သီလ ကြိုးစားကြတယ် သမာဓိ ကြိုးစားကြတယ် ပညာ ကြိုးစား ကြတယ်။
ယခုလို သာသနာတော်ကို မြတ်နိးကြတယ်4 သာသနာတော် တိုးပွားအောင် ကြိုးစားကြတယ်။ ဒါတွေ အားလုံး လူ့ဘုံကြီး) မြန်မာ့ဂုဏ်ရည်။ မြန်မာပြည်ရဲ့ဂုဏ်ရည်း အဲဒါကြောင့်ခို့လို့ ယနေ့ရှင်ဂြုတြ ရဟန်းခံကြတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ မွန်မြတ်တဲ့ ဒကာ ဒကာမတွေ။ မွန်မြတ်တဲ့ တရားတွေ ရှိကြတဲ့ ဒကာ ဒကာမတွေ။ အဲဒီတရားတွေကို အကြောင်းပြုပြီးတော့ သာသနာတော်ကို မြတ်နိးကြတယ်။ သာသနာတော်မှာ မိမိတို့ရောက်နေကြတယ်။ သရဏဂုံသုံးပါး ခံယူပြီးတော့ ဘုရားတပည့်ဖြစ် ကြတဲ့ အခါကစရ် သာသနာတော်ထဲ ရောက်နေကြတယ်။
အဲ- သာသနာတော်ထဲ ရောက်နေကြလို့ သာသနာ့တာဝန် တို့တာဝန် ဆိုတဲ့ ခံယူချက်နဲ့ သာသနာတော်ကို ချီးမြှောက်ကြတယ်။ ယနေ့ သာသနာ တော်ကို ချီးမြှောက်ခြင်း တစ်မျိုးပဲ။ ရဟန်းအဖြစ်ရောက်အောင် ဆောင်ရွက် ပေးကြတယ်။ အဲတော့ မွန်မြတ်တဲ့ ကုသိုလ်ထူးတွေ ဆည်းပူးနိုင်တယ်
ဆိုတာဟာ သာသနာတော်ကြောင့်ပဲ။ အဟော ဒါနံ ပရမ ဒါနံ သာသနမ္ပိ ပတိဋ္ဌိတံ= သာသနမ္ပိ= ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးခ်၊ ပတိဋ္ဌိတံ= တည်ရထားရပြုရ အားထုတ်ရသော ကုသိုလ်ကောင်းမှုသည်။ အဟောဒါနံ= အဲ- ခေတ်ကလည်း ခေတ်ကောင်း။ လှူဖွယ်၀တ္ထုတွေကလည်း စင်ကြယ် စိတ်ကလည်း မိမိတို့ စိတ်ထားကောင်း သံဃာဆိုတဲ့ ခေတ်ကြီးကလည်း ပြည့်စုံ အဲ- သာသနာဆိုတဲ့ အလှူခံဆိုတဲ့ ခေတ်ကြီးကလည်း ပြည့်စုံ။ အဲ- ဒေတိတ္ကီးတွေ့ ပြည့်စုံကြရသည်မြစ်ရွိဲ အလျှန်မွန်မြတ်သော ဒါနက္ကြီးပါ တကား။ အလွန်ကောင်းမြတ်သော အလှူဒါနကြီးပါတကား။ ပရမဒါနံ သဒ္ဓါသီလ စသည်များစွာ ကုသိုလ်တွေ တိုးပွားလာရွ် လွန်စွာမွန်မြတ်လှ စွာသော ဒါနကြီးပါတကားလို့ သိကြားမင်းကြီး ဥဒါန်းကျူးတဲ့ ဥဒါန်းလေ။ ဘယ်အခါက ဥဒါန်းကျူးသတုံး သိကြားဖြစ်ပြီးနောက် သူ့ဘဝ သူသိ။ သူ့ဘဝဟာ တော်တော်လေး တခြားနတ်မင်းကြီးတွေနဲ့စာရင် အောက်ကျ နေတယ်။
လူ့.ဘဝမြတ်တယ်ဆိုတာ သိကတည်းက လူ့ ဘုံကို သူက စွန့်လွှတ်ဖို့ အလှူပေးနေတာ။ အဲ-သူက သိကြားသာဖြစ်။ တာဝတိံသာ စတုမဟာရာဇ် နှစ်နိုင်ငံကို အစိုးရတဲ့ နတ်မင်းကြီး ဖြစ်ရတယ် ဖြစ်ရပေမဲ့ အဲဒီမှာ သူ့ထက် တန်ခိုးကြီးတဲ့ နတ်တွေက ရှိသေးတယ်။ အဲဒီ တန်ခိုးကြီးတဲ့ နတ်တွေ ဘယ်လို နတ်တွေတုံးဆိုတော့ သူတို့က သာသနာတော်တွင်းမှာ လှူခဲ့ကြတဲ့ နတ်တွေ။ စူဠရဋ္ဌ၊ မဟာရဋ္ဌ၊ အနေက၀ဏ္က စသည်ဖြင့် သာသနာတော်အတွင်းမှာ လျှူခဲ့ကြတဲ့ နတ်တွေနဲ့ တွေ့ကြပြီဆိုရင် သိကြား မင်းကြီး နေမထိ ထိုင်မထိ ဖြစ်ရတယ်
သူတို့ရဲ့အလှူ။ သူတို့ရဲ့ အစွမ်းရှိန်စော်။ သူတို့ရဲ့ အာနုဘော်တွေ အလွှမ်းမိုးခံရပြီးတော့ သိကြားမင်းကြီးက မနေတတ် မတိုင်တတ် ဖြစ်ခဲ့ရ တယ် ဒါကြောင့် လူ့ပြည်မှာ အလှူကို သူက လျူချင်တယ်။ အခွင့်မက္ကြဘူား တစ်နေ့ကျတော့ သမာပတ် ၀င်စားနေတဲ့ ရှင်မဟာကဿပကြီး၊ အဲဒီ ရှင်မဟာကဿပကြီး သမာပတ်ဝင်စားရာက ထလာတော့ သူ့ဆီ နတ်သမီး တွေက ဆွမ်းလောင်းဖို့သွားကြတယ်။ သူတို့က သိတာကိုး။။
ရှင်မဟာကဿပကြီး သမာပတ်ကနေ ထလာရင် လှူဒါန်းက တကယ့်နတ်တန်ခိုးတွေ တိုးရလိမ့်မယ်။ အဲဒါ ဆွမ်းလောင်းချင်လို့ သွားကြ တယ်။ သွားကြပေမဲ့ ဟိုက လက်မခံဘူး။
နာဟံ တုမှေ သင်္ဂဏှိဿံ
အပဂစ္ဆထ ဘောတိယော
ဒုက္ခတေ သင်္ဂဏှိ ဿာမိ
ဒေ၀စ္ဆရာဟိ သုခိတာ၊
ဘောတိယော= ရှင်မ နတ်သမီးတို့) အဟံ- ငါ ကဿပခေါ် မထေရ်တော်ကြီးသည် တုမှေ= သင် နတ်သမီးတို့ကိုး နသင်္ဂဏှိ ဿံ= ချိးမြှောက်မည်မဟုတ်။ ဒုက္ခိတေ= ဆင်းရဲမွဲလှတဲ့ ဆင်းရဲနွမ်းပါးတဲ့ ပုဂ္ဂိုလ် တို့ကိုသာလျှင်၊ သင်္ဂဏှီဿာမိ= ငါကိုယ်တော်မြတ် ချီးမြှောက်တော်မူအံ့။ ဒေ၀စ္ဆရာ= နတ်ပြည် စံစားကြရတဲ့ နတ်သမီးအများတို့သည်။ သုခိတာ= ဘုံနန်းဗိမာန်တွေနဲ့ နတ်အာဟာရ နတ်ပစ္စည်းတွေနဲ့ ထူးထူးခြားခြား ချမ်းသာကြသော နတ်သမီးတွေသာ ဖြစ်ကြပါပေကုန်သတည်း။
ဒါလည်းပဲ ဘုန်းကြီးရေးတာ မဟုတ်ဘူး။ ပါဠိတော်ထဲကလည်း ပါတာလည်း မဟုတ်ဘူး အဲ- ဆရာဦးမောင်ကြီး လယ်တီပဏ္ဍိတ၏ လက်ရာ ဖြစ်တယ်။ ငယ်ငယ်ကတည်းက နှစ်သက်တာနဲ့ အရကျက်ထားတယ်။ အနက်ကျတော့ သူ့အနက်ကျတော့ မရတော့ဘူး။ အဲဒါလည်းပဲ ပါဠိလေးနဲ့ ဟောရတယ်-အဲ-1
နတ်သမီးတွေကို ရှင်မဟာကဿပကြီးက လက်မခံဘူး။ သွားကြ သွားကြ။ နင်တို့ကို ချီးမြှောက်မလို့ မဟုတ်ဘူး ငါက ဆင်းရဲသားတွေကို ချီးမြွောက်မလို့။ နတ်သမီးတွေဆိုတာ ချမ်းသာတယ်ဆိုတော့ ထွက်ပြေး ကြတယ်။ ပြန်ပြေးကြတယ်။ မောကြီးပန်းကြီး ထွက်ပြေးကြတဲ့ နတ်သမီး တွေကို မြင်ရတော့ သိကြားမင်းကြီးက မေးတယ် ဘယ်ကလာကြ- ဟာ- ဒီလို ဒီလိုပဲ ရှင်မဟာကဿပကြီးကို ဆွမ်းလောင်းမလို့ သွားတား အဲ- လက်မခံဘူး။ နင်တို့ ဘယ်လိုသွားကြတုံးလို့ မေးတော့၊ ဘုရားကျွန်မတို့က ဒီလိုပဲ ဝတ်လို့ စားလို့ သွားကြတယ်။ ဟာ-ဒီလိုဆို နင်တို့ ဘယ်ရမလဲ
ဆိုပြီးတော့ အဲ- ဒီတစ်ခါတော့ ငါ့အတွက်ပဲ။ ငါလှူရအောင် ကြိုးစားမယ် ဆိုပြီးတော့ သိကြားမင်းကြီးက အကြံထုတ်တယ်။
အဲ- ဆင်းရဲသား အယောင်ဆောင်ပြီးတော့ သိကြားကတော် မိဖုရားသူဇာကို ခေါ်ပြီးတော့ နတ်ပြည်က ဆင်းလာတယ်။ ရာဇဂြိုဟ်ပြည် အနား ယက္ဌန်းစင်ရွာကလေး ဖန်ဆင်းလိုက်။ အဲ- ဆင်းရဲတဲ့ ယက္တန်းသည် အဘိုး။ အဘွား အယောင်ဆောင်ပြီးတော့ အရန်သင့်နေတယ်။ အရန်သင့် နေတုန်း ရှင်မဟာကဿပကြီးက ဆင်းရဲသားရပ်ကွက်ဆိုပြီးတော့ အဲဒီ ရပ်ကွက် အတွင်းကို ကြွတော်မူလာတော့ သိကြားမင်းကြီး ဖန်ဆင်းတဲ့ ယက္ကန်းသည်ရွာလေး ရောက်တော့ အဲ- ဒီရွာလေးကလူတွေဟာ ဆင်းရဲကြ တယ်။ ဒီလူတွေကို ငါ ချီးမြှောက်မှပဲ ဆိုပြီးတော့ အဲဒီရွာထဲကို ဝင်လာတယ်။
သိကြားမင်းကြီး ဖန်ဆင်းထားတဲ့ အိမ်လေးရောက်တော့ သိကြားမင်း ကြီးကလည်း လူမွဲအယောင်ဆောင်ပြီးတော့ ယက္ကန်းရက်ရာကထပြီး မှုံမှု မွားမွား သူဇာကလည်း အမယ်ကြီးဟန်ဖန်ပြီး သပိတ်တော်ယူကာ ဆွမ်းလောင်း လှူလိုက်ဘယ်။ လူက အမွဲး ဆွမ်းကတော့ မွှေးကြိုင်သွားတော့ မထေရ် မြတ်က စဉ်းစားတော့ သိသွား။ ဒီနေ့ ဆင်းရဲသားတစ်ယောက် ဆွမ်းလောင်း ရရင် သူဌေးဖြစ်နိင်တယ်။ သင် ဆင်းရဲသားစည်းစိမ်ကိုလုတာပဲ အပြစ် တင်တော့ တပည့်တော်လည်း သိကြားမွဲ ဆင်းရဲသားပါ။ သာသနာတွင်း အလှူပြုခဲ့ကြတဲ့ နတ်မင်းကြီးတွေနဲ့ ကြုံလာတဲ့အခါ မိမိက ရှောင်ပြေးရတဲ့ အကြောင်းလျှောက်တော့ ဘာပြစ်ဖြစ် နောက်ကို ဒီလိုမလုပ်ဖို့ ပြောတော့ ဒီလိုလုပ်လှတော့ အကျိုးမရတော့ဘူးလားဘုရားလို့ လျှောက်တော့ အကျိုး တော့ရတာပေါ့။ ရရင်လှူဖို့က တပည့်တော် တာဝန်ပါ ဘုရားလို့ အားရ ဝမ်းသာဖြစ်ပြီး အဟော ဒါနံ ပရမဒါနံ ကဿပေ သုပ္ပတိဋ္ဌိတံ= ကဿပေ ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးခ်၊ သုပ္ပတိဋ္ဌိတံ= ကောင်းစွာလှလှ တည်ထားရသော ဤကုသိုလ်ဒါန ကြီးသည်။ အဟောဒါနံ= ချမ်းသာဖို့ အကြောင်း အလွန်ကောင်းလှသော ဒါနကြီးပါပေတကား။ ပရမဒါနံ- သဒ္ဓါသီလ အစရှိသော ကုသိုလ်တရားတွေ တိုးပွားစေကြောင်း အလွန် ကောင်းမြတ်သော ဒါနထူးကြီးပါပေတကားလို့ ဥဒါန်းကျူးပြီး ဝမ်းသာ ရွှင်မြူး တာဝတိံသာ ပြန်သွားခဲ့ကြတယ်။
၂၆၈ 9 8 သပြေဂ- ၄ -ပူ-----
ယနေ့ လှူရတဲ့ဒါနသည် သမ္ပတ္တိသုံးပါးနှင့်ပြည့်စုံလို့ ထူးမြတ်တဲ့ ဒါနကြီး၊ အဲ-ခေတ်၏်ပြည့်စုံခြင်း။ ခေတ်ဆိုတာ ဘာလဲ။ သံဃာသာသနာ သာသနာဟာ ခေတ်ပဲ။ သာသနာမှာ သံဃာဆိုတာ ခေတ်ပဲ။ အလှပျပြုဖို့ရာ ကောင်းမြတ်တဲ့။ မွန်မြတ်တဲ့ ခေတ်ကြီး အဲဒီ ခေတ်ကြီး ယနေ့ကြုံရလို့ ခေတ္တသမ္ပတ္တိ - ခေတ်နှင့်လည်း ပြည့်စုံတယ် အဲ- ဒေယျမမ္မသမ္ပတ္တိ- လှူဖွယ်၀တ္ထုနှင့်လည်း ပြည့်စုံတယ်။ လ္ဒူဖွယ်၀တ္ထုဆိုတဲ့ ခေတ်ကြီးနဲ့လည်း ပြည့်စုံတယ်။ လှူဖွယ်ဝတ္ထုတွေက မိမိတို့မှာ ပြည့်စုံတယ်။ ဘယ်လိုတုံး။ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဖြစ်ကြလို့။ ဘယ်လို အလှူက ကောင်းတယ်ဆိုတာ သိနေကြတယ်။ အဲဒီတော့ လှူရင် စင်ကြယ်အောင်ပြုပြီး လှူကြတယ်။ မွန်မြတ်အောင် လှူကြတယ်။ ရိုရိုသေသေ လှူကြတယ်။ အဲ- သုစိပဏီတံ သက္ကစံဆိုတဲ့ ဒါနတွေ ပြုကြတယ်4 သူတော်ကောင်း ဒါနတွေ ပြုကြတယ်။ အဲ-စိတ်ဓာတ်ကလည်း အင်မတန် နစ်သက်ရွှင်လန်း ဝမ်းသာကြတယ်။ ဉဉာဏ်တရားလည်း ပါကြတယ်။ သောမနဿ သဟဂုဏ် ညာဏသမ္ပယုတ် ကုသိုလ်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ဒေယျဓမ္မလှူဖွယ် ၀တ္ထုတွေက ကောင်းပြီးသား။ စင်ကြယ်ပြီးသား၊ ပြည့်စုံအောင် လုပ်တယ်။ မွန်မြတ်အောင် လုပ်တယ် စိတ်တွေကလည်း ပြည့်စုံပြီးသား4 ညာဏ သမ္ပယုတ် ကုသိုလ်စိတ်တွေ ဖြစ်နေကြတယ်။ ဒါ ကြောင့် ပြည့်စုံခြင်းအပုံပုံနဲ့ ပြည့်စုံသောကြောင့် အဲ- မိမိပြုရသော ဒါနသည် အလွန်မွန်မြတ်သော ဒါနကြီးပါတကားလို့ ဥဒါန်းကျူးစရာကောင်းတယ်။
အဲ-ဒါကြောင့် အဟော ဒါနံ ခေတ်ကလည်းပြည့်စုံ၊ လှူဖွယ်ဝတ္ထု ကလည်း ပြည့်စုံး စိတ်ဓာတ်က ပြည့်ပြည့်စုံစုံး ပြည့်စုံခြင်း အမျိုးမျိးဖြင ပြည့်စုံတဲ့ ဒါနကြီးဖြစ်လို့ လွန်စွာထူးမြတ်သော ဒါနကြီးပါတကား။ ပရမဒါနံ။ သဒ္ဓါ။ သီလ၊ သုတ၊ စာဂ စသည်များစွာ ရတနာတွေ ရကြောင်းမို့လို့ အကောင်းအမြတ် အလွန်ထူးမြတ်သော ဒါနကြီးပါတကား လို့ ဥဒါန်းကျူးဖို့ အလွန်ကောင်းတယ်။ ယနေ့ မိမိတို့ လှုရတဲ့ အလှူ အဲဒီ အလှူကြီး တို့တစ်တွေ ယနေ့လှူရပြီလို့ နှစ်သက်ရွှင်လန်း ၀မ်းမြောက်သော စိတ်ထားဖြင့် ဤကုသိုလ်ကြီးကို မမေ့ဘဲနဲ့ ပြန်ပြန်ပြီး အောက်မေ့ခြင်းဖြင့် ကုသိုလ်တွေတိုးပွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။
ရဟန်းခံ ရှင်ပြုပေးခြင်းအကျိုး တရားတော် (ဦးအောင်ဆန်း အလှူ)
[မောင်အောင်ဆန်း-မအေးသန်း (မဟာသုခ) ရှင်ပြုရဟန်းခံတွင် ဟောကြားသည်၊
ယနေ့ ဒကာ မောင်အောင်ဆန်း' ဒကာမ မအေးသန်းတို့ အဲ- အလှူ တော်ကြီး ဆင်ယင်ကျင်းပ ပူဇော်ကြတယ်။
အဲဒီ အလှူတော်ကြီးဟာ ဘာလို့ ဆင်ယင်ကျင်းပ ပူဇော်ကြတာ တုံးလို့ မေးလို့ရှိရင်-
ဘုန်းကြီးတို့၊ တစ်ခါတုန်းက နာမည်ကြီး မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန် ဆိုတာရှိတယ်။ ရှင်နာဂသိန်ကို မိလိန္ဒမင်းကြီးက မေးမြန်းလျှောက်ထား တယ်။
အရှင်ဘုရား၊ အရှင်ဘုရားတို့ ရဟန်၊းအဖြစ်ဟာ ဘာအကျိုးရှိသလဲ။ အရှင်ဘုရားတို့ ဘာအကျိုးရှိလိုလို့ ရှင်ပြုကြ၊ ရဟန်းပြုကြသတုံး။ အရှင် ဘုရားတို့ရဲ့ အမြတ်ဆုံး။ အကောင်းဆုံး အကျိုးစီးပွားဟာ ဘာပါ တုံးဘုရားလို့ လျှောက်ထားတယ်။
အဲသလို လျှောက်ထားတဲ့အခါမှာ ရှင်နာဂသိန်မထေရ်မြတ်က အဲ- ယခု ဒုက္ခတွေ။ ယခုကြုံနေရတဲ့ ဒုက္ခတွေကို ဘယ်လိုနည်းနဲ့ ငြှိမ်းပါ့ မတုံး။ နောက်ဖြစ်ပေါ် မည့် ဒုက္ခတွေကိုလည်း ဘယ်လိုနည်းနဲ့ မဖြစ်ပေါ်ဘဲ ဖြစ်ပါ့ မတုံးလို့။ အဲသလို ရည်ရွယ်ချက်နဲ့ ရှင်ပြုတဲ့အကြောင်း ရဟန်းပြုတဲ့ အကြောင်း အဲ-1
တို့တစ်တွေရဲ့ အကောင်းဆုံး အကျိုးစီးပွားဟာ အစွဲအလမ်းကင်းရာ နိဗ္ဗာန်ဆိုတဲ့ အနုပါဒ ပရိန်ဗ္ဗာန်ကြီးပဲလို့ မိန့်ကြားတော်မူတယ်။
အဲသလို မိန့်ကြားလိုက်တော့ မိလိန္ဒမင်းကြီးက ထပ်မံပြီးတော့ လျှောက်ထားပြန်တယ်။
အရှင်ဘုရား အမိန့်တော်အတိုင်းဆိုရင် ရဟန်းပြုရတဲ့ အကျိုးဟာ ယခုကြုံနေရတဲ့ ဒုက္ခတွေငြိမ်းအောင် နောင်ဖြစ်ပေါ်မည့် ဒုက္ခတွေ မဖြစ် ပေါ်အောင် ဒီလိုအကျိုးမျိုး မျှော်ကိုးပြီး ရဟန်းပြုတယ်လို့ဆိုတယ်။
တို့တစ်တွေရဲ့ အကောင်းဆုံး အမြတ်ဆုံး အကျိုးစီးပွားဟာ အစွဲအလမ်း ကင်းရာ နိဗ္ဗာန်ဆိုတဲ့ အနုပါဒ ပရိနိဗ္ဗာန်အကျိုးဟာ တို့အဖို့ အကောင်းဆုံး အမြတ်ဆုံး အကျိုးစီးပွားပဲလို့ အရှင်ဘုရားဆိုတယ် အဲဒီလိုဆိုရင် လောကမှာ ရှင်ပြုကြတဲ့ ပုဂ္ဂိုလ်တွေ။ ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံး ဒီအကျိုးကို လိုလားလို့ ရှင်ပြုကြပါသလား။ ရဟန်းပြုကြပါသလားလို့ လျှောက်ထား တယ်။
အဲသလို လျှောက်ထားတဲ့အခါကျတော့ အရှင်နာဂသိန်မထေရ်မြတ်က မင်းကြီး၊ အကုန်လုံးတော့ ရှင်ပြုကြတဲ့ ပုဂ္ဂိုလ်တွေ။ ရဟန်းပြုကြတဲ့ ဒိုလိတွေ အကုန်လုံးတော့ ဒီအကျိုးကို လိုလားလို့ ရှင်ပြတ္ကြသည်။ ရဟန်း ြတ္သြသည် မဟုတဲး
တချို့ မင်းဘေးကြောင့် ရဟန်းပြုကြတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ် သူခိုး၊ ဓားပြတွေက သတ်မလို့ လိုက်လာတဲ့။ သူခိုး။ ဓားပြဘေးကြောင့် ရှင်ပြုရဟန်းပြုရတာလည်း ရှိတယ် တချို့ အကြွေးထူလို့။ အကြွေးမပေး နိုင်လို့ အကြွေးနှိပ်စက်လို။ အဲ- ဒီသာသနာတော်သို့ ဝင်ရင်ဖြင့် ကြွေး လွတ်ကောင်းတယ် ဆိုပြီးတော့ မှီခိုတဲ့အနေနဲ့ သာသနာ၀င်လာကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်]။
တချို့ အသက်မွေးမှုကျပ်လို့ အသက်မွေးမှုချောင်အောင် ဆိုပြီးတော့ သာသနာတော်ဝင်လာကြတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ အဲသလို အမျိုးမျိုးပဲ။ ဒါပေမဲ့ ကောင်းကောင်းရှင်ပြုကြ။ ရဟန်းပြုကြတဲ့ ပုဂ္ဂုုလ်တွေကျတော့ အဲ- နောက်နောင်က ဘုန်းကြီးပြောခဲ့တဲ့ ဒုက္ခတွေငြိမ်းအောင်' အစွဲအလမ်း ကင်းတဲ့ ကောင်းမြတ်တဲ့ နိဗ္ဗာန်ကိုရအောင် ဆိုက်အောင်ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ ရှင်ပြုကြ၊ ရဟန်းပြုကြတာပဲ။
ကောင်းစွာ ရှင်ပြုကြ၊ ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီ ရည်ရွယ်ချက်နဲ့ပဲ ရဟန်းပြုကြ ရှင်ပြုကြတာပဲ။ အဲဒီတော့ မိလိန္ဒမင်းကြီးက တစ်ခါ လျှောက်တယ်။
ကောင်းပြီး ဒါပေမဲ့ အရှင်ဘုရားရော အဲသလိုရည်ရွယ်ချက်တွေနဲ့ ရှင်ပြုလာတာလား ရဟန်းပြုလာတာလားဘုရားလို့ လျှောက်ထားတဲ့အခါ ကျတော့။ မင်းကြီး၊ တို့တစ်တွေဟာ ငယ်ငယ်လေးက ရှင်ပြုခဲ့တယ်။ ရှင်ဘဝ ရောက်ခဲ့တယ်။
ဘယ်လိုအကျိုးကြောင့် ရှင်ပြုရတယ်။ ရဟန်းပြုရတယ်ဆိုတဲ့ ဒီလို အကျိုးကိုတော့ တို့မသိကြဘူး။ ဒါပေမဲ့ သာကီဝင်မင်းသား ဘုရားသားတော် ဖြစ်ကြတဲ့ ဤရဟန်းတော် အရှင်မြတ်တို့သည်။ ပညာရှိကြတဲ့ ထိုရဟန်းတော် အရှင်မြတ်တို့သည် တို့ကို သင်ပြကြလိမ့်မည်။ အဲသလို မျှော်လင့်ချက်။ တောင့်တချက်နဲ့ ရှင်ပြုလာခဲ့တာပဲ။ နောင်အခါကျတော့ သာကီဝင်မင်းသား ဘုရားသားတော်ဖြစ်ကြတဲ့ ရဟန်းတော်တို့စ၊်ာ အသင်အပြကို ခံယူကြရ သောကြောင့် တို့တစ်တွေ နားလည်ခဲ့ကြတယ်။
ဘယ်လိုအကျိုးကြောင့် ရှင်ပြုခဲ့ရတယ်။ ဘယ်လိုအကျိုးကြောင့် ရဟန်း ပြုခဲ့ရတယ်ဆိုတဲ့ အကျိုးတွေ သိနားလည်ခဲ့ရတဲ့ အကြောင်း ရှင်နာဂသိန်က မိလိန္ဒမင်းကြီးကို မိနဲ့တော်မူခဲ့တယ် အဲဒါကြောင့်မို့လို့ အဲ- ယခုရှင်ပြုလာကြတဲ့။ ရဟန်းပြုလာတဲ့ ရှင်ရဟန်းသစ်တွေဟာ သူတို့က သိကြတာ မဟုတ်ဘူး။ တို့တစ်တွေ ဘာလို့ ရှင်အဖြစ်၊ ရဟန်းအဖြစ်သို့ ရောက်ကြရတာတုံး။ လိုလားကြတာတုံးဆိုတော့ အဲ-ဆိုတော့ ဆိုကြတာပဲ။ ဆရာသမားတွေက သင်ပြလို့ ဘန္တေ သံသာရ ဝဋ္ဌဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ၊ သံသရာ ဝဋ်ီဆင်းရဲမှ ထွက်မြောက်ဖို့ရာ ရှင်ရဟန်းအဖြစ်ကို တောင်းပန်ပါ၏ဆိုတော့ ဆိုကြတယ်။ သင်ပေးထားလို့ဆိုတော့ ဆိုတတ် တာပဲ။ အဲ- ရုတ်တရက်တော့ သူတို့ သိပ်နားလည်ကြမှာ မဟုတ်သေးဘူး။
ထို့အတူပဲ) သကလဝင္ရဒုက္ခ နိဿဏကနိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ။ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ထွက်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်းအကျိုးငှာ ကုမံ ကာသဝံ- ဤသင်္ကန်းကို ဂဟေတွာ ယူတော်မူရွ မ တပည့်တော်ကို အနကမ္ပံ အစဉ်သနားသည်ကို ဥပါ ဒါယ- အကြောင်းပြု ပဗ္ဗာဇေထ ရှင်ပြုပေးတော်မူပါဘုရား၊ အလုံးစုံသော သံသရာ ဝဋ်ဆင်းရဲမှ ကင်းလွတ်ထွက်မြောက်ဖို့ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ-- ဆိုတော့ ဆိုနေကြတာပဲ။ ဆရာသမားက သင်ပေးလို့။ ဒါပေမဲ့
တကယ်တော့ သိကြမှာမဟုတ်သေးဘူး အဲ- မသိကြသေးဘူး။ မသိကြ သေးပေမဲ့ အဲ- သူတို့က သာမညတော့ နားလည်ချင် နားလည်။
နောင်အခါ ရှင်ဖြစ်လို့ နောက်ဆုံး ရှင်ပြုမလို့ ဆံချပြီးကတည်းက ကေသား လောမား နခါ။ ဒန္တာ တစော တစပဉ္စက ကမ္မဋ္ဌာန်း ကေသာ ဆံပင်တို့၏ စက်ဆုပ်ဖွယ်ရာ။ လောမာ မွေးညင်းတို့၏ စက်ဆုပ်ဖွယ်ရာ။ နခါ ခြေသည်။ လက်သည်း4 ဒန္တ- သွား' တစော- အရေထူအရေပြား စသည် အားလုံး စက်ဆုပ်ဖွယ်ချည်းပါလား-လို့။ အဲဒီကမ္မဋ္ဌာန်းလေးနဲ့ ဆံချရတယ်။
ဒါတွေက ဘာတုံးဆိုလို့ရှိရင်' ဒါ ဥပနိဿယ ယူရတယ်။ ဒါလေး တွေကို ဥပနိဿယယူပြီးတော့ အဲဒီ အထောက်အပံ့။ အဲဒီအကြောင်းတွေ ယူပြီးတော့။
နောင်အခါလည်းပဲ ဆရာသမားတွေက ဘာသင်ကြ။ ဘာကျက်ကြ။ ဘာလုပ်ကြ ဘယ်လိုတရားတွေ နှလုံးသွင်းကြ၊ ဘယ်လိုတရား အားထုတ် ကြနဲ့။ သင်ပြပေးကြလို့ သူတို့တတွေ တစ်ဆင့်နဲ့ တစ်ဆင့် ပိုပြီးတော့ သိလာကြတယ်။ နားလည်လာကြတယ်။ သိလား နားလည်လာတဲ့အခါ နောင်အခါကျတော့ အဲ- သာမည သင်ကြားနူတ်တိုက်ပေးရုံ မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင်ကိုကပဲ လိုချင်တယ် အဲ- သံသရာဝဋ်မှ ထွက်မြောက်မှုဆိုတာ လိုချင်ကြတယ်။ နိဗ္ဗာန်ဆိုတာကို လိုချင်ကြတယ်။
အဲဒါကြောင့် ဒါလေးတွေက ရဟန်းတော်တွေ ဆရာသမားတွေ အမှီပြုပြီးတော့ သိကြ။ နားလည်ကြလို့ နောင်အခါကျတော့ သူတို့နားလည် လာကြတယ် နားလည်လေ သာသနာတော်ရဲ့ အကျိုးအာနိသင်တွေကို ခန့်မှန်းနိုင်ကြတယ်။ အဲဒါလိုပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေရော ဘာဖြစ်လို့ ရှင်ပြုပေးကြ။ ဘာဖြစ်လို့ ရဟန်းပြုပေးကြ။ အတူတူပဲ။
သံသာရဝင္အဒုက္ခတော မောစနတ္ထာယ- သံသရာဝ၀ဋဠ်ဆင်းရဲမှ ကင်းလွတ် ထွက်မြောက်မှုတဲ့။ သကလဝ၀င္ဌ ဒုက္ခနိဿရဏ နိဗ္ဗာနဿ သစ္အ္ဆိကရဏတ္ထာယ- အလုးစုသော သံသရာဝဋ် ဆင်းရဲမှ ကင်းလွတ်ထွက်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာဆိုပြီးတော့ ဒီလို ရည်ရွယ်ချက်နဲ့ ရှင်ပြုပေးကြတယ်။
ရဟန်းခံပေးကြတယ်။ ရှင်ပရိက္ခရာတွေ လှူဒါန်းပြီးတော့ ပူဇော်ကြတယ်။ ရဟန်းပရိက္ခရာတွေ လှူဒါန်းပြီးတော့ ပူဇော်ကြတယ်။
အားလုံးအကျိုးတွေကတော့ ဒါတွေပဲ ရဟန်းဖြစ်ဖြစ်' ရဟန်းဒကာ ဒကာမတွေဖြစ်ဖြစ်။ နှစ်ဦးစလုံးရဲ့ အလိုဆန္ဒ္ဟာ အတူတူချည်းပဲ။ နောက်ဆုံး ဘုန်းကြီးတို့ ဘုရားသာသနာတော်မှာ နောက်ဆုံးပန်းတိုင်ဆိုတာဟာ ဘာတုံး နောက်ဆုံးပန်းတိုင်ဟာ အရဟတ္တမဂ် အရဟတ္တဖိုလ်ပဲ။ အဲ- ဗြဟ္မစရိယဿ- မြတ်သောအကျင့်စါ မြတ်သောအကျင့်ဆိုတဲ့ တရားထူးတရားမြတ် ပရိယော သာနံ၊ နောက်ဆုံးပန်းတိုင်တစ်ခုဖြစ်သော ဗြဟ္မစရိယံ- မြတ်သောအကျင့်ကို အရဟတ္တဖိုလ်၊ အရဟတ္တဖိုလ်ဟာ သာသနာတော်ရဲ့ နောက်ဆုံးပန်းတိုင် ဖြစ်တယ်။ အဲ- နောင်အခါ မိမိတို့လည်းပဲ ဒီသာသနာတော်မှာ ဒီအရဟတ္တမဂ်း အရဟတ္တဖိုလ်ရအောင် ကြိုးစားကြလို့ ရပြီဆိုရင် ဘာဖြစ် သင်္ကန်းဝတ်ကြ ရမှာပဲ။ သင်္ကန်းဝတ်ကြပြီး ဒီသပိတ်တွေလွယ်ပြီးတော့ သာသနာတော်မှာ ဝန်ထမ်းကြရမှာ။ ဘိက္ခုအဖြစ်နဲ့။ ဘိက္ခုနီအဖြစ်နဲ့ သာသနာတော်မှာ ဝန်ထမ်း ပြီးတော့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အရဟတ္တမဂ်ကြီးး' အရဟတ္တဖိုလ်ကြီး လှမ်းကိုင်ပြီးတော့ နိဗ္ဗာန်ရောက်ကြရမှာ။
ဒါကြောင့် ယခုလို ရှင်ဖြစ်အောင် ဆောင်ရွက်ပေးကြး ရဟန်းဖြစ်အောင် ဆောင်ရွက်ပေးကြတော့ ပရိက္ခရာဒါနတွေ လှူကြ၊ သင်္ကန်းတွေ လှူကြ။ သပိတ်တွေ လှူကြ/။ အဲဒါတွေဟာ နောင်အခါ မိမိတို့ သင်္ကန်းအလွယ်တကူ ရပြီးတော့ အဲ- ဧဟိဘိက္ခုအဖြစ်နဲ့သော်လည်းကောင်း၊ ဒီသင်္ကန်းတွေ ဝတ် ပြီးတော့ ရဟန်းအဖြစ်နဲ့ နိဗ္ဗာန်ကူးကြရမှာပဲ။ ရဟန်းမတွေ အဖြစ်ဖြင့် ဘိက္ခုနီမတွေအဖြစ်ဖြင့် န်ဗ္ဗာန်ကူးကြရမှာ။ ဒါကြောင့် အဲ- ယနေ့ ရှင်ပြ [ရဟန်းခံ အလှူတော်ကြီးဟာဖြင့် အဲသလို နောင်ရမည့် အခွင့်အလမ်းကြီး တစ်ခုကို ဖော်ပေးသလို၊ နောင် အကြောင်းညီညွတ်ဖို့ အရန်သင့်ပြင်ဆင်ထား သလို ဖြစ်တယ်။
ဒါကြောင့်မို့လို့ ယနေ့ ရှင်အဖြစ်၊ ရဟန်းအဖြစ်သို့ရောက်အောင် ဆောင်ရွက်ပေးခြင်းဟာ သာသနာနုဂ္ဂဟ သာသနာတော်ကို ချီးမြှောက် ခြင်းလည်း ဖြစ်တယ် ဓမ္မာနဂ္ဂဟ- အဲ- တရားတော်သီလ အစရှိသော တရားတော်ကို ချီးမြှောက်မူလည်းဖြစ်တယ်လို့ သာသနာနဂ္ဂဟ၊ ဓမ္မာနဂ္ဟ
အကျိုးကြောင့် မိမိတို့သည် နောင်အခါ ဤသာသနာတော်မှာ ဒီလို သင်္ကန်း တွေကို ဆင်မြန်းပြီးတော့ ဒီလို သပိတ်တွေ ဆင်မြန်းပြီးတော့ အရဟတ္တမဂ် ဥ ၈ ဗမ။. (( ဧ ( (၉ (. (. (။. (။
အရဟတ္တဖိုလ်ဆိုတဲ့ သာသန နောက်ဆုံးပန်းတိုင် လှမ်းကိုင်နိုင်ကြမယ်။ ရောက်နိုင်ကြမယ်လို့ နှစ်သက် ရွှင်လန်း ဝမ်းမြောက်သော စိတ်ထားဖြင့် မိမိတို့ရဲ့ကောင်းမှုကို အထူးအားရ ဝမ်းသာခြင်းဖြင့်- အဲဒီကောင်းမှုကြီးကို ၃ ပ (။ ပူ ပြူ မ။ (_ ( ထပ်ကာထပ်ကာ အောက်မေ့ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစား ၈ (၃ အားထုတ်နိုင်ကြပါစေကုန်သတည်း-1
အရှင်သုမန သိက္ခာထပ်ပွဲ၌ ဟောကြားအပ်သော တရားတော်
(၁၃၅၃-ခုနှစ်။ တပေါင်းလဆုတ်(၃)ရက် အင်္ဂါနေ့။ ၂၉-၃-၉၄ ပုဇွန်တောင် ရေကျော်ရပ်' မဟာဘောဂလမ်း။ အမှတ်(၉)နေ ဦးပ္ပ+ဒေါ်တင်နွဲ့။ သားများ ဖြစ်ကြသော ကိုဌေးဝင်း။ ကိုအေးဝင်း။ ကိုဝင်းမော်၊ သမီး မြတ်စုခိုင်တို့ မိသားစုတို့က အရှင်သုမနကို သိက္ခာတင်မင်္ဂလာတင်ပေး ချီးမြှောက်ပေးသည့် အလှူမင်္ဂလာပွဲတွင် ဟောကြားသော တရားတော်)
ဒကာဒကာမတွေရဲ့ ပစ္စည်းလေးပါးဆိုတာက တစ်ခါတစ်ခါတော့ တော်တော်တန်ခိုးကြီးတယ်။ ပစ္စည်းလေးပါးဖြင့် ကောင်းကောင်းမွန်မွန် ထောက်ပံ့ပူဇော်ကြတော့ အဲ- သာမဏေလေးတွေ။ ဦးဇင်းတွေ။ ကိုရင်တွေက မိမိတို့ကို အထူးထောက်ပံ့ကြတဲ့ ဒကာ၊ ဒကာမတွေရဲ့ အဲဒီဆွမ်းကို လေးစားကြတယ်။ အဲ- ဆွမ်းကို ရိုသေလာကြတယ်။ ဆွမ်းကို ရိုသေလာ ကြသောကြောင့် ထူးထူးခြားခြား မိမိတို့ အားထုတ်ကြတယ်။
ရှေးက ဘုန်းကြီးတို့ကျမဲးဂန်များမှာ ဒီအတိုင်းရှိခဲ့တာပဲ။
ပိဏ္ဍပါတ ပစယန။ ပိဏ္ဍပါတပစယနဆိုတဲ့ ဆွမ်းကို လေးစားတယ်။ ဆွမ်းကို ရိုသေတယ်။ ဆွမ်းကို ရိုသေမှုပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။
ဒကာ၊ ဒကာမတွေက မိမိအပေါ်မှာ ပြုနိုင်ခဲ့တဲ့လေးစားမှု စသည် ပြုတော့ မိမိတို့ကလည်း ကျေးဇူးတုံ့ပြန်မှု ပြုသောအားဖြင့် အဲဒီ လေးမြတ် မှုကို တုံ့ပြန်သောအားဖြင့် ကြိုးစားကြတယ် ပရိယတ်ဘက်မှာ ကြိုးစား ကြတယ်။ ပဋိပတ်ဘက်မှာ ကြိုးစားကြတယ် အဲသလို ကြိုးစားခြင်းဖြင့် ထူးထူးချွန်ချွန် ပုဂ္ဂိုလ်တွေအဖြစ်သို့ ရောက်ကြရတယ်။ အဲသလို သာသနာ တော်မှာ ပိဏ္ဍပါတ ပစယန ဆွမ်းကို ရိုသေမှု။ ဆွမ်းကို လေးစားမှုဆိုတဲ့ လေးစားမှုတွေ ရှိခဲ့တယ် ဒီလိုပဲ လေးစားလို့ ဒကာ၊ ဒကာမတွေအတွက်လည်း
အကျိုးများ၊ သူ့ဘက်မှာလည်း ထူးထူးချွန်ချွန် ပုဂ္ဂိုလ်အဖြစ်သို့ ရောက်သွား ကြရတယ်။ သာဓကလေးတွေ ရှိခဲ့တယ်။
ဘုန်းကြီးတို့ သီဟိုဠ်ကျွန်းမှာ မလိယဒေ၀မထေရ်ဆိုတာ ရှိခဲ့တယ်။ အဲဒီမထေရ်ဟာ သီဟိုဠ်ကျွန်း ကလ္လရွာ မဏ္ဍလာရာမကျောင်းတိုက်ကြီးမှာ စာသင်နေတယ်။ စာပေလည်း သင်ကြားတယ်4 အခန့်သင့်တဲ့အခါ ဝိပဿနာ ကမ္မဋ္ဌာန်းလည်း အားထုတ်တယ်။ အဲသလို နေလာခဲ့တဲ့ ဦးဇင်းတစ်ပါး။ အဲဒီရွာက ဒကာမတစ်ယောက် ဦးဇင်းလေးကို ကြည်ည်ုပြီးတော့ ဆွမ်းဝတ် အမြဲပြုတယ်။ ဆွမ်းအမြဲလှူတယ်။ အိမ်မှာပဲကြွ ဆွမ်းခံ။ ဆွမ်းလောင်းလှူ။ အဲသလို နေလာခဲ့တာ အတော်ကြာသွားတယ်။ အဲ- အဲဒီတော့ မလိယဒေ၀ ဆိုတဲ့ ဦးဇင်းလေးက ဒကာမကြီးရဲ့ ဆွမ်းကို ရိုသေသောအားဖြင့် အဲ- တုံ့ပြန် ပူဇော်သောအားဖြင့် ကြိုးစားတယ်။ စာလည်း ကြိုးစားတယ်။ ဝိပဿနာလည်း အားထုတ်တယ်။ အဲသလို အားထုတ်တော့ ဝါကျွတ်တဲ့ အခါကျတော့ ဟော- ရဟန္ဘာ ဖြစ်သွားတယ်။ ရဟန္တာအဖြစ်သို့ ရောက် သွားတယ်
အဲတော့ ဘာဖြစ်လို့ ရဟန္တာအဖြစ်သို့ ရောက်သွားရသတုံး။ ကြိုးစား တယ် ဒကာမကြီးက သူ့ အပေါ်မှာ အင်မတန်အရေးတယူ အလေးမူပြီးတော့ သားရင်းပမာ စောင့်ရှောက်ပြီးတော့ လေးစားသောအားဖြင့် မိမိကြိုးစား တယ် ကြိုးစားတော့ နောက်ဆုံး အတုမရှိတဲ့ အနုတ္တရဖြစ်တဲ့ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် ချမ်းသာမြတ်ကို မျက်မှောက်ပြုပြီး ရဟန္တာဖြစ်သွားတယ်။ အဲတာဟာ ဆွမ်းရဲ့ တန်ခိုးပဲ။ ဒကာမကြီးရဲ့ ဆွမ်းတန်ခိုး။ အဲဒီဆွမ်းကို အကြောင်းပြုပြီးတော့ ကိုယ်တော်မြတ်လေးဟာ အဲ- ရဟန္တာအဖြစ် ရောက် သွားတယ်။
စောစောက ဒီကိုယ်တော်လေးဟာ အိမ်ကြွလာရင် နေ့တိုင်း နေ့တိုင်း သုခံ ဟောတု ဒုက္ခာ မုဉ္ဇတု- သုခံ ဟောတု ချမ်းသာပါစေ။ ဒုက္ခ မုဉ္စတု- ဆင်းရဲခပ်သိမ်းမှ ကင်းဝေးလွတ်မြောက်ပါစေ။ ဒါလေးနှစ်ခုပဲ အမြဲတမ်း ရွတ်ရွတ်ပြီးတော့ ဟောသွားတယ်။ တခြားဘာကိုမှ မဟောဘူး။ တစ်ဝါ တွင်းလုံး သုခံ ဟောတု- ချမ်းသာပါစေ။ ဒုက္ခာ မုဉ္စတု- ဆင်းရဲမှ ကင်းလွတ်ပါစေ။ ဒါပဲ အဲ- ရွတ်ရွတ်သွားတယ်။ တာတခြားဘာမျှ မပြောဘူး။ ဒကာမကြီးကို
အဲ- နောက်ကျတော့ အဲဒီသီတင်းကျွတ် ပူဇော်ပွဲကြီးရှိတော့ ကျောင်းထိုင် ဘုန်းကြီးက အဲဒီ မလိယဒေ၀ဦးဇင်းကို ငါ့ ရှင်၊ ဒီကနေ့ ပူဇော်ပွဲကြီးရှိတယ်။ ငါ့ရှင် တရားဟောရမယ်လို့ဆိုပြီး အမိန့်ပေးတယ်။ အမိန့်ပေးတော့ ဘာမျှ မကြောက်တော့ဘူး။ အဲ-ရဟန္တာဖြစ်သွားတော့ ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာလေး ဆိုတော့ ဟောစရာတွေ မရှားတော့ဘူး။ စောစောကတော့ သုခံ ဟောတု ဒုက္ခာ မုဉ္စတုနဲ့ပဲ ကိစ္စပြီးခဲ့တယ်။
အဲဒီကျတော့ ဟောစရာ တရားတွေ မရှားတော့ဘူး။ ဦးဇင်းလေးတွေ။ ကိုရင်လေးတွေကာ ဒကာမကြီးကို ပြောကြတယ်။ ဒကာမကြီး ဒီနေ့ည ဒကာမကြီးဦးဇင်းက တရားဟောမယ်။ တရားလာနာလှည့်ကြလို့ သူ့ကို အသိပေးတယ်တဲ့။ အဲသလို အသိပေးလိုက်တော့ ဒကာမကြီးက ဟို-အရှင် ဘုရားတို့ပြောလို့သာ တပည့်တော်ရဲ့ဦးဇင်းက အိမ်ကို ကြွလာတိုင်း သုခံ ဟောတု ဒုက္ခာ မုဉ္စတုနဲ့ပဲ တစ်ဝါတွင်းလုံးပြီးသွားတာပဲ။ ဘာမျှ သူ့တခြား ဟောတာ မရှိခဲ့ဘူးလို့ ဆိုတယ်။ အဲဒါနဲ့ ဒကာမကြီးကတော့ မယုံတယုပဲ။ ဒါနဲ့ ညကျတော့ တရားလာပြီး နာတယ်။ အဲ-နာလိုက်တော့မှ ဟိုမှာ အထင်နဲ့အမြင် အင်မတန်က္ပာခြားနေတာကို တွေ့လိုက်ရတယ်။
သုခံ ဟောတု။ ဒုက္ခာ မုဉ္ဇတုဆိုတဲ့ ပုဒ်လေး နှစ်ပုဒ်၊ အဲဒီ ပါဠိ နှစ်ပုဒ်ကို ဒီအခါ ထိုနှစ်ပုဒ်ကို မွေနှောက်ချောက်ချားပြီးတော့ ဟောသွား လိုက်တာ တစ်ညလုံး အဲ- ဟောလို့ကို မကုန်နိုင်ဘူး။ အဲ-အဲသလို ထူးခြားတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်သွားရတာဟာ ဘာကြောင့်တုံးဆိုတော့ ဆွမ်းကို လေးစားကြတယ်။ ဆွမ်းကို ရိိုသေကြတယ်။ တာဝန်သိတဲ့ ရဟန်း သာမဏောတွေက အဲဒီအတိုင်းပဲ။ ကိုယ့်ကို ဆွမ်းလှူဒါန်းကြတဲ့ ပုဂ္ဂိုလ်တွေ။ ပစ္စည်းလေးပါး ထောက်ပံ့ကြတဲ့ ပုဂ္ဂိုလ်တွေကို ငဲ့တယ်။ အဲ-အဲဒီပုဂ္ဂိုလ်တွေ အကျိုးကြီးအောင် သူတို့ဆွမ်းကို တုံ့ပြန်ပူဇော်သောအားဖြင့် ပိဏ္ဍပါတပစယန ဆွမ်းကို ရိုသေမှုပြုတယ်လို့ ကျမ်းဂန်များဆိုတယ်4 အဲဒါနဲ့ အဲသလိုပဲ ဒကာမကြီးလည်း သူ့သားတော် ဦးဇင်းလေးတရား နာရလို့ အဲဒီညမှာပဲ သောတာပန်အဖြစ် တည်သွားတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဆွမ်းကို ရိုသေမှုဆိုတာက အဲ-ဆွမ်းတန်ခိုးပဲ။ ဒကာ ဒကာမတွေက ကြည်ညိုလို့ မြတ်နိုးလို့၊ ဆွမ်းလှကြ။ ပစ္စည်းလှူကြး
တာဝန်သိတဲ့ ဦးဇင်း ကိုရင်တွေက။ သြော်-တို့ဒကာ ဒကာမတွေက တို့ အပေါ်မှာ အင်မတန်ကောင်းခဲ့ပါလား။ ပြုနိုင်ခဲတဲ့အမှုတွေကို သူတို့ ပြုနိုင် ကြပါလား။ အဲ-ဆိုပြီးတော့ သူတို့ကြိုးစားကြတယ်4 စောစောက ပျေ ချင် ပေမဲ့ ဆွမ်းလေးက ကိုယ့်ကိုယ်ကို တွန်းအားပေးတယ်။ ဆွမ်းဟင်းလေးက တွန်းအားပေးတယ်။ ပစ္စည်းလေးပါးက တွန်းအားပေးတယ်။ တွန်းအား ပေးခံရတဲ့အခါကျတော့ မပေါ့တော့ဘူး။ ကြိုးစားလာတယ်။ အဲသလို ကြိုးစားလာရင် အဲ-သူတို့ ထူးခြားတဲ့ အခြေအနေသို့ ရောက်ကြတယ်။ နှစ်ဦးအကျိုးရှိတဲ့ ကြိုးစားမှုတစ်မျိုးပဲ) တစ်ခုရှိသေးတယ်။ ဘုန်းကြီးတို့ ဝီရိယသမ္မောဇ္စျင်အဖွင့်' ထိုထို အဋ္ဌကထာများမှာ မဟာမိတ္တမထေရ် ဝတ္ထု ကလေးရှိတယ်။ အတူတူပဲ။ အဲဒီ မဟာမိတ္တမထေရ်ဆိုတာ အယျမိတ္တမထေရ် လို့လည်း တချို့ကျမ်းဂန်များမှာ တည်ရှိတယ်။
အဲဒီ အယျမိတ္တ မဟာမိတ္တဆိုတဲ့ မထေရ်လေးဟာ ဒကာမကြီး သားအမိနှစ် ယောက်ကို အမှီပြုပြီးတော့ ဒကာမကြီးသားအမိတို့ရဲ့ ပစ္စည်းတွေ။ အဲ- ဆွမ်းအပြုအစု အလုပ်အကျွေးခံယူပြီးတော့ သီဟိုဒ်ကျွန် [1 ကဿပ လိုဏ်ဂူမှာ သီတင်းသုံးတော်မူတယ်။ အဲတော့- အဲဒီမထေရ်ဟာ တစ်နေ့ ကျတော့ ဆွမ်းခံထွက်မလို့ သပိတ်သင်္ကန်း ပြင်ဆင်ပြီးတော့ ထွက်လာတဲ့ အခါကျတော့ အမေကြီးက တောသွားခါနီး သမီးလေးကို မှာနေတဲ့ စကား သံကိုကြားရတယ်။ ခပ်တော့ခပ်ဝေးဝေးပဲ။ ဒါပေမဲ့ မထေရ်က ရဟန္တာ မဖြစ်သေးပေမဲ့ သူက အဘိညာဉ်ရနေတော့ အဘိညာဉ်နဲ့ ကြားရတယ်။
အဲ- သမီး အမေတော့ မနေ့က ထမင်းကြမ်း(ကျန်)လေးနဲ့ ပုံးရည် ဟင်းလေးနဲ့ စားပြီးပြီ သမီး မောင်တော် ဆွမ်းခံက္ပြလာရင် ဘယ်နေရာမှာ သမီး မောင်တော်အဖို့ ထောပတ် ရှိတယ်။ ဘယ်နေရာမှာ တင်လဲ ရှိတယ်]။ ဘယ်နေရာမှာ သကာ ရှိတယ် နို့ရှိတယ်။ အဲဒါတွေကို သမီးမောင်တော်အဖို့ ဆွမ်းချက်ပြီးတော့ အဲဒါတွေနဲ့ လောင်းလှူပြီး ဆွမ်းကပ်လိုက်ဆိုပြီးတော့ မှာတယ် နို့ အမေ ညနေအတွက် ဘာစားမတုံးဆိုတော့- အို- ညနေတော့ ငါ အတွက် ဘာမှမပူနဲ့။ ဆန်ကွဲယာဂု နဲ့ ဟင်းရွက်လေးရောပြီး ယာဂုပြုတ် ကလေးလုပ်ပြီးတော့ ထားလိုက်ပေါ့လို့ ပြောတယ်။
ဆွမ်းခံက္ပြလာခါနီး အယျမိတ္တမထေရ်မြတ်က ဒကာမဟာ သမီး လေးကို မှာနေတာ ကြားရတော့ အင်မတန်မှ သံဝေဂ ဖြစ်သွားတယ်။ (၃။ နူး။။ (.။ (( ကြည့်စမ်း ဒကာမကြီးဟာ ငါ့အပေါ်မှာ ဘယ်လောက်ကောင်းလဲ။ ကြည့်စမ်း ထောပတ်တွေး တင်လဲတွေ။ န့်တွေ ဘာတွေ မှာကြားနေတယ်။1 ဆန်မှ တကယ့်ကျွတ်ကျွတ်ဆန်လေး၊ ဆန်အသစ်တော့ မဟုတ်ဘူး။ အဲ- နို့ဆွမ်းနဲ့ ကပ်ဖို့ မှာနေတယ် သူ့အတွက်တော့ ယာဂုပြုတ်ကလေး စားတော့မယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ သင့်အပေါ်မှာ ဒီလောက်ကောင်းတဲ့ ဒကာမကြီးဟာ ( ဓမ။ (' (၂။ (။ (၂ (' (၂) (။
သင့်ဆီက ဘာလိုချင်လို့တုံး။ ပစ္စည်း လိုချင်လို့လား။ ဘာမျှလိုချင်လို့ (။ (။ ( [၂ (ပ မ (၂. (၂ (. ( မဟုတ်ဘူး။ တကယ်တော့ နတ်ရွာနိဗ္ဗာန် ဒီအကျိုးတွေကို လိုချင်လို့ (။ ( ၃ (။ (။ (။။ [အ နင်ဟာ သီလ မစင်ကြယ်သေးရင်။ သီလ မပြည့်စုံသေးရင် အဲဒီ ပစ္စည်းတွေကို၊ အဲဒီအကျိုးတွေကို ပေးနိုင်မလားဆိုတော့ မပေးနိုင်သေးဘူး။ ဒီတော့ ကဲ- ငါရဟန္တာ မဖြစ်သေးသမျှ မထတော့ဘူးဆိုပြီးတော့ သပိတ် ကလေးပြန်ပြီး ခုတင်အောက်သွင်း' သင်္ကန်းလေး သင်္ကန်းတန်းပေါ်တင် ဦ. လ (၂ (။။. (။ န {။
ပြီးတော့ သင်္ကန်းလဲလိုက်။ တစ်ခါတည်း ခုတင်လေးပေါ်ထိုင်ပြီးတော့ ပူ () ရရ (။ (။ (။
ရဟန္တာ မဖြစ်သေးသမျှ ငါမထဆိုတဲ့ဇွဲနဲ့ တစ်ခါတည်း ကြိုးစားတယ်။ ကြိုးစားလိုက်တော့ အထမြောက် သွားတယ်။ သူကလည်း သာမန်မှမဟုတ်ဘဲ။ အဲ- စောစောကတည်းက တကယ်ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တစ်ဦး မဂ်ဖိုလ် နိဗ္ဗာန်ရအောင် ဆိုပြီးတော့ တကယ်ကြိုးစားနေတဲ့ ပုဂ္ဂိုလ်။ အဲ- ကြိုးစား နေတော့ အခုလို ဇွဲနဲ့ သဲသဲမဲမဲ ကြိုးစားလိုက်တဲ့အခါကျတော့ တစ်ခါတည်း မကြာခင်မှာပဲ အာသဝေါ ကုန်ခမ်း။ ရဟန္တာအဖြစ်သို့ ရောက်သွားတယ်။ န {။ (. (၀ (။ (၂) ပ အဲသလို ရဟန္တာအဖြစ်သို့ ရောက်သွားမှ မေးကြည့်လိုက်တော့ အချိန်ရှိ သေးတယ် ဆိုပြီးတော့ တစ်ခါတည်း သင်္ကန်းပြန်လဲ။ သပိတ်ယူ။ ယူပြီးတော့ တစ်ခါတည်း ကျောင်းတော်က ထွက်လာ၊ ကျောင်းအနားက သစ်ပင်စောင့် နတ်က ကောင်းချီးပေးတယ်တဲ့။
နမော တေ ပုရိသာဇည နမော တေ ပုရိသုတ္တမ ယဿ တေ အာသဝါ ခီဏာ ဒက္ခိဏေယျောသိ မာရိသ။
(၂ (.။.။ (။. (။ (။ ( ပုရိသဧည- ယောက်ျားမြတ် အာဇာနည်ဖြစ်တော်မူသော အရှင်မြတ် (။ (။ (။ ဂ ဤ ၁၂ (. ဘုရား၊ တေ- ရှင်တော်မြတ်ဘုရားအား၊ နမော- ရိုသေမြတ်နိုး ရှိခိုးကန်တော
ပါ၏ ပုရိသုတ္တမ- ယောက်ျားမြတ်တစ်ဆူ ဖြစ်တော်မူသော အရှင်ဘုရား၊ တေ- အရှင်မြတ်ဘုရားအား၊ နမော- ဦးညွတ်ရိုကျိုး ရှိခိုးကန်တော့ပါ၏ 1။ ယဿ တေ- အကြင်အရှင်မြတ်ဘုရားအားး အာသဝါ- ဘဝပေါင်းများစွာ တွဲကပ်လာသော၊ အာသဝေါတရားတို့သည်။ ခီဏာ- ယခုပင် ကုန်ခမ်းခဲ့ပါ ပေပြီ။ မာရိသ- ဆင်းရဲခြင်းကင်းတော်မူပြီးသော အရှင်ဘုရား၊ တွံ-အရှင် ဘုရားသည်။ ဒက္ခိဏေယျော- တကယ်မွန်မြတ်တဲ့ အလှူဒါနကို ခံယူထိုက်တဲ့။ တကယ့်အလှူခံ ပုဂ္ဂိုလ်မြတ်သည်။ အသိ-မုချမသွေ ဖြစ်ခဲ့ပါပေသတည်း။ အဲ- နတ်က ကောင်းချီးပေးတယ်။ အရှင်ဘုရားလို ပုဂ္ဂိုလ်မျိုး လှူဒါန်းရတဲ့ ဒကာမကြီး သားအမိတို့အားဖြင့် အဲ- သူတို့ ချမ်းသာကြတော့မှာပဲ ဘုရား လို့ လျှောက်ထားတယ် မထေရ်လည်း ထွက်သွားတယ်။ အိမ်ရောက် သွားတော့ ဟိုက သမီးကလေးက မျှော်နေတယ်။
မထေရ်မြင်တော့ တစ်ခါတည်း အရန်သင့် မထေရ်ဆီက သပိတ်ယူ ပြီးတော့ ခုနပြောတဲ့ နို့ဆွမ်းနှင့်တကွ အမျိုးစုံ ပစ္စည်းတွေ လောင်းလှူပြီး တော့ သပိတ်ကပ်လိုက်တယ်။ အဲ- မထေရ်မြတ်ရဲ့ အခြင်းအရာကို အဲဒီ အမျိုးသမီးကလေးက မြင်ရတော့ အင်မတန်ဝမ်းသာသွားတယ်။ မထေရ်မြတ်ရဲ့ အရေအဆင်းဟာ အခါတိုင်းနဲ့မတူဘူး။ အဲ- အင်မတန် ကြည်ကြည်လင်လင် ရွှင်ရွင်လန်းလန်းနဲ့ တကယ် ကြည်ည်ုဖွယ်အဖြစ်သို့ ရောက်နေတာ မြင်ရတော့ အင်မတန်ဝမ်းသာသွားတယ်။
ညနေကျတော့ သူ့မိခင်ကြီးပြန်လာတော့ ဘယ့်နယ်တုံးဟေ့- သမီး မောင်တော် အိမ်ကြွလာရဲ့လားလို့မေးတော့ ကြွလာတဲ့အကြောင်း၊ အဲ- မောင်တော် မထေရ်မြတ်ရဲ့ ရုပ်အဆင်းလက္ခဏာဟာ နဂိုအခါတိုင်းနဲ့ မတူတဲ့အကြောင်း၊ အင်မတန် ကြည်ကြည်လင်လင်နဲ့ ကြည်ည်ုဖွယ် အလွန် ကောင်းနေတဲ့ အကြောင်းကို ပြောပြလိုက်တဲ့အခါကျတော့ အေး-သမီးရဲ့ မောင်တော် ကိစ္စပြီးပြီ သာသနာတော်မှာ မြဲပြီ သာသနာတော်မှာ လူထွက်တော့မှာ မဟုတ်ဘူးဆိုပြီးတော့ မိခင်ကြီးကလည်း အင်မတန် ၀မ်းသာသွားတယ်။
အဲဒီမှာ ဆိုလိုရင်းကတော့ အဲ- ဒကာမကြီးရဲ့ သမီးကလေးရဲ့ဆွမ်း။ ဆွမ်းတန်ခိုးကြီးတာ။ အဲဒီ ဆွမ်းတန်ခိုး အကြောင်းပြုပြီးတော့ အယျမိတ္တ
မထေရ်အရှင်ဟာ ကြိုးစားလိုက်တာ။ ရဟန္တာကောင်းကောင်း ဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ တစ်ခါတစ်ခါ ဒကာ ဒကာမများရဲ့ ပြုနိုင်ခဲတဲ့ ပြုမူမှုတွေ။ ဆွမ်းကွမ်း လှူဒါန်းမှုတွေဟာ အဲ-ပစ္စည်းတွေ လှူဒါန်းမှုတွေဟာ အဲ- ရဟန်းသာမဏေတွေအဖို့ အားဆေးတွေဖြစ်တယ်။ အဲဒီဆွမ်း။ ဆွမ်းဟင်း တွေကို အလေးအမြတ်ပြုပြီးတော့ ကြိုးစားအားထုတ်ကြတော့ ရဟန္တာဖြစ် သွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ မနည်းဘူး။
ဒါကြောင့် ဒကား ဒကာမတွေရဲ့ ပိဏ္ဍပါတပစယန- ဆွမ်းကို ရိုသေခြင်းကြောင့် ကြိုးစားအားထုတ်ကြတာ။ အဲ- ရှေးရှေးက ပုဂ္ဂိုလ်တွေ အများကြီး ရှိခဲ့တာဖြစ်လို့ မိမိတို့ရဲ့ ဆွမ်းတန်ခိုးဟာ တယ်ကြီးတယ်။ မိမိတို့ရဲ့ ပစ္စည်းတန်ခိုးဟာ တယ်ကြီးတယ်။ ဒါကြောင့် ဒီလို ဒကာ ဒကာမ တွေက ဆွမ်းကောင်း လှူဒါန်းပူဇော်ကြတဲ့အခါကျတော့ ရဟန်းတော်တွေ။ သာမဏေတွေမှာ တာဝန်ရှိကြတယ်။ အဲဒီ ဆွမ်းကို အလေးပြုဖို့ တာဝန် ရှိကြတယ်။
အဲဒီဆွမ်းကို ရိုသေဖို့တာဝန် ရှိကြတယ်။ ဆွမ်းကို ရိုသေသောအားဖြင့် ဆွမ်းကို အလေးပြုသောအားဖြင့် ကြိုးစားကြဖို့ တာဝန်ရှိကြတယ်။ တာဝန် ရှိသည့်အတိုင်း တချို့ တာဝန်သိသိ ကြိုးစားကြသောကြောင့် ထူးခြားတဲ့ အဖြစ်မျိုးတွေ ရောက်သွားကြတယ်။ ဒါကြောင့်မို့လို့ အဲ- မိမိတို့ ယနေ့ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဦးသုမန သိက္ခာတင်ပေးကြတဲ့အတွက် ဆရာတော်ဦးသုမနနဲ့ ဒကာဒကာမတွေရဲ့ ပစ္စည်းလေးပါးကို ရိုသေသော အားဖြင့်ကြိုးစားမှာပါ။ ဒါ ကြောင့် ဆွမ်းတန်ဖိုးဟာ မသေးဘူး။ အဲ- ယနေ့ သိက္ခာ တင်ပေးလိုက်ရတဲ့အတွက် မိမိတို့မှာ သာမန်ပုဂ္ဂုံလ်တစ်ယောက် သိက္ခာ တင်ပေးရင် ဘာမျှ သိပ်ထူးခြားချက် ရှိချင်မှရှိမယ် ဖြစ်ပေမဲ့ အခုလို စာတတ်ပေတတ် သံဃာတော်တွေရဲ့အကျိုးကို စာပေပို့ချခြင်းဖြင့် လည်း ကောင်း အဆုံးအမဩဝါဒပေးခြင်းဖြင့် လည်းကောင်း ဆောင်ရွက်နေတဲ့ ထူးခြားတဲ့ ဆရာတောာ်တစ်ပါးကို သိက္ခာထပ်လိုက်ရတဲ့အတွက် တို့တစ်တွေ
အရတော်လေစွ။ ကံကောင်းလေစွလို့ အားရဝမ်းသာခြင်းဖြင့် မိမိတို့ရဲ့
ကုသိုလ်ကို ပြန်ပြန်အောက်မေ့ပြီးတော့ ကုသိုလ်တွေ ထပ်ကာထပ်ကာ တိုးပွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
သိက္ခာထပ်အလှူတော်မင်္ဂလာ တရားတော် (ဦးမြင့်ဦး ဒေါ်ခင်အေးကြူ)
ယနေ့ ဒကာ မြင့်ဦး' ဒကာမ အေးကြူအေးတို့၏ သိက္ခာထပ် အလှူတော်မင်္ဂလာ။
သာသနာနုဂ္ဂဟ၊ ဓမ္မာနဂ္ဂဟကို အကြောင်းပြုပြီး ကောင်းမှုပွဲကြီး ဆင်နွှဲကျင်းပ ပူဇော်ကြတယ်။ ဒီတော့ ကံထူးတာပေါး ကံထူးကြတယ်။ သာသနာတော်နဲ့ ကြုံကြိုက်လို့ ကံထူးကြ' သာသနာတော်နဲ့ကြုံပြီး သာသနာ တော်ကို ချီးမြွောက်ကြရ။ အားပေးကြရ။ တိုးပွားအောင် ကြိုးစားကြရ။ အဲ- ယနေ့ သိက္ခာတင်မည့် အရှင်မြတ်ကလေးတွေကလည်း သာမန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။
အရှင်ဝါယာမိန္ဒဆိုရင် ပိဋကတ်နှစ်ပုံခွဲအောင်ပြီး တိပိဋကဓရကို လှမ်းနေတဲ့ ပုဂ္ဂိုလ် ဒိပိဋကဓရ သာသနာ့အာဇာနည် တစ်ပါးပါးပဲ။ အရှင် ဝိလာသဆိုရင်လည်း ဒီဃဘာဏကကောဝိဒ၊ သူကလည်း သာသနာ့ အာဇာနည် ပုဂ္ဂိုလ်တော် တစ်ပါးပဲ။ ဒီတော့ အဲဒီ အရှင်မြတ်လေးတွေကို ယနေ့ မိမိတို့ ပရိက္ခရာတွေး ရဟန်းပရိက္ခရာတွေး ရဟန်းအသုံးအဆောင်တွေ လှူဒါန်းပြီးတော့ ပုနောပသမ္ပဒါ ဆိုတဲ့ နောက်ထပ် သိက္ခာတင်မှုပြုကြတယ်။ ပုနောပသမ္ပဒါကံ တင်ပေးကြ၊ အဲ- မင်္ဂလာ ကုသိုလ်ထူးကို ဆည်းပူး အားထုတ်ကြ၊ အဲဒီတော့ အားလုံး အင်မတန်ကံထူးတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြတယ်။
ဗုဒ္ဓ သုဗုဒ္ဓဘာ လောကေ
ဓမ္မဿ စ သုဓမ္မတာ
သံဃဿ သုပ္ပဋိပတ္တိ
ဧသာ သာသန သမ္ပဒါ 1
လောကေ= ကမ္ဘာလောကကြီးအတွင်း၌ ဗုဒ္ဓ သုဗုဒ္ဓတာစ= ဘုရားရှင် ကိုယ်တော်မြတ်စါ ကောင်းမြတ်မှန်ကန်သော ဘုရားရှင်စ၊ အဖြစ်သည်လည်း ကောင်း ဓမ္မဿ= တရားတော်မြတ်စါ၊ သုဓမ္မတာစ= ကောင်းမြတ် မှန်ကန်သော တရားတော်ဇစါ အဖြစ်သည်လည်းကောင်း' သံဃဿ= သံဃာ
တော်မြတ်၏။ သုပ္ပဋိပတ္တိတာစ= ကောင်းစွာကျင့်ကြံခြင်းရှိသည်စါ အဖြစ် သည်လည်းကောင်း၊ အတ္ထိ= ရှိစါ 1 ဧသာ= ဘုရားကလည်း ဘုရားစစ် ဘုရားမှန်။ တရားတော်ကလည်း တရားစစ် တရားမှန်၊ သံဃာတော်ကလည်း သံဃာစစ် သံဃာမှန်' ရတနာအစစ်အမှန် သုံးပါးတို့၏ ထူးထူးခြားခြား ဖြစ်ပွားတည်နေခြင်းသည်။ သာသနသမ္ပဒါ= ဗုဒ္ဓမြတ်စွာ သာသနာတော် မြတ်ကြီး၏ ပြည့်စုံခြင်းအစစ် တကယ်တမ်း ဖြစ်ပါတော့သတည်း။
ယနေ့ ဘုန်းကြီးတို့ သာသနာတော်ကြီးကို ချီးမြှောက်ကြ။ ဒီသာသနာ တော်ကြီးဟာ ဗုဒ္ဓ သုဗုဒ္ဓတာ ဘုရားက ဘုရားစစ် ဘုရားမှန်။ တရားကလည်း တရားစစ် တရားမှန်) သံဃာကလည်း သံဃာစစ် သံဃာမှန်၊ ဘုရားစစ်နဲ့ ပြည့်စုံခြင်း တရားစစ်နဲ့ပြည့်စုံခြင်း သံဃာစစ်နဲ့ပြည့်စုံခြင်း။ အဲ- ပြည့်စုံ ခြင်း သုံးပါးဖြင့် ထူးခြားစွာ ပြည့်စုံလျက်ရှိသော သာသနာတော်မြတ်ကြီး။ အဲဒီလို သာသနာတော်မြတ်ကြီးကို ယနေ့ မိမိတို့ ချီးမြွောက်ကြရတယ်။ ထူးထူးခြားခြား ချိးမြှောက်ကြရတယ်။ ကံထူးကြတယ်။
ဒီတော့ ယနေ့ မိမိတို့အရှင်မြတ်နှစ်ပါးကို သိက္ခာတင်။ ပုနောပသမ္ပဒါ သိက္ခာတင်မင်္ဂလာကို ဆောင်ရွက်ပေးကြတယ်။ သိက္ခာတင်တယ်ဆိုတာဟာ ပြုရမည့် အလုပ်လား။ ရှေးအစဉ်အလာကော ရှိသလားလို့ စဉ်းစားစရာ လေးတွေ ရှိတယ် အမှန်ကတော့ ဘုန်းကြီးတို့ သာသနာတော်မှာ ရှေးရှေး ကတော့ သတိပညာတွေကောင်းကြတော့ ကမ္မဝါစာတစ်ပါး တစ်ကြိမ်ဖတ် လိုက်ရင် ပြီးတာပဲ နောက်ကျတော့ ဒီလိုမဟုတ်ဘူး။ သတိပညာ နည်းနည်း လာတဲ့ ခေတ်တွေရောက်လား ဘာလုပ်ကြမလဲ။ ကမ္မဝါစာကိုလည်း တစ်ခါနဲ့ မပြီးဘဲ နှစ်ခါဖတ်ကြရတယ်။ သုံးခါဖတ်ကြရတယ်။
အဲဒီလို ရဟန်းတစ်ပါးကို ကံဆောင်တဲ့အခါမှာ ရှေးခေတ်က ဗျတ္တေန ဘိက္ခုနာ ပဋိဗလေနသံဃော ဉာပေတဗ္ဗာ။ ဗျတ္တပဋိဗလ ကမ္မဝါ စာအရာမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်က သံဃာကို လျှောက်ထားသိစေရမည်။ အဲဒီလို တစ်ပါတည်း တစ်ကြိမ်တည်း ဖတ်လိုက်တော့လည်း ပြီးတာပဲ
။ စာပေထဲမှာ ဒီလိုလာတယ်။ စာပေထဲဆိုတာက ရှေးခေတ်ကိုပြောတာ။
နောက်ခေတ်ကျတော့ အဋ္ဌကထာဆရာများ လက်ထက်ကျတော့ ကံမပျက် ရင်လည်း ဒဋီကမ္မ ဖြစ်အောင် ကံပျက်ရင်လည်း အဲ- ပကတိအတိုင်း
ပြန်ဖြစ်အောင်ဆိုပြီးတော့ အဲဒီလို နောက်ထပ်တစ်ဖန်ဖတ်ခြင်းဆိုတဲ့ ကိစ္စတွေ ။ {။ (၂ (မ (မ (။။ အါ သိ (နှ (၂ မျ ဆောင်ရွက်ကြဖို့ ညွှန်ကြားချက်တွေ ပေးတယ်။ အဲဒီတော့ သံမထပံတယ်။ သိက္ခာတင်တယ်ဆိုတာ အကျိုးမယုတ်ဘူး။ အဲ- နောက်တုန်းက ရဟန်း မဖြစ်ရင်လည်း ရဟန်းဖြစ်အောင်၊ ရဟန်းဖြစ်ပြီးရင်လည်း ဒဋီကမ္မ ဖြစ်တယ်။ ( (၂ (၉ [။ န (အ (။ (။
အဲဒီအကြောင်းကို သိတော်မူကြတဲ့ ရှေးရှေးကဆရာတာ်မြတ်ကြီးတွေ မိမိတို့ တပည့်တွေကို တမင် ဒကာ ဒကာမတွေနဲ့ မဟုတ်ဘဲနဲ့ ကျောင်းတိုက်ထဲမှာ (" (၅ 1။ (။ (၂ (နှ (ခ [။ _ ၂ ရဟန်းခံရှိရင် ကမ္မဝါစာ ဖတ်ပေးလေ့ရှိကြတယ်။ ဘုန်းကြီးတို့ ဝိနယသံခ်ပဲ ကျမ်းမှာ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး မိနဲ့ကြားထားတာ ရှိတယ်။
(။) ပ။ [၂ (။. { (မ န ခုနကပြောသလို လယ်တီကျောင်းတိုက်မှာ အသစ်ရောက်လာကြတဲ့ သံဃာတွေ။ နောက်ထပ် ရဟန်းခံရှိရင် ကမ္မဝါစာ ဖတ်ပေးလေ့ရှိတယ်။ သိက္ခာထပ်တင်ပေးတယ်။ အဲဒီ အလေ့အထရှိတယ်။ လယ်တီဆရာတော် ဘုရားကြီးရဲ့ ကျောင်းတိုက်မှာ သံဃာတွေဟာ အနည်းဆုံးအားဖြင့် သုံးခါ လောက်တော သိက္ခာတင်ပြီးသားချည်းပဲ 1 အဲဒါဟာ ဒကာဒကာမတွေက ခ (၂ (၂ (နှ န ဂြ ( (.) သိက္ခာထပ်ပေးတာ မဟုတ်ဘူး။ အဲ- ဆရာတော်ကြီးက သံဃာတောံံတွေကို တင်ပေးရတယ်။ ဘာဖြစ်လို့ သိက္ခာတင်ပေရတုံးဆိုတော့ ခုနကပြောသလို န (ရ {။ (၂ (၂) (ံ (မ မျူ (ရ {။
အဲ-နောက်ခေတ်ကျတော့ တချို့ကိစ္စတွေမှာ တစ်ခုခု ချွတ်ယွင်းချက်ကြောင့် ကံမမြောက်ဘဲ ရဟန်းမမြောက်တာတွေလည်း တွေ့ရ၊ သိမ်မမြောက်တာ (ရ (။) (ရ ဇ န္ဒ (။ (5 ( ပ {။ ဥ ဝ (။
တွေလည်း ရှိတယ် အဲဒ ကြောင့် ဒီလို သိက္ခာတင် အလုပ်မျိုးကို လုပ် ပေးကြရတယ်။ အဲဒါတွေကို ဆရာတော်ကြီးတွေက စီမံပေးကြတယ်။ ဘုန်းကြီးတို့ ကျေးဇူးရှင် ပထမ သပြေကန်ဆရာတော်ဘုရားကြီး (1 ဥ ၉ (5 မွ ပ [။ ဗ (ရ (၂)။ {လွ {၂ (ရှ ကလည်း တိုက်ကိုရောက်လာတဲ့ တချို့ရဟန်းသစ်တွေကို အဲဒီလုံပဲ ရဟန်း ခံရရင် ဦးပဉ္စင်းလေးတွေကို ကမ္ပဝါဖတ်ပေးလေ့ရှိတယ် ၀ဝါဖတ်ပေးတယ်။ ခံရှိရင် ဦးပဉ္စင်းလေးတွေကို ကမ္မဝါဖတ်ပေးလေ့ရှိတယ် ကမ္မ ဧ့။ န င (န ဇ။ (။ ဠာ။
အဲ- ပုနောပသမ္မဒါ တင်ပေးတယ် အဲဒ ကြောင့်မို့လို့ ဒီပုနောပသမ္ပဒ အမှုကို ပြုတယ်ဆိုတာ အထူးအဆန်းတော့လည်း မဟုတ်ဘူး။ ရှေးရှေးတုန်းက (ချ။။ (အ (၂ ပ။။"။
ဆရာတော်ကြီးတွေ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေပဲ။ ဒါတွေဟာ ဘုန်းကြီးတို့ ကျမ်းဂန်မှာအထင်အရှားရှိတယ်။ ဒါတင်မက လယ်တီဆရာတော်ဘုရား (' (။။ (။ ၈ {။ က န ကြီးများ မတိုင်မီ ရှေးအဖို့ကလည်း သိက္ခာတင်ဆိုတဲ့အမူတွေဟာ ရှိခဲ့တာပဲ။
ဘုန်းကြီးတို့ ဝိနယာလင်္ကာရ ဋီကာကျမ်းကြီးမှာ ဝိနယာလင်္ကာရ ဋီကာ ဆရာတော်ကြီး မိန့်ဆိုတာရှိ လောကမှာ ကမ္မဝါ ဖတ်၊ သိက္ခာတင်တဲ့ ကိစ္စတွေမှာ ဆရာတော်ကြီးက ဒါဟာ အပြစ်မရှိဘူး။ ကောင်းကျုံးသာ ဖြစ် (မ။ (။ (။ (မ။ (င (၂) ပ (။။
တယ်လို့ ထောက်ခံတင်ပြထားတာ ရှိတယ်၊ ယုတ္တ်အာဂုမ်တို့ ဖြင့် ထောက်ခံ {။ (။ ဗ လ (၂၂း (. (မှ တင်ပြထားတာ ရှိတယ်။ အဲဒီစကားအတိုင်းယူပြီးတော့ လယ်တီဆရာတော် ဘုရားကြီးများ မတိုင်ခင် တောင်ဖီလာဆရာတော်ကြီးကလည်း သိက္ခာ တင်တယ်ဆိုတဲ့ အစဉ်အလာရှိခဲ့တယ်ဆိုတာ ဘုန်းကြီးတို့ သိရတယ် အဲဒီမှာ တောင်ဖီလာဆရာတော်ကြီးဟာ ဝိနယာလင်္ကာရဋီကာ ဆရာတော် ကြီး၏ သိက္ခာတင်ခြင်းရဲ နိသင်ကိ်ပြ၊ တာရိတယ်။ တခါ ၊ာတင်ခြင်းရဲ့ အာနိသင်ကို ဖော်ပြထားတာရှိ ချုံ့ ကလည်း သိက္ခာတင်တာ အလကားပဲဆိုတဲ့ အယူအဆတွေက ရှိနေလေတော့ အဲဒီ အယူအဆတွေဟာ မမှန်ပါဘူး။ သိက္ခာတင်တာ အကျိုးရှိတယ်လို့ (1. ၂။ (9၂. (။
ထောက်ခံတဲ့အနေနဲ့ မိန့်ကြားတော်မူခဲ့တာ။
အဲဒီတော့ ဘုန်းကြီးတို့ အဋ္ဌကထာမှာ အဲ- ထပ်ထပ်ပြီးဆိုတာ။ (မှ (မှ (မ (။ (။ မ (၂ { ထပ်ထပ်ပြီးရွတ်တား ထပ်ထပ်ပြီးတော့ ကံပြုတာဟာ မအောင်မြင်သေးဘူး (း {။ (န။ န္က ဇ (ဤ ((' {။ (ဤ “၈ ဆိုရင် အောင်မြင်သွား။ အောင်မြင်ပြီးတဲ့ ကံဆိုရင်လည်း ဒဠီကမ္မ= မြဲမြံ (၂ ပြီ (၂ ( {။ ဂ [ဤ မျ ( (။
ခိုင်မာတဲ့အမူအဖြစ်သို့ ရောက်သွားတယ်။ ဒီလိုအကြောင်းပြတယ်။ ဒီတော့ သိက္ခာတင်ခြင်း၊ သိမ်ထပ်ခြင်းဟာ မွန်မြတ်တဲ့အလုပ်၊ မကောင်းတဲ့အလုပ် (1 (မှ န [။ (မ (1။ (ရ (1 သိပ် (ရ (ရ မဟုတ်။ ကောင်းတဲ့အလုပ်ပဲဖြစ်တယ်။ သိက္ခာတင်ပေးခြင်း၊ မ်ထပ်ခြင်းဟာ (န။. (မ (ဒ ပီ (။ [။။ ပိ (မ မွန်မြတ်တဲ့ အလုပ် မကောင်းတဲ့အလုပ် မဟုတ်။ ကောင်းတဲ့အလုပ်ပဲ (။ (။) မျှ (န (မ ၅ (၅ (ရှ (မ ဖြစ်တယ်။ သိက္ခာတင်ပေးခြင်းကြောင့် အကျိုးရှိတယ်ဆိုတာ သာသနာတော် (မွ။ (မ (။ (ရှ { (၂ (' နည်းအားဖြင့်လည်းကောင်းး လောကနည်းအားဖြင့်လည်းကောင်း ပြောနိုင် ပါတယ် ဆိုပြီးတော့ ဆရာတော်ကြီးက တင်ပြသွားတယ်။ လောကမှာ ( {။ (8 (။ န. (န (မ (မ (။ တိ ၅။
ရှင်ဘုရင်တွေဆိုတာ ရှိကြ အဲ့ဒီ ရှင်ဘုရင်တွေဟာ တစ်ကြိမ် အဘိသိက် သွင်းရုံနဲ့လည်း မပြီးဘူး။ နောက် ထပ်ကာထပ်ကာ အဘိသိက်သွင်းကြ (။ မျ ] [၂ {၂ (၉. [။ ဂြီ။ (၂၅ (၅ (။ မျု န္က။ တယ်။ နှစ်ခါ အဘိသိက်သွင်းကြ၊ သုံးခါ အဘိသိက်သွင်းကြ၊ အဲ့ဒ (။ (န။ (။ (၂ (ရ (။ ဃ (မ (၂) ဘာဖြစ်လို့ သွင်းကြတာတုံးဆိုတော့ သူ့ယုံကြည်ချက်တော့ရှိ၊ အဲ့ဒီလို (ဥ ဤ။ ( (၃ {။ (။ (1 (။ (၂ (။ (။ {း အဘိသိက်ထပ်ထပ်သွင်းခြင်းမျိုးကို ရာဇိဒ္ဓိ= မင်းတန်ခိုးတွေ တိုးတက်တယ် ဆိုပြီးတော့ အယူရှိတဲ့အတိုင်း အဘိသိက်သွင်းကြတယ်။ အဲ- အဘိသိီက်
သွင်းပြီဆိုရင်လည်း တန်ခိုးကြီးစေတတ်တဲ့ မန္တန်တွေ။ မန္တရားတွေ ရွတ်လို့ ဖတ်လို့။ တန်ခိုးကြီးစေတတ်တဲ့ အစီအမံတွေ စီမံလို့။ ဖန်တီးလို့ အဘိသိက် သွင်းကြတာ ဖြစ်သောကြောင့် အဲ့ဒီ မန္တန်တွေး မန္တရားတွေ အစီအမံတန်ခိုး တွေကြောင့် ရာဇိဒ္ဓိတွေး မင်းတန်ခိုးတွေ တိုးလာကြရတယ်။ အဲဒီတော့ ထပ်ကာထပ်ကာ အဘိသိက်သွင်းခြင်းကြောင့် အကျိုးသာ ဖြစ်တယ် အကျိုးသာ ရှိတယ်။
ဘာပဲဖြစ်ဖြစ် လောကမှာ အနေကဇာတင်ကြး မိမိတို့ကိုးကွယ် ပူဇော်တဲ့ ဥဒ္ဓိဿစေတီ။ ဆင်းတုတော်မြတ် စသည်တို့ကို အနေကဇာတင်ကြ။ ဗုဒ္ဓါဘိသေက မင်္ဂလာ အနေကဇာ တင်ပေးကြတယ်။ တစ်ခါထပ်ရုံနဲ့ အား မရဘူး။ နှစ်ခါတင်ပေးကြ၊ သုံးခါတင်ပေးကြတယ်။ အဲဒီလို အနေကဇာတွေ ထပ်တလဲလဲ တင်ပေးကြတယ်။ အဲ့ဒါကြောင့် ဆင်းတုတော် တန်ခိုးတက်ခြင်း တည်းဟူသော အကျိုးကိုရတယ်။ ထပ်ထပ်ပြီးတော့ အနေကဇာ တင်ပေး ခြင်းဖြင့် အကျိုးမယုတ်ဘူး။
ဒါတွေဟာ လောကယုတ္တိတွေ။ အဲဒီ ယုတ္တိကြောင့်ပဲ သာသနာတော်မှာ ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်တွေ ထပ်ပြီးတော့ သိက္ခာတင်ပေးတာဟာ နဂိုက အကြောင်းအမျိုးမျိုးကြောင့် ရဟန်းမဖြစ်ခဲ့ရင် ရဟန်းဖြစ်သွားတယ်။ ရဟန်း ဖြစ်ပြီးရင်လည်း အကျိုးမယုတ်ဘူး။ ဘုရားအာဏာ ကမ္မဝါသုတ် ဒေသနာ တော်မြတ်ဖြင့် အဘိသေက အဘိသိက်တင်ပေးလိုက်ခြင်းဖြင့် အဲ- ထိုအရှင်မှာ ကျန်းမာခြင်း၊ ချမ်းသာခြင်းအကျိုးကို ရနိုင်တယ် တိုးတက်စည်ပင်ခြင်း အကျိုးကို ရနိုင်တယ်။ အဲ- တရားတန်ခိုးဆိုတာ သာမန်မဟုတ်ဘူး။
အတ္တီဟိ သတ္တိ ဓမ္မဿ
ဓမ္မော နော ဗုဒ္ဓဒေသိတော။
ယေ ဓမ္မ အဘိမာနေတ္တီ)
တေဟောန္တံ့ ဥန္နတုန္နတာ။
ဓမ္မဿ= တရားတော်၏။ သတ္တိ= အစွမ်းသတ္တိသည်။ အတ္ထ္ဆီဟိအတ္တိ ဧ၀= ရှိသည်သာလျှင်တည်း။ ဘုရားရှင်ကိုယ်တော်မြတ်၏ တရားတော်မှာ သတ္တိဆိုတာ ရှိနေတယ်။ သတ္တိတွေရှိနေတယ်။ ဘာကြောင့် သတ္တိရှိသလဲ ဆိုတော့-
ဓမ္မော နော ဗုဒ္ဓဒေသိတော။
စူ င (. (၂) ပ။ ဂ န (၂ ၂ ဓမ္မော= တရားတော်ကို၊ နော= ငါတို့ဓါ။ ဗုဒ္ဓဒေသိတော= စာ (။ ပြ ပ (။ (။ (။။ န် ဘုရားရှင်မြတ်သည် ထပ်ကာထပ်ကာ ဟောကြေားတော်မူအပ်ပါပေ၏ 1 ဘုရားရှင်ကိုယ်တော်မြတ် ထပ်ကာထပ်ကာ ဟောတော်မူတဲ့ တရားတွေမို့လို့- ဓမ္မော နော ဗုဒ္ဓပူဇိတော။
( ( (ဤ (၂) (_) ဓမ္မော= တရားတော်မြတ်ကို၊ နော= ငါတို့၏1 ဗုဒ္ဓပူဇိတော= (။ (။။ နျ (။ (။ ဂံ ဘုရား ရှင်ကိုယ်တော်မြတ်သည် ကောင်းစွာထပ်ထပ် ပူဖော်အပ်ပါပေ၏။ ငူ ()။ ညု ဘ် (။ (င မြ။ (။ ပ ၂ တသ္မာ= ထို့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်သည် အဖန်တလဲလဲ (။ (။ (။ (။ {(။ (။ (။။ (။
ပူဇော်အပ်သောကြောင့် တရားတော်မြတ်သည် ပူဇော်အပ် ပူဇော်သင့် (. {၂ [ဥ။ မ ပူဇော်ထိုက်ပါပေ၏ (၂၅ (၂)။။ (။ (။ ပ ၂. (။
တသ္မာ= ထိုသို့ ဘုရားရှင်ကိုယ်တော်မြတ် ထပ်တလဲလဲပူဇော် (။ (။ ရ် (။ (။ (န။ ဤ (။ (အ န် (။. (။
အပ်သည်၏ အဖြစ်ကြောင့်၊ ထပ်တလဲလဲ ထုံမွှမ်းအပ်သည်၏ အဖြစ်ကြောင့်၊ ဤ . (၂ (။ (၂) (၂ [။
ဓမ္မဿ= တရားတော်မှန်သမျှစါ။ သတ္တိ= စွမ်းအားသတ္တိသည်။ အတ္ထ္ဆိယေ၀= (။ (၂... ] {။ (။။) (၂။
ထင်ရှားပသွေ ရှိခဲ့ပါပေသတည်း။ တရားတော်မှာ သတ္တိရှိတယ် ဘာကြောင့် ဂြ ( () (မ မျ (။. [၂ ပြ ( (။ ရ် (။ (။ (။
တုံး။ ဘုရားရှင်ကိုယ်တော်မြတ်တို့ ပူဇော်အပ်သည်၏ အဖြစ်ကြောင့်၊ ဘုရားရှင် {။ ပ (။ ('။ ၂ "မ (။ ( (။။ [ဤ။
ကိုယ်တော်မြတ် ထပ်တလဲလဲ ပူဇော်အပ်သောကြောင့် အဲဒီတရားတော်မှာ (။ (.' [၂ (။ ပ (။ ပ (။
သတ္တိရှိတယ်။ အစွမ်းရှိတယ်။ အာနဘော်ရှိတယ်။ အဲ- အာနဘော်ရှိသော (7. ကြောင့်လည်း- (. ၉) (၉. (။ . (။)။ (. (၂) ယေ= အကြင်ပုဂ္ဂိုလ်တို့သည်။ တံဓမ္မံ= ထိုတရားတော်မြတ်ကို၊ ငး (၂) (။ (။ (။ (း (( (" (။ အ ပ (. (။
တံဓမ္မံ= ထိုဘုရားရှင်ကိုယ်တော်မြတ် ပူဇော်အပ်။ အမြဲထုံမွှမ်း အပ်သော (. [၂ ဘိ (.) (။ မ္ယူ ပ ရ် ၂ င ( တရားတော်ကို၊ အဘိမာနေ့န္က်= လွန်စွာမြတ်နိးကြကုန်စါ။ တေ= ထိုဘုရားရှင် ၂. (။ (။) (ု (၂ (။ (။ (။ (( ကိုယ်တော်မြတ်ရဲ့ တရားကို မြတ်နိးကြသော ပုဂ္ဂုလ်တို့သည် တစ်ဆင့်ထက် တစ်ဆင့် မြင့်ထက်မြင့်ကား ဥန္နတုန္နတာ= မြတ်ထက်မြတ်ကြပါပေသတည်း။
(သာဓု သာဓု သာဓု)
[စစ်ကိုင်းတောင်ရိုး မင်းကွန်း တိပိဋကနိကာယကျောင်းတိုက်။ မိုးမိတ်ကုန်းမြေ။ ဒိပိဋကဓရ အရှင်ဝါယာမိန္ဒနှင့် ဒီဃဘာဏက အရှင်ဝိလာသ အရှင်မြတ် နှစ်ပါးအား မင်္ဂလာတောင်ညွန့်မြို့နယ်။ ရွှေကျင်ကျောင်း' သာသန မလဝိသောဓနီ သိမ်တော်ကြီးအတွင်း သိက္ခာထပ်အလှူခွ် ဟောကြားသော တရားတော်၊
ပဗ္ဗဇ္ဇာဘိသေကမင်္ဂလာ တရားတော်
ယနေ့ ရှင်ပြုရဟန်းခံပွဲသဘင်ကို ဆင်ယင်ကျင်းပချီးမြှောက်ကြ။ အဲ- တစ်ခါတစ်ရံ ကြံကြိုက်ရတဲ့ ထူးခြားတဲ့ အလှူဒါနကို မိမိတို့လှုကြရတယ်။ ဒီတော့ မိမိတို့သားကလေးတွေကို သာသနာ့ဘောင်မှာ သွတ်သွင်းပြီးတော့ ရှင်ဖြစ်အောင်၊ ရဟန်းဖြစ်အောင် ချီးမြွှောက်ကြရတယ်။ အမြဲပြုနိုင်တဲ့ ကုသိုလ် မဟုတ်ဘူး။ တစ်ရံတစ်ခါသာ အကြောင်းညီညွတ်မှ ပြုနိုင်တဲ့ ကုသိုလ်တွေ ဒါကြောင့်မို့လို့ ဒုလ္လဘ ကြံခဲလှတဲ့ ကုသိုလ်ကို ယနေ့ ပြုလုပ်ဆောင်ရွက်ကြတယ်။ အဲ- သံဃာတော်တွေကို ဆွမ်းလှူဒါန်းကြ။ သံဃာတော်တွေအတွက် ကျောင်းလှူဒါန်းကြ၊ သံဃာတွေကို အကြောင်းပြု ပြီးတော့ ကုသိုလ်တွေ အများကြီး ဖြစ်ကြရတယ် သံဃာဆိုတာ ဘုန်းကြီးတို့ အထူးပြောစရာ မလိုဘူး။
သံဃာတော်တွေကို အကြောင်းပြုပြီးတော့ လှူကြတန်းကြ ပူဇော် ကြတာ ဖြစ်သောကြောင့် သံဃာတော်ရဲ့ဂုဏ်တော်လေးကို နည်းနည်း ထုတ်ဖော်ပေးရတယ်။ တစ်ခါတုန်းက သိကြားမင်းကြီး နန္ဒဝန်ယျာဉ်သို့ ထွက်ခွာမလို့ ဝေဇယန္ဘာရထားနဲ့ လာတာ။ တစ်နေရာမှာ ရထားရပ်ပြီး အောက်ဘက်ကို လှည့်ပြီးတော့ လူ့.ပြည်ဘက်သို့ လှည့်ပြီးတော့ ရှိခိုးတယ်။ အဲဒီတော့ မာတလိက သူ့စိတ်ထဲမှာ ထူးထူးဆန်းဆန်း ဖြစ်နေတယ်။ တကယ်တော့ သိကြားမင်းကြီးကိုသာ လူတွေက ရှိခိုးရမှား အဲဒီ သိကြား မင်းကြီးကို အင်မတန်အထင်ကြီးနေတဲ့ မာတလိက လူတွေကသာ တို့သိကြား မင်းကြီးကို ရှိခိုးရမှာ ယခု သူက လူ.ပြည်ဘက်လှည့်ပြီးတော့ ရှိခိုးတယ်။ အဲဒါ ထူးဆန်းလွန်းလို့ သူက သိကြားမင်းကြီးကိုမေးတယ်။
တံ ဟိ ဧတေ နမသေယျံံ။
ပုတိဒေဟသယာ နရာ။
နိမုဂ္ပ ကုဏပမှေတေ။
ခုပ္ပိပါသသမပ္ပိတာ။
ပုတိဒေဟသယာ= ပုပ်သောခန္ဓာကိုယ်၌ ကိန်းအောင်းနေကြကုန် သော၊ ကုဏပမှိ= အမိ၀မ်းတည်းဟူသော အပုပ်အိုးကြီးခ်၊ နိမုဂ္ဂါ= နစ်မြုပ်ရ် နေကြကုန်သော၊ ခုပ္ပိပါသသမပ္ပိတာ= တငတ်တည်းငတ်ရွ် အငတ်က နှိပ်စက်အပ်ကုန်သော၊ ဧတေ= ထိုပုဂ္ဂိုလ်တို့သည်ကား၊ တ ထိုအရှင်သိကြားမင်းကိုး နမဿေယျံ= ရှိခိုးကြကုန်ရာသတည်း။
တကယ်တော့ လူဆိုတာ အပုပ်အိုးကြီးထဲမှာ ကိန်းအောင်နေကြ။ ပုပ်နေတဲ့ မိခင်ကြီးရဲ့ ဝမ်းထဲမှာ ကိန်းအောင်းနေကြရတယ်။ ပြီးတော့ တငတ်တည်း ငတ်နေကြတဲ့ ပုဂ္ဂိုလ်တွေဆိုပြီး မာတလိက လူတွေကိုမြင်နေတာ။1
လူတွေဆိုတာ တငတ်တည်းငတ်နေကြတယ်။ (ဟုတ်တာပေါ့)။ လူဆိုတာ ငတ်လို့ပြေနိုင်တယ်လို့ မရှိဘူး။ ဧတေ= ထိလူတွေကသား တံ= ထိုအရှင်သိကြားမင်းကြီးကို) နမဒေယျု= ရှိခိုးကြကုန်ရာစါ။ ဝါသဝ= သိကြားမင်းကြီး၊ တေသံ= ထိုလူသားတို့၏။ ကိ။ံ= အဘယ်ဂုဏ်မျိုးကို။ ပိဟယသိ= အရှင်သိကြားမင်းကြီးက ချစ်မြတ်နိုးအပ်ပါသနည်း။
ကိံနု တေသံ ပိဟယသိ၊
အနာဂါရာ န ဝါသဝ။
အာစာရံ က္ကသီနံ ဗြူဟိ
တံ သုဏောမ ဝစော တဝ။
က္ဂသီနံ= အရှင်သိကြားမင်းကြီး ရှိခိုးတဲ့ ရသေ့ရဟန်းတို့၏ 1 အာစာရံ= အကျင့်အာစာရကို။ ဗြူဟိ= မိန့်ကြားတော်မူပါဦး။ ဝါသဝ= သိကြားမင်း တဝ= သင်၏။ တံဝစော= ထိုအမိန့်စကားကို။ သုဏောမ= နာကြားခြင်းငှာ လိုလားကြပါကုန်သတည်း။
မာတလိက အရှင်သိကြားမင်းကြီးဟာ အဲဒီလိုအပုပ်သမား။ အငတ် သမား လူသားတွေကို ရှိခိုးဖို့မလိုဘူးး လူသားတွေက ရှိခိုးရမှာ ဖြစ်ပါတယ်။ ယခုလည်း ကသိ= ရဟန်းသံဃာတွေ ဘယ်လိုအကျင့်မျိုးကို နှစ်သက်မြတ်နိုး နေလို့ ရှိခိုးရပါသတုံး။ အဲဒီ အချက်အလက်ကို ကျွန်တော်မျိုးကို မိန့်ကြား ပါလို့ တောင်းပန်ပါတယ်လို့ လျှောက်ထားတယ်။
ဒီတော့ သိကြားမင်းကြီးက သူရှိခိုးတဲ့ ရဟန်းတော်တို့ရဲ့ ဂုဏ်တော် တွေကို ပြောပြတယ်။
ယမှာ ဂါမာ ပက္ကမန္တ်ါ အနပေက္ခာ ဇဇန္က်ေတေ။
ရဟန်းတို့မှာ မိမိနေတဲ့နေရာကလေးက ခွာခဲ့ခွဲခဲ့ရသည်ရှိသော် ငဲ့ကွက် တွယ်တာခြင်းကင်းပြီး စိတ်လွတ်ကိုယ်လွတ် က္ပြနိုင်။ ခွဲခွာနိုင်တော်မူကြတယ်။ နတေသံ ကောငဋ္ဌေ သြပေန္တ်ါ နကုမ္ဘိ နကဠောပိယံ။
ပရိနိဌိတမေသနာ။
တေန ယာပေန္တ် သုဗ္ဗတာ။
ကျီတွေနဲ့ စပါးတွေဘာတွေ သိုလှောင်ထားမှုလည်း မရှိဘူး။ အိုးထဲမှာလည်း ပစ္စည်းတွေ သိုလှောင်ထားတာလည်းမရှိဘူး။ ခြင်းတောင်း ထဲမှာလည်း ပစ္စည်းတွေ သိုလှောင်ထားတာလည်း မရှိဘူး ပရနိဋ္ဌိတံ= သူတစ်ပါးတို့ ချက်ပြုတ်ပြီးသားလေးတွေကို၊ ဧသနာ= ရှာဖွေအလှူခံ ပြီးတော့ သုဗ္ဗတာ= ကောင်းသောအကျင့် ရှိကြကုန်သော၊ တေ= ထိုအရှင် မြတ်တို့သည်။ တေန= ထိုအလှူခံရှာရသမျှဖြင့်' ယာပေန္တံ= မျှတတော်မူ ကြလေကုန်၏ / သူတစ်ပါး ချက်ပြုတ်ထားတဲ့ ဆွမ်းကလေးတွေ ရတတ် သမျှနှင့် မျှတကြတယ်။
သုမန္တ မန္ကေနာ ဓီရား တုဏှီဘူတာ သမဉ္စရာ။
ဒေဝါဝိရုဒ္ဓ အသူရေဟိ။ ပုထုမစ္စာစ မာတလိ အရှင်မြတ်တွေဟာ အချင်းချင်း ကောင်းမြတ်တဲ့ အတိုင်အပင်တွေ ကိုသာ တိုင်ပင်ပြီးတော့ နေကြတယ်။ စကားလည်း သိပ်များကြတာမဟုတ်ဘူး။ တိတ်ဆိတ်ပြီးတော့ တရားအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေ။ ညီညွတ်သင့် မြတ်တဲ့ အကျင့်ဓမ္မတွေကို ကျင့်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ နတ်တွေဆိုတာလည်း အသူရာတွေနဲ့ ရန်ဖြစ်နေကြတယ်။ များစွာသော လူအပေါင်းတို့မှာလည်း အချင်းချင်း ရန်ဖြစ်နေကြတယ်။ အဝိရုဒ္ဓါ ဝိရုဒ္ဓေသု အတ္တဒဏ္ဍေသု နိဗ္ဗုတာ
သာဒါနေသု အနာဒါနာ
တေ နမဿာမိ မာတလိ
အဲဒီ ရန်ဖြစ်နေတဲ့ ပုဂ္ဂိုလ်အပေါင်းတို့တွင် ရဟန်းတော်တွေဟာ ရန်မဖြစ်ကြဘဲ အချင်းချင်းမေတ္တာထားကြ။ ကရုဏာထားကြ။ မုဒိတာပွားကြ ပြီးတော့နေတဲ့ ပုဂ္ဂိုလ်တွေ။ တုတ်ဆွဲဓားကိုင် ပုဂ္ဂိုလ်အပေါင်းတို့တွင် ရဟန်းတော်တွေဟာ ထိုအမှုမျိုးတွေငြိမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေ စွဲလမ်းခြင်း မကင်းတဲ့ ပုဂ္ဂိုလ်တို့တွင် စွဲလမ်းခြင်းကင်းနေကြတဲ့ ပုဂ္ဂုုလ်တွေ။ အဲဒီ ပုဂ္ဂိုလ် ရဟန်းတော်တွေကို ငါရှိခိုးခြင်းပဲ မာတလိလို့ ရဟန်းတော်တွေကို ရှိခိုးတဲ့အကြောင်းကို သိကြားမင်းကြီးက မာတလိကို ပြောခဲ့တယ်။
မာတလိကတော့ သံဃာတော်တွေရဲ့ ဂုဏ်တွေကိုသိတာ မဟုတ်ပါ ဘူး။ သံဃာတော်တွေနဲ့ ရင်းနှီးမှုလည်း ရှိတာမဟုတ်ဘူး။ သိကြားမင်းကြီး ဆိုတာကတော့ ဘုရားအကြောင်းသိ၊ တရားအကြောင်းသိ၊ သံဃာအကြောင်း သိ၊ အဲဒါကြောင့်မို့လို့ တစ်ခါတစ်ရံ နန္ဒဝန်ဥယျာဉ်တော်ကြီး ထွက်တဲ့အခါ ရထားပေါ်ကဆင်းပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို ရှိခိုးတဲ့အခါလည်း ရှိတယ်။ ရဟန်းသံဃာတော်တွေကို ရှိခိုးတဲ့အခါလည်း ရှိတယ်။ ဒါတွင်မက လူတွေကိုတောင် ရှိခိုးတဲ့အခါမျိုးလည်း ရှိလိုက်သေးတယ်။
ယေ ဂဟဋာ ပုညကရာ။
သီလ၀န္အော ဥပါသကာ
ဓမ္မေန ဒါရံ ပေါသေန္တ်။
တေ နမဿာမိ မာတလိ
တစ်ခါတုန်းက အဲဒီလိုပဲ လူ.ပြည်ကိုလှမ်းပြီးတော့ ရှိခိုးနေတော့ မာတလိက မေးဖူးတယ်။ ဘယ်သူ့ကိုများ ရှိခိုးနေတုံး သိကြားမင်းကြီးလို့ မေးတော့-
ယေ ဂဟဋ္ဌာ= အကြင်လူတို့သည်။ ပုညကရာ= ကောင်းမှုကိုပြုကြ ကုန်စါ / သီလဝန္အော= ကိုယ်ကျင့်သီလ ရှိကြကုန်စါ။ ဥပါသကာ= ရတနာ သုံးပါးကို ကိုးကွယ်ဆည်းကပ်ကြကုန်၏ ဓမ္မေန= တရားသဖြင့်၊ ဒါရံ= သားမယားကို၊ ပေါသေန္တီ= ကျွေးမွေးလုပ်ကျွေးကြလေကုန်စါ [1 တေ= ထိုကဲ့သို့ သူတော်ကောင်းဖြစ်ကြတဲ့ လူကောင်း လူမြတ်တို့ကို အဟံ=
ငါသိကြားမင်းသည်။ နမဿာမိ= ရိုသေမြတ်နိုး လက်စုံမိုး ရှိခိုးကန်တော့ခြင်း ဖြစ်ပါပေတော့သတည်း။
တစ်ရံတစ်ခါ တရားရှိတဲ့ လူတွေကိုတောင် သိကြားမင်းက ရှိခိုး သေးတယ် တကယ်တော့ လူတွေဆိုတာ ကိုယ်ကတရားရှိရင် သိကြားမင်းကြီး ရှိခိုးတာတောင် ခံရတယ်။ ခုတော့လူတွေက သိကြားမင်းကို ရှိခိုးနေလိုက် ကြတာ။ နတ်တွေကို ကိုးကွယ်နေလိုက်ကြတာ။ အဲဒါကြောင့်မို့လို့ တစ်ခါ တစ်ခါတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိပေမဲ့ တန်ဖိုးမထားနိုင်တဲ့အခါလည်း ရှိကြသေးတယ်။ ယခုပြောချင်တာက သံညာ့ဂုဏ်ကို သိကြားမင်းက သိတယ်။ မာတလိက မသိဘူး သိကြားမင်းက သိတော့ ရှိခိုးတယ်။ မာတလိက မသိတော့ လူတွေကို ရှိခိုးနေတာကို ထူးဆန်းနေသလိုဖြစ် နေတယ်4 သူ့.အထင်က သိကြားမင်းကြီးဟာ တန်ခိုးအကြီးဆုံးမို့လို့ လူတွေကသာ သိကြားမင်းကြီးကို ရှိခိုးရမှာ သိကြားမင်းက လူတွေကို ရိခိုးဖို့ မလိုဘူး သံဃာတွေကိုလည်း ရိခိုးဖို့ မလိုဘူး။ အဲဒါကို သိကြား မင်းကြီးက သူ့အထင်အတိုင်း မဟုတ်ဘူး။ ရှိခိုးထိုက်တယ်ဆိုတာ သူနား လည်အောင် ရှင်းပြတယ်။
ယနေ့ အလှူရှင်တွေး လှူကြ၊ တန်းကြ၊ ပူဇော်ကြတယ်။ အဲဒီ ပူဇော်ကြတဲ့ ကုသိုလ်တွေဟာ သိကြားမင်းကြီးလို ပုဂ္ဂိုလ်တွေက ရှိခိုးခံ ရလောက်တဲ့ ကုသိုလ်တွေ၊ ယနေ့ သံဃာတော်တွေကိုလည်း ပူဇော်ကြတယ်။ ယနေ့ ဝေါမြို့က သုခိတာရုံ ဆရာတော် ဦးဉဉာဏိဿရကို သိက္ခာထပ်တယ်။ ပုနောပသမ္ပဒါခေါ်တဲ့ သိက္ခာတင်မှု ကုသိုလ်ထူးကို ပြုရတယ်။ ဆရာတော် ဦးဉာဏိဿရဆိုတာကတော့ အထူးပြောစရာမရှိဘူး။ တိုက်တာတစ်ခုကို အုပ်ချုပ်ပြီးတော့ စာသင်သားတွေကို စာပေပို့ချပြီးတော့ သာသနာ့တာ၀န်ကို အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ ဆရာတော် တစ်ပါးမို့လို့ အဲဒီ ဆရာတော်ကို ယခုလို သိက္ခာတင်ပြီးတော့ ပူဇော်ကြခြင်းဟာ မွန်မြတ်တဲ့ ပူဇော်ခြင်းပဲ။
အဲဒီလို ယခုသာသနာတော်သို့ ရောက်လာအောင် မိမိတို့ရဲ့သား။ မြေးကလေးတွေကို ရဟန်းဖြစ်အောင်။ ရှင်အဖြစ်သို့ရောက်အောင် ဆောင် ရွက်ပေးရတာလည်း သံဃာ့ပူဇာတစ်မျိုးပဲ အဲဒီတော့ ဘုန်းကြီးတို့ သာသနာ
တော်မှာ ရဟန်းဖြစ်တယ်ဆိုတာ စောစောတုန်းကတော့ ဧဟိဘိက္ခူ ဆိုတဲ့ ရဟန်းအဖြစ်နဲ့ ရဟန်းဖြစ်ကြတာ။ အဲဒီနောက်ကျတော့ ဘုရားရှင်ကိုယ်တော် မြတ်က သာသနာပြုဖို့ရာမှာ အင်အားလိုနေတော့ ရဟန်းတော်တွေကို သာသနာပြုလွှတ်ရတယ်။ သာသနာပြုလွှတ်ရတော့ အဲဒီသာသနာပြု အရှင် မြတ်တွေဟာ သာသနာပြုသွားကြတော့ ရှင်ပြုမည့် ပုဂ္ဂိုလ်တွေကို ဘုရားရှင်ထံ ခေါ်လာခဲ့ကြတယ်။ ရဟန်းပြုရမည့် ပုဂ္ဂုုလ်တွေကိုခေါ်လာခဲ့နဲ့ ဘုရားထံသို့ ချည်းပဲ ခေါ်ခေါ်လာရတော့ ရှင်လောင်း။ ရဟန်းလောင်းတွေကလည်း ပင်ပန်းကြ သာသနာပြုရဟန်းတော်တွေကလည်း ပင်ပန်းကြတော့ ဘုရားရှင် ကိုယ်တော်မြတ် က-
တုမေဝ ဘိက္ခဝေ ဒါနိ တာသု တာသု ဒီသာသု
တေသု တေသု ဇနပဒေသု ပဗ္ဗာဇေထ။ ဥပသမ္ပာဒေထ။
ချစ်သားတို့၊ နောက်ကို ဒီရှင်လောင်း။ ရဟန်းလောင်းတွေကို ငါဘုရားဆီကို မခေါ်လာခဲ့ကြနဲ့။ သင်တို့ကိုယ်တိုင်ပဲ ရှင်ပြုပေးကြ၊ ရဟန်း ပြုပေးကြလို့ ခွင့်ပြုတော်မူခဲ့တယ်။ အဲဒါနဲ့ နည်းလေး ဘုရားရှင်ကိုယ်တော် မြတ် ပေးတော်မူခဲ့တယ်။ ဘယ်လိုပြုပေးရမယ်ဆိုတာပေါ့ 1
ဆံမုတ်ဆိတ်ကိုပယ်၊ သင်္ကန်းဝတ်ပေး။ ဝတ်ပေးပြီးတော့ ရဟန်းတော် တို့ရဲ့ ခြေတော်တို့ကို ရှိခိုးစေပြီးတော့ (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံဂစ္ဆာမိ။ ဒုတိယမ္ပိ တတိယမ္မိ) ဆိုပြီးတော့ ရှင်ပြုပေးကြ။ ရဟန်းပြုပေးကြဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် ခွင့်ပြုတော်မူခဲ့တယ်။
အဲဒီအခါကစပြီးတော့ သရဏ ဂမဏူပ သမ္ပဒါဆိုတဲ့ သရဏဂုံဖြင့် ရဟန်းပြုတဲ့အဖြစ်ပေါ်လာ။ အဲဒါနဲ့ ရဟန်းဖြစ်သွား။ ရှင်ကလည်း သရဏဂုံ သုံးပါးပဲ ရဟန်းလည်းပဲ သရဏဂုံပဲ။ အဲဒီအခါက ရဟန်းအဖြစ်သို့ ရောက် ကြရတယ်။ သရဏဂုံသုံးပါးဆိုတော့ လူနဲ့ဘာထူးမှာလဲလို့ ထင်စရာရှိတယ်။ ရှင်သရဏဂုံနဲ့ ရဟန်းသရဏဂုံက ထူးပါတယ်။ လူကတော့ ဘာပရိကံမှ ပြုစရာမလိုဘူး။ ဗုဒ္ဓံသရဏံဂစ္ဆာမိ စသည် သုံးကြိမ်သုံးခါ လိုက်ဆိုလိုက်ရင် သရဏဂု တည်သွားတယ်။ ဥပါ သကာ၊ ဥပါသိကာ ဖြစ်သွားကြတယ် အဲဒါ ထူးခြားမူတစ်ခုပဲ။ ရှင်သရဏဂုံ) ရဟန်းသရဏဂုံဆိုတာက အဲဒီအခါက ထူးခြားချက်ရှိတယ်။ ကိုရင်တွေ သင်္ကန်းဝတ်တဲ့အခါ ကြားနေတဲ့အတိုင်း
ပီပီသသရွတ်ဆိုရတယ်4 မပီသရင် ရှင်မဖြစ်။ ရဟန်း မဖြစ်ဘူး။ ဒါနဲ့ သရဏဂုံဆိုတာနဲ့လည်း ပြီးတာမဟုတ်ဘူး။ ဆံချရတယ်။ ဆံပင်ကြီးနဲ့ ရှင်မဖြစ်ဘူး။ ဦးပဉ္စင်း မဖြစ်ဘူး
အဲဒီလိုပဲ ဆံချရတယ် သင်္ကန်းဆင်မြန်းရတယ်/။ ခေါင်းတုံးတုံးရ တယ်ဆိုတဲ့ လိဂ်အသွင်အပြင်ကို မယူဘဲနဲ့ သရဏဂုံ မဆိုရဘူး။ အဲဒီ အသွင်အပြင်ရှိပြီးမှ ဆိုရတယ်4 ဒါမှ ရဟန်းဖြစ်တယ်။ ရှင်ဖြစ်တယ်။ ဒါကြောင့် လူ့သရဏဂုံနဲ့ မတူဘူး။ လူ့.သရဏဂုံထက် ရှင်သရဏဂုံက ပိုထူးခြားတယ်။ ရဟန်းသရဏဂုံကလည်း ထူးခြားတယ် အဲဒါကြောင့် ရှင်ရဟန်းအဖြစ်ဆိုတာ အင်မတန် မွန်မြတ်တယ်။ မွန်မြတ်လို့ပဲ ပုဂ္ဂိုလ် တစ်ယောက်ဟာ ယနေ့ ရဟန္တာဖြစ်သွားပြီဆိုရင် ရဟန္တာအဖြစ်နဲ့ လူ့အသွင် မျိုးနဲ့ နေလို့မဖြစ်ဘူး။ လူ့အသွင်က ရဟန္ဘာဆိုတဲ့ဂုဏ်ကြီးကို မဆောင်နိုင် ဘူး။ ရှင်အဖြစ်ဆိုတဲ့ သင်္ကန်းဝတ် ခေါင်းတုံးတုံးတဲ့ အသွင်အပြင်ကလေး ကမှ ဆောင်ထားနိုင်တယ်။
အဲဒီ အသွင်အပြင်ရဲ့ တန်ခိုးး သီလ၊ သိက္ခာရဲ့တန်ခိုး။ အဲဒီတန်ခိုး တွေကြောင့် ဒီကိုရင်ကလေးတွေဟာ နတ်လူဗြဟ္မာတို့ရဲ့ ရှိခိုးမှု၊ ပူဇော်မှုကို ခံထိုက်တယ်။ ထိုနေ့ဖြစ်တဲ့ ရဟန်းကလည်း ခံထိုက်တယ်။ ဟိုအခါက သရဏဂုံသုံးပါးနဲ့ ရှင်လည်းဖြစ်၊ ရဟန်းလည်းဖြစ်ကြတော့ နောင်အခါ ဘုရားရှင်ကိုယ်တော်မြတ်က သရဏဂုံသုံးပါးအစား ရဟန်းတော်အတွက် ဥ တ္တိစတုတ္ထကမ္မဝါစာဆိုတဲ့ ကမ္မဝါစာနဲ့ ရွတ်ဖတ်ပြီးတော့ ရဟန်းအဖြစ်သို့ ရောက်ကြရတယ်။ ဥပသမ္မဒကံဆောင်ဖို့ ခွင့်ပြုတော်မူခဲ့တယ်။ ဒါကြောင့်မို့လို့ ရှင်အဖြစ် ရဟန်းအဖြစ်ကို မွန်မြတ်တဲ့အဖြစ်တွေမို့လို့ လူနတ်ဗြဟ္မာတို့၏ ။ ရခးခံထိုက်တဲ့ အသွင်အပြင် သိက္ခာဂုဏ်တွေနဲ့ ပြည့်စုံနေတြတာမိုလို သံဃာရဲ့ ဂုဏ်ဟာ မနည်းဘူး အဲဒီ သံဃာရဲ့ ဂုဏ်တွေကို ယနေ့ မိမိတို့ ပူဇော်ကြရတယ်။
ဒီတော့ ဘုန်းကြီးတို့ ကိုရင်လေးတွေမှာရော။ ရဟန်းတော်တွေမှာရော ဘာအရေးကြီးတုံးဆိုတော့-
သကလဝင္ရ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ
သစ္ဆိကရဏတ္ထာယ။
နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အရေးကြီးတယ်။ သူတို့ရဲ့ ရည်ရွယ် ချက်လည်း ဒါပဲ၊
ဘန္တေ သံသာရ ဝဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစတိ။
သူတို့ရဲ့ ရည်ရွယ်ချက်ဟာ နိဗ္ဗာန်ပဲ။ သံသရာ၀ဋ်မှ လွတ်ဖို့။ နိဗ္ဗာန်ကို မျက်မှောက်ပြုကြဖို့ အဲဒါကြောင့် လူ.ရည်ရွယ်ချက် ရဟန်းရည်ရွယ်ချက်။ သာမဏေတို့ရဲ့ ရည်ရွယ်ချက်ကလည်း ဒါပဲ။ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ခေါ်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်ရောက်ကြဖို့ချည်းပဲ။ ရဟန်းတွေမှာလည်း ဒီပန်"တိုင်ရောက်မှ သာသနာ တော်မှာ နေရကျိုးနပ်တယ် လူတွေလည်းအတူတူပဲ။ ဒီတော့ ရဟန်းတော် တွေရဲ့ လမ်းဆုံးဟာ လူတွေရဲ့လမ်းဆုံး၊ ဘာလဲ အရဟတ္တမဂ်။ အရဟတ္တဖိုလ် ဒါပဲ။ တစ်နေ့ကျတော့ နောက်ဆုံးပန်းတိုင် ရောက်ကြမှာ။ မရသေးသမျှ ကြိုးစားရမှာပဲ။
သာသနာတွင်းဘက်ကနေပြီး ရဟန်းတော်များက ကြိုးစားကြ1။ ဒကာ ဒကာမတွေက သာသနာအပြင်ဘက်ကနေပြီး အပြင်ဘက်က စာပေနဲ့
သာသနာတော်က လွတ်ထွက်သွားတယ်ဆိုလိုတာမဟုတ်ဘူး။ သရဏဂုံသုံးပါး
ခံယူကတည်းက စပြီးတော့ သာသနာတော်တွင်းကို ရောက်နေကြတာ။ အဲဒါ ယခုလို ကြိုးစားကြခြင်းပဲ။ ပန်းတိုင်ရောက်အောင်တော့ လူတွေရော။ ရဟန်းတွေပါ လှမ်းကြရမှာ။ ယနေ့ ကုသိုလ်တွေဟာ အဲဒီပန်းတိုင်ရောက်ဖို့ အကြောင်း ကောင်းမြတ်တဲ့ ကုသိုလ်တွေ ဖြစ်ကြရတယ်။
အဲဒီတော့ ယနေ့ပြုကြတဲ့ ကုသိုလ်တွေဟာ ပဒေသာပင်ကြီး စိုက် လိုက်ခြင်းပဲ။ ယနေ့ပြုကြတဲ့ ကုသိုလ်တွေဟာ စိန္တာမဏိ ပတ္တမြားရတနာ ကြီးလို့လည်း ဆိုရတယ်။ အဲဒီတော့ ယနေ့ ရှင်ပြုရဟန်းခံပူဇာသဘင်ကြီးဟာ စိန္တာမဏိပတ္တမြားရတနာကြီးနဲ့လည်း တူတယ် ပဒေသာပင်ကြီးနဲ့လည်း တူတယ်။ အဲဒီလိုတူနေတော့ မိမိတို့မှာ ခေတ်က ပြည့်စုံမယ် စိတ်ကလည်း ပြည့်စုံမယ်ဆိုရင် ကောင်းကျိုးချမ်းသာကို ရနိုင်တာပဲ။ လိုချင်တဲ့ ကောင်းကျိုး ချမ်းသာတွေ ရနိုင်တယ်။ ယနေ့ မိမိတို့မှာ ခေတ်ကလည်း ပြည့်စုံတယ်။ တကယ့်သာသနာကြီးမှာ လှူရတာမို့လို့ ခေတ်ကလည်း ပြည့်စုံနေတယ်။ စိတ်ကလည်း မိမိတို့မှာ သောမနဿတွေဖြစ်ကြ၊ နှစ်သက်ကြ။ ဝမ်းမြောက်
ကြတယ် ဥဉာဏသမ္ပယုတ်ကုသိုလ်တွေ ဖြစ်ခြင်းဟာ စိတ္တသမ္ပတ္တိ= စိတ်နဲ့ ြည့်စုံတယ်လို့ ဆိုရတယ်။
ဒါကြောင့် ယနေ့ကုသိုလ်ဟာ စိန္တာမဏိ ပတ္တမြားရတနာနဲ့လည်း တူတယ်။ အလိုခပ်သိမ်းကို ပြည့်စုံစေတတ်တဲ့ ပဒေသာပင်ကြီးနဲ့လည်း တူတယ်။ ဒါကြောင့် ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပွားစေမည့် အလှူ တော်ကြီးကို တို့ပူဇော်လှူဒါန်းရပြီလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်သော စိတ်ထားဖြင့် မိမိတို့ရဲ့ကုသိုလ်ကို မေ့မပစ်ကြဘဲနဲ့ ထပ်ကာထပ်ကာ ဆင်ခြင် ပေးခြင်းဖြင့် ကုသိုလ်တွေ ထပ်တလဲလဲတိုးပွားအောင် ကြိုးစားနိုင်ဖို့ အရေး ကြီးတယ်4။ ယနေ့ပြုရတဲ့ ကုသိုလ်တွေထဲမှာ ကျောင်းအလှုကလည်းပါ တယ်။ ကျောင်းအလှူဆိုတာက နိဗဒ္ဓပုည ထာဝရကောင်းမှုဖြစ်လို့ မိမိတို့ ကျောင်းတော်ကြီးကို မြင်ရတိုင်း အမြဲတမ်း ကုသိုလ်တွေ တိုးပွားအောင် ဆောင်ရွက်ပေးနေရမှာပဲ။
ဒါကြောင့် အဲဒီ ကုသိုလ်တွေကို မေ့မပစ်ဘဲနဲ့ ထပ်ကာထပ်ကာ အောက်မေ့ခြင်းဖြင့် စာဂါနုဿတိပွားပြီး ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။။
သာသနာ့နုဂ္ဂဟတရားတော် (ဦးကျော်ခင်မြင့် ဒေါ်ခင်ခင်စိန်-အလှူ)
ယနေ့ ထူးခြားသော သာသနာနဂ္ဟ ဓမ္မာနဂ္ဂဟ ဥပသမ္ပဒသဘင် ဆင်ယင်ကျင်းပ ပူဇော်ကြတယ်။ သာသနာတော်ကို ကြီးပွားအောင်။ တိုးတက် အောင်၊ စည်ကားအောင် ဆောင်ရွက်ကြဖို့။ ပြုစုကြဖို့။ စောင့်ရှောက်ကြဖို့ မိမိတို့မှာ တာဝန်ရှိကြတယ်။ တာဝန်ရှိကြတဲ့အတိုင်း တာဝန်သိသိနဲ့ သာသနာတော်ကို စောင့်ရှောက်ကြတဲ့ ပုဂ္ဂိုလ်တွေ စောင့်ရှောက်ကြတယ်။ ဘုန်းကြီးတို့ မြန်မာပြည်သာသနာတော်ကြီးဟာ ထွန်းကားနေတယ်ဆိုရတယ်။ အဲဒီလို ထွန်းကားနေတာဟာ ဒကာ ဒကာမတွေက တာဝန်သိကြလို့ တာဝန်သိသိ ကြိုးစားကြလို့ သာသနာတော်ကြီးဟာ ထွန်းကားနေတယ်။1
သာသနာတော်ကြီး ထွန်းကားအောင် ဘာကိုအခြေခံပြီး ကြိုးစားရ မတုံးဆိုတော့ တရားတော်တွေပဲ။ ခုနပြောခဲ့သလို ဗုဒ္ဓသာသနာတော်ကြီးဟာ ဘုရားစစ်။ ဘုရားမှန် ] အဲဒီဘုရား မပျောက်အောင် ကြိုးစားဖို့ အရေးကြီးတယ် တရားတွေကလည်း တရားစစ် တရားမှန် အဲဒီတရား မပျောက်အောင် ကြိုးစားဖို့ အရေးကြီးတယ် သံဃာကလည်း သံဃာစစ် သံဃာမှန်၊ အဲဒီ သံဃာမပျောက်အောင် ကြိုးစားဖို့ အရေးကြီးတယ် အဲဒီလိုအရေးကြီးတဲ့ အတိုင်း အရေးကြီးတဲ့ တာဝန်ကို ကြိုးစားကြတဲ့နေရာမှာ ဘုန်းကြီးတို့ မြန်မာပြည်ဖွား ဘုရားတပည့်သား ဒကာ ဒကာမတွေမှာ အင်မတန် တာဝန် ကျေကြပါတယ်။
ယနေ့ ဒကာ ဦးကျော်ခင်မြင့်နှင့် ဒကာမ ဒေါ်ခင်ခင်စိန်တို့ အဲဒီလို သူတို့တရားအပေါ်မှာ အင်မတန်မှ အလေးအမြတ်ပြုကြတယ်။ အိမ်မဲမြို့ အောင်သိပ္ပံ ပရိယတ္တိ စာသင်တိုက်ကြီးရဲ့ အမြဲတမ်းသာသနာပြု ဒကာ ဒကာမတွေ ကပ္ပိယ ဒကာ ဒကာမတွေး အထူးသဖြင့် တရားတော်ကို ချီးမြောက်ခဲ့ကြတယ်။ နောင်လည်းပဲ တတ်နိင်သမျှ တရားတော်တွေ
ချီးမြွောက်ခဲ့ကြတယ်။ အဲဒီတရားတော်တွေအပေါ်မှာ လေးစားတဲ့။ တရား အပေါ်မှာ ကြာရှည်တည်တံ့စေချင်တဲ့ ဆန္ဒအလို အဲဒီစိတ်က ထက်သန်နေတော့ ယနေ့ ဤပဗ္ဗဇ္ဇဥပသမ္ပဒသဘင်မင်္ဂလာပွဲ ဆင်နွဲကျင်းပကြ တဲ့အခါသမယ မှာလည်း ဦးပဉ္စင်းလေးတစ်ပါး။ ဦးအသောကဆိုတဲ့ ဦးပဉ္စင်းလေး တစ်ပါး ရဟန်းအဖြစ်သို့ရောက်အောင် ဆောင်ရွက်စေပြီးတော့ အဲ- မိမိတို့အဖွဲ့ ဒုလ္လဘအဖွဲ့ကို အကျိုးရှိအောင် ဆောင်ရွက်သွားတာ အင်မတန် ဝမ်းသာစရာ ကောင်းတယ်
သာသနာတော်မှာ ဒုလ္လဘဆိုတာကတော့ ခဏတဖြုတ် သာသနာ တော်မှာ နေကြတာမို့မဟုတ်လို့။ အဲ- နေတဲ့အခိုက် ကုသိုလ်ရရုံး သီလလည်း ရှိရ သမာဓိလည်း ရှိရုံး ပညာလည်း ရှိရုံး ကုသိုလ်လည်း ရရုံပဲ။ တကယ် သာသနာ ကြီးပွားဖို့။ တိုးတက်ဖို့ အရေးကျတော့ ဒီမျှနဲ့ သာသနာတော် မကြီးပွားနိုင်သေးဘူး။ သာသနာတော်မှာ ကြာမြင့်စွာနေပြီးတော့ ပရိယတ်။ ပဋိပတ်တာဝန်တွေ ထမ်းဆောင်ပြီးတော့ ကြိုးစားနေကြတဲ့ သာသနာ့အာဇာနည် သူရဲကောင်းလေးတွေဖြစ်မှ။ တိုးပွားမှ သာသနာတာ်ကြီး ထွန်းကားလာ နိုင်တယ်။ ကြီးပွားလာနိုင်တယ်။ အဲဒါတွေကို ကောင်းကောင်းသိကြတဲ့ အလှူရှင်တွေမို့လို့ မိမိတို့မြတ်နိုးတဲ့ အရှင်အသောက ရဟန်းတော်လေးကို သာမဏေလေးကို ရဟန်းအဖြစ်သို့ရောက်အောင် ကြိုးစားပေးကြတယ်။ ကြိုးစားပေးပြီးတော့ မိမိတို့ ဒုလ္လဘရဟန်းခံပွဲကို အကျိုးရှိအောင် ဆောင်ရွက် သွားကြတာကို အထူးဝမ်းသာစရာ ကောင်းပါတယ်။
အဲ- လောကမှာ အဲဒီလို တကယ်သာသနာကြီးပွားဖို့ဟာ အဲဒီလို သာသနာပြု။ သာသနာ စောင့်ရှောက်ကြမည့်။ သာသနာပြုကြမည့် သာသနာ့ အာဇာနည်လေးတွေ များများထွန်းကားလာမှ သာသနာတော်ကြီးဟာ တိုးတက်မှာ။ ကြီးပွားမှား စည်ကားမှာ။ အဲဒီ တရားတော်တွေ ထင်ရှားရှိ နေတဲ့ အရှင်မြတ်တွေကို ပူဇော်ရတာလည်း အင်မတန် အကျိုးရှိသော ပူဇော်ခြင်းဖြင့် ပူဇော်ရတယ်။
ဒီနေ့ တိပိဋကဆရာတော် ဦးသုမင်္ဂလတို့ တရားတွေ မနည်းဘူး။ အဲ- ဆရာတော့်သန္တာန်မှာ ရှိနေတဲ့ တရားတွေကို ပူဇော်လို့ နိုင်မှာမဟုတ်ဘူး။ တိပိဋက ပြန်တော်မူတုန်းက ရတဲ့တရားတွေး နောင်အခါ အကြောင်းအား
လျော်စွာ ရတဲ့တရားတွေ မနည်းဘူးဘဲ။ အဲဒီ မထေရ်မြတ်တွေ အဲဒီ မဟာဂန္ဓာရုံတိုက်ကြီးဟာ နောက်ပေါ်ထွန်းလာဖို့ဟာ အများကြီး ရှိတယ် အများကြီး ရှိတယ် အရှင် အသောကတို့လို ထူးခြားတဲ့ ဦးပဉ္စင်းလေးတွေ နောင်အခါပေါ်ထွန်းလာမယ်။ အဲဒီ ဦးပဉ္စင်းလေးကို ယနေ့ ရဟန်းခံပေး ပြီးတော့ ရဟန်းအဖြစ်သို့ရောက်အောင် ဆောင်ရွက်ပေးပြီးတော့ ချီးမြှောက် ခြင်းဟာ ကောင်းသော ချီးမြှောက်ခြင်းး ဒါမှ သာသနာ တကယ်တိုးပွားတဲ့ ချီးမြှောက်ခြင်း ပူဇော်ခြင်းမျိုး။ အဲ- သာသနာမှာ အဲဒီလို သုတ္တန်ဝိနည်း။ အဘိဓမ္မာတရားတွေ ဆောင်ကြမည့် နောင်အခါ အဆက်ဆက်မပျက်အောင် ဆောင်ရွက်သွားကြမည့် ပုဂ္ဂိုလ်တွေများမှ သာသနာကြီးပွားမှာ။ တိုးတက်မှာ။
အဲ- ဖိတ်စာမှာ တွေ့လိုက်တယ်။ အဲ- သားအရင်းပမာ စောင့်ရှောက် ဖို့ရာ ရဟန်းခံပေးဖို့ သဘောမျိုး သက်ရောက်မယ်။ အဲဒီ သားအရင်းပမာဆိုတဲ့ အသုံးလေးကိုက အတော်လေး ယဉ်ကျေး။ အတော်လေး အဓိပ္ပာယ်ရှိတယ်နော်။ လောကမှာ သားရင်းပမာ မိမိတို့ရဟန်းလေးတွေကို ပူဇော်ကြ ချီးမြှောက် ကြခြင်းဟာ နောင်ရေးအတွက် သာသနာတော် ကြီးပွားရာမှာ အားဆေး တစ်မျိုးပဲ။ ဒါကို ဘုန်းကြီးတို့ ကျမ်းဂန်မှာ ပိတ္ညပါတာပစယနလို့ ခေါ်တယ်။ ဆွမ်းကို ပူဇော်မှု။ ဆွမ်းကို တုံ့ပြန်ပူဇော်မှု ကြားဖူးကြမှာပေါ့
ဒကာမကြီးတစ်ယောက်၊ အရှင်အယျမိတ္တမထေရ်ကို ပြုစုနေတဲ့ ဒကာမကြီးတစ်ယောက်။ သားအမိနစ်ယောက်၊ စောစောကနေ ဒကာမကြီးက သူ့သမီးကို မှာတယ်။ သမီးမောင်တော်လာရင် အဲ-ဘယ်နေရာမှာ ထောပတ် ရှိတယ်။ တင်လဲ ရှိတယ်။ ဆန်ကောင်းတွေ ရှိတယ်တဲ့။ အဲဒါတွေနဲ့ ချက်ပြီး ရောပြီးတော့ နို့ထမင်း လှူလိုက်ပါလို့။ အမေ့အတွက် ညနေ ဘာစားမတုံးဆိုတော့ “အို-င၂ အတွက်တော့ ဆန်ကွဲလေး၊ ပုံးရည်နဲ့ ပြုတ် ထားလိုက်ပေါ့အေ” ဆိုလိုက်တယ်။ အဲ- ဆွမ်းခံထွက်မလို့ သပိတ်သင်္ကန်း ပြင်နေတဲ့ အရှင်အယျမိတ္တအနေဖြင့် ကြားရတယ် ကြားလိုက်တယ်ဆိုရင်ပဲ တစ်ခါတည်း သံဝေဂဖြစ်သွားတယ်။
ကြည့်စမ်းး ဒကာမကြီးက သူ့အတွက်တော့ ယာဂုပြုတ်ဆန်လေး လုပ်ထားတယ် င အတွက်တော့ ထောပတ်တွေး တင်လဲတွေး ပျားရည်တွေ။ နို့ထမင်းတွေနဲ့။ ဒီဒကာမကြီးက သင့်အတွက် ဘာလိုချင်လို့ ဒီလိုပြုစု
စောင့်ရှောက်တာတုံး။ အဲ- လောကမှာ ပစ္စည်းလိုချင်လို့လည်း မဟုတ်ဘူး) သည့်ပြင် လောကအရေးကို လိုချင်လို့လည်း မဟုတ်ဘူး။ တကယ်တော့ မဂ်ဖိုလ်နိဗ္ဗာန် နတ်ရွာသုဂတိ လူ_ပြည်သုဂတိကို လိုချင်လို့ လှူဒါန်းခြင်း ဖြစ်တယ်။ အဲဒီအလှူအတွက် ပေးစွမ်းနိုင်သလား မပေးနိုင်ဘူးလား။ အခုအတိုင်းဆိုရင် မပေးနိုင်ဘူး
အဲ-ဆိုပြီးတော့ ငါဟာ ရဟန္တာမဖြစ်သေးသမျှ မထဘူးဆိုပြီး ကျောင်းကို ပြန်သွား။ သပိတ်ပြန်သိမ်း။ သင်္ကန်းပြန်သိမ်းပြီးတော့ တစ်ခါတည်း တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာဖြစ်ပြီးမှ ဆွမ်းကို သွားပြီးတော့ အလှူခံတယ်4 ခုနပြောတဲ့ ဒကာမကြီးရဲ့ သဒ္ဓါတရား၊ ဒကာမကြီးရဲ့ ပူဇော်မှုး ဘယ်လောက်အရေးပါလဲ။ .
အဲဒီလိုပဲ မိမိတို့သာသနာတော်မှာ ဦးပဉ္စင်းလေးတွေကို စောင့်ရှောက် ထားပြီဆိုရင် သူတို့က ကိုယ့်ကို စောင့်ရှောက်တဲ့ ဒကာ၊ ဒကာမတွေကို ပြန်ငဲ့ကြတယ်။ ငဲ့တော့ ဘာဖြစ်ကြသလဲ။ စာကြိုးစားကြမယ်။ အားထုတ် ကြမယ်။ အားထုတ်ကြတော့ သာသနာတော်မှာ အာဇာနည်လေးတွေ များများ ပေါလာတယ်။ ပေါလာရင် ဒီသာသနာတော်ကြီး ထွန်းကားတယ်။ ဒါကြောင့် သာသနာတော်ဆိုတာ အဲဒီ ပုဂ္ဂိုလ်ကောင်းလေးတွေလိုလို့ ယခုလို ပုဂ္ဂ်ုလ်ကောင်းလေးတွေကို ရဟန်းအဖြစ်သို့ရောက်အောင် ချီးမြှောက် ခြင်းဟာ သာသနာပြုခြင်းပဲ။ အဲ- သာသနာကို ထူးခြားတဲ့ ပြုခြင်းဖြင့် ပြုခြင်းပဲ။
အဲ-မိမိတို့အဖို့ဆိုတာကတော့ ယခု ဝိနည်းကျင့်ကြံ။ အဲ- ကျင့်ဝတ် တွေကျင့်ကြ၊ ကျင့်ကြတော့ အဲ- ပြည့်ပြည့်စုံစုံ သိကြတာ မဟုတ်ဘူး။ အခုမှ လေ့လာပြီးတော့ ဆရာသမားအပြောနဲ့ စာပေလေးကြည့်ပြီး ကျင့်ရတာ။ ခုန ဦးပဉ္စင်းလေးတွေကတော့ ဝိနည်းကိုရပြီးသား။ သူတို့ကျင့်စရာတွေကို သိပြီးသား။ အဲ-သူတို့ သိပြီးသားတွေ ကျင့်နေတယ်။ သို့သော် မိမိက ကောင်းကောင်း မသိသေးလို့၊ အဲ- ဆရာသမား အပြောနဲ့ ကျင့်ရပေမဲ့ ကောင်းကောင်း မသိသေးလို့။ အဲ- ဆရာသမားအပြောနဲ့ ကျင့်ရပေမဲ့ ကောင်းကောင်းသွားမယ်ဆိုရင်တော့ မိမိတို့လည်း အကျိုးရှိတာပါပဲ။ သာသနာအတွက် အရှည်ကျင့်လို့မရပေမဲ့ မိမိအတွက် အကျိုးရှိဖို့ ဒါကတော့
ပြည့်စုံပါတယ်။ တစ်ခါက အရှင်နာဂသိန်မထေရ်မြတ်ကို မိလိန္ဒမင်းကြီးက လျှောက်ထားတယ်။
“အရှင်ဘုရား၊ အရှင်ဘုရားတို့ ရဟန်းဖြစ်ရတာ ဘာအကျိုးရှိတုံး ”
“မင်းကြီး၊ ရဟန်းအဖြစ်ဆိုတာ ယခုကြုံရတဲ့ ဒုက္ခတွေငြိမ်းအောင်။ နောင်ဖြစ်ထွန်းမည့် ဒုက္ခတွေလည်း မဖြစ်ရအောင်ဆိုတဲ့ အဲဒီအကျိုးရှိတာပေါ့ ”
“အရှင်ဘုရားတို့ရဲ့ အမြတ်ဆုံး အကျိုးစီးပွားဟာ ဘာတုံး”
“တို့တစ်တွေရဲ့ အမြတ်ဆုံးအကျိုးစီးပွားဟာ အနုပါဒါပရိနိဗ္ဗာန် ဆိုတဲ့ တကယ့်အစွဲအလမ်းကင်းတဲ့ နိဗ္ဗာန် နိဗ္ဗာန်သည် တို့ရဲ့ ပရမတ္တ အကောင်းဆုံး အကျုံးပဲ”
“အရှင်ဘုရား' သာသနာတော်မှာ ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံး အဲဒီ အကျိုးကို လိုချင်လို့ ရဟန်းပြုကြတာလား။” ဆိုတော့-
“မဟုတ်သေးဘူး မင်းကြီးး အကုန်လုံး ဒီအကျိုးကို လိုချင်လို့ ရဟန်းပြုကြတာ မဟုတ်ဘူး။ တချို့ မင်းဘေးကြောက်လို့ ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ် အဲ-အကြွေးနှိပ်စက်လို့၊ အနာရောဂါနှိပ်စက်လို့ ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အမျိုးမျိုးပဲ။ သို့သော်လည်း တကယ် စိတ်ကောင်း။ နှလုံးကောင်းနဲ့ ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီအကျိုးကို လိုလားလို့ ခုနပြောတဲ့ ဒုက္ခငြိမ်းကြောင်းအကျိုးကို လိုလားလို့ ရဟန်းပြုကြတာပဲ။” လို့ မိန့်ကြားတော့-
“အရှင်ဘုရား၊ ဒီလိုဆိုရင် အရှင်ဘုရားရော အဲဒီအကျိုးကိုလိုလားလို့ ခုနပြောတဲ့။ ဒုက္ခငြိမ်းကြောင်းအကျိုးကို လိုလားလို့ အရှင်ဘုရား ရဟန်းပြု တာလား
“အေး-မင်းကြီးး' တို့ကတော့ ငယ်ငယ်တုန်းက ရှင်ပြုလာတာ ရဟန်းပြုလာတာ ဘယ်အကျိုးရယ်လို့ တို့က မသိဘူး။ သို့သော်လည်းပဲ သာကီဝင်မင်းသား ဘုရားသားတော် ဖြစ်ကြကုန်သော ဤပုဂ္ဂိုလ်တို့သည် ပညာရှိကြတဲ့ ပုဂ္ဂိုလ်တို့လိုပဲ တို့ကို သင်ပြလိမ့်မယ်။ အဲ-သူတို့က သင်ပြတဲ့ အတိုင်း တို့က လိုက်နာမယ်ဆိုပြီး သာသနာတော်သို့ ဝင်လာတာပဲ။ င်လာတော့ အဲဒီအရှင်မြတ်တွေရဲ့ အဆုံးအမခံရတော့ မိမိတို့ တဖြည်းဖြည်း
ဒီအကျိုးရောက်။ ဒီအကျိုးလိုလို့ ရှင်ပြလာရတာပါလား။ ရဟန်းပြုလာရတာ ပါလားဆိုပြီး တို့ သိလာတာပဲလို့ မိန့်ကြားတော်မူတယ်။
အဲဒါကြောင့် အဲဒီလို ဝိနည်းသိက္ခာစသည် မသင်ရဘဲနဲ့ လောလော လတ်လတ်ကြီးဝင်ပြီး ရဟန်းပြုလာရတဲ့ ဒုလ္လဘရဟန်းတွေအဖို့ကတော့ သူတို့အဖို့မှာလည်း အကျိုးမယုတ်ပါဘူး4 လိုအပ်တာဘာတုံး။ ဆရာသမား စကားတွေကို နားထောင်ဖို့ပဲ။ ဆရာသမားတွေက ဒီလိုကျင့်ဆိုရင် ကျင့်။ ဒီလိုဒါလုပ်ဆိုရင် လုပ်။ ဒါမလုပ်နဲ့ဆိုရင် မလုပ်၊ ဆရာသမားတွေရဲ့စကားကို နားထောင်ပြီး ကြိုးစား နေသွားရင် ဒုလ္လဘတွေလည်း နေသမျှ အကျိုးရှိ သွားတာပဲ။ ဒါကြောင့် သာသနာတော်ဆိုတာက မိမိအပေါ်မှာ တည်တာပဲ။ ကောင်းကောင်းကြိုးစားတဲ့ ဦးပဉ္စင်းလေးတွေး အာဇာနည်လေးတွေ ထွက် တာပဲ။ ကောင်းကောင်းကြိုးစားတဲ့ ဒုလ္လဘတွေလည်း ဒုလ္လဘကောင်းတွေ ဖြစ်ရတာပဲ။ ဒါကြောင့်မို့လို့ ဒုလ္လဘကောင်းတွေ ဖြစ်အောင်နေသမျှရက် အတွင်း ဆရာသမားစကားတွေ နားထောင်ပြီးတော့ ကောင်းကောင်းမွန်မွန် ကျင့်ကြံခြင်းဖြင့် ကြိုးစားအားထုတ်နိုင်ကြပါ စေကုန်သတည်း။
(သာဓု သာဓု သာဓု)
[မှတ်ချက်။။ ၁၃၅၄-ခု။ တန်ခူးလပြည့်ကျော်(၆)ရက်။ (၁၂-၄-၉၃) တနင်္လာနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇ္ဇွန်တောင်ရွှေကျင်ကျောင်း၌ အလှူဒါယကာ သဒ္ဓမ္မဇောတိကဓဇ ဦးကျော်ခင်မြင့် အလှူဒါယိကာမ ဒေါ်ခင်ခင်စိန်(စိန်ရတနာရွှေဆိုင်)။ အမှတ်(၁၃၄) ရွှေဘုံသာလမ်း။ ပန်းပဲတန်း။ ရန်ကုန်တို့၏ သာသနဒါယာဒဥပသမ္ပဒကမ္မ ပစ္စယာနဂ္ဂဟ အလှူတော် မင်္ဂလာတွင် ဟောကြားတော်မူသော အနမောဒနာတရားတော်၊)
ဒုလ္လဘ ရဟန်းခံရှင်ပြုအလှူတော် (ဦးစောစိန် ဒေါ်စန်းလွင်)
ပုဇွန်တောင် ညောင်တန်းရပ်၊ ဒကာဦးစောစိန်+ဒေါ်စန်းစန်းလွင် တို့ဓစါ သား မောင်ဇော်ဝင်းဟန်စါ ဒုလ္လဘရဟန်းခံပွဲဋ ဟောကြားသော တရားတော်၊ (နေ့စွဲ ၃၀-၆-၉၂)1
အဲ- ယနေ့ ရဟန်းဒါယကာ ဦးစောစိန်၊ ရဟန်းဒါယိကာမကြီး ဒေါ်စန်းလွင်တို့ရဲ့ ဥပသမ္ပဒါ ဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပပူဇော် ကြတဲ့ အလှူတော်ပွဲကြီး ဖြစ်ပေါ်လာရတာ ဘာကြောင့်တုံး။
သော အဟံ ဝိစရိဿာမိ
ဂါမာ ဂါမံ။ ပုရာပုရံ
နံမဿမာနော သမ္ဗုဒ္ဓံ၊
ဓမ္မဿစ သုဓမ္မတံ။
သောဟ- ထိုငါသည်။ သမ္ဗုဒ္ဓ- လောကထွဋ်ထား မြတ်စွာဘုရားကို) နမဿမာနော- ရှိခိုးဦးတင်လျက်။ ဓမ္မေဿ- တရားတော်မြတ်၏။[ သုဓမ္မတံစ- ကောင်းမြတ်မှန်ကန်သောတရားတော်မြတ်ဖြစ်သည်၏ အဖြစ်ကိုလည်းကောင်း၊ သံဃဿ- သံဃာတော်မြတ်ဇစါ။ သုသံဃာတံစ- ကောင်းမြတ်မှန်ကန်သော သံဃာတော်၏ အဖြစ်ကိုလည်းကောင်း၊ နမဿမာနော- ရှိခိုးဂုဏ်တင်လျက်။ ဂါမာ- နတ်ရွာတစ်ရွာမှ ဂါမံ- နတ်ရွာတစ်ရွာသို့၊ ပုရာ- နတ်မြို့တစ်မြို့မှ ပုရ- နတ်မြို့တစ်မြို့သို့။ ဝိစရိဿာမိ- ကောင်းစွာမသွေ လှည့်လည်ပါတော့ အံ့သတည်း။
အဠာ၀ကဘီလူးကြီး၊ စောစောကတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို တိုက်လိုက်တာ။ လက်နက်မျိုးစုံ နည်းမျိုးစုံနဲ့တိုက်၊ နောက်ဆုံးကျတော့ ဘုရားရှင် ကိုယ်တော်မြတ် ဘာမျှမဖြစ်ဘူး။ အဲဒီအခါမှာ ဘုရားရှင် ကိုယ်တော်မြတ် တရားတော်ကို နာရတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို
မေးခွန်းတွေမေးလို့၊ ဘုရားရှင်ကိုယ်တော်မြတ်က မေးခွန်းတွေ ဖြေတဲ့အခါ ကျတော့ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်ပြီးတော့ သောတာပန်ဖြစ်တဲ့ အာဠာဝက ဘီလူးကြီးက ဘုရားနဲ့ကင်းနေလို့ မဖြစ်တော့ဘူး တရားနဲ့ ကင်းနေလို့ မဖြစ်တာ့ဘူး။ သံဃာနဲ့ ကင်းနေလို့ မဖြစ်တော့ဘူး။ ဘာကြောင့်တုံး။ ဘုရားရှင်ရဲ့ဂုဏ်တော်ကို မဂ်ဖြင့် အတည်ပြု ဆုံးဖြတ်နိုင်ပြီ။ တရားတော်ရဲ့ ဂုဏ်တော်ကို မဂ်ဖြင့် အတည်ပြု ဆုံးဖြတ်နိုင်ပြီ။ အဲဒီလို ဆုံးဖြတ်နိုင် သောကြောင့် ဘုရားနဲ့ကင်းနေလို့ မဖြစ်။ တရားနဲ့ကင်းနေလို့ မဖြစ်၊ သံဃာနဲ့ကင်းနေလို့ မဖြစ် ဒါကြောင့်မို့လို့ အာဠာဝကဘီလူးကြီးက-
သောဟံ ဝိစရိဿာမိ ဂါမာဂါမံ ပုရာပုရံ
နမဿမာနော သမ္ဗုဒ္ဓါ ဓမ္မဿစ သုဓမ္မတံ။
ငါဟာ ဘယ်ခါ ဖြစ်ဖြစ်။ ဘုရားရှိခိုး။ တရားရှိခိုး။ သံဃာရှိခိုးပြီး နတ်မြို့တစ်မြို့မှ နတ်မြို့တစ်မြို့သို့ လှည့်လည်သွားလာပေတော့အံ့။ အဲသလို အားရပါးရ ဥဒါန်းကျူး။ ဘုရားရှင်ရဲ့ တရားတော်နဲ့ သံဃာတော်တွေကို ဂုဏ်တင်ပြီးတော့ အားရပါးရမ္ကြက်ကြားပြီးတော့ ဥဒါန်းကျူးခဲ့တယ်။ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်တွေကို အဲဒီလို သိသွားတော့ အာဠာဝက ဘီလူးကြီးက-
သောဟံ အဇူ ပဇာနာမိ ယတ္ထ ဒိန္နံ မဟပ္ဖလံ
သောဟ။ ထိုငါ သည်။ အဇ္ဇ- ယနေ့ ယတ္ဆ- အကြင်ပုဂ္ဂိုလ််။ ဒိန္န- ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ။ အကျိုးကြီး၏ [ တံ- ထိုအကျိုး ကြီးမည့် ပုဂ္ဂိုလ်ကို ပဇာနာမိ- ကောင်းစွာလှလှ သိရှိခဲ့ရပါပေတော့သတည်း။
(သာဓု သာဓု သာဓု)
အဲ- ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ သိရတော့ တရားတော်ရဲ့ဂုဏ်တော် တွေကို သိရတော့ သံဃာတော်ရဲ့ဂုဏ်တော်တွေကို သိရတော့ လောကမှာ နောက်နောက်က ဘယ်လို ပုဂ္ဂိုလ်တွေကို လှူရမယ်ဆိုတာ မသိခဲ့ဘူး။ ဘယ်လို ပုဂ္ဂိုလ်တွေဟာ မြတ်တယ်ဆိုတာကိုလည်း မသိခဲ့ဘူး။ ဘယ်လို ပုဂ္ဂိုလ်တွေဟာ တန်ခိုးကြီးတယ်ဆိုတာ မသိခဲ့ဘူး။ ယနေ့ကျတော့ ဘုရားရှင် ကိုယ်တော်ရဲ့ တရားတော်ကြောင့် ဘယ်လို ပုဂ္ဂိုလ်ကို လှူရင် အကျိုးကြီး တယ်။ ဘယ်လို ပုဂ္ဂိုလ်လှူရင် မြတ်တယ်ဆိုတာ သိရတဲ့ အကြောင်း၊
ကိုယ်ကိုယ်တိုင်လည်း ဝန်ခံဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီးက-
ဗုဒ္ဓ သုဗုဒ္ဓဘာ လောကေ
ဓမ္မဿ စ သုဓမ္မတာ
သံဃဿ သုပဋိပတ္တိ
ဧသာ သာသနသမ္ဂဒါ
လောကေ- ကမ္ဘာလောကကြီးအတွင်းခ်ါ ဗုဒ္ဓ သုဗုဒ္ဓတာစ- ဘုရားရှင် ကိုယ်တော်မြတ်၏။ ကောင်းမြတ်မှန်ကန်သော ဘုရားဖြစ်သည်၏ အဖြစ် သည်လည်းကောင်း၊ ဓမ္မဿ- တရားတော်မြတ်၏။ သုဓမ္မတာစ- ကောင်းမြတ် မှန်ကန်သော တရားတော်ဖြစ်သည်၏ အဖြစ်သည်လည်းကောင်း။ သံဃဃဿ- သံဃာတော်မြတ်၏။ သုပ္ပဋိပတ္တိစ- ကောင်းစွာကျင့်ခြင်းသည်လည်းကောင်း။ အတ္ထိ- ထင်ရှားမသွေ ရှိပါပေတော့၏ / ဧသာ- ဘုရားက ဘုရားစစ်ဘုရားမှန် တရားက တရားစစ်တရားမှန်။ သံဃာက သံဃာစစ်သံဃာမှန် ဖြစ်ခြင်းသည် သာသနာသမ္ပဒါ - ဗုဒ္ဓမြတ်စွာ သာသနာတော်၏ ကောင်းစွာပြည်စုံခြင်းသည် အစစ်တကယ်တန်း ဖြစ်ပါပေတော့သတည်း။ (သာဓု၊ သာဓု၊ သာဓုပါဘုရား)
ဟော- သာသနာတော်ဟာ ပြည့်စုံခြင်းသုံးပါးဖြင့် ပြည့်စုံလျက် ရှိတယ်။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ သာသနာတော်ကြီးဟာ ဘယ်သာသနာ တော်နဲ့မှ ယှဉ်မရ။ နှိုင်းမရလောက်အောင် ထူးခြားတဲ့ သာသနာဆိုတာ သက်သေမရှိ။ အထောက်အထားမရှိဘဲ ပြောတဲ့စကားမဟုတ်ဘူး။ တကယ့် ဘုရားလို့ ပြောနိုင်လောက်အောင်-
ယော ဝေါ အာနန္ဒ မဟား
ဓမ္မောစ ဝိနယောစ ဒေသိတော။
ပညတ္တော သောဝေါ မမစ္စယေန သတ္တာ
ငါဘုရား မရှိတဲ့နောက် ငါဘုရားရဲ့ သုတ်၊ အဘိဓမ္မာ။ ဝိနည်း တရားတော်တွေဟာ သင်တို့ရဲ့ဆရာဖြစ်လိမ့်မယ်လို့ အဲသလို ဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင် ညွှန်ကြားတော်မူခဲ့တယ်။ တကယ့် ဘုရားစစ်။ တရားစစ်တွေက ရှိနေတယ်။ ပိဋကတ်သုံးသွယ်။ နိကာယ်ငါးရပ်။ ဓမ္မက္ခန္ဓာ တရားတွေ ရှိနေတာဖြစ်သောကြောင့် အဲဒီတရားတွေက ဖော်ပြပေးနေတာ
ဖြစ်သောကြောင့် တို့ ဘုရားဟာ အတုမရှိတဲ့ ဘုရားး တကယ်သိ၊ တကယ် ဖြစ်တဲ့ ဘုရား၊ အလွန်ထူးခြားတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆိုတာ မိမိတို့ သိနိုင်ကြတယ်။
အဲဒီ တရားတွေကိုကြည့်ပြီးတော့ ဘုရားစစ် ဘုရားမှန်ဆိုတာ သိရ အဲဒီလို တရားတော်တွေကို ကြည့်ပြီးတော့ တရားတော်အတိုင်း ကျင့်ကြတဲ့ သံဃာစစ် သံဃာမှန်တွေဆိုတာ သိရ ဒါကြောင့် ယနေ့ မိမိတို့ပူဇော်ရတဲ့ သာသနာတော်ကြီးဟာ ဘုရားစစ်နဲ့ပြည့်စုံတဲ့ သာသနာတော်ကြီးမို့လို့ တူနိုင် မယ် မထင်ကြနဲ့ ကိုးဆယ်ဆကွာလိမ့်မယ်ဆိုတဲ့အတိုင်း၊ အဲ- ကိုးဆယ်ဆ ကွာတဲ့ သာသနာတော်မြတ်ကြီး၊ အဲဒီ သာသာတော်မြတ်ကြီးကို ယနေ့ပူဇော် တာဟာ အသစ်အဆန်းတော့ မဟုတ်ဘူး။ ယနေ့ ပြုကြတာဟာ အသစ်အဆန်း အနေနဲ့ ပြုနေတာ မဟုတ်ဘူ၊ ရိုးနေပြီ။ အဲသလို ဘုရား၊ တရား၊ သံဃာ ရတရာမြတ် သုံးပါးနဲ့ ပြည့်စုံတဲ့ သာသနာတော်မြတ်ကြီးကို ချီးမြှောက်ခဲ့ကြ တာဟာ တစ်ကြိမ်မက။ ကြိမ်ကြိမ်ခါခါ သားတွေ ရှင်ပြု။ မြေးတွေ ရှင်ပြု။ ကုသိုလ်တွေ ပြုကြ ဒါတွေအားလုံး ရိုးနေပြီ ရိုးနေတဲ့အလှူပဲ။ သို့သော် ရိုးနေတယ်ဆိုပေမဲ့ ဆန်းတယ်လို့ဆိုနိုင်တာပဲ။ အလှူဆိုတာ တစ်ခါထက် တစ်ခါပိုပြီး အသိ ဗဟုသုတတွေ များလား ဗဟုသုတတွေ များများလာတော့ ကိုယ်က လှူတဲ့နေရာမှာ ထူးခြားအောင် လှုတတ်လာတယ်။ အဲဒါတွေဟာ အမြတ်ချည်းပဲ။
အဲ-ယနေ့ မိမိတို့သားကလေးကို ရဟန်းအဖြစ်သို့ ရောက်အောင် ဆောင်ရွက်ပေးကြတယ်။ ဒုလ္လဘရဟန်း၊ ဒုလ္လဘရဟန်းဆိုတော့ တစ်ချို့ နည်းနည်း အထင်အမြင်သေးသလို ဖြစ်နေကြတယ်။ အပြစ်ပြောတဲ့လူက ပြောတတ်ကြတယ်။ လောကမှာ ဘာဖြစ်ဖြစ်။ ဘုရားတရားတော်အတိုင်း ကျင့်ရတော့ ညံ့တယ်။ ယုတ်တယ်ဆိုတာ မရှိပါဘူး ဘုရားတရားတော်အတိုင်း ကျင့်ရင်ဖြင့် ကျင့်တဲ့ပုဂ္ဂိုလ်ဟာ မြတ်တဲ့ပုဂ္ဂိုလ်ချည်းပဲ။ အဲဒီတော့ လောကမှာ အမှု ကိစ္စတစ်ခုခုကို မှန်တယ်။ မမှန်ဘူး။ အကျိုး ရှိတယ်။ အကျိုး မရှိဘူး။ ခွဲခြားတဲ့ အခါကျတော့ ဘာနဲ့တွက်ရသတုံးဆိုတော့ အဲ- ကိုယ်တွေ့ ခံစားချက်နဲ့ တွက်ကြရတယ်။ အဲ-ဘုရားရှင်ကိုယ်တော်မြတ်ကလည်း အဲသလို တွက်တတ်ဖို့ ကာကာ တိုက္ပ ဂ ဘာကား ပာ အာကာ. အကမ ကျကာ
ကေသမုတ္တိသုတ္တန်ဆိုတာ ရှိတယ်။ ဘုရားရှင်ကိုယ်တော်မြတ် တစ်ခါက ကေသမုတ္တိဆိုတဲ့ ရွာကြီးကို ရောက်သွားတယ်။ ကေသမုတ္တိနိဂုံးရွာကြီး ရောက်သွားတော့ အဲဒီက ဒကာဒကာမတွေက ကေသမုတ္တိရွာကို စားတဲ့ ကာလာမမင်းတွေက ဘုရားရှင်ကို လျှောက်ကြတယ်။ အရှင်မြတ်ဘုရား တပည့်တော်တို့ အရပ်ကို ရဟန်းပုဏ္ထားတွေဟာ မပြတ်မပြတ် လာရောက်ကြ ပါတယ်ဘုရား၊ တောအုပ်ရဲ့အ၀င်အဝ ရွာကြီးဆိုတော့ တောအုပ်သို့ဝင်တဲ့ အခါလည်း ရောက်ကြ။ တောအုပ်က ထွက်တဲ့အခါလည်း ရောက်ကြ အမျိုးမျိုး ရောက်နေကြတော့ တချို့ရဟန်းပုဏ္ဍားတွေက သူတို့အယူတွေဟာ အကောင်း။ သူတစ်ပါး အယူတွေဟာ အလကားဆိုပြီးတော့ ပြောကြတယ်။ တချို့ကလည်း နောက်လာတဲ့ ပုဂ္ဂိုလ်တွေအတိုင်းပဲ။ ဒီအတိုင်းပဲပြောကြတယ်။ အဲဒီတော့ ကိုယ့်အယူသာ အကောင်း။ သူတစ်ပါးအယူ အလကားလို့ပြောတဲ့ အတွက် တပည့်တော်တို့မှာ သံသယတွေ ဖြစ်ကြရတယ် ဘယ်သူက အမှန်' ဘယ်သူက အမှား ဆိုတာ တပည့်တော်တို့မှာ သံသယတွေ ဖြစ်ပွား ကြရပါတယ်။
အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်က ကာလာမမင်းတို့ အဲ- ယုံမှားသံသယဖြစ်မယ် ဆိုရင်လည်း ဖြစ်နိုင်စရာတွေချည်းပဲ။ ဟောတော်မူ ပြီးတော့ ဆက်လက်ပြီး ဘုရားရှင်ကိုယ်တော်မြတ်က ကာလာမမင်းတို့ တစ်ဆင့်ကြား စကားနဲ့လည်း မယူဆနဲ့ဦး မိဘဘိုးဘွား အစဉ်အဆက်က ယူဆလာလို့။ ဟုတ်ပြီမှန်ပြီလို့လည်း မယူဆနဲ့ဦး၊ တစ်စုံတစ်ယောက်သော သူက ဒီလိုတဲ့လို့ ပြောလို့လည်း ဟုတ်လှပြီလို့ မယူဆနဲ့ဦး။ ကျမ်းဂန်စာပေနဲ့ ညီတယ်လို့လည်း ဟုတ်ပြီ မှန်ပြီလို့ မယူဆနဲ့ဦး၊ မိမိကြံစည်ထားတဲ့ အကြံနဲ့ ညိညွတ်လို့လည်း ဟုတ်ပြံလို့ မယူဆနဲဦး၊ အဲ. တစ်စု တစ်ယောက်သော သူထံမှ နည်းရလို့ သူ့နည်းနဲ့ ညီညွတ်လို့လည်း ဟုတ်ပြီ လို့ မမှတ်နဲ့ဦး။ မိမိတွေ့ကြုံထားတဲ့အကြောင်း ယုတ္တိနဲ့ ညီညွတ်လို့ ဟုတ်ပြီလို့လည်း မယူဆနဲ့ဦး။ ဒီပုဂ္ဂိုလ်ဟာ ပညာရှိတယ်။ ဒီရဟန်းက ကောင်းကောင်း တတ်တယ်။ ဒါကြောင့် သူ့.အယူမှန်တယ်လို့လည်း မယူဆ နဲ့ဦး။ ဒီရဟန်းဟာ တို့ဆရာပဲ။ တို့ဆရာမို့လို့ သူ့အယူအဆကို မှန်တယ် လို့လည်း မယူဆနဲ့ဦး။
အဲသလို ဟောတော်မူပြီးတော့ ကိုယ်တွေ့သိပြီးတော့ အဲဒီ ကိုယ့် အသိနဲ့ ဆုံးဖြတ်ဖို့အကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူ ခဲ့တယ် ဥပမာ- လောဘဟာ ကောင်းသလား။ မကောင်းဘူးလား။ မကောင်းမှန်း လူတိုင်း သိကြတယ်။ အဲဒီ လောဘ အကြောင်းပြုပြီးတော့ သူ့အသက် သတ်ကြ။ သူ့ဥစ္စာကို ခိုးကြ' သူတစ်ပါးသားမယား ပြစ်မှား။
မုသားပြေား သေအရက်တွေ သောက် စသည်ဖြင့် အမှုတွေကို ကျူးလွန်ကြ တယ်။ အဲဒါတွေဟာ အကျိုးစီးပွားရှိတဲ့အလုပ်လား။ အကျိုးစီးပွားမဲ့တဲ့ အလုပ်လားလို့ မေးတော့ အကျိုးစီးပွားမဲ့တဲ့ အလုပ်တွေပါဘုရားလို့ လျှောက် ကြတယ်။
ထို့အတူပဲ ဒေါသဆိုလည်း ဒီအတိုင်း၊ မောဟဆိုလည်း ဒီအတိုင်း ဒီတော့ ဒီတရားတွေဟာ ကုသိုလ်၊ အကုသိုလ်လားဆိုတော့ အကုသိုလ်တွေပါ
ဘုရားလို့ လျှောက်ထားကြတယ်။ အပြစ်ရှိသလား။ အပြစ်မရှိဘူးလားလို့ (။ (။ ၂ < ပ (။ ၂ မ ဆိုတော့ အပြစ်ရှိပါတယ်။ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ တရားလား။ ပညာရှိတို့ ကဲ့ရဲ့အပ်တဲ့ တရားလားလို့ဆိုတော့ ကဲ့ရဲ့အပ်တဲ့ တရားလို့ လျှောက်ထား
ကြတယ်။ အဲဒါကြောင့်မို့လို့ ဘယ်သူက ပြောလို့တဲ့။ ဘယ်ကျမ်းဂန်နဲ့ မွ (. [။ < {။။ ရ့ ၂. (မ (။ (။
ညီညွတ်လို့ အဲဒီလို မယူဆဘဲနဲ့ ကိုယ်တွေ့အသိ၊ ကိုယ်တွေ့နားလည်မှုနဲ့ ဒါဟာကောင်းတဲ့ တရား၊ ဒါက မကောင်းတဲ့ တရားလို့ ခွဲခြားဆုံးဖြတ်ဖို့ ဟောတော်မူခဲ့တယ်။ ထို့အတူပဲ အလောဘဆိုတာ ကောင်းသလား။ မကောင်း ဘူးလား။ အဒေါသဆိုတာ ကောင်းသလား။ မကောင်းဘူးလား အမောဟ ဆိုတာ ကောင်းသလား။ မကောင်းဘူးလားဆိုတော့ ကောင်းတဲ့အကြောင်း
လျှောက်ထားကြတယ်။
အကျိုးစီးပွား ရှိသလား။ အကျိုးစီးပွား မဲ့သလားဆိုတော့ အကျိုးစီးပွား
ရှိတဲ့အကြောင်း လျှောက်ထားကြ၊ အဲဒီတော့ ဒီလိုဆိုရင် ဘယ်သူကပြောလို့ ပ ပ (ပ. (5 ပ 5 မြ (။ {ဤ (၂) (။. (၂ မြ
ဘယ်ကျမ်းဂန်နဲ့ညီလို့ဆိုတဲ့ အစွဲအလမ်း။ အဲဒီလို အဆိုကို အစွဲပြုပြီးတော့ ကောင်းတယ်။ မကောင်းဘူး မဆုံးဖြတ်ဘဲနဲ့ မိမိရဲ့ကိုယ်တွေ့ အသိဖြင့် ကောင်းတယ်။ မကောင်းဘူးဆိုတာ ဆုံးဖြတ်သင့်တဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က မိနဲ်ကြားတော်မူခဲ့တယ်1။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ ဒေသနာတော် အရ ဆိုရင်ဖြင့် ယနေ့ မိမိတို့ပြုရတဲ့ ရဟန်းခံပွဲတော်မှာ ရတဲ့ကုသိုလ် ကောင်းမှုတွေ။ ဒါနတွေ။ သီလတွေ။ ဘာဝနာတွေ။ အားလုံးကောင်းမှုတွေကို စစ်တမ်းထုတ်ကြည့်လို့ရှိရင် အပြစ်မရှိတဲ့ တရား၊ ကောင်းတဲ့ အကျိုးကို ပေးတဲ့ တရား၊ ကောင်းတဲ့ တရားဆိုတာကို ကိုယ့်ကိုယ်ကို ဆုံးဖြတ်နိုင်တယ်။ ဒါနဆိုတာ ကောင်းတယ်ဆိုတာ မိမိတို့နားလည်ကြ၊ သီလကောင်းတယ် ဆိုတာလည်း မိမိ ခံယူပြီးသား၊ ကိုယ့်အသိနဲ့ကိုယ် ဆုံးဖြတ်ပြီးသားမို့လို့ ဘုန်းကြီးတို့ ယနေ့အလှူရှင် ဒကာ၊ ဒကာမတွေဟာ ဒီကုသိုလ်ကြီးကို မကောင်းဘူးလို့ ဘယ်ပြောနိင် ပါ့မတုံး။ ကိုယ်တွေ့ အကောင်းတွေ ကြုံနေရ တာပဲ အဲ- ကောင်းတယ်။ မြတ်တယ်။ ကုသိုလ်တွေ တိုးပွားတယ်။ အကုသိုလ်တွေ ကင်းပျောက်တယ်။ ယနေ့ပွဲမှာ ရရှိကြတဲ့ သဒ္ဓါ၊ သီလ၊ သုတ။ စာဂ၊ ပညား ဟီရိသြတပ္ပ ဒီတရားတွေ အကောင်းချည်းပဲ။ ကုသိုလ် တရားတွေဖြစ်တဲ့အမှုကို ယနေ့ရဟန်းခံပွဲကို အလကားလို့ ဘယ်ပြောနိုင်ပါ မလဲ၊။
ဒီရဟန်းဟာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားတော်အတိုင်း ကျင့်လို့ ယခု သူ့သန္တာန်မှာ အဲဒီတရားတွေ ရောက်သွားပြီ။ အဲဒီတရား တွေဟာ သာမန်မဟုတ်ဘူး။ ပဉ္စင်္ဂ+ ဒသင်္ဂသီလ ငါးပါးသီလ၊ ဆယ်ပါး သီလဆိုတာ သီလသာမညတဲ့။ ဘာဖြစ်လို့တုံး။ ဒီသီလတွေဟာ ဘုရားမပွင့် ရင်လည်း ရှိတာပဲ။ ဘုရားဖြစ်တဲ့အခါမှာလည်း ရှိတာပဲ။ ပါတိမောက္ခသံ၀ရ သီလဆိုတဲ့ သံဃာတော်တွေရဲ့ သီလက ငါးပါးသီလ၊ ဆယ်ပါးသီလဆိုတဲ့ သီလမျိုးလို သာမညသီလ မဟုတ်ဘူး။ ဘုရားရှင်ပွင့်တော်မူလာမှ ဖြစ်ပေါ်တဲ့ သီလမျိုးမို့လို့ တကယ်ထူးခြားတဲ့ မွန်မြတ်တဲ့ အဓိက သီလကြီးမို့လို့ မွန်မြတ်တဲ့ သီလကြီး၊ သူ့သန္တာန်မှာ အဲဒီ သီလကြီးရောက်သွားတာကို မကောင်းဘူးလို့ ဘယ်ပြောနိုင်မတုံး။ ကောင်းတဲ့ အကျင့်တွေ ကျင့်နေတာ ကောင်းတဲ့ အကျင့်တွေချည်းပဲ။
အဲ-ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဝိနည်းတရားတော်ကို ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တခြားဘာသာဝင်တွေတောင် ဗဟုသုတအနေဖြင့် လေ့လာမိရင် ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဝိနည်းတရားတော်တွေဟာ ကျိုးကြောင်း
ဆီလျော်တယ်။ သင့်လျော်တယ်။ ကောင်းမြတ်တယ်။ မှန်ကန်တယ်လို့။ စနစ်ကျတယ်လို့ ချီးမွမ်းကြတယ်။ ယနေ့ ရဟန်းခံကြတော့ သံဃာတော် တွေရဲ့ ဆောင်ရွက်ချက်တွေကို စေ့စေ့စပ်စပ်လေ့လာကြည့်ရင် ဒ နည်းအတိုင်း တိကျတယ်။ စနစ်ကျတယ်။ ပညာရှိတွေ ကောင်းတယ်လို့ လက်ခံနိုင်တယ်။ အဲဒီ စနစ်ကြီးပါလားလို့ နားလည်ထားကြရမယ်။
ဒါကြောင့်မို့လို့ အဲ-တကယ်ကောင်းတဲ့တရားတွေး တကယ်မွန်မြတ် တဲ့ တရားတွေ။ အဲဒီတရားတွေကို ကျင့်ကြံနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်မှာ အကျိုးနည်းမှာတုံး။ (မနည်းပါဘုရား)1 ဘုန်းကြီးတို့ကျမ်းဂန်မှာ မှိဝဲအပ်တဲ့ သောမနဿဆိုတာ ရှိတယ်။ မမှီဝဲအပ်တဲ့ သောမနဿဆိုတာ ရှိတယ် အဲသလို မှီဝဲအပ်တဲ့ ဒေါမနဿ၊ မမှီဝဲအပ်တဲ့ ဒေါမနဿဆိုတာ ရှိတယ်4 မှီဝဲအပ်တဲ့ ဥပေက္ခာ။ မမှီဝဲအပ်တဲ့ ဥပေက္ခာဆိုတာ ရှိတယ်။ မှိဝ်အပ်တဲ့ သောမနဿ ဆိုတာဘာတုံး။ အကြင် သောမနဿကကို မှီဝဲလို့ ကုသိုလ်တွေ တိုးပွားမယ်ဆိုရင် အဲဒီသောမနဿဟာ မှီဝဲအပ်တဲ့ သောမနဿ 1 အကြင် သောမနဿကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေပွားမယ်ဆိုရင် အဲဒီ သောမနဿဟာ မမှီဝဲအပ်တဲ့ သောမနဿ အဲ- ကာမဂုဏ်အကြောင်း ပြုပြီးတော့ ဖြစ်ရတဲ့ ဝမ်းမြောက်မှု သောမနဿဆိုရင် မမှီဝဲအပ်တဲ့ သောမနဿပဲ။ ဒီတော့ လောကမှာ မှီဝဲအပ်တယ်။ မမှီဝဲအပ်ဘူး။ ပြုအပ်တယ်။ မပြုအပ်ဘူးဆိုတာ အဲဒီနေရာ ကုသိုလ်ဖြစ်သလား။ အကုသိုလ်ဖြစ်သလား။ ကုသိုလ်ဖြစ်ရင် မှိဝဲအပ်တယ်။ အကုသိုလ်ဖြစ်ရင် မမှီဝဲအပ်ဘူး။
ဒါကြာင့်မို့လို့ ယနေ့ပြုရတဲ့ အလျှုပ္ပဲကြီးမှာ အားလုံး ကုသိုလ်တွေ ချည်းပဲ။ ကောင်းမှုချည်းပဲတဲ့။ အဲ- သဒ္ဓါ1 သီလ သုတ စာဂ၊ ပညား ဟီရိ သြတပ္ပတွေ တိုးပွားကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့ ကြီးချည်းပဲ။ ဒါကြောင့်မို့လို့ မွန်မြတ်တဲ့ အလုပ်လို့ ဆုံးဖြတ်ပြီးတော့။ ဆုံးဖြတ်ပြီးသား ပါလေ မိမိတို့ကုသိုလ်ဟာ မွန်မြတ်တယ်လို့ ခံယူပြီးတော့ အဲဒီကုသိုလ်ကို တိုးပွားအောင် ပြန်ပြန်အောက်မေ့ခြင်းဖြင့် အာစိဏကံ ပရစေတနာတွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
သာသနာ့အမွေခံ တရားတော်
ယနေ့ ရှင်ပြုရဟန်းခံ အလှုပွ္ပဲကြီး ဆင်ယင်ကျင်းပ ပူဇော်ကြ တယ်၊ အဲ-
သာသနေ သာရဝ၀န္က ဿ
သာရဒါယမဓိစ္ဆကာ
ပရိက္ခရေဟိသေဋ္ဌေဟိ
စိယျာဒေန္တ သမုတ္တကေး
သာရဝ၀န္တဿ- အနှစ်သာရတွေ တကယ်တမ်း ရှိလျက်ရှိနေသော လောကထွဋ်ထား ရှင်တော်မြတ်ဘုရား၏1၊ သာသနေ- အံ့ဖွယ်ရှစ်ဖြာ သာသနာတော်မြတ်ကြီး၌ သာရဒါယံ- အနှစ်သာရရှိတဲ့ အမွေအနစ်ကို။ အဓိစ္ဆကာ- လွန်စွာလိုလားတောင့်တကြကုန်သော အလှူဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည်။ သပုတ္တကေ- မိမိတို့ရင်အနှစ်။ သားချစ်တို့ကို) သေဋ္ဌေဟိ- ထူးမြတ်လှစွာကုန်သော သေဋ္ဌေဟိ- တစ်ရံတစ်ခါ မျ ဘုရားပွင့်ရာ အခွင့်အခါကောင်းကြီးနှင့်ကြုံမှ ရနိုင်သည်ဖြစ်ရ အခါခပ်သိမ်းမရနိုင်။ ဘုရား ပွင့်ရာအခါနဲ့ကြုံမှ ရနိုင်သည်ဖြစ်ရွှ ထူးမြတ်လှကုန်သော ပရိက္ခရေဟိ သင်္ကန်းသပိတ် ပရိက္ခရာတို့ဖြင့်။ သပုတ္တကေ- မိမိတို့ရင်နှစ်သည်းချာ သား အချစ်တို့ကို၊ နိယျာဒေန္တ်- သာသနာတော်တွင်း သွတ်သွင်းချီးမြွောက် ကြရ လေကုန်သတည်း။
အဲ- လောကမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သာသနာတော်မှာ မိမိတို့ သားကလေးတွေကို ရှင်အဖြစ်သို့ ရောက်အောင် ရဟန်းအဖြစ်သို့ ရောက်အောင် ရွက်ဆောင်ပေးကြတယ်။ အဲ- သာသနာတော်တွင်း အပ်နှင်း ပေး ကြတယ်။ အဲတော့ အဲဒီသာသနာတော်က ဘယ်သူ.သာသနာတော်တုံး ဆိုတော့ သာရဝန္တ ဿး တကယ့်အနှစ်သာရတွေ ရှိနေသော ဘုရားရှင်ကိုယ်
တော်မြတ်ကြီး၏ သာသနေ- အံ့ဖွယ်ရှစ်ဖြာ ပြည့်စုံစာသည့် သာသနာတော် မြတ်ကြီး၏ သာသနာတော်က တကယ့်အနှစ်သာရတွေ ရှိနေတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ သာသနာတော်ကြီး ဘုန်းကြီးတို့ ဒကာဒကာမတွေ ယနေ့ သာသနာတောင်တွင်းမှာ ကုသိုလ်တွေပြုကြတယ်။ အဲဒီသာသနာတော်က တကယ့် အနှစ်သာရတွေ ရှိနေတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သာသနာ တော်ကြီး၊ အဲ- အနှစ်သာရတွေဆိုတာ ဘာတုံး။ အနှစ်သာရတွေဆိုတာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သိတော်မူတဲ့ တရားတော်တွေထဲက အနှစ်သာရ တွေပဲ
ဘာတွေတုံး။ အများကြီးပဲ။ အဲ- တစ်ခါက မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို လျှောက်ထားတယ် အရှင်ဘုရား၊ အရှင်ဘုရားတို့ ဘုရားရှင် ကိုယ်တော်မြတ်ကို မြင်ဖူးပါသလားဘုရားလို့ လျှောက်ထားတော့ မမြင်ဖူးဘူး မင်းကြီး။ ဒါဖြင့် အရှင်တို့ရဲ့ဆရား ဆရာ့ဆရာတွေ ဘုရားရှင်ကိုယ်တော် မြတ်ကို မြင်ဖူးကြပါသလားဘုရား။ မမြင်ဖူးကြဘူး မင်းကြီး၊ မမြင်ဖူးကြဘူး မဟာရာဇလို့ အဖြေပေးတယ်1။
ဒီလိုဆိုရင် အရှင်ဘုရားတို့လည်း မမြင်ဖူးဘူး။ အရှင်ဘုရားတို့ရဲ့ ဆရာသမားတွေလည်း မမြင်ဖူးဘူးဆိုရင် ဘုရားဆိုတာ ဘယ်ရှိမတုံး။ မရှိဘူးပေါ့လို့ လျှောက်ထားလိုက်တဲ့ အခါကျတော့ ရှင်နာဂသိန်ကိုယ်တော် မြတ်ကြီးက သူ့စကားနဲ့သူ့ကို ပြန်ဖမ်းတယ် မင်းကြီး၊ မင်းကြီးတို့ရာဇဝင်က ဖြစ်ခဲ့ကြတဲ့ ရှင်ဘုရင်တွေ ရှိခဲ့သလား။ ဟာ- ရှိခဲ့ကြပါတယ်ဘုရား) အဲဒီ ရှင်ဘုရင်တွေကို မင်းကြီး မြင်ဖူးသလားမေးတော့- မမြင်ဖူးပါဘူး ဘုရား။ ကောင်းပြီ။ မင်းကြီးက မမြင်ဖူးရင် မင်းကြီးကို ဆုံးမတတ်တဲ့ ပညာရှိ ပုရောဟိတ်တို့) အမတ်ကြီးတို့ကော သူတို့ မြင်ဖူးကြသလား။ သူတို့လည်း မမြင်ဖူးကြပါဘူးဘုရား။
မင်းကြီးလည်းမမြင်ဖူးဘူး။ မင်းကြီးရဲ့ ပညာရှိ ပုရောဟိတ်အမတ် ကြီးတွေး စစ်သူကြီးတွေကလည်း မမြင်ဖူးကြဘူးဆိုရင် ရှေးက ဆင်းသက် လာတဲ့ ရှင်ဘုရင် အမျိုးအနွယ်တွေ မရှိဘူးပေါ့လို့ မိနဲ့ကြားတော့- မှန်ပါ။ တပည့်တော်လည်း အဲဒီရှင်ဘုရင်တွေကို မမြင်ဖူးပါ။ တပည့်တော်ရဲ့ ပုရော ဟိတ်တွေး အမတ်ကြီးတွေး စစ်သူကြီးတွေလည်း မမြင်ဖူးပါ1 မမြင်ဖူး
သော်လည်း ရှေးက ရှင်ဘုရင်တွေ တကယ်ရှိခဲ့တယ်ဆိုတာက တပည့်တော်တို့ သိနိုင်တဲ့ အထိမ်းအမှတ်တွေ ရှိပါတယ် ဘာတွေတုံးဆိုတော့-
အဲဒီ ရှင်ဘုရင်တွေ အသုံးပြုသွားတဲ့ သားမြီးယပ်တို့၊ သန်လျက်တို့၊ သင်းကျစ်တို့။ မကိုဋ်တို့။ ထီးဖြူတို့ဆိုတဲ့ အသုံးအဆောင်တွေ 1 အဲဒီ အသုံး အဆောင်တွေကို မြင်ရသဖြင့် ရှေးရှေးမင်းတွေ အသုံးပြုသွားတဲ့ မင်းမြောက် တန်ဆာနှင့်တကွ မင်းသုံးတန်ဆာဘဏ္ဍာတွေကို တွေ့ရသဖြင့် အဲ- ရှေးရှေးက မင်းတွေ ရှိခဲ့တယ်ဆိုတာ တပည့်တော်တို့ သိနိုင်ပါတယ်လို့ လျှောက်ထားတဲ့ အခါကျတော့ ရှင်နာဂသိန်မထေရ်မြတ်က မင်းကြီး၊ ထို့အတူပဲ။ တို့ဟာ ဘုရားရှင် ကိုယ်တော်မြတ်ကို မမြင်ဖူးဘူး။ တို့ဆရာသမားတွေကလည်း ဘုရားရှင် ကိုယ်တော်မြတ်ကို မမြင်ဖူးကြဘူး။ သို့သော်လည်းပဲ အဲ- ဘုရားရှင် ကိုယ်တော်မြတ် တကယ်ရှိခဲ့တဲ့ အထောက်အထားတွေ ရှိနေတယ်။ အဲဒီ အထောက်အထားတွေက ပြနေတယ်။
ဘာတုံးဆိုရင် သတိပဋ္ဌာန် သမ္မပ္ပဓာန် ဣဒ္ဓိပါတ် က္ကန္သြေ ဗိုလ် ဗောဇ္စျင် မဂ္ဂင်ဆိုတဲ့ ဗောဓိပက္ခိယတရားရတနာ၊/ အဲ- ဒီဘုရား ဘဏ္ဍာတွေကို မြင်ရသဖြင့် အဲ- ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ရှိတော်မူခဲ့တယ်။ ပွင့်တော်မူခဲ့တယ်ဆိုတာ သိနိုင်တဲ့အကြောင်း မိန့်ကြားတော်မူခဲ့တယ်။
အဲဒါကြောင့်မို့လို့ ယနေ့ သာသနာတော်ကြီး ချီးမြွှောက်ရတယ်ဆိုတာ တို့ဘုရား ဘယ်မှာရှိတယ်လို့ ကောင်းကင်ထိုးပြရတဲ့ အပြမျိုးနဲ့ရှိတာမျိုး မဟုတ်4 တကယ်ပင် တို့ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားတော်တွေဟာ အထင်အရှား ရှိနေတယ်ဆိုတာ ယနေ့အထိ ပြနိုင်တယ်။ ဘုန်းကြီးတို့ သာသနာတော်မှာ ပိဋကတ်သုံးသွယ်။ နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာဒေသနာပေါင်း ရှစ်သောင်း လေးထောင်ဆိုတဲ့ တရားတော်တွေဟာ အခု အထင်အရားရှိ နေတယ်။ ယနေ့ သံဃာတော်တွေ အသီးသီး သင်ကြားကြတယ်။
နာယူကြ၊ ကျက်မှတ်ကြ။ အဲ- (၄၅)ဝါကာလပတ်လုံး ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူခဲ့တဲ့ တရားတော်တွေဟာ အထင်အရှားရှိခဲ့တယ်။ ဒါလည်းမက အဲဒီတရားတော်တွေအရ ဘုရားရှင်ကိုယ်တော်မြတ် အသုံးပြု သွားတဲ့ သတိပဋ္ဌာန်ဆိုတဲ့တရား သမ္မပ္ပဓာန်ဆိုတဲ့ တရား၊ ဣဒ္ဓိပါတ်ဆိုတဲ့ တရား၊ က္ကန္ပြေ ဗိုလ် ဗောဇ္စျင် မဂ္ဂင်ဆိုတဲ့ တရားတွေ အဲဒီတရာ'တွေ
ကလည်း အခု အထင်အရားရှိနေတယ်/။ အဲသလို တရားတွေ။ ဘုရားရှင် ကိုယ်တော်မြတ်စါ အသုံးအဆောင်ဘဏ္ဍာတွေ အထင်အရှားရှိသောကြောင့် အဲ- ဘုန်းကြီးတို့ သာသနာတော်ကြီးဟာ တကယ်ထင်ရှားရှိခဲ့တယ်
ယခုလည်းပဲ အဲဒီတရားတွေကို ကျင့်လို့ရှိရင် ကျင့်တဲ့အတိုင်း။ ကျင့်တဲ့အလိုက် ချမ်းသာအမျိုးမျိုးကို ပေးနိုင်တဲ့ တရားထူး အမျိုးမျိုးကို ပေးနိုင်တဲ့ တရားတော်တွေး တရားတော်တွေ။ အဲဒီ တရားတော်တွေဖြင့် ယနေ့ သက်သေသက္တ္ကာယ ပြနိုင်တဲ့ သာသနာတော်ကြီးမို့လို့ အဲဒီသာသနာ တော်မြတ်ကြီးဟာ ဘယ်မှာရှိလေရဲ့လို့ ကောင်းကင်ကို ထိုးပြရတဲ့ သာသနာ မျိုးမဟုတ်။ စိတ်ကူးသာသနာမျိုး မဟုတ်။ အကြံအစည်တက္ကဖြင့်ပြောရတဲ့ သာသနာကြီးမဟုတ်။
ဘုရားရှင်ရဲ့ အသုံးအဆောင် တရားတော်တွေဟာ အထင်အရှား ရှိနေတယ် ဘုရားရှင် ကိုယ်တော်မြတ် (၄၅)ဝါ ကာလပတ်လုံး ဟောတော်မူတဲ့ တရားတော်တွေ အထင်အရှားရှိနေတယ်။ အဲဒီတရားတော်တွေ အထင်အရှား ရှိသဖြင့် အဲဒီတရားတော်တွေကို ကိုယ်တွေ့မြင်ရသဖြင့် တို့ရဲ့ဘုရားရှင် ကိုယ်တော်မြတ်ဟာ တကယ်ပွင့်တော်မူခဲ့တယ်ဆိုတာ သိနိုင်တယ်။ အဲဒီ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားတော်ဟာလည်း အခု အထင်အရှား ရှိ နေတယ်။ အဲဒီ တရားတော်တွေကို မယုံရင် လာလှည့် ကြည့်လှည့်။ ဧဟိပဿိကဂုဏ်နှင့် ပြည့်စုံတဲ့ လာလှည့် ကြည့်လှည့်။ ကျင့်လို့ရှိရင် တရားထူးတွေ ရရှိလိမ့်မည်ဆိုတာ ဖိတ်ခေါ်ချက်တွေနဲ့ ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ပြ နိုင်တဲ့ တရားတော်တွေး အဲဒီ တရားတော်တွေ အထင်အရားရှိနေတဲ့ သာသနာတော်ကြီး၊ ဒါကြောင့်-
ဒီသာသနာတော်ကြီးမှာ မိမိတို့ ယနေ့ ကုသိုလ်တွေပြုကြတယ်။ ရှင်ပြုပေးကြတယ်။ ရဟန်းခံပေးကြတယ်။ ကုသိုလ်တွေ ပြုကြတယ်။ အားလုံး အဲဒီ တကယ်ထင်ရှားရှိတဲ့ သာသနာတော်ကြီး၊ ထူးမြတ်တဲ့ သာသနာတော်ကြီးမှာ မိမိတို့ ယခုလို ဆောင်ရွက်ကြရတာ။ ဒါကြောင့် သာရဝန္တ ဿ တကယ့်အနှစ်တွေ ရှိနေတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ) သာသနေ- အံ့ဖွယ်ရှစ်ဖြာ။ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး၌ သာရဒါယံ- မွန်မြတ်လှစွာသော အမွေအနစ်ကို၊ အဓိစ္ဆကာ- လွန်စွာ လိုလားတောင့်တ
ကြကုန်သော ရှင်ဒကား ရှင်ဒကာမ၊ ရဟန်းဒကာ၊ ရဟန်းအမအပေါင်း သူတော်ကောင်းတို့သည် သေဋ္ဌေဟိ- ထူး မြတ်လှစွာကုန်သော၊ သေဋ္ဌေဟိ- ဘုရားပွင့်မှတွေ့။ ဆုံရတဲ့။ ဘုရားပွင့်မှ ၀တ်ရ ဆင်ရ လ္ဒှူတန်းရတဲ့ မွန်မြတ် လှစွာကုန်သော၊ ပရိက္ခရေဟိ- သင်္ကန်းသပိတ် အစရှိသော ရှင်ပရိက္ခရာ ရဟန်းပရိက္ခရာတို့ဖြင့်-
သပုတ္တကေ- မိမိတို့၏ ရင်နှစ်သည်းချာ သားအချစ်တို့ကို၊ နိယျာ ဒေန္တ် အသီးသီး သာသနာတော်အတွင်း သွတ်သွင်းချီးမြွောက်ကြရကုန်လေ သတည်း။
အဲ-ဒါကြောင့် တကယ့်သာသနာတော်ကြီး၊ မွန်မြတ်တဲ့သာသနာ တော်ကြီး အဲဒီ သာသနာတော်ကြီးမှာ မိမိတို့ ယနေ့ ချီးမြွောက်ကြတယ်။ ဘာလိုချင်လို့။ သာရဒါယံ- အနှစ်သာရရှိသေား ကောင်းမြတ်သော သာသနာ့ အမွေအနှစ်ကို အဓိစ္ဆကာ- လွန်စွာလိုလား တောင့်တကြကုန်သည် ဖြစ်ရ သေဋ္ဌေဟိ- ပရိက္ခရေဟိ- ထူးမြတ်လှစွာသော ပရိက္ခရာတို့ဖြင့်' သပုတ္တကေ- မိမိတို့ရဲ့ ရင်နှစ်သည်းချာ သားအချစ်တို့ကို၊ နိယျာဒေန္တဲ- သာသနာတော်တွင်း သွတ်သွင်းအပ်နံ ချီးမြောက်ကြလေကုန်သတည်း ဆိုတဲ့အတိုင်း ထူးမြတ်လှ စွာသော ပရိက္ခရာတို့ဖြင့် ဆင်မြန်းပြီးတော့ မိမိတို့သားတွေကို သာသနာ တော်တွင်း ရှင်အဖြစ်၊ ရဟန်းအဖြစ်သို့ ရောက်အောင် သွတ်သွင်းချီးမြှောက် ကြတယ်4 သာသနာ့အမွေအနှစ်ကို လိုချင်ကြလို့တဲ့။ သာသနာ့ဒါယဒ- သာသနာ့အမွေခံ။ အဲဒီအမွေခံအဖြစ်ကို လိုလားကြလို့ သာသနာတော်တွင်း သွတ်သွင်းချီးမြှောက်တာပါတဲ့။
သာသနာ့ အမွေအနှစ်' သာသနဒါယာဒ ဆိုတာက ဘုန်းကြီးတို့ အားလုံးလည်း ကြားဖူးနေကြမှာပါပဲ။ ဒါကတော့ တွင်ကျယ်နေတယ်။ သီရိဓမ္မာသောကမင်းကြီး အကြောင်းပြုပြီးတော့ တွင်ကျယ်လာတဲ့ စကားတစ်ခု။ အဲ- တိုတိုပြောရရင် ဘုန်းကြီးတို့ သီရိဓမ္မာသောကမင်းကြီးဟာ သာသနာ တော်ကို အင်မတန် မြတ်နိုးလာတယ်။
ပထမတော့ မိဘကနေဆင်းသက်လာပြီးတော့ တိတ္ထိတွေကို ကိုးကွယ် ခဲ့တယ် နောက် နိဂြောမသာမဏေလေးကို အကြောင်းပြုပြီးတော့ သီရိဓမ္မာ သောကမင်းကြီးဟာ သာသနာတော်ကို အတော်ကြည်ည်ိုသွားတယ်။
ကိုရင်လေးက တကယ့်ကြည်ည်ုစရာကောင်းတဲ့ ကိုရင်လေး က္ကန္ခြေက ကောင်းတယ် တရားကလည်း ရှိတယ် အဲဒီလို ကိုရင်လေးကို မြင်ရတော့ အင်မတန် ကြည်ည်ိုသွားတယ်။ နောက်တော့ ကိုရင်လေးရဲ့ အပ္ပမာဒတရားကို နာတ္သြားရပြန်တော့ ရှေးကတတ်ဖိုမြိုး ကြည်ညိုမှုတွေ ဖြစ်ရတယ်။
အဲဒါနဲ့ သာသနာတော်ကို ကြည်ည်ုပြီး ဘုန်းကြီးရဟန်းတွေကို ကိုးကွယ်ရတဲ့အထိ ရောက်သွားတယ်။ တိတ္ထိတွေ ကိုးကွယ်တဲ့နေရာ မရှိတော့ ဘူး အဲသလို အဖြစ်မျိုး ရောက်သွားတဲ့အခါကျတော့ သာသနာတော်မှာ ဘုရားရှင် ကိုယ်တော်မြတ် တရားတော်ဟာ ဘယ်လောက်ရှိတုံး- လျှောက် ထားတော့ သံဃာတော် အရှင်မြတ်တွေက ရှစ်သောင်းလေးထောင်ရှိတယ် ဆိုတော့ အဲ- ဓမ္ဗူဒိပ်မှာ ကျောင်းပေါင်း ရှစ်သောင်းလေးထောင် လှူဒါန်းတယ်1။ အဲဒီ ကျောင်းတော်ကြီးများ ရေစက်ချပွဲကြီး ကျင်းပတယ်။
ကျင်းပတော့ တန်ခိုးကြီးတဲ့ရဟန်းတော်တွေက လောကဝိ၀ရဏ တန်ခိုးနဲ့ လောကကြီးကိုဖွင့်ပြတဲ့ တန်ခိုးတော်ကြီးနဲ့ မင်းကြီး သူ့ကုသိုလ် တွေ သူ ရေစက်သွန်းချ ကျောင်းလွှတ်ပူဇော်ပွဲကျင်းပတဲ့ ကျောင်းကောင်း မှုတွေ မြင်ရအောင်ပြတော့ အင်မတန် နှစ်သက်ရွှင်လန်းဝမ်းမြောက်ခြင်းသို့ ရောက်ရတယ်။
ရောက်ရတယ်ဆိုတာ စဉ်းစားမိတယ်။ ငါဒီလောက်တောင်လှူတော့ ဒီသာသနာတော်မှာ ငါ့ထက်လ္ဂူတာများ ပိုပြီးလှူတာများ ရှိရဲ့လားလို့ လျှောက်ထားတော့ ရဟန္တာအရှင်မြတ်တွေက မရှိတဲ့အကြောင်း မိန့််ကြားတယ်။
အဲဒီတော့ ဒီလောက်အလှူကြီးကို ငါလှတာဟာ သာသနဒါယာဒ သာသနအမွေခံဖြစ်ပါ ရဲ့လားလို့ တွေးမိပြန်တော့ အဲဒီအကြောင်း လျှောက် ထားပြန်တယ်။
အရှင်ဘုရားတို့ ဘုရားတပည့်တော်ဟာ ဒီလောက်အလှကြီး လှူ တာဟာ သာသနဒါယာဒ။ သာသနာအမွေခံ ဖြစ်ပါ့မလားဆိုတော့ အဲ- ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကြီးကလည်း သီရိဓမ္မာသောကမင်းကြီးရဲ့ သားတော် မဟိန္ဒနဲ့ သမီးတော် သံဃမိတ္တာထေရီမတို့ရဲ့ ဥပနိဿယကို မြင်ရတော့ အခွင့်သာတဲ့အခါ မိန့်ကြားတော်မူတယ်တဲ့။
အဲ- မင်းကြီး၊ မင်းကြီးဟာ ဒီလောက်ပစ္စည်းတွေလှူတော့ ပစ္စယ ဒါယကာ ပစ္စည်းလှူတဲ့ ဒကာတော့ဖြစ်တယ်။ အကြင်ပုဂ္ဂုလ်ဟာ မိမိရဲ့သား။ မိမိရဲ့ သမီးတွေကို သာသနာတော်တွင်း သွတ်သွင်းပြီးတော့ ချီးမြှောက် ပူဇော်တယ်။ ရှင်အဖြစ်ရောက်အောင်။ ရဟန်းအဖြစ်ရောက်အောင် ဆောင်ရွက် ပေးတယ်။ အဲဒီ ပုဂ္ဂိုလ်သာလျှင် သာသနဒါယာဒ သာသနအမွေခံဖြစ်တဲ့ အကြောင်း၊ ယခုလောက် ပစ္စည်းတွေလှူပေမဲ့ သာသနဒါယာဒ သာသနာ အမွေခံ မဖြစ်တဲ့အကြောင်းး' ပစ္စယဒါယကာ ပစ္စည်းလှူတဲ့ ဒကာသာ ဖြစ်တဲ့အကြောင်း မိန့် ကြားတော်မူတဲ့အခါကျတော့-
အဲနောက် မင်းကြီးက ဒီတော့မှ ငါ- သာသနာ့အမွေခံဖြစ်အောင် င၂သားတော်နဲ့ သမီးတော်တွေ ရှင်ပြုမယ်ဆိုပြီးတော့ ရှင်ဖြစ်အောင်လုပ် မယ်။ ရဟန်းဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ အဲ- သားတော်သမီးတော်တွေကို မေးတော့ သူတို့ကလည်း သဘောတူတယ်။ အဲဒါကြောင့် နောက်သာသနာ တော်မှာ သားတော်တွေ ရှင်ဖြစ်အောင်ဆောင်ရွက်ပြီးတော့။ ရဟန်းဖြစ်အောင် ဆောင်ရွက်ပြီးတော့ သာသနဒါယာဒ ဘွဲ့ခံတယ်ဆိုတာ။ အဲ- အဲဒီအခါက သီရိဓမ္မာသောကမင်းကြီးက ဒီသာသနဒါယာဒဆိုတဲ့ စကားလုံးလေးကို ယူပြီးတော့ အဲဒါ ဖြစ်အောင်ဆိုပြီးတော့ ကြိုးစားကြ ယခုခေတ်မှာ ကိုယ့် သားလေးတွေကို ရှင်မပြုပေးက မနေနိင်ကြဘူး။
ရှင်ဖြစ်အောင် ဆောင်ရွက်ပေးကြ၊ အဲဒါ သားကလေးတွေအပေါ်မှာ. ရှင်ဖြစ်အောင် ဆောင်ရွက်ပေးတယ်ဆိုတာဟာ သာသနာ့အမွေခံ ခံယူတာပဲ။ သာသနာ့အမွေခံဆိုတာ ဘာတုံး။ “သာသနဿ အဗ္ဘ္တန္တရောဥာတကော” လို့ ဖွင့်ကြတယ်။ သာသနဒါယာဒဆိုတာ သာသနအမွေခံ၊ သာသနာ့ အမွေခံဆိုတာ ဘာတုံးဆိုရင် သာသနာတော်ရဲ့ အတွင်းကျသော ဆွေမျိုးပဲလို့။ အဲ- သာသနာတော်မှာ ကိုယ့်သားလေးတွေရောက်သွားတော့ မိမိသာသနာ တော်နဲ့ ရင်းနှီးသွားတယ်။ ဆွေမျိုးတော်စပ်သွားတယ်။ အဲဒါကြောင့်မို့လို့ သာသနဒါယာဒ သာသနာ့အမွေခံ သာသနဆွေမျိုးလို့ ပြောတာပဲ အဲသလို သာသနာ့ဆွေမျိုးး သာသနာ့အတွင်းလူအဖြစ်သို့ ရောက်ခြင်းဟာ သာသန ဒါယာဒပဲလို့၊ ဒီလို ကျမ်းဂန်များမှာ ဖွင့်ဆိုကြတယ်။
ဒါကြောင့်မို့လို့ သာသနအမွေခံဆိုတာဟာ သာသနာတော်နဲ့ ရင်းနှီး (။ {။ (။ နြ ပ (၂ ၀ (၂ (။ ပြ (၂) တယ်။ ဟုတ်လည်းဟုတ်တာပဲ။ မိမိတို့သားကလေးတွေမရှိရင် ကျောင်းကို ပြ ( (၂. (။ (။။ (။ ပြ (။
တယ်မရောက်ချင်ဘူး။ ကိုယ့်သားကလေးတွေ ကျောင်းမှာရှိနေရင် ရှင်အဖြစ် မ္က (။ (။ ပ (။ ဂ ပြု ၂ (။ (။
နဲ့ဖြစ်စေ' ရဟန်းအဖြစ်နဲ့ဖြစ်စေ ရှိနေရင် ကျောင်းကိုရောက်လာတယ်။ ကျောင်းကို ရောက်ရုံမကဘူး။ ကျောင်းက သာသနတာဝန်တွေး ကိစ္စတွေကို မိမိတို့ကိစ္စအဖြစ်ဖြင့် ရင်းရင်းနှီးနီး ဆောင်ရွက်ဖြစ်ကြတယ်။ ပြုလုပ်ဖြစ် {။ {။ {(။
ကြတယ်။ အားထုတ်ဖြစ်ကြတယ်။
အရင်ကထက် သာသနာတော်နဲ့ ပိုပြီးတော့ ရင်းနှီးသွားကြတယ်။ အဲ- ကိုယ့်သားလေးတွေလည်း လူထွက်ရေား ကျောင်းလည်း မရောက်တော့ ဘူး။ အဲဒီတော့ သာသနဒါယာဒဆိုတာက တကယ်တော့ သားကလေးတွေ။ သာသနာတော်မှာ မြဲမြဲမြံမြံနေမှ ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် သားကလေးတွေ သာသနာတော်ရောက်ရုံနဲ့တော့ သိပ်ပြီးတော့ သာသနဒါယဒ (။ (။ မီ ဥ (။ ဂ (0 5 အစစ်မဖြစ်သေးဘူး4 အဲ- သို့သော်လည်းပဲ- မိမိတို့ သားကလေးတွေ သာသနာတော်မှာနေတဲ့အခါ၊ သာသနာ့တာဝန်တွေကို ဆောင်ရွက်ဖြစ်တာ။ င (၂။ ၂) ၈၂. {. ည။
အားထုတ်ဖြစ်တာ တစ်မျိုးအားဖြင့် တော်သေးတာပေါ့ အမှန်က ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ် လိုလားတာက (း (။ ( (.. (။ (မှ (" ရှင်မဟာမဟိန္ဒလို သာသနာတော်မှာ သေတစ်ပန်သက်တစ်ဆုံး နေပြီးတော့ (၂ (.။ {(.. (၅ (('။ (' အဲဒီ သာသနာတော်ကို ထူးထူးခြားခြား ချိးမြှောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ( (။ (။ ပ. မ ဤ ဂ (ဆ ထိဖြစ်အောင် ရည်မှန်းတော်မူပြီးတော့ ဒီစကားကို ပြောတော်မူခဲ့တာ။ မိန့်တော်မူခဲ့တာ အဲတော့ သားကလေးတွေ သာသနာတော်မှာ နေပြီးတော့။ အဲ- (။ (၂) ဠ် (၂) ပ (။ ပ သာသနာ့ တာဝန်ကို ကြီးပွားအောင်၊ တိုးတက်အောင် သာသနာတော်ကို ပ (း ၂) (( (. (၂ (ဦး (၂ (_ (ပး အဲ- သူတို့ ဆောင်ရွက်နိုင်ကြမယ်ဆိုရင် သာသနဒါယာဒဆိုတဲ့အဓိပ္ပာယ်ဟာ ပိုပြီးတော့ ပြည့်၀သွားတယ်။ ထားပါတော့ အဲဒီ သာသနဒါယာဒက (_) (၃ ( ပ အဓိပ္ပာယ်တစ်မျိုး။
ဘုန်းကြီးတို့ ရှင်သုမင်္ဂလသာမိရဲ့ အဘိဓမ္မတ္ထဝိဘာဝနီဋီကာကျော် ရေးသားရသောကြောင့် ဆုတောင်းတဲ့ ဆုတောင်းထဲမှာ ဆုတောင်းတစ်ခု တွေ့ရတယ်။
အဒ္ဓါ သာသနဒါယာဒေါ- ဟေဿံ မေတ္တေယျသတ္ထုနော။
အဟံ-ငါသည်။ မေတ္တေယျသတ္တုနော- နောင်ပ္ပင့်မည့် မေတ္တေယျတွင် ရှင်တော်မြတ်ဘုရားစ သာသနဒါယာဒေါ- သာသနာ့အမွေကိုခံရတဲ့ သာသန ဒါယာဒသည်။ အဒ္ဓါ- မချွတ်ဧကန် အမှန်စင်စစ် ဟေဿံ- ဖြစ်ရပါစေသား လို့ ဆုတောင်းထားတယ်။
နောင်ပွင့်မည့် မေတ္တေယျ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သာသန ဒါယာဒ။ သာသနာ့အမွေခံ ဖြစ်ရပါလို၏လို့ ဆုတောင်းတယ်။ အဲဒီ သာသန ဒါယာဒဆိုတာ ဘာတုံးဆိုတော့ အဲဒီ သာသနာ့အမွေခံဆိုတာကတော့ မဂ်ဖိုလ်နိဗ္ဗာန်။ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်ရတရားရပြီဆိုရင် အဲဒီ ရတဲ့ အခါ သူက သာသနာ့အမွေခံဖြစ်ပြီး န်ဗ္ဗာန်မဂ်ဖိုလ် မရသေးသမျှ သာသနာ့ အမွေခံ အစစ်မဖြစ်သေးဘူး။ အဲဒီဆုကို သူက တောင်းခဲ့တယ်။
ဒါကြောင့်မို့လို့ တကယ်တော့ ဘုန်းကြီးတို့ ဒကာဒကာမတွေရော။ ဘုန်းကြီးတို့ရော အားလုံး ဘုရားတပည့်တွေဟာ အဲဒီ နောက်ဆုံးပန်းတိုင် ဖြစ်တဲ့ မင်ဖိုလ်နိဗ္ဗာန်တည်းဟူသော သာသနာ့အမွေ။ ဗုဒ္ဓအမွေး ဘုရားအမွေ အဖြစ်နဲ့ သာသနာ့ အမွေကြီးကို ရကြမှ တာဝန်ကျေကြမယ်။ အဲဒီ အမွေ တော်ကြီးကို မျှော်လင့်ပြီးတော့ ယခုရှင်လောင်းတွေလည်း ရှင်ပြုကြတယ်။ ရဟန်းလောင်းတွေလည်း ရဟန်းပြုကြတယ်။
သံသာရဝဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံယာစာမိ။
သံသရာဘ၀ဋ ၀ဋ်ဒုက္ခမှ လွတ်မြောက်ခြင်းဝှာ ရှင်အဖြစ်ကို တောင်းပန် ပါ၏ အဲဒီသာသနာ့အမွေကြီးကို မျှော်လင့်ပြီးတော့ ရှင်ပြုပါတယ်။ ရှင်ပြု ပေးပါလို့ ရှင်အဖြစ်ကို တောင်းပန်ပါတယ်လို့ ကိုရင်လေးတွေက ဆိုကြတယ်။
အဲ- အလုးစုသော သံသရာ၀ဋ်ဆင်းရဲမှ ကင်းလွတ်ထွက်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဤသင်္ကန်းကိုယူ၍ တပည့်တော်ကို ရှင်ပြု ပေးပါဆိုတော့ အဲဒီဆိုတုန်းကလည်း သာသနာ့အမွေကို တပည့်တော် ခံချင်ပါတယ်ဘုရား၊ အဲဒီ သာသနာ့အမွေကို ရှင်ပြုပေးပါ။ ပြီးတော့ တပည့်တော်ကို အဲဒီအမွေ ပေးပါဘုရားလို့ ဆိုတာပဲ
အဲဒါကြောင့်မို့လို့ သာသနဒါယာဒခရဲ့ အဓိပ္ပာယ်အရှိဆုံးအနက်က အဲဒီအနက်ပဲ။ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော လောကုတ္တရာကိုးပါးဟာ မိမိတို့
ရယူရမည့် သာသနာ့အမွေ၊ ကိုရင်တွေလည်း ဒါပဲ။ ရဟန်းတော်တွေလည်း ဒီအမွေပဲ။ အဲ- ဒကာ ဒကာမတွေလည်း ဒီအမွေကို ရရှိဖို့ပဲ။
အဲသလို ရှင်အဖြစ်၊ ရဟန်းအဖြစ်ရောက်အောင် ဆောင်ရွက်ပေး ခြင်းဖြင့် နောင်အခါ မိမိတို့ဟာ အဲဒီ ရှင်အဖြစ်မျိုး၊ ရဟန်းအဖြစ်မျိုး။ ရဟန်းမ အဖြစ်မျိုးဖြင့် အဲ-အဲဒီ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော အမွေကြီးကို ရယူနိုင်ကြလိမ့်မည်လို့ မိမိတို့ ယနေ့ပြုသမျှ ကုသိုလ်ကြီးကို အောက်မေ့ ပြီးတော့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် တစ်ရံတစ်ခါ တစ်ခါတလေ ပြုရတဲ့) ကြုံကြိုက်ခဲတဲ့ ကုသိုလ်အထူး ဆည်းပူးကြတဲ့ အခါသမယ အဲ- အဲဒီ ရည်ရွယ်ချက်ထားပြီးတော့-
အဲဒီ တောင်းချက်တစ်မျိုး ထားပြီးတော့ တကယ့် သာသနဒါယာဒ အစစ်။ သာသနာ့အမွေခံအစစ်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
ရှင်ပြုရဟန်းခံ အလှူတော်ကြီး
ယနေ့ ရှင်ပြုရဟန်းခံ အလှူတော်ကြီး ပူဇော်လှူဒါန်းကြတယ်။ (ရ {။ ("မ (။
အဲဒီ ရှင်ပြုရဟန်းခံ အလှူတော်ပွဲကြီးမှာ ဘုန်းကြီးက မ္မေပဒအဋ္ဌကထာမှာ လာတဲ့ သာနသာမဏေလေးရဲ့အကြောင်း အနည်းငယ်အကျဉ်းချုံးပြီးတော့ ဟောပြပါ့မယ်။
လ (။။ (။ (။။ ပ္ခ အဲ- ဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက်က ဥပါသိကာ ဒကာမ ကြီး တစ်ယောက်ရှိတယ်။ သူ့မှာလည်း သားကလေး တစ်ယောက်တည်း အဲ- နာမည်က သာနုတဲ့။ အဲဒီ ဥပါသိကာမကြီးဟာ သာသနာတော်ကြီးကို ကြည်ည်ုတဲ့ ဒကာမကြီးဖြစ်တဲ့အကြောင်း၊ အဲ- သူ့သားလေးကို ငယ်ငယ် (ပ ရု တာင် (။ င်းပြီး (။ ဖြစ် (။ (။ (။
ရွယ်ရွယ်နဲ့ပဲ သာသနာ့ဘောင်သို့ သွတ်သွင်းပြီးတော့ ရှင်အဖြစ်သို့ရောက်အောင် {ဤ ပ ဂ (ရ ("။ {။ (။ ပြွ ချီးမြှောက်ခဲ ဆောင်ရွက်ခဲ့တယ် အဲဒီ သားကလေးကလည်း အင်မတန် တော်တယ်။ သာသနာတော် ရောက်တယ်ဆိုရင် သီလစင်စင်ကြယ်ကြယ်နဲ့ (။ င။ (။ {း (။ (' (မး {( င ဂ (။
ဝတ်ကြီး ဝတ်ငယ်တွေ အင်မတန် ပြည့်စုံတယ် ဝတ်ကြီး ၀တ်ငယ်တွေ ကောင်းကောင်းမွန်မွန် ဆောင်ရွက်တဲ့ သာမဏေကောင်းလေးတစ်ပါးအဖြစ်ဖြင့် ထင်ရှားတယ်။
(မ။ မျ (' ငျ အဲဒီတော့ သာမဏေလေးဟာ သီလစင်ကြယ်ရုံမျှမက သရဏဂုံ ။) ဂ မ (။ (။ (။ {။ (။
ဓမ္မာစရိယ။ အာစရိယတွေရဲ့ ကျင့်ဝတ် ဝတ်ကြီး ဝတ်ငယ်တွေး ဥပဇ္စျာယ် င ဝတ်ကြီး ၀တ်ငယ်တွေ၊ အဲ- အရပ်တစ်ပါးက ကြွလာကြတဲ့ ဆရာတွေရဲ့ တွ ရပ်တစ်ပါ။
ပီ (။ ဗ (၂ { ( မျ ("မ ဂ အာဂန္တုတွေရဲ့ ဝတ်ကြီးဝတ်ငယ်တွေ ကျေပွန်အောင် ဆောင်ရွက်ခဲ့တယ်။ ဒါ ဘယ်သူကမတိုက်တူန်းရတာ မဟုတ်ဘူး။ သု ရဲ့ အသိနဲ့ သူ ရဲ့ စိတ်ကောင်း သူကမှတုကတွနးရ ဟုတဘူး။ သူ.ရ.အသန့ သူ့ရ. နှလုံးကောင်းကို အမှီပြုပြီးတော့ ကိုရင်ကောင်းလေး တစ်ပါးအဖြစ် ရောက် ရှိခဲ့တယ်။
ဒါတွင်မကဘူး လတိုင်း လတိုင်း (၈)ရက်ဥပုသ် ရောက်ပြီဆိုရင် တစ်ခါတည်း ရေအိုးစင်တွေကို ရေဖြည့်။ တရားဟောဖို့နေရာ ဧရပ်ကြီးကို တံမြက်လှည်း သောက်ရေ သုံးဆောင်ရေ တည်ထား) ဆီမီး ထွန်းညှိထား။ ဒီလို တရားတွေကိုသာ ကျေကျေပွန်ပွန်ဆောင်ရွက်ရုံတွင်မကဘူး။ အဲဒီလို လုပ်ပြီးတော့ အင်မတန် သာယာဖွယ်ရာ အသံလေးနဲ့ တရားများ ထုတ်မြွက် ကြားလေ့ရှိတယ်။
အဲဒီလို ကိုရင်လေးတစ်ပါး၊ သာနုသာမဏေတဲ့။ အဲဒီ သာန သာမဏေလေးဟာ အရည်အချင်းအားဖြင့် ညံ့တာမဟုတ်ဘူး။ ခုန သီလနှင့်သာ ပြည့်စုံတယ်။ ကျင့်ဝတ်သိက္ခာနှင့်သာ ပြည့်စုံတယ်မဟုတ်ဘူး။ တရားဟော ကလည်း တရားဟောကောင်း။ ရဟန်းများက သူ့အရည်အချင်းကိုသိကြတော့ “သာမဏေး သရဘညာဆိုတဲ့ အသံဖောင်ဖောင်ရွတ်ပြီးတော့ ဟောရသော တရားဟောနည်းနဲ့ တရားဟောစမ်းပါ”ဆိုရင် ဗိုက်နာတယ်။ ကိုယ်နာတယ် စသည်ဖြင့် ရှောင်တိမ်းမှု မပြုဘဲနဲ့ တစ်ခါတည်း တရားပလ္လင်ပေါ်တက် ပြီးတော့ ယပ်တောင်ကိုင်ပြီး ပလ္လင်ပေါ်တက်ပြီးတော့ ကောင်းကင်မြစ်ကြီး ယိုစီးသလို တရားတွေ တသွတ်သွတ်နဲ့ဟောသွားလိုက်တာ အားလုံးအံ့သြ ကြရတယ်။
တရားဟောပြီးရင် ကိုရင်လေးက နတ်တွေကိုလည်း ဖိတ်တယ်။ မိဘတွေကိုလည်း အမျှအတန်း ပေးဝေတယ်။ ငါ ယခု ဟောရတဲ့ တရား ကောင်းမှုစ် အဖို့ဘာဂကို ငါ့မိဘတွေရကြပါ စေလို့ အဲသလို အမျှအတန်းပေးဝေပြီး တစ်နေ့ကျတော့ သူ့ရှေးဘဝက မယ်တော်ဖြစ်ခဲ့ဖူးတဲ့ ဘီလူးမကြီးက ဒီတရားပွဲမှာ ပါလာတယ်။ သားဖြစ်တဲ့ ကိုရင်လေးက အဲသလို အမျှအတန်းပေးဝေတော့ သူက အမျှယူ။ သာဓုအနုမောဒနာပြုပြီးတော့ အဲဒီအမျှကို ခံယူတယ်တဲ့။ အဲသလို ကိုရင်လေးက အမျှပေးဝေလိုက်တော့ နတ်တွေကလည်း ကြည်ည်ုး သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ နတ်တွေကလည်း မြတ်နိး၊ လူတွေကလည်း မြတ်နိုး။ အဲသလို အမြတ်နိုးခံရတဲ့ ကိုရင်ကလေး၊
အဲဒီ ကိုရင်ကလေး အကြောင်းပြုပြီးတော့ သူ့မယ်တော် ဘီလူးမ ကြီးကလည်း နတ်တွေရဲ့အလယ်မှာ အင်မတန် စန်းပွင့်တယ်။ ဘယ်နေရာ ရောက်ရောက် သူ့ကို စားဦး နေရာဦး ရေဦး ဆိုသလို ဦးဦးဖျားဖျားပေးကြ
ကမ်းကြ။ သူလာပြီဆိုရင် အလေးပြုကြ၊ ရှောင်ရှားကြ စသည်ဖြင့် အခွင့် အရေးတွေ အများကြီး ပေးကြတယ်။ အဲဒီလောက် အထိအောင် သာနရဲ့ ရှေးဘဝ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ ဘီလူးမကြီးက အင်မတန် အခွင့်အရေးတွေ ရပြီးတော့ တကယ့်သာသနာတော်မှာ ကြည်ည်ုနေတဲ့ ဒကာမကြီး။
တစ်နေ့ကျတော့ သာနုဆိုတဲ့ သာမဏေလေးဟာ အဲ- သာသနာ တော်မှာ မပျော်ဘူး။ သာသနာတော်မှာ မပျော်တော့ လက်သည်းတွေရှည်။ ဆံပင်တွေရှည်။ ကိုယ်ဝတ်သင်္ကန်း။ သင်းပိုင်တွေ ညစ်နွမ်းနေတယ်။ အဲသလို ညစ်ညစ်နွမ်းနွမ်းနဲ့ ဘယ်သူမှ မပြောဘဲနဲ့ သပိတ်ကလေး ယူပြီးတော့ မယ်တော်ကြီးအိမ် ကြွလာတယ်။ မယ်တော်ကြီးအိမ်ရောက်တော့ မယ်တော် ကြီးကလည်း ကိုရင် ဘယ့်နယ်တုံး။ အခါတိုင်းဆိုရင် ကိုရင့် ဆရာတွေ၊ ဥပဇ္စျာယ်ဆရာတွေနဲ့ အတူတကွ ကြွလာတတ်တယ်။ ဆရာတွေမပါ သော်လည်း သီတင်းသုံးဖော်ဖြစ်တဲ့ ကိုရင် ရဟန်းတွေနဲ့လာတယ်။ အခုတော့ ကိုရင်တစ်ပါတည်းပါလား။ ဘယ်လိုဖြစ်လာတာတုံးဆိုတော့ သူမပျော်တဲ့ အကြောင်း ပြောပြတယ်။ အဲဒါနဲ့ မယ်တော်ကြီးကလည်း တတ်သမျှမှတ်သမျှ ဃရာဝါသ အိမ်ရာတည်ထောင် လူတို့ဘောင်ရဲ့ အပြစ်တွေကို ပြောပြတယ်။ ပြောပြပေမည့် သူ ဘယ်မှာနားလည်မှာတုံး။ ဘယ်မှာ လိုက်နာမှာတုံး။ သူက မပျော်လို့ လူထွက်ချင်နေတယ်။
အဲ- ဒါနဲ့ မယ်တော်ကြီးကလည်း ရှိပါစေဦးလေ။ သူ့ပြောလို့မရတော့ ရှိပါစေဦး။ သူ့ဟာသူ သဘောပေါက်ချင်ရင် ပေါက်လာပါ လိမ့်မယ်ဆိုပြီးတော့။ ကဲ-ကဲ- ဒါဖြင့် ကိုရင် ထိုင်ဦးဆိုပြီးတော့ နေရာပေးပြီးတော့ ကိုရင့်ကို ဒီနေ့ ယာဂုနဲ့ ဆွမ်းနဲ့ကပ်မယ်။ ပြီးတော့မှ အင်မတန်လှပတဲ့ အဝတ်လေးတွေ လူထွက်ဖို့ ပေးမှာပေါ့လို့ ဆိုပြီးတော့ ယာဂုချက်တော့ ကျက်သွားတယ်။ ကျက်သွားတော့ ယာဂုဆွမ်းကပ်။ နောက်တစ်ခါ ဆွမ်းချက်ဦးမယ်ဆိုပြီး ဆန်ဆေး။ ဆန်ဆေးနေတဲ့အချိန်မှာ သူ့ရဲ့ ဟိုဘဝက မယ်တော်ဖြစ်ခဲ့ဖူးတဲ့ ဘီလူးမကြီးက ရှိတယ်။ ငါ့သားလေးသာန ဘယ်မှာပါလိမ့်။ ဆွမ်းတွေ ဘာတွေကော ကောင်းကောင်းစားရရဲ့လားလို့ ကြည့်လိုက်တော့ လားလား။ လူထွက်တော့မယ်လို့ ပြောနေတာ မြင်တော့ ဘယ်ဖြစ်မတုံး နတ်တွေ အလယ်မှာ ငါအရှက်ရမယ်။ အဲဒီ အရက်ကို မခံနိုင်ဘူး။ သူ လူထွက်ရမည့်
အန္တရာယ်ကို ပြုတော့မယ်။ သူ လူမထွက်နိုင်အောင် တားဆီးတော့မယ်ဆိုပြီး တစ်ခါတည်း အိမ်ရောက်လာတယ်4 အဲ- အိမ် ရောက်လာပြီး တစ်ခါတည်း ဝင်ပူးတော့တာပဲ။
ပူးပြီးတော့ တစ်ခါတည်း- အဲဒါနဲ့ ကိုရင်လည်း လဲသွားတယ်။ ဒီအခါမှာ မယ်တော်ကြီးက ဘယ်လိုဖြစ်သွားပါလိမ့်ဆိုပြီး သွားပွေ့ ပြီးတော့ ရင်ခွင်ထဲမှာထားလျက် ငိုက္ပြေး၊ အဲဒီလိုဖြစ်နေတုန်း လူတွေကလည်း စုဝေး ရောက်လာပြီး ဗလိနတ်စာ ကျွေးရမှာနဲ့ အဲဒီလိုဖြစ်နေတဲ့အခါ အဲ- ကိုရင့် မယ်တော်ကြီး ဥပါသိကာမကြီးက ရှေးတုန်းက ကြားဖူးတာ ဆယ့်လေး ရက်။ ဆယ့်ငါးရက်။ ရှစ်ရက် ဥပုသ်သီတင်း ဆောက်တည်သုံးနေကြတဲ့ လူတွေကို နတ်ဒေဝါတွေး ဘီလူးတွေက အနှောင့်အယှက် မပေးရဘူးလို့ ကြားတယ်4 အခုတော့ မဟုတ်ပါလားလို့ သူက ညည်းညူလိုက်တယ်။ အဲသလို ညည်းညူတော့ ဟာ- မဟုတ်ဘူး။ မဟုတ်ဘူး။ ဥပုသ်သီတင်း ကောင်းကောင်းဆောက်သုံးကြတဲ့ ပုဂ္ဂုုလ်တွေကို နတ်တွေက စောင့်ရှောက် တယ်ဆိုတာ။ နတ်တွေက မညှဉ်းဆဲဘူးဆိုတာဟာ ဒါအမှန်ပဲ။ အဲ- ဒီတော့ အခု သာနုနိးလာရင် ပြောလိုက်ပါ လူထွက်မယ်ဆိုတဲ့ မကောင်းမှုမျိုးကို မပြုပါနှင့်၊ ပြုမယ်ဆိုရင်ဖြင့် ကောင်းကင်ပျံပြေးတောင် လွတ်လိမ့်မယ် မဟုတ်ဘူးလို့ ပြောလိုက်ပါဆိုပြီးတော့ အဲ- ဘီလူးမကြီးက ပြန်ထွက်သွား။ ဝင်ပူးရာကနေ ပြန်ထွက်သွားတဲ့အခါကျတော့ ဒီအခါမှ သာနုသာမဏေ လေးက သတိပြန်လည်လာ၊ မျက်စိဖွင့်ပြီးကြည့်လိုက်တော့ သူ့မှာ အံ့သြ နေတယ်။
ခုန မိမိထိုင်ခုံပေါ်မှာ ထိုင်နေတာလည်း သတိရတယ်။ အနားက မယ်တော်ကြီး ဆန်ဆေးနေတာကိုလည်း သူသိတယ်။ အဲ-ခုတော့ မယ်တော် ကြီးကလည်း အဲဒီမှာ မရှိ ပရိသတ်တွေကလည်း ရောက်နေတော့ အဲဒီ မယ်တော်ကြီးကို မေးတယ် မယ်တော်ကြီး၊ မယ်တော်ကြီးကလည်း ငိုနေတာ မယ်တော်ကြီး၊ အဲ- လူတွေဟာ သေမှငိုရတာ။ ဘယ့်နှယ် မယ်တော်ကြီးဟာ ကိုရင် အသက်ရှင်နေတုန်း ဘယ့်နယ် ငိုရသတုံး ဆိုတော့။ အေး- ကိုရင် ချစ်သား။ သေတဲ့လူလည်း ငိုရတာပဲ။ မသေဘဲနဲ့ ကြောက်နေတဲ့လူလည်း ငိုရတာပဲ။ အဲ- သာသနာတော်မှာနေပြီး သာသနာ့ဘောင်မှ လူထွက်လာတဲ့
ပုဂ္ဂိုလ်ဆိုတာဟာ ရှင်ရာကနေ သေခြင်းတစ်မျိုးပဲ။ ဒါကြောင့် ငိုရတယ်ဆိုတဲ့ အကြောင်းတွေနဲ့ ပြောပြီးတော့ အဲ- လောကမှာ ကိုရင့်ကို ဤမီးပူထဲကနေ ထုတ်ပြီးတော့ သာသနာတော် မပူရာဌာနသို့ ပို့ပေးထားတာ ကိုရင် မနေ နိုင်ဘူး။ အဲဒီဟာကလည်းပဲ ရှင်ရာကနေ သေခြင်းတစ်မျိုးပဲ။
အဲဒီလို ပြောပြတဲ့အခါကျမှ နောက် သာနုသာမဏေလေးက သတိ တရားရလာတယ်။ ကဲ- ဒကာမကြီး၊ ကိုရင် မထွက်တော့ပါဘူး။ မထွက် တော့ပါဘူးဆိုတဲ့ ကိုရင်လေးစကားကို ကြားရတဲ့ မိခင်ကြီးက အတော်ကို ဝမ်းသာသွားတယ်။ အေး-ဝမ်းသာသွားပြီးတော့ ကဲ-ဒါ ဖြင့် ကိုရင် ဆွမ်းတို့ ဘာတို့ ဘုဉ်းပေးဦးဆိုပြီးတော့ ဆွမ်းကပ်တယ်။ ကိုရင် အသက်ဘယ်လောက် ရှိမတုံး။ အသက်နှစ်ဆယ်ပြည့်ပြီဆိုတာသိတော့ မယ်တော်ကြီးက တိစီဝရိတ်ရှာ။ တိစီဝရိတ်ရှာပြီးတော့ ကိုရင်ကို ရဟန်းပြုပေးမယ်ဆိုပြီး နောက်ကျတော့ ရဟန်းပြုပေးလိုက်တယ်။ ရဟန်းဖြစ်ပြီးတဲ့နောက် ဘုရားရှင်ကိုယ်တော် မြတ်ရဲ့ စိတ်ကိုနှမ်နင်းတဲ့ ဒေသနာ
ဒေသနာတော်ကြားရလို့ သာနုရဟန်းတော်လေးက တစ်ခါတည်း တရားထူးတရားမြတ် ရသွားတယ်။ နောင်အခါ အဲ- ဘုရားတရားတော် တွေကို ပိဋကတ်တော်တွေကို ကောင်ကောင်းကြိုးစားပမ်းစား သင်ယူလိုက် တာဟာ တကယ့် မဟာဓမ္မကထိက ဓမ္မကထိကကြီးအဖြစ်ဖြင့် ကျော်ကြား ပြီးတော့ ဓမ္ဗူဒိပ်ကို ချောက်ချားစေပြီးတော့ ပရိနိဗ္ဗာန်စံဝင်သွားတဲ့အထိ ထူးခြားမွန်မြတ်သော အကျိုးတွေ များစွာရခဲ့တယ်။
ဒါကြောင့်မို့လို့ အဲဒီ ကိုရင်လေး သာနရဲ့ အကြောင်းအရာကို ကြည့်ရင် အဲ- မိဘတွေက ကိုယ့်သားလေးတွေကို ရှင်ပြုပေးချင်ကြတယ်။ သာသနာတော်သို့ရောက်အောင် ပို့ပေးချင်ကြတယ်။ မိမိတို့သားလေး မွေးလာ တယ်ဆိုကတည်းက အရွယ်တောင် မရောက်သေးဘူး။ စိတ်ကူးက အမြဲ ရောက်နေတာ ဒီလောက် သာသနာတော်ကို ကြည်ည်ုကြတယ်/။ အခုလည်းပဲ ယနေ့ ကိုရင်လေးတွေကို သာသနာ့ဘောင်ရောက်အောင် ချီးမြှောက်ကြ။ ကိုယ့်သားလေးတွေ ရဟန်းဖြစ်အောင် ချီး မြှောက်ကြ1 အဲဒီလိုချီးမြှောက် ခြင်းဟာ ဘုန်းကြီးတို့၊ အဲ- အလှူရှင်များရဲ့ သာသနာတော်ကြီးပေါ်မှာ ကြည်ည်ုတဲ့ ကြည်ည်ခြင်း အကြောင်းခံဖြစ်တယ်။
ဘုန်းကြီးတို့မြန်မာပြည်မှာ အားလုံး ရှေးအခါကစပြီး ယခုအထိ အဲဒီလို သာသနာတော်ကို ကြည်ည်မြတ်နိုးတဲ့စိတ်ရှိလို့ ကိုယ့်သားလေးမွေး လာရင် ရှင်ပြုပေးရမှ သင်္ကန်းဝတ်ပေးရမှ ကျေနပ်ကြတယ်။ သင်္ကန်းမဝတ် ပေးရသေးသမျှ တာဝန်ကျေတယ်လို့ မယူဆကြဘူး။ အဲဒီ သာသနာတော် ပေါ်မှာ မြတ်နိုးတဲ့ စိတ်ကလေးဟာ အဲ- မိမိတို့သာသနာတော်ကို ထွန်းကားဖို့ အကြောင်း ကောင်းမြတ်တဲ့ စိတ်ထားကောင်းလေးပဲ။ သို့သော်- သို့သော် ဆိုရင် ခဏတစ်ဖြုတ် ကိုရင်လေး၀တ်လိုက်ရင် ကျေနပ်သွားတာပဲ။ အဲဒီတော့ သာသနာတော်မှာက ကောင်းပါတယ်။ ရှင်ပြုပေးတာ။ ရဟန်းခံပေးတာ ကောင်းတာပဲ၊
သို့သော် သာသနာတော်အတွက်တော့ သိပ်ပြီး အားမကိုးရဘူး။ အဲ- သာသနာတော်အတွက် အားကိုးရတာ ခုန သာနုသာမဏေလေးတို့လို ကိုရင်ကနေ ရဟန်းဖြစ်ပြီးတော့ နောက်ဆုံး ပိဋကတ်တော်တွေကို ကောင်း ကောင်းသင်။ ဘုရားသာသနာတော်မှာ ဘုရားအဆုံးအမတွေကို များများရအောင် ကြိုးစား။ ကြိုးစားပြီးတော့ နောက်ဆုံး ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ယောက် အဖြစ်နဲ့ သာသနာတော်ကို ပြုစုစောင့်ရှောက်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း။ အဲ- ခရီးသွားနိုင်မှ သာသနာတော်ကို ကြည်ည်ုရကျိုးနပ်တယ်။ သာသနာပြု ရကျိုး နပ်တယ်။
သို့သော် အဲ- အခုလို သာသနာတော်မှာ တတ်နိုင်သမျှနေပြီးတော့" တတ်နိုင်သမျှ သာသနာနဲ့ဆိုင်ရာ သာသနာတော်ဆိုင်ရာ အကျင့်တွေကို ကျင့်ကြံသွားရင်လည်းပဲ ကုသိုလ်တော့ရတာပေါ့လေ။ သာသနာတော် ကြီးပွား ဖို့ကတော့ အထောက်အပံ့ မဖြစ်သေးဘူး။ ဘုန်းကြီးတို့ သာသနာတော် ကြီးပွားဖို့ဆိုတာက ခုနပြောတဲ့ သာနုသာမဏေလေးတို့လို ပိဋကတ်တွေ ကောင်းကောင်းသင်ပြီးတော့ အဲဒါတွေကို တစ်ဆင့်ပို့ချသင်ကြား။ အဲဒါတွေနဲ့ သာသနာတော်ပြန့်ပွားအောင် ကြိုးစားနိုင်မှ သာပြီးတော့ အကျိုးရှိတယ်။
ရှေးတုန်းက ဒကာမကြီးတွေကတော့ အင်မတန်မှ တော်ကြတယ်။ ရှေးဘုရားလက်ထက်က ဒကာမကြီးတွေ သားလေးမွေးလာရင် အေး- င သား။ သာသနာတော်မှာနေရင် ရှင်သာရိပုတ္တရာ။ ရှင်မောဂ္ဂလာန်တို့လို ကြိုးစားပါ။ ဖြစ်အောင် ကြိုးစားပါလို့ အားပေးတယ် လူ.ဘဝမှာ
နေရင်လည်း စိတ္တသူကြွယ်တို့၂ ဟတ္ထာဠာ၀က သီတင်းသည်တို့လို ဖြစ်အောင် ကြိုးစားပါလို့ အားပေးတယ်။ သမီးလေးမွေးလာရင်လည်း သာသနာတော်မှာ နေရင် ခေမာထေရီ ဥပ္ပလဝဏ် တို့လို ဖြစ်အောင်ကြိုးစားပါ1 လောကမှာ နေရင်လည်း အဲ- နန္ဒမာတာ ခုဇ္ဇုတ္တရာတို့လို ဖြစ်အောင်ကြိုးစားပါ ဆိုပြီးတော့ အားပေးတယ် အဲသလို အားပေးခဲ့ကြတယ်။1
အခုခေတ်တော့ အချို့ကိုရင်လေးတွေက ပျော်တာတောင် မိဘတွေက မထားချင်ကြဘူး အဲဒီလို ကွာကုန်ပြီနော် အဲဒီတော့ စိတ်ထားတွေပြင် ကြရမယ် သာသနာတော်မှာနေတာ မိမိတို့က သာသနာတော်ကို တန်ဖိုး ထားကြ။ သာသနာတော်မှာနေရင် ဘယ်လောက်နေနေ။ သာသနာတော် အတွက် အကျိုးကြီးတာပဲ။ သာသနာတော်၊ အဲဒီပုဂ္ဂိုလ်လေးတွေကို အမှီပြု ပြီးတော့ သာသနာတော် ကြီးပွားနိုင်တာဖြစ်တော့ အကျိုးကြီးတယ်။ ဒါကြောင့် ကိုယ့်သားလေးတွေ သာသနာတော်မှာ ပျော်တယ်ဆိုရင် အဲ- မထွက်ကြစေနဲ့။
အခုခေတ်က လောကဘက်ကို အလိုက်လွန်နေကြတယ်။ သာသနာ တော်မှာနေရင် မိမိတို့မှာလည်း ကုသိုလ်တွေ အများကြီးဖြစ်တယ်။ ကိုယ့် သားလေး အဖို့မှာလည်း ကုသိုလ်တွေ အများကြီးဖြစ်တယ်။ နောက်ဆုံး သာသနာမှာ သာသနာ့အာဇာနည်လေးတွေ ဖြစ်ပြီးတော့ သာသနာတော်ကို မိမိတို့က စွမ်းစွမ်းတမံ စောင့်ရှောက်နိုင်ကြမှာ။ ဒါကြောင့် အဲ-ယခုကဲ့သို့ သာသနာတော်ကို ချီးမြှောက်တဲ့အခါမှာ သာသနာတော် တည်တံ့အောင်ဆိုတဲ့ စိတ်မျိုးထား ပြီးတော့ တည်တံ့အောင်ဆိုတာ မိမိတို့ဘက်က ဘာအလျော့ ပေးရ ပေးရဆိုတဲ့ အနေမျိုးနဲ့ သာသနာတော်ကြီးပွားအောင် ကြိုးစားအား ထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
အိမ်သစ်တက် မင်္ဂလာ အနုမောဒနာ
ယနေ့ အိမ်သစ်တက်မင်္ဂလာ အခါသမယ ကုသိုလ်တွေ ဆည်းပူး ပြုလုပ် ကြတယ်။ နတ်တွေကို အမှတ်ရကြ၊ သတိရကြတယ်1။ နတ်တွေဆိုတာ တချို့ကလည်း နတ်ဆိုတာ အလကားပါ။ ဘာမှ သူတို့ကို ဂရုစိုက်စရာမရှိ ဘူးဆိုပြီးတော့ ပြောကြ တချို့ကလည်း နတ်မှနတ်ပဲ။ တကယ့်ကို နတ် အစွဲအလမ်းကြီး စ္ဂဲနေကြတယ်။
အဲဒီတော့ လောကမှာ ဘာဖြစ်ဖြစ် မိမိတို့ တစ်ဖက်စောင်းနင်း မလုပ်ရဘူး။ လုံးလုံးလည်း ပစ်ပယ်လို့ဖြစ်တာ မဟုတ်ဘူး ခုနပြောသလို တကယ့်နတ်မှနတ် အစွဲကြီး စွဲပြီးတော့ ဘာဖြစ်ဖြစ် နတ်ကို အစွဲလမ်းကြီး ကြတယ်။ ဒါလောက် စွဲလမ်း ကိုးကွယ်စရာလည်း မလိုဘူး။ ဘုရားရှင် ကိုယ်တော်မြတ်စ၊ါ အလိုတော်ကျဆိုရင် ခုနကပြောသလို သိပ် စွဲစွဲ လမ်းလမ်းတော့ မဖြစ်ကြရဘူး။ ယခုလို အိမ်သစ်ရာသစ် အခါသမယမှာ ဘုရားရှင်ကိုယ်တော်မြတ်က နတ်တွေကို အမျှအတန်း ပေးဝေပြီးတော့ သူတို့ကို မေတ္တာပြုကြရတယ်။ အမျှအတန်းပေးဝေကြဖို့ မိန့်ကြားတော်မူ ခဲတယ်။
တစ်ခါတုန်းက ဘုန်းကြီးတို့ သုနိဓ၀ဿကာရဆိုတဲ့ ရာဇဧဂြိုဟ်အမတ် ကြီးတွေ ဝေသာလီပြည်။ လိစ္ဆဝီမင်းတို့ကို တားမြစ်ဖို့ရာ ပါဋလိရွာကြီးမှာ မြို့တည်ထောင်ကြတယ်။ အဲဒီလို မြို့ကြီးတည်ထောင်ကြတဲ့အခါ ပါဠလိရွာ ကြီးမှာ အလုပ်လုပ်နေကြတုန်း။ မြို့တည်ထောင်ဖို့ ကိစ္စကြီးတွေကို ဆောင်ရွက် နေကြတုန်း။ အဲဒီမှာ ပါဋလိပုတ်မြို့ မြေရာကြီးမှာ နတ်တွေ။ နတ်တွေ နေရာယူကြတယ်။ (မှန်ပါဘုရား)4 သူကလည်း တစ်နေရာ။ ငါကလည်း တစ်နေရာ။ ဟိုနေရာ။ ဒီနေရာ အနှံ့အပြား ကိုယ့်နေရာ။ ကိုယ့်နေရာ ယူကြ တယ်။ သိမ်းပိုက်ကြတယ်။
အဲဒီလို သိမ်းပိုက်တဲ့အခါသမယမှာ မင်းတွေ။ မင်းအမတ်ကြီးတွေ ကလည်း အဲဒီနတ်တွေ သိမ်းပိုက်ထားတဲ့နေရာတွေကို သူတို့ကလည်း အိမ်တွေ တည်ဆောက်ဖို့ နေရာယူကြတယ်။ အဲဒီလို နေရာယူကြတဲ့အခါမှာ တန်ခိုးကြီးမားတဲ့နတ်တွေ သိမ်းပိုက်ထားတဲ့ မြေမှာ တန်ခိုးကြီးမားတဲ့ မင်း အမတ်ကြီးတွေကလည်း အိမ်ဆောက်ဖို့ နေရာယူကြတယ်။
တန်ခိုးအလတ်စားနတ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေမှာ အလတ် စားဖြစ်တဲ့ မင်းအမတ်တွေက နေရာယူကြတယ်1။ တန်ခိုးငယ်ကြတဲ့ နတ်တွေရဲ့ နေရာမှာ တန်ခိုးအငယ်စား မင်းအမတ်တွေက နေရာယူကြတယ်။ အဲဒီတော့ နတ်တွေနဲ့လူတွေ၊ နတ်တွေသိမ်းပိုက်ထားတဲ့ နေရာတွေမှာ သူ့အလိုက်နဲ့ သူ့အလိုက် ဖြစ်နေပုံလေးက တော်တော်လေး ကျေနပ်စရာကောင်းတယ်။ ဖြစ်နေပုံက အတော်နှစ်သက်ဖွယ်ဖြစ်နေတယ်။
အဲဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကလည်း ဒီပါဋလိရွာကလေး ဆိုက်ရောက်နေတဲ့အချိန်။ ဘုရားရှင် ဆိုက်ရောက်လို့ ပါဋဠလိက ဒကာတွေ။ အမတ်ကြီးတွေး ပရိသတ်တွေက ပါဠလိရွာက ရွာသူရွာသားတွေက သူတို့ တည်ဆောက်ထားတဲ့ ဧည့်သည်တွေ တည်းခိုရာ အဆောက်အအုံ ဓမ္မသာလ
။ ဓမ္မာရုံကြီးဆီ သွားမှာပေ့ / အဲဒီမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို သီတင်း
သုံးဖို့ ပင့်လျှောက်ထားကြ၊ ဘုရားရှင် ကိုယ်တော်မြတ်ဟာ အဲဒီနားမှာ အဲဒီ ပါဠလိရွာသားတို့၏ ဓမ္မာရုံကြီးမှာ ရဟန်းတော်များနဲ့တကွ စံနေတော်မူ ခဲ့တယ်။ ယခု ပရိသတ်တွေ။ ရွာသူရွာသား ဒကာဒကာမတွေ ဆိုက်ရောက် လာတော့ တရားတွေ ဘာတွေ ဟောကြားတော်မူပြီးတော့ သီတင်းသုံးနေတော် မူခဲ့တယ်။
ညကျတော့ ဘုရားရှင်ကိုယ်တော်မြတ် အဲဒီမှာ သီတင်းသုံးကျိန်းစက် တော်မှုရင်း မနက်မိုးလင်းတဲ့အခါကျတော့ ဒိဗ္ဗစက္ခုအဘိဉာဏ်နဲ့ ကြည့် လိုက်တော့ ခုနကပြောတဲ့ ပါဋလိမြို့ရာမှာ နတ်တွေကလည်း နေရာတွေ သိမ်းပိုက်ကြ လူတွေကလည်း သူတို့နေဖို့ အိမ်တွေ ဘာတွေဆောက်ကြဖို့ သိမ်းယူကြ၊ သိမ်းယူကြတဲ့အခါမှာလည်း ခုနပြောသလို သူ့အလိုက်နဲ့သူ။ မြတ်တဲ့နတ်တွေရဲ့ နေရာမှာ မြတ်တဲ့ မင်းအမတ်တွေး အလယ်အလတ် နတ်တွေနေရာမှာ အလယ်အလတ်မင်းတွေ အမတ်တွေ။ နိမ့်ကျတဲ့ နတ်တွေရဲ့
နေရာမှာ နိမ့်ကျတဲ့မင်း အမှူးအမတ်တွေ၊ အိမ်တွေရာတွေဆောက်ဖို့ နေရာ သိမ်းကြ၊ ဆည်းကြ လုပ်နေတုန်း ဘုရားရှင်ကိုယ်တော်မြတ်က မနက်မိုး လင်းအားကြီးအခါမှာ ဒိဗ္ဗစက္ခုအဘိညာဉ်နှင့် ကြည့်တော်မူပြီး အရှင်အာနန္ဒာကို မိန့်တော်မူတယ်။ “အာနန္ဒာ။ ပါဋလိရွာမှာ ဘယ်သူတွေ မြို့ရွာတည်ထောင် နေကြသတုံး” မေးတဲ့အခါကျတော့-
“သုနိဓ၀ဿကာရ တည်းဟူသော ပုဏ္ထားတွေ ပါဋလိရွာကြီးမှာ မြို့တည်ထောင် ဖန်ဆင်းနေကြပါတယ်”
“အာနန္ဒာ။ သုနိဓဝဿကာရ ပုဏ္ထားအမတ်ကြီးတွေဟာ တာဝတိံသာ နတ်တွေနဲ့တိုင်ပင်ပြီးတော့ မြို့ဖန်ဆင်းသလိုပဲ” ဆိုပြီးတော့ ခုနကပြောခဲ့တဲ့ တန်ခိုးကြီးနတ်တွေ သိမ်းပိုက်ထားတဲ့ မြေနေရာတွေမှာ တန်ခိုးကြီးတဲ့ မင်းအမတ်တွေက အိမ်ရာတွေဆောက်ဖို့ နေရာယူချိန်။ တန်ခိုး အလတ်စား ဖြစ်တဲ့နတ်တွေ သိမ်းပိုက်ထားကြတဲ့ နေရာတွေမှာ တန်ခိုး အလတ်စား အဆင့်ရှိတဲ့ မင်းအမတ်တွေက အိမ်ဆောက်ဖို့ နေရာယူကြတယ် တန်ခိုး အနိမ့်စားနတ်တွေ သိမ်းပိုက်ထားကြတဲ့ နေရာတွေမှာ တန်ခိုးအငယ်စား မင်းအမတ်တွေ အိမ်ဆောက်ဖို့ နေရာယူကြတယ်/။ တန်ခိုးအနိမ့်စား နတ်တွေ သိမ်းပိုက်ထားကြတဲ့ နေရာတွေမှာ တန်ခိုးအငယ်စား မင်းအမတ်တွေ အိမ်ဆောက်ဖို့ နေရာယူကြပုံတွေကို မိန့်ကြားတော်မူပြီးတော့ အဲဒီ ပါဋလိရွာ မြို့တည်ထောင်တဲ့ဌာနမှာ နောင်အခါ အင်မတန် အရိယာလူမျိုးတွေရဲ့ နေရာဖြစ်ပြီး အင်မတန် ဂုဏ်ကျက်သရေ အကြီးအကျယ်ဖွံ့ဖြိုးလာ လိမ့်မယ်။ တကယ့်မြို့တော်ကြီး ပါဋလိပုတ်ခေါ် မြို့တော်ကြီး ဖြစ်လိမ့်မယ်လို့ မိန့်ကြား တော်မူခဲ့တယ်။
အဲဒီနေ့ပဲ အမတ်ကြီးတွေက ဘုရားရှင်ကိုယ်တော်မြတ် ရောက်နေ မှန်းသိလို့ ဘုရားရှင်ကိုယ်တော်မြတ်ထံ ဆည်းကပ်ပြီးတော့ “အရှင်တော် မြတ်ဘုရား တပည့်တော်တို့ ယနေ့ ဆွမ်းကပ်လိုပါတယ်ဘုရား။ တပည့်တော် တို့ရဲ့ ယနေ့လှူဒါန်းမယ့်ဆွမ်းကို လက်ခံတော်မူပါဘုရား”လို့ လျှောက်ထား ကြတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံ တော်မူခဲ့တယ် ဆွမ်းချိန်ရောက်တဲ့အခါ ဆွမ်းစားလာပင့်တော့ ဘုရားရှင် ကိယ်တော်။ မှတ်။ က္ဂရောက်သွားတယ်။
။ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါကျတော့ သုန်ဓဝဿကာရ အမှူးပြုတဲ့
အမတ်ကြီးတွေး ပရိသတ်တွေကို အနုမောဒနာ တရားတော်တစ်ပုဒ် ဟောတော် မူခဲ့တယ်။
ယသ္မိံ ပဒေသေ ကပ္ပေတိ
ဝါသံ ပဏ္ဍိတဇာတိယော။
သီလ ဝန္ထေတ္ထ ဘောဇေတွာ။
သညတေ ဗြဟ္မစာရယော။
ယာတတ္ထ ဒေဝတာ အာသု။
တာသ ဒက္ခိဏ မာဒိသေ။
တာ ပူဇိတာ ပူဇယန္က်ါ
မာနိတာ မာနယန္တီ နး
တတော နံ အနုကမ္ပန္တံ။
မာတာ ပုတ္တံဝ သြရသံ။
ဒေ၀ဝတာန ကမ္ပိတော ပေါသော၊
သဒါ ဘဒြာနိ ပဿတိ။။
ဆိုလိုရင်းကတော့ သီလဝန္တပုဂ္ဂုုလ်တွေကို ချဉ်းကပ်ပြီးတော့ မိမိတို့ နေရာ အရပ်မှာ မိမိတို့မြို့တည်ရာအရပ်၊ အိမ်တည်ရာအရပ် စသည်မှာ သီလဝန္တပုဂ္ဂိုလ် တွေကိုဆွမ်းကျွေးပြီးတော့ကာလှူဒါန်းပြီးတော့ အဲဒီနေရာမှာ အုပ်စိုးတဲ့ နတ်တွေကို အမျှအတန်းပေးဝေကြရတယ်။ အဲဒီလို အမျှပေးဝေ လို့ရှိရင် အဲဒီနတ် တွေဟာ တို့ကိုစောင့်ရှောက်ကြတယ်။ တို့ကိုပူဇော်ကြ တယ်လို့ လူတွေကို နတ်တွေက တစ်ဖန်ပြန်လည်ပူဇော်ကြတယ်' တို့ကို မြတ်နိုးကြတယ်ဆိုပြီးတော့ နတ်တွေက မိမိတို့ကို မြတ်နိးကြတဲ့ပုဂ္ဂိုလ် တွေကို ပြန်လှန်ပြီးတော့ မြတ်နိုးတြတယ်။ အ။
နတ်တွေရဲ့မြတ်န်းမှု၊ စောင့်ရှောက်မှုကို ခံကြရတဲ့ လူတွေဟာ အခါခပ်သိမ်း ကောင်းမြတ်သော ကဋ္ဌာရုံ ကြုံရတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က အနမောဒနာတရား မိန့်ကြားတော်မူခဲ့တယ်။
ပဏ္ဍိတ ဇာတိယော= ပညာရှိသော အမျိုးကောင်းသား။ အမျိုးကောင်း သမီးတို့သည်။ ယသ္မိ'ပဒေသေ= အကြင်အရပ်ဒေသခ်။ ဝါသံ= နေခြင်းသို့၊ ကပ္ပေတိ=ပြုခဲ့ါ / တတ္ထ=ထို မိမိတို့နေရာအရပ်ဒေသဉ၊ သညတေ= ကိုယ်နှုတ် နလုံးသုံးပါးကို စောင့်ထိန်းကြကုန်သေား ဗြဟ္မစာရယော= မြတ်သောအကျင့်ကို ကျင့်ကြကုန်သော၊ သီလဝန္တ္ဘေ = သီလဝန္တပုဂ္ဂ်ုလ်တို့ကို ဘောဇေတွာ= ဆွမ်း ဆက်ကပ်လှူဒါန်းကြကုန်ရှ တတ္ထ= ထိုမိမိတို့နေရာ အရပ်ခ္ဗ် ယာဒေဝတာ= အကြင်နတ်တို့သည်။ အာသုံ= ဖြစ်နေကြ ရှိနေကြ ကုန်၏ [ တာသံ= ထိုနတ်အပေါင်းတို့ကို ဒက္ခိဏံ= မိမိလှူဒါန်းသော အလှူကို၊ အာဒိသေ= အမျှအတန်း ပေးဝေရာဇာ် / ပူဇိတာ=လူတို့၏ အပူဇော်ကို ခံယူကြရကုန်သော၊ တာ= ထိုနတ်အပေါင်းတို့သည်။ နံ= ထို မိမိပူဇော်တဲ့ ပုဂ္ဂိုလ်ကို၊ ပူဇေန္တိ= တုံ့လှည့်တစ်ဖန် ပူဇော်တတ်ကြကုန်၏ မာနိတာ= အမြတ်နိးခံကြရသော နတ်အပေါင်းတို့သည်။ န ထိုမိမိတို့ကို မြတ်နိးယုယတဲ့ လူအပေါင်းကိုး မာနယန္က်= တုံ့လှည့်တစ်ဖန် ပြန်လှန် မြတ်နိးကြကုန်စါ 1 တတော= ထိုသို့ မိမိတို့ကို ပူဇော်ကြလေသောကြောင့်။ နံ= ထိုမိမိတို့ ပူဇော်ကြတဲ့ ပုဂ္ဂိုလ်အပေါင်းကို မာတာ= မွေးသမိခင် ကျေးဇူးရှင်သည်။ သြရသံ= မိမိရင်မှပေါက်ဖွားသော၊ ပုတ္တံ= သားသမီးကို အနုကမ္ပတိကုဝ= အစဉ်စောင့်ရှောက်လေဘိသကဲ့သို့၊ တံ= ထိုမိမိကို စောင့်ရှောက်သော ပုဂ္ဂိုလ်ကို အနုကမ္ပန္တံ= အစဉ်တစိုက်၊ အစဉ်မကွာ စောင့်ရှောက်ကြလေကုန်၏။ (မိမိမွေးထားတဲ့ မိမိရင်နှစ် သားသမီးချစ်တို့ကို အစဉ်စောင့်ရှောက်သကဲ့သို့ နတ်တွေကလည်း မိမိတို့ကို မြတ်နီးကြတဲ့ ပုဂ္ဂိုလ်တွေကို အစဉ်တစိုက်၊ အစဉ်မကွာ မေတ္တာထားပြီးတော့ စောင့်ရှောက် ကြောင်း)
ဒေဝတာနကမ္မ္ပိတော= နတ်တို့၏ အစောင့်အရှောက်ကို ခံကြရသော၊ ပေါသာ= အမျိုးကောင်းသား။ အမျိုးကောင်းသမီးတို့သည်။ သဒါ= အခါ ခပ်သိမ်း ဘဒြာနိ= ကောင်းမြတ်သော က္လဋ္ဌအာရုံတို့ကို၊ ပဿန္တ်= ကောင်းစွာ မသွေ မြင်ရပါပေကုန်သတည်း။
(သာဓု သာဓု သာဓု)
အဲဒါကြောင့် နတ်တွေကို အထူးသဖြင့် အမျှအတန်း ပေးဝေကြရတယ်။ အိမ်သစ်ရာသစ်တက်တဲ့အခါ နတ်တွေဆိုတာက လူတွေရောက်လာရင် ပါလာတာပဲ ကိုယ်က မြင်သည်ဖြစ်စေ။ မမြင်သည်ဖြစ်စေ လူရောက်လာပြီ ဆိုရင်၊ အိမ်ဆောက်ရင်လည်း အဲဒီအိမ်ကို ရောက်လာတာပဲ။ အိမ်ရာကို ယူပြီးရင်လည်း အဲဒီအိမ်ရာကို ရောက်လာတာပဲ။ အဲဒါ မိမိက မြင်သည်ဖြစ်စေ။ မမြင်သည်ဖြစ်စေ စိမိတို့ကိုပူဇော်နေကြတဲ့အိမ်ရာမှာ စိုးအုပ်နေကြတဲ့ နတ် အပေါင်းတွေကို ယနေ့အထူးသဖြင့် အမျှအတန်းပေးဝေကြရတယ်။ အမျှအတန်း ပေးဝေရုံနဲ့ ပြီးတာမဟုတ်ဘူး။ အိမ်မှာနေတယ်ဆိုတာ အိမ့်ကျက်သရေရှိအောင် ကြိုးစားကြရတယ်/။ အိမ့်ကျက်သရေဆိုတာ ဘာတုံး ဆိုရင် ကျက်သရေဆိုတာ မင်္ဂလာပဲ။ မင်္ဂလာဖြစ်အောင် မင်္ဂလသုတ်နှင့်အညီ ကျင့်ကြဖို့ပဲရှိတယ်နော်။
ပူဇာ စ ပူဇာနေယျာနံ= ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို ပူဇော်ကြရတယ်။ အထူးသဖြင့် ရတနာသုံးပါး မိမိတို့အိမ်မှာ ဆွမ်း ပန်း ရေချမ်း မလပ်ရအောင် ဆက်ကပ်လှူဒါန်းကြရတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကို ပန်း။ ဆီမီး စသည်ဖြင့် ပူဇော်ကြရတယ်။ အာမိသပူဇာခေါ်တဲ့ ပူဇော်ခြင်းမျိုးလည်း ပူဇော်ကြရတယ်4 ဓမ္မပူဇာဆိုတဲ့ ပူဇာဖြင့်လည်း ပူဇော်ကြရတယ်။ ဓမ္မပူဇာ ဆိုတာ ဘုရားရှိခိုးရတယ်။ ဗုဒ္ဓါနုဿတိ ပွားကြရတယ်။ မေတ္တာ ပွားကြရတယ်။ မိမိတို့မှာ ပွားများအားထုတ်တဲ့ ဘာဝနာလေးများရှိရင်လည်း ဘာဝနာ ပွားကြရတယ်4 ဓမ္မပူဇာဖြင့်လည်း ဘုရားပူဇော်ရတယ်။ ဝတ်မပျက်ရဘူး။ မိမိတို့သံဃာတော်တွေကိုလည်း ဆွမ်းဝတံထားဖြီး လောင်းကြလှူကြ ပူဇော် ကြရတယ်။ သံဃာဆိုတာ မိမိတို့ကျေးဇူးရှင်ကြီးတွေ။ ဒါ တွေကိုသိပြီးသားပဲ။ သို့သော်လည်း သတိဆိုတာ ပေးရတာချည်းပဲ။ အဲဒါကြောင့်မို့လို့ ယနေ့ မိမိတို့ဟာ ဤအိမ် ဤဂေဟာကြီးမှာ ခုနကပြောတဲ့ အာမိသပူဇာ၊ ဓမ္မပူဇာ နှစ်မျိုးဖြင့် အမျိုးမျိုးပူဇော်နေကြတာ ဖြစ်သောကြောင့် ဤအိမ်ကြီးဟာ ကျက်သရေရှိတဲ့အိမ် ဤအိမ်ကနတ်တွေကလည်း စောင့်ရှောက်မှာပဲ) ဘုရားရှင် မြတ်ကလည်း မိမိတို့ကိုစောင့်ရှောက်မှာပဲ တရားတော်မြတ်ကလည်း မိမိတို့ကို စောင့်ရှောက်မှာပဲ။ သံဃာတော်မြတ်ကလည်း မိမိတို့ကိုစောင့်ရှောက်မှာပဲ။
ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနှင့်တကွ သမ္မာဒေဝ နတ်မြတ်နတ် ကောင်းတို့၏ အစောင့်အရှောက် ခံကြရပြီးတော့ ခုနကပြောသလို-
ဒေဝတာ နကမ္ပိတော= နတ်တို့၏ အစောင့်အရှောက်ကို ခံကြရ ကုန်သေား ပေါသော= အမျိုးကောင်းသား။ အမျိုးကောင်းသမီးသည်။ သဒါ= အခါခပ်သိမ်း၊ ဘဒြာနိ= ကောင်းသော ကုဋ္ဌာအာရု အဖုံဖုံတို့ကို) ပဿတိ= မြင်ကြရလေပြီ။ မြင်ကြရပေတော့သတည်း။
တရားအနုမောဒနာအရ တို့တတွေ ချမ်းသာလိမ့်မယ်လို့ မျှော်လင့်
တောင့်တပြီးတော့ ဆထက်ထမ်းပိုး ကုသိုလ်တွေတိုးပွားအောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
အိမ်သစ်တက် မင်္ဂလာတရား (၄၂) လမ်းထိပ်
ဗုဒ္ဓဘိသေကမင်္ဂလာ အနေကဇာတင်ခြင်းဖြင့်၊ အံ- မေတ္တာသုတ်။ ဝင္န္သသုတ် ပရိတ်တရားတော်များဖြင့် ဘုရားကို ပူဇော်ခဲ့ကြတယ်။ ပရိတ်ရွတ်မှု ကိစ္စ ပြီးသွားပါပြီ။ အိမ်သစ်တက်မင်္ဂလား အိမ်တက်မင်္ဂလာသဘင် ဆင်ယင် ကျင်းပ ပူဇော်ကြတယ်။
ယခုလိုပူဇော်ကြတော့ ဗုဒ္ဓဘိသေကမဂင်္ဂလာ၊ မိမိတို့ကိုးကွယ်သည့် ဥဒ္ဒိဿစေတီ ဆင်းတုတော်မြတ်တို့ကို အနေကဇာတင်စေခြင်းဖြင့် ဗုဒ္ဓဘိသေက သဘင် ဆင်ယင်ကျင်းပဂူဇော်ကြတော့ အိမ်ကျက်သရေ ပိုပြီးတော့ရှိသွားတယ်။ အဲ- ဘုရားကိုးဆူပူဇော်ကြ၊ ဘုရားကိုးဆူပူဇော်ကြခြင်းကြောင့်လည်း တစ်မျိုး။ အိမ်ကျက်သရေ တိုးပွားဖြစ်ထွန်းစေတယ်။
အဲဒီတော့ ကျက်သရေဆိုတာ ကုသိုလ်ကောင်းမှုတွေပဲ။ ကောင်းမှုတွေ ပြုရင် ကျက်သရေတိုးတာပဲ။ မင်္ဂလာလို့လည်း ဆိုရတယ်။ မင်္ဂလာဆိုတာလည်း ကုသိုလ်တွေပဲ။ ကုသိုလ်တွေကိုလည်း မင်္ဂလာလို့ဆိုရတယ်။ အဲဒီ ကုသိုလ်တွေ ပြုကြတော့ နောင်အခါမှာ အသက်ရှည်တယ်။ အဆင်းလှတယ်။ ချမ်းသာကြီး တယ်။ ခွန်အားကြီးတယ်။ ဉာဏ်ပညာကြီးတယ်။ ဘုန်းတန်ခိုးအာနုဘော် ကြီးခြင်း' အခြွေအရံပရိသတ်များပြားခြင်းဆိုတဲ့ ကောင်းကျိုးတွေရတယ်။ အဲဒီကောင်းကျိုးတွေကလည်း မင်္ဂလာချည်းပဲ။ ကျက်သရေလည်းဟုတ်။ ကျက်သရေဆိုတာကလည်း ကောင်းမှုတွေကိုပဲဆိုတယ် အဲဒီကောင်းမှုကြောင့် ဖြစ်တဲ့ အကျိုးတွေကိုတော့ ဒီနေ့ မိမိတို့ အိမ်တက်မင်္ဂလာအခါသမယမှာ အဲ-။ ကုသိုလ်တွေပြုကြတော့။ အဲဒီကိုသိုလ်တွေကြောင့်-
ဒီနေ့ ဤအိမ်း ဤဂေဟာကြီးဟာ မင်္ဂလာရှိနေတယ်။ ကျက်သရေရှိနေ တယ်။ အဲသလို အိမ်သစ်ရာသစ် ထူထောင်ကြတဲ့ အခါသမယမှာ ရတနာသုံးပါး
ကိုးကွယ်ဆည်းကပ်ကြ။ အခုလို ကုသိုလ်တွေပြုကြတော့ နတ်တွေကိုလည်း အမျှအတန်း ပေးဝေကြ၊ အဲသလို။
သာဓကတွေလည်း ရေှးကရှိခဲ့တယ်။ ဘုရားရှင်ကိုယ်တော်မြတ် လက်ထက်က သုနိဓဝဿကာရဆိုတဲ့ အမတ်ကြီးတွေး မြို့ပြဖန်ဆင်းတဲ့အခါ ပါဠလိပုတ်ပြည်မှာ မြို့တည်ထောင်ကြတယ်။8 မြို့တည်ထောင်ကြတဲ့ အခါ ကျတော့ အဲ- သူတို့မြို့ရာတွေဘာတွေ တည်ထောင်ကြ။ ပိုင်းခြားကြ။ သတ်မှတ်ကြ အမျိုးမျိုးပြုပြင်ကြတဲ့အခါမှာ နတ်တွေကလည်း စုဝေး ရောက်လာကြတယ်။
နတ်တွေ စုဝေးရောက်လာကြပြီးတော့ အသီးသီးနေရာယူကြတယ်။
အဲ- ရာထူးကြီးတဲ့ အမတ်ကြီးနေရာကို တန်ခိုးကြီးတဲ့ နတ်တွေက လာပြီးတော့ နေရာယူကြတယ်။ ရာထူးအလယ်အလတ်စားရှိကြတဲ့ အမတ်ကြီး နေရာကို တန်ခိုးအလယ်အလတ်စား ရှိကြတဲ့နတ်တွေက နေရာယူကြတယ်။ အငယ်စားဖြစ်တဲ့ အမတ်တွေ။ အရာရှိတွေနေရာမှာ အငယ်စားဖြစ်တဲ့ နတ်တွေက လာပြီးတော့ နေရာယူကြတယ်။
အဲတော့ ဒီနတ်တွေဟာ အသီးသီးနေရာယူနေကြတာကို ဘုရားရှင် ကိုယ်တော်မြတ်က အဲဒီအခါမှာ ပါဋလိပုတ်ပြည်ရောက်နေတဲ့ နတ်တွေကို မြင်တော်မူတယ်။
မြင်တော်မူတော့ တစ်ခါတည်း ရှင်အာနန္ဒာကို-
အာနန္ဒာ- ပါဋလိပုတ်ပြည်မှာ ဘယ်သူတွေ မြို့တည်ထောင်နေကြ သတုံး ဆိုတော့ သုနိဝဝဿကာရ အမတ်ကြီးတို့ တည်ထောင်တဲ့အကြောင်း လျှောက်ထားတော့ အေး- ဒီအမတ်ကြီးတွေက နတ်တွေနဲ့တိုင်တည်ပြီးတော့ မြို့ကြီး ဖန်ဆင်းမလို့ပဲဆိုပြီးတော့ နတ်တွေနေရာယူထားတဲ့အကြောင်းတွေ ဘာတွေ ဘုရားရှင်ကိုယ်တော်မြတ် မိန့်တော်မူတယ် နောက်နေ့ကျတော့ ဘုရားအမှူး ရှိသော သံဃာတော်တွေကို အမတ်ကြီးတွေက အဲဒီမြို့ပြတည် ထောင်တဲ့ သုနိဝဿကာရ အမတ်ကြီးတွေဟာ အဲ- ဆွမ်းဆက်ကပ်လှူဒါန်း ကြတယ်။ ဆွမ်းအလှူတော် ဆက်ကပ်လှူဒါန်း ပူဇော်ကြတယ်။
အဲဒီ အလှုပွဲကြီးမှာ ဘုရားရှင်ကိုယ်တော်မြတ်က အနုမောဒနာတရား ဟောကြားခဲ့တယ်။
အိမ်သစ်ရာသစ်မှာ ဟောကြားလေ့ရှိတဲ့ အနုမောဒနာတရားလေးပဲ။ အဲဒီ တရားလေးနဲ့ပဲဘုန်းကြီးဟောပြပြီး အဆုံးသတ်မယ်။
ယသ္မိံ ပဒေသေ ကပွေတိ
ဝါသံ ပဏ္ဍိတဇာတိယော
သီလဝ၀န္ကေတ္ထ ဘောဇေတ္ပာ
သညတေ ဗြဟ္မစရိနော
ယာ တတ္ထ ဒေဝတာ အာသုံ
တာသံ ဒက္ခီဏမာဒိသေ
တာ ပူစိကာ ပူဇယန္က် မာနိတာ မာနယန္တီ င်
တတော နံ အနုကမ္ပေန္တ်
မာတာပုတ္တံ၀ သြရသံ
ဒေ၀တာနကမ္ဂိတော ပေါသော သဒါ တဒြာနိ ပဿတိ
သုနိဓဝဿကာရော- သုနိဓခအမတ်ကြီး ၀ဿကာရအမတ်တို့။ ပဏိတ ဇာတိယော- ပညာရှိသော အမျိုးကောင်းသား။ အမျိုးကောင်းသမီးသည်။ ယသ္မိ'ပဒေသေ- အကြင်အရပ်ဒေသခ်။ ဝါသံ- နေခြင်းကို၊ ကပ္ပေတိ- ပြု၏ [ ဧတ္ထ- ထိုမိမိတို့နေမည့် အရပ်ဒေသဉ်။ သညတေ- ကိုယ်နှုတ်နှလုံး သုံးပါးလုံး စောင့်သုံးခြင်းရှိကုန်သေား ဗြဟ္မစရိနော- မြတ်သောအကျင့်ကို ကျင့်လေ့ရှိကြကုန်သော၊ သီလဝန္တေ သီလဝန္တ- သီလရှိကြကုန်သော အရှင် မြတ်တို့ကိုး ဘောဇေတွာ- ဆွမ်းဆက်ကပ်လှူဒါန်းပြီးရ၅-
တတ္ထ- ထိုအရပ်ဒေသခ်၊ ယာ ဒေ၀ဝတာ- အကြင်နတ်တို့သည်။ အာသု- ရှိနေကြကုန်၏ ][ တာသံ- ထိုနတ်တို့အား။ ဒက္ခိဏံ- မိမိတို့ စါ အလှူ ဒါနကို၊ အာဒိသေ- အမျှအတန်းပေးဝေရာသတည်း။ အဲ- နေရာသစ်ယူကြတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီအရပ်မှာရှိကြတဲ့ သီလဝန္တပုဂ္ဂိုလ်တွေ။ သံဃာတော်တွေ ဆွမ်းဆက်ကပ်လှူဒါန်းပြီးတော့ အဲဒီအရပ်မှာရှိကြတဲ့ နတ်တွေကိုလည်း အမျှအတန်း ပေးဝေရမယ်။
ပူဇိတာ- အပူဇော်ခံကြရကုန်သော၊ တာ ဒေ၀ဝတာ- ထိုနတ် အပေါင်းတို့သည်။ န- ထိုမိမိကို ပူဇော်တဲ့ ပုဂ္ဂိုလ်ကိုး ပူဧယန္တ် - တုံ့လှည် တစ်ဖန် ပြန်လည် ပူဇော်ကြကုန်စါ။ မာနိတာ- အမြတ်နိုးခံကြရကုန်သေား
တာဒေ၀ဝတာ- ထိုနတ်အပေါင်းတို့သည်။ န- ထိုမိမိကို မြတ်နိုးတဲ့ပုဂ္ဂိုလ်ကို) မာနယန္တံ- တုံ့လှည့်တစ်ဖန် ပြန်လည်စွှဲ မြတ်ခိုးကြလေကုန်ခါ
မိမိတို့ကို အမျှအတန်းပေးဝေကြတဲ့ အိမ်ရှင်ရာရှင် မြို့ရှင်တို့ကို နတ်တွေက ပြန်လှန်ပြီးတော့ ပူဇော်ကြတယ်။ နတ်တွေက ပူဇော်တယ်ဆိုတာ စောင့်ရှောက်ပေးကြတာပဲ။ အဲ- အန္တ ရာယ်ကင်းအောင်။ ရောဂါကင်းအေင် စောင့်ရှောက်ပေးကြ၊ အကာအကွယ်ပေးကြ၊ သူတို့ တတ်နိုင်သလောက် အဲ- စောင့်ရှောက်ကြတယ်။
တတော- ထိုသို့ တုံ့လှည့်တစ်ဖန် ပြန်လှန်ပူဇော်ကြ၊ စောင့်ရှောက်ကြ။ မြတ်နိ၊ ကြသောကြောင့်-
မာတာမိခင်ကြီးသည် သြရသံ- ရင်ခ်ဖြစ်သော၊ ပုတ္တံ- သားသမီးကို အနုကမ္ပေန္တိကုစ- အစဉ်သနား စောင့်ရှောက်ကြကုန်သကဲ့သို့၊ နံ- ထိုမိမိကို ပူဇော်သောပုဂ္ဂိုလ်၊ မြတ်နိုးသော ပုဂ္ဂိုလ်ကို၊ အနုကမ္ပေန္တီ- အစဉ်အားဖြင့် သနားစောင့်ရှောက်ကြလေကုန်၏ 1
ဒေ၀ဝတ္ရာနကမ္ပိတော- နတ်တို့ အစောင့်အရှောက်ခံရသော၊ ပေါသော- အမျိုးကောင်းသား။ အမျိုးကောင်းသမီးသည် သဒါ- အခါခပ်သိမ်း ဘဒြာနိ- ကောင်းမြတ်သောအရုံတို့ကိုသား ပဿန္တီ- တွေ့ကြုံဆုံစည်းကြရ လေကုန် သတည်း။
အဲဒီ ဆွမ်းကျွေးပွဲတော်ကြီးမှာ ဘုရား ရှင်ကိုယ်တော်မြတ် ဟောကြား တော်မှုအပ်သော အနုမောဒနာတရား။
ဒါကြောင့် ကိုယ်က သိသည်ဖြစ်စေ။ မသိသည်ဖြစ်စေ။ ရတနာသုံးပါး အားထားကြ၊ ကိုးကွယ်ကြ ရတနာသုံးပါးတို့ကို ဦးထိပ်ထားပြီးတော့ ယနေ့ အိမ်တက်မင်္ဂလာသဘင် ဆင်ယင်ကျင်းပကြတဲ့အခါ ကျတော့ နတ်တွေ ဆိုတာကတော့ ကိုယ်က မြင်သည်ဖြစ်စေ။ မမြင်သည်ဖြစ်စေ ရှိနေကြတာပဲ။ သူတို့ကလည်း လူတွေကို မှီခိုပြီးတော့ နေကြတယ် အဲသလိုနေကြတဲ့အခါမှာ ဒီလို အမျှအတန်းပေးဝေပြီးတော့ သူတို့ကို မိမိတို့က ပူဇော်ကြရင် သူတို့ ကလည်း ပြန်ပြီးတော့ပူဇော်ကြတယ်။
အဲ- မိမိက သူတို့ကိုမြတ်နိုးရင် သူတို့ကလည်း ပြန်ပြီးတော့ မြတ်နိုး ကြတယ် ဒါကြောင့်မို့လို့ ယနေ့ အိမ်တက်မင်္ဂလာအခါသမယမှာ
အားလုံး မိဘ၊ ဆရာသမား ဆွေမျိုးမိတ်သင်္ဂဟ သမ္မာဒေ၀ နတ်မြတ်။ နတ်ကောင်း။ နဝာ်အပေါင်းတို့ကို အမျှအတန်းပေးဝေကြတဲ့အခါ အထူးသဖြင့် ဤအိမ်ကြီး ကို စောင့်ရှောက်နေကြတဲ့ နတ်တွေ၊ ဤအိမ်၏အရာမ်ကို စောင့်ရှေောက်နေကြတဲ့ နတ်တွေကို အမျှအတန်း ပေးဝေကြရတယ်။
အမျှအတန်း ပေးဝေကြတော့ သူတို့က စောင့်ရှောက်ကြမယ်။ ဒါကြာင့် ယနေ့ မိမိတို့ပြုရတဲ့ ကုသိုလ်ဟာ ဤအိမ် ကျက်သရေ တိုးတက် ကြောင်း၊ ဤအိမ် စည်းစိမ်ချမ်းသာ တိုးတက်ကြောင်း ဤအိမ်ကိုအမှီပြု ပြီးတော့နေကြတဲ့ ပုဂ္ဂိုလ်တွေ ဘေးကင်းရန်ကင်း အန္တရာယ်ကင်းကြောင်း ကောင်းမြတ်သော အထောက်အပံ့ ကုသိုလ်ထူးကို အောက်မေ့ပြီးတော့ နှစ်သက်ရွှင်လန်း ဝပ်းမြောက်ကြပါစေကုန်သတည်း။
ဦးညွန့်ဆွေ ဒေါ်သက်သက်ဆွေ အိမ်၌ ဟောကြားအပ်သော တရားတော်
ကောဇိးမူမင်ဇာအလှင္ဘဲတွင် တောကြငးအငိသောတရားတေိ (၂၀-၈-၉၃)
“အေး- နာမည်ဘယ်သူတုံးဟေ့ ”
“မောင်ဆွေဟိန်းနဲ့ ချမ်းငြိမ်းဇော်ပါဘုရား”
“မောင်ဆွေဟိန်းတို့ ချမ်းငြိမ်းဇော်တို့ကို ယနေ့ ဘိုးဘွားမိဘတွေ ဘာလုပ်ကြသလဲဆိုတာကို နားလည်ကြရတယ်ကွဲ့ 1 အဲ-တို့ဘာလုပ်ကြသတုံး။ ဘယ်အကြောင်းကြောင့် သူတို့က အလှူတွေအတန်းတွေ လုပ်နေကြတုံး ဆိုတော့ မောင်ဆွေဟိန်းတို့ ချမ်းငြိမ်းဇော်တို့ နားလည်ကြရတယ်နော်။ ဘာလို့လုပ်နေကြး သူတို့ကိုယ်သူတို့ ချစ်ကြလို့ လုပ်ကြတာ။ အဲ- မိမိ ကိုယ်ကိုမိမိ ချစ်ကြတယ် ချစ်ကြလို့ ဟောဒီကြီးပွားကြောင်း တိုးတက်ကြောင်း ချမ်းသာကြောင်း ကောင်းမြတ်တဲ့ ကုသိုလ်အမှုကို ပြုကြတယ်။
လောကမှာ မိမိကိုယ်ကို ချစ်ကြသူတိုင်း ကောင်းသောအလုပ်မျိုးကို လုပ်ကြတယ်။ ကိုယ့်ကို မချစ်တဲ့ပုဂ္ဂိုလ်တွေဟာ ဒီလို ကောင်းသောအလုပ် မျိုးကို မလုပ်ကြဘူး၅ မကောင်းတဲ့ အလုပ်တွေကိုသာ လုပ်ကြတယ်။ လောကမှာ ဆိုပါတော့ သူ့အသက်ကို သတ်နေရင် အဲဒီကလေးဟာ သူ့ကိုယ်သူ မချစ်တဲ့သူ လူကြီးလည်း သူ့အသက်ကို သတ်နေရင် အတူတူပဲ သူ့ကိုယ်သူ မချစ်တဲ့သူပဲ။ ဘာဖြစ်လို့တုံး။ အဲ- သတ္တဝါလေး တွေကို သတ်ခြင်းကြောင့် သတ္တဝါလေးတွေလည်း ဒုက္ခရောက်ရတယ်။ မိမိလည်းပဲ တစ်နေ့ ဒုက္ခရောက်ရမှာ။ သူ့ အသက်သတ်ရင် အသက်တိုတယ်။ ငရဲတို့၊ တိရစ္ဆာန်တို့၊ ပြိတ္တာတို့ မကောင်းတဲ့ဘုံဘဝသို့ ရောက်သွားနိုင်တယ်။
မကောင်းတဲ့အလုပ်ကိုလုပ်တာ။ မကောင်းတဲ့အလုပ်ကိုလုပ်တော့ သူ့အသက် သတ်တဲ့ ပုဂ္ဂိုလ်ဟာလည်း သူ့ကိုယ်သူ မချစ်တဲ့ပုဂ္ဂိုလ်ပဲ။
သူ့ဥစ္စာခိုးတဲ့ပုဂ္ဂိုလ်ဟာ အဲ- ဆင်းရဲခြင်းစါ အကြောင်းပဲ သူတစ်ပါး မပေးတဲ့ ပစ္စည်းကို ခိုးယူတဲ့သူဟာ ဒီဘဝလည်း ဒုက္ခရောက်မှာ။ နောင်ဘဝမှာ လည်း ဒုက္ခရောက်မှာပဲ။ မင်းပြစ်ဒဏ်သော်လည်း ခံချင်ခံရလိမ့်မယ်။ ဒီဘဝ အကြောင်းအားလျော်စွာ မခံရပေမဲ့ နောင်ဘဝကျရင်တော့ အဲ- လူမွဲကြီး အဖြစ်နဲ့ ပစ္စည်းဥစ္စာတွေမွဲပြီး လူမွဲတစ်ယောက်လိုပဲ ဖြစ်ရတယ်။ အဲဒီလို ဖြစ်ပြီးတော့ သူ့ဥစ္စာခိုးတဲ့သူဟာ မိမိကိုယ်ကိုမိမိ မချစ်တဲ့ပုဂ္ဂိုလ်။ မိမိကိုယ်ကို ဒုက္ခရောက် အောင် လုပ်တဲ့ပုဂ္ဂုံလ်လို့ ပြောရတယ်
အဲ- သူ့သားမယားကိုပြစ်မှားတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်ဟာ သူ့ကိုယ်သူ မချစ်တဲ့ ပုဂ္ဂိုလ်ပဲ။ ဒါကြောင့် အပါယ်လားကြောင်း မကောင်းမှုတွေ။ မုသားပြောတဲ့ ပုဂ္ဂိုလ်ဟာ သူ့ကိုယ်သူမချစ်တဲ့ ပုဂ္ဂိုလ်ပဲ။ ဘာဖြစ်လို့လဲ။ ဤကဲ့သို့ မုသားပြောခြင်းကြောင့် သူ့မှာ ဒီဘဝလည်း ဒုက္ခရောက်ချင် ရောက်မှာ။ နောင်ဘဝကျတော့ ကျိန်းသေရောက်မှာ။ အဲဒါကြောင့် သူဟာ သူ့ကိုယ်သူ မချစ်တဲ့ပုဂ္ဂိုလ်၊ အဲ- အရက်သေစာသောက်စားမယ်လို့ မူးယစ် စေတတ်တဲ့ အရာဝတ္ထုတွေ အသုံးပြုကြ၊ သူတို့တစ်တွေလည်း အတူတူပဲ။ သူ့ကိုယ်သူ မချစ်တဲ့ပုဂ္ဂိုလ်ပဲ။ သောကြောင့် ဒါတွေလုပ်ကြတာ။ ဒါတွေကို လုပ်တဲ့အတွက် ဒီဘဝမှာလည်း ဒုက္ခအမျိုးမျိုးရောက်လာရမှာပဲ။ အဲဒီအရက် သေစာ မူးယစ်စေတတ်တဲ့ ပစ္စည်းတွေ အသုံးပြုကြ မကောင်းတဲ့အလုပ်ကို လုပ်တဲ့ပုဂ္ဂိုလ်ဟာ သူ့ကိုယ်သူ မချစ်တဲ့ပုဂ္ဂိုလ်၊ အဲဒါတွေ ကလေးတွေ နားလည်မှာပေါ့ / မကောင်းတဲ့ အလုပ်ကိုလုပ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒုက္ခ ရောက်ကြမှာမို့လို့ သူဟာ သူ့ကိုယ်သူ မချစ်တဲ့ ပုဂ္ဂိုလ်ပဲလို့
အဲ- ယနေ့ မင်းတို့အဘိုးအဘွားတွေက အလှူကြီးလုပ်ကြတယ်။ အဲဒီအလှူကြီးကို လ္ဒူခြင်းဟာ တို့ဘာလို့လှူတာတုံး။ ဟော သူတို့ကိုယ်သူတို့ ချစ်ကြလို့။ ကိုယ့်ကိုယ်ချစ်တဲ့သူတိုင်း လှူကြတယ်။ လှူခြင်းကြောင့် အကျိုးရကြတယ်။ ဒါနဆိုတာဟာ ရှေးရှေးသူတော်ကောင်းတွေ မပြတ်ပြုခဲ့တဲ့ အလုပ်မျိုး အဲဒီအလုပ်မျိုးဟာ ပြုတဲ့ပုဂ္ဂိုလ်ကို ချမ်းသာစေတတ်တယ်။ ချမ်းသာအမျိုးမျိုးကို ဖြစ်စေတတ်တယ်။ အဲ- ဒီဘဝမှာလည်း တကယ်
ချမ်းသာ ကြွယ်ဝတယ်။ နောင်ဘဝဆိုတာ ပြောစရာမရှိ။ လှူခြင်းကြောင့် ကောင်းကျိုး အမျိုးမျိုး ရရှိနိုင်တယ် 1
အဲဒါ သူတို့ကိုယ်သူတို့ ချစ်ကြတယ်။ လောကမှာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့ ပုဂ္ဂိုလ်တိုင်း ကောင်းတဲ့ဒါနအမှကို ပြုကြတာချည်းပဲ။ အဲ- ဘုန်းကြီးတို့ ရှေးတုန်းက ကောသလမင်းကြီးဆိုတာ ရှိတယ်။ ကောသလ မင်းကြီးဟာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့် အင်မတန် ရင်းနီးတယ်။ အဲဒီတော့ တစ်နေ့ကျတော့ ကောသလမင်းကြီးဟာ ဘုရားရှင်ကိုယ်တော် မြတ်ထံ ရောက်လာတယ်။ ရောက်လာပြီးတော့ ဘုရားရှင်ကိုယ်တော် မြတ်ကြီးကို လျှောက်တယ်။
မြတ်စွာဘုရား- ဘုရားတပည့်တော် ကွယ်ရာမှာ တစ်ယောက်တည်း နေတုန်း။ စိတ်ထဲမှာ စိတ်ကူးပေါ်ပေါက်လာပါတယ်ဘုရား၊ လောကမှာ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးတုံး။ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့ အကြံဖြစ်လာ ပါတယ်ဘုရား၊ အကြံဖြစ်လာပြီးသည်နောက် တပည့်တော်ဟာ ဆက်လက်ပြီးတော့ စိတ်ထဲ တွေးပါတယ်4 လောကမှာ ကိုယ်ဖြင့် မကောင်းတဲ့အမှုကို ပြုကြတယ်။ နှုတ်ဖြင့် ပါးစပ်ဖြင့် မကောင်းတဲ့ စကားကို ပြောကြတယ်။ စိတ်ဖြင့် မကောင်းတဲ့အကြံကို ကြံကြတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ် ကိုယ် မချစ်တဲ့ ပုဂ္ဂိုလ်ကြီး၊ ဘာကြောင့်တုံးဆိုရင် မချစ်တဲ့ ပုဂ္ဂုုလ်တစ်ယောက် အပေါ်မှာ ပြုရတဲ့ အမှုကို သူကိုယ်တိုင် ပြုသောကြောင့် သူဟာ ကိုယ့်ကိုယ် ကိုယ် မချစ်တဲ့ ပုဂ္ဂုလ်ပဲ။
အဲ- အချို့က ကိုယ်ဖြင့် ကောင်းတဲ့အမှုကို ပြုကြတယ်။ နှုတ်ဖြင့် ကောင်းတဲ့အပြောကို ပြောကြတယ်။ စိတ်ဖြင့် ကောင်းတဲ့အကြံကို ကြံကြတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ပုဂ္ဂိုလ်တွေပဲ။ ဘာကြောင့်တုံး။ ကိုယ်ချစ်တဲ့သူ တစ်ယောက်အပေါ်မှာ သူပြုတဲ့အမှုမျိုးတွေကို သူပြုသော ကြောင့်လို့ အကြံဖြစ်တဲ့အကြောင်း လျှောက်ထားတယ်။
အဲဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်က လက်ခံတော်မူတယ်။ မဟာ ရာဇဧ6။ မင်းကြီးပြောတဲ့အတိုင်း မကောင်းတဲ့အမှုကိုပြုနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ ပုဂ္ဂိုလ်တွေပဲ။ ကောင်းတဲ့အမှုကိုပြုနေတဲ့ ပုဂ္ဂ်ုလ်
တွေဟာ ကိုယ့်ကိုယ်ကိုယ်ချစ်နေတဲ့ ပုဂ္ဂိုလ်တွေပဲဆိုတဲ့အကြောင်းကို မိန့် ကြားတော်မူပြီးတော့ သူ့စကားကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လက်ခံ တော်မူခဲ့တယ်။
အဲဒါကြောင့် လောကမှာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူဖြစ်အောင် ကြိုးစားကြရတယ်။ ယနေ့ ဒကာကြီး၊ ဒကာမကြီးတို့က ကိုယ့်ကိုယ်ကိုယ် ချစ်လို့၊ ကိုယ်ချမ်းသာကြောင်းအလုပ်ကို လုပ်နေကြတာ ချမ်းသာကြောင်း ကောင်းမြတ်တဲ့အလှူဒါနပွဲကြီး ဆင်နွှဲပြီးတော့ ပူဇော်ကြတာ။ ကိုယ့်ကိုယ် ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်တွေ ပြုကြတာ။ အဲဒါ တွေက ချမ်းသာခြင်းအကြောင်းပဲ။ ဒါနပူဇာမှု၊ သီလဆောက်တည်မှု သီလဆိုတာ ကိုယ်ကျင့်တရား၊ ခုနပြောတဲ့ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးမှု သူ့သားမယား ပြစ်မှားမှု၊ လိမ်ပြောမှု မူးယစ်စေတတ်တဲ့ အရက်သေစာသောက်မှု၊ အဲဒီအလုပ်တွေဟာ အဲဒါ မကောင်းတဲ့အလုပ်။ အဲဒီ မကောင်းတဲ့အလုပ်ကို လုပ်နေကြတဲ့ ပုဂ္ဂိုလ် တွေဟာ ဆင်းရဲကြောင်းမို့လို့ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ ပုဂ္ဂိုလ်တွေပဲ။
သီလဆောက်တည်မှု ဘာဝနာဆိုတဲ့ သမထဘာဝနာ အားထုတ်မှု
+. စသည်ဖြင့် ကောင်းသောကုသိုလ်တရားကိုပြုရင် အဲဒီပုဂ္ဂိုလ်တွေကတော့
ကောင်းတဲ့အလုပ်။ ကိုယ့်ကို ကောင်းကျိုးပေးမည့်အလုပ်။ ကိုယ်ချမ်းသာအောင် ဆောင်ရွက်ပေးမည့် အလုပ်တွေမို့လို့ အဲဒီအလုပ်မျိုးကို လုပ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ပုဂ္ဂိုလ်တွေအမှန်ပဲ။ ဒါကြောင့် လောကမှာ ကိုယ့် ကိုယ်ကိုယ်ချစ်ကြတဲ့ ပုဂ္ဂုလ်တိုင်း ကောင်းမှုပြုကြတယ်။ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ပုဂ္ဂိုလ်တိုင်း မကောင်းမှုကိုပြုကြတယ်လို့။
ဒါကြောင့် လောကမှာ ဒီဘဝလည်း ကြီးပွားတိုးတက်အောင်။ လူတစ်လုံး သူတစ်လုံး။ လူကောင်း သူကောင်း။ လူမွန်လူမြတ် ဖြစ်စေချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ကြရတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ကြရုံမကဘူး။ မကောင်းမှုဆိုတာ ကိုယ်လည်း ဆင်းရဲကြောင်း။ သူ့လည်း ဆင်းရဲကြောင်း။ မကောင်းတဲ့အမှုတွေ ရှောင်ကြရတယ်
အဲ- အခုလို သူတော်ကောင်းတွေလည်း နစ်သက်၊ မိမိလည်း စိတ်ချမ်းသာ။ ပျော်စရာအလွန်ကောင်းတဲ့ အလှူအတန်းကြီးကို ကိုယ်လည်း အလွန်ချမ်းသာ။ သူ့လည်း အလွန်ချမ်းသာ၊ ပျော်စရာကောင်းတဲ့ နှစ်သက်ဖွယ်
အလွန်ကောင်းတဲ့ အလှူဒါနကြီးကို ဒီနေ့တွေ့မြင် ကြရတယ်။ တွေ့မြင်ရတဲ့ ကလေးတို့ရဲ့ မိဘ ဘိုးဘွားတွေဟာ အဲ- သူတို့ ကိုယ်သူတို့ ချစ်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ချစ်လို့ ချစ်တဲ့သူ အပေါ်မှာ ပြုကြောင်းဖြစ်တဲ့ ကောင်းတဲ့အမှုတွေကို လုပ်ကြတယ်။
အဲ-ဘုရားရှင်ကိုယ်တော်မြတ်ကလည်း ကိုယ့်ကိုယ်ကိုယ် ချစ်အပ် တယ်လို့သိရင် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးချစ်မိအောင် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရမယ်လို့ ဟောထားတာ တရားလေး ရှိတယ် အဲ-
အတ္တာနဉ္စေ ပိယံဇညာ။1
ရက္စေယျ နံ သုရက္စိတံ။
တိဏ္ဍမညတရံ ယာမ
ပဋိဇဂ္ဂယျ ပဏ္ဍိတော
ဟော- မိမိကိုယ်ကို ချစ်အပ်တယ်။ ချစ်မြတ်နိုးအပ်တယ်လို့ သိခဲ့လို့ ရှိရင် အဲဒီပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ပြုကျင့်ရတယ်။ အဲ- အရွယ်သုံးပါးတို့တွငဲ တစ်ပါးပါးခ် ကောင်းအောင်ကြိုးစားသွားရမယ်လို့ ပထမအရွယ်မှာ မိမိမှားခဲ့လို့ရှိရင် အသာထားလိုက်ဦး၊ ဒုတိယအရွယ်မှာ မှားခဲ့လို့ရှိရင် အသာထားလိုက်ဦး၊ တတိယအရွယ်မှာ ကောင်းဖို့ ကြိုးစား ရတယ်။ အရွယ်သုံးပါးလုံး ကောင်းနေလို့ရှိရင် ပြောစရာ မရှိဘူး အဲဒီ အကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။
ဒါကြောင့် ယနေ့ ကလေးတို့ရဲ့ မိဘဘိုးဘွားတွေး ယနေ့ သီလောက်တည်ပြီး ကုသိုလ်ပြုရခြင်းဟာ အဲ. သူတို့ ကိုယ့်ကိုယ်ကိုယ် ချစ် ကြလိုး ကိုယ့်ကိုယ်ကိုယ်ချစ်ကြသူတိုင်း မြုမိဖြစ်တဲ့ ကောင်းမှုတွေမိုလု့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်ကြတယ်လို့ ပြောနိုင်သတုံးဆိုတော့ အဲ- လောကမှာ ချစ်တဲ့သူတစ်ယောက်အပေါ်မှာ မိမိတို့ပြုရင် ကောင်းတဲ့အပြုအမူ နဲ့သာ ပြုကြတယ်။ မကောင်းတဲ့အလုပ်ရယ်လို့ ဘာမှမရှိဘူး။ အဲဒါကြောင့် ကောင်းတဲ့အမှု သူတော်ကောင်းတရားတွေ ပြုကျင့်တဲ့ ပုဂ္ဂိုလ်တွေမှန်သမျှ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ကြတု မုဂ္ဂိုလ်တွေချည်းမဲ။
ဒီလိုမဟုတ်ဘဲနဲ့ မကောင်းတဲ့ အလုပ်တွေ လုပ်ကြမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ ဗုဂ္ဂိုလ်တွေပဲ4 အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားကြရတယ်။ ယနေ့အလှူကြီးဟာ ကလေး တွေရဲ့ မိဘဘိုးဘွားတို့က ကိုယ့်ကိုယ်ကိုယ် မြတိနိးမှုကြောင့် ဖြစ်လာတဲ့ ကောင်းမှုတွေ ကုသိုလ်တွေ။ အဲဒီကောင်းမှုတွေဟာ သူတို့စိတ်ထဲမှာ အင်မတန် ချမ်းသာနေတယ်။ ဘာကြောင့် ချမ်းသာသတုံးဆိုတော့ ယုံကြည်လို့။ ယုံကြည်တဲ့အတိုင်း ဒါနအမှုတွေကို လျှလို့တန်းလို့ူဇော်ထိုက်လို့ သူတို ဒီဘ၀မှာလည်း ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းကြတယ်။ သူတို့ ကိုယ်တိုင်ကလည်း “ပုညံ မေ ကတန္တ် နန္ဒတိ”။ ငါကောင်းမှု ပြုရပြီလို့ ဝမ်းသာတယ်။ အားရတယ်။ နှစ်သက်တယ်။ အဲ-
ပျော်လွန်းလို့ပြုရတဲ့ ကုသိုလ်တွေ။ သိပ်ပျော်နေတယ်ဆိုတယ်။ အဲ- ဘာတုံးဆိုရင် ကုသိုလ်ရဲ့ အကျိုးကို သိလို့။ အကျိုးကိုမြင်လို့' အကျိုးပေါ်မှာ ယုံကြည်မှုသဒ္ဓါတရား အင်မတန်ထက်သန်နေလို့၊ အဲဒီသဒ္ဓါတရားကို အကြောင်း ပြုပြီးတော့ သောမနဿတရားတွေ လွန်စွာဖြစ်လာတယ် အဲ- လောကမှာ အကျိုးမြင်ရင် ဒီလိုပဲ ဝမ်းသာကြတယ်။ အဲ- ဒါလောက်မကဘူး။ ဒီနေ့ပြုရတဲ့ ကုသိုလ်ကြီးဟာ ချမ်းသာခြင်းအကြောင်းတွေ၊ အဲဒီ ရေစက်ချမည့် အလှူတွေ။ ရေကန်တို့၊ ကျောင်းက အုတ်တံတိုင်းတို့၊ ကျောင်းတော်ကြီးက လှေကားတို့) အဲ- ကျောင်းတော်ကြီးမှာ ဘုရားအခန်းဆီးတို့၊ ပြီးတော့ ကျောင်းကြီး တောက်တောက်ပြောင်ပြောင်ဖြစ်အောင် ပေါလစ်တို့ တိုက် ပေး။ ကုသိုလ်တွေ နည်းတာမဟုတ်ဘူး။
အဲဒီကုသိုလ်တွေဟာ မိမိတို့ရဲ့ ယုံကြည်ချက်ကြောင့် ပြုရတဲ့ ကုသိုလ်တွေ အထူးသဖြင့် ဒီဘဝမှာလည်း ချမ်းသာမယ်။ နောင်ဘဝမှာလည်း ချမ်းသာမယ်လို့ ယုံကြည်တယ် ဒီဘဝ ချမ်းသာတယ်ဆိုတာက ကလေး တို့လည်း ဒါ အဲ- မျှော်မှန်းမိမှာပေ့ မိမိတို့ ကောင်းတဲ့အလုပ်တစ်ခုလုပ်လို့ အောင်မြင်သွားရင် ပျော်ရတာပဲ။ အခု ပညာသင်နေကြတယ်။ ပညာရေးမှာ အောင်မြင်ကြတယ်။ ဝမ်းသာရတယ်။ ထို့အတူပဲ။ ဒီကုသိုလ်ကြီးဟာ သာမညနဲ့ ဖြစ်နိုင်တဲ့ ကုသိုလ်မျိုး မဟုတ်ဘူး။ ရန်သူများကို အနိုင်တိုက် ပြီးတော့ အောင်ပွဲဆင်လာရတဲ့ ကုသိုလ်ကြီး။ ရန်သူဆိုတာ ဘာလဲ။
မပေးချင် နှမြောတဲ့ မစ္ဆရိယ၊ ကိုယ့်ပစ္စည်းကို လိုချင်တပ်မက်တဲ့ လောဘ 1 အဲ- အဲဒီလို ရန်သူတွေ အမျိုးမျိုးရှိတယ်။ ကုသိုလ်တစ်ခု ကောင်းမှုပြုတဲ့ အခါမှာ အဖျက်အဆီးတွေက ရန်သူတွေက အများကြီး
အဲဒီ ရန်သူတွေကို အောင်မြင်နိုင်ဖို့ အလောဘဆိုတဲ့ ဆုံးဖြတ်ချက် တရား ဖြစ်ပွားလာလို့ အထူးသဖြင့် သဒ္ဒါတရားဆိုတဲ့ ယုံကြည်မှု ကြည်လင်မှုဆိုတဲ့ တရားတွေက အထူးသဖြင့် ဖြစ်ပွားလို့ စွန့်နိုင်တယ်။ ပစ္စည်းတွေ အများကြီး စွန့်ပြီးတော့ လှူလိုက်တယ်။ လှူလိုက်တော့ ပစ္စည်းတွေ အထမြောက်သွားတယ်။ ထမြောက်တော့ တွေးမိတိုင်း။ တွေးမိတိုင်း ဝမ်းသာရတယ်။ ပျော်ရတယ်။ စိတ်ချမ်းသာရတယ်။ အဲ- နောက်လည်းပဲ ဒါတွေက ထာဝရပစ္စည်းတွေ။ အမြဲတမ်းအကျိုးပေးမည့်ပစ္စည်းတွေ တွေးမိတိုင်း ဝမ်းသာရတယ်။ နှစ်သက်ရတယ်။ ပျော်ရတယ်။
အဲ- ယခုလို ထူးခြားတဲ့ကုသိုလ်မျိုးကို ပေးလှူရခြင်းဖြင့် မကြာမကြာ ထူးခြားတဲ့ မိမိတို့ရဲ့ ကုသိုလ်ကို အောက်မေ့ရတယ်။ အောက်မေ့တိုင်း အောက်မေ့တိုင်းလည်း ကုသိုလ်တွေ ထပ်ထပ်ဖြစ်တယ်4 အဲဒါတွေဟာ ကုသိုလ်ကို အကြောင်းပြုပြီးတော့ စိတ်ချမ်းသာမှုတွေ။ ပျော်ရွှင်မှုတွေ အဲဒါကြောင့်မို့လို့ လောကမှာ လှူမှုတန်းမှုဆိုတာ ထူးခြားတဲ့ ကောင်းမှု တစ်ခုဖြစ်လို့ လူကို စိတ်ချမ်းသာစေတတ်တယ်။ ပျော်ရွှင်စေတတ်တယ်။ အဲ- မြင်တိုင်း မြင်တိုင်းလည်း ပျော်ရတယ်။ တွေးမိတိုင်း။ တွေးမိတိုင်းလည်း ပျော်ရတယ်။ စိတ်ချမ်းသာရ၊ နှစ်သက်ရတယ်။
အဲဒါကြောင့် ဒီလောက် ကုသိုလ်ကောင်းမှုတန်ဖိုး များစွာ အကုန် အကျခံပြီးတော့ ရက်ရက်ရောရော နှမြောခြင်း မရှိ။ တွန့်တိုခြင်း မရှိ ဆုတ်နစ်ခြင်း မရှိ။ စွန့်လွှတ်ပြီးတော့ ကုသိုလ်တွေ ထမြောက်အောင် ဆောင်ရွက်ခဲ့ကြတာ အတုယူစရာပဲ။ အဲ- လှူမှုတန်းမှု ကိုယ်ကျင့်တရား ကောင်းအောင် စောင့်ရှောက်ဖို့} လူလိမ္မာလေးတွေ ဖြစ်အောင်။ လူပညာရှိ လေးတွေ ဖြစ်အောင် ကြိုးစားပြီးတော့ မိဘဘိုးဘွားတို့ရဲ့ ကောင်း မြတ်သော အကျင့်စာရိတ္တတွေကိုလည်း ဒါနဲ့ အကျင့်တွေကိုလည်း ကြိုးစား လိုက်နာပြီးတော့ သူကောင်းလေး၊ လူကောင်းလေးတွေဖြစ်အောင် ကြိုးစား ကြရတယ်။ ဒီနေ့အလှူပွဲဟာ ထူးထူးကဲကဲ အလျပျဲကြီး အောင်မြင်ပြီး
မြောက်ခြင်းသို့ ရောက်တော့မယ် အဲ- အဲဒါဟွေဟာ မိမိကိုယ်ကိုယ်မိမိ ချစ်မြတ်နိုးခြင်းအကြောင်းပြုပြီး ဖြစ်လာရတဲ့ကုသိုလ်၊ အဲဒီ ကုသိုလ်တွေက ဘုန်းကြီးတို့က ချီးမြှောက်ပါလို့ တိုက်တွန်းစရာ မလိုပါဘူး
အတ္ထာနဉ္စေ ပိယံ ဇညာ။
ရက္မေယျ နံ သုရက္စိတံ'
တိဏ္ဍံ အညတရံ ယာမံ
ပဋိဇဂ္ဂေယျ ပဏ္ဍိတော
အတ္ထာနံ= မိမိကိုယ်ကို၊ ပိယံ= မြတ်နိုးအပ်စါဟူရွှ။ စေဧညာ= အကယ်ရ သိသည်ဖြစ်အံ့။ တံ= ထို မိမိကိုယ်ကို ချစ်မြတ်နီးအပ်၏ ဟူရ် အသိအမှတ်ပြုသော ခန္ဓာကိုယ်ကြီးကို၊ သုရက္ခိတ= ကောင်းစွာ စောင့်ရှောက် ခြင်းဖြင့် ရက္ခေယျ= ကောင်းစွာစောင့်ရှောက်ရာ၏။ ကုသိုလ်တွေဖြစ်အောင်။ အကုသိုလ်တွေမဖြစ်အောင်။ ကုသိုလ်တွေ အများကြီးဖြစ်အောင် စောင့်ရှောက်ရ မယ်။ အဲ- ပဏ္ဍိတော= ကျိုးကြောင်းမြင်သိ ပညာရှိသည် တိဏ္ဍံ= သုံးပါ။ ကုန်သော အရွယ်တို့တွင်း အညတရံယာမံ= တစ်ပါးပါးသောအရွယ်ဥ်။ အခြားအရွယ်တွေမှာ မလုပ်ဖြစ်ရင်။[ အားမထုတ်ဖြစ်ရင်၊ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့ ပြောစရာမရှိဘူး။ အဲ- အရွယ်သုံးပါးတို့တွင် တစ်ရွယ်ရွယ်တော့ ချိတ်မိအောင်၊ အညတရ ယာမ= အရွယ်တစ်ပါးပါးကို ရက္ခေယျ= လူကောင်း သူကောင်း။ လူမွန် လူမြတ်ဖြစ်အောင် စောင့်ရှောက်ကြိုးစား ရသတည်း1။
မွေးနေ့ဆွမ်း အနုမောဒနာတရား (ဦးသက်ထွန်း-အိမ်)
ဦးသကိဏွနိီး မွေးနေ့ ခစ္သမ်းအနုမော၀န၁၀ တရားတော် နာဘိနန္ဒတိ- မနှစ်သက်ပါပေ။ သောဘက္ခော- ထိုသို့ အစားအစာ။ စားဝတ်နေရေး။ ဆေးဝါး မနှစ်သက်တဲ့ပုဂ္ဂိုလ်သည်။ ကောနာဓ- ဤလောကမှာ။ ကောနာမ- အဘယ်မှာ ရှိပါသတဲ့လဲ။ အဘယ်ပုဂ္ဂုုလ်တွေ ဖြစ်ပါပေသနည်း။ လူတိုင်း ထမင်းကြိုက်ကြတယ်။ နှစ်သက်ကြတယ်။ ထမင်းဆိုပေမဲ့ ပါဠိကတော့ အန္န-ထမင်းကိုလို့ နတ်သားကလျှောက်တာ/။ ဒါပေမဲ့ ဘုန်းကြီးတို့ ကျမ်းဂန်မှာ အချို့ပုဒ်က ထမင်းဟောပေမဲ့ တစ်ချို့ပုဒ်က ဒီအနက်ကိုဟော ပေမဲ့ ရသင့်တဲ့အနက်တွေကိုလည်း ယူရတဲ့နေရာတွေ ရှိတယ် ပဓာနနည်းလို့ ဆိုတယ်။ ရာဇာအာဂစ္ဆတိ- မင်းလာတယ်ဆိုရင် ရှင်ဘုရင်တစ်ဦးတည်း မဟုတ်ဘူး။ အခြွေအရံတွေ။ မှူးမတ်ပရိသတ်တွေ။ အစောင့်တွေ အမျိုးမျိုး စစ်သည်ဗိုလ်ပါတွေး အများကြီးလာတာကို ရာဇာ အာဂစ္ဆတိ- မင်းလာတယ် လို့ ကျမ်းဂန်က သုံးကြတာ။ အဲဒါ ပဓာနနည်းလို့ ခေါ်တယ်။ မင်းကပြဋ္ဌာန်းလို့ မင်းလာတယ်လို့ ပြောလိုက်တယ် ရှင်ဘုရင်ထွက် လာတယ်လို့ ရှင်ဘုရင်ထွက်လာတယ်ဆိုတဲ့ စကားဖြင့် အကုန်လုံးယူရတယ်။ သူ့အခြွေအရံတွေရော အကုန်လုံးယူရတယ်။ အဲဒါမျိုးးပဓာနနည်းဆိုရတယ်။ အခု ဒီနတ်သားရဲ့ အမေးမှာလည်း။ အန္နမေဝ ဘိနန္ဒန္တ်- ထမင်းကို နှစ်သက်ကြတယ်။ အဲဒီ ထမင်းဆိုတဲ့နေရာမှာ ပဓာနအားဖြင့် သုံးထားတဲ့ စကားပါ နတ်က ပဓာနအားဖြင့် သုံးလိုက်တဲ့စကား၊ တကယ်ကျတော့ ထမင်းတင်မကဘူး။ သင်္ကန်းလည်းပါတာပဲ။ အဝ၀တ်အစားလည်း ပါတာပဲ၊ နေရာထိုင်ခင်း။ အိမ်စသည်ဖြင့် ပါတာပဲ။ ပြီးတော့ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းလည်း ပါတာပဲ။ အဲဒီတော့ နတ်သားလျှောက်တာက လောက လူတွေ အမြဲသုံးနေတဲ့ပစ္စည်းတွေး အဲဒီပစ္စည်းတွေကို လောကမှာ လူတကာ သူတကာက နှစ်သက်ကြတယ်။ မြတ်နိုးကြတယ်။ လိုလားကြတယ်။ တောင့်တကြတယ်)။ ထမင်း မနှစ်သက်တဲ့သူရယ်လို့ ဘယ်မှာရှိမတုံး။ နတ်ရယ်လို့မ ရှိဘူး။ လိုလားကြတာချည်းပဲ။ အတူတူပဲ မိမိမှာ မသုံးမဖြစ်တဲ့ အဝတ် ဘယ်သူက မလိုချင်ရှိမလဲ။ အကုန်လုံး လိုချင်ကြတာပဲ။ နေစရာ အိမ်ဆိုတာလည်း ဘယ်သူမှ မလိုချင်ဘူး မရှိဘူး။ လိုချင်ကြတာချည်းပဲး
လူဆိုတာဟာ အမြဲတမ်း မာနေတာ မဟုတ်ဘူး/။ ဓာတ်ကြီးလေးပါးဖြင့် တည်ဆောက်ထားတဲ့ ခန္ဓာကြီးဖြစ်တော့ အဲဒီဓာတ်ကြီးတွေက ဖောက်ပြန် တတ်တယ်။ ဖောက်ပြန်တတ်တော့ မကျန်းမာမှုနဲ့ ကြုံရတာချည်းပဲ။ အဲ့သလို ကြုံရတာဖြစ်သောကြောင့် ဆေးဝါးဆိုတာလည်းလိုတယ်။ ဒါ့ကြောင့် အားလုး သူသူငါငါ။ လူရော နတ်ရေား သတ္တဝါတွေမှန်သမျှ ထမင်းတို့ အဝတ်အစားတို့၊ နေရာထိုင်ခင်းတို့။ ဆေးဝါး ဓာတ်စာတို့ကို ရတာဖြစ် သောကြောင့် အကုန်လုံး အဲဒီ ဆေးဝါးဓာတ်စာတွေကို ထမင်းတို့။ အဝတ် အစားတို့၊ နေရာထိုင်ခင်းတို့ လိုကြတာချည်းပဲ။ မလိုတဲ့သူဟာ ရှိပါသလား ဘုရားလို့ နတ်သားက လျှောက်ထားတယ်။
ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က-
ယေ နံ ဒဒန္တီ သဒ္ဓါယ ဝိပွသန္နေန စေတသာ။း
တမေဝ အနံ ဘဇတိ။ အသိ လောကေ ပရမွ္ဂိစ လို့ ဘုရားရှင်ကိုယ်တော်မြတ်က အဖြေပေးတယ်။ အေး- လောကမှာလူတိုင်း ထမင်းကြိုက်ကြတယ်။ စားဝတ်နေရေးတို့) ဆေးဝါးဓာတ်စာတို့ကိုလည်း နှစ်သက်ကြတယ်။ သို့သော် မနှစ်သက်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ အဲ့ဒီ မနှစ်သက်တဲ့ ပုဂ္ဂိုလ်၊ မတောင့်တတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူတုံးဆိုတော့ ဘုရားရှင်ကိုယ်တော် မြတ်က ဒါကို အဖြေပေးတော်မူတယ်။
ယေ- အကြင်လူ၊ အကြင်နတ်၊ ပုဂ္ဂိုလ်အရပ်ရပ်တို့သည်။ သဒ္ဓါယ- ရတနာသုံးတန်။ ကံကံစါ အကျိုး။ ကုသိုလ်အမျိုးမျိုးတို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့်၊ ဝိပ္ပသန္နေန- အထူးသဖြင့် ကြည်လင်သော၊း စေတသာ- စိတ်ထားဖြင့်၊ စေတသာ- ကုသိုလ်စိတ်ထားဖြင့်၊ နံ- ထို ထမင်းး အဝတ် အထည်။ နေရာထိုင်ခင်း။ ဆေးဝါးဓာတ်စာ အစရှိသော ပစ္စည်းဝတ္ထုတို့ကို။ ဒဒန္တ်- လှူဒါန်းပေးကမ်းကြကုန်၏။ အသ္မိ။ လောကေ- ဤပစ္စက္ခ ယခု ဘဝခ််လည်းကောင်း၊ ပရမှိစ- နောက်ဘဝခ်လည်းကောင်းး တမေ၀- ထို ထမင်း စသည်ကို လှူဒါန်းသောပုဂ္ဂိုလ်ကိုသာလျှင်၊ အန္နံ- စားဝတ်နေရေး။ ကျန်းမာရေး အထောက်အကူဖြစ်သော ပစ္စည်းဝတ္ထုမှန်သမျှသည်။ ဘဇန္တ်- ထိုသူ့ ထံမှောက် ကပ်ရောက်ကြလေကုန်သတည်းလို့ ဘုရားရှင်ကိုယ်တော် မြတ်က အဖြေပေး တော်မူတယ်။
ထမင်းကို မတောင့်တတဲ့ ပုဂ္ဂိုလ်၊ အဝတ်အစား။ အိပ်ရာနေရာ၊ အိမ် ဂေဟား ဆေးဝါးဓာတ်စာ မတောင့်တတဲ့ပုဂ္ဂိုလ် ရှိတယ်။ ဘယ်သူတုံးဆိုတော့ သဒ္ဓါတရားဖြင့်' သဒ္ဓါတရားသက်ဝင်ရဤ အထူးသဖြင့် ကြည်လင်သော စိတ် ထားဖြင့် ဆွမ်းလှုတယ်။ ကျောင်းလှူတယ်။ သင်္ကန်းလှူတယ်။ ဆေးဝါး ဓာတ်စာတွေလှူတယ်။ ဧရပ်လှူတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ မတောင့်တဘူးတဲ့။ ထမင်းလည်းမတောင့်တ၊ တောင့်တစရာလည်းမလိုဘူး။ စားဝတ်နေရေးလည်း မတောင့်တဘူး။ ဆေးဝါးဓာတ်စာလည်း မတောင့်တဘူး။ မတောင့်တပေမဲ့ သူ့မှာ ပြည့်စုံလျက်ချည်းပဲ လှူဒါန်းတဲ့ပုဂ္ဂိုလ်ဟာ ပြည့်နေလျက်ချည်းပဲ။ ဘာကြောင့် မတောင့်တတုံး။ တောင့်တစရာမလိုဘူး။ သူက လှူထား တာ ဆွမ်းလှုထားတော့ အစားအစာအတွက် ဘာမျှ မကြောင့်ကြရတော့ဘူး။ နောက်ဘဝအလိုလိုပြည့်မှာ။ ဒီဘ၀ဝလည်း သိပ်မဆင်းရဲဘူး။ ပြည့်မှာပဲ။ သင်္ကန်းလှူထားတော့ သူ့အတွက် အဝ၀တ်အစားလည်း ပူစရာပင်စရာ ကြောင့်ကြစရာ မရှိဘူး။ ပြည့်စုံနေတယ်။ ကျောင်း၊ ကန် စသည်လှူထား တာလည်း မိမိတို့ အသီးသီးရှိနေကြတာဖြစ်သောကြောင့် နေစရာထိုင်စရာ အိမ်ဂေဟာအတွက် နတ်ပြည်ဆိ်ုရင် ဗိမာန်အတွက် ပူစရာမရှိဘူး4 ဆေးဝါး ဓာတ်စာလည်း ပူစရာ မရှိဘူး။ ဆေးလှူရင် ကျန်းမာတာပဲ။ သူ့အတွက် ပူစရာမရှိဘူး။ ကျန်းမာတဲ့အတွက် ဆေးကုနေစရာတောင် မလိုဘူး ဒါကြောင့်မို့လို့ နတ်သားအမေးက ဆွမ်းတို့၊ အဝတ်အထည်တို့၊ နေစရာအိမ်ရာတို့) ဆေးဝါးဓာတ်စာတို့ လူတိုင်းနစ်သက်ကြတယ်။ အဲဒီ လူတိုင်းနှစ်သက်တဲ့ ပစ္စည်းကို မနှစ်သက်တဲ့ ပုဂ္ဂိုလ်၊ မတောင့်တတဲ့ ပုဂ္ဂိုလ် ရှိသလားဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်က ရှိတယ် သဒ္ဓါတရားရှိကြတဲ့ အမျိုးသား။ အမျိုးသမီး။ လူတွေ နတ်တွေဟာ ထမင်းလှူကြတယ်။ ဆွမ်း လှူကြတယ်။ သင်္ကန်းလှုကြတယ်။ အဝတ်အထည် လှူကြတယ်/။ ကျောင်း လှူကြ၊ ဆေးဝါးဓာတ်စာလှူကြ။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘာမျှ မတောင့်တကြဘူး။ တောင့်တနေစရာလည်း မလိုတော့ဘူး။ သူတို့မှာ အဲဒီလှူဒါန်းတဲ့ ဒါနကြောင့် ပြည့်စုံနေပြီဆိုတဲ့အကြောင်း ဘုရားရှင်ကိုယ်တော် မြတ်က ဟောတော်မူခဲ့တယ်။ တသ္မွာ ဝိနေယျ မစ္ဆေရံ ဒဇ္ဇာ ဒါနံ မလာဘိဘူ။
ပုညာနိ ပရလောကသ္မိ။
ပတိဋ္ဌာ ဟောန္တ် ပါဏိနံ
တသ္မာ ထိုသို့ မိမိက ဆွင်းစသည်ကို လူူလျှင်း အားလုံးပြည့်စ သည်သာ ဖြစ်လေသောကြောင့်၊ မစ္ဆေရံ- လှူရဟန်းရမှာကို နှမြောတဲ့ မစ္ဆေရတရားကို၊ ဝိနေယျ- ကိုယ့်မှာ မရောက်အောင် ပယ်ဖျောက်ရာသတည်း။ မလာဘိဘူ- မစ္ဆေရဆိုတဲ့ နမြောခြင်း အညစ်အကြေးကို နိုင်နင်းအောင် ဆုံးမနိုင်သော ပုဂ္ဂိလ်သည် နိုင်နင်းအောင် ဆုံးမနိုင်သည်ဖြစ်ရွှ။ ဒါနံ- ပစ္စည်းလေးပါးနဲ့စပ်တဲ့ လှူဖွယ် အမျိုးမျိုးကို ဒန္နာ- မတွန့်မဆုတ် အားထုတ် ပေးကမ်း လှူဒါန်းရာသတည်း။ ပုညာနိ- မိမိတို့ပြုအပ်တဲ့ ကုသိုလ်ကောင်းမှုတို့သည်။ ပရလောကသ္မီံ- နောက်ဘဝနခ်၊ ပါဏိနံ- သတ္တဝါတို့၏။ ပတိဋ္ဌာ- ထောက်ရား တည်ရာ။ မှီခို အားထားရာသည်။ ဟောန္တီ- မုချမသွေ ဖြစ်ကြပါပေကုန်သတည်း။
ဘုရားရှင်ကိုယ်တော်မြတ်က အဖြေပေးတယ်။ ကောင်းမှုဆိုတာ မိမိတို့က ပြုထားရင် ဘာမှပူစရာမရှိဘူး။ အလိုလို ကောင်းကျိုးတွေရောက် လာမှာချည်းပဲ။ အဲဒီတရားလေး နာရတော့ နတ်သားက နတ်သားနာမည်က သီရိတဲ့။ အဲဒီသီရိက ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ ဒီတရားကြား ရတော့ အင်မတန်နှစ်သက်သွားတယ်။
အစ္ဆရိယံ ဘန္တေ အဗ္ဘုတံ။ ဘန္တေ- ရှင်တော်မြတ်ဘုရား၊ ယခုဟောတဲ့ အဖြေကား တရားဒေသနာဟာ အင်မတန် အံ့သြစရာကောင်းလှပါတယ်ဘုရား။ ဘုရားတပည့်တော်ဟာ ရှေးအခါက သိရီမည်သော မင်းဖြစ်ခဲ့ပါတယ်။ ရောရုဝဆိုတဲ့မြို့မှာ သိရီဆိုတဲ့မင်း ဖြစ်ခဲ့ပါတယ်။ အဲဒီ သိရိမင်းဖြစ်တဲ့အခါ တုန်းက တပည့်တော်ဟာ တကယ့်အရှင် ဒါနမျိုးဖြစ်တဲ့ ဒါနသာမိအလှူ မျိုးကို လှူခဲ့တဲ့ပုဂ္ဂိုလ်၊ အလှူပေးခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း အင်မတန် ချီးကျူး ဂုဏ်တင်ပြီးတော့ သူတစ်ပါးတိုက်တွန်းခဲ့တဲ့ ပုဂ္ဂိုလ်ပါ။
ဘုရား တပည့်တော်ဟာ အဲ့ဒီမင်းဘဝမှာ ရောရု၀ဆိုတဲ့ မြို့ကြီး မြို့အရပ်လေးမျက်နှာမှာ အလှူတင်းကုပ်ကြီးလေးခု ဆောက်လုပ်ပြီးတော့ လာလာသမျှ ရဟန်းပုဏ္ထားတွေ။ မရှိဆင်းရဲ သားတွေ။ ကိုးကွယ်ရာမဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ တောင်းရမ်းစားကြတဲ့ ပုဂ္ဂိုလ်တွေ အမျိုးမျိုး) လာလာသမျှ
အဲဒီပုဂ္ဂိုလ်တွေကို လိုလေသေးမရှိ ပြည့်စုံအောင် လှူဒါန်းခဲ့ပါတယ်ဘုရား။ အဲ့ဒီလို တပည့်တော်လှူဒါန်းနေတဲ့အခါ တစ်နေ့သော အခါသမယ မင်း မောင်းမတွေက၊ မောင်းမမိဿံ ခြွေရံတွေက ရှင်မင်းကြီး ရှင်မင်းကြီး ကပဲ လှနေတယ်။ ဘုရားကျွန်တော်မတို့ မလှူရသေးပါဘူးဘုရား။ ဘုရား ကျွန်တော်မတို့လည်း လှူရအောင် အလှူတစ်နေရာ ပေးမှပေါ့လို့ သံတော်ဦး တင်ကြတော့ မင်းကြီးက ငါဟာ ကိုယ်တိုင်လည်း လှူတယ်။ သူတစ်ပါး လှူအောင်လည်း ငါတိုက်တွန်းခဲ့တယ်။ အလှူရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြောခဲ့တယ်။ ဒီလိုလူက လှူချင်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်က လာတောင်းရင် မပေးဘဲနေလို့ ဖြစ်ပါ့မလားဆိုပြီးတော့ အလှူမဏ္ဍပ်ကြီးတစ်ခုကို စွန့်လိုက် တယ်။ လှူကြတော့ဆိုပြီး၊ အဲဒီမှာ မောင်းမမိဿံ ခြွေရံတွေက လှူဒါန်း ကြတယ်။
နောက်တစ်ခါ ရွာစား။ နယ်စားပယ်စားတွေက လျှောက်ကြပြန်တယ်။ ရှင်မင်းကြီးး ရှင်မင်းကြီးသာ လှူတယ်။ ကျွန်တော်မျိုးတို့ကိုလည်း လျှို့ ခွင့်ပေးဦးမှပေါ့။ ကျွန်တော်မျိုးတို့လည်း လှူချင်တာပေါ့ဆိုတော့ တစ်ခါ ဒုတိယ အလှူမဏ္ဍပ်ကြီး ပေးလိုက်ပြန်ရော။ တစ်ခါ ပုဏ္ဏားတွေး သူဌေး သူကြွယ်တွေက တောင်းပြန်ရော။ တောင်းတော့တစ်ခါ သူတို့အတွက်လည်း အလှူမဏ္ဍပ်ကြီး ပေးလိုက်ရတယ်။ ဒီတော့ မောင်းမမိဿံတွေအတွက် တစ်ခု။ နယ်စားပယ်စား ရွာစားတွေအတွက် တစ်ခု ပုဏ္ထားတွေ။ သူကြြယ်တွေ အတွက် တစ်ခု။ သည့်အပြင် တိုင်းသူပြည်သားတွေအတွက် တစ်ခု မဏ္ဍပ်ကြီး လေးခုလုံး လွဲပေးရတာ ကုန်ရော သူ့မှာ လှူစရာမရှိတော့ဘူး။ ဒီတော့မှ မိမိရဲ့အလုပ် အကျွေးတွေက အရှင်မင်းကြီး အရှင် မင်းကြီး အတွက် အလှူတွေ ပြတ်ကုန်ပါပေါ့လားဆိုတော့ အေး- ဒီလိုဆိုရင် ဇနပုဒ် နယ်ပယ် တောရွာတွေကရတဲ့ အခွန်တွေ။ မင်းတို့ ငွေတိုက်ထဲ မင်းတို့ အကုန် မသွင်းနဲ့ကွား တစ်ဝက်ကို အဲဒီမှာလှူကြ၊ တစ်ဝက်ကိုတော့ ငါ့ရဲ့ ငွေတိုက်တော်ကို သွင်းကြဆိုပြီးတော့ အဲဒီမှာ အလှူပေးခိုင်းတယ်။ အဲ့ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ကြတယ်။ တပည့်တော် အဲ့ဒီလို လှူခဲ့ပါတယ်။ တပည့်တော်ရဲ့ လှူတဲ့ကုသိုလ်တွေက ဘယ်လောက်။ ကုသိုလ်တွေရဲ့ အကျိုးဟာ ဘယ်လောက်ဆိုတာ တပည့်တော်
ဘယ်နည်းနဲ့မှ မပြောနိုင်ပါဘူးဘုရား၊ နှစ်ပေါင်းများစွာ လှူခဲ့ကြတဲ့ ကုသိုလ်တွေရဲ့ အရေအတွက်၊ ကုသိုလ်တွေရဲ့ အကျိုးဟာ ဘယ်လောက်ဆိုတာ တပည့်တော် မပြောနိုင်ပါဘူးဘုရား၊ အဲဒီလောက်များစွာ လှူခဲ့ရတဲ့ အကြောင်း လှူခဲ့ရလို့ အကျိုးတွေကလည်း အများကြီးရခဲ့တဲ့အကြောင်း၊ ဘယ်လိုမှ ဒီကုသိုလ်တွေရဲ့အကျိုးကို ပြောမပြနိုင်အောင် ဖြစ်ပါတယ်ဘုရား။ အံသြ ဖွယ်ရာ ကောင်းလှပါတယ်ဘုရား၊ ရှင်တော်မြတ်ဘုရား အခုဟောကြားတော် မူတဲ့ တရားဒေသနာဟာ အင်မတန်အံ့သြစရာကောင်းပါတယ်ဘုရားလို့။ တပည့်တော် ကိုယ်တွေ့.မို့လို့ ရှင်တော်မြတ်ဘုရားရဲ့စကားကို ထောက်ခံနိုင် ပါတယ်ဘုရားလို့ အဲဒီ သိရီဆိုတဲ့နတ်သားက ဘုရားရှင်ကိုယ်တော်မြတ် တရားနဲ့ သူ့ဖြစ်ပုံက အင်မတန်ကိုက်နေတော့ အံ့ဖွယ်စကား လျှောက်ထား တယ် ဝမ်းမြောက်ဝမ်းသာနဲ့ လျှောက်ထားတယ်။
ဒါကြောင့် လောကကုသိုလ်ဆိုတာဟာ အချည်းနှီး ဘယ်တော့မှ မဖြစ်ဘူး။ အဲ- မိမိတို့က ပြုနိုင်လေ အကျိုးရှိလေပဲ။ ယခု မိမိတို့ပြုကြတဲ့ ကုသိုလ်ဟာ တစ်နေ့တစ်ရက် မဟုတ်ဘူး။ တစ်နှစ်တစ်လလည်း မဟုတ်ဘူး။ နှစ်ပေါင်းများစွာပြုခဲ့တဲ့ ကုသိုလ်တွေကလည်း မနည်းဘူး ခုနပြောတဲ့ သိရီ ဆိုတဲ့နတ်သားက နတ်သားရဲ့ အဖြစ်အပျက်က ထောက်ခံနေတာ ဖြစ် သောကြောင့် ဘုရားရှင်ရဲ့ အမိန််တော်နှင့်လည်း ညီညွတ်နေတာဖြစ် သောကြောင့် ဘယ်ဘဝမှာဖြစ်ဖြစ်။ ဘယ်ဌာနမှာဖြစ်ဖြစ် အစားအတွက်လည်း မပူရ။ အ၀တ်အတွက်လည်း မပူရ။ နေရေးထိုင်ရေးအတွက်လည်း မပူရ။ ဆေးဝါးဓာတ်စာအတွက်လည်း မပူရ၊ မကျန်းမာဖြစ်မှာလည်း မပူရ မပြည့်မစုံဖြစ်မှာလည်း မပူရ/ ကျန်းကျန်း မာမာ ပြည့်ပြည့်စုံစုံနဲ့ ဤဘဝ လှူနိုင်သလို နောင်ဘဝလည်း ဆထက်တိုးပြီး လှူလိမ့် မယ်လို့ ယုံကြည်ရတယ်။ လှူနိုင်လိမ့်မယ်လို့ ယုံကြည်အားကိုးပြီးတော့ ပြန်လှန်အောက်မေ့ပြီးတော့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် စာဂါနုဿတိဘာဝနာ ပွားများနိုင်ကြ ပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မွေးနေ့အလှူ တရားတော် (မောင်ဇော်မျိုးထွန်း မွေးနေ့)
[၁၅-ဂု-၉၂-နေ့။ ဆရာမကြီးဒေါ်သန်းစိန်၏ မြေး။ မောင်ဇော်မျိုးထွန်း။ ၂၃-နှစ်မြောက် မွေးနေ့အလှူတော်၌ ဟောကြားအပ်သော တရားတော်)
မွေးနေ့အလှူဆိုတော့ ဘုန်းကြီးတို့ မေတ္တာပွားပေးရတယ်။
ဘိဇ္နန္တု နိမိတ္တာနိဋ္ဌာ
သဒ္ဒါ ဂဟာ၀မင်္ဂလာ
သမာယန္တု ဝေါ က္ကဋ္ဌာဝ
ရတနာနုဘာဝထမ္ဘိတာ။
သုသုပန္တု သုဝုဋ္ဌန္တု။
သုခန္တု ဒေ၀ပါလိတာ။
ရတနာ နုဘာဝ ထမ္ဘိတာ
ဘုရား၊ တရား၊ သံဃာအားဖြင့် သုံးပါးမြတ်စွာ။ ရတနာစွမ်းပကားက ထူးခြားစွာ ထောက်ပံ့အပ်ကုန်သည်ဖြစ်ရွ်၊ အန်ိဋ္ဌာနိမိတ္တာ- တောင်ပို့တနဲ ပျားအစွဲနှင့်။ ကြွက်ခဲဗျိုင်းနား။ များပြား သောင်းသောင်း မကောင်းသော နိမိတ်အပေါင်းတို့သည်လည်းကောင်း။
အနိဋ္ဌာ သဒ္ဒါစ- တစ်တီတူးသံ။ မြင်းဝံသံနှင့် အသံငှက်ဆိုး၊ အမျိုး မျိုးသောင်းပြောင်း။ မကောင်းကျိုးဖန်။ အသံဆိုးအပေါင်းတို့သည်လည်းကောင်း။
အနိဋ္ဌာဂဟာစ- ရာဟုစနေ အစ၊ များလှသောင်းပြောင်း။ မကောင်း သော ဂြိုဟ်အပေါင်း၊ နက္ခတ်အပေါင်းတို့သည်လည်းကောင်း။
အနိဋ္ဌာ အဝမင်္ဂလာစ- စိတ်ကိုနွမ်းစေ။ မချမ်းမြေ့စရာ အမင်္ဂလာ အပေါင်းတို့သည်လည်းကောင်း။
ဘိဇ္ဇန္တု- မိမိတို့ထံမှောက်) မရောက်မကျ။ ပျောက်ကြပျက်ကြ ကွယ်ပကြပါစေကုန်သတည်း။
ဝေါ- ရတနာသုံးပါး အားထားကိုးကွယ်ကြသော ဘုရားတပည့် ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့အား၊ ကူဋ္ဌာဝ- နိမိတ် ကောင်း။ အသံကောင်းကောင်းနှင့် ဂြိုဟ်ကောင်းရွှင်စရာ မင်္ဂလာအပေါင်း အကောင်းမှန်သမျှတို့သည်သာ။း သမာယန္တု- တကွပေါင်းဆုံး ဆိုက်ရောက် လာကြပါ စေကုန်သတည်း။
သုသုပန္တု- ရာထူးဂုဏ်သိမ်။ စည်းစိမ်တန်ခိုး။ တိုးဖို့အကြောင်း ကောင်းအိပ်မက်ဖြင့် စိတ်စက်ရွှင်ပျး အိပ်ရေးဝကာ အိပ်ပျော်နိုင်ကြပါစေကုန် သတည်း။
သုဝုဋ္ဌန္တု- ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ အိပ်ရေးဝကာ နိုးနိုင်ကြ ပါစေကုန်သတည်း။
ဒေ၀ပါလိတာ- သမ္မာဒေဝ။ လောကစောင့်ကြပ်။ နတ်အများတို့က လေးစားမလပ်။ စောင့်ရှောက်အပ်ကုန်သည်ဖြစ်ရဤ။ ဒေ၀ပါလိတာ- ကိုယ်စောင့် နတ်၊ အိမ်စောင့်နတ်၊ အရာမ်စောင့်နတ်) မြို့စောင့်နတ်၊ အရပ်စောင့်နတ်။ တောစောင့်နတ်၊ တောင်စောင့်နတ်) ဘုမ္မစိုး' ရုက္ခစိုး အာကာသစိုး စတု လောကပါလ၊ သိကြား။ ဗြဟ္မာများစွာသော နတ်ဗြဟ္မာအပေါင်းတို့က ကောင်းစွာမလပ် စောင့်ရှောက်အပ်ကုန်သည်ဖြစ်ရွ1
သုခန္တု- ကျက်သရေဖြိုး။ စည်းစိမ်တိုးလျက်]1 နှစ်သက်ရွှင်ပျ။ အချမ်း သာကြီး ချမ်းသာကြပါစေကုန်သတည်း။
အဲ- မေတ္တာပို့ရတယ်။
ကရောထ ဒါနိ ပုညာနိ။
ပုတ္တဿ ဇာတမင်္ဂလေ။
။ တေန သဗ္ဗေ သုခီဟောထ။
ယထိစ္ထိတ သမံင်္ဂီနော။
ပုတ္တဿ- သားကလေး၊ မြေးကလေး မောင်ဇော်မျိုးထွန်းစါ ဇာတ မင်္ဂလေ- နှစ်ဆယ့်သုံးနှစ်ပြည့် မွေးနေ့မင်္ဂလာ အခါသမယည၌ ပုညာနိ- မွေးနေ့အလှူတော်၊ ဆွမ်းအလှတော်၊ အလှတော်ဒါနနှင့်တက သီလ၊
ဘာဝနာ များစွာသောကောင်းမှုတို့ကို ကရောထ- နှစ်သက်ရွှင်ပျကာ။ သဒ္ဓါ တက်ကြွ ပြုလုပ်အားထုတ်) ဆင်ယင်ကျင်းပ ကြပါကုန်စါ / တေန- ထိုသို့ သားကလေးမောင်ဇော်မျိုးထွန်းစါ မွေးနေ့မင်္ဂလာအခါသမယဉ် သဒ္ဓါ တက်ကြြ လှူဒါန်းရသော ဆွမ်းအလှူတော်၊ ဒါန၊ သီလ၊ ဘာဝနာ များစွာသော ကောင်းမှုတို့ကို ပြုလုပ် အားထုတ်ရသောကြောင့်၊ သဗ္ဗေ- အလုံးစုံကုန်သော၊ တုမှေ- ဒါယကား1ဒါယိကာမအပေါင်း သူတော်ကောင်း တို့သည်' ယထစ္ဆိတ သမံဂီနော- မိမိတို့ လိုလားတောင့်တအပ်သော အသက်ရှည်ခြင်း အစရှိသော ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့နှင့်တကွ တစ်လုံးတစ်ဝတည်း ပြည့်စုံကြကုန်သည်ဖြစ်ရွှ် သုခ်ီ- ကိုယ်စိတ်နှစ်ဖြာ သာယာရွှင်ပျ ချမ်းသာခြင်း ရှိကြကုန်သည်။ ဟောထ- မုချမသွေ ဖြစ်ကြ ပါစေကုန်သတည်း။
အဲ-သားကလေး၊ မြေးကလေး မောင်ဇော်မျိုးထွန်းစါ မွေးနေ့မင်္ဂလာ အခါသမယ မိမိတို့ပြုရသော မွေးနေ့မင်္ဂလာကုသိုလ်ထူးကြောင့် သားကလေး နှင့်တကွ မိဘဘိုးဘွားတွေ မိသားစုတွေအားလုံး ချမ်းသာကြပါစေလို့ ဘုန်းကြီးတို့က ဆုပေးရတယ်။ အမှန်ကတော့ ဆုပေးဖို့တောင် မလိုပါဘူး။ ကုသိုလ်ဆိုတာ ချမ်းသာဖို့အကြောင်းချည်းပဲ။
အသက်ရှည်ချင်ရင် ဆွမ်းလှူး အသက်ရှည်တာပဲ။
အဆင်းလှချင်ရင် ဆွမ်းလှူ။ အဆင်းလှတာပဲ။
ချမ်းသာကြီးချင်ရင် ဆွမ်းလှူ။ ချမ်းသာတာပဲ။
ဉာဏ်ပညာကြီးချင်ရင် ဆွမ်းလှူ။ ဉာဏ်ပညာကြီးတာပဲ။
ခွန်အားဗလကြီးချင်ရင် ဆွမ်းလှူ၊ ခွန်အားဗလကြီးတာပဲ။
ဆွမ်းအလှူဒါနကြောင့် အသက်ရှည်တယ်။ အဆင်းလှတယ်။ ချမ်းသာ ကြီးတယ်။ ခွန်အားကြီးတယ်။ ဉာဏ်ပညာကြီးတယ်။ ဒါတွေမက ကောင်း ကျိုးတွေကိုလည်း ရနိုင်သေးတယ်။
မာနုဿိကာစ သမ္ပတ္တိ
ဒေဝလောကေစ ယာ ရတိ]။
ယာစ နိဗ္ဗာနသမ္ပတ္တိ။
သဗ္ဗမေတေန လမ္ဘတိ။
မာနုဿိကာ- လူ့ဘဝခ််ဖြစ်သေား ယာသမ္ပတ္တိ- အကြင် သမ္ပတ္တိ အမျိုးမျိုး ကောင်းကျိုးအရပ်ရပ်သည်လည်းကောင်း။ ဒေဝလောကေ- နတ်ပြည် လောကခ်ဖြစ်သေား ယာစရတိစ- အကြင်ပျော်မွေ့ဖွယ်ရာ အပျော်အမျိုးမျိုး။ ကောင်းကျိုးအဖြာဖြာ။ ချမ်းသာအရပ်ရပ်သည်လည်းကောင်း၊ ယာစ နိဗ္ဗာန သမ္ပတ္တိ- အကြင် နိဗ္ဗာန်ချမ်းသာသည်လည်းကောင်း၊ အတ္ထိ- ရှိစါ / သဗ္ဗေ- အလုံးစုံကုန်သော လူချမ်းသား နတ်ချမ်းသာ။ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာ သုခကိုး ဧတေန- ထို ဒါန၊ သီလ၊ သမာဓိ ပညာတရားထူးတို့ဖြင့် လဗ္ဘတိ- ကောင်းစွာပိုင်ပိုင် ရရှိနိုင်ပါစေသတည်း။
ကုသိုလ်ဆိုတာ လိုတရတယ်။
ဗိမ္ဗိသာရမင်းကြီး တစ်နေ့ကျတော့ မင်းခမ်းမင်းနားနဲ့ ရာဇဂြိုဟ် မြို့တော်ကြီးကို လှည့်တယ် အဲဒီ လှည့်လည်တဲ့အချိန်မှာ မင်းကျက်သရေ တွေလည်း အင်မတန်ထူးခြားတယ်။ အဲ- အခြွေအရံတွေနဲ့။ အခမ်းအနားတွေနဲ့ ခမ်းခမ်းနားနား။ ဆန်းဆန်းပြားပြား ဆင်ယင်ပြီးတော့ မြို့ကို လှည့်လည်တာ ဖြစ်တော့။
အဲ- အမျိုးသမီးလေးတစ်ယောက်က ပြောတယ်တဲ့။ ရှင်ဘုရင်စည်းစိမ် ဆိုတာ တယ်ထူးဆန်းပါလား။ တယ်ကြီးကျယ်ပါလား။ တယ်ခမ်းနားပါလား။ ဒီလိုစည်းစိမ်ကြီးမျိုးကို ဗိမွိသာရမင်းကြီးဟာ ဘယ်လိုကြောင့် ရပါလိမ့်လို့။ သူက နှုတ်ကထွက်ပြီးတော့ အဲ- အားရလွန်းလို့ နှုတ်ကထွက်ပြီးတော့ ပြောမိ။ ဆိုမိသွားတယ်။ အဲဒါကို အနားမှာနေတဲ့ ဒါယကာကြီးတစ်ယောက်က ကြားသွားတယ်။ ကြားရတော့ အဲ- ချစ်သမီး ကုသိုလ်ကောင်းမှုဆိုတာ စိန္တာမဏိ ပတ္တမြားရတနာနဲ့လည်း တူတယ် ပဒေသာပင်နဲ့လည်း တူတယ်။ အဲ- စိန္တ၁မဏိ ပတ္တမြားရတနာနဲ့လည်း တူတဲ့။ ပဒေသာပင်နဲ့လည်း တူတဲ့ ကုသိုလ်တွေမို့လို့ မိမိမှာ စိတ်ကလည်း ပြည့်စုံမယ်။ ခေတ်ကလည်း ပြည့်စုံမယ်ဆိုရင် မရနိုင်တဲ့ အကျိုးရယ်လို့ မရှိနိုင်ဘူး ချစ်သမီးလို့ သူက ပြောတယ် အဲ- ဟုတ်တာပေါ့ / ကုသိုလ်ဆိုတာ မရနိုင်တဲ့အကျိုးရယ်လို့ မရှိဘူး။
ပဋိသမ္ဘိဒါ ဝိမောက္ခာ။
ယာစ သာဝ၀ကပါရမီ။
ပစ္စေက ဗောဓိ ဗုဒ္ဓဘူမိ။
သဗ္ဗမေတေန လမ္ဘတိ။
ပဋိသမ္ဘိဒါ စ- ပဋိသမ္ဘိဒါ- လေးပါးတရားတို့ကိုလည်းကောင်း။ ဝိမောက္ခာစ- သမာပတ်ရှစ်ပါး ဝိမောက္ခဆိုတဲ့ တရားတို့ကိုလည်းကောင်း။ ယာစ သာဝက ပါရမီ- အဂ္ဂသာဝက၊ မဟာသာဝက ပကတိသာ၀ကဆိုတဲ့ အကြင်သာဝက ပါရမီအဖြစ်ထူးသည်လည်းကောင်း၊ ပစ္စေကဗောဓိ- ပစ္စေက ဗောဓိဉဉာဏ်ရှင်သည်လည်းကောင်း၊ ဗုဒ္ဓဘူမိ- သဗ္ဗညုဘုရားရှင်အဖြစ်သည် လည်းကောင်း) အတ္ထိ-ရှိစါ။ သဗ္ဗံ- အလုးစုသော ပဋိသမ္ဘိဒါ - ဥဉာဏ်သမာပတ် တည်းဟူသော ဝိမောက္ခသာ၀က ပါရမီဉာဏ်၊ ပစ္စေကဗောဓိဉာဏ်း သဗ္ဗညုတ ဆိုတဲ့ ဉာဏ်ဘုရားအဖြစ်ကိုလည်းကောင်း။ ဧတေန- ထိုဒါန၊ သီလ သမာဓိ ပညာတရားဖြင့်' လဗ္ဘတိ- ကောင်းစွာပိုင်ပိုင် ရနိုင်ယူနိုင်ပါစေ သတည်း။
အဲ- ကုသိုလ်ဆိုတာ တကယ့် လိုတရစေတတ်တဲ့ ကုစ္ဆာသယ စိန္တာ မဏိ ပတ္တမြားရတနာနဲ့တူတယ်။ ပဒေသာပင်နဲ့လည်းတူတယ် 4 ဒါကြောင့် လိုတရနိုင်တဲ့ တရားတွေ အဲဒါကို ဒါယကာကြီးက ပြောပြတယ်။ အဲ- ကုသိုလ်ဆိုတာ စိန္တာမဏိ ပတ္တမြားနဲ့လည်းတူ၊ ပဒေသာပင်နဲ့လည်းတူတယ် 1 ဒါကြောင့် မိမိက စိတ်နဲ့လည်းပြည့်စုံမယ်။ ခေတ်နဲ့လည်းပြည့်စုံမယ်ဆိုရင် လောကမှာ မရနိုင်တဲ့အကျိုး၊ မရနိုင်တဲ့ အာန်သင်ရယ်မရှိဘူး။ အကျိုးမျိုးစုံ။ အာနိသင်မျိုးစုံကို ရနိုင်တဲ့ အကြောင်းကို အဲဒီ ဒါယကာကြီးက ပြောပြတယ်။ အဲဒီတော့မှ မိန်းကလေးက ကျေနပ်သွားတယ် သူလိုချင်တဲ့အဖြေက ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကြီးတွေကို ဘယ်လိုများရသလဲလို့ စဉ်းစားနေတာ နားလည်တဲ့ဒါယကာကြီးက အဲဒါကိုသိတော့ သူ့အလိုလို ကောင်းကောင်း သဘာဝကျကျ ပြောပြနိုင်တယ်။
စိတ်နဲ့ပြည့်စုံရင်-
ခေတ်နဲ့ပြည့်စုံရင် လောကမှာ ကုသိုလ်ဆိုတာ မရနိုင်တဲ့အကျိုးရယ်လို့ ဘာမှမရှိဘူး။ အကုန်ရနိုင်တာပဲ။
အဲ- စိတ်နဲ့ ပြည့်စုံတယ်ဆိုတာက-
စိတ်တဲမှာ သောမနဿ သဟဂုတ် ဥဉာဏသမ္ပယုတ် ကုသိုလ်စိတ် ဖြစ်ရတယ်။ အဲဒီစိတ်ဖြစ်ရင် စိတ်ကပြည့်စုံပြီး ပြည့်စုံသွားပြီ အဲ- ဉာဏ ဝိပ္ပယုတ် စိတ်မျိုးဆိုရင်တော့ မပြည့်စုံဘူး။
သောမနဿမဖြစ်ရင်လည်း တယ်ပြီး မပြည့်စုံဘူး။ အဲ- စိတ်က နှစ်လည်းနှစ်သက်။ ရွှင်လန်းဝမ်းမြောက်။ ကုသိုလ်ကိုအာရုံပြုပြီးတော့ လှူဖွယ် ဝတ္ထုတွေကို အာရုံပြုပြီးတော့ အလှှူခံပုဂ္ဂိုလ်တွေကို အာရုံပြုပြီးတော့ သောမနဿ နှစ်သက်ရွှင်လန်း ဝမ်းမြောက်တဲ့စိတ် ဖြစ်ရမယ်။
ဉာဏ်ပညာလည်း ပါမယ်ဆိုရင် အဲဒါ ပြည့်စုံတဲ့ စိတ်ပဲ။ ဉာဏ သမ္ပယုတ် သောမနဿစိတ်ဖြစ်ရင် စိတ်ပြည့်စုံတယ်။
ခေတ်ဆိုတာကတော့ အဲ- မိမိတို့လှူဒါန်းရတဲ့ ပုဂ္ဂိုလ်ဟာ သာသနာ တော်တွင်းမှာဖြစ်တဲ့ ဘုရားး တရား1။ သံဃာ ဖြစ်နေမယ်ဆိုရင် ဒါဟာ ခေတ်ပြည့်စုံနေတာပဲ။
အဲ- ယနေ့ စိတ်လည်း မိမိတို့ ပြည့်စုံကြတယ်။ ခေတ်ဆိုတဲ့ အလှူခံ ပုဂ္ဂိုလ်ဌာနကလည်း သံဃာမို့လို့ ခေတ်ကလည်း ပြည့်စုံတယ်။ စိတ်စါပြည့်စုံခြင်း၊ ခေတ်၏ပြည့်စုံခြင်းဖြင့် ပြည့်စုံကြလေသောကြောင့် မိမိတို့ကောင်းမှုဟာ လိုတရနိုင်တယ်။ ကောင်းကျိုးချမ်းသာတွေကို ရနိုင်တယ်၊ ဒါကြောင့် သား ကလေးရဲ့ ချမ်းသာဖို့အကျိုး မျှော်ကိုးတောင့်တ လိုလား ကြပြီး ပြတ္သြတာဖြစ်တော့ ခုနကပြောသလို ပြည့်စုံခင်းနစ်ပါးဖြင့် ပြည့်စုံ နေသောကြောင့် တောင့်တချက် မှန်သမျှ ပြည့်စုံနိုင်တယ်။
အဲ- ယနေ့ပြုရတဲ့ အလှူဒါနဟာ-
တို့ လိုလားတဲ့ သားကလေးရဲ့ ချမ်းသာဖို့အကျိုး ပြည့်စုံလိမ့်မယ်လို့ မျှော်ကိုးတောင့်တပြီးတော့-
အဲ- နှစ်သက်ရွှင်လန်း ဝမ်းမြောက်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မိဘမှူးထား မွေးနေ့တရား
[ဒကာကြီး ဦးဘငွေ၏သား မောင်လှသောင်း (၄၈)နှစ်ပြည့်
မွေးနေ့အလှူတော်၌ ဟောကြားအပ်သော တရားတော်၊
အဲ ... ယနေ့ မိဘတွေကို အမှူးထား၍ မွေးနေ့အလှူတော်ကို ပူဇော်လျုဒါန်းကြတယ်။
မာတာပိတု ဂရုဓီနံ။
ဩဝါဒဉ္စ စရန် ယေ၊
ပစ္စုပ္ပန္နေစ သသာရေ။
လဘန္တ် တိဝိဓံ သုခံ။
ယေ အကြင်ပုဒ္ကိုလ်တို့သည်။ ပေးးအကြင်သူတော်ကောင်းဖြစ်ကြ တဲ့ အကြင်ပုဂ္ဂိုလ်တို့သည်။ မာတာပိတု ဂရုဓီနံ၊ မိဘနစ်ဖြာ ဆရာသမား လေးစားအပ်သော ပုဂ္ဂိုလ်တို့၊ ဩဝါဒံ၊ အဆုးအမ ဩဝါဒကို၊ စရန်။ လိုက်နာကျင့်သုံးကြလေကုန်ဇစါ။ တေး ထိုမိဘနှစ်ဖြာ ဆရာသမား လေးစား အပ်သော ပုဂ္ဂိုလ်တို့ အဆုံးအမကို နာခံလိုက်နာကြသော ပုဂ္ဂိုလ်တို့သည်၊ ပစ္စုပ္ပန္နေစ၊ ယခုမျက်မြင် ဤဘဝခ်သော်လည်းကောင်း၊ သံသာရေစ။ နောင်ကြုံ ရမည့် တမလွန်ဘဝခ်သော်လည်းကောင်း၊ တိဝိဓံသုခံ။ လူချမ်းသာ။ နတ် ချမ်းသာ။ ဗြဟ္မာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုံးမျိုးကို၊ လဘန္တ်။ ကောင်းစွာလှလှ ဆိုက်ရောက်ကြရကုန်သတည်း။
အဲသည်ဂါထာဟာ ဘယ်ကဂါထာလဲ မသိဘူး။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းကရထားတာ။ ဘုရားဟောတော့ မဟုတ်ဘူး။ အဲ... ဘယ် ဆရာတော် ဆရာသမား ရေးခဲ့တယ်ဆိုတာ မမှတ်မိဘူး။ နောက်နောက် ကလည်း ဘယ်သူရေးတယ်ဆိုတာ မသိဘူး။ ဒါပေမဲ့ အင်မတန်ကောင်းလို့
ဘုန်းကြီးတို့ ကျက်ထားခဲ့တယ် ကျက်ထားခဲ့တဲ့အတိုင်း ခုထက်ထိ ရနေ တုန်းပဲ။ ဂါထာရေးတဲ့ဆရာတော်ကိုတော့ မမှတ်မိတော့ဘူး။ သို့သော် အဓိပ္ပာယ်က တော်တော်ကောင်းတယ်။ အဲ . .. လောကမှာ သူတော်ကောင်း ဆိုတာ သူတော်ကောင်းအကျင့်ကို ကျင့်တဲ့ပုဂ္ဂိုလ်' သူတော်ကောင်းအပြောကို ပြောတဲ့ ပုဂ္ဂိုလ်၊ သူတော်ကောင်းအလုပ်ကို လုပ်တဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်း ဆိုတာပဲ။ သူတော်ကောင်းတို့ရဲ့ အလုပ်ဆိုတာကလည်းကောင်းတဲ့ အလုပ်တွေ။ အပြစ်ကင်းတဲ့အလုပ်ပဲ။ သူတော်ကောင်းတို့စ၊ အပြောဆိုတာ ဘာတုန်း။ အပြစ်ကင်းတဲ့အပြော။1 နှစ်သက်ဖွယ်အပြော။ နားချမ်းသာဧေ။ တ်တဲ့ အပြော သူတော်ကောင်းတို့၏ အကြံဆိုတာ ဘာလဲ သူတစ်ပါးဆင်းရဲကြောင်း။ မိမိဆင်းရဲကြောင်းကို မကြံဘူး။ သူတစ်ပါး ချမ်းသာကြောင်း။ သူတစ်ပါး ကြီးပွားကြောင်း။ မိမိချမ်းသာကြောင်း။ မိမိကြီးပွားကြောင်းကိုသာကြံတယ်။
အဲသည်ကောင်းသောအပြေား ကောင်းသောအကြံ ကောင်းသော အလုပ်ကို ပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပဲ။ အဲသည် သူတော်ကောင်း ဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေဟာ မိဘဆရာသမားတို့စ် အဆုံးအမကို နားထောင် ဟြတဲ့ ပုဂ္ဂိုလ်တွေ။
ယနေ့ ဒကာမောင်လှသောင်းတို့၊ ဒကာမ မအေးမှတ်တို့ သူတော်ကောင်းတွေး သူတော်ကောင်းဖြစ်ကြတဲ့ မိဘဆရာသမားတို့ရဲ့ အဆုံးအမကို ခံကြရ မိဘဆရာသမားတို့ရှဲ လိုလားချက်ကို ပြည့်အောင် နေကြ။ အဲသည်လိုနေကြသောကြောင့် ယနေ့ သူတော်ကောင်းတို့ရဲ့ ကျင့်ရိုးဖြစ်တဲ့ မွေးနေ့အလှူတော် လှူဒါန်းပူဇော်နိုင်ကြတယ်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်နိုင်ကြတယ်။ ဆွမ်း အလှူတော် ဆက်ကပ်လှူဒါန်း နိုင်ကြ၊ အလှူဒါနအမျိုးမျိုး လ္ဒူဒါန်းနိုင်ကြ' ကုသိုလ်တွေ ပြုနိုင်ကြ။ ကောင်းမှုတွေပြုနိုင်ကြ အားလုံးတွေဟာ သူတော်ကောင်းဖြစ်ကြသောကြောင့် ပြုနိုင်ကြတာ။ မိမိတို့က သူတော်ကောင်း မဟုတ်ဘူး သူတော်ကောင်းတရားနဲ့ ကင်းကွာနေမယ်ဆိုရင် ဘယ်မှာသွားပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ် နိုင်ကြမှာတုံး။ အဲဒါကြောင့်မို့လို့ သူတော်ကောင်းမှသာ သူတော်ကောင်း တရားတွေကို ကျင့်ကြံနိုင်ကြတယ်။
သူတော်ကောင်းတွေ ကျင့်တဲ့ သူတော်ကောင်းတရားဆိုတာ သဒ္ဓါဓနံ သီလခံ ဟီရိသြတ္တပ္ပိယံဓနံ။
သုတဓနဉ္စ စာဂေါစ၊ ပညာဝေ သတ္တမံဓနံ။
ယဿ ဧတေ ဓနာ အတ္ထိ ဏ္ဂတ္တိယာ ပုရိသာဿဝါ]။
အဒလိဒ္ဒေါ -တီ တံ အာဟု။
အမောဃံ တဿ ဇီဝိတံ။
သူတော်ကောင်းမှ သူတော်ကောင်းဥစ္စာတွေကိုရတယ်။ သူတော်ကောင်း ဥစ္စာတွေ ရှိနိုင်တယ်။
သဒ္ဓါဓနံ။ ရတနာသုံးတန် ကံကံဇ၊် အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတည်း ဟူသော ဥစ္စာလည်းကောင်း၊
သီလဓနံ၊ သီလတည်းဟူသော ဥစ္စာလည်းကောင်း၊
ဟီရိသြတ္တပ္ပိယံဓနံ။ မကောင်းမှုမှ ရှက်ခြင်း မကောင်းမှုမှ လန့်ခြင်း ဆိုတဲ့ ဟီရိသြတ္တပ္ပတည်းဟူသော ဥစ္စာလည်းကောင်း၊ သုတဓနဉ္စ။ အကြား အမြင် ဗဟုသုတတည်းဟူသော ဥစ္စာလည်းကောင်း၊ စာဂေါး စွန့်ကြဲ ပေးကမ်းခြင်းဆိုတဲ့ ဥစ္စာလည်းကောင်း4 ဝေ-စင်စစ်၊ သတ္တမံ ခုနစ်ခု မြောက်သော၊ ပညာ ဓနံ၊ ပညာတည်းဟူသော ဥစ္စာလည်းကောင်း။
ယဿာက္ကတ္တီယာဝါး၊ အကြင်အမျိုးသမီးအားသော်လည်းကောင်း။
ယဿပုရိသဿဝါ။ အကြင်အမျိုးသားအားသော်လည်းကောင်း၊ ဧတေဓနာ။ ထို သဒ္ဓါ သီလ သုတ၊ စာဂ၊ ပညာ ဟီရိသြတ္တပ္ပတည်းဟူသော သူတော် ကောင်းဥစ္စာ ရတနာ ခုနစ်ပါးတို့သည်။ အတ္ထိ ထင်ရှားမသွေ ရှိနေကြပါ ပေကုန်၏ 1 တံ၊ ထိုသူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါး ထင်ရှားရှိနေတဲ့ အမျိုးကောင်းသား) အမျိုးကောင်းသမီးကို၊ အဒလိဒ္ဒေါတီ။ မဆင်းရဲတဲ့ ပုဂ္ဂိုလ်ဟူရ်။ အာဟု၊ ဆိုကြကုန်ဇဓါ။ တဿ။ ထိုသူတော်ဥစ္စာ ရတနာ ခုနစ်ပါး ထင်ရှားရှိနေ တဲ့အမျိုးကောင်းသား။ အမျိုးကောင်းသမီးစါ ဇီဝိတံ) အသက်ရှည်ဤ နေရခြင်းသည် အမောဃံ၊ အကျိုးမပြီး အချည်းအနီး မဟုတ်။ တကယ့်ကောင်းမြတ်သော အသက်ရှင်ရခြင်းအစစ် တကယ်တမ်း ဖြစ်ပါပေသတည်း။
အဲ ... သူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါး မိမိတို့မှာ ထင်ရှားရှိနေ မယ်ဆိုရင် အထိုက်အလျောက် ရှိနေသောကြောင့်၊ မိမိတို့သည် ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးတဲ့။
အဒလိဒ္ဒေါတိ တံ အာဟု။ သူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါး ရှိရင် မဆင်းရဲတဲ့ ပုဂ္ဂိုလ်၊ အဲ...လောကက ဆင်းရဲတယ်လို့ သမုတ်ပေမည့် မဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေ၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ သူမှ တကယ့်ချမ်းသာရမှာ။ ယနေ့ မိမိတို့က အလှူတွေနဲ့ မွေးနေ့အလှူတွေ စသည်ဖြင့် အများကြီး ထူထောင်ထားကြ။ ဒါကြောင့်မို့လို့ လောကမှာ သူတော်ကောင်းဥစ္စာ ရတနာတရားများရှိနေရင် မဆင်းရဲတဲ့ ပုဂ္ဂိုလ်၊ ပစ္စည်းဘယ်လောက်ဆင်းရဲ ဆင်းရဲ သူဟာ မဆင်းရဲတဲ့ ပုဂ္ဂိုလ်ပဲ။ ဘာကြောင့်တုံးဆိုရင် နောက်ကို ချမ်းသာမှာကိုး။ အဲသည်လို အဲသည်ပုဂ္ဂိုလ်ရဲ့ အသက်ရှင်ရခြင်းဟာ အချည်းနှီး အသက်ရှင်ရခြင်း မဟုတ်။ တကယ်အကျိုးရှိတဲ့ အသက်ရှည်ရခြင်းဖြစ်တယ် လို့ မိန့်ကြားတော်မူခဲ့တယ်။ ဒါကြောင့်မို့လို့ သူတော်ကောင်း ဥစ္စာရတနာတွေ ထူထောင်ကြ။
မိမိတို့ရဲ့ တစ်သက်မက ဘဝသံသရာမှာ အကြင်မျှလောက် နိဗ္ဗာန် မရသေး။ ထိုမျှလောက် သံသရာခရီးအဖြစ်နဲ့ မိမိတို့သွားရဦးမယ်။ အဲသည် လို သွားရတဲ့အခါမှာ ဒီဘဝမှာ မိမိတို့ မပူမပင်မကြောင့်မကြ လျူနိုင်ကြ နေနိုင်ကြ၊ စားနိုင်ကြ၊ သောက်နိုင်ကြ။ လူချင်းတူတူ သူချင်းမျှမျှ တင့်တင့် တယ်တယ် နေနိုင်ကြ၊ အားလုံး ဒါတွေဟာ အကြောင်းမဲ့ မဟုတ်ဘူး။ ရှေးဘဝက မိမိတို့ ဖြည့်ဆည်းဖူးခဲ့တဲ့ “ပုဗ္ဗေစကတ ပုညတာ ဆိုတဲ့ ပါရမီ သမ္ဘာရကောင်းမှုတို့ကြောင့် ယခုလို လူတစ်လုံး သူတစ်လုံးအဖြစ်နဲ့ တင့်တင့် တယ်တယ်။ ထည်ထည်ဝါဝါ နေနိုင်ကြတယ် သုံးစွဲနိုင်ကြတဲ့ပြင် ကုသိုလ်တွေ ကို ထပ်ကာထပ်ကာ ပြုနိုင်ကြတယ်/။ အားလုံး ဒါတွေဟာ အကြောင်းမဲ့ မဟုတ်ဘူး။ ဒီဘဝမှာဖြစ်လာတဲ့ အကြောင်းမဟုတ်ဘူး။ ဟို နောက်နောက် ဘဝက ဒီလိုပဲ သာသနာနဲ့ကြုံလို့ ကုသိုလ်တွေ ပြုခဲ့ကြ၊ အားထုတ်ခဲ့ကြ။ ပုဗ္ဗေစကတ ပုညတာဆိုတဲ့ ကောင်းမှုအထူးတွေ ပွားများခဲ့ကြလို့ ဒီဘဝမှာ ယခုလို တင့်တင့်တယ်တယ်နဲ့ နေနိုင်ကြ သုံးစွဲနိုင်ကြ1 စားနိုင်သောက်နိုင်ကြ
ကောင်းမှုတွေ ပြုနိုင်ကြတာဟာ အင်မတန် မိမိကိုယ့်အဖြစ်ကို တွေးပြီးတော့ ဝမ်းမြောက်ကြရတယ်။1 ဝမ်းမြောက်ပြီးတော့ အရင်းမရှုံးအောင်လည်း ကြိုးစား ကြရတယ်။
အရင်း မရှုံးအောင်ဆိုတာ ရှေးဘဝကောင်းမှုကြောင့် မိမိတို့ အထိုက်အလျောက် လူတစ်လုံး သူတစ်လုံးအဖြစ်နဲ့ နေနိုင်ကြတဲ့အခါမှာ လမ်း လွဲသွားလို့ ချော်သွားမယ်ဆိုရင် အဲဒါက မသက်သာတော့ဘူး။ အဲ အပါယ်တစ်ခေါက် ရောက်သွားလို့ရှိရင် လူ့ဘုံပြန်ပြီး တက်ဖို့ဆိုတာ တယ် မလွယ်ဘူး။ အဲဒါကြောင့်မို့လို့ ယခုရနေတဲ့ဘဝဟာ အင်မတန် အခွင့် သာတဲ့ဘ၀၊ ဘဝပဒေသာကြီးလို့ ဆိုကြတယ် ဒီဘဝက လိုချင်တာတွေ အကုန်ရနိုင်တယ်။ ရနိုင်တဲ့အထဲ ကောင်းတာကို ယူမလား။ မကောင်းတာကို ယူမလား။ မိမိတို့ သူတော်ကောင်းတွေဖြစ်တဲ့အတိုင်း သူတော်ကောင်း အကျင့်တွေ ကျင့်ကြပြီးတော့ သူတော်ကောင်းတွေ ဖြစ်သည်ထက် ဖြစ်အောင် ကြိုးစားလို့ရှိရင် နောက်ဘဝမှာလည်း လှမှာပဲ။ ပုဗ္ဗေစ ကတပုညတာ အရှိန်အဟုန်ဖြင့် တစ်ဘဝထက် တစ်ဘဝ အကောင်းတွေချည်း ဆက်ပြီး စက်လည်သွားမှာ။ စက်လည်မှ မိမိတို့ ချမ်းသာမှာ။ ဒီဘဝ ချမ်းသာသလို နောက်ဘဝချမ်းသာမှာ။ နောက်ဘဝ ဒီထက်မက ချမ်းသာကြမှာ။ ဒါကြောင့် စက်လည်ဖို့ အရေးကြီးတယ် အလည်ရပ်သွားရင် ချောက်ထဲ ကျသွားရင် ပြီးရော။ ချောက်ထဲဆိုတာ အပါယ်လေးပါးပဲ။
ဒါကြောင့်မို့လို့ ယခု ကြုံရတဲ့ ဘဝဟာ အင်မတန် အခွင့်သာတယ်။ အခွင့်သာတဲ့ဘဝမှာ မိမိတို့ တကယ်ကြိုးစားရင် ကြိုးစားသလောက် ခရီး ပေါက်ရောက်နိုင်တယ်။ ခုလည်း ကြိုးစားခဲ့ကြတာ ဘုန်းကြီးတို့ တွေ့ရတယ်။ အဲ ခုလည်း မောင်လှသောင်းတို့ ကွယ်လွန်သွားတဲ့ ကျေးဇူးရှင်မိခင်ကြီး ကို လပေါင်းများစွာ မငြီးမငြူ ကောင်းကောင်းမွန်မွန် ချမ်းသာအောင် ထူးထူးခြားခြား မြုမနဲ့ကြတာ ဘုန်းကြီးတို့သိရ။ အဲသည်လောက် ပြ နိုင်တယ်ဆိုတာ တကယ့်သူတော်ကောင်းတွေမို့လို့ ဒကာကြီးကိုလည်း မပူပင်ရအောင် စောင့်ရှောက်ကြတယ်။ ဒါကလည်း တကယ့်သူတော်ကောင်း။ သူတော်ကောင်းတို့ရဲ့ အကျင့်။ အလွန်မွန်မြတ်တဲ့အကျင့်' အဲသည် အကျင့် ကို ကျင့်ပြီး မိမိတို့ကျင့်ရတာဟာ တကယ်တော့ အလကားမဟုတ်ဘူး။
နောက်နောက်ဘဝက မိမိတို့ ကျွေးခဲ့ ရတဲ့ကုသိုလ်တွေ။ ကောင်းမှု ရတနာတွေဟာ နည်းတာမဟုတ်ဘူး။ ရှေးရှေးဘဝက ပြုခဲ့ရတဲ့ ကောင်းမှု ရတနာတို့ကြောင့် ဒီဘဝ မိမိတို့သည် မိမှန်းသိ၊ ဖမှန်းသိ၊ သိတဲ့အတိုင်း ကျင့်ကြ ပြုစုကြ၊ ယုယကြ၊ စောင့်ရှောက်ကြ၊ သူတော်ကောင်းတရားတွေ ဆည်းပူးကြ။ အာလုံး ဒါတွေဟာ အလွန်မွန်မြတ်တဲ့ အကျင့်တွေ။ အကုန် ကောင်းတဲ့ အကျင့်တွေ။ မိမိတို့အဖို့ ချမ်းသာခြင်းအကြောင်း ကောင်းမြတ်တဲ့ သူတော်ကောင်းအကျင့်' အကျင့်မြတ်တွေ။ လူတိုင်းလူတိုင်း ပြုနိုင်တဲ့ အလုပ်တွေ မဟုတ်ဘူး ဒါကြောင့် မိမိတို့သည် မနုဿတ္တ ဒုလ္လဘကြီး ရတဲ့အခါမှာ ဒုလ္လဘဖြစ်ကြတဲ့ သူတော်ကောင်းအကျင့်တွေ ကျင့်နိုင်ကြတယ်။ ကြုးစားနိုင်ကြ၊ အားထုတ်နိုင်ကြတယ်
ဒါတင်လားဆိုတော့ မိမိတို့ဘဝဟာ မိမိတို့နဲ့ မပြီးသေးဘူး။ မိမိ ကိုယ်ကို မှီခိုကြတဲ့ သားလေးတွေ။ သမီးလေးတွေရှိကြ၊ သူတို့ ဒိဋ္ဌာနုဂတိ လိုက်ဖို့ဆိုတာလည်း အရေးကြီးတယ် ဒိဌာနုဂတိဆိုတာ မိဘတွေကို အတု လိုက်ပြီးတော့ သူတို့က ကျင့်ဖို့အရေးကြီးတယ်။ အဲ မိဘတွေက ယခုလို မွေးနေ့အလှူတွေလှူပြီး ကုသိုလ်တွေပြုတယ်ဆိုတော့ သူတို့ကလည်း မွေးနေ့အလှူဆိုတာ ပြုသင့်တယ်ဆိုပြီး နောင် ... သူတို့ ဒါလေးစွဲပြီးတော့ ဒီကုသိုလ်မျိုးတွေ ပြုချင်လာတယ်။ အဲ မိဘတွေက မိမိတို့ မိဘတို့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ကြ၊ ပြုစုကြတော့ မိမိတို့ သားသမီး တွေကလည်း နောင်အခါကျတော့ ကိုယ့်မိဘတွေကို အတုလိုက်ပြီးတော့ လိုလိုချင်ချင်း လိုလိုလားလား။ အားတက်သရော ပြုစုစောင့်ရှောက်ကြမှာ။ အဲဒါ မိဘတို့ရဲ့ အတုဟာ အတုမြင် အတတ်သင် ဆိုတဲ့အတိုင်း သားသမီး တို့မှာလည်း ကူးစက်တတ်တယ်။ အဲ ကောင်းတဲ့ဓာတ်တွေ ကူးစက်ဖို့ အရေးကြီးတယ် မကောင်းတဲ့ဓာတ်တွေ မကူးစက်ဖို့လည်း အရေးကြီးတယ်
ဒါကြောင့်မို့လို့ မိမိတို့ ပြုလုပ်အပ်တဲ့ သူတော်ကောင်း အကျင့် သူတော်ကောင်း အမှုတွေဟာ သားသမီးလေးတွေအဖို့ အင်မတန် အရေးကြီး တယ်။ အင်မတန်အကျိုးရှိတယ်။ ဒီအထုံတွေ။ ဒီဝါသနာတွေး ဒီအလေ့အထ တွေ ဒီစရိုက်တွေ သူတို့မှာ ပါသွားမယ် အသားထဲ အရိုးထဲ စွဲသွားမယ် ဆိုရင် ဟော... သူတို့လည်း နောင်အခါ သူတော်ကောင်းတွေ ဖြစ်ကြမယ်
မိဘတို့ကို လိုလိုလားလား စောင့်ရှောက်ကြမယ်။ ဆရာသမားဂုဏ်ကို သိကြမည့်သူတွေ ဖြစ်လာကြမယ်။ အဲဒါနဲ့ သူတို့လေးတွေ သူတော်ကောင်းတွေ ဖြစ်ကြ၊ သူတော်ကောင်း အမျိုးကောင်းသား။ အမျို။_ဏှာင်းသမီးလေးတွေ ဖြစ်ကြပြီးတော့ သူတော်ကောင်းရဲ့ စံရာ သုဂတိဘဂ်သိို ရောက်ကြရမယ်။ သူတော်ကောင်းတို့ရဲ့ စံရာ လူ့ဘဝလူ့ချမ်းသာ အဆင့်ဆင့် မြင့်သည်ထက် ပု (။
မြင့်သွား ကြလိမ့်မယ်လို့ အဲသည်လို ယနေ့ မိမိတို့ပြုရတဲ့ ကုသိုလ်ကောင်းမှုတွေး နောက်နောက် မျ (။ ပူ (၂ ပ (.။
က ပြုရတဲ့ ကုသိုလ်ကောင်းမှုတွေဟာ မိမိတို့တင်မက သားသမီးလေးတွေပ (။ (။ (။။ (။ (.။ ပျ။ ပ္ခ ကူးစက်ကြောင်း ဓာတ်ကူးကြောင်း) ကောင်းမြတ်တဲ့ အထောက်အပံ့တွေလို့ နားလည်ပြီးတော့ အဲ... ဆတက်ထမ်းပိုး တိုးတက်ပြီး ယခုလိုပဲ လူကြည်ည်ု။ င (မျိ မူ ဓ မျ] ၀ ၀။
နတ်ကြည်ည် အဲ... သားသမီးလေးတွေလည်း ဒိဋ္ဌာနုဂတိ မိဘတွေရဲ့ အလေ့စရိုက် အယူအဆတွေ။ အလေ့စရိုက်ကောင်း၊ အယူအဆကောင်းတွေ ကို အတုလိုက်နိုင်အောင် ကြိုးစားပြီးတော့ မိမိတို့က တကယ့် သူတော်ကောင်း တွေ ဖြစ်အောင် ကြိုးစားပြကြဖို့။
တကယ့် သူတော်ကောင်းအကျင့်တွေ ကျင့်ခြင်းဖြင့် မိမိတို့သာမက သားသမီးလေးတွေပါ သူတော်ကောင်းတွေဖြစ်အောင် ကြုံးစားပြီးတော့ (၂ ပ (ပပ မ (။ (.။ (၃ မိမိတို့ ဘဝ၊ မိမိတို့လောက သာယာအောင် ကြုံးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
ဝိဇာတမင်္ဂလာ တရားတော်
ယနေ့ . ..ဝိဇာတမင်္ဂလာမွေးနေ့ အလှူတော်ဆိုတော့ ဘုန်းကြီးတို့က မင်္ဂလာရှိတဲ့စကားကို ပြောပေးရတယ်။
အဲ . .. အင်ုတ္တရနိကာယ်မှာ သာရန္ဒဒသုတ်ဆိုတာ ရှိတယ်။ ဝေသာလီ ပြည် သာရန္ဒဒဆိုတဲ့နတ်ကွန်းမှာ လိစ္ဆဝီမင်းတွေ စည်းဝေးနေကြတယ်။ စည်းဝေး နေကြတော့ အချင်းချင်း ပြောကြ၊ ဆိုကြ ဆွေးနွေးကြတယ်။ ဘာတွေ ဆွေးနွေးကြတုံးဆိုတော့ လောကမှာ ရတနာငါးပါးကို ရဖို့ ခဲယဉ်း တယ် ဘာရတနာတွေတုန်းဆိုတော့ ဆင်ရတနာရဖို့ ခဲယဉ်းတယ်။ မြင်း ရတနာရဖို့ ခဲယဉ်းတယ် ပတ္တမြားရတနာရဖို့ ခဲယဉ်းတယ်။ သူဌေးကြီး ရတနာရဖို့ ခဲယဉ်းတယ် မိန်းမရတနာရဖို့ ခဲယဉ်းတယ်ဆိုပြီးတော့ လိစ္ဆဝီမင်း တွေက ဆွေးနွေးပြောဆိုနေကြတယ်။
အဲသည်လို. .. ဆွေးနွေးနေပေမည့် လူတစ်ယောက်ကိုတော့ ဝေသာလီ ပြည်ထဲသို့ လွှတ်ထားတယ်။
“ဟေး ...သွား...သွား၊ ဘုရားရှင်ကိုယ်တော်မြတ် ကြွလာတဲ့အခါ တို့ကို လာပြောလှည့်” ဆိုပြီး မှာထားပြီး လွှတ်ထားတယ်။
အဲသည် ယောက်ျားကလည်း ဘုရားရှင် ကြွအလာကို သွားစောင့် နေတယ်။ ဒီအခါ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း ဝေသာလီမြို့ထဲသို့ သပိတ်တော်ကို ပိုက်ပြီးတော့ ဆွမ်းခံက္ပြလာတယ်။ ဘုရားရှင် ဆွမ်းခံကြွ လာတော့ လစ္ဆီဝီမင်းတွေကို ပြန်ပြီးအကြောင်းကြားတယ်။ ဘုရားရှင် ကိုယ်တော်မြတ် ကြွလာပြီဆိုပြီးတော့ အကြောင်းကြားတော့ တစ်ခါတည်း လစ္ဆဝီမင်းတွေက ရှင်တော်မြတ်ထံလာပြီး -
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား တပည့်တော်တို့အား သနားသော အားဖြင့် သာရန္ဒဒနတ်ကွန်းကြီးသို့ ကြွတော်မူပါဘုရား” ဆိုပြီးတော့ ပင့် လျှောက်ကြတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း လိစ္ဆဝီမင်းတို့ ပင့်
၃၆၈။ 9 သပြေက--ပူ-----
ကြတဲ့အတိုင်း သာရန္ဒဒနတ်ကွန်းကြီးသို့ ရောက်ရှိတော်မူတဲ့အခါ ဘုရားရှင် ကိုယ်တော်မြတ်က-
“လိစ္ဆဝီတို့။ ဘာတွေများ ပြောကြ ဆိုကြ။ ဆွေးနွေးကြသတုံး” ဆိုတော့ ခုနက ပြောသလို လောကမှာ ရတနာငါးမျိုးကို ရခဲတယ်ဆိုတဲ့ _- အကြောင်း မိမိတို့ အဲဒါကို ဆွေးနွေးကြတဲ့အကြောင်းကို လျှောက်ထားတဲ့ အခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက -
“လိစ္ဆဝီတို့ လောကမှာ ကာမဘက်မှာ သက်ဝင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဟာ ကာမနဲ့စပ်တဲ့ စကားကိုသာ ပြောကြတယ်1” လိစ္ဆဝီတို့ လောကမှာ ငါးပါးသော အရာဝတ္ထုတို့ကို ရခဲတယ်။ အဲသည်ငါးပါးသော အရာဝတ္ထု ဆိုတာ ဘာတုန်းဆိုတော့ -
၁၅ တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ ပါတုဘာဝေါ
ဒုလ္လဘော လောကသ္မိ
ဘုရားရှင်ကိုယ်တော်မြတ်များ ထင်ရှားဖြစ်ပေါ်လာမှုကို ရခဲတယ်လို့ ပထမရခဲခြင်းအကြောင်းကို ဟောတော်မူတယ်။
ဘုရားရှင်ဆိုတာက အားလုံးကြားဖူးကြတဲ့အတိုင်း လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း။ ရှစ်သခ်္ချေနဲ့ ကမ္ဘာတစ်သိန်း' တစ်ဆယ့်ခြောက်သငခ်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်မှ ဘုရားအဖြစ်သို့ ရောက်ရတာမို့လို့ ကမ္ဘာတွေ ဘယ် လောက် ဘယ်လောက် လွန်သွား လွန်သွား ရုတ်တရက် မဂွင့်နိုင်ဘဲနဲ့ အင်မတန် ရခဲတယ်။ အသင်္ချေပေါင်းများစွာ ကြာမြင့်မှ ပွင့်တော်မူတာမို့လို့ ဘုရားကိုယ်တော်မြတ်များ ပွင့်တော်မှုခြင်းကို ရခဲတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူတယ်။ ထို့နောက် -
၂[ တထာဂတ ပဝေဒိတဿ ဓမ္မဝိနယဿ ဒေသေတာ
ဒုလ္လဘော။ လောကသ္မိံ။
ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ တရားဒေသနာတော်ကို ဟောပြတတ်တဲ့ ပုဂ္ဂိုလ်ဟာ လောမှာ ဒုလ္လဘပဲ ရခဲတယ်။
ဘုရားရှင်ရဲ့ တရားတော်ဆိုတာက ကံထူးခြားတဲ့ ပုဂ္ဂုံလ်တွေသာ တရားနာနိုင်တာ။ ဘုန်းကြီးတို့ ယခု ဒကာ ဒကာမတွေ တရားနာနေကြရတယ်။ ဒုလ္လဘတရားကို နာနေကြရတယ်။ အင်မတန် နာရဖို့ ခဲယဉ်းတဲ့တရားကို
နာနေကြရတယ်။ ဒါဟာ သာသနာဘော်ခ် ကြုံကြိုက်မှ၊ ဘုရားပွင့်ရာ အခါ အခွင့်ကြီးနဲ့လည်း ကြုံကြိုက်မှ အဲသည်တရားတွေကို ဟောပြောတတ်တဲ့ ပုဂ္ဂိုလ်တွေက ဟောပြမှ သိကြရတယ်။ အဲသည်လို တရားမျိုးကို ဟောပြတတ် တဲ့ ပုဂ္ဂိုလ်ဆိုတာလည်း အင်မတန် ရခဲတယ်။
ဘုန်းကြီးတို့ သာသနာတော် ထွန်းကားနေတုန်း ယနေ့ မြန်မာပြည်မှာ တရားပွဲတွေ ရှိတယ်။ သာသနာ မရှိတဲ့ အရပ်တွေမှာတော့ အဲသလို ထူးခြား တဲ့တရားတွေ နာကြားရပို့ဆိုတာ အင်မတန် ခဲယဉ်းတယ် အခွင့် မသာကြဘူး။
အဲ ... ယနေ့ မိမိတို့မှာ ပုဗ္ဗေစ ကတပုညတာ ပါရမီသမ္ဘာရ ကောင်းမှု အထူးရှိခဲ့ဖူးကြလို့ နာကြရ။ ကြားကြရ။ တရားတော်တွေ ကျင့်ကြရ။ သိကြ ရတယ် အဲဒါကြောင့် လောကမှာ တရား ဟောပြောတတ်တဲ့ ပုဂ္ဂိုလ်ဟာ ရခဲတယ်။
ဘုန်းကြီးများတောင် အများကြီး စုမိပေမည့် တရားဟောတတ်တဲ့ ပုဂ္ဂိုလ်က နည်းနည်းပဲ။ အဲဒါ ... ဒုလ္လဘဆိုတာ ထင်ရှားတာပေါ့။
၃4 တထာဂတ ပဝေဒိတဿ ဓမ္မဝိနယဿ ဒေသိတဿ
ဝိညာတာ ပုဂ္ဂလော ဒုလ္လဘေား လောကသ္မိံ။
မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတော်ကို ဟောတဲ့အခါမှာလည်း သိနားလည်တဲ့ ပုဂ္ဂိုလ်ကို ရဖို့ဆိုတာ ခဲယဉ်းတယ်။
တရားဟောပေမည့် လူတိုင်းနားလည်တာ မဟုတ်ဘူး။ မိမိတို့မှာ တရားနာနေကြး တရားစာပေတွေ ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးစာပေတွေ ကို ကြည့်ရှုနေကြ ဖတ်ကြပါမှ ဘုန်းကြီးတွေထံမှ ဆရာတော်တွေထံမှ တရားတော်ကို နာနေကြမှ တရားတော်ကို ဟောတဲ့အခါ နားလည်ကြတယ်။ အဲဒါကြောင့် တရားတော်ကို နာပြီး နားလည်တဲ့ပုဂ္ဂိုလ်ကိုလည်း တော်တော် ရခဲတယ်။ အဲဒီတော့ -
၄4။ တထာဂတ ပဝေဒိတဿ ဓမ္မဝိနယဿ ဒေသိတဿ
ဝိညာတာ ဓမ္မာနု ဓမ္မပဋိပန္နော ဒုလ္လဘော။ လောကသ္မိံ
ဘုရား ဟောတော်မူတဲ့ တရားတော်ကို သိတဲ့အခါ အဲဒီတရားတော်
ကိုး သိတဲ့အတိုင်း ကျင့်တဲ့ ဓမ္မာနမ္မပငိပန္က ပုဂ္ဂံလံဆိုတာလည််း ဒုလ္လဘ
တရားသိတဲ့အတိုင်း ကျင့်တဲ့ပုဂ္ဂိုလ်ကိုလည်း ရခဲတယ်တဲ့။ ဒါလည်း အားလုံး အသိပဲ
တရားသိပေမည့် တချို့ အားလုး ကျင့်ဖို့ကြတော့ တယ် မလွယ်ဘူး ဒါကြောင့်မို့လို့ ဓမ္မာနုဓမ္မပဋိပတ် လောကုတ္တရာ တရား(၉)ပါး အားလျော်တဲ့ အကျင့်ကို ကျင့်တဲ့ပုဂ္ဂိုလ်ဟာ ရခဲပြန်တယ်။
ယခု ဘုန်းကြီးတို့ ကျင့်နေကြတဲ့ ဓမ္မာနုဓမ္မပဋိပ္ပနူဆိုတာ သရဏဂုံ သုံးပါးက စပြီးတော့ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်ဖြင့် သီလတွေ။ မိမိတို့ အလေ့အလာပြုအပ်တဲ့ ဘာဝနာတွေ။ အဲဒီ အကျင့်တွေ ကိုကျင့်တာ ဓမ္မာနဓမ္မပဋိပ္ပန္န လောကုတ္တတရား ကိုးပါးအားလျော်သော အကျင့် ပဋိပတ်ကို ကျင့်တဲ့ပုဂ္ဂိုလ်တွေလို့ ဆိုတယ်။ အဲဒါလည်းပဲ ဒုလ္လဘပဲ။
၅၊ ကတညူတ ကတဝေဒီ ပုဂ္ဂလော ဒုလ္လဘော။ လောကသ္မိံ။
လောကသ္မိံ = လောက် ကတညုူ = သူပြုဖူးသည့် ကျေးဇူးတရား ကို၊ သိတတ်တဲ့ ပုဂ္ဂုုလ်။ ကတဝေဒီ = သူပြုဖူးသော ကျေးဇူးများကို သိသည့် အတိုင်း ကျေလည်အောင် ဆပ်တဲ့ ပုဂ္ဂုုလ်ကို၊ ဒုလ္လဘော = ရခဲလှပါ ပေါ / လို့ ပဉ္စမ ဒုလ္လဘ ကတညူတကတဝေဒီ တရားရှိတဲ့ပုဂ္ဂိုလ်ကို ရခဲတယ်။ ရခဲတယ်လို့ ဘုရားရှင်က ဟောတော်မူပါတယ်။
လောကမှာ မိမိတို့ မိဘတွေး ဆရာသမားတွေကို ကျေးဇူးသိကြတဲ့ ပုဂ္ဂိုလ်ဟာ ရှားတယ်။ ကျေးဇူးရှင်တွေရဲ့ ကျေးဇူးကို သိတတ်ကြရတယ်။
နပမဇ္စ်ိတဗ္ဗာ မာတာစ။
ပိတာစ ရတနာ ဂရ္စ။
တေသ ပစ္စောပကာရာယ။
ကာတဗ္ဗံ ပူဇနံ သဒါ။
မာတာစ = မွေးသမိခင် ကျေးဇူးရှင်ကိုလည်းကောင်း' ပိတာစ = မွေးသဖခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ ရတနာ = ရတနား။ နိစ = ဘုရား။ တရား) သံဃာအားဖြင့် သုံးပါးမြတ်စွာရတနာတို့ကိုလည်းကောင်း၊ ဂရုစ = ဆရာသခင် ကျေဇူးရှင်ကိုလည်းကောင်း၊ နပမဇ္ဇ်ိ တဗ္ဗာ = မမေ့အပ်။ မမေ့ သင့်။ မမေ့ထိုက်ပါပေကုန်။ တေသံ = ထိုမိဘနှစ်ဖြာ ဆရာသမား ရတနာ မြတ်သုံးပါးဆိုတဲ့ ကျေးဇူးရှင်တို့ကို ပစ္စောပကာရာယ = ကျေးဇူးတုန့်ပြန်မှု
ပြုခြင်းငှာ၊ သဒ္ဒါ = အခါခပ်သိမ်း။ ပူဇနံ = ပူဇော်ခြင်းကိုး ကာတဗ္ဗမေဝ = ပြုအပ် ပြုသင့်။ ပြုထိုက်လှပါပေတော့သတည်း။
ရတနာသုံးပါးဟာ မိမိတို့ရဲ့ ကျေးဇူးရှင်တဲ့။ အထူးသဖြင့် သံဃာတော် တို့ရဲ့ကျေးဇူးဟာ အင်မတန် ကြီးမားတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ဒီသံဃာတွေကသာ မကြုံးပမ်းခဲ့လို့ရှိရင် ဒီသာသနာတော် ကြီး ကွယ်ပပြီ။ ဒီသာသနာတော်မှ ရရှိမည့် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးတရားတွေကိုလည်း ရရှိခံစားကြရမှာ မဟုတ်တော့ဘူး ဒါကြောင့်မို့လို့ သံဃာတော်တို့ရဲ့ ကျေးဇူးဟာ အင်မတန် ကြီးမား တယ်။ အဲဒါကြောင့် ယနေ့ ဘုရားလည်း ပူဇော်ကြတယ်။ တရားကိုလည်း ပူဇော်ကြတယ်။ သံဃာကိုလည်း ပူဇော်ကြတယ်ဆိုတာ ကျေးဇူးရှင်တွေကို ပူဇော်ခြင်း တစ်မျိုးပဲ ဒါကြောင့် ယနေ့ မွေးနေ့မင်္ဂလာ အင်္ဂုတ္တိုရ်ပါဠိတော်လာ သရန္ဒဒ သုတ်တော်အတိုင်း ရခဲလှစွာသော ဒုလ္လဘတရားတွေကို နလုံးသွင်း ကြပြီး ဘုရား ပူဇော်ကြ တရား ပူဇော်ကြ။ သံဃာပူဇော်ကြ၊ ကျေးဇူးရှင်ကြီး များအား ပူဇော်ကြရအောင်၊ အမျှအတန်း ပေးဝေကြရအောင်၊။ (ရေစက်ချပေးသည်)
(သာဓု သာဓု သာဓု)
အဖိုးတန် မွေးနေ့အလှူမင်္ဂလာ တရားတော်
“ယနေ့ ... ဒကာမကြီး ဒေါ်သန်း ဆွမ်းအလှူတော်၊ သံဃာပေါင်း များစွာ ဆွမ်းလှူဒါန်းမည့် ဆွမ်းအလှူတော် နစ်နှစ်မြောက် ဆွမ်းအလှူတော် မနှစ်ကလည်း လှူခဲ့ကြ ဒီနှစ်လည်း လှူဖြစ်ခဲ့တယ်1”
“ဘာလိုချင်လို့ ဆွမ်းလှုတာတုံး/” “ဟင်း...ဘာလိုချင်လို့ ဆွမ်းလှူ တာတုံးလို့ (။ နိဗ္ဗာန်လိုချင်လို့ပါဘုရား ...”) နိဗ္ဗာန်လိုချင်လို့ အဲ... ဟုတ်တယ်။ နိဗ္ဗာန်လိုချင်မှ ဒါ ...နည်းမှန်။ လမ်းမှန်နဲ့ လှူတဲ့ ဆွမ်းအလှူလို့ ဆိုရတယ်
အဲ . .. လောကမှာရှိကြတဲ့ လောကချမ်းသာတွေကိုလည်း လိုလားလို့၊ တောင့်တာလို ရျော်မှန်းလို့ လျှကြ၊ တန်းကြတဲ့။ မူဇော်ကြတဲ့ အလွဟာ နည်းမှန်' လမ်းမှန်တဲ့ အလှူမဟုတ်။ နောက်ဆုံး ယခုလိုအခါမျိုး သာသနာ တော်ကြီးနဲ့ ကြုံတွေ့ရတဲ့အခါသမယမှာ ဒီလိုအခါကြီးမှာတောင် အဲဒီ... လောကစည်းစိမ်တွေကို လိုလားကြမယ်။ တောင်းတကြမယ်။ မြတ်နိုးကြ မယ်။ ရည်ရွယ်ကြမယ်ဆိုရင် ဒါ ... တကယ် တန်ဖိုးများများ ရကြမည့် မိမိတို့အလှူကြီးကို တန်ဖိုးကျအောင် လုပ်လိုက်ခြင်းပဲ ဖြစ်တယ်။
အမှန်က လောကချမ်းသာတွေဆိုတာဟာ အလကားပဲ။ မိမိတို့ ဘဝပေါင်း များစွာခံစားခဲ့ကြတယ်) ရယူခဲ့ကြရတယ်။ သို့သော်လည်းပဲ အဲဒီခံစားခဲ့ရတဲ့ ချမ်းသာသုခတွေရဲ့ တကယ့်ချမ်းသာအစစ်။ ချမ်းသာ အမှန် မဟုတ်တဲ့အတွက် တစ်ခဏချမ်းသာမှုကို ခံစားရပြီးတော့ အတော် ကြာကျတော့ ဒုက္ခတွေမျိုးစုံ ကြုံကြရတယ်။
တစ်ဘဝပြီး တစ်ဘဝ ဆဆုံးနိုင်အောင် ကျင်လည်ခဲ့ကြရတယ် အနမတဂ္ဂ အစမထင်နိုင်အောင်ကိုပဲ ရှည်လျားစွာ ကျင်လည်ခဲ့ရတယ်။ အဲဒါတွေကို တရားမသိကြတဲ့သူတွေက အထင်ကြီးကြတယ်။ တရားသိကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ အထင်ကြီးစရာမရှိဘူး။
အဲ . .. မိမိတို့ တကယ်ငြိမ်းချမ်းခြင်းသုခ၊ ငြိမ်းအေးခြင်းသုခဆိုတဲ့ သန္တသုခ ထူးမြတ်လှတဲ့ နိဗ္ဗာန်ချမ်းသာတွေကိုသာ မျှော်လင့်ကြ၊ တောင့်တ ကြ။ လိုလားကြတယ်။
တစ်ခါတုန်းက ဘုရားရှင်ကိုယ်တော်မြတ်က သာဝတ္ထိပြည်။ ဇေတဝန် ကျောင်းတော်ကြီးမှာ သီတင်းသုံးတော်မူတယ်။ အဲသလို သီတင်းသုံးတော်မူတဲ့ အခါမှာ ရဟန်းသံဃာတော်အစည်းအဝေးမှာ ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းတော်တွေကို ဒီလို မိန့်ကြားတော်မူတယ်။
“ချစ်သားရဟန်းတို့)_ တစ်ရံရောအခါက တာဝတိံသာနတ်ပြည် နန္ဒဝန် ဥယျာဉ်တော်ကြီးမှာ နတ်သားတစ်ယောက်က အခြွေေအရံတွေနဲ့ ပျော်ပါး' နတ်သုခတွေ ခံစား။ နတ်ချမ်းသာတွေကို ခံစားနေတယ်1။ အဲဒီလို ခံစားနေရ တော့ အဲဒီနတ်ချမ်းသာကို သူက အင်မတန် အထင်ကြီးတယ်။ တကယ့်ချမ်းသာကြီးလို့ ထင်ခဲ့တယ်။ ထင်ခဲ့တဲ့အတိုင်းပဲ နှုတ်က မြွက် ပြီးတော့ တခြားသော နတ်တွေကို သူက ပြောပြတယ်။
န တေ သုခံ ပဇာနန္တ်၊ ယေ နပဿန္တ နန္ဒနံ။
အာဝါသံ နရဒေဝါနံ၊ တေတ္တိံဿာနံ ယသဿိနံ။
ယေ = အကြင်ပုဂ္ဂိုလ်တို့သည်။ နန္ဒနံ = ယခုလို တွေ့ကြုံနေရတဲ့ ချမ်းသာကြီးကို ပေးတတ်တဲ့ နန္ဒဝန်ခေါ် ဥယျာဉ်တော်ကြီးကို၊ နပဿန္တ် = ကောင်းစွာ မျက်မြင် မဖူးမြင်အပ်ပါပေကုန်။ တေ = ထိုနန္ဒ၀န်ခေါ် ဥယျာဉ် တော်ကြီးကို မတွေ့ကြရ။ မမြင်ကြရတဲ့ ပုဂ္ဂိုလ်အပေါင်းတို့သည်။ သုခံ = ချမ်းသာဆိုသည်မှာ အဘယ်သို့ တကယ်ျ့ချမ်းသာကို၊ နပဇာနန္တ် = မသိရိုး ဧကန် အမှန်စင်စစ် ဖြစ်ပါကုန်တော့သည်သာလျှင်တည်း။
တေ=ထိုနန္ဒဝန်ခေါ်တဲ့ ဥယျာဉ်တော်ကြီးကို မမြင်ကြရတဲ့ နတ်များ တို့သည်။
တေတ္တိံသဿာနံ သုံးကျိပ်သုံးပါးသိကြား ဖြစ်ကြကုန်သော။ ယသဿံနံ = များသော အခြံအရံ ရှိကြကုန်သော နရဒေဝါနံ လူနတ်တို့ စါ=မင်းဘုရင် သိကြားမင်းတို့၏ / သုခံ = ချမ်းသာသုခကို၊ နပဿန္တ် = မမြင်ရသည်သာ ဖြစ်ကြပါပေကုန်သတည်း။
တစ်ရံတစ်ခါ တကယ့်ချမ်းသာကို မတွေ့ရတဲ့ ပုဂ္ဂိုလ်တွေကြတော့ သာမန်ဖြစ်တဲ့ ချမ်းသာကလေးကို အထင်ကြီးကြတယ်။ တကယ့်ချမ်းသာကို မမြင်ရ။ မတွေ့ရတဲ့ အဲဒီ နတ်သားဟာလည်းပဲ သူက ကာမဂုဏ်ချမ်းသာ ကလေးကိုသာ သိတယ် တကယ့်ချမ်းသာကို မသိ။
လောကမှာ ကာမဂုဏ်ချမ်းသာတွေထက် တကယ့်ထူးခြားတဲ့ ချမ်းသာ တွေဆိုတာ ရှိကြတယ် အဲ ကာမဂုဏ်ဆိုတဲ့ ချမ်းသာတွေဟာ ကြမ်းတမ်းတဲ့ ချမ်းသာတွေ။ နူးညံ့သိမ်မွေ့ပြီးတော့ ထူးခြားတဲ့ မွန်မြတ်တဲ့ ချမ်းသာတွေ ဟာ လောကမှာ အများကြီးရှိတယ်။
စျာန်ချမ်းသာဆိုလို့ရှိရင် ဟော . . . ကာမဂုဏ်တွေနဲ့ မရောတဲ့ ချမ်းသာ။ အဲဒီစျာန်ချမ်းသာနဲ့စာလို့ရှိရင် ဟော... နိဗ္ဗာန်ချမ်းသာ နိဗ္ဗာန်ချမ်းသာဟာ ထူးခြားတဲ့ချမ်းသား အတုမရှိတဲ့ချမ်းသာကြီး အဲဒီ နိဗ္ဗာန်ချမ်းသာကို တွေ့ ရ။ ကြုံရတဲ့ အရိယာသခင် အရှင်မြတ်တွေအဖို့တော့ ကာမသုခနဲ့လည်း မလဲ နိုင်ဘူး။ စျာန်ချမ်းသာနဲ့လည်း မလဲနိုင်ဘူး။ အဲ ...နိဗ္ဗာန်ဆိုတဲ့ ချမ်းသာကြီး ကို တွေ့ရတဲ့ပုဂ္ဂိုလ်တွေအဖို့ အဲဒီနိဗ္ဗာန်ဆိုတဲ့ ချမ်းသာကြီးမှတစ်ပါး တခြား ဘာမှ မလိုချင်ဘူး
အဲဒါကြောင့် လောကမှာ ခုနနတ်သားဟာ ကာမဂုဏ်ချမ်းသာတွေ ကို အင်မတန်မက်မောပြီးတော့ အဲဒီချမ်းသာကို အကြီးအကျယ် ထင်တယ်။ အကြီးအကျယ် ချမ်းသာကြီးလို့ အထင်ရောက်နေတယ်။ ရောက်နေတဲ့အတိုင်း ပဲ အဲဒီနန္ဒဝန်ဥယျာဉ်တော်ကြီးကို မရောက်။ မတွေ့။ မမြင်ကြရတဲ့ ပုဂ္ဂုုလ် တွေဟာ အဲဒီ တကယ့်ချမ်းသာကို မတွေ့ ရတဲ့ပုဂ္ဂိုလ်တွေဆိုပြီးတော့ အမွှန်းတင် တယ်။ အဲဒီလို အမွန်းတင်တဲ့နတ်သားကို အရိယာဖြစ်တဲ့ နတ်သား တစ်ယောက်က ချေပတယ်။
န တွံ ဗာလေ ဝိဇာနာတိ။ '
ယထာ အရဟတံ ဝစော။း
အနိစ္စာ သဗ္ဗသင်္ခါရာ။
ဥပ္ပါဒဝယဓမ္မိနော၊။။
ဥပဇ္စိတ္ဝာနိရုဇ္ဇုန္တ်။
တေသံ ဝူပသမော သုခေါ 1
ဗာလေ=ဟဲ့အမိုက်၊ ဗာလေ = ဟဲ့နတ်မိုက်။ သဗ္ဗသင်္ခါရာ = အလုံးစုံ သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည်။ အနိစ္စာ= ဖြစ်ပြီးလျှင် ပျက်စီး တတ်သောကြောင့် အနိစ္စတရားတို့သာ ဖြစ်ကြပါပေကုန်၏။
ဥပ္ပါဒဝယဓမ္မိနော = ဖြစ်ခြင်း၊ ပျက်ခြင်းသဘောတရား ရှိကြပါ ပေကုန်စါ။ ဥပဇ္ဇ္စိတ္ပာ = ရုတ်တရက် ရုတ်တရက် ပေါ်လာပြီးသည် ရှိသော်၊ န်ရုဇ္ဇုန္ဘ် = ဖြစ်ပြီးလျှင် ဖြစ်ခြင်း ပေါ်ပြီးလျှင် ပေါ်ခြင်း ချုပ်ငြိမ်းကြရလေ ကုန်စါ။
တေသံ = ထိုဖြစ်ပြီးလျှင် ပျက်စီးတတ်ကုန်သော ရုပ်နာမ်နှစ်ဖြာ ခန္ဓာ ငါးဘဝ သင်္ခါရတရားတို့၏ / ဝူပသမော = ချုပ်ငြိမ်းရာမှန် မြတ် နိဗ္ဗာန်သည် သာလျှင်1။ သုခေါ = ချမ်းသာအစစ်တကယ်တမ်း ဖြစ်ပါ ပေ၏ ]
ကုတိ = ဤသို့4 ယထာ = အကြင်အခြင်းအရာအားဖြင့်။ အရဟတံ = ရဟန္တာသခင်အရှင်မြတ်တို့၏။။ ဝစော= စကားတော်သည်။ အတ္ထိ = ရှိ၏ 1
တံ = ထိုသူတော်ကောင်းဖြစ်ကြတဲ့ ဘုရား ရဟန္တာတို့၏ တရား စကားတော်ကို၊ ဗာလေ = နတ်မိုက်၊ တွ = သင်သည်။ နဝိဇာနာတိ။ မသိရိုး ဧကန်အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာတည်း။
အဲ . . . ထိုနန္ဒဝန်ဥယျာဉ်တော်ကြီးကို အမွှန်းတင်နေတဲ့ နတ်ချမ်းသာကြီး ကို အမွှန်းတင်နေတဲ့ နတ်သားကို အဲ... အရိယာဖြစ်တဲ့ တခြားနတ်သား တစ်ဦးက ချေပပြောဆိုတယ်။
နတ်မိုက် သင်သည်ကား ဘုရားရဟုနာတို့ရဲ့ တရားစကားတော်ကိုမသိ) ဘုရားရဟန္တာတို့ရဲ့ စကားတော်က သင်္ခါရတရား မှန်သမျှတို့သည် ဘာမှ နိစ္စ မြဲသည်မရှိ။ ဖြစ်ပြီးလျှင် ပျက်စီးတတ်သောသဘောသာ ရှိကြပါစေ ကုန်၏။
ထိုဖြစ်ပြီးလျှင် ပျက်စီးတတ်သော သင်္ခါရတရား အနိစ္စတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည်သာလျှင် တကယ့်ချမ်းသာအစစ် ဖြစ်သည် တကယ့် သုခဖြစ်သည်ဆိုတဲ့ ဘုရားရဟန္တာတို့၏ာတရားစကားတော်ကို သင် နားမလည် ဘူးလို့ ချေပပြောဆိုလိုက်တယ်။
ဒါကြောင့် အဲဒီ ...အရိယာနတ်သားက ကိုယ်တွေ့နိဗ္ဗာန်ဆိုတာ သူ ကိုယ်တွေ့ဖြစ်နေတော့ အဲ့သည်နိဗ္ဗာန်တရားဟာ အချမ်းသာဆုံး။ အမြတ်ဆုံး ဒီထက် ချမ်းသာတာ။ မြတ်တာ မရှိဘူးလို့ သူကသိနေတယ်။ သိနေတဲ့ အတွက် ကြောင့်ပဲ သူက နိဗ္ဗာန်ဆိုတာ အချမ်းသာဆုံးဆိုတာ သူက ကိုယ်တွေ့သိထားပြီးသား
မသိဘဲ ရှိမလား။ သူက နိဗ္ဗာန်ချမ်းသာကို ခံစားနေရတဲ့ နတ် ဗ္ဗာန်သိုတ္န့ ချမ်းသာကို ရခိပီး နိဗ္ဗာန်ချမ်းသာကို ခံစားရတာပဲ ဘုန်းကြီးတို ဖလသမာပတ် ချမ်းသာဆိုတာ ရှိတယ်။ အရိယမငဂ်ဖြင့် နိဗ္ဗာန်ကို မြင်ကြတဲ့ မင်ပုဂ္ဂါံလိတွေး အရိယဖိုလ်ဖြင့် နိဗ္ဗာန်ကို မြှင်ကြတဲ့ ဗိုလ်ပုဂ္ဂုလ်တွေး အဲဒ အရိယာသခင်အရှင်မြတ်တွေဟာ မိမိတို့လိုချင်တဲ့အခါ ဖိုလ်ဝင်စားပြီးတော့ နိဗ္ဗာန်ကို သိကြတယ် နိဗ္ဗာန်ကို ကြွာကြာသိကြတယ်။ နိဗ္ဗာန်အာရုံကို ခံစား ကြတယ်။
အဲဒီပုဂ္ဂိုလ်တွေရဲ့ ကြည်နူးမှု၊ နစ်သက်မှု၊ ချမ်းသာမှုဟာ အဲ တကယ့် သုခကြီး ဘယ်သုခနဲ့မှ တုမရအောင် ချမ်းသာတဲ့ ချမ်းသာကြီး။
ဒါကြောင့် မိမိတို့ ဘယ်ကူသိုလ်ကို မြုပြူး ဘယ်ကောင်းမူကို ပြပြ အဲ နိဗ္ဗာန်ကိုသာ ရည်ရွယ်ကြရတယ်။ နိဗ္ဗာန်ကိုသာ တောင်းတကြရတယ်။ နိဗ္ဗာန်ကိုသာ ဦးတည်ကြရတယ်။ ယနေ့ကြံံရတဲ့ ကောင်းမှုကိုလည်း အဖိုးတန် အောင်း မွန်မြွတ်အောင် မြှန်ခြန် နိဗ္ဗာန်ရောက်အောင် နိဗ္ဗာန်ကို ဦးတည် ရမယ်။
အထူးသဖြင့် အဲဒီလို ဦးတည်ချက်ရှိမှ ယနေ့ ဒကာမကြီး ဒေါ်သန်းရဲ့ (၈၃)နှစ်မြောက် ကျရောက်သော မွေးနေ့အခါသမယမှာလည်း တကယ့် မင်္ဂလာရှိသော မွေးနေ့။ ကောင်းမြတ်သောမွေးနေ့ကြီးဖြစ်မယ်။
ဘုရားရှင်ကလည်း ဟောထားတယ်။ နံနက်အခါမှာ ကောင်းတဲ့အကျင့် တွေ ကျင့်ရင် အဲဒီနံနက်ဟာ ကောင်းတဲ့နံနက်ပဲ။4 နေ့လယ်နေ့ခင်းအခါမှာ ကောင်းတဲ့ အကျင့်တွေကျင့်ရင် အဲဒီ နေ့လယ်ခင်းဟာ ကောင်းသော နေ့လယ်ခင်းပဲ။ ညနေခင်းမှာလည်း ကောင်းတဲ့အကျင့်တွေ ကျင့်ရင် အဲ့ဒီ ညနေခင်းဟာ ကောင်းသောညနေခင်းပဲလို့ ဘုရားရှင်ကိုယ်တော်မြတ်က အင်္ဂုတ္တရနိကာယ် ပုဗ္ဗဏှသုတ်မှာ ဟောတော်မူခဲ့ပါတယ်။
သုနက္စတ္တံ သုမင်္ဂလံ
သုပ္ပဘာသံ သုဟုဋ္ဌိတံ/
သုခဏော သုမုဟုတ္ထောစ။
သုယိဋ္ဌံ ဗြဟ္မစာရိသု'
ယသ္မိံ ဒိဝသေ = အကြင် နေ့အခါ်။ တယောသုစရိတဓမ္မေ = သုစ ရိုက်တရားသုံးပါးတို့ကို၊ စရတိ = ကျင့်စါ။ သောဒိဝသော = ထိုသုစရိုက် တရား သုံးပါးကိုကျင့်ရာ နေ့အခါသည်။ သုနက္ခတ္တံ = နက္ခတ်အပေါင်း မကောင်းမရှိ အကောင်းအတိသာ ဖြစ်ပါပေ၏။ သုမင်္ဂလံ အမင်္ဂလာ ဘယ် အခါမှ မရှိ ကောင်းမြတ်သော မင်္ဂလာအတိသာ ဖြစ်ပါပေ၏ 1
သုပ္ပဘာသံ = ဤနေ့ မိုးလင်းရခြင်းသည် ကောင်းမြတ်သော မိုးလင်းရ ခြင်းသာ ဖြစ်ပါပေ၏။
သုဟုဋ္ဌိတံ = ယနေ့ အိပ်ရာမှ ထရခြင်းသည်လည်း ကောင်းသော အိပ်ရာမှ ထရခြင်းသာ ဖြစ်ပါပေဒါ်
သုခဏော=လက်ပျစ်ဆယ်တွက်ဖြင့် ရေတွက်ရတဲ့ ခဏဆိုတဲ့ အချိန် အခါကာလသည်လည်း ကောင်းသောခဏသာ ဖြစ်ပါပေ၏။ သုမုဟုတ္တောစ = ခဏဆယ်ချက် မုဟုတ္တဆိုတဲ့ အချိန်အခါသည်လည်း ကောင်းသောမင်္ဂလာ ရှိသော မုဟုတ္တသာ ဖြစ်ပါပေ၏ [ တသ္မီံဒိဝသေ = ထိုသုစရိုက်တရားကို ကျင့်ကြရသောနေ့အခါခ်၊ ဗြဟ္မစရိသု = မြတ်သောအကျင့်ကို ကျင့်ကြသော ပုဂ္ဂိုလ်တို့ခ်၊ ယိဋ္ဌံ = လှူရ။ တန်းရ၊ ပူဇော်ရခြင်းသည်။ သုယိဋ္ဌံ = ကောင်း မြတ်သော ပူဇော်ရခြင်းအစစ် တကယ်တမ်း ဖြစ်ပါပေသတည်း။
ဘုရားဟော ဒေသနာတော်အရဆိုရင် ဒကာမကြီးရဲ့ မွေးနေ့ဟာ ကောင်းမြတ်သောမွေးနေ့။ မင်္ဂလာရှိသောမွေးနေ့ ဘာကြောင့်တုံး -
အဲ ... ယနေ့ကောင်းသော ကုသိုလ်တွေနဲ့ ခြံရံပြီးတော့ မိမိရဲ့မွေးနေ့ ကြီးကို ခြယ်လှယ်ပေးတယ်။ ကောင်းသောကုသိုလ်တွေနဲ့ ခြယ်လှယ်ပေးတယ်။
သဒ္ဓါတွေး သတိတွေ။ သမာဓိတွေ။ ပညာတွေ။ ကောင်းမှုကုသိုလ်တရား တွေ အဲဒီ ကုသိုလ်တရားတွေနဲ့ ခြယ်လှယ်ပေးတာ ဖြစ်သောကြောင့် ယနေ့ မွေးနေ့ကြီးဟာဖြင့် (၈၃)နှစ်မြောက် မွေးနေ့ကြီးဟာဖြင့် မင်္ဂလာရှိသော မွေးနေ့။ အဖိုးတန်သောမွေးနေ့။ ကျက်သရေရှိတဲ့မွေးနေ့။
ယနေ့ ကျက်သရေရှိတဲ့ နေ့ကြီးမို့လို့ ဒီနေ့ကစပြီးတော့ တစ်နှစ်ပတ်လုံး အကောင်းချည်းကြုံရပြီးတော့ ကောင်းကျိုးတွေနဲ့သာ ကြုံရဆုံရ) ကောင်းမြတ် သော အကျိုးတွေရပြီးတော့ မိမိတို့ လိုလားအပ်တဲ့ နိဗ္ဗာန်ချမ်းသာမြတ် ကိုလည်း လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြပါကုန်သတည်း။
(သာဓု သာဓု သာဓု)
မွေးနေ့ အလှူတရား (ဦးဟန်တင် ဒေါ်ကျင်မေ)
ဦးဟန်တင် + ဒေါ်ကျင်မေတို့ရဲ့ . မွေးနေ့အလှူတော်၊ မွေးနေ့ အလှူတော်ဆိုတော့ ဘုန်းကြီးတို့က ဆုတွေများများ ပေးရမယ်။ ဘဝတု သဗ္ဗမင်္ဂလံ စသည် အပရာဇိတ ပလ္လင်္ကေ စသည်တည်း။ ယနေ့ မွေးနေ့ အလှူတော် ပူဇော်လှူဒါန်းရတာ အဲဒီတော့ မွေးနေ့အလှူတော် ပူဇော် လှူဒါန်းရတဲ့အခါ ဘုန်းကြီးက တရားကောင်းလေးပါးကို ဟောပေးမယ်။
ဘုန်းကြီးဟောလို့ မဟုတ်ပါဘူး ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဟောတော်မူတဲ့
တရားအရ အဲ အကောင်းတရား လေးပါး။ အဲဒီ တရား လေးပါးပြည့်စုံအောင် ကြိုးစားရင် လူ့ဘဝကောင်းလျက်သာ ရှိတယ် လူကောင်းတစ်ယောက်သာ ဖြစ်နိုင်တယ်။ လူညံ့ မဖြစ်နိုင်ဘူး။ တစ်ခါက ညသန်းခေါင်အခါ နတ်သား တစ်ယောက် ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက်လာပြီးတော့ အဲး. အမေးပြဿနာလေးချက် မေးခဲ့တယ်၊
ကိံသု ယာဝဇရာ သာဓု။
ကိံသု သာဓု ပတိဋ္ဌိတာ။
ကိံသု နရာနံ ရတနံ။
ကိံသု စောရေဟိ ဒုဟရံ။
ယာ၀ဇရာ =ငယ်သည်ကစ အိုသည်ကျအောင် သာဓု = ကောင်းမြတ် တဲ့တရားသည်ကား၊ ကိသု=အဘယ်တရားပါနည်း ဘုရား၊ ဟော ပြဿနာ တစ်ချက်1/ ငယ်သည်ကစ အိုသည်ကျအောင် ကောင်းမြတ်တဲ့တရားဟာ ဘယ် တရားပါတုံးဘုရားလို့ လျှောက်ထားခဲ့တယ်။ ပတိဋ္ဌိတာ = မိမိ၏ သန္တာန်မှာ တည်တံ့ခိုင်မြဲသည်ရှိသော်၊ သာဓု = ကောင်းမြတ်သော တရား
သည်။ ကိံသု = အဘယ်တရားပါနည်းဘုရား။ မိမိသန္တာန်မှာ စွဲနေ။ တည်နေ မပျက်နိုင်ဘဲ မြဲနေလို့ရှိရင် ကောင်းတဲ့တရားတစ်ခု ရှိပါတယ်။ အဲဒီ တရားဟာ ဘယ်တရားပါတုံးဘုရား၊ ကောင်းတဲ့တရားဟာ ဘယ်တရား ပါတုံးဘုရားလို့ ဒုတိယ အကောင်းတရားတစ်ခု လျှောက်ထားတယ်။ နရာနံ = သတ္တဝါအပေါင်းတို့၏ ရတနံ = ရတနာဖြစ်တဲ့ တရားသည်။ ကိံသု = အဘယ်တရားပါနည်းဘုရား၊ လူတို့ရဲ့ နတ်တို့ရဲ့။ ဗြဟ္မာတို့ရဲ့။ သတ္တဝါတို့ရဲ့ အဲ... ရတနာလို့ဆိုရတဲ့ တရား အဲဒီတရားဟာ ဘယ်တရား ပါတုံးဘုရားလို့ လျှောက်ထားတယ် စောရေဟိ = သူခိုးဓားပြတို့သည် ဒုဟရ = ဆောင်ယူ ခိုးယူခြင်းငှာ မတတ်နိုင်သောတရားသည်။ ကိံသု = အဘယ်တရားပါနည်းဘုရား။ သူခိုးဓားပြတို့ မတိုက်ခိုက်နိုင်တဲ့ အဲ. ..အရာ ဟာ ဘယ်အရာပါတုံးဘုရားလို့ လျှောက်ထားတယ်။ အဲဒီလို ပြဿနာ အကောင်းတရားလေးပါးကို လျှောက်ထားလိုက်တဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က အဖြေပေးတော်မူတယ်။
သီလံ ယာဝ ဇရာ သာဓု။ သဒ္ဓါ သာဓု ပတိဋ္ဌိတာ။
ပညာ နရာနံ ရတနံ။ ပုညံ စောရေဟိ ဒုဟရံ။
ယာ၀ဇရာ= ငယ်သည်ကစ အိုသည်ကျအောင်။ သာဓု = ကောင်းမြတ် သော တရားသည်ကား။ သီလံ = သီလတရားပါ ပေတည်း။ အဖြေပေးတော် မူတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က ငယ်သည်ကစ အိုသည်ကျအောင် ကောင်းတဲ့တရားဟာ ဘယ်တရားပါတုံးလို့ မေးတဲ့နတ်သားရဲ့အမေးကို ဘုရားရှင်ကိုယ်တော်မြတ်က သီလံ ယာဝ ဇရာ သာဓု။ အဲ မပြတ်ကောင်းနေ တဲ့ တရားဟာ သီလတရားပဲလို့ အဖြေပေးတော်မူတယ် အဲ လောကမှာ သူအိုကြီးတွေး လူငယ်တွေ၀တ်တဲ့ အ၀တ်တန်ဆာကို ဆင်မယ်ဆိုရင် အမြင်မလှဘဲ ဖြစ်ရတယ်။ အဲ ကိုယ်အရွယ်မှ မကြောက် သူငယ်ပြန်နေ တယ် စသည်ဖြင့် အကဲ့ရဲ့ ခံရတယ်။ အဲဒီလို ငယ်တဲ့အခါလည်း ကောင်း ကြီးတဲ့အခါလည်း ကောင်းတဲ့တရား၊ အဲဒီတရားဟာ သီလပဲ။ သီလဆိုတဲ့ တရားကို ကျင့်ကြံရင် ငယ်ငယ်ရွယ်ရွယ်လည်း ကောင်းတာပဲ ငယ်ငယ်ရွယ်ရွယ် ဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်း သီလဆင်ထားမယ်ဆိုရင် အများထက် လေးစားမှု မြတ်နိုးမှု၊ ကြည်ညိုမှု ခံရတာပဲ။ ကြီးတဲ့ပုဂ္ဂိုလ်တွေအဖို့ဆိုရင် ပြောစရာ
မရှိဘူး။ အသက်ကြီးလည်းကောင်း၊ အခါခပ်သိမ်း ကောင်းတဲ့တရားဟာ သီလပဲလို့ အဖြေပေးတယ်။ ယနေ့မွေးနေ့ အခါသမယမှာ ဒီအကောင်းတရား လေးပါး ဟောပေးတာဟာ ဘုန်းကြီးမှာ အကြောင်းရှိတာပေ)လေ။
အဲ . . . အကောင်းတရားတွေ လိုက်နာမှ မလိုက်နာလို့တော့ မဟုတ်ဘူး လိုက်တော့ လိုက်နာနေတာပဲ။ သို့သော်လည်းပဲ အရေးကြီးတာက ဒါနထက် သီလက ပိုအရေးကြီးပါတယ်။ သီလဆိုတာ အထူးသဖြင့် နိစ္စသီလခေါ်ရတဲ့ ငါးပါးသီလဆိုတာ အင်မတန်အရေးကြီးတယ်။ ဘယ်လောက်ပဲ လှူနေနေ။1 တန်းနေနေ၊ ဘယ်လောက်ပဲ ဘာဝနာတွေ စီးဖြန်းနေနေ သီလမရှိရင်တော့ လူ့ဘဝလေး ဆုးးရူးမှာ 1 သီလမရှိရင်၊ သီလပျက်ရင်၊ သီလတွေ ပေါက်နေလို့ရှိရင် လူ့ဘဝပျက်ရတော့မယ်။ အဲဒါကြောင့်မို့လို့ သီလဟာ အရေးကြီးလို့ အကောင်း တရားအဖြစ်နဲ့ ဘုရားရှင်ကိုယ်တော်မြတ်က ငယ်လည်း ကောင်း။ ကြီးလည်းကောင်း၊ အခါခပ်သိမ်း ကောင်းတဲ့တရား သီလပဲလို့ ဟောကြားတော်မူတယ်။
ဒါကြောင့် သဒ္ဓါ သာဓု ပတိဋ္ဌိတာ အဲ မိမိသန္တာန်မှာ မြဲနေမယ်။ စွဲ နေမယ်။ မပျက်တော့ဘူး တည်နေမယ်ဆိုရင် သင်နတ်သားမေးတဲ့ ကောင်းတဲ့ တရားတစ်ခုဆိုတာ သဒ္ဓါတရားပဲ။ သဒ္ဓါဆိုတာ အင်မတန် အရေးကြီးတယ်။ သဒ္ဓါဆိုတာဟာ ကုသိုလ်တရားတွေရတဲ့ အရင်းခံ။ သူရှိမှ သူပါမှ ဒါနပြုဖြစ်တယ်။ သီလဆောက်တည်ဖြစ်တယ်။ သူရှိမှ ဘာဝနာကမ္မဋဌ္ဌာန်း စီးဖြန်းဖြစ်တယ်။ ဒါကြောင့် သတ္တဝါတို့ရဲ့ သဒ္ဓါတရားဟာ ကုသိုလ်များစွာ ဖြစ်ပွားရာ အကြောင်းရင်း အခြေခံ၊ သူရှိရင်လည်း ပျော်ရတာပဲ။ သဒ္ဓါတရား ရှိရင်လည်း ပျော်ရတာပဲ။ သဒ္ဓါတရားမရှိရင် မပျော်ရဘူး၅ ယနေ့ကုသိုလ်တွေ ပြုကြတယ်။ သဒ္ဓါတရားရှိလို့ ပျော်ကြ ရတယ်။ စိတ်ချမ်းသာကြရတယ်။ ကုသိုလ်ဆိုတာ စိတ်ချမ်းသာစေတယ်။ စိတ်ကိုပျော်စေတယ်။ ဒါကြောင့် သဒ္ဓါဆိုတာ ကုသိုလ်တွေရဲ့အရင်းခံ။
သို့သော် အဲဒီသဒ္ဓါတရားဟာ ဒီမျှနဲ့ ရပ်တန့်နေဖို့ မဟုတ်ဘူး။ အဲ ပတိဋ္ဌိတာ စွဲစွဲမြဲမြဲတည်မှ သဒ္ဓါ သဒ္ဓါတရား စွဲစွဲမြဲမြဲတည်မှ ကောင်းတဲ့ တရားဟာ သဒ္ဒါတရားပဲလို့ ဆိုတဲ့နေရာမှာ စွဲစွဲမြဲမြဲ တည်တယ်ဆိုတာ ဘုန်းကြီးတို့ သဒ္ဓါဆိုတာ အဆုံးမရောက်သေးဘူး။ အဆုံးရောက်မှ အဲဒီသဒ္ဓါဟာ
ကောင်းတယ်။ ဒါမှ သဒ္ဓါရကျိုးနပ်တယ်။ စိတ်ချရတယ်။ အဲ . . . မဂ်ဖြင့် ပြီးတဲ့ သဒ္ဓါဟာ အဓိဂမသဒ္ဓါလို့ ခေါ်တယ်( သဒ္ဓါတွေကို ဘုန်းကြီး သရုပ် မခွဲတော့ပါဘူး။ မင်ရတဲ့အခါ မဂ်နှင့်ပြီးတဲ့သဒ္ဓါဟာ အဓိဂမသဒ္ဓါတဲ့။ အဲဒီ အဓိဂမသဒ္ဓါ ရတဲ့အခါကျမှ အဓိဂမအခြေရောက်တဲ့ (ဝါ) ဖြစ်တဲ့ သဒ္ဓါ တရားသာ မြဲတယ် စွဲသွားပြီ/' ဘယ်နတ်၊ ဘယ်ဗြဟ္မား ဘယ်ဆရာကမှ ပျောက်အောင် ဖျက်လို့ မရတော့ဘူး။ အဲ... အဲဒါကြောင့် သတ္တဝါတို့ရဲ့ သန္တာန်မှာ စွဲစွဲမြဲမဲတည်ရင် ကောင်းတယ်ဆိုတဲ့ တရားဟာ သဒ္ဓါတရားပဲ။ တည်တယ်ဆိုတာ မဂ်ဖြင့်ပြီးတဲ့ သဒ္ဓါတရားတွေ။
ပညာ နရာနံ ရတနံ/ နရာနံ = သတ္တဝါအပေါင်းတို့စ် ရတနံ = ရတနာဖြစ်တဲ့ တရားသည် ပညာ = ပညာတရားတည်း။ ပညာတရားပဲတဲ့။ လူတို့ရဲ့ ရတနာဟာ ပညာတရားပဲတံဲ့၊ အဲ . .. ပညာရှိမှ ရတနာရှိတယ်။ ပညာမရှိရင် ရတနာမရှိဘူး1] ပညာဆိုတာက လောကပညာတွေ ပြောတာ မဟုတ်ဘူး အဲ . . . သာသနာတော်မှာရှိတဲ့ ပညာတွေ။ အဲ... သရဏဂုံ သီလ၊ ဒါနအစရှိသော ကောင်းမှုတွေ ကောင်းသောအကျိုးကို ပေးနိုင်တယ်။ အကုသိုလ်တွေ မကောင်းကျိုးတွေ ပေးနိုင်တယ် စသည်ဖြင့် ကံ ကံ၏ အကျိုး သိရခြင်း' ဝိပဿနာပညား၊ မဂ်ပညာ။ ဖိုလ်ပညာ အစရှိသောပညာတွေ။ အဲဒီပညာတွေရှိရင် အဲ . . . ရတနာရှိတဲ့ပုဂ္ဂိုလ်ပဲ။ အဲဒါကြောင့်မို့လို့ “ပညာ နရာနံ ရတနံ” လူတို့ဇ၊ ရတနာဟာ ဘာတုန်းဆိုတဲ့ နတ်သားရဲ့ အမေးကို ပညာ နရာနံ ရတနံ လူတို့ ရတနာဟာ ပညာပဲလို့ ဘုရားရှင်ကိုယ်တော်မြတ် က မိန့်တော်မူခဲ့တယ်။ ပုညံ စောရေဟိ ဒုဟရံ၊ စောရေဟိ = သူခိုးဓားပြ တို့သည်။ ဒုဟရံ = မဆောင် ယူနိုင်သော ဥစ္စာဆိုသည်မှား ပုညံ = မိမိတို ပြုထားတဲ့ကုသိုလ်တွေ။ ကောင်းမှုတွေပင် ဖြစ်ပါပေသတည်း။ သူခိုးဓားပြ မတိုက်နိုင်တဲ့ ဥစ္စာဟာ ဘာတုံးလို့ နတ်သားရဲ့အမေးကို အဲ သူခိုးဓားပြ မတိုက်ယူနိုင်တဲ့ ဥစ္စာဆိုတာ ကောင်းမှုပဲလို့ ဘုရားရှင် ဟောတော်မူတယ်။ အဲဒါကြောင့် ယနေ့ ကုသိုလ်ကောင်းမှုတွေဟာ အဲဒီလို သူခိုး မိုးနိုင် ဓားပြ မတိုက်နိုင်တဲ့ ပစ္စည်းဥစ္စာတွေ။ ဘယ်သူမှ မခိုး နိုင်ဘူး။ မတိုက်နိုင်ဘူး။ သူခိုး။ ဓားပြတွေကလာပြီး လူကို သတ်ချင် သတ်သွားနိုင်မယ်။ ဘယ်လောက် သတ်သတ် အဲဒီပုဂ္ဂုံလ်ရဲ့ ပုညကောင်းမှုတွေကိုတော့ ဘယ်လိုမှ မဖျက်ဆီး
နိုင်ဘူး။ မိမိသေရလို့ တမလွန်ဘဝ ရောက်ရင် ကောင်းရာဘဝကို ရောက်တယ်။ ကောင်းရာဘဝရောက်ရင် အဲဒီကုသိုလ်တွေ က မိမိတို့ကို အထောက်အပံ့ ပေးမှာပဲ။ အဲဒါကြောင့်မို့လို့ သူခိုးဓားပြတွေ မတိုက်ယူနိုင်တဲ့ပစ္စည်းဆိုလို့ ပုညကောင်းမှုပဲ ရှိတယ်။ အဲဒီ တရားတော်ဖြင့် မိမိတို့ အမြဲတမ်း သိမ်းပိုက်နိုင်။ ယူငင်နိုင်' ယူသွားနိုင်တဲ့ ဘဏ္ဍာထုပ်အဖြစ် ဖြင့် ကောင်းမှုတွေ ကြိုးစားအားထုတ်ကြလို့ ဆိုလိုရင်းဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ အကောင်းတရားလေးပါးကို အမြဲ သတိချပ်ပြီး ကြိုးစား ပွားများနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
နိုင်မာလင်း မွေးနေ့ မင်္ဂလာတရားတော်
နိုင်မာလင်းရဲ့ မွေးနေ့မင်္ဂလာအခါသမယမှာ ဒါနပြုကြ၊ သီလ ဆောက်တည်ကြ၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြနဲ့ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ အဲဒီကုသိုလ်ကောင်းမှုတွေဟာ မင်္ဂလာပဲ။ လောကမှာ မင်္ဂလာရယ်လို့ ရှာကြတယ် မင်္ဂလာရယ်လို လုပ်ကြတဲ့
အရာတွေ ရှိတယ်။ အဲဒီတော့ ... လောကမင်္ဂလာတွေက အပြင်ပန်းမှာ
ရှာနေကြတော့ ဒါ တကယ့်မင်္ဂလာ မဟုတ်ဘူး။ ဘုန်းကြီးတို့ သာသနာနဲ့ ဆိုင်ရာ မင်္ဂလာတွေကတော့ အတွင်းကို စင်ကြယ်အောင်လုပ်ရတယ်။ အတွင်း စင်ကြယ်အောင်လုပ်တာဟာ တကယ့်မင်္ဂလာ။ အတွင်းဆိုတာ အဇ္စျတ္တ=စိတ်။ စိတ်ကို ဖြူစင်အောင်၊ စင်ကြယ်အောင် ကိလေသာ အညစ်အကြေးတွေ မဝင်အောင် လုပ်တာဟာ ဒါ ... အတွင်း စင်ကြယ်အောင်လုပ်တာ ခေါ် တယ်။
ရူပေန သံကိလိဋ္ဌေန။ သံကိလိဿန္တ် မာဏဝါ။
ရူပေ သုဒ္ဓေ ဝိသုဇ္ရုန္က်။ အနက္န္စာတံ မဟေသိနာ။
သံကိလိဋ္ဌေန = ညစ်နွမ်းသေား ရူပေန = ရုပ်တရားဖြင့်၊ မာဏဝါ= သတ္တဝါတို့သည်။ သံကိလိဿန္တ်ီ = ညစ်နွမ်းကြရလေကုန်၏။ ရူပေ = ရုပ် တရားသည်။ သုဒ္ဓေ = စင်ကြယ်သည်ရှိသော်၊ ဝိသုဇ္ရုန္ဘ် = အထူးသဖြင့် စင်ကြယ်ကြရလေကုန်စါ။ ကုတိ = ဤသို့ ရုပ်ညစ်နွမ်းလျှင် စိတ်ညစ် နွမ်းသည်။ ရုပ်စင်ကြယ်လျှင် စိတ်စင်ကြယ်သည်ဟူရှု၊ မဟေသိနာ = လောကထွတ်ထား မြတ်စွာဘုရားသည်။ အနက္ခာတံ=ဟောကြားတော် မမူပါ ပေ
မြတ်စွာဘုရားက ရုပ်ညစ်နွမ်းရင် လူညစ်န္ပွမ်းတယ်။ ရုပ်စင်ကြယ်ရင် လူစင်ကြယ်တယ်လို့ အဲဒီလို မဟောကြားဘူးတဲ့။ နို့ ဘယ်လိုဟောကြားတုံး ဆုတော့
စိတ္တေန သံကိလီဋ္ဌေန သံကိလိဿန္က် မာဏဝါ 1
စိတ္တေ သုဒ္ဓေ ဝိသုဇ္ဇုနံ။ က္ဂတိ ဝုတ္တံ မဟေသိနာ။
သံကိလိဋ္ဌေန = ညစ်နွမ်းသော၊ စိတ္တေန အ စိတ်တရားဖြင့်။ မာဏဝါ = သူသူငါငါ သတ္တဝါမှန်သမျှတို့သည်။ သံကိလိဿန္တ် = ညစ်နွမ်း ကြလေကုန်၏။ စိတ္တေ = အတွင်းစိတ်တရားသည်။ သုဒ္ဓေ = စင်ကြယ်သည် ရှိသော် မာဏဝါ=သူသူငါငါ သတ္တဝါမှန်သမျှတို့သည်။ ဝိသုဇ္စုန္တံ= စင်ကြယ် ကြလေကုန်၏ / ကုတိ = ဤသို့ စိတ်ညစ်နွမ်းရင် ရုပ်ညစ်နွမ်းသည် စိတ် စင်ကြယ်ရင် ရုပ်စင်ကြယ်သည်ဟူရွိ၊ မဟေသိနာ = မဟာက္ကတိ = မုနိ ထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ ဗုတ္တံ= ဟောကြားတော်မှုအပ်ပါ သတည်း
စိတ်ညစ်ရင် လူညစ်တယ်။ စိတ်စင်ကြယ်ရင် လူစင်ကြယ်တယ်လို့ ဒီလိုသာ မြတ်စွာဘုရားက ဟောတယ်4 ရုပ်ညစ်နွမ်းရင် လူညစ်နွမ်းတယ်။ ရုပ်စင်ကြယ်ရင် လူစင်ကြယ်တယ်လို့ ဒီလို မြတ်စွာဘုရား မဟောဘူးတဲ့။ စိတ်ညစ်နွမ်းရင် လူညစ်နွမ်းတယ် စိတ်စင်ကြယ်ရင် လူစင်ကြယ်တယ်လို့ အဲဒီလိုသာ မြတ်စွာဘုရား ဟောကြားတော်မူတယ်။
ဒါကြောင့် စင်ကြယ်မှုနေရာမှာ စိတ်သာပဓာန။ အတွင်းစိတ်တရား စင်ကြယ်လို့ရှိရင် စင်ကြယ်တာပဲ။ အတွင်းစိတ်တရား မစင်ကြယ်ဘူးဆိုရင် မစင်ကြယ်ဘူး။ အတွင်းစိတ်တရား စင်ကြယ်တယ်ဆိုရင် ဒါ ... မင်္ဂလာပဲ။ ကျက်သရေပဲ။ အတွင်းစိတ်တရား မစင်ကြယ်ဘူးဆိုရင် ဒါ . . . အမင်္ဂလာပဲ။ ကျက်သရေမဲ့တာပဲ။ ဒါကြောင့် စိတ်စင်ကြယ်ဖို့ရာ အရေးကြီးတယ်
လောက ကောတူဟလမင်္ဂလာဆိုတာ အများက အပြောများတဲ့ မင်္ဂလာ တွေ။ ဘယ်လိုအရာမြင်ရင် မင်္ဂလာဖြစ်တယ်။ ဘယ်လိုအရာမြင်ရင် မင်္ဂလာ မဖြစ်ဘူး ဘယ်လိုအရာ ကြားရင် မင်္ဂလာဖြစ်တယ်။ ဘယ်လို အရာကြားရင် မင်္ဂလာမဖြစ်ဘူး။ ဘယ်အနံ့မျိုးနံလျှင် မင်္ဂလာဖြစ်တယ်။ ဘယ်အနံ့မျိုးနံရင် မင်္ဂလာမဖြစ်ဘူး။ အဲ့သလို ဒိဋ္ဌမင်္ဂလာ' သုတမင်္ဂလာ။ မုတမင်္ဂလာလို့ခေါ်တဲ့ မင်္ဂလာတွေကို လောက က မင်္ဂလာရယ်လို့ သမုတ်ကြတယ်။
ဘုန်းကြီးတို့ ဘုရားသာသနာမှာ အဲ့ဒီလို ဗဟိဒ္ဓမင်္ဂလာတွေကို တကယ့် မင်္ဂလာအဖြစ် မသတ်မှတ်ဘူး စိတ်စင်ကြယ်မှု၊ စိတ်ထားမွန်မြတ်မှု။
(၂) (၂ (။ ( (9 (။ မှ အဲဒီလို ကုသိုလ်ကောင်းမှုတွေကိုသာ မင်္ဂလာလို့ သမုတ်တယ်။ လောက မင်္ဂလာတွေကိုတော့ ဘုရားရှင် ပယ်တော်မူတယ်။ င င ၀ လြ ပျူ ရှေးက ဘုန်းကြီးတို့ ရာဇဂြိုဟ်ပြည်မှာ ပုဏ္အားကြီးတစ်ယောက် ရှိတယ်။ သူက မင်္ဂလာသမား၊ မင်္ဂလာသမားပေမည့် ခုနပြောသလို ကောတူဟလမဂင်္ဂလာကို ယုံတဲ့ပုဂ္ဂိုလ်၊ ကောတူဟလ မင်္ဂလာဆိုတာ ခုန ပြောသလို အများက သတ်မှတ်ထားတဲ့ မင်္ဂလာမျိုးတွေ။ သူက မိစ္ဆာဒိဋ္ဌိ ကံကို မယုဘူး။ မင်္ဂလာ ကိုပဲ ယုံတယ်။ တစ်နေ့ကျတော့ ခေါင်းဆေးပြီးတော့ ဝတ်ဖို့ရာ အဝတ်တောင်း တယ်။ အဝတ်တောင်းတော့ သူ့.သေတ္တာထဲက (၂ ( [ဂ မျ ၂. { {၂၈ (၉. အဝတ်ယူပေးတော့ အဝတ်ကို ကြွက်ကိုက်ထားတယ်။ ကြြွက်ကိုက်ထား ဂ ပြ (. (၂ (၉ ပြီ {။ (။
တော့ ဒီဥစ္စာဟာ မကောင်းတော့ဘူး။ ကြွက်ကိုက်ထားတဲ့အ၀တ်ဖြစ်နေပြီ။ (> (. (။ {။ (။ (၂ {၂ (1၊ {ငါ ဒီတော့ မင်္ဂလာမရှိတော့ဘူး။ ဒီအ၀တ် ကို ဝတ်လို့ရှိလျှင် အဲ့ဒီလူ ဒုက္ခ (။။ (ဋံ (အ (မ (မ ဧ။ ဥ ဂ ရောက်တော့မှာပဲ။ ဒီတော့ ဒီကြွက်ကိုက်ထားတဲ့ အဝတ်ကြီးကိ အိမ်ကလူတွေ ဂူ (ရ (နျ န (မ (။ (အ န ပစ်ခိုင်းလို့ရှိရင်ဖြင့် ကြားထဲက အလစ်သုတ်ထားပြီး ၀တ်ကြ၊ ပြုကြနဲ့ ဒုက္ခ" ရောက်ကုန်တော့မှာပဲ။ ငါ့သားငယ်လေးဟာ ငါ့စကား နားထောင်တယ်။ (။ (။ ၅ (။။. {ကြ (မှ {။ ဥ သူ့ကို ပစ်ခိုင်းမှပဲဆိုပြီးတော့ သားအငယ်ကို အပစ်ခိုင်းတယ်။ “င်း... ဒီအဝတ်ဟာ ကြွက်ကိုက်ထားပြီကွ1 မင်္ဂလာမရှိတော့ဘူး။ { (မှ စ န္က (။ {။ (အ န္လ ဝတ်ရင်တော့ ဒုက္ခရောက်မှာပဲ။ လက်နဲ့တော့ မကိုင်နဲ့ တုတ်ကလေးနဲ့ ကိုင်ပြီး သွားပြီးတော့ သုသာန်မှာပစ်ချေ”ဆိုတော့ သားကလေးက ဖခင်ကြီး ပြောတဲ့အတိုင်း အဝတ်ကလေးကို တုတ်ကလေးနဲ့ ကိုင်ပြီးတော့ ယူသွား တယ် န စီ ၂ (။ ( (။ (။ (။
ဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်က လောကကို ကြည့်တော်မူတော့ {။ (မ (။။ [၂ မ္ယူ (4၂ {၂ မြင်တော်မူတယ်။ ဒီသားအဖနှစ်ယောက်ရဲ့ ဥပနိဿယကို ဒီနေ့ မဂ်ဖိုလ် (9၂ (" (ဤ (၅ {။ (1 ( {။
ရနိုင်တယ်ဆိုတဲ့ ဥပနိဿယကို မြင်တော်မူတော့ ဘုရားရှင်က သုဿာန် သွားပြီးတော့ စောင့်နေတော်မူတယ်။ အဲ့ဒီလို စောင့်နေတော့ ခုနပြောတဲ့ ပုဏ္ထားကြီး သားက အ၀တ်ကလေး တုတ်နဲ့ကိုင်ပြီးတော့ သုသာန်ကိုလာတော့ ဘုရားရှင်က “ဟေ့ မင်းဒီအ၀တ် ဘာလုပ်မလို့တုံး မေးတော့”။ “တပည့်တော် ဖခင်ကြီးက ဒီအ၀တ်ဟာ ကြြွက်ကိုက်ထားလို့ မင်္ဂလာ မရှိတော့ဘူး။ (။ (လ (' {( (ျ ပြ (ရ (ရှ သုသာနံ သွားပစ်ရမယ်ဆိုလို့ လာပစ်ရတဲ့အကြောင်း လျောက်ထားတော့။
အေး. ..မင်း ပစ်ကွာဆိုတော့ ပုဏ္ဍားကြီးသားက ပစ်လိုက်တယ်။ ပစ်လိုက်တော့ ဘုရားရှင်ကိုယ်တော်မြတ်က မင်းကစွန့်ပစ်ပြီးမှတော့ ဒါဟာ... တို့ ယူထိုက် တယ်။ ယူအပ်တယ်ကွ လို့ဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်က ယူတော်မှုတယ်။ ယူပြီးကြွတော့ ပုဏ္ထားကြီးသားက ရှင်ဂေါတမ ရှင်ဂေါတမ တော့ ဒုက္ခရောက်တော့မှာပဲ မလုပ်ပါနဲ့။ မယူပါနဲ့လို့ အော်ရင်း . .. အော်ရင်း နံ့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း ကြြသွားတော်မူတယ်။
ဒါ နဲ့ . .. အိမ်ပြန်ပြီးတော့ အရေးတကြီးနဲ့ ပုဏ္ထားကြီးကို အကြောင်း ကြားတယ် “အဖေ ... ရှင်ဂေါတမတော့ ခုန ကြွက်ကိုက်ထားတဲ့အ၀တ်ကို ယူသွားပြီ အဲ့ဒါ ... ကျွန်တော်က တားပေမည့် မရဘူးလို့ဆိုတော့။ “ဟာ . .. ဒီလိုဆို ရှင်တော်ဂေါတမ ဒုက္ခရောက်တော့မှာပဲဆိုပြီးတော့ အိမ်က အဝတ် တွေကိုယူပြီးတော့ ပုဏ္ဍားကြီးက ဘုရားရှင်နောက်လိုက်သွားတယ်။ ကျောင်းကို ရောက်တဲ့အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို အရှင်ဘုရား ... ရှင်ဂေါတမ .. ရှင်ဂေါ တမဟာ ကြြက်ကိုက်ထားတဲ့အ၀တ်ကို ယူသွားတယ်လို့ ဆိုတယ် ရှင်ဂေါတမတော့ ဒုက္ခရောက်တော့မှာပဲ။ ကျောင်းတိုက်ကြီးလည်း ဒုက္ခရောက်တော့မှာပဲ။ တပည့်တော်ဆီမှာ အဝတ်တွေ ရှိပါတယ် အရှင်ဘုရား အလိုရှိရင် ယူပါဘုရား။ ကြွက်ကိုက်ထားတဲ့အ၀တ်တွေကို စွန့်ပစ်ပါဘုရား လို့ လျှောက်ထားတဲ့အခါကျတော့ -
ဘုရားရှင်ကိုယ်တော်မြတ်က “ပုဏ္ထားကြီးတို့ ရဟန်းဆိုတာ ကြွက် ကိုက်တဲ့အဝတ်လည်း ဝတ်တာပဲ။ သုသာန်ကအ၀တ်လည်း ဝတ်တာပဲ။ ရဟန်းဆိုတာ ဘယ်အရာမဆို ဘယ်နေရာက ဘယ်လိုအဝတ်မျိုးမဆို ဝတ်တာပဲ” ဆိုပြီးတော့ အသင်ပုဏ္ထားကြီးဟာ ခုမှ မဟုတ်ဘူး။ ရှေး_အခါတုန်း ကလည်း ဒီလိုပဲ။ မင်္ဂလာအစွ္ဂဲအလမ်း ကြီးခဲ့တယ်ဆိုပြီးတော့ အတိတ် ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဘုရားရှင်ကိုယ်တော်မြတ်က ဟောပြော တော်မူတယ်။
ရှေးအခါတုန်းကလည်း ဒီပုဏ္ထားကြီးဟာ ဒီလိုပဲ မင်္ဂလာအစွဲအလမ်း ကြီးခဲ့တယ်။ ဘုရားအလောင်းကလည်း အဲဒီအခါတုန်းက ရသေ့အဖြစ်နဲ့ ပုဏ္ဍားကြီးနဲ့ ဆုံခဲ့ကြတယ်။ ဒီလိုပဲ အဝတ်ကို ကြွက်ကိုက်တော့ မင်္ဂလာ မရှိဘူးဆိုပြီးတော့ သွားပစ်တော့ ဘုရားအလောင်း ရသေ့ကြီးက ကောက်ယူ
တယ်။ ဒီလိုပဲ ပုဏ္ထားကြီးက ဘုရားအလောင်းရသေ့ကြီးကို အရှင်ဘုရား ပျက်စီးတော့မှာပဲ ကြွက်ကိုက်တဲ့အ၀တ်ကို အရှင်ဘုရား၀တ်ရင်တော့ ပျက်စီးတော့မှာပဲဆိုပြီးတော့ လျှောက်တယ် အဲဒီတုန်းကလည်း ဘုရား အလောင်းရသေ့ကြီးက အခုဘုရားရှင် ကိုယ်တော်မြတ် မိန်ံ်တော်မူသလိုပဲ တို့ရဟန်းဆိုတာ သုသာန်က ပစ္စည်းရော။ လမ်းဆုံလမ်းမ လမ်းလေးခွက ပစ္စည်းရေား အမှိုက်ပုံက ပစ္စည်းရေား ဘယ်အဝတ်မျိုးမဆို ဝတ်တာပဲ။ အသင်ပုဏ္ဏားကြီးသာ ဘာမဟုတ်တဲ့ မင်္ဂလာအစွဲ တွေနဲ့ ကောတုဟလမင်္ဂလာ အစွဲတွေ စွဲလမ်းပြီးတော့ မဟုတ်တဲ့အယူအဆယူပြီးတော့ အစွဲကြီး အယူသည်း နေတာပဲလို့ ပုဏ္ဍားကြီးကို တရားဟောတော့ ပုဏ္ထားကြီးလည်း ကျေနပ် သွားတယ် အဲ့ဒီအကြောင်း ပြန်ပြောင်းပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် က ဟောတော်မူပြီးတော့ -
ယဿ မင်္ဂလာ သမူဟတာ ဥပွါတာ သုပိနာစ။
လက္ခဏစ သော မင်္ဂလာ ဒေါသဝီတိ၀တ္တော။
ယုဂယောဂါဓိ ဂတော န ဓာတုမေတိ။
ယသ = အကြင်ပုဂ္ဂိုလ်သည်။ မင်္ဂလာ = လောက ယုံကြည်ကြတဲ့ ကောတုဟလမင်္ဂလာတို့ကို သမူဟတာ = အပြီးအပြတ် ပယ်နတ်အပ်ကုန် ပြီး ဥပ္ပါတာ = တော်လဲခြင်းး နေကြတ်။ လကြတ်ခြင်းစသော ဥပါတ်တို့ကို လည်းကောင်း၊ သုပိနာစ = ဘယ်အိပ်မက် မက်ရင် ဘယ်အကျိုးရတယ်ဆိုတဲ့ အိပ်မက်မျိုးတို့ကိုလည်းကောင်းး လက္ခဏာစ = ဘယ်လက္ခဏာရှိရင် ဘယ် အကျိုးရတယ်ဆိုတဲ့။ သမူဟတာ =ကောင်းစွာ ပယ်နုတ်အပ်ကုန်ပြီ။ မင်္ဂလာ ဒေါသဝီတိ ဝတ္တော = မင်္ဂလာအပြစ်တို့ကို လွန်မြောက်သေား သော = ထို ပုဂ္ဂိုလ်သည်၊ ယုဂ ယောဂါမိ ဂတော မက္ခ ပလာသ စသော ယုဂမယောဂ ဘဝယောအစရှိသော ယောဂတွေကိုလွန်မြောက်သည်ဖြစ်ရှ ဇာတု= စင်စစ်။ နဧတိ = နောက်ထပ်တစ်ဖန် ပဋိသန္ဓေနေရခြင်းသို့ မရောက်တော့ပါပေ။
လောကမှာ မင်္ဂလာတွေ အကုန်ပယ်ပြီးပြီဆိုရင် အဲ့ဒီပုဂ္ဂိုလ်ဟာ မင်္ဂလာ တွေလည်း ပယ်မယ်။ မက္ခကျေးဇူး ချေဖျက်ခြင်းး ပလာသ = ဂုဏ် ပြိုင်ခြင်း အစရှိသော အစု အစု မကောင်းမှုတရားတွေ။ ကာမယောဂ၊ ဘာ ယောဂ။ အဝိဇ္ဇာယောဂဆိုတဲ့ ယောဂတရားတွေ အဲဒီတရားတွေ ပယ်ပြီးပြီဆိုရင် အဲဒီ
ပုဂ္ဂိုလ်ဟာ ရဟန္တာအဖြစ် ရောက်နိုင်တယ် ပဋိသန္ဓေ မနေရတော့ဘူးလို့ ဘုရားရှင်ကိုယ်တော်မြတ်က မိန့်တော်မူတယ် မိန့်တော်မူတော့ ပုဏ္ထားကြီး သောတာပန် တည်သွားတယ်လို့ ဆိုတယ်နော်။
အဲ့ဒါကြောင့် ပုဏ္ဍားကြီးမှာ သောတာပန်တည်သွားတော့ အဲ့ဒီ ... သောတာပန်တည်မှုဆိုတဲ့ အတွင်းစိတ်ဓာတ် ကိလေသာစင်ကြယ်မှုဟာ ဒါ ... တကယ့်မင်္ဂလာဖြစ်တယ်။ လောကမှာ ဗဟိဒ္ဓကမင်္ဂလာရယ်လို့ ယူဆ ကြတဲ့ အရာတွေဟာ လောကအလိုတော့ မင်္ဂလာပါပဲ။ သို့သော် ဘုန်းကြီးတို့ သာသနာကတော့ ဒါ ... တကယ့်မင်္ဂလာရယ်လို့ မယူဆဘူး ပြီးတော့ လောကမဂ်္ဂလာကိုသာ စွဲပြီးတော့ ကုသိုလ်ကံ) အကုသိုလ်ကံတို့ကို မယုံကြည် ဘူးဆိုရင် မင်္ဂလာကိုသာ ယုံတယ်။ ကံကို မယုံဘူးဆိုရင် ဒါဟာ ဥပါသကာ အစစ်တောင် မဟုတ်ဘူးလို့ ဆိုတယ်/။ ဥပသကာဂုဏ် ပျက်တယ်။
ဒါကြောင့် ဒီလောက မင်္ဂလာတွေကို လောကအရာဝတ္ထု မဟိဒ္ဓတွေ ကို ဗဟိဒ္ဓ စင်ကြယ်မှုတွေကို အလေးအမြတ်ထားပြီးတော့ မင်္ဂလာအဖြစ်နဲ့ ယုံကြည်မှုဟာ လွန်သွားလို့ရှိရင် ဒါက ဥပသကာဂုဏ်တောင် ပျက်တယ်။ ဗဟိဒ္ဓပညတ်တွေ။ ဗဟိဒ္ဓအရာ၀တ္ထုတွေ ဒါတွေကို မင်္ဂလာအဖြစ် ယူဆရင် တကယ့်မင်္ဂလာတွေကို မင်္ဂလာအဖြစ်ယူဆခြင်း မဟုတ်ဘူး။
ဒါနဲ့စပ်လို့ ဘုန်းကြီးတို့ ရှေးတုန်းက တက္ကသိုလ်ပြည်မှာ ဒိသာပါမောက္ခ ဆရာကြီးဆိုတာ ရှိတယ် အဲ့ဒီ . .. ဒိသာပါ မောက္ခဆရာကြီးဆီမှာ တပည့် တွေ ပညာသင်နေတယ်။ တပည့်တစ်ယောက်က ပါပက။ လူယုတ်မာတဲ့။ သူ့နာမည်က ပါဠိလို ပါပက၊1 မြန်မာလိုတော့ လူယုတ်မာတဲ့။
အဲဒီတော့ ... သူက သူ့ကို ပါပက ... ပါပကလို့ ခေါ်ကြတော့ သူ့ နာမည်က မကောင်းပါဘူးဆိုပြီး လူယုတ်မာဆိုတဲ့ နာမည်ကြီး ခေါ်တိုင်း ခေါ်တိုင်း သူက အခံရ ခက်နေတယ်။ အဲဒါနဲ့ ဆရာကြီးဆီ သူက နာမည် ပြောင်းပေးဖို့ ပြောတယ် ပြောတော့ ဆရာကြီးက “ကဲ...ဒါဖြင့် မင်းနာမည် ပြောင်းချင်ရင် နာမည် လိုက်ရှာချေကွာ။” နာမည် လိုက်ရှာချေဆိုတော့ ရိက္ခာထုပ် ထုပ်ပြီးတော့ နယ်ဘက်ကို နာမည် ရှာထွက်တယ်1။
မြို့တစ်မြို့ရောက် သွားတော့ မသာတစ်ခု ချလာတာတွေ့ ရတယ် 1 တွေ့တော့ “အဲဒီ သေတဲ့နာမည်ဟာ ဘယ်သူတုန်းလို့ မေးတော့ လူတွေက
သူ့နာမည် ဇီဝကလို့ ပြောကြတယ်။” ဇီဝကဆိုတာ မြန်မာလိုတော့ မောင်သက်ရှည်လို့ အနက်ထွက်တယ်/။ ဒီတော့ သူက အံ့သြသွားတယ်။ ဟင် ... မောင်သက်ရှည်လည်း သေတာပဲလားဆိုတော့ လူတွေက သူ့ကို အော်ကြ၊ ငေါက်ကြတာပေါ့။ ဟ... လူမိုက် နာမည်ဆိုတာ ပညတ်ပဲ။ မောင်သက်ရှည်လည်း သေတာပေါ့။ မောင်သက်တိုလည်း သေတာပေါ့ 1 မင်း ပညတ်ဆိုတာ မသိဘူးလားနဲ့ သူ့ကို မောင်းမဲကြတယ်။ မ ရ (ဂ (။ (။ (။ (. (။ (။ (။
အဲ့ဒါနဲ့ သူ့နာမည်အတွက် တော်တော်လေးတော့ စိတ်ပျက်သွားတယ်။ ။ မူ (။။ (။ (မ ဃ (။
ဒါပေမဲ့ လာလက်စနဲ့ ရှေ့ဆက်ဦးမယ် ဆိုပြီးတော့ ခရီးဆက်သွားတော့ တစ်နေရာမှာ ကျွန်မတစ်ယောက်ကို သူ့သခင်တွေက ကြိုးနဲ့ ရိုက်နေ ။ 8 (< {။။ (။. (။ မျူ 31 ..၂ ၂. (၂ (ဂွ ကြတယ် “ဘာဖြစ်လို့တုံးဆိုရင် အခ မပေးနိုင်လို့တဲ့။ ပိုက်ဆံ မပေးနိုင်လို့ တဲ့/” အဲ့သလို ကြိုးနဲ့ ရိုက်ကြတဲ့အခါကျတော့ သူက နာမည်မေးတယ်။ ( င (။ မြ (။ ဂ မေးတော့ ဓနပါလီလို့ ပြောကြတယ် ကျွန်မလေးရဲ့နာမည်က ဓနပါလီပဲ။ ။ မ (၅ (။ မျပ ၂ {။ ဂ (။
ဓနပါလီဆိုတာက ဥစ္စာ ကို စောင့်ရှောက်တဲ့ မိန်းကလေးလို့ ဆိုတယ်။ မဌေးပေါ့။ မငေး ပစ္စည်းဌေးတဲ့ ပုဂ္ဂိုလ်လို့ ဆိုတယ်။ အဲ့ဒီတော့ သူက 4 ပ မူ ပီ (၂ ဂ . (က။. (။
ပြောတယ်။ “ဟာ ...မဌေးလည်း မွဲတာပဲလား)။ ပိုက်ဆံ မပေးနိုင်ဘဲ ဖြစ်ရ စီ. ဤ ( (။ (။။။ ( (. သလားဆိုတော့ သူတို့က သူ့ကို ငေါက်ကြပြန်တယ်။ “ဟေ့... မင်း လူမိုက်ပဲဉ လောကမှာ နာမည်ဆိုတာ ပညတ်ပဲ။ မဌေးလည်း မွဲတာ ပ။ မ ပ (ယ ၁ ၂ ..။ 71? ပပ (.' ရှိတာပဲ4 မမွဲလည်း ချမ်းသာတာ ရှိချင် ရှိမှာပဲ” လို့ဆိုတော့ သူ အတောံ စိတ်ပျက်သွားတယ်။
စိတ်ပျက်ပြီး သူ ရှေ့ ဆက်သွားတဲ့အခါကျတော့ တောလမ်းတစ်ခု ရောက်သွားတယ် ရောက်တဲ့အခါကျတော့ တောလမ်းမှာ လူတစ်ယောက် ပ။. ပ (. ပြ (6။ (။
ယောင်လည်ယောင်လည် ဖြစ်နေတာ မြင်ရတော့ “ဟေ့ . . .မင်း ဘာဖြစ်နေတာ စ ?7 (4 (။ (။ (၅။ (။။ ပ္ရွ 7? တုံး ဆိုတော့ “ဟာ... ကျွန်တော် မျက်စိလည်ပြီး လမ်းမှားနေတာပါလို့ ပြောတော့ “မင်းနာမည် ဘယ်လို ခေါ်သတုံးလို့ မေးတော့ သူက (။။ 7?။ ဗ ပ မြ။ ပျု ပြောတယ်။ ပန္ထ ကတဲ့” ပန္ထကဆိုတာ မြန်မာလိုတော့ လမ်းပဲ။ မောင်လမ်း ပေါ့။ မောင်လမ်းက လမ်းမှားနေတာ မြင်ရတော့ ဟာ ...ဘယ်နယ်တုံး။ ( ပ (. ပူ (။ (။ (။ (။ (။
မင်းဟာ မောင်လမ်းလို့လည်းဆိုတယ် လမ်းလည်း မှားနေတယ်။ မောင်လမ်း (။) (။ (။ {. (။ (၂) ပြ (။ (၂ ဆိုပြီး ဘယ်နယ်ကြောင့် မျက်စိလည် လမ်းမှားရတုံးဆိုတာ သူက
ငေါက်ပြန်တယ်။ “ဟာ့ . . . ကောင်ရ နာမည်ဆိုတာ ပညတ်ပဲ။ သူမှည့်ချင်သလို မှည့်တာ။ မောင်လမ်း လမ်းမမှား ရဘူးလားလို့” သူ့ကို ငေါက်လွှတ် လိုက်တယ် ဒီတင်...တစ်ခါတည်း သူ ကောင်းကောင်း သတိတရား ရသွားတယ် လောကနာမည်ဆိုတာ ပညတ်ပဲဆိုတာ သူကောင်းကောင်း သတိတရား ရသွားတယ်။
အဲဒါနဲ့ သူစိတ်ပျက်ပြီးတော့ ဆရာကြီးဆီ ပြန်လာတယ် ဆရာကြီး ပြန်လာတော့ “ဘယ့်နှယ်တုံးဟေ့။ နာမည်ကောင်းကောင်း ရခဲ့ရဲ့လား” ဆိုတော့ “ဟာ... .ဆရာကြီး လမ်းမှာ ဇီဝက မောင်သက်ရှည်လည်း သေတာ ပဲ၊ ဓနပါလီဆိုတဲ့ သူဌေးမကလည်း မွဲတာပဲ။ မောင်လမ်းဆိုတဲ့ ပန္ညက ကလည်း လမ်းမှားနေတယ်။ အဲဒီတော့ တော်ပြီဆရာကြီး၊ ကျွန်တော့ နာမည်နဲ့ ကျွန်တော် ရှိပါစေတော့ဆိုတော့[1” ဆရာကြီးက “အေး... လောကမှာ နာမည်ဆိုတာ ပညတ်ပဲ။ အရေးမကြီးဘူး။ အရေးကြီးတာက ကိုယ့်ကံ ကောင်းတဲ့ကံလုပ် ရင် ကောင်းတာပဲ။ မကောင်းတဲ့ကံ လုပ်ရင် မကောင်းဘူးဘဲ၊ ကံသာလျှင် ပဓာနပဲလို့” ဆရာကြီးက ဒီလို ပြောလိုက် တယ်။
ဇီဝကဉ္စ မတံ ဒိသွာ။ ဓနပါလဉ္စ ဒုဂ္ဂတံ။
ပန္တ ကဉ္စ ဝနေမုဠံ၊ ပါပကော ပုန အာဂတော။
ဇီဝကဉ္စ = ဒူ၀ကကိုလည်း။ ဝါ= မောင်သက်ရှည်ကိုလည်း1မတံ = သေ သည်ကို ဒိသွာ = မြင်ရရှ် ဓနပါလီစ = မဌေးဆိုတဲ့ မိန်းကလေးကိုလည်း ဒုဂ္ဂတံ = မွဲနေသည်ကိုး ဒိသွာ=မြင်ရရ် ပန္ထကဉ္စ = ပန္ထ္ညကခေါ် တဲ့ မောင်လမ်း ကိုလည်း ပနေမုဠံ = တောလမ်းခ်် မျက်စိလည်နေသည်ကို၊ ဒိသွာ = မြင်ရ ရ်။ ပါပကော=ပါပကဆိုတဲ့ မောင်ယုတ်မာသည်။ ပုနအာဂတော= ဆရာကြီး ထံ ပြန်လည်ဆိုက်ရောက် လာခဲ့ပေသတည်း။
အဲဒါကြောင့် ဘုန်းကြီးတို့ ဗဟိဒ္ဓမင်္ဂလာတွေဆိုတာ တကယ့် မင်္ဂလာ မဟုတ်ဘူး လူတွေက မင်္ဂလာဆိုထားကြလို့ တကယ့်မင်္ဂလာကတော့ အတွင်း မှာ စိတ်ထားကောင်းရင် မင်္ဂလာပဲ။ စိတ်ထားမွန်မြတ်ရင် မင်္ဂလာပဲ။ မေတ္တာ။ ကရုဏား၊ မုဒိတား ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ စိတ်ထဲ ထားနိုင်ရင် မင်္ဂလာပဲ။ ဒါကြောင့် ယနေ့ မွေးနေ့မင်္ဂလာအခါသမယမှာ
ကုသိုလ်ကောင်းမှုတွေပြုတာ တကယ့်မင်္ဂလာ။ အဲ့ဒီ မင်္ဂလာသာလျှင် တကယ့်ကောင်းကျိုးကို ဖြစ်စေတတ်တယ်။ ဒါကြောင့် ယနေ့ လှူကြ။ ဒါန်းကြ ဒါနမင်္ဂလာ ပြုကြ အင်္ဂါ ငါးပါးနဲ့ ပြည့်စုံတဲ့သီလ ဆောက်တည်ကြ။ သီလမင်္ဂလာပြုကြ တရားစာပေ နာကြားကြ၊ အဲဒါတွေထက် ကောင်းတဲ့ မင်္ဂလာ ရှိဦးမှာလား။ ဒါကြောင့် အဲဒီမင်္ဂလာမျိုးတွေဖြစ်အောင် ကြိုးစားကြ ပါလို့ တိုက်တွန်းလိုက်ရပါသတည်း။
(သာဓု သာဓု သာဓု)
နိုင်မာလင်းမွေးနေ့ ဆွမ်းအနုမောဒနာ ၁၃၄၆ - ခု၊ တော်သလင်းလပြည့်ကျော် (၄) ရက် (၁၃-၉-၈၉)
ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက် ဦးအေး အိမ်၌ ဟောကြားသော တရားတော်
ယခုလို သာသနာတော်ကြီးကို အမှီပြုပြီး မိမိတို့မှာ များစွာသော ဒါန၊ သီလ စသော ကုသိုလ်တရားတိုးပွားအောင် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ သာသနာတော်ကြီး ဟာ မွန်မြတ်တယ်။ ကောင်းမြတ်တဲ့ သာသနာတော် ကြီးဖြစ်တယ်။
ထိုသာသနာတော်ကြီးဆိုဘာဟာ ဘာကြောင့် မွန်မြတ်တယ်လို့ ဆိုနိုင်သတုန်း။ ဒီသာသနာတော်ကြီးကို မွန်မြတ်တယ်လို့ ဆိုတယ်။ ဘာကြောင့် ဒီသာသနာတော်ကြီးကို မွန်မြတ်တယ်လို့ ဆိုနိုင်သတုန်းဆိုတော့ တကယ့် ထူးခြားတဲ့ တရားတော်တွေ ရှိနေလို့၊ အဲဒီတရားတော်တွေ ရှိနေသောကြောင့် သာသနာတော်ကြီး ဟာ မွန်မြတ်တဲ့ သာသနာတော်ကြီး) အဲ ကောင်းမြတ်တဲ့ တရားတော်တွေအများကြီး ရှိတယ်။ သတိပဋ္ဌာန်တရားတွေ ရှိတယ် သမ္မပ္ပဓာန်တရားတွေ ရှိတယ်။ က္လဒ္ဓိပါဒ် တရားတွေ ရှိတယ်။ ဗိုလ်တရားတွေ ရှိတယ် က္ဂန္ဒြေတရားတွေရှိတယ်။ ဗောဇ္စျင်တရားတွေရှိတယ်။ မဂ္ဂင်တရား တွေရှိတယ်
တရားထူး။ တရားမြတ် ဗောဓိပက္ခိယတရားတွေ ဒီသာသနာတော် ကြီးမှာ ရှိတယ်။ ဒါထက်မက ဒီသာသနာတော်ကြီးမှာ ထူးမြတ်တဲ့ ပုဂ္ဂိုလ် တွေလည်း ရှိတယ် အဲ ...သောတာပတ္တိမဂ်ရပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ရ ပုဂ္ဂိုလ်' သကဒါဂါမိမဂ်ရပုဂ္ဂိုလ်' သကဒါဂါမိဖိုလ်ရပုဂ္ဂိုလ်' အနာဂါမိမဂ်ရ ပုဂ္ဂိုလ် အနာဂါမ်ဖိုရ်ပုဂ္ဂိုလ်၊ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ရပုဂ္ဂိုလ်တွေ ဒီ သာသနာတော်ကြီးမှာ ရှိနေကြတယ်။ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ် ကလည်း တကယ့် ဘုရားရှင်ကိုယ်တော်မြတ်အစစ်၊ တရားတော်ကလည်း
တကယ့် တရားစစ် တရားမှန် သံဃာတော်ကလည်း တကယ့် အစစ်အမှ၊ သံဃာတော်တွေရှိတဲ့ သာသနာတော်ကြီးမို့လို့ မွန်မြတ်တဲ့ သာသနာတော်ကြီး အဲဒီ . .သာသနာတော်ကြီးကို မိမိတို့က စောစောကလည်း ချီးမြှောက် ခဲ့ကြ ထောက်ပံ့ခဲ့ကြ။ လှူခဲ့ကြ၊ ဒါန်းခဲ့ကြ၊ သာသနာတော်ကြီးမှာ ဘုရာ တရားတော်ကို မိမိတို့ ရိုက်နှိပ်ဖြန့့ဝေပြီးတော့ ဒါလည်း စီးပွားရေးအကြောင် ပြချက်ကြောင့် လုပ်တာဖြစ်ပေမည့် အဲ ...ထူးမြတ်တဲ့ တရားတော်တွေက်ု တို့ပူဇော်ရတယ်လို့ ဒီလို ...စိတ်ကောင်း။ နလုံးကောင်းထားပြီးတော့ မိမိတို ဘုရားတရားတော်တွေကို ရိုက်ကြ၊ နှိပ်ကြ၊ ဖြန့်ဝေကြ အဲသလို ...ပြုတိုင်း ပြုတိုင်း ဒါ ...ကုသိုလ်တွေအမျိုးမျိုး တိုးပွားနေတယ်။ ဘုရားတရားတော်တွေက ဘယ်တရားတော်နဲ့မှ ယှဉ်မရအောင် ထူးမြတ်တဲ့ တရားတော်တွေမို့လို့ ထူးမြတ်တဲ့အကြောင်းလေး သာသနာတော် ကို တန်ဖိုးထားပြီးတော့ မွန်မြတ်တဲ့အဖြစ်ကို အာရုံပြုမိအောင် ဘုန်းကြီးက အကြောင်းအရာလေးတစ်ခု အကျဉ်းချုံးပြီးတော့ နည်းနည်း ပြောရဦးမယ်။ အဲ... ရှေးအခါက ကာရဏပါလီဆိုတဲ့ ပုဏ္ဍားကြီးတစ်ယောက် ရှိတယ်။ ပုဏ္ဍားကြီးတစ်ယောက် ဝေသာလီပြည်မှာ လိစ္ဆဝီမင်းတို့ရဲ့ အလုပ် အကိုင်တွေ ကို လုပ်ပေးနေရတဲ့ ဆောင်ရွက်မွှေးကြုုင်တဲ့ရနံ့ ရနေတယ်။ တကယ့်မွှေးကြိုင် သင်းပျံ့တဲ့အရသာကို ရနေသလို ထို့အတူပဲ ရှင်ဂေါတမရဲ့ တရားတော်ကို ဘယ်လိုပဲ နာရ နာရ။ ဘယ်လိုပဲ ကြားရ ကြားရ ဘယ်နည်းနဲ့ပဲ သိရ သိရ အဲဒီတရားတော်ကနေပြီးတော့ နှစ်သက်ခြင်းကို ရနေတယ်။ ဝမ်းမြောက်ခြင်းကို ရနေတဲ့အကြောင်း ပိဂိယာနိပုဏ္ဍားကြီးက ကာရဏပါလီကို ဆက်ပြောနေတယ်။
သူသိတဲ့ တရားသဘောတွေ တရားတွေရဲ့ မွန်မြတ်ပုံ၊ နှစ်သက်ဖွယ် ကောင်းပုံး အရသာရှိပုံတွေကို သူက ပြောပြနေတယ်။ သူတစ်ပါး နှစ်သက် သဘောကျအောင် ပြောပြနိုင်လောက်အောင် ဒီလောက် သူ့အရည်အချင်း တက်လာတယ်18 နောက် အဲ ...အိုအရှင် အင်တန် မကျန်းမမာ ရောဂါနှိပ်စက် ခံနေရတဲ့ ယောက်ျားတစ်ယောက်ဟာ အင်မတန် ကျွမ်းကျင်လိမ္မာတဲ့ သမားတော်ကြီးတစ်ယောက်နဲ့ တွေ့တဲ့အခါ အဲ... သူရဲ့ ဆိုးဝါးလှတဲ့ ရောဂါဟာ မကြာခင်ပျောက်ပြီးတော့ ကျန်းမာပကတိ ရှိသွားသလို ထို့အတူ
ရှင်ဂေါတမရဲ့ တရားတော်ကို ဘယ်နည်းနဲ့ နာရ၊ နာရ။ ဘယ်လို နာရ နာရ အဲဒီတရားတော်မှာ အဲ... စိုးရိမ်ခြင်း၊ ပူဆွေးခြင်း ကိုယ်ဆင်းရဲခြင်း။ စိတ်ဆင်းရဲခြင်း အစ ရှိသောတရားတွေ ကင်းပြီးတော့ ချမ်းသာရတယ်။
အို .. .အမောင် ခရီးပမ်းလာတဲ့ ယောက်ျားတစ်ယောက် တစ်ကိုယ်လုံး ပူလောင်နေတဲ့ ယောက်ျားတစ်ယောက်ဟာ အင်မတန် အေးမြကြည်လင်တဲ့ ရေတွေရှိနေတဲ့ ဆိပ်ကမ်းသာကြီးရှိတဲ့ ကန်ကြီးတစ်ကန် တွေ့ရတဲ့အခါ အဲဒီ ကန်ကြီးထဲ ဆင်းပြီးတော့ အဲ... ရေကို စိတ်ကြိုက်အားရပါးရ ရေကို သုံးဆောင်ရ။ ရေကို ချိုးရတဲ့အခါ သူ့တစ်ကိုယ်လုံး ပူလောင်မှုတွေ ကင်းပျောက် ပြီးတော့ ကြီးမားတဲ့နှစ်သက်မှု အေးမြချမ်းသာမှုတွေ ခံစားရသလို ထို့အတူပဲ ရှင်ဂေါတမရဲ့ မွန်မြတ်သောတရားတော်ကို ဘယ်လိုနည်းနဲ့ နာရ။ နာရတဲ့အခါ စိတ်ချမ်းသာမှု) ကိုယ်ချမ်းသာမှု* ဒီတော့မှ လက်ဝဲဘက် ပခုံးထက်မှာ ခြုံထည်လေးတင်ပြီးတော့ လက်ယာဒူးထောက်လျက် ဘုရားသခင် ကိုယ်တော်ခြတ်ရှိရာ ဦးတည် အာရုံပြုပြီးတော့
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿနဲ့ နမော တဿ ပဏာမကို ရွတ်ဆိုပြီးတော့ ဥဒါန်းကျူးရင်းဖြင့် အရဟတော နတ်၊ ဗြဟ္မာ လူ သုံးဘုံသူတို့ါ ပူဇာဝိသေသကို ခံယူတော်မူထိုက်သော၊ သမ္မာ သမ္ဗုဒ္ဓဿ - ဥေယျငါးဖြာ လေးသစ္စာကို ဆရာ မရှိ ကိုယ်တော်တိုင်အမှန် အတိုင်း သိတော်မူသေား တဿ ဘဂဝတော ကုဿာရိယ ဓမ္မယသ သိရီကာမ ပယတ္တကုန်လုံး ဘုန်းခြောက်စုံနှင့် ပြည့်စုံတော်မူသော ရှင်တော် မြတ်ဘုရားအား နမော၊ ရိုသေမြတ်နိုး ရှိခိုးကန်တော့ခြင်းသည် အတ္ထု ဖြစ်ပါစေသတည်း
အဲ ... နမောတဿ ပဏာမနဲ့ နမောတဿ ပဏာမနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမြဲတမ်း သီလယူတဲ့အခါလည်း ရှိခိုးကြ၊ ဘုရားရှိခိုး တဲ့အခါလည်း ရှိခိုးကြ၊ အဲ .. .ဥဒါန်းကျူးခဲ့တယ်။ ဒါဟာ... ရှေးက ဥဒါန်းတစ်ရပ်။ ထိုထို ပုဂ္ဂိုလ်ကြီးတွေ ဆင်းရဲလို့ ဘုရားရှင်နဲ့ ကြုံရတဲ့ အခါမှာ စိတ်ချမ်းသာမှုရတဲ့အခါမှာ အားရဝမ်းသာ အားရ ရွှင်မြူး ကြည်နူး ဝမ်းသာ ကျူးရင့်ကြတဲ့ ပဏာမဂါထာ တစ်ရပ် ဥဒါန်း တစ်ရပ်။
အဲဒီ ... ဥဒါန်းဟာ ဂုဏ်တော်တွေ အတော်စုံစုံလင်လင် ပါပြီးတော့ အင်မတန်နှစ်သက်ဖွယ်ကောင်းတဲ့ ပဏာမမို့လို့ ရှေးကဒီလိုပဲ ဥဒါန်း ကျူးရင့်ခဲ့ကြတယ်4။ ယခုခေတ်လည်း သူမပါရင် မပြီး အဲ... အဲဒီလို ပမာဏမျိုးလည်း နမော တဿဆိုတတ်ရုံမျှလေးနဲ့ တင်းတိမ်မနေကြရဘူး။ အနက်လေး ဘာလေး ကျက်မှတ်ပြီး အနက်ပါဆိုပြီးတော့ ပူဇော်ကြရတယ်။ တကယ်တော့ အနက်လေးပါတော့ ဘုရားရှင်အပေါ်မှာ ပိုပြီးတော့ ကြည်ညို ကြရတယ် ကြည်နူးကြရတယ်။ အဲ... ဝမ်းသာကြရတယ်။ ဒါကြောင့် လောကမှာ သိပြီးတော့ အလုပ် လုပ်ရတာကောင်းတယ်။ မသိဘဲ အလုပ် လုပ်ရတာ သူများ ပြောသလို ပြီးသွားတယ်။ သိပြီး လုပ်ရတော့ အဲဒီစာ။ အဲဒီ စာပေ။ အဲဒီစကားရဲ့အဓိပ္ပာယ် သိပြီးတော့ ပိုပြီးတော့ စိတ်ရွှင်မြူး ကြည်နူးပြီးတော့ ရှိခိုးကြရတယ်။ ရှိခိုးနိုင်တဲ့အဖြစ် ရောက်ကြရတယ်။
အဲဒီတရားတော်တွေဟာ ဒါ ... ဘုန်းကြီးတို့အနည်းမျှသာ ထုတ်ပြ လိုက်တာ။ ဘုရားရှင်ကိုယ်တော်မြတ်တရားတော် ကြားနာရလို့ ချီးကျူး ခဲ့ကြရတယ်4 ဂုဏ်တင်ခဲ့ကြတယ်။ အားရရွှင်မြူး ကြည်နူးဝမ်းသာလို့ ချိးကျူးခဲ့ကြ ဂုဏ်တင်ခဲ့ကြတဲ့ ချိးကျူးချက်။ ဂုဏ်တင်ချက်တွေဟာ အများကြီးပဲ
အေး... အဲဒီလို တရားတော်ဟာ အင်မတန် မွန်မြတ်တဲ့ တရားတော် တွေ အဲဒီတရားတော်တွေကို ထိုင်နေရင်းနဲ့ ရမှာမဟုတ်ဘူး။ ကြိုးစား ကြရခှား
တစ်ခါတုန်းက ကဏ္ဍကမေဂ္ဂလာနပုဏ္ဏားကြီးဆိုတာ ရှိတယ် အဲဒီ ပုဏ္ထားကြီးက ဘုရားရှင်ကိုယ်တော်မြတ်ကို ပြဿနာတွေ မေးတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောကြားလို့ အင်မတန် နှစ်သက်ဝမ်းသာမှု ကြုံရတယ်။ ကြုံရတော့ ဘုရားရှင်ကို လျှောက်ထားတယ်။
“ မြတ်စွာဘုရား၊ မြတ်စွာဘုရား တရားတော်ကို နာရလို့ အရှင်ဘုရား တရားတော်ကို နာကြားရတဲ့ ပုဂ္ဂိုလ်တွေဟာ အကုန်လုံး နိဗ္ဗာန် ရောက်ကြ ပါသလား ဘုရား” လို့ လျှောက်ထားလိုက်တဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က “အဲ . ..ပုဏ္ဍားအချို့ကလည်း ရောက်ကြတယ်။ အချို့ ကလည်း မရောက်ကြဘူးပေါ့ 1” “သြော်...အဲ ...ရှင်တော်မြတ်ဘုရားရဲ့
နိဗ္ဗာန်ကလည်း အထင်အရှား။ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကလည်း အထင်အရှား ထိုတရားတော်ကို ညွှန်ကြားတော်မူတဲ့ အရှင်ဘုရားကလည်း အထင်အရှား။ သို့ပါလျက်သားနဲ့ အချို့က ရောက်ကြတယ်။ အချို့က မရောက်ကြဘူးဆိုတာ ဘယ်လိုပါတုန်းဘုရား1” “အဲ ...ပုဏ္ထား ဒီနေရာမှာ သင့်ကိုပဲ ပြန်မေးရဦးမယ်။ အဲ ... သင် ရာဧဂြိုဟ်ပြည်ကြီးကို သိသလား” “သိပါတယ်ဘုရား၊” “အဲဒီ ... ရာဇဧဂြိုဟ်ပြည်ကြီး ခရီးကို သင်ညွှန်ကြား နိုင်သလားလို့”မေးတော့ “တပည့်တော် ညွှန်ကြားနိုင်ပါတယ်ဘုရားလို့ ” လျှောက်လိုက်တယ်။
“အဲဒီတော့ ယောက်ျားတစ်ယောက်ဟာ သင့်ထံ လာပြီးတော့ ရာဇဂြိုဟ်ပြည် သွားလမ်း မသိလို့ ရာဇဂြိုဟ်ပြည်ကြီးကို ဘယ်လို သွားရပ့ မတုန်းလို့” မေးတဲ့အခါ သင်က ဘယ်ကနေ ဘယ်သွား သင်က ဘယ် သွားရင် ဘယ်ရောက်လိမ့်မယ်။ အဲဒီကနေ ဆက်သွားရင် ဘယ်ရောက် လိမ့်မယ်။ အဲဒီကနေ ဆက်သွားရင် ရာဇဂြိုဟ်ပြည်ကြီးကို ရောက်လိမ့် မယ်လို့ ညွှန်ကြားလိုက်မယ်။ “အဲဒီ ... သင်ရဲ့ ညွှန်ကြားခံရတဲ့ ယောက်ျား ဟာ သင်၏ ညွှန်ကြားတဲ့အတိုင်း မဟုတ်ဘဲနဲ့ နောက်ကြောင်းပြန်ပြီး လှည့် လာတယ်။ တစ်ယောက်ကတော့ သင့်ကိုလာပြီးတော့ မေးတယ်။ ရာဇဂြိုဟ်ပြည် လမ်းကို မေးတယ် အဲဒီပုဂ္ဂိုလ်ကတော့ သင်ညွှန်ကြားတဲ့အတိုင်း သွားတယ်”
အဲဒီနှစ်ယောက်မှာ တစ်ယောက် က ရာဇဂြိုဟ်ပြည် ရောက်တယ်။ ကျန်တစ်ယောက်ကတော့ ရာဇဂြိုဟ်ပြည် မရောက် အဲသလို ဖြစ်ရတာ ဘာကြောင့်တုန်းဆိုတော့ “အဲ ...တပည့်တော် ဘာတတ်နိုင်မှာတုန်းဘုရား။ တပည့်တော်က ညွှန်ကြားရုံသာ ညွှန်ကြားနိုင်တာ1” “အေး ...ပုဏ္ဍား အဲသလိုပဲ နိဗ္ဗာန်လည်း အထင်အရားရှိ။ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း တွေလည်း အထင်အရာားရှိ၊ အဲဒီ . ..လမ်းကောင်းပေါ် ရောက်အောင် ညွှန်ကြား တဲ့ ငါဘုရားလည်း အထင်အရှားရှိစါ။ သို့သော် ငါ ဘုရားက လမ်းညွှန်ရုံသာ။ ရောက်တာ မရောက်တာကတော့ ငါဘုရား ဘာတတ်နိုင်မှာတုံး”လို့ မိန့်ကြားတော်မူခဲ့တယ်။
အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ သာသနာတော်မှာ အင်မတန် ထူးခြားတဲ့ နိဗ္ဗာန်တရားတော် အထင်အရှား ရှိတယ် နိဗ္ဗာန်ရောက်ကြောင်း
မဂ္ဂင် အစရှိသော လမ်းကောင်းတွေလည်း အထင်အရှားရှိတယ်။ ညွှန်ကြား တော်မူတဲ့ ဘုရားရှင်ကိုယ်တော်မြတ်နှင့်တကွ ဘုရားရှင်ရဲ့ တပည့်သား သံဃာတော်တွေလည်း အထင်အရှား ရှိတယ်။ အဲဒါကြောင့် တို့တစ်တွေ အခွင့်မသာ သာအောင် နိုးနိုးကြားကြားနဲ့ ကြိုးစားပြီးတော့ နိဗ္ဗာန်ရောက် ကြောင်း လမ်းကောင်းကြီး လိုက်ပြီးတော့ နောက်ဆုံး မိမိတို့ နိဗ္ဗာန်ရအောင် ကြိုးစားကြစို့ဆိုတဲ့ အာသီသတွေ ထားပြီးတော့ ထားတဲ့အတိုင်းလည်း အခွင့်သာတိုင်း သာတိုင်း ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ပညာရှိ ပဏ္ဍိတ တရားတော် (ဆက်သွယ်ရေးဝန်ကြီး ဦးစိုးသာအိမ်၌ ဟောကြား)
ဝနိုကြီး ဦးခိုးသာအိခ်စ္စံ တောကြားသည့် တရားတော် သမ္ပာဒေထပွမာဒေန ပမာဒေါ ဒုက္ခကာရဏံ အပ္ပမာဒေါ၀ သုခဿ ကာရဏန္တ် ဝိဇာနိယ။
ပမာဒေါ။ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ ပေါ့ဆ ပမာဒဆိုသော တရားသည်။ ဒုက္ခကာရဏံ။ ပဋိသန္ဓေ အို၊ နာ။ သေရေး ဘေးဒုက္ခ အပုံပုံ တွေ့ ကြုံရခြင်း၏ အကြောင်းရင်းစစ် တကယ်တမ်း ဖြစ်ပါပေ၏ အပ္ပမာဒေါဝ၊ ကုသိုလ်ကောင်းမှုတို့ဉွ် မမေ့မလျော့ မပေါ့မဆ အပ္ပမာဒ ဆိုသော တရားသည်သာလျှင်၊ သုခဿး မဂ်ချမ်းသာ။ ဖိုလ်ချမ်းသာ နိဗ္ဗာန် ချမ်းသာအထိ ချမ်းသာမျိုးစုံစါ ကာရဏံ) ရရာရကြောင်း အကြောင်းရင်း စစ် တကယ်တမ်းဖြစ်ပါပေ၏။
က္ကတိ။ ဤသို့ မေ့လျော့ခြင်းသည် ဒုက္ခဖြစ်ကြောင်း မမေ့မလျော့ခြင်း သည် ချမ်းသာခြင်းအကြောင်းဟူရဤ် ဝိဇာနိယ၊ အမှန်အတိုင်း သိကြကုန်ရွ်။ အပ္ပမာဒေန။ မမေ့မလျော့ မပေါ့မဆ အပ္ပမာဒဆိုသော တရားဖြင့်၊ သမ္မာ ဒေထ။ ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော သီလ၊ သမာဓိ၊ ပညာ သိက္ခာသူံးရ် အကျင့်ခြတ်တို့ကို ကိုယ်စိကိုယ်၄ ပြည့်စုံအောင် ကျးပမ်းကြ ပါကုန်ဒါ။
(သာဓု သာဓု သာဓု)
၄၀၀ 5 စ သပြေဂ ၂ ----
အဲ ... မေ့လျော့ခြင်းသည် ဒုက္ခဖြစ်ကြောင်း။ အေး... ကုသိုလ် ကောင်းမှုတွေပြုဖို့ သတိမရ။ မေ့လျော့နေကြရင် ဟော... ကောင်းမှု မပါတော့ ဒုက္ခရောက်ကြမယ် နောက်ဘဝ ဒုက္ခရောက်ကြမှာ။ ကောင်းမှုတွေ ပါကြတဲ့ ပုဂ္ဂိုလ်တွေသာ နောက်ဘဝအတွက် ချမ်းသာကြမယ်။
ဒါကြောင့်မို့လို့ ကုသိုလ်တွေပြုဖို့ သတိမရ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခြင်းသည် ဒုက္ခဖြစ်ကြောင်း အဲ အပ္ပမာဒေါဝ။ မမေ့မလျော့ မပေါ့မဆ အပ္ပမာဒ တရားလက်ကိုင်ထားရ မမေ့မလျော့ မပေါ့မဆသော ပုဂ္ဂိုလ်သည်သာလျှင် သုခဿ။ မဂ်ချမ်းသာ။ ဖိုလ်ချမ်းသာ။ နိဗ္ဗာန်ချမ်းသာ အထိ ချမ်းသာမျိုးစုံဓါ ထ ကာရဏ ရရာရကြောင်း အကြောင်းရင်းစစ် တကယ်တမ်း ဖြစ်ပါပေ၏ အဲ... လောကမှာ တကယ့်ချမ်းသာသုခကို ရနေကြတဲ့ပုဂ္ဂိုလ်တွေ နောက်ဆုံး တကယ့် မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာတိုင်အောင် များမြောင်လှစွာသောအကျိုးတရားတွေရတဲ့ ပုဂ္ဂိုလ်တွေရှိလို့ အဲဒီပုဂ္ဂိုလ် တွေဟာ မမေ့ကြဘူး။ အလှူရေစက် လက်နှင့်မကွာ လျူနိုင်တန်းနိုင်ကြတယ်။ အဲ သီလ သီတင်းတွေ ဆောက်တည်ကြး တတ်စွမ်းသမျှ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြ စသည်ဖြင့် ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။
မမေ့မလျော့ကြတဲ့ ပုဂ္ဂုုလ်တွေသာ အဲ သူတို့ရဲ့ မမေ့မလျော့ခြင်း ဆိုတဲ့ အပ္ပမာဒတရားကသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ တိုင်အောင် ချမ်းသာအမျိုးမျိုး ကောင်းကျိုးတွေကို ဖြစ်စေတတ်တယ်။
မစ္ဆေရာစ ပမာဒါစ ဧဝံ ဒါနံ န ဒီယျတိ။
မစ္ဆေရာစ၊ မပေးရက်လို့ သဝန်တိုသဖြင့်လည်းကောင်း။ ပမာဒါစ။ မေ့လျော့ခြင်းကြောင့်လည်းကောင်း၊ ဧဝံ၊ ဤအကြောင်း နှစ်ရပ်ကြောင့်။ ဒါနံ၊ အလှူဒါနကို၊ နဒိယျတိ၊ မပေးဖြစ်ဘဲ ရှိပါပေ၏ 1
ဟော... အလှူဒါန မပေးဖြစ်ကြောင်း မစ္ဆေရ နှမြောဝန်တိုခြင်း ကြောင့်လည်း အလှူဒါန မပေးဖြစ်ဘူး ပမာဒ မေ့လျော့ခြင်းကြောင့်လည်း အလှူ ဒါန မပေးဖြစ်ဘူး။ နမြောတော့ မနမြောဘူး သို့ပေမဲ့ ဝတ်မှု။ စားမှ အကြြားမှုတို့ခ်သာ အားပြုပြီးတော့ ကုသိုလ်ကောင်းမှုတို့ဒ်ကျတော့ သတိ မရဘူး မေ့လျော့နေကြတယ်။
အဲ . .. အဲသလို မေ့လျော့နေကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒါနမပြုဖြစ် ဘူး ဟော ....ယခု မိမိတို့ ရက်ရက်ရောရော မတွန့်မဆုတ် လျူနိုင်တန်းနိုင် ပူဇော်နိုင်ကြတယ်။ အဲ ...ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့တဲ့ အပ္ပမာဒ တရား ထင်ရှားရှိနေကြတယ်။ အဲဒါကြောင့်မို့လို့ ယနေ့ မနှမြောလို့။ ရက်ရောလို့ မတွန့်တိုလို့ အဲ... မမေ့မလျော့လို့ ယခုလို လှူနိုင်တန်း နိုင်ကြ၊ ပူဇော်နိုင်ကြ၊ ကုသိုလ်တွေ ပွားနိုင်ကြ၊ အားထုတ်နိုင်ကြ၊ ဒါနတွေ ဖြစ်ကြ သီလတွေ ဆောက်တည်ကြး ကုသိုလ်ကောင်းမှုတွေ အများကြီး ဖြစ်ကြတယ်။
ပုညံ အာကခံမာနေန။
ဒေယျံ ဟောတု ဝိဇာနတာ။
ပုညံ။ ကုသိုလ်ကောင်းမှုကို၊ အာကခံမာနေန၊ လိုလားတောင့်တ သော၊ ဝိဇာနတာ။ ကျိုးကြောင်းသိမြင် ပညာရှင်သည်/။ ဒေယျံ၊ အလှူဒါန မှန်သမျှကို လှူအပ်၊ ပေးအပ်၊ စွန့်ကြဲအပ်သည်။ ဟောတု။ မုချမသွေ ဖြစ်ပါပေသတည်း။
အေး ...မနှမြောကြ။ မမေ့ကြဘူး။ အဲ . .. နှမြောခြင်း' မစ္ဆရိယကို မိမိတို့က နှိမ်နင်းနိုင်ကြတယ်။ မေ့လျော့ခြင်း ပမာဒကို နှိမ်နင်းနိုင်ကြတယ်။ တွန်းလှန်နိုင်ကြတယ်။ အဲဒါကြောင့်မို့လို့ ယနေ့ မိမိတို့ ၀တ္ထုဒါနပ္ပဲ။ ဆွမ်း အလှူတော်ပွဲ အလှူဒါနပ္ပဲတစ်ခု ချမ်းသာအောင် ဆောင်ရွက်နိုင်ကြတယ်။ ဘာကြောင့် မနှမြောကြ၊ ဘာကြောင့် မမေ့ကြတုန်းဆိုတော့ မိမိတို့မှာ သဒ္ဓါ တရားတွေ ရှိကြတယ် သဒ္ဓါတရားရှိကြတော့ ယုံကြည်တယ်။ ကုသိုလ် ကောင်းမှုတွေဟာ တို့ကို ချမ်းသာပေးလိမ့်မည်။
အဲ... ဤဘဝမှာလည်း ချမ်းသာပေးနှိုင်တယ်။ နောက်ဘဝမှာ လည်း ချမ်းသာပေးနိုင်တယ်။ ကုသိုလ်ကောင်းမှုတို့က အလှူဒါနဆိုတာ အဲသလို မိမိတို့မှာ ယုံကြည်ချက် အပြည့်အဝ ရှိကြတယ်။ အဲဒီ ယုံကြည်ချက် သဒ္ဓါတရား တွန်းအားပဲ။ အဲဒီသဒ္ဓါတရား တွန်းအားပေးလိုက်တဲ့အတွက် ကြောင့် မိမိတို့မှာ အဲ...ဒါနတွေး သီလတွေး ဘာဝနာတွေ။ ကုသိုလ်တွေ ယနေ့ဖြစ်ပြီးတော့ သွားကြတယ်။
ဒါကြောင့် သဒ္ဓါတရားဟာ အင်မတန် အရေးကြီးတဲ့တရား၊ အဲဒီ သဒ္ဓါတရားကို မိမိအမှီပြုလို့ ကုသိုလ်တွေအများကြီး ဖြစ်ပွားကြရတယ်။ အပမတ္တော ဥဘော အတွေ။
အဓိဂ္ဂဏှာတိ ပဏ္ဍိတော။
အပ္ပမတ္တော။ မမေ့မလျော့သော၊ ပဏ္ဍိတေား ပညာရှိသော ပုဂ္ဂိုလ် သည်။ ဥဘဘောအတွ္ထေ။ ပစ္စုပ္ပန်အကျိုး တမလွန်အကျိုး အကျိုးနှစ်ပါး တို့ကို၊ အဓိဂဏှာတိ။ ကောင်းစွာပိုင်ပိုင် သိမ်းယူနိုင်ပါပေသတည်းဆိုတဲ့ ဘုရားရှင် ကိုယ်တော်မြတ် ဒေသနာတော်အရ သဒ္ဓါတရားရှိရင် မမေ့ဘူး။ အဲ... မမေ့မလျော့တဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝအကျိုး နောင်တမလွန်အကျိုး အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်တယ်။
အဲ... ဒိဋ္ဌ ဓမ္မေ စယော အတ္ထော ယောစတ္ထော သမ္ပရာယိကော အတ္ထာဘိသမယာ ဓီရော ပဏ္ဍိတောတိ ပဝုစ္စတိ ဒိဋ္ဌေဓမ္မေ - မျက်မှောက်ဘဝ ယောအတွ္ထောစ - အကြင် အကျိုးစီးပွားသည်လည်းကောင်း၊ သမ္ပရာယိကော - တမလွန်ဘဝဥ််ဖြစ်သော ယော အတ္ထောစ- အကြင်အကျိုးစီးပွားသည်လည်းကောင်း၊ အတ္ထိ- ရှိစ အတ္ထာ ဘိသမယာ - မျက်မှောက်အကျိုး၊ တမလွန်အကျိုး အကျိုးနှစ်ပါးကို ရခြင်းကြောင့်၊ ဓီရော- ပညာဉာဏ်ရှိသောပုဂ္ဂိုလ်ကို၊ ပဏ္ဍိတောတိ -ပဏ္ဍိတ ဟူရွ်၊ ဝုစ္စတိ - ကောင်းစွာသတ်မှတ် မိန့်ဆိုအပ်ပါပေသတည်း။ အဲ... လောကအကျိုး၊ သံသရာအကျိုး၊ မျက်မှောက်အကျိုး၊ တမလွန်အကျိုး အကျိုးနှစ်ပါးကိုရတဲ့ပုဂ္ဂိုလ်ဟာ ပဏ္ဍိတ ပဏ္ဍိတလို့ ဘုရားရှင်ကိုယ်တော်မြတ် ဘွဲ့ပေးတော်မူတယ်။ အဲ ... ဒိပြင် အတတ်တွေ ဆိုင်ရာ မတတ်တာကို ရှိပါစေဦးတော့။ အဲ... မျက်မှောက်ဘဝ အကျိုး၊ တမလွန်အကျိုးရအောင် ကြိုးစားမယ်ဆိုရင် ပဏ္ဍိတပဲ။ တကယ့်ပညာ အထူးတွေ ဘာတွေ တတ်နေရတာမဟုတ်ဘူး အဲ ယနေ့ မိမိတို့က အကျိုးနှစ်ပါးကိုရခြင်းကြောင့် ပဏ္ဍိတ ပညာရှိကြတဲ့ ပုဂ္ဂိုလ်တွေ။
ပညာရှိကြသောကြောင့်ပဲ မျက်မှောက်ဘဝအကျိုးလည်း မိမိတို့ ပြည့်စုံအောင် ဆောင်ရွက်ခဲ့ကြတယ်။ တမလွန်ဘဝအကျိုးလည်း ပြည့်စုံ အောင် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ အဲ... မျက်မှောက်ဘဝအကျိုးဆိုတာ ဟာ လောကမှာ မိမိတို့စီးပွားတွေ တိုးတက်အောင်။ ချမ်းသာတွေ တိုးတက် အောင် ဆောင်ရွက်နိုင်ကြတယ်။
အဲသလို . .. စီးပွားတွေ တိုးတက်အောင်။ ချမ်းသာတွေ တိုးတက် အောင်။ ဆောင်ရွက်နိုင်ခြင်းဟာ ပြည့်စုံနိုင်ခြင်းဟာ မိမိတို့ မျက်မှောက်ဘဝ အကျိုး ပြည့်စုံနေလို့ဖြစ်တယ်။ အဲ... တမလွန်ဘဝအကျိုး ပြည့်စုံတယ် ဆိုတာဟာ ယခုလို ကုသိုလ်တွေပြုကြ၊ ဒါနတွေပြုကြ။ သီလတွေ ဆောက်တည် ကြ၊ အဲဒီ ကုသိုလ်တွေပြုခြင်းဟာ တမလွန် ဘဝအကျိုး ပြည့်စုံတာ။ နောက်နောက်ကလည်း တစ်သက်တာလုံး မိမိတို့ပြုခဲ့တဲ့ ကုသိုလ်တွေ အများကြီး၊ အဲသလို ပြုခဲ့ကြတဲ့ ကုသိုလ်တွေက တမလွန်ဘဝအကျိုး၊ ဒီတော့ မိမိတို့မှာ ယခုဘဝ မျက်မှောက်အကျိုးတွေ ပြည့်စုံကြတယ်။ တမလွန်ဘဝ အကျိုးတွေလည်း ပြည့်စုံကြ1 ပြည့်စုံကြတော့ အေး .. ပဏ္ဍိတလို့ အဲသလို ပုဂ္ဂိုလ်ဟာ တကယ့်ပဏ္ဍိတ ဘုရားရှင်ကိုယ်တော်မြတ် က ပဏ္ဍိတဘွဲ့ ပေးတော်မူခဲ့တယ်။
ဒါ ကြောင့်မို့လို့ အဲ . .. ရှေးရှေးဘဝက ဒီလိုပဲ မိမိတို့မျက်မှောက်ဘဝ အကျိုး တမလွန်ဘဝအကျိုးတွေ ပြည့်စုံအောင် ဆောင်ရွက်ခဲ့ကြ ပုဗ္ဗေစ ကတပုညတာဆိုတဲ့ ရှေးဘဝက ကုသိုလ်အထူး ဆည်းပူးအားထုတ်ခဲကြလို့ ယခုဘဝမှာ လူသာမန်တွေထဲက မဟုတ်ကြဘဲနဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ အဖြစ်နဲ့ အဲ လူ့ဘဝမှာ တင့်တင့်တယ်တယ် ဖြစ်ကြရတယ်။ အဲ ယခုဘဝ တစ်ခါ ပုဗ္ဗေစကတပုညတာဆိုတဲ့ ကုသိုလ်ကောင်းမှု အထူးတွေ ဆည်းပူး ကြပြန်တော့ နောက်ဘဝကျပြန်တော့လည်း ထူးထူးခြားခြား ပုဂ္ဂိုလ်ထူး။ ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြလိမ်မယ်။
အဲသလို . .. ပုဂ္ဂုုလ်ထူး၊ ပုဂ္ဂုုလ်မြတ်တွေ ဆက်ကာ ဆက်ကာ ဖြစ်ပြီးတော့ နောက်ဆုံး ပုဗ္ဗေစကတပုညတာဆိုတဲ့ ရှေးဘုန်း ရှေးကံက မိမိတို့ဘဝကို မြှင့်ပေးဖို့၊ အဲ ... နောက်အခါမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုတဲ့ လူ့ဘဝမှာ အထွတ်အထိပ် ချမ်းသာ၊ မိမိတို့ တကယ်လိုလားရတဲ့
ချမ်းသာ။ အဲဒီ ချမ်းသာကြီးကို မုချပိုင်ပိုင် ရနိုင်ကြလိမ့်မည်လို့၊ အဲ မိမိတို့ ယနေ့ပြုရတဲ့ ကုသိုလ်ကောင်းမှု အားလုံးတို့မှာ ယုံကြည်ချက်ထားပြီးတော့ အဲ ဒီကုသိုလ်အထူးတွေကို ပြန်ပြန်အောက်မေ့ပြီးတော့ နစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန် သတည်း။
(သာဓု သာဓု သာဓု)
ကရားတော်ပြီး၏။
မရဏဿတိကထာ
ဇီဝံ - ရုပ်နာမ်နှစ်ချက် အသက်ဇီဝိတသည် အဓုဝံ- တစ်နေ့လျှင် ပျက်ရမလွဲ မမြဲပါတကား1။
ငါ့သက်ဇီဝ တည်မရခဲ့ မုချသေချာ တစ်နေ့ခါပျက်မှာ မလွဲပါတကား။
၂] မုဝံ မေ မရဏံ မေ - ခန္ဓာဘိဇ္ဇန အန်စ္စဖြင့် စိတ်မချရသော ငါ၏ မရဏံ-ဤဘဝမှ လျောကျစုတေ အခြေမလှ သေရခြင်း သည်။ ဓုဝံ ရှောင်မရသာ ခွာမရမြဲ မလွဲမုချပါ တကား။
မရဏမင်း သူ.လက်တွင်းသို့ သက်ဆင်းရမှာ ငါ့အတွက်သာ ရှောင်ဓွာ မရပါတကား။
၃1 အဝဿံ မယာ မရိတဗ္ဗမေ၀ မယာ-သေမင်းအစာ ခန္ဓာဖက်မိ အသက်ရှိနေသော ငါသည် အဝ၀ဿံ - လွတ်နိုင်ဖို့ရေး မြှော်တွေးမမြင် စင်စစ်အမှန်ပင်။ မရိတဗ္ဗမေင - အခြေမလှ သေရမည်မှာ ကျိန်းသေပါ ဧကန်မှုချပါတကား။
၄ မရဏံ မေ ဘဝိဿတိ မရဏမင်း သူ့.လက်တွင်းသို့ သက်ဆင်းရမှာ မလွဲသာသည် သူငါကြုံရ သဘာဝမို့ ဤငါတွက်တာ . - တစ်နေ့ခါ သေမှာ မလွဲပါတကား။
၄၀၆ အ သပြေဂ
၅။ဇီဝိတံ မေ နိရုဇ္စိဿတိ
ရုပ်နာမ်နှစ်ချက် ငါ့အသက်မှာ မပျက်ရှည်ကြာ မတည်သာခဲ့ သေခါချိန်ရောက် သရုပ်ဖောက် ချုပ်ပျောက်လိမ့်မည်သာတကား/။
၆။ ယထာယံ မတော တထာ မယံ မရိဿာမ
ဤ (ဦးဖြူ)သည် ဇီဝန်ပျက်ကြွေ အခြေမလှ သေခဲ့ရသို့ ထို့အတူသာ ငါတို့မှာလည်း ခန္ဓာရွှေ့ရ သေနေ့ကျ သေရမည်ချည်းပါတကား။
ကာယော သန္ဒိဟိတာပါယော
သမ္ပဒါ ခဏ ဘရာ။
သမာဂမော သာပဂမော
သဗ္ဗမုပ္ပာဒိ ဘင်ုရံး၊ (ပဉ္စတန္ကြ )
၁4 အများသတွာ ကိုယ်ခန္ဓာကား
ရောဂါရန်စွယ် အန္တရာယ်အသီးသီး ဖျက်အဆီးဖြင့် ပျက်စီးဖို့ရာ နီးလှစွာ သူငါကြောက်လန့်ဖွယ်တကား။ ရ့
၂၅ စုကြဆောင်းကြ သိမ်းဆည်းကြသည့်
ဓနဥစ္စာ ရတနာလည်း မကြာရှည်ကြ တစ်ခဏဖြင့် ကုန်ရပျောက်ရ။
အဆုံးကျ စွန့်ရမှချည်းပါတကား။
၃4 အိမ်မြေလယ်ယာ ရတနာသီးသီး
သားသမီးနှင့် ဇနီးချစ်လင် ခင်မင်နွဲကြ တွဲသမျှ ကွဲ ရနောက်ဆုံးပါတကား။
၄။ သတာသင်္ခါရ ဖြစ်သမျှတို့ ကာလရှည်ကြာ မတည်သာခဲ့ ဖြစ်လာပျက်ရ အနိစ္စ လောက သဘောပါ တကား။
၅၈ အသက်ဇီဝိန် ကိုယ့်ငွေ့.ရှိန်နှင့် ဝိညာဉ်မန ဤသိုံးဝတို့ လုံးဝစွန့်ခွာ ဤအခါခဌံ ခန္ဓာသမုတ် ဘူတရုပ်ကား သရုပ်မမှန် မြေသုဿာန် ဧကန်ဆိုက်ရမည်။
၆၂ ဘယ်သက်ရွယ်မှာ ဘယ်ရောဂါနှင့် ဘယ်ခါကာလ ဘယ်ဒေသ သေရမည်တာ တို့သူငါ မှန်စွာ မသိပါတကား)
ဂု၊ မြေ ရေ လေ မီး ဓာတ်ကြီးလေးထွေး အနေကျကျ အခြေလှရွိ မျှတနေစဉ် အသက်ရှင်လည်း အကြင်အခါ ဓာတ်လေးဖြာတို့. အာဏာဟုနိဲမြဲ ဆူပုန်တသောီ မျက်ရကျေရ ခြေမလှ သေရချေဦးမည်။
စုပေါင်း အာစရိယပူဇော်ပွဲ (တာမွေ)
ဆရာသမားတွေကို ပူဇော်ကြတယ်ဆိုတော့ အင်မတန် မွန်မြတ်တဲ့ ပူဇော်ပွဲကြီးပဲ။ အဲ ... တကယ်တော့ လောကမှာ ဆရာတွေ အများအပြား ရှိကြတယ်။ အဲဒီ ဆရာတွေကို မိမိတို့ အကုန်အစင် ဟို့ဆရာတွေပဲလို့။ အသိအမှတ်ပြုပြီးတော့ ပူဇော်ကြတာဟာ တို့ဗုဒ္ဓဘာသာတွေရဲ့ တာဝန် တစ်ရပ်ပဲ။ ဆရာတွေ အများကြီး ရှိကြတယ် လောကဆရာတွေ ပူဇော်ဖို့ဟာ မိမိတို့ရဲ့ တာဝန်ပဲ။ လေးလေးစားစား တို့ဆရာတွေလို့ အလေးအနက် ခံယူပြီးတော့ လေးလေးစားစား ရိုရိုသေသေ ပူဇော်ကြရင် မိမိတို့မှာ တာဝန် ကျေတယ်။ အဲဒါကြောင့် ဆရာတွေကို ပြည့်ပြည့်စုံစုံ သိထားကြရတယ်။
နပမဇ္စ်ိတဗ္ဗာ မာတာစပိတာစ ရတနာ
ဂရုတေသံ ပစ္စောပကာရာယ ကာတဗ္ဗံ
ပူဇနံ သဒါ 1
မာထာစ။ မွေးသမိခင် ကျေးဇူးရှင်ကို လည်းကောင်း ပိတာစ-မွေး သဖခင် ကျေးဇူးရှင်ကို လည်းကောင်းး ရတနာ ရတနာနိစ - ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး အပေါင်းတို့ကို လည်းကောင်း၊ ဂရုစ- ဆရာ သခင် ကျေးဇူးရှင်တို့ကို လည်းကောင်း နပမဇ္ဇိ တဗ္ဗာ- မမေ့အပ်။ မမေ့သင့် မမေ့ထိုက်ကြပါ ပေကုန်။ တေသံ - မိဘနှစ်ပါး။ ရတနာသသုံးပါးနှင့် ဆရာ သမားတို့ကို၊ ပစ္စောပကာရာယ - ကျေးဇူးတုံ့ပြန်မှု ပြုခြင်းငှာ၊ သဒါ - အခါခပ်သိမ်း။ ပူဇနံ - ပူဇော်ခြင်းကို ကာတဗ္ဗမေဝ- ပြုအပ်။ ပြုသင့်။ ပြုထိုက်လှပါပေသတည်း။
အထူးခြားဆုံး အာစရိယဆိုတာ။ ဒါကြောင့် တကယ့်မမေ့အပ်တဲ့ အလွန်လေးလေးစားစားပြုသောအားဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ယနေ့ ထိအောင် မိမိတို့ကို အဆုံးအမဩဝါဒတွေ ပေးပြီးတော့ ညွှန်ကြားလျက် ရှိနေတယ်
ယော ဝေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော။1
ပညတ္တော သော ဝေါ မမစ္စယေန သတ္တာ
ဘယ်သူတွေတုံးဆိုတော့ အဲ ကိုယ်ဆရာတွေ အနန္ဒာ။ ငါဘုရားဟာ အကြင် သုတ် အဘိဓမ္မာဆိုတဲ့။ ဓမ္မဝိနယဆိုတဲ့ ဝိနည်း ဒီတရားတော်တွေကို ဟောကြားတော်မူခဲ့တယ်။ ထိုတရားတော်တွေဟာ ငါဘုရား မရှိတဲ့နောက် သင်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူလိမ့်မယ်လို့။ ဆရာတွေ ဖြစ်နေကြလိမ့် မယ်လို့ အာစရိယအဖြစ်ကို ဘုရားရှင်ကိုယ်တော်မြတ်က မိမိရဲ့ အာစရိယ အဖြစ်ဟာ ပရိနိဗ္ဗာန် ဝင်စံသွားသော်လည်းပဲ မပျောက်ဘဲနဲ့ ဆက်ပြီးတော့ အာစရိယ ဖြစ်မြဲ ဖြစ်လျက် ရှိနေတယ်ဆိုတာကို ညွှန်ကြားတော်မှုခဲ့တာ အားလုး ကြားဖူးကြပါလိမ့်မယ်။
အဲ... ကြားဖူးကြပေမည့် လေးလေးနက်နက် တို့အာစရိယလို့ ခံယူတဲ့ပုဂ္ဂိုလ်ဟာ များချင်များမယ်။ အဲဒါကြောင့် မမေ့ကြရဘူး။ ဘုရားရှင်ဟာ မိမိတို့ရဲ့ဆရာအဖြစ်ကို တရားတော်တို့ဆိုတာကတော့ ပြောစရာမရှိဘူး။ ဘုရားရှင်ကိုယ်တော်မြတ်က တရားတော်တွေ ထားခဲ့တယ် ငါ . . .မရှိတဲ့နောက် သတ္တဝါတွေ တရားအဖြစ်နဲ့ ဘာဝနာ ကျင့်ကြံအားထုတ်ခြင်းဖြင့် ပူဇော်ကြဖို့ ညွှန်ကြားတော်မူခဲ့တာ တရားတော်ရဲ့ အာစရိယအဖြစ်ဟာလည်း မိမိတို့ ယနေ့ လက်တွေ့ ခံစားနေရတယ်။
အဲ ... တရားတော်ရဲ့ ညွှန်ပြတဲ့အတိုင်း ဘုရားရှင်က ထားခဲ့တဲ့ အာစရိယဆိုရတဲ့ တရားတော်တွေက မိမိတို့ကို သွန်သင်လျက် ပြသလျက် ရှိကြတယ်။ ပြသတဲ့အတိုင်း အလှူဒါန ပြုရတယ်။ သီလ ဆောက်တည်ရတယ်။ ဘာဝနာ စီးဖြန်းရတယ် စသည်ဖြင့် မိမိတို့ ကျင့်ရမည့် ဓမ္မာနဓမ္မပဋိပတ် အကျင့်မြတ်တွေကို ပြုကြရတယ်/။ အေး ...ဒါကြောင့် တရားတော်တွေရဲ့ အာစရိယအဖြစ်ဟာလည်း အထူးပြောစရာ မလိုသလောက်ပဲ။ သံဃာတော် တွေက ပြောစရာ မရှိတော့ဘူး။
ဘဂဝတော။ မြတ်စွာဘုရား၏ အပရဘာဂေး ပရိနိဗ္ဗာန် စံဝင် သွားသည်မှ နောက်ကာလမ််။ ဗုဒ္ဓ ဓမ္မ ရတနာနံ - ဘုရား၊ တရား၊ သံဃာ ရတနာနှင့် ဆက်စပ်လျက်ရှိနေပေ၏။ ဘုရား ပရိနိဗ္ဗာန် စံ၀င်သွားသည့် နောက် ဘုရား မပျောက်၊ တရား မပျောက်ခြင်းဟာ သံဃာတော်တွေရဲ့ ကျေးဇူးပေါ့ သံဃာတော်တွေ ဒီတရားတော်တွေ မပျောက်အောင် စောင့် ရှောက်ခဲ့ကြလို့ သံဃာတော်တွေရဲ့ ကျေးဇူးဟာ အထူးကြီးတယ်။ ဒါ ကြောင့် သံဃာတော်တွေရဲ့ အာစရိယအဖြစ်ကလည်း မိမိတို့အဖို့ အလွန်လေးနက် လျက်ရှိတယ် ဒါကြောင့် ဆရာတွေး ဆရာတွေကို မမေ့ကြရဘူး။ မိဘဆိုတာ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘဆိုတဲ့အတိုင်း မမေ့သင့်တဲ့ ပုဂ္ဂိုလ်တွေး တကယ့်ဆရာအဖြစ် ခံယူကြရမည့်ပုဂ္ဂိုလ်တွေ။
အဲ . .. မိဘတွေ ကောင်းလို့ရှိရင် သားသမီးတွေက ထူးခြားတာပဲ။ ဆရာသမားတွေ ကောင်းလို့ရှိရင် တပည့်သားတွေက ထူးခြားတာပဲ အဲ မိဘတွေရဲ့ ဆရာအဖြစ်ကလည်း မိမိတို့ကို ကောင်းကျိုးတွေ အများကြီး ပေးခဲ့တယ်။ ဆရာတွေကလည်း ပေးခဲ့ကြတယ်။ ဘုရားတရားတော်ကလည်း ပေးတော်မူခဲ့တယ်။ သံဃာတော်တွေကလည်း မိမိတို့ကို ဆရာအဖြစ်နဲ့ စောင့်ရှောက်ခဲ့ကြတယ်။ ချီးမြွောက်ခဲ့ကြတယ်။ ဒါကြောင့် မမေ့အပ်တဲ့ပုဂ္ဂိုလ် တွေ အစုံအလင် သိပြီးတော့ ဆင်ခြင်မိပြီးတော့ အဲဒီဆရာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ကို အခါခပ်သိမ်း လေးလေးစားစား ပူဇော်ကြဖို့ ဘုန်းကြီးက တိုက်တွန်း လိုက်ပါတယ်။
ယနေ့ မိမိတို့ကို သင်ကြားပြသပေးတဲ့ ဆရာသခင်ကျေးဇူးရှင်တို့ကို တပည့်တို့က အလေးအမြတ် လေးလေးစားစား ပူဇော်ကြတော့ အင်မတန် ဝမ်းသာစရာ ကောင်းတယ်။ ဘုန်းကြီးတို့က ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်တွေ ပူဇော်ကြတဲ့ပုဂ္ဂုုလ်တွေ တွေ့ရတိုင်း။ မြင်ရတိုင်း အင်မတန်မှ စိတ်ချမ်းသာ ရတယ်။ အင်မတန် ကြည်နူးရတယ်။ အင်မတန် ဝမ်းမြောက်ရတယ်။ သူတို့တစ်တွေဟာ ဒီလိုပူဇော်တတ်မှ ဘုန်းကြီးတို့ သာသနာတော်မှာ နောင်လာနောင်သား တပည့်သားသမီးတွေဟာ ဘုရားကို ပူဇော်ရမှန်း သိ ကျေးဇူးရှင်တွေကို ပူဇော်ရမှန်း သိပြီးတော့ ဘုရားတရားတော်အတိုင်း လိုက်နာကျင့်ကြကြလို့ မ္မာန ဓမ္မပဋိပတ်ဆိုတဲ့ ဗာရားဘော်တွေ့ကို လိုက်နာ
ကျင့်ကြံလို့ သာသနာတော်ကြီးဟာ အဓွန့်ရှည်ကြာ တည်မှာမို့လို့ ယနေ့ ကဲ့သို့ ဘုန်းကြီးတို့ မြင်ရတိုင်း မြင်ရတိုင်း စိတ်ချမ်းသာရတယ် 1။ ကြည်နူး ရတယ် အားရဝမ်းသာကြရတယ်။ နောက်နောင် သာသနာတော် အရေး တွေးပြီးတော့ ဝမ်းသာကြရတယ်။
အဲ . ..ဆရာသမားတွေ မိမိတို့ရဲ့ ဆရာသမားတွေကို ဘုန်းကြီးတို့က ယနေ့ ထုတ်ဖော်တင်ပြလိုက်ရ၊ အဲ . .. အဲတော့ ကိုယ့်ဆရာသမားတွေဆိုတဲ့ နေရာမှာ တင်ပြတဲ့ မိမိတို့ရဲ့ ဆရာသာမက မိမိတို့ကို အမျိုးမျိုးအဖုံပုံ သင်ပြခဲ့ကြတဲ့ ဆရာတွေ အများကြီးရှိကြတယ် အဲဒီဆရာတွေကို မျက်ခြေ မပြတ်ကြရဘူး။ အမြဲတမ်း သတိရှိပြီးတော့ တို့ ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ တို့ ပူဇော်ရမည့် ပုဂ္ဂိုလ်တွေလို့ သတိရှိအောင် အလျဉ်းသင့်လို့ ဆရာတွေ ပူဇော် တဲ့ပွဲမှာ ဆရာစုံအောင် ဘုန်းကြီးက တင်ပြလိုက်ရတယ်။ မာတာစ။ မွေးသမိခင် ကျေးဇူးရှင်တို့ကို လည်းကောင်း နပမဇ္ဇိတဗ္ဗာ၊ မမေ့အပ် မမေ့သင့်။ မမေ့ထိုက် ပါပေကုန်။ မိဘဆိုတာလည်း ဆရာတွေပဲ။
ဗြဟ္မာတိ မာတာပိတရော ပုဗ္ဗစရိယာတိ ဝုစ္စရေ။
အာဟုနေယျာစ ပုတ္တာနံ ပဇာယ အနုကမ္မကာ။
မိခင်ဖခင် ကျေးဇူးရှင်တို့သည် ဗြဟ္မာကြီးတွေတဲ့။ ပုဗ္ဗစရိယာတိ စုစ္စရေး လက်ဦးဆရာတို့ဟူရဤ လည်း ဆိုအပ်ကုန်ဓါ / မိဘတွေဟာ လက်ဦး ဆရာတွေ။ မိမိတို့ရဲ့ တကယ့်လက်ဦး အာစရိယတွေ။ ဆရာတွေ မမေ့ရဘူး။ အဲ .. .ဒိအပြင် မိမိတို့ကို သင်ပြ ပြသပေးတဲ့ ဆရာတွေလည်း အာစရိယ တွေ။ မမေ့သင့်တဲ့ ပုဂ္ဂိုလ်တွေ အဲ .. .လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ တွေပဲ၊ အာစရိယစာရင်းဝင်တွေ [ အဲ။ . .မိဘတွေလို မမေ့ကြရဘူး ပူဇော်ကြ ရတယ်။ ကန်တော့ကြရတယ်။ မြတ်နိုးကြရတယ်။ ပြုစုကြရတယ်။ စောင့် ရှောက်ကြရတယ်။ ၀တ္တရားရှိကြရတယ်။ အာစရိယအဖြစ်နဲ့ အသိအမှတ်ပြု ပြီးတော့ ပူဇော်ကြရတယ်။ ဆရာသမားတွေ မိမိတို့ကို သင်ပြတဲ့ ဆရာသမား တွေ အဲဒီ ...ဆရာသမားတွေလည်း အာစရိယတွေပဲ။
အဲ... ဒါတင်မက ဘုရား၊ တရား သဃာ ရတနာမြတ် သုံးပါးဟာ လည်း အာစရိယတွေပဲ။ ပူဇော်ကြရမယ်။ မြတ်နိုးရတယ်။ ပူလဇော်မှု။ မြတ်နိုးမှု မပြတ်ပြုကြရမည့် အာစရိယတွေ၊ အဲ . . .ဘုရားရှင်ကိုယ်တော်မြတ်ရဲ့
အာစရိယ အဖြစ်ဆိုတာကတော့ အားရစရာ ဒါကြောင့် ကောင်းမြတ်တဲ့ အစဉ်အလာကောင်းလေးတွေကို ယနေ့ပြုကြသလို နောင်အခါလည်းပဲ ရာရာတိုင်း မိမိတို့ဆရာတွေ ခုနပ္ပြာခဲတဲ့ ခ်မိတို့ဆရာတွေ ပူဖော်တြပြီး တပည့်တွေကလည်း မိမိတို့ ပူဇော်ရမည့် ခုန ဆရာတွေ ပူဇော်ကြပြီးတော့ အဲ . . . ပူဇော်မှုဆိုတဲ့ ပူဇာစ ပူစနေယျ အပစာယန မင်္ဂလာ ကုသိုလ်ထူးကြီး ဆည်းပူးနေကြမယ်ဆိုရင် သာသနာတော်ကြီး တော်တော်လေးနဲ့ မပျောက် နိုင်ဘူး။ အဲဒီ . . . ပူဇော်မူ အစဉ်အလာကောင်းလေး ပျောက်သွားရင် တစ်နေ့ ဘုန်းကြီးတို့ သာသနာတော်ကြီးဟာ ကွယ်နိုင်တယ်။ ဒါကြောင့် သာသနာ တော်ကြီးဟာ ပူဇာစပူဇနေယျဆိုတဲ့ မင်္ဂလာ အင်မတန်မှ အရေးကြီးပါလားလို့ အောက်မေ့ပြီးတော့ တပည့်တွေကလည်း တပည့်တွေအလိုက်၊ ဆရာတွေက လည်း ဆရာတွေအလိုက် ပူဇာစပူဇနေယျ မင်္ဂလာကုသိုလ်ထူးကြီး ဆည်းပူး အားထုတ်ကြပြီးတော့ ဘုန်းကြီးတို့ သာသနာတော်ကြီး တိုးတက်အောင်။ စည်ပင်အောင်။ သာယာအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
တရားတော်ပြီး၏။
င ဂ
တရားသည်သာ လူ့အသက် တရားတော်
ကျေးဇူးရှင်မိခင်ကြီးကို အကြောင်းပြုရွ် ယနေ့ လှူရ။ တန်းရ။ ပူဇော်ကြရာမှာ သံဝေဂလေးတွေ ဖြစ်ပွားစေရတယ်။ သေခြင်းတရားကို သူသူငါငါ သတ္တဝါမှန်သမျှ လွန်မြောက်နိုင်တဲ့ တစ်စုံတစ်ယောက်သောသူ မရှိ၂ ဘုရားရှင် ကိုယ်တော်မြတ်သော်မှ ကြုံတွေ့ရမည့် သဘာဝရို့လို ဒီ သဘာဝကို အားလုံး ကြုံရမည့် သဘောတရားကြီး၊
အဲဒီ . ..သဘောတရားကြီးကို ဒကာမကြီးကလည်း လွန်မြောက်ခြင်းဝှာ မတတ်နိုင်လို့ ယခုလို အနိစ္စ ရောက်ခဲ့ရတယ်
အားလုံး ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါး၀ ရှိနေကြရင် ဘယ်တော့မှ အဲ... မိမိတို့ ကွင်းလို့။ ရှောင်လို့ ရနိုင်တဲ့ သဘောတရား မဟုတ် တစ်နေ့ကျရင် ဒကာမကြီးကဲ့သို့ သေကြရမှာချည်းပဲ။ အဲဒီတော့ ဘာအရေးကြီးတုန်းဆိုတော့ အနေကောင်းနဲ့ နေကြရအောင်း အသေကောင်းနဲ့ သေကြရအောင် တရားရှိဖို့ အရေးကြီးတယ်။
အဲ ...လူ့ဘဝမှာ တရားသည်သာ မိမိတို့ရဲ့ အားကိုးရာ တရားသည် သာ မိမိတို့ရဲ့ မှီခိုရာ တရားသည်သာ မိမိတို့ရဲ့ ဆောက်တည်ရာ
တရားရှိရင် ဒီဘဝ နေရရင်လည်း ချမ်းသာတာပဲ။ အကယ်လို့ မနေ ရလို့ ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်ရမည်ဆိုရင်လည်း တရားရှိ ထားလို့ ထောက်တည်မှု အားကိုးရပြီး ချမ်းသာမှာပဲ။ အဲ... သုတသောမ မင်းကြီးကို ပေါ ရိသာဒက ဖမ်းဆီးပြီးတော့ ဖမ်းသွားတဲ့အခါကျတော့ ဘာမှ ကြောက်လန့်ခြင်းမရှိ။ အဲသလို မရှိတာကိုမြင်တော့ ပေါရိသာဒက မေးတယ်။ “တစ်ခြားမင်းတွေကို ကျွန်တော် ဖမ်းတယ်ဆိုရင် အင်မတန် ကြောက်ကြ။
လန့်ကြတယ်။ တွန့်ကြ ဆုတ်ကြတယ်။ အခုလို သင်မင်းကြီးမှာ ဘာမှ ကြောက်လန့်ခြင်း တွန့်ခြင်း' ဆုတ်ခြင်း ဘာမှ မရှိဘူး။ ဘယ်နှယ်ကြောင့် တုန်း” ဆိုတော့ “အေး... ငါက မင်းတို့လို လူသတ်နေတဲ့ လူမဟုတ်ဘူး။ အဲ. ..မင်းတို့လို မကောင်းမှုတွေကို ပြုနေတဲ့လူ မဟုတ်ဘူး ငါ့မှာ ကောင်းမှုတွေ အများကြီးရှိတယ်။ မိဘအပေါ်မှာ ပြုခဲ့တဲ့ ကောင်းမှု ဆရာသမားတွေ အပေါ်မှာ ပြုခဲ့တဲ့ ကောင်းမှု သမဏဗြာဟ္မဏရဟန်း) ပုဏ္ဍားတွေပေါ်မှာ ပြုခဲ့တဲ့ကောင်းမှု ကုသိုလ်ကောင်းမှုတွေက အများကြီးပြုခဲ့တာ1”
“ကုသိုလ်ကောင်းမှုတွေ အများကြီး ရှိနေတဲ့ ငါ့ဘဝမှာ ဘယ်တမလွန် ဘဝမှာ မကောင်းတဲ့ဘဝ ရောက်နိုင်ဖို့ ရှိမတုန်း၊ အဲ ...မကောင်းတဲ့ဘဝ ရောက်ဖို့ မရှိသောကြောင့် ငါ မကြောက်ဘူး”ဆိုတဲ့အကြောင်း ပြောပြတယ် အဲဒါလိုပဲ ... လောကမှာ အကုသိုလ်တွေ ကင်းအောင် ကုသိုလ်တွေဖြစ်အောင် ကြိုးစားဖို့ အရေးကြီးတယ် အကုသိုလ်တွေ ကင်းအောင် ကြိုးစားရင်း ကုသိုလ်တွေ ဖြစ်ပွားအောင်ကြိုးစားရင်း ဒီဘဝလည်း ကိုယ်ချမ်းသာခြင်း။ စိတ်ချမ်းသာခြင်း အကျိုးခံစားရမယ်။ ခုနပြောသလို မနေရလို့ ဒကာမကြီး တို့လို သွားရမည်ဆိုရင်လည်း ကွယ်လွန်ခါနီးဖြစ်စေ) နောင်ရေးတွေးလို့ဖြစ်စေ စိုးရိမ်စရာ မရှိဘူး ကြောင့်ကြစရာ မရှိဘူး။ ယခုဘဝမှာ လူကောင်း သူ ကောင်းဖြစ်အောင်နေဖို့ အရေးကြီးတယ်။
တစ်ခါတုန်းက သုဘလုလင်ဆိုတာ ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ထားခဲ့ဖူးတယ်။
“ရှင်တော်မြတ်ဘုရား . . .လောကမှာ လူတွေဟာ အမျိုးမျိုး၊ အချို့ အသက်ရှည်ကြတယ်။ အချို့ အသက်တိုကြပါတယ် ဘုရား၊ အချို့ ရောဂါ ကင်းကြတယ်။ အချို့ ရောဂါထူကြတယ်။ အချို့ ရုပ်အဆင်း အင်မတန် လှကြတယ်။ အချို့က အရုပ်ဆိုးကြတယ်။ အချို့က ဘုန်းကြီးကြတယ် အချို့က ဘုန်းကံ အင်မတန် နည်းကြတယ်။ အချို့ကြတော့ မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်ကြတယ် အချို့ကတော့ နိမ့်ကျတဲ့အမျိုးမှာ ဖြစ်ကြတယ်”
“အချို့ကျတော့လည်း ပညာရှိကြတယ်။ အချို့ကျတော့လည်း ပညာ မရှိကြဘူး။ သတ္တဝါတွေ အမျိုးမျိုးအပုံပုံ ွဲပြားခြားနားနေကြပါတယ် ဘုရား အဲသလို ကွဲပြားခြင်းရဲ့အကြောင်းဟာ ဘာပါတုန်း ဘုရား”လို့
လျှောက်ထားလိုက်တဲ့အခါကျတော့ “ကမ္မဿကာမာဏ၀သတ္တာ” မာဏ၀- လုလင်၊ သတ္တာ - သူသူငါငါ သတ္တဝါမှန်သမျှတို့သည် ကမ္မဿကာ - ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတည်းဟူသော ဥစ္စာသာ ရှိကြပါ ပေကုန်၏ (” အဲ ...ဟောကြားတော့ ရှင်တော်မြတ်ဘုရား ရှင်တော်မြတ်ဘုရား ရဲ့ တရားတော်ဟာ ကျဉ်းလွန်းပါသေးပါတယ်။ တပည့်တော်ကို အကျယ်တဝင့် ဟောတော်မူပါလို့ လျှောက်ထားတဲ့အခါကျတော့ ဘုရားရှင်က အကျယ် တင့် ချဲ့ထွင်ပြီးတော့ ဟောတော်မူခဲ့တယ်။ အဲ ... ဒီဘဝမှာ သူ့အသက် သတ်တဲ့ပုဂ္ဂိုလ်တွေဟာ သေရင် ငရဲရောက်။ ငရဲမှ လွတ်လာပြန်လျှင်လည်းပဲ အသက်တိုကြရ တယ်။
လောကမှာ တချို့ ရောဂါများကြတယ်။ တချို့ ရောဂါနည်းကျတယ်။ ဟိုဘဝက သူတစ်ပါးကို ညှင်းဆဲခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ရောဂါများ ကြတယ်။ အဲ...သတ္တဝါတွေကို မညှင်းဆဲပဲနဲ့ မေတ္တာဂရုဏာထားကြတဲ့ ပုဂ္ဂိုလ်တွေဟာ ရောဂါနည်းကြတယ်။ ဟိုဘဝက ဒေါသကြီးခဲ့တဲ့ပုဂ္ဂုုလ်တွေ အရုပ်ဆိုးကြတယ်။ ဒေါသနည်းတဲ့ ပုဂ္ဂုလ်တွေ အဆင်းလှကြတယ်။ ဟိုဘဝက သူတစ် ပါးစည်းစိမ်ကို ငြူစူတဲ့ ကုသာတရားများတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုန်းကံ နည်းကြတယ်။ သူတစ်ပါး ချမ်းသာတာကို ငြူစူခြင်းမရှိ မုဒိတာတရား ပွားများနေကြတဲ့ပုဂ္ဂိုလ်တွေဟာ ဘုန်းကံကြီးကြတယ်။
အဲ... ဟိုဘဝက သူတစ်ပါးကို ပေးလှူကြတဲ့ ပုဂ္ဂိုလ်တွေး အလှူ ဒါန ပြုကြတဲ့ ပုဂ္ဂိုလ်တွေ ပစ္စည်းဥစ္စာ ပေါများကြတယ်။ အဲ ... မပေးလျှူခဲ့။ နှမြောကြ၊ တွန့်တိုကြတဲ့ ပုဂ္ဂိုလ်တွေ ပစ္စည်းဥစ္စာဖြင့် ဆင်းရဲကြတယ်။ အဲ . .. ဟိုဘဝက ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မရိုသေကြလို့ မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မမြတ်နိုးကြတဲ့ ပုဂ္ဂိုလ်တွေဟာ ယုတ်ညံ့တဲ့အမျိုးတွေမှာ ဖြစ်ကြတယ်
အဲ . . . ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ရိုသေကြ။ မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ် တွေကို မြတ်နိုးကြတဲ့ ပုဂ္ဂိုလ်တွေဟာ မြင့်မြတ်တဲ့အမျိုးတွေထဲမှာ ဖြစ်ကြ တယ်။ အဲ ...ရဟန်းပုဏ္ယားတွေကို ချဉ်းကပ်ပြီးတော့ ဒါ ... ဒီတရားဟာ ဘယ်လိုပါတုန်းဘုရား ဒီတရားဟာ ဘယ်လိုပါတုန်းလို့ ချဉ်းကပ်ပြီးတော့ မေးမြန်းကြတဲ့ ပုဂ္ဂိုလ်တွေဟာ ပညာကြီးကြတယ်။ မေးလေ့၊ မြန်းလေ့
မရှိကြတဲ့ပုဂ္ဂိုလ်တွေဟာ ပညာနည်းပါးကြတယ်ဆိုတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ဝေဖန်ပြီးတော့ အကျယ်တဝင့် ဟောတော်မူခဲ့တော့ သုဘလုလင်ဟာ အင်မတန် သဘောကျပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် ရဲ့ တရားတော်ကို ချီးမွမ်းတော်မူခဲ့တယ်။
အဲဒါကြောင့်မို့လို့ လောကမှာ ကမ္မဿကာသတ္တါ - သူသူငါငါ သတ္တဝါ မှန်သမျျတို့ဟာ မိမိတို့ ပြုနဲတဲ့ ကုသိုလ်ကံ။ အကုသိုလ်ကံဆိုတဲ့ ကံသည် သာလျှင် ဥစ္စာရှိကြတယ်။
အဲ . ..ကံ စီရင်တဲ့အတိုင်း ဖြစ်ကြရတာပဲ။ ဒါကြောင့် ကောင်းတဲ့ အမှုကို ပြုနေတဲ့ ပုဂ္ဂိုလ်အဖို့မှာ အဲ ... ငါသေရင် ကောင်းရာရောက်မှာပဲလို့ စိတ်ထဲ ဆုံးဖြတ်နိုင်တာဖြစ်လို့ သူ့မှာ စိုးရိမ်ပူပန်မှု မရှိတော့ဘူး။ သေမှာ လည်း မကြောက်ဘူး။ နောက်ဘဝကျရင် ဒီထက်ကောင်းတဲ့ဘဝတွေနဲ့ နေရပြီးတော့ ချမ်းသာသုခတွေ ခံစားရမယ်လို့ ကြိုသိထားတော့ ဘယ်မှာ ကြောက်ဖို့ ရှိမတုန်း၊ အဲဒါကြောင့်မို့လို့ မကြောက်ဘူး။
ဒါကြောင့် . ..အရေးကြီးတာက သေခြင်းကတော့ ကြံကြရမှာချည်း ပဲ။ သူသူငါငါ သတ္တဝါမှန်သမျှ သေခြင်းသဘောကို လွန်မြောက်နိုင်ဖို့ မတတ်နိုင်ကြဘူး။ သေကြရမှာချည်းပဲ။ ဒါကြောင့် မသေခင် လူကောင်း သူကောင်းဖြစ်ဖို့ အရေးကြီးတယ်။ သူတော်ကောင်းဖြစ်နေရင် ဟော... ကောင်းတဲ့အမှုတွေကိုသာ ပြုကြတယ်။ ကုသိုလ်တွေ များစွာ ပြုကြတယ်။ နောက်ဘဝသေရင်လည်း ကောင်းရာမွန်ရာ ရောက်မှာပဲလို့ တစ်ထစ်ချ ယုံကြည်မှုရှိထားတဲ့ ပုဂ္ဂိုလ်တွေဟာ သေဖို့ တယ်မကြောက်ဘူး။ အဲဒါ ကြောင့်မို့လို့ နေရဲအောင်း သေရဲအောင် နေကြဖို့။ သေကြဖို့ ကြိုးစားကြရတယ်။
အဲ ... အရေးကြီးတာက တရားပဲ တရားသည်သာ လူ.အသက် တရားသည်သာ လူအဖို့ အသက်
တရားမရှိဘူးဆိုရင် ဒီလူဟာ အသက်ရှင်နေပေမည့် အသေပဲ။ တရားရှိရင် ဟော... လူအရှင်ပဲ။
အဲဒါကြောင့်မို့လို့ ဓမ္မတရားဆိုတာ အင်မတန် အရေးကြီးတယ်။ တရားဆိုတာ ကုသိုလ်တရား၊ ကုသိုလ်တရားရှိဖို့ အရေးကြီးတယ်။ အဲဒီ ဓမ္မလေးပါမှ မိမိတို့ဘဝဟာ စိတ်ချရတယ်။
အဲ ...လူတစ်ယောက်ဟာ ကောင်းနေတယ်။ သို့သော် ဓမ္မကြောင့် တ် စီ။ ပျူ {။ န (။. (။။ (.. (ဂ မဟုတ်ဘူး တရားကြောင့် ကောင်းနေတာ မဟုတ်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ ကောင်းခြင်းဟာ တယ် စိတ်မချရဘူး တရားပါမှ - (။ (။ ပ (။.။
ဥပမာအားဖြင့် ဘေးက ကောင်းနေလို့ မိမိက ကောင်းနေတယ်။ (ပ (။ (။ (။. ( န (ရ နျ။ (။
သို့ သော် သူတစ်ပါးက လာပြီးတော့ တစ်စုံတစ်ခု ဆဲရေးမယ်။ အပြစ်တင်မယ် (၅ (ဂ ၈ (.) (၀။ (။။။ (။ (။
ဆိုရင် ဟော... မခံနိုင်တော့ဘူး။ စိတ်ဆိုးလာတယ်။ အဲဒါ . . . ဘာကြောင့်လည်း (၂ (၉. (။ (မ (.။ (။။။ ( (. ဆိုရင် ဓမ္မကြောင့် တရားကြောင့်ဖြစ်တဲ့ သည်းခံနိုင်ခြင်းမျိုး မဟုတ်လို့ တစ်စုံတစ်ခု ဆန့်ကျင်ဘက်အကြောင်း တွေ့ကြုံလာရပြီဆိုရင် ဟော... (၂ (. [၂။
စ်တ်ဆိုးလာတယ်။
သဝတ္တိပြည်မှာ ဝေဒေဟိကာဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူ့ရဲ့ ကောင်းဂုဏ်တွေဟာ အင်မတန် ကျော်စောတယ်။ ဝေဒေဟိကာ လျ (။။ (။ (။ (။ (။ (။။ (။ (.။) ငြိမ်သက်တယ်။ အေးချမ်းတယ် တည်ကြည်တယ်။ အဲ ... ကောင်းတယ်ဆိုပြီး မ ဇု ဂ မြ ဂ။. ( မ တော့ ချီးမွမ်းကြ၊ ပြောဆိုကြ အဲ... ဝေဒေဟိကာဆိုတဲ့ အမျိုးသမီးမှာ ဝတ္တရား ကျေပွန်ပြီးတော့ အလုပ် ကောင်းကောင်းလုပ်တဲ့ ကာလီဆိုတဲ့ အစေခံမလေး တစ်ယောက်ရှိတယ်။
အဲဒီတော့ အစေခံမလေးက စဉ်းစားတယ်။ ငါ အရှင်မရဲ့ ကောင်းဂုဏ် (။။ (။။. (။
တွေဟာ အင်မတန် အပြောများကြတယ်။ သူကောင်းတာဟာ ငါကကောင်း နေလို့ သူကောင်းတာလား)။ သို့မဟုတ် သူ့အလိုအလျောက် သူကောင်းနေ တာလား ငါစမ်းကြည့်ဦးမှာပဲဆိုပြီးတော့ နောက်တစ်နေ့ နေမြင့်အောင် အိပ်လိုက်တယ်။ ဝတ္တရား အင်မတန်မှ ကျေပွန်တဲ့ အစေခံမလေးဟာ (' အိပ် (။ + (က ဂ 0။ ၀ (။
နေမြင့်အောင် အိပ်လိုက်တော့ အဲဒီမှာ ဝေဒေဟိကာက စိတ်ဆိုးတယ်။ (။ (။။ (။ (. (။
ဟဲ့ . .. ကျွန်မ ဘယ်နှယ်ကြောင့် နေမြင့်အောင် အိပ်ရသတုန်းဆိုတော့ ဘာမှ (။ {. (၂ (. [၂ (။ ပြ (။ ပြ မဖြစ်ပါဘူး သခင်မဆိုတော့ စိတ်ဆိုးသွားတယ်။ မျက်မှောင်ကျုတ်သွား တယ်။
( မ ပြ (။. မျိူ အဲဒီတော့ . . . ကျွန်မက ဟောဗျာ . .. အဲ. ..ငါ့အရှင်မ ကောင်းတယ်ဆို ။ (။။ (။။။ (။ (။ ၈ (။
တာ ငါက ကောင်းနေလို့ သူကောင်းတာပါ င) အရှင်မဟာ စိတ်ဆိုးတတ် ပါတယ်ဆိုတာ ဒီထက် ပိုသိအောင်ဆိုပြီးတော့ နောက်တစ်နေ့ကျတော့ ပ ၅“ ဂ (။ (_.) (။ {။ အိပ် (၂ (။ ပ ပြ။
ပိုပြီးအိပ်လိုက်တယ်။ အချိန်လွန်အောင် အိပ်လိုက်တော့ ဟဲ့ . . .ကျွန်မကာလီ။
ဘယ်နှယ်ကြောင့် အချိန်လွန်အောင် အိပ်ရသတုန်း၊ ဘာမှ မဖြစ်ပါဘူး အရှင်မလို့ ပြောတယ်။ အဲဒီအခါကျတော့ ပါးစပ်ပါ ပါလာတယ် ကြိမ်းမောင်း ဆဲဆိုတော့တာပဲ။ နောက်တစ်နေ့ကျတော့ ဒီထက် ပိုစောင်းဦး မှာပဲ ဆိုပြီးတော့ တန်ပြန် ပိုပြီးတော့ အိပ်လိုက်တယ် ဒီတစ်ခါကျတော့ ပါးစပ်တင် မကတော့ဘူး တံခါးမင်းထုတ် ချွတ်ပြီးတော့ ရိုက်လိုက်တာ တစ်ခါတည်း ခေါင်းကွဲသွားတယ်။
အဲဒီ .. .ခေါင်းကွဲသွားတဲ့အခါကျမှ အိမ်နီးချင်းတွေကို လျှောက်ပြီး ပြောတယ်။ ကြည့်စမ်း-
ကြည့်ကြစမ်းပါ1 ကြည့်ကြစမ်းပါ ကျွန်မရဲ့အရှင်မ ရှင်တို့ဟာ အင်မတန် ကောင်းတယ်ဆိုတဲ့ ကျွန်မရဲ့အရှင်မဟာ ကျွန်မကို ရိုက်လိုက်တာ ခေါင်းကွဲသွားပြီဆိုပြီးတော့ အရပ်လည်ပြီး သူက ပြောတယ်
အဲဒီတုန်းမှာသာ မကောင်းဂုဏ်သတင်းတွေ ထွက်လာတယ် အဲ... ဝေဒေဟိကာဟာ ဆိုတယ်။ ကြမ်းတယ်။ သည်းခံမှု မရှိဘူး စသည်ဖြင့် အပြစ်ပြောလာကြတယ်။
အဲသလို ဝေဒေဟိကာရဲ့ ကောင်းမှုဟာ ပတ်ဝန်းကျင်က ကောင်း နေလို့သာ သူက ကောင်းနေတာ။ တရားနဲ့ ကောင်းတဲ့ ကောင်းခြင်းမျိုး မဟုတ်လို့ ကြာကြာမတည်ဘူး။ ခန္တီ သည်းခံခြင်းတရား မေတ္တာ သူတစ်ပါး အပေါ်မှာ အကျိုးလိုလားတဲ့ မေတ္တာတရား၊ အဲဒီမေတ္တာတရား ခန္တီတရားတွေ ပွားလို့ ကောင်းမယ်ဆိုရင် အဲဒီကောင်းခြင်းမျိုးဟာ စိတ်ချရတယ်။ ဘယ်လို ဆန့်ကျင်ဘက်အကြောင်းတွေ ပေါ်လာ ပေါ်လာ ဘယ်လိုပဲ ဆဲဆဲဆိုဆို ဟော စိတ်မဆိုးတော့ဘူး။ တည်ငြိမ်တယ်။ အေးချမ်းတယ်။ ချမ်းသာတယ်။ ဒါကြောင့် ... လောကမှာ ကောင်းတယ်ဆိုတဲ့နေရာမှာ တရားနဲ့ကောင်းတဲ့ အကောင်းမျိုးမှ စိတ်ချရတယ်။ တရားနဲ့ကောင်းတဲ့ အကောင်းမျိုး မဟုတ်ရင် တစ်နေ့ကျတော့ မိမိရဲ့ မေတ္တာလေးတွေ။ ခန္တီလေးတွေ မြောသွားတယ်။
ဒါကြောင့်မို့လို့ လောကမှာ တရားဟာ အင်မတန် အရေးကြီးတယ် တရားရှိရင် မိမိတို့အဖို့ဟာ အေးချမ်းသာယာတယ်။ မသေသေးလို့ နေရ ရင်လည်းပဲ နေရမှာ မကြောက်ဘူး။ မနေရလို့ သေရမယ်ဆိုရင်လည်း သေရမှာ မကြောက်တော့ဘူး ငါ့မှာ ကောင်းမှုတွေ ရှိတယ်။ တရားတွေ
ရှိတယ်။ င၂မှာ ကြောက်စရာမရှိဘူးဆိုပြီးတော့ အဲ ...စိတ်အေးချမ်းစွပနဲ့ပဲ သေရဲတယ်။ ဥ
အသေလည်း ကောင်းအောင် အနေလည်း ကောင်းအောင် လောက လူတွေမှာ ဘာအရေးကြီးတုန်းဆိုရင် တရားရှိဖို့ပဲ' အဲဒါကြောင့် အဲဒီတရား ရှိသူ ဖြစ်အောင် မေတ္တာတရား ပွားများကြရတယ်။ အဲ ...သတိပဋ္ဌာန် ဘာဝနာအစရှိသော ဘာဝနာတရားတွေ ပွားများခြင်းဖြင့် မိမိတို့ဘဝမှာ တည်ငြိမ်တဲ့ သေရဲတဲ့။ နေရဲတဲ့ ပုဂ္ဂုုလ်တွေဖြစ်အောင် ကြိုးစားနိုင်ကြပါ ကုန်စေသတည်း။
(သာဓု သာဓု သာဓု)
တရားတော်ပြီး၏။
သိမ်ကျောင်းအမကြီး ဒေါ်နီရင်း ရည်စူး၍ ဦးဘကြည်အလှူ
ပရလောကဂတာ ဒါနိ) ဒေါ်နိုရင်း သာ ဥပါသိကာ။
ကိံကံတံနော အတိဝတ္တေယျ။ ဧ္ဝံ ဓမ္မာဟိ နောခိလာ။
ဒေါ်နိုရင်း ...ဒေါ်နိုရင်း မည်သေား ယာဥပါသကာ ဘုရားအမ။ ကျောင်းအမ။ သိမ်အမ။ ရဟန်းအမ စသည်ဖြင့် ဂုဏ်ပေါင်းများစွာ သာသနာ့ဂုဏ်ရည် တည်ရှိသော အကြင် ဒကာမ ဒေါ်နိုရင်းသည်။ အတ္ထိ - ရှိါ [0 သာ- ထိုဒကာမကြီး ဒေါ်နိုရင်းသည်။ ဒါနိက္လဒါနိ - ယခုအခါ်။ ပရလောကဂတာ - လွန်ခဲ့သောခုနစ်ရက်လောက်က မိမိတို့ကို စွန့်ခွာရ် ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်ခဲ့ရပါပေပြီ။ တံ- ထိုဒေါ်နိုရင်း၏ ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်မှုမျိုးကိုကော အဘယ်သို့သော ပုဂ္ဂိုလ်သည်။ အတိ၀တ္တေယျ - လွန်မြောက်ခြင်းငှာ စွမ်းနိုင်ပါအံ့နည်း နအတိ၀တ္တေယျ ဧ၀-မစွမ်းနိုင်သာလျှင်တည်း။
အခိလာ- အလုံးစုံကုန်သေား နော - ကျန်ရစ်ခဲ့ကြကုန်သော ငါတို့ သည်။ ဧဝံ ဓမ္မာဟိ ဧဝံဓမ္မာဧ၀- ဒကာမကြီးကဲ့သို့ ကွယ်လွန်ရခြင်း။ သေဆုံးရခြင်းလျှင် သဘောရှိကြပါပေကုန်သတည်း။ အဲ... သေခြင်း သဘောတရားကို ဘယ်သူမှ မလွန်မြောက်နိုင်။
သတ္ထာဒေ၀ မနုဿာန။ ဝသီ သောပိ မုနိဿရော။
ဂတောဝ နိဗ္ဗုတိံ သဗ္ဗေ၊ သင်္ခရာ န ဟိ သဿတာ)။
ဘုရားရှင်ကိုယ်တော်မြတ်သော်မှ သဘာဝကြံုရတယ်။ အနိစ္စသဘာဝ ကြုံရတယ်။ ကြုံရသောကြောင့် ပရိနိဗ္ဗာန် ဝင် စံကြွသွားခဲ့ရတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကဲ့သို့ တကယ့် ဘုန်းရှင်။ ကံရှင်။ တန်ခိုးရှင်' ဉာဏ်ရှင်
သဗ္ဗညုတဉာဏ်တော်ရှင်ကြီး အတုမရှိတဲ့ ပုဂ္ဂိုလ်ကြီး အနုတ္တရ- မိမိထက် သာလွန်တဲ့ ပုဂ္ဂိုလ်ကို ရှာမရလောက်အောင် ထူးခြားတဲ့ ဂုဏ်တွေနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကြီး။ အဲ. ..လူနတ်တို့ရဲ့ဆရာ သမ္မာသမ္ဗုဒ္ဓ လောကထွတ်ထား ဘုရားရှင်ကိုယ်တော်မြတ်သော်မှ အဲ . . .ပရိနိဗ္ဗာနဲ ဝင်စံရသေးတယ်။ သာမည ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ မိမိတို့မှာ ဘယ်မှာ ပြောစရာ ရှိတော့မတုံး သံဝေဂ ယူကြရတယ်။
အဲ ...ဒေ၀မနဿာနံ - နတ်လူတို့၏1 သတ္ထာ - ဆရာတစ်ဆူ ဖြစ်တော်မူပေသော၊ ဝသီ- သဝီတေဘာ-၅- စွမ်းအားအပြည့် သတ္တိလည်း ရှိတော်မူပေသော၊ သောမုနိဿရော - ထိုမုနိထွတ်ထား ရှင်တော်မြတ်ဘုရား သော်မှလည်း။ ပရိ နိဗ္ဗုတိ - ပရိနိဗ္ဗာန်စံဝင် ရုပ်သိမ်း ချုပ်ငြိမ်းတော်မူရခြင်းသို့၊ ဂတော၀ - နောက်မပေါ်လာ ရောက်တော်မူခဲ့ရသည်သာတည်း။
ဟိ - ရှင်တော် မြတ်ဘုရား ပရိနိဗ္ဗာန် ၀င်စံတော်မူရသည်မှာ ဖြစ်သင့်ပါပေဇ၊် / သင်္ခါရာ- ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါး၀ သင်္ခါရတရားတို့သည်။ န သဿတာ-မြဲတဲ့သင်္ခါရဟူရွှဲမရှိ4 အကုန်လုံး ချုပ်ငြိမ်းရတဲ့ အနိစ္စ တရားတို့သာ ဖြစ်ကြပါပေကုန်သတည်း။
အဲ . . .ဘုရားရှင်ကိုယ်တော်မြတ်သော်မှ အနိစ္စသဘာဝကို မလွန်မြောက် နိုင်' တကယ့် ဘုန်းရှင်။ ကံရှင်။ ဉာဏ်ရှင်။ တန်ခိုးရှင် နတ်လူတို့ရဲ့ ဆရာ သမ္မာသမ္ဗုဒ္ဓ အတုမရှိတဲ့ ပုဂ္ဂိုလ်ကြီး၊ အဲဒီ ... ပုဂ္ဂိုလ်ကြီးတောင် ပရိနိဗ္ဗာန် ဝင်စံရသေးတယ်။ ဘာကြောင့်တုံးဆိုရင် အဲ... ရုပ်နာမ်က ထင်ရှားရှိနေ သေးတယ်။ ပရိနိဗ္ဗာန်ဝင်စံမှ ရုပ်နာမ်တရားတွေ အကုန်ချုပ်ငြိမ်းသွားမှာ။
ပရိနိဗ္ဗာန် မဝင်စံရသေးတော့ ရုပ်နာမ်တရားတွေ ရှိနေသေးတယ်။ ရှိနေသေးသောကြောင့် အဲဒီ . . .ရုပ်နာမ်တွေရဲ့ အမြဲမရှိတဲ့ အနိစ္စသဘာဝကို ရှင်တော်မြတ်ဘုရားသော်မှ လွန်မြောက်ခြင်းငှာမတတ်နိုင် ကြုံတော်မှုရ တယ်။ အားလုံးသတ္တဝါတွေကတော့ ပြောစရာမရှိဘူး။ ဒါကြောင့် ဧဝံ ဓမ္မာဟိ နောခိလာ၊ အခိလာ- အလုံးစုံကုန်သော၊ နော - ဒကာမကြီး ကွယ်လွန် သွားရွှဲ ကျန်ရစ်ခဲ့ကြကုန်သော မိမိတို့သည်။ ဧဝံဓမ္မာဟိ ဧဝံဓမ္မာဧ၀ - ဒကာမကြီးကဲ့သို့ အနိစ္စသဘာ၀ မရဏသဘောကို ကြုံရမည်မှာ လွန်သေချာ မှန်စွာ မလွဲပါတကား။
အဲ ... ဒကာမကြီးက မသေချင်ပဲနဲ့ သေသွားရတယ်။
အစိန္ကီတမ္ပိ ဘဝတိ စိန္ကီတမ္ပိဝိနဿတိ သတ္တာနံ ဟိ အယံဓမ္မော(ကော)။ ကိ ဧတာ အတိဝတ္တတေ/။
အစိုန္က်တမ္ပိ- မကြံစည်ဘဲလည်း။ ဘဝတိီ- ဖြစ်ပေါ်လာတတ်ပါပေ၏။ စိန္တံတမ္ပိ - ကြံစည်ခဲ့သော၊ ရည်ရွယ်ခဲ့သော အရာသည်လည်း။ ဝိနဿတိ- ပျက်စီးတတ်ပါပေ၏ /၊ အယံ-ဤသို့ မကြံစည်ဘဲ၊ မရည်ရွယ်ဘဲ ဖြစ် တတ်တဲ့သဘော။ ကြံစည်လျက်။ ရည်ရွယ်လျက် ပျက်စီးတတ်သော သဘော သည်။ သတ္တာနံ - သူသူငါငါ သတ္တဝါမှန်သမျှတို့၏ 1 ဓမ္မောဟိ ဓမ္မောဧ၀ - ဖြစ်မြဲသဘာဝ ထုံးစံတရားသာ ဖြစ်ပါပေ၏ / တံ- ထိုသတ္တဝါမှန်သမျှ ကြုံရမည့် ထုံးစံသဘောတရားကိုး ဧတာ- ထို ဒကာမကြီး ဒေါ်နိုးရင်းသည် ကိ'အတိ၀တ္တတေ - ဘယ်မှာ လွန်မြောက်ခြင်းငှာ တတ်နိုင်ပါအံ့နည်း။ န် အတိဝတ္တတေဝန အတိ ဝတ္တတိဧ၀-အဲ- မကျော်လွှဲနိုင်။ မလွန်မြောက်နိုင် ကြုံရသမျှပါပေသတည်း။
(သာဓု . ..သာဓု . . .သာဓု . ..ဘုရား)
လောကမှာ သတ္တဝါတွေရဲ့ သဘာဝဟာ အစိန္တ်တမ္ပိ - မကြံစည်ဘဲ၊ မရည်ရွယ်ဘဲလည်း။ ဘဝတိ - ဖြစ်တတ်ပါပေ၏ / မရည်ရွယ်တဲ့အရာတွေက လည်း ဖြစ်တတ်တယ်။ စိန္တ်တမ္ပိ- ကြံစည်လျက်၊ ရည်ရွယ်လျက်သော အရာ မှန်သမျှသည်လည်း။ ဝိနဿတိ - ပျက်စီးတတ်ပါပေ၏။ ဟော- လောကမှာ သတ္တဝါတွေရဲ့ သဘောတရားတစ်ခုက မကြံစည် မရည်ရွယ်ဘဲ လည်း ဖြစ်ပေါ်လာတတ်တယ်1။1 ကြံစည်ရည်ရွယ်ပါလျက်လည်း ပျက်စီး တတ်တယ်။ ဒါ သတ္တဝါတွေရဲ့သဘော။ သတ္တဝါတွေရဲ့ ကြုံရမည့်သဘာဝ။ စောစောက ဒကာမကြီးဟာ သူသေမယ်လို့ မထင်ခဲ့ဘူး။ သူသေလိမ့်မည် လို့ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့ မမျှော်လင့်ခဲ့တဲ့ သေခြင်းသဘောတရားကို မမျှော်လင့်တဲ့ အချိန်ကြီးမှာ သွားပြီးတော့ ကြုံရတယ်။
ဒါ ...အဆန်းမဟုတ်ဘူး။ သတ္တဝါမှန်သမျှ ဒီတိုင်းချည်းပဲ။ ကြုံ ရမည့် နိယာမသဘာ၀ကြီး၊ ဘယ်သူမှ လွန်မြောက်မှာ မဟုတ်ဘူး အဲ... ဒကာမကြီးရဲ့ မွေးနေ့အလှူတော်ကြီး လှူရတော့မယ်ဆိုပြီးတော့ ဒီ
ရည်ရွယ်ချက်နဲ့ မသေရမည့်ပုံအနေမျိုးနဲ့ လျှို့တန်းမို့ပဲ စိတ်ရှိတယ်' လှူဖို့ တန်းဖို့ပဲ စီစဉ်တယ်။ စီမံတယ်။ ဆောင်ရွက်တယ်
အမျိုးမျိုး ဒီအလှူကြီးအတွက် ကြံရွယ်ခဲ့။ ဆောင်ရွက်ခဲ့ ဆောင်ရွက် နေတုန်း အဲ ...စိန္တီတမ္ပိ - ကြံရွယ်ခဲ့တဲ့ အလှူကြီး၊ အလ္ဂူကြီး လှူမယ်လို့ ကြံရွယ်ခဲ့တဲ့ ကြံည်ချက်သည်လည်း။ ဝိနဿတိ - ပျက်စီးရပါပေ၏ / အဲ . .. အထမမြောက်ခဲ့ဘူး ထူးထူးခြားခြား လျူဖို့တန်းဖို့ ကြံရွယ်ခဲ့တဲ့]) စီစဉ် ခဲ့တဲ့၊ စီမံခဲ့တဲ့ အလှူကြီး၊ ပြီးအောင် မလှူခဲ့ရဘူး။ အလှူကြီး စီစဉ် နေတုန်းမှာပဲ အဲ... ကံကြမ္မာအလျောက် ဘဝတစ်ပါး ပြောင်းသွားခဲ့ရ တယ်။ ဒါတွေဟာ မိမိတို့ကို တရားပြသွားတာပဲ။ အဲဒီတော့ အဲ... ကုသိုလ်တွေပြုမယ် သီလတွေ ဆောက်တည်မယ်။ တရားဘာဝနာ ကြိုးစား အားထုတ်မယ်စသည်ဖြင့် အဲ ကြံစည်ကြပေမည့် ကြံစည်တိုင်း မမြောက် တတ်ဘူး။ ဒီတော့ အချိန်မဆွဲကြရဘူး။
အဇ္စေ၀ ကိစ္စမာတဗ္ဗံ' ကော ဇညံ မရဏံသုဝေ။
နံ ဟီ နော သင်္ကရံ တေန။1 မဟာသေနေန မစ္စုနာ။
အဇ္ဇေ၀ - မနက်ဖြန်သန်ဘက် ရက်မရွှေ့ဘဲ ယနေ့ပင်လျှင် အာတဗ္ဗံ - သမ္မပ္ဂဓာန် - လုံ့လဝီရိယမျိုးကို၊ ကိစ္စံကာတဗ္ဗံ - မနားမနေ ပြုသင့်ပြုထိုက်လှ ပါပေဇစါ] သုဝေ - မနက်ဖြန်ခါကျတော့း မရဏံ - နေရဦးမည်။ သေရဦးမည် ကို ကော အဘယ်ပုဂ္ဂိုလ်သည်။ ဧညာ - အတတ်သိနိုင်ပါအံ့နည်း။ မနက်ဖြန် သန်ဘက်ခါ ရက်မရွှေ့နဲ့၊ သမ္မပ္ပဓာန် - လုံ့လဝီရိယတွေ အားထုတ်မှုကို ရက်မရွှေ့ချင်ကြနဲ့။ အဲ အာတပ္ပံ သမ္မပ္ပဓာန် - လုံ့လဝီရိယမျိုးကို၊ အဇ္စ္ဇေ၀ - ရက်မရွှေ့ခြင်း ယနေ့ပင်လျှင်၊ ကိစ္စ ကာတဗ္ဗံ - မနားမနေ ပြုသင့် ပြုထိုက် လှပါပေ၏ 1 သမ္မပ္ပဓာန် - လုံ့လဝီရိယဖြင့် ကြိုးစားရမယ်တဲ့။ အနုပ္ပန္နနံ ပါပကာနံ အနုပ္ပါဒါယ ဝါယမော- မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်အောင် ကြုံးစားကြရတယ်။ ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယမော- ဖြစ်ပြီးတဲ့ အကုသိုလ်၊ ဖြစ်နေတဲ့ အကုသိုလ်တွေ ရှိရင် အဲဒီ အကုသိုလ်တွေ ကို အဲ...ကုန်အောင် သုတ်သင်ပြီး ဖယ်ရှားပစ်ရမယ်။
အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယဝါယမော - မဖြစ်သေးတဲ့ ကုသိုလ် တရားတွေ ဖြစ်ပေါ်လာအောင် ကြုံးစားကြရမယ်။ ဥပ္ပန္နာနံ ကုသလာနံ ဘိ
ယျောဘာဝါယ ဝါယမော - ဖြစ်ပြီးသော ကုသိုလ်တရားတွေ တိုးပွားအောင် ကြုံးစားကြရတယ်။ သမ္မပ္ပဓာန် - လုံ့လဝီရိယမျိုးနဲ့ အဲ ...ဒီဝီရိယလေးမျိုး ကို ဘုရားရှင်ကိုယ်တော်မြတ်က မနက်ဖြန် သန်ဘက် ရက်မရွေ့ခြင်းဘဲနဲ့ ယနေ့ပင်ဆိုတဲ့ အသွင်မျိုးနဲ့ အဲ...ရက်မရွှေ့ဘဲနဲ့ ဒါတွေ ပြည့်စုံအောင် ကြိုးစားဖို့ မိန့်ကြားတော်မူခဲ့တယ်။
ဘာကြောင့် ဒီလောက် အရေးတကြီး အဲ . . .မိန့်ကြားရသတုံးဆိုတော့ အဲ . . ဒကာမကြီးကို ကြည့်ပါ။ သူမျှော်လင့်ခဲ့တဲ့အရာတွေ ဘာမှ မဖြစ်ဘူး။ သူမျှော်လင့်ခဲ့တဲ့ ကုသိုလ်ပွဲကြီး သူကိုယ်တိုင် ကိုယ်ကျ မပြုလိုက်ရဘူး။ မမီလိုက်ရဘူး။ အဲဒါဟာ. ..သတ္တဝါတွေရဲ့ ကြုံရမည့် သဘာဝပဲ အဲဒါ ကြောင့်မို့လို့ အေး... ကော ဇညံ မရဏံ သုဝေ- ယခုပဲ မဆိုင်းမတ္ပဘဲနဲ့ လျင်လျင်မြန်မြန် ပြုကြပါလို့ ငါဘုရား ဘာလို့ တိုက်တွန်းရသတုံးဆိုတော့။ သုဝေ - နက်ဖြန်ခါကျတော့ မရဏံ - နေရဦးမည်၊ သေရမည်ကို ကော အဘယ်မည်သော ပုဂ္ဂိုလ်သည်။ ဇညာ-။- အတတ်သိနိုင် ပါအံ့နည်း။ ဟော အကြောင်းပြတယ်။ ကိုယ်တော်မြတ် ယနေ့ပင် ရက်မရွှေ့ဘဲနဲ့၊ သမ္မပ္ပဓာန် - လုံလဝီရိယတွေ ထူထောင်ကြလို့ မိန့့ကြားတော်မှုတာဟာ- အဲ ဘာကြောင့် မိန့်ကြားတော်မူရ။ တိုက်တွန်းတော်မူရတုံး ဆိုတော့ ကော ဇညံ မရဏံ သုဝေ - မနက်ဖြန်ခါကျတော့ နေရဦးမည် သေရမည်ကို ဘယ်သူမှ အတတ် မသိနိုင်ဘူး။
မသိနိုင်ဘူးဆိုတာကို အခု ဒကာမကြီးကလည်း ပြခဲ့ပြီ သူ ရည်ရွယ်ခဲ့တဲ့အတိုင်း မဖြစ်။ သူ ကြံစည်ခဲ့တဲ့အတိုင်း မမြောက် အဲ... မမြောက်ဘဲနဲ့ လမ်းခုလတ်ကနေပြီးတော့ ကျဆုံးခဲ့ရတယ်။ အဲဒါဟာ သက်သေပဲ။ မိမိတို့သက်သေအဖြစ်နဲ့ ခံယူပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ် ရဲ့ ယနေ့ပင် ကြိုးစားကြဆိုတဲ့ အဲ... ဒီအမိန့်တော်ကြီးကို ဒကာမကြီးက လက်တွေ့ ပြသွားပြီ။ ဘာကြောင့် မနက်ဖြန်ခါ နေရဦးမည်။ သေရမည်ကို မသိနိုင်ဘူးလို့ ဘုရားရှင်ကိုယ်တော်မြတ်က အကြောင်းပြတယ်။ ဘာကြောင့် အကြောင်းပြ အေး ...
နဟိနောသင်္ကရံတေန။ မဟာသေနေန မစ္စုနာ။
ဟိ-- ထိုသို့ လျင်လျင်မြန်မြန် အားထုတ်ဖို့ .တိုက်တွန်းတော်မူရ
သည်မှာ ဖြစ်သင့်ပါပေ၏ / နော- ငါတို့အဖို့။ မဟာသေနေန - ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနဉ်် များပြားလှစွာသော သေမင်းစစ်သည်တွေ ရှိနေသော တေနမစ္စုနာ- ထို သုံးဆယ့်တစ်နိုင်ငံ ပိုင်ဆိုင်စိုးနင်း ရှင်သေမင်းနှင့်' နော- ငါတို့အဖို့ သင်္ကံရံ- အချိန်းအချက်သည် တစ်နေ့ကျမှ ခေါ်ပါ ယခုတော့ မသေပါရစေ နဲ့ဦး။ ဆိုင်းပါဆိုတဲ့ အဲသလို အချိန်းအချက်မျိုးသည်။ န နော အတ္ထိ - မရှိရိုး ဧကန်အမှန်စင်စစ် ဖြစ်ပါတော့သည်သာလျှင်တည်း 1
(သာဓု သာဓု သာဓု)
အဲ .. .သေမင်းရဲ့စစ်သည်တွေဟာ အများကြီး၊ ကိုယ်တွင်းမှာ ဖြစ်တဲ့ စစ်သည်တွေ အများကြီး ရောဂါတွေ။ ရောဂါတွေ ကိုယ်တွင်းမှာ ကိုးဆယ့် ခြောက်ပါးဆိုတဲ့ရောဂါ တွေ ကိုးဆယ့်ရှစ်ပါးဆိုတဲ့ရောဂါတွေ။ အဲဒီ ရောဂါ တွေဟာ သေမင်းစစ်သည်တွေချည်းပဲ။ သူတို့က တစ်နေ့ကျရင် တိုက်မှာပဲ။ သူတို့ အခွင့်သာရင် ဒီခန္ဓာကိုယ်ကြီး ပျက်စီးအောင် တိုက်ဖျက်ကြမှာပဲ။
အဲ... အပရန်သူတွေဆိုတာလည်း ကားတိုက်လို့ သေမလား။ သင်္ဘောနစ်လို့ သေမလား လေယာဉ်ပျက်လို့ သေမလား စသည် ဘေးအန္တ ရာယ်တွေကလည်း ဤခေတ်ဤအခါမှာ အင်မတန်များလှတယ်။ အဲဒီ ...အပအန္တ ရာယ် တွေကလည်း သေမင်းရဲ့ စစ်သည်တွေပဲ။
အဲဒီအန္တ ရာယ်တွေနဲ့လည်း မကြံဘူးလို့ မပြောနိုင်ဘူး ဒါကြောင့် မို့လို့ အဲ...သေမင်းရဲ့ စစ်သည်တွေဟာ အတွင်းရော။ အပြင်ရော ဝိုင်းလို့ ရံ လို့၊ အုံလို့ နည်းတဲ့စစ်သည်တွေ မဟုတ်ဘူး။ အဲဒီစစ်သည်တွေက အချိန်။ မရွေး။ အခါမရွေး ကြုံနိုင်ကြတယ်။ အဲသလို ကြုံရတဲ့အခါကျတော့ အဲ... ခုနပြောတဲ့ တရားအားထုတ်ဖို့ အခွင့်မရတော့ဘူး။ ဒါကြောင့်မို့လို့ ဒကာမကြီး က သက်သေပြသွားတယ်။ ကြံတိုင်း မဖြစ်ဘူး။ ရွယ်တိုင်း မမြောက်ဘူး။ ကြုံးစားကြ၊ ကြိုးစားကြ အဲ... မသေခင်က၊ သေမင်းကြီး မခေါ်ခင်က ကြိုးစားပြီးတော့ ကုသိုလ်တွေ များအောင်။ ပွားအောင် အားထုတ်ကြလို့ သတိပေးခဲ့ရတယ်။
အဲဒါကြောင့်မို့လို့ ယနေ့ ဒကာမကြီးက တို့တစ်တွေကို သတိပေးခဲ့ တယ်လို့ သတိသံဝေဂဖြစ်ပြီးတော့ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစား ကြရတယ်။ သံဝေဂဆိုတာလည်း ဖြစ်ကြရတယ်1။ ဒါနဲ့ စပ်ပြီး နည်းနည်း
မလးပြောရဦးမယ်။ အေး... ပါဋလိပုတ်ပြည်မှာ အရှင်နာရဒမထေရ်ကြီး သီတင်းသုံးနေတုံး။ အဲဒီ ... ပါဋလိပုတ်ပြည့်ရှင် မုန္ဒ ဆိုတဲ့ မင်းကြီးမှာ သူ အင်မတန် နှစ်သက်မြတ်နိုးတဲ့ ဘဒ္ဒါ ဆိုတဲ့ မိဖုရား ကွယ်လွန်သွားတယ်။ ကွယ်လွန်သွားတဲ့မိဖုရားကြီးကို မေ့လို့မရဘူး။ မစားနိုင်း မသောက်နိုင် မအိပ်နိုင် အလုပ် မလုပ်နိုင်ဘူး အကုန်လုံး ဘဒ္ဒါ ရဲ့ကိုယ်မှား ဘဒ္ဒါရဲ့ အလောင်း မှာ နစ်မြောနေခဲ့တယ်။
ဘယ်လောက်များတောင် အတ္တအစွဲကြီးသတုံးဆိုတော့ တစ်ခါတည်း ဒီကိုယ်ကြီးကို အမြဲမြင်ရအောင်ဆိုပြီးတော့ သံစားကျင်းကြီးလို့ခေါ်တဲ့ အခု ခေတ်မှာ ရေချိုးတဲ့ ခွက်ကြီးမျိုးပေါ့ အဲဒီခွက်ကြီးမျိုး သံခွက်ကြီး လုပ်ခိုင်း ပြီးတော့ အဲဒီအထဲမှာ ဆီတွေထည့်၊ ဘဒ္ဒါရဲ့အလောင်းကို စိမ်၊ စိမ်ပြီး တော့ အပေါ်ကာနေ အုပ်။ အဲသလို ပိယကဆိုတဲ့ မင်းကြီးရဲ့ ဘဏ္ဍာစိုးကို မင်းကြီးက ထားခိုင်းတယ်။ အဲဒီလာက် အစ္ဂဲကြီးတယ်။ ဒီတော့ ဘဏ္ဍာစိုးက စဉ်းစားတယ်။ သြော်...မင်းကြီးရဲ့ အစွဲအလမ်းဟာ အင်မတန် ကြီးလှပါလား။ ဒကာကြီးက အင်မတန် တော်တာပေါ့ ဒီလောက် မဖြစ်သေးဘူး အဲဒီ မင်းကြီး ခိုင်းလိုက်တာ နည်းတာမဟုတ်ဘူး။ အေး . ..ဒါနဲ့ ခိုင်းတော့ ခိုင်းတဲ့အတိုင်း လုပ်ပေးလိုက်တယ် လုပ်ပေးပြီးတော့ အဲ ...မင်းကြီးကို တော့ ဒီအတိုင်းထားလို့တော့ မဖြစ်ဘူး ရှင်နာရဒမထေရ်ထံ လွှတ်မှပဲ ဆိုပြီးတော့ သံတော်ဦးတင်တယ်။ အရှင်မင်းကြီး ရှင်နာရဒမထေရ်ဟာ အင်မတန် ပညာရှိတယ်။ အဲဒီ မထေရ်ကြီးထံ အရှင်မင်းကြီး ကြွပါ ဆိုတော့ ဟိုကလည်း သဘောတူတယ်။ သူကလည်း အင်မတန် ပူလောင်နေ တော့ ဒီအပူ ငြိမ်းချင်နေတာကိုး သဘောတူတယ်8 အဲဒါနဲ့ လိုက်သွားတယ်
အဲ . ..လိုက်သွားတော့ ဟိုကျတော့ ရှင်နာရဒမထေ ရ်နဲ့ တွေ့လိုက် ရှိခိုးပြီးတော့ထိုင်လျက် မင်းကြီးကို မထေရ်မြတ်က အဲ . . .မင်းကြီး လောကမှာ ရဟန်းပုဏ္ထား မာရ်တွေ။ မာရ်နတ်တွေ။ နတ်တွေ။ ဗြဟ္မာတွေ ဘယ်သူမှ မရနိုင်တဲ့အရာ ငါးမျိုးရှိတယ်။ အိုခြင်းသဘောတရားကို မအိုပါနဲ့လို့ လိုချင်လို့ မရဘူး။ သေခြင်းသဘောတရားကို မသေပါနဲ့လို့ မရဘူး။ အဲ... စိုးရိမ် ပူဆွေးခြင်းရှိတဲ့သဘောတရားကို မစိုးရိမ်ပါနဲ့၊ မပူးဆွေးပါနဲ့လို့
မရဘူး ပျက်စီးတတ်တဲ့သဘောတရားကို မပျက်စီးပါနဲ့လို့ ဒီလို တောင့်တလို့။ ရည်ရွယ်လို့ မရနိုင်ဘူး။
မရနိုင်တဲ့အရာ ငါးမျိုးရှိတယ်။ အဲဒီလို မရနိုင်တဲ့ အရာငါးမျိုးကို ကြုံရတဲ့အခါမှာ ပုထုဇဉ်နှင့် အရိယာတို့မှာ အင်မတန် ထူးခြားကွဲပြားကြ တယ်။ ပုထုဇဉ်တို့မှာ အမှန်တရားကို မစဉ်းစားတတ်ဘူး။ မစဉ်းစား တတ်တော့ သြော်...ဒီသေခြင်း သဘောတရား၊ အိုခြင်း သဘောတရား၊ နာခြင်း သဘောတရား၊ သေခြင်းသဘောတရားတို့ဟာ ငါတစ်ယောက်တည်း ကြုံရတာမဟုတ်။ သူသူငါငါ သတ္တဝါမှန်သမျှ အကုန်လုံးကြုံရတဲ့ သဘောတရား၊ ငါက မကြံံပါရစေနဲ့လို့ ရတာမဟုတ်ဘူး အဲ... ငါက ဒီဟာတွေကို အကြောင်းပြုပြီးတော့ ပူဆွေးနေမယ်။ စိုးရိမ်နေမယ်။ ငိုက္ပြေး နေမယ်ဆိုရင် ငါ့ကိုယ်ဟာ ပင်ပန်းရုံသာ ရှိတော့မှာပေါ့။ သိပ်ပြီး ပင်ပန်းရုံသာ ရှိတော့မှာပေါ့။ ပြီးတော့ ရန်သူတွေက ပျော်ကြမှာပေါ့1/ မိတ်ဆွေတွေက ဝမ်းနည်း။ ပူဆွေးကြမှာပေါ့ 1 အဲ ဒီတော့ ပုထုဇဉ်ဟာ အဲသလို မတွေးတတ်ဘူး။
မတွေးတတ်တော့ သောကဆိုတဲ့ ငြောင့်ကြီး အစူးခံရတယ်။ အဲ... အရိယာပုဂ္ဂိုလ်တွေကျတော့ အဲသလို တွေးတတ်တယ်။ သြော်. ...ဒီသေခြင်း သဘောတရား ငါတစ်ယောက်တည်း ကြုံရတာမဟုတ်။1 အားလုး သတ္တဝါ မှန်သမျှ သူသူငါငါ ကြုံရမည့်သဘောတရား။ အဲဒီသဘောတရားကို လုံးလုံး မလွဲနိုင်တဲ့ ဒီသေခြင်းတရားကြီး ကြုံရတဲ့အခါမှာ ငါပူဆွေးနေလို့ ငါငိုကြွေးနေလို့ ပြစ်လည်ရတာလည်း မဟုတ်။ အကျိုးလည်း မရှိ ငါ ပင်ပန်းရုံသာ ရှိမယ်။ မိတ်ဆွေတွေ စိတ်ပူပန်ဖို့သာ ရှိတယ် ရန်သူတွေ ဝမ်းသာဖို့သာ ရှိတယ်။ ငါ ဘာလို့ ဒီလိုသဘောတရားတွေကို ငါ တွေးနေ မတုံး။ ငါ ဆွေးနေမတုန်း၊ အဲသလို စဉ်းစားတတ်တော့ အရိယာပုဂ္ဂိုလ်တွေ အဖို့ကတော့ မပူပန်ရဘူး။ စိတ်အေးရတယ်။
အဲဒါကြောင့်မို့လို့ မဆွေးဖို့အကြောင်း ရှင်နာရဒမထေရ် တရား ဟောတော်မူတော့ “အရှင်ဘုရား ဒါဟာ ဘာတရားဘုံး။ အရှင်ဘုရား ဒီတရားဟာဘာတရားပါတုန်းဘုရား” ဆိုတော့ “အေး ...မင်းကြီး သောက ငြောင့်ကြီးနုတ်တဲ့တရားပဲလို့” မိန့်တော်မူတော့ “သြော်... အရှင်ဘုရား၊ တကယ်ပဲ သောကနတ်နိုင်တဲ့တရားကြီးပါပဲ။ ရှင်ဘုရားရဲ့ သောက နုတ်နိုင်
တဲ့ တရားကြီး နာရတော့ တပည့်တော်ဟာ ဘဒ္ဒါကြောင့်ဖြစ်နေတဲ့ အပူကြီး ငြိမ်းသွားပါပြီဘုရား/” “အဲ... ကဲ ပိယကရေ ဘဒ္ဒါအလောင်းကြီး သင််ြိုဟ်လိုက်တော့။ ငါလည်းပဲ စားတော့မယ်။ သောက်တော့မယ် အိပ်တော့မယ်။ အလုပ် ကောင်းကောင်းလုပ်တော့မယ်” ဆိုပြီးတော့ တစ်ခါတည်း ပိယကကို အကုန်လုံး ဖျက်ဆီးပစ်ဖို့တာဝန် လွှဲလိုက်တယ်။
အဲဒါကြောင့်မို့လို့ အဲ... သောက နုတ်ကြောင်းတရားဟာ တခြား မဟုတ်ဘူး။ ဘုရားသာသနာတော်မှာ ရှိတယ်။ အဲ ...ယနေ့ ဒါနတွေလည်း သောကနုတ်ကြောင်းပဲ။ သီလတွေလည်း သောကနတ်ကြောင်းပဲ။ ဘာဝနာ ဟွေကဟော့ ပြောစရာ မရှိတော့ဘူး။ တကယ့် သောကနတ်ကြောင်းတွေ။ အဲဒါကြောင့် သာသနာတော်ကြီးနဲ့ ကြုံကြိုက်တဲ့အခါမှာ မိမိတို့ အဲ... ကြိုးစားကြရတယ်။ သောကနုတ်ကြောင်းတရားတွေ မိမိတို့ရရှိအောင် ကြိုးစား ကြရတယ် ဒကာမကြီးကတော့ အထူးပြောစရာမရှိပါဘူး4 ကျောင်းအမကြီး သိမ်ကျောင်းအမကြီး၊ မုခ်ဦးအမကြီးစသည်ဖြင့် သူ့ကောင်းမှုတွေက မနည်းဘူး။ ကုသိုလ်တွေ မနည်းဘူး။ အခုလည်း သေခါနီးမှာ ကုသိုလ်တွေနဲ့ သေသွား တာပဲ။ ကုသိုလ်မပြုရဘဲနဲ့ သူ ကုသိုလ်စိတ်တွေနဲ့ စုတေသွားရတာ။ ဒါကြောင့် သူ့ဘဝကတော့ ကောင်းပါလိမ့်မည်လို့ မျှော်လင့်ကြရပါတယ်။
စိရပ္ပ္ဝါသိံ ပုရိသံ။
ဒူရတော သေတ္တ္ထိမာဂတံ။။
ညာတိမိတ္တာ သုဟဇ္စာစ။
အဘိနန္ဒန္တ် အာဂတံ။
စိရပ္ပဝါသိ' - ကြာမြင့်ရှည်စွာ ခွဲခွာရှနေသော၊ ဒူရတော - တစ်ရပ် တစ်ကျေး အဝေးအရပ်မှ၊ သောတ္ထိ - ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့်၊ အာဂတံ - ပြန်ရောက်လာသော ပုရိသံ - ဆွေမျိုးဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ကို၊ ညာတိမိတ္တာစ - ဆွေမျိုးမိတ်သဂ်ဟ အပေါင်းတို့သည်လည်းကောင်း၊ သုဟဇ္ဇာစ - သူ့ကို ချစ်ကျွမ်းဝင်ကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့သည် လည်းကောင်း အာဂတံ - ပြန်လာပါတကားဟူရ်၊ အဘိနန္ဒန္တ် - နှစ်သက် အားရ ကြိုဆိုကြလေကုန်သတည်း။
အဲ . . .ဆွေမျိုးတွေနဲ့ ခွဲခွာပြီးတော့ တစ်ရပ်တစ်ကျေး အဝေး အရပ် သွားတဲ့ ယောက်ျားတစ်ယောက်ကို ကျန်ရစ်ကြကုန်သော ဆွေမျိုးတွေ၊ သူ့ကို ချစ်ကျွမ်းဝင်ကြကုန်သော ပုဂ္ဂိုလ်တွေက ပြန်လာတဲ့အခါမှာ သြော်... ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ပြန်လာပါကလားလို့ နှစ်သက်အားရ ကြုုဆိုကြတယ်။ ဒါ ဥပမာထဲက
တထေဝ ကတပုညမ္ပိ။ အသ္မာ လောကာ ပရံဂတံ
ပုညာနိပဋိဂ္ဂဏှန္က်။ ပိယံ ညာတိ ၀ အာဂတံ
တထေဝ - တစ်ရပ်တစ်ကျေး အဝေးအရပ်က ပြန်ရောက်လာတဲ့ ဆွေမျိုး မိတ်ဆွေကို ဆွေမျိုး ချစ်ကျွမ်းဝင်ကြတဲ့ ပုဂ္ဂိုလ်တွေက ဝမ်းမြောက် ဝမ်းသာ ကြ်ုဆိုသကဲ့သို့သာလျှင်း အသာ လောကာ-ဤပစ္စုပ္ပန်ဘဝ လူ့လောကမှ၊ ပရံဂတံ - တမလွန်ဘဝသို့ ပြောင်းသွားပြီးသေား ကတပုညမ္ပိ- ပြုပြီးသော ကောင်းမှုရှိပြီးသော ပုဂ္ဂိုလ်ကိုလည်း။ ညာတိ - ဆွေမျိုးတို့သည် ပြန်ရောက် လာသော၊ ပိယံ - ချစ်ကျွမ်းဝင်သော ပုဂ္ဂိုလ်ကို ပဋိဂဏှတိက္က၀- ကြိုဆိုလက်ခံ သကဲ့သို့၊ ပုညာနိ - မိမိတို့ ပြုခဲ့ကြသော ကုသိုလ်ကောင်းမှု တို့က။ ပဋိဂဏှန္တီ -မိမိတို့ ရောက်ရာ လူ့ဘဝ၊ နတ်ဘဝက ကောင်းစွာ လှလှ ကြိုဆိုနေကြကုန်လေသတည်း။
(သာဓု သာဓု သာဓု)
သူ့ကောင်းမှု။ သူ့ကုသိုလ်တွေက နည်းတာမဟုတ်ဘူး။ ယနေ့ အထုပ် အထည်နဲ့ အများကြီး၊ ဘုန်းကြီးတို့ကျောင်းတိုက်မှာလည်း ရှိတယ်။ ဒီပြင်မှာ လည်း လှူခဲ့တန်းခဲ့တာ မနည်းဘူး။ အဲဒီလို ကုသိုလ်ရှင်တစ်ယောက်ဟာ အဲ. ..တမလွန်ဘဝ ရောက်တဲ့အခါကျတော့ သူပြုခဲ့တဲ့ကောင်းမှုတွေက သူ့ကို ကြိုဆိုနေကြမှာ သေချာတယ်လို့ စိတ်ချလက်ချ မိမိတို့ ယုံကြည်ပြီးတော့ အဲ . .. ဒကာမကြီးအတွက် စိုးရိမ်မှု၊ ပူပန်မှုတွေ အထူးမဖြစ်ကြဘဲနဲ့ သူ ချမ်းသာဖို့ရာ ယနေ့ မွန်မြတ်လှစွာသော ကုသိုလ်တွေ လှူလို့ တန်းလို့ အမျှပေးဝေခြင်းဖြင့် ဒကာမကြီးကို ကျေးဇူးပြုကြစို့။
(သာဓု သာဓု သာဓု)
တရားတော်ပြီး၏။
ခန္ဓာကိုယိမီးဝုံကြီးမှ မီးဇြိမ်းစေသောဗစ္စည်းများ တရားတော်
ဘုရားရှင်ကိုယ်တော်မြတ်သည် တကယ့်ရတနာ တရားတော်မြတ် သည် တကယ့်ရတနာ။ သံဃာတော်မြတ်သည် တကယ့်ရတနား အတု မရှိသော ရတနာသုံးပါး။ ဤသည်ကား သစ္စာစကား၊ ဤသစ္စာစကားကြောင့် အားလုံးသော အလှူရှင်များနှင့်တကွ ပရိသတ်တွေ ဘေးကင်း ရန်ကင်း အန္တ ရာယ်ကင်းရဤ ကောင်းခြင်းအဖြာဖြာ ပြည့်စုံကာ ချမ်းသာသုခ တိုးတက် ကြပါစေလို့ မေတ္တာပြု၊ သစ္စာပြုပြီး ဘုန်းကြီးတို့ မေတ္တာဘာဝနာပွားများရတယ်။
ယနေ့ သံဃာတော်အရှင်မြတ်တို့အား ဆွမ်းအလှူကို လှူဒါန်းကြ တယ် အလှူ လှူဒါန်းတယ်ဆိုရင် ဘုန်းကြီးတို့ ဒကာ ဒကာမများ တာဝန် က ဝမ်းသာကြရတယ်။ မိမိတို့အလှူကို ဝမ်းသာကြရတယ်။ ဝမ်းသာလေ ကုသိုလ် တိုးလေ ဝမ်းသာလေ ကုသိုလ်အရှိန် တက်လေပဲ။ ပုဗ္ဗစေတနာ။ မုဉ္စ စေတနာ အပရစေတနား စေတနာသုံးဖြာ ရှိတယ်။ မလှူခင်ဖြစ်နေတဲ့ စေတနာတွေက ပုဗ္ဗစေတနာ။ လ္ဂူဒါန်းဆဲ လှူတုန်းလ္ဂူခိုက်မှာ ဖြစ်နေတဲ့ စေတနာတွေက မုဉ္စစေတနာ၊ လှူပြီးနောက်လည်း မိမိတို့အလှူကို မမေ့ ဘဲနဲ့ ပြန်ပြန်အောက်မေ့နေတယ် အောက်မေ့တဲ့အခါ ဖြစ်နေတဲ့စေတနာတွေက အပရစေတနာ။/ နောက်ဆုံးမှာဖြစ်ရလို့ အပရ စေတနာလို့ ခေါ်တာ။ ကုသိုလ်ဆိုတာ ဒီအင်္ဂါသုံးပါး ပြည့်စုံမှ အကျိုးကြီးတယ်။ ကုသိုလ်အရှိန် ရှိတယ်။ အာနဘော်ရှိတယ်။ သတ္တိရှိတယ်။
ဒါနဆိုတာ အကြောင်းနှစ်ပါ။ ကြောင့် မလှူဖြစ်ဘူးတဲ့။ (မစ္ဆေရာစ - ပမာဒါစ - ဧဝံ ဒါနံနဒိယျတိ) မစ္ဆေရာစ - ကိုယ့်ပစ္စည်းကို နှမြောခြင်း က အေင ကကာ ဒကာ ကတာကျာာ ကကာ ကွာ ပု ဂျက် ယူကာ ဟာ ဗာ တပ္က
ခန္ဓာမီးပုံကြီးမှ မီးငြိမ်းစေသော ပစ္စည်းများ တရားတော်
တို့၌ ပျော်မြူးလျက် မေ့လျော့နေသောကြောင့်လည်းကောင်း။ ဧဝံ- ဤသို့ နှမြောခြင်း၊ မေ့လျော့ခြင်းဆိုတဲ့ အကြောင်းနှစ်ပါးကြောင့်။ ဒါနံ - အလှူဒါန ကို၊ နဒိယျတိ - မပေးလှူအပ်ပါပေ။
ဘုရားက ဟောတာ။ မလှူနိုင်တာ ဘာကြောင့်တုံး။ တချို့လူတွေ မလှူနိုင်ကြဘူး။ မလှူနိုင်တာ ဘာကြောင့်လဲ။ အကြောင်းနှစ်ပါးပဲ နှမြော သောကြောင့်လည်း မလှူနိုင်ဘူး။ မစ္ဆရိယ ပမာဒ - မေ့လျော့သောကြောင့်လည်း မလှူနိုင်ဘူး။ တချို့က ကိုယ့်ပစ္စည်းကို မနှမြောဘူး။ လှူချင်ကြတယ်။ တချို့ကတော့ နှမြောလို့ မဟုတ်ဘူး ဝတ်မှု။ စားမှု အကြြားမှုဆိုတဲ့ ဒီပြင် အလုပ်တွေနဲ့ အချိန်ကုန်ပြီးတော့ ကုသိုလ်မှုဉွ် သတိမရဘူး။ မေ့လျော့သော မတြာင့် မလှေပြစ်ဘူး
မိမိတို့မှာ အခု ဒီအကြောင်းနှစ်ပါးကို လွန်မြောက်နိုင်ကြတယ်။ မစ္ဆရိယလည်း လက်မခံထားဘူး။ နှမြောခြင်းလည်း လက်မခံကြဘူး။ မေ့လျော့ခြင်းလည်း လက်မခံကြဘူး။ သတိရကြတယ်။ သတိမမေ့ကြဘူး။ ဒါကြောင့်မို့လို့ ယနေ့အလှူ အထမြောက်တယ်4 အထမြောက်အောင် လှူနိုင်တယ် ယနေ့ ဗိုလ်မှူးမြင့်ဆွေရဲ့အိမ်နေရာလေး ရောင်းလို့ သူငွေတွေ ရလို့ ရတဲ့ပစ္စည်းလေး တန်ဖိုးရှိရှိ အသုံးချဦးမယ် ဆိုပြီးတော့ လ္ဂူခြင်း ဖြစ်တယ်ဆိုတဲ့အကြောင်း လျှောက်ထားတယ် အဲဒါ ...မမေ့တာပဲနော်။
ဘာကြောင့် မမေ့တုး။ ဒါကတော့ ထင်ရှားတယ်။ သဒ္ဓါတရား၊ လောကမှာ သဒ္ဓါတရားရှိပြီဆိုရင် ဘာမှ မမေ့တော့ဘူး။ လှူရမှာလည်း
မမေ့ဘူးး သီလဆောက်တည်ရမှာလည်း မမေ့ဘူး' ဘာဝနာကမ္မဋ္ဌာန်း
စီးဖြန်းရမှာလည်း မမေ့ဘူး။ ယုံကြည်မှု၊ ကြည်ည်ုမှုဆိုတဲ့ သဒ္ဓါတရား ရှိပြီဆိုရင် နေရာတကာမှာ ရဲတယ် လျှဖို့လည်း ရဲတယ် သီလ ဆောက်တည်ဖို့လည်း ရဲတယ် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းဖို့လည်း ရဲတယ်။ မတွန့် ဆုတ်တော့ဘူး။ ဒါကြောင့် သဒ္ဓါတရားဟာ အလွန်ရဲတယ်။ သဒ္ဓါတရား ရှိပြီဆိုရင် လှူဖို့ အကွက်ရှာနေတာပဲ။
ဘုန်းကြီးတို့ ရှေးတုန်းက မစ္ဆရိယသေဋ္ဌေးကြီးဆိုတာရှိတယ်။ နှမြော လိုက်တာ ကုင္ရေရှစ်ဆယ်လောက် ကြွယ်ဝတယ်ဆိုပဲ။ ဒါပေမဲ့ ဆန်ကွဲထမင်း စားတယ်။ ပုန်းရည်ဟင်းတွေနဲ့ ရထားအိုလေးစီးတယ်။ သစ်ရွက်ထီးစုတ် ကလေး ဆောင်းတယ်။ မစားရက်၊ မသောက်ရက်၊ မပေးရက်၊ မကမ်းရက်
အင်မတန်မှ နှမြောတယ် တစ်နေ့ ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်က သူ့ကို ဆုံးမပြီးတော့ တရားဟောလိုက်တဲ့အခါကျတော့ ဘုရားဂုဏ် သိလာ ဒါနရဲ့အကျိုးတွေ သိလာတော့ နမြောဘယ်ဆိုတာ မရှိတော့ဘူး။ ကုငေလေးဆယ်လောက် ပစ္စည်းတွေ အကုန်လုံးသာသနာထဲ ရောက်သွား တာပဲ အဲဒီလောက်ထိအောင် ရက်ရောသွားတယ်။
ဒါကြောင့် မသိရင် သဒ္ဓါတရားဆိုတာ မဖြစ်ဘူး သိမှ သဒ္ဓါတရား ဆိုတာ ဖြစ်တယ်။ ဒါကြောင့် သဒ္ဓါရှိရင် ရဲတာပဲ။ သဒ္ဓါရှိရင် ကုသိုလ်ဖြစ်ဖို့ အကွက်ရှာတယ်။ သဒ္ဓါမရှိရင် ကုသိုလ်ဖြစ်ဖို့ သတိမရဘူး။ ခုနပြောသလို ဝတ်မှု။ စားမှု၊ အကြွားမှု် အားပြုငဲ့စောင်းပြီးတော့ လှူဖို့ အမှတ်မရကြဘူး။ အဲဒါ ကြောင့်မို့လို့ သဒ္ဓါဆိုတာ ကုသိုလ်အမှုမှာ ရဲအောင် အားပေးတဲ့တရား။ ကုသိုလ်မှုမှာ နှမြောခြင်းကင်းအောင် အားပေးတဲ့တရား၊
အဲဒါကြောင့် ယနေ့ မိမိတို့ မစ္ဆေရဆိုတဲ့ ဒါနရန်သူ၊ မေ့လျော့ခြင်း ဆိုတဲ့ ဒါနရန်သူ။ မစ္ဆေရ နှမြောခြင်းဆိုတဲ့ ဒါနရန်သူ ပမာဒ မေ့လျော့ခြင်း ဆိုတဲ့ ဒါနရန်သူတွေ ကင်းကွာပြီးတော့ သဒ္ဓါတည်းဟူသော တကယ့် အလှူအတန်းမှာ ရဲရင့်တဲ့တရားကြီးကို ကိုယ်က လက်ကိုင်ထားလို့ လျှို တန်းဖို့ ၀န်မလေးဘူး။ သီလဆောက်တည်ဖို့ ဝန်မလေးဘူး။ အဲဒါကြောင့်မို့လို့ ယနေ့ အောင်အောင်မြင်မြင် အလှူတစ်ခုကို လှူဒါန်းနိုင်တယ်။ ။ အဲသလို လှူဒါ န်းလိုက်တဲ့အလှုဟာ ပစ္စည်းကလည်း စင်ကြယ်တယ်။ အလှူတစ်ခုမှာ ပစ္စည်းစင်ကြယ်ဖို့ဆိုတာလည်း အရေးကြီးသေးတယ်။ မိမိ တို့မှာ ပစ္စည်းကလည်း စင်ကြယ်တယ်။ ဧစတနာကလည်း စင်ကြယ်တယ်။ ဘာမှတွန့်ဆုတ်မှု မရှိဘူး။ စေတနာကလည်း ရဲတယ်။ အဲဒီလို အလှူခံပုဂ္ဂိုလ် ကလည်း မွန်မြတ်တဲ့ ပုဂ္ဂိုလ်တွေ သံဃာတော်တွေ အဲဒီသံဃာတော်တွေ လှူရတာမို့လို့။ မွန်မြတ်တဲ့အလှူခံတွေး သာသနာတော်ကြီးမှာ လှူရတာ သာသနာတော်ကြီးဆိုတာ ဘုရား တရား၊ သံဃာ ရတနာမြတ်သုံးပါး ထင်ရှားရှိနေတဲ့ သာသနာတော်ကြီး၊ အဲဒီ... သာသနာတော်ကြီးဟာ ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက် ရတယ်ဆိုတဲ့ နည်းနည်း လှူပေမည့် အများကြီးရနိုင်တဲ့ ဂုဏ်ရှိတဲ့ သာသနာတော်ကြီး၊
အဲဒီ .. .သာသနာတော်ကြီးမှာ မိမိတို့ ခုနက ပြောသလို ပစ္စည်းက ယ ယကို ကိုကြာ ကာကာ ဘာကာက က တာကြာ ကာကာ ပ ရီ ကဗာ ဂျ်ကကျကာ မျ ဂု
တယ်။ အကြောင်းတွေ စုံညီနေတော့ အဲဒီ ... အလှူဟာ သူရှိတဲ့နေရာမှာ ဘယ်လောက်အကျိုးကြီးတယ်ဆိုတာကို ပြောမပြနိုင်အောင်ကို အကျိုးကြီး နိုင်တဲ့ ဒါန အဲဒီ ဒါနကို ယနေ့ မိမိတို့ အောင်အောင်မြင်မြင် ဖော်ဆောင် လှူဒါန်းနိုင်ကြတယ်။ ဒါကြောင့် ဥဒါန်းကျူးရင့်စရာကောင်းတယ် 1 ထပ်ကျူး လိုက်ကြစို့။ စာဂါနုဿတိ ပွားလိုက်ကြဦးစို့
မနုဿတ္တံ သုလဒ္ဓ မေ။
ဟ္ပာယံ စာဂေ သဒါ ရတော။1
မစ္ဆေရ ပရိယုဋ္ဌာယ။
ပဇာယ ဝိဂတော တတော။
ဟွာယံ - ယောအဟံ - သံသရာ့ နောင်ရေး။ လျော်ကန်တွေးက လေး လေးပင်ပင် ဆင်ခြင်လေ့လာ အကြင် ငါသည်။ မစ္ဆေရပရိယုဋ္ဌာယ - မပေး ရက်လို သဝန်တိုသဖြင့် ထိုထိုဒါနဟူသမျှဉ် မစ္ဆေရရန် ပုန်ကန်သောင်းကျန်း လျက်ရှိသော၊ ပဇာယ - ဝတ်မှု စားမှု။ အကြြားမှုဉ်. အားပြု ငဲ့စောင်း လူ အပေါင်းတွင်၊ တတော - ထိုထိုဒါန မစ္ဆေရဟု ထကြြပုန်ကန် သူပုန်ရန်မှ1 ဝိဂတော - ရေးဝါသနာ အထုံပါသဖြင့် ကောင်းစွာလွတ်ကင်း သန့်ရှင်းသည် ဖြစ်ရ စာဂေ - စွန့်ကြဲပေးကမ်း လှူဒါန်းရခြင်းဉ်၊ သဒါ ရတေ - ကိုယ့်တွက် ခြိုံးခြံ ပင်ပန်းခံလျက် အမှန်မသွေ အပျော်ကြီး ပျော်ရပါ ပေသည် တဿမေ = ဒါနစာဂီ ပါရမီဖြင့် သာကြည်မွေ့ လျော် - အပျော်ကြီး ပျော်ရသော ထိုငါ သည်။ မနုဿတ္တံ ပဋိရူပ - ဤဒေသခ် ဖြစ်ရစင်စစ် လူ့အဖြစ်ကို၊ သုလဒ္ဓံ ဝတ - တမလွန် နောင်ရေးမျှော်ခေါင်တွေးက အေးမြရွှင်ပျော် အရတော်လှ ပါပေစွတကား။
(သာဓု သာဓု သာဓု)
ဒါကြောင့် အဲဒီလို ဥဒါန်းကျူးရင့်စရာ ကောင်းတယ်။ ရှေးကပုဂ္ဂိုလ် တွေ ဒီလိုပဲ ဥဒါန်းကျူးကြတယ်။ ကြားဖူးကြမှာပေ့ 1 သိကြားမင်းကြီး လူ.ပြည်လာပြီးတော့ ရှင်မဟာကဿပကို မလိမ့်တပတ်နဲ့ ဆွမ်းလာလောင်း တယ်။ ရှင်မဟာကဿပကြီးက အဲဒီနေ့က သမာပတ်က ထလာတယ်။ သမာပတ်က ထလာရင် လူဆင်းရဲတွေရဲ့ဆွမ်းကို ခံရင် လူဆင်းရဲတွေက လူချမ်းသာ ဖြစ်နိုင်တယ် အဲဒါ ... လူဆင်းရဲတွေ ချီးမြောက်ဖို့ ကြွလာတယ်။
သိကြားမင်းကြီးက သိတယ်။ သိတော့ သူဇာမိဖုရားကို ခေါ်ပြီး လူ.ပြည်မှာလာပြီး ဆင်းရဲယောင်ဆောင်တယ် ရက်ကန်းရုံလေးနဲ့။ အိမ်စုတ် လေးနဲ့ မလိမ့်တပတ်လုပ်ပြီးတော့ လူအိုလင်မယားယောင် ဆောင်တယ်။ အမယ်အိုကြီး၊ အဖိုးအိုကြီးယောင်ဆောင်ပြီးတော့ ဆွမ်းလာလောင်းတယ်။ ရှင်မဟာကဿပဂကြီး ကြွလာတော့ ဆွမ်းလောင်းလိုက်တယ်။ ဆွမ်းလောင်း လိုက်တော့ အဖိုးကြီးက လူဆင်းရဲ၊ ဆွမ်းက အင်မတန်မွှေးကြိုင်နေတော့ . ဟာ- ဘယ့်နှယ်ပါလိမ့်ပေ။ 0 ရှင်မဟာကဿပက စဉ်းစားတဲ့အခါကျတော့မှ သိကြားမှန်း သိတယ်။
အဲဒီတော့မှ သိကြားကို အပြစ်တင်တယ်။ သူဆင်းရဲတွေရဲ့ ချမ်းသာ ကို လုယက်တယ်ဆိုတော့ “မှန်လှပါ -တပည့်တော်သိကြား ဆင်းရဲ သိကြား မွဲပါဘုရား' သာသနာပမှာ ကုသိုလ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ သာသနာတွင်းမှာ ကုသိုလ်လုပ်ခဲ့တဲ့ နတ်မင်းကြီးတွေ လာပြီဆိုရင် တပည့်တော် ရှောင်သွား ရတယ်။ အဲသလောက်ထိအောင် မွဲပါတယ်ဘုရားလို့ ” လျှောက်တယ်။ ဘာပဲဖြစ်ဖြစ် နောက်ဒီလိုမလုပ်နဲ့လို့ မိန့ဲ့တော်မူတယ်။ ဒီတော့ သိကြားမင်း က လျှောက်တယ်။ “အရှင်ဘုရား၊ တပည့်တော် ဒီလိုလှူလို့ အကျိုး မရတော့ဘူးလား ဘုရား” လို့ လျှောက်တယ်။ အကျိုးတော့ရတာပေါ့လို့ မိန့်ကြားပြောတယ်တဲ့( “ဒီလိုဆိုရင် ကုသိုလ်ပြုဖို့က တပည့်တော် တာဝန်ပါ ဘုရား” လို့ ဆိုပြီးတော့ လျှောက်ထားပြီးတော့ ပြန်သွားတယ်။ တစ်ခါတည်း သူဇာမိဖုရားနဲ့ ကောင်းကင် ပြန်တက်ပြီးတော့ -
အဟော ဒါနံ ပရမ ဒါနံ
ကဿမပမှိ ပတိဋ္ဌိတံ။
အဲဒီလို ဥဒါန်းကျူးတယ်။ ကဿပမထေခ်မြတ်ကြီး၌ လှူဒါန်းရတဲ့ အလှူဒါနက တကယ့်မွန်မြတ်တဲ့ အလှူဒါနကြီး၊ တကယ်ထူးခြားတဲ့ အလှူ ဒါနကြီးပါတကားလို့ ပျော်ပျော်ကြီး အားရပါးရ ဥဒါန်းကျူးပြီးတော့ တက်သွားတယ်။
အဟောဒါနံ ပရမ ဒါနံ။
ကဿမပမှိ ပတိ ဋ္ဌိတံ
ကဿမပမှိ- ရှင်မဟာကဿဗပလို ပုဂ္ဂုုလ်မြတ်ကြီးခ်။ ပတိဋ္ဌိတံ -
တည်ရ။ ထားရ လှူဒါန်းရသော ဒါနသည် အဟောဒါနံ - သဒ္ဓါ သီလ စသည်များလှ1 ကောင်းမြတ်သော ဒါ နကြီးပါတကား။ ပရမဒါနံ က ချမ်းသာ အမျိုးမျိုး ကောင်းကျိုး အရပ်ရပ်၊ ဖြစ်စေတတ်ရာ၊ သြော်... မွန်မြတ် လှသော ဒါနကြီးပါတကားလို့ ပျော်ပျော်ရွှင်ရွှင် အားရပါးရ ဥဒါန်းကျူးပြီး တော့ သိကြားမင်းကြီး ပြန်တက်သွားတယ်။1
ဒါကြောင့်မို့ ဒါနလည်း ပါတယ်။ ပစ္စယဒါနလည်း ပါတယ်။ ဆယ် ရက်စခန်းက ဓမ္မအလှူလည်း ပါတယ်။ အမျိုးမျိုးကုသိုလ်တွေကို မိမိတို့ ယနေ့ပြုရပြီ။ ဇာတိ၊ ဧရာ။ ဗျာဓိ။ မရဏ၊ သောက။ ပရိဒေဝ ဒုက္ခ ဒေါ်မနဿ၊ ဥပါယာသဆိုတဲ့ မီးတစ်ဆယ့်တစ်ပါး။ မီးပုံကြီးထဲက တကယ့် ကိုယ့်ပစ္စည်းတွေ ဆွဲထုတ်သုံးတယ်4 တကယ့်ကိုယ့်ပစ္စည်းက ဒါတွေပဲ မီးလောင်သွားတာတွေက ကိုယ့်ပစ္စည်းမဟုတ်ဘူး။
ဒါကြောင့် ယနေ့ ပစ္စည်းဆွဲထုတ်ကြမယ်။ ကိုယ့်ခန္ဓာကိုယ်အိမ်ကြီး ထဲက အဖိုးတန်ပစ္စည်းတွေ ဆွဲထုတ်ကြမယ်။ ရတယ်။ ယနေ့ အများကြီး ရတယ်။ အဲဒီ အများကြီးရတဲ့ တရားတွေက ကိုယ့်ပစ္စည်းချည်းပဲ။ ကိုယ့်ကို ချမ်းသာ အောင်ဆောင်ရွက်ဖို့ ကိုယ့်ကို မြန်မြန်နိဗ္ဗာန်ရောက်အောင် ဖို့မေးမည့် ပစ္စည်းတွေ။ ကိုယ့်ကို မြန်မြန် အရဟတ္တမင်္ဂအရဟတ္ထဖိုလ် ရအောင်ပိုပေးမည့် ပစ္စည်းတွေ။
အဲသလို ခံယူချက်ဖြင့် နတ်က လျှောက်ထားပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်က ဓမ္မတံဆိပ် ခတ်နိုပ်ပြီးတော့ ဖြန့် ဝေထားတဲ့ အဲဒီတရားတော် ကို ကြားနာရသဖြင့် မကြာမကြာ အခါခါဆိုသလို တတ်နိုင်တဲ့အခါတိုင်း ကိုယ့်ခန္ဓာမီးပုံကြီးထဲမှ မီးငြိမ်းတဲ့ပစ္စည်းတွေ ဆွဲထုတ်ပြီးတော့ ပစ္စည်းတွေ ပေါများတဲ့ သူဋ္ဌေးကြီးတွေ တရားသူဋ္ဌေးကြီးတွေ။ ပစ္စည်းတွေပေါ်များတဲ့ တရားသူဠဋ္ဌေးကြီးတွေ ဖြစ်နိုင်ကြပါစေလို့ တောင့်တရင်း ဆုပေးရင်း ဘုန်းကြီးက တရားကို အဆုံးသတ်လိုက်ပါတယ်။
(သာဓု သာဓု သာဓု)
တရားတော်ပြီးဇအါ။
ပစ္စည်းကုန်ခြင်း သုံးမျိုး တရားတော် (ဒေါ်လှမေ တစ်လပြည့်)
စာဂေန ပရိဘောဂေန။
ဗျသနေန တယော ခယာ။
တေသံ ပဌမ ခယောဝ။
ပသတ္လ္ထော ဓမ္မဒဿိနာ။
စာဂေန - စွန့်ကြဲ) ပေးကမ်း။ လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ ပရိဘော ဂေန - သုံးဆောင်ခံစားခြင်းဖြင့်လည်းကောင်း။ ဗျသနေန - ပျက်စီးခြင်းဖြင့် လည်းကောင်း၊ ခယာ-ပစ္စည်းကုန်ခန်းခြင်းတို့သည် တယောသသုံးမျိုး သုံးစား ရှိပါပေကုန်စါ / တေသံ- ထိုလှူရှ် ကုန်ခြင်း၊ သုံးဤ ကုန်ခြင်း ပျက်စီး ကုန်ခြင်းဆိုတဲ့ ကုန်ခြင်းသုံးမျိုးတို့တွင် ပဌမ ခယော၀- ရှေးဦး အစ ပဌမဖြစ်သော လှူဒါန်း ကုန်ခြင်းမျိုးကိုသာလျှင်၊ ဓမ္မဒဿိနာ- တရားသိမြင် ရှင်တော်မြတ်ဘုရားသည်။ ပသတ္ထော- ကောင်းစွာ ထပ်၍ ချီးမွမ်းတော်မူအပ်ပါပေသတည်း။
(သာဓု သာဓု သာဓု)
ယနေ့လှူတာ နှစ်သောင်းငါးထောင် နည်းတာမဟုတ်ဘူး ဒကာမကြီး ကွယ်လွန်တုန်းကလည်း လှူခဲ့တာတွေ မနည်းဘူး ရက်လည်ကျတော့လည်း လှူတာတွေ မနည်းဘူး။ အခု တစ်ခါ တစ်ခါ ပုံပြီး လှူပြန်တယ်။ အားလုံး ဟာ ဒါ ... မွန်မြတ်တဲ့ ကုန်ခန်းခြင်းမျိုး။ လောကမှာ ဘုန်းကြီးတို့ ကုန်ပြီး တော့ စွန့်နိုင်လို့ ချမ်းသာရတဲ့ ချမ်းသာဆိုတာ ရှိတယ်၊ အဲဒီ ချမ်းသာမျိုးဟာ အင်မတန် ထူးခြားတဲ့ ချမ်းသာမျိုး။ စိတ်ချမ်းသာမှုမျိုးး' ပစ္စည်းဥစ္စာမှာ တွယ်တာကြရပစ္သည်းဥစ္စာ အတြာင်းပြဖြီးတော့ စက္ကြာင့်ကြရ) ဒုက္ခတွေ့ရ ဆိုကာ ပစ္စည်းအကြောင်းပြုပြီးတော့ အများကြီးတွေ့ကြရတယ်။ အဲ့ဒီ ပစ္စည်းတွေကို ယခုလို သာသနာပြု ကောင်းမှုဆိုရတဲ့ ကောင်းမှုမျိုးဘက်မှာ
သွန်ပြီးတော့ မုတ္တစာဂ - လွတ်လွတ်ကျွတ်ကျွတ် စွန့်နိုင်ကြတယ်။ အဲ့သလို စွန့်နိုင်ခြင်းဟာ တကယ်တော့ ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီး လောက်ရတယ်။ တစ်ရွေးလောက်လှူရင် တောင်းကြီးလောက်ရတယ်။ လှူတာ ထက် အဆမတန် တိုးပြီးရနိုင်တဲ့ ကောင်းမှုမျိုးမို့လို့ အဲ့ဒီ ကောင်းမှုမျိုးဟာ စွန့်ရပေမည့် ကုန်သွားတာမဟုတ်ဘူး။ ပစ္စည်းကတော့ ကုန်သွားတာပဲ။ ကုန်ခြင်း အကြောင်းပြုပြီးတော့ အမြတ်ကြည့်လိုက်တော့ အများကြီးရတယ် 1
အဲ့ဒါကြောင့်မို့လို့ တေသံ - ထိုပစ္စည်း ကုန်ခန်းခြင်း သုံးမျိုးတို့တွင်၊ ပဌမခယောဝ- လျှု တန်းရွှဲကုန်ခြင်းဆိုတဲ့ ကုန်ခြင်းမျိုးကိုသာလျှင်း ဓမ္မ ဒဿိနာ - တရားသိမြင် ရှင်တော်ဘုရားသည်။ ပသတ္ထော-ကောင်းစွာ အထပ်ထပ် ချီးမွမ်းတော်မူအပ်ပါပေ၏။
ကွယ်လွန်ခဲ့တဲ့ ဒကာမကြီး ဒေါ်လှ ဒကာမကြီး ဒေါ်အုန်းခင်တို့ကို ရည်စူးဤ ပြုသော ဤကုသိုလ်ကောင်းမှုတို့ကို ဒကာမကြီးတွေ ကောင်းမွန် စွာ ရရှိကြပြီးတော့ ဖြစ်ရာဘဝ၌ စည်းစိမ်ချမ်းသာ တိုးတက်ရရှိကြပါစေ။ စည်းစိမ်ချမ်းသာ သာမက၊ စည်းစိမ်ချမ်းသာ အကြောင်းပြုရ သုခိနော စိတ္တံ သမာဓိယတိ-အစ ရှိသောပါ ဠိအရ။ ချမ်းသာတယ်။ စိတ်ကြည်လင်တယ်။ စိတ်ကြည်လင်ရင် သမာဓိရတယ်4 သမာဓိရရင် ပညာတွေ တိုးတက်နိုင် တယ်။
ဒါကြောင့်မို့လို့ ဒါတွေဟာ ချမ်းသာရုံတင်မက၊ ချမ်းသာခြင်း အကြောင်းပြုပြီး သူတို့တတွေ တရားအဆင့်ဆင့် မြင့်ထက် မြင့်သော ပေါက်ရောက်အောင်မြင်နိုင်ခြင်းဆိုတဲ့ အကျိုးလည်း ရနိုင်တယ်။ အဲ့သလို ထူးခြားတဲ့အကျိုး တွေ တွက်ကြည့်လိုက်တော့ အကျိုးတွေဟာ မကုန်ဘူး။ ယခု ဘုန်းကြီးခုန ပစ္စည်းကုန်ခြင်းသုံးမျိုး ဟောခဲ့တယ်။ မကြာမကြာ ဘုန်းကြီးဟောခဲ့တဲ့ တရားတစ်ပုဒ်
ရေး မီး။ မင်း။ ခိုးသူး အမွေခံ သားဆိုး သမီးဆိုးတို့ကြောင့် ပျက်စီး ရတဲ့ပစ္စည်းဟာ မိမိဖို့ ဘာမျှ မကျန်တော့ဘူး။ တကယ်ကုန်တဲ့ အကုန်မျိုးနဲ့ ပျက်စီးကုန်ဆုံးသွားကြရတဲ့ပစ္စည်းတွေ။ အဲဒီ ... ပစ္စည်းတွေအတွက်တော့ ဘာမျှ ပစ္စည်းရှင်အတွက် အမြတ်မကျန်ဘူး။ စားလို့ သောက်လို့ကုန်တဲ့ အကုန်။ စားလို့ကုန်။ သောက်လို့ကုန်။ သုံးလို့ကုန်။ စွဲလို့ကုန်။ အဲသလို စားသောက်သုံးစွဲ
လို့ ကုန်ရတဲ့ပစ္စည်းတွေကျတော့ တစ်ဘဝအတွက်လေးတော့ သူ့အတွက် အမြတ် ရှိသေးတယ်လို့ ဆိုအပ်သေးတယ်။ သို့သော် အရာထင်ပြီး မကျန်ခဲ့ ဘူး ကိုယ့်မှာအမြတ်အဖြစ်နဲ့ မကျန်ရစ်ဘူး။ ဒါတော့ အားလုံး သိပြီးသားပါ
လှလို့ တန်းလို့ ကုန်ခြင်းမျိုးက အဲသလို မဟုတ်ဘူး။ အမြတ် များများ ကျန်တယ်။ မိမိအဖို့ မကုန်နိုင် မခန်းနိုင်အောင် သုံးမကုန် စ္ပ မကုန်နိုင်အောင် နောင်အခါ ကောင်းကျိုးချမ်းသာတွေ။ ဖြစ်နိုင်တဲ့ အလှူဒါန မိမိက သဒ္ဓါတရားရှိတယ်။ သဒ္ဓါတရား အကြောင်းပြုပြီးတော့ သာသနာ အတွက် လိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါမှာ သာသနာပြု အဖြစ်ဖြင့် ပါဝင်ဆောင်ရွက် လှူဒါန်းရတယ်။ လှူဒါန်းရခြင်းကြောင့် အဖတ်တင်တာပဲ။
တေသံ ဒိဝါစ ရတ္တောစ။
သဒါ ပုညံ ပဝနတိ။
ဓမ္မဋ္ဌာ သီလသမ္ပန္နာ
တေ ဇနာ သဂ္ဂဂါမိနော။
တေသံ - ထိုထာဝရ နိဗ္ဗဒ္ဓ ကောင်းမှုတွေ ပြုကြတဲ့ပုဂ္ဂိုလ်တို့၏ ပုဂ္ဂိုလ်တို့အား။ ဒိဝါစ- နေ့အခါခ်လည်းကောင်း၊ ရတ္တောစ- ညဉ့်အခါ၌ လည်းကောင်း သဒါ -အခါခပ်သိမ်း၊ ပုည- ကုသိုလ်ကာင်းမှုသည်။ ပဝနတိ - တိုးပွားရွ နေပါပေသတည်း။ ဓမ္မဋ္ဌာ- သီလဋ် တည်ကြကုန်သော၊ ဓမ္မဋ္ဌာ- သူတော်ကောင်းတရား၌ တည်ကြကုန်သော၊ သီလသမ္ပန္နာ- ကိုယ်ကျင့် သီလန္ဒငို ပြည့်စုံကြကုန်သေား တေနော- ထိုဘုရားတပည္ကိ ဗုဒ္ဓဘာသာ ဥပါသကာ ဥပါသိကာအပေါင်း သူတော်ကောင်းတို့သည် သဂ္ဂဂါမိနော - အထက်တန်းကျတဲ့ နတ်ရွာသုဂတိ။ လူ့ရွာသုဂတိ) သုဂတိဘဝသို့ ကောင်းစွာလှလှ ဆိုက်ရောက်ကြရစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ထာဝရ နိဗဒ္ဓ ကောင်းမှု ထာဝရန်ိဗဒ္ဓ ကောင်းမှုဆိုတော့ အားလုံး ကြားဖူးကြတာပဲ။ နိဗဒ္ဓပုည ထာဝရကုသိုလ်ပြုကြလို့ရှိရင်ဖြင့် နေ့ရော ညပါ အခါခပ်သိမ်း ကုသိုလ်တရားတွေ တိုးတယ် နေ့ရောညပါဆိုတာ အလကားနေရင်းနဲ့တော့ တိုးတာမဟုတ်ဘူး။ မိမိတို့ ပြုရတဲ့ ကုသိုလ်က
အမှတ်တရ ထုနဲ့ ထည်နဲ့ ပြုရတဲ့ကုသိုလ်ဖြစ်လို့ ပြန်ပြီးတော့ မတွေးမိဘဲ မနေဘူး။ မကြာမကြာ တွေးမိတယ် အမြဲတမ်း သတိရတိုင်း တွေးမိ တယ်။ တွေးမိတိုင်းလည်း နှစ်သက်ရွှင်လန်းဝမ်းမြောက်ရတယ်။ နဂိုကတည်း က ဒါဟာ တို့အတွက်ဆောက်တည်ရား မှီခိုရား အားကိုးရာဆိုတဲ့ ခံယူချက် န့ ပြုထားတဲ့ကုသိုလ်တွေ၊ သာသနာတော်အပေါ်မှာ ကြည်ညို မြတ်နိုးတဲ့ သာသနာတော်အပေါ်မှာ ကြီးပွားတိုးတက်လိုတဲ့ ဆန္ဒအာသီသနဲ့ လှူထားတဲ့ ကုသိုလ်တွေ ဖြစ်သောကြောင့် အမှတ် မကြာမကြာရတယ်။ ရတိုင်း ရတိုင်း နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရတယ်။ ဝမ်းမြောက်တိုင်း ဝမ်းမြောက်တိုင်း ဒကာမကြီးတွေကိုလည်း သတိရပြီးတော့ အမျှအတန်း ပေးဝေဖြစ်တယ်။
ဒါကြောင့် ထာဝရ နိဗဒ္ဓ ကောင်းမှု အထူး၊ ကုသိုလ်အထူး ယနေ့ ဆည်းပူးအားထုတ်ရသောကြောင့် မိမိတို့လည်း အကျိုးရှိတယ် ဒကာမကြီး တွေလည်း အကျိုးရှိတယ်။ နှစ်ဖက် အကျိုးရှိတဲ့ ကုသိုလ်တွေ စွန့်လိုက် ရခြင်းကြောင့် ချမ်းသာတယ်ဆိုတာ ဒါပဲ။ လောကမှာ ပစ္စည်းဥစ္စာတွေ အများကြီး ရှိတယ်။ တွယ်တာနေလို့ရှိရင် ဒုက္ခတစ်မျိုး။ အခုလို လွတ်လွတ် လပ်လပ် စွန့်လိုက်နိုင်တော့ အဲဒီပစ္စည်းအကြောင်းပြုပြီးတော့ မစ္ဆရိယတွေ။ လောဘတွေကင်း' အလောဘ - သဒ္ဓါအစရှိသော ကောင်းမြတ်သော ဓာတ်ခံ ကြီးတွေ ဖြစ်ပွားတယ်။ ကုသိုလ်တရားတွေ ဖြစ်လိုက်ကြတား နည်းတာ မဟုတ်ဘူး။
အဲ့ဒီလို ကုသိုလ်တရားတွေ ဖြစ်ပွားတာ ဖြစ်သောကြောင့် တွေးမိ တိုင်းလည်း နှစ်သက်ရွှင်လန်း ၀မ်းမြောက်ရတာဖြစ်သောကြောင့် တစ်ခါ တစ်ခါ အဲ့သလို မိမိတို့ ရဲရဲဝံ့ဝံ့ စွန့်လွှတ်နိုင်တဲ့ အဖြစ်မျိုးတွေဟာ ပျော်စရာလည်း အင်မတန် ကောင်းတယ်။ နှစ်သက်စရာလည်း အင်မတန် ကောင်းတယ်။ စိတ်ချမ်းသာခြင်း အကြောင်း၊ ကိုယ်ချမ်းသာခြင်း အကြောင်း၊ ကောင်းမြတ်တဲ့ အထောက်အပံ့ကြီး၊ ဘုန်းကြီးတို့ ပါရမီတော် ဖြည့်ခဲ့ ကြတဲ့ ဘုရားအလောင်းတွေ။ ပစ္စေက ဗုဒ္ဓါအလောင်းတွေး အဂ္ဂသာ၀က။ မဟာ သာ၀ဝက၊ ပကတိ သာဝက အလောင်းတွေး အဂ္ဂသာဝိကား မဟာ သာဝိကာ။ ပကတိ သာဝိကာအလောင်းတွေ ဒါနပြုကြတဲ့အခါ အဲ့သလိုပဲ အင်မတန် ပျော်ကြတယ်။ ဥဒါန်းတွေ ကျူးကာ ကျူးကာနဲ့။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြားဖူးကြမှာပေါ့ / သိကြားမင်းကြီး လူ.ပြည်လာပြီးတော့ ရှင်မဟာကဿပကြီးကို ခိုးကြောင်ခိုးဝှက်နဲ့ လှည့် ပတ် ပြီးတော့ လှူသွားရတာ။ သိကြားမင်းကြီးဟာ သူ့မိဖုရားသုဇာတာနဲ့ ရက်ကန်းသည် အဘိုးအို အမယ်အို လူအိုလင်မယားယောင်ဆောင်ပြီးတော့ ဆွမ်းလှုရတယ်။ ဆွမ်းလှူလို့ အထမြောက်သွားတော့ တစ်ခါ ဥဒါန်းကျူး သွားတယ်။
အဟော ဒါနံ ပရမ ဒါနံ ကဿပေ သုပ္ပတိဋဌိတံ။
ကဿပေ - အရှင်မဟာ ကဿပ ကိုယ်တော်မြတ်ကြီး၌ သုပ္ပတိဌိတံ- ကောင်းစွာလှလှ တည်ထားရသော ဤကုသိုလ် ဒါနသည်။ အဟောဒါနံ - ချမ်းသာဖို့အကြောင်း အလွန်ကောင်းလှသော ဒါနကြီးပါပေတကား1။ ပရမဒါနံ - သဒ္ဓါသီလ အစရှိသော ကုသိုလ်တရားတွေကို တိုးပွားစေကြောင်း အလွန် ကောင်းမြတ်သော ဒါနထူးကြီးပါပေတကားလို့ ဥဒါန်းကျူးသွား တယ်တဲ့။
ဒါကြောင့် ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ် သာသနာတော် မှာ ပုညခေတ်ကြီးမှာ မိမိတို့ ကုသိုလ်ကောင်းမှုတွေ ပြုကြရတယ်။ ယနေ့ ကုသိုလ်ကောင်းမှုက ဒကာမကြီးတွေ ကွယ်လွန်ခြင်းအကြောင်းပြုပြီး လှူ ရတဲ့ ကုသိုလ်တွေ အဲဒီကုသိုလ်တွေက ဒကာမကြီးတွေ အကြောင်းပြုပြီး တော့ လ္ဒှူဒါန်းရတဲ့ ကုသိုလ်တွေဆိုတော့ မိမိတို့ စွန့်လိုက်ရတဲ့ စွန့်လွှတ်မှု မျိုး လောကမှာ စွန့်ရတဲ့အခါ အကျိုးရှိတဲ့ စွန့်ရမှု၊ အကျိုးမရှိတဲ့ စွန့်ရမှု ဆိုပြီး နှစ်မျိုးရှိတယ်။ ယနေ့ကတော့ အကျိုးရှိတဲ့ စွန့်ရမှုကြီးဖြစ်လို့ မွန်မြတ်တဲ့ စွန့်ရမှုကြီး၊
မိမိတို့က သဒ္ဓါတရားနဲ့ စွန့်လွှတ်လိုက်ရတာမို့လို စွန့်လွှတ်ရခြင်း အတွက် နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေတတ်တဲ့ စွန့်ရမှုကြီး၊ ဒကာမကြီး တွေကို မိမိတို့ ဆုံးရှုံးလိုက်ရတယ်။ ဒါပေမဲ့ အရှုံးထဲက အမြတ် ထုတ်ဆိုတာ လို ယနေ့ ဒကာမကြီးတွေအကြောင်းပြုပြီး အမြတ်ထုတ်လိုက်ရတာ အင်မတန် နှစ်သက်ရွှင်လန်း ဝမ်းမြောက်စရာ ကောင်းတယ်။
ဒါကြောင့် ယနေ့ စွန့်ရခြင်းဟာ မိမိတို့အတွက် ပျော်စရာကောင်းတဲ့ စွန့်ရခြင်း၊ ဝမ်းမြောက်စရာကောင်းတဲ့ စွန့်ရခြင်း၊ တို့တစ်တွေ ယနေ့ ဤ
တကယ့်အကျိုးရှိတဲ့ ဒကာမကြီးတွေ။ အကျိုးရှိတဲ့ မွန်မြတ်တဲ့ စွန့်ရခြင်းမျိုး နဲ့ စွန့်ရပေပြီလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းနဲ့ မိမိတို့ကုသိုလ်တွေကို ထပ်ခါထပ်ခါ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ အောက်မေ့ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
အမျှပေးဝေ ရပါစေ (ဦးသောင်းစိန် ရည်စူးအလှူ)
ကွယ်လွန်တဲ့ ဒကာကြီးဦးသောင်းစိန် အကြောင်းပြုပြီးတော့ လှူကြ။ တန်းကြ၊ ပူဇော်ကြတယ်။ ကွယ်လွန်တဲ့ ဒကာကြီးအကြောင်းပြု လှူတော့ ဒကာကြီးဟာ မကျွတ်သေးဘူးလို့ ဒီလို ယူဆကြလို့လား။ အမှန်ကတော့ ပုဂ္ဂိုလ်တစ်ယောက် စုတေတယ်ဆိုရင် သူ့ကံအလျောက် လျော်ရာဂတိ ရောက် ကြရတယ်။ ဘယ်ဂတိရောက်မယ်ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ဘူး။ မနု ဿဂတိ။ ဒေ၀ဂတိ၊ နိရယဂတိ ပေတဂတိ။ တိရစ္ဆာနဂတိ။ လူ၊ နတ်၊ ငရံ ပြိတ္တာ။ တိရစ္ဆာန်ဂတိ (၅)မျိုး။
ဒီဘဝက စုတေသွားရင် လူဖြစ်ချင်လည်း ဖြစ်မယ် နတ်ဖြစ်ချင်လည်း ဖြစ်မယ် သူ့မှာ ငရဲရောက်ဖို့ ကံရှိရင် ငရဲရောက်ချင်လည်း ရောက်မယ်။ တိရစ္ဆာန်ဘဝ ရောက်ချင်လည်း ရောက်မယ် ပြိတ္တာဘဝ ရောက်ချင်လည်း ရောက်မယ် ဒေဝ မနုဿ နရယ ပေတ တိရစ္ဆာန်ဆိုတဲ့ ဂတိငါးပါးမှာ တစ်မျိုးမျိုးရောက်နိုင်တဲ့ အခွင့်ရှိတယ်။
အဲ့သလို ရောက်နိုင်တဲ့အခွင့်ရှိတော့ ကွယ်လွန်သွားတဲ့ ဒကာကြီးဟာ မကောင်းတဲ့ဘဝ ရောက်လိမ့်မယ်လို့ တွေး စရာရှိသလားဆိုတော့ မိမိတို့ အသိဆုံးပဲ။ အတူတူနေကြရတော့ ဒကာကြီး ဟာ သူတော်ကောင်းဒကာကြီး။ သူတော်ကောင်းတရားတွေ ကျင့်ကြံနေတာ။ အလှူရေစက် လက်နဲ့မကွာ။ သီလရှိတဲ့ ဒကာကြီးဖြစ်တော့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ဆည်းကပ်ကိုးကွယ်နေတဲ့ ဥပသကာ ဒကာကြီး ဖြစ်တော့ ငရဲရောက်မလား)။ တိရစ္ဆာန် ရောက်မလား။ ပြိတ္တာ ရောက်မလား စသည်ဖြင့် တွေးစရာတောင် သိပ်မရှိဘူး။
ဒီတော့ ဘုန်းကြီးတို့ ကွယ်လွန်သွားပြီဆိုရင် လူတွေက လာနိုင်တယ်။ အခု ဆွမ်းကျွေးပွဲကို လာရောက်နိုင်တယ်။ တရားနာနိုင်တယ် စသည်ဖြင့်
ထင်ကြတယ်။ လူခပ်သိမ်းသေတိုင်း ဒီလိုလာနိုင်တယ်မဟုတ်ဘူး။ တရားနာ နိုင်တယ် မဟုတ်ဘူး။ သူ့.ဂတိအားလျော်စွာ သူရောက်နေတာ ဖြစ်တော့ ရောက်နိုင်တဲ့ဘဝလည်း ရှိ၊ မရောက်နိုင်တဲ့ဘဝလည်း ရှိတယ်။ ရောက်နိုင် တဲ့ ဘဝဆိုတာ နည်းနည်း
ကဲဟဒကာကြီး စုတေသွားတာ အခု ခုနစ်ရက်ရှိပြီ။ ခုနစ်ရက်ရှိ တော့ ဘာမျှ ကြာသေးတာ မဟုတ်ဘူး သူဟာ လူ့ဘုံ လူ့ဘဝ သုဂတိ ရောက်နေပြီဆိုရင် အမေ့ဝမ်းထဲ ရှိနေမယ်။ ဒီတော့ ဘယ်မှာ သွားပြီး ဒီက ပြုကြတဲ့ ကုသိုလ်တွေကို သာဓုခေါ်နိုင်မလဲ။ နတ်ပြည်ရောက်နေပြီဆိုရင်လည်း လူ့ပြည်က ခုနစ်ရက်ဆိုတာ နတ်ပြည်က စက္ကန့်လောက်တောင် မရှိဘူး အသက်အနေနဲ့ တိုင်းတာမယ်ဆိုရင် စက္ကန့်တောင်ပြောလို့ ဖြစ်ချင်မှ ဖြစ််တား
အဲ့သလို အခိုက်လေးမှာ လူ့ပြည်ကို သူသွားပြီး ရုတ်တရက် ဘယ်လိုသတိရမလဲ။ ရမှာ မဟုတ်တော့ နတ်ပြည်ကလည်း လာပြီးတော့ ကုသိုလ်ကောင်းမှုကို ဘယ်လို သာဓု ခေါ်နိုင်မလဲ။ တိရစ္ဆာန်တို့၊ ပြိတ္တာတို့၊ ငရဲတို့ဆိုတာကတော့ ဒါကတော့ တွေးစရာ သိပ်မရှိပါဘူး။ တွေးစရာက အနီးအနားမှာ ပြိတ္တာလေး ဘာလေး ဖြစ်နေမလားလို့ ဒီလို တွေးချင်လည်း တွေးနိုင်တာပေါ့။
အဲ့သလို ကံဆိုတာက မပြောနိုင်ဘူး မဖြစ်သော်ရှိ။ ဖြစ်သော်ရှိ ဂတိ လေး တိမ်းပါးမှောက်မှားသွားလို့ သေခါနီးအခါ မိမိရဲ့ အတွေးမှာ စွဲလမ်း မူလေးတွေ ဘာလေးတွေရှိလို့ ပြိတ္တာတွေ ဘာတွေများ ဖြစ်နေမလားလို့ တွေးချင်တွေးနိုင်တယ်။ အဲ့သလို ဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင်တော့လည်း သူက ရောက်နိုင်တယ်။ ဘာကြောင့်တုံးဆိုရင် သူက လူတွေ မှီနေရတဲ့ ပြိတ္တာလေး တစ္ညသူရဲဆိုတဲ့ ပြိတ္တာလေးမျိုး၊ အဲ့ဒီပြိတ္တာလေးမျိူး ဖြစ်နေပြီဆိုရင်တော့ ရနိုင်တယ်။ သူက အနီးအပါးမှာ မျှော်လင့်နေတယ်။
တချို့ ပြိတ္တ္ဘာဘဝရောက်ပြီးတော့ ကျန်ရစ်တဲ့ မိဘဆွေမျိုး။ သားမယား စသည်က အမျှအတန်း မပေးဝေကြလို့ ဒီလို ဆွမ်းလေး ဘာလေး၊ သင်္ကန်း လေး ဘာလေး လှူဒါန်းပြီးတော့ အမျှအတန်း ပေးမဝေကြသေးလို့ ပြိတ္တာ ဘဝက မလွတ်ဘူး။ မလွတ်တော့ လွတ်မှုကို လိုလားပြီး စောင့်စားနေကြတဲ့
အဲ့သလို ပြိတ္တာမျိုးတွေလည်း ရှိတတ်တယ်။ အဲ့ဒီ ပြိတ္တာဆိုတာကလည်း ကိုယ့်အိမ်က ကွယ်လွန်သွားတဲ့ ဒကာကြီးလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ တခြားက ကိုယ့်ဆွေမျိုးတွေး နောက် နောက် သေသွားတဲ့ ပုဂ္ဂုံလ်တွေထဲက ဆွေမျိုးတွေ အဲ့ဒီဆွေမျိုးတွေထဲက သေသွားပြီးတော့ ပြိတ္တာလေး ဘာလေး ဖြစ်နေလို့ အလှူအတန်း လှူတဲ့အခါ သူတို့က စောင့်စားနေကြတယ်။ တို့ကို အမျှဝေလိမ့်မယ်လို့ စောင့်စားနေကြတဲ့ အဲ့သလို ပြိတ္တာမျိုးလေးတွေ လည်း ရှိတတ်တယ်
အဲ့ဒီတော့ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်ဆိုတာ ရနိုင်ဖို့ အခွင့်အရေးက နည်းနည်းပါ ကောင်းရာမွန်ရာတွေ ရောက်နေတယ်ဆိုရင် သူ့ဆီရောက်နိုင် ဖို့ တယ်မလွယ်လှဘူး။ မကောင်းတဲ့ဘဝမှာလည်း ငရဲ တိရစ္ဆာန်တို့ ပြိတ္တာ ကြီးတွေ အဲဒီအစားတွေထဲက တစ်မျိုးမျိုး ဖြစ်နေရင်လည်းပဲ ဒီက ကုသိုလ် ကောင်းမှုဆိုတာ ရဖို့ တယ်မလွယ်ဘူး ဒီတော့ တို့လှူဒါန်းတဲ့ ကုသိုလ် ရလိမ့်မယ်လို့ ပုံသေတစ်ထစ်ချ မှတ်ထားလို့ မဖြစ်ဘူး အခုလို ကွယ်လွန် တဲ့အခါ ကွယ်လွန်တဲ့ပုဂ္ဂိုလ် တရားနာလာအောင်ဆိုပြီးတော့ ဖိတ်ကြ တယ်
လောကမှာ အစွဲလေးတွေကလည်း ရှိကြတယ် အစွဲလေးတွေ။ သေ သွားလို့ရှိရင် ကြားမှာ ဘဝလေးတစ်ခုရှိသေးတယ်။ အဲဒီဘဝလေးမှာ စောင့်စားနေရတယ်။ နောက်မိခင်တစ်ယောက် ဝမ်းထဲဝင်ဖို့ ပဋိသန္ဓေနေဖို့ အချိန် အခါကို စောင့်စားပြီးတော့ ကြားထဲမှာ နေရတဲ့ဘဝကလေးတစ်ခု ရှိသေးတယ်။ ဒါကို ဘုန်းကြီးတို့ ကျမ်းဂန်များကတော့ အန္တ ရာဘဝရလို့ ခေါ်တယ်။ ကြားဘဝလေး၊ အဲဒီ .. .ဘဝလေးမှာ သူဟာ တန်ခိုးရှိတယ်။ သွားချင်ရာ သွားနိုင်တယ် လာချင်ရာ လာနိုင်တယ် တန်ခိုးရှိတဲ့ အကောင်လေး ဘဝမှာ ရောက်နေတယ်။ အဲဒီ ... ဘဝလေးမှာ ဖြစ်ရတယ်။
တချို့ပြောကြတာ ဒီအမိ ဝမ်းထဲ ဝင်ချင်လွန်းလို့ စောင့်နေတဲ့ အခွင့်ကို မသာဘူးတဲ့။ အမေက ရေလာခပ်မှ အမှိုက်လေးယောင်ဆောင်ပြီး တော့ အမိရေအိုးထဲ လိုက်သွားတယ်။ ဟိုကျ အမေက ရေကို ခပ်သောက် အမှိုက်ကလေးအဖြစ်နဲ့ အမေ့၀မ်းထဲဝင် သွားတယ် အဲဒီအခါ ကျမှ ပဋိသန္ဓေ အမေ့ဆီမှာ ဖြစ်ခွင့် ကြုံသွားတယ်လို့ လောကမှာလည်း တချို့ ပြောကြတယ်။
အမှန်ကတော့ ဒါတွေဟာ ဘဝလေးတစ်ခုလို့တော့ မဆိုနိုင်ဘူးပေါ့။ ကြားထဲမှာ ဘဝလေးတစ်ခုရှိတယ်။ အဲ ဘဝလေးမှာ ဖြစ်နေရတယ်။ ပုဂ္ဂိုလ် ဟာ တန်ခိုးရှိတယ်။ သွားချင်ရာ သွားနိုင်တယ် လာချင်ရာ လာနိုင်တယ် သူရောက်ချင်တဲ့နေရာကို ရောက်နိုင်တယ်။ စသည်ဖြင့် ကြံဆကြတဲ့ အန္တရာ ဘဝခေါ်တယ်။ အဲဒီ အန္တ ရာဘဝဆိုတာ မရှိပါဘူးဆိုပြီးတော့ ဘုန်းကြီးတို့ အဘိဓမ္မာက ပယ်ချထားတယ်။ အဘိဓမ္မာကထာဝတ္ထုမှာ ပယ်ချထားတယ်။ ဒါကြောင့် ဒီလို တန်ခိုးရင်ဘဝလးဆိုတာဟာလည်း အများအထင် မိမိတို့ရဲ့ အထင်အမြင်ပဲ
တချို့မွေးလာတဲ့အခါ ပြောတတ် ဆိုတတ်တဲ့အခါမှာ ဒီအကြောင်း တွေ ပြောတတ်သတဲ့။ အဲ့သလို ...ဘဝလေးတစ်ခုမှာ ဖြစ်ပြီးတော့ အမေ့ဝမ်း ထဲ ပဋိသန္ဓေနေဖို့ စောင့်ရတယ်ဆိုတဲ့အပြော။ တချို့အဆိုကို ပြန်ပြော တတ်လို့ တချို့ ပြန်ပြောပြတယ် ပြန်ပြောပြလို့။ နို့ ဒါတွေ မဟုတ်ဘူးလား ဆိုတော့ မဟုတ်ဘူးလို့ ပြောဖို့လည်း မလွယ်ဘူး။ တကယ်တော့ ဒီပုဂ္ဂ္ပုံလ် မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးလို့ ပြောဖို့တော့လည်း မလွယ်ဘူး
သို့သော် သူဟာ ဘဝတစ်ခုလို့ ပြောဖို့တော့ ကျမ်းဂန်အလိုဆိုရင် မသင့်ဘူးပေါ့ ဒီပုဂ္ဂိုလ်တော့ ဒီပုဂ္ဂုလ်ပဲ။ သူနိမိတ်ထင်တာသာ ဘာသာ ရှိချင်ရှိမယ်။ အဲ့သလို နိမိတ်ထင်ပြီးတော့ ဟိုသွား ဒီသွား အမေ့ရေအိုးထဲ ဝင် ဒါတွေဟာ စိတ်ထဲထင်လာတဲ့ နိမိတ်ထင်မှုမျိုး၊ သေခါနီးနိမိတ် ထင်မှု မျိုးတွေ။ ဖြစ်ခဲ့တာကို ပြန်သတိရတာ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ ဘဝ ကလေးတစ်ခု ရှိတယ်ဆိုတာကတော့ မဟုတ်နိုင်ဘူး။
နို့... ခုနပြောတဲ့ ပြိတ္တာဘ၀မျိုး။ အဲ့သလို ဖိတ်ခေါ်ရင် ရနိုင်တဲ့ အမျှတန်းပေးဝေရင် ရနိုင်တဲ့ဘဝမျိုး၊ အဲဒီဘဝမျိုးဆိုတဲ့ သီခြားဘဝတစ်ခု အဖြစ်နဲ့ ဖြစ်တာကာတော့ ရှိတယ်။ သီးခြားဘဝတစ်ခုအမြစ်နဲ့ မဟုတ်ဘဲနဲ့ ကြား ဘဝလေး၊ အန္တရာဘဝလို့ ပါဠိကခေါ်တဲ့ ကြားဘဝလေး ရှိတယ် ဆိုတာကတော့ ဒါ ...ဘုန်းကြီးတို့ ကျမ်းဂန်မှာတော့ ပယ်ချထားတယ်1။ ပြီးတော့ ...လူဟာ သေသွားရင် သူ့ဆိုင်ရာဘဝ ရောက်သွားတယ်။ ဘယ်မှာမှ ကြားဘဝအနေနဲ့ နေတာမဟုတ်ဘူး/။ ဒီဘဝက စုတေနဲ့ နောက် ဖြစ်တဲ့ဘဝက
(။ (၂) င (မ ပ (ပ (ရ ပဋိသန္ဓေဆိုတာဟာ အပြောအားဖြင့် ကွာခြားနေပေမည့် တကယ်တော့ တစ်ဆက်တည်းပဲ။
လောက ရုပ်အစဉ် ရှိတယ်။ နာမ်အစဉ် ရှိတယ်။ သေသွားပြီဆိုရင် (။ ရ (။ ပ ( (။ (။
ရုပ်အစဉ်တွေကတော့ ပြတ်သွားတာပဲ။ ရုပ်အစဉ်တွေကတော့ အဆက် မရှိ (“ (၂ ((' (။ ပ ပ) ပ (မ (။
ဘူး။ ရုပ်ကိုယ်ကြီးကတော့ ဒီမှာပဲ ပျက်စီးသွားတာပဲ။ နာမ်အစဉ်ကတော့ ( အ အ။ ( မျှ ဗ။ ( (၂ (၉ မပြတ်ဘူး။ ဒီဘဝမှာ. မနောဒ္ပ ရဝဇ္ဇာန်း - ဇော- ခုနစ်ကြိမ်စသည်ဖြင့် စိတ် စ အ မျ။ (။။။။ က် န {။ (။ မု >) အစဉ်တွေဟာ ဆက်ခါ၊ ဆက်ခါ1 ဆက်ခါး ဆက်ခ ဖြစ်နေတယ်။ အဲ့ဒီ . . . (။ ၂ (၂။ {ဂါ ( (း ရ (မှ ၂ (၂ (၈ ရ ဖြစ်နေသလိုပဲ။ ဟိုဘဝနဲ့ ဒီဘဝ နှစ်ခုအဆက်အစပ်ကလည်း ဒီအတိုင်းပဲ ဒီဘဝ စုတေပြီဆိုရင် အဲ့ဒီ . ..စုတေရဲ့ အခြားမဲ့မှာ ပဋိသန္ဓေစိတ်လေးဆိုတာ ဖြစ်တာပဲ ဒီတော့ ရုပ်ကတော့ အစဉ်တခြား။ ဟိုဘဝမှာ ပဋိသန္ဓေစိတ် {။ (၅ (ဧ ဥ။ (. (၂ (။ (မျ မျှ ( (ဤ။
ဖြစ်ပြီဆိုရင် စိတ်က တစ်မျိုးတည်းဖြစ်တာ မဟုတ်ဘူး စေတသိက်ဆိုတဲ့ တရားတွေလည်း ဖြစ်ရတယ်။ ကာယဒသကကလာပ် ဘာ၀ဒသကကလာပ်။ ဝတ္ထုဒသက ကလာပ်ဆိုတဲ့ ကလာပ်ပေါင်းသုံးခု ရုပ်ပေါင်းသုံးဆယ်။ အဲ့ဒီ တရားတွေလည်း အတူတူ ဖြစ်ရတာပဲ။
+ န ( (မ (န (မှ၊ အဲ့ဒီတော့ ဒီက စုတိစိတ်လေး ချုပ်ပြီးတော့ တစ်ဘဝမှာ ပဋိသန္ဓေ ဥ {။ ( (၂ မ 1။။ န (1 (။
စိတ်ရယ်လို့ဖြစ်တဲ့ အခါကျတော့ အဲ့ဒီ ပြောတဲ့ရုပ်တရားတွေ။ နာမ်တရား တွေ ဖြစ်ရတာပဲ။ အဲဒီတော့ တခြားစီ။ ဒီဘဝက ရုပ်မဟုတ်ဘူး။ ဒီဘဝက ရုပ်က ဟိုကို ကူးသွားတာ မဟုတ်ဘူး ဟိုဘဝမှာဖြစ်တဲ့ ရုပ်တရားဟာ (၂ (။. (၂ {. ဂံ (၂ (( ( တခြား၊ ပဋိသန္ဓေစိတ်ကလေးဆိုတာလည်း ဒါဘဝက စိတ်မဟုတ်ဘူး။ တစ်ခြား ပဋိ သန္ဓေစိတ်နဲ့အတူ ဖြစ်တဲ့ရုပ်တရားတွေ။ ဒါတွေဟာလည်း တစ်ခြားပဲ။ အတူတူ မဟုတ်ဘူး။ ဒီဘဝဟာတွေ မဟုတ်ဘူး ဒီဘဝက (ရ (ဥ (။။ င။ {။ (။ ( (၂) ရုပ်နာမံဆိုလို့ ဘာမျှ ဟိုဘက်မပ ဘူး။ မပါပေမည့် ရုပ်အစဉ်ဆိုတာက (. {၂ ( ( (ဤ ( (၂) (မ (မှ (။ {။
တစ်မျိုး၊ နာမ်အစဉ် ဆိုတာက တစ်မျိုး၊ နာမ်အစဉ်ဆိုတာက အကောင်အထည် သိပ်ရှိတာ မဟုတ်ဘူး။ မြင်လောက်အောင် အကောင်အထည် ရှိတာမဟုတ်ဘူး။ မရှိတဲ့ တရားအစဉ်အတိုင်းအားဖြင့် ဖြစ်တဲ့အခါကျတော့ ဒီဘဝက စုတိလေး ။။
က ဟိုနောက် ဖြစ်ရတဲ့ဘဝက ပဋိသန္ဓေကို သူက ကျေးဇူးပြုတယ်။ ဒါကို ဆုန်းကြီးတို့ပဋ္ဌာန်းက အနန္တရပစ္စည်း သဝနစ္တရပစ္စည်း င 9 ဇ ၂ င လိပ္ကာ လ. နတ္ထိပစ္စည်း။ ဝိဂတပစ္စည်းနဲ့ ကျေးဇူးပြုတယ်လို့ ဆိုတယ်။ အဲ့သလို . . .
ကျေးဇူးပြုပေမည့် ဒီဘဝက တရားတွေ။ ဟိုဘဝက တရားကို ကျေးဇူးပြုတယ် ဆိုပေမည့် အတူတူ ကပ်ဖြစ်နေတာ မဟုတ်ဘူး။ အတူတူဆက်ဖြစ်နေတာ မဟုတ်ဘူး။ ကွာဖြစ်နေတယ်လည်း မဆိုနိုင်ဘူး။
ဒါ ... အဘိဓမ္မာသဘာဝအတိုင်းပဲ။ အဲ့ဒါကြောင့် ဒီဘဝကနေပြီး နတ်ပြည်ရောက်တယ်ဆိုရင် ရုပ်ကြီးကအဆက်မရှိတော့ဘူး။ အဆက်မရှိဘူး ဆိုတာက ဒီဘဝက ပါသွားတာ မဟုတ်ဘူးပြောတာ။ ဒီဘဝက ရုပ်ကတခြား။ နောက်ဘဝ နတ်ပြည် ရောက်တယ်ဆိုရင် နတ်ပြည်ကဖြစ်တဲ့ ပဋိသန္ဓေ ရုပ်ကတခြား၊ တခြားပေမည့် လုံးလုံးတခြား လို့ ပြောလို့လည်း မရဘူး၊ ဆက်သွယ်မှု ရှိတယ်။ ဒီဘဝက စုတိစိတ်က တခြား။ ဟိုဘဝ သွားဖြစ်တဲ့ နတ်ဘဝသွား ဖြစ်တဲ့ ပဋိသန္ဓေစိတ်က တခြား။ တခြားပေမည့် အဆက်မရှိဘူး။ တခြားစီ ပြတ်နေတယ်လို့ ဒီလိုလည်း မပြောနိုင်ဘူး။ ခုနပြောသလို ကျေးဇူးပြုမှုလေးက ရှိနေတယ်။
ဒီဘဝက စုတိစိတ်က ဘယ်လောက်ပဲ ဝေးဝေး။ နတ်ပြည် ဗြဟ္မာ့ပြည် က ပဋိသန္ဓေစိတ်ကို သွားပြီးတော့ ကျေးဇူးပြုတာ (သွားပြီးတော့) ဆိုတာ ကတော့ လောကအပြော ပြောရတာ၊ အမှန်ကတော့ သွားကျေးဇူးပြုတာတော့ မဟုတ်ဘူး။ သဘာဝအတိုင်း အခြားမရှိသောအားဖြင့် ရုပ်တွေး ဘာတွေ။ ကမ္ဘာတွေ လောကတွေ ခြားနေပေမည့် နာမ်တရားအစဉ်အားဖြင့်တော့ အခြား မရှိဘူး။ အခြားမရှိသောအားဖြင့် ကျေးဇူးပြုတယ်။ ဒါကို အနန္တရခေါ် တယ်။ သမအနန္တ ရခေါ်တယ်။ နတ္ထီ- ဝိဂတသတ္တီလို့ ခေါ်တယ်။ အဲသလို သတ္တိတွေနဲ့ ကျေးဇူးပြုနေတာတွေ ရှိတယ်။ ဒါကြောင့် လူဆိုတာဟာ ဒီ ဘဝက သေရင် တခြား ရောက်သွားတယ် ဒီဘဝနဲ့ ဘာမျှ မဆိုင်ဘူးလို့ လ၌ မဟိုနိင်ဘူး။ ဒီဘဝကဟာတွေ။ ရုပ်တွေး နာမ်တွေ ပြောင်းသွားတာ လို့.ပည်း မဆိုနိုင်ဘူး။
ဒါကြောင့်မို့လို့ လူသေလို့ရှိရင် သူက လာနိုင်တယ်။ မိခင်ဝမ်းမှာ ဝင်ဖို့ စောင့်နေတယ် စသည်ဖြင့် ကြားဘဝလေးတစ်ခု ရှိနေတယ်ဆိုတဲ့ အယူအဆမျိုးလေးတွေဟာ ဒါ စာပေအယူအဆမှာ လူတွေရဲ့အထင်က ဘယ်လိုထင်သတုံး။ လူသေရင် လူကြီးသာ သေသွားတယ်။ အထဲမှာ အသက်ကလေး ရှိတယ်။ အဲ့ဒီအသက်ကလေးဟာ မသေဘူး။ ဒီအသက်ကို
၄၄၈ [။ 8 သပြေ ၂ '
ဝိညာဉ်လို့လည်း ခေါ်ကြတယ် 1 ပ်ပြာလို့လည်း ခေါ်ကြတယ်။ အကောင် (န {။ ဥ (။ (။ {။။
လေးလို့လည်း ခေါ် ကြတယ်။ ခန္ဓာကိုယ်ကြီးသာ ပျက်စီးသွားတယ်။ အဲဒီ အကောင်လေးကတော့ မပျက်စီးဘူး။ ခန္ဓာကိုယ်ထဲ အဲဒီ အသက်လေးရှိတယ်။ ၂ အတ (။ နူး {။ {၂ (၅ ပြီ နး န။။ မှ [၂ ကို တ္တလို့ ခေါ်တယ်။ ဇီဝလို့လည်း ခေါ်တယ်။ ဇီ၀ဆိုပေမည့် ပကတိ (။ (။။. {ကျ (၂ ရ (မ 1 အသက် မဟုတ်ဘူး။ အဲ့ဒီ အတ္တဇီဝဆိုတဲ့ အကောင်လေးဟာ လူသေပေမည့် မသေဘူး။ သူက ဟိုတစ်ဘဝသွားပြီးတော့ လူ့ဘဝ၊ နတ်ဘဝ စသည်ဖြင့် ဟို ဘ၀သွားပြီးတော့ ဟိုမိခင်ဝမ်းမှာ ဟိုဘုံဘဝမှာ သွားပြီးတော့ မိခင် မျ။ (1 (မျ (၂ (၉. {။ (။ ရှ {ဧ န (ရှ [။
ဝမ်းထဲမှာ ဖြစ်ဖြစ်၊ ကိုယ်ထင်ရှားဖြစ်တဲ့ နတ်ဖြစ်ဖြစ်။ ဗြဟ္မာဖြစ်ဖြစ်) ပြ (။ (။ (။ [ဤ။ ဤ (၂ န္က အဲ့သလိုဘဝတွေမှာ သွားဖြစ်တယ်လို့ အဲ့ဒီလို လောကက ယူဆနေကြတဲ့ အယူအဆရှိတယ်။
ရ။ (မ ( ဥ ၉5 သဘာဝတရားတွေရဲ့ အဖြစ်အပျက်တွေကို မိမိတို့ မကြားဘူး ကြားဖူးနားဝ မရှိ။ ကြားဖူးရင်လည်း နားမလည်၊ အဲ့သလို ပုဂ္ဂိုလ်တွေကျ (။ န (၂ {။ (၂ (။. (မ ၂ တော့ အသကအစ္ပဂ္ပလေး ရှတယ၊ ခန္ဓာကုယကံးဟာ အသကလေး ရှလူ့ (န {။ (၂ [၂ ဥ။ [၂ (။။ (။
လူပ်ရှားနေတယ် ပြောနိုင်။ ဆိုနိုင်။ သွားနိုင်။ လာနိုင် ကိုယ်ကြီးကတော့ ၂ (မ (။
ပြောနိုင်တာ မဟုတ်ဘူး အသက်ကလေးက ပြောနေတယ် အသက်ကလေးက စားနေတယ်။ ကာရက ဝေဒက - ခန္ဓာ ကိုယ်ကြီးစားလုပ်သမျှ အသက်ကလေး က ခန္ဓာကိုယ်ကြီး စားသမျှ ဒီအသက်ကလေးပ၊ အဲ့ဒီလို အစ္ဂဲလေး ရှိနေကြ တယ်]။
4) မ (မ။ ပြီ (၂ (' ဒီအစွဲတွေဟာ တကယ်တော့ တရားသဘောမသိကြတဲ့ ပုဂ္ဂိုလ်တွေ စွဲတဲ့ အစွဲတွေ ဒါကြောင့် လောက်လန်းသဖွယ် ဝိညာဉ်တွယ် ဆိုပြီးတော့ (၂ {၂ ( ဂြ အယူအဆတစ်မျိုး ရှိတယ်။ အမှန်က သေဖို့အကြောင်း ဆုံပြီဆိုရင် ဘဝ တစ်ခု ရှာနေရတာ မဟုတ်ပါဘူး။ သူ့အကြောင်းအားလျော်စွာ ဒီက . . .ကံ (စ။ (1 င (။) {။ ပါ ( {း အလိုက် စုတိနောက် - ပဋိသန္ဓေဆိုတာ ဖြစ်သွားတာပဲ။ ဘယ်အသက်လေးကမှ ရှိတာမဟုတ်ဘူး။ ဘယ်အသက်ကလေးမှ ဟိုမှာ ဘဝရာပြီး လိုက်နေ င် တာမဟုတ် ဘူး။ ကြားဘဝဆိုတာလည်း ဘာမျှ မရှိဘူး တဿာနန္တ ရမေဝံ - စုတိစိတ်၏ အခြားမဲ့မှာ တစ်ခါတည်း ဆက်ပြီးဖြစ်တယ်။ ဆက်ပြီးဖြစ်တယ်ဆိုတော့ (ရ [၂ (။ (။ (၂ မ (မ။
အခုဘဝမှာ ကပ်ပြီး စိတ်တွေဖြစ်သလို ဒီလို ဖြစ်တာတော့ မဟုတ်ဘူး ဘဝအလိုက်ခြားပြီး ဖြစ်ကြတာပဲ။ ခြားပေမည့် ရုပ်အနေနဲ့သာ ခြားတယ်လို့
ဆိုရတယ်။ နာမ်အနေနဲ့ကတော့ နာမ်စဉ်ကတော့ခြားတယ်လို့ မဆိုသာဘူး အဲ့ဒါ ...သဘာဝတရားတွေကို သဘာဝအတိုင်း၊ သဘာဝအတိုင်းဖြစ်တော့ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဒီမှာ ရှိနေတယ်။ လူကသာ ပျက်စီးသွားတာ။ မီးသင်ြိုဟ်လိုက်လို့ ရစရာမရှိ ပျောက်သွားတာ။ ကိုယ့်အသက်ကလေးက တော့ မပျောက်ဘူး။ လူသွားဖြစ်။ နတ်သွားဖြစ်။ ဗြဟ္မာသွားဖြစ် စသည်ဖြင့် ထိုထိုဘဝမှာ သွားဖြစ်တယ်ဆိုတဲ့ သဘောတွေဟာ အတ္တဝါဒသမားတွေရဲ့ အယူအဆတွေ။ အထင်အမြင်တွေ ဒါကို သဿတဒိဋ္ဌိခေါ်တယ်/။ သဿတ ဒိဋ္ဌိတဲ့ အသက်ကလေး ရှိနေတယ်။ ခန္ဓာကိုယ်ကြီး ပျက်စီးသွားတယ်။ အသက်ကလေးက ဟိုဘဝ သွားဖြစ်တယ်။ ဒီဘဝ သွားဖြစ်တယ် စသည်ဖြင့် စသည် ဖြင့်
ဒါကြောင့်မို့လို့ အီဒီအယူအဆတွေဟာ အခုခေတ် အများ ယူဆနေ ကြတဲ့ အယူအဆတွေဟာ တရားသဘောနဲ့ ဘာမျှ မဆိုင်ဘူး မိမိတို့အထင် အရ အစဉ်အဆက် စွဲလမ်းလာတဲ့ အစွဲအလမ်းတွေအရ သဿတဒိဋ္ဌိဘက် ရောက်သွားတယ်
တချို့ကတော့ လူသေရင် ဘာမှ မဖြစ်တော့ပါဘူး။ ပြာဖြစ်သွားတာ ပဲ။ ဥစ္ဆေဒဝါဒဘက် ရောက်သွားကြတာတွေလည်း ရှိတယ်။ ဒါကြောင့် လောကမှာ အားလုံးတရားသဘောတွေဟာ သူ့တရားသဘာဝကို ဆောင်ရွက် နေကြခြင်းပဲ။ အဲသလို ဆောင်ရွက်နေတဲ့နေရာမှာ မိမိတို့က အထင်လွဲပြီး တော့ အသက်ကလေးက တစ်ခြားပြောင်းသွားတယ်။ လူကြီးက ဒီမှာ ကျန် နေတယ်။ စသည်ဖြင့် အဲ့ဒီလို အတွေးအခေါ် အယူအဆတွေဘက် ရောက်သွားတယ်။ ဒါ့ကြောင့် လောကမှာ သဘာဝဓမ္မတွေသာ ရှိတယ်။ ဘာ အကောင် ဘာအသက်မှ မရှိဘူး အဲ့ဒီသဘာဝတွေဟာ ကိုယ့်ကိစ္စကိုယ် ဆောင်ရွက်နေကြတယ်။
ဆောင်ရွက်နေကြလို့ တစ်ဘဝဆောင်ရွက်မှုတွေ သိမ်းပြီးတော့ တစ်ခါ ဘဝတစ်ပါးမှာ အဲ့ဒီအတိုင်းပဲ။ သဘာဝဓမ္မတွေအဖြစ်နဲ့ ဖြစ်ပြီးတော့ မိမိတို့ရဲ့ ကိစ္စတွေကို ဆောင်ရွက်ကြပြန်ရော။ အဲ့ဒါ ရုပ်နာမ်အသစ်တွေ ဖြစ် တာကိုပဲ ဘဝတစ်ပါး ပြောင်းတယ်လို့ ဆိုရတယ်။ ဒါက အခေါ်အဝေါ် ပညတ်တွေ။ အမှန်ကတော့ သဘာဝ၀ဓမ္မတွေ၊ သူ့ကိစ္စ သူဆောင်ရွက်
၄၅၀။ 8 သပြေ. - ၇ --ူ-----
နေခြင်းပဲ။ အဲ့သလို အမှန်အကန်မြင်မှ သမ္မာဒိဋ္ဌိ၊ အမှန်အကန် မမြင်ရင် သဿတဒိဋ္ဌိဘက် ရောက်သွားတယ်။ ဥစ္ဆေဒဒိဋ္ဌိဘက် ရောက်သွားတယ်။
ဒါကြောင့် တို့တစ်တွေဟာ တကယ်တော့ ကိုယ့်ကံအလိုက် ဖြစ်ကြ ရတယ်။ ကံတရားရှိပြီဆိုရင် ကုသိုလ်ကံရှိမီဆိုရင် အု့ဒီပုဂ္ဂုုလဟာ ကုသိုလ် ကံရဲ့ အကျိုးခံစားရတယ်။ အကျိုးတွေကဘာတုံး။ ဒုတိယဘ၀မှာ ပဋိသန္ဓေ ဆိုတဲ့ ပဓဋိသန္ဓေအကျိုးလေးက စပြီးတော့ တစ်ဘဝ ဆက်သွားတယ်' အဲ့ဒါ ဘာမှ ပြောင်းတာမဟုတ်ဘူး။ ဘာမျှ ကူးတာ မဟုတ်ဘူး။ မကူးပေမည့် အကြောင်းလည်း မကင်းဘူး ဒီဘဝက အကြောင်းတရားတွေကြောင့် အကျိုး တရားတွေ ဖြစ်ကြရတာလို့ နားလည်မှ သမ္မာဒိဌ္ဌိ။
ဒါကြောင့် ကွယ်လွန်တဲ့ ဒကာကြီး အကြောင်းပြုပြီးတော့ လှူကြ တန်းကြ ပူဇော်ကြတဲ့အခါသမယမှာ အမှန်တရားလေးတွေ တွေးမိပြီးတော့ ကံကြောင့် အကျိုးရကြတယ်။ ကံသည် အကျိုးမဟုတ်။ အကျိုးသည်လည်း ကံမဟုတ်4။ ဒီဘဝပြုလိုက်တဲ့ စေတနာဆိုတဲ့ကံကြောင့် မိမိတို့ဘဝမှာ ပဋိသန္ဓေ ကမ္မဇရုပ်အကျိုး ဝိပါက်ဖြစ်ကြရတယ်။ ဒါဟာ သဘာဝအတိုင်း။ ဒီသဘာ၀အတိုင်း ဒကာကြီးဟာ သူ ဒီဘဝက ပြုလုပ်အားထုတ်ထားတဲ့ စေတနာလေးကြောင့် လျော်ရာ။ သူ့ကံအလိုက် လျော်ရာ ကောင်းတဲ့ဘဝ။ မကောင်းတဲ့ဘဝတစ်ခုခု ရောက်သွားပြီးတော့ ပဋိသန္ဓေဆိုတဲ့ အကျုံးဝိပါတ် အသစ်တွေ ဖြစ်နေရတယ်။
အဲဒီအသစ်တွေ ဖြစ်နေရတဲ့အခါမှာ တကယ်လို့ ကတတိမ်းပါးသွား လို့ ဒီက ကုသိုလ်တွေကို အမျှအတန်း ပေးဝေတဲ့အခါ သာဓု အနုမောဒနာ ပြုနိုင်တဲ့ ဘဝရောက်လို့ ပြုနိုင်ရင် ချမ်းသာပါစေလို့ မဖြစ်သော်ရှိ ဖြစ်သော် ရှိ မရသော်ရှိ ရသော်ရှိ မိမိတို့က အမျှအတန်း ပေးဝေကြရတယ်။ ဒီဟာ တာဝန်တစ်ခုပဲ မိမိတို့ပြုရမည့် တာဝန်တစ်ခုပဲ။ တာဝန်တစ်ခု ဆောင်ရွက် ခြင်းပဲ။ သို့သော် ဒကာကြီး ရလိမ့်မယ်လို့ ပုံသေတော့ မအောက်မေ့ရဘူး။ ရချင်မှလည်း ရမယ်။ ရနိုင်တဲ့ဘဝဖြစ်မှ ရမယ်။ ခုနပြောသလို အနီးအနား ပြိတ္တာလေး ဘာလေးဖြစ်မှ ရမယ်
နတ်ဖြစ်နေရင်လည်း သာဓုခေါ်နိုင်မှ ရမယ် ခုနပြောသလို ဒီအချိန် ကလေးနဲ့ သာဓုခေါ်နိုင်ဖို့ ပြန်အမှတ်ရဖို့ဆိုတာ မလ္ပယ်သေးဘူးလို့၊ ဒါကြောင့်
သူရတာ မရတာ ပဓာနမထားဘဲနဲ့ မိမိတို့ကုသိုလ်ဖြစ်ဖို့ မရသော်လည်း မိမိတို့ကတော့ ကုသိုလ်ဖြစ်ပြီးသားပဲ။ မိမိတို့က ရပြီးသားပဲ။ ဒါကြောင့်မို့လို့ အကျိုးတော့ မဟုတ်ဘူး အကျိုးမယုတ်တဲ့ အလုပ်မို့လို့။ အကျိုးရှိတဲ့ အလုပ်မို့လို့ မိမိတို့ ဒီနေ့ မတကဘတ္တ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်ရည်စူးပြီး လှူဒါန်းတဲ့ ဆွမ်းအလှူ လှူဒါန်းကြရတယ်။ အကျိုးရှိတဲ့ အလှူဒါန အထမြောက်အောင် တို့လှူဒါန်းကြရတယ်လို့ နှစ်သက်ရွှင်းလန်းဝမ်းမြောက် သောစိတ်ထားဖြင့် မိမိတို့ ကုသိုလ်ကို အောက်မေ့ခြင်းဖြင့် ကုသိုလ်တရား တွေ တိုးပွားအောင် ကြုံးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
တရားတော်ပြီး၏။
ဒေါ်တင်တင် (၆) နှစ်ပြည့် ဆွမ်းအနုမောဒနာ
၁ကာမကြီးဒေါ်တဇိတာဇိစ်ါ (၆)နှစ်ပြည့် ဆွစမ်းအလှုတောိဋိ ဗောကြားအဝ်သော တရားတေ
ယနေ့ ကွယ်လွန်ခဲ့တဲ့ ဒကာမကြီး ဒေါ်တင်တင်ကို အကြောင်းပြုရွ် ကုသိုလ်တွေ ပြုကြတယ်။ ကောင်းမှုတွေ ပြုကြတာနဲ့စပ်လို့ မိလိန္ဒမင်းကြီး က ရှင်နာဂသိန်ကို လျှောက်ဖူးတယ်။
ဒီဘဝ ရုပ်နာမ်နဲ့ ကုသိုလ်တွေပြုကြ အကုသိုလ်တွေ ပြုကြတယ်။ ဒီဘဝက ရုပ်နာမ်နဲ့ပြုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ ဘယ်မှာ ရှိနေကြသတုံး။ ဘယ်မှာ တည်နေကြသတုံး ဘုရားလို့ လျှောက်ထား။ အဲ့ဒီ လူတွေ ပြုတဲ့ကုသိုလ်တွေး အကုသိုလ်တွေဟာ အဲဒီလူတွေရဲ့ ဘယ်နေရာ မှာ သူတို့ တည်နေကြပါသတုံးဘုရားလို့ မိလိန္ဒမင်းကြီးက မေးတယ်။
မိလိန္ဒမင်းကြီးဆိုတာလည်း အားလုံး ကြားဖူးကြတဲ့အတိုင်း နာဂသိန် မထေရ်မြတ်ကို ခဲရာခဲဆစ်ပြဿနာတွေ မေးလေ့ရှိသူပေါ့ / မင်းကြီးမေးတဲ့ အမေးကို တော်ရုံတန်ရုံလူတွေ မပြောနဲ့ တော်ရုံတန်ရုံ ဘုန်းကြီးတွေတောင် မဖြေနိုင်ကြဘူးတဲ့။ တကယ့် ရဟန္တာကြီးတွေတောင် မဖြေနိင်ကြဘူးတဲ့။ ရှင်နာဂသိန်ကတော့ တကယ့် ထူးခြားတဲ့ ရဟန္တာတစ်ပါးမို့ သူမေးသမျှ ဘယ်လောက်ခက်ခက်။ ဘယ်လောက် လျှို့ဝှက်လျှို့ဝှက်၊ ဘယ်လောက်ပဲ ငုပ်ငုပ် အားလုံးဖော်ပြီးတော့ ဖြေနိုင်တာချည်းပဲ။ ယခုလည်း သူက ခက်ခက်ခဲခဲ ပြဿနာလေးတွေကို မေးနေကျအတိုင်း ဒီပြဿနာကို တင်လာတယ်။ လောကမှာ မိမိတို့ ယခုရှိတဲ့ ရုပ်နာမ်နဲ့ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ မကောင်းတဲ့ အကုသိုလ်ကိုလည်း ပြုကြတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ကောင်းမှု ဆိုတဲ့တရားတွေ၊ မကောင်းမှုဆိုတဲ့တရားတွေဟာ ဘယ်မှာ
တည်နေကြပါသတုံး ဘုရားလို့ လျှောက်ထား။ အဲ့သလို လျှောက်ထားတဲ့ အခါကျတော့ အရှင်နာဂသိန်အရှင်မြတ်က မင်းကြီး အရိပ်သည် လူသို့ အစဉ်မကွာ လိုက်သကဲ့သို့ ထို့အတူပဲ မိမိပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ တွေဟာ အဲဒီပုဂ္ဂိုလ်တွေနောက် အမြဲလိုက်ပါနေတယ်ဆိုတဲ့ အကြောင်းကို ဖြေတော်မူတယ်။ အဲဒီကုသိုလ်ကံ၊ အကုသိုလ်ကံတရားတွေကို ပြနိုင် သလား။ တပည့်တော်တို့ မြင်အောင် ပြနိုင်သလားဘုရားလို့ လျှောက်ထား တော့ အရှင်နာဂသိန်မထေရ်မြတ်က ကုသိုလ်ကံ၊ အကုသိုလ်ကံ ဆိုတာ ကတော့ အရိပ်ပမာ လိုက်နေတဲ့ တရားတွေမို့လို့၊ နာမ်တရားတွေမို့လို့ အဲဒီ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ပြခြင်းငှာတော့ မတတ်နိုင်ဘူး မပြနိုင် ဘူးဆိုတဲ့အကြောင်း မိန့််ကြားတော်မူတယ်။
သစ်သီးနဲ့ ကံ -ဥပမာ
အဲဒီအခါမှာ မင်းကြီးက အရှင်ဘုရား ဒါဖြင့် ဥပမာကလေးနဲ့ အမိန့် ရှိတော်မူပါဘုရားလို့ လျှောက်ထားတော့။ အဲမင်းကြီး ... အသီး မသီးသေးတဲ့ သီးပင်တွေ ရှိတယ် မဟုတ်လား။
“မှန်ပါ ရှိပါတယ်ဘုရား”
အဲဒီ . . .အသံး မသီးသေးတဲ့သီးပင်တစ်ပင်မှာ အသီးတွေဟာ ဘယ်မှာ နေသတုံး။ ပြနိုင်သလားမေးတော့ မပြနိုင်ပါဘုရား၊ မပြနိုင်ပါဘူးဆိုတဲ့ အကြောင်းကို လျှောက်ထားတဲ့အခါကျတော့ မင်းကြီး အဲသလိုပဲ သတ္တဝါ တွေမှာ မိမိပြုတဲ့ကုသိုလ်ကံ၊ အကုသိုလ်ကံတရားတွေ ဘယ်နေရာမှာ ရှိတယ်လို့ ထုတ်ဖော်ပြသခြင်းငှာ မတတ်နိုင်ဘူး ရှိတော့ ရှိနေတာပဲ အရိပ်ဟာ လူနောက်ကို လိုက်နေသလို ထို့အတူပဲ အဲဒီကုသိုလ်ဆိုတဲ့ တရားတွေ။ အကုသိုလ်ဆိုတဲ့ တရားတွေကို ပြုထားပြီဆိုရင် သူတို့ဟာ အရိပ်ပမာလိုက်နေတဲ့အကြောင်း မိန့်ကြားတော်မူခဲ့တယ်။ သစ်ပင်ကို ဥပမာ ပေးသလို ကုသိုလ်ကံ အကုသိုလ်ကံ အနေအထားဟာလည်း အဲဒီအတိုင်းပဲ သီးပင်မှာ သီးချိန်ကျလို့ သီးလာသလို သီးခ်ျန် မဟုတ်တဲ့အချိန်မှာ အဲဒီ အသီးတွေဟာ ဘယ်မှာရှိသတုံးလို့ မပြောနိင်ဘူး။ အဲ .. .ရှိနေကြတာတော့ အမှန်ပဲ ဓာတ်အနေနဲ့ ရှိနေကြေသေးတာပဲ။ အကြောင်း မညီညွတ်သေးတဲ့အခါ ရင့်သန်ခြင်းသို့ မရောက်သေးတဲ့အခါ ဓာတ်သဘာဝအနေနဲ့ ရှိနေကြတယ်။
အချိန်ကျပြီး သီးခ်ျိန်ကျပြီဆိုရင် အသီးလေးတွေ။ အငုလေးတွေ ထွက်လာပြီးတော့ သီးကြတယ်။ ကိုယ်က ဘယ်မှာရှိတယ်လို့ ပြောလို့ မရဘူး။ မြင်လည်းမမြင်ရဘူး။ မရှိဘူးလားဆိုတော့ ရှိနေတာပဲ ရှိပေမည့် အချိန် မကျသေး။ အကြောင်း မညီညွတ်သေး)။ သီးချိန် မကျသေးရင် သူတို့ ငုပ်နေကြတယ်/။ သီးချိန်ကျပြီဆိုတော့လည်း တစ်ခါတည်း ပွင့်တန်ပွင့် ပွင့်ရာကနေ သီးလာ၊ သီးပြီးတော့ အသီးလေးတွေက တဖြည်းဖြည်း ကြွေ လာတယ်။ အဲဒီအခါကျမှ ဟောဒီ သစ်ပင်ကြီးမှာ အသီး သီးနိုင်တဲ့ ဓာတ် တွေ ရှိပါလားဆိုတာ သိရတယ်။ အဲဒီလိုပဲ သူသူငါငါ သတ္တဝါတွေရဲ့ သန္တာန်မှာ ကံတွေဆိုတာ ရှိတယ် ကောင်းတဲ့ကံလည်း ရှိတယ်။ မကာင်းတဲ့ ကံလည်း ရှိတယ်။ အကြောင်းမညီညွတ်သေးတဲ့အခါ မပေါ်သေးဘူး။ မပေါ်သေးလို့ မရှိဘူးလည်း မဟုတ်ဘူး ဆာယာဝ အနုပါယိနီ။ အရိပ်သည် လူနောက်သို့ အစဉ်လိုက်သကဲ့သို့ မိမိပြုထားတဲ့ ကုသိုလ်ကံဟာလည်း မိမိနောက်သို့ အစဉ်မကွာ လိုက် နေတာပဲ အကုသိုလ်ကံပြုထားရင်လည်း အဲဒီအကုသိုလ်ကံက မိမိနောက်သို့ အရိပ်ပမာ ဓာတ်အနေနဲ့ အဲဒီကံတွေဟာ ရှိနေတာပဲ။ စေတနာတွေ ရှိနေတာ ပဲ။
သန္တာနေဒံ ကမ္မနာမ။
န နိရုဇ္ညတိ သဗ္ဗသော၊
သဝိသေသံ နိဓေတွာန။
သမယမိိ ဝိပစ္စိတုံ။
သန္တာနေ - သူသူငါငါ သတ္တဝါတို့၏ သန္တာန်ဉ္ဗ် ကူဒံကမ္မံနာမ - ဤကံမည်သည်' က္ဂဒံကမ္မံနာမ - ဤကောင်းတဲ့ကံ။ မကောင်းတဲ့ကံ အမျိုးမျိုး မည်သည်။ နိရုဇ္စျမာနံ - ချုပ်သည်ရှိသော်) သဗ္ဗသော - အကြွင်းမဲ့ဥဿုံ အကုန် အားဖြင့်၊ နနိရုဇ္စျတိ- ချုပ်သွားသည် မဟုတ်ပေ။ စေတနာတွေ မိမိတို့မှာ ဖြစ်၊ အဲ့ဒီ စေတနာလေးတွေဖြစ်ပြီး ချုပ်။ ဖြစ်ပြီး ချုပ်ပျောက်တာပဲ။ သို့သော် အကုန်ချုပ်သွားသလားဆိုတော့ မဟုတ်ဘူး။ တခြားတရားတွေ။ အချို့တရားတွေ ချုပ်တာလို့ ဘာမျှ ရှာမရဘဲ အကုန်ပျောက်သွားတာ မဟုတ်ဘူး။ နို့ ဘယ်လို ချုပ်သွားတာတုံး။ သဝိသေသံ - မိမိ၏ အရှိန်အစော် အာနုဘော်သတ္တိထူးကို၊ နိဓေတွာန - ပုဂ္ဂိုလ်ဓါ သန္တာန်မှာ မြှုပ်နှံထားခဲ့ရွ်
သမယမှိ- အကြောင်း ညီညွတ်သည်ရှိသော၊ ဝိပစ္စိတုံ - အကျိုးပေးခြင်းငှာ န်ရုဇ္စျတိ - ချုပ်သွားမြဲသာ ဖြစ်ပါပေသတည်း။ အချိန်ကျရင် အကျိုးပေးမယ်
အဲ . ..ကံတွေ ချုပ်သွားတယ်ဆိုတာ အကုန်လုံး ဘာမျှ မကျန်အောင် ချုပ်သွားတာမဟုတ်။ မိမိရဲ့ သတ္တိထူးလေးတွေကို ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မြှုပ်နံ ထားပြီးတော့ သူတို့ ချုပ်သွားကြတာ။ ဒီတော့ အဲ ခုနက ပြောသလို အသီးသီးနိုင်တဲ့ဓာတ်ဟာ သစ်ပင်မှာ ရှိတယ်။ အဲဒီဓာတ်ဟာ ဘယ်နေရာမှာ ရှိတယ်လို့လည်း ပြောလို့မရ။ ဘယ်လိုနေတယ်လို့လည်း ပြောလို့မရဘူး။ သို့သော်လည်း ရှိနေလို့သာ အချိန်ကျတော့ အသီးလေးတွေ ထွက်ပြီးတော့ သီးလာကြတာ။ ဓာတ်မရှိရင် ဘယ်ထွက်ပြီးတော့ သီးမတုံး။ အဲဒီလိုပဲ ပုဂ္ဂိုလ်က ကံတစ်ခု ထူထောင်ထားပြီဆိုရင် အဲဒီကံဟာ ချုပ်တော့ ချုပ်သွား တာပဲ။ ချုပ်သွားပေမည့် အဲ . . .မိမိရဲ့ အစွမ်းရှိနဲစော် အာနုဘော်သတ္တိလေးတွေ မြှုပ်နံသွားတယ်။ မြှုပ်နံပြီး ချုပ်သွားတာ လုံးလုံးချုပ်သွားတာ။ ပျောက်သွား တာ မဟုတ်ဘူး။ အဲ့ဒီ ...အရှိန်အစော် အာနုဘော် သတ္တိထူးဆိုတာ ခုနက သစ်ပင်မှာ အသီး သီးနိုင်တဲ့ဓာတ်လိုပဲ။ အကျိုးပေးနိုင်တဲ့ ဓာတ်ကလေး)။ အဲဒါကို ဘုန်းကြီးတို့ ကျမ်းဂန်က ပဋ္ဌာန်းဒေသနာအရ ကမ္မသတ္တိလို့ ခေါ် တယ်။ အဲ့ဒီ . ..ကမ္မသတ္တိလေးကို ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ချန်ပြီးတော့ စေတနာ တွေဟာ ပျောက်သွားကြတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီကုသိုလ်တွေဟာ အချိန်ကျရင် အကျိုးပေးတာပဲ။
လူသေရင် ဘာတွေပါသွားသလဲ
ယခု ဒကာမကြီး ဒေါ်တင်တင် ကွယ်လွန်သွားတယ်4 ကွယ်လွန်သွား တော့ ဒကာမကြီးဟာ _ဋွည်းဥစ္စာတွေဆိုလို့ ဘာမျှ ယူမသွားနိုင်ဘူး။ ကိုယ်ပိုင်ပစ္စည်းဟွေဆို ပု့ ဘာမျှ ပါမသွားဘူး။ အကုန်လုံး ထားခဲ့ရ။ အဲ... သူ့မှာ ပါသွားတာက ဘာလဲဆိုရင် ခုနကပြောတဲ့ ကံတွေ ကံတွေ။ ကံတွေ ကိုသာ သူယူသွားနိုင်တယ်။ အဲ့ဒီ ...ဒကာမကြီးဟာ အသက်ထင်ရှားရှိတုံး က အလှူတွေ လှူခဲ့ သီလတွေ ဆောက်တည်ခဲ့၊ တရားတွေလည်း အားထုတ်ခဲ့။ ကုသိုလ်တွေလည်းပြုခဲ့တာ နည်းတာမဟုတ်ဘူး ကုသိုလ်တွေ။
အဲဒီကုသိုလ်တွေကိုသာ သူယူသွားနိုင်တယ်။ ဒီပြင် ဘာမျှ မယူသွား နိုင်ဘူး။ အဲ့ဒီတော့ ကုသိုလ်ရှင်' ကောင်းမှုရင်တစ်ယောက်ဟာ သူမမှာ ဘာမျှ ကြောင့်ကြစရာ မလိုပါဘူး။ သူ့အတွက် အထူးလုပ်နေစရာ မလိုဘူး။ အဲ... သို့သော်လည်း ပုထုဇဉ်ပဲ) ပုထုဇဉ်ဆိုတာ စိတ်မချရသေး ဘူးဆိုတော့ မလိုလဲ လိုလဲ ဆိုသလို ကုသိုလ်လုပ်တာက လွန်တာတော့ မဟုတ်ဘူး။ ဒကာမကြီးက ရချင်မှ ရမယ်။ မရတောင်မှ မိမိတို့မှာတော့ ရပြီးသားပဲ။ အဲဒီတော့ ပုဂ္ဂိုလ်တစ်ယောက်အတွက် ကုသိုလ်ပြုသာ ပြုနေ ရတယ် သူ့မှာ ကုသိုလ်တွေ အများကြီး ရှိနေတယ်ဆိုရင် ထိုပုဂ္ဂိုလ် အတွက် သိပ်ကြောင့်ကြစရာ မလိုတော့ဘူး။ သူ့ဘုန်း သူ့ကံအလျောက် သူ ကောင်းရာမွန်ရာမှာ ချမ်းသာသုခတွေ ခံစားနေရမှာပဲ။ အဲ ...ဂတိကော မတိမ်းနိုင်ဘူးလား။ ပုထုဇဉ်ဂတိဆိုတာ စိတ်ချရတာ မဟုတ်ဘူး။ ဒီလို ထည့်တွက်မယ်ဆိုရင်လည်း တွက်နိုင်တဲ့ အခွင့်တော့ ရှိသေးတာပေါ့။ ကုသိုလ်ရှင်ကို ကုသိုလ်က ကြိုနေတယ် အဲ . .. အမှန်တော့ နဂိုတုန်းက ကွယ်လွန်တုန်းကလည်း မိမိတို့ သရဏဂုံတင်ရတယ်ဆိုပြီးတော့ အမျှအတန်း ပေးဝေခဲ့ကြတယ်။ ရက်လည် ဆွမ်းကျွေးဆိုပြီးတော့ ကုသိုလ်တွေ ပြုခဲ့ကြတယ်။ နောက် လလည် စသည် ပြုခဲ့တာတွေလည်း ရှိမှာပဲ။ အဲ့ဒီလို ကုသိုလ်တွေ အများကြီး ပြုခဲ့တာပဲ။ အဲဒီကတည်းကပင် ကျွတ်သွားပါပြီ။ ကုသိုလ်ရှင်တစ်ဦးဟာ ကောင်းရာ မွန်ရာ ရောက်နိုင်လိမ့်မယ်လို့ တွက်နိုင်လောက်အောင် မိမိတို့ အသိပဲလေ။ ဒါကြောင့်မို့လို့ သိပ်လည်း မစိုးရိမ်ရဘူး။ နို့ သူ့ကို အကြောင်းပြုပြီးတော့ ကုသိုလ် တွေ ပြုပြီးတော့ မိမိတို့ အကျိုး ယုတ်သလားဆိုတော့ မယုတ်ပါဘူး။ ခုနကပြောသလို ပြုသမျှဟာ ဆာယာဝ၀ -အရိပ်ကဲ့သို။ အနပါယိနီ- အစဉ်မကွာ လိုက်ပါတတ်တယ်ဆိုတဲ့အတိုင်းပဲ။ ပြုသမျှ မိမိဖို့ချည်းပဲ။ အရိပ်လို လိုက်မှာချည်းပဲး ဟိုဘဝကျတော့ ငါ့ပိုင်ရုင်ကို ငါဘယ်လို ချီးမြွောက်ရမယ်။ လူ ဖြစ်ရင်လည်း ဘယ်လို ချီးမြွောက်ရမယ်။ နတ်ဖြစ်ရင် လည်း ဘယ်လို ချီးမြွောက်ရမယ်ဆိုတာ သူက စောင့်နေတာ။ မျှော်နေတာ ကုသိုလ်ဆိုတာမျိုးကို ကြိုဆိုနေတား
စိရပ္ပ္ဝဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထီိမာဂတံ။
ဥာတိ။ မိတ္တာ သုဟဇ္ဇာစ၊ အဘိနန္ဒန္တ် အာဂတံ
တထေဝ ကတပုညမ္ပိ၊ အသ္မာ လောကာ ပရံ ဂတံ။
ပုညာနိ ပဋိဂ္ဂဏှန္က်၊ ပိယံ ဉာတိ၀ အာဂတံ။
စိရပ္ပဝါသိ' - ကြာမြင့်စွာ မိမိတို့နှင့် ခွဲခွာရွ် ကြာမြင့်ရှည်စွာ ကွေကွင်း ရနေသော၊ ဒူရတော - အဝေးအရပ်မှ1 အာဂတံ - ပြန်လည်ဆိုက်ရောက် လာသော ပုရိသံ - မိမိတို့ရဲ့ အမျိုးတစ်ယောက်ကို ယောင်္ကျား မိန်းမ ထိုထို ပုဂ္ဂိုလ်တစ်ယောက်ကို) အာဂတံ - ပြန်လာပါတကားဟူရ်၊ ဥာတိ မိတ္တာစ - ဆွေမျိုးမိတ်ဆွေ တို့သည်လည်းကောင်း သုဟဇ္ဇာစ - ချစ်ကျွမ်းဝင်ကြတဲ့ ပုဂ္ဂိုလ်အပေါင်းတို့သည်လည်းကောင်း၊ အဘိနန္ဒန္တံ - ဝမ်းသာအားရ လက်ခံ ကြိုဆိုကြကုန်ဓါ ၈ တတ္တ္ထေဝ ထိုသို့ အဝေးအရပ်နေသော ဆွေမျိုးတွေ ပြန်လာတဲ့အခါ ရှိကြတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေက အားရပါးရ ကြုုဆိုကြ သကဲ့သို့၊ အသွာလောကာ - ဤဘဝမှ။ ပရံဂတံ - တမလွန်ဘဝသို့ ပြောင်း သွားသေား တကပုညံ - ပြုအပ်သော ကောင်းမှုရှိသော၊ (ဝ) ကုသိုလ်ရှင် ဖြစ်သော ပုဂ္ဂိုလ်ကို၊ ပုညာနိ - ပြုထားတဲ့ကုသိုလ်တွေက။ အာဂတံ - တစ်ရပ် တစ်ကျေး အဝေးအရပ်မှ ရောက်လာသော၊ ပိယံဥာတိ- မိမိတို့ ချစ်မြတ်နိုး အပ်တဲ့ ဆွေမျိုးကို၊ အဘိနန္ဒန္တ်၀ -ကြိုဆိုအားရ လက်ခံကြကုန်သကဲ့သို့၊ ကတပုညမ္ပိ - ပြုအပ်သော ကောင်းမှုရှိတဲ့ ကုသိုလ်ရှင်ကိုလည်း။ ပုညာနိ - သူပြုထားတဲ့ ထူးခြားတဲ့ကောင်းမှုတို့က၊ ပဋိဂ္ဂဏှန္တီ - ထိုဘဝ ဤဘဝ မိမိ ဆိုက်ရောက်ရာဘဝက အမြဲတမ်း ကြိုဆိုလက်ခံကြစေကုန်သတည်း။
(သာဓု သာဓု သာဓု)
သံသယတွေနဲ့ ကုသိုလ်မလုပ်နဲ့
အဲဒါ ကြောင့်မို့လို့ ဒကာမကြီးဟာ ကွယ်လွန်သွားပေမည့် ကောင်းရာ မွန်ရာ ရောက်ဖို့သာ ရှိပါတယ်။ သူ့ကုသိုလ်တွေက သူ့ကို ကြဆိုလို့ ချမ်းသာနေဖို့ရာ ရှိမှာပဲ။ ဒီလိုလည်း တွက်ရမှာပေါ့။ အဲ . ..သူကုသိုလ်တွေ ဘယ်လောက်ပြုတယ်ဆိုတာ သိနေကြတာပဲ။ အဲဒီတော့ အဲ... .သူဂတိများ
လ္ပဲသွားမလားဆိုတဲ့ ယုံမှားသံသယတွေနဲ့လုပ်ဖို့ မလိုပါဘူး။ အဲ ...မရ သော်ရှိ။ ရသော်ရှိ ရရင်လည်း အကျိုးပဲ မရရင်လည်း အကျိုးပဲ။ ဒီလို ခံယူချက်နဲ့ အဲ့ဒီစိတ်ထားမျိုး ထားပြီးတော့ ဒကာမကြီးကို ထူးခြားလှစွာသော ကုသိုလ် ကောင်းမှုတွေနဲ့ အဲ ...ကြိုဆိုသောအားဖြင့် အမျှအတန်းပေးဝေကြ ပါစို့။
(သာဓု သာဓု သာဓု)
တရားတော်ပြီး၏။
အနေလှ အသေလှအောင် ကုသိုလ်ပြုကြ တရားတော်
အနန္တ ဂိုဏ်၊ ဝင်ကျေးဇူးရှင်ဖြစ်တဲ့ မိခင်ကြီးကွယ်လွန်ခဲ့သော ကိုးနှစ် မြောက် ယနေ့အခါသမယမှာ သံဃာတော်အရှင်မြတ်တို့အား ဆက်ကပ်လှူ ဒါန်း လုပ်ကျွေးပူဇော်ရခြင်းသည် ကောင်းမြတ်သော အစဉ်အလာတစ်ခု (4 (န မျ (၂ ((း (မ (မ {။ ၂ (။
ဖြစ်တယ်။ တကယ်တော့ ပုဂ္ဂိုလ်တစ်ယောက် ကွယ်လွန်ပြီဆိုလျှင် သူ့ သင့်လျော်ရာဘဝ။
မ ( (မှ (မှ (ရ အဲ သည်ဘဝက စုတေပြီးသည့်နောက် ပဋိသန္ဓေအဆက်နဲ့ ဘဝ ဆက်သွားရတယ်။ အဲဒီတော့ စုတိနှင့် ပဋိသန္ဓေဆိုတာဟာလည်း စကား ပြောလို့သာ ဆက်နေတာ။ အမှန်က သဘောချင်းကတခြားစီ၊ အဲ စုတိဆိုတာ ဒီဘဝက နောက်ဆုံးစိတ်၊ ပဋိသန္ဓေဆိုတာ အခြားမဲ့ဘဝ ရောက်ရမည့်ဘဝက = (။ & (၂၂၈ (ရ (၂ (၂ {(' (။ (နှ (ခှ အစဆုံးစိတ်1၊ အဆုံးစိတ်နဲ့ အစစိတ် စိတ်နှစ်ခု ဆက်နွယ်ကြတယ်။ ဆက်နွှယ် ကြတော့ စုတေခြင်းဆိုတဲ့ ဝေါဟာရလေးဖြစ်လာတယ်။ အဲတော့ (။ (အ (။။ (။) (၂ (. စုတိကလည်းတခြား။ ပဋိသန္ဓေကလည်းတခြား။ စုတိက ဒီဘက်ပိုင်းသွားတာ။ ပဋိသန္ဓေက တစ်ဖက်ဘဝက ဒီတရားနှစ်ပါးဟာ အဲ။ ဘဝခြားနေပေမဲ့ င ခ ခွပ်လက် ဒါ င ဓ အကြောင်းအကျိုးအားဖြင့်တော့ ဆက်စပ်လျက်ရှိတယ်။ ဒါကြောင့် ဒီဘဝက ။။ {။။ (မ (ရှ (၂ (1 (1 မျ လူအဖြစ်ကနေပြီးတော့ နတ်ပြည်ရောက်ချင်ရောက်တယ်။ လူ.ပြည်ရောက်ချင် ရောက်တယ်။ မိမိတို့ စျာန်ရရင် ဗြဟ္မာပြည်အထိ ရောက်နိုင်တယ် အဲသလို (။ (ဥ (" () (၂ [(' [ဤ (မ (၂ ၂ (မျှ (။
ပဋိသန္ဓေစိတ်နဲ့ စုတိစိတ်ဆိုတာ အဆက်အသွယ်ရှိတယ်။ အဆက်အသွယ် င်လ္ဂန်တော့မည့် သေခါနီး အဲ နိမိတ်တွေထင်။ စတိမယ်ဆိုရင် ရှတော့ က္ပယလ္ပနဟော့မည့ သေခါန။ အ နံ တ္ပ စုတမယဆုရင မရဏသန္နဇောဆိုတဲ့ဇောတွေလို ဇောတွေဖြစ်ကြတယ်။ အဲဒီဇောအခိုက်မှာ (5။ (ရ။"။ {။ ( (၂). ((' စ (မျ ၂ < မိမိရောက်ရမည့်ဘဝ။ ဖြစ်ရမည့်ဘဝအတွက် နိမိတ်တွေထင်တယ်။ ကံန်မိတ်။
်လည်းကောင်း၊ ယ။ ပ ခ မိတ် နိမိတ်၊ မိမိတို့ပြုခဲ့တဲ့ ကံစေတနာဆိုတဲ့ ကံသော်လည်းခေ ကမ္မနိမိတ်။ ဂတိနိမိတ်၊ မိမိတို့ ခဲတ ရး န အှေသေမေဒသြး ။ ကံနံး အစရှိသောပစ္စ ပြတဲ့ ထောကံအကူဖစ်တဲ့ သ အဲ ကုသိုလ်ပြုတဲ့အခါ အ ကူ မာ ည တ္ပ က နမိတ်၊ ဂတိနိမိတ် နောက်ရောက်ရမည့်ဘဝက အဲ လူ့ဘ င ကြ်ထင်မမင်တယ်။ အဲ နတံဘဝ ရာ ဝိုရင်လည်း အမိ၀မ်းရေ စသည်ထင်မြင်တယ် က်မယ်ဆိုရင်လည်း အမိဝမ်းရေ ည် တပ ဒ ရ ဗိမာန် ဓ ငါလာတယ် စသည််မည်ဆိုရင်လည်း ပဒေသာပင်ဗိမာန်ံတွေ ထင်ချင်ထ သည ရောက်မည်ဆိုရင်လည်း င က င နီ တခါနီးမှာ ကံသော်လည်းကောင်း။ ကမ္မနမတံ မ ဂး င ဧ { ဖှင့် အဲသလို သေခါနီး၊ စု ကောင်း တ င င်းး ဂတိနိမိတ်သော်လည်းကောင်း နိမိတ် တစ်ခုခု ထင်ရ သော်လည်းကောင်း၊ ဂတိနိမိတ် တခိ ဆင် နိမိတ်ကိုအစ္ပဲပြုပြီးတော့ ကောင်းတဲ့နိမိတ် ထင်လာ တယ်။ အဲဒီထင်လာတဲ့ နိမိတ်ကိုအစ္ပဲပြုပြီးတော့ ၇ ထင်လာ င် င်းတဲ့နိမိတ်ထင်လာရင် မကောငံးတဲ့နံမတံ ရင် ကောင်းတဲ့ဘဝရောက်။ မကောငံး က အ (။ ပ်းတဲ့ ဒါကြောင့့ မရဏသန္နဇောဆုံတာက ကြောင့် မကောင်းတဲ့ဘဝရောက် အဲဒါ ရ ဖါ င်ပေးတဲ့ဌာနန သေခါနီး မရဏသန္နဇော။ ဒီကနေ င နး ဘဝတစ်ခုကို အဲ ပြုပြင်ပေးတဲ့ဌာန ရဏသန္နေ နေ စဉ ပိုလ်တွေအကျိုးတွေဖြစ်တဲ့ ဝိပါက်။ အကုသိုလ် ပြီးတော့ ရောက်ရာဘဝမှာ ကုသိုလ်တွေ။ င တ္ပူးဖြစ်တဲ့ဝိပါက်၊ ပဋိသန္ဓေ နာမက္ခန္ဓာ သဘောတရားတွေ တွေ အကျိုးဖြစ်တဲ့ဝိပါက်။ ပဋိသန္ဓေ ဗီ 4 အဲ အရေးကြံးတာက သေခါနံး တကယံ ဖြစ်လာရတယ်။ အဲတော့ လူတွေမှာ။ ယ ကြီ မ ၂ မှာကောင်းရင် ကောင်းရာဘဝမှာ တကယ အဲ ကံ၊ သေခါနံး။
ဠိ ဗိုတဲ့ ဝိပါက် နာမက္ခန္ဓာ သွားဖြစ်ရတယ် ကောင်းရာဘဝမှာ ပဋိသန္ဓေဆိုတဲ့ ပီ နာမက္ခ နး ကာ င်းတဲ့ နိမိတ်ထင်ရင် မကောငံးတဲ့ဘဝမှာ ဝပါကံ နာ က္ခန္မ မကောင်းတဲ့ န်ီမိတ်ထင်ရ။" ဂ။
သွားဖြစ်ရတယ်။ အဲဒါကြောင့် အဲ သေခါနီးမှာ အင်မတနိအရေးကြီးတယ် ၊ မိတ် ကောင် ငီးထင်ရင် ကောင်းတဲ့ဘဝရောက်တယ် 1 နး န် ငဲးကောင်း { ။ ဖ တ် ဠ် ဉ် င်ရင် အဲ မကောင်းတဲ့ဘဝရောက် သခါနီး နိမိတ် ကောင်းကောင်းမထင်ရ န္ရ ပ ကြာင့် အဲဒီ မရဏာသန္နဇောအခိုက်မှာ နိမိတ်တွေဟာ ရှိနိုင်တယ်။ ဒါကြောင့် အဲဒီ မရ န္ခ မြော် န။ တယ်။ ဒါကြောင့် မိမိတို့မှာ အဲဒီလို ကောင်းတဲ့ အင်မတန် အရေးကြီးတယ် ကြာင် ) င်းတဲ့နိမိတ် ထငံမလာအော မိတ် ဠ် င်၊ မကောင်းတဲ့နိမိတ်တွေ နိမိတ်တွေ ထင်လာအော ၉ ထ က ပြုပြင်ပေးဖို့ပဲ။ သေခါနီး မိမိက တရားတွေ အားထုတ်ထားလို့ ကူသိုလ် ပှပြငံပေးဖို့ားထူတိထာ စ န ။ို့ ကုသိုလ်နိမိတ်တွေ ထင်ပြီဆိုရင် စိတ်ချ ကောင်းတဲ့ အများကြီးပြုထားလို့ ကၠသိုလိနီမိတ တ္ပ ဇ မေ် င။
ပ ရောက နတဘံသောံလ ကံ အံ ဘဝ ရောက်မှာပဲ။ လူ့.ဘုံသော်လည်းရောက်။ နတ်ဘုံ င ညီ ရာ ခး တူတူ ဦးတဲ့ ဗိုလ်နိမိတ်တွေ ထင်လာပြီဆိုရင် မကောင်းတဲ့ အတူတူပဲ။ မကောငံးတဲ့အကုသုံလံနံ တ္ပ ( ကင်းတဲ့ ဓ။ နီးအခါမှာ အင်မတန် င စ်ရတယ်။ ဒါကြောင့် သေခါနီးအခါမှာ ဘုံဘဝ ပဋိသန္ဓေသွားဖြစ်ရတ ကြာင္န်
အရေးကြီးတယ်။ အရေးကြီးတော့ သေခါနီးမှာ ကောင်းဖို့က ပေါ့ပေါ့ဆဆ ထင်သလိုနေခဲ့ကြပြီဆိုရင် ဟော တရားမရှိ။ သတိမကောင်း။ ပေါ့ပေါ့ဆဆ နေခဲ့ကြရင် သေခါနီးမှာ ကောင်းတဲ့နိမိတ်တွေ ထင်ဖို့ တယ်မလွယ်ဘူး။ မကောင်းတဲ့နိမိတ်တွေ ထင်မှာပဲ။ မကောင်းတဲ့နိမိတ် ထင်ရင်တော့ သွားပြီ စောစောက မိမိတို့ ဒါနတွေပြုထားကြ၊ သီလတွေ စောင့်ရှောက်ထားကြ။ ဘာဝနာတွေ စီးဖြန်းပွားများထားကြ၊ ကုသိုလ်တွေ ကုသိုလ်တွေ ထပ်တလဲလဲ ပြုလုပ်အားထုတ် အာစိဏ္ဍကံဖြစ်အောင် ကြိုးစားကြရင် အဲ နောက်ဆုံး စုတေကာနီး ကောင်းတဲ့နိမိတ်တွေထင်လာတယ်4 ကောင်းတဲ့နိမိတ်ထင်ပြီးတော့ ကောင်းတဲ့ဘုံဘဝ ရောက်ကြရတယ်။ ဒါကြောင့် သေခါနီးမှာ အင်မတန် အရေးကြီးတယ်။ သေခါနီးကောင်းအောင်။ သေခါနီး အခါ ပြုပြင်ရအောင် ဆိုလို့ စောစောကကြ်ုပြီးတော့ အနေကောင်းအောင် ဆိုပြီးတော့ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်အားထုတ်ထားပြီဆိုရင် အဲ ဒီကုသိုလ်တွေက သဲသဲမဲမဲ ကုသိုလ်တွေ အာစိဏ္ဍကံ အရှိန်ရတဲ့ကုသိုလ်တွေ။ ကောင်းတဲ့ ကုသိုလ်တွေ ဆိုရင် ကောင်းတဲ့ဘဝရောက်ရတယ်။ အဲဒါကြောင့် သေခါနီးဟာ အရေးကြီး တယ်။ အဲဒါကြောင့် မသေခင်မှာ ကုသိုလ်တွေ ကြပ်ကြပ်ပွားကြရတယ်။ ကြပ်ကြပ်အားထုတ်ကြရတယ်။ ကုသိုလ်ရှိပြီးဆိုရင် ဘယ်သူကမျှ အောက်ဆွဲ မချနိုင်ဘူး။ ကုသိုလ်ရှိပြီဆိုရင် အထက်သို့ရောက်ရမှာပဲ။ လူ့ဘုံလူ့ဘဝလား။ နတ်ပြည်လား ရောက်ကြရမှာပဲ။ နတ်ပြည်ရောက်ဖို့ အရေးကြီးတယ်။ အရေးကြီး တာကတော့ တကယ်တော့ ဒီဘဝမှာကိုပဲ မိမိတို့ ဝဋ်ကျွတ်ဖို့ အရေးကြီးတယ်။ ဝဋ်ထဲမလည်ဖို့၊ ဝဋ်ကို ဇာတ်သိမ်းနိုင်ဖို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ရရှိဖို့ အရေးကြီးတာပဲ။ အဲဒါတွေကိုရပြီဆိုရင် သွားရော ချမ်းသာပြီ။ ဘယ်တော့မျှ ဆင်းရဲဒုက္ခမရောက်နိုင်တော့ဘူး။ အဲဒါကြောင့် ဝဋ်ဇာတ်သိမ်းပြီးတော့ ငြိမ်းကြရအောင် ကုသိုလ်တွေ၊ ကုသိုလ်တွေ။ ကောင်းမှုတွေး တရားတွေး ဘာဝနာတွေ ကြိုးစာအားထုတ်ပြီးတော့ မိမိတို့ ဘဝ အနေလှအောင် ကြိုးစာထားဖို့အရေးကြီးတယ်။1 အဲဒီလို ကြိုးစား ပြီဆိုရင် လိုချင်တဲ့ဘဝ ရနိုင်တယ်။ ဒါနရှိပြီဆိုရင် နတ်ပြည် မခဲယဉ်းဘူး။ သီလရှိရင်လည်း နတ်ပြည်မခဲယဉ်းဘူး။ နတ်ပြည်ရောက်ပြီဆိုရင်လည်းပဲ အဲ အရတော်တဲ့လူလည်းရှိတယ်။ အရမတော်တဲ့လူလည်းရှိတယ်။ အရ
တော်တဲ့ လူဆိုတာက ဒီဘဝက ကိုယ်က တရားဘက် အလေ့အလာမများပြီးတော့ တရားတွေပ္ပားများး တရားတွေအားထုတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင် ကွယ်လွန် သွားပြီဆိုရင် နတ်ပြည်မှာ ရောက်သွားတယ် တစ်ခါတည်း တတ္ထတတ္ထ ဧတေနဓမ္မပဒါနိပ္လ ဝန္က 1
နတ်ပြည်ဆိုတာ ချမ်းသာတယ်။ ချမ်းသာတယ်ဆိုတော့ နတ်ပြည် ရောက်တယ်ဆိုရင် ဒီဘဝက တရားအားထုတ်ထားတဲ့ပုဂ္ဂိုလ်၊ တရားပွား ထားတဲ့ပုဂ္ဂ်ုလ် နတ်ပြည်ရောက်သွားရင် ဟော တရားတွေက အလိုလိုပေါ်လာ တယ်။ ချမ်းသာတဲ့ဘုံမို့လို့ သုခိနော ချမ်းသာသောပုဂ္ဂိုလ်အား စိတ္တံ-စိတ် သည် သမာဓိ ယတိ-တည်ကြည်၏။
သမာဓိတော ယထာဘူတံပဇာနာတိ- တည်ကြည်သော ပုဂ္ဂိုလ်အား သမာဓိရှိသော ပုဂ္ဂိုလ်အား ယထာဘူတဉာဏ် အဲ ဟုတ်တိုင်းမှန်စွာ သိတယ်- အေး အဲသလိုရောက်ရောက်ချင်း နတ်ပြည်ရဲ့ချမ်းသား ဥတုသပ္ပာယ နေရာထိုင်ခင်းသပ္ပာယ၊1 သပ္ပာယမျိုးစုံ ပြည့်စုံနေတော့ ဘယ်သူကမျှ ဟော မနေရဘူး။ ဒီက တရားအထုံရှိတဲ့ပုဂ္ဂိုလ်ဟာ ဟိုရောက်တယ်ဆိုရင်ပဲ တစ်ခါတည်း ဗြုန်းခနဲဆို မဂ်ဖိုလ်ဆိုက်တာပဲ။ အဲဒီအခွင့်ရေးမျိုး ရနိုင်ဖို့ ရှိတယ်။ ဒီဘဝက တရားတွေ လေ့လာအားထုတ်ကြ၊ တရားတွေ ပရိယတ် တရားတွေ ကျက်မှတ်သင်ကြား ပဋိပတ်တရားတွေ ကျင့်ကြံကြိုးစားထားပြီ ဆိုရင် နတ်ပြည်ရောက် တရား ရသွားနိုင်တယ်။ အဲဒီလိုမှမရရင် လူ့ပြည်က ရဟန္တာပုဂ္ဂိုလ် တွေကြသွားပြီး တရားဟောတဲ့အခါ တရားရနိုင်တယ်တဲ့။
နတ်ပြည်မှာ ဒါ ဒုတိယအခွင့်အရေးတစ်ရပ်။ ဒီဘဝက တရား အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ နတ်ပြည်ရောက်ပြိဆိုရင် ခုနပြောတဲ့ ကိုယ်က ပေါ်ချင်ပေါ်ဝ၁ မပေါ်ရင် ဒီကရဟန္တာတွေလှည့်ပြီး တရားဟောတဲ့ အခါ တစ်ခါတည်း တရားတွေပေါ်လာတယ်1။ ဒုတိယအခွင့်အရေးတစ်ရပ်။ ဒီအခွင့်အရေးမရဘူးဆိုရင်လည်း နတ်ပြည်က ဓမ္မကထိကနတ်သားတွေ ရှိသေးတယ်
ဘုရားသာသနာတော်မှာ တရားထူးတွေရပြီးတော့ နတ်ပြည်ရောက် နေကြတဲ့ နတ်သား။ နတ်သမီး တွေ ရှိကြတယ်။ တစ်ရံတစ်ခါ အဲဒီနတ်ထဲက နတ်ဓမ္မကထိက တစ်ပါးပါးဟောလို့ တရားထူးရနိုင်တယ်။ ဒီလိုမှ မရနိုင်ဘူး
ဆိုရင်လည်း ဗြဟ္မာကြီးတစ်ယောက်က တစ်ရံတစ်ခါ နတ်တို့အား တရား ဟောတတ်တယ်။ ဗြဟ္မာကြီးလာပြီး တရားဟောလို့ ရတာလည်းရှိတယ်။ အဲဒါကြောင့်မို့လို့ နတ်ပြည်ဆို တာဟာ ရောက်သွားပြီဆိုလည်း အခွင့်အရေး တွေ အတော်သာတယ်1။
အကယ်လို့ ဗြဟ္မာကြီးက နတ်တရား မဟောဘူး ဆိုလို့ရှိရင် အဲ လူ.ပြည်၌ တရားအား ထုတ်ဖက် ပုဂ္ဂိုလ်တစ်ယောက်ယောက် နဲ့ ဆုံစည်းလို့။ အဲဒီပုဂ္ဂိုလ်ကဟောလို့ တရားထူးရနိုင်တယ်။ ဒီအခွင့်အရေးမျိုး လည်း ရနိုင်တယ်။ ဒါကြောင့်မို့လို့ ကောင်းမှုရင်း ကုသိုလ်ရှင်တွေ နတ်ပြည် ရောက်ပြီဆိုရင် ရနိုင်တဲ့အခွင့်အရေးတွေ အများကြီးရှိတယ်။
အဲ အချို့ကပြောတော့ နတ်ပြည်ဆိုတာ ကာမဂုဏ်အားကြီးလို့ နတ်ပြည်ရောက်ရင် နန္ဒဝန်ဥယျာဉ်၀မှာ တရားလေးတွေပျောက်သွားမယ်လို့ ပြောကြတယ်။ ဒါလည်းဟုတ်တာပဲ။ ခုနပြောသလို တရားမရှိ တဲ့ပုဂ္ဂိုလ် ကုသိုလ်တော့ရှိတယ်။ တရားမလေ့လာ။ တရားအားမထုတ်ခဲ့တဲ့ ပုဂ္ဂုံလ်တွေ အတွက် အဲသလိုပဲ တရားမေ့တတ်တယ်။ အဲဒီလို တရားမေ့တဲ့အခါ ခြောက်လှန့်ပေးမည့်ပုဂ္ဂိုလ်ရှိရင် တရားသိရတယ်။ တစ်ခါက သိကြားမင်းကြီး တာဝတိံသာနတ်ပြည်မှာ တူရိယာမျိုးစုံနဲ့၊ နတ်သမီးနတ်သားတွေနဲ့ ပျော်ပါးဖို့ ထွက်လာရင်း တရားတစ်ခုကို သတိရတာနဲ့ မသွားသေးဘဲနဲ့ တစ်ခါတည်း လူ့.ပြည်ဆင်းလာတယ်။ လူ.ပြည်ဆင်းလာပြီး ဘုရားရှင် ကိုယ်တော်မြတ်ထံ ရောက်သွားတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ထံရောက် လာတော့ တစ်ခုကို မေးလျှောက်ထားတယ်။ အဲ တဏှာသခ်ေယျမုတ္တ။
တဏှာကုန်ရာနိဗ္ဗာန်ဉ် လွတ်လွတ်ကျွတ်ကျွတ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဘုရား လျှောက်ထားတော့ ဘုရားရှင်ကိုယ်တော်မြတ်က လောကမှာ အလုံးစုံသောတရားတို့က တဏှာ ဒိဋ္ဌိ မာနဖြင့် စွဲလန်းတွယ်တာမှု မပြုရဘူး-မပြုရဘူးလို့ သိတယ်။ အဲဒီလို သိတယ်ဆိုလို့ရှိရင် အလုံးစုံသော တရား တွေကိုသိတယ်။ သိတော့ တဏှာကုန်ရာနိဗ္ဗာန်ဉွ် လွတ်လွတ်တည်နေတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရတယ်လို့ တဏှာသခ်ေယျ သုတ္တန်တရားကို ဟော တယ်။ တဏှာကုန်ရာ နိဗ္ဗာန်ရောက်ကြောင်းသုတ္တန်။ အဲဒီ သုတ္တန်ကို ဟောတော့ သိကြားမင်းကြီးက သာဓုခေါ်ပြီးတော့ နတ်ပြည်ပြန်သွား။
အဲတော့ အရှင်မဟာမောဂ္ဂလာန်က သိကြားမင်းကြီး ပြဿနာမေးတဲ့အခါမှာ အနီးအနားက ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အနီးအနား အခန်းတစ်ခန်းမှာ သီတင်းသုံး နေတယ် ပြဿနာမေးတာကို ကြားလိုက်တယ်။ အဖြေကိုတော့ မကြားလိုက်ရဘူး။ အဲဒါနဲ့ ငါသွားမေးဦးမှပဲဆိုပြီးတော့ ရှင်မဟာမောဂ္ဂလာန် နတ်ပြည် တက်သွားတယ်။
သိကြားမင်းကြီးက တရားမေ့နေပြီး အဲဒီအချိန်မှာ နတ်ပြည်မှာ နတ်သမီးတွေနဲ့ ပျော်ပါးနေတုန်း တူရိယာတွေနဲ့။ အဆိုအကတွေနဲ့ ပျော် ပါးနေတုန်း ရှင်မဟာမောဂ္ဂလာန် ရောက်သွားတယ်။ “ဟာ အရှင်ဘုရား ကြွတော်မူပါဘုရား၊ အင်မတန်ကာလကြာမှ အခုမှတြြလာတာကိုး” ဆိုပြီးတော့ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးကို ခရီးဦးကြိုဆိုတယ်။
အဲတော့ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက သိကြားမင်းကြီး မကြာခင်က ဘုရားရှင်ကိုယ်တော်မြတ်ထံ နာခဲ့ရတဲ့တရားကို ဟောပြစမ်းပါ ဆိုတော့ သိကြားမင်းကြီး မေ့နေပြီ။ မေ့နေလို့ သတိမရတော့ဘူး။ အဲဒီလို မေ့နေလို့ သိကြားမင်းကြီးက အရှင်ဘုရား တပည့်တော်တို့ သိကြား ဆိုတာလည်း ကိစ္စအများသားဘုရား၊ နတ်ပြည်ဆိုင်ရာ နတ်တို့ကိစ္စ၊ သည့်ပြင် ကိစ္စ အင်မတန်မှ ကိစ္စများပါတယ်။ တစ်ခါတစ်ခါ နာကြားခဲ့ရတဲ့ တရား ကိုတောင် မေ့သွားတတ်ပါတယ်လို့ လျှောက်ထားတဲ့အခါကျတော့ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက အင်မတန်မေ့တတ်တဲ့ သိကြားမင်းပဲ။ သိကြားမင်းပဲ ဆိုတယ်။ သိကြားမင်းကြီးက ဝေဇယန္တာပြာသာဒ်ကြီးကိုပြ ဟိုရောက်တော့ ဝေဇယန္တာပြာသာဒ် ခိီးမွမ်းခန်းဖွင့်တယ်။ ဖွင့်နေတော့ ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက တယ်မေ့တဲ့ သိကြားပဲ သတိ ရအောင် ငါလုပ်ဦးမှပဲဆိုပြီးတော့ တစ်ခါတည်း ဝေဇယန္တာပြာသာဒ်ကြီး ခြေမကြားညှပ်ပြီးတော့ သိမ့်သိမ့်ခါအောင်။ တုန်လှပ်သွားအောင် တန်ခိုးနဲ့ အဓိဋ္ဌာန်လိုက်တော့ အကုန်လုံး လန့်ကုန်ကြ၊ အံ့သြကုန်ကြ။ ထိတ်လန့် ကုန်ကြတယ်။
သိကြားမင်းကြီးလည်း ထိတ်လန့်။ သိကြားရဲ့မိဖုရားကြီ၊ နတ်သမီး တွေလည်း ထိတ်လန့်ကုန်ကြတယ်။ အဲဒီအခါကျမှ သိကြားမင်းကြီးက တရားကို ပြန်သတိရတယ် အဲဒီအခါမှ ပြန်ဟောပြတယ်/။ အဲဒါကြောင့်မို့လို့
လောကမှာ မေ့တယ်။ အဲဒီလို မေ့တဲ့အခါမှာ အဲ သံဝေဂတရားတွေနဲ့ တရားသတိရအောင် ခြောက်ပေးရတယ်။ ဇာတိပဋိသန္ဓေ နေရတဲ့သဘောနဲ့ ခြောက်ပေးရတယ်။ ဧရာ အိုခြင်းသဘောတရားနဲ့ ခြောက်ပေးရတယ်။ ဗျာဓိ နာရခြင်းသဘောတရားနဲ့ ခြောက်ပေးရတယ်။ မရဏ သေရခြင်း သဘောတရားနဲ့ ခြောက်ပေးရတယ်။ အဲ သံဝေဂ ဝတ္ထုတွေနဲ့ ခြောက်ပေး ရတယ်။ အဲဒီလိုခြောက်ပေးလို့ရှိရင် တရား ပြန်သတိရတတ်တယ်။ ဒါကြောင့် အဲ ကွယ်လွန်တဲ့မိခင်ကြီး အတွက် ချမ်းသာဖို့အကျိုးငှာ ရည်ရွယ်ပြီး လှူကြဒါန်းကြ ပူဇော်ကြတဲ့အခါ သမယဉဥ် အဲ မိခင်ကြီးရဲ့ စုတေခဲ့ရပုံ။ ရောဂါတွေခံစားခဲ့ရပုံ စသည်ဖြင့် ပြန်သတိရပြီးတော့ အဲ မိမိ တို့မှာလည်း တစ်နေ့ အဲဒီထိတ်လန့်စရာကောင်းတဲ့ ဒုက္ခတွေ ကြုံရဦးမှာပဲ။ အဲ မကြုံခင် အထုပ်ကြီးကြီးပါအောင် ကြိုးစားရမှာပဲလို့ ကုသိုလ်အထုပ်ကြီး တွေ ထုပ်ကြရအောင်။ ကောင်းမှုအထုပ်ကြီးတွေ ထုပ်ကြရအောင်။ ကုသိုလ် တွေ။ ကောင်းမှုတွေ များများထုပ်ရင်တော့ ဒီဘဝပြန်ဖြစ်လည်း စိတ်ချမ်းသာ အဲ တကယ်ထူးခြားတဲ့ ပုဂ္ဂိုလ်အဖြစ်မှာ နတ်ပြည်ဖြစ်ရင် ပြောစရာမရှိ ခုနပြောတဲ့အကျိုးတွေ ခံစားရတယ် မိမိတို့က ကုသိုလ်အထုပ်ကြီးတော့ တရားအထုပ် တကယ်ကြီးအောင် စုဆောင်းထားတော့ ဟိုရောက်တော့ ခုန ပြောတဲ့ အကျိုးတွေရဖို့ သေချာတယ် ဒါကြောင့်မို့လို့ ဘုရားရှင် ကိုယ်တော်မြတ်က ကုသိုလ်တွေ များများစုဆောင်းထားဖို့ အကြိမ်ကြိမ် အခါခါ ဟောတော်မူခဲ့တယ်။ ကုသိုလ်တွေ ကြပ်ကြပ်ပြုဖို့ အကြိမ်ကြိမ် အခါခါ ဟောတော်မူခဲ့တယ်။ ဒါကြောင့်မို့လို့ မိမိတို့မှာ အသေလှချင် သလား။ အနေလှချင်သလား။ အနေလှအောင် မိမိတို့ကိုကယ်မှာက တရား။ မိမိတို့ကို စောင့်ရှောက်ပေးမှာ တရားပဲ ဒါကြောင့်မို့လို့ ယနေ့ ဒကာမကြီးကို အကြောင်းပြုပြီးတော့ လှူကြတန်းကြတဲ့အခါမှာ အဲ တို့တစ်တွေ တစ်နေ့ ကျရင် ဒီလိုပဲ ဒကာမကြီးလိုပဲ သေရမှာပဲ၊ သေခြင်းသဘောတရားကို တို့မလွန်ဆန်နိုင် မရဏာနုဿတိ ပွားကြရတယ်။ အဲ အဲသလို မရဏာနုဿတိ ပွားများ အသုဘပွားများ၊ ကုသိုလ်တွေပွားများရင် စိတ်ချ မိမိတို့ဘဝ အပြောင်းကောင်းမှာပဲ။ ဒါကြောင့် ကွယ်လွန်တဲ့ဒကာမကြီး အကြောင်း ပြုပြီး လှုကြတဲ့ ဤအခါသမယဉ် အဲ ဒီဘဝနေရင်လည်း အနေလှအောင်။
တရားနဲ့မကင်းရအောင်။ အဲသလို တရားနဲ့မကင်းတဲ့ဘဝမျိုး ဖြစ်ပြီးတော့ အနေလှအောင်၊ အသေလှအောင် မိမိတို့တတ်စွမ်းသမျှ ကြိုးစာပြီးတော့ အားထုတ်ခြင်းဖြင့် ကုသိုလ်တွေတိုးမွားအောင် ကြိုးစားနိုင်ကြပါစေကုန် သတည်း။
မိဘများရည်စူး၍ ပြုလုပ်သောတရား (၂၄) ပိတောက်လမ်း တပ်မြေ
(၄-၁-၉၃ တပ်မြေး ပိတောက်လမ်းနေ ဒေါ်တင်ဦးနေအိမ်ခ) မိဘများ ရည်စူးရွံ ဗြုလုဝ်အဝ်သေ၁အလှဉ္တံ ဗောကြားအဝ်သော တရားတော်
အဲ ယနေ့ ကွယ်လွန်ခဲ့ကြတဲ့ ကျေးဇူးရှင်မိဘနှစ်ပါးတို့ရဲ့ အနန္တဂုဏ် တို့ကို အာရုံပြုရ် အဲ မိမိတို့ကျေးဇူးရှင်ကြီးတွေ ဖြစ်ရာဘဝခ်် ချမ်းသာသုခ တိုးတက် ခံစားရပါစေဟူသော သမ္မာဆန္ဒဖြင့် ယနေ့ နှစ်စဉ်နှစ်တိုင်း ဝတ်မပျက် လှူနေကျ နိဗဒ္ဓဒါန ထာဝရကောင်းမှုကုသိုလ်တစ်ရပ်ကို ဒီနှစ် အတွက်လည်း အောင်မြင်အောင် စုဆောင်းလှူဒါန်းနိုင်ကြပြီ။ အဲဒါကြောင့် မို့လို့ ဘာဖြစ်ဖြစ် မိမိတို့မှာ ကုသိုလ်သည်သာ အားထားရာ။ ကောင်းမှု သည်သာ အားထားရာ။ ဒကာကြီးကိုအကြောင်းပြုပြီးတော့။ မိဘတွေကို အကြောင်းပြုပြီ။ တော့ ယနေ့ နှစ်စဉ်နှစ်တိုင်း ၀တ်မပျက် ဆောင်ရွက်နိုင်ကြ သလို ယနေ့လည်း ဆောင်ရွက်နိုင်ကြ။ ဒါတွေဟာ ကံကောင်းတယ်လို့ ဆိုရတယ်
မိဘတွေအပေါ်မှာ မိမိတို့ထားရှိခဲ့တဲ့ မေတ္တာ။ ကရုဏာအရ မမေ့ အပ်တဲ့ တကယ့်ကျေးဇူးရှင်တွေ ဖြစ်တဲ့အတိုင်း မိဘတွေချမ်းသာဖို့အတွက် ကတညုတကတဝေဒီ တရားလက်ကိုင်ထားပြီး ဆောင်ရွက်နိုင်ကြတာဟာ မိမိတို့အဖို့ ကံကောင်းတယ် လောကမှာ သဗ္ဗေသတ္တာ သူသူငါငါ သတ္တဝါ မှန်သမျှတို့သည် ကမ္မသကာ ကံသာလျှင် မိမိဥစ္စာရှိကြပါပေကုန်၏။ (အားလုံးသတ္တဝါတွေ ကံသာလျှင် မိမိဥစ္စာရှိကြတယ်1) ကောင်းသောကံကိုပြုရင် ကောင်းကျိုးရ။
မကောင်းသောကံကိုပြုရင် မကောင်းကျိုးရတယ်။
ဟီနာပဏီတ ဘာဝါယ-အယုတ်အမြတ်ဖြစ်ခြင်းငှာ ဟီနပဏီတ ဘာဝါယ
-လူ့ဘဝမှာ ယုတ်သူမြတ်သူဖြစ်ခြင်းငှာ ကမ္မံ- ကိုယ့် ကုသိုလ်၊ အကုသိုလ် ကံတရားက သတ္တေ-သတ္တဝါတို့ကို ဝိဘဇ္ဇတိ ဝေဖန်ပေးတတ်ပါ၏။ ခွဲခြား ပေးတတ်ပါပေ၏။ စိန္တ၀ယ-မိမိလိုချင်တောင့်တချက်ဖြင့် နသမိဒ္ဓိနော- ပြီးပြည့်စုံသူမဟုတ်ပေတကား။
ကိုယ့်အလိုအတိုင်း မဖြစ်ဘူ၊ တဲ့ လူ့ဘဝ လူ့ဘ၀ဝတင်မကပါဘူး။ နတ်ဘဝ၊ ဗြဟ္မာဘဝတွေ ကိုယ့်အလိုအတိုင်းမဖြစ်ကြဘူး။ ကိုယ်ပြုခဲ့တဲ့ ကံအတိုင်းသာ ဖြစ်ကြရတယ် ကိုယ်က ကောင်းတဲ့အဖြစ်မျိူုး၊ ကောင်းတဲ့ ချမ်းသာမျိုးကို လိုချင်ပေမည့် အဲ ကိုယ်က မကောင်းတာကိုလုပ်ခဲ့ရင် မကောင်းတဲ့အကျိုးကို ခံစားရမှာပဲ။
အဲ ဒါနဲ့စပ်ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို သုဘလုင်ဆိုတဲ့ ပုဏ္ဍားလုင်တစ်ယောက်က လျှောက်ထားတယ်။ မြတ်စွာဘုရား လောကမှာ လူတွေဟာ တစ်တန်းတစ်စားတည်းမဟုတ်တော့ဘူး။ မြင့်မြတ်တဲ့လူတွေ ရှိကြ၊ နိမ့်ကျတဲ့လူတွေရှိကြ အသက်ရှည်တဲ့လူတွေရှိကြ၊ အသက်တိုတဲ့ လူတွေ ရှိကြ၊ အဆင်းလှ၊ အဆင်းမလှ စသည်ဖြင့် အမျိုးမျိုးအပုံဖုံ ကွဲပြား နေကြတဲ့ ပုဂ္ဂိုလ်တွေရှိကြ။ အဲဒီပုဂ္ဂိုလ်တွေဟာ လျှောက်ထားတဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က -
ကမ္မဿကာ ဟိ သတ္တာမာဏ၀ ကမ္မဗန္ဓု ကမ္မယောနိ ကမ္မပဋိ ဿရဏား ကမ္မသတ္တေ ဝိဘဇ္ဇတိ ယဒိဒံ ဟီနပဏီတတာယ။
အဲသုဘလုင် အားလုံးသောသတ္တဝါတွေမှာ ကံသာလျှင် ကိုယ့်ဥစ္စာ ရှိကြ၊ ကံသာလျှင်ဆွေမျိုးရှိကြ၊ ကံသာလျှင် ကိုးကွယ်အားထာရာ ရှိကြ တယ်။ မိမိပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ ကံတရားက သတ္တဝါကို မြင့်မတ်အောင်လည်း ဖန်တီးတတ်။ ယုတ်ညံ့အောင်လည်း ဖန်တီးတတ်။1 အဲသလို ဖန်တီးခဲ့တဲ့အကြောင်း မိန့်ကြားတော်မူခဲ့တယ်။ အဲ အရှင်ဂေါ တမ။ အရှင်ဂေါာမရဲ့အဆိုအမိန့်က ကျဉ်းလွန်းပါတယ်ဘုရား၊ နည်းနည်း အကျယ် တဝင့်ချဲ့ပြီးတော့ အမိန့်ရှိပါဦးလို့ လျှောက်ထားတဲ့ အခါကျတော့-
အဲ ဘုရားရှင်ကိုယ်တော်မြတ်က ကိုယ့်ကံအလျောက် ဖန်တီးခြင်းသာ ဖြစ်တယ်။ အချုပ်အားဖြင့်ပြောရရင် အဲ လောကမှာ သူ့အသက် သတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ အသက်တိုကြကြောင်း။ ပါဏာတိပါတ သူ့အသက်ကိုမသတ်ဘဲနဲ့
ရှောင်ကြဉ်ကြ၊ မေတ္တာထားကြတဲ့ ပုဂ္ဂုုလ်တွေကျတော့ အသက်ရှည်တဲ့ အကြောင်း ဟောတော်မူတယ်။
အဲ တချို့ရောဂါများကြ၊ အချို့ ရောဂါနည်းကြတယ်။ ရောဂါ နည်းကြ။ ရောဂါ များကြတဲ့ပုဂ္ဂိုလ်တွေဟာ ဟိုဘဝက သူတစ်ပါးကို ညှဉ်းဆဲ ကြတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြရတယ် အံသလို ည္ဦးဆဲဗူမပ္ကြဘဲ ရှောင်ကြဥတဲ ပုဂ္ဂိုလ်တွေဟာ ရောဂါနည်းတဲ့ပုဂ္ဂိုလ်တော့ ဖြစ်ကြရတယ် တချို့ပုဂ္ဂိုလ် တွေ အဆင်းလှကြ။ တချို့ပုဂ္ဂိုလ်တွေ အရုပ်ဆိုးကြတယ်။ အဲဒီလို အဆင်. လှခြင်း၊ အရုပ်ဆိုးခြင်းဟာ မိမိပြုခဲ့တဲ့ ဒေါသကြီးခြင်းကြောင့် အရုပ်ဆိုး ရတယ်။ ရှေးရှေးဘဝက ဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် အရုပ်ဆိုး ကြတယ်။ ရုပ်လှတဲ့ပုဂ္ဂိုလ်တွေဟာ ဒေါသမကြီးဘူး။ မေတ္တာအားကြီးတဲ့ ပုဂ္ဂိုလ်တွေ သူ တစ်ပါးအပေါ်မှာ မေတ္တာထားတတ်ကြလို့ ရုပ်ရေ အဆင်း လှပခြင်းဆိုတဲ့ အကျိုးကိုရက္ကြ တချို့ပုဂ္ဂိုလ်တွေ ဘုန်းကြီးတယ်။ တချို့ ဗုဂ္ဂုလ် တွေ ဘုန်းမကြီးဘူး။ ဘုန်းကြီးတဲ့ပုဂ္ဂိုလ်တွေဟာ သူတစ်ပါးအပေါ်မှာ ငြူစူစောင်းမြောင်းမှု မရှိကြဘူး။ သူတစ်ပါးကောင်းစားတာကို မနာလိုမှု ဆိုတဲ့ ကုဿာမရှိဘူး။ အဲဒီလို ကုဿာမရှိလို့ ဖြစ်ရာဘဝမှာ ဘုန်းကြီးတယ်။
တချို့ပုဂ္ဂိုလ်တွေဟာ ကုဿာအားကြီးတယ်။ သူတစ်ပါးကောင်းစား တာကို မနာလိုကြ။ အဲဒီလို မနာလိုတဲ့ကုဿာတရားကြောင့် သူတို့ဟာ ဘုန်းကံနည်းပါးကြတယ်။ တချို့ပုဂ္ဂိုလ်တွေက လှူကြတန်းကြ၊ ပေးကြ ကမ်းကြ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေကျတော့ ပစ္စည်းပေါကြတယ်။ တချို့ပုဂ္ဂ်ုလ် တွေကတော့ မလှူကြမတန်းကြ မစ္ဆရိယတရားကအားကြီးလို့ ကိုယ့်ပစ္စည်း ကို မလှူနိုင်ကြဘူး။ မတန်းနိုင်ကြဘူး။ လ္ဂူနိုင်တန်းနိုင်ကြတဲ့ ပုဂ္ဂိုလ်တွေ ကတော့ ပစ္စည်းပေါကြ။ သူဌေးဖြစ်ကြ။ မလျူနိုင်မတန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေ။ ဝန်တိုကြတဲ့ပုဂ္ဂိုလ်တွေး နှမြောတဲ့ပုဂ္ဂိုလ်တွေး မေ့လျော့ကြတဲ့ ပုဂ္ဂိုလ် တွေဟာ ပစ္စည်း ရှားပါးကြတယ်။ စားဝတ်နေရေး မဖူလုံကြဘူး။
တချို့က ရိုသေထိုက်တဲ့ပုဂ္ဂိုလ်တွေကို ရိုသေတတ်ကြ။ မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို မြတ်နိုးတတ်ကြတယ်။ တချို့က မရိိသေနိုင်ကြဘူး။ မာနတွေ ကြီးဖြီးတော့ အဲသလို ရိုသေထိုက်တဲ့ပုဂ္ဂိုလ်တွေကို ရိုသေတြတဲ့ ပုဂ္ဂုံလ တွေဟာ အမျိုးမြတ်ကြတယ်။ ရိုသေထိုက်တဲ့ပုဂ္ဂိုလ်တွေကို မရိုသေကြတဲ့
ပုဂ္ဂိုလ်တွေဟာ ဖြစ်လေရာဘဝမှာ အမျိုးညံ့ကြတယ်4 တချို့ပုဂ္ဂိုလ်တွေဟာ မေးသင့်မေးထိုက်တဲ့ ပညာရှိတွေကို ချဉ်းကပ်ပြီးတော့ တရားဆိုင်ရာကိစ္စ တွေကိုမေးကြ။ တချို့ပုဂ္ဂုုလ်တွေဟာ မေးဖို့ ဝန်လေးပြီးတော့ မမေးကြဘူး။ ပညာရှိသူတော်ကောင်းတွေထံ ချဉ်းကပ်ပြီးတော့ ကုသိုလ်၊ အကုသိုလ်နဲ့ စပ်တဲ့အရေးအရာတွေ။ တရားနဲ့စပ်တဲ့အရေးအရာတွေကို လျှောက်ထားကြ။ မေးကြတဲ့ပုဂ္ဂိုလ်တွေဟာ ပညာဉာဏ်ကြီးကြတယ်။ ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်
အဲသလို မမေးဘဲနဲ့ မေးရမှန်းမသိ မြန်းရမှန်းမသိတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဉာဏ်ပညာနည်းတတ်ကြတယ်ဆိုတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က ဝေဖန်ပြီးတော့ ဟောတော်မူတဲ့အခါကျတော့မှ သုဘ လုလင် သတိရသွားပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို ကိုးကွယ်ဆည်းကပ်။ တရားတော်ကို ကိုးကွယ်ဆည်းကပ်။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်။ ဥပါသကာအဖြစ်သို့ ရောက်သွားတယ် စောစောက သူ့အဖေက မစ္ဆာဒိဋ္ဌိ ပုဏ္ထားကြီးး တောဒေယျပုဏ္ဍားကြီး၊ အဲဒီပုဏ္ဍားကြီးက သူ့ကို မလျှဖို့ မတန်းဖို့၊ မပေးဖို့မကမ်းဖို၊ ပစ္စည်းတွေကိုသာ တိုးပွားအောင်ကြ်ံးစားဖို့ ဆုံးမတယ်။ လောကမှာ ပေးတယ်ဆိုတာ ကုန်တာပဲ။ မပေးရဘူး။ ပစ္စည်း ဆိုတာ တိုးပွားအောင် ကြိုးစားရတယ်
အဉ္စနာနံခယံဒိသွာ ဝမ္မိကာနဉ္စ အာစယံ
မဓူနဉ္စ သမာဟာရံ ပဏ္ဍိတော ဃရမာဝသေ
အဉ္စနာနံ - သွေးဖန်များတဲ့ မျက်စဉ်းကျောက်တို့၏
ခယံ တဖြည်းဖြည်း သွေးဖန်များရ ကုန်ခမ်းခြင်းကို
ဒိသွာ - မြင်၍
မျက်စိမှာကွင်းတဲ့ မျက်စဉ်းကျောက်တွေဟာ တဖြည်းဖြည်း သွေးဖန် များတော့ ကုန်ခမ်းခြင်းသို့ရောက်ရသလို ဝမ္မိကာနံ တောင်ပို့တို့၏ အာစယံ- ခြကလေးတွေ ဖို့ဖို့ပေးခြင်းဖြင့် တစ်နေ့တခြား တိုးတက်ကြီးမားသော တောင်ပို့ကြီးအဖြစ်ကို ဒါသွာစ မြင်ရကုန်ဤ လည်းကောင်း၊ တောင်ပို့ကြီးဟာ အစဘာမျွမရှိဘူး။ တဖြည်းဖြည်း ခြကလေးတွေ ဖို့ဖို့ပေးလိုက်ကြတာ နောက်ဆုံးကျတော့ တောင်ပို့ကြီးဖြစ်သွားတယ်။ အဲဒါ ကြည့် ပစ္စည်းဆိုတာ
ခုဆောင်ရင် တိုးပွားတာပဲ။ မဓူနဉ္စသမာဟာရ။1 မဓူနံပျားကောင်တို့၏ သမာဟာရံစ တဖြည်းဖြည်း စုဆောင်းခြင်းဖြင့် ပျားအုံကြီးဖြစ်လာခြင်းကို ဒိသွာစ မြင်ရသည်ဖြစ်ဤ ပဏ္ဍိတော-ကျိုးကြောင်းမြင်သိ ပညာရှိသည် ဃရံ-အိမ်ရာ တည်ထောင် လူ့ဘောင်ကို အာဝသေ- ကောင်းစွာမသွေ စိုးအုပ်ရ နေရာပေသတည်း။ ၂
(သာဓု သာဓု သာဓု)
ပုဏ္ထားကြီးက သူ့သားကို နည်းပေးတယ်။ ပစ္စည်းတွေ အများကြီး စုမိအောင်ဆိုပြီးတော့ နည်းပေးတယ်။ အဲ နောက်ဆုံး တောဒေယျပုဏ္ဍား သေတော့မှ အိမ်ခွေးကြီးလာဖြစ်။ အဲ တစ်နေ့ကျတော့ ဘုရားရှင် ကိုယ်တော်မြတ် ကြွအလာ သူက ဟောင်တယ်။ ဟောင်တော့ မြတ်စွာဘုရား က တောဒေယျကို အသက်ရှင်တုန်းကလည်း ငါဘုရားကို ဒီလို ဘောဝါဒိ ဘောဝါဒိ၊ ဘော ဂေါတမ ဘောဂေါတမနဲ့ပဲခေါ်လို့ သေတဲ့အခါကျတော့ ခွေးကြီးဖြစ်နေရ။ ယခုလည်း ငါဘုရားကို နောင့်ယှက်ပြန်ပလားဆိုတော့ အဲဒီလိုမိနဲ့တော့ ခွေးကြီးက ငါ့ကို ရှင်ဂေါတမ သိသွားပြီဆိုတော့ ဖိုခုံလောက် ထဲမှာ သွားအိပ်နေရှာတယ်။
သုဘလုလင်က ဒီခွေးကြီး၊ ကို သူ့အဖေ ဖြစ်လာမှန်းမသိဘူး။ မသိ ပေမဲ့ အင်မတန်ချစ်တယ်။ ကောင်းကောင်းမွန်မွန် ကျွေးတယ်။ ကောင်းတဲ့ အိပ်ရာပေါ်မှာ သိပ်တယ်။ အဲဒါကို ဘုရားရှင်ကိုယ်တော်မြတ်က အဲသလိုပြော တော့ ခွေးက မီးပုံပြာပုံကြားထဲသွားပြီး အိပ်နေတယ် သုဘလုလင် ပြန်လာတော့ တွေ့တယ် ဒီတော့ “ဟ ဒီခွေးကို ဘယ်သူက လာသိပ်တုံး။ အကျိုးအကြောင်း ပြောပြတော့ ရှင်ဂေါတမ အလကားပြောတာ။ ငါ့အဖေဟာ ဗြဟ္မာ့ပြည်သို့ ရောက်နေတယ်" ဆိုပြီးတော့ မြတ်စွာဘုရားထံ သွားလျှောက် ထားတဲ့အခါကျတော့။ မြတ်စွာဘုရားထံသွားပြီး အပြစ်တင်တဲ့အခါကျတော့မှ ဘုရားရှင်ကိုယ်တော်မြတ်က “ကဲ မင်းမယုံရင် မင်းအဖေဟာ မင်းကို မပြော ခဲ့တဲ့ ပစ္စည်းတွေ ရှိသလား။” “မှန်ပါ ရှိပါတယ်။ အဖိုးတစ်သိန်းထိုက်တဲ့ ရွှေပန်းဆိုင် စသည်ဖြင့် မပြောဘဲ ထားခဲ့တဲ့ပစ္စည်းတွေ ရှိပါတယ်”
ဒါဖြင့် “ကဲ မင်းအဖေ ခွေးကြီးကို ကောင်းကောင်းမွန်မွန် လုပ်ကျွေး ပြီးတော့ ခွေးကြီး အိပ်မလိုဖြစ်တဲ့အခါ မေးကြည့် သူပြောပါလိမ့်မယ်
၄ရ၂ သု ဂ ကျွေးမွေး ၊ ရှင်မိန့်ကြားတဲ့အတိုင်း သူ့အဖေကို ကောင်းမွန်စွာ တး မျေ ၌်း ခွေးကြီးက “ငါ့သားဟာ ငါ့ကို ။ မေးတဲ့အခါကျတော့ တစ်ခ တညံး ခွေး သားဟာ ပ င နဲ့ ကိုယ်တိုင်ထပြီး ပြတယ်။ အဲဒီတော့မှိုပြီး စိတ်မချမ်းမသာနဲ့ ကိုယ်တို စ မာ ” ယံတယ် င်အခါ မှ ပြဿနာ (၁ ။ ရှင်ကိုယ်တော်မြတ်ကို ယုံတယ်။ နော ကျ ပြဿ က် လျော၊ ရှင်ကိုယ်တော်မြတ်က ခုနက် လျှောက်ထားတဲ့အခါကျတော့ ဘုရားရှ နး ပြောသလို်မူခဲ့တယ်။ ဒါကြောင့်မို့လို့ လောကမှာ အားလုံး မိမိတို့ လို ဖြေတော်မူခဲ့တယ်။ ဒါကြောင့်မို့လို့ မိမိတ မ။ င် နမ့်ကြရ။ မြင့်ကြရ။ အထက်တန်း ၃ို့ပြုကြတဲ့ ကံအတုင်ံးသာ နမကရး။ မူး တ ရောက်ရ။ အေခက်တ င စ်သောကြောင့် အဲ အောက်တန်း င က်တန်း ရောက်ကြရတာ ဖြစ် ၄ အဲ အောက်တန်း မကျအောင်တေ ဖ ကြီးတယ်4 အထက်တန်းသို့ တက်လှမ်း မကျအောင်တော့ ကြုံးစားဖို့ အရေးး ၊ စားဖို ကြီးတယ် 1 နိုင်အောင် ကြိုးစားဖို့ အရေ ကြီး ဒ ၆ ကောင်းမှုဟာ အဲ့ တကယ် မိမိတို့ ထူထောင်တဲ့ ကုသိုလ်ကောင်းမှု တဲတာိလံဝေိုရဲ့ဂုဏ်ကျေးဇူးဟာ မြင်းမိုရ်တောင်ထု မေရု န်မြတ်တဲ့ကုသိုလ်တွေ။ မိဘတို့ရဲ့ဂုဏ်ကျေးဇူး တော မျော အနန္တောအဖြစ် သတ်မှတ်ကြတယ်။
က ကြီးမြတ်လို့ မာတာပိတုဂုဏောအနန္တေ မ် " င် မုဒိတာရှင်' ဥပေက္ခာရှင်ဖြစ်တဲ့ ခဲဒ မေ င်' ကရုဏာရှင်။ မု ရ တ မိဘ တေကို အမြံတမ်းခေ င် င်းမြတ်တဲ့ပူဇာ ကောင်းမြတ်တဲ့ို အမြဲတမ်းအောက်မေ့ပြီးတော့ ကောင်း ပူ က လာ မိမိတို့ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ဆောင်ရွ ၆ ပ ၃ (၂ မိမိတို နှစ်စဉ်နှစ်တို ခ ပျ စ မင်္ဂလာပဲ။ အဲဒီမင်္ဂလာကို ဖြစ်တ ဝနဲ့ ခ့ နိဗဒ္ဓဒါန ထာဝရကောင်းမှု ဖြစ်တ 3ပုညာန် ဆသ တေ ဒီသာနီ အဲသလို ကူသိုလ်မြံတဲ့ ဗုဂ္ဂါလ် င 5 ဂတိ သောတာပန္န သဒံသာနံ အသလု ကု တ တေဟာ န်ဂတိမြ မိတို့ ဂတိမြဲခြင်းအကြောင်း သောတာပန်ဂတိမြဲသလို မိမိတို့မှာ တိမြခြင်းအငွေ ကောင်း၊ ခ်အပံ့ကို ထူထောင်ခြင်းပဲလို့ သိကြပြီးတော့ င်းမြတ်တဲ့ အထောက်အပံ့ကို ထူ သ တာ့ တွေ တွေ့ကို်မေ့ပြီးတော့ မိမိတို့ရဲ့ ကုသိုလ် မိ ရဲ့ ကျေးဇူးဂုဏံတွေကို ယနေ့အောကံမေ့း မိဘတွေရဲ့ကျေးဇူးဂု { ကို အမျှအတန်း ပေးဝေကြစို့
ဒေါ်သိန်းလှ ရက်လည်ဆွမ်း အနုမောဒနာတရားတော်
ခုဒ္ဒကဉ္စ မဟန္တဉ္စ ယံ ပက္ကံ ယဉ္စ အမကံ
သဗ္ဗံ ဘေဒနပရိယန္တံ ဧဝံ မစ္စာန ဇီဝိတံ
ကုမ္ဘကရဿ။ အိုးထိန်းသည် အိုးလုပ်သားသည်။ ကတံ။ ပြု အပ်သော၊ ခုဒ္ဒကံ၊ ငယ်သော ယံမတ္တိကဘာဇနဉ္စ၊ အကြင် မြေအိုးမြေခွက် သည်လည်းကောင်း မဟန္တံ။ ကြီးမားသော၊ ယံမတ္တိကဘာဇနဉ္စ။ အကြင် မြေအိုးမြေခွက်သည်လည်းကောင်း၊ ပက္တံ) ဖုတ်ရွှကျက်လေပြီးသော၊ ယံမတ္တိ ကဘာဇနဉ္စ။ အကြင် မြေအိုးမြေခွက်သည်လည်းကောင်း၊ အမကံ၊ မဖုတ် ရသေးလျက် အစိမ်းသက်သက်သာဖြစ်သေား ယံ မတ္တိက ဘာဇဧနဉ္စ။ အကြင် မြေအိုးမြေခွက်သည်လည်းကောင်း၊ အတ္ထိ ရှိစါ 1
သဗ္ဗံ အလုံးစုံသော၊ တံ။ ထိုအကြီးအငယ်။ အစိမ်းအကျက်။ အိုးခွက်မှန်သမျှသည်။ ဘေဒနပရိယန္ထ္တံ။ ပျက်စီးရခြင်းလျှင် အဆုံးရှိသည်။ ဟောတိယထာပိ။ ဖြစ်ရပြီးသကဲ့သို့၊ ဧဝံ ဤအတူ။ ပစ္စာနံ။ သူသူငါငါ သတ္တဝါမှန်သမျှတို့၏။ ဇီဝိတံ အသက်ဇီဝိတသည်။ ဘေဒနပရိယန္တံ။ ပြိုကွဲ ပျက်စီးရခြင်းလျှင် အဆုံးရှိပါပေ၏လို့ သင်္ဂဇာဆရာတော်ကြီး ဟောကြားတော်မူခဲ့သလို အိုးထိန်းသည်။ အိုးလုပ်သမား လုပ်ထားတဲ့ အိုးတွေ ကြီးသည်ဖြစ်စေ။ ငယ်သည်ဖြစ်စေ။ စိမ်းသည်ဖြစ်စေး ကျက်သည် ဖြစ်စေ၊ အကြီးအငယ်။ အစိမ်းအကျက် အိုးခွက်မှန်သမျှ တစ်နေ့ကျလျှင် ပျက်စီးရခြင်းလျှင် အဆုံးရှိကုန်သကဲ့သို့ သူသူငါငါသတ္တဝါတို့၏ အသက် ဇီဝိတသည်လည်း တစ်နေ့ကျလျှင် ပျက်ရခြင်းအဆုံးရှိ၏။ ဤသဘာဝကို လွန်မြောက်ခြင်းငှာ မတတ်နိုင်ရှာရ လွန်ခဲ့သော(ဂု)ရက်လောက်က ဘဝ တစ်ပါးသို့ ပြောင်းသွားကွယ်လွန်ခဲ့သော ဒကာမကြီး ဒေါ်သိန်းလှကို
အကြောင်းပြုရှ် ယနေ့ ဒကာမကို ရည်ရွယ်ပြီးတော့ ကုသိုလ်ကောင်းမှုကို ပြုကြမည် ဖြစ်ရာ ရတနာသုံးပါး ဦးထိပ်ထားခဲ့ရသော အစဉ်အလာအရ ဘုရား၊ တရား၊ သံ ဃာ၊ ရတနာမြတ်သုံးပါးတို့၏ ထူးခြားသောဂုဏ်ရည်ကို ယုံကြည်မြတ်နိုး လက်စုံဖိုးခဲ ရှိခိုးပူဇော် မူးမြော်မာန်လျော့ ကန်တောကြ ရသော ပဏာမမင်္ဂလာ ကောင်းမြတ်သော ကုသိုလ်စေတနာကြောင့် ဤနေ့ ဤအချိန်မှစရ် မကောင်းသောဘေးဒဏ်ရန်စွယ် အန္တရာယ်မှန်သမျှ ကင်းလွတ်ငြိမ်းကြရ် ကောင်းမြတ်သော က္ကဋ္ဌမင်္ဂလာ ချမ်းသာအမျိုးမျိုး။ ကောင်းကျိုးအပုံဗုံ အမြဲတမ်းတွေ့ ကြုံ ရလျက် အဘက်ဘက်မခွ ကြီးပွားခြင်း သို့ ရောက်ကြပြီးလျှင် ဝဋ်ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရား အိုခြင်းကင်းရာ။ နာခြင်းကင်းရား သေခြင်းကင်းရာ နိဗ္ဗာန်ချမ်း သာကို လျင်မြန်စောစွာ မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေ]1 (ငါးပါးသီလ ဆက်ပေးသည်)
အဲဒီတော့ သံဝေဂလေး ပွားကြရအောင်။ မရဏနုဿတိကမ္မဋ္ဌာန်း အဲ မရဏံ မေ ဘဝိဿတိ။ မေ ယခုမျက်မြင် အသက်ရှင်လျက်ရှိသော ငါ၏။ မရဏ တစ်နေ့ကျလျှင် သေရခြင်းသည် ဘဝိဿတိ။ ဖြစ်လိမ့်မည်မှာ လွန်သေချာ မှန်စွာမလွဲပါတကား။
ဇီဝိတံ မေ နိရုဇ္စိဿတိ မေ၊ ယခုမျက်မြင် အသက်ရှင်လျက် ရှိသော ငါ၏ / ဇီဝိတံ ရုပ်နာမ်(၂)ချက် အသက်ဇီဝိတသည်။ နိရုဇ္စိဿတိ တစ်နေ့သောအခါ ချုပ်ငြိမ်းမှန်စွာ မလွဲပါတကား။ သဗ္ဗံယောဗ္ဗန ဧရာပရိ ယောသာနံ။ သဗ္ဗံယောဗ္ဗနံ၊ နနယ်ရုပ်ဆင်း ပျိုမျစ်ခြင်းမှန်သမျှသည်။ ဧရာ ပရိယောသာနံ။ အားအင်ယိုယွင်း အိုမင်းခြင်းလျှင် အဆုံးရှိပါပေ၏။ နုနယ် ရုပ်ဆင်း ပျိုမျစ်ခြင်းကား အိုမင်းနောက်ဆုံးပါတကား4 အရွယ်ငယ်ငယ် နုနယ်ဆိုကြ ပျိုသမျှ အိုရမှာချည်းပါတကား။
သဗ္ဗံ အာရောဂျုံ-ဗျာဓိပရိယောသာနံ ကျန်းကျန်းမာမာ ဝေဒ နာကင်း ရောဂါ ရှင်းခြင်းမှန်သမျှသည်။ ဗျာဓိပရိယောသာနံ။ နာရခြင်းလျှင် အဆုံးရှိပါ ပေ၏။ ကျန်းကျန်းမာမာ ဝေဒနာကင်း ရောဂ ရှင်း နာရခြင်းကြုံရမည်တကား။ သဗ္ဗံဇီဝိတံမရဏပရိယောသာနံ။ သဗ္ဗံဇီဝိတံ၊ ဝိဥာဉ်ထင်လင်း သက်ရှင်ခြင်း မှန်သမျှသည် မရဏပရိယောသာနံ။ တစ်နေ့သောအခါ ပစ်စွန့်ခွာရ သေရ
ခြင်းလျှင် အဆုံးရှိပါပေစ္ဂ၊ ဝိဥာဉ်ထင်လင်း သက်ရှင်ခြင်းကား သေခြင်း နောက်ဆုံးရှိချေစါ။ သဗ္ဗာ သမ္ပတ္တိ ဝိပတ္တိပရိယောသာနာ၊ သဗ္ဗသမုတ္တိ။ ပြည့်စုံခြင်း မှန်သမျှသည်။ ဝိပတ္တိပရိယောသာနာ။ ပျက်စီးရခြင်းလျှင် အဆုံး ရှိပါပေ၏။ ပြည့်စုံမှန်သမျှ ပျက်စီးရ လောက သဘောပါတကား။ သဗ္ဗော သံယောဂေါ ဝိယောဂပရိယောသာနော၊ သဗ္ဗောသံယောဂေါ။ ချစ်ခင်ပေါင်းသင်း ယှဉ်တွဲ ခြင်းမှန်သမျှသည်။ ဝိယောဂပရိယောသာနော၊ ကွေကွင်း ခွဲခွာရခြင်း လျှင် အဆုံးရှိပါပေ၏။ ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကား ကွေကွင်း နောက်ဆုံး ရှိချေ။
ဘယ်အသံက်ရွယ်မှာ ဘယ်ရောဂါနှင့် ဘယ်ခါကာလ ဘယ်ဒေသခ် သေရမည့်တာ တို့သူငါ မှန်စွာမသိပါတကား။ သေရခြင်းသဘောတရားဟာ ဘယ်သူမှ မသိနိုင်ဘူး၊ အချိန်မရွေး အခါမရွေး သေချင်တဲ့အခါ သေသွား တာပဲ။ အဲဒီတော့ မသေခင် မိမိတို့က ကြိုတင်ပြီးတော့ ကုသိုလ်တွေများများ ပြုနိုင်အောင် ကြိုးစားကြ။
လောကမှာ ဘုန်းကြီးတို့ ခရီးသွားတစ်ယောက်ဟာ ကိုယ့်မှာ အားကိုးစရာလက်နက်ပါရင် လမ်းမှာ ရန်သူနဲ့ရင်ဆိုင်တွေ့ ရပေမဲ့ မကြောက် ဘူး။ ကိုယ့်မှာ အားကိုးစရာရှိတယ်ဆိုပြီးတော့ ကြောက်ခြင်း၊ ထိတ်ခြင်း။ လန့်ခြင်း မဖြစ်ဘူး။ ရဲတယ်။ အားကိုးစရာရှိရင် အဲ မိမိတို့ရဲ့ အားကိုးရမည့် လက်နက်ဟာ တရားပဲ။ လောကမှာ တရားသည်သာ မိမိတို့ အားကိုးရာ။ တရားရှိနေရင် ဘယ်လိုဒုက္ခမျိုးတွေနဲ့ ကြုံနေကြုံနေရ အဲ ပုထုဇဉ်ဓမ္မတာ နည်းနည်း တုန်လှုပ်ပေမည့် ခံနိုင်ရည်ရှိတယ်။ သိပ်ပြီးတော့ ဒုက္ခ မရောက်ဘူး။
အဲဒါ ကြောင့်မို့လို့ တရားဆိုတာဟာ အရေးကြီးတယ်။ တရား ရှိနေရင် မိမိတို့ဘဝ နေရတာလည်း အဲ ချမ်းသာတာပဲ။ သေရမယ်ဆိုတာ လည်း သိပ်ပြီး ကြောက်ခြင်းလန့်ခြင်း တယ်မရှိဘူး။ ဒါကြောင့် စောစောက ပွားများထားတဲ့ တရားတွေ ရှိရမယ် အဲသလို ပွားများထားတဲ့ တရားတွေ ရှိထားလို့ရှိရင် သေခြင်းဘေးနဲ့ကြုံရသော်လည်း အဲ. ထိတ်ထိတ်ပျာပျာ မဖြစ် အေးအေးဆေးဆေးနဲ့ သေရတယ်။
လောကမှာ ကုသိုလ်ကောင်းမှု အထူးရှိကြတဲ့ပုဂ္ဂိုလ်တွေ။ ပွားများ အပ်တဲ့တရားတွေ ရှိကြတဲ့ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂုလ်တွေဟာ သေခြင်းနဲ့ကြုံရ
ပေမဲ့ မကြောက်ဘူး။ ငါ့မှာ အားကိုးစရာ တရားတွေရှိတယ်။ ငါ သေလို့ ရှိရင် လူ့.ပြည်ရောက်ရင်လည်း လူ့ပြည်မှာ တရားထူးတွေ နီးနီးကပ်ကပ် ရဖို့ အကြောင်းရှိတယ် နတ်ပြည်ရောက်ရင်လည်း နတ်ပြည်မှာ ထူးထူး ခြားခြား တရားထူးတွေရဖို့ အကြောင်းရှိတယ် နတ်ပြည်ဆိုတာကလည်း တချို့ကပြောကြတယ်။ နတ်ပြည်ဆိုတာ ကာမဂုဏ်တွေ။ အာရုံတွေ များလွန်း လို့ တရားဆိုတာ တွေ့နိုင်စရာအကြောင်းမရှိဘူး။ အပျော်အပါးတွေနဲ့ပြီး တာပဲ ဆိုကြတယ်။
အဲ ဟုတ်တော့ဟုတ်တာပဲ။ အဲ အပျော်အပါးတွေနဲ့) စည်းစိမ်ခံစားမှု တွေနဲ့ အချိန်ကုန်နေကြတာပဲ။ များသောအားဖြင့် သို့သော် လူ့ဘဝက ခုန ပြောခဲ့သလို တရားအထုံလေးတွေရှိကြမယ်။ တရားလေးတွေ အောက်မေ့ ဆင်ခြင် ပွားများတဲ့အလေ့ ရှိကြမယ်။ တရားကို ကြုုံးစားအားထုတ်ကြမယ် ဆိုရင် အဲဒီ လူ့ပြည်က တရားကြ်ုးစားအားထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ နတ်ပြည်ရောက်ရင် ဟိုမှာ နတ်ဘဝဆိုတာက အတော့်ကိုချမ်းသာတယ်။ ရာသီဥတုအခြေအနေက အတော်ချမ်းသာတော့ တတ္ထ တတ္တ သုခိနော ဓမ္မ ပဒါနိ ပ္လဝန္တီ။ ချမ်းသာတဲ့နတ်ပြည်မှာ တရားတွေက အလိုလိုပေါ် လာတယ်။ နတ်ပြည်ရောက်တယ်ဆိုရင် တရားတွေက အလိုလိုပေါ်လာတယ်။ သန္ဘော ဘိက္ခဝေ သတုပ္ပာဒေါ အထ ခေါနံ ခ်ိပ္ပမေဝ ဝိသေသဿ ဘာဂီ ဟောတိ
အဲ သတိဖြစ်တာက နေးလိမ့်ဦးမယ်။ တရားသိတဲ့ အသိက တစ်ခါ တည်း မြန်မြန်ဆန်ဆန်ကြီး ဖြစ်ဘွားခိုင်တယ်ဆိုတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်ဟောထားတဲ့ တရားဒေသနာရှိတယ်။ အဲဒါကြောင့် ဘုရား သာသနာနှင့်ကြုံကြိုက်တဲ့အခါ ဘုရားဟောဒေသနာတွေ လေ့လာထားကြ။ ပွားများထားကြတဲ့ပုဂ္ဂုုလ်တွေ သမထဝိပဿနာ ဘာဝနာတွေ။ ကြုုးစာ အားထုတ် ပွားများထားကြတဲ့ ပုဂ္ဂိုလ်တွေ အဲဒီပုဂ္ဂိုလ်တွေဟာ နတ်ပြည် ရောက်ရင် ဟော သူ့အတွက် ချက်ချင်း တရားတွေပေါ်လာတယ်။
အသိလေးက နေးလိမ့်ဦးမယ်။ သတိတရားက နေးလိမ့်ဦးမယ်။ တရားကိုသိနိုင်တဲ့အသိက တစ်ခါတည်း လျင်လျင်မြန်မြန် သိလာနိုင်တယ် လို့ ဟောထားတဲ့ တရားရှိတယ်။ အဲသလို ကိုယ့်ဟာကိုယ် မသိရင်လည်း လူ့ပြည်က တရားဟောတတ်တဲ့ တန်ခိုးရှင်တွေ နတ်ပြည်တက်ပြီး တရား
ဟောတဲ့အခါတိုင်း တရားထူးရနိုင်ဖို့ အခွင့်ရှိတယ်။ လူ့ပြည်က တရား အလေ့အလာရှိတဲ့ ပုဂ္ဂိုလ်ဟာ နတ်ပြည်ကျတော့ အဲသလို လူ့ပြည်က တက်ပြီး တရားဟောကြမည့် တန်ခိုးရှင်တွေနဲ့ကြုံတဲ့အခါ တန်ခိုးရှင်တွေ တရားဟောတာနဲ့ကြုံတဲ့အခါ တရားထူးတရားမြတ်တွေ ရနိုင်တယ်။ ဒါတင် မကသေးဘူး။ နတ်ပြည်မှာလည်း နတ်ဓမ္မကထိကတွေဆိုတာ ရှိသေးတယ်။ တစ်ခါတစ်ခါ ဗြဟ္မာကြီးတွေ နတ်ပွဲသဘင်မှာလာ ပြီးတော့ တရားဟောတဲ့ အခါလည်းရှိတတ်တယ်။ အဲသလိုအခွင့်အရေးတွေ နတ်ပြည်မှာ ရှိနေသေး တယ်။
အဲသလို နတ်ဓမ္မကထိကတွေ ဟောတဲ့အခါ။ ဗြဟ္မာကြီးတွေ တစ်ခါ တစ်ခါ လာရောက်ပြီး ဟောတဲ့အခါ အဲ တရားထူး ရနိုင်တယ်။ ဒါက အချက် တစ်ချက်။ ဒီလိုမှမရသေးရင်လည်း မိမိထက်အရင် ရောက်နေတဲ့ မိမိတို့ တရားအားထုတ်ဖက်တွေ။ အဲဒီပုဂ္ဂိုလ်တွေကသတိပေးလို့။ တရား သဘော တွေ ပြောဆိုဆွေးနွေးလို့ ဒီအချိန်မှာ တရားထူးရနိုင်တယ်။ ရနိုင်တဲ့အခွင့် အလမ်း ရှိတယ်တဲ့။ အဲဒါကြောင့် နတ်ပြည်ရောက်ပေမည့် လူ့ဘဝက အဲသလို အလေ့အလာရှိကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ တရားထူး တရားမြတ်တွေ မြန်မြန် ရနိုင်တဲ့အခွင့်အလမ်း ရှိသေးတယ်။
အဲဒီတော့ အရေးကြီးတာက ဘာတုန်း ဆိုတော့ သတိသံဝေဂတရား အရေးကြီးတာပဲ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်လို့ အဆိုရှိခဲ့တယ်။ ကျောင်းကို ဆယ်ခေါက်သွားနေနေ မသာ တစ်ခေါက်သွားတာလောက် အကျိုးမကြီးဘူးဆိုတဲ့ အဆိုရှိတယ်။ အဲ တကယ် မသာအကြောင်းပြုပြီးတော့ အသုဘအကြောင်းပြုပြီးတော့ အသုဘသွားမယ်။ မရဏနုဿတိဆိုတဲ့ သေခြင်းတရားကို ပွားများမယ်။ အဲ ကာယဂတာသတိ ဆိုတဲ့ ခန္ဓာကိုယ်မှာ စက်ဆုပ်ဖွယ်သတိကို ပွားမယ် စသည်ဖြင့် သတိတွေး သတိတွေ။ သတိ တရားတွေ ပွားများမယ်။ ပညာတရားတွေ ပွားများမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ မသာသွားမှုဟာ ကျောင်းဆယ်ခေါက်သွားတာထက် ပိုပြီးတော့ ခရီးရောက်။ ပိုပြီးတော့ အကျိုးကြီးတဲ့အကြောင်း ဆိုကြတယ်။
ဟုတ်လည်းဟုတ်တာပဲ။ အဲဒါကြောင့်မို့လို့နော် အဲ အသုဘရှ ကြုံရတဲ့အခါမှာ အသုဘရှကြရတယ်။ အဲ အားလုံး သူသူငါငါ သတ္တဝါတို့ရဲ့
ကိုယ်ခန္ဓာကြီးဟာ စောစောက ဓာတ်ကြီးလေးပါးရဲ့ မျှမျှတတ ဆောင်ရွက် ပေးနေမှုကြောင့် စိုစိုပြည်ပြည်' တင့်တင့်တယ်တယ် ဖြစ်နေကြတယ်။ တစ်နေ့ကျတော့ အဲဒီ ဓာတ်ကြီးလေးပါးကပဲ လူကိုသတ်တယ်။ သူတို့က ဖောက်ပြန်လာပြီဆိုရင် ခန္ဓာကိုယ်မှာ ဖောက်ပြန်ချက်တွေ ပေါ်လာတယ်။ ဖောက်ပြန်ချက်တွေ ပေါ်လာရင် ဟော နောက်ဆုံးကျတော့ သေရသည်အထိ ဖြစ်ရတယ်။
ဒါကြောင့် ခန္ဓာကိုယ်ကြီး ပြုပြင်နေတာလည်း ဓာတ်ကြီးလေးပါး။ တစ်နေ့ကျရင် ခန္ဓာကိုယ်ကြီးကို ဖျက်ဆီးပစ်တာလည်း သူတို့ပဲ ဓာတ်ကြီး လေးပါးပဲ။ ပထဝီး အာပေါ တေဇော။ ဝါယော။ ပထဝီဓာတ် ဖောက်ပြန်ပြီ ဆိုရင် ထကြြှမှု သောင်းကျန်းမှု၊ နှိပ်စက်မှု စိုးမိုးမှုကို ခံရပြီးတော့ ယခု အခါမှာ မရှိတော့ဘူး။ ခန္ဓာကိုယ်ကြီး ပျက်စီးခြင်းသို့ ရောက်ခဲ့ရတယ်။ အားလုံး သူသူငါငါသတ္တဝါတွေ က္ကဒါနိ၊ ယခုအခါ တာဝ။ ထိုဓာတ်ကြီးလေးပါးတို့သည်သာလျှင်၊ မရေန္ဘိ သတ်ဖြတ်လိုက်ကြလေကုန်သတည်း။ ဝေါ။ ကျန်ရစ်ခဲ့သော ဦးထွန်းရီနှင့်တကွ သားသမီးတွေ။ ဆွေမျိုးမိတ်သင်္ဂဟ တွေး အသုဘရှဖို့ ရောက်လာကြတဲ့ ဒကာ၊း ဒကာမတွေ အားလုံးသတ္တဝါ အပေါင်းတို့ကို၊ တာ။ ထိုဓာတ်ကြီးလေးပါးတို့က၊ တား ထိုမိမိတို့ကို အကျိုးဆောင်နေကြတဲ့ ဓာတ်ကြီးလေးပါးတို့က္က။ ကဒါဘယ်နံရော။ ကာလအခါသမယနဒ်၊ မရေဿန္တိ။ ထကြြသောင်းကျန်းကာ အသေသတ်ကြ လိမ့်မည်' မသိ၊ သတိရကာ တရားရှာကြပါကုန်လော့။
အဲဒါကြောင့် ဒကာမကြီးက တရားပြသွားပြီ မိမိတို့က ဒီဓာတ်ကြီး လေးပါးက အဲ ဒကာမကြီးကို ဓာတ်ကြီးလေးပါးက သတ်သွားသလို မိမိ တို့ကိုလည်း တစ်နေ့ကျရင် ဒီဓာတ်ကြီးလေးပါးက သတ်လိမ့်မှာပဲ အဲ အသတ်မခံရခင် အားရှိတုန်း။ ကျန်းမာတုန်း။ ချမ်းသာတုန်း မိမိတို့ အားကိုး စရာဖြစ်တဲ့ တရားတွေ ကြိုးစားထားပြီးတော့ တရားရှုသူ၊ တရားရှိသူ တွေဖြစ်အောင်၊ အားကိုးရာရှိသူတွေဖြစ်အောင်။ သေရဲအောင် နေရဲအောင် ကြိုးစားအားထုတ်ခြင်းဖြင့် မိမိတို့ဘဝ အရတော်အောင် ကြိုးစား အားထုတ် နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
သာကေတ မကြည်ကြည်သိန်း ရက်လည်ဆွမ်းတရားတော်
ယနေ့ မကြည်ကြည်သိန်းအတွက် ရက်လည်ဆွမ်း။ အဲ- ဒီရက်အတွင်း မိမိတို့ ကုသိုလ်တွေအမျိုးမျိုးပြုခဲ့ကြတယ်။ ကုသိုလ်တွေ နေ့တိုင်းနေ့တိုင်း ပြုခဲ့ကြ သူ့ကိုအကြောင်းပြုပြီးတော့။ ချမ်းသာအောင်ဆိုပြီးတော့ အဲဒီတော့ တကယ်ဆိုရင် ပထမတည်းက။ တစ်ရက်တည်းက ရချင်ရသွားပါမယ်။ ] ကုသိုလ်တွေ ရသွားရှာပါတယ်။ နောက်ထပ် ထပ်ကာထပ်ကာပြုတာကတော့ သူ မရတာတောင်မှ၊ သူ့အတွက် မထူးတာတောင်မှ မိမိတို့မှာ ကုသိုလ် တွေ တိုးတယ်
အဲ- ယနေ့ နောက်ဆုံးရက်လည်ဆွမ်းသပိတ်လို့လည်း ခေါ်ကြတယ်။ အဲ- လှူဒါန်းကြတယ်။ ဒါ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ရဲ့ ပြုရိုးပြုစဉ် အစဉ်အလာကောင်းမှုတစ်ရပ်ပဲ။ အဲ- အဲဒီကောင်းမှုကလည်း တကယ်တော့ မွန်မြတ်တဲ့ ကောင်းမှုပါပဲ။ သူ မရတာတောင်မှ မိမိတို့က တော့ ရပြီးပြီပဲ။ အဲ- ဒီတော့ ကွယ်လွန်တဲ့ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးတော့ သရဏဂုံတင်တော့ အခုတော့ သပိတ်သွတ်တော့ ကုသိုလ်ကောင်းမှုတွေ ပြုကြတဲ့အခါမှာ ဘယ်အခါမဆိုပေါ့လေ။ ဒါကတော့ သေခြင်းသဘောတရား)။ အနိစ္စ သဘောတရားတွေ သတိရကြတယ်။ အောက်မေ့ကြရတယ်။ မသာ တစ်ခေါက် ကျောင်းဆယ်ခေါက်လို့ အဆိုရှိခဲ့တယ်။ အဲ- ကျောင်း ဆယ်ခေါက်သွားတာ မသာတစ်ခေါက်သွားတာလောက် မမြတ်ဘူးဆိုတဲ့ အဆို အဲဒါ ဘာဆိုလိုတာ တုံးဆိုတော့ မသာတစ်ခေါက် လိုက်ပို့လိုက်ရတဲ့ အတွက် ပွားများလိုက်ရတဲ့ မရဏာနုဿတိ ဘာဝနား သေခြင်းကို အောက်မေ့ခြင်းဆိုတဲ့ ဘာဝနာ၊ အနိစ္စာ နုပဿနာ အနိစ္စသဘောကို အောက်မေ့ဆင်ခြင်ခြင်းဆိုတဲ့ ဘာဝနာ စသည်ဖြင့် ဘာဝနာတွေး ဘာဝနာတွေ။ အဲဒီ ဘာဝနာတွေကို ပွားများတဲ့သူအဖို့ ခုနေ ကျောင်းဆယ်ခေါက်
သွားတာထက် မသာတစ်ခေါက်သွားရခြင်းက ပိုပြီးတော့ အကျိုးကြီးတယ် လို့ ရှေးရှေးတုန်းက ဆိုရိုးပြုခဲ့ကြတယ်။
အဲဒါဟာ တကယ်တော့ လွန်တဲ့စကားမဟုတ်ဘူး။ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ အလိုကျ၊ ဘုရားရှင်ကိုယ်တော်မြတ်က ဒီအတိုင်းပဲ အလို ရှိတယ်။ အမှန်က ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေများ၊ အဲ- မသာ တစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုရလောက်အောင် ဘာဝနာတွေပွားတဲ့ အလေ့က အဲ- တော်တော်များများ ရှိချင်မှရှိမယ်။ ရှိရင်လည်း နည်းနည်းပဲ ရှိမယ်။ အမှန်က အသုဘရှ အသုဘရှဆိုတဲ့အကြောင်း အသုဘရှနေတယ်။ အရေးကြီးတာကတော့ သေခြင်းသဘောတရား အောက်မှေ့မှုဆိုတဲ့ မရဏာ နဿတိလည်း အရေးကြီးတာပဲ။
အဲ- ဘုရားရှင်ကိုယ်တော်က ဟောထားတဲ့ ဒေသနာ ရှိတယ်။ အဲ- လောကမှာ ခရီးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ့်လက်ထဲမှာ အကာအကွယ်လေး တစ်ခုရှိရင် ရန်သူနဲ့တွေ့တဲ့အခါ မကြောက်ဘူး။ အကာအကွယ်မရှိဘူးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်ဟာ ရန်သူနဲ့တွေ့ တဲ့အခါ ထိတ်ထိတ်ပျာပျာ ကြောက်ကြောက်လန့်လန့် ဖြစ်သွားတယ် အဲဒါလိုပဲ မရဏာနုဿတိဆိုတဲ့ သေခြင်းသဘောတရားကို အောက်မေ့တဲ့ ဘာဝနာ ရှိပြီဆိုရင် အဲဒီ ဘာဝနာပွားများတဲ့ ပုဂ္ဂိုလ်တွေအဖို့ဆိုရင် ကိုယ့်အတွက် အကာအကွယ်ကောင်းရှိတယ်။ အစောင့်အရှောက်ကောင်း ရှိတယ်။ သေခါနီးရင်လည်းပဲ သူက မကြောက်ဘူး။ သူ့မှာ အကာအကွယ် ဘာဝနာ ရှိနေတယ်။ ဘာဝနာကို အမြဲတမ်း ပွားနေတယ်။ ဒါဟာ သေခြင်းသဘော တရား၊ သူ့အဖို့ထင်နေတယ်။ သူ့အဖို့ အဆန်းလည်း မဟုတ်ရတော့ဘူး။ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်ဆိုတဲ့သဘောမျိုးနဲ့ သေခြင်းကို အကြောင်းပြုပြီး ကြောက်လည်းမကြောက်။ စိုးရိမ်လည်း မစိုးရိမ်ဘူး၅ ကြောင့်ကြလည်း မကြောင့်ကြဘူး။ အဲဒါ ဘာဝနာရဲ့တန်ခိုး။ အဲ- မရဏာနုဿတိ ဘာဝနာ ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာ အဲဒီ ခရီးသွားယောက်္ကျား ရန်သူနဲ့တွေ့တဲ့အခါမှာ မိမိမှာ အကာအကွယ်ရှိနေလို့ မကြောက်သလို .သေခြင်းနဲ့တွေ့ တဲ့အခါ မကြောက်ဘူး
အခိမ္မာနိ သိရာ
ဝိဘဝေါ နေ၀သဿတော
နိစ္စံ သန္နိဟိတော ပါယော။
ကာတဗ္ဗော ဓမ္မသဉ္စယော။
သရီရာနိ- သူသူငါငါ သတ္တဝါတို့၏ ခန္ဓာကိုယ်မှန်သမျှတို့သည် အနိစ္စာနိ၊ အမြဲမရှိကြပါပေကုန်။ ဝိဘဝေါ။ သူသူငါငါ သတ္တဝါမှန်သမျှတို့ ခ် ရှိကြကုန်သော ပစ္စည်းမှန်သမျသည်လည်း။ နေ၀သဿတော' သူကလည်း စွန်း တစ်နေ့ကျရင် ကိုယ်ကလည်း စွန့်ရည်ဖြစ်ရွှ မြတဲ့အရာတို့မဟုတ်ပါ ပေ။ နိစ္စံ အမြဲမပြတ်၊ သန္နိဟိတောပါယော။ ပျက်စီးခြင်းနှင့် နီးကပ်လျက် ရှိနေပါပေ၏ / တသ္မာ။ ထိုသို့ ထိုခန္ဓာကိုယ်ကြီးကလည်း မမြဲ။ ပစ္စည်းဥစ္စာ ကလည်း မမြဲ အဲ- ပျက်စီးခြင်းတွေကလည်း မိမိတို့အဖို့ ဝိုင်းဝိုင်းလည်နေ သည်၏အဖြစ်ကြောင့်၊ ဓမ္မသဉ္စယော၊ တရားကို ဆည်းပူးစုဆောင်းခြင်းကို၊ ကာတဗ္ဗော၊ မနားမနေ ပြုသင့်ပြုထိုက် ပြုအပ်ပါပေ၏ 1
အနိစ္စာနိ သရီရာနိ၊ သူသူငါငါ သတ္တဝါတို့၏ ခန္ဓာကိုယ်ကြီးဟာ မမြဲဘူး။ အဲဒီ မမြဲတဲ့အနိစ္စသဘောကို မိမိတို့ အသုဘပို့ခဲ့တဲ့အခါတုန်းက ဘယ်လောက် အောက်မေ့မိကြသတုံး။ ဘယ်လောက် ဆင်ခြင်မိကြသတုံး။ အဲ- ဆင်ခြင်တဲ့ပုဂ္ဂိုလ်တွေလည်း ဆင်ခြင်မိမှာပဲ။ များသောအားဖြင့် အမှတ်တမဲ့ နေကြတဲ့ပုဂ္ဂိုလ်တွေက များကြမှာပဲ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတာ မသာမပို့တတ်တဲ့သူအဖို့ မသာတစ်ခေါက်အကျိုးမျိုး ခံစားရမှာမဟုတ် ဘူး ဒါကြောင့် အနိစ္စသဘောတရားကို မြင်ဖို့အရေးကြီးတယ်။ အဲ မရဏာ နုဿတိ ပွားများဖို့အရေးကြီးတယ်။ အမှန်ကတော့ မရဏာနုဿတိဆိုတာ ဟာ ခက်ခဲတဲ့အရာမှမဟုတ်ပါ / အော် ငါတစ်နေ့ကျ သေရဦးမှာပဲ သေရ ဦးမှာပဲဆိုတဲ့ သေခြင်းသဘောတရားကို အောက်မေ့ရတာ ဘာမှမခက်ပါဘူး။ သို့သော် လွယ်လွယ်နဲ့မလုပ်ဖြစ်ကြဘူး။ အဲ- အသုဘစီးဖြန်းရတာလည်း ဘာခက်လို့လဲ။ ဘာမှမခက်ပါဘူး။
အာယုဥသ္မာစ ဝိညာဏံ ယဒါကာယံ ဧဟန္တိမံ
အပဝိဒ္ဓေါတဒါသေတိ နိရတ္ထံ၀။ ကလိင်္ကရ။
ခန္ဓာကိုယ်ကြးကို အာယုဆိုတဲ့ ဇီဝိတရုပ်က စောင့်ရှောက်တာ/။ ထို့ ပြင် ဥသ္မာဆိုတဲ့ ကိုယ်စောင့်မီးး တေဇောဓာတ် ကိုယ်စောင့်မီးကြီးက စောင့်ရှောက်တယ်။ ဝိညာဉ်ဆိုတဲ့ ဘဝင်ဝိညာဉ်ကလည်း စောင့်ရှောက်တယ်။ အဲဒီလို အာယုဆိုတဲ့ အသက်။ ဥညသ္မာဆိုတဲ့ ကိုယ်ငွေ့။ ဝိညာဉ်ဆိုတဲ့ ဝိညာဉ်စိတ်သုံးခု စောင့်ရှောက်ထားလို့ မပုပ်မပွ။ လတ်လတ်ဆတ်ဆတ် တည်နေနိုင်တယ်။
အဲ- တစ်နေ့ အဲဒီကိုယ်ငွေ့ဆိုတဲ့ ကမ္မဇတေဇောဓာတ်ကလည်း ချုပ်ပြီ အဲ ဇီဝိတဆိုတဲ့ ရုပ်ကလည်း ချုပ်ပြီး နာမ်ကလည်း ချုပ်ပြီ။ ဝိညာဉ် ဆိုတဲ့ဘဝကို ဆက်ပေးနေတဲ့ ဘဝင်ဆိုတဲ့ ဝိညာဉ်လည်း ချုပ်ပြီဆိုရင် ပြီးတော့ အဲဒီခန္ဓာကိုယ်ကြီးဟာ နိရတ္ထံ၀ ကလိင်္ဂရံ၊ ထင်းနုပ်ထင်းဖွဲတွေ အသုံးမကျတာသို လုံးဝအသုံးမကျတဲ့အဖြစ်သို့ ရောက်ရတယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မှုခဲ့တယ်။ အဲသလို ရှုဆင်ခြင်ဖွယ်ရာ။ အဲ- တရားတွေ ရှိကြရတယ်။ ရှုဆင်ခြင်ကြရတယ်။ အနိစ္စအဖြစ် ထင်မြင်အောင်။ ပေါ်လွင်အောင် ရှုဆင် ခြင်ကြရတယ်။ အဲသလို ရှုဆင်ခြင်ပေးလို့ရှိရင် အဲ- ခုနပြောတဲ့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဖြင့် ထူးခြားတဲ့အကျိုးကို ခံစားနိုင်တယ်။
အဲ- လောကမှာ အနိစ္စသဘောကို အမြဲဆင်ခြင်မယ်။ သေခြင်း သဘောကို အမြဲတမ်းဆင်ခြင်မယ်။ အဲ- စသည်ဖြင့် တရားသဘောတွေ ဆင်ခြင်မယ်။ ပွားများအားထုတ်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်အဖို့ သေရမှာ ဘယ်တော့မှ မကြောက်ဘူး။ နေရမှာလည်း ကြောက်စရာ မရှိဘူး။ အဲ- နေရတဲ့အခါမှာလည်း ကောင်းသောနေခြင်း ဖင့်နေရမှာပဲ။ သေရတဲ့အခါ လည်း ကောင်းသောသေခြင်းဖြင့် သေရမှာပဲ ဒါကြောင့် လောကမှာ အရေးကြီးတာက ဘာဝနာတရား လက်ကိုင်ထားပြီးတော့ မိမိတို့ခန္ဓာကိုယ်ကြီး အကျိုးရှိအောင် အသုံးချတတ်ဖို့ အရေးကြီးတယ်။
ဝိဘဝေါ နေ၀သဿတော၊ ဝိဘဝေါ။ ပစ္စည်းဥစ္စာမှန်သမျှသည်။ နေဝသဿတေား သူကသော်စွန့်။ ကိုယ်ကစွန့်နှင့် အဲ- မမြဲသော အရာသာ ဖြစ်ပါပေ၏။ ပစ္စည်းဥစ္စာတို့လည်း မမြဲဘူးတဲ့။ ဒါလည်း တွေးရတာပဲ
တွေးတော့ ပစ္စည်းဥစ္စာပေါ်မှာ တွယ်တာမှုမရှိ။ တွယ်တာမှုမရှိတော့ ကုသိုလ် ကောင်းမှုကောင်း ကောင်းပြုဖြစ်တယ်။
အဲ- ဘုန်းကြီးတို့ ဦးပေါ်ဦးဆိုတာ ကြားဖူးကြမှာပေါ့ အားလုံး သိကြပါတယ် ထင်ရှားတဲ့အမတ်ကြီး တစ်ဦးပဲ အဲ ဘုရင့်ပျော်တော်ဆက် ကြီး၊ ပျော်တော်ဆက်ကြီးဆိုပေမည့် ပညာဉဉာဏ်ကလည်း ထူးထူးခြားခြား ရှိတယ်။ ဘုရင်ကို အကျိုးရှိအောင်လျှောက်ခဲ့တဲ့ အမတ်ကြီး၊ တစ်နေ့ စုတေကျခါနီး မသေခင် အိမ်သူအိမ်သားတွေကို မှာကြားတယ်။ ငါသေ သွားလို့ရှိရင် လက်တစ်ဖက်ကို အခေါင်းကနေ ထုတ်ပြီးတော့ထားပါ။ အဲသလို မှာကြားထားတယ်။ အဲဒီလိုမှာကြားခဲ့တဲ့အဓိပ္ပာယ်ကို သူကတွေး။ ကိုယ်ကတွေး အမျိုးမျိုးတွေးကြ၊ တွေးကြပေမဲ့ အဖြေမဖော်နိုင်ကြဘူး။ အဲဒီလိုဖြစ်နေတုန်းနောက် ရှင်ဘုရင်က ဆရာတော်၊ သံဃာတော် အရှင်မြတ် တွေကို မေးမြန်းလျှောက်ထားတယ်။
အဲသလို မေးမြန်းလျှောက်ထားတဲ့အခါကျတော့ အဲ- ဆရာတော် ဦးဗုဓ်ဆိုတာ နာမည်ကြီးပဲ။ ဗုဓ်အစ ဗုဓ်အလယ် ဗုဓ်အဆုံးဆိုတဲ့ ဗုဓ် သုံးမျိုးတွင် တစ်ပါးအပါအဝင် ကျမ်းဂန်ပေါင်းများစွာ ရေးသားပြုစုပြီးတော့ သာသနာတော်ကို အကျိုးပြုခဲ့လို့ ယနေ့အထိအောင် သာသနာတော်မှာ ထူးထူးခြားခြား အကျိုးရှိတယ်။ အဲဒီဆရာတော်ကို တာဝန်ပေးတော့ ဆရာတော်ဦးဗုဓ်က မိန့်ကြားတော်မူခဲ့တယ်။
ဆရာတော်က ဒကာတော် အဲ- ဒကာတော်အမတ်ကြီး ဦးပေါ်ဦးဟာ ဒကာတော်ရဲ့အကျိုးစီးပွား တိုင်းပြည်ရဲ့အကျိုးစီးပွားတို့ကို မသေခင်ကသာ ဆောင်ရွက်ခဲ့တာ မဟုတ်ဘူး။ အဲ သေတဲ့အခါကျတော့လည်း အခုလို ဆောင်ရွက်ခဲ့ခြင်းပဲပ။ ဒါဟာ ဒကာတော်ရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုး ဆောင်ရွက်ခဲ့ခြင်းပဲ။ ဆိုလိုတာက ငါ့ကိုကြည့်ကြ' ဟောဒီ လက်သာရှိ လက်ကြီးသာပါမယ်။ အဲ- ဘာပစ္စည်းဥစ္စာတွေကိုမျှ ငါ ယူမသွားနိုင်ဘူး။ သင်တို့ လည်း တစ်နေ့ကျရင် ငါ့လိုပဲ ဘာပစ္စည်းမှ ယူသွားနိုင်မှာမဟုတ်ဘူး။ အဲ- စွန့်ခွာပြီးတော့ သွားကြရမှာပဲ။ တစ်ယောက်တည်း။ တစ်ကိုယ်တည်း သွားကြရမှာပဲလို့ တရားပြခဲ့တဲ့အကြောင်း အမိန့်ရှိတော့မှ အားလုံး အံ့သြ သွားကြတယ်။ ဆရာတော်ရဲ့ဉာဏ်ကို၊
အဲသလို တစ်ခါက အမတ်ကြီးဦးပေါ်ဦးက တိုင်းသူပြည်သား တို့အား ပညာပေးပြီးတော့ ခေါငဲ၊းအပြင်ဘက် လက်တစ်ဖက်ထုတ်။ သူ့ အခေါင်းကို ဒီလိုစီမံဖို့ အဲ- မှာကြားခဲ့တယ်။ ဒါ တိုင်းပြည်ကို အကျိုးပြု ခဲ့တာပဲ။ အဲဒါ ပစ္စည်းဥစ္စာကို ဒီလိုမြင်လို့ရှိရင် ငါ ဘာမှ မပါဘူး ငါ ဒီပစ္စည်းဥစ္စာတွေကို စွန့်သွားရမှာ။ ငါ့နောက် ဘာမှမပါဘူး။ အင်း ဒါကြောင့် ဒီပစ္စည်းတွေ ကောင်းအောင်ယူတတ်ဖို့ အရေးကြီးတာ ပါအောင် ယူသွားဖို့ အရေးကြီးတာပဲ။
အခု ကြည်ကြည်သိန်းကိုကြည့်။ ပစ္စည်း ဥစ္စာတွေ ဘာမျှ သူ ယူမသွားနိုင်ဘူး။ ပါမသွားနိုင်ဘူး သို့သော် သူ ကုသိုလ်တွေ အများကြီး ပြုသွားတယ်။ ကောင်းမှုတွေ အများကြီးပြုသွားတယ်။ သဒ္ဓါတရားရှိတယ်။ အလှူအတန်း ဝါသနာပါတယ်။ ကောင်းမှုတွေ အများကြီးပြုခဲ့တယ်။ အဲဒါတွေဟာ သူ့ပစ္စည်းချည်းပဲ။ သူ့တကယ့်ကိုယ်ပိုင်ပစ္စည်းတွေ ချည်းပဲ။ ဒါတွေသာ သူယူသွားနိုင်တယ်။ သူပိုင်တဲ့ပစ္စည်းဆိုလို့ ဘာမျှ သူ ယူမသွား နိုင်ဘူး။ အဲဒါကြောင့် ဝိဘဝေါ။ ပစ္စည်းဥစ္စာမှန်သမျှသည် နေ၀သဿတေား။ မမြဲ။ ရှေးက စျေးသည်လေးယောက်။ ရာဧဂြိုဟ်ပြည်မှာ အသက်ရှင်တုန်း ပစ္စည်းရှာလိုက်တာ။ တရားသောနည်းနဲ့လည်း ရအောင်ရှား မတရားသော နည်းနဲ့လည်းရအောင်ရှာ အမျိုးမျိုးအဖုံပုံ ရှာခဲ့တာ။ ရှာခဲ့တဲ့အတိုင်းပဲ ပစ္စည်းဥစ္စာတွေလည်း အများကြီးရခဲ့တယ် တော်ကြာတော့ သူတို့ကွယ်လွန် သွားကြတယ် ကွယ်လွန်သွားကြတော့ ခုနပြောသလိုပဲ ဘာပစ္စည်းမျွ သူတို့ နောက် မလိုက်ဘူး။ မလိုက်တော့ ညကျရင် ထ ထ အော်တယ်။
မယံ ဘောဂေ သံဟရိမှ သမေန ဝိသမေနစ။
တေ အညေ ပရိဘုဉ္စန္တိ [ မယံ ဒုက္ခဿ ဘာဂိနီ။
အဲ- တို့တစ်တွေဟာ တရားသဖြင့်လည်း ပစ္စည်းဥစ္စာတွေ ရှာခဲ့ကြ။ မတရားသဖြင့်လည်း ပစ္စည်းတွေ ရှာခဲ့ကြပေတယ်။ အားလုံးပစ္စည်းတွေဟာ အဲ- အခုတော့ကြည့်စမ်း တခြားလူတွေက ခံစားနေရတယ်။ တို့တစ်တွေက တော့ ဒုက္ခပဲခံရတော့တယ် ဆိုပြီးတော့ ညည ထ ထ အော်နေကြတယ်။ အဲသလို ပြိတ္တာတွေ ဖြစ်နေကြ။
အဲဒါကြောင့် ပစ္စည်းဆိုတာ အသုံးချတတ်ရင် တကယ့်အမြတ်ပဲ။ အသုံးမချတတ်ရင် ပြိတ္တာဖြစ်ကြောင်း' ငရဲဖြစ်ကြောင်း။ အဲ- ဒီတော့ အနှစ်သာရရှိတဲ့ ပစ္စည်းဥစ္စာတွေထဲက အနှစ်သာရရှိအောင် ရှာရမယ်လို့ မိန့်ကြားတော်မူခဲ့တဲ့အတိုင်း အနစ်သာရရှာကြ။ အခု မကြည်ကြည်သိန်းတို့ အနှစ်သာရတွေ ရှာရသွားတယ်။ အဲ- အသက်ရှည်ကြောင်း ကောင်းမှု မရှိခဲ့လို့ အသက်တော့ သက်တမ်းစေ့ နေမသွားရပေမယ်လို့ ဒီဘဝမှာတော့ သူအသက်ရှည်ကြောင်း ကောင်းမြတ်တဲ့ ကုသိုလ်တွေ ဆည်းပူးခဲ့လို့ နောင် အခါကျတော့ ဒီဒုက္ခမျိုး ကြုံရမှာမဟုတ်တော့ဘူး။ အဲဒါကြောင့်မို့လို့ လောကမှာ ပစ္စည်းဥစ္စာတွေကို အဲသလိုမြင်ဖို့ အရေးကြီးလှတယ်။ မြင်လို့ ရှိရင် ဒီပစ္စည်းကို အကျိုးရှိအောင် အသုံးချတော့တယ်။
အဲ- ပစ္စည်းအကျိုးရှိအောင် အသုံးချဖို့ဆိုတာ ခုနပြောသလိုပဲ။ အဲ- လှူဖို့ပဲ။ လှူရင် အကျိုးရှိ၊ လှူရင် အဲဒီအလျူက နောင်ဘဝအတွက် အသက်ရှည်ဖို့အကြောင်းလည်းဖြစ်တယ် အခုလို အသက်တိုတိုနဲ့ ဘဝဆုံးဖို့ အကြောင်းမရှိဘူး။ အဲ- ချမ်းသာဖို့အကြောင်းအားလုံး ပြည့်ပြည့်စုံစုံ လျူနိုင် တန်းနိုင်။ သုံးနိုင်စွဲနိုင်။ အေးအေးချမ်းချမ်း တရားဘာဝနာ အားထုတ်နိုင်မယ်။ ပစ္စည်းတွေအကြောင်းပြုပြီးတော့ မိမိတို့ ပျက်စီးဆုံးရံးအောင်လည်း ဖန်တီး နိုင်တယ် အမြတ်ထွက်အောင် ဖန်တီးနိုင်တယ်ဆိုတာကို ဒကာ ဒကာမတွေ သတိရမှာပါပဲ။ သိနေမှာပါပဲ။ သို့သော်လည်းပဲ တရားဆိုတာက အခုလို အရေးကြုံတဲ့အခါ ထပ်ထပ် ထပ်ထပ်သတိပေးရတာပဲ။ မသိလို့ ဟောနေ ရတာလဲ မဟုတ်ဘူး။
နိစ္စံ သန္နိဟိတောပါယော။ နိစ္စံ အမြဲမပြတ်။ သန္နိဟိတောပါယော။ ပျက်စီးခြင်းလျှင် နီးကပ်လျက် ရှိနေပါပေ၏ / လူ့ဘဝဆိုတာက အားလုံး သိကြတဲ့အတိုင်း သေဖို့ရာအကြောင်းတွေက အများကြီး၊ နဟိနောသင်ရံ တေန မဟာသေနေန မစ္စုနား မဟာသေနေန၊ ကိုယ်တွင်းကိုယ်ပ နှစ်ဌာန၌ များစွာသောစစ်သည်တွေရှိနေသော4 တေနမစ္စုနာ၊ သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းနှင့်၊ နေား ငါတို့အား၊ သင်္ကရံး။ ဘယ်နေ့ကျမှ သေပါရစေဆိုတဲ့ အချိန်းအချက်မျိုးသည်။ နအတ္ထိ။ မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေသတည်း ဆိုတဲ့အတိုင်း အဲ သေမင်းစစ်သည်တွေဟာ အများကြီး၊
ကိုယ်တွင်းမှာလည်း ရောဂါဘေးဒဏ် အန္တရာယ်တွေ။ တစ်နေ့ သူထချင်တဲ့အခါ၊ သောင်းကျန်းချင်တဲ့အခါ ထကြြသောင်းကျန်းလာရင် ဒုက္ခ ရောက်ကြရတာပဲ။ အဲ- အပသေမင်း စစ်သည်တွေ ဟိုဟာနဲ့ခိုက်။ သည်ဟာနဲ့ခိုက်' ကားတိုက် ဘာတိုက် လေယာဉ် ပျက်ကျ စသည်ဖြင့် အပြင်ဘက်က သေမင်းစစ်သည်တွေကလည်း အများကြီး၊ အဲသလို စစ်သည် တွေများနေတဲ့ မိမိတို့အဖို့မှာ အဲ- ဘာဟာအရေးကြီးတုံးဆိုတော့ အဇ္စေဝ ကိစ္စမာတပ္ပံ/ အဇ္စေဝ။ မနက်ဖြန်သဘက် ရက်မရွှေ့ချင် ယနေ့ပင်လျှင်၊ အာတပ္ပံ-သမ္မပ္ပဓာန် လုံ့လဝီရိယမျိုးကို၊ ကိစ္စံကာတဗ္ဗံ။ ပြုသင့်ပြုထိုက် ပြုအပ်ပါပေ၏။
မနက်ဖြန်သဘက် ရက်မရွှေ့နဲ့တဲ့၊ ဘုရားရှင်က၊ ယနေ့ပဲ ပြုအပ်။ ပြုသင့်။ ပြုထိုက်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယမျိုးကိုပြုပါတဲ့။ အနုပ္ပန္နာနံ။ မဖြစ်ပေါ်ကုန်သေးသော၊ ပါပကာနံ။ ယုတ်မာကုန်သော အကုသိုလ်တရား တို့ကို' အနုပ္ပာဒါယ၊ မဖြစ်စေခြင်းအကျိုးငှား ဝါယာမော၊ အားထုတ်ခြင်း၊ ဥပ္ပန္နာနံ။ ဖြစ်ပေါ်ကုန်ပြီးသော၊ ပါပကာနံ) ယုတ်မာကုန်သော၊ အကုသလာနံ ဓမ္မာနံ၊ အကုသိုလ်တရားတို့ကို၊ ပဟာနာယ။ ပယ်ဖျောက်ခြင်းဝှာ၊ ဝါယာမော။ ကြိုးစားအားထုတ်ခြင်း၊ အနုပ္ပန္နာနံ။ မဖြစ်ပေါ်ကုန်သေးသော၊ ကုသလာနံ ဓမ္မာနံ၊ ကုသိုလ်တရားတို့ကို' ဥပ္ပာဒါယ၊ ဖြစ်စေခြင်းငှာ' ဝါယမော။ ကြိုးစားအားထုတ်ခြင်း၊ ဥပ္ပန္နာနံ။ ဖြစ်ကုန်ပြီးသော၊ ကုသလာနံ ဓမ္မာနံ။ ကုသိုလ်တရားတို့ကို၊ ဘိယျောဘာဝါယ။ လွန်စွာတိုးတက်ဖြစ်ပွား များပြား ဖို့ရာ ဝါယမော၊ ကြိုးစားအားထုတ်ခြင်းလို့။ သမ္မပ္ပဓာန်။ လုံ့လဝီရိယ လေးမျိုး။ အဲဒီလေးမျိုးကို မနက်ဖြန် သဘက်ခါ ရက်ရွှေ့မနေနဲ့ ယနေ့ပဲ ပြုကြလို့။ ဘုရားရှင်က -
အဲ ယနေ့ပဲ ယနေ့ပဲ မြန်မြန်အားထုတ်။ ဒါကြောင့် ကော၊ ဧညံ။ မရဏံ။ သုဝေ။ သုဝေ။ မနက်ဖြန်ခါကျတော့။ မရဏံ နေရမည်၊ သေရမည် ကို။ ကော အဘယ်မည်သော ပုဂ္ဂိုလ်သည်။ ဧညား သိနိုင်ပါအံ့နည်း။ မနက် ဖြန် နေရဦးမယ် သေရဦးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး အဲဒါကြောင့် အဲ ကွေးတဲ့လက် မဆန့်ခင်။ ဆန့်တဲ့လက် မကွေးခင်ဆိုသလို ဖြုတ်ခနဲဆို ခန္ဓာဇီဝိန် စဲနိုင်တယ်။
ဒါကြောင့် အဲ- သေခြင်းသဘောတရား အမြဲတမ်းတွေးပြီးတော့ မိမိတို့ဘဝအကျိုးရှိအောင်။ အကျိုးရှိအောင်ဆိုတာက တခြားမဟုတ်ဘူး။ မိမိတို့အဖို့ အရေးကြီးတာက တရားပဲ။ လောကမှာ တရားရှိရင် အကျိုးရှိတာ ပဲ။ တရားမရှိရင် အကျိုးမရှိဘူး။ ဘာလုပ်လုပ် အဲဒီတရားပေတံနဲ့ တိုင်းပြီး တော့ တရားနဲ့ညီသလား။ ညီရင် အဲဒီတရားအတိုင်းကျင့်။ တရားနဲ့မညီဘူး လားဆိုရင် အဲဒီအလုပ်မျိုးမလုပ်ဘဲနဲ့ ရှောင်ကြပြီဆိုရင်။ တရားကို ကြပ်ကြပ် ပွားကြမယ်ဆိုရင် အဲ- သေရင်လည်း ကောင်းကောင်းသေရ။ နေရင်လည်း ချမ်းချမ်းသာသာနေရ၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့နေရ။
အဲဒါကြောင့်မို့လို့ ဘုရားရှင်က မနက်ဖြန်သဘက် ရက်မရွှေ့ဘဲ ယနေ့ပဲ ကုသိုလ်တွေ ကြိုးစားပါဆိုပြီးတော့ သမ္မပ္ပဓာန်။ လုံ့လဝီရိယတွေ အားထုတ် နောက်မဆုတ်တမ်း ကြိုးစားပါလို့ မိန့်ကြားတော်မူခဲ့တယ်။ ကတ္တဗ္ဗော ဓမ္မသဉ္စယော။ တသ္မာ။ ထိုသို့ ခန္ဓာကိုယ်လည်းမမြဲ။ ပစ္စည်း ကလည်းမမြဲ။ အဲ- ပျက်စီးခြင်းတွေကလည်း ဝိုင်းဝိုင်းလည်နေသည်၏ အဖြစ်ကြောင့်။ ဓမ္မသဉ္စယော၊ တရားသည်သာလျှင် ကိုယ့်အားထားရာဟု တရားကို၊ ကာတဗ္ဗော။ မနားမနေ ပြုသင့်ပြုထိုက် ပြုအပ်ပါပေ၏။
အဲ- ဒါကြောင့် ယနေ့ မကြည်ကြည်သိန်းရဲ့ ရက်လည် ဆွမ်း အလှူတော် လှူဒါန်းပူဇော်တဲ့အခါသမယမှာ အဲ- မိမိတို့ အခုပြောခဲ့တဲ့ တရားသဘောလေးတွေကို သတိရပြီး အစဉ်သဖြင့် တရားရှိတဲ့လူတွေ ဖြစ်အောင်။ တရားရှိနေတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင် အမြဲတမ်း ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
သာကေတ မကြည်ကြည်သိန်း တစ်လပြည့်ဆွမ်း တရားတော်
ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြုပြီးတော့ လှူကြ တန်းကြ ပူဇော်ကြတဲ့ အခါသမယမှာ သေခြင်းတရားကိုလည်း အောက်မေ့မိကြတယ်။ သြော်- တို့တစ်တွေလည်း တစ်နေ့ကျရင် ဒီလမ်းသာ လိုက်ကြရမှာပဲ။ ဒီလမ်းဟာ တို့အဖို့ မလွဲနိုင်တဲ့လမ်းဘဲ။ တို့ ကံအလျောက် ကံရှိသမျှတော့ နေကြရမယ်။ တစ်နေ့ကျတော့ ဤလမ်းလိုက်ရမှာဆိုတဲ့ သဘောလည်း တွေးမိကြရတယ်။ မရဏဿတိ သေရခြင်းသဘောရှိတာကို အောက်မေ့မိကြရတယ်။
အဲ- ပြီးတော့ သေရမှာတော့ ကျိန်းသေပဲ။ သို့သော် မသေခင် မိမိတို့ အဖို့ အနှစ်တွေရှိအောင် ကြိုးစားကြဖို့ အရေးကြီးတယ် အနှစ်သာရတွေရှိ အောင် ဆံပင်မွေးညင်း။ ခြေသည်း လက်သည်း။ သွား။ အရေအသား) အကြော။ အရိုး။ ရိုးတွင်းချဉ်ဆီး အညှို့ နှလုံး အသည်း။ အမြွေး။ အပြင်၊ အဆုတ်။ အူမ။ အူသိမ်။ အစာသစ်။ အစာဟောင်း။ ဦးနှောက်။ သည်းခြေ။ သလိပ်၊ ပြည်သွေး။ ချွေးအဆီခဲ၊ မျက်ရေ၊ ဆီကြည်၊ တံတွေး။ နှပ်' အစေး။ ကျင်ငယ်၊ သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးကြီး၊ သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးကြီးဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးမှာ ဘာမှအနှစ်သာရမရှိဘူး။ အားလုံး စက်ဆုပ်စရာချည်းပဲ
အဲ- ပျက်စီးတတ်တဲ့ သဘောတရားတွေ။ ပျက်စီးတတ်သောကြောင့်ပဲ အဲ ငယ်ငယ်ကတော့ ပျိုပျိုရွယ်ရွယ်' တော်ကြာကျတော့ ရင့်လာတော့ ဟောဒီ ခန္ဓာကိုယ်ကြီးက ဖောက်ပြန်လာတယ်။ ငယ်ငယ်တုန်းကလို စိုစို
တရားက လွှမ်းမိုးလာတယ်။ အဲ- ဧရာတရား လွှမ်းမိုးလာရင် ဒါဟာ သေမင်းအလံ စိုက်တယ်လို့ဆိုတယ်။ သေမင်းအလံ စိုက်ထားပြီဆိုရင်း အဲ- နောက်မကြာ သေမင်းနဲ့ ဆုံကြရတာပဲ။ အဲဒါကြောင့် မိမိတို့ခန္ဓာကိုယ်ကြီးဟာ တကယ်တော့ ဘာမှ အနှစ်သာရမရှိဘူး။ ပျက်စီးတတ်တဲ့ သဘောတရား ရှိတယ်။ အဲဒီ ပျက်စီးတတ်တဲ့ သဘောတရားဖြစ်သောကြောင့် တစ်နေ့ကျရင် သေကြရမှာပဲ။
အဲဒီသေခြင်းတရားကို အောက်မေ့ပြီးတော့ မိမိတို့ အမြတ်ထုတ်ကြ ရတယ်။ အနှစ်သာရရှိအောင် ကြိုးစားကြရတယ်။ ခန္ဓာကိုယ်ကြီး အနှစ်သာရ ရှိအောင် ကြိုးစားကြရတယ်1။ မိမိတို့အဖို့ ခန္ဓာကိုယ်ကြီးမှလည်းကောင်း၊ ပစ္စည်းဥစ္စာတို့မှလည်းကောင်း အဘက်ဘက်ကနေ အနှစ်သာရတွေ ထုတ် နိုင်အောင် ကြိုးစားကြရတယ်။ ရှေးရှေးက သူတော်ကောင်းတွေ ဒီလိုပဲ ကြိုးစားခဲ့ရတာပဲ။ ဘုန်းကြီးတို့ ဘုရားလောင်း ကဏှရသေ့ကြီးဆိုတာ ရှိတယ် စောစောက သူက တစ်ဦးတည်းသောသား/။ ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ သူဌေးကြီးရဲ့ တစ်ဦးတည်းသောသား။ မိဘများဟာ ကွယ်လွန်သွားကြတော့ နည်းတာမဟုတ်ဘူး ပစ္စည်းတွေ။ အဲဒီတော့ တစ်နေ့ကျတော့ ဘဏ္ဍာတိုက်ကို ဖွင့်ခိုင်းပြီးတော့ ရှေးက ရေးခဲ့တဲ့ ပစ္စည်းစာရင်းတွေကို ကြည့်တယ်။
အဲ- ဒါဟာ ဘယ်သူ့.လက်ထက် ဖြစ်ပွားတဲ့ငွေ။ ဟောဒါက ဘယ်သူ့ခေတ်က ဖြစ်ပွားတဲ့ငွေ စသည်ဖြင့် ရှေးရှေးဆွေမျိုးအဆက်ဆက်က ရေးသားခဲ့တဲ့ ရွှေပေလွှာတွေကို သေသေချာချာ စစ်ဆေးကြည့်လိုက်တဲ့ အခါကျတော့ သြော် ပစ္စည်းတွေသာ ရှိတော့တယ်။ ဒီပစ္စည်းတွေကို စုဆောင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေ မရှိကြတော့ဘူး။ အဲ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်မှ ဤပစ္စည်းဥစ္စာတွေကို ယူဆောင်သွားနိုင်တဲ့ ပုဂ္ဂိုလ်ရယ်လို့မရှိ။
အဲဒီလို စဉ်းစားမိပြီးတော့ လောက တမလွန်ဘဝ သွားတယ်ဆိုရင် ဥစ္စာထုပ်ကြီး ထုပ်ပြီးတော့ ဆောင်သွားခြင်းငှာ ဘယ်သူမှ မတတ်နိုင်ဘူးလို့ စဉ်းစားမိတယ်။ အဲ သူတော်ကောင်းတွေဆိုတာ ကျွတ်မည့်ပုဂ္ဂိုလ်တွေကျတော့ အဲဒီလိုပဲ။ မှန်ကန်တဲ့ တွေးခေါ်မှု၊ စဉ်းစားမှု၊ ဆင်ခြင်မှု သံဝေဂတွေဆိုတာ ဖြစ်ကြရတယ်
အဲဒီတော့ ဘုန်းကြီးတို့ရဲ့ အဲဒီအလောင်းတော်ကဏ္ရဲ့ တွေးခေါ်ချက် လေးတွေကလည်း အင်မတန်နှစ်သက်ဖွယ်ကောင်းတယ်။ “ပဉ္စန္နံ ဝေရာနံ သာဓာရဏဘာဝေန အသာရဿ ဓနဿ ဒါနံ သာရော”လို့ တွေးခေါ်ချက် ကဏှအလောင်းတော်က တွေးတယ်။ အဲ ပဉ္စန္နံဝေရာနံ၊ ရန်သူမျိုး ငါးပါး တို့နှင်' သာဓာရဏ ဘာဝေန။ အမြဲမပြတ် ဆက်ဆံနေရတဲ့ အတွက် ကြောင့် အသာရဿ။ အနစ်သာရရှာရှမရသော၊ ဓနဿ။း ပစ္စည်းဥစ္စာများ၏ 1 သာရေား အနှစ်သာရမှာ။ ဒါနံ။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းပေတည်း။ ရန်သူမျိုးငါးပါးတို့နှင့် အမြဲမပြတ် ဆက်ဆံနေတဲ့အတွက်ကြောင့် ပစ္စည်းဥစ္စာဆိုတာ အနှစ်မဟုတ်) အကာတွေ။ အဲဒီ အကာဖြစ်တဲ့ပစ္စည်းဥစ္စာ တွေရဲ့ အနှ်ကိုရှာမယ်ဆိုရင် လှူဒါန်းမှုဒါနပဲ။ အဲဒီလှူဒါန်းမှုဒါနဟာ ပစ္စည်းဥစ္စာတွေရဲ့ အနှစ်သာရပဲ။ အဲဒီတော့ မသေခင် မိမိတို့မှာ ပစ္စည်းဥစ္စာ ထဲက အနှစ်ထုတ်ရမယ်။ ပစ္စည်းဥစ္စာထဲက အနှစ်ထုတ်ချင်ရင် ဒါနပဲ။ လှူဒါန်းပေးကမ်းစွန့်ကြဲရင် ဒါပစ္စည်းရဲ့အနှစ်ပဲ။ ပစ္စည်းလုံးလုံးကတော့ တကယ့်အကား ပျက်စီးတတ်တဲ့သဘော ရှိတယ်။ အဲဒါကြောင့် ရှေးသူတော် ကောင်းတွေဟာ အဲသလိုပဲ အလောင်းတော် ကဏှရသေ့ နလုံးသွင်းခဲ့သလိုပဲ နှလုံးသွင်းခဲ့ကြတယ်။ စွန့်ခဲ့ကြ၊ ခွာခဲ့ကြတယ်။ ဘုရားလောင်း သုမေဓာရသေ့လည်း အဲဒီလိုပဲ မိဘတွေက ကွယ်လွန် သွားပြီး ပစ္စည်းဥစ္စာတွေကိုတွေ့တော့ အဲ- နည်းတာမဟုတ်ဘူး။ တွေ့တော့ ဒီလိုပဲစဉ်းစားတာပဲ။ သြော်- ကြည့်စမ်း။ နည်းတဲ့ပစ္စည်းဥ စ္စာတွေမဟုတ်ဘူး။ ဘယ်သူမှယူမသွားနိုင်ကြဘူး။ အဲဒီတော့ ငါတော့ယူသွားမယ် ဆိုပြီးတော့ ဘာလုပ်တုံးဆိုတော့ အကုန်လုံးစွန့်ခဲ့။ စွန့့်လွှတ်ပြီးတော့ ဟိမဝန္တာတော ထွက်ပြီး ရသေ့လုပ်တယ်။ ရသေ့ရဟန်းအဖြစ်နဲ့ တရားအားထုတ်တာပဲ။ ပစ္စည်းတွေအားလုံး စွန့်ခဲ့တယ်။ လှူခဲ့တယ်။ အဲ- ဒါကြောင့် ရှေးခေတ် သူတော်ကောင်းတွေကျတော့ အနှစ်သာရနဲ့ အနစ်သာရမဟုတ်တာကို ခွဲခြား ပြီးတော့ သိကြတယ် သိကြတဲ့အတိုင်း ပစ္စည်းတည်းဟူသောအကာထဲက အနှစ်တွေကို ထုတ်ယူကြတယ်။ အဲ- ဒါဟာ ပစ္စည်းထဲကအနှစ်တွေ အဲ လှူမှတန်းမှ ကိုယ့်ဥစ္စား ခု မကြည်ကြည်သိန်းအဖို့ သူ့ပစ္စည်းတွေ ဘာမျှ သူယူမသွားနိုင်ဘူး။ ဒါပေမဲ့ အဲဒီပစ္စည်းထဲက အနှစ်သာရတွေ
သူထုတ်သွားတာ ကုသိုလ်တွေပဲ။ ကောင်းမှုတွေပဲ။ အဲဒါကြောင့်မို့လို့ အလောင်းတော် ကဏှရသေ့က အဲဒီလိုတွေးတယ်။ ပစ္စည်းဥစ္စာရဲ့ အနှစ် သာရဟာ ဒါနပဲ။ ဒါနသည်သာလျှင် ပစ္စည်းဥစ္စာရဲ့အနှစ်သာရ/ ပစ္စည်း ဥစ္စာဟာ အနှစ်သာရမဟုတ်4။ အကာ။ ပျက်စီးတတ်တဲ့သဘောရှိတယ်။ ပစ္စည်းဥစ္စာက လှူထား ပြီဆိုရင် မပျက်စီးတော့ဘူး။ အနှစ်သာရအဖြစ်ဖြင့် မိမိနောက်လိုက်မည့်။ မိမိကို ကောင်းကျိုးအမြဲပေးမည့် အဲ- တကယ့် အနှစ်သာရတွေလို့ တွေးမိတယ်။
ဗဟုရောဂဿ သာဓာရဏတာယ၊ အသာရဿ သရီရဿ သီလဝန္တေ သု အဘိဝါဒနာဒိကမ္မံသာရော။
ဗဟုရောဂဿ သာဓာရဏတာယ။း ကိုးဆယ့်ခြောက်ဖြာ ရောဂါပေါင်း များစွာတို့နှင့် ဆက်ဆံနေသည်စ၊ါ အဖြစ်ကြောင့် အသာရဿ။း အနှစ်သာရ ရှာရမရသေား။ သရီရဿ။ ခန္ဓာကိုယ်ကြီး၏။ သာရော။ အနှစ်သာရ မည်သည်မှာ။ သီလ၀န္တေသု၊ သီလဝန္တ သီလရှိသောပုဂ္ဂိုလ်တို့ခ်၊ အဘိဝါဒနာ ဒိကမ္မံ။ ရှိခိုးခြင်း အစရှိသောအလုပ်သည်။ သာရေား အနှစ်သာရပင်ဖြစ်ပါ ပေသတည်းတဲ့နော်။ လောကမှာ ခန္ဓာကိုယ်ကြီးကလည်း အလကားပဲ။ အနှစ်သာရမရှိဘူး။ ခုနပြောခဲ့သလို သုံးဆယ့်နှစ်ကောဋာသ အစုအဝေး အမြဲတမ်းနာနေတဲ့ခန္ဓာကိုယ်ကြီး။
ယော ဟိ ဂဟပတိ မုဟုတ္တမ္ပိ ကုမံ ကာယံ အရောဂျံ ပဋိဇာနေယျ။ ကိမညတြတလျာ။ အဲ- ဒီခန္ဓာကိုယ်ကြီးကို တစ်ခဏလေး ကျန်းမာတယ် လို့ထင်ရင် အဲဒီထင်တဲ့ပုဂ္ဂိုလ်ဟာ မိမိ၏ မိုက်မဲသည်ဇ၊် အဖြစ်မှတစ်ပါး တခြားအကြောင်းမရှိဘူးလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီးကလည်း အလကားပဲ။ အနှစ်သာရမရှိဘူး အဲ- ခန္ဓာကိုယ်ကြီးထဲက အနှစ်သာရတွေထုတ်ချင်ရင် ဘာလုပ်ရမတုံးဆိုတော့ သီလ ဝန္တေသု။ သီလရှိသောပုဂ္ဂိုလ်တို့ခ်။ အဘိဝါဒနာဒိကမ္မံ။ ရှိခိုးခြင်း စသောအမှုသည်4 သာရော။ အနှစ်သာရပေတည်း။ ဘုရားရှိခိုးရမယ်။ တရားရှိခိုးရမယ်။ သံဃာရှိခိုးရရမယ်။ အဲ- မိဘဆရာသမား ရှိခိုးရမယ် စသည်ဖြင့် အဲဒီရှိခိုးခြင်းအမှုဟာ အနှစ်သာရပဲ။ စသည်ဖြင့်ဆိုတော့ ခန္ဓာ ကိုယ်ကြီး အကြောင်းပြုပြီးတော့ ဝေယျာဝစ္စတွေလုပ်ကြ၊ အမှုကြီးအမှုငယ်
တွေကို ဆောင်ရွက်ကြ၊ ယနေ့ ဆွမ်းအလှူတော် ပူဇော်လှူဒါန်းကြ၊ ပူဇော် လှူဒါန်းကြတဲ့အခါ သံဃာတော်တွေ ဆွမ်းကပ်ဖို့ဆိုပြီး ချက်ကြပြုတ်ကြ။ အဲ- ပြင်ကြဆင်ကြ။ ဝေယျာဝစ္စတွေ အများကြီးဆောင်ရွက်ခဲ့ကြတယ်။
အဲဒီ ဝေယျာ၀စ္စတွေဟာ ကိုယ့်အတွက် တကယ့်အနှစ်သာရတွေပဲ။ အဲဒီတော့ ခန္ဓာကိုယ်ကြီး အမှီပြုပြီးတော့ ပြုပြုသမျှ ကောင်းမှုတွေဟာ ဒါ ခန္ဓာကိုယ်ကြီးရဲ့ အနှစ်သာရတွေပဲ။ အဲ ခန္ဓာကိုယ်ကြီးရဲ့ အနှစ်သာရ။ သည် နောက် ဘုန်းကြီးတို့ အသာရဿ၊ အနှစ်သာရရှာ၍မရသော၊ ဇီဝိတဿ။ အသက်စ၏။ သာရော။ အနှစ်သာရမှာ။ အဲ အနိစ္စာ ဒိဝိသေန။ အနိစ္စ စသည် စါ အစွမ်းဖြင့်၊ ဝိပဿနာ ယောဂေါ၊ ဝိပဿနာအလုပ် အားထုတ်ပြုလုပ်ခြင်း တည်း။ အဲ- ပျက်စီးတတ်သောကြောင့် အနှစ်သာရမရှိတဲ့ အသက်ဇီ၀ရဲ့ အနှစ်သာရဟာ တခြားမဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ဝိပဿနာရှုရမယ်။ ဝိပဿနာရှုခြင်းဟာ အနှစ်မရှိတဲ့အသက်စ၊ တကယ့်အနှစ်သာရလို့ တွေးတော ပါတယ်တဲ့။
အဲဒီ အလောင်းတော် ကဏှရဲ့တွေးတောမှုဟာ သဘာဝကျသော တွေးတောမှု၊ အဲဒါကြောင့်မို့လို့ မိမိတို့ဟာ အပြစ်များလှတဲ့။ တစ်နေ့ကျ စွန့်ခွာသွားရမည့် အဲဒီအသက်ထဲက အနှစ်ထုတ်ကြမယ်ဆိုရင် အဲ- ဝိပဿနာအလုပ်ကို အားထုတ်ရမယ်လို့ ဆိုတယ်။ ဝိပဿနာအလုပ်ဆိုတာ ရုပ်နာမ်နှစ်ပါးတို့ အနိစ္စ မမြဲဟုရှခြင်း၊ ဒုက္ခ ဆင်းရဲတယ်လို့ရှုခြင်း၊ အနတ္တ။ အစိုးမရ အနတ္တ ဟုရှုခြင်း အဲဒီလိုရှုခြင်းမျိုးကို ဝိပဿနာလို့ဆိုတယ်။ အဲ- ဝိပဿနာရှုခြင်း ဟာ မိမိတို့အသက်ရဲ့ အနှစ်သာရပဲ။
ဒါကြောင့် ပစ္စည်းဥစ္စာထဲမှာလည်း အနှစ်တွေ ထုတ်ကြရတယ်။ ခန္ဓာကိုယ်ထဲမှာလည်း အနှစ်တွေ ထုတ်ကြရတယ်။ မိမိမြတ်နိုးတဲ့ အသက် ဇီဝိတထဲကလည်း အနှစ်တွေ ထုတ်ကြရတယ်။ အဲသလို ထုတ်ထားရင် အဲ ပျက်စီးတဲ့ခန္ဓာကိုယ်ထဲက တကယ့်မပျက်စီ၊ တဲ့ အနှစ်သာရ ထုတ်ယူတယ်။ ပျက်စီးတတ်တဲ့တစ်နေ့ ကိုယ်စွန့်ရမည့် ပစ္စည်းဥစ္စာထဲက အနှစ်သာရတွေ ထုတ်ယူတယ်။ ပျက်စီးတတ်တဲ့ အသက်ထဲက အနှစ်သာရ ထုတ်ယူခြင်းပဲ။
ဒါကြောင့် ယနေ့ မိမိတို့ ကွယ်လွန်ခဲ့တဲ့ မတ္ကြည်ကြည်သိန်းတဲ အကြောင်းပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြရတာ ပစ္စည်းထဲက အနှစ်
ထုတ်မှုပဲ။ အဲဒီအလှူမှာ ဝေယျာဝစ္စတွေဆောင်ရွက်ကြ၊ ကုသိုလ်တွေ ပြုကြ၊ အဲ သံဃာတော်တွေကို ရှိခိုးကြ၊ မြတ်နိုးကြ စသည်ဖြင့် ခန္ဓာ ကိုယ်ကြီးကို အကြောင်း ပြပြီးတော့ ပြည္လိရတဲ့ကူသိုလ်ဒေဟာ ခန္ဓာကိုယ် ထဲက အနှစ်သာရ ထုတ်ခြင်းပဲ။ အဲ ဝိပဿနာဘာဝနာ တရားအားထုတ်ခြင်း တစ်ဆက်တည်းမှာ အနှစ်သာရထုတ်ခြင်းလို့ ဆိုတယ်။ အဲဒါကြောင့်မို့လို့ ယနေ့ မိမိတို့ပြုကြတဲ့ ကုသိုလ်တွေဟာ မိမိတို့ အနှစ်သာရထုတ်ယူခြင်းပဲ။ ယေ့ မက္ကြညကြည့်သိန်းကို အကြောင်းမြုပြီးဝော့ လူဖွယ်ဝတ္ထုတွေ အမျိုးမျိုး လှူကြတန်းကြ၊ ပူဇော်ကြတာဟာ ဒါ ပစ္စည်းထဲက အနှစ်သာရ ထုတ်ယူခြင်းပဲ။
ပိဠေယျ ကာယတော မေဒံ။ ဓနတော ဖဂ္ဂုနာ ဝရံ။
တေန မေဒေန နိဗ္ဗာနံ ကိဏေယျ အဇရံ၀ရံ
ဖဂ္ဂုနာ။ ကိုးဆယ့်ခြောက်ဖြာသော ဘေးရောဂါတို့ဖြင့် ဘေးရောဂါ တို့စ် တည်နေရာအသိုက်အအုံကြီးဖြစ်ရ အနှစ်သာရမဖက် သက်သက် အကာအတိဖြစ်သော၊ ကာယတေား။ ခန္ဓာကိုယ် ရုပ်အကောင်ပုပ်ကြီးမှ၊ မေဒံ၊ သူ တော်ကောင်းတရားကြီးတည်းဟူသော အဆီအနှစ်ကို၊ ပိဠေယျး ညှစ်ထုတ် ယူရရာသတည်း။ ခန္ဓာကိုယ်ထဲက အနှစ်သာရထုတ်ယူရမယ်တဲ့။ ခုနပြောတဲ့ ကုသိုလ်တွေပဲ။ ခန္ဓာကိုယ်ကြီးကို အကြောင်းပြုပြီးတော့ ရှိခိုးမှု။ ပူဇော်မှု၊ အဲ ခန္ဓာကိုယ်ကြီးကို အကြောင်းပြုပြီးတော့ ဝေယျာဝစ္စတွေပြု စသည်ကောင်းမှုတွေ။ ဖဂ္ဂုနာ။ ရန်သူမျိုးငါးပါးတို့နှင့် ဆက်ဆံနေရသောကြောင့် အနစ်သာရမဖက် သက်သက် အကာအတိဖြစ်သော၊ ဓနတော။
ပစ္စည်းဥစ္စာထဲမှ၊ ဝရံ မွန်မြတ်လှစွာသော၊ မေဒ အလှူဒါန စသော န အနှစ်သာရကို ပိဠေယျ။ အားကုန်ညှစ်ရွှ ထုတ်ရာသတည်း။ တေနမေဒေန။ ထို ခန္ဓာကိုယ်ထဲမှ ထုတ်ယူအပ်သော အနှစ်သာရ။ ပစ္စည်းထဲမှ ထုတ်ယူ အပ်သော အနှစ်သာရဖြင့်၊ အဧရံ၊ အိုခြင်းနာခြင်း သေခြင်းကင်းရာဖြစ်သော၊ ဝရံ၊ ကောင်းမြတ်ပေထသော၊ နိဗ္ဗာနံ။ သန္တိသုခ အေးချမ်းလှတဲ့ နိဗ္ဗာန် တရားတော်တည်းဟူသော အနှစ်သာရကို။ ကိဏေယျ၊ လဲလှယ်ဖလှယ် ဝယ်ယူလိုက်ကြရာသတည်း။
အဲဒါကြောင့် ပညာရှိတွေက၊ ပညာရှိ ရှေးဆရာတွေက အခု ဘုန်းကြီးရွတ်ဆိုခဲ့တဲ့ ဂါထာလေးနဲ့ ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးရဲ့ ညာလက်ရုံးတပည့်ကြီး ဓမ္မကထိကအကျော် အရှင်စာရိတ္တမထေရ်ရဲ့ တိုက်တွန်းချက်။
ဒါကြောင့်မို့လို့ မိမိတို့သည် အရှုံးကြုံခဲ့ရတယ်။ သမီးကြီး၊ ဆုံးရှုံး ခြင်းဖြင့် အရှုံးနဲ့ကြုံခဲ့ရတယ်။ အဲဒီအရှုံးထဲက ယနေ့ အမြတ်ထုတ်ယူရ တယ်။ စောစောကလည်း များစွာပဲထုတ်ယူခဲ့ကြတယ်။ အဲ- သရဏဂုံတင်။ ရက်လည် စသည်ဖြင့်' အဲ- ယနေ့ တစ်လပြည့်လည်း အမြတ်ထုတ်ကြတယ်။ အားလုံးအမြတ်တွေချည်းပဲ။ အဲဒီအမြတ်ကို တို့ရပြီးလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် အဲ မိမိဘဝ အရတော်ပုံကို တွေးပြီးတော့ ဝမ်းသာကြ ရတယ်။
အဲ- လူ့ဘဝဆိုတာ တကယ်ထူးခြားတဲ့ ဘ၀။ အဲဒီဘဝဟာ ကောင်းချင်ရင် နိဗ္ဗာန်အထိ ရောက်နိုင်တယ်။ မကောင်းချင်ရင်လည်း ဟို အဝီစိထိ ကျရောက်နိုင်တယ် အဲဒါကြောင့် ဘယ်သူမပြု မိမိမှုဆိုသလို မိမိ ကောင်းကောင်းနေရင် အသေကောင်းနဲ့သေရတယ်။ သေပြီးပြန်တော့လည်း မျက်နှာပန်းလှတယ်။ ကောင်းကောင်းမနေရင် အသေဆိုးနဲ့သေရမယ်။ သေပြီး တော့လည်း ဒုက္ခရောက်ရတယ်။ ဒါကြောင့် လူ့ဘဝဆိုတာဟာ အင်မတန် အမြတ်ယူဖို့ကောင်းတဲ့ဘဝ၊ ရလည်းရနိုင်တဲ့ဘဝကြီးမို့လို့ အမြတ်ယူဖို့ ကောင်းတဲ့ဘဝပဲလို့ အဲဒါတွေကိုသိပြီးတော့ တို့ဘဝ ထူးခြားတဲ့အမြတ် တွေရအောင် တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း
(သာဓု သာဓု သာဓု)
မွေးသမိခင် ကျေးဇူးရှင် (မောင်သန်းစိုး မိသားစုအလှူ)
နပမဇ္စိတဗ္ဗာ မာတာ-ပိတာစ ရတနာဂရု။
တေသံပစ္စောပကာရာယ။ ကာတဗ္ဗံ ပုဇာနံသဒါ။
မာတာစ-မွေးသမိခင် ကျေးဇူးရှင်ကိုလည်းကောင်း ပိတာစ- မွေး သဖခင် ကျေးဇူးရှင်ကိုလည်းကောင်းး ရတနာ ရတနာနိစ- ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့ကိုလည်းကောင်း ဂရုစ- ပညာသင်ပြ ကျေးဇူး ပြုကြကုန်သော ဆရာသမားတို့ကိုလည်းကောင်း၊ နပမဇ္စိတဗ္ဗာ-ဘယ်သော အခါမှ မမေ့အပ် မမေ့ထိုက်ကြပါပေကုန်။
တေသံ- ထိုကျေးဇူးရှင်ဖြစ်ကြကုန်သော မိဘနှစ်ဖြာ ရတနာသုံးပါး ဆရာသမားတို့ကို၊ ပစ္စောပကာရာယ- ကျေးဇူးတုံ့ပြန်မှုပြူခြင်းငှာ သဒါ- အခါခပ်သိမ်း။ ပူဇာနံ-ပူဇော်ခြင်းကို၊ ကာတဗ္ဗမေ၀-ပြုသင့်ပြုထိုက် ပြုအပ် လှပါပေသတည်း။ အဲ- ယနေ့ မောင်သန်းစိုးတို့မိသားစု ကွယ်လွန်ခဲ့သော မိခင်ကြီး ကွယ်လွန်ဤ ခြောက်လပြည့် အထိမ်းအမှတ်ပူဇော်ပွဲအဖြစ် ပူဇော် ကြတယ် မိခင်အား အမျှအတမ်းပေးဝေခြင်းဖြင့် မိခင်ကြီးချမ်းသာဖို့ ကျေးဇူးပြုကြတယ်။ အဲ- ကျေးဇူးတရားတွေကို နည်းနည်းပါးပါး ဟောပါ့ မယ်။
မာတာ မွေးသမိခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ ပိတာစ မွေးသဖခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ နပမဇ္စိတဗ္ဗ မမေ့အပ်-မမေ့အပ်တဲ့ ပုဂ္ဂိုလ်တွေ။ ကျေးဇူးရှင်တွေ၊ အဲတော့- အဲဒီကျေးဇူးရှင်တွေရဲ့ ကျေးဇူးတရားတွေကို သိနားလည်ခြင်းဟာ ကတညုတ ကတဝေဒီမင်္ဂလာအဖြစ်ဖြင့် သူတော်ကောင်း တို့ရဲ့ ကောင်းမြတ်သော အကျင့်တစ်ခုပဲ။ သူတော်ကောင်းတို့သည် ကျေးဇူး သိကြတယ် သူတော်ကောင်းမဟုတ်ကြတဲ့ ပုဂ္ဂိုလ်တို့သည် ကျေးဇူးမသိ
ကြဘူး။ ကျေဇူးသိကြတဲ့ ပုဂ္ဂိုလ်တွေဟာ ကျေးဇူးရှင် ဖြစ်ကြတဲ့ မိဘ၊ ဆရာသမား စသည်တို့ကို မမေ့ကြဘူး။ မာတာပီတု မိဘတို့ဆိုတာဟာ တကယ့်ကျေးဇူးရှင်တွေ 1
ဗြဟ္မာတိ မာတာပိတရော ပုဗ္ဗာစရိယာတိ ဝုစ္စရေ-
အာဟုနေယျာစ ပုတ္တာန ပဇာယ အနုကမ္ဗကား
မာတာပိတရော မိခင် ဖခင် ကျေးဇူးရှင်တို့ကို ဗြဟ္မာတိဗြဟ္မာကြီး တို့ဟူ၍ ဝုစ္စရေ ဝုစ္စွန္တိ ဘုရားအဆူဆူ မိန့်ဆိုအပ်ကုန်၏။ မိခင်။ ဖခင်တို့ကို ဗြဟ္မာကြီးအဖြစ်နဲ့ ဘုရားရှင်ကိုယ်တော်မြတ်က မိန့်ကြားတော်မှုခဲ့တယ်။ ဗြဟ္မာကြီးတွေဟာ သတ္တဝါတွေအပေါ်မှာ မေတ္တာစျာန်တွေပွားကြ' ကရုဏာ စျာန်တွေ ပွားကြ။ မုဒိတာစျာန် ပွားများကြ၊ ဥပေက္ခာစျာန် ပွားများကြ။ စျာန်လေးပါး အမြဲပွားများကြသလို ဘုန်းကြီးတို့ မိဘဖြစ်ကြတဲ့ ပုဂ္ဂိုလ်များ ကလည်း သားသမီးတို့အပေါ်မှာ အခါအားလျော်စွာ မေတ္တာတရားပွားများ ကြး ကရုဏာတရား ပွားများကြ၊ မုဒိတာတရား ပွားများကြ၊ ဥပေက္ခာတရား ပွားများကြ သားသမီးကလေးများ ငယ်ငယ်ရွယ်ရွယ်ဆိုရင် မေတ္တာပွားကြ တယ်။ အဲ- သား သမီးလေးတွေ မမာမကျန်းဖြစ်တဲ့အခါ၊ ဒုက္ခရောက်တဲ့ အခါ ကရုဏာပွားကြတယ်။ သားသမီးကလေးတွေ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိကြတဲ့အခါ မိဘတွေက သားသမီးများပေါ်မှာ မုဒိတာ တရားတွေ ပွားကြတယ်။
တစ်နေ့ကျရင် သူ့အိမ် သူ့အိမ်နှင့် ဖြစ်သွားပြန်တော့လည်း မိမိ တို့က ကြောင့်ကြစိတ်တွေ တယ်မလိုတော့ဘူး။ ဥပေက္ခာတရား ဖြစ်ပွား ကြတယ် သူ့အချိန်နဲ့သူ့အခါ၊ အချိန်နဲ့အခါနဲ့ မေတ္တာ။ ကရုဏာ၊ မုဒိတာ။ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး ပွားများကြသည်ဖြစ်သောကြောင့် ဗြဟ္မာကြီ၊ တို့ နဲ့တူတယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဟောကြားတော်မူ ခဲ့တယ်။ မာတာပိတ ရော။ မိခင်။ ဖခင် ကျေးဇူးရှင်တို့ကို ပုဗ္ဗစရိယာတိ အခြားဆရာတို့ထက် ရှေးဦးစွာ သင်ကြားပြသတတ်သည်ဖြစ်ဤ လက်ဦးဆရာ တို့ဟူရွ်လည်း ဝုစ္စရေ ဝုစ္စန္တိ ဆိုအပ်ပါပေကုန်၏။
လက်ဦးဆရာ' မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုတဲ့အတိုင်း အဲ- မိဘဆိုတာ လက်ဦးဆရာတွေ။ ပုဗ္ဗာစရိယတွေ။ ပဇာယ-
သားသမီးအပေါင်းကို အနကမ္ပကာ- အစဉ်အားဖြင့်၊ သနားစောင့်ရှောက် ချီးမြောက်တတ်သည်ဖြစ်ရွှ။ ပုတ္တာနံ သားသမီးတို့၏။ အာဟုနေယျာ။ မြတ်သောအလှူကို ခံယူထိုက်သော အာယုနေယျအစစ် ဖြစ်ကြပါပေကုန်ဇဒါ လို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တယ်။ သားသမီးတို့ကို အစဉ် သနား စောင့်ရှောက်တတ်ကြကုန်သည်ဖြစ်ရဤ သားသမီးတို့စ် တကယ့် အပူဇော်ခံထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။
အဲ- ထို့အတူပဲ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ဟာလည်း မိမိတို့ကျေးဇူးရှင်တွေပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ဆိုရင် အဲ- ဘုရားရှင်တော်မပွင့်ပေါ်က သူတော်အများ စိတ်ကောင်းထားလည်း ဤကား ကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘ၀ မသိရ များလှအပြစ်တွေ။ ဘုရားရှင်သာ မပွင့် ပေါ်လာရင် ဤကား ကုသိုလ်၊ ဤကား အကုသိုလ်လို့ မသိရဘူ။ နတ်ပြည်ရှိတယ်။ ဗြယ္မာပြည့်ရှိတယ်။ ငရေပြည်ရှိတယ် ၈သည်ဖြင့် မသိ ကြဘူး။ အဲသလိုမသိကြတော့ အကုသိုလ်တွေ ပွားကြတယ်။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်ရ် ဟောဖော်ညွှန်ကြား။ မြတ်တရား ကြောင့် ဤကား ကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘဝ သိကြရ များလှ အကျိုးတွေ။ ဘုရားရှင်ကိုယ်တော်မြတ်များ ပွင့်ထွန်းတော်မူလို့ ဤကား ကုသိုလ်လို့ သိကြရတယ်။ ဤကား အကုသိုလ်လို့ သိကြရတယ်။ သိကြတဲ့အတိုင်း အကုသိုလ် ရှောင်ကြတယ်။ ကုသိုလ်တွေ ပွားကြရတယ်။ အဲ နတ်ပြည္က်ရှိတယ်' ဗြတ္မာမြည်ရှိတယ်' ငရဲပြည့်ရှိတယ်။ တိရစ္ယာန်း ပြိတ္တာ အသူရကာယ်ရှိတယ်လို့ သိကြရတယ်။
အဲသလို ကုသိုလ်၊ အကုသိုလ် သိကြရတယ်။ အဲ- ကောင်းတဲ့ ဘုံတွေရှိတယ်။ မကောင်းတဲ့ဘုံတွေ ရှိတယ် ကောင်းတဲ့ဘုံတွေကို ကောင်းသူတွေ တက်ရတယ်။ မကောင်းတဲ့ဘုံတွေ မကောင်းသူတွေ ကျရ တယ် အဲသလို ခွဲခြားပြီးတော့ သိကြရတယ်။ ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ဟာ ကျေးဇူးရှင်ကြီးပဲ။ ထို့အတူပဲ
တရားတော်မြတ်ဟာလည်း မိမိတို့ရဲ့ကျေးဇူးရှင်ကြီးပဲ။ ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူသော တရားတော်တွေအရ မိမိတို့ကျင့်ကြံ
ရတယ်။ ဒါနတွေပြုကြ၊ သီလတွေဆောက်တည်ကြ။ ဘာဝနာတွေစီးဖြန်းကြ ကုသိုလ်တွေပြုကြ၊ ကောင်းမှုတွေ ပြုကြရတယ်။ ဒါကြောင့် ကျေးဇူးရှင် တွေပဲ။ ကျေးဇူးရှင်ဟာ တရားတော်ပဲ။
သံဃာတော်ကတော့ ပြောစရာမရှိ ဘုန်းကြီးတို့ ယနေ့ ဒကာ ဒကာမတို့မှာ တရားမပျောက်ကြဘူး။ ဘုရားမပျောက်ကြဘူး။ ဘုရား သိကြရတယ်။ တရားသိကြရတယ်/။ အဲသလို ဘုရားမပျောက်၊ တရား မပျောက်အောင် စွမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ စောင့်ရှောက်ခဲ့တဲ့ ပုဂ္ဂုုလ် တွေဟာ သံဃာတော်တွေပဲ။ ဘဂဝတော-ရှင်တော်မြတ်ဘုရား၏။ အပရ ဘာဝေ-ပရိနိဗ္ဗာန် ဝင်စံခဲ့ရာ နောက်အခါ ဗုဒ္ဓ ဓမ္မ ရတနာနံ- ဘုရား၊ တရားတည်းဟူသော ရတနာတို့ကို၊ သမ္မာဓိဂမော ယနေ့ထက်တိုင် ကောင်းစွာ သိနေရခြင်းသည် သံဃာရတနာဓိနော- သံဃာရတနာနှင့် ဆက်စပ်ခြင်း ရှိပါပေ၏
ဒါကြောင့် သံဃာတော်တို့ဟာ မိမိတို့ ကျေးဇူးရှင်အဖြစ်ကတော့ အင်မတန် ထင်ရှားတယ် အဲ- ဒကား ဒကာမတွေ ဘုရားမပျောက်အောင်။ တရားမပျောက်အောင် ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ သံဃာတော်တွေ ပဲ ဘုရား ပရိနိဗ္ဗာန် စံဝင်သွားသည့်နောက် ဘုရားတရားတော်တွေကို မပျောက် မပျက်အောင် အဆက်ဆက် ထိန်းသိမ်းခဲ့ကြ၊ စောင့်ရှောက်ခဲ့ကြ ဆောင်ယူခဲ့ကြတဲ့ ပုဂ္ဂုံလ်တွေဟာ သံဃာတော်တွေပဲ။ ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်ကလည်းပဲ ငါဘုရားမရှိသည့်နောက် ငါဘုရားရဲ့ သာသနာတော်ကို ဆောင်ကြပြီးတော့ ငါဘုရားရဲ့တရားတော်တွေကို ဖြန့် ပေးကြမည့်ပုဂ္ဂိုလ်တွေ ဟာ သံဃာတော်တွေသာဖြစ်တယ်လို့ သိတော်မူတော့ သံဃာတော်တွေကို အနည်းနည်းအဖုံဖုံ မြွောက်စားတော်မူခဲ့တယ်။ ဒါကြောင့် သံဃာတွေရဲ့ကျေးဇူးရှင်အဖြစ်ဟာလည်း မိမိတို့အဖို့မှာ အင်မတန် ကြီးမား တယ်။
အဲဒါကြောင့် ဘုရားကိုးကွယ်ရင် မိမိတို့ကျေးဇူးရှင်ကြီးအဖြစ် ပေါ်လွင်အောင် စိတ်ထားကြရတယ်။ တရားကိုးကွယ်ရင်း သံဃာကိုးကွယ်ရင် မိမိတို့ ကျေးဇူးရှင်ကြီးအဖြစ် ပေါ်လွင်အောင် စိတ်ထားကြရတယ်။ အဲ- ဆရာသခင် ကျေးဇူးရှင်တို့သည်လည်း မမေ့အပ်တဲ့ပုဂ္ဂိုလ်တွေ၊ ဒါကတော့
အထူးပြောစရာမလိုပါဘူး4 ဆရာသမားဆိုတာ မိမိတို့ကို ချမ်းသာစေချင် တယ်။ တိုးတက်စေချင်တယ်။ ကြီးပွားစေချင်တယ်။ အဲ- တိုးတက် ကြီးပွားချမ်းသာစေလိုတဲ့ စိတ်ကောင်းစိတ်မြတ်တွေရှိသောကြောင့် မိမိတို့ရဲ့ တပည့်တပန်းတွေကို တိုးတက်ကြီးပွားချမ်းသာအောင် သင်ကြ၊ ပြကြ။ စောင့်ရှောက်ကြ၊ အဲ- သွန်သင်ကြ စသည်ဖြင့် ဆရာသမားတို့ရဲ့ အခန်းကဏ္ဍ ကလည်း မိမိတို့အဖို့မှာ အင်မတန်ပူဇော်ထိုက်တဲ့ အခန်းကဏ္ဍတစ်ရပ်။ အဲဒါကြောင့်မို့လို့ မမေ့အပ်တဲ့ပုဂ္ဂိုလ်ဆိုတာဟာ မိဘ ဆရာသမား။ ရတနာ သုံးပါး၊ အဲဒီပုဂ္ဂိုလ်တွေကို မမေ့အပ်ဘူး။ အဲသလို မမေ့ကြဘဲ ပူဇော်ခြင်း ဟာ သားသမီးတို့ရဲ့ ရှိသင့် ရှိထိုက်တဲ့ သူတော်ကောင်းအစဉ်အလာပဲ။ အဲ- သူတော်ကောင်းတို့ရဲ့ အလုပ် မိဘကျေးဇူးသိကြ၊ မိဘပူဇော်ကြ၊ မိဘ လုပ်ကျွေးကြ။ အဲ-အဲသလို ကျေးဇူးသိကြခြင်းသည် သူတော်ကောင်းတို့ရဲ့ သဘာဝ။ သူတော်ကောင်းတို့မှ ကျေးဇူးသိကြတယ်။
ယော ဝေ ကတညု ကတဝေဒီ ဓိရော ကလျာဏမိတ္တော ဒဠဘတ္တိကော ဒုက္ခိတဿ သက္တစ္စံ ကရောတိ ကိစ္စံ တထာဝိဓံ သပ္မုရိသံဝဒန္တိ (၂
ဓိရော-ပညာရှိဖြစ်သေား ယော-အကြင်ပုဂ္ဂိုလ်သည်။ ဝေ-စင်စစ်။ ကတညု-သူပြုဖူးသောကျေးဇူးတရား သိနားလည်တတ်ပါပေ၏ / ကတဝေဒီ ကျူးဇူးတရားကို ထင်ရှားထုတ်ဖော်တတ်ပါပေကုန်စါ / ကလျာဏမိတ္တော- မိတ်ကောင်းဆွေကောင်းလည်း ရှိပါပေ၏ / ဒဠဘတ္တိကော-မြဲမြံစွာဆည်းကပ် တတ်ပါပေ၏ / ဒုက္ခိတဿ-ဆင်းရဲဒုက္ခရောက်နေသောပုဂ္ဂိုလ်၏။ ကိစ္စံ- ကိစ္စကြီးငယ်ကို၊ သက္ကစ္စံ-ကောင်းစွား ကရောတိ-ပြုတတ်ပါပေ၏
တထာဝိဓံ-ထိုသို့သောသဘောရှိသောပုဂ္ဂိုလ်ကိုး သပ္ပုရိသံ-သူတော် ကောင်းပုဂ္ဂိုလ်ဟူရွ်။ ဝဒန္တိ ဘုရားအဆူဆူ မိန့်တော်မူကြကုန်သတည်းဆိုတဲ့ အတိုင်း အဲ- သူတော်ကောင်းလက္ခဏာ ဘုရားရှင်ကိုယ်တော်မြတ်က ပြတော် မူတယ်။
သူတော်ကောင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေတုန်းဆိုတော ကတညု သူပြုဖူးသည့် ကျေးဇူးတရားကို သိနားလည်တတ်ပါပေ၏် ဟော သူတော် ကောင်းဆိုတာ ကျေးဇူးသိတတ်တယ်။ ဘုရားရှင်ကိုယ်တော်မြတ်က ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ချီးမွမ်းတဲ့ ချီးမွမ်းခန်းလေး ရှိတယ်။
ကတညုနော ဟိ သာရိပုတ္တ သပ္ပုရိသာ ကတဝေဒိနော သာရိပုတ္တ-သာရိပုတ္တရာ။ သပ္ပုရိသာ-သူတော်ကောင်း ဖြစ်ကြကုန်
သော ပုဂ္ဂိုလ်တို့သည်။ ကတညုနော-သူပြုဖူးသည့်ကျေးဇူးတရား သိနားလည်
ကြပါပေကုန်စါ ' ကတဝေဒိနော-ကျေဇူးတရားကို ထင်ရှားထုတ်ဖော်တတ် ကြပါပေကုန်၏။ ကလျာဏမိတ္တော-မိတ်ကောင်းဆွေကောင်းလည်း ရှိပါ ပေ၏ / ဒဠဘတ္တိကာ-မြဲမြစွာလည်း ဆည်းကပ်တတ်ပါပေ၏။ ဒုက္ခိတဿ- ဆင်းရဲဒုက္ခရောက်နေသော ပုဂ္ဂိုလ်၏။ ကိစ္စံ-ကိစ္စကြီးငယ်ကိုး သက္ကစ္စ- ကောင်းစွာ ကရောတိ-ပြုတတ်ပါပေ၏ တထာဝိဓံ-ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုး သပ္ပုရိသံ-သူတော်ကောင်းပုဂ္ဂိုလ်ဟူရွ်၊ ဝဒန္တိ -ကောင်းစွာမိန့်ဆို တော်မူကြကုန်သတည်း။ ဆိုတဲ့ သပ္ပုရိသလက္ခဏာအရ သူတော်ကောင်း ဆိုတာ ကျေးဇူးတရား သိနားလည်ကြတယ်။ မိဘကျေးဇူး။ ဆရာသမားကျေးဇူး။ ဘုရားကျေးဇူး။ တရားကျေးဇူး။ သံဃာကျေးဇူး သိကြတယ်။ သိကြတဲ့အတိုင်း တတ်နိုင်သမျှ ကျေးဇူးဆပ်ကြတယ်။ မိဘကျေးဇူးဆိုတာကတော့ အင်မတန် ကြီးမားတဲ့ကျေးဇူးတွေ အဲဒီကျေးဇူးတွေကို သိနားလည်ပြီးတော့ ကွယ်လွန် တဲ့နေ့လို့လည်း ပြောလို့ရတယ်
ကတဝေဒီ-ကျေးဇူးကို သိနားလည်တဲ့အတိုင်း ကျေးဇူးတရားကို ထင် ရှားထုတ်ဖော်တတ်ပါပေ၏။ အဲ-ကျေးဇူးတရားတွေကို သိရုံနဲ့မကဘဲ ဆပ်လည်းဆပ်လေ့ရှိတယ်။ မိခင်ကြီး အသက်ထင်ရှားရှိစဉ်က မိမိတို့ ပေးနိုင်ကမ်းနိုင်။ ကျွေးနိုင်မွေးနိုင်တယ်။ အဲ-လုပ်ကျွေးပြုစုနိုင်တယ်။ အဲ- အခုလို ကွယ်လွန်သွားတဲ့အခါကျတော့ အဲသလို ကိုယ်တိုင်ကိုယ်ကျ မပြုစု နိုင်တော့ဘူး။ အခုလို ကောင်းမှုတွေပြုပြီး အမျှအတန်းပေးဝေခြင်းဖြင့် ပူဇော်အမှု ပြုကြရတယ်။
အဲသလို ကျေးဇူးတရားကို သိတဲ့အတိုင်း ပေးဆပ်ခြင်းဟာ သူတော် ကောင်းလက္ခဏာတစ်ရပ်ပဲ။
ကလျာဏမိတ္တော-မိတ်ကောင်းဆွေကောင်းလည်း ရှိတတ်ပါပေ၏ သူတော်ကောင်းဆိုတာ မိတ်ကောင်းဆွေကောင်းရှိတယ်။ မိတ်ကောင်း ဆွေကောင်း ပေါင်းဖော်တတ်တယ်။ မိတ်ကောင်းဆွေကောင်းကို မှီခို တတ်တယ်။ မှီခိုတတ်လို့ လမ်းမလွဲ ဘူး။ အဲ-ကျေးဇူးသိရမည့် ပုဂ္ဂိုလ်တွေ
ပေါ်မှာ ကျေးဇူးသိရတယ်။ ကျေးဇူးဆပ်ရမည့်ပုဂ္ဂိုလ်အပေါ်မှာ ကျေးဇူး ဆပ်ရမှန်းသိရတယ်။ ဒဠဘတ္တိကော- မြဲမြံစွာဆည်းကပ်ခြင်းသည်လည်း။ ဟောတိ-ဖြစ်ပါပေ၏ / ရတနာသုံးပါး မြဲမြံစွာ ဆည်းကပ်တတ်တယ်။ ဆရာသမားတွေ မြဲမြံစွာ ဆည်းကပ်တတ်တယ်။ အဲသလို မြဲမြံစွာ ဆည်းကပ် တတ်သော အလေ့အကျင့် ရှိတယ်။ ဒီအလေ့အကျင့်ဟာ သူတော်ကောင်း တို့ရဲ့ အလေ့အကျင့်ဖြစ်တယ်။
ဒုက္ခိတဿ-ဆင်းရဲဒုက္ခရောက်နေသောပုဂ္ဂိုလ်၏။ ကိစ္စံ-ကိစ္စ ကြီး ငယ်ကို၊ သက္တစ္စ-ကောင်းစွာ (ဝါ) ရိုရိုသေသေ ကန်တော့သည်ပြုတတ် ပါပေ၏ / ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကိုတွေ့ရင် မိမိက မတတ်နိုင်ရင်ထား တတ်နိုင်ရင် တတ်နိုင်သလောက် အဲ-ပြုစုစောင့်ရှောက်ကူညီတတ်တယ်။ သူတော်ကောင်းတို့ရဲ့ သဘာဝ အဲဒီ သဘာဝအတိုင်း မိမိတို့ဟာ သူတော်ကောင်းတွေဖြစ်ကြသောကြောင့် သူတော်ကောင်းတို့ ပြုရိုးဖြစ်တဲ့ ဒါနအမှုပြုကြ၊ သူတော်ကောင်းတို့ပြုရိုးဖြစ်တဲ့ သီလအမှုပြုကြ၊ ဘာဝနာ အမှုတွေပြုကြ၊ ကုသိုလ်အမှုတွေပြုကြ၊ အဲ-မေတ္တေယျ-အမေမခ်် ကောင်းစွာ ပြုခြင်းဆိုတဲ့ ကောင်းမှုတွေပြုကြ၊ ပေတ္တေယျ-အဖေခ်လည်း ကောင်းစွာ ပြုခြင်းဆိုတဲ့ ကောင်းမှုတွေပြုကြ၊ ကုသိုလ်တွေပြုကြတယ်။ ဒါကြောင့်မို့လို့ အဲ- သူတော်ကောင်းတို့သည် သူတော်ကောင်း အကျင့်ကို ကျင့်ကြတယ်။ ယနေ့ မိမိတို့ သူတော်ကောင်းများပီပီ ဖြစ်ကြ သောကြောင့် သူတော်ကောင်းအကျင့်ဖြစ်တဲ့ ဤကုသိုလ်ကောင်းမှုတွေ ပြုပြီး တော့ ကွယ်လွန်ခဲ့တဲ့မိခင်ကြီးအား ကျေးဇူးဆပ်ခြင်းပဲ4 အဲ-ဆပ်လို့မကုန် နိုင်အောင် မြင်းမိုရ်တောင်ထု မေရုမကတော့ ဥဒါန်းထူရလောက်အောင် ကြီးမြတ်တဲ့ ဂုဏ်ရှင် ကျေးဇူးရှင်တွေဖြစ်ကြတဲ့ မိဘတွေကို ပူဇော်ရခြင်းဟာ သားကောင်းသမီးကောင်းတို့ရဲ့ အလေ့အလာ ကျင့်ဝတ်ဖြစ်တဲ့အတိုင်း မိမိ တို့ အဲဒီကျင့်ဝတ်တွေကို လိုက်နာသောအားဖြင့် ကွယ်လွန်တဲ့မိခင်ကြီးကို ပူဇော်သောအားဖြင့် မိခင်ကြီ၊ ရဲ့ကြီးမားလှသောကျေးဇူးတွေကို ထောက်ထား ပြီးတော့ ယနေ့ ကောင်းမှုတွေအဖြစ် အမျှအတန်းပေးဝေခြင်းဖြင့် ပူဇော် ကြခြင်းဖြစ်တယ်။။
အဲဒီ ပူဇော်ခြင်းဟာ သူတော်ကောင်းတို့အကျင့် ဖြစ်တယ်။ သူတော်ကောင်းတို့အကျင့်ဖြစ်သောကြောင့် သူတော်ကောင်းတို့ရောက်အပ် သော အရပ်သည် အထက်အရပ်သာ ဖြစ်၏ / ထို့ကြောင့် မိမိတို့ ဤ ကောင်းမှုဟာ အထက်အရပ် ရောက်ကြောင်းလည်း ဖြစ်၏ / သူတော်ကောင်း တို့ရဲ့အကျင့်' သူတော်ကောင်းတို့ရဲ့ အလုပ်ဖြစ်တဲ့ ယနေ့ အဲ-ကုသိုလ်တော် လေးကို ပူဇော်အားထုတ်ရခြင်းဖြင့် အဲ-ကျေးဇူးဆပ်ခြင်းအမှုကို ပြုခဲ့ရပြီ။
အဲဒီ ကျေးဇူးဆပ်ခြင်းအမှုကြောင့် မိမိတို့သည် သူတော်ကောင်းတို့ စံရာဖြစ်တဲ့ အဲ-အထက်အရပ်သို့သာ ရောက်နိုင်ကြတယ်။ သူတော်ကောင်း တို့ရရာဖြစ်တဲ့ ကောင်းမြတ်တဲ့ တရားထူးတရားမြတ်တွေသာ ရနိုင်၏ 1 အဲသလို ရနိုင်ကြောင်း ကောင်းမြတ်တဲ့ကောင်းမှုကြီး တို့တစ်တွေ ပြုရပြီးလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် အဲ-စည်စည်ကားကား ကုသိုလ် ကောင်းမှုတွေ ပြုရခြင်းဖြင့် မိမ်တို့ပြုရတဲ့ကုသိုလ်တွေကို ပြန်ပြန်အောက်မေ့ ပြီးတော့ ကုသိုလ်တွေတိုးပွားအောင် ကြုံးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း
(သာဓု သာဓု သာဓု)
ကျေးဇူးသိတတ် ကျေးဇူးဆပ် တရားတော် (ဒေါ်သဲမေ ရည်စူးအလှူ)
ယနေ့ မိမိတို့ နှစ်စဉ်နှစ်စဉ် လှူနေကြ။ ပူဇော်နေကြကုသိုလ် အတွက် ကွယ်လွန်တဲ့ ဒကာမကြီး ဒေါ်သဲမေ အကြောင်းပြုရှ် မာတာပိတု ဂုဏ်ကိုအာရုံပြုရ နှစ်စဉ်နှစ်စဉ် ပူဇော်ခဲ့ကြတယ်။ လှူဒါန်းပူဇော်နေကြ ဆွမ်း အလှူပွဲကို ယခုနှစ်အတွက်လည်း လှူဒါန်းခဲ့ကြတယ်။ မိဘကျေးဇူး ဟာ မာတာပိတုဂုဏော အနနောဆိုတဲ့အတိုင်း မမေ့အပ်တဲ့ပုဂ္ဂိုလ်တွေ။ မမေ့အပ်တဲ့ ပုဂ္ဂိုလ်တွေမို့လို့ ယနေ့ ကျေးဇူးဂုဏ်တွေကို မမေ့ဘဲနဲ့ ကတညုတ ကတဝေဒီတရား လက်ကိုင်ထားပြီးတော့ ပြုခဲ့ကြတဲ့အလှုပ္ပဲ၊ မပျက်မကွက် နှစ်စဉ်နှစ်တိုင်း ပြုခဲ့ကြတယ်။ ထာဝရကုသိုလ်၊ နိဗဒ္ဓကောင်းမှု အမြဲဝတ်ပြု ကောင်းမှုအဖြစ်ဖြင့် (၁၆)နှစ်လုံးလုံး မပျက်ခဲ့ဘူး။ (၁၆)နှစ်ဆိုတော့ နည်းတာ မဟုတ်ဘူး။ ဒီအတွင်း ကုသိုလ်တွေ အများကြီးရခဲ့တယ်။ ဒါဟာ မိမိတို့ရဲ့ သဒ္ဓါတရား။ မိမိတို့ရဲ့ ပညာတရားအကြောင်းပြုပြီးတော့ ဖြစ်ခဲ့တဲ့ကုသိုလ် တွေး မမေ့အပ်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။
နံ ပမဇ္စိ တဗ္ဗာ မာတာစ။
ပိတာစ ရတနာ ဂရူ။
တေသ ပစ္စောပကာရာယ၊
ကာတဗ္ဗံ ပူဇနံ သဒါ။
မာတာစ-မွေးသမိခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ ပိတာစ-မွေး သဖခင်ကျေးဇူးရှင်ကိုလည်းကောင်း' ရတနာ-ရတနာနိစ- ဘုရား၊ တရား။ သံဃာ ရတနာမြတ်သုံးပါးတို့ကိုလည်းကောင်း။ ဂရူစ-ဆရာသခင်ကျေးဇူးရှင် တို့ကိုလည်းကောင်း၊ နပမဇ္ဇိတဗ္ဗာ-မမေ့ထိုက်သော ကျေးဇူးရှင်ပုဂ္ဂိုလ်တွေ
ဖြစ်ရ မမေ့ထိုက် မမေ့အပ်ပါပေကုန်။ တေသ-မိဘနှစ်ဖြာ ဆရာအများ ရတနာမြတ်သုံးပါးတို့ကိုး ပစ္စောပကာရာယ - ကျေးဇူးတုံ့ပြန်မှုပြုခြင်းငှာ။ သဒါ-အခါခပ်သိမ်း။ ပူဇနံ-ပူဇော်ခြင်းကိုး ကာတဗ္ဗမေ၀-ပြုအပ်ပြုသင့် ပြုထိုက် လှပါပေသတည်း။
ကျေးဇူးရှင်တွေ မိဘနှစ်ပါးဆိုတာ ပြောစရာမရှိဘူး။ မိမိတို့ အပေါ်မှာ အင်မတန်ကောင်းခဲ့တယ်။ သားသမီးတွေအပေါ်မှာ မေတ္တာ။ ကရုဏာ၊ မုဒိ တား ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး အခါအား လျော်စွာထားပြီးတော့ စောင့်ရှောက်ခဲ့ကြတယ်။ ပြုစုခဲ့ကြး ယုယခဲ့ကြတယ်။ မိဘတွေဟာ မမေ့အပ်တဲ့ပုဂ္ဂိုလ်တွေး မိဘကျေးဇူးတွေဟာ မြင်းမိုရ်တောင်ထု မေရုမကလို့ ဒီလို တင်စားရလောက်အောင် သူတို့ရဲ့ကျေးဇူးတွေက အင်မတန် များပါတယ်။
ဒါကြောင့် မိဘဂုဏ်ကျေးဇူ ဆိုတာ ပြောစရာမရှိဘူး။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ဂုဏ်ကျေးဇူးဆိုတာလည်း ပြောစရာ မရှိဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကျေးဇူးဟာ မနည်းဘူး။ ဗုဒ္ဓဂုဏော အနန္တောဆိုတဲ့အတိုင်း ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကျေးဇူးဟာ အနန္တ 1 ဘုရားရှင်မပွင့်ပေါ်ရင် စိတ်ကောင်းရှိတဲ့လူပဲ ဖြစ်ဦးတော့...တဲ့။ စိတ်ကောင်း ရှိတဲ့ပုဂ္ဂိုလ်ပဲ ပြောဦးတော့။ ကုသိုလ်တရားမသိရ။ အကုသိုလ်တရားမသိရ။ ထိုသို့ ဘဝတွေ ကောင်းတဲ့ဘုံဘဝတွေ မသိရ။ မကောင်းတဲ့ဘုံဘဝတွေ မသိရ အဲသလို ဘုရားရှင်ကိုယ်တော်မြတ် ပွင့်လာတဲ့အတွက်ကြောင့် ဟောတော်မူတဲ့တရားတွေအရ ကုသိုလ်တွေ သိကြရတယ်။ အကုသိုလ်တွေ သိကြရတယ်။ ကောင်းတဲ့ဘုံတွေ ရှိတယ်။ မကောင်းတဲ့ဘုံတွေ ရှိတယ်။ အဲဒါတွေ။ ထိုထိုဘုံဘဝတွေ သိကြရတယ်1။ အမျိုးမျိုးအဖုံပုံ သိကြရတယ်။ ဘုရား သိကြရတယ်။ တရား သိကြရတယ်။ သံဃာသိကြရတယ်။ အဲဒါ ဘုရားရှင်ကိုယ်တော်မြတ် ပွင့်တော်မူပြီးတော့ (၄၅)ဝါ ကာလပတ်လုံး သတ္တဝါတွေအကျိုးငှာ များပြားလှစွာသော တရားတော်တွေ ဟောထားတယ်။ အဲဒီတရားတော်တွေဟာ ယခုတိုင် ထင်ရှားရှိတယ်။
ဒါကြောင့် ဘုရားကိုမမြင်ရပေမဲ့ တရားတော်တွေအရ မိမိတို့ ဘုရားကို ခန့်မှန်းလို့ရတယ်။ တရားတော်တွေသိကြ၊ သံဃာတော်တွေ
သိကြ၊ ဒါကြောင့် ဘုရားရှင်ရဲ့ကျေးဇူးက အင်မတန်ကြီးမားတယ်လို့ ထို့အတူပဲ တရားတော်တွေက အထင်အရှားရှိတယ်။ အဲဒီ တရားတော်တွေ ကို မိမိတို့နာရသောအားဖြင့်လည်းကောင်း၊ တရားစာပေတွေ ကြည့်ရှုရသော အားဖြင့်လည်းကောင်း သိကြရတယ်။ အဲဒီတရားသိရပြီးတော့ ထိုက်သင့် ၊ သလောက် ကျင့်ကြရလို့ တရားတော်ရဲ့ကျေးဇူးဟာလည်း မိမိတို့အပေါ်မှာ
အများကြီး၊ သံဃာတော်များကြတော့လည်း ပြောစရာမရှိဘူး။
ဘဂဝတော-မြတ်စွာဘုရား၏ အပရဘာဂေ-ပရိနိဗ္ဗာန် စံတော် မူရာ။ နောက်အခါကာလန္မ်၊ ဗုဒ္ဓ ဓမ္မ ရတနာနံ-ဘုရား တရား ရတနာတို့ကိုး သမဓိဂမော-သိရခြင်းသည်။ သံဃာ ရတနာဓိနော-သံဃာရတနာနှင့် စပ် လျက် ရှိပါပေ၏။
ဆိုတဲ့အတိုင်းပဲ အခု ဘုန်းကြီးတို့ တရားသိကြရတယ်။ ဘုရား ဆိုတာ ဘယ်လို' တရားဆိုတာက ဘယ်လိုဂုဏ်တွေရှိတယ်။ တရား ဂုဏ်တော် ပွားများနိုင်ကြတယ်။ တရားတော်တွေ မိမိတို့လက်လှမ်းမီသမျှ သိကြရတယ်။ အဲသလိုသိရခြင်းဟာ သံဃာရဲ့ကျေးဇူး' သံဃာတော်တွေသာ တာဝန်မဲ့ခဲ့ ကြရင် ယနေ့ ဘုရားပျောက်နေကြပြီး အဲဒီတော့ ဘာဖြစ်ဖြစ် ကုသိုလ်ပြုတဲ့ အခါလည်း မိမိဖို့ပဲ သဘောမထားနဲ့' သာသနာတော်ကြီး
- ကြီးပွားကြောင်းဆိုတဲ့ စိတ်ကလေးတော့ အမြဲထားကြရမယ်။ သာသနာ
ကြီးပွားဖို့ဆိုတာ သံဃာကို မျက်ခြည်မပြတ်ကြရဘူး။ သံဃာချမ်းသာအောင် ဆောင်ရွက်ပေးကြရတယ်။ သံဃာတော်တွေ ပြည့်စုံအောင် ဆောင်ရွက် ပေးကြရတယ်။ ဘာဖြစ်ဖြစ် သာသနာအတွက်ဆိုတဲ့ ရည်ရွယ်ချက်ထားရင် ကုသိုလ်ကလည်း သန့်ရှင်းတယ် မွန်မြတ်တယ်။
ရှေးတုန်းက သီဟိုဠ်ကျွန်းမှာ ဒုဋ္ဌဂါမဏိမင်းကြီး၊ ဧဠာရကျေးမင်း အစရှိသော ကျေးမင်းတွေ သီဟိုဠ်ကိုတက်ပြီးတော့ အုပ်စိုးကြတယ်။ သီဟိုဠ် မှာ ဒမိဠလူမျိုးဆိုတဲ့လူမျိုးတွေက ရှေ့ကတက်ပြီး အုပ်စိုးကြတယ်။ သီဟိုဠ် ဘုရင်တွေဟာ သူတို့တက်အုပ်စိုးတဲ့အခါ အစွန်အဖျား ဆုတ်ကြရတဲ့အခါတွေ ရှိတယ်။ နောက်ကျတော့ ဒုဋ္ဌဂါမဏိမင်းကြီးက အဲဒီ ကျေးကုလားလို့ ခေါ်ရတဲ့ သီဟိုဠ်မှာ ဧဠာရကျေးမင်း စစ်တပ်။ ဒမိဠတို့ကို တိုက်ဖျက်ကြတယ်။
တိုက်ဖျက်တော့ နောင်တော့လည်း အောင်ပွဲဆင်သွားတယ်။ ဒုဋ္ဌဂါမဏိ မင်းကြီး အဲသလိုတိုက်ထုတ်တဲ့အခါကျတော့ ဒုဋ္ဌဂါမဏိမင်းကြီးက ဘယ်လို သဘောထားလဲဆိုတော့ ရဇ္စသုခါယ ဝါယာမော။
နာယံ မမ ကုဒါစနံ။
သမ္ဗုဒ္ဓသာသနဒေဝ။
ဌပနာယ အယံ မမ။
မမ-ငါစါ၊ အယံဝါယာမော-ယခုကဲ့သို့ မိဗ္ဆာဒိဋ္ဌိမင်းတို့ကို တိုက်ဖျက်နှိမ်နင်းနေရခြင်းသည်။ ရဇ္ဇသုခါယ-မင်းစည်းစိမ်လေးခံစားဖို့။ မင်းချမ်းသာအလို့ငှား နဟောတိ-မဟုတ်ပါပေ။ နဟောတိ-အားထုတ်ခြင်း မဟုတ်ပါပေ။ အယံ-ယခုကဲ့သို့ တိုက်ပွဲ တွေဆင်နွှဲပြီး တကယ်အပင်ပန်း ခံရခြင်းသည်း သမ္ဗုဒ္ဓသာသနဿ-တကယ် ဒီသာသနာထင်ရှားမှ ချမ်းသာ ရမှာဖြစ်လို့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သာသနာတော်မြတ်ကြီးကို သာလျှင်၊ ဌာပနာယ-မပျောက်မပျက်ရအောင်။ ရှေးမူမပျက် တည်ထားခြင်း အကျိုးငှာသာလျှင်' ဝါယာမော-တကယ်ကြိုးပမ်း တာဝန်ထမ်း အားထုတ် နေရခြင်းသည်။ ဟောတိ-မုချမသွေ ဖြစ်ပါပေသတည်း။ (သာဓု။ သာဓု။ သာဓု) အဲသလို အဓိဋ္ဌာန်ပြီးတော့ ဒုဋ္ဌဂါမဏိမင်းကြီး စစ်တိုက်ခဲ့တယ်။ တိုက်တဲ့အတိုင်း နောက်ဆုံးအောင်ခဲ့တယ်။ အောင်ခဲ့တော့ သာသနာတော်ကြီး မပျောက်ပျက်ဘူး။ အဲဒီမင်းကြီးဟာ သာသနာတော်အတွက် ဆိုပြီးတော့ သာသနာကို တကယ်ချီးမြှောက်ခဲ့တယ်။ အဲဒါလိုပဲ မင်းကြီးရဲ့အဓိဋ္ဌာန်ကို အတုယူပြီးတော့ ဘုန်းကြီးတို့ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးး မဟာ ဝိသုဒ္ဓါရာမဆရာတော်ကြီး အဲဒီအတိုင်းပဲ - အတ္တသုခါယ ဝါယာမော။
နာယံ မမ ကုဒါစနံ။
သမ္ဗုဒ္ဓသာသနဒေဝ။
ဌပနာယ အယံ မမ။
မမ-ငါစါ၊ အယံဝါယာမော-ယခုကဲ့သို့ ကြိုးပမ်းအားထုတ်ခြင်းသည်။
(ဆရာတော်ကြီးက တစ်ခါတုန်းက မိစ္ဆာဝါဒ အယူမှားကြီးတစ်ခုကို သုတ် သင်ခဲ့တယ်။ သတင်းစာထဲ တချို့က ဆောင်းပါးတွေ ရေးကြတယ်။ မြန်မာ ပြည်သူပြည်သားတွေဟာ သိပ်လှူကြတာပဲ။ မမွဲခံနိုင်ပါ့မလား။ သူတို့ မွဲ တော့ တိုင်းပြည်ကြီးပွားအောင် မဆောင်ရွက်နိုင်ကြဘူး စသည်ဖြင့် ရေး တယ်။ အဲသလိုရေးတာကို ဆရာတော်ကြီးက ချေပတယ်။ ဒီလိုမဟုတ်တဲ့ အကြောင်း၊ လှူတဲ့အတွက်ကြောင့် ချမ်းသာရာရနိုင်တဲ့အကြောင်း ချေပ ပြီးတော့ရေးထားတဲ့ ဥဇုမဂ္ဂဒေသနာ-ဝိသုဒ္ဓါရုံ အလင်းပြတရားစာဆိုတဲ့ စာအုပ်ဆိုတာ ရှိတယ်။ အဲဒီတရားစာရေးတဲ့ ဆရာတော်ဘုရားကြီးက ဒုဋ္ဌဂါမဏိမင်းကြီး ရဲ့အဓိဋ္ဌာန်အတိုင်း အဓိဋ္ဌာန်ပြုခဲ့တယ်1)
မမ-ငါစါ၊ အယံဝါယာမော-ယခုကဲ့သို့၊ မိစ္ဆာဝါဒကို နှိမ်နင်း တိုက်ဖျက်ခြင်းသည်။ အတ္တသုခါယ-ကိုယ်တည်းတစ်ယောက် ချမ်းသာ ရောက်ဖို့ရာ ဝါယာမော-အားထုတ်ခြင်းသည်။ နဟောတိ-မဖြစ်ပါပေ။ အယံ-ဤကဲ့သို့ အားထုတ်ခြင်းသည်။ သမ္ဗုဒ္ဓ သာသနဿ-ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို ဌပနာယ-အရှည်ခံရွှတည်တံ့အောင်။ တိုးပွားအောင် ထားခြင်းငှာသာလျှင်၊ ဝါယာမော-အားထုတ်ခြင်းသည်။ ဟောတိ-မုချ မသွေ ဖြစ်ပါပေသတည်း။ (သာဓု-သာဓု-သာဓု)
အဲသလိုပဲ။ သာသနာတော် ထင်ရှားရှိမှ တို့တစ်တွေး နောင်လာ နောက်သားတွေ ချမ်းသာကြမယ်ဆိုတဲ့ ဒီအချက်ကို သိကြတဲ့ပုဂ္ဂိုလ် မှန် သမျှ သာသနာတော်ကြီးပွားရေးဆိုတဲ့ ဒီအကျိုးတစ်ခုတည်းထားပြီးတော့ လှူဒါန်းပူဇော်ကြတယ်။ သီလ ဆောက်တည်ကြတယ်။ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြတယ်။
ယနေ့ ကျေးဇူးရှင်မိခင်ကြီး အကြောင်းပြုပြီး လှူုကြတယ်။ လှူ ကြတော့လည်း သာသနာတော်ထိအောင် စိတ်ထားကြရတယ်။ သူတော်ကောင်း တရားဆိုတာ ထွန်းကားမှ၊ မိ-မှန်း သိကြတယ်။ ဘ-မှန်း သိကြတယ် ရဟန်းမှန်း သိကြတယ်။ သာမဏေမှန်း သိကြတယ်။ သံဃာမှန်း သိကြ တယ် သာသနာစိတ် ပျောက်သွားပြီဆိုရင် တဖြည်းဖြည်း မိဘအပေါ်မှာ ကျေးဇူးတင်ရမှန်း မသိကြတော့ဘူး။ တရားတော်အပေါ်မှာ ကျေးဇူးတင်
ရမှန်း မသိကြတော့ဘူး4 မသိရင် သာသနာကွယ်တာပဲ။ ဒါကြောင့် သာသနာစိတ် ထားကြရမယ်4 ဘာဖြစ်ဖြစ် သာသနာတော်ကို မျက်ခြည် မပြတ်ရဘူး။ ရှေးရှေး မထေရ်မြတ်ကြီးတွေ ဒီအတိုင်းပဲ စိရံ တိဋ္ဌတု သဒ္ဓမ္မော။
ဓမ္မေ ဟောန္တုသဂါရဝါ 1 သဒ္ဓမ္မော-ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ဆိုတဲ့ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးသည်။ စိရံ-ကာလ ထောင်တာ ရှည်မြင့်ကြာအောင်။ တိဋ္ဌတု-တည်ပါစေသတည်း။ ဒီလိုဆုတောင်းကြတယ်။ ရှင်မဟာဗုဒ္ဓဃောသ စသော အဋ္ဌကထာ ဆရာတော်မြတ်ကြီးတွေ သာသနာတော်ကြီး တည်ပါစေ လို့ ဆုတောင်းလေ့ ရှိတယ်။
ပဇာ-သတ္တဝါအပေါင်းတို့သည်။ ဓမ္မေ-တရားတော်မြတ်ခ် သဂါရဝါ- လေးစားသမှု ရိုသေခြင်းပြုကြကုန်သည်။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။ အဲသလို အကုန်လုံး အလေးအမြတ်ပြုကြရတဲ့ ဂါ ရဝတရားရှိမယ် ဆိုရင် ဘုန်းကြီ၊ တို့သာသနာတော်ကြီး မပျောက်နိုင်တော့ဘူး။ ဒါကြောင့် အားလုံး လူရှင်ရဟန်း အကုန်လုံး သာသနာတော်ကို အထူးသဖြင့် လေးစားမှု ပြုဖို့အရေးကြီးတယ်။ ယနေ့ မိမိတို့သာသနာ ကြီးပွားကြောင်း၊ ကောင်းမြတ် တဲ့ မိဘအပေါ် ကျေးဇူးပြုမှု ဆရာသမားအပေါ် ကျေးဇူးပြုမှု၊ သံဃာအပေါ် ကျေးဇူးပြုမှု အကြောင်းပြုပြီးတော့ ယနေ့ အလှူသဘင်ပွဲ ဆင်နွှဲကျင်းပ ပူဇော်ခဲ့ကြတယ်။
ဒါကြောင့် ကောင်းမြတ်တဲ့အစဉ်အလာကို နှစ်စဉ်နှစ်တိုင်း ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသလို၊ နောင်လည်းပဲ စောင့်ရှောက်နိုင်ပြီးတော့ မိဘကျေး ဇူး၊ ဆရာသမားကျေးဇူး။ ရတနာမြတ်သုံးပါးရဲ့ကျေးဇူးကို မိမိတို့လည်းခံယူ ကြရ မိမိတို့သားသမီးလေးတွေလည်း ခံစားနိုင်အောင် ကြိုးစားအားထုတ် သောအားဖြင့် သာသနာတော်ကို မျက်ခြည်မပြတ်ဘဲနဲ့ သာသနာတော်တိုး ပွားအောင် ကြိုးစား စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ကွယ်လွန်သူ ဒေါ်လှကြည်အတွက် ကုသိုလ်ပွဲတရားတော်
ကွယ်လွနိုသူ ဒ်ေါ်လှကြည်(ရေကျော်)အတွက် ကုသိုလ်ပြုဗွဲခ္စ ဟောကြားအင်သေဝတရားတေစိ (၂၂-၈-၉၃) ကွယ်လွန်တဲ့ မိမင်က္ကီးဒေါ်လှကြညကို အကြောင်းပဲ ကုသိုလ်တွေ ပြုကြတယ်။
အဲ- ကလျာဏ မိတ္တာ မာတာစ၊ ပိတာစ ဟိတ ကာရကာ။
တေသံ ပစ္စောပကာရာယ၊ ကာတဗ္ဗံ ပူဇနံ သဒါ။
မာတာစ-မွေးသမိခင် ကျေးဇူးရှင်သည်လည်းကောင်း' ပိတာစ- မွေး သဖခင် ကျေးဇူးရှင်သည်လည်းကောင်း' ဟိတကာရကာ-သားသမီးတို့၏ - အကျိုးစီးပွား လိုလားဆောင်ရွက်တတ်ကြကုန်သော၊ ကလျာဏမိတ္တာ- မိတ်ကောင်းဆွေကောင်းအစစ် တကယ်တန်း ဖြစ်ကြပါပေကုန်စါ / တေသံ- ထိုမိတ်ကောင်းဆွေကောင်းဖြစ်ကြတဲ့ မိဘနှစ်ပါး ကျေးဇူးရှင်များတို့ကို၊ ပစ္စော ပကာရာယ-ကျေးဇူးတုံ့ပြန်မှု ပြုခြင်းငှာ သဒါ-အခါခပ်သိမ်း။ ပူဇနံ-ပူဇော်ခြင်းကို၊ ကာတဗ္ဗမေဝ-ပြုသင့်ပြုထိုက်ပြုအပ်လှပါပေသတည်း ဆိုတဲ့ တရားသဘောအရ မိဘတို့ဟာ သားသမီးတို့ရဲ့ အဲ-အကျိုးစီးပွားကို တကယ်လိုလား တကယ်ဆောင်ရွက်တတ်ကြ၊ ကလျာဏမိတ္တ မိတ်ဆွေ ကောင်းအစစ် ဖြစ်ကြတယ်။ မိတ်ဆွေကောင်းအစစ် ဖြစ်ကြသောကြောင့် မိမိတို့အပေါ်မှာ တကယ်ကောင်းခဲ့တဲ့ မိဘတို့ရဲ့ အနန္တကျေးဇူးဂုဏ်တို့ကို အာရုံပြုပြီးတော့ မိမိတို့က မိဘတို့ကို ပူဇော်ကြဖို့ တာဝန်ရှိတယ်။ ပူဇော် ကြဖို့ တာဝန်ရှိကြတဲ့အတိုင်း ယနေ့ မိခင်ကြီးကို ပူဇော်ကြတယ်။ သာမန် ကောင်းမြတ်သော အကျင့်တွေနဲ့ ပူဇော်ခြင်းတစ်မျိုးပဲဒ အဲ ကောင်းမြတ် တဲ့ ကုသိုလ်တွေပြုကျင့်ပြီးတော့ မိခင်ကြီးရဲ့ အနန္တကျေးဇူးဂုဏ်တို့ကို ကတညုတ ကတဝေဒီတရား လက်ကိုင်ထားပြီးတော့ ကျေးဇူးဆပ်ခြင်း တစ်မျိုးပဲ။ အဲဒီတော့ တစ်ခါတရံ မိဘဆရာသမား။ အဲ မိဘဆရာသမားတို့ရဲ့
ကျေးဇူးဂုဏ်တို့ကို အာရုံပြုပြီးတော့ ကတညုတ ကတဝေဒီတရားဖြင့် ကုသိုလ်တွေပြုကြ၊ အားထုတ်ကြတဲ့အခါ မိဘတို့ရဲ့ဂုဏ်ကျေးဇူးတို့ကိုလည်း အောက်မေ့ကြရတယ်။ တွေးမိကြရတယ်။
ဗြဟ္မာတိ မာတာပိတရော။
ပုဗ္ဗာစရိယာတိ ဝုစ္စရေ။
အာဟုနေယျာ စ ပုတ္တာနံ
ပဇာယ အနုကမ္ပကာ။
မာတာပိတရော-မိခင်ဘခင် ကျေးဇူးရှင်တို့ကို၊ ဗြဟ္မာတိ-မေတ္တာ။ ကရုဏာ။ မုဒိတာ။ ဥပေက္ခာ စျာန်လေးပါးပွားများနေတဲ့ ဗြဟ္မာတို့နှင့် တူကြသောကြောင့် ဗြဟ္မာကြီးတို့ဟူရဤှလည်း။ ဝုစ္စရေဝုစ္စန္တီ-ကောင်းစွာသွေ " ဆိုအပ်ပါပေကုန်၏ / မိဘနှစ်ပါးဟာ ဗြဟ္မာတွေတဲ့။ ဗြဟ္မာကြီးတွေဟာ သတ္တဝါ တွေအပေါ်မှာ မေတ္တာစျာန်။ ကရုဏာစျာန်။ မုဒိတာစျာန် ဥပေက္ခာ စျာန် စျာန်လေးပါး ပွားများနေသလို တို့အတူပဲ မိဘများမှာလည်း သား သမီးများအပေါ်မှာ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာ တရား တရားလေးပါး ပွားများနေကြသောကြောင့် ဗြဟ္မာကြီးတွေတဲ့။ ပုဗ္ဗာ စရိယာ တိ-လက်ဦးဆရာတို့ဟူရဤလည်း။ ဝုစ္စရေဝုစ္ဇွန္ဘိ-ဆိုအပ်ပါပေကုန်၏
အဲ- လက်ဦးဆရာမည်ထိုက်စွာ။ ပုဗ္ဗာစရိယာ မိနှင့်ဘဆိုတဲ့အတိုင်း မိမိတို့ရဲ့ လက်ဦးဆရာတွေး အခြားအခြားသော ဆရာတွေက နောက်မှ သင်ပေးတယ်။ မိဘဆိုတာက အခြားသောဆရာများ မသင်ပြခင် ပြောပုံ နေပုံ ထိုင်ပုံ စသည်ဖြင့် အမျိုးမျိုး ပြောတတ် ထိုင်တတ် နေတတ်အောင် အမျိုးမျိုးပြသသင်ပြ ပေးခဲ့ကြတဲ့ လက်ဦးဆရာ ပုဗ္ဗာစရိယဟူရဤ ပဇာယ- သားသမီးအပေါ်ခွ်၊ ပဇာယ-သားသမီးအပေါင်းကို။ အနုကမ္ပကာ-အစဉ် အားဖြင့် သနားစောင့် ရှောက် ချီးမြွောက်တတ်ကြကုန်သည်ဖြစ်ရွ်။ ပုတ္တာနံ- သားသမီးတို့၏ ' အာ ဟုနေယျာစ-ပူဇော်အထူးကို ခံထိုက်ကြတဲ့ ပုဂ္ဂိုလ်ထူး အစစ် တကယ်တန်း ဖြစ်ကြပါပေကုန်သတည်း။
အဲ- သားသမီးတွေအပေါ်မှာ။ အဲ-ကံကောင်းခဲ့ကြလို့ တကယ့် သား သမီးတို့ရဲ့ ပူဇော်အထူးကို ခံယူထိုက်တဲ့ပုဂ္ဂိုလ်တွေတဲ့။ မိခင်ကြီးရဲ့ ဂုဏ်တွေကို အောက်မေ့မိရအောင်၊ အောက်မေ့ပြီးတော့ ကုသိုလ်တွေ ပြုရ
အောင်။ ပိုပြီး လေးလေးနက်နက်ရှိရအောင်ဆိုပြီး ဘုန်းကြီးက မိခင်ကြီးရဲ့ ဂုဏ်ကို အကျဉ်းအားဖြင့် ဘုရားရှင်ကိုယ်တော်မြတ် ဒေသနာတော်အတိုင်း ထုတ်ဖော်ဟောပြောရတယ်။ မိခင်ကြီးကို အကြောင်းပြုပြီး လှူဒါန်းတဲ့ အခါ ဘုန်းကြီးတို့ ဒကား ဒကာမတွေ သံဃာတော်ကို လှူရတယ်။ သံဃာ ကို အာရုံပြုပြီးတော့ လှူရတယ်။ အဲ-သံဃာကို ရည်ရွယ်ပြီးတော့ လ္ဒူခြင်း ဟာ မကောင်းတဲ့ဘုံဘဝသို့ ရောက်နေမယ်ဆိုရင်လည်း သံဃာကို ရည်ရွယ် ပြီး လ္ဒူခြင်းကြောင့် အကျိုးကြီးတဲ့ အလျှုမျိုးမို့လို့ အဲဒီအလှူမျိုးမှ တတွယိလွန်ထဲ့ ဗဒ္လိုလ်တွေ့ နိုင်သောကြောင့် ဒါကြောင့် ကူသိုလ်ပြုတဲ့အခါ သံဃာကို ရည်ရွယ်ပြီးတော့ ပြုရတယ် အဲဒီလိုပြုရတော့ ပုထုဇဉ်ပုဂ္ဂိုလ် တွေး သံဃာတွေ။ သမုတိသံဃာတွေ လှူရပေမဲ့ မိမိတို့ရည်ရွယ်ဖို့က အဲဒီ သံဃာအပေါ်မှာ စိတ်မထားရဘူး။ တကယ့်သံဃာအပေါ်မှာ စိတ်ထား ပြီးတော့ လှူဒါန်းကြရတယ်။ အဲဒီလိုလှူဒါန်းခြင်းဟာ မိမိတို့အဖို့ အကျိုး ကြီးကြောင်းလည်းဟုတ်တယ်။ ဒကာမကြီးက ဂတိတိမ်းပါးလို့ အနီးအပါးမှာ သာဓုခေါ်နိုင်တဲ့ဘဝမျိုး ဖြစ်နေတယ်ဆိုရင် အဲဒါမျိုး ရရှိနိုင်တယ်။ သို့သော် မိမိတို့ဒကာမကြီးအကြောင်း မိမိတို့သိပြီးသားပဲ။ ကောင်းမှု ရှင် ကုသိုလ်ရှင်ပဲ။ ကောင်းမှုရှင်။ ကုသိုလ်ရှင်တွေဆိုတာက ကောင်းရာမွန်ရာ ရောက်မှာပဲ။ အဲ မိမိတွေးနိုင်တာ။ အဲဒီတော့ ကုသိုလ်ကောင်းမှုပြုတဲ့ အခါတော့။ အခုလို ကွယ်လွန်တဲ့ မိခင်ဘခင်တွေကို အကြောင်းပြုပြီး လှူဒါန်းပူဇော်ကြတဲ့အခါတော့ သံဃာကို ရည်ရွယ်ပြီးတော့ လှူကြရတယ်။ ဘုန်းကြီးတို့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး တစ်ခါတုန်းက ရာဇဂြိုဟ်ပြည်။ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူတယ်။ မနက်ခင်း ရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံ၀င်တော်မူတယ်1။ ဆွမ်းခံပြီးတော့ ဆွမ်းခံကိစ္စပြီး သွားလို့ အိမ်တစ်အိမ်ရဲ့နံရံမှာ ဝင်ပြီးတော့ ဆွမ်းဘုဉ်းပေးနေတယ်။ ဒီတုန်း က တချို့ဓနရှင်။ ပစ္စည်းရှင်တွေဟာ သူတော်ကောင်းတွေ ကြွရောက်လာတဲ့ အခါ ဆွမ်းဘုဉ်းပေးနိုင်ဖို့ဆိုပြီးတော့ အိမ်မှာ အိမ်အစွန်းမှာ အဖီလေး ထုတ်ထားတတ်ကြတယ်။ နံရံအခြေမှာ အဖီလေး ထုတ်ထားကြတယ်။ အိမ်မှာကြုံတဲ့ ရဟန်းပုဏ္ထားတွေ ကြွလာပြီးတော့ ဆွမ်းဘုဉ်းပေးလေ့ ရှိတယ်။
အဲ-အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကလည်း ဒီလိုပဲ အိမ်နရံ တစ်ခုမှာ သီတင်း သုံးပြီးတော့ ဆွမ်းဘုဉ်းပေးနေတော်မူတယ်။ အဲဒီအခါမှာ သုခိမုခ်ီဆိုတဲ့ ပရဗိုဇိမက သွားရင်းလာရင်းနဲ့လာဆုံမိတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို တွေ့ရတယ်။ ပရဗိုဇ်မဆိုတာ သာသနာတော်တွင်းက အမျိုးသမီး တော့မဟုတ်ဘူ။ သာသနာပြင်ဘက်ကပဲ။ တခြားအယူအဆ ရှိကြတဲ့ သာသနာ ပြင်ဘက်က အမျိုးသမီးပရဗိုဇိမ။ အခုခေတ် မယ်သီလရှင် တွေလို ဖြစ်မှာပေါ့။ ဝတ်ပုံစားပုံကတော့ မယ်သီလရှင်တွေလို ဖြစ်မှာပဲ ဒါပေမဲ့ အခု မယ်သီလရှင်တွေလို သာသနာတွင်းက မဟုတ်ဘူး။ သူက သာသနာပကပဲ။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကိုတွေ့တော့ ရှင်သာရိ ပုတ္တရာ ကိုယ်တော်မြတ်ကြီးကို စူးစမ်းခြင်းငှာ အနားကပ်လာပြီးတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို “ရဟန်း” “ဘာတုန်း”။ “ရဟန်း အောက်ကြည့်ပြီး စားနေတာလား”1 “နှမ ငါက အောက်ကြည့်ပြီး စားခြင်းမျိုး မဟုတ်ဘူး”။ အဲဒီတုန်းက သံဃာတော်တွေဟာ အမျိုးသမီးလေး ခပ်ရွယ်ရွယ် တွေ့တဲ့အခါ (ဘင်နိ-နှမ။ နှမနဲ့ အသုံးပြုလေ့ရှိကြတယ်။) အဲဒါကြောင့် မို့လို့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း “နှမ။ ငါ အောက်ကို ကြည့်ပြီး စားခြင်းမဟုတ်ဘူး”လို့ ပြန်လည် မိန့်ကြားလိုက်တယ်။ ဒီတော့ တစ်ခါ တစ်ဆင့်တက်လာတယ်။ “ရဟန်း အောက်ကိုကြည့်ပြီး စားတာ မဟုတ်ရင် အထက်ကိုကြည့်ပြီး စားတာလား”1 “အေး နှမ ငါအထက်ကို ကြည့်ပြီး စားခြင်းလည်းမဟုတ်ဘူး”။ ဒီတော့တစ်ခါ သုခိမုခ်ီပရဗိုဇ်မက “ဒီလိုဆိုရင် ရဟန်း အရပ်မျက်နှာတွေကိုကြည့်ပြီး စားနေတာလား” လို့ မေးပြန်တော့ “နှမ ငါ အရပ်မျက်နှာတွေကိုကြည့်ပြီး စားခြင်းလည်း မဟုတ်ဘူး”။ “ဒါဖြင့် ရဟန်း အထောင့်အရပ်တွေကိုကြည့်ပြီး စားနေတာလား”။ “အေး နှမ အထောင့်အရပ်တွေကိုကြည့်ပြီး စားခြင်းလည်း မဟုတ်ဘူး”လို့ မိန့်တော်မူလိုက်တဲ့အခါကျတော့ သုခိမုခ်ီပရဗိုဇ်ိမက “အဲ-ရဟန်း အောက် ကြည့်ပြီး စားတာလားဆိုတော့လည်း ငါ အောက်ကြည့်ပြီး စားတာ မဟုတ် ဘူး။ အထက်ကိုကြည့်ပြီးစားတာလားဆိုတော့လည်း ငါ အထက်ကိုကြည့်ပြီး စားတာမဟုတ်ဘူး ပြောတယ်။ ဒါဖြင့် အရပ်မျက်နှာတွေကိုကြည့်ပြီး စား တာလားဆိုတော့လည်း ငါ အရပ်မျက်နှာတွေကိုကြည့်ပြီး စားခြင်းမျိုး
မဟုတ်ဘူး အဲဒီလိုဖြေတယ်။ ဒါဖြင့် အထောင့်အရပ်တွေကိုကြည့်ပြီး စားခြင်းမျိုး စားနေတာလားလို့ မေးပြန်တော့ ရဟန်းက အထောင့်အရပ် တွေကိုကြည့်ပြီး စားခြင်းလည်း မဟုတ်ဘူးလို့ဆိုတယ်။ အဲ-အဲဒီနေရာမှာ ဘယ်လို မှတ်ရမတုန်းလို့။ ဘယ်လိုမှတ်ရပါ့မတုန်းလို့ လျှောက်ထားတဲ့ အခါကျတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဖြေရှင်းပြတယ်။ “အေးနမ- လောကမှာ ဝတ္ထုဝိဇ္ဇာလို့ခေါ်တဲ့ မြယာအတတ်ဆိုတဲ့ တိရစ္ဆာနဝိဇ္ဇား အဲ-မိစ္ဆာဇီဝ မှားယွင်းသော အသက်မွေးမှုဖြင့် အသက်မွေး ကြတဲ့ သမဏဗြာဟ္မဏ ရဟန်းပုဏ္ထားတွေ ရှိကြတယ်။ အဲဒီမြေယာအတတ် နဲ့ မှားယွင်းသောအသက်မွေးမှုဖြင့် အသက်မွေးနေကြတဲ့ ရဟန်းပုဏ္ဍား တွေဟာ အောက်ကြည့်ပြီးစားကြတဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုရတယ်။ လောကမှာ အချို့သောရဟန်းပုဏ္ထားတွေဟာ နက္ခတ္တဗေဒဆိုတဲ့ နက္ခတ်အတတ်ပညာနဲ့ နက္ခတ်ဟောပြီးတော့ ဗေဒင်ဟောပြီးတော့ အဲ နက္ခတ္တဝိဇ္ဇာနဲ့အမှီပြုပြီးတော့ အသက်မွေးကြတဲ့ ရဟန်းပုဏ္ဍားတွေ ရှိကြတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ အထက်ကို ကြည့်ပြီး အသက်မွေးပြီးစားကြတဲ့ပုဂ္ဂိုလ်တွေ အဲ- တချို့သော ရဟန်းပုဏ္ထားတွေဟာ လူတွေရဲ့စေခိုင်းရာသွားပြီးတော့။ လူတွေရဲ့ အစေအပါးခ ပြီးတော့ လူသာမန်အဖြစ်နဲ့ ဟိုသွားဒီသွား ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးကြ။ ဒီလိုနည်းမျိုးနဲ့ အသက်မွေးနေကြတဲ့ သမဏဗြာဟ္မဏ ရဟန်းပုဏ္ထ္ဌားတွေ ရှိကြ တယ်။ ငါဟာ အဲဒီလို လူ့အစေအပါးခံပြီးတော့ အဲ-အသက်မွေးမှုပြုတဲ့ ရဟန်းမဟုတ်ဘူး။ တချို့ရဟန်းပုဏ္ဍားတွေက အင်္ဂဝိဇ္ဇာဆိုတဲ့ ကိုယ်အင်္ဂါ ကြီးငယ်ကိုကြည့်ပြီး ဟောတဲ့အတတ်နဲ့ အသက်မွေးကြတယ်။ အဲဒီ ရဟန်း ပုဏ္ထားတွေဟာ အထောင့်အရပ်ကို ကြည့်ပြီးစားတဲ့ ရဟန်းပုဏ္ထားတွေး အဲ- ငါဟာ ဆိုခဲ့ပြီးသော ရဟန်းပုဏ္ထားတွေကဲ့သို့ ဝတ္ထုဝိဇ္ဇာဆိုတဲ့ မြေယာ အတတ်နဲ့ အသက်မွေးတာလည်းမဟုတ်ဘူး။ လူတွေရဲ့ အစေအပါးခံပြီးတော့ လူ့.သာမန်အဖြစ်ဖြင့် အသက်မွေးတာလည်း မဟုတ်ဘူး။ အဲ-လူ့ကိုယ်အင်္ဂါ ကြီးဖတ်တဲ့ အင်္ဂဝိဇ္ဇာနဲ့ အသက်မွေးတာလည်း မဟုတ်ဘူး။ တရားသဖြင့် ဆွမ်းကိုရှာမှီးတယ်၈ ဒကာ ဒကာမတွေက သူ့ အလိုအလျောက် သဒ္ဓါတရားနဲ့ လှူတဲ့ဆွမ်းကို ကိုယ်ကလည်း တတ်နိုင်သမျှ အပြစ်ကင်းကင်းနဲ့ ဆွမ်းခံပြီး သုံးဆောင်တော်မူတယ်။ တရားသဖြင့် ငါ
သုံးဆောင်တယ်ဆိုတဲ့အကြောင်း မိန့်ကြားတော်မူတယ်1။ အဲဒီတော့ ပရဗိုဇ်မ က တော်တော်လေး ကျေနပ်သွားတယ် တော်တော်လေး သဘောကျသွား တယ်။ အဲ-ရဟန်းတော်တွေဟာ တရားသဖြင့် အသက်မွေးနေပါတယ်လို့ သူ ကောင်းကောင်းနားလည်သွားတယ်။
သာကီဝင်မင်းသား ဘုရားသားတော်ဖြစ်ကြတဲ့ ရဟန်းတော်တွေ ဟာ သာသနာပက ရဟန်းပုဏ္ထ္ဍားတွေလို မိစ္ဆာဇီဝ မှားယွင်းသော အသက် မွေးခြင်းဖြင့် အသက်မွေးကြတာ မဟုတ်ဘူး4 တရားသဖြင့် အသက်မွေးကြတဲ့ ပုဂ္ဂိုလ်တွေပါလားလို့ သဘောပေါက်သွားတယ် အဲ သူ သဘောပေါက် သွားတယ်။ အဲဒီ သုခိမုခီပရဗိုဇိမက ရာဇဂြိုဟ် ရောက်သမျှအရပ်။ လမ်း တကာ လမ်း လှည့်လည်ပြီးတော့ သာကီဝင်မင်းသား ဘုရားသားတော် ဖြစ်ကြတဲ့ ရဟန်းတော်တွေဟာ အပြစ်ကင်းတဲ့ အစားအစာတွေကို စားတော် မူကြတယ်။ သာကီဝင်မင်းသား ဘုရားသားတော်များဖြစ်ကြတဲ့ ရဟန်းတော် တွေဟာ တရားသဖြင့်ရသော ဆွမ်းကိုသာ စားတော်မူကြတယ်။ “ဒေထ သမဏာ မိဏ္ဍဲ”လိုဆိုမြီး "ရဟန်းတော်တွေကို ဆွမ်းလွှတြပါ။ ဆွမ်းလျှ ကြပါ”လို့ လိုက်လံပြီးတော့ ကြွေးကြော်ပေးတယ်။
အဲ- အဲဒီလို အရှင် သာရိပုတ္တရာရဲ့ မိန့်ခွန်းအရ သာသနာတော်မှာ ရှိကြတဲ့ ဘုရားတပည့် သံဃာတော်တွေဟာ အပြစ်ကင်းတဲ့ အနဝဇ္ဇ အစား အစာတွေကို စား ကြတယ်။ ဓမ္မိက တရားသဖြင့်ရတဲ့ အစားအစာတွေ ကိုလည်း စားကြတယ် ရဟန်းဖြစ်ပြီးတော့ ရဟန်းအလုပ်မဟုတ်ကြတဲ့ မိစ္ဆာဇီဝ မှားယွင်းတဲ့ အသက်မွေးမှုတွေနဲ့ အသက်မမွေးကြဘူး။ ဒကာ ဒကာမတို့က သဒ္ဓါတရားဖြင့်။1 လှုသမျှပစ္စည်း ဝတ္ထုတို့ဖြင့် ဆင်ဆင်ခြင်ခြင် သုံးဆောင်ကြတယ်။
အဲဒီလိုသုံးဆောင်ကြတဲ့အတွက် ရဟန်းတော်တွေဟာ အလှှူခံထိုက် [ကြတဲ့ ပုဂ္ဂိုလ်တွေ အဲ-သံဃာတော်တွေဟာ အလှူခံတဲ့ ပုဂ္ဂုုလ်။ သံဃာ သံဃာဆိုတာက အပေါင်းအပေါင်းကို သံဃ သံဃဆိုတာ။ မြန်မာလိုအပေါင်း) အဲဒီအပေါင်းဖြစ်တဲ့ သံဃာမှာ အရိယာတွေလည်း ပါတယ်။ ပုထုဇဉ်တွေ လည်းပါတယ်။ အကုန်လုံးပဲ သံဃာ့အဖွဲ့ 1 အဲဒီသံဃာ့အဖွဲ့ ကို ရည်ရွယ် ပြီးတော့ လှူဒါန်းရတယ်။ ပုဂ္ဂိုလ် တစ်ပါးစီပဲလှူလှူ၊ ပုထုဇဉ်ပုဂ္ဂိုလ်
တွေကိုပဲလှူလှူ၊ လှုတဲ့အခါမှာ သံဃာအထိ စိတ်ရောက်စေရမယ်။ ရှေးအခါက ဒကာတစ်ယောက် ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက်လာတယ်။ ရောက် လာတဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်က အဲ- အိမ်ရှင်ဒကာ၊ အိမ်ရှင်တို့အမျိုးမှာ အိမ်တွေမှာ အလှူဒါနများ ပေးလှူကြရဲ့လား။ မှန်ပါ- တပည့်တော်တို့ ပေးလှူကြ ပါတယ်ဘုရား ဒါပေမဲ့ တပည့်တော်တို့ အဲ- တောရဆောက်တည်တဲ့ ပုဂ္ဂိုလ်တွေး ဓုတင်ဆောက်တည်တဲ့ပုဂ္ဂုုလ်တွေ။ ရဟန္တာတွေး ရဟန္တာဖြစ်အောင် ကျင့်နေကြတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီ ပုဂ္ဂိုလ် တွေကိုသာ တပည့်တော်တို့ လှူကြပါတယ်။ တန်းကြပါတယ်။
အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က သူကြွယ်။ သူကြွယ်တို့ လူပုဂ္ဂိုလ်က ဒီပုဂ္ဂိုလ်ဟာ ရဟန္တာပဲ။ ဒီပုဂ္ဂိုလ်ဟာ ရဟန္ဘာဖြစ်အောင် ကျင့်နေကြတဲ့ပုဂ္ဂုလ်ပဲလို့ သိဖို့ရန်မလွယ်ကူဘူး။ သိဖို့ခက်တယ်။ အဲ- ဒကာတို့ လှူပါတယ်လို့ဆိုတဲ့ တောကျောင်းဘုန်းကြီးဆိုပေမဲ့ တောကျောင်း ဘုန်းကြီးတိုင်းလည်း ဟုတ်ချင်မှဟုတ်တယ်။ ဓူတင်ဆောင်ဆိုပေမဲ့ ဓူတင် ဆောင်တိုင်းလည်း ဟုတ်ချင်မှဟုတ်တယ်4 အဲ-ဘာပုဂ္ဂိုလ်၊ ညာပုဂ္ဂ်ုလ် လိုက်မနေနဲ့ သံဃာကိုလှူ။ သံဃာကိုသာ အာရုံပြုပြီးတော့ လှူပါဆိုတဲ့ အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က မိန့်တော်မူခဲ့တယ်။
ဒါ ကြောင့် အလှူ၏ အကျိုးကြီး ကြောင်းကို လှူတတ်လို့ရှိရင် သဃာ ကိုရည်ရွယ်ပြီးတော့ လှူဒါန်းကြရတယ်။ ပုဂ္ဂိုလ်က ပုထုဇဉ်တွေပဲဖြစ်ဖြစ် မိမိစိတ်က သံဃာပေါ်မှာသာ စိတ်ရောက်ပြီးတော့လှူရင် မိမိတို့လှူတဲ့ ကုသိုလ်ဟာ ဘာဖြစ်နေနေ အကျိုးကြီးတာပဲ။ ဒါကြောင့် ကွယ်လွန်တဲ့ မိခင်ကြီး အကြောင်းပြုပြီးတော့ လှူဒါန်းကြတဲ့ ဤနေ့အခါသမယည၌ အားလုံး သံဃာကိုရည်ရွယ်ပြီးတော့ လှူဒါန်းကြ1 လောကမှာ အလှူဆိုတာက ဘုန်းကြီးတို့ ဒီလိုပဲရည်ရွယ်ပြီး လှူရတာပဲနော်။ ဘုရားကိုလှူချင်ရင် ဘုရားရှိတာမဟုတ်ဘူး ပရိနိဗ္ဗာန် စံဝင်သွားပြိ၊ သို့သော် ပရိနိဗ္ဗာန် စံသွားပြီးဆိုတော့ မိမိတို့မှာ ဘုရားပျောက်ရောလားဆိုတာ မပျောက်ဘူး။ ဘုရားမရှိပေမဲ့ ဘုရားဂုဏ်တော်တွေ အထင်အရှားရှိနေတယ်4 အဲဒီဂုဏ်တော် တွေကို မိမိတို့က သိနေကြတယ်။ အဲဒီဂုဏ်တွေကို အာရုံပြုနိုင်ကြတယ်။
ဒါကြောင့် အဲ- ဘုရားကိုလှူချင်ရင် ဆင်းတုတော်တွေး စေတီ တော်တွေကို မိမိတို့က ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ကိုယ်တော်စားအဖြစ် လှူကြရတယ်။ အဲ-ဘုရားကိုအာရုံပြုပြီး လှုကြရတယ်။ ထို့အတူပဲ တရား လှူချင်တယ်ဆိုရင်လည်း တရားဆိုတာက အထည်ကိုယ်ရှိတာ မဟုတ်ဘူး။ တရားကို တိုက်ရိုက်လှူလို့ရတာ မဟုတ်ဘူး တရားတော်ကို ဆောင်ထား ကြတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရှိနေတဲ့ တရားတွေကို အာရုံပြုပြီးတော့ တရားကို ပူဇော်ပါ၏ တရားကို လှူဒါန်းပါ၏လို့ ဓမ္မဒါန တရား အလှူ လှူတတ်ရတယ်1။ အဲ-ကိုယ်စားအဖြစ်ဖြင့် ထို့အတူပဲ သံဃာလှူကြတဲ့အခါကျတော့လည်း အဲ-တကယ့်သံဃာတွေကို ရည်ရွယ် ပြီးတော့ အဲဒီသံဃာတွေရဲ့ကိုယ်စားအဖြစ်ဖြင့် ယခုခေတ် သံဃာတွေကို လှူကြရတယ်။ အဲဒီလိုလှူရင် သံဃေဒိန္နံမဟပ္ဖလံကျမ်းဂန်အရ သံဃာအား လှူခြင်းသည် အကျိုးကြီး၊ တယ်ဆိုတဲ့ကျမ်းဂန်အရ အကျိုးကြီးခြင်းအကျိုး ကို ရတယ်
ဒါထက်မက မိမိတို့ အဲ- ကုသိုလ်ကိုပေးချင်တဲ့ မိမိတို့ရဲ့ ကျေးဇူးရှင် မိခင်ကြီးအတွက်လည်း ရောက်ရှိနိုင်တယ်။ ရောက်နိုင်တဲ့ဘဝ ရှိနေရင် ပေါ့လေ ကုသိုလ်ရှင်ဆိုတာကတော့ ကောင်းရာဘုံဘဝ ရောက်နေမှာပဲ။ ကောင်းရာဘဝ ရောက်နေရင် ဒီကုသိုလ်တွေကိုပေးပေမဲ့ မရောက်ဘူး။ ရောက်တယ်ဆိုတာ အနီးအနားမှာ တစ္ဆေသူရဲ ပြိတ္တာတွေ ဖြစ်နေမယ် ဆိုပါက ရောက်နိုင်တာ။ ကောင်းရာမွန်ရာ နတ်ပြည်ရောက်နေမယ်။ လူ့ပြည် သုဂတိ ရောက်နေမယ်ဆိုရင် အဲ- ဒီက ပေးပေမဲ့ ရမှာမဟုတ်ဘူး အဲ- မရောက်နိုင်တော့ အကျိုးမရှိဘူးလားဆိုတော့ မိမိတို့အဖို့ကတော့ အဲဒီ စေတနာတွေကို ရပြီးသားပဲ။ ကုသိုလ်တွေရပြီးသား။ ကောင်းမှုတွေဖြစ်ပြီး သားပဲ ဒါကြောင့်မို့လို့ ယနေ့ ကွယ်လွန်ခဲ့တဲ့ အနန္တကျေးဇူးရှင် မိခင်ကြီး၊ ရဲ့ဂုဏ်ကို အာရုံပြုပြီး လှူဒါန်းရတဲ့အခါသမယဉ် အဲ- သံဃာကို ရည်ရွယ် ပြီးတော့ လျူဒါန်းခြင်းဖြင့် မိမိကုသိုလ်အကျိုးကြီးအောင် ဆောင်ရွက်ကာ မိခင်ကြီးကို အထူးကျေးဇူးပြုနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဒေါ်ညွန့်လွင် ရက်လည်ဆွမ်း အနုမောဒနာ
ကွယ်လွန်သူကို အကြောင်းပြုပြီးတော့ ယနေ့ လှူကြ တန်းကြ ပူဇော်ကြတယ်။ စောစောကလည်း လျှူခဲ့ပြီးကြပါပြီ1/ အမျှအတန်းပေးဝေ ပြီးကြပြီ။ အခုလည်း ထပ်ပြီးတော့ ရက်လည်ဆိုပြီးတော့ မြန်မာဗုဒ္ဓဘာသာ တို့ရဲ့ အစဉ်အလာအတိုင်း မတကဘတ္တ ကွယ်လွန်တဲ့ပုဒ္ဂိုလ်ကို ရည်ညွှန်း ပြီးတော့ ဆွမ်းဒါနကို ယနေ့လှူဒါန်းကြတယ်။
ဘုန်းကြီ၊ တို့ပညာရှိတွေ အဆိုတစ်ခုရှိတယ်။ ဓနေနကိံ ယောနဒ ဒါ တေ နာသနုတေ။ ယော-အကြင်ပုဂ္ဂိုလ်သည်။ နဒဒါတိ-လှူလည်းမလှူဒါန်း။ နာသနုတေ-စားလည်းမစား။ မစားရက်မသောက်ရက်။ မဝတ်ရက်။ တေန ဓနေန- ထို မလှူရက်မတန်းရက်။ မစားရက် မသောက်ရက်။ မသုံးရက် မစ္ပဲ ရက်ဆိုတဲ့ ပစ္စည်းဥစ္စာမျိုးဖြင့်၊ ကိ“ံ-အဘယ်အကျိုးရှိပါအံ့နည်းတဲ့။
လောကမှာ မလှူရက်။ မသုံးရက်၊ မစ္ပဲရက်နေတဲ့ ပုဂ္ဂိုလ်၊ ငှါမှာတဲ့ ပုဂ္ဂိုလ်၊ တွန့်တိုတဲ့ပုဂ္ဂိုလ်၊ မေ့လျော့တဲ့ပုဂ္ဂိုလ်၊ အားလုံး ပစ္စည်းဥစ္စာကို မလှူ ရက် မတန်းရက်တဲ့ပုဂ္ဂိုလ်၊ စားလည်းမစားရက်တဲ့ပုဂ္ဂိုလ်ဟာ သူ့အတွက် အဲဒီဥစ္စာဟာ ဘာမှအကျိုးမရှိဘူး။ လောကမှာ စားလည်းစား။ လှူလည်. လှုကြရတယ်။ ဗုဒ္ဓဘာသာတို့ရဲ့ အစဉ်အလာ ဒါနရဲ့ အကျိုး မြင်ကြလို့ ဘုရား သိပ်ကြည်ည်ုကြလို့။ တရား ကြည်ည်ု၊ သံဃာ ကြည်ည်ကြလို့ မိမိတို့ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးအား လှူကြတန်းကြပူဇော်ကြ။ ပစ္စည်း ဥစ္စာဆိုတာက သုံးတတ်ရင် အင်မတန်အကျိုးရှိတယ်။ မသုံးတတ် ရင်တော့ ဒုက္ခရောက်တတ်တယ်။ သေရင် ပြိတ္တာဖြစ်တတ်တယ်။
ရှေးတုန်းက ရာဇဂြိုဟ်ပြည်မှာ စျေးသည်လေးယောက် ရောင်းကြ ဝယ်ကြ။ တရားတာလည်းပါရဲ့။ မတရားတာလည်းပါရဲ့။ အဲသလို အရောင်း အဝယ်လုပ်။ စျေးရောင်းစျေး၀ယ်လုပ်ပြီးတော့ ကြိုးစားလိုက်ကြတာ ပစ္စည်း တွေ အများကြီး ရလာကြတယ်1။ ဒါပေမဲ့ တစ်နေ့ကျတော့ အကြောင်း အားလျော်စွာ သူတို့ ကွယ်လွန်သွားကြတယ်။ ကွယ်လွန်တဲ့အခါကျတော့ ထ ထ အော်နေကြတယ်။
မယံ ဘောဂေ သံဟရိမှ၊ သမေန ဝိသမေနစ။
တေ- အညေ ပရိဘုဒ္ဓန္တိ' မယံ ဒုက္ခဿ ဘာဂိနိီ။
မယံ-ငါတို့သည်။ သမေနစ-တရားနည်းလမ်းဖြင့်လည်းကောင်း။ ဝိသ မေနစ-မတရားတဲ့နည်းလမ်းဖြင့်လည်းကောင်း၊ ဘောဂေ-စည်းစိမ် ဥစ္စာ ရတနာတို့ကို၊ သံဟရိမှ-အားကြိုးမာန်တက် စုဆောင်းခဲ့ကြပါ ကုန်၏ တေ-တို့က စုဆောင်းခဲ့တဲ့ ပစ္စည်းဥစ္စာတို့ကို၊ အညေ-တစ်ပါးသော ပုဂ္ဂိုလ်တို့သည်။ ပရိ ဘုဒ္စန္တိ-သုံးဆောင်စားသောက်ဤ နေကြလေကုန်၏ 1 မယံ-ငါတို့အဖို့မှာတော့။ ဒုက္ခဿ- ဆင်းရဲဒုက္ခဓါသာ။ ဘာဂီ-အဖို့ဘာဂ ရှိကြကုန်သည်။ ဟောမ-ဖြစ်ကြရပါကုန်သတည်း။
အေး ဒါကြောင့် ပစ္စည်းဥစ္စာဆိုတာက သုံးတတ်ရင် အကျိုးရှိတယ်။ လှူမယ်တန်းမယ်ဆိုရင် တို့ဖို့ချည်းပဲ တို့ဖို့ပါမှာချည်းပဲ။ လ္ဒူတဲ့တန်းတဲ့ အတွက် ဒီဘဝလည်း စိတ်ချမ်းသာရတာပဲ။ အဲဒီ ကုသိုလ်ကောင်းမှုဒါနတွေ ဟာ ဒီဘဝလည်း အကျိုးမပေးဘူးလို့ မဆိုနိုင်ဘူး။ အကြောင်းအားလျော်စွာ အကျိုးပေးနိုင်တာပဲ။ ဒါကြောင့် ဒါနဆိုတာ အင်မတန်ပြုအပ်တဲ့ကိစ္စ။ သို့ သော် မစ္ဆရိယဆိုတဲ့ နှမြောတဲ့သဘောတရားလေး ဝင်လာပြီဆိုရင် မပေးရက် မလှူရက်၊ မဲပြီး စီးပွားရေးသာအားထုတ်ကြရင် နောက်ဆုံးကျတော့ ခုန ပြောသလို တွယ်တာတဲ့တဏှာတရားကြောင့် မကောင်းတဲ့ဘဝရောက်ကြ1 ပြိတ္တာဖြစ်ကြရတယ်။ ငရဲရောက်ချင် ရောက်ကြရတယ် 1
ဒါကြောင့် ပစ္စည်းဆိုတာ သုံးတတ်ရင် အကျိုးရှိတာပဲ။ မသုံး တတ်ရင် အကျိုးမရှိဘူး။ တရားသဖြင့်ရှာ၊ တရားသဖြင့်သုံး၊ တရားသဖြင့်လှူ 1 အဲသလိုဆိုရင် ပစ္စည်းဟာ မိမိတို့အဖို့ အင်မတန်အကျိုးရှိတဲ့ ကုစ္ဆာသယ
မဏိဇောတ စိန္တာမဏိ ပတ္တမြားရတနာကြီးလို့ ဆိုတယ်။ ပဒေသာပင်ကြီး လို့လည်း ဆိုတယ်။
ယနေ့ မိမိတို့ ကွယ်လွန်တဲ့ ဒကာမကြီး အကြောင်းပြပြီး လျကြ တန်းကြ ပူဇော်ကြတဲ့ဒါနကုသိုလ်ဟာ မွန်မြတ်တဲ့ ဒါနကုသိုလ်ကြီး၊ အဲသလို လ္ဂူခြင်းတန်းခြင်းရတဲ့ ကုသိုလ်တွေဟာဖြင့် မိမိတို့ ကွယ်လွန်တဲ့ ဒကာမကြီးကို ပေးနိုင်တယ်။ ယနေ့ ပေးကြဖို့ ကြုံးစားကြ။ နောက်နောက် ကလည်း သရဏဂုံတင်ကြတဲ့အခါတုန်းကလည်း ပေးခဲ့ကြတယ်။ အခုလည်း ရက်လည်ဆိုပြီးတော့ မိမိတို့ဒါနမှု အရင်းပြုပြီးတော့ ဒကာမကြီးအတွက် လက်ဆောင်ပေးကြ။ ဒါ မွန်မြတ်သောပေးခြင်းပဲ4 အဲဒီပေးခြင်းကြောင့် မိမိတို့ကုန်သွားရတဲ့ ပစ္စည်းတွေဟာ အကျိုးရှိတဲ့ပစ္စည်းတွေး အမြတ် များများရတဲ့ပစ္စည်းတွေ။ ဒါကြောင့် ယနေ့ မိမိတို့ပြုရတဲ့အလှူဟာ တရား မှန်ကန်တယ် မွန်မြတ်တယ်။ ဘုရားအလိုတော်ကျ လိုက်နာခြင်းဖြစ်တယ်လို့ တွေးမိတိုင်း မိမိတို့ ဝမ်းသာဖို့အလွန်ကောင်းတဲ့ အလှူဒါနကြီးဖြစ်တယ်။
ဗလေ နကိံယံ ရ ရိပုံ နဗာဓဘေ၊ ရိပုံ-ရန်သူကို၊ ယံနဗာဓတေ- ယံ အကြင်ခွန်အားသည်။ ရိပုံ- ရန်သူကို နဗာဓတေ- မံတားမြစ်နိုင်။ တေန ဗလေန-ရန်သူကို မတားမြစ်နိုင်တဲ့ ခွန်အားမျိုးဖြင့်၊ ကိ“'-အဘယ် အကျိုးရှိအံ့နည်း။
ပညာရှိတို့အဆိုတစ်ရပ်။ ခွန်အားတော့သိပ်ကောင်း သို့သော် ရန်သူ နဲ့ ကြုံလာတဲ့အခါမှာ မတွန်းလှန်နိုင်ဘူးဆိုရင် အဲဒီခွန်အားဟာ အလကားပဲ တဲ့။ အားရှိရင် အရေးကြုံရင် အဲဒီအားအသုံးပြုပြီးတော့ ဆောင်ရွက်နိုင်ရင် သူ့အားဟာ အသုံးကျတဲ့အား၊ မွန်မြတ်တဲ့အားလို့ဆိုတယ်။
သုတေန ကိံယံစ ဓမ္မ မာစရေ-သုတေနကိံ ယံစ ဓမ္မ နအာစရေ။။ ယံ-အကြင်ဗဟုသုတသည်။ ယံ-အကြင် အကြားအမြင် ဗဟုသုတသည်။ ဓမ္မံ-တရားကို၊ နအာစရေ-မကျင့်။ တေန သုတေန-ထို တရားမကျင့်တဲ့ သုတမျိုးဖြင့်၊ ကိံ-အဘယ်အကျိုးရှိအံ့နည်း။
ဒီအဆိုလေးက အင်မတန်နှစ်သက်ဖွယ်ကောင်းတယ်။ ဗဟုသုတ တွေ များနေပေမဲ့ တရားမကျင့်လို့ရှိရင် အဲဒီပုဂ္ဂိုလ်ရဲ့ဗဟုသုတဟာ ဘာမျှ အကျိုး မရှိဘူး။ နားမလည်တဲ့ မတတ်တဲ့ပုဂ္ဂါလ်နဲ့ ဘာမျှမထူးဘူး။
အကျိုးထူး ဘာမျှ မရှိဘူး။ ဟုတ်တာပေါ့ / ဘုန်းကြီးတို့သိရင် ကျင့်ကြရတယ်။ အဲ-တရားသိလို့ရှိရင် ကျင့်ကြရတယ်။
ဩဝါဒပါတိမောက်မှာ ဘုရားရှင်ကိုယ်တော်မြတ် ဟောထားတာ ရှိတယ်။
သဗ္ဗပါပဿ အကရဏံ) ကုသလဿ။ ဥပသမ္ပဒါ သစိတ္တ ပရိယောဒပနံ။
ဧတံ ဗုဒ္ဓနသာသနံ မကောင်းမှုမှန်သမျှ ရှောင်ကြဉ်ခြင်း၊ ကောင်းမှုမှန်သမျှ ပြုခြင်း၊ မိမိစိတ်ထားကို ဖြူစင်အောင်ထားခြင်းဆိုတဲ့ အကျင့်သုံးပါးဟာ ပြုရမည့် အကျင့်တွေ ဘုရားရှင်ကိုယ်တော်မြတ်က အရေးကြီးတဲ့ ဩဝါဒပါတိီမောက် အဖြစ်နဲ့ တပည့်တွေကို အမြဲတမ်းညွှန်ကြားတော်မူတဲ့ တရားတစ်ပုဒ် အဲဒီ တရားသိထားပြီတဲ့။ မကောင်းမှုမပြုရဘူး။ ကောင်းမှုကျင့်ရမယ်လို့ မိမိ စိတ်ထားကို ဖြူစင်အောင် နှလုံးသွင်းရမယ်။ ကျင့်ကြံရမယ်လို့။ ဒါ အင်မတန် ကောင်းတဲ့တရား၊ ပိဋကတ်သုံးပုံကို ငုံမိတဲ့တရားတစ်ခု။ ဟုတ်တာပေါ့ 1 ပိဋကတ်သုံးပုံဆိုတာ ဓမ္မက္ခန္ဓာတရားပေါင်း ရှစ်သောင်း လေးထောင် ဆိုပေမဲ့ အကျဉ်းချုပ်လိုက်တော့ ဒါပဲ။ အနှစ်ချုပ်လိုက်တော့ အားလုံး ဒေသနာတွေဟာ မကောင်းမှုမပြုဖို့ ညွှန်ကြားထားတာချည်းပဲ။ ကောင်းမှု ပြုဖို့ ညွှန်ကြားထားတာချည်းပဲ။ စိတ်ဓာတ်ကို မညစ်နွမ်းအောင်၊ ဖြူစင် အောင်။ စိတ်ဓာတ်မှာ ကိလေသာ အညစ်အကြေးတွေ မဖြစ်အောင် သဒ္ဓါ သီလ စသော သူတော်ကောင်းတရားတွေဖြစ်အောင် ကြိးစားဖို့ညွှန်ကြားတာ အကောင်းကြီးပဲ။ အဲဒီအကောင်းကို မိမိက သိထားရတယ်41 ဗဟုသုတ အနေနဲ့သိထားပြီး ဘာမျမကျင့်ဘူး။ မကောင်းမှုတွေလည်း ပြုတာပဲ။ ကောင်းမှု တွေလည်း မေ့တာပဲ။ စိတ်ကိုလည်း ညစ်အောင်သာလုပ်တယ်။ ဖြူစင်အောင် မလုပ်ဘူး ဆိုရင်ဖြင့် ဒီတရား၊ ဒီဗဟုသုတကို မကျင့်လို့၂ အဲဒီဗဟုသုတဟာ သူ့အဖို့ ဘာမျှအကျိုးမရှိဘူး။
ကိမတ္တနာ ယော ဇိတိန္သြေယော ဘဝေ။
ယော-အကြင် မိမိကိုယ်သည်။ မိမိစိတ်သည်။ စိတိန္ခြေယော- အောင် အပ်ပြီးသောက္ကန္သြေရှိသည်။ ဝါ- မျက်စိ၊ နား။ နှာ။ လျှာ။ ကိုယ်။ စိတ်တည်း ဟူသော က္ကန္ရြေတရားတို့ကို လွှမ်းမိုးနှိမ်နင်းအောင်မြင်နိုင်သည်။ နဘဝေ-မဖြစ်ပါပေ။ တေနအတ္တနာ-ထို မိမိကိုယ် စိတ်နှင့် ကူန္ဗေကို မနိမ်နင်းနိုင်၊ က္ကန္ရြေကို မနှိမ်နင်းနိုင်တဲ့ မိမိကိုယ် စိတ်နှင့် ကိ“-အဘယ် အကျိုး ရှိပါအံ့နည်း။
လောကမှာ တို့ကိုယ်ကြီးက။ တို့စိတ်ကြီးက က္လန္ဗေကို နှိမ်နင်းနိုင်မှ အကျိုးရှိတယ်။ က္ဂန္ဌြေကို နှိမ်နင်းနိုင်မှ ဒီကိုယ်ကြီး ရကျိုးနပ်တယ်။ ဒီစိတ် ရကျိုးနပ်တယ်။ က္ကန္ဒြေအလိုလိုက်ပြီးတော့ လောဘဖြစ်ဖွယ် က္ဂန္ခြေနောက် လိုက်မယ် ဒေါသဖြစ်ဖွယ် ကုန္သြေတွေနောက်လိုက်မယ်ဆိုရင် ကုန္ဒေနှိမ်နင်းမှု တရားသိပြီး မလိုက်နာတော့ မလိုက်နာတဲ့ခန္ဓာကိုယ်ကြီးဟာ အလကားပဲ စိတ်ဟာ အလကားပဲ။ ဒါကြောင့် လောကမှာ သိရင်သိတဲ့အတိုင်း လိုက်နာ ကြရတယ်။ သိတဲ့အတိုင်း ကျင့်ကြံရတယ် သိအောင်လည်း ကြိုးစားကြရ တယ်/။ အဲသလို လိုက်နာမှ ကျင့်ကြံကြမှ အားလုံးအကျိုးရိုတယ်။
ဘုရားရှင်က မရဏဿတိ ပွားကြလို့ မိန့်ကြားတော်မူခဲ့တယ်။ ဩဝါဒ ပေးတော်မူခဲ့တယ်။ အင်မတန် မွန်မြတ်တဲ့ဩဝါဒ၊ အဲဒီတရား အတိုင်း လိုက်နာမယ်ဆိုရင် အင်မတန်အကျိုးရှိတယ်။ အကျိုးတွေကိုပြောရင် မနည်းဘူး အဲဒါကြောင့် တရားဆိုတာ။ ဗဟုသုတဆိုတာဟာ၊ အသိအလိမ္မာ ဉာဏ်ပညာ ဆိုတာဟာ သိရင်သိတဲ့အတိုင်းကျင့်မှ အကျိုးရှိတယ်။ ယနေ့ ဒါယိကာမကြီး အကြောင်းပြုပြီးတော့ လှူဒါန်းကြတော့ အဲဒီတရားလေး တွေကို ကျင့်ရတယ်။ ကဲ လိုက်ဆိုကြစမ်း။
မရဏံ မေ ဘဝိဿတိ မေ အကျွန်ပ်အား။ မရဏ-လူ.အနေမှ စုတေ ရခြင်းသည်။ ဘဝိဿတိ တစ်နေ့သောအခါ ဖြစ်လိမ့်မှာတကား။
ဇီဝိတံ မေ နိရုဇ္ရိဿတိ။ မေ- ယခုမျက်မြင် အသက်ရှင်လျက်ရှိသော အကျွန်ပ်စါ 1 ဇီဝိတံ-ရုပ်နာမ်နှစ်ချက် အသက်ဇီဝိတသည်။ နိရုဇ္ခိဿတိ တစ်နေ့သောအခါ ချုပ်လိမ့်မှာ မှန်စွာမလွဲပါတကား။
ဒါလေးတွေဟာ အမှန်ကတော့ စကားအနေနဲ့တော့ စကား သေးသလိုလို ထင်ရတယ်။ အမှန်ကတော့ အင်မတန်လေးနက်တဲ့ ဘာဝနာ ဒီ ဘာဝနာပွားများရင် လောကမှာ လူကောင်းတစ်ယောက် ကောင်းကောင်း ဖြစ်နိုင်တယ်1/ မာနတွေး ဒေါသတွေ တဖြည်းဖြည်းပါးရင်1/ ကုဿာ မစ္ဆရိယတွေ နည်းနည်းပါးရင် မကောင်းတဲ့တရားတွေ ကင်းကြောင်းဖြစ်တဲ့ ကောင်းမြတ်တဲ့ ဘာဝနာမို့လို့ ဒီဘာဝနာမျိုး မပွားထိုက်ဘဲ ရှိပါ့မလား။ ကဲ လိုက်ဆိုဦး။
ယထာယံ မတား တထာမယမ္ပိ ဧဝံ့ ဓမ္မာ ဧဝံဘာဝီ ဧဝံ အနတီတာ။ အယံ-ဤဒကာမကြီးသည်။ မတာယထာ-စုတိ ကမ္မဇရုပ် ဝိညာဉ်ချုပ်လေ စုတေရသကဲ့သို့) မယံပိ-သေမင်းအစာ ခန္ဓာလက်ရှိ ဖြစ်ကြကုန်သော တပည့် တော်တို့သည်လည်း။ ဧဝံ-ဓမ္မာ- ဤဒကာမကြီးကဲ့သို့ပင် သေရခြင်းသဘော ရှိကြပါ ကုန်စါ။ ဧဝံဘာဝိ-ဤသေရခြင်းသဘောတရားမှာ ဖြစ်လိမ့်မည် ဧကန်ပါတကား။ ဧဝံ အနတီတာ- ဒကာမကြီးကဲ့သို့ပင် သေရခြင်းသဘောကို လွန်မြောက်ခြင်းငှာ မစွမ်းနိုင်ကြပါကုန်။ ဘယ်သက်ရွယ်မှား ဘယ်ရောဂါနှင့် ဘယ်ခါကာလ။
ဘယ်ဒေသရှိ။ ဘယ်ဂတိခ်၊ သေရမည့်တာ။ တို့သူငါ မှန်စွာ မသိပါတကား > သူသူငါငါ။ သတ္တဝါကား၊ ခေတ္တနား ခရီးသွားတွေပါ တကား)။
လောကမှာ လူ့ဘဝဆိုတာ အားကိုးရာရှိတယ်။ အားကိုးရာဆိုတာဟာ အကောင်းဆုံးအားကိုးရာဟာ ဘာဝနာပဲ။ မရဏနဿတိ အစရှိသော ဘာဝနာတွေရှိမယ်ဆိုရင် သေရမှာမကြောက်ဘူး။ ဒီဘာဝနာ ထုံထားတဲ့ ပုဂ္ဂိ်ုလ်တစ်ယောက်ဟာ တစ်နေ့ သေခါနီးဆဲဆဲပဲရောက်ဦး သေရမှာ မကြောက်တော့ဘူး) ရဲတယ် ဘာဖြစ်လို့တုံး။ တို့မှာ လက်နက်ကောင်းရှိလို့ 1 ဘာဝနာဆိုတာ လက်နက်ကောင်း၊ အဲဒီလက်နက်ကောင်း ရှိပြီဆိုရင် လောကခရီးသွား တစ်ယောက်ဟာ တုတ်ဓား စသည် လက်နက်မပါရင်။ အကာအကွယ်မပါရင် ရုတ်တရက် ရန်သူ စသည်နဲ့ဆုံမိတဲ့အခါ ကြောက်လန့် တတ်တယ်။ တို့မှာ အားကိုးရာလက်နက်ပါရင် မေတို့ ဘာတို့ ရန်သူ
တွေနဲ့တွေ့ရပေမဲ့ မကြောက်ဘူး ရဲတယ်။ အဲဒါလိုပဲ ဘာဝနာတွေဟာ မွန်မြတ်တဲ့တရားတွေး ဘာဝနာတရားတွေ ရှိပြီဆိုရင် သေရဲတယ်။ နေရရင် လည်း ချမ်းသာတယ်။ ဘာဝနာတွေဟာ မိမိတို့အားကိုးရာတွေ ဖြစ်တယ်။
အမှန်က သေခြင်းတရား အောက်မေ့တာဟာ တကယ့်မင်္ဂလာ တကယ့်ဘာဝနား ဘာဖြစ်လို့တုန်းး' ဘာဝနာဆိုတာ မဟာကုသိုလ်ဇောလို့ ဆိုတယ်။ အဲဒါကြောင့် ကုသိုလ်၊ တကယ့်ကုသိုလ်တွေ ဘယ်မှာ မကောင်းဘဲ ရှိပါမလဲ။ ဒါကြောင့် သေခြင်းသဘောတရားဆိုပေမယ့် အောက်မေ့ကြရ တယ်။ သေခြင်းတရား အောက်မေ့တဲ့ မရဏဿတိ ဘာဝနာပွားများရင် စိတ်ချမ်းသာရတယ်။ ခုနပြောသလို မိမိဟာ သေရတော့မယ် ဘာမှ အသုံးမကျဘူးလို့ မိမိကိုယ်ကို တွေးထင်တဲ့ ဘာဝနာ ထင်နေရင် တစ်နေ့ကျ တော့ သေရမှာလဲ မကြောက်ဘူး။ နေရတဲ့အခါလဲ မကောင်းတဲ့တရားတွေ ကို တွန်းလှန်နိုင်ကြတာ။ ဒေါသ ဖြစ်ခဲတယ်။ လောဘ ဖြစ်ခဲတယ်။ မောဟ ဖြစ်ခဲတယ်။ မာနဖြစ်ခဲတယ်။ က္ဂဿဖြစ်ခဲတယ်။ ဒါကြောင့် ဘာဝနာဆိုတာ အလမေဝ-ပွားများဖို့ရာ ထိုက်တန်သင့်လျော်သည်သာတည်း။ ဒါကြောင့် သေခြင်းတရားလဲ မကြာမကြာ အောက်မေ့ကြရတယ်။ အောက်မေ့ခြင်း ကြောင့် ကုသိုလ်တွေ အများကြီး ဖြစ်ကြရတယ်။ အဲဒီကုသိုလ်တွေဟာ စိတ်ဓာတ်ခိုင်မာရေး ဆောက်တည်ရာရရေးအတွက် အင်မတန် အားကြီးတဲ့ အကြောင်းတွေလို့ သိပြီးတော့ တို့တတွေ ရန်သူနဲ့ကြုံရင် တွန်းလှန်နိုင်အောင် မရဏသတိ စသော ဘာဝနာတရား ကို ပွားများပါ။ ပွားများသင့်တယ်လို့ ကြိုးစားပြီး ပွားများပေးပါ။ အဓိဋ္ဌာန်ပြုကြပါလို့ ဘုန်းကြီးက တိုက်တွန်း လိုက်ပါတယ်။
(သာဓု သာဓု သာဓု)
သရဏဂုံတင် မြေဆင်း သပိတ်သွတ် တရားတော်
မဟာဘေဝဂလမ်းနေ ကွယ်လွနိုသူ ကျောင်းဒကာ၀ကြီး ဦးမြလိုဇိဇ်ါ သုံးရက်မြောက် သရဏဂုံတင် မြေဆင်းသဗိတိသွတိ ဆွမ်းအလှဒ္ဌိ ဗောကြားသေခတရားတေိ
အဲ ယနေ့ကွယ်လွန်ခဲ့တဲ့ဒကာကြီးကို အကြောင်းပြုပြီးတော့ မိမိတို့ ဒကာကြီး၊ ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော ကုသိုလ်တရားတွေ ပြုကြ ဝတ္တရားအရပြုကြ1 မိမိတို့ဗုဒ္ဓဘာသာအနေဖြင့် တစ်စုံတစ်ယောက်) ပုဂ္ဂိုလ်တစ်ယောက်ယောက် ကွယ်လွန်ပြီဆိုရင် အဲဒီပုဂ္ဂိုလ်တစ်ယောက်ယောက် ကောင်းရာမွန်ရာ ရောက်အောင်ဆိုပြီးတော့ ဒီလိုပဲ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ အမျှအတန်းပေးဝေကြတယ်။
ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ တာဝန် တစ်ခုပဲ။ ၀တ္တရားတစ်ခုပဲ။ အဲဒီတော့ ဒီတာဝန်ကို ယနေ့ မိမိတို့ ထမ်းဆောင်ကြခြင်းပဲ။ သံဃာတော် တွေ့ကို မွန်ဖြတ်လှရွာသော ဆွမ်း၊ ဖစ္စည်းအမျိုးမျိုး တိုကို လျှဒါန်းကြခြင်း ဖြင့် ဒကာကြီးအား ကောင်းရာမွန်ရာရောက်ပါစေ။) ဖြစ်ရာဘဝ၌ ချမ်းသာ သုခ တိုးတက်ခံစားရပါစေ။ ဒီလိုအမျှအတန်းပေးဝေကြး ကုသိုလ်ကောင်းမှု ပြုကြတာ မိမိတို့တာဝန်တစ်ရပ်၊ ဝတ္တရားတစ်ရပ်ပဲ။ အဲ လောကမှာ ဘုန်းကြီးတို့ ကျမ်းဂန်အဆိုတစ်ရပ်ရှိတယ်။ သားသမီးများကို မိဘများက လိုလားတောင့်တကြး တို့သေလို့ရှိရင် သူတို့က တို့ကို အမျှအတန်းပေးဝေ ကြလိမ့်မယ်လို့ မျှော်လင့်ကြ၊ တောင့်တကြတယ် ဒါဟာ ရှေးတုန်းကလည်း အိန္ဒ်မှာ အဲဒီလိုပဲ။ သူတို့ လူ့အယူအဆ၊ လူ.တာဝန်တစ် ရပ်အဖြစ်ဖြင့် သားကလေးတွေကို မြတ်နိုးကြ၊ သူတို့ဟာ တို့သေလို့ရှိရင် အမျှအတန်း ပေးဝေ ကြလိမ့်မယ်ဆိုပြီးတော့ တို့ချမ်းသာအောင် ဆောင်ရွက်ပေးလိမ့်မယ် လို့ မျှော်လင့်ကြ တောင့်တကြ။ အဲဒါလိုပဲ ဘုန်းကြီးတို့ဗုဒ္ဓဘာသာ
တွေမှာလည်း အဲ တစ်စုံတစ်ယောက် ကွယ်လွန်သွားပြီဆိုရင် ကျန်ရစ်တဲ့ သားသမီးတွေကို မျှော်လင့်ကြ၊ ဆွေမျိုးတွေအပေါ်မျှော်လင့်ကြ၊ သူတို့ကို ကောင်းရာမွန်ရာရောက်အောင် ကုသိုလ်ကောင်းမှုတွေပြုပြီးတော့ အမျှအတန်း ပေးဝေကြလိမ့်မယ်လို့။ အဲဒါ သူတို့မျှော်လင့်ချက်အတိုင်း တောင့်တကြတဲ့ အတိုင်း မိမိတို့က တာဝန်အရ ယနေ့ ကုသိုလ်ပြုပေးကြ။
အဲ တောင့်တတဲ့ အစဉ်အလာတစ်ရပ်ပဲ။ အဲဒီအစဉ်အလာအရ။ အဲ- ယနေ့ ကုသိုလ်တွေပြုကြ၊ အဲ ဒီလိုပြုပေးကြတဲ့အခါကျတော့ မိမိတို့က သေခြင်းတရားကို အထူးအားဖြင့် အောက်မေ့ကြရတယ်။ ဒကာကြီး၊ ဒကာမကြီးတွေ သေခြင်းဆိုတာ မိမိတို့နှင့် ဝေးတာမဟုတ်ဘူး။ ကပ်နေတာ။ ဘယ်အချိန်ခါမှာမဆို သေနိုင်ကြတယ်။ အဲဒါကြောင့်မို့လို့ အဲဒီသဘာဝကို တွေးမိရင် သံဝေဂဖြစ်ကြရတယ်။
အဇ္ဇေ၀ ကိစ္စ မာတပ္ပံ ကော ဇညာ မရဏံသုဝေ နဟိနော သင်္ဂရံ တေန မဟာသေနေန မစ္စုနာ။
အဇ္ဇေ၀-နက်ဖြန်၊ သဘက် ရက်မရွှေ့ဘဲ ယနေ့ပင်လျှင်၊ အာတပ္ပံ။ သမ္မပ္ပဓာန်လုံ့လဝီရိယမျိုးကို ကစ္စ တာတပ္ပံ၊ မနားမနေ ပြုသင့်လှပါ ပေ၏
အဲ နက်ဖြန်မရွှေ့နဲ့ န သဘက်မရွှေ့နဲ့။ ယနေ့ပဲ။ အခုပဲ ကုသိုလ် ဘောင်းမှုတို မက္ကြာမကြာ ကြားဖြုတ္သြာ လျပ်လျပ်မြန်မြန် ကြိုးစားပါလို့ အရေးတကြီး တိုက်တွန်းတော်မူခဲ့တယ်။ ဘာကြောင့် တိုက်တွန်းတော်မူတာ တုံးဆိုတော့ မာ
ဟိ-တိုက်တွန်းသင့်ပါပေဇ၊် (၂ သုဝေ-နက်ဖြန်ခါကျတော့ မရဏံ- နေရဦးမည် သေရမည်ကိုကော အဘယ်ပုဂ္ဂိုလ်သည် ဧညာ-သိနိုင်ပါအံ့နည်း။ မသိနိုင်ဘူး နက်ဖြန် တို့နေရဦးမလား။ သေရဦးမလားဆိုတာ မသိနိုင်ဘူး။ ဘာကြောင့်တုံး။ ဟိ- ထိုကဲ့သို့ အရေးတကြီး တိုက်တွန်းသင့်သည်မှာ မှန်လှပေ၏ / မဟာသေနေန၊ ကိုယ်တွင်းကိုယ်ပ နှစ်ဌာန၌ များလှစွာသော စစ်သည်ဗိုလ်ပါတွေရှိနေသော တေနမစ္စုနာ-ထိုသေမင်းနှင့်။ နော-ငါတို့
အတွက် သင်္ဂရံ-အချိန်းအချက်သည်။ နတ္ထိ-မရှိရိုးအမှန် ဧကန်စင်စစ် ဖြစ်ပါပေတော့သတည်း။
(သာဓု သာဓု သာဓု)
သေမင်းနှင့် ဘယ်သူမျှ အချိန်းအချက်ထားနိုင်တဲ့ပုဂ္ဂိုလ် မရှိဘူးတဲ့။ နက်ဖြန်ခါမှခေါ်ပါ ယနေ့တော့ဆိုင်းပါဦး။ ဒီလဆိုင်းပါဦးး နောက်လကျမှ ခေါ်ပါ ဒီအသက်အရွယ်မှာ ဆိုင်းပါဦး နောင်အသက်အရွယ်ကျမှခေါ်ပါလို့ သေမင်းကို တံစိုးလက်ဆောင်ထိုးလို့လည်း မရဘူး။
သေမင်းကို ဘယ်လိုတပ်ကြီးတွေနဲ့မှ တိုက်လို့လည်း မရဘူး။ အဲဒါ ကြောင့်မို့လို့လည်း သေမင်းဟာ မိမိတို့နဲ့ လက်တစ်ကမ်းလေး နီးနေတာ။ အဲဒါကြောင့်မို့လို့ ကိုယ်ကဦးအောင် နက်ဖြန်သဘက် ရက်ရွေ့ဘဲနဲ့။ အဇ္ဇေ၀- ယနေ့ပင်လျှင်၊ အာတပ္ပံ-သမ္မပ္ပဓာန်။ လုံ့လဝီရိယမျိုးကို၊ ကိစ္စံ ကာတဗ္ဗံ။ မနားမနေ ပြုသင့်လှပါပေ၏။
သမ္မပ္ပဓာန် လုံလဆိုတာ မဖြစ်သေးတဲ့အကုသိုလ်တွေကို မဖြစ်အောင် ကြိုးစားမှု။ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ရှားနိုင်အောင် ကြိုးစားမှု။ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်အောင် ကြိုးစားမှု။ ဖြစ်ပြီးတဲ့ ကုသိုလ်တရားတွေကို တိုးပွားအောင် ကြိုးစားမှုဆိုတဲ့ ကြိုးစားမှုကြီးလေးမျိုး ]။ သာမန် ကြုံးစားမှုမျိုးမဟုတ်ဘူး။ တစောစ၊ အရေသည်လည်း။ အဝသုဿတု။ ကြွင်းပါစေ။ မံသဉ္စ။ အသားသည်လည်း။ အဝသုဿတု။ ကြွင်းပါစေ။ သရေခန္ဓာကိုယ်ခ်၊ မံသလောဟိံတံ၊ အသား အသွေးသည်။ အဝသုဿတု။ ခြောက်ကပ်ပါစေဆိုတဲ့ အရိုးကြေကြေး အရေခန်းခန်း။ အသားတွေကုန်ကုန် မတွန့်ဘူး။ နောက်မဆုတ်ဘူး။ ဇွဲပြင်းပြင်းပြပြနဲ့ ကြိုးစားအားထုတ်ရမည့် သမ္မပ္ပဓာန် လုံ့လဝီရိယမျိုး၊ အဲဒီ ဝီရိယမျိုးဖြင့် မိမိသန္တာန်မှာရှိတဲ့ ရုပ်နာမ် တို့၏ အနိစ္စသဘော။ ဒုက္ခသဘော။း အနတ္တသဘောကို အဲဒါတွေကို တွေးတောဆင်ခြင်ပွားများခြင်းဖြင့် မိမိက လက်ဦးအောင် ကြိုးစားကြရမယ် လို့ ဘုရားရှင်က မိန့်ကြားတော်မူခဲ့တယ်။
အဲ သေခြင်းတရားဟာ မြန်တယ်ဆိုတာ ယနေ့ ဒကာကြီး ဦးမြလှိုင် က သက်သေခံသွားပြီး အဲ သက်သေခံသွားတော့ တို့တစ်တွေ ဘယ်လောက်
နေရမယ်ဆိုတာ ဘယ်သူမျွှမသိနိုင်ဘူး။ အဲဒါကြောင့်မို့လို့ ကိုယ်ကဦးအောင် ဆိုပြီးတော့ အဲ-အချိန်တိုင်းအခါတိုင်း တရားပွားများဖို့ အချိန်တွေချည်းပဲ။ တရား မပွားများဘဲနေဖို့ အချိန်ရယ်လို့ မရှိဘူး။ ကြိုးစားအားထုတ်ကြမှ တော်မယ်လို့အောက်မေ့ပြီးတော့။ မသေခင် ကြိုးစားပြီးတော့ အသေလှအောင်။ ရဲရဲရင့်ရင့်နဲ့သေနိုင်အောင် ကုသိုလ်တရား သမ္မပ္ပဓာန်တရား၊ သမ္မပ္ပမာန် လုံ့လ ဝီရိယကို ထူထောင်ပြီးတော့ မဂ်ဖိုလ်ရောက်ကြောင်း။ အိုခြင်း ကင်း ကြောင်း။ နာခြင်းကင်းကြောင်းး။ သေခြင်းကင်းကြောင်း တရားတွေကို ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
အိုးခွက်ပမာ တို့ခန္ဓာ တရားတော်
ယထာပိ ကုမ္ဘကာရဿ။
ကတံ မတ္တိကဘာဇနံ။
ခုဒ္ဒကဉ္စ ဓဟန္တဥ္စ။
သဗ္ဗံ ဘေဒနပရိယန္တံ။
ကုမ္ဘကာရဿ-အိုးထိန်းသည် အိုးလုပ်သားသည်။ ကတံ-ပြုလုပ်
ထားအပ်သော၊ ခုဒ္ဒကံ-ငယ်သော၊ ယံမတ္တိကာ ဘာဇနံစ-အကြင် မြေအိုး မြေခွက်သည်လည်းကောင်း၊ မဟန္တံ-ကြီးမားသော၊ ယံမတ္တိီကာ ဘာဇနစ- အကြင် မြေအိုးမြေခွက်သည်လည်းကောင်း၊ ပက္ကံ-ဖုတ်ရဤှကျက်လေပြီးသော၊ ယံ မတ္တိက ဘာဇနံစ-အကြင် မြေအိုးမြေခွက်သည်လည်းကောင်း၊ အာမကံ- မဖုတ်ရသေးတဲ့ အစိမ်းသက်သက်သာဖြစ်သော၊ ယံမတ္တိက ဘာဇနံစ- အကြင်မြေအိုးမြေခွက်သည်လည်းကောင်း၊ အတ္ထိ-ရှိပါ၏။ သဗ္ဗံ-အလုံးစုံ ကုန်သော အကြီးအငယ်။ အစိမ်းအကျက်။ အိုးခွက်မှန်သမျှသည်။ ဘေဒန ပရိယန္တံ -ပျက်စီ၊ ရခြင်းလျှင် အဆုံးရှိချေသည်။ ဟောတိယထာ-ဖြစ်လေဘိ သကဲ့သို့။ ဧ၀မေ၀-ပမာထားယူ ထို့အတူသာလျှင်၊ မစ္စာနံ-သူသူငါငါ သတ္တဝါမှန်သမျှတို့၊ / ဇီဝိတံ-ရုပ်နာမ်နှစ်ချက် ဇီဝိတသည်လည်း။ ဘေဒန ပရိယန္တံ -ပျက်စီးရခြင်းလျှင် အဆုံးရှိချေ၏လို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူသော ဒေသနာတော်အရ အိုးထိန်းသည်။ အိုးလုပ်သားများ ပြုလုပ်ထားသော အိုးတွေမှန်သမျှ။ ခွက်တွေမှန်သမျှ ကြီးသည်ဖြစ်စေ။ ငယ် သည်ဖြစ်စေ။ စိမ်းသည်ဖြစ်စေး ကျက်သည်ဖြစ်စေ။ အားလုံးအကြီးအငယ် အစိမ်းအကျက် အိုး ခွက်မှန်သမျှ ပျက်စီးရခြင်း ပြိုကွဲခြင်းလျှင် အဆုံးရှိ
သကဲ့သို့၊ ထို့အထူ သူသူငါငါ သတ္တဝါမှန်သမျှတို့၏ ခန္ဓာသည်လည်း ကြီးသည်ဖြစ်စေ။ ငယ်သည် ဖြစ်စေ။ ဥစ္စာရှိသည်ဖြစ်စေ။ ဥစ္စာမဲ့သည်ဖြစ်စေ။ ပညာရှိသည်ဖြစ်စေး ပညာမရှိသည်ဖြစ်စေ တန်ခိုးကြီးသည်ဖြစ်စေ။ တန်ခိုး ငယ်သည်ဖြစ်စေ။ ဘယ်လိုပင်ကွဲကွဲ သေရခြင်း၊ ပျက်စီးရခြင်းသဘော အတူတူချည်းပဲ။ ဤသဘာဝကို လွန်မြောက်ခြင်းငှာ ဘယ်သူမျှ မတတ်နိုင်ရှာ ကြဘူး။
နတ်လူတို့ ဆရာ သမ္မာသမ္ဗုဒ္ဓ ရှင်တော်မြတ်ဘုရားသော်မှ ပရိနိဗ္ဗာန် ဝင်စံတော်မူရသေးသည်။ သင်္ခါရတရားမှန်သမျှ ပျက်စီးတတ်သေား မမြဲသော သဘောသဘာဝ ရှိကြသည့်အတိုင်းပင် ဤသဘာဝကို လွန်မြောက်ခြင်းငှာ မတတ်နိုင်ရှာရှ လွန်ခဲ့သောရက်များက ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန် ခဲ့သော ဒကာကြီးကိုအကြောင်းပြုရှ ဤယနေ့ မိမိတို့ သံဝေဂတရားပွားများ ကြကုန် ကုသိုလ်တရားတွေဖြင့် အမျှအတန်းပေးဝေကြ။ ကျေးဇူးတွေ ပြု ကြတယ်။
ဤကဲ့သို့ ကျေးဇူးပြုကြ၊ လှူကြတဲ့အခါ ကွယ်လွန်သူ ရည်စူး၍ မရဏာနုဿတိဘာဝနာလေး ပွားလိုက်ကြစို့
မရဏံ မေ ဘဝိဿတိ
မေ-ယခုမျက်မြင် အသက်ရှင်လျက်ရှိသော အကျွနိုပ်၏။ မရဏံ- လူ့.အနေမှ စုတေရခြင်းသည်။ ဘဝိဿတိ-တစ်နေ့သောအခါ ဖြစ်လိမ့်မှာ မှန်စွာမလွဲပါတကား။
ဇီဝိတံ မေ နိရုဇ္ရိဿတိ
မေ-ယခုမျက်မြင် အသက်ရှင်လျက်ရှိသော အကျွန်ုပ်၏ ] ဇီဝိတံ- ရုပ် နာမ်နှစ်ချက် အသက်ဇီဝိတသည်။ နိရုဇ္ရိဿတိ-တစ်နေ့သောအခါ ချုပ်လိမ့်မှာ မှန်စွာမလ္ပဲပါတကား။
ယထာယံ မတော တထာ မယမွိ
ဧဝံဓမ္မာ ဧဝံ ဘာဝီ ဧဝံ အနတီတာ။
အယံ-ဤဒကာကြီးသည်။ မတောယထာ-စုတိကမ္မဇရုပ် ဝိညာဏ် ချုပ်ရွှဲ စုတိရဘိသကဲ့သို့ မယမ္ပိ-သေမင်းအစာ ခန္ဓာလက်ရှိ ဖြစ်ရကုန်သော အကျွန်ုပ်တို့သည်လည်း။ ဧဝံဓမ္မာ-ဤကဲ့သို့ပင် သေခြင်းသဘောရှိကြလေ
ကုန်စါ / ဧဝံဘာဝီ-သူကဲ့သို့ပင် သေရမှာမလွဲပါတကား။ ဧဝံ အနတီတာ- သူကဲ့သို့ပင် သေခြင်းသဘောကို မလွန်မြောက်နိုင်ပါတကား။ သတ္တဝါ မှန်သမျှ တစ်နေ့ကျ သေရမှာချည်းပါတကား။
သဗ္ဗေသတ္တာ မရိဿန္တိ
မရဏန္တံ ဟိ ဇီဝိတံ
ယထာကမ္မံ ဂမိဿန္တိ။
ပုညပါပ ဖလူပဂါ။
အဲ သတ္တဝါမှန်သမျှ သေရမှာချည်းပဲ4 သဗ္ဗေသတ္တာ မရိဿန္တိ- မသေနိုင်တဲ့ ပုဂ္ဂိုလ် သတ္တဝါရယ်လို့မရှိ။ အသက်ရှင်လာတာကိုက သေဖို့ ဖြစ်လာတာပဲ တစ်နေ့ကျ သေဖို့အသက်ရှင်လာတာ။ ဇီဝိတံ-အသက်ရှင် ရခြင်းသည်။ မရဏန္တံ -သေရခြင်းလျှင် အဆုံးရှိချေ၏်။
ယထာ ကမ္မံ ဂမိဿန္တိ ပုညပါပ ဖလူပဂါ။ ကုသိုလ်ကံ အကုသိုလ်ကံ အလျောက်၊ ကိုယ်ပြုတဲ့ကောင်းမှုအလျောက် မကောင်းတဲ့ဘုံဌာန ရောက် ကြရတယ်။ ကောင်းတဲ့ဘုံဘဝ ရောက်ကြရတယ်။
အဲ-ဒကာကြီ သည် ခန္ဓာသဘာ၀ အချက်ပြပြီးတော့ ယခုအခါ ပျက်ရခြင်းသို့ ရောက်ရတယ်။/ ခန္ဓာတရားသည် ပျက်တတ်တဲ့သဘော ရှိတယ်။
ခန္ဓာတရားသည် အနိစ္စ-အမြဲမရှိ။ ခန္ဓာတရားသည် ဒုက္ခ-ဆင်းရဲတဲ့ သဘောရှိတယ်။ အဲဒီခန္ဓာသဘော၏။ ထိုခန္ဓာငါးပါးတို့ဓစ်ာ သဘောသဘာဝ ကို ပြလိုရဤ ယခု ပျက်စီးခြင်းသို့ရောက်ရသည့် ဒီလမ်းဟာ ဒကာကြီး တစ်ယောက်တည်း ဆိုက်ရောက်ရသည့်လမ်းမဟုတ်ဘူး။ အားလုံး သူသူငါငါ သတ္တဝါအားလုံး အသက်အားလျော်စွာ။ ကံအားလျော်စွာ အသက်ကံအား လျော်စွာ။ ဥပစ္ဆေဒကကံအားလျော်စွာ။ ကိုယ့်ကံအားလျော််စွာ။ ကိုယ့်အမှု အလျောက်၊ သက်တမ်းအလျောက် တစ်နေ့ကျရင် အဲဒီသဘာဝ လိုက်ကြ ရမှာချည်းပဲ။ ဒီသဘာ၀ကို လွန်မြောက်နိုင်တဲ့ပုဂ္ဂိုလ်ရယ်လို့ ဘယ်မှာမှ မရှိဘူး အဲ လိုက်ဆိုလိုက်ကြဦး။
နုရာမှ အို။
အိုရာမှ နာ။
နာရာမှ' သေ။
အခြေမလှ။
သေကြရ။
ဝဋ်ကပေးသည့် ဒဏ်ပါတကား။
သူသူငါငါ သတ္တဝါမှန်သမျှ ငယ်ငယ်တုန်းကတော့ နနုငယ်ငယ်။ နုနုနယ်နယ်ကနေ တော်ကြာ အိုလာ။ အိုရာကနေ တော်ကြာ နာလာ နာရာ ကနေပြီးတော့ သေသွားရ၊ အဲဒါဟာ ဘယ်သူမပြုမိမိမှုပဲ ဘယ်သူကမျှ ပြုတဲ့အမှုမဟုတ်။ မိမိအမှု ဝဋ်ကပေးသည့်ဒဏ်ပါတကား။ ဝဋ်က ကမ္မဝဋ်။ ကိုယ့်ကံတွေက ကိုယ်ပြုထားတဲ့ကံတွေ။ အဲဒီ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေက ဖန်တီးပေးလိုက်တာ။ ဝဋ်ကပေးတဲ့ဒဏ်တွေး အဲ ဆင်းရဲတယ်ဆိုရင် မကောင်းတဲ့ဝဋ်က ပေးလိုက် တဲ့ဒဏ်ပဲ။ ချမ်းသာပါတယ်ဆိုရင်လည်း လူ့ဘဝ လူဖြစ်လာပြန်ရင်လည်း ချမ်းသာတစ်ပဲ ငရဲတစ်ပိဿာဆိုတာလို ဆင်းရဲတဲ့ခန္ဓာကိုယ်ကြီးပဲ ဤခန္ဓာကိုယ်ကြီးကို တစ်ခဏလေးမျှ ကျန်းမာပါတယ်လို့ ဝန်ခံလို့ ရှိရင် အဲဒီ ဝန်ခံတဲ့ပုဂ္ဂိုလ်ဟာ မိုက်လို့ပဲတဲ့။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး က ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မျှမကျန်းမာဘူး။ အမြဲတမ်း နာနေတဲ့ခန္ဓာ ကိုယ်ကြီး၊ ငါ့ကိုယ်ငါ ကျန်းမာတယ်လို့ထင်လို့ရှိရင်။ ပြောလို့ရှိရင် အဲဒီ ပြောတဲ့ပုဂ္ဂိုလ်ဟာ မိုက်လို့ပြောတာ။ ဟုတ်တာပဲ။ ခန္ဓာကိုယ်ကြီးဆိုတာ အမြဲ တမ်းနာနေတဲ့ ခန္ဓာကိုယ်ကြီး၊ ဒါကြောင့် ခန္ဓာကိုယ်ကြီးဟာ မိမိအလိုလိုက်တာ မဟုတ်တော့ တစ်နေ့ကျရင် အိုခြင်းကြုံရ။ နာခြင်းကြုံရ။ သေခြင်းကြုံရ။ အဲဒီ အိုနာသေရေး ကြုံ ရခြင်းဟာ အဆန်းမဟုတ်ဘူး။ ပုဂ္ဂိုလ်တိုင်း သတ္တဝါတိုင်း ကြုံရမှာ ချည်းပဲ ခန္ဓာငါးရပ်' သူသတ်ငါးတန်။
လက်ခံခဲ့ချေး တို့တစ်တွေကား၊
မသေချင်ပါ။ မနာချင်လို
မအိုချင်ကြ၊ မနေရ
သေရ။ နာရ အိုရမည်။
အဲ-မိမိတို့က ခန္ဓာ(၅)ပါးတည်းဟူသော သူသတ်သမားကြီးတွေကို လက်ခံထားတာ။ ခန္ဓာ(၅)ပါးကို သူသတ်သမားကြီးတွေတဲ့။ ဘုရားရှင်က-
ပဉ္စဝဓက ပစ္စတ္ထီကတ္ထီကာတိ ဘိက္ခဝေ
ပဉ္စန္နေတံ ဥပါ ဒါနက္ခန္ဓာနံ အဓိဝစနံ။
ခန္ဓာ(၅)ပါးဆိုတာ သူသတ်သမားကြီးတွေ။ အဲဒီသူသတ်သမားကြီး တွေကို မိမိတို့က လက်ခံထားတော့ မအိုချင်လို့မနေရ။ မနာချင်လို့ မနေရ။ မသေချင်လို့ မနေရ၊ အိုရ နာရ။ သေရ အဲဒါကြောင့် ယနေ့ ဒကာကြီး ဘဝတစ်ပါး ပြောင်းသွားကွယ်လွန်သွားရတယ်/။ ကွယ်လွန်ရခြင်းဟာ ဘယ်သူ မပြု မိမိအမှုပဲ။ မိမိပြုတဲ့ အဝိဇ္ဇာ တဏှာ။ ကံဥပါဒါန်တည်းဟူသော တရားတွေ အဲဒီတရားတွေကြောင့် အိုခြင်းသို့ရောက်ရ။ နာခြင်းသို့ရောက်ရ။ သေခြင်းသို့ရောက်ရ။ သဘာဝအတိုင်းပဲ ဘယ်သူမျှပြုပြင်လို့မရဘူး။ ဘယ်သူမျှ တားဆီးလို့လည်းမရဘူး။ အဲဒီ သဘာဝအတိုင်းဖြစ်တာကို ဘာမျှ စိုးရိမ်စရာ လည်းမရှိဘူး။ ကြောင့်ကြစရာလည်းမရှိဘူး။ သြော် ဖြစ်မြဲတိုင်း။ ဖြစ်ရိုးတိုင်း ဖြစ်ရခြင်းပါလားလို့ တရားနဲ့ဖြေပေးပြီးတော့ သတိတရားနဲ့ ထိန်းသိမ်းကြ ရမယ်။
ယခု မိမိတို့တာဝန်က ကွယ်လွန်တဲ့ဒကာကြီး ချမ်းသာဖို့ရည်ရွယ်ပြီး ကုသိုလ်တွေပွားကြရမယ်။ တို့တစ်တွေလည်း ဒီလမ်းကို ကြုံရမှာအမှန်ပဲ။ ဒီလမ်းကို တစ်နေ့ကျ ဆိုက်ကြရမယ်။ မဆိုက်ခင် ကုသိုလ်တွေရအောင်။ ကုသိုလ်တွေတိုးပွားအောင် ကြုံးစားကြမယ်လို့ ဒီလို သတိသံဝေဂဖြစ်စေပြီး တော့ သတိထားပြီးတော့ မိမိကိုယ်ကို ကောင်းအောင်။ မိမိကိုယ်ကို အသေ လှအောင် ကြိုးစားကြရမယ်။ ကုသိုလ်ရှိတဲ့ပုဂ္ဂုုလ်။ ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာ ဒီဘ၀မှာလည်းအနေလှး နောက်ဘဝကျတော့လည်း ပြောစရာမရှိဘူး။ ကုသိုလ် မရှိဘူး။ ကောင်းမှုမရှိဘူး။ အဲသလိုဆိုရင် ဒီဘ၀လည်း သိပ်စိတ်မချရဘူး။ နောက်ဘဝဆိုတော့ ပြောစရာမရှိဘူး။ ဒါကြောင့် -
သဗ္ဗေသတ္တာ မရိဿန္တိ။ မရဏန္တမ္ပိဇီဝိတံ။
ယထာ ကမ္မံ ဂမိဿန္တိ။ ပုညပါပဖလူပဂ၊ါ /
သဗ္ဗေသတ္တာ-သတ္တဝါမှန်သမျှတို့သည်။ မရိဿန္တိ-တစ်နေ့သော အခါ သေရမှာ မှန်စွာမလွဲပါတကား။ ဇီဝိတံ-ရုပ်နာမ်နစ်ချက် အသက် ဇိဝိတသည်။ ဇီဝိတံ-သူ့အသက် ငါ့အသက် ရုပ်နာမ်နှစ်ချက် အသက်ဇီဝိတ သည် မရဏန္ဘံ-သေရခြင်းလျှင်အဆုံးရှိချေါ။ အသက်ရှင်နေသမျှ နောက်ဆုံး သေရမှာချည်းပဲ။ ယထာ ကမ္မံ ဂမိဿန္တိ ပုည ပါပ ဖလူပဂါ-အဲသလို ဖြစ်နေကြတဲ့ လူသားသတ္တဝါတွေအဖို့ ကိုယ့်ကံအလိုက် သွားကြရမှာချည်းပဲ။ ကုသိုလ်ကံတွေ ပြုထားရင် ကောင်းတဲ့ဘဝရောက်မယ်။ အကုသိုလ်ကံတွေ ပြုထားရင် မကောင်းတဲ့ဘဝရောက်မယ်။ ဒီတော့ အသေလှအောင် ကုသိုလ်ကံ တွေကို ကြိုးစားပြီးတော့ ထူထောင်ကြရတယ်။ ပြုကြရတယ်။ လောကမှာ သေခြင်းဆိုတဲ့သဘောတရားကလည်း မမျှော်လင့်ဘဲနဲ့ အချိန်မရွေး ရောက်နိုင် တာရိုလို့
ဘယ်အသက်ရွယ်မှာ သေရမယ်ဆိုတာ ဘယ်သူမျှ မသိနိုင်ဘူး။ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတာလည်း ဘယ်သူမျှ မသိနိုင်ဘူး၊ ဘယ်အချိန် သေမယ်ဆိုတာလည်း မသိနိုင်ဘူး အဲ ဘယ်သင်္ချိုင်းမှာ ငါ့ရဲ့ကိုယ်ကို မြှပ်နှံရမယ်ဆိုတာလည်း မသိနိုင်ဘူး မသိနိုင်တဲ့အတိုင်းဘဲ ယခု မမျှော်လင့် ဘဲနဲ့ ဒကာကြီး ဒီမှာလာပြီးတော့ ဘဝဆုံးသွားရတယ်။ ဘဝဆုံးသွားတော့ မိမိတို့တာဝန်က ဒကာကြီး ချမ်းသာသုခ တိုးတက်ခံစားရပါစေ။ ချမ်းသာ ခြင်းကို အကြောင်းပြုရွ တရားအဆင့်ဆင့် မြင့်သထက်အမြင့်ကို ပေါက် ရောက်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်ထားပြီးတော့ ကုသိုလ်တွေ ပွားကြရတာပဲ။
ယနေ့ အဲသလို ဒကာကြီးချမ်းသာပို့ဆိုပြီးတော့ ကုသိုလ်တွေပြုကြ။ ဒကာကြီ၊ ဆိုတာကတော့ ကောင်းမှုရှင်။ ကုသိုလ်ရှင်တစ်ဦးပါ။ မကောင်းတဲ့ ဘဝရောက်ဖို့ကတော့ သိပ်မရှိပါဘူး။ သို့သော်လည်း ဒီလိုပဲ ဘဝဆိုတာ သိရတာမဟုတ်တော့ တကယ်လို့များ မဖြစ်သော်ရှိ ဖြစ်သော်ရှိ တိမ်းပါးသွား ရင် ကောင်းရာရောက်အောင်။ ကောင်းရာဘဝရောက်နေရင်လည်း ကောင်း သထက်ကောင်းအောင်ဆိုပြီးတော့ ယခုလို ကုသိုလ်တွေနဲ့ပြုပြီးတော့ မိမိတို့ ဝတ္တရားအရ ဆောင်ရွက်ကြတာပဲ။
ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားတယ်ဆိုရင် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဆောင်ရွက်နေကျတာဝန်အရ ယခုလို ကုသိုလ်တွေပြုပြီးတော့ အမျှအတန်း ပေးဝေကြတယ်။ အမျှအတန်းပေးဝေပြီးတော့ သူ့အတွက် ပြုရမည့်တာဝန်ကို ဆောင်ရွက်ခြင်းပဲလို့ သဘောထားပြီးတော့ ဒီလမ်းဟာ တို့လည်း တစ်နေ့ ဒကာကြီးလို ကွယ်လွန်သွားရမယ်။ မကွယ်လွန်ခင်က ကောင်းမှုကုသိုလ်တွေ ကြိုးစားကြမယ်။ အထုပ်ကြီးကြီး၊ ကုသိုလ်ထုပ်တွေ များများထုပ်ကြရမယ်ဆိုတဲ့ ယောနိသောမနသိကာရ ထားပြီးတော့ ကြိုးစား အားထုတ်နိုင်ကြပါစေသတည်း။
(သာဓု သာဓု သာဓု)
ပတ္တိဒါန ကုသိုလ်တရားတော်
ယနေ့ ကွယ်လွန်ခဲ့ကြတဲ့ ကျေးဇူးရှင် မိခင်ကြီးနဲ့ ခင်ပွန်းသည်တို့ကို ရည်ရွယ်၍ သူတို့တစ်တွေ ချမ်းသာကြပါစေလို့ တောင့်တပြီးတော့ လှူကြ တန်းကြ ပူဇော်ကြတဲ့ကုသိုလ်ပွဲး အဲဒီကုသိုလ်ပွဲမှာ ဘုန်းကြီးက -
သဂ၊ါါထာဝဂ္ဂသံယုတ်မှာ အာဒိတ္တသုတ်ဆိုတာရှိတယ်။ အဲဒီသုတ္တန် တရားကို တိုတိုကျဉ်းကျဉ်းနဲ့ ဟောပြပါမယ်။
တစ်နေ့သောအခါ နတ်သားတစ်ယောက် ဘုရားရှင် ကိုယ်တော်မြတ် ထံ ညသန်းခေါင်ယံ အချိန်အခါမှာ ရောက်လာပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို ဒီလိုဂါထာတွေနဲ့ရွတ်ပြီးတော့ လျှောက်ထားတယ် နတ်သား လျှောက်ထားတဲ့ ဂါထာတွေကလည်း တရားသဘောအရ အတော် အထက်တန်းကျတဲ့ တရားဂါထာတော်တွေပါပဲ။ အဲဒီတရားဂါထာတွေကို ဒီအလှူမှာ ဘုန်းကြီးက နည်းနည်းဟောပါမယ်။ တိုတိုကျဉ်းကျဉ်းပေါ့
အာဒိတ္တသ္မိံ အဂ၊ါရသ္မိ
ယံ နီဟရတိ ဘာဇနံ၊
တံ တဿ ဟောတိ အတ္ထ္တာယ။
နောစယံ တတ္ထ ခုယှတိ
အဂ၊ ရသ္မိံ-မိမိနေရာ အိမ်ဂေဟာကို၊ အာဒိတ္တသ္မိံ-မီးလောင်သည် ရှိသော်၊ ယံ ဘာဇနံ-အကြင် အိုးခွက်။ ရွှေငွေရတနာ အစရှိသော ပစ္စည်း ဥစ္စာ ရတနာအမျိုးမျိုးတို့ကို၊ နီဟရတိ-မီးဘေးလွတ်ရေး ထုတ်ဆောင် ယူသွားတတ်ပါပေ၏။
တံဘာဇနံ-ထိုမီးထဲက ထုတ်ယူနိုင်တဲ့ မိမိတို့ အိုးခွက်၊ ဥစ္စာ။ ရတနာဆိုတဲ့ ပစ္စည်းဥစ္စာသည်သာလျှင်၊ တဿသဘထိုအိမ်ရှင်စါ။ အတ္တာယ- မီးဘေးမှလွတ်ကင်းကာ မိမိ၏ အကျိုးစီးပွားအလို့ငှာ။ ဟောတိ-ဖြစ်ပါပေ
စ် တတ္ထ-ထိုအိမ်ကြီးခ်။ ယံဘာဇနံ-အကြင် အိုးခွက်၊ ဥစ္စာ ရတနာသည်။ ခုယှတိ-မီးလောင်ခံရ၏ / တံ-ထိုမီးလောင်ခံရတဲ့ ပစ္စည်းဥစ္စာမှန်သမျှသည် တဿအထိုအိမ်ရှင်စါ ၈ အတ္ထာယ-အကျိုးငှာ နဟောတိ-မဖြစ်ရိုးဧကန် အမှန်စင်စစ် ဖြစ်ပါတော့သည်သာတည်း။
နတ်သားတစ်ယောက်က ဘုရားရှင်ကိုယ်တော်မြတ်ထံ ဒီလို လျှောက်ထားတယ်။ အိမ်ကြီးမီးလောင်ခဲ့မယ်ဆိုရင် အဲဒီအိမ်ထဲက ပစ္စည်း တွေကို ထုတ်ယူနိုင်ရင် ထုတ်ယူထားတဲ့ပစ္စည်းတွေဟာ မိမိအဖို့ မြတ်တာပဲ တကယ်လို့များ မထုတ်ယူနိုင်ဘူးဆိုရင် ကျန်နေတဲ့ ပစ္စည်းဥစ္စာတွေဟာ မီးလောင်ခံရပြီးတော့ မိမိအဖို့ မဟုတ်တော့ဘူး အဲဒါကို ဥပမာလေးနဲ့ နတ်သားက ဘုရားရှင်ကိုယ်တော်မြတ်ထံ လာရောက်ပြီးတော့ လျှောက်ထား တာ။
ဧဝံ အာဒိတ္တကော လောကော။
ဇရာယ မရဏေ နစ။
နီဟရထေဝ ဒါနေန။
ဒိန္နံ ဟောတိ သုနီဟတံ
ဧဝံ- ဤသို့အတူသာ အိမ်ကြီ၊ မီးလောင်သကဲ့သို့သာလျှင် လောကော-သတ္တဝါမှန်သမျှ လောကကြီးသည်။ ဧရာယ-အိုမင်းခြင်းဆိုတဲ့ ဧရာတရားဖြင့်လည်းကောင်း။ မရဏေနစ-သေရခြင်းဆိုတဲ့ မရဏတရား ဖြင့်လည်းကောင်း၊ အာဒိတ္တကော-အမြဲမသွေ တောက်လောင် နေပါပေ သတည်း။ ဒါနေန-အမြဲမသွေ တောက်လောင်ခံနေရတဲ့ မိမိတို့ခန္ဓာကိုယ်ကြီး မှ လှူကြတန်းကြ ပူဇော်ကြခြင်းဖြင့်။ နီဟရထေဝ-ဒါနတည်းဟူသော ကုသိုလ်ရတနာကို ထုတ်ယူကြပါလော။ ဒိန္နံ-မိမိတို့လှူအပ်သော အလှူဒါန သည်။ သုနီဟတံ-မီးလောင်နေတဲ့ လောကကြီးမှ ကောင်းစွာမသွေ ထုတ် ယူခြင်း မည်ပါပေသတည်း။
ခန္ဓာကိုယ်ကြီးကလည်း အမြဲတမ်းမီးလောင်နေတယ်။ ဇရာမီး က လောင်နေး မရဏမီးကလောင်နေ။ လောကကြီးဟာ ဧရာမီးဖြင့်အလောင်ခံ ကြရ။ မရဏမီးဖြင့် အလောင်ခံရကြရတယ်။ အဲဒီလို အလောင်ခံကြရတဲ့ ခန္ဓာကိုယ်ကြီးတည်းဟူသောအိမ်ကြီးမှ ယခုလို လ္ဒူကြတန်းကြ ပူဇော်ကြခြင်း
ဖြင့် ထုတ်ယူရတယ်။ ဒါနတည်းဟူသော ရတနာကို ထုတ်ယူကြရတယ်။ မီးလောင်ခံနေရတဲ့ ခန္ဓာကိုယ်အိမ်ကြီးမှ ဒါနတည်းဟူသော ပစ္စည်းဥစ္စာ ရတနာတွေကို ထုတ်ယူခြင်းမည်တယ်။
ဒိန္နံ သုခဖလံ ဟောတိ၊
နာဒိန္နံ ဟောတိ တံ တထာ။
စောရာ ဟရန္အိ ရာဇာနော။
အဂ္ဂိ ခုယှတိ နဿတိ။
အထ အန္ကေန ဇဟတိ
သရိရ သပရိဂ္ဂဟံ။
ဧတ ဒညာယ မေဓာဝီ။
ဘုဉ္မ္စေထစ ဒဒေထစ။
ဒတ္ဗာ စ ဘုတ္မွာ စ ယထာနုဘာဝံ။
အနိန္ဒိတော သဂ္ဂမုပေတိ ဌာန 1
ဒိန္နံ-မိမိတို့လှုဒါန်းအပ်သော အလှူဒါနသည်။ သုခဖလံ-ချမ်းသာ ခြင်းတည်းဟူသောအကျိုးရှိသည်။ ဟောတိ-ဖြစ်ပါပေ၏် 1
အဒိန္နံ-မပေးမလှူအပ်သော၊ တံဘထိုပစ္စည်းဥစ္စာသည်4 တထာ- ထိုသို့ ချမ်းသာသုခမျိုးကို ရရှိသည်။ နဟောတိ-မဖြစ်ပါပေ။
မိမိတို့လှုထားတဲ့ပစ္စည်းတွေသာ ချမ်းသာရတယ်။ မလှူတဲ့ပစ္စည်းဟာ ဘာချမ်းသာကိုမျှ မရနိုင်ဘူး လှူတဲ့ပစ္စည်းကသာ ချမ်းသာသုခကိုရမှာ။ မလှူတဲ့ပစ္စည်းတွေက မိမိတို့အတွက် ဘာချမ်းသာမျှ ရမှာမဟုတ်ဘူး။
မလှူတဲ့ပစ္စည်းတွေက ဘာဖြစ်မတုံးဆိုတော့ စောရာ-သူခိုးဓားပြတို့ သည် ဟရန္ကိ -ယူဆောင်တတ်ပါ ကုန်စါ ရာဇာနောပိ-အစိုးရမင်းတို့ကသော် လည်း။ ဟရန္ဘိ-ဆောင်ယူသွားတတ်ကြပါကုန်စါ / အဂ္ဂိစ-မီးကလည်း အကြောင်းမညီညွတ်သောအခါ။ ဥုယှတိ-လောင်တတ်ကျွမ်းတတ်ပါ၏။ အထသထိုသို့ မီးမလောင်ဘဲ ကျန်ရှိနေသော ပစ္စည်းဥစ္စာ ရတနာရှိခဲ့ပါမူ။ အန္တေန-နောက်ဆုံးကျတော့။ သပရိဂ္ဂဟံ-သိမ်းပိုက်ထားရာ မိမိ၏ ဥစ္စာ ရတနာနှင့်တကွ ဖြစ်သေား သရီရ-ခန္ဓာကိုယ်ကြီးကိုး ဇဟန္တိ -စွန့်ကြကုန်ဆါ (ဝါ) ဟန္တိ။ မန့်ရွာရ္ဍဲ သွားကြြရပါပေကုန်ခါ
ဒကာကြီးတွေး ဒကာမကြီးတွေ ဒေါ်ကျင်စိန်စါမိခင်ကြီးဟာ စွန့်ခွာသွားရပြီ ဒကာကြီး ဆရာဦးသိန်းလွင်တို့လည်း စွန့်ခွာသွားရပြီး သူတို့ ယူသွားနိုင်တာတွေတော့ ရှိတော့ရှိတယ်။ အဲဒါ ဘာတွေတုံး။
သူတို့ လှူဒါန်းထားတဲ့ပစ္စည်းတွေ၊ သူတို့ဆောက်တည်ထားတဲ့ သီလ ကုသိုလ်တွေ။ ပွားများထားတဲ့ ဘာဝနာကုသိုလ်တွေ ဒါတွေကိုသာ သူတို့ ယူသွားနိုင်တယ်။ ဒီပြင်ဟာတွေကိုတော့ အကုန်စွန့်ထားခဲ့ရမှာပဲ။ အဲဒီလိုပဲ မိမိတို့မိခင်ကြီးက တရားပြတာ။ ဦးသိန်းလွင်တို့က တရားပြ နေတာဖြစ်သောကြောင့် မိမိတို့က ရအောင်ယူကြ၊ ယနေ့လည်း မိမိတို့မှာ မိီးလောင်ခံနေရတဲ့ ခန္ဓာကိုယ်ကြီ၊ ထဲက ပစ္စည်းဥစ္စာတွေကို ဆွဲထုတ်ကြတာပဲ။ အဲဒီနေ့ သင်္ကန်းတွေလှူကြ၊ သပိတ်တွေလှူကြ။ ဖိနပ်တွေလှူကြ။ ထီးတွေ လှူကြ၊ ယပ်တွေ ပစ္စည်းတွေ အမျိုးမျိုးလှုကြတယ်။ အဲဒါတွေဟာ မီးလောင်နေတဲ့ခန္ဓာကိုယ်ကြီးထဲက ဆွဲထုတ်တာ။ ဒါဟာ မိမိတို့အတွက် ရယူတာ။ ဒါဟာ မိမိတို့အတွက် အကျိုးရှိတယ်။ မိမိတို့အဖို့ မြဲတဲ့ပစ္စည်း ဥစ္စာတွေ ဘယ်တော့မှ မပျက်နိုင်တော့ဘူး။ မိမိနောက် အမြဲပါမည့်ပစ္စည်း တွေ၊ အဲဒါကြောင့် ယနေ့ လှူကြ တန်းကြ၊ ပူဇော်ကြတယ်ဆိုတာ မီးလောင်နေတဲ့ မိမိခန္ဓာကိုယ်ကြီး ထဲက ဆွဲထုတ်ကြတာ။ ကွယ်လွန်တဲ့ ဒကာမကြီး၊ ဒေါ်မွှေးတို။ ဆရာဦးသိန်းလွင်တို့ သူတို့က အဲဒီလိုပဲ ဆွဲထုတ် ခဲ့ကြတယ်။ လှူခဲ့ကြတယ်။ တန်းခဲ့ကြတယ်။ သီလဆောက်တည်ခဲ့ကြ။ ဘာဝနာပွားများခဲ့ကြတယ်။ ကုသိုလ်တွေ။ ဒါဟာ မီးလောင်နေတဲ့ ခန္ဓာ ကိုယ်ကြီးထဲက မီးမလောင်နိုင်တဲ့ ပစ္စည်းဥစ္စာတွေ ဆွဲထုတ်တာ။ အဲဒီ ဆွဲထုတ်တဲ့ ပစ္စည်းတွေကိုသာ သူတို့ခံစားရ။ ကျန်နေတဲ့ပစ္စည်းကိုတော့ သူတို့ ဘာမျှမခံစားရ။
အဲဒါကြောင့်မို့လို့ လောကကြီးဟာ ဒီသဘာဝအတိုင်းပဲ လှူရင် ရမယ်။ မလှူရင်ဆုံးမယ်။ လှူရင် မိမိဖို့ချည်းပဲ။ မိမိနောက် သို့ပါမယ်။ သံသရာဘ၀မှာ ရိက္ခာဖြစ်နဲ့။ သံသရာစခန်း ကျင်လည်ရတဲ့အခါမှာ မျက်နှာပန်း လှလှနဲ့ ယခုဘဝလိုပဲ။ ယခုဘဝထက်သာပြီးတော့ လှူနိုင်ကြ၊ တန်းနိုင် ကြမယ် တရားအားထုတ် ပွားများနိုင်ကြမယ်။ ကုသိုလ်ရေးကို အထူး အားထုတ်နိုင်ကြမယ်။ မလှူဘဲမတန်းဘဲ ဒီအတိုင်းကျန်နေခဲ့တဲ့ ပစ္စည် တွေ
ကတော့ ကိုယ့်ဖို့မဟုတ်ဘူး။ လှူဒါန်းထားတဲ့ ဒါန သီလ၊ ဘာဝနာတွေသာ ကိုယ့ဖို့
ဧတဒညာယ မေဓာဝီ။
ဘုဥ္မေေစ ဒဒေထစ။
ဒတွ္ဗာစ ဘုတ္ပာစ ယထာနုဘာဝ။
အနိန္ဒိတော သဂ္ဂမုပေတိ ဌာန၊
မေဓာဝီ-ကြောင်းကျိုးမြင်သိ ပညာရှိသည်။ ဧတံသထိုသို့ ကိုယ် လှူဒါန်းခဲ့တဲ့ပစ္စည်းတွေသာ ကိုယ့်ဖို့ကျန်တယ်လို့။ မလ္ဒူတဲ့ပစ္စည်းတွေဟာ မိမိဖို့မဟုတ် သူတစ်ပါးဥစ္စာတွေဟူရဤ။ အညာယ-ကောင်းစွာလှလှ သိမြင် ကြကုန်ရှ။ ယထာနုဘာဝံ-မိမိတို့စွမ်းအားရှိသလောက်။ ဘုဥ္မေထစ-စားလည်း စားရာ၏ / သုံးလည်းသုံးဆောင်ရာစဓါ [ ဒဒေထစ-လှူဒါန်းပေးကမ်း စွန့်ကြဲ လည်းစွန့်ကြဲ ရာစါ ] ဒတွာစ-သူတော်ကောင်းတို့ထုံးတမ်း လှူဒါန်းပူဇော် ရရလည်းကောင်း၊ ဘုတ္ပာစ-မိမိကိုယ်တိုင် သုံးဆောင်ရဤလည်းကောင်း၊ အနိန္ဒိတော-ပညာရှိတို့ အကဲ့ရဲ့မခံရ။ အချိးအမွမ်းကိုသာ ခံရသည်ဖြစ်ရွ်။ သဂ္ဂံ-ကုသိုလ်ကောင်းမှု ရှင်တို့ဓ၊ လားရောက်ရာဖြစ်သော၊ ဌာနံ-နတ်ပြည် နတ်နန်း နတ်စခန်းသို့၊ ဥပေတိ-ကောင်းစွာလှလှ ဆိုက်ရောက်ကြရလေ ကုန်သတည်း။
ယနေ့ အနန္တကျေးဇူးရှင်တို့ကို ရည်ရွယ်ပြီးတော့ လှူကြတန်းကြ ပူဇော်ကြတယ်။ ဤကုသိုလ်တွေဟာ ဘုရားရှင်ကိုယ်တော်မြတ်ကို နတ်သား တစ်ယောက်က လျှောက်ထားသလို မီးလောင်ပြင်ထဲက ဆွဲထုတ်ထားတဲ့ ပစ္စည်းဥစ္စာတွေဟာ ကိုယ့်ပစ္စည်းဥစ္စာတွေပဲ။ ခန္ဓာကိုယ်ကြီးဟာ မီးလောင် နေတယ် ဇာတိမီးလောင်။ ဧရာမီးလောင်။ ဗျာဓိမီးလောင်၊ မရဏမီးလောင်။ သောက မီးလောင်။ ပရိဒေ၀မီးလောင်။ ဒုက္ခမီး၊ လောင်။ ဒေါမနဿမီးလောင် ဒီလိုမီးတွေလောင်နေတယ်။ အဲဒီ မီးလောင်နေတဲ့ ခန္ဓာကိုယ်ကြီးထဲက ယနေ့ မိမိတို့ ကုသိုလ်ရတနာတွေကို ထုတ်ခဲ့ကြတယ်။ ဒါတွေဟာ ကိုယ3့်ဖို့ ချည်းပဲ။ ကျန်နေတဲ့ပစ္စည်းကတော့ ကိုယ့်ဖို့မဟုတ်ဘူး။ လှူသမျှတန်းသမျှ ကိုယ့်ဖို့ချည်းပဲ အနှစ်သာရချည်းပဲ။
ဒါကြောင့် ယနေ့ ကွယ်လွန်တဲ့ ဒကာကြီး ဒကာမကြီးတွေကို အကြောင်းပြုမြီးတော့ လျ္ကြတန်းကြ ပူော်ကြခြင်းဖြင့် ကောင်းမှုရတနာ အနှစ်သာရတွေကို တို့တစ်တွေရခဲ့ကြပြီ။ အဲဒီရခဲ့တဲ့ အနှစ်သာရ ကောင်းမှု တ္ပေနဲ့ ကျေးဇူးရှင်များကို ပူဇော်ကြ၊ ယခုလို ရေစက်သွန်းချ အမျှပေးဝေ ပြီးတော့ မိဘကျေးဇူး) ဆရာရဲ့ကျေးဇူးတို့ကို တုံ့ပြန်ဆပ်ကြ။ ယခု မိမိတို့ ရတဲ့ ကုသိုလ်အဖို့ကို မိဘဆရာသမားနှင့်တကွ အများသတ္တဝါတွေ ရကြ ပါစေလို့ အမျှအတန်း ပေးဝေပြီးတော့ ကုသိုလ်တွေကို အမျှဝေရအောင်
(သာဓု သာဓု သာဓု)
ကြွေးဟောင်းဆပ် ကြွေးသစ်ချ တရားတော်
ယနေ့ ကွယ်လွန်ခဲ့တဲ့မိဘနစ်ပါးကို ရည်စူးပြီးတော့ ကုသိုလ်တွေ ပြကြတယ်။
မိဘနဲ့ သားသမီးတွေမှာ မိမိတို့ တာဝန်ကိုယ်စီ ရှိကြတယ် အဲဒီ တာဝန်တွေကို အကြောင်းအားလျော်စွာ ဆောင်ရွက်ကြရတယ်။ ဘုန်းကြီးတို့ ကျမ်းဂန်မှား ဇာတ်နိပါတ်တော်မှာ သာလိကေဒါရဇာတ်ဆိုတာ ရှိတယ်။ အဲဒီဇာတ်တော်မှာ “ရာဇဂြိုဟ်ပြည်အနီးအနားက သာလိဒ္ဒီယဆိုတဲ့ ပုဏ္ဍား ရွာမှာ ကောသိယဂေါတ္တဆိုတဲ့ ပုဏ္ဍားတစ်ယောက်ရှိတယ်။ အဲဒီပုဏ္ဍားကြီး မှာ လယ်တွေအများကြီးရှိတယ်။ အဲဒီတော့ လူတစ်ယောက်ကို အခစား ခွဲဝေပြီးတော့ လယ်တွေကို လုပ်ခိုင်း။ အဲသလို လုပ်ခိုင်းတဲ့အခါ ဘာတွေ ဖြစ်လာသလဲဆိုတော့ အဲဒီလယ်မှာရှိတဲ့ စပါးတွေကို ကျေးသားတွေက လာ လာစားကြတာ နောက်ဆုံး တားမနိုင်ဆီးမရတဲ့အဖြစ်မျိုး ရောက်သွား တယ်။ အဲဒီအတိုင်းသာဆိုရင် ငါလျော်ရတော့မှာပဲ မဖြစ်ချေဘူး။ ကောသိယ ဂေါတ္တပုဏ္ထားကြီးကို သွားပြောမှပဲဆိုပြီးတော့ သွားပြောတယ်။ အဲဒီမှာ ကျေးငှက်တွေထဲက ဒီပြင်ကျေးငှက် တွေကတော့ စားရုံသာ စားကြတယ်။ အဲဒီထဲက တောင့်တောင့်တင်းတင်း ကြက်တူရွေးကြီး တစ်ကောင်ကတော့ စားရုံတင်မကဘူး စားပြီးရင် သူက အများကြီး စပါးနှံတွေကို ချီချီယူသွား တယ်တဲ့။ အဲဒီအကြောင်းတွေကိုပါ ပြောပြတယ်။
ကြက်တူရွေးတွေကို မနိုင်တဲ့အကြောင်း ပြောပြတော့ ဒီလိုဆိုရင် အဲဒီ ထဲက ခုနကပြောတဲ့ စားရုံတင်မကဘူး။ စပါးနံတွေကိုပါ ချိယူသွားတဲ့ ကြက်တူရွေးကြီးကို ဖမ်းပြီးတော့ မင်း ငါ့ကို အပ်စမ်းပါပြောတော့ ဒါနဲ့ တစ်နေ့ကျတော့ ကျော့ကွင်းထောင်ပြီး ဖမ်းတော့မိတယ်။ မိတဲ့အခါကျတော့ ကောသိယဂေါ တ္တပုဏ္ဍားကြီးဆီ သွားပို့။ ပို့တဲ့အခါကျတော့ ကောသိယဂေါတ္တ
မုဏ္တားကြီးက။
“အမောင်ကျေးသား ဘယ့်နှယ်တုံး။ အမောင့်မှာ သူများထက်ပိုပြီး ဗိုက်နှစ်လုံးများ ရှိနေသလား။ စပါးက်္ကီတွေဘာတွေများ ရှိနေလို့လား) သို့မဟုတ် ကျွန်ုပ်ကိုပဲ သင်က မုန်းလို့လား စပါးတွေကို ဘာကြောင့် သင် ပိုပိုပြီး ယူသွားနေတာတုံး” လို့ မေးတဲ့အခါကျတော့ -
“အရှင်ပုဏ္ထားကြီးကိုလည်း ကျွန်ုပ် မမုန်းပါဘူး။ တကယ်တော့ ကျွန်တော့်မှာ -
၁1 ကြွေးဟောင်းဆပ်ပေး။
၂[ ကြွေးသစ်ချနှင်း။
၃1 ရွှေအိုးမြှုပ်ခြင်း
ဆိုတဲ့ တာဝန်ကြီးသုံးခု ရှိနေပါတယ် ကြွေးဟောင်းဆပ်ဖို့ တာဝနံ လည်း ရှိနေပါတယ်။ ကြွေးသစ်ချဖို့ တာဝန်လည်း ရှိနေပါတယ်။ ရွှေအိုး မြှပ်ခြင်းဆိုတဲ့တာဝန်ကလည်း ရှိနေပါတယ်။ အဲဒီ တာဝန်ကြီးသုံးရပ်ကို ကျွန်ုပ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်”ဆိုတော့ -
“ဘယ့်နှယ်တုံး ကြွေးဟောင်းဆပ်ပေးတယ်။ ကြွေးသစ်ချပေးတယ်။ ရွှေအိုးမြှပ်တယ်ဆိုတာ ဘာတုံး” လို့ မေးတဲ့အခါကျတော့ ဘုရားလောင်း ကျေးသားက -
“ကျွန်တော့်မှာ မပျံနိုင်သေးတဲ့ သားသမီးကလေးတွေဖြစ်တဲ့ ကျေး သားလေးတွေ ရှိကြပါတယ်။ သူတို့ဟာ ခုနေခါ ဘာမျမလုပ်နိုင်တော့ သူတို့ကို ကျွန်တော်တို့က ကျွေးမွေးရတယ်။ ဒါဟာ သူတို့က နောင် ပြန် ကျွေးကြ။ မွေးကြမှာမို့လို့ ဒါကို ကြွေးသစ်ချပေးတယ်လို့ ဆိုတယ်။ အဲဒီ ကြွေးသစ် ချပေးတဲ့အလုပ်ကို ကျွန်ုပ်တို့ လုပ်ပေးရတယ် ဒါတင်မက ကျွန်ုပ်တို့မဘတွေ ခုနေခါ အသက်အရွယ်တွေ ကြီးရင့်ပြီးတော့ ဘာမျှ အလုပ် မလုပ်နိုင်ကြဘူး။ အဲသလို ရှိနေကြတဲ့ မိဘတွေကိုလည်း ကိုယ့်ပေါ် ပြုခဲ့ဖူး၊ ကျွေးခဲ့ဖူးတဲ့ကျေးဇူးဟောင်းတွေကို ပြန်ပြန်အောက်မေ့ပြီးတော့ အဲဒီကြွေးဟောင်းတွေကို ဆပ်ဖို့ဆိုပြီးတော့ သူတို့ကို ကျွန်တော်က ထူးထူး ခြားခြား လုပ်ကျွေးရပါတယ်။ ပြီးတော့ ဒီလက်ပံတောကြီးထဲမှာ မပျံနိုင် ကြတဲ့ အားအင်ယိုယွင်းကြတဲ့ သက်ကြီးရွယ်အိုကျေးသားတွေ ရှိကြတယ်
အဲဒီကျေးသားတွေကိုလည်း ချမ်းသာအောင် သူတို့ကို ကျွန်ုပ်တို့က ကျွေးရ မွေးရပါသေးတယ်။ အဲဒါဟာ ရွှေအိုးမြှုပ်ခြင်းပဲ”လို့ ပြောပြတော့ ပုဏ္ဍားကြီးက အင်မတန် ကျေနပ်နှစ်သက် ဝမ်းသာသွားတယ်။
လူတွေမှာတောင် ဒီလိုတရားမျိုး မရှိကြဘူး။ ဒီကျေးသားကြီးဟာ ဒီလို ထူးခြားတဲ့တရားတွေ ဆောင်ရွက်နေပါလားဆိုပြီးတော့ အင်မတန် ၀မ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ ရှိတဲ့လယ်တွေကို အလိုရှိသလိုသုံးဖို့ ခွဲဝေ ပေးတယ်လို့ဆိုတယ်။ အဲဒါကြောင့်မို့ ဒီဓာတ်တော်အရ လောကမှာ သူသူ ငါငါ သတ္တဝါတွေမှာ ကြွေးသစ်ချပေးဖို့ တာဝန်ရှိတယ်။ ရွှေအိုးမြှုပ်ဖို့ တာဝန်ရှိတယ်။
မိမိတို့ အသက်ထင်ရှားရှိနေတုန်း မိဘတွေကို ကျွေးမွေးကြး ပြုစုကြ စောင့်ရှောက်ကြတာဟာ ကြွေးဟောင်းဆပ်ပေးခြင်းပဲ။ မိမိတို့ရဲ့သားကလေး တွေကို ကျွေးကြ၊ မွေးကြ၊ ပေးကြ ကမ်းကြတာတွေဟာ ကြွေးသစ်ချပေး တာပဲ နောင် မိမိတို့ကို သူတို့တစ်တွေက စောင့်ရှောက်လိမ့်မယ် ဆိုပြီး တော့ ကြွေးသစ်ချပေးခြင်းပဲ။
ယခုလို ဆွေကိစ္စ၊ မျိုးကိစ္စ ရပ်ကိစ္စ ရွာကိစ္စ သာသနာတော်ကိစ္စ စသည်ဖြင့် ထိုထိုကိစ္စတွေမှာ မိမိတို့က အထိုက်အလျောက် ဆောင်ရွက်ကြ တယ်။ ထောက်ပံ့ကြတယ်။ ဒါတွေဟာ ရွှေအိုးမြှုပ်ခြင်းပဲ။ လှူုကြတန်းကြတဲ့ ဥစ္စာဟာ ရွှေအိုးမြှပ်ကြတာပဲ။
ယနေ့ မိမိတို့ မိဘတွေ မရှိကြတော့ဘူး တိုက်ရိုက်ကြွေးဟောင်း ဆပ်ပေးဖို့ဆိုတာကတော့ မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်တော့လည်းပဲ အခုလို ကြွေးဟောင်းဆပ်တဲ့အနေနဲ့ပဲ ကွယ်လွန်ခဲ့ကြတဲ့ မိဘတွေကို အလှူအတန်း ပေးပြီးတော့ အမျှအတန်း ပေးဝေခြင်းဟာ ဒါလည်း ကြွေးဟောင်းဆပ်ခြင်း တစ်မျိုးပဲ ကြွေးဟောင်းဆပ်ခြင်းပဲ။ ဒီတော့ ဒီဥစ္စာဟာ မိမိတို့ပြုရမည့်တာဝန် တစ်ခု။ အဲဒီ တာဝန်ကိုပြုခဲ့တာ မနည်းပါဘူး။ နောက်နောက်ကလည်း ဒကာကြီး ဒကာမကြီးတွေ ကွယ်လွန်တုန်းကလည်း လှူခဲ့ကြ၊ တန်းခဲ့ကြ။ ပူဇော်ခဲ့ကြ အမျှအတန်း ပေးဝေးခဲ့ကြ၊ နောက်ရက်လည်ဟေ့ဆိုပြီး လှူခဲ့ ကြ၊ တန်းခဲ့ကြ၊ ပူဇော်ခဲ့ကြ အမျှအတန်းပေးဝေခဲ့ကြပြီးတော့ လလည်။
နှစ်ပတ်လည် စသည်ဖြင့် ဒီလိုလည်း လှူခဲ့ကြ၊ တန်းခဲ့ကြတာ မနည်းဘူး အားလုံး ဒါတွေဟာ မိမိတို့ ကြွေးဟောင်းဆပ်ခြင်းတစ်မျိုးပဲ။
တာဝန်ကို သိပြီးတော့ အဲဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင် ဖို့ကို မိဘတွေက မိမိတို့ကို လိုလားတယ်။ တို့သားသမီးတွေဟာ တို့သေရင် သူတို့က တို့ကို အမျှအတန်း ပေးဝေကြလိမ့်မယ်လို့ မျှော်လင့်ချက်လေး တွေ ရှိကြ၊ အဲဒီမျှော်လင့်ချက်အတိုင်း မိမိတို့က တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းလည်း ဖြစ်တယ်။ တကယ်တော့လည်း ဒကာကြီး။ ဒကာမကြီးတွေဟာ မကောင်းတဲ့ဘုံဘဝများ ရောက်နေမလားလို့ ကောင်းရာ သုဂတိ ရောက်အောင်ဆိုပြီးတော့ လျူဖို့တန်းဖို့ကိစ္စကတော့ တယ်ရှိမှာ မဟုတ်ဘူး။
ဘုန်းကြီးတို့ကျောင်းမှာကိုပဲ ဒကာမကြီး လှူသွားတာတွေလည်း မနည်းတော့ဘူး။ နောက်ပြီး ကမ္ပည်းတွေနဲ့ ဒကာမကြီးလှူသွားတဲ့ ကျောင်း တွေး ပဒေသာပင်တွေ။ ဗီရိုတွေး ကုလားထိုင်တွေ။ ခုတင်တွေစသည်ဖြင့် ကမ္ပည်းတွေနဲ့ချည်းပဲ လူသာသေ နာမည်မသေး ကိုယ်သာဟျောက် နာမည် မပျောက် လူသာပျောက် ကုသိုလ်အရှိန်အဝါတွေက အထင်အရားပဲ။ အဲဒါ တွေ ကို ဘုန်းကြီးတို့လည်း အမြဲတမ်း မြင်နေကြရတယ်။ မြင်တိုင်းလည်း မေတ္တာပွားကြရတယ်။ ဒါကြောင့် မကောင်းတဲ့ဘဝများ ရောက်နေမလား အထင်မျိုးနဲ့ ဒီလိုကုသိုလ်ပြုဖို့တော့ လိုမည်မထင်ပါဘူး။ ဒကာကြီး၊ ဒကာမကြီးတို့ဟာ သူတော်ကောင်းတရားတွေကို အမြဲကျင့်ကြံနေကြ၊ အလှူ ရေစက် လက်နှင့်မကွာ ဒါန သီလ၊ ဘာဝနာတရားတွေ အားထုတ်နေကြတာ ဖြစ်ခြင်းကြောင့် ဂတိများ လွဲသွားမလားလို့။ အယူများ တိမ်းပါးသွားလေ မလားလို့ ဒီလိုကြောင့်ကြစိတ်မျိုးနဲ့တော့ လှူဖို့ လိုမှာမဟုတ်ပါဘူး။
သို့သော်လည်းပဲ ခုနကပြောသလို မိမိတို့မှာ ကြွေးဟောင်း ဆပ်ဖို့ တာဝန်ရှိတယ်။ တစ်နည်းတစ်လမ်းအားဖြင့် ကြွေးဟောင်း ဆပ်ခြင်းပဲ။ အဲဒါဟာ သားသမီးကောင်းတို့ရဲ့ ပြုသင့်ပြုထိုက်တဲ့၊ ပြုကြတဲ့ကိစ္စတွေ။ လောကမှာ ဒကာကြီး ဒကာမကြီးတွေ ရသည်ဖြစ်စေ။ မရသည်ဖြစ်စေ မိမိတို့အဖို့ကတော့ ရပြီးသားချည်းပဲ။ ပြုသမျှကုသိုလ်တွေရဲ့ အကျိုး အာနီကင်တွေက ရပြီးသားချည်းပဲ။
ဒါကြောင့် ပြုရတဲ့ကုသိုလ်ဟာ ကျေးဇူးရှင်မိဘများအတွက် မိမိတို့ ပြုရမည့် တာဝန်တစ်ရပ်ကို ဆောင်ရွက်ခြင်း' ကြွေးဟောင်းဆပ်ပေးခြင်း တစ်မျိုးပဲလို့ အောက်မေ့ပြီးတော့ ဒါတွေဟာ ကတညုတ ကတဝေဒီ ကျေးဇူးသိတတ်တဲ့ ပုဂ္ဂုုလ်တိုင်း ပြုရမည့် ကျေးဇူးဆပ်ခြင်းတစ်မျိုးပဲလို့ သူတော်ကောင်းတို့ရဲ့ လမ်းဟောင်းအတိုင်း ဆင်ခြင်အောက်မေ့ပြီးတော့ -
“တို့ ယနေ့ပြုရတဲ့ ကုသိုလ်တွေဟာ မွန်မြတ်တယ်။ အကျိုးရှိတယ်။ တကယ့်ထူးခြားတဲ့ ကုသိုလ်တွေလို့ ဆင်ခြင်မိပြီးတော့ တစ်ရံတစ်ခါသာ ပြုကြရတဲ့ ကုသိုလ်တွေကိုလည်း မမေ့ကြဘဲနဲ့ ထပ်ခါထပ်ခါ အောက်မေ့ခြင်း၊ မိဘတွေကို အကြောင်းပြုပြီးတော့ လှူရတဲ့ ကုသိုလ်တွေကိုလည်း ထပ်ခါ ထပ်ခါ အောက်မေ့ပြီးတော့ စာဂါနုဿတိကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဦးဟန် တစ်နှစ်ပြည့် ဒေါ်ခင်လှ အလှူ၌ ဟောကြားအပ်သော တရားတော်
ယနေ့ ဒကာမကြီး ဒေါ်ခင်လှမိသားစုတို့က ကွယ်လွန် တစ်နှစ် ပြည့် မြောက်ပြီးဖြစ်တဲ့ ဒကာကြီး ဦးဟန်။ အစ်မကြီးဖြစ်တဲ့ ဒေါ်ရှုလျံတို့ကို ရည်ရွယ်ပြီးတော့ သူတို့တစ်တွေရဲ့ ချမ်းသာဖို့ အဲ-ချမ်းသာခြင်းအကြောင်း ပြုပြီးတော့ တစ်ဆင့်နဲ့တစ်ဆင့် မြင့်သထက် မြင့်ကြဖို့ ရည်ရွယ်ပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ် မဟာဒါနကြီးကျယ်လှသော အလှူ တော်ကြီးကို ယနေ့ ရက်ရက်ရောရော မတွန့်မဆုတ် အားထုတ်ကြုံးပမ်း ပြီးတော့ ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့တယ်။ ယနေ့ထူးမြတ်လှသော အလှူတော်ကြီး' ပစ္စည်းတွေ အများအပြား စွန့်လွှတ်လှူဒါန်းပြီးတော့ တကယ့်ထူးခြားလှတဲ့ အလှူတော်ကြီးကို ပူဇော်ခဲ့ကြတယ်။
အမှန်တော့ ကွယ်လျန်ခဲ့ကြတဲ့ ခတာက္ကြီးဦးဟန်၊ ဆိုတာလည်း တကယ့်ကောင်းမှုရှင်ကြီးး ကျောင်းဒကာလည်းဟုတ်။ ဘုရား ဒကာလည်း ဟုတ် ရဟန်းဒကာလည်း ဟုတ်တယ်။ အမျိုးမျိုးကုသိုလ်ကောင်းမှုတွေ ပြုခဲ့တယ်။ ဒကာမကြီး ဒေါ်ခင်လှဆိုရင်လည်း အတူတူပဲ မပြုခဲ့ကြတဲ့ ကုသိုလ်တွေ ခပ်ရှားရှားပဲ ဘုန်းကြီးကျောင်းမှာတောင် ယနေ့ ဟိုနေရာ လက်ညှိုးထိုး။ ဒီနေရာလက်ညှိုးထိုး မလွဲသလိုပဲ။ ကုသိုလ်တွေ ပြုခဲ့ကြတယ်။
ယနေ့ထူးခြားတဲ့ တော်တော်မျှော်လင့်ချက်ကင်းနေတဲ့ အဲ-ဘုန်းကြီး တို့ ရွှေကျင်ကျောင်း ဘုရားကုန်းတော်ပေါ်မှာ စံနေတော်မူတဲ့ ဆင်းတုတော် တွေ။ အဲဒီဆင်းတုတော်တွေစံရာ ဘုရားကျောင်းတော်ကြီး ဂန္ဓကုဋီကို ပြင်ဆင်ရန်ဆိုပြီးတော့ ငွေသုံးသိန်း လှူဒါန်းခဲ့တယ်။ အဲသလို သုံးသိန်း အလှူတော်ကြီးကို လှူတဲ့အခါ အခု အဲဒီသုံးသိန်း အလှူတော်ထက်မက ဘုန်းကြီးတို့ အဲဒီကုသိုလ်တော်နဲ့အတူ ပြုခဲ့တဲ့ ကုသိုလ်တွေလည်း မနည်းဘူး။ အားလုံး ဖိတ်စာရထားကြတော့ သိတော့ သိပြီးသာဖြစ်မှာပဲ။ ဒါပေမဲ့
ဘုန်းကြီးတို့ကတော့ ထပ်ပြီး ဝမ်းသာကြရအောင် အမှန်တော့ ကွယ်လွန် ခဲ့တဲ့ ဒကာကြီး ဦးဟန်တို့၊ ဒကာမကြီး ဒေါ်ရှုလျံတို့ဆိုတာက ကောင်းမှုရှင် တွေ။ ကုသိုလ်ရှင်တွေပဲ။
အဲဒီကုသိုလ်ရှင် ကောင်းမှုရှင်တွေကို ကောင်းမှုတွေက ကြိုဆို နေကြမြဲပဲ။ ကုသိုလ်ရှင်တွေဆိုတာဟာ သူတို့ပြုကြတဲ့ ကောင်းမှုတွေအလိုက် ကောင်းမှုတွေက ကြ်ုဆိုနေမြဲဖြစ်တယ်။ လောကမှာ တစ်ရပ်တစ်ကျေး အဝေးရောက်နေပြီးတော့ အချိန်ကျလို့ ပြန်လာတဲ့ ဆွေမျိုးမိတ်ဆွေတွေကို ဒီကနေ ရှိကြတဲ့ ဆွေမျိုးမိတ်ဆွေတွေက အားရဝမ်းသာ ကြိုဆိုကြသလို တဲ့၊ အဲဒီလိုပဲ ယခုဘဝက ကုသိုလ်ကောင်းမှုပြုကြတဲ့ ပုဂ္ဂိုလ်တွေကို အဲဒီ ကောင်းမှုရှင်တွေ၊ ကုသိုလ်ရှင်တွေကို တမလွန်ဘဝက သူတို့ ကောင်းမှု တွေက ကြ်ိုဆိုနေကြတယ်။ ကုသိုလ်တွေက ကြ်ုဆိုနေကြတယ်။
စိရပ္ဝဝါသိ' ပုရိသံ ဒူရတော သောက္ခိ မာဂတံ
ညာတိမိတ္တာ သုဟဇ္ဇာစ အဘိနန္ဒန္က် အာဂတံ
စိရပ္ပဝါသိ“-ကြာမြင့်ကြီးစွာ ခွဲခွာရွ် နေသော၊ ဒုရတော တစ်ရပ် တစ်ကျေးဝေးသော အရပ်မှ၊ သောတ္ထိံ-ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့်၊ အာဂတံ ပြန်လည်ရောက်လာသော၊ ပုရိသံ-အမျိုးသား အမျိုးသမီးကို အာဂတံ-ပြန်လာပါတကားဟူရ်် ဉာတိမိတ္တာစ- ဆွေမျိုးမိတ်ဆွေအပေါင်း တို့သည်လည်းကောင်း၊ သုဟဇ္ဇာစ-ချစ်ကျွမ်းဝင်ကြကုန်သော ပုဂ္ဂိုလ်အပေါင်း တို့သည်လည်းကောင်း၊ အာဘိနန္ဒန္တိ-လက်ခံအားရ ကြိုဆိုနေကြကုန်လေ သတည်း။
(သာဓု သာဓု သာဓု)
ဒါဟာ ဥပမာကလေး ဘုရားရှင်ကိုယ်တော်မြတ် ဓမ္မပဒပါဠိတော်။ မှာ ဟောတော်မှုတဲ့ ဒေသနာ။ အဲ-တစ်ရပ်တစ်ကျေး အလုပ်အကိုင်လုပ်လို့ ဖြစ်စေ အဲဒီ စီးပွားရေးစသည်ကို ဆောင်ရွက်လို့ဖြစ်စေး တစ်ရပ်တစ်ကျေး တစ်ရပ်ဝေးကိုခ္ပဲခွာပြီး၊ နေပြီးတော့ ပြန်လာတဲ့ မိမိတို့ဆွေမျိုး၊ မိမိတို့မိတ်ဆွေ ကို ဒီကနေ ဆွေမျိုးတွေး မိတ်ဆွေတွေက သြော်-တို့ဆွေမျိုး။ တို့မိတ်ဆွေ ပြန်လာပါလား။ ကျန်းကျန်းမာမာ ပြန်လာပါလားလို့ အားရပါးရ နှစ်သက်
ရွှင်ပျ ကြိုဆိုရသကဲ့သို့တဲ့ အဲဒီလိုပဲ ကောင်းမှုကုသိုလ်တွေက ကြုံဆိုကြတဲ့ အကြောင်း-1
တထေဝ-ကတပုညမ္ပိ-အသ္မွာ လောကာ ပရံဂတံ။
ပုညာနိ ပဋိဂ္ဂဏှန္က ပိယံ ညာတီ၀ အာဂတံ/။
တထေဝ-ထိုအတူသာလျှင်း အသ္မာလောကာ-ပစ္စုပ္ပန်ဘဝမှ ပရံ တမလွန်ဘဝသို့' ဂတံ-ပြောင်းရွသွားသေား ကတပုညမ္မိ-ပြုလုပ်ပြီးသော ကုသိုလ်၊ ကောင်းမှုရှိပြီးသော ကုသိုလ်ရှင်ကိုလည်းး အာဂတံ-ကျန်းမာ ချမ်းသာစွာ ပြန်လည်ရောက်လာသော၊ ပိယံညာတိံ-ချစ်မြတ်နိုးအပ်သော ဆွေမျိုးမိတ်ဆွေအပေါင်းကို၊ ပဋိဂ္ဂဏှာတိက္ကဝ-အားရပါးရ နှစ်သက်ရွှင်ပျ ကြိုဆိုရသကဲ့သို့' ပုညာနိ-ကောင်းမှုကုသိုလ်တရားတို့က- ပဋိဂ္ဂဏှန္တ်- မိမိတို့ ဆိုက်ရောက်ရမည့် ဘုံဘဝကနေ အမြဲတမ်းလက်ခံ ကြိုဆိုကြလေကုန် သတည်း။
(သာဓု သာဓု သာဓု)
ဒီဘဝက မိမိတို့ ကုသိုလ်တွေ ပြုထားကြတဲ့ ပုဂ္ဂိုလ်တွေ အဲဒီ ပြုထားကြတဲ့ ကုသိုလ်ရှင်ကောင်းမှုရှင်တွေကို၊ နောက် မိမိတို့ဆိုက်ရောက် ရမည့် ဘုံဘဝကနေ ချမ်းသာတွေပေးဖို့ ကုသိုလ်တရားတွေက ကြိုဆိုလျက် ချည်းပဲ
အဲဒီအကြောင်း ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မှူခဲ့တယ်။ အဲဒီလို ကြုဆိုခဲ့တဲ့ သာဓကတွေ အများကြီးတွေ့ရတယ်။ အနာထပိဏ်သူဌေး။ ကျောင်းဒကာကြီးကွယ်လွန်သွားတော့ ဟိုမှာ ဘုံဗိမာန်ကြီးနဲ့တွေ့ ရတော့ သူ့ဗိမာန်မှန်းသိရတော့ တစ်ခါတည်း ဗိမာန်ထဲမှာဝင်ရင်း ငါမေ့ နေဦးမယ်။ နတ်ပြည်ဆိုတာက အင်မတန် ချမ်းသာတဲ့ပြည်ဆိုတော့ မေ့တတ်တယ်။ အဲဒီ နတ်ပြည်ရောက်သွားတော့ သြော် ငါမေ့နေဦးမယ်။ ဒီတော့မမေ့ခင် ငါပျော်ပါးနေရင်တော့ ငါမေ့နေဦးမယ်။ မမေ့ခင် ငါ ဘုရားရှင် ကိုယ်တော်မြတ် သွားဖူးဦးမှပဲ။ ငါ လှူခဲ့တဲ့ကျောင်းတော်ကြီး သွားကြည့်ဦးမှပဲ ဆိုပြီးတော့ ကောင်းကင်ကနေ သာဝတ္ထိပြည် ရောက်လာတယ် ဇဧေတဝန်ကျောင်းတော်ကြီး ကောင်းကင်ယံကနေပြီးတော့ အသံပေးတယ် 1
က္ကဒံ ဟိတံ ဇေတဝနံ-ကူသိသံဃနိသေဝိတံ
အာဝုတ္တံ ဓမ္မရာဇေန ပီတိ သဉ္ဇာနနံ မမ
ကဒ ဇဧဇေတဝ၀န- ဤဧေတဝန်ခေါ် မြတ်ကျောင်းတော်ကြီးသည်)။ က္ကသိသဃနိသေဝိတံ-ဘုရားရှင်နှင့်တကွ၊ ရဟန္တာ သခင်အရှင်မြတ်တို့၏ အမြဲမပြတ် သီတင်းသုံးမှီဝဲရာအရပ်လည်း ဖြစ်ခဲ့ပါပေ၏။ ဓမ္မရာဇေန- တရားမင်းသခင်တို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် အာဝုတ္တံ-အမြဲ မပြတ် သီတင်းသုံးတော်မူအပ်ပါပေ၏ / မမ-ငါအနာထပိဏ် သူဌေးကြီး၏ - ပီတိသဉ္စာနနံ-ဘုရားရှင်ကို အကြောင်းပြုရွ်။ သံဃာတော်တွေကို အကြောင်း ပြုရ အမြဲမပြတ် နစ်သက်ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ပွားစေတတ်တဲ့ ထူးမြတ်စွာ နေရာဌာနကြီးပါပေတကား။ (သာဓု-သာဓု-သာဓုပါဘုရား)
အဲ- ကောင်းကင်ယံကနေပြီးတော့ အသံပေးတယ်။ ဘုရားရှင် ကိုယ်တော်မြတ်နှင့်တကွ သံဃာတော်တွေ သီတင်းသုံးရာ ဒီဇဧေတဝန်ကျောင်း တော်ကြီးဟာ ဘုရားရှင်ကို အကြောင်းပြုရ်၊ သံဃာတော်အရှင်မြတ်တွေကို အကြောင်းပြုရွါ။ ကုသိုလ်တွေ အကြောင်းပြုရ ငါ အမြဲမပြတ် ပီတိတွေ။ နှစ်သက်မှုတွေ။ ပျော်ရွှင်မှုတွေဖြစ်ရာ ထူးမြတ်တဲ့ နေရာဌာနကြီးပါတကား ဆိုပြီးတော့ မြွက်ကြားပြီး လျှောက်ထားတယ် အဲဒီနောက်မှ တာဝတိံသာ နတ်ပြည် ပြန်သွားတယ်။ ကောင်းမှုက ကြိုဆိုတဲ့ထုံးတမ်း။
ဝိသာခါ ဒကာမကြီး၊ ကျောင်းအစ်မကြီးလည်း ပုဗ္ဗာရုံကျောင်းတော်ကြီး ကုဋေပေါင်းများစွာ အကုန်အကျခံပြီးတော့ လှူဒါန်းခဲ့တယ်။ အဲ-ကွယ်လွန် သွားတော့ နိမ္မာနရတိ နတ်ပြည်ရောက်သွားတယ်။ ဟိုက သူ့ကို ကြိုဆို နေတယ် ဗိမာန်ကြီးတွေနဲ့ အဲဒီလိုကောင်းမှုရှင်။ ကုသိုလ်ရှင်တွေဆိုတာက
ဒီလိုပဲ ကြိုဆိုမှု ခံကြရတာပဲ။ ဒါကြောင့်မို့လို့ ယနေ့ ကောင်းမှုရှင် ကုသိုလ်ရှင်ဖြစ်သွားတဲ့ ဒကာကြီး ဦးဟန်။ ဒကာမကြီး ဒေါ်ရှုလျံတို့ကို ရည်ရွယ်ပြီးတော့ ယနေ့ ဒကာမကြီး ဒေါ်ခင်လှက ထူးမြတ်လှစွာသော မဟာဒါန အလှူတော်ကြီးကို ရက်ရက်ရောရော နှမြောမတွန့်၊ တွန့်ဆုတ်ခြင်း နှမြောခြင်း မရှိဘဲနဲ့ 1 လွတ်လွတ်ကျွတ်ကျွတ် လွတ်လွတ်ကြီးလ္ဂူဒါန်း ပြီးတော့ ပူဇော်ခဲ့ခြင်းဟာ အဲ-ဘာကြောင့် ပူဇော်နိုင်သတုံးဆိုတော့ ပစ္စည်း တွေရှိလို့။1 ပစ္စည်းတွေဆိုတာက ရွှေတွေ၊ ငွေတွေ။ ဒီပစ္စည်းတွေ စ ၅ ၈
ပြောတာလားဆိုတော့ မဟုတ်ဘူးနော်။ အဲဒီပစ္စည်းတွေ ရှိတိုင်းလည်း လှုနိုင်တန်းနိုင်တာ မဟုတ်ဘူး။ တချို့ ပစ္စည်းတွေ ပိုင်ဆိုင်တာ မနည်းဘူး။ မလျူနိုင် မတန်းနိုင် မသုံးရက်) မစွဲရက် ဒီအတိုင်းထားပြီး ရသမျှ စုထား တာပဲ အဲဒီလို ပစ္စည်းရှိတိုင်းလည်း လှူနိုင်တာမဟုတ်ဘူး။ ပစ္စည်းရှိတယ် ဆိုတာ ဒီလောက ပစ္စည်းတွေရှိတာကို ပြောတာမဟုတ်ဘူး။ ဘာပစ္စည်းတွေ တုန်းဆိုတော့-
သဒ္ဓါဓနံ သီလဝနံ- ဟိရိသြတ္တပ္ပိယံဓနံ
သုတဓနဉ္စ စာဂေါစ-ပညာဝေ သတ္တမံ ဓန
ယဿ ဧတေ ဓနော အတ္တီ- က္ကတ္တီယာ ပုရိသဿဝါ
အဒလိဒ္ဒေါတိ တံ အာဟု-အာမောဃံ တဿ ဇီဝိတံ
သဒ္ဓါဓနံ-ရတနာသုံးတန် ကံ ကံ၏ အကျိုးကို ယုံကြည်အားကိုး သော သဒ္ဓါတရားတည်းဟူသော ဥစ္စာလည်းကောင်း၊ ဟိရိသြတ္တပ္ပိယံခနံ- အကုသိုလ်မှ ရှက်ခြင်း ဟီရိတည်းဟူသော ဥစ္စာ။ အကုသိုလ်မှ လန့်ခြင်း။ သြတ္တပ္ပတည်းဟူသော ဥစ္စာနှင့် သုတဓနဉ္စ-အကြားအမြင် ဗဟုသုတတည်း ဟူသော ဥစ္စာလည်းကောင်း၊ စာဂေါဓ-စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း စာဂတည်းဟူသော ဥစ္စာလည်းကောင်း၊ ဝေ-စစ်စစ်၊ သတ္တမံ-ခုနစ်ခု မြောက်သော၊ ပညာဓနံ-ပညာတည်းဟူသော ဥစ္စာလည်းကောင်းး ယဿာ ကုတ္ထိယာဝါ-အကြင် အမျိုးသမီးအားလည်းကောင်းး ယဿာပုရိသဿဝါ- အကြင် အမျိုးသားအားလည်းကောင်းး' ဧတေဓနာ-ထိုသဒ္ဓါ သီလ အစ ရှိသော သူတော်ကောင်း ဥစ္စာ (ဂု)ပါးတို့သည် အတ္ထိ-ရှိကြပါပေကုန်၏။
တံ - ထိုသူတော်ကောင်းဥစ္စာ ရတနာ(၇ု)ပါးရှိသော ပုဂ္ဂုုလ်ကို အဒလိဒ္ဒေါတိ-ဘယ်တော့မျှ မဆင်းရဲတဲ့ပုဂ္ဂိုလ်ဟူရှ အာဟု-ဘုရားအဆူဆူ မိန့်တော်မူကြလေကုန်စါ / တဿဘထို သဒ္ဓါ သီလ သုတ စာဂ ပညာ ဟီရိ သြတ္တပ္ပတည်းဟူသော သူတော်ကောင်းဥစ္စာ(ဂု)ပါး ထင်ရှားရှိသော ပုဂ္ဂိုလ်၏ ဇိဝိတံ-အသက်ရှင်နေရခြင်းသည်။ အမောဃံ-အချည်းနှီး အသက်ရှင်၍ နေရခြင်းမဟုတ်။ တကယ်အကျိုးရှိသော၊ မွန်မြတ်သော အသက်ရှင်ခြင်းအစ၊ တကယ်တမ်း ဖြစ်ပါတော့သတည်း။
(သာဓု သာဓု သာဓု)
ဒကာမကြီး ဒေါ်ခင်လှတို့မှာ အဲဒီသဒ္ဓ သီလ အစရှိသော သူတော်ကောင်း ဥစ္စာ(ဂု)ပါး ထင်ရှားရှိနေလို့ အဲဒီရတနာတို့ကို အကြောင်း ပြုပြီးတော့ လ္ဒူနိုင်တာ။ ရက်ရက်ရောရော မတွန့်မဆုတ် လှူနိုင်တယ်။
သူတော်ကောင်းဥစ္စာ ရတနာတွေရှိနေလို့ အဲဒီ သူတော်ကောင်း ဥစ္စာတို့ကိုအကြောင်းပြုပြီး လျှူနိုင်ခြင်းဖြင့် ဒီလိုလ္ဂူနိုင်တဲ့ စွန့်နိုင်တဲ့ နေရာမှာ အင်မတန်အရေးပါတဲ့ သူတော်ကောင်းဥစ္စာက သဒ္ဓါတရား၊ သဒ္ဓါ တရား မရှိဘူးဆိုရင် တစ်ပြား တစ်ကျပ်တောင် မလှူနိုင်ပေမယ့် သူတော် ကောင်း ဥစ္စာတည်းဟူသော သဒ္ဓါတရားထင်ရှားရှိလာပြီးဆိုရင် ကြည်ညို လာပြီ ကြည်လင်လာပြီဆိုရင်' သဒ္ဓါတရား ဖြစ်ပေါ်လာပြီဆိုရင် ဘယ် လောက်ပဲ လှူရ လှူရ မတွန့်တော့ဘူးး မဆုတ်တော့ဘူး။ အဲ-ရှေ့ကိုသာ တိုးပြီး နောက်မဆုတ်တော့ဘူး အင်မတန် ရဲရင့်တဲ့အလှူမှာ ရဲရင့်တဲ့ တရားကြီးဟာ သဒ္ဓါတရားပဲ ဒီသဒ္ဓါတရားတည်းဟူသော ဥစ္စာကြီး ပိုင် ထားလို့ ဒကာမကြီး ဒေါ်ခင်လှ ပြုနိုင်ခဲ့တဲ့။ စွန့်နိုင်ခဲတဲ့ပစ္စည်းတွေ အများကြီး စွန့်ပြီးတော့ ဒကာကြီးတွေ။ ဒကာမကြီးတွေကို ကျေးဇူးပြုတယ်။ အဲဒီသဒ္ဓါတရားကို အကြောင်းပြုရှပဲ ဒကာမကြီးဒေါ်ခင်လှတို့ဆိုရင် အခု မလှူဘူးတဲ့ အလှူဆိုတာ မရှိသလောက်ပဲ။ ဒီကျောင်းတိုက်ဆိုင်ရာဆိုရင် နေရာတကာမှာ ပါလျက်ချည်းပဲ။ လှူလျက်တန်းလျက်။ ပူဇော်လျက်ချည်းပဲ။ ဒီပြင်အလျူမျိုး။ ဟိုကျောင်းတိုက် သည်ကျောင်းတိုက်၊ ဟိုဒါန၊ ဒီဒါန၊ အဲ- အများအပြား လှူခဲ့တာလည်း မနည်းဘူး။ ဒါက အများသိတဲ့အတိုင်းပါပဲ။
ဘုန်းကြီးက နည်းနည်းပိုပြီး အားတက်ရအောင်။ ဝမ်းသာရအောင် ပြောပေးရတယ်။ ဟောပေးရတယ်။ သီလဓနံ-သီလတည်းဟူသော ဥစ္စာ ရတနာလည်းကောင်း။ ဒါလည်း အရေးပါတာပဲ။ ပစ္စည်းရှိပေမဲ့ သီလမရှိရင် လှူဖို့ တယ်မဖြစ်ဘူး။ သီလတည်းဟူသော ဥစ္စာရှိမှ မိမိကိုယ်ကို မြတ်နိုး တတ်တယ် မိမိကိုယ်ကို ချစ်တတ်တယ်။ ချစ်တတ်တော့ မိမိချမ်းသာကြောင်း ဒါနအမှုကို ပြုနိုင်တယ်။ ဟီရိသြတ္တပ္ပိယံဓနံ-ဟီရိသြတ္တပ္ပတည်းဟူသော ဥစ္စာ။ ဟီရိသြတ္တပ္ပဆိုတာလည်း သီလဖြစ်ဖို့ရာ အားကြီးသော အထောက် အပံ့၊ ရှက်တတ်မှ သီလရှိတယ်။ ကြောက်တတ်မှ သီလစောင့်ဖြစ်တယ်။ ဒါကြောင့်မို့လို့။ ဟီရိသြတ္တပ္ပိယ ဟီရိသြတ္တပ္ပပဒဌာနံလို့ သီလရဲ့ ပဒဌာန်
ပြတဲ့အခါကျတော့ ဟီရိသြတ္တပ္ပလျှင် နီးစွာသောအကြောင်းရှိတယ်။ ဟီရိ သြတ္တပ္ပရှိမှ သီလဖြစ်တယ်။ ဟီရိသြတ္တပ္ပ မရှိရင် သီလမဖြစ်ဘူး။ ဒါတွေ ပြောနေရင် အကျယ်ကြီးပဲ။
သုတဓနဉ္စ-အကြားအမြင်ဗဟုသုတလည်းကောင်းး အကြားအမြင် ဗဟုသုတတွေလည်း များကြရတယ်။ အကြားအမြင် ဗဟုသုတ များရင် လှူနိုင်ကြ၊ တန်းနိုင်ကြ၊ စွန့်နိုင်ကြခြင်းဖြစ်တယ်။ ဗဟုသုတ ရှိတော့ ဒါန အကျိုးတွေသိရ၊ ဖတ်ရ၊ ကြားနာရတယ်။ သီလအကျိုးတွေသိရ။ ဖတ်ရ ကြားနာရတယ်။ အဲ- ဘာဝနာအကျိုးတွေကိုလည်း သိရ ဖတ်ရ ကြားနာ ရတယ် အဲဒီလို ဘာဝနာအကျိုးတွေကို သိရ၊ ဖတ်ရ ကြားနာရတော့ ဘာဝနာတွေကိုလည်း အားထုတ်ဖြစ်တယ်။ ဒါကြောင့် သုတတည်းဟူသော ဥစ္စာကလည်း အင်မတန်မှ အရေးပါတဲ့ဥစ္စာ။ အဲဒီသုတ ရှိလို့လည်းပဲ။ မကြုံစဖူး ထူးထူးကဲကဲ အလှူတွေ လှူနိုင်တယ်။ သီလတွေ ဆောက်တည် နိုင်တယ်။ မကြုံစဖူး ထူးထူးခြားခြား ဘာဝနာတွေကိုလည်း အားထုတ် နိုင်ကြတယ်။ အဲဒါ သူတော်ကောင်းဥစ္စာရတနာရှိခြင်းကို အကြောင်းပြု ပြီးတော့ အဲ-ကုသိုလ်တွေ ဖြစ်ပွားခြင်းပဲ။ စာဂေါစ-စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းတည်းဟူသော စာဂဥစ္စာလည်းကောင်း၊ ဒါလည်း ရတနာ တစ်ပါး၊ အဲဒီရတနာရှိလို့လည်း ယနေ့လို ထူးကဲတဲ့ အလှူတော်ဒါန ပေးလှူ နိုင်ကြတယ်။ ပညာဝေသတ္တမံဓနံ- ပညာတည်းဟူသော ဥစ္စာ၊ အဲဒါတော့ ပြောစရာမရှိ ပညာတည်းဟူသော ဥစ္စာကတော့ သိပြီးသားပဲ။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေမှာ ကုသိုလ်ကံပြုရင် ကောင်းကျိုးပေးတယ်။ အကုသိုလ်ကံပြုရင် မကောင်းကျိုးရမယ်ဆိုတဲ့ ဒီအသိမျိုးရှိလို့ ကုသိုလ် ကံတွေ များများပြုခဲ့ကြတယ်။ ဒါနတွေ ပြုခဲ့ကြတယ်။ သီလတွေ ဆောက် တည်ခဲ့ကြတယ်။ ဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းခဲ့ကြ၊ ကုသိုလ်တွေ များများ ပြုခဲ့ကြတယ်။ အဲ-ပညာကလည်း အရေးပါတဲ့။ အရာရောက်တဲ့ ထူးခြားတဲ့ တရား တစ်ခုပါ။ အဲဒီတရားတွေကို မိမိတို့မှာ ထင်ရှားရှိနေသောကြောင့် ယခုလို မကြုံစဖူးထူးကဲလှတဲ့ ကုသိုလ်အထူးကြီးကို ယနေ့ ဆင်ယင်ကျင်းပ ပူဇော်နိုင်ကြ' လှူဒါန်းနိုင်ကြတယ်။
အဲ-အဲဒီလို ကုသိုလ်ဆင်ယင်နိုင်ကြတော့ ဘာဖြစ်တုံးး သာသနာတော် မှာလည်း အကျိုးကျေးဇူးများ၊ မိမိတို့မှာလည်းပဲ နစ်သက်ရ။ ရွှင်လန်းရ။ ဝမ်းသာရ။ ကြည်နူးရ။ ပီတိတွေ ဖြစ်ကြရ။ သောမနဿတွေ ဖြစ်ကြရ အဲ- အကျိုးတွေ အကျိုးဆက်တွေမနည်းဘူး။ အဲဒါတွေ အကြောင်းပြုပြီးလည်းပဲ ကုသိုလ်တွေ ထပ်ထပ်ပြီးတော့ တိုးပွားအောင် အားပေးသလို ဖြစ်တယ်။ အဲဒါကြောင့် ယနေ့လ္ဂူဒါန်း ရသောအကျိုး ဒါနတွေး သီလတွေ ဘာဝနာတွေ ကောင်းမှုတွေ အဲဒီကောင်းမှုတွေဟာ မိမိတို့ရဲ့ ခုနပြောတဲ့ သူတော်ကောင်းဥစ္စာ ရတနာ (ဂု)ပါးထင်ရှား ရှိခြင်းကို အကြောင်းပြုရှ် ဖြစ်လာတာဖြစ်သောကြောင့် အဲဒီသူတော်ကောင်း တရား(ဂု)ပါးကိုပဲ အကြောင်းပြုပြီးတော့ မိမိတို့ဟာ ဒီကုသိုလ်တွေကို အကြောင်းပြုပြီးတော့ ပျော်ကြရ။ ရွှင်ကြရ။ နှစ်သက်ကြရ ဝမ်းမြောက်ကြရတယ်4။ မှတ်တမ်းတင်အပ်တဲ့ကုသိုလ်တစ်ခုကို ဒကာမကြီး ဒေါ်ခင်လှက ယနေ့ မိမိတို့ချစ်မြတ်နိုးအပ်တဲ့ ဒကာကြီးဦးဟန်တို့ ဒေါ်ရှုလျံတို့ကို ချမ်းသာ စေချင်တဲ့စေတနာကောင်းနဲ့ သာသနာတော်ကို မြတ်နိုးတဲ့စိတ်ထား ဖြင့် လှူတာ အရတော်လေစွ။ ကောင်းလေစွ။ နစ်သက်ဖွယ်ကောင်းလေစွလို့ လူရောချီးမွမ်းစရာ။ နတ်ရောချီးမွမ်းစရာ။ ဗြဟ္မာရောချီးမွမ်းစရာ ချိးမွမ်းဖွယ် ကောင်းလှတဲ့ အလှူကြိီးကို လှူဒါန်းရပြီလို့ နှစ်သက်ရွှင်လန်းဝမ်းမြောက်ဖို့ ကုသိုလ်တစ်ခု ပြုပြီဆိုရင် အဲမမေ့ရဘူး ပြန်ပြန်ပြီး အောက်မေ့ပြီးတော့ စိတ်ထဲနှစ်သက် ရွှင်လန်း၀မ်းသာရတယ်။ ဝမ်းသာတိုင်း။ ၀မ်းသာတိုင်းလည်း ကုသိုလ်တွေ ထပ်ထပ်တိုးလေ သာသနာတော်ကြီးအတွက် ထပ်ထပ်ပြီးတော့ အားပေးခြင်း၊ ဆောင်ရွက်ခြင်း၊
အဲဒါနဲ့ သာသနာတော်ကြီးဟာ အဲဒီပုဂ္ဂိုလ်တွေကို အကြောင်းပြု ပြီးတော့ ထူးခြားခြင်း၊ တိုးတက်ခြင်းသို့ ရောက်ကြရတာဖြစ်သောကြောင့် ယနေ့ ဒကာမကြီးဒေါ်ခင်လှရဲ့ ထူးခြားသော အလှူဒါနတွင် ပါဝင်ပြီး တော့ လှူကြ၊ တန်းကြ၊ ပူဇော်ကြတဲ့ ဒါနရှင်တွေအားလုံး အင်မတန် နှစ်သက်စရာ ကောင်းတဲ့အလှူကြီး၊ ဝမ်းသာစရာကောင်းတဲ့ အလှူကြီး၊ အားရစရာကောင်းတဲ့ အလှူကြီး နိဗဒ္ဓပုညထာဝရကောင်းမှု-
ယေသံ ဒိဝါစ ရတ္တောစ သဒ္ဓါ ပုညံ ပဝနတိ
ဓမ္မဿ သီလသမ္ပန္နာ တေဇနာ သဂ္ပဂါမိနော
အဲ-နေ့ရောညပါ အခါခပ်သိမ်း ကုသိုလ်တရားတွေ တိုးပွားစေ တတ်တဲ့ အလှူတွေထဲမှာ အခုအလှူကြီးက တစ်ခုအဖြစ်ဖြင့် ပါ၀င်နေတယ်။ ဘယ်တော့မျှ မိမိတို့မျက်စိအောက်က မပျောက်နိုင်ဘူး။ စိတ်အာရုံထဲမှာ မပျောက်နိုင်လောက်အောင် မကြာမကြာ မြင်နေရတဲ့ ထာဝရကောင်းမှုကြီး မို့လို့ ကုသိုလ်တွေ ထပ်ထပ်တိုးပွားကြောင်း ကောင်းမြတ်တဲ့အလှူဒါနကြီး တစ်ခု။ အဲဒီ အလှူဒါနကြီးတစ်ခုကို ယနေ့ တို့တစ်တွေ ပြုလုပ်အားထုတ် ရပြီလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်သောစိတ်ထားဖြင့် ဤကုသိုလ်ကြီးကို ပြန်ပြန်ပြီးအောက်မေ့ခြင်း' နှစ်သက်ခြင်း၊ ဝမ်းသာခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဦးကျော်ခင်မြင့်အိမ်၌ ဟောကြားသော တရားတော်
(ရန်ကုန်မြို့) ကမ္ဘာအေးစေတီလမ်း။ သီရိမင်္ဂလာရိပ်သား အမှတ် ၂၅ 5 နေအိမ်ခ္ဗ်ကျင်းပသော မွေးနေ့အလှူတရားတော်)
(ငါးပါးသီလချီးမြှင့်ပြီးနောက် မေတ္တာသုတ်နှင့် ဗောဇ္ဇျင်္ဂသုတ်များ ချီးမြှင့်တော်မူပါသည်)
ဒါယကာ ဦးကျော်ခင်မြင့်ရဲ့ အသက် ၄၁ နှစ်ပြည့် မွေးနေ့မင်္ဂလာ အခါသမယ ဒါယကာဦးကျော်ခင်မြင်+ဒေါ်ခင်ခင်စိန်နှင့် သားများ၏ အလှူတော်မှာ အနုမောဒနာတရား အနည်းငယ် ဟောကြားပါမယ်။
တစ်နေ့က ဒါယကာကြီးဦးမောင်မောင်က အခု မောဒနာတရားလေး ဟောပါ။ ဒါယိကာမကြီးလည်း နေမကောင်းလို့ ဗောဇ္စျင်တရားနဲ့ ဗောဇ္စျင် အကျိုးများလည်း ဟောပေးပါဆိုပြီးတော့ လျှောက်ထားခဲ့တယ်။ ဒါကြောင့် အနုမောဒနာတရားနဲ့ ဗောဇ္ဇျင်အကျိုးများကို ဒီနေ့ ဘုန်းကြီး ဟောပေးပါ မယ်။
မာ ဘိက္ခဝေ ပုညာနံ ဘာယိတ္ထ သုခသောတံ အဓိဝစနံ ယဒိဒံ ပုညာနိ။
ဘိက္ခဝေ= ချစ်သားရဟန်းတို့၊ ပုညာ၏ နံ= ကုသိုလ်ကောင်းမှုတို့ကိုး မာ ဘာယိတ္ထ= မကြောက်ကြကုန်လင့်' ဘိက္ခဝေ= ချစ်သားရဟန်းတို့၊ ယဒိဒံပုညာနိ= အကြင်ကောင်းမှုတို့သည်။ သန္တိ=ရှိကြပေကုန်၏။ ဧတံ= ထိုကောင်းမှုဟူသော အမည်သည်။ သုခဿ= ချမ်းသာသုခ၏်။ အဓိဝစနံ= အမည်ပေတည်း။
ချစ်သားရဟန်းတို့၊ ကုသိုလ်ကောင်းမှုတွေကို မကြောက်ကြနဲ့။ ကုသိုလ်ကောင်းမှုဆိုတာ သုခရဲ့အမည်နာမပဲတဲ့။ ဘုရားရှင်ကိုယ်တော် မြတ်က ဒီလို ဟောတော်မူပါတယ်။ ကုသိုလ်ကောင်းမှုဟာ ချမ်းသာသုခ၏ အမည်တစ်မျိုးပဲတဲ့။ ကုသိုလ်ကောင်းမှုပြုရင် ချမ်းသာခံစားရတယ်။ ကုသိုလ် ကောင်းမှု မပြုရင် ဒုက္ခရောက်မယ်။
ဘုရားရှင်စါ ကိုယ်တော်မြတ် တစ်နေရာမှာ ဟောထားတာရှိတယ် 1 နှမြောတွန့်တိုတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်ငတ်မှာကြောက်လို့ မလှူကြဘူး။ အဲသလိုမလ္ဒူကြတဲ့။ နှမြောကြတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်နေ့ကျရင် သူတို့ ကြောက်တဲ့ အဲဒီ အငတ်ဘေးကြီးကို ဒီဘဝမှာလည်းကောင်း၊ နောင်ဘဝမှာ လည်းကောင်း တွေ့ကြုံရတော့မယ်လို့ ဟောထားတာ ရှိတယ်။
ဒါကြောင့် ကုသိုလ်မပြုတာဟာ ဆင်းရဲဒုက္ခရောက်ကြောင်း။ ကုသိုလ် တွေဟာ ချမ်းသာခြင်းအကြောင်းပါ ပဲ။ ချမ်းသာခြင်းအကြောင်းမို့လို့ ကုသိုလ်နဲ့ ချမ်းသာတရား အကြောင်းနဲ့အကျိုး တရားနှစ်ပါးကို တစ်သားတည်းထား တင်စား ဟောကြားတော်မူခဲ့တယ်။
ဒီတော့ ကုသိုလ်ကောင်းမှုတွေဆိုတာဟာ မိမိတို့ ချမ်းသာခြင်းရဲ့ အကြောင်းတွေချည်းပဲ။ ယနေ့ မိမိတို့ပြုတဲ့ ကုသိုလ်တွေဟာ မိမိတို့ ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော ကုသိုလ်တွေချည်းပဲ။
ငတ်မှာကြောက်လို့ မလ္ဒူတဲ့။ ဝန်တိုနှမြောတဲ့ ပုဂ္ဂိုလ်ဟာ ရှေးကုသိုလ် မရှိဘူး။ ရှေးကုသိုလ် မရှိလို့ ဆင်းရဲနေတယ်။ ဆင်းရဲနေလို့။ ငတ်မှာ ကြောက်လို့ မလှူဘူး။ အဲဒီတော့ ရှေးကုသိုလ်နည်းတဲ့ တချို့ သန္ဓုတရား လည်းနည်းတဲ့ ပုဂ္ဂိုလ်တွေဟာ မလျှူနိုင်ကြဘူး။
အခု ဒါယကာ ကျော်ခင်မြင့်တို့) ဒါယိကာမ ဒေါ်ခင်ခင်စိန်တို့မှာ ပုဗ္ဗေစ ကတပုညတာဆိုတဲ့ ရှေးဘဝက ကောင်းမှုအထူးရှိခဲ့ကြတယ်။ ရှိခဲ့ ကြလို့ ဒီဘဝ ပြည့်ပြည့်စုံစုံ အထက်တန်းကနေပြီး တင့်တင့်တယ်တယ် နေနိုင်ကြတယ်။ သဒ္ဓါ။ ပညာ အစရှိသော သူတော်ကောင်းတရားတွေလည်း ရှိတယ်၅ အဲသလို အဖက်ဖက်က ပြည့်စုံတော့ လှျူဖို့ရာ လိုလားကြတယ်။ သီလဆောက်တည်ဖို့ရာ လိုလားကြတယ်။ ဘဝနာတရားတွေ ပွားများဖို့ရာ လိလားကြတယ်၊ လိလားကြတဲအတိင်းပဲ ကောင်းမူတွေ အများကြီးဖြစ်တယ်။
ကုသိုလ်တွေဆိုတာ သတ္တဝါတွေကို အဖက်ဖက်က တိုးတက်ဖို့) အဖက်ဖက်က အကြောင်းညီညွတ်ဖို့ရာ ဆောင်ရွက်ပေးတတ်တဲ့ တရားတွေမို့လို့ အင်မတန် ပြုထိုက်တဲ့ ကုသိုလ်တရားတွေပဲ။
ကုသိုလ်သည် တာဖြည်းဖြညါးထိုးသည့်
ဘုန်းကြီးတို့ စဉ်းစားမိပါတယ်။ ဒါယကာ ဒါယိကာမတွေကတော့ စဉ်းစားမိရဲ့လားမသိဘူး။ ကုသိုလ်ဆိုတာဟာ တဖြည်းဖြည်းနဲ့ ပိုပို ပိုပို တိုး လာတာချည်းပဲ။ ဆုတ်ယုတ်တယ်လို့တယ် မရှိဘူး ကုသိုလ်ပြုရင် ကောင်းကျိုး တွေဟာ တိုးတိုး တိုးတိုးပြီးလာတာပဲ။
နှစ်ပေါင်းများစွာကြာပါပြီ။ မိမိရရှိတဲ့ ပစ္စည်းလေးတွေကို တစ်နှစ် တစ်ခါဆိုသလို မွေးနေ့မင်္ဂလာ အလ္ဂူလုပ်တဲ့အခါ ဘုန်းကြီး လှူဒါန်းခဲ့တယ် စောစောတုန်းကတော့ တောမှာ နေတယ်ပေါ့လေ။ တောမှာ နေတုန်းက ပထမတော့ တစ်နှစ်ဆိုရင် သင်္ကန်းလေးငါးစုံလောက်ပဲ လှူနိုင်တယ်။ နောက် တဖြည်းဖြည်း ဆယ်စုံလောက် လှူနိုင်တယ်။ နောက် တဖြည်းဖြည်း အစုံနှစ်ဆယ်။ နှစ်ဆယ်ကျော်လောက် လှူနိုင်တယ်။
တောမှာဆိုတော့ အစုံနှစ်ဆယ်လောက် လှျူနိုင်တာကိုပဲ တကယ့် ကုသိုလ်ထူးတဲ့ ပုဂ္ဂိုလ်မို့လို။_ များသောအားဖြင့် တောမှာ အစုံနှစ်ဆယ် ရဖို့ဟာ ပုဂ္ဂိုလ်တိုင်း တယ်မလွယ်ဘူး။ ရန်ကုန်ရောက်လာတော့ မွေးနေ့ မွေးနေ့မှာ ပိုပြီးလှူနိုင်လာတယ်။ နောက်ဆုံး အခုဆိုရင် အစုံတစ်ရာ ကျော်လောက် လှူနိုင်တဲ့အခြေအနေ ရောက်လာပြီ အဲဒါ ဘုန်းကြီးကတော့ ဒါ ငါ့ ကုသိုလ် အကျိုးပေးတာပဲလို့ ယုံကြည်ထားတယ်။
တလောဆီက ၀တ္ထုတစ်ထောင်တန် ဘုန်းကြီး လှူလိုက်တယ်1။ မကြာဘူး ဝတ္ထုတစ်ထောင်တန်ရတယ်။ အဲဒါ ဒါယကာလေးတစ်ယောက်ကို ပြောရတယ်။ ကုသိုလ်ကျိုးပဲကွလို့။ တလောဆီက သံဃာတော်တွေကို မုန့်ပုံးလှုလိုက်တယ်။ အချိုတိုက်တယ်။ မကြာဘူး မုန့်ပုံးတစ်ပုံး ရောက် လာတော့ ခုန ဒါယကာလေး ပြောရတယ်။ အဲဒါ ကုသိုလ်ကျိုးပဲကွလို့
အဲသလိုပဲ ကုသိုလ်ဆိုတာ နောက်ဘဝ ဆိုင်းရတာမှုတ်ဖူ၊ ကုသိုလ် ရှိပြီး ကုသိုလ်ကိုသာ မိမိက လှူရတဲ့အခါမှာ အလှူအကြောင်းပြုပြီးတော့
ပျော်ပျော်ရွှင်ရွှင်။ စိတ်ရွှင်ရွင်လန်းလန်း။ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမယ်ဆိုရင် အဲဒီ ကုသိုလ်ဟာ တစ်ခါတစ်ခါ နောက်ဘဝတောင် ဆိုင်းရတာ မဟုတ်ဘူး။ ဒီဘဝတွင်ပဲ မိမိတို့ကို လာဘံ်သပ်ပကာ တိုးတက်ကြောင်း။ စီးပွားချမ်းသာ တိုးတက်အောင် ဆောင်ရွက်ပေးတတ်ပါတယ်1' ဒါကြောင့် ကုသိုလ်တရား တွေဟာ ပြုထိုက်တဲ့ တရားတွေပါ ဒါတော့ ဒီလောက်နဲ့ပဲတော် ကြပါ အုန်းစို့။ စောဇ္ညျငိအကျိုးတရားတေိ
(က) အန္တရာယ်ကင်း ၁၀ ပါး
ခုန ဗောဇ္စျင်တရား နာကြားကြတယ်။ ဗောဇ္စျင်တရားဟာ ရောဂါ ပျောက်ကင်းရေးမှာ အင်မတန် အစွမ်းထက်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒီတော့ ဗောဇ္စျင်တရားရဲ့အဓိပ္ပာယ် ကြည့်လိုက်တော့လည်း “ချစ်သားကဿပ။ ဗောဇ္စျင်ခုနစ်ပါးတရား ငါဘုရား ဟောတော်မူခဲ့တယ်။ အဲဒီ ဗောဇ္စျင်တရား တွေဟာ သတိ။ ပညာ။ ဝီရိယ၊ ပီတိ၊ ပဿန္စိ၊ သကဓိ။ ဥပေက္ခာတရားတွေပဲ။ အဲဒီတရားတွေဟာ ပွားများရင် ကြိမ်ဖန်များစွာ အလေ့အလာပြုရင် ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ သစ္စာလေးပါး ထွင်းဖောက်ခြင်းငှာ။ နိဗ္ဗာန်အကျိုးငှာ ဖြစ်တယ်လို့ ဟောထားတော်မူတယ်။ အန္တ ရာယ်ကင်းလို့ ဘာမျှအသံမပါဘူး။
မောဂ္ဂလ္လာဗောဇ္စျင်။ စုန္ဒဗောဇ္စျင်ဆိုတဲ့ ဗောဇ္စျင်သုတ်တွေမှာလည်း ဒီအတိုင်းပဲ။ အန္တ ရာယ်ကင်းဖို့ ဘာဖို့ဆိုလို့ ဘာမျှမပါဘူး။ ထို့အတူပဲ အချို့တရားတွေဟာ ဥပမာ-ပဋ္ဌာန်းတရား အမြဲတမ်းရွတ်နေရင် ဘေးကင်း ရန်ကင်း အန္တရာယ်ကင်းတယ်။ ကြက်သရေမင်္ဂလာတိုးတယ်လို့ ယူဆကြတယ် ပဋ္ဌာန်းတရားထဲမှာ အန္တ ရာယ်ကင်းပါစေ ဘာတွေဆိုတာ ဘာမျပါတာ မဟုတ်ဘူး။
အဲဒီတော့ တချို့က ပြောကြတယ်။ ဒီတရားတွေ အန္တရာယ်ကင်း တယ်ပြောတယ်။ ဘေးရန်ကင်းတယ်။ သို့သော် အန္တရာယ်ကင်းဖို့အချက် ဆိုလို့ ဘာမျှမပါပါလား အဲသလို စောဒကပင်တတ်ကြတယ်။
(ခ) ပခုက္ကူ မဟာဝိဇယရာမဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်
အဲဒါကို ဘုန်းကြီးတို့ ကျေးဇူးတော်ရှင် ပခုက္ကူ မဟာဝိဇယရာမ ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော် ဘုရားကြီး အမိန့်တော်ရှိတာ တစ်ခါကြားဖူးတယ်။ အမှန်က အန္တရာယ်ကင်း တာက အန္တရာယ်ကင်းပါစေဆိုတဲ့ အသုံးအနှုန်းပါမှ မဟုတ်ဘူး။ မပါဘဲ လည်း အန္တ ရာယ်ကင်းတာပဲ/။ ရှေးတုန်းကတော့ အထက်မှာ လူနေမကောင်း ဘူးဆိုရင် ကမ္မဝါဖတ်လို့ရှိရင်ဖြင့် ရဟန်းခံကမ္မဝါကြီးတွေ ဖတ်ကြတယ်။ အန္တ ရာယ်ကင်းဖို့နဲ့ ရဟန်းခံကမ္မဝါနဲ့ ဘာဆိုင်လို့လဲဆိုတဲ့ ဒီလိုပြဿနာက ပေါ်လာတယ်
အဲဒါကြောင့် ဆရာတော်ကြီးက အန္တ ရာယ်ကင်းတယ်ဆိုတာ အန္တရာယ် ကင်းပါစေဆိုတာ ပါမှမဟုတ်ဘူး။ ဓမ္မဆိုတဲ့တရားတော်တန်ခိုးး တရားတော်၏ အရှိန်အဝါကြောင့် အန္တ ရာယ်ကင်းတာ။ တရားတော်တွေမှာ တန်ခိုးရှိတယ်။ အစွမ်းရှိတယ်။ အရှိန်အဝါ ရှိတယ်။ အဲဒီ တရားတော်တွေရဲ့ အစွမ်းတန်ခိုး အရှိန်အဝါကြောင့် အန္တ ရာယ်ကင်းတာလို့ အမိန့်တော်ရှိဖူးတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်မှန်သမျှမှာ အရှိန်အဝါရှိ တာချည်းပဲ။ ဘာကြောင့် ဒီတရားတော်မှာ အာနဘော်ရှိသတုန်းဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တော်တိုင် ပူဇော်ခဲ့တဲ့ တရားတွေမို့လို့ မှီဝဲ ခဲ့တဲ့တရား၊ အသုံးပြုခဲ့တဲ့တရား၊ ပူဇော်ခဲ့တဲ့ တရားတွေမို့လို့ပဲ။
ဘုရားရှင်ကိုယ်တော်မြတ်ဟာ ဘုရားဖြစ်တော်မူပြီးနောက် ရတနာ ဃရသတ္တာဟ၊ အဘိဓမ္မာခုနစ်ကျမ်းကို ဆင်ခြင်တော်မူခဲ့တယ်။ ကျြင်းမဲ့ ပလ္လင်သတ္တာဟ၊ အနီမိသသတ္တာဟ စသော သတ္တာဟတွေမှာလည်းပဲ ဝိမုတ္တိ ရသဆိုတဲ့ အရဟတ္တဖိုလ်ချမ်းသာ ခံစားတော်မူခဲ့တယ်။ ခံစားတော်မူပြီး အခြားအခြားမှာလည်းပဲ မိမိသိတော်မူခဲ့တဲ့ တရားတော်တွေကို ဆင်ခြင်တော် မူခဲ့တယ်။ နောင်အခါလည်းပဲ ဘုရားရှင်ကိုယ်တော်မြတ်ဟာ တရားတော်တွေ ဟောကြားခြင်းဖြင့်လည်းကောင်း၊ အာရုံပြုသောအားဖြင့်လည်းကောင်း အသုံး ပြုတော်မူခဲ့တယ်။
အဲဒီတော့ တရားတော်တွေဟာ ကိုယ်တော်မြတ် အသုံးပြုခဲ့တဲ့ တရားတွေ။ ဂေါစရသေဝနခေါ်တဲ့ အာရုံပြုသောအားဖြင့် မှီဝဲခြင်း' ဘာဝန
သေဝနဆိုတဲ့ မိမိသန္တာန်မှာ ဖြစ်စေခြင်းအားဖြင့် မှီဝဲခြင်းဆိုတဲ့ မှီဝဲခြင်းနှစ်မျိုးဖြင့် ဘုရားရှင်ကိုယ်တော်မြတ် မှီဝဲအပ် ပူဇော်အပ်တဲ့ တရားတော်တွေချည်းပဲ
အဲဒါကြောင့်မို့လို့ ဘယ်တရားဟာဖြင့် မစွမ်းဘူးလို့ မရှိဘူး။ ဘယ် တရားဟာဖြင့် အရှိန်အဝါ မရှိဘူးလို့ မရှိဘူး။ အရှိန်အဝါ ရှိလျက်ပဲ။ အာနုဘော် ရှိလျက်ပဲ။ ဒါကြောင့်မို့လို့ တရားတွေဟာ အန္တရာယ်ကို ကင်း ပျောက်စေတတ်တယ်ဆိုတာ ဓမ္မသတ္တိ၊ တရားတော်ရဲ့အစွမ်းသတ္တိ၊ တရား တော်ရဲ့ အရှိန်အဝါကြောင့် ပျောက်ကင်းနိုင်တာ ဖြစ်ပါတယ်။ (ဂ) ဗောဇ္ရျင် သုံးသုတ်အကျိုး
အကျိုးပြောလို့ရှိရင် ဗောဇ္စျင်သုတ်သုံးသုတ် ခုန ဘုန်းကြီးတို့ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြတယ် ကဿပဗောဇ္စျင်။ မောဂ္ဂလ္လာနဗောဇ္စျင်။ စုန္ဒဗောဇ္ဇျင်ရယ်လို့ ဗောဇ္ဇျင်သုံးသုတ်။
ဒီဗောဇ္စျင်သုံးသုတ်ဟာ တစ်သုတ်က ရှင်မဟာကဿပကြီး အပြင်း အထန် ဝေဒနာဖြစ်နေတုန်း ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားလို့ ရောဂါ ပျောက်ကင်းသွားတယ်။ တစ်သုတ်က မောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီး အပြင်းအထန် ရောဂါဝေဒနာကပ်ရောက်နေတုန်း ဘုရားရှင်ကိုယ်တော်မြတ် ကြွရောက်ပြီးတော့ ဒီဗောဇ္စျင်ခုနစ်ပါးကို ဟောကြားလို့ ရောဂါဝေဒနာ အရှင်းပျောက်တယ်။ တစ်သုတ်က ဘုရားရှင်ကိုယ်တော်တိုင် တစ်ခါက မကျန်းမမာ ဝေဒနာဖြစ်လာတော့ အရှင်စုန္ဒမထေရ်ကို ရွတ်ဆိုဟောခိုင်းလို့ အရှင် စုန္ဒမထေရ် ရွတ်ဖတ်လျှောက်ထားချက်အရ ဘုရားရှင်ကိုယ်တော် မြတ်ရဲ့ရောဂါ ယူပစ်သလို အရှင်းပျောက်တယ်။
ဘုရားရှင်ကိုယ်တော်မြတ်နှင့်တက ရဟန္တာကြီးနှစ်ပါး ပြင်းပြင်း ထန်ထန် ခံစားနေရတဲ့ရောဂါ ပျောက်ကင်းတာဟာ ဘာကြောင့်တုန်းဆိုတော့ သူတို့မှာက တရားအာနုဘော်ကြောင့်လည်း ပါတာပေါ့လေ တစ်မျိုးအားဖြင့် သူတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တွေး နာမ်တွေ ကြည်လင်လာလို့။ ဓာတ်ခံ ကောင်းလာလို့ မကောင်းတဲ့ဓာတ်တွေ ပျောက်လွင့်တာလည်း ဖြစ်နိုင်တယ်။ ဗောဇ္ဇျင်တရားနာရတော့ “တို့ဟာ ရဟန်းပြုပြီးတော့ ခုနစ်ရက်အကြာမှာ သစ္စာလေးပါး သိမြင်ကြတယ်။ အဲဒီ သစ္စာလေးပါး သိမြင်တဲ့ အခါမှာ
တို့သန္တာန်မှာ ဗောဇ္စျင်တရားတွေ ပေါ်လာတယ်။ အော် ဘုရားရှင် ကိုယ် တော်မြတ် သာသနာတော်ကြီးဟာ တကယ်ပဲ နိယျာနိကသံသရာမှ ထွက် မြောက်ကြောင်း သာသနာတော်ကြီးပါလား။ အလွန်မွန်မြတ်တဲ့ သာသနာ တော်ကြီးပါလားလို့ အရှင်မဟာကဿပနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ ၀ဝမ်းသာကြတယ်။
ဒီတရားတော်အကြောင်းပြုပြီး ချမ်းသာမှုဟာ ကိုယ်တွေ့ကြုံရတယ်။ သံသရာဝဋ်ဆင်းရဲတွေ ကင်းကွာမှုဟာ ကိုယ်တွေ့ ကြုံရတယ်။ ကိုယ်တွေ့ ကြုံရတော့ တရားတော်ရဲ့ နိယျာနိက သံသရာမှလွတ်မြောက်မှုကို အာရုံပြု ပြီးတော့ အင်မတန် နှစ်သက်။ အင်မတန် ရွှင်လန်းလာတယ်။ ရွှင်လန်း လာတော့ ခန္ဓာကိုယ်ထဲက အသွေးအသားတွေ ကြည်လင်လာတယ်။ အသွေး အသားတွေ ကြည်လင်လာတော့ စိတ္တဧရုပ်တွေဟာလည်း ကြည်လင်တယ်။
အဲဒီ ကြည်လင်လာတဲ့ ရုပ်ဓာတ်တွေ။ နာမ်ဓာတ်တွေက မကောင်း ဆိုးဝါးရောဂါတွေကို နှင်ထုတ်ပ စ်လိုက်တာပဲ) သန့်စင်ပ စ်လိုက်တာပဲ။ ဒါ ကြောင့် မထေရ်မြတ်ကြီးတွေမှာ ရောဂါတွေ ကင်းသွားတယ်။ ကင်းတာမှ နောက် ဘယ်တော့မျှ ပေါ်မလာတော့ဘူး။ ဘုန်းကြီးတို့ ခုနရွတ်သွားတဲ့ ဗောဇ္ဇင်္ဂ သုတ်တစ်သုတ်ထဲမှာ -
ပဟီဏ တေ စ အာဗာတ
တိဏ္ဍန္နံ ပိ မဟေသိနံ
မဂ္ဂဟတာ ကိလေသာ၀
ပတ္တာနုပ္ပတ္တိ ဓမ္မတံ
ဧတေန သစ္စဝဇ္ဇေန
သောတ္ထိ တေ ဟောတု သဗ္ဗဒါ လို့ ပါတယ်။
ဗောဇ္စျင်တရားနာရတဲ့ ဘုရားရှင်နဲ့ မထေရ်မြတ်ကြီးနှစ်ပါ။ အားလုံး သုံးဆူဟာ မိမိသန္တာန်မှာရှိတဲ့ ကိလေသာတွေ နောင် ဘယ်တော့မျှ ပေါ်မလာဘဲ တစ်ခါတည်း အပြတ်ငြိမ်း၊ အပြီးငြိမ်းသလို ကိုယ်တော် ရှင်မြတ်တို့ရဲ့ ရောဂါဝေဒနာဟာလည်း နောင် ဘယ်တော့မျှ ပေါ်မလာဘဲနဲ့ အပြတ်ရှင်း။ အပြီးရှင်းခြင်းသို့ ရောက်သွားတယ်4 ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေလို့လည်း မေတ္တာပြုတယ်။
ဒါကြောင့် ဗောဇ္စျင်တရားတွေဟာ လက်တွေ့ ရကြတဲ့ ပုဂ္ဂိုလ်တွေ ဝ မ)။ ဇု 5 ဇ ဇ အဖို့မှာတော့ အဲဒီ ဗောဇ္စျင်တရားတွေ ကြားနာရတယ်ဆိုရင် မိမိ လက်တွေ့ ဒီဗောဇ္စျင်တရားတွေရပြီး ဒီဗောဇ္စျင်တရားတွေရဲ့ အကျိုးတရားတွေ ခံစား ရျ။ ဇု ဇ ဇ ဇ. ဇ င လျ လ ခဲ့ရတာဖြစ်တော့ အင်မတန် ဝမ်းမြောက်ကြတယ်။ ဝမ်းမြောက်မှုအကြောင်း ဇ ဇ ငု ဇ ျ န လျ ဇ ပြုပြီးတော့ ရုပ်ကောင်း။ နာမံကောင်းတွေ ဖြစ်လာပြီး မကောင်းတဲ့ ရုပ်ဆိုး။ နာမ်ဆိုးတွေ နှင်ထုတ်ပစ်တာပဲ မကောင်းတဲ့ရာဂါဆိုးတွေ နှင်ထုတ်ပစ် ရ လျ။ ဇဝ ၀ ဇ (၂ ချ ဇ တာပဲ။ အဲဒ ကြောင့်မို့လို့ ဗေဇ္စျင်တရားတွေဆိုတာဟာ ကိုယ်တွေ့ ဗောဇ္စျငဲ ရှိတဲ့ ပုဂ္ဂိုလ်တွေအဖို့ကျတော့ ကိုယ်တွေ့ ဗောဇ္စျင် အောက်မေ့ရင်းနဲ့ အသွေး ဇ နီ ဇ (လွ အသားတွေ ကြည်လင်ပြီး ရောဂါပျောက်ကြတယ်။
(ဃ) ဗောဇ္စျင်တရားများ တစ်ခါ ဗောဇ္စျင်တရား နာတာမဟုတ်ဘဲနဲ့ အဲဒီဗောဇ္ဇျင်သုတ်မှာ ပါတဲ့တရားတွေ အားထုတ်လို့ ရောဂါပျောက်တာလည်း ရှိတာပဲ အခု ဗောဇ္စျင်ခုနစ်ပါးဆိုတာ တခြားမဟုတ်ဘူး - သတိသဗောဇ္စျင်ခေါ်တဲ့ သတိတရားဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တရား၊ နာမ်တရားတွေကို ကပ်ပြီးတော့ ရှုမှတ်တဲ့တရား၊ ခန္ဓာကိုယ်မှာ ရှိတဲ့ ရုပ်တရား၊ နာမ်တရားတွေကို ကပ်ရှပွားများတဲ့ တရားကို သတိ န ဇ တိ (၃ တရားလို့ခေ တယ်။ သတိသဗ္ဗောဇ္စျင်။
ဗောဇ္စျင်ဆိုတာ မဂ်ဓါအစိတ်အပိုင်းလို့ဆိုတယ်။ ဒီတရားခုနစ်ပါး ၂ ၆ ဇ ၈ ရ ဇ ဓ ခ်ပါ ၂14. 5 င မူ ပေါင်းရင် မဂ်ခေါ်တာပဲ။ ဒီတရားခုနစ်ပါး အစိတ်အစိတ်ဟာ ဗောဇ္စျင်ပဲ။ မ“) ဇ (၂ (မျ ၂ င် (၁) ဇ ဇ ဇ။ ဇ အဲဒီ ဗောဇ္စျင်အစိတ်အစိတ် ပေါင်းမိတော့ မဂ်တရားဖြစ်တယ်။ ဒ ကြောင့် င္လ ဇ ဓ ဇ ဇ ဇ ၀ ၂) မင်ဆိုတာ တခြားမဟုတ်ဘူး ဒီဗောဇ္စျင်ခုနစ်ပါ။ စုပေါင်းမိပြီးတော့ အဲဒီ တရားအပေါင်းကို ခေါ်တာပါပဲ။
ပုဒ်ဖြတ်တော့ ဗောဓိ+အင်္ဂ လို့ ဖြတ်ရတယ်။ ဗောဓိ=မဂ်၏။ (. ဂ ဇ (ဇင္တို့မျ အဂ်္ဂ=အစိတ်အပိုင်းတွေး မဂ်ဖြစ်တယ်ဆိုရင် ဒီတရားခုနစ်ပါးဟာ ပါလာတာပဲ။ ဒါကြောင့် ဇ ဂ ၀၀ (၂. ဇ ဓ < ဇ ( ဇ မဂ် အစိတ်အပိုင်းတွေလို့ဆိုတယ်။ ဒီတော့ အဲဒီခုနစ်ပါးဟာ အရိယမဂ် ဇ 5 ဇူ ဇ ဇ ၀ ဇ ၀ ဇ ဇ ဂ အဖြစ်သို့ရောက်တဲ့ ဗောဇ္စျင်လည်းရှိတယ်။ ပုဗ္ဗဘာဂဆိုတဲ့ မဂ်မရောက်ခင် ရှေးအခါ ကကျင်ရတဲ၊ အားထတ်ရတဲ ဗောဇျင်တေလည်း ရိတယ်။ အဲဒီ
ရှေးအခါက အားထုတ်ရတဲ့ ဗောဇ္စျင်တရားတွေနဲ့ နောက်ကျတော့ အရိယ ဇ ရျ ဇ ဇ ဇ နှ ဇ ဇ ရျ ဌး င္သ မဂ်ဆိုတဲ့ မင်ဆိုက်သွားတယ်။ ဒါကြောင့် ဗောဇ္စျင်တွေထဲမှာ ခန္ဓာ ကိုယ်မှာ ရှိတဲ့ ရုပ်တရား၊ နာမ်တရားတွေကို ဆင်ခြင်ရှုမှတ်တဲ့ သတိတရားဟာ
၀ ဇ ၀ (၂ ရျ သတိက ရှုမှတ်ပြီးတော့ ဓမ္မဝိစယ သမ္ဗောဇ္စျင်ဆိုတဲ့ ပညာတရားဟာ အဲဒီတရားတွေကို စိစစ်မှုကိစ္စနဲ့ ဖြစ်လာရတယ်။ ဓမ္မဝိစယ သမ္မောဇ္စျင်က ဇ ရျ ဓ၀ င္သ (မျ တရားတွေကို စိစစ်ပေးတဲ့အခါကျတော့ ဝီရိယသမ္မောဇ္ဇျင်က သတိသမ္ဗောဇ္စျင်။ ဓမ္မဝိစယသမ္ဗောဇ္ဇျင်တို့ လုပ်အားကောင်းအောင် တွန်းအားပေးမှုကိစ္စနဲ့ ဆောင်ရွက်ပေးတယ် လျ (၂ ငု ဇ ဇ င ဇ အဲသလို သတိက ရုပ်နာမ်တရားတွေ ရှုမှတ်။ ပညာက ရုပ်နာမ် တရားတွေ စိစစ်။ ဝီရိယက တွန်းပေးလို့ တရားတွေ တော်တော်ကောင်းလာ တဲ့အခါ၊ ရှုအားကောင်းလာတဲ့အခါ1၊ ဉာဏ်အားကောင်းလာတဲ့အခါ ပီတိ (၂ မျ ဇ ဓဝ ဒီ င ဇ ဇ ဆိုတာ ဖြစ်လာတယ် ပီတိက အဲဒီတရားတွေ လုပ်အားကောင်းအောင် နှစ်သက်မှုနဲ့ပါဝင်ပြီးတော့ ဆောင်ရွက်ပေးရတယ်။ ပီတိက ကောင်းပြီဆိုရင် ဒ္ဓ ၂ ရ င့ ခ (ဇငျူန (၁ ရဲ မျ (၁ ပဿဒိက ပေါ်လာတာပဲ။ ငြိမ်းအေးမှုဆိုတဲ့ ပဿဒ္ဓိပေါ်လာရင် သမာဓိ) (ဇမ ဇ ဇ ဇ လူ (၂ ရူး ဒီက ဇ စိတ်တည်ကြည်မှု ဖြစ်လာတာပဲ။ သမာဓိ ပေ လာလို့ရှိရင် ဗောဇ္စျင်တရား တွေကို အညီအမွှပြုမှု ဥပေက္ခာတရားဟာ ပေါ်လာတာပဲ။ ၂ ဇ ဇ ရျ ဇု ဇု ဇ အဲဒီဝ်ော ဗောဇျင်ခုနစ်ပါးဆိတဲ့ တရားတွေဟာ ရုပ်နာမ်တစ် __ အဲဒီတော့ ဗောဇ္စျင်ခုန ဆိုတဲ့ တရားတွေ ရုပ်နာမ်တစ်ခုခု ရှုတိုင်း ရှုတိုင်၊ သူတို့ခုနစ်ပါးဟာ အတူပါပြီးတော့ အတူပေါင်းပြီး အလုပ် ငု င တိ အအာ ချိူ လ။
လုပ်ကြတယ် သတိက ရှုမှတ်ပေးတယ်။ သတိရှုမှတ်ပေးတဲ့ အာရုံကို ဓမ္မဝိစယက စိစစ်ပေးတယ် 1 ဓမ္မဝိစယ စိစစ်အားကောင်းအောင်။ သတိရှု ဇ ဇ ဇ ဓဝ၀ ဇ ဇ (၂ မှတ်မှု အားကောင်းအောင် ဝီရိယက တွန်းအားပေးတယ်။ ဝီရိယတို့၊ သတိတို့ သမာဓိတို့ကောင်းအောင် အလုပ်လုပ်နိုင်အောင် ပီတိက နှစ်သက်မှုနဲ့ ကူပေးတယ်။ ပဿဒ္ဓိက ငြိမ်းအေးမှုနဲ့ ကူပေးတယ်။ သမာဓိက သူတို့ င ဇ ဇ ဇ ရျ။ (။ (ဂ။ ဇ ဇ ကောင်းကောင်းအလုပ်လုပ်နေတဲ့အခ တည်ကြည်မှုရအောင် တည်ကြည်မှု ကိစ္စနဲ့ ကူညီပေးတယ် ဒီနောက် အဲဒီတရားတွေ အညီအမျှ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဥပေက္ခာဆိုတဲ့တရားက အညီအမျှရှုမှုနဲ့ ဆောင်ရွက် ပေးတယ် ဒါ ဗောဇ္စျင်ခုနစ်ပါးရဲ့ လုပ်ငန်းတွေပါပဲ
(င) ဗောဇ္စျင်တရားများ ပါဝင်လာပုံ
ပူရီ င ခ်ကြ ပြီ (၂ ကို (မှ ယနေ့ ကမ္မဋ္ဌာန်းအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေ အမှန်ကတော့ {။ (။ {။ (. (ဦ (၂ (ရ (နှ { င (ရှ (၂
မဂ္ဂင်အလုပဲ လုပ်တယ်ဆိုရသလို ဗောဇ္စျင်အလုပ် လုပ်တယ်လို့လည်း ဆိုရ တယ် သို့သော် အဲဒီ ဗောဇ္စျင်တရားတွေဟာ တရားအားထုတ်စမှာ ပါဝင်နေကြ တာပဲ ဒါပေမဲ့ ပထမ သူတို့ အထူးအားမကောင်းခင် သူတို့ မပေါ်သေးဘူး။
ပမာအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ဟာ ဥဉာဏ်ဆယ်ပါးမှာ အစဆုံး
ဉဉာဏ်ပါပဲ။ နာမရူပပရိစ္ဆေဒဉာဏ်ဟာ နာမ်ရုပ်တရားတွေကို ပိုင်းခြားပြီးတော့ (5 (မ (န (ရ {( (။ ရ {ငါ (။ ဃံ (၂ သိမြင်အောင် ရှဆင်ခြင်တဲ့ဉာဏ်ပဲ။ အဲဒီအခိုက်မှာ ဒီဗောဇ္စျင်တရားတွေ ပါတယ်။ သို့သော် သူတို့ မထင်ရှားသေးဘူး။ အားကောင်းကောင်းမရှိသေးဘူး {
ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့အကြောင်းကို ရှဆင်ခြင်တဲ့ဉဉာဏ် အခိုက်မှာလည်း ဒီတရားတွေပါတာပဲ။ ဒါပေမဲ့ သိပ်အားမကောင်းသေးဘူး။ သမ္မသနဉာဏ် ၅။. (&။ (န င (။ (ခ ဂ (။ (၂၅ (၃ ဆိုတဲ့ အန်စ္စ၊ ဒုက္ခ အနတ္တအဖြစ်ဖြင့် သုံးသပ်ဆင်ခြင်တဲ့ ဉာဏ်အခိုက် မှာလည်း ဒီတရားတွေပါတာပဲ။ ဒါပေမဲ ဒီတရားတွေ အားမရှိသေးဘူး။ အားမကောင်းလာသေးဘူး။
အဲ ဥဒယဗ္ဗယဉာဏ်ကျမှ ဒီတရားတွေ အားရှိလာတယ်။ အဲဒီ တရားတွေ တကယ်ထက်ထက်သန်သန်နဲ့ အားရှိလာတယ်။ အဲဒီ အားရှိ လာတဲ။ (. {၂။ { {။ ပရံ
ခဲ့အခါမှာ သမ္မောဇ္စျင်ဆိုတဲ့ အမည်ရတယဲံ၊ ဥဒယဗ္ဗယဉာဏ် နစ်ပိုင်း
ခွဲပြီးတော့ နောက်ပိုင်းမှာ ဒီဗောဇ္စျင်တရားတွေဟာ အင်မတန် ထက်မြက် လာတယ်]။ အင်မတန် ကောင်းလာတယ် 1 အင်မတန် တိုးတက်လာတယ်။ အဲဒီအခါမှာ တကယ့်ယောဂီပုဂ္ဂိုလ်ဟာ အာရစ္စဝိပဿကဆိုတဲ့ အမည်ရ
သွားတယ်။ ဝိပဿနာအားထုတ်မှု စတင်ပြီးပုဂ္ဂိုလ်လို့ဆိုတယ်။ အဲဒီအခိုက်မှာ
ဗောဇ္စျင်လို့ အမည်ရတယ်။ တကယ့်ဗောဇ္စျင်။ တကယ့်ဗောဇ္စျင်ဖြစ်ပ တယ် ရှေးရှေးက ဗောဇ္စျင်တရားလည်း ဗောဇ္စျင်အမည်ရတယ် 1 အခု ဒီအခိုက်မှာ ထူးခြားတဲ့ ဗောဇ္စျင်တွေမို့လို့လည်း ဗောဇ္စျင်အမည်ရတယ်။ ( ) မော် ဓ. စ) ဓမ္မတေဇာ တရားတန်ခိုး
အဲဒီတော့ ကြားလည်းကြားဖူးကြမှာပေါ့။ ဥဒယဗ္ဗယဉာဏ်ရောက်ပြီ ဆိုရင် တရားတွေအားလုး အားကောင်းလာတယ်။ သတိတွေလည်းသိပ်
ကောင်း။ ဉာဏ်တွေလည်း သိပ်ထက်မြက်။ ဝီရိယကလည်း အလွနဲကောငဲး။ ပညာကလည်း တကယ် ထက်ထက်သန်သန် အလွန်ကောင်းနေတယ်။ အဲဒီလို တရားတွေ သိပ်ကောင်းလာတဲ့အခါကျတော့ တစ်ခါတည်း ခန္ဓာ ကိုယ်ထဲမှာ ပီတိတွေဖြစ်လာ။ ပဿဒ္ဓိဆိုတဲ့ ငြိမ်းအေးမှုတွေ ဖြစ်လာ။ သမာဓိတွေကလည်း ကောင်းလာ အဲသလိုဖြစ်လာပြီဆိုရင် ဩကာသခေါ်တဲ့ အလင်းရောင်တွေ ဘာတွေ ထွက်လာတယ်။
အဲသလောက် ကောင်းနေတဲ့အချိန်မှာ တော်တော့ရောဂါတွေဟာ ပျောက်ကင်းတယ်လို့ဆိုတာပဲ။ တော်တော့ရောဂါတွေဟာ မနေနိုင်တော့ ဘူး။ အကုန်လုံး ရုပ်တွေက ကြည်။ စိတ်တွေက ထက်သန်။ အကုန်လုံး ကောင်းနေတဲ့အခါကျတော့ ရောဂါတွေဟာ ပြောင်းပြောင်းပြေးကြရတယ်။ ဒါ့ကြောင့် တချို့ ကမ္မဋ္ဌာန်းအားထုတ်ကြတဲ့ ယောဂီတွေ ဒီအခိုက်မှာဆိုရင် ရောဂါတွေ ဘာတွေ ပျောက်ကင်းလို့ ကျန်းကျန်းမာမာဖြစ်ကြတယ်။
ဒါကြောင့် ဗောဇ္စျင်တရားတွေဟာ တရား၏တန်ခိုးကြောင့်လည်း ရောဂါဝေဒနာ ကင်းနိုင်တယ်။ ပြီးတော့ အဲဒီတရားအကြောင်းပြုပြီးတော့ ပီတ စသည်ဖြစ်လို့လည်း ရောဂါဝေဒနာတွေ ကင်းနိုင်တယ်။ ဒီတရားတွေကို နာရုံး ကြားရုံ မဟုတ်ဘဲနဲ့ လက်တွေ့အားထုတ်လို့ ရောဂါဝေဒနာတွေ ကင်းနိုင်တယ်။ ဒါကြောင့်မို့လို့ ဗောဇ္စွင်တရားတွေဟာ မိမိတို့ရဲ့ ရောဂါ ဝေဒနာကို နာရုံ ကြားရုံနဲ့တောင် ဓမ္မတေဇာတရားတန်ခိုးကြောင့် ဘုရားရှင် ကိုယ်တော်မြတ် ဓာတ်ငွေ့သွင်းပေးတဲ့တရားတွေမို့လို့ တရားတန်ခိုးကြောင့် ရောဂါဝေဒနာတွေ ကင်းရုံမျမက တကယ့်လက်တွေ့ အားထုတ်ပြီဆိုရင် တရားတွေရဲ့အရှိန်အဝါ ကြောင့် အဲဒီတရားတွေ ကိုယ်တွင်းမှာ တကယ်ဖြစ် နေတာမို့လို့ ပီတိပဿဒ္ဓိ စသော တရားတွေရဲ့ အရှိန်အဝါကြောင့် ရောဂါ အမျိုးမျိုး ကင်းပျောက်နိုင်ခြင်းအကျိုး ရနိုင်တယ်လို့ ကိုယ်တွေ့သမား တွေက ပြောပြကြတယ်။
ဒါကြောင့် ဗောဇ္စျင်တရားတွေဟာ နာရင်းလည်းပဲ ရောဂါဝေဒနာ ကင်းပျောက်တယ်။ ကိုယ်တိုင်ကျင့်ကြံအားထုတ်လို့ ဒီတရားတွေဖြစ်လာတယ်။ ဒီတရားတွေဖြစ်လာပြီဆိုတော့ ခန္ဓာကိုယ်ထဲမှာ ခုန အရှင်မဟာကဿပ။ အရှင်မဟာမောဂ္ဂလာန်တို့လို ရုပ်ကောင်းတွေး ကြည်လင်တဲ့ရုပ်တွေ။ အေးချမ်း
တဲ့ရုပ်တွေး သာယာတဲ့ရုပ်တွေ ဖြစ်ပြီးတော့ အဲဒီရုပ်တွေက မကောင်းတဲ့ရောဂါ တွေကို နှင်ပစ်လိုက်တာပဲ။ နှင်ပစ်လိုက်လို့ ကျန်းမာခြင်းသုခရနိုင်ကြတား
ဗောဇ္ဇျင်တရားတွေဟာ ကိုယ်တိုင်ကျင့်ခြင်းဖြင့်လည်း ရောဂါဝေဒနာ တွေကို ကင်းပျောက်စေတတ်တယ်။ ဒါကြောင့် ဗောဇ္စျ်တရားလည်း နာကြရ၊ ကိုယ်တိုင်လည်း နှလုံးသွင်းကြရတယ် 1 ကိုယ်တိုင် တရားနှလုံးသွင်း ဖိုဟာလည်းပဲ ရောဂါကင်းပျောက်ခြင်းအကြောင်းဖြစ်တာယ်၊ ဒီတော့ တတ်နိုင် သမျှ ဗောဇ္စျင်တရားတွေလည်း ပွားများရတယ်။
ဗောဇ္စျင်တရား ပွားများတယ်ဆိုတာ ခန္ဓာငါးပါးတို့ရဲ့ အနိစ္စ၊ ဒုက္ခ အနတ္တတရား ပွားများတာပဲ။ သို့သော် ခုနပြောသလို ဗောဇ္စျင်အမည်ရတာ ကတော့ တော်တော်နဲ့မရဘူး( တရားရှုလို့ ပိုင်ပိုင်နိုင်နိုင် တကယ်ထူးထူးခြားခြား အမြင်သန်လို့ တရားတွေ အကုန်လုံး သွက်သွက်လက်လက် ဖြစ်လာမှ ဗောဇ္စျင် အမည်ရတယ်။ ဗောဇ္စျင် ခေါ်ရတယ်။
အဲဒီ ထိအောင် ဗောဇ္ဇျင်ရဲ့အစွမ်းသတ္တိဟာ ဒီလိုရှိပါလားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအားလုး နာလည်း နာနိုင်ကြပါစေ။ ကြိုးစားမှု ဆင်ခြင်။ ခြင်းဖြင့် ပွားလည်း ပွားများနိုင်ကြပါ စေ။ ပွားများနိုင်ကြရ် ပကတိရောဂါတွေ။ ကိလေသာရောဂါတွေ ရောဂါခပ်သိမ်း အေးငြိမ်းပပျောက်ခြင်းသို့ ရောက်ကြ ပါစေ။ ရောဂါမရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်း တစ်နေ့တခြား ကျန်းမာသည်ထက် ကျန်းမာပြီးတော့ လောကီအကျိုး ဓမ္မအကျိုး၊ သံသရာအကျိုးဆိုတဲ့ အကျိုး တရားတွေကို တိုးပွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ]1
(သာဓု သာဓု သာဓု)
ရေစက်ချအခန်း။
အရှင်မြတ်ဘုရား ဘုရားတပည့်တော်တို့သည် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်တို့ကိုလည်းကောင်း၊ ကုသိုလ် ကောင်းမှုတို့ါ အပြစ်မရှိ ကောင်းသောအကျိုးကိုပေးတတ်သော၊ ယုံကြည်သော သဒ္ဓါ။ သိနားလည်သော ပညား သဒ္ဓါ။ ပညာ တရားနှစ်ပါး ရှေ့သွားပြုကြကုန်ရဤ ဤနေ့ဤအခါသမယခ်် မကောင်းသော ရောဂါ။ ဘေးဒဏ်။ - ရန်မာန် အန္တရာယ်တို့မှ ကင်းကွာကြကုန်ရွှ ကျန်းကျန်း မာမာ ချမ်းချမ်းသာသာဖြင့်
လောက ကြီးပွားကြောင်း သံသရာ ကြီးပွားကြောင်း အကျိုးတရားတို့ကို တိုးပွားအောင် ဆောင် ရွက်နိုင်ခြင်းငှာ သံဃာတော်တို့အား မွန်မြတ်လှစွာသော ဆွမ်းခဲဘွယ်ဘောဇဉ် အာဟာရတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ အင်္ဂါငါးပါး င်ပြည့်စုံသော သီလတော်မြတ်တို့ကိုလည်း ခံယူဆောက်တည်ကြကုန်ရွ အန္တ ရာယ်ကင်းဝေး အေးချမ်းသာယာ မင်္ဂလာဖြစ်စိမ့်သောငှာ ပရိတ်တရားတော် မြတ်တို့ကိုလည်း ကြားနာကြရ္ပ်။ သီလဝန္တဖြစ်ကြကုန်သော ဘုရားတပည့် တော်တို့သည် မွေးနေ့မင်္ဂလာ ပူဇာကုသိုလ်အဖြစ်ဖြင့် ဤ သင်္ကန်း ထီး ဖိနပ်။ မျက်နှာသုတ်ပဝါ အစရှိသော လှူဖွယ်ဝတ္ထုတို့ကို လှူဒါန်းကြပါ ကုန်၏။
ဘုရားတပည့်တော်တို့၏ မွေးနေ့မင်္ဂလာအခါသမယဉ် ချမ်းသာခြင်း အကြောင်း ကောင်းမြတ်သော အလှူတော်တို့ကို ပူဇော်လှူဒါန်းရသောကြောင့် ဘုရားတပည့်တော်တို့သည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လောက ကြီးပွားကြောင်း သံသရာကြီးပွားကြောင်း ကောင်းမြတ်သော အမှုကိစ္စတို့ကို အလွယ်တကူ မပူမပင် မကြောင့်မကျ ရွက်ဆောင်နိုင်ကြရ် ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာိုးလျင်ြန်မွာ ဆိုက်ရောက်ရပါလိုတုန်ဘ်း
ဤကုသိုလ်ကောင်းမှုတို့၊ ခါ အဖို့ဘာဂကို မိဘနှစ်ဖြား ဆရာသခင် ကျေးဇူးရှင်တို့အားလည်းကောင်း၊ ဆွေမျိုးဥာတိ မိတ်သင်္ဂဟ အပေါင်းတို့ အားလည်းကောင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်။ ဘုမ္မစိုး ရုက္ခစိုး၊ အာကာသစိုး။ စတုလောကပါလ သိကြား ဗြဟ္မာများစွာသော နတ်ဗြဟ္မာအပေါင်းတို့အားလည်းကောင်း၊ အလုံးစုသော သတ္တဝါ အပေါင်း တို့အား လည်းကောင်း ရကြပါစေ အမျှပေးဝေပါကုန်စါ / ပတ္တိဒါန ဤကုသိုလ်အမှုကို ရကြဖို့ရန် သာဓု သာဓု ကောင်းချီးပြုကာ ဝမ်းသာကြပါ ကုန်လော့း ဝမ်းသာအားရ သာဓုခေါ်နိုင်ကြရှ် ကိုယ်စီကိုယ်ငှ အမျှရကာ ချမ်းသာကြသည် ဖြစ်ပါစေသတည်း
အမျှ အမျှ အမျှ ယူတော်မူကြပါ ကုန်လော့။ (၃-ကြိမ်)
(သာဓု သာဓု သာဓု)
လူ့ဘဝအလှတရားတော်
ပသန္နမုခ၀ဏ္ဍာစ ပရိပုဏ္ဍ္ထမနောရထာ။
ပီတိပါမောဇ္ဇဗဟုလာ စိရံ ဇီဝန္တုနာမယာ။
ပသန္နမုခ၀ဏ္ဌာစ၊ အစစပြည့်စုံ ပေါပြည့်ဝလျက်။ နှစ်သက်ရွှင်ပျ ကြည်လင်သောမျက်နာ အရေအဆင်းရှိကြကုန်သည်လည်းကောင်း၊ ပရိပုဏ္ဍ မနောရထား စိတ်ကြံသမျှ ဆန္ဒလုံးစုံ ပြီးမြောက်ကြကုန်သည်လည်းကောင်း၊ ဟုတွာ။ ဖြစ်ကြကုန် ပီတိပါမောဇူဗဟုလား ချမ်းသာသုခ အမြဲတမ်းကြံရ လျက် နှစ်သက်ခြင်းပီတိ ဝမ်းမြောက်ခြင်း ပါမောဇ္ဇး ဤတရားနှစ်ပါး အား ကြီးစွာဖြစ်ပွားကြကုန်ရ်။ အနာမယာ၊ အနာရောဂါဝေဒနာ ကင်းကင်းရှင်း ရှင်းနဲ့ စိရံ ဇီဝန္တု။ ကြာကြာဆက်တည် အသက်ရှည်ကြပါ စေကုန်သတည်း။
အဲ ဘုန်းကြီးတို့ ဒကာဒကာမတွေ။ ပသန္နမုခ၀ဏ္ဌာစ၊ အစစပြည့်စုံ အဖုံပုံ ပေါပြည့်ဝလျက်။ နှစ်သက်ရွှင်ပျ ကြည်လင်သောမျက်နှာ အရေအ ဆင်းရှိကြကုန်သည်လည်းကောင်း၊ အဲ အစစပြည့်စုံ အဖုံဖုံပေါပြည့်ဝရွ်။ နှစ်သက်ရွှင်ပျ ကြည်လင်သောမျက်နှာ အရေအဆင်းရှိကြပါစေ လို့ ဆုပေး ရတယ်။ ဒကာ ဒကာမတွေ ကျန်းမာမှ ဘုန်းကြီးတို့လည်း ချမ်းသာတယ်။ ဒကာ ဒကာမတွေ ကျန်းမာချမ်းသာကြမှ ဘုန်းကြီးတို့သာသနာတော်ကြီး လည်း အဓွန့်ရှည်ကြာ တည်မယ်။ တိုးတက်စည်ကားမယ် ကြီးပွားမယ်။ ဒါကြောင့်မို့လို့ အစစဲပြည့်စုံ အဖုံဖုံပေါများပါစေလို့ ဆုတောင်းရတယ်။
ပရိပုဏ္ဍမနောရထာစ၊ စိတ်ကြံသမျှ ဆန္ဒလုံးစုံ ပြီးမြောက်ကုန်ကြသည် လည်းကောင်း၊ ဆန္ဒလုံးစုံ ပြီးမြောက်ကြပါစေ။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လိုလားတဲ့ အကောင်းဆုံးဆန္ဒကတော့ နိဗ္ဗာန်ပဲ နိဗ္ဗာန်ရကြပါ စေလို့ အရှင်ဘုရားက ဆုပေးလို့ဖြစ်ပါ့မလား။
နိဗ္ဗာန်ဆိုတာ သူကြိုးစားမှဖြစ်မှာပေါ့လို့ ပြောစရာတော့ရှိတယ်။ ဒါ ပေမဲ့ အဲ ဆုပေးတယ်ဆိုတာဟာ အားပေးတဲ့စကားတစ်မျိုးပဲ။ ဒါတွေသတိ ရပြီးတော့ နိဗ္ဗာန် ကြိုးစားနိုင်ကြတယ်။ ပီတိပါမောဇ္ဇ ဗဟုလာ စ။ ချမ်းသာ သုခ အမြဲတွေ့ကြုံရလျက် နစ်သက်ခြင်းပီတိ၊ ဝမ်းမြောက်ခြင်းပါမောဇူ ဤ တရားနှစ်ပါး အားကြီးစွာဖြစ်ပွားကြကုန်သည်လည်းကောင်း၊ ချမ်းသာသုခ တွေ အမြဲတမ်းကြုံရမှ ပီတိတွေဖြစ်ကြရတယ်။ ပါမောဇ္ဇတွေ ဖြစ်ကြရတယ် နှစ်သက်ကြရတယ်။ ဝမ်းသာကြရတယ်။ စိတ်ချမ်းသာကြရတယ်။ အဲဒါကြောင့် ဒီဆုတောင်းလေးကို ပေးကြရတယ်။
အဲ ချမ်းသာသုခတွေ အမြဲကြုံကြရပါစေ။ ဒီတော့ လောကမှာ ဘုန်းကြီးတို့ လူ့ဘဝမှာ ဘာအရေးကြီးသလဲဆိုတော့ အမျိုးသားတွေ။ အမျိုးသမီးတွေ လူလှလေးတွေဖြစ်ဖို့ အရေးကြီးတယ်။ လူလှလေးတွေဖြစ်ို့ အရေးကြီးတယ်ဆိုတော့ လောကအမြင်အနေနဲ့ ဝတ်စားတန်ဆာ ဟိုဟာ ဒီဟာတွေနဲ့ လှလှပပဖြစ်အောင် ပြင်ကြဆင်ကြ၊ လိမ်းကြချယ်ကြ စသည် ဖြင့် အဲဒီလိုလှတဲ့အလှမျိုးကို ဆိုလိုသလားဆိုတော့ ဒီလိုအလှမျိုးတော့ မဟုတ်သေးဘူးနော် လောကမှာ လူ့ဘဝ တကယ့်အလှဆိုတာရှိတယ်။ လူ့.ဘဝရဲ့အလှဆိုတာ ဘာတုန်းဆိုရင် ဟော ဓမ္မပဲ ဓမ္မတရားရှိရင် လူလှ တယ်။ တရားမရှိရင် လူမလှဘူး။ တရားပြည့်စုံရင် လူလှတယ်။ တရား မပြည့်စုံရင် လူအရုပ်ဆိုးတယ်။။
အဲ ပါဏာတိပါတ သူ့အသက်ကိုသတ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်တွေ့ ရရင် အဲဒီပုဂ္ဂိုလ်မှာ အလှပျက်နေတယ်။ အေး သူ့အလုပ်က မကောင်းတဲ့ အလုပ်။ သူ့အသက်သတ်မှုဆိုတာ သူ့ကိုအရုပ်ဆိုးအောင် ပြုလုပ်တဲ့အလုပ်။ သူ့အသက်သတ်မှုဆိုတာ လူ အရုပ်ဆိုးစေတယ်။ သူ့ရဲ့အလှကို ဖျက်ဆီး ပစ်တယ်။ မလှတော့ဘူး။ အေး ထို့အတူပဲ အဒိန္နာဒါနာ သူ့ဥစ္စာခိုးမှုကို ပြုကြမယ်။ ကာမေသုမိစ္ဆာစာရ ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်ကို ကျင့်ကြမယ်။ မုသာဝါဒ လိမ်လည်လှည့်ဖြားရဤွ ပြောကြမယ်။ သူရာမေရယ သေအရက်သောက်မယ်ဆိုရင် မလှတော့ဘူး။ လူ့ဘဝရဲ့အလှတွေ ပျက်ကုန် ပြီး ဓမ္မတွေပျက်ရင် လူ့အလှတွေ ပျက်တာပဲ ဓမ္မရှိရင် လူလှတာပဲ။
ကဲ ဆိုကြပါစို့။ ဒီနေ့ သီလဆောက်တည်ကြတယ်။ သီလဆောက် တည်ရင်းနဲ့ လှုကြတန်းကြတယ်။ လှူခြင်းတန်းခြင်းဆိုတာ ဒါ လူ့.အလှ ပဲ4 အဲ နီတိဆရာကြီးများ အဆိုတစ်ခုရှိတယ်။ “ဒါနေန ယတ္ထော နဝဇိရေ န”ယတ္ထေား လက်သည် ဒါနေန။ အလှူပေးခြင်းဖြင့်သာလျှင်၊ “အာဘာတိ” တင့်တယ်၏ ဝဇိရေန။ စိန်လက်ကောက်။ စိန်လက်စွပ်တွေနဲ့ ဆင်ထားခြင်း ဖြင့်၊ နအာဘာတိ၊ တင့်တယ်နိုင်သည်မဟုတ်ပါပေတဲ့။ ဟော နီတိဆရာ ကြီးများက လူ့ဘဝအလှကို ဖော်ပြထားတယ်။
အဲ သူကတော့ လက်ကိုပြတယ်။ ဟုတ်တာပဲ။ လက်ကလေးက ဟော အလှူဒါနတွေပြုပြီး ပေးပြီဆိုရင် အဲဒီလက်ဟာ လှပတဲ့လက်ကလေး အဖြစ် ဖြစ်တယ် တင့်တယ်တဲ့လက်ကလေး ဖြစ်လာတယ်။ အလှူဒါနမပေးမှု တွန့်တိုတယ်။ ဆုတ်နစ်တယ် နှမြောတယ်။ ဝန်တိုတယ်ဆိုရင် အဲဒီလူလက် ဟာ အချို့က လှအောင်ဆိုပြီးတော့ တန်ဆာတွေ အမျိုးမျိုးဆင်ကြတယ်။ လက်ကောက်တို့၊ လက်စွပ်တို့ အဲဒီပစ္စည်းတွေက လက်ကို တကယ်လှစေ တာမဟုတ်ဘူး ဟော လှူသည့် တန်းသည့် ပေးသည့် ကမ်းသည့် စွန့် ကြဲသည့် ဝေဖန်သည့် အဲဒီလက်မျိုးကို လူတွေက မြတ်နိုးကြတယ်။ နှစ် သက်ကြတာပဲ။
ဒါကြောင့် ဒီလိုလက်မျိုးဟာ အလှရှိနေတဲ့လက်လို့ ဆိုရတယ် အတူ တူပေါ့။ လူ့အလှဟာလည်း ဒါပဲ။ သူတော်ကောင်းတရားတွေ။ သူတော် ကောင်းတရားတွေ။ ဒါနတွေ ပြုမယ်။ သီလတွေဆောက်တည်မယ်။ တကယ် လှတဲ့အလှတွေ။ အလှတကာတို့ထက် အလှဆုံး။
အချမ်းသာတကာတို့ထက် အချမ်းသာဆုံး ဖြစ်ပါပေသတည်း။
မောဃာ ဇာတိ စ ဝဏ္ဍော စ သီလဝမ၀ ကိရုတ္တမံ။
သီလေန အနုပေတဿ သုတေနတ္ထော နဝိဇ္ဇတိ
ဇာတိစ၊ အမျိုးဇာတ်ကောင်းမြတ်ခြင်းသည်လည်းကောင်း။ ဝဏ္ဍော စ။ ရုပ်ရည်ရူပကာယ လှပချောမောခြင်းသည်လည်းကောင်း၊ မောဃား အကျိုးမပြီး အချည်းနှီးသာ ဖြစ်ပါပေသတည်း။ သီလမေဝး ကိုယ်ကျင့်သီ လသည်သာလျှင်၊ ဥတ္တမံကိရ၊ ထူးမြတ်သောအလှအစစ် တကယ်ဖြစ်ပါပေ ဓါ
ဟော လောကမှာ အမျိုးမြတ်ဇာတ်လှလို့ အလှမဟုတ်သေးဘူး။ အ မြတ်မဟုတ်သေးဘူး။ လောကမှာ ရုပ်ရည်ရူပကာယ လှပရုံနဲ့ အလှမဟုတ် သေးဘူးတဲ့။ ဘာအလှလဲဆိုရင် သီလတည်းဟူသော ကိုယ်ကျင့်တရား ထင် ရှားရှိခြင်းသာလျှင် ဥတ္တမံကိရ အမြတ်ဆုံးဖြစ်ပါပေသတဲ့။ ဟော သီလရှိမှ လှတယ်။ သီလရှိမှမြတ်တယ် သီလရှိမှ တင့်တယ်တယ်။
သီလရှိတဲ့ပုဂ္ဂိုလ်ကို လူတွေလည်းလိုလားတယ်။ နတ်တွေလည်းလုယား တယ်။ ဗြဟ္မာတွေလည်း လိုလားတယ်။ အားလုံး ပညာရှိသူတော်ကောင်းတွေ လည်း လိုလားကြတယ်။ ဒါကြောင့် သီလဆိုတာဟာ တချို့နေရာ ကျမ်းဂန်များမှာ တကယ့်အဖိုးတန်တဲ့ အဆင်းတန်ဆာကောင်းအဖြစ်ဖြင့် သတ်မှတ်ချီးကျူးဖော်ပြကြတယ်။ သီလရှိရင် တကယ်လှပတဲ့တန်ဆာ ဆင် ထားရတော့ အင်မတန်လှနေတဲ့ အမျိုးသား အမျိုးသမီးတို့လို့ ဆိုရတယ်။ ဒါကြောင့်မို့လို့လည်း လူ့အလှဟာ သီလ၊ လူ့အလှဟာ ဓမ္မ၊ အဲ သီလ ရှိရင်လည်း လှတာပဲ ဓမ္မရှိရင်လည်း လှနေတာပဲ ဓမ္မဆိုတာ ခုနပြောသ လိုပဲ သီလရှိရင်လည်း ဓမ္မ။ ဒါနရှိရင်လည်း ဓမ္မ၊ မေတ္တာတရားဟာလည်း ဓမ္မပဲ။
မေတ္တာဘာဝနာ ပွားများနေပြီဆိုရင် အဲဒီ အမျိုးကောင်းသား။ အမျိုးကောင်းသမီးဟာ တကယ်လှတဲ့ အမျိုးကောင်းသား။ တကယ်လှတဲ့ အမျိုးကောင်းသမီးအဖြစ်သို့ ရောက်နေတယ်။ မေတ္တာပွားများနေတဲ့ ပုဂ္ဂိုလ်ရဲ့ ကိုယ်ဟာ ကြည်လင်နေတယ်။ ရွှင်လန်းနေတယ်။ နှစ်သက်ဖွယ်ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ မေတ္တာပို့တဲ့ပုဂ္ဂိုလ်ကို လူတွေလည်းမြတ်နိုး' သူတော်ကောင်း တွေမှန်သမျှ မြတ်နိုးခံရတဲ့ အလှပိုင်ရှင်လို့ဆိုရတယ်။ ဒါကြောင့်မို့လို့ မေတ္တာပွားများမှုဆိုတဲ့ ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားပြီးတော့ ကြိုးစားမှု ကို မိမိတို့ အများကြီးပြုဖို့လိုတယ်။
အဲ မေတ္တာပွားများခြင်းကြောင့် မေတ္တာ အကျိုး(၁၁)မျိုးဆိုတာကို ကြားဖူးနေကြတာပဲ။ အဲ မေတ္တာကြောင့်ရတဲ့ အကျိုးတွေဟာ မနည်းဘူး။ အဲ အထူးသဖြင့် မိမိဟာ စိတ်လည်း ကြည်နေတယ်။ ကိုယ်လည်းကြည် နေတယ်။ ကြည်နေတော့ ပိုလှတာပေါ့။ လှပတဲ့ အမျိုးကောင်းသား။ အမျိုးကောင်းသမီးအဖြစ်ဖြင့် အဲ မိမိကိုယ်ကို ခြယ်လှယ်ရမည့် အခြယ်အလှယ်
တွေထဲက မေတ္တာဆိုတဲ့ ဘာဝနာတရားဟာလည်း လူကိုလှစေတဲ့ အခြယ် အလှယ် အလေ့အထ တန်ဆာတစ်ရပ်ပဲ4 ဒါကြောင့် အဲ သီလေန။ ဘယ်လောက်ပဲ ပစ္စည်းတွေပေါပေါ) ဘယ်လောက်ပဲလှလှ၊ ဘယ်လောက်ပဲ တန်ခိုးကြီးကြီး ကိုယ်ကျင့်သီလနဲ့ အနုပေတဿ မပြည့်စုံဘဲ ဖြစ်နေသော ပုဂ္ဂိုလ်အား။ သုတေန၊ ဘယ်လောက်ပဲ စာတတ်တတ်။ ဘယ်လောက်ပဲ ကျမ်းဂန်တွေ၀ာတ်တတ် ဘယ်လောက်ပဲပညာရှိရှိ မိမိတတ်တဲ့ ပညာသုတ စသည်ဖြင့်၊ အတ္ထေား ဖြစ်ထွန်းပေါ်ပေါက်လာပြီးသကာလ ခံစားအကျိုး တရားသည်။ နဝိဇ္ဇတိ၊ ဘယ်နည်းနဲ့မျှမရနိုင်း မရှိနိုင်ပါပေတကား။
အဲဒါကြောင့်မို့လို့ လူ့အလှဟာ ဓမ္မပဲ။ မိမိကိုယ်ကို တကယ်လှအောင် ကြိုးစားကြမယ်ဆိုရင် သူတော်ကောင်းတရားတွေ ကြိုးစားကြရမယ်။ အဲ သီလတွေ။ သမာဓိတွေ။ ပညာတွေ နောက်ဆုံးတတ်လှတယ်ဆိုတာက။ ဟော နော် ထူးခြားတဲ့ မင်ရမယ်။ ဖိုလ်ရမယ်။ သောတာပတ္တိမဂ်ရရင် အတော်လှနေပြီ1' အဲ အကောင်းဆုံး အလှပဲ။ ပုထုဇဉ်တို့ရဲ့ နယ်ပယ်ကို ကျော်လွန်တဲ့အလှတစ်မျိုး။ အဲ သကဒါဂါမ်ဖြစ်မယ်။ အနာဂါမ်ဖြစ်မယ်ဆို ရင် ပြောစရာမရှိ။ ပိုပိုပြီးတော့ လူ့ဘဝရဲ့ အလှကိုဆောင်တယ်။ အဲ ရဟန္တာ ဖြစ်သွားပြီဆိုရင်တော့ ဒါက အလှဆုံးပဲ။ ရဟန္တာအဖြစ်သို့ရောက်သွားကြတဲ့ အမျိုးကောင်းသား။ အမျိုးကောင်းသမီးတွေအဖြစ် ဖြစ်သွားပြီဆိုရင်။ အဲဒီ အလှကတော့ တုနှိုင်းမရတဲ့ တကယ့်အလှ/ တကယ်ထူးခြားတဲ့အလှ ဖြစ် သွားပြီ။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ သာသနာတော်မှာ ကိလေသာ အညစ်အကြေးတွေ ကင်းဝေးစင်ကြယ်တဲ့ မဂ်တရား ဖိုလ်တရားတွေရရင် တကယ်ထူးခြားတဲ့ အလှတွေရတာ။
တကယ့်နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ သာသနာတော်မှာ အရဟတ္တမဂ်။ အရဟတ္တဖိုလ် ရောက်ပြီဆိုရင် ဒါ အလှဆုံးအခြေ ရောက်ရတယ်။ အဲဒီ အလှထက်သာတဲ့အလှရယ်လို့ လူ့ဘဝမှာမရှိဘူး။ ဒါကြောင့်မို့လို့ လောကမှာ မိမိတို့အဖို့ တကယ့်လူ့ဘဝအလှဟာ ဓမ္မပဲ ဓမ္မမှတစ်ပါး အဓမ္မတွေကို ပြုနေလို့ရှိရင် အရုပ်ဆိုးတာပဲ။ အလှပျက်တာပဲ။
ဒါကြောင့် သာသနာတော်မှာ နောက်ဆုံး အရဟတ္တမဂ်၊ အရဟတ္တ ဖိုလ်ဆိုတဲ့ တကယ့်အလှ၊ လူ့ဘဝအလှ၊ နတ်ဘဝမှာလည်းအလှ' ဗြဟ္မာ
ဘဝမှာလည်း အလှဆိုတဲ့ အလှဆုံးအလှကို ရသည်အထိဖြစ်အောင် တဖြည်း ဖြည်း မိမိတို့ရဲ့ဘဝကို ဒါနနဲ့လည်းကောင်း၊ သီလနဲ့လည်းကောင်းး ဘာဝနာ နဲ့လည်းကောင်း အဲ ကောင်းမှုကုသိုလ်အရပ်ရပ်တို့နဲ့ ခြယ်လှယ်ပေးပြီးတော့ အဲဒီ ကောင်းမှုကုသိုလ်တွေ ရသည်ထက်ရအောင် ကြိုးစားပြီးတော့ တစ်ဆင့် နဲ့တစ်ဆင့် မြင့်သည်ထက်မြင့်ပြီး တိုးတိုး လှပလာအောင်။ လှပချောမောတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေဖြစ်အောင် ကြုံးစားခြင်းဖြင့်
သာသနာတော်ကို ကြုံရကျိုး လူ့ဘဝရကျိုးနပ်အောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
ရက်လည်ဆွမ်း အနုမောဒနာ
ပါတောဒိဋ္ဌာ ဗဟူဇနာ။
ပါတော ဧကေ နဒိဿန္တိ။
သာယံ ဒိဋ္ဌာ ဗဟူဇနာ။
ဗဟူဇနာ။ ရဟန်းရှင်းလူ အဆူဆူ ထိုထိုများစွာသော ပုဂ္ဂိုလ်တို့ကို ပါတေား နံနက်ခင်းအခါက။ ဒိဋ္ဌား မြင်အပ် တွေ့အပ်ပါပေကုန်၏။ ဧတေ။ မနက်ခင်းက မြင်ရထိုထို အချို့သော ပုဂ္ဂိုလ်တို့ကို သာယံ၊ ညနေခင်း အခါကျတော့။ နဒိဿန္တိ။ မမြင်ကြရပါပေကုန်။
ဗဟူဇနာ။ ရဟန်းရှင်လူ အဆူဆူ ထိုထိုများစွာသော ပုဂ္ဂိုလ်တို့ကို သာယံး။ ညနေခင်းအခါက။ ဒိဋ္ဌာ၊ တွေ့မြင်ကြရပါပေကုန်၏။ ဧတေ။ ညနေချမ်းက မြင်ရတဲ့ အချို့သော ပုဂ္ဂိုလ်တို့ကို၊ ပါတော၊ နံနက်ခင်း ကျတော့ နဒိဿန္တိ။ မတွေ့ရ မမြင်ကြရပါပေကုန်တော့တကား။ နေ့မြင် ညပျောက်၊ ညမြင် နေ့ပျောက်သော လောကသဘာဝ။ သူသူ ငါငါ သတ္တဝါမှန်သမျှ မသေနိုင်တဲ့ အချိန်ရယ်လို့ မရှိဘူး။ မသေနိုင်တဲ့ အခါရယ်လို့မရှိဘူး နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်။ သေခြင်း သဘော တရားဆိုတာက သေမယ်ထင်ပေမည့် သေချင်မှသေတာ။ မသေဘူးထင်ပေ မည့် သေသွားရတယ်။ သေမင်းက အချိန်မရွေးဘူး။ ဇီဝိတံ ဗျာဓိကာလောစ။
ဒေဟနိက္ခေပနံ ဂတိ ပဉ္စေတေ ဇီဝလောကသ္မိ။
အနိမိတ္တာ နနာယရေ။1
ဇီဝိတဉ္စ။ ဘယ်အသက်ရွယ်မှာ သေရမယ်ဆိုတဲ့ အသက်ကို လည်းကောင်း၊ ဗျာဓိစ၊ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတဲ့ သေရမည့်ရောဂါ ကိုလည်းကောင်း'း ကာလောစ၊ ဘယ်အချိန်မှာ သေရမယ်ဆိုတဲ့ သေရမည့် အချိန်ကိုလည်းကောင်း၊ ဒေဟနိက္ခေပနံစ။ ခန္ဓာကိုယ်ကြီးကို ဘယ်သင်္ချိုင်းမှာ မြှပ်ရမယ်ဆိုတဲ့ ခန္ဓာကြီး ပစ်ချရမည့် နေရာကိုလည်းကောင်း၊ ဂတိစ။ သေပြီးနောက်အခါ ရောက်ရမည့် နောက်ဘဝ ဂတိတစ်မျိုးမျိုးကို သော် လည်းကောင်း ဧတေပဉ္စ၊ ဤငါးမျိုးတို့ကို၊ အနိမိတ္တာ။ အမှတ်အသား မထားအပ်ကုန်သည်ဖြစ်ရွ။ နနာယရေး မသိအပ် မသိနိုင် မသိရပါပေကုန် တကား။
(၁) ဘယ်အသက်ရွယ်မှာ သေရမယ်ဆိုတာလဲ မသိရဘူး။ “ဘယ် သက်ရွယ်မှာ ဘယ်ရောဂါနဲ့။ ဘယ်ခါကာလ၊ ဘယ်ဒေသရှိ။ ဘယ်ဂတိခ်။ လားရမည့်တာ' တို့သူငါ) မှန်စွာမသိရပါတကား-” ဆိုတဲ့အတိုင်း ဒေသရမည့် အချက်တွေကို မသိနိုင်ကြဘူး။ ဘယ်သက်ရွယ်မှာ သေရမယ်။ တချို့ အသက်ငယ်ငယ်နဲ့ သေကြတယ်။ တချို့ အသက်ကြီးပေမည့် အရွယ်မကုန်ခင် သေကြတယ်' အမျိုးမျိုးပဲ အနာရောဂါ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတာလည်း ပိုင်းခြားသတ်မှတ်ချက် မရှိဘူး။ သေချင်တဲ့ရောဂါနဲ့ သေတတ်တယ်။ မနက်ခင်းသေမယ်။ နေ့လယ်ခင်းသေမယ်။ ညနေခင်းသေမယ်ဆိုတဲ့ အချိန် ကာလလည်း ပိုင်းခြားသတ်မှတ်လို့ မရဘူး။ သေတဲ့အခါကျတော့ ဘယ်မှာ သေရမယ်ဆိုတဲ့ သေရမည့်သချိုင်းလည်း ပိုင်းခြားသတ်မှတ်ချက် မရှိဘူး။ ရန်ကုန်မှာနေပေမည့် တခြားသွားသေချင် သေတာပဲ။ မမျှော်လင့်ဘဲ ကုန်းပေါ် နေတဲ့သူတွေက ရေထဲသွားသေတာလည်း ရှိကြတာပဲ။ တချို့ ကောင်းကင်မှာ သေချင်သေကြတယ်။ သေခြင်းသဘောတရားဆိုတာ သတ်မှတ်ချက်မရှိဘူး။ ဘာမှသတ်မှတ်ချက်မရှိဘူး။ သူဖြစ်ချင်သလိုဖြစ်တာ။
“မနာချင်လို ငါကဆိုလည်း ဆိုတိုင်းမရ။ နာကြရ အနတ္တခန္ဓာကိုယ်”
“မအိုချင်လို ငါကဆိုလည်း ဆိုတိုင်းမရ။ အိုကြရ အနတ္တခန္ဓာကိုယ်”
“မသေချင်လို ငါကဆိုလည်း ဆိုတိုင်းမရ။ သေကြရ အနတ္တခန္ဓာကိုယ်”
အနတ္တဆိုတဲ့အတိုင်း မိမိတို့အစိုးမရဘူး။ လိုချင်တိုင်းမရဘူး) သူဖြစ်ချင် တိုင်းဖြစ်တာ။ ခန္ဓာကိုယ်ကြီးက။ ဒီတော့ ခန္ဓာကိုယ်ကြီးဆိုတာက ဘာမှ
မိမိအလိုတိုင်း မဖြစ်ဘူးး တစ်နေ့ကျ ပျက်စီးရမှာ သေချာတယ်။ မြန်မြန်နဲ့ နှေးနှေးပဲ။ အဲသလို ပျက်စီးတတ်တဲ့ ခန္ဓာကိုယ်ကြီးဟာ ပျက်စီးမှာဖြစ်တော့။ မိမိ ဒီခန္ဓာကိုယ်ကြီး အကြောင်းပြုပြီးတော့ မိမိတို့ ဘာမှကြောင့်ကြစရာ မရှိဘူး။ ဖြစ်ချင်တိုင်းဖြစ်နေကြေတာ4 ကြောင့်ကြစရာက တရားမရှိမှာ စိုးရိမ်ကြာ ကြောင့်ကြ ကြရတယ်။ ဘုန်းကြီးတို့ ဒီဘဝကနေပြီးတော့ ဘယ်ရောက်ရမယ်ဆိုတာ ဘယ်သူမှမသိဘူး။ တန်ခိုးရှင်' အဘိညာဉ်တန်ခိုးရှင် မှလွဲလို့ တခြားပုဂ္ဂိုလ်တွေ သိနိုင်မှာမဟုတ်ဘူး။ မသိနိုင်တော့ နောက်ဘဝ စိတ်ချအောင်ဆိုတာ လုပ်ထားရမယ်။ ဒီဘဝ မိမိဘဝဆုံးချင်မှဆုံးမှာ ရဟန္တာ-ရဟန္တာမဖြစ်မှ ဘဝဆုံးတယ်။ နောက်ဘဝ မဖြစ်ရတော့ဘူး။ ဘယ်ဒုက္ခမှ မခံရတော့ဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ အကြင်မျှလောက် ရဟန္တာ။ ရဟန္တာမ မဖြစ်သေးဘူးဆိုရင် ထိုမျှလောက်သွားရဦးမယ် နောက်ဘဝကို၊
ဒါကြောင့် အဲဒီနောက်ဘဝမှာ သွားရတဲ့အခါ သံသရာခရီးသွားအဖြစ်နဲ့ သွားရတဲ့အခါ မိမိတို့မှာ အားကိုးစရာပါဖို့လိုပါတယ်။ အားကိုးစရာဆိုတာက ပစ္စည်းဥစ္စာလည်းမဟုတ်ဘူ။ ဆွေမျိုးဉဥာတိ မိတ်သင်္ဂဟတွေလည်းမဟုတ်ဘူး။ ကိုယ်အားထုတ်ထားတဲ့ တရားတွေး ဒါနတွေး သီလတွေး ဘာဝနာတွေ။ အဲဒီ အားထုတ်ထားတဲ့ ကုသိုလ်တရားတွေသာ ကိုယ့်ရိက္ခာ။ အဲဒီ ရိက္ခာ များများ ထုပ်မိပြီဆိုရင်ဖြင့် ဘာမှစိုးရိမ်စရာမရှိဘူး။ အဲဒီ စိုးရိမ်စရာမရှိအောင် ကြိုတင်ပြီးတော့ များများရိက္ခာထုပ်ကြရတယ်။
တစ်ခါက- သာကီဝင်မင်း မဟာနာမ်က ဘုရားရှင် ကိုယ်တော်မြတ် ကြီးဆီ ရောက်လာတယ်။ ရောက်လာတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို လျှောက်ထားတယ်။
“မြတ်စွာဘုရား၊ တပည့်တော်ဟာ တစ်ခါတစ်ခါ ဘုရားရှင် ကိုယ်တော် မြတ်ကြီးထံ ရောက်လာတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ဖူးမြော် ပြီးတော့ မိမိကြည်ညိုတဲ့ အရှင်မြတ်တွေကို ဖူးမြော်ပြီးတော။ ညနေချမ်းအခါ ကပ္ပိလဝတ် နေပြည်တော်ကြီးဆီဝင်သွားတယ်။ ဝင်သွားတဲ့အခါ ဆင်ကြမ်း နဲ့လည်းကြုံရတယ်။ မြင်းကြမ်းနဲ့လည်းကြုံရတယ်။ လူတွေ လှုပ်ရှားသွား လာတာလည်း မြင်ရတယ် အမျိုးမျိုးကြုံရတဲ့အခါမှာ- တပည့်တော် “သြော်- ဒီအချိန်ခါများ ငါသေသွားရင်ဖြင့် ဘယ်ဘဝများရောက်ရပါလိမ့်
မလဲ”လို့ စိုးရိမ်မိတဲ့အကြောင်း လျှောက်ထားတဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက-
မာ ဘာယီ မဟာနာမ။ မာ ဘာယိ မဟာနာမ။
အပါပကံ တေ မရဏံ။ ဘဝိဿတိ
အပါပိကာ ကာလကိရိယာ။
မဟာနာမ် မစိုးရိမ်နဲ့။ မစိုးရိမ်နဲ့။ “မဟာနာမ်အဖို့ မကောင်းသော သေခြင်းမျိုး ဖြစ်မှာမဟုတ်ဘူးလို့” မိန််တော်မူပြီးနောက်- ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တရားသဘောလေးတွေနဲ့ပဲ မစိုးရိမ်ရမည့် ပုဂ္ဂိုလ် အရည်အသွေးကို ပြောပြတယ်။
လောကမှာ ထောပတ်အိုးကြီး၊ ဆီအိုးကြီးကို နက်လှတဲ့မြစ်ထဲမှာ နှစ်ပြီးတော့ ခွဲလိုက်တယ်။ အဲဒီလို ခွဲလိုက်တဲ့အခါမှာ- အိုးခြမ်းကွဲတွေ ကတော့ အောက်ကျသွားတယ်။ အဲဒီ ထောပတ်အိုး ဆီအိုးထဲက ထောပတ် တွေ ဆီတွေကတော့ ရေအထက်ကိုတက်ပြီးတော့ ဝေ့နေကြတယ်။ အဲဒီလိုပဲ ခန္ဓာကိုယ်ကြီးကတော့ သေရင် ကျျီးအစာ။ လင်းတအစား ပိုးလောက်တို့ရဲ့ အစာဖြစ်မှာပဲ) သို့သော် အဲဒီခန္ဓာကိုယ်ကြီးနဲ့ ရင်းနှီးထားတဲ့ သဒ္ဓါတရား၊ သီလတရား၊ သုတတရား၊ စာဂတရား၊ ပညာတရားဆိုတဲ့ တရားတွေ ကတော့။ ဥဒ္ဓဂါမိ အထက်အထက်သို့သာ တက်သွားကြမှာပဲ။ ဝိသေသဂါမိ သာမညအခြေအနေက ထူးခြားတဲ့အခြေအနေသို့ ပေါက်သွားရောက်သွား တက်သွားမှာပဲလို့ မိန့်တော်မူပြီးတော့။
မာ ဘာယိ မဟာနာမ။ မာ ဘာယိ မဟာနာမ
အပါပကံ တေ မရဏံ ဘဝိဿတိ။
အပါပိကာ ကာလကိရိယာ။1
လို့- အားပေးတော်မူတယ်။ မစိုးရိမ်နဲ့ မဟာနာမ် မစိုးရိမ်နဲ့ 1 သူက သကဒါဂါမ်လောက်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကြီး၊ ဒါကြောင့်မို့လို့ မစိုးရိမ်နဲ့မဟာနာမ် မစိုးရိမ်နဲ့။ သင့်အတွက် မကောင်းသောသေခြင်းမျိုး ယုတ်ညံ့တဲ့သေခြင်းမျိုး သေရမှာမဟုတ်ဘူးလို့ အားပေးစကားမြွက်ကြားတော်မူတယ်။
အဲဒီလို ဘုရားရှင်ကိုယ်တော်မြတ် မိန့်တော်မူတဲ့စကားတော်အရ ခန္ဓာကိုယ်ဆိုတာကတော့ ပျက်စီးမှာချည်းပဲ။ တစ်နေ့ကျတော့ ဘယ်သူမှ ရမှာမဟုတ်ဘူး အန္တော ဝဿသတံ သဗ္ဗေ၊ လောကေ သကမ္မနိဿိတာ။
မရဏံ ဝေ ဂမိဿန္တိ။
ဇာတာနံ ဟိ မတံ ဓုဝံ။
လောကေး လူ့လောကတစ်ခွင်ခ္ဗ်၊ သကမ္မနိဿိတာ။ စာရေး ၀တ်ရေး။ ထိုသိုအမွ ကိစ္စတို့ကို မုရွါနေကြတုန်သေား သငွေး အလုံးစုံကုန်သော သတ္တဝါမှန်သမျှတို့သည် အန္တေ၈၀ဿသတံ) အနှစ်တစ်ရာအတွင်း၌ ဝေ။ စင်စစ် လက်ခတ်မလွဲ။ မရဏံ၊ သေရခြင်းသို့၊ ဂမိဿန္တိ။ ဘယ်သူမှမနေရ အားလုံးပင် ရောက်ကြရပါကုန်လတ္တံ့။ ဟိ၊ ထိုစကားမှန်လှပေ၏်၊ ဇာတာနံ။ ဖြစ်လာကြကုန်သော သတ္တဝါမှန်သမျှတို့၏ / မတံ၊ ဖြစ်ပြီးနောက်အချိန် ကျလျှင် သေခြင်းသည်။ ဓုဝံ မြေကြီးလက်ခတ်မလွဲ တကယ်မြဲတဲ့ နိယာမ သဘောသဘာဝသာ ဖြစ်ပါပေသတည်း။
နှစ်တစ်ရာအတွင်းမှာ ဘယ်သူမှမြဲမှာမဟုတ်ဘူး။ အင်မတန် ကံကောင်း လှတဲ့ တချို့ပုဂ္ဂိုလ်တွေ အနည်းအကျဉ်းတော့ တစ်ရာကျော်နေရတာ ရှိပါတယ်။ သို့သော် များသောအားဖြင့် တစ်ရာအတွင်း ခုခေတ်- ခုနစ်ဆယ် လောက်ဆို တယ်မဟုတ်ချင်ဘူး။ ခုနစ်ဆယ်။ ရှစ်ဆယ်အတွင်း သေကြတာ ချည်း များနေတယ်။ အဲဒါကြောင့် ကိုယ့်အလုပ်လုပ်ကြရင်း။ လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်းနဲ့ အနှစ်တစ်ရာအတွင်းမှာ အကုန်လုံး သေကြမှာချည်းပဲ။ ဒီတော့ ခန္ဓာကိုယ်က သေတဲ့တရားမို့သေမှာပဲ ပျက်တဲ့တရားမို့ ပျက်မှာပဲ ဘိဇ္စန ဓမ္မံ ဘိန္နံ န စိန္တိတဗ္ဗံ မလ္လီကေ။ မလ္လိကေ၊ မလ္လိကာ-ဘိဇ္ဇန ဓမ္မံ ပျက်တတ်တဲ့ သဘောတရားသည်။ ဘိန္နံ၊ ပျက်မှာပင်ဖြစ်ပါ၏ / နစိန္တိတဗ္ဗံ၊ တွေးပြီးတော့ပူစရာ မလိုပါ။ စစ်သူကြီးကတော် မလ္လိကာ။ သံဃာတော်တွေ ရှင်သာရိပုတ္တရာ အမှူးရှိတဲ့ သံဃာတော်တွေ ဆွမ်းဆက်ကပ်လှူဒါန်းနေတုန်း တစ်နေရာမှ ချီမယူလာတဲ့ ထောပတ်အိုးကြီးက ကျကွဲသွားတယ်။ အဲဒါအကြောင်းပြုပြီး
တော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက၊ မလ္လိကာ -ကွဲတတ်တဲ့ သဘောဟာ ကွဲမှာပဲ။ ပျက်စီးတတ်တဲ့သဘောဟာ ပျက်စီးတာပဲ။ တွေးမပူ လေနဲ့ဆိုတော့။ မလ္လိကာက ခါးကြားတဲက စာလေးထုတ်ပြီးတော့ ရှင်သာရိ ပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုပြတယ်။ အရှင်ဘုရား တပည့်တော်ဟာ သားသုံးကျိပ်နှစ်ယောက်နှင့်တကွ၊ လင်သား ဗန္ဓုလစစ်သူကြီး ကွယ်လွန် သွားတယ်ဆိုတဲ့ သတင်းရတယ်။ အဲဒီသတင်းရတာတောင် တပည့်တော်ဟာ ဘာမှမဖြစ်ပါဘုရားလို့ လျှောက်ထားတယ် လောကမှာ ခံနိုင်ရည်ရှိအောင် ခံနိုင်ရည်ရှိတဲ့ တရားတွေ ကြိုးစား စုဆောင်းကြရတယ်။ ကြိုးစားပြီးတော့ရှာကြရတယ်။ ကြိုးစားပြီးတော့ စုဆောင်းကြရတယ်။
စိတ်ဓာတ်ခိုင်မာအောင် ကြိုးစားကြရတယ်။ အဲဒါကို ဒါ-မလ္လိကာ စစ်သူကြီးကတော် စိုးရိမ်မှု ဘာကြောင့်မဖြစ်သတုံးဆိုတော့ အလကားရတဲ့ စိတ်မဟုတ်ဘူး။ နဂိုက သူများလို စိတ်မခိုင်တဲ့ ပုဂ္ဂိုလ်ပဲ။ သို့သော်လည်း မိမိကျင့်အပ်တဲ့တရားတွေ။ အဲဒီ တရားတွေအကြောင်းပြုပြီးတော့ စိတ်ဓာတ် ဟာ တဖြည်းဖြည်းမာလာတာပဲ။ စိတ်ဓာတ်မာလာတော့ ဘယ်လိုဒုက္ခမျိုး ကြုံကြုံ မဖြုံဘူး။ ခံနိုင်ရည်ရှိတယ်။ ဒါကြောင့် တရားဆိုတာ အင်မတန် အားထုတ်ထိုက်တယ်။ ဒါကြောင့် ခုန မဟာနာမ် သာကီဝင်ကို ဘုရားရှင် ကိုယ်တော်မြတ်ဟောတော်မူတယ်။ ခန္ဓာကိုယ်ကြီး ပျက်စီးပေမည့် ကိုယ့် တရားက ကိုယ့်ကို မပျက်ရာရောက်အောင် ပို့ပေးမှာ။ ထူးခြားတဲ့ပုဂ္ဂိုလ် ဖြစ်အောင် ဆောင်ရွက်ပေးမှာ။
လောကမှာ တရားဆိုတာ အင်မတန်အရေးကြီးတယ်။ တရားကြိုးစား ပြီး ပွားကြရတယ်။ အားထုတ်ကြရတယ်။ ဆည်းပူးကြရတယ်။ စုဆောင်း ကြရတယ်။
ယံ ကိဉ္စိဗာဟိယံ ဝတ္ထု။
ယထာကာမံ ပဘိဇူတု။
အဇ္စျတ္တနမှိ အဘိန္နမှိ။
အဘိန္နော ဝေသပညဝါ။
ခန္ဓာကိုယ်ကြီးက ပျက်စီးတတ်တာ။ သူ့ဟာသူ ပျက်စီးချင်သလို ပျက်စီးပါစေ။ အဇ္စျတ္တိကတရား မပျက်စီးဘူးဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ မပျက်စီးတဲ့ ပုဂ္ဂိုလ်ပဲ။ ခန္ဓာကိုယ်ကြီးပျက်စီးပေမည့် သူဘယ်တော့မှ မပျက် စီးဘူး။ မပျက်စီးတဲ့ ပုဂ္ဂိုလ် တရားမပျက်သေးရင် လူမပျက်ဘူး။ တရားပျက်ရင် လူပျက်တာပဲ။
ဗာဟိယံ၊ အပဖြစ်သော၊ ယံကိဉ္စိ၀တ္ထု။ အကြင်တစ်စုံတစ်ခုသော ဝတ္ထုသည်။ ယထာကာမံ။ ပျက်လိုသည့်အတိုင်း။ ပဘိဇ္ဇတု၊ ပျက်ပါစေ။ အဇ္စျတ္တမှိ၊ အဇ္စတ္တဖြစ်သော တရားသည်။ ကိုယ်တွင်းမှာဖြစ်တဲ့တရားသည်။ အဘိန္နမှီ။ မပျက်စီးသည်ရှိသော်၊ ဧသပညဝါ ထိုပညာရှိပုဂ္ဂိုလ်သည်။ အဘိဇန္နော၀။ ဘယ်သောအခါကာလမှ၊ မပျက်စီးတဲ့ ပုဂ္ဂိုလ်အဖြစ်၊ တကယ်ခိုင်မြဲတဲ့ ပုဂ္ဂိုလ်အဖြစ် တကယ်တမ်း ဖြစ်ပါပေသတည်း။
ခန္ဓာကိုယ်လည်း ပျက်စီးတတ်တယ်။ မိမိတို့ပစ္စည်းလည်း ပျက်စီး တတ်တယ်။ ပျက်စီးပါစေး သူ့အကြောင်းအားလျော်စွာ ပျက်စီးတာ ဘာမှ စိုးရိမ်စရာမလိုဘူး။ မိမိတို့စိုးရိမ်ဖို့က တရားမပျက်စီးဖို့သာ အရေးကြီးတယ်။ အဲဒီတရားကသာ မိမိတို့ကို ကယ်မှာ။ အဲဒီ တရားပျက်ရင်တော့သွားရော။ ဒါကြောင့် လူ့ဘဝအဖို့ အနှစ်သာရက တရားပဲ။ အကာဖြစ်တဲ့ ခန္ဓာကိုယ်။ အကာဖြစ်တဲ့ ပစ္စည်းဥစ္စာတွေ အကြောင်းပြုပြီးတော့ စိုးရိမ်ခြင်းမဖြစ်ဘဲနဲ့ တရားပျက်မှာကိုသာ စိုးရိမ်ကြရတယ်။ မပျက်အောင် ကြိုးစားကြရတယ်။ တရားတွေ ပွားသထက်ပွား များသထက်များအောင် ကြိုးစားကြရတယ် စက္ကဘူတာန ပုဗ္ဗေပိ။
ဘိန္နာ သမ္ပတ္တိယော ဗဟူ။
ပါရမီ ဒဗ္ဗသမ္ဘာရ။
သာရေကောဝ အဘိန္နကော။
တသ္မာ တမေဝ သမ္ဘာရံ သဗ္ဗ သမ္ပတ္တိသာဓကံ သတိမာ ပညဝါ ရက္စေ။
နံ သောစေ ဖဂ္ဂုဘေဒနံ၊
စက္ကဘူတာနံ။ လေးကျွန်းပိုင်သ စကြာသနင်း မင်းအဆက်ဆက် ဖြစ်ကြကုန်သော၊ အမှာကံ။ ငါတို့၏။ ယာသမ္ပတ္တိယော- အကြင်စည်းစိမ် ဥစ္စာ ရတနာတို့သည်။ ပုဗ္ဗေပိ၊ ရှေးအခါကလည်း။ ဗဟူ-မြားမြောင်လှစွာ။ သန္တိ။ ရှိကြလေကုန်၏။ ဖြစ်ခဲ့ကြပေကုန်စါ / တာသမ္ပတ္တိယော။ ရခဲ ကြုံခဲ ရတဲ့ စည်းစိမ်ဥစ္စာ ရတနာမှန်သမျှတို့သည်။ ဘိန္နား ပရမ်းပတာ ယူစရာမရ ပျက်စီးရပေကုန်စါ / ဧကော၊ တစ်ခုသော၊ ပါရမီ ဒဗ္ဗသမ္ဘာရောဝ။ ဝိ၀င္ညနိဿိတ ဓမ္မအဆောက်အအုံ ပါရမီကောင်းမှုတည်းဟူသော။ သာရောဧဝ။ အနှစ်သာရ သည်သာလျှင်၊ အဘိန္နကော။ ဘယ်အခါကာလမှ မပျက်စီးမပျောက်ပျက် အမြဲသာ တည်နေပါပေသတည်း။
တသ္မား ထိုသို့ပစ္စည်းတွေပျက်ပေမည့်။ မိမိတို့ ဆည်းပူးအားထုတ် ထားတဲ့ ဝိ၀ဋ္ဒနိဿိတ ပါရမီအဆောက်အအုံ ကုသိုလ်သည်သာလျှင်- မပျက်စီးလေသော ကြောင့် သဗ္ဗသမ္ပတ္တိသာ၀ကံ။ လူ့စည်းစိမ်။ နတ်စည်းစိမ်။ ဗြဟ္မာ့စည်းစိမ် ဟူသော စည်းစိမ်အားလုံးကိုဖြစ်စေ ပြီးမြောက်စေနိုင်သော၊ တမေဝသမ္ဘာရံ၊ ထိုဝိ၀င္ရ နိဿိတ၊ ဓမ္မအဆောက်အအုံဖြစ်တဲ့ ပါရမီ ကုသိုလ်ထူးကိုသာလျှင် သတိမာ သတိရှိသည်ဖြစ်ဤ။ ပညာဝါ။ ကျိုးကြောင်း သိမြင် ပညာရှင်သည်။ ရက္ခေ၊ ကာကွယ်စောင့်ရှောက်ရမည်သာတည်း။ ဖဂ္ဂုဘေဒနံ)။ အကာဖြစ်တဲ့ ခန္ဓာကိုယ်ကြီး ပျက်စီးမှု။ ပစ္စည်းဥစ္စာတွေ ပျက်စီးမှုဆိုတဲ့ ပျက်စီးမှုမျိုးကိုး နသောစေ။ မတွေးကြရ မပူပန်ကြရ တွေးကြံပူပင်ပြီး စိုးရိမ်ခြင်းမဖြစ်ရာသတည်း။
ဘုန်းကြီးတို့ ကျေးဇူးရှင် ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါ ရာမ ဆရာတော်ဘုရားကြီးရဲ့ ဩဝါဒတော်၊ ဆရာတော်ကြီးက ရန်ကုန်ကျိုက်က္ကစံ ကျောင်းတိုက်မှာ သီတင်းသုံးနေတုန်း မန္တလေး မဟာဝိသုဒ္ဓါ ရုံကျောင်းတိုက် မှာ ကျောင်းတွေမီးလောင်တယ်။ မီးလောင်တော့ တပည့်တွေက လာပြီးတော့ အကြောင်းကြားတယ် အဲဒီအခါမှာ ဒီဂါထာလေးတွေ ရေးပေးလိုက်တယ်။ တပည့်တွေကို တရားပြသောအားဖြင့် သတိတရားရအောင် ဩဝါဒပေးတာ။ လူ့.ဘဝစည်းစိမ် နတ်ဘဝစည်းစိမ်။ ဗြဟ္မာ့ဘဝစည်းစိမ်။ စည်းစိမ်ဆိုတာက များလှပြီ။ ခံစားခဲ့ကြရတာ။ ယနေ့ အိပ်မက်ထဲ မှာတောင် မရှိတော့ဘူး
အားလုံးပျောက်ကြရပြီး ဒီတော့- စည်းစိမ်ဥစ္စာ ရတနာတွေဆိုတာ ပျက်စီးတာ ချည်းပဲ
မပျက်စီးတာတရားပဲ' တို့-ပွားများထားတဲ့ အားထုတ်ထားတဲ့ တရား တွေသာ မပျက်စီးတာ။ ဘယ်အခါမှမပျက်။ ဒီဘဝသေး နောက်ဘဝ ပါတာပဲ နောင်ဘဝသေရင် ဟိုနောက်ဘ၀ ပါတာပဲ / အနှစ်သာရတွေ။ ခန္ဓာကိုယ်ဟာ အနှစ်သာရမဟုတ်ဘူး။ ပစ္စည်းဟာ အနှစ်သာရမဟုတ်ဘူး။ အနှစ်သာရမဟုတ်လို့ ပျက်စီးချင်တိုင်းပျက်စီးတာ။ တရားကတော့ မပျက် စီးဘူး။ မိမိ ကံမကောင်း အကြောင်းမလှလို့ ကွယ်လွန်ရရင် နောက်ဘဝ လိုက်မှာပဲ။ ကိုယ်ပြုထားတဲ့ ကုသိုလ်စိတ်တွေဟာ။ ကမ္မသတ္တိအဖြစ်ဖြင့် လိုက်မှာပဲ ပါရမီသတ္တိအဖြစ်ဖြင့် လိုက်မှာပဲ။ အဲဒီသတ္တိတွေဟာ မမြင်ရ ပေမည့် ရှိနေတာချည်းပဲ။ ကိုယ့်ကို ကောင်းကျိုးပေးဖို့ ရှိနေတာချည်းပဲ။
ဒီဩဝါဒတော်များကို “ဝိသုဒ္ဓါရုံ အဆုံးအဖြတ်”စသောကျမ်းများမှာ တွေ့ရသော်လည်း ထိုဂါထာတို့စ၊ါ နိဒါန်းအတ္ထုပ္ပတ္တိ မတွေ့ရ၊ ဒကာ ဦးထိန်ဝင်းထံမှ ကြားခဲ့ရ၏။ ဒကာ ဦးထိန်ဝင်းကလည်း အမှတ်အသား ကောင်းလှသော မြောင်းမြဆရာတော် ရွှေကျင်နိကာယ ဓမ္မသေနာပတိထံမှ ရခဲ့သည်ဟုသိရပါသည်။ အမှတ်အသားကောင်းလှသော ရွှေကျင်နိကာယ ဓမ္မသေနာပတိ ကျေးဇူးရှင်မြောင်းမြဆရာတော်ဘုရားနှင့် ဦးထိန်ဝင်းတို့ ကျေးဇူးကြောင့် အကြောင်းအရာ နိဒါန်း မပျောက်ရသည်ကို ဝမ်းမြောက်စွာ သာဓုခေါ်ရပါ တော့သည်
အဲဒါကြောင့်မို့လို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မမေ့ကြနဲ့ဆိုတာ ပါပဲ။ မမေ့ကြနဲ့ဆိုတာ ဒီတစ်ဘဝတည်း မိမိတို့ကိစ္စ ကုန်ချင်ကုန်မယ်။ ရဟန္တာဖြစ်မှ ကိစ္စကုန်တာ ခုနပြောသလိုပဲ ရဟန္တာတွေ။ ရဟန္တာမတွေဖြစ်မှ ဒုက္ခဆုံးမှာ။ မဖြစ်သေးသမျှ သွားရဦးမယ်။ သံသရာခရီးကြီး ဘယ်လောက် ရှည်ဦးမယ် မသိဘူး။ ဘယ်လောက်ရှည်တယ်ဆိုတာကတော့ ကိုယ့်အစွမ်း အရပဲ။ ကိုယ်ကစွမ်းရင် နောက်ဘဝ ပြတ်ချင်ပြတ်မယ်။ ဒီဘဝ ပြတ်ချင် ပြတ်မယ်။ ရဟန္တာဖြစ်ရင် ပြတ်တာပဲ။ ပြတ်တယ်ဆိုရင် ဘာဒုက္ခမှ မရှိ တော့ဘူး။ မခံရတော့ဘူး/။ အဲဒါကြောင့် အဲဒီဒုက္ခတွေငြိမ်းဖို့၊ ဘုန်းကြီးတို့
ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ အဲဒီဒုက္ခတွေ ငြိမ်းဖို့၊ ဒါကြောင့် ကွယ်လွန်ခဲ့တဲ့ ဒကာဦးဖေကြည် အကြောင်းပြုပြီးတော့ တို့တစ်တွေဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေလို့မသင့်ဘူး။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေရင် ရတဲ့လူ့ဘဝလေးတောင် တော်ကြာအရင်း ရှုံးချင် ရှုး နေမယ်။ အပါယ်ရောက်ဖို့ အကြောင်းတွေဟာ အများကြီး လူတစ်ယောက် မှာ။ ဒါကြောင့် ကြောက်ကြပါ။ လန့်ကြပါ1
ဘုရားရှင်ကိုယ်တော်မြတ်က ဘဝဆုံးမှာကို အင်မတန် ကြောင့်ကြတော် မူလို့ ” အပ္ပမာဒေန သမ္ပာဒေထ” လို့ အထပ်ထပ်အခါခါ မိန့်တော်မူတဲ့အတိုင်း မမေ့မလျော့ မပေါ့မဆ သူတော်ကောင်းတရားတွေး ပါရမီတရားတွေ။ ပွားများကြ၊ ကြိုးစားကြ အားထုတ်ကြ။ ပြီးတော့ ရလာတဲ့ဘဝလေး အရင်းမရှုံး အမြတ်တွေများများရပြီးတော့ နောက်ဘဝလည်း ဘဝအပြောင်း လှပြီးတော့ ဟိုဘဝမှာ ချမ်းသာအောင်။ ဟိုဘဝမှာ ချမ်းသာပြီးတော့ တရားတွေအားထုတ်နိုင်အောင်း မြန်မြန်တရားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “အပ္ပမာဒေနသမ္ပာဒေထ” ဆိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အမိန့်တော်ကို မမေ့ကြနဲ့- မမေ့ကြနဲ့လို့ ဘုရားရှင်ကိုယ်တော်မြတ် မိန့်တဲ့ အမိန့်တော်ကို ယခု- ဘုန်းကြီးတို့၊ ဘုန်းကြီးတွေ အမြဲတမ်းသတိပေးနေတဲ့ “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ ဘုရားအမိန့်တော်ကို အလေးအနက်ထားပြီးတော့ ကြိုးစား လိုက်နာကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဆရာတော်ကြီး နောက်ဆုံး ဟောကြားခဲ့သော တရားတော်
ယနေ့ ဒါယကာ ဦးသင်။ ဒါယိကာမကြီး ဒေါ်အေးမြင့်တို့ရဲ့ ဆွမ်းသင်္ကန်း အလှူတော် ပူဇော်လှူဒါန်းကြတဲ့နေ့။ အန္တရာယ် ကင်းဖို့ရာ လည်းကောင်း၊ ကောင်းကျိုးချမ်းသာ မင်္ဂလာဖြစ်စေခြင်းငှာလည်းကောင်း ပရိတ်တရားတော်လည်းနာကြ၊ ယခုအခါ အနုမောဒနာ တရားတော်လေး နည်းနည်း ချီးမြှင့်လိုက်မယ်။
အာဗာဓာ မေ သမုပ္ပန္နေ။
သတိ မေ ဥဒ ပဇ္ဇထ။
အာဗာဓော မေ သမုပ္ပန္နေား
ကာလောယံ န ပမဇ္စိတုံ။
ဘုန်းကြီးတို့ သာသနာတော်မှာ အရှင်ဥတ္တိယမထေရ် ဆိုတာ ရှိတယ်။ မထေရ်ဟာ တစ်နေ့ မကျန်းမမာဖြစ်လာတယ်။ ရောဂါဝေဒနာ ဖြစ်ပေါ်လာတဲ့အခါကျတော့ ညည်းညူမနေဘူး။ သတိတရား ပေါ်လာ တယ် 1
သြော် ငါရောဂါ ဖြစ်လာပြီ ဒီရောဂါကို ငါ ဒီအတိုင်း ထားလိုက် လို့ရှိရင် တစ်နေ့တခြား တိုးပွားလာမယ်။ ကြီးပွားလာမှာပဲ အဲဒီတော့ ယခုအခါ ငါသတိတရားဖြစ်ဖို့ အချိန်ရောက်ပြီလို့ အဲသလို ဆင်ခြင်ပြီးတော့ သတိတရား ထူထောင်ပြီးတော့ ကြိုးစားခဲ့တယ် အဲဒါ ရောဂါဖြစ်ကြတဲ့။ ဝေဒနာဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ “စံနမူနာ ယူဖို့ အတ္ထုပ္ပတ္တိကလေးတစ်ခုပဲ။
ဘုရားရှင်ကိုယ်တော်မြတ်လက်ထက် အဲဒီမထေရ်ဟာ ရောဂါဖြစ် လာတော့ ငါရောဂါဟာ တဖြည်းဖြည်း ကြီးပွားလာမှာပဲ။ မကြီးပွားမီ ငါကြုုးစားမှပဲဆိုပြီးတော့ သတိတရား ဖြစ်လာပြီးတော့ ကြိုးစားခဲ့တယ်။
ကြိုးစားခဲ့တော့ ကြိုးစားတဲ့အတိုင်းပဲ နောက်ဆုံး ရဟန္တာဖြစ်သွားတဲ့အထိပဲ။ အဲဒါ စံနမူနာယူဖို့ ဒီမထေရ်ရဲ့ အကြောင်းလေးကို ဘုန်းကြီး ထေရဂါထာ အဋ္ဌကထာမြတ်မှာ မှတ်တမ်းတင်ထားခဲ့တယ်။ အေး- ဒါကြောင့် ရောဂါ ဇ လ။ <) ဇ ဇ. ဇ ၀၀ ၀ ဖြစ်တဲ့အခါမှာ အဲဒီ အရှင်ဥတ္တိယမထေရ်ထုံး နှလုံးသွင်းပြီးတော့ မိမိတို့ ဖြစ်တဲ့ရောဂါကို တွေးပြီးတော့ စိတ်ပူစိတ်ကြောင့်ကြ မဖြစ်ဘဲနဲ့ သတိသာ ကြပ်ကြပ်ထူထောင်ကြ၊ သတိဆိုတာ အရေးကြီးတယ် အဲဒီသတိနဲ့ ကြပ်ကြပ် ထူထောင်ရင် ဖြစ်တဲ့ရောဂါလည်း သက်သာတတ်တယ်။
ဘယ်လောက် တိုးဖြစ်နေနေ သည်သတိက မြဲမယ်။ စွဲမယ်ဆိုရင် ရောဂါကောင်းကောင်း သက်သာလာတတ်တယ်။ ရောဂါ မသက်သာတောင် ဝ် သိပ် (ဖူး စိတ် သိပ်မဆင်းရဲဘူး။
န်းကြီးတို့ိခနစ်ပါး ဂြ င ၃ ငဝ ခုန ဘုန်းကြီးတို့ ဗောဇ္စျင်ခုနစ်ပါးတရား၊ ဗောဇ္ဇျင်္ဂသုတ္တန်ကို ရွတ်ဆို ခဲ့တယ် အဲဒီ ဗောဇ္စျင်္ဂသုတ္တန်ဆိုတာက ဗောဇ္စျင်ခုနစ်ပါးတရားကို ဟောခဲ့ တယ်။ သတိသမ္ပဇဉ်ဆိုတဲ့ ရတနာသုံးပါးကို အောက်မေ့မှု။ ဘုရားကို ဇ လူ ငု ဇ ရျ ဇ ၀ . အောက်မေ့မှု ရုပ်နာမ်တရားတွေကို အောက်မေ့မှုဆိုတဲ့ အောက်မေ့မှုမျိုးစုံကို သတိသမ္ပဇဉ်ဟု ခေါ်တယ်။
အောက်မေ့မှုသတိကို သတိသမ္ဗောဇ္စျင်။ ဓမ္မဝိစယသမ္မ္ဗောဇ္စျင်ဆိုတာက သတိက အောက်မေ့ထားတဲ့တရားတွေကို ဓမ္မဝိစယ သမ္မောဇ္စျင်က မိမိရဲ့ သိမြင်မှုဆိုတဲ့ကိစ္စနဲ့ သိမြင် သိမြင်သွားတယ်။ ဓမ္မာဝိစယသမ္ဗောဇ္စုင်နဲ့ သိသွားတဲ့တရားတွေကို ဝီရိယဆိုတဲ့ ဗောဇ္စျင်က ကျမသွားအောင် တောင့် ပေးထားတယ်။ တင်ပေးထားတယ် ရျ (၂။ မျ ရျ ဇ ၀၀ ဇ ဇ လူ . င အဲသလို တောင့်ပေး တင်ပေးတဲ့အတွက် မိမိဆင်ခြင်ခဲ့တဲ့ နှလုံးသွင်း ခဲ့တဲ့ တရားဟာ အားရှိသွားတယ်။ အားရှိသွားတဲ့အခါမှာ ပီတိသမ္ဗောဇ္စျင် ဇ ဇ ဓဝ ပီတိ ဇ ဇ ဖြစ်လာတယ် ပီတိသမ္ဗောဇ္စျင်ပီ ဆိုတာ နှစ်သက်မှု အေး-တရားက တက်လာတယ်။ တရားက ကောင်းလာတယ်။ တရားက မြဲလာတယ်ဆိုရင် အားရသွားတယ်။
ဝီရိယ တွန်းအားပေးမှုကြောင့် အားရသွားတော့ ပီတိဆိုတာ ဖြစ်လာ ဇ ဓ ဝ ဇ ဇ မ။ ဇ ဇ ဇ ရတယ်။ ပီတိဖြစ်လာရပြီဆိုရင် အဲဒီ တရားအပေါ်မှာ နှစ်သက်လာတယ်။ ပီတိဖြစ်လာရ ဟော - ကိုယ်လည်း အေးသွားတယ်။ စိတ်လည်းအေးသွား
တယ် ပဿဒ္ဓိသမ္ဗောဇ္စျင်ဆိုတဲ့ အေးငြိမ်းမှု သဗ္ဗောဇ္စျင်တရားဖြစ်လာတယ်။ အေး-ပဿဒ္ဓိ အေးငြိမ်းမှုဖြစ်လာပြီဆိုရင် သမာဓိကလိုက်လာတယ်။ သမာဓိ စွဲသွားတယ်။
ကိုယ်ရော စိတ်ရော အေးငြိမ်းလေး သမာဓိက တည်ကြည်မှုက စိုက် သွားလေ စူးသွားလေပဲ။ သမာဓိဖြစ်လာလျှင်လည်း ဥပေက္ခာသမ္ဗောဇ္ချင် ခေါ်တဲ့ အညီအမျှရှုမြင်မှုဆိုတဲ့ ဟိုမလွန် ဒီမရောက်ဆိုတဲ့ ဟိုဘက်လည်း မလွန်။ ဒီဘက်လည်းမရောက် အညီအမျှတရားတွေကို ရူဆင်ခြင်တတ်တဲ့ ဥပေက္ခာသမ္မ္ဗောဇ္စျင်ဆိုတာ ဖြစ်လာရတယ် 1
အဲဒီ ဗောဇ္စျင်ခုနစ်ပါးဆိုတာ ခုန သတိအကြောင်း ပြုပြီးတော့ အကုန်လုံး စုံစုံညီညီ ဖြစ်ပေါ်လာတဲ့တရားတွေပဲ။ သတိကလေးက ဘုရား အာရုံစိုက်မယ်ဆိုရင် ဒီပြင် ဓမ္မဝိစယတို့၊ ဝီရိယတို့) ပီတိ ပဿဒ္ဓိ သမာဓိ ဥပေက္ခာတို့ တရားတွေကလည်း အကုန်လုံး စိုက်သွားတာပဲ။ အေး ရုပ်နာမ် တရားတွေ အပေါ်မှာ သတိစိုက်လာပြီဆိုရင် ဓမ္မဝိစယဆိုတဲ့ပညာကလည်း လိုက်သွားတာပဲ ဝီရိယဆိုတဲ့ တွန်းအားပေးတဲ့တရားတွေကလည်း လိုက်လာ တယ်။ တွန်းအားပေးကြတယ်။
ပီတိ-နှစ်သက်မှု၊ ပဿဒ္ဒိ - ငြိမ်းအေးမှု သမာဓိ- တည်ကြည်မှု ဥပေက္ခာ-အညီအမျှရှုမှုဆိုတဲ့ ဒီတရားတွေဟာ အကုန်လုံး အစုံအညီ အလုပ် လုပ်သွားတဲ့ အခါကျတော့ တော်တော့ရောဂါဟာ သက်သာသွားတယ် မသက်သာသွားပေတဲ့ အဲဒီရောဂါကြောင့်ဖြစ်တဲ့ စိတ်ဆင်းရဲမှု၊ ဝမ်းနည်းမှု စိုးရိမ်မူ စသည်တွေမဖြစ်ဘဲနဲ့ ခံနိုင်ရည်ရှိပြီးတော့ ကြိုးစားသွားနိုင်တယ်။
ဒါကြောင့် ဗောဇ္စျင်ခုနစ်ပါးတရားဆိုတာ ရောဂါ ပျောက်ကြောင်း လို့ အသိအမှတ်ပြုတယ်။ ခုန ဘုန်းကြီးတို့ရွတ်သွားတဲ့ ဗောဇ္စျင်တရားမှာပဲ
ဧကသ္မိ” သမယေ နာထော
မေဂ္ဂလာနဉ္စ ကဿပ
ဂ်ိလာနေ ဒုက္ခိတေ ဒိသွာ။
ဗောဇ္စျင်္ဂ သတ္တ ဒေသယိ1။
အခါတစ်ပါး ဘုရားရှင်ကိုယ်တော်မြတ်ဟာ ရောဂါဝေဒနာ ဖြစ်နေ ကြတဲ့ ရှင်မဟာမောဂ္ဂလာန်။ ရှင်မဟာကဿပမထေစရ်ကြီးတို့ထံ သွားပြီးတော့
ဗောဇ္စျင်ခုနစ်ပါးတရားကို ဟောတဲ့အခါကျတော့ အဲဒီ မထေရ်ကြီးတွေက သြော် တို့ ရဟန္တာဖြစ်စက ဒီဗောဇ္ဇျင်တရားတွေပွားခဲ့ စောစောက ဒီ ဗောဇ္စျင်တရားတွေ ပွားခဲ့တယ်။ ဒီဗောဇ္စျင်တရားတွေကြောင့် တို့ရဟန္တာတွေ ဖြစ်ခဲ့ကြတယ်လို့ တွေးမိပြီးတော့ နှစ်သက်ရွှင်လန်း ဝမ်းမြောက် စိတ် အေးချမ်းသွားတယ်။ စိတ်အေးချမ်းသွားတော့ ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တွေ လည်း အေးချမ်းသွားတယ်။ ငြိမ်းသွားတယ်။ အားလုံးငြိမ်းသွားတဲ့ အခါကျတော့ ရောဂါတွေ ပျောက်သွားတယ်။ မထေရ်ကြီးနှစ်ပါးဖြစ်ခဲ့တဲ့ ရောဂါတွေ ပျောက်ခဲ့တဲ့ ထုံးတစ်ခုရှိတယ်။
ဒါတင်မက တစ်ခါတုန်းက ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော် တိုင် ရောဂါဖြစ်လို့ စုန္ဒမထေရ်။ ရှင်သာရိပုတ္တရာဓ၊ါ ညီတော် စုန္ဒမထေရ်ကို ဗောဇ္စျင်ခုနစ်ပါးတရား ရွတ်ပွားဖို့ စေခိုင်းတော်မူခဲ့တယ်။ ရှင်စုန္ဒက ဗောဇ္စျင် ခုနစ်ပါးနဲ့ ရွတ်ဖတ်ပြီး ပူဇော်တဲ့အခါကျတော့ ဗောဇ္စျင်ခုနစ်ပါး ကြားရတဲ့ ဘုရားရှင်ကိုယ်တော်မြတ် သန္တာန်မှာ ပီတိတွေး ပဿဒ္ဓိတွေး သမာဓိတွေ တိုးပွားပြီးတော့ ခန္ဓာကိုယ်တွေကြည်။ စိတ်တွေကြည်၊ စိတ္တဧရုပ်တွေကြည်။ သွေးတွေ သားတွေ ကြည်ပြီးတော့ ဖြစ်နေတဲ့ရောဂါဟာ တစ်ခါတည်း အရှင်းပျောက် နောက်တစ်ခါ ပြန်မပေါ်လောက်အောင်ကိုပဲ အရှင်းပျောက် သွားတယ်ဆိုတယ်။
အဲဒါကြောင့် ဗောဇ္စျင်သုတ်ဆိုတာ။ ဗောဇ္စျင်တရားတော်ဆိုတာ ဘုရားရှင်ကိုယ်တော်မြတ်နှင့်တကွ ရှင်မဟာမောဂ္ဂလာန်။ ရှင်မဟာကဿပ မထေရ်ကြီး သုံးပါး ရောဂါပျောက်တဲ့ တရားထူးရတဲ့သုတ်ကြီး တရားထူး ရရုံမက ရောဂါဖြစ်တဲ့အခါလည်း ရောဂါပျောက်စေတဲ့သုတ်ကြီး၊ အဲဒီ သုတ်ကြီးကို ဘုရားရှင်ကိုယ်တော်မြတ်ထံမှ နာကြားရလို့ ရှင်မဟာမောဂ္ဂလန်။ ရှင်မဟာကဿပကိုယ်တော်မြတ်ကြီးတွေ ရောဂါပျောက်ကြ။ ရှင်စုန္ဒမထေရ် ရွတ်လို့ ဘုရားရှင်ကိုယ်တော်မြတ် ရောဂါပျောက်ရတယ်။ ဒါဟာ သစ္စာအမှန် တရားပဲ အဲဒီ အမှန်စကားဆိုရသောကြောင့် ဒကာကြီး၊ ဒကာမကြီးတို့ရဲ့ ရောဂါဝေဒနာတွေ တစ်စတစ်စ လျော့ပါးလျော့ပါး ကင်းကွာပြီးတော့ ပျောက်ကင်းကြပါစေ။
ဒီတော့ အရေးကြီးတာက ဘာအရေးကြီးတုံးဆိုတော့ မိမိတို့စိတ်ကို ချမ်းသာအောင် ထူထောင်နိုင်ဖို့ အရေးကြီးတယ်။ စိတ်ကို မြွှင့်တင်ပေးရ တယ်။ စိတ်ကို တည်ငြိမ်အောင် ကြိုးစားပေးရတယ်။ စိတ်ကို ကြည်လင် အောင် ကြိုးစားပေးရတယ်။ အဲဒီလို စိတ်ကြည်လင်ပြီဆိုလျှင် ရောဂါတွေ။ ဝေဒနာတွေဆိုတာ တဖြည်းဖြည်း သက်သာနိုင်တယ်။ တဖြည်းဖြည်း ပပျောက်နိုင်တယ်။ အေး ဒါကြောင့်မို့လို့ ပျောက်တာ မပျောက်တာ အပ ထား။ ဒီရောဂါတွေကို နှလုံးမသွင်းဘဲနဲ့ တရားတွေကိုသာ ဖိပြီးတော့ နှလုံးသွင်းဖို့ အရေးကြီးတယ်။
အဲ မိမိတို့မှာ တရားတွေက ရှိပြီးသား၊ မိမိတို့က အသိအမှတ် မပြုလို့ ခန္ဓာကိုယ်က မိမိတို့ကို ဖိတ်ခေါ်နေတယ်။ လာခဲ့ရှုလှည့်။ ရှလို့ ရှိရင် သမာဓိရလိမ့်မယ်။ သမာဓိရရင် ဟော-ပညာတွေ ဘာတွေ ရလိမ့်မယ်။ သမာဓိတက်ပြီး ပညာတက်ပြီဆိုရင် နှစ်သက်လိမ့်မယ်။ ရွှင်လန်းလိမ့်မယ်။ ဝမ်းသာလိမ့်မယ် လာရှုလှည့်လို့ ဟော-အာနာပါနက ဖိတ်ခေါ်နေတယ်။ ထွက်သက် ဝင်သက်ဆိုတာ မွေးကတည်းက ဖြစ်လာတာ တစ်သက်လုံးလည်း ရှုလာတာ။ အဲဒီ ထွက်သက်ဝင်သက်ကို စွဲသထက်စွဲအောင်၊ မြဲသထက် မြဲအောင် ကြိုးစားရင် တော်တော့ရောဂါဟာ မပျောက်တောင်မှ အတော် သက်သာတယ်။ ပျောက်လည်း ပျောက်သွားမှာပဲ။ ပျောက်သွားနိုင်တာပဲ။
ထို့အတူ ခန္ဓာကိုယ်မှာ မရှုနိုင်တဲ့ အရာရယ်လို့ မရှိဘူး။ မြင်ဆဲ ခဏမှာ ရှုစရာတွေ အများကြီး၊ ကြားဆဲခဏမှာ အသံတွေ။ ကိုယ့်နား သောတ ပသာဒလေးကို ရှုနိုင်တယ်။ အသံကို ရှုနိုင်တယ်။ နားနဲ့ အသံက လေတိုက်လို့ဖြစ်တဲ့ စိတ်ကို ရှုနိုင်တယ်။ အနံ့အသက် ရတဲ့အခါလည်း ရှုနိုင်တယ်။ စားတဲ့သောက်တဲ့အခါလည်း အရသာကို ရှနိုင်တယ်။ ဇိတပသာဒ ရှုနိုင်တယ်။ ရှတယ်ဆိုတာ သိနေရတာပဲ။ လျှာက အလုပ်လုပ်နေပုံ။ ဇိဝှာ ဝိညာဉ်လေးက သိနေပုံ ဒါတွေကို သိနေရမှာပဲ။ သိနေလို့ အသိစ္ပဲသွားပြီ မြဲသွားပြီဆိုရင် သမာဓိရ သမာဓိရရင် တော်တော့ရောဂါ သက်သာ နိုင်တယ် ကာယပသာဒဆိုတာက ပြောစရာမရှိဘူး။ တစ်ကိုယ်လုံး ဟိုဟာနဲ့ ထိ ဒီဟာနဲ့ထိ ထိနေတာပဲ။ ထိတိုင်း ထိတိုင်း သိစရာတွေအများကြီး၊ သိစရာတွေ ရှုမှတ်နေမယ်ဆိုရင် သမာဓိရလေ ရောဂါသက်သာလေပဲ။
ဒါကြောင့်မို့လို့ အဲဒီတရားတွေကို ရှုဖို့ ဘုရားရှင် ကိုယ်တော်မြတ် ကလည်း ပိဋကသုံးပုံမှာဟောထားတာ အများကြီးပဲ။ ပိဋကသုံးပုံမှာ ဟော ထားတဲ့ တရားတွေက အဲသလို ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ တရားတွေကို ဟောထားတာပဲ။ ဒီတရားတွေကို ဟောခြင်းဟာ အလကားဟောတာ မဟုတ်ဘူး။ ဒီတရား တွေကို ရှုပြီးတော့ ပစ္စက္ခ အကျိုးရအောင် ဆောင်ရွက် ကြဖို့ဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောထားခြင်း ဖြစ်တယ်။
ဒါကြောင့် အားလုံးတရားတွေဟာ မိမိဖို့ချည်းပဲ။ မိမိမှာရှိတဲ့ တရားတွေချည်းပဲ။ မဂ်ဖိုလ်နိဗ္ဗာန်မရသေးရင် မဂ်ဖိုလ်နိဗ္ဗာန်မှလွဲရင် စျာန် မရသေးရင် စျာန်ဆိုင်ရင် တရားမှလွဲရင် ဒီ့ပြင်တရားတွေဟာ မိမိမှာ ရှိနေ တာချည်းပဲ။ ရှိနေတဲ့တရားတွေ ရှုနိုင်တာချည်းပဲ။
ရူချင်ရင် နေရာမရွေး။ အချိန်မရွေး ခန္ဓာဟာ ပြနေလျက်ချည်းပဲ။ သွားတဲ့အခါလည်း ပြ၊ နေတဲ့အခါလည်း ပြ၊ အိပ်တဲ့အခါလည်း ပြ။ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ထဲမှာ တရားတွေ အများကြီး၊ အဲဒီတရားတွေကို ပေါ်တိုင်းပေါ်တိုင်း ရှုရှနေပြီးတော့ ကိုယ့်ရောဂါ သက်သာအောင် ကာကွယ်။ ကိုယ့်ဆင်းရဲဒုက္ခ သက်သာအောင် ကာကွယ်ပြီးတော့ ချမ်းသာသုခရအောင် ကြိုးစားခြင်းဖြင့် ဘုရားရဲ့ တရားတော်တွေကို အလေးအမြတ်ပြုပြီးတော့။ လိုက်နာပြီးတော့ ရှုနိုင်။ မှတ်နိုင်။ ပွားများနိုင်ခြင်းဖြင့် ရောဂါတွေ သက်သာ အောင်။ ချမ်းသာအောင်၊ ကျန်းမာအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း
နောက်ဆက်တွဲ — (၅၂၈) သွယ် မေတ္တာပို့ (မကျဉ်းမကျယ်)
မေတ္တာပို့ (၄) ချက် — အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
| သတ္တဝါ (၁ မှ ၆) — ပါဠိ | သတ္တဝါ (၇ မှ ၁၂) — ပါဠိ |
|---|---|
| ၁။ သဗ္ဗေ သတ္တာ | ၇။ သဗ္ဗေ ပုရိသာ |
| ၂။ သဗ္ဗေ ပါဏာ | ၈။ သဗ္ဗေ အရိယာ |
| ၃။ သဗ္ဗေ ဘူတာ | ၉။ သဗ္ဗေ အနရိယာ |
| ၄။ သဗ္ဗေ ပုဂ္ဂလာ | ၁၀။ သဗ္ဗေ ဒေဝါ |
| ၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ | ၁၁။ သဗ္ဗေ မနုဿာ |
| ၆။ သဗ္ဗေ ဣတ္ထိယော | ၁၂။ သဗ္ဗေ ဝိနိပါတိကာ |
အရပ် (၁၀) မျက်နှာ (အနောဓိသ ၁ + ဩဓိသ ၁၀ = ၁၁ နည်း)
| ၁။ အရပ်မျက်နှာမသတ်မှတ်ဘဲ (အနောဓိသ) | ၂။ ပုရတ္ထိမာယ ဒိသာယ (အရှေ့အရပ်) |
| ၃။ ပုရတ္ထိမာယ အနုဒိသာယ (အရှေ့တောင်အရပ်) | ၄။ ဒက္ခိဏာယ ဒိသာယ (တောင်အရပ်) |
| ၅။ ဒက္ခိဏာယ အနုဒိသာယ (အနောက်တောင်အရပ်) | ၆။ ပစ္ဆိမာယ ဒိသာယ (အနောက်အရပ်) |
| ၇။ ပစ္ဆိမာယ အနုဒိသာယ (အနောက်မြောက်အရပ်) | ၈။ ဥတ္တရာယ ဒိသာယ (မြောက်အရပ်) |
| ၉။ ဥတ္တရာယ အနုဒိသာယ (အရှေ့မြောက်အရပ်) | ၁၀။ ဟေဋ္ဌိမာယ ဒိသာယ (အောက်အရပ်) |
| ၁၁။ ဥပရိမာယ ဒိသာယ (အထက်အရပ်) | စုစုပေါင်း — ၁၂ × ၄ × ၁၁ = ၅၂၈ သွယ် |