သပြေကန် တရားတော်ပေါင်းချုပ်
အမှတ် (၁)
(တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း • ခရစ်သက္ကရာဇ် ၁၉၉၉)
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
(လက်ဆောင်ဟူသမျှတွင် တရားလက်ဆောင် အမြတ်ဆုံး)
ပုံနှိပ်မှတ်တမ်း
မာတိကာ (Table of Contents)
▸ နိဒါန်း ၁ ပုဒ်
▸ တရားတော်များ ၆၈ ပုဒ်
- ၁။ နိဒါန်း
- ၂။ သူလိုရဟန်း (စာ ၁)
- ၃။ သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း (စာ ၉)
- ၄။ ဆွမ်းအနုမောဒနာ (စာ ၂၀)
- ၅။ ဥပုသ်တရားတော် (၁) (စာ ၂၆)
- ၆။ ဥပုသ်တရားတော် (၂) (စာ ၄၄)
- ၇။ ဥပုသ်တရားတော် (၃) (စာ ၅၉)
- ၈။ ဥပုသ်တရားတော် (၄) (စာ ၇၄)
- ၉။ ဥပုသ်တရားတော် (၅) (စာ ၈၂)
- ၁၀။ ဥပုသ်တရားတော် (၆) (စာ ၉၇)
- ၁၁။ အနုမောဒနာတရားတော်များ (၁) နှစ်လည်တရား (စာ ၁၁၁)
- ၁၂။ အနုမောဒနာတရားတော်များ (၂) မွေးနေ့တရား (စာ ၁၂၄)
- ၁၃။ အနုမောဒနာတရားတော်များ (၃) ဝိနည်းစာပြန်ပွဲသိမ်းတရား (စာ ၁၃၃)
- ၁၄။ အနုမောဒနာတရားတော်များ (၄) ရဟန်းခံရှင်ပြုတရား (စာ ၁၅၀)
- ၁၅။ အနုမောဒနာတရားတော်များ (၅) ကွယ်လွန်သူမိဘဆရာတို့အား ရည်စူးတရား (စာ ၁၆၃)
- ၁၆။ အနုမောဒနာတရားတော်များ (၆) ရဟန်းခံအလှူတရား (စာ ၁၇၁)
- ၁၇။ အနုမောဒနာတရားတော်များ (၇) ဆွမ်းအနုမောဒနာတရား (စာ ၁၈၁)
- ၁၈။ အနုမောဒနာတရားတော်များ (၈) မွေးနေ့တရား (စာ ၁၈၉)
- ၁၉။ အနုမောဒနာတရားတော်များ (၉) ရှင်ပြုရဟန်းခံတရား (စာ ၁၉၈)
- ၂၀။ အနုမောဒနာတရားတော်များ (၁၀) ဆွမ်းအနုမောဒနာတရား (စာ ၂၀၆)
- ၂၁။ အနုမောဒနာတရားတော်များ (၁၁) ရှင်ပြုတရား (စာ ၂၁၇)
- ၂၂။ အနုမောဒနာတရားတော်များ (၁၂) ကွယ်လွန်သူများအား ရည်စူးသည့် ဆွမ်းအနုမောဒနာတရား (စာ ၂၂၁)
- ၂၃။ အနုမောဒနာတရားတော်များ (၁၃) အနေကဇာတင်တရား (စာ ၂၂၈)
- ၂၄။ သက်တော် (၈၀) ပြည့် မွေးနေ့ပူဇာတရား (စာ ၂၃၅)
- ၂၅။ ဗုဒ္ဓဂုဏ်တော်တရား (စာ ၂၄၄)
- ၂၆။ နိဗ္ဗာန်နဲ့နီးတဲ့ အလှူတရားတော် (စာ ၂၅၂)
- ၂၇။ မိဘများအလိုရှိသောသားရတနာ တရားတော် (စာ ၂၆၁)
- ၂၈။ လောကနှင့်ငြင်းခုံရသော အနတ္တတရားတော် (စာ ၂၆၈)
- ၂၉။ ထူးခြားသောကုသိုလ်များတိုးပွားရေး တရားတော် (စာ ၂၇၄)
- ၃၀။ ကြုံရခဲသည့် ဓမ္မပွဲတရားတော် (စာ ၂၈၁)
- ၃၁။ ကံထူးရှင်များတရားတော် (စာ ၂၈၉)
- ၃၂။ ဓမ္မဂုဏ်ရည်တရားတော် (စာ ၂၉၅)
- ၃၃။ သာသနာတော်ကြီးပွားရေးတရားတော် (စာ ၃၀၂)
- ၃၄။ မေတ္တာတရားတော် (စာ ၃၁၀)
- ၃၅။ မေတ္တာရှေ့သွားအကျင့်များတရားတော် (စာ ၃၁၇)
- ၃၆။ အကျိုးကြီးမားသော မေတ္တာပွားများနည်း တရားတော် (၁) (စာ ၃၂၃)
- ၃၇။ အကျိုးကြီးမားသော မေတ္တာပွားများနည်း တရားတော် (၂) (စာ ၃၃၀)
- ၃၈။ အကျိုးကြီးမားသော မေတ္တာပွားများနည်း တရားတော် (၃) (စာ ၃၃၇)
- ၃၉။ တရားဂုဏ်တော်နှင့်မေတ္တာတရား (စာ ၃၄၃)
- ၄၀။ အတုမဲ့သာသနာတရားတော် (စာ ၃၄၉)
- ၄၁။ သပ္ပုရိသဒါနငါးပါးတရားတော် (စာ ၃၅၆)
- ၄၂။ ကုသိုလ်ထုပ် ထုပ်ဖို့ရာ ကောင်းမြတ်သော သာသနာတော်ကြီး (စာ ၃၆၄)
- ၄၃။ မိဘကျေးဇူးဆပ်တရားတော် (စာ ၃၇၀)
- ၄၄။ ကောင်းကျိုးချမ်းသာကို ပေးတတ်သော ဗုဒ္ဓခေတ်ကြီးတရားတော် (စာ ၃၇၇)
- ၄၅။ မဟာပဋ္ဌာန်းတရားတော်ကြီး (စာ ၃၈၃)
- ၄၆။ အမြတ်များများကျန်သော ကုန်ရခြင်းတရားတော် (စာ ၃၉၃)
- ၄၇။ စွန့်နိုင်မှ ချမ်းသာရတရားတော် (စာ ၃၉၈)
- ၄၈။ မွေးနေ့ဆွမ်းအနုမောဒနာတရားတော် (စာ ၄၀၃)
- ၄၉။ မွေးနေ့ဆွမ်းအနုမောဒနာတရားတော် (စာ ၄၁၀)
- ၅၀။ သဒ္ဓါတရားကြောင့် ဒါနအောင်မြင်တရားတော် (စာ ၄၂၂)
- ၅၁။ သာကေတ မဟာဂန္ဓာရုံဆရာတော် သိမ်ထပ်မင်္ဂလာ ပုနောပသမ္ပဒါ မင်္ဂလာတရားတော် (စာ ၄၃၅)
- ၅၂။ မွေးနေ့ ဆွမ်းအနုမောဒနာ (စာ ၄၄၂)
- ၅၃။ ရဟန်းခံရှင်ပြု သိက္ခာတင်အလှူမင်္ဂလာ အနုမောဒနာ (စာ ၄၅၂)
- ၅၄။ မွေးနေ့မင်္ဂလာ ဆွမ်းအနုမောဒနာ (စာ ၄၆၆)
- ၅၅။ သဒ္ဓါဆွမ်းအနုမောဒနာ (စာ ၄၇၃)
- ၅၆။ ဓမ္မဒါနအလှူ အနုမောဒနာတရားတော် (စာ ၄၈၀)
- ၅၇။ သဒ္ဓါဆွမ်းအနုမောဒနာတရားတော် (စာ ၄၈၆)
- ၅၈။ လူ့ဘဝအနှစ်သာရတရားတော် (စာ ၄၉၀)
- ၅၉။ ကွယ်လွန်သူအား ရည်စူးသည့် ဆွမ်းအနုမောဒနာတရားတော် (စာ ၄၉၉)
- ၆၀။ မင်္ဂလာဆွမ်း အနုမောဒနာတရားတော် (စာ ၅၀၇)
- ၆၁။ ရက်လည်ဆွမ်းအနုမောဒနာတရားတော် (စာ ၅၁၂)
- ၆၂။ ကွယ်လွန်သူအား ရည်စူးသည့် ဆွမ်းအနုမောဒနာတရားတော် (စာ ၅၂၂)
- ၆၃။ ကွယ်လွန်သူအတွက် ရည်စူးသည့် ဆွမ်းအနုမောဒနာတရားတော် (စာ ၅၃၁)
- ၆၄။ ဆွမ်းအနုမောဒနာတရားတော် (စာ ၅၄၁)
- ၆၅။ တိုက်ကြီးဆရာတော် မွေးနေ့အလှူတရားတော် (စာ ၅၄၉)
- ၆၆။ ရဟန်းခံရှင်ပြု အနုမောဒနာတရားတော် (စာ ၅၆၀)
- ၆၇။ မွေးနေ့ ဆွမ်းအနုမောဒနာတရားတော် (စာ ၅၆၉)
- ၆၈။ ဆုတောင်းအာသီသ (စာ ၅၇၈)
▸ နောက်ဆက်တွဲ ၁ ပုဒ်
နိဒါန်း
ရဟန်းတော်များဆန္ဒ
မြန်မာနိုင်ငံတော်ရှိ ကျောင်းထိုင် ပဓာန နာယက ဆရာတော်များ၊ ဓမ္မကထိကဆရာတော်များနှင့် အခြားအခြားသော ရဟန်းတော်၊ သံဃာတော်များသည် များသောအားဖြင့် မိမိတို့ထံသို့ ရောက်လာကိုးကွယ် ဆည်းကပ်၍ ပစ္စည်းလေးပါး ထောက်ပံ့နေကြသော ဒကာ၊ ဒကာမများ သာသနာရေး။ ဘာသာရေးကို လေးစားလိုက်စားကြသူများ၊ မိမိတို့ထံသို့ မှီခိုရောက်လာကြသူများအား သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်စေလို ကြသည် ပစ္စုပ္ပန်နှင့် တမလွန်ဘဝတို့ကို လှပစေချင်ကြသည်။ ကောင်းဆိုး နှစ်တန် လောကဓံကို ခံနိုင်ရည်စွမ်းရှိစေချင်ကြသည်။ သာသနာနှင့် တွေ့ခိုက် လူအဖြစ်နှင့် ကြုံရခိုက်မှာ လူဖြစ်ရခြင်းနှင့် သာသနာနှင့် ရခြင်း အကျိုးကို ယိုက်ထိုက်တန်တန် .ပုေချင်ကြသည်။ ဝတ္တရားကျေစေဖို့
ထို့ကြောင့်ပင် ဆရာတော် သံဃာတော်များသည် မြတ်စွာဘုရား ဟောတော်မူခဲ့သော ပိဋကပါဠိတော်များ၊ သင်္ဂါယနာဝင် အဋ္ဌကထာ၊ ဋီကာကျမ်းများ၊ နီတိကျမ်းကြီးများ၊ ထိုထိုဆရာတော်များ ရေးသားသော ကျမ်းစာများ၊ ထိုထိုဆရာတော်များ၏ ဩဝါဒများ၊ အဆိုအမိန့်များကို ရှာဖွေ ကြည့်ရှုရ်လည်းကောင်းး' အပြောကောင်း အဟောကောင်းပုဂ္ဂိုလ် များ၏ နည်းကို ယူ၍လည်းကောင်း ဟောကြ ပြောကြ ဆုံးမကြသည်။ လောကလူ့ဘောင် ယဉ်ကျေးအောင် သွန်သင်ကြသည်။ ရဟန်းတော်များ ပြုကျင့်ရမည့်ဝတ် ကျေပွန်အောင် သိင်္ဂါလောဝါဒ သုတ်တော်နှင့်အညီ
ဒကာ ဒကာမများအား မကောင်းမှုကိုတားမြစ်ခြင်း၊ ကောင်းမှုကို ညွှန် ကြားခြင်း စသည်ဖြင့် ရဟန်းတို့ဝတ္တရားကျေအောင် ဆောင်ရွက်ကြ သည်။ ယနေ့မြန်မာပြည်သူများ၏ ယဉ်ကျေးမှုသည် ရဟန်းသံဃာတော် များ၏ ကျေးဇူး မကင်းဟုဆိုလျှင် မှားမည်မထင်ပါ။ သပြေကန်တရားတော်များ
- - လောကလူ့ဘောင် ယဉ်ကျေးအောင် ဆောင်ရွက်ရာတွင် ဝိဋကစာပေ များ၊ နီတိကျမ်းများ၊ အခြားအခြားဆရာတော်ကြီးများ ရေးသားဟော ကြားသော တရားပေစာများကို ရှာဖွေကြည့်ရှုရသလို အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ_ . . . ကျမ်းပြုအကျော်စသည်ဖြင့် ရာဇဒတ္တိယ သံဃဒတ္တိယ ကဝိဒတ္တိယ ဘွဲ့တော်များကို ထိုက်ထိုက်တန်တန် ခံယူတော် မူရသော သပြေကန်ဆရာတော်ကြီး ရေးသောကျမ်းစာများး၊ ဟောသော တရားများကို လက်လွတ်ခံဤ မဖြစ်တော့ပေ။ သပြေကန်ဆရာတော် ကြီးသည် အနေအထိုင်မှာ ရဟန်းပီပီသသနေရွ် ရိုးသည်ဟု ဆိုကြသော် လည်း စိတ်ကူးဉာဏ်သွက်လက်။ ကျမ်းဂန်နှံ့စပ်သောကြောင့် စာရေး ဆန်းကြယ်သည်။ ဟောသည့်နေရာမှာ ကိစ္စဌာနကာလနှင့် လျော်ညီစွာ ဟောကြားတတ်သည်။ အပြောကောင်းသည်။ အပြောကောင်းဆိုသည်မှာ မဟုတ်ကိုအဟုတ်လုပ်။ အဟုတ်ကိုမဟုတ်လုပ်ရွ ယုတ္တိဆင်ကာ ပြော တတ်သည်မဟုတ်။ ဓမ္မသဘာဝအားလျော်စွာ အကောင်းပြောရွ် အပြော ကောင်းခြင်းသာ ဖြစ်ပါ၏။ ဒေသနာတော်၏ အနှစ်သာရကို တိတိကျကျ ကြားနာသူနားထဲ စိမ့်ဝင်သွားအောင် အေးအေးနှင့် ပြောနိုင်စွမ်းရှိစါ။ ထို့ကြောင့်ပင် သပြေကန်ဆရာတော်ကြီး၏ တရားပေါင်းချုပ်ကျမ်းသည် ကား ဓမ္မပဒေသာ သုတရတနာ စွယ်စုံဘဏ်တိုက်ကြီးဟုပင် ဆိုထိုက်လှ ပါတော့သည်။
သိသူတို့ လက်လွတ်မခံ
သပြေကန် ဆရာတော်ဘုရားကြီး၏ လက်ရာကို သိရှိကြသော ကျောင်းထိုင်ဆရာတော်များ၊ ဓမ္မကထိကဆရာတော်များ၊ ကျင့်ကြံလိုသူ များ၊ သုတလိုလားသူများသည် သုတရတနာ စွယ်စုံဘဏ်တိုက်ကြီးနှင့် တူသော ဤတရားပေါင်းချုပ်ကို လက်လွတ်မခံကြပေ။ စာအုပ်ထွက်ပြီ ဆိုလျှင် သူရောကိုယ်ပါ ရအောင်ရှာဖွေကြသည်။ ထို့ကြောင့် ဤစာအုပ် ကို နှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ်ခဲ့သော်လည်း ရှာမရအောင် ပြတ်လပ် နေတော့သည်။ ကြည့်ရှုလိုသူတို့ အခက်အခဲကြုံနေရသည် တတိယအကြိမ်ထွက်ပေါ်
မိခင်ဧရာဝတီစာအုပ်တိုက်သည် ဓမ္မမာမကပုဂ္ဂိုလ်တို့ အခက်အခဲ ကြုံနေသည်ဟု သိရှိပြီး ဘာသာလူမှု သာသနာပြုစိတ်ဓာတ် ထက်သန် သည့် အားလျော်စွာ ကိုယ်ပိုင်စီးပွားရေးအတွက် မဟုတ်ဘဲ လောက လူ့ဘောင် ယဉ်ကျေးအောင် သာသနာ သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် တစ်ဖက်တစ်လမ်းက ကူညီသောအနေဖြင့်လည်းကောင်း' သပြေကန် ဆရာတော်ကြီးအား ပူဇော်သော အနေဖြင့်လည်းကောင်း တတိယ အကြိမ် ရိုက်နှိပ်ထုတ်ဝေရာ လူမှုဘာသာသာသနာအတွက် ဝမ်းမြောက် ရပါပြီ
အရှင်ခေမာစာရ
ပုဇွန်တောင်ရွှေကျင်ကျောင်းတိုက် မင်္ဂလာတောင်ညွန်.မြို့နယ် ရန်ကုန်မြို့။
ရည်ရွယ်ချက်
အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မေ အနုသာသတိ။
တရားအလှူ ပေးလှူသူသည် အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်မည်၏။ — မြတ်ဗုဒ္ဓ
ဘာသာ၊ သာသနာပြု စာပေများကို—
တိမ်းပါး၊ မှားယွင်းခြင်းမရှိစေရန် စောင့်ရှောက်ထုတ်ဝေမည်။
တိမ်မြုပ်ပျောက်ကွယ်ခြင်းမရှိစေရန် ဖော်ထုတ်မည်။
မိမိ အမြတ်အစွန်းရရှိရေး သက်သက်အတွက် မဟုတ်၊ သာသနာ ထွန်းကားရေးအတွက် စီစဉ်ထုတ်ဝေမည်။ — မိခင်ဧရာဝတီစာအုပ်တိုက်
ကျေးဇူးတော်ရှင် သပြေကန်ဆရာတော်ကြီး၊ ဆရာတော် အရှင်ခေမာစာရ မထေရ်မြတ်နှင့် ဆရာသမားများ၊ မိဘတို့အား အမှူးထား၍ မိခင်ဧရာဝတီစာအုပ်တိုက်မှ ပုဇွန်တောင်မြို့နယ်၊ ရွှေကျင်ကျောင်းတိုက်၊ သံဃာတော်များအတွက် အလှူဒါနနှင့် ပန်ဆန်းအလှူတော်အဖွဲ့ သာသနာ့ရက္ခိတအသင်း ရန်ပုံငွေအလို့ငှာ စီစဉ်ထုတ်ဝေသည်။
မေတ္တာအာသီသ
၁။ အိမ်သူအိမ်သား၊ တို့လူများနှင့်၊ မြို့သားမြို့သူ၊ အများလူတို့၊ အေးကြူလန်းကာ၊ လွန်ကျန်းမာ၊ ချမ်းသာကြပါစေ။
၂။ အာစရိယ၊ မိဘနှစ်ထွေ၊ တို့မျိုးဆွေနှင့်၊ မိတ်ဆွေထိုထို၊ တို့ကိုစောင်မ၊ စောင့်ရှောက်ကြသူ၊ လူမှန်သမျှ၊ ဒုက္ခကင်းကွာ၊ လွန်ကျန်းမာ၊ ချမ်းသာကြပါစေ။
၃။ တို့မြို့ရွာက၊ သံဃာတော်တို့၊ ရွှင်ပျော်လန်းကာ၊ လွန်ကျန်းမာ၊ ချမ်းသာကြပါစေ။
၄။ ကိုယ်စောင့်အိမ်စောင့်၊ မြို့ရွာစောင့်နှင့်၊ ကျောင်းစောင့်အမျိုးမျိုး၊ ဘုမ္မစိုးပြင်၊ ရုက္ခစိုးတစ်ဖြာ၊ အာကာသဋ္ဌ၊ နတ်ဒေဝတို့၊ သုခဖြိုးကာ၊ လာဘ်တိုးကာ၊ ချမ်းသာကြပါစေ။
၅။ မိုးလေမှန်ငြား၊ ဧကန်ပွားလျက်၊ စပါးဆန်ရေ၊ အထွေထွေနှင့်၊ ရွှေငွေရတနာ၊ ပေါများကာဖြင့်၊ မြန်မာပြည်ဖွား၊ ပုဂ္ဂိုလ်များတို့၊ (ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများတို့) စီးပွားဖြိုးကာ၊ လာဘ်တိုးကာ၊ ချမ်းသာကြပါစေ။
၆။ သူတော်တရား၊ လွန်ထွန်းကားလျက်၊ အမှားစရိုက်၊ အမိုက်ကင်းကွာ၊ ပြည်မြန်မာ (ဤကမ္ဘာ)၊ သာယာချမ်းမြေ့ပါစေသော်။
၇။ တစ်ဦးတစ်ဦး၊ ချစ်ကြည်နူးလျက်၊ ရွှင်မြူးဝမ်းသာ၊ လက်တွဲကာဖြင့်၊ သာသနာ့အကျိုး၊ လောကကျိုး၊ သယ်ပိုးနိုင်ပါစေ။
၈။ တို့ရဲ့မေတ္တာ၊ ရှိန်အဝါကြောင့်၊ ကမ္ဘာအရပ်ရပ်၊ ကပ်ကြီးသုံးဖြာ၊ ကျော်လွှားကာဖြင့်၊ ကမ္ဘာသူများ၊ ကမ္ဘာသားတွေ၊ ချမ်းသာစေ၊ အေးရေ ဆွတ်ဖျန်းပါသတည်း။
သူလိုရဟန်း
အတ္ထုပ္ပတ္တိနှင့် ထေရုပ္ပတ္တိအတော်များများ ရေးသားခဲ့ဖူးပြီ။ အချို့မှာ ရေးလိုစိတ် မရှိလှသော်လဲ တစ်စုံတစ်ယောက်သောသူက စေခိုင်းသဖြင့် အားနာပါးနာနှင့် ရေးရသော အတ္ထုပ္ပတ္တိမျိုး ဖြစ်သည်။ အချို့ကား မိမိ မသိသော၊ မိမိလက်လှမ်းမမီသော မိမိနှင့်ခေတ်ပြိုင်မဟုတ်သော ပုဂ္ဂိုလ် များ၏ အတ္ထုပ္ပတ္တိမျိုးဖြစ်သည်။ အချို့မှာမူ အထိမ်းအမှတ်စာစောင် တစ်ခုခုတွင် မိမိ၏စာမှမပါလျှင် စာအုပ်ဖြစ်တော့မည် မဟုတ်သည့်ပုံမျိုး ဖြင့် အတင်းနားပူနားဆာ လာလုပ်နေသဖြင့် မင်းတိုင်းကြေရေးပေးလိုက်ရ သည့် အတ္ထုပ္ပတ္တိမျိုးဖြစ်သည်။
ယခုရေးမည့် အတ္ထုပ္ပတ္တိ သို့မဟုတ် ထေရုပ္ပတ္တိကား အထက်ပါ အမျိုးအစားထဲက တစ်ခုမျွမဟုတ်ပေ။ ဤထေရုပ္ပတ္တိရေးရန် မည်သူက မျှလဲ အတင်းမတိုက်တွန်းပေ။ မည်သူကမျှလဲ သွေးဆောင်စည်းရုံးမှု မပြုလုပ်ပေ။ ဤထေရုပ္ပတ္တိရှင်သည် မိမိနှင့်အလှမ်းဝေးသူလည်း မဟုတ်ပေ။ မိမိသည် ဤထေရုပ္ပတ္တိရှင်နှင့် တွေ့ထိဆက်စပ်မှုပင်ရှိသည် လက်လှမ်း မမီသော၊ မိမိမသိသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဇဒါ အကြောင်းကို ရေးရခြင်းထက် မိမိနှင့်ထိတွေ့ ဆက်စပ်မှုရှိသော ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ အကြောင်းကို ရေးရခြင်းက ပိုရ အမှန်နှင့်နီးစပ်နိုင်သည်။ ပို၍ သဘာဝကျနိုင်သည်။1 ဤထေရုပွတ္တိကိုရေးရာန်် ခိုင်မာအားကောင်း သော အခြားအခြေခံ အကြောင်းတရားတစ်ခု ရှိသေးသည် ဤထေရုပ္ပတ္တိ သည် လစဉ်ရေးနေကျ ပါနေကျ စာတစ်ပုဒ်အဖြစ် ဝတ်ကျေတန်းကျေ ရေးလိုက်သည့် စာမျိုးမဟုတ်ပေ။ ကြီးမားထက်သန်သော ဆန္ဒက လှုံ့ဆော်သဖြင့် ရေးလိုက်ရသည့် စာမျိုးသာဖြစ်သည်
ဆရာတော်အရှင်ဝါသေဋ္ဌကို သူရဟန်းပျိုဘဝ၊ မိမိကိုရင်ဘဝကပင် စတင်သိခဲ့သည်။ ဆရာတော်က ခရမ်းချောင်းအရှေ့ကမ်းပါးက သပြေကန်ရွာ မဟာ ဓမ္မိကာရာမရွှေကျင်တိုက်တွင် သီတင်းသုံးပြီး မိမိတို့က ခရမ်းချောင်းအနောက်ဘက်ကမ်းနှင့် နှစ်မိုင်သုံးမိုင်လောက်ဝေးသော လဟာရက်ရွာ ပထမပြန်စာသင်တိုက်ခိ နေကြသည်။ အရှင်ဝါသေဋ္ဌက မဟာဓမ္မိီကာရာမတိုက်၌ သဒ္ဒါကြီး နိဿယသစ် ကျမ်းပြုဆရာတော် ကြီးစ အရိပ်အာဝါသအောက်တွင် နေထိုင်သီတင်းသုံးသည်' မိမိတို့က လဟာရက်ရွာ ပထမပြန်စာသင်တိုက်၌ နေကြသည်။ စာချဆရာ အရှင်တေဇောသာရနှင့်မှ သက်တူရွယ်တူဖြစ်သည်။ သပြေကန်နှင့် လဟာရက်မှာ ချောင်းတစ်ခုသာခြားပြီး ခရီး အလှမ်းမဝေးလှသော နှစ်ရွာ. .တစ်ရွာလို ဖြစ်နေသဖြင့် သပြေကန် မဟာဓမ္မိကာရာမ ကျောင်းတိုက်မှ အရှင်ဝါသေဋ္ဌစါ ဂုဏ်သတင်းသည် မိမိတို့၏ ကျောင်းတိုက်မှ ဖြတ်သန်းပြီးမှသာလျှင် တခြားရွှေကျင်သာသနာနှင့် မြန်မာနိုင်ငံ သာသနာအတွင်းရှိ ရဟန်းသံဃာလောကထဲ ရောက်သွားရ ခြင်း ဖြစ်သည်။
အရှင်ဝါသေဋ္ဌ၏ ဂုဏ်သတင်းကို မိမိတို့ နားမဆံ့ကြားနေရသည်။ အရှင်ဝါသေဋ္ဌ၏ ဂုဏ်သတင်းသည် မိမိတို့လို စာသင်သားငယ်များအား နမူနာ စံပြအဖြစ် အားပေးလှုံ့ဆော်မှု ပြုနေသည်။ အရှင်ဝါသေဋ္ဌ၏ ဘဝသည် ငယ်ရွယ်စဉ် ရှင်သာမဏေဘဝကပင် တောက်ပြောင်လာခဲ့ သည်။ သူမတူသည့် သူ၏ စံပြအရည်အသွေးများသည် သာမဏေဘဝ က၀င် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ပထမပြန်စာမေးပွဲ၏ အခြေအနေသည် စစ်ပြီးခေတ်နှင့် မတူပေ။ စစ်ပြီးခေတ် သည်ဘက်ဂိုင်းမှာ ပထမကြီးတန်း အောင်ဖို့ရန် သည်လောက်ခက်ခဲမှု မရှိလှသော်လည်း စစ်မဖြစ်မီအချိန် က ပထမကြီးတန်းအောင်ဖို့ရန်မှာဓမူ အလွန်တရာ ခက်ခဲလှပေသည်။ ယင်းသို့ခက်ခဲခြင်းမှာ အချို့ဘာသာရပ်များ၌ ကျမ်းစာကို သတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် ဖြစ်သည်။ တစ်နှစ်တစ်နှစ်
တစ်နိုင်ငံလုံးမှာမ ပထမကြီးတန်းအောင်မြင်သူ နှစ်ဆယ်ကျော်လောက် သာရှိသည်။ အရှင်ဝါသေဋ္ဌသည် ၁၅-နှစ်အရွယ်၌ ပထမငယ်ကိုလည်း ကောင်း။ ၁၆-နှစ်အရွယ်ဋ် ပထမလတ်ကိုလည်းကောင်း၊ ၁၇-နှစ်အရွယ် ခ် ပထမကြီးကိုလည်းကောင်း ဆက်တိုက်အောင်မြင်သည်။ ၁၅-နှစ်နှင့် ၁၆-နှစ်၌ ပထမငယ်နှင့် ပထမလတ်အောင်မြင်သူ မရှားသော်လည်း ၁၇-နှစ်ခ္ဗ် ပထမကြီးတန်းကို တန်းအောင်မြင်သူမှာ အလွန်တရာမှ ရှားလှပေသည်။ ပထမကြီးတန်းအောင်မြင်ရန်အတွက် နှစ်နှစ်တန်သည် သုံးနှစ်တန်သည် နားကြရ စောင့်ကြရသည်။ မိမိသိရသမျွှ စစ်မဖြစ်မီ အထိ ပထမပြန်စာမေးပွဲသမိုင်းခ်် ၁၇-နှစ်နှင့် ပထမကြီးတန်းအောင်မြင် သော ရှင်သာမဏေမှာ ရှင်ဝါသေဋ္ဌနှင့် အခြားကိုရင်တစ်ပါးသာရှိသည်။ အခြားကိုရင်၏ အမည်ကိုမူ မဖော်ပြလိုပေး
ကိုရင်ဝါသေဋ္ဌ၏ အခြားအောင်မြင်မှုများ ရှိသေးသည်။ အသက် ၁၅-နှစ်အရွယ်တွင် ရှင်ဝါသေဋ္ဌသည် ဝိနည်းပါဠိတော်နှစ်ကျမ်းကို ပြန်ဆိုနိုင်ရွ “။ ဥဘတောဝိဘင်္ဂဓရ ” ဘွဲ့ ရခဲ့သည်။ ပိဋကတ်သုံးပုံကို အာဂုံပြန်ဆိုသည့်အလေ့အထမှာ တိပိဋကဓရ စာမေးပွဲကြီးပေါ်လာသည့် သည်ဘက်ခေတ်ကျမှ ခေတ်စားလာခဲ့သည်။ ထိုခေတ်က ပိဋကတ်သုံးပုံ ကို အာဂုံပြန်ဆိုသည့်အလေ့အထ ခေတ်မစားသေးပေ။ ထိုအချိန်ကပင် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ရှင်ဝါသေဋ္ဌသည် ပိဋကတ်ပါဠိတော် ကျမ်းများကို အာဂုံပြန်ဆိုရခဲ့သည်1 ၁၈- နှစ် အရွယ်လောက်တွင် မိနည်းဝါးကျမ်းလုံးကို ပြန်ဆိုနိုင်ရ္ဘဲ "နယ ဘွဲထူးကိုရရှိခဲ့သည်။ ထူးခြားသော ပါရမီရှင်ဖြစ်ရဤ ရွှေကျင်နိကာယမှတ်တမ်းခ်် မှတ်တမ်းတင် ထားခြင်း ခံရလေသည် ရဟန်းတစ်ဝါအရတွင် သံယုတ် ၅-ကျမ်းကို ပြန်ဆိုအောင်မြင်ရွ် “ဝါသေဋ္ဌာဘိသိရီပဝရသာသနဓဇ သံယုတ္တ ဘာဏက ”ဘွဲ့တံဆိပ်ကို စေတိယင်္ဂဏ အသင်းကြီးက အရှင်ဝါသေဋ္ဌအား ကပ်လှူခဲ့လေသည်။
ထိုအချိန်က အရှင်ဝါသေဋ္ဌမှာ သက်ရွယ်နုနယ်သေးသည်ဖြစ်ရွ သင်အံလေ့ကျက်သောကျမ်းဂန်စါ ပမာဏမှာ ထုထည်ကြီးမား များပြား
လှသဖြင့် အရွယ်နှင့်ကျမ်းဂန်များ၏ ပမာဏမှာ မြင်းမိုရ်နှင့် ဆီးစေ့ လောက်ပင် ကွာခြားနေသည်။ ထို့ကြောင့် အရှင်ဝါသေဋ္ဌသည် ငယ်ရွယ် စဉ်အခါကပင် ကျန်းမာရေးချို့တဲ့လာခဲ့သည်။ စကားပြောလျှင် လေသံမျှ လောက်သာ ထွက်တော့သည်။ အမြဲတမ်း ချူချာနေသည်။ အရှင်ဝါသေဋ္ဌ အား မည်သူကမျှ သက်ဇိုးရှည်လိမ့်မည်ဟု မထင်ကြပေး သို့ရာတွင် အရှင်ဝါသေဋ္ဌသည် အားလုံးထင်သလိုမဟုတ်ဘဲ သာသနာတော်၌ ဆက်လက် တာဝန်ထမ်းရွက်လာခဲ့ရာ ယနေ့ သက်တော် နှစ်-၈၀ ပြည့် မွေးနေ့ကျင်းပနိုင်သည့် အခြေအနေသို့ပင် ရောက်ရှိလာခဲ့ပြီ။ အရှင်ဝါသေဋ္ဌအား အဝေးက သို့မဟုတ် ခပ်လှမ်းလှမ်းမှ သိရှိခွင့် ရလာခဲ့ရာမှ အနီးကပ်သိရှိရသည့် အခါအခွင့်တစ်ကြိမ် ပေါ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၅-ခုနှစ်လောက်ကဖြစ်သည်1 ထိုအချိန်က မိမိမှာ ၁၃-နှစ် ၁၄-နှစ်အရွယ် ရှင်သာမဏေမျှသာ ရှိသေးသည်။ ဆရာဖြစ်သူ အရှင်တေဇောသာရနှင့်အတူ မိမိသည် မန္တလေးမြို့ အဘယာရာမ ရွှေဝူတိုက်သို့ အဘယာရာမဆရာတော်ထံ ပါဠိနှင့်သက္တတ သင်ကြားရန် ရောက်ရှိသွားသည်။4 အဘယာရာမ ရွှေဂူတိုက်တွင် နေခွင့် ရရန်မလွယ်ပေ။ လူခံမရှိဘဲ နေခွင့်ရရန် အလွန်ခဲယဉ်းသည်။ မိမိတို့ လူခံမှာ အရှင်ဝါသေဋ္ဌဖြစ်သည်။ အရှင်ဝါသေဋ္ဌက အာမခံသည့်အတွက် မိမိတို့ ရွှေဝူတိုက်တွင် နေခွင့်ရခြင်းဖြစ်သည်။ သို့သော် ခြွင်းချက်နှင့်ဖြစ် သည်။ တစ်ပတ်အတွင်း ရဟန်းက ရဟန်းကျင့်ဝတ် ဘိက္ခုပါတိမောက်ကို အာဂုံပြန်ပြရမည်ဖြစ်ပြီး၊ သာမဏေက သာမဏေကျင့်၀တ် သေခိယကို အာဂုံပြန်ပြရမည် ဖြစ်သည်။ ယင်းစည်းကမ်းမှာ ရွှေဝူတိုက်တွင်နေထိုင် လိုသူ ရဟန်းသာမဏေများအတွက် သံမဏိစည်းကမ်း ဖြစ်သည်။ ထိုအချိန်က အရှင်ဝါသေဋ္ဌသည် အဘယာရာမဆရာတော်ကြီးထံ တွင် ပညာရင်နို့ သောက်စို့နေသည်။ အထူးအားဖြင့် သက္ကတဘာသာ သင်ကြားဆည်းပူးနေသည်။ မန္တလေးသကျသီဟ စာသင်တန်းနှင့် စာချတန်း စာမေးပွဲအောင်သည်မှာလဲ အဘယာရာမတိုက်တွင် သီတင်းသုံးနေစဉ်ကပင် ဖြစ်လေသည်
ထိုအချိန် ဆရာတော်အရှင်ဇနကာဘိဝံသသည် အဘယာရာမ ရွှေဝူတိုက် အရာမ်ထဲတွင် သီးသန့်ကျောင်းကလေးနှင့် နေထိုင်သီတင်း သုံးပြီး စာပို့ခနေသည်1 အရှင်ဝါသေဋ္ဌကလည်း တစ်ဖက်ကစာသင်ပြီး တစ်ဖက်ကလည်း တတ်နိုင်သလောက် စာချနေသည်။ အဘယာရာမ ဆရာတော်ကြီးက အရှင်ဝါသေဋ္ဌအား ထူးထူးခြားခြား အသိအမှတ် ပြုထားသည်4 သူရေးသားသော သမ္ဗန္စစိန္တာ စာကိုယ်ဋီကာ နိဿယ အတွက် အရှင်ဝါသေဋ္ဌအား တလေးတစား နိဒါန်း အရေးခိုင်းသည်။ ထိုအချိန်က အဘယာရာမရွှေဂူတိုက်သည် ပရိယတ္တိအကျော်အမော် ထိပ်တန်းဆရာတော်များ စုဝေးရာနေရာ ဖြစ်ခဲ့သည်။ ပါဠိသက္တတဒ် သမိုင်းတင်ထားလောက်အောင် ကျွမ်းကျင်တတ်မြောက်သော အဘယာ ရာမဆရာတော်ကြီးကိုယ်တိုင် စာပေပို့ချနေသည်။ အရှင်ဇနကာဘိဝံသ တို့လို အရှင်ဝါသေဋ္ဌတို့လို တခြားစာချဆရာတော်များလည်း ရှိနေကြ သည်။ ထိုကျောင်းတိုက်၌ စာသင်သားအဖြစ် နေခွင့်ရခြင်းမှာ အလွန်တရာ ကံကောင်းသည်ဟုဆိုရမည်။ သို့ရာတွင် မိမိတို့မှာ ဇိကုတ်နတ်ပြည် အတင်ခံရသော်လဲ နတ်ပြည်မှာမပျော်သည့်အတွက် လူ့ပြည်ပြန်ဆင်းလာ သူများ ဖြစ်နေသည် စိုင်ကော်လို့ ချုံပေါ်ရောက်သော်လည်း ချုံပေါ်က ပြန်ခုန်ချလာသည့် လူနှင့် တူနေသည်။ ရွှေဂူတိုက်တွင်မပျော်ရွ် တစ်ပတ်လောက်သာနေလိုက်ပြီး တခြားကျောင်းတိုက် တစ်တိုက်သို့ ပြောင်းရွှေ့သွားလေသည် အလွန်တရာ စည်းကမ်းတင်းကျပ်နေသော ရွှေဝူတိုက်မှ လွတ်လွတ် လပ်လပ်နေရသော တောင်ပြင် ထီးလင်းတိုက်သို့ ရောက်သွားသည်။ ပခုက္ကူမဟာဝိသုတာရာမတိုက် ဆရာတော်သုန်ဒါတူ ဦးလက္ခဏမှာ အရှင် တေဇောသာရ၏ ဓိတ်ဆွေဖြစ်သည်။ ထီးလင်းတိုက်တွင် ဦးလက္ခဏနှင့် အတူသွားနေကြသည်။ မိမိမှာမူ လှောင်အိမ်ထဲကလွှတ်လိုက်သည့် ငှက်ငယ်ပမာ လွတ်လွတ်လပ်လပ် အတောင်ဆန့်ခွင့်ရသွားသည်။ အရှင်ဝါသေဋ္ဌမှာ မိမိအတွက် မျက်နှာပူရရှာသည်4။ သူအာမခံ ထားသူများက ခုစာကလေးကြော် ခုဆီထမင်းလုပ်သည့်အတွက်
အဘယ၁ရာမဆရာတော်ရှေ့တွင် ရှေ့မျက်နှာနောက်ထားပြီး တစ်ဖန် မိမိတို့အတွက် လျှောက်ပေးရပြန်ရှာသည်။ ထိုအချိန်က အဘယာရာမ ဆရာတော်ကြီး အမိန့်ရှိသည့်စကားတစ်ခွန်းကို ယခုထက်တိုင်ကြားယောင် နေမိသည်။ “အလုပ်တစ်ခုခု လုပ်မယ်ဆိုရင် စဉ်းစဉ်းစားစားလုပ်ပါ ဟူရွ် တုံးတိတိ အမိန့်ရှိလိုက်သည့်စကားဖြစ်သည်1 ရွှေူတိုက်တွင် တစ်ပတ်လောက် နေခဲ့သည့် အချိန်ကလေးအတွင်း အဘယာရာမဆရာတော်ကြီးအား လျှပ်တစ်ပြက် လေ့လာကြည်ညိုခွင့် ရရှိခဲ့သည်။ ဆရာတော်ကြီးက ကျောင်းတိုက်အထက်တွင် သီတင်းသုံးသည်။ မိမိတို့က ကျောင်းတိုက် အောက်ထပ်ခ််နေကြသည်။ ညနေတိုင်း အုတ်လှေကားမှ ကျောင်းအောက် ဆင်းလာသော ဆရာတော်အား ဖူးတွေ့ရသည်။ ညနေတိုင်းကျလျှင် ဆရာတော်ကြီးသည် သင်္ကန်းကို မ မပြီး ဆင်းလာတတ်သည် 1 မျက်နှာထား အလွန်တည်သည်။ တစ်ပတ်အတွင်း တစ်ကြိမ်တစ်ခါမျှ ပြုံးသည်ကိုမတွေ့ခဲ့ရာ တစ်ပတ်အတွင်းမျှသာမက တစ်လအတွင်း တစ်နှစ်အတွင်းခ်လည်း ပြုံးသည်ကို တွေ့ရလိမ့်မည်မဟုတ်ပေ။ အရှင်ဝါသေဋ္ဌအား သူ၏အမိကျောင်းတိုက်ဖြစ်သော သပြေကန် မဟာဓမ္မိကာရာမကျောင်းတိုက်ကြီးက ပြန်ခေါ်လေပြီ။ အရှင်ဝါသေဋ္ဌ အနေဖြင့် သူ့အမိကျောင်းတိုက်။ ခ၊ါ ခေါ်သံကို ပြန်မထူးဘဲနေရဤ မဖြစ်တော့။ သူ၏ ဆရာရင်း အဂ္ဂမဟာပဏ္ဍိတ သပြေကန်ဆရာတော်ကြီး ပျံလွန်တော် မူသွားပြီး အရှင်ဝါသေဋ္ဌသည် သပြေကန် မဟာဓမ္မိကာရာမ ကျောင်းတိုက်သို့ ပြန်ကြွဲလာရသည်။ ထိုအတွင်း ၁၉၄၁-ခုနှစ် ရန်ကုန် တွင် ဒုတိယအကြိမ်ကျင်းပသော အစိုးရစာချတန်းစာမေးပွဲ် တစ်နှစ် တည်းဖြင့် ကျမ်းကိုးကျမ်းလုံးကို ဖြေဆို အောင်မြင်သွားလေသည်။ ပထမအကြိမ် အစိုးရဓမ္မာစရိယ စာချတန်းစာမေးပွဲကို ၁၉၄၀-ပြည့်နှစ်် မန္တလေးတွင် ကျင်းပသည်။ အရှင်ဝါသေဋ္ဌသည် ပထမအကြိမ် အစိုးရစာချတန်းစာမေးပွဲကို ဖြေဆိုခြင်း မပြုပေ။ ပထမအကြိမ် အစိုးရစာချတန်းစာမေးပွဲ၌ မည်သူမျှတစ်နှစ်တည်းနှင့် ကိုးကျမ်းမကျွတ် ပေး နောက်တစ်နှစ် ရန်ကုန်ဉ်ကျင်းပသော အစိုးရစာချတန်းစာမေးပွဲတွင်
အရှင်ဝါသေဋ္ဌဖြေဆိုရာ တစ်နှစ်တည်းဖြင့် ကိုးကျမ်းလုံး ကျွတ်သ္ဂား သည်။ ထို့ကြောင့် အရှင်ဝါသေဋ္ဌသည် ဓမ္မာစရိယ သိရောမဏိဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးရရှိသွားသော ပုဂ္ဂိုလ်ဖြစ်လာလေသည်။
ဆရာတော်အရှင်ဝါသေဋ္ဌသည် ပါဠိအဋ္ဌကထာဋီကာကျမ်းများနှင့် တကွ သတ္တတကျမ်းများကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်တတ်မြောက်သော် လည်း ရိုးရိုးကုပ်ကုပ်ပင် နေတော်မူသည်ဖြစ်ရွ သူဇ အရည်အသွေး ကု သိဘူဦးရေ များနဲ အချိန်ကြာမြင် ဥာ မီးပြောံးဖြစ်နေခရသည်း ညွန်ထဲတွင်ကျွံနစ်နေသော ပတ္တမြားဘဝဖြင့် နေလာခဲ့ရသည်1 ထို့နောက် မှ ကျောက်တူးသမားများ အရည်မီသောကျောက်တစ်လုံး တူးဖော်ရရှိ သွားကြသည်။ ရွှေကျင်သူများ ရွှေစစ်ရွှေမှန် ရရှိသွားကြံသည်။ ဆရာတော်သည် ယခင်ကကဲ့သို့ စည်ကားခြင်းမရှိသော သပြေကန် မဟာဓမ္မိကာရာမတိုက်မှ ရန်ကုန် ပုဇွန်တောင်ရွှေကျင်တိုက်သို့ ပြောင်းရွှေ သီတင်းသုံးရလေသည်။
ဆရာတော်သည် ပညာတတ်သော်လည်း မာန်မာနမရှိပေ။ ကျမ်းတတ် အကျော် ဆရာတော်ဖြစ်နေသော်လည်း နှိမ့်နှိမ့်ချချ စကားပြောသည် သူ၏စကားပြောသံသည် ယခင်ကျန်းမာရေးချို့တဲ့စဉ်ကလောက် တိမ်ဝင်မနေသော်လည်း ဒေါသ မာန်မာန လုံးဝကင်းရှင်းနေသည့် အသံမျိုး ဖြစ်သည်။ ဝိနည်းသိက္ခာပုဒ်ကို လေးစားပြီး သီလသမာဓိနှင့် ပြည့်စုံသူ ဖြစ်သော်လည်း လူတိုင်းနှင့်အဆင်ပြေအောင် ဆက်ဆံသည် လူတိုင်း လူတိုင်းနှင့် အဆင်ပြေအောင်နေသော်လည်း မိမိ၏ တော်တည့် ဖြောင့်မတ်မှုနှင့် မိမိဓ၊ သီလသဓာဓိကိုမူ မည်သည့်အခါမျှ အပ္ပန်းအပဲ့မခံ ရိုးရိုးအေးအေး သီတင်းသုံးသော်လည်း စာအရေးအသား သွက်လက်သည်း စိတ်ကူးဉာဏ်ကောင်းသည်။ အနေရိုးသော်လည်း စာအရေးဆန်းသည်။ ကျမ်းဂန်များကို အမြောက်အများ ရေးသားပြုစုသွားခဲ့သော ထိပ်တန်း ဆရာတော်ကြီးများဖြစ်သည့် အဘယာရာမဆရာတော်နှင့် မဟာဂန္ဓာရုံ ဆရာတော်တို့ကပင် ဆရာတော် အရှင်ဝါသေဋ္ဌ၏ လက်ရာကို မချီးကျူးဘဲ မနေနိုင်ကြပေး
ဆရာတော် အရှင်ဝါသေဋ္ဌရေးသားပြုစုထားသော ကျမ်းစာများ အနက် “ပရိတ်ကြီးနိဿယသစ်။ သည် ဆရာတော်၏။ မာစတာပိစ်” ဖြစ်သည် ဤမျှကောင်းသော၊ ဤမျှစုံလင်သော၊ ဤမျှအသုံးဝင်သော ပရိတ်ကြီးဆိုင်ရာစာအုပ်မျိုး တခြားမည်သူမျှ ရေးနိုင်တော့မည်မဟုတ်ဟု ဖတ်ရှုလေ့လာသူတိုင်းက ထင်မြင်ချက်ပေးကြသည်။ ဆရာတော်သည် အနေရိုးသော်လဲ အရေးဆန်းသည်။ ထို့အတူပင် အပြောလဲကောင်းသည်။ အပြောကောင်းသည်ဟုဆိုရာဒ် အာ၀ဇ္ဇန်းရွှံသော ဓမ္မကထိကတစ်ပါး ဖြစ်သည်ဟု မဆိုလို/။ သက်တော်(၈၀)ပြည့်နေပြီဖြစ်သည့် ဆရာတော် ကြီး တစ်ပါးဖြစ်သော်လည်း တရားဒေသနာ ဟောကြားရာဠ် ဒေသနာ တော်၏ အနှစ်သာရကို တရားနာပရိသတ်၏ နားထဲဝင်သွားအောင် ဟောနိုင်စွမ်းပြောနိုင်စွမ်း ရှိလေသည်။။ သူလိုရဟန်း မျိုးကား သာသနာ တွင် ရှာမှရှားဟုဆိုလျှင် ပိုအံ့မထင်။
ပါရဂူ
၁၉၉၁-ခုနှစ်။ ဇန်နဝါရီလထုတ် ရတနာမွန်မဂ္ဂဇင်းမှ
သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း
ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်တော်မူခြင်း ဆရာတော်သည် သန်လျင်မြို့နယ်။ ချောင်းဝရွာ၌ ၁၂၇၂-ခုနှစ်။
နတ်တော်လဆန်း ၁၃-ရက် ဗုဒ္ဓဟူးနေ့တွင် ဦးဘိုးစိန်-ဒေါ်အိမ်တို့မှ မွေးဖွားခဲ့၏ / အသက်ငါးနှစ်အရွယ်တွင် ချောင်းဝရွာ စာသင်ကျောင်း သူငယ်တို့သင်ဖွယ်ရာ စာပေများကို သင်ကြားခဲ့၏။ တစ်စတစ်စ အခြေခံကောင်းလာခဲ့ရာ သူငယ်များတွင် ပေါ်လွင်ထင်ရှား လူသိများ ခဲ့ရစ။
ရှင်သာမဏေဖြစ်ခြင်း
နောင်အခါ မိဘများ မင်္ဂလွန်းရွာသို့ပြောင်းခဲ့ရာ ဘုန်းတော်ကြီး
ဦးရေဝတထံတွင် ရှင်သာမဏေဘဝဖြင့် ပညာသင်ခဲ့ရစ၊ါ ' အသက်ငါးနှစ် အရွယ်ကပင် ရှင်ပြုခဲ့ရာ သာသနာမှ လူ့ဘဝမပြောင်းလိုသော်လည်း အသက်ငယ်သဖြင့် လူထွက်ခိုင်းကြန် လူထွက်ခဲ့ရ၏ / အသက်ကိုးနှစ် အရွယ်ကျမှပင် မိမိဆန္ဒအရ သာမဏေ၀တ်ခွင့်ရခဲ့၏ / ဘုန်းတော်ကြီး ဦးရေဝတထံတွင် သဒ္ဒါ။ ဗေဒင် စသင်ခဲ့ရာ ဆရာ၏ အားရကျေနပ်မှုကို ခံယူခဲ့ရ၏။ သို့သော် ဘုန်းတော်ကြီးရန်ကုန်ကြွသွားပြီးနောက် ပြန်မလာရွ် မိမိမှာကျောင်းတစ်ကျောင်း ကိုရင်တစ်ပါးဆိုသလို ဖြစ်နေရာမှ မဟာ ဓမ္မိကာရာမ(သပြေကန်)တိုက်မှ ဘုန်းတော်ကြီးများ ဘုရားပွဲကြွအလာ တွင် မိမိတို့တိုက်၌ လာနေဖို့ခေါ်ကြသဖြင့် ထိုအခါက ထင်ရှားကျော် ကြားလျက်ရှိသော မဟာဓမ္မိကာရာမတိုက်ကြီးသို့ ဆိုက်ရောက်ကာ ဆရာတော်ဘုရားကြီးအထံတွင်လည်းကောင်း၊ စာချ ဘုန်းကြီးများ
အထံတွင်လည်းကောင်း ပညာသင်ခွင့်ရခဲ့ပြန်ပါသည်။ တစ်တစ်စ အချိန် အရွယ် ရလာသည်နှင့်အမျှ ထင်ပေါ်ကျော်ကြားခဲ့ပါသည်။
မင်္ဂလွန်းဘုန်းတော်ကြီး ဦးရေဝတပေးသောဘွဲ့မှာ ရှင်ဝိမလ ဖြစ်၏။ သပြေကန် မဟာဓမ္မိကာရာမကျောင်း ဆရာတော်ကြီးထံ ရောက်သော အခါ ထိုဘွဲ့ကို ပြောင်းလဲပစ်လိုက်၏။ ဤသို့အားဖြင့် ရှင်ဝါသေဋ္ဌဟူသော ဘွဲ့အမည်သစ် ရခဲ့၏။
ဆရာတော်ဘုရားကြီးကား မိမိဆရာသမားဖြစ်ဖူးသော ပုဂ္ဂိုလ် များ၏ ဘွဲ့ကိုမခေါ်လိုး ဆရာသမားအပေါ် အလွန်လေးစားတော်မူ၏။ တွံတေးဆရာတော်ကြီးဘွဲ့တော်မှာ အရှင်နာဂဖြစ်ရာ ရဟန်းခံ ကမ္မဝါဖတ်သောအခါပင် နာဂဟုမဖတ်စေဘဲ တခြားဒတ္တစသော အမည်တစ်ပါးဖြင့် ဖတ်ခိုင်းလေ့ရှိတော်မူ၏။ အစွဲလွန်သည်ဟု ဆိုချင်ဆို ကြမည်ဖြစ်သော်လည်း ဆရာလေးစားပုံကိုကား အလေးထား အတုယူသင့် သည်ဟု ထင်ပါသည်။
သာမဏေကျော်ဘဝ
၁၂-နှစ်အရွယ်ကပင် ပထမငယ်ကျမ်းစာများ အပြည့်အဝ သင်ပြီး ဖြစ်ရွ် စာမေးပွဲဝင်ဖို့ စာရင်းသွင်းခဲ့ရာ ၁၅-နှစ်မပြည့်ရွှ် အပယ်ခံခဲ့ရ၏်။ ဤသည်ကား ငယ်-လတ်-ကြီး နှစ်ချင်းဆက် အောင်မြင်ခြင်း အကြောင်း ဖြစ်လာရ၏။ ဆိုင်းငံ့နေရသော သုံးနှစ်တာကာလအတွင်း ယမိုက်ဆိုပြီး အဘိဓာန်အလင်္ကာဆန်းများ ရပြီးဖြစ်သည့် ပြင် ဥဘတောဝိဘင်း ဝိနည်းပါဠိတော် နှစ်ကျမ်းကိုလည်း ရပြီးဖြစ်ခဲ့ါ။
ဥဘတောဝိဘင်္ဂဓရဘွဲ့ရခြင်း
၁၅-နှစ်အပြည့်တွင် ပထမငယ်အောင်မြင်သည့်အပြင် ကျောင်းတော်ရာ ရွှေကျင်တိုက် ဝိနည်းစာပြစ်ပွဲကြီးခ ဝိနည်းပါဠိတော်နှစ်ကျမ်း ပြန်ဆို အောင်မြင်ခဲ့ရွ်။ ဥဘတောဝိဘင်္ဂဓရ ဘွဲ့ရခဲ့၏ + အသက် ၁၆-နှစ်ခ ပထမလတ်တန်း။ ၁၇-နှစ်ဉ်် ပထမကြီးတန်းအောင်မြင်ခဲ့၏ 1 ထိုအခါက
တစ်နိုင်ငံလုံးအောင်မြင်ခဲ့သော ပထမကြီးတို့တွင် အသက်အငယ်ဆုံး ပထမကြီးဖြစ်သည့်အပြင် မဟာဓမ္မိကာရာမတိုက်တာ တည်ထောင်လာ သည်မှာ သက်တမ်းအတော်ကြာခဲ့ပြီဖြစ်ရာ ပထမကြီးတစ်ပါးမှ မပေါ်ခဲ့ သေး။ အာဒိကမ္မိက ပထမဆုံး အကြီးအောင် သာမဏေအဖြစ်ဖြင့် စံတင်ခံခဲ့ရ၏။
ဤရှင်သာမဏေဘဝ ၁၅-နှစ်အရမှာ ဝိနည်းနှစ်ကျမ်းပြန်ပြီးနောက် ကျောင်းတော်ရာဝိနည်းပြန်ဌာနက အခြေအနေအရ သာမဏေတွေ အတွက် တာဝန်မယူနိုင်ရ သာမဏေများ စာပြန်ခွင့် ပိတ်ပင်ခဲ့ရ၏။ ထို့ကြောင့် ဝိနည်းဆက်မပြန်ဖြစ်ခဲ့။ နောင်အခါ သာမဏေကလေးက ဝိနည်းနှစ်ကျမ်း ပြန်ခဲ့သည်ကို အလွန် ဝမ်းသာအားရဖြစ်ခဲ့ကြသော စားကြီးဦးအောင် ကြီးတို ဤလိုတ္မ။ ခြားသော ကိုငင်မျိး မြန်ခွ ပေးသင့်ကြောင်း လျှောက်ထားကြသောကြောင့် ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ရခဲ့ရာ ခွင့်ပြုချက်ရသောအချိန်နှင့် စာပြန်ပွဲကျင်းပမည့်အချိန်က သိပ်မကွာလှသဖြင့် ထိုနှစ်က မဟာဝါနှင့်တကွ ဝိနည်းသုံးကျမ်းသာ ပန်ဆိုနုင်ခဲ့ါ
ဝိနယဓရဘွဲ့ ရရှိခြင်း
ထိုနှစ်က ဤအရှင်၏ ၁၇-နှစ်ကျော်ကျော်လောက် ဖြစ်ပါသည်။ နောက်နှစ် ၁၈-နှစ်အကျော်လောက်မှာ ဝိနည်းငါးကျမ်းလုံး အပြည့်အဝ ပြန်ဆိုအောင်မြင်ရွွ ဝိနယဓရဘွဲ့ကို ခံယူရရှိခဲ့ဒါ1 ဤအရှင်ကား ၁၅-နှစ်အရွယ်ကပင် ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ ဆွမ်းမခံစေဘဲ စာပေသာကြိုးစားဖို့ အထူး ချီးမြှောက်မှုကို ခံယူရပါ၏။ ထိုခေတ်က ရဟန်းတော်များပင် ပါဠိတော်ပြန်ဆိုသူ အနည်းအကျဉ်းသာရှိခဲ့ရာ သာမဏေဘဝနှင့် အောင်မြင်သူကား ဤအရှင်တစ်ပါးတည်းဖြစ်ဤ ဆရာတော်အရှင်များ၏ အားရချီးမြှောက်မှု ကို အထူးခံယူခဲ့ရပါသည်။ မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်အုပ် ဆရာတော် ဘုရားက သာသနာ၌ အမြဲနေဖို့ရာ ကတိတောင်းခဲ့သည့်အပြင်
အတ္ထုပ္ပတ္တိပါတောင်းရွ ရွှေကျင်နိကာယမှတ်တမ်း၌ မှတ်တမ်းတင် တော်မူခဲ့။
ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း
၁၂၉၂-ခုနှစ်' ဝါဆိုလဆုတ် ၁-ရက်နေ့တွင် သုတ္တသင်္ဂဟနိဿယ။ သပြေကန်သဒ္ဒါကြီးနိဿယ စသည်ရေးသားတော်မူခဲ့ရ် နောင်အခါ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရခဲ့သည့် မဟာဓမ္မိကာရာမ ဆရာ တော်ဘုရားကြီးကို ဥပဇ္စာယ်ပြုလျက် ရဟန်းအဖြစ်သို့ ရောက်ခဲ့ရ၏။
သံယုတ္တဘာဏတတွဲ့ရရှိခြင်း
ရဟန်းတစ်ဝါရဒိ စေတိယင်္ဂဏအသင်း အာဂုံပြန်တမ်းဥွ် သံယုတ် ၅-ကျမ်း ပြန်ဆိုအောင်မြင်ခဲ့ရာ။ ဝါသေဋ္ဌာဘိ သိရီပဝရ သာသနဓဇ သံယုတ္တဘာဏက ဘွဲ့တံဆိပ်တော်ရခဲ့၏ ( ရန်ကုန်မြို့ဒ်် ထင်ရှား ကျော် ကြားသောဆရာတော်ကြီးများမျက်မှောက်၌ ပြန်ဆိုခဲ့ရာ ဆရာတော် များ၏ အားရကျေနပ်မှုကို ခံယူခဲ့ရာ အောင်မြေဘုံစံ ဆရာတော်၊ တောင်ဘီလူးဆရာတော် စသော ဆရာတော်ဘုရားများ၏ အာမိသဝတ္ထု ဖြင့် ချီးမြှေ့က်ပူဇော်ပကို ခံယူရရှိခဲ့ပါသည်။
နှစ်ကြိမ်မြောက် သံယုတ္တဘာဏတဘွဲ့ရရှိခြင်း
နောက်တစ်နှစ် ကျောင်းတော်ရာရွှေကျင်တိုက် ဝိနည်းစာပြန်တော်ပွ ကြီး၌ ယင်းသံယုတ်ငါးကျမ်းကိုပင် ထပ်မံပြန်ဆိုခဲ့ရွ သံယုတ္တဘာဏက ဘွဲ့ကို ရရိခဲ့ဖြန်ပါသည်'
ရဟန်းနစ်ဝါအရတွင် ပခုတ္ကူမြို့ မဟာဝိဇယာရာမတိုက် ဆရာတော်ဘုရားထံ ချဉ်းကပ်မှီခိုကာ ပညာသင်ခွင့် ရခဲ့ပြန်ပါသည်။ ဆရာတော်ဘုရားက စာဆိုခွင့်ပေးခဲ့ပါ၏။ သို့ရာတွင် ထိုအခါက ကျန်းမာရေး သိပ်မကောင်းလှရွ် စာမဆိုနိုင်ခဲ့ပါ1 စာမဆို စာမချနိုင် ခဲ့သော်လည်း ကိုရင်ဘဝကပင် ဝိနည်းပါဠိတော်ကြီးများ ပြန်ဆိုခဲ့ခြင်း၊
သံယုတ်ပါဠိတော်ကြီးများ ပြန်ဆိုခဲ့ခြင်းကို သတင်းကြား သိရှိတော်မူသဖြင့် အားရမြတ်နိုးတော်မူဤ ဆွမ်းမခံစေဘဲ ဆွမ်းကျွေးထားကာ အထူး ချီးမြှောက်တော်မူခဲ့ပါသည်။ ထိုအခါက စာမဆို စာမချဘဲ စာချများ အခွင့်အရေးပေးခံရသည်မှာ ဤအရှင်တစ်ပါးတည်းပင် ဖြစ်အံ့ ထင်ပါ သည်။
ကျန်းမာရေးမကောင်းလှရွ် သကျသီဟ စားမေးပွဲဝင်ဖို့ စိတ်မကူးခဲ့ သော်လည်း အများတိုက်တွန်းချက်အရ သကျသီဟ စာမေးပွဲဝင်မည် ရ ည်ရယ်ချက်ဖြင့် မန္တလေးမြုသိ့ သိုက်ရောက်ခဲ့ရပြန်ပါ သည်။ ဂတွင် အဘယာရာမ ရွှေဂူတိုက်ဆရာတော်ဘုရားထံ ပညာသင်ကြားခွင့် ရခဲ့ပြန် ပါသည်4 သကျသီဟ စာသင်တန်းအောင်မြင်သောအခါ ဆရာတော်ဘုရား က ဆွမ်းမခံစေဘဲ ချီးမြှောက်ထားတော်မူခဲ့ပြန်ပါသည်။
အဘယာရာမ ဆရာတော်ဘုရားခါ ချီးမြှောက်မှု
ကျေးဇူးရှင် အဘယာရာမဆရာတော်ဘုရား၏ ချီးမြှောက်မှုခံယူကာ ဆရာတော်ဘုရားထံ သတ္တတ ကျမ်းဂန်များကိုဆိုရင်း' မောဂ္ဂလန်စသော မာဂဓကျမ်းဂန်များကိုလည်း သင်ကြားနာယူရင်း' စာပေလည်း တတ်စွမ်း သမျှပို့ချရင်း အတ္တပရကျိုးနှစ်၀ အရယူခဲ့ပါသည်။ ဆရာတော်ဘုရား ကိုယ်တိုင် နှင်းအပ်သော ဓမ္မာစရိယဘွဲ့ကိုလဲ ရယူနိုင်ခဲ့ပါသည်။ ထိုအခါက စာပေပို့ချနေခဲ့သော်လည်း မိမိစေတနာအရ ပို့ချနေခြင်းဖြစ်ပါ ဧါ / ဆရာတော်ဘုရားက စာချခန့်သည်တော့ မဟုတ်သေးပါ / သမ္ဗန္စစိန္တာ စာကိုယ်ဋီကာ နိဿယ ရိုက်မည်ရှိရာ ဤအရှင်အား နိဒါန်းရေးခိုင်းတော် မူခဲ့ါ 1 မိမိရေးသားဆက်ကပ်သော နိဒါန်းအောက်ခ် ဆရာတော်ဘုရား ကိုယ်တိုင် ဦးဝါသေဋ္ဌ” (ဓမ္မာစရိယ)ဟု ရေးသားချီးမြှင့်တော်မူခဲ့ပါသည်။
သကျသီဟ ဓမ္မာစရိယဘွဲ့ရရှိခြင်း
ထိုအခါက သကျသီဟ စာချတန်းမအောင်သေး။ ဤသို့လျှင်
ဆရာတော်ဘုရားထံ သင်ကြားနာယူရင်း။ စာပေပို့ချရင်းဖြင့် သကျသီဟ
စာချတန်းအောင်မြင်ရာ။ ဝါသေဋ္ဌာဘိဝံသ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ” ဘွဲ့တံဆိပ်တော် ရယူခဲ့ရပါသည်။
ဆရာရှင်တို့၊ စ၊ါ အရိပ်ကား အေးမြလှပါ၏ / ဤအရှင်ကား အေးမြ သော ဆရာသခင်တို့ါ အရိပ်ကို အေးချမ်းစွာ ခိုလှုံခဲ့ရပါါ၊ ကျေးဇူးရှင် အဘယာရာမဆရာတော်ဘုရားကြီး၏ အရိပ်အာဝါသကို အမြဲခိုလှုံ လိုလှစ် ' ဆရာတော်ဘုရားကြီးကလည်း ဤအရှင်အား လိုလားတော်မူခဲ့ အါ မိမိအနီးအပါး အမြဲလားလို၏ / အမြဲနေဖြစ်ပါက ဆရာတော်ဘုရား က မိမိအား သတ္တတစာပေသင်ကြားရန် အိန္ဒိယသို့ လွှတ်ဖို့ကိုလည်း ရည်ရွယ်ထားကြောင်း ဝိဇ္ဇာလင်္ကာရ ဆရာတော်မှတစ်ဆင့် သိရပါ၏။ သို့သော်လဲ လိုလားတောင့်တချက်တွေ မမြောက်ခဲ့၊ ကျေးဇူးရှင်သပြေကန် မဟာဓမ္မိကာရာမ ဆရာတော်ဘုရားကြီးကလည်း ပျံလွန်တော်မူခဲ့ါ။ သပြေကန်ဆရာသမားများကလည်း ပြန်လာစေလိုကြစါါ သို့ဖဖြစ်ရွ အလွန် အေးချမ်းလှစွာသော ဆရာတော်ဘုရားကြီး၏ အရိပ်မှနွာကာ သရာရင်းရပ်ထံ သပြေကန် မဟာဓမ္မိကာရာမသို့ ပြန်လာခဲ့ရ၏။ သိရောမဏိဘွဲ့ ရရှိခြင်း ထိုအခါကား သပြေကန် မဟာဓမ္မိကာရာမ တိုက်တာကြီးမှာ သံဃာ ၇၀-၈၀ တို့ဖြင့် စည်ကားလျက်ရှိပါ၏ / ဤအရှင်ကား တွဲဖက် နာယက စာချအဖြစ်ဖြင့် သာသနာ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် ခဲ့ပါ၏ 1 ဤသို့ ထမ်းဆောင်ရင်း အစိုးရစာချတန်း စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခဲ့ရာ တစ်နှစ်တည်း ကိုးဘာသာလုံး အောင်မြင်ပြီးဆုံးခဲ့၍ “သာသနဓဧသိရီပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့ ကို ပထမဆုံး ခံယူရရှိ ခဲ့၏ ကျမ်းဂန်များ ရေးသားပြုစုတော်မူခြင်း ဤအရှင်ကား ပါဠိဂါထာ မြန်မာစကားပြေ လင်္ကာရတု စသည့် အရေးအသားခ်လည်း အများချီးမွမ်းခံခဲ့ရအါ။ ကျေးဇူးရှင် အဘယာရာမ
ဆရာတော်ဘုရားကြီးက ဦးပဉ္စင်းက ကြည့်တော့ရိုးရိုး စာရေးတော့ အဆန်းသားဟု မိန့််ကြားဖူးကြောင်း ဝိဇ္ဇာလင်ရ ဆရာတော်က အမိန့်ရှိဖူးပါသည်။ ဆရာတော်ဘုရား၏ ထေရုပ္ပတ္တိ နောက်ဆက်တွဲအဖြစ် အဘယာရာမိကဂုဏ်ရည်ကိုရေးခဲ့ရာ ပညာရှင်တို့ ဂုဏ်ပြုခံခဲ့ရ၈ါ ထိုဂုဏ်ရည်ပါ ဂါထာများကို နှစ်သက်အားရတော်မူသော မဟာစည် ဆရာတော်က မိမိရေးသော ဝိသုဒ္ဓိမဂ္ဂနိဒါနဂါထာဥ်ထည့်ရန် သင်္ဂဟ အနုဂီတိ ဂါထာများရေးသားဖို့ရာ တောင်းပန်သဖြင့် ဂါထာပေါင်း(၇၃) ဂါထာရေးသားခဲ့ရာ ပမာဏမူလောက်သောဂါထာများအဖြစ် အဘိယာစက ဆရာတော်မြတ်၏ ချီးကျူးခံရသည့်အပြင် ပညာရှင်တို့၏ဂုဏ်ပြုမှုလဲ ခံယူခဲ့ရပါ၏ ' သာမဏေဘဝမှ အစပြုကာ ရေးခိုင်းလာသော ဂါထာရတု သြဘာစာ စသည်များကားမနည်းလှ။ ရေးသမျှလည်း နှစ်သက်ကျေနပ် ကြပါ၏။ ပါဠိဂါထာ စုဏ္ကိယ မြန်မာစကားပြေ အရေးအသားများ၌ အဘယာရာမ ဆရာတော်ဘုရားကလည်း ချီးကျူးကြောင်း ဝိဇ္ဇာလင်္ကာရ ဆရာတော်ဘုရားက အမိန့်ရှိပါ။
ပရိတ်ကြီးနိဿယ ရေးသားခြင်း
ကဤိုလျှင် စာပေအရေးအသားခွဲ ပညာရင်တိါ ပုတ်ပြုမျုးကျ(မှ ခံခဲ့ရသော ဤအရှင်ကား ဝိဇ္ဇာလင်္ကာရ ဆရာတော် ဦးဝိသုဒ္ဓ၏ တောင်းပန်ချက်အရ ပရိတ်ကြီး နိဿယသစ်ကို ရေးခဲ့၏ / ဤပရိတ်ကြီး နိဿယသစ် ထွက်ပေါ်လာသောအခါကား တစ်နိုင်ငံလုံး ဂယက်ရိုက် သကဲ့သို့ ဖြစ်သွားတော့သည်။ ပညာရှင် ရဟန်းပညာရှိ လူပညာရှိများ အထံမှ ချီးကျူးစာများ ဆရာတော် ဦးဝိသုဒ္ဓထံ ရောက်လာသည်မှာ မနည်းလှဟုဆိုပါသည်။ ဤပရိတ်ကြီး နိဿယသစ်ပေါ်လာမှ ဤအရှင် မှာလည်း ပိုမိုထင်ရှား လူသိများခဲ့ရ@ါ။ ထိုမျှမက ဓမ္မနှင့် ဂုဏ်အဖွဲ့စုံ ဗောဇ္စျင် ၇-ပါး တရားမြတ်ရတနာ။ ဓမ္မပဒ နိဿယကျမ်းများ ရေးသား ခဲ့ရာ အချို့ရိုက်ပြီး၊ အချို့ပြင်ဆင်။ အချို့ဖြည့်စွက် ပြုပြင်နေဆဲဖြစ်၏။
ဤအရှင်ကား ကျန်းမာရေးမကောင်းလှသဖြင့် သပြေကန်နေစဉ်က အသွားအလာနည်းပါး ထိုထိုကိစ္စခ် ရှောင်ရှားနေခဲ့ပါ၏ / ဆဋ္ဌသံင်္ဂါယနာ ကိစ္စဥ် ပါဝင်နိုင်ခဲ့ခြင်းမရှိ။ သို့သော် တိပိဋကပါဠိ မြန်မာအဘိဓာန်ကြီး စတင်ဆောင်ရွက်စဉ်က သပြေကန်မှနေရွ် ပို့ပေးသော အဘိဓာန် စာမူများကို ပြင်ဆင်ခြင်းဖြင့် အတော်ကြာအောင် ဆောင်ရွက်ခဲ့ပါသေး၏။ ယခုအခါမူကား အကြောင်းအားလျော်စွာ ရန်ကုန်ရောက်ရွ် သီတင်းသုံး နေထိုင်ရတော့ တာဝန်တွေ အရာတွေက အလိုလိုရောက်လာရပါ တော့၏ / မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေကျင်ကျောင်းတိုက်၏ ဦးစီးနာယက ဘဒ္ဒန္တကောသလ္လ ဓမ္မာစရိယ ဘီအေ(လန်ဒန် မြန်မာ) ဆရာတော် ပျံလွန်တော်မူသောအခါ ရန်ကုန်ရွှေကျင်နိကာယဌာန၏ အပ်နှင်းချက်အရ လက်ခံ သီတင်းသုံးခဲ့ရ၏။
သာသနာရေးဆောင်ရွက်ချက်
ရန်ကုန်ရောက်ပြီးသည်မှ ဝါမျှမကျွတ်သေး မဟာဗောဓိ ကျောင်းတိုက် ဝိဝါဒါ ဓိကရဏအတွက် ဝိနည်းဓိုရ်အအဖွဲ့တွင် ပါဝင် ဆောင်ရွက်ခဲ့ရ၏။ နောက်အခါ ရန်ကုန်တိုင်းလုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းထောက်အဖြစ် တင်မြှောက်ခံခဲ့ရ၏ ' ၁၃၄၅-ခုနှစ်။ တပို့တွဲလဆန်း ၁၅-ရက်နေ့တွင် ရန်ကုန်တိုင်း ရွှေကျင်နိကာယ ဂိုဏ်းချုပ်အဖြစ် တင်မြှောက်ခံခဲ့ရပါသည်။
ဝိနည်းဓိုရ်အဖွဲ့ဥတ္ကဋ္ဌ
ထို့နောက် ဥက္ကဋ္ဌ။ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဖြစ်ခဲ့၏။ ကျောက်ပုံတောရဝါဒ စစ်ဆေးသော သီးခြားဝိနည်းဓိုရ်အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့၏။ ရွှေတိဂုံစေတီတော် ဂေါပက ဩဝါဒါစရိယလည်း ဖြစ်ခဲ့ပြန်ဓါ / ဤမျှက တိပိဋကဓရ ဩဝါဒါ စရိယအဖြစ် တာဝန်ထမ်းဆောင်ဆဲဖြစ်သည့်အပြင် ပိဋကတ်ဘာသာပြန် အဖွဲ့၏ ဩဝါဒါစရိယ၊ မင်္ဂလာဗျူဟာ၊ ပိဋကဗျူဟာ ဩဝါဒါစရိယလည်း
ဖြစ်ခဲ့ါ 1 ရွှေကျင်နိကာယ ဗဟိုသံဃာ့ဝန်ဆောင်နာယကလည်း ဖြစ်စ။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူရခြင်း
ဤသို့လျှင် ရဟန်းရှင်လူတို့၊ စ ကြည်ညိုလေးစား အရေးထားခံခဲ့ ရသည့်အားလျော်စွာ ထိုထိုအရာ ဌာနန္တရဖြင့် မြှောက်စားခံခဲ့ရသော ဤအရှင်အား ပူဇော်ထိုက်သောပုဂ္ဂိုလ်တို့အား ပူဇော်ခြင်း၊ ချီးမြှောက်ထိုက် သောပုဂ္ဂိုလ်တို့အား ချီးမြှောက်ခြင်းဖြင့် မင်္ဂလာအမှု အစဉ်အလာပြုလျက် ရှိသော နိုင်ငံတော်ကောင်စီက ၁၉၈၄-ခုနှစ်။ ဇန်နဝါရီလ ၄-ရက်။ လွတ်လပ်ရေးနေ့တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ပူဇော်အပ်နှင်း ဆက်ကဗမ်ခြင်းပြုခဲ့ပါသည်။
ထုတ်နုတ်ဖော်ပြ ဝိသေသ ဓမ္မဂုဏ်ရည် စုံညီပြည့်၀ သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာ ဘိဝံသကား ထူးခြားသော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။
၁/ ပါဠိတော်များကို တစ်ခေါက်နှစ်ခေါက်ဖတ်ရုံဖြင့် အာဂုံဆောင် နိုင်လောက်အောင် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်တော် မူဝါ
၂1 သာမဏေဘဝကပင် ဝိနည်း(၅)ကျမ်း ပါဠိတော်ကို အာဂုံပြန်ဆို ခဲ့သဖြင့် ရွှေကျင်ဂိုဏ်းတွင် မှတ်တမ်းတင်ရသောပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။
၃။ သံယုတ်ပါဠိတော်(၅)ကျမ်းကိုလည်း ရဟန်းတစ်ဝါအရမှာပင် အာဂုံပြန်ဆိုခဲ့သော ပုဂ္ဂိုလ်လည်းဖြစ်တော်မူ၏။
၄4 ဂါထာသီကုံးဖွဲ့နွဲ့ရာတွင် ပြောင်မြောက်လှသဖြင့် ဓမ္မာစရိယ ဖြစ်တော်မူသော ရွှေကျင်နိကာယ ဓမ္မသေနာပတိ အဂ္ဂ မဟာပဏ္ဍိတ အဘယာရာမဆရာတော်၏ “ သည်လက်မျိုး မရှိသေးကြောင်း ”မရှိခဲ့ဖူးကြောင်း” ထုတ်ဖော်ချီးကျူးမှုကိုပင်
ခံရသော ပုဂ္ဂိုလ်ဖြစ်တော်မူသည်။
၅။ အစိုးရစာချတန်းစာမေးပွဲ၌ တစ်နှစ်တည်းဖြင့် (၉)ကျမ်းလုံးကို ဖြေဆိုအောင်မြင်တော်မူသဖြင့် ဓမ္မာစရိယ သိရောမဏိဘွဲ့တော် ကို ရှေးဦးဆုံး ခံယူရရှိတော်မူသော ပုဂ္ဂိုလ်လည်းဖြစ်တော်မူ၏
၆0 ပါဠိတော် အဋ္ဌကထာဋီကာတို့် နှံ့စပ်ရဤွုာ မာဂရ၊ သက္ကတ ဗျာကရုဏ်းကျမ်းး ကောသကျမ်း။ ကာဗျကျမ်း စသည်တို့ လည်း အထူးကျွမ်းကျင်တော်မူ၏
၇။ ဆဋ္ဌသံင်္ဂါယနာတင် ပုစ္ဆကဖြစ်တော်မူသော မဟာစည် ဆရာတော်ဘုရားသည် သံင်္ဂါယနာတင်စဉ်အခါက အခက်အခဲ တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါတွင် သပြေကန်ဆရာတော် ဦးဝါသေဋ္ဌနှင့် နှီးနှောလိုက်သည့်အခါတိုင်း အဖြေပေါ်ထွက် လာပြီး အခက်အခဲကို လွန်မြောက်ရသည်ဟု မကြာခဏ မိန့်တော်မူခြင်း1
၈1 နှုတ်တက် အာဂုံရအောင် ကျက်မှတ်ပြီးသော စာများသည် ကြာမြင့်စွာ မလေ့လာဘဲ ပစ်ထားသော်လည်း မေ့ပျောက်ခြင်းမရှိ။
၉။ ဂုဏ်အားလျော်စွာ များစွာချီးမွမ်းကြသော်လဲ မာန်မာနတက် ကြသည်ကို မမြင်စဖူးကြ။
၁၀။ ကိုရင်ရာဟုလာဒါ ညီထွေးလေးပီပီ အပြစ်ဆိုခြင်းကိုလည်း သည်းခံနိုင်သည့်အပြင် ဆရာသမား။ သီတင်းသုံးဖော်များ၏ ၀တ္တရားများလည်း ကျေပွန်စွာပြုတော်မူကြောင်း သပြေကန် မဟာဓမ္မိကာရာမနာယက ဆရာတော် ဦးအဂ္ဂဓမ္မ က မိန့်တော် မူခြင်း၊
၁၁4 အနေကဂန္ထကာရက ဆရာတော် အရှင်ဇနကာဘိဝံသက အရှင်ဝါသေဋ္ဌာဘိဝံသဟာ ပညာရှင်များ ငေးရအောင် ရေးပြ တော်မူတဲ့ ဆရာတော်ပါပဲဟု ချီးမွမ်းခြင်းဖြင့် ပြည့်စုံတော် မူခဲ့ပါသည်။
ယခုအခါ ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသသည် သက်တော် ၈၁-နှစ်' သိက္ခာတော် ၆၂-ဝါရှိပြီဖြစ်ပါသည် / ရန်ကုန်မြို့။ ပုဇွန်တောင်စာတိုက်အနီး။ ရွှေကျင်ကျောင်းတိုက်ခ်် သီတင်းသုံး နေထိုင် တော်မူလျက် ရှိပါသည်။
ဆွမ်းအနုမောဒနာ
ယနေ့ မင်္ဂလာရှိတဲ့ သမီးကလေးရဲ့မွေးနေ့အတွက် မွေးနေ့အလှူတော် ပူဇော်လှူဒါန်းကြတယ်1 ဒါနဉ္စ-အလှူပေးရခြင်းသည်လည်း။ ဥတ္တမံ- ကောင်းမြတ်သော၊ မင်္ဂလံ-မင်္ဂလာတည်း။ ဓမ္မစရိယာစ-ကုသိုလ် ကမ္မပထတရားဆယ်ပါးကို ကျင့်ကြံခြင်းတည်းဟူသော သီလတရား သည်။ ဥတ္တမံ-ကောင်းမြတ်သေား မင်္ဂလံ- မင်္ဂလာပေတည်း။ ကာလေန- သင့်လျော်လျောက်ပတ်သောအခါ5်။ ဓမ္မဿ၀နံ-တရားတော်ကို ကြားနာ ရခြင်းသည်။ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ-မင်္ဂလာပေတည်းအရ မင်္ဂလသုတ္တန် ဒေသနာတော်အဆိုအတိုင်း1
ယနေ့အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း ခွန်အား ကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးအာနဘော်ကြီးခြင်း၊ အခြွအရံပရိသတ် များပြားခြင်းတည်းဟူသော ကောင်းမြတ်သော အကျိုးတရားတွေ တိုးပွားဖြစ်ထွန်းစေတတ်တဲ့ ဒါနမင်္ဂလာကို ဆည်းပူးခဲ့ ကြပါပေပြီး ဓမ္မစရိယာဆိုတဲ့ သီလဓမ္မစရိယာ မင်္ဂလာကိုလဲ ဆည်းပူးခဲ့ ကြပြီ ကာလေန ဓမ္မဿဝနံ-တရားတော်ကိုကြားနာရခြင်းတည်းဟူသော မင်္ဂလာကိုလဲ ဆည်းပူးခဲ့ကြပြီး ဒီပြင် ယနေ့ မင်္ဂလာအများကြီး ဆည်းပူးခဲ့ ကြတယ်။
“ပူဇာစ ပူဇနေယျာနံ ဧတံ မင်္ဂလ မုတ္တမံ” အဲဒါတွေဟာ တကယ် တော့ မင်္ဂလာတွေပဲ။ တကယ့် ချမ်းသာကြောင်း မင်္ဂလာအစစ်ပြောပါ ဆိုလျှင် ဒါတွေပဲပြောရမှာပဲ။ ပရမတ္ထ-မင်္ဂလာပါပဲ။
လောကမင်္ဂလာတွေဟာ ပရမတ္ထမဟုတ်ဘူး။ လောကမင်္ဂလာတွေ ရှိကြတယ်။ ဘာမြင်ရင် ဘယ်လိုဟာလေးခြင်ရင် မင်္ဂလာရှိကြတယ်။
ဘယ်လိုအသံလေးကြားရင် မင်္ဂလာရှိတယ်။ ဘယ်လိုအနံ့ကလေး မွှေးရင် မင်္ဂလာရှိတယ်။ ဘယ်လိုအထိအတွေ့နဲ့ အနံ့အသက်၊ ဘယ်အရသာ ကြုံရလို့ရှိရင် မင်္ဂလာရှိတယ်လို့ ဒိဋ္ဌမင်္ဂလာ။ သုတမင်္ဂလား မုတမင်္ဂလာ ဆိုတဲ့ မင်္ဂလာတွေရှိကြတယ်။ အဲဒီ မင်္ဂလာတွေက တကယ့်မင်္ဂလာတွေ မဟုတ်ဘူး။ တကယ်မှန်ကန်။ တကယ်မွန်မြတ်တဲ့ မင်္ဂလာတွေမဟုတ်ဘူး။ ယနေ့ မိမိတို့ပြုရတဲ့ သမီးကလေးမွေးနေ့အကြောင်းပြုပြီး လှူဒါန်းရတဲ့ မွေးနေ့အလှူတော် ပူဇာသည်သာ တကယ့်မင်္ဂလား တကယ်လဲ ထင်ရှားရှိတယ်' တကယ်လဲ ကောင်းကျိုးကိုဖြစ်စေတတ်တယ်။
ဒါကြောင့် ဤမင်္ဂလာသည်သာ တကယ့်မင်္ဂလာပါ။ ဒါန-ယနေ့ပြု ကြတယ်။ သူက ကောင်းကျိုးတွေပေးမှား တကယ့်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ လှူဒါန်းတဲ့ဒါနမျိုးဟာ ပြည့်စုံတဲ့ဒါနမျိုး။ အဲဒီပြည့်စုံတဲ့ဒါနမျိုးဟာ ကောင်းကျိုးမပေးဘူးရယ်လို့ မရှိဘူး။ ဒီဘဝသော်လဲ ပေးနိုင်တာပဲ။ နောင်ဘဝသော်လဲ ပေးနိုင်တာပဲ ဘယ်လိုကောင်းခြင်းနဲ့ ပြည့်စုံရမလဲ။ ဘယ်လိုကောင်းခြင်းနဲ့ ပြည့်စုံတဲ့ဒါနမျိုး ဖြစ်ရမတုံးဆိုတော့။
ပုဗ္ဗေ၀ ဒါနာ သုမနော။ ဒဒံ စိတ္တံပသာဒယေ။
ဒတွာ အတ္တမနော ဟောတိ။ ဧသာ ပုညဿ သမ္ပဒါ။
ဒါနာ-လှူဒါန်းပေးကမ်း စွန့်ကြဲသည်မှ၊ ပုဗ္ဗေ၀-မလှူမီအစ ရှေ့မဆွ ကပင်လျှင်၊ သုမနော-နှစ်သက်ရွှင်လန်း ၀မ်းမြောက်သည်။ ဟောတိ- ဖြစ်ပါပေ၏။ သုမနော-ဒါနဆိုသည်မှာ စည်းစိမ်ချမ်းသာကိုရကြောင်း ဖြစ်ပါသည်တကား။ ဒါနဆိုသည်မှာ စည်းစိမ်ချမ်းသာတို့ အကြောင်းရင်း မူလ ရကြောင်းဖြစ်ပါတကား။ ဒါနဆိုသည်မှာ တကယ့်ရွှေအိုးကြီးကို မြှုပ်နှံခြင်းပါတကား စသည်ဖြင့် မိမိတို့တွေးတောရွ် နှစ်သက် ရွှင်လန်း ဝမ်းမြောက်သည်။ ဟောတိ-ဖြစ်ပါပေ၏
စောစောကတည်းက မိမိတို့ယုံကြည်ချက်ရှိတယ်။ ဒါနဆိုတာ ကောင်းကျိုးပေးလိမ့်မယ်ဆိုတာ ဒါ သိပြီးသား။ ယုံကြည်ပြီးသား။ ဘာ ကြောင့် ကောင်းကျိုးပေးနိုင်တုံးဆိုတော့ အကြောင်းကကောင်းတော့ အကျိုးဖြစ်စေတတ်တဲ့ အစွမ်းသတ္တိရှိတယ်။ လောကမှာ မစ္ဆရိယဆိုတာ
နှမြောတယ်။ မပေးရက်ဘူး။ သဒ္ဓါ ဆိုပါတော့ ယုံကြည်တယ်။ ၀မ်းသာတယ်။ သူက ပေးချင်တယ်။ ယနေ့ မိမိတို့မှာ သဒ္ဓါတရား ရှိကြလို့ အဲဒီ သဒ္ဓါတရား၏ လှုံ့ဆော်ချက်အရ။ တိုက်တွန်းချက်အရ။ နှိုးဆော်ချက်အရ သမီးကလေးအတွက် အလှူလှူတော့လို့ သဒ္ဓါရဲ့ နှိုးဆော်ချက်အရ စောစောကတည်းက အလှူမလှူခင်အစ ပြင်ဆင် ရှာဖွေ စုဆောင်းကတည်းက ဒါ ကုသိုလ်တွေ အများကြီးဖြစ်နေပြီ1 အဲဒီအထဲကနေပြီးတော့ လှူရမယ့်နေ့ ယနေ့ထိအောင် မျှော်လင့်ချက်နဲ့ ရောက်တော့မယ် ရောက်တော့မယ်။ လှူရတော့မယ် လှူရတော့မယ်ဆိုတဲ့ အဲဒီစေတနာတွေကလဲ မနည်းဘူး။ အလှူဝတ္ထု ရှာဖွေတဲ့အခါ ပျော်ပျော် ရွှင်ရွှင်နဲ့ နှစ်နှစ်သက်သက် အားတက် ရွှင်လန်းပြီးတော့ ရှာကြဖွေကြး စုဆောင်းကြ၊ ကြံစည်ကြ၊ တွေးတောကြ၊ အားလုံးဒါနအလှူရဲ့ ရှေ့ပိုင်း ပုဗ္ဗစေတနာပိုင်းလို့ ခေါ်တယ်။
အဲဒီအခါမှာ ဒါနစေတနာတွေ အများကြီးဖြစ်နေတယ်။ လှူတာ မဟုတ်သေးပေမယ့် လှူခြင်းကိုအကြောင်းပြုပြီး ဖြစ်လာတဲ့စေတနာမို့လို့ အဲဒီစေတနာမျိုးကို ဒါနထဲ သွင်းယူရတယ် 1 မလှူခင်လဲ မိမိတို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရမယ်တဲ့။ ဒါကတော့ ပြောစရာမရှိဘူး။ ဒါနဆိုတာကောင်းတယ် ကောင်းကျိုး ရမယ်ဆိုတာသိတယ်။ သိတော့ အဲဒီဒါနအကြောင်းပြုပြီး သမီးကလေးချမ်းသာဖို့ တောင့်တချက် ရည်ရွယ် ချက်ကလဲရှိတယ်။ အဲဒီတော့ အဲဒီရည်ရွယ်ချက်အတိုင်း သံဃာတော်တွေ ကိုး ပရိသတ်တွေကို လှူဒါန်းဖို့။ ကျွေးမွေးဖို့ ဆန္ဒတွေကလဲရှိတယ်။ အားလုံး အများချမ်းသာအောင် လိုလားတဲ့ တောင့်တတဲ့ံဟိတူပသံဟာရ” ဆိုတဲ့ အကျိုးစီးပွားလိုလားတဲ့ ဆန္ဒကောင်း ဆန္ဒမွန်တွေဖြစ်တယ် စေတနာကောင်း စေတနာ မွန်ဖြစ်တယ်။ ကာယကံမေတ္တာ။ ဝစီကံမေတ္တာ။ မနောကံမေတ္တာဆိုတဲ့ မေတ္တာတွေဖြစ်နေကြတယ်။
ဒါကြောင့်မို့လို့ အဲဒီရှေ့ပိုင်းမှာလဲ ဝမ်းမြောက်ရမယ်ဆိုလို့ မိမိတို့ ဝမ်းမြောက်ပြီးခဲ့ပြီ။။
အလယ်ပိုင်း ယခု လှူကြတော့မယ်။ ဒီကနေ့ လှူကြတော့မယ်။
ဆွမ်းတွေလှူကြတော့မယ်။ ပစ္စည်းတွေ လှူကြတော့မယ်။ သံဃာတော်တွေ လှူကြတော့မယ်။ မိတ်ဆွေသင်္ဂဟတွေ။ ဆွေမျိုးတွေလှူကြတော့မယ် အားလုံး ဤဒါနဟာ မုဉ္စစေတနာအခိုက် မုဉ္စစေတနာလို့ခေါ်တယ်။ စွန့်လွှတ်တဲ့စေတနာ။ လှူဒါန်းတဲ့စေတနာကို မုဉ္စစေတနာ။ အဲဒီစေတနာ အခိုက်မှာ ယခုဖြစ်နေကြတယ်။ လှူတုန်းတန်းတုန်းလဲ ကုသိုလ်စေတနာ တွေ ဖြစ်နေကြတယ်။ နောက်ဆုံး သံဃာတော်တွေ ဆွမ်းစားပြီးသည် အထိ။ လှူဖွယ်ဝတ္ထုတွေ လှူပြီးသည်အထိ အဲဒီအတွင်းမှာ မုဉ္စစေတနာ အခိုက် လှူဒါန်းတဲ့စေတနာ၊ အဲဒီမုဉ္စစေတနာက တကယ့်ဒါနအစစ်။ အရှေ့ပိုင်းကဖြစ်တဲ့ စေတနာတွေကတော့ ဒါနဖြစ်ကြောင်း အထောက် အထားအကူတွေမို့လို့ သူ့လဲ ဒါနထဲ ထည့်သွင်းရတယ်။ အခုလှူတုန်းမှာ ဖြစ်တဲ့ စေတနာတွေက မုဉ္စစေတနာ။ အဲဒီလှူတုန်းအခိုက်လဲ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရမယ်တဲ့။
ဒဒံ-ဒဒန္တော-လှူတုန်း လှူဆဲ လှူခိုက်လဲ။ စိတ္တံ-မိမိတို့စိတ်ကို၊ ပသာဒယေ-သဒ္ဓါသက်ဝင် ကြည်လင် ရွှင်လန်းစေရာ၏
သြော်-ဒါရှေးသူတော်ကောင်းတွေ ကျင့်ဟောင်းလမ်းကြီး၊ ပါရမီ ဆယ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်တဲ့ ဒါနပါရမီကြီး1 ဤဒါနဖြင့် ဘုရားဖြစ်ကြ၊ ပစ္စေကဗုဒ္ဓါဖြစ်ကြ၊ ရဟန္တာတွေဖြစ်ကြ၊ ရဟန္တာမတွေ ဖြစ်ကြ၊ သောတာပန်း သကဒါဂါမ်း အနာဂါမ်တွေဖြစ်ကြ၊ တကယ့်မဂ်ရ ကြောင်း။ ဖိုလ်ရကြောင်း ကောင်းမြတ်သော အဆောက်အအုံး ကုသိုလ် အဆောက်အအုံတွေပါတကားလို့ မိမိတို့ နှစ်သက်တွေးတောပြီး ဝမ်းသာ ကြရမယ် သဒ္ဓါတရားရှိနေရင် ဝမ်းသာဖို့ဆိုတာ ဘုန်းကြီးတို့ သိပ်မတိုက် တွန်းရပါဘူး။ ဒါကတော့ သူ့ဟာသူဖြစ်နေကြတာပဲ။ ဖြစ်လာကြတာပဲ။ ဒါမုဉ္စစေတနာအခိုက်။
နောက် အပရ စေတနာ-အပရစေတနာဆိုတာ လှူပြီးနောက် အခါမှာဖြစ်တာ အဲဒီအခိုက်မှာလဲ နှစ်သက်ရွှင်လန်းဝမ်းမြောက်ရမယ်။ ဒတွာ-လှူပြီးသည်ရှိသော် အတ္တမနော-မည်သည့်ရက်။ မည်သည့်နေ့က။ မည်သို့မည်ဂုံ တို့တစ်တွေ ဆွေမျိုးတွေနဲ့ သိုက်သိုက်ဝန်းဝန်း သံဃာတော်
တွေ စုစုရုံးရုံးနဲ့ နှစ်သက်ဖွယ်ရာ ပစ္စည်းဝတ္ထုတွေ။ နှစ်သက်ဖွယ်ရာ လကြာ တန်းက ပုဒာ်ကြ ငွေးနေ.အလွတော ဆင်နွ့ခဲ့မြလ မြန် တွေးတောပြီးတော့ နှစ်သက်ရွှင်လန်း ၀မ်းမြောက်သည်။ ဟောတိ-ဖြစ်ပါပေ စါ ဧသာ-ဤသို့မလှူခင်လဲ ဝမ်းသာ လှူပြီးတော့လဲ ဝမ်းသာခြင်းသည်။ ပုညဿ-မိမိတို့ပြုရတဲ့ ကုသိုလ်ကောင်းမှုဓါ1 သမ္ပဒါ-အကြောင်း လုံလောက်ရွ် ပြည့်စုံခြင်းအစစ် တကယ်တမ်းဖြစ်ပါပေသတည်း။
ဒီတော့ အဲဒါကလဲ အရေးကြီးတာပဲ။ အလှူတစ်ခု ကျေကျေနပ်နပ် လှူပြီးရင် မမေ့ဖို့ရာလဲ အရေးကြီးတယ်။ ပြန်တွေးရတယ်။ နှစ်သက်ရ တယ်။ ဝမ်းသာရတယ်' ဝမ်းသာတိုင်း ဝမ်းသာတိုင်း ကုသိုလ်တွေတိုးတာ ပဲ] ကုသိုလ်တွေ အရှိန်တက်တယ်။ ကုသိုလ်တွေအစုံရတယ်။ အထုံရ တယ်။ အရှိန်တက်တယ်ဆိုရင် အဲဒီ ကုသိုလ်ဟာ သာမညကုသိုလ်မှ တစ်ပါး ထူးခြားတဲ့ ကုသိုလ်အဖြစ်သို့ ရောက်သွားရတယ်။ အဲသလို ထူးခြားတဲ့ ကုသိုလ်၊ အရှိန်ရှိတဲ့ကုသိုလ်၊ အာစိဏ္ဍကံဆိုတဲ့ အလေ့အကျင့် များတဲ့ ကုသိုလ်မျိုးဟာ သူကထူးခြားတဲ့ အရှိန်ရှိနေတော့ နောက်ဘဝ ထိအောင် ဆိုင်းရတာမဟုတ်ဘူး။ ဒီဘ၀မှာပဲ မိမိတို့ချမ်းသာအောင် အဲဒီကုသိုလ်က တစ်နည်းတစ်လမ်းအားဖြင့် ရွက်ဆောင်ပေးတတ်တယ်။ ဒါကြောင့် ကုသိုလ်ဆိုတာ အင်္ဂါသုံးပါး ပြည့်စုံရတယ်။ အဲဒီကုသိုလ်ကလဲ အင်္ဂါသုံးပါး ပြည့်စုံပြီ
အလှူခံပုဂ္ဂိုလ်တွေကလဲ မွန်မြတ်တဲ့ပုဂ္ဂိုလ်တွေဆိုရင် အဲဒီကုသိုလ် အလှူဟာ အကျိုးရေတွက်ခြင်းငှာ မတတ်နိုင်လို့ဆိုတယ် အလှူခံပုဂ္ဂိုလ်က ဘယ်လိုထူးခြားလဲ။ ဘုန်းကြီးတို့ ခုန အလှူဒါယကာ ဒါယိကာမများ ဘက်က ဓလှူခင်လဲဝမ်းသာ၊ လှူတုန်းလဲဝမ်းသာ၊ လှူပြီးလဲ၀မ်းသာ။ အင်္ဂါသုံးပါးပြည့်စုံရင် အလှူခံပုဂ္ဂိုလ်တွေက ဘယ်လိုပုဂ္ဂိုလ်ဖြစ်ရမတုံး ဆိုတော့-
“ဝီတရာဂါဝါဟောတိ။ ရာဂဝိနယာယ ဝါ ပဋိပန္နာ”
ရာဂကင်းတဲ့ ရဟန္တာတွေသော်လဲ ဖြစ်ရမယ် ရဟန္တာမဖြစ်ပေမယ့် ရာဂကင်းအောင် ကျင့်ကြံနေကြတဲ့ ပုဂ္ဂိုလ်တွေသော်လဲ ဖြစ်ရမယ်။
“ဝီတဒေါသာ ဝါ ဟောတိ၊ မောဟဝိနယာယ ဝါ ပဋိပန္နာ ” ဒ္ဒ ချ လျ င လျှ င င မု ရျ ရျ ဒေါသကင်းတဲ့ ရဟန္တာတွေသော်လဲ ဖြစ်ရမယ်။ ဒေါသကင်းအောင် ကျင့်ကြံကြိုးစားနေကြတဲ့ ပုဂ္ဂိုလ်တွေသော်လဲ ဖြစ်ရမယ်။ “တမောဟာ ဝါ ဟောတိ၊ ဒေါသဝိနယာယ ဝါ ပဋိပန္နာ ” န ဋပန္န င ၀ င ရျ ရ င ချ ရျ မောဟကင်းပြီး ပုဂ္ဂိုလ်တွေသော်လဲဖြစ်ရမယ်။ မောဟကင်းအောင် ကြို လျှ ၀ င င လျှ ရျ င ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေသော်လဲ ဖြစ်ရမယ်။ ငါ စ။ ဝ္ဝ စ ဝ (ရျ စ _.ဝ အင်္ဂါသုံးပါး ယနေ့ မိမိ သံဃာကိုလှူကြတယ်။ သံဃာဆိုတာ (ချ င (ချ ဝ စ စ ဝ. ခ လျို စ _၀ ပုဂ္ဂိုလ်တစ်ပါးရယ်လို့ မရှိဘူး1 သံဃေဒိန္နမဟပ္ဖလံအတိုင်း သံဃာဆိုတာ ဝ င္လ ၁၂၂ င င ရ က ခုနပြောသလို ရာဂကင်းပြီးပုဂ္ဂိုလ်လဲ ပါတယ်။ ကင်းအောင် ကြိုးစားတဲ့ပုဂ္ဂိုလ်တွေလဲပါတယ်။ သံဃာဆိုတာက အခုဆွမ်းစားကြြွလာတဲ့ ပုဂ္ဂိုလ်ငါးပါးတင်မဟုတ်ဘူး သံဃာဆိုတာအများပဲ။ အဲဒီတော့ ဒေါသ ရ င္သ င္သ င လှ ၀ င ချ ကင်းပြီး ဒေါသကင်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်တွေး မောဟကင်းပြီး မောဟ လ င္သ င လျှ ၀ ငု င။ ၀ ဝ ၀ ၂၀ လ ကင်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်တွေ အကုန်ပါတာမို့လို့ ယနေ့ မိမိတို့လှူရတဲ့ အလှူဟာ အလှူခံပုဂ္ဂိုလ်၏ပြည့်စုံခြင်း၊ သံဃာဆိုတဲ့ သံဃာကိုလှူရလို့ ရွေ န်ေ ၁ ၄ င ရ ၀ လျ။ င အလှူခံပုဂ္ဂိုလ်၏ အင်္ဂါ သုံးပါးနှင့် ပြည့်စုံလျက်ရှိတဲ့ အလှူခံတွေ လှူရတယ်။ င္လ ငး င ဝ (ချ ဒါကြောင့် အင်္ဂါခြောက်ပါးရှိတယ်။
ျ ပြူ က် ရြး ဝ ယနေ့အလှူဟာ ဆဋ္ဌဂ်္ဂသမ္ပန္နာဂတ-အလှူအင်္ဂါ ခြောက်ပါး ရှိလို့ ဓ ဝ ဝ င္လ ချူ ဂှ င္သ ဒီအလှူဟာ အကျိုးအာနိသင် ကြီးမားစေတတ်တဲ့အလှူ၊ ဒါကြောင့် ဓ နိုးကို င ဖြင့် င့၊ ပြီး ဝ္ဝ အဲဒီအလှူမျိုးကို အထူးသဖြင့် တန်ဖိုးထားပြီးတော့ လောကမှာ မိမိတို့ တကယ့် အဖိုးတန်ရတနာဆိုရင် မြတ်မြတ်နိုးနိုး ကြည့်ကြ ရှုကြ ရ င င ရ ငု (၁ ငူ ဝင ဝ္သ ခင်ကြ မင်ကြ ဆင်ကြ ဝတ်ကြလုပ်သလို မိမိတို့ ကုသိုလ်လေးတွေကို ငင င လူ င ရ င္သ င ချ ပြန်ပြန်အောက်မေ့ပြီးတော့ အမြဲမပြတ် ဆင်သောအားဖြင့်' ဆင်ယင်သော အားဖြင့် အောက်မေ့ကြံ၊ ဝမ်းသာကြ၊ အောက်မေ့ဝမ်းသာပြီး ကုသိုလ်အတိုးတွေတက်အောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
၁၉၉၁ ခု1 မေလထုတ် ဘာသာသွေးမဂ္ဂဇင်းမှ
ဥပုသ်တရားတော် (၁)
ယနေ့နှစ်သစ်ကူးမင်္ဂလာ သင်္ကြန်အခါသမယန္မ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ ဥပုသ်သီတင်း စောင့်သုံး ကြတယ်။ တရားဒေသနာတွေ နာယူကြတယ်။ မိဘဆရာတွေ သက်ကြီးရွယ်ကြီးတွေ ပူဇော်ကြတယ်။ ကန်တော့ခံကြတယ်။ နောက် ငါးလွှတ်ကြ၊ ဘာလုပ်ကြ စသည်ဖြင့် ကုသိုလ်ကောင်းမှုတွေ ပြုကြ တယ်။ ဒါတွေဟာ ဂုဏ်တွေချည်းပဲ ဂုဏ်သိ-မသိ အဲဒီလောက် လောကမှာ ဂုဏ်ကိုသိတဲ့ပုဂ္ဂိုလ်ရှိသလို ဂုဏ်ကိုမသိတဲ့ ပုဂ္ဂိုလ်တွေလဲရှိတယ်။ ဂုဏ်ကို ဂုဏ်မှန်းသိတဲ့ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ဂုဏ်ကို ဂုဏ်ခုန်းမသ်တဲ့ပုဂ္ဂုလ်တွေ ရကြတယ် ဂုဏာ ဂုဏညူသု . . . ဂုဏဘ၀န္တိ- တေ နိဂ္ဂုဏံ ပါပျ ဘဝန္တိ ဒေါသား အဿဒတောယာ ပသဝငန္တိ နဇ္ဇော။
သမုဒ္ဒမာသဇ္ဇ ဘဝန္တျပေယျာ။
ဂုဏာ-ဂုဏ်တရားတို့သည်။ ဂုဏာ-ကျေးဇူးဂုဏ်တရားတို့သည်။ုဏညုူသု-ဂုဏ်ကိုသိကြတဲ့ ပုဂ္ဂိုလ်တို့ဒ်။ ဂုဏဘ၀န္တိ-ဂုဏ်တွေပင်ဖြစ်ရွှဲ နေကြပါပေကုန်၏။ တေ-ထိုသိနားလည်ကြတဲ့ ပုဂ္ဂိုလ်တွေက ဂုဏ် ဟု မြင်နေကြတဲ့ဂုဏ်တို့သည်။ နိဂ္ဂုဏံ-ကျေးဇူးဂုဏ်တစ်စုံတစ်ရာမရှိသူသို့ ပါပျ-ရောက်ကြကုန်သည်ရှိသော်၊ ဒေါသာ-အပြစ်တို့သည်။ ဘဝန္တိ- ဖြစ်ကြပါပေကုန်၏။
လောကမှာ ဂုဏ်တွေရှိကြတယ်။ မိဘကိုပူဇော်ကြ' ဆရာသမားကို ပူဇော်ကြတယ်။ နောက် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်တွေ ပူဇော်ကြနဲ့ အစ ရှိသဖြင့် ဂုဏ်တွေရှိကြတယ်။ အဲဒီဂုဏ်တွေဟာ ဂုဏ်ကိုနားလည်တဲ့ ပုဂ္ဂိုလ်အပေါ်မှာတော့။ ပုဂ္ဂိုလ်အဖို့မှာတော့ တကယ့်ဂုဏ်အသရေပဲ။ တကယ်ကောင်းမွန်ပြီး တကယ့်နှစ်သက်ဖွယ်ဂုဏ်တွေး တကယ့်မြတ်နိုး ဖွယ်ဂုဏ်တွေ။
သိတဲ့ပုဂ္ဂိုလ်တွေအဖို့၊ အဲဒီဂုဏ်တွေသိတဲ့ပုဂ္ဂိုလ်တွေအဖို့ ဂုဏ်ဖြစ်နေ ကြတဲ့ ဂုဏ်တွေဟာ ဂုဏ်တစ်စုံတစ်ရာမသိတဲ့ ပုဂ္ဂိုလ်တွေဆီ ရောက်သွား တော့ အပြစ်တွေဖြစ်နေကြတယ်။ ဥပမာလေးနဲ့ခိုင်းပြီးတော့ ပြောထား တာရှိတယ်။
နီတိဆရာကြီးတို့အဆို စာ မြစ်တိုသည်. ၂ အသင တောယာ.-ချဲမြိန်သောဝရရှိကြ ကုန်သည်ဖြစ်ရွွး ပသဝန္တိ-စီးဆင်းလျက် ရှိနေကြပါပေကုန်၏။ တာ-ထိုချိုမြိန်သောရေဖြင့် စီးဆင်းလျက်ရှိကြသောမြစ်တို့သည်။ သမုဒ္ဒံ-ဆားငန်ရေ အတိဖြစ်တဲ့ သမုဒ္ဒရာသို့) အာသဇ္ဇ-ဆိုက်ရောက် ကြရကုန်သည်ရှိသော်၊ အပေယျ-သောက်မကောင်းကုန်သည်။ သောက်၍မဖြစ်ကုန်သည်။ ဘဝန္တိ-မုချမသွေ ဖြစ်ကြပါပေကုန်သတည်း။ ဤ-နီတိဆရာကြီးများက ဆိုထားတဲ့အဆို။ ဂုဏ်ဆိုတာဟာ ဂုဏ်တွေသိသူအဖို့မှာတော့ ဂုဏ်တွေ ဖြစ်နေကြတယ်။ အဲဒီဂုဏ်တွေဟာ ဂုဏ်မသိသူသို့ ရောက်သွားလို့ရှိရင် အပြစ်တွေဖြစ်နေကြတယ် အဲဒါ ဥပမာလေးနဲ့ပေးတယ်။
လောကမယ် မြစ်တွေထဲက ရေတွေဟာ ချိုမြိန် အေးမြပြီးတော့ စီးဆင်းနေကြတယ် ချိုမြိန်အေးမြပြီး စီးဆင်းနေကြတဲ့ ထိုမြစ်ရေတွေဟာ သမုဒ္ဒရာသို့ ရောက်တဲ့အခါ သောက်မကောင်းတော့ဘူး။ မချိုတော့ဘူး။ သောက်မရဖြစ်ကုန်ကြရတယ်။ အဲဒါလိုပဲ ရေချိုတွေဟာ ရေငန်ဖြစ်ပြီး မကောင်းတာလို ဂုဏ်ကောင်းတွေဟာ ဂုဏ်သိသူအဖို့မှာ ကောင်းနေ
ပေမယ့် ဂုဏ်မသိသူ၊ ဂုဏ်မှန်း နားမလည်သူအဖို့ကျတော့ မကောင်း တော့ဘူး။
ဓာတ်ခံအရေးကြီး ဒီနေရာမှာ ဘုန်းကြီးတို့ ဓာတ်ခံဆိုတာကလဲ အရေးကြီးတယ်။ ဓာတ်ခံဆိုတာက မွန်မြတ်တဲ့ဓာတ်ခံရှိတယ်။ ယုတ်ညံ့တဲ့ဓာတ်ခံရှိတယ် ရြ ရျ ဗျိ ဝင လ ရျ ဝင ဓာတ်ခံကောင်းတဲ့ပုဂ္ဂိုလ်မှာ တကယ်ကောင်းတဲ့တရားတွေ ဖြစ်ပွားနိုင် (ချ (ရျ ၂ 3 ၀ ငု လူ ဓ င င လူလ ပေမယ့် ဓာတ်ခံညံ့တဲ့ပုဂ္ဂိုလ်ကျတော့ အဲဒီတရားကောင်းတွေမဖြစ်ဘဲနဲ့ င္သ ဗျိ ရျ (ချိ လ မကောင်းတဲ့တရားတွေ ဖြစ်လာကြရတယ်1 အဲဒီတော့- ( ဓ ဝ ဝ ဓ ဝ (၁ ? ၀ ဝ္သ (ချ ( ဓ ဝ္သ ဟီနာဓိမုတ္တိက၊ ပဏီတာဓိမုတ္တိက ဆိုတာရှိတယ်။ ပဏီတာဓိ ၀ 1? ဝ (ရ င လျူ စ င ရ {( မ ၁ ၀ 1၀ မုတ္တိက ဆိုတာ မွန်မြတ်တဲ့နှလုံးသွင်းတတ်တာ။ ဟီနာဓိမုတ္တိက ဆိုတာ စ လူ င လ ဓ (ရြ လျှလူ ဗျ င ရ ညံ့တဲ့ဓာတ်ခံ' အဲဒီဓာတ်ခံအရလဲပဲ ခုနပြောတဲ့ ကောင်းဂုဏ်တွေ ဖြစ်ကြရတယ်။
ဝ ဝ င မြ ဝ 6 လျ လောကမှာ မိဘတို့ကို ပူဇော်ရတာ မာတာပိတု ပူဇာမင်္ဂလာ ပဲ။ ဓာတ်ခံကောင်းတဲ့ ပုဂ္ဂါုလ်တွေအဖို့မှာတော့ မိဘတွေဂုဏ်တော်ကို ပူဇော်ရတဲ့ကောင်းမှု အဲဒီကောင်းမှုဟာ ဂုဏ်တွေ။ ရျ င. ၉ လူ ၀. လ သျ လျ ရ အဲ-ဓာတ်ခံညံ့တဲ့ပုဂ္ဂိုလ်တွေကျတော့ အဲဒီကောင်းတဲ့ဂုဏ်တွေဟာ သူတို့အဖို့ ကောင်းတဲ့ ဂုဏ်တွေ မဟုတ်တော့ဘူး ဂုဏ်မသိသူ။ ဂုဏ်နားမလည်သူ လူညံ့တွေဆီရောက်သွားတော့ မိဘဂုဏ်လို ငကင ကြ ကြ င င ကောင်းမြတ်တဲ့ ဂုဏ်တွေဟာ ကောင်းဂုဏ်အဖြစ် မရောက်တော့ဘူး ထို့အတ ဆရာသမားရဲ့ ဂုဏ်ဆိုတာလဲပဲ တကယ်ပူဇော်ထိုက်တဲ့ ရ ဓ ရ (ရ (၁ ရ ဗြ ရြ ဝ ရျ ဂုဏ်တွေ။ အဲဒီဂုဏ်တွေဟာ ဂုဏ်မသိသူ1 ဂုဏ်နားမလည်သူတို့အပေါ ရောက်သွားလို့ရှိရင် ဂုဏ်တွေမဟုတ်တော့ဘူး။ သူတို့အဖို့တော့ ဂုဏ် မဟုတ်တော့ဘူး တချို့ မိဘတွေရဲ့ဂုဏ်ကိုသိပြီး ပူဇော်တာတွေလဲရှိတယ်။ မိဘတွေရဲ့ ဂုဏ်ကို မသိသူရှိသလို သိကြတဲ့ ပုဂ္ဂိုလ်တွေလဲရှိတယ်။ တချို့ကျတော့ လိတော့သိတယ်။ ခုနပြောသလို ဓာတ်ခံကညံ့တော့ တစ်စုံတစ်ခုသော လောဘကြောင့်တစ်မျိုး။ ဒေါသကြောင့်တစ်မျိုးနဲ့ အမျိုးမျိုး မကောင်းတဲ့
ဓာတ်ခံတွေကြောင့် ကောင်းတဲ့မိဘတွေဂုဏ်တွေဟာ သူတို့အဖို့မှာတော့ မကောင်းဘူးပေါ့။ ကောင်းတဲ့ဆရာသမားတွေရဲ့ ဂုဏ်တွေဟာ သူတို့ အဖို့မှာ အကောင်းမဟုတ်တော့ဘူး။
ဒါကြောင့်မို့လို့ ဂုဏ်ဆိုတာဟာ ဂုဏ်ကိုသိသူအဖို့မှာ ဂုဏ်တွေဖြစ်ရ ပေမယ့် ဂုဏ်ကိုမသိသူအဖို့မှာ ဂုဏ်မဟုတ်တော့ဘူး။ အဲဒါကြောင့် ခုနကဘုန်းကြီးတို့ မြစ်ရေတွေက ချိုနေတာပဲ။ ချိုနေတယ်။ ပကတိ အားဖြင့် ချိုနေတဲ့မြစ်ရေတွေဟာ သမုဒ္ဒရာကို ရောက်သွားလို့ရှိရင် သောက် မရတော့ဘူးတဲ့။ ဒါကြောင့် ဌာနအားဖြင့်၊ ပုဂ္ဂိုလ်ရဲ့စရိုက်အားဖြင့်၊ ပုဂ္ဂိုလ် နှလုံးသွင်းအားဖြင့်၊ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အားဖြင့် တချို့ကောင်းဂုဏ်တွေ ဟာ ကောင်းဂုဏ်ဖြစ်ရတယ်။ အဲဒီစိတ်ဓာတ် မကောင်းလို့ရှိရင် ကောင်းဂုဏ်တွေဟာ မကောင်းဂုဏ်ဖြစ်ရတယ်တဲ့။
အကောင်းမမြင်တတ်လို့.
ဒီတော့ ဘုန်းကြီးတို့ ဓာတ်ခံဆိုတာ အင်မတန်အရေးကြီးတယ်။ ဓာတ်ခံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်အခါမှာမဆို ကုသိုလ်ဖြစ်ဖို့ အင်မတန် အခွင့်သာလျက်ရှိတယ်။ ဓာတ်ခံမကောင်းတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ သူတို့က အကောင်းမမြင်တတ်ဘူး။ အကောင်းမမြင်တတ်တော့ သူတို့မှာ ကုသိုလ်မဖြစ်ရတော့ဘူး။
သာဓက၀တ္ထု
ဘုန်းကြီးတို့ ရှေးအခါက ပုဏ္ထားကြီးတစ်ယောက်ရှိတယ်။ ပုဏ္ဍား ကြီးက ငွေရှစ်သိန်းကြွယ်ဝတယ်။ ငွေ ရှစ်သိန်းကြွယ်ဝတဲ့ ပုဏ္ဏားကြီး၊ အဲဒီပုဏ္ထားကြီးမှာ သား ၄-ယောက်ရှိတယ်။ ပုဏ္ထားကြီးက နောင်အခါ ပုဏေးမကြီး ကွယ်လွန်သွားတဲ့အခါကျတော့ သား ၄-ယောက်ကို ပုဏ္ဍား ကြီးက ငွေတစ်သိန်းစီ ပေးပြီးတော့ အိမ်ထောင်ရက်သား ချပေး လိုက်တယ်။ နောင်အခါကျတော့ သားတွေက ဘယ်လို စိတ်ကူးတုန်း ဆိုတော့-
ံတို့အဖေဟာ ပုဏ္ထေးမလေးတစ်ယောက်နဲ့ နောက်အိမ်ထောင် ပြုလိုက်မယ်ဆိုရင် ဒီပစ္စည်းတွေဟာ ပျက်စီးတော့မှာပဲ။ တို့ရတော့မှာ မဟုတ်ဘူး ဆိုပြီးတော့ အဖေကြီးကို သူတို့ ကောင်းကောင်းပြုစုကြတယ်။ ကောင်းကောင်းကျွေးမွေးလို့ ကောင်းကောင်း ခြေဆုပ်လက်နယ် ပြုလို့ စုလို့နဲ့ပေါ့[ တကယ်တော့ တကယ့်စိတ်ထားမှန်မှန်နဲ့ မိဘဂုဏ်ကျေးဇူး ကိုသိပြီးတော့ မိဘဂုဏ်ကျေးဇူးမျှော်ပြီးတော့ ကုသိုလ်လိုလား။ ကောင်းမှု လိုလားလို့ ပြုတယ်ဆိုရင် အဲဒီ ကျွေးမွေးမှု၊ ခြေဆုပ်လက်နယ်ပြုမှု။ လေးလေးမြတ်မြတ် ပြုစုမှုတွေဟာ အင်မတန်ကောင်းတဲ့ ပြုစုမှုတွေ ဖြစ်မှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘူး။ ပစ္စည်းလောဘနဲ့ သူတို့က ပြုစုတာ။
အဲဒီတော့ အဲသလိုပြုစုနေရင်း တစ်နေ့ကျတော့ ပုဏ္ထားကြီးကို သားတွေက အိမ်ရာတည်ထောင် လူ့ဘောင်ရဲ့အပြစ်ကို ပြောကြတယ်။ ဒီလိုပဲ သူတို့တစ်တွေ ပြုစု စောင့်ရှောက်နေပါ့မယ်။ အဖေ့ရှိတဲ့ပစ္စည်းတွေ ကို သူတို့ကို ပေးလိုက်ပါတော့ဆိုပြီးတော့ တောင်းကြသတဲ့။
အဲဒီတော့ ပုဏ္ဏားကြီးကလဲ သူတို့က စောစောက ကောင်းကောင်း မ န်ွန် ပြုစနေတာတိုပ မြေ ဆုပ်လက်နယ်ပြ ကြ) ကောင်း ကောင်းဠန် မန် ကျွေးကြ၊ မွေးကြ၊ ကောင်းကောင်းမွန်မွန် အ၀တ်အစားဆင်ကြနဲ့ အဘက်ဘက်က လိုလေသေးမရှိအောင် ပြုစုပြီးနေကြတော့ တစ်နေ့ အဲသလိုခြေဆုပ်လက်နယ်ပြုရင်း အဖေ့ကို တရားချခဲ့ကြတာ။
“အဲ-အဖေလဲ အသက်ကြီးပါပြီး ဒီအရွယ်မှာ က_မဂုဏ်တွေဆိုတာ လဲ အပြစ်သာများပါတယ်။ ဒီတော့ ဒီလိုပဲ အေးအေးချမ်းချမ်းနဲ့ သူတို့အပြုအစုကို ခံပြီးတော့နေပါတော့။ အဖေ့ငွေတွေလဲ ကျွန်တော်တို့ကို ဝေပေးပါတော့ လို့ ဆိုတော့ ပုဏ္ဍားကြီးက သူတို့အပေါ်မှာ ယုံကြည် တယ်
သူတို့စိတ်တွေကို မသိဘူး။ သူတို့ အမူအရာသာ မြင်ရတာကိုး။ အမူအရာကတော့ အင်မတန်ကောင်းတယ်။ သို့သော် အဲဒီအမူအရာ ကောင်းတာက စိတ်ကောင်းနဲ့ ကောင်းတာမဟုတ်ဘူး။ “စိတ်ဆိုး။ လောဘ ဆိုတဲ့ စိတ်ဆိုးနဲ့ ကောင်းနေကြတာ။ အဖေကြီးဆီက ငွေတွေလိုချင်တဲ့
လောဘကြောင့်၊ ရမ္မက်ကြောင့် သူတို့ကောင်းနေကြတာ။
အဲဒါကို အဖေလုပ်တဲ့ပုဏ္ထားကြီးက မသိဘူး။ သူ့သားတွေ အင်မတန် တော်တယ်ဆိုပြီးတော့ တစ်ခါတည်း ကိုယ်ဝတ်လေးနဲ့ ကိုယ်ရုံလေးက လွဲပြီးတော့ တစ်ခါတည်း ရှိသမျှငွေလေးသိန်းနှင့်တကွ အသုံးအဆောင် တွေ ဘာတွေ အကုန်လုံး ပစ္စည်းတွေ ညီတူညီမျှ သားလေးယောက်ကို ဝေပေးလိုက်တယ်။
ကဲ-ပရိသတ်တို့- ပုဏ္ထားကြီး ထိတော့မှာ။ အဲသလို သားတွေက တစ်လွည်စိတာဝန်ယူပြီး ပြဖို တတိပြုထား ကြတော့ ပုဏ္တား.ကြီးက သားကြီးရဲ့အိမ်မှာ ပထမနေတယ်။ နေလို့ ၄-၅-၆ ရက်ဆိုသလို ရလာတယ်' တစ်နေ့ကျတော့ ပုဏ္ထားကြီး ရေချိုးရာက ပြန်လာတယ်။ ပြန်လာလို့ အိမ်ဝရောက်လာတယ်ဆိုရင်ပဲ သားကြီးရဲ့ဇနီး ပုဏ္ကေးမက ပုဏ္ထားကြီးကို ဆူပြီး နှင်တော့တာပဲ
“ဘယ့်နှယ်အဘိုးကြီး၊ ကျွန်မတို့ကို တစ်ရာပိုပေး တစ်ထောင်ပိုပေး နဲ့ ပိုများပေးလို့လား' အညီအမျှပဲ ပေးတာပဲမဟုတ်ဘူးလား။ ဒီ့ပြင်အိမ်တွေ များ သွားဖို့လမ်းကို အဘိုးကြီးမသိဘူးလား။ နဲ့ ချွေးမကြီးပုဏ္ထေးမက။ သားကြီးရဲ့မိန်းမ ပုဏ္ကေးမက ဇာတိပြတယ်။
အဲဒါဟာ တကယ်တော့ စောစောက ဓာတ်ခံညံ့တဲ့အမျိုးသမီးကြီး၊ သူ့ယောက်ျားကလဲ ဓာတ်ခံညံ့တော့ နောင်အခါ ပုဏ္ထားကြီးနှင်ရာမှာ သူကလဲ သဘောတူလိုက်တယ်။
အဲသလိုအဘိုးကြီးက ဒီအိမ်သာသိသလား။ ဒီ့ပြင်အိမ်တွေသွားဖို့ မသိဘူးလား။ ပေးတုန်းက ဒီအိမ်ကို ပိုပေးသလား။ တစ်ရာဗိုပေးသလား။ တစ်ထောင်များ ပိုပေးသလားဆိုတော့ ပုဏ္ဏားကြီးက-
“ဟာ-သူယုတ်မ။ နင်ပျက်စီးပါစေ”လို့ စိတ်ဆိုးပြီးတော့ တခြားအိမ် သွားတယ်။ ဒီ့ပြင် သားတစ်ယောက်အိမ်သွားတယ်။
တစ်အိမ်မြီးတစ်အိမ် အနှင်ခံရ
အဲဒီအိမ်ကလဲ ဒီလိုပဲ။ စောစောပိုင်းကတော့ ကောင်းကောင်းပြုစု နေပြီး ရက်လေးနည်းနည်းရလာတော့ ခုနချွေးမ(သားကြီးဇနီး)က သူ့ကိုနှင်သလို အခုချွေးမ(ဒုတိယ)ကလဲ သူ့ကိုနှင်ပြန်ရော' အတူတူပဲ သူကလဲ “ဒီ့ပြင်အိမ်တွေ မသွားတတ်ဘူးလား။ ဒီအိမ်ချည်းပဲ လာနေရသလား။ နဲ့။ အဲဒါနဲ့ ရှေ့ကလိုပဲ ပုဏ္ဏားကြီးက စိတ်ဆိုးပြီးတော့ တတိယမြောက်သားအိမ် သွားပြန်တယ်။
အဲဒီအိမ်မှာနေး အစတော့ ဟုတ်သလိုလိုပဲ။ တော်တော်ကြာကျတော့ ရက်လေးတော်တော်ရလာတော့ သူ့တတိယချွေးမကလဲ နှင်ချပြန်တာပဲ ဒါနဲ့ စတုတ္ထအိမ်ရောက်။ စတုတ္ထအိမ်ရောက်တော့လဲ အဲသလိုပဲ။ သူတို့ တစ်ချိုးတည်းပဲ။ “ဒီအိမ်ကို ပိုပေးလို့လား။ ဒီ့ပြင်အိမ်တွေသွားဖို့ လမ်းမသိဘူးလား”လို့ ပြောလာဟာပဲ။
အဲဒါနဲ့ပုဏ္ထားကြီးက “အမိုက်မ နင်ပျက်စီးပါစေတော့”ဆိုပြီးတော့ စိတ်ဆိုးပြီး ထွက်သွားတယ်။ အကုန်လုံး အိမ်လေးလုံးလက်လွှတ်ရတယ်။ သားတွေကလဲ သဘောတူ၊ ဘာမှ သူတို့သားမယားတွေကို မပြောဘူး။ ဖခင်ပုဏ္ထားကြီးကိုလည်း သူတို့က ပြန်မကြည့်တော့ဘူး။
အင်မတန်ကြီးတဲ့ ကျေးဇူး
အဲဒီတော့ကြည့်စမ်း။ ပုဏ္ဏားကြီးဆီကရလိုက်တဲ့ပစ္စည်းတွေ မနည်း ဘူး။ စောစောကလဲပဲ အိမ်ထောင်ရက်သားကျလို့ တစ်ယောက်တစ်သိန်းနဲ့ ငွေ ၄-သိန်းပေးခဲ့ရတယ်။ နောင်လဲပဲ သူတို့အပြောကောင်းလွန်းတာ နဲ့ အဟုတ်မှတ်ပြီးတော့ ရှိရှိသမျှတွေ အကုန်ပုံပေးလိုက်တယ်။
အဲဒီကျေးဇူးတွေဟာ အင်မတန်ကြီးတဲ့ကျေးဇူးတွေး အဲဒီဂုဏ်တွေဟာ နှိုင်းဆလို့ မရလောက်အောင် ကြီးကျယ်တဲ့ဂုဏ်တွေ။ အဲဒီဂုဏ်တွေကို ဂုဏ်မှန်းမသိဘူး1 မိဘရဲ့ကျေးဇူး။ ဘယ်လိုအောက်မေ့ရမယ် ဆိုတာ မသိတော့ဘူး မိဘဟာ သူတို့အပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ တွေလဲ မေ့ကုန်ပြီ။
အဖေကို ရှပ်တယ်ထင်
လောဘ လောဘ လောဘတင်မဟုတ်သေးဘူး' မသိတတ်မှုအဝိဇ္ဇာ ကလဲ ပါတယ်။ မောဟပေါ့ အထူးသဖြင့် အဝိဇ္ဇာဦးစီးတယ်ဆိုရင် ပိုမှန်မှာပဲနော်။
ဘယ်လောက် ကိုယ့်အပေါ်မှာ ကောင်းခဲ့တယ်ဆိုတာ အကုန်မေ့။ ဘာမှသတိမရတော့ဘူး။ မယားတွေကတော့ ထားပါတော့ သူတို့က သူစိမ်းမို့လို့ သူတို့က သားတွေက တကယ့် အဖေရင်းကြီးကို ပစ်ပယ်ပြီး တော့ ထားနိုင်ရစ်ကြတယ်။
ဒါ ခုနပြောတဲ့ ကောင်းဂုဏ်တွေဟာ ဂုဏ်မသိတဲ့ ဂုဏ်မရှိတဲ့လူ အပေါ်မှာ ရောက်သွားလို့ရှိရင် ဂုဏ်မဟုတ်တော့ဘူး။ အပြစ်တွေဖြစ်သွား တယ်။ သူတို့တစ်တွေဟာ အဖေဆိုပေမယ့် အိမ်မှာရှုပ်တယ် ထင်သလား မသိဘူး ဘာမှ ပြန်မကြည့်တော့ဘူး။ ချွေးမတွေ နှင်သမျှ သူတို့က အလိုလိုက်ပြီးနေတယ်။
တောင်းစားရမှာ
အဲဒါနဲ့နောက်ဆုံး ပုဏ္ဍားကြီးဟာ ဘယ်အိမ်ကမှ လက်မခံတော့ ဆောက်တည်ရာမရဘဲနဲ့ တစ်ခါတည်း ပဏ္ဍရဂ်္ဂ-ပရိဗိုဇ် လုပ်တယ်တဲ့ ပဏ္ဍရဂ်္ဂပရိဗိုဇ်ဆိုတာ အဝတ်ဖြူဝတ်တဲ့ ပရိဗိုဇ်၊ ခုခေတ်အဆိုဆိုရင် ဖိုးသူတော်ပေါ့။
ဖိုးသူတော်လုပ်ပြီးတော့ တစ်ခါတည်း ခွက်လက်စွဲပြီး သူတစ်ပါး အိမ် လိုက်တောင်းစားရတဲ့ဘ၀ ရောက်သွားရတယ်။ နေစရာမရှိ။ ကြုံတဲ့နေရာအိပ် ဆင်းဆင်းရဲရဲနေရရှာတယ် ဘယ်သားကမှမကြည့်ဘူး။ ချွေးမတွေကဆိုရင် ဝေးရော။ အဲဒီလိုနေရရှာတယ်။
ဆင်းဆင်းရဲရဲနဲ့ ကြာတော့လဲပဲ ချမ်းချမ်းသာသာ မအိပ်ရ။ ချမ်းချမ်း သာသာဓစားရနဲ့ဆိုတော့ ရုပ်တွေပျက် အဆင်းတွေပျက် ဖြစ်လာရော။
အ အားကိုးရာရွာ
တစ်နေ့ကျတော့ အဲဒီလိုပဲ တောင်းရမ်းပြန်လာ စားသောက်ပြီးတော့ ခုတင်လေးပေါ်အိပ်' ခုတင်လေးပေါ်ဆိုတာက အမှန်ကတော့ စာထဲ မပါပါဘူး။ သို့သော်လဲပဲ ရှေးခေတ်အခါက ဧည့်သည်တွေ ဘာတွေ တည်းခိုဖို့ နေဖို့ နေစရာတွေရှိပါလိမ့်မယ်။ အဲဒီလိုနေရာမျိုးမှာ ကပ်ရပ်ပြီးနေရမှာပေါ့လေ။ သူ့အဖြစ်ကို သူစဉ်းစားတယ်။ စဉ်းစားတော့ အားကိုးရာ သူစိတ်ကူးရလာတယ်' ကြံကြည့်တယ်။ စိတ်ကူးနဲ့အားကိုးရာ ရှာကြည့်တယ်။
အားကိုးရာတွေ့
ရ ကြယ့်တော့ ဘုန်းကြီးတို ဘုရားျင်အိုယ်တော်မြတ်ကိုမင်တယ်' “ရှင်ဂေါတမဟာ ချမ်းသာဖွယ်ရာစကား ပြောကြားတတ်တယ်။ ရွှင်ရွှင် ပျပျပြောကြားတတ်တယ်။ ဒီတော့ ရှင်ဂေါတမဆီ ငါသွားဦးမှပဲ ဆိုပြီး တော့ တစ်ခါတည်း အဲဒီပုဏ္ဏားကြီးဟာ ဘုရားရှင်ကိုယ်တော်မြတ် ကြီးထံ ရောက်လာတယ်။
ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က “ဘယ့်နှယ် ဗြဟ္မဏကြီး၊ အ၀တ်အစားတွေကလဲ ကြမ်းကြမ်းတမ်းတမ်း ညစ်ညစ်ပေပေနဲ့ ဘယ်လိုဖြစ်လာတာတုံး ”ဆိုတော့-
အဲဒီတင် ပုဏ္ဏားကြီးက အကျိုးအကြောင်း လျှောက်ထားတယ်။ “အရှင်ဂေါတမ။ တပည့်တော်မှာ သား ၄-ယောက်ရှိတယ်။ အဲဒီသား ၄-ယောက်ဟာ တပည့်တော်ကို ချွေးမတွေ(သူတို့မယားတွေ့)နဲ့ တိုင်ပင်ပြီး တော့ နှင်ထုတ်လိုက်ကြတယ်။ ဒါကြောင့် တပည့်တော် အခုလို ဖြစ်လာတာပါပဲ လို့ လျှောက်ထားရှာတယ်။
ဒုက္ခကင်းအောင်နည်းပေး
အဲဒီလိုလျွောက်ထားတော့ ဘုရားရှင်ကလဲ ကရုဏာသက်တော်
မူတယ်' ကရုဏာသက်တော်မူတော့ နောက်ဆုံး သားတွေလဲချမ်းသာ။
ပုဏ္ဏားကြီးလဲချမ်းသာ။ ချမ်းသာဖို့ရာ နည်းပေးတော်မူတယ်။ သားတွေ ချမ်းသာဖို့ဆိုတာက-
သားတွေက ဒီအတိုင်းသာ ဖခင်ကြီးပစ်ထားမယ်ဆိုရင် သူတို့ရဲ့ နောက်ခံရမယ့်ဒုက္ခက မသေးလှဘူး။ အင်မတန်ကြီးကျယ်တဲ့ဒုက္ခ ခံရမယ်။ ပုဏ္ဏားကြီးလဲ ခုရှေ့လျွောက်ဆိုရင် ဒုက္ခက မသေးလှဘူး။ အဲဒါကြောင့် သားတွေလဲ ဒုက္ခကင်းအောင်။ ပုဏ္ထားကြီးလဲ ဒုက္ခ ကင်းအောင်ဆိုပြီးတော့ နည်းပေးတော်မူတယ်။
ဂါထာသင်ပေး ဂါထာတွေ သင်ပေးလိုက်တယ်။ ပုဏ္ဏားကြီးကို ဂါထာတွေ သင်ပြီးတော့ “ဗြဟ္မဏကြီး ဗြဟ္မဏကြီးတွေ ကြီးစိုးရာ စည်းဝေးပွဲတော် မှာ သားတွေနဲ့ အဲဒီသဘင်ပွဲမှာ ကြုံကြိုက်တဲ့အခါမှာ ဒီဂါထာတွေကို ရွတ်ပေတော့ ဆိုပြီးတော့ သင်ပေးလိုက်တယ်။ ဂါထာတွေက- ယာမဂါထာ ၁ ယေဟိ ဇာတေဟိ နန္ဒိဿံး ယေသဉ္စ ဘဝ မိစ္ဆိသံ။
တေမံ ဒါရေဟိ သံပုစ္ဆ။
သာဝ ဝါရေန္ဆိ သုကရံ။
ယေဟိ ဇာတေတိ-တို့ရဲ့မေတ္တာ ခံယူကာဖြင့် ဖြစ်လာထင်ရှား အကြင်သားတို့ဖြင့်၊ နန္ဒိဿံ-ပီတိဖုံးလျက် နှစ်သက်လွမ်းကာ ဝမ်းသာ ရွှင်မြူးခဲ့ရပါပေ၏ / ယေသဉ္စ-ချစ်မြတ်နိုးစွာ ရတနာအ၀င် အကြင်သားို့သည်လည်းး ဘဝံ-အဘက်ဘက်၌ တိုးတက် ကြီးပွားမှုကို၊ တ္ကစ္ဆိသံ-အချစ်ဓာတ်ပွား။ လိုလား တောင့်တခဲ့ရပါပေ၏။ တေထိုသို့ မေတ္တာထား ကြီးပွားအောင်ပြု၊ ဂရုစိုက်ထား ထိုငမိုက်သားတို့သည်။ သာ-မေတ္တာကင်းကွာ ခွေးသတ္တဝါတို့သည်။ သုကရံ-မျက်မှောက်မြင်လာ ၀ဝက်သတ္တဝါကို၊ ဝါရေန္ဘိ၀-မကပ်ရအောင်း ရှောင်ပြေးသွားဖို့ မြစ်တား လေကုန်ဘိသကဲ့သို့၊ မံ-သူတို့ကိုခို ငါ-အဖေအိုကို၊ ဒါရေဟိ-သူတို့
သက်ထား မယားအမိုက်တို့နှင့်၊ သံပုစ္ဆ-စိတ်ထားတူမျှ တိုင်ပင်ကြလျက်။ ဝါရေန္ဘိ-မချစ်မသနား တရားယုတ်လေ မြစ်တားနှင်ထုတ်ကြလေ ကုန်သတည်း ဘုရားရှင်ကိုယ်တော်မြတ်က အဲဒီ ပထမဂါထာ သင်ပေးပြီးတော့ ဆက်လက်ပြီး ဒုတိယဂါထာကို သင်ပေးပြန်တယ်။
၂1 အသန္တာ ကိရ မံ ဓမ္မား တာတာ တာတာဟိ ဘာသရေး ရက္ခသာ ဗုတ္တရူပေန။
တေ ဧဟန္တိ ၀ယော ဂတံ။
ကိရ-ပညာမဲ့တုံ မငဲ့ပုံကို တစ်ဖုံဖွဲ့လို့ ချဲ့ဆိုပါဦးအံ့။ မံ-အမှုလှလျက် ယုယမလို ငါ အဖအိုကိုး အသန္တာ-အယူမလျော် မသူတော်ဖြစ်ကြ ကုန်သော၊ ဧမ္မာ-ပေးဖူး မွေးဖူး ကျေးဇူးတရား မလေးစားခဲ့။ တရား ဆုတ်ခွာ သူယုတ်မာတို့သည်။ တာတာ-တာတာဟိ-အဆိုလှလှ အို အဖအို အဖဟူရွ၊ ဘာသရေ-တရားမဖက် စကားမြွက်ရုံ ဆိုကြ လေကုန်၏ / ရက္ခသာ-မိဘဝတ်ပျက် အဖျက်အမိုက် ရက္ခိုက်ကောင်ဖြစ် ကြကုန်သော၊ တေ-အမှားမျိုးကြိုက် သားဆိုးမိုက်တို့က။ ပုတ္တရူပေန- မိဘ၀တ္တရား တရားမဆင် သားအသွင်ဖြင့်၊ ဝယောဂတံ-အရွယ်လွန် လျက် သေဘက်နီးဆို အဖေအိုကို၊ ဧဟန္တိ-မချစ်မညှာ မေတ္တာကင်းတုံ စွန့်ပယ် နှင်ထုတ်ကြလေကုန်သတည်း။
အဲဒီလို သင်ပေးလိုက်တယ်။ ဆိုလိုရင်းကတော့-ံငါ့သားတွေဟာ ရက္ခိုက်လိုကောင်တွေ။ ရက္ခိုက်ဆိုတာ ဘီလူး တစ်မျိုး၊ အဲဒီရက္ခိုက်တွေဟာ သား အယောင်ဆောင်ပြီးတော့ ငါ့သားတွေက စောစောကဖြင့် (အဖေ အဖေနဲ့ ငါ့ကိုခေါ်ကြတယ်။ ဒါသူတို့ ငါ့ကို တကယ်ချစ်မြတ်နိုးလို့မဟုတ်ဘူး။ သူတို့ဟာ သားယုတ်မာ တွေပဲ။ ကြမ်းတမ်းတဲ့ ရက္ခိုက်တွေပဲ တကယ်တော့ ငါ့ကိုချစ်ဟန် ဆောင်ပြီး အဖေအဖေနဲ့ခေါ်ခဲ့ကြတာ။ အခုတော့ ငါအဖေကြီးကို၊ အရွယ်ယိုယွင်းလာတဲ့ ငါ အဖေအိုကြီးကို နှင်ထုတ်ခဲ့ကြပြီတဲ့။ နောက်
ဘုရားသင်ပေးတဲ့ တတိယဂါထာက-
၃။ အသေ ဇိဏ္ဍော နိဗ္ဘောဂေါ။
ခါဒနာ အပနီယတိ။
ဗာလကာနံ ပိတာ ထေရော။
ပရဂါရေသု ဘိက္ခတိ။
ဇိဏ္ဍော-အားအင်ယိုယွင်း အိုမင်းလာခဲ့သော နိဗ္ဘောဂေါ-ထိုထိုကိစ္စ သုံးမရဖြစ်ခဲ့သေား အဒသော- ချည့်နဲ့မသာ မြင်းပိန်တာကို1 ခါဒနာ- စဉ်ဆက်ကျွေးလာ အစားအစာမှ၊ အပနီယတိ၀-မကျွေးဘဲထား။ မစား စေလတ်။ ပယ်ရှားအပ်သကဲ့သို့၊ တထာ-ထိုနည်းထားယူ အလားတူ။ ဗာလကာနံ-တရားမလိုက် သားမိုက် တစ်တွေ။ သားဆိုးသားပေတို့၏ ထေရော-အရွယ်မြင့်ကာ ရင့်လာအိုမင်းလာသော၊ ဝိတာ-သားဆိုးအဖေ တပေပေဆိုစရာ အဖေအိုငါသည်။ အပနီယန္တော-ကိုယ်စိတ်နှစ်တန် မရွှင်ရန်တစ်၀ အနှင်ခံရသည်ဖြစ်ရွါ၊ ပရဂါရေသု-ကိုယ်နှင့်မဆိုင် ကိုယ်မပိုင် အစားစား သူတစ်ပါးအိမ်တို့ခ်၊ ဘိက္ခတိ-သားတို့မကောင်းရွ် အကြောင်းတရားမလှ တောင်းစားရပါတော့သတည်း။
အဲဒါ တတိယဂါထာ။
လောကမှာ မြင်းအိုလာပြီး အသုံးမကျဘူးဆိုရင် မြင်းရှင်တွေဟာ အဲဒီမြင်းကို တစ်ခါတည်း အစာဖြတ်ထားကြတယ်။ မကျွေးတော့သလို သားမိုက်တို့ရဲ့ဖခင်ဖြစ်တဲ့ ငါအဖေအိုကြီးဟာလဲပဲ အခုတော့ သားမိုက် တွေ အစွန့်ပစ်ခံရပြီဖြစ်ရဤွ သူတစ်ပါးအိမ်ဂေဟာတွေမှာ တောင်းရမ်း စားနေရတယ်' ဒီ့နောက်- ၄ ဒဏ္ဍော ဝ ကိရ မေ သေယျေား ယဉ္စေပုတ္တာ အနဿဝါ။
စဏ္ဍမ္ပိ ဂေါဏံဝါရေတိ။
အထောစဏ္ဍမွိ ကုတ္ကုရံ။
ကိရ-သားမိုက်သားဆိုး အကျိုးမလှ တစ်မျိုးပြရသော်၊ မေ-သားမိုက်တို့ဒဏ် ခံရအလို ငါ-အဖေအိုဒါ။ ဒဏ္ဍောဝ-မယိုင်မလဲ
မြဲဖို့အားပေး တောင်ဝှေးသမုတ် လက်ကိုင်တုတ်သည်သာလျှင်၊ သေယျော-ကိုယ်တည်တံ့ဖွယ်၊ ကိုယ်ကာကွယ်ရေး အားပေးတတ်စွာ ထူးမြတ်လှပါပေ၏ အနဿဝါ-အဖေ့အဆို အလိုမလိုက်ကြကုန်သော၊ ပုတ္တာ-အမိုက်အစား ငမိုက်သားတို့သည်။ ယဉ္စေသေယျော-ဆင်းရဲ စေတတ် အကြောင်းရပ်သာ မကောင်းမြတ်သည်သာတည်း။ ((သော ဒဏ္ဍော၀)-မှီရာခိုရာ ကာကွယ်မှုပေး ထိုတောင်ဝှေးကသာလျှင်၊ စဏ္ဍံ-ရိုင်းစိုင်းမေဟာ့ရမ်း၊ ကြမ်းတမ်းလှစွာသော၊ ဂေါဏမ္ပိ-အပြေးအလွှား လိုက် နွားဆိုးနွားမိုက်ကိုလည်း။ ဝါရေတိ-မဝှေ့နိုင်ရေး တားမြစ်ပေးတတ် ပါပေ၏။ အထော-နွားဆိုးနွားကြမ်း နွားသရမ်းမှတစ်ပါးး စဏ္ဍံ- အကိုက်သရမ်း။ စရိုက်ကြမ်းလှစွာသော၊ ကုတ္ဟုရမ္ပိ-အပြေးလိုက်ဟောင် ခွေးအမိုက်ကောင်ကိုလည်း ဝါရေတိ-မကိုက်နိုင်ရေး တားမြစ်ပေးတတ် ပါပေသတည်း-လို့ သင်ပေးပြန်တယ်။
ဒါဟာလဲ ဘုရားသင်ပေးတဲ့ ဂါထာထဲက ဂါထာတစ်ပုဒ်ပဲ။ “ငါကိုင်ထားတဲ့တောင်ဝှေးကမြတ်သေးတယ်။ ငါ့သားမိုက်တွေက မမြတ် ကြဘူး။ ဟောဒီတောင်ဝှေးကမှ ဝှေ့(ခွေ)ဖို့လို့လာတဲ့ နွားကိုလဲ တားမြစ်နိုင် တယ်။ ကိုက်မလို့လာတဲ့ ခွေးကိုလည်း တားမြစ်နိုင်သေးတယ်။ ဆိုပြီးတော့ ဘုရားပေးတဲ့ဂါထာ သူသင်ယူထားတယ်။ နောက်တစ်ဂါထာက- ၅1 အန္မ္စကာရေ ပုရေ ဟောတိ ဂမ္ဘီရေ ဂါဓမေဓတိ။
ဒဏ္ဍဿ အာနုဘာဝေန။
ခလိတ္ဗွာ ပဋိတိဋ္ဌတိ။
အန္စကာရေ-ကန်းအောင်ပြုတတ် အလင်းဓာတ်မပြောင် ညအမိုက် မှောင်ထဲဉ်၊ ပုရေဟောတိ-ဘေးမရောက်ဖွယ် ကာကွယ်ဖို့ရေး ရှေ့က နေပေးတတ်ပါပေ၏ ) ဂမ္ဘိရေ-နက်ရာနိမ့်မြဲ ကျင်းချိုင့်ရေထဲဋ်လည်း။ ဂါဓံ-မလဲမပြိုသာ ထောက်တည်ရာကို၊ ဧဓတိ-အေးချမ်းသာစေ ရခဲ့ပါပေ၏ ဒဏ္ဍဿ-သားတို့ထက်တော် ခေါ်ရဆိုရေး တုတ်တောင်ဝှေး ဧါ၊ အာနုဘာဝေန-အေးဖို့မှုထမ်း သူ့အစွမ်းကြောင့် ခလိတွာ-
အကြောင်းမသင့် မခွင့်မသာဘဲ ချော်လဲမလိုဖြစ်ခဲ့သော်၊ ပဋိတိဋ္ဌတိ- မလဲခဲ့ရ မကျခဲ့ပြီ ပြန်ရဤွှတည်ခဲ့ရပါပေသတည်း။
အဲဒီလိုသားတွေမကောင်းပုံကို ဘုရားရှင်ကိုယ်တော်မြတ်က စာဖွဲ့ သင်ပေးလိုက်တယ်။ သင်ပေးပြီးတော့-
“ကဲ-ပုဏ္ထားကြီး၊ ဒီဂါထာတွေကို တကယ့် သင့်သားတွေ ပါဝင်နေတဲ့ သဘင်ပွဲ။ အစည်းအဝေးပွဲ ပုဏ္ဍားတွေ အစည်းအဝေးပွဲ ကြုံကြိုက်တဲ့ အခါမှာ ရွတ်ပေတော့ ဆိုပြီးတော့ သင်ပေးလိုက်တယ်။
သဘင်ပွဲနဲ့ကြူ
မကြာပါဘူး သဘင်တစ်ခုနဲ့ကြုံတယ်။ သူ့သားတွေက ခမ်းခမ်း နားနားဝတ်လို့စားလိုး ထည်ထည်ဝါဝါနဲ့။ သဘင်အလယ်မှာ နေရာ ကောင်းတွေထိုင်လို့။ ဒီ့ပြင်လူကြီးလူကောင်း ပရိသတ်တွေလဲ အများကြီး၊ ပုဏ္ထားအစည်းအဝေးကြီး ကြုံရတယ်။
ကြုံရတော့ ပုဏ္အားကြီးက။ ဒါဟာငါ့အကွက်ပဲ။ ဒါကြုံပြီ ဆိုပြီးတော့ သဘင်ထဲ ဝင်သွားတယ်။ သဘင်အလယ်ရောက်တော့ ပရိသတ်တို့၊ ငါဆိုမယ့်ဂါထာတွေကို နားထောင်လိုကြသလား လို့ မေးလိုက်တယ်။ အားလုံးပရိသတ်ကြီးက။ နားထောင်ချင်ပါတယ်။ ရွတ်ပါ ဆိုတော့ အဲဒီတင် တစ်ခါတည်း ဗုဏ္ထားကြီးက ရွတ်မလို့ကြည့်လိုက်တယ်။
ပုဏ္ဏားကျင့်၀တ်
အဲဒီအခါဘုန်းက သူတို့ပုဏ္ဍားတွေ ကျင့်ဝတ်တစ်ခု ရှိတယ်။ အကြင်ပုဂ္ဂိုလ်တို့ဟာ မိဘတို့ရဲ့ ပစ္စည်းဥစ္စာဟို့ကို စားသောက်ပြီး မိဘတို့ကိုပစ်ထားတယ်။ အဲဒီပစ်ထားတဲ့ပုဂ္ဂိုလ်ကို သတ်ကြစဟမ်း ဆိုတဲ့ ကတိကဝတ် ပြုထားတာရှိသတဲ့1 ဒီလိုကတိကဝတ်ကရှိနေတော့ ပုဏ္ဏား ကြီးက ဒီတွင် ဂါထာတွေရွတ်လိုက်တယ်။ ခုနကဂါထာတွေပဲ။
ခလုတ်ထိရှ် အမိတ
ဒီလိုရွတ်လိုက်ရင်ပဲ တစ်ခါတည်း သားတွေ ဆောက်တည်ရာမရ တော့ဘူး ခုနကပြောတဲ့ကတိကဝတ်က ရှိနေတာကိုး။ မိဘပစ္စည်းစားပြီး တော့ မိဘမလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်တွေကို သတ်ကြစတမ်းလို့ ကတိကဝတ် ပြုထားတယ်မဟုတ်လား။
တစ်ခါတည်း သားတွေ အကုန်ဆင်းပြေးလာကာ အဖခြေရင်း ၀ပ်စင်းပြီး တောင်းပန်တော့တာပဲ။
“အဖေ ကျွန်တော်တို့ကို သနားပါ။ ကယ်ဆယ်ပါ။ အသက်ပေးပါ ” ပေါ့လေ။
မိဘမေတ္တာ
ဒီလိုတောင်းပန်တော့ သားတွေ ဘယ်လောက်ဆိုးဆိုး မိဘတွေရဲ့ စိတ်က အင်မတန်နူးညံ့တယ်။ သားသမီးအပေါ်မှာ အင်မတန်နူးညံ့တယ်။ ဂုဏ္ထားကြီးက ခွင့်လွှတ်ရာတယ်လေ။ ဗုဏ္ထားတွေကို ကမန်းကတန်း လှမ်းပြောရှာတယ်
“ငါ့သားတွေ မသိတာ ခွင့်လွှတ်ကြပါ။ ငါ့သားတွေကငါ့ကို နောင် ကောင်းကောင်း စောင့်ရှောက်ကြပါလိမ့်မယ်။ ကျွေးမွေးကြပါ လိမ့်မယ် ဆိုတော့
သတိပေး
အဲဒီတွင် တစ်ခါတည်း ပရိသတ်တွေက။ လူကြီးလူကောင်းတွေက သူတို့ကို (နောင် ဒီလိုမလုပ်ကြနဲ၂ ဒီလိုလုပ်ရင် အသတ်ခံရမယ် လို့ ကြိမ်းမောင်းကြတယ်။ ဒီတော့လဲ သူတို့အကြောက်သားး' သိလား။ ကြောက်လွန်းလို့ အဖေကို တစ်ခါတည်း ကုလားထိုင်ပေါ်တင်။ အိမ်ကို တစ်ခါတည်း ယူသွားကြတာပဲ။
အိမ်ကျတော့ သူတို့မယားတွေကိုခေါ်ပြီးတော့-
ဒီနေ့ကစပြီး ငါတို့အဖေကိုကောင်းကောင်းကျွေးကြ၊ မွေးကြ။
ပြုစုကြ စောင့်ရှောက်ကြ၊ မစောင့်ရှောက်ကြရင် နင်တို့ကို တစ်ခါတည်း
နှင်ထုတ်မယ်” ဆိုပြီးတော့ အဲဒီနေ့ကစပြီးတော့ နောင်အခါပုဏ္ထားကြီး
ချမ်းသာသွားတယ်1 ကောင်းကောင်းစားရ။ ကောင်းကောင်းအိပ်ရ။
ကောင်းကောင်းနေရတော့ မကြာခင် ပုဏ္ထားကြီး တသွေးတမွေးနဲ့ ရုပ်ပြောင်းသွားတယ်။
ကျေးဇူးသိ
ဒီလိုရုပ်ပြောင်းသွားတော့ “သြော်၊ ဒါ ရှင်ဂေါတမကိုအမှီပြုပြီးတော့ ငါချမ်းသာလာတာပဲ။ ရှင်ဂေါတမကို ဆရာစား ငါသွားပြီး လှူဦးမှပဲ ” ဆိုပြီးတော့ အ၀တ်တစ်စုံယူတဲ့ကာ ဘုရားရှင်ကိုယ်တော်မြတ်ထံ သွား တယ်။ ဘုရားထံရောက်တဲ့အခါ “ရှင်ဂေါတမ။ တပည့်တော်တို့ဟာ ဆရာစား လှူဒါန်းလေ့ရှိပါတယ်။ ဒီအ၀တ်ကို ဆရာစားအဖြစ်ဖြင့် ရှင်ဂေါတမ လက်ခံပါ ” ဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်က ပုဏ္ထားကြီးကို သနားသောအားဖြင့် လက်ခံတော်မူတယ်။ အလှူခံတော် မူတယ်။
ဒါကြောင့်ပုဏ္ဍားကြီးက “အခု တပည့်တော်မှာထမင်းပွဲ ၄-ပွဲရပါ တယ်။ သား ၄-ယောက်ထံက ထမင်း၀ဝတ် ၄-ဝတ်ရပါတယ်။ ရှင်ဂေါတမကို ထမင်းဝတ်တစ်ခု လှူပါမယ်”ဆိုပြန်တော့ ဘုရားရှင် ကိုယ်တော်မြတ်က-
“တို့ကြုံကြိုက်တဲ့အခါ လာမှာပေါ့။ အလှူခံမှာပေါ့ “လို့ မိန့်ကြားပြီး နောက်တစ်နေ့သားကြီးဆီသွား' သားကြီးက ကောင်းကောင်းမွန်မွန် ဆက်ကဂ်လှူဒါန်းတယ်။ နောက်ဒုတိယသား။ နောက် တတိယသား။ နောက် စတုတ္ထသားအိမ်သွား။ အဲဒီလိုပဲ ကောင်းကောင်းမွန်မွန် လှူဒါန်း တယ်။ ဆွမ်းကပ်လိုက်တာပဲ။
ဒီလိုနဲ့ တစ်နေ့ သားကြီးအိမ်မှာ မင်္ဂလာအတွက် ဆောင်ရွက်ဖွယ် ရှိလာတယ်။ ဒါနဲ့ အဖေကို မေးတယ်။ သားကြီးက-
“အဖေ ကျွန်တော်တို့အိမ်မှာ မင်္ဂလာအတွက် ဆောင်ရွက်ဖွယ်
ရှိလာတယ်။ ဘယ်သူ့ပင့်ရမတုံး လို့ မေးတယ်။ ခါတိုင်းတော့ပုဏ္ထားတွေ ပင့်နေကျကိုးး။ သည်တွင်သူက-
“ငါဒီ့ပြင်လူတွေ မသိဘူး။ ရှင်ဂေါတမသာ သိတယ်။ ရှင်ဂေါတမ သာ ငါ့မိတ်ဆွေ”ဆိုတော့ သားကြီးလဲ-
“ဒါဖြင့် အဖေပဲ ဘုရားအမှူးရှိတဲ့ သံဃာငါးရာ ပင့်ပေးပါ ”ဆိုတော့ နောက်တစ်နေ့ ပင့်ပေးတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကလဲ ကြွရောက် ဆွမ်းဘုဉ်းပေးတော်မူတယ်1
အဲ- ဘုရားရှင်ဆွမ်းဘုဉ်းပေးလို့ပြီးတော့ သူ့သားတွေက-
“အရှင်ဂေါတမ တပည့်တော်တို့ အဖေကိုကြည့်ပါဦး။ ရှေးကနဲ့မတူ တော့ဘူး။ အခုစိုစိုပြည်ပြည်နဲ့။ ၀ဝဖြိုးဖြိုးနဲ့1 တင့်တင့်တယ်တယ်နဲ့ ဖြစ်နေမြငလို ဆိုတော့
ဒီတွင်ဗုဒ္ဓဘုရားက-
ံအေး-ဟုတ်တာပေါ့။ သားသမီးဆိုတာ မိဘကို မမေ့ရဘူး။ စောင့်ရှောက်ကြရတယ် ဟု မိန့်ပြီး ရှေးကလာတဲ့ မိဘကိုလုပ်ကျွေးတဲ့ ဆင်ကြီးရဲ့ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဟောတော်မူတဲ့အခါမှာ သူတို့ တရားထူး ရကုန်ကြတယ်။
သူ့သားတွေက မိဘရဲ့ဂုဏ်ကျေးဇူးကို မသိတော့ဘူးမဟုတ်ဘူး။ နားမလည်တော့ဘူးမဟုတ်ဘူး။ သူတို့ကပညာတတ်တွေပဲ။ သို့သော်လဲ စာတွေ့အနေနဲ့ပဲ။ ပစ္စည်းလောဘဝင်လာတဲ့အခါကျတော့ ကျေးဇူးတွေ မေ့ကုန်ပြီ။ ဓာတ်ခံကညံ့တာကိုး။
ဓာတ်ခံကောင်းတဲ့ အမျိုးသမီး အမျိုးသားဆိုရင် မိဘအပေါ်မှာ ဂုဏ်ကျေးဇူး သိတတ်ကြပါတယ်။ မမေ့ကြပါဘူး။ ဓာတ်ခံညံ့ရင် ခုနကပြောသလိုမေ့တယ်။ ဓာတ်ခံညံ့တော့ လောဘဒဏ် ခခံနိုင်ကြဘူး။ လောဘဒဏ် ဓခံနိုင်ရင် မောဟက ဝင်လာတယ်။ မောဟ၀င်လာရင် တရားပျက်ကုန်ရော။
ဒါကြောင့် ဂုဏ်ဆိုတာမျိုးဟာ ဂုဏ်ကိုသိမှ ဂုဏ်ဖြစ်တယ်။ ဂုဏ်မသိတဲ့လူအဖို့ ဂုဏ်မဖြစ်ဘူး ဂုဏ်မဖြစ်တာကလဲ နဂိုက မသိတာလဲ
ရှိတယ်။ နဂိုကသိပေမယ့် လောဘ(လိုချင်မှု)၀င်လာလို့ ဒေါသ(အမျက် ထွက်မှု)၀င်လာလို့ ဂုဏ်မသိတာလဲရှိတယ်။ ဒါကြောင့် ဓာတ်ခံဆိုတာလဲ အရေးကြီးတယ်။
ဓာတ်ခံကောင်းနေရင် ဘယ်လိုပဲ လောဘဖြစ်စရာ ကြုံရကြုံရ မိဘကို ပစ်ပစ်ခါခါမလုပ်နိုင်ဘူး။ အဲဒါကြောင့်မို့လို့ နဂိုဓာတ်ခံဆိုတာက အင်မတန်အရေးကြီးတာ။
ဓာတ်ခံမကောင်းပေမယ့် သူတော်ကောင်းတရား လေ့လာလို့ရှိရင်) ကြားနာလိုှိရင်) နောက်အား ထုတ်လို့ အဲဒီတရားကြာင်လဲပဲ ငုဏ်ကိ ကောင်းကောင်းသိနိုင်တယ်။ ဂုဏ်ကို မမေ့တော့ဘူး။
အဲ ဒါကြောင့်မို့ ဒီနစ်သက်ကူးအခါသမယမှာ ဘုန်းကြီးတို့အားလုံး ဂုဏ်ကို ဂုဏ်မှန်းသိပြီးတော့ ဂုဏ်ရှိအောင်' သီလ၊ သမာဓိ စသော ဂုဏ်တွေရှိအောင်၊ တိုးတက်အောင် ဂုဏ်တွေရဲ့တန်ဖိုး သိပြီးတော့ ကြိုးစားအားထုတ်နိုင်ကြပါစေသတည်း။
(သာဓု သာဓု သာဓု)
၁၉၉၁-ခုနှစ်။ မတ်၊ ဧပြီလထုတ် ရတနာမွန်မဂ္ဂဇင်းမှ
ဥပုသ်တရားတော် (၂)
ဘုန်းကြီးတို့ ကုသိုလ်ကောင်းမှုမျိုးတွေ အမျိုးမျိုးပြုနေကြတာ ဘာဖြစ်လို့တုံး”လို့ အကြောင်းရှာတယ်။ အဲ အကြောင်းကတော့ အမျိုးမျိုးရှိပါတယ် သို့သော်လဲပဲ လူ့ဘဝလူဖြစ်ရခြင်းဟာ အကြောင်း တစ်ရပ်ပဲး မနုဿတ္တ ဘာဝေါ ဒုလ္လဘောတဲ့
ဒုလ္လဘ ၅-ပါးရှိတယ်။ ၁ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော-ဘုရားပွင့်တော် မူတဲ့ အခွင့်အခါကောင်းကြီးကို ရခဲတယ်။ ၂4 မနုဿတ္တဘာဝေါ ဒုလ္လဘော-လူ့ဘဝကို ရခဲတယ်။ ၃။ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော- ရဟန်းအဖြစ်ဟာ ရခဲတယ်1 ၄။ ဒုလ္လဘာသဒ္ဓါသမ္ပတ္တိ-သဒ္ဓါ အစရှိတဲ့ တရားတို့နဲ့ပြည့်စုံခြင်းကို ရခဲတယ်။ ၅။ ဒုလ္လဘံ သဒ္ဓမ္မဿ ဝနံ- သူတော်ကောင်းတို့တရား ကြားနာရခြင်းဟာလဲ ရခဲတယ်။ ဒီဒုလ္လဘ ၅-မျိုးထဲမှာ ဘုန်းကြီးတို့ အရင်းခံဒုလဘကတော့ မနုဿတ္တ ဘာဝေါ ဒုလ္လဘောပဲ။
လူဖြစ်လို့
လူဖြစ်လို့ ဒီလိုတရားတွေသိရ၊ လူဖြစ်လို့ လူ့တရားတွေ သိရလို့ ပရမတ္ထမနုဿ ဆိုတဲ့ မွန်မြတ်တဲ့ လူတစ်ယောက်အဖြစ်နဲ့ မွန်မြတ်တဲ့ ကုသိုလ်တွေ ကြုံကြရတယ်။ လူဖြစ်လို့ပဲ ရဟန်းဖြစ်နိုင်တယ်။ လူဖြစ်လို့ပဲ ရှင်ဖြစ်နိုင်တယ် စသည်ဖြင့် လူ့အဖြစ်ကို အရင်းခံပြုသောအားဖြင့်
ကုသိုလ်အမျိုးမျိုးတွေ ဖြစ်ပွားလာကြရတယ် ပဉ္စပုဗ္ဗ နိမိတ္တသုတ်
လူ့ဘဝဟာ။ “ပုညခေတ်ကြီး ) ကုသိုလ်ကောင်းမှုတွေ ဖြစ်ပွားရာခေတ် ကြီး၊ လူတိုင်းတော့ မဟုတ်ဘူးပေါ့။ လူအစစ်တွေကိုပြောတာ။ နောက် ဘုန်းကြီးတို့ လူ့ဘဝကြီးဟာ နတ်ပြည်ကတောင် ချီးမွမ်းရတဲ့ဘဝ၊ လူ့ဘဝ ကို နတ်တွေက ချီးမွမ်းကြတယ်။ ဒီအကြောင်း တ္ကတိဝုတ် ပါဠိတော်မှာ ဘုရားဟောထားတာရှိတယ်။ ပဉ္စပုဗ္ဗနိမိတ္တသုတ်ဆိုတာ။
ဒီသုတ်မှာ ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းတော်များကို မိန့် ကြားတော်မူတယ်။ ဘယ်လိုလဲဆိုတော့ နတ်တစ်ဦးဦးဟာ နတ်ပြည်က စုတေခြင်း' သေခြင်းသဘော ထင်ရှားပေါ်လာပြီဆိုရင် သူ့မှာ အဲဒီနတ်မှာ နိမိတ်ကြီး၅-ပါး ပေါ်လာတဲ့အကြောင်း ဘုရားရှင်က ဟောတော်မူတယ်
ဘုရားရှင်က နိမိတ်ကြီး ၅-ပါးဆိုတာကို ခွဲပြီး ဟောတော်မူခဲ့တယ်။ ဒါက-
သူပန်ထားတဲ့ပန်းတွေဟာ နောက်နောက်အခါက ဘယ်တုန်းကမှ မညှိုးဘူး ဟော သေတော့မယ်။ စုတေတော့မယ်ဆိုတော့ ညှိုးလာရတယ်။ သူဝတ်ထားတဲ့ ဝတ်စားတန်ဆာ ဒ္ပါဒရာတွေဟာလဲ နောက်နောက်က ဘယ်တော့မှ ညှိုးနွမ်းလာတယ်လို့မရှိဘူးး သေတော့မယ်ဆိုတဲ့အခါကျမှ နိမိတ်အဖြစ်နဲ့ ညှိုးနွမ်းလာတယ်။ ပြီးတော့နတ်တွေမှာ ဘယ်အခါကမှ ချွေးထွက်တယ်ရယ်လို့မရှိဘူး နတ်သားနတ်သမီးတွေဟာ သေခါနီး ကျတော့ ချိုင်းကြားက ချွေးတွေထွက်လာတယ်။ ဘယ်တုန်းကမှ ခန္ဓာကိုယ်ဟာ ညစ်နွမ်းတယ် အရောင်မှိန်တယ်လို့မရှိဘူး။ သေတော့မယ် ဆိုတော့မှ နိမိတ်ပြလာတယ်။ ကိုယ်အရောင်တွေ ညှိုးလာတယ်_-ပြီးတော့ လဲပဲ အမြဲတမ်း ပျော်ရွှင်နေကြတဲ့ နတ်သား နတ်သမီးတွေဟာ သေတော့မယ်ဆိုမှ နေမထိကြဘူး။ မပျော်တော့ဘူး။ သူတို့ အမြဲတမ်း ပျော်လာကြတာမဟုတ်လား။
အဲသလို ပန်းတွေညှိုးနွမ်းခြင်း အဝတ်အစားတွေ ညှိုးနွမ်းလာခြင်း၊ ချွေးထွက်လာခြင်း၊ ကိုယ်ရောင်ကိုယ်ဝါမှိန်ခြင်း1 နတ်ပြည်မှာမပျော်ပိုက်
ခြင်းဆိုတဲ့ ပုဗ္ဗနိမိတ် ၅-ပါး။ စုတေတော့မယ် သေတော့မယ်ဆိုတဲ့ အချက်ပြတဲ့ ပုဗ္ဗနိမိတ် ၅-ပါး အသေအချာ ဖြစ်လာရတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူတယ်1 ၀မ်းမြောက်စကား အားပေးချက်သုံးခွန်း
နောက် ဘုရားရှင်က ဆက်ဟောပြသေးတယ်။ အဲသလိုပုဗ္ဗနိမိတ် ငါးပါး ထင်ရှားဖြစ်လာတဲ့အခါကျတော့ အတူနေတဲ့နတ်တွေက သိလာ ကြတယ်။ သြောံ- ဒီနတ်သားတွေဟာ' ဒီနတ်သမီးတွေဟာဖြင့် နတ်ဘဝမှ စုတေတော့မယ်လို့ သိလာကြတဲ့အခါ သူတို့က ဝမ်းမြောက်ဖွယ်ရာ အားပေးစကားသံုံးခွန်းဖြင့် ဒီစုတေတော့မယ့်နတ်ကို အားပေး ကြတယ်။ ဘယ်လိုအားပေးသတုံးဆိုတော့-
ပထမ အားပေးစကား
“က္တတော ဘော သုဂတိံ ဂစ္ဆ”တဲ့] ဘော-အို မောင်နတ်သား။ ဘော-အို နတ်သမီး။ တ္ကတော-ဤနတ်ပြည် နတ်နန်းမှ၊ သုဂတိ-သုဂတိဘ၀သို့၊ ဂစ္ဆ-သွားပါလေလော့။ ဒါပထမစကား တစ်ခွန်း။ အဲဒါလို အို မောင်နတ်သား။ ဒီဘဝကနေပြီးတော့ သုဂတိ ဘဝသို့ သွားပါလေလို့ ပထမစကားအားဖြင့် ဝမ်းသာစကား ပြောကြားကြ။ ၀မ်းမြောက်ဖွယ်ရာစကား ပြောကြားကြတယ်။
ဒုတိယ အားပေးစကား
နောက် ဒုတိပစကားတစ်ခွန်းက “သုဂတိံ ဂန္တာ သုလဒ္ဓလာဘံ လဘ ” သုဂတိ“သုဂတိဘ၀သို့၊ ဂန္တာ-ရောက်ခဲ့သည်ရှိသော်၊ သုလဒ္ဓလာဘံ-ကောင်းစွာရအပ်တဲ့ လာဘ်လာဘကို' လဘ-ရအောင် ကြိုးစားပါလေတဲ့။ အဓိပွာယ်က သုဂတိဘဝသို့ ရောက်ခဲ့လို့ရှိရင် ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးကိုလဲပဲ ရအောင်ကြိုးစားပါလို့ အားပေးစကား ပြောကြားကြတယ်။
တတိယာ အားပေးစကား
နောက် တတိယစကားတစ်ခွန်းက “သုလဒ္ဓလာဘံ လဘိတွာ သုပ္ပတိဋ္ဌိတော ဘဝါဟိ” သုလဒ္ဓလာဘံ-ကောင်းစွာရအပ်သော လာဘ်လာဘကို၊ လဘိတ္ဝာ-ရခဲ့သည်ရှိသော်၊ သုပ္ပတိဋ္ဌိတော- ကောင်းစွာတည်တံ့သူသည် ဘဝ ဘဝါဟိ-ဖြစ်ပါလေလော့။ ကောင်းစွာ ရအပ်တဲ့ လာဘ်လာဘကြီးရခဲ့လို့ရှိရင် ကောင်းစွာတည်တံ့သူ ဖြစ်ပါစေလို့ ၀မ်းမြောက်စကား ပြောကြားကြတယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်က မိန့်ကြားတော်မူတယ်။
ရဟန်းတစ်ပါး မေးလျှောက်ချက်
နတ်တစ်ယောက်ဟာ စုတေတော့မယ်ဆိုရင် နတ်တွေက သိကြတယ်။ ခုနကပြောတဲ့ ပုဗ္ဗနိမိတ် ၅-ပါးကြည့်ပြီးတော့ သိကြတဲ့ အခါမှာ ယခုပြောတဲ့ စကားကြီး ၃-ခွန်းနဲ့ အားပေးစကား တိုက်တွန်း ကြတယ်။ အဲဒီအကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းတွေကို မိန့်ကြားတဲ့အခါကျတော့-
ရဟန်းတစ်ပါးက ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။ ဘယ်လိုလဲဆိုတော့-
ပထမအမေးအဖြေ
“ကိန္စ္နု ခေါ ဘန္တေ ဒေဝါနံ သုဂတိ ဂမန သင်္ခါတံ ဘန္တေ- မြတ်စွာဘုရား၊ ဒေဝါနံ-နတ်တို့၏ သုဂတိဂမနသင်္ခါတံ-သုဂတိဘုံသို့ သွားခြင်းဆိုတဲ့ ချီးမွမ်းစကားသည်။ ကိန္နုခေါ-ဘယ်လိုဟာ ပါနည်း။ သုဂတိဘဝသို့ သွားပါလို့ ပြောရသော ချီးမွမ်းစကားဟာ ဘယ်လို ဟာပါနည်း”
“သုဂတိဘဝလို့ နတ်များက ပြောကြားတိုက်တွန်းတဲ့ စကားမှာ သုဂတိဆိုတာဟာ ဘယ်ဘဝပါတုံးဘုရား ”လို့ လျှောက်ထားတယ်။
အဲဒီအမေးကို မြတ်စွာဘုရားက-
“မနုဿတ္တံ ခေါ ဘိက္ခု ဒေဝါနံ သုဂတိ ဂမန သင်္ခါတံ” ဘိက္ခု-ရဟန်း၊ မနုဿတ္တံ-လူ့ဘဝလူ့အဖြစ်သည်။ ဒေဝါနံ-နတ်တို့၏ သုဂတိ ဂမန သင်္ခါတံ-သုဂတိဘုံဘဝလို့ ဂုဏ်တင် ပြောကြားအပ်သော စကားပင်ဖြစ်ပေ၏ / သုဂတိဘဝကိုသွားပါဆိုတာ တခြားဟာမဟုတ်ပါ ဘူးတဲ့။ လူ့ဘဝကိုပြောတာဆိုတဲ့အကြောင်း ဘုရားရှင်က အဖြေပေး တော်မူတယ်။
နတ်တွေက သုဂတိသွားပါဆိုတော့ “လူ့ဘုံကိုသွားပါ ”လို့ တိုက် တွန်းတယ်တဲ့ လူ့ဘုံကို နတ်တွေက မြှောက်ပား ချိးကျုးပြီးတော လိုလို လားလားနဲ့ တိုက်တွန်းတာဟာ ဘာကြောင့်တုံးဆိုတော့ ဘုန်းကြီးတို့ လူ့ဘဝက အင်မတန်ထူးခြားတဲ့ဘဝ၊ ကုသိုလ်များစွာ ဖြစ်ပွားရာဘဝ၊ ဒါကြောင့်မို့လို့ သူတို့က။ နတ်တွေက လိုလိုလားလားစုတေမယ့်။ သေမယ့်နတ်ကို သုဂတိဘုံသို့ ဂုဏ်တင်ပြီးတော့ အဲဒီသုဂတိဘုံဆိုတဲ့ လူ့ဘဝကိုသွားပါလေ လို့ တိုက်တွန်းကြခြင်းဖြစ်တယ်။
ကုသိုလ်ဖြစ်ဖို့ အခွင့်သာလှ
လူ့ဘဝဆိုတာက ကုသိုလ်ဖြစ်ရာ အင်မတန် အခွင့်သာတဲ့ဘဝ၊ နတ်ဘဝဆိုတာက ဝီရိယကို အားကိုးလို့ရတဲ့ ဘဝမဟုတ်ဘူး။ ကံကို သာ အားကိုးရတဲ့ဘဝ၊ အစစအရာရာ ဘာမှမလုဝ်ဘဲနဲ့ အစားလဲ ပြည့်စုံတယ်။ စားချင်ရင်အရန်သင့်ရောက်လာတယ်။ ဘာမှမလုပ်ရဘဲနဲ့ နတ်တန်ဆာ၊ နတ်ဝတ်တန်ဆား နတ်ပန်းစသည်ဖြင့် အဆင်တွေ ဘာတွေ အသုံးအဆောင်တွေ အလိုအလျောက်ရလာတယ်။ ဒီတော့ သူတို့မှာက ပျော်ဖို့ဘက်သာ ဦးတည်နေကြတယ်။ အပျော်အပါးတွေနဲ့သာ အချိန်ကုန်နေကြတယ်။ အဲဒီလိုကုန်တော့ ကုသိုလ်ကောင်းမှုပြုဖို့ရာ အခွင့်အလမ်းက တယ်မသာဘူး။
လူ့ဘဝကတော့ ဒီလိုမဟုတ်ဘူး။ ဝီရိယအားဖြင့် ကြိုးစားပြီးတော့ လုပ်ကြကိုင်ကြရတော့ ကံအကျိုးလဲခံစားရတယ်။ အဲဒီတော့ ဝီရိယ
အကျိုး ကံအကျိုး နှစ်မျိုးခံစားရတယ်ဆိုတယ်။ နောက် ဝီရိယကကိဂဲ ကောင်းမှုဖြစ်ဖို့ရာ အားပေးသလိုဖြစ်နေတယ်။ ဝီရိယစွမ်းအားက _ှို နေကြတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ လောကရေးမှာလဲ ဝီရိယအားထုတ်ကြတယ်။ ဓမ္မရေး ကုသိုလ်ရေးမှာလဲ ဝီရိယအားထုတ်ကြတယ်။ ကုသိုလ် ကောင်းမှုတွေဖြစ်ဖို့ နှိုးဆော်ကြ၊ တိုက်တွန်းကြနဲ့ အင်မတန် အခွင့် အလမ်းသာတဲ့ ဘဝ၊
တာဝတိံသာ မြောက်ကျွန်းတို့ကို လွှမ်းမိုး
ဘုန်းကြီးတို့ လူ့ပြည်ကလူတွေဟာ တာဝတိံ။ သာနတ်ပြည်က တာဝတိံသာနတ်တွေထက်လည်းကောင်း၊ မြောက်ကျွန်းက လူသားတွေ ထက်လည်းကောင်း တရားသုံးပါးနဲ့ သာလွန်တယ်ဆိုတဲ့အကြောင်း ဘုရားဟော ထားတာရှိတယ်။
တရားသုံးပါး
သူရာ-ရဲရင့်ကြတယ်တဲ့။ သတိမန္တော-သတိတရားလဲ လွန်ကဲ ကြတယ် ကလြဲ မြပ္စမရိယာဝါသော ပြဟ္မစရိယသုတု မြတ်သောအကျင့်ကို ကျင့်ခြင်းလဲရှိတယ်။ ဒီအကြောင်းသုံးပါးဖြင့် တာဝတိံသာနတ်ပြည်ထက်။ မြောက်ကျွန်းတို့ထက် ပိုပြီးတော့ သာလွန် တယ်။ အဲဒီအကြောင်း ဘုရားဟောတော်မူတယ်။
လူတွေဟာ ရဲရင့်တယ်တဲ့။ ဟုတ်တာပဲ။ ကုသိုလ်ကောင်းမှုပြုရာမှာ မတွန့်မဆုတ်ကြဘူး ရဲရင့်ကြတယ်။ ဝီရိယ ထူးထူးကဲကဲ ရှိကြတယ်။ နောက် သတိမန္တာ-သတိလဲကောင်းကြတယ်။ ခုနကပြောသလိုပဲ အဲ ဟို ပုဂ္ဂိုလ်တွေ မြောက်ကျွန်းတို့ တာဝတိံ။ သာတို့ဆိုတာ မပူမပင်။ မကြောင့်မကြနေကြရတဲ့ အရပ်ဒေသတွေမို့လို့ သူတို့ကတော့ အပျော် ဘက်လွန်တယ်။ ကောင်းမှုပြုဖို့ အမေ့ကြီး မေ့ကျန်နေကြတယ်
ဘုန်းကြီးတို့ လူ့ဘဝကတော့ အဲသလိုမဟုတ်ဘူး။ ချမ်းသာတစ်ဝက် ဆင်းရဲတစ်ဝက်ဆိုတာလို အဲဒီတော့ ကြိုးစားကြရတယ်။ ကြိုးစားရတော့
သတိမမေ့ကြဘူး။ အိုခြင်းတရား ထင်ရှားတယ်။ သေခြင်းတရား ထင်ရှား တယ်။ နာခြင်းတရား ထင်ရှားတယ်။ ထင်ရှားတော့ ဒီအိုခြင်းနာခြင်း သေခြင်းတရား အကြောင်းပြုပြီးတော့ ကုသိုလ်ဘက်မှား တရားဘက် မှာ စိတ်တွေ ထက်သန်ကြတယ်။
ပြီးတော့ ဆင်းရဲချမ်းသာအမျိုးမျိုးဖြစ်နေကြတော့ ဆင်းရဲတဲ့ပုဂ္ဂိုလ် ကလဲ ဒီဆင်းရဲမှုကလွတ်အောင်။ ချမ်းသာအောင်ဆိုပြီး အမျိုးမျိုး ကြိုးစားကြတယ်။ ချမ်းသာတဲ့ပုဂ္ဂိုလ်တွေကလဲ ဒီချမ်းသာဟာ တကယ့် ချမ်းသာ မဟုတ်သေးဘူး။ ဒီထက် ချမ်းသာရှိသေးတယ်။ နိဗ္ဗာန်။ အဲဒီ နိဗ္ဗာန်ချမ်းသာ တို့ခံစားရအောင်ဆိုပြီး ကြိုးစားကြတယ်။ အဲဒီတော့ သတိက အမြဲတမ်း ရှိနေကြတယ်။ အမြဲတမ်း ရှိကြတော့ ကုသိုလ်ပွားဖြစ်ကြတယ်။ ကုသိုလ်အားထုတ်ဖြစ်ကြတယ်။ မြတ်သော အကျင့်ဆိုတဲ့ အကျင့်ကို ကျင့်ဖို့ရာမာလဲ လူ့ဘဝက အခွင့်သာတယ်။ အဲဒါကြောင့်- လူ့.ပြည်ဂုဏ်ရည် ပုညက္ခေတ္တော အယံ လောကော။
သသီမော သာသနုဇ္ဇလော။
နိဗ္ဗာန တရဏော သေဋ္ဌာ။
သဗ္ဗ သမ္ပတ္တိ ဒါယကော။
အယံ လောကော-ဤလူ့ဘုံလောကကြီးသည်။ ပုညက္ခေတ္တော- ကောင်းမှုတွေဖြစ်ပွားရတဲ့ ပုညခေတ်ကြီးအစစ် တကယ်တမ်းဖြစ်ပါ ပေ၏ / လူ့ဘုံဆိုတာ ပုညတွေ။ ကုသိုလ်တွေ ဖြစ်ပွားရာခေတ်ကြီး နယ်ပယ်ကြီးပဲ နတ်ပြည်ဆိုလဲ ဒီလူ့ပြည်က သွားကြရတယ် နိဗ္ဗာန် ဆိုလဲ ဒီလူ့ပြည်က ရောက်တာများတယ်။ နတ်ပြည်ကလဲ မရောက်နိုင် ဘူးလို့တော့ မဆိုနိုင်ပါဘူး။ သို့သော် နည်းတယ်။ သသီမော-ရဟန်းတွေဖြစ်ပွားရာ သိမ်တွေနဲ့လဲ ပြည့်စုံလျက် ရှိပါပေဒါ' သာသနုဇ္ဇလော-ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်၏ အထူး
ထွန်းကားရာဌာနကြီးလဲ ဖြစ်ပါပေ၏။ နိဗ္ဗာနတရဏော-နိဗ္ဗာန်တည်း သော ရေမြုတောကြားသို့ နမ္ဗာနိတည်းဟုသော သောက်တယ်ရာတ္ပန်း ကြီးသို့ တက်ရောက်ရာ ဆိပ်ကမ်းကြီးသဖွယ်လည်း ဖြစ်ပါပေ၏ သဗ္ဗသမ္ပတ္တိဒါယကော-လူချမ်းသာ လိုချင်ရင်လဲရ။ နတ်ချမ်းသာ လိုချင် ရင်လဲရ။ ဗြဟ္မာ့ချမ်းသာလိုချင်ရင်လဲရ။ နိဗ္ဗာန်ချမ်းသာ လိုချင်ရင်လဲရ သမ္ပတ္တိအမျိုးမျိုး ကောင်းကျိုးအရပ်ရပ်တို့ကို ကောင်းစွာမသွေ ပေးတတ် ပါပေ၏
အဲဒါ လူ့ဘဝဂုဏ်ရည်ပဲ။ ဒါကတော့ ဘုန်းကြီးတို့ နာမည်ကျော် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး ရေးထားခဲ့တဲ့ လူ့ဘဝဂုဏ်ရည်ဘွဲ့ ဂါထာပဲ။ အဲဒါကြောင့် ဘုန်းကြီးတို့ လူ့ဘဝဟာဖြင့် အဲသလို ကုသိုလ် ကောင်းမှုတွေ အခွင့်အလမ်းသာ ဘုရားဖြစ်ကြောင်း။ ပစ္စေကာဗုဒ္ဓါဖြစ် ကြောင်း' အဂ္ဂသာဝကဖြစ်ကြောင်းး မဟာသာ၀ကဖြစ်ကြောင်း ပါရမီ တွေဖြည့် ဆည်းဂူးနိုင်တာ အင်မတန်အခွင့်သာတဲ့ဌာနကြီးမို့လို့ ဒီဌာန ကြီးကို နတ်ပြည်ကနတ်တွေက သုဂတိလို့ ချီးကျူးကြတာ။ ဂုဏ်တင် ကြတာ ဘုန်းကြီးတို့ ဂုဏ်ယူဖွယ် အင်မတန်ကောင်းတယ်' ဂုဏ်ယူဖွယ် ကောင်းတဲ့အတိုင်းပဲ ကြုံလာတဲ့သုဂတိလို့ နတ်ပြည်က ဂုဏ်တင်ကြ သလို လူ့ဘဝလေး မဆုံးရှုံးအောင် ကြိုးစားဖို့သင့်ကြတယ်။
အမြတ်များများ ရနိုင်တဲ့ဘဝကြီး လက်ကိုင်ထားရတော့ အဲဒီဘဝ ကြီးမှာ အရှုံးမရှိအောင်တော့ ကြိုးစားရမယ်။
ရှုံးသွားပြီဆိုရင် ပြန်တည်ဖို့ တယ်မလွယ်ဘူး။ ဘုရားရှင်ကိုယ်တော် မြတ်က။ နခသိခ။ သုတ္တန်မှာ ဟောထားတာရှိတယ်။
လက်သည်းပေါ် မြေမှုန်လေးတင်ပြီးတော့ ဘုရားက ရဟန်းတော် တွေကို မေးမြန်းတော်မူတယ်။ “ချစ်သားရဟန်းတို့၊ ငါဘုရားရှင်လက်ပေါ် ရှိတဲ့ မြေမှုန်လေးနဲ့ ဟောဒီမဟာပထဝီက မြေမှုန်ဟာ ဘယ်သူက များတုံး ” မိန့်တော့-
“ရှင်တော်မြတ်ဘုရားလက်တော်က မြေမှုန်လေးက မပြောပ လောက်ပါဘူးဘုရား၊း မဟာပထဝီမြေကြီးကသာ အဆအရာ အထောင်
မက သာလွန်ပြီး များလှပါတယ် ”လို့ လျှောက်ထားတော့-
“ချစ်သားတို့ အဲဒီအတိုင်းပဲ အပါယ်လေးဘုံရောက်ကြတဲ့ ပုဂ္ဂိုလ် တွေဟာ မဟာပထဝီမြေကြီးလောက်၊ အဲဒီအထဲက တချို့တလေ လူ့ဘောင်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာ ဟောဒီ ငါဘုရား လက်သည်း ပေါ်မှာရှိတဲ့ မြေမှုနလေးလောက် အင်မတန် နည်းပါးတယ်” ဆိုတဲ့ အကြောင်း ဟောတော်မူခဲ့တယ်နော်1
အဲ- ဒါကြောင့် အပါယ်ရောက်သွားပြီဆိုရင် ပြန်ပြီးတက်ဖို့ရာ တယ်ပြီးမလွယ်လှဘူး။ အရှုံးမရှိအောင်တော့ ကြိုးစားကြ။ ရှုံးသွားပြီဆို ရင် ပြီးရေား ခေါင်းမပေါ်တော့ဘူး။ အဲဒါကြောင့်မို့လို့ လူ့ဘဝဟာ တကယ်မွန်မြတ်တဲ့ဘဝ၊ နတ်ပြည်ကတောင် ဂုဏ်တင်ရ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ချီးမွမ်းရတဲ့ဘဝ၊ အဲဒီဘဝရလာတဲ့အခါမှာ အရှုံး မရှိအောင်။ အမြတ်များများရအောင် ကြိုးစားဖို့ အရေးကြီးတယ်ဆိုတာ ကို သဘောပေါက်ပြီး အထူးလက်ခံပြီးတော့ ကြိုးစားကြဖို့ရှိတယ်နော်။
ဒုတိယအမေးနဲ့အဖြေ
အေး- နောက်ဒုတိယအမေး အဖြေကို ဘုရားရှင်ကိုယ်တော်မြတ်က မိန့်တော်မူတယ်။ ရဟန်းက-
“ကိဉ္စ ဘန္တေ ဒေဝါနံ သုလဒ္ဓလာဘံ ”ဘန္တေ-ရှင်တော်မြတ်ဘုရား၊ ဒေဝါနံ-နတ်တို့၏ 1 သုလဒ္ဓလာဘ သင်္ခါတံ-ကောင်းစွာရအပ်သော လာဘ်လာဘရယ်လို့ ချီးကျူး ဂုဏ်တင်အပ်သော အရာသည်။ ကိံ အဘယ်ပါနည်း ဘုရားလို့ လျှောက်ထားတယ်။ နတ်ပြည်က သုဂတိသွား။ သုဂတိရောက်တဲ့အခါ ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီး ရအောင် လုပ်ဖို့ အဲသလို မှာလိုက်တာကိုး။ အဲဒီ ကောင်းစွာရအပ်တဲ့ လာဘ်လာဘ ကြီးဆိုတာ ဘယ်လို လာဘ်လာဘပါတုံးဘုရားလို့ လျှောက်ထားတဲ့အခါ ကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က-
ယံ မနုဿဘူတော သမာနော-တထာဂတ ဗဝေဒိတေ ဓမ္မဝိနယေ သဒ္ဓံ ပဋိလဘတိ။ က္ကဒခေါဘိက္ခု ဒေဝါနံ သုလဒ္ဓလာဘသင်္ခါတံ။
မနုဿဘူတော-လူဖြစ်သည်။ သမာနော-ဖြစ်သည်ရှိသော်၊ တထာဂတပဝေဒိတေ-မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဟော ကြားသိစေတော်မူအပ်သေား ဓမ္မဝိနယေ-သာသနာတော်မြတ်ကြီး၌ သဒ္ဓံ-သဒ္ဓါတရားကို၊ ပဋိလဘတိ-ရခဲ့ပါပေ၏ ဘိက္ခု-ရဟန်း၊ တ္ကဒံ ခေါ-ဤသဒ္ဓါသည်ပင်။ ဒေဝါနံ-နတ်တို့ါ။ သုလဒ္ဓလာဘသင်္ခါတံ- ကောင်းစွာရအပ်သောလာဘ်ဟု ချီးကျူးအပ်သော အရာပေတည်း။ ကောင်းစွာရအပ်တဲ့ လာဘ်လာဘဆိုတာ တခြားမဟုတ်ဘူး။ လူဖြစ်လာ တော့ မြတ်စွာဘုရားသာသနာတော်မှာ ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါတရား၊ အဲဒီသဒ္ဓါတရား ရပြီဆိုရင် ဒါကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီး ရတာပဲလို့ ဘုရားရှင်က အဖြေပေးတယ်နော်။
အဲဒါ နတ်ပြည်ကဂုဏ်တင်တဲ့ လာဘ်လာဘကြီး၊ ဘုရားသာသနာ တော်မှာ သဒ္ဓါတရားရပြီလို့ဆိုရင် အဲဒီအမျိုးသား။ အမျိုးသမီးဟာ တကယ်ထူးခြားတဲ့ လာဘ်လာဘကြီး၊ နတ်တွေက ဂုဏ်တင်တဲ့ လာဘ် လာဘကြီး ရတဲ့ပုဂ္ဂိုလ် ဖြစ်သွားတယ်။ အဲ နောက် ကောင်းစွာရအပ် တဲ့ လာဘ်လာဘကို ဂုဏ်တင်တာလဲ ဘုန်းကြီးတို့ သဒ္ဓါတရားဟာ ဂုဏ်တင်ထိုက်တာပဲနော်။
သဒ္ဓါတရားရဲ့ဂုဏ် ဒီသဒ္ဓါတရားနဲ့ ဘုန်းကြီးတို့ သာသနာရောက်လာကြတာပဲ။ သာသနာတော်ကို မမေ့ရဘူး။ ပရိသတ်လေးပါးတို့ သာသနာ၀င်လာတား ဒီသဒ္ဓါသာမရှိရင် သာသနာတော်ထဲ ရောက်လာမှာမဟုတ်ဘူး။ သဒ္ဓါ တရားရှိလို့ သာသနာရောက်လာတယ်။ သဒ္ဓါတရားရှိလို့ ဘုရား ကိုးကွယ်ကြ။ တရားကိုးကွယ်ကြ၊ သံဃာကိုးကွယ်ကြ' သာသနာအစ သရဏဂုံက၊ သရဏဂုံနဲ့ သာသနာထဲရောက်လာ။ ရောက်လာရင် ပြီးရော ကုသိုလ်တွေအများကြီး ပွင့်လင်းလာကုန်တယ်။ ဒါကြောင့် ဒီသဒ္ဓါတရားအမှီပြုပြီးတော့ ထူးခြားတဲ့ကုသိုလ်တွေ များစွာရတော့ သဒ္ဓါတရားဟာ ကောင်းစွာရအပ်တဲ့ လာဘ်လာဘဝဲလို့ နတ်တွေက
ဂုဏ်တင်တယ်။
တတိယအမေးနဲ့အဖြေ
နောက် တတိယမေးခွန်းအဖြေကို မိန့်တော်မူတယ်။ ရဟန်းက “ကိပန ဘန္တေ ဒေဝါနံ သုပ္ပတိဋ္ဌိတသင်္ခါတံ ”
ဘန္တေ-ရှင်တော်မြတ်ဘုရား၊ ဒေဝါနံ-နတ်တို့၏။ သုပ္ပတိဋ္ဌိတ သင်္ခါတံ-ကောင်းစွာတည်တံ့သူဟု ချီးကျူးအပ်သော ကောင်းစွာတည်တံ့ သူဟူသည်။ ကိပန-အဘယ်ပါနည်း ဘုရားလို့ လျှောက်ထားတယ်။
အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘယ်လိုဖြေသလဲ ဆိုတော့-
သာခေါပနဿ သဒ္ဓါနိဝိဋ္ဌာ ဟောတိ၊ မူလတထာ ၀တိဋ္ဌိတာ ဒဋ္ဌာ အသံဟာရိယာ သမဏေန ဝါ ဗြာဟ္မဏေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိ? က္ကဒံ ခေါဘိက္ခု ဒေဝါနံ သုပ္ပတိဋ္ဌိတသင်္ခါတန္တိး
အဿ-သဒ္ဓါဟူဘိ ထိုလာဘ်လာဘရှိနေသူဇဓါ။ သာပနသဒ္ဓါ- ထိုသဒ္ဓါတရားသည်။ နိဝိဋ္ဌာ-စိတ်ခ်စွဲမှီမြဲတည်သည်။ မူလတတာ- သောတာ၀ဗတ္တိအင်္ဂါဟူဘိ အမြစ်အရင်းရှိသည်။ ဒဠာ-ခိုင်မြဲသည်။ သမဏေနဝါ-ရဟန်းကသော်လည်းကောင်း၊ ဗြာဟ္မဏေနဝါ-ဗြာဟ္မဏ ကသော်လည်းကောင်း၊ မာရေနဝါ-မာရ်နတ်မင်းကသော်လည်းကောင်း၊ ဗြဟ္မုနာဝါ-ဗြဟ္မာမင်းကသော်လည်းကောင်းး လောကသ္မိ-သတ္တလောက ခိ ကေနစိဝါ-တစ်စုံ တစ်ယောက်ကသော် လည်းကောင်း၊ အသံဟာရိယာ-မရွေ့လျားစေတတ် မပယ်ရှားအပ်သည်။ ဟောတိ- ဖြစ်စ ဘိက္ခု-ချစ်သားရဟန်း၊ တ္ကဒံခေါ-မရွေ့လျားစေနိုင် ခိုင်ခံ့သော ဤသဒ္ဓါတရားသည်ပင်၊ ဒေဝါနံ-နတ်တို့၏။ သုပ္ပတိဋ္ဌိတ သင်္ခါတံ- ကောင်းစွာတည်တံ့သော လာဘ်လာဘဟု ဆိုအပ်သော လာဘ်ကြီး ပါပေတည်း။
ကောင်းစွာတည်သူဆိုတာ ခုနကပြောတဲ့ သဒ္ဓါတရား၊ အဲဒီသဒ္ဓါ တရားဟာ ဘယ်သူမှဖျက်လို့ မပျက်နိုင်အောင် ကောင်းစွာခိုင်ခိုင်မြဲမြဲ
တ တည်လာပြိုလိုရှ်ရ်' ပတိဗ္ဌိတ=ကောင်းဌွာတည်သူ ဖြစ်ဘွားပြလို ဖြေကြားတော်မူခဲ့တယ်။ ဘုရားရှင်က-
အဲဒါကြောင့်မို့လို့ နတ်တွေက ကောင်းစွာတည်တဲ့ သဒ္ဓါတရား ဖြစ်အောင် ကြိုးစားပါလို့ ဆိုတာဟာ၊ ချီးကျူးတာဟာ ဘယ်သူမျှ မဖျက်နိုင်တဲ့ တည်တံ့တဲ့ သဒ္ဓါတရားဖြစ်အောင် ကြိုးစားပါလို့ ဆိုလိုတဲ့ အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က အဖြေပေးတယ်။
သဒ္ဓါလေးမျိုး
ဒီတော့ ဘယ်သူမှမဖျက်နိုင်တဲ့ သဒ္ဓါတရားဆိုတာက ခိုင်မြဲတဲ့သဒ္ဓါ တရား၊ အာဂမသဒ္ဓါး အဓိဂမသဒ္ဓါ။ သြကပွနသဒ္ဓါ။ ပသာဒသဒ္ဓါတဲ့။ သဒ္ဓါလေးမျိုး
အာဂမသဒ္ဓါဆိုတာ ဘုရားလောင်းတို့ရဲ့ သဒ္ဓါတရား၊ နိယတ ဗျာဒိတ် ပန်ဆင်တော်မူသည့် အခါမှစပြီး ဘယ်အခါမှ မပျက်တဲ့ ဘုရား ဖြစ်သည်အထိ တစ်သမတ်တည်း ဆိုက်ရောက်လာတဲ့ သဒ္ဓါဟာ အာဂမသဒ္ဓါပဲ။ အဓိဂမသဒ္ဓါဆိုတာက မဂ်ရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သဒ္ဓါတရားကို အဓိဂမသဒ္ဓါ၊ သောတာပတ္တိမဂ်ရပြီဆိုရင် အဲဒီသဒ္ဓါ ဟာ ခိုင်မြဲတဲ့သဒ္ဓါဖြစ်သွားပြီ အဲဒီသဒ္ဓါဟာ မဂ်ရခြင်းနှင့် အတူတူ ဖြစ်လာတဲ့သဒ္ဓါမို့လို့ အဓိဂမသဒ္ဓါတဲ့။
ခုနက “ကေနစိ-တစ်စုံတစ်ယောက်သော၊ သာမဏေနဝါ-ရဟန်း ပုဂ္ဂိုလ်သည်လည်းကောင်း ဗြာဟ္မဏေနဝါ-ပုဏ္ဏားပုဂ္ဂိုလ်သည်လည်း ကောင်း။ ကေနစိ-တစ်စုံတစ်ယောက်သော၊ မာရေနဝါ-မာရ်နတ်သည် လည်းကောင်း၊ ဗြဟ္မုနာဝါ-ဗြဟ္မွာသည်လည်းကောင်းး အသံဟရိယာ- ပျက်ပြားအောင် ဆုတ်ယုတ်သွားအောင် မဆွဲဆောင်နိုင် ဆိုတာ ဒီအဓိဂမသဒ္ဓါပဲ။ မဂ်ရတဲ့ပုဂ္ဂိုလ်တို့ရဲ့ သဒ္ဓါဟာ ဘယ်သူမှ ဖျက်လို့ မရတော့ဘူး။
သာဓက၀တ္ထု
ဘုန်းကြီးတို့ ဘုရားရှင်လက်ထက်က အဲသလိုဖျက်ခဲ့တဲ့ ပုံ၀တ္ထုလေး ရှိခဲ့တယ်။ သုပ္ပဗုဒ္ဓဆိုတဲ့ ကုဋ္ဌနူနာသည်လေး၊ ဘုရားရှင်ကိုယ်တော်မြတ် တရားနာရတော့ သောတာဝန်တည်သွားတယ်။ သိကြားမင်းကြီးက ကောင်းကင်ကနေပြီးတော့-
“ဟေ့ သုပ္ပဗုဒ္ဓ။ ဘုရားကို ဘုရားမဟုတ်ဘူးလို့ပြေား တရားကို တရားမဟုတ်ဘူးလို့ပြော၊ သံဃာကို သံဃာမဟုတ်ဘူးလို့ပြော၊ မမှန် ဘူးလို့ပြော၊ မင်းကို ငွေတွေအများကြီးပေးမယ် ဆိုတော့
မင်းဘယ်သူတုံး ”။
“ငါသိကြားမင်းပဲ ”
“အံမယ် သင်တယ်မိုက်ပါလား။ သင်လိုသိကြားမိုက် အရာ အထောင်မက ဘယ်လောက်လာပြီးဖျက်ဖျက် ဘုရားခ်တည်တဲ့ငါ့သဒ္ဓါ။ တရားခ်တည်တဲ့ငါ့ သဒ္ဓါ။ သံဃာခ်တည်တဲ့ငါ့ သဒ္ဓါဟာ မပျက်တော့ ဘူးလို့ ကြိမ်းဝါးပြီးတော့ သိကြားမင်းကို မောင်းမဲပစ်လိုက်တယ်။
နောက် သိကြားမင်းက အဲဒီအကြောင်းကို ဘုရားလျှောက်တော့-
သုပ္ပဗုဒ္ဓရဲ့သဒ္ဓါမျိုးလို သင်လိုသိကြား ဘယ်လောက်များများ လာဖျက်ဖျက် မဖျက်နိုင်တဲ့အကြောင်း၊ ခိုင်မြဲတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်က မြွက်ကြားတော်မူခဲ့တယ်နော်
သုရမွဋ္ဌဆိုတဲ့ တိတ္ထိဒကာတစ်ယောက် ရှိသေးတယ်။ အတူတူပဲ။ ဘုရားရှင်ကိုယ်တော်မြတ်က ကြွသွားတယ်။ အိမ်ရောက်တော့ ဘုရား ရှင်ကိုယ်တော်မြတ်က အပြီးသတ် ရုပ်-ဝေဒနာ-သညာ-သင်္ခါရတရား တွေဟာ အနစ္စ-အဓြဲမရှိဘူး။ ဒုက္ခ-ဆင်းရဲတယ်။ အနတ္တ-အသက်ဇီဝ စသည်မဟုတ်။ အတ္တမဟုတ်။ အနတ္တပဲဆိုပြီးတော့ ဟောသွားတာ။ ဘုရားရှင်ပြန်သွားတဲ့အခါကျတော့ မာရ်နတ်က ဘုရားယောင်ဆောင် ပြီးတော့ ပြန်လာ၊ ပြန်လာတော့ သုရမ္ခဋ္ဌဟာ ခုနက ဘုရားက တရားဟောလိုက်တော့ သောတာပန်တည်သွားတယ်။ အဲဒီအခါမှာ မာရ်နတ်က ဘုရားယောင်ဆောင်ပြီးတော့ ဖျက်မလို့လာတယ်။ လာပြီး
တော့ ဘာပြောတုံးဆိုတော့ ငါ ခုနက အလုံးစုံသောတရားတွေဟာ အနိစ္စ ဒုက္ခ အနတ္တလို့ ဟောခဲ့တယ်။ အေး တချို့မြဲတဲ့တရားတေေ ခန္ဓာငါးပါးတွေ ရှိတယ်။ ချမ်းသာတဲ့ ခန္ဓာငါးပါးတွေရှိတယ်။ မိမိအလိုကိုလိုက်တဲ့ ခန္ဓာငါးပါးတွေရှိသေးတယ်ဆိုတော့-
သုရမွဋ္ဆ္ဌက သာမန်ပုဂ္ဂိုလ်ဆိုရင် ယုံလိုက်မှာပေါ့' အခုတော့ သောတာပန်တည်သွားတော့ သွားပြောလို့မရတော့ဘူး။
“ဘယ့်နှယ်ပါလိမ့်။ ဒီစကား တယ်ဝန်လေးပါလား။ ဘုရားဆိုတာ ဟာ ဘယ်တော့မှ စကားနှစ်ခွန်း ပြောရိုး မရှိဘူး။ ငါ့ကိုဟောခဲ့တာလဲ တကယ့်သေသေချာချာ ဟောခဲ့တာ။ ဘယ်နည်းနှင့်မှ မှားတယ်မရှိဘူး။ ဘုရားတော့ မဟုတ်ဘူး။ မာရ်နတ်ဖြစ်မှာပဲး သင်မာရ်နတ်မဟုတ်လား ” ဆိုတော့ ဒီတော့ အဖြစ်မှန်ကို ဝန်ခံရတယ်။ အဲဒါ ဘုန်းကြီးတို့ ခုနကပြောတဲ့ သုပ္ပတိဋ္ဌိတ တည်တံ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာ သောတာပန် ဖြစ်ဖိုး အဓိဂမသဒ္ဓါဆိုတဲ့ မဂ်နဲ့ပြီးတဲ့ သဒ္ဓါတရားရဖို့။ အဲဒီသဒ္ဓါတရား ရပြီဆိုရင် ဘယ်သူမှ မဖျက်နိုင်ဘူး။ ဘုရားကြည်ညိုမှု။ တရားကြည်ညို မှု သံဃာကြည်ညိုမှု မပျက်နိုင်တော့ဘူး။
သြကပွနသဒ္ဓါဆိုတာ သက်ဝင်ကြည်ညိုတဲ့ သဒ္ဓါတရား၊ အဲဒီ သဒ္ဓါတရားဟာလဲ ပုထုဇဉ်တို့ရဲ့ သဒ္ဓါတရားပဲ) စွဲလမ်းတဲ့သဒ္ဓါတရား ဖြစ်လို့ တော်တော်ပျက်ခဲပါတယ်။ သို့သော် ပုထုဇဉ်ဆိုတာ စိတ်တော့ မချရဘူး1 ပသာဒသဒ္ဓါဆိုတာက သာမန်ကြည်ညိုရုံ သဒ္ဓါမျိုး။ သဒ္ဓါ လေးမျိုးပေါ့ နော်။ အဲဒီသဒ္ဓါလေးမျိုးထဲမှာ ခုနက ဘယ်သူမှဖျက်လို့ မပျက်ဘူးဆိုတာက အဓိဂမသဒ္ဓါ။ အဲဒီသဒ္ဓါရရင် အဲဒီပုဂ္ဂိုလ်ဟာ သုပ္ပတိဋ္ဌိတ ကောင်းစွာတည်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီး နတ်တွေချီးမွမ်းဂုဏ်တင်တဲ့ သုပ္ပတိဋ္ဌိတပုဂ္ဂိုလ်ဖြစ်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ဆိုလိုတဲ့ သုပ္ပတိဋ္ဌိတ အဓိပ္ပာယ်နော်။
လူဖြစ်ကျိုးနပ်အောင်
အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့လူ့ဘ၀ဟာ သာမညမဟုတ်' နတ်တွေ
ကတောင် ချီးမွမ်းဂုဏ်တင်ရတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကလဲပဲ
ဂုဏ်တင်ခဲ့တယ်။ ဒီတော့ တို့ဘဝဟာ သာမညမဟုတ်ဘူး။ သို့သော် တကယ့်ရတနာ ရပေမယ့် အလွဲသုံးစားလုပ်ရင် အကျိုးနည်းတတ်တယ်။ အသုံးမှန်လို့ရှိရင် သုံးရော။ စွဲရေား ဒုက္ခခပ်သိမ်းအကုန်ငြိမ်းရော တကယ့် ချမ်းသာဖြစ်ရော။ ဒါကြောင့် မိမိတို့ရထားတဲ့ လူ့ဘဝရတနာကြီးကို သုံးတတ်အောင်။ စွဲတတ်အောင် အသုံးချပြီး လူဖြစ်ကျိုးနပ်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
၁၉၉၁-ခုနှစ်။ မေလထုတ်ရတနာမွန်မဂ္ဂဇင်းမှ
ဥပုသ်တရားတော် (၃)
လောကော သတ္တာန မာစေရော။
ဂါဟကော တံ ဥဉာဏီယသံ။
သုခံ သမဓိဂစ္ဆတိ။
လောကော-ကမ္ဘာလောကကြီးသည်။ လောကော-ဩကာသ လောက။ သတ္တလောကဟု ဆိုရတဲ့ လောကကြီးသည်။ သတ္တာနံ- သူသူငါငါ သတ္တဝါမှန်သမျှတို့၏ 1 အတ္ထာနတ္ထ ပဒဿကော-အကျိုး ရှိသည် အကျိုးမဲ့သည်ကိုပြတတ်သော၊ အာစေရော-ဆရာသမားတွေ ဖြစ်ပါပေ၏ လောကကြီးဟာ မိမိတို့ရဲ့ဆရာတဲ့။ လောကမှာ ယူတတ်ရင် ပညာရတာပဲ။ မယူတတ်ရင် မရနိုင်ဘူး ယူတတ်ရင် တရားရနိုင်တယ်။ ဒါကြောင့် တရားရဖို့မရဖို့ ပညာရဖို့ မရဖို့ ပြနေတယ်။ လောကကြီး က- တံ-ထိုအကျိုးမဲ့ အကျိုးရှိကို၊ ဂါဟကော-ယူတတ်ရအောင် ပြုတတ်သော၊ ဉာဏီ-ပညာဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်သည်။ ယသံ-အခြွေအရံ အကျော်အစောကိုလည်းကောင်း၊ သုခံ-ချမ်းသာသုခကိုလည်းကောင်း သမဓိဂစ္ဆတိ-ကောင်းစွာမသွေ ရနိုင်ပါပေ၏ အဲ လောကကြီးဟာ ဆရာသမား။ မိမိတို့ဆရာသမားဖြစ်တယ်။ သို့သော်လည်း ဆရာသမားဆိုပေမယ့် ယူတတ်မှရတယ်' မယူတတ်ရင် မရဘူး။ ဘုန်းကြီးတို့ ဟို တံစက်မြိတ်ကနေပြီးတော့ ရေတံလျှောက်နဲ့
ခံထားတော့ ရေကလေး တစ်စက်တစ်စက်နဲ့ ကျနေတယ်။ အောက်က ခံထားတဲ့ရေအိုးကြီး ပြည့်လာလိမ့်မယ်လို့ မထင်ရဘူး။ သို့သော်လည်း အချိန်တွေများပြီး ကျဖန်များတော့ တော်ကြာ အိုးကြီးကပြည့်သွားတာပဲ။ ဒီအိုးကြီးကိုကြည့်ပြီးတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဘယ်လောက် မြင်ကြမလဲ။
ကြည့်တတ်တဲ့ပုဂ္ဂိုလ်ကတော့ ပညာရှိသူအဖို့ကတော့ အဲဒီ တစ်စက် တစ်စက်ကျပြီး အိုးကြီးပြည့်လာတာ သူတို့အဖို့မှာ ပညာရသွားတယ်။ အဲဒီပညာကို သူတို့ကတစ်ဆင့် ဖြန့်ဖြူးသွားကြတယ်1 ရေစက်ရေပေါက်နှင့် ရေအိုးကြီးပြည့်ပုံ ဧဇလဗိန္ဓု နိပါတေန။
ကမသော ပူရတေ ဃဋွော။
သဟေတု သဗ္ဗဝိဇ္ဇာနံ။
ဓမ္မဿစ ဓနဿစ။
ဧလဗိန္ဓု နိပါတေန-ရေစက်တွေ ကျပါများသဖြင့်' ကမသော- အစဉ်အတိုင်း တရွေ့ရွေ့ ဃဋော-အိုးကြီးသည်။ ပူရတေ-ပြည့်ရွ် လာရပေ၏ / သ-ထိုတစ်ပေါက်တစ်ပေါက် နည်းနည်းကျပါများသဖြင့် ရေအိုးကြီးပြည့်ရဤလာခြင်းသည်။ သဗ္ဗဝိဇ္ဇာနံ-အလုံးစုံသော အတတ် ပညာတို့၏ လည်းကောင်း ဓမ္မဿစ-တရား၏ လည်းကောင်း ဓနဿစ- ပစ္စည်းဥစ္စာရတနာဇ၊် လည်းကောင်းး ဟေတု- အကြောင်းအရင်းအစစ် တကယ်တမ်းဖြစ်ပါပေ၏။
အဲဒီတော့ ရေစက် တစ်စက်တစ်စက် ကျပါများလို့ ရေအိုးကြီး ပြည့်လာခြင်းဟာ အလုံးစုံသော အတတ်ပညာ။ အလုံးစုံသောတရား၊ အလုံးစုံသော ပစ္စည်းဥစ္စာတို့၊ စ၊ အကြောင်း၊ တဖြည်းဖြည်း ကျပါများလို့ ရေအိုးကြီးပြည့်သလို ထို့အတူပဲ အတတ်ပညာလဲ တဖြည်းဖြည်း ဆည်းပူးရင် နောက်ဆုံး တကယ့်ပါရဂူအဖြစ်သို့ ရောက်ရတယ်။ အတတ်ပညာတွေး တရားတွေ တဖြည်းဖြည်း တဖြည်းဖြည်း
ဆည်းပူးပြီးတော့။ အားထုတ်ပြီးတော့ နောက်ဆုံး မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရတဲ့ အရိယာအဖြစ်သို့ ရောက်သွားမယ်။ တဖြည်းဖြည်း စုဆောင်းဆည်းပူး ရောင်းဝယ်ခြင်းအားဖြင့် နောက်ဆုံး တကယ့်ကုန်သည် ကြီး၊ တကယ့်သူဌေးကြီးအဖြစ်သို့ ရောက်ကြရတယ်။
အဲဒါဟာ ဘုန်းကြီးတို့ တဖြည်းဖြည်း ကျပါများလို့ ရေအိုးကြီး ပြည့်လာခြင်းဟာ အလုံးစုံသောအတတ်ပညာ1၊ အလုံးစုံသောပစ္စည်းဥစ္စား
အလုံးစုံသောတရားတို့၏ အကြောင်းပဲ။ တဖြည်းဖြည်းနဲ့ ကြိုးစားလို့ရှိရင်
နောက်ဆုံး တကယ့် အထွတ်အထိပ် ရောက်နိုင်တယ်ဆိုတာကို တစက်စက် ကျနေတဲ့ ရေအိုးကြီးက ပြနေတယ်
အဲဒါ ကြည့်တတ်ရင် မြင်တယ်။ မြင်တတ်ရင် နည်းရတယ်။ နည်းရရင် လိုက်နာသောအားဖြင့် တိုးတက်မယ်။
အဲဒီတော့ ခုနပြောသလို ဘုန်းကြီးတို့ အများအားဖြင့် အမှတ်တမဲ့ပဲ။ ရေတစ်စက်တစ်စက်ကျလို့ ရေအိုးကြီးပြည့်တာကို များသောအားဖြင့် သတိမထားမိကြဘူး။
အဲ တကယ်သတိထားမိကြတဲ့ ပညာရှိတွေကတော့ ခုနပြောသလို သူတစ်ပါးကို နည်းပေးလမ်းပြလုပ်နိုင်တယ်။ ဒါလေးကို ဥပမာပေးပြီးတော့ နည်းပေးလမ်းပြလုပ်တယ်။ တစ်စက်တစ်စက် ကျလို့ အထင်မသေးနဲ့။ ဒီတစ်စက်တစ်စက်ဟာ တကယ်များလာရင် ရေအိုးကြီးပြည့်လာရသလို တစ်နေ့နည်းနည်း သင်ရလို့ အထင်မသေးနဲ့။ နည်းနည်းနည်းနည်းသင်ပါ များလာတဲ့အခါကျတော့ တစ်နေ့ပါရဝူကြီး ဖြစ်နိုင်တယ်။
တရားလေး တစ်နေ့နည်းနည်း နည်းနည်းအားထုတ်လို့ နည်းတယ် ဆိုပြီး အထင်မသေးနဲ့။ တစ်နေ့ကျတော့ အားထုတ်ပါများတော့ တရား တွေ မြင်တာများများလာပြီး နောက်ဆုံး သောတာပတ္တိမဂ် ဆိုက်သွား တယ်။ နောက် မဂ်ကနေဖိုလ်ဆိုက်။ ဖိုလ်အဆင့်ဆင့်ရပြီး နိဗ္ဗာန် ဆိုက်နိုင်တယ်။
ပစ္စည်းဥစ္စာလည်း တစ်ကျပ်နှစ်ကျပ် နည်းတယ်လို့ မအောက်မေ့နဲ့။ ဒီတစ်ကျပ်ရတဲ့နေ့တွေ စုပါများတော့ တစ်နေ့သူဌေးကြီး ဖြစ်နိုင်တယ်
ဆိုတာကို နီတိဆရာများကပြတယ်။ နည်းပေးတယ်။ သွန်သင်တယ်။ အဲဒါ ကြည့်တတ်လို့ မြင်တာနော် အဲဒါ ဆရာပဲ
နီတိဆရာကြီးတို့ရဲ့ ဆရာပဲ။ ရေတစ်စက်တစ်စက် ကျပါများလို့ ရေအိုးကြီး ပြည့်တာဟာဆရာပဲ။ သူတို့ကတစ်ဆင့် ဘုန်းကြီးတို့ နောက်က လူတွေကိုပြပေးတယ် သင်ပေးကြတယ်။ ဒါကြောင့် နည်းတယ် နည်းတယ် အထင်မသေးကြနဲ့။ တစ်နေ့ကျတော့ အဲဒီနည်းနည်းဟာ များလာပြီးတော့ နောက်ဆုံး အထွတ်အထိပ်ရောက်ကြရတယ်။ ဒါကတစ်ချက်။
လောကမှာ ကြည့်တတ်ရင် မြင်တယ်။ မြင်တတ်ရင် အကျိုးရှိတယ်။ အဲ ကြည့်တတ်ဖို့ အရေးကြီးတယ်။ လောကကြီးဟာ ဆရာကြီးပဲ။ ခုန တစ်စက်တစ်စက်ဂျလို့ ရေအိုးကြီးပြည့်တဲ့ဟာ ဆရာပဲ။ အဲဒီဆရာမှီပြီး နီတိဆရာကြီးတွေက ပညာရတယ်။ ပညာရတော့ သူများကို နည်းပေး နိုင်တယ်။
ကြည့်တတ်သူ မဟာဇနကမင်းကြီး
ဒါနဲ့စကားစပ်ပြီးတော့ တစ်ခါပြောရဦးမယ်။ ဘုန်းကြီးတို့ ဇနက မင်းကြီး မဟာဇနကမင်းကြီး ကြားဖူးကြပါတယ်။ ဇာတ်ကြီးဆယ်ဘွဲ့ ထဲက မဟာဇနကမင်းကြီး သင်္ဘောနဲ့ကုန်ကူးသွားတာ သင်္ဘောနစ်လို့ ဒီ့ပြင်လူတွေဟာ ငါး။ လိပ်တို့ရဲ့အစာ ဖြစ်ရတယ်။ မင်းကြီးကတော့ ဝီရိယမလျှော့ဘူး ဥပုသ် စောင့်လိုက်သေးတယ်။ ဥပုသ်စောင့်ပြီးတော့ တစ်ခါတည်း သဲသဲမဲမဲ ကြိုးကြိုးစားစားအားထုတ်တယ်။ အားထုတ်တော့ တစ်ခါတည်း ဘုရားလောင်းရဲ့တန်ခိုးကြောင့် အဲ နတ်သမီးက လာကယ် ပြီး မင်းဥယျာဉ်ထဲသွားချထားတယ်။
အဲဒီမှာအိပ်နေတုန်း အဲဒီပြည်က ရှင်ဘုရင်မရှိတော့ ရှင်ဘုရင် လောင်း ရှာကြတယ်။ ရှာတော့ ဖုဿရထားဆိုတာလွှတ်လို့နောက်ဆုံး တိုတိုပြောကြပါစို့ ဘုရင်ဖြစ်သွားတယ်' ဘုရင်ရဲ့မိဖုရားက သီဝလိဒေဝီ တဲ့။ အဲသလိုနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့အခါ တစ်နေ့ကျတော့
ဥယျာဉ်မှူးက ဥယျာဉ်က ကောင်းနိုးရာရာအသီးတွေး ကောင်းနိုးရာရာ ပန်းပွင့်ကလေးတွေ လာပြီးတော့ဆက်တယ်။ ဆက်တော့ ဥယျာဉ်ထဲ သူက သွားချင်တယ်။
“ကဲ ဥယျာဉ်မှူး ရထားတွေ ဘာတွေပြင်။ ပရိသတ်တွေ ဘာတွေ အကြောင်းကြား။ ဥယျာဉ်ထွက်ကြစို့ ” ဆိုတော့ အားလုံး လိုက်လာ ကြတယ်။
ဆင်ဖြူကြီးစီးပြီးတော့ မဟာဇနကမင်းကြီး ဥယျာဉ်ထွက်တယ်။ ဥယျာဉ်ထွက်တဲ့အခါကျတော့ ဥယျာဉ်ဝမှာ သရက်ပင်ကြီးတစ်ပင် မြင်ရတယ်။ မြင်ရတော့ အသီးတွေသီးလို့ ပြွတ်လို့ ခဲလို့။ ဝင်းလို့ မှည့်လို့ စည်စည်ကားကားပဲ။ အဲ နောက်တစ်ပင်ကတော့ အသီးမရှိဘူး။ အသီးမရှိပေမယ့် သူကလဲပဲ မြရောင်အသွေးထနေတဲ့ အရွက်တွေနဲ့ စိုစိုစိမ်းစိမ်း နှစ်သက်စရာ စည်စည်ကားကား လှလှပပပဲ။
အဲသလို သစ်ပင်ကြီးနှစ်ပင်မြင်ရတယ်။ ဒီတော့ ရှင်ဘုရင်က အဲဒီဥယျာဉ်ဝရောက်တဲ့အခါကျတော့ ဆင်ပေါ်ကနေပြီးတော့ အသီး သီးတဲ့သရက်ပင်ကြီးရဲ့ သရက်သီးတစ်လုံး ယူပြီးတော့စားလိုက်တယ်။ အင်မတန်ချိုတယ်ဆိုကိုး။ ဒီတော့ရှင်ဘုရင်က ရှိစေဦး။ နောက်အပြန်ကျမှ ငါများများစားမယ် ဆိုပြီးတော့ ဥယျာဉ်ထဲဝင်လာတယ်။ ရှင်ဘုရင် မစားခင် ဘယ်သူမှမစားရပေမယ့် ရှင်ဘုရင်ပွဲတော်အုပ် တည်ပြီးပြီဆိုရင် ကျန်တဲ့လူတွေ စားနိုင်တယ်။ ဒါကြောင့် သူကဆွတ် ငါကဆွတ် ဆွတ်လိုက်ကြတာ နောက်ဆုံး သရက်ပင်ကုန်သည်ထိအောင် ခဲတွေနဲ့ပစ်။ မစားရတဲ့လူတွေကလဲ ဒေါပွပွနဲ့ သစ်ပင်ကြီးကိုဝိုင်းပစ်ကြတယ်။ သစ်ပင် ကြီးဟာ ဖရိုဖရဲနဲ့ မြင်မကောင်း ရှုမကောင်းအောင် ဖြစ်နေတယ်။
ဒီလိုနဲ့သွားကြတော့ ညနေ မဟာဇနကမင်းကြီး အပြန်ထွက်တဲ့အခါ ကျတော့ မနက်ကရှုခင်းနဲ့မတူ တစ်မျိုးတစ်ဖုံ ဖောက်ပြန်နေတာ တွေ့ရ တယ်။ ကြည့်လိုက်တော့ မနက်က အသီးတွေပြွတ်နေတဲ့ အပင်ကြီးဟာ အခု ရစရာမရှိဘူး။ အကိုင်းတွေကျိုးပျက်။ အရွက်တွေကြွေ။ မြင်မကောင်း ရှမကောင်း။ တစ်ဘက်လှမ်းကြည့်လိုက်ပြန်တော့ မနက်က စိမ်းစိမ်းစိုစို
စည်စည်ကားကား အရွက်တွေနဲ့ဝေနေတဲ့ အပင်ကြီးဟာ ဒီအတိုင်းပဲ။ အရွက်တွေနဲ့ စည်စည်ကားကားနဲ့ စိမ်းစိမ်းစိုစိုနဲ့ အဲဒီတော့ “ဟ ဘယ်လိုဖြစ်တာတုံး။ ဒီအပင်ကြီးဟာ ရစရာမရှိဘူး။ ဟိုအပင်ကြီးကတော့ စိမ်းစိမ်းစိုစို စည်စည်ကားကားနဲ့ ”လို့ ဆိုတော့။ “ဟာ အရှင်မင်းကြီး ဒီအပင်က အသီးရှိတာမို့ ရှင်ဘုရင် စားပြီးပြီဆိုပြီးတော့ စားကြ ပြုကြ၊ ဟိုအပင်ကတော့ အသီးမရှိတဲ့အတွက်ကြောင့် ဘယ်သူမှ အန္တရာယ်မပြုကြဘူး ” ဆိုတော့ တစ်ခါတည်း မင်းကြီး သံဝေဂ ဖြစ်သွားတယ်။
မင်းကြီးသံဝေဂ
အဲ လောကမှာ ကျွတ်ချင်လို့ရှိရင် ကျွတ်ချိန်တန်ရင် သံဝေဂ ဆိုတာက တစ်ကြောင်းမဟုတ်တစ်ကြောင်း ဖန်တီးပြီးတော့ ရလာတတ် တယ်။ အဲ မင်းကြီးလဲ တစ်ခါတည်း သံဝေဂဖြစ်သွားတယ်။ ဟိုဘက် အသီးမရှိတဲ့အပင်ကြီးကတော့ နဂိုနေမပျက်စည်ကားလျက်။ ဒီဘက်က အသီးတွေနဲ့ အပင်ကြီးကတော့ ရစရာမရှိ ပျက်စီးကုန်ပြီ။ သြော်- ငါတို့ရဲ့ မင်းစည်းစိမ်ဆိုတာဟာလဲပဲ အသီးရှိတဲ့အပင်နဲ့ တူပါလား။ တစ်နေ့ကျရင် ရန်သူမင်းတို့က လာပြီးတော့ လုယက်နှိပ်စက်သွားရင် ဘာမှရစရာရှိမှာ မဟုတ်ဘူးလို့ သံဝေဂရတယ်
ရတဲ့အတိုင်း ပြန်တယ်ဆိုရင်ပဲ တိုင်းပြည်ကို တစ်ခါတည်း တရားစီရင်ဖို့ ဘာဖို့ အမတ်တွေ အပ်။ တိုင်းပြည်ကိုတော့ သားတော် ဒီဃာဝုမင်းသားဆိုတာက ရှိသေးတာကိုး။ သူ့ကိုအပ်တယ်။ အမတ်တွေ တရားစီရင်ဖို့အပ်' အပ်ပြီးတော့ တစ်ခါတည်း ဘယ်သူမှမလာရဘူး နန်းတော်ထဲမှာ အလုပ်အကျွေးတစ်ယောက်နဲ့ မင်းကြီးဟာ သူတစ်ယောက်တည်းနေတယ်။ စျေးက သင်္ကန်းတွေဘာတွေ သွား ၀ယ်ခိုင်းး သပိတ်တွေ သွားဝယ်ခိုင်းပြီးတော့ တစ်ခါတည်း ရသေ့ရဟန်း ပြုတယ်။ အဲဒီအပေါ်မှာပဲ တရားအားထုတ်ပြီးနေတယ်။ လူတွေနဲ့လဲ အတွေ့မခံတော့ဘူး။ တိုင်းပြည်ကိစ္စလဲ တစ်ခါတည်း ဥဝေက္ခာ
ပြုထားတယ်။ တရားပဲအားထုတ်နေတယ်။ အတော်ကြာသွားတယ်။
တစ်နေ့ကျတော့ သီဝလိဒေဝီ မိဖုရားကြီးက ရှင်ဘုရင်ဟာ တိုင်းပြည်ကိစ္စ ဘာမှမဆောင်ရွက်ဘူး။ အောက်လဲမဆင်းဘူး ဘယ်လို ဖြစ်နေပါလိမ့် သွားကြည့်ကြစို့လို့ ဆိုပြီးတော့ အခြွေအရံ မောင်းမ မိဿံ ပရိသတ်တွေခြံရံပြီးတော့ တက်လာ။
ရှင်ဘုရင်ကသိသွားတယ်။ သိသွားတော့ အသာကလေး မယောင် မလည်နဲ့ သူတို့ရှေ့နားကနေပြီး ဆင်းသွားတယ်။ ဆင်းသွားတော့ ရဟန်းပုံသဏ္ဌာန်နဲ့ကိုး။ သူတို့က ဇနကမင်းကြီးလို့မထင်ဘူး ရှေတုန်းက မဟာဇနကမင်းကြီးရဲ့နန်းတော်ကို ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ ကြွလာ ကြတယ်။ အခုမလာတာအတော်ကြာပြီး မင်းကြီးက “ရဟန်းပြုမှာ တောင့်တတယ်။ အရှင်မြတ်တွေမလာဘူး။ လာရင်ကောင်းလေစွ ” သို့သော် တစ်ပါးမှမလာဘူး။ ဒီတော့သူတို့က အဲဒီပစ္စေကဗုဒ္ဓါပဲ ထင်နေတာ။
ဒီတော့ ဘယ်သူမှ ဘာမှနှုတ်မဆက်ဘူး။ အသာလက်အုပ်ချီထား ပြီးတော့ ဒီအတိုင်း နန်းတော်ကိုတက်ဖို့ရာသာ အရေးကြီးနေတာကိုး။ အဲ တက်သွားတော့ ဟိုမှာ ဘယ်သူမှမရှိဘူး “ဟ ခုန ရဟန်းဟာ မင်းကြီးဖြစ်မှာပဲ လိုက်ကြ ဆိုပြီး အတင်းလိုက်ကြတယ်။ လိုက်ကြတော့ ဇနကမင်းကြီးက ရှေ့ကသွား သူတို့က နောက်ကလိုက်။ စစ်သည်တွေ ဘာတွေနဲ့ လိုက်သွားကြတယ်။
အဲ နောက်ကျတော့ ဇနကဓင်းကြီးကဖြစ်လာတဲ့ ရသေ့ကြီးဟာ နောက်ကျတော့ နာရဒဆိုတဲ့ ရသေ့ကြီးနဲ့တွေ့တော့ ရသေ့ကြီးက သူ့ကို တောထွက်လာတယ်ဆိုတာသိတော့ ဩဝါဒလေးဘာလေး ပေးပေါ့။ ဒါနဲ့ ဆက်သွားတော့ ရှေ့ရသေ့တစ်ပါးတွေ့တယ်။ မိဂါဇိနဆိုတာ အဲဒီရသေ့ ကြီးကလဲ နှုတ်ခွန်းဆက်ပြီးတော့ “အသင်ဟာ ဘယ်သူ့တပည့်တုံး။ ဘယ်သူ့နည်းများရပြီးတော့ ရဟန်းပြုလာတာတုံး ဆိုတော့
မင်းကြီးက ဇနကမင်းကြီးက “တပည့်တော်မှာ တခြားဆရာတော့ မရှိပါဘူး။ အသီးသီးနေတဲ့ သရက်ဂင်ကြီးနဲ့ အသီးမသီးတဲ့ သရက်ပင် ကြီး အဲဒီသရက်ပင်နှစ်ပင်ဟာ တပည့်တော်ရဲ့ဆရာပါပဲ။ အသီးသီးတဲ့
သရက်ပင်ကြီးပျက်စီးရပုံ။ အသီးမသီးတဲ့သရက်ပင်ကြီး ဘေးရန်ကင်းပုံ ကို မြင်ရလို့ အဲဒါကိုသံဝေဂယူပြီးတော့ ရသေ့ရဟန်းပြုလာတာဖြစ်တော့ အသီးသီးတဲ့သစ်ပင်ကြီးနဲ့ အသီးမသီးတဲ့ သစ်ပင်ကြီး နှစ်ပင်ဟာ တပည့်တော်ရဲ့ ဆရာပါပဲဘုရား လို့ လျှောက်ထားတယ်။
အဲဒီ လောကသစ်ပင်ကြီးနှစ်ပင်ဟာ ဇနကမင်းကြီးကို နည်းလမ်း ကောင်းကောင်းပေးတဲ့ ဆရာကြီးတွေ ဖြစ်မသွားဘူးလား။ အဲဒါကြောင့် မို့လို့ ဆရာအဖြစ်နဲ့ဝန်ခံပြီးတော့ ဇနကမင်းကြီးက မိဂါဇိနဆိုတဲ့ရသေ့ ကြီးကို လျှောက်ထားတယ်။ တပည့်တော်ရဲ့ဆရာ ဒီသစ်ပင်ကြီး၊
အဲဒါနဲ့ ရှေ့ဆက်ပြီးသွားတယ်။ ရှေ့ဆက်သွားတော့ နောက်ကသီဝလိ ဒေဝီ မိဖုရားကလဲ ကောက်ကောက်ပါအောင် လိုက်တယ်' ပြောလို့လဲ မရဘူး နှင်လို့လဲမရဘူးး' အဲ နောက် ဒွါရဂါမဆိုတဲ့ ရွာတစ်ရွာ ရောက်သွားတယ်။ ရွာအ၀င်ဝမှာ မိန်းကလေးတွေ ကစားနေကြတယ်။ မိန်းကလေးတစ်ယောက်က သူ့ဆန်ကောထဲ သဲတွေ ထည့်ပြီးတော့ အဲဒီသဲတွေကို ပြာပြီးတော့ ကစားနေတယ်
အဲဒီမိန်းကလေးရဲ့ လက်တစ်ဖက်က လက်ကောက်တစ်ဖက်တည်း။ အဲ ဒုတိယလက်က လက်ကောက်နှစ်ဖက်။ ပြာတဲ့အခါကျတော့ လက်ကောက်တစ်ဖက်တည်းလက်က ဘာမှမဖြစ်ဘူးး လက်ကောက် နှစ်ဖက်ဝတ်တဲ့လက်က အသံမြည်တယ်။
မိန်းကလေးကို ဆရာတင်
မိန်းကလေးဟာ ပညာရှိရင်တော့ ငါ့နည်းပေးနိုင်မှာပဲဆိုပြီးတော့ မေးတယ်တဲ့။ “မိန်းကလေး မိန်းကလေးရဲ့ လက်တစ်ဖက်ကတော့ မမြည်ဘူး။ မိန်းကလေးရဲ့ လက်တစ်ဖက်ကတော့ မြည်ပါလား” လို့ ဆိုတော့-
“ရှင်ရဟန်း၊ ကျွန်မရဲ့လက်တစ်ဖက်က လက်ကောက်တစ်ဖက် တည်း။ အဖော်မရှိဘူး။ အဖော်မရှိတော့ မမြည်ဘူးပေါ့။ တစ်ဖက်သော လက်ကတော့ အဖော်ရှိတယ်။ လက်ကောက်နှစ်ဖက် ဖြစ်နေတယ်။
နှစ်ဖက်ဖြစ်နေတော့ အဖော်ရှိနေလို့ မြည်တာပေါ့။ အဖော်ရှိရင် အဲသလိုပဲ ရဟန်း ”
သူက မိန်းကလေးက ပညာရှိတယ်။ ငယ်ပေမယ့်ပညာရှိတယ်။ ဟော-သူက လောကရဲ့သဘာဝကို မြင်တတ်တယ်။ လက်ကောက် နှစ်ဖက်နဲ့အစွဲပြုပြီးတော့ ပညာယူတတ်တယ်။ သူ့စိတ်ထဲမှာ ရှေ့က ရဟန်းက သွား။ နောက်က မိဖုရားကလိုက်၊ အဲဒါမြင်ရတာကိုလဲ သူက သိပ်ဘဝင်ကျပုံမရဘူး။ ရဟန်းနဲ့ ဒကာမဆိုတော့ မအပ်စပ်ဘူး။ အဲဒါ အတူတူလာနေတာ တယ်ဘဝင်ကျပုံမရဘူး ဒီတော့ ပညာပေးတာပဲ။ သူက ဇနကမင်းကြီးကိုပညာပေးတာ။ တပည့်တော်ရဲ့ လက်တစ်ဖက်မှာ လက်ကောက်ကလေးက တစ်ဖက်တည်း သူတစ်ခုတည်းဆိုတော့ မဆူမညံ၊ လက်တစ်ဖက်က အဖော်နဲ့ဆိုတော့ ဆူညံတာပေါ့။ ဝိဝါဒ ပတ္တော ဒုတိယော။
ကေနေကော ဝိ၀ဒိဿတိ။
တဿတေ သဂ္ဂကာမဿး ဧကတ္တ မုပရောစတံ။
ဒုတိယော-အဖော်ရှိရင်။ ဝိဝါဒပတ္တော-တစ်ယောက်နဲ့တစ်ယောက် ငြင်းကြ ခုံကြ ရန်ဖြစ်တြနဲ ြင်းနံရန်ဖြစ် ကြရဝါ ပေခ တော. တစ်ယောက်တည်းနေပါမူ၊ ကေန-ဘယ်လိုပုဂ္ဂိုလ်မျိုးနဲ့း ဝိ၀ဒိဿတိ- ငြင်းခုံခိုက်ရန် ဖြစ်ရပါအံ့နည်း။
အဖော်ရှိတော့ ငြင်းခုံရတာပေါ့။ အရှင်ဘုရား တစ်ယောက်တည်း ဆိုရင် မငြင်းခုံရဘူး။
သဂ္ဂကာမဿ-နတ်ပြည်နိဗ္ဗာန်ကိုအလိုရှိသေား တဿတေ- ထိုအရှင်ဘုရားအား၊ ဧကတ္တံ-အဖော်မမှီး တစ်ယောက်တည်း၏ အဖြစ်ကို၊ ဥပရောစတံ-နှစ်သက်ပါလေတော့ အရှင်ဘုရား၊ အသက်ငယ်ပေမယ့် အဲ မိန်းကလေးငယ်ငယ်လေးပေမယ့် လောကကြီးက ပညာယူတတ်
တယ်နော် ပညာယူတတ်လို့ မဟာဇနကဓင်းကြီးကို သူက တရားဟော လိုက်တာ။ ငယ်ပေမယ့် လောကကြီးမြင်တတ်ရင် တရားရ ပညာရတယ်။ ခုခေတ်ကလေးတွေ မဆိုးဘူး။
အဲဒါကြောင့် တချို့ လူကြီးတောင် မြင်နိုင်ဖို့ ခဲယဉ်းတယ်။ ဒီမိန်းကလေးကတော့ အဲသလို တရားပြလိုက်တယ်။ ဒီတော့မှ သီဝလိဒေဝီကို သူကလှမ်းပြီးတော့ ရသေ့ကြီးက “ကဲ-သီဝလိဒေဝီ မိန်းကလေးပြောတာ ကြားတယ်မဟုတ်ဘူးလား။ မိန်းမနဲ့ ရဟန်း မသင့်လျော်ပါဘူး သွားပါ လို့ ဆိုတယ်။ မသွားဘူး လိုက်လာတာပဲ။ နောက်ဆုံးကျမှ အတင်း အတင်း နှင်တော့မှ နောက်ဆုံး သီဝလိဒေဝီလဲ မိန်းမောပြီးတော့ ငိုတော့တာပဲ။ အဲဒီအခါမှာ အမတ်တွေကလာပြီးတော့ ရေအေးလှမ်းပေးကြ၊ ကူညီကြ စောင့်ရှောက်ကြလို့ နောက်ဆုံး သတိရလို့ ပြန်လှည့်ပြန်ရတယ်1 ဇနကမင်းကြီးကတော့ တောထဲကြွသွားတယ်။
အဲ အဲဒီမှာ ဧဇနကဓမင်းကြီး လောကက ပညာပေးတာ သူရပုံလေး ဘုန်းကြီးကပြောပြတား လောက က ပညာပေးတယ်။ ကိုယ်ယူတတ်ရင် ရတယ်။ မယူတတ်ရင် မရဘူး။ ခုန မိန်းကလေးငယ်ပေမယ့် သူက ပညာယူတတ်တယ်။ ယူတတ်လို့ လောကသဘောသိတော့ ဇနက မင်းကြီးတောင် သူက ဟောလိုက်သေးတယ်။ အဲဒါကြောင့်-
“လောကော-လကောကကြီးသည်။ သတ္တာနံ-သူသူငါငါ သတ္တဝါ တို့၊ ခါ။ အာစရိယော-ကျေးဇူးပြုတတ်တဲ့ဆရာပေတည်း1 အတ္ထာနတ္ထ ပဒဿကော-အကျိုးရှိ အကျိုးမဲ့ကို ပြတတ်သော၊ အာစရိယော-ဆရာ ရှင်ဖြစ်ပါပေ၏ လို့ ဆိုတယ်။
“လောကကြီးဟာ ဆရာလို ယူတတ်ရင်ရတယ်။ မယူတတ်ရင် မရဘူး။ တစ်နေ့ ရှင်ဘုရင်ကြီးတစ်ပါး နန်းတော်ပေါ်ကနေပြီး ကြည့်နေတယ်။ ကြည့်နေတော့ သိမ်းငှက်ကြီးတစ်ကောင်က အမဲသားတုံး ကြီး ချီလာတယ်။ ချီလာတော့ သိမ်းငှက်တွေက ဝိုင်းလာတယ်။ ထိုးကြ ဆွကြတယ်။ ထိုးကြ ဆွကြတာကို ကြာတော့ဓခံနိုင်ဘူး။ အဲဒီအမဲသား တုံးကြီးလွှတ်လိုက်တယ်။ နောက်တစ်ကောင်က ကောက်ချီ လွှတ်လိုက်တဲ့
သိမ်းငှက်ကြီးကတော့ အေးချမ်းသွားတယ်။ နောက်တစ်ကောင်ကို တစ်ခါ ဝိုင်းလိုက်ကြပြန်တယ်။ နောက်တစ်ကောင် တစ်ခါ ဒုက္ခရောက် တော့ သူကလဲမခံနိုင်ဘူးး တစ်ခါ အမဲသားတုံးကြီး လွှတ်လိုက်ရပြန် တယ်။ တစ်ခါ နောက်တစ်ကောင်က ကောက်ပြန်ရော။ အဲဒီအကောင်ကိုိုင်းလိုက်ကြပြန်ရော“
“အဲဒါတွေ မြင်ရတော့ မင်းကြီးဟာ တစ်ခါတည်း သံဝေဂဖြစ် သွားတယ်။ တရားရသွားတယ်။ လောကကြီးဟာ ဒီလိုပစ္စည်းရှိရင် ရန်သူများပါလား။ ပစ္စည်းမရှိရင်တော့ ရန်သူကကင်းပါလားလို့ ဒီပညာ ရသွားတယ်။ ရတယ်ဆိုရင်ပဲ တစ်ခါတည်း မင်းကြီးက ပစ္စေကဗုဒ္ပါ အလောင်းမို့လို့ အဲ. . . အဲဒီရတဲ့တရား မှီပြီးတော့ လက္ခဏာရေးသုံးပါး တင်ပြီးတော့ ဆင်ခြင်လိုက်တာ ပစ္စေကဗုဒ္ဓါဖြစ်သွားတယ်။ အဲဒါ အမဲသားရတဲ့သိမ်းငှက်တွေ ဒုက္ခများ၊ အမဲသားမရှိရင် ဒုက္ခကင်းပုံမြင်ရ ပြီး ပညာရသွားတာ။ တရားရသွားတာ ”
“အဲ... ဒါကြောင့် လောကကြီးဟာ မိမိတို့ရဲ့ဆရာပဲ။ ယူတတ်ရင် ဘယ်နေရာမဆို တရားရနိုင်တယ်။ နီတိဆရာကြီးများအဆိုရှိတယ်။ ခြင်က အတတ်ပညာတစ်ခု ယူရမယ်။ ဗျိုင်းက အတတ်ပညာတစ်ခု ယူရမယ်။ ခွေးက အတတ်ပညာခြောက်ခု ယူရမယ်။ မြည်းက အတတ်ပညာသုံးခု ယူရမယ်။ သင်ယူရမယ်တဲ့။ ကျီးကအတတ်ပညာ လေးခု ယူရမယ်။ ပြီးတော့ ကြက်ဖကြီးက အတတ်ပညာလေးခု ယူရမယ်လို့ ညွှန်ကြားထားတာရှိတယ်နော်။ နီတိဆရာကြီးတွေက-
ခြင်္သေ့ဟာ သားကောင်ငယ်လဲ ဒီအင်အားနဲ့ပဲ ဖမ်းတာပဲ သားကောင် ကြီးရင်လဲ ဒီအင်အားနဲ့ ဖမ်းတာပဲ။ သားကောင်ငယ်တယ်လို့. သူ့စွမ်းအားမလျော့ဘူး' သားကောင်ကြီးတယ်ရယ်လို့ သူ့အင်အား မတိုးဘူး။ ညီညီမျှမျှနဲ့ ငယ်လဲ ဒီလုံ့လ၊ ကြီးလဲ ဒီလုံ့လနဲ့ဖမ်းတယ်။ အဲဒါလိုပဲ အဲဒီခြသ့်ထံက ဒီအတတ်ပညာယူရမယ်လို့ ကိစ္စ ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ ဝီရိယကို လျှော့မပစ်လိုက်နဲ့း တစ်သမတ်တည်း ထားပြီး ကြိုးစားပါလို့ ဟော ခြင်္သ့ဆီက ပညာယူပြီးပေးလိုကဲတယ် ”
“ဗျိုင်းဆီက ပညာတစ်ခုတဲ့။ ဗျိုင်းဆိုတာဟာ တစ်ခါတည်း သူငါးဖမ်းမယ် လုပ်တဲ့အခါမှာ တည်တည်ငြိမ်ငြိမ်နဲ့။ စူးစူးစိုက်စိုက်နဲ့ တခြားမပျံ့လွင့်စေဘဲနဲ့ စောင့်ပြီးတော့ဖမ်းတယ်။ အဲဒီ တည်ငြိမ်မှု။ စူးစိုက်မှုလေးဟာ အတုခိုးစရာပဲ။ ဒါကြောင့် အဲဒီဗျိုင်းရဲ့ သမာဓိ။ အဲဒီသမာဓိမျိုးကို အတုခိုးရမယ်လို့ နီတိဆရာကြီးများက နည်းပေး ထားတယ်။
ခွေးဆီက အတတ်ပညာခြောက်ခု ယူရမယ်တဲ့။ ခွေးဆိုတာက အရှင်သခင်ပေါ်မှာ လိုလားတောင့်တမှု အလွန်သိတယ်။ ကျွေးသမျှ မွေးသမျှနဲ့ ရောင့်ရဲတတ်တယ်။ ပြီးတော့ အိပ်လွယ်တယ်။ နိုးလွယ်တယ်။ အရှင်သခင်ကို ခယ ဆည်းကပဗ်တတ်တယ် ပြီးတော့ ရဲရင့်တယ်တဲ့။ ခွေး အထံမှ ယူရမယ့်အတတ်ခြောက်မျိုး1 အဲဒီတော့ မိဘတွေးဆရာသမား တွေ။ ကိုယ့်ကိုအုပ်ချုပ်နေတဲ့ ရှင်ဘုရင်တွေ။ အလုပ်ရှင်တွေအပေါ်မှာ အဲဒီအကျင့်မျိုးတွေကျင့် ရင် အဲဒီပုဂ္ဂိုလ် ကြီးပွားတာပဲ။ ဒါကြောင့် အရှင်သခင်အပေါ်မှာ ခွေးကကျင့်တဲ့ အကျင့်မျိုးတွေကို၊ ပညာတွေကို ပညာအဖြစ်နဲ့ ယူရမယ်လို့ ဆိုထားတာ အတတ်ပညာခြောက်မျိုးတဲ့
မြည်းဆီက အတတ်ပညာသုံးခု ယူရမယ်တဲ့။ မြည်းဆိုတာ ဘယ်လောက်အလုပ်လုပ်ရလုပ်ရ မပင်ပန်းဘူး။ အအေးအပူကိုလဲမမှုဘူး။ ပြီးတော့ ရောင့်ရဲလဲ ရောင့်ရဲလွယ်တယ်။ အဲဒါကို အတုနိုးလို့ရှိရင် မိမိတို့ကိစ္စတွေ1 စည်းစိမ်ချမ်းသာတွေ ခိုင်မြဲတယ် တိုးတက်တယ်။ ဒါ ကြောင့် မြည်းဆီက အတတ်ပညာသုံးခု သင်ရမယ်လို့ဆိုတယ်။ စာဏကျနီတိဆိုတဲ့ စာဏကျဆရာကြီးက ဝေးတဲ့နည်းတွေ။ အဲ သူကလဲခုနပြောတဲ့ တိရစ္ဆာန်တွေဆီက နည်းရတယ်။ အဲဒီနည်းကို သူဖြန့်ဖြူးတာ။
ကျီးကန်းဆီက နည်းလေးမျိုး သင်ယူရမယ်တဲ့။ ကျီးကန်းများဟာ အချင်းချင်း ပေါင်းသင်း ဆက်ဆံကြတဲ့အခါ လျှို့ဝှက်တဲ့နေရာများမှာ ပေါင်းသင်း ဆက်ဆံကြတယ်။ ပြီးတော့ သူ့အချိန်အခါနဲ့ အခါ အရေးရှိရင် တစ်ခါတည်း စုရုံးပြီးတော့စုပေါင်းကြတယ်။ ညီညီညွတ်ညွတ်
စုပေါင်းကြတယ်။ ရန်သူနဲ့ ကြုံရင်ဖြစ်စေ ဒီ့ပြင်အရေးကြုံရင်ဖြစ်စေ သူတို့စုဝေးပြီးတော့ ဝိုင်းလာကြတော့တာပဲ] အဲဒီနည်းမျိုး ကျင့်ရမယ်။ သင်ရမယ်။ ဘုန်းကြီးတို့ လူတွေက သင်ယူရမယ့် အတတ်တစ်မျိုးပဲ ကျီးဆီက၊ ပြီးတော့ ကျီးတွေဟာ ဘယ်တော့မှမမေ့ဘူး။ ရန်သူကို အမြဲ ကြည့်နေတယ်။ ရန်သူအမိမခံဘူး' အဲဒါလဲအတုယူရမယ်။ သင်ယူရ မယ်။ ပြီးတော့မပျင်းဘူး။ ကျီးဟာ ဘယ်တော့မှ မပျင်းဘူးတဲ့။ အစာရှာမှု ပဲဖြစ်ဖြစ် ခုနပြောသလို ကိစ္စကြုံရင်လဲ ပျင်းတယ် ဘာတယ်မရှိဘူး။ ဟာ သူတို့ဘာသာသူတို့ ရှိပါစေ။ ငါမသွားဘူးလို့မရှိဘူး။ မပျင်းဘူးတဲ့။ အဲဒီနည်းလေးမျိုးဟာ ယူရ သင်ရမယ့် အတတ်တွေလို့ဆိုတယ်။
ကြက်ဖကြီးဆီက သင်ယူရမယ့် အတတ်ပညာလေးမျိုးကိုလဲ ပြတယ်။ ကြက်ဖဆိုတာ တိုက်ခိုက်တတ်တယ်။ ဒါလဲနည်းခိုးရမယ်တဲ့။ ပြီးတော့ ကြက်ဖဟာ မနက်စောစောအမြဲထတယ်' တွန်တာ။ ဒါကတော့ သိပြီးသားပဲ။ အဲဒါလဲ အတုခိုးရမယ်တဲ့။ နေထွက်အောင်အိပ်တဲ့အကျင့် မလုပ်ရဘူး။ ကြက်ဖလိုပဲ အချိန်တန်ရင်ထရမယ်။ ကြက်ဖဆီက ဒါလဲ အတုခိုးရမယ်။ ပြီးတော့ ဆွေတွေမျိုးတွေနဲ့ အတူတကွ စားသောက်လေ့ ရှိတယ်။ တစ်ကိုယ်ကောင်းမဆန်ဘူး။ မိမိဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ အတူတူစားတယ်။ ပြီးတော့ ကြက်မဒုက္ခရောက်ရင် ကူညီစောင့်ရှောက် တတ်တယ်။ အဲဒီလေးမျိုးဟာ နည်းယူရမယ့်အတတ်ပဲနော်။
အဲဒါကြောင့် နီတိဆရာကြီးတွေဆိုတဲ့အတိုင်း လောကကြီးဟာ မိမိတို့ကိုသင်ပြတယ်။ မိမိတို့ယူတတ်ရင် ပညာတွေအမျိုးမျိုးရတယ်။ ပညာတွေအမျိုးမျိုးရရင်ဖြင့် လောကကြီးပွားကြောင်းပဲ သံသရာကြီးပွား ကြောင်း လောကဘက်မှာလဲကြီးပွားကြောင်းး' တရားဘက်မှာလဲကြီးပွား ကြောင်း။ ဒါကြောင့်မို့လို့ လောကကြီးဟာ မိမိတို့ရဲ့ဆရာပဲ။ မသာ အလောင်းကြီး တစ်နေရာပြင်ထား။ အနားမှာလူတွေဝိုင်းနေ သူတို့အနားမှာ ဘာလုပ်နေကြတုံးဆိုတော့ စကားများကြတယ်။ တချို့ မသာကြီး ထားပြီးတော့။
ဒီနေရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စားကြသောက်ကြတယ်။ အမှန်က
မသာကြီးက တရားပြနေတယ်။ အလောင်းကောင်ကြီးက တရားပြနေတာ။ ယူတတ်ရင်ရတယ်။ ဟေ့ ငါ့ကြည့်ကြ ငါ့ကြည့်ကြ။ တစ်နေ့ကျ မင်းတို့ ငါ့လိုပဲ သေရမှာပဲ။ ငါဘာမှ ယူမသွားနိုင်ဘူးကွ။ မင်းတို့လဲ ငါ့လိုပဲ တစ်နေ့ကျ ဘာမှ ယူနိုင်မှာမဟုတ်ဘူး ဒါကိုသိကြက္ဝလို့ ပြနေတာပဲ။ ဦးပေါ်ဦးကြီးအကြောင်း ကြားဖူးမှာပေါ့ -
တစ်နေ့ ဦးပေါ်ဦးက သေခါနီး မှာတယ် သူ့ဇနီးကို ငါသေရင် ငါ့လက်တစ်ဖက်ကို အခေါင်းအပြင်ဘက် ထုတ်ထားဟေ့ဆိုတော့ သူသေတဲ့အခါ သူမှာတဲ့အတိုင်း လက်တစ်ဖက်ကို အခေါင်းဖောက်ပြီး အခေါင်းအပြင်ဘက် ထုတ်ပေးထားတယ်။ အဲဒါ လူတွေကနားခလည်ဘူး။ ဘာဖြစ်လို့ ဒီလက်တစ်ဖက် ထုတ်ထားတာလဲလို့။ ကြည့်တတ်ရင် မြင်တယ်နော်။ အဲဒီတော့ရှင်ဘုရင်သိတော့ ဆရာတော်တွေ လျှောက်ထား တယ်။ လျှောက်ထားတော့ ဒိ့ပြင်ဆရာတော်တွေကတော့ အသာပဲ နေတယ်-
ဟိုဗုဓ်အစ-ဗုဓ်အလယ်-ဗုဓ်အဆုံးလို့ နာမည်ကြီးတဲ့ဆရာတော် ဦးဗုဓ်ဆိုတာရှိတယ်။ အဲ ဗုဓ်အစဆိုတာ ဘုရားဗုဒ္ဓ။ ဗုဓခ်အလယ်ဆိုတာ ဗုဒ္ဓဃောသဆိုတဲ့ အဋ္ဌကထာဆရာကြီး၊ ဗုဓ်အဆုံးဆိုတာ ဆရာတော် ဦးဗုဓ်ဆိုတဲ့ဗုဝ် အင်မတန် + ပညာတတ်တယ်။ စာအလွန်တတ်တဲ့ ဆရာတော်ကြီး၊ ကျမ်းတွေပြုထားခဲ့တာလဲ နည်းတာမဟုတ်ဘူး
ဆရာတော်ကြီးအကြောင်းကလဲပဲ သူများနဲ့မတူအောင် ထူးခြားတယ်။ စတတ်တယ်။ အဲ ဆရာတော်တွေလျှောက်တဲ့အခါကျတော့ ဆရာတော် ဦးဗုဓ်က ရှင်ဘုရင်ကို အမိန့်ရှိတယ်။
မင်းကြီး- မင်းကြီးရဲ့ကျွန်တော်မျိုး မောင်ပေါ်ဦးဟာ အသက်ထင်ရှား ရှိစဉ်မှာသာ မင်းကြီးရဲ့အကျိုးကို ဆောင်တာမဟုတ်ဘူးး အခုသေတဲ့အခါ ကျတော့လဲ မင်းကြီးနဲ့တကွ အားလုံး တိုင်းသူပြည်သားလူအများတို့ရဲ့ အကျိုးကိုဆောင်သွားတာ။ လက်တစ်ဖက်ထုတ်ထားတဲ့အဓိပ္ပာယ်က ဟေး ပရိသတ်တို့၊ ရဟန်းရှင်လူအပေါင်းတို့ ကျွန်ုပ်ထစါ လက်တစ်ဖက်ကို ကြည့်ကြ ဘာပါသတုံး။ ကျွနိုပ်၆၊ လက်တစ်ဖက်မှာ ဘာပါသတုံး။
ဘာမှမပါဘူး အကုန်လုံး ဖွန််သွားပြီး ဟောဒီလက်ကြီးပဲရှိတယ်။ အားလုံးတိုင်းသူပြည်သား ရဟန်းရှင်လူတွေ ကျွန်ုပ်ကဲ့သို့ သွားရတဲ့ အခါကျတော့ ဘာယူသွားချင်ချင် ကျွန်ုပ်ကဲ့သို့ ဘာမှယူနိုင်မှာမဟုတ်ဘူး။ အချည်းနှီးသွားရမှာလို့ တရားပြခဲ့တယ်နော်။ ဆရာတော် ဦးဗုဓ်က ဖြေတယ်။ အဲဒီအခါကျမှ ရှင်ဘုရင်လဲ ဝမ်းမြောက်၀မ်းသာဖြစ်သွားတယ်။ ကြည့်တတ်ရင် မြင်တယ်နော်
လောကကြီးဟာ ဆရာ၊ ကြည့်တတ်ရင်မြင်တယ်။ မကြည့်တတ်ရင် မမြင်ဘူးး မသာနား ရောက်နေပေမယ့် ယူတတ်ရင် ရတယ်။ မယူတတ်ရင်မရဘူးး အသုဘ ဘာဝနာပွားး'း မရဏဿတိ ဘာဝနာ ပွားရတယ်။ ပွားလို့ရှိရင် ပညာတွေအများကြီးတိုးတယ်။ ဒါကြောင့်မို့လို့-
လောကော-လောကကြီးသည်။ သတ္တာနံ-သတ္တဝါတို့၏။ အတ္ထာနတ္ထ ပဒဿကော-အကျိုးရှိ အကျိုးမဲ့ကို ပြတတ်သော၊ အာစေရော အာစေရော-ဆရာ ဆရာတွေ ဖြစ်ပါပေ၏။ တံ-ထိုလောကက ပြနေတဲ့ အကျိုးရှိအကျိုးမဲ့ကို ဂါဟကော-ရအောင်ယူတတ်သေား ဉာဏီ- အသိအလိမ္မာ ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်သည်။ ယသံ-အခြံအရံ အကျော်အစောကိုလည်းကောင်း သုခံ-လောကဋ်ကြုံရမယ့်ချမ်းသာသုခ အမျိုးမျိုးကိုလည်းကောင်းး' လဘတေ-ကောင်းစွာမသွေ ရနိုင်ပါပေ သတည်း”
“ကဲ လောကက ယူနိုင်တဲ့ပညာတွေ ဘုန်းကြီး အားလုံးစုပေါင်း ပြောခဲ့ပြီး ဒါကြောင့် လောကပညာတွေယူပြီးတော့ မိမိ လောကရေးခ် လည်းကောင်း၊ တရားဘက်ခ််လည်းကောင်း တိုးတက်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း ”
(သာဓု သာဓု သာဓု)
၁၉၉၀-ပြည့်နှစ်။ ဇူလိုင်း သြဂုတ်လထုတ် ရတနာမွန်မဂ္ဂဇင်းမှ
ဥပုသ်တရားတော် (၄)
သာ၀တ္ထိယံ ကဏ္ဍယမွမှိ။
သဗ္ဗေ တိတ္ဆိယပါပကေ။
ဒဒေတွာ ပါဋိဟီရံယော။
ပရာဇိယ ဇယုတ္တရော။
အဂဂ္ဇီ တိဒသံပုရံ။
သောဝေါ ဒေတု ဇယံ ဇယံ။
ဇယုတ္တရော-အောင်သူတကာတို့၏ အဓိပတိ ပါရမီ ရတနာမဏိ
ကြောင့်၊ ကမ္ဘာအသိ ကျော်လွန် ပြိုင်လာလျှင်စင် ယှဉ်လာလျှင်ရှုံး ခေါင်ဆုံးကအောင်ပန်းခူးပေးသည့် အောင်နန်းမှူးထွတ်တင် အောင်ဘုရင် အစစ် ဖြစ်တော်မူထသော၊ ယောဇိနော-အောင်ပွဲဟူသမျှ အနိုင်ရသည့် လောကထွတ်ထား အကြင်ရှင်တော်မြတ်ဘုရားသည်။ သာဝတ္ထိယံ- ရတနာအမျိုးမျိုး ပွားတိုးပြည့်၀ ကောသလတိုင်းဝင်။ ယခုတိုင် အမည် တွင်ရဤွ တကယ်ပင်ကျော်ဟည်း သာဝတ္ထိ နေပြည်တော်ကြီးခ်1 ကဏ္ဍမွမှိ- ဥယျာဉ်မှူးကဏ္ဍ မြေချစိုက်ပျိုး ရှင့်တန်ခိုးကြောင့် သီးမျိုးခိုင်ခိုင် အဆိုင်ဆိုင်တို့ မြိုင်မြိုင်ယှက်ဝေ။ ကျက်သရေရှိ မဟိဒ္ဓိထင်လင်း သရက်ဖြူပင်ဒါ အရင်းဥ်၊ ပိဋိဟီရံ-လက်ဝဲလက်ယာ ဘက်နှစ်ဖြာဝယ် တေဇာထိန်ညီး ရေနှင့်မီး ထိုနှစ်ပုံး အစုံစုံယှက်သန်းရဤ အံ့မခန်းထူးလှ တန်ခိုးတော် အဝဝကို၊ ဒဒေတွာ-တိတ္ထိတွေ ပွက်ထမည်ကြောင့် အချက်ကျ ပြတော်မူပြီးသော်၊ သဗ္ဗေ-ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊ တိတ္ထိယပါပကေ- မသေခင်လဲခွေးနယ် သေလျှင်လဲလေးအပါယ်။
အေးစဖွယ် အရှင်းမရ ဖျင်းသမျှမှာလဲ အချုပ်အခြာ အယုတ်မာတွင်လဲ အဓိပတိ များဘိသောင်းသောင်း တိတ္ထိအပေါင်း အယုတ်ကောင်တို့ကို၊ ပရာဇိယ- သာသနာ့အန္တရာယ်ပေမို့ မာန်စွယ်တွေ အကုန်ချိုး။ မြတ်တန်ခိုး စက်ရဟဘတ်ဖြစ့် နာလန်မတူနိုင်အောင် ဖျက်ပြတ်ရွ တစ်သက်ပတ်လုံး အညွန့်တုံးအောင် ဆုံးရှုံးတော်မူစေပြီးသော်၊ တိဒသံပုရံ-သုံးကျိပ်သုံးပါ။ နတ်အများတို့ ပျော်ပါးစံရာ ဝတိံသာနန်း မြတ်ကြငှန်းသို့(ဝါ) ဥယျာဉ်တွေကလဲ အတန်တန်။ ဗိမာန်တွေကလဲအထပ်ထပ်။ တလျှပ်လျှပ် တဖိတ်ဖိတ် တရိရ်ရိပ်လျှပ်သန်းသည့် တာဝတိ။ သာမြတ်ကြငန်းသို့၊ အဂဒ္ဇီ-မယ်တော်နတ်အား အဘိဓမ္မာမြတ်တရားကို ဟောကြားဖို့ရန် စက်နှစ်တန်ကို ထက်ယံဖြန့်ခြွေ ကြွမြန်းတော်မူခဲ့ပါပေ၏ ][
သောဇိနော-အောင်ပွဲဟူသမျှ အနိုင်ရသည့် လောကထွတ်ထား ထိုရှင်တော်မြတ်ဘုရားသည်။ အဇယံ-အတွင်းအပ ရန်နှစ်ဝတို့ မုချပိုင်ပိုင် မအောင်နိုင်ရာ ဖြစ်ပေထသော၊ ဧယံ-ပစ္စုပ္ပန်မှာလဲ အနိုင်သာ သံသရာမှာလဲမရှုံးရ အဆုံးဘဝတိုင် ကွန့်မြူးရ အညွန့်အဖူးဆိုတဲ့ အောင်ပန်းကိုး ဒေတု-ဒီသတ္တဝါတွေကို ငါတကယ်ပင် ကယ်တင်မည် သဘောထားဖြင့် ပေးသနားတော်မူပါ့ အရှင်မြတ်ဘုရား၊
အဘိဓမ္မာအခါတော်နေ့
ယနေ့ အဘိဓမ္မာအခါတော်နေ့ အဲဒါကြောင့်မို့လို့ ဘုန်းကြီးက ဒီဂါထာရွတ်ရတာ။ မနှစ်ကလဲ ဒီဂါထာနဲ့ပဲ အချီးအဖြစ်နဲ့ ဟောကြားပါတယ် ဒီနှစ်လဲပဲ ဒီဂါထာလေးနဲ့ပဲ အချီးလုပ်လိုက်ရတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ဟာ တိတ္တိတွေကို အောင်ခဲ့တယ်' တိတ္ထိတွေ အောင်ပြီးတော့ တာဝတိံ။ သာနတ်ပြည်ကြွ မယ်တော်နတ်သား အမှူးထားရွ် နတ်ပရိသတ်တွေး စကြဝဠာ ကမ္ဘာတိုက်တစ်သောင်းက ဆိုက်ရောက်လာ ကြတဲ့ နတ်ဗြဟ္မာ အပေါင်းတွေကို အလွန်ထူးခြားတဲ့ အဘိဓမ္မာဒေသနာ တော်ကြီး ဟောတော်မူခဲ့တယ်။
မာတရံ ပမုခံ ကတွာ။
တဿာ ပညာယ တေဇသာ။
အဘိဓမ္မ ကထာမငဂ္ဂံ။
ဒေဝါနံ သမ္ပဝတ္တယိ။
မာတရံ-မယ်တော်နတ်သားကို၊ ပမုခံကတွာ-အကြီးအမှူးအဦးပြုရွ်။ တဿာပညာယ- ထိုသဗ္ဗညုတဉာဏ်တော်ဆိုတဲ့ပညာဇဓါ၊ တေဇသာ- အစွမ်းသုံးရပ် သတ္တိထူးဖြင်။ အဘိဓမ္မ ကထာမဓဂ္ဂံ- အဘိဓမ္မာခေါ် ဒေသနာတော်စကားအစဉ်ကို၊ ဒေဝါနံ-သောင်းထိုက်စက္ကဝါ ဆိုက်ရောက် လာသည့် နတ်ဗြဟ္မာအပေါင်းတို့အား'း သမ္ပဝတ္တယိ-ကရုဏာတော် သဗ္ဗညုတဉာဏ်တော်ဖြင့် ဟောဖော်ညွှန်ကြားတော်မူခဲ့ပါပေသတည်း။ ဝါတွင်းသုံးလပတ်လုံး တာဝတိ။ သာနတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူခဲ့တယ်။ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့၌ တာဝတိံ။ သာနတ်ပြည်က လူ့ပြည်ကို ဆင်းကြွတော်မူခဲ့ တယ်။ အဲဒါကို အထိမ်းအမှတ်အဖြစ်နဲ့ထားပြီးတော့ အဘိဓမ္မာ အခါတော်နေ့ရယ်လို့ မြန်မာပြည်မှာ ကျင်းပခဲ့ကြတယ်။ ပရမတ္ထတရားဆိုတာ ကိုယ်တွေ့အမှန်တရား ဒီတော့ အဘိဓမ္မာဆိုတာ ဘုန်းကြီးတို့အထူးဘော့မဟုတ်ဘူး။ အဘိဓမ္မာဆိုတာဟာ မိမိသန္တာန်မှာဖြစ်နေတဲ့ တရားတွေပဲ။ ပရမတ္ထ တရားတွေ ပရမတ္ထ္ဆအဘိဓမ္မာ-လွန်ကဲတဲ့တရားတွေဆိုတာ ပရမတ္ထ တရားတွေး ပရမတ္ထ္ဆဆိုတာက အမှန်အကန်တရားတွေလို့ဆိုတယ်။ ပရမော ဥတ္တမော အဝိပရိတော အတ္ထော ပရမတ္ထော-ပရမော ဥတ္တမော-မြတ်သေား အဝိပရိတော-မမှားဧကန် အမှန်စင်စစ်ဖြစ်သော၊ ဓမ္မော-တရားသဘောသည်။ အတ္ထော-တရားသဘောသည်။
ပရမတ္ထော-ပရမတ္ထမည်၏ မြတ်တဲ့တရားဟာ ပရမတ္ထတဲ့။ မြတ်တဲ့တရားဟာ ဘယ်လိုတရား တုံး ဆိုတော့။ တကယ့်ထင်ရှားရှိတဲ့တရားတွေ” ဘုန်းကြီးတို့ပညတ်တရား
တွေဆိုတာရှိတယ်။ ပရမတ်-ပညတ်၊ ပညတ်ဆိုတာဘာတုံးဆိုတော့ တကယ်ထင်ရှား ရှိတာမဟုတ်ဘူး။ ဦးဘငွေဆိုရင် ဘယ်လိုမှရှာလို့မရဘူး။ ဦးဘငွေဆိုတဲ့ နာမည်တည်ရာဖြစ်တဲ့ ရုပ်တရား၊ နာမ်တရား၊ ရုပ်ခန္ဓား နာမ်ခန္ဓာ ဒါတွေသာရှိတယ်။ ဦးဘငွေဆိုတဲ့တရားဟာ ဘယ်ဉာဏ်နဲ့မှ ကြည့်လို့မတွေ့ဘူး။ ကိုယ်တွေ့မမြင်နိုင်ဘူးး သူများအပြောနဲ့သာ ဦးဘငွေနေရတာ။ တကယ့်တရားသဘောအားဖြင့် ဖြစ်ပုံအားဖြင့် ထင်ရှားရှိနေတဲ့ တရားတွေမဟုတ်ဘူး။ ဦးဘငွေဆိုတဲ့ နာမည်တည်ရာ ဖြစ်တဲ့ ရုပ်တရား နာမ်တရား၊ အဲဒီ ရုပ်တရား နာမ်တရားသည်သာလျှင် ထင်ရှားရှိတဲ့တရား၊ တကယ့်ဉာဏ်နဲ့ကြည့်မယ်ဆိုရင် အဲဒီတရားတွေသာ မြင်ရမယ်။ ဒါကြောင့်-
အတ္တပစ္စက္ခော-မိမိကိုယ်တွေ့ဖြစ်တဲ့တရား၊ အဲဒီပညတ်တရားတွေလို ကိုယ်က မှည့်ထားလို့ တွင်နေတာမဟုတ်။ သူကပြောထားလို့ သိနေရတာ မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင် တွေ့နိုင်တဲ့တရား မိမိကိုယ်တိုင် သိနိုင်တဲ့တရား ကို ပရမတ္ထတဲ့
အနုဿဝါဒိ၀သေန-သူတစ်ပါးပြောခြင်း စသည်အစွမ်းဖြင့် သူတစ်ပါးပြောလို့ တစ်ဆင့်ကြား စသည်၏ အစွမ်းအားဖြင့်၊ အဂ္ဂဟေ တဗ္ဗတ္ထော-မယူအပ်တဲ့ အနက်တဲ့။ ပရမတ္ထဆိုတာ သူပြောငါပြောနဲ့ ယူရတဲ့သိရတဲ့ တရားသဘောမျိုးမဟုတ်ဘူး။ မိမိကိုယ်တိုင် မိမိအသိနဲ့ သိရမြင်ရတဲ့တရားကို ပရမတ္ထတဲ့
စိတ်ကိုဆင်ခြင်ကြည့်
ဘုန်းကြီးတို့လောကမှာ စိတ်ဆိုတဲ့တရားလေးရှိတယ်1 စိတ်ဆိုတာ ပရမတ္ထတရား၊ အဲဒီ စိတ်ဆိုတဲ့တရားဟာဖြင့် မိမိကိုယ်တွေ့သိရတဲ့ တရားပဲ။ အဆင်းကိုမြင်တဲ့အခါမှာ အဲဒီအဆင်းကိုသိတဲ့ စိတ်ကလေး ဖြစ်နေတာ ဘယ်သူမှပြောရတာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်သိနိုင်တယ်။ မစဉ်းစားရင်သား စဉ်းစားရင်သိနိုင်တယ်။ လောဘ လိုချင်တဲ့တရားလေး ဖြစ်လာပြီဆိုရင် အဲဒီလိုချင်တာကို ဘယ်သူမှ မပြောရဘူး။ ကိုယ်တွေ့
အသိအားဖြင့် စဉ်းစားလို့ရှိရင် သိနိုင်တယ်။ ဆင်ခြင်ရင် သိနိုင်တယ်။ မိမိသန္တာန်မှာ လိုချင်တဲ့တရားရယ်လို့ ဆင်ခြင်တဲ့ပုဂ္ဂိုလ်မှာ ဘယ်သူမသိ ရှိပါ့မလဲ1 သိနိုင်လောက်အောင် သူကလဲ သဘောအားဖြင့် ပေါ်လွင် နေတယ်။
ထို့အတူပဲ စိတ်ဆိုးလာတယ်။ အဲဒီစိတ်ဆိုးတဲ့စိတ်ကို ကိုယ်က ဆင်ခြင်ကြည့်ရင်မသိဘူးလား။ သိနိုင်တာပဲ။ စိတ်ဆိုးတဲ့စိတ်က သာပြီး ပေါ်လွင်သေးတယ်။ တစ်ခါတည်းကို သူဖြစ်လာပြီဆိုရင် ပမာ-စိတ်ထဲ သူပုန်ထ၊ အဲဒါကြောင့်စိတ်ဆိုးတယ်ဆိုတဲ့ ဒေါသစိတ်ဟာ ကိုယ်တွေ့ သူများပြောလို့ မဟုတ်ဘူး။
တ္ကဿာ-သူတစ်ပါးကိုမနာလိုတဲ့တရား၊ သူတစ်ပါးကောင်းစား တာကို မနာလိုတဲ့တရားဟာ က္ကဿခေါ်တယ်။ ငြူစူတယ်လဲ ခေါ်တယ်။ အဲဒီငြူစူတဲ့တရားဟာ သူများပြောလို့ သိရတာမဟုတ်ဘူး။ ငြူစူတဲ့တရား မိမိသန္တာန်မှာဖြစ်ပြီဆိုရင် ဆင်ခြင်ကြည့်။ ဒါက္ကဿာပဲဆိုတာ သိနေတယ်။ ဒါကြောင့် ကိုယ်တွေ့သိရတဲ့တရားတွေ။ မစ္ဆရိယ- နှမြောတယ်။ မိမိပစ္စည်း မိမိစည်းစိမ်ကို သူတစ်ပါးမရစေချင်ဘူး1 နှမြောတယ်။ ကပ်စေးနှဲတယ်။ အဲဒီဟာဖြစ်လာရင်လဲ သူများက မသိနိုင်ပေမယ့် ကိုယ့်ကိုကိုယ် တွေးကြည့်လိုက်ရင် ဆင်ခြင်ကြည့်လိုက်ရင် သိခိုင်တယ်။ ငါ့သန္တာန်မှာ မစ္ဆရိယတရား ဖြစ်နေပြီလို့
ကုသိုလ်တရားတွေလဲကြည့်
တစ်ခါ ကောင်းတဲ့တရားတွေ ဘက်ကလဲ သဒ္ဓါတရားတွေ ဖြစ်လာပြီဆိုရင် ကိုယ့်သန္တာန်မှာဖြစ်တဲ့ သဒ္ဓါတရားကို ကိုယ်က ဉာဏ်ပညာနဲ့ ကြည့်လိုက်မယ်ဆိုရင် သိတာပဲ ငါ့သန္တာန်မှာ သဒ္ဓါတရား ဖြစ်နေပြီလို့ သဒ္ဓါတရားဖြစ်တဲ့စိတ်ဟာ သဒ္ဓါတရားနဲ့ယှဉ်တဲ့စိတ်ဟာ ကြည်လင်နေတယ်။ ကြည်လင်နေတဲ့သဘောလေးဟာ ပေါ်နေတယ်။ သတိ-သတိဆိုတဲ့တရားလေး အဲဒီသတိဆိုတဲ့ တရားလေးဟာလဲ မိမိက
မဆင်ခြင်ရင်သာ ဆင်ခြင်လို့ရှိရင် ငါ့သန္တာန် သတိဖြစ်နေပြီလို့ သိတယ်။ အဲ သတိဆိုတာက ဘုရားဂုဏ်မှာ အောက်မေ့အမှတ်ပြုတဲ့ သတိ။ ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ် ရုပ်နာမ်တရားကို အနိစ္စဃဘော အားဖြင့် ဆင်ခြင်တဲ့သတိ။ အနိစ္စသဘောအားဖြင့် အမှတ်ရတဲ့သတိ။ ဒုက္ခသဘောအားဖြင့် အမှတ်ရတဲ့သတိ၊ အနတ္တသဘောအားဖြင့် အမှတ် ရတဲ့သတိ။ အဲဒီသတိဟာ ဘယ်သူကပြောရမတုံး။ ကိုယ့်ဟာကိုယ် တွေး ကြည့်ရင်သိတာပဲ။ ဒါကြောင့် ကိုယ်တွေ့သိရတဲ့တရားဟာ မြင်တတ်။ သိတတ်တဲ့တရား၊ အဲဒီတော့ ခုနပြောတဲ့ ရုပ်နာမ်တရားခစတွ ဆင်ခြင်လို့ရှိရင် ရုပ်နာမ်ကိုသိတဲ့ အသိပညာပေါ်လာတယ်။ အဲဒီ အသိပညာပေါ်နေတာကိုလဲပဲ လူများပြောလို့သိရတာ မဟုတ်ဘူး။ မိမိ သန္တာန်မှာ အသိပညာဖြစ်လာပြီဆိုတာ ကိုယ်ကိုယ်တိုင်က သိနေတယ်။
အလောဘ-မလိုချင်တဲ့တရား၊ ဒီတရားပေါ်လာရင်လဲ သိတာပဲ။ သူဟာ ဒီပစ္စည်းကိုစွန့်ချင်တယ်။ ပေးချင်တယ်။ ငြိကပ်တွယ်တာမှုမရှိဘူး။ အလောဘဆိုတာ ဒါနပဲ။ ဒါနဖြစ်ကြောင်းတရားပဲ။ အဒေါသ-ဒေါသ၏ ဆန့်ကျင်ဘက်မေတ္တာတရားကို အဒေါသတဲ့။ အဲဒီမေတ္တာတရားလေးကို ကိုယ့်သန္တာန်မှာဖြစ်နေပြီဆိုရင် ဆင်ခြင်ကြည့်လိုက်ရင် ဒါဟာကိုယ်သိ တာပဲ။ ငါ့မှာမေတ္တာဖြစ်နေပြီလို့။ မေတ္တာဆိုတာက ကောင်းတဲ့တရားကို မေတ္တာခေါ်တာ။ မကောင်းတဲ့တရားကို ဘုန်းကြီးတို့ ကျမ်းဂန်ကတော့ မေတ္တာမဆိုဘူး။
သို့သော်လဲပဲ အများကတော့ အဲဒီမကောင်းတဲ့ တဏှာပေမနဲ့ ချစ်ခြင်းဆိုတဲ့ချစ်ခြင်းမျိုးကိုလဲ မေတ္တာလိပဲသုံးနေကြတယ်။ ဒါကြောင့် ဘာချစ်ခြင်းဖြစ်ဖြစ် ကိုယ့်သန္တာန်မှာဖြစ်ပြီ ဆိုရင်သိတာပဲး ဒီဥစ္စာ အညှီမရှိတဲ့ အစေးမရှိတဲ့ မွန်မြတ်တဲ့ ချစ်ခြင်းပဲ( ဒီဟာကတော့ တဏှာအစေးပါတဲ့ချစ်ခြင်းမျိုးဆိုတာ အခြေအနေအရ ကိုယ်ခွဲသိနိုင်တယ်။ ဒါကြောင့် ကိုယ်တွေ့သိရတဲ့တရားတွေ ပထဝီဓာတ် ဒါနာမ်တရားဘက်က ပြောလိုက်တာ။ ရုပ်တရားဘက်ကလဲ
အတူတူပဲ။ ဤခန္ဓာကိုယ်ကြီးမှာ ပထဝီဓာတ်ရှိတယ်။ ခက်မာတယ်။ အဲဒီခက်မာတဲ့သဘောတွေဟာ သူများပြောလို့ သိရတာမဟုတ်ဘူး။ ကိုယ်တိုင်သိနိုင်တယ်။ ခန္ဓာကိုယ်ကြီးမှာ ခက်မာတဲ့သဘော၊ အစိုင်အခဲ ဆိုတဲ့ သဘောတွေရှိတယ်။ အဲဒီ သဘောတွေဟာ ပညာနဲ့ဆင်ခြင် ကြည့်လိုက်လို့ရှိရင် ကိုယ်တွေ့သိနိုင်တဲ့တရားတွေပဲ။ သူကတော့ ပြနေ တာပဲ။ ငါဟာပထဝီပဲ။ ငါက မင်းတို့တစ်တွေကို ပြနေတယ်။ မင်းတို့က အဲဒီပြနေတာကိုမကြည့်လို့ ပညာနဲ့ကြည့်ို့ရှရင် ငါ့ကို ပိုင်းပိုင်းခြားခြာ မင်းတို့မြင်ကြလိမ့်မယ်။ မြင်ကြလို့ရှိရင် မင်းတို့ ဒုက္ခကင်းလိမ့်မယ်။ အဲသလို ပထဝီကပြနေတယ်။ သို့သော် ဘုန်းကြီးတို့ လူတွေက မကြည့်ချင်ဘူး။ မကြည့်ချင်တော့ ဒုက္ခမမြင်ဘူး။ ဝါယောဓာတ်လဲထင်ရှား
ထို့အတူပဲ။ ဝါယောဆိုတာဟာလဲ အင်မတန်ထင်ရှားတယ်။ လှုပ်ရှားမှုသဘော။ ရွေ့လျားမှုသဘော။ တွန်းကန်မှုသဘောဆိုတဲ့ လေဓာတ်တွေ ဒီခန္ဓာကိုယ်မှာ အများအပြားပဲ။ သွားလာမှု ပြီးမြောက် အောင် တွန်းကန်ပေးတဲ့ ထင်ရှားရှိတဲ့ဝါယောဓာတ်။ လက်လှုပ်မှု ခြေလှုပ်မှု ဖြစ်စေတတ်တဲ့ ဝါယောဓာတ်၊ လက်လှုပ်အောင်ခြေလှုပ်အောင် တွန်းကန်ပေးတတ်တဲ့ ဝါယောဓာတ်။ အဲသလိုဝါယောဓာတ်တွေ အများ အပြားပဲ နေရာတကာမှာရှိတယ်။ ခန္ဓာကိုယ်ကြီးမှာ မလှုပ်ဘဲနေတာမှ မဟုတ်ဘဲ။ အဲဒီလှုပ်တာမှန်သမျှ ဝါယောချည်းပဲ။ အဲဒီဝါယောက ပြနေတယ်။ မင်းတို့ကြည့်ကြလို့။ ဒါပေမဲ့ ဘုန်းကြီးတို့ဒခကာဒကာမတွေက တယ်မကြည့်ချင်ကြဘူး။ မကြည့်တော့မမြင်။ မမြင်တော့ ဟော- ဒုက္ခမမြင်ဘူးပေါ့။ ထို့အတူပဲ-
တေဇောလဲမြင်နိုင်
“တေဇောဆိုတာဟာလဲ ဒီခန္ဓာကိုယ်ကြီးမှာ မြင်နိုင်တာပဲ။ အပူငွေ့
တွေဆိုတာက နည်းတာမဟုတ်ဘူး' အအေးငွေ့။ အပူငွေး အအေး
တေဇော အပူတေဇော။ အကုန်လုံးတေဇောချည်း အာပေါ-တေဇော- ဝါယောက ရန်တွေ့သလို ရန်တွေ့မခံရအောင်။ စေတသိက်တွေက ရန်တွေ့သလို ရန်တွေ့မခံရအောင်။ မိမိသန္တာန်မှာ လက်လှမ်းမီနေတဲ့ ရှုဆင်ခြင်ရင် လက်လှမ်းမီနေလောက်အောင် အင်မတန်နီးနေတဲ့။ ကပ်နေတဲ့တရားတွေကို အခွင်သင့်တိုင်း သင့်တိုင်း အခါကြုံတိုင်း ကြုံတိုင်း ကြိုးစားပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
၁၉၉၀- ပြည့်နှစ်၊ စက်တင်ဘာလထုတ် ရတနာဓွန်မဂ္ဂဇင်းမှ
ဥပုသ်တရားတော် (၅)
အဟောဝတ မေ သုဏေယျုံ အာဇာနေယျူံ ယထာတထံ။
တံ ဓမ္မံ အာဇာနိတ္ဝွာန။ စရေယျုံ အဝိရောဓနာ။
မေ-ငါ၏) ဓမ္မံ-ဟောဖော်ပြသ ဓမ္မတရားကို၊ သုဏေယျုံ-ရိုသေ လေးစားစွာ နာကြားကြပါကုန်မူကား၊ အဟောဝတ- ချမ်းသာဖို့ အကြောင်းမို့။ သြော်-ကောင်းလှပါပေစွ။ သုတွာ-ကြားနာကြကုန်ပြီး သည်ရှိသော်၊ ယထာတထံ-ဟောဖော်သော တရားတော်အတိုင်း မှန်မှန် ကန်ကန်။ အာဇာနေယျုံ-သိမြင်နားလည်ကြပါကုန်မူကား၊ အဟောဝတ- ချမ်းသာဖို့အကြောင်းမို့ သြော်-ကောင်းလှပါပေစွ။ တံဓမ္မံ-ထိုရှင်တော် မြတ်ဘုရား၏ တရားတော်မြတ်ကို၊ အာဇာနိတွာန-ဟောဖော်ပြသသည့် အတိုင်း ကောင်းမွန်မှန်ကန်စွာ နားလည်ကြကုန်ရွ်။ အဝိရောဓနာ- ဆန့်ကျင်ခြင်းမရှိဘဲ။ စရေယျုံ-တရားတော်အရ ကျင့်ကြံနိုင်ပါမူကား၊ အဟောဝတ-ချမ်းသာဖို့အကြောင်းမို့ သြော်-ကောင်းလှပါပေစွတကား။
ငါဟောထားတဲ့တရား နာကြားကြမူကောင်းလေစွး နာကြားပြီးလို့ ရှိရင် အဲဒီတရားကို သိနားလည်ကြပါမူ ကောင်းလှပါပေစွး သိနားလည် ပြီးတော့ အဲဒီသိနားလည်တဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြ လို့ရှိရင် ) ကောင်းလှပါပေစွလို့ အဲဒါက ဘုန်းကြီးတို့တရားဟောတဲ့ ပုဂ္ဂိုလ်တွေရဲ့ တောင့်တချက်လေး၊ တရားဟောတဲ့ပုဂ္ဂိုလ်ဟာ ဒီလို တောင့်တပြီးတော့ ဟောရမယ်တဲ့။ ပရိသတ်တွေက ငါ့တရားနာကြား ကြမူ ကောင်းလေစွ၊ နာကြားပြီးတော့ အဲဒီတရားကိုသိကြမူ ကောင်း
လေစွ၊ တရားကိုသိပြီးတော့ တရားသိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြရင်ကောင်းလေစွဆိုတဲ့ ဒီမျှော်လင့်ချက် တောင့်တချက် သုံးပါးထားပြီးတော့ တရားဟောရမယ်။ ရှင်မဟာကဿပကိုယ်တော် မြတ်ကြီးက တရားဟောတဲ့အခါ အဲသလို ရည်ရွယ်ချက်ထားပြီး ဟောကြားလေ့ရှိတယ်
မထားကောင်းသောစိတ်ထား
အဟောဝတ မေ သုဏေယျုံ-ငါဟောတဲ့တရားကို နာကြားကြ မူကားကောင်းလေစွ၊ သုတွာ-ကြားနာရသည်ရှိသော်၊ ပသီဒေယျံ-ငါ့ကို ကြည်ညိုကြပါကုန်မူကားး' အဟော၀တ-ကောင်းလေစွး ပသီဒိတ္ဝာ-ငါ့ကို တြယ်အိထြတန ရ ပသန္ရာကာရံ- ကြည်ညိုတဲ့ အခြင်းအရှာကိုး ကရေယျုံ-ဖော်ပြပြုလုပ်ကြမူကားး အဟောဝတ-ကောင်းလှပါဝေစွလို့ ဒီလို သဘောမထားရဘူးတဲ့။
ငါ့တရား နာကြားကြမူ ကောင်းလေစွ ငါ့တရားနာကြားပြီးတော့ ကြည်ညိုကြကုန်မူကား ကောင်းလေစွ၊ ငါ့တရားနာကြားပြီးတော့ ကြည်ညိုကြတဲ့အတိုင်း ကြည်ညိုတဲ့အခြင်းအရာကိုပြကြမူ ကောင်းလေငလို အဲသလို နှလုံးမသွင်းရဘူးလို့ ဆိုတယ် ကြည်ညိုတဲ့အခြင်းအရာကို ပြကြမှုဆိုတာ လှူကြ၊ တန်းကြ ကောင်းချီးပေးကြ စသည်ဖြင့်ပေါ့လေ။ အဲသလိုပြုကြမူ ကောင်းလေစွလို့ ဒီလို သဘောမထားရဘူးလို့ ပြောကြားတော်မူတယ်။ ရှင်မဟာကဿဂကိုယ်တော်ကြီးက ဒီလိုသဘော မထားရဘူး။ ခုနပြောတဲ့ ငါ့တရားနာကြားကြပါစေ။ နာကြားပြီးတော့ ကောင်းစွာသိနားလည်ကြပါစေ။ သိနားလည်ပြီးတော့ သိနားလည်တဲ့ အတိုင်း ကျင့်ကြံကြပါစေလို့ အဲသလို သဘောထားတဲ့အကြောင်း ကျမ်းဂန်များမှာ ဖော်ပြတော်မူတယ်။
ကျောင်းကန်ဆိုတာ တောနဲ့တူ
အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ရည်ရွယ်ချက်ကောင်းကောင်းထား
ပြီးတော့ ယနေ့ ဟောကြားခြင်းဖြစ်တယ်နော်။ အဲဒါကြောင့် ယနေ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ယခု ဘာလုပ်ကြတာတုံးဆိုရင် အဖြေတော့ အမျိုးမျိုးပေးကြမှာပဲ။ အမှန်ကတော့ အိမ်တွေရာတွေကနေပြီး တော့ တောထွက်လာတာနော်။ ကျောင်းကန်ဘုရား တောဝင်၊ ဘာ ကြောင့် ကျောင်းကန်ကို တောဆိုသတုံးဆိုရင် တောဆိုတာ လူသူမှ ဆိတ်တယ်။ ကာမဂုဏ်အာရုံလိုက်စားနေတဲ့ လူသူတွေမှ ဆိတ်ကြသော ကြောင့်တဲ့။ တောကြီးဆိုတာ ကာမဂုဏ်တို့မှ ဆိတ်ငြိမ်ရာ ကင်းဝေးရာ ဌာနမို့လို့ တောဆိုရသလို ထို့အတူ ကျောင်းကန်ဆိုတာဟာ ရွာနဲ့စာရင် ကာမဂုဏ်အာရုံ ကိလေသာတွေ ကင်းရှင်းရာဖြစ်လို့ တော။ အဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ကာမဂုဏ်တွေနဲ့ ခုပြောသွားတဲ့ လူ့အသိုက်အဝန်း။ လူ့နေရာဌာနမှခွာရှောင်ပြီးတော့ ကာမဂုဏ်တွေ အသင့် အတင့် ကင်းရှင်းရာ ယခုလို ကျောင်းကန်အရိပ်အာဝါသ ခိုလှုံပြီးတော့ ဥပုသ်သီတင်းစောင့်သုံးခြင်း၊ တတ်နိုင်သမျှ ပုတီးစိပ်ခြင်း၊ တတ်နိုင်သမျှ မိမိတို့နှလုံးသွင်းနေကျ ပွားများနေကျဖြစ်တဲ့ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ် ကြနဲ့ ကုသိုလ်ကောင်းမှုတွေ ဆည်းပူးပြုလုပ်အားထုတ်ကြတာဟာ အဲဒါ ကို နေက္ခမ္မခေါ်တယ်နော်။
ကျောင်းကန်လာတယ်ဆိုတာက
နေက္ခမ္မ-ဆိုတာ မြန်မာလိုတော့ ကာမမှထွက်မြောက်ရာ။ ကာမမှ ထွက်မြောက်ခြင်း၊ အဲဒီအလုပ်ကိုလုပ်ကြတယ်။ ကာမဂုဏ်ထဲမှ ခွာရှောင် ပြီးတော့ ကာမဂုဏ်ကင်းရှင်းရာ ကာမဂုဏ်ကင်းဆိတ်ရာ အလုပ်တွေ ကို လုပ်နေကြတယ်။ ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာ ကြောင့် မိမိတို့ရဲ့အိမ်တွေး ဂေဟာတွေ။ ဌာနတွေမှာ ခွာပြီးတော့ ကျောင်း ကန်မှာလာပြီးတော့ သီလတည်ဆောက်ကြ။ တရားနှလုံးသွင်းကြ၊ ကုသိုလ် ကောင်းမှုတွေပြုကြ လုပ်ကြသတုံးဆိုရင် အဲဒီလို နေက္ခမ္မဓာတ်ခံလေးတွေ ရှိလို့1 နေက္ခမ္မဓာတ်ခံဆိုတာက ကာမဂုဏ်မှကင်းရှင်းရာ ကာမဂုဏ် ကင်းကွာရာဖြစ်တဲ့ဌာနကို နှစ်သက်တဲ့ မြတ်နိုးတဲ့ဓာတ်ခံလေး၊ ကာမဂုဏ်မှ
ကင်းရှင်းလိုတဲ့ ဓာတ်ခံလေးတွေရှိနေလို့။ နေက္ခမ္မလိုလားတဲ့ ဓာတ်ခံ လေးတွေရှိနေလို့ ယခုလို ကျောင်းကန်လာပြီးတော့ နေက္ခမ္မဓာတ်တရား တွေ အားထုတ်နိုင်ကြတယ်။ ကာမဂုဏ်ဆိုတာက အဖိုးတန်တဲ့အရာတွေ မဟုတ်ဘူး အဲဒီကာမနဲ့ကင်းရှင်းရာ နေက္ခမ္မဓာတ်သာ အဖိုးတန်တာ။
ကာမဂုဏ်ကို ဘာကြောင့်မြတ်နိုးနေသတုံး
မဏိ မိဂေါ ပဿန္တောပိ။။
တိဏံ ခါဒံဝ ဂစ္ဆတိ
လဒ္ဓကာလော ဒုပ္ပညောပိ။
ကာမံ ဘုဒ္ဇံ၀ ဂစ္ဆတိ
မိဂေါ-တောထဲက သားသမင်သည်။ မဏိ“အလျှံတောက်ကြွား တောထဲက ကျောက်သံပတ္တမြားဆိုတဲ့ အဖိုးတန်ရတနာကို၊ ပဿန္တောပိ- ရှေ့အနီးအနားမှာ ထင်ရှားတွေ့မြင်ရပါလျက် တိဏံ-အရေးမထား တန်ဖိုး နားမလည် မိမိစားနေကျ မြက်ကိုသာလျှင်၊ ခါဒ၀-စားလျက်သာလျှင် ဂစ္ဆတိ-သွားလေသတည်း။ ဒုပ္ပညောပိ-ပညာနည်းပါးသော ပုဂ္ဂုုလ်သည် လည်း။ လဒ္ဓကာလော-ဘုရားပွင့်ရာ အခွင့်အခါဆိုတဲ့ အင်မတန်ကောင်း မြတ်တဲ့ အခါကောင်းကြီးကို ကြုံတွေ့ရ နေရပါလျက်။ ကာမံ-ဘာမျှ အဖိုးမတန်လှတဲ့ ငါးဖြာအာရုံ ကာမဂုဏ်ကိုသာလျှင်၊ ဘုဥ္ဇံ-ဘုဥ္ဇန္တော၀- သုံးဆောင်ခံစားလျက်သာလျှင်၊ ဂစ္ဆတိ-မနေမနား တသွားတည်း သွား၍ နေကြလေသတည်း။
အဲ ကာမဂုဏ်ဆိုတာ တကယ်တော့ ညံ့ဖျင်းတဲ့၀တ္ထုပစ္စည်းတွေး
အဲဒီ၀တ္ထုပစ္စည်းတွေဟာ မိမိတို့မှာ တကယ့်နှစ်သက်ဖွယ် မြတ်နိုးဖွယ် လက်မလွှတ်နိုင်ကြအောင် ဖြစ်နေတာက အထုံကရလာလို့။ ဘဝများစွာ အထုံရလာတဲ့အတွက် ကာမဂုဏ်တွေအပေါ်မှာ မခွာနိုင် မခွာရက်။ ဒီကာမဂုဏ်တွေနဲ့ ပျော်ရင်းနဲ့ အချိန်ကုန်ကြတာပဲ။ သားသမင်နဲ့ ဥပမာ ပေးထားတယ်
လူမပြောနဲ့ တိရစ္ဆာန်တောင် ကာမဂုဏ်ဆိုရနိုင် ပတ္တမြားဟာ အဖိုးတန်ရတနာပဲ။ အဲ အဖိုးတန်ရတနာဖြစ်တဲ့ ပတ္တမြားဟာ အရည်အသွေးသိတဲ့ ပုဂ္ဂိုလ်အဖို့တော့ အဖိုးမဖြတ်နိုင်အောင် ထိုက်တန်တယ်ဆိုပဲ။ အဲသလို အဖိုးမဖြတ်နိုင်လောက်အောင် ထိုက်တန် လှတဲ့ ပတ္တမြားကြီးမြင်ရက်သားနဲ့ သားသမင်ဟာ အဲဒီပတ္တမြားရဲ့တန်ဖိုး မသိ။ အဖိုးတန်မှန်းမသိ၊ မိမိစားနေကျဖြစ်တဲ့ ဘာမှတန်ဖိုးမရှိတဲ့ မြက် ကိုသာ စားပြီးသွားတယ်1 မြက်လောက် အရေးမစိုက်ဘူး။ အဲသလိုပဲ ကာမဂုဏ်ဆိုတာ မြက်လိုပဲ တန်ဖိုးသိပ်ရှိတာမဟုတ် ဘူး။ ခုနပြောတဲ့ နေက္ခမ္မဆိုတဲ့တရားဟာ တကယ့်တန်ဖိုးရှိတဲ့ ပတ္တမြား ရတနာလိုပဲ။ အဲဒီနေက္ခမ္မဆိုတဲ့ ပတ္တမြားရတနာလို တန်ဖိုးရှိတဲ့ တရား ကို မျက်နှာလွှဲပြီးတော့ ဘာမှတန်ဖိုးမရှိတဲ့ လူသာမက တိရစ္ဆာန် များတောင်ရနိုင်တဲ့ ကာမဂုဏ်မျိုးတွေကိုသာ လိုလိုလားလားရှိနေလို့ နေက္ခမ္မဘက် မလိုက်နိုင်ဘဲရှိနေကြတယ်။
နေက္ခမ္မဓာတ်ကိုရှာ အဲ . . ဒီနေ့အမှန်ကတော့ ကာမဘုံ ကာမတဏှာအုစ်စိုးရာမို့လို့ ကာမဂုဏ်တွေဟာ အဖိုးမတန်ဆိုပေမယ့် ကင်းတော့ မကင်းနိုင်ကြဘူး ပေါ့လေ။ အေး မကင်းနိုင်ကြပေမယ့် ခုလိုတရားသိပြီးတော့ သီလရဲ့ တန်ဖိုး။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်ရဲ့တန်ဖိုး ဒါတွေကို သိပြီးတော့ နေက္ခမ္မရှာနိုင်ကြတယ်။ အဲဒီနေက္ခမ္မရှာနိုင်ကြတာဟာ သီလဟာလဲ နေက္ခမ္မပဲ။ ဒါနဟာလဲ နေက္ခမ္မပဲ1 နေက္ခမ္မံ ပထမဇ္စျာနေ။
ပဗ္ဗဇ္ဇာယံ ဝိမုတ္တိယံ။
ဝိပဿနာယံ နိသဿေသ။
ကုသလမှိစ ဒိဿတိ။
နေက္ခမ္မံ-နေက္ခမ္မဆိုတဲ့စကားမှား ပထမဇ္စာနေ-ပထမစျာခ်ဆိုတဲ့ စျာန် တရားဥ်လည်းကောင်း၊ ပဗ္ဗဇ္ဇာယံ-ရှင်ရဟန်းအဖြစ်ဉ်လည်းကောင်း၊
ဝိမုတ္တိယံ-ကိလေသာတို့မှလွတ်ရာ အရဟတ္တဖိုလ်ခ်လည်းကောင်း၊ ဝိပဿနာယံ-ရုဝ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တလို့ ဆင်ခြင်တဲ့ ဝိပဿနာတရားခ်လည်းကောင်း၊ နိဿေသ ကုသလမှိစ-ချုပ်ပြောရလို့ ရှိရင် အလုံးစုံသော ကုသိုလ်မှန်သမျှဒ်လည်းကောင်း၊ ဒိဿတိ-ကောင်း စွာမသွေ ရှုမြင်အပ်ပါပေ၏။
အဲ နေက္ခမ္မဆိုတာတွေဟာ ဘာလဲ။ ကာမဂုဏ်မှ လွတ်တဲ့တရား တွေဟာ နေက္ခမ္မ ပထမစျာန်တဲ့) ပထမစျာန်ရရင် ကာမဂုဏ်နဲ့ကင်းတယ်။ သို့သော် လုံးလုံးကင်းတာတော့ မဟုတ်ဘူး။ စျာန်ဝင်စားတုန်း စျာန်ရှိနေ တုန်း ကင်းကွာနေတာဝြောတာ။
ပဗ္ဗဇ္ဇာယံ-ရှင်ရဟန်းအဖြစ်ခွ်၊ ရှင်ရဟန်းအဖြစ်ကိုရောက်ရင် ကာမဂုဏ်ကို ခွာကြတယ်။ ကာမဂုဏ်ခွာတယ်ဆိုတာ လုံးလုံးကွာသလား ဆိုတော့ ဒီလိုတော့လဲ မဟုတ်ဘူးပေါ့လေး ကာမဂုဏ်ကတော့ အမှန် ကတော့ အတွေ့အာရုံကိုသာ ဖောဋ္ဌဗ္ဗအာရုံကိုသာ ကာမဂုဏ်လို့ တချို့က ထင်နေကြတယ်။
ကာမဂုဏ်အမျိုးမျိုး
အမှန်ကတော့ ကာမဂုဏ်ဆိုတာ အဆင်းမျိုးစုံ ကာမဂုဏ်။ အရသာ မျိုးစုံး အတွေ့မျိုးစုံ အမြင်မျိုးစုံး အကြားမျိုးစုံ အနံ့မျိုးစုံး အရသာမျိုးစုံး အတွေ့မျိုးစုံ ကာမဂုဏ်၊ ရူပ-သဒ္ဒ-ဂန္ဓ-ရသ-ဖောဋ္ဌဗ္ဗ။ ရူပါရုံ။ သဒ္ဒါရုံ။ ဂန္ဓာရုံး ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံငါးပါးကို ကာမဂုဏ်လို့ဆိုတယ်။
အဲဒီတော့ ရှင်ရဟန်းများမှာလဲ အဆင်းမြင်လို့ရှိရင် ကာမဂုဏ်ဆို တာ ဖြစ်တာပဲ။ ကာမတဏှာဆိုတာ ဖြစ်ပေါ်လာတတ်တယ်' အဲဒီ ဖြစ်ပေါ်လာတာကို မဖြစ်ပေါ်အောင် ကာကွယ်ထားရတယ်။ အသုဘ ဘာဝနာစသည်ဖြင့် ကာကွယ်ထားကြရတယ်။
ကာမဂုဏ်ကို နေက္ခမ္မနဲ့ကာကွယ်
ထို့အတူပဲ အသံမျိုးစုံး အရသာမျိုးစုံ အတွေ့မျိုးစုံး အနံ့မျိုးစုံဆိုတဲ့
အာရုံတွေအတွက် ကာဓဂုဏ်ဆိုတာဖြစ်တာပဲ။ သို့သော်လဲပဲ အဲဒီ
ကာမဂုဏ်အကြောင်းပြုပြီးတော့ ရာဂမဖြစ်အောင် မိမိတို့ ကာကွယ် ကြရတယ်။ တရားနဲ့ကာကွယ်ကြရတယ်။ ဆင်ခြင်ခြင်းဖြင့် ကာကွယ် ကြရတယ်. ရှုမှတ်ခြင်းဖြင့် ကာကွယ်ကြရတယ်။ အဲဒီလိုကာကွယ်ထား ရင် ကာမဂုဏ်နဲ့ကြုံရသော်လည်း ကာမတဏှာဆိုတာက နည်းတယ်။ ပါးတယ်။ အဲဒါကြောင့်မို့လို့ ကာမဂုဏ်တရားတွေကို ပယ်ရှားမယ်ဆိုရင် ဆိုင်ရာဆိုင်ရာ မိမိတို့ဘာဝနာတစ်ခုခုဖြင့် ပယ်ထားကြရတယ်1 အဲဒါကြောင့်မို့လို့ ကာမဂုဏ်ဆိုတာကို ပယ်ရှားလို့ရှိရင် ခုနပြော တဲ့ နေက္ခမ္မနဲ့ ပယ်ရှားရတယ်။ နေက္ခမ္မ-ပထမစျာန်ဟာ နေက္ခမ္မ။ ရှင်အဖြစ် ရဟန်းအဖြစ်ဟာ နေက္ခမ္မ။ အရဟတ္တဖိုလ်ခေါ်တဲ့ ကိလေသာတွေငြိမ်းနေတဲ့ကိုယ်ကြီးဟာ နေက္ခမ္ဗ။ ဝိပဿနာဆိုတဲ့ ကုသိုလ်ဟာနေက္ခမ္မ။ မိမိကိုယ်မှာ ထင်ရှားပေါ်နေတဲ့ တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ တင်ပြီးတော့ ဆင်ခြင်ရင် အဲဒါနေက္ခမပဲ။ သေသ ကုသလမှိစ=အကျန်ချုပ်လိုတ်ရင် အားလုးကုသိုလ်မှန် သမျဟာ နေက္ခမ္မချည်းပဲတဲ့။ အဲ ဟုတ်တာပဲ။ ကုသိုလ်တွေဖြစ်နေတဲ့အခါ ဘယ်ကာမ ဝင်မတုံး။ ဒါနပြုရင်လဲပဲ ဒါနစေတနာတွေဖြစ်နေတုန်း ဒီကာမဝင်မလာဘူး။ သီလဆောက်တည်တဲ့အခါလဲပဲ ကာမဆိုတာ ဝင်မလာဘူး။ ကုသိုလ်တွေမှန်သမျှ ဘယ်ကုသိုလ်ဖြစ်နေနေ ကုသိုလ် ဆိုတာ “ကုစ္ဆိတေ ပါပဓမ္မေ သလယန္တိ စလယန္တိ ကမ္ပေန္တိ ဝိဒ္ဓံသေန္တီ တိကုသလာနိ ” ပါပဓမ္မေ-မကောင်းသောတရားတို့ကိုး သလယန္တီ စလယန္တိ ကမ္ပေန္တိ ဝိဒ္ဓံသေန္တိ-တုန်လှုပ်စေတတ် ဖျက်ဆီးတတ်ကုန်၏။ ကုတ်-ထို့ကြောင်း ကုသလာနိ-ကုသိုလ်တို့မည်ကုန်ဆါ ဆိုတဲ့အတိုင်း ကုသိုလ်မှန်သမျှ နေက္ခမ္မချည်းပဲ။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ နေက္ခမ္မဓာတ်တွေ သွင်းပေးရမယ်။ အဲ ဒါနဲ့စပ်ပြီးတော့ နေက္ခမ္မဓာတ်ဆိုတာ ဖြစ်နိုင်ခဲတယ်။ မြင်နိုင်ခဲတယ် ဆိုတာလေးသိရအောင် သုတ္တန်လေးတစ်ခု အကျဉ်းချုပ်ပြီးတော့ ဘုန်းကြီးဟောရဦးမယ်။
ကိုရင်ကြီးနဲ့မင်းသား
တစ်ခါတုန်းက ဘုရားရှင်ကိုယ်တော်မြတ် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်ကြီးမှာ သီတင်းသုံးတော်မူတယ်။ အဲသလို သီတင်းသုံး တော်မူခဲ့တဲ့ အခါသမယမှာ အစိရဝတဆိုတဲ့ သာမဏေကြီးဟာ တော ကျောင်းလေးမှာ သီတင်းသုံးနေတယ်1 တောကျောင်းဆိုတာ တောထဲက ကျောင်းမဟုတ်ဘူး။ အဲဒီရာဧဂြိုဟ်ရဲ့ ဝါးတောကျောင်းကြီးထဲက တစ်နေ ရာရာမှာ ဆောက်လုပ်ထားတဲ့ ကမ္မဋ္ဌာန်း၊ ကျောင်းကြီးထဲက တစ်နေရာရာမှာဆောက်ထားတဲ့ ကမ္မဋ္ဌာန်းကျောင်းလေး၊ အဲဒီ ကမ္မဋ္ဌာန်းကျောင်းလေးမှာ သီတင်းသုံးနေတော့ အဲဒီရာဧဂြိုဟ်ပြည်က ဧယသေနမင်းသားဆိုတာ သူကလဲပဲ အပန်းဖြေ အညောင်းပြေ အညာပြေ လမ်းလျှောက်ရင်း-
လျှောက်လာတော့ အဲဒီ ဝေဠုဝန်ကျောင်းတော်ကြီးရောက်။ အဲဒီ ကမ္မဋ္ဌာန်းကျောင်းလေးနားရောက်တော့ ဝင်ချင်တာနဲ့ ကမ္မဋ္ဌာန်းကျောင်း လေးထဲ ဝင်ရောက်သွားတယ်။
အဲဒီ အစိရဝတဆိုတဲ့ သာမဏေကြီးကိုမြင်ရတော့ ရှိခိုးကန်တော့ ပြီးတော့ ဝမ်းမြောက်၀မ်းသာ ပြောဟော၊ ပြောဟောပြီးတော့ သူက တစ်ခုလျှောက်ထားတယ်။ အရှင်ဘုရား တပည့်တော်ကြားဖူးတယ်။ ရဟန်းဖြစ်တဲ့ပုဂ္ဂိုလ်ဟာ မမေ့မလျော့ မပေါ့မဆ လုံ့လဝီရိယသန်သန်နဲ့ နိဗ္ဗာန်ကိုစေလွှတ်ထားပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်ရင် စိတ်ရဲ့ တည်ကြည်မှုကို ဆိုက်ရောက်သွားတယ်လို့ ကြားဖူးတယ်။ အဲဒီဥစ္စာ တပည့်တော် ကြားဇူးခဲ့ပါတယ်ဘုရားလို့ လျှောက်ထားတော့-
အဲ မင်းသား မင်းသားကြားတဲ့အတိုင်း ဟုတ်ပါပေတယ်။ မင်းသား ကြားတဲ့အတိုင်း မှန်ပါပေတယ်။ တကယ်လို့ ရဟန်းတစ်ပါးဟာ ကြိုး စား အားထုတ်လို့ရှိရင်ဖြင့် ရဟန်းဆိုပေမယ့် ဒီနေရာမှာ ဘုန်းကြီးရဟန်း ကိုသာ ပြောတာမဟုတ်ဘူးနော် ကိုရင်လဲပါတာပဲ။း ဒကာဒကာမတွေလဲ ပါတာပဲ။ ဒီဘိက္ခုကသုတ္တန်ဘိက္ခု၊ ဝိနည်းဘိက္ခုမဟုတ်ဘူး။ သုတ္တန်ဘိက္ခု ဆိုတော့-
သုတ္တန်ဘိက္ခုဆိုတာက
ပဋိပန္နကော-ကျင့်ကြံတဲ့ပုဂ္ဂိုလ်သည် ဒေဝေါဝါ-နတ်သည်မူလဲ ဟောတိ-ဖြစ်စေး မနုဿာဝါ-လူသည်မူလည်း1 ဟောတိ-ဖြစ်စေ။ ဘိက္ခု တွေ၀-ဘိက္ခုဟူရွ်သာလျှင် သင်္ချ-ရေတွက်ခေါ်ခြင်းသို့၊ ဂစ္ဆတိ- ရောက်၏
ဆိုတဲ့အတိုင်း လူလဲပါတယ်။ ဘိက္ခုဆိုလို့ ဘုန်းကြီးကိုသာ စွဲတယ်လို့ မမှတ်ရဘူး။ ကြိုးစားအားထုတ်ရင် လူလဲပဲ သမာဓိရတာပဲ။ ကြိုးစား အားထုတ်တဲ့ ရဟန်းပုဂ္ဂိုလ်ဟာ သမာဓိရတယ်။ အဲသလိုကြားဖူးတယ်။ ဘုရားဆိုတော့ အဲ အစိရဝတဆိုတဲ့ ကိုရင်ကြီးက မင်းသားကြားတဲ့ အတိုင်းအမှန်ပဲ။ ဘိက္ခုဟာ ဘိက္ခုဆိုရတဲ့ပုဂ္ဂိုလ်ဟာ ကြိုးစားအားထုတ် လုရှိရင်ဖြင့် ဓိတ်ရဲတည်ကြည်ရှု သမာဓိကို ရခိုင်တယ်လို့ဆိုတေား
မင်းသားက တရားဟောခိုင်း
သူက အရှင်ဘုရား အရှင်ဘုရားကြားနာဖူးတဲ့အတိုင်း1 အရှင်ဘုရား သင်ကြားဖူးတဲ့အတိုင်း တပည့်တော်ကို တရားတစ်ပုဒ် ဟောစမ်းပါ ဘုရားလို့ လျှောက်တယ်။
သူက ဒီအကြောင်းသိချင်တာကိုး။ အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ သမာဓိရတယ်ဆိုကဲ့အကြောင်း သူသိချင်တယ်။ သူကကြားဖူးတာပဲရှိတာ ကိုး မသိဘူး။ အဲဒါနဲ့ သူလျှောက်ထားတာ တရားဟောဖို့။ အဲဒီ အကြောင်းနဲ့ စပ်ပြီးတော့ အရှင်ဘုရားကြားနာဖူးသလို။ အရှင်ဘုရား သင်ကြားဖူးသလို တပည့်တော်ကို တရားဟောတော်မူပါဆိုတော့ ကိုရင်ကြီးက ငြင်းတယ်။
ကိုရင်ကြီးက ငြင်း
မင်းသား ကိုရင်မဟောချင်ဘူး။ ကိုရင်ဟောလို့ မင်းသား သိနား လည်သွားလို့ရှိရင်ဖြင့် ကိစ္စမရှိဘူး တကယ်လို့ ကိုရင်ဟောပေမယ့် မင်းသားကမသိဘူး နားမလည်ဘူးဆိုရင် ကိုရင်ဆင်းရဲရုံရှိမှာပဲ။ ကိုရင်
ပင်ပန်းရုံရှိမှာပဲလို့ ကိုရင်ကငြင်းတယ်။ ကိုရင်ကရိပ်မိလို့ သူ့အခြင်းအရာ ကိုမြင်လို့ အဲဒီစကားနဲ့ငြင်းလိုက်တယ်။ ငြင်းပေမယ့် သူက အတင်းပြန်ပြီး တော့ လျှောက်နေတယ်။ အရှင်ဘုရား ဟောသာဟောပါ' တပည့်တော် နားမလည်ဘူးရယ်လို့ ဘယ်ဟုတ်မတုံး နားလည်ချင်လဲ နားလည်မှာ ပေါ့ဘုရားလို့ ပြန်ပြီးလျှောက်တဲ့ အခါကျတော့ ကိုရင်က သူ့ကို ချည်တုပ်လိုက်တယ်။
မင်းသားကို မငြင်းပါဘူးလို့ဝန်ခံခိုင်း မင်းသား-ကောင်းပြီ ကိုရင်ဟောလို့ရှိရင် မင်းသားနားမလည်လို့ ရှိရင် နားမလည်တဲ့အတိုင်းနေပါး ဘာတွေ ဘာတွေပြန်ပြီးတော့ ပြော မနေပါနဲ့ မေးမနေပါနဲ့လို့ အဲသလို သူ့ကိုချည်လိုက်တုပ်လိုက်တယ်။ တုပ်လိုက်တော့ သူကလဲပဲ လက်ခံတယ်။ အဲ ကိုရင်ပြောတဲ့အတိုင်း တပည့်တော် ကြားနာမိတဲ့အခါ မသိရင် မသိတဲ့အတိုင်း နေပါ့မယ်။ ဘာတွေညာတွေ တပည့်တော် မပြောပါဘူးဘုရား၊ လက်ခံတယ်။ အဲဒါနဲ့ လက်ခံတော့ ကိုရင်ကလဲ ပြောပြဟောပြတယ်ပေါ့လေ- ဒီလို ကသိုဏ်းဝန်းလုပ်ရတယ်။ အဲဒီလို ကသိုဏ်းဝန်းလုပ်ပြီးတော့ အဲဒီကသိုဏ်းကို ရှုရတယ်။ ရှုလို့ရှိရင် ဥပစာရသမာဓိဆိုတဲ့ စျာန်၏် အနီးဖြစ်တဲ့ သမာဓိရောက်နိုင်တယ်။ အဲဒီဥပစာရသမာဓိ ထပ်ခါတလဲလဲ အားထုတ်ရင် အပ္ပနာသမာဓိဆိုတဲ့ တကယ့်မဟဂ္ဂုတ်စျာန်ကို ရသွား တယ် ဆိုတဲ့အကြောင်းကို ဟောပြတယ်။
မင်းသားက ငြင်း ဟောပြတော့-ကိုရင်ထင်တဲ့အတိုင်းပဲ) သူကလက်မခံဘူး။ လက်မခံ ရင် သူ့ဟာသူထသွားရင် မကောင်းလားလို့။ မဟုတ်ဘူး သူက ကိုရင် မမေ့မလျော့အားထုတ်လို့ရှိရင် ရဟန်းတစ်ပါးဟာ စေတောသမာဓိခေါ်တဲ့ စိတ်ရဲ့တည်ကြည်မှုကို ရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တဲ့အကြောင်း မဟုတ်ပါဘူးဆိုပြီး ငြင်းပြီးတော့ ထွက်သွားတယ်
ကိုရင်က ဘုရားရှင်အားလျှောက်ထား
ဘယ်လောက်ဟုတ်တုံး။ မကြိုက်ရင်လဲ အသာနေရောပေါ့။ အသာပဲ ပြန်သွားရောပေါ့။ မဟုတ်ဘူး။ ကိုရင့်စကားကို ပယ်လိုက်သေးတယ်။ ပယ်ပြီးမှ ထွက်သွားတယ်။ အဲဒီတော့မှ တိုတိုပြောကြစို့။ ကိုရင်က ဘုရားရှင်ကိုယ်တော်မြတ်ထံသွားတယ်။ ကိုရင်ကြီးက ဘုရားရှင် ကိုယ်တော်မြတ်ထံ ရောက်တဲ့အခါကျတော့-
ဒီမင်းသားနဲ့ မိမိတို့နှစ်ဦးသား ဒီလိုပဲပြောကြတဲ့စကားတွေ အကုန် လုံး လျှောက်ထားကြတဲ့အခါကျတော့ ဘုရားရှင်က ဥပမာနဲ့ပြောပြ တယ်။
ကိုရင်ကြီး-လောကမှာ နေက္ခမ္မဆိုတဲ့ ကာမမှ ထွက်မြောက်တဲ့ အသိဉာဏ်မျိုးဖြင့် ရနိုင်တဲ့တရားတွေ။ သိနိုင်တဲ့တရားတွေ မြင်နိုင်တဲ့ တရားတွေ။ မျက်မှောက်ပြုနိုင်တဲ့တရားတွေကို ကာမဂုဏ်တွေကို ခံစား ပြီးတော့ ကာမလောကမှာ နေခဲ့တဲ့ ကာမအပူတွေဖြင့် ပူလောင်နေတဲ့ ဇယသေနလိုမင်းသားမျိုးက ဘယ်သိနိုင်ပါ့မတုံး လို့ ဘုရားရှင် ကိုယ်တော်မြတ်က မိန့်တော်မူပြီးတော့ လောကမှာ ယဉ်ကျေးပြီးတဲ့ ဆုံးမသွန်သင်ထားလို့ ယဉ်ကျေးပြီးတဲ့ ဆင်လိမ္မာ။ ယဉ်ကျေးပြီးတဲ့ နွားလိမ္မာ၊ အဲဒီနွားတွေ အဲဒီဆင်လိမ္မာတွေ မြင်းလိမ္မာတွေပြုနိုင်တဲ့ အမှုမျိုး။ ဖြစ်နိုင်တဲ့အဖြစ်မျိုးကို အသင်အပြမခံရသေးလို့ မယဉ်ကျေး သေးတဲ့ ဆင်ကြမ်း။ မိယဉ်ကျေးသေးတဲ့ မြင်းရိုင်း မယဉ်ကျေးသေးတဲ့ နွားရိုင်းတွေဟာ အဲဒီဆင်လိမ္မာတွေ မြင်းလိမ္မာတွေ နွားလိမ္မာတွေ ရောက်နိုင်တဲ့နေရာမျိုး ရောက်ပါ့မလား။ ဖြစ်နိုင်တဲ့အဖြစ်မျိုး ဖြစ် ပါ့မလားလို့ မေးတဲ့အခါကျတော့ ကိုရင်က မရောက်နိုင်တဲ့အကြောင်း၊ မဖြစ်နိုင်တဲ့အကြောင်း လျှောက်ထားတယ်။
အဲဒီတော့ လောကမှာ ဆင်လိမ္မာ မြင်းလိမ္မာ နွားလိမ္မာတွေဟာ အသင်အပြခံထားရလို့ သူတို့ဟာ ဆင်ကောင်း။ မြင်းကောင်း နွားကောင်း တွေ ပြုရမယ့် ဆောင်ရွက်ရမယ့် တာဝန်တွေ ကျေကျေပျန်ပွန် ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်သလို အသင်အပြမခံရတဲ့ မြင်းဆိုး
ဆင်ဆိုး။ နွားဆိုး အဲဒီဆင်ဆိုး။ မြင်းဆိုး။ နွားဆိုးတွေဟာ ဆင်လိမ္မား မြင်းလိမ္မာ။ နွားလိမ္မာတို့ရဲ့ ပြုမူတဲ့ အပြုအမူမျိုးရောက်နေတဲ့ အဆင့် အတန်း အခြေအနေမျိုး ဘယ်ရောက်နိုင်မတုံး။
နောက်ဥပမာတစ်ခု
အဲဒီတော့ ဥပမာတစ်ခုနဲ့ မိန့်ကြားတော်မူပြန်တယ်။ သူငယ်ချင်း နှစ်ယောက် တောထဲသွားကြတယ်။ လက်ချင်းယှက်ပြီးတော့ သူငယ် ချင်း နှစ်ယောက် တောထဲသွားကြတယ်။ တောထဲက တောင်တစ်ခုစီ သွားကြတယ်။ တော်ကြာကျတော့ ဒါဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောပြနေတာနော်။ သွားကြတယ်။ သွားကြတော့ တောင်ကြီးရောက် တယ်။ ရောက်တယ်ဆိုရင်ပဲ သူငယ်ချင်းတစ်ယောက်က တောင်ပေါ် တက်သွားတယ်။ သူငယ်ချင်းတစ်ယောက်က တောင်အောက်မှာ နေရစ် ခဲ့တယ်။
အဲဒီတော့ တောင်ပေါ်ရောက်တဲ့သူငယ်ချင်းက ဘာတွေမြင်ရတုံး ဆိုရင် အဲ-ပျော်စရာကောင်းတဲ့ ဥယျာဉ်တွေ။ ပျော်စရာကောင်းတဲ့ ခြံတွေ။ ပျော်စရာကောင်းတဲ့ ရွာတွေ။ ပျော်စရာကောင်းတဲ့ ရေကန်တွေ။ မြေယာကွက်တွေး အောက်ကနေတဲ့သူငယ်ချင်းက မေးတယ် အေး-မင်း တောင်ပေါ်ရောက်တော့ ဘာတွေမြင်ရသတုံးကွ၊ ဟာ-သူငယ်ချင်းရေ ပြောရာမရှိဘူး။ ပျော်စရာကောင်းတဲ့ ဥယျာဉ်တွေ။ ပျော်စရာကောင်း တဲ့ခြံတွေး ပျော်စရာကောင်းတဲ့ ရွာမြေတွေ တွေ့ရတယ်ကွ၊ ဒီတော့ အောက်ကနေတဲ့သူငယ်ချင်းက မဟုတ်နိုင်တာကွာ။ မင်းတောင်ပေါ်က နေပြီးတော့ ပျော်စရာကောင်းတဲ့ခြံတွေ။ ပျော်စရာကောင်းတဲ့ ဥယျာဉ် တွေ ဘာတွေ ရွာတွေမြင်ရတယ်ဆိုတာုတ်နိုင်ပါဘူးလို့ ငြင်းတယ်။
အဲ့. . ဒီတော့ ဟိုက ကိုယ်တိုင်တွေ့နေရတဲ့ပုဂ္ဂိုလ်က အောက်က မမြင်ရလို့ ငြင်းနေတဲ့သူငယ်ချင်းကို သူက ပြန်ပြီး ပြောမနေတော့ဘူး။ တောင်ပေါ်ကဆင်းလာ၊ ဆင်းလာပြီးတော့ သူ့လက်ကိုင်ပြီး တစ်ခါတည်း တောင်ပေါ်ခေါ်သွားတယ်။ တောင်ပေါ်ရောက်တဲ့အခါကျမှ အတန်ကြာ
အောင် အပန်းဖြေပြီးတော့ သူ့မိတ်ဆွေကို ခုနတောင်အောက်က ဆွဲခေါ် လာခဲ့တဲ့ မိတ်ဆွေကိုမေးတယ် ကဲ-မင်းအခုတောင်ပေါ်ရောက်ပြီ ဘာတွေမြင်ရသတုံးဆိုတော့ အေး-ဟုတ်တယ်ကွ ပျော်စရာကောင်းတဲ့ ရွာတွေ။ ပျော်စရာကောင်းတဲ့ဥယျာဉ်တွေ ခြံတွေ ရေကန်တွေ ငါမြင် ရတယ်ကွ။
ဟင်း. . . ဘယ့်နှယ်တုံးကွ၊ မင်းဟာ ပထမတုန်းကတော့ တောင် ပေါ်ကနေပြီး ဒါတွေမြင်ရတယ်ဆိုတာ မဟုတ်နိုင်ပါဘူးလို့ဆိုတယ်။ အခုကျကော့တစ်ခါ ပျော်စရာကောင်းတဲ့ခြံတွေ။ ဥယျာဉ်တွေ။ ရွာတွေမြင် ရတယ်ဆိုပြန်ပြီး ဘယ့်နှယ်တုန်း ဆိုတော့ အေး-သူငယ်ချင်း။ စောစော ကတော့ ငါ့မှာ ဟောဒီအင်မတန်ကြီးကျယ်တဲ့တောင်ကြီး ကာဆီးထား တယ်ကွာ။ အဲဒီတောငကြီးကာဆီးထားတဲ့အတွက် ငါဟာမြင်သင့်မြင်ထိုက် တဲ့ အရာတွေ မမြင်ရဘူး။ မမြင်ရလို့ ငါဒီလိုပြောလိုက်တယ်လို့ သူငယ်ချင်းက ပြန်ပြောတယ်။ အဲဒီအကြောင်း ဘုရားရှင်ကိုယ်တော်မြတ် က ဥပမာလေး မိန့်ကြားပြီးတော့-
ကိုရင်ကြီး အဲဒီလိုပဲး ဧယသေနမင်းသားလေးဟာလဲပဲ အဲဒီတောင် ကြီးထက် အင်မတန်ကြီးကျယ်တဲ့ အကာအဆီးကြီးက ကာဆီးခံနေရ တယ်။ ကာဆီးခံနေရသောကြောင့် သူဟာ ကာမဂုဏ်တွေခံစား။ နေက္ခမ္မဓာတ်ခံမရ။ မရှိတော့ ကာမဂုဏ်ကထွက်မြောက်တတ်တဲ့ နေက္ခမ္မ ဉာဏ်ဖြင့်သာ မြင်နိုင်။ သိနိုင်။ မျက်မှောက်ပြုနိုင်တဲ့တရားမျိုးကို ကာမဂုဏ် တွေ ခံစားပြီးတော့ ကာမဂုဏ်အပူတွေ ပူလောင်ပြီးတော့နေရတဲ့ သူ့လို လူစား ဘယ်နည်းနဲ့မြင်နိုင်မတုံး' တကယ်လို့ ငါဘုရားမိန့်ကြားတော် မူခဲ့တဲ့ ခုန ဆင်ယဉ်စသောဥပမာ။ အခုတောင်ကြီးဥပမာကိုသာ သူ့စိတ် ထဲမှာ မြင်နေရင်။ သိနေလို့ရှိရင် သူဟာ ကိုရင်ကြီးကို ကျေနပ်မှာပဲ။ ကိုရင်ကြီးစကား လက်ခံမှာပဲလို့ မိန့်ကြားတော်မူတယ်နော်။
ရှေးက ကာမဂုဏ်အပြစ်မြင်လို့ တောထွက်ကြ အဲ့. .ဒါကြောင့်မို့လို့ နေက္ခမ္မဆိုတာ အင်မတန်အရေးကြီးတယ်။
သပြေကန်ဆရာတော် ၉၅ (ရ ဝ (၁ ရျ ရှေးက ဘုန်းကြီးတို့ သူဌေးတွေ။ ဗြာဟ္မဏလူမျိုးတွေ တောထွက်ကြ တယ်။ ဘာလို့တောထွက်ကြတုံးဆိုတော့ ကာမဂုဏ်တွေအပြစ်မြင်လို့။ ကာမဂုဏ်တွေအပြစ်မြင်လို့ သူတို့တောထွက်သွားကြတား အဲဒါလိုပဲ အပြစ်မြင်တတ်တဲ့ဉာဏ်ရှိမှ နေက္ခမ္မဖြစ်တယ်။ နေက္ခမ္မဖြစ်မှသာ ငာ င္သ င ချ င္သ နျ ရျ င္သ လူ တောထွက်ဖြစ်တယ်။ ရဟန်းဖြစ်တယ်။ ကျောင်းလာဖြစ်တယ်။ အဲ... နို့မဟုတ် အိမ်ကမခွာနိုင်ဘူး။ ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ် ဗျိ (၉ ချ င ခ င ၅ ဒ က အဲသလို မိန့်တော်မူပြီးတော့ နောက်ဆုံး ဆင်တစ်ကောင်ကို ဆင်ဆရာက ယဉ်အောင် သင်ထားတော့း အင်မတန်ရိုင်းနေတဲ့ဆင်ကို ဆင်ဆရာက ယဉ်အောင်သင်ထားတော့ င... မျး ၂၀၇ ဝ င င္လ င္ဝ +တာယ် နောက်ဆုံး မင်းသုံး စိုးသုံး အဖြစ်သို့ရောက်အောင် တန်ဖိုးရှိသွားတယ်။ အဲဒါလိုပဲ ဘုရားရှင်ကိုယ်တော်မြတ်က ငါဘုရားသာသနာတော်ကို ရောက် ၂၂ ဝ ရင... င မျ ၂၅ ၂. လာတဲ့ ပုဂ္ဂိုလ်တွေကို ဆင်အတိုင်းယဉ်ကျေးအောင် သီလနဲ့။ သမာဓိနဲ့။ ၂. င င က မျူ. ပညာနဲ့ဆုံးမပုံတွေ လျှောက်ဟောတယ်။ ဟောပြီးတော့ အဲသသိုဆံး-လို့ ဝင င. (ချ ရျ လလဲ (ချ င ချြ ချ 4 ရှိရင် နောက်ဆုံး တကယ့်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ယဉ်ကျေးတဲ့ ၀ .ငု ရျ ချ င (ချြ င္သ ငု င လျှ င္လ င္သ ဒ စ ပုဂ္ဂိုလ်ဖြစ်ရင် သူဟာငယ်ငယ်ရွယ်ရွယ်နဲ့ သေရင်လဲ ယဉ်ယဉ်ကေးကျေး သေရတာဖြစ်လို့ အရွယ်အလယ်အလတ်မှာသေရင်လဲ ယဉ်ယဉ်ကျေးကျေး သေရတာဖြစ်လို့၊ အရွယ်ကြီးမှသေရင်လဲ ယဉ်ယဉ်ကျေးကျေးနဲ့ သေရတာ ဖြစ်လို့ မြတ်တဲ့အကြောင်းဟောတော်မူပြီးတော့ ဒေသနာတော်ချုပ်လိုက် တယ်။
အဲဒါကြောင့်နော် င . နေက္ခမ္မဆိုတဲ့အသိဟာ အရေးကြီးတယ်။ က္ခမ္မအသိရှိ န်တရားအားထုတ်နိင်တယ်။ ဓိအားထုတ်နိုင် နေက္ခမ္မအသိရှိမှ စျာန်တရားအားထုတ်နိုင်တယ်။ သမာဓိအားထုတ်နို (ချ ဝင ဝင (ချ ၂ ဂ ဝ င 4 ဒျ င္လ တယ်။ ကုသိုလ်တွေပြုနိုင်တယ်။ ဒါကြောင့် လို့ တစ်ရံတစ်ခါ အခွင့် သာတဲ့အခါမျိုးမှာ နေက္ခမ္မဓာတ်ရှာကြတယ်။ ယနေ့ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေက္ခမ္မဓာတ်ရှာကြရတာ ကာမဂုဏ်တွေထူပြောတဲ့နေရာက နေပြီးတော့ ကာမဂုဏ်တွေရှားတဲ့ ယခုလိုကျောင်းကန် အဓိပ်အ. ပဿ ခိုပြီးတော့ ဥပုသ်သီတင်း စောင့်သုံးကြး တရားပေစာနာကြ က်ု ယံတိုင် ပုတီးစိပ်ကြး ဝိပဿနာရှုကြ စသည်ဖြင့် နေက္ခမ္မဓာတ်တွေထူတေ-.- ကြး
တိုးပွားအောင်အားထုတ်ကြရင် တစ်နေ့ကျရင် ယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေ အဖြစ်နဲ့ နေကြရမယ်။ ယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေအဖြစ်နဲ့ သေကြရမယ်။ ကောင်းသောသေခြင်းဖြင့်သေကြရ၊ ကောင်းသောနေခြင်းဖြင့် နေကြ ရလိမ့်မယ်လို့ ယုံကြည်ပြီးတော့ နေက္ခမ္မဓာတ်တွေ တိုးပွားအောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
၁၉၉၀-ပြည့်နှစ်။ အောက်တိုဘာ၊ နိုဝင်ဘာလထုတ် ရတနာမွန်မွ္ဒဇင်းမှ
ဥပုသ်တရားတော် (၆)
ယနေ့ ဥပုသ်သီတင်းဆောက်တည်ကြတယ်။ ဝါဆိုသင်္ကန်း ဆက် ကပ် လှူဒါန်းကြတယ်။ ဝါဆိုသင်္ကန်းရဲ့ အရန်ကောင်းမှုအဖြစ်ဖြင့် အမျိုး မျိုး လှူဖွယ်ဝတ္ထုတွေလှူကြတယ်။ တန်းကြတယ်။ ပူဇော်ကြတယ်။ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ ဝါဆိုလပြည့်ဆိုတော့ ဘုန်းကြီး တို့ ဗုဒ္ဓဘာသာဝင်တွေမှာ အထူးအမြတ်ထားတဲ့ လတွေထဲမှာ အပါ အ၀င်ဖြစ်တော့ ဤနေ့_ဤအခါမှာ သိုက်သိုက်ဝန်းဝန်းနဲ့ ကုသိုလ် ကောင်းမှုတွေပြုကြတယ်။ ဒီတော့ ကုသိုလ်ကောင်းမှုဆိုတာက ယူတတ် ရင်ရတယ်။ များများယူတတ်ရင် များများရတယ်။ နည်းနည်းယူတတ်ရင် နည်းနည်းပဲရတယ်။ ကုသိုလ်ဆိုတာ ပြုပြီးတော့ ယူတတ်ကြရတယ်။
အဲဒါနဲ့စပ်ပြီး နည်းနည်း တရားလေးတစ်ပုဒ် ဟောရဦးမယ်။
ပုဗ္ဗေ၀ သုမနော ဒါနာ၊ ဒ စိတ္တံ ပသာဒယေ။
ဒတွာ အတ္တမနော ဟောတိ။ ဧသာ ပုညဿ သမ္ပဒါ။
-ါနာ-လှူဒါန်းပေးကမ်း စွန့်ကြဲသည်မှ၊ ပုဗ္ဗေ၀-ရှေ့မဆွကပင်လွ။ င် ပုဗ္ဗေ၀-မလှူမီအစ ရှေ့မဆွကပင်လျှင်၊ သုမနော-နှစ်သက်ရွှင်လန်း ၀မ်းမြောက်သည်။ ဟောတိ-ဖြစ်ပါပေ၏ / ဒဒံ ဒဒန္တော-လှူတုန်းလှူဆဲ လှူခိုက်လည်း။ စိတ္တံ-မိမိတို့စိတ်ကိုး ပသာဒယေ-မေတ္တာသဒ္ဓါ အစရှိသော ကုသိုလ်တရားတို့ သက်ဝင်ကြည်လင်စေရာ.် / ဒတွာ-လှူပြီးနောက်အခါ ခိလည်း။ အတ္တမနော-နှစ်သက်ရွှင်လန်း ၀မ်းမြောက်သည်။ ဟောတု- ဖြစ်ပါပေ၏။ ဧသာ-ဤသို့ မလှူခင်လဲဝမ်းသာ၊ လှူတုန်းလဲဝမ်းသား။ လှူပြီးလဲဝမ်းသာ။း ကာလသုံးပါး နှစ်သက်ရွှင်လန်း ၀မ်းသာခြင်းသည်။
ပုညဿ-မိမိတို့ပြုရတဲ့ ကုသိုလ်ကောင်းမှု 1 သမ္ပဒါ-အကြောင်း လောက်လုံရွ ပြည့်စုံခြင်းအစစ် တကယ်တမ်းဖြစ်ပါပေသတည်း။
အဲ. . တစ်ခါက ဘုရားရှင်ကိုယ်တော်မြတ် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံးနေတယ်။ ရဟန်းတော်တွေနဲ့ အတူတူ သီတင်းသုံးနေတော်မူတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းတော် တွေကို မိန့်ကြားတော်မူတယ်။ အဲဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ် က ဝေဠုကဏ္ဍကီဆိုတဲ့ရွာက နန္ဒမာတာဆိုတဲ့ အမျိုးသမီးကြီး၊ ရှင်သာရိ ပုတ္တရာ။ ရှင်မောဂ္ဂလာန် အစရှိသောသံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းတာကို ဘုရားရှင်ကိုယ်တော်မြတ် ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် လှမ်းပြီးတော့မြင်ရတ ဃ်။
နန္ဒမာတာဆိုတာ ဘုန်းကြီးတို့သာသနာတော်မှာ ထူးခြားတဲ့ အမျိုး သမီးကြီးတစ်ဦး။ သာသနာမှာ မှတ်တမ်းတင်ထားရတဲ့ အမျိုးသမီး ကြီး၊ အံ့ဖွယ်များစွာ စုံညီညာတဲ့ ဝိသေသဂုဏ်ထူးရှိတဲ့ အမျိုးသမီး ကြီး
အဲဒီအမျိုးသမီးကြီးဟာ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် အမှူးရှိ သော သံဃာတော်အရှင်မြတ်တွေကို ဆွမ်းဆက်ကဝ်လှူဒါန်းနေတာ မြင်တော်မူတယ်။ အဲဒီ ဆွမ်းဆက်ကပ် လှူဒါန်းတာကလဲ ဆဠဂ်္ဂဒါနတဲ့။ အင်္ဂါခြောက်ပါးနဲ့ ပြည့်စုံတဲ့အလှူဒါန၊ ဆွမ်းဒါန၊ ဆဠဂ်္ဂဒါန-အင်္ဂါ ခြောက်ပါးနဲ့ပြည့်စုံတဲ့ ဆွမ်းအလှူတော်ဌာနကို လှူဒါန်းနေတဲ့အခြင်း အရာကို မြင်တော်မူတယ်။ မြင်တော်မူတော့ ဘုရားရှင်ကိုယ်တော်မြတ် ကာ ရဟန်းတော်တွေကို ဝေဠုကဏ္ဍကီရွာက နန္ဒမာတာဆိုတဲ့ အမျိုး သမီးကြီး၊ သာရိပုတ္တရာ။ မောဂ္ဂလာန်အမှူးရှိသော သံဃာတော်တွေမှာ ဆဠဂင်္ဂ သမ္ပန္နာဂတ-အအင်္ဂါ ခြောက်ပါးနဲ့ ပြည့်စုံတဲ့အလှူဒါနကြီး လှူဒါန်း နေတယ်ဆိုတဲ့အကြောင်း မိန့်ကြားတော်မူတယ်။
အဲဒီ ဘုရားရှင်ကိုယ်တော်မြတ် မြင်တော်မူတဲ့အခါက ရှင်သာရိ ပုတ္တရား ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်တွေကို ဒီအမျိုးသမီးကြီးက ဆွမ်းကျွေးနေတာဟာ ဘယ်လိုအကြောင်းပြုပြီးတော့ ဆွမ်းကျွေးသတုံး
ဆိုတဲ့ အကြောင်းလေးလဲ ဘုန်းကြီးတို့ နည်းနည်းပြောရဦးမယ်။ အဲ . . .နန္ဒမာတာဆိုတဲ့ အမျိုးသမီးကြီးဟာ သာမန်အမျိုးသမီး မဟုတ်ဘူး။ ထူးခြားတဲ့ အမျိုးသမီးကြီးတစ်ယောက်၊ တစ်နေ့ကျတော့ အဲဒီအမျိုးသမီးကြီးဟာ ညအခါပေါ့လေး ညအခါ ပါရာယန သုတ္တန် ဒေသနာတော်ကြီးကို အသံထုတ်ရွတ်ပြီးတော့ ပူဇော်နေတယ်။ ပါရာယန သုတ္တန်ဆိုတာ ဘုန်းကြီးတို့ သုတ္တနိပါတ်ပါဠိတော်မှာပါတယ်။ အဲဒီ သုတ္တန်ကြီးဟာ တော်တော်များတယ်ပေါ့လေး အဲ. . ညသန်းခေါင်ယံ လောက်ရှိပါလိမ့်မယ်။ မနက်လေ မနက်စောစောထပြီးတော့ပေါ့။ အဲဒီ ပါရာယနသုတ္တန် ဒေသနာတော်ကြီးကို ရွတ်ဖတ်ပူဇော်နေသတဲ့။ သာယာဖွယ်ဖြစ်အောင် အသံထုတ်ပြီးတော့ ရွတ်ဖတ်ပူဇော်နေတယ် တရားတော်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလေးပြု ကြရတယ်နော်1 ရွတ်ဖတ်ဖို့ရာ မပျင်းကြရဘူး။ ကျက်ဖို့လဲ မပျင်း ကြရဘူး။ ရွတ်ဖို့လဲ မပျင်းကြရဘူး။ ဘာကြောင့်တုံးဆိုတော့ တရား တော်တွေမှာ အစွမ်းသတ္တိကရှိတယ်။ အစွမ်းသတ္တိရှိတော့ တရားတော် တွေကို ရွတ်ဖတ်ပူဇော်လို့ရှိရင် အဲဒီတရားအကြောင်းပြုပြီးတော့ နှစ် သက်ရွှင်လန်း ဝမ်းမြောက်ရတယ်။ တရားတော်ကိုရွတ်ဖတ်ပူဇော်မှု ကြောင့် ဓမ္မသတ္တိ-တရားတော်ရဲ့အစွမ်းသတ္တိတို့ကြောင့် မိမိတို့မှာ ရောဂါ ကင်းနိုင်တယ်။ အန္တရာယ်ကင်းနိုင်တယ်။ လာဘ်လာဘတိုးချင်လဲတိုးနိုင် တယ်။ သို့သော် လိုလားလို့တော့မရွတ်ရဘူး။ အန္တရာယ်ကင်းအောင် လာဘ်သပ်ပကာ တိုးတက်အောင် စီးပွားတိုးအောင် စသည်ဖြင့် လိုလားမှုနဲ့တော့ မရွတ်ရဘူး။ ဒီတရားပေါ်မှာ ကြည်ညိုတဲ့ မြတ်နိုးတဲ့ စိတ်ထားဖြင့် ရွတ်ကြရတယ်။
ယေစ အတီတာ သမ္ဗုဒ္ဓါး ယေစ ဗုဒ္ဓါ အနာဂတာ။
ယောစေတရဟိ သမ္ဗုဒ္ဓေါ။
ဗဟူနံ သောက နာသနော။
သဗ္ဗေ သဒ္ဓမ္မ ဂရုနေား
ဝိဟိသု ဝိဟရန္ဘိစ။
တထာပိ ဝိဟရိဿန္တိ။
ဧသာ ဗုဒ္ဓါန ဓမ္မတာ။
အတီတာ-ဟိုရှေးရှေးအခါက ပဂွင့်တော်မူကြကုန်သေား ယေစ သမ္ဗုဒ္ဓါ-အကြင်ဘုရားရှင် ကိုယ်တော်မြတ်တို့သည်လည်းကောင်းး အနာ ဂတာ-နောင်အခါကာလမ် ပွင့်တော်မူကြမယ့်။ ယေစသမ္ဗုဒ္ဓါ-အကြင် ဘုရားရှင် ကိုယ်တော်မြတ်တို့သည်လည်းကောင်းး ဧတရဟိ-ယခုအခါခ်။ ဗဟူနံ-များစွာသောသတ္တဝါအပေါင်းတို့၏။ သောကနာသနော-ပူဆွေးမှု သောကကို ပယ်ဖျောက်တော်မူတတ်သော၊ ယောစသမ္ဗုဒ္ဓေါ-အကြင် ဂေါတမဟု လောကထွတ်ထား ဘုရားရှင်ကိုယ်တော်မြတ်သည်လည်း ကောင်း။ သဗ္ဗေ-ပွင့်ပြီး ပွင့်ဆဲ ပွင့်လတ္တံ့ဖြစ်ကုန်သော ဘုရားရှင်မှန်သမျှ တို့သည် သဒ္ဓဂရုနော-ကိုယ်တော်တွေဟောကြားတဲ့ တရားတော်ကို အလေးအမြတ်ပြုကြကုန်ရွှ ဝိဟိသု-ရှေ့ကလဲနေခဲ့ကြကုန်ပြီ။ ဝိဟရန္ဘိ- ယခုလဲနေခဲ့ကြကုန်ဆဲ တထာပိ-ထိုမှတစ်ပါးလည်း။ ဝိဟရိဿန္တိ-နောင် အခါကာလန္မ်လည်း နေရဖို့အလေးပြုလျက် နေကြဦးမည်သာဖြစ်ကြပါ ပေကုန်ခါး' ဧသာ-ဤသို့ ပွင့်ပြီး၊ ပွင့်ဆဲ ပွင့်လတ္တံ့ ဖြစ်ကုန်သော ဘုရားရှင် မှန်သမျှ တရားတော်ကိုပူဇော်ခြင်းသည်။ ဗုဒ္ဓါနံ-ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဗုဒ္ဓထွတ်တင် ရှင်တော်မြတ်ဘုရားတို့၏။ ဓမ္မတာ-ပူဇော် ရိုး။ အလေးပြုရိုး အစဉ်အလာဓမ္မတာကြီးအစစ် ဖြစ်ပါ ပေသတညး။
ဘုရားရှင်အဆက်ဆက် ပွင့်ပြီး၊ ပွင့်ဆဲ။ ပွင့်လတ္တံ့ဖြစ်တဲ့ ဘုရားရှင်
အဆက်ဆက်ဒီတရားတွေကို ကိုယ်တိုင် အလေးပြုတော်မူခဲ့ကြတယ်။ ကိုယ်တိုင်မှီဝဲသောအားဖြင့်လည်းကောင်း၊ အာရုံပြုသောအားဖြင့်လည်း ကောင်း ပူဇော်ခဲ့ကြတယ်။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်တွေ ကိုယ်တိုင်ဟောကြားး ကောင်းမြတ်သော အနက်အဓိပ္ပာယ်တွေကလဲ ရှိပြီးတော့လဲပဲ ဘုရားရှင်ကိုယ်တော်မြတ်တွေကိုယ်တိုင် ပွားများ အသုံး ပြုတော်မူအပ်တဲ့ တရားတွေမို့လို့ အဲဒီတရားတွေဟာ တကယ့်အစွမ်းသတ္တိ
ရှိကြတဲ့တရားတွေ။ ဒါကြောင့် ပူဇော်သောအားဖြင့် ရွတ်ဆိုကြတဲ့ပုဂ္ဂိုလ် တွေ။ နှလုံးသွင်းကြတဲ့ပုဂ္ဂိုလ်တွေကို တရားတော်တွေက စောင့်ရှောက် တယ်။ အဲဒါကြောင့် ယုံယုံကြည်ကြည် အားကိုးတစ်ခုပြုပြီးတော့ ဘုရား ရ် ကိုယ်တော်ခြတ်တွေရဲတရားတော်ကို မူတော်ဖု့ ရွတ်ဆိုိုရာ ဝန်မလေး ကြရဘူး။
အဲ-ခုန နန္ဒမာတာဆိုတဲ့ ဥပါသိကာမကြီး၊ ဒကာမကြီးဟာ ပါရာယန သုတ္တန်ဆိုတဲ့ သုတ္တန်ဒေသနာဂော်မြတ်ကြီးကို အသံထုတ်ပြီးတော့ ရွတ်ဆို ပူဇော်နေတယ်
အဲဒီအခါမှာ ဝေဿ၀ဏ်နတ်မင်းကြီးကလဲ ဟိုးမြောက်အရမ်က နေပြီး တောင်အရပ်ကို ကိစ္စတစ်ခုနဲ့ ခရီးဆက်လာတော့ နန္ဒမာတာ ဥပါသိကာမကြီးရဲ့ ပါရာယနသုတ္တန်ဒေသနာသံကို ကြားရတော့ ရပ်ပြီးတော့ နားထောင်တယ်။ တရားဆုံးသည်ထိအောင်ရပ်ပြီးတော့ နားထောင်နေတယ်။ ခရီးမဆက်သေးဘူး။ တရားတော်ကလဲ မွန်မြတ်။ ရွတ်တဲ့ ပုဂ္ဂိုလ်ကလဲ သာယာဖွယ်ဖြစ်အောင် ရွတ်ဆိုတတ်တော့ ဝေဿဝဏ်နတ်မင်းကြီးရဲ့စိတ်ဓာတ်ကို ကြည်ညိုအောင်ဆွဲဆောင်နိုင်တယ်။ အဲဒါကြောင့်မို့လို့ ဝေဿဝဏ်နတ်မင်းကြီးဆိုတာလဲ သာမန်နတ်မင်းကြီး မဟုတ်ဘူး။
ဘုရားတပည့်ပဲ။ အရိယာပဲ။ ဒါကြောင့်မို့လို့ မသွားနိုင်ဘူး။ ခရီး မဆက်နိုင်ဘူး' နားထောင်ပြီးတော့ ကြည်ညိုနေတယ် တရားဆုံးသည် ထိအောင်နားထောင်ပြီး တရားဆုံးသည်ထိအောင်နားထောင်ပြီး တရားဆုံး တဲ့အခါကျတော့ နန္ဒမာတာ-ဥပါသိကာ ဒကာမကြီးကလဲ ခဏအနား ယူး အနားယူတုန်း ဝေဿ၀ဏ်နတ်မင်းကြီးက “သာဓု ဘဂိနိ၊ သာဓု သာဓု ဘဂိိနီ။ ဘငိနီ-ငါ့နှမ။ သာဓု သာဓု-ကောင်းပါပေစွ၊ ကောင်းပါ ပေစွလို့ ကောင်းချီးပေးတယ်1 ကောင်းချီးပေးတော့ နန္ဒမာတာ ဥပါသိကာမ ကြီးက အမောင်က ဘယ်သူတုံးဆိုတော့ ကျွန်တော်က နန္ဒမာတာအရှင်မ ကြီးရဲ့ မောင်တော်တစ်ယောက်ပဲလို့ ဆိုတယ်။ ဘာ့ကြောင့် သာဓု ခေါ်သတုံးဆိုတော့ အရှင်မ ပါရာယနသုတ္တန် ဒေသနာတော်ကြီးကို
ရွတ်ဖတ်နေတာ ကြည်ညိုလို့ သာဓုခေါ်တဲ့အကြောင်းပြောတော့ ဒါဖြင့် ကောင်းပါပြီ အဲဒီ ကျွန်မရွတ်ဆိုပူဇော်ရတဲ့ ပါရာယနသုတ္တန်ဒေသနာ တော်ကြီးကို ရွတ်ဆိုပူဇော်ရသဖြင့် ရအပ်တဲ့ကုသိုလ်ကို အမျှပေးပါတယ် ဆိုပြီးတော့ အဲဒီကုသိုလ်ကောင်းမှုကြီးကို အမျှပေးပြီးတော့ မောင်တော် ဘုရားအတွက် လက်ဆောင်အဖြစ်ဖြင့် အပ်နှင်းလိုက်ပါတယ်လို့ပြော တော့ ဝေသဝဏ်နတ်မင်းကြီးက .အင်မတန်၀မ်းသာတယ်။ အင်း။. ကောင်းပြီ။ ဒါလဲပဲ လက်ဆောင်ပေါ့ ဒီလက်ဆောင်ကိုလဲ ကျွန်တော် လက်ခံပါတယ်။ ဒီ့အပြင် မနက်ဖြန်ခါကျလို့ရှိရင် ရှင်သာရိပုတ္တရာ။ ရှင်မောဂ္ဂလာန် အမှူးရှိသော ရဟန်းတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်း ရလိမ့်မယ်။ အဲဒီ ဆွမ်းအလှူတော်ကိုလဲ ကျွန်တော့်ကို အမျှပေးဝေပါး လက်ဆောင်ပေးပါလို့ လက်ဆောင်တောင်းတယ်။ အဲဒါနဲ့ သူကလဲ လက်ခံလိုက်တယ်။
အဲဒါနဲ့ ဝေဿဝဏ်နတ်မင်းကြီးကလဲ သူ့ခရီးသူ ဆက်သွားတယ် ပေါ့လေ။ မနက်ဖြန်ခါကျတော့ ရှင်သာရိပုတ္တရာ။ ရှင်မောဂ္ဂလာန် အမှူး ရှိတဲ့ သံဃာတော်တွေဟာ ခရီးဒေသစာရီကြွရင်း1 ဝေဠုကဏ္ဍကီရွား နန္ဒမာတာရဲ့ရွာကို ဆိုက်ရောက်လာကြတယ်။ နန္ဒမာတာက အကုန်လုံး ဆွမ်းတွေဘာတွေ ကောင်းကောင်းမွန်မွန် ပြုပြင်ထားတယ်။ မနက် လင်းကတည်းက ညက ဝေဿဝဏ်နတ်မင်းကြီးက ရှင်သာရိပုတ္တရား ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်တွေ ကြွလာလိမ့်မယ်လို့ ပြောသွားတော့ မနက်ကတည်းက တစ်ခါတည်းအကုန်လုံး ဆွမ်းတွေ။ ဆွမ်းဟင်းတွေ။ အချိုပွဲတွေ။ ဘာတွေညာတွေပေါ့။ အကုန်လုံး စီမံပြင်ဆင်ထားတယ်။ စီမံပြင်ဆင်ထားပြီးတော့ အဲဒီ သူစီမံနေတုန်းပဲ ရှင်သာရိပုတ္တရာ။ ရှင်မောဂ္ဂလာန် အမှူးရှိတဲ့ သံဃာတော်တွေဟာ ဒေသစာရီကျချီရင်း။ ဒေသစာရီဆိုတာ တစ်ခါတစ်ခါ သတ္တဝါတို့ရဲ့အကျိုးငှာ ရဟန္တာအရှင် မြတ်ကြီးတွေဟာ ခရီးထွက်သွားကြတယ်။ အဲ . . သံဃာတော်တွေ အခြံအရံနှင့်တကွ မထေရ်မြတ်ကြီးနှစ်ပါးဟာလဲ အဲသလိုခရီးရှည် လှည့်လည်ရင်း ဝေဠုကဏ္ဍကီရွာ ရောက်လာတယ်။
အချိန်ကျတော့ နန္ဒမာတာ ဥပါသိကာမကြီးက ဆွမ်းစား သွားပင့် ခိုင်းတယ်။ ကိုယ်တော်မြတ်တွေဆီ သွားပြီးတော့ ဆွမ်းစားပင့်ချေ။ ဆွမ်းတွေ ကွမ်းတွေ အားလုံး အဆင်သင့်ဖြစ်ပါပြီဘုရား၊ အချိန်ကျပါပြီ။ အရှင်ဘုရားများ ကြွံကြပါဆိုပြီးတော့ ပင့်ခိုင်းတယ်။ အမှန်ကတော့ ကျောင်းမှာ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်အမှူးရှိတဲ့' ကိုယ်တော်တွေ ရောက်နေပြီဆိုတာ မမြင်ရဘဲနဲ့သိတယ်။ အဲဒါကြောင့်မို့လို့ အထူး ဆွမ်းစားပင့်ဖို့ စောစောက ကြိုတင်လျှောက်မနေတော့ဘူး။ တစ်ခါတည်း ကျောင်းသွားပြီးတော့ အေး . . . သံဃာတော်တွေကို ဆွမ်းစားချိန်ကျ ပါပြီဘုရား၊ ဆွမ်းစားကြွတော်မူကြပါဆိုပြီးတော့ ပင့်ခိုင်းတယ်။ ပင့် ခိုင်းတော့ မထေရ်မြတ်ကြီးနှစ်ပါး အမှူးရှိတဲ့ သံဃာတော်တွေ ကြွလာ တယ်။ အဲ... ကြွလာကြတော့ နန္ဒမာတာ ဥပါသိကာမကြီးက အခြွေ အရံတွေနဲ့တကွ သံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းတယ်။ အဲ့. . မွန်မြတ်လှစွာသော ဆွမ်းတွေ။ ဟင်းတွေး ခဲဖွယ်တွေ ဆက်ကပ် လှူဒါန်းကြတယ်။ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါကျတော့မှ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မိမိအနီးနားလာထိုင်နေတဲ့ နန္ဒမာတာ ဥပါသိကာမ ကြီးကို မေးမြန်းတော်မူတယ်။
နန္ဒမာတာ တို့တစ်တွေ ဒီနေ့မနက် ဒီဝေဠုကဏ္ဍကီရွာကို ရောက် လာလိမ့်မယ်လို့ ဘယ်လိုသိနေသတုံးလို့ မေးမြန်းတော်မူတဲ့ အခါကျတော့ နန္ဒမာတာက အရှင်ဘုရား ညက တဝည့်တော် အဲ... ညက အကြောင်း ပြောပြတယ်ပေါ့။ ညက တပည့်တော် ပါရာယနသုတ္တန် ဒေသနာတော် ကြီးကို ရွတ်ဖတ်ပူဇော်နေတုန်း ဝေဿဝဏ် နတ်မင်းကြီးက တရားနာ။ တပည့်တော်က တရားလက်ဆောင်ပေးတဲ့အခါကျတော့ မနက်ဖြန်ခါ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်အမှူးရှိတဲ့ သံဃာတော်တွေ ကြွလာ လိမ့်မယ်။ ထိုအရှင်မြတ်တွေကို ဆွမ်းဆက်ကပဂ်လှူဒါန်းပြီးတော့ အဲဒီအလှူကိုလည်း လက်ဆောင်ပေးပါဦးလို့ ဝြောသွားပါတယ် ဘုရားဆိုတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အစ္ဆရိယံ နန္ဒမာတေ၊ အဗ္ဘုတံ နန္ဒမာတေ စသည်ဖြင့် အံ့ဖွယ်ကောင်းလှပါပေစွ
နန္ဒမာတား မဖြစ်စဖူးထူးကဲစွာ ဖြစ်ပါပေစွ၊ တကယ့်တန်နိုးကြီးတဲ့ အာနုဘော်ကြီးတဲ့ ဝေဿဝဏ်နတ်မင်းကြီးလို နတ်မင်းကြီးနဲ့တောင် နန္ဒမာတာ စကားပြောရတယ်ဆိုရအောင် အံ့ဖွယ်ရှိပါပေစွ နန္ဒမာတာ။ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ နန္ဒမာတာလို့ ကောင်းချီးပေးတယ်။
အံ့သြဖွယ်စကား မိန့်ကြားတော်မူတယ်။ အဲဒီတော့မှ မထေရ်မြတ်က ဒီလိုမိန့်ကြားတော်မူတော့ နန္ဒမာတာက အရှင်ဘုရား တပည့်တော်မှာ ဒီလောက် အံ့သြဖွယ်တင် မကသေးပါဘူးဘုရား၊ တပည့်တော်မှာ အံ့သြဖွယ်တွေ ရှိပါသေးတယ်ဘုရားဆိုပြီးတော့ လျှောက်ထားတယ်။ တပည့်တော်မှာ အင်မတန်ချစ်လှစွာသော သားကလေးတစ်ယောက် ရှိပါ တယ်။ နန္ဒဆိုတဲ့သားကလေး၊ နန္ဒဆိုတာက သူ့သားနာမည် နန္ဒရဲ့မိခင် ကြီးမို့လို့ နန္ဒမာတာ-နန္ဒရဲ့မိခင်ဆိုပြီး အမည်ရထားတာနော်။ အဲ. . . တပည့်တော်မှာ နန္ဒဆိုတဲ့သားကလေးတစ်ယောက် ရှိတယ်။ အဲဒီ သားကလေးဟာ တစ်နေ့ကျတော့ တစ်စုံတစ်ခုသောမှုခင်းအရ မင်းတွေက ဖမ်းတယ်။ ဖမ်းပြီးတော့ ညှဉ်းဆဲကြတယ်။ သတ်ပစ်ကြတယ်။ တပည့် တော်မှာ ဘယ်လိုမှမဖြစ်ဘူး။ သတ်ဖြတ်တဲ့အခါကျတော့လဲ တပည့်တော် မှာ ဘယ်လိုမှမဖြစ်ပါဘူးဘုရားလို့ သူ့ရဲ့အံ့သြဖွယ်ကို တင်ပြလျှောက် ထားတယ်။ အဲဒီအခါမှာ ဒုတိယအကြိမ် ရှင်သာရိပုတ္တရာကိုယ်တော် မြတ်ကြီးက တံသြပ္ပယ်အပြစ်ဖြင့် ချီးကျူးစကား ပြက်တြားတော်မူပြန် တယ်။ အစ္ဆရိယံ နန္ဒမာတေ။ အဗ္ဘုတံ နန္ဒမာတေ” နန္ဒမာတာ-အံ့ဖွယ် ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစ္ပး တကယ်တော့-
ယတြ ဟိနာမ စိတ္တုပ္ပါဒမွိ
ပရိသောဓေဿတိ-
စိတ်ဖြစ်ပေါ်မှုလေးကိုတောင်မှ နန္ဒမာတာဟာ သုတ်သင်နိုင်တယ်။ ပယ်ရှားနိုင်တယ်။ တကယ်အံ့သြဖွယ် ကောင်းလှပါပေစွ ဆိုပြီးတော့ အံ့သြချီးမွမ်းတော်မူတယ်နော်
အဲဒီတော့ နန္ဒမာတာက တစ်ခါဆက်ပြန်တယ်။ မိမိရဲ့အံ့သြဖွယ်ကို အရှင်ဘုရား တပည့်တော်ရဲ့ အံ့သြဖွယ်ဟာ သည်မျှမကသေးပါဘူး။
တပည့်တော်ရဲ့အံ့သြဖွယ်တွေ ရှိပါသေးတယ်ဘုရား၊ တပည့်တော်ရဲ့ခင်ပွန်း သည် ယောက်ျားဟာ ဘဝတစ်ပါးသို့ ပြောင်းသွားတယ်။ ကွယ်လွန်သွား တော့ နတ်မျိုးတစ်မျိုးမှာ သွားဖြစ်ပါတယ်ဘုရား၊ အဲဒီနတ်မျိုးမှာ သွား ဖြစ်တဲ့ ဘုရားတပည့်တော်ရဲ့ ခင်ပွန်းသည်ယောက်ျားဟာ ပင်ကိုရုပ်သွင် နဲ့ ရှေးတုန်းက ပင်ကိုရုပ်သွင်နဲ့ တပည့်တော်ကို လာပြပါတယ်ဘုရား၊ အဲသလိုပြတဲ့အခါမှာ တပည့်တော်မှာ ဘယ်လိုမှမဖြစ်ပါဘူးဘုရား၊ ဆိုလို တာက တပ်မက်နှစ်သက်မှုတွေ ဘာတွေမဖြစ်တော့ဘူး။ အဲဒီအခါမှာ ဒုတိယအကြိမ် ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက “အစ္ဆရိယံ နန္ဒမာတေ အဗ္ဘုတံ နန္ဒမာတေနဲ့” ကောင်းချီးပေးပြန်တယ်။ အံ့ဖွယ် ကောင်းလှပါပေစွ နန္ဒမာတာ' မဖြစ်ဖူးမြဲ ထူးကဲစွာ ဖြစ်ပါပေစ္ပတကား လို့ တကယ်တော့ စိတ်ဖြစ်ခြင်းကိုတောင်မှ သုတ်သင်နိုင်တယ်။ ပယ်ရှား နိုင်တယ်။ ပြုပြင်နိုင်တယ်ဆိုပြီးတော့ အံ့သြဖွယ်အဖြစ်နဲ့ ကောင်းချီးပေး တယ်နော်။
အဲဒီအခါမှာ နန္ဒမာတာက လျှောက်ထားပြန်တယ်။ တပည့်တော်မှာ အံ့သြဖွယ်ရာ ဒီလောက်မကသေးပါဘူးဘုရား၊ တပည့်တော်ဟာ ငယ်ငယ် လေးကတည်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားရပြီးတော့ အိမ်ထောင် ကျပြီးတော့ အိမ်ထောင်သည်ဘဝနဲ့ နေခဲ့ရတဲ့ တပည့်တော်ဟာ ဘယ်အခါကာလမှ မိမိယောက်ျားအပေါ်မှာ စိတ်ဖြင့်သော်မှ မကျူးလွန် မကျူးကျော်ပါဘူးဘုရား၊ ကိုယ်ဖြင့် ဆိုတာကတော့ ပြောစရာမရှိပါဘူး ဘုရားလို့ လျှောက်ထားတော့ အံ့ဖွယ်တစ်ချက်လျှောက်ထားတဲ့အခါကျ တော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက အံ့ဖွယ်ရှိပါပေစွ နန္ဒဓာတာ ဆိုပြီး ချီးကျူးပြန်တယ်။ တကယ်တော့ ဓိမိစိတ်ဖြစ်ပေါ်မှုကိုပင် သုတ်သင် နိုင် ရှင်းလင်းနိုင်ပါပေစွလို့ ဆိုပြီးတော့ အံ့သြပြန်တယ်။ အံ့ဖွယ်စကား မိန့်ကြားပြန်တယ်1 မိန့်ကြားပြန်တော့ နန္ဒမာတာက ဆက်ပြန်တယ်။ တပည့်တော်ရဲ့ အံ့သြဖွယ်ဟာ သည်မျှမကသေးပါဘူး အရှင်ဘုရား၊ တပည့်တော်ဟာ အကြင်အခါဠဌ် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး ကိုးကွယ်ဆည်းကပ်တယ်။ ဥပါသိကာမအဖြစ်ကို ဝန်ခံခဲ့ပါတယ်
ဘုရား၊ အဲဒီအခါကစပြီးတော့ သိက္ခာပုဒ်ငါးပါးကို သိတဲ့စိတ်နဲ့ ဘယ်အခါမှ မကျူးလွန်ခဲ့ပါဘူးဘုရားလို့၊ သူ့အသက်လဲမသတ်။ သူ့ဥစ္စာ လဲ မခိုး။ သူ့သားမယားလဲ မပြစ်မှား။ မုသားလဲမပြေား အရက်လဲ မသောက်။ သိက္ခာပုဒ်ငါးပါး' ဘယ်အခါကာလမှ မကျူးကျော်ခဲ့ပါဘူးလို့ လျှောက်ထားပြန်တော့။ အဲ . . . အံ့ဖွယ်ကောင်းပါပေစွ နန္ဒမာတာ။ မဖြစ်ဖူးမြဲ ထူးကဲပါပေစွ။ စိတ်ဖြစ်ပေါ်မှုကလေးကိုတောင် ကောင်းကောင်း ပယ်ရှားနိုင်တယ်။ သုတ်သင်နိုင်တယ်။ ပြုပြင်နိုင်တယ်။ အံ့ဖွယ်ပါတကား ဆိုပြီးတော့ အံ့ဖွယ်အဖြစ်ဖြင့် ချီးကျူးစကား မိန့်ကြားတော်မူပြန်တယ်။
အဲသလို မိန့်ကြားတော့ နန္ဒမာတာက ဆက်ပြန်တယ်1 တပည့်တော်မ အံ့ဖွယ်က သည်မျှ မကသေးပါဘူးဘုရား ရှိပါသေးတယ်။ တပည့် တော်ဟာ လိုချင်တဲ့အခါမှာ ပထမစျာန်လဲ ဝင်စားနိုင်တယ်။ ဒုတိယစျာန် လဲ ဝင်စားနိုင်တယ်။ တတိယစျာန်လဲ ဝင်စားနိုင်တယ်။ စတုတ္ထစျာန်လဲ ဝင်စားနိုင်တယ်။ စျာန်လေးပါးလိုချင်တဲ့အခါ လိုချင်တိုင်း လိုချင်တိုင်း တပည့်တော် ဝင်စားနိုင်ပါတယ်ဘုရားလို့ လျှောက်ထားပြန်တော့ အစ္ဆိရိယံ နန္ဒမာတေ အဗ္ဘုတံ နန္ဒမာတေ အံ့ဖွယ်ပါတကား နန္ဒမာတာ။ အံ့ဖွယ်ပါ တကားလို့ အံ့ဖွယ်အဖြစ်ဖြင့် ချီးကျူးလိုက်ပြန်တယ်နော်။
အဲ... နောက်တစ်ခါ နန္ဒမာတာက ဆက်ပြန်တယ်။ တပည့်တော်ရဲ့ အံ့သြဖွယ်ဟာ မဆုံးသေးပါဘူးဘုရား၊ ရှိပါသေးတယ်။ တပည့်တော်မှာ မိမိကိုယ်မှာ ဩရမ္ဘာဂိယ သံယောဇဉ်ဆိုတဲ့ အောက်ကာမဘုံ ကာမ လောကဓာတ်မှာ ကျင်လည်နေတဲ့ သံယောဇဧဉ်တရားတွေကို သံယောဇဉ် တရားခြောက်ပါးကို မိမိကိုယ်မှာ မပယ်ရှားရသေးသည်ကို မတွေ့ရတော့ ပါဘူး။
အဲ... အောက် ကာမဘုံလောကကို လည်စေတတ်တဲ့ ဩရမ္ဘာဂိယ အောက်ကာမ လောကဓာတ်အဖို့ရှိတဲ့ သံယောဇဉ်ဆိုတာက ဘုန်းကြီး တို့ သက္ထာယဒိဋ္ဌိတို့ သီလဗ္ဗတပရာမာသတို့ ဝိစိကိစ္ဆာတို့ ကာမရာဂတို့ ဗျာပါဒဆိုတဲ့ ဒေါသတို့၊ အဲဒီတရားငါးပါးကို အောက်ကာမဘုံမှာ လည် စေတတ်တဲ့ ဩရမ္ဘာဂိယ-သံယောဇဉ်လို့ဆိုတယ်။ အဲဒီသံယောဇဉ် မရှိ
တော့ဘူးဆိုတော့ ဘုရားတပည့်တော်ဟာ အနာဂါမ်မါပဲဘုရားလို့ ၀န်ခံတာပဲနော်၊ အနာဂါမ်ဆိုတာ ကာမရာဂမရှိတော့ဘူး ပယ်ပြီးပြီ။ ဖြတ်ပြီးပြီး ဒါကြောင့်မို့လို့ နောက်နောက်က သူ့သားလေးခံနေရတာ သူဒေါသမဖြစ်ဘူး။ သူ့လင်ယောက်ျား လာပြတာကိုလဲပဲ သူ့စိတ်ထဲမှာ ဘယ်လိုမှမဖြစ်ဘူးး ကာမရာဂ၊ ဗျာပါဒတွေး ဝိစိကိစ္ဆာတွေး အကုန်လုံး ပယ်ရှားပြီးတဲ့ပုဂ္ဂိုလ်ဖြစ်လို့ အနာဂါမ်ဖြစ်နေတဲ့ စျာန်ရပုဂ္ဂိုလ်ကြီး ဖြစ်လို့ ပေါ့။
အဲ နာန္ဒမာတာ အမျိုးသမီးကြီးဟာ ခုနပြောတဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အံ့ဖွယ်စကားပြောကြားတော်မူတော့ သူ့အံ့ဖွယ်တွေ ဆက်ကာဆက်ကာ လျှောက်ထားလိုက်တာ နည်းတာမဟုတ်ဘူး။ အဲဒီ တော့ အားကျစရာ မကောင်းဘူးလား။ ဘုန်းကြီးတို့ အမျိုးသမီးတွေ အင်မတန် အားကျစရာကောင်းပါတယ်။ အမျိုးသားတွေကလဲ အားကျစရာကောင်းတာပဲ။ ဒါ တကယ့်သာသနာတော်မှာ ထူးခြားတဲ့ လာဘ်လာဘကြီးရတဲ့ အမျိုးသမီးကောင်းတစ်ယောက်။ ထူးခြားတဲ့ အမျိုး သမီး။ အဲဒီအမျိုးသမီးထူး။ အမျိုးသမီးမြတ်ကြီးဟာ အံ့ဖွယ်စကားတွေ ရှင်သာရိပုတ္တရာကို လျှောက်ထားလိုက်တယ်။
အဲ့ . . အဲဒီဆွမ်းကျွေးပွဲကြီးကို မြင်တော်မူလို့ ဘုရားရှင်ကိုယ်တော် မြတ်က ခုနရဟန်းတော်တွေကို အဲ . . . ချစ်သားရဟန်းတို့၊ ဝေဠု ကဏ္ဍကီရွာမှာ နန္ဒမာတာ ဥပါသိကာမကြီးဟာ သာရိပုတ္တရား မောဂ္ဂလ္လာန်အမှူးရှိတဲ့ သံဃာတွေကို ဆဠဂ်္ဂ သမန္နာဂတ အင်္ဂါခြောက်ပါး နှင့်ပြည့်စုံတဲ့ အလှူတော်ကို ပူဇော်လှူဒါန်းနေတဲ့အကြောင်း မိန့်ကြားတော် မူခဲ့တယ်နော် အဲသလိုမိန့်ကြားတော်မူပြီးလို့ အင်္ဂါခြောက်ပါးကို တစ်ခါ ခွဲပြတော်မူခဲ့တယ်။ ဘုရားရှင်က-
အလှူ့ရှင် အလှူ့ဒကာ ဒကာမဘက်က အင်္ဂါသုံးပါး။ အလှူခံပုဂ္ဂိုလ် တွေဘက်က အင်္ဂသုံးပါး ခွဲခြားဟောတော်မူခဲ့တယ်။ အလှူ့ဒကာ ဒကာမ များဘက်က အင်္ဂါသုံးပါးဆိုတာကတော့ ခုနပြောတဲ့ မလှူခင်လဲ၀မ်းသာ ရမယ်။ လှူတုန်းလဲဝမ်းသာတယ်။ လှူပြီးလဲ ၀မ်းသာတယ်ဆိုတဲ့ ဝမ်းသာ
ခြင်း သုံးပါးပဲ။ အဲ. . . အလှူဒကာ ဒကာမများဘက်က သုံးပါး။
ပုဗ္ဗေ၀ သုမနော ဒါနား
ဒဒ စိတ္တံ ပသာဒယေ။
ဒတွာ အတ္တမနော ဟောတိ
ဧသာ ပုညဿ သမ္ပဒါ။
ဒါ နာ-လှူဒါ န်းပေးကမ်းစွန့် ကြဲသည်မှ၊ ပုဗ္ဗေ၀-မလှူမီအစ ရှေ့မဆွက ပင်လျှင်၊ သုမနော-နှစ်သက်ရွှင်လန်း ၀မ်းမြောက်သည်။ ဟောတိ-ဖြစ် ပါပေ၏ / မလှူခင်လဲ၀မ်းသာရမယ်တဲ့။ ဒါ အလှူ့ဒကာ ဒကာမများဘက် က အင်္ဂါတစ်ပါး။ ဒဒံ-ဒဒန္တော-လှူတုန်းလှူဆဲ လှူခိုက်လည်း။ စိတ္တံ-မိမိ၏ စိတ်ကို ပသာဒယေ-မေတ္တာ သဒ္ဓါ အစရှိသောတရားတို့ဖြင့် ထုံမွမ်းလျက် နှစ်သက်ရွှင်လန်းရာ၏။ လှူတုန်း လှူဆဲ လှူခိုက်လဲ မိမိ စိတ်ကို နှစ်သက်စေရမယ်။ ၀မ်းသာစေရမယ်။ ဒတွာ-လှူပြီးနောက်အခါ ခိလည်း အတ္တမနော-မိမိ မည်သည့်ကုသိုလ်ကို လှူခဲ့သည်ဟု ပြန်ပြောင်း အောက်မေ့ရွ် အထပ်ထပ်အခါခါ ဆင်ခြင်တိုင်း ရွှင်လန်းနှစ်သက် ဝမ်း မြောက်ရာ၏။ ရွှင်လန်းနှစ်သက်ဝမ်းမြောက်သည်။ ဟောတိ-ဖြစ်ပါ ပေ၏ ဧသာ-ဤသို့ မလှူခင်လဲ၀မ်းသာ၊ လှူတုန်းလဲ၀မ်းသာ။ လှူပြီးလဲ၀မ်းသာ ခြင်းသည်။ ပုညဿ-မိမိပြုရတဲ့ ကုသိုလ်ကောင်းမှုဓါ၊ သမ္ပဒါ- “အကြောင်းလောက်လုံရွ် ပြည့်စုံခြင်းအစစ် တကယ်တမ်း ဖြစ်ပါပေ သတည်း။
အလှူ့ရှင်တွေဘက်က အင်္ဂါသုံးပါး။ ယနေ့ ဝါဆိုသင်္ကန်း လှူဒါန်း
ကြတယ်။ ကုသိုလ်တွေပြုကြ၊ သီလတွေဆောက်တည်ကြး ဘာဝနာတွေ ပွားများကြတယ်။ အားလုံး ကုသိုလ်ကောင်းမှုတွေဟာ ခုနပြောသလို အင်္ဂါသုံးပါးနှင့် ပြည့်စုံကြတယ်။ ဒါန အဲ . . အထူးသဖြင့်တော့ ဒါန ပေါ့လေ။ အင်္ဂသုံးပါးနှင့် ပြည့်စုံရမယ်။ မလှူခင်တုန်းကလဲ ၀မ်းသာရ မယ်။ အလှူ၀တ္ထု ရှာမှီးနေတဲ့အခါလဲ ၀မ်းသာရမယ်။ လှူတုန်း အခု ရေစက်မချခင် လှူနေတုန်းပဲ။ လှူနေတုန်းလဲ နှစ်သက်ရွှင်လန်း ဝမ်း မြောက်ရတယ်။ လှူပြီးတဲ့အခါလဲ နှစ်သက်ရွှင်လန်းဝမ်းမြောက်ရတယ်။
အဲသလို အလှူရှင်များဘက်က အင်္ဂါသုံးပါးကို မိန့်ကြားတော်မူပြီးတော့ ဘုရားရှင်က-
အလှူခံပုဂ္ဂိုလ်တွေဘက်က အင်္ဂသုံးပါး မိန့်ကြားတော်မူပြန်တယ်။ အဲ . . . အလှူခံပုဂ္ဂိုလ်တွေကလဲ ရာဂကင်းတဲ့ ဘုရားရဟန္တာသော်လဲ ဖြစ်ရမယ်။ ရာဂကင်းအောင်ကြိုးစားနေတဲ့ ကလျာဏပုထုဇဉ် သေက္ခ ၀ င င လျှ င င င င လျ ပုဂ္ဂိုလ်သော်လဲ ဖြစ်ရမယ်။ ဒေါသတင်းပြီး ဘုရားရဟန္တာသော်လဲ ဖြစ်ရမယ်။ ဒေါသကင်းအောင် ကျင့်ကြံနေတဲ့ သောတာပန်အစရှိသော သေက္ခတွေး ကလျာဏပုထုဇဉ်ဆိုတဲ့ ပုထုဇဉ်ကောင်းတွေသော်လဲ ဖြစ်ရမယ်။ မောဟကင်းပြီးတဲ့ ဘုရားရဟန္တာသော်လဲဖြစ်ရမယ်။ မောဟ ကင်းအောင် ကြိုးစားနေကြတဲ့ ကလျာဏပုထုဇဉ် အပေါင်းနှင့်တကွ ချ လျှ င္သ လျ ၆' ြ သေက္ခပုဂ္ဂိုလ်သော်လဲ ဖြစ်ရမယ်။ အဲဒါ အင်္ဂါသုံးပါး။ ဒါကြောင့် အလှူခံပူုလ်ဘယ်ကလဲ ယနေပြည့်စုံခြင်းနဲ ပြည်ပြီး ၀ ငု င လျှ င။ င. ငျင အလှူပေးပုဂ္ဂိုလ်အတွက်လဲ အင်္ဂါနှစ်ပါးတော့ ပြည့်စုံပြီး မလှူခင်၀မ်းသာ (ရျ ငု ဝ လျ င ရျ င. လျ ရ ရျ လှူတုန်းဝမ်းသာဆိုတဲ့ အင်္ဂါနှစ်ပါးပြည့်စုံပြီး အဲ လှူပြီးနောက်အခါလဲ ပြည့်စုံရမယ်တဲ့ လောကမှာ ရတနာတစ်ခုခုပေါ့လေ။ အဲဒီရတနာကို မိမိတို့ ဘာလုပ်မလဲ။ မကြာမကြာဆင်တယ်။ မကြာမကြာကြည့်ပြီး ဝမ်းသာတယ်။ အဲ ငါ့.မှာရှိတယ်လို့ တွေးပြီးတော့လဲ ဝမ်းသာတယ်။ မြင်ရုရင်လဲ၀မ်းသာတယ်။ ဆင်ရရင်တော့ မပြောနဲ့တော့။ အဲဒါလိုပဲ အလှူဆိုတာ လှူပြီးရင် အဲဒီရတနာလေးတွေဆင်သလို ထပ်ထပ်ဆင် ရတယ်။
ရတနာလေးတွေမြင်ရင် ၀မ်းသာရသလို ထပ်ထပ်ဆင်ခြင်တိုင်း ၀မ်းသာကြရတယ်။ အဲသလိုဝမ်းသာလို့ရှိရင် ဟော အင်္ဂါတစ်ပါး ထပ် ပြည့်စုံသွားတယ်။ အဲဒီအင်္ဂါက အရေးကြီးဆုံးပဲ။ အဲဒီအင်္ဂါ ရှိပြီဆိုရင် ကုသိုလ်တွေ တိုးလို့မဆုံးတော့ဘူး တစ်တိုးတည်း တိုးနေမှာပဲး တစ်တိုး တည်းတိုးရင် အရှိန်ရှိတယ၊ အာနုဘော်ရှိတယ်။ အာစိတ္ဍကံဖြင့် ထက်သန် လျ ဝင ဝ ရ င င ဓ င္လ လျ တဲ့ ကုသိုလ်ထူးကြီးအဖြစ်သို့ ရောက်တယ်။ ရောက်နေရင် ဒီဘဝတွင်ကိုပဲ ချြူနေချ င္သ င ငု ဝ င္သ (ခ စည်းစိမ်တိုးတယ်1 လာဘ်သဗ်ပကာတိုးတယ်။ အကျိုးတွေ အများကြီး
ရနိုင်တယ်။ ဒါကြောင့်မို့လို့ ကုသိုလ်တစ်ခုပြုရင် ထပ်ပြီးရနေအောင် ထပ်ထပ်ပြီးရနေအောင် ပြန်ဆင်ခြင်ဝမ်းမြောက်ဖို့ အရေးကြီးတယ်။
အဲသလို ဆင်ခြင်ဝမ်းမြောက်ရင် အင်္ဂါ သုံးပါးပြည့်စုံပြီ။ အင်္ဂါ သုံးပါး ပြည့်စုံရင် အဲဒီအလှူဟာ တကယ်ထူးခြားတဲ့အလှူ၊ ကုသိုလ်တွေ တစ်တိုး တည်း တိုးပွားနေတဲ့ အလှူ။ အရှိန်ရှိတဲ့အလှူး အဲဒီအလှူမျိုးဟား ဟာ- ကုသိုလ်ဆိုတာ နောက်ဘဝမှာအကျိုးပေးတာပဲး ဒီဘဝ ဘာမှမဖတ်မတင် ပါဘူးလို့ တချို့ထင်တယ် ပြောကြတယ်။ ကုန်တာပဲအဖတ်တင်တယ်လို့။ အမှန်က ရတာကိုမသိကြဘူးနော်။ ကိုယ်ကသိသည်ဖြစ်စေ။ မသိသည် ဖြစ်စေ။ အရှိန်အဝါရှိတဲ့ကုသိုလ်တွေဟာ တစ်နည်းတစ်လမ်းအားဖြင့် ကိုယ့်ကို အကျိုးပေးတယ်။
မရှိလို့မလှူး မက္ရလို့ မရှိ။ ရှိလို့လှူ လှူလို့ရှိတယ်ဆိုတဲ့အတိုင်း လှူတဲ့ပုဂ္ဂိုလ်ဟာ လှူဖို့ကိုရှိတယ်။ မလှူတဲ့ပုဂ္ဂိုလ်ဟာ လှူဖို့ကိုမရှိဘူး။ ဒါတွေဟာ မျက်မြင်အကျိုးတွေပဲ။ ဒါကြောင့်မို့လို့ ကုသိုလ်တစ်ခုဟာ ပြုပြီးရင် မေ့မေ့ပျောက်ပျောက် မနေရဘူး။ အောက်မေ့ကြရတယ်' အဲသလို အောက်မေ့ရင် အင်္ဂါသုံးပါးပြည့်စုံနေတယ်။ ပြည့်စုံရင် အကျိုးပေးထက် သန်တဲ့ ကုသိုလ်အဖြစ်ရောက်မှာမို့လို့ မိမိတို့ကုသိုလ်တွေကို မေ့မပစ် လိုက်ဘဲနဲ့ အမြဲတမ်းတိုးပွားအောင် ကြိုးစား အားထုတ်နိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
၁၉၉၀- ပြည့်နှစ်။ ဒီဇင်ဘာလ
၁၉၉၁- ခုနှစ်။ ဇန်နဝါရီလထုတ် ရတနာမွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၁) နှစ်လည်တရား
ယနေ့ ဒကာကြီး ဦးမြင့်မောင် အကြောင်းပြုပြီး လှူကြတန်းကြ။ ဆယ့်တစ်နှစ်ပြည့်' ဒကာကြီးကွယ်လွန်ရှ ဆယ့်တစ်နှစ်ပြည့် ဤနေ့ အခါသမယ မိမိတို့ကျေးဇူးရှင်ဒကာကြီး ဖြစ်ရာဘဝဋ် ချမ်းသာသုခ တိုးတက်ခံစားရဖို့ဆိုပြီးတော့ ကောင်းမြတ်တဲ့ သမ္မာဆန္ဒနဲ့ ယနေ့ လှူကြ၊ တန်းကြ၊ ပူဇော်ကြတယ်။ အဲဒီအလှူတွေဟာ မိမိတို့ဖို့ချည်းပဲ။ ဒကာကြီးကိုပေးတော့ မိမိတို့လဲ အထူးရတယ်။ ဒကာကြီးက ရချင်မှ ရမယ်။ ဒကာကြီးက ဟိုနတ်ပြည်ရောက်နေရင်လဲ ရချင်မှရမယ်။ လူ့ပြည် ရောက်နေရင်လဲ ရချင်မှရမယ်။ ရဖို့ တယ်မရှိဘူး။
အဲဒီတော့ ဒကာကြီးကတော့ ရချင်မှရမယ်။ မရပေမယ့် မိမိတို့ ကတော့ ရပြီးသားပဲ။ ဒကာကြီးအကြောင်းပြုပြီး လှူကြ တန်းကြ ပူဇော် ကြတော့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ။ မိမိတို့ကတော့ အကျိုး မယုတ်ဘူး။ သူ့ကိုရည်ရွယ်ပြီးတော့ လှူရတဲ့ကုသိုလ်တွေဟာ တကယ့် ရတနာတွေး တကယ့်အနှစ်သာရတွေး လောကမှာ လူ့ဘ၀ဆိုတာက အားလုံးသိတဲ့အတိုင်း ဘာမှအနှစ်သာရမရှိဘူး။
လူ့အဖြစ် အနှစ်သာရ ဘာမှမရှိဘူး။ အကာချည်းပဲ။ အသိုးအပုပ် ကြီးပဲ ဘာမှအနှစ်သာရရယ်လို့ ရှာမတွေ့ဘူး။ အနှစ်သာရတွေက ဒါတွေ ပဲ ယနေ့ လှူကြ တန်းကြ ပူဇော်ကြတယ်။ ကောင်းမှုတွေဟာ အနှစ်သာရ။ အဲဒီကုသိုလ်တွေက မပျက်ဘူး ခန္ဓာကိုယ်ကြီး ဝျက်စီးသွားပေမယ့် ဒါတွေက မိမိတို့အဖို့ အနှစ်သာရအဖြစ်နဲ့ တည်နေမှာတွေ
ယံ ကိဉ္စိ ဗာဟိယံ ဝတ္ထု။
ယထာကာမံ ပဘိဇ္ဇတု။
အဇ္စတ္တသ္မိံ မဘိန္နမှိ။
အဘိန္နော ဝေသ ပညဝ္ဝါ ယံကိဉ္စိ-အလုံးစုံသေား ဗာဟိယံ ၀တ္ထု-ပစ္စည်းဥစ္စာ။ အင်္ဂါခြေလက်။ ကိုယ်အသက်နှင့်တကွ အပဝတ္ထုအကာစုသည်။ ယထာကာမံ-ပျက်စီး လိုတိုင်း ပဘိဇ္ဇတု-ပျက်စီးပစေ။ အဇ္စုတ္တသ္မိ-လိုရင်းဖြစ်ရဤ အတွင်းအနှစ် ဆိုထိုက်သော ပါရမီကုသိုလ်စုသည်။ အဘိန္နမှိ-မပျက်စီးသည်ရှိသော်၊ ဧသပညဝါ-ထိုပညာရှိသည်။ အဘိန္နော၀-မပျက်မစီး မည်သည်သာလျှင် တည်း။
ဘုန်းကြီးတို့ကျေးဇူးရှင် ရွှေကျင်သာသနာပိုင် ဝိသုဒ္ဓါရုံဆရာတော် ဘုရားကြီး ဩဝါဒ .။
လောကမှာ အပဖြစ်တဲ့ ပစ္စည်းဥစ္စာတွေ ရတနာတွေ အမျိုးမျိုး ပစ္စည်းတွေရှိတယ်။ အဲ့ဒီပစ္စည်းတွေ ပျက်စီးတာ အရေးမကြီးဘူး။ ခန္ဓာ ကိုယ်ပျက်စီး' ပစ္စည်းဥစ္စာတွေ ပျက်စီးတာ ဒါက အရေးမကြီးဘူး။ အတွင်းအဇ္စုတ္တဖြစ်တဲ့ တရားမပျက်စီးဖို့ အရေးကြီးတယ်။ တရားမပျက်စီး ရင် အဲဒီပုဂ္ဂိုလ်ဟာ မပျက်စီးတဲ့ပုဂ္ဂိုလ်ပဲ။ ဆရာတော်ကြီးက ဩဝါဒပေးတယ်။ ခန္ဓာကိုယ်ပျက်စီးတာ စိုးရိမ် မနေကြပါနဲ့။ ပစ္စည်းဥစ္စာတွေ ပျက်စီးတာ စိုးရိမ်မနေကြနဲ့။ အဇ္စုတ္တဖြစ်တဲ့ တရားမပျက်စီးမှ အဲဒီပုဂ္ဂိုလ်ဟာ မပျက်စီးတဲ့ပုဂ္ဂိုလ်၊ စက္ကီဘူတာန ပုဗ္ဗေပိ။
ဘိန္နာ သမ္ပတ္တိယော ဗဟူ။
ပါရမီ ပုည သမ္ဘာရ။
သာရေကောဝ အဘိန္နကော။
ပုဗ္ဗေပိ-ရှေးရှေးဒ်လည်း' စတ္တီဘူတာနံ-စကြဝတေးမင်း ဖြစ်ဖူး ကုန်သော ငါတို့၏။ ဗဟူ-များစွာကုန်သော၊ သမ္ပတ္တိယော-စည်းစိမ် တို့သည်။ ဘိန္နာ-ကုန်စင်ပြုန်းတီး ပျက်စီးဤသွားဖူးလှလေကုန်ပြီး ဧကော-တစ်ခုတည်းသေား ပါရမီပုည သမ္ဘာရောဝ-ပါရမီကောင်းမှု အဆောက်အအုံ အနှစ်စုသည်သာလျှင်၊ အဘိန္နကော-နိဗ္ဗာန်မြို့သို့ မပို့ .
မနေရ ပကတူပနည်းဖြင့် မပျက်စီးရလေသတည်း။
မိမိတို့မှာ စကြဝတေးမင်း မိဖုရားကြီးတွေ စသည်ဖြင့် လူ့စည်းစိမ်။ ဒီ့ပြင် နတ်စည်းစိမ် စသည်ဖြင့် စည်းစိမ်တွေအများကြီး ခံစားခဲ့ရဖူးပြီ အဲဒီစည်းစိမ်တွေဟာ အခု အိပ်မက်ထဲတောင် မရှိတော့ဘူး။ အကုန်လုံး ပျက်စီးရတယ်။ အကုန်လုံး ပျောက်ခဲ့ ပျက်ခဲ့ပြီ။ မိမိတို့အဖို့ မပျက်စီး တာက ပါရမီ ပုညသမ္ဘာရသာရေကောဝ အဘိန္နကော-မိမိတို့အားထုတ် ထားတဲ့။ မိမိတို့ ဖြည့်ဆည်းပူးခဲ့တဲ့ ပါရမီကုသိုလ် တရားလေးသာ မပျက်စီးဘူး။ ရှေးရှေးဘဝက မိမိတို့ဖြည့်ခဲ့တဲ့ ကုသိုလ်တွေ အများကြီး ရှိတယ်။ အခွင့်မသာလို့ တချို့လဲ အကျိုးမပေးရသေးဘူး။ တ်ာချို့လဲ အကြောင်းညီညွတ်ရင် အကျိုးပေးဖို့ ကုသိုလ်တွေရှိနေတယ်။ အဲဒီ ကုသိုလ်တွေသာ မပျက်စီးတာ။ ဒကာကြီးလဲ အတူတူပဲ။ ကွယ်လွန်သွား တယ်။ ကွယ်လွန်သွားတော့ ပစ္စည်းတွေတော့ ဘာမှပါမသွားနိုင်ဘူး။ ဒါပေမဲ့ သူဆည်းပူးထားတဲ့။ သူအားထုတ်ထားတဲ့ တရားတွေကတော့ သူနဲ့ပါသွားတယ်။ အဲဒါကြောင့် လောကမှာ တကယ့်ကိုယ့်ပစ္စည်း ဆိုတာ ပစ္စည်းဥစ္စာမဟုတ်ဘူး။ ကုသိုလ်ရတနာတွေ။ နည်းများမဟူပေါ့။ ကိုယ်ဆည်းပူးတဲ့ အားထုတ်တဲ့ ကုသိုလ်တရားတွေသာ ကိုယ့်ဖို့ချည်းပဲ။ တသ္မာ တမေဝ သမ္ဘာရံ။
သဗ္ဗသမ္ပတ္တိ သာဓကံ)။
သတိမာ ပညဝါ ရက္ခေ။
န သောစေ ဖေဂ္ဂုဘေဒငံ့ 1 တသ္မာ-ထိုသို့ ပါရမီပုညသမ္ဘာရ သာရတစ်ခုမျှသာ နိဗ္ဗာန်မရဘဲ သံသရာခရီးခဲ ပြိုကွဲပြုန်းတီး ပျက်စီးခြင်းမရှိ ပကတိအနှစ် အမာခံ ဖြစ်သောကြောင့်၊ သဗ္ဗသမ္ပတ္တိသာဓကံ-လူ့ရွာနတ်ထံ နိဗ္ဗာန်တိုင်အောင် စည်းစိမ်ဟူသမျှကို ပြီးစေနိုင်သေား တမေဝသမ္ဘာရံ-ထိုပါရမီကောင်းမှု အဆောက်အအုံစုကိုသာလျှင်၊ သတိမာ-သတိနှင့်ပြည့်စုံသည်ဖြစ်ရွ။ ပညဝါ-ပညာရှိအမျိုးကောင်းသမီးသားသည်။ ရက္ခေ-မဖြစ်သေးသည်ကို ဖြစ်အောင်။ ဖြစ်ပြီးသည်ကိုလည်း တိုးပွားအောင် စောင့်ရှောက်ရာ၏။
ဖေဂ္ဂုဘေဒနံ-ပစ္စည်းဥစ္စာ အင်္ဂါခြေလက် ကိုယ်အသက်နှင့်တကွ အပအကာစုစ၏ ပျက်စီးခြင်းကို၊ နသောစေ-ပူပန််ညှိုးမှိန် မစိုးရိမ်သင့်ပြီ
အဲဒါကြောင့် အမျိုးကောင်းသား အမျိုးကောင်းသမီးဟာ သတိ တရား ပညာတရား ရှေ့သွားရှိရွ် ပါရမီကုသိုလ်အထူးတို့ကို ဆည်းပူး အားထုတ်ရမယ်။ ပါရမီအနှစ်သာရတွေကို ဆည်းပူးအားထုတ်ရမယ်။ အကာဖြစ်တဲ့ ပစ္စည်းဥစ္စာ အကာဖြစ်တဲ့ ခန္ဓာကိုယ်တွေ ပျက်စီးလို့ စိုးရိမ်စရာ မရှိဘူး။ စိုးရိမ်ပြီးမနေကြနဲ့လို့ ဆရာတော်ကြီးက ဆုံးမ ဩဝါဒပေးတယ်။
ဆရာတော်ကြီး ဆုံးမဩဝါဒ ပေးတာကလဲ အကြောင်းရှိတယ်။ ဒီဩဝါဒလေးဟာ တပည့်ဖြစ်တဲ့ ရဟန်းတော်တွေကို ဩဝါဒပေးခဲ့တာ။ အဲဒီအချိန်က ဆရာတော်ကြီးဟာ ဟောဒီရန်ကုန်ကျိုက္ကစံမှာ သီတင်းသုံး နေတော်မူနေတယ်။ ဆရာတော်ကြီး ရှေးကသီတင်းသုံးရာ မန္တလေး အရှေ့ဝိသုဒ္ဓါရုံတိုက်မှာ ကျောင်းအချို့ မီးလောင်တယ်။ မီးလောင်တော့ အကျိုးအကြောင်း လာလျွောက်ကြတယ်။ အကျိုးအကြောင်း လာလျှောက် ကြတော့ ဆရာတော်ကြီးက အဲဒီတရား အဆုံးအမလေး ရေးပေးလိုက် တယ်
ဒီတော့ ဆရာတော်ကြီးက အပဖြစ်တဲ့ ပစ္စည်းဥစ္စာတွေ။ နောက် ဆုံး ခန္ဓာကိုယ်သော်လဲ ပျက်စီးလို့ မစိုးရိမ်ရဘူး' ကိုယ်အတွင်း သန္တာန်မှာ ဖြစ်တဲ့ ကုသိုလ်တရား ပါရမီဓာတ်တွေ မပျက်စီးအောင် ကြိုးစား ကြရမယ်ဆိုတဲ့အကြောင်းး' ဆရာတော်ကြီးကတော့ တရားတွေ အထူး အားထုတ်ထားတော့ ရင့်ကျက်နေတယ်။ ဆရာတော်ကြီးက ဘုန်းကြီး တို့ ပရမတ္ထသရူပဘေဒနီဆိုတဲ့ ကျမ်းဂန်ကြီးရှိတယ်။ ကမ္မဋ္ဌာန်းပိုင်း ဆိုတာ နည်းတာကြီးမဟုတ်ဘူး ချဲ့ထားတာ။း သမထ ကမ္မဋ္ဌာန်းတွေ စီးဖြန်းပုံး ဝိပဿနာ ကမ္မဋ္ဌာန်းတွေ စီးဖြန်းပုံ လိုလေသေးမရှိအောင် ပြည့်ပြည့်စုံစုံ ဖွင့်ဆိုရေးသားထားတယ်။ ကိုယ်တိုင်လဲ အဲဒီတရားတွေ ကျင့်ခဲ့တာဖြစ်တော့ ရင့်သန်နေတယ်။ ရင့်သန်နေတော့-
“ဆရာတော်ဘုရားကျောင်းတွေ မီးခသွားပါပြီ လို့ လျှောက်ပေ
မယ့်။ ဘာမှ မတုန်လှုပ်ဘူး' “အေး ဒါတွေက အရေးမကြီးဘူး။ အရေး ကြီးတာက အတွင်းအဇ္စျတ္တတရား မပျက်လို့ရှိရင် အဲဒီဝုဂ္ဂိုလ်ဟာ မပျက်စီးတဲ့ပုဂ္ဂိုလ်ပဲ လို့ အမိန့်ရှိခဲ့တယ်။
အဲဒါကြောင့် အဲဒီလိုရင့်သန်ဖို့ အရေးကြီးတယ်။ အဲသလိုရင့်သန် ဖို့ရာ အခုလိုပဲ ကုသိုလ်တွေနဲ့ ထူထောင်ရတယ်။ ဒါနမှုနဲ့ ထူထောင်ရ သီလမှုနဲ့ ထူထောင်ကြရတယ်။ ဘာဝနာမှုနဲ့ ထူထောင်ကြရတယ်။ အဲသလို ထူထောင်သွားပြီဆိုရင် ဆရာတော်ကြီးတို့လို တစ်နေ့ကျရင် ရင့်ကျက်လာတယ်။ ပစ္စည်းဥစ္စာအတွက်လဲ အရေးမကြီးဘူး။ ခန္ဓာကိုယ် အတွက်လဲ အရေးမကြီးဘူး။ တရားပျက်မှာသာ စိုးရိမ်ကြး အဲသလို ဟာကလဲ ခုနပြောသလို တရားအလေ့အကျင့် အများကြီးရှိရမယ်။
ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်က ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာဆိုတာ ကြားဖူးကြမှာပဲ။ မလ္လိကာဆိုတာ ဗန္ဓုလစစ်သူကြီးရဲ့ ဇနီး။ တစ်နေ့ အဲဒီမလ္လိကာစစ်သူကြီးကတော်ဟာ သံဃာတော်အရှင် မြတ်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းနေတယ်။ အဲသလို လှူဒါန်းနေတုန်း ဆွမ်းလိုက်ကြ၊ ဘာကြ သွားကြ လာကြ ဟိုဟာမ ဒီဟာသယ်နဲ့ အဲသလိုသယ်လာတဲ့ ထောပတ်အိုးကြီးတစ်ခုဟာ အမှတ်တမဲ့ကျပြီး ကွဲသွားတယ်။ ကွဲသွားတော့ အဲဒီသံဃာ့ပရိသတ်မှာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလဲ ရှိနေတော့-
ဘိဇ္စနဓမ္မံ ဘိန္န န စိန္တိတဗ္ဗံ
မလ္လိကေ . .။ မလ္လိကာ။ ဘိဇ္ဇနဓမ္မံ-ကွဲတတ်ပျက်တတ်တဲ့သဘော ရှိတဲ့အရာဝတ္ထုသည်။ ဘိန္နံ-ဘယ်သူမှ မကွဲမပျက်အောင် မတတ်သား ကွဲမြဲပျက်မြဲသာတည်း။ န စိန္တိတဗ္ဗံ-တွေးတောစိုးရိမ် မနေလေနှင့် ကျကွဲသွားတဲ့အိုးအတွက် ဘာမျှစိတ်အနှောင့်အယှက် ပူဆွေးမှုမဖြစ်နဲ့။ ကွဲတတ်တဲ့သဘောတရားဟာ ကွဲတာဝဲလို့ မိန်ကြားတော်မူတော့ မလ္လိကာက သူဒီလောက် ဘာမှုမတုံးဆိုတဲ့အနေနဲ့ ခါးကြားထဲကစာကို ထုတ်ပြီးတော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို ကပ်တယ်။
အရှင်ဘုရား တပည့်တော်ဟာ အခု သားသုံးကျိပ်နှစ်ယောက်နဲ့ ခင်ပွန်း သည် ဗန္ဓုလစစ်သူကြီး သတ်ဖြတ်ခံရလို့ ဆုံးပါးသွားလို့ ဒီသတင်း ကြားရတာတောင်မှ ဘာမှမဖြစ်ပါဘူးဘုရား၊ ဒီထောပတ်အိုးလေးမျှ လောက်တော့ တပည့်တော် ဘာအရေးလုပ်မတုံး။ ဘာစိတ်အနှောင့် အယှက် ဖြစ်မတုံးဆိုပြီးတော့ ရဲရဲတောက် လျှောက်ထားတယ်။
အဲဒါ ဘာကြောင့်တုံးဆိုရင် ခုနပြောသလို တရားတွေဘာတွေ နာကြး လှူကြ တန်းကြ သီလဆောက်တည်ကြ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြ မိမိတို့ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားကြ၊ ကုသိုလ်ဖြင့် ထုံထားကြတော့ ကြာတော့ ခံနိုင်ရည်ရှိလာတယ်။ လောကဓံကြောင့် မုတုန်လှုပ်တော့ဘူး။
လာဘ-အလာဘ-ရခြင်း မရခြင်းကြောင့် မတုန်လှုပ်ဘူး။ ယသော-အယသော-ကျော်စောခြင်းကြောင့် မကျော်စောခြင်းကြောင့် မတုန်လှုပ်ဘူး။ နိန္ဒာပသံသာ-ကဲ့ရဲ့ခံရခြင်းကြောင့်လဲ မတုန်လှုပ်ဘူး။ ချီးမွမ်းခြင်းကြောင့်လဲ မတုန်လှုပ်ဘူး။ သုခံ ဒုက္ခံ-ချမ်းသာခြင်းကြောင့် လဲ မတုန်လှုပ်ဘူး။ ဆင်းရဲခြင်းကြောင့်လဲ မတုန်လှုပ်ဘူး။
အဲသလိုလောကဓံတွေ ခံနိုင်ရည်ရှိတဲ့ အရည်အချင်းတွေ ရကြ တယ်။ ဒါကြောင့် တရားဆိုတာ အလေ့အလာများဖို့ အင်မတန်အရေး ြီးတယ်။ ဘုန်းကြီးတို့ ရှေးအခါက ပုဏ္ထားကြီးတစ်ယောက် အခြွေ အရံတွေနဲ့။ တစ်နေ့ကျတော့ အဲဒီပုဏ္ထားကြီးမှာ သားတစ်ယောက် ကွယ်လွန်သွားတယ်။ သူနဲ့အတူတူလယ်ထွန်နေရင်း ပိုးထိပြီးတော့ ကွယ်လွန်သွားတယ်။ ကွယ်လွန်သွားတော့ အိမ်ကိုမှာပြီးတော့ အိမ်သူ အိမ်သားတွေနဲ့တကွ စုရုံးပြီး လယ်ထဲမှာ သင်ြိုဟ်ကြတယ်။ အားလုံး သူတို့တစ်တွေ တစ်အိမ်လုံးဟာ သူတော်ကောင်းတွေ။ တရားရှိတဲ့ ပုဂ္ဂိုလ် တွေး တရားကျင့်ကြံအားထုတ်ကြတဲ့ ပုဂ္ဂိုလ်ချည်းပဲ။ အဲသလို တရားရှိ ကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ အခုလိုကွယ်လွန်တဲ့သားကို မီးသင်ြိုဟ် တဲ့အခါမှာ ဘယ်သူမှ ငိုခြင်းယိုခြင်းလဲ မရှိဘူး အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့
ဒီတော့ သိကြားမင်းကြီးက သူတို့အခြင်းအရာကိုသိတယ်1 သိတော့ ခရီးသွားယောင်ဆောင်ပြီး အဲဒီအနားလာပြီးတော့ သူတို့ကိုမေးတယ်။ သိကြားဆိုတာကလဲ သားကပဲကွယ်လွန်ပြီး သိကြားအဖြစ်ရောက်နေ တာပါပဲ။ အခုသေတာ ဘာတော်တုံးဆိုတော့ မိမိတို့သားဖြစ်တဲ့ အကြောင်းပြောတော့ သားတစ်ယောက်လုံး ကွယ်လွန်သွားတာတောင် မငို ကြ၊ မယိုကြပါလားဆိုပြီးတော့ ပုဏ္ဏားကြီးကိုမေးတယ်။ ခင်ဗျား သားတစ်ယောက် ဆုံးသွားတာတောင် ဘာလို့ မငိုတုံးဆိုတော့- ပုဏ္ဍားကြီးပြောလိုက်ပုံက- ဥရဂေါဝ၊ တစံ ဇိဏ္ဍံ။
ဟိတွာ ဂစ္ဆတိ သံတနုံ။
ဧ္ဝံ သရီရေ နိဗ္ဘောဂေ။
ပေတေ ကာလက်္ကေတာ သတိ။
ခုယှမာနော န ဇာနာတိ ဥာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ။
ဂတော သော တဿ ယာဂတိ။
ဥရဂေါ-မြေသတ္တဝါသည်။ ဇိဏ္ယံတစံ-အခြေအနေပြောင်း မိမိ အရေဟောင်းကို၊ ဟိတွာ-စွန့်ခွာခဲ့ရျျ ဂစ္ဆတိယထာ-လိုရာလိုရာ သွားလာလေဘိသကဲ့သို့' ဧဝံ-ဤအတူပင်၊ သတ္တော-ဘဝခရီးသွား အများသတ္တဝါသည်။ သံတနံ-ဟောင်းနွမ်းယွင်းယို မိမိကိုယ်ကို၊ ဟိတ္ပာ-စွန့်ခွာရ်။ ဂစ္ဆတိ-ကံအားလျော်စွာ ပြောင်းခွာအသစ် ဖြစ်ရ လေတော့သတည်း။ ဧဝံ-ဤသို့ပင်' သရီရေ-သူသူငါငါ ကိုယ်ခန္ဓာသည်း နိဗ္ဘောဂေ-ပစ်ရလုံးလုံး အသုံးမဝင်သည်ရှိသော်၊ ပေတေ-အသက်ဝိညာဉ် ကိုယ်ငွေ့ပါကင်းစင်လျက်၊ ကာလင်္ကတေ-ဘဝပြောင်းရသည် သတိ- ဖြစ်လတ်သော်၊ ခုယှမာနော-မီးလောင်ခံရကိုယ်ကြီးက၊ နဇာနာတိဝိယ- မီးအပူကို မသိနိုင်သလို၊ ဥာတီနံ-ဆွေမျိုးအပေါင်းတို့၏။ ပရိဒေဝိတံ- ဟစ်ကြွေးတဆို ငိုက္ပြေးခြင်းကိုလည်းး နဇာနာတိ-မသိနိုင်တော့ပါပေး
တသ္မာ-သို့ဖြစ်လေသောကြောင့်၊ ဧတံ-ထိုအကျွန်ုပ်သားကိုး (အာဂမ္မ- ရည်စူးရဤ)နရောဒါမိ-မဂူမဆွေး မငိုက္ပြေးတော့ပါ။ တဿ- ထိုအကျွန်ုပ် သားဇဒါ၊ ဂတိ-ရောက်ရမည့်ဘဝဂတိသည်။ အတ္ထိ-ရှိစါ။ သော-ထို အကျွန်ုပ်သားသည် တံဂတိသူသွားရမည့် ဘ၀ဂတိသို့း ဂတော-စုတိ ပြီးနောက် ကံအကိုင်း ရောက်နေရပါပေပြီ။
ဘုန်းကြီးပါဠိရွုတ်တာကတော့ ဘုရားဟော ပါဠိတော်လေးတွေ နာကြားကြပါစေဆိုပြီး ရွတ်ရတာ။ အရေးကြီးတာက သိဖို့ပဲ။ ပုဏ္ဍားကြီး က ဘာပြောတုံး- မြွေဟာ အရေဟောင်းကိုလဲပြီးတော့ အရေသစ်ကို ယူသွားသလို အခု ကျုပ်သားဟာလဲပဲ အရေဟောင်းဆိုတဲ့ လူ့ဘဝ-ဘဝဟောင်းကို စွန့်ပြီးတော့ ဘဝသစ်ယူသွားတာ။ သူ့ခန္ဓာကိုယ်ကြီးဟာ အခု ဘာမျွ မပြောတတ်တော့ဘူး။ ဘာမျွခံစားမှုမရှိဘူးး ဘဝတစ်ပါးပြောင်းသွားပြီး အဲဒါကို အခု ဆွေတွေမျိုးတွေက သင်္ကြိုဟ်နေပေမယ့် သူဘာမျှမသိဘူး။ ဒါကြောင့်လဲ အဲသလို သူကလဲ ဘာမျှမသိ၊ သူ့အတွက်ငိုနေလို့လဲ ဘာမျှအကျိုးမရှိသောကြောင့် မိမိမငိုတဲ့အကြောင်းပြောတယ်။ တစ်ခါ ပုဏ္ကေးမကြီး အမေကိုမေးတယ်။ အဖေကတော့ စိတ်မာလို့ထားပါတော့။ ခင်ဗျားက အမေ၊ အမေဖြစ်ရက်သားနဲ့ ဘယ့်နှယ်ကြောင့် မပူမဆွေးိုတုံးဆိုတော့- အနဗမ္ဘိတော တတော အာဂါ။
နာနုညာတော က္ကတောဂတော1 ယထာဂတော တထာဂတော။
တတ္ထကာ ပရိဒေဝနာ။
ခုယှမာနော န ဇာနာတိ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ နသောစာမိ။
ဂတော သော တဿ ယာဂတိ။
အနဗ္ဘိတော-အမေ့သားချစ် လာဖြစ်ခဲ့နော် ကျွန်မတို့က မခေါ်အပ်
ပါပဲ။ တတော-သူဖြစ်ခဲ့ရ ရှေ့ဘဝက၊ အာဂါ-သူ့အလိုအလျောက် ရောက်ခဲ့ပါပေ၏။ န အနုညာတော-ဘဝတစ်ပါး သွားလေတော့ ချစ်သားဟု ကျွန်မတို့က ခွင့်မပြုအပ်ဘဲ1 က္ကတော-ဤလူ့ဘဝ ကျွန်မတို့ နှင့် အတူတူနေရာမှ ဂတော-ဘဝတစ်ထောက် သွားရောက်ခဲ့ပြန်ပြီ ယထာဂတော-လာတုန်းက ကျွန်မတို့ကမခေါ်ဘဲ သူ့ကံအလျောက်သာ ရောက်လာသကဲ့သို့၊ တထာဂတော-သွားတော့ဟု ကျွန်မတို့က မလွှတ် ပါ သူ့ကံအရသာ ဘဝတစ်ပါး သွားခဲ့ပါသည် တတ္ထ-အလိုအတိုင်း မဖြစ်လာ သံသရာအပြောင်းအလွဲဉ် ပရိဒေဝနာ-သေခြင်းကိုတွေး ငိုကြွေးပူဆွေးခြင်းသည်။ ကာ-ကိုယ်သာညှိုးဘိ အဘယ် အကျိုးရှိ ပါအံ့နည်း1 ပုဏ္ကေးမကြီးပြောပုံကလဲ အင်မတန်သဘာဝကျတယ်။ ဟေ့ သူဟာ တို့ကခေါ်လို့ လာတာမဟုတ်ဘူးတဲ့။ သူ့ဟာသူ လာတာ။ အခု သွားပြန် တော့လဲ တို့ကသွားခိုင်းလို့ သူသွားတာမဟုတ်ဘူး။ သူ့ဟာသူ သွား တာပဲ။ လာတုန်းက သူ့ဟာသူလာသလို အခုသွားတော့လဲ သူ့ဟာသူသွား တာ။ တို့ ဘာမှသူ့အတွက် ပူစရာမလိုဘူး။ အခု အများမီးသင်္ကြိုဟ် နေကြတာတွေ ဘာတွေ သူဘာမှမသိဘူး။ အဲဒါ တို့ငိုနေလို့ ဘာ အကျိုးရှိမှာတုံးလို့ ပြောလိုက်တယ်။ တစ်ခါ နှမလုပ်တဲ့ပုဂ္ဂိုလ်ကို မေးပြန်တယ်။ ဘယ့်နှယ်ကြောင့် အစ်ကိုတစ်ယောက်လုံး ဆုံးနေရက်သား န ဘယ့်နယ်ကြောင့် မငိုတုံးဆိုတော့- သစေ ရောဒေ ကိသာ အဿံ/။
တဿာမေ ကိဖလံသိယာ။
ဉာတိ မိတ္တ သုဟဇ္ဇာနံ။
ဘိယျော နော အရတိ သိယာ။
ခုယှမာနော န ဇာနာတိ။
ဥာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ နသောစာမိ။
ဂတော သော တဿ ယာဂတိ။
အဟံ-မောင်ကြီးနှမ ကျွန်တော်မသည်။ သစေရောဒေ-မောင်ကြီး ကိုတွေး တဆွေးဆွေးနှင့် အကယ်ရွ် ငိုကြြေးသည်ဖြစ်အံ့ ကိသာ- သားသွေးခြောက်ခန်း ပိန်ကျုံနွမ်းသည်။ အဿံ-ဖြစ်ရပါလိမ့်မည်။ တတ္ထ-မောင်ကြီးကိုတွေး ငိုကြွေးနေခြင်းဉ်၊ မေ-ကျွန်တော်မအတွက်၊ ကိဖလံ-သူလဲပြန်မလာ ကောင်းရာလဲရောက်မည်မဟုတ်ရာ ဘယ်မှာ အကျိုးရှိပါအံ့နည်း။ ဉာတိမိတ္တသုဟဇ္ဇာနံ-ဆွေမျိုးအထွေထွေ မိတ်ဆွေ အဆူဆူ ချစ်ကျွမ်းဝင်သူဖြစ်ကြကုန်သော၊ နော-ကျန်ရစ်သူ ကျွန်မ တို့အတွက်၊ ဘိယျော-ဆထက်သာလွန်ကာ။ အရတိ-မပျော်နိုင်ဘဲ ဆင်းရဲဒုက္ခသာ။ သိယာ-ဖြစ်ဖို့ရာသာ ရှိပါတော့သတည်း။ ကျွန်မငိုလို့ ဘာအကျိုးရှိမှာလဲ။ ငိုရင် ကိုယ်ပိန်ချုးရံပဲရှိမှာပေါ့) ကြားကြရတဲ့ ဆွေမျိုးမိတ်ဆွေ စိတ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံရှိမှာပေါ့။ အခု ဘာမျှသူမသိဘူး။ သင်ြိုဟ်နေကြတာတွေ ဘာမျှ သူမသိဘူး။ ဒါကို ပဲ ကိုယ်ကငိုနေလို့ရှိရင် ငိုခြင်းကြောင့် ဘာအကျိုးရှိမလဲ1 ဘာမျှအကျိုး မရှိဘူး။ ဒါကြောင့် သူ မငိုတဲ့အကြောင်းပြောတယ်။ တစ်ခါ ဇနီးဖြစ်တဲ့ အမျိုးသမီးကို မေးပြန်တယ်။ လင်သားတစ်ယောက်လုံး ဆုံးရှုံးတာ ဘယ့်နှယ်ကြောင့် မငိုတုံး- ယထာပိ ဒါရကော စန္ဒ။
ဂစ္ဆန္တ မနုရောဒတိ။
ဧဝံသမ္ပဒမေဝေတံ။
ယော ပေတ .မနုသောစတိ။
ခုယှမာနော န ဇာနာတိ။
ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ နသောစာမိ။
ဂတော သော တဿ ယာဂတိ။
ဒါရကော-မလိမ္မာသေး ကလေးသူငယ် လူမမည်သည်။ ဂစ္ဆ န္တံ- ကောင်းကင်ထက်ဖျား ရွေ့လျားသွားနေသော၊ စန္ဒံ-အေးမြကြည်ဝင်း ငွေလမင်းကို၊ အနုရောဒတိ ယထာဝိ-ရထားဘီးလေး လုပ်ကာပေးဟု
ငိုကြွေး လိုက်ပြေးနေသကဲ့သို့၊ ယော-အကြင်ပုဂ္ဂိုလ်သည်။ ပေတံ-နောက် ပြန်မလာချေ သေလေြီးသောပုဂ္ဂိုလ်ကို၊ အနုသောစတိ-ဖန်ဖန်
တကြြေ၊း ပူဆွေးစိုးရိမ်လေ သတည်း တဿ-မရနိုင်သည်ကိုတွေး ထိုပူဆွေး ၀ ငု ငါ ဓ ၁ စ ၂. င င နေသောပုဂ္ဂိုလ်ဓါ။1 ဧတံ အနုသောစနံ-ထိုသို့ စိုးရိမ်ပူဆွေးခြင်းသည်း ဧဝံသမ္ပဒမေ၀-ကောင်းကင်မှာ လရထားကို လိုလားငိုကြေး ကလေးအတူ သာ ဖြစ်ပါတော့သတည်း (ရျ ရ င္လ င္သ ရ ဝ ချ ဂ ကလေးတစ်ယောက်ဟာ ကောင်းကင်ကသွားနေတဲ့ ဖိုးလမင်းကြီးကို လိုချင်ပါတယ်ဆိုပြီးတော့ အတင်းပြေးလိုက်ပြီးတော့ လကြီး ယူပေးဖို့ ငိုကြွေးတောင်းဆိုနေသလို မရနိုင်တဲ့လကြီးကို တပြီးတော့ ဆွေးနေတဲ့ ပူနေတဲ့ ကလေးလေးလို ဘယ်တော့မှ ပြန်မလာမယ့်ပုဂ္ဂိုလ်ကို တွေးပြီးတော့ ဆွေးပြီးတော့ ပူနေမယ်ဆိုရင် မရနိုင်တဲ့လကို ရဖို့အရေး လျ ဝလ. ဝ မ (၅ င င ရျ ဇ ဆွေးနေတဲ့ကလေးပမာ အကျိုးမဲ့ရုံသာရှိမှာပျေ့ လို့ ပြန်ပြောတယ်။ တစ်ခ ဝင ရ ဂ ရျ င္သ အိမ်ကကျွန်မကို မေးပြန်တယ်။
(ရဲ ဝ (ရူး ဝ (ချ ရျ ရျ ကျွန်မကို ဘာတော်တုံးဆိုတော့1 ဟာ. . . ကျွန်မအရှင်သခင်ပါ။ င င္သ င္သ ၀ . ၀ ဘယ့်နှယ်ကြောင့် မငိုတုံးဆိုတော့- ယထာပိ ဗြဟ္မေ ဥဒကုမ္ဘော။
ဘိန္နော အပ္ပဋိသန္ဓိယော။
ဧဝံ သမ္ပဒ မေဝေတံ။
ယော ပေတမနုသောစတိ။
ခုယှမာနော န ဇာနာတိ)။
ဓ ဝ ၁၂၂ ဥာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ။
ဂတော သော တဿ ယာဂတိ။
ဝ င ဝ ဝ င ဝ လျ ဗြဟ္မေ-သိချင်လိုလှ ဗြဟ္မဏ။ ဘိန္နော-တုတ်ခဲထိချေ ကွဲလေပြီး သော၊ ဥဒကုမ္ဘော-မြေသားအမျိုး သောက်ရေအိုးသည်။ အပ္ပဋိသန္ဓိ ၀ ရျ လျ ငု ငုဝင ငင ရျ ဝ ယော-ပကတိအနေမပျက် တွဲဆက်စပ်ပိုင် မတတ်နိုင်သည်။ ဟောတိ ယထာဂဝိ-ဖြစ်လေဘိသကဲ့သို့၊ ယော-မည်သူမဆို အကြင်ပုဂ္ဂိုလ်သည်။
ပေတံ-ဘဝအခြေမလှ သေရသူကိုး အနုသောစတိ-ဖန်ဖန်တချေးကြးနေခဲဆါး တဿဘ=မရခိိင်သည် အရာကို တဆိုဖိကြေး တိုခးနေသူ စါ။ ဧတံအနုသောစနံ-အဖန်ဖန်ငိုကြွေး ထိုပူဆွေးနေခြင်းသည်။ ဧဝံ- သမ္ပဒမေ၀-ကွဲပြီးအိုးကို တ ဆိုငိုက္ပြေး ဆွေးနေသူသာ အတူရှိပါပေတော့ သတည်း။
အိုးကြီးကွဲသွားရင် ပြန်ပြီးတော့ အကောင်းဖြစ်အောင်။ ပြန်ဆက်မိ အောင်ကြိုးစားတာ အချည်းနှီးဖြစ်သလို။ ဘာမျှအကျိုးမရှိသလို ထို့အတူ သသွားကြတဲ့မုဂ္ဂိုလ်တွေ ပြန်ပြီးရင်ဖု့ဆိုတာ မဖြစ်နိုင်ဘူး။ မဖစ်နိုင်ဘ နဲ့ ဆွေးနေလို့ရှိရင် အိုးကွဲတဲ့အတွက် စိုးရိမ်တဲ့ပုဂ္ဂိုလ်တွေ။ ပူဆွေးတဲ့ လ်တ အကျုးမရိတဲ့မုား ခြင်းဖြင့် မဆးခြင်းသာမြင်ရွာပေါလု့ ပြောသတဲ့နော်။ အဲဒီတော့ ခုနပြောတဲ့ ကွယ်လွန်တဲ့ပုဏ္ထားကြီးရဲ့သား သူ့ရဲ့အခြွေအရံတွေ မိသားစုတွေဟာ အကုန်လုံး တရားရှိကြတယ်။ တရား စောင့်ကြတယ်။ သူတို့ အခုလို တွေးကြပြောကြတာတွေဟာ အင်မတန် အဆင့်အတန်းမြင့်တယ် အတွေးအခေါ်တွေဟာ အင်မတန်အဆင့်အတန်း မြင့်တယ်' တကယ့် သဘာဝကျတဲ့ အတွေးအခေါ်တွေနဲ့ တွေးခေါ်ကြ တယ်။ ပြောနိုင်ကြ ဆိုနိုင်ကြ နှလုံးသွင်းနိုင်ကြတယ်။ အဲသလို ထူးခြားတဲ့ အတွေးအခေါ် ထူးခြားတဲ့အပြောအဆိုတွေ ရတာ သိတာ သာမညနဲ့ ရတာ သိတာမဟုတ်ဘူး။ ကာလကြာမြင့်စွာက သူတို့ဟာ သီလရှိကြ တယ်။ သမာဓိရှိကြတယ်။ ပညာရှိကြတယ်။ ကာလကြာမြင့်စွာက အားထုတ်ထားတဲ့ မရဏဿတိဘာဝနာ-သေခြင်းကိုအောက်မေ့တဲ့ ဘာဝနာ အဲဒီဘာဝနာ ပွားများခဲ့ကြတာဖြစ်သောကြောင့် အခု သူတို့ တစ်တွေဟာ အတွေးအခေါ်အားဖြင့် အဆင့်အတန်းမြင့်တယ်။ စိတ်နေ သဘောထားအားဖြင့် ရင့်ကျက်ကြတယ်။ အဲသလို စိတ်နေသဘောထား ရင့်ကျက် အတွေးအခေါ်တွေ ထူးခြားတာဟာ ကာလကြာမြင့်စွာပွားခဲ့တဲ့ မိမိတို့ရဲ့ တရားဘာဝနာကြောင့်၊ အထူးသဖြင့် မရဏဿတိဘာဝနာ ကြောင့်၊ သူတို့ဟာ အသိတွေထူး အမြင်တွေထူးပြီးတော့ စိတ်ဓာတ်တွေုရင့်ကျက်ပြီးတော့ ထူးခြားတဲ့အခြေ ရောက်နေကြတယ်
ဒါတွေကို အခုဘုန်းကြီးဟောရတာက လောကမှာ စိတ်ဓာတ်
ရင့်ကျက်တယ်။ ခံနိုင်ရည်ရှိတယ်ဆိုတာတွေဟာ မိမိတို့ ပွားများအားထုတ် ထားတဲ့ တရားအရသာ စိတ်ဓာတ်ရင့်ကျက်ကြတယ်' မြင့်မြတ်ကြတယ်။ ဒါကြောင့် အဲသလိုထူးခြားတဲ့စိတ်ဓာတ်မျိုး ထူးခြားတဲ့သမာဓိမျိုး ထူးခြား တဲ့ပညာမျိုး ရပြီးတော့ အတွေးအခေါ်တွေ ရင့်သန်လာ။ အမြင်တွေ ထူးခြားလာ၊ ခံနိုင်ရည်ရှိပြီးတော့ နောက်ဆုံး မင်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန် မြန်မြန်ရောက်ကြောင်း ကောင်းမြတ်တဲ့တရားတွေ တတ်နိုင်သမျှ ကြိုး စားပြီးတော့ မိမိကိုယ်ကို မိမိတို့စိတ်ကို ရင့်ကျက်အောင်။ ထူးခြားတဲ့ စိတ်ဓာတ်တွေရအောင်း ခံနိုင်ရည်ရှိအောင် ဤသို့အားဖြင့် တစ်ဆင့်ထက် တစ်ဆင့် မြင့်ထက်မြင့် ရင့်ထက်ရင့်ပြီးတော့ လောကဓံတွေ ခံနိုင်ရည်ရှိ။ သံသရာဒုက္ခတွေငြိမ်းအောင် ဆောင်ရွက်နိုင်ပြီးတော့ ဝဋိဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို လျင်မြန်စွာရအောင် တကယ့်တရားတွေ ပွားများအားထုတ်ပြီးတော့ ထူးခြားတဲ့တရားရှင်တွေဖြစ်အောင် ကြိုးစား အားထုတ် နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(ကွယ်လွန်သူ ဦးမြင့်မောင်အားရည်စူးပြုလုပ်သော ဆွမ်းအနုမောဒနာတရား)
၁၉၉၁-ခုနှစ်။ မတ်။ ဧပြီလထုတ် ရတနာမွနဲမဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၂) မွေးနေ့တရား
ယံ ကိဉ္စိ ဝိတ္တံ က္ကဓ ဝါ ဟုရံ ဝါ။
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန။
တ္ကဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
အာရောဂျံ ပရမံ လာဘံ။ အာရောဂျ ပရမာ လာဘာ။ အာရောဂျံ- ကျန်းမာခြင်းသည်။ ပရမံ-ထူးမြတ်သော၊ လာဘံ-လာဘ်ကြီးပါပေတည်း။ ဆိုတဲ့အတိုင်း တကယ့်ထူးခြားတဲ့ လာဘ်လာဘဟာ အာရောဂျ-ကျန်းမာ ခြင်းပဲ။ ကိုယ်ကျန်းမာခြင်း စိတ်ကျန်းမာခြင်း နှစ်ခုလုံးပဲ။ ကိုယ်လဲ ကျန်းမာမှ လူ့ဘဝမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကုသိုလ် တရားတွေ အားထုတ်နိုင်တယ် စိတ်ကျန်းမာမှ စိတ်ချမ်းသာတယ်။ စိတ်ကျန်းမာဖို့ဆိုတာ စိတ်ထဲမှာ စိတ်အနာဆိုတဲ့ အနာတွေကင်းရမယ်။ လောဘတို့ ဒေါ သတို့ မာနတို့ က္ကဿတို့ မစ္ဆရိယတို့ စသည်ဖြင့်ပေါ့လေ။ ကျန်းမာဖို့ အရေးကြီးတယ်။ အဲဒါကြောင့် ဘုန်းကြီးတို့က ကျန်းမာ ပါစေလို့ ချမ်းသာပါစေလို့ ဆုတောင်းပေးရတယ်။
က္ကဓဝါ-ဤလူ့ပြည်လောက ဘုံဌာနဉ်လည်းကောင်း၊ ဟုရံဝါ-နဂါး
ဂဠုန် စသည်ပြည်တစ်ပါးဒဋ်လည်းကောင်း၊ ယံကိဉ္စိ-ကြွင်းမဲ့ဥဿုံ အလုံး စုံသော၊ ဝိတ္တံ-နှစ်သက်ဖွယ်ရာ ရတနာအမျိုးမျိုးသည် အတ္ထိ-ထင်ရှား မသွေ ရှိနေပါပေဒါါ / သဂ္ဂသုဝါ-နတ်ပြည် ဗြဟ္မာပြည်တို့ဋ်လည်း။ ပဏီတံ-မရောင့်ရဲစေတတ်။ မွန်မြတ်လှစွာသော၊ ယံ ရတနံ-အကြင်
ရွှေငွေစိန် ကျောက် အစရှိသော ရတနာအမျိုးမျိုးတို့သည်။ အတ္ထိ-ထင်ရှား သ ရီနေပါပေါး တ္တေ=ကျလူပြည် နတ်ပြည် နဂါး မြည် ငု ပြည် ပြည်တကာခိရှိကြတဲ့ ရတနာမှန်သမျှတို့တွင်း တထာဂတေန- လောကထွတ်ထား ဘုရားမြတ်တည်းဟူသော ရတနာနှင့် တထာဂတေန -ကိုးပါးဆယ်ပါး တရားတော်မြတ်တည်းဟူသော ရတနာနှင့်၊ တထာ ဂတေန-သံဃာတော်မြတ်တည်းဟူသော ရတနာနှင့်၊ သမံ-တန်းတူ ထားရွ်၊ ရှုစားဖွယ်ရာ တူညီသောရတနာမျိုးသည်။ နနော အတ္ထိ နဧဝ အတ္ထိ-မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာတည်း။ ဗုဒ္ဓေ-လောကထွတ်ထား မြတ်စွာဘုရားခ်၊ ဓမ္မေ-တရားတော်မြတ် ခ်၊ သံဃေ-သံဃာတော်မြတ်ဦ်၊ က္ကဒမ္ပိရတနံ-ဤရတနာဖြစ်ကြောင်း ကောင်းမြတ်သော ဂုဏ်ရည်အပေါင်းသည်လည်း။ ပဏီတံ-ထူးမြတ်လှ ပါပေဒါ၊ ဧတေနသစ္စေန-ဤသို့ မှန်ကန်စွာဆိုရသော သစ္စာစကား ကြောင့်၊ တုမှာကံ-ရတနာသုံးပါး အားထားကိုးကွယ်ကြသော ဘုရာ. တပည့် ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့အား၊ သုဝတ္ထိ-ဘေးဒဏ်ရန်စွယ် အန္တရာယ်ကင်းဝေး အေးချမ်းသာယာ ချမ်းသာခြင်းသည်။ ဟောတု-မုချမသွေ ဖြစ်ပါစေသတည်း။ အာရောဂျံ ပရမာလာဘာ-ကျန်းမာခြင်းသည် ထူးခြားသော မွန် မြတ်သော လာဘ်ကြီးတစ်ခုဖြစ်တယ်။ အဲဒီကျန်းမာဖို့ရာ မိမိတို့မှာ ပညာရှိဖို့လိုတယ်။
ဇီဝံ ပညာယ ရက္ခေယျ။
ဓနံ ကမ္မေန ပါလယေး ဧဝံဟျရောဂေါ သုခိတော။
ပေါရာဏက ဝစော က္ကဒံ။
ဇီဝံ-မိမိအသက်ကို၊ ပညာယ-အသိအလိမ္မာ ဉာဏ်ပညာဖြင့်၊ ရက္ခေယျ-စောင့်ရှောက်ပေးရာ၏။ ဓနံ-ပစ္စည်းဥစ္စာ ရတနာကို ကမ္မေန- ကံဆိုတဲ့ မိမိအလုပ်ဖြင့်၊ ဝါ ကုသိုလ်ကံ ဆက်ပေးသဖြင့် ပါလယေ-စောင့် ရှောက်ရာ၏ / ဧဝံ-ဤသို့ အသက်ကိုဉာဏ်စောင့် ဥစ္စာကိုကံစောင့်
စောင့်ခဲ့သည်ရှိသော် အာရောဂေါ-ရောဂါဝေဒနာ ကင်းခြင်းရှင်းခြင်း သည်။ သုခိတော-ကိုယ်ချမ်းသာ စိတ်ချမ်းသာ ချမ်းသာခြင်းသည်။ ဟောတိ-ဖြစ်ရပါပေဇဒါ၊ တ္ကဒံ-ဤစကားသည်။ က္ကဒံ-ဤအသက်ကို ဉာဏ်စောင့် ဥစ္စာကိုကံစောင့်ဆိုတဲ့ စကားသည်။ ပေါရာဏက္ဝစော- ရှေးရှေးသူတော်ကောင်းတို့၏ ထူးမြတ်လှစွာသော စကားတစ်ရပဗ် ဖြစ်ပါပေသတည်း။
ရှေးက ပညာတွေရှိတယ်ဆိုတယ်။ အသက်ဉာဏ်စောင့် ဥစ္စာကံ စောင့်။ အသက်ဉဉာဏ်စောင့်ဆိုတာ အသက်ရှည်ရှည်နေရအောင် ကျန်း ကျန်းမာမာနေရအောင် ဘာလုပ်ရမလဲ။ မိမိနဲ့ သပ္ပာယဖြစ်တဲ့ သင့်တင့်တဲ့ အစာအာဟာရ ဆေးဝါး သုံးဆောင်ရတယ်။ အသပွာယဖြစ်တဲ့ မသင္နိတဲ့ မလျော်တဲ့ ဆေးဝါးတွေ ဓာတ်စာတွေ အစားအသောက်တွေ ရှောင်ရတယ်။ အဲသလို အစားအသောက် အစားအသောက်မို့လို့၊ ဥတု-ဥတုမို့လို့။ တ္ကရိယာပုတ် က္ကရိယာပုတ်မို့လို့ လျော်တဲ့ သပ္ဗာယဖြစ်တဲ့ အစားအစာ အနေအထိုင်ဥတု စသည် ဆင်ခြင်ပြီးတော့။ ဉဉာဏ်ရှေ့သွားရှိပြီးတော့ ပြုပြင် သွားမယ်ဆိုရင် ကျန်းမာတယ်။
ဒါတင်မက အသက်ဉာဏ်စောင့်ဆိုတဲ့နေရာမှာ အဲသလို သပ္ပာယ။ အသဗ္ပ္ဗာယတွေ ဆင်ခြင်ပြီးတော့ ရှောင်ကြ သုံးကြရင် ကျန်းမာရေး ပြည့်စုံတယ် ကျန်းမာတယ်။ ကျန်းမာရင်စိတ်ချမ်းသာတယ်။ ကိုယ်ကျန်းမာ ရင် စိတ်ချမ်းသာတာပဲ ဒါတင်မက အသက်ဉာဏ်စောင့်ဆိုတာ အသက် ရှည်အောင် ကုသိုလ်တရားတွေလဲ ဖြည့်ဆည်းဝဗူးပေးရတယ်( ကုသိုလ် တရားတွေဟာလဲ မိမိတို့အသက်ရှည်ကြောင်း အထောက်အဝံ့တွေပဲ။ ဥပမာ ဆွမ်းလှူတယ်ဆိုပါတော့။ ဆွမ်းလှူတယ်ဆိုရင် အသက်ရှည်တယ် ဆိုတာ ပါလာတာပဲ။ အကျိုးက အသက်ရှည်တယ်။ အဆင်းလှတယ်။ ချမ်းသာကြီးတယ် ခွန်အားကြီးတယ်။ ဉာဏ်ပညာကြီးတယ်။ ဘုန်းတန်ခိုး အာနုဘော်ကြီးတယ်။ ဒါအသက်ရဲ့ အထောက်အပံ့လဲဖြစ်တယ်။ အဲဒါ ကြောင့် ဘုန်းကြီးတို့ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ အခုလို မွေးနေ့အခါသမယမှာ မွေးနေ့အလှူတော် ပူဇော်ပြီးတော့ ကုသိုလ်ဆက်
ပေးတာဟာလဲ အသက်ဉာဏ်စောင့်ဆိုတဲ့ ဉာဏ်စောင့်ခြင်းတစ်မျိုးပဲ။ ငျ င ဌာ စလ င က် င္သ ဝ င ဥစ္စာကံစောင့်-ဥစ္စာကို ကံနဲ့စောင့်ရှောက်နေတယ်။ ကံဆိုတာ အလုပ် ကိုလဲ ကံဆိုရတယ်။ အလုပ်ဆိုတာ ကိုယ့်ဥစ္စာရကြောင်း ဥစ္စာတည် ကြောင်း ဥစ္စာတိုးတက်ကြောင်း ကောင်းတဲ့အလုပ်တွေး ဒါတင်မက အခုလိုပဲ ကံဆက်ပေးတာလဲ ကံပဲ။ ပစ္စည်းဥစ္စာတွေ စည်ပင်အောင်။ ဝ ရ ဧ ရြ ဝ (ငေူချြ တိုးတက်အောင် စုဆောင်းမှု ရှာဖွေမှု စသညံသာမက ခုလို ကုသိုလ်လေးတွေ ဆက်ပေး ကောင်းမှုလေးတွေ ဆက်ပေးတာဟာလဲ ဥစ္စာတိုးပွားခြင်း င္လ လျှ ရ င။ ရျ ဒ င ရ ချ အကြောင်းလဲဟုတ်တယ်။ ဒ ကြောင့်မို့လဲ အသက်ဉဉာဏ်စောင့် ဥစ္စာ ကံစောင့်လို့ဆိုတယ်။
ဇီဝံ ပညာယ ရက္ခေယျး။
ဓနံ ကမ္မေန ပါလယေ။
ဧဝံ ဟျ ရောဂေါ သုခိဘေား ပေါရာဏက၀စော က္တ။
လ ၂. ရ င ဝ ဝ ဝ ရျ င္လ ဇီဝံ-မိမိဓးါ၊ အသက်ကို ပညာယ-အသိအလိမ္မာ ဉာဏ်ပညာဖြင့်၊ ရက္ခေယျ-စောင့်ရှောက်ပေးရာ၏။ အသက်ဉာဏ်စောင့်။ ယနေ့ အဲသလို ၀၀၃ ဝ ဝ ရ လ ဝင င ဝ ရျ င ရျ မိမိတို့အသိဉာဏ်လေးနဲ့ ကုသိုလ်တွေပြုရင် တို့အသက်ရှည်ကြောင်း စ င င င င င င လျ ရျ ဓ ရောဂ ကင်းကြောင်း ချမ်းသာကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့ ဝ္သ ဝ္သ င ရ င္လ ချ ရျ တွေလို့ သိနားလည်ပြီးတော့ ယနေ့ ဉာဏ်ဖြင့် စောင့်ရှောက်ပေးတာ။ စ င့ ဝ ၀ ဂို့ပြ ချူ င ဖြင့် ဓနံ-ပစ္စည်းဥစ္စာကို1 ကမ္မေန-မိမိတို့ပြုလုပ်တဲ့ အလုပ်ကံဖြင့်၊ ပါလယေး စောင့်ရှောက်ရာ၏။ ဥစ္စာကို-ကံနဲ့စောင့်ရှောက်တဲ့။ ဥစ္စာတိုးပွား အောင် ဥစ္စာတည်တံ့အောင် ဥစ္စာစည်ပင်အောင် မိမိရဲ့ ကံဆိုတဲ့အမှုနဲ့ လုံ့လ ဝီရိယစသော အမှုနဲ့ကြိုးစားပေးရမယ်။ ဒါတင်မက ဥစ္စာတိုးပွား ကြောင်းမှာ ကုသိုလ်ကံဆိုတဲ့ ကံတရားအထောက်အပံ့ဟာ လဲပဲ အဲသလိုပဲ လှူတယ် တန်းတယ် သီလဆောက်တည်တယ်။ ဘာဝနာ စီးဖြန်းတယ်။ ကုသိုလ်တွေပြုတယ်။ အဲဒီကုသိုလ်တွေက အထောက်အပံ့ဖြစ်ပြီးတော့ ဝ လျ င္ဝင င္သ ဝ လျ င္ဝ၀င ၀ ရ မရရှိသေးတဲ့ စည်းစိမ်တွေရခြင်း၊ ရရှိပြီးတဲ့စည်းစိမ်တွေ တိုးတက် ငင င ၀ လျ ဝု ချြ စည်ပင်ခြင်းဆိုတဲ့ အကျိုးရမယ်
ဧဝံ-ဤသို့ အသက်ဉာဏ်စောင့် ဥစ္စာကိုကံစောင့်သည်ရှိသော်၊ အာရောဂေါ-ရောဂါကင်းကွာ ကျန်းမာခြင်းသည်။ ဟောတိ-ဖြစ်ပါပေ၏။ သုခိတော-ရောဂါကင်းကွာ ကိုယ်လဲချမ်းသာ စိတ်ချမ်းသာ ချမ်းသာခြင်း ရှိသည်။ ဟောတိ-ဖြစ်ပါပေ၏ က္ကဒံ-ဤအသက်ကို ဉာဏ်စောင့်ရမယ် ဥစ္စာကိုကံစောင့်ရမယ်ဆိုတဲ့စကားသည်။ ပေါရာဏက၀စော-ရှေးရှေး ပညာရှင်အပေါင်းတို့၊ ခ၊ ကောင်းမြတ်သောစကား ဖြစ်ပါပေသတည်း။ ဒါကြောင့် ယနေ့ အသက်ဉာဏ်စောင့် ဥစ္စာကံစောင့်ဆိုတဲ့ ရှေ့ သူတော်ကောင်းတို့ရဲ့ စကားအရ မွေးနေ့မင်္ဂလာ အလှူတော်ပြုပြီးတော့ အသက်ဉာဏ်စောင့်ပေးရတယ်။ ဥစ္စာကံစောင့်ပေးတား ဒီတော့ ဒီနေ့ မွေးနေ့မင်္ဂလာဆိုတော့ သဗ္ဗမင်္ဂလာဂါထာလေးနဲ့ ချီးမြှောက်လိုက်မယ်။ ဒိဝါတပတိ အာဒိစ္စော။
ဂုတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ။
စျာယီ တပတိ ဗြဟ္မဏေား အထ သဗ္ဗမဟောရတ္တိ1 ဗုဒ္ဓေါ တပတိ တေဧသာ။
အာဒိစ္စော-ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ နေမင်းသည်။ ဒိဝါ-အလင်းရရာ နေ့အခါဠ်သာလျှင်၊ တပတိ-ရောင်ခြည်ရွှန်းရွှန်း ထွန်းလင်းတောက်ပနိုင်ပါပေ၏။ စန္ဒိမာ-တင့်တယ်ရွှန်းဝင်း ငွေလမင်း သည်။ ရတ္တိ-အမှောင်ကျရာ ညအခါဒဌ်သာလျှင်း အာဘာတိ-အရောင် ရွှန်းရွှံ ထွန်းလင်းတောက်ပနိုင်ပါပေ၏ / ခတ္တိယော-ရေမြေ့သနင်း ဘုရင်မင်းသည်။ သန္နဒ္ဓေါ-မင်းဝတ်တန်ဆာ ဆင်ယင်မှသာ။ တပတိ- ထွန်းလင်းတောက်ပ တင့်တယ်လှပါပေ၏။ ဗြာဟ္မဏော-မကောင်းမှုကို မျှောပြီးသော ရဟန္တာအရှင်မြတ်သည်။ စျာယီ-အာရမ္မဏလက္ခဏဆိုတဲ့ စျာန်နှစ်၀ ဝင်စားမှသာလျှင်၊ တပတိ-ထွန်းလင်းတောက်ပ တင့်တယ် လှပါပေ၏ အထငထို့ပြင်း ဝါ-ထိုမှတစ်ပါး။ ဗုဒ္ဓေါ-လောကထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ တေဧသာ-ကိုယ်တော်မြတ်၏ ဘုန်းတော်
သပြေကန်ဆရာတော် ၂၉ င် ကံတော် င်် တော်ရောင် တန်ခိုးတော်ေ င်ဖြင့်၊ ရောင် ကံတော်ရောင် ဉဉာဏ်တော်ရော န်ခိုး ရာင်ဖြင့် က"။} အခါခပ်သိမ်းး တပတိ-ထွန်းလင်း သဗ္ဗမဟောရတ္တိ-နေ့ရောညပါ အခါခပ်သိမ်း ပတိ-ထွန်းလင်း တောက်ပ တင့်တယ်တော်မူပါပေသတည်း။
ဒါ သဗ္ဗမင်္ဂလာဂါထာပဲ။ လာငဘ်လာဘပေါများတယ်။ ကျော်စော ရျ ရျ ချ (ရ ရ (ရျ လျ စြ ထင်ရှားတယ် စသည်ဖြင့် ရွတ်ကြဖတ်ကြတဲ့ဂါထား ဘုရားဟော ဂါထာ တစ်ပုဒ်' ဒီဂါထာလေးက အကြောင်း အတ္ထုပ္ပတ်ကလေးရှိတယ်။ င ဝ ၂ ဧ ရျ မဝ ၆ ၀ ဗျိ ခ င ဘုန်းကြီးတို့ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) ဘာတိကမင်းကြီးလက်ထက်က ပူဇော်ပွဲတစ်ခုလုပ်တယ်။ အဲဒီပူဇော်ပွဲမှာ ဘာတိကမင်းကြီးက ပညာရှိ င ဝ ဝ င ဝ င ၂၈ င ဝ လူ ဓ င ဝ အမတ်ကို ပညာရှိအမတ်က ပိဋကတ်သုံးပုံတတ်ပညာရှိ။ အဲဒီအမတ်ကို ကဲ ဆရာ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး ဂုဏ်မလွတ်တဲ့ မ စ်ပဒ်ကို ဝိဋကတ်ထဲက ထုတ် တ်ပြီးတော့ တ်ဆိုစမ်းပါလို ဂါထာတစ်ပုဒ်ကို ဝိဋကတ် ထုတ်နုတ်ပြီးတော့ ရွတ်ဆိုစမ်းပါလို့ တိုက်တွန်းတယ်။ အဲသလိုတိုက်တွန်းတဲ့အခါ ကျတော့ ပညာရှိအမတ်က လျှ ဓ ဝ ရ ချု ဗ ဝင လျ ဝင လဲ သူဉာဏ်မီသမျှ ပိဋကတ်မှာ စဉ်းစားလိုက်တဲ့အခါကျတော့ သိပ် ရျ င္ရ ရျ ဝ ရျ င ရျ ရျ အဲ့ စဉ်းစားရတယ်တော့ မဟုတ်ပါဘူး။ ပိဋကတ် ကျေပွန်တတ်မြောက်ထားတဲ့ ဌ (ရြ င့ စြ ဝင လူလူ ၄ ၂ ပြဲ ဆရာဖြစ်နေတော့ တော်ရုံစဉ်းစားလိုက်တာနဲ့ပဲ ပေါ်လာတာပါပဲ။ ဓ္လ။ ချ သျ ခ ဝ 5. ပြီ ရြ ရျ။
ဒီဂါထာဖြင့် မင်းကြီးလိုလားတဲ့ ရတနာသုံးပါးမလွတ်တဲ့ ဂါထာ တစ်ပုဒ်ပဲလို့ မကြာခင်ပဲ စိတ်ထဲပေါ်လာတယ်။ ပေါ်လာတော့ အခု ဒီဂါဇာလေးကို ပညာရှိအမတ်ကရွတ်တယ်' ရွတ်တဲ့အခါကျတော့ ဒီ လျ င ဗ ဗြ ဓ လျ ပြီး ဗျ ဗ ရျ အတိုင်းမရွတ်သေးဘူး။ ဒီအတိုင်းလျှောက်ပြီးတော့ ရွတ်သွားတာ မဟုတ် ဓ ဝင လ င္န က ည ဘူး။ အဲဒီအချိန်က အနောက်ဘက်က နေဝန်းကြီးကလည်း ဝင်တော့မယ့် ဆဲဆဲ၊ အရှေ့ဘက်ကလည်း လဝန်းကြီးကလဲ ထွက်ပြီးစ။ အဲသလိုအချိန် ဓ င ၅. လ ယူ ဓမွလ္လု ချိန ချြ မှာ ရှေးဦးစွာ အနောက်က ဝင်ခါနီးဆဲဆဲ ဇီနီရဲရဲနေမင်းကြီးကို လက်အုပ် ဓ ချီပြီးတော့- ဒိဝါ ဝ ဝ ဝ င မိက် င္ရ ဝ ရျ င္သ ဒိဝါတပတိ အာဒိစ္စော-လို့ ရွတ်လိုက်တယ်1 အာဒိစ္စော-ရောင်ခြည် ရျ ရ င င လျှ င င္ဝ မ ဋ် ၀ တစ်ထောင် အလင်းဆောင်တဲ့နေမင်းသည်။ ဒိဝါ-နေ့အခါဒဋိသား တပတိ- င င္လ ဝင ထွန်းလင်းတောက်ပနိုင်ပါပေ၏။
ရွတ်ပြီးတော့တစ်ခါ နောက်တစ်ပုဒ်ရွတ်ချင်တော့ အရှေ့ဘက်က
ထွက်ခါစ လဝန်းကြီးကို လက်အုပ်ချီပြီးတော့-
ရတ္တိမာဘာတိ စန္ဒိမာလို့ ရွတ်လိုက်တယ်။ စန္ဒိမာ-ကမ္ဘာ့တန်ဆာ။ လစန်းရတနာသည်။ ရတ္တိ-အလင်းပရာ ညအခါခဠိသာလျွင်' တပတိ- ထွန်းလင်းတောက်ပ တင့်တယ်လှပါပေ၏လို့ ရွတ်လိုက်တယ်။ တစ်ခါ ဘာတိကဓင်းကြီးဘက် လက်အုပ်ချီပြီးတော့-
သန္နဒ္ဓေါ ခတ္တိယောတပတိ လို့ ရွတ်လိုက်သတဲ့။ ခတ္တိယော- ရေမြေ့သနင်း ဘုရင်မင်းသည်။ သန္နဒ္ဓေါ-ချပ်ဝပ်တန်ဆာဆိုတဲ့ မင်းမြောက်တန်ဆာကို ဆင်ယင်မှသာလျှင်' တပတိ-ထွန်းလင်းတောက်ပ တင့်တယ်လှပါပေဖ်လို့ဆိုပြီး ရွတ်တယ်။ အဲ သံဃာတော်တွေဘက် လှည့်ပြီးတော့ လက်အုပ်ချီပြီးတော့-
စျာယီ တပတိ ဗြာဟ္မဏော-ဗြာဟ္မဏော-မကောင်းမှုကို မျှောပြီး သော ရဟန္တာသခင်အရှင်မြတ်သည်။ စျာယီ-အာရမ္မဏ လက္ခဏဆိုတဲ့ စျာန်နှစ်ပါး ဝင်စားမှသာလျှင်' တပတိ-ထွန်းလင်းတောက်ပ တင့်တယ် လှပါပေဖါလို့ ဆိုပြီး ရွတ်တယ်။ နောက်ကျတော့ မဟာစေတီကြီးဆိုတာ ရှိတယ်။ အဲဒီ မဟာစေတီကြီးဘက်လှည့်ပြီးတော့ လက်အုပ်ချီပြီးတော့-
အထသဗ္ဗမဟောရတ္ထံ) ဗုဒ္ဓေါ တပတိတေဧသာလို့ ရွတ်လိုက်တယ်။ အထအထို့ပြင်။ ဝါ-ထိုမှတစ်ပါး၊ ဗုဒ္ဓေါ-လောကထွတ်ထား ရှင်တော် မြတ်ဘုရားသည်။ တေဇသာ-ကိုယ်တော်မြတ်၏ ဘုန်းတော်ရောင် ကံ တော်ရောင် ဉာဏ်တော်ရောင် တန်ခိုးတော်ရောင် အရောင်အမျိုးမျိုးဖြင့် သဗ္ဗမဟောရတ္တိ-နေ့ရောညပါ အခါခပ်သိမ်းး' တ၀တိ-ထွန်းလင်း တောက်ပ တင့်တယ်တော်မူရပါပေသတည်း။
အဲဒီတော့မှ ဘာတိမင်းကြီးက ဆရာလက်မချနဲ့အုံး။ မြှောက်ပြီးချီ ထားတဲ့လက်အုပ် မချနဲ့အုံးဆိုပြီးတော့ လက်အုပ်ချီထားတဲ့ လက်အငုံထဲ မှာ တစ်ထောင်ထုပ် ထည့်လိုက်တယ်။ ထည့်ပြီး ပူဇော်လိုက်တယ်တဲ့။ အဲဒါ ဒီဂါထာကိုရွတ်တဲ့အတွက် ချက်ချင်းငွေတစ်ထောင်ရသွားတယ်။ ဒါကြောင့် ဒီဂါထာကို ဘုန်းကြီးတို့ အဋ္ဌကထာဆရာကြီးများက “သဗ္ဗမင်္ဂလာကိရေသာ”-
ဧသာ-ဤဂါထာကား၊ သဗ္ဗမင်္ဂလာကိရ-သဗ္ဗမင်္ဂလာ ကောင်းခြင်း မင်္ဂလာအမျိုးမျိုးကို ဖြစ်စေတတ်သောကြောင့် သဗ္ဗမင်္ဂလာ ဂါထာ မည်တယ်လို့ အမည်ပေးခဲ့ကြတယ်။ ဒီဂါထာက ထူးထူးခြားခြားမို့လဲ ဘုန်းကြီးတို့သာသနာတော်မှာ အင်မတန်ထင်ရှားခဲ့တဲ့ ဆရာတော်ကြီး နှစ်ပါး မန်လည်ဆရာတော်ကြီးနဲ့ မင်းကွန်းဆရာတော်ကြီးနှစ်ပါး ဒီဂါထာ လေးကို အမေးအဖြေပြုကြတယ် 1 တစ်ဂါထာ။ သဗ္ဗရယ်မင်္ဂလာလို့) မည်သညာ သရေ တင့်။ ကျမ်းဖွင့်ထင်စွား ငါးနိကာယ်ပင်လယ်ထဲမှာလ။ ထူးကဲတဲ့ ဒီဂါထာ။း ဉာဏ်မဟာ ကိုင်ဖမ်း။ နက်ကျယ်စွာ သမုဒ်ကယ်အဏ္ဍဝါခ်။ အာနန္ဒာမွှေလို့ နှောက်သည့်နှယ်။ ဘုန်းထက်အောက်စမ်း တဲ့။
ဆိုပြီးတော့ ကဗျာလေးနဲ့ အမေးထုတ်ခဲ့တယ်။ သဗ္ဗမင်္ဂလာဆိုကဲ့ ဂါထာတစ်ပုဒ်ရှိတယ်။ အဲဒီဂါထာဟာ နိကာယ်ငါးရပ်ဆိုတဲ့ သမုဒ္ဒရ ပင်လယ်ကြီးထဲမှာ ထင်ရှားတဲ့ဂါထာပါ။ အဲဒီတော့ အရှင်ဘုရားဟာ နိကာယ်ငါးရပ် သမုဒ္ဒရာကြီးထဲမှာ အာနန္ဒာငါးကြီး မွှေနှောက်သလို ဉာဏ်နဲ့မွှေနှောက် အထက်အောက် စမ်းလိုက်စမ်းပါလို့မေးတယ်။ အဲဒီ တော့ ဘုန်းကြီးတို့ မင်းကွန်းဆရာတော်ကြီးက- တစ်ဂါထား သဗ္ဗရယ်မင်္ဂလာလို့) မည်သညာ သရေ တင့်၊ ကျမ်းဖွင့်ထင်စွား ငါးနိကာယ် ပင်လယ်ဝမှာလ။ နိဒါနသံယုတ်မှာ။ ဒိဝါစချီကျူး1 နက်ကျယ်စွား သမုဒ်ကယ် အဏ္ဍဝါဒဦ်၊ အာနန္ဒာ သာလွန်ကျူးအောင်။ ဘုန်းဉာဏ် ကွန့်မြူး။ ] ဆိုပြီးတော့ အဖြေပေးတယ်။ တစ်ဂါထာ သဗ္ဗမင်္ဂလာလို့ အရှင်ဘုရား မေးတဲ့ဂါထာဟာ နိဒါနသံယုတ် ပါဠိတော်မှာလာတဲ့ ဂါထာပါ။ အဲဒီ ဂါထာဟာ နိဒါနသံယုတ်ကဖြစ်ကြောင်းကို တပည့်တော် နိကာယ်ငါးရပ် တည်းဟူသော ပင်လယ်ထဲမှာ အာနန္ဒာမွှေပြီးနောက်တာထက် ပိုပြီးတော့ ထူးကဲတဲ့ အစွမ်းသတ္တိဖြင့် မွှေနှောက်လိုက်ပါတယ်ဆိုပြီးပတာ့ အဖြေပေး
တယ်။
အဲဒီတော့ ဒီဂါထာလေးဟာ ထူးထူးခြားခြား ဆရာတော်ကြီးနှစ်ပါး အမေးအဖြေလုပ်ပြီးတော့ ဉာဏ်စမ်းပြီးတော့ မှတံတမ်းတင်ခဲ့တဲ့ ဂါထာ လေး၊ ရွတ်လို့ရှိရင် စည်းစိမ်ဥစ္စာတိုးတယ်။ လာဘ်သပ်ပကာပေါတယ်။
ာုန်းတန်ခိုးကြီးတယ်လို့ ဆိုတယ်။ အဲဒါကြောင့်မို့လို့ ယနေ့ဒကာမကြီး ဒါ်သန်းစိန်ရဲ့ မွေးနေ့မင်္ဂလာ အခါသမယမှာ သဗ္ဗမင်္ဂလာဂါထာ လေးနဲ့ ဘုန်းကြီးက ချီးမြှောက်လိုက်ရတယ်။ အားလုံးအဘက်ဘက်ခွ တိုးတက် ကြီးပွားခြင်းသို့ ရောက်ကြပါစေ။
(သာဓု သာဓု သာဓု)
၁၉၉၁-ခုနှစ်။ မေလထုတ် ရတနာမွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၃) ဝိနည်းစာပြန်ပွဲသိမ်းတရား
(၁၃၅၂-ခုနှစ်' တန်ဆောင်မုန်းလဆန်း ၁၃-ရက် ရုံးသပြေကန် ဝိနည်းစာပြန်ပွဲသဘင် ပွဲသိမ်းတရားတော်) တေသဋ္ဌိဝါရာ ဝိနယ။
သဘာ သာသန သောဘဏီ။
အနုဂ္ဂဟေန သာဓရူနံ။
အဟော နှိဋ္ဌမုပါဂမီ။
သာသန သောဘဏီ-ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး ရှုမငြီး စဖွယ် တင့်တယ်စေတတ်သော၊ တေသဋ္ဌိဝါရာ-ခြောက်ဆယ့်သုံးကြိမ် မြောက် ဆိုက်ရောက်ခဲ့သော- ဝိနယသဘာ-နှစ်စဉ် နှစ်စဉ် ဆင်ယင်ခဲ့မြဲ ဝိနည်းစာပြန်ပွဲတော် ကြီးသည်။ သာဓူနံ-သူတော်ကောင်းဖြစ်ကြကုန်သော ဆရာတော် သံဃာ တော် အရှင်မြတ်တို့၏ ' သာဓူနံ-သူတော်ကောင်းဖြစ်ကြသော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့၏။ အနုဂ္ဂဟေန-ချီးမြှောက်ထောက် ပံ့ခြင်းကြောင့်၊ နိဋ္ဌံ-လူသာဓုခေါ် နတ်သာဓုခေါ် ပျော်စရာရွှင်စရာ ထွန်း တောက် ပြီးမြောက်အောင်မြင်ခြင်းသို့၊ ဥပါဂမိ-ဇေယျတုဇေတု ငွေခရု သံသာ မင်္ဂလာဝှဲချီး ခရီးတစ်ထောက် ဆိုက်ရောက်ခဲ့ရပါပေပြီ။ အဟော-ချမ်းသာဖို့အကြောင်း ဝမ်းသာဖို့အကြောင်း သာဓုခေါ်နိုင် ကြောင်း သြော် ကောင်းမြတ်လှပါပေဝော့သည်တကား။ စာပြန်ပွဲအလှူတော်ကြီး ခြောက်ဆယ့်သုံးကြိမ်မြောက် ရောက်ခဲ့ပြီ။ နှစ်စဉ်နှစ်စဉ် ဒကာဒကာမတွေရဲ့ သာသနာ့စိတ်ဓာတ် သဒ္ဓါအစရှိသော
သာသနာ့စိတ်ဓာတ်၊ သဒ္ဓါဓာတ်ခံ ထက်သန်ထူးချွန်တဲ့အတိုင်း လေးလေး စားစား ကြိုးကြိုးစားစား ချီးမြှောက်ကြ ပူဇော်ကြ။ ထောက်ပံ့ခဲ့ကြလို့ နှစ်စဉ်နှစ်တိုင်းပဲ အောင်ပွဲ... င်ကြရတယ်။ ဒီနှစ်လဲပဲ ခြောက်ဆယ့်သုံး ကြိမ်မြောက် ဝိနည်းစာပြန်ပွဲကြီးကို အောင်မြင်စွာ ချီးမြွှောက်ထောက်ပံ့ နိုင်ခဲ့ကြတယ်
ုန်းကြးဝို့ ဒီလို သာလိုျီးမြောက်နိုင်ကြတငးဆိုတော မိမိတို့မွာ တရားရှိကြလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ တရားတွေ ရှိလို့ အဲဒီတရားတွေကို မိမိတို့ လိုက်နာကြတယ်။ တရားတွေကို လိုက် နာကြလို့ အဲဒီတရားအကြောင်းပြုပြီးတော့ မိမိတို့သန္တာန်မှာဖြစ်တဲ့ သဒ္ဓါ တရားအစရှိသော တရားတွေစုပေါင်းပြီးတော့ အထောက်အကူပြုလာ ကြတယ်။ အားပေးလာကြတယ်။ ဒါကြောင့် ဒီစာပြန်ပွဲကြီး နှစ်စဉ်နှစ်စဉ် အောင်မြင်ခြင်းသို့ ရောက်ခဲ့တယ်။
ဘုန်းကြီးတို့ ရှေးက ရာဇဂြိုဟ်ပြည်မှာ ဝဿကာရပုဏ္ထားကြီး ရှိတယ်။ တစ်နေ့ကျတော့ ရှင်အာနန္ဒာနဲ့တွေ့တဲ့အချိန်မှာ ဘုရားရှင် ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပုံကို ၀ဝဿကာရ ပုဏ္ထားကြီးက မေးလျှောက်တယ် /
အရှင်အာနန္ဒာ-အရှင်ဂေါတမက သင်တို့တစ်တွေ ငါဘုရားမရှိတဲ့ နောက် ကိုးကွယ်ကြဆိုပြီး ရဟန်းတစ်ပါးကို ထားခဲ့တာများရှိသလား ဆိုတော့ ရှင်အာနန္ဒာကိုယ်တော်မြတ်က အဲဒီလို မိမိကိုးကွယ်ဖို့ရယ်လို့ ထားခဲ့ရတဲ့ ရဟန်းတစ်ပါးရယ်လို့ မရှိတဲ့အကြောင်း ပြန်လည်မိန့်ကြား တယ်
ဒါဖြင့် သံဃာတော်က အရှင်ဘုရားတို့ကိုးကွယ်ဖို့ သူ့အမိန့်အတိုင်း လိုက်နာဖို့ အဲသလိုထားတဲ့ ရဟန်းတစ်ပါးများ ရှိသလားဆိုတော့ အဲသလိုလဲ မရှိတဲ့အကြောင်း ရှင်အာနန္ဒာက မိန့်ကြားတယ်။
ဒါဖြင့် သံဃာကထားတဲ့ ပုဂ္ဂိုလ်မရှိရင် ရဟန်းအများက အဲဒီလိုုဂ္ဂိုလ်အတွက် ဒီပုဂ္ဂိုလ်ကို မင်းတို့တစ်တွေ မှီခိုကြ သူ့စကားနားထောင် ကြလို့ ပြောထားတဲ့ပုဂ္ဂိုလ်များ ရှိသလားဆိုတော့ မရှိတဲ့အကြောင်း
ရှင်အာနန္ဒာမထေရ်မြတ်က မိန့်ကြားတယ်။
အဲဒီအခါမှာ ဝဿကာရပုဏ္ထားကြီးက အရှင်ဘုရားတို့မှာ ရှင်တော် မြတ်က ထားခဲ့တဲ့ ပုဂ္ဂိုလ်လဲမရှိဘူး သံဃာတော်က တညီတညွတ်တည်း ထားခဲ့တဲ့ ပုဂ္ဂိုလ်လဲမရှိဘူး။ များစွာသောမထေရ်တွေက ထားခဲ့တဲ့ ပုဂ္ဂိုလ်လဲမရှိဘူး။ ဒီလိုဆိုရင် အရှင်ဘုရားတို့မှာ ကိုးကွယ်အားထားရာ မရှိ။ အဲသလို ကိုးကွယ်အားထားရာမရှိဘဲနဲ့ အရှင်ဘုရားတို့မှ၁ ညီညီ ညွတ်ညွတ်ဖြစ်နေတာဟာ ဘာကြောင့်တုံးဘုရားလို့ မေးလျှောက်တယ်။ အဲဒီအခါမှာ ရှင်အာနန္ဒာက အသင်ပုဏ္ထားကြီး တို့တစ်တွေဟာ ကိုးကွယ် အားထားရာ မရှိဘူးတော့ မဟုတ်ဘူး။ တို့တစ်တွေဟာ ကိုးက္ပယ်အား ထားရာ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေး တရားတော်ဟာ တို့ကိုးကွယ်အားထားရာ ပဲလို့ မိန့်ကြားတော်မူတယ်။
အဲဒီအခါမှာ ဝဿကာရပုဏ္ထားကြီးက ထပ်မံပြီးတော့ အရှင်ဘုရား ပြောတာတွေကို တပည့်တော် သိပ်မရှင်းသေးတဲ့အကြောင်းလျှောက်တော့ အရှင်အာနန္ဒာက တို့လောကထွတ်ထား သမ္မာသမ္ဗုဒ္ဓဘုရားနှင် ကိုယ်တော် မြတ်ဟာ သိက္ခာပုဒ် ပညတ်တယ်။ ပါတိမောက်ကိုရွတ်ဆိုဖို့ ၀ညတ်ထား တယ်။ တို့တစ်တွေဟာ ဥပုသ်နေ့ ဥပုသ်နေ့မှာ အကြင်မျှလောက် ဂါမ ခေတ်မြေအပြင်ရှိတယ်။ အဲဒီ ဂါမခေတ်မြေ အတွင်းမှာရှိကြတဲ့ သံဃာတွေ စုဝေးပြီးတော့ အကြင်ပုဂ္ဂိုလ်သည် ပါတိမောက်ကို ကျွမ်းကျွမ်းကျင်ကျင် ရတယ်။ အဲဒီပုဂ္ဂိုလ်ကို တိုက်တွန်းကြတယ်။ အဲသလို တိုက်တွန်းကြ တဲ့အခါ ဒီပုဂ္ဂိုလ်က ပါတိမောက်ပြတယ်။ သိက္ခာပုဒ်တွေရွတ်တယ်။ သိက္ခာပုဒ်တွေရွတ်ဆိုပြီး ပါတိမောက်ပြတယ်။
အဲဒီလိုအခါမှာ ရဟန်းတစ်ပါးမှာ အပြစ်ရှိတယ်ဆိုရင်လဲပဲ အဲဒီ ရဟန်းကို တို့တစ်တွေက တရားအားဖြင့် ဒီသိက္ခာပုဒ်ရဲ့အပြစ်အရ ကုစား ပေးကြတယ်။ အပြစ်ပျောက်အောင် ကုစားပေးကြတဲ့အကြောင်း ရှင်အာနန္ဒာက မိန့်တော်မူတယ်။
ဒါကြောင့် ရှင်အာနန္ဒာမိန့်တော်မူချိန်က တို့ဝိနည်းသာသနာ ဘုရား ကြီးတရားဟာ တို့ကိုဆုံးမနေတယ်။ ဆုံးမနေသောကြောင့် တို့တစ်တွေဟာ
ဒီဝိနည်းနဲ့နေတဲ့အကြောင်း မိန့်ကြားတော်မူတယ် အီတာ ဘုန်းကြာတို ဗုဒ္ဓမြတ်မွာ သာသနာတော်မြယ်ကြီး ဆိုတာ တရားတွေသာ အားကိုးရာ- ယော ဝေါ အာနန္ဒာ မယာ ဓမ္မော စ ဝိနယောစ ဒေသိတော ပညတ္တော သော ဝေါ မမစ္စယေနသတ္ထာ။
အာနန္ဒ-ချစ်သားအာနန္ဒာ။ မယာ-သင်တို့ဆရာ ငါဘုရားသည်။ ယောဓမ္မောစ-အကြင်သုတ် အဘိဓမ္မာတရားကိုလည်းကောင်းး ယော ဝိနယောစ-အကြင်ဝိနည်းတရားတော်ကိုလည်းကောင်းး ဒေသိတော- ဟောတော်မူအပ်ပါပေ၏ / ပညတ္တော-ပညတ်တော်မူအပ်ပါပေ၏ / သော ဓမ္မဝိနယော-ထိုငါဘုရား ဟောပြောတော်မူတဲ့ သုတ်အဘိဓမ္မာဝိနည်း တရားတော်မြတ်သည်။ မမ-ငါဘုရား၏ အစ္စယေန-ပရိနိဗ္ဗာန်စံလွန်တော် မူတဲ့အခါသမယခ္မ်၊ ဝေါ-သင်ချစ်သားတို့၏။ သတ္ထာ-ဆုံးမပေတတ် ဆရာမြတ်သည်။ ဟေဿတိ-ကောင်းစွာမသွေ ဖြစ်ပေလိမ့်သတည်း။ ဘုရားရှင်ကိုယ်တော်မြတ်တိုင်းလဲ ဒီအတိုင်းပဲ မိန့်ကြားတော်မူခဲ့ တာပဲ။ ငါဘုရားမရှိရင်။ ပရိနိဗ္ဗာန်စံလွန်ရင် ငါဘုရားရှိတုန်းကတော့ ငါဘုရားတစ်ပါးတည်းက သင်ချစ်သားတို့ကို ဆုံးမနိုင်တယ်။ ငါဘုရား မရှိတဲ့နောက် ငါဘုရားဟောတော်မူခဲ့တဲ့ ဓမ္မဝိနယတရားတွေ အဲဒီ တရားတော်တွေက သင်ချစ်သားတို့ရဲ့ ဆရာအဖြစ်ဖြင့် ဆုံးမကြလိမ့်မယ် လို့ မိန့်ကြားတော်မူတယ်။
ဒါကြောင့် ဘုန်းကြီးတို့ ယခုခေတ်ရှိကြတဲ့ သံဃာတော်တွေ ဘုရား ရှင် ကိုယ်တော်မြတ်ရဲ့ တရားတော်မြတ်ရဲ့ တရားတော်တွေအရ ကျင့်ကြံကြပေတယ်။ ရှင်တော်မြတ်ဘုရားလက်ထက်က ဝိနယအတိုင်း ရှင်တော်မြတ်ဘုရားလက်ထက်က ဓမ္မအတိုင်း ကျင့်ကြံကြပေတယ်။ ဟို တုန်းက ရဟန်းခံတာလဲဒီအတိုင်း၊ ဟိုတုန်းက ကထိန်ခင်းကြတာလဲ ဒီအတိုင်း၊ ဟိုတုန်းက ပဝါရဏာပြုကြတာလဲဒီအတိုင်းပဲ1 ရှင်တော်မြတ် ဘုရားလက်ထက်က ရဟန်းခံကြသလို။ ကထိန်ခင်းကြသလို1 ပဝါရဏာ
ပြုကြသလို ယခုအခါလဲ အဲဒီတုန်းကအတိုင်း တစ်ပုံစံတည်းပဲ။ ဘုန်းကြီးတို့ သံဃာတော်တွေ ပဝါရဏာပြုကြတယ်။ ရဟန်းခံပေးကြ တယ်။ အဲဒီလို ပဝါရဏာကံ ကထိန်ကံ ဥပသမ္ပဒကံတွေဟာ ဘုရားရှင် ကိုယ်တော်မြတ်လက်ထက်ကအတိုင်း ညီညီညွတ်ညွတ်နဲ့ သံဃာတော်တွေ ကျင့်သုံးခဲ့ကြတယ်။ အခု သံဃာတော်တွေက အဆန်းထွင် ကျင့်တာ မဟုတ်ဘူး။ ဘုရားရှင်ကိုယ်တော်မြတ် မှတ်တမ်းတင်ခဲ့တဲ့ အာဏာ ဒေသနာ။ ဝေါဟာရဒေသနား။ ပရမတ္ထဒေသနာတော်အတိုင်း ပြုကြ ဆောင်ရွက်ကြတာ။
ါြောင်ခိုလို ဘုရားဗျင်က ဘုန်းကြီးတို့ကို ညွှန်ကြားတေးလို့ ညွန်ကြားပေးတဲ့တရားအတိုင်း ဘုန်းကြီးတို့ ယနေ့အထိ အကုန်လုံး ဒီအတိုင်းပဲ။ ရန်ကုန်လဲဒီအတိုင်း မန္တလေးလဲဒီအတိုင်းပဲ။ မြန်မာပြည် နေရာတကာမှာ ဒီအတိုင်း ယနေ့အထိ တစ်ပြေးညီညီ။ ညီညီညွတ်ညွတ် ကံကြီးကံငယ် ဆောင်ရွက်နေကြတယ်။ အဲဒါ ဓမ္မကြောင့် တရားက ဘုန်းကြီးတို့ကို ညွှန်ပြပေးနေတယ်။
အဲဒီ ဘုန်းကြီးတွေရဲ့ သံဃာတွေရဲ့ လုပ်ငန်းဆောင်တာမှာ လွဲတယ် မှားတယ်လို့] နည်းမကျဘူး။ လမ်းမကျဘူး မရှိဘူး။ အားလုံး ညီညီ မျှမျှ သင့်သင့်တင့်တင့်ဖြစ်နေရက်ပဲ။
ဒါကြောင့်မို့လို့ လောကမှာ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေ ရဟန်း ရှင်လူတို့အတွက်မှာ ဓမ္မဆိုတာ သိပ်အရေးကြီးပါတယ်။ အဲဒီဓမ္မအတိုင်း လိုက်နာပြီဆိုရင် မိမိတို့ ဘာသာရေးဆိုင်ရာလုပ်ငန်းတွေမှာ ဘယ်နေရာ ကတော့ ချွတ်ယွင်းတယ်။ တိမ်းပါးတယ်လို့ မရှိဘူး။ နည်းမှန်လမ်းမှန် ပြထားတယ်။
အဲဒီဓမ္မရဲ့ တိမ်းမှုမရှိတဲ့ မိမိတို့ရဲ့ ကောင်းမှုဆိုတာတွေဟာလဲ တကယ်စိတ်ချရတာ မဟုတ်ဘူး။ ဥပမာအားဖြင့် လူတစ်ဃောက်ကို သူတော်ကောင်းလို့ အများက အသိအမှတ်ပြုထားတယ် ဒီပုဂ္ဂိုလ်ဟာ တော်တယ်လို့ အများကဝိုင်းပြီး အသိအမှတ်ပြုထားကြတယ် သို့ပေမယ့် သူ့မှာ ဆန့်ကျင်ဘက်အကြောင်း မပေါ်သေးလို့ ကောင်းနေတာလား'
ဟတကယ်ကောင်းတာလား။ ဆန့်ကျင်ဘက်အကြောင်းတွေ ပေါ်လာတဲ့ ဒ င္သ ရ င္လ လူမ ဂ လျှ ချူ အခါမှာ တကယ်ကောင်းရင် အဲဒီအခါမှာ သူရဲ့အကောင်းဆိုတာကို ရ ငင င မှတ်ကျောက်တင်နိုင်တယ်။
ချေ ၃ င င ဝင င္လ လျှ င ဝ (ရျ ဘုရားရှင်ကိုယ်တော်မြတ် မိန့်တော်မူတဲ့ ဒေသနာတစ်ခုရှိတယ်။ င ဝ င ဝ ငု ၂၂) င လျှ ၀. င ချ ဝ လျ ဝ ကိုယ့်ကိုယ်ကို ငါဟာ ဆိုဆုံးမလွယ်တဲ့ပုဂ္ဂိုလ် လူကောင်းလို့ အဲသလို ၂ ချေ ခြူ ရ ဝင င ရျ င ကိုယ့်ကိုယ်ကို ယူဆတတ်လေ့ရှိရင် ဒါဟာတကယ် အဟုတ်မဟုတ်သေး ဘူး။ တရားအရ ငြိမ်သက်တဲ့ ငြိမ်သက်မှုမျိုးမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကို ဌ ဝ ရ လျ (၉ င ဝှ င္သ ကောင်းလှပြီလို့ မဆိုနိုင်သေးဘူးတဲ့။ တချို့က ပစ္စည်းရလို့ကောင်းနေတာ ဝ င္သ ဝှ ရျ င ရ လ င လျှ ချ ရှိတယ်။ တချို့က မျှော်လင့်ချက်ကလေးနဲ့ ကောင်းနေတာလဲရှိတယ်။ ဝု င င ချ င္လ ဝ င လူဝ င္သ တချို့က ပတ်ဝန်းကျင်ကကောင်းနေလို့ ကောင်းနေတာလဲရှိတယ်။ ဝ င္လ ဗ ၂။ ရျ လူ ဓ င င့ င င သို့သော် တရားမပါရင် အဲဒီကောင်းခြင်းဟာ အတည်မဟုတ်သေးဘူး။ ရ င ဓ င္လ ချူ ရ ရျ တစ်နေ့ကျရင် ဒီကောင်းခြင်းဆိုတဲ့ ဂုဏ်လေးတွေဟာ မျောသွားတတ် တယ်။ အဲဒီအကြောင်းနဲ့စပ်ပြီးတော့ ဘုန်းကြီးတို့ ကျမ်းဂန်မှာ- ဝ ဝ လျ ဝ ဓ င ရ လျူ င ၂ ဝေဒေဟိကာဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းရှိတယ်။ အဲဒီ ဝေဒေဟိကာဟာ လူပြောသူပြော အင်မတန်များတယ်။ ဝေဒေဟိကာဟာ ဝင စ ရျ င ငု ရ င သိမ် ခြ လူ ၀ စိတ်နှလုံးကောင်းတယ်။ ငြိမ်သက်တယ် မ်မွေ့တယ်နဲ့1 အဲဒီဝေဒေဟိကာ င လျ င ငင င င လှ ဓ မှာ ဝတ္တရားကျေပ္ပန်တဲ့ ကိုယ့်လုပ်ငန်းမှာ ကိုယ်ကျွမ်းကျင်တဲ့ ကာလီ ဆိုတဲ့ အစေခံမလေးတစ်ယောက်ကလဲရှိတယ်။ အဲဒီတော့ ကာလီဆိုတဲ့ အစေခံမလေးက စဉ်းစားတယ်။ ငါ့အရှင်မဟာ အများကချီးမွမ်းခံရတယ်။ ဝင (ချ စ င ဝင င္သ င္လ ရျ ဓ ငု သိမ်မွေ့တယ် နူးညံ့တယ် နှိမ့်ချတယ် စသည်ဖြင့် အများကချီးမွမ်းကြ တယ်။ ငါ့အရှင်မရဲ့ဂုဏ်သတင်းဟာ ကျော်စောနေတယ်။ အဲဒီတော့ ငါအရှင်မဟာ တကယ်ပဝဲငြိမ်သက်တာလား။ တကယ်ပဲ ဒေါသမရှိတာ ဝ င မါ င ဝ (ရျ မ င (ချ လျ လား။ သို့မဟုတ် ငါကကောင်းနေလို့ ကောင်းတာလား။ ငံ စမ်းကြည့်အုံးမှပဲ ဝ ရျ င ချ ၀ င င င ချု ဆိုပြီးတော့ နောက်တစ်နေ့ကျတော့ အိမ်မှုကိစ္စ ကျွမ်းကျွမ်းကျင်ကျင်နဲ့ (ချူူနွေချံ လ ဝျ ၂ ၂၅ ဒ င္လ ရျ င လျှ ဓ ဝ ဓ လိမ်လိမ်မာမာနဲ့ အခ်ျန်မှန်မှန်နဲ့ ဆောင်ရွက်တတ်တဲ့ ကာလီအမျိုးသမီး လေးဟာ အဲဒီနေ့ကျတော့ အိပ်ရာထနေကျအချိန် မထဘူး။ တော်တော် ရ ငု ၀၅ ၂၀၃. ဌ၅ င လူမ။ ဝ ရး လျ င နေမြင့်အောင် အပ၀ပလုကတယ၊ အဒအခ မှာ ဝေဒေဟကာခေ တဲသူ့သခငမ
က ဟဲ့ ကျွန်မ ဘယ့်နှယ်ကြောင့် နေမြင့်အောင်အိပ်ရသတုံးဆိုတော့။ ဘာမှမဖြစ်ပါဘူးအရှင်မလို့ ဆိုသတဲ့။ အဲဒီတော့သခင်မက ဘာမှမဖြစ်ဘဲ နေမြင့်အောင် အိပ်ရသလားဆိုပြီးတော့ မျက်မှောင်ကြုတ်တယ်တဲ့။ ဓ ဓ္ဇ ဝ စြ င မ င္သ င ဝ ၂ င ဒီတော့ ကာလီကသိသွားတယ်။ ငါ့သခင်မဟာ ဒေါ်သရှိပါတယ်။ မ င္သ (၁ င မ ၂ လ ဝ က်ပိ ဝ ချ ငါကကောင်းနေလို့သာ သူကကောင်းတာပါ / ဒါပေမဲ့ ဒို့ထက်ပိုသိအောင် ထပ်ပြီးတော့ စမ်းအုံးမယ်ဆိုပြီးတော့ နောက်တစ်နေ့ကျတော့ ဒီ့ထက်နေမြင့်အောင် အိပ်လိုက်တယ် အဲသလိုအိပ်လိုက်တဲ့အခါကျတော့ င္လ လ (ရ င င္သ င္သ င္သ ငင။ (ဧ အရှင်မက ဟဲ့ ကျွန်မ ဘယ့်နှယ်ကြောင့် နေမြင့်အောင်အိပ်ရတုံးဆိုတော့ င္လ င္သ ဝ လျ (ရျ င လ. ဓ. ဘာမှမဖြစ်ပါဘူး အရှင်မ ဆိုတော့။ ဟဲ့ ကျွန်မ ဘာမှမဖြစ်ဘဲနဲ့ ဒီလို အချိန်မှန်မထဘဲနဲ့ အအိပ်ကြီးရမလားဆိုပြီးတော့ ပါးစပ်ကဖွင့်ပြီးတော့ ဆူပူကြိမ်းမောင်းလုပ်တယ်တဲ့။ အရင်နေ့ကတော့ မျက်မှောင်ကြုတ်တယ်။ ဒီနေ့ကျတော့ ပါးစပ်ကထွက်လာတယ်။ ဒီတော့ ကာလီကသိသွားပြီး ငါ့သခင်မဟာ ငါကောင်းနေလို့သာ သူကောင်းတာပါ1။ သူဟာ ဒေါသ ကြီးပါတယ်။
ဒါပေမဲ့ ဒီ့ထက်ပိုပြီးတော့သိရအောင် စမ်းသင်လိုက်အုံးမှပဲဆိုပြီး င င ဓ က်ပိ င့ .ဝ င ဇ ဓမ္လ ချစ တော့ နောက်တစ်နေ့ကျတော့ ဒီ့ထက်ပိုပြီးစမ်းလိုက်တယ်။ ဒီ့ထက်ပိုပြီး နေမြင့်အောင် အိပ်လိုက်တယ်။ အဲသလိုလုပ်လိုက်တဲ့အခါကျတော့ နောက် တစ်နေ့ကျတော့ သူ့သခင်မ ဝေဒေဟိကာက ဆူပြန်ရော။ ဘယ့်နှယ် င္သ င္လ င္လ ရ ဝ င္လ ၂ ချ ကြောင့် နေမြင့်အောင် အိပ်ရသတုံးဆိုတော့ ဘာမှမဖြစ်ပါဘူးအရှင်မ ၀ လူမ င္သ ၄ င့ ဓ ၂ င္လ င္သ ဆိုတော့ အဲဒီတင် မနေ့ကပါးစပ်နဲ့။ ဒီနေ့ကျတော့ပါးစပ်တင်မကတော့ ဘူး အနားကတံခါးမင်းတုပ်ဖြုတ်ပြီးတော့ ခေါင်းရိုက်လိုက်တာ ကာလီ ခေါင်းကွဲသွားတယ်။ အဲဒီတော့မှ ကာလီက-ခါင်းကွဲကြီးနဲ့ သွေး ဧကွသွား မှ ၉.၁/ငးက္ငုကးနဲ့ သွေးတွေ ယိုစီးတဲ့ခေါင်းကြီးနဲ့ အိမ်နီးချင်းတွေဆီလျှောက်ပြီးတော့ ကြည့်ကြပါ င္လ ၀ ရေ ရျ ငဝ လျ ငျ င္သ ချ အရပ်ကတို့ ရှင်တို့ကောင်းတယ်ဆိုတဲ့ ကျွန်မရဲ့အရှင်သခင်မဟာ ခေါင်းရိုက်ခွဲလိုက်ပြီ။ ကျွန်မခေါင်းမှာ သွေးတွေနဲ့။ ကောင်းတယ်ဆိုတဲ့ သခင်မလုပ်ပုံ ကြည့်ကြပါဆိုပြီးတော့ လျှောက်ပြောတော့ နောက်အခါ ကျတော့ ဝေဒေဟိကာရဲ့ ကောင်းသတင်းတွေပျောက်။ ဝေဒေဟိကာရဲ့
မကောင်းသတင်းတွေ ကျော်စောလာတယ်။ ဝေဒေဟိကာ ကြမ်းတမ်း တယ်။ ရက်စက်တယ် မညှာတာဘူး အစရှိသဖြင့် မကောင်းသတင်းတွေ ပျံ့နှံ့လာတယ်တဲ့။
ဒါဆို လိုရင်းကတော့ တရားနဲ့ကောင်းတဲ့ အကောင်းဆိုရင် မပျက် ဘူး။ တရားနဲ့ကောင်းတဲ့ အကောင်းမဟုတ်ဘဲနဲ့ အခြေအနေအရ ပတ်ဝန်း ကျင်ကြောင့် ကောင်းနေတာဆိုရင်တော့ ပတ်ဝန်းကျင်က ဆန့်ကျင်ဘက် အသံမျိုးတွေ အပြုအမူလေးတွေ တွေ့တဲ့အခါကျတော့ မကောင်းနိုင်တော့ ဘူး။ အကောင်းလေးတွေ ပျောက်သွားတယ်။ ဒါကြောင့် လောကမှာ သူတော်ကောင်းရှိကြတယ်ဆိုပေမယ့် ကောင်းတယ် တော်တယ်ဆိုတဲ့ ဂုဏ်ဟာ ဆန့်ကျင်ဘက်အကြောင်းတွေ မပေါ်သေးလို့ ကောင်းနေတာ ဟာ အကောင်းမဟုတ်သေးဘူး။ ဆန့်ကျင်ဘက်အကြောင်းတွေ ပေါ်လာ တဲ့အခါ ကောင်းမှအကောင်း။ အခု ဝေဒေဟိကာဆိုတဲ့ အမျိုးသမီးရဲ့ ဂုဏ်သတင်းဟာ ခုနပြောသလို ပတ်ဝန်းကျင်ကလဲ သူ့ဆန့်ကျင်ဘက် ပြုမယ့်လူက မရှိသေးဘူး။ အဓြဲတမ်း ထိတွေ့နေရတဲ့သူ့ကို ဝတ်ကြီး ၀တ်ငယ်ပြုနေတဲ့ အမျိုးသမီးကလေးကလဲ ဝတ္တရားကျေပွန် အလုပ်ကလဲ ကျွမ်းကျင် ဘာမှ သူ့အတွက် စိတ်ဆိုးစရာမရှိဘူး။ အဲဒီတော့ ကောင်းနေ တာပဲ။ တစ်နေ့ စိတ်ဆိုးစရာ ကာလီကဖော်ပေးလိုက်တော့ ဟော စိတ်ဆိုးလာတာပဲ။ ကောင်းသတင်းလေးတွေ ပျောက်သွားတယ်။ မကောင်း သတင်းလေးတွေပေါ်လာတယ်။ မေတ္တာတရားထုံထားတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လောက် မေတ္တာတွေခရီးရောက်နေသတုံး။ ခရီးရောက်နေတယ်ဆိုရင် အဲဒီမေတ္တာတရားကြောင့် သူ့မှာကောင်းလာပြီဆိုရင် အဲဒီအကောင်းဟာ မပျောက်တော့ဘူး။ ဒီ့ပြင် ဗုဒ္ဓါနုဿတိ ဘာဝနာတို့ ဘာတို့ ထူးထူး ခြားခြား ပွားများထားမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဘုရားတပည့်မို့ ဘုရား စကား နားထောင်တယ်။ နားထောင်တော့ မကောင်းတာမပြောချင်ဘူး။ မကောင်းတာ မဆိုချင်ဘူး။ မကောင်းတဲ့အလုပ် မလုပ်ချင်ဘူး။ အဲဒါမျိုး မှ စိတ်ချျတယ်။ သတိပဋ္ဌာန်ဘာဝနာ အစရှိသော ဘာဝနာကမ္မဋ္ဌာန်း ပွားများခြင်းဖြင့် မိမိကောင်းနေပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မကောင်းတာ
မလုပ်ချင်တော့ဘူး။
အဲဒီတရားကို အမှီပြုပြီး ကောင်းကြရတဲ့ အကောင်းတွေက စိတ် ချရတယ် အဲဒီအကောင်းမျိုးရှိပြီဆိုရင် စိတ်ချရပြီး ကောင်းဂုဏ်လေးတွေ ဟာ မပျက်တော့ဘူး။ ဘယ်လို ဆန့်ကျင်ဘက်အကြောင်းနဲ့မဆို မပျက် တော့ဘူး။
သမုဒ္ဒရာရေကြီး ပူအောင်ဆိုပြီးတော့ မြက်မီးရှူးလေးနဲ့ သွားထိုးလို့ သမုဒ္ဒရာကြီး မဆူဘူး။
ကျောက်တောင်ကြီးကို ကွဲအောင်ဆိုပြီးတော့ ဓားလေးနဲ့သွားထိုး လို့ ကွဲမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ သမုဒ္ဒရာရေက အင်မတန်ကြီးကျယ်။ မြက်မီးရှူးလေးက ဘာမှမပြောပလောက်ဘူး။ တောင်ကြီးကလဲ အင်မတန် ကြီးကျယ်တယ်။ ဓားလေးနဲ့သွားထိုးလို့ ဘာမှမဖြစ်ဘူး။ အဲဒါလိုပဲ တရား တွေ့တဲ့ပုဂ္ဂိုလ်တွေ။ တရားပွားထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ကြီးကျယ်တဲ့ တရားတွေရှိလို့ အသေးအဖွဲလေးတွေကြောင့် ဘာမှမဖြစ်တော့ဘူး။ အဲဒီပုဂ္ဂိုလ်တွေကို ယိမ်းယိုင်သွားအောင် သူ့တရားလေးတွေ ပျက်သွား အောင် ဘယ်လိုမှ မလုပ်နိုင်ဘူး။
ဒါကြောင့်မို့ လောကမှာ တရားဟာ အင်မတန် အရေးကြီးတယ်။ ဝေဒေဟိကာရဲ့ ငြိမ်သက်မှု တည်ကြည်မှု နှိမ့်ချမှုဆိုတာဟာ တရား အကြောင်းပြုပြီး စိတ်ငြိမ်သည်းခံနိုင်ရင် ကာလီဘယ်လောက်စစမ်းစမ်း ဘာမှဖြစ်မှာ မဟုတ်ဘူး အခုတော့ တရားအကြောင်းပြုပြီးဖြစ်တဲ့ တည်ကြည်မှု အေးဆေးမှု ငြိမ်သက်မှုမဟုတ် သူ့ပတ်ဝန်းကျင်ကောင်း တာကိုအစွဲဝြပြီး ဖြစ်နေတဲ့ငြိမ်သက်မှုတွေ တည်ကြည်မှုလေးတွ့မို့ ပတ်ဝန်းကျင်က ဆန့်ကျင်ဘက်လုဝ်ပြလာတဲ့အခါကျတော့ မခံနိုင်တော့ ဘူး။ သူ့တရားလေးတွေ ပျောက်သွားတယ်။
အဲဒါလိုပဲ လောကမှာ သူသူငါငါ သတ္တဝါတွေမှာ တရားသာအရေး ကြီးတယ်။ တရားရှိရင် မိမိတို့ရဲ့ ကောင်းမှုကလေးတွေစွဲနေမှာ။ ဒါကြာင့်မို့လို့ တရားကိုအမှီပြူရဲ တရားကိုလေ့လာခြင်းဖြင့် ရတဲ့ ကောင်းမှုလေးတွေဟာ ဘယ်တော့မှမပျောက်ဘူး။ ဘုရားရှင်ကိုယ်တော်
မြတ်ရဲ့ တရားမှတ်တိုင်ဆိုတာရှိနေတာ။ ရဟန်းတော်တွေကျင့်ဖို့ ဝိနည်း တရားတွေ အဲဒီတရားတွေ လိုက်နာမယ်ဆိုလို့ရှိရင် အဲဒီရဟန်းဟာ ဘယ်တော့မှ ရဟန်းအမူအရာ မပျောက်ဘူး။ ဒီလိုမဟုတ်ဘဲနဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ကျင့်ဝတ်သိက္ခာတွေကို ဖောက်မယ်။ သွေဖည်မယ်ဆို လို့ရှိရင် အဲဒီရဟန်းဟာ ရဟန်းနဲ့ မတူတော့ဘူး' ရဟန်းယောင် ပျောက်သွားတယ်။
ဒါကြောင့် လောကမှာ တရားအမှီမပြုဘဲ ကျင့်ကြံတဲ့ပုဂ္ဂိုလ်ဆိုရင် ဖြင့် ဘယ်သူမဆို ရှိနေတဲ့ မိမိရဲ့ကောင်းမှုလေးတွေဟာ ပျောက်သွား တယ်။ ပျောက်သွားတာပဲ။ တရားအမှီပြုပြီး ကျင်ကြံတဲ့ပုဂ္ဂိုလ်ဆိုရင် မိမိရဲ့ကောင်းမှုလေးတွေ မပျောက်ဘူး ဘယ်နေရာမှာမဆို တရားကို အလေးပေးရတယ်' တရားကိုအမှီပြုပေးရတယ်။ နောက်ဆုံးဆိုပါတော့ ဘုန်းကြီးတို့ ဒကာဒကာမတွေ ဒါနတော့ အမြဲတမ်းပြုပြုပေး။ လှူကြ တန်းကြ ပူဇော်ကြတယ်။ ဒါနပြုတိုင်း တရားနဲ့လျော်တယ်လို့ မဆိုရဘူး နော်။ တရားလိုက်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ဒါနကိုကောင်းအောင် သန့်ရှင်း အောင် ဖြူစင်အောင် ပြုထိုက်တယ်။ ဒီလိုမဟုတ်ဘူး တရားအတိုင်း မလှူဘူးဆိုရင် ဒါနဟာ ဒါနနဲ့မတူတော့ဘူး
ဆွမ်းကပ်တယ်ဆိုပါစို့။ တချို့ သန့်သန့်ရှင်းရှင်း မလှူတတ်ဘူး။ မသန့်မရှင်း ပေပေရေရေနဲ့ နေရာထိုင်ခင်း နေရာထိုင်ခင်းမို့လို့ ဆွမ်းဟင်း ဆွမ်းဟင်းမို့လို့ စသည်ဖြင့်ပေါ့လေ။ ကောင်းကောင်းမွန်မွန် မလုပ်တတ် ဘူး' ဒါဟာ မသိနားမလည်လို့ တချို့ကဖြစ်တတ်တယ်' သို့မဟုတ် သူ့အကျင့်ကိုကပါနေလို့ သူက ကောင်းကောင်းမနေတတ် မစားတတ်တာ မို့လို့ အဲသလို အမျိုးမျိုးကြောင့်ပေါ့လေ။
အဲဒီတော့ ဘာဖြစ်တုံးဆိုတော့ ဒါနလှူတယ်ဆိုတာဟာ အကျိုးရှိ တဲ့ဒါနရှိတယ်။ အကျိုးမရှိတဲ့ ဒါနရှိတယ်1 သတ္တစ္စဒါန-ကောင်းကောင်း မွန်မွန်ပြုပြီးတော့ လှူရတာမျိုး။ ဒီလိုသက္ကစ္စဒါနမြောက်မှ အကျိုးကြီး တာ။ စိတ္တီကတဒါန-အလှူခံပုဂ္ဂိုလ်တွေကို ရိုသေ လှူမယ်.၀တ္ထုပစ္စည်း တွေကိုရိုသေ ကောင်းကောင်းမွန်မွန်ပြုတာဟာ စိတ္တီကတဒါန၊ ဒီလိုလှူမှ
အကျိုးကြီးတယ်လို့ ဘုရားကဟောထားတား စာပေမှာ အထင်အရှား အဲသလိုလာတယ်။
အဲဒီတော့ ဝတ္ထုပစ္စည်းကလဲ တော်သလိုရော်သလိုထည့်ထား။ ဒီအထဲ သန့်သန့်ရှင်းရှင်းကလဲ မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်တွေ ထိုင် ဖို့နေရာတွေ ကြည့်ပြန်တော့လဲ တော်သလိုရော်သလို စသည်ဖြင့် စသည်ဖြင့်ပေါ့လေ။ အဲသလို နေရာတကာ ရိုသေတဲ့လက္ခဏား ကောင်းရာပြုတဲ့ သက္တစ္စ လက္ခဏာစသည်ဖြင့် သူတော်ကောင်းတို့ ပြုရိုးအကျင့်နဲ့ လုံး၀မကိုက်ညီဘူး ဆိုရင် အဲဒီဒါနဟာ သွားရော။ လှူလို့ ပစ္စည်းတွေကုန်ပေမယ့် သိဝ်အကျိုး ကြီးကြီးမရဘူး။ ကုသိုလ်ဆိုတာကတော့ အကျိုးမပေးဘူးတော့ မဟုတ်ဘူး။ သို့သော်လဲပဲ အကျိုးကြီးကြီးမားမား မရဘူး အဲဒီတော့ တရားနဲ့အညီ လှူမယ်ဆိုရင် ပစ္စည်းဝတ္ထုတွေကိုလဲ ကောင်းကောင်းမွန်မွန် ပြုလုပ် စီမံရမယ်။
အဲဒီလို အလှူရှင်တွေရဲ့ စိတ်စေတနာအလှူကို ကောင်းအောင်ပြုပြင် ပြီး လှူမယ်ဆိုတဲ့ ဆန္ဒတွေကောင်းသွားပြီဆိုရင် သက္တစ္စဒါန၊ စိတ္တီကတဒါန စတဲ့ သူတော်ကောင်းတို့ ပြုရိုးဖြစ်တဲ့ ဒါနမျိုးထဲဝင်သွားတယ်။ အဲဒီဒါနဟာ အကျိုးပေးကြီးတယ်။
တူတူပဲ။ ဒါနပြုတဲ့အခါ ဥတ္ကဋ္ဌဒါန၊ သြမကဒါန ခုနပြောသလိုပဲ အလှူကို မလှူမဖြစ်လှူလိုက်ရတာမို့ တော်သလိုလျော်သလိုပြု အလှူ လှူတုန်းလဲ သူက အကုသိုလ်တွေ ဒီကြားထဲဝင်လား လောဘတွေ ဝင်ချင်ဝင်။ အလှူအကြောင်းပြုပြီး စိတ်ဆိုးတဲ့ဒေါသတွေ ဝင်ချင်ဝင်လား အဲသလို အလှူပစ္စည်းတွေကလဲ မဟုတ်။ အကုသိုလ်တွေကလဲ ဝင် လာပြီဆိုရင် ဒါတွေဟာ မြင့်မြတ်တဲ့ဥက္ကဋ္ဌကုသုလ် မဟုတ်ဘူး သြမက- ညံ့တဲ့ကုသိုလ်တွေ။ ဒါ စာထဲမှာဆိုတဲ့အဆို1 အဲဒီအဆိုတွေနားလည်ဖို့ တချို့ သူတော်ကောင်း ဒကာဒကာမတွေက နားလည်ကြတယ်။ နားလည် ကြတော့ အလှူကိုကောင်းအောင် မွန်မြတ်အောင် သန့်ရှင်းအောင် မြင်ရ တဲ့ပုဂ္ဂိုလ်တွေကလဲ သဒ္ဓါပွားအောင် စီမံတတ်တယ်။ ဖန်တီးတတ်တယ်။ ပြင်ဆင်တတ်တယ်။ ရှုမြင်တတ်တယ်။ အဲသလို အလှူမျိုးကျတော့
ဥတ္ကဋ္ဌကုသိုလ်၊
ဒီတော့ ဒါတရားအတိုင်းပဲ။ တရားအတိုင်း တချို့သိလို့ လှူတာလဲ ရှိတယ်။ တချို့က သိတာတော့မဟုတ်ဘူး1 မသိပေမယ့် စေတနာကိုက သူက အင်မတန်ကောင်းနေတော့ ကောင်းကောင်းလုပ်ချင်တဲ့ဆန္ဒက ထက်သန်နေတော့ တရားမသိတောင် တချို့ကကောင်းသွားတယ်။ အဲသလို ရှိတတ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကောင်းရင်ဥက္ကဋ္ဌကုသိုလ်ချည်းပဲ။ သပ္ပုရိသဒါန- ဒီလိုရှိတယ် ကျမ်းဂန်မှာ။ အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ဒကာဒကာမ တွေ ဘာအလှူပဲလှူလှူး ခုနပြောသလို ဥက္ကဋ္ဌဒါနမျိုးဖြစ်အောင် သပ္ပုရိသ ဒါနမျိုးဖြစ်အောင် လှူဟတ်ရင် ဒါတရားအတိုင်းလှူတဲ့ဒါန အဲ့ဒီ တရား အတိုင်းလှူတဲ့ဒါနကျတော့ မွန်မြတ်တယ်။ မွန်မြတ်သောကြောင့် အကျိုး ပေးရာကျတော့ ထူးထူးခြားခြား ဖွံ့ဖွံ့ဖြိုးဖြိုး ကြီးကြီးမားမား အကျိုး ပေးတတ်တယ်။ ဒါကြောင့်မို့လို့ လောကမှာ တရားနဲ့လှူတတ်ဖို့လိုတယ်1
အလှူတင်မကဘူး။ သီလလဲ ထို့အတူပဲ။ တော်သလို လျော်သလို စောင့်တဲ့ သီလဟာ ဘယ်ဥတ္ကဋ္ဌဖြစ်မလဲ သီလဆောက်တည်ရင် ဘုန်းကြီးတို့၊ ဗုဒ္ဓပေါသထ၊ ဓမ္မုပေါသထ၊ သံဃုပေါသထ၊ ဘုရားဂုဏ် တော် အောက်မေ့အာရုံပြုပြီးတော့ စောင့်တဲ့ဥပုသ်ကို ဗုဒ္ဓပေါသထ။ ဗုဒ္ဓဥပုသ်၊ တရားဂုဏ်အာရုံပြုပြီး စောင့်တဲ့ဥပုသ်ကို ဓမ္မုပေါသထ- ဓမ္မဥပုသ်၊ သံဃာတော်ဂုဏ် အာရုံပြုပြီးတော့ သီလဥပုသ်ဆောက်တည်ရင် သံဃု ပေါသထ။
စသည် စသည်ဖြင့်အများကြီး ဥပုသ်ဖြစ်ရုံလေး စောင့်လို့ကတော့ သိပ်ပြီးတော့ အကျိုးမဖြစ်ဘူး။ ဒါကြောင့် ဋ္ဌိတိဘာဂိယ-ဟာနဘာဂိယ- နိဗ္ဗေဓဘာဂိယ။
သီလဆောက်တည်တာ ပြည့်ပြည့်စုံစုံ မဆောက်တည်နိုင်ဘူးဆိုရင် ဥပုသ်ဆောက်တည်ပေမယ့် တောင်တွေးမြောက်တွေး မကောင်းတာတွေ တွေးနေလို့ရှိရင် အဲဒီဦပုသ်ဟာ ဟာန ဘာဂိယ ဆုတ်ယုတ်တဲ့ အဖို့ရှိတဲ့ သီလတဲ့။
သီလလေးနဲ့ မတင်းတိမ်ဘဲနဲ့ ကမ္မဋ္ဌာန်းလေး မှီဝဲပြီးတော့ အားထုတ် မယ်ဆိုရင် ဋ္ဌိတိဟာဂိယ တည်တံ့တဲ့ အဖို့ရှိတဲ့ သီလမျိုး။
ဒီထက်ပိုပြီးတော့ အနိစ္စ၊ ဒုက္ခ အနတ္တ၊ ဝိပဿနာတင် ဆင်ခြင်ပွား များလို့ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းပြီးတော့ အားထုတ်လို့ အားထုတ်တဲ့ ဒီသီလမျိုးကျတော့ နိဗ္ဗေဓဘာဂိယ မဂ်ပေါက် ဖိုလ်ပေါက် ပေါက်သွား လို့။
အဲဒါကြောင့်မို့လို့ သီလဆောက်တည်တဲ့အခါမှာလဲ တရားနဲ့လျော် ညီစွာစောင့်မယ်ဆိုရင် အဲဒီဥပုသ်ဟာ အင်မတန်ထူးမြတ်တဲ့ အကျိုးရှိ တဲ့ ဥပုသ်အဖြစ်သို့ ရောက်သွားတယ်။ ဒါကြောင့် နေရာတကာမှာ တရားနဲ့ညီအောင် တရားဘက်လိုက်ပြီး ပြုမှုရောက်သွားအောင် ကုသိုလ် ပြုဖို့အရေးကြီးတယ်။
နေရာတကာမှာ တရားဘက်လိုက်ဖို့ အရေးကြီးတယ် လောကမှာ မေတ္တာဆိုတဲ့တရားဟာ အင်မတန်အရေးကြီးတယ်။ အဲဒီမေတ္တာဆိုတဲ့ တရားဟာ တကယ်ရှိရမယ်။ ဘုရားတပည့်ဖြစ်တဲ့ ဘုန်းကြီးတို့တစ်တွေ။ ဒကာဒကာမတစ်တွေ မေတ္တာတရားဟာ အခြဲတမ်းရှိရမယ်။ ဒေါသတရား ဟာ အမြဲတမ်းပယ်ရမှာ။ အကြောင်းမညီညွတ်လို့ဖြစ်ရင်လဲ ပယ်ရမှာ။
အဲဒီမေတ္တာတရားကို လေးလေးစားစားလိုက်နာရင် အိမ်ထောင် တစ်ခုမှာ ဘာမှပြဿနာမဖြစ်ဘူး အချင်းချင်း ပြေပြေလည်လည်နဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိကြရင် သီရိဂေဟာ ကျက်သရေရှိတဲ့ အိမ်ဂေဟာဖြစ်မှာပဲ1
ထို့တူပဲ ထို့ထက်တိုးပြီးတော့ သတိပဋ္ဌာန်အစရှိသော ဘာဝနာလေး တွေ ပွားများပြီးတော့ နေနိုင်ကြမယ်ဆိုရင် သာပြီးတော့ ဓမ္မရဲ့အကျိုး ခံစားရမှာ။ အဲဒါကြောင့်မို့လို့ လောကမှာဖြစ်စေး သာသနာမှာဖြစ်စေ။ လောကမှာလဲ အိမ်တစ်အိမ်။ အရပ်တစ်ရပ်။ လူ့ဌာန စသည်မှာ ကောင်းဖို့ ဆိုတာဟာ လူတွေတရားရှိဖို့ အရေးကြီးတယ်။
သာသနာမှာလဲ တူတူပဲ။ ကျောင်းတိုက်တစ်ခု ကောင်းဖို့ဆိုတာဟာ အဲဒီကျောင်းတိုက်မှာရှိတဲ့ ဘုန်းကြီး၊ ကိုရင်တွေ တရားရှိဖို့ အရေး
ကြီးတယ်။ တရားရှိရင် အဲဒီကျောင်းဟာ သာယာတာပဲ။ တရားရှိရင် အဲဒီအိမ်ဟာလဲ သာယာတာပဲ။ ဒါကြောင့် တရားအလိုရှိတဲ့လူဟာ ဘယ်လိုတရားမျိုးကို သိရမလဲ
လောကမှာ ကျူးလွန်ကြတယ်။ မကောင်းမှုပြုကြတယ်ဆိုတာ မသိ လို့ပြုတာထက် သိလျက်နဲ့ မနေနိုင်လို့ပြုတာတွေကများတယ်။ ဒီတော့ သိတဲ့အတိုင်း ဘုရားအလိုကျအောင် ပြုကြမယ်ဆိုရင် တရားအတိုင်း ကျင့်တဲ့လူချည်းပဲ။
တရားအတိုင်းကျင့်တဲ့ပုဂ္ဂိုလ်ဟာ ခုနပြောတဲ့ ပြဿနာတွေမရှိဘူး။ အားလုံး အေးချမ်းသာယာပြီးတော့ မိမိတို့ဆောင်ရွက်ရမယ့် လောကကိစ္စ။ ဓမ္မကိစ္စ သာသနကိစ္စ ကိစ္စတွေမှန်သမျှမှာ ချောချောမောမော စည်စည် ကားကား သာသာယာယာနဲ့ အောင်မြင်ပြီးမြောက်ခြင်းသို့ ရောက်ကြ တာချည်းပဲ။ ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က-
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ။
ဓမ္မစာရီ-တရားကိုကျင့်တဲ့ပုဂ္ဂိုလ်ကိုး ဓမ္မော-တရားတော်က။ ဟဝေ- စင်စစ်ဧကန်အမှန်ပင်၊ ရက္ခတိ-ပြန်လည်စောင့်ရှောက်တတ်ပါ၏
လောကမှာ တရားရဲ့အကာအကွယ် အစောင့်အရှောက်ကို ခံကြရ ရင် ချမ်းသာတာပဲ။ အဲသလို တရားရဲ့ အစောင့်အရှောက် ခံကြရဖို့ရာ မိမိတို့က တရားကိုကျင့်ရတယ်။ သူတော်ကောင်းတရားတွေကျင့်ရင် တရားက ပြန်စောင့်ရှောက်တာပဲ။
ဓမ္မော သုစိဏ္ဍော သုခ မာဝဟတိ။
သုစိဏ္ဍော-ကောင်းစွာကျင့်ကြံအပ်သေား ဓမ္မော-တရားသည်။ သုခံ- ချမ်းသာသုခကိုး အာ၀ဟတိ-ကောင်းစွာဆောင်ရွက်ပေးတတ်ပါပေ၏။
မိမိက တရားကျင့်ရင် အဲဒီတရားက မိမိကိုချမ်းသာအောင် ဆောင်ရွက်ပေးတယ်။ အဲဒါ ဘုရားရှင်ကိုယ်တော်မြတ် နှုတ်တော်ထွက်။ ဘယ်တော့မှမမှားဘူးး တကယ်မှန်တာ။ တရားသာ ကိုယ်ကကျင့်။ ကျင့်ရင် အဲဒီတရားက ဘယ်တော့မှမနေဘူး။ အလကားမဖြစ်ဘူး။ တရား ကျင့်တဲ့ ကိုယ့်တရားရှင်လေးကို သူက စောင့်ရှောက်ပေးတာပဲ။
ဒီဘဝချမ်းသာနဲ့လဲ စောင့်ရှောက်ပေးတယ်။ နောင်ဘဝချမ်းသာနဲ့လဲ စောင့်ရှောက်ပေးတယ်။ အရာအမျိုးမျိုးနဲ့ စောင့်ရှောက်ပေးတတ်တယ်။ အရာအမျိုးမျိုးနဲ့ စောင့်ရှောက်ပေးတတ်တယ်။ ဒါကြောင့်မို့လို့ ယနေ့ ဒီတရားပွဲမှာ မိမိတို့သာသနာကြီးမှာ ဝိနည်းတရားတော်ကြီးကို ယနေ့ ပူဇော်ကြရတယ်။ တရားပူဇော်သောအားဖြင့် တရားနဲ့လျော်တဲ့ ကုသိုလ် ကောင်းမှုတွေပြုရတယ်။ အားလုံး ဒါမိမိတို့ ချမ်းသာဖို့အကြောင်းချည်းပဲ။ မိမိတို့ ချမ်းသာဖို့သက်သက်လားဆိုတော့ မဟုတ်ဘူးနော်။ ကုသိုလ် ဆိုတာ မိမိချမ်းသာဖို့သက်သက် မဟုတ်ဘူး။ အများချမ်းသာဖို့လဲ ရှိ သေးတယ်။ လောကမှာ အများချမ်းသာဖို့ ကုသိုလ်ကောင်းမှုတွေ ပြုကြတဲ့အခါမှာ ကိုယ်လဲကုသိုလ်ရတာပဲ။ အများလဲချမ်းသာတာပဲ။ ကျောင်းဆောက်မှု။ တံတားဆောက်မှု၊ ဇရပ်ဆောက်မှု စသည်ဖြင့်ပေါ့လေ ထို့တူပဲ ဘုန်းကြီးတို့ သာသနာတော်ကြီး မကွယ်ဖို့အရေးကြီးတယ်။ သာသနဿစ လောကဿး ဝုနု ဘဝတု သဗ္ဗဒါ။
သာသနမ္ပွိစ လောကဉ္စ။
ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
သာသနဿစ-ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးစ် လည်း ကောင်းး' လောကိဿစ-ကမ္ဘာလောကကြီး၏ လည်းကောင်း၊ သဗ္ဗဒါ- အခါခပ်သိမ်း။ ဝနု -တစ်နေ့တခြား အကျိုးများဖို့ တိုးပွားဖြစ်ထွန်းခြင်း သည်။ ဘဝတု-ဖြစ်ပါစေသတည်း။
သာသနာတော်ကြီးရော။း လောကကြီးရော ကြီးပွားပါစေလို့ ဆုပတ္ထနာပြုရတယ်။
သာသနမ္ပိစ-ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကိုလည်းကောင်း၊ လောကဉ္စ-လောကကြီးကိုလည်းကောင်း၊ ဒေဝါ-နတ်အများတို့သည်။ ဒေဝါ-သမုတိနတ်ဆိုတဲ့ မင်းတွေး ဥပပတ္တိဆိုတဲ့ နတ်ဗြဟ္မာတွေး နတ် အပေါင်းတို့သည်။ သဗ္ဗဒါ-အခါခပ်သိမ်း။ ရက္ခန္တု။ ကောင်းစွာနေ့ည စောင့်ရှောက်ကြပါစေကုန်သတည်း။
သာသနာတော်ကြီး ကြီးပွားဖို့ကလဲ အရေးကြီးတယ်။ ဒီသာသနာ တော်ကြီး ကြီးပွားမှ ဘုန်းကြီးတို့သာသနာတော်က အကျိုးစီးပွားတွေ ခံစားသလို နောင်အခါလဲပဲ မိမိတို့သားစဉ်မြေးဆက် သာသနာတော်ကို ကိုးကွယ်တတ်၊ မြတ်နိုးတတ်၊ ကြည်ညိုတတ်1 သာသနာတော်ကို စောင့် ရှောက်တတ်လို့ ဒီသာသနာတော်ကြီး ကြီးပွားအောင် သူတို့ကဆက်လက် ပြီးတော့ ဆောင်ရွက်ကြမှာမို့လို့ သာသနာတော် ကြီးပွားဖို့ဟာ အရေး ကြီးတယ်။
ဒါကြောင့်မို့လို့ ယနေ့ပြုတဲ့ကုသိုလ်ဟာ သာသနာတော်ကြီးပွားဖို့ ဆိုတဲ့ အဲဒီရည်ရွယ်ချက်၊ မျှော်မှန်းချက်ပါလို့။ မျှော်မှန်းချက်က အင်မတန် ကောင်းတယ်။ အရှည်အကျိုးမျှော်ပြီးတော့ မျှော်မှန်းချက်ထားရမယ်။ အဲသလို စိတ်ထားလေးတွေ အစဉ်တစိုက် ရင်ထဲကိန်းအောင်နေမယ် ဆိုရင် ယနေ့ထိအောင် သာသနာတော်ကြီး မပျောက်တော့ဘူး။ နောင် အခါလဲ ဘုန်းကြီးစုိ့သာသနာတော်ကြီး ပျောက်မှာမဟုတ်ဘူး
ဒါကြောင့် သာသနာတော်ကြီးပွားအောင်ဆိုတဲ့ အဲသလိုရည်ရွယ်ချက်။ မျှော်မှန်းချက်နဲ့ ရှိကြရတယ်။ ဒါကြောင့် ယနေ့ မိမိတို့သာသနာတော် ကြီး ကြီးပွားအောင် တစ်ဖက်တစ်လမ်း ကိုယ်စီကိုယ်င ကိုယ့်အင်အား အလျောက် ချီးမြှေ့က်ကြတယ်။ စောင့်ရှောက်ကြတယ်။ ဒါဟာ အစဉ်သဖြင့် အားကိုးရမယ်။ မြန်မာပြည်ကြီး ဂုဏ်ယူရမယ့် အထိမ်းအမှတ် မှတ်တိုင်ကြီး မပျောက်အောင် စောင့်ရှောက်ခဲ့တယ်လို့ တွေးပြီးတော့ အဲဒီသာသနာတော်ကြီး မပျောက်အောင် နှစ်စဉ်နှစ်စဉ် ဒီလိုပဲ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး တိုးပွားအောင် ကြိုးစားအားထုတ်နိုင်ဖို့ အရေး ကြီးတယ်။
ကထိန်ပွဲတော်ကြီးနဲ့ စာပြန်ပွဲတော်ကြီး အခုလိုပဲ သာသနာနဲ့ ပတ်သက်ပြီးတော့ သာသနာတော်ကြီးပွားရေး အားပေးတဲ့ ကုသိုလ်ဆိုတယ်။ အဲဒီကုသိုလ်ကို မိမိတို့ ဆောင်ရွက်ခဲ့ကြရတယ်။ ဆောင်ရွက်ခဲ့ကြတာ နှစ်တိုင်းအောင်မြင်သလိုပဲ။ ဒီနှစ်လဲ အောင်မြင်ခဲ့ ကြတယ်။ အင်မတန်၀မ်းသာစရာကောင်းတယ်။
တေသဋ္ဌိဝါရာ ဝိနယ။ သဘာ သာသန သောဘဏီ။
အနုဂ္ဂဟေန သာဓူနံ။ အဟောနိဋ္ဌ ဥပါဂမိ။
သာသနသောဘဏီ-ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကို တင့်တယ် စေတတ်သော တင့်တယ်အောင်ဆောင်ရွက်ပေးတတ်သေား တေသဋ္ဌိ ဝါရာ-၆၃-ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်သေား အယံ ဝိနယသဘာ-ဤဝိနည်း ပွဲသဘင်တော်ကြီးသည်။ သာဓူနံ-သူတော်ကောင်းဖြစ်ကြသော စာပြန်ပွဲ ကို စီစဉ်ကြတဲ့ဆရာတော်တွေ။ စာပြန်ဆိုကြတဲ့ သံဃာတော်တွေ တို့ စာပြန်ပွဲ ပြန်ဆိုနိုင်ကြအောင် ချီးမြှေက်ကြတဲ့ ဒကာဒကာမ နှစ်ဖက် သူတော်ကောင်းဖြစ်ကြတဲ့ ပုဂ္ဂိုလ်တို့၏။ အနုဂ္ဂဟေန--ပစ္စည်းကုန်မှာလဲ မစိုးရိမ်။ ကိုယ်ပင်ပန်းမှာကိုလဲ မစိုးရွံ့ တွန့်ဆုတ် အားထုတ်ကြိုးပမ်း ခြင်းကြောင့်၊ နိဋ္ဌံ-အန္တရာယ်ကင်း ရန်စွယ်ရှင်းဤ ကောင်းခြင်းအပုံပုံ ပြည့်စုံမယွင်း ပြီးမြောက်အောင်မြင်ခြင်းသို့၊ ဥပါဂမိ-ဤနှစ် ဤအချိန် ဤအခါသမယဥိ လုံးဝပြီးမြောက်ခြင်းသို့ ဆိုက်ရောက်ခဲ့ပါပေပြီး အဟော-သာသနာတော်ရဲ့အကျိုး မိမိတို့ရဲ့အကျိုး အကျိုးနှစ်မျိုးတိုးပွား ဖို့ရာ အလွန်အခွင့်သာသဖြင့် လွန်စာလေးစားအပ် ကောင်းမြတ်လှပါပေစွ တကား 1
(၆၃)ကြိမ်မြောက် ဝိနည်းစာပြန်ပွဲသဘင်ကြီး ပြီးမြောက်အောင် ယနေ့ ဆောင်ရွက်နိုင်ကြသလို အဲသလိုပဲ နောင်လဲ ဒီလိုပဲ သာသနာ့ တာဝန် တို့တာဝန်၊ သာသနာ့အရေး တို့အရေး။ သာသနာ့ကိစ္စ တို့ကိစ္စ လို့ ကောင်းမြတ်တဲ့ရည်ရွယ်ချက် ထားကြကုန်လျက် အောင်မြင်ပြီး မြောက်အောင် ဤသို့ပင် ကြိုးစားအားထုတ်နိုင်ကြပါစေ။ ကြိုးစားနိုင် အောင်လဲ အသက်ရှည်ကြ ကျန်းမာကြပါစေ ချမ်းသာကြပါဇစေလို့ ဘုန်းကြီးက သံဃာ့ကိုယ်စား မေတ္တာပတ္ထနာပြုလိုက်ရပါပေသတည်း။
(သာဓု သာဓု သာဓု)
၁၉၉၁-ခုနှစ်။ ဇွန်း ဇူလိုင်း သြဂုတ်လထုတ် ရတနာမွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၄) ရဟန်းခံရှင်ပြုတရား
ယနေ့ မိမိတို့သားကလေးတွေ သာသနာ့ဘောင်ရောက်အောင် ချီးမြွောက်ကြရတယ်။ ချီးမြွောက်လိုက်ကြရတော့ သာသန ဒါယာဒ- သာသနာ့အမွေခံကြရတယ်လို့ အဲသလိုဆိုတယ်။ သာသနဒါယာဒ - သာသနာ့အမွေခံတယ်ဆိုတာ ဘာတုံး။
သာသန ဒါယောဒေါတိ သာသနဿ
အဗ္ဘန္တ ရော ဉဥာတကော
သာသနဒါယာဒေါတိ-သာသနာ့ဒါယာဒဆိုသည်မှာ သာသနဿ- သာသနာတော်မြတ်၏။ အဗ္ဘန္တရော-အတွင်းကျသေား ဥာတကော-ဆွေမျိုး ပင်တည်းလို့ ဋီကာဆရာများက ဖွင့်ကြတယ်။
အဲဒီတော့ သာသနဒါယာဒ-သာသနာ့အမွေဆိုတာ တခြားမဟုတ် ဘူး။ သာသနာတော်ရဲ့ အတွင်းကျတဲ့ဆွေမျိုးအဖြစ် ရောက်သွားတယ်လို့ ဆိုတယ်။ ရှေးတုန်းက ကိုယ့်သားလေးတွေ ကျောင်းမှာမရှိရင် ကျောင်း တယ်မရောက်ချင်ဘူး။ ကိုယ်.သားလေးတွေ ကျောင်းမရှိခင်တုန်းက လှူတယ် တန်းတယ်ဆိုပေမယ့် သိပ်ပြီးတော့ များများစားစား မလှူ ဖြစ်သေးဘူး။
သားလေးတွေ ကျောင်းမှာရှိပြီလို့ဆိုရင် ကျောင်းရောက်တတ်ကြ တယ်။ သားလေးတွေကျောင်းရှိပြီဆိုရင် ဟိုဟာလေး ဒီဟာလေး လှူဖြစ် သွားတယ်။
ပြီးတော့ သားလေးတွေ ကျောင်းရှိနေပြီဆိုရင် အဲဒီသားလေးတွေ
အကြောင်းပြုပြီးတော့ ကျောင်းမှာကုသိုလ်ပြုစရာ အရေးအခင်းကြုံလာ တဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာ ကုသိုလ်ပါဝင် ဆောင်ရွက်တတ်တယ်။
အဲဒီတော့ သားလေးတွေအကြောင်းပြုပြီးတော့ လှူဖြစ်တယ်။ တန်းဖြစ်တယ်။ ကျောင်းရောက်တယ်။ ကျောင်းကိစ္စတွေ ဆောင်ရွက် ဖြစ်တယ်။
ဒါကြောင့်မို့လို့ သာသနဒါယာဒေါတိ သာသနဿ အဗ္ဘန္တရော ဥာတကော။ ဒါယာဒဆိုသည်မှာ သာသနာတော်၏ အတွင်းကျတဲ့ ဆွေမျိုးပဲလို့ ဆိုတယ်
အဲဒါကြောင့် သာသနဒါယာဒဆိုတာ သာသနာတော်နဲ့ ရင်းနှီး။ သာသနာတော်နဲ့ ဆွေမျိုးတော်သွားတယ်လို့ ဆိုလိုတဲ့ အဓိပ္ပာယ်ပဲး ဘုန်းကြီးတို့လောကမှာ သာသနာတော်နဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်၊ မရင်းနှီးတဲ့ ရပ္ပါလ်ရယ်လို့ရှုထယ်း
သာသနာတော်နဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်က သာသနာတော်မှာရှိကြတဲ့ သံဃာတော်တွေနဲ့ အကျွမ်းတဝင်ဖြစ်ကြတယ်။ အကျွမ်းတဝင်ဖြစ်ကြ တော့ ဘာဖြစ်တုံးဆိုရင် သံဃာတော်တွေက အဲဒီ ဒကာဒကာမတွေ အိမ်ကို ကပ်ချင်တယ်။
အဲဒီ ဒကာဒကာမတွေရဲ့အိမ်ကိုသာ ဆွမ်းစားဘွားချင်တယ်။ အဲဒီ ဒကာဒကာမတွေအိမ်ကိုသာ ဆွမ်းခံသွားချင်တယ်
ဝိဿသပရမာဥာတိ။
ဥာတိ-ဆွေမျိုးဟူသည်။ ဝိဿသပရမာ-အကျွမ်းဝင်ခြင်းသည်လျှင် အလွန်အမြတ်ရှိပါပေ၏။
လောကမှာ ပြောလေ့ရှိကြတာ ခင်ရာဆွေမျိုးတဲ့) အဲဒီတော့ ခင်မင် မှ အကျွမ်းတဝင်ဖြစ်မှ ရဟန်းသံဃာတော်ဟာ အဲဒီအိမ်ကို ဝင်ချင် ကြ။ ထွက်ချင်ကြ။ ဆွမ်းခံချင်ကြ၊ အဲဒီအိမ်မျိုးကို ဆွမ်းစားသွားချင် ကြတယ်။
အဲဒီတော့ အကျွမ်းဝင်ခြင်းကြောင့် သံဃာတော်တွေဟာ ဒီလိုအိမ် မျိုးကို ကြွချင်တာဖြစ်တော့ အဲဒီအကျွမ်းဝင်ခြင်းကြောင့်ပဲ မိမိတို့မှာ
အကျိုးရှိကြတယ်နော်။
သာသနာ့ဆွေမျိုးဆိုတဲ့ သဘောကလဲ ဒီသဘောမျိုးပါပဲ။ ဒါကြောင့် ဥာတိ-ဆွေမျိုးမည်သည် ဝိဿသပရမာ-အကျွမ်းဝင်ခြင်းလျှင် အလွန်ရှိပါပေ၏။
ဒါနဲ့စပ်ပြီးတော့ အကျွမ်းဝင်ပုံလေးတစ်ခု ဘုန်းကြီးက နည်းနည်း ပြောချင်သေးတယ်။
ဘုန်းကြီးတို့ ကဿပဘုရားရှင်လက်ထက်တုန်းက။ ဃယဋိကာရ” အိုးထိန်းသည်ကြီးဆိုတာရှိတယ်။ အဲဒီ ဃဋိကာရအိုးထိန်းသည်ကြီးဟာ မျက်မမြင်ဖြစ်ကြတဲ့ မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ အိုးထိန်း သည်ကြီး၊ သာမန် အိုးထိန်းသည်ကြီးလဲ မဟုတ်ဘူး။ အနာဂါမ်ကြီး၊
ပြီးတော့ အိုးထိန်းသည်သာဆိုတယ် သူက ရွှေငွေပိုက်ဆံကိုင်ကာ မဟုတ်ဘူး။ ရွှေငွေပိုက်ဆံနဲ့လဲ အိုးတွေလုပ်ပြီး ရောင်းတာမဟုတ်ဘူး။ မြေတွေဘာတွေလဲ တူးတာမဟုတ်ဘူး။ ဟိုက အရန်သင့်ရှိတဲ့ ကြွက်ကျစ် စာတွေ ဘာတွေ။ အဲသလိုအတုံးတွေ လျှောက်ယူပြီးတော့ အိုးလုပ်ပြီး တော့ အိုးဖုတ်။ အိုးဖုတ်ပြီးတော့ အဲဒီအိုးကို သူ့အိမ်ရှေ့မှာချထားတာ။
အဲဒီအိုးကို လိုချင်တဲ့သူက ပဲနဲ့လာလဲယူ1 ဆန်နဲ့လာလဲယူ အဲသလို ယူသွားကြတာ။ ရွှေငွေလဲမကိုင်ဘူး။း သူကဆယ်ပါးသီလမြဲတယ်။ အရောင်းအဝယ်လဲ တိုက်ရိုက်မလုပ်ဘူး။ သူလုပ်ထားတဲ့အိုးတွေ ဒီအတိုင်း ထားတာပဲ လူတွေကလာပြီးတော့ ပဲနဲ့လဲ။ ဆန်နဲ့လဲ အဲသလိုလဲယူသွား တယ်။ အနာဂါမ်
အနာဂါမ်ဖြစ်တော့ နေ့လွဲညစာ မစားဘူး။ တစ်ထပ်စာသာ စား တယ်။ အဲသလို လောကမှာနေပေမယ့် မိဘနှစ်ပါးတာဝန်ကြီးရှိလို့ ရဟန်း မပြုနိုင်တာတစ်ခုပဲ ရဟန်းသာမဏေနဲ့ မထူးဘူး။ ရွှေငွေလဲမကိုင်ဘူး။
အိုးတွေရောင်းတယ်ဆိုပေမယ့် တိုက်ရိုက်လဲရောင်းတာမဟုတ်ဘူး။ မိဘနှစ်ပါးလုပ်ကျွေးဖို့။ လှူဖို့တန်းဖို့ ဒီအတွက်သာ သူအိုးတွေလုပ်ပြီး တော့ ဒီအတိုင်းထား။ လူတွေက တန်ရာတန်ဖိုး ပစ္စည်းတွေလာချ ပြီး တော့ယူသွား။
အဲသလို ဃဋိကာရအိုးထိန်းသည်ကြီးဟာ။ အနာဂါမ် အိုးထိန်းသည် ကြီးဟာ ဒီလိုပဲ သူ လောကအတွက် ဆောင်ရွက်တယ်။
ပြီးတော့ ကဿပ ဘုရားရှင်ကိုယ်တော်မြတ်နဲ့လဲ အင်မတန်ပဲ ရင်းနှီးတယ်လို့ဆိုတယ်။ ကဿပဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဒကာ ကြီးပေါ့လေး အင်မတန်ရင်းနှီးတဲ့ ဒကာကြီး၊
ဘစ်နေ့ကျတော့ ကဿပဘုရားရှင် ကိုယ်တော်မြတ်ဟာ အိမ်ကို ကြွလာတယ်။ ဃဋိကာရ အိုးထိန်းသည်ကြီးရဲ့ အိမ်ကိုက္ပြလာတယ်။ အိမ်ကိုက္ပြလာတော့ ဃဋိကာရအိုးထိန်းသည်ကြီးက မရှိဘူး။ မျက်မမြင် ဖြစ်တဲ့ မိဘနှစ်ဦးသာ ရှိတယ်။ အိမ်ရောက်တဲ့အခါကျတော့ ကဿပ ဘုရားရှင်ကိုယ်တော်မြတ်က မိဘတွေကို ဘယ့်နှယ်တုံး ဘဂ္ဂ္ဝ။ ဃဋိကာရအိုးထိန်းသည် ဘယ်သွားသတုံးဆိုတော့ အပြင်ထွက်သွားဝါ တယ်ဘုရား၊ အိုးထဲမှာထမင်းရှိပါတယ်ဘုရား၊ ဟင်းရှိပါတယ်ဘုရား၊ အရှင်ဘုရားအလိုရှိသလို ဘုဉ်းပေးသွားပါဘုရားလို့ လျှောက်တယ်
ကဿပဘုရားရှင် ကိုယ်တော်မြတ်ဟာ မီးဖိုထဲဝင်ပြီးတော့ ဆွမ်း အိုးထဲကဆွမ်းကို ခပ်ယူထည့်ပြီးတော့ ဟင်းအိုးထဲကဟင်းကိုလဲ ခပ်သိမ်း ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ဒီမှာပဲ ဘုဉ်းပေးပြီးတော့ ပြန် ကြြဲသွားတယ်။
အဲဒီတော့ ဃဋိကာရ အိုးထိန်းသည်ကြီးက ပြန်လာတဲ့အခါကျတော့ ထမင်းအိုးထဲမှာလဲ ထမင်းမရှိ။ ဟင်းအိုးထဲမှာလဲ ဟင်းမရှိဆိုတော့ မိဘတွေကို မေးတယ်။
ဟင်းအိုးထဲမှာလဲဟင်းမရှိ။ ထမင်းအိုးထဲမှာလဲ ထမင်းမရှိပါလား။ ဘယ်သူလာသွားသလဲလို့ အဖေအမေတွေကို မေးတဲ့အခါကျတော့ အေး-ငါ့သားရဲ့ဆရာ ကဿပရှင်တော်မြတ်ဘုရား ကြွလာတော်မူခဲ့တယ်။ ကဿပရှင်တော်မြတ်ဘုရားဟာ အဲဒီဆွမ်းတွေ ဟင်းတွေ ဘုဉ်းပေးတော် မူပြီးတော့ ကြွသွားတော်မူတယ်ဆိုတော့ ဝမ်းသာလိုက်တာတဲ့။ ဘယ် လောက်ကြာတုံးဆိုရင် လခွဲပတ်လုံးဝမ်းသာလိုက်တား မိဘတွေကလဲ ဒီလိုပဲတဲ့ ခုနစ်ရက်ပတ်လုံး ဝမ်းသာလိုက်တာတဲ့။
နောက်တစ်နေ့ကျတော့ တစ်ခါ ဃဋိကာရ အိုးထိန်းသည်ကြီး အပြင်ထွက်သွားခိုက် ကဿဟဘုရားရှင်ကိုယ်တော်မြတ် ကြွတော်မူလာ ပြန်တယ်။ ကြွတော်မူလာတော့ မိဘတွေက ရှေးနည်းအတိုင်းပဲ ဃဋိကာရ သားတော့ အပြင်ထွက်သွားပါတယ်ဘုရား၊ ဟိုတောင်းထဲမှာ မုယောမုန့် တွေ ရှိပါတယ်။ ဟင်းအိုးထဲမှာလဲ ဟင်းတွေရှိပါတယ်။ အဲဒါ အရှင်ဘုရား ဘုဉ်းပေးသွားပါလို့ လျှောက်ထားတယ်
အဲဒါနဲ့ ကဿပဘုရားရှင် ကိုယ်တော်မြတ်က မုန့်တောင်းထဲက မုန့်တွေနှိုက်ထည့်' ဟင်းအိုးထဲကဟင်းတွေ နှိုက်ထည့်။ ထည့်ပြီးတော့ ဘုဉ်းပေးသွားတယ်။
အဲသလိုဘုဉ်းပေးပြီး ကြွသွားတော့ ဃဋိကာရ အိုးထိန်းသည်ကြီး ပြန်ရောက်လာဇာယ်ဆိုရင်ပဲ ခုနပြောသလိုပဲမေးတော့ ဘုရားရှင်ကိုယ်တော် မြတ် ဘုဉ်းပေးသွားကြောင်းပြောကြတော့ ဒီအခါလဲပဲ နှစ်သက်လိုက်တာ။ ၀မ်းသာလိုက်တာတဲ့
သြော်-ငါက အင်မတန် အရတော်လှပါပေစွး ဘုရားရှင်ကိုယ်တော် မြတ်နဲ့ ငါဟာ ဒီလောက်ရင်းရင်းနှီးနှီး အကျွမ်းတဝင် ဖြစ်ပါပေစွ ဆိုပြီးတော့ ဝမ်းသာလွန်းလို့ ဒီဝမ်းသာမှုပီတိဟာ လခွဲပဟ်လုံး မပြေဘူး။ မိဘတွေလဲ အတူတူပဲ။ အဲဒီ၀မ်းသာမှုဟာ ခုနစ်ရက်ကြာအောင် မပြေ ဘူးတဲ့။ ဘယ်လောက် ၀ဝမ်းသာတယ်ဆိုတာတော့ မပြောနဲ့တော့
အဲဒါနဲ့ နောက်တစ်ခါကျတော့ ဘာကြံုံလာရတုံးဆိုတော့ ကဿပ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဂန္ဓကုဋိတိုက်ရဲ့ တစ်နေရာမှာ နည်းနည်း ပေါက်နေတယ်။ ပေါက်နေတော့ ရဟန်းတော်တွေကို ဘုရားရှင် ကိုယ်တော်မြတ်က ခိုင်းတယ်။
သရိယာရအိမ် သွားကြယ္ခ်ကြ မြက်ရှိရပ် ယူခဲ့သြက္ငယ်' ဒါနဲ့ ရဟန်းတော်တွေက သွားကြည့်တော့ မြက်မတွေ့ဘူး။ မတွေ့တော့ ပြန် လာပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။
မြတ်စွာဘုရား ဃဋိကာရအဆိုးထိန်းသည်ရဲ့ အိမ်ဝင်းထဲမှာ မြက်တော့ မတွေ့ဘူး။ အိမ်မိုးထားတဲ့မြက်ပဲ ရှိပါတယ်ဘုရားလို့ လျှောက်ထားတော့
အေး-သွားကြ။ သွားကြ၊ အဲဒီမိုးထားတဲ့မြက်ကိုပဲ ယူခဲ့လို့ ဘုရားရှင် ကိုယ်တော်မြတ်က ခိုင်းတယ်။ ခိုင်းတော့ ရဟန်းတွေကသွားပြီးတော့ အမိုးဖျက်ကြတယ်။
ဖျက်ကြတော့ မျက်မမြင်မိဘနှစ်ပါးက ဟေ့-ဘယ်သူတွေတုံး။ အမိုး ဖျက်နေကြတာ ဘယ်သူတွေတုံးဆိုတော့။ ရဟန်းတွေဆိုတော့ ဘာလုပ် မလို့ ဖျက်ကြတာတုံးဘုရားဆိုတော့ ကဿဟဘုရားရှင် ကိုယ်တော် မြတ်က ဂန္ဓကုဋိ နည်းနည်းပေါက်နေလို့ ဂန္ဓကုဋိမိုးဖို့ဆိုပြီးတော့ ဒီအိမ်က မြက်ကို ယူခိုင်းလို့ လို့ပြောကြတော့။ ကဲ ဒါဖြင့် ယူကြ၊ ယူကြပါ ဘုရားလို့ လျှောက်ကြတယ်။
သူတို့ကလဲ ဝမ်းသာကြတာပဲ။ အဲဒါနဲ့ နောက်ကျတော့ ဃဋိက..ရ အိုးထိန်းသည်ကြီးပြန်လာတော့ အိမ်ကြီးအမိုးမရှိဘဲမြင်ရတော့ မိဘတွေ ကိုမေးတယ်။ ဘယ်နှယ့် အိမ်အမိုးလဲမရှိပါလား။ ဘယ်လိုဖြစ်တာတုံး ဆိုတော့။ ငါ့သားရဲ့ဆရာ ကဿဘုရားရှင် ကိုယ်တော်မြတ်ခိုင်းလို့တဲ့ ရဟန်းတော်တွေ လာပြီးတော့ အိမ်အမိုးဖျက်ပြီးတော့ ယူသွားကြတယ် ဆိုတော့ ဝမ်းသာလိုက်တာ။ သိဝ်ဝမ်းသာသွားတာပဲတဲ့။
မိဘတွေလဲ၀မ်းသာ။ ဃဋိကာရ အိုးထိန်းသည်ကြီးကလဲ ဝမ်းသာ။ သြော်-ငါဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ ဒီလောက်ထိ အကျွမ်း ဝင်ရပေတယ်ဆိုပြီးတော့ ဝမ်းသာလွန်းလို့။ အဲဒီ၀မ်းသာမှုဟာ လခွဲလုံးလုံး တစ်ဆယ့်ငါးရက်လုံးလုံး မပြေဘူးတဲ့ ၀ဝမ။ သာလိုက်တာ။
သူ့ရဲ့၀မ်းသာမှုအရှိန်အဝါဟာ ဘယ်လောက်ကြီးတုံးဆိုရင် ဘုရား ရှင် ကိုယ်တော်မြတ်အပေါ်မှာ အင်မတန် ကြည်ညိုလေးမြတ်ပြီးတော့ အိမ်အမိုးဖျက်တာတောင်မှ ၀မ်းသာဆဆုံးဖြစ်တဲ့ ဃဋိကာရ အိုးထိန်း သည်ကြီးရဲ့ ဂုဏ်ရှိန်ဝါဟာ ဘယ်လာက် ကြီးကျယ်တုံးဆိုရင် အဲဒီ သူ့အိမ်ဟာ အမိုးမရှိဘဲနဲ့ မိုးမစိုဘူးတဲ့1
မိုးတွင်း ဘယ်လိုမိုးရွာရွာ အိမ်အောက် မိုးစက်မကျဘူးတဲ့။ အမိုး မရှိဘဲနဲ့ မိုးလုံနေတယ်။ ဒါ သူရဲ့ အင်မတန်ထူးခြားတဲ့ အရှိန်အဝါနော်။
ဒါကြောင့်-
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိ။ံ
ဓမ္မစာရိ။ တရားကိုကျင့်တဲ့ ပုဂ္ဂိုလ်ကိုး ဓမ္မော-တရားက၊ ရက္ခတိ- စောင့်ရှောက်ပါပေ၏လို့ ဆိုတယ်။
ဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ် အပေါ်မှာ အင်မတန် ကြည်ညိုလေးမြတ်လို့ ဘုရားရှင်ကိုယ်တော်မြတ်က အိမ်အမိုးဖျက်သည် ထိအောင် မြက်တွေယူတာကိုပဲ အင်မတန်ဝမ်းသာနေတယ်။
ဒါ ဘုရားရှင်ကိုယ်တော်မြတ်နဲ့ အကျွမ်းဝင်တာ။ အဲသလို ဘုရားရှင် ကိုယ်တော်မြတ်နဲ့ အကျွမ်းဝင်တဲ့အတွက် ဖြစ်တဲ့ပီတိတွေ။
နောက်ဆုံးတော့ ဃဋိကာရ အိုးထိန်းသည်ကြီးဆိုတာ အနာဂါမ်။ အနာဂါမ်ဆိုတာ ဒေါသမရှိဘူး။ ဒေါသမရှိတော့ သာမန်ပုဂ္ဂိုလ်လာပြီး တော့လုပ်တာတောင် သူ့မှာ စိတ်ဆိုးမှုတော့ ရှိမှာမဟုတ်ပါဘူး။
အခုလို ဘုရားရှင်ကိုယ်တော်မြတ်ဆိုတော့ သာပြီးတော့တောင် ၀မ်းသာတာပေါ့ 0 ပီတိသောမနဿ အရှိန်အဟုန်ဟာ မကုန်ဘူးတဲ့။ သိပ်၀မ်းသာ သိပ်ပျော်ရွှင်နေတယ်။
လောကမှာ တကယ်ဝမ်းသာပြီဆိုရင်တော့ ဒီလိုပဲပေါ့နော်။ ကချို့ ပျော်လွန်းလို့ ထမင်းမစားဘဲ နေနိုင်တယ်ဆိုတာ။ ထမင်းတောင် မစား ချင်ဘူးဆိုတာ လောကမှာလဲရှိတယ်
အဲဒါလိုပဲ အင်မတန်ပျော်တော့ ထမင်းတောင်မစားဘဲ နေနိုင်တယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်နဲ့ အင်မတန်ရင်းနှီးတဲအတွက် ဖြစ်ရတဲ့ ကုသိုလ်အရှိန်အဝါ။
အဲဒီကုသိုလ်အရှိန်အဝါဟာ ဘယ်လောက်ကြီးတုံးဆိုရင် ခုနပြော သလို မိုးဘယ်လောက်ရွာရွာ ဟာလာ ဟင်းလင်းကြီးက မိုးပေါက် အောက် မကျဘူး။ မိုးလုံလျက်ပဲတဲ့1
အဲသလောက် အကျွမ်းဝင်လို့ပဲ ကဿပဘုရားရှင် ကိုယ်တော်မြတ် ကြီးကလဲပဲ ဘယ်လောက်ငဲ့ညှာတုံး။ သူ့ဒကာကို ဘယ်လောက်ငဲ့ညှာ တုံးဆိုတော့ တစ်ခါတုန်းက ဗာရာဏသီပြည်က ကိကီမင်းကြီးက ကဿတအဆုရားရှင်ကိုယ်တော်မြတ်ကို ဆွမ်းစားပင့်တယ်။ အဲဒါနဲ့ ဘုရား
ရှင်ကိုယ်တော်မြတ် သံဃာတော်တွေနဲ့ ကြွပြီးတော့ ဆွမ်းဘုဉ်းပေးတယ်။
ဆွမ်းဘုဉ်းပေးပြီးတဲ့အခါကျတော့ကာ ကိကီမင်းကြီးက လျှောက်ထား တယ်။ “မြတ်စွာဘုရား တပည့်တော်ရဲ့ ဒီဗာရာဏသီပြည်မှာ မြတ်စွာ ဘုရား ဝါကပ်တော်မူပါဘုရား၊ တပည့်တော်များ ဘုရားရှင်ကိုယ်တော် မြတ်ကို ပူဇော်ချင်ပါတယ်။ လုပ်ကျွေးချင်ပါတယ် လို့ လျှောက်ထားတဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က မင်းကြီး၊ တို့လက်ခံထား တာရှိနေပြီ လို့ မိန့်ကြားတော်မူတယ်။
ဒါနဲ့ နှစ်ကြိမ်လျှောက် ဒီအတိုင်းပဲ မိန့်တော်မူတယ်။ သုံးကြိမ် လျှောက် ဒီအတိုင်းပဲ မိန့်တော်မူတယ် ဒီတော့မင်းကြီးက အရှင်ဘုရား၊ တပည့်တော်လို ရှင်ဘုရင်တစ်ဦးထက်သာပြီးတော့ ပြုစုစောင့်ရှောက်နိုင် မယ့် ပုဂ္ဂိုလ်ရယ်လို့ ရှိနိုင်အုံမလားဘုရား၊ ဘယ်သူကများ ပင့်ထားလို့ ဘုရားရှင်ကိုယ်တော်မြတ်က လက်ခံဝြီးပြီလို့ မိန့်တော်မူရသလဲ ဟု လျှောက်ထားတဲ့အခါကျတော့ အဲဒီတင် ဃဋိကာရ အိုးထိန်းသည်ကြီးရဲ့ုဏ်ကျေးဇူးတွေကို ကဿပဘုရားရှင် ကိုယ်တော်မြတ်က မိန့်ကြားတော် မူခဲ့တယ်။
မင်းကြီး-အခုမင်းကြီးဟာ ငါဘုရားကိုပင့်တော့ အသင်မင်းကြီး ဟာ မရဘူး။ မရတော့ အသင်မင်းကြီး စိတ်မချမ်းမသာဖြစ်တယ်။ တို့ လက်ခံထားတဲ့ တို့ဒကာ ဃဋိကာရ အိုးထိန်းသည်ကြီးဆိုတာ စိတ် မချမ်းသာမှု။ စိတ်ပျက်မှု။ စိတ်ညစ်မှုဆုံတာ မရှိဘူး။ သူဟာ အမြဲတမ်း ရွှေငွေကိုပယ်တယ်။ ဘုရားကိုးကွယ်ရာဟူရဤ ဆည်းကပ်တယ်။ တရား ကိုးကွယ်ရာဟူဤ ဆည်းကပ်တယ်။ သံဃာကိုးကွယ်ရာဟူဤ ဆည်းကပ် တယ် တစ်ထပ်သာစားပြီးတော့ နေ့လွဲညစာ ရှောင်တယ် အောက်ကာမ ဓာတ် လည်စေတတ်တဲ့ သံယောဇဉ်တရားတွေ ပယ်ရှားပြီးဖြစ်တယ်။ သူဟာ မျက်မမြင်ဖြစ်တဲ့ မိဘနှစ်ပါးကို တရားနည်းလမ်းကျကျဖြင့် လုပ်ကျွေး စောင့်ရှောက်ပြုစုတယ်” ဆိုတဲ့အကြောင်း ဃဋိကာရ အိုးထိန်း သည်ကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို ပြောပြတယ်။
အဲသလိုပြောပြပြီးတော့ ကဿပဘုရားရှင် ကိုယ်တော်မြတ်ဟာ
ဗာရာဏသီ ကိကီမင်းကြီးရဲ့ လျှောက်ထားချက်ကို လက်ခံတော်မမူဘူး။ ပယ်တော်မူခဲ့တယ်။ အဲဒါ ဝိဿာသ အကျွမ်းဝင်မှုနော်။
နောက်ကျတော့ ကိကီမင်းကြီးကလဲ အင်မတန်ဝမ်းသာလွန်းလို့ လှည်းအစီးပေါင်းများစွာတိုက်တဲ့ ပဲတွေး ဆန်တွေ ဘာတွေ ညာတွေ။ ပစ္စည်းတွေပေါ့လေ ပို့တယ်။ ပို့ပေမယ့် ဃဋိကာရ အိုးထိန်းသည်ကြီး ဟာ လက်မခံဘူး။ အရှင်မင်းကြီးတို့မှာ ကုန်စရာကျစရာကိစ္စတွေ များပါ တယ်။ ကျွန်တော်မျိုးမှာ ပြည့်စုံပါတယ်ဆိုပြီး လက်မခံဘူး။ သူ့ကိုယ်နဲ့ ရင်းနှီးပြီးရတဲ့ ပစ္စည်းဥစ္စာနဲ့သာ ဘုရားရှင်ကိုယ်တော်မြတ်နဲ့ သံဃာတော် တွေကို လှူတယ် တန်းတယ်။ အဲဒါကြောင့်မို့လို့ တချိန်က ဘုရားရှင် ကိုယ်တော်မြတ်နဲ့ ဃဋိကာရ အိုးထိန်းသည်ကြီးဟာ ဘယ်လောက် ရင်းနှီးတယ်။ ရင်းနှီးတဲ့အတိုင်းပဲ ကဿပဘုရားရှင် ကိုယ်တော်မြတ် ကြီးကလဲ ကိကီမင်းကြီးကိုတောင် အရေးမစိုက်ဘဲနဲ့ ဃဋိကာရ အိုးထိန်း သည်ကြီးအပေါ်မှာ ဘယ်လောက်ထောက်ထား ညှာတာတယ်ဆိုတာ ဘုန်းကြီးတို့ကျမ်းဂန်မှာ အထင်အရှား။
ဒါကြောင့်မို့လို့ အကျွမ်းဝင်မှုဆိုတာ အင်မတန်အရေးကြီးတယ်။ အကျွမ်းဝင်မှ ဆွေမျိုးတဲ့။
ဝိဿာသပရမား ဉာတိ ဆွေမျိုးဟူသည်မှာ ဝိဿသပရမာ-အကျွမ်း တဝင် ခင်မင်ခြင်းလျှင် အလွန်အမြတ်ရှိပါပေ၏။
အဲသလို ကျမ်းဂန်များမှာ ဆိုထားတယ်။ ဒါကြောင့်မို့လို့ အကျွမ်း ဝင်မှုဆိုတာ အင်မတန်အရေးကြီးတယ်။ သာသနာနဲ့ အကျွမ်းဝင်ပြီး ရဟန်း သာမဏေတွေနဲ့ အကျွမ်းဝင်ကြပြီဆိုရင် အဲဒီ အကျွမ်းဝင်မှု အကြောင်းပြုပြီးတော့ အဲဒီ ဒကာ ဒကာမအိမ်ကို ဘုန်းကြီးတွေ။ ကိုရင်တွေး ရဟန်းတွေက သွားချင်ကြတယ်
အဲဒီ ဒကာဒကာမတွေအိမ်ကို ဘုန်းကြီးတွေ။ ကိုရင်တွေ။ ရဟန်း တွေက ဆွမ်းစားချင်ကြတယ် အကျွမ်းမဝင်တဲ့အိမ်ကဆွမ်းထက် အကျွမ်" ဝင်တဲ့အိမ်ကဆွမ်းက သာမြိန်တယ်။ ဒါကတော့ ဘုန်းကြီးတို့ အကု။ ပြောစရာမလိုပါဘူးး လောက ဒကာဒကာမတွေလဲ နားလည်နေကြတာ
ပဲ1 ကိုယ်လဲအတူတူပဲ။ ခင်မင်ရာ ဆွေမျိုးဆိုတာလို ခင်မင်တဲ့အိမ်က ထမင်းနဲ့ မခင်မင်တဲ့အိမ်ကထမင်းနဲ့ မတူဘူး။
အေး။ အဲဒါကြောင့်မို့လို့ ဝိဿာသပရမာဉာတိ အကျွမ်းဝင်ခြင်းသည် မွန်မြတ်တဲ့ဆွေမျိုး ဖြစ်တယ်ဆိုတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ် က ဓမ္မပဒပါဠိတော်မှာ ဟောတော်မူတယ်။
အာရောဂျ ပရမာလာဘာ။
သန္တင္ခိ ပရမံ ဓနံ။
ဝိဿာသ ပရမာ ဥာတိ။
နိဗ္ဗာန ပရမံ သုခံ။
လာဘာ-လာဘ်လာဘမှန်သမျှတို့သည်။ အာရောဂျပရမာ-ကျန်းမာ ခြင်းလျှင် အမွန်အမြတ်ရှိကြပါပေကုန်၏။ ဓနံ-ပစ္စည်းဥစ္စာမှန်သမျှသည်။ သန္တုဋ္ဌိပရမံ-ရောင့်ရဲခြင်းလျှင် အမွန်အမြတ် ရှိပါပေ၏။ ဉာတိ-ဆွေမျိုး ဟူသည်မှား ဝိဿသပရမာ-အကျွမ်းဝင်ခြင်းလျှင် အမွန်အမြတ် ရှိပါ ပေ၏ သုခံ-ချမ်းသာမည်သည်မှာ။ နိဗ္ဗာနပရမံ-နိဗ္ဗာန်သာလျှင် အမွန် အမြတ်ဖြစ်ပါပေ၏ လို့ ဟောတော်မူခဲ့တယ်။
ဒါကြောင့် လောကလာဘ်လာဘတို့တွင် ကျန်းမာခြင်းတည်းဟူ သော လာဘ်လာဘဟာ အကောင်းဆုံးတဲ့ ကျန်းမာရေးမရှိတဲ့ပုဂ္ဂိုလ်ဟာ အားလုံးချမ်းသာတွေ ကင်းနေတာပဂဲ။ ဒါကြောင့် ကျန်းမာခြင်းဟာ အလွန် မြတ်တဲ့ လာဘ်လာဘကြီး၊ ဘယ်လာဘ်လာဘနဲ့မှ နှိုင်းယှဉ်မရအောင် အကောင်းဆုံးဖြစ်တဲ့ လာဘ်လာဘကြီးတဲ့။
ဓနံ-ပစ္စည်းဥစ္စာတို့တွင်၊ သန္တုဋီ-ရောင့်ရဲခြင်းဆိုတဲ့ ဥစ္စာဟာ အကောင်းဆုံးဥစ္စာပဲတဲ့ ဟုတ်တာပဲ။ သန္တုငီမရှိရင် ဘယ်တော့မှ အဲဒီလူမပြည့်စုံဘူး။ သန္တုငီ တာ ရှိတဲ့လူမှသာပြည့်စုံတယ်။ ဒါကြောင့် သန္တုဋ္ဌီကို ဥစ္စာနဲ့တင်စားပြီး တော့ သန္တုဋ္ဌိပရမံဓနံ ဝိဿာသ ပရမာ ဉာတိ ဉာတိဆွေမျိုးမည်သည်။ ဝိဿသပရမာ- ခင်မင်အကျွမ်းဝင်ခြင်းလျှင် အဆုံးအပိုင်းအခြား ရှိပါပေ၏။ အမွန်အမြတ်
ရှိပါပေ၏။ ခင်ရာဆွေမျိုးတဲ့။ ခင်တဲ့အိမ်က ပစ္စည်းမှ ကောင်းတာ။
နိဗ္ဗာန ပရမံ သုခံ။ သုခံ-ချမ်းသာမှန်သမျွသည်။ နိဗ္ဗာန ပရမံ- နိဗ္ဗာန်သာလျှင် အမွန်အမြတ်ရှိပါပေ၏။ ချမ်းသာမှန်သမျှ နိဗ္ဗာန်ထက် ပိုပြီး ချမ်းသာတာမရှိဘူး။ နိဗ္ဗာန်သာလျွင် ချမ်းသာအစစ်။
အဲဒီတော့ ဘုန်းကြီးတို့အလှူ့ရှင် အလှူ့ဒကာ ဒကာမတွေ အကောင်း ဆုံးချမ်းသာဟာ နိဗ္ဗာန်ဆိုတဲ့အတိုင်း အကောင်းဆုံးချမ်းသာဖြစ်တဲ့ နိဗ္ဗာန် ရအောင် ကြိုးစားကြရမယ်။
အားလုံး လှူကြ၊ တန်းကြ၊ ဆောက်တည်ကြ။ ကြားနာကြ။ ကုသိုလ် ကောင်းမှုတွေ ယနေ့ပြုရသမျှ အကုန်လုံး အကုန်လုံး ကုသိုလ်တွေကို နိဗ္ဗာန်နဲ့လဲကြ။ နိဗ္ဗာန်ရဖို့ရာ တို့ဒီနေ့အများကြီး အကုန်အကျခံပြီး လှူကြ တန်းကြတဲ့ အလှူဒါနတွေကို နိဗ္ဗာန်မှတစ်ပါး အခြားဘာနဲ့မှ မလဲနိုင်ဘူး။ နိဗ္ဗာန်နဲ့သာလဲမယ်လို့ အဲသလို နှလုံးသွင်းထားကြရတယ်။ အဲသလို နှလုံးသွင်းထားမှ မိမိတို့ကုသိုလ်ဟာ ပိုပြီးတော့မွန်မြတ်တဲ့ ကုသိုလ်ဖြစ်တယ်
ဒါကြောင့် “နိဗ္ဗာန ပရမံ သုခံ ဆိုတဲ့အတိုင်း ချမ်းသာတကာတို့ တွင် အမြတ်ဆုံးဖြစ်တဲ့ ချမ်းသာကြီးနဲ့ ယနေ့ တို့လဲလှယ်ကြမယ်။ ဒီအလှူ ကြီးမှာ ဘုန်းကြီးတို့ အနှစ်သာရတွေ ထုတ်ထားတာအများကြီး၊ ပစ္စည်း ဥစ္စာထဲက အနှစ်သာရထုတ်ထားကြ၊ ခန္ဓာကိုယ်ထဲက အနှစ်သာရ ထုတ်ကြတယ်။
အဲဒီအနှစ်သာရတွေဟာ ဘုန်းကြီးတို့ သမ္ပတ္တိအမျိုးမျိုးနဲ့ လဲနိုင် တယ်။ ပစ္စည်းဥစ္စာဆိုတာ တကယ်တော့ အနှစ်သာရတွေ မဟုတ်ဘူး။ အကာတွေ အကာတွေ။
ဒါကြောင့် လွန်ခဲ့တဲ့ငယ်ငယ်တုန်းက ပစ္စည်းတွေရှိသေးလား။ မရှိဘူး။ တော်တော်အရွယ်တုန်းက ပစ္စည်းတွေရှိသေးလား။ မရှိဘူး။ မနှစ်က ပစ္စည်းတချို့တောင် ဒီနှစ်မရှိတော့ဘူးး မနေ့ကပစ္စည်းတချို့တောင် ဒီနေ့ မရှိတော့ဘူး4 ဒါ အနှစ်သာရမရှိဘူးဆိုတာ ထင်ရှားတယ်
အဲဒီ အနှစ်သာရမရှိတဲ့ ပစ္စည်းတွေ ရေမီးမင်းခိုးသူ မချစ်မနှစ်သက်သော
သူဆိုတဲ့ ရန်သူမျိုးတွေကြောင့် ပျက်စီးတတ်တဲ့ ပစ္စည်းတွေထဲက ဒီနေ့ အနှစ်သာရတွေ ထုတ်ယူထားတာ။ မနည်းဘူး။ မနည်းဘူး။ အနှစ်တွေ အနှစ်တွေ။
ထို့အတူပဲ ခန္ဓကိုယ်နဲ့ ရင်းနှီးပြီးတော့ အလှူအကြောင်းပြုပြီးတော့ ဝေယျာဝစ္စတွေ ဆောင်ရွက်ကြရတယ်။ အဲဒါတွေဟာလဲ အနှစ်သာရတွေ ပဲ။ ဒီ အနှစ်သာရတွေကလဲ မနည်းဘူး။ အဲဒီ အနှစ်သာရတွေနဲ့ ဘုန်းကြီးတို့ ဒကာဒကာမတွေ လဲနိုင်တဲ့ သမ္ပတ္တိတွေဟာအမျိုးမျိုး။ သမ္ပတ္တိဆိုတာ ပါဠိစကား၊ မြန်မာလိုတော့ လူ့စည်းစိမ်း နတ်စည်း စိမ်။ လူ့ချမ်းသား နတ်ချမ်းသာ။ ဓနသမ္ပတ္တိ-ဥစ္စာပြည့်စုံခြင်း' ဝဏ္ဍ သမ္ပတ္တိ အဆင်းပြည်ုံခြင်၊ အာမသဏ္တဲ -အသက်၃ည်ခြင်းွင် ပြည် ခြင် ကုဒ္ဓိသမ္ပတ္တတန်ခုးနင်ပည်စုံခြင်း ဆိုတ မြည်စိုခင်းတွေ ပသည် ပြည့်စုံခြင်းတွေနဲ့ လဲလှယ်ယူနိုင်တယ်။
သို့သော် ခုနပြောသလို အားလုံး ဒါတွေက ကိုယ့်ဥစ္စာတွေ မဟုတ်ဘူး။ ကိုယ်ပိုင်တွေ မဟုတ်ဘူး။ နိဗ္ဗာနံ ပရမံ သုခံ-ဆိုတဲ့ တကယ့် ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်သည်သာလျှင် ကိုယ်ပိုင်ဥစ္စာ။ ဒါကြောင့် အဲဒီ ကိုယ်ပိုင်ဥစ္စာနဲ့ ယနေ့ မိမိတို့ရထားတဲ့ အနှစ်သာရတွေ ဥစ္စာရတနာ တွေကို လဲလှယ်ယူကြတော့မယ်လို့ အဲသလို ရည်ရွယ်ချက်ထားပြီး ရေစက်ချကြရတယ်။
အဲဒီအနှစ်သာရတွေကို နိဗ္ဗာန်တည်းဟူသော ချမ်းသာနဲ့ လဲလှယ် ယူကြမယ်။ နိဗ္ဗာန်ကိုသာ ရည်ရွယ်ပြီးတော့ တို့ရေစက်သွန်းချကြမယ် လို့ အဲသလိုမွန်မြတ်တဲ့။ မြင့်မြတ်တဲ့ စိတ်နေစိတ်ထား ထားပြီးတော့ ကိုယ့်ကုသိုလ်ကောင်းမှုကို အမျှဝေနိုင်ကြပါစေ။ ပသန္နမှခ၀ဏ္ဌာစ။
ပရိပုဏ္ဍ မနောရထာ။
ပီတိပါမောဇူဗဟုလာ။
စိရံဇီဝန္တု နာမယာ။
သပ္ပူရိသာ-သူတော်ကောင်းဖြစ်ကြသော အလှူ့ဒကာ အလှူ့ဒကာမ
အပေါင်း သူတော်ကောင်းတို့သည်။ ပသန္နမုခ၀ဏ္ဌာစ-အစစပြည့်စုံ အဖုံဖုံ ပေါပြည့်ဝရွ ကြည်လင်သော မျက်နှာအရေအဆင်း ရှိကြကုန်သည် လည်းကောင်း၊ ပရိပုဏ္ဌ မနောရထာစ-စိတ်ကြံသမျှ ဆန္ဒလုံးစုံ ပြီးမြောက် ကြကုန်သည်လည်းကောင်း၊ ဟိတ္ပာ-ဖြစ်ကြကုန်ရွ်၊ ပီတိပါမောဇ္ဇ ဗဟုလာ-ချမ်းသာသုခ အမြဲတမ်းကြုံရလျက် နှစ်သက်ခြင်းပီတိ။ ဝမ်း မြောက်ခြင်း ပါမောဇ္ဇ ဤတရားနှစ်ပါးအား ကြီးစွာဖြစ်ပွားကြကုန်လျက်။ အနာမယာ-အနာရောဂါ ကင်းကင်းရှင်းရှင်းနဲ့ စိရံဇီဝန္တု-ကြာကြာ ဆက်တည်။ အသက်ရှည်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(ဒေါပုံ ဦးတင်ရွှေ-ဒေါ်တင်မြင့်မိသားစု ရဟန်းခံရှင်ပြုပွဲတွင် ဟောကြားတော်မူအပ်သော အနုမောဒနာတရားတော်)
၉၉၁ခုနှစ်း စတ်တင်ဘာလ' အောက်တိုဘာလထုတ် ရတနာမွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၅) ကွယ်လွန်သူမိဘဆရာတို့အား ရည်စူးတရား
ယနေ့ မိမိတို့ရည်ရွယ်ထားတဲ့ ကွယ်လွန်ခဲ့တဲ့ မိဘဆရာသမားတွေ ရည်ရွယ်ပြီးတော့ လှူဒါန်းမယ့် အလှူပွဲတစ်ခု ထမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့ကြတယ်။ အဲဒီတော့ မိဘ ဆရာသမားဆိုတာကတော့ ပြောစရာမရှိဘူး။
နပမဇ္ဖ္စို တဗ္ဗာ မာတာစ။
ဝိတာစ ရတနာ ဂရူ။
တေသံ ပစ္စော ပကာရာယ။
ကာတတဗ္ဗံပူဇနံ သဒါ။
မာတာစ-မွေးသမိခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ ဝိတာစ-မွေးသ ဖခင် ကျေးဇူးရှင်ကိုလည်းကောင်းး ရတနာ ရတနာနိစ-ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့ကိုလည်းကောင်း၊ ဂရူစ။ ဆရာသခင် ကျေး ဇူးရှင်တို့ကိုလည်းကောင်း၊ နပမဇ္စ်ိတဗ္ဗာ-ကျေးဇူးအထူးရှိခဲ့ဖူးရဤ မမေ့အပ် မမေ့ထိုက် မမေ့သင့်ပါကုန်။ တေသံ-ထို မိဘဆရာ ရတနာသသုံးပါးတို့ ကိုး ပစ္စောပကာရာယ-ကျေးဇူးတုံ့ပြန်မှုပြုခြင်းငှာ သဒါ-အခါခပ်သိမ်း။ ပူဇနံ-ပူဇော်ခြင်းကိုး ကာတဗ္ဗမေ၀-ပြုအပ်ပြုသင့် ပြုထိုက်လှပါပေ၏။ လောကမှာ မမေ့ထိုက်တဲ့ပုဂ္ဂိုလ်တွေ။ ဂုဏ်ကျေးဇူးအားဖြင့် မိမိတို့ အပေါ်မှာကြီးမားလို့။ အဲဒီပုဂ္ဂိုလ်တွေအပေါ်မှာ မမေ့အပ် မမေ့သင့် မမေ့ ထိုက်ဘူး။ မိဘဆိုတာ ပြောစရာမရှိဘူး။ ဘယ်လောက်ကျေးဇူးကြီးတယ် ဆိုတာ မိမိတို့မိဘတွေ မိမိတို့အပေါ်မှာ ဘယ်လောက်ကောင်းတယ် ဆိုတာ မိမိတို့အသိပဲ။ မိမိတို့ကတစ်ခါ မိဘဖြစ်ခဲ့ပြန်တော့ မိဘဆိုတာ
သားသမီးအပေါ်မှာ ဘယ်လောက်ကောင်းတယ်ဆိုတာ ကိုယ်တွေ့ကြုံရ တော့ အထူးပြောစရာမရှိဘူး။ သားသမီးများအပေါ်မှာ တကယ်ကောင်းတဲ့ မိဘတွေ။ မမေ့သင့်ဘူးဆိုတာဟာ ဘာမှ လက်မခံနိုင်စရာမရှိဘူး။ သို့သော် လဲပဲ ကောင်းတယ်ဆိုပေမယ့် ဂုဏ်ဆိုတာ ကောင်းမှန်းသိမှလဲ လက်ခံ နိုင်တာ။
နတ္ထိဒိန္နံ နတ္ထီယိဋ္ဌံ နတ္ထိဟုတံ။
နတ္ထိကဝါဒသမားတွေဆိုရင် အလှူအကျိုးမရှိဘူး' နတ္ထိမာတာ နတ္ထိ ပိတာ အမေ့အပေါ်မှာပြုအပ်တဲ့ ကောင်းကျိုးမရှို အဖေ့အပေါ်မှာ ပြုအပ် တဲ့ ကောင်းကျိုးမရှိ စသည်ဖြင့် နတ္ထိနဲ့ချည်း ပယ်ဖျက်ကြတယ်(။ ဒါ ဘာဖြစ်လို့တုံးဆိုရင် မိဘရဲ့ဂုဏ် ကောင်းမှုကုသိုလ် ဒါနသီလစသည်တို့ရဲ့ အကျိုး၊ အဲဒီဂုဏ်တွေ အကျိုးတွေကို နားမလည်လို့ နတ္ဆိကဝါဒသမား တွေ ဖြစ်သွားကြတယ် မိမိတို့မှာ ထိုကဲ့သို့ နတ္ထိကဝါဒသမားမျိုး မဟုတ်ဘူး။ ကုသိုလ်ပြု ရင် ကောင်းကျိုးရတယ်။ အကုသိုလ်ပြုရင် မကောင်းကျိုးရတယ် တကယ့် ကျေးဇူးရှင်မိဘတွေ ဆရာသမားတွေအပေါ်မှာ ပူဇော်ရင် ကောင်းကျိုး ရတယ်။ ပြစ်မှားရင် မကောင်းကျိုးရတယ် စသည်ဖြင့် ကောင်းကျိုး မကောင်းကျိုးကို အမှန်အတိုင်းသိကြတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ မိဘကို ပူဇော်ရမှန်းသိတယ်။ ဆရာသမားတွေကို ပူဇော်ရမှန်းသိတယ်။ ရတနာ သုံးပါး ပူဇော်ရမှန်းသိကြတယ် သိကြလို့ပဲ ယနေ့ မိဘဆရာသမား ရတနာသုံးပါး ပူဇော်ပွဲအဖြစ်ဖြင့် ပူဇော်ကြတယ်။ မိဘဆိုတာ ခုနပြောသလို ဘာမှပြောစရာမရှိဘူး။ ကလျာဏမိတ္တာမာတာစ။
ပိတာစ ဟိတ ကာရကာ။
တေသံ ပစ္စော ပကာရာယ။
ကာတဗ္ဗံ ပူဇနံ သဒါ။
မာတာစ-မွေးသမိခင် ကျေးဇူးရှင်သည်လည်းကောင်း' ပဝိတာစ- မွေးသဖခင် ကျေးဇူးရှင်သည်လည်းကောင်းး ဟိတကာရကာ-သား၁ ဒီ"
တို့၏ တကယ့်အကျိုးစီးပွားကို လိုလားကြကုန်သေား လိုလားဆောင်ရွက် တတ်ကြကုန်သော၊ ကလျာဏမိတ္တာ-မိတ်ဆွေကောင်းအစစ် တကယ်ငာမ်း ဖြစ်ကြပါပေကုန်၏။ တေသံ-ထိုမိတ်ဆွေကောင်းအစစ် ဖြစ်ကြတဲ့ မိဘ နှစ်ပါးတို့ကို ပစ္စောပကာရာယ-ကျေးဇူးတုံ့ပြန်မှုပြုခြင်းငှား သဒါ-အခါ ခပ်သိမ်း။ ပူဇနံ-ပူဇော်ခြင်းကိုး ကာတဗ္ဗမေ၀-ပြုအပ်။ ပြုသင့်။ ပြုထိုက် လှပါပေသတည်း။
ဆိုတဲ့အတိုင်း မိဘဟာ တကယ့် သားသမီးတွေရဲ့ ကလျာဏမိတ္တ။ တကယ့်မိတ်ကောင်းဆွေကောင်း။ သားသမီးတို့အပေါ်မှာ တကယ် ချစ် မြတ်နိုးကြလို့ ချစ်မြတ်နိုးတဲ့အတိုင်း သားသမီးတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြတယ်။ ဒါကြောင့် ကလျာဏမိတ္တ -မိတ်ကောင်း ဆွေ ကောင်းတွေ။ ဂူဇော်သင့် ပူဇော်ထိုက်တဲ့အခါ ပူဇော်ကြရတယ် အသက် ထင်ရှားရှိတုန်းကတော့ အထိုက်အလျောက် ပူဇော်နိုင်ကြသည်။ ယခုလို ကွယ်လွန်သွားကြတဲ့အခါကျတော့ ဒီနည်းနဲ့ပဲ ကုသိုလ်တွေပြုပြီးတော့ အမျှအတန်းပေးဝေမခြင်းဖြင့် ပူဇော်ကြရတယ်။
ထို့အတူပဲ ဆရာသမားတွေဆိုတာ ကလျာဏမိတ္တ-မိတ်ကောင်း ဆွေကောင်းတွေး ဆရာသမားဆိုတာလဲ မိမိတို့တပည့်တွေအပေါ်မှာ ဘယ်လောက်ပဲ ကောင်းခဲ့ကြတယ်ဆိုတာ သူများအပြောနဲ့ သိရတာ မဟုတ်ဘူး။ ကိုယ်တွေ့သိရတဲ့အသိတွေ
မိဘဘယ်လောက်ကောင်းတယ်ဆိုတာလဲ သန္ဒိဋ္ဌိက-ကိုယ်တွေ့သိရ တဲ့ အသိတွေ ဘယ်လို သူများကမကောင်းဘူးပြောပေမယ့် မိမိအပေါ်မှာ ကောင်းခဲ့ကြတာတွေက ကိုယ်တွေ့တွေ။ အဲဒါကြောင့် မိဘဟာ ပူဇော် ထိုက်တယ်။ ဆရာသမားဟာ ပူဇော်ထိုက်တယ်ဆိုတာဟာ သူပြောငါပြော မဟုတ်ဘူး။ သူပြောငါပြောမဟုတ်လို့ ကိုယ်တွေ့သိရတဲ့အသိနဲ့ ခံယူ ချက် ထားတာဖြစ်သောကြောင့် မိမိတို့ပူဇော်မှုဟာ မှန်တယ်ဆိုတာလဲ ကိုယ်တွေ့သိရတဲ့ သန္ဒိဋ္ဌိက-အသိနဲ့ လက်ခံခဲ့ကြတယ်။
လက်ခံထားတဲ့အတိုင်း ပ္ဂဇော်ကြတာပဲ။ ဂူဇော်ကြတော့ ဒါတွေဟာ မိမိတို့ကို ဘယ်သူကမှ နဘ္ထိလို့ပြောလို့မရဘူး1 အတ္ထိဂုဏ်တွေရှိတယ်။
ကျေးဇူးတွေရှိတယ်1 ဒါတွေကို အတ္ထိအဖြစ်နဲ့ မိမိတို့ ယုံကြည်ကြတယ်။ လက်ခံကြတယ်
ကုသိုလ်ကံဆိုတာ ကောင်းသောအကျိုးပေးတယ်။ အကုသိုလ်ကံဆို တာ မကောင်းသောအကျိုးပေးတယ်။ ဒါတွေကို သူများအပြောကြောင့် သိရတာမဟုတ်ဘူး။ မိမိကိုယ်တိုင် သိကြတဲ့အသိတွေ။ ကုသိုလ်ပြုတယ် ဆိုရင် နှစ်သက်ရွှင်လန်း ၀မ်းမြောက်ရတယ်။ ကိုယ်တွေ့တွေ။ သဒ္ဓါဆိုတဲ့ တရားဟာ ကြည်လင်စေတတ်တယ်' သဒ္ဓါတရားဖြစ်လာပြီဆိုရင် အဲဒီ ပုဂ္ဂိုလ်ရဲ့ စိတ်သန္တာန်မှာ နီ၀ရဏ စသော အနည်တွေ ကိလေသာ စသော အနည်တွေကျပြီးတော့ ကြည်လင်စေတယ်။
အဲဒီကြည်လင်ပြီးတော့ ကြည်လင်နေတဲ့ စိတ်ကလေးဟာ သူများ ပြောလို့ သိရတာမဟုတ်ဘူး။ မိမိတို့ကိုယ်တိုင် သိကြရတာ။ ဒီတရားလေး ဖြစ်လာပြီဆိုရင် ကြည်လို့။ ရွှင်လို့ ၀မ်းသာလို့။ ဒီတော့ သဒ္ဓါဟာ ကောင်းတယ်ဆိုတာ သူများပြောလို့ သိရတာမဟုတ်ဘူး။ ကိုယ်တွေ့.ဒိဋ္ဌ အသိနဲ့ ကောင်းတယ်လို့ လက်ခံထားကြတာ။
အဲသလိုပဲ မိမိတို့စိတ်ထဲမှာ သဒ္ဓါဖြစ်လာပြီ ကုသိုလ်စိတ်တွေ လှူရတော့မယ် တန်းရတော့မယ် ရှေးအဖို့က ကုသိုလ်စိတ်တွေ လှူတုန်း တန်းတုန်း ကုသိုလ်စိတ်တွေ လှူပြီးတန်းပြီးဖြစ်တဲ့ ကုသိုလ်စိတ်တွေ အားလုံး အစအလယ်အဆုံး သုံးပါးလုံး ကုသိုလ်တွေ ဖြစ်ကြတဲ့အခါ မိမိတို့ခံစားချက်ကိုက ကုသိုလ်လို့ပြနေတာ။း ကာယကံမေတ္တာတွေ ဖြစ်ကြရ။ လှူတဲ့အခါ ၀စီကံမေတ္တာတွေဖြစ်ကြရ။ မနောကံမေတ္တာတွေ ဖြစ်ကြရ။ အဲဒီမေတ္တာတွေဟာ သူများပြောလို့ သိရတာမဟုတ်ဘဲ ကိုယ်တွေ့ဒိဋ္ဌ သိရတဲ့အသိတွေ
ကုယ်ပင်ခြင်နေတဲ အမြင် ဒနဲ့မြင်တာ သမ္မာဒိဋ္ဌိတွေ ဖြစ်ကြတယ် သမ္မာဒိဋ္ဌိ အခြင်ခုန်ဖြင့် မြင်ကြရတာဖြစ်တော့ ခမ်တို့ရဲ့ အမြင်ကို ဘယ်သူကဖျက်နိုင်မတုံး။ မဖျက်နိုင်လို့ဘဲ ယနေ့ ဒီအလှူ ထမြောက်အောင် မိမိတို့ ဆောင်ရွက်နိုင်ခဲ့ကြတယ်။ အဲဒါကြောင့်မို့လို့-
သုက္ကတ ဒုတ္ကတ-ကောင်းစွာပြုအပ် မကောင်းသဖြင့်ပြုအဝ်ကုန်
သော၊ ကမ္မာနံ-ကံတို့၏။ ဖလံဝိပါကော-အကျိုးရင်းအကျိုးဆက် သည်။ နတ္ထိ-မရှိလို့ ဘယ်လိုပဲပြောပြော မိမိတို့ကိုယ်တွေ့က ရှိနေတယ်ဆိုတာ သိနေကြတာပဲ။ ရှိနေတယ်လို့ ယုံကြည်ချက်က ရှိနေကြတာ။ ဘာကြောင့်တုံး အကြောင်းကကောင်းလို့။ ခုပြောသလို မိမိတို့ခံစားချက် အရ ကုသိုလ်တွေဟာ ကောင်းတယ်ဆိုတာ မိမိတို့အသိနဲ့ သိနေကြတယ်။
ကောင်းတဲ့ကုသိုလ်တွေဟာ မကောင်းတဲ့အကျိုးပေးမယ်လို့ အကျိုး မရှိဘူးလို့ ပြောလို့ မိမိတို့ဘယ်လက်ခံနိုင်မတုံး။ ကိုယ်တွေ့သိနေတဲ့ အသိ တွေ အဲဒါကြောင့်မို့လို့ ဘယ်လိုပဲ နတ္ထိကဝါဒသမားတွေကဆိုဆို' မိမိတို့ က အတ္ထိကဝါဒသမားတွေကြောင်း- ကျိုးဝါဒသမားတွေ။ အကြောင်း အကျိုးကို မြင်နေကြတဲ့ အမြင်သမားတွေ သမ္မာဒိဋ္ဌိတွေး သမ္မာဒိဋ္ဌိက မဂလ ကောင်းသောအမြင်ရှိတဲ ပုဂ္ဂလိတွေမို့လို နတ္ထဲကကို လက်မခံဘူး။
လက်မခံနိုင်လို့ ယနေ့အလှူကို ထမြောက်အောင်ဆောင်ရွက်နိုင် ကြတယ်။ ရတနာသုံးပါးကလဲ မိမိတို့ မမေ့ထိုက်တဲ့ပုဂ္ဂိုလ်တွေချည်းပဲ။ ဘုရားရှင်ဟာ တကယ့်ကျေးဇူးရှင်ကြီးပဲ။ ဒါကိုတော့ အထူးပြောစရာ မလိုပါ။ ဘုရားရှင်ပွင့်တော်မူလို့ တရားတော်တွေ အထင်အရှား တွေ့ရ တယ်။ အဲဒီတရားတော်တွေက သင်ပြလို့ကောင်းတဲ့အကျင့်တွေ ကျင့် ကြရတယ်
မကောင်းတဲ့အကျင့်တွေ ရှောင်နိုင်ကြတယ်။ ကောင်းတဲ့အကျင့်တွေ ပွားများကြ။ မကောင်းတဲ့အကျင့်တွေရှောင်ကြ စသည်ဖြင့် မိမိတို့ကိုယ် တွေ့ ကျင့်ကြရတယ်။ ကျင့်ကြရတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ တကယ့် သဗ္ဗညုတဉဉာဏ်တော်ရှင်ကြီးဆိုတာ သူများပြောလို့ သိရတာ မဟုတ်ဘူး။ စာမတတ်ဘူးဆိုပေမယ့် မိမိတို့ကိုယ်တွေ့သိနိုင်တဲ့ သိနေတဲ့ တရား၊ ဘုန်းကြီးတို့ နည်းတဲ့ကျမ်းဂန်တွေ မဟုတ်ဘူး။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် အဲဒါတွေကပြနေတယ်
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်တွေဟာ သင်တို့ကိုးကွယ် တဲ့ တရားရှင်ဟာ သဗ္ဗညုတဉာဏ်တော်ရှင်ကြီးဆိုတာ ပြနေတယ်။
ဒီလောက်များပြားလှတဲ့ တရားတော်တွေကို ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တယ် ဟောတော်မူခဲ့တဲ့ တရားတော်တွေဟာ အခြေမပျက် အနေမပျက်ဘဲ ယနေ့တိုင်အောင် တည်နေတယ်။ လေ့လာကြရတဲ့ပုဂ္ဂိုလ် တွေ အဲဒီတရားတော်အရ ကျင့်ကြံကြရတဲ့ပုဂ္ဂိုလ်တွေ ယနေ့အများအပြား အကျိုးခံစားနေကြရတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သဗ္ဗညုတဉာဏ် တော်ကြီးကို အထူးသဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။ မြတ် နိုးကြတယ်။ ပူဇော်ကြတယ်။ အဲဒီတရားတော်တွေအရ မိမိတို့ဆရာသမား ရ အသင်သပြခ်ထွပြီးသော့ ကျန်ကြဂျ တြကြဝျ ကုသိုလ်တွေ အား ထုတ်ကြရတယ်။ အဲဒီတော့ ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ တကယ့်ထူးခြားတဲ့ အတုမရှိတဲ့ သဗ္ဗညုတဉာဏ်တော်ရှင် တကယ့် ဘုရားအစစ် ဘုရားမှန် ဗုဒ္ဓသုဗုဒ္ဓ-အဲဒီဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရား တော်ဟာလဲ ဓမ္မသုခမ္မ။
ထိုတရားတော်အရ ဖြစ်လာကြတဲ့ သံဃာတော်တွေဟာလဲ သံဃ သုသံဃ။
ဗုဒ္ဓသုဗုဒ္ဓ-ဘုရားစစ်ဘုရားမှန်။ ဓမ္မသုဓမ္မ-တရားစစ်တရားမှန်။ သံဃသုသံဃ-သံဃာစစ် သံဃာမှန်။ ရတနာသုံးပါး အဲဒီရတနာသုံးပါးနဲ့ ပြည့်စုံနေတဲ့ သာသနာတော်မြတ်ကြီး မိမိတို့ ကံကောင်းထောက်မ ကိုးကွယ်ကြရ ပူဇော်ကြရတယ်။ မှီခိုကြရတယ်။
အဲဒီတော့ ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးဟာ မိမိတို့ရဲ့ တကယ့်ကိုးကွယ်ရာ မမေ့အပ် မမေ့ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကျေးဇူးရှင်တွေ အထူးသဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတစ်တွေ။ ဘုန်းကြီးတို့တစ်တွေ မှာ သံဃာတော်ဟာ တကယ့်ကျေးဇူးရှင်
ဘဂဝတော-ဘုန်းတော်ရှင်မြတ်စွာဘုရား၏။ အပရဘာဂေ-ပရိနိဗ္ဗာန် စံတော်မူရာ နောင်အခါ ဗုဒ္ဓဓမ္မာနံ-ဘုရားတရားတို့ကို သမာဓိဂမော- ကိုးကွယ်ရ ဆည်းကပ်ရ ဂုဏ်တွေသိရ စသည်ဖြင့် သိရနားလည်ရခြင်းသည် သံဃရတနာဓိနော-သံဃာရတနာနှင့် သက်ဆိုင်လျက်ရှိပါပေ၏လို့။
ဋီကာဆရာများ မိန့်ဆိုတဲ့အဆိုအရ သံဃာတော်ရဲ့ကျေးဇူးဟာ မနည်းဘူး။ ယနေ့ဘုန်းကြီးတို့ ဘုရားမပျောက်ကြ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားမပျောက်ကြ တရားမပျောက်ကြဘူး။ ဘုရားဖူးကြရ။ ကိုးကွယ်ကြရ ပူဇော်ကြရ။ တရားကိုးကွယ်ကြရ ကျင့်ကြရ ပူဇော် ကြရ သင်ကြရ နာကြရ အဲဒါတွေဟာ သံဃာတော်ရဲ့ကျေးဇူးပဲ။ သံဃာတော်တွေသာ တာဝရ်မဲ့ခဲ့ကြရင် ဘုန်းကြီးတို့ဘုရားဟာ ခုချိန် ထိတောင် ရောက်မှာမဟုတ်ဘူး' တရားဟာ ခုထိရောက်မှာ မဟုတ် တော့ဘူး။ မရောက်ဆိုတာဟာ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ရှိတော့မှာမဟုတ် ဘူး။ ပျောက်ကုန်မှာ။
ယနေ့တော့ ရှိနေကြတယ်။ အဲဒ။ လိုရှိခြင်းဟာ သံဃာတော်တွေရဲ့ ကျေးဇူးပဲ။ ပရိနိဗ္ဗာန်စံပြီးနောက် ဒီတာုးတော်တွေ မပျောက်မပျက်အောင် သံဃာတော်တွေဟာ စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြတယ်။ သံဃာတော် တွေရဲ့ ဇွဲ သတ္တိ အားမာန်ကြောင့် တရားတော်တွေကို စောင့်ရှောက် ခဲ့ကြလို့ ယနေ့ထိအောင် တည်နေကြတယ်။
ဒါတွေအားလုံးတော့ သိမှာပဲ။ သို့သော် ဘုန်းကြီးတို့က သိပြီးသား ပေမယ့် ဖော်ပေးရတယ်' ဘာဖြစ်လို့လဲဆိုရင် တို့သံဃာတော်ဟတွေဟာ တို့ကျေးဇူးရှင်တွေပါလားဆိုတဲ့ ခံယူချက်မြဲသည်ထက်မြဲအောင် ပြောပေး ရတာ
အခုဘုန်းကြီးတို့ပြောတဲ့ အချက်အလက်တွေဟာ တော်တော်လဲ စုံနေပြီး ယနေ့မိမိတို့ မမေ့သင့်မမေ့ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မမေ့ကြဘူး။ ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ကြတယ်။
အဲသလို ပူဇော်ကြတဲ့နေ့ ပူဇော်ကြတဲ့အခါသမယပဲ' အဲသလို ပူ ဇော်ရခြင်းဖြင့် မမေ့သင့်မမေ့ထိုက်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဂုဏ်အား ဖြင့် ကြီးမြတ်တဲ့ပုဂ္ဂိုလဲတွေမို့လို့ ဘယ်လောက်အကျိုးရလိမ့်မယ်ဆိုတာ ကို ဘုန်းကြီးတို့ ပြောစရာမရှိတော့ဘူးနော်။
ယနေ့သံဃာကိုပူဇော်ကြရတယ်။ မိမိတို့ကိုယ်တိုင်ကလဲ နဂိုက သီလရှိတယ်။ အခုလောလောဆယ်လဲ သီလဆောက်တည်ထားကြတော့
အင်မတန် သီလက မွန်မြတ်တဲ့သီလအဖြစ်ရောက်နေတယ်။ မိမိတို့ လှူကြတဲ့ ကုသိုလ်တွေကလည်း သံဃာတော်တွေလှူကြး ဘုရားလှူကြ။ တရားလှူကြ၊ ပူဇော်ကြရ အားလုံးအလှူခံဘက်ကကြည့်ရင်ပဲ မွန်မြတ်တဲ့ ပုဂ္ဂိုလ်တွေ။ ဒီတော့ မိမိတို့ဘက်ကလဲ မွန်မြတ်စင်ကြယ်သန့်ရှင်း အလှူခံသံဃာနှင့်တကွ ပုဂ္ဂိုလ်တွေကလဲ သန့်ရှင်းစင်ကြယ်မွန်မြတ်1 အဲသလိုနှစ်ဖက်လုံး သန့်ရှင်းစင်ကြယ်လို့ အလှူအကျိုးကြီးအောင် ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်တွေ။ အဲဒါကြောင့်မို့လို့ မိမိတို့အလှူဟာ မွန်မြတ် တဲ့အလှူ မွန်မြတ်တဲ့ဒါန၊ ဤဒါန ဤအလှူကို လှူဒါန်းရပြီလို့ နှစ်သက် ရွှင်လန်းဝမ်းမြောက်ပြီးတော့ မိမိတို့အလှူကို ယနေ့လှူပြီးတဲ့အခါတောင် မှ မမေ့ကြဘဲနဲ့ ထဝ်ကာထဝ်ကာ ပြန်ပြန်အောက်မေ့ခြင်းဖြင့် အာစိဏ္ဍကံ မြောက်အောင် အာသေဝနအထုံရောက်အောင် စာဂါနုဿတိပွားများခြင်း ဖြင့် ကုသိုလ်တွေတိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(သာကေတ ဦးသိန်းဟန်-ဒေါ်တင်ညွန်.တို့၏ ကွယ်လွန်ပြီး မိဘဆရာတို့၏ ဂုဏ်ရည်ကို ရည်စူးရွံ ပြုလုပ်သောအလှူခွ် ဟောကြားတော်မူသော အနုမောဒနာတရားတော်)
၁၉၉၁-ခုနှစ်။ နိုဝင်ဘာလထုတ် ရတနာမွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၆) ရဟန်းခံအလှူတရား
ယနေ့ ရဟန်းခံပွဲသဘင် ဆင်ယင်ကျင်းပပူဇော်ကြတယ်။ သာသနေ သာရဝန္တဿ။
သာရဒါယ မဓိစ္ဆကာ။
ပရိက္ခာ ရေဟိ သေဋ္ဌေဟိ။
နိယျာဒေန္တိ သပုတ္တကေ။
သာရ၀န္တဿ -တကယ့်တရားတည်းဟူသော အနှစ်သာရရှိတော်မူ သော မြတ်စွာဘုရားဓါ1 သာသနေ-အံ့ဖွယ်ရှစ်ဖြာ ပြည့်စုံစွာသိသည့် သာသနာတော်မြတ်ကြီးခ်။ သာရဒါယံ-မွန်မြတ်သောသာသနာ့အမွေကိုး အဓိစ္ဆကာ-လိုလားတောင့်တကြကုန်သော ရဟန်းဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည်။ သေဋ္ဌေဟိ-ထူးမြတ်လှစွာကုန်သော၊ ပရိက္ခာရေဟိ-ပရိက္ခရာတို့ဖြင့်။ သပုတ္တကေ-မိမိ၏ချစ်သားတို့ကို၊ သာသနေ-သာသနာတော်မြတ်ခွ။ နိယျာဒေန္တိ-အပ်နှင်းသမှု ရဟန်းပြုပေး ဤကြပါပေကုန်သတည်း။
ယနေ့ ရဟန်းခံပွဲသဘင် ဆင်ယင်ကျင်းပပူဇော်ကြတယ်။ သာသနာ တော်နှင့် ကြုံကြိုက်တဲ့အခါမှာ မိမိတို့ပြုနိုင်တဲ့ ပွဲသဘင်ပဲ။ ရဟန်းခံပွဲ သဘင်ဆိုတာ သာသနာနဲ့ကြုံကြိုက်မှ ပြုနိုင်တဲ့ပွဲသဘင်။ အဲသလို သာသနာတော်ကို အမှီပြုပြီးတော့ မိမိတို့ ဒီလိုကုသိုလ်ပွဲမျိုး ဆင်နွှဲကျင်းပ ပူဇော်နိုင်ကြတယ် အဲဒီသာသနာတော်က မွန်မြတ်တဲ့သာသနာတော်မြတ်ကြီး၊ ဒီ သာသနာတော်မြတ်ကြီးကို တို့ချီးမြှောက်ရတယ်လို့ ဝမ်းမြောက်၀မ်းသာ
နဲ့ မိမိတို့ကုသိုလ်ပွဲကို တန်ဖိုးထားပြီး ဆင်နွှဲကျင်းပကြတယ်။ သာသနာ တော်ဆိုတာ အင်မတန်မွန်မြတ်တယ်။ သာသနာတော်မှာ ရှင်ရဟန်းအဖြစ် ဆိုတာလဲ မွန်မြတ်တဲ့အဖြစ်မျိုးတွေး သာသနာတော်မှာ ရှင်သာမဏေ တစ်ပါးဖြစ်လာပြီဆိုရင် အဲဒီရှင်သာမဏေလေးရဲ့ တန်ဖိုးကိုက နည်းလား) ဘုန်းကြီးတို့ လူ့ဘဝနဲ့ရဟန္တာဖြစ်ရင် အဲဒီရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ဟာ ဒီနေ့ သော်လဲ ရဟန်းပြုချင်ပြု။ သို့မဟုတ် ပရိနိဗ္ဗာန်သော်လဲစံလို့ ဒီအကြောင်း နှစ်မျိုး တစ်မျိုးမျိုးပြုရတယ်။
ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ခမည်းတော်ကြီးသုဒ္ဓေါဒန မင်းကြီးဟာ ထီးဖြူအောက်မှာပဲ လူ့ဘဝနဲ့ ရဟန္တာဖြစ်သွားတယ်1 ရဟန္တာ ဖြစ်သွားလို့ အဲဒီထီးဖြူအောက်မှာပဲ ပရိနိဗ္ဗာန်စံရတယ်။ ထို့အတူပဲ သန္တတိအမတ်ကြီးလဲ လူ့အဖြစ်နဲ့ ရဟန္တာဖြစ်သွားတယ်။ အဲဒီနေ့ပဲ ပရိနိဗ္ဗာန်စံရတယ်1 အဲဒီတော့ လူဟာရဟန္တာဖြစ်လို့ရှိရင် အဲဒီရဟန္တာ ဖြစ်တဲ့လူဟာ ရဟန်းသော်လဲပြုရတယ်။ သို့မဟုတ် ပရိနိဗ္ဗာန်သော်လဲ စံရတယ်။ ဘာဖြစ်လို့တုံး-လူ့အရည် လူ့အဆင်အပြင် လူ့အသွင်က ရဟန္တာဆိုတဲ့ဂုဏ်ကြီးကို မခံနိုင်ဘူး။ မခံနိုင်လို့ ရဟန္တာဖြစ်ရင် ဒီနေ့ ရဟန်းသော်လဲပြု၊ သို့မဟုတ် ပရိနိဗ္ဗာန်သော်လဲစံ။ ကိုရင်လေးရဲ့အသွင် အပြင်က ရဟန္တာအဖြစ်ကို ခံနိုင်တယ်။ ဒါ့ကြောင့် ကိုရင်လေးဟာ ရဟန္တာဖြစ်ပေမယ့် ဘာမှအပြောင်းအလဲမပြုရဘူး။ ဒီကိုရင်ဝတ်နဲ့ပဲ နေသွားနိုင်တယ်။
ရှေးတုန်းက ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ် လက်ထက်တော် တုန်းက ရဟန္တာဖြစ်သ္ပားကြတဲ့ ကိုရင်လေးတွေ အများကြီး၊ ခုနစ်နှစ် အရွယ် ရဟန္တာဖြစ်သွားကြတဲ့ ကိုရင်လေးတွေ မနည်းဘူး။ သူတို့မှာတော့ ခုနပြောသလို ရဟန်းပြု ပရိနိဗ္ဗာန်စံဆိုတာလဲ မရှိဘူး။ ကိုရင်ရဲ့အသွင် အပြင် ကိုရင်အဖြစ်က ရဟန္တာဆိုတဲ့ဂုဏ်ကြီးကို ခံထားနိုင်တယ်။ အဲဒါဟာ ကိုရင်ရဲ့အသွင်အပြင်ဟာ ဘယ်လောက်ထူးမြတ်တယ်ဆိုတာ ပြနေတယ်။
ကိုရင်ဆိုတာ လူနဲ့မတူဘူး။ ဥပမာ လူလဲ ဆယ်ပါးသီလခံနိုင်တာပဲ။
ကိုရင်လဲခံနိုင်တာပဲ။ သို့သော် မတူကြဘူး။ လူကဆယ်ပါးသီလခံရင် သူက သီလတွေကို သီးခြားဆောက်တည်ရတယ်။ ပါဏာတိပါတ စသော သိက္ခာပုဒ် ဆောက်တည်ရတယ်။ ကိုရင်ကျတော့ ကိုရင်ဖြစ်ပီဆိုရင် သရဏဒဂုံသုံးပါးယူလိုက်ပြီဆိုရင် အဲဒီသီလတွေ တည်သွားတယ်။ သီလ တွေ အထူးခံစရာမလိုဘူး။ ဆရာဖြစ်တဲ့ ဥပဇ္စာယ်က သရဏဂုံပီသမယ်။ မိမိကလဲပီသမယ်ဆိုရင် အဲဒီကိုရင်လေးဟာ သရဏဂုံပြီးဆုံးသည်နှင့် တစ်ပြိုင်နက် သီလတွေပြည့်စုံသွားတယ်1 အဲဒီသရဏဂုံယူတာကလဲ ဘုန်း ကြီးတို့ ဒီလူ၀တ်ကြီးနဲ့ ယူလို့ရတာမဟုတ်ဘူး။ ဆံရှည်ကြီးနဲ့ ယူလို့ရတာ မဟုတ်ဘူး ဆံရှည်ကြီးနဲ့ သရဏဂုံယူလို့ ကိုရင်ဖြစ်တာမဟုတ်ဘူး' လူအ၀တ်အစားနဲ့ သရဏဂုံယူလို့လဲ ကိုရင်ဖြစ်တာ မဟုတ်ဘူး။ ကိုရင် တို့က ဆံချရတယ်။ သင်္ကန်းဆိုတဲ့ အရဟတ္တဓဇဆိုတဲ့ အင်မတန် ထူးမြတ် လှတဲ့သင်္ကန်းကို ဆင်မြန်း ဝတ်ရုံပြီးတော့ယူမှ သရဏဂုံတည်တယ်။ ရတယ်။
လူဆိုတာကတော့ ဆယ်ပါးသီလ ဆောက်တည်ချင်တယ်ဆိုရင် လူဝတ်နဲ့ဆောက်တည်ရတယ်' လူ့သီလပဲ။ ကိုရင်ကျတော့ အဲသလိုမဟုတ် ဘူး။ အသွင်အပြင်လေးက ရှိရသေးတယ်1 သာသနာ့အသွင်ခေါ်တဲ့ ဆံချမှု1 သင်္ကန်းဆင်မြန်းမှု အဲဒါရှိမှ သရဏဂုံရတယ်။
ပြီးတော့ လူဆိုတာက သီလဆောက်တည်ရင် သီလလေးတင်တည် တာ။ ဆယ်ပါးသီလဆောက်တည်ရင် ဆယ်ပါးသီလလေးသာတည်တယ်။ ကိုရင်ကျတော့ အဲဒီသရဏဂုံသုံးပါးတည်တာနဲ့ တစ်ပြိုင်နက် ရွတ်ဆို ပြီးတာနဲ့ တစ်ပြိုင်နက် သိက္ခာပုဒ်တွေ အများကြီးရောက်လာတယ်။
လိင်ဆယ်ပါးဆိုတာ ကျင့်ရတယ်။ သေခိယသိက္ခာပုဒ်(၇၅)ပါးဆို တာကျင့်ရတယ်။ ပြီးတော့ ဘုန်းကြီးတို့ ဝိနည်းတော်မှာလာတဲ့ ရဟန်း တော်တွေကျင့်ရတဲ့ သိက္ခာပုဒ်တွေ1 အဲဒီသိက္ခာပုဒ်တွေ ကျင့်ရသေးတယ်။ ကိုရင်လေးတွေကျင့်ရတဲ့ သိက္ခာပုဒ်တွေက အများကြီး၊
အဲဒီသိက္ခာပုဒ်တွေဟာ ခုနပြောသလို အထူးဆောက်တည်နေရတာ မဟုတ်ဘူး။ လူလိုသရဏဂုံသုံးပါးတည်တာနဲ့တစ်ပြိုင်နက် သရဏဂုံသုံးပါး
ခံယူလို့ သရဏဂုံဆုံးသည်နှင့် တစ်ပြိုင်နက် အဲဒီသီလတွေဟာ ရောက် လာတယ်။ အဲဒီသီလတွေဟာ လူနဲ့တည်တဲ့ သီလတွေမဟုတ်ဘူး
ဒါကြောင့် ကိုရင်ဆိုတဲ့အသွင်းလေးဟာ တကယ်ထူးမြတ်တဲ့ အသွင် လေး၊ အဲဒီအသွင်လေးဟာ ရဟန္တာဆိုတဲ့ဂုဏ်ကို ခံနိုင်တယ်။ အဲသလောက် ထူးခြားတယ်။ ရဟန်းအသွင်ဆိုတာကတော့ ပြောစရာ မရှိဘူး။
ရဟန်းဆိုတာလဲ အဲသလိုလိင်္ဂဆိုတဲ့အသွင်ရှိတယ်။ ခေါင်းရိတ်ရ တယ်။ သင်္ကန်းဆင်မြန်းရတယ်။ အဲဒီသင်္ကန်းဆင်မြန်း ခေါင်းရိတ် အသွင် အပြင်လေးနဲ့ ရဟန်းအသွင်အပြင်လေးနဲ့ ကမ္မဝါဖတ်လိုက်တယ်။ ဘုရား ရှင်ကိုယ်တော်မြတ်ရဲ့အမိန့်တော် ကမ္မဝါဖတ်လိုက်တဲ့အခါကျတော့ ကမ္မဝါ ဆုံးသည်နှင့်တစ်ပြိုင်နက် သီလတွေရောက်လာတယ်။ ဒီသီလကို အထူး သီးခြား ဆောက်တည်မနေရဘူး။
ဘုရားအာဏာ ကမ္မဝါနဲ့ သံဃာတော်တွေက ချီးမြှောက်လိုက်တာနဲ့ ရဟန်းအဖြစ်ရောက်သွားတယ်။ အဲဒီကမ္မဝါဆုံးသည်နှင့် တစ်ပြိုင်နက် ဒီရဟန်းဟာ သူကျင့်ရမယ့်သီလတွေ ရောက်လာတာပဲ။ သီလတွေ အထူး ဆောက်တည်နေရတာမဟုတ်ဘူး။ သူကျင့်ရမယ့်(၂၂၇)သွယ်သော သိက္ခာပုဒ်တွေ။ ဒီ့ပြင်ဝိနည်းမှာလာတဲ့ သိက္ခာပုဒ်တွေ အများအပြား ရောက်လာတယ်။ အဲဒီသိက္ခာပုဒ်တွေ သူကျင့်ရတော့တာပဲ။
အဲဒီသိက္ခာပုဒ်တွေရောက်လာလို့ တကယ့်အဓိသီလဆိုတဲ့ မွန်မြတ် တဲ့သီလကြီး တည်သွားလို့ အဲဒီရဟန်းတော်ဟာလဲ ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ် တစ်ယောက်ဖြစ်လာတယ်။ ဒါကြောင့် ရဟန်းအဖြစ်ဆိုတာကလဲ မွန်မြတ် တယ်။ ဖြစ်လာရတာကိုက စနစ်တကျ ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော် မြတ်ရဲ့ ဝိနည်းထုံးတမ်းအစဉ်အလာ ဆိုတာက တော်တော်လေး စိတ်ဝင် စားဖွယ်ကောင်းတယ်။
တစ်နေ့က ရဟန်းခံပွဲမာ ကြည်ညိုကြတယ်။ ပူဇော်ကြတယ်။ ရဟန်း တော်လေးတွေ ရှေးဦးစွာ ဥပဇ္စာယ်ဆရာဆိုတာ ယူရတယ်။
သာသနာတော်မှာ ဆရာမရှိဘဲနဲ့နေရင် တိုးတက်မှုမရှိဘူး ဆုတ်
ယုတ်လာတယ် အဲဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဥပဇ္စျာယ် ဆရာမရှိသူကို ရဟန်းခံမပေးရဘူးတဲ့။ အဲသလို ပညတ်တော်မူခဲ့တယ်။ ရဟန်းခံတော့လဲပဲ ပထမံ ဥပဇ္စါံ ဂါဟာပေတဗ္ဗော၊ ဥပဇ္တာယ်ဆရာ ယူ ရမယ်ဆိုပြီးတော့ ဟိုမှာ ဆရာတပည့်အဖြစ်ဖြင့် ဥပစ္စာယ်ယူကြတယ်။
တပည့်ကလဲ တပည့်ခံတယ်။ ဆရာကလဲ ဥပဇ္စျာယ်အဖြစ်ဖြင့်ခံတယ်။ အဲဒါ ဒီဆရာတပည့်နှစ်ဦးဟာ သာသနာမှာ အစဉ်သဖြင့် တစ်ဦးကိုတစ်ဦး စောင့်ရှောက်လို့။ ချီးမြှောက်လို့၊ ဆုံးမလို့ တိုးတက်ကြီးပွားအောင် ဆောင်ရွက်ပေးတယ်။။
ဒီ့နောက် ရဟန်းအဖြစ် အန္တရာယ်ဖြစ်စေတတ်တဲ့ အရာတွေရှိတယ်။ အဲဒီအရာတွေ ရဟန်းဆိုတာဟာ ယောငက်ျားဖြစ်မှ ရဟန်းဖြစ်တယ်။ လူ ဖြစ်မှ ရဟန်းဖြစ်တယ် တချို့ ဘုရားရှင်ကိုယ်တော်မြတ် လက်ထက်တုန်း က နဂါးကြီးတစ်ကောင် လူယောင်ဆောင်ပြီးတော့ ရဟန်းပြုတယ်။ ရဟန်းပြုလာတော့ ရဟန်းတစ်ပါးနဲ့ ကျောင်းတစ်ကျောင်းမှာ အတူတူ နေရတယ်။ အတူတူနေတော့ မနက်ကျတော့ အဲဒီအတူတူနေတဲ့ရဟန်းက ကျောင်းအပြင်ထွက်လိုက်တော့ လူယောင်ဆောင်ထားတဲ့ နဂါးကြီးက လစ်ပြီဆိုပြီးတော့ သူက ခဏအိပ်လိုက်တာ လူယောင်ဆောင်ထားတဲ့နဂါး ကြီးက သူက အိပ်လိုက်လို့ရှိရင် နဂိုနဂါးရုပ် ပြန်ပေါ်လာတယ်။ အဲသလို ပြန်ပေါ်လာတော့ နဂါးကိုယ်အခွေကြီးက ကျောင်းထဲပြည့်နေတယ်။ နောက်ရဟန်းက ပြန်ဝင်လာတော့ နဂါးအခွေကြီးကိုမြင်တော့ လန့်သွား တယ်။
အဲဒါနဲ့ ရဟန်းတော်တွေကသိတော့ ဘယ့်နှယ်လုပ်တာတုံးဆိုတော့ သူရဟန်းပြုချင်လို့ ဒီလိုလုပ်တာဆိုတော့ ဘုရားဆီခေါ်သွားကြတယ်။ ဒီတော့မှ ဘုရားရှင်ကိုယ်တော်မြတ်က အေး-မင်းတို့တိရစ္ဆာန်ဆိုတာက သာသနာတော်မှာ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ အကြောင်းမရှိဘူး။ အဲဒီတော့ သရဏဂုံသီလစသော အကျင့်တွေကျင့်ပြီး ကိုယ့်ဘဝနဲ့ကိုယ်နေတော့ ဆိုပြီး လွှတ်လိုက်တယ်။
အဲသလို ရဟန်းဆိုတာ လူမှပြုလို့ဖြစ်တယ်။ နတ်တွေ ဗြဟ္မာတွေ တိရစ္ဆာန်တွေ မဖြစ်ဘူး။ အဲသလို ရဟန်းအဖြစ်မှာ အန္တရာယ်ဖြစ်မယ့် အပြစ်တွေကိုလျှောက်မေးတယ်။ လျှောက်မေးတာကို မနေ့ကကြားရတယ်။ အဲသလိုမေးပြီး စင်ကြယ်ပြီဆိုမှ တောင်းပန်ရတယ်။ တပည့်တော်ကို ရဟန်းပြုပေးပါဘုရားဆိုပြီးတော့ တောင်းပန်ပြီးမှ ရဟန်းတော်တွေက ကမ္မဝါဖတ်ကြတယ်။
ကမ္မဝါဖတ်တယ်ဆိုတာ ဘာလုပ်တာလဲ။ အမှန်က ပါဠိတွေနဲ့ ဖတ်နေတာကို အဓိပ္ပာယ်မသိလို့။ အဓိပ္ပာယ်သိရင် အဲဒါလေးကိုက အတော် စိတ်ဝင်စားစရာကောင်းတယ်။ သံဃာတော်တွေကို ဒီပုဂ္ဂိုလ် ဒီပုဂ္ဂိုလ်တွေကို ရဟန်းပြုပေးမလို့ သူတို့ကလဲရဟန်းပြုပေးဖို့ တောင်းပန် ကြတယ်။ အဲဒီပုဂ္ဂိုလ်တွေမှာ အန္တရာယ်တွေကလဲ ကင်းနေကြတယ်။ အဲဒါရဟန်းပြုပေးမယ်။ ဥပဇ္စာယ်ဆရာဘယ်သူနဲ့ ရဟန်းပြုပေးမယ်။ အရှင်ဘုရားတို့ သူ့ရဟန်းပြုပေးတာကို ကျေနပ်နှစ်သက်ရင် ဆိတ်ဆိတ် နေကြပါဘုရား၊ အကျေနပ်မနှစ်သက်ရင်လဲ မကျေနပ်မနှစ်သက်ကြောင်း ပြောကြပါဘုရားလို့ သံဃာတွေရဲ့ ဆန္ဒတောင်းရတယ်။ ကမ္မဝါဆိုတာ တခြားမဟုတ်ဘူး။ အခုပြောသလို သံဃာတွေအကုန်လုံး ဒီရဟန်းလောင်း ဒီရဟန်းလောင်းတွေ ရဟန်းပြုပေးတော့မယ်။ အရှင်ဘုရားတို့ သဘော တူကြရဲ့လားး သဘောမတူကြရင်လဲ ပြောကြပါ သဘောတူရင် ဆိတ်ဆိတ်နေကြပါဆိုပြီး သံဃာရဲ့ဆန္ဒကိုတောင်းတာ။ ကမ္မဝါဖတ်တယ် ဆိုတာ။
အဲဒီသံဃာတွေက အကုန်လုံးကျေနပ်လို့ ဆိတ်ဆိတ်နေကြတယ် ဆိုရင် ဒါ ကံမြောက်သွားပြီ။ ကမ္မဝါလဲဆုံး ကံမြောက်သွားပြီး ရဟန်း တစ်ပါးကထပြီး ကန့်ကွက်တယ်။ ဟာ... ဒီရဟန်း-ရဟန်းပြုပေးတာ သူမကြိုက်ပါဘူး။ အဲသလိုကန့်ကွက်တာ ရဟန်းမဖြစ်ဘူး။ ကန့်ကွက်တဲ့ ရဟန်းကျေနပ်အောင် ပြောဆိုပြီးတော့့ သဘောတူသည်အထိ ပြောဆို ပြီးတော့ ပြန်ပြီးဖတ်မှ ကံအောင်တယ်ဆိုတယ်။ အဲဒါ ကမ္မဝါရဲ့သဘော။ ဒီတော့ သံဃာတွေ သိမ်ထဲဝင်ပြီးတော့ ဆောင်ရွက်တယ်ဆိုတာ သံဃာတွေ
ရဲ့ သဘောတူညီမှု ယူတာပဲ။
ဒီတော့ ဘုန်းကြီးတို့ ဒီသံဃာရဲ့ ကံတွေဆိုတာ ဒီမိုကရေစီနည်း အင်မတန်ကျတယ်။ အများဆန္ဒယူပြီးတော့ အများသဘောတူမှုဖြင့် ပြုတဲ့ ကံတွေ။
နောက် သာသနာတော်မှာ ရဟန်းဖြစ်လာတယ်ဆိုရင် ကံတွေ ကံတွေအများကြီး၊ အဲဒီကံတွေမှန်သမျှ ဒီအတိုင်းချည်းပဲ။ ကံတစ်ခု ဆောင်ရွက်စရာရှိရင် သိမ်ထဲသွားပြီးတော့ သံဃာတွေစုဝေးပြီးတော့ ကမ္မဝါနဲ့ အသိပေးတာ အများသဘောတူရင် အဲဒီကံဟာမြောက်တာပဲ။ တစ်စုံတစ်ယောက်သောရဟန်းက သဘောမတူဘူးဆိုရင် အဲဒါမမြောက် ဘူး။
အဲဒီတော့ ဘုန်းကြီးတို့သာသနာတော်မှာ ဆောင်ရွက်ကြရတဲ့ ရဟန်းတော်တွေရဲ့ ကံကြီးကံငယ်တွေဆိုတာဟာ ဘယ်လောက်နည်းကျ တယ် လမ်းကျတယ် အခုခေတ်ပြောနေကြတဲ့ ဒီမိုကရေစီအများသဘော အရ ဆောင်ရွက်ကြတယ်ဆိုတာဟာ အင်မတန်ထင်ရှားတယ်။ အဲဒါ ကြောင့် သာသနာတော်မှာ ညီညီညွတ်ညွတ် သံဃာကိစ္စတွေဆောင်ရွက် တဲ့အခါမှာ သာမဂ္ဂီဆိုတဲ့ ညီညွတ်မှုနဲ့ ဆောင်ရွက်ကြတာချည်းပဲ။ အဲဒီအစီအစဉ်ကိုက အင်မတန်ကျေနပ်ဖွယ်ရာကောင်းတယ်။ ထို့အတူပဲ သာသနာတော်မှာ ရဟန်းသံဃာတော်တွေ ဆောင်ရွက်ရတဲ့ကိစ္စတွေဟာ အများကြီးပဲ။ အဲဒီဆောင်ရွက်ရတဲ့ ကိစ္စမှန်သမျှ ဘုရားရှင်ကိုယ်တော်မြတ် စီစဉ်ထားပုံဟာ ပညာရှိတွေ ကျေနပ်လောက်အောင် နှစ်သက် လောက်အောင် အင်မတန်စနစ်ကျတယ်။ နည်းကျတယ် လမ်းကျတယ်။ ဒါကြောင့်မို့လို့ အဲဒီသာသနာတော်မှာ နေကြတဲ့ ရဟန်းတော်တွေ။ သာမဏေလေးတွေဟာ တကယ့်သီလနဲ့ တည်ကြပြီးတော့ နေတာမို့လို့ ဟာ _... တို့လူပေမယ့် သောတာပန်ဖြစ်နေပြီ။ အရိယာတွေဖြစ်နေပြီ။ ဒီရဟန်းသာမဏေတွေက ပုထုဇဉ်တွေ တို့ကိုသူတို့က ရှိခိုးရရယ် စသည် ဖြင့် အဲသလိုပြောလို့မဖြစ်ဘူး။ ဘာ့ကြောင့် မဖြစ်သတုံးဆိုရင် အရိယာ ဇာတိဆိုတာကတစ်မျိုး။ ရဟန်းတို့ရဲ့ အသွင်အပြင်ဆိုတဲ့ အသွင်အပြင်က
တစ်မျိုး အရိယာဇာတိဆိုတာက သီလနဲ့ မဆိုင်ဘူးး သောတာပန်။ သကဒါဂါမ်၊ အနာဂါမ်တွေက ရှေးက ဘုရားရှင် ကိုယ်တော်မြတ် လက်ထက်ကပဲ။
ပြောကြတယ်။ တို့ သောတာပန်ဖြစ်နေပြီ။ ရဟန်းက နောက်မှ သောတာပန်ဖြစ်ရင် အဲဒီနောက်မှ သောတာပန်ဖြစ်တဲ့ရဟန်းဟာ အရင် သောတာပန်ဖြစ်တဲ့လူကို ရှိခိုးရရယ်တဲ့ လူတွေကပြောကြတယ်။ အဲဒါ ကို ဘုရားရှင်ကိုယ်တော်မြတ်က ကြားတော်မူတော့မှ အေး... အရိယာ ဇာတ်ဆိုတာကတစ်မျိုး။ ပူဇော်ထိုက်တဲ့ လိင်္ဂအသွင်အပြင်ဆိုတာတစ်မျိုး။
ဒီတော့ အဲဒီအသွင်အပြင်ရှိနေကြတဲ့ ရဟန်းတော်တွေး သာမဏေ တွေကို အနာဂါမ်လူဖြစ်စေဦးတော့း လူဟာ အနာဂါမ်တည်နေစေဦးတော့ အဲဒီနေ့ ရှင်ဖြစ်လာတဲ့ ကိုရင်လေးကို ရှိခိုးထိုက်တယ်။ ဘာ့ကြောင့်တုံး ခုနပြောတဲ့အသွင်အပြင်က ရှိနေတယ်။ ကိုရင်လေးမှာ ဆံချထားတယ်။ သင်္ကန်းလေး ဆင်မြန်းထားတယ်။ ရဟန်းတော်မှာလဲ ထိုနည်းအတိုင်းပဲ။ ဆံချထားတယ် သင်္ကန်းလေးဆင်မြန်းထားတယ်။ အဲဒါတွေဟာ ပူဇော် ထိုက်တဲ့ အသွင်အပြင်၊ တစ်နည်းအားဖြင့်ပြောရရင် ဘယ်လောက်ပဲလူဟာ သောတာပန်တည်တည် သူတို့ဟာ ဆယ်ပါးသီလအထိသာရတယ်။ အဲ- ရဟန်းသီလဆိုတဲ့ အဓိသီလလွန်ကဲတဲ့ သီလကြီး ၂၂၇-သွယ်ဆိုတဲ့ သိက္ခာပုဒ်သီလတွေး ကုဋေကိုးထောင်ကျော်ဆိုတဲ့ သိက္ခာပုဒ်သီလတွေ။ အဲဒီသီလတွေ သူတို့ အနာဂါမ်လူတွေမှာ ရှိတာမဟုတ်ဘူး။ ကိုရင်လေး ရဲ့ သိက္ခာပုဒ်သီလမျိုးတွေ သူတို့မှာ ရှိတာမဟုတ်ဘူး။ အဲဒါကြောင့်မို့ လို့ လူဟာဘယ်လောက်ပဲ အရိယာတွေဖြစ်နေစေ။ သီလအနေအားဖြင့် လည်းကောင်း၊ ဂူဇော်ထိုက်တဲ့အသွင်အပြင် လိင်္ဂအားဖြင့်လည်းကောင်း၊ ရဟန်းတို့ကို မမီဘူး။ ဒါ့ကြောင့် လူတွေဟာ မိမိတို့က အရိယာဖြစ်ပေ မယ့် ပုထုဇဉ်ဖြစ်တဲ့ သီလဝန္တရဟန်းတွေ သာမဏေတွေကို ရှိခိုးရတယ်။ အဲဒီအကြောင်း ဘုရားရှင်ကိုယ်တော်မြတ်ကလဲ ဟောတော်မူခဲ့တယ်။
အဲဒါဘာပြတုံးဆိုရင် ဘုန်းကြီးတို့ရဲ့ သာသနာတော်ရဲ့ မွန်မြတ်ပုံး သာသနာတော်ရဲ့ ထူးခြားပုံကိုပြတယ်။ ဒီတော့ ဘုရားရှင်ကိုယ်ဝော်
မြတ် သာသနာတော်ဟာ ထူးခြားတဲ့ အဓိသီလတည်းဟူသော သီလ ရတနာဖြင့် တန်ဖိုးမြင့်နေတယ်။ အဲဒီသီလ ကျင့်သုံးကြတဲ့ သံဃာတော် တွေရဲ့ ဂုဏ်အားဖြင့် မြင့်မြတ်နေလို့ အဲဒီသာသနာမှာ အဲဒီသီလတွေရှိ ကြတဲ့ အရှင်မြတ်တို့၏ ခံစားရာ သာသနာတော်မြတ်ကြီးမှာ မိမိတို့ ပြုရသမျှ ကုသိုလ်တွေဟာ မြေကောင်းမှာစိုက်ပျိုးရတဲ့ သီးနှံပမာလို ထူးခြားတဲ့အကျိုးတရားတွေ ရနိုင်ကြတယ်။ လောကမှာ အသီးအနှံ ကောင်းကောင်း လိုချင်ရင် မြေကောင်းမှာ စိုက်ပျိုးမရတယ်1 အဲသလိုပဲ သာသနာတော်ဟာ မြေကောင်းကြီး အနုတ္တရံပုည ခေတ္တံ လောကဿ- သာသနာတော်ဆိုတာ မြေကောင်းကြီး၊ မြေကောင်းဖြစ်လို့ အဲဒီသာသနာ တော်တည်းဟူသော ပုညခေတ်ကြီးမှာ စိုက်ပျိုးရတဲ့ ကုသိုလ်မျိုးတွေဟာ အောင်အောင်မြင်မြင် ဖွံ့ဖွံ့ဖြိုးဖြိုး အကျိုးပေးနိုင်တယ်။ ညောင်စေ့လောက် လှူပေမယ့် ညောင်ပင်ကြီးလောက် အကျိုးရနိုင်တယ်ဆိုတာ ဒါ သာသနာ တော်ကြီးကိုပြောတာ။
ဒါ့ကြောင့် မိမိတို့ ယနေ့ ရဟန်းလောင်းလေးပါးကို သာသနာ တော် ရဟန်းဖြစ်အောင် ဆောင်ရွက်ပေးတဲ့ ရဟန်းခံပွဲ ဆင်နွှဲကျင်းပ ပူဇော်ကြတယ်။ အဲဒါ မြေကောင်းမှာ မျိုးကောင်းစိုက်ခြင်းပဲ။ အဲ. ခုနပြောသလို သာသနာတော်က တန်ဖိုးရှိတယ်။ တကယ့်သာသနာ ဒီသာသနာတော်မျိုး ဘုရားရှင်ကိုယ်တော်မြတ် သာသနာတော်မှတစ်ပါး တခြားမရှိ။
ယာဝတာ ခေတ္တာ ဝိဇ္ဇန္တိ။
သံဃာပိစ ဂဏာပိစ။
ဗုဒ္ဓခေတ္တ သမော နတ္ထိ သုခဒေါ သဗ္ဗပါဏိနံ။
သံဃာပိစ-သံဃာဆိုရတဲ့ သံဃာအမျိုးမျိုးတို့သည်လည်းကောင်း၊ ဂဏာပိစ-ဂိုဏ်းဆိုရတဲ့ ဂိုဏ်းအမျိုးမျိုးကိုလည်းကောင်းး ယာဝတာ- အကြင်မျှလောက်ကုန်သော၊ ခေတ္တာ-ကောင်းမှုပြုရာခေတ်တို့သည်။ ဝိဇ္ဇန္တိ-ထင်ရှားရှိနေကြပါပေကုန်၏။ သဗ္ဗပါဏိနံ-အလုံးစုံများစွာ သတ္တဝါ
တို့၏။ သုခဒေါ-ချမ်းသာသုခကိုပေးတတ်သော' ဗုဒ္ဓခေတ္တသမော-ဘုရား ပွင္ခ်ရာ ခေတ်အခါကြီးနှင့်တူသော ခေတ်တစ်မျိုးသည်။ နတ္ထိ-မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာလျွှင်တည်း။
(သာဓု သာဓု သာဓု)
(ဦးလွန်းမောင်-ဒေါ်ရင်မေမိသားစု ရဟန်းခံအလှူမင်္ဂလာခ် ဟော ကြားတော်မူအပ်သော အနုမောဒနာတရားတော်)
၅တနာမွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၇) ဆွမ်းအနုမောဒနာတရား
ယနေ့ ဆွမ်းအလှူတော် ပူဇော်လှူဒါန်းကြတယ်။ ဒါနကုသိုလ်ဆို
တာ မွန်မြတ်တဲ့အလုပ်။ ကောင်းတဲ့အမှု1 သောတံ သုတေနေ၀ န ကုဏ္ဍလေန-
နားဟာ ဗဟုသုတခံယူခြင်းဖြင့် တင့်တယ်တယ်။ နားတောင်းကြီး ဝတ်ထားလို့ တင့်တယ်တာ မဟုတ်ပါဘူးတဲ့။ နီတိဆရာများက ဆိုကြတယ်။
နားဟာ ဗဟုသုတခံယူမှ တင့်တယ်တယ်။ နားတောင်းကြီးဝတ် ထားလို့ တင့်တယ်တာမဟုတ်ပါဘူးတဲ့။ တကယ်တော့ ဗဟုသုတတွေ အများကြီးရှိမှ လောကတင့်တယ်တယ်။ နားတောင်းဆိုတာကတော့ တင့် တယ်တယ်ဆိုပေမယ်. တကယ်တင့်တယ်တယ်မဆိုရဘူး' ဗဟုသုတတွေ များစွာပြည့်စုံမှ အဲဒီပုဂ္ဂိုလ်ဟာ လူ့လောကမှာ အများရဲ့ မှီခိုရာအားထားရာ ဖြစ်လို့၊ အများချစ်မြတ်နိုးမှုခံရလို့ နားဟာ ဗဟုသုတနဲ့သာ တင့်တယ် တယ်။ နားတောင်းကြီးဆင်ထားလို့ ဒီလောက်တင့်တယ်တာ မဟုတ် ပါဘူး။
ဒါနေန ဟတ္ထော န ဝဇိရေန။
ဟတ္ထော-လက်သည်။ ဒါနေန-ပေးကမ်းလှူဒါန်းခြင်းဖြင့်သာလျှင်၊ အာဘာတိ-ထွန်းပတင့်တယ်ပါပေ၏) ဝဇိရေန-စိန်လက်စွပ်ကြီး ဆင် ထားခြင်းဖြင့် နအာဘာတိ-ထွန်းလင်းတောက်ပသည် မဟုတ်ပါပေ။
လက်ဟာ ဒါန-ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊ စွန့်ကြဲခြင်း၊ ဒါနဖြင့် သာ တင့်တယ်တယ်။ .စိန်လက်စွပ်ကြီးဝတ်ထားလို့ တင့်တယ်တာ
မဟုတ်ဘူး။
တရားသဘောအရဆိုရင်ဖြင့် စိန်လက်စွပ်ကြီးဆင်ထားတယ်ဆိုတာ မိမိအတွက်သာ။ ပေးကမ်းခြင်းဆိုတာက မိမိအတွက်တင်မကဘူး။ အများ သတ္တဝါ ချမ်းသာအောင်။ အများပုဂ္ဂိုလ်တွေ ချမ်းသာအောင် စွန့်ကြဲပေး ကမ်း လှူဒါန်းတာဖြစ်သောကြောင့် အဲဒီ လှူဒါန်းပေးကမ်း စွန့်ကြဲခြင်းဖြင့် သာ လက်ဟာ တင့်တယ်တယ်
ဒီတော့ ဘုန်းကြီးတို့ပေးကမ်းခြင်းဖြင့် တင့်တယ်တယ်။ ဒါနံ သိနေဟဘေသဇ္ဇံ။ ဒါနံ-လှူဒါန်းပေးကမ်းစွန့်ကြဲခြင်းသည်။ သိနေဟ ဘေသဇ္ဇံ-အများချစ်မြတ်နိုးစေတတ်သော ပီယဆေးအစစ် ဖြစ်ပါပေ၏
ဒါနဆိုတာ ပီယဆေးပဲတဲ့ အများချစ်မြတ်နိုးအပ်တယ်။ သူတော် ကောင်းတွေဟာ လှူဒါန်းပေးကမ်းစွန့်ကြဲတဲ့ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်တတ် ကြတယ်။ သူတော်ကောင်းတွေ ချဉ်းကဗ်တယ်ဆိုရင် အဲ့ဒီသူတော်ကောင်း တွေဆီက တရားစကားတွေ ကြားနာရတယ်.။ မိမိတို့ချမ်းသာကြောင်း တရားစကားတွေ ကြားနာရတယ်' ကုသိုလ်တွေအများကြီး ဖြစ်ပွားတယ်။ ဖြစ်ပွားလို့ ဒါနဆိုတာဟာ အများချစ်မြတ်နိုးစေတတ်တဲ့ ပီယဆေးတစ်မျိုး။ ဒါနံ သိနေဟဘေသဇ္ဇံ။
ဘုန်းကြီးတို့ တရားတစ်ခု ကောင်းတယ် မကောင်းဘူးဆိုတာဟာ သာသနာတော်မှာ စစ်ဆေးဖို့ရာ ပေတံလေးတွေရှိတယ်။ အဲ့ဒီဘုရားရှင် ကိုယ်တော်မြတ် ပေးထားတဲ့ပေတံနဲ့ တိုင်းတာရင် အလုပ်တစ်ခုဟာ ကောင်းတယ် မကောင်းဘူး။ တန်ဖိုးရှိတယ် မရှိဘူးဆိုတာ နားလည် နိုင်တယ်။ ဘုန်းကြီးတို့ သာသနာတော်မှာ တကယ်အရေးကြီးတဲ့ ပဓာန ကျတဲ့ တရားရှစ်ပါး ရှိတယ်။ အဲဒီတရားရှစ်ပါးဟာ ဘာတုံးဆိုရင် မဂ္ဂင်ရှစ်ပါးပဲ။
အားလုံးလဲ ကြားဖူးကြမှာပဲ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ။ သမ္မာဝါစာ။ သမ္မာကမ္မန္တ' သမ္မာအာဇီဝ၊ သမ္မာဝါယာမ။ သမ္မာသတိ။ သမ္မာသမာဓိ မဂ္ဂင်ရှစ်ပါး။
သမ္မာဒိဋ္ဌိဆိုတာ မှန်ကန်တဲ့အမြင်၊ လောကမှာ အလုပ်တစ်ခု
ကုသိုလ်ရေးဆိုင်ရာအလုပ်တစ်ခု။ မှန်တယ် မမှန်ဘူး။ ကောင်းတယ် မကောင်းဘူး။ မြတ်တယ် မမြတ်ဘူး စိစစ်ချင်ရင် ဒီပေတံနဲ့ စိစစ်ကြ ရတယ်။ မဂ္ဂင်ရှစ်ပါး အထူးအားဖြင့်တော့ သမ္မာဒိဋ္ဌိဆိုတဲ့တရားနဲ့ စစ်ဆေး ကြရတယ်။ သမ္မာဒိဋ္ဌိနဲ့စစ်ဆေးလို့ရှိရင် ဒါ မကောင်းတဲ့အလုပ်ပဲ။ ကောင်း တဲ့အလုပ်ပဲဆိုတာ ပေါ်လာရတယ်။
သမ္မာဒိဋ္ဌိဆိုတာ မှန်ကန်တဲ့အမြင်း ခှန်ကန်တဲ့အခြင်ဆိုတာ င ဉာဏ်ပဲ။ ကမ္မဿကတာဉာဏ်း ဝိပဿနာဉာဏ်။ မဂ်ဉာဏ်။ ဖိုလ် ဉာဏ်၊ ဒါတွေကိုသမ္မာဒိဋ္ဌိခေါ်တယ်။ ကမ္မဿကတာဉဉာဏ်ဆိုတာက ကုသိုလ်ပြုရင် ကောင်းတဲ့အကျိုးရတယ်။ အကုသိုလ်ပြုရင် မကောင်းတဲ့ အကျိုးရတယ်လို့ အဲသလိုသိတဲ့ဉာဏ်ကို ကမ္မဿကတာဥဉာဏ်လို့ ဆိုတယ်။ ကံသည်သာလျှင် မိမိဥစ္စာလို့သိတဲ့ဉာဏ်း ကံသည်သာ မိမိ ဥစ္စာဟုသိတဲ့ဉာဏ် ဆိုတဲ့နေရာမှာ ဘုန်းကြီးတို့ကုသိုလ်ကံသာ ကိုယ့်ဥစ္စား အကုသိုလ်ကံသည် ကိုယ့်ဥစ္စာမဟုတ်။
ကုသလကမ္မံ-ကုသိုလ်ကံသည်။ အနတ္ထဘဉ္စနတော-အကျိုးမဲ့ကို ဖျက်ဆီးတတ်သောကြောင့်' အတ္ထ ဇနနတော-အကျိုးစီးပွားကို ဖြစ်စေ တတ်သောကြောင့်' သကံနာမ-ကိုယ်ပိုင်ဥစ္စာ ဖြစ်ပါပေ၏။ ကုသိုလ်ကံသည်သာ ကိုယ့်ဥစ္စာ၊ ဘာဖြစ်လို့တုံး။ ကိုယ့်ကို ကောင်း ကျိုးဆောင်ရွက်တတ်လို့။ ကုသိုလ်ကံဟာ အကျိုးမဲ့မကောင်းကျိုးတွေကို ဖျက်ဆီးတတ်တယ်။ ကောင်းကျိုးချမ်းသာ မင်္ဂလာတို့ကို ဖြစ်စေတတ် တယ်။ ဒါကြောင့် ကိုယ်ပိုင်ဥစ္စာအစစ်။
အကုသလံကမ္မ-အကုသိုလ်ကံကတော့။ အတ္ထဘဉ္စနတော-အကျိုး စီးပွားကို ဖျက်ဆီးတတ်သောကြောင့်' အနတ္ထဇနနတော-အကျိုးမဲ့ကို ဖြစ်စေတတ်သောကြောင့်၊ နောသကံနာဓ-ကိုယ်ပိုင်ဥစ္စာမဟုတ်ပါပေး အကုသိုလ်ကတော့ ကောင်းကျိုးတွေကို ဖျက်ဆီးတတ်တယ်။ မကောင်းကျိုးတွေကို ဖြစ်စေတတ်တယ်။ ဒါကြောင့် အကုသိုလ်ကံဟာ ကိုယ့်ဥစ္စာမဟုတ်ဘူး။ ကုသိုလ်ကံသာ ကောင်းကျိုးကိုဖြစ်စေတတ်သော ကြောင့် မကောင်းကျိုးကိုဖျက်ဆီးတတ်သောကြောင့် ကိုယ့်ဥစ္စာ။ ၃
အကုသိုလ်ဟာ ကောင်းကျိုးတွေဖျက်ဆီးတတ်သောကြောင့်း မကောင်းကျိုး တွေ ဖြစ်စေတတ်သောကြောင့် ကိုယ့်ဥစ္စာမဟုတ်ဘူး အဲသလို သိတဲ့ ဉာဏ်ဟာ ကမ္မဿကတာဉာဏ်လို့ ဆိုတယ်။ ဒါကြောင့် ကမ္မဿကတာ ဉာဏ်ပေတံနဲ့တိုင်း။ သမ္မာဒိဋ္ဌိဉာဏ်ပေတံနဲ့ တိုင်းလိုက်ပြီဆိုရင် ကုသိုလ် ဆိုတာဟာ ကိုယ့်ကောင်းကျိုးကို ဖြစ်စေတတ်တဲ့တရားတွေး ဒါဟာ ကိုယ်ပိုင်ဥစ္စာပဲ အဲသလိုသိတဲ့ဉာဏ်ကို သမ္မာဒိဋ္ဌိမဂ္ဂင်လို့ခေါ်တယ်။ အဲဒီ သမ္မာဒိဋ္ဌိမဂ္ဂင်နဲ့တိင်းလို့ရှိရင် ကုသိုလ်ဟာကိုယ့်ဥစ္စာဆိုတာ ပေါ်လွင် လာတယ်။ လောကမှာ ဒါနဆိုတာ ကောင်းတယ်ဆိုတာဟာ သူများ ပြောမှမဟုတ်ပါဘူး။ မိမိတို့ကိုယ်တိုင် သိနိုင်တဲ့အလုပ်' ပေးကမ်းတယ် ဆိုတာ သူတစ်ပါးချမ်းသာအောင် လုပ်တဲ့အလုပ်။ သူတစ်ပါး ချမ်းသာ ရုံတင်လားဆိုတော့ သူတစ်ပါးချမ်းသာအောင် ဆောင်ရွက်ပေးတတ်တာ ကြောင့် မိမိတို့လဲချမ်းသာရတယ်။ လှူဒါန်းတယ်ဆိုတာ ကောင်းတဲ့အလုပ် လို့ မိမိတို့လက်ခံထားတယ်။ ယုံကြည်တယ်။ သိတယ်။ သဒ္ဓါရှိတယ်။ ပညာရှိတယ်1 အဲဒီသဒ္ဓါ ပညာအရ ကောင်းတဲ့အလုပ်လို့သိတယ်။ သမ္မာဒိဋ္ဌိရှိတယ်။ ရှိလို့ ဤဒါနကို မိမိတို့လက်ခံထားကြတယ်။ ဒီတော့ ကောင်းတဲ့အလုပ်ဆိုတာဟာ သူများပြောလို့ သိရတာလား။ ကိုယ်တိုင် သိတာလားဆိုတော့ အမှန်က ကိုယ်တွေ့သိနေရတာ။
လောကမှာ ယူရခြင်းကြောင့် ဝမ်းသာခြင်းမျိုး။ ပေးရခြင်းကြောင့် ဝမ်းသာခြင်းမျိုးရှိတယ်။ ပစ္စည်းဥစ္စာတွေရခြင်းကြောင့် ဝမ်းသာတယ် ဆိုတာလဲရှိတယ်1 ပစ္စည်းဥစ္စာတွေ ပေးရခြင်းကြောင့် ဝမ်းသာတာလဲ ရှိတယ်။ အဲဒီတော့ တချို့ အလှူအတန်းလှူရပြီဆိုရင် ပျော်လို့ပီတိတွေ ဖြစ်နေကြတယ် တကယ် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြရတယ်။ တချို့ ထမင်းတောင်မစားချင်တော့ဘူး။ ပီတိဖြင့် ပြည့်နေလို့။
ထို့အတူပဲ ကိုယ်ကပေးလိုက်ရတော့ ရရှိကြရတဲ့ပုဂ္ဂိုလ်တွေကလဲ - ၀မ်းသာကြတယ်။ မိမိတို့အပေါ်မှာ မေတ္တာထားကြတယ်။ ဝမ်းမြောက် ဝမ်းသာရှိကြတယ်။ ကြည်ကြည်နူးနူးရှိကြတယ်။ အဲဒီတော့ ဒါနဆိုတာ ဟာ အလှူခုံပုဂ္ဂိုလ်ဘက်ကလဲ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြောင်း
မိမိတို့ဘက်က အလှူ့ရှင်များဘက်ကလဲ ဝမ်းမြောက်ကြောင်း။ ဝမ်း မြောက်မှု ပီတိသောမနဿတွေ ဖြစ်ကြရတယ်။ ဒါတွေဟာ ကိုယ်တွေ့တွေ။ ဒါနရဲ့ လက်တွေ့အကျိုးတွေပဲ။ ဒီအကျိုးတွေဟာ ကိုယ်တိုင်ခံစားရတာ။ ကိုယ်တိုင်ခံစားရတာဖြစ်သောကြောင့် သူလဲချမ်းသာ ကိုယ်လဲချမ်းသာ ချမ်းသာဖြစ်ကြောင်း ကောင်းမှုတစ်ရပ်ဟာ ဘယ်မှာ မကောင်းတဲ့ အလုပ်ဖြစ်ပါ့ မတုံး။
ကောင်းတဲ့အလုပ်ဆိုတာ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်တာ။ မိမိတို့မှာ သမ္မာဒိဋ္ဌိရှိကြတယ်။ ကံအကျိုးနားလည်ကြတယ်။ ကောင်းတာပြုရင် ကောင်းတဲ့အကျိုးရတယ်။ မကောင်းတာပြုရင် မကောင်းတဲ့အကျိုးရတယ်။ အဲဒီ သမ္မာဒိဋ္ဌိဉာဏ်ကရှိပြီးတော့ ကောင်းတဲ့အမှုလို့ လက်ခံနိုင်တယ်။ ဆုံးဖြတ်နိုင်တယ်။ ကောင်းတဲ့အမှုလို့ လက်ခံပြီးတော့ နှစ်သက်ရွှင်လန်း ကြတယ်။ ဝမ်းမြောက်ကြရတယ်။ သဒ္ဓါဆိုတဲ့ ကောင်းမြတ်တဲ့တရားတွေ ဖြစ်ကြရတယ်။ ပညာဆိုတဲ့ ကောင်းမြတ်တဲ့တရားတွေ ဖြစ်ကြရတယ်။
ဒါ့ကြောင့် ဒါနကောင်းတယ်ဆိုတာဟာ ဘယ်သူမှပြောစရာမလို ဘူး။ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ ပေးတယ် ကမ်းတယ်ဆိုရင် လူမပြောနဲ့ တိရစ္ဆာန်တောင် ကိုယ့်ခင်တဲ့ပေးတဲ့ပုဂ္ဂိုလ်ကို တိရစ္ဆာန်လေး တွေက ခင်မင်တယ်။ ပေးတဲ့ပုဂ္ဂိုလ်မှ သူတို့ကပ်ချင်တယ်။ ဒါဟာ လက်တွေ့ဒါနရဲ့အကျိုး၊ ဒါ့ကြောင့် ဒါနဆိုတာကောင်းတဲ့အလုပ်။ မွန်မြတ် တဲ့အလုပ်။ ဒါကိုမိမိတို့ ဆုံးဖြတ်နိုင်တာ သိနိုင်တာဟာ သမ္မာငခိဋ္ဌိ။ အဲဒီတော့ ဒါနကောင်းမကောင်း သမ္မာဒိဋ္ဌိနဲ့ ဆုံးဖြတ်ရတယ်။ သိနိုင် ကြတယ်။ ထို့အတူပဲ သီလကောင်းမကောင်းဆိုတာလဲ သမ္မာဒိဋ္ဌိနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ သီလဆိုတာလဲ ကိုယ်ချမ်းသာကြောင်း။ သူတစ်ပါး ချမ်းသာကြောင်း။ သီလပျက်ပြီဆိုရင် ဒီလူဟန်မကိုက်တော့ဘူးး ပါဏာတိ ပါတ-သူ့အသက်သတ်မယ်ဆိုရင် သီလပျက်တယ်။ သီလမရှိဘူး။ သူ့ အသက်သတ်တဲ့အလုပ်ဟာ မကောင်းဘူးဆိုတာ မိမိတို့သိနေတယ်။ အဲဒီလိုသိနေတာဟာလဲ သူတစ်ပါးပြောလို့မဟုတ်ဘူး။ ကိုယ်တိုင်ပဲ သိနေ ကြတာ။
သူတစ်ပါး အသက်သတ်နေရတဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းတွေက င င္သ ရ င ဝ ရ ရျ လျှ ဘယ်မှာသွားပြီးတော့ လူကောင်းအဖြစ်ဖြင့် အသိအမှတ်ပြုနိုင်မလဲ။ မပြု နိုင်ကြဘူး။ မိမိသန္တာန်မှာလဲ မေတ္တာမဖြစ်' ကရုဏာမဖြစ်။ ဖြစ်တာတွေက ဓ။ င ဝိ ၀. င ဗျိ ချ လျှ ဝ ဘာတွေတုံး။ ဒေါသတွေဖြစ်။ ဝိဟိသ-ညှဉ်းဆဲမှုတွေဖြစ်' အဲသလို မကောင်းတဲ့တရားတွေ ဖြစ်တာဟာ အထင်အရှား။ သမ္မာဒိဋ္ဌိမရှိရင်သာ ဒိဋ္ဌိ ရှိပြီ ရင် ကောင်းတဲ့အမူ ကောင်းတဲ့အတိုင်းုံးဖြတ်နိုင် သမ္မာဒဋ္ဌဉဉာဏရှပြဆုရ တ္အမှု စိတ္အတုငး ဆူးပြတနင မယ်။ မကောင်းတဲ့အမှု မကောင်းတဲ့အတိုင်း ဆုံးဖြတ်နိုင်တယ်။ ကုသိုလ်ကို ကုသိုလ်အဖြစ် ဆုံးဖြတ်နိုင်ကြတယ်။ အကုသိုလ်ကို အကုသိုလ်အဖြစ် ဆုံးဖြတ်နိုင်ကြတယ်1 ဒါ့ကြောင့်မို့လို့ ဘုန်းကြီးတို့ သာသနာတော်မှာသာ ပေတံရှိတာ။
င လျ ချူး ဝဝ ဝဲ (ရျ လျှ င ကောင်းတဲ့အလုပ်ကိုတိုင်းဖို့လို့ ပေတံရှိတယ်။ မကောင်းတဲ့အလုပ်ကို ဝငး ဝ ၀ င ဝ္သ ဝ လျ င (မျ ၆ တိုင်းဖို့လို့ ပေတံရှိတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့ တရားဖြစ်ပြီဆိုရင် သမ္မာသင်္ကပ္ပ- င် လျ ညျး လျှ (ရ လျ။ င္သ ငဝ ငင ကောင်းတဲ့အကြံဆိုတာလဲ ဖြစ်လာတာပဲ။ ဒါန-ကောင်းတယ်လို့မြင်ရင် ဝ္ဝ ဝ။ င ၁ ရျ ရျ လျ ငလျ.ဝ 6 င မိမိတို့အကြံအစည်မှာ တွေးတောမှုမှာ ဒါကောင်းတဲ့အလုပ်ပဲလို့ ကြံစည် ဝ ဝ င ဝ လျ ဝ မိ တွေးတောမိတယ်။ ထို့အတူပဲ သမ္မာဝါယမ။ သမ္မာသတိ။ သမ္မာ ဝ (ရ ဝ့ (င င မ သမာဓိ-ပညာဉာဏ်က သမ္မာဒိဋ္ဌိကအမြင်မှန်သွားရင် သမ္မာဝါယမ-သမ္မာ သတိ-သမ္မာသမာဓိ ဒီတရားတွေကလဲ မှန်သွားတာပဲ။ ဒီမဂ္ဂင်တွေကလဲ မှန်သွားတာပဲ။
သမ္မာဝါစာ။ သမ္မာကမ္မန္တ၊ သမ္မာအာဇီ၀-ဒါတွေကတော့ သီလနဲ့ မ မ မတ မ စ ဓ ဆိုင်တယ် အဲဒါကြောင့်မို့လို့ မဂ္ဂင်နဲ့တိုင်းတာလို့ရှိရင် အလုပ်တစ်ခုဟာ မွန်မြတ်တယ်။ ဘာ့ကြောင့်မွန်မြတ်သတုံး။ မိမိတို့မှာ သမ္မာဒိဋ္ဌိ မှန်ကန်တဲ့ အမြင်ရှိတယ်။ အဲဒီအမြင်နဲ့တိုင်းတာလို့ ကောင်းတယ်ဆိုတာ လက်ခံ ချ င နိုင်ကြတယ်။
အဲဒီတော့ ဘုန်းကြီးတို့သာသနာတော်မှာ အဲသလို မဂ္ဂင်ရှစ်ပါးတရား နဲ့ ကိစ္စအားလုံးကိုတိုင်းတာ။ မဂ္ဂင်ထဲဝင်သလား။ ဝင်ရင်ကောင်းတယ်။ မဂ္ဂင်ထဲမဝင်ဘူးလားဆိုရင် မကောင်းဘူး။ ဒါကြောင့်မို့လို့ မဂ္ဂင်ရှစ်ပါး လျ လျ ဝ ဝ္သ နျ (၁ င (ချြ င့ င္သ ဟာ အခရာပဲ ပဓာနပဲ။ မဇ္စိိမပဋိပဒါလို့ဆိုတယ်။ အလယ်လမ်းကြောင်း။
လောကမှာအစွန်းနှစ်ဖက်ရှိတယ် ကာမဂုဏ်ချမ်းသာကိုခံစားမှု1 ခန္ဓာကိုယ် ဝ ငင ငျ င် ချ လူမ ရျ ၂ ၂. ချ င္သ ကို ပင်ပန်းဆင်းရဲအောင် ပြုမှုကျင့်မှု။ အဲဒီအကျင့်နှစ်မျိုးတို့တွင် ဘုရားရှင် ဝင င ငျ င္လ (ရျ င္ရ ငု င ကိုယ်တော်မြတ်ရဲ့ မဂ္ဂင်အကျင့်ဟာ အလယ်လမ်းကြောင်း- ကာမဂုဏ်ချမ်းသာခံစားမှုဆိုတဲ့ လျော့တဲ့လမ်းလဲမလိုက်ဘူး။ ခန္ဓာ ချ င င ရျ င္သ ဇ လူ င္ဝ ဝ ကိုယ်ကို ပင်ပန်းအောင်ကျင့်ကြံတဲ့ အကျင့်မျိုးတွေး အတ္တကိလမထ ယောဂ-အဲဒီလမ်းဘက်လဲ မလိက်ဘူးး' အလယ်ကောင် နု လုကဘူ ကျကျ မျှမျှ ၂၀ ဝ ချူ ချ ဝ ဝ ဝ္န ၀ င္သ ဓ ဝ တတလမ်းမို့လို့ မဂ္ဂင်ရှစ်ပါးကို မဇ္စိုမပဋိပဒါလို့ ဆိုရတယ်။ အဲဒီမဇ္စိုမ ၀။ င္လ သျ င့ င။ င င့ စြ ၀ ပဋိပဒါလမ်းသည်သာလျှင် လမ်းမှန်။ ဒါကြောင့် ဘုန်းကြီးတို့သာသနာ တော်မှာ မိမိတို့ဆောင်ရွက်ကြတဲ့ ကိစ္စတွေကို စစ်ဆေးတဲ့အခါကျတော့ လမ်းမှန်တယ် လမ်းမမှန်ဘူး' ကောင်းတယ် မကောင်းဘူး။ စစ်ဆေး လျ ငျ ငင ၂။ စနဲ ရျ င ခ ဖြင့် ဝ္ဝ ကြတဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါးနဲ့စစ်ရတယ်1 အထူးသဖြင့် သမ္မာဒိဋ္ဌိနဲ့ စစ်ကြရတယ်။ သမ္မာဒိဋ္ဌိဆိုတာကတော့ မိမိတို့မှာရှိပြီးသား ငယ်ငယ် င ဝ ဝ ရျ။ ၀ င္လ င ၀၃၀ ကတည်းကရှိပြီးသား။ ရှိပြီးတာဖြစ်တော့ ဒါနဆိုတာကောင်းတယ်။ မိမိ ၀ ငု ချ င လူ ဓ င ရျ လျှ ၀ င တို့ကို ချမ်းသာပေးတတ်တယ်။ အဲဒီချမ်းသာမှု ပေးတတ်တာလဲ ကိုယ့် ကိုယ်တွေလို မိမိတို့ယုံကြည်ကြတယ်။ သဒ္ဓါဖြင့်ယုံကြည်တယ်။ ပညာ (ချူ နိုင် င္သ စဖ ဝင င ရှ င ငင ၄ ဖြင့်ဆုံးဖြတ်နိုင်တယ်။ သမ္မာဒိဋ္ဌိနဲ့ ပြုနိုင်တယ် ဒါကြောင့် မဂ္ဂင်ရှစ်ပါး ရျ ၀ ဝ င္သ က် ဂ င (ဖျ ဟာ သာသနာတော်မှာ မိမိတို့ဆောင်ရွက်သမျှ ကိစ္စတွေမှာ ကောင်းတယ် မကောင်းဘူး အဆုံးအဖြတ်ပေးတဲ့တရားတွေ။
အဲဒီတရားတွေဟာ သာသနာတော်မှာလိုရင်းပဲ။ မိမိတို့ ဒါနပြု ကြ၊ သီလဆောက်တည်ကြ။ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းကြ အားလုံး အဲဒီမဂ္ဂင်တွေပြည့်စုံအောင် ကြိုးစားနေကြတယ်။ နောက်ဆုံး မဂ္ဂင်ရှစ်ပါး တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်ပြီးတော့ နောက်ဆုံး လောကီမဂ္ဂင် င္လ င္သ ချ ဝ ချ ချု ကနေပြီး လောကုတ္တရာဓဂ္ဂင်။ ပုထုဇဉ်မဂ္ဂင်က အရိယာဓဂ္ဂင်အဖြစ်ကို ရ ဝင ချ (ရျ ၁ ရောက်သွားပြီဆိုရင် ပြီးရော။ ဗုဒ္ဓဘာသာအဖြစ်မှာ စိတ်ချရပြီ။ အားလုံး ခိုင်မြဲကုန်ပြီး သဒ္ဓါတရားလဲခိုင်မြဲး သီလတရားလဲ ခိုင်မြဲ ဒီ့ပြင်သမ္မာဒိဋ္ဌိ ဝ လျ ဝ င လဝငုဂလ ဝငုကု င ဆိုတဲ့ အသိဉာဏ်လဲခိုင်မြဲ ခိုင်မြဲသွားတယ်။
။ င္လ ၀၃၀၃ ဝ ၁၂ ဗျ င္သ လျ ဒါကြောင့် ယခုမိမိတို့ဟာ စိတ်မချသေးတဲ့ဘဝ ဘယ်လောက်ပဲ
အလှူ လှူး ဘယ်လောက်ပဲ သီလဆောက်တည် တည် စိတ်မချရသေးဘူး။ သမ္မာဒိဋ္ဌိ အရိယသမ္မာဒိဋ္ဌိ-မဂ္ဂသမ္မာဒိဋ္ဌိ ဖလသမ္မာဒိဋ္ဌိအဖြစ်သို့ရောက်မှ စိတ်ချရတယ်။ အဲဒီအခါကျတော့ လမ်းမမှားနိုင်တော့ဘူး။ တစ်ဖြောင့် တည်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရောက်သွားကြတော့မှာပဲ။ ဒါကြောင့် ယနေ့မိမိတို့ပြုရတဲ့ ကုသိုလ်ဟာ ဘုရားရှင်ကိုယ်တော်မြတ် ကျင့်ခဲ့တဲ့ ကိုယ်တိုင်ကျင့်ခဲ့တဲ့ မွန်မြတ်တဲ့လမ်းကြောင်းကြီး၊ ပစ္စေကဗုဒ္ဓါ ရဟန္တာတွေ ရဟန္တာမတွေ ကျင့်သုံးလာခဲ့ကြတဲ့ လမ်းဟောင်း လမ်း ကောင်း လမ်းမှန်လမ်းမြတ်။ အဲဒီလမ်းမှန်လမ်းမြတ်ကို မိမိတို့ ယနေ့ လိုက်ကြရတယ်။ အဲသလိုလိုက်ကြရသဖြင့် မိမိတို့ နောက်ဆုံးခုနပြောတဲ အရိယမဂ်တိုင်အောင် ဆိုက်ရောက်ကြပြီးတော့ ဤသာသနာတော် မိမိ တို့ထောက်တည်ရာ မှီခိုရာ အားထားရာရကြပြီးတော့ လူဖြစ်ကျိုးနပ် ကြလိမ့်မယ်လို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် မိမိတို့ရဲ့ အသက် ရှည်ကြောင်း' အဆင်းလှကြောင်း။ ချမ်းသာကြီးကြောင်း။ ခွန်အားကြီး ကြောင်း။ ဉာဏ်ပညာကြီးကြောင်း ကောင်းမြတ်သောဤဒါန အလှူတော် ကြီးကို အဂြန်ပြန်အလှန်လူန် ဖန်ဖန်တွေးပြီးတော့ နှစ်သက်ရှငလန်း ဝမ်းမြောက်ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
၅တနာရွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၈) မွေးနေ့တရား
ယနေ့ ဒေါ်နှင်းမြိုင်ရဲ့ ၆၃-နှစ်ပြည့် မွေးနေ့မင်္ဂလာ ကွယ်လွန်ခဲ့တဲ့ မိဘနှစ်ပါး ဦးအုန်းမောင်-ဒေါ်ငွေစိန်တို့အမှူးထားဤ မောင်နှမဆွေမျိုး
တစ်စုတို့နှင့်တကွ လှူဒါန်းကြတဲ့ မွေးနေ့အလှူတော်ပူုဇော်ပွဲ။ ယနေ့ မင်္ဂလာရှိတဲ့နေ့း ကျက်သရေရှိတဲ့နေ့။ ဒါနဆိုတာဟာ ပါရမီ ဆယ်ပါးတို့တွင် အရင်းခံ အခြေခံကောင်းမှုတစ်ခုပဲ မလှူနိုင်တဲ့ပုဂ္ဂိုလ်ဟာ ဒီ့ပြင် သီလ၊ နေက္ခမ္မ္ဗ္မ။ ပညာ။ ဝီရိယ၊ ခန္တီ၊ သစ္စာ။ အဓိဋ္ဌာ။ မေတ္တား ဘ ပေက္မာခိုတဲ့ ပါရ တွေလဲ ဖြယ္လဲသည် မူးဖို့ မလွယ်ဘူး ၂ လျှင် ဒီ့ပြင်ပါရမီတွေလဲ ဖြည့်ဆည်းဂူးနိုင်တယ်။ အရင်းခံ ယနေ့ မွေးနေ့ အလှူတော်အဖြစ်ဖြင့် ပူဇော်လှူဒါန်းကြတဲ့ အခါသမယမှာ ဒါန လှူဒါန်း ကြတယ်။ ဒါနဆိုတာ ဘုန်းကြီးတို့ လှူဖွယ်၀တ္ထုကိုလဲ ဒါနခေါ်တယ်။ ဒါတဗ္ဗံ-ပေးလှူအပ်၏။ က္ကတိ-ထို့ကြောင့်၊ ဒါနံ-ဒါနမည်၏ ]။ ပေးလှူအပ်သောကြောင့် ဒါနမည်တယ်ဆိုတယ်။ ပေးလှူအပ်သောကြောင့် ဝတ္ထုပစ္စည်းကိုလဲ ဒါန၊ ထီးလှူတယ်။ ဆွမ်းလှူတယ်။ ဖိနပ်လှူတယ် အစရှိသည်ဖြင့် လှူတာတွေကိုလဲ ဒါနဆိုရတယ်။ အလှူဒါန ပေးလှူတယ် ဆိုတဲ့နေရာမှာ ဒါနဆိုတာဟာ အလှူထမြောက်ကြောင်းဖြစ်တဲ့ ကုသိုလ် စေတနာကို ဒါနခေါ်တယ်။ ဒါနတစ်ခုဖြစ်မြောက်အောင်ဆိုရင် အဲဒီ စေတနာလေးက နှိုးဆော်ပေးလို့ စေတနာဆိုတာ ကောင်းတဲ့နေရာမှာ ဖြစ်စေ မကောင်းတဲ့နေရာမှာဖြစ်စေ။ ကောင်းမှု မကောင်းမှု ပြီးမြောက် အောင် တွန်းအားပေးတတ်တဲ့။ နှိုးဆော်ပေးတတ်တဲ့ သဘောတရားလေး ကို စေတနာခေါ်တယ်။ အဲဒီစေတနာလေးက နှိုးဆော်ပေးလို့ မိမိတို့ယနေ့
အလှူပွဲ မွေးနေ့အလှူပွဲ ပြီးမြောက်အောင် ဆင်နွှဲနိုင်ကြတယ်
ပြီးတော့ ဒါနဆိုတာ စေတနာကိုလဲ ဒါနခေါ်တယ်။ လောဘရှိရင် ဒါနဆိုတာ မဖြစ်နိုင်ဘူး လောဘမရှိမှ ဒါနဆိုတာဖြစ်နိုင်တယ်။ ကိုယ့် ပစ္စည်းဥစ္စာလေး တွယ်တာနေလို့ရှိရင် ဘယ်မှာ သွားလှူနိုင်မလဲ။ တွယ်တာမှုဆိုတဲ့ လောဘကလေးကို နှိမ်နင်းနိုင်မှ ဖျက်ဆီးနိုင်မှ ဒါန ဆိုတာဖြစ်နိုင်တယ်။ ဒါကြောင့် ဒါနဆိုတာဟာ အလောဘဆိုတဲ့ လောဘ၏ ဆန့်ကျင်ဘက်။ အလောဘဆိုတဲ့ ကုသိုလ်တရားကိုလဲ ဒါန ဆိုရတယ် ဒါကြောင့်မို့လို့ ယနေ့ မိမိတို့က အဲဒီလောဘတရားတွေကို ဖယ်ရှားနိုင်လို့ အလောဘခေါ်ရတဲ့ ဤဒါနကြီးကို၊ မွေးနေ့အလှူတော် ကြီးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြတယ်1 သူတော်ကောင်းတို့ရဲ့ ကျင့်ဝတ်တစ်မျိုး1
ယေစဗုဒ္ဓါ အတီတာစ။ သမုဒ္ဒဝါဠု ကူပမာ။
ဒါနံ အာဒိကတွာန။ သမ္ဗောဓိ' စ လဘန္တိတေ။
သမုဒ္ဒဝါဠုကူပမာ-သမုဒ္ဒရာသဲလုံးမျှမက ပွင့်တော်မူကြကုန်သော၊ အတီတာ-လွန်လေပြီးကုန်သော၊ ယေစဗုဒ္ဓါ-အကြင်ဘုရားရှင် ကိုယ် တော်မြတ်ကြီးတို့သည်။ သန္တိ-ရှိကြပါပေကုန်ဒါ / တေ-ထိုပွင့်တော်မူ ကြကုန်ပြီးသော သမုဒ္ဒရာသဲလုံးမျှမက များပြားလှကုန်သော ဘုရားရှင် ကိုယ်တော်မြတ်တို့သည်။ ဒါနံ၀-မေတ္တာတရားရှေ့သွားရှိ ကရုဏာတရား ရှေ့သွားရှိတဲ့ ဒါနတည်းဟူသော ပါရမီကုသိုလ်ကြီးကို၊ အာဒိကတွာန- အစထားကြကုန်ရွ။ သမ္မောဓိစ-အရဟတ္တမင်ဉာဏ် သဗ္ဗညုတဉာဏ်တော် ကြီးကိုလည်း။ လဘန္တိ-ကောင်းစွာလှလှ ရရှိကြပါပေကုန်သတည်း။
ပွင့်တော်မူခဲ့ပြီးကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ်တွေ သမုဒ္ဒရာ ဂင်္ဂါ သဲလုံးမက များပြားလှတဲ့ ပွင့်တော်မူကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ် မှန်သမျှ ဒါနတည်းဟူသော ပါရမီအစထားရွ ပါရမီဆယ်ပါး ဖြည့်ဆည်း ၂းတော်မူကြသောကြောင့် ဘုရားအဖြစ်သို ရောက်တော်မုတြတယ်' ဒီတော ဒါနဆိုတဲ့ ကုသိုလ်တရားဟာ ဘုရားအလောင်း။ ပစ္စေကဗုဒ္ဓါအလောင်း ရဟန္တာအလောင်း သူတော်ကောင်းတို့ရဲ့အကျင့် ဤဒါနအစထားပြီး ပါ ရမီ
ဆယ်ပါး ဖြည့်ဆည်းပူးကြသောကြောင့် ဘုရားဖြစ်ကြး ပစ္စေကဗုဒ္ဓါဖြစ် ကြ၊ သာဝ၀ကတွေဖြစ်ကြတယ်။ အဲဒီတော့ ဒါနဆိုတာဟာ စေတနာ အရင်းခံ သဒ္ဓါအရင်းခံပြီးတော့ ပြုကြတာဖြစ်တော့ ပြုဖြစ်ကြတာဖြစ် သောကြောင့် စေတနာဟာ အကြောင်း၊ သဒ္ဓါတရားဟာ အကြောင်း၊
ဘုန်းကြီးတို့အလှူဆိုတာက အကျိုးကြီးတဲ့အလှူလဲရှိတယ်။ အကျိုး မကြီးတဲ့အလှူလဲရှိတယ်။ ကလေးလေးတွေလဲ လှူဟဲ့လှူဟဲ့ဆိုရင် သူတို့လဲ လှူတတ်တာပဲ။ ဒါပေမဲ့ သူတို့မှာဉာဏ်မရှိဘူးး သဒ္ဓါတရားလေးတော့ ရှိတယ်။ ဘုန်းကြီးအပေါ်မှာ ကြည်ညိုတဲ့စိတ် သဒ္ဓါတရားလေးတော့ ရှိတယ်။ လှူဟဲ့လှူဟဲ့ဆို အဲဒီ ကြည်လင်တဲ့စိတ်လေးနဲ့ လှူကြတယ်။ သို့သော် ဉာဏ်မပါဘူး1 ဉာဏဝိပ္ပယုတ်ခေါ်တဲ့ ဉာဏ်မယှဉ်တဲ့ကုသိုလ်၊ ဉာဏ်မယှဉ်တဲ့ကုသိုလ်ကျတော့ ဉာဏ်ရှိတဲ့ကုသိုလ်လို အကျိုးပေး မကြီးကျယ်ဘူး။ တခြားတချို့လူကြီးပုဂ္ဂိုလ်တွေမှာလဲ ဉာဏ်မယှဉ်တာ ရှိတတ်တယ်။ သူများလှူလို့သာ လှူကြရတယ်။ ဘာကြောင့်လှူတယ်။ ဘယ်လိုအကျိုးရှိလို့ လှတယ်လို့ သိတဲ့ဉာဏ်မပါဘူး။ ဒီတော့ သမ္မာဒိဋ္ဌိ ဆိုတာရှိပါတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန်ရှိမှ ဉာဏသမ္ပယုတ်ဖြစ်မှ အလှူဒါနဟာ အွကျိုးကြီးတယ်။ ဒီကုသိုလ်ပြုလို့ရှိရင် ကောင်းကျိုးတွေ ရလိမ့်မယ်။ အဲသလိုသိမြင်တဲ့ ပညာတရားထင်ရှားရှိမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်တယ်။ ဉဉာဏသမ္ပယုတ်ကုသိုလ်ဖြစ်မှ အကျိုးကြီးတယ်။
အဲသလိုအကျိုးကြီးဖို့ရာ ဘာကအရေးကြီးတုံးဆိုရင် သဒ္ဓါ-ပညာ- တရားဟာအရေးကြီးတယ်။ သဒ္ဓါတရားရှိရင် ကုသိုလ်အပေါ်မှာ ယုံကြည်တာပဲ။ ပညာတရားရှိရင် ကုသိုလ်ပြုရင် ကောင်းကျိုးရတယ်။ ဒီကုသိုလ်တွေကြောင့် တို့ကောင်းကျိုးတွေရလိမ့်မယ်လို့ နားလည်တယ် သိမြင်တယ်။ သမ္မာဒိဋ္ဌိ-အဲဒီဉာဏ်တရား ပညာတရား အဲဒီဉာဏ်ပညာ တရားတွေ ရှေ့သွားပြီဆိုရင် အဲဒီကုသိုလ်က ဉာဏသမ္ပယုတ်ကုသိုလ်၊ ဉာဏ်ပါတဲ့ကုသိုလ်ဆိုတာ အကျိုးပေးရာကျတော့ ကြီးကြီးကျယ်ကျယ် အကျိုးပေးတယ်။ ဒီတော့ သဒ္ဓါတရား ပညာတရားဟာ အရေးကြီးတယ်။ သဒ္ဓါပညာ ဘယ်လောက်ကြီးမ်ားကြီးမား ကြီးမားလေ အလှူမှာထက်သန်
လေပဲ။ လှူချင်တဲ့စိတ် ထက်သန်လေ လှူတဲ့အခါလဲ တွန့်တိုမှု ဆုတ်နစ်မှု မရှိဘူး။ ဒီတော့ ဘုန်းကြီးတို့ သဒ္ဓါတရားအားနည်းရင် ပိုက်ဆံတစ်ပြား လှူရမှာခက်ပေမယ့်။ ဝန်လေးပေမယ့် သဒ္ဓါရှိပြီဆိုရင် တစ်ရာလဲမခက် ဘူး။ တစ်ထောင်လဲမခက်ဘူး။ တစ်သောင်းလဲမခက်ဘူး။ တတ်နိုင်ရင် တစ်သိန်းလဲမခက်ဘူး။ သဒ္ဓါတရားဟာ ကုသိုလ်ဖြစ်ရေးမှာ အင်မတန် အရေးကြီးတယ်။ ပညာလဲအရေးကြီးတယ်1 ဘုန်းကြီးတို့ရှေးအခါက ဥဇ္ဇေနီပြည်မှာ စန္ဒပဇ္ဇောတမင်းကြီးဆိုတာ ရှိတယ်။ ဘုရားကလဲပွင့်လာ၊ ဘုရားကိုလဲ သူဖူးချင်တယ်။ ဖူးလဲမဖူးရ သေးဘူး။ အဲဒီအခါမှာ သူ့ရဲ့မင်းချင်းယောက်ျား ကစ္စာယနလုလင် ဆိုတာကို လွှတ်လိုက်တယ်။ ဘုရားထံ အမောင်လုလင်သွားချေ။ ဘုရားရှင် ကိုယ်တော်မြတ်ကို ပင့်ခဲ့ဆိုပြီးတော့လွှတ်လိုက်တယ်။ နောက်ပါခုနစ် ယောက်နဲ့။ အဲဒါနဲ့ ကစ္စာယနလုလင်၊ ကစ္စည်းလို့လဲခေါ်ကြတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက်တဲ့အခါကျတော့ ဘုရားရှင်ကိုယ်တော် မြတ်က တရားဟော။ တရားဟောတော့ သူတို့ ရဟန်းဖြစ်ချင်လာကြတယ်။ ဒါနဲ့ အကုန်လုံးဘုရားထံ ရဟန်းပြုလို့ ရဟန်းဖြစ်သွားကြတယ်။ ရဟန္တာ တွေလဲ ဖြစ်သွားကြတယ်။
( အဲသလိုဖြစ်သွားတဲ့အခါကျတော့ စန္ဒပဇ္ဇောတမင်းကြီးက ရှင်တော် မြတ်ဘုရားကို လူ့ရဲ့နေပြည်တော်ကြွဖို့ လျှောက်ထားဖို့အကြောင်း လျှောက်ထားတဲ့အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က “ကစ္စာယန။ သင်သွားရင်လဲပဲ မင်းကြီး ကြည်ညိုမှာပါပဲ” ဆိုပြီးတော့ ကိုယ်တော်တိုင် ကြွဲတော်မမူဘူး။ သူတို့ကိုပဲလွှတ်လိုက်တယ်။ အဲဒါနဲ့ ကစ္စာယနမထေရ် နဲ့တကွ ရဟန်းတော်အားလုံး ရှင်ပါးပြန်ကြတယ်။ ဥစ္ဓေနီပြည်ကို ပြန် ကြတယ်။ ပြန်ကြတော့ လမ်းခရီးအကြားမှာ ဆွမ်းချိန်ကနီးတော့ တေလပနာလိဆိုတဲ့ရွာကြီးကို ဆင်းကြတယ်။ ဆွမ်းခံမလို့။ အောက် ရောက်တဲ့အခါကျတော့ အသီးသီးသဝိတ်လေးတွေပိုက်ပြီးတော့ ဆွမ်းခံ ကြွကြတယ်။ သို့သော် အဲဒီအခါက အဲဒီမှာ သာသနာကလဲရောက်တာ မဟုတ်သေးတော့ ကိုယ်တော်တွေ ဆွမ်းမရကြဘူး။ ဒီတုန်းက အဲဒီရွာ
ထဲမှာ အမျိုးသမီးနှစ်ဦးရှိတယ်' သူဌေးသမီးဘဝကနေပြီးတော့ တစ် ယောက်က ပစ္စည်းတွေ ပျက်စီးကုန်တယ်။ ဆင်းရဲတယ်။ ဆင်းရဲတော့ အထိန်းတော်ကြီးကို အမှီပြုပြီးတော့ အသက်မွေးရတယ်။ ဆင်းဆင်းရဲရဲ နဲ့] သို့သော် သူက ရုပ်ရည်ရူပကာယက ချောမောလှပတယ်' ဆံပင်ကလဲ အတော်ကောင်းတယ်။
နောက်သူဌေးသမီးတစ်ယောက်ကတော့ ပစ္စည်းချမ်းသာတယ်။ ဒါ ပေမဲ့ ဆံပင်မကောင်းဘူး။ ဆံပင်မကောင်းတော့ အဲဒီဆံပင်မကောင်းတဲ့ အမျိုးသမီး ခုနဆံပင်ကောင်းတဲ့အမျိုးသမီးဆီမှာ သူ့ကိုဆံပင်ရောင်းဖို့ ငွေတစ်ထောင်ထိအောင်တက်ပေးတယ်။ ဒါပေမဲ့ ဆံပင်ဆိုတာက အမျိုး သမီးတို့ရဲ့ ရတနာဆိုတော့ ကျက်သရေဆိုတော့ ဘယ်ရောင်းမလဲ။ ဘယ် လောက်ပေးပေး မရောင်းဘူး။ အဲသလို သူဌေးသမီးနှစ်ဦးရှိတဲ့အနက်က - ခုနပစ္စည်းဆင်းရဲသွားတဲ့ ဆံပင်ကောင်းတဲ့အမျိုးသငမီးက မထေရ်တွေ ဆွမ်းခံက္ပွြလာတာမြင်ရတယ်။ ဆွမ်းမရဘူးဆိုတာလဲ သူကသိတယ်။ သိတော့ သြော့်.. ကိုယ်တော်တွေလဲဆွမ်းမရဘူး။ ငါ့မလဲ ပစ္စည်းမရှိဘူး။ စိတ်မကောင်းဖြစ်ရာကနေပြီးတော့ နောက်သတိရတယ်။ သူဌေးသမီးက သူ့ဆီဆံပင်၀ယ်ဖူးတာအမှတ်ရတယ်။ အဲဒါကြောင့် သူက အင်း... ငါ့ ဒီဆံပင်ပဲရင်းနှီးပြီးတော့ လှူရမှာပဲဆိုပြီးတော့ မထေရ်တွေကိုအိမ်ပင့် အိမ်ပင့်ပြီးတော့ ခေတ္တခဏဆိုင်းငံ့ဖို့ လျှောက်ထားတယ်။ လျှောက်ထားပြီး တော့ အခန်းထဲသွားပြီး သူ့အထိန်းတော်ကြီးကိုခေါ်ပြီးတော့ ဆံပင်ဖြတ် ခိုင်းတယ်။ လှူမလို့။ ဆွမ်းလှူမလို့ ဆံပင်ဖြတ်ခိုင်းတဲ့အခါကျတော့ အထိန်း တော်ကြီးက သူ့ဆံပင်ကိုဖြတ်ရမှာ အင်မတန်နှမြောတယ်။ ဆံပင်ရှည် ဖြစ်တဲ့သူဌေးသမီးက ဘာမှမဖြစ်ဘူး။ သူက အင်မတန်လှူချင်နေတာ။ စိတ်အားကထက်သန်နေတာ။ ထက်သန်နေတော့ နောက်နောက်က ဘယ်လောက်ပေးပေး မရောင်းတဲ့ဆံပင်ကြီးကို လှူဖို့ရာ သူဝန်မလေးတော့ ဘူး။ ဒါကြောင့် ဖြတ်ခိုင်းတား အထိန်းတော်ကြီးကတော့ ဒီလောက် ကောင်းတဲ့ဆံပင်ကြီးကိုဖြတ်ရမှာ သူအင်မတန်ဝန်လေးပြီးတော့ မျက်ရည် မဆည်နိုင်ဖြစ်ရတယ်။ နှမြောလွန်းလို့။ ဒါပေမဲ့ သူဌေးသမီးက ဖြတ်ခိုင်း
တော့ ဖြတ်လိုက်တယ်။ ဖြတ်ပြီးတော့ အသာကွယ်ပြီးတော့ မထေရ်တွေ မမြင်အောင် အသာကွယ်ပြီးတော့ ဆံပင်တွေယူသွားတယ်။ ဆံပင်တွေ ယူသွားပြီးတော့ ခုနပြောတဲ့သူဌေးသမီးဆီ ညသွားရောင်းတယ်။
ရောင်းတော့ ဟိုကသူဌေးသမီးက သူလိုချင်တဲ့အခါတုန်းက တစ်ထောင်ထိအောင်တက်ပေးပေမယ့် အခုတော့ စျေးနှိမ်ပြီး ရှစ်ကျပ်ပဲ ပေးလိုက်တယ်။ ဒါပေမဲ့ အထိန်းတော်ကြီးကလဲ ရသမျှရှစ်ကျပ်ပဲယူ ပြီးတော့ ကိုယ်တော်တစ်ပါး တစ်ကျပ်တန်ဆွမ်း ဆွမ်းဟင်းတွေချက်ပြီး တော့ မထေရ်တွေရဲ့သပိတ်ထဲ လောင်းလှူတယ်။ သပိတ်ထဲ တစ်ပါး တစ်ကျပ်တန်ဆွမ်းလှူဒါန်းတယ်။ လှူဒါန်းတဲ့အခါကျတော့ ကစ္စည်းမထေရိ် ကလဲ သူဌေးသမီးကိုမေးတယ်။ ဘယ်မှာတုံးဆိုတော့ သူဌေးသမီးက အဲဒီအခါကျမှ စောစောကတော့ သူ့ဆံပင်ကြီးဖြတ်ထားရတော့ မထေရ် တွေကို ထွက်မဖူးဘူး' ကစ္စည်းမထေရ်က မေးတော့မှ ထွက်လာတယ်တဲ့။ ထွက်လာတဲ့အခါကျတော့ ခုနဖြတ်ထားတဲ့ဆံပင်ဟာ အံ့သြဖွယ်ပဲ တကယ့်အကောင်းပကတိ ပြန်ဖြစ်သွားတယ်
ဒါဟာ မထေရိတွေက ရဟန္တာသခင် အရှင်မြတ်တွေကလဲဖြစ်။ အလှူရှင်အမျိုးသမီးရဲ့စေတနာကလဲ အင်မတန်ထက်သန်တယ်။ စေတနာ ထက်သန်မှုက တစ်မျိုး မထေရ်တွေ ဂုဏ်ကြီးတာက တစ်မျိုး အကြောင်းနှစ်မျိုးကြောင့်ပဲ ဒိဋ္ဌဓမ္မအကျိုးပေးတာ။ အဲဒီအမျိုးသမီးဟာ တစ်ခါတည်း ဆံပင်ပြန်ပေါက်လာတယ်။ ပကတိအတိုင်း ဖြစ်လာတယ်။ အဲဒါနဲ့ မထေရ်တွေလဲ ဆွမ်းအနုမောဒနာတရားဟောပြီး တစ်ခါတည်း ကောင်းကင်ပြန်တက်ပြီး ဥဇ္ဇေနီပြည်ကြွကတယ်။
ဘဉ္စနဝနဆိုတဲ့ ဥယျာဉ်ကြီးဆီရောက်တဲ့အခါကျတော့ အဲဒီဥယျာဉ် ကြီးထဲဆင်းပြီးတော့ ဆွမ်းဘုဉ်းပေးကြတယ်။ အဲဒီအခါ ဥယျာဉ်စောင့်က မြင်ရတော့မှ စန္ဒပဇ္ဇောတမင်းကြီးဆီ သံတော်ဦးတင်တယ်။ အဲဒီတော့မှ စန္ဒပဇ္ဇောတမင်းကြီးလဲ ရှင်ကစ္စည်းမထေရ်တို့ဆီ ရောက်လာတယ်။ ရောက် လာတော့မှ ဘုရားရှင်ကိုယ်တော်မြတ် မကြွတဲ့အကြောင်း မထေရ်များက အမိန့်ရှိကြတယ်။ ဒီအခါမှာ မင်းကြီးက ကစ္စည်းမထေရ်ကို အရှင်ဘုရား
တို့ ဒီနေ့ဘယ်မှာ ဆွမ်းဘုဉ်းပေးမှာတုံးလို့ မေးမြန်းလျှောက်ထားတဲ့အခါ ကျတော့ ကစ္စည်းမထေရ်က ခုနအမျိုးသမီးကလေးရဲ့ ပြုနိုင်ခဲတဲ့ အမှု ကြီး ပြုပုံကို ပြန်လှန်ပြီး အမိန့်ရှိတဲ့အခါကျတော့ စန္ဒပဇ္ဇောတမင်းကြီးက အင်မတန်အားရပြီးတော့ အဲဒီအမျိုးသမီးကလေးကို အဲဒီနေ့မှာပဲခေါ်ပြီး မိဖုရားအရာမြှောက်လိုက်တယ်။
ဒါဆွမ်းရဲ့ ဒိဋ္ဌဓမ္မအကျိုးပေးပဲ။ အဲဒီတော့ ခုနအမျိုးသမီးကလေးဟာ ဒိဋ္ဌအကျိုးတွေ ခံစားစံစားရတယ်။ သူ့သဒ္ဓါအစွမ်းကြောင့် အင်မတန် တွယ်တာတဲ့။ သူမြတ်နိုးတဲ့။ သူစွန့်.နိုင်ခဲတဲ့ ဆံပင်ကြီးကို မတွယ်တာ မငဲ့ မကွက် ရက်ရက်ရောရော စွန့်လှူနိုင်တဲ့အတွက် သူ့ရဲသဒ္ဓါအစွမ်း။ စေတနာအစွ္ပမ်း။ မထေရ်တွေရဲ့ တန်ခိုးအစွမ်းတွေကြောင့် တစ်ခါတည်း ဒိဋ္ဌဓမ္မ အဲဒီနေ့ပဲချက်ချင်း အကျိုးပေးတယ်။ ဒါကြောင့်- အလှူဆိုတာဟာ အလှူရှင်တွေရဲ့ သီလရှိမှု၊ အလှူဒကာ ဒကာမတို့ ရဲ့ စိတ်အားထက်သန်မှု ခုနအမျိုးသမီးကလေးလို စိတ်အားထက်သန်မှု။ မငဲ့မကွက် မိမိပစ္စည်းဝတ္ထုမှ မငဲ့မကွက် လွတ်လွတ်ကျွတ်ကျွတ် စွန့်နိုင် ခြင်းဆိုတဲ့ စိတ်ဓာတ်အားမာန်ကိုအစွဲပြုပြီးတော့ အကျိုးပေးထက်သန်မှု မထက်သန်မှုဆိုတာ ဖြစ်ရတယ်။ ဒါကြောင့် ဒါနဆိုတာကို ဘုရားရှင် ကိုယ်တော်မြတ်တို့ ချီးမွမ်းကြတာ1 စာဂေန ပရိဘောဂေန။
ဗျသနေန တယော ခယား တေသံ ပထမ ခယဃောဝ။
ပသတ္ထော ဓမ္မ ဒဿိနာ။
စာဂေန-စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ ပရိဘော ဂေန-သုံးဆောင်ခံစားခြင်းဖြင့်သော်လည်းကောင်းး ဗျသနေန-ပျက်စီးခြင်း ဖြင့်လည်းကောင်း' ခယာ-ပစ္စည်းကုန်ခန်းခြင်းတို့သည် တယော-သုံးမျိုး သုံးစား သုံးပါး ရှိပါပေကုန်၏ တေသံ-သထိုသို့ စွန့်ကြဲလှူဒါန်းရွ် ကုန် ခန်းခြင်း၊ သုံးဆောင်ရွကုန်ခန်းခြင်း၊ ဝျက်စီးဤ ကုန်ခန်းခြင်းတည်းဟူ သော ပစ္စည်းကုန်ခန်းခြင်းတို့တွင်း ပထမခယော၀-ရှေးဦးအစ ပထမဖြစ်
သော စွန့်ကြဲပေးကမ်းလှူဒါန်းရဤ ကုန်ခြင်းမျိုးကိုသာလျှင်၊ ဓမ္မဒဿိနာ- တရားသိမြင် ရှင်တော်မြတ်ဘုရားသည်။ ပသဋ္ဌော-ကောင်းစွာထပ်ထပ် ချီးမွမ်းတော်မူအပ်ပါပေသတည်း။
ယနေ့ မိမိတို့လှူရတဲ့အလှူဟာ ကုန်ခြင်းသုံးမျိုးတို့တွင် လှူရလို့ကုန် ခြင်းဖြစ်တဲ့ ကုန်ခြင်းဖြစ်လို့ ဘုရားရှင်ကိုယ်တော်မြတ် ချီးမွမ်းတော်မူခဲ့ တယ်။ လောကမှာ လှူရွကုန်ခြင်း၊ သုံးဆောင်ရွကုန်ခြင်း၊ ပျက်စီးရွ ကုန်ခြင်း ပစ္မည်းကုန်ခြင်းသုံးမျိုးရိတယ်' အဲဒီသုံးမျုးတိုတွင် ျက်စီး၍ကုန ခြင်းဆိုတာက ရေ မီး မင်းစသည်တို့ကြောင့်ကုန်ခြင်း၊ အဲဒီကုန်ခြင်းမျိုး ကတော့ ကိုယ့်ဖို့ ဘာမှမကျန်တော့ဘူး။ အကုန်ကုန်သွားတဲ့ ကုန်ခြင်း မျိုး သုံးဆောင် စားသောက်ရလို့ကုန်ခြင်းမျိုးကတော့ စားရတဲ့အတွက် က ယ်ဖိနည်းနည်း ကျန်သေးတယ်။ လှူရွိတန်ဒျါတုန်ခြင်းမျုးဆိုတာဟတော ပြောစရာမရှိတော့ဘူး။ အကောင်းဆုံးကုန်ခြင်းပဲ) တကယ်ကုန်သွားတာ တော့မဟုတ်ဘူး။ ကိုယ့်ဖို့အဖတ်တင်တယ် ကိုယ့်ဖို့ကျန်ရစ်တယ်။ ကိုယ့် ဖို့သုံးလို့မကုန်။ စွဲလို့မကုန်နိုင်အောင်။ နောင် ကိုယ့်နောက်ပါပြီးတော့ ကိုယ့်အကျိုးဆောင်မယ့် အနုဂါမိက ဥစ္စာရတနာတွေ။ ဒါကြောင့် လှူလို့တန်းလို့ကုန်ခြင်းမျိုးဟာ တကယ်ကုန်တာမဟုတ် ဘူး။ ကိုယ့်ဖို့ အဲဒီကုန်တာထက် အဆပေါင်းများစွာ ကိုယ်ရနိုင်တဲ့ ကုန်ခြင်းမျိုးမို့လို့ ဒါနဆိုတဲ့ကုသိုလ်မျိုးမို့လို့ ဘုရားရှင်ကိုယ်တော်မြတ် တို့က ချီးမွမ်းတယ်။
ယဿနိဓိ သုနိဟိတော။
အဇေယဃျော အနုဂါမိကော။
ပဟာယ ဂမနယေသု။
ဧတံ အာဒါယ ဂစ္ဆတိ။
ယဿ-အကြင်ပုဂ္ဂိုလ်သည်။ အဇေယျော-ရန်သူတို့က မိမိကို မအောင်နိုင်ရမည်ဖြစ်သော၊ အနုဂါမိကော-မိမိနောက်သို့ ထက်ကြပ်မကွာ လိုက်ပါမယ့် အနုဂါမိက ဥစ္စာရတနာကြီးဖြစ်သော၊ နိဓိ-ရတနာရွှေအိုး ကြီးကို၊ သုနိဟိတော-ကောင်းစွာ မြှုပ်နှံအပ်သည်။ ဟောတိ-ဖြစ်ပါပေ၏။
ပဟာယ=ဤဘဝကို ၉ွန် ရ ဂမနိယေဘု=၁မွားကြကုန်သည်ရှိသော် ဧတံ-ထိုမိမိမြှုပ်နှံ ထားတဲ့ အနုဂါမိက ဥစ္စာရတနာရွှေအိုးကြီးကို၊ အာဒါယ-ယူဆောင်ရွ်။ ဂစ္ဆတိ-ချမ်းသာသုခ လိုတိုင်းရကာ သွားရောက် ခံစားရပါပေသတည်း1
အဲဒါ ဘုရားရှင်ကိုယ်တော်မြတ် ချီးမွမ်းအပ်တဲ့ ဒါနကုန်ခြင်းပဲ။ ဒါနတည်းဟူသော ရတနာဘအိုးကြီး မြှုပ်ထားမယ်ဆိုရင် အဲဒီရတနာအိုး ကြီးဟာ ဒီဘဝမှာ နေရစ်မှာမဟုတ်။ ဒီ့ပြင်ဒီ့ပြင် ဥစ္စာတွေး ရတနာတွေး အသုံးအဆောင်တွေအကုန်လုံး ဘာတစ်ခုမှ ယူမသွားနိုင်ပေမယ့် ကုသိုလ် ရတနာဆိုတဲ့ ရတနာအိုးကြီးကိုတော့ မိမိယူသွားနိုင်တယ်။ အဲဒီရတနာ အိုးကြီးကတော့ မိမိတို့နောက် ထက်ကြပ်လိုက်ပါလာမှာပဲ။ ဒါကြောင့်မို့လို့ ကုန်ခြင်းသုံးမျိုးတို့တွင် ပေးကမ်းလှူဒါန်းရွကုန်ခြင်းတည်းဟူသော ကုန်ခြင်းမျိုးဖြင့် သာသနာမှာ အနုဂါမိကရွှေအိုးကြီးကို မြှုပ်နှံကြရွ် ထိုအနုဂါမိက ဥစ္စာရတနာ ရွှေအိုးကြီးတည်းဟူသော ကောင်းမှုကို အကြောင်းပြု အမှီပြုရ် သူတော်ကောင်းတရားများကို တစ်ဆင့်ထက် တစ်ဆင့် ရင့်ထက်ရင့် မြင့်ထက်မြင့်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်
. -- နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(ဒေါ်နှင်းမြိုင်း ၆၃-နှစ်ပြည့်မွေးနေ့ ဆွမ်းအနုမောဒနာတရား)
ရတနာမွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၉) ရှင်ပြုရဟန်းခံတရား
စိရံ ပါလေတု ဝေါ ဗုဒ္ဓေါ။
ဓမ္မော ရမတု မဓာနသေ။
သံဃော ဒါတု သုခံသဗ္ဗေ။
ဝေါ-ရတနာမြတ်သုံးပါး အားထားကိုးကွယ်ကြသော ဘုရားတပည့် ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့ကိုး ဗုဒ္ဓေါ-လောက ထွတ်ထား မြတ်စွာဘုရားသည်။ စိရံ-ကာလထောင်တာ ရှည်မြင့်ကြာ အောင်။ ပါလေတု-စောင့်ရှောက်တော်မူပါစေသတည်း။ ဝေါ-ရတနာမြတ် သုံးပါး အားထားကိုးကွယ်ကြသော ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့ 1 မာနသေ-စိတ်နှလုံးထဲခ်1 ဓမ္မော-တရားတော် မြတ်သည်။ ရမတု-ကိန်းဝပ်စံပျော်ပါစေသတည်း။ ဝေါ-ရတနာမြတ် သုံးပါး အားထားကိုးကွယ်ကြသော ဘုရားတပည့် ဥပါသကာ ဥပါသိကာမ အပေါင်း သူတော်ကောင်းတို့အား၊ သံဃော-သံဃာတော်သည်။ သုခံ- ချမ်းသာသုခကို၊ ဒါတု-ပေးတော်မူပါစေသတည်း။ ဝေါ-ရတနာမြတ်သုံးပါး အားထားကိုးကွယ်ကြသော ဘုရားတပည့် ဥပါသကာ ဥပါသိကာမ အပေါင်း သူတော်ကောင်းတို့ကိုး ဒေဝါ-သမ္မာဒေဝ လောကစောင့် ကြပ် နတ်အများတို့သည်။ မာနေန္တု-တို့ကို အမျှပေးဝေကြသူ တို့ကို မေတ္တာထားကြသူတွေဟူရွ် ကြည်ဖြူအားရ မြတ်နိုးစောင့်ရှောက်ကြ ပါစေ။
ယနေ့ သာသနာနုဂ္ဂဟ-ဓမ္မနုဂ္ဂဟ-ဥပသမ္ပဒသဘင် ဆင်ယင်ကျင်းပ
ပူဇော်ကြး ရဟန်းခံပွဲသဘင် ဆင်ယင်ကျင်းပ ချီးမြွောက်ကြတယ်။ ဤသို့ ချီးမြှောက်ကြတဲ့နေ့ အခါသမယ ယခုအခါ ထိုရဟန်းခံပွဲသဘင်
ဆင်ယင်ကျင်းပ ပူဇော်ကြတော့မည်ဖြစ်ရာ ရှေးဦးစွာ ရတနာသုံးပါး ဦးထိပ်ထားခဲ့ကြသော အစဉ်အလာအရ တကယ့်ရှိခိုးထိုက် မြတ်နိုးထိုက် ပူဇော်ထိုက်သော ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့ါ ထူးခြား သောဂုဏ်ရည်ကို ယုံကြည်မြတ်နိုး လက်စုံမိုးရွ ကန်တော့ရသော ပဏာမ မင်္ဂလာ ကောင်းမြတ်သောကုသိုလ်စေတနာကြောင့် ကြုံလာသမျှ ဘေး ဒုက္ခရန်စွယ် အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်းကြကုန်သည်ဖြစ်ရဤ၊ ကောင်း မြတ်သော တ္ကဋ္ဌမင်္ဂလာ ချမ်းသာအမျိုးမျိုး ကောင်းကျိုးအဖုံပုံ အမြဲတမ်း တွေ့ကြုံရလျက် အဘက်ဘက်ခွံ တိုးတက်ကြီးပွားခြင်းသို့ ရောက်ကြပြီး လျှင် မွန်မြတ်လှစွာသော သာသနာတော်မြတ်ကြီးမှ မွန်မြတ်လှစွာသော လောကုတ္တရာတရားကိုးပါးကို အရဟတ္တမင်-အရဟတ္တဖိုလ်ပေါက် လျင် မြန်စွာ ဆိုက်ရောက်နိုင်ကြပါစေကုန်သတည်း။[ငါးပါးသီလပေးသည်]
ယနေ့ ရှင်ပြုရဟန်းခံပွဲ ဆင်ယင်ကျင်းပပူဇော်ကြတယ်။ ရဟန်း မခံခင် ရှင်ပြုသေးတယ်1 ယနေ့ ဦးပဉ္စင်းတွေ ရဟန်းလောင်းတွေ ရဟန်း မခံခင် ရှင်ပြကြတယ်။ သရဏဂုံဆောက်တည်ပြီးတော့ ရှင်အဖြစ်ရောက် အောင် ဆောင်ရွက်ပေးတယ်။ ရှင်ဖြစ်ပြီးနောက်မှတစ်ဆင့် ရဟန်းအဖြစ် ရောက်အောင် ဆောင်ရွက်ပေးရတယ်' ရှင်ပြုလဲပါတယ်။ ရဟန်းခံလဲ ပါတယ်။ အဲဒီတော့ ယနေ့ ဘုန်းကြီးတို့ သာသနာတော်ကြီးကို ချီး မြှောက်ကြတယ်- သာသနံ ပုညဝ၀န္တဿ။
ပုည၀န္တဝ လဗ္ဘရေ။
နပ္ပပုညာ ကရဟစိ။
ပဂ္ဂဏှိတု မဝိသယာ။
ပုညဝန္တဿ-က္ကဿရိယစသည် ခြောက်ဖြာဘုန်းသမ္ဘာနှင့် ပြည့်စုံ တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏1 သာသနံ-နေဝါလဝန်း တင့်ရွှန်းထိန်ပေါ် အာနုဘော်ကြီးမား ဘုရားရှင်သာသနာတော်မြတ်ကြီး ကိုး ပုည၀န္တာ၀-ရှေးရှေးဘဝ သံသာရက ဘုန်းစကံထူး ရှိခဲ့ဖူးကြသူတို့ သည်သာလျှင်၊ ပဂ္ဂဏှိတုံ-ပစ္စယဓမ္မ နှစ်ဝလုံလောက် ချီးမြွှောက်ထောက်
ပံ့ခြင်းငှား လဗ္ဘရေ-လဗ္ဘုန္တိ-ကောင်းစွာပိုင်ပိုင် ရရှိနိုင်ကြပါပေကုန်၏။ ညန္တိဿတသာရိယမသည် ခြောက်ဖြာုန်းသမ္ဘာနင် ပြည်တော် မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏1 သာသနံ-အံ့ဖွယ်ရှစ်ဖြာ သာသနာတော်မြတ်ကြီးကို1 အပ္ပပုညာ-ဘုန်းကံရှားပါး ဂုဏ်နွမ်းပါးတဲ့ ပုဂ္ဂိုလ်တို့သည်။ ကရဟစိ-တစ်ဘဝ တစ်ကမ္ဘာ တစ်ရံတစ်ခါမျွှ။ ပဂ္ဂဏှိတုံ-ပစ္စယ ဓမ္မ နှစ်ဝလုံလောက် ချီးမြှောက်ထောက်ပံ့ခြင်းငှာ။ နလဗ္ဘရေ နလမ္ဘုန္တိ-ကောင်းစွာပိုင်ပိုင် မရနိုင်ကြပါပေကုန်တကား။
ဘုန်းရှိမှ သာသနာတော်ချီးမြှောက်နိုင်တယ် ယနေ့ မိမိတို့ ရဟန်းခံ ပွဲသဘင် ဆင်ယင်ကျင်းပ ပူဇော်ကြတယ်။ ဘုန်းရှိလို့ ရှေးရှေးဘဝက ဘုန်းရှိခဲ့ကြလို့ ချးမြောက်နိုင်ကြတား ကိုယ့်ဘုန်းရိတာလဲ ကိုယ်သိရတယ် လောကမှာ ကိုယ့်အကြောင်းကိုယ် သိရတယ်။ ကိုယ့်အကြောင်းသိမှ ကိုယ့်ကိုယ်ကို တိုးတက်အောင်ကြိုးစားဖို့ အားသန်ကြတယ်။ တို့ဒီဘ၀မှာ ယခုလို သာသနာတော်ကြီးနဲ့ ကြုကြိုက်နေကြေတာ။း သာသနာတော် ကြီးနဲ့ ကြုံကြိုက်နေတုန်း။ ကိုယ်ကိုယ်တိုင်လဲ အဲဒီသာသနာတော်မှ ဓမ္မာနုဓမ္မပဋိပတ်ဆိုတဲ့ သရဏဂုံသီလ၊ ဒါနအစရှိသော ကုသိုလ်ကောင်းမှု တတ ပြုနိုင်ကြတယ်။ မိမိကိုယ်တိုင်ပြုနုင်သလို စိမိတို့ရဲ့သားိမိတို့ရဲ့ ရဟန်းဒကာ ရဟန်းအမ ခံကြတဲ့ပုဂ္ဂိုလ်တွေ သာသနာဘောင်ရောက်အောင် ဆောင်ရွက်ပေးနိုင်ကြတယ်။ အဲဒါ နည်းတဲ့ဘုန်းမဟုတ်ဘူး။ ရှေးရှေးဘဝ က မိမိတို့ ဆည်းပူးအားထုတ်ခဲ့တဲ့ ဘုန်းကံရှိလို့ ဘုန်းကံမရှိရင် ဒီလို ချီးမြှောက်နိုင်ဖို့ အခွင့်မရှိဘူး။ အခွင့်မကြုံဘူး။ ရှေးက မိမိတို့ဉာဏ်နဲ့ ယှဉ်တဲ့ ကုသိုလ်စိတ်ဖြင့် ကောင်းမှုတွေ ဉာဏသမ္ပယုတ်ကုသိုလ်တွေ ဆည်းပူးခဲ့ကြတယ်။ အားထုတ်ခဲ့ကြတယ်။ အဲဒီကောင်းမှုတွေကြောင့် ယခုဘဝ သာသနာတော်နဲ့ ကြုံကြိုက်ရတယ်။ သာသနာတော်နဲ့ ကြုံတဲ့ အတိုင်းသာ သာသနာတော်ကိုချီးမြှောက်ဖို့ လိုလားကြ တောင့်တကြ။ သာသနာတော်ကို ကြည်ညိုကြတဲ့ ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသိကာမ တွေ ဖြစ်ကြရတယ်။
ဥပါသကာ ဥပါသိကာမတွေ ဖြစ်ကြတဲ့အတိုင်း သာသနာတော်နဲ့
စပ်လာရင် မိမိတို့တတ်စွမ်းသမျှဘက်က ဆောင်ရွက်ကြတယ်။ လှူကြ တန်းကြ ပူဇော်ကြတယ်။ ဒါနသီလ ဘာဝနာတွေ အားထုတ်ကြတယ်။ အဲဒီတော့ ဒီအလုံးစုံဟာ သာသနာတော်ကြီးကို မိမိတို့တတ်စွမ်းသမျှ ပူဇော်ကြရ။ သာသနာတော်တိုးတက်အောင် ဆောင်ရွက်ကြရ။ အားပေး (ကြရ ကူညီကြရခြင်းဟာ စိမိတို့အဖို့ လူဖြစ်ကျိုးနပ်ကြရတယ်။ ဘာ ကြောင့် လူဖြစ်ကျိုးနပ်ကြတုံး' ရှေးဘဝကကောင်းမှုရှိလို့ ရှေးဘဝတုန်းက ပြုခဲ့ဖူးတဲ့ ဒါနကုသိုလ်တွေး သီလကုသိုလ်တွေ ဘာဝနာကုသိုလ်တွေ ရှိခဲ့ဖူးလို့ ဒီဘဝမှာလူဖြစ်တယ်1 လူဖြစ်ပေမယ့် သာမန်လူအဖြစ် မဟုတ် ဘဲနဲ့ ဗုဒ္ဓဘာသာ ဥပါသကာ ဥပါသိကာမ တကယ့်သာသနာနဲ့ ဆက်သွယ် တဲ့လူတွေ ဖြစ်ကြရတယ်။ ပြစ်ကြရတဲ့အတိုင်း ကိုယ့်တာငန်အဖြစ်ဖြင့ သာသနာတော်ကို ချီးမြှောက်ကြတယ်။ အားလုံးဟာ ဒါရှေးဘုန်းရှေးကံ ရှိလို့ သာသနာတော်ချီးမြှေက်ကြရတော့ သာသနာ့တန်ဖိုးလဲ အထူး အားဖြင့် သိကြရတယ် လောကမှာ ဘာမဆိုသိပြီး ကုသိုလ်လုပ်ရတာဟာ ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်။ ဘာသိရမှာလဲ ဘုန်းကြီးတို့သာသနာတော်ကြီးဟာ ဘယ်လောက်မွန်မြတ်တယ်ဆိုတာ သိရတယ်။ အသိတွေတိုးသထက်တိုး အောင် ကြိုးစားကြရတယ်။ လောကမှာ ကုသိုလ်ပြုတိုင်း အထက်တန်း ကျမှ အကျိုးကြီးတာမဟုတ်ဘူး။ ဉာဏ်ပါမှ' ဉာဏဝိပ္ပယုတ် ကုသိုလ် ဆိုတာ ကလေးတောင်ဖြစ်တယ်။ ကလေးအသိမျိုး မိမိတို့မလွန်နိုင်ဘူး ဆိုရင် ရသင့်သလောက်အကျိုးတွေ မရတတ်ဘူး။ ကလေးလဲပဲ လှူလိုက် လှူလိုက်ဟေ့ဆိုရင် သူဘာရယ်ညာရယ်မသိပေမယ့် သူ့မှာ ကြည်လင်တဲ့ စိတ်လေးဖြစ်သွားတယ်။ ဖြစ်လာတော့ ဘုန်းကြီးရဟန်းကို သူလှူတာပဲ။ လှူပေမယ့် သူ့အလှူဟာ ဉာဏဝိပ္ပယုတ်အလှူ ဉာဏ်မပါလို့ ကြည်လင်တဲ့ သဒ္ဓါတရားလေးသာဖြစ်တယ်။
အဲဒါကြောင့်မို့လို့ ကလေးလဲကုသိုလ်ဖြစ်တာပဲ။ သို့ပေမယ့် ကလေး ကုသိုလ်က ဉာဏဝိပ္ပယုတ်ကုသိုလ်၊ လူကြီးတွေထဲမလဲ အဲဒီကလေး ဉာဏဝိပ္ပယုတ်ကုသိုလ်လောက်ပဲရတဲ့ လူတွေလဲ ရှိအုံးမှာပဲ။ အဲဒါကြောင့်
မိမိ သာသနာချီးမြှောက်တဲ့ကုသိုလ် ပြုကြတဲ့အခါ သာသနာရဲ့တန်ဖိုးကို ကောင်းကောင်းသိကြရတယ်။ သာသနာတော်ဆိုတာ မွန်မြတ်တယ် ကိုရင်လေးဝတ်တယ်ဆိုပါတော့။ ကိုရင်လေးဝတ်ရင် ရှင်လောင်းလှည့် ကြရတယ်။ ရှင်လောင်းလှည့်လို့ ရှင်လောင်းရဲ့အ၀တ်အစားလေးတွေ မြင်ပြီးတော့ နှစ်သက်ကြတယ်1 နောက် သင်္ကန်းဝတ်တယ်။ သင်္ကန်းလေး တွေဆင်မြန်းထားတာ နှစ်သက်ကြတယ်။ တချို့ဆိုရင် ဒီလောက်ကလေး နဲ့ပြီးရော အမှန်ကတော့ ဟိုကိုရင်လေးရဲ့ ထူးခြားပုံကိုလဲ မိမိတို့ အထူးအားဖြင့် အာရုံပြုမိကြရတယ်။ ကိုရင်လေးဆိုတာ ဆယ်ပါးသီလ ရှိတဲ့ကိုရင်လေး ဒီလောက် သာမညမတွေးကြရဘူး။
အမှန်ကတော့ ကိုရင်လေးတွေဟာ ဆယ်ပါးသီလခံယူရုံလေးနဲ့ ကိုရင်ဖြစ်တာမဟုတ်ဘူး။ သူတို့မှာက ဆယ်ပါးသီလဆိုတာ ခံယူနေဖို့ မလိုဘူး။ ဗုဒ္ဓံသရဏံဂစ္ဆာမိ။ ဓမ္မံသရဏံဂစ္ဆာမိ။ သံဃံသရဏံဂစ္ဆာမိဆိုတဲ့ သရဏဂုံသုံးပါးကို ပီပီသသ ဆရာကလဲပီပီသသ။ သူတို့ကလဲ ပီပီသသ ရွတ်နိုင်ဆိုနိုင်ပြီဆိုရင် သရဏဂုံဆုံးသည်နှင့်တစ်ပြိုင်နက် ကိုရင်ဖြစ်သွား တယ်။ ဒါဟာ သရဏဂုံလေးကြောင့် ကိုရင်ဖြစ်တယ် မဆိုနိုင်သေးဘူး နော်။ ဒီကိုရင်လေးဟာ လူအဝတ်ကြီးဝတ်ထားရင် ဒီသရဏဂုံ ရောက်တာ မဟုတ်ဘူး။ လိင်္ဂ အသွင်အပြင်ဆိုတာ ရှိသေးတယ်။ သာသနာရဲ့အသွင် အပြင်ဆိုတဲ့ လိင်္ဂဟာလဲ အင်မတန်အရာရောက်တယ်။ ကိုရင်လေးတွေ ဟာ လူဝတ်ကြီးနဲ့ သရဏဂုံဆိုနေလို့ ရှင်မဖြစ်သေးဘူး1 ဆံပင်တွေ ရိတ်ကြရတယ်။ ဆံပင်ကြီးနဲ့ သရဏဂုံဆိုလို့ သီလမတည်နိုင်သေးဘူး ခေါင်းရိတ်ကြရတယ်။ သင်္ကန်းကိုဆင်မြန်းရတယ်။ ခေါင်းလဲရိတ်မှ သင်္ကန်းလဲဆင်မြန်းမှ အင်္ဂါသုံးပါးနဲ့ညီညွတ်မှ ကိုရင်ဖြစ်တယ်။ အဲသလို သုံးပါးနဲ့ညီညွတ်မှ ဒီသရဏဂုံဟာ ကိုရင်အဖြစ်သို့ရောက်အောင် ပို့ပေး နိုင်တယ်။
သီလတွေလဲတည်လာတယ်။ ဆယ်ပါးသီလဆောက်တည်တိုင်း ကိုရင် သီလတည်တာမဟုတ်ဘူး။ ခေါင်းမရိတ် သင်္ကန်းမဆင်မြန်းဘဲနဲ့ သရဏဇဂုံဆိုရုံလေးနဲ့လဲ တည်တာမဟုတ်ဘူး။ အဲဒီတော့ ကိုရင်သရဏဂုံဟာ
အရေးကြီးတယ်။ လူ့သရဏဂုံလို သာမညဆိုရုံနဲ့ တည်တာမဟုတ်ဘူး။ ပီပီသသ ဌာန်ကရိုဏ်းကျကျ မာဂဓဘာသာအက္ခရာတွေ ရွတ်ရိုးရွတ်စဉ် ထုံးတမ်းအတိုင်း ကျကျညီညွတ်မှ အဲဒီသရဏဂုံကလဲ ရှင်ဖြစ်နိုင်လောက် အောင် ပြည့်စုံတယ်။ ရွတ်တိုင်းပြည့်စုံတာမဟုတ်ဘူး။ ဗုဒ္ဓံ သရဏံဂစ္ဆာမိ ပါးစပ်က သာမညဆိုရုံနဲ့ ပြည့်စုံတာမဟုတ်ဘူး။ လေးသင့်တဲ့နေရာ လေးရတယ်။ ပေါ့သင့်တဲ့နေရာ ပေါ့ရတယ်။ ပီပီသသ ပြည့်ပြည့်စုံစုံ ဆိုရတယ်။
အဲဒီတော့ ဒီသရဏဂုံကို လူတွေဘယ်လောက်ဆိုနေနေ ကိုရင့် သိက္ခာတွေကျင့်နိုင်တာမဟုတ်ဘူး။ ဒီသရဏဂုံတွေ ဘယ်လောက်ဆိုနေနေ ကိုရင်သီလတွေ တည်တာမဟုတ်ဘူး1 အကြောင်းတွေပြည့်စုံမှ ခုန ပြောသလို သာသနာတော်မှာ ရဟန်းသာမဏေထတို့ရဲ့ အသွင်အပြင်ဆိုတဲ့ လိင်္ဂဟာလဲအရေးကြီးတယ်။ အဲဒီအသွင်အပြင်လိင်္ဂရှိမှ ကိုရင်ဖြစ်ကြရ တယ်။ ခေါင်းတုံးတုံးရတယ်။ သင်္ကန်းဆင်မြန်းရတယ်။ အဲဒီအသွင်အပြင် ကလဲအရေးကြီးတယ်။ အဲဒီသဘောတွေကိုမသိတော့ တချို့က ဘယ့်နှယ် ပြောကြတုံးဆိုရင် သူတို့တရားအားထုတ်ထားတယ်။ သူတို့ သောတာပန် ဖြစ်နေပြီး သောတာပန်ဖြစ်နေလို့ သောတာပန်မဖြစ်သေးတဲ့ ဦးပဉ္စင်း ကိုရင်တွေက သူတို့ကို ရှိခိုးရမယ်တဲ့။ အဲသလိုဆိုကြတယ်။ ရှေးတုန်း ကလဲ ရှိခဲ့ဖူးတယ်။ ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်က အဲသလို လူတွေကပြောကြလို့ လူတွေရဲ့နောက်မှ သောတာပန်ဖြစ်တဲ့ရဟန်းက အရင်သောတာပန်ဖြစ်တဲ့လူကို ရှိခိုးရမယ်လို့ ဒီလိုလူတွေထဲမှာ ပြော ဟောတာတွေရှိတယ်' ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်က တူတူပဲ ဒီခေတ်တောင်မရှိဘူး မဟုတ်ဘူး ရှိနေတယ်။
အဲဒါ ခုနပြောသလို ရဟန်းသာမဏေရဲ့တန်ဖိုးကိုမသိလို့ သာမဏေ အသွင် ရဟန်းအသွင်ဆိုတဲ့အသွင်ဟာ မွန်မြတ်တဲ့အသွင်မျိုးး လူတွေ မမီနိုင်လောက်အောင် မွန်မြတ်တဲ့အသွင်မျိုး သောတာပန် သကဒါဂါမ် ဆိုတဲ့ ဒီဘွဲ့တွေကတစ်မျိုး။ အဲဒီအသွင်အပြင်က ခုနပြောသလို တကယ့် သီလတွေခံယူထိုက်တဲ့ အရည်အချင်းရှိသွားတယ်။
အဲ-ယနေ့ ရဟန်းဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေ တူတူပေါ့။ သူတို့လဲ ရဟန်း သီလတွေဆိုတာကို သူတို့အထူး ဆောက်တည်မနေရဘူး။ ဘုရားအာဏာ တော် ကမ္မဝါစာဆုံးသည်နှင့်တစ်ပြိုင်နက် အကုန်လုံးတည်သွားတယ်။ ဒါ လူထက်ထူးခြားတဲ့ အရည်အချင်းတွေ။ ဒါကြောင့် အရိယဇာတ်ဆို တဲ့ အရိယာအဖြစ်ကတစ်မျိုး။ ပူဇနိယလိင်္ဂ-ပူဇော်ထိုက်တဲ့အသွင်အပြင် လိင်္ဂဆိုတာက တစ်မျိုး သာမဏေလေးတွေ ရဟန်းတော်တွေမှာ အဲဒီ အသွင်အပြင်ရှိဟော့ အဲဒါဟာ အရိယာပုဂ္ဂိုလ်တို့ပင် ပူဇော်ထိုက်တဲ့ သီလ၊ ဂူဇော်ထိုက်တဲ့အသွင်အပြင်၊ ရဟန်းသီလဆိုတာ ခံယူရတာမဟုတ် ဘူး။ ကိုရင်သီလဆိုတာ ခံယူရတာမဟုတ်ဘူး။ အလိုလိုတည်သွားတား တည်သွားတာကလဲ ခုနပြောသလို အကြောင်းညီညွတ်လို့ ရဟန်းအသွင် သာမဏေအသွင်ဆိုတဲ့ ထူးခြားတဲ့အသွင်တွေရှိလို့ရတာ။ အဲသလို အဘက်ဘက် ရဟန်းတော်တို့ရဲ့သီလ သာမဏေရဲ့သီလ သီလတွေဟာ ထူးခြားတဲ့သီလ၊ ရဟန်းတော်တွေရဲ့ အသွင်အပြင်၊ သာမဏေရဲ့ အသွင် အပြင်ဆိုတာ ထူးခြားတဲ့အသွင်အပြင်တွေး အဲဒီအသွင်အပြင်တွေကြောင့် လူတွေ မရနိုင်တဲ့သီလမျိုးတွေ ရဟန်းသာမဏေမှသာရတယ်။ ဒါကြောင့် အဲဒီ အသွင်အပြင်ကလဲ ပူဇော်ထိုက်တဲ့အသွင်အပြင် အဲဒီသီလတွေကလဲ လူတွေနဲ့မဆိုင်တဲ့သီလတွေး ဘယ်လောက်ပဲ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်ဖြစ် ဒီအသွင်အပြင်မရှိ ဒီသီလမျိုးမရှိလို့ သူတို့ဟာ ပုထုဇဉ် ဖြစ်တဲ့ ရဟန်းသာမဏေကို ရှိခိုးရတယ်။
အဲဒါ သာသနာတော်ရဲ့ ထူးခြားတဲ့အဆင့်အတန်း။ အဲဒီအဆင့် အတန်းကို မိမိတို့ အထူးအားဖြင့် အာရုံပြုမိကြရတယ်။ အလေးထား ကြရတယ်။ အဲသလို အလေးထားကြလို့ရှိရင် မိမိတို့ဟာ တကယ် သိနားလည်ပြီး ပူဇော်ရာရောက်လို့ ကုသိုလ်အားဖြင့်လည်း မနိမ့်ကျဘူး။ အကျိုးပေးအားဖြင့်လဲ မနိမ့်ကျဘူး။ ဒါကြောင့် သာသနာတော်မှာ မိမိတို့ ပြုရသမျှ ဆောင်ရွက်ရသမျှ အနုဂ္ဂဟ- ချီးမြှောက်မှု။ ပူဇာ-ပူဇော်မှုတွေ ဟာ အဓိပ္ပာယ်ရှိတယ်။ အဓိပ္ပာယ်ရှိလို့ သာမန်လူတွေနဲ့မတူ ထူးခြားတဲ့ အရိယာဝိသေသပုဂ္ဂိုလ် လူတွေနဲ့မတူး ထူးခြားတဲ့သီလရှိကြ။ ထူးခြားတဲ့
အသွင်အပြင်ရှိကြ၊ ထူးခြားတဲ့ ပူဇော်ထိုက်တဲ့အခြင်းအရာတွေ ရှိကြလို့ ယနေ့ မိမိတို့ရဟန်းအဖြစ်သို့ ရောက်ကြတဲ့ပုဂ္ဂိုလ်တွေ ပူဇော် သံဃာ တော်တွေ ပူဇော်ကြ အားလုံး ပူဇာတွေဟာ သာသနာတော်ထွန်းကားမှ ဖြစ်လာကြရတဲ့ အရာတွေ။ အဲသလိုအရာတွေနဲ့ မိမိတို့ ကြုံတွေ့ကြရ တာဟာ မိမိတို့ဟိုအခါက သာသနာတော်နဲ့ကြုံကြိုက်တဲ့အခွင့် ရှေးက ရခဲ့ဖူးလို့ ရှေးရှေးဘုရား သာသနာတော်တွေမှာ မိမိတို့ ဘာလို့မဂ်ဖိုလ် မရလဲဆိုတာ မပြောနိုင်ပေမယ့် အဲသလိုသာသနာမှာ မိမိတို့ ကုသိုလ် ပြုခဲ့တဲ့ အထုံပါရမီရှိခဲ့ကြတယ်။ အလေ့အလာ ရှိခဲ့ကြတယ်။ ဒါကြောင့် ယခုလိုသာသနာတော်ကြီးနဲ့ ကြုံကြိုက်ပြီးတော့ သာသနာတော်ကြီး ခာမြက်ခိုင်တယ် ချးမောက်နိုငလိ့ မမိတိုဟာ ဘုန်းကံရှိတပုဂ္ဂုလ်တွေလို ဆရာ့ဆရာတွေ မိန့်ကြားတော်မူခဲ့တယ်။
တို့တစ်တွေ ကံကောင်းကြတယ်။ ရှေးဘုန်းရှေးကံ ရှိကြတယ်။ ရှေးရှေးဘ၀ ဘဝတွေက သာသနာတော်အမှီပြုပြီး ကုသိုလ်ကောင်းမှုတွေ ဆည်းပူးခဲ့ကြတယ်။ အားထုတ်ခဲ့ကြတယ်။ ပုဗ္ဗေစကတပုညတာဆိုတဲ့ မင်္ဂလာတရားရှိခဲ့ကြလို့ ယခုလိုသာသနာတော်နဲ့ ကြုံကြိုက်ပြီးတော့ အဲဒီသာသနာတော်မှာ ဥပါသကာ-ဥပါသိကာမအဖြစ်ဖြင့် သာသနာ အတွင်းကျတဲ့ပုဂ္ဂိုလ်တွေး သာသနာတော်ထဲမှာနေကြတဲ့ ပုဂ္ဂိုလ်တွေအဖြစ် နဲ့ မိမိတို့သာသနာတော် ချီးမြှောက်နိုင်ကြတယ်။ ဘုန်းရှိကြတယ်။ ကံရှိ ကြတယ်။ မိမိတို့ ကံကောင်းတာကို ဘုန်းကြီးတာကိုအကြောင်းပြုပြီး တော့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်သောစိတ်ထားဖြင့် ယနေ့ပြုစုရတဲ့ အလှူဒါန သီလ ဘာဝနာတွေကို မမေ့ကြဘဲနဲ့။ ပြီးပြီးပျောက်ပျောက် သဘောမထားဘဲနဲ့ ကုသိုလ်တစ်ပွဲ ထူးထူးကဲကဲအားထုတ်နိုင်တာကို အာရုံပြုပြီးတော့ ပြန်ပြန်အောက်မေ့ပြီးတော့ အပရစေတနာတွေတိုးပွား အောင် ကုသိုလ်တွေတိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ဦးတင်စိုး-ဒေါ်ငွေဋ္ဌေးတို့၏ ရဟန်းခံရှင်ပြုအလှူအနုမောဒနာတရား)
ရတနာမွန်မဂ္ဂဇင်းမှ
အနုမောဒနာတရားတော်များ (၁၀) ဆွမ်းအနုမောဒနာတရား
ယနေ့ဘုန်းကြီးဟောမယ့်တရားကတော့ အနန္တငါးပါး။ ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏောအနန္တော။ သံဃဂုဏော အနန္တော။ မာတာပိတုဂုဏော အနန္တော၊း အာစရိယဂုဏော အနန္တော၊ အနန္တငါးပါးအားလုံး ဘုန်းကြီး တို့ ဒကာဒကာမတွေ သိကြရတယ်။
ဗုဒ္ဓဂုဏော-ဘုရားရှင်ကိုယ်တော်မြတ်ဓါ ဂုဏ်တော်သည်1 အနန္တော- အဆုံးမရှိ။ ဘုရားရှင်ကိုယ်တော်မြတ်ဓါဂုဏ်တော်ဟာ အဆုံးမရှိဘူး။ ဗုဒ္ဓဂုဏော-ဘုရားရှင်ကိုယ်တော်မြတ်ဓါ ကျေးဇူးဂုဏ်တော်သည်။ အနန္တော-အဆုံးမရှိ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ကျေးဇူးဂုဏ်တော်ဟာ အဆုံးမရှိဘူး။ အမှန်က ဘုရားရှင်ကိုယ်တော်မြတ်ဆိုတာက အားလုံး သိကြတဲ့အတိုင်းပေါ့ ဂုဏ်တော်တွေက အများကြီး- ဘုရားဂုဏ်တော်တွေဆိုတာ ဗုဒ္ဓေါပိ ဗုဒ္ဓဿ ဘဏေယျ ၀ဏ္ထံး ကပ္ပမွိ စေ အညမဘာသမာနော။
ခီယေထ ကပွော စိရဒီဃမန္တရေး ဝဏ္ဍော န ခီယထ တထာဂတဿ ဘုရားတစ်ဆူရဲ့ဂုဏ်ကို ဘုရားတစ်ဆူက တခြားစကားမပြောဘဲနဲ့ ဒါကိုပဲ ဂုဏ်တော်တွေချည်းကိုပဲ ထပ်တလဲလဲ နေ့ရှိသမျှ ပွားနေတဲ့။ ကမ္ဘာသာကုန်သွားမယ်။ ဂုဏ်တော်က မကုန်နိုင်ဘူး။ အဲဒီလိုဟောထားတဲ့ ဒေသနာရှိတယ်။
အမှန်အတိုင်းပဲ ဘုရားရှင်ကိုယ်တော်မြတ်ဂုဏ်တော်ဆိုတာ မသိတဲ့ ပုဂ္ဂိုလ်တွေက တယ်ပြီးတော့ရွတ်စရာမလိုဘူး။ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ရွတ်လို့မဆုံးဘူးး အဲဒီလောက်ဂုဏ်တော်ကြီးတယ်။ ဂုဏ်တော်ကြီးသည်နှင့် အမျှ ဘုရားရှင်ကိုယ်တော်မြတ်ဇ် ကျေးဇူးတော်ဟာလဲ အင်မတန် ကြီးမြတ်လှတယ်။ ကြီးမြတ်လှတဲ့ကျေးဇူးရှင် ဘုရားမရှိတော့လို့ ဘုရားကျေးဇူး မရှိဘူးမထင်နဲ့ ဘုရားရှင်မရှိဘူး။ ဘုရားရှင်မရှိတော့ ဘယ်မှာသွားပြီး ဘုရားရှင်ကိုယ် တော်မြတ်ရဲ့ကျေးဇူးတွေ ရှိပါ့မတုံးလို့။ ဒီလိုပဲ စောဒက၀င်စရာရှိတယ်။ အမှန်က ဘုရားရှင်ပရိနိဗ္ဗာန်စံသွားတာမှန်တယ်။ သို့သော် ဘုရားရှင် ကိုယ်စား ဘုန်းကြီးတို့အားထားရာ တရားတော်တွေရှိနေတယ်။ ဘုရားရှင် ကိုယ်တော်မြတ် ကိုယ်တော်တိုင်မြွက်ကြားထားတဲ့ တရားတစ်ပုဒ်က အဲဒီတရားတော်ဟာ ငါဘုရားပဲလို့ ကိုယ်တော်စားအဖြစ် ညွှန်ကြား မိန့်တော်မူခဲ့တာရှိတယ်။
ယော ဝေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တေား သော ဝေါ မမစ္စယေန သတ္ထာ။
အာနန္ဒာ-ချစ်သားအာနန္ဒား မယာ-သင်တို့ဆရာ ငါဘုရားသည်။ ယောဓမ္မောစ-အကြင်သုတ် အဘိဓမ္မာတရားကိုလည်းကောင်း၊ ယောဝိ နယောစ-အကြင် ဝိနည်းတရားတော်ကိုလည်းကောင်းး ဒေသိတော- ဟောတော်မှုအပ်ပြီး ပညတ္တော-ပညတ်တော်မူအပ်ပြီး သောဓမ္မဝိနယော- ထိုငါဘုရား ဟောကြားတော်မူခဲ့တဲ့ သုတ်အဘိဓမ္မာဝိနည်းဆိုတဲ့ တရားတော်မြတ်သည်။ မမ-ငါဘုရား၏။ အစ္စယေန-ပရိနိဗ္ဗာန် စံဝင်တော် မူရာ အခါသမယန်။ ဝေါ-သင်ချစ်သားတို့ါ 1 သတ္ထာ-ဆုံးမပေတတ် ဆရာ မြတ်သည် ဟေဿတိ-ဖြစ်ပေလတ္တံ့လို့ ဘုရားရှင်ကိုယ်တော်မြတ် မိန့်ကြားတော်မူခဲ့တယ်။
ဘုရားရှင်ကိုယ်စား ဘုရားတရားတော်တွေက ကျေးဇူးဝြုတုန်း ငါဘုရား ကွယ်လွန်သွားပြီမထင်ကြနဲ့။ ငါဘုရား မရှိတော့ဘူး
မထင်ကြနဲ့။ ငါဘုရားမရှိတောင် ငါဘုရားရဲ့ (၄၅)ဝါ ကာလပတ်လုံး ဟောတော်မူခဲ့တဲ့ သုတ္တန်တရားတွေး ဝိနည်းတရားတွေး အဘိဓမ္မာ တရားတွေ အဲဒီတရားတွေဟာ ငါဘုရားကိုယ်တော်စားအဖြစ်ဖြင့် သင် ချစ်သားတို့ကို ဆုံးမလိမ့်မယ်။ သွန်သင်လိမ့်မယ်။ တရားပြသလိမ့်မယ်။ အကျိုးရှိလိမ့်မယ်လို့ ဟောကြားတော်မူခဲ့တဲ့ ဒေသနာရှိတယ်။ ဘုရားရှင် ကိုယ်တော်မြတ် ကိုယ်တိုင် ဟောကြားတော်မူခဲ့တယ်။
ငါဘုရား အခုပရိနိဗ္ဗာန်မစံခင် တစ်ပါးတည်း ဆုံးမသွန်သင် ပြသ နေတယ်။ ငါဘုရား ပရိနိဗ္ဗာန်စံသွားလို့ရှိရင်ဖြင့် တစ်ပါးတည်းမကဘူး။ ဓမ္မက္ခန္ဓာဒေသနာပေါင်း ရှစ်သောင်းလေးထောင်တည်းဟူသော တရား တော်တွေက သင်တို့ကို ပြသပြီးနေကြလိမ့်မယ်လို့ အဲဒီလို ညွှန်ကြား မိန့်ကြားတော်မူခဲ့တယ်။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓမ္မကာယခေါ်ဆိုရတဲ့ ဘုရား ရှင်ကိုယ်တော်မြတ်၏ ကိုယ်တော်လို့ခေါ်ဆိုရတဲ့ တရားတော်တွေ ယခု ထင်ရှားတယ်။ ရှေးမူမပျက် ထင်ရှားရှိနေကြေတယ်။ သတ္တဝါတွေပူဇော် ဖို့ရာ သတ္တဝါတွေ လိုက်နာကျင့်ကြံဖို့ရာ အများကြီးရှိတယ် အဲဒီတရား တွေကိုသိရသဖြင့် မိမိတို့မှာ အင်မတန် ကျေးဇူးများတယ်။
ဘုရားရှင်တော်၊ မပွင့်ပေါ်က။
သူတော်အများ၊ စိတ်ကောင်းထားလည်း။
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘဝ၊ မသိရ။
များလှအပြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်ရွ်။
ထုတ်ဖော်မြွက်ကြားး မြတ်တရားကြောင့်၊
ဤကားကုသိုလ် အကုသိုလ်နှင့်း
သ ုဆိုဘုံသ၀ ၂ သက္က
များလှအကျိုးတွေ-
လို့ ဆရာတော် အရှင်ဇနကာဘိဝံသက ဆိုတယ်။
ဘုရားရှင်၏ဂုဏ်ကျေးဇူး ဘယ်လောက်ကြီးတယ်ဆိုတာ ဖော်ထား ခဲ့တဲ့ကဗျာလေး၊ ဘုရားရှင်တော် မပွင့်ပေါ်ရင် မိမိတို့စိတ်ကောင်းရှိတဲ့ မုဂ္ယလ်တွေဖြစ်ဘုံးတဲ့- တဤကားကုသိုလ် က္ကုကားအကုသိုလ် မသေခိင် ကြဘူး။ ထိုထိုဘုံဘဝတွေ မသိကြဘူး။ ထိုထိုတရားတွေ မသိကြရဘူး။ အခု ဘုရားရှင်ကိုယ်တော်မြတ် ပွင့်တော်မူလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောထားခဲ့တဲ့ တရားတွေအရ ဤကားကုသိုလ် ဤကား အကုသိုလ်၊ ကုသိုလ်နဲ့ အကုသိုလ် နှစ်ပါးခွဲခြားပြီး သိကြရတယ်။
ဤကားလူ့ပြည်။ ဤကားနတ်ပြည်1 ဤကားငရဲပြည်း တိရစ္ဆာန်။ ဂြတ္တပြည်ပဲ (ဤကားပြဟ္မာပြည် သေည်ဖြ မမိတို့မမ္ပငကြရတဲ့ မြင ခြင်းငှာ ပကတိမျက်စိဖြင့်မြင်ခြင်းငှာ မစွမ်းနိုင်တဲ့ ဘုံဘဝတွေအမျိုးမျိုး သိကြရတယ်။ အဲဒါ ဘုရားရှင်ကိုယ်တော်မြတ် ပွင့်ထွန်းပေါ်ပေါက်လာလို့ ရရှိခဲ့တဲ့အကျိုးတွေ
ဒါကြောင့်ဆပ်လို့မကုန်အောင်
ကျေးဇူးတွေကမြားမြောင်
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကျေးဇူးဟာ ဆပဂ်လို့မကုန် နိုင်အောင် မြားမြောင်လှတယ်1 ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ မိမိတို့ရဲ့ ကျေးဇူးရှင်ကြီးပဲ တကယ့်ကျေးဇူးရှင်' ဒါကြောင့် တကယ့် ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ချုပ်ငြိမ်းသွားကြတယ်။ ဘဝတစ်ပါးပြောင်း သွားကြပေမယ့် သူတို့ဟာမကွယ်ဘူး။ သူတို့ဂုဏ်ကိုသိကြတဲ့ သားသမီး တပည့်တွေအပေါ်မှာ အဲဒီဂုဏ်တွေဟာမကွယ်ဘူး။ ထင်ရှားရှိနေတာ။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဂုဏ်ကျေးဇူးဟာ မနည်းဘူးဆို တာ ခုနပြောတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သုတ်။ အဘိဓမ္မား ဝိနည်း ဆိုတဲ့ ဓမ္မက္ခန္ဓာတွေက ပြသတယ်။ အဲဒါ ဗုဒ္ဓဂုဏော အနန္တော။
တရားတော်ရဲ့ကျေးဇူးတော်တွေက အနန္တ ဓမ္မဂူဏော အနန္တော-အတူတူပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့
ုဏ်တော် ကျေးဇူးတော်ဟာ အနန္တဆိုရင် တရားတော်မြတ်ရဲ့ ဂုဏ်တော် တွေဟာလဲ အနန္တ-အဆုံးမရှိဘူး။ ဒီတရားတွေအစွဲပြုပြီးတော့ မိမိတို့ ကုသိုလ်သိကြရ။ အကုသိုလ်သိကြရတယ်။ သီလဆောက်တည်နိုင်ကြ။ သမာဓိထူထောင်နိုင်ကြ' ဘာဝနာပွားများနိုင်ကြး ကုသိုလ်တရားတွေ အမျိုးမျိုး ပွားကြတယ်။ စောင့်ရှောက်နိုင်ကြတော့ အဲဒီတရားရဲ့ ကျေးဇူး ဟာလဲ မိမိတို့မှာအနန္တပဲ ပြောမပြနိုင်အောင်။ အဆုံးအစမရှိနိုင်အောင် များပြားတဲ့ကျေးဇူးတွေ ထို့အတူ သံဃာ့ကျေးဇူးကလဲ အဆုံးအစမရှိအောင် မြားမြောင်
ထို့အတူပဲ သံဃဂုဏော အနန္တော။ သံဃဂုဏော-သံဃာတော်၏ ဂုဏ်ကျေးဇူးသည် အနန္တော-ပြောမပြနိုင်အောင် မြားမြောင်လှဘိ အဆုံး မရှိပါပေဆိုတဲ့အတိုင်း သံဃာတော်ရဲ့ဂုဏ်ကျေးဇူးဆိုတာက အဆုံးအစ မရှိဘူး။ ပြောမကုန်အောင် မြားမြောင်လှတဲ့ ဂုဏ်တော်တွေရှိတယ်)။ ဘုန်းကြီးတို့ သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးဆိုတာတွေက
သံဃေ စိတ္တံ ပသာဒေထ' သံဃော နော ဟိတကာရကော။
သံဃံ နိဿာယ ဗုဒ္ဓေါစ။ ဓမ္မော စ သာဓု ဥာယရေ။
သံဃေ-သံဃာတော်မြတ်ခ်။ စိတ္တံ-မိမိတို့စိတ်ကို ပသာဒေထ- ကြည်ညိုအောင်း သဒ္ဓါတရားပွားများအောင် ကြိုးစားကြပါကုန်လော့။ သံဃော-သံဃာတော်သည်။ နော-ငါတို့၏။ ဟိတကာရကော-တကယ့် အကျိုးစီးပွားကို ဆောင်ရွက်တတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါပေ၏။
သံဃာတော်အပေါ်မှာ ကြည်ညိုကြပါ) သံဃာတော်ဟာ မိမိတို့ရဲ အစီးအပွားကို အင်မတန် ဆောင်ရွက်ခဲ့ကြပါတယ်1
သံဃံ-သံဃာတော်မြတ်ကိုး နိဿယ-အမှီပြုရဤ1 နော-ငါတို့သည်။ ဗုဒ္ဓေါစ-ဘုရားရှင်ကိုယ်တော်မြတ်ကိုလည်းကောင်း၊ ဓမ္မောစ-ဘုရားရှင် ကိုယ်တော်မြတ် တရားတော်တွေကိုလည်းကောင်း၊ သာဓု-ကောင်းမွန်စွား ဥာယရေ-ထိထိမိမိ သိအပ်ပါပေကုန်သတည်း။
ဘုန်းကြီးတို့ ယနေ့ ဘုရားမပျောက်ဘူး။ ဘုရားကို ကြည်ညိုကြ တယ်။ တရားတွေ မိမိတို့ လက်လှမ်းမီသမျှ အားထုတ်နိုင်ကြတယ်။ သိနေကြတယ်။ အားထုတ်နိုင်ကြတယ်။ ကျင့်နေကြတယ် အဲဒါတွေဟာ သံဃာတော်ရဲ့ကျေးဇူး။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံပြီးနောက် အဓမ္မဝါဒတွေ ပေါ်လာမယ့်အရိပ်အယောင်တွေ ပေါ်လာတယ်။ အဲဒီအခါ မှာ သံဃာတော်တွေကသာ ကြောင့်ကြမဲ့ နေခဲ့ကြမယ်ဆိုရင် ကြာပြီ- ဘုန်းကြီးတို့ သာသနာကွယ်တာ။ အဲဒီအဓမ္မဝါဒတွေပေါ်လာတော့ သံဃာ တော်တွေဟာ ကြောင့်ကြမဲ့မနေနိုင်ကြဘူးး ဘုရားတရားတော်တွေ မပျောက်အောင် ကြိုးစားကြရတယ်။ သင်္ဂါယနာတွေ အထပ်ထပ်တင်ခဲ့ ကြတယ်။ သင်္ဂါယနာတွေတင်ပြီးလဲ အားလုံး နောင်ရေးမျှော်တွေးပြီးတော့။ တာဝန်တွေအသီးသီးပေးပြီးတော့ ဆောင်ရွက်ခဲ့ကြတယ်။ အဲဒီလို ဆောင်ရွက်ခဲ့ကြလို့ ဒါတွေအားလုံး သိပြီးသားပါပဲလေ။ အဲဒီလိုဆောင်ရွက်ခဲ့ကြလို့ ဘုန်းကြီးတို့ သာသနာတော်ကြီးဟာဖြင့် ယနေ့ထိအောင် မပျောက်ဘူး အစဉ်သဖြင့် တည်နေခဲ့တယ်။ မြန်မာပြည် သာသနာဟာ တခြားပြည်က သာသနာတွေနဲ့လဲ ယှဉ်မရအောင် အထူးပဲ ထွန်းကားစည်ပင်နေတယ်။ အဲဒါအားလုံး သံဃာတော်ရဲ့ကျေးဇူး။ သံဃာတော်ကျေးဇူးအမှီပြုပြီးတော့ ဘုန်းကြီးတို့တစ်တွေ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအားလုံး ဘုရားမပျောက်ကြဘူး။ တရားမပျောက်ကြဘူး။ သံဃာမပျောက်ကြဘူး။ ဒါကြောင့် သံဃာတော်ရဲ့ကျေးဇူးက အင်မတန် များတယ်ဆိုပြီးတော့ အဋ္ဌကထာဆရာကြီးများကလဲ ဖွင့်ကြတယ်။ ဘဂဝတော-ဘုရားရှင်ကိုယ်တော်မြတ်စါ1 အပရဘဂေ-ပရိနိဗ္ဗာန် စံတော်မူရာ နောက်အခါ၊ ဗုဒ္ဓဓမ္မာနံ-ဘုရားတရားတို့ကို၊ သမဓိဂမော-- သိရခြင်းသည်။ သံဃရတနာဓီနော-သံဃာရတနာနှင့်စပ်လျက် နေပါပေ ဇ / ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ဘုရားမပျောက်၊ တရားမပျောက် ခြင်းဟာ သံဃာနဲ့စပ်ပါတယ်။ သံဃာ့ကျေးဇူးလို့ ဆိုလိုတယ်။ အဲဒါကြောင့် သံဃာတော်ရဲ့ ကျေးဇူးဟာလဲ ဘုန်းကြီးတို့အပေါ် ဘုန်းကြီးတို့ ဒကာဒကာမတွေအပေါ်မှာ အများကြီးရှိတယ်။ ကျေးဇူး
အပြုဆုံး။ ကျေးဇူးအပြုဆုံး ရတနာသုံးပါးထဲမှာ ကျေးဇူးအပြုဆုံးဆိုတော့ ကျေးဇူးအများဆုံး။ အဲဒါကြောင့် သံဃဂုဏော အနန္တော-သံဃာတော်ရဲ့ ဂုဏ်ကျေးဇူးဟာလဲ အနန္တတဲ့။ ဒါကြောင့် ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူး ဟာ အထူးကြီးမားတယ်။
မိဘတွေဆိုတာ ဗြဟ္မွာမင်းကြီးနဲ့ တူသတဲ့
ထို့တူ မာတာပိတုဂုဏော အနန္တော-မိဘတွေရဲ့ဂုဏ်ကျေးဇူးဟာ
အနန္တ။
ဗြဟ္မာတိ မာတာပိတရော။ ပုဗ္ဗာစရိယာတိ ဝုစ္စရေး အာဟုနေယျာစ ပုတ္တာနံ ပဇာယ အနုကမ္ပကာ။
မာတာပိတရော-မိခင်ဖခင်ကျေးဇူးရှင်တို့ကိုး ဗြဟ္မာတိ-ဗြဟ္မာကြီး တွေဟူရွ်။ ဝုစ္စရေ ဝုစ္စဒိ-ကောင်းစွာသတ်မှတ် မိန့်ဆိုအပ်ပါပေကုန်၏။ မိဘတွေဟာ ဗြဟ္မာကြီးတွေပဲ။ ဘုရားရှင်ကိုယ်တော်မြတ်က နာမည် တပ်ပေးသွားတယ်။ ဗြဟ္မာကြီးတွေလိုပဲ။ ဗြဟ္မွာကြီးတွေက မေတ္တာစျာန်။ ကရုဏာစျာန်။ မုဒိတာစျာန်။ ဥပေက္ခာစျာန် ပွားများသလို မိဘတွေကလဲ သားသမီးတွေအပေါ်မှာ အချိန်အားလျော်စွာ မေတ္တာပွားကြတယ်။ ကရုဏာပွားကြတယ်။ မုဒိတာပွားကြတယ်။ ဥပေက္ခာပွားကြတယ်။ အဲဒီ ဗြဟ္မာကြီးတွေလိုပဲ မေတ္တာ။ ကရုဏာ။ မုဒိတာ။ ဥပေက္ခာ သားသမီးတွေ အပေါ်မှာပွားကြသောကြောင့် မိဘတွေဟာ ဗြဟ္မာကြီးနဲ့တူလို့ ဗြဟ္မာ ကြီးတွေလို့ ဘုရားရှင်ကိုယ်တော်မြတ်က နာမည်တပ်လိုက်တယ်။
မာတာဝိတရော-မိခင်ဖခင်ကျေးဇူးရှင်တို့ကို၊ ပုဗ္ဗာစရိယာတိ-လက်ဦး ဆရာဟူရွ်လည်း။ ဝုစ္စရေ ဝုစ္စန္တိ-မိန့်ဆိုအပ်ပါပေကုန်ဒါ၊ မိဘတွေက လက်ဦးဆရာတွေတဲ့။ ဟုတ်တာပေါ့။ ဆရာတွေး တခြားဆရာတွေမသင်ခင် ရှေးဦးစွာကြိုတင်ပြီးတော့ မိဘတွေက သားသမီးတွေကို သင်ပြကြတယ်။ ပြောတတ်ဆိုတတ်အောင်။ နေတတ်ထိင်တတ်အောင်။ စားတတ် သောက်တတ်အောင် အရာရာ ဘယ်အရာမှမလိုရအောင် လူတစ်လုံး သူတစ်လုံး ဖြစ်လာအောင် အခြေခံပေးပြီးတော့ သင်ခဲ့ကြတယ်။
ဒါကြောင့် မိဘတွေဟာ သားသမီးတို့ ပုဗ္ဗာစရိယ။ ပဇာယ-သားသမီး အပေါင်းကိုး အနုကမ္ပကာ-အစဉ်အားဖြင့် သနားစောင့်ရှောက် ချီးမြှောက် တတ်ကြကုန်သည်ဖြစ်ရွ ပုတ္တာနံ-သားသမီးတို့၏။ အာဟုနေယျာစ- ပူဇော်အထူးကို ခံထိုက်ကြတဲ့ အာဟုနေယျ-ပုဂ္ဂိုလ်တို့ ဖြစ်ပါပေသတည်းလို့ ဘုရားရှင်ကိုယ်တော်မြတ်က သားသမီးတွေအပေါ်မှာ သူမတူအောင် မေတ္တာ။ ကရုဏာ၊ မုဒိတာတွေပွားပြီးတော့ အစဉ်သဖြင့် စောင့်ရှောက် ခဲ့ကြလို့ သားသမီးတွေဟာ မိဘတို့ရဲ့ အာဟုနေယျ-ပူဇော်အထူးကို ခံထိုက်တဲ့ ပုဂ္ဂိုလ်တွေလို့ဆိုတယ်။
ဒါကြောင့် မိဘတို့ရဲ့ကျေးဇူးဟာ အနန္တ။ ဒါ သားသမီးဖြစ်ကြတဲ့ မိမိတို့ဟာ သားသမီးဖြစ်ခဲ့ကြတာတွေဖြစ်တော့ မိဘတွေရဲ့ကျေးဇူး ဘယ် လောက်ကြီးတယ်ဆိုတာ အားလုံးသိပြီးသားပါ။ နားလည်ပြီးသားပါ။ မိုက်ရင်သာမသိတာ။ လိမ္မာတဲ့သားသမီးဆိုရင် သိကြတာချည်းပဲ
ဒါကြောင့် မာတာပဝိတုဂုဏော အနန္တော-အနန္တတစ်ပါးအဖြစ်ဖြင့် သတ်မှတ်ထားတယ်။ အာစရိယဂုဏော အနန္တော-ဆရာသမားတို့ရဲ့ ကျေးဇူးဟာလဲ အနန္တပဲ ဆရာဆိုတာက ဆရာဆိုတာကလဲ တပည့်များ အပေါ်မှာ အင်မတန် မေတ္တာကရုဏာ ကြီးကြတဲ့ ပုဂ္ဂိုလ်တွေ။ ဒါကြောင့် ဆရာ့ကျေးဇူးဟာလဲ အနန္တ။
ဆရာ့ကျေးဇူးတွေကဖြင့်
ဘုသော စရတိ သိဿာနံ အတ္ထံ အာစရိယော တတော။
သိဿာနံ-တပည့်တို့၏ အတ္ထံ-အကျိုးစီးပွားကို၊ ဘုသော- လွန်လွန်ကဲကဲ အာစရတိ-ကျင့်တတ်ပါပေ၏။ တသ္မာ-ထို့ကြောင့်၊ အာစရိယောတိ-အာစရိယဟူရွ်၊ ဝုစ္စတိ-ဆိုအပ်ပါပေ၏။
ဆရာသမားဆိုတာ တပည့်ရဲ့အကျိုးစီးပွားကို အင်မတန်လိုလား ဆောင်ရွက်တတ်ကြသောကြောင့် အာစရိယတဲ့။ အဲဒီတော့ ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကလဲ မနည်းဘူး။ ဘုန်းကြီးတို့တစ်တွေ သာသနာတော်မှာ ဆရာသမားတွေရဲ့ အကျိုးကျေးဇူးကို ကောင်းစွာခံစားကြရတဲ့ ပုဂ္ဂိုလ်တွေ။
ဒါကြောင့်မို့လို့ ဆရာသမားရဲ့ဂုဏ်ကျေးဇူးကတော့ စိတ်ထဲမှာ စွဲမြဲနေတဲ့ အထိ ဒကာမကြီးဒေါ်စိုးယုတို့ ဒေါ်ဖွားငြိမ်းတို့တစ်တွေရဲ့ အစ်ကိုတော် နောင်တော် အဘယာရာမ ဆရာတော်ဘုရားကြီးဆိုတာ ဘုန်းကြီးတို့ ဆရာပဲ။ ဘုန်းကြီးတို့အပေါ်မှာ အင်မတန်ကောင်းခဲ့တယ်။ ပစ္စည်းအား ဖြင့်လည်း ကောင်းကောင်းချီးမြေ့က်ခဲ့ပါတယ်။ စာပေအရာတော့ ပြောစရာမရှိဘူး' စာပေအားဖြင့်လည်း ကောင်းကောင်းချီးမြှောက်ခဲ့တယ်။
ဆရာတော်ဘုရားဟာ ဘုန်းကြီးတို့အပေါ်မှာ မြတ်နိုးသလို အဲသလိုပဲ ဘုန်းကြီးတို့ကလဲ ဆရာတော်အပေါ်မှာ အင်မတန်မြတ်နိုးခဲ့တယ်။ ဆရာတော် ဘုန်းကြီးတို့အပေါ်မှာ ဘယ်လောက်ထိအောင် လိုလားလဲ။ နောက်ဆုံး အိန္ဒိယလွှတ်ပြီး ပညာသင်ဖို့တောင် လိုလားတော်မူခဲ့တယ်
သို့သော် ဘုန်းကြီးတို့က ငယ်ဆရာတော်ရှိသေးတော့ ဆရာပျံလွန် တော်မူတော့ သပြေကန်ကလဲ အားနည်းနေတော့ ကူညီသောအားဖြင့် သပြေကန်ပြန်ခဲ့ရတယ်။
သာသနာတော်မှာဖြင့် နှစ်ပါးမရှိဘူးလို့ ပြောရအောင် ထူးချွန်တဲ့ဆရာတော်
အဲဒီတော့ ဆရာတော်ဆိုတာကတော့ သာသနာတော်မှာ ဘုန်းကြီး တို့ အဘယာရာမဆရာတော်ကြီးဆိုတာ သာသနာတော်မှာ အင်မတန် စာပေတတ်မြောက်တဲ့ ဆရာတော်ကြီး၊ နှစ်ယောက်မရှိလို့ ပြောရ လောက်အောင်။ နှစ်ပါးမရှိဘူးလို့ ပြောရလောက်အောင်ပဲ ထူးချွန်တဲ့ ဆရာတော်ကြီး၊ အားလုံး ဘုန်းကြီးလောက က ကောင်းကောင်းသိ ပါတယ်။ ဒီအတိုင်းပဲလက်ခံကြတယ်။ အထူးသဖြင့် သက္ကတအရာမှာ ဆိုရင် ပါရင္မပဲ ဖြန်မာဖြည်မွာ နှစ်ယောက်မရှိဘူးလို့ ဆိုကြတယ်။ တကယ်နှစ်ယောက်မရှိတာ။ ကြိုးလဲကြိုးစားခဲ့တယ်။ အိန္ဒိယသွားပြီးတော့ ကြမားနဲ့လို့ နောက်ခ မြန်မာပြည်၁မြည်သားတို့ရ အားထားဖွယ် အဖြစ် သက္ကတအရာမှာ အကျိုးပြုခဲ့တာတွေ အများကြီး၊
အတူတူပဲ ဘုန်းကြီးတို့ သပြေကန်ဆရာတော်ကြီးဆိုတာလဲ
ဘုန်းကြီးတို့အပေါ်မှာ အင်မတန်ကျေးဇူးပြုခဲ့တယ်1 သာသနာတော်မှာ အင်မတန်ထင်ရှားခဲ့တဲ့ ဆရာတော်ကြီးတစ်ပါး' ယနေ့ထက်ထိအောင်ပဲ သပြေကန် သဒ္ဒါကြီး အကြောင်းပြုပြီးတော့ အားလုံး သိကြတယ်။ တစ်နိုင်ငံလုံးကလဲ သိနေကြတယ်။ ထို့အတူပဲ ပခုက္ကူ မဟာဝိဇယာရာမ ဆရာတော်ဆိုတာလဲ အဘိဓဇမဟာရဋ္ဌဂုရု သာသနာတော်မှာ တပည့်ပေါင်းများစွာတို့ကို မွေးထုတ်ခဲ့တဲ့ ထူးခြားတဲ့ဆရာတော်ကြီး၊ ဘုန်းကြီးတို့ကို အထူးသဖြင့် ချီးမြှောက်တော်မူခဲ့တယ်။
ဒါကြောင့် ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးကို ဘုန်းကြီးတို့က အများကြီး ခံခဲ့ရတာ ဖြစ်သောကြောင့် အာစရိယဂုဏော အနန္တောဆိုတာ ကိုတော့ အထူးသဖြင့်ယုံကြည်တယ်။ လေးမြတ်တယ်။ ကျေးဇူးကိုလဲ အထူး အောက်မေ့တယ်။ အောက်မေ့တဲ့အတိုင်း မေတ္တာလဲအမြဲပွားခဲ့တယ်။ ဒါကြောင့် ဘုန်းကြီးတို့ဟာ အာစရိယဂုဏော အနန္တေဆိုတဲ့အတိုင်း ဆရာတို့ရဲ့ အနန္တကျေးဇူးဂုဏ်တို့ကို အဖုံဖုံခံစားရတော့ ဒီအာစရိယဂုဏော အနန္တောကို အင်မတန်ယုံကြည်ရွှ စိတ်ချ လေးစားနိုင်ခဲ့တယ်။
ကျေးဇူးရှိတာကို ကိုယ်ကမမေ့ပါမှ
ကိုယ်.အလှည့်ကျတော့လဲ
ကဲ ဘုန်းကြီး အခုပြောခဲ့တာ အနန္တငါးပါးစုံသွားပြီ။ အားလုံး ရတနာသုံးပါး။ မိဘဆရာတို့ရဲ့ အနန္တဂုဏ်။ အနန္တကျေးဇူးဂုဏ်တို့ကို အောက်မေ့ပြီးတော့ မမေ့သောအားဖြင့် အခွင့်သင့်တိုင်းသင့်တိုင်း တတ်နိုင် တဲ့နည်းနဲ့ ပူဇော်သောအားဖြင့် ပူဇော်ကြပြီးတော့ သွားကြရတယ်။
မိဘက ကိုယ့်မိဘရဲ့ဂုဏ်ကျေးဇူးကို မမေ့ဘူး။ ကိုယ့်မိဘရဲ့ ဂုဏ် ကျေးဇူး မမေ့ဘူးဆိုရင် ဟော သားသမီးတွေကလဲ မမေ့ဘူး။ နောက် ကိုယ့်ဂုဏ်ကျေးဇူးတွေ သူတို့က ကောင်းကောင်း နားလည်လာကြတယ်။
အတုလိုက်မှုဆိုတာ အရေးကြီး
ဆရာသမား။ တပည့်က ဆရာသမားဂုဏ်ကို မမေ့ဘူးဆိုရင်လဲ
ဒီတပည့်ကလဲ သူ့ဂုဏ်ကိုမမေ့တော့ဘူး။ အဲဒါကြောင့် အတုလိုက်တယ် ဆိုတာရှိတယ် ဆရာ့ကို တပည့်က အတုလိုက်တယ်။ မိဘကို သားသမီးက အတုလိုက်တယ်။ မိဘတွေက မိဘရဲ့ဂုဏ်ကျေးဇူး သိမယ်ဆိုရင် အဲဒီ မိဘရဲ့သားသမီးတွေကလဲ မိဘဂုဏ်ကျေးဇူး သိလာကြတယ်။
ဒါကြောင့် အတုလိုက်မှုကလဲ အရေးကြီးတယ်။ မိဘတွေကောင်းရင် သားသမီးတွေကောင်းတယ်။ ဆရာသမားတွေကောင်းရင် တပည့်တွေကလဲ ကောင်းတယ်။ သို့သော် အကုန်တော့မဟုတ်ဘူး။ လိမ္မာတဲ့ပုဂ္ဂိုလ်တွေတော့ ဒီအတိုင်းချည်းပဲ။
ဒါကြောင့်မို့လို့ ယနေ့ ဘုန်းကြီးတို့ အနန္တငါးပါးကို ဟောခဲ့တဲ့ အတိုင်း မိမိတို့ အားကိုးလောက်တဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးနဲ့ မိဘတွေ ဆရာသမားတွေရဲ့ဂုဏ်တွေကို ပြန်ပြန်အောက်မေ့ပြီး တော့ ထိုအနန္တငါးပါးရဲ့ ကျေးဇူးတွေသိပြီးတော့ အဲဒီကျေးဇူးတရားတွေ မိမိတို့ တတ်နိုင်တဲ့နည်းနဲ့ ဆပ်ကြပြီးတော့ သူတော်ကောင်းဖြစ်ကြ အောင် သူတော်ကောင်းအကျင့် ထွန်းကားလာအောင် ရှေ့ဆောင်အဖြစ်ဖြင့် အသီးသီး ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(အဘယာရာမ ဆရာတော်ကြီး၏ နှမအိမ် ဆွမ်းအနုမောဒနာ) ကတ
အနုမောဒနာတရားတော်များ (၁၁) ရှင်ပြုတရား
ယနေ့ မောင်ကျော်နိုင်ဝင်း ရှင်ဂုဏသာရ ကံကောင်းတယ်။ မောင်ကျော်နိုင်၀င်းကို ရှင်ဂုဏသာရအဖြစ် ရောက်အောင် ဆောင်ရွက်ပေး ရတဲ့ ဒကာဦးသိန်းထွန်း-ဒကာမဒေါ်အေးအေးတို့ ကံကောင်းကြတယ်။ ပုဗ္ဗေစ ကတပုညတာ-ရှေးဘဝက ကောင်းမှုအထူးပြုခဲ့ဖူးလို့ အဲဒီကောင်းမှု တွေက မိမိတို့ကို ယခုလို သာသနာတော်နဲ့တွေ့အောင်။ သာသနာတော်ကို ချီးမြှောက်နိုင်အောင်း သာသနာတော် ရှင်အဖြစ်သို့ရောက်အောင် ဆောင် ရွက်ပေးနိုင်တယ်1 ယနေ့ပြုတဲ့ကုသိုလ်က ဘုန်းကြီးတို့အမြင်က တော် တော်လှတယ်။ အပြစ်ကင်းတယ်။ လောက ကတော့ ပြောကြလိမ့်မယ်။်ကျွေးလို့မွေးလို့ သိုက်သိုက်ဝန်းဝန်း လှူနိုင်တာနဲ့ ယခုကဲ့သို့ သံဃာ ကျေးဇူးများတဲ့ပစ္စည်းတွေကို “သံဃေ ဒိန္နံ မဟပ္ဖလံ အရ သံဃာတော်ကို လှူဒါန်းရတဲ့ သံဃာ့ဒါနဖြစ်လို့ ရှင်ပြုရတာ ဘယ်ကခက်သတုံးဆိုတော့ အများအမြင်ကတော့ ကျွေးလို့မွေးလို့ သိုက်သိုက်ဝန်းဝန်းနဲ့ လှူရတာက ပိုခက်လိမ့်မယ်လို့ထင်ကြတယ်။ အမှန်က မဟုတ်ဘူး။ အခုကုသိုလ်မျိုးက ပိုပြီးလှူရခက်တယ်။ လူတိုင်း တယ်လှူနိုင်ကြတာမဟုတ်ဘူး။ ဘာဖြစ်လို့တုံး ဆိုတော့ လောကက နည်းနည်း စိုစိုပြည်ပြည်လေး လိုချင်ကြတယ်။ ခြောက်တယ်လို့ထင်ရင် တယ်မလိုချင်ကြဘူး။ ဒါကြောင့် ဒီကုသိုလ်မျိုးက ပိုပြီးလှူရခက်တဲ့ကုသိုလ်မျိုး။ လူတိုင်းလှူနိုင်တဲ့ ကုသိုလ်မျိုး မဟုတ်ဘူး။ သို့သော် တန်ဖိုးကြည့်လိုက်မယ်ဆိုရင် ဒီကုသိုလ်မျိုးက ဝိုပြီးတန်ဖိုးရှိတား
တစ်ခါတုန်းက ဒကာမကြီးတစ်ယောက်ကပြောတာ။ ညည်းတို့ ဘယ်မှာရှင်ပြုကြတုံး။ ရွှေကျင်တိုက်မှာပြုကြမလို့ ပြန်ပြောတော့ သြော်- ရွှေကျင်တိုက်ဆိုတာ အတီးလဲမပါ။ ဗြောလေးမှမတီးရင် ဘယ်မှာသွား ပြီးတော့ ရှင်ပြုအောင်မြင်မတုံးလို့ ဆိုသတဲ့။ ဒီတော့ သူ့ရဲ့ရှင်ပြု
အောင်မြင်ပုံက တစ်မျိုး သဘာဝအရ အောင်မြင်ပုံကတစ်မျိုး။
အလှူဆိုတာ အမြတ်များများထွက်ရတယ်။ ဘယ်အလှူကပိုပြီး အမြတ်ရှိနိုင်မတုံးး ဘယ်အလှူကပိုပြီး အမြတ်များတယ်ဆိုတာ အမြတ် အများ အမြတ်အနည်း တွက်ကြရတယ်။ ဘုန်းကြီးတို့ အခုရွှေကျင် ကျောင်းတိုက်ကြီးရဲ့ ဆရာတော်ရဲ့ဆရာ ရှစ်မိုင် ဘာဝနာနုယောဂါရာမ ဆရာတော်ကြီးပြောတဲ့ စကားလေးက အခု ဒီအခါနဲ့ နည်းနည်းဆီလျော် လို့ ဘုန်းကြီးကပြောရအုံးမယ်။ ဆရာတော်ကြီးနဲ့ တစ်နေ့ ဘုန်းကြီးတို့ ဒီကျောင်းတိုက်မှာဆုံမိတော့ံဆရာတော်ကျောင်းတိုက်မှာ အလှူတော်တော် များပါသလားဆရာတော် လို့ ဘုန်းကြီးကလျှောက်ထားတော့ အလှူတွေ ကတော့ များပါရဲ့ကိုယ်တော်၊ ဒါပေမဲ့ စုပေါင်းပြီး စားသွားကြတာပါပဲ။” လို့ အမိန့်ရှိတယ်။ အခုခေတ် လှူတော့လှူကြတာပဲ။ လှူပေမယ့် တကယ့် အကျိုးရှိတဲ့ဘက် တယ်မရောက်ကြဘူး။ အလှူတစ်ခုမှာ ကုန်လိုက်တာတွေ နည်းတာမဟုတ်ဘူး။ ဒါပေမဲ့ သံဃာလှူတဲ့ဘက်ကျတော့ သိပ်မလာဘူး။ အချင်းချင်း လူတွေပဲ စုပေါင်းပြီးတော့ ကျွေးကြမွေးကြ စားကြ သောက် ကြ ပြီးရော။ အကျိုးရှိတဲ့လှူခြင်းမျိုးနဲ့ လှူတဲ့ပစ္စည်းက သိပ်မရှိဘူး။ သံဃာတစ်ပါးတစ်ပါး သိပ်လှူတာမဟုတ်ဘူး။ ကုန်လိုက်တာတော့ မနည်းဘူး တကယ်အကျိုးရှိတဲ့ အလှူဘက်မှာ သိပ်မရောက်ဘဲနဲ့ ကျွေးတဲ့မွေးတဲ့ဘက်တွေမှာ အများကြီးကုန်သွားတာ အကြောင်းပြုပြီး တော့ ဆရာတော်ကြီးက အလှူတွေတော့ရှိပါ ရဲ့ကိုယ်တော်၊ ဒါပေမဲ့ ဝိုင်းစားသွားကြတာပဲလို့ ဆိုတယ်။
ဒီတော့ လောကမှာ ဘာအရေးကြီးသတုံးဆိုတော့ အကျိုးရှိတဲ့ ကုန်ခြင်းမျိုးနဲ့ ကုန်တာဟာ ကုန်တာဟုတ်သလား မဟုတ်သလားတွက်ဖို့ အရေးကြီးတာပဲ။ ငါ့အလှူမှာ အကျိုးရှိတဲ့ကုန်ခြင်းဖြင့် ကုန်တယ်ဆိုရင် အဲဒါ အမြတ်များများရတဲ့အလှူ။ ဒါကြောင့်မို့လို့ ဘုန်းကြီးက ခုနပြောခဲ့ တယ်။ လောကမှာ ဒီအလှူမျိုးက ပိုပြီးတော့ လှူရခက်တဲ့။ အလှူလို့ဆိုတာ။ လူတွေရဲ့ သဘာဝနဲ့ဆိုရင် ဒီအလှူခြောက်တယ်လို့ ဒီလိုမြင်ကြတာ။ မြင်ကြတော့ ဒီအလှူမျိုးဟာ ပြုရခက်တယ်။ သဘာဝအားဖြင့် တွေးမယ်
အနုမောဒနာတရားတော်များ (၁၂) ကွယ်လွန်သူများအား ရည်စူးသည့် ဆွမ်းအနုမောဒနာတရား
ယနေ့ ဒုတိယအကြိမ်မြောက် ဒကာကြီးဦးမြဇင်အတွက် ဒုတိယ အကြိမ် ဒီကျောင်းတိုက်မှာ ဆွမ်းအလှူပွဲ ကျင်းပပူဇော်လှူဒါန်းတယ်။ အဲဒီအလှူပွဲမှာ ယနေ့ ဒါယိကာမ မြင့်မြင့်စိုးကလဲ သူ့ရဲ့ကွယ်လွန်တာ မကြာသေးတဲ့ မိခင်အတွက် အခုအမှတ်တရ အမျှဝေပေးဖို့ လာပြီးတော့ ပေါင်းပြီးတော့ ကုသိုလ်ပြုကြတယ်။ ဒီီ့ပြင်လဲ ဒါယကာ ဒါယိကာမတွေ အများကြီးပေါ့လေ။ လာပြီးတော့ ကုသိုလ်ပြုကြတယ်။ ကုသိုလ်ပြုတယ် ဆိုတာကတော့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အထူးအဆန်း မဟုတ်ပါဘူး။ ကုသိုလ်ဖြစ်အောင် နှိုးဆော်ပေးတတ်တဲ့ လက်သည်တရား ကြီးရှိတယ်။ အဲဒါဘာတုံးဆိုတော့ သဒ္ဓါတရား၊ အေး-ဒီသဒ္ဓါတရားရှိပြီ ဆိုရင် ဒီလူတွေဟာ မလှူဘဲမနေနိုင်တော့ဘူး' သဒ္ဓါတရားမှာ ပညာ လေးကလဲ ပါလိုက်သေး။ သမ္မာဒိဋ္ဌိပညာ တရားအမှန်အကန် မြင်တတ်တဲ့ ကုသိုလ်ပြုရင် ကောင်းကျိုးရ။ အကုသိုလ်ပြုရင် မကောင်းကျိုးရဆိုတဲ့ သမ္မာဒိဋ္ဌိပညာတရား မလှူဘဲမနေနိုင်ကြဘူး။ လှူချင်တယ် တန်းချင်တယ်' သဒ္ဓါတရားက နှိုးဆော်ပေးတဲ့အတွက် လှူဖို့အတွက် ရှာနေကြတယ်။ အကွက်ရှာနေတဲ့အတွက် အကွက်တွေ့ပြီဆိုရင် အလှူ အထမြောက်သွား တာပဲ။
မာဘိက္ခဝေ ပုညာနံ ဘာယိတ္ထ။ သုခဿေတံ အဓိဝစနံ။
ယဒိဒံ ပုညာနိ
ဘိက္ခဝေ-ချစ်သားတို့၊ ပုညာနံ-ကုသိုလ်ကောင်းမှုတို့ကို၊ မာဘာယိတ္ထ-မကြောက်ကြကုန်လင့်။ ဘုရားရှင်ကိုယ်တော်မြတ်က ကုသိုလ်တွေကို မကြောက်ကြနဲ့တဲ့။ ဘာကြောက်ရပါသတုံး ဘုရားဆိုတော့။ ဘိက္ခဝေ-ချစ်သား ချစ်သမီးတို့၊ ယဒိဒံ ပုညာနိ ယာနိတ္တမာနိ ပုညာနိ- အကြင်ကောင်းမှုတို့သည်1 သန္တိ-ရှိကြပါကုန်ခါ၊ ဧတံ-ထိုပုညကုသိုလ် ကောင်းမှုဆိုသည်မှား သုခဿ-ချမ်းသာအမျိုးမျိုးဓါ 1 အဓိ၀စနံ-တင်စား ရည်ရိုး အမည်တစ်မျိုးပင် ဖြစ်ပါပေတော့သတည်း။
ဘုရားရှင်က ကုသိုလ်ကို မကြောက်ကြနဲ့ ချစ်သားချစ်သမီးတို့၊ ကုသိုလ်ဆိုတာ ချမ်းသာ၏ အမည် ဟုတ်တာပေါ့ ကုသိုလ်ရှိရင် ချမ်းသာ တာပဲ။ ကုသိုလ်မရှိရင် မချမ်းသာဘူး။ ကုသိုလ်ဆိုတာ ချမ်းသာရဲ့အမည် ပဲလို့ ဘုရားရှင်က ကုသိုလ်နဲ့ချမ်းသာ ချမ်းသာနဲ့ကုသိုလ် တင်စားပြီး တော့ ဟောတော်မူတယ်။ ဒီတရားတွေက ဘုန်းကြီးတို့ ရှိပြီးသားပဲ။ နားလည်ပြီးသားပဲ။ ဒါကြောင့်မို့လို့ သဒ္ဓါတရားရှိနေကြေတော့ အလှူအထ မြောက်အောင် ဆောင်ရွက်ကြတော့ အလှူတွေမနည်းဘူး။ တစ်သက် တာမှာ မိမိတို့လှူခဲ့ကြတဲ့အလှူတွေမနည်းဘူး။ အခုလဲ လှူတုန်း။ နောင်လဲ လှူကြအုံးမှာပဲလို့။ ဘာဖြစ်လို့တုံး ခုနပြောတဲ့သဒ္ဓါ။ မိမိတို့မှာ သဒ္ဓါရှိနေ ကြတယ်။ အဲဒီသဒ္ဓါက အမြဲတမ်းနှိုးဆော်ပေးနေတာ။ ဒီနှစ် ဒီအလှူတွေ လှူပြီး နောင်နှစ် ဟိုအလှူလှူဖို့ ဒီလိုဘယ်သူ့ရည်ရွယ်ပြီး လှူတယ်ဆိုတဲ့ အလှူမျိုးအပြင် ရှင်ပြုတို့၊ ရဟန်းခံတို့ စသည်စသည်ဖြင့် သားကလေးတွေ အကြောင်းပြုပြီး ဖြစ်ရတဲ့ကုသိုလ်တွေကလဲ မနည်းဘူး။ အဲသလို ကုသိုလ်တွေ ကုသိုလ်တွေ သားကလေး၊ မြေးကလေးအကြောင်းပြုပြီး ဖြစ်ရတဲ့ကုသိုလ်တွေ များစွာဖြစ်ပွားကြ၊ အဲဒီဥစ္စာဟာ မိမိတို့ ခုနပြောတဲ့ သဒ္ဓါတရားကြောင့် ဗညာတရားကြောင့် သမ္မာဒိဋ္ဌိဆိုတဲ့ ပညာတရား ရှိပြီဆိုရင် ကုသိုလ်ရဲ့ကောင်းကျိုးကို မြင်ကြရတယ်။ ကုသိုလ်ရဲ့ ကောင်း
ကျိုးကိုမြင်ကြတော့ သဒ္ဓါတရားက ယုံကြည့်လာတယ်။ အဲဒါြေင့်မိုလို့ ဘုရားကို ယုံကြည်တဲ့သဒ္ဓါ။ တရားကို ယုံကြည်တဲ့သဒ္ဓါ။ သံဃာကို ယုံကြည်တဲ့သဒ္ဓါ၊ ကောင်းမှုတို့ကို ယုံကြည်အားကိုးတဲ့သဒ္ဓါ။ အဲဒီသဒ္ဓါ တွေကိုအကြောင်းပြုပြီးတော့ ကုသိုလ်တွေ အမျိုးမျိုး အဖုံဖုံဖြစ်တတ် ကြတယ်။ ယခုလဲ ဖြစ်နေတုန်းပဲ။ နောင်လဲဖြစ်ကြမှာပဲ။ ကုသိုလ် ဆိုတာကတော့ များတယ်မရှိဘူး။ နည်းလျက်ကြီးပဲ။ ဘာဖြစ်လို့တုံးဆိုတော့ လူတစ်ဦးမှာ ကုသိုလ်နဲ့အကုသိုလ် အကုသိုလ်ကများခဲ့ကြတယ်။ ကုသိုလ်ဆိုတာက အကုသိုလ်နဲ့စာရင် အတော်နည်းတယ်။ ဒီတော့ ကုသိုလ်ဆိုတာ များများပြုကြရတယ်။ ဒါကြောင့် ယခုလို ကုသိုလ်ပြုခြင်းဟာ မိမိတို့ရဲ့ ချမ်းသာခြင်းအကြောင်းပဲ။ အဲဒီချမ်းသာ ခြင်းအကြောင်းကို သိနားလည်တဲ့ သဒ္ဓါပသာတရားတွေရှိနေတော့ ကုသိုလ်ပွဲတွေ အမျိုးမျိုးပြုကြရတယ်။ ဒီတော့ ကံဆိုတာကလဲ မိမိ တို့မှာ ထူးထူးခြားခြား ကံတွေအမျိုးမျိုးရှိနေမှ ဘဝမှာ_... ဘဝဆိုတာ တစ်ဘဝတည်းပြီးတာမဟုတ်ဘူး။ ဒကာကြီးဦးမြဇင် တို့ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်ခဲ့တော့ တစ်ဘဝထပ်ဆက်ရတယ်။ အကြင်မျှလောက် အရဟတ္တမဂ် အရဟတ္တဖိုလ်မရသေး။ ထိုမျှလောက် သံသရာမှာ ခရီးသွားအဖြစ်နဲ့ သွားကြရဦးမှာ။ သံသရာမှာ ခရီးသွား အဖြစ်နဲ့ သွားနေကြရတဲ့ သူသူငါငါ သတ္တဝါတို့မှာ အားကိုးရာက ကံပဲ။ ကောင်းမှုရှိရင် ကောင်းကျိုးရမယ် ကောင်းတဲ့ဘဝမှာဖြစ်ရမှာပဲ။ မကောင်း မှုရှိရင် မကောင်းကျိုးရမယ်။ မကောင်းတဲ့ဘဝမှာ ဖြစ်ရမှာပဲ။ ဒီတော့ ကုသိုလ်ဆိုတာ မိမိတို့ရဲ့ ဘ၀ထောက်တည်ရေးမှာ ဘဝသာယာရေးမှာ အားပေးတတ်တဲ့တရားတွေ။ ဘဝမြင့်မြတ်ရေးမှာ အားပေးတတ်တဲ့ တရား တွေ။ ကုသိုလ်တွေအကြောင်းပြုပြီးတော့ မိမိတို့ တစ်ဆင့်ထက်တစ်ဆင့် မြင့်ကြရတယ်။
ယနေ့ အခုလို အားလုံးပြည်ပြည့်စုံစံနဲ့ တငိိတင့်တယ်တယ်နဲ့ လောကမှာနေနိုင်ကြတယ်။ နေနိုင်ရုံတျှ်မကဘူး။ စားဝတ်နေရေး မဂူရ မပင်ရ လှူရေးတန်းရေး မပူပင်ရ။ ဤဘဝအကျိုး နောင်ဘဝအကျိုး အကျိုးနှစ်ရပ်ကို ဘဝနှစ်မျိုး အကျိုးနှစ်ရပ်ကို မိမိတို့ရအောင် ဆောင် ရွက်ခဲ့နိုင်ကြတယ်။ အဲဒါကို ပဏ္ဍိတလို့ ဘုရားရှင်ကိုယ်တော်မြတ်က အမည်ပေးတယ်။
ဒိဋ္ဌေ ဓမ္မေစ ယော စတ္ထော၊း ယောစတ္ထော သမ္ပရာယိကော။ အတ္ထာ ဘိ သမယာ ဓီရော။ ပဏ္ဍိတော တိ ပဝုစ္စတိ
ဒိဋ္ဌေဓမ္မေ-မျက်မှောက်ဘဝခ်၊ ယောအတ္ထောစ-အကြင်အကျိုးစီးပွား သည်လည်းကောင်း သမ္ဗရာယိကော-တမလွန်ဘဝနဖြစ်သေား ယော အတ္ထောစ-အကြင်အကျိုးစီးပွားသည်လည်းကောင်း၊ အတ္ထိ-ရှိပါပေ၏။ အတ္တာဘိသမယာ-မျက်မှောက်ဘဝအကျိုးး တမလွန်ဘဝအကျိုး၊ အကျိုး နှစ်ပါးကိုရခြင်းကြောင့်၊ ခီရော-ပညာဉာဏ်ရှိသော အမျိုးသား အမျိုးသမီး ကိုး ပဏ္ဍိတောတိ-ပဏ္ဍိတဟူရ္မ်၊ ပဝုစ္စတိ-ကောင်းစွာသတ်မှတ် မိန့်ဆို အပ်ပါပေသတည်း။
မိမိတို့မှာ ပညာရှိတဲ့ အမျိုးသား အမျိုးသမီးတွေဖြစ်နေတော့ ပညာရှိ ဆိုတာဟာ လောကပညာ။ လောကီပညာ ပညာတွေတတ်နေနစံံနဲ့ ပဏ္ဍိတ မဟုတ်သေးဘူး။ ခုနကပြောသလို မျက်မှောက်ဘဝအကျိုးး တမလွန်ဘဝ အကျိုး အကျိုးနှစ်ပါးကိုရမှ ပဏ္ဍိတ၊ မျက်မှောက်ဘဝအကျိုးရတယ်ဆိုတာ အခုလို လှူနိုင်တာကိုကပဲ မျက်မှောက်အကျိုးရနေပြီလို့။ ပုဗ္ဗေစ ကတပုညတာ-ရှေ့ဘဝက ပါရမီကုသိုလ်ထူးကြလို့ ယခုဘဝမှာ ပြည့်ပြည့် စုံစုံနဲ့ စားဝတ်နေရေး မပူရမပင်ရ မကြောင့်ကြရဘူး။
စားဝတ်နေရေး မပူမပင် မကြောင့်ကြရတော့ ဒိဋ္ဌဓမ္မအကျိုးက ပြည့်စုံနေပြီး စားဝတ်နေရေး မဂူမပင် မကြောင့်ကြရတော့ တစ်ခါ
မိမိတို့က သူတော်ကောင်းတရား လက်ကိုင်ထားကြတဲ့ပုဂ္ဂိုလ်တွေ။ တရားလက်ကိုင်ထားကြတော့ တမလွန်ဘဝအကျိုးလဲ ပြည့်စုံနေတယ်။
။ သူတော်ကောင်းတရား လက်ကိုင်ထားကြတဲ့ပုဂ္ဂိုလ်မှန်သမျှ သူတော်ကောင်း အကျင့် ကျင့်မြဲပဲ။ လှူဒါန်းခြင်းသည် သူတော်ကောင်းအကျင့်။ ဘုရားအစရှိသော သူတော်ကောင်းတွေ ဤဒါနအစပျိုးပြီးတော့ ပါရမီတွေ ဖြည့်ခဲ့တယ်။ ဒါကြောင့် သူတော်ကောင်းအကျင့်တွေ ကျင့်နိုင်ကြတယ်။ အဲသလို ကျင့်နိုင်ခြင်းဟာ တမလွန်ဘဝ အကျိုးရအောင် ဆောင်ရွက်နိုင် တာ။ မျက်မှောက်အကျိုးး တမလွန်ဘဝ အကျိုးနှစ်ပါးလုံးရအောင် ဆောင်ရွက်နိုင်လို့ ရှေ့ကကောင်းလို့ အခုဘဝကောင်းခဲ့ကြတား ဒီဘဝ အခုထပ်ပြီးကောင်းပြန်တော့ နောက်ဘဝလဲကောင်းကြတော့မယ်။ နောက်ဘဝဆိုတာက မိမိတို့ဒီဘဝက ကောင်းမှ ကောင်းကြမှာ။ ခုနပြောသလို မျက်မှောက်အကျိုးး တမလွန်ဘဝအကျိုး နှစ်ပါးလုံး ပြည့်စုံရင် မကောင်းစရာမရှိ။ ကွယ်လွန်ခဲ့တဲ့ ဒကာကြီးဦးမြဇင်တို့ မျက် မှောက်အကျိုးး တမလွန်ဘဝအကျိုး အကျိုးနှစ်ပါးကို ကောင်းကောင်း ရသွားတဲ့ ပုဂ္ဂိုလ်တွေ။ ဒါကြောင့် သူတို့ဘဝဟာ သာယာမယ်ျ့ဘဝလို့ ဘုန်းကြီးတို့ ခန့်မှန်းရတယ်။
အဲဒါလိုပေါ့ မိမိတို့လဲ ဒကာကြီးလိုပဲ မျက်မှောက်အကျိုး၊ တမလွန်အကျိုး အကျိုးနှစ်ပါးကို ရအောင် ပိုင်အောင် ကြိုးစားထားတာ ဖြစ်သောကြောင့် ဤကုသိုလ်အကြောင်းတို့ကြောင့် နောက်နောက်က ပြုခဲ့တဲ့ ကုသိုလ်တွေး ဤဘဝပြုခဲ့တဲ့ကုသိုလ်တွေ ဒါန သီလ ဘာဝနာ ကောင်းမှုတွေဟာ သံသရာမဆုံးသေးသမျှ ဤဘဝက ဘဝတစ်ပါး ပြောင်းရတဲ့အခါလဲ ဒီလိုပဲ။ မျက်မှောက်ဘဝအကျိုးတွေ ဆောင်ရွက်နိုင် ကြလို့ တမလွန်ဘဝအကျိုးတွေ ဆောင်ရွက်နိုင်ကြလို့ အကျိုးနှစ်ပါး ရအောင် ဆောင်ရွက်နိုင်ကြလို့ ဟိုဘ၀ကျတော့လဲ ဒီဘဝက ပုဗ္ဗေစကတ
ပုညတာဖြင့် မိမိတို့သည် လူကောင်းသူကောင်းဖြစ်ကြ သူတော်ကောင်း တွေနဲ့ ပေါင်းသင်းနိုင်ကြ၊ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ ဖြစ်နေ ကြ။ အဲသလို အစစအဆင်ပြေအကြောင်းသင့်ပြီးတော့ အကြောင်းမသင့်လို့ ဒီဘဝ မဂ်ဖိုလ်မရနိုင်တောင် နောက်ဘဝကျတော့ ဝိုပြီးတော့ နီးစပ်သွား ရတယ်။ လျင်မြန်စွာ ရချင်လဲရနိုင်တယ်။
ဘုရားရှင်ကိုယ်တော်မြတ်က အကြောင်းလေးပါး ဟောထားတာ ရှိတယ်။ ဒီဘဝက မိမိတို့က တရားလက်လွတ်မဟုတ်ဘဲနဲ့ တရားလေးတွေ လက်ရှိအဖြစ်နဲ့နေကြရင် ဒီဘဝကစုတေ မနေ သေလွန်သွားရင် တာဝတိ သာ အစရှိသော နတ်ပြည်တွေရောက်ရင် အဲဒီအခါကျတော့ နတ်ဆိုတာ ချမ်းသာတယ်။ ကိုယ်လဲချမ်းသာ စိတ်ချမ်းသာတော့ သူတို့သမာဓိရဖို့ အင်မတန်လွယ်တယ်။ ဒီတော့ ဒီဘဝက တရားအခံလေးပါသွားတော့ ဟိုဘဝရောက်တယ်ဆိုရင်ပဲ ဘွားခနဲဆို ဟော တရားဦး ချက်ချင်း ရပြီးတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ချက်ချင်းရပြီးတော့ အရိယာအဖြစ် ရောက် သွားနိုင်တယ်။
ဒါတစ်ချက်၊ ဒုတိယအချက်က အကြောင်းမသင့်လို့ ကိုယ်တိုင် တရားတွေမပေါ်အုံးတော့ လူ့ပြည်က တန်နိုးကြီးတဲ့ပုဂ္ဂိုလ်တွေ တက်ပြီး တော့ ရဟန္တာပုဂ္ဂိုလ်တွေတက်ပြီးတော့ တရားဟောရင် အဲဒီအခါမှာ ရနိုင်တယ်။ ဒါ ဒုတိယအချက်။ တတိယအချက်က အဲသလိုမှမရရင် နတ်ပြည်ဆိုတာကလဲ နတ်သူတော်ကောင်းတွေး နတ်အရိယာတွေက တော်တော်ရှိတယ်။ နတ်ဓမ္မကထိကတွေကလဲရှိတယ်။ ဗြဟ္မကထိကတွေ ကလဲရှိတယ် သုဓမ္မာသဘင် အစရှိသော နတ်အစည်းအဝေးမှာ အဲသလို နတ်ဓမ္မကထိက၊ ဗြဟ္မာဓမ္မကထိက က ဟောပြောဆုံးမတဲ့အခါကျတော့ အဲဒီဟောပြောဆုံးမသံ ကြားရပြီးတော့ တရားထူးရသွားနိုင်တယ်။ ဒီအကျိုးကလဲ ရနိုင်တဲ့အကျိုးတစ်ခု အဲဒီလိုမှမရရင် မိမိတို့ရှေးက
တရားစောင့်ဖက်၊ သီလဆောက်တည်ဖက်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းဖက် အဲသလိုနတ်မျိုးတွေကလဲ ဟိုမှာအများကြီးရှိနေမှာပါ1 အဲသလို နတ်တွေက သတိပေးတတ်တယ်။ သူတို့သတိပေးလို့ မိမိကရှေ့က လေ့လာဖူးတဲ့ တရားတွေ ပြန်ပေါ်ပြီးတော့ တရားထူးရနိုင်တယ်လို့ အချက်လေးချက် ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတယ်။
အဲဒါကြောင့်မို့လို့ မိမိတို့မှာ ဒီဘဝ ဒိဋ္ဌဓမ္မအကျိုးဆိုတဲ့ မျက်မှောက် အကျိုးလဲပြည်စုံး သမ္ပာယ်ကခမိုတဲ့ တမလန်ဘ၀အကျိုးယဲပြည့်ုံ နောက်ဘဝကျတော့ မျှော်လင့်ချက် အင်မတန်ကောင်းပါတယ်. မိမိတို့ ကြိုးစားအားထုတ်လို့ ဒီဘဝရချင်လဲရမယ်။ ဒီဘဝအခန့်မသင့်လို့ မရသေးရင် ဒုတိယဘဝကျတော့ သေချာတယ်။ ဒါကြောင့် မိမိတို့ဟာ ကွယ်လွန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို အမှတ်ရပြီးတော့ သံဝေဂတွေဖြစ်ပွားပြီးတော့ ကွယ်လွန်တဲ့ပုဂ္ဂိုလ်တွေအကြောင်းပြုပြီး လှူဒါန်းတဲ့ အခါသမယမှာ အဲသလို သံဝေဂတွေဖြစ်ပွားပြီးတော့ ကိုယ့်ကိုယ်ကို ထူးခြားတဲ့ပုဂ္ဂိုလ် အဖြစ်နဲ့ ထူးခြားတဲ့ဘုံဌာနတွေရောက်ပြီးတော့ ထူးခြားတဲ့တရားတွေ မြန်ခြန်မို့ဆိုတဲ့ မျှော်လင့်ချက် ဘောင့်တချက်ဖြင့် မိမိတို့ကသိုလ်ပြုတဲ ဤနေ့ ဤအခါမှာ အဓိဋ္ဌာန်ပြုပြီးတော့ မိမိတို့ကုသိုလ်ပွဲကြီးကို အကျိုး ရှိအောင် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
[ကွယ်လွန်သူ ဒကာကြီး ဦးမြဇင်အားရည်စူးရွ ဆရာမ ဒေါ်ခင်ကြည်မိသားစု(ကျောက်တန်း)။ ဆရာမဒေါ်မြင့်မြင့်စိုးဓါ မိခင် ကြီးအတွက် လလည်ဆွမ်းအလှူ အနုမောဒနာတရားတော်] ၅တနာရွန်မဂ္ပဇင်းမှ
အနုမောဒနာတရားတော်များ (၁၃) အနေကဇာတင်တရား
ယနေ့ ဗုါဒ္ဓဘိသေက မင်္ဂလာ အနေကဇာတင်သဘင် ဆင်ယင် ကျင်းပ ပူဇော်ကြတယ်။ ပူဇော်ကြတဲ့အခါသမယ ဆွမ်းအလှူတော်လဲ ပူဇော်လှူဒါန်းကြတယ်။
ဗုဒ္ဓဘာသာနှစ်မျိုး
သဒ္ဓါ ဗုဒ္ဓဘာသာ။ ပညာ ဗုဒ္ဓဘာသာလို့ နှစ်မျိုးရှိတယ် သဒ္ဓါ ဗုဒ္ဓဘာသာဆိုတာက မိရိုးဖလာ မိဘတွေက ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာ ဖြစ်နေကြရတာ။ ဗုဒ္ဓဘာသာနဲ့စပ်ပြီးတော့ ဘာမှမည်မည်ရရ ကောင်း ကောင်းမွန်မွန်တော့ သိတာမဟုတ်ဘူး။
ပညာ ဗုဒ္ဓဘာသာဆိုတာက ဘုရားအကြောင်းသိတယ်။ တရား အကြောင်းသိတယ်။ သံဃာအကြောင်းသိတယ်' ကုသိုလ်ကောင်းမှုတွေရဲ့ အကြောင်းသိတယ်။ တော်တော် ရေရေလည်လည်သိပြီးတော့ ဘုရား ကိုးကွယ်ကြ။ တရားကိုးကွယ်ကြ။ သံဃာကိုးကွယ်ကြ ပုဂ္ဂိုလ်တွေကျတော့ ပညာ ဗုဒ္ဓဘာသာခေါ်တယ်။
လောကမှာ သဒ္ဓါဗုဒ္ဓဘာသာသက်သက်ဆိုရင် ကုသိုလ်တော့ ရတာ ပေါ့။ လေးလေးနက်နက်တော့မရှိလှဘူး။ ဒါနပြုရင် ကောင်းကျိုးများများ ရတယ်လို့ နားမလည်ကြဘူး။ ဘယ်လိုစိတ်ထားရမယ်။ ဘယ်လိုပြုရင် ဘယ်လိုကောင်းကျိုးတွေ များများရမယ်ဆိုတာ နားမလည်ကြဘူး
သီလဆောက်တည်ရင်လဲ ဘယ်လိုဆောက်တည်တာက အကျိုးရှိ တံယ်။ ဒီလို ကောင်းကောင်းမွန်မွန် ရေရေလည်လည် နားလည်ကတာမဟုတ် ဘူး။ ဘာဝနာစီးဖြန်းလဲ အတူတူပဲ။ ကောင်းကောင်းမွန်မွန် နားလည် ရမယ်။
အဲသလို ဗုဒ္ဓဘာသာဝင်ဆိုင်ရာ ဘယ်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် နားလည်မှုတော့ သိပ်မရှိလှဘူး။ ဒါပေမဲ့ ကုသိုလ်ရမှန်းတော့ သိကြတာပဲ။ အဲဒါမျိုးကို သဒ္ဓါ ဗုဒ္ဓဘာသာလို့ ခေါ်တယ်
အဲသလို မဟုတ်ဘဲနဲ့ ကိုယ်ကဉာဏ်ရှိတယ်။ လေ့လာထားတာ ဘုရားတရားတော်တွေ တတ်နိုင်သလောက် လေ့လာထားတော့ ဘယ်လို လှူရင် အကျိုးရှိတယ်။ ဘယ်လိုလှူရင် အကျိုးမရှိဘူးဆိုတာ နားလည် တယ်။ ဘုရားကို ဘယ်လိုလှူရင် အကျိုးရှိတယ်။ ဘယ်လိုလှူရင် အကျိုးမရှိဘူးဆိုတာ နားလည်ထားတယ်။
အဲဒီတော့ နားလည်မှုဟာ အင်မတန်အရေးကြီးတယ်။ နားလည်မှု ရှိမှ ကိုးကွယ်မှုဟာ လေးနက်တယ်။ လေးနက်မှ အကျိုးများလဲ ကောင်းကောင်းရတတ်တယ်။ ဒါကြောင့် ပညာဗုဒ္ဓဘာသာဆိုတဲ့ ပညာရှိတဲ့ ဗုဒ္ဓဘာသာဖြစ်ဖို့ အရေးကြီးတယ်။
ယနေ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရည်မှန်းပြီးတော့ ဥဒ္ဒိဿ စေတီ ဆင်းတုတော်မြတ်တို့ကို ဗုဒ္ဓါဘိသေက မင်္ဂလာ အနေကဇာ တင်ကြတယ်။ အနေကဇာတင်သဘင် ဆင်နွှဲပြီးတော့ ပူဇော်ကြတယ်။
ဒီတော့ ဘုရားမရှိဘဲ ဘုရားပူဇော်လို့ ဘာအကျိုးရှိမတုံး။ ဒီလို ပြောစရာရှိတယ်။ ဒီစေတီတော် ဆင်းတုတော်တွေက တကယ့်ဘုရားမှ မဟုတ်ဘဲ။ ဘယ်သွားအကျိုးရှိမတုံး။ ဒီလိုလဲ ပြောစရာရှိတယ်။
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ။ သမေ စိတ္တေ သမံ ဖလံ။ စေတောပဏီဓိဟေတူဟိ။ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိ
တိဋ္ဌန္တ-သက်တော်ထင်ထင် တည်ရှိစဉ်ဝယ် ဖူးမြင်အဝ်ငြား မြတ်စွာ ဘုရားဥဉ်လည်းကောင်း၊ ပရိနိဗ္ဗုတေစာပိ-ပရိနိဗ္ဗာန် ဝင်စံကြွသွား ဘုရားရှင် ကိုယ်တော်မြတ်ခ်လည်းကောင်း၊ စိတ္တေ-ဘုရားဂုဏ် အာရုံရောက်တဲ့ စိတ်သည်။ သမေ-တူမျှသည်ရှိသော်၊ ဖလံ-အကျိုးသွားသည်။ သမံ- တစ်ပြေးတည်းညီတူမျှသည်သာကည်း။ ဟိ-သက်တော်ထင်ရှား ဘုရားနှင့် ပရိနိဗ္ဗာန် ဝင်စံကြွသွားသော ဘုရားနှစ်ဆူ အတူတူဟူသောစကားမှာ အမှန်သင့်မြတ်လှပါပေ၏။ သတ္တာ-သူသူငါငါ သတ္တဝါမှန်သမျှတို့သည်။
စေတောပဏိဓိဟေတု-စိတ်ထားကောင်းခြင်း အကြောင်းရင်းမှန် အခြေခံ အရ။ သုဂတိ-သုဂတိဘ၀သို့၊ ဂစ္ဆန္ဘိ-လားရောက်ကြရလေကုန်သတည်း။
ဝိမာနဝတ္ထု ပါဠိတော်လာ ဤဒေသနာလေးက ခုနအမေးကို အဖြေ ပေးထားတာ။ ပရိနိဗ္ဗာန်ဝင်စံသွားတဲ့ ဘုရားကိုလည်းကောင်းး သက်တော် ထင်ရှား ဘုရားရှင်ကိုလည်းကောင်း ပူဇော်ရတာဟာ အတူတူပါပဲတဲ့။
ပူဇော်တိုင်း အတူတူလားဆိုတေ့(သမေ စိတေ သမံ ဖလံ)စိတ်ထား တူရင် အတူတူပဲ။ ကိုယ်က ဒီစေတီတော်မြတ်ကို သက်တော်ထင်ရှား ဘုရားကဲ့သို့ သဘောမထားနိုင်ရင် အကျိုးပေးကွာတာဂဲး သဘောထားနိုင်' ရင် အကျိုးပေးတူတာပဲ။ သဘောထားတယ်ဆိုတာ ဂုဏ်တော်အောက်မေ့ ရတာ။ စေတီတော် ဆင်းတုတော်မြတ်တင် စိတ်က ဆုံးမနေရဘူး။
သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ် ပူဇော်ကြတဲ့ ပညာရှိ တွေဟာ ဘယ်လို ပူဇော်တုံးဆိုတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ အာရုံ ပြုပြီးတော့ ပူဇော်ကြတာ။
အရဟံ-တကယ့်ပူဇော်အထူးကို ခံယူထိုက်တဲ့ဘုရားရှင်ပါ။ အရဟံ- တစ်ထောင့်ငါးရာ ကိလေသာရန်သူတွေကို သတ်ဖြတ်တော်မူတဲ့ ဘုရား ရှင်ပါ။ ကိလေသာတွေ စင်ပြီးတော့ အလွန်ကြည်လင်နေတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးး အရဟံ-ဆိတ်ကွယ်ရာခ် မကောင်းမှုပြုတော်မမူ သော ဘုရားရှင်ကိုယ်တော်မြတ်ဘုရား စသည်ဖြင့် ဂုဏ်တော်တွေ ကျက် ထားရတယ်။ မှတ်ထားရတယ်။ ကျက်မှတ်ပြီးတော့ ပူဇော်ရတယ်။ ဘုရား ရှင်ရဲ့ ဂုဏ်တော်တွေ နားလည်ပြီးတော့ ကြည်ညိုမှ ကြည်ညိုရကျိုး နပ်တယ်။
အဲဒီတော့ အကျိုးပေးတူတယ်ဆိုတာ ဘုရားရှင်ရဲ့ဂုဏ်တော်မှာ အာရုံ ရောက်တဲ့ စိတ်ထားတူရင် ဘုရားရှင်ကိုယ်တော်စား ဆင်းတုတော်ကို ပူဇော် ခြင်းနဲ့ သက်တော်ထင်ရှားဘုရားတို့ကို ပူဇော်ခြင်း၊ ပူဇော်ခြင်းနှစ်ပါးဟာ ခြားနားမှုမရှိ တစ်ပြေးညီ တူမျှသည်သာတည်းလို့ ဟောတော်မူတယ်
အဲဒီတော့ အကျိုးပေးတယ်ဆိုတာ စိတ်ထားအကြောင်းပြုပြီးတော့ အကျိုးပေးတာ။ စိတ်ထားက တူမယ်ဆိုရင် အကျိုးပေးလဲ တူတာပဲ။
စိတ်မထားတတ်ရင် အကျိုးပေးမတူဘူး ကွာခြားတယ်။ အဲဒါကြောင့် သက်တောိထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်လဲ ဒီ ဂုဏ်တော်အာရုံပြုပြီး ပူဇော်ရတယ်။ ပရိနိဗ္ဗာန်စံသွားတဲ့ ဘုရားရှင်ကိုယ် တော်မြတ်ကို အာရုံပြုပြီး ဒီဆင်းတုတော်တွေ ဂူဇော်ရင်လဲ ဂုဏ်တော်တွေ အာရုံပြုပြီး ဂုဏ်တော်မှာစိတ်ရောက်ပြီး ပူဇော်ရင် တကယ်မွန်မြတ်တဲ့ ပူဇော်ခြင်းဖြစ်သွားတယ်1 အဲဒါကြောင့် ဂုဏ်တော်ထဲစိတ်ရောက်ရင် အကျိုးပေးအတူတူပဲတဲ့။ ဒါကြောင့် ဘုရားပူဇော်တယ်ဆိုတာ စိတ်ထားဟာအရေးကြီးတယ်။ စိတ် ထားမြတ်ရင် မြတ်တာပဲ။ စိတ်ထားညံ့ရင် ညံ့တယ်။ ဂုဏ်တော်ကို ရောက်အောင် စိတ်မထားတတ်လို့ရှိရင် အကျိုးပေးညံ့တယ်။ အကျိုးပေး သိပ်မထက်သန်ဘူး။ ခုနပြောသလို ကိုယ်က ဂုဏ်တော်များများရလို့ များများပူဇော်လေ အကျိုးပေးက ကောင်းလေပဲ ဒါကြောင့် ဂုဏ်တော်တွေကျက်ရမှာ မပျင်းကြရဘူး။ ဂုဏ်တော်တွေ ကျက်ကြရတယ်။ ရအောင်ကြိုးစားရတယ်။ ဂုဏ်တော်တွေများများရရင် ဘုရားရှိခိုးရတာ အားရစရာ အတော်ကောင်းတယ်။ အဲသလိုမရဘဲနဲ့ ရှိခိုးရတာဟာ ဩကာသနဲ့တင် ပြီးနေရင်တော့ ဘုရားရှိခိုးရတာဟာ သိပ်ပြီးတော့ နက်နက်နဲနဲမရှိဘူး။ လေးလေးပင်ပင်မရှိဘူး။ အဲဒါကြောင့်မို့လို့ စာကျက်မပျင်းကြရဘူး။ ဘုရားဂုဏ်တော်ဖွင့်ထား တဲ့စာတွေ တတ်နိုင်သမျှ ကျက်ကြရမယ်။ လူမို့လို့ အလုပ်မအားဘူးဆို ပေမယ့် ကိုယ်က အားလပ်ချိန်ယူရင် အနည်းငယ်တော့ရပါတယ်။ တစ်နေ့ နည်းနည်းကျက်ရင် ကြာလာတော့ အများကြီးရတာပဲ။
။ ဒါကြောင့် ဘုရားပူဇော်တယ်ဆိုတာ အဓိပ္ပာယ်ရှိအောင်။ အဓိပ္ပာယ် ရှိတယ်ဆိုတာ ခုနပြောသလို ပူဇော်တတ်ရတယ်။ ဂုဏ်တော်တွေများများ ရပြီး အဲဒီဂုဏ်တော်တွေရွတ်ဆိုး ဂုဏ်တော်အာရုံပြုပြီးတော့ ပူဇော်ရခြင်း ဟာ သက်တော်ထင်ရှားဘုရားအပေါ်မှာ စိတ်ရောက်ခြင်းပဲ။ အဲသလို စိတ်ရောက်တဲ့ပုဂ္ဂိုလ်ရဲ့ စေတီပူဇော်မှုဟာ အကျိုးရှိတဲ့ပူဇော်မှုး အမြတ် များများရတဲ့ ပူဇော်မှုဖြစ်တယ်1
မပျင်းကြရဘူး။ ဘုရားရှိခိုးကျက်ကြရတယ်။ ဘုရားဂုဏ်တော်တွေ ကျပ်ကျပ် ကျက်ကြရတယ်။ ကျက်ပြီး ပူဇော်ရတယ်။ အဲဒါမှဘုရားက ကြိုက်တာ။ ဘုရားရှင်ကိုယ်တော်မြတ်တွေက စေတီတော် ဆင်းတုတော် တွေက မိမိတို့ရှေ့လာပြီးတော့ ပန်းကလေးဂူဇော်ရုံနဲ့။ ဆီမီးလေးပူဇော်ရုံ နဲ့ ကျေနပ်တာမဟုတ်ပါဘူး။ ကုသိုလ်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဒါကိုခွင့်ပြုတာပါ။ ဒါပေမဲ့ ဒီထက်ကောင်းတဲ့ အကျင့်တွေကရှိနေတော့ ဒီမျှနဲ့ပူဇော်လို့ရှိရင် ကျေနပ်တာမဟုတ်ဘူး။
အာမိသပူဇာ။ ဓမ္မပူဇာလို့ ပူဇာနှစ်မျိုးရှိတယ်' အာမိသပူဇာဆိုတာ ဆီမီးနဲ့။ ပန်းနဲ့။ ရေချမ်းနဲ့ပူဇော်တာဟာ အာမိသပူဇာ။
ဓမ္မပူဇာဆိုတာ အဲသလောက်မျှတင်မကဘဲနဲ့ သရဏဂုံဆောက်တည် တယ်။ သီလခံယူတယ်။ တတ်နိုင်ရင် ဗုဒ္ဓါနုဿတိ ဘုရားဂုဏ်အာရုံ ပြုပြီးတော့ ပွားများတယ်။ ဒီထက်တတ်နိုင်ရင် ဝိပဿနာဘာဝနာ ပွား များတယ် စသည်ဖြင့် အဲသလိုအကျင့်တွေနဲ့ ပူဇော်မှုမျိုးကို ဘုရားရှင် ကိုယ်တော်မြတ်က ပိုပြီးတော့နှစ်သက်မြတ်နိုးတော်မူတယ်။ ဓမ္မပူဇာကို အထူးသဖြင့် ဘုရားရှင်ကိုယ်တော်မြတ်က အလေးပေးတော်မူခဲ့တယ်
ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံလွန်တော်မူခါနီး ပူဇော်လိုက် ကြတာ နတ်တွေဟာ အမျိုးမျိုးအဖုံပုံ အတိုင်းအဆမရှိအောင် အကြီး အကျယ်လှူခဲ့ကြတယ်။ အဲဒါတွေကိုမြင်ရတော့ ဘုရားရှင်ကိုယ်တော်မြတ် က ရှင်အာနန္ဒာကို မိန့်တော်မူတယ်။
အာနန္ဒာ-ငါဘုရားကို ဒီမျှပူဇော်ကြပေမယ့် ပူဇော်ရာမရောက်ဘူး။ ဓမ္မာနု ဓမ္မပဋိပတ် အကျင့်မြတ်ခေါ်တဲ့ ခုနပြောတဲ့ သရဏဂုံသီလ အစရှိသော အကျင့်တွေနဲ့ပူဇော်မှ တကယ့်ပူဇော်ရာရောက်တယ် လို့ မိန့်တော်မူတယ်။
အဲဒါ ကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်က တကယ်ကြိုက်တဲ့ ပူဇော်မှုဟာ သရဏဂုံသီလ၊ သမထဝိပဿနာ အစရှိသော ဓမ္မာနု ဓမ္မ ပဋိပတ်အကျင့်မြတ်တွေး လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့်မြတ်တွေး အဲဒီအကျင့်မြတ်တွေနဲ့ ပူဇော်မှ ဘုရားရှင်က နှစ်သက်
တော်မူတယ်။ ပိုပြီးတော့ လိုလားတော်မူတယ်။
ဘုရားရှင်က လောကုတ္တရာကိုးပါးအားလျော်သော အကျင့်နဲ့ပူဇော်မှ ငါဘုရားအား ပူဇော်ရာရောက်တယ်1 လောကမှာ ပစ္စည်းတွေနဲ့ ပူဇော်တယ် ဆိုတာကတော့ ကောင်းကျိုးတော့ရမှာပေါ့။ သို့သော်လဲပဲ သာသနာ ကြီးပွားမှုအတွက်တော့ သိပ်အထောက်အကူမပြုဘူး သာသနာကြီးပွား ဖို့က ဘုရားရှင်ကိုယ်တော်မြတ် အဆုံးအမ အစရှိတဲ့တရားတွေ ထွန်း ကားဖို့. သာသနာကြီးပွားဖို့ စည်ပင်ဖို့ သာယာဖို့ဆိုတာ ခုနပြောတဲ့ လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့်တွေကျင့်မှ သာသနာ ကြီးပွားနိုင်တယ်လို့သိပြီးတော့ ဘုန်းကြီးတို့ ဒကာဒကာမတွေ ကောင်း မြတ်သော ဓမ္မနုဓမ္မပဋိပတ်အကျင့်မြတ်ဖြင့် ဘုရားရှင်ကို ပူဇော်ကြပါ။ ကြိုးစားပြီး ပူဇော်ကြပါ ကဲ လိုက်ဆိုလိုက်ကြ- က္ကမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
က္ကမာယ ဓမ္မာန ဓမ္မပဋိပတ္တိယာ ဓမ္မံ ဂူဇေမိ။
က္ကမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။
တ္ကမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ-ဤလောကုတ္တရာတရား ကိုးပါး အားလျော်သော သရဏဂုံသီလ အစရှိသော ကျင့်ဝတ်ပဋိပတ်ဖြင့်၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ ပူဇေမိ- ပူဇော်ပါါ။ က္ကမာယ ဓမ္မာနု ဓမ္မပဋိပတ္တိ ယာ-ဤလောကုတ္တရာတရား ကိုးပါးအားလျော်သော သရဏဂုံသီလ အစရှိသော ကျင့်၀တ်ပဋိပတ်ဖြင့် ဓမ္မံ-တရားတော်ကို၊ ပူဇေမိ-ပူဇော် ပါ၏ က္ကမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ-ဤလောကုတ္တရာတရား ကိုးပါး အားလျော်သော သရဏဂုံသီလ အစရှိသော ကျင့်ဝတ်ပဋိပတ်ဖြင့်' သံဃံ- သံဃာတော်မြတ်ကိုး ပူဇေမိ-ပူဇော်ပါ၏။
ယနေ့ ဒါနပြုတယ်ဆိုပေမယ့် အဲဒီဒါနဟာ သရဏဂုံသီလပါတဲ့
ဒါနလို့ခေါ်တယ်။ အကျိုးကြီးတယ်။ ယနေ့ မိမိတို့ရဲ့ ကုသိုလ်ကောင်းမှု အလုပ်တွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကို အခုပူဇော်လိုက်ကြပြီ။ အဲသလို ဘုရားရှင်ကိုယ်တော်မြတ် အလွန်ကြိုက်နှစ်သက်တော်မူတဲ့ ဓမ္မာနုဓမ္မ ဖြင့ ရနိုင်တဲ့ မင်ဖိလ်နိဗ္ဗာန်ကို လျင်မြန်စွာ ဆနိုက်ရောက်နိုင ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(၁၁-၁-၉၂ နေ့ မဟာသုခလမ်း။ အမာမြ၊ အမာစိန်တို့နေအိမ်
၉၂ နေ့ သု န
ဘုရားအနေကဇာတင် ဆွမ်းအနုမောဒနာ တရားတော်)
ရတနာမွန်မဂ္ဂဇင်းမှ
သက်တော် (၈၀) ပြည့် မွေးနေ့ပူဇာတရား
ဒဒန္တိ ပရိက္ခာရဋ္ဌ။ မံ ဇာတ မင်္ဂလံ ပတိ
သိရိမန္တာနံ တေနေဝ)။ သိရိမန္တာ ဘဝန္တုတေ
(ယေ)အကြင် ရဟန်းရှင်လူအရပ်ရပ် ပရိသတ်အပေါင်း သူတော် ကောင်းတို့သည်။ မံ-ဇာတ မင်္ဂလံ-ဘုန်းကြီးဇ၊ မွေးနေ့မင်္ဂလာကို နှစ်စဉ် နှစ်စဉ် ဆင်ယင်ကျင်းပမြဲဖြစ်သော ဘုန်းကြီး၏ မွေးနေ့မင်္ဂလာပွဲကို ပတိ- အစွဲပြုရ်၊ အဋ္ဌပရိက္ခာရေ-ရှစ်ပါးသော ပရိက္ခရာတို့ကို1 ရှစ်ပါးသော ပရိက္ခရာပဓာနအားဖြင့် အမျိုးမျိုးသော လှူဖွယ်ဝတ္ထုတို့ကို၊ သိရိမန္တာနံ- ကျက်သရေရှိကြကုန်သော သံဃာတော်အရှင်မြတ်တို့အား၊ သိရိမန္တာနံ- ကျက်သရေရှိကြကုန်သော ဆရာတော်သံဃာတော် အရှင်မြတ်တို့အား၊ ဒဒန္တိ-သဒ္ဓါရွှင်လန်း ဆက်ကဂ်လှူဒါန်းကြလေကုန်၏။ တေနေ၀-ထိုသို့ မွေးနေ့မင်္ဂလာ ပူဇာအဖြစ်ဖြင့်၊ ပရိက္ခရာရှစ်ပါးနှင့်တကွ များပြားသော အလှူဒါနတို့ကို လှူဒါန်းရသောကြောင့်သာလျှင်' တေ-ဘထိုအလှူရှင် ဖြစ်ကြတဲ့ ရဟန်းရှင်လူအရပ်ရပ် ပရိသတ်အပေါင်း သူတော်ကောင်းတို့ သည်။ သိရိမန္တာ-ကျက်သရေအမျိုးမျိုး ကောင်းကျိုးအဖြာဖြာ မင်္ဂလာ အဖုံဖုံ ပြည့်စုံကြကုန်သည်။ ဘဝန္တု-မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။ အသက် ၈၀-ပြည့် မွေးနေ့မင်္ဂလာပူဇာသဘင်ကို ယနေ့ ဆင်ယင် ကျင်းပဂူဇော်ကြတယ်. ဘုန်းကြီးတို့ မွေးနေ့မင်္ဂလာသဘင်ကို ပထမတော့ ဘုန်းကြီးက ဘယ်သူ့အကူအညီမှမယူဘဲနဲ့ ကိုယ့်ဟာကိုယ် တိုးတိုးတိတ် တိတ်ပဲ ဘုရားဆွမ်းတော်တင် သံဃာတော်တွေကို ရှိတဲ့ပစ္စည်းလေး ဝေခွဲလှူပြီးတော့ အေးအေးချမ်းချမ်းနဲ့ ကိုယ့်မွေးနေ့မင်္ဂလာကို ကိုယ့်စွမ်း
ကိုယ်အားနဲ့ ဆင်ယင်ခဲ့တယ်။ ကျင်းပခဲ့တယ်။ အစတုန်းက ဘယ်လောက် အရွယ်တုန်းက စ ကျင်းပတယ်ဆိုတာတော့ ဘုန်းကြီးလဲမမှတ်မိဘူး။ နောက်ကျတော့ ဘုန်းကြီးတို့အဒေါ် ဒကာမကြီးဒေါ်လှထွန်းက မုန့်ဟင်းခါး ဆွမ်းလေး ဆက်ကပ်လှူဒါန်းပါရစေဆိုလို့ အဲဒါနဲ့ ဒကာမကြီးအလို အတိုင်း ခွင့်ပြုလိုက်တယ်။ ခွင့်ပြုလိုက်တော့ နောက်ကျတော့ အကြောင်း သိကြတဲ့ ဒကာဒကာမတွေက တစ်ခါလျှောက်ကြပြန်တာနဲ့ သူတို့ကလဲ ဆက်ကပ် လှူဒါန်းကြပြန်တာနဲ့ ဘုန်းကြီးရဲ့ မွေးနေ့သဘင်ဟာ တဖြည်းဖြည်း ကြီးကျယ် ကြီးကျယ်လာတယ်1
စောစောက ဘုန်းကြီးတောမှာနေတုန်းက မွေးနေ့သဘင် ဆင်ယင် ကျင်းပတဲ့အခါ ဘုန်းကြီးမှာရှိတဲ့ ပစ္စည်းဝတ္ထုလေးတွေ လှူဒါန်းတယ်။ မွေးနေ့အတွင်းမှာ အနည်းအကျဉ်းလာလှူတဲ့ ပစ္စည်းဝတ္ထုတွေလဲ လှူဒါန်းတယ်။
တောမှာတုန်းကတော့ တစ်နှစ်တစ်နှစ် လှူနိုင်တယ်ဆိုတာ သင်္ကန်း အစုံနှစ်ဆယ် ကျော်ကျော်လောက် လှူနိုင်တယ်။ ဒါ _... တောမှာ။ ဘုန်းကြီးတို့တိုက်မှာတော့ ဘုန်းကြီးကအရဆုံးပဲ ရတာက အဲဒီသပြေကန် ဆီက ရတယ်တော့မဟုတ်ဘူး။
ဟိုက ဒီက ဘုန်းကြီးဘက်ကဖြစ်စေ။ လူဘက်ကဖြစ်စေ။ လှူတာ တန်းတာတွေ ရတာပါပဲ။ အဲသလိုနဲ့ တဖြည်းဖြည်း ဝိုမိုပြီးတော့ လှူနိုင် လာတယ်။ နောက် ရန်ကုန်ရောက်လာတဲ့အခါကျတော့ ရန်ကုန်ကတော့ အလှူအတန်းကလဲများ၊ လှူကြတန်းကြတဲ့ပုဂ္ဂိုလ်တွေကလဲ ပေါလာတော့ ငါးဆယ်ခြောက်ဆယ်လောက်ကစပြီးတော့ တဖြည်းဖြည်းတိုးလာတာ တစ်ရာ တစ်ရာကျော် စသည်ထိအောင်ပဲ။ ဘုန်းကြီးမှာ နှစ်စဉ် နှစ်စဉ် ဖု ပိုပိုပြီး လှူနိုင်တာသာတွေ့ရတယ်။ ဆုတ်ယုတ်သွားတယ်လို့ ဘယ်အခါမှ မရှိခဲ့ဘူး
အဲဒီတော့ ဒကာဒကာမများရဲ့ သဒ္ဓါတရားလို့ဆိုရမှာလဲ ဆိုရမှာပဲ။ သို့သော်လဲပဲ ဘုန်းကြီးရဲ့ယုံကြည်ချက်က ဒကာ ဒကာမ သဒ္ဓါတရားထက် အားကြီးတဲ့ ဥပနိဿယအကြောင်းက မိမိရဲ့ထက်သန်တဲ့ စေတနာနဲ့
ရှိသမျှ အိတ်သွန်ဖာမှောက်ဆိုသလို လှူခဲ့တဲ့ ဒါနကုသိုလ်ရဲ့အစွမ်း အာနိသင်လို့ အထူးအားဖြင့် ယုံကြည်တယ်
ယုံကြည်လောက်အောင်လဲ ဘုန်းကြီးဘဝက ဘုန်းကြီးကို အမြဲတမ်း အသိပေးခဲ့ပါတယ်။ အသိပေးလို့ အဲဒီအသိအရပဲ လှူခဲ့တန်းခဲ့ ပူဇော်ခဲ့ တယ်။ အခုအသက် ၈၀-ပြည့်တဲ့ ဒီနေ့အခါကျတော့ တချို့ဒကာတွေက ၈၀-ပြည့်နှစ်မှာ ပရိက္ခရာအစုံ လှူဒါန်းတဲ့အလှူကို သူတို့လုပ်ချင်ပါတယ် ဆိုတော့ အမှန်ကတော့ ဘုန်းကြီးကလဲ နောက်နောက်ကလဲ ကိုယ်ကသာ လှူခဲ့တာဖြစ်တော့ တယ်ပြီးတော့ မလိုလားခဲ့ပါဘူး။ နောက်ကျတော့လဲ ကောက် ကြတာနဲ့ င်ပြလိုက်ရိတယ်
ခွင့်ပြုလိုက်တော့ ဒီအခါမှာ ဘာဖြစ်လာသတုံးဆိုတော့ ပုဂ္ဂိုလ်နှစ်မျိုး စီ-ဝိုင်-စီ သင်္ကန်းနဲ့ ပရိက္ခရာရှစ်ပါးဆိုတာက အခု ၁၅၀၀-ကျပ်လို့ သတ်မှတ်ထားတော့ အင်မတန် တန်ဖိုးကြီးက မြင့်နေတယ် မြင့်နေတော့ တချို့ဒကာတွေက ဟာ... မဖြစ်နိုင်ပါဘူး။ အစုံ ၈၀ တောင် ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တချို့ဒကာတွေ တချို့ဘုန်းကြီးဘက်ကလဲ ဖြစ်နိုင်ပါ တယ်လို့ ယုံကြည်ကြတယ်။
မဖြစ်နိုင်ပါဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒါကတော့ ဘုန်းကြီးရဲ့ အခြေအနေကို သူတို့က မတွေးမိဘဲကိုး။ ဖြစ်နိုင်ပါတယ်လို့ တွေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ဘုန်းကြီးရဲ့အခြေအနေ အခြင်းအရာ အရှိန်အဝါကို တွေးမိကြတယ်။ တွေးမိကြတော့ သူတို့ကတော့ ဖြစ်ရမယ်တဲ့။ ဒီလိုပဲ ယူဆကြတယ်။
ဘုန်းကြီးရဲ့အရှိန်အဝါဆိုတာက အားလုံးသိကြတဲ့အတိုင်း ရန်ကုန် ရောက်ကတည်းက စပြီးတော့ ဒီလိုပဲ နောက်နောက်ကလှူခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေ။ မွေးနေ့ရောက်တော့လဲပဲ ဒီလိုပဲလှူခဲ့တဲ့ ကုသိုလ်ကောင်းမှု တွေ။ ကုသိုလ်ကောင်းမှုတွေက အင်မတန်များတော့ ကျောင်းကန်တွေလဲ ကျောင်းထဲကန်ထဲမှာ တိုးတက်ဖြစ်ပွားလာတာ အားလုံးအသိပဲ။ အလှူ အတန်းတွေ ဆိုတာဟာလဲ လျော့သွားတယ်မရှိဘူး။
သံဃာနဲ့ဆိုင်တဲ့ကိစ္စမှာဖြစ်စေ။ ဘုန်းကြီးရဲ့ ပုဂ္ဂလိကဆိုင်ရာကိစ္စမှာ
ဖြစ်စေ တိုးတက်သာလာတယ်။ အလှူအတန်းဘက်က လျော့ပါးတယ်လို့ မရှိဘူး။ သံဃာတွေလဲ ချမ်းချမ်းသာသာပဲ ပြည့်ပြည့်စုံစုံပဲ လှူနိုင်တန်းနိုင် တာပဲ။/ အဲသလို အရှိန်အဝါတွေ တက်နေတာကို မြင်ရတော့ ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလဲ ယုံကြည်ကြတယ်။
အဲ... နောက်ဆုံးကျတော့ ယုံကြည်တဲ့ပုဂ္ဂိုလ်တွေရဲ့ အလိုအတိုင်း ဖြစ်မြောက်လာတယ်ဆိုတာကတော့ အခု ဒီ ၈၀-ပြည့် မွေးနေ့အလှူတော် ကြီး သက်သေခံနေတယ်
ဒီနှစ် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် စိတ်အားထက်သန် စွာ လှူကြတန်းကြ ဗူဇော်ကြတာတွေ ဘုန်းကြီးတို့ တွေ့ရတော့ ဒကာ ဒကာမတွေရဲ့ သဒ္ဓါတရား၊ သဒ္ဓါအစွမ်း။ ပညာအစွမ်း။ ဒီအစွမ်းကိုလဲ ယုံကြည်တဲ့အပြင် မိမိရဲ့ဒါနကောင်းမှု အကြောင်းပြုဖြစ်လာတယ်ဆိုတာ ကိုလဲ ဘုန်းကြီးတို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့်-
ယဿေဝ၀ ဘီတော န ဒဒါတိ မစ္ဆရီး တဒေဝါ ဒဒတော ဘယံ။
ဇိဃစ္ဆာစ ဝိပါသာစ ယဿ ဘာယတိ မစ္ဆရီ တမေဝ ဗာလံ
ဖုသတိ အသ္မိ" လောကေ ပရမှီစ။
(သဂါထာံ ၀ဂ္ဂသံယုတ် ပါဠိ)
မစ္ဆရီ-နှမြောဝန်တိုသောပုဂ္ဂိုလ်သည်။ ယဒေ၀-အကြင် ဆင်းရဲ ဗွဲတေမ္ဗကိုသား ဘီတော-ကြိုရရောက်ရမည်ကို ကြောက်လှသည်ဖြစ်ရွါ နဒဒါတိ-မပေးရက်ဟူမလှူတတ်ပါပေး အဒဒတော-ငတ်ပြတ်ဆင်းရဲမွဲမှာ ကြောက်သူ ထိုနှမြောတဲ့လူအား' တဒေ၀-ထိုသူကြောက်တဲ့ ငတ်ပြတ် ဆင်းရဲခြင်းသာလျှင်ဖြစ်သေား ဘယံ-ဘေးမျိုးသည် (ဟောတိ)ဖြစ်လာ ရပါပေ၏။ မစ္ဆရီ-နှမြောဝန်တို မလှူလိုသောပုဂ္ဂိုလ်သည်။ ဇိဃစ္ဆာစ- ထမင်းအစာ ဆာလောင်ခြင်းမှလည်းကောင်း၊ ပိပါသာစ-မွတ်သိင်ခြင်းမှ လည်းကောင်း၊ ယဿ- အကြင် ငတ်ဆင်းရဲခြင်းမှ ဘာယတိ- တွေးကြောက်နေတတ်ပါပေ၏် / တမေ၀-ထိုငတ်ပြတ်ဆာလောင် ဆင်းရဲ ခြင်းသည်သာလျှင်း အသ္မိ လောကေ-ဤပစ္စက္ခ ယခုဘဝနခ်လည်းကောင်း၊ ပရမှိစ-တမလွန်ရောက်ရ နောက်ဘဝန်လည်းကောင်း။ ဗာလံ-မပေး
ရက်ဟူ အလှူမကြိုက် လူမိုက်ပုဂ္ဂိုလ်သို့1 ဖုသတိ-တွေ့ကြုံဆိုက်ရောက် ရပေသတည်း။
ငတ်မှာကြောက်လို့ မလှူဘူးဆိုရင် အဲဒီ ငတ်ခြင်းတည်းဟူသော ဘေးကြီးကို သူကြုံတွေ့ရတော့မှာပဲဆိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ် ဒေသနာတော်အရ ငငတ်မှာစိုးလို့။ ကုန်မှာစိုးလို့ မလှူလို့ရှိရင် အဲဒီ ငတ်တဲ့ဘေးကြီး၊ ကုန်တဲ့ဘေးကြီး၊ ပျက်စီးတဲ့ဘေးကြီးဟာ သူ့ကိုလွှမ်းမိုး လာမှာပဲလို့ ဟောထားတာ ရှိတယ်။ ဒါ့ကြောင့် အလှူဆိုတာဟာ ကြောက်စရာမရှိဘူး။ မိမိက စေတနာကောင်းမယ်။ မလှူခင်လဲဝမ်းသား လှူတုန်းလဲ၀မ်းသာ။ လှူပြီးလဲဝမ်းသာဆိုတဲ့ ဝမ်းသာခြင်းအကြောင်းတွေနဲ့ ပြည့်စုံမယ်။
တွန့်တိုဆုတ်နစ်ခြင်းမရှိဘဲနဲ့ ရက်ရက်ရောရော လှူဒါန်းမယ်ဆိုရင် အဲဒီအလှူရှင်မျိုးဟာ ဆုတ်ယုတ်ဖို့မရှိပါဘူး။ တိုးတက်ပြီးလာဖို့သာ ရှိ တယ်။ ဒါကြောင့် လောကမှာ အလှူဆိုတာ ကြောက်စရာမရှိဘူး။ န ဟိ ဒါနာ ပရံ အတ္ထိ ပတိဋ္ဌာ သဗ္ဗပါဏိနံ။
သဗ္ဗပါဏိနံ-အလုံးစုံသောသတ္တဝါတို့၏။ ပတိဋ္ဌာ-ထောက်ရာ တည် ရာ မှီခိုရာ အားထားရာသည်။ ဒါနာ-အလှူဒါနမှ၊ ပရံ-တစ်ပါးသည်။ နတ္ထိ-မရှိရိုး ဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သတည်း။ သူသူငါငါ သတ္တဝါတို့မှာ အလှူဒါနမှတစ်ပါး တခြားအားကိုးရာ။ မှီခိုရာ ထောက်တည်ရာမရှိ။ ဒါအမှန်ပဲ။ အူမတောင့်မှ သီလစောင့်နိုင် တယ်ဆိုတဲ့အတိုင်း ဒါနရှိမှ ဒါနဆိုတာ အင်မတန် ပြုဖို့ကောင်းတဲ့ ပါရမီကြီး၊ ဒါ့ကြောင့်မို့လို့ ယနေ့ လှူကြတန်းကြ ပူဇော်ကြတဲ့ ပုဂ္ဂိုလ်တွေ ဘုန်းကြီးတို့က ကျေးဇူးတင်ပါတယ်။ ဘုန်းကြီးတို့လဲ ကျေးဇူးတင်လို့ လှူကြတန်းကြတာပဲ။
သာဂါရာ အနဂါရာစ။
ဥဘော အညောညနိဿိတာ။း သာဂါရာစ-အိမ်ရာတည်ထောင် လူတို့ဘောင်ဉ်နေကြသော လူ အပေါင်းတို့သည်လည်းကောင်း အနဂါရာစ-အိမ်ရာမထောင် ရဟန်း
ဘောင်ခ်နေကြသော ရဟန်းတော်များတို့သည်လည်းကောင်းး ဥဘော- လူနဲ့ရဟန်း ရဟန်းနဲ့လူ နှစ်ဦးသားတို့သည်။ အညောညနိဿိတာ- ကျွန်းကိုကိုင်းမှီ ကိုင်းကျွန်းမှီသို့ တူညီမယွင်း- အချင်းချင်းလျှင် ဟိုင်းဖင်းုနိကြကုန်ရွါး
န်းကို နစ ဦးသားလုံးပာ ရဟန်းတော်တွေ ဘုန်းကြီးတို ဒကာ ဒကာမတွေနဲ့ နှစ်ဦးသားလုံးရဲ့ တစ်ခုသောတာဝန်ဟာ ဘာတုံး ဆိုရင် သာသနာ့တာဝန်ပဲ။ အဲ့သလို သာသနာ့တာဝန်ကို ထမ်းဆောင် ကြတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အချင်းချင်း အပြန်အလှန် ကျေးဇူးတင် ကြရတယ်။
အာရာဓယန္တိ သဒ္ဓမ္မံ ယောဂက္ခေမ အနုတ္တရံ။
အနုတ္တရံ-အတုမရှိမြတ်တော်မူသော၊ ယောဂက္ခေမံ-ယောဂ လေးပါးတို့ ကုန်ရာဖြစ်သော၊ သဒ္ဓမ္မံ-ပရိယတ္တိသဒ္ဓမ္မ။ ပဋိပတ္တိသဒ္ဓမ္မ။ ပဋိဝေဒသဒ္ဓမ္မဆိုတဲ့ သဒ္ဓမ္မသုံးဖြာ ဘုရားမြတ် သာသနာတော်ကြီးကို၊ အာရာဓယန္တိ-တူတွဲပြီးမြောက် ခရီးရောက်အောင် ချီးမြှေက်ကြရလေ ကုန်သတည်း။
ဘုရားမြတ်သာသနာတော်ကြီးကို ဘုန်းကြီးတို့တစ်တွေ အတူ
တွဲပြီးတော့ ချီးမြှောက်ကြရတယ်။ အဲဒီလို ချီးမြွှှောက်ကြတဲ့အခါ ဆရာ ကလဲ ဆရာ့တာဝန်၊ ဒကာကလဲ ဒကာ့တာဝန် ကျေပွန်အောင် ဆောင်သွားမှ သာသနာတော်ကြီး စည်ပင်တိုးတက် ကြီးပွားနိုင်တယ်။ ဒကာဒကာမ တာဝန်ဆိုတာကတော့ သာသနာ့တာဝန် ထမ်းဆောင်နေ ကြတဲ့ သံဃာတော်တွေ ချမ်းသာအောင်ဆောင်ရွက်ဖို့။ ဘုန်းကြီး တာဝန်တွေ ဆိုတာကတော့ . . .
မကောင်းမြစ်ထာ။ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး။ နာဖူး ထပ်မံ။ နတ်ထံတင်ရာ။ မေတ္တာလည်းပြုး ရဟန်းမှု၊ ခြောက်ခုလွန်သေချာ
ဆိုတဲ့အတိုင်း ကိုယ့်ဒကာ ဒကာမတွေ လိမ္မာအောင်။ အသိအမြင် တိုးတက်အောင်။ တိုးတက်သည်နှင့်အမျှ ဘုရားအလိုတော်ကျ ဓမ္မာနု ဓမ္မပဋိပတ္တိ လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့်တွေ
ကျင့်နိုင်အောင် နှိုးဆော်ပေးရ။ တိုက်တွန်းပေးရ။ သိမြင်နားလည်အောင် အကျိုးဆောင်ပေးရ။ အဲသလို ဆောင်ပေးခြင်းဖြင့် ဘုန်းကြီးတာဝန် ဘုန်းကြီးဘက် ကျေပွန်မယ်။ ဒကာ ဒကာမတို့က သာသနာတော်ကို ချီးမြှောက်ခြင်းဖြင့် ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင် ကြမယ်ဆိုရင် ဘုန်းကြီးတို့ သာသနာတော်ကြီးဟာ နှစ်ပေါင်း ၅၀၀၀ မက အရှည်တည်မှာ။
မြန်မာပြည် ဗုဒ္ဓဘာသာဝင်ရှင်လူတို့ရဲ့ ယနေ့အနေကို ကြည့်ရင် ဘုန်းကြီးတို့ သာသနာတော်ကြီးဟာ နောက်မပျောက်ပါဘူး။
အခုလိုမိမိက အစဉ်အဆက် မိမိသားလေးတွေ သမီးလေးတွေ အားလုံး သာသနာစိတ်ရှိအောင်၊ သာသနာတော်မှာ ခင်မင်ကြည်ညို အောင် သာသနာတော်ကို ကိုယ့်ကိစ္စအဖြစ်ဖြင့် ချီးမြှောက်မှုတာဝန် ယူကြမယ်ဆိုရင် ဘယ်မှာသွားပြီး ဒီသာသနာတော်ကြီး ပျောက်မလဲး ကိုယ်တိုင်လဲကျင့်' ဒီသာသနာတော်ကြီး တိုးပွားအောင်လဲ ချီးမြှင့် အသလိုသွားလို့ရှလ် ဘုန်းကြး၀နို့ သာသနာတော်ကြီးဟာ အင္ဂန္ရည် ကြာ တည်မှာကတော့ တခြားဗုဒ္ဓဘာသာ၀င်နိုင်ငံတို့ထက် ပိုမိုပြီးတော့ စည်ကား ကြီးပွားလာမှာကတော့ ကျိန်းသေပဲ။
အဲဒါကြောင့်မို့လို့ တာဝန်။ ဘုန်းကြီးက ဘုန်းကြီးတာဝန်၊ ဒကာ ဒကာမက ဒကာဒကာမ တာဝန် ကျေပွန်သွားရင် သာသနာတော်ဟာ ကြီးပွားမှာပဲ1
မြန်မာဝြည် သာသနာတော်ကြီးဟာ ယေ မြန်ဟာလူမျိုးတွ ဂုလ် ယူနေရသလို နောင်လဲပဲ မိမိတို့ သားသမီးမြေးမြစ်ထိအောင် သူတို့ ဂုဏ်ယူတတ်အောင်။ တန်ဖိုးထားတတ်အောင် ကြိုးစားပြီးတော့ အမွေ အနှစ်ပေးကြရတယ်။ အဲသလိုပေးရင် သာသနာတော်ကြီးဟာ စည်ပင် ပြန်ပားတွန်းကားပြီး အရှည်တည်မှာပဲ။
ယနေ့ မွေးနေ့ပူဇာမင်္ဂလာသဘင် ပါဝင်ဆင်နွှဲပူဇော်ကြတဲ့ပုဂ္ဂိုလ်တွေး မနေ့ကလဲ စည်စည်ကားကားနဲ့ ပရိက္ခရာဆက်ကပ်ပွဲ ဆင်ယင်ကျင်းပ ပူဇော်ကြတယ်။ သူ့ကြည့်လဲ ရွှင်ရွှင်ပျပျ ကိုယ့်ကြည့်လဲ ရွှင်ရွှင်ပျပျ။
အားလုံး ဘုန်းကြီးတို့ပရိသတ်တွေဟာ ရွှင်ရွှင်လန်းလန်းနဲ့ ဝမ်းမြောက် ၀မ်းသာနဲ့ အားရဝမ်းသာ စကားတွေပြောကြလို့. အင်မတန် မနေ့ကရှခင်းက မင်္ဂလာရှိတဲ့ရှုခင်း။
ကျက်သရေဆိုတာ ဘာလဲ။ ကျက်သရေဆိုတာ ကောင်းမှုတွေကို ကျက်သရေဆိုတာပဲ) ကောင်းမှုတွေ ကောင်းမှုတွေ ကုသိုလ်ကောင်းမှုတွေ ရှိရင် ကျက်သရေရှိတယ်။ ကုသိုလ်ကောင်းမှုတွေ အကြောင်းပြုပြီးတော့ ရွှင်ရ ပျော်ရခြင်းဟာ ကျက်သရေရှိတယ်။
အဲဒီကျက်သရေဆိုတာ ကိုယ်သာသိတာမဟုတ်ဘူး။ ဘေးကလူက ကြည့်လိုက်ရင်လဲ သိတာပဲ။ ကုသိုလ်ကြောင့်ဖြစ်တဲ့ ပီတိမျိုးတွေ ဖြစ်နေ ကြတဲ့ ဒကာဒကာမတွေရဲ့မျက်နှာ အပြောအဆို အမူအရာတွေဟာ ကျက်သရေတွေ တိုးနေတယ်။
သရိတိ ပုညပညာနံ အဓိဝစနန္တိဝဒန္တိ။
ကျက်သရေဆိုသည်မှာ ကောင်းမှုနဲ့ ပညာ၏အမည်ပါလို့ မူလ ဋိကာဆရာကြီးက ဖွင့်ထားတာရှိတယ်။ ကောင်းမှုတွေရှိရင် ကျက်သရေ ရှိတာပဲ။ ဒါတင်လားဆိုတော့။
အထဝါ-တစ်နည်းပြောရလျှင်း ပုညနိဗ္ဗတ္တာ-ကောင်းမှုကြောင့်ဖြစ် ကုန်သော၊ သရီရာသောဘဂ္ဂါဒိ သမ္ပတ္တိယော-ခန္ဓာကိုယ်စါ တင့်တယ် လှပခြင်းအစရှိသော၊ သမ္ပတ္တိ-အမျိုးမျိုး ကောင်းကျိုးအရပ်ရပ်တို့ကို) သိရီတိ-သိရိဟူရ္ပါး ဝန္က -ဆိုအပ်ကုန်ဆါလို့ ဆိုတဲ့အတိုင်းပံ။
ကုသိုလ်တွေ ပြုထားလို့ တင့်တင့်တယ်တယ် နေကြရတဲ့ပုဂ္ဂိုလ်တွေ -ါ တင့်တင့်ခြင်းစသည်ကိုလည်း၊ သိရီ-ကျက်သရေလို့ ဆိုရတယ်။ ရှေးကောင်းမှုကုသိုလ်ရှိလို့ ယခုဘဝမှာ ပြည့်ပြည့်စုံစုံနဲ့ စားရေး။ ဝတ်ရေး။ နေရေး။ ထိုင်ရေး မပူပန်ရ။ မကြောင့်မကြရ၊ အစစ ပြည့်စုံပြီးတော့ နေခြင်းကို ဒါလဲ သိရီ-ကျက်သရေဆိုတာပဲ။
ခန္ဓာကိုယ် လှလှပပ တင့်တင့်တယ်တယ်။ နှစ်သက်ဖွယ်ဖြစ်မှု အဆင်းလှမှုဟာလဲ သိရီ-ကျက်သရေပဲ။
လောကပညာ-လောကုတ္တရာပညာ စသည်ဖြင့် ပညာအမျိုးမျိုးတွေ
တတ်မြောက်နေတာဟာလဲ ကျက်သရေရှိတာဝဲ
ကျန်းကျန်းမာမာ ရှိနေတာလဲ ကျက်သရေရှိတာပဲ
အိမ်နဲ့ရာနဲ့ အသုံးအဆောင်နဲ့ စသည်ဖြင့် လောကမှာ လောက အလိုက် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ နေရတာဟာလဲ ကျက်သရေပဲ။
စားဝတ်နေရေး မပူပင် မကြောင့်မကြ၊ လှူရေးတန်းရေး မပူပင် မကြောင့်မကြ၊ ယခုလို ထူးထူးခြားခြား လှူနိုင်ကြတာဟာလဲ ကျက်သရေ ပဲ
အဲဒီကျက်သရေဆိုတာ လူတိုင်းရှိတာမဟုတ်ဘူး။ တကယ့် ရှေး ကုသိုလ်ကောင်းမှု၊ ပုဗ္ဗေစ ကတပုညတာရှိမှ ကျက်သရေရှိကြတာ။ ဒါ့ကြောင့် ယနေ့ မိမိတို့မှာ ကျက်သရေကို အကြောင်းပြုပြီးတော့ နောင်အခါမှာ ခန္ဓကိုယ်တင့်တယ်လှပခြင်း' ပညာဉာဏ်ကြီးခြင်း၊ အစိုး ရခြင်း၊ တန်ခိုးကြီးပစ္စည်းဥစ္စာပြည့်စုံခြင်း အစရှိသော သမ္ပတ္တိအမျိုးမျိုး ကောင်းကျိုး အရပ်ရပ်တွေနဲ့ ပြည့်စုံကြပြီးတော့ သာပြီးတော့ တစ်ဘဝ ထက် တစ်ဘဝသာပြီးတော့ ကျက်သရေရှိကြသူတွေ။ မင်္ဂလာရှိကြသူတွေ ဖြစ်ပြီးတော့ မိမိတို့ရလာတဲ့ ကြုံလာတဲ့ဘဝမှာ တကယ့် သမ္ပတ္တိခေါ်တဲ့ ဘဝဇ််ပြည့်စုံခြင်း အဖုံပုံနှင့် ပြည့်စုံကြပြီးတော့ တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်ပြီး နောက်ဆုံး တကယ့်သမ္ပတ္တိလို့ဆိုတဲ့ မဂ်ဉာဏ် ဖိုလ် ဉာဏ် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ သမ္ပတ္တိကြီးကို လျင်လျင် မြန်မြန်ရပြီးတော့ တကယ့်ပုဒ္ဂိုလ်ထူးကြီးတွေ ဖြစ်နိုင်ကြပါစေ။ ဖြစ်ရ ပါလိုကုန်သောဟူရွှ ဆုတောင်းပတ္ထနာ ပြုကြကုန်'
(သာဓု သာဓု သာဓု)
မွေးနေ့မှတ်တမ်းမှ
ဗုဒ္ဓဂုဏ်တော်တရား
ဗုဒ္ဓဆိုတာ ဘုရားပဲ။ ဘုန်းကြီးတို့ ဗုဒ္ဓဆိုတဲ့နာမည်ဟာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ထူးခြားတဲ့နာမည်တစ်မျိုး။ ဘွဲ့တော်တစ်မျိုး။ ဘုရား ရှင် ကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်ကို ဖော်ပေးနေတဲ့ နာမည်လို့လဲ ဆိုနိုင်တာပေါ့။ ဗုဒ္ဓဆိုတာ သစ္စာလေးပါးမြတ်တရားကို ဆရာမရှိ ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်ကြီးလို့ ဆိုလိုတယ်
ဗုဒ္ဓလေးမျိုး
အဲ လောကမှာ ဗုဒ္ဓဆိုတာဟာ ဘုရားမှာသာရှိသလား။ ဒီလိုတော့ လဲ မဟုတ်ဘူး။ နာမည်ဆိုတာကတော့ သူမှည့် ကိုယ်မှည့်ဆိုရင် ရှိကြ တာပဲ။ အဲ-သို့သော် တကယ့်ဗုဒ္ဓအမည်က ဘုန်းကြီးတို့ ဘုရားမှာသာ ရှိတယ်။ ဗုဒ္ဓလေးမျိုးတဲ့
(၁) သုတ ဗုဒ္ဓ။ (၂) အနုဗုဒ္ဓ၊ (၃) ပစ္စေကဗုဒ္ဓ (၄) သမ္မာသမ္ဗုဒ္ဓ
သုတဗုဒ္ဓ
သုတဗုဒ္ဓဆိုတာ ဘုန်းကြီးတို့သာသနာတော်မှာ ကျမ်းဂန်စာပေတွေ သင်ကြားပို့ချပြီးတော့ စာပေဗဟုသုတရှိကြတဲ့ ဘုရားဟောတရားတော် တွေ အများအပြား မှတ်မိသိရှိ ရထားပြီးတော့ ထိုတရားတော်တွေကို အားလုံး ရှင်လူအများသိအောင် သင်ကြားဖော်ထုတ်ပေးနေတဲ့ ပုဂ္ဂိုလ် တွေ။ ရဟန်းတော်တွေကို သုတဗုဒ္ဓ၊ အဲဒီသုတဗုဒ္ဓကို ဘုရားရှင် ကိုယ် တော်မြတ်က အင်မတန် ကျေးဇူးများလို့ မိမိအရာမှာထားပြီးတော့ ချီးကျူးမြှေ့က်စားတာချည်းပဲ။ ဒါကြောင့်မို့လို့ သုတဗုဒ္ဓဆိုတာဟာလဲ
အဲ-သူကလဲ သာမညမဟုတ်ဘူး။ ဘုရားရှင်ကိုယ်တော်မြတ်က မိမိအရာမှာ ထားပြီး မြှောက်စားချီးကျူးခဲ့တဲ့ ဘုရားတစ်ဆူး အဲဒါက သာဝကတွေနဲ့ ဆိုင်တဲ့ ဘုရားတပည့်တွေ
အနုဗုဒ္ဓ
အနုဗုဒ္ဓဆိုတာက ဘုရားရှင်ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာ လေးပါးတရားကို ဘုရားရှင်ကိုယ်တော်မြတ် နည်းပေးသောအားဖြင့် သိမြင်ဖောက်ထွင်း၊ သိမြင်နားလည်လို့ မဂ်ဆိုက် ဖိုလ်ဆိုက် ဆိုက်ကြ တဲ့ အရိယာသာဝကတွေး အရိယာသာဝကတွေကို အနုဗုဒ္ဓ။ ဘုရားရှင် ကိုယ်တော်မြတ်သိသလို လိုက်သိကြတဲ့ အနုဗုဒ္ဓ။
ပစ္စေကဗုဒ္ဓ
ပစ္စေကဗုဒ္ဓဆိုတာကတော့ ဘုရားရှင်ကိုယ်တော်မြတ်များ မပွင့် သေးသည့်အခါ သာသနာပမှာ ဆရာမရှိ ရှေးက မိမိတို့ပြုခဲ့တဲ့ ပါရမီ ကြောင့် သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိကြတဲ့ ဘုရားငယ်လို့ ခေါ်ကြတဲ့ ပစ္စေကဗုဒ္ဓါပဲ1 ဘုရားငယ်တွေ။
ပစ္စေကဗုဒ္ဓါဆိုတာလဲ အမှန်အားဖြင့် သစ္စာလေးပါးတရားကို ကိုယ် တိုင်သိကြတာပဲ။ ဆရာမရှိဘဲ ကိုယ်တိုင်သိကြတာပဲ။ သို့သော်လဲပဲ သူများကို ဟောဖော်ပြသခြင်းငှာ မတတ်နိုင်ဘူး။ ဘာကြောင့်တုံး ဝေါဟာရပရိယာယ် ကြွယ်ဖို့1 ဝေါဟာရတွေ ထူးထူးခြားခြား နားလည် ဖို့ဆိုတာ သာဝကတို့ရဲ့အရာ မဟုတ်ဘူး။ ဘုရားရှင်ကိုယ်တော်မြတ် တို့ရဲ့ အရာ။
သမ္မာသမ္ဗုဒ္ဓ
စိတ်ထဲမှာ မိမိတို့ဉဉာဏ်ထံမှာသိနေတဲ့ သစ္စာလေးပါးတို့၊ ပဋိစ သမုပ္ပါဒ်တို့ သစ္စာလေးပါးတို့၊ ပဋ္ဌာန်းတို့ဆိုတာ အဲဒီတရားတွေကို ဒီလိုအမည် အမျိုးမျိုးတပ်ပြီးတော၊ အမည်အမျိုးမျိုးထွင်ပြီးတော့ အဲ ဟောဖို့ဆိုတာက သာမန်ပုဂ္ဂိုလ်တွေအရာမဟုတ်ဘူးး တကယ့် အတု
မရှိ အဲ-သဗ္ဗညုတဉာဏ်တော်ကြီးရှိတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အရာသာ
ဒါကြောင့် အဲသလိုဟောနိုင်ဖို့ရာ ပစ္စေကဗုဒ္ဓါတို့မှာ မတတ်နိုင်ဘူး။ ဘုရားရှင် ကိုယ်တော်မြတ်သာ တတ်နိုင်တယ်။ သဗ္ဗညုတဉာဏ်တော် ကြီးရှိလို့ အားလုံးတရားတွေကို အမည်အမျိုးမျိုးတပ်ပြီးတော့ အဓိပ္ပာယ် အမျိုးမျိုးဖွင့်ပြီးတော့။ နည်းအမျိုးမျိုး ခြယ်လှယ်ပြီးတော့ ဒီနည်းနဲ့မသိ ဟိုနည်းနဲ့။ ဟိုနည်းနဲ့မသိ နောက်တစ်နည်း နည်းပေါင်းများစွား အဲ- ထွင်ပြီးတော့ ဟောကြားပြသတော်မူတယ်။ အဲဒါကြောင့်မို့လို့ သူမတူ အောင် ထူးခြားတဲ့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားရှင်ကိုယ်တော်မြတ် ကြီးကို သမ္မာသမ္ဗုဒ္ဓလို့ ခေါ်တယ်။
သူတကာနဲ့မဆိုင်တဲ့ ဂုဏ်တော်
ဗုဒ္ဓထဲမှာ သမ္မာသမ္ဗုဒ္ဓ။ သမ္မာ=အမှန်အတိုင်း၊ သမ္ဗုဒ္ဓ=ကိုယ်တော် တိုင် သိတော်မူတယ်။ အဲဒါ ဗုဒ္ဓ၊ အဲဒီဗုဒ္ဓဆိုတဲ့ အဓည်ဟာ တကယ်တော့ ဘုရားနဲ့သာ ဆိုင်တယ်။ တခြားပုဂ္ဂိုလ်တွေနဲ့ မဆိုင်ဘူး။ ဘာကြောင့် တုံး။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ နာမည်တော်က အဲ-အနွယ်တော် အားဖြင့်ဆိုရင် ဂေါတမ။ နာမည်ရင်းအားဖြင့် သိဒ္ဓတ္ထမင်းသား။
သိဒ္ဓတ္ထ အဲဒီဗုဒ္ဓဆိုတဲ့အဓည်က ဂေါတမအမည်၊ သိဒ္ဓတ္ထဆိုတဲ့ အမည်ဟာ မိဘတွေက မှည့်ထားတဲ့အမည်၊ ဂေါတမက အနွယ်အရ ခေါ်ကြ ပြုကြတဲ့အမည်၊ အဲဒီအမည်တွေဟာ သူများမှည့်လို့ရထားတဲ့ အမည်တွေ။ ဗုဒ္ဓက သူများမှည့်ထားလို့ ရတဲ့အမည်မဟုတ်ဘူး။
ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ အရဟတ္တမဂ်ဉာဏ်။ သဗ္ဗညုတဉာဏ်တော် ကြီး ပိုင်တော်မူသည်က စပြီးတော့ လူနတ်ဗြဟ္မာတွေအားလုံးက ဗုဒ္ဓကို တကယ်သိတော်မူပါပေတယ် ဆိုပြီးတော့ ဗုဒ္ဓလို့ အသိအမှတ်ပြုတဲ့ အခါကစပြီးတော့ တွင်လာတဲ့အမည်တော်ကြီး၊ ဒါကြောင့် ဘယ်သူမှ မှည့်ရတာမဟုတ်ဘူး1 အရဟတ္တမဂ်ရလို့ အရဟတ္တမင်္ဂအဆုံး အရဟတ္တ ဖိုလ်အဆိုက်မှာ ရတော်မူလာတော့ အားလုံး လူနတ်ဗြဟ္မာ သတ္တဝါတွေ
အသိအမှတ်ပြုခြင်းဖြင့် တွင်လာတဲ့အမည်ကြီး၊
အမိကလဲ မှည့်ရတာမဟုတ်ဘူး အဖကလဲမှည့်ရတာ မဟုတ်ဘူး။ ဆွေတော်မျိုးတော်တွေကလဲ မှည့်ရတာမဟုတ်ဘူး။ ကိုယ်တော်တိုင် မျက်မှောက်ပြုတဲ့ အရဟတ္တမဂ်ဉာဏ်် သဗ္ဗညုတဉဉာဏ်တော်ကြီးကို အကြောင်းပြုပြီးတော့ အားလုံး ကမ္ဘာလောကဓာတ်က အဲ-ဂုဏ်တင်ရာက တွင်လာတဲ့ တကယ့်အမည်ကြီး၊ အဲဒီဗုဒ္ဓဟာ ဘုရားနဲ့သာဆိုင်တယ်
လောကဓာတ်မှာ ပဲ့တင်ထပ်နေ
ဒါကြောင့်မို့လို့ ယနေ့ ဗုဒ္ဓဆိုတဲ့အဓည်ဟာ ကမ္ဘာလောကမှာ ပဲ့တင် ထဝ်နေတယ်1 သာသနာမရှိတဲ့ နိုင်ငံတွေပေမယ့် ပညာရှိတွေက လေ့လာ လို့ သိနေတာပဲ။ အဲဒီတော့ ခုခေတ်လဲ အထိုက်အလျောက် ကမ္ဘာမှာ နှံ့နေတာပဲ။ လူ့ပြည်နတ်ပြည် ဗြဟ္မာ့ပြည်ကတော့ ပြောစရာမလိုဘူး။ နဂိုကတည်းက ဘုရားတပည့်တွေကကို အများကြီး၊ နတ်ပြည်မှာလဲ အများကြ ဗြဟ္မာပြည်ပွာလဲ အများကြီး၊ အဲ သုများဘိုတဲ့နာမညီဟာ လူ့ပြည်မှာသာ။ ဘုရားပွင့်ရာဌာနမှာ ပျောက်နေတယ်။
တရားပွဲတွေအခြံရှိ
နတ်ပြည်မှာကတော့ ဘယ်တော့မှမပျောက်ဘူးး ဟိုကတည်းက ဘုရားတပည့် နတ်တွေရှိတယ်။ ဘုရားတပည့် နတ်သား နတ်သမီးတွေ ယခုထက်တိုင်ရှိတယ်။ နောက်လဲ ရှိနေကြမှာပဲ။ နတ်ပြည်ဆိုတာ တရား ပွဲက အမြဲရှိတယ်။ အဲ-ဗြဟ္မာ့ပြည်လဲ အတူတူပဲ။ ဘုရားတပည့် နတ်တွေ ဗြဟ္မာတွေဟာ အများကြီး၊ ဒါကြောင့် လူ့ပြည်မှာ ဗုဒ္ဓဆိုတဲ့အသံ ကျော်စောတာထက် နတ်ပြည်ဗြဟ္မာ့ပြည်က ပိုပြီးတော့ ထင်ရှား ကျော်စောပါတယ်။
ဉာဏ်သာပဓာန
ကမ္ဘာမှာ အင်မတန် ကျော်စောနေတဲ့အမည်၊ အဲဒီအမည်ဟာ နတ်
ပြည်မှာကော ဗြဟ္မာ့ပြည်မှာကော မပျောက်ခဲ့ဘူး။ အဲဒီတော့ အဲဒီဗုဒ္ဓ ကိုပဲ ဘုန်းကြီးတို့ ကြံကြံဖန်ဖန် အနက်ယူကြတဲ့ ပုဂ္ဂိုလ်တွေရှိသေးတယ် နော်။ ဗုဒ္ဓဆိုတာ ခုနပြောသလို အနက်သဘာဝက ဉာဏ်ပဓာနပဲ။ သိ တယ် သိတော်မူတယ်။ သစ္စာလေးပါးကို သိတော်မူတယ်။ ဘယ်သူနဲ့မှမတူ
သင်္ခါရ။ ဝိကာရ၊ လက္ခဏ။ ပညတ်၊ နိဗ္ဗာန်တည်းဟူသော ဥေယျ ငါးခံ တရားမှန်တို့ကို အမှန်အတိုင်း သိမြင်တော်မူတယ် အဲ-သဗ္ဗညုတ ဉာဏ်တော်ကြီးကို ဖော်ပေးတယ်။ အဲဒီတော့ အဲ-ဗုဒ္ဓဆိုတာဟာ ကိုယ်တော်မြတ်ရဲ့ လူနဲ့လဲမတူ။ ဗြဟ္မာနဲ့လဲမတူ။ ဘယ်ပညာရှိနဲ့မှမတူ ဘယ်ပုဂ္ဂိုလ်တို့နှင့်မှ မတူအောင် သိတော်မူတယ်။ သိတော်မူတဲ့ အသိ ဉာဏ်ကြီး အကြောင်းပြုပြီးတော့ တွင်လာတဲ့အမည်။ ဗုဒ္ဓဆိုတာ အဲဒီတော့ တချို့က ကတ်ကတ်သတ်သတ် ကြံကြတယ်။
ကတ်ကတ်သတ်သတ်ကြံတဲ့ ပုဂ္ဂိုလ်တွေ
ဘုရားဆိုတာဟာ ဉာဏ်သာဘုရား၊ ခန္ဓာကိုယ်ကြီးက ဘုရားမဟုတ်
ဘူးလို့၊ အဲ-ကတ်ကတ်သတ်သငတ် ကြံတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဝိသုဒ္ဓခန္ဓသန္တာနော၊ ဗုဒ္ဓေါတိ နိယမော ကတော ခန္ဓသန္တာနသုဒ္ဓိသု၊ ဂုဏောတိ နိယမော ကတော
ဝိသုဒ္ဓ ခန္ဓ သန္တာနော-အလွန်စင်ကြယ်တဲ့ ခန္ဓာတော် အစဉ်ကြီး သည် အလွန်စင်ကြယ်တော်မူတဲ့ ကိလေသာတို့မှ အလွန်စင်ကြယ်တော် မူတဲ့ ခန္ဓာအစဉ်ကြီးကိုး ဗုဒ္ဓေါတိ-ဗုဒ္ဓဟူရ်၊ နိယမော-ပိုင်းခြားသတ်မှတ် ခြင်းကို ကတော-ပြုအပ်ပါပေ၏။
ခန္ဓ သန္တာ န သုဒ္ဓိသု-ခန္ဓာတော်အစဉ်၏ အလွန်စင်ကြယ်ခြင်းကို ကား၊ ဂုဏောတိ-ဂုဏ်ဟူရွ်၊ နိယမော-သတ်မှတ်ခြင်းကိုး ကတော- ပြုအပ်ပါပေ၏
ဘုန်းကြီးတို့ ဇိနာလင်္ကာရ ဋီကာအရ ဘုရားနဲ့ဂုဏ် ခွဲထားတယ်။
ဘုရားဆိုတာ ဘာတဲ့တုံး။
ဘုရားဆိုတာ
ဝိသုဒ္ဓ ခန္ဓ သန္တာ နော=စင်ကြယ်တဲ့ ခန္ဓာအစဉ်ကြီးဟာ ဘုရား တဲ့။ အဲ-အဲဒီခန္ဓာအစဉ်၏ စင်ကြယ်ခြင်းကိုတော့ ဂုဏ်လို့ ဆိုရတယ်တဲ့။ ဒီတော့ အဲ-ဂုဏ်နဲ့ပုဂ္ဂိုလ်ကို ခွဲလို့ရတာမဟုတ်ဘူး။ ဂုဏ်မပါဘဲလဲ ပုဂ္ဂိုလ် ပြောလို့မဖြစ်ဘူး။ ပုဂ္ဂိုလ်မပါဘဲလဲ ဂုဏ်ဆိုတာ ပြောလို့ဖြစ်တာ မဟုတ် ဘူး။ အဲဒါကို ကတ်ကတ်သတ်သတ် ခွဲယူကြတယ်။
အဲ-ဉာဏ်ဟာ ဘုရား၊ ခန္ဓာကိုယ်ကြီးဟာ ဘုရားမဟုတ်ဘူးလို့။ အဲဒီတော့ ဂုဏ်နဲ့ ပုဂ္ဂိုလ်ဆိုတာ ခွဲလို့ဘယ်ရမလဲ' ခွဲလိုက်ရင်လဲ ကွဲပြီး တော့ ဒီပုဂ္ဂိုလ်ကို ဘယ်လိုလုပ် အသုံးပြုပြောဆိုမတုံး။ ပြောဆိုလို့ မဖြစ်ဘူး။
ဒါကြောင့် ဂုဏ်ဆိုတာလဲ ပုဂ္ဂိုလ်ကြီးဥစ္စာ၊ ပုဂ္ဂိုလ်မှာ တည်နေတာ ဖြစ်တော့ အဲ-ဘုရားဆိုရင် ဂုဏ်လဲ ဘုရားပဲ။ ခန္ဓာလဲ ဘုရားပဲ) ဂုဏ်နဲ့ ခန္ဓာ နှစ်ခုပေါင်းကို ဘုရားခေါ်တာပဲ။
အဲဒါကြောင့် ဝိသုဒ္ဓ ခန္ဓ သန္တာနော-စင်ကြယ်သည့် ခန္ဓာအစဉ်ကို၊ ဗုဒ္ဓေါတိ-ဗုဒ္ဓဟူရွ်။ ဘုရားဟူရဤ နိယမော-သတ်မှတ်ခြင်းကိုး ကတော- ပြုအပ်ပါပေ၏။
အဲ-စင်ကြယ်ခြင်းကို ခန္ဓာအစဉ်ကြီးး စင်ကြယ်တာလဲပါတယ်။ ခန္ဓာအစဉ်လဲပါတယ်' စင်ကြယ်တာကိုခွဲလို့။ ခန္ဓာအစဉ်ကြီးကို ခွဲထုတ် လို့ရတာ မဟုတ်ဘူး။ အဲ-စင်ကြယ်တာချည်းပဲ ခွဲထုတ်ပြီး ခန္ဓာအစဉ် ကြီး ဖယ်ထုတ်လို့လဲ ရတာမဟုတ်ဘူး။ အဲသလို ဖယ်ထုတ်ရင် တစ်ခုက ပဲ့ပြီး ဘယ်မှာပြည့်ပြည့်စုံစုံ ဘုရားခေါ်နိုင်တော့မလဲ
ဗုဒ္ဓလို့ ဘုန်းကြီးတို့ကျမ်းဂန်များမှ နှစ်ပုဒ်ခွဲတယ်။ ဗုဓ်ရယ်+ဓရယ်။ ဗုဓ်=ဆိုတာ အသိ၊ ဓ= ဆိုတာက မူတတ်တယ်။ သိတော်မူတတ်တယ်။
သိတယ်။ ဝတ်တယ်
သိဆိုတာက ဘာတုံး။ သိဆိုတာဟာ ခုနပြောတဲ့ဉာဏ်တွေပဲ။ အဲ-
အရဟတ္တမဂ်ဉာဏ်ကြီး' သဗ္ဗညုတဉာဏ်တော်ကြီးကို ဗုဓိဆိုတာ သိတယ် တဲ့။ သိတဲ့အရာတွေး အဲ-ပါရမီဉာဏ်တို့၊ မဂ်ဉာဏ်တို့၊ ဖိုလ်ဉာဏ်တို့၊ ဝိပဿနာဉာဏ်တို့ဆိုတဲ့ ဉာဏ်တွေလဲ ဒါသိတဲ့အထဲ အကုန်ပါကုန်ပြီ။ ရှေးရှေးဉာဏ်တွေး နောက်နောက်ဉာဏ်တွေ။ အကုန်လုံးဉာဏ်တွေ။ ဟော-တတ်ဆိုတာဘာတုံး။ အဲဒီအသိရှိတဲ့ပုဂ္ဂိုလ်ပဲ တတ်ဆိုတာဘုရားပဲ။ ခန္ဓာငါးပါးပါပဲ။ ခန္ဓာငါးပါးဆိုရင် အသိလဲပါသွားတယ်။
ဒီတော့ ပုဒ်နှစ်ခုပေါင်းလိုက်မှ ပြည့်ပြည့်စုံစုံဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ပုဒ်ကြီးကို ဉာဏ်တော်ရှင်ဘုရားကြီးလို့ မကောက်ဘဲနဲ့ ဉာဏ်တော်က သာ ဘုရား၊ ခန္ဓာက ဘုရားမဟုတ်ဘူးလို့ ခွဲခြားပြီးတော့ ကောက်ကြ တယ်။ တချို့က ကြံကြံဖန်ဖန်။ ဒါ ရှေးက အင်မတန် အငြင်းပွားခဲ့တဲ့ အရာတစ်ခု။
ဂုဏ်တော်တွေနဲ့ ထုံအပ်တဲ့ခန္ဓာ
ဒီတော့ ဘုရားဆိုတာ ဂုဏ်ဘော်တွေရှိတဲ့ခန္ဓာ။ ဂုဏ်ဆိုတာက အဲဒီခန္ဓာမှာ တည်နေတဲ့ဂုဏ်' သီလအစရှိတဲ့ဂုဏ်။ သမာဓိဂုဏ်။ ပညာ ဂုဏ်။ ဝိမုတ္တိဂုဏ်။ ဝိမုတ္တိဉာဏဒဿနဂုဏ် အစရှိသောဂုဏ်တော်တွေ အဲဒီဂုဏ်တော်တွေကို ဘုရားလို့ ဆိုရတယ်။ ဂုဏ်တော်တွေအဖြစ် ထုံအပ်တဲ့ ခန္ဓာငါးပါး။ ဘုရားကိုယ်တော်ကြီးကို ဘုရားလို့ဆိုရတယ်။
အတုမရှိတဲ့ ပုဂ္ဂိုလ်ထူးကြီး
အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ အဲ-အတုမရှိတဲ့ သီလဂုဏ်။ သမာဓိဂုဏ်။ ပညာဂုဏ်။ ဝိမုတ္တိဂုဏ်။ ဝိမုတ္တိဉာဏဒဿနဂုဏ် အစရှိသောဂုဏ်တွေး အတုမရှိသော ဂုဏ်တော်တွေ။ ကံတော်တွေ။ ဉာဏ်တော်တွေ အဲ-ဘုန်းတော်၊ ကံတော်၊ ဉာဏ်တော်၊ တန်ခိုးတော်တွေ ရှိတဲ့ တကယ့်ပုဂ္ဂိုလ်ထူးကြီးး အဲ-တကယ့်ပုဂ္ဂိုလ်ထူးကြီးကို ယနေ့ ပူဇော် ကြတယ်။ နောက်နောက်က မိမိတို့ ပူဇော်ကြတယ်။ အဲ-တကယ်ပူဇော် ထိုက်လို့ ဂူဇော်ကြခြင်းဝဲ။ တကယ်မြတ်နိုးထိုက်လို့ မြတ်နိုးကြခြင်းပဲ။
ပူဇော်ထိုက်တဲ့ဂုဏ်ရှိလို့ ပူဇော်ကြခြင်းပဲ။ မြတ်နိုးထိုက်လို့။ မြတ်နိုး ထိုက်တဲ့ဂဏ်ရှိလို့ မြတ်နိုးကြခြင်းပဲ'
လူ၊ နတ်၊ ဗြဟ္မာတို့ ဦးညွှတ်ရ
အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ဟာ တရားထူးရှိတယ်။ တရားမြတ်ရှိတယ်။ တန်ခိုးရှိတယ်။ ဂုဏ်ရှိတယ်။ အမျိုးမျိုး သူမတူ အောင် ထူးခြားတဲ့ အံ့ဖွယ်ရာအစ္ဆရိယဂုဏ်တော်တွေ ရှိနေသောကြောင့်၊ တန်ခိုးထူးတွေ ရှိနေသောကြောင့်လဲ ဦးညွှတ်ရ။ ဗြဟ္မာလဲဦးညွှတ်ရ။ တကယ့်ထိဝ်သီး ရဟန္တာကြီးတွေလဲ ဦးညွှတ်ရတယ်။
ပူဇော်ရကျိုးနပ်
အဲဒါကြောင့် မိမိတို့ပူဇော်ရတာဟာ ပူဇော်ရကျိုးနပ်တယ်။ တကယ့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကို ယနေ့ ပူဇော်ကြရတယ်။ ဗုဒ္ဓနေ့ရည်ရွယ်ပြီး တော့ တကယ့်ဗုဒ္ဓဖြစ်တဲ့ ဘုရားအစစ် တကယ့်တန်ခိုးရှင် ဉာဏ်ရှင် ကံရှင်အတုမရှိတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကြီးကို တို့ပူဇော်ကြရတယ်လို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် မိမိတို့ပူဇာအမှုကို အကျိုးရှိတယ်။ အားရဖွယ်ကောင်းတယ်လို့ ခံယူချက်ဖြင့် မိမိတို့ ယနေ့မှာ ဗုဒ္ဓပူဇာ ဓမ္မပူဇာ သံဃပူဇာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဗုဒ္ဓနေ့ ဘုရားရှင် ယ်တော်မြတ်ရဲ့ ၂ ဗုဒ္ဓ အဖြင်တို။ ရည်ရွယ်ပြီးတော့ .ပူဇော်ကြတဲ အခါသမယမှာ အကျိုးရှိတယ်။
ကုသိုလ်တွေတိုးပွားအောင် ကြိုးစားကြပါ
ဗုဒ္ဓကိုလဲပူဇော်ရ။ ဓမ္မကိုလဲပူဇော်ရ။ သံဃာကိုလဲပူဇော်ရ တကယ် ကောင်းမြတ်တဲ့ ပူဇော်ခြင်းဖြင့် ပူဇော်ကြရတယ်လို့ နှစ်သက်ရွှင်လန်း ၀မ်းမြောက်ခြင်းဖြင့် အမှတ်တရ မိမိတို့ကုသိုလ်ကို အောက်မေ့ပြီးတော့ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေ။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
နိဗ္ဗာန်နဲ့နီးတဲ့ အလှူတရားတော်
နှစ်စဉ်နှစ်တိုင်း ပူဇော်နေကျ လှူဒါန်းနေကျ အလှူပွဲသဘင်ကြီး၊ ရှင်ပြုရဟန်းခံ အလှူပွဲသဘင်ကြီး ဆင်ယင်ကျင်းပ ပူဇော်ကြ ချီးမြှောက် ကြတယ်။ ဒီနှစ်တော့ နည်းနည်းတိုးတက်လာတယ် ဒီနှစ် ရှင်လောင်း မလှည့်ဘူး မဟုတ်လား။ (မလှည့်ပါ ဘုရား)။ အေး. . . အဲဒါ တိုးတက် လာတာပဲ လူတွေအနေနဲ့တော့ ဆုတ်ယုတ်တယ်လို့ထင်ကြမှာ။ အမှန်က တိုးတက်တာနော်။ ဟုတ်လား ဒီနေ့ အလှူကြီးတစ်ဆင့် တိုးတက်သွား တယ်။ တိုးတက်တယ်လို့ ခံယူရဲ့လား။ (ခံယူပါတယ် ဘုရား)။ အေး-လောကမှာ အပိုတွေ မလုပ်ချင်ကြရဘူးနော်။ အပိုတွေ မလုပ်ချင် ကြရဘူး။ လိုအပ်တာကိုသာ လုပ်ရတယ်။ တစ်နည်းပြောရရင် လောက အလိုကို မလိုက်ရဘူး။ ဓမ္မဘက်ကို လိုက်ရတယ်။
အေး... ကုသိုလ်ဆိုတာကတစ်မျိုး။ တို့လောက ပွဲသဘင်တွေ လုပ် ကြတဲ့အခါ ကျတော့လဲ လုပ်ကြပေါ့။ ဘာတွေလုပ်လုပ် အလှူကျတော့ တစ်မျိုး အလှူသဘင် ဆင်ယင်ကျင်းပ ပူဇော်ကြတဲ့အခါမှာ ဓမ္မဘက်ကို သာ လိုက်ရတယ်။ လောကဘက်မလိုက်ရဘူး။ လောကဘက်လိုက်ရင် ကိုယ့်မှာဘာဖြစ်လဲ။ တန်ဖိုးနည်းနည်း လျော့သွားတတ်တယ်။ ဓမ္မဘက်ကို လိုက်မှ တန်ဖိုးမြင့်သွားတယ်။
ဓမ္မဘက်ကျတော့ ပါးစပ်ကတော့ ဆိုတာပေါ့။ သံသာရဝဋ္ဌဒုက္ခတော မောစနတ္ထာယ=သံသရာ၀ဋ်မှ ထွက်မြောက်ခြင်းအကျိုးငှာလို့ ဆိုတယ်။ သို့သော် အလုပ်ကတော့ သံသရာ၀ဋိမှ လွတ်မြောက်ဖို့ထက် လောကမှာ ထည်ထည်ဝါဝါ ခမ်းခမ်းနာနားဖြစ်ဖို့ကို ရှေ့တန်းတင်ထားကြတယ်။ အဲဒါမျိုးကျတော့ နိဗ္ဗာန်နဲ့မနီးဘူး။ နိဗ္ဗာန်နဲ့ နည်းနည်းဝေးသွားတယ်။ န ဗ္ဗနန.န်းဟဲ အလှူဆိုတာက အခုလိ လောက .မလိုက်ရဘူး ဓမ္မကိုလိုက်ရတယ်။ တရားနဲ့လျော်စွာသာ ကျင့်သုံးကြရတယ်။ တရားနဲ့ မလျော်တဲ့အပိုတွေ သိဝ်မလုပ်ကြရဘူး။ အပိုတွေဆိုတာဟာ အလကားပဲ။
အနှစ်သာရမဟုတ်ဘူး1 အနှစ်သာရက တကယ့်ကုသိုလ်တွေသာ အနှစ် သာရ။ ကုသိုလ်တွေ ကောင်းမှုတွေ ဒါတွေသာ အနှစ်သာရ အပိုတွေဟာ အနှစ်သာရမဟုတ်ဘူး။ အဲဒါတွေဟာ အကာတွေ။ လောကမှာ ကုသိုလ် ဆိုတာဟာ ဘယ်လိုကြောင့် ဖြစ်လာရတာတုံး။
မိမိတို့ နှစ်တိုင်းနှစ်တိုင်း ဒီအလှူပွဲကြီး ဆင်ယင်ကျင်းပခဲ့ကြတယ်။ ဒီနှစ်လဲ ဆင်ယင်ကျင်းပခဲ့ကြတယ်။ ဘာကြောင့် အဲဒီကုသိုလ်တွေ ဖြစ်လာသတုံးဆိုတော့ နီးကပ်တဲ့အကြောင်းရင်းကို ရှာလိုက်ရင် . . . ယောနိသော ဘိက္ခဝေ မနသိကရောတော။ အနုပ္ပန္နာစ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ။ ဥပ္ပန္နာစ ကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တန္က္တိ ဘိက္ခဝေ-ချစ်သားရဟန်းတို့၊ ယောနိသော-သင့်သောအကြောင်း အားဖြင့် (ဝါ) ယောနိသော-နည်းမှန်လမ်းမှန် ထုံးတမ်းအမှန်အားဖြင့်၊ မနသိကရောတော-နှလုံးသွင်းသောပုဂ္ဂိုလ်အား၊ အနုပ္ပန္နာ-မဖြစ်ပေါ်ကုန် သေးသော၊ ကုသလာဓမ္မာစေ၀-ကုသိုလ်တရားတို့သည်လည်း။ ဥပ္ပဇ္ဇန္တိ- ဖြစ်ပေါ်လာရလေကုန်၏ / ဥပွန္နာ-ဖြစ်ပေါ်ကုန်ပြီးသော ကုသလာ ဓမ္မာစ-ကုသိုလ်တရားတို့သည်လည်း ဘီယျောဘာဝါယ- လွန်စွာတိုးပွား အကျိုးများခြင်းငား .ဝေပုလ္လာယ-မြန်.ပြောခြင်းငာ) ဥပ္ပ္လန- ဖြစ်က ပါပေကုန်သတည်း။
အဲ ... အလှူပွဲကြီးဖြစ်ဖို့ နီးကပ်တဲ့အကြောင်း ပြောစမ်းပါဆိုရင် ယောနိသောမနသိကာရတဲ့။ ယောနိသော မနသိကာရဆိုတာ အသင့် အတင့် နှလုံးသွင်းမှု၊ အသင့်အတင့်နှလုံးသွင်းမှုဆိုတာ နည်းမှန်လမ်းမှန် နှလုံးသွင်းမှု အသင့်အတင့်နှလုံးသွင်းမှုကို အကြောင်းပြုပြီးတော ကုသိုလ် တွေ ဖြစ်လာကြရတယ်1 အသင့်အတင့် နှလုံးသွင်းမှုဆိုတာ ဘာတုံး။ အေး. . . ကုသိုလ်ပြုရင် ကောင်းသောအကျိုးရတယ်။ အကုသိုလ်ပြုရင် မကောင်းသောအကျိုး ရတယ်ဆိုတဲ့ ကမ္မသကတာ သမ္မာဒိဋ္ဌိ။ အဲဒီသမ္မာဒိဋ္ဌိကို အရင်းခံပြီးတော့ ဖြစ်လာကြရတယ်။ ကုသိုလ်ပြုရင် ကောင်းသောအကျိုးရတယ်ဆိုတဲ့
ခံယူချက် မိမိတို့မှာရှိတယ်။ မိမိတို့မှာ ယုံကြည်ချက်ရှိတယ်- သဒ္ဓါ။ မိမိတို့ အသိဉာဏ်ရှိတယ်- ပညာ-သမ္မာဒိဋ္ဌိ1 အဲဒီသမ္မာဒိဋ္ဌိ အဲဒီပညာ။ အဲဒီသဒ္ဓါဆိုတဲ့ ယောနိသောမနသိကာရတွေကို အကြောင်းပြုပြီးတော့ ယနေ့ အလှူပွဲကြီးဖြစ်လာရတယ်။
အဲဒီ ယောနိသောမနသိကာရက ဘယ်လိုကြောင့် ဖြစ်လာရသတုံးလို့ တစ်ဆင့်လဲတက်ရသေးတယ်' တစ်ဆင့်တက်ခြင်းက လောကမှာ တချို့ ကိစ္စတွေဟာ အမှန်အကန်သိမှ နည်းမှန်လမ်းမှန်အတိုင်း အကြောင်းမှန်ကို သိမှ မှန်ကန်တဲ့လုပ်ငန်းတွေမှာ မိမိတို့ဘဝကို ချပေးနိုင်မယ်1
တစ်ဆင့်တက်ပြီးတွေးကြတော့ ဗုဒ္ဓုပ္ပါဒ နဝမခဏဆိုတဲ့ ကိုးခုမြောက် အခွင့်အခါကောင်းကြီးနဲ့ကြုံလို့ အဲဒါကြောင့် သာသနာတော်မှာ ရှင်ပြု ပွဲကြီး ဆင်ယင်ကျင်းပနိုင်ကြတယ်။ မိမိကိုယ်တိုင်လဲ ရှင်ပြုရဟန်းခံ လုပ်ကြရတယ်။ အခုလို ရှင်ပြုပွဲသဘင်ကြီး ဆင်ယင်ကျင်းပ ပူဇော်ကြ ရတယ်။ အဲဒါတွေဟာ ယောနိသောမနသိကာရ ဖြစ်ခြင်းအကြောင်းပဲ။ နဝမခဏကြီးနဲ့ ကြုံကြိုက်လို့ နဝမ-ကိုးခုမြောက်သော ခဏကြီးဆိုတာ ဘာတုံး။
အဖြေက အမျိုးစုံပဲ။ ဘုရားပွင့်ခြင်းဟာလဲ နဝမခဏပဲ' မိမိတို့က ဘုရားပွင့်ရာ အခါကြီးနဲ့ကြုံကြိုက်ပြီးတော့ ပတိရူပဒေသဝါသ-သင့်လျော် လျောက်ပတ်အရပ်ခ််ဖြစ်ရတယ် ယနေ့ ကုသိုလ်ပွဲကြီးဖြစ်ရတယ် နောက် နောက်က ကုသိုလ်ပွဲကြီးတွေလဲ ပြုခဲ့ရတယ်။ အဲဒီပတိရူပ ဒေသဝါသ ဖြစ်ခြင်းဟာလဲ အကြောင်းတစ်ရပ်ပဲ1 ရတနာသုံးပါးထွန်းကားရာ အရပ် ဒေသ။း အဲဒီမှာ မိမိတို့ဖြစ်ကြရတယ်။ ဖြစ်ကြရလို့ ဟော ခုနပြောတဲ့ ယောနိသောလေး ထားတတ်တယ်။ ပြီးတော့ ပတိရူပဒေသမှာရနိုင်တဲ့ သူတော်ကောင်းတွေနဲ့ ပေါင်းသင်းမှု၊ အဲဒီ အခွင့်အလမ်းကြီးလဲ ကြုံ ကြရတယ်။ အဲဒီခဏကြီးလဲ ကြုံကြရတယ်။ သူတော်ကောင်းတွေနဲ့ ပေါင်းသင်းရတယ်။
မိမိတို့မဘာတွေဟာ သူတော်ကောင်းတွေ။ မိမိတို့ဆရာသမားတွေဟာ သူတော်ကောင်းတွေ။ အဲဒီသူတော်ကောင်းတွေနဲ့ ပေါင်းသင်းကြရတယ်။
မိမိတို့မိတ်ဆွေ သင်္ဂဟတွေဟာ သူတော်ကောင်းတွေ။ ဒီသူတော်ကောင်း တွေနဲ့ ပေါင်းသင်းကြရလို့ အခုလို ယောနိသောမနသိကာရ ထားတတ် တယ်။ သာသနာတော်ကြီးရဲ့တန်ဖိုး သိကြရတယ်။
ဒါတင်လားဆိုတော့ သူတော်ကောင်းတို့နှင့် ပေါင်းသင်းရခြင်း ကြောင့် ပတိရူပဒေသဆိုတာ ခဏတစ်ခု။ အခွင့်အခါကောင်းကြီးတစ်ခု။
သပ္ပုရိသူပနိဿယ=သူတော်ကောင်းတို့နှင့် ပေါင်းသင်းခြင်းဟာ အခွင့်အခါကောင်းကြီးတစ်ခု။ သူတော်ကောင်းတို့နှင့် ပေါင်းသင်းရတော့ ဘာဖြစ်သတုံး။ မိမိတို့လဲ သူတော်ကောင်းဖြစ်ကြရတယ်နော်
အတ္တသမ္မာပဏိဓိ=မိမိကိုယ်ကို ကောင်းစွာထားနိုင်ကြတယ်။ မိမိ စိတ်ကို ကောင်းစွာထားနိုင်ကြတယ်။ ကိုယ်နဲ့ အကုသိုလ်မဖြစ်အောင် ကြိုးစားကြတယ်။ စိတ်ဖြင့် အကုသိုလ်မဖြစ်အောင် ကြိုးစားကြတယ်။ စိတ်ဖြင့် အကုသိုလ်မဖြစ်အောင် ကြိုးစားကြတယ် ကိုယ်ဖြင့်ကုသိုလ်ဖြစ် အောင် ကြိုးစားကြတယ်) စိတ်ဖြင့် ကုသိုလ်ဖြစ်အောင် ကြိုးစားကြတယ်။ ကိုယ်ရောစိတ်ရော ကုသိုလ်တွေဖြစ်အောင် ကြိုးစားကြတော့ အဲဒီပုဂ္ဂိုလ် တွေဟာ ဘာလဲ သပ္ပုရိသ=သူတော်ကောင်းတွေး အတ္တသမ္မာပဏိဓိ မင်္ဂလာပြည့်စုံကြတဲ့ ပုဒ္ဓုလ်တ္မ။
ကောင်းပြီ . . အဲဒီ အတ္တသမ္မာပဏိဓိဖြစ်ဖို့ရာ သူတော်ကောင်းတွေ ဖြစ်ကြဖို့ရာ အကြောင်းမရှိဘဲ ဖြစ်လာသလား။ ဒီအကြောင်းကိုလဲ သိရ တယ်။ အကြောင်းသိမှ အဲဒီအကြောင်းမမေ့မှာ။ အဲဒီအကြောင်းကို မမေ့ ရင်မိမိတို့မှာ အဲဒီအကြောင်းလေးမမေ့အောင် ကြိုးစားကြတယ်။ သူတော် ကောင်းတွေဆိုတာ အကြောင်းမဲ့သက်သက် ဖြစ်လာတာလား။ မဟုတ် ဘူးနော်။ ဘာမှ အကြောင်းမဲ့သက်သက် ဖြစ်တာမရှိဘူး ဘုရားပွင့်ရာ အရပ်ဒေသမှ ဖြစ်ကြရတာ။ ပတိရူပဒေသမှာ ဖြစ်ရတာလဲအကြောင်း ရှိတယ်။ သူတော်ကောင်းတွေနဲ့ ပေါင်းရလို့ မိမိတို့ သူတော်ကောင်း ဖြစ်ရတာ။ ကိုယ် စိတ်ကို ကောင်းစွာထားနိုင်တဲ့ အတ္တသမ္မာပဏိဓိ မင်္ဂလာပြည့်စုံကြရတယ်။
အားလုံး အဲဒါတွေဟာ အကြောင်းကြောင့်ချည်း ဖြစ်တာ။
အကြောင်းကင်းလို့ ဖြစ်တာမဟုတ်ဘူး။ အဲဒီလိုအကြောင်းကိုသိရတယ်။ မျက်ခြည်မပြတ်ရဘူး။ မျက်ခြည်ပြတ်သွားရင် မေ့တတ်တယ်။ ဒါကြောင့် မမေ့ဖို့လဲ အရေးကြီးတယ်။ အေး-ဒါကြောင့် ပဋိရူပဒေသဖြစ်ရ။ သပ္ပုရိသူပနိဿယ သူတော်ကောင်းတွေနဲ့ ပေါင်းသင်းရ။ အတ္တသမ္မာ ပဏိဓိ-မိမိကိုယ်စိတ်ကို ကောင်းစွာထားတတ်တဲ့ သူတော်ကောင်းတွေ ဖြစ်ရတယ်။ အားလုံး အကြောင်းရှိတယ်။
အဲဒီအကြောင်းဟာ ဘာတုံးဆိုတော့- ပုဗ္ဗေစ ကတပုညတာတဲ့။ ရှေးရှေးဘဝက ကောင်းမှုအထူး ရှိခဲ့ဖူးလို့နော်။ ကောင်းမှုအထူး ရှိခဲ့ဖူးလို့။ နောက်ဆုံးတော့ မိမိတို့ဟာ ဘုန်းရှင်ကံရှင်တွေမို့လို့ အဲဒီ ကောင်းမှုရှိလို့ ဘုန်းရှင်ကံရှင် ဖြစ်ကြရတယ်။ ဒါကြောင့် ခုနပြောတဲ့ စက်တွေ စက်တွေလှည့်တာ။ စက်လည်တယ်ခေါ်တယ်နော်။ ပုဗ္ဗေစကတပုညတာ ဆိုတာ ရှေးဘဝက မိမိတို့ပြုခဲ့တဲ့ ကောင်းမှုအထူးရှိတယ်။ မိမိတို့ မသိသည်ဖြစ်စေး သိသည်ဖြစ်စေ။ ကာရဏာနုမာနည်း-အကြောင်းကို န်းဆပ္ပီး သံရတူနည့် ) ပသဿနတနနယ္လါး -အကျိုးကို မှန်းဆပြီး သိရတဲ့နည်း။ အဲဒီနည်းတွေနဲ့ မှန်းဆလိုက်မယ်ဆိုရင် ရှေ့ဘဝက အကြောင်းမြင်တယ်။ အဲဒီအကြောင်းဟာ ဟို မိမိတို့ သာသနာနဲ့ ကြုံတွေ့ခဲ့ပြီးတော့ ယခုလိုပဲ ကုသိုလ်ကောင်းမှုတွေ ပြုခဲ့ကြတယ်။
ရှေးဘဝက ပုဗ္ဗေစကတပုညတာ ဖြည့်ဆည်းပူးခဲ့လို့ ယခုဘဝ လူဖြစ် လာရတယ်' ပတိရူပဒေသဝါသမှာ ဖြစ်လာရတယ်။ ပတိရူပဒေသဝါသမှာ ဖြစ်ရတယ်။ သူတော်ကောင်းတို့နှင့် ပေါင်းသင်းရတယ်။ မိမိကိုယ်စိတ်ကို ကောင်းစွာ ထားနိုင်ကြတယ်။ ဒါကြောင့် အလှူကြီးဖြစ်လာရတယ်
အဲဒါကြောင့် စက်လည်ခဲ့တာ။ စက်လည်ခဲ့တာ။ ဒီဘဝကပြုခဲ့တဲ့ ယခုကောင်းမှုတွေး အဲဒီကောင်းမှုတွေဟာလဲ ဒီလိုပဲ နောက်ကျတော့ မိမိတို့ကို ပတိရူပဒေသ ပို့ပေးမယ် နောက်သူတော်ကောင်းတွေနဲ့ ပေါင်း သင်းပြီးတော့ တကယ့်သူတော်ကောင်းတွေ ဖြစ်ကြရအောင် ရွက်ဆောင် ပေးမယ်။ ပေးရင် ဘာဖြစ်တုံး။ ပေးလို့ရှိရင် မိမိတို့မှာ နောက်ဘဝလဲ ဒီဘဝထက်သာပြီးတော့ ဒီစက်တွေလည်မှာပဲ။ လည်တော့ လူကောင်း
သူကောင်းဖြစ်ကြမယ်။ တကယ့်သူဌေးသူကြွယ်တွေး မင်းတွေစိုးတွေ ဖြစ်ကြမယ်။ တကယ့်တရားထူးတွေ ရကြမယ်။ အတ္တသမ္မာပဏိဓိ ပြည့် စုံပြီးတော့ မင်္ဂတရား ဖိုလ်တရား နိဗ္ဗာန်တရား ရကြမယ်။ ရအောင်လဲ ဝိပဿနာတရား ထူးခြားအောင် ကျင့်ကြံနိုင်ကြမယ်။ ဒီနောက် လျှောက် ပြီး ဆက်လိုက်လို့ရှိရင် စက်လည်နေကြမယ်။ နောက်လဲ ဒီစက်ကလည် မှား စက်မလည်ဘဲနဲ့ ရပ်ပြီဆိုရင်သွားရေား စက်ရပ်တယ်ဆိုတာ အပါယ် သွားတာ။ အပါယ်ရောက်ရင် ခေါင်းမထောင်နိုင်တော့ဘူး ခေါင်းမထောင် နိုင်ရင် ဘယ်မှာသွားပြီး ဒီတရားတွေ အားထုတ်နိုင်မတုံး။ ပြုနိုင်ကြ တော့မတုံး။
လူ့ဘဝဆိုတာ စက်လည်ဖို့အရေးကြီးတယ်။ အဲဒီတော့ စက်လည် တာဟာ မိမိတို့ ဘာကြောင့်လည်သတုံး။ ရပ်ပြစ်ရှစ်ပါးကလွတ်လို့။ အခု မိမိတို့ကြုံနေရတဲ့ ခဏကြီးကို နဝမခဏ-ကိုးခုမြောက်တဲ့ခဏကြီး၊ အခွင့်ကောင်း အခါကောင်းကြီးလို့ဆိုတယ်။ ကိုးခုမြောက်ဆိုတော့ ရှစ်ခု ကနေပြီးတော့လွတ်လာလို့ ကိုးခုမြောက်ရောက်လာတယ်။ ထွက်လာတဲ့ ရှစ်ခုမြောက်ကြီးကိုလဲ သိရမယ်နော်။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရပ်ပြစ်ရှစ်ပါးတော့ ကြားဖူးနေကြတယ်။ ရပ်ပြစ်ရှစ်ပါးရော သိကြရဲ လား သိရတယ်။ ကောင်းတာသိရသလို မကောင်းတာလဲ သိရတယ်။ အဲဒီလိုသိမှ မကောင်းတာကြီးကို ကြောက်မှာ။
ရပ်ပြစ်ရှစ်ပါးက-
ဘုရားပွင့်ရာ အခွင့်အခါတော့ကြုံရဲ့။ မိမိက ငရဲရောက်နေရင် ဒီလူ ဟာပြီးရော။ သာသနာနဲ့မတွေ့နိုင်တော့ဘူးး တွေ့လဲ အလကားပဲ။ ဒုတိယ တိရစ္ဆာန်ဘုံဖြစ်နေရင်လဲ ဘုရားပွင့်ပေမယ့် အလကားပဲ။ သူ့အဖို့ ဘာမှ ဝိ၀ဋ္ဒနိဿိတကုသိုလ်တွေး မဂ်ကုသိုလ် ဖိုလ်ကုသိုလ်တွေ မရနိုင်တော့ ဘူး ပြီးရော. . . သူ့အဖို့ ဘာမှအကျိုးမရှိဘူးး အလကားပဲ။ ဘုရားပွင့် တဲ့အခါနဲ့ ကြုံပေမယ့် အလကားပဲ။ ဘုရားပွင်ပေမယ့် မိမိက ပြိတ္တာဘဝ ဖြစ်နေရင်လဲ အလကားပဲ။ အဲဒါရပ်ပြစ်ခေါ်တယ်။ အက္ခဏတဲ့နော်။ တရားရရာ အခွင့်အခါမဟုတ်ဘူး။ ဗြဟ္မစရိယဆိုတဲ့ မဂ်ဖိုလ်ရရာ အခွင့်
အခါမဟုတ်ဘူး' အက္ခဏတဲ့။
ပြီးတော့ အသက်ရှည်တဲ့ ဗြဟ္မာကြီးတွေဖြစ်နေပြန်ရင်လဲ ပြီးရေား အက္ခဏပဲ။ ဘုန်းကြီးတို့ အသညသတ်ဘုံဆိုတာ ရှိတယ်။
အသက်အင်မတန်ရှည်တယ်။ ရှည်ပေမယ့် အသညသတ်ဆိုတာ ရုပ်သာရှိတယ်။ ဘုရားရှင်က တရားဟောလဲမရဘူး။ ဘာမှ နားမလည် ဘူး။
အရူပဆိုတာကလဲ နာမ်လေးသာရှိတယ် ရုပ်မရှိဘူးး ဘာတရားမှ မနာခံသာဘူးး ပရတော ဃောသ-ပစ္စေကဗုဒ္ဓါ ရဟန္တာသခင် အရှင်မြတ် တို့ ဟောကြားတဲ့ တရားစကားကို နာခံနိုင်တဲ့ နားမရှိ။ နားဝိညာဉ်မရှိ ဆိတ်သုဉ်းလျက်ရှိကြလို့ အဲဒီဗြဟ္မာဘုံမှာဖြစ်ရရင်လဲ အက္ခဏဂဲ။ ဘုရား ပွင့်တဲ့အခါနဲ့ ကြုံကြိုက်နေပေမယ့် အဲဒီဗြဟ္မွာဘုံတွေရောက်နေရင်လဲ ပြီးရော1 ဘာတရားမှ ဓမရရှိနိုင်ဘူးး ဘယ်လိုတရားထူးမှ ရခွင့်မရှိဘူး။ ဒါကြောင့် ဒီဘုံတွေရောက်နေတာဟာ မဂ်ရရာ အခွင့်အခါမဟုတ်ဘူး။ ဝိ၀ဋ္ဒနိဿိတ ဓမ္မပါရမီတွေ ဆောက်တည်ဖို့ရာ အခွင့်အခါမဟုတ်။
ပြီးတော့ ဘုရားကပွင့်ပါရဲ့။ မိမိက မိစ္ဆာဒိဋ္ဌိဖြစ်နေမယ်ဆိုရင်လဲ ပြီးရော သူကလဲ ဘာမှ တရားထူးရဖို့ အခွင့်အခါ မဟုတ်ဘူး။ အကြောင်းမရှိဘူးး သူ့ဘဝဟာအက္ခဏပဲ။ ကောင်းမြတ်တဲ့အခွင့်အခါ မဟုတ်တော့ဘူး။ အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိဟာလဲ ဘုရားပွင့်နေတဲ့အခါနဲ့ ကြုံကြိုက်နေတယ်။ ရှေ့က ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို မြင့်နေရပေ မယ့်' တရားတွေကြားနေရပေမယ့် အလကားပဲ။ သူ့အဖို့ သာသနာ မရှိဘူး။ တရားထူး မရနိုင်ဘူး။ အဲဒါ ဘုရားပွင့်နေတဲ့အခါနဲ့ ကြုံပေမယ့် မိမိက မိစ္ဆာဒိဋ္ဌိဖြစ်မယ်ဆိုရင် တရားမရဘူး။ အဲဒါ အက္ခဏတရားရဖို့ ခဏမဟုတ်။ အခွင်အခါမဟုတ်။
နောက်တစ်ခုက ဘုရားတော့ပွင့်နေတယ်။ မိမိက ဟိုလူရိုင်းတွေ အရပ်မှာ သွားဖြစ်မယ်ဆိုရင်လဲ ပြီးပြန်ရော။ တရားမရနိုင်ပြန်ဘူး ခုန ပြောတဲ့ ခဏကောင်းတွေ မကြုံနိုင်တော့ဘူး။ ဘုရားပွင့်ပေမယ့် သူ့အဖို့ အလကားပဲ။
မိမိကဉာဏ်ပညာတော့ရှိတယ်။ အသိအလိမ္မာရှိတယ်။ တိဟိတ် ပုဂ္ဂိုလ်မျိုးပဲး ဒါပေမဲ့ ဘုရားမပွင့်ဘူး။ ဘုရားပွင့်ရာအခါနဲ့ မကြုံဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်လဲ အလကားပဲ။ သူ တိဟိတ်မို့လို့ ဉာဏ်ရှိပေမယ့် အလကားပဲ။ တရားထူးရရာ အခွင့်မခါမဟုတ်ဘူး။
အဲဒီ အက္ခဏရှစ်ပါးခေါ်တဲ့ ရပ်ပြစ်ရှစ်ပါးမှာ ဖြစ်နေကြရင် မိမိ တို့မှာ တရားထူးမရနိုင်ဘူး။ အခုခေတ် လူရိုင်းတွေအရပ်မှာ သွားဖြစ် နေရင် (လူရိုင်းဆိုတာ တကယ်ရိုင်းမှ မဟုတ်ဘူးနော်)ရဟန်းတွေ ရဟန်းမ တွေ မရောက်။ တရားသိတဲ့ ဥပါသကာ ဥပါသိကာမတွေ မရောက်။ အဲသလိုမရောက်တဲ့အရပ်တွေဟာ အက္ခဏခဏကောင်းမဟုတ်ဘူး။ အဲဒါ ကြောင့်မို့လို့ အဲဒီအက္ခဏရှစ်ပါး ထောက်ထားပြီးတော့ ဘုန်းကြီးတို့ ယနေ့ ကြုံနေရတဲ့ အခွင့်အခါကောင်းကြီးဟာ နဝမ ခဏ။ ခုန အက္ခဏဆိုတာ ရှစ်ပါး။ အဲဒီရှစ်ပါး ထောက်ပြီးတော့ ယနေ့ကြုံနေရတဲ့ နဝမခဏ။ ဘုရားပွင့်ရာ အခါကောင်းကြီးနဲ့ ကြုံနေကြရတာ။ အဲဒီကြုံ နေရတဲ့ အခါကြီးဟာ နဝမ ခဏ။
နို့ န၀မခဏဆိုတာ ဘုရားပွင့်ရာ အခါကောင်းကြီးတင်လားဆိုတော့ မဟုတ်သေးဘူးနော်။ ဘုရားပွင့်ရာအခါကောင်းကြီးနဲ့ ကြုံကြိုက်တဲ့အခါမှာ မိမိတို့ ရနေကြတဲ့ ခုနပြောတဲ့ ပုဗ္ဗေစကတပုညတာ။ အတ္တသမ္မာပဏိဓိ သပ္ပုရိသူပနိဿယ ပတိရူပဒေသဝါသဆိုတဲ့ စက်လေးပါး။ အဲဒီလေးပါး ဟာလဲ နဝမခဏထဲကပဲ။ ဒါကြောင့် ယနေ့မီိမိတို့ ကိုးခုမြောက်ခဏနဲ့ ကြုံကြိုက်နေကြသောကြောင့် တို့ကံကောင်းတယ်။ ကံထူးကြတယ်လို့ ကိုယ့်ကိုယ်ကိုသိကြရမယ်။ ငါကံကောင်းတယ်ဆိုတာ မသိရင်လဲ မေ့ တတ်တယ်နော် ဒီလိုဒီလိုဘ၀တွေက တို့လွတ်လာတယ်လို့ ပြန်မတွေးမိရင် အဲဒီပုဂ္ဂိုလ်တွေဟာ မေ့တတ်တယ် 1။
လူ့ဘ၀ဆိုတာကလဲ မှားရင်လဲပြီးရော ခြေတစ်လှမ်းမှားရင်သွားရေား အခု မိမိတို့ သူတော်ကောင်းတွေဖြစ်နေကြတယ်။ တစ်ချက်မှားသွားရင် သွားရော။ အဝီစိကျသွားရင်ပြီးရောပေါ့။ တစ်ချက်မှားလို့ တိရစ္ဆာန်ဖြစ် သွားရင်ပြီးရော။ တစ်ချက်မှားလို့ ငရဲကျရင်ပြီးရော။ ပြန်တက်ဖို့ မလွယ်
တော့ဘူး။ မမှားမှ မမှားမှ အခု ကုသိုလ်တွေပြုနေကြတာဟာ မမှား အောင်ပြုနေကြတား၊ ခြေမချော်အောင် ပြုနေကြတာ။ အပါယ်ရောက်သွား ရင် ပြန်တက်ဖို့ တယ်မလွယ်ဘူး။ နောက် ရင်းစားရဖို့မလွယ်ဘူး။ အခု လူ့ဘဝပြန်ဖြစ်ဖို့ တယ်မလွယ်ဘူး။
ဒါကြောင့် မိမိတို့ဘဝကိုသိရတယ်။ ကိုယ့်ဘဝကိုယ်သိရတယ် ကိုယ်. ဘဝကိုယ် နားလည်ရတယ်။ ဘဝကိုမေ့ရင် ဒီဘဝဟာ ကိုယ့်အတွက် အရိယမဂ် မရသေးသမျှ စိတ်မချရသေးဘူး။ ခြေချော်နိုင်တယ်1 လက်ချော် နိုင်တယ်။ ခြေချော် လက်ချော်သွားပြီဆိုရင် ခုနပြောတဲ့ အက္ခဏရှစ်ပါး ရောက်ပြီဆိုရင် သွားရော။ ရင်းစားရှုံးရေား ပြန်မတက်နိုင်တော့ဘူး။ မတက်နိုင်ရင် မဂ်ရဖို့လဲ ဝေးသွား။ ဖိုလ်ရဖို့လဲ ဝေးသွား။ နိဗ္ဗာန်ရဖို့လဲ ဝေးသွားပြီဖြစ်လို့ ခြေမချော်အောင်။ လက်မချော်အောင်။ ခြေလှမ်းမမှား အောင် ကြိုးစားနိုင်ဖို့ရာ မိမိတို့ကိုယ်ကို ကုသိုလ်တွေနဲ့။ တရားတွေနဲ့ ကြိုးစားပြီးတော့ ထိန်းပြီးတော့ ဘဝအရင်းမဆုံးအောင် အမြတ်များများ ရအောင် စိတ်ချရအောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(ဦးခင်မောင်အေး။+ဒေါ်ခင်လှနှင့် မိတ်ဆွေတစ်စုတို့၏ ရှင်ပြုအလှူ တရားတော်)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
မိဘများအလိုရှိသောသားရတနာ တရားတော်
မိဘဆိုတာ မိမိထက်လွန်မြတ်တဲ့ အတိဇာတသားမျိုးကို အလိုရှိ ကြတယ်။ အတိဇာတသားမျိုးမရရင် မိမိနဲ့ တန်းတူရည်တူ ဂုဏ်အား ဖြင့် အရည်အချင်းအားဖြင့် တန်းတူရည်တူဖြစ်တဲ့ အနုဇာတ-မိဘခြေရာ လိုက်နိုင်တဲ့ သားမျိုးကို အလိုရှိတာပဲ။ အမျိုးရဲ့ ဂုဏ်ကျက်သရေကို ဖျက်ဆီးတတ်တဲ့ အဝဇာတဆိုတဲ့ သားမျိုးကို မလိုလားကြဘူးတဲ့။
ဘုန်းကြီးတို့ နီတိဆရာကြီးများ အဆိုရှိတယ်။
အဲဒါကြောင့် လောကမှာ သားကလေးရယ်လို့ မွေးဖွားလာပြီဆိုရင် မွန်မြတ်တဲ့ အတိဇာတသားကို လိုလားကြတယ်။ မိမိထက်မွန်မြတ်တဲ့ သားကို လိုလားကြတယ်။ မိမိထက်မွန်မြတ်တဲ့သားကို လိုလားကြတယ်။ မရနိုင်ရင် မိမိနဲ့ တန်းတူဖြစ်တဲ့သားမျိုး လိုလားကြတယ်။ နောက်ဆုံး မရကာမှနေရော အဝဇာတဆိုတဲ့ သားဆိုးမျိုးကိုတော့ အလိုမရှိဘူး။ ဘာကြောင့်တုံးဆိုရင် အဝဇာတဆိုတဲ့ သားဆိုးမျိုးက အမျိုးရဲ့ဂုဏ် ကျက်သရေကို ဖျက်ဆီးတတ်တယ်' အမျိုးရဲ့စီးပွားကို ဖျက်ဆီးတတ်တယ်။ အမျိုးရဲ့အကျင့်သီလကို ဖျက်ဆီးတတ်တယ်။ ဒါကြောင့် ထိုကဲ့သို့ အမျိုးအတွက် အကျိုးမရှိတဲ့အပြင် တကယ့်အပြစ်တွေ အမျိုးမျိုး ရွက်ဆောင်တတ်တဲ့ အဝဇာတသားမျိုးကို ဘယ်မိဘကမှ အလိုမရှိကြ ဘူး။ ဘယ်မိဘကမှ မတောင့်တကြဘူး။ တတ်နိုင်ရင် အဲဒီသားမျိုးကို
မိမိတို့ထံ မရောက်မှာကိုသာ လိုလားကြတယ်။
ဒါကြောင့် လောကမှာ သားကလေးတွေဟာ အရေးကြီးတယ်။ အဲဒီ သားကလေးတွေကို အကြောင်းပြုပြီးတော့ မိဘတွေမှာ ဂုဏ်ကျက်သဇေ တက်ရတယ်1 လောကအားဖြင့်လည်းကောင်း၊ ဓမ္မအားဖြင့်လည်းကောင်
မိမိတို့သားကလေးတွေအကြောင်းပြုပြီး ဂုဏ်တက်ကြတယ်။ သားကလေး (ရ ရ (ချူ င ဝ ရ ရ (ရျ က ပညာဘက်ကတော်မယ်ဆို ရင် မိဘတွေဂုဏ်တက်ကြတယ်။ ဗ စြီ ဓ စြ ခ င ရျ ဇ ၀ င လျှ ရ ရ သားကလေးက စီးပွားရေးဘက်ကတော်တယ်ဆိုရင်လဲ ဂုဏ်တက်ကြ တယ်။ သားကလေးတစ်ယောက် ဖြစ်ဖြစ်မြောက်မြောက် သားကောင်း ဓမ ရျ ရျ။ ဝ ရျ င ဝ ဌ စ ငု င္သ ပီပီသသနဲ့ ဖြစ်ရတဲ့ မိဘတွေမှာ အင်မတန် စိတ်နှလုံးချမ်းသာရတယ်။ ရ ငု င္သ ဝ င င္သ ဓ္ဟ္ဝ ရွှင်မြူးရ ဝမ်းသာရတယ်1 သားကလေးကို ကြည့်ကြည့်ပြီးတော့ ပီတိ င ရျ ဖြစ်ကြရတယ်။
ဗ ရျ က် ဝ ရ ဝ အေး. . . အဲသလောက် သားမရစေကာမူ မိဘက ကောင်းသလို လိုက်ကောင်းတဲ့ အနုဇာတ သားကလေးဖြစ်လာပြီဆိုရင် သူလဲပဲ မိဘ ဝျ ဝင စ ၀ ရျ (ချ င္ဝ ဓ ဓ ငဝ ၁ တို့ရဲ့ စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်တယ်။ မိဘတွေ ပီတိဖုံးအောင် စိတ်နှလုံး င္သ ချိ င ငု ဝ္သ ငး ငါ ၂ .ငု ဓ င ရွှင်ပြးအောင် ဆောင်ရွက်ပေးနိုင်တယ်1။ သား၏ ရုပ်ရည်၊ သီတာမည်သား။ ၃ ငရု င ဖျ ရ ၀ ဝင ဂ ၂1၀ လျ ချ ရေကြည်ချမ်းမြ တစ်ပေါက်ကျက။ မိဘတို့ဝမ်း။ ငြိမ်းစတမ်း ဆိုတဲ့အတိုင်း သားဇ၊် ရုပ်ရည်တည်းဟူသော သီတာရေချမ်း ဆွတ်ဖျန်းခံရတဲ့မိဘတွေမှာ ဓ စ ရ ဝင င င္သ ရျ အဲဒီသားကလေးကို အကြောင်းပြုပြီးတော့ စိတ်ချမ်းသာရတယ် ရွှင်မြူး ရတယ်။ နှစ်သက်ရတယ်။
ဒါကြောင့် သားကလေး မွေးလာပြီဆိုရင် မိဘတွေဟာ အင်မတန် ရ ချ င္ရ င ငု ဝ လျ ရွှင်မြူ၀ဝမ်းသာကြတယ်။ တဖြည်းဖြည်း ကြီးလာလို့ သူရဲ့ကြိုးစားမှုအရ လောကဘက်မှာ ပညာဘက်မှာ စီးပွားဘက်က စသည်ဖြင့်တိုးတက်လာ င ဝ ၀၀ င ဓ င (ရြ ဓ ဝ ၀ ဝ ရင် မိဘတို့စိတ်နှလုံး အေးချမ်းရတယ်။ ဒီတော့ သားဆိုတာ မိဘတို့ စိတ်နှလုံး အင်မတန် အေးချမ်းစေတတ်တယ်။ သူက တော်လေ အေးချမ်း လေပဲး သူက ကောင်းလေ အေးချမ်းလေပဲ။ သားကောင်းရတနာ သား ကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ လို့ လောကကလဲဆိုထား တယ်။ သားကောင်းတစ်ယောက်ဆိုရင် တကယ့်ပြည်တန်တဲ့ ကျောက် ရျ င ဝ ရျ ရ ရျ င င ရ င င (ရျ ကောင်းတစ်စေ့လို အင်မတန် နှစ်သက်ရွှင်လန်း ၀မ်းမြောက်ကြရတယ်။ ဒါတင်လားဆိုတော့ အဲ- မိဘတွေပီတိပုံးရတဲ့ မိဘတွေပြုံးရတဲ့ သားကလေးအတွက် အတွေးက တစ်မျိုးရှိသေးတယ်။ ဘာတုံး။ ရှင်ပြု စျေ င င ရ လမ င င္သ ရ (ရ ဥ ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်။ အဲဒီရည်ရွယ်ချက်ဟာ ဘုန်းကြီးတို့မိဘတွေ
မှာဆိုရင် ငယ်ငယ်ကတည်းက ဖြစ်လာကြတာ။ သားကလေး ငယ်ငယ် ကတည်းက သားကလေးကိုအကြောင်းပြုပြီးတော့ နှစ်သက်ရွှင်လန်း ၀မ်းမြောက်မှုဟာ တကယ်သာသနာဘက်ကို မရောက်ရောက်အောင် ပို့ပေးဖို့ ဒီဆန္ဒလေးနဲ့တွဲပြီးတော့ လာခဲ့တယ် ငယ်ငယ်လေးကတည်းက ရှင်ပြုပေးရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးက မိဘတွေမှာ အင်မတန် ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခု၊ ၀မ်းမြောက်ဖွယ်တစ်ခု၊ ဒါကိုတွေးကြ တာပဲ) ကြီးလာလေ အဲဒီရှင်ပြုပေးဖို့ဆိုတဲ့ မျှော်လင့်ချက်ဟာ ပိုရင့်လာ တာပဲ ကြီးလာလေ ရင့်လာလေ။ တချို့များ ဘယ်လောက်တောင်တုံး ဆိုရင် ကလေးက အရွယ်တောင်မရောက်သေးဘူး။ ရှင်ပြုချင်လိုက်တား အဲဒါမျိုးကတော့လဲ သိပ်မကောင်းဘူးနော်။
ရှင်ပြုချင်ပေမယ့် အချိန်အခါဆိုတာ ရှိရတယ်။ အချိန်အခါကျမှ ရှင်ပြုပေးရတယ်။ အချိန်အခါကျလို့ ရှင်ပြုပေးမှ သူလဲချမ်းသာပို့ အကြောင်း၊ မိဘတို့လဲ ရှင်ပြုကျိုးနပ်တယ်။ လုပ်ချင်အားကြီးနဲ့ ပြုချင် အားကြီးနဲ့ အချိန်မရောက်ဘဲနဲ့ အခါမတိုင်သေးဘဲနဲ့ ရှင်ပြုပေးလိုက်တော့ အပြစ်တွေက များလာကြတယ်။
ဒါကြောင့်မို့လို့ ဘာဖြစ်ဖြစ် ဆန္ဒဆိုတာသိပ်မ.ရဘူး။ အချိန်ဆိုတာ ကြည့်ရတယ် အခါဆိုတာကြည့်ရတယ်။ ပြုသင့်တဲ့အခါလဲ ပြုရတယ်။ မပြုသင့်တဲ့အခါမပြုရဘူး။ မပြုရသေးဘူး ဆိုင်းငံ့ရတယ်။ အဲဒီ ရှင်ပြု ပေးဖို့ဆိုတဲ့ ဆန္ဒဟာ အင်မတန်ပြင်းပြတယ်။ ဒါကလဲ အကြောင်းရင်း တော့ သာသနာတော်ကို မြတ်နိုးတဲ့စိတ် သာသနာတော်ကို လိုလားတဲ့ စိတ် သာသနာတော်ကို တန်ဖိုးထားတဲ့စိတ်ဆန္ဒ။ အဲဒီဆန္ဒတွေကြောင့် ပဲ ရှင်ပြုပေးချင်ကြတယ်။ ဒါကြောင့် အဲဒီစိတ်ကလေးဟာ ဗုဒ္ဓဘာသာ ဝင် သူတော်စင်ဖြစ်ကြတဲ့ မိဘတွေရဲ့မွေးရာပါ ရိုးရာပါ ဆိုရလောက် အောင် အင်မတန်ခိုင်မြဲတဲ့အဓိဋ္ဌာန်1 အင်မတန်ခိုင်မြဲတဲ့ ရည်ရွယ်ချက်။ အင်မတန်ခိုင်မြဲတဲ့ မျှော်လင့်ချက်၊ အဲဒီမျှော်လင့်ချက်က သူတို့ရဲ့သားလေး မြင်ရတိုင်း။ အဲဒီမျှော်လင့်ချက်နဲ့တွဲပြီးတော့ ပျော်နေကြတာ။
ဒီတော့ ဒီရည်ရွယ်ချက် ဒီမျှော်လင့်ချက်ဆိုတာဟာ ဘာကြောင့်
ဒီလိုရှိလာကြတုံး' ခုနပြောသလို သာသနာမှာမြတ်တယ်။ ရှင်အဖြစ်ဟာ မြတ်တယ်။ သာသနာတော်တွင်း သွတ်သွင်းပေးလိုက်ရင် ရှင်အဖြစ် ရောက်သွားရင် သူမြတ်သွားတယ်။ ရှင်သာမဏေစောင့်စည်းရတဲ့ အဓိသီလသိက္ခာဆိုတာက အင်မတန်မွန်မြတ်တဲ့သိက္ခား သာသနာတော် ထွန်းကားမှရှိတား သာသနာပမှာရှိတဲ့ သိက္ခာမဟုတ်ဘူး သိက္ခာလေးတွေ ဆင်မြန်းပေးလိုက်တော့ မိမိတို့သားလေးဟာ အင်မတန်မွန်မြတ်တဲ့ ပုဂ္ဂိုလ် အဖြစ် ရောက်သွားတယ်။ ဒါကြောင့်မို့လို့ သာသနာတော်ရောက်သွား ပြီး အဓိသီလဆိုတဲ့ သာမန်သီလတို့ထက် လွန်မြတ်တဲ့ သီလတန်ဆာ ရတနာတွေ ဆင်မြန်းပေးလိုက်ပြီဆိုရင် အဲဒီအခါမှာ မိဘတွေထက်လွန် မြတ်တဲ့ မွန်မြတ်တဲ့သားကောင်းကလေး သားမြတ်ကလေး အတိဇာတ အဖြစ်သို့ ရောက်သွားရတယ်။
ဒါကြောင့်မို့လို့လဲ မိမိတို့တန်ဖိုးထားကြတယ်။ အနုဇာတ-မိဘနဲ့ တန်းတူသားဆိုတာက ငယ်ငယ်ကတော့ မထင်ရှားသေးဘူးပေါ့ ကြီးမှ ထင်ရှားတာ။ အခုလို သာသနာ့ဘောင် ဝင်လာပြီးတော့ သာမဏေကလေး အဖြစ်နဲ့ ဝန်ထမ်းပြီး သာသနာ့တန်ဆာတွေ ဆင်လိုက်ပြီး သာသနာ့ တန်ဆာဖြစ်တဲ့ သီလ၊ သမာဓိ။ ပညာ၊ သိက္ခာတန်ဆာတွေ ထမ်းပြီဆို ရင် အဲဒီအနုဇာတသားကလဲ အတိဇာတသားဖြစ်သွားရတယ်။ မိဘထက် မွန်မြတ်တဲ့သားအဖြစ်မျိုး ရောက်သွားရတယ်။
ဒါကြောင့် မိဘတွေရဲ့ မျှော်လင့်ချက် တောင့်တချက်ဟာ မှန်ကန်တဲ့ တောင့်တချက်။ မိမိတို့သားကလေးတွေ မိမိတို့ထက် မြတ်အောင် ရွက်ဆောင်ပေးရတာမို့လို့ မှန်ကန်တဲ့တောင့်တချက်၊ မွန်မြတ်တဲ့တောင့်တ ချက်။ အကျိုးရှိတဲ့ တောင့်တချက်။ သူတို့ကိုမွန်မြတ်အောင် လုပ်ပေး လိုက်တဲ့အတွက် ဟော၊ . .မိမိတို့လဲ မွန်မြတ်သွားတယ်။ ဒီတော့ ရှင့်ဘဝဆိုတာ အင်မတန်မွန်မြတ်တယ်။ ဘယ်လောက်မွန်မြတ်တယ်ဆို တာ ဘုန်းကြီးတို့ မပြောနိုင်ပါဘူး။ အင်မတန်မွန်မြတ်တယ်။ သင်္ကန်း ဝတ်လိုက်ရတယ်ဆိုရင်ပဲ တစ်မျိုးလေးပဲ အင်မတန် ကျက်သရေရှိတယ်။ ခေါင်းလေးတုံးလိုက်ရတယ်ဆိုရင်ပဲ ဘုရားကအရုပ်ဆိုးအောင် လုပ်တယ်
ဆိုပေမယ့် တကယ်တော့ အဲဒီခေါင်းတုံးလေးကိုက ကြည့်ကောင်းတဲ့အနေ ရောက်သွားတယ်
ရွှေရောင်လွင်ဆန်း သင်္ကန်းဆိုတဲ့ ရတနာအထည်ကလဲ အင်မတန် မွန်မြတ်တဲ့အထည်မို့လို့ ဒီသင်္ကန်းလေး ဆင်မြန်းပြီးရင် ကိုရင်လေးဟာ တင့်တယ်သွားတယ်။ ခေါင်းတုံးလေးနဲ့ သင်္ကန်းလေးရုံပြီးတော့ မြင်ရတဲ့ မိမိတို့သားကလေးကို အဲဒီအခါမှာ မိဘတွေဟာ ဘယ်လောက်ကြည်နူး တယ်။ ရှုမဝဖြစ်တယ်ဆိုတာဟာ ကိုယ်တွေ့တွေပဲလေ။ ကိုယ်တွေ့သိ ကြတဲ့ ပုဂ္ဂိုလ်တွေလဲရှိ။ မရှိသေးပေမယ့် မျှော်လင့်ချက်ရှိကြတဲ့ ပုဂ္ဂိုလ်တွေ လဲရှိ။
အဲဒီသင်္ကန်း။ အဲဒီခေါင်းတုံးဆိုတာ သာမညမဟုတ်ဘူး။ ဒါဟာ ပူဇနေယျ၀တ္ထု-ဂူဇော်ထိုက်တဲ့၀တ္ထုလို့ဆိုတယ် ဟုတ်တာပေါ့။ ဒီသင်္ကန်း ရဲ့ ဒီခေါင်းတုံးလေးမရှိဘဲနဲ့ ဒီကိုရင် သရဏဂုံအာပေါက်အောင် ဘယ်လိုပဲ ပေးပေး အဲဒီသရဏဂုံဟာ ရောက်တာမဟုတ်ဘူး။ သရဏဂုံဆိုတာကလဲ လူ့သရဏဂုံနဲ့မတူဘူး။ ထူးခြားတဲ့သရဏဂုံး အက္ခရာ ရွတ်ထုံးရွတ်နည်း အရလဲမတူဘူး။ ရှေးတုန်းက ဘုရားရှင်ကိုယ်တော်မြတ် သတ်မှတ်ထားခဲ့ တဲ့ အက္ခရာရွတ်ထုံးရွတ်နည်းအရ ညီညွတ်အောင် သင့်တင့်အောင် ရွတ် ဖတ် ဆိုရတာမို့လို့ သာမညသရဏဂုံမဟုတ်ဘူး။ ထူးခြားတဲ့သရဏဂုံ။
အဲဒီသရဏဂုံလေး ပေးလိုက်ပြီဆိုရင် အဲဒီကိုရင်လေးတွေဟာ တကယ် ထူးခြားတဲ့ ကိုရင်လေးအဖြစ်သို့ ရောက်ရတယ်။ သီလတွေလဲ နည်းတာမဟုတ်ဘူး။ ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး။ ခုနစ်ဆယ့်ငါးပါး သေခိယသီလ၊ ဟို-ရဟန်းတွေကျင့်ရတဲ့ ခနက သီလ အများကြီး၊ အဲဒီသီလတွေက ရောက်သွားတယ်။ အဲဒီလိုရောက်သွား တာဟာ လူတွေ သရဏဂုံ ဘယ်လောက်ဆိုဆို ရောက်တာမဟုတ်ဘူး။ လူဝတ်ကြီးနဲ့ သရဏဂုံဘယ်လောက်ဆိုဆို ရောက်တာမဟုတ်ဘူး။
အဲဒီလိင်္ဂအသွင်အပြင်လေးရှိလို့ သရဏဂုံဟာ တည်သွားတယ်း အဲဒီလိင်္ဂဆိုတဲ့ အသွင်အပြင်ဟာ တန်ဖိုးနည်းတာမဟုတ်ဘူး1 အရိယာ ဆိုတဲ့ လောကအရိယာဇာတ်ရှိတယ်။ ဘုရားလက်ထက်က တချို့ကပြော
ကြတယ်။ ငါက အရင်သောတာပန်တည်တယ်။ အရင်သောတာပန် တည်ပြီးလို့ နောက်မှရဟန်းဝတ်ပေမယ့် အရင်ရဟန်းဝတ်ထားဝ်ီံ နောက်မှ သောတာပန်ဖြစ်တဲ့ငါ့ကို ရှိခိုးရရယ်1 အဲသလိုဆိုကြတော့ ရဟန်းတစ်ပါးကကြားလို့ ဘုရားရှင်ကိုယ်တော်မြတ်ကိုလျှောက်ထားတယ် လျှောက်ထားတော့ ဘုရားရှင်ကိုယ်တော်မြတ်က- “အညာ ဧဝဟိ အရိယာဇာတိ။ ပူဇနေယျ ဝတ္ထုလိ၊်ံ ”
လို့ အရိယာဇာတ်ဆိုတာကတစ်မျိုး သင်္ကန်းလေးဝတ်ခြင်း၊ ဆံချ ခြင်း ဆိုတာဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အသွင်။ ရဟန္တာဂုဂ္ဂိုလ်တို့ရဲ့ အသွင်။ ပစ္စေကဗုဒ္ဓါတို့ရဲ့အသွင်။ လိင်္ဂ-အသွင်။ ပူဇနေယျဝတ္ထု-ပူဇော် ထိုက်တဲ့၀တ္ထု။ အဲဒီ၀တ္ထုရဲ့အရှိန်အဝါကြောင့် ဤကိုရင်လေးဟာ ဟော- သီလတွေ သိက္ခာတွေ သမာဓိတွေ ပညာတွေ အများကြီးရှိသွားတယ်။ ဒါ့ကြောင့် အဲဒီသင်္ကန်းလေး၀တ်ခြင်း၊ ခေါင်းကလေးရိတ်ရခြင်းဟာ တန်ဖိုးမသေးဘူး။ အင်မတန်ကြီးမားတဲ့ တန်ဖိုးရှိတယ်။ အဲဒါကို သဘော ပေါက်ကြရတယ်နော်1
ဒါကြောင့်မို့လို့ ဒီအသွင်အပြင်လေးကြောင့်၊ ဒီသီလလေးကြောင့် အနာဂါမ်ကြီးဟာ (အနာဂါမ်ဆိုတာ ကာမဂုဏ်ကင်းနေတဲ့ အနာဂါမ်တွေ ရှိတယ်' အနာဂါမိမဂ်ရောက်လို့ ကာမရာဂပယ်ရားပြီးသားဖြစ်တဲ့ အနာဂါမ်ပုဂ္ဂိုလ်တွေ) အဲဒီအနာဂါမ်ပုဂ္ဂိုလ်ဟာ အရိယာအဆင့် အတန်းအားဖြင့် အင်မတန်မြင့်မြတ်တယ်။ သို့သော်လဲပဲ ခုနပြောတဲ့ သီလမျိုး သာမဏေလေးရဲ့ သီလမျိုးမရှိ။ သူ့မှာ ဘယ်လိုမှတည်အောင် လုပ်လို့မရဘူး သာမဏေလေးလို သူလဲသင်္ကန်းဝတ်မှရတယ်။ အဲဒီသီလ တွေကလဲ မရှိဘူး။ အဲဒီအသွင်အပြင်ကလဲ မရှိတော့ တကယ့်ထူးခြားတဲ့ သီလရှိတဲ့ ထူးခြားတဲ့ ပူဇနေယျ-ပူဇော်ထိုက်တဲ့အသွင်ရှိတဲ့ သာမဏေ လေးကို သူရှိခိုးရတယ်။ အနာဂါမ်ကြီးဟာ ယနေ့ရှင်ဖြစ်တဲ့ သာမဏေ လေးကို ရှိခိုးရတယ်။
ဒါကြောင့် သာမဏေသီလသိက္ခာဆိုတာ နည်းနည်းနောနော တန်ဖိုး မဟုတ်ဘူး။ ရဟန်းသီလသိက္ခာဆိုတာက ပြောစရာမရှိဘူး။ ကမ္မဝါ
ဆုံးသည်နှင့်တစ်ပြိုင်နက် ရဟန်းဖြစ်တယ်။ အဲဒီရဟန်းဖြစ်တာကလဲ ခုနပြောသလိုပဲ ဆံပင်ကြီးနဲ့ဖြစ်တာမဟုတ်ဘူး။ ပုဆိုးကြီးဝတ်ထားလို့ ဖြစ်တာမဟုတ်ဘူး။ ပူဇနေယျ၀တ္ထုကြောင့် လိင်္ဂဆိုတာ ခေါင်းဆံချခြင်း၊ သင်္ကန်းဆင်မြန်းထားခြင်းဆိုတဲ့ ဒီအသွင်အပြင်ရှိရတယ်။ မွန်မြတ်တဲ့ အသွင်အပြင်မျိုးရှိမှ ရဟန်းဘဝ ခံယူနိုင်တယ်။
ဒါကြောင့် အသွင်အပြင်အားဖြင့်လည်းကောင်း၊ သီလအားဖြင့် လည်းကောင်း၊ သမာဓိအားဖြင့်လည်းကောင်းး' ပညာအားဖြင့်လည်း ကောင်း တူနိုင်မယ်မထင်ကြနဲ့။ ကိုးဆယ်ဆ ကွာလိမ့်မယ်ဆိုတဲ့အတိုင်း ကိုးဆယ်ဆမက အဆအရာအထောင်မက သာလွန်မြင့်မြတ်တဲ့ ရဟန်း တော်လေးတွေး သာမဏေလေးတွေ ယနေ့ မြင့်မြတ်သွားကြတယ်။
အဲဒီ မြင့်မြတ်ခြင်းသို့ရောက်အောင် မိမိတို့ရွက်ဆောင်ပေးရတာ ဖြစ်သောကြောင့် ကံထူးကြတယ်။ ကိုရင်လေးတွေလဲ ကံထူးတယ်။ ရဟန်း တော်တွေလဲ ကံထူးတယ်။ ရဟန်းအဖြစ်၊ ရှင်အဖြစ်ရောက်အောင် ရွက် ဆောင်ပေးရတဲ့ ဘုန်းကြီးတို့ ဆရာလေးဒေါ်ကုမာရီမိသားစုတွေ ကံထူး ကြတယ်။ ဒီလောက်ဆိုရင် တော်လောက်ပါပြီး ဘုန်းကြီးတရားက အတော်ကောင်းတယ်။ ဟုတ်တယ် မဟုတ်လား။ အကောင်းဆုံးတရား ဟောလိုက်တာ။
ဒါကြောင့် (ဆေးကောင်း သန်းခေါင်း” ဆိုတဲ့အတိုင်း ဒီမျှနဲ့ ကျေနပ် ကြပါတော့လို့ တရားအဆုံးသတ်ကြစို့။
(သာဓု သာဓု သာဓု)
(ဆရာလေး ဒေါ်ကုမာရီမိသားစု ရှင်ပြုအလှူတရား)
မြတ်ဆုရွန်မဂ္ဂဇင်းမှ
လောကနှင့်ငြင်းခုံရသော အနတ္တတရားတော်
ကွယ်လွန်တဲ့ ဒကာမကြီး အကြောင်းပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြတယ်။
ယနေ့ ဒကာမကြီးချမ်းသာဖို့ ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ လှူကြ တန်းကြ ပူဇော်ကြတယ်။ ပူဇော်ကြရင်းနဲ့ တရားသဘောလေး တွေးမိ ကြရတယ်။
လောက ဘာမှ အစိုးမရ-အနတ္တချည်းပဲ။ ကိုယ့်အလိုအတိုင်းဖြစ်တာ ဘာမှမရှိဘူးး' အနတ္တဆိုတဲ့အတိုင်း ကိုယ်က ဒါလိုချင်ရင် ဟိုဟာရတတ် တယ်။ ဟိုဟာလိုချင်ရင် ဒါရတတ်တယ်။ ပြောင်းပြန်သာရတတ်တဲ့ သဘာဝရှိတယ်။ မအိုချင်ပေမယ့် မနေရဘူး။ မနာချင်ပေမယ့် မနေရဘူး။ မသေချင်ပေမယ့် မနေရဘူး။ ဒါကို ဒီဒကာမကြီးက ပြနေတယ်
အနတ္တာတိ ဂီရာ သစ္စာ။ အတ္တာတိ ဝစီနံ မုသား မုသာယ ဝိ၀ဒေ လောကေား ဗုဒ္ဓေန သစ္စဝါဒိနာ။
အနတ္တာတိ-အစိုးမရ အနတ္တဆိုတဲ့စကားသည်။ သစ္စံ-မှန်ကန်သော၊ ဂိရာ-စကားပင် ဖြစ်ပါပေ၏ 1 လောကအမှန်က အနတ္တချည်းပဲ။ အနတ္တ ဆိုတဲ့စကားဟာ တကယ်မှန်ကန်တဲ့စကား၊ ဒီလိုကောင်းကောင်းလေး ဖြစ်ပါစေ။ မကောင်းမဖြစ်ပါစေနဲ့လို့။ ကိုယ့်အလိုလိုက်တတ်တဲ့ အချက် အလက်လဲ ဘာမှမရှိဘူး။ ငါ့ရုပ်လေး ဒီလိုလှလှလေးဖြစ်ပါစေ။ အရုပ် မဆိုးပါစေနဲ့လို့ တောင့်တလို့မရဘူး။ အကြောင်းအားလျော်စွာ သူ့ ကာမာ ၀စရ ကုသိုလ်ကံရှိလို့ ဒီဘဝယောက်ျားချော-မိန်းမချောလေးဖြစ်နေပေမယ့် ဟော-တော်ကြာကျတော့ ဟိုကအနာပေါက်၊ ဒီကအနာပေါက်နဲ့ ဖြစ်ချင် ဖြစ်တာ။ သူက ပုတ်ပွဖောယောင်-ဖောယောင်တယ်ဆိုတဲ့ ရောဂါတွေ
ဖြစ်ပြီးတော့ အရုပ်ဆိုးလာတယ် စသည်ဖြင့်ပေါ့လေ ဒါ လောက မျက်မြင်ပဲ။
ငါ့ရုပ် အမြဲလှပါစေဆိုလို့ မရဘူး။ အရုပ်ဆိုးချင် ဆိုးသွားတယ်။ မအိုပါနဲ့ဆိုလို့မရဘူး အိုရမှာပဲ။ မနာပါနဲ့ဆိုလို့ မရဘူး။ နာရတာပဲ။ မသေပါနဲ့ဆိုလို့မရဘူးး သေရတာပဲ။ ဒါ့ကြောင့် အနတ္တ
ဘိက္ခဝေ-ရဟန်းတို့၊ ရူပံ-ရုပ်တရားသည်။ အနတ္တာ-အနတ္တမည် စါ။ အစိုးမရ။ ရုပ်တရားကြီးဟာ အစိုးမရဘူးတဲ့။ တ္ကဒံ-ဤရုပ်သည်။ အတ္တာ-အစိုးရတဲ့ အတ္တသည်။ အဘဝိဿ-ဖြစ်ငြားအံ့။ တ္ကဒံရူပံ-ဤရုပ် တရားသည် အာဗာဓာယ-နှိဝ်စက်ခြင်းငှာ န သံဝတ္တေယျ-မဖြစ်ရာ။
ရုပ်တရားဟာ အနတ္တဖြစ်သောကြောင့် မနာပါစေနဲ့ဆိုလို့ မရဘူး ဒါရုပ်တရားရဲ့ အနတ္တဖြစ်ကြောင်း သက်သေခံပဲ။ မျက်မြင်သက်သေခံ နေတာ သိလျက်သားနဲ့ အတ္တလို့ ခွဲယူပြောဆိုလို့ရှိရင် ဒါမုသားပဲ။ ဒါကြောင့် အနတ္တာတိ-အနတ္တဆိုသော၊ ဂိရာ-စကားသည်' သစ္စံ-မှန်ကန် သောစကား ဖြစ်ပါပေ၏။
အတ္တာတိဝစနံ-အမှန်ဖြစ်တဲ့အနတ္တစါ ဆန့်ကျင်ဘက် အတ္တဆိုသော၊ ဂိရာ-စကားသည်ကား၊ မုသာ-အမှန်အနက်သဘောရဲ့ဆန့်ကျင်ဘက် အမှားဖြစ်သောစကားပင် ဖြစ်ပေ၏်။
အတ္တလို့စွဲရင် အမှားပဲ အတ္တဆိုတာ ငါလို့ဆိုလိုက်တာ။ ငါဆိုတာ ဘာတုံးဆိုရင် အတ္တ။ အတ္တဆိုတာငါ ဘုန်းကြီးတို့ ငါဆိုတာ ဘာတုံး။ ငါဆိုတာကတော့ ဒိဋ္ဌိငါရှိတယ်။ ပညတ်ငါ ရှိတယ်။ ဝေါဟာရငါ ရှိတယ်။ ပညတ်-ငါဆိုတာက ဘာမှအစွဲပါလို့တော့မဟုတ်ဘူးး လောကက အမှန်သမုတ်ထားတဲ့ သမုတိသစ္စာနည်းအားဖြင့် သုံးနေကြတဲ့စကား ငါဆိုတာ။
အဲဒီသမုတိသစ္စာအနေနဲ့ စွဲနေတဲ့ ငါဆိုတာကတော့ သူကပြောစရာ မရှိဘူး။ ဒါဝေါဟာရအနေနဲ့ သုံးတာ။
ဒိဋ္ဌိ ငါကျတော့ ပြောစရာဖြစ်နေတယ် အဲဒီငါလေးရှိရင် တရားမှန် ကို မမြင်နိုင်ဘူး။ အမှန်တရားကို မမြင်နိုင်ဘူး သဘာဝကို မမြင်နိုင်ဘူး။
သဘာဝအမှန်တရားတွေကို ကာကွယ်တားဆီးထားတဲ့အမြင်မှား။ ဘာတုံး အဲဒီငါဆိုတာ လူတွေထင်နေတာက အထဲမှာ အသက်ကလေးရှိတယ်။ အဲဒီအသက်ကလေးဟာ အားလုံးကိစ္စတွေ သူကဆောင်ရွက်နေတယ်။ စားလဲသူကစားတယ်။ ဒီလူကြီးက စားတာမဟုတ်ဘူး။ ပြောလဲ အဲဒီ အသက်ကလေးကပြောတား အားလုံးကိစ္စတွေး စားတာ။း သောက်တာ။ နေတာ လိင်တ လူရဲ့ ကိရိယာမွန် သမျှ အမ္တမူန်သမျှ အလွဒ်ရုန်သမ္ဗ အဲဒီအသက်ကလေးနဲ့ သွားစွဲနေတယ်။ ဒါဒီဘက်တင်စွဲတာမဟုတ်ဘူး။ အဲဒီအသက်ကလေးမပျက်ဘူး။ ဒီ့ပြင် ခန္ဓာကိုယ်ကြီးပျက်ပေမယ့် သူက တော့မပျက်ဘူး။ ခန္ဓာကိုယ်ထဲမှာ ဖြစ်ခြင်းချုပ်ခြင်းမရှိဘူး။ ပျက်စီး ယိုယွင်းခြင်းမရှိဘဲနဲ့ ခန္ဓာကိုယ်ကြီးကိစ္စတွေ ဆောင်ရွက်ပေးနေတဲ့ ခန္ဓာ ကိုယ်ကြီးမှာ ခံစားစရာတွေကို ခံစားပေးနေတဲ့ အဲဒီအတ္တဆိုတဲ့ အသက် ကလေးရှိတယ်။
အဲဒီ အသက်ကလေးဟာ လူသေရင် သူမပျောက်ဘူး။ ဒါဘာရယ်လို့ မဟုတ်ပေမယ့် ဗုဒ္ဓဘာသာ၀င်တွေပေမယ့် ဒီအတ္တဒိဋ္ဌိလေးက ရှိနေ တယ်။ အစွဲကြောင့် တရားမသိရင် ရှိသေးတာပဲ။ အမှန်က အထဲမှာ အလုပ်လုပ်နေကြတာက ရုပ်နာမ်တရားတွေချည်းပဲ။ ဘာအတ္တမှ မရှိဘူး။ ဘာဇီ၀ဆိုတဲ့အသက်မှ မရှိဘူး။ မိမိတို့ ငယ်ငယ်ရွယ်ရွယလ်ကတည်းက မှတ်ပြီးစွဲလာတဲ့ အစွဲလေးပဲ။ အသက်လေးထွက်သွားတယ်။ ဒီဘဝ ခန္ဓာကိုယ်ကြီး ကျန်နေတယ်။ အသက်လေးက ဟိုဘဝမှာသွားဖြစ်တယ် စသည်ဖြင့် အစွဲအလမ်းတွေ အဲဒီအတ္တ မပျောက်ဘူး။ တရားမြင်မှ ပျောက်တာ။ ဒါကြောင့်-
အနတ္တာတိဂိရာ သစ္စာ-အတ္တာတိ ဝစနံ မုသား
အနတ္တာတိ-အနတ္တဟူသော၊ အနှစ်သာရမရှိ လိုတိုင်းမဖြစ်ဟူသော၊ ဂိရာ-စကားသည်။ သစ္စံ-မှန်ကန်သောစကား ဖြစ်ပါပေ၏။ အတ္တာတိ- အသက်။ လိဝ်ပြာ။ ဝိညာဉ် အစရှိသော အစွဲအလမ်းဒိဋ္ဌိအတ္တမျိုးသည်။ အတ္တာတိ-အသက်' လိပ်ပြာ။ ဝိညာဉ်စသော အတ္တစ္ပဲဖြစ်သော ဂိရာ- စကားသည်။ မုသာ-ချို့ယွင်းဖောက်ပြန် မမှန်ကန်သောစကား
ဖြစ်ပေသည်။
မုသာယ-ချို့ယွင်းဖောက်ပြန် မမှန်ကန်သော စကားဖြင့်၊ သစ္စဝါဒိနာ-တကယ့်သစ္စာအမှန်ကို ဟောကြားတတ်တဲ့ ဘုရားရှင်ကိုယ် တော်မြတ်နှင့်၊ ဝိ၀ဒတိ-သူရောငါပါ ငြင်းခုံလျက်သာ ရှိနေပါပေသတည်း။
လောကကြီးဟာ ဘုရားနဲ့ငြင်းနေကြတယ်။ ဒကာမကြီးဒေါ်စောမေ ဆုံးသွားတယ်။ ကွယ်လွန်သွားတယ်။ သူ့အသက်လေးက တခြားရောက် သွားတယ်။ ဒီလိုယူဆရင် ဒါသဿတဒိဋ္ဌိခေါ်တယ်။ လောကမှာ ရုပ်နာမ် တရားတွေချည်းပဲ။ ဘာမှမြဲတာမရှိဘူး။ ဒီဘဝရုပ်နာမ်က တစ်မျိုး။ ဟိုဘဝ ရုပ်နာမ်က တစ်မျိုး ဒီဘ၀ကအဟောင်း။ ဟိုဘဝကျ အသစ်ဖြစ်သွားတယ်။ ဒီက ပြောင်းသွားတယ်လို့ ဘာမှမရှိဘူး။ ပြောင်းသွားတဲ့တရားရယ်လို့ တစ်စုံတစ်ရာ ဘာမှမရှိဘူး' အဲဒါကို ဒီဘ၀က အသက်ကလေးက ပြောင်း သွားတယ်။ ဟိုဘဝ သွားဖြစ်တယ်ဆိုရင် ဒါ ဘုရားရှင်ကိုယ်တော်မြတ် နဲ့ ငြင်းခုံတာတဲ့။
နာဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ။
လောကောဝ မယာ ဝိဝဒတိ။
ဘိက္ခဝေ-ချစ်သားတို့၊ အဟံ-ငါဘုရားသည်။ လောကေန-လောက ကြီးနှင့်၊ နဝိ၀ဒါမိ-ငြင်းခုံတော်မမူ လောကော၀-လောကကြီးကသာလျှင်၊ မယာ-ငါဘုရားနှင့်၊ ဝိ၀ဒတိ-ငြင်းခုံလျက်သာရှိပါပေ၏။
ငါဘုရားဟာ လောကကြီးနဲ့ မငြင်းခုံပါဘူးတဲ့ လောကကြီးသာ ငါဘုရားနဲ့ ငြင်းခုံနကြတယ်။ ငါဘုရား၏အယူအဆကို ငြင်းဆန်နေ ကြတယ်။
ခုနပြောသလို အသက်လဲမရှိဘူး။ ရုပ်နာမ်ပဲရှိတယ်။ ရုပ်နာမ်ကလဲ။ အနိစ္စ-မြဲတယ်လို့မရှိဘူးး အများထင်နေသလို ဟိုဘဝပြောင်း ဒီဘဝ ပြောင်းတဲ့ တန်ခိုးရှင်လဲမရှိဘူး။ မြဲတဲ့ဝိညာဉ်လေး အတ္တလေးဆိုတာ မရှိဘူး။ အားလုံး အနိစ္စချည်းပဲ။ အားလုံး ဒုက္ခချည်းပဲ။ အားလုံး အနတ္တ ချည်းပဲ လောကက တရားမသိရင် လက်မခံချင်ဘူး။ ဒီအတ္တစ္ဗဲလေးရှိတော့ အသက်စွဲလေးရှိနေတယ်' ဘုန်းကြီးတို့ကျမ်းဂန်များမှာ လူတစ်ယောက်
ဟာ ရွာတစ်ရွာကနေပြီးတော့ ထွက်သွား။ နောက်ရွာတစ်ရွာ ဝင်သလိုပဲ တဲ့ အသက်လေးဟာလဲ ခန္ဓာကိုယ်က ထွက်သွားပြီးကော့ ဟိုဘဝတစ်ပါး ကာ ခန္ဓာကိုယ်ထဲသွားဝင်တာပဲတဲ့။ အတ္တစွဲကဒီလိုရှိတယ်။ ဒါကြောင့်မို့လို့ ဒီလိုထွက်သွားတဲ့ အသက်ရယ်လို့လဲမရှိဘူး။ ရုပ်နာမ်သာရှိတယ်1 ရုပ်နာမ် ကလဲ စုတိပြီဆိုရင် ပြီးတာပဲ ဒီဘ၀အတွက်၊ ဘဝတစ်ပါးမှာ ပဋိသန္ဓေ အသစ် သွားဖြစ်တယ်။ ကြောင်းကျိုးအားဖြင့် ဆက်သွယ်နေပေမယ့် ကူး ပြောင်းသွားတာတော့ ဘာမှမရှိဘူး။ အားလုံးအနတ္တချည်းပဲ။ မြဲတဲ့ အတ္တ ကောင်လေး၊ ပြောင်းသွားတဲ့ အတ္တကောင်လေးမရှိဘူး ရှိတာတွေက ရုပ်နာမ်တရားတွေဝဲး ရုပ်တရားတွေကလဲ သူ့ကိစ္စသူ ဆောင်ရွက် နေတယ်။ နာမ်တရားတွေကလဲ သူ့ကိစ္စသူ ဆောင်ရွက်နေတယ်။ အားလုံး အနိစ္စချည်းပဲ။ ဒုက္ခချည်းပဲ။ အနတ္တချည်းပဲ။ အဲဒီတော့ အနိစ္စ။ ဒုက္ခ။ အနတ္တလို့ ငါဘုရားဟောတယ်1 ဟောတာကို လောကကြီးက ငါဘုရား နဲ့ ငြင်းခုံနေကြတယ်။ ငါဘုရားက မငြင်းခုံပါဘူး။ လောကကြီးကသာ ငါဘုရားနဲ့ ငြင်းခုံနေတယ် နာဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ။
လောကောဝ မယာ သဒ္ဓိံ ဝိ၀ဒတိ။
ဘိက္ခဝေ-ချစ်သားတို့) အဟံ-ငါဘုရားက။ လောကေန-လောက ကြီးနှင့်၊ နဝိ၀ဒါမိ-၅င်းခုံမနေပါ။ လောကောဝ-ဘာမှမသိတဲ့ လောက ကြီးကသာလျှင်၊ မယာ-ငါဘုရားနှင့်၊ သဒ္ဓိ-အတူတကွ၊ ဝိ၀ဒတိ-ငြင်းခုံ လျက် ရှိပါပေ၏ မိမိအလိုကို ငြင်းဆန်နေကြတယ်။ ငြင်းခုံနေကြတယ်တဲ့။ ဘုရားရှင် က ဒါကြောင့် မငြင်းအောင်ဆိုပြီး တရားတွေ အပုံကြီးဟောထားတား အားလုံးတရားတွေဟာ ဒီအစွဲတွေ ပျောက်ကြောင်း မိမိကို မငြင်းခုံကြဖို့ နဘိက္ခဝေ ဓမ္မဝါဒီ ကေနစိ လောကေ ဝိဝဒတိ။
ဘိက္ခဝေ-ချစ်သားရဟန်းတို့၊ ဓမ္မဝါဒီ-တရားမှန်ကို ပြောဆိုလေ့ ရှိသော ပုဂ္ဂိုလ်သည်။ လောကေ-လောက၌ ကေနစိ-ဘယ်သူနှင့်မျှ န္ဝဝိ၀ဒတိ-ငြင်းခုံသည်ဟု မရှိပါပေ။
ဓမ္မဝါဒီပုဂ္ဂုလ်ဟာ လောက ဘယ်ပုဂ္ဂိုလ်နဲ့မှ ငြင်းခုံမှုမရှိဘူး။ ဓမ္မဝါဒီဆိုတာက ရုပ်တရားသိ။ နာမ်တရားသိ။ ရုပ်နာမ်တရားဆိုတာသိ။ ရုပ်သည် အနိစ္စ။ နာမ်သည် အနိစ္စ၊ ရုပ်သည် ဖောက်ပြန်တတ်တယ်။ နာမ်သည် ဖောက်ပြန်တတ်တယ်။ ရုပ်သည် ဖြစ်တာနဲ့ချုပ်' နာမ်သည်လဲ ဖြစ်တာနဲ့ချုပ်။
အဲသလို အမှန်တရားတွေ သိနေတော့ အဲဒီအမှန်တရားသိနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူနဲ့မှ မငြင်းခုံတော့ဘူး။ ဒါကြောင့်မို့လို့ လောကမှာ ဒကာမကြီးဒေါ်စောငွေ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်ခဲ့တယ်1 သူ့ကံ အလျောက် ဒီက အခုကုသိုလ်ကောင်းမှုတွေ ပြုပြီးတော့ အမျှအတန်း ပေးဝေကြတယ်။ ရချင်မှရမယ်။ သူရချင်ရမယ်1 မရပေမယ့် မိမိတို့မှာ တော့ အကျိုးမယုတ်ဘူး။ ကိုယ်ကတော့ ကောင်းကျိုးတွေရတာချည်းပဲ။ ဒါကြောင့် .ယနေ့ပြုတဲ့ကုသိုလ်ဟာ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်၊ ပြုရမယ်. တာဝန်အရ ပြုတဲ့ကုသိုလ်၊ သူတော်ကောင်းတို့ အကျင့်' သူတော်ကောင်း တရားကျင့်ခြင်းပဲလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ပြီးတော့ ကိုယ့်ကုသိုလ် ကို တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
ထူးခြားသောကုသိုလ်များတိုးပွားရေး တရားတော်
ဒီနေ့ ကွယ်လွန်သွားတဲ့ ဒကာကြီးဦးချစ်မောင် ၃-လပြည့်နေ့ အခါသမယ မိမိတို့ သားကလေး မြေးကလေးကို ရှင့်အဖြစ်ရောက်အောင် ရွက်ဆောင်ပေးခြင်းဖြင့် ပဗ္ဗဇ္ဇာဘိသေကမင်္ဂလာ အဘိသိက်မင်္ဂလာ တင် ပေးခြင်းဖြင့် ထူးမြတ်သောကုသိုလ်တို့ကို ဆည်းပူးခဲ့ကြတယ်။ ဒကာ ကြီး ရပါစေဆိုပြီးတော့ ဤကောင်းမှု အကြောင်းပြုရွှ သာဓုခေါ်နိုင်ပြီး ဒကာကြီးဟာ ဖြစ်ရာဘဝမှာ ချမ်းသာသုခ တိုးတက်ခံစားရပါစေဆိုတဲ့ ကောင်းမြတ်တဲ့ သမ္မာဆန္ဒနဲ့ ဒကာမကြီးနဲ့တကွ သားသမီးတွေက ရှင်ပြု သဘင် ဆင်ယင်ကျင်းပ ဂူဇော်ကြတယ်။
ဒကာကြီးက အခုဘယ်ရောက်နေသလဲ) သူ့ကံအလျောက် သူ့ကုသိုလ် တွေး ကောင်းမှုတွေအလျောက် တစ်ဘုံတစ်ဘဝမှာ ရောက်ပြီးတော့ အကျိုးတွေ ခံစားနေရတယ်။ လူဆိုတာဟာ ကွယ်လွန်သွားပြီဆိုရင် ဒါ တစ်ဘဝတော့ ရောက်သွားတာပဲ။ ကိုယ့်ကံအလျောက် ကောင်းမှုက အကျိုးပေးရင် ကောင်းတဲ့ဘဝရောက်မယ်။ မကောင်းတဲ့ကံတွေက အကျိုး ပေးရင် မကောင်းတဲ့ဘဝရောက်နေရမယ်။ သူ့ကံအလျောက်ပဲ။ ဘယ်သူ မှ မမြင်နိုင်ဘူး။
“ဘယ်သက်ရွယ်မှာ။ ဘယ်ရောဂါနှင့်' ဘယ်ခါကာလ၊ ဘယ် ဒေသဉ်၊ သေရမည့်တာ။ တို့သူငါ မှန်စွာမသိပါတကား ” လူဆိုတာ ဘယ်အသက်အရွယ်မှာသေမယ်။ ဘယ်အချိန်မှာသေမယ်။ ဘယ်ရောဂါနဲ့သေမယ်။ ဘယ်သချိုင်းမှာပစ်ချရမယ်။ သေတော့လဲ ဘယ်ဘဝရောက်မယ်ဆိုတာ အမှတ်အသားအပိုင်းအခြားမရှိဘူးး ကံအား လျော်စွာ ဖြစ်ချင်သလိုဖြစ်တာ။ အကုသိုလ်ကံရဲ့အကျိုးခံစားရရင် ဖြစ်ရာ
ဘဝမှာ ချမ်းချမ်းသာသာပဲနေရမယ်1 အကိုလ်အကျိုးခံစားရရင် ဖြစ်ရာ ဘဝမှာ မကောင်းတဲ့အကျိုးတွေ ခံစားရမယ်။
ဒကာကြီးကတော့ ကောင်းမှုရှင် ကုသိုလ်ရှင်တစ်ယောက်ဖြစ်တော့ ကောင်းရာဘဝ ရောက်လိမ့်မယ်လို့ မိမိတို့မျှော်မှန်းရတယ်။ ဒီဘဝမှာ မိမိတို့ခံစားရတဲ့အကျိုးတွေဟာ ဟိုဘဝက ကံကြောင့် ဒကာကြီးလဲ ခုလူ့ဘဝမှာ လူ့သက်တမ်းစေ့ နေပြီးတော့ လူ့ဘဝချမ်းသာ ခံစားခဲ့ရတယ်။ ချမ်းသာဆင်းရဲအမျိုးမျိုးပေါ့။ ဒီဘဝက သူပြုထားခဲ့တဲ့ ကုသိုလ်တွေ အများကြီး၊ အဲဒီကုသိုလ်တွေရဲ့အကျိုး နောက်ဘဝခံစားရတယ်။
ယနေ့ မိမိတို့က ချမ်းသာသုခ တိုးတက်ခံစားရပါစေလို့ အထောက် အပံ့ပေးသောအားဖြင့် ကုသိုလ်တွေပြုပေးကြတယ်။ အခုဒကာမကြီးနှင့် တကွ သားသမီးတွေ လူ့ဘဝအကျိုး ခံစားရတယ်။ ကောင်းတဲ့အကျိုး လဲ ခံစားရမယ်1 မကောင်းတဲ့အကျိုးလဲ ခံစားရမယ်နော်။ မိမိတို့လူ့ဘဝမှာ စားဝတ်နေရေးမပူရဘူး။ မဂူရတဲ့အပြင် အခုလိုပဲ အကြောင်းအားလျော် စွာ လှူရေးကြုံရင် လှူနိုင်ကြတယ်1 သီလစောင့်ဖို့ကြုံရင် သီလစောင့်နိုင် ကြတယ်။ ဘာဝနာဝစီးဖြန်းဖို့ကြုံရင် ဘာဝနာစီးဖြန်းနိုင်ကြတယ်။ ကောင်းကျိုးတွေ ခံစားရတယ်။ ဒါရှေးဘဝက မိမိတို့ပြုခဲ့တဲ့ ကံကြောင့်၊
ရှေးဘဝက ကောင်းမှုရှိလို့ ဒီဘဝမှာ မိမိတို့ လူကောင်းသူကောင်း ဖြစ်ကြရတယ်။ သူတော်ကောင်းတွေဖြစ်ကြရတယ်။ သူတော်ကောင်း အကျင့်တွေ ကျင့်ကြရတယ်1
သူတော်ကောင်းအကျင့်ဆိုတာ ဘာတုံး မကောင်းမှုတွေမပြုဘူး။ တတ်နိုင်သမျှ ရှောင်ကြတယ်။ ကောင်းမှုတွေ ပြုကြတယ်။ ယနေ့ ရှင်ပြု ပဗ္ဗဇ္ဇမင်္ဂလာ ကောင်းမှုပြုကြတယ်။ ဒကာကြီးချမ်းသာဖို့အကြောင်းပြုပြီး ကုသိုလ်တွေပြုကြတယ်။ အဲဒါတွေဟာ အကြောင်းမဲ့ ဖြစ်ခဲ့သလား ဆိုတော့ မဟုတ်ဘူးနော်။
လောကမှာ တင့်တင့်တယ်တယ် နေနိုင်ကြတယ်။ စားဝတ်နေရေး မပူရ။ ကုသိုလ်ရေး မပူရ ဘာအရေးမှ မပူရဘူး။ ဒါတွေဟာ အားလုံး ရှေးဘဝက ခုနပြောတဲ့ ဉာဏသမ္ပယုတ်စိတ်နဲ့ အားထုတ်ခဲ့တဲ့ ကုသိုလ်
တွေရဲ့ အရှိန်အဝါ။ အာနုဘော်။ ကုသိုလ်တွေရဲ့ သတ္တိ
လူ့ဘဝမှာသတ္တိဆိုတာ အလွန်အရေးကြီးတယ်။ အဲဒီသတ္တိတွေဟာ လိုက်နေတာ။ ဟိုဘဝက ကောင်းအောင်ပြုခဲ့ရင် ကောင်းတဲ့ဓာတ်တွေက ဒီဘဝလိုက်နေတာ။ မကောင်းအောင်ပြုရင်လဲ မကောင်းတဲ့ဓာတ်တွေက လိုက်နေတာပဲး။ ဓာတ်ဆိုတာမြင်ရတာတော့မဟုတ်ဘူး။ မမြင်ရပေမယ့် ရှိနေတယ်
ဘုန်းကြီးတို့ကံဆိုတာရှိတယ် ကုသိုလ်ကံတွေဆိုပါတော့။ ရှေ့ဘဝ က ဉဉာဏသမ္ပယုတ်ကုသိုလ်စိတ်ဖြင့် ကောင်းမှုတွေပြုခဲ့ကြတယ်။ အဲဒီ ကံတွေဟာ ဖြစ်ပြီးရင် သူကပျောက်တာပဲ။ အခုကုသိုလ်တွေလုပ်ကြ တယ်။ မနေ့ကလဲ လှူဖို့တန်းဖို့ စီမံကြတယ်။ ပြင်ဆင်ကြ၊ ပြုပြင်ကြ။ ဒီနေ့လဲပဲ လှူဖို့တန်းဖို့ ဆောင်ရွက်ခဲ့ကြတယ်။ အခုလဲပဲ လှူတန်းတုန်း အဲဒီအခါမှာဖြစ်တဲ့ စေတနာတွေဟာ မနည်းဘူး။ အဲဒီစေတနာတွေဟာ နာမ်တရား၊ နာမ်တရားဆိုတာ ဖြစ်ပြီးပျောက်တာပဲ။ ပျောက်ပေမယ့် ဒီနာမ်တရားတွေက ကံတွေ ကံတရားတွေဟာ လုံးဝပျောက်သွားတာ မဟုတ်ဘူး။ အခုရိုးရိုးနာမ်တွေ နာမ်တရားတွေဟာ ဖြစ်ပြီးပျောက်။ ဖြစ်ပြီး ပျောက် ဘာမှမကျန်တော့ဘူး။ ကံဆိုတဲ့ ကုသိုလ် အကုသိုလ်ကံတရား ကတော့ ပျောက်သွားတာမဟုတ်ဘူး။ ချုပ်သွားပေမယ့် ပျောက်သွားတာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အကျိုးပေးတတ်တဲ့ ဓာတ်သဘာဝကို မြှုပ်နှံပြီးတော့ ဓာတ်သဘာဝလေးတွေ ချန်ထားခဲ့ပြီးတော့ သူက ချုပ်ချုပ်သွားတာ။ ချုပ်သွားတော့ အဲဒီကံတွေ ချုပ်သွားပေမယ့် အဲဒီ ဓာတ်သဘာဝလေးဟာ ဒီပုဂ္ဂိုလ်သန္တာန်မှာ တည်နေတယ်။
သန္တာနေ ဒ ကမ္မံနာမ။ နနိရုန္စျတိ သဗ္ဗသော၊ သဝိသေသံ နိဓေတွာန၊ သမယမှိ ဝိပစ္စိတုံ အရှင်ဇနကာဘိဝံသ။
သန္တာနေ-သူသူငါငါ သတ္တဝါတို့၏ သန္တာန်ဉ္ဗ်၊ က္ကဒံကမ္မံနာမ- ဤစေတနာဆိုတဲ့ ကံတရားသည်။ နိရုဇ္စျမာနံ-ချုပ်သည်ရှိသော်၊ သဗ္ဗသော- အကြွင်းမဲ့အလုံးစုံ အကုန်အားဖြင့်၊ နနိရုဇ္စုတိ-ချုပ်ပျောက်သွား
သည် မဟုတ်ပါပေး သမယမှိ-အချိန်ကျသောအခါခ်း ဝိပစ္စိတုံ-လျော်ရာ အကျိုးကို ပေးခြင်းငှား သဝိသေသံ-မိမိ၏ အရှိန်အစော် အာနုဘော်သတ္တိ ထူးကို၊ နိဓေတွာန-ပုဂ္ဂိုလ်၏ သန္တာန်တွင် မြှုပ်နှံချန်ထားခဲ့ရဤ။ နိရုဇ္ဇုတိ- ချုပ်သွားရိုးသာ ဖြစ်ပါပေသတည်း။
အဲဒီကံတရားလေးဟာ နာမ်တရားဖြစ်တော့ နာမ်တရားရဲ့သဘာဝ အတိုင်း ဖြစ်ပြီးချုပ်တာပဲ။ သို့ပေမယ့် ရိုးရိုးနာမ်တရားတွေချုပ်သလို အကုန်လုံးပျောက်သွားတဲ့အချုပ်မျိုးတော့ မဟုတ်ဘူး။ မိမိရဲ့ ဓာတ်သဘာဝ ကို ကံပြုတဲ့ ကုသိုလ်ရှင်ရဲ့သန္တာန်မှာ မြှုပ်ပေးထားတာ။ မြှပ်ထားခဲ့တား အဲဒီဓာတ်ဟာ ဘယ်တော့မှမပျောက်ဘူး1 အကြောင်းမညီညွတ်သေးရင် အချိန်အခါ မကျသေးရင်တော့ မပေါ်သေးဘူး။ အကျိုးပေးဖို့ အခွင့်သင့်ပြီ။ အခါကြုံပြီဆိုမှ သူကပေါ်လာတာ။ ဒါကိုဘုန်းကြီးတို့ပဋ္ဌာန်းနည်းနဲ့ ပြောရင် ကမ္မသတ္တိလို့ဆိုတယ်။ မျိုးစေ့သဘောမျိုးပေါ့။
မျိုးစေ့လေးဟာ ဒီအတိုင်းနေတော့ သူဘာမှမဟုတ်သလိုဘဲ။ ဘာမှ အစွမ်းမရှိသလိုဘဲး သို့သော်လဲ သူပေါက်နိုင်လောက်တဲ့ အကြောင်းတွေ ဆုံလာပြီဆိုရင် ရေဓာတ်နဲ့တွေ့မယ်။ အစိုဓာတ်နဲ့တွေ့မယ်။ ဥတု။ အေးတဲ့ ဥတုနဲ့ကြုံတွေ့မယ်။ နေဓာတ်ရမယ်။ ရေဓာတ်ရမယ်ဆိုရင် တစ်ခါတည်း အဲဒီမျိုးစ့လေးဟာ ပေါက်လာတာပဲ။ အညှောက်လေးပေါက်လာတာပဲး တော်ကြာကျတော့ အပင်ကြီးဖြစ်သည်အထိ အဲဒါကမ္မသတ္တိ၊ သဘာဝ အတိုင်းပဲ။ အဲဒါမျိုးစေ့စိုက်တာ။ ကမ္မသတ္တိဆိုတဲ့ မျိုးစေ့စိုက်တာ။
မျိုးစေ့ဟာ ရေမြေအစိုဓာတ်၊ အစေးဓာတ်တွေ အကြောင်းတွေ ဆုံမိလို့ရှိရင် ပေါက်လာသလို အဲဒီခုနပြောတဲ့ငုပ်နေတဲ့ကံလေးဟာလဲ အကျိုးပေးဖို့ အခါအခွင့်သင့်လာပြီဆိုရင် တစ်ခါတည်း ထပြီးတော့ ဘွားခနဲအကျိုးပေးတော့တာပဲ) လူ့ဘဝမှာလဲ ချမ်းသာအမျိုးမျိုး အကျိုး ပေးတယ်။ နတ်ဘဝမှာလဲ ချမ်းသာအမျိုးမျိုး အကျိုးပေးတယ်။ လူ့ဘဝ ပဋိသန္ဓေဆိုတဲ့အကျိုးပေးတယ်ဇစါ နတ်ဘဝပဋိသန္ဓေဆိုတဲ့ အကျိုးပေး တယ်။ ပဋိသန္ဓေနေပြီးနောက်ပဝတ္တိအကျိုး အမျိုးမျိုးတွေပေးတယ်။ နတ်ဘဝမှာလဲ ပဋိသန္ဓေသွားနေတယ်။ ပဋိသန္ဓေနောက် ပဝတ္တိအခါမှာလဲ
ချမ်းသာအမျိုးမျိုး အကျိုးတွေပေးတယ်။ အဲဒါကံရဲ့သဘာဝ။ သမ္မသတ္တိ ခေါ်တယ်။
ကိုယ့်သန္တာန် သူ့သန္တာန်မှာ အဲဒီကံဆိုတဲ့တရားလေးဟာ ဖြစ်နေတာပဲ။ ဖြစ်နေပေမယ့် အကြောင်းမသင့်ရင် မြုပ်နေသေးတယ်။ မပေါ်သေးဘူး။ အကြောင်းသင့် အခွင့်သာတဲ့အခါမှ ပေါ်လာတယ်
ဓာတ်တွေဆိုတာတည်မြဲတယ်။ လူဆိုတာဟာ လူ့သန္တာန်မှာ သတ္တိ ဆိုတာ အမျိုးမျိုးရှိတယ်။ တချို့သတ္တိဟာရှိပေမယ့် မြင်ရတာမဟုတ်ဘူး။ အနုသယ-ကာမရာဂါနုသယ။ ပဋိဃာနသယ-စသော လောဘဒေါသ အနုသယဓာတ်တွေရှိတယ်။ ခန္ဓာကိုယ်ထဲတော့ ရှိနေတာပဲ။ အကြောင်း မညီညွတ်ရင်မပေါ်သေးဘူး အကြောင်းညီညွတ်တဲ့အခါမှ ပေါ်လာတယ်။ အကုသိုလ်ဓာတ်၊ အနုသယဓာတ်တွေ။ မြင်လဲမမြင်ရဘူး။ မမြင်ရ ပေမယ့် ရှိနေတာပဲ။
မီးခြစ်ဆံနဲ့ ယမ်းတို့လို မီးကတော့ရှိနေတာပဲ။ ရှိနေပေမယ့် ရှိမှန်း မသိရဘူး။ သွားပြီးတော့တို့လိုက်မှ ခြစ်လိုက်မှ မီးဖြစ်လာတယ်။ ခန္ဓာကိုယ် ထဲမှာလဲ အဲသလိုပဲ အနုသယဆိုတဲ့ဓာတ်တွေရှိတယ်။ အကုသိုလ်ဓာတ်တွေ အကြောင်းညီညွတ်မှပေါ်လာတာ။ ဒါတွေဟာမျက်မြင်ပဲလေ။ ရူပါရုံလေး တွေ့လာတယ်။ ပထမ မိမိသန္တာန်မှာ လောဘရှိတာမဟုတ်ဘူး။ တဏှာ ရှိတာမဟုတ်ဘူး။ ရူပါရုံလေးနဲ့ စက္ခုနဲ့ သွားဆုံမိတယ်။ ဆုံမိတဲ့အခါ ကျတော့ ငုဝ်နေတဲ့ ကာမရာဂ နုသယဆိုတဲ့ လိုချင်တပ်မက်တဲ့ လောဘကလေးက ဘွားခနဲပေါ်လာတယ်။ အဲဒါငုပ်နေတဲ့လောဘကလေး ရှိနေတယ်။ ရှိပေမယ့်- ရှိမှန်းမသိဘူး။
ဝါသနာဆိုတဲ့ သဘောတရားလဲ အတူတူပဲ။ အဲဒီဝါသနာဆိုတဲ့ဓာတ် ဟာလဲ အကြောင်းမညီညွတ်သေးရင် မပေါ်သေးဘူး။ အကြောင်းဆုံမိရင် ပေါ်လာတာပဲ။ ဘုန်းကြီးတို့ ဟိုခေတ်က ရဟန္တာကြီး ရှင်ပိလိန္ဒ၀စ္ဆတဲ့။ လူမြင်ရင် ခပ်ကြမ်းကြမ်းမိန့်တော်မူလေ့ရှိတယ်။ “ဟေ့ _... သူယုတ်”” စိတ်ကတော့ ဒေါသရှိလို့ သူ့ကိုနှိမ်ချင်လို့မဟုတ်ဘူး။ ရဟန္တာဆိုတော့ ဘယ်မှာဒေါသရှိမလဲ။ သို့သော်လဲပဲ ဘ၀ငါးရာပတ်လုံး အထက်တန်း
ပုဏ္ထားဇာတ်အဖြစ်နဲ့ ဖြစ်ခဲ့ရတော့ အရှိန်လေးဟာရှိနေတယ်။ အဲဒါ ကြောင့်မို့လို့ လူတွေ့လို့ရှိရင် အဲဒီအရှိန်လေးဟာ ပေါ်ပေါ်လာတယ်။ “လူယုတ် လူယုတ် ”နဲ့ ပြောလေ့ရှိတယ်။ ဒါကြောင့်မို့လို့ သူသူငါငါ သတ္တဝါတွေရဲ့သန္တာန်မှာ ကောင်းတဲ့ဓာတ်တွေလဲလိုက် မကောင်းတဲ့ဓာတ် တွေလဲလိုက်၊ မကောင်းတဲ့ဝါသနာဓလေ့စရိုက်တွေ မိမိတို့ဒီဘဝမှာ များများသုံးမယ်ဆိုရင် နောက်ဘဝကျရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ မကောင်းတဲ့အကုသိုလ်တွေ ကြပ်ကြပ်ရှောင်ကြ၊ ကောင်းတဲ့ကုသိုလ်
တွေ စုဆေင်းကြရ။ လေ့ကျင့်ကြရတယ်။ လူ့ဘဝမှာ ဘာအရေးကြီးဆုံးလဲ။ ကောင်းတဲ့ဓာတ်တွေကို တိုးပွားအောင် ကြိုးစားဖို့အရေးကြီးတယ်။ အဲဒီ ဓာတ်တွေ တိုးပွားသည်နဲ့အမျှ အဲဒီဓာတ်တွေက မိမိတို့သန္တာန်မှာ ကောင်းတဲ့ဓာတ်တွေအဖြစ်နဲ့ ကိန်းပြီးတော့ နောင်အကြောင်းညီညွတ်တဲ့ အခါမှာ ကောင်းတဲ့ချမ်းသာတွေ ပေးပြီးတော့ နောက်ဆုံး သာသနာမှာ အကောင်းဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင် ကြလိမ့်မယ်လို့ ယုံကြည်ပြီးတော့ မိမိတို့ ယနေ့ပြုရတဲ့ကုသိုလ်ကို ထူးခြား တဲ့ ကုသိုလ်အဖြစ် စီမံပြီးတော့ အဲဒီကုသိုလ်တွေ မမေ့ကြရဘူး။ ပြန်ပြန် အောက်မေ့ကြရတယ်' ကုသိုလ်ဆိုတာ မမေ့လေအကျိုးရှိတယ်။ အရှိန်ရှိ တယ် အာနုဘော်ရှိတယ်။ မမေ့လေ အဲဒီဓာတ်တွေဟာ ဓာတ်ထူးတွေ အဖြစ်ရောက်တယ်။ ကုသိုလ်ဆိုတာ ပြီးပြီးပျောက်ပျောက်ဆိုပြီးရော။ အဲဒီကုသိုလ်ဟာ ပျောက်သွားတာပဲး ပျောက်သွားတယ်ဆိုတာ သူ့အရှိန်နဲ့ တော့ ရှိတယ်ပေါ့ သို့သော် ထူးခြားတဲ့အရှိန် မရောက်ဘူး။ ဒီလို မဟုတ်ဘဲနဲ့ မိမိတို့ပြုရတဲ့ လှူမှုတန်းမှု ပူဇော်မှုတွေကို ပြန်ပြန်ပြီးတွေး ရင် စာဂါနုဿတိဖြစ်တယ်။ အဲဒီစာဂါနဿတ်ိဖြင့် ကုသိုလ်ထုံပေးလိုက် ရင် အာစိဏ္ဌကံမြောက်တယ်။ အာသေဝန အထုံရတယ်။ အဲသလို အထုံ ရတဲ့ ကုသိုလ်ဟာ အရှိန်ရှိတယ်1 အာနုဘော်ရှိတယ်။ သတ္တိရှိတယ် အဲသလို သတ္တိရှိအောင် ကြိုးစားပေးတဲ့ကုသိုလ်တွေသာ မိမိတို့ကို ရင့်သထက်ရင့် အောင် မြင့်သထက်မြင့်အောင် ဆောင်ရွက်ပေးမှာ။ ဒါကြောင့်မို့လို့ မေ့မေ့ ပျောက်ပျောက်သဘောမထားဘဲနဲ့ ဒို့ကုသိုလ်ဟာ အင်မတန်ထူးတဲ့ကုသိုလ်
လို့နားလည်ပြီးတော့ အဲဒီကုသိုလ်တွေတိုးပွားအောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
(ကွယ်လွန်သူ ဦးချစ်မောင် ၃-လပြည့် ဆွမ်းအလှူတရား) ကြ
ကြုံရခဲသည့် ဓမ္မပွဲတရားတော်
ဒီကနေ့ အမျိုးသားနေ့။ ဒီအမျိုးသားနေ့မှာ ပျော်ပွဲတစ်ခု ဆင်ယင် ကျင်းပကြတယ်။ ပျော်ပွဲဆိုပေမယ့် လောကပျော်ပွဲမျိုးမဟုတ်ဘူး ဓမ္မ ပျော်ပွဲ
သဗ္ဗရတိ ဓမ္မရတိ ဇိနာတိ
သဗ္ဗရတိ-အလုံးစုံသော အပျော်မျိုးကို၊ ဓမ္မရတိ-တရားတည်းဟူသော ပျော်ရွှင်ခြင်းက၊ ဇိနာတိ-အောင်နိုင်ပေ၏ လို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့အတိုင်း လောကအပော်တို့နှင့် ဘယ်လိုမှ ယှဉ်မရ နှိုင်းမရ။ ထူးမြတ်တဲ့အပျော်မျိုးဖြင့် ယနေ့ မိမိတို့ပျော်ကြတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ဟာ လှူရတယ်ဆိုရင်ပျော်နေကြတာပဲ။ ဒီအပျော် မျိုးဟာ ဘုရားရှင်ကိုယ်တော်မြတ် ချီးမွမ်းတဲ့အပျော်မျိုး မွန်မြတ်တဲ့အပျော် မျိုး။ ဟိုလောကအပော်မျိုးလို ဒုက္ခရောက်ကြောင်း မဟုတ်ဘဲနဲ့ ဒီအပျော် မျိုးက ချမ်းသာခြင်းအကြောင်း ကောင်းမြတ်တဲ့အပျော်မျိုး။
ဒီတော့ မိမိတို့ဟာ ဒီအပျော်ရဲ့ ဂုဏ်ကျေးဇူးကို သိကြလိမ့်မယ်။ ယနေ့ ကုသိုလ်တရားတွေနဲ့ အလှူပွဲကြီးနဲ့ ပျော်ပွဲသဘင် ဆင်ယင်ကျင်းပ ပျော်ရွှင်ကြတယ်။ ကောင်းသောပျော်ရွှင်ခြင်းပဲ) ဒုတိယအချက်က သဂဂ္ပါနံ တပေါသုခေါ) သမဂ္ဂါနံ-စိတ်တူကိုယ်မျှ ညီညွတ်ကြတဲ့ပုဂ္ဂိုလ်တို့ါ။ တပေါ-ကုသိုလ်အကျင့်သည်။ သူခေါ-ချမ်းသာခြင်းအကြောင်းတည်း ဆိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ် ဒေသနာတော်အရ ဆွေမျိုးမိတ်ဆွေ သင်္ဂဟတွေ စုပေါင်းပြီးတော့ ယခုလို ညီညီညွတ်ညွတ်နဲ့ ကုသိုလ်ပွဲကြီး ဆင်နွှဲထူထောင်ကြခြင်းဟာ သုခေါ-ချမ်းသာခြင်းအကြောင်းဆိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တဲ့အတိုင်း ချမ်းသာခြင်း
အကြောင်း တကယ်ကောင်းမြတ်တဲ့ ပျော်ပွဲကြီးတစ်ခု။ အဲဒီတော့ ဒီပျော်ပွဲကြီးမျိုးကို ဘာဖြစ်လို့ မိမိတို့ ပျော်နိုင်ကြလဲဆို ရင် ပညာရှိလို့ သဒ္ဓါရှိလို့1 သဒ္ဓါဆိုတဲ့ ရတနာသုံးပါးအပေါ်မှာ မိမိတို့ ထြည်ညိုြတ်နိုးကြတဲ့ ယုံကြည်တဲ့သဒ္ဓါတရားရှိကြတယ်။ အဲသလို သဒ္ဓါ ပညာတရားတွေ အထင်အရှားရှိနေသောကြောင့် အခုလိုပျော်ပွဲကြီးတစ်ပွဲ ဆင်နွှဲကျင်းပ ပျော်ရွှင်နိုင်ကြခြင်းဖြစ်တယ်။ လောကမှာ ဘုန်းကြီးတို့ဂုဏ်ဆိုတာက ဂုဏ်ကိုသိတဲ့ပုဂ္ဂိုလ်မှ ဂုဏ် မှန်းသိတယ်။ ဂုဏ်ကိုသိတဲ့ပုဂ္ဂိုလ်မှ ဂုဏ်ဖြစ်တယ်။ ယနေ့ ဓိမိတို့ပြုရ တဲ့ ဒါနဆိုတဲ့ကုသိုလ်၊ သီလဆိုတဲ့ကုသိုလ်၊1 ဘာဝနာဆိုတဲ့ကုသိုလ်၊ ကုသိုလ်ကောင်းမှုတွေဟာ ကောင်းဂုဏ်တွေ အဲဒီကောင်းဂုဏ်တွေဟာ မိမိတို့သိနားလည်လို့ ဂုဏ်တွေဖြစ်နေကြတယ်။ နားမလည်တဲ့ပုဂ္ဂိုလ်တွေ ကျတော့ ဂုဏ်မဟုတ်ဘူး အပြစ်တွေ။ တချို့နားမလည်တဲ့ပုဂ္ဂိုလ်တွေက ဟာ-အလကား၊ ပစ္စည်းတွေဖြုန်းနေကြတာပဲး အလကား ဘာမှအကျိုး မရှိဘဲနဲ့ လှူနေတန်းနေကြတယ် စသည်ဖြင့် ပြောကြတယ်။ အဲဒါ ဂုဏ်နားမလည်လို့ . . .။
ဂုဏာ ဂုဏညူသု ဂုဏာ ဘဝန္တိ။
တေ နိဂ္ဂုဏံ ပါပျ ဘဝန္တိ ဒေါသာ။
အဿာဒ တောယာ ပသဇန္တိ နဇ္ဇော။
သမုဒ္ဒ မာသဇ္ဇ ဘဝန္တု ပေယျာ။
ဂုဏာ-ဒါနသီလအစရှိသော ကောင်းမြတ်သောဂုဏ်တို့သည်။ ဂုဏညူသု-သီလ သမာဓိ ၀ညာတို့ရဲ့ဂုဏ်ကို သိကြတဲ့ပုဂ္ဂိုလ်တို့ဥွ။ုဏာဘဝန္တိ-ကောင်းဂုဏ်တွေဖြစ်ဤ နေကြပါပေကုန်ဓါ4 တေ ဧဝ- ထိုကောင်းမြတ်သော သီလသမာဓိ ပညာအစရှိသောဂုဏ်တို့သည်သာလျှင် နိဂ္ဂုဏံ- ကျေးဇူးဂုဏ် တစ်စုံတစ်ရာမရှိသူသို့1 ပါပျ-ရောက်ခဲ့သည်ရှိသော်၊ ဒေါသာဘ၀န္တိ-ဂုဏ်တွေမဖြစ် အပြစ်တွေသာဖြစ်ဤနေကြပါပေကုန်၏ ဆိုတဲ့ နီတိဆရာတို့ရဲ့ စကားတစ်ခု။ ဂုဏ်တွေဟာ ကောင်းတာပဲး ဒီတော့ အဲဒီဂုဏ်ကို သိနားလည်တဲ့ပုဂ္ဂိုလ်တွေအဖို့တော့ မိမိတို့ လိုလို
ချင်ချင် နှစ်နှစ်သက်သက် မြတ်မြတ်နိုးနိုးနဲ့ ပြကြတယ်။ ဒီဂုဏ်ကို နားမလည်တဲ့ ပုဂ္ဂိုလ်တွေ။ အကျိုးကို မမြော်မြင်တတ်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ အဲဒီဂုဏ်တွေဟာ အပြစ်ဖြစ်နေကြတယ်။
နတ္ထိဒိန္နံ-အလှူအကျိုးမရှိ။ နတ္ထိယိဋ္ဌံ-အလှူကြီးယဇ်ကြီးပေးခြင်း အကျိုးမရှိ။ နတ္ထိဟုတံ-ဧည့်သည်စောင်သည် စသည်ပြုရတဲ့ ကောင်းမှု အကျိုးမရှိ။ နတ္ထိ သုကတ ဒုတ္တတာနံ ကမ္မာနံ ဖလံ ဝိပါကော-ကုသိုလ်ကံ အကုသိုလ်တံတိုရဲ အကျိးမရှိပသည်ပြင် တချို့ဘိုကြတယ်' အခ်ီပုလ် တွေ အဖို့တော့ ဒါတွေဟာ အကုန်လုံးအပြစ်ချည်းပဲ တကယ့်သူတော် ကောင်း သဒ္ဓါရဲ့ ဂုဏ်သိကြတဲ့ပုဂ္ဂိုလ်တွေး ပညာရဲ့ဂုဏ်သိကြတဲ့ပုဂ္ဂိုလ်တွေ။ သတိ သမာဓိ ဝီရိယစသည်အားဖြင့် ကောင်းမြတ်တဲ့ သူတော်ကောင်း တရားတွေရဲ့ဂုဏ်ကို သိကြတဲ့ပုဂ္ဂိုလ်တွေအဖို့တော့ ဒါတွေဟာ တကယ့် ဂုဏ်တွေ
ဥပမာလေး ပေးသေးတယ်။ နဇ္ဇော-မြစ်တို့မည်သည်။ အဿာဒ တောယာ-သာယာချိုမြိန်သော ရေရှိကုန်သည်ဖြစ်ရ။ ပသဝန္တိ-စီးဆင်းရွ် နေကြလေကုန်စါ၊ တာ ဧဝ-ထိုချိုသော မြစ်ရေတို့သည်သာလျှင် သမုဒ္ဒံ-သမုဒ္ဒရာသို့ ပတွာ-ရောက်ကြသည်ရှိသော်' အပေယျာ-သောက် မကောင်းကုန်သည်။ ဘဝန္တိ-ဖြစ်ကြပေကုန်၏။
ဆိုတဲ့အတိုင်း မြစ်ရေတွေက မြစ်ထဲမှာနေတယ်။ ချိုတယ်။ ဌာနဟာ ချိုစေတတ်တဲ့ဌာနမို့လို့ ချိုစေတတ်တဲ့ မြစ်အတွင်းမှာ နေတဲ့အခါ မြစ် ရေတွေဟာ ချိုကြတယ်။ သမုဒ္ဒရာထဲစီးဆင်းလို့ သမုဒ္ဒရာထဲရောက်သွား ပြီဆိုရင် တစ်ခါတည်း သောက်မရတော့ဘူး ဆားငန်ရေအတိ ဖြစ်ကုန် ကြတယ်။ ဒါကြောင့်မို့လို့ ဂုဏ်ဆိုတာဟာ အဲဒီမြစ်ရေအတိုင်းပဲ။ မြစ်ထဲ နေတုန်း ချိုသလို ကောင်းတဲ့ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေ သန္တာန်မှာရှိရင် ဂုဏ်တွေပဲ။
ယနေ့ မိမိတို့မှာ အဲသလို ဂုဏ်နားလည်တဲ့ပညာ ရှိကြသောကြောင့် ဂုဏ်တွေကို ယုံကြည်တဲ့သဒ္ဓါတရား ရှိကြသောတြောင့် များရွာသော ကုသိုလ်ကောင်းမှုတွေ ဖြစ်ပွားကြတယ်။ အဲဒါဟာ အင်မတန်မွန်မြတ်
တယ်။ ယနေ့ မိမိတို့လှူရတဲ့အလှူ ကြည့်လိုက်ရင် သူတော်ကောင်းတို့ရဲ့ ဒါနမျိုး ယနေ့ပြုကြတယ်။
သူတော်ကောင်းတို့ရဲ့ဒါဆိုတာ ဘာတုံးဆိုတော့ ဘုန်းကြီးတို့ လောကမှာ သဒ္ဓါတရားဖြင့်လှူလို့ရှိရင် သဒ္ဓါဒါနတဲ့။ သူတော်ကောင်း ဒါနတစ်မျိုး။ သဒ္ဓါဒါနဆိုတဲ့ သဒ္ဓါတရားဖြင့် လှူတဲ့အလှူဟာ သူတော် ကောင်းဒါန၊ အဲဒီသူတော်ကောင်းဒါနကို လှူတတ်လို့ရှိရင် နောက်ဘဝ ကျရင် ပစ္စည်းချမ်းသာတယ်။ ပစ္စည်းချမ်းသာရုံတင်မကဘူး။ သဒ္ဓါဒါနရဲ့ အကျိုးတစ်မျိုးး အဆင်းလှပခြင်းတည်းဟူသောအကျိုးကို ခံစားရတယ်။ ဒါလဲ ကံအတိုင်းပေါ့နော်။ ဘာဖြစ်လို့လဲ သဒ္ဓါဆိုတာက ဖြစ်ရင်ပုဂ္ဂိုလ်ရဲ့ စိတ် ကြည်စေတတ်တယ်။ ရုပ်လဲကြည်စေတတ်တယ်' သဒ္ဓါတရားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ရုပ်ကို ကြည့်လိုက်ရင်သိတာပဲ။ ကြည်နေတာ။ အဲဒါ သဒ္ဓါဒါန
ဒုတိယဒါနက သတ္တစ္စဒါနတဲ့။ အလှူခံပုဂ္ဂိုလ်ကို ရိုရိိသေသေပြုတယ်။ အလှူပစ္စည်းကို ကောင်းကောင်းမွန်မွန် ရိုရိုသေသေပြုတယ်။ အဲဒါမျိုးကို အလှူကိုရိုသေစွာပြုအပ်တဲ့ သက္ကစ္စဒါနလို့ဆိုတယ်။ အဲဒီသက္ကစ္စဒါနလှူပြီ လို့ဆိုရင် နောက်ဘဝကျ ပစ္စည်းဥစ္စာပေါတယ် သတ္တစ္စအတွက် ထူးခြား တဲ့ အကျိုးတစ်ရပ်ကတော့ ကိုယ့်လင်ကိုယ့်မယား။ ကိုယ့်သားကိုယ့်သမီး။ ကိုယ့်လုပ်သားတွေ ကိုယ့်စကား ကောင်းကောင်းလိုက်နာကျင့်သုံးကြ တယ်။ ကိုယ့်အလိုကို ကောင်းကောင်းလိုက်ခြင်းဆိုတဲ့ အကျိုးခံစားရတယ်။
တတိယဒါနက ကာလဒါန၊ ကာလဒါနဆိုတာ အချိန်အခါအရ လှူတဲ့ဒါနမျိုး။ အဲဒီဒါနမျိုး လှူဒါန်းပြီလို့ဆိုရင် ကာလဒါနဆိုတာက မမာမကျန်းဖြစ်တဲ့ပုဂ္ဂိုလ်ကို လှူတဲ့ဒါနမျိုး။ အစာရှားပါးတဲ့အခါ လှူတဲ့ ဒါနမျိုး။ ခရီးသွားပုဂ္ဂိုလ် အာဂန္တုတွေကို လှူတဲ့ဒါနမျိုးး ကောက်ဦးပေါ်တဲ့ အခါ လှူတဲ့ဒါနမျိုးဆိုတဲ့ အဲဒီအချိန်အခါအရ လှူတဲ့ဒါနမျိုးဟာ ကာလ ဒါနလို့ဆိုတယ်။
အခုလဲပဲ မိမိတို့အချိန်သတ်မှတ်ပြီးတော့ တစ်နှစ်တစ်ခါ အမျိုးသား နေ့တို့လှူကြစို့ဆိုပြီး သတ်မှတ်ပြီး လူတာဟာ ကာလဒါနတစ်မျိုးပါပဲ။ အဲဒီလို ကာလဒါနဆိုတဲ့ အလှူဒါနကိုလှူရင် ပစ္စည်းဥစ္စာပေါများခြင်း
အကျိုးကတော့ ရပြီးသားပဲ။ အထူးသဖြင့် ရတာကတော့ မမာမှ အစား အသောက်တွေပေါနေရင် ဘာအကျိုးရှိတော့မလဲ။ စားနိုင်သောက်နိုင် သုံးနိုင်ဖြုန်းနိုင်တဲ့အရွယ်မှာ အကျိုးတွေများများရမှ အကျိုးရှိတား အဲဒါ ကြောင့် ကာလဒါနလှူရလို့ရှိရင် ပထမအရွယ်ငယ်တုန်းမှာလဲ ပစ္စည်း ဥစ္စာတွေ ချမ်းသာတွေ အကျိုးစီးပွားတွေ များများခံစားရခြင်းအကျိုး ခံစားရတယ်
စတုတ္ထအလှူက အနဂ္ဂ္ဟဟိတဒါန၊ လှူကြတန်းကြတဲ့ပစ္စည်းတွေအပေါ် မှာ တွယ်တာမှု လုံးဝမရှိဘဲနဲ့ မငဲ့မကွက် ရက်ရက်ရောရော လွတ်လွတ် ကျွတ်ကျွတ် မုတ္တစာဂီဖြစ်အောင်လှူခြင်းဟာ အနဂ္ဂဟိတ-အစွဲအလမ်း မရှိတဲ့ အလှူဒါနမျိုး။ အဲဒါ သူတော်ကောင်းအလှူဒါနမျိုး။ အဲဒီသူတော် ကောင်း အလှူဒါနမျိုး လှူရသောကြောင့် လွတ်လွတ်လပ်လပ် အစွဲမရှိ။ အတွယ်မရှိ။ လွတ်လွတ်လဝ်လပ်လှူရသောကြောင့် နောက်ဘဝကျ ပစ္စည်း ဥစ္စာ ပေါများခြင်းဟူသော အကျိုးခံစားရတယ်။ ဒါတင်မက အနဂ္ဂဟိတ အတွက် အထူးအကျိုးခံစားရတာကတော့ မစားရက် မသောက်ရက် ဒီလိုမဟုတ်ဘဲနဲ့ အသုံးအဆောင်ပစ္စည်း ပရိဘောဂတွေကို မိမိတို့အလိုရှိ တိုင်း သုံးဆောင်နိုင်ခြင်းအကျိုး ခံစားရတယ်။ ဆိုလိုရင်းကတော့ မနှမြော ဘူး။ တချို့က ပစ္စည်းတွေသုံးနိုင်သားပဲ။ သို့သော် နှမြောနေတယ်။ မသုံး ရက်ဘူး။ မစားရက်ဘူး။ မဝတ်ရက်ဘူး စသည်ဖြင့်ပေါ့လေ
အဲသလိုမဟုတ်ဘဲနဲ့ ဒီဒါနအကျိုးကြောင့် သုံးနိုင်တယ်။ ပေါပေါ သုံးနိုင်တယ်။ ပေါပေါစားနိုင်တယ်။ ဒါအနဂ္ဂဟိတ ဒါနရဲ့အကျိုး၊
သူတစ်ပါးကိုလဲ မထိပါးဘဲနဲ့ တရားသဘောအတိုင်း တရားသဘော ဆင်ခြင်ပြီးတော့ လှူတဲ့ဒါနမျိုး အနုပဟစ္စ ကိုယ့်ကိုမမြှောက် သူတစ်ပါး ကိုလဲ မရှုတ်ချစသည်ဖြင့် မိမိ သူတစ်ပါးမထိပါးစေဘဲနဲ့ တရားရှုပြီး တော့ လှူတဲ့အလှူမျိုးဟာ အနုပဟစ္စတဲ့။ အေး-ဒီဒါနမျိုးလှူလို့ရှိရင်လဲ ဒုတိယဘဝမှာ ပစ္စည်းဥစ္စာရတနာ ပေါများတယ်။ ပေါများရုံတင်မကဘူး။ မိမိပစ္စည်းကို ရေလဲမဖျက်ဆီးနိုင်ဘူး။ မီးလဲမဖျက်ဆီးနိုင်ဘူး။ သူခိုး ဓားပြကလဲ မတိုက်နိုင်ဘူး' အမွေခံသားဆိုးသမီးဆိုးတွေကလဲပဲ မဖျက်
ဆီးနိုင်ဘူးး ဒီအကျိုးကိုရတယ်လို့ ဆိုတယ်နော်။ အဲဒါ သပ္ပုရိသဒါန ယနေ့ ဘုန်းကြီးတို့ ဒကာဒကာမတွေ လှူ တာဟာ သပ္ဗုရိသဒါနမြောက်တယ်ဆိုတာ ဘုန်းကြီးတို့မြင်ရပါတယ်။ ဒါကြောင့် တို့အခုလို အကျိုးတွေရကြောင်း ကောင်းမြတ်တဲ့ အလှူဒါန ကြီးကို အစဉ်အလာတစ်ခုလုပ်ပြီးတော့ လှူကြတန်းကြ ပူဇော်ကြခြင်းဟာ ကောင်းမြတ်သောပူဇော်ခြင်း၊ ဤနေ့ဤအခါမှာ များစွာသောကုသိုလ် တွေ ဆည်းပူးမိကြလို့ လာဘာဝတ-အရတော်လေစွ၊ သုလဒ္ဓံဝတ-လူဖြစ် ကျိုး နပ်လေစွလို့ ဥဒါန်းကျူးစရာ ကောင်းတယ်နော်။ သနေ မတိုလ္လရတဲ့ဒါနဟာ သပ္ပုရိသဒါနလို့ ဘုန်းကြီးမြောခဲ့ပြ သူတော်ကောင်းဒါန၊ ဒါကြောင့် အောက်မေ့စရာ အင်မတန်ကောင်းတယ်။ ဒါကြောင့် စာဂါနုဿတိလေး ပွားလိုက်ကြရအောင် လိုက်ဆိုကြ- (က) ၁1 ဒါနမျိုးဓါ။ အကျိုးရှိဟု။
သိယုံကြည်စွာ။ သဒ္ဓါဒါန၊ တို့လှူတ။း ကောင်းလှအလှူပါတကား။
၂1 ထိုအလှူမှာ။ ဥစ္စာဓန။
ပေါပြည့်ဝချေ။ ရုပ်ရည်ဝင်းပ။
အဆင်းလှ။ ကျိုးရမနည်းလှပါတကား။
ဒါက သဒ္ဓါဒါန၊ သဒ္ဓါဒါန တို့လှူရပြီလို့ ရုပ်ရည်အဆင်း လှပ ကြောင်း။ ပစ္စည်းဥစ္စာပေါများကြောင်း။ သဒ္ဓါဒါန တို့_လှူရပြီလို့ စာဂါနုဿတိ ကိုယ့်အလှူကို အောက်မေ့ရတာ။
(ခ) ၁။ အလှူခံတစ်သီး။ ပစ္စည်းအထွေထွေ။
ရိုသေပြုက၊ သက္ကစ္စဒါန အကောင်းပါတကား။
၂] တိသတ္တစ္စ၊ လှူဒါနကား၊ ပေါများပစ္စည်း သားသမီးနှင့်၊ ဇနီးလင်သား။ လုပ်သားထိုထို။
က ဒယ်အလိုသိုက်' ကိုယ်အထြက်။
စိုက်စိုက်လိုက်စေသည်။
ယနေ့မိမိတို့က ရိုရိုသေသေလှူရတဲ့ သတ္တစ္စဒါန အဲဒီသက္တစ္စဒါနဟာ
ကိုယ့်သားသမီး။ ကိုယ့်လင်သား။ ကိုယ့်မယား။ ကိုယ့်လုပ်သားတွေဟာ ကိုယ့်အလို ကောင်းကောင်းလိုက်မယ်တဲ့။
(ဂ) ၁။ ခ်ျိန်ခါအရ။ လှူဒါန်းက။
ကာလဒါနတည်း။
၂1 ပစ္စည်းပေါစ္မ၊ ပထမအရွယ်။
ငယ်စဉ်တုန်းသား ကျိုးများစွာ။
ဆိုထ်လာကြုရသည်'
ဒါကာလဒါနအလှူလှူရလို့1 အဲဒီကာလဒါနကြောင့် တို့တစ်တွေ ဟာ ပစ္စည်းပေါကြမယ်' ခံစားနိုင်တုန်း သန်တုန်းမြန်တုန်း ပထမအရွယ် မှာ အကျိုးများစွာ ဆိုက်ကြုံလာရမယ်။ ပေါများမယ်။
(ည) ၁။ မငဲ့မကွက်။ ရက်ရောလွတ်လွတ်။
စွန့်လွှတ်နိုင်လျက်။ လှူဒါန်းချက်။
အနဂ္ဂဟိတ။
၂1 အနဂ္ဂဟိတ၊ ဤဒါနကြောင့်၊ ဓနများအောင်။ အကျိုးဆောင်လျက်။
သုံးဆောင်စားစား။ အမြတ်များခ်။
သုံးစားဖို့ရာ။ စိတ်ညွှတ်လာ။
သာယာဖွယ်ချည်းပါတကား။
(င) ၁1 မိမိသူတစ်ပါး။ မထိပါးဘဲ။
တရားကိုရှု။ လှူဒါန်းမှု။
အနုပဟစ္စ တည်း။
၂။ အနုပပစ္စ တို့ပြုရရွှ။
ဓနပေါချေး ရေမီးမင်းမျိုး။
မွေခံဆိုးနှင့်၊ သူခိုးဓားပြ။
ဘေးရန်မှ' ဝေးရကင်းရမည်။
အဲဒါ စာဂါနုဿတိ မိမိတို့ ယနေ့လှူရတဲ့ဒါနတွေ ဖော်ပြီးတော့ အောက်မေ့ခြင်းစာဂါနုဿတိ ကုသိုလ်ပွားလိုက်တာပဲ။ တရားနဲ့ ပျော်ခြင်း ဖြင့် နစ်တိုင်းပျာ်ခဲ့သလို နောင်လဲမဲ အမြဲတမ်း ဤသို့ပင် ညီညီညတိညွတ် သမဂ္ဂဒါန ဓမ္မရတိ=ညီညီညွတ်ညွတ် လှူဒါန်းပြီးတော့ တရားအပေော်မျိုးနဲ့ အမြဲတမ်း နှစ်တိုင်းနှစ်တိုင်း ပျော်ရွှင်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(ကွယ်လွန်သူ ဦးစံယာ-ဒေါ်သင်အား ရည်စူး သားသမီး မြေးမြစ် တစ်စု၏ အမျိုးသားနေ့ ဆွမ်းအနုမောဒနာတရား)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
ကံထူးရှင်များတရားတော်
ယနေ့ ရှင်ရဟန်းဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေ ကံထူးကြတယ်။ ရဟန်း အဖြစ် ရှင်အဖြစ်ရောက်အောင် ချီးမြှောက်ကြရတဲ့ ဒကာ ဒကာမတွေလဲ ကံထူးကြတယ်။ ရှေးဘုန်း ရှေးကံ မရှိဘဲနဲ့ ဒီလိုကုသိုလ်မျိုး မဆောင် ရွက်နိုင်ဘူး။ ဒီကုသိုလ်မျိုးဖြစ်အောင် မလုပ်နိုင်ဘူး။ ဒီတော့ သာသနာ တော်မှာ မိမိတို့ကံထူးကြတယ်။
ရညော မာတာ မဟေသီတိ၊ သုလဘံ နာမမိတ္ထိနံ။
ဗုဒ္ဓမာတာ တိယံ နာမံ ဧတံ ပရမ ဒုလ္လဘံ။
ရညော-ဘုရင်မင်းတရား၏။ မာတာ-မယ်တော်ဖြစ်သေား မဟေသီ- မိဖုရားကြီးတည်း။ တ္ကတိ-ဤကဲ့သို့သော၊ နာမံ-လောကနဲ့ဆက်နွှယ်သော နာမည်မျိုးမှား -္ကတ္ထီနံ-အမျိုးသမီးအသီးသီးတို့အဖို့ သုလဘံ-မခက်ခဲစွာ ရလွယ်ပါပေသည်ဘုရား၊ ဗုဒ္ဓမာတာတိ-သူ့ထက်ထူးခြား ဘုရားမယ်တော် ဟူသော၊ ယံနာမံ-လောကုတ္တရာမှီ အကြင်အမည်ထူးသည်။ အတ္ထိ-ရှိပါ ပေ၏ါ၊ ဧတံနာမံ-ဘုရားမယ်တော် အခေါ်ထူးလည် ထိုအမည်မျိုးကတော့။ ပရမဒုလ္လဘံ-ကမ္ဘာ့ကမ္ဘာ ကြာကြီးကြာမှ ရခဲ့ထူးချွန် အလွန်ရခဲတဲ့ အမည်သာဖြစ်ပါသည်ဘုရား၊
မိထွေးတော် ဂေါတမီထေရီမကြီး ပရိနိဗ္ဗာန်စံခါနီး ဘုရားရှင်ကို လျှောက်ထားတယ်။ လောကမှာ ရှင်ဘုရင့်မယ်တော်ဆိုတာ ရလွယ်ပါ တယ်။ မိန်းမတွေမှာ ဘုရားမယ်တော်ဆိုတာ ရခဲပါတယ်။ မိထွေးတော် ဂေါတမီကြီးဟာ သာသနာ့အကြောင်း ကောင်းကောင်းသိတယ် သာသနာ့ ဘွဲ့ထူးဂုဏ်ထူးတွေရပြီးသား။ အဲဒါကြောင့်မို့လို့ လောကမှာ သာသနာ့ဘွဲ့။
ဘုရားမယ်တော်ဆိုတဲ့ သာသနာနဲ့စပ်လျဉ်းတဲ့ ဘွဲ့မျိုးအဖြစ်မျိုးဟာ ရခဲပါ တယ်။ ဘုရင့်မယ်တော်ဆိုတာ ရလွယ်ပါတယ်လို့ လျှောက်ထားတဲ့ လျှောက်ထားချက်တစ်ခုရှိတယ်။ အဲဒါက ခုနပြောသလို သာသနာတော်ကို အလေးပေးပြီးတော့ လျှောက်ထားခြင်းဖြစ်တယ်။
အဲဒီလိုပဲ ဘုန်းကြီးတို့ အခုခေတ် ဒကာမကြီးတွေအဖို့လဲ ရှင်ဘုရင့် မယ်တော်ဟာရလွယ်ပါတယ်။ ဖြစ်လွယ်ပါတယ်။ ရဟန်းမယ်တော်ဆိုတဲ့ အဲဒီအမည်မျိုးဟာ ရခဲကြုံခဲဖြစ်ခဲပါတယ်။ ဥဒါန်းကျူးဖွယ်ရာကောင်း လို့ ရှင်ဘုရင့်မယ်တော်ဆိုတာ ရလွယ်ပါတယ်။ သာမဏေလေးမယ်တော် ဆိုတဲ့ အဲဒီသာသနာ့ဘွဲ့ထူးဟာ တပည့်တော်တို့ မိန်းမတွေအတွက် ရခဲပါတယ်။
ရညော မာတာ မဟေသီတိ၊ သုလဘံ နာမမိတ္ထိနံ
သာမဏေရ မာတာတိယံ။ နာမံ ဧတံ ပရမဒုလ္လဘံ။
ဓိန်းမတွေအဖို့ ရှင်ဘုရင့်မယ်တော်ဆိုတဲ့အဖြစ်ဟာ ရလွယ်ပါတယ်။ သာမဏေလေးရဲ့မယ်တော်ဆိုတဲ့ အဲဒီအမည်မျိုးက ရခဲပါတယ်။ အဲ-ဒါ အမှန်ပဲနော်။ ဘုန်းကြီးတို့ ဘုရားမယ်တော်ရခဲတယ်ဆိုရင် ရဟန်း မယ်တော်လဲ ရခဲတာပဲ။ သာမဏေမယ်တော် အမည်ခံဖို့လဲ မလွယ်ဘူး ရခဲတာပဲ1 ဘာကြောင့်တုံး ဘုရားဆိုတာက ကမ္ဘာပေါင်းမရေမတွက်နိုင် အောင် လွန်ပြီးမှ ပွင့်တော်မူကြတာ။ ဘုရားပွင့်မှ ရဟန်းဆိုတာဖြစ်နိုင်တယ် ဘုရားဖြစ်မှ သာမဏေဖြစ်နိုင်တယ်။ ဘုရားမပွင့်ရာ အခွင့်အခါမှာ ရှင်လဲမဖြစ်' ရဟန်းလဲမဖြစ်1 ဒါကြောင့်မို့လို့ ဘုရားအဖြစ် ဒုလ္လဘ ဖြစ်သလို ရှင်အဖြစ်လဲ ဒုလ္လဘ ရဟန်းအဖြစ်လဲဒုလ္လဘ။ ရဟန်းအဖြစ် ဟာ ဘုရားအဖြစ်ထက် ဂိုရခဲပါတယ်လို့၊ ဒီလိုမိန့့်ထားတာ ရှိသေးတယ်။
ဒုလ္လဘောဟိ ဗုဒ္ဓုပ္ပါဒေါ
တတော ဒုလ္လဘတရား ပဗ္ဗဇ္ဇာ ဥပသမ္ပဒါစ။
ဘုရားပွင့်ရာ အခွင့်အခါကောင်းကြီး ရခဲတယ်။ အဲဒီထက်ပိုပြီးတော့ ရှင့်အဖြစ်ရခဲတယ်။ ရဟန်းအဖြစ်ကရခဲတယ်။ အဲသလို မိန့်ကြားထားတာ ရှိတယ်။
အဲဒါကြောင့်မို့လို့ ဘုရားအဖြစ်ထက် ရဟန်းအဖြစ်က ပိုရခဲတယ်။ ရှင့်အဖြစ်ကပိုရခဲတယ် ရုတ်တရက်ဆိုတော့ လက်မခံချင်သလို ဖြစ်ချင် ဖြစ်မယ်။ အမှန်ကတော့ ဒါ-လက်မခံချင်စရာမရှိဘူးး သဘာဝအတိုင်း ပဲ။ ဘုရားဆိုတာက ပါရမီတော် သတ်မှတ်ထားပြီးသား။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပြည့်ရင် ဘုရားဖြစ်ရမယ်ဆိုတာမလွဲဘူး။ သတ်မှတ်ချက် အတိအကျရှိတယ်။ အဲဒါကြောင့်မို့ ဘယ်အဖြစ်မျိုးရောက်နေနေ သတ် မှတ်ချက်ဖြစ်တဲ့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပြည့်ပြီဆိုရင် ဘုရား ဖြစ်ရတော့မယ်။ မလွဲတော့ဘူးး ကာလသတ်မှတ်ချက်၊ အချိန်သတ်မှတ် ချက်ရှိတယ်။
ရဟန်းအဖြစ်က ဒီလိုမဟုတ်ဘူး။ ဘုရားအဖြစ်ထက် ပိုကြာချင်လဲ ကြာသွားနိုင်တယ်။ သူက သတ်မှတ်ချက်လဲမရှိဘဲ ဘုရားပွင့်မှဖြစ်ရတဲ့ ပုဂ္ဂိုလ်၊ ဘုရားအပွင့် ကြုံကြိုက်ဖို့ဆိုတာကလဲ အင်မတန်ခက်တယ်။ ဒီတော့ သူ့အဖို့ သတ်မှတ်ချက်မရှိဘူး။ သတ်မှတ်ချက်မရှိတော့ ဘုရား ထက် ပိုကြာချင်လဲ ကြာသွားတတ်တယ်။ ဒါကြောင့်မို့လို့ ပါရာဇိကဏ် အဋ္ဌကထာဆရာကြီးက ရဟန်းအဖြစ်ဟာ ဘုရားအဖြစ်ထက်တောင် ပိုရခဲ ပါတယ်။ သာမဏေအဖြစ်ဟာ ပိုရခဲပါတယ်လို့ အဲသလို မိန့်ဆိုထားတာ ရှိတယ်။
ဒီတော့ မိမိတို့က ဂုဏ်ယူကြရတယ်။ သာသနာတော်နဲ့စပ်ရင် ဂုဏ်ယူတတ်ကြရတယ်။ သာသနာတော်မှာ မိမိတို့သားလေးတွေ ရှင် အဖြစ်ရောက်အောင် ဆောင်ရွက်ပေးရတယ်။ ရဟန်းအဖြစ်ရောက်အောင် ဆောင်ရွက်ပေးရတယ်။ အဲသလို ဆောင်ရွက်ပေးရတာဟာ တကယ့်ဘုန်း ရှိလို့ ဆောင်ရွက်ပေးနိုင်တာ။ ကံထူးရှိလို့ ဉာဏ်ထူးတွေရှိလို့ ဆောင်ရွက် ပေးနိုင်တား အဲဒီတော့ တို့ကံထူးတယ်။ အရတော်တယ်။ တို့ဘဝ တန်ဖိုးရှိတယ်1 ဒီခံယူချက်တွေ ကြပ်ကြပ်ထားမှ သာသနာတော်အပေါ်မှာ ပိုတန်ဖိုးထားကြမယ်။ များသောအားဖြင့် ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေမှာ သာသနာတော်အပေါ်မှာ တန်ဖိုးထားတယ်ဆိုတာ ကတော့ ဘုန်းကြီးတို့ သံသယမရှိပါဘူး။ တန်ဖိုးထားကြပါတယ်။
အင်မတန်လဲ သာသနာတော်ကို မြတ်နိုးကြတယ်။ အင်မတန်လဲ နှစ်သက် ကြတယ်။ ဒါကြောင့်မို့လို့ သားလေးမွေးလာပြီဆိုရင် ရှင်မပြုရရင် အသေမဖြောင့်ကြဘူး။ တာဝန်ကျေတယ်လို့ မခံယူကြဘူး။ ရှင်ပြုပေး လိုက်ပြီးမှ သေပျော်နေပျော်ရှိသွားတယ်။ အဲသလိုခံယူချက်မျိုး ရှိကြ တယ်။ မျက်စိထဲက သင်္ကန်း သပိတ် ပရိက္ခရာ သာသနာ့အသုံးအဆောင် တွေကို အင်မတန်ပွဲကျပြီးသားပဲ။ သားလေးရှင်ဖြစ်ပြီဆိုရင် ရှင့်ပရိက္ခရာ လေးနဲ့ မြင်ရတာကို အင်မတန်ပဲ နှစ်သက်မဆုံး။ ကြည်နူးလို့မဆုံး ရှိကြတယ်
ထို့အတူပဲ ရှင်လောင်းလေးအဖြစ်နဲ့ မြင်ရရင်လဲ နှစ်သက်လို့မဆုံး။ ကြည်နူးမဆုံးး အဲဒီတော့ သာသနာကို တန်ဖိုးထားကြတယ်။ ဘယ် လောက်တန်ဖိုးထားကြသတုံးး ဒါကပြဿနာ၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ သာသနာအပေါ်မှာ တန်ဖိုးထားကြတယ်1 ဘယ်လောက်များ တန်ဖိုး ထားကြသတုံး။ ဒါတွေကရှိသေးတယ်။ အဲသလို စစ်ထုတ်လိုက်တဲ့အခါ ကျပြန်တော့လဲ တချို့ ဒကာဒကာမတွေအဖို့ တချို့နေရာမှာ ခပ်ပေါ့ပေါ့ ကလေးတွေ တွေ့ရတယ်။ ဘယ်လိုပေါ့တာ ပြောတာတုံး။ ဘုန်းကြီးတို့ ရှေးအခါက ဘုရားရှင်ကိုယ်တော်မြတ် လက်ထက်က သဒ္ဓါတရားရှိတဲ့ အမျိုးသမီးကြီးဟာ မိမိရဲ့သား။ မိမိရဲ့သမီးကို ဘယ်လိုတောင့်တသတုံး ဆိုတော့ သားအပေါ်မှာ မိမိရဲ့မျှော်လင့်ချက်' တောင့်တချက် ထုတ်ဖော် ပြောဆိုခဲ့တာတွေရှိတယ်။ သမီးတွေအပေါ်မှာ မိမိတို့မျှော်လင့်ချက်။ တောင့်တချက် ထုတ်ဖော်ပြီး ပြောလေ့ရှိတယ်။ သဒ္ဓါတရားရှိတဲ့ အမျိုး သမီးကြီးတစ်ဦးဟာ မိမိရဲ့ ချစ်လှစွာသောသားကလေးကို ချစ်သား. . မင်းလူ့ဘောင်မှာနေရင်ကွယ် စိတ္တသူကြွယ်တို့လိုး ဟတ္ဆာဠ၀ကသူကြွယ် တို့လို ဥပါသကာတို့လိုဖြစ်အောင် ကြိုးစားပါ။ ဟောသလို သားကို တိုက်တွန်းတယ်။ ခုခေတ်လို လူလေး . . . မင်းဘီအေအောင်အောင် လုပ်ပါကွ၊ အမ်အေအောင်အောင်လုဝ်ပါကွ၊ ပါရဂူကြီးတွေဖြစ်အောင် လုပ်ပါ ဒီလိုမဟုတ်ဘူး။ ရှေးခေတ်က။
ရှေးခေတ်ကတောင် မဟုတ်ဘူး။ ဘုန်းကြီးတို့ငယ်ငယ်တုန်းကနဲ့
အခုတောင် တူတာမဟုတ်ဘူး။ ဘုန်းကြီးတို့ငယ်ငယ်တုန်းကဆိုရင် မိခင်ဖခင်လုပ်တဲ့ပုဂ္ဂိုလ်ဟာ သားကလေး သာသနာတော်မှာပျော်တယ် ဆိုရင် စိတ်ချမ်းသာတယ်။ သိဝ်၀မ်းသာတယ်။ လောကီအကြောင်းတွေ ဒီလောက် ပဓာနမထားဘူး1 လောကုတ္တရာစာတွေ ပဓာနထားကြတယ်။
သမီးတွေကိုလဲ ဒီအတိုင်းပဲ။ လူ့ဘောင်မှာနေလို့ရှိရင် ခုဇ္ဇုတ္တရာ အမျိုးသမီးကြီးလို ဝေဠုကဏ္ဍကီရွာက နန္ဒမာတာအမျိုးသမီးကြီးလို ဖြစ်အောင်ကြိုးစားပါလို့ တိုက်တွန်းတယ်။
ရဟန်းဘက်မှာ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်။ ရဟန်းမတွေ ဘက်မှာ ခေမာထေရီ။ ဥပ္ပလဝဏ်တို့ဟာ စံကြီးတွေပဲ။ ချိန်ကြီးတွေလို့ ဆိုတယ်။ လူဘက်က စိတ္တသူကြွယ်။ ဟတ္ထာဠ၀ကသူကြွယ်တို့ ခုဇ္ဇုတ္တရာ ကု နန မာတာငု့ဟာ ချန်ကြးတွေ သာသနာမွာ ချန်ကြီးခတ ၂ ဘင ချိန်ကြီးတွေနဲ့ တိုင်းပြီးတော့ သဒ္ဓါတရားရှိတဲ့ အမျိုးသမီးတွေဟာ မိမိ တို့ရဲ့ သားသမီးတွေကို ဒီလိုပဲ တိုက်တွန်းကြတယ်။ အဲဒီတော့ သာသနာ တော်ကို ဘယ်လောက်လေးစားကြတယ်ဆိုတာ ဒါနမူနာပဲ။ အဲဒီအတိုင်း ပဲ ဘုန်းကြီးတို့ ငယ်ငယ်တုန်းကလဲ မိဘတွေဟာ သာသနာကို အင်မတန် လိုလားတယ်။ ဘုရားစာမှ ဘုရားစား ဘုန်းကြီးအဖြစ်မှ ဘုန်းကြီး အဖြစ်၊ သာသနာ့ဂုဏ်တွေဘက်မှာ တန်ဖိုးထားကြတယ်။ အဲဒါ ဘာကြောင့်တုံးး သာသနာကို အလေးထား မြတ်နိုးကြလို့
အဲဒီတော့ မိမိတို့လဲ အဲသလိုပဲ သာသနာဘက်မှာ တန်ဖိုးထား ကြတယ်။ ဘာဖြစ်လို့တုံးဆိုတော့ သာသနာကြီးပွားမှ လောကကြီးပွား မယ်။ “သာသနဿလောကဿ ဝုန ဘဝတု သဗ္ဗဒါ ဆိုတဲ့အတိုင်း သာသနာကြီးပွားမှ လောကကြီးပွားမှာမို့လို့ သာသနာတော်လဲ ကြီး ပွားပါစေး လောကလဲကြီးပွားပါစေ ဆုတောင်းကြ၊ ကောင်းပြီ . .။ အဲသလို သာသနာဘက်မှာ မိမိတို့ တန်ဖိုးထားကြရင် သာသနာဘက်မှာ အလေးထားကြရင် မိမိတို့လဲပဲ အဲဒီအလေးထားခြင်းကြောင့် တန်ဖိုး ထားခြင်းကြောင့် ဘာဖြစ်လဲ။ သာသနာတော်မှထူးခြားတဲ့တရားတွေ အများကြီးရနိုင်စရာရှိတယ်။ သာသနာတော်မှာ ထူးခြားတဲ့တရားတွေဟာ
နည်းတာမဟုတ်ဘူး။ နောက်ဆုံး အကောင်းဆုံး အရဟတ္တမဂ်၊ အရဟတ္တ ဖိုလ်ဆိုတာ ဒါအထူးခြားဆုံးတရားပဲ။
ဒါကြောင့် သာသနာတော်မှာ တကယ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်အဖြစ်တွေ ဖြစ်ပြီးတော့ အဲဒီသာသနာတော်မှ မွန်မြတ်လှစွာသော ပဋိသမ္ဘီဒါ အဘိညာဉ်သမာပတ် ကံထူးတွေး ဉာဏ်ထူးတွေ။ စျာန်ထူးတွေး တရား ထူးတွေ ဆွတ်ခူးနိုင်ကြ။ ရရှိနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂွဇင်းမှ
ဓမ္မဂုဏ်ရည်တရားတော်
သင်္ကမန္တာ ဝယော ဝုဒ္ဓာ။ ဇိဏ္ဍာ မရဏ သန္တိကာ။
ဇီဝိတုံ နာဂတေ ရဿာ။ ဘင်္ဂါနတာ ဒိနေ ဒိနေ။
သင်္ကမန္တာ-နှစ်ဟောင်းကုန်လျက် နှစ်သစ်ဘက်ဆီ ပြောင်းရွှေ့ရွ် လာခဲ့ကြပါပေပြီး ဝယောဝုဒ္ဓါ-အသက်အားဖြင့် တစ်နှစ်တိုးကာ-ကြီး၍ လာခဲ့ကြပေကုန်ပြီ။ ဇိဏ္ဌာ-အရွယ်ယိုယွင်းဤ အိုမင်းလာကြပါပေကုန် ပြီး မရဏသန္တိကာ-သေခြင်းဘက်သို့ တစ်နေ့တိုးကာ နီးကဂ်ရွ် လာခဲ့ ကြပါပေပြီး အနာဂတေ-နောင်အခါကာလစ္မ် ဇီဝိတုံ-အသက်ရှည်ဖို့ရာ။ ရဿာ-တရွေ့ရွေ့တိုးကာ တိုရွ်တိုရဤ လာခဲ့ပါပေကုန်ပြီ။ ဒိနေ ဒိနေ- နေ့တိုင်းနေ့တိုင်း။ ဘင်္ဂါနတာ-ပျက်ခြင်းဘက်သို့ ယိုင်လျက် တိုးလျက် သာ ဆိုက်ရောက်ခဲ့ပါပေပြီတကား။
သင်္ကြန်တစ်နှစ်ကျခဲ့ပြီး တစ်နှစ်ကျရင် တစ်နှစ်ပိုပြီးတော့ အသက် ကြီးလာကြတယ်။ အသက်ကြီးလာကြတော့ သေရဖို့တစ်နေ့ ပိုပြီးတော့ နီးလာတယ်။
ဒီသင်္ကြန် သံဝေဂ ဂါထာကလေးကို ဘယ်ခေတ်က ဘယ်ဆရာရေး တယ်တော့ အမှတ်အသားမရှိတော့ဘူး ငယ်ငယ်ကတည်းက ရထားတာ ဖြစ်တော့ ယခုလို နှစ်သစ်အပြောင်းအလွဲ ကြုံတဲ့အခါ သံဝေဂယူရတာပဲ။ နှစ်ဟောင်းမှ နှစ်သစ်ပြောင်း ပြောင်းကြရတော့ အရွယ်တစ်နှစ် ကြီး လာကြတာပေါ့။ ကြီးလာတယ်ဆိုတာ ရင့်လာ အိုလာရခြင်းပါပဲ။ ဘယ် လောက်ပင်လှလှ နုပျိုတယ်ဆိုဆို ကြွေခါနီးသစ်သီးကလေးတွေ ဝင်း နေသလို ဧရာအသွင်ဖော်ပြနေခြင်းပါဝဲ၊ အဲဒီဇရာကပဲ မရဏဘက်
တစ်နှစ်တိုးပြီး ပို့ပေးလိုက်တယ်ဆိုလဲ မမှားပါဘူး။ နောက်အခါ ဆက် လက်နေဖို့ အခွင့်အရေးတွေထဲက တစ်နှစ်လျော့လာတာလဲ သတိပြုဖို့ ပါပဲ လောကသင်္ကြန်က တစ်နှစ်လျော့လာတာလဲ သတိပြုဖို့ပါပဲ။ လောကသင်္ကြန်က တစ်နှစ်မှ တစ်ခါပဲပြောင်းတာ။ ဘုန်းကြီးတို့ခန္ဓာကိုယ် ထဲမှာတော့ အမြဲသင်္ကြန်ကျနေတာ။ ရုပ်ဟောင်း နာမ်ဟောင်းတွေချုပ်။ ရုပ်သစ် နာမ်သစ်တွေ အမြဲတမ်း ပြောင်းလွဲဖြစ်ပျက်နေလို့ သင်္ကြန်အမြဲ ကျနေတယ်လို့ဆိုရတယ်။ ဒီတော့ အဟောင်းအသစ်တွေ ပြောင်းဖြစ်နေ တဲ့ ခန္ဓာသဘာဝကို ရှုဆင်ခြင်ပြီး ကုန်သမျှရက်တွေ အကျိုးရှိအောင် အသုံးပြုဖို့ပဲလိုပါတယ်။
အမောဃံ ဒိ၀သံ ကယိရာ။ အပွေန ဗဟုကေနဝါ။
ယံယံ ဝိဇဟ တေ ရတ္တိ၊ တဒူနံ တဿ ဇီဝိတံ
အပ္ပေနဝါ-အနည်းငယ်မျှသော ဝိပဿနာရှုပွား အမှုအားဖြင့်သော် လည်းကောင်း၊ ဗဟုကေနဝါ-နေ့ညမလတ် ရှုမှတ်ပွားများ ဝိပဿနာ အမှုအားဖြင့်သော်လည်းကောင်း၊ ဒိ၀သံ-ကြုံလာတွေ့လာ နေ့ရက်အခါကို၊ အမောဃံ-အချည်းနှီးမဖြစ် အသစ်အသစ်တိုး အကျိုးရှိလေအောင်။ ကာယိရာ-အချိန်သည်ငွေ အချိန်သည်ရွှေ စစ်ဖွေရှုချင့် ပြုကျင့်အားထုတ်ရာ ဇါ။ ယံယံရတ္တိ-အကြင် အကြင်ညကို၊ ဝိဇဟတေ-ကုန်ပျောက်ခဲ့ရွ် ရွှေ့ခဲ့ စွန့်ခဲ့ရရ၏ ' တဿ-တစ်နေ့ပြီးတစ်နေ့ ရွှေ့ခဲ့ပြောင်းခဲ့ရသော ထိုသူ၏။ ဇီဝိတံ-တစ်ဘဝတာအတွက် နေရမည့်အသက်သည်။ တဒူနံ-ထိုညတို့ ဖြင့်သာ ကုန်လျက် လျော့လျက် ရှိပါပေသတည်း။
ကြောက်စရာ ဘာရှိသလဲ
ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအဖို့ ကုသိုလ်ကောင်းမှု တွေ ကြိုးစားပြုနေကြတာ ဖြစ်သောကြောင့် မိမိတို့တွေ့ကြုံရတဲ့ သာသနာ တော်မြတ်ကြီးဟာ အင်မတန်ထူးခြားတဲ့ သာသနာတော်မြတ်ကြီးဖြစ် သောကြောင့် မိမိတို့ ကျင့်ကြံပွားများအားထုတ်ရတဲ့ တရားတွေဟာလဲ တရားကောင်း တရားမြတ်တွေဖြစ်ကြပြီး အလွန်ကံကောင်းကြတယ် ဘယ်လောက်ပဲ နှစ်ပြောင်းပြောင်း ဘယ်လောက်ပဲ အိုလာအိုလာ။
ဘယ်လောက်ပဲ သေခြင်းဘက်နီးနီး မိမိတို့အဖို့တော့ တရားတွေနဲ့မပြတ်။ ဒါနတွေ သီလတွေ ဘာဝနာတွေ တရားတွေ မပြတ်အားထုတ်ရတာ ဖြစ်သောကြောင့် ကံကောင်းလျက်ချည်းပဲ။ သေခါနီးထိအောင် ကံကောင်း။ သေရင်လဲပဲ ကံကောင်းကြမှာပဲ
ကောင်းမှုရှိတဲ့ ပုဂ္ဂိုလ်တွေအဖို့မှာ သေရမှာ မကြောက်ဘူး။ နောက် ဘဝ ရောက်ရမှာလဲမကြောက်ဘူး။ “ငါ့မှာ ကုသိုလ်တွေရှိတယ်။ ကောင်းမှု တွေရှိတယ် နောက်နောက်ကလဲဆည်းပူးခဲ့တယ်။ ယခုလဲ ဆည်းပူးအား ထုတ်ဆဲ ဘာကြောက်ရမှာတုံး”ဆိုတဲ့ ရဲတဲ့စိတ်မျိုးရှိတယ်။
ကုသိုလ်ဆိုတာ အားဆေးပဲ
လောကမှာ ရန်သူနဲ့ကြုံရတဲ့အခါ လက်နက်မပါရင် ကြောက်တယ်။ မိမိက အားကိုးရာ လက်နက်ကလေးပါရင် ရန်သူနဲ့တွေ့ပေမယ့် တယ်ပြီး မကြောက်ကြဘူး။ ရဲကြတယ်။ အဲဒါလိုပဲ။ မိမိတို့မှာ။ ကတကလျာဏော- ပြုအပ်သောကောင်းမှု ရှိတယ်။။ အကတပါပေါ-မပြုအပ်သော မကောင်း မှု ရှိတယ်။ မကောင်းမှုတွေနည်းအောင် ကြိုးစားခဲ့ကြတယ်။ ကောင်းမှု တွေများအောင် ကြိုးစားခဲ့ကြတယ်။ အိုရင်လဲအိုကောင်းပဲ။ သေရင်လဲ သေကောင်းပဲ သေပြီးနောက် တစ်ဘဝပြောင်းရတော့လဲ အကောင်းဘဝ ပြောင်းကြရမှာပဲ။ ဒါကြောင့် သိပ်မကြောက်ကြရဘူး။ ကုသိုလ်ဆိုတာ မိမိတို့အဖို့ အားဆေး။ အမြဲတမ်း သူကအားပေးလျက်ရှိတယ်။ ဘုရား သာသနာတော်မှာ တရားကောင်းတွေကိုချည်း မိမိတို့ကျင့်နေကြတော့ မိမိတို့က သုပ္ပဋိပန္နပုဂ္ဂိုလ်တွေ ဖြစ်ကြရပြီး ကံကောင်းကြတယ်။
တိတ္ထိဒကာ၏ မေးခွန်း
ဘုန်းကြီးတို့ တချိန်သောအခါက ရှင်အာနန္ဒာကိုယ်တော်မြတ် ကြီး ကောသမ္ဗီပြည် ဃောသိတာရုံကျောင်းမှာ သီတင်းသုံးနေတော်မူခဲ့ တယ်။ အဲသလို သီတင်းသုံးနေတော်မူခဲ့အခါ တိတ္ထိ တတ္ကထတွန်းတို့ရဲ့ ဒကာတစ်ယောက်ဟာ ရှင်အာနန္ဒာကိုယ်တော်ထံ ရောက်လာတယ်။ ရောက်လာတော့ ရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးကို ရှိခိုးပြီး သင့်တင့် လျောက်ပတ်သောအရပ်ခွ် ထိုင်နေတယ်။
သူ့မှာ ဓာတ်ခံလေးကတော်တော်ကောင်းတယ်။ တချို့ တိတ္ထိတပည့် တွေဆိုရင် အင်မတန်အကြြားသန်တယ်။ အကြြားသန်တော့ ဘုရားတောင် မှ ရှိခိုးနိုင်တာမဟုတ်ဘူး။ ရဟန္တာဆိုရင် ပြောစရာမရှိဘူး။ ရှင်အာနန္ဒာကို ရှိခိုးပြီးတော့ အခုလို လျှောက်ထားတယ်။
မေးခွန်းသုံးပုဒ် မေးတယ်
“ကေသံနော အာနန္ဒ-ဓမ္မောသွာက္ခာတော။း ကေလောကေ သုပ္ပဋိ ပန္နား ကေလောကေ သုကတာ” “အာနန္ဒ-အရှင်ဘုရား အာနန္ဒာ။ လောကေ-လောက်။ ကေသံ-အဘယ်ပုဂ္ဂိုလ်တို့၏ ဓမ္မော-တရားသည်။ သွာက္ခာတာ-ကောင်းစွာဟောကြားအပ်တဲ့တရား ဖြစ်ပါသနည်း ကေ- အဘယ်ပုဂ္ဂိုလ်တို့သည်။ လောကေ-လောကန်။ သုပ္ပဋိပန္နာ-ကောင်းစွာ ကျင့်ထားတဲ့ သုပ္ပဋိပန္နပုဂ္ဂိုလ်တို့မည်ကြပါကုန်သနည်းး လောကေ- လောက် ကေ-အဘယ်ပုဂ္ဂိုလ်တို့သည် သုကတာ-ကောင်းစွာကျင့်ပြီး ဖြစ်ပါသနည်း ဆိုတဲ့ ဓေးခွန်းသုံးခွန်းကို လျှောက်ထားတယ်။ ဘယ်ပုဂ္ဂိုလ် ရဲ့ တရားဟာ သွာက္ခာတ-ကောင်းစွာ ဟောကြြားအပ်တဲ့တရား ဖြစ်ပါ သနည်း။ ဘယ်ပုဂ္ဂိုလ်တို့သည် ကောင်းစွာကျင့်ကြံထားတဲ့ သုပ္ပဋိပန္နပုဂ္ဂိုလ် ဖြစ်ပါသနည်း။ အဘယ်ပုဂ္ဂိုလ်တို့သည် ကောင်းစွာကျင့်ပြီး(အကျင့်ပြည့် စုံပြီး)ဖြစ်ကြတဲ့ သုကတပုဂ္ဂိုလ်တို့ ဖြစ်ကြပါသနည်းလို့ မေးတယ်
မိမိဘာသာဖြေစမ်းပါ
အဲဒီတော့ ရှင်အာနန္ဒာမထေရိမြတ်က အိမ့်ရှင်ဒကာ ဒီနေရာမှာ မိမိကဖြေပေးတာထက် ဒကာ့ကိုဖြေခိုင်းရမှာပဲ ဆိုပြီးတော့ ရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဒီလိုမေးပါတယ်။
ကောင်းစွာ ဟောကြားတဲ့တရား
“အိမ်ရှင်ဒကာ၊း လောကမှာ အကြင်ပုဂ္ဂိုလ်တို့သည် ရာဂကင်းခြင်း ငှာ တရားကို ဟောကြားတယ်။ ဒေါသကင်းခြင်းငှာ တရားကို ဟော ကြားတယ် မောဟကင်းခြင်းငှာ တရားကိုဟောကြားတယ်။ ရာဂကို ပယ်ဖျောက်ခြင်းဝှာ တရားကိုဟောကြားတယ် ဒေါသကို ပယ်ဖျောက်ခြင်း
ငှာ တရားကိုဟောကြားတယ်။ မောဟကိုပယ်ဖျောက်ခြင်းငှာ တရားကို ဟောကြားတယ်။ မောဟကိုပယ်ဖျောက်ခြင်းငှာ တရားကိုဟောကြား တယ်။ အဲဒီလို ရာဂ၊ ဒေါသ။ မောဟ ပယ်ဖျောက်ခြင်းငှာ ဟောကြား တဲ့ ပုဂ္ဂိုလ်တို့ တရားဟာ ကောင်းဖွာဟောကြားအပ်သော တရားဖြစ် သလား။ ဒီနေရာမှာ ဘယ်လိုသဘောရသတုံးလို့ သူ့ကိုမေးလိုက်တော့ “မှန်လှပါဘုရား၊ ရာဂ ဒေါသ မောဟကင်းအောင် ဟောကြားတဲ့ပုဂ္ဂိုလ် တို့ရဲ့ တရားဟာ တကယ့်ကိုကောင်းစွာ ဟောကြားအဂ်တဲ့တရား ဖြစ်ပါ တယ်ဘုရား လို့ လျှောက်ထားတယ်။
ကောင်းစွာကျင့်တဲ့ ပုဂ္ဂိုလ်
တစ်ခါ ဒုတိယ၊ “အကြင်ပုဂ္ဂိုလ်တို့သည် ရာဂပယ်ဖျောက်ခြင်း ှာ။ ရာဂကင်းပျောက်ခြင်းငှာ ကျင့်ကြံကြကုန်တယ်။ ဒေါသကင်းပျောက် ခြင်းငှာ ကျင့်ကြံကြကုန်တယ်။ မောဟကင်းပျောက်ခြင်းငှာ ကျင့်ကြံ ကြကုန်တယ်။ ထိုရာဂ ဒေါသ မောဟ ကင်းပျောက်ခြင်းငှာ ကျင့်ကြတဲ့ ပုဂ္ဂိုလ်တို့သည် သုပ္ပဋိပန္န ကောင်းစွာကျင့်ကြတဲ့ ပုဂ္ဂိုလ်လို့ထင်သလား။ သို့မဟုတ် မကောင်းသဖြင့် ကျင့်ကြတဲ့ပုဂ္ဂိုလ်လို့ ထင်သလား။ ဘယ်လို သဘောရသတုံး ဆိုတော့ “အရှင်ဘုရား၊ ရာဂကင်းခြင်းငှာ ကျင့်ကြ တဲ့ပုဂ္ဂိုလ်၊ ဒေါသကင်းခြင်းငှာကျင့်ကြတဲ့ပုဂ္ဂိုလ်၊ မောဟကင်းခြင်းငှာ ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေဟာ သုပ္ပဋိပန္န-တကယ်ကောင်းစွာ ကျင့်ကြတဲ့
ပုဂ္ဂိုလ်တို့ ဖြစ်ပါတယ်လို့ လျှောက်ထားတယ်
ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်
“အကြင်ပုဂ္ဂိုလ်တို့သည် ရာဂကို အမြစ်ပြတ်အောင် ပယ်ပြီးပြီး ဒေါသကိုအမြစ်ပြတ်အောင် ပယ်ပြီးပြီး မောဟကိုအမြစ်ပြတ်အောင် ပယ်ပြီးပြီး ထိုပုဂ္ဂိုလ်တို့သည် ကောင်းစွာကျင့်ပြီး ဗုဂ္ဂိုလ်တို့ဖြစ်ကြ သလား။ မဖြစ်ကြဘူးလား လို့မေးတော့ ဒကာက “ရာဂ၊ ဒေါသ။ မောဟ ပယ်ဖျောက်ပြီး ကင်းပြီးဖြစ်တဲ့ပုဂ္ဂိုလ်တို့မှာ ကောင်းစွာကျင့်ပြီး
တဲ့ ပုဂ္ဂိုလ်ဖြစ်ကြပါတယ် လို့ ဖြေကြားတယ်နော်။
အဲဒီတော့မှ ရှင်အာနန္ဒာကိုယ်တော်မြတ်က ဒီနေရာမှာ ဘုန်းကြီး ဖြေဖို့လိုသေးသလား။ ဒကာကိုယ်တိုင် ဖြေပြီးဖြစ်သွားပြီး ဒကာက ဖြေ ခဲ့လို့ “'ရာဂပယ်ခြင်းငှာ ဒေါသပယ်ခြင်းငှား မောဟပယ်ခြင်းငှာ တရား ဟောခဲ့လို့ရှိရင် အဲဒီတရားဟာ ကောင်းစွာဟောကြားအပ်တဲ့သွာက္ခာတ တရားဖြစ်ပါတယ်။ ရာဂကုန်ခြင်းငှာ ဒေါသကုန်ခြင်းငှာ မောဟကုန်ခြင်း ငှာ ကျင့်တဲ့ပုဂ္ဂိုလ်တွေဟာ သုပ္ပဋိပန္နဖြစ်ကြတယ်။ ရာဂကုန်ပြီး ဒေါသ ကုန်ပြီး မောဟကုန်ပြီးပုဂ္ဂိုလ်တို့ဟာ သုကတ-ကောင်းစွာကျင့်ပြီးတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြတယ် ဆိုတာ ဒကာကိုယ်တိုင်ဖြေပြီးပြီး အဲဒီတော့ ဘုန်းကြီး အထူးဖြေစရာရှိသေးလားလို့ မေးတဲ့အခါကျတော့မှ တိတ္ထိဒကာက ကောင်းချီးပေးတယ်။
သူတစ်ပါးကို မနိိမ့်ချတဲ့တရား
အာဇီဝကတိတ္ထိတပည့်တက္ကတွန်းတို့ရဲ့ တပည့်ဒကာက ကောင်းချီး ပေးတယ်။ “အစ္ဆရိယံ ဘန္တေ-အဗ္ဘုတံဘန္တေ ”အံသြဖွယ်ကောင်းတယ် ဘုရား၊ မဖြစ်ဖူးမြဲ ထူးကဲစွာ ဖြစ်ပါပေစွအရှင်ဘုရား၊ မိမိတရားတော် ကိုလဲ မမြှောက်စားဘူး။ သူတစ်ပါးတရားကိုလဲ မနှိမ့်ချဘူး။ အကြောင်းသင့် အကျိုးသင့်သာ အရှင်ဘုရားဟောကြားတော်မူခဲ့တယ် 1 “အဘိတ္ကန္တံ ဘန္တေ-အရှင်ဘုရားတရားဟာ တကယ်နှစ်သက်ဖွယ် ကောင်းပါပေစွ။ မှောင်မိုက်ထဲမှာ အလင်းကိုပြသကဲ့သို့ ခရီးလမ်းမှားနေတဲ့ ပုဂ္ဂိုလ်ကို လမ်းညွှန်ပြသသကဲ့သို့ အရှင်ဘုရားသည် များစွာသော အကြောင်း ပရိယာယ်ဖြင့် တရားဒေသနာတော်ကို ဟောတော်မူခဲ့ပါပြီး တပည့်တော် သည် ထိုဘုရားရှင်ကိုယ်တော်မြတ်ကို ကိုးကွယ်ရာဟူရွွ ဆည်းကပ်ပါ တယ်။ တရားတော်မြတ်ကို ကိုးကွယ်ရာဟူဤဆည်းကပ်ပါတယ်။ သံဃာ တော်မြတ်ကို ကိုးကွယ်ရာဟူဤ ဆည်းကပ်ပါတယ်”လို့ ဥပါသကာအဖြစ် ခံယူသွားတယ်။ တရားကြားရတယ်ဆိုရင်ပဲ တရားရဲ့သွာက္ခာတဂုဏ်ကို ယုံကြည်သွားတယ်။ တရားကိုကျင့်ကြံကြတဲ့ပုဂ္ဂိုလ်တွေရဲ့ သုပ္ပဋိပန္နဂုဏ်ကို ယုံကြည်သွားတယ်
အရှင်အာနန္ဒာကို ချီးကျူးတယ်
ပုံကြည်သွားတဲ့အတွက်ကြောင့် ရှင်အာနနာကိုယ်တော်မြှတ်ကို ခး ကျူးခဲ့တဲ့ စကားက “အရှင်ဘုရားတို့ဟာ သူတစ်ပါးတို့ကိုလဲ မရှုတ်ချဘူး။ မိမိတရားကိုလဲ မမြှောက်စားဘူး။ အကျိုးအကြောင်းနဲ့သာ မိန့်ကြား တော်မူခဲ့တယ်။ ဒီတော့ လောကမှာ သွာက္ခာတဖြစ်ရမယ်ဆိုရင် အရှင် ဘုရားတို့ရဲ့ တရားသာ သွာက္ခာတဖြစ်ရမှာပဲ။ သုပ္ပဋိပန္န ကောင်းစွာ ကျင့်ထိုက်တဲ့ပုဂ္ဂိလ်ဆိုတာကလဲ အရှင်ဘုရားတို့သာ သုပ္ပဋိပန္ဒဖြစ်ပါတယ်။ ကောင်းစွာကျင့်ခြင်းသုဂတဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အရှင်ဘုရားတို့သာ ဖြစ်ပါတယ်လို့ လျှောက်ထားပြီး -ကောင်းချီးပေးတယ်။ အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တံရားတော်တွေဆိုတာ ဟာ သွာက္ခာတ-ခုနက အာဇီဝကတပည့် တိတ္ထိတပည့် ဝန်ခံသွားတဲ့ ကောင်းစွာဟောကြားအပ်တဲ့ သွာက္ခာတတရားတွေ။ သူ၀န်ခံတဲ့အတိုင်း သုပ္ပဋိပန္န-ကောင်းစွာ အဲဒီတရားကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေဟာ သုပ္ပဋိပန္န -ကောင်းသောတရားတို့ကို ကောင်းစွာကျင့်ကြံကြတဲ့ပုဂ္ဂိုလ်တွေ။ အဲဒီလို ကျင့်ကြံရင် တရားပေါက်သွားရင်' သုကတ-ကောင်းစွာကျင့်ပြီး ပုဂ္ဂိုလ် အဖြစ်သို့ ရောက်သွားရတယ်။ ဒါ့ကြောင့် ဘုရားတရားတွေလဲ များလဲ အများကြီး၊ နက်နဲလဲနက်နဲတယ်။ များတဲ့အတိုင်း နက်နဲတဲ့အတိုင်းလဲ မှန်ကန်တယ်။ မှန်ကန်ခြင်းတရားဖြစ်သောကြောင့် ကျင့်တဲ့ပုဂ္ဂိုလ်တွေဟာ မိမိတို့လိုလားတဲ့ ငြိမ်းအေးမှုရကြတယ်။ မိမိတို့လိုလား တောင့်တကြတဲ့ စင်ကြယ်မှုကို ရကြတယ်။ ဒါကြောင့် အဲဒီတရားတွေကို ကြိုးစား အားထုတ်နိုင်ကြပါစေလို့ ဘုန်းကြီးက တောင့်တတယ်။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
သာသနာတော်ကြီးပွားရေးတရားတော်
ယနေ့ ဘုန်းကြီးတို့ ဝါဆိုလပြည့်နေ့။ ဝါဆိုလပြည့်ဆိုတာကတော့ နေ့ထူးနေ့မြတ်အဖြစ်နဲ့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင် ရှင်လူအများ အသိ အမှတ်ပြုကြတယ်။
ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေပြုကြ၊ ဝါဆိုသင်္ကန်းတွေ ဆက်ကပ်လှူဒါန်းကြ၊ ဝါဆိုပန်းတွေ လှူဒါန်းကြ၊ ဖယောင်းတိုင်တွေ ဆီမီးတွေ လှူဒါန်းကြ။ အမျိုးမျိုးအပုံဖုံ ကုသိုလ်ကောင်းမှုတွေပြုကြ။ ပြုကြတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာဒကာမတွေ ဘာအရေးကြီး တုံးဆိုတော့ ငါ့ဖို့ တစ်ဖို့တည်း သဘောမထားဘဲနဲ့ “သာသနာတော် ကြီးပွားဖို့ “ဆိုတဲ့ အဲဒီသာသနာတော်ကြီးပွားဖို့ တစ်ဖို့တည်း ထားကြ ရမယ်။
သာသနာမှာ မြန်မာက သာတယ်
ဘုန်းကြီးတိုမြန်မာပြည်မှာ သာသနာတော်ကြီး အင်မတန်ထွန်းကား တယ်။ လူဘက်က ကြည့်လိုက်မယ်ဆိုရင်လဲပဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင် နိုင်ငံတွေထဲမှာ မြန်မာပြည်က လှူဒါန်းတဲ့နေရာမှာ တကယ်ထက်သန် ကြတယ်+ သဒ္ဓါတရားပြိုင်ကြမယ်ဆိုရင် မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ သဒ္ဓါကိုနိုင်ဖို့ အင်မတန်ခဲယဉ်းတယ်။ ဒီ့ပြင် အသိအလိမ္မာ ဉာဏ်ပညာ ဘက်ကလဲဝဲ တရားအရာနဲ့စပ်ပြီး အသိအလိမ္မာတွေဘက်မှာလဲ ယနေ့ မြန်မာနိုင်ငံမှာ ကမ္မဋ္ဌာန်းဌာနတွေဆိုတာ နည်းတာမဟုတ်ဘူး။ အဲသလို ပဋိပတ္တိဘက်ကလဲပဲ တခြားဗုဒ္ဓဘာသာဝင်နိုင်ငံတွေက ပြိုင်ဖို့တယ်မလွယ် ဘူး။
တစ်ခါ ရဟန်းသံဃာတွေဘက်က ကြည့်လိုက်မယ်ဆိုရင်လဲပဲ မြန်မာ ပြည်က တိပဝိဋကဓရအထိ တခြားနိုင်ငံတွေ လိုက်မမီနိုင်လောက်အောင် အထက်တန်းကျအောင် ထူးထူးချွန်ချွန်တွေ ပေါ်ပေါက် ထွန်းကားနေ တော့ ဘုန်းကြီးချင်းယှဉ်လိုက်ရင်လဲပဲ ကွာခြားမှုတွေ အများကြီးရှိတယ်။
အဲဒီတော့ ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ရဲ့ မြန်မာပြည် ကြီး ဗုဒ္ဓသာသနာ ထွန်းကားတယ်ဆိုတာဟာ သာမညထွန်းကားတာ မဟုတ်ဘူး။ တခြား ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ လိုက်မမီနိုင်လောက်အောင် ကိုပဲ ထွန်းကားနေတယ်။
ဓာတ်ခံကောင်းခဲ့ကြလို့
အဲဒါ ဘာတုံးဆိုရင် သူသူငါငါပဲ ငယ်ငယ်လေးကတည်းက မိဘတွေကသင်လို့။ ဆရာသမားတွေက သင်ပြလို့ သာသနာစိတ်လေးဟာ တည်ရှိနေကြတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာလို့ပဲပြောပြော၊ ဘယ်လိုပဲ ပြောပြော။ အဲဒီမိဘတွေထံက ဗုဒ္ဓဘာသာစိတ်ဓာတ်ဓာတ်ခံလေးက ရှိနေ ကြတယ်။ သာသနာကြည်ညိုတဲ့ ဓာတ်ခံလေးကရှိကြတော့ ထိုမိဘတွေ အပြတြရ ထိုင်ဘတွေကို ဆည်းတပ်ရတဲ ဘုန်းကြားတို့ မြန်မာပြည်ဖွား ကလေးသူငယ်များဟာ ကံကောင်းကြတယ်။ ဗုဒ္ဓဘာသာ၀င်လေးတွေ ဖြစ်လာကြတယ်။ နောက်အခါ ဆရာသမားတွေ အမှီပြုရတော့လဲပဲ တစ်မျိုးတစ်ဖုံအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြရတယ်။ နောက်မိဘ တွေရဲ့ သာသနာစိတ်ဓာတ် အကြောင်းပြုလို့ပဲ မိဘတွေရဲ့ ယနေ့လှူဒါန်းတဲ့ ဝါဆိုသင်္ကန်းလို သင်္ကန်းကို မြတ်နိုးတဲ့စိတ်။ တန်ဖိုးထားတဲ့စိတ်။ အဲသလို စိတ်ကိုအကြောင်းပြုပြီးတော့ ကိုယ့်သားလေးတွေ ရှင်မပြုပေးရရင် မဖြစ်သလို ရှင်ပြုမပေးရရင် အသေမဖဖြောင့်သလိုဖြစ်ကြ အဲဒါဟာ သာသနာ အရင်းခံတဲ့စိတ်ဓာတ် ဘုရားတပည့်ဖြစ်နေကြရတဲ့ မိမိတို့ရဲ့ အရင်းခံ အကြောင်းခံကောင်းတဲ့စိတ်ဓာတ်။ အဲဒီစိတ်ဓာတ်တွေ အမှီပြု ပြီးတော့ သာသနာကို လေးစားခဲ့ကြတယ်။
ဒါကြောင့် သာသနာတော်ဟာ ခုနပြောသလိုပဲ ဒီဗုဒ္ဓဘာသာမိဘတွေ
ဆရာသမားတွေရဲ့ အသင်အပြ စိတ်ထားစသည်ကို အကြောင်းပြုပြီးတော့ ဗုဒ္ဓဘာသာမျိုးစေ့။ ဗုဒ္ဓဘာသာစိတ်ဓာတ်ဟာ ထက်သန်ကြတယ်။ ထက်သန်ကြလို့လဲ အဲသလောက် လှူဖို့တန်းဖို့လဲ ၀ဝန်မလေးကြဘူး။ လှူလိုက်ကြတာ မြန်မာပြည်တစ်ပြည်လုံး စေတီပုထိုး စသည် ကြည့်လိုက် ရင် မြင်မဆုံး ရှုမဆုံးအောင် တည်လိုက်ကြတာ။
ပုဂံခေတ်မှာ သာသနာထွန်းကားပုံ
ပုဂံတစ်မြို့တည်းနဲ့ကိုပဲ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရှုခင်းကြီးဟာ ဗုဒ္ဓဘာသာ ရှုကွက်ကြီးဟာ ရှုလို့မဆုံးဘူး။ ပုဂံဘုရားတွေ ဘယ်သူ အကုန်လိုက်ရှာ ပြီးတော့ ကြည့်နိုင်မတုံး အဲသလောက်ထိအောင် ဗုဒ္ဓဘာသာ ထွန်း ကားတယ်။ ဒါက ဘုရားတင်၊ ရှေးအခါက ပုဂံပြည်ကြီး ဘယ်လောက် ထွန်းကားတယ်ဆိုတာကတော့ ပြောစရာမရှိဘူး။ ဘုန်းကြီးတွေမပြောနဲ့ လူတွေး အထူးသဖြင့် အမျိုးသားတွေမပြောနဲ့ အမျိုးသမီးတွေတောင် စာတတ်ပေတတ်တွေ နည်းတာမဟုတ်ဘူး။ အဲသလောက် ထွန်းကား ခဲ့တယ်။
နောင်အခါလဲ အကြောင်းအားလျော်စွာ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ ဟာ သံဃာနဲ့ ဒကာ ဒကာမ၊ ဒကာ ဒကာမနဲ့သံဃာ ညီညီညာညာ လက်တွဲပြီးတော့ ချီးမြှောက်ခဲ့ကြလို့ ဘုန်းကြီးတို့ ပရိယတ် သာသနား။ ပဋိပတ်သာသနာ၊ ပဋိဝေဓဆိုတဲ့ သာသနာတော်ကြီး စည်ပင် ပြန့်ပွား ထွန်းကားလာခဲ့တယ်။ နောက်လဲဝဲ ဒီမြန်မာပြည်ရဲ့ အလားအလာဟာ တခြားနိုင်ငံတွေ တော်တော်ကြာအောင် လိုက်လို့မီနိုင်မယ် မဟုတ်ဘူး။
ကမ္ဘာမှာ သာသနာ
အခုဆိုရင် မြန်မာပြည်မှာသာမက ကမ္ဘာကိုတောင် လှမ်းနေကြပြီး ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာမှာ ပြန့်ပွားအောင်ဆိုပြီးတော့ လှမ်းနေ ကြတာဖြစ်သောကြောင့် နောင်အခါ မြန်မာပြည်ကြီးကို အမှီပြုပြီးတော့ ကမ္ဘာမှာ ဗုဒ္ဓမြတ်စွာသာသနာထွန်းကားမယ့် အရိပ်အယောင်တွေ မြင်နေ ကြရပြီး
အဲဒီနောက်နောက်က တာဝန်ကျေခဲ့သလို ရှေ့ကိုလဲဒီလိုပဲ တာဝန်ကျေ သွားမယ်ဆိုရင် ဘုန်းကြာတို မြန်မပြည်ပုဒ္ဓသာသနာဘော်ကြးဟာ ခြန်ဖာ ပြည်သာမက ကမ္ဘာထိအောင်လှမ်းနိုင်မယ်။ ဒါကြောင့် သာသနာတော်ကို အမှီပြုပြီးတော့ မိမိတို့အကျိုးများခဲ့ကြတယ်။ ထို့အတူ အဲဒီသာသနာကို အမှီပြုပြီးတော ဘုန်းကြီးတို့ နောင်လာနောက်သား မိမိတို့သားကလေးတွေး မြေးကလေးတွေ။ မြစ်ကလေးတွေထိအောင် လှမ်းမျှော်ပြီးတော့ ဗုဒ္ဓဘာသာ သာသနာတော်ကြီး ကြီးပွားသထက်ကြီးပွားအောင် စည်ပင်သထက် စည်ပင်အောင် မဆုတ်ယုတ်အောင် တို့တာဝန်ရှိတယ်လို့ တာဝန်ကိုယ်စီ နားလည်ပြီးတော့ ပိုပြီး တိုးပွားအောင် ကြိုးစားချီးမြှောက်နိုင်ကြဖို့ အရေး ကြီးတယ်နော်။
တာဝန်ရှိကြောင်းသိကြဖို့ တစ်ခါ တစ်ခါတော့ ဘုန်းကြီးတို့ဟာ ဘုန်းကြီးတို့ လူ ရှင် ရဟန်း တွေမှာ ကိုယ့်ကိစ္စလေးပြီးရင် ပြီးရောလို့ သဘောမထားရဘူး။ မြန်မာတိုင်း ပြည် နေကြတဲ့ မြန်မာလူ တွေအ ကဤတိုင်းမြည်ကြီးပွားဖု စည်ပင် ဖို သာယာဖို့ မိမိတို့မှာဘာဝန်ရှိသလို ဤတိုင်းပြည်ရဲ့ တကယ့်ထူးခြား တဲ့ ဝိသေသတံခွန်အထိမ်းအမှတ်ဖြစ်တဲ့ သာသနာတော်ကြီး စည်ပင်ဖို့ သာယာဖို့ ထွန်းကားဖို့ မိမိတို့မှာ တာဝန်ကိုယ်စီရှိကြတယ်။ ယခု တာဝန်တော့ တော်တော်ကျေပွန်ပါတယ်။ မြန်မာပြည်သူပြည်သား ဗုဒ္ဓ ဘာသာဝင် ဒကာဒကာမများကို လှူကြပါတန်းကြပါလို့ ဘုန်းကြီးတို့ ပြောစရာမလိုဘူး။ ဘုန်းကြီးတို့တိုက်တွန်းတာထက်ကို ပိုပြီးလှူနေကြ တယ်။ ဒါကြောင့်မို့လို့ တာဝန်ကျေကြတယ်။ တာဝန်ကျေပြီကောလို့ ဘုန်းကြီးတို့က ဒီဒကာဒကာမတွေ မတိုက်တွန်းရဖူးတော့ မဟုတ်ဘူး။ တိုက်တွန်းပေးရမှာပဲ စရိယသုံးမျိုး လောကမှာ လူရယ်လို့ဖြစ်လာရင် မိမိအကျိုးလေးနဲ့တင် လုံလောက် တာ မဟုတ်ဘူး။ မိသားစုအကျိုး၊ တတ်နိုင်ရင် မိသားစုထက်လွန်ပြီးတော့
ကိုယ့်အမျိုးအဆွေဖြစ်တဲ မြန်မာ ပြည်သူပြည်သားချားရဲအကျိုး ဆောင် ရွက်ရတယ်။ မတတ်နိုင်ရင်သာနေရမယ်။ တတ်နိုင်ရင် လောကတ္ထစရိယ။ ဥဉာတတ္ထစရိယ။း ဗုဒ္ဓတ္ထစရိယလို့ ဘုရားရှင်ကိုယ်တော်မြတ် စရိယသုံးပါး ကျင့်သလို မိမိတို့လဲ လောကတ္ထစရိယ-လောကအကျိုးကျင့်ရတာပဲ။ ဉာတတ္ထစရိယ-အဆွေဆအမျိုးတို့ရဲ့အကျိုး ကျင့်ရတယ်။ အဆွေအမျိုးဆိုတာ မိမိဆွေမျိုးလေးတင်မကဘူး။ မြန်မာတစ်ပြည်လုံးအားလုံး မိမိတို့ဆွေမျိုး ကြီးပဲ။ အဲဒီဆွေမျိုးတွေချမ်းသာအောင်လဲ မတတ်နိုင်ရင်သာ ကိုယ်အား ဖြင့် တတ်နိုင်တဲ့အခါ ချီးမြှေက်ကြရတယ်။ ငွေအား လူအားဖြင့် တတ်နိုင် တဲ့အခါလဲ ချီးမြှှေက်ကြရတယ်။ သင်္ဂဟ၀တ္ထုလေးပါးနဲ့ ချီးမြှောက် ကြရတယ်။
ကိုယ်ကျိုးဆိုတာမရှိ
ထို့အတူပဲ သာသနာတော်ကြီးကိုလဲ မိမိက မတတ်နိုင်ရင်သာ တတ်နိုင်လို့ရှိရင် ချီးမြှောက်ဖို့ တာဝန်ရှိတယ်။ ငွေအားဖြင့်လဲ တတ်နိုင် သမျှ ချီးမြှောက်ကြရတယ်1 ပစ္စည်းအားဖြင့် လူအားဖြင့်လဲ တတ်နိုင်သမျှ ချီးမြှေက်ကြရတယ်။ ဒါဟာ ငါ့တာဝန်လို့ တာဝန်တစ်ခုအဖြစ်နဲ့ ခံယူ ကြရတယ်။
လောကမှာ ပညာရှိတို့ကဆိုထားတဲ့ စကားတစ်ခုရှိတယ်။ သူတစ်ပါး အကျိုးမကျင့်တဲ့ပုဂ္ဂိုလ်အဖို့ ကိုယ်ကျိုးဆိုတာ မရှိပါဘူးတဲ့။ ဒါအမှန် ပဲတဲ့။ တကယ်မှန်ပါတယ်လို့ အဲသလိုပညာရှိများက ဆိုကြတယ်နော်။ ဥပမာ-ဒါနဆိုတာမှာ ကြည့်လိုက်ရင် သူတစ်ပါးအကျိုးဆောင်တာချည်းဖဲ။ တောင်းစားနေတဲ့ သူတောင်းစားလေးတွေကိုပေးတာလဲ သူ့အကျိုးဆောင် ရွက်တာပဲး မိတ်ဆွေသင်္ဂဟတွေ ကျွေးမွေးပေးကမ်းတာလဲ သူ့အကျိုး ဆောင်တာပဲး သံဃာတော်တွေ လှူဒါန်းတော့ သာသနာကြီးပွားအောင် ဆောင်ရွက်ခြင်းမျိုးဖြစ်တယ်။ ဒါကြောင့် လှူတယ်တန်းတယ်။ ပေးတယ် ကမ်းတယ်ဆိုတာ အားလုံး သူတစ်ပါးအကျိုးကိုဆောင်တဲ့ ပရဟိတပဲ။
သာသနာတော်အကျိုးဆောင်ရင် အဲဒါ ကိုယ့်အကျိုးဆောင်မှု
ပြီးသွားတာပဲ။ ဟုတ်တယ်လေ။း သာသနာတော်မှာ လှူဒါန်းပူဇော်ရင် မိမိတို့မှာ ဒီပစ္စက္ခဘဝမှာပဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာခြင်းအကျိုး၊ နောင်သံသရာမှာလဲ ချမ်းသာခြင်းအကျိုးတွေ ရနိုင်တာမို့လို့ သူတစ်ပါး အကျိုးဆောင်လို့ ကိုယ့်အကျိုးပြီးမြောက်တာပဲ။
အလင်္ကာကျမ်းပြုဆရာတော်ကြီးဇစါ ဩဝါဒ
ဘုန်းကြီးတို့သာသနာတော်မှာ အလင်္ကာကျမ်း။ ဆန်းကျမ်းတွေကို စီရင်ရေးသားလို့ ယနေ့အထိ သာသနာတော်မှာ စာသင် စာချပုဂ္ဂိုလ်တွေ ကျေးဇူးအလွန်များတဲ့။ ကျေးဇူးအလွန်များအောင် ရွက်ဆောင်ပေးခဲ့တဲ့ ဆရာတော်ကြီး အရှင်သံဃရက္ခိတမဟာသာမိ မလေရိဆိုတာ ရှိခဲ့တယ်။ အဲဒီမထေရ်ရဲ့ မိန့်ခွန်းပဲး ဩဝါဒပဲ။
သစ္စံ ပုန ဝိ သစ္စန္တီ။ ဘုဇမုက္ခိပ္ပဝုစ္စတေး သကတ္ထော နတ္ထိ နတ္ထေဝ။ ပရဿတ္ထမကုဗ္ဗတော။း
ပရဿတ္ထံ-သူတစ်ပါးအကျိုးကိုး အကုဗ္ဗတော-မပြုလုပ် မဆောင် နွက်သောပုဂ္ဂိုလ်အဖို့ သကတ္ထော-ကိုယ်ကျိုး ကိုယ်စီးပွားဆိုသည်မှာ။ နတ္ထိ-မရှိပါပေ။
မရှိဘူးလို့ သာမညတောင်မှ ဆရာတော်ကြီးကမဆိုဘူးး အတည် ပြုချင်လို့ ငါ့စကားဟာ တကယ်မှန်ပါတယ်။ တကယ့်ကိုမရှိတာပါ။ သူတစ်ပါးအကျိုးမဆောင်ရင် ကိုယ့်အကျိုးဟာမရှိဘူးဆိုတာ သာမန်မရှိ မဟုတ်ဘူး။ တကယ့်ကို မရှိတာပါ။ သူတစ်ပါးအကျိုးမဆောင်တဲ့ ပုဂ္ဂိုလ် တွေမှာ ကိုယ်ကျိုးဆိုတာဟာ မရှိဘူးတဲ့ ဒါတင်မကသေးဘူး။ ဆရာတော် ကြီးက အင်မတန်သူ့စကားကို လေးလေးစားစား လိုက်နာစေချင်လို့-
သစ္စံ-သူတစ်ပါးအကျိုး မဆောင်တဲ့ပုဂ္ဂိုလ်မှာ ကိုယ်ကျိုးမရှိဆိုတဲ့ စကားဟာမှန်လှပါပေ၏် အတည်ထပ်ပြုလိုက်သေးတယ်။ သူတစ်ပါး အကျိုးမဆောင်တဲ့ပုဂ္ဂိုလ်မှာ ကိုယ်ကျိုးမရှိဘူးဆိုတာ အမှန်ပဲတဲ့။ အမှန်ပဲ ဆိုပြီးတော့ မပြီးသေးဘူး။ ဆရာတော်ကြီးက အမှန်ပဲဆိုတဲ့စကားကို “မြဲရာသံပတ်-ကြပ်ရာသပ်ပင်း ဆိုတာလို ခိုင်မြဲသထက်ခိုင်မြဲအောင်။
သစ္စံ-မှန်ပါပေ၏ ဆိုပြီးတော့ ပုန-နောက်ထပ်တစ်ဖန် ကျော့လိုက်ပြန် ဦးအံ့။ သစ္စံ-တကယ်ပဲမှန်လှပါပေ၏ [ သစ္စံတွေ အထပ်ထပ် ထပ်ပြီးတော့ ကိုယ့်စကားကို အတည်ပြုသွားတော်မူတယ်။
အင်မတန် အရေးကြီးတယ်။ ဘုန်းကြီးတို့ တပည့်သားတွေ။ တပည့်သားတွေဆိုတာ ဘုန်းကြီးတို့လဲပါခဲ့တာပဲ။ ဆရာတော်ကြီး မမြင် ရပေမယ့်။ ဟိုနှစ်ပေါင်းထောင်ကျော်ကဖြစ်ခဲ့ပေမယ့် ဆရာတော်ကြီးရဲ့ စာတွေပေတွေ ဘုန်းကြီးတို့သင်နေရတယ်။ ဘုန်းကြီးတို့တင်မဟုတ်ဘူး။ လောကမှာလဲ အထက်တန်းပညာရှင်တွေ ဆရာတော်ကြီးရဲ့ကျမ်းတွေနဲ့ ရင်းနှီးခဲ့ကြတယ်1
အဲဒီဆရာတော်ကြီးတွေရဲ့စာဟာ ယနေ့မြန်မာပြည်မှာသာမက ဟို အနောက်နိုင်ငံတွေ အင်္ဂလန်။ ပြင်သစ်။ ဂျာမနီစသည်ဖြင့် ပြည်တွေ ဒီ့ပြင် ဟိုတိုင်းဒီပြည်တွေ အနှံ့အပြား ဆရာတော်ကြီးကို အမှီပြုပြီးတော့ ဉာဏ်ပညာတွေ တိုးပွားရတယ် ကဗျာဉာဏ်။ စာဉာဏ် ပေဉာဏ်တွေ တိုးပွားကြရတယ်။ ကျေးဇူးအင်မတန်ကြီးတဲ့ ဆရာတော်ကြီး၊ အဲဒီ ဆရာ တော်ကြီးရဲ့ မှာတမ်း။
သစ္စံ-သူတစ်ပါးအကျိုးမဆောင်ရင် ကိုယ်အကျိုးမရှိ တကယ်ပင် မရှိ။ အဲဒီမရှိဆိုသည်မှာ မှန်ပါ၏။ တကယ့်ကို မှန်ပါပေ၏ဟူရွ်၊ တ္ကတိ- ဤသို့၊ ဘုဇံ-လက်ရုံးလက်မောင်းကို၊ ဥက္ခိပ္ပ-အားရပါးရ ပြသဆန့်တန်း လျက်၊ ဝုစ္စတေ-ရဲရဲရင့်ရင့်သာ ဆိုလိုက်ပါတော့လော။
ဒါအမှန်ပဲ။ ဒါကြောင့် ကိုယ့်အကျိုးကိုယ် ကုသိုလ်ဖြစ်ရုံလေးသာ သဘောမထားပါနဲ့
ကိုယ့်အမျိုးဆွေတွေ မြန်မာပြည်သူပြည်သားတွေ ပြည်ထောင်စု သားတွေ ချမ်းသာအောင်။ ထိုပြည်ထောင်စုသားတွေ ကိုးကွယ်ရာ သာသနာတော်ကြီး အခွန့်ရှည်ကြာ ကိုယ့်သားကိုယ့်ခြေး၊ ကိုယ့်မြစ် တီ တွတ် ကျွတ် ဆတ်ဆိုတဲ့ ဆွေခုနစ်ဆက်ထိရောက်အောင် အကျိုး များအောင်။ အဲဒီသာသနာတော်ကြီးကို တို့တစ်တွေ ချီးမြှောက်ဖို့ တာဝန် ရှိတယ်ဆိုတာ ခံယူပြီးသားပါပဲ။။
ယနေ့ ဝါဆိုသင်္ကန်း လှူဒါန်းကြရတယ်။ ဒါခုနပြောသလို အရဟိတ အကျိုးဆောင်တာပဲ။ သာသနာမှာ သာသနာအကျိုး သယ်ပိုးနေကြတဲ့ သံဃာတော်တွေ ချမ်းချမ်းသာသာနဲ့ သာသနာ့အကျိုး သယ်ပိုးနိုင်အောင် မိမိတို့ ပရဟိတအကျိုးဆောင်လိုက်ခြင်းပဲ) ပရဟိတအကျိုးဆောင်လိုက် ခြင်းဖြင့် ကိုယ့်မှာ ဘာတွေရမတုံး။ ပြောမပြနိုင်အောင်ကို အကျိုးတွေ ရနိုင်တယ်။
သာသနာ့တာဝန်ကို ဆောင်နေကြတဲ့ သံဃာတော်တွေရဲ့အကျိုးကို ဆောင်ပေးတာ။ ဒါကြောင့် လောကရေးခွ်လည်းကောင်းး သာသနာရေးခ် လည်းကောင်း မိမိအကျိုးသာမက ကိုယ့်အမျိုးအဆွေတို့၏ အကျိုး၊ ကိုယ့် ကိုးကွယ်ရာ သံဃာတော်တို့ အကျိုးအဆက်ဆ၊ က် ဆောင်ခြင်းဖြင့် လောကကြီးပွားအောင် သာသနာကြီးပွားအောင် ဆတက်ထမ်းပိုး တိုးတက် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။
တ္ကမာနိ ဝဿာဝါသိက စီဝရာနိ ဒေမ။
က္ကမိနာ သဗ္ဗမင်္ဂလာယစ သဗ္ဗဒုက္ခ နိရောဓာယစ ဟောတု။ က္ကမာနိ ဝဿာဝါသိက စီဝရာနိ-ဤဝါဆိုသင်္ကန်းတို့ကိုး ဒေမ- လှူဒါန်းကြပါကုန်ဒါ / တ္ကမိနာ-ဤလှူဒါန်းရသော ကုသိုလ်ကောင်းမှု အရပ်ရင်တို့ကြောင့်၊ သဗ္ဗမင်္ဂလာယစ-အလုံးစုံသော ကောင်းကျိုးချမ်းသာ မင်္ဂလာအကျိုးငှာလည်းကောင်း၊ သဗ္ဗဒုက္ခ နိရောဓာယစ-ဒုက္ခခပ်သိမ်း ငြိမ်းအေးဖို့ရာ အလို့ငှာလည်းကောင်း ဟောတု-ဖြစ်ပါစေသတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
မေတ္တာတရားတော်
ယနေ့ ဝါခေါင်လပြည့်နေ့ဆိုတော့ မေတ္တာအခါတော်နေ့ဆိုပြီး သတ်မှတ်ထားကြတယ်။ ဒီနေ့မှာ မေတ္တာအထူးပို့ကြရတယ်။ မေတ္တာများ များ ပို့ခိုင်းရမယ်။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာမှာလဲ ဗရုတ်သုတ်ခ တွေနဲ့ လူတွေအများကြီး ဒုက္ခရောက်ကြရတယ်။ နေရာတကာမှာလဲ တစ်နေရာမဟုတ် တစ်နေရာ အမျိုးမျိုး တစ်မျိုးမဟုတ်တစ်မျိုး ဒုက္ခတွေ နဲ့ ကြုံကြရတယ်။ အဲဒီတော့ ဘုန်းကြီးတို့က စုပေါင်းပြီးတော့ မေတ္တာဖြင့် ချမ်းသာဖို့ အားပေးကြရမယ်။
မေတ္တာအခါတော်
ဘုန်းကြီးတို့ မေတ္တသုတ်ပရိတ်တရားရှိတယ်။ အဲဒီပရိတ်တရား အဲဒီဘာ၀နာဖြစ်လာတာဟာ ဒီဝါခေါင်လပဲ။ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ်လက်ထက်က ရဟန်းငါးရာဟာ ဘုရားရှင်ကိုယ်တော်မြတ် ထံက ကမ္မဋ္ဌာန်းသင်ယူပြီးတော့ သပ္ပာယဖြစ်ရာအရပ်သွားပြီး နေကြမယ် ဆိုပြီးတော့ ဟိမဝန္တာနဲ့ တစ်စပ်တည်းနေတဲ့ တောအုဂ်ကြီးတစ်ခုထဲမှာ သွားပြီးတော့ တရားအားထုတ်နေကြတယ်။ အဲသလို တရားအားထုတ် နေကြတုန်း သံဃာတော်တွေက အောက်မှာ တရားအားထုတ်နေတော့ သစ်ပင်တွေမှာနေနေကြတဲ့ နတ်တွေက ရဟန်းတော်တို့ရဲသီလတန်ခိုး ကြောင့် သစ်ပင်ပေါ်မှာမနေနိုင်ကြဘူး သူတို့သားသမီးလေးတွေ လက်ဆွဲ ပြီးတော့ ဟိုသွားဒီသွား ဒီလိုနေကြရတယ်။ သူတို့စိတ်ထဲမှာ အရှင်မြတ်တွေ မကြာခင် ပြန်ကြလိမ့်မယ်ဆိုပြီးတော့ ဒီလိုပဲစောင့်စားပြီးနေခဲ့ကြတယ်။ သို့သော် တော်တော်ကြာပေမယ့် ပြန်မယ့်လက္ခဏာမတွေ့ရတော့ သူတို့
ကလဲ ရဟန်းတော်တွေ ပြန်ပြေးအောင်ဆိုပြီး ခြောက်လှန်ကြတယ်။ ဖောက်ပြန်တဲ့ ကြောက်မက်ဖွယ်ရာအဆင်းတွေပြ အသံတွေပြုနဲ့ ခြောက်လှန့်ကြတယ်။
အဲဒီအသံတွေ အကြောင်းပြုပြီးတော့ ရဟန်းတော်တွေမှ ကြောက် ကြ လန့်ကြတော့ သမာဓိမရကြဘူး။ စိတ်တည်ကြည်မှု မရကြဘူး။ တရား မတိုးတက်ဘူး။ အဲဒီအခါ တို့ဒီနေရာမှာ သပွာယမဖြစ်ဘူးဆိုပြီး တော့ ဘုရားရှင်ကိုယ်တော်မြတ်ထံ သွားဖို့ တိုင်ပင်ကြပြီး ဝါတွင်းကြီးပဲ ဘုရားရှင်ကိုယ်တော်မြတ်ထံသွားကြတယ်။ ဟိုရောက်တဲ့အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က ဘယ့်နှယ်ကြောင့် ဝါတွင်းကြီးလာကြရတုံး လို့ မေးတဲ့အခါကျတော့ မိမိတို့ အဖြစ်အပျက်ကို ပြန်ပြီးတော့ လျှောက် ထားကြတယ်။
အဲဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်ကလဲ ဒီရဟန်းတော်တွေအဖို့ ဒီနေရာမှာ သူတို့သပ္ဗာယဖြစ်လို့ ဒီနေရာမှာမှ သူတို့တရားထူးရဖို့ရာ သူတို့ အကြောင်းထူးရှိတယ် ဆိုပြီးတော့ မေတ္တသုတ်ပရိတ်တရားတော် မြတ်ကို သင်ပေးတော်မူတယ်။ အန္တရာယ်ကင်းတဲ့ ပရိတ်အဖြစ်ဖြင့် လည်းကောင်း၊ အန္တရာယ်ကင်းဖို့ရာ အရံအတားပရိတ်အဖြစ်ဖြင့် လည်းကောင်း၊ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းပွားများဖို့ရာ ဘာဝနာ အဖြစ်ဖြင့်လည်းကောင်း သင်ပေးတော်မူလိုက်တယ်။
ဘုရားရှင်ကိုဃ်တော်မြတ်ဆီက သင်ကြားပြီးတော့ နောက်ဆုံးသူတို့ စောစောက သီတင်းသုံးရာတောထဲ ပြန်သွားကြတယ်။ အဲဒီမှာသွားပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် ညွှန်ကြားတော်မူတဲ့အတိုင်း မေတ္တာတွေ ပွား ကြ။ ဘာဝနာတွေပွားကြ၊ မေတ္တသုတ်ပရိတ်တရားတွေ ရွတ်ကြနဲ့ အဲသလိုရွတ်လာတော့ နောက်ဆုံး နတ်တွေက မထေရ်တွေအပေါ်မှာ ချစ်မြတ်နိုးလာကြတယ် မထေရ်တွေရဲ့ ဝတ်ကြီးဝတ်ငယ်တွေ သူတို့ပြုလာ ကြတယ်။ မထေရ်တွေကို စိတ်ချမ်းသာအောင် ပြုလာကြတယ်။
အဲဒါနဲ့ မထေရ်တွေလဲ မြတ်စွာဘုရားပေးတော်မူတဲ့နည်းအရ မေတ္တာ ဘာဝနာ ပွားလိုက်ကြတာ အရံအတားအဖြစ်ဖြင့် မေတ္တသုတ်ရွတ်ကြ
ဖတ်ကြ အဲသလိုနဲ့ နောက်ဆုံး နိမိတ်တွေထင်လာ။ စျာန်တွေထင်လာ။ စျာန်ရပြီးတော့ မဂ်ဖိုလ်ရသွားပြီးတော့ အားလုံး ဒီဝါတွင်းမှာပဲ ရဟန္တာ ဖြစ်သွားကြသတဲ့။
အဲဒီအခါတုန်းက ရဟန်းတော်တွေရဲ့အဖြစ်ဟာ ဒီဝါခေါင်လပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ထံက မေတ္တာသုတ်ပရိတ်တရားကို ယူဆောင်ပြီး လာကြ။ ဒီမှာအားထုတ်ကြ။ အဲဒါအကြောင်းပြုပြီး ယနေ့ကို မေတ္တာတော် အခါတော်နေ့ဆိုပြီး ကျင်းပကြတယ်။
ယနေ့ မေတ္တာများများပို့ခိုင်းရတယ်။ အဲသလိုပဲ မေတ္တာတရားကို ကြိုးစားပြီးတော့ ပို့ပေးကြရတယ်။ မေတ္တာတရားဆိုတာကတော့ အားလုံး သိတဲ့အတိုင်းပါပဲ။ ကိုယ်လဲအကျိုးရှိ သူတစ်ပါးလဲအကျိုးရှိ ညကတောင် ဘုန်းကြီးက သံဃာတွေမေတ္တာပို့ဖို့ဆိုပြီးတော့ ပြောထားရသေးတယ်။
ကမ္ဘာကြီးအေးချမ်းဖို့
ခုနေအခါမှာပိုပြီးတော့ မေတ္တာပွားဖို့ အရေးကြီးသေးတယ်။ ကမ္ဘာမှာ ဘယ်လို ဘေးအန္တရာယ်တွေ ကြုံနေတယ်ဆိုတာ အားလုံးအသိပဲ။ သတင်းစာတွေထဲပါ။ ရေဒီယိုတွေ ဘာတွေထဲလဲ လွှင့်ကြပြုကြဆိုတော့ သိကြတယ်။
အားလုံး ကမ္ဘာကြီးလဲအေးချမ်းသာယာအောင်။ ဘုန်းကြီးတို့မြန်မာ ပြည်ကြီးလဲ အေးချမ်းသာယာပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ မေတ္တာတရားတွေ ကျပ်ကျပ်ပွားများကြဖို့ အရေးကြီးတယ် နော်။
မေတ္တာဆိုတာ ဓာတ်ခိုက်တယ်
မေတ္တာဆိုတာက ထူးခြားတဲ့ ဓာတ်သဘာဝတစ်မျိုးး လောကမှာ ဓာတ်ခိုက်တယ်ဆိုတာရှိတယ်1 ဓာတ်ခိုက်တယ်တဲ့) ဘုန်းကြီးတို့ ဥသျွစ်သီးကို မီးဖုတ်လိုက်လို့ရှိရင် အဲဒီဥသျွစ်ပင်ပေါ်မှာရှိတဲ့ အသီးတွေ အကုန် ကြွေကျတယ်လို့ဆိုတယ်။
။ ပင်လယ်ထဲမှာ ချောင်းတွေ မြစ်တွေထဲမှာ ရေတက်လို့ရှိရင် ငါးပိအိုး
ထဲက ငံပြာရည်ဟာတက်လာတယ် အဲဒါ ရုပ်ဝတ္ထုတွေက ဓာတ်ခိုက်တာ။ ဒီတမာပင်ကို လူတွေစားနေရင် တယ်မခါးဘူး။ လူမစားတဲ့ တမာပင် ကျတော့ ခါးသွားတယ်။ အဲဒါတွေလဲ ဓာတ်ခိုက်ခြင်း သဘောတရားပဲး အဲသလို ရုပ်၀တ္ထုပစ္စည်းတွေမှာ ဓာတ်ခိုက်တယ်ဆိုတဲ့ သဘောကာရား ရှိသလို ဘုန်းကြီးတို့နာမ်တရားတွေမှာလဲ ဓာတ်ခိုက်တယ်ဆိုတဲ့ သဘော တရားတွေ ရှိတာပဲ) သူ့မကောင်းကြံရင် ကိုယ်မကောင်းကျိုးရတယ်။ သူ့ကိုချစ်မြတ်နိုးရင် သူကလဲ ချစ်မြတ်နိုးတာပဲ။ အဲဒီနာမ်တရားတွေရဲ့ ဓာတ်ခိုက်မှုဟာလဲရှိတာပဲ။
မေတ္တာဆိုတဲ့တရားရဲ့အကျိုး၊ မေတ္တာဆိုတဲ့ကရားရဲ့ ဓာတ်ခိုက်မှု ဆိုတာဟာလဲရှိတာပဲ။ အမှန်ကမမြင်ရပေမယ့် နာမ်တရားတို့ရဲ့ အရှိန်အဝါ ဆိုတာက အင်မတန်ကြီးမားတယ်။ ရှေးက ဆရာတော်ဦးသီလ အစရှိသော မထေရ်မြတ်ကြီးတွေ တောထဲမှာ သီတင်းသုံးကြတယ်။ ကျားတွေ ဆင်တွေ သတ္တဝါတွေက အန္တရာယ်မပြုကြဘူး အဲဒါတွေဟာ ဘာတုံးဆိုရင် ဆရာတော်ကြီးတွေရဲ့မေတ္တာပဲ။ မေတ္တာက ဓာတ်ခိုက် လို့ သတ္တဝါတွေဟာ ငြိမ်သက်အေးချမ်းပြီးတော့ ဆရာတော်ကြီးအပေါ် မှာလဲ သူတို့ မေတ္တာပြန်ထားကြတယ်။ အဲဒါကြောင့် ဘာအန္တရာယ်မှ မကြုံရဘူး။
မေတ္တာ အရှိန်
သဝိညာဏက မပြောနဲ့ အဝိညာဏက-အန္တရာယ်တွေတောင် မကြုံရဘူး။ အဲဒါကြောင့် ဓာတ်ခိုက်တယ်ဆိုတာရှိတယ်။ အဲဒီတော့ လောကမှာ ဓာတ်နိုက်တယ်ဆိုငါ) သဘောမျိုးရှိသလို ထုတိုနာမိတရားတို.၂ အစွမ်းသတ္တိအာနုဘော်တွေဟာလဲ ရှိနေတယ်။ အဲဒီနာမ်တရားတွေကို အကြောင်းပြုပြီးတော့ မေတ္တာပွားခြင်းကြောင့် မိမိကိုယ်တိုင် ထိုမေတ္တာ တို့ရဲ့ အရှိန်အစော် အာနုဘော်ကိုခံရတယ်။ မိမိပို့လွှတ်တဲ့ပုဂ္ဂိုလ် ဒီက မေတ္တာအရှိန်ကြောင့် သူ့မှာ ချမ်းသာခြင်းဆိုတဲ့သုခ ကြုံရတယ်။ ဘေးကင်း နိုင်တယ်။ ရန်ကင်းနိုင်တယ် အန္တရာယ်ကင်းနိုင်တယ်။
အဲဒီတော့ တစ်ယောက်တည်းပို့တဲ့မေတ္တာထက် အများကစုပေါင်းပြီး ပို့တဲ့မေတ္တာကျတော့ ပိုပြီးတော့ အရှိန်အဝါရှိတယ်။ အများရဲ့အရှိန်အစော် ဆိုတာလဲ နည်းတာမဟုတ်ဘူး အများစုပို့တဲ့ မေတ္တာအား ဘုန်းကြီးတို့ စံကျောင်းဆရာတော်ကြီးက အပရိဟာနိယ လက်စွဲမှာ မိန့်ထားတာရှိတယ်။ အများရဲ့ကုသိုလ်ဆိုတာ မနည်းဘူး။ အများရဲ့အရှိန် အဝါဆိုတာ မနည်းဘူးဆိုတဲ့အကြောင်း၊ သူတို့. ညောင်တုန်းရွှေဟင်္သာ တောရတိုက်မှာ ရှေးတုန်းက သံဃာသုံးဆယ်လောက်ရှိတယ်။ နောက် အခါကျတော့ တဖြည်းဖြည်းတိုးလာတာ သံဃာတစ်ရာကျော်လောက် ရှိသွားတယ်။ သုံးဆယ်လောက်တုန်းက သံဃာပြည့်စုံမှုဟာ တစ်ရာကျော် လောက်ရှိတဲ့အခါ ပြည့်စုံမှုကိုမမီဘူးတဲ့။ အဲဒါ ဘာကြောင့်တုံးဆိုရင် အများရဲ့ကံဟာ ထူးခြားတယ်ဆိုတာ သာဓကပြတာပဲ အဲဒါလိုပဲ ခုလို ဘုန်းကြီးတို့ မေတ္တာတွေ ဘာတွေ ပို့ကြတော့ အများကပို့လို့ရှိရင် ပိုပြီးတော့ အရှိန်အစော်ရှိတယ် အာနုဘော်ရှိတယ်။ ခရီးပိုရောက်နိုင်တယ်ဆိုပြီးတော့ အခုအများစုပေါင်းပြီးတော့ မေတ္တာပို့ ကြစ ထိုယိုနေရာမှာ နို ဆော်ပေးနေတြတယ်။ ဒါကြောင့် ဘုန်းကြး တု ကလဲ ယနေ့ အထူးအဖြစ်ဖြင့် မေတ္တာပွားဖို့ တိုက်တွန်းရတာနော်။ စန္ဒကူးတုံးလိုကျင့်သုံးပါ အတ္တဆိန္နမွိဝါသေတိ။ သုဂန္ဓေနိဝစန္ဒနံ။
သန္တော မေတ္တာ သုဂန္ဓေန၊ အတ္တဟိံ သမ္ပိဝါသယေ။ စန္ဒနံ-အမွှေးနံ့ထူး စန္ဒကူးဆိုတဲ့ နံ့သာသည် အတ္တဆိန္နမွိ-မိမိဆိုတဲ့ စန္ဒကူးကို ဖြတ်ပိုင်းလာတဲ့ ပုဂ္ဂိုလ်ကိုသော်လည်း) သုဂန္ဓေန-ဒေါသမဖက် သက်သက်ကောင်းမြတ်သော အနံ့ကလေးဖြင့်၊ ဝါသေတိတ္တ၀-ထုံစေ မွမ်းစေ မွှေးစေသကဲ့သို့၊ သန္တော-သူတော်ကောင်းဖြစ်ကြသော ဒကာ ဒကာမအပေါင်း သူတော်ကောင်းသည်။ အတ္တဟိ။ သရွိ-မိမိကိုညှဉ်းဆဲ
မိမိကိုပုတ်ခတ်ရိုက်နှက် ညှဉ်းဆဲတဲ့ပုဂ္ဂိုလ်ကိုပင်း မေတ္တာသုဂန္ဓေန-မေတ္တာ တည်းဟူသောရနံ့ကလေး အမွှေးဓာတ်ပေးသဖြင့်' ဝါသယေ-ဝါသေယျ- အနံ့ထုံစရာ ပြုလိုက်ပါတော့လော။
စန္ဒကူးတုံးလေးလို ကျင့်ကြပါတဲ့။ စန္ဒကူးတုံးလေးဟာ မိမိကိုလာ ပြီးပိုင်းတဲ့ ဖြတ်တဲ့ပုဂ္ဂိုလ်ပေမယ့် သူက ဒုက္ခမပေးဘူး။ မိမိရဲ့ အနံ့ကလေး တောင် ပေးလိုက်သေးတယ်။ အမွှေးနံ့လေး၊ အဲဒါလိုပဲ သူတော်ကောင်း ဖြစ်ကြတဲ့ မိမိတို့ဟာ တကယ်လို့ မိမိကို လာစော်ကားတဲ့ပုဂ္ဂိုလ်ကိုပင် ဖြစ်စေ ခန္တီဆိုတဲ့ တရားလေး လက်သုံးထားပြီးတော့ ပြန်ပြီး မေတ္တာရနံ့ လေး ပေးကြပါလို့ တိုက်တွန်းတယ်။
ဘုရားအလိုကျ မေတ္တာထားပါ
လောကမှာ ဘုန်းကြီးတို့ဘုရားရှင်ကိုယ်တော်မြတ်ကလဲ ဘယ် လောက်ထိအောင် သည်းခံပို့ မေတ္တာထားဖို့ ဟောကြားသတုံးဆိုတော့ သူခိုးဓားပြတွေက အသွားနှစ်ဖက်ရှိတဲ့လွှကြီးနဲ့ မိမိကိုလာတိုက်ပေမယ့် အဲဒီပုဂ္ဂိုလ်အပေါ်မှာ စိတ်ဆိုးမယ် ပြန်ပြီးရန်ပြုမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ငါဘုရားဩဝါဒမနာခံတဲ့ ပုဂ္ဂိုလ်တဲ့ အဲသလောက်ထိအောင် မိမိကိုယ်ကို လာပြီးတော့ နှိပ်စက်တဲ့ သူခိုးဓားပြတွေ အပေါ်မှာတောင် မေတ္တာထားနိုင် မှ မေတ္တာပွားနိုင်မှ ခန္တီတရားလက်သုံးထားမှ ငါဘုရားအဆုံးအမလိုက်နာ တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ အဲသလိုဟောထားတာရှိတယ်။ အဲဒါကြောင့်မို့လို့ ဘုရားအလိုတော်က ကိုယ်တော်တိုင်လဲ မိမိကိုစော်ကားတဲ့ ကျောက်တုံး ကြီး လှိမ့်ချတဲ့ ဒေ၀ဒတ်အပေါ်မှာလဲ သားတော်ရာဟုလာလေးလိုပဲ။ မထူးဘူးတဲ့။ အဲဒီတော့ ခန္တီဆိုတဲ့တရားဟာ ဘုရားရဲ့အကျင့် ဘုရားရှင် ကိုယ်တော်မြတ် အစဉ်သဖြင့် ကျင့်ခဲ့တဲ့ အကျင့်။ ဒါကြောင့် ခန္တီတရား လက်သုံးထားပြီးတော့ မိမိကိုယ်ကို စော်ကားတဲ့ ပုဂ္ဂိုလ်ကိုသော်လဲ မေတ္တာတရားပွားများပြီးတော့ တုံ့ပြန်ခြင်းဖြင့် တကယ်ဘုရားအလိုတော် ကျအောင် ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်။
သီလသမာဓိပညာနံ။ ခန္တီပဓာနကာရဏံ။
သဗ္ဗေပိကုသလာဓမ္မာ။ ခန္တာယတ္တာ ဝ ဝတ္တရေး
ခန္တီ-သည်းခံခြင်းဆိုတဲ့ ခန္တီတရားသည်။ သီလ သမာဓိပညာနံ-သီလ သမာဓိ ပညာတရားတို့၏။ ပဓာနကာရဏံ-လိုရင်းအကျ ပဓာနဖြစ်တဲ့ အကြောင်းရင်းပါပေတည်း((အလုံးစုံသော သီလ သမာဓိ ပညာတရားတွေ ဟာ ခန္တီနဲ့စပ်နေတယ်။ ခန္တီရှိမှ ဖြစ်နိုင်တယ်။ သည်းခံခြင်းရှိမှ) (သဗ္ဗေပိ ကုသလာဓမ္မာ-အလုံးစုံသော ကုသိုလ်တရားမှန်သမျှတို့သည်လည်း။ (ဗောဓိပက္ခိယတရား အစရှိသော ကုသိုလ်ရတနာတရားတွေ) ခန္တျာ ယတ္တာဝ-ခန္တီနှင့် ဆက်သွယ်ရမှသာလျွှင်1 ဝတ္တရေ ဝတ္တန္တိ-ကောင်းစွာမသွေ ဖြစ်နိုင်ကြပါပေကုန်သတည်း။
ကိုယ့်ကိုစော်ကားတဲ့ ပုဂ္ဂိုလ်ကိုတောင် ခန္တီသုံးပြီးတော့ ပြန်ပြီး တုံ့ပြန်မှုမပြုဘဲနဲ့ သည်းခံရမယ်။ မေတ္တာထားရမယ်လို့ဆိုတာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ဝါဒ၊ ကိုယ်တော်တိုင် ဒီအတိုင်း ကျင့်ကြံတော်မူခဲ့တဲ့ အတိုင်း တပည့်တွေကိုလဲ ဒီအတိုင်း ဆုံးမတော်မူခဲ့တယ်။ ဒါကြောင့် မေတ္တာတရား ခုလို မစော်ကားတဲ့ပုဂ္ဂိုလ်တွေကို မေတ္တာတရားပွားမယ် ဆိုတာ ပွားနိုင်တာပေါ့) ဒါကြောင့်မို့လို့ ကမ္ဘာ့ငြိမ်းချမ်းရေး။ မြန်မာ့ ငြိမ်းချမ်းရေးအတွက် မေတ္တာတရားကို အထူးပွားများခြင်းဖြင့် သတ္တဝါ တွေ ချမ်းသာအောင် ရွက်ဆောင်ကြပါကုန်လော။ ရွက်ဆောင်နိုင်ကြပါ စေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
မေတ္တာရှေ့သွားအကျင့်များတရားတော်
အရင်အပတ်က မေတ္တာအခါတော်အခါနေ့ဆိုပြီးတော့ ဘုန်းကြီး မေတ္တာ တရားစခဲ့တယ်။ အဲဒီတော့ ယနေ့လဲပဲ မေတ္တာတရားအဆက်ပဲ ဟောရ မယ်။
မေတ္တာ၏ရန်သူနှစ်မျိုး
မေတ္တာတရား ပွားများကြတဲ့အခါမှာ အရေးကြီးတာက မေတ္တာရဲ့ ရန်သူတွေကို ဖြိုနိုင်ဖျက်နိုင်ကြရတယ်။ မေတ္တာရဲ့ရန်သူဟာ အနီးရန်သူ။ အဝေးရန်သူလို့ ရန်သူနှစ်မျိုးရှိတယ်' အနီးရန်သူက တဏှာရာဂ၊ အဝေး ရန်သူက ဒေါသ။ အနီးရန်သူ အဝေးရန်သူဖြစ်တဲ့ တဏှာရာဂတို့ ဒေါသ တို့ကို နှိမ်ပေးရတယ် အဲသလိုနှိမ်ပေးမှ မေတ္တာဟာပိုပြီးတော့ တက်လွယ် တယ်။
အဝေးရန်သူ
ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူတဲ့။ အဝေးရန်သူပေမယ့် သူက အတော်နှိမ်ရရက်တယ်။ ဒါကြောင့် ဒေါသရှိနေရင်လဲ မိမိတို့ပို့တဲ့မေတ္တာက သိပ်ပြီးတော့ တည်ကြည်နိုင်မှာလဲ မဟုတ်ဘူး။ စွမ်းမှာလဲမဟုတ်ဘူး။ ဒါကြောင့် အဝေးရန်သူဖြစ်တဲ့ ဒေါသကိုလဲ နှိမ်ပေးရတယ်။ စိတ်ဆိုးမှု မဖြစ်အောင် တရားသဘောနဲ့ ဖြေပေးရတယ်။
အနီးရန်သူ
တဏှာက အနီးရန်သူတဲ့ ' လောဘောမေတ္တာယ ဝဉ္ဆေတိ။ လောဘော-လောဘဆိုတဲ့တရားက၊ မေတ္တာယ-မေတ္တာအရောင်ဆောင် သဖြင့်၊ ၀ဉ္စေတိ-သူသူငါငါ သတ္တဝါတို့ကို လှည့်ပတ်တတ်ပါပေ၏။
အနီးရန်သူဖြစ်တဲ့ လောဘက မေတ္တာအရောင်ဆောင်ပြီးတော့ လှည့်ပတ် တတ်တယ်တဲ့။
နံရံကိုတိုက်ဂွဲဆင်
ရှေးတုန်းက ဒကာတစ်ယောက် မေတ္တာပွားချင်တော့ အိမ်ကိုက္ပြလာ တဲ့ ရဟန်းတော်ကို လျှောက်ထားတယ်။ “အရှင်ဘုရား တပည့်တော် မေတ္တာပွားချင်တယ်။ ဘယ်သူ့ကို မေတ္တာပွားရမတုံး ဆိုတော့ “အို-ဒကာ မင်းချစ်တဲ့သူကို မေတ္တာပွားပေါ့ ဆိုတော့ ငါဟာ ငါ့မယား ငါအချစ်ဆုံး ပဲ ငါ့မယားကို ငါမေတ္တာပွားမယ်ဆိုပြီးတော့ ပွားလိုက်တာ ညအခန်း တံခါးပိတ်ပြီးတော့ မေတ္တာပွားတယ်။ ညကျတော့ သူမနေနိုင်တော့ဘူး။ ကိုယ့်မယားဆီ သွားချင်လာတယ်။ သွားချင်လာတော့ တံခါးကလဲ ရုတ် တရက်ရှာမရတော့ ခေါင်းနဲ့ နံရံနဲ့ချည်း တိုက်နေရတယ်တဲ့။ ဘိတ္တိယုဒ္ဓ- နံရံတိုက်ပွဲဆင်နွှဲရတယ်လို့ဆိုတယ်။ အဲဒါကြောင့်မို့လို့ မေတ္တာရဲ့အနီးကပ် ရန်သူဟာ တဏှာပေမဆိုတဲ့ တဏှာချစ်အားဖြင့် ချစ်ခြင်းဟာ မေတ္တာရဲ့ အနီးကပ်ရန်သူ
နှမ်နင်းပါ
အဲ-မေတ္တာ့ရဲ့အနီးရန်သူဖြစ်တဲ့ တဏှာပေမ။ တဏှာချစ်။ အဝေး ရန်သူဖြစ်တဲ့ ဒေါသမျက်စိ၊ ဒီရန်သူနှစ်ပါးကိုနှိမ်နင်းပေးမှ မေတ္တာပွားတဲ့ နေရာမှာ ပိုပြီးတော့ မေတ္တာထက်သန်တယ် ပိုပြီးတော့ မေတ္တာဘာဝနာ တိုးပွားလာတယ်။ ဒါကြောင့် မေတ္တာဘာဝနာပွားတော့မယ်။ မေတ္တာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော့မယ်ဆိုရင် အဲဒီရန်သူတွေကို နှိမ်နင်းပေး ရတယ်။ ရန်သူတွေပေါ်မလာအောင် ကြိုးစားရတယ်။ အမှန်ကတော့ က ယ်ရန်သူဆိုတာ ကိုယ်ကမေတ္တာလားရင် တော်ကြာ သူတလပြန်မြး တော့ မေတ္တာထားပြီးတော့ သဟဇာတ ဖြစ်သွားနိုင်တာပဲ။ ကိုယ်မုန်း နေတဲ့ပုဂ္ဂိုလ်တစ်ယောက်။ ကိုယ့်ကိုမုန်းနေတဲ့ပုဂ္ဂိုလ်တစ်ယောက် ကိုယ်က မေတ္တာကျပ်ကျပ်ပွားပြီးတော့ သူ့ကောင်းကျိုးလိုလားတဲ့ဆန္ဒနဲ့ မေတ္တာ ကောင်းကောင်း ပွားပေးမယ်ဆိုရင် မကြာခင်ဘဲ သူဟာ ကိုယ့် အောက်
ကျိူ့လာရတော့တာပဲး ဒါတွေဟာ လက်တွေ့ပွားကြတဲ့ ပုဂ္ဂိုလ်တွေ အများ ကြီးရှိတယ်။ အဲဒါကြောင့်မို့လို့ မေတ္တာရဲ့ရန်သူတွေကို နှိမ်ပေးမှ မေတ္တာတရားဟာ ပွားလို့ မြန်မြန်ပေါက်ရောက်လွယ်တယ်။
မေတ္တာအကျိုး
အဲသလို ပေါက်ရောက်လွယ်အောင် ဘာလုပ်ရမတုံးဆိုတော့ မေတ္တာ အကျိုးတရားတွေကိုလဲ ဆင်ခြင်ပေးရတယ်။ မေတ္တာအကျိုးဆိုတာက တော့ ဘုန်းကြီးတို့လဲ မကြာမကြာ ဟောခဲ့ပါပြီး အကျိုးကိုမြော်မြင်မှ အလုပ်ကလဲ လုပ်ချင်တတ်တော့ ကြုံတဲ့အခါ နည်းနည်းပါးပါးတော့ ပြောရသေးတာပဲ။
မေတ္တမ္ဗုနာ သဒေါသောစ၊ ပရ ဒေါသော စ သမ္မတိ။
မေတ္တာသေကေန သဗ္ဗေသု။ သဗ္ဗတောဂီ။ နိဝါရယေ။
မေတ္တမ္ဗုနာ-မေတ္တာတည်းဟူသောရေရစင်ဖြင့်-
မေတ္တာကို ဘုန်းကြီးတို့ ကျမ်းဂန်များက ရေစင်နဲ့ ဥပမာပေးတယ်။ ရေဟာ အေးသလို မေတ္တာကလဲအေးတယ်။ ဒေါသဆိုတာကတော့ အပူ သမား။ ဒါအားလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိကြတာပဲး ဒေါသဆိုတာဖြစ်လာရင် ဘယ်လောက်ပူတယ်ဆိုတာ သိကြတာပဲ။ အဲဒါ ကြောင့် မေတ္တမ္ဗုနာ-မေတ္တာတည်းဟူသောရေစင်ဖြင့်' သဒေါသောစ-မိမိ၏် ဒေါသသည်လည်းကောင်း' ပရဒေါသောစ-သူတစ်ပါးစါ ဒေါသသည် လည်းကောင်း၊ သမ္မတိ-ငြိမ်းစဲပပျောက်ရပါပေ၏။ မေတ္တာသေကေန- မေတ္တာတည်းဟူသော ရေစင်သွန်းလောင်းသဖြင့်၊ သဗ္ဗေသု-အလုံးစုံကုန် သော သတ္တဝါအပေါင်းတို့ဉ်။ သဗ္ဗတော-အချင်းခပ်သိမ်းအားဖြင့်၊ အဂ္ဂိ ဒေါသတည်းဟူသောမီးကို၊ နိဝါရယေ-မေတ္တာတည်းဟူသော လက်နက် ဖြင့် ဖြိုဖျက်တားမြစ်ရာသတည်း။
ဒီဂါထာက ဘုန်းကြီးတို့ သင်္ဂဇာဆရာတော်ဘုရားကြီးရဲ့ ဩဝါဒ ဂါထာကလေး၊ မေတ္တာဆိုတာ - မိမိဒေါသကိုလဲ ဖျောက်နိုင်တယ်။ သူတစ်ပါးဒေါသကိုလဲ ဖျောက်နိုင်တယ်တဲ့။ ဒါကြောင့် အချင်းချင်း
စိတ်မဆိုးရဘူး။ အချင်းချင်းဒေါသမဖြစ်ရဘူး။ အချင်းချင်း မေတ္တာဖြစ်ရ အောင် မေတ္တာဘာဝနာဆိုတာဟာ ပွားပေးရတာပဲ မေတ္တာခေတ်ကြီး ပြန်ရောက်အောင်
ဘုန်းကြီးတို့ မေတ္တာထွန်းကားတဲ့ခေတ်ရှိခဲ့တယ်။ ဘုန်းကြီးတို့ မြန်မာ ပြည်ကြီးမှာကိုပဲ မေတ္တာတရားထွန်းကားတဲ့ ခေတ်ကြီးရှိခဲ့တယ်။ ဟို ရှေးရှေးအခါက ရှေးအခါကဆိုရင် လူတွေဟာ အချင်းချင်း ကွဲကြပြုကြ စိတ်ဆိုးကြ ဒီလိုဟာတွေသ်ိပ်မရှိကြဘူး။ အချင်းချင်းတွေဟာ ကိုယ့်အမျိုး သားချင်းဆိုပြီးတော့ ကြင်ကြင်နာနာ ခင်ခင်မင်မင်နဲ့ ဖြစ်ခဲ့တဲ့ ရှေးခေတ် ကြီးရှိခဲ့တယ်။ တဖြည်းဖြည်း ခေတ်တွေက ပြောင်းလဲပြောင်းလဲလာတော့ လူတွေဟာ ဘာဖြစ်လာကြတုံးဆိုရင် အချင်းချင်းအပေါ်မှာ မေတ္တာတွေ နည်းပါးလာကြတယ်။ ဒေါသအာဃာတတွေ များလာကြတယ်။ ဒါနဲ့ တစ်စတစ်စ နောက်ပိုင်းကျတော့ သာပြီးတော့ဆိုးလာကြတယ်။ အချင်း ချင်းတွေ ရန်ဂြစ်ကြ တိုက်ကြခိုက်ကြ စသည်ဖြင့် မကောင်းတဲ့ အနိဋ္ဌာရုံတွေ အမျိုးမျိုး ပေါ်လာရတယ်။ မကောင်းတဲ့အန္တရာယ်တွေ အမျိုးမျိုးပေါ်လာ ရတယ်။ ဒါကြောင့် မေတ္တာခေတ်စားတဲ့ အချိန်အခါက သတ္တဝါတွေ။ မြန်မာပြည်သူပြည်သားတွေ ဒီလောက် ဒုက္ခမရောက်ကြဘူး။ နောက်ပိုင်း ကျတော့ တဖြည်းဖြည်း မေတ္တာပါးခဲ့ကြတယ် ကရုဏာပါးခဲ့ကြ။ မုဒိ တာပါးခဲ့ကြ' မေတ္တာပါးခဲ့ကြ' မေတ္တာပါးရင် ကရုဏာလဲပါးတာပဲး မုဒိတာလဲပါးတာပဲ။ အဲသလို မေတ္တာတွေ ကရုဏာတွေ မုဒိတာတွေ ပါးပြီဆိုရင် လောကကြီးသိပ်မသာယာချင်တော့ဘူး။ ဘေးဒုက္ခတွေအမျိုး မျိုးကြုံတယ်။ ဒါကြောင့် မေတ္တာခေတ်ပြန်ရောက်အောင်ဆိုတာ မိမိတို့ အသီးသီး မေတ္တာဗြဟ္မစိုရ်တရား ပွားများခြင်းဖြင့် မေတ္တာခေတ်ကြီး ပြန်ရောက်အောင် ကြိုးစားကြရတယ်
ဟဿတ္ထိသတတံမေတ္တား သဗ္ဗလောက သုဝလ္လဘာ။
ကူပါယတေ သမုဒ္ဒေါပိ၊ အဂ္ဂိတဿ ဇဧလာယတေ။
သမုဒ္ဒရာကြီးလဲ တွင်းငယ်လေးလို
ယဿ-အကြင်ပုဂ္ဂိုလ်အား သဗ္ဗလောက သုဝလ္လဘာ-တစ်လောက လုံးကို ချစ်ကျွမ်းဝင်တတ်သော၊ မေတ္တာ-မေတ္တာဆိုတဲ့တရားသည်။ သတတံ-အမြဲမပြတ် အထပ်ထပ်အခါခါ။ အတ္ထိ-ဘာဝနာပွားသောအား ဖြင့် ထင်ရှားရှိပါပေ၏။ အဿဘထိုမေတ္တာဓာတ်ကို အမြဲတမ်းပွားနေတဲ့ ပုဂ္ဂိုလ်အား၊ သမုဒ္ဒေါပိ-သမုဒ္ဒရာကြီးသည်လည်း။ ကူပါယတေ-တွင်း ငယ်ကလေးကဲ့သို့ ဖြစ်ရပါပေ၏။ မေတ္တာအခြဲပွားနေတဲ့ပုဂ္ဂိုလ်မှာ သမုဒ္ဒရာ ကြီးဟာ သူ့အဖို့ တွင်းကလေးလိုဝဲ ဖြစ်နေတယ်။ ဆိုလိုတာက သမုဒ္ဒရာ ကြီးဟာ ဒုက္ခမပေးနိုင်ဘူး။
မီးဟာလဲရေလို တဿ-ထိုမေတ္တာဘာဝနာပွားများနေတဲ့ ပုဂ္ဂိုလ်အား၊ အဂ္ဂိ-မိမိမှာ ကြုံလာရတဲ့မီးသည်။ ဧလာယတေ-မီးကဲ့သို့မပူ ရေကဲ့သို့သာအေးချမ်း ရပါ ပေသတည်းတဲ့။ မီးဟာလဲ ရေလိုဖြစ်ရတယ်တဲ့။ ဒါဟာ ဘုန်းကြီးတို့ နီတိဆရာများက ဆိုထားတာ။း ဒါဟာ မေတ္တာသဘာဝနဲ့ အင်မတန် ဟပ်မိတယ်။ မေတ္တာရဲ့အစွမ်းရှိန်စော် အာနုဘော်ကို သရုပ်ဖော်ထားတာ။ မြင်းမိုရ်တောင်ကြီးဟာလဲ ကျောက်ခဲလေးလို သက္ခရာယတိ မေရုပိ၊ ဝိသဘက္ခောသုဓာယတေ မေရုပိ-မြင်းမိုရတောင်ကြီးသည်လည်းး သက္ခရာယတိ-ကျောက်စရစ် ခဲလေးလို ဖြစ်ရပါပေသည်။ မင်းတို့ မြင်းမိုရတောင်ကြီး ဘယ်လောက် ကြီးကြီး အဲဒီမြင်းမိုရ်တောင်ကြီးဟာ မိမိကိုအန္တရာယ်မပြုနိုင်ဘူး' မေတ္တာ ပွားတဲ့ မိမိအဖို့ ဒီမြင်းမိုရိတောင်ကြီးဟာ ကျောက်စရစ်ခဲလေးလို ဖြစ်နေ တယ်။ ဝိသဘက္ခော-အဆိပ်ကိုစားမိသည်ရှိသော်' သုဓာယတေ-အဆိပ် မတက် နတ်သုဓာဘုတ်ကဲ့သို့ပင် ဖြစ်ပါပေသည်။ မေတ္တာပွားနေကတဲ့ပုဂ္ဂိုလ် မှာ အကြောင်းအားလျော်စွာ သူများကမကောင်းကြံလို့ဖြစ်စေး အခန့်မသင့် လို့ဖြစ်စေ။ အဆိပ်စားမိရင်လဲ အဲဒီအဆိပ်ဟာ အဆိပ်မဖြစ်ဘူး။ နတ်သုဓာ ဘုတ်ကဲ့သို့ ဖြစ်တယ်တဲ့။
သသာယတေ မိဂရာဇား
ဗျာလော မာလာဂုဏာယတေ/။
မိဂရာဇာ-သားတို့သနင်း ခြင်္သ့မင်းကြီးသည်။ သသာယတေ- ယုန်လေးကဲ့သို့သာ ဖြစ်ရပါပေသည်။ မေတ္တာပွားများနေတဲ့ ပုဂ္ဂိုလ်အဖို့ ခြင်္သ့ကြီးတို့ ကျားတို့နဲ့ဆုံရပေမယ့် အဲဒီခြသ်ေ့တွေ ကျားတွေဟာ မိမိအဖို့ ယုန်ကလေးလိုပဲ။ ဘာမှ အန္တရာယ်မပြုနိုင်ဘူးး သူတို့ကသာ ရှောင်ပြေးရတာ။ ဗျာလော-မြွေကြီးသည်။ မာလာဂုဏယတေ-။ န်းကုံး ကြီးကဲ့သို့ ဖြစ်ရပါပေသည်' မိမိကို ကိုက်မလို့လာတဲ့မြွေဟာ နောက်ဆုံး တော့ မိမိနားရောက်ရင် ပန်းကုံးကြီးလိုဖြစ်သွားရတယ်။ သူက မကိုက် တော့ဘူး။ မိမိကို ပူဇော်တော့မှာ။
ဒေါလာယတေ ဆမာစာလော
ဆမာစာလော-မြေတုန်လှုပ်ခြင်းသည် ငလျင်အကြီးအကျယ်လှုပ်ခြင်း သည်။ ဒေါလာယတေ-ကိုယ့်မှာ ဘေးမထိ အေးယဉ် ပုခက်စီးသကဲ့သို့ သာ ဖြစ်ပါပေ၏။ ဘယ်လောက်ပဲ ငလျင်ကြီးလှုပ်လှုပ် မေတ္တာပွားများနေတဲ့ ပုဂ္ဂိုလ်အဖို့ ပုခက်စီးရသလိုသာဖြစ်တယ်တဲ့။ ဘာအန္တရာယ်မှ မဖြစ် နိုင်ဘူး အဲသလို နီတိဆရာကြီးများ မှာထားတဲ့ အဆိုရှိတယ်။
မေတ္တာစွမ်းအင်
အဲ့ဒီအဆိုဟာ . မေတ္တာရဲ့ အစွမ်းအာနိသင်ကို ဖော်ပေးတာပဲ1
ကိုယ်ချမ်းသာအောင် ရွက်ဆောင်ရာလဲရောက်။ သူတစ်ပါးချမ်းသာ အောင်လဲ ရွက်ဆောင်ရာရောက်လို့ အဲဒီမေတ္တာတရားကို အကျိုးအာနိသင် မျှော်မှန်းပြီးတော့ ကြိုးစား ပွားများနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မေတ္တာတရားတော် အမှတ်(၂) ပြီး၏။
မြတ်ဆုမွန်မဂ္ဂဇင်းမှ
အကျိုးကြီးမားသော မေတ္တာပွားများနည်း တရားတော် (၁)
ယနေ့ ဘုန်းကြီးက မေတ္တာတရားပဲ ဆက်ဟောမှာမို့လို့ မေတ္တာပွား ဖို့ တိုက်တွန်းရတယ်။ မြန်မာလောကကြီး ကမ္ဘာလောကကြီးအတွင်းမှာ အားလုံးသတ္တဝါတွေ ဘေးတွေမကြုံရပါစေနဲ့။ ရင်တွေမကြုံရပါစေနဲ့။ အန္တရာယ်မကြုံရပါစေနဲ့။ အားလုံး ဘေးကင်းရန်ကင်၊ အန္တရာယ်ကင်းပြီး တော့ ချမ်းသာကြပါစေဆိုတဲ့ မေတ္တာတရား ပွားများကြဖို့ တိုက်တွန်း ရတယ်။ ပွားရဲ့လား ဒကာကြီး၊ (ပွားကြပါတယ် ဘုရား)မေတ္တာ ကျပ် ကျပ် ပွားကြရတယ်နော်။
သင်္ဂဇာစကားပုံ
ဘုန်းကြီးတို့ သင်္ဂဇာဆရာတော် စကားပုံမှာ တစ်ခါတုန်းကတွေ့တယ်။ တစ်ခါက သင်္ဂဇာဆရာတော်ကြီး ရန်ကုန်ကြွလာတော့ ဝန်ထောက်မင်း ဦးအုံးဆိုတာက ဂရုစိုက်ပြီးတော့ ဆည်းကပ်ဂူဇော်တယ်။ အဲသလို ဆည်း ကပ်ပူဇော် အနားမကြာမကြာရောက်တော့ ဆရာတော်ကြီးကမေးတယ်။ံဒကာမောင်အုံး-ဟိုတုန်းကတော့ မင်းမှုထမ်းဆိုတော့ အမှုထမ်းတာဝန် တွေနဲ့ မအားမလပ်ဖြစ်လို့ ဥပုသ်မစောင့်နိုင်း တရားအားမထုတ်နိုင်။ နို့-အခု ပင်စင်လေး ဘာလေးရတော့ ဥပုသ်စောင့်နိုင်ရဲ့လား တရားအား ထုတ်နိုင်ရဲ့လား မေးတော့ အခုလဲပဲ သားတာဝန် မယားတာဝန်ဆိုတဲ့ တာဝန်တွေကြောင့် ကောင်းကောင်းအားမထုတ်နိုင်သေးပါ ဆိုတော့ “ဒကာက ရှမ်းထမင်းဆာသလိုပါလား လို့ မိန့်တော်မူတယ်။ အဲဒါနဲ့ ရှမ်းထမင်းဆာသလိုဆိုတဲ့အကြောင်း အမိန့်ရှိပါဘုရား လို့ လျှောက်ထား တော့-
ဆရာတော်ကြီးက အမိန့်ရှိတယ်။ ရှေးက ရွာတစ်ရွာမှာ အလှူလုပ်မလို့ မဏ္ဍပ်ဆောက်ကြတော့ ရှမ်းတစ်ယောက်က ရောက်လာတယ်။ ရောက် လာတော့ သူက အသာထိုင်တဲ့ပြီးတော့ “အင်း မောကလဲမော ဗိုက်ကလဲ ဆာတော့ ဘာမှမလုပ်ချင်ဘူး လို့ ညည်းသတဲ့။ ညည်းတော့ အလှူရှင်က ဒီလူဟာ ထမင်းမစားရသေးလို့ပဲ ထမင်းစားရရင်တော့ သူအလုပ်လုပ် မှာပဲလို့ ဒီလိုတွေးပြီးတော့ ထမင်းကျွေးတယ်။ ထမင်းကျွေးတော့ ခုန နေရာလေးမှာ သွားအိပ်ပြီးတော့ ထမင်းဝပြန်တော့လဲ ဗိုက်ကားနေတာနဲ့ အလုပ်မလုပ်ချင်တော့ဘူးလို့ ဆိုသတဲ့။ ခုနတုန်းက ဗိုက်ဆာတော့လဲ အလုပ်မလုပ်ချင်း အခုစားပြီးလို့ ဗိုက်ကားသွားပြန်တော့လဲ အလုပ်မလုပ် ချင်တော့ဘူးတဲ့1
အချိန်ရှိတုန်း
အဲဒီတော့ အမှန်အားဖြင့် လူငယ်တွေက တော်သေးတာပေါ့။ အသက်အရွယ်နဲ့ဆိုရင် သူတို့က သေဖို့ဝေးသေးတယ်။ လူကြီးတွေဆိုတာ ကတော့ သူတို့နဲ့စာရင် သေခြင်းဘက်က တော်တော်ပိုနီးနေကြတယ်။ အဲဒါကြောင့်မို့လို့ ကြိုးစားပြီးတော့ အားထုတ်ကြရတယ်။ အထူးသဖြင့် အခွင့်သင့်တိုင်း အခါကြုံတိုင်း မေတ္တာတရားပွားများကြရတယ်။ မေတ္တာ တရား အင်မတန်အကျိုးကြီးမားတယ် ဆိုတဲ့အကြောင်း ဘုရားရှင် ကိုယ်တော်မြတ်ကလဲ အမျိုးမျိုးအပုံဖုံ ဟောခဲ့တာတွေရှိတယ်။
မေတ္တာခြုံမှ
အကြင်အိမ်မှာ မိန်းမများတယ် ယောက်ျားနည်းတယ်ဆိုရင် အဲဒီ အိမ်ကို သူခိုးတွေ ဓားပြတွေကနှိပ်စက်နိုင်သလို။ အကြင်ပုဂ္ဂိုလ်တွေမှာ မေတ္တာမပွားဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေကို နတ်ဘီလူးတွေက နှိပ်စက်နိုင် တယ်။
အကြင်အိမ်မှာ ယောက်ျားများတယ်။ မိန်းမနည်းတယ်။ အဲဒီအိမ် မျိုးမှာဆိုရင် သူခိုးဓားပြတွေက ရုတ်တရက် မတိုက်နိုင် မခိုက်နိုင်ဘူး။
ထို့အတူပဲ မေတ္တာပွားများတဲ့အိမ်ဆိုရင် နတ်ဘီလူးတွေ မနှိပ်စက်နိုင်ဘူး နတ်ဘီလူးတွေတောင် မနှိပ်စက်နိုင်ဘူးဆိုရင် နတ်ဘီလူးတွေလို တန်ခိုး ကြီးတဲ့လူသားတွေ ဒီ့ပြင်ပုဂ္ဂိုလ်တွေက ဘယ်သွားနှိပ်စက်နိုင်မတုံး။ ဒါ ကြောင့် မေတ္တာခြုံရင်လုံတယ်တဲ့။ ဘယ်အန္တရာယ်မှ မရောက်နိုင်ဘူး။ ဘယ်ဘေးမှမရောက်ဘူး။
ကြွေးမတင်တဲ့ဆွမ်း
အကြင်ရဟန်းဟာ လက်ဖျောက်တစ်ချက်တီးလောက် မေတ္တာ ဘာဝ
နာ ပွားများမယ်ဆိုရင် လက်ဖျောက်တစ်ချက်တီးလောက် မေတ္တာပွားများ တဲ့ ပုဂ္ဂိုလ်ရဲ့ အဲဒီမေတ္တာဘာဝနာဟာ တိုင်းသူပြည်သားတို့ရဲ့ဆွမ်းကို အချည်းနှီးမဖြစ်အောင် ရွက်ဆောင်ပေးတဲ့ပုဂ္ဂိုလ်ပဲတဲ့။ မေတ္တာပွားများပြီး တော့ ဆွမ်းစားတဲ့ပုဂ္ဂိုလ်ဟာ ပိုင်စိုးပိုင်နင်းနဲ့ အရှင်သခင်အဖြစ်နဲ့ ဆွမ်း ကို စားခြင်းမည်တယ်။ စားရာရောက်တယ်' ကြွေးကင်းတဲ့ ကြွေးမတင်တဲ့ စားခြင်းဖြင့် စားရာရောက်တယ်။ ဘုရားရှင်ကိုယ်တော်မြတ်၏ အမွေကို ခံသောအားဖြင့် စားခြင်းမည်တယ် စားရာရောက်တယ်။ ဒါကြောင့်မို့လို့ မေတ္တာပွားတဲ့ရဟန်းတွေကို လှူရဟန်းရ ပူဇော်ရခြင်းဟာ အင်မတန် အကျိုးကြီးတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတယ်။
အရည်အသွေးမတူ
အဲဒီတော့ ဘာဆိုလိုသတုံးဆိုတော့ ဒီလိုဘာဝနာတရားတွေဟာ
ပုဂ္ဂိုလ်ကို အရည်အသွေးထက်အောင် ဂုဏ်တက်အောင် ရွက်ဆောင်ပေး တယ်ဆိုတာ ဆိုလိုရင်းပဲ။ အဲဒါ မေတ္တာမပွားတဲ့ပုဂ္ဂိုလ်နဲ့ မေတ္တာပွားတဲ့ ပုဂ္ဂိုလ်ဟာ အရည်အသွေးချင်းမတူဘူး။ ဂုဏ်အားဖြင့် မေတ္တာပွားတဲ့ပုဂ္ဂိုလ် မှာ အရည်အသွေးတက်နေတယ်' မေတ္တာမပွားတဲ့ပုဂ္ဂိုလ်မှာ အရည်အသွေး ညံ့နေတယ်။ လူဖြစ်စေ ရဟန်းဖြစ်စေ ဘာဖြစ်စေ မေတ္တာပွားတဲ့ပုဂ္ဂိုလ်ကို လှူရတာနဲ့ မေတ္တာမပွားတဲ့ပုဂ္ဂိုလ် လှူရတာ အင်မတန်ကွာခြားတယ်။ မေတ္တာပွားများတဲ့ပုဂ္ဂိုလ်ကို လှူရခြင်း၊ လှူရတဲ့ပုဂ္ဂိုလ်မှာ အင်မတန် ကြီးမားတဲ့ အကျိုးခံစားရတယ်။
မေတ္တာရှေ့သွား အကျင့်များ
မေတ္တာဆိုတဲ့တရား ပွားများပြီဆိုတော့ မပွားများခင်က မိမိတို့မှာ ပြည့်စုံထားရမယ့် တရားတွေလဲရှိသေးတယ်။ လောကမှာဓာတ်ခံကောင်း မှ မွန်မြတ်တဲ့တရားက တည်နိုင်တယ်။ ဓာတ်ခံမကောင်းရင် မွန်မြတ်တဲ့ တရားဟာ မတည်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဓာတ်ခံကောင်းအောင် မိမိတို့ က ကောင်းမြတ်တဲ့အကျင့်လေးတွေ ကျင့်ရတယ်။
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစော စဿ မုဒု အနတိမာနီ။ သန္တုဿကောစ သုဘရောစ။ အပ္ပကိစ္စောစ သလ္လဟုကဝုတ္တိ။ သန္တိန္ပြိယောစ နိပကောစ၊ အပွ္ပဂဗ္ဘော ကုလေသွ” နနုဂိဒ္ဓေါ။ နစ ခုဒ္ဒ မာစရေ ကိဉ္စိ ယေန ဝိညူ ပရေ ဥပဝဒေယျံ မေတ္တာပွားများတဲ့ပုဂ္ဂိုလ်ရဲ့ရှေ့အဖို့က ပြည့်စုံရမယ့်အကျင့်တွေ မေတ္တာ ရှေ့သွားအကျင့်' မေတ္တာပုဗ္ဗဘာဂ ပဋိပဒါ အကျင့်တစ်ဆယ့်ငါးပါး။ အဲဒီတစ်ဆယ့်ငါးပါးပြည့်နေတဲ့ ပုဂ္ဂိုလ်ဟာ မေတ္တာပွားများရင် မေတ္တာ ထက်မြက်တယ်' စူးရှတယ်။ တည်နိုင်တယ်။ ဖြစ်နိုင်တယ်။ စွမ်းနိုင်သူ ပထမ ပုဗ္ဗဘာဂ ပဋိပဒါက- သက္ကောစ-စွမ်းနိုင်သူလည်းဖြစ်ရာ၏။ စွမ်းနိုင်သူဖြစ်ရမယ်တဲ့။ စွမ်း နိုင်သူဖြစ်ရမယ်ဆိုတဲ့ စ ကားလေးဟာ အင်မတန်အရာရောက်။ ခရီးရောက် တဲ့ စကားလေး၊ လောကမှာ ဘုန်းကြီးတို့အလုပ်တစ်ခုမှာ ဒီအလုပ်ဟာ မှန်ကန်တယ်။ ကောင်းမြတ်တယ်လို့ ယုံကြည်တဲ့ယုံကြည်မှုမရှိရင် ဝီရိယ လဲအားမထုတ် ပျင်းလဲပျင်းရင် ကျန်းလဲမကျန်းမာရင် အဲဒီပုဂ္ဂိုလ်ဟာ ဒီအလုပ်ကို ဆောင်ရွက်နိုင်မှာမဟုတ်ဘူး။
ဒီအလုပ်အပေါ်မှာ ယုံကြည်မှုလဲရှိတယ်။ ကျန်းလဲကျန်းမာတယ်။ ဝီရိယလဲရှိတယ်။ ဉာဏ်ပညာလဲရှိတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အဲဒီ အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တယ်။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒီမေတ္တာဘာဝနာအရာမှာလဲ အဲဒီစွမ်းနိုင်သူဖြစ်ရမယ်။ စွမ်း
နိုင်သူမဲ မေတ္တာဘာဝနာကို ပေါက်ပေါက်ရောက်ရောက်ဖြစ်အောင် ပွားများနိုင်တယ်။ အားထုတ်နိုင်တယ်။
အဲဒါနဲ့စပ်ပြီး ဘုန်းကြီးတို့ ဗောဓိရာဇကုမာရသုတ်ဆိုတာရှိတယ်။
အဲဒီသုတ္တန်မှာ ဘုရားရှင်ကိုယ်တော်မြတ်က ဗောဓိမင်းသားကို မိမိ ဘုရားဖြစ်ဖို့ ကျင့်ကြံခဲ့ရပုံတွေ ဒုက္ကရစရိယာအကျင့်တွေ ကျင့်ကြံခဲ့ရပုံ ငေ နောက်ဆုံး ဘုရားဖြစ်တဲ့အခါကျတော့မှ ပဉ္စ၀ဂ္ဂီမထေရိတို့အား တရား ဟောခဲ့ပုံ' ဟောလို့ ရဟန္တာဖြစ်ခဲ့ကြပုံတွေကိုဟောသွားတော့ ဗောဓိမင်းသား က ဘုရားရှင်ကိုယ်တော်မြတ်ကိုလျှောက်တယ်။ ရှင်တော်မြတ်ဘုရား ရှင်တော်မြတ်ဘုရားတည်းဟူသော ဆုံးမတတ်သူ ပဲ့ပြင်တတ်သူ။ သွန်သင် တတ်သူပုဂ္ဂိုလ်ကို ရခဲ့လို့ရှိရင် အဲဒီရခဲ့တဲ့ရဟန်းဟ၁ ဘယ်လောက်ကြာ ကြာဒီတရားကို အားထုတ်ရပါမတုံး' ဘယ်လောက်ကြာကြာအားထုတ်မှ တရားပေါက်ရောက်ပါ သတုံး။ ဒီအမေးကိုလျှောက်ထားတယ်' လျှောက် ထားတဲ့အခါကျတော့မှ ဘုရားရှင်ကိုယ်တော်မြတ်က မင်းသား ဒီလိုဆို ရင် မင်းသားကိုပဲ မေးရအုံးမှာပဲ မင်းသားဟာ ဆင်စီးချွန်းကိုင်အတတ်ကို တတ်သလားလို့ မေးတော်မူတော့ မှန်ပါ တပည့်တော်တတ်ပါတယ် ဘုရားလို့ လျှောက်ထားတယ်။ လူတစ်ယောက်ဟာ မင်းသားထံမှာ ဆင်စီး ချွန်းကိုင်အတတ် သင်ချင်လို့လာခဲ့တယ်။ အဲဒီအတတ်သင်မယ့်ယောက်ျား ဟာ သူက ယုံလဲမယုံကြည်ဘူး။ ကျန်းလဲ မကျန်းမာဘူး။ ဝီရိယလဲမရှိဘူး။ ကောက်ကျစ်စဉ်းလဲတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဉာဏ်လဲမရှိဘူးဆိုရင် အဲဒီပုဂ္ဂိုလ် ကို မင်းသားအလိုရှိသလား။ သင်ပေးမလားဆိုတော့ မှန်ပါ ဒီငါးပါးထဲက တစ်ခုခုရှိရင်ကိုပဲ တပည့်တော် သင်မပေးနိုင်ဘူးဘုရား၊ ငါးပါးလုံးမရှိဘူး ဆိုရင်တော့ ပြောစရာမရှိပါဘူးဘုရားလို့ လျှောက်ထားတယ်။
မင်းသား ထို့အတူပဲ သာသနာတော်မှာ ကမ္မဋ္ဌာန်းအားထုတ်ကြတဲ့ ပဓာနိကပုဂ္ဂိုလ်တွေမှာ အင်္ဂါငါးပါးရှိတယ်။ ဘုရားရှင်အပေါ်မှာ ယုံ ကြည်တဲ့သဒ္ဓါတရား၊ အဲဒီသဒ္ဓါတရားဟာ ကမ္မဋ္ဌာန်းအားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့ ပထမပြည့်စုံရမယ့် ပဓာနိယင်္ဂတရား၊ ဒုတိယပဓာနိယင်္ဂတရားက ကျန်း မာရမယ်တံ့။ ပါဠိတော်မှာတော့ ကျန်းမာရမယ် သာမညမဟုတ်ဘူး။
သမဝေပါကိနိယာဂဟဏိယ သမ္ပန္နာဂတော။း ဟော-လွန်လဲမလွန် ယုတ်လဲမယုတ်၊ အညီအမျှကြေညက်နိုင်တဲ့ ပါစက ဓာတ်မီးအားကောင်း တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဆိုတယ်။ အဲ နောက်ဆုံးကတော့ ဓာတ်မီးအား ကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင် ကျန်းမာတဲ့ပုဂ္ဂိုလ်ပဲပေါ့။ ကျန်းမာရမယ်။ ကျန်းမာ မှ ကမ္မဋ္ဌာန်းကောင်းကောင်းအားထုတ်နိုင်တာ။ ဒါကြောင့် ကျန်းမာခြင်း ဟာ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်ရဲ့ ဒုတိယအရေးကြီးတဲ့အင်္ဂါ။
တတိယပဓာနိယင်္ဂအင်္ဂါ-ကြိုးစားအားထုတ်မှုရှိရမယ်တဲ့ ဇွဲကောင်း ကောင်းနဲ့ ဇွဲသန်သန်နဲ့ မိမိအားထုတ်မယ့်ကဋ္မဋ္ဌာန်းကို ရွပ်ရွပ် ချွံချံ ကြိုးကြိုးစားစားအားထုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဒါကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ် ပြည့်စုံရမယ်. တတိယအင်္ဂါတစ်ရပ်။
စတုတ္ထပဓာနိယင်္ဂအင်္ဂါက ဖြောင့်မတ်ရမယ်။ ဖြောင့်မတ်ရမယ်ဆိုတာ ဘာတုံးဆိုတော့ မကောက်ကျစ်ရဘူး။ မစဉ်းလဲရဘူး။ မိမိရဲ့အဖြစ်မှန်ကို ဘုရားရှင်ကိုယ်တော်မြတ်ထံ အမှန်အတိုင်း ဖွင့်ပြောမယ် လျှောက်ထား ရမယ်။ သတင်းသုံးဖော်ဆရာသမားများထံ လှည့်ပတ်ဖျားယောင်းပြီးတော့ ဆရာသမားများကိုမပြောရဘူး။ အဲသလိုဖြောင့်မတ်တဲ့ ဥဇုဂုဏ်ဟာလဲ ကမ္မဋ္ဌာန်းအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာ ပြည့်စုံရမယ့်အင်္ဂါတစ်ရပ်ပဲ။
နောက်ဆုံးအင်္ဂါက ပညာရှိရမယ်တဲ့။ ပညာရှိမှလဲ တရားပေါက်နိုင် တယ်။ ပညာမရှိရင် တရားမပေါက်နိုင်ဘူး ဒီမှာလဲ ဘုရားရှင်ကိုယ်တော် မြတ် ဟောထားတာကတော့ ဥဒယဗ္ဗယအဖြစ်အပျက်ကို သိတတ်တဲ့ ပညာနဲ့ပြည့်စုံတ့ ဗဂ္ဂိုလ်ဖြစ်ရမယ်လို့ မိန့်တော်မူတယ်။ ဒါကြောင့် ပညာရှိ ရမယ်။
အဲဒီတော့-
ယုံကြည်သဒ္ဓါ) ကျန်းမာခြင်းတွဲ စဉ်းလဲမပြု1 အားထုတ်မှုပါ
သိပညာ။ ပဓာနိယင်္ဂငါး-ဆိုတဲ့အတိုင်း ပဓာနိယင်္ဂတရား ငါးပါး ရှိတယ်။ အဲဒီငါးပါးရှိရင်ကို ဒီပုဂ္ဂိုလ်ဟာ မေတ္တာပေါက်ရောက်အောင် ပွားများနိုင်တယ်။
အဲဒီ ပဓာနိယင်္ဂတရား ငါးပါးပြည့်စုံလို့ရှိရင် ဘုန်းကြီးတို့ အဲဒီပုဂ္ဂိုလ်
ဟာ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ပဲ သူကမေတ္တာပွားဖို့ စွမ်းနိုင်တယ်။ မေတ္တာကို ပေါက်ပေါက်ရောက်ရောက်ဖြစ်အောင် ပွားများဖို့ရာစွမ်းနိုင်တယ်။
အဲဒီတော့ အရှည်မျှော်ပြီးတော့ မေတ္တာတရားတိုးပွားအောင် ပွားပေးဖို့အရေးကြီးတယ်နော်။
မေတ္တေန ကာယကမ္မေန၊ ၀စနေန မနေနစ။
သဗ္ဗလောက သုခတ္ထာယ၊ မေတ္တံ ဘာဝေထ ဘာဝနံ။
မေတ္တေနကာယကမ္မေန-အများသတ္တဝါ ချမ်းသာဖို့ပြု မေတ္တာ ကာယကံမှုဖြင့်လည်းကောင်းး မေတ္တေန ဝစနေန-အများသတ္တဝါ နား ချမ်းသာအောင် သာယာဖွယ်ပြောပြတဲ့ မေတ္တာတည်းဟူသော ဝစီကံမျိုး ဖြင့်လည်းကောင်း၊ မေတ္တေန မနေနစ-သူတစ်ပါး။ ကောင်းဖို့ ကြံစည် မေတ္တာ မနောကံဖြင့်လည်းကောင်းး သဗ္ဗလောက သုခတ္ထာယ-မြန်မာ လောက ကမ္ဘာလောက အလုံးစုံသော သတ္တလောက၏ ချမ်းသာဖို့အကျိုး ငှာ။ မေတ္တံဘာဝနံ-တစ်ကမ္ဘာလုံး ချမ်းသာဖို့အကျိုး မျှော်ကိုးတောင့်တ ပွားများရတဲ့ မေတ္တာတည်းဟူသော အဖိုးတန် ဘာဝနာကြီးကိုး ဘာဝေထ-အားကုန်ခဲရွ် စွဲမြဲမကွာ ပွားများကြပါကုန်လော့1
(သာဓု သာဓု သာဓု)
မြက်ဆုမွန်မဂ္ဂဇင်းမှ
အကျိုးကြီးမားသော မေတ္တာပွားများနည်း တရားတော် (၂)
ယနေ့လဲ မေတ္တာအဆက်လေးပဲ။ နည်းနည်းဟောရမယ်။ အချိန်ကလဲ မရှိတော့ဘူး တစ်နေ့က အဆက်ကလေးပေါ့။ တစ်နေ့က ဘုန်းကြီး ဟောသွားတာ မေတ္တာရှေ့သွားအကျင့်များဆိုပြီးဟောခဲ့တား
စွမ်းနိုင်သူ
သက္ကောစ-စွမ်းနိုင်သူဖြစ်ရမယ်တဲ့ စွမ်းနိုင်သူဖြစ်ရမယ်ဆိုတာ ပဓာနိယင်္ဂတရားငါးပါး ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်1 အလွန်ဖြောင့်မတ် တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဒါလဲ တစ်နေ့က ဟောသွားပါတယ်။ လောကမှာ ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်မှ မေတ္တာစ်တည်ရာဖြစ်တယ်။ ဖြောင့်မတ်မှုမရှိ လှည့်ဖြားတတ်တဲ့ စဉ်းလဲတတ်တဲ့ ကောက်ကျစ်တတ်တဲ့ ပုဂ္ဂိုလ်ဟာ မေတ္တာ၏တည်ရာမဖြစ်ဘူး။ မေတ္တာမသက်ရောက်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဖြောင့်မတ်တဲ့လူဖြစ်ရမယ်။
ပြောဆိုလွယ်သူ
သုဝစော-ပြောလွယ်ဆိုလွယ်သောစကားရှိသူသည်။ အဿ-ဖြစ်ရာ စါ လောကမှာ ကောင်းရာကောင်းကြောင်း ပြောဆိုဆုံးမသွန်သင်တဲ့ အခါ ထိုအဆုံးအမကို အလွယ်တကူ နာယူတဲ့ပုဂ္ဂိုလ်ကို သုဝစလို့ဆိုတယ်။ အဲဒီတော့ မေတ္တာတည်ဖို့ ပုဂ္ဂိုလ်ဆိုတာက အဆုံးအမ မနာခံချင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။ အဆုံးအမကို ကောင်းကောင်းနာခံချင်တဲ့ပုဂ္ဂိုလ်သာ မေတ္တာ၏ တည်ရာဖြစ်တယ်။ တချို့လာပြီးဆုံးမလို့ရှိရင် လက်မခံချင်ဘူး။ အဲဒါ ဘာဖြစ်လို့တုံးဆိုရင် အဆုံးအမရဲ့ အကျိုးအာနိသင်ကို မသိလို့ဘဲ။
ရွှေအိုးပြသလို
ကိုယ့်ကို ဆုံးမလာလို့ရှိရင် ရွှေအိုးကြီးညွှန်ကြားလာတဲ့ပုဂ္ဂိုလ်လို ရွှေအိုးကြီး ဖော်ပေးတဲ့ပုဂ္ဂိုလ်လို သဘောထားရမယ်။ အပြစ်ပြပြီးတော့ ဆုံးမတတ်တဲ့ ပညာရှိသူတော်ကောင်းမျိုးကို ဆည်းကပ်ရင် မိမိမှာ တစ်နေ့ တခြား တစ်ဆင့်ထက်တစ်ဆင့် တိုးတက်မွန်မြတ်သည်၏အဖြစ်သို့ ရောက်ရတယ်လို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတယ်။
သူတော်ကောင်းသာ နှစ်သက်တယ်
အဆုံးအမဆိုတာ သူတော်ကောင်းမှ နှစ်သက်တယ်တဲ့။ သူယုတ်မာ တွေ မနှစ်သက်ဘူးတဲ့။ ဒါကြောင့်မို့လို့ အဆုံးအမနဲ့ ဆုံးမလာရင် အဆုံး အမရဲ့ တန်ဖိုးသိတဲ့ပုဂ္ဂိုလ်တွေက ရွှေအိုးကြီးဖော်ပြပေးသလို ရွှေအိုးကြီး ရှိရာကို ညွှန်ကြားပြပေးသလို နှစ်သက်မြတ်နိုးတယ်တဲ့။
နူးညံ့ရမယ်
ဒီတော့ အဆုံးအမဆိုတာ တန်ဖိုးရှိတယ်။ မွန်မြတ်တယ်လို့ လက်ခံ လို့ရှိရင်ဖြင့် အဆုံးအမကို မြတ်နိုးကြ' အဆုံးအမကို လက်ခံကြ၊ လက်ခံလို့ ရှိရင် စိတ်နှလုံးဟာ နူးညံ့နေတယ်။ အဆုံးအမ လက်မခံချင်တဲ့ပုဂ္ဂိုလ်ဟာ စိတ်နှလုံးမနူးညံ့ဘူး။ အဆုံးအမကို ကျေကျေနပ်နပ် နှစ်သက်ရွှင်လန်း ၀မ်းမြောက်၀မ်းသာလက်ခံရင် စိတ်နှလုံးကိုက နူးညံ့နေတယ်။ ဒီလိုနူးညံ့ ခြင်းဟာ မေတ္တာတည်းဟူသော တရားတည်ဖို့ရာ ဓာတ်ခံကောင်းလို့ ဆိုရမယ်။
ဆရာသမားရှာမှီးပါ
ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗာ။
ယထာဘူတံ-ဟုတ်တိုင်းမှန်စွာ၊ ဉာဏာယ-သိမြင်ခြင်းဝှာ။ သတ္ထာ- ဆရာသမားကို၊ ပရိယေသိတဗ္ဗာ-ရှာမှီးအပ် ရှာမှီးသင့် ရှာမှီးထိုက်လှ ပါပေ၏လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူခဲ့တယ်။
ယထာဘူတဉာဏ်ရဖို့ရာ မိမိတို့တာ၀န်က ဆရာသမားရှာရမယ်တဲ့။ ဆရာသမားရပြီဆိုရင် ဆရာသမားရဲ့အဆုံးအမနာခံရင် ဒီပုဂ္ဂိုလ်ဟာ စိတ်နူးညံ့တယ်။ စိတ်နူးညံ့ရင် မေတ္တာတည်ရာဖြစ်တယ်။
မေတ္တာစံအိမ်ကလေး
လောကလဲ အတူတူပေါ့။ လောကအိမ်တစ်အိမ်ဆိုပါတော့။ မိဘတွေ သားသမီးတွေ ရှိကြတယ်1 မိဘတွေကလဲ ကိုယ့်သားသမီးတွေ ချစ် မြတ်နိုးကြလို့ ဆုံးမလို့ သွန်သင်လို့ ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ် မကောင်းမှုတွေ မပြုအောင် ကောင်းမှုတွေပြုအောင် သင်ကြားကြ၊ လမ်းညွှန်ကြ၊ ပြသကြ သားသမီးတွေကလဲ လိမ်လိမ် မာမာနဲ့ မိဘတွေရဲ့စကားကို နားထောင်ကြမယ် မိဘကလဲသားသမီး အပေါ် ချစ်မြတ်နိုး သားသမီးကလဲ မိဘအလိုလိုက်ပြီးတော့ မိဘအပေါ် ချစ်မြတ်နိုး။ အိမ်ကြီးဟာ မေတ္တာမပွားပေမယ့် မေတ္တာဂေဟာကြီးဖြစ် နေတယ်။ အကုန်လုံး မေတ္တာတွေပေါ်နေတယ်။ ကာယကံမေတ္တာ ပေါ် ကြတယ် မနောကံမေတ္တာပေါ်ကြတယ်။ ဝစီကံမေတ္တာပေါ်ကြတယ်။ အချင်းချင်း ချစ်မြတ်နိုးပြီဆိုရင် မိဘကလဲ သားသမီးအကျိုးဆောင်ရွက်။ သားသမီးကလဲ မိဘတွေအကျိုးဆောင်ရွက်ကြတယ်1 အဲဒါက ကာယကံ မေတ္တာဖြင့် ဆောင်ရွက်ကြတယ်။ ကာယကံမေတ္တာဆိုတာ ကိုယ်ထိ လက်ရောက် မေတ္တာရှေ့ထားပြီးတော့ မိမိချစ်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်တွေကို ကျွေးမွေးကြ' ဝတ်ကြီးဝတ်ငယ်ပြုကြ စောင့်ရှောက်ကြ၊ ဒါတွေကို ကာယကံမေတ္တာခေါ်တာပဲ။
၀စီကံမေတ္တာဆိုတာ နားချမ်းသာအောင် မိဘတွေကို ညီအစ်ကို မောင်နှမတွေ မိသားစုတွေနားချမ်းသာအောင် ပြောဆိုကြ။ ချိုချိုသာသာ စကားပြောကြ။
သူကလှံကို တစ်ခါတည်းမြှောက်ပြီးတော့ ချိန်ပြီးတော့ နွားမကြီးကို တစ်ခါ တည်း လှံနဲ့ပစ်လိုက်တာ လှံကြီးဟာတစ်ခါတည်း လိပ်ခွေသွားတယ်တဲ့။ ဒီလောက်ထိအောင် နွားမကြီးရဲ့မေတ္တာကစွမ်းတယ်တဲ့။ ဒီတော့ နွားမ ကြီးဟာ ထိုအခိုက်မှာဆိုရင် အခါများစွာ သားကလေးအပေါ်မှာ တဏှာပေမ တဏှာအချစ်ကလေးနဲ့ ချစ်နေခဲ့တာဖြစ်ပေမယ့် အခုခိုက်မှာ တော့ သူ့မှာ ဗြဟ္မစိုရ်မေတ္တာပွားများနေတယ်။ ထိုမေတ္တာတန်ခိုးကြောင့် ဒီမေတ္တာကလဲ အင်မတန်အရှိန်ပြင်းတဲ့အတွက်ကြောင့် ခုနပြောတဲ့ မုဆိုးလှံကြီးဟာ ခွေပြီးတော့သွားရတယ်။ နွားမကြီးမှာ ဘာမှမဖြစ်ဘူး။ ဒါကြောင့်မို့လို့ ဗြဟ္မဝိဟာရမေတ္တာမျိုးဟာ လင်မယားအချင်းချင်းလဲ အခါများစွာဖြစ်နိုင်တာပဲ် သားအမိ ညီအစ်ကိုမောင်နှမ စသည်လည်း ဖြစ်နိုင်တာပဲ
ဒီလိုမေတ္တာတွေ ကျပ်ကျပ်ဖြစ်နေကြပြီဆိုရင် ထိုအသိုင်းအဝိုင်းမှာ မေတ္တာပွားလို့ အင်မတန်လွယ်တယ်။ ဒေါသဆိုတာ မေတ္တာရဲ့ရန်သူပဲ။ ရာဂဆိုတာလဲ မေတ္တာရဲ့ရန်သူပဲ1 ရာဂက အနီးကပ်ရန်သူတဲ့။ ဒေါသက အဝေးရန်သူတဲ့။ ဘယ်ရန်သူရှိရှိ မေတ္တာဘာဝနာကတော့ မဖြစ်ဘူး။ ဒီလို ရန်သူမရှိမှ၊ မာတာယထာ နိယံပုတ္တ( မာယုသာ ဧကပတ္တ မနရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု1 မာနသံ ဘာဝယေ အပရိမာဏံ။ တဲ့ မာတာ-မွေးသမိခင်ကျေးဇူးရှင်သည်။ ဧကပုတ္တံ-တစ်ဦးတည်းသော သားကလေးဖြစ်သော၊ နိယံပုတ္တံ-မိမိရင်သွေး ချစ်လှတဲ့သားကလေးကို၊ အာယုသာ-အသက်ဖြင့်သော်ပင်။ အနုရက္ခေယထာ-အစဉ်မကွာ ကွယ် ကွာစောင့်ရှောက်လေဘိသကဲ့သို့၊ ဧ၀မ္ပိ-တစ်ဦးတည်းသောသားကလေး အပေါ်မှာ လွန်စွာချစ်တဲ့မိခင်ရဲ့ အသက်နဲ့လဲကာ ကာကွယ်ချစ်မြတ်နိုး သကဲ့သို့ပင်' သဗ္ဗဘူတေသု-အလုံးစုံများစွာ သတ္တဝါတို့ဉ်၊ အပရိမာဏံ- အတိုင်းအတာမရှိသော၊ မာနသံ-မေတ္တာစိတ်ကိုး ဘာဝယေ-ကောင်းစွာ မသွေ ပွားစေရာသတည်း။
ထိုမေတ္တာမျိုးထိအောင် ပွားကြရမယ့်အကြောင်း ဘုရားရှင်ကိုယ်တော်
မြတ်က တိုက်တွန်းတော်မူတယ် လောကမှာ မိခင်ဆိုတာ တစ်ဦးတည်း သော သားကလေးကို အင်မတန်ချစ်တယ်။ သားသမီးများတဲ့မိခင်တွေ ဟာ ချစ်တယ်ဆိုပေမယ့် ဒီလောက်မဟုတ်သေးဘူး။ တစ်ဦးတည်းသော သားလေးရှိတဲ့မိခင်သာ ထိုသားကလေးအပေါ်မှာ အလွန် ချစ်ခြင်းမေတ္တာ ဖြစ်နေသကဲ့သို့ ထို့အတူပဲ အလုံးစုံသောသတ္တဝါတွေအပေါ်မှာ ဤကဲ့သို့ သောမေတ္တာမျိုးကို ပွားများရမယ့်အကြောင်း ဘုရားရှင်ကိုယ်တော်မြတ် က ဟောတော်မူတယ်။
ဒါတောင် သတ္တဝါတွေအပေါ်မှာ မေတ္တာပွားတဲ့အခါတော့ မိမိစိတ် ထဲမှာ အင်မတန်ရှင်းနေရတယ်။ ရှင်းတယ်ဆိုတာ ဘာတုံးဆိုရင် ရာဂ မဝင်ရဘူး။ ဒေါသမဝင်ရဘူး။ ဒေါသ ရာဂ မဝင်ဘဲနဲ့ သန့်သန့်ရှင်းရှင်းနဲ့ ပွားတဲ့မေတ္တာဟာ မိမိလိုလားတဲ့ စျာန်အစရှိသော ချမ်းသာကိုရခြင်း အကြောင်း၊ ကောင်းမြတ်သောမေတ္တာဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော် မြတ်က ဟောတော်မူလို့ ထိုကဲ့သို့မေတ္တာမျိုးကို ကြိုးကြိုးစားစား ပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
အကျိုးကြီးမားသော မေတ္တာပွားများနည်း တရားတော် (၃)
ဘုန်းကြီးမေတ္တာတရားတော် ဟောလာတာ မဆုံးသေးဘူး။ အရင် သီတင်းတုန်းက မေတ္တာရှေ့သွားအကျင့်များ ဟောခဲ့တာ အခု-မုဒုဆိုတဲ့ ပုဒ်ရောက်ပြီ။
မုဒု-ဆိုတာ နူးညံ့ပျော့ပျောင်းတယ်။ ဒီလိုအဓိပ္ပာယ်လဲရ။ မုဒု ဆို တာ နူံးညံ့သိမ်မွေ့တယ်။ ဒီနေရာမှာ နူံးညံ့ပျော့ပျောင်းတယ်လို့လဲ ယူနိုင် တာပဲ) နူးညံ့သိမ်မွေ့ဆိုတာလဲယူနိုင်တယ်။ နူးညံ့ပျော့ပျောင်းဆိုတာက မာတယ်ဆိုတဲ့ပါဠိလိုတော့ ထဒ္ဓွ၊ မြန်မာလိုတော့ မာတယ်ဆိုတဲ့စကားရဲ့ ပြန်ဘက်ပေါ့လေး မာတယ်ဆိုတဲ့စကားရဲ့ပြန်ဘက်က ပျော့တယ်။ နူးညံ့ ပျော့ပျောင်းတယ်။
နူးညံ့ရင် လိုသလိုရ
လောကမှာ ပျော့တဲ့အရာဆိုရင် ကိုယ်လိုချင်တာလုပ်နိုင်တယ်။ အရုပ် ကလေး လုပ်ချင်လဲလုပ်နိုင်တာပဲ။ ရွံ့မာဆိုရင် လုပ်လို့မရဘူး။ အဲဒါလိုပဲ။ မိမိလိုချင်ရာ ကောင်းသောအကျင့်တွေဘက်ကိုပါအောင် ဆွဲဆောင် နိုင်တယ်။ နူးညံ့တဲ့ပုဂ္ဂိုလ်ဟာ သူ့နူးညံ့မှုကြောင့် သူ့မှာသီလဘက် သွားချင်လဲ ဆွဲလို့ရတယ်။ သမာဓိဘက် သွားချင်လဲ ဆွဲလို့ရတယ်။ ပညာဘက် သွားချင်လဲ ဆွဲလို့ရတယ်။ ရွှေလိုပဲ။ ဦးပြီးလှော်ပြီးတဲ့ရွှေဟာ ကိုယ်လိုချင်တဲ့ လက်စွပ်လက်ကောက် ပဗုတီးဆွဲကြိုး စသည်ဖြင့် လိုချင်တဲ့အရာ၀တ္ထုကို လုပ်လို့လွယ်သွားပြီး မာနေတဲ့ရွှေက မလွယ်ဘူး။ အဲဒါလိုပဲ နူးညံ့ပျော့ ပျောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာ အင်မတန်ကို
လိုရာလိုရာကုသိုလ်တွေဘက် ဆွဲယူနိုင်အောင် ပျော့ပျောင်းနေတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ မေတ္တာဖြစ်ဖို့ အင်မတန်လွယ်တယ်။
အဲဒီတော့ မေတ္တာရှေ့သွားအကျင့်မှာ နူးညံ့ပျော့ပျောင်းရမယ်ဆိုတဲ့ အချက် အခုဒါပြောပြီးပြီ။ ရှေ့လျှောက်တော့ ခပ်တိုတိုပဲ လျှောက်ပြော ရတော့မယ်။
မာနထောင်လွှားခြင်းမရှိမှ
အနတိမာနိ-မာန်ထောင်လွှားခြင်းမရှိရဘူး။ မာနမကြီးရဘူးတဲ့။ အမျိုး ဂုဏ်အားဖြင့်လည်းကောင်း၊ ပစ္စည်းဥစ္စာကြောင့်လည်းကောင်း၊ သူတစ်ပါး အပေါ်မှာ မာန်ထောင်လွှားပြီးတော့နေတဲ့ မာနကြီးတဲ့ ပုဂ္ဂိုလ်အဖို့မှာ မေတ္တာဖြစ်ဖို့ တယ်မလွယ်ဘူး။ အဲဒါကြောင့် မေတ္တာတကယ်ဖြစ်ဖို့ဆိုတာ မေတ္တာဘာဝနာ တကယ်ထမြောက်ဖို့ဆိုတာဟာ မိမိက မာနမကြီးတဲ့ ပုဂ္ဂိုလ်၊ နှိမ့်ချတဲ့ပုဂ္ဂိုလ်ဖြစ်မှ ပိုပြီးတော့ မေတ္တာစူးရောက်တယ်။ မေတ္တာ ပွားများလို့ ခရီးရောက်နိုင်တယ်။
ရောင့် ရဲလွယ်သူ
သန္တုဿကောစ-ရောင့်ရဲလွယ်သူဖြစ်ရမယ်။ ရောင့်ရဲလွယ်သူဆိုတာ က လောကမှာ အစားလဲ ရတတ်သမျှနဲ့ ကျေနပ်တယ်။ အ၀တ်လဲ ရတတ်သမျှနဲ့ ကျေနဝ်တယ်။ အသုံးအဆောင်ဆိုလဲ ရတတ်သမျှနဲ့ကျေနပ် တယ်။ မရောင့်ရဲနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကတော့ မိမိစားရသမျှထက် ပိုပြီးတော့ စားချင်တယ်။ ဝတ်ရသမျှထက် ပိုပြီးဝတ်ချင်တယ်။ နေရသမျွထက် ပိုနေချင်တယ် စသည်ဖြင့် မိမိရသမျှအခြေလေးနဲ့ မကျေနပ်နိုင်ဘူး။ မတင်းတိမ်နိုင်ဘူးး ကောင်းကောင်းစားရအောင်။ ကောင်းကောင်း အိပ်ရအောင်။ ကောင်းကောင်းနေရအောင် ရှာရဖွေရတယ်။ ရောင့်ရဲလွယ်တဲ့ သ ရိ်သိုာကတော သူ့မွာ ပစ္မည္တဲ အကြောင် မျ ပုဂ္ဂိုလ်ကို အမြာင်း ပြုရ္ခါ မနှစ်သက်ဖွယ်ရာ ဘာမှ မကြုံရဘူး။
အဲသလိုမဟုတ်ဘဲနဲ့ ကိုယ်ရသင့်တာထက် ကိုယ်နေသင့်တာထက်
ဖီးရအောင် ဂိုပ္ပြီးနေရအောင် ရကြ ဒွေကြ မရောင့်ရနိုင်ကြဘူးဆိုရင် စိတ်ထဲမနှစ်သက်ဘူး။ မကျေနပ်ဘူးဆိုရင် အဲဒီမှာ မေတ္တာဟာ တည်ဖို့ ခဲယဉ်းတယ်။ မေတ္တာဘာဝနာ အထမြောက်ဖို့ ခဲယဉ်းတယ်။ ဒါ့ကြောင့် မေတ္တာရဲ့ရှေ့သွား အကျင့်များမှာ ရောင့်ရဲရမယ်။ ရောင့်ရဲရမယ်ဆိုတဲ့ အချက်ကို အချက်တစ်ခုအဖြစ်နဲ့ ထည့်ထားတယ်။
မွေးမြူလွယ်သူ
သုဘရောစ-မွေးမြူလွယ်သူဖြစ်ရမယ်။ အမွေးမခက်ရဘူး။ ဘုန်း ကြီးတို့ ဘုန်းကြီးတွေမှာ ဒုဗ္ဘရအမွေးခက်တဲ့ ပုဂ္ဂိုလ်သိုတာရှိတယ်။ အမွေး ခက်တယ်ဆိုတာ အချိုရရင် အချဉ်လိုချင်တယ်။ အချဉ်ရရင် အချိုလိုချင် တယ်။ ဒကာ ဒကာမများကို မှီပြီးနေရတဲ့ပုဂ္ဂိုလ်တွေမို့လို့ တကယ်တော့ ဒကာ ဒကာမများ လှူသမျှ တန်းသမျှ ကျေကျေနပ်နပ် သုံးဆောင်ဖို့ပဲ။ အဲသလို သုံးဆောင်နိုင်တဲ့ရဟန်းကို အမွေးလွယ်တဲ့ ရဟန်းလို့ခေါ်တယ်။ ဒကာ ဒကာမတွေ မွေးရကျွေးရလွယ်တဲ့ရဟန်း ဒီလိုမဟုတ်ဘဲနဲ့ ရသမျှ တင်းမတိမ်နိုင်ဘဲနဲ့ အချိုရအချဉ်ရှာ။ အချဉ်ရအချိုရှာ။ အဲဒီပုဂ္ဂိုလ်မျိုးကို အမွေးရခက်တဲ့ ပုဂ္ဂိုလ်တဲ့။ မွေးမြူခက်တဲ့ ရဟန်းဟာ မေတ္တာပွားဖို့ တယ်မလွယ်ဘူး။ ပေးသမျှ လှူသမျှ တန်းသမျှနဲ့ ကျေနပ်နိုင်ပြီးတော့ အေးချမ်းတဲ့စိတ်နှလုံးရှိတဲ့ ရဟန်းသာ မေတ္တာပွားဖို့လွယ်တယ်1 ဒါရဟန်း ကို ရည်ရွယ်ပြောတာ။ လူလဲအတူတူပေါ့။ တချို့သားသမီးတွေ မိဘက အမွေးမြူရခက်တဲ့ သားသမီးတွေရှိတယ်1 မိဘက ပေးသမျှ ကျွေးသမျှနဲ့ မကျေနပ်နိုင်ဘူး အဲသလို မွေးမြူရခက်တဲ့ပုဂ္ဂိုလ်တွေဟာ မေတ္တာရဲ့ တည်ရာဖြစ်ဖို့ ခဲယဉ်းတယ်။
ကိစ္စနည်းရမယ်
အပ္ပကိစ္စော-ကိစ္စနည်းရမယ်' မိမိဆိုင်ရာကိစ္စမှတစ်ပါး အပိုဖြစ်တဲ့ ကိစ္စတွေလျှောက်ပြီးတော့ လုပ်လားပြုလားနဲ့ ကိစ္စတွေမများရဘူး။ ရဟန်း များမှာ တရားအားထုတ်ဖို့သာရှိတယ်။ ပရိယတ္တိ-ပဋိပတ္တိဆိုတဲ့ တရားတွေ
အားထုတ်ဖို့သာရှိတယ်။ အဲဒီတရားတွေနဲ့မဆိုင်တဲ့အလုပ်တွေး ကမ္မာရာမ- ခေါ်တဲ့ အလုပ်တွေဘက်မှာ အားသန်နေတယ်။ နိဒ္ဒါရာမ-အအိပ်မှာ အားသန်နေတယ်။ ဘဿာရာမ-စကားပြောဖို့ရာမှာ အားသန်နေတယ်။ သင်္ဂဏိကာရာမ- အဖော်အပေါင်းရှာပြီးတော့ အချိန်ဖြုန်းတဲ့နေရာမှာ လိုလားနေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်မျိုးဟာ ကိစ္စများတဲ့ ပုဂ္ဂိုလ်တွေပဲ1 ပေါ့ ပါးသောအဖြစ် သလ္လဟုကာဝုတ္တိ-ပေါ့ပါးသောအဖြစ်မျိုး ရှိရမယ်တဲ့။ လောကမှာ ပစ္စည်းဥစ္စာတွေ သိပ်များနေရင် အဲဒီပစ္စည်းဥစ္စာတွေသိမ်းရဆည်းရ စောင့် ရှောက်ရ ကြောင့်ကြရနဲ့။ သူ့အဖို့မှာ တရားအားထုတ်ဖို့ သိပ်ပြီးတော့ အလွယ်တကူမဖြစ်ချင်ဘူး အဲဒါကြောင့်မို့လို့ တကယ်တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ သလ္လဟုကာဝုတ္တိဆိုတဲ့ ပေါ့ပါးတဲ့အဖြစ်မျိုးရှိရမယ်တဲ့။ ငြိမ်သက်တဲ့တ္ကန္ပြေ သန္တိန္ပြိယောစ-ငြိမ်သက်တဲ့ က္ကန္သြေရှိသူဖြစ်ရမယ်1 မျက်စိ နား နှာ လျှာ ကိုယ်စိတ်တို့ကို -က္ကန္ပြေခေါ်တယ်။ အဲဒီက္ကန္ရြေတွေ မျက်စိဖြင့် မြင်တဲ့အခါ နားဖြင့်ကြားတဲ့အခါ စသည်ဖြင့် က္ကန္သြေတွေနဲ့ကြုံတဲ့အခါမှာ လောဘမဖြစ်အောင်။ ကောင်းတဲ့အဆင်းလေး မြင်ရတဲ့အခါ လောဘမဖြစ် အောင် မကောင်းတဲ့အဆင်းမြင်ရတဲ့အခါ ဒေါသမဖြစ်အောင်+ လောဘ ဒေါသစသော အကုသိုလ်တွေမဖြစ်အောင် စောင့်စည်းခြင်းဟာ ငြိမ်သက် တဲ့ က္ကန္ဒေရှိတဲ့ပုဂ္ဂိုလ်လို့ဆိုတယ် အဲဒီပုဂ္ဂိုလ်ဟာ က္ကန္သြေတွေကို အစိုးရတာ ပဲ။ နိုင်အောင်ထိန်းနိုင်ရင် မိမိက က္ကန္ရြေတွေကိုအစိုးရတာပဲ။ နိုင်အောင် မထိန်းနိုင်ဘူး။ သူတို့အလို လိုက်မိတယ်ဆိုရင် မိမိကရှုံးတာပဲ က္တန္ဗေရဲ့ အလိုကို မိမိကလိုက်ပြီးတော့ က္ကန္သြေတွေကို မိမိအလိုပါအောင် ဓမွမ်းနိုင်တဲ့ ပုဂ္ဂိုလ်ကို သန္တိန္ပြိယလို့ မဆိုဘူး။ ဒီတော့ က္ကနွေနိုင်ဖို့ဆိုတာကလဲ တရားဘာဝနာတစ်ခုခုနဲ့ ထိန်းမှ ပိုပြီးတော့နိုင်နိုင်တယ်။ ဒါကြောင့် ငြိမ်သက်တဲ့ က္ကန္ဒြေရှိရမယ်ဆိုတဲ့စကားဟာ ဘာဝနာတစ်ခုခု လက်ကိုင်
ပြုပြီးတော့ မျက်စိ နား နှာ လျှာ ကိုယ်စိတ်ဆိုတဲ့က္ကန္သြေတွေ ငြိမ်အောင် ထိန်းပေးဖို့ဆိုတာပဲ။ အဲသလိုထိန်းပေးနိုင်မှ မေတ္တာပွားလို့လွယ်တယ်။ ရင့်ကျက်တဲ့ ပညာရှိ နိပကောစ-ရင့်ကျက်တဲ့ပညာရှိရမယ်တဲ့။ ပညာဆိုတာ လောကမှာ အရေးကြီးတာပဲ။ လောကမှာဘာလုပ်လုပ် ပညာဆိုတာအရေးကြီးတယ်။ သူ့ဆိုင်ရာနားလည်ဖို့ ပညာဆိုတာရှိတာပဲ။ အဲဒါလိုပဲ ဘုန်းကြီးတို့တရား ဘက်မှာလဲပဲ ပညာဆိုတာလိုတယ်။ ဥပမာ မေတ္တာပွားချင်တယ်ဆိုရင် မေတ္တာနဲ့စပ်ဆိုင်တဲ့ အကျိုးအာနိသင်တွေ သိရတယ်။ အဲသလိုသိတဲ့ပညာ ရှိပြီဆိုရင် မေတ္တာကောင်းကောင်းပွားဖြစ်တယ်။ ဒါကြောင့် မေတ္တာ ဖြစ်ခြင်းအကြောင်းမှာ ရင့်ကျက်သော ပညာရှိရမယ်လို့ ပုဗ္ဗဘာဂ မေတ္တာရှေ့သွား အကျင့်တစ်ရပ်အဖြစ်ဖြင့် ထည့်ထားတယ်။ ရိုင်းစိုင်းသူ အပွဂဗ္ဘော-ရိုင်းစိုင်းသူမဟုတ်ဘူး။ ယဉ်ကျေးသူဖြှစ်ရမယ်တဲ့။ လူ ကြီးသူမ မထေရ်ကြီးတွေရှေ့မှာ အနေအထိုင် သိမ်သိမ်မွေ့မွေ့မဟုတ်ဘဲနဲ့ ရိုင်းရိုင်းစိုင်းစိုင်းနေ ရိုင်းရိုင်းစိုင်းစိုင်းပြော မိမိထက်အသက်ကြီးတဲ့ပုဂ္ဂိုလ် တွေရှေ့က ကျော်တက်။ မိမိထက်အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ စကားပြောရင် ဝင်ပြော စသည်ဖြင့် အဲသလို ကိုယ်အမူအရာ နှုတ်အမူအရာ မသိမ်မွေ့တဲ့ ကြမ်းတမ်းတဲ့ အမူအရာမျိုးတွေကို ရိုင်းစိုင်းတဲ့ အမူအရာလို့ ဆိုတယ်။ အဲဒီ ရိုင်းစိုင်းတဲ့အမူ့အရာမျိုး ကင်းရမယ်။ ကင်းတဲ့ပုဂ္ဂိုလ်ဟာ မေတ္တာ ပွားလို့လွယ်တယ်။ မေတ္တာကောင်းကောင်းပွားနိုင်တယ်။ တွယ်တာမှုကင်း ကုလေသွနနဂိဒ္ဓေါ-အမျိုး ဒကာ ဒကာမတို့၌ မတွယ်တာရဘူး။ လူတွေလဲ အတူတူပေါ့ မိဘတွေ ခခွာနိုင်ဘူး။ ဆွေမျိုးမခွာနိုင်ဘူးဆိုရင် စီးပွားရေးအတွက် ပညာရေးအတွက် စသည်ဖြင့် တခြားမသွားဖြစ်တော့ ဆုတ်ယုတ်ရတယ်။ အဲဒါလိုပဲ ဘုန်းကြီးတို့ ရဟန်းသာမဏေတွေမှာလဲ
အမျိုး ဒကာ ဒကာမတွေကို တွယ်တာပြီဆိုရင် တရားမှာ အနှောင့်အယှက် ဖြစ်တယ်။ ဒကာ ဒကာမဆိုတာ တရားသဖြင့် ဆက်ဆံရတာ။ တွယ်တာ ပြီးတော့ ဆက်သွယ်နေကြမယ်ဆိုရင် တရားလစ်ဟင်းတတ်တယ်။ အ ဒါ ကြောင့်လို့ အမျို ဒကာ ဒဏာမတိုဒဲ့ မတ္ပယ်တဝရဆိုတဲ ဓတ္တာရသွား အကျင့်တစ်ခုအဖြစ်နဲ့ သတ်မှတ်ထားတယ်။
မကောင်းမှုဆိုရင်
နစခုဒ္ဒမာစရေကိဉ္စိ ယေနဝိညူပရေ ဥပဝဒေယျုံ။ မကောင်းတဲ့အမှု မှန်သမျှ အသေးအဖွဲကလေးကိုမျှ မပြုကျင့်ရဘူးတဲ့။ ဒါလဲမေတ္တာရှေ့သွား အကျင့်တစ်ခုအဖြစ်ဖြင့် သတ်မှတ်တယ်။ မကောင်းတဲ့အမှုဆိုရင် အသေး အဖွဲလေးပဲ။ ဒါဟာ ဘာမှ မပြောပလောက်ပါဘူး။ ပေါ့ ပေါ့လျော့လျော့ သဘောမထားဘဲနဲ့ ဘယ်လောက်သေးတဲ့ အကုသိုလ်ဖြစ်ဖြစ် တကယ့် အပြစ်ကြီးအဖြစ်နဲ့မြင်ပြီးတော့ ရှောင်ကြဉ်ကြရတယ်။ အဲသလို ရှောင် ကြဉ်မှသာ မေတ္တာအကျင့်ကို ကျင့်လို့လွယ်တယ်1 အဲဒါ မေတ္တာရှေ့သွား အကျင့်တွေ။ အမှန်က ဓေတ္တာရှေ့သွားအကျင့်တွေဆိုပေမယ့် မေတ္တာနဲ့ သာ ဆိုင်တာမဟုတ်ဘူး။ အားလုံးသော ပဋိပတ်အကျင့်တွေ အကုန်လုံး ဒီရှေ့သွားအကျင့်တွေနဲ့ ဆိုင်တာချည်းပဲ။
သတိပဋ္ဌာန်အစရှိသော အကျင့်တွေအားလုံး သမထဝိပဿနာဘာဝနာ အကျင့်တွေ။ အကျင့်တွေမှန်သမျှ ကျင့်ကြမယ့်ပုဂ္ဂိုလ်တွေဟာ အခုပြော ခဲ့တဲ့ မေတ္တာရှေ့သွားအကျင့်များကိုကျင့်မှ ပြည့်စုံတယ်။ ထမြောက်အောင် မြင်နိုင်တယ်။ ဒါ့ကြောင့် မေတ္တာရှေ့သွား အကျင့်ဆိုပေမယ့် မေတ္တာရှေ့ သွားသာ မကဘူး။ အားလုံးအကျင့်ပဋိပတ်တွေ ဘာဝနာတွေရဲ့ ရှေ့သွား အကျင့်တွေ အဲဒီအကျင့်တွေကို ဘုရားရှင်ကိုယ်တော်မြတ်က မာတိကာနဲ့ စဉ်ပြီးတော့ ညွှန်ကြားတော်မူခဲ့တယ်။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဌ္ဂဇင်းမှ
တရားဂုဏ်တော်နှင့်မေတ္တာတရား
၀နပ္ပဂုမ္မ္ဗေ ယထာဖုဿိတဂ္ဂေ။
ဂိမာန မှာသေ ပဌမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မဝရံ အဒေသယိ။
နိဗ္ဗာနဂါမိ” ပရမံ ဟိတာယ။
က္ကဒမ္ပိဗုဒ္ဓေ ရတနံပဏီတံ။
ဧတေန သစ္စေန သုဝတ္ထ္ဆိဟောတု။
ဂိမှာနံ-နွေလေးလတို့တွင် ပဌမသ္မိဂိမှေ-ရှေးဦးအစ နွေကာလဖြစ်
သော၊ မာသေ-အလှထူးစွာ လတန်ခူးအခါသမယဒ္မ။ ဖုဿိတဂ္ဂေ-ကား ကားစွင့်စွင့် ပင်လုံးကျွတ်ပွင့်သော အဖျားရှိသော၊ ဝနပ္ဗဂုမ္ဗေ-တောအုပ် ကြီးသည်။ သသိရီကောယထာရွှန်းရွှံးအိအိ တင့်တယ်လှပသော အသရေရှိသကဲ့သို့ တထူပမံ-အနက်သဒ္ဒါ ဝေဆာလှဘိ ဆိုတောအုပ် ကြီးလျှင် ဥပမာရှိသော၊ နိဗ္ဗာနဂါမိံ -နိဗ္ဗာနဓာတ်အမြိုက်ရပ်သို့ ဆိုက် ကဗ်ကြောင်းဖြစ်သော၊ ဓမ္မဝရံ-ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာဓမ္မက္ခန္ဓာ ဒေသနာပေါင်း ရှစ်သောင်းလေးထောင် မြားမြောင်လှစွာ တရားမြတ် ဒေ သနာကို၊ ပရမံဟိတာယ-နိဗ္ဗာနဓာတ် အမြတ်ဆုံးအကျိုးစီးပွားအလို့ငှာ။ အဒေသယိ-ကရုဏာ ရှေ့ထားရွ ဟောကြားတော်မူခဲ့ ပါပေပြီ။ ဗုဒ္ဓေ-လောကထွတ်ထား မြတ်စွာဘုရားခ်1 က္ကဒမွိရတနံ-ဤရတနာဖြစ် ကြောင်း ကောင်းမြတ်သော ဂုဏ်ရည်အပေါင်းသည်လည်း။ ပဏီတံ-ထူး မြတ်လှပါပေ၏ ' ဧတေန သစ္စေန-ဤသို့မှန်ကန်စွာဆိုရသောသစ္စာစကား ကြောင့်၊ (တုမှာကံ)ရတနာသုံးပါး အားထားကိုးကွယ်ကြသော ဘုရား
တပည့် ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့အား) သုဝတ္ထိ-ဘေးဒဏ်ရန်စွယ် အန္တရာယ်ကင်းဝေး အေးချမ်းသာယာချမ်းသာ ခြင်းသည်။ ဟောတု-မုချမသွေ ဖြစ်ပါစေသတည်း
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်ဟာ အင်မတန်နှစ်သက်ဖွယ် မြတ်နိုးဖွယ်တရားတော်၊ တန်ခူးလအခါမှာ တောတောင်တစ်ခွင် ပတ် ဝန်းကျင်ဉ် ဝေဝေဆာဆာ သာယာဖွယ်အတိ ဖူးပွင့်လျက်ရှိတဲ့ တောရဂုံ ကြီးသဖွယ်၊ တင့်တယ်ဝေဆာ အနက်သဒ္ဒါတို့နှင့် ဝေဝေဆာဆာနဲ့ သာ သာယာယာဖြစ်နေတဲ့ တောအုပ်ကြီးကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ် ဟာ အဲသလို အနက်သဒ္ဒါ ဝေဝေဆာဆာနဲ့ သာယာဖွယ်နှစ်သက်ဖွယ် ဖြစ်တဲ့ တရားဒေသနာတော်မြတ်ကြီး ဟောကြားတော်မူတယ်။ ဤသည် ကား သစ္စာစကား၊ ဤသစ္စာစကားကြောင့် ချမ်းသာကြပါစေလို့ မေတ္တာပို့ ရတယ်။
ဒီနေ့တော့လဲ ဘုန်းကြီးက နေလဲ သိပ်ကောင်းချင်တာမဟုတ်ဘူး။ အချိန်ကလဲသိပ်မရှိတော့ဘူး။ ဒီတော့ သိပ်ဟောစရာလဲမလိုတော့ဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အလိုကျ လိုက်နာမယ်ဆိုရင် ဘုန်းကြီး မေတ္တာ တရား ဟောခဲ့တာ တော်တော်ကြာပြီး မေတ္တာတရားတော်မှာပါတဲ့အတိုင်း လိုက်နာကြဖို့ပဲ။
မေတ္တာဆိုတဲ့တရားဟာ သန္ဒိဋ္ဌိကော-ကိုယ်တွေ့ဒိဋ္ဌကောင်းကျိုးတွေ့ ကြုံရတဲ့တရား၊ တရားဂုဏ်တော်ခြောက်ပါးနဲ့ ပြောကြစို့ဆိုရင်း သန္ဒိဋ္ဌိက- မေတ္တာဆိုတာ ကောင်းကျိုးရတယ်ဆိုတာ သူတစ်ပါးပြောလို့ သိရတာ မဟုတ်ဘဲနဲ့ ကိုယ်တွေ့ဒိဋ္ဌ ကိုယ်တိုင်တွေ့ကြုံရတဲ့အကျိုး၊ သန္ဒိဋ္ဌိကဂုဏ် အရ မေတ္တာပွားရင် အဲဒီအကျိုးကို ကိုယ်တိုင်ရမယ်။ ကိုယ်တိုင်ခံစားရ မယ်။ အ ကာလိက-အခါမလင့် အကျိုးပေးတတ်တယ်။ အကာလိက ဆိုတာ မင်တရားကိုပြောတာဖြစ်ပေမယ့် တစ်နည်းအားဖြင့် မေတ္တာပွား ရင် နောက်ဘဝမှမဟုတ်ဘူး။ ဒီဘ၀မှာကိုပဲ မိမိတို့အချိန်မဆိုင်း ကောင်းကျိုးရနိုင်တယ်။ မေတ္တာအကျိုးတွေ
ဧဟိပဿိက-မေတ္တာပွားလို့ ကောင်းကျိုးရတယ်ဆိုတာ အပြောသာ
မဟုတ်။ တကယ် သူတစ်ပါးတို့ကို ဖိတ်ခေါ်ပြီးပြထိုက်တယ်။ ကျင့် ကြည့်စမ်းပါလို့ ပြထိုက်တဲ့တရားမို့လို့ ဧဟိပဿိက လာစမ်းပါ ကျင့်ကြည့်စမ်းပါလို့ သူတစ်ပါးကို ဖိတ်ခေါ်ပြထိုက်တဲ့ တရားမျိုး။
သြပနေယျိက-စိတ်ထဲဆောင်ကပ်ခြင်းငှာထိုက်တဲ့တရားမျိုး။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ-ပညာရှင်ပုဂ္ဂိုလ်တို့ အသီးသီးလိုက်ကျင့်ရင် ကိုယ်၏ သန္တာန်မှာ ကိုယ်တွေ့သိနိုင်တဲ့ အရည်အချင်းရှိတဲ့တရား၊ ဒီတော့ တရား ဂုဏ်တော်နဲ့ပြောရင် မေတ္တာဆိုတာဟာ အပြောနဲ့ ယုံရတာမဟုတ်ဘူး။ တကယ်ကျင့်ကြည့်။ ကျင့်ကြည့်ရင် အကျိုးရလိမ့်မယ်လို့ ဒီလိုရဲရဲရင့်ရင့် ဖိတ်ခေါ်ပြနိုင်တဲ့တရားမျိုး စိတ်ထဲဆောင်ကပ်ခြင်းငှာထိုက်တဲ့တရားမျိုး။
ဒီတော့ အကျိုးတရားတွေ အင်မတန်များပြားတဲ့ မေတ္တာတရား၊ သို့သော် အဲဒီမေတ္တာတရားကို မှန်မှန်ကြုံးကြိုးစားစား ပွားကြသလား ဆိုရင် လူတိုင်းပွားဖို့ တယ်မလွယ်လှပြန်ဘူး။ ဒီတော့ ဘုန်းကြီးတို့ တရားတော်ဆိုတာက အမှတ်တမဲ့ဆိုရင် တရားဘက် တယ်မရောက်ချင် ဘူး။ ကြောက်ဖွယ်လန့်ဖွယ် စိုးရိမ်ဖွယ် တွေ့တဲ့အခါမှ တရားဘက်ရောက် တတ်ကြတယ်။ လူတွေဟာ တရား တယ်သတိမရကြဘူး။ ဒါပေမဲ့ ကြောက်စရာလန့်စရာ ထိတ်စရာတွေ ကြုံတဲ့အခါ တရားဘက်ရောက်လာ ကြတယ်။ ဒါဟာ သဘာဝအတိုင်းပေါ့လေး စောစောကတော့ ပျော်လို့ ပါးလို့ တရားမေ့နေကြတယ်။ နည်းနည်းစိတ်ထဲ ထိတ်လာပြီး လန့်လာ ပြီး ဘေးကြုံလာပြီဆိုရင် ဒီအခါမှာ တရားသတိရလာတတ်တယ်
တစ်ခါတုန်းက ဘုန်းကြီးတို့ သိကြားမင်းကြီးဟာ ဘုရားရှင် ကိုယ်တော်မြတ်ထံ ရောက်လာတယ်။ ရောက်လာပြီးတော့ ပြဿနာ တစ်ခုမေးတယ်
တဏှာသင်္ခယဝိမုတ္တ-တဏှာကင်းရာ နိဗ္ဗာန်မှာ လွတ်လွတ် ကျွတ်ကျွတ်တည်နေတဲ့ပုဂ္ဂိုလ်၊ တည်နေကြောင်းတရား၊ အဲဒီတရားကို မေးလျှောက်တယ်။ မေးလျှောက်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကလဲ တဏှာကင်းရာနိဗ္ဗာန်မှာ ကိလေသာတို့မှ လွတ်မြောက်နေတဲ့ ပုဂ္ဂိုလ်ဖြစ် ကြောင်းတရားကို ဟောကြားတော်မူခဲ့တယ်။ အဲဒါနဲ့ သိကြားမင်းကြီးလဲ
ကျေနပ်ပြီးတော့ သာဓုအနုမောဒနာပြုပြီးတော့ တာဝတိံသာနတ်ပြည်ကို ပြန်သွားတယ်။
အဲဒီသိကြားမင်းကြီး ပြဿနာမေးတုန်းမှာ ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက ကြားလိုက်တယ်။ အဲဒီအချိန်မှာ ဘုရားရှင်ကိုယ် တော်မြတ်နဲ့ တစ်ကျောင်းတည်း သီတင်းသုံးနေတာ။ သိကြားမင်းရဲ့ သာဓု အနုမောဒနာ ပြုသံကိုလဲ ကြားလိုက်တယ်။
အဲဒါနဲ့ ရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးက တစ်ခါတည်း တာဝတိ သာနတ်ပြည်တု လိုက်ကြသွားတယ်' တာဝတီသာနတ်ပြည်ကို ရျာန် အဘိညာဉ်နဲ့လိုက်ပြီးတော့ ကြွသွားတော့ ဘာသွားတွေ့တုံးဆိုတော့ သိကြားမင်းကြီးဟာ ဒီမှာတုန်းကတော့ တရားနာယူတဲ့အခါမှာ သဘောကျ ပြီး သာဓုအနုမောဒနာခေါ်ပြီးတော့ ပြန်သွားတယ်။ ဟိုကျတော့ ဒီက မြတ်စွာဘုရား ဟောကြားတော်မူလိုက်တဲ့တရားတော်ကို မေ့နေတယ်။ မေ့လဲမေ့စရာပဲ) ကချေသည်နတ်သမီးတွေ တီးကြ မှုတ်ကြ သီချင်းဆို ကြ တူရိယာအမျိုးမျိုးနဲ့ သီချင်းအမျိုးမျိုးနဲ့ တီးမှုတ်ကခုန် သိကြားမင်း ကြီးကို ပျော်တော်ဆက်နေကြတယ်။ ဒီတော့ အမေ့ကြီး မေ့နေတာပေါ့။ ရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက သိကြားမင်းကြီးထံ ရောက် သွားတော့ သိကြားမင်းကြီးက ခရီးဦးကြိုဆိုတယ်။ ခရီးဦးကြိုဆိုပြီးတေ့ . အရှင်ဘုရားကြွလာတာဟာ ကောင်းသောကြြလာခြင်းပါဘုရား ဆိုပြီး တော့ နှုတ်ဆက်စကား လျှောက်ထားတဲ့အခါကျတော့ ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက ဘုန်းကြီးလာတာ တခြားမဟုတ်ဘူး။ ခုန သိကြားမင်းကြီး ဘုရားရှင်ကိုယ်တော်မြတ်ထံ တရားနာပြီးတော့ သာဓု အနုမောဒနာခေါ်သွားတဲ့အသံ ကြားလိုက်တယ်။ အဲဒါကြောင့် ဘာတရား များ နာရလို့ သာဓုခေါ်ပါလိမ့်ဆိုပြီး အဲဒီတရားကိုသိချင်တာနဲ့ နာချင်တာ နဲ့ အခု လိုက်လာတာပဲ။ အဲဒီတရားကို ဟောပြစမ်းပါဆိုတော့မှ သိကြားမင်းကြီးခက်နေပြီး အကုန်လုံးမေ့သွားပြီး အစဖော်လို့မရတော့ဘူး1
သိကြားမင်းကြီးမေ့နေလို့ ပြန်မပြောတတ်ဘူး။ ပြောမပြတတ်တော့ သူက စကားဖာတာပေါ့လေ။ အရှင်ဘုရား တပည့်တော်တို့သိကြားမင်း
ဆိုတာကလဲ နတ်ပြည်နှစ်ပြည်အုပ်ချုပ်ရတာဘုရား၊ နတ်တွေရဲ့ ထိုထိုကိစ္စ တွေ ဖြေရှင်းနေရဘာရနဲ့ အားလှတယ်မရှိဘူး' တစ်ခါတစ်ခါ ကိုယ်နာလာ ရတဲ့ တရားတွေတောင် မေ့မေ့သွားပါတယ်ဘုရား၊ ကဲ ကဲ ဒါဖြင့် အရှင်ဘုရား ကြွပါအုံးဘုရား' ဝေဇယန္တာပြာသာဒ်ကြီးကို ကြွပါအုံးဘုရား ဆိုပြီး ပင့်သွားပြီး ဝေဇယန္တာပြာသာဒ်ကြီးရဲ့ အခြင်းအရာတွေ။ ဝေဇယန္တာပြာသာဒ်ကြီး ခမ်းနားပုံတွေကို အမျိုးမျိုး ချီးကျူး လျှောက်ထားနေတယ်။ အဲဒီတင် ရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး က အင်း... ဒီသိကြားမင်းကြီး ဟာ အင်မတန်မေ့နေတဲ့ သိကြားမင်း ကြီးပဲ။ ငါမမေ့အောင် လုပ်အုံးမှပဲဆိုပြီးတော့ တစ်ခါတည်း တန်ခိုးနဲ့ ဝေဧဇယန္တာပြာသာဒ်ကြီးကို ခြေမကြား ညှပ်ပြီးတော့ သိမ့်သိမ့်ခါ တုန်လှုပ် သွားအောင် စီမံလိုက်တယ်။ သိကြားမင်းကြီးလဲ ထိတ်လန် တုန်လှုပ် သွားတယ်
အဲဒီအခါကျမှ တရားသွားသတိရတယ်။ စောစောက အာရုံတွေနဲ့ မေ့နေတာ။ အခုစိတ်ထဲ ထိတ်လန့် ကြောက်ရွံ့သွားတော့ တရားသွား သတိရတယ်။ အဲဒီတော့မှ ရှင်မဟာမောဂ္ဂလာန်ကိုပြောပြတယ်တဲ့။ ဘုရား ရှင်ကိုယ်တော်မြတ်က ဘယ်လို ဟောလိုက်တယ်ဆိုတာလေးကို၊
အဲဒါကြောင့် တရားဆိုတာက၊ ပကတိအခါမှာ တယ်သတိမရချင် ဘူး။ မေ့လျော့ကြတယ်။ ကြောက်တဲ့ လန့်တဲ့အခါမှာ သတိရကြတယ်။ အမှတ်ရကြတယ်။ ဒါကြောင့် တစ်ခါတစ်ခါ စိတ်ထဲကြောက်အောင်လဲ လှန့်ပေးရတယ်။
ပဋိသန္ဓေနေရခြင်းသဘော၊ အိုရခြင်းသဘော။ သေရခြင်းသဘော ၀ဋ်ဒုက္ခတွေနဲ့ကြုံရမယ့်သဘောတွေ သံဝေဂ၀တ္ထုဆိုတဲ့ ထိတ်လန်ခြင်း အကြောင်းတွေနဲ့ ခြောက်လှန့်ပေးလိုက်လို့ရှိရင် စိတ်ထဲမှာ လောက ကြီးကို ငြီးငွေ့တုန်လှုပ်၊ အဲဒီအခါမှာ တရားသတိရ။ တရားသတိရခြင်း ဖြင့် တရားကို အားထုတ်ဖြစ်တယ်။ ကြိုးစားကျင့်ဖြစ်တယ်။
တစ်ခါတစ်ခါ ကိုယ့်စိတ်ကို သံသရာဘေးး လောကဘေး ဘေးတွေနဲ့ ခြောက်ပြီးတော့ မတရားတွေမပြုဖြစ်အောင် တရားတွေပွားများဖြစ်အောင်
ကြိုးစားကြရတယ်။
ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာ သာသနာနဲ့ ကြုံကြိုက်တဲ့အခါမှာ အင်မတန် ထူးခြားတဲ့ ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့ တရားတော်တွေ လိုက်နာကျင့် ကြံဖြစ်အောင် ပွားများဖြစ်အောင် အားထုတ်ဖြစ်အောင် မိမိတို့စိတ် အမြဲတမ်း သံဝေဂတရားတို့ဖြင့် လှန့်ပေးပြီးတော့ တရားတွေ အားထုတ် ဖြစ်အောင် ကြိုးစား။ တက်တက်ကြွက္ပြ မျှော်လင့်ချက်ကောင်းကောင်း ထားပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
အတုမဲ့သာသနာတရားတော်
ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သာသနာတော်ကြီး ဟာ ဘယ်လောက်ကောင်းတယ်။ ဘယ်လောက်မွန်မြတ်တယ်။ ဘယ် လောက် ကောင်းကျိုးချမ်းသာတွေ ပေးတတ်တယ်ဆိုတာတွေကို နောက် နောက်က ပြောခဲ့တယ်။ ယနေ့လဲ ပြောရအုံးမယ်။
ညသန်းခေါင်ယံအခါ နတ်သားတစ်ယောက်က ဘုရားရှင် ကိုယ် တော်မြတ်အထံ လာရောက်ပြီးတော့ လျှောက်ထားတယ်။ အဲဒီနတ်သား က “သုဗြဟ္မနတ်သား” တဲ့။ လာရောက် လျှောက်ထားရခြင်း အကြောင်းကလဲရှိတယ်။
သုဗြဟ္မနတ်သားက နတ်သမီးအခြွေအရံတွေနဲ့ နန္ဒဝန်ဥယျာဉ်မှာ ပျော်ပါးမလို့ အပျော်အပါးထွက်လာတယ်။ နန္ဒဝန်ဥယျာဉ်ရောက်တဲ့အခါ ကျတော့ ပန်းပင်ကြီးတစ်ပင်အောက် ခင်းထားတဲ့နေရာမှာထိုင်နေတယ်။ သူ့ဘေးပတ်ပတ်လည်မှာ နတ်သမီးငါးရာက အတူတူထိုင်နေတယ်။ ကျန် နတ်သမီးငါးရာကတော့ ပန်းပင်ပေါ်တက်ပြီးတော့ ပန်းခူးကြတယ်။ အဲဒီ တော့ ဒီနေရာမှာ ဘုန်းကြီးတို့ အဋ္ဌကထာဆရာကြီးက မေးထားတယ်။ နတ်ဆိုတာ ယူဇနာတစ်ရာလောက်ပန်းပွင့်တွေ ယူချင်သလောက် လာခဲ့ ဆိုရင် အနားရောက်လာရတယ်မဟုတ်လား။ ဘယ်နှယ့်ကြောင့် ပန်းပင်ပေါ် သူတို့က တက်ရသတုံးလို့ မေးထားတယ်။ ဖြေတာက -လိုတရဆိုသလို လိုချင်တိုင်းရတာမှန်ရဲ့။ ဒါပေမဲ့သူတို့က ပျော်ပါးမြူးထူးကစားလိုတဲ့ စိတ်ကရှိနေလို့ ပျော်ပါးမြူးထူးကစားလိုကြသောကြောင့် သစ်ပင်ပေါ် တက်ပြီးတော့ ပန်းခူးကြတယ်လို့ အဖြေပေးထားတယ်။
ဒီတော့ နတ်သမီးတွေက ပျော်ပါးမှုလိုလားကြလို့ ပန်းတွေ အလို အလျောက် ရနိုင်ရဲ့သားနဲ့ တမင်တကာ တကူးတက ပန်းပင်ပေါ်တက်ပြီး တော့ ပန်းခူးကြတယ်။ အဲသလို ပျော်ပျော်ပါးပါးနဲ့ နေလိုက်ကြတယ်။ ခုန ပန်းခူးနေတဲ့နတ်သမီးငါးရာဟာ သီချင်းတကျော်ကျော်နဲ့ သစ်ပင်ပေါ်မှာ ပန်းခူးနေကြတယ်။ ဖြုတ်ခနဲဆို စုတေပြီးတော့ အဝီစိငရဲကို ရောက် သွားကြရတယ်။ လောကမှာ ဘုန်းကြီးတို့ လူ့ပြည်လောကမှာလဲ အားလုံး မျက်မြင်ပဲ လူတွေဟာ ကိုယ့်ကိစ္စနဲ့ကိုယ်။ တစ်ချို့လဲပဲ စီးပွားရေးကိစ္စ။ တချို့လဲပဲ အပျော်အပါးနဲ့ ပျော်ကြပါးကြ စသည်ဖြင့် အမျိုးမျိုး ရှိကြတယ်။ အားလုံးလူတွေဟာလဲပဲ အဲသလိုပျော်ရင်းပါးရင်း အမှုကိစ္စတွေ ဆောင်ရွက်ကြရင်း မမျှော်လင့်ဘဲနဲ့ တချို့ ဖြုတ်ခနဲ သေသွားကြတယ်။ တချို့လဲပဲ တစ်ယောက်တည်း မဟုတ်ဘူး။ သင်္ဘောစီးလို့ သင်္ဘောနစ်လို့ သေကြ။ လေယာဉ်စီးလို့ လေယာဉ်ပျံပျက်လို့သေရ စသည်ဖြင့် စသည် ဖြင့် ဒီခေတ်က သေစရာတွေက နည်းတာမဟုတ်ဘူး။ ဘုန်းကြီးတို့ မြန်မာ ပြည်ထက် နိုင်ငံခြားက ပိုများမလားမသိဘူး။ အဲသလောက် ဒုက္ခတွေ အမျိုးမျိုး ကြုံကရတယ်။ မမျှော်လင့်ဘဲလဲ ကြုံကြရတယ်။ အမှတ်တမဲ့လဲ သေကြရတယ် 1
ဆိုခဲ့တဲ့အတိုင်း နတ်သမီးငါးရာဟာ ပျော်တုန်းပါးတုန်း ဖြုတ်ခနဲ ဆို တစ်ပြိုင်နက် ရှေ့ဘဝက သူတို့ပြုခဲ့ဖူးတဲ့ ဥပစ္ဆေဒကကံ။ အဲဒီကံ၏ အစွမ်းကြောင့် ရုတ်တရက် စုတေပြီးတော့ အဝီစိငရဲမှာ ဖြစ်လေတော့ ကြီးစွာသောဒုက္ခ ခံစားနေရတယ် သေခြင်းတရားဆိုတာ မမျှော်လင့် ဘဲနဲ့လဲ သေရတယ်။ အင်မတန်မြန်တယ်။ ဘုန်းကြီးတို့ ဒကာဒကာမတွေ တချို့ဆရာတော်ကြီးများ ဆုံးမတဲ့အတိုင်း နင်တို့တွေ သေဖို့ပြင်ထား ကြ ဆိုတဲ့အတိုင်း သေရဲအောင် သေပြီးရင်လဲ အသေဖြောင့်အောင် ပြင်ထားကြ။
အခု နတ်သမီးငါးရာက သူတို့ရှေးကပြုခဲ့တဲ့ တစ်ပေါင်းတည်း ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် တစ်ခါတည်း တစ်ပြုံကြီးစုတေပြီးတော့ အဝီစိငရဲရောက်ပြီး ဒုက္ခရောက်ကြရတယ်
သုဗြဟ္မနတ်သားက နတ်သမီးတွေနဲ့ ပျော်နေပါးနေရာက သီချင်း သံ တိတ်သွားလို့။ ဟ-ဘာဖြစ်ကြပါလိမ့်လို့ ကြည့်လိုက်တဲ့အခါ နတ်သမီး တွေဒုက္ခကို မြင်သွားတယ်။
အဝီစိငရဲကြီးမှာ သွားပြီးဒုက္ခခံနေတာကို မြင်ရတယ်။ မြင်ရတော့ တစ်ခါတည်း သိပ်ပြီးကြောက်သွားတယ်။ ကြောက်ရတဲ့အပေါ် တစ်ခါ ငါလဲဘယ်လောက်များ နေရမလဲလို့ ကြည့်လိုက်တဲ့အခါ လား. . . လား။ သူကလဲ သိပ်မကြာတော့ဘူး။ နောက်ခုနစ်ရက်ဆို သူကလဲ အခုကျန်တဲ့ နတ်သမီးငါးရာနှင့်တကွ အဲဒီ အဝီစိငရဲကြီးကိုပဲ ရောက် ရမှာကို မြင်ရတယ်ဆိုရင်ပဲ ထောက်တည်ရာမရ အင်မတန်တုန်လှုပ် ထိတ်လန် ကြောက်ရွံ့သွားတယ်။
လောကမှာ ဒါသေခြင်းသဘောတရားကို မခံမရပ်နိုင်အောင် မနေနိုင်မထိုင်နိုင် ကြောက်ရွံ့သွားတယ်ဆိုတာက သေရဲအောင် ကိုယ် အားထုတ်ထားတဲ့ တရားမရှိလို့ အခု နတ်သားဟာ အင်မတန် ကြောက်ရွံ့ သွားတယ်။ အင်မတန် တုန်လှုပ်သွားတယ်။ သူသေမှာလဲမြင်ရတယ်။ သူ့ရဲ့နတ်သမီးတွေ သေလို့ သောကဖြစ်ရတဲ့ဒုက္ခ၊ အခု သူလဲသေရမှာ မြင်လို့ စိုးရိမ်တဲ့ဒုက္ခ အဲဒီဒုက္ခကမသေးလှဘူး။ ဆောက်တည်ရာမရ ဖြစ်သွားတယ်။ အားကိုးရာတရားမရှိလို့ လောကမှာ အားကိုးရာရှိရင် ဘာမှမကြောက်ဘူး။ ဒါနဲ့ အင်မတန်ကြောက်လန့်သွားတဲ့အခါကျတော့ ဒီဒုက္ခ ငါကြုံနေရတဲ့ ဒီဒုက္ခမှ ထုတ်ဆောင်ပေးမယ့်ပုဂ္ဂိုလ်ကတော့ ဘုရားရှင်ကိုယ်တော်မြတ်မှတစ်ပါး အခြားမရှိဘူးဆိုပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားမှပဲဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ထံ နတ်သမီးတွေနဲ့သွားတယ်။ သွားပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်အထံ ရောက်တဲ့အခါ ကျတော့မှ ဘုရားရှင်ကိုယ်တော်မြတ်ကို မေးမြန်း လျှောက် ထားတယ်။
နိစ္စံ ဥသြည္တမိဒံ စိတ္တံး နိစ္စံ ဥဗ္ဗိဂ္ဂမိဒ မနေား အနုပ္ပန္နေသု ကိစ္ဆေသု၊ အထော ဥပ္ပတိတေသုစ။
သစေ အတ္ထိ အနုတြည္တံ တံ မေ အက္ခာဟိ ပုစ္ဆိတော။
ဘန္တေ-ရှင်တော်မြတ်ဘုရား၊ အနုပ္ပန္နေသု-မဖြစ်ပေါ်သေးကုန်သော၊ ကိစ္ဆေသု-နောက်ခုနစ်ရက်ကြာလျှင် တပည့်တော်တို့ သေရဆုံးရ ငရဲကျ ရမယ့် ဒုက္ခတို့ကြောင့်လည်းကောင်းး အထောငထို့ပြင်း ဥပွတိတေသု- ဖြစ်ပြီးကုန်သောနတ်သမီးငါးရာတို့ စုတေရွ် ငရဲသို့ရောက်ရခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခတို့ကြောင့်လည်းကောင်း၊ နိစ္စံ-အမြဲ။ က္ကဒံစိတ္တံ- ဤဘုရားတပည့်တော်၏ စိတ်သည်။ ဥတြည္တံ-စိုးရိမ်ကြောက်လန့်ရွ် တထိတ်တည်းထိတ်ရွ နေပါပေ၏ 1 က္ကဒံမနော-မဖြစ်သေးတဲ့ဒုက္ခ ဖြစ်ပြီးတဲ့ဒုက္ခတွေ အာရုံပြုရှ်ဖြစ်နေသော ဘုရားတပည့်တော်၏ စိတ်သည်။ နိစ္စံ-အမြဲမပြတ်။ ဥဗ္ဗဂ္ဂံ-ထိတ်လန့်ရွှနေပါပေ၏။ အနုတြည္တံ-ယခုလို ထိတ်လန့်နေတဲ့ ဘုရားတပည့်တော်တို့လို ပုဂ္ဂိုလ်မျိုးအတွက် မထိတ်လန့်. ကြောင်း ကောင်းမြတ်တဲ့ တရားသည်။ သစေအတ္ထိ-အကယ်ရွ်များ ရှိသည်ဖြစ်အံ့။ ပုစ္ဆိတော- မေးမြန်းလျှောက်ထားအပ်သော ရှင်တော်မြတ် ဘုရားသည်။ မေ-ဒုက္ခရောက်နေသောဘုရားတပည့်တော်အား၊ အက္ခာဟိ -ကရုဏာရှေ့ထားရွ် မိန့်ကြားဟောမြွက်တော်မူပါ ရှင်တော်မြတ်ဘုရား၊
နတ်သားက အဲသလို လျှောက်ထားတဲ့အခါကျတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က အဖြေပေးတယ်1
န ညတြ ဗောဇ္စာတပသာ၊ နညတြိန္ပြိယ သံ၀ရာ။
နညတြ ဿဗ္ဗနိသဂ္ဂါ1 သောတ္ထိ ပဿာမိ ပါဏိနံ။
ဒေဝပုတ္တ-နတ်သား။ ဗောဇ္စာ-ဗောဇ္စျင်ခုနစ်ပါး တရားမြတ်ရတနာ ကိုလည်းကောင်း တပသာ--ခြိုးခြံကျင့်ခြင်းဆိုတဲ့ တပဆိုတဲ့ အကျင့်မှ လည်းကောင်း၊ (ဝါ)အကျင့်ကိုလည်းကောင်းး။ အညတြ-ကြဉ်ဖယ်ရှောင် ရှား အလွတ်ထားရွ်၊ ပါဏိနံ-သတ္တဝါအပေါင်းတို့၊ါ။ သောတ္ထိ“ချမ်းသာမှု ကိုး အဟံ-ငါဘုရားသည်။ နပဿာမိ-မြင်တော်မမူပေ။ က္ကန္ပြိယ-သံဝရာ- က္ကန္သြေခြောက်ပါးတို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းကိုး အညတြ- ကြဉ်ဖယ်ရှောင်ရှား အလွတ်ထားရွ ပါဏိနံ-သတ္တဝါ အပေါင်းတို့၏။ သောတ္ထိ“ချမ်းသာမှုကို အဟံ-ငါဘုရားသည်။ နပဿမိ-မြင်တော်မမူပေ။ သဗ္ဗနိဿဂ္ဂါ -အလုံးစုံသောဝဋ်ဆင်းရဲ အလုံးစုံသောဒုက္ခတို့မှ ထွက်မြောက်
ကြောင်းဖြစ်တဲ့ နိဗ္ဗာန်တရားကိုး အညတြ-ကြဉ်ဖယ်ရှောင်ရှား။ အလွတ် ထားရွ၊ ပါဏိနံ-သတ္တဝါမှန်သမျှတို့၏1 သောတ္ထိ“ချမ်းသာခြင်းကို၊ အဟံ-ငါဘုရားသည်။ နပဿာမိ၊ ဘယ်အခါကာလမှ မြင်တော်မမူပေ။
အဲ-ဘုရားရှင်ကိုယ်တော်မြတ် အဖြေပေးတာက စိတ်အေးကြောင်း တရားတွေ။ သူ့မှာ စိတ်ဒုက္ခရောက်နေပါတယ်။ သူ့မှာ အင်မတန် ကြောက်နေ လန့်နေ ထိတ်နေပါတယ်။ တကယ်လို့ မကြောက်မထိတ် ကြောင်း မလန့်ကြောင်းဖြစ်တဲ့ တရားကောင်းရှိရင် တပည့်တော်အား မိန့်ကြားတော်မူပါဆိုတော့ ဗောဇ္စုင်ခုနစ်ပါးတရား၊ ခြိုးခြံတဲ့အကျင့်။ ဓူတင်အကျင့် စသည် အဲသလိုတရားမျိုးကို ရှောင်ရှား ကြဉ်ဖယ်ထားရွ သတ္တဝါတို့ချမ်းသာခွင့် ငါမမြင်ဘူး။ က္ကန္ခြေခြောက်ပါး စောင့်စည်းခြင်း ဆိုတဲ့ က္ကန္ခြိသသံ၀ရ ကြဉ်ထားရွ် သတ္တဝါတို့ချမ်းသာခွင့် ငါမမြင်ဘူး။ နိဗ္ဗာန်ဆိုတဲ့ တကယ်အေးငြိမ်းခြင်းတရား ကြဉ်ဖယ်ရှောင်ရှားရဤွ သတ္တဝါ တို့ ချမ်းသာခွင့်ကို ငါဘုရား မြင်တော်မမူဘူးလို့ မကြောက်ကြောင်း မလန့် ကြောင်း အေးငြိမ်းကြောင်းတရားကို ဟောကြားတော်မူတယ်။
အဲဒီတော့ ဗောဇ္စျင်ခုနစ်ပါးတရား ဓူတင်အစရှိသော ခြိုးခြံကျင့်ရတဲ့ တရား၊ က္ကန္ဒေတို့ကို စောင့်စည်းခြင်းတရား၊ အဲဒီတရားတွေကို ကျင့်လို့ရတဲ့ နိဗ္ဗာန် အဲဒီတရားတွေဟာ သတ္တဝါတွေ အေးငြိမ်းကြောင်း မကြောက်ကြောင်း မလန့်မထိတ်ကြောင်း မစိုးရိမ်ကြောင်း မကြောင့် ကြကြောင်း တကယ့်ချမ်းသာကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟော တော်မူတယ်။ အဖြေပေးတော်မူခဲ့တယ် အဲဒါကြောင့် ဗောဇ္စုင်ခုနစ်ပါး ကြိုးစားပွားများအားထုတ်ရင် က္ကန္ဒြေခြောက်ပါးကို စောင့်စည်းလို့ရှိရင် (ဒါ ဗောဇ္ဇျင်ကို ရှေ့ထားပြီးတော့ က္ကန္ခြေနောက်ထားတာက ဂါထာအရာ မို့လို့ ရှေ့နောက်ထားတာ)။ တကယ်တော့ က္တန္ခြေစောင့်စည်းခြင်းက အရင်။ ဗောဇ္စျင်တရားပွားများခြင်းက နောက်၊ တ္ကန္ပြိယ သံဝရသီလဆိုတဲ့ သီလတရားကို စောင့်စည်းရမယ်။
မျက်စိ နား နှာ လျှာ ကိုယ် စိတ် သူတို့က အကုသိုလ်တွေလဲ ဖိတ်ခေါ်တယ်။ အိမ်သာရင်ဧည့်လာဆိုတဲ့အတိုင်း အထဲက ဓာတ်ခံကောင်း
သူကျတော့ ကောင်းတဲ့တရားတွေ အဲဒီတံခါးခြောက်ပေါက်က ဝင်လာ တယ်။ ကုသိုလ်တရားတွေပေါ့ အထဲက ဓာတ်ခံမကောင်းတဲ့ ပုဂ္ဂိုလ် ကျတော့ မကောင်းတဲ့အကုသိုလ်တရားတွေ အဲဒီတံခါးခြောက်ပေါက်က ဝင်လာတယ်။ အဝင်မခံကြနဲ့တဲ့း အဝင်မခံရအောင် ဒီတိုင်းနေလို့ကတော့ ဝင်လာမှာပဲ။ တားဆီးနိုင်တဲ့ တရားတံခါးလေးရှိရတယ်။ တရားတံခါး လေးနဲ့ ပိတ်ပိတ်ပေးရတယ်။
အဲဒါကြောင့်မို့လို့ အဲဒီ -က္တနြြေခြောက်ပါး စောင့်စည်းနိုင်ပြီဆိုရင် ဗောဇ္စျင်ခုနစ်ပါးတရားပွားလို့ လွယ်လာပြီ။ သတိသမ္မ္ဗောဇ္စုင်ဆိုတဲ့ သတိ တရားပွားလို့လွယ်လာပြီး သတိသမ္ဗောဇ္စုင်ဆိုတဲ့ သတိတရား၊ ဓမ္မဝိစယ သမ္ဗောဇ္စျင်ဆိုတဲ့ ပညာတရား၊ ဝီရိယသမ္ဗောဇ္စုင်ဆိုတဲ့ ဝီရိယတရား၊ ပီတိသမ္ဗောဇ္စုင်ဆိုတဲ့ ပီတိတရား၊ ပဿဒ္ဓိ သမ္မ္ဗောဇ္စျင်ဆိုတဲ့ ပဿဒ္ဓိတရား၊ သမာဓိသမ္ဗောဇ္ဇျင်ဆိုတဲ့ တည်ကြည်မှု သမာဓိတရား၊ ဥပေက္ခာ သမ္ဗောဇ္စုင် ဆိုတဲ့ အညီအမျှရှုမှု ဥပေက္ခာတရား ဗောဇ္စုင်ခုနစ်ပါးတရား ပွားများ ပေးရတယ်။ အဲသလိုပွားများပေးရင် နောက်ဆုံး အရိယာမဂ်ဗောဇ္ဇုင်တွေ အထိ ရောက်ပြီးတော့ ဟော-ဘယ်ဒုက္ခကြုံရကြုံရ။ မဖြုံတော့ဘူး။ သေရမှာလဲမကြောက်တော့ဘူး။
သုဗြဟ္မွနတ်သား သိပ်ကြောက်နေတယ်။ အခု ဘုရားက တရား အဖြေ ပေးလိုက်တဲ့အခါကျတော့ သူနဲ့တကွ နတ်သမီးငါးရာဟာ သောတာပန်ဖြစ်သွားကြတယ်။ သောတာပန်ဖြစ်သွားတော့ မကြောက် တော့ဘူး။ မကြောက်ရုံတင်မကဘူး ခုနစ်ရက်လည်ရင် ကြုံရမယ့် သေခြင်း ဒုက္ခကလဲ လွတ်သွားရံတယ်။ အဝီစိငရဲဒုက္ခကလဲ လွတ်သွားရတယ်။ ဘယ်လောက်ကောင်းတုံး။ ဒါကြောင့် တကယ့်ငြိမ်းချမ်းရေးတရားဟာ - တကယ်ငြိမ်းချမ်းရေးကို ခံစားကြရတယ်။ သုဗြဟ္မနတ်သားဟာ တရား ကောင်း တွေ့သွားတယ်။ မကြောက်တော့ဘူး။ နောက်ဆိုရင် သေရမှာ မကြောက်တော့ဘူး။ သေပြန်ရင်လဲ အသေလှသွားပြီး အဲ. . . နောက်ဆို ရင် တကယ့်ငြိမ်းချမ်းမှုကြီး ပေးတော့မှာပဲ ဒါကြောင့် ဒီအဖြေလေးဟာ သုဗြဟ္မွနတ်သားနှင့်တကွ နတ်သမီးငါးရာကို သေရဲအောင်။ အသေဒုက္ခ
မကြောက်အောင်။ ချမ်းသာမှု တစ်သက်ကြုံရအောင် ကောင်းကျိုးပေးသွား တဲ့ တရားလေးပါပဲ။
အဲဒီတရားဟာ စကားစစပ်မိလို့ပြောရအုံးမယ်။ “ပင်စင်စားတို့၏ ထွက်ရာလမ်း”ဆိုတဲ့စာအုပ်ရှိတယ်။ အဲ့ဒီစာအုပ်က ဟို-အရင် ကမ္ဘာအေး ဗုဒ္ဓသာသန ပုံနှိပ်တိုက်မှာ စာပြင်မှူးချုပ်လုပ်ခဲ့တဲ့ ဆရာဦးထွန်းလှိုင် (ယခု အယ်ဒီတာချုပ်။ မြတ်ဆုမွန်မဂ္ဂဇင်း)ဆိုတဲ့ ပုဂ္ဂိုလ်ဆရာရေးတဲ့စာအုပ်။ အဲဒီ အထဲမှာ ဒီဂါထာလေးပါတယ်။ ဒီဂါထာလေးဟာ မြြေနိုင်ဂါထာအဖြစ်နဲ့ ညွှန်ကြားထားတဲ့ဂါထာလေးတဲ့။ မြွေနိုင်တယ်တဲ့။ သူတို့ဆီမှာဆို မြွေ တွေကို ဒီဂါထာနဲ့ တားဆီးနိုင်တယ်။ သူ့ဖခင်ကြီးကို သူတို့ဆရာ ဘုန်းကြီးက သူငယ်ငယ်တုန်းက စာလေးနဲ့ရေးငြီးတော့ ပေးထားလို့ အဲဒီဂါထာလေးကို ငယ်ငယ်တုန်းကတည်းက သူကျက်ပြီးတော့ ရထားတဲ့ ဂါထာလေး) သူ့ဖခင်ကြီးက လယ်သမား။ လယ်လုပ်ပေမယ့် မြွေပေါတဲ့ နေရာမှာ ဘယ်တော့မှ မြွေဒုက္ခမကြုံရဘူးတဲ့။ ဘုန်းကြီးက နိဗ္ဗာန်ရောက် ကြောင်းတရားဟောရမယ့်ဟာ မြွေဒုက္ခကာကွယ်ဆေး ပေးနေသလားလဲ မအောက်မေ့ကြနဲ့အုံး
ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ သာသနာဟာ အတုမဲ့သာသနာ။ တကယ့် ဒုက္ခငြိမ်းကြောင်းသာသနာဖြစ်လို့ တို့တစ်တွေ ဒီသာသနာတော်နဲ့ ကြုံရတာ အင်မတန်ကံထူးကြတယ်လို့ မိမိတို့ကံထူးတဲ့ လူ့ဘဝလေးမှာ ကံထူးသည်ထက်ထူးအောင် ကြိုးစားပွားများ အားထုတ်နိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုရွန်မဂ္ဂဇင်းမှ
သပ္ပုရိသဒါနငါးပါးတရားတော်
ဒီကနေ့ တပေါင်းလပြည့် နေ့ထူးအခါသမယမှာ ကုသိုလ်ကောင်းမှု တွေ ပြုကြတယ်။ သူတော်ကောင်းတွေ သူတော်ကောင်းအကျင့်ကျင့်တယ်။ သူတော်ကောင်းဆိုတာ မကောင်းတဲ့အကျင့်တွေ မကျင့်ဘူး။ ကောင်းတဲ့ အကျင့်သာကျင့်တယ်။ သူတော်ကောင်းဆိုတာ သူ့အသက်မသတ်ဘူး။ သူ့ဥစ္စာမခိုးဘူးး သူ့သားအိမ်ရာမပြစ်မှားဘူးး ကာယကံသုံးပါးလဲ လုံ အောင်ထိန်းတယ်။ မုသာဝါ ဒါ +ပိသုဏဝါစာ+ဖရုသဝါစာ+-သမ္ဗ္ဖပ္ပလာပ ဆိုတဲ့ ဝစီဒုစရိုက်လေးပါး မပြောဘူး ရှောင်တယ်1 သူတော်ကောင်းဆိုတာ အဘိဇ္စျာ+ဗျာပါ ဒ -မိစ္ဆာဒိဋ္ဌိဆိုတဲ့ မနောကံသုံးပါး။ မကောင်းတဲ့အကြံ တွေကိုလဲ မကြံဘူး။
သူတော်ကောင်းဆိုတာ သူတော်ကောင်းအကျင့် ကျင့်တယ်။ သူတော် ကောင်းဆိုတာ ဘာတုံးဆိုရင်-
ဒါန-လှူဒါန်းခြင်း သီလ-သီလဆောက်တည်ခြင်း ဘာဝနာ-မိမိ တို့နဲ့လျော်ရာ ဘာဝနာလေးတွေပွားများခြင်း အပစာယန-ရတနာသုံးပါး ဆရာမိဘတွေကို အရိုအသေပေးခြင်းး' ဝေယျာဝစ္စ-ရကနာသုံးပါးနဲ့ စပ်ဆိုင်တဲ့ အမှုကြီးအမှုငယ် ကိစ္စကြီးကိစ္စငယ် ဆောင်ရွက်ခြင်း၊ ပတ္တိဒါန -မိမိပြုတဲ့ကုသိုလ်ကို အမျှပေးဝေခြင်း' ပတ္တာနုမောဒန-သူတစ်ပါးက ပေးဝေတဲ့ ကုသိုလ်ကို မိမိကယူခြင်းး' သာဓုခေါ်ခြင်း ဓမ္မသဝန-တရားနာ ခြင်း' ဓမ္မဒေသန-တရားဟောခြင်း၊ ဒိဋ္ဌိဇုကမ္မ-အယူကို ဖြောင့်မတ်အောင် မှန်ကန်အောင် ကျင့်ကြံခြင်း ဆိုတာတွေဟာ သူတော်ကောင်းတို့ရဲ့ အကျင့်တွေ
သူတော်ကောင်းဆိုတာ အဲဒီသူတော်ကောင်းအကျင့်တွေကျင့်တယ်။ ယနေ့ မိမိတို့ သူတော်ကောင်းတွေ ဖြစ်ကြသည့်အားလျော်စွာ အခုပြောခဲ့တဲ့ ဒါနသီလအစရှိသော ပုညကိရိယာဝတ္ထု ဝတ္ထုကောင်းမှုကုသိုလ်တွေကို ဆည်းပူးကြ အားထုတ်ကြတယ်။ ဒါဟာ သူတော်ကောင်းမို့လို့ သူတော်ကောင်း အကျင့်ကိုကျင့်တား သူတော်ကောင်းဆိုတာ အလှူလှူပေမယ့် သူတော် ကောင်းလိုလှူတယ်။ သူတော်ကောင်းမဟုတ်တဲ့ ပုဂ္ဂိုလ်တွေလို မလှူဘူး။ ဘုန်းကြီးတို့ကျမ်းဂန်များမှာ သပ္ပုရိသဒါန=သူတော်ကောင်းအလှူဆိုတာ ရှိတယ်။ သူတော်ကောင်းတို့လှူရိုးလှူစဉ်ဖြစ်တဲ့ သူတော်ကောင်းအလှူဒါန၊
၁။ သဒ္ဓါကြည်ညို
သဒ္ဓါယဒေတိ = ရတနာသုံးပါး။ ကံ-ကံ၏ အကျိုးတရားတို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့်၊ ဒေတိ-ပေးလှူ၏
သူတော်ကောင်းအလှူဟာ ကံ-ကံ၏ အကျိုးနဲ့ ရတနာသုံးပါးဂုဏ်ကို ကြည်ညိုပြီး ယုံကြည်ပြီးတော့။ သဒ္ဓါတရား ရှိပြီးတော့လှူတယ်။ လောက မှာ သဒ္ဓါတရားရှိပြီး လှူတယ်ဆိုတာမှာလဲ ပညာလေးလဲ ပါရသေးတယ်။ ဉာဏ်မယှဉ်တဲ့ကုသိုလ်ဟာ ဥဉာဏဝိပ္ပယုတ်ကုသိုလ် ဉာဏ်ယှဉ်တဲ့ ဉာဏသမ္ပယုတ်ကုသိုလ်ဆိုတာရှိတယ်။ အဲဒီတော့ ဉာဏဝိပ္ပယုတ်ကုသိုလ် ဆိုတာ ဉာဏ်မပါတာ့ အကျိုးပေးတဲ့နေရာမှာ ထက်ထက်သန်သန် ကောင်းကောင်းမွန်မွန် အကျိုးမပေးဘူး။
ကလေးရဲ့ဒါနမျိုး ကလေးလေးတွေဟာ လှူလိုက်ဆိုရင်လှူတယ်။ သဒ္ဓါလေးတော့ရှိတယ် ဘုန်းကြီးတွေဘာတွေ ကိုယ်တိုင်လှူတတ်တယ်။ သို့သော် သူတို့မှာဉာဏ်မရှိဘူး။ သဒ္ဓါရှိတယ်။ ဉာဏ်မပါတဲ့သဒ္ဓါဆိုတာ က ခုနပြောတဲ့ ကလေးဒါနမျိုး။ လူကြီးတွေကတော့ ဉာဏ်ရှိတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့ဉာဏ်ရှိကြတယ်။
ကောင်းမှုပြုရင်ကောင်းကျိုးရနိုင်တယ်1 မကောင်းမှုပြုရင် မကောင်း ကျိုး ရနိုင်တယ်ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတဲ့ ပညာတရား ထင်ရှား ရှိကြတယ်။ အဲဒီပညာတရားလေးနဲ့ လှူကြတာဖြစ်သောကြောင့်
သဒ္ဓါတရားဖြင့်လှူတယ်လို့ ဆိုရတယ်။ ဒါကြောင့် သဒ္ဓါတရားဖြင့်ပေးလှူ တာဟာ သူတော်ကောင်းဒါန၊ သူတော်ကောင်းတွေဟာ အဲသလို သဒ္ဓါ တရား ရှေ့သွားပြုပြီးတော့ လှူကြတယ်။ ပညာတရားရှေ့သွားပြုပြီးတော့ လှူကြတယ်။ အဲသလို သဒ္ဓါပညာ တရားနှစ်ပါး ရှေ့သွားပြုပြီးတော့ လှူ တာဖြစ်သောကြောင့် အကျိုးပေးရာကျတော့လဲပဲ မိမိတို့မှာ ပစ္စည်းဥစ္စာ ပေါတယ်။ ဤဘဝနောင်ဘဝ ပစ္စည်းပေါခြင်းအကြောင်းပဲ။
သဒ္ဓါတရားဖြင့်လှူလို့ ပစ္စည်းပေါ ရုံတင်မကဘူး။ ဖြစ်လေရာသံသရာ ဘန် ရုပ်ဆင်းလှပခြင်း၊ ထူးထူးခြားခြား ရုပ်အဆင်းလှပခြင်းဆိုတဲ့ ဝဏ္ဍ္ဌ=ရုပ်အဆင်းလှပခြင်းအကျိုးကို ခံစားရတယ်။ ဒါကလဲ တရားအား လျော်စွာ အကျိုးခံစားရတယ်။ သဒ္ဓါဆိုတာက ကြည်နေတဲ့ဓာတ်မျိုး။ စိတ်ထဲမှာ သဒ္ဓါတရားဖြစ်လာပြီဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာ ကြည်နေ တယ်။ ရုပ်ကြည်တဲ့အတွက် သူ့ကြည့်ရတာ အင်မတန်ကြည့်လို့ကောင်း တယ်။ ကြည်ကြည်လင်လင်နဲ့ ဝမ်းမြောက်ဝမ်းသာနေတဲ့ပုံနဲ့ မြင်ရတာ။ အခုဘုန်းကြီးတို့ ဒကာဒကာမတွေ အဲသလို ဒီနေ့လဲ သဒ္ဓါတရားလေး ရှိတော့ စိတ်က ကြည်လင်နေကြတယ်။ စိတ်က ကြည်လင်နေကြတော့ ရုပ်ကလဲ ပျော်နေကြတယ်။ ရွှင်နေကြတယ်။ ၀မ်းသာနေကြတယ်။ အဲဒီ ဒါနသဒ္ဓါတရားဖြင့် လှူတဲ့ဒါနဟာ ပစ္စည်းပေါရုံတင် မဟုတ်ဘူး။ အထူးသဖြင့် ထူးထူးခြားခြား လှပခြင်းဆိုတဲ့အကျိုးကို ခံစားရတယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတော်မူတယ်။
၂။ ရိုသေလှစွာ
ဒုတိယသပ္ပုရိသဒါန=သူတော်ကောင်းတို့ရဲ့ သပ္ပုရိသဒါနဟာ ဘာတုံး။ သက္တစ္စဒါနံဒေတိ သက္တစ္စ-ရိုရိုသေသေဆိုတာ လှူဖွယ်၀တ္ထုကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် ပြုပြင်ပြီးတော့ ချက်ပြုတ်စီမံဖန်တီးပြီး တော့ လှူတတ်ကြတယ်။ အလှူခံပုဂ္ဂိုလ်တွေကိုလဲ ရိုရိုသေသေကောင်းမွန် စွာ အခုလို ကောင်းကောင်းမွန်မွန် ခင်းကျင်းလို့ စီမံလို့ ပြင်ဆင်လို့ ရိုရိုသေသေလှူရတယ်။ အဲသလို ပစ္စည်းကိုလဲကောင်းအောင်ပြုပြီးလှူတယ်။
အလှူခံပုဂ္ဂိုလ်တွေကိုလဲ ရိုရိုသေသေလေးလေးစားစား လှူတယ်။ အဲသလို လှူတဲ့ဒါကို သတ္တစ္စဒါန သပ္ပုရိသအလှူတစ်မျိုးး သူတော်ကောင်း ဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေသာ လှူကြတဲ့အလှူ။
မိမိတို့ ယနေ့ သပ္ပုရိသဒါနလှူကြတယ်။ သက္ကစ္စဒါနလှူကြတယ်။ အဲသလို သက္တစ္စဒါနလှူရင် ဘာအကျိုးရမလဲ။ ဒါနဆိုတာ ပစ္စည်းပေါ်မှု အကျိုးကတော့ရတာချည်းပဲ။ သို့သော် အခုလိုထူးခြားတဲ့ ရိုရိုသေသေ လှူတဲ့ သတ္ကစ္စဒါနအလှူကတော့ ဓိမိတို့ရဲ့ဖြစ်ရာဘဝမှာ မိမိတို့ရဲ့အခြွေအရံ တွေး သားသမီးတွေး အလုပ်သမားတွေး အခြွေအရံတွေက မိမိတို့စကား ကို တစ်သဝေမတိမ်း လိုက်နာပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံ ကြတယ် လေးလေးစားစား ဆက်ဆံကြတယ်။ ရိုရိုသေသေဆက်ဆံ ကြတယ်။ မိမိရဲ့စကားကို လိုက်နာကြတယ်။ အမိန့် အတိုင်းလိုက်နာ ကြပြီးတော့ ဆောင်ရွက်ကြတယ်။ အဲဒီအကျိုးဟာ သတ္တစ္စဒါန လှူဒါန်းခြင်းကြောင့် ရတဲ့အကျိုးတရား၊
ယနေ့ မိမိတို့ သူတော်ကောင်းဒါနလှူကြတယ်။ သတ္တစ္စဒါနလှူကြ တယ်။ ဒါက အထူးပြောစရာတော့မရှိပါဘူး။ ဘုန်းကြီးတို့ဒကာဒကာမ တွေ အချိုးကျပြီးသားပဲ။ အဲဒီသတ္တစ္စဒါနလှူသောကြောင့် မိမိတို့ရဲ့ဖြစ်ရာ ဘဝမှာ အားလုံး ကိုယ့်အချွေအရံတွေဟာ ကိုယ့်စကားလိုက်နာပြီးတော့ ကောင်းကောင်းမွန်မွန် ပြကြတယ်။
၃၊ အချိန်ကိုသိ
ကာလေန ဒါနံဒေတိ-အခါကာလအားလျော်စွာ လှူဒါန်းကြတယ်။ ဒါလဲ သပ္ပုရိသဒါန သူတော်ကောင်းဒါနတစ်မျိုး။ သူ့အခါနဲ့ သူ့အခါနဲ့ လှူတဲ့ဒါနမျိုးကို ရည်ရွယ်ပြီးပြောတား သူတော်ကောင်းတွေဆိုတာ အချိန် အခါ သိကြတယ်။ သိကြပြီးတော့ အချိန်အားလျော်စွာ လှူတတ်ကြတယ်။ ကာလေဒါနခေါ်တဲ့ အလှူဒါန လှူတတ်ကြတယ်။
ဒုဗ္ဘိက္ခေ ဒါနံဒေတိ-လူတွေ ငတ်ပြတ်နေကြတဲ့အခါမှာ အဲဒီလူတွေ ကို သနားပြီးတော့ ချမ်းသာအောင် တတ်နိုင်သမျှ လှူဒါန်းကြတယ်။
မကျန်းမာရင် ဆေးဝါးလှူဒါန်းကြ၊ ဓာတ်စာလှူဒါန်းကြ စသည်ဖြင့် သူ့အခါအလိုက် သူ့အခါအလိုက် လှူဒါန်းတဲ့ဒါနမျိုးကို ကာလဒါနခေါ် တယ်။ အဲသလိုဒါနမျိုးဟာလဲ သူတော်ကောင်းတွေရဲ့ဒါန၊ ဒါတွေလဲ သူတော်ကောင်းတွေမှ လှူကြတာ။ အချိန်အခါအလိုက် လှူဒါန်းတဲ့ဒါန ဆိုတာ သူတော်ကောင်းတွေမှလှူကြတာ။ အဲသလို အချိန်အခါအလိုက် လှူတဲ့ကာလဒါ နကို လှူဒါန်းကြတဲ့ အလှူရှင်တွေဟာ နောင်အခါအကျိုးပေး တော့ တို့-မစားနိုင်မသောက်နိုင်မှ ပစ္စည်းပေါတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ တကယ့် စားနိုင်သောက်နိုင်သုံးဆောင်နိုင် ခံစားနိုင်တဲ့အချိန်တွေမှာ ပစ္စည်းတွေ အသုံးအဆောင်တွေဟာ မိမိတို့မှာ ပြည့်ပြည့်စုံစုံန ပြည့်စုံခြင်းအကျိုး ခံစားရတယ်။
ဒါကြောင့် ကာလဒါနဆိုတာလဲ ပစ္စည်းပေါခြင်းအကျိုးအပြင် အချိန် အခါအလိုက် မိမိတို့မှာ ကောင်းကျိုးချမ်းသာတွေ အသုံးအဆောင်တွေ ခံစားဖွယ်တွေပြည့်စုံရတယ်။ ဒါ တတိယသပ္ပုရိယ ကာလဒါနအကျိုး၊
၄1 မစွမ်းငြိဘဲ
နောက် အနဂ္ဂဟိတစိတ္တော ဒါနံဒေတိ-ပစ္စည်းလှူတဲ့အခါ တွယ် တာ ငဲ့ညာမှုမရှိဘဲနဲ့ လွတ်လွတ်စွန့်ကြဲလှူဒါန်းခြင်းဟာ အနဂ္ဂဟိတ ဒါနလို့ ခေါ်တယ်
ပစ္စည်းအပေါ်မှာ တွယ်တာမှုမရှိဘူး။ တချို့ကရှိသေးတယ်။ လှူတုန်း ကတော့ လှူလိုက်တာပဲ။ နောက်အသုံးလိုတဲ့အခါကျတော့ ငါလှူမိတာ မှားလေစွဆိုပြီးတော့ နောင်တရတတ်တယ်။ အဲဒီနောင်တဟာ အင်မတန် ကိုယ့်ကိုဒုက္ခပေးတယ်။ ခုတော့ လှူတဲ့အခါမှာလဲ လွတ်လွတ်ကျွတ်ကျွတ် လှူဖို့အရေးကြီးတယ်။ မုတ္တစာဂီဆိုတာ လွတ်လွတ်ကျွတ်ကျွတ်။ လှူတာ ပစ္စည်းမှာ မတွယ်တာဘူး။
အဲသလိုဒါနမျိုးလှူရင် ဘာအကျိုးရတုံး။ နောင်ခါ ကိုယ့်ပစ္စည်းကို ပြည့်ပြည့်စုံစုံ စိုးစိုးပိုင်ပိုင် သုံးဆောင်ခံစားနိုင်ခြင်းအကျိုးရတယ်။ လွတ် လွတ်ကျွတ်ကျွတ်လှူလို့ ပစ္စည်းဥစ္စာပေါခြင်းအကျိုးရတယ်။ ပေါပြီးတော့
ပေါတဲ့အဲဒီ့ပစ္စည်းဥစ္စာ အသုံးအဆောင်တွေကို နှမြောတွန့်တိုခြင်းမရှိ ဘဲနဲ့ စိတ်တိုင်းကျအလိုကျ ခံစားရခြင်းအကျိုးရတယ်။ အဲဒါဟာ သပ္ပုရိသ ဒါနတစ်မျိုး ဒါလဲ အရေးကြီးတာပဲ။
လူဆိုတာ လောကမှာ တချို့ အင်မတန်ဆန်းကြယ်တယ်။ သူ့ပစ္စည်း ပဲ ပစ္စည်းတွေကအများကြီး မသုံးရက် မစွဲရက်ဘူး။ နှမြောတယ် တွန် တိုတယ်။ ရှေ့က ဘုန်းကြီးတို့ကျမ်းဂန်ထဲမှာ အဲဒါမျိုးဝတ္ထုတွေ အများ ကြီးပဲ။ မစ္ဆရိယသူဌေးကြီးလို စသည်ဖြင့် ချမ်းသာလိုက်တာ။ ကုဋေက ရှစ်ဆယ်လောက်ကြွယ်ဝတဲ့သူဌေးကြီးတွေဟာ အစားဆိုလဲ အစားကြမ်း မှ စားတယ်။ အဝတ်ဆိုလဲ အ၀တ်ကြမ်းမှဝတ်တယ်။ အသုံးအဆောင်ဆို ရင်လဲ ဥပမာ ရထားအိုလေးနဲ့ အဲသလို မသုံးရက်.မစွဲရက် စသည်ဖြင့် ပေါ့လေ။ တွယ်တာတွန််တိုတယ်။ အဲဒါဟာ ကုသိုလ်ပြုခဲ့စဉ်တုန်းက တွန့်တိုခဲ့လို့ အဲဒီအကျိုးကို ယခုပစ္စည်းတွေ ချမ်းသာတော့ မစားရက် မသောက်ရက်။ မလှူရက်မတန်းရက်။ မပေးရက်မကမ်းရက်၊ အဲဒါတွေ ဟာအကုန်လုံး သပ္ပုရိသဒါနမဟုတ်လို့ သပ္ပုရိသဒါနပျက်ခဲ့လို့
ယနေ့ မိမိတို့အလှူဒါနက ဒီလိုအလှူဒါနတွေမဟုတ်ဘူး။ မတွန့်မဆုတ် ကြတဲ့ အလှူဒါနတွေ။ ဒါကြောင့် အကျိုးပေးတဲ့ အခါကျတော့ ကောင်းကောင်း။ ကိုယ့်စည်းစိမ်ချမ်းသာတွေကို ကောင်းကောင်း သုံးဆောင်နိုင်ကြခြင်း အကျိုးရတယ်။
၅။ မထိမပါး
အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံဒေတိ=မိမိကိုယ်ကိုလဲ မထိခိုက် စေ မိမိဂုဏ်ကိုလဲ မထိခိုက်စေ။ သူတစ်ပါးဂုဏ်ကိုလဲမထိခိုက်စေဘဲနဲ့ အလှူလှူတယ်ဆိုတာ ဒါသပ္ပုရိသ အလှူတစ်မျိုး
အလှူလှူပေမယ့် တချို့က ကိုယ့်ကိုယ်ကို မြှောက်တယ်။ ငါသာ တကယ့်အလှူရှင်။ ဟိုလူဟိုလူတွေဟာ အလကား ကောင်းကောင်းလဲ မလှူကြဘူး စသည်ဖြင့် အလှူလှူတဲ့အခါလဲ ဒါလေးတွေက အနှောင့် အယှက်ဖြစ်တယ်။ ဒါသပ္ပုရိသမဟုစ်သူတွေရဲ့ အလှူ။ သပ္ပုရိသအလှူ
ဟာ အဲသလိုမဟုတ်ဘူး။ သူ့ဂုဏ်လဲမချိုးဘူး။ ကိုယ့်ဂုဏ်လဲမမြောက် ဘူး။ ကိုယ့်ဝတ္တရားအတိုင်း ဒါငါ့ဝတ္တရားပဲ ငါမဂ်ဖိုလ်နိဗ္ဗာန်ရောက် ကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့ပဲ။ အထောက်အပံ့ဒါနလို့ ငါ သာသနာတော်နဲ့ ကြုံကြိုက်တဲ့အခါမှာ သာသနာတော်မှာ ငါလှူတာဝဲလို့ ကိုယ်ကောင်းဖို့ကိုသာတွေးတယ်။ သူတစ်ပါးကို မထိခိုက်ဘူး။ ကိုယ့်ကိုယ် ကို မမြှောက်ဘူး။ အဲဒီဒါနမျိုးဟာ သပွုရိသဒါနတစ်မျိုး။
အဲသလိုဒါနမျိုး ယနေ့မိမိတို့မှာ ဖြစ်နေကြတာ။ မိမိတို့က သူတော် ကောင်းတွေမို့လို့ သူတော်ကောင်းဒါန ယနေ့ဖြစ်နေကြတယ်။ သူတစ်ပါးလဲ မထိခိုက်ဘူး။ ကိုယ့်ကိုယ်လဲ မထိခိုက်ဘဲနဲ့ တရားလမ်းကြောင်းအတိုင်း လှူကြတန်းကြတာ။ ဒါ သပ္ပုရိသအလှူတစ်မျိုး။ အဲဒီ သပ္ပုရိသအလှူ လှူရသဖြင့် မိမိတို့မှာဘာအကျိုးရှိသလဲ ပစ္စည်းတွေပေါမယ်။ နောင်ကို ပစ္စည်းပေါမယ်။ နောင်ဆိုတာ နောင်ဘဝတွင်မဟုတ်ဘူး။ အလှူလှူတဲ့ပုဂ္ဂိုလ် ဟာ မိမိကဒီလိုအလှူကို လေးလေးနက်နက်သဘောထားမယ်။ လေးလေး နက်နက်ပြန်ဆင်ခြင်မယ်။ အောက်မေ့မယ်။ ဝမ်းသာမယ်ဆိုရင် အလှူဟာ တက်နေတယ်။ အစွမ်းထက်နေတယ်။ အရှိန်အဝါတက်နေတယ်။ အာနုဘော်တက်နေတယ်1။
အဲဒါကြောင့်မို့လို့ ဒီဘဝတွင်ပဲ ပစ္စည်းဥစ္စာတက်ဖို့မှာလဲ အထောက် အပံ့ပေးတယ်။ ကျန်းမာရေးအတွက်လဲ အထောက်အပံ့ပေးတယ်။ ချမ်းသာရေးအတွက်လဲ အထောက်အပံ့ပေးတယ်လို့ ဒါတင်မက အဲဒီ သပ္ပုရိသဒါနမျိုး လှူဒါန်းရတဲ့အတွက် လောကမှာ မိမိပစ္စည်းဥစ္စာတွေကို ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး။ မီးလဲမဖျက်ဆီးနိုင်ဘူးး ရေလဲမဖျက်ဆီး နိုင်ဘူး။ မင်းလဲမဖျက်ဆီးနိုင်ဘူး။ သူခိုးဓားပြတို့ကြောင့်လဲ မဖျက်ဆီး နိုင်ဘူး အမွေခံသားသမီးဆိုးတို့ကြောင့်လဲ မဖျက်ဆီးနိုင်ဘူး1 မိမိဘက်က ပစ္စည်းက အင်မတန်လုံခြုံတဲ့အကျိုးခံစားရတယ်။ ဒါပဉ္စမ သပွုရိသဒါန တစ်မျိုး
ယနေ့ ဘုန်းကြီးတို့ ပြောခဲ့တဲ့ သူတော်ကောင်း အလှူဒါနတွေဟာ ဒကာကြီး ဒကာမကြီးတွေဆီ ပြည့်စုံနေတယ်။ သပ္ပုရိသ အလှူမြောက်စရာ
အင်မတန်ကောင်းတယ်။ နောင်အခါ ဤအလှူက အကျိုးပေးရင် ခုန ပြောခဲ့သလို တကယ် သန့်သန့်ရှင်းရှင်း ထူးထူးခြားခြား အကျိုးပေးလိမ့် မယ်လို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် မိမိတို့ပြုရတဲ့ ကုသိုလ် ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကုသိုလ်တွေတိုးပွားအောင် ဆင်ခြင်ကြး ထိုသို့ အောက်မေ့ကြ ပွားများကြခြင်းဖြင့် စာဂါနုဿတိ ပွားများ ခြင်းဖြင့် ကုသိုလ်တွေတိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ကြကြ
ကုသိုလ်ထုပ် ထုပ်ဖို့ရာ ကောင်းမြတ်သော သာသနာတော်ကြီး
ဘုန်းကြီးတို့ သာသနာတော်က ကုသိုလ်ထုပ် ထုပ်ဖို့ရာ ကောင်းမြတ် တဲ့ သာသနာတော်ကြီး၊
ဝိသိဋ္ဌ ရတန သမ္ပန္န1 ပုည ခေတ္တံ ဟိ သာသနံ)။ တသ္မာ အမှာကံ။ ဘာရောဝ။ တံဝုနု ယာ နုယုဉ္စနေ။
ဟိယသ္မာ-အကြင်ကြောင့်၊ သာသနံ-ဗုဒ္ဓမြတ်စွာ သာသနာတော် မြတ်ကြီးသည်။ ဝိသိဋ္ဌ ရတနသမ္ပန္နံ-တကယ်.ထူးခြားတဲ့ ရတနာတို့နှင့် ပြည့်စုံလျက်ရှိပါပေ၏။ ပုညက္ခေတ္တ-ကောင်းမှုတည်းဟူသော မျိုးတို့ကို စိုက်ပျိုရာ တကယ့်ထူးခြားသော မြေကောင်းမြေမှန်။ ပုညခေတ်-ဗုဒ္ဓခေတ် ခေတ်ကောင်းကြီးဖြစ်ပါပေ၏ / တသ္မာ-ထိုသို့ ရတနာတို့ဖြင့်ပြည့်စုံ ကောင်းမှုပြုရာခေတ်ကောင်းကြီး ဗုဒ္ဓခေတ်ကြီးဖြစ်လေသောကြောင့်၊ တံဝုနု ယာ-ထိုသာသနာတော်ကြီး ကြီးပွားခြင်းအကျိုးငှား နုယုဉ္စနေ- အားထုတ်ရာခ်။ အမှာကံ-ငါတို့၏ (ဝါ)ဗုဒ္ဓတပည့်ဖြစ်ကြတဲ့ အကျွန်ုပ် တို့၏။ ဘာရောဝ-သာသနာကြီးပွားအောင် ဆောင်ရွက်ကြရမယ့် တာဝန် ကို ထမ်းဆောင်ရာခ် မလစ်လပ်စေဘဲ အားထုတ်ရမယ် ဆောင်ရွက်ရမယ်။ ကိုယ့်တာဝန်ကြီးအစစ် တကယ်တမ်းဖြစ်ပါပေသတည်း
ဘုန်းကြီးတို့ သာသနာတော်ကြီးဟာ ထူးခြားတဲ့သာသနာတော် ကြီး၊ ပုညခေတ်ကြီး၊ ကောင်းမှုပြုရာ ခေတ်ကြီး ဤသာသနာတော် ကြီးထက် ထူးခြားတဲ့ ဤသာသနာတော်ကြီးထက် ဝိုလွန်ပြီးတော့ မိမိတို့ အကျိုးကို ဆောင်ရွက်နိုင်မယ့် တခြားသာသနာမရှိ။ အမျိုးမှန်အဖိုးတန် သာသနာတော်ကြီး၊ အဲဒီသာသနာတော်ကြီးနဲ့ ကြုံကြိုက်နေတာ ဖြစ်
သောကြောင့် မိမိတို့ပြုရသမျှ ကောင်းမှုတွေဟာ မိမိတို့လိုလားတဲ့အကျိုးကို ပြီးစေနိုင်လောက်အောင် ပြည့်စုံတယ်။ အဲဒါကြောင့် ပုညခေတ်ကြီး၊ တူနိုင်မယ်မထင်ကြနဲ့ ဆိုရလောက်အောင် ထူးခြားတဲ့အကျိုးတွေ ပေးနိုင် တဲ့ ပုညခေတ်ကြီး၊ ဗုဒ္ဓခေတ်ကြီး၊ ဗုဒ္ဓခေတ်ကြီးလို့လဲ ဆိုရတယ်။ အဲဒီပုညခေတ်ဖြစ်တဲ့ သာသနာတော်ကြီးမှာ မိမိတို့ ယနေ့ အားထုတ်ရ တယ်။ နောက်နောက်ကလဲ အားထုတ်ခဲ့ကြတယ်။ ဒါ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ကြတယ်' ဘာဖြစ်လို့ ဒီသာသနာတော်ကြီးဟာ ထူးခြားတယ် လို့ ဆိုရသတုံးဆိုတော့ ဝိသိဋ္ဌရတန သမ္ပန္ရံ-ထူးခြားသောရတနာတို့ ဖြင့် ပြည့်စုံသောသာသနာတော်ကြီးက၊ ဗုဒ္ဓသုဗုဒ္ဓတာ-တကယ့် ဘုရားစစ် ဘုရားမှန်။ ဓမ္မသုဓမ္မတာ-တကယ့်တရားစစ်တရားမှန်း သံဃသုသံဃတာ- တကယ့်သံဃာစစ်သံဃာမှန်တို့နှင့် ပြည့်စုံသောကြောင့် ဘုရားရှင်ကိုယ် တော်မြတ်ရဲ့ သာသနာတော်မြတ်ကြီးဟာ ခေတ်ကောင်းကြီး လှူရင် လှူသလောက်အကျိုးရတယ်။ တရားကိုကျင့်ရင်လဲ ကျင့်သလောက် အကျိုး ရတယ်။ တကယ့်အေးငြိမ်းမှုဟာ ဒီသာသနာတော်မြတ်ကြီးမှာသာ ရှိတယ်။ အဲဒီအေးငြိမ်းမှုကို ပေးနိုင်တဲ့ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး ဟာ ဒီသာသနာတော်မြတ်ကြီးမှာသာရှိတယ်။
အဲဒါကြောင့် သာသနာတော်က မွန်မြတ်တယ်။ လိုသလောက် အကျိုးမြောက်နိုင်တဲ့ သာသနာတော်ကြီး၊ ဒီသာသနာတော်ကြီး အကျိုး များအောင် မိမိတို့ ဆောင်ရွက်ရမယ့် တာဝန်ရှိကြတယ်။
အကျိုးဆိုတာက ဘုန်းကြီးတို့ အလှူ့ဒကာ ဒကာမများအကြောင်း ပြုပြီးတော့ အလှူလှူရတာ အကျိုးရှိတယ် မရှိဘူးဆိုတာဖြစ်တယ်။ အလှူခံ ပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီး အကျိုးရှိတယ် အကျိုးမရှိဘူးသိရတယ်။ သာသနာတော်ကြီးမှာပေမယ့် မိမိတို့ကလှူတတ် တန်းတတ် ပုဂ္ဂိုလ်ရွေး တတ်မှ ကွယ်လွန်တဲ့ဗုဒ္ဓါလ်တွေ အကြောင်းပြုပြီး လှူကြတန်းကြတဲ့အခါ သမယမှာ တကယ်အကျိုးရှိတာ။ ဒက္ခိဏဝိဘင်္ဂသုတ်မှာ-ဒက္ခိဏဝိသုဒ္ဓိ တရားလေးပါး ဟောထားတယ်။
အလှူကိုစင်ကြယ်စေတတ်တဲ့ အလှူလေးမျိုးကို ဘုရားရှင်ကိုယ်တော်
မြတ် ဟောတော်မူတယ်။
အတ္ထာနန္ဒ ဒက္ခိဏာ ဒါယကတော ဝိသုဇ္ဇုတိ နောပဋိဂ္ဂါဟကတော။
အာနန္ဒာ-အာနန္ဒား ယာဒက္ခိဏာ-အကြင်အလှူသည် ဒါယကတော- ပေးလှူတဲ့အလှူဒကာပုဂ္ဂိုလ်ဘက်မှ၊ ဝိသုဇ္စျုတိ-စင်ကြယ်ရ၏။ ပဋိဂ္ဂါ ဟကတော-ခံယူတဲ့အလှူခံပုဂ္ဂိုလ်ဘက်မှ၊ နောဝိသုဇ္စျတိ-မစင်ကြယ်။ သာဒက္ခိဏာ-ထိုအလှူမျိုးလဲ အတ္ထိ-ရှိပါပေ၏ ဒါက အလှူတစ်မျိုး။ အလှူ ဒါယကာဘက်က စင်ကြယ်တယ်။ အလှူခံဘက်က မစင်ကြယ်ဘူး။ ဒီအလှူ မျိုးလဲရှိတယ်တဲ့။ စင်ကြယ်တယ်ဆိုတာ ဘာတုံးဆိုတော့ အလှူအကျိုး ကြီးတာပြောတာ။ ဝေဿန္တရာမင်းကြီး ဇူစကာပုဏ္ထားကို သားတော် သမီး တော်များဖြစ်တဲ့ ဇာလီနဲ့ ဂဏှာဇိန်ကို လှူတယ်။ အဲဒီအလှူမှာဆိုရင် အကျိုး ကြီးတယ် ဘာကြောင့်အကျိုးကြီးတုန်းဆိုတော့ ဝေဿန္တရာမင်းကြီးက သီလရှိလို့ ဇူစကာအနေနဲ့ဆိုရင် ဘာမှအကျိုးရှိစရာ မရှိဘူး။ အကျိုး ကြီးစရာမရှိဘူး။ သို့သော်လဲပဲ အလှူခံ ဇူစကာက သီလမရှိသော်လဲ အလှူပေးဒါယကာ ဝေဿန္တရာမင်းကြီးက တကယ့်သီလရှိတဲ့ပုဂ္ဂိုလ်ကြီး ဘုရားအလောင်းကြီး ဖြစ်နေတော့ သူ့ဘက်ကအကြောင်းပြည့်စုံလို့ အလှူခံ ပုဂ္ဂိုလ်ဘက်က အကျိုးမကြီးနိုင်သော်လဲ အလှူပေးပုဂ္ဂိုလ်ကြောင့် အဲဒီ အလှူဟာ အကျိုးကြီးရတယ်။
အတ္ထာနန္ဒ ဒက္ခိဏာ ပဋိဂ္ဂါဟကတော ဝိသုဇ္စျတိ၊ နော ဒါယတော။
အာနန္ဒာ-အာနန္ဒား ယာဒက္ခိဏာ-အကြင်အလှူသည်။ ပဋိဂ္ပါဟ ကတော-အလှူခံပုဂ္ဂိုလ်ဘက်က၊ ဝိသုဇ္စတိ-စင်ကြယ်ဓါ ဒါယကတော- အလှူ့ဒကာဘက်က။ နောဝိသုဇ္စျတိ-မစင်ကြယ်။ သာဒက္ခိဏာ-ထိုအလှူ မျိုးလဲ အတ္ထိ-ရှိပေ၏ါ
အလှူခံပုဂ္ဂိုလ်ဘက်က အကျိုးကြီးပြီး စင်ကြယ်ပြီးတော့ အလှူပေး ပုဂ္ဂိုလ်ဘက်။ အကျိုးမကြီးတဲ့ မစင်ကြယ်တဲ့ အလှူလဲရှိတယ်။ အဲဒါက ဘာတုနံးဆိုတော့ ဘုန်းကြီးတို့ သီဟိုဠ်ကျွန်းမှာ ကလျာဏီမြစ်ဝမှာနေတဲ့ တံငါသည်ကြီးတစ်ယောက်ရှိတယ်။ အဲဒီတံငါသည်ကြီးဟာ ဒီဃသောမ
မည်တဲ့ မထေရိတစ်ပါးကို ဆွမ်းသုံးကြိမ်ထိအောင် လှူဖူးတယ်။ မမာတော့ သေခါနီး ဆွမ်းသုံးကြိမ်ထိအောင်လှူတယ်။ နောက်ဆုံးသေရာ ညောင် စောင်း လျောင်းရတဲ့အခါကျတော့ သူကောင်းတဲ့ နိမိတ်တွေ ထင်ပုံရတယ်။ အဲဒီတော့ သူက မထေရ်မြတ်ကို ဆွမ်းသုံးကြိမ်လှူရတဲ့ ဆွမ်းဒါနဟာ ငါ့ကိုကယ်နေတယ် ဆိုပြီးတော့ ဝမ်းသာအားရ မြည်တမ်းပြောဆိုတယ်။ အဲဒါဟာ အလှူဒကာဘက်ကဆို ဘာမှအကျိုးကြီးကြီး ပေးစရာမရှိဘူး။ သူက တံငါသည် သူလှူတဲ့ အရှင်ဒီဃသောမမထေရ်မြတ်က သီလဝန္တ သီလရှိတဲ့ပုဂ္ဂိုလ်မို့လို့ အဲဒီအလှူဟာ သူတောင့်တတဲ့အတိုင်း နတ်ပြည်ကို ရောက်ဖို့ အကျိုးဖန်တီးလာတယ်' အဲဒါ အလှူခံပုဂ္ဂိုလ်ဘက်က သီလရှိလို့ အကျိုးကြီးတယ် အလှူ့ဒကာဘက်က သီလမရှိတဲ့ပုဂ္ဂိုလ်မို့လို့ သူ့ဘက်က အလှူမစင်ကြယ်ဘူး။ အလှူအကျိုးမကြီးဘူး။ အဲ. . . အခုတော့ အဲဒီအလှူ ဟာ အလှူ့ဒကာဘက်က သီလမရှိသော်လဲ အလှူခံဘက်က သီလရှိလို့ အကျိုးကြီးတယ်။ အကျိုးရသွားတယ်1
အတ္ထာနန္ဒ ဒက္ခိဏာ ဒါယကတော စေဝန ဝိသုဇ္ဇျတိ ပဋိဂ္ဂါဟတောစ။
အာနန္ဒ-အာနန္ဒာ။း ယာဒက္ခိဏာ-အကြင်အလှူကားး ဒါယကတော စေ၀-အလှူဒကာဘက်ကလည်းကောင်း၊ ပဋိဂ္ပါဟတောစ-အလှူခံပုဂ္ဂိုလ် ဘက်ကလည်းကောင်း၊ နဝိသုဇ္စျုတိ-မစင်ကြယ်။ သာဒက္ခိဏာ-ထိုအလှူ မျိုးကလဲ။ အတ္ထိ-ရှိပါပေ၏ါ။
အလှူ့ဒကာဘက်ကလဲ အကျိုးမကြီးး အလှူခံဘက်ကလဲ အကျိုး မကြီးတဲ့ အလှူဒါနမျိုးလဲရှိတယ်။ အလှူဒကာဘက်ကလဲ မစင်ကြယ်။ အလှူခံပုဂ္ဂိုလ်ဘက်ကလဲ မစင်ကြယ်တဲ့ အလှူမျိုးလဲရှိတယ်။ အဲဒါက ဘုန်းကြီးတို့ သီဟိုဠ်ကျွန်း ဝနု မာနအရပ်မှာနေတဲ့ မုဆိုးကြီး၊ အဲဒီမုဆိုး ကြီးဟာ သေသူကိုရည်ရွယ်ပြီးတော့ ဒုဿီလရဟန်းတစ်ဦးကို ဆွမ်းသုံး ကြိမ်လှူတယ်။ ဘာမှအကျိုးမရဘူး။ သူအမျှဝေတဲ့ပြိတ္တာက ငါ့ဆွမ်းတွေကို ဒုဿီလကြီးက လုယူနေတယ်ဆိုပြီးတော့ သူကအော်မြည်တမ်းတယ်။
နောက်တခြားမထေရ်ကိုပြောင်းပြီးတော့ သီလဝန္တ-သီလရှိတဲ့မထေရ် တစ်ပါးကို ပြောင်းလှူလိုက်တဲ့အခါကျမှ ဟိုပြိတ္တာကြီးအတွက် ရသွား
တယ်။ ပထမသီလမရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ပါးကို သုံးကြိမ်တိုင်လှူပေမယ့် အကျိုးမရဘူး။ အကျိုးမရတော့ ပြိတ္တာကြီးဟာ အော်သတဲ့။ ငါ့အလှူကို ဒုဿီလကြီးကခိုးယူနေတယ်။ နောက် သီလဝန္တမထေရ်ကြီးကိုလှူမှ ပြိတ္တာ ကြီးဆီရောက်ဖို့ ရည်ရွယ်ချက်ဟာ အထမြောက်သွားတယ်တဲ့။
အချို့အလှူကတော့ အလှူခံပုဂ္ဂိုလ်ဘက်ကလဲ သီလရှိတယ်။ အလှူပေး တဲ့ ပုဂ္ဂိုလ်ဘက်ကလဲ သီလရှိတယ်။ နှစ်ဖက်လုံး သီလရှိရင် အဲဒီအလှူ မျိုးကတော့ ကောင်းကောင်းအကျိုးရတယ်။
အတ္ထာနန္ဒ ဒက္ခိဏာ ဒါယကတောစေဝ ဝိသုဇ္တုတိ ပဋိဂ္ဂါဟတောစ။
အနန္ဒ-အာနန္ဒာ။ ယာဒက္ခိဏာ-အကြင်အလှူဒါနသည်။ ဒါယက တောစေ၀-ဒါယကာဘက်မှလည်းကောင်း၊ ပဋိဂ္ပါဟတောစ-အလှူခံဘက် မှလည်းကောင်း၊ ဝိသုဇ္စျတိ-စင်ကြယ်စါ၊ သာဒက္ခိဏာ-ထိုနှစ်ဖက် စင်ကြယ်သောအလှူမျိုးလဲ အတ္ထိ-ရှိပါပေသတည်း။
အလှူခံပုဂ္ဂိုလ်ဘက်ကလဲ ပြည့်စုံတယ်။ အလှူပေးပုဂ္ဂိုလ်ဘက်ကလဲ ပြည့်စုံတဲ့အလှူး နို့ ရရောလားဆိုတော့ ရနိုင်တဲ့နေရာမှာဖြစ်ရင်တော့ ရမှာပဲ) အလှူက ပြည့်စုံနေတာကိုး1
ဒါကြောင့်လဲ ယနေ့ပြုရတဲ့ ကုသိုလ်တွေဟာ အလှူခံတွေက သံဃား အလှူပေးတဲ့ ဒါယကာ ဒါယိကာမတွေကလဲ သီလရှိတဲ့ပုဂ္ဂိုလ်တွေ သူတော်ကောင်းတွေ။ အဲဒါကြောင့်မို့လို့ နှစ်ဖက်စုံညီလို့ရမယ်ဆိုရင် ရနိုင်တဲ့အလှူး ဓမ္မီယလဒ္ဓ-တရားသဖြင့်ရတဲ့ ပစ္စည်းတွေမို့လို့ ပစ္စည်းကလဲ စင်ကြယ်တယ်။ အလှူခံ အလှူပေး ပုဂ္ဂိုလ်နှစ်ဖက်လုံး စင်ကြယ်ကြတယ်။ အဲသလိုစင်ကြယ်တော့ ရနိုင်တဲ့အလှူတွေ။ သို့သော် သူတို့က မရနိုင်တဲ့ နေရာမှာရောက်နေရင်တော့ မိမိတို့ပေးပေမယ့် ရချင်မှရမယ်။ မရပေမယ့် မိမိတို့အကျိုးမယုတ်ဘူးး' စေတနာ၏ အကျိုး ခံစားရတယ်။ မိမိတို့မှာ တော့ ရပြီးသား။ ဒါ့ကြောင့် ဗုဒ္ဓခေတ် ပုညခေတ်ကြီးမှာ မိမိတို့ပြုရ သောကြောင့် ခေတ်ကလဲကောင်းတယ်။ အလှူဒကာ ဒကာမဖြစ်ကြတဲ့ မိမိတို့က သူတော်ကောင်းတွေဖြစ်လို့ အလှူပေးတိုင်း ရနိုင်လောက်အောင် အရည်အချင်းရှိကြတယ်။ အလှူခံတွေကလဲ သံဃာဖြစ်လို့ ဘုရားရှင်နဲ့
သံဃာတွေဖြစ်လို့ မွန်မြတ်တယ်။ အဲဒါကြောင့် အကြောင်းညီညွတ်တယ်။ ရနိုင်တဲ့နေရာပုဂ္ဂိုလ်မဟုတ်ရင် သူတို့ရချင်မှရမယ်1 မရပေမယ့် အကျိုး မယုတ်ဘူး။ မိမိတို့မှာတော့ အကျိုးခံစားရမယ့် အကြောင်းရှိတာကို နားလည်အောက်မေ့ပြီးတော့ မိမိတို့အလှူ၏ တန်ဖိုးကြီးမားပုံကို အာရုံ ပြုပြီးတော့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် ကုသိုလ်တွေ တိုးပွား အောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
မိဘကျေးဇူးဆပ်တရားတော်
မုခတောဇာယ တေ ဂန္ဓော။ ဥပ္ပလံ၀ ယထောဒကေ။
သာဓုခေါ်တာဟာ နောက်ဘဝကျ ပါးစပ်မွှေးတယ်တဲ့ အဲဒီတော့ သာဓုဆိုတာ အားရပါးရခေါ်ရတယ်။ သာဓုလေးခေါ်လိုက်တာနဲ့ နောင်ဘဝ ပါးစပ်မွှေးတယ်တဲ့။ ကြာပန်းအနံ့ကဲ့သို့ ပါးစပ်မွှေးတယ်လို့ဆို တယ်။ အဲဒီတော့ သာဓုခေါ်တယ်ဆိုတာ အားရပါးရခေါ်ရတယ်' ကိုယ် ရဖို့အတွက်နော။ ဘာမှ မပင်ပန်းတဲ့အလုပ်။ အမြတ်များများရတဲ့အလုပ်။ မမေ့ထိုက်တဲ့ပုဂ္ဂိုလ်တွေ မိဘနှစ်ပါး မမေ့ထိုက်ဘူး။ ရတနာသုံးပါး မမေ့ထိုက်ဘူးး ဆရာသမား မမေ့ထိုက်ဘူးတဲ့။ ကလျာဏမိတ္တဆိုတဲ့ ပါဠိစကားက မိတ်ကောင်းဆွေကောင်းတွေတဲ့။ မိဘဆိုတာ မိတ်ကောင်း ဆွေကောင်း။ ရတနာသုံးပါးဆိုတာ မိတ်ကောင်းဆွေကောင်းး' ဆရာသမား ဆိုတာ မိတ်ကောင်းဆွေကောင်း။
မမဉ္စိ အာနန္ဒ ကလျာဏမိတ္တံ အာဂမ္မ ဇာတိ ဓမ္မာသတ္တာ ဇာတိတော ပရိမုစ္စန္တိး ဧရာ ဓမ္မာ သတ္တာ ဧရာတော ပရိမုစ္စန္တိ။ မရဏဓမ္မာ သတ္တာ မရဏတော ပရိမစွန္ဆိး အာနန္ဒ-အာနန္ဒာ။ မမံ-ငါဘုရားတည်းဟူသော၊ ကလျာဏမိတ္တံ- မိတ်ဆွေကောင်းကြီးကိုး အာဂမ္မ-အမှီပြုတောင်း အကြောင်းပြုကြကုန်ရွ။ . ဇာတိဓမ္မာ-ပဋိသန္ဓေနေရခြင်းသဘောရှိကုန်သော၊ သတ္တာ-သတ္တဝါတို့ သည်။ ဇာတိတော-ပဋိသန္ဓေနေရခြင်းမှး ပရိမုစ္ညနိ-လွတ်မြောက်ကြရကုန်
အါ ဇရာဓမ္မာ-အိုရခြင်းသဘောရှိကြကုန်သေား သတ္တာ-သတ္တဝါတို့သည်။ ဇရာတော-အိုရခြင်းသဘောမှ၊ ပရိမုစ္စန္တိ-လွတ်မြောက်ကြရလေကုန်ဒါ။ မရဏဓမ္မာ-သေရခြင်းသဘော ရှိကြကုန်သော သတ္တဝါတို့သည်။ မရဏတော-သေရခြင်းသဘောမှ၊ ပရိမုစ္စန္တိ-လွတ်မြောက်ကြရကုန်၏် လူ့-
ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့သော ဒေသနာတော်ရှိတယ်။ ရှင်အာနန္ဒာကို ဘုရားရှင်ကဟောတဲ့ဒေသနာ။ အာနန္ဒာ-ငါဘုရားတည်း ဟူသော ကလျာဏမိတ္တ မိတ်ဆွေကောင်းကြီးကို အကြောင်းပြုမှီဝဲကြ ရ အတြောင်းပြတြရကုန်မွဲ ပဋိဿန္ဓေမနေရခြင်းသဘောရတဲ့သတ္တါ တွေ ပဋိသန္ဓေနေရခြင်းသဘောမှ လွတ်ကြရကုန်၏။ အိုရခြင်းသဘောရှိတဲ့ သတ္တဝါတွေ အိုရခြင်းဒုက္ခမှ လွတ်ကြရတယ်။ သေရခြင်းသဘောရှိတဲ့ သတ္တဝါတွေ သေရခြင်းသဘောမှ လွတ်ကြရတယ်။
အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ မိမိတို့ရဲ့ တကယ့်ကျေးဇူး ရှင်ကြီး အဲဒီတော့ ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ် အမှီပြုပြီးတော့ သတ္တဝါတွေ ဇာတိဒုက္ခ။ ဇရာဒုက္ခ ဗျာဓိဒုက္ခမှ လွတ်ကြရတယ် ယနေ့ အောင် မိမိတို့ဘဝနှာ ဘုရားရှင်ကိုယ်တော်မြတ်ကု အမှိပြခခဲရလို ဗုဒ္ဓံသရဏံဂစ္ဆာမိ။ သရဏဂုံခံယူပြီး ဘုရားတပည့်အဖြစ် ခံယူခဲ့သည်က စပြီး မိမိတို့မှာ ကုသိုလ်တွေအများကြီးရကြတယ်။ တရားတွေ ကျင့် ကြရ သိကြရတယ်။ ကုသိုလ်တွေတိုးကြ၊ အဲဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ဟာ တကယ့်ကျေးဇူးရှင်ကြီး
ကျေးဇူးရှင်အဖြစ်ပြောရရင် မဆုံးနိုင်ဘူး။ ထို့အတူပဲ တရားတော် ထင်ရှားရှိလို့ မိမိတို့မှာ သူတော်ကောင်းတွေဖြစ်ကြရတယ်။ သူတော် ကောင်းအကျင့်တွေ ကျင့်ကြရတယ်။ သံဃာတော်တွေ အမှီပြုပြီးတော့ မကောင်းတာသိကြရ။ ကောင်းတာသိကြရတယ်။ မကောင်းတာရှောင် ကြရ၊ ကောင်းတာတွေကျင့်ကြရတယ်။ သံဃာတော်ရဲ့ကျေးဇူးက များ တယ်။ ကျေးဇူးရှင်တွေပဲ) ကလျာဏမိတ္တ-မိတ်ဆွေကောင်းတွေး သံဃာ တော်ရဲ့ ကျေးဇူးကြီးတယ်ဆိုတာက ပိုပြီးတော့ ဘုန်းကြီးတို့ အမှတ်တရ
ပြောထိုက်တယ်။
ဘဂဝတော-မြတ်စွာဘုရား၏ အပရဘာဂေ-ပရိနိဗ္ဗာန်စံတော်မူရာ နောက်အခါ ဗုဒ္ဓဓမ္မာနံ-ဘုရားတရားတို့ကို၊ သမာဓိဂမော-သိရခြင်း သည်။ သံဃရတနာဓိနော-သံဃာရတနာနှင့် စပ်လျက် ရှိနေပါဖေ၏။
ဟော-အခု ဘုန်းကြီးတို့တစ်တွေ ဘုန်းကြီးတို့ ဒကာဒကာမတွေ တရားမပျောက်ကြဘူး။ ဘုရားမပျောက်ကြဘူး။ အဲသလို ဘုရားမပျောက် ခြင်း၊ တရားမပျောက်ခြင်းဟာ သံဃာတော်တွေရဲ့ကျေးဇူး။ ဒီလိုဘုရား သိနေရခြင်း ကိုးကွယ်ရခြင်းဟာ။ တရားသိနေရခြင်း ကိုးကွယ်ရခြင်း ဟာ သံဃာတော်တွေ တာဝန်ကျေခဲ့လို့။ ဘုရားပရိနိဗ္ဗာန် စံတော်မူတယ် ဆိုရင်ပဲ အဓမ္မဝါဒတွေထွန်းကားဖို့ ခေါင်းထောင်လာတယ်။ အဲဒါနဲ့ ရှင်မဟာကဿဗ အစရှိတဲ့ မထေရ်မြတ်တွေ ပထမသင်္ဂါယနာတင်ခြင်း ဖြင့် ကာကွယ်ခဲ့လို့ သာသနာတော်ကြီးဟာ တည်တံ့တယ်။ သင်္ဂါယနာ တင်ရုံတင်မကသေးဘူး) နောင်ရေးမျှော်ပြီးတော့ ဝိနည်းကို ဥပါလိရဲ့ တပည့်သားတွေက စောင့်ရှောက်ကြ။ လေ့လာကြ သင်ကြားကြဆိုပြီးတော့ အသီးသီး တာဝန်တွေခွဲဝေပေးခဲ့တာ တရားတွေဟာမပျောက်ခဲ့ဘူး။ ဒါပေ မဲ့ နှစ်ပေါင်းတစ်ရာလောက်ကျတော့ အဓမ္မဝါဒတွေ ထွန်းကားပေါ် ပေါက်လာပြန်တယ်။ အဲဒီအခါမှာ အရှင်ယသ အမှူးရှိတဲ့ မထေရ်မြတ် ကြီးတွေ တာဝန်သိသိနဲ့ သင်္ဂါယနာတင်တယ်။ ဒီနောက် ဆက်တည် လာတယ်။
ဆက်တည်လာတယ် ဆိုပေမယ့် မကြာဘူး။ အဓမ္မဝါဒတွေ ပေါ်ပေါက်လာတယ်။ နှစ်ပေါင်းတစ်ရာကျော်တယ်ဆိုရင်ပဲ ဘုန်းကြီးတို့ ထေရဝါဒဂိုဏ်ကြီးထဲက ဂိုဏ်းတွေ ဂိုဏ်တွေကွဲပြားပြီး ပေါ်လာလိုက် တာ နည်းတာမဟုတ်ဘူး။ တစ်ဆယ့်ရှစ်ဂိုဏ်းတောင်ကွဲသွားတော့ သာသနာတော်ကြီးဟာ အင်မတန် ဘေးအန္တရာယ်တွေ များခဲ့တယ်။ များတော့ သီရိဓမ္မာသောကမင်းကြီးလက်ထက်ဆိုရင် ပြောစရာမရှိဘူး။ ဂိုဏ်ကွဲတင် မကဘူး။ တိတ္ထိတွေကပါ သာသနာထဲဝင်လာလို့ သာသနာ့ အညစ်အကြေးတွေဖြစ်လာတယ်' အဲဒီအခါမှာလဲ သီရိဓမ္မာသောကမင်း
ကြီးဟာ ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကို အမှီပြုပြီးတော့ ရှင်မဟာမောဂ္ဂလိပုတ္တတိဿ အမှူးရှိသော သံဃာတော်တွေ တတိယ သင်္ဂါယနာတင်ခဲ့လို့ အထူးသဖြင့် အဲဒီအခါက တိတ္ထိတွေကိုနှိမ်နင်းတဲ့ ကထာဝတ္ထုဆိုတဲ့ကျမ်းကြီး ထင်ရှားပေါ်ပေါက်လာလို့ ဦးမော့လာတယ်။
ရှင်မဟာမောဂ္ဂလိပုတ္တတိဿနှင့် သီရိဓမ္မာသောကမင်းကြီးတို့ တိုင် ပင်ပြီးတော့ သာသနာ့နောင်ရေးဘေးရန်တွေက သူတို့မျက်မှောက်မှာကို ကြောက်စရာ လန့်စရာ ပေါ်ပေါက်လာတာဖြစ်တော့ ဒီအတိုင်းနေလို့ မဖြစ် တော့ဘူးဆိုပြီးတော့ သာသနာကြီးပွားအောင် တိုးတက်အောင် ဆောင် ရွက်ကြတယ်။ ဒါတွေ ကြားဖူးပြီးသားပါ။ ကိုးတိုင်းကိုးဌာန သာသနာပြု တယ်ဆိုပြီးတော့ အဲဒီအခါကပဲ ဘုန်းကြီးတို့မြန်မာပြည်လဲ သာသနာ ရောက်လာတယ်။ အဲဒါကြောင့်မို့ သံဃာတော်တွေရဲ့ ကျေးဇူးဟာ အင်မတန်ကြီးတယ် သံဃာတော်တွေဟာ ငါကုသိုလ်ရ ပြီးရောဆိုပြီးတော့ ငါစားရသောက်ရပြီးရော ကုသိုလ်ရပြီးရောလို့ ဒီလောက်ကလေးတွက်ဆ ပြီးတော့ သာသနာ့မျက်နှာမကြည့်ရင် အဲဒီအခါကတည်းက သာသနာဟာ ပျောက်ခဲ့ပြီး သို့သော် တာဝန်သိသိ သစ္စာရှိရှိဖြင့် သာသနာတော်ကို ထိန်းသိမ်းခဲ့ကြ။ စောင့်ရှောက်ခဲ့ကြလို့ ယနေ့တိုင်အောင် ထင်ရှားပြီးတော့ မိမိတို့မှာ ဘုရားမပျောက်ကြရဘူး။ တရားမပျောက်ကြရဘူး
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကျေးဇူးရှင်ပါ။ တရား တော်ဟာလဲ ကျေးဇူးရှင်ပဲ။ သို့သော် သံဃာတော်တို့ကျေးဇူးက မိမိတို့ အပေါ်မှာ အင်မတန်ကြီးမားတယ် ဘုန်းကြီးတို့ ကျေးဇူးရှင်ကြီး ဒကာ ဒကာမတွေရဲ့ကျေးဇူးရှင်ကြီးတွေး ထို့အတူပဲ ဆရာဆိုတာပြောစရာမရှိဘူး။ မိမိကို သင်ကြားပြသတဲ့ဆရာတွေ။ ဆရာဆိုတာ အများကြီးသင်မှ မဟုတ် ဘူး။ တစ်ပုဒ် တစ်ဂါထာ စကားတစ်ခွန်း ဩဝါဒလေးတစ်ခုပေးရင် အဲဒါဟာမိမိဆရာပဲ။ ဆရာမှန်းသိကြရတယ်1 ဆရာတင်တတ်ကြရတယ်။ ဆရာတင်တတ်ကြမှ ဆရာမှန်းသိကြမှ ဒါမိမိတို့ မိတ်ကောင်းဆွေကောင်း ရတယ်။ မိတ်ကောင်းဆွေကောင်းရနိုင်တယ်။ မိတ်မပျက်ဆွေမပျက် သူတော်ကောင်းတရားတွေ ကောင်းကောင်းကျင့်နိုင်မယ်။
မိဘဆိုတာကတော့ ပြောစရာမရှိတော့ဘူး။ မိဘဆိုတာ ဆရာပဲ။ မိဘဆိုတာ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖ ဆိုတဲ့အတိုင်း ဆရာပဲ။ မိဘဆိုတာ ဗြဟ္မာကြီးတွေ။
ဗြဟ္မွာတိ မာတာပိတရော' ပုဗ္ဗာစရိယာတိ ဝုစ္စရေ။ အာဟုနေယျာစ ပုတ္တာနံ1 ပဇာယအနုကမ္ပကာ။
မာတာပိတရော-မိခင်ဖခင် ကျေးဇူးရှင်တို့ကိုး ဗြဟ္မာတိ-ဗြဟ္မာ ကြီးတို့ဟူရွါ။ ဝုစ္စရေ ဝုစ္စန္တီ-ဆိုအပ်ပါပေကုန်၏
ကျေးဇူးရှင်မိဘနှစ်ပါးဟာ ဗြဟ္မာကြီးတွေနဲ့တူလို့ ဗြဟ္မာကြီးတွေ ပဲတဲ့) ဗြဟ္မာကြီးတွေဟာ မေတ္တာစျာန်ပွားကြတယ်။ ကရုဏာစျာန် ပွားကြ။ မုဒိတာစျာန်ပွားကြ။ ဥပေက္ခာစျာန်ပွားကြတယ်။ အဲသလို ဗြဟ္မ ဝိဟာရစျာန်လေးပါး ပွားများကြသလို မိဘတွေဟာလဲ သားသမီး အပေါ်မှာ မေတ္တာ။ ကရုဏာ၊၈ မုဒိတာ။ ဥပေက္ခာ တရားလေးပါး ပွားများ ကြလို့ ဗြဟ္မာကြီးတွေလိုပဲတဲ့။ သားသမီးများအပေါ်မှာ ဘယ်သူက ချစ်ပါတယ်ဆိုဆို မိဘမေတ္တာမီတဲ့ပုဂ္ဂိုလ်က ရှားတယ်။ အင်မတန် သားသမီးများအပေါ်မှာ ကောင်းကြတယ်။ ဒါကြောင့် ကလျာဏမိတ္တ- မိတ်ဆွေကောင်းတွေ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖ။
မာတာပိတရော-မိခင်ဖခင်ကျေးဇူးရှင်တို့ကိုး ပုဗ္ဗာစရိယာတိ-လက်ဦး သင်ပြကြတဲ့ လက်ဦးဆရာ ဗုမ္ဗာမရိယတို့ဟူ၍လည်း ဝုစ္မရေ ငုစန္တံ- ကောင်းစွာမသွေ ဆိုအပ်ပါပေကုန်၏။
လက်ဦးဆရာတွေက ပဇာယ-သားသမီးကိုး အနုကမွ္ပကာ-သနား စောင့်ရှောက် ချီးမြှောက်ကြကုန်သည်ဖြစ်ရွ။ ပုတ္တာနံ-သားသမီးတို့ါ။ အာဟုနေယျာစ-မြတ်သောအလှူကို ခံထိုက်ကြတဲ့ အာဟုနေယျပုဂ္ဂိုလ် အစစ် တကယ်တမ်းဖြစ်ပါဝေ၏လို့-
ဘုရားရှင်ကိုယ်တော်မြတ် အင်္ဂဗုတ္တရနိကာယမှာ ဟောကြားတော်မူတဲ့ ဒေသနာတော်အရ မိဘတို့ရဲ့ဂုဏ်နည်းတာမဟုတ်ဘူး။ မိဘတို့ရဲ့ကျေးဇူး နည်းတာမဟုတ်ဘူး။ ကျေးဇူးသိကြတဲ့ပုဂ္ဂိုလ်တွေအဖို့ကတော့ မိဘတွေ ပြုခဲ့သမျှ မိမိအပေါ်မှာချစ်မြတ်နိုးပြီးတော့ ကိုယ်ကျိုးမငဲ့ သားသမီးကျိုး
ကို လိုလိုလားလား ဆောင်ရွက်ခဲ့တဲ့အခြင်းအရာတွေ။ သူတို့မေတ္တာ သူတို့ကရုဏာ သူတို့ရဲ့မုဒိတာ ဥပေက္ခာတွေ ပြန်ပြီးတွေးမိမယ်ဆိုရင် ဘယ်လိုမှ မချစ်မြတ်နိုးဘဲ မနေနိုင်စရာဘဲ မိဘတွေဟာ တကယ်ချစ်မြတ် နိုးစရာဆိုတာ ပြန်ပြီးတွေးရင် သိရတယ်။ ကိုယ်ကပါ မိဘဖြစ်လာတော့ ပိုပြီး သိကြရတယ်။ သားသမီးများအပေါ်မှာ တို့ဘယ်လောက်ချစ်တယ် ဆိုတာ အဇာတသတ်မင်း သိသွားသလိုပေါ့
တစ်ခါတစ်ခါ မိဘတွေရဲ့မေတ္တာကို အမှုမဲ့အမှတ်မဲ့ ထားကြတဲ့ ပုဂ္ဂိုလ်တွေဟာ နောင်မှ နောင်တရကြတယ်။ မိမိတို့က သိနားလည်သို့ ပူဇော်နိုင်တဲ့အချိန်။ စောင့်ရှောက်နိုင်တဲ့အချိန် အဲဒီအချိန်ကျတော့ မိဘ တွေက မရှိကြတော့ဘူး။ အဲဒီအခါ နောင်တရကြတယ်။ အဇာတသတ်ရဲ့ နောင်တမျိုး။ ဒါကြောင့်မို့လို့ မိဘတွေရဲ့ ကျေးဇူးဆိုတာဟာ ပြောစရာ မရှိဘူး အင်မတန် ကြီးမားတဲ့မေတ္တာ။ အဲဒီမေတ္တာရှင်တွေမို့
ယနေ့ မိမိတို့မိဘ မိမိတို့မိခင်ကြီးကို ကျေးဇူးဂုဏ်တွေအာရုံပြုလို့ ကတညုတ ကတဝေဒီ တရားလက်ကိုင်ထားပြီးတော့ ပူဇော်ကြတယ်။ ရက်လည်တစ်မျိုး လလည်တစ်မျိုး။ နှစ်လည်တစ်မျိုး။ ယနေ့ သုံးလတစ်မျိုး အမျိုးမျိုး သားသမီးတွေ သူ့တာဝန်နဲ့သူ ထမ်းသွားကြတယ်။ ကောင်းသော တုံ့ပြန်မှု ကောင်းသောကျေးဇူးပြုမှူး ကတညုတ ကတဝေဒီ ထားသော အားဖြင့် မြင့်မိုရ်တောင်ထု မေရုမက ကြီးမြတ်လှတဲ့ အနန္တကျေးဇူးရှင် တို့ကို ကျေးဇူးတုံ့ပြန်မှုပြုတယ်။ ပစ္စည်းနည်းတာများတာ ပဓာန မဟုတ် ဘူး။ စေတနာဟာအရင်းခံပဲ။ အဲဒီစေတနာလေးရှိကြမှ ဒါမှလဲ ဘုရား တရား အစဉ်အဆက် တည်သွားမှာ သာသနာအစဉ်အဆက် တည်သွား မှား မိဘတွေက ကိုယ့်မိဘကျေးဇူးသိမှ ကိုယ့်သားသမီးတွေကျတော့လဲ ကိုယ့်ကျေးဇူးကို ဆပ်ကြတယ်။
အဲသလို အစဉ်မပြတ် မိဘအဆက်ဆက် သားသမီးအဆက်ဆက် ကျေးဇူးဆပ်သွားကြမယ်ဆိုရင် ကတညုတ ကတဝေဒီဆိုတဲ့ မွန်မြတ်တဲ့ တရားကြီးဟာ လောကမှာ မပျောက်မပျက်ဘဲနဲ့ ထွန်းကားနေမှာ အဲဒီ တရားတွေထွန်းကားလေး လောကကြီးဟာ သာယာလေ။ လောကကြီး
ဟာ မိုးလေဝသမှန် ဥတုသာယာ အာဟာရတွေ ပြည့်ပြည့်စုံစံနဲ့ လောက ကြီးဟာ စည်ပင်ပြီးတော့ သူတော်ကောင်းတရားတွေ ထွန်းကားနေမှာ။ ဒါကြောင့် သူတော်ကောင်းတရားတွေ ထွန်းကားကြောင်း ကောင်းမြတ် သော အစဉ်အလာဖြစ်တဲ့ မာတာပိတုပူဇာ-မိဘပူဇော်တဲ့အစဉ်အလာ မပျက်ကြစေဘဲ ဂဗူဇော်ကြး
တာဝန်ကျေတဲ့ သားကောင်းသမီးကောင်းအဖြစ်နဲ့ မိမိတို့မိခင်ဖခင် တို့ရဲ့ မေတ္တာတွေ။ ကရုဏာတွေး မုဒိတာတွေကို ပြန်ပြန်အမှတ်ရပြီး ကုသိုလ်တွေတိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုဖွန်မဂ္ဂဇင်းမှ
ကောင်းကျိုးချမ်းသာကို ပေးတတ်သော ဗုဒ္ဓခေတ်ကြီးတရားတော်
ယနေ့ ဗုဒ္ဓါဘိသေကမင်္ဂလာ။ ဘုရားအဘိသိက်သွန်းပေးတဲ့ မင်္ဂလာ ဤမင်္ဂလာကုသိုလ်ထူးကို ဆည်းပူးကြတဲ့အခါသမယခ် အခြံအရံကောင်း မှုများ အဖြစ်ဖြင့် ဆွမ်းအလှူတော်လှူကြတယ်။ ပစ္စည်းအလှူကိုလှူကြတယ်။ အလှူဒါန သီလဘာဝနာများ အခြံအရံပြုပြီးတော့ ကောင်းမှုကို ယူကြ တယ်။ အဲဒီတော့ ဘုန်းကြီးတို့ အထူးပြောစရာလဲ မလိုပါဘူး။ ဘုန်းကြီးတို့ဒကာဒကာမတွေ နားလည်ပြီးသားပဲ။
လောကမှာ မြေကောင်းမှာစိုက်ရင် အသီးကောင်းကောင်းရတယ် လို့ ဒါလောကသဘာဝအတိုင်း အဲဒါလိုပဲ လှူတယ်။ တန်းတယ်ဆိုတာ လဲ မြေကောင်းနဲ့တူတဲ့ ပုညခေတ် ကောင်းမှုခေတ်ကြီးမှာ လှူမှ အကျိုး ပိုပြီးကြတယ်။ ဘုန်းကြီးတို့သာသနာတော်ဆိုတာက တရားကောင်းတွေ ရှိတယ်။ ပုဂ္ဂိုလ်ကောင်းတွေရှိတယ်။ ဒါကြောင့် ခေတ်ကောင်းကြီး ပုည ခေတ်ကြီး သာသနာတော်ကို ဗုဒ္ဓခေတ်လို့လဲခေါ်တယ်။ ဘုရားခေတ် ကြီး၊ ဘုရားခေတ်ကြီးမှာလဲဖြစ်တယ်။ ထူးမြတ်တဲ့ဘုရား ပူဇော်ရတယ်။ ထူးမြတ်တဲ့တရား ပူဇော်ရတယ်။ ထူးမြတ်တဲ့သံဃာ ပူဇော်ရတယ်။ အားလုံးမိမိတို့အတွက် မြေကောင်းမှာစိုက်ရတဲ့လယ်လိုပဲ။
တစ်ခါက ဘုန်းကြီးတို့ ရှင်အာနန္ဒာမထေရ်မြတ် ကောသမွီပြည်မှာ သီတင်းသုံးတယ်။ ကိုယ်တော်မြတ် ကောသမ္ဗီပြည်မှာ သီတင်းသုံးနေတုန်း အာဇီဝက တိတ္ထိတို့ရဲ့ ဒကာတစ်ယောက် ရှင်အာနန္ဒာကိုယ်တော်မြတ်ထံ ရောက်လာတယ်။ ရောက်လာတော့ ရှိခိုးပြီးတော့ ရှင်အာနန္ဒာကိုလျှောက် တယ်။ တိတ္ထိဒကာပေမယ့် ရှင်အာန္ဒာကိုရှိခိုးတယ်။ ဒကာက ဓာတ်ခံ
ကောင်းလို့ ရှိခိုးထိုက်တယ်လို့ ယူဆချက်ရှိလို့ရှိခိုးတား သူက ရှင်အာနန္ဒာ ထံ လာဆည်းကပ်တာကလဲ စူးစမ်း မေးမြန်းစရာလေးရှိလို့။ ကေသံ ဓမ္မော အာနန္ဒ သွက္ခာတော ကေ လောကေ သုပ္ပဋိပန္နာ ကေ လောကေ သုကတာ။
“အာနန္ဒ-အရှင်ဘုရားအာနန္ဒား ကေသံ-ဘယ်ပုဂ္ဂိုလ်တို့၏။ ဓမ္မော- တရားသည်။ သွက္ခာတော-ကောင်းစွာဟောကြားအပ်တဲ့တရား ဖြစ်ပါ သနည်းဘုရားး ကေ-အဘယ်ပုဂ္ဂိုလ်တို့သည်1 သုပ္ပဋိပန္နာ-ကောင်းစွာ ကျင့်ကြံအပ်တဲ့ပုဂ္ဂိုလ်တို့ပါနည်း ကေ-အဘယ်ပုဂ္ဂိုလ်တို့သည်။ သုကတာ- ကောင်းမွာပြုအမပြီး ကျင့်အပ်ပြီးဗုဂ္ဂိုလ်တို့ ဖြစ်ကြပါကုန်သနည်း ” ဟု မေးခွန်းသုံးချက် မေးလျှောက်ထားတယ်။ အရှင်ဘုရားအာနန္ဒာ။ ဘယ် ပုဂ္ဂိုလ်တို့တရားဟာ ကောင်းစွာဟောကြားအပ်တဲ့ တရားပါလဲ။ ဘယ်ပုဂ္ဂိုလ်တို့ဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တို့ပါနည်း။ ဘယ်ပုဂ္ဂိုလ်တို့ ဟာ ကောင်းစွာကျင့်အပ်ပြီး အကျင့်ကိစ္စပြီးပြီးတဲ့ပုဂ္ဂိုလ်တို့ ဖြစ်ကြပါ သနည်းလို့ လျှောက်ထားတယ်။ ရှင်အာနန္ဒာက-
ဒကာ-ဒီနေရာမှာ ဒကာကိုပဲပြန်မေးရဦးမယ်။ ဒကာကြိုက်သလို ဖြေစမ်း' ရာဂကင်းအောင်ဟောတဲ့တရား၊ ဒေါသကင်းအောင်ဟောတဲ့ တရား၊ မောဟကင်းအောင်ဟောတဲ့တရား၊ အဲဒီရာဂ ဒေါသ မောဟ တရားသုံးပါးကင်းအောင် ဟောတဲ့တရားဟာ ကောင်းစွာဟောအဂ်တဲ့ တရားလား။ မကောင်းသဖြင့်ဟောအဂ်တဲ့တရားလားလို့ မေးတဲ့အခါကျ တော့ အရှင်အာနန္ဒာ ဒီလိုရာဂ ဒေါသ မောဟ အေးငြိမ်းကြောင်း ဟောတဲ့တရားဟာ ကောင်းစွာဟောအဂ်တဲ့တရားဖြစ်ပါတယ်ဘုရား၊
အေး-ကောင်းပြီး အကြင်ပုဂ္ဂိုလ်တို့သည် ရာဂကင်းအောင်ကျင့် ကြစါ၊ ဒေါသကင်းအောင်ကျင့်ကြစါ။ မောဟကင်းအောင်ကျင့်ကြ၏။ ထိုပုဂ္ဂိုလ်တို့ဓ အကျင့်သည် ကောင်းသောအကျင့်လော။ မကောင်းသော အကျင့်လောလို့ မေးပြန်တယ်။ ဒီတော့ မကောင်းတဲ့တရားတွေဆိုတာ သိပြီးသားပဲ။ သိပြီးသားဖြစ်တော့ အဲဒီမကောင်းတဲ့တရားတွေကင်းအောင် ကျင့်တယ်ဆိုရင် ကောင်းတဲ့အကျင့်ပဲဖြစ်မှာပေါ့။ တကယ်ရိုးသားဖြောင့်
မတ်စွာ ဖြေရင်ဖြင့် ကောင်းသောအကျင့်ပါဘုရားလို့ လျှောက်ထားရမှာ ပဲ အဲဒါကြောင့် ဒကာကလဲ အဲဒီအတိုင်းလျှောက်ထားတယ် 1
ဟုတ်တာပေါ့။ လောဘဆိုတာ မကောင်းတဲ့တရားဆိုတာ လူတိုင်း သိတယ်။ ဒေါသဆိုတာလဲ မကောင်းတဲ့တရားဆိုတာ လူတိုင်းသိတယ်။ မောဟတွေဝေမှု တရားမသိမှုဆိုတာ မကောင်းတဲ့တရားဆိုတာ လူတိုင်း သိတယ်။ အဲဒီတော့ အဲဒါတွေပယ်ရအောင်ကျင့်တဲ့အကျင့်ဟာ ကောင်းတဲ့ အကျင့်လို့ပြောရမှာပေါ့။ မကောင်းတဲ့အကျင့်လို့သွားပြောရင် အဲဒီပုဂ္ဂိုလ် ဟာနားမလည်လို့။ အသိဉာဏ်နည်းပါးလို့ပဲဖြစ်မယ်။ အခု ဒီဒကာက တိတ္ထိဒကာပေမယ့် အသိဉာဏ်ရှိတယ်။ စိတ်ထားသဘောထားကလဲ ကောင်းမွန်တယ်။ လောကမှာ စိတ်ထားသဘောထားက ကောင်းဖို့လဲ အရေးကြီးတယ်။ ပုဂ္ဂိုလ်ကောင်းတွေ့ပေမယ့် စိတ်ထားသဘောထား မကောင်းရင် မကြည်ညိုတတ်ဘူး။ အေး ဒါကြောင့် အခုရာဂကင်းအောင် ကျင့်တဲ့ပုဂ္ဂိုလ်၊ ဒေါသကင်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်၊ မောဟကင်းအောင် ကျင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်လား။ မကောင်းသဖြင့်ကျင့် တဲ့ပုဂ္ဂိုလ်လားလို့ မေးမြန်းတော့ တိတ္ထိဒကာက မှန်ပါ ရာဂဒေါသမောဟ ကင်းအောင် ကျင့်တဲ့ပုဂ္ဂိုလ်ဟာ သုပ္ပဋိပန္န-ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်သာ ဖြစ်ပါတယ် မကောင်းသဖြင့်ကျင့်တဲ့ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူးဘုရားလို့ လျှောက်တယ်။
အဖြေကို ရှင်အာနန္ဒာက တိုက်ရိုက်မပေးဘဲနဲ့ မေးတဲ့ဒကာကိုပဲ ပြန်အဖြေပေးခိုင်းတယ်။ လောကမှာ ရာဂကင်းအောင်ကျင့်ပြီးကြတဲ့ ပုဂ္ဂိုလ် တွေး ဒေါသကင်းအောင်ကျင့်ပြီးတဲ့ပုဂ္ဂိုလ်တွေး မောဟကင်းအောင် ကျင့် ပြီးကြတဲ့ပုဂ္ဂိုလ်တွေ ရှိကြတယ်။ အဲဒီရာဂကင်းအောင် ကျင့်ပြီးကြတဲ့ ပုဂ္ဂိုလ် ဒေါသကင်းအောင်ကျင့်ပြီးကြတဲ့ပုဂ္ဂိုလ်၊ မောဟကင်းအောင်ကျင့် ပြီးတဲ့ပုဂ္ဂိုလ်ဟာ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်ဖြစ်သလား မဖြစ်ဘူးလားလို့ မေးတဲ့အခါကျတော့မှ မှန်ပါ-ရာဂ ဒေါသ မောဟကင်းအောင် ကျင့်ပြီး ပုဂ္ဂိုလ်တွေဟာ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေပါဘုရား၊ ကောင်းစွာကျင့် ပြီးပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်ဘုရားလို့ အဖြေပေးတယ်။ အဲဒီတော့မှ-
ရှင်အာနန္ဒာမထေရ်မြတ်က ဒီအမေးကို ဒကာကိုယ်တိုင်ပဲဖြေခဲ့ပြီး ဒကာဖြေတဲ့အတိုင်းပဲ လောကမှာ ရာဂ ဒေါသ မောဟကင်းအောင် ဟောတဲ့တရားဟာ ကောင်းစွာဟောအပ်တဲ့တရားပဲ။ ရာဂဒေါသ မောဟ ကင်းအောင်ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေဟာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တွေပဲ။ ရာဂ ဒေါသ မောဟကင်းပြီးပြီဆိုရင် အဲဒီပုဂ္ဂိုလ်တွေဟာ ကောင်းသော အကျင့်တွေကျင့်ပြီးတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ဟောတော်မူတယ်။ အဲဒီလို ဟော တော်မူတော့ တိတ္ထိဒကာက အတော်သဘောကျသွားတယ်။
အရှင်ဘုရား အရှင်ဘုရားဟာ တရားကိုသာ သက်သက်ဟောပြ တယ်။ ဘယ်သူ့ကိုမှလဲ မထိခိုက်ဘဲနဲ့ တရားသဘောသက်သက်ကိုသာ အကျိုးသင့်အကြောင်းသင့် အရှင်ဘုရားဟောသွားပါတယ်ဘုရား၊ ဒီလို ဆိုတော့ လောကမှာ ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်တွေဟာ အရှင်ဘုရားတို့ ပါပဲဘုရား၊ ကောင်းတဲ့တရားကိုဟောတဲ့ပုဂ္ဂိုလ်တွေဟာ အရှင်ဘုရားတို့ ပါပဲဘုရား၊ ကောင်းစွာကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေဟာ အရှင်ဘုရားတို့ပါပဲ ဘုရား၊ ကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်တွေဟာလဲ အရှင်ဘုရားတို့ပါပဲဘုရား လို့ ဝ်န်ခံစကားလျှောက်ထားတယ်
ဒါကြောင့် ဘုန်းကြီးတို့သာသနာတော်ဆိုတာ တရားကလဲ သွက္ခာတ- ကောင်းစွာဟောအပ်တဲ့တရား၊ အဲဒီတရားကိုကျင့်ကြံကြတဲ့ ပုဂ္ဂိုလ်တွေက လဲ သုပ္ပဋိပန္န-ကောင်းသောအကျင့်ကို ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေး သုပ္ပဋိပန္န အကျင့် ပိုကျင့်ကြလို့ တရားပေါက်ရောက်သွားပြီဆိုရင် သုကတ-ကောင်း စွာကျင့်ပြီးပုဂ္ဂိုလ်တွေး ဒါ ဒီသာသနာတော်မှာရှိကြတယ်။ ဒါကြောင့် အဲဒီသာသနာတော်ဟာ ခုန တိတ္ထိဒကာကတောင် ချီးမွမ်းသွားရတယ်။ လက်ခံသွားရတယ် /
ဒါကြောင့်မို့လို့ ဒီသာသနာတော်မှာ မိမိတို့ပြုရတာ အင်မတန် အကျိုးရှိတယ်။
ယာဝတာ ခေတ္တာ ဝိဇ္ဇန္တိ။ သံဃာပိစ ဂဏာပိစ။
ဗုဒ္ဓ ခေတ္တ သမောနတ္ထိ၊ သုခဒေါ သဗ္ဗပါဏိနံ။
ယာ၀တာ-အကြင်မျှလောက်ကုန်သော၊ ဂဏာပိစ-ဂိုဏ်းဆိုရတဲ့
ဂိုဏ်းတို့သည်လည်းကောင်း၊ သံဃာပိစ-သံဃာဆိုတဲ့ သံဃာတို့သည် လည်းကောင်း၊ ခေတ္တာ-ကောင်းမှုပြုရာခေတ်အမျိုးမျိုးတို့သည်။ ဝိဇ္ဇန္တိ- ထင်ရှားမသွေ ရှိကြပေကုန်၏။ ဒါကြောင့်ပဲ ပုညခေတ်ဆိုတာ ကောင်းမှု ပြုရတဲ့ခေတ်ပဲ။ အမျိုးမျိုးရှိတယ်။ သံဃာတွေ။ ဂိုဏ်းတွေ။ ဝါဒအသီးသီး။ အယူအသီးသီးမှာ အဲဒီဂိုဏ်းဆိုတဲ့ဂိုဏ်းတွေ သံဃာဆိုတဲ့သံဃာတွေဖြင့် ခေတ်ဆိုရတဲ့ ပုညခေတ်တွေတွေ့ရတယ်။ အဲဒီသံဃာဂိုဏ်းဆိုတဲ့ ပုညခေတ် တွေထဲမှာ ဗုဒ္ဓခေတ်ဆိုတဲ့ခေတ်ကြီးဟာ အကောင်းဆုံး။
ယာ၀တာ-အကြင်မျှလောက်ကုန်သေား သံဃာဝိစ-သံဃာဆိုရတဲ့ သံဃာတို့သည်လည်းကောင်း၊ ဂဏာပိစ-ထိုဂိုဏ်း။ ဤဂိုဏ်းဆိုရတဲ့ ဂိုဏ်းတို့သည်လည်းကောင်း) ခေတ္တာ-ကောင်းမှုဖြစ်ပွားရာ ခေတ်အမျိုး မျိုးတို့သည်။ ဝိဇ္ဇန္တိ-ထင်ရှားမသွေ ရှိကြပါပေကုန်၏။ သဗ္ဗပါဏိနံ- အလုံးစုံများစွာ သတ္တဝါတို့ါ။ သုခဒေါ-ချမ်းသာသုခကိုပေးတတ်သေား။ ဗုဒ္ဓခေတ္တသမော-ဗုဒ္ဓခေတ်ဆိုရတဲ့ ဘုရား၏ ခေတ်ကြီးနှင့်တူသော၊ ခေတ္တံ- ကောင်းမှုဖြစ်ပွားရာခေတ်တစ်မျိုးသည်။ နတ္ထိ-ဘယ်မှာပင်ရှာရှာ ဘယ်မှာ ပင်ကြည့်ကြည့် မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာ လျှင်တည်း။
အဲ ဗုဒ္ဓခေတ်ကြီးနှင့် တူတဲ့ခေတ်ရယ်လို့ ဘယ်မှာမှ မရှိဘူး။ ဒါကြောင့် ယနေ့မိမိတို့ အဲဒီသတ္တဝါအပေါင်းတို့ကို ကောင်းကျိုးချမ်း သာကိုပေးတတ်တဲ့ ဗုဒ္ဓခေတ်ကြီးမှာ ကောင်းမှုဖြင့်ပြုရာခေတ်ကြီးမှာ မိမိတို့ သဒ္ဓါစေတနာ သတိ သမာဓိ ပညာ အစရှိသော တရားတွေ ရင်းနှီးပြီးတော့ပြုကြရတယ်။ အရင်းအနှီးကလဲမှန်ကန်တယ်။ ပြုကြ ရတဲ့ခေတ်ကြီးကလဲမှန်ကန်တယ်။ မှန်ကန်တဲ့ခေတ်။ ထူးခြားတဲ့ခေတ် ကြီးမှာ မိမိတို့ထူးခြားတဲ့တရားတွေနဲ့ ထူထောင်ကြရတာဖြစ်သော ကြောင့် ကောင်းကျိုးတွေဘယ်လောက်ရမယ်ဆိုတာ ဘယ်သူမှတွက်ဆ မပြောနိုင်ဘူး အသင်္ချေယျ။ အပ္ပမေယျး မရေတွက်နိုင် မတိုင်းတာနိုင် လောက်အောင် ကုသိုလ်တရားတွေ ဖြစ်ပွားကြတယ်။ ဖြစ်ပွားတဲ့အတိုင်း အကျိုးတရားတွေ များပြားစွာရလိမ့်မယ်လို့ ယုံကြည်အားကိုးသည့်အား
လျော်စွာ အားကိုးတဲ့အတိုင်း' ယုံကြည်တဲ့အတိုင်း ဤဗုဒ္ဓခေတ်ကြီးက မိမိတို့ကို ထူးခြားတဲ့အကျိုးတရားတွေ ပေးနိုင်လိမ့်မယ်လို့ ယုံကြည် အားကိုးပြီးတော့ မိမိတို့ပြုရတဲ့ ထူးခြားတဲ့ ကုသိုလ်တွေ ဗုဒ္ဓပူဇာ။ ဓမ္မပူဇာ သံဃပူဇာ ပူဇာမင်္ဂလာကုသိုလ်တွေကို အားကိုးတစ်ခုပြုပြီးတော့ မမေ့ ကြဘဲနဲ့ ပြန်လှန်စဉ်းစား ဆင်ခြင်အောက်မေ့ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ကြက
မဟာပဋ္ဌာန်းတရားတော်ကြီး
ပဋ္ဌာန်းတရားတော်ဆိုတာ ဘယ်လောက်ထူးခြားတယ်ဆိုတာ ဘုန်း ကြီးတို့ အထူးပြောစရာမလိုပါဘူး။ ပဋ္ဌာန်းဆိုတာ အင်မတန်ထူးခြား တဲ့တရား၊ ကျယ်လဲကျယ်ဝန်း နက်လဲနက်နဲ။ အဲသလိုထူးခြားတဲ့တရား တော်ကြီးဟာ ထူးမြတ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖြစ်လာတဲ့ ဒေသနာတော်ကြီးမို့လို့ ဒေသကဖြစ်သူ ဘုရားရှင်ရဲ့ ထူးမြတ်သည်နှင့် အမျှ တရားတော်ကလဲ အလွန်ထူးမြတ်တဲ့တရားတော်ကြီး အဲ့ဒီတရား တော်နဲ့ ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ အင်မတန် ဂုဏ်တက်တော်မူခဲ့တယ်။
ထူးခြားမွန်မြတ်တဲ့သာသနာ လောကမှာ ဤကဲ့သို့သော တရားမျိုးဟောနိုင်တာ ဤဘုရားတစ်ဆူ
သာရှိတယ်။ ဒီ့ပြင်ဘယ်မှာမှမရှိဘူး။ ဤကဲ့သို့သောတရားထင်ရှားရှိတာ ဟာ ဤသာသနာတော်မှာသာ ရှိတယ်။ ဒီ့ပြင်ဘယ်မှာမှ မရှိဘူး။ ဒါ့ ကြောင့် ဘုန်းကြီးတို့သာသနာတော်ကြီးဟာ ဤတရားတော်ကြီးကြောင့် ဂုဏ်တက်ခဲ့ရတယ်။ ဤကဲ့သို့သောတရားတွေ ဟောတော်မူတဲ့ ဘုရား ရှင် ကိုယ်တော်မြတ်ကြီးကြောင့် ဂုဏ်တက်ခဲ့ရတယ်။ ထိုတရားတွေကို ကျင့်ကြသောသံဃာတော်တွေကြောင့် ဂုဏ်တက်ခဲ့ရတယ် ထို့ကြောင့် သာသနာတော်မြတ်ကြီးဟာ ဘယ်သာသနာခေတ်နဲ့မှ မယှဉ်နိုင်အောင် အင်မတန်ထူးခြားမွန်မြတ်သော သာသနာတော်ကြီးမို့လို့-
ယာဝတာ ခေတ္တာ ဝိဇ္ဇန္တိ။ သံဃာပိစ ဂဏာပိစ။
ဗုဒ္ဓ ခေတ္တ သမော နတ္ထိ၊ သုခဒေါ သဗ္ဗပါဏိနံ
သံဃာပိစ-သံဃာဆိုရတဲ့ သံဃာအမျိုးမျိုးတို့သည်လည်းကောင်း၊ ဂဏာပိစ-ဟိုဂိုဏ်းဒီဂိုဏ်းဆိုရတဲ့ ဂိုဏ်းအမျိုးမျိုးတို့သည်လည်းကောင်း၊ ယာဝတာ-အကြင်မျှလောက်ကုန်သော၊ ခေတ္တာ-ကောင်းမှုအမျိုးမျိုးတို့၏ တည်ရာ ပုညခေတ်တို့သည်။ ဝိဇ္ဇန္တိ-လောကတစ်ခွင် အထင်အရှား ဖြစ် ပွားနေကြပါပေကုန်၏ ] သဗ္ဗပါဏိနံ-အလုံးစုံများစွာ သတ္တဝါအပေါင်းတို့ စါ။ သုခဒေါ-တကယ့်ချမ်းသာကို ပေးတတ်သော' ဗုဒ္ဓခေတ္တသမော-ဗုဒ္ဓ ခေတ် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ခေတ်နှင့်တူသော ခေတ်တစ်မျိုး သည်(ဝါ) ဗုဒ္ဓခေတ်ဟုဆိုအပ်သော ကုသိုလ်ဖြစ်ပွားရာ ဘုရားသာသနာ ခေတ်ကြီးနှင့်တူသောခေတ်တစ်မျိုးသည်။ နတ္ထိ-ဘယ်မှာပင်ရှာရှား ဘယ် မှာပင်ကြည့်ကြည့် မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာ တည်း
သပိတ်တစ်လုံး လှူရကျိုး
ရှေ့က မထေရ်တစ်ပါး ဥဒါန်းကျူးတဲ့ဂါထာ၊ သူ့အကြောင်းပြန်ပြီး တော့ ဟောတဲ့ဂါထာ။း သာသနာတော်မှာ သပိတ်လေးတစ်လုံးလှူခဲ့တယ်။ အဲဒီသပိတ်ကလေး လှူခဲ့ရတဲ့အလှူဒါနကြောင့် ခံစားလိုက်ရတဲ့အကျိုးတွေ မနည်းဘူး။ နတ်ပြည် စသည်မှာ နတ်စည်းစိမ်စသည် ခံစားခဲ့ရတယ်။ နောက်ဆုံး ဘုရားသာသနာတော်မှာ အခုလို ထူးခြားတဲ့တရားတော်တွေ သိပြီးတော့ ရဟန္တာအဖြစ် ရောက်ရတာမို့လို့ မိမိရဲ့အတွေ့အကြုံအရ ဤသာသနာတော်ကြီး 'ထူးမြတ်လှပုံကို ပြန်ပြီးတော့ ဟောကြားတော် မူခဲ့တယ်။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သာသနာဗုဒ္ဓခေတ် ကြီးဟာ တခြားဘယ်သာသနာနဲ့မှမတူ1 ဘယ်ခေတ်နဲ့မှမတူ1 တစ်မူထူးခြား အလွန် မွန်မြတ်တဲ့သာသနာတော်ကြီး၊ အဲဒီသာသနာတော်ကြီးမှာမှ ဒီတရားတွေရှိတယ်။ မွန်မြတ်တာကလဲ တရားတွေရှိလို့ ဘုရားကလဲမြတ် လို့ တရားကလဲမြတ်လို့၊ သံဃာကလဲမြတ်လို့ တကယ်ပြည့်စုံတဲ့သာသနာ တော်ကြီး ဖြစ်ခဲ့ရတယ်
ရှေးဘုန်းကံကြောင့်
ဗုဒ္ဓ သုဗုဒ္ဓတာ လောကေ၊ ဓမ္မဿစ သုဓမ္မတာ။
သံဃဿ သုပ္ပဋိပတ္တိ။ ဧသာ သာသန သမ္ပဒါ။
လောကေ-ဤကမ္ဘာလောကကြီးအတွင်းခွ ဗုဒ္ဓသုဗုဒ္ဓတာစ-ဘုရား ရှင်ကိုယ်တော်မြတ်စါ ကောင်းမြတ်မှန်ကန်သော ဘုရားဖြစ်သည်၏ အဖြစ်သည်လည်းကောင်း၊ (ဘုရားစစ် ဘုရားမှန်ဆိုတာ ဘုန်းကြီးတို့ ဤသာသနာတော်မှာသာရှိတယ်) ဓမ္မဿ-တရားတော်မြတ်၏။ သုဓမ္မ တာစ-ကောင်းမြတ်မှန်ကန်သော တရားတော်ဖြစ်သည်၏ အဖြစ်သည် လည်းကောင်း၊ တရားစစ်တရားမှန်ဟာ ဤသာသနာတော်မှာသာရှိတယ်။ ပဋ္ဌာန်းတရားတော်ကဲ့သို့ နက်နဲတယ်။ ကျယ်ဝန်းတယ်။ အမှန်တရား အဲဒီတရားတွေ ထင်ရှားပြရာဖြစ်တဲ့ ဤပဋ္ဌာန်းတရားဆိုတဲ့ တရားမျိုးဟာ လဲ ဤသာသနာမှာသာရှိတယ်။ ဒီ့ပြင်ဘယ်မှာမှမရှိဘူး။ လူ့ပြည်လဲမရှိ ဘူး။ နတ်ပြည်လဲမရှိဘူး။ ဗြဟ္မာပြည်လဲမရှိဘူး။ သံဃဿ-သံဃာတော် မြတ်၏။ သုပ္ပဋိပတ္တိစ-ကောင်းစွာကျင့်ခြင်းသည်လည်းကောင်း အတ္ထိ- ရှိပါပေ၏။ သံဃာစစ်သံဃာမှန်လဲ ဘုန်းကြီးတို့ဗုဒ္ဓသာသနာမှာသာရှိ တယ်။ ဗုဒ္ဓသာသနာမှတစ်ပါး တခြားခေတ်တစ်စမျိုးမှာ မရှိ။ ဒါကြောင့် ဒီသာသနာတော်ကြီးဟာ အင်မတန်ပြည့်စုံတဲ့ သာသနာတော်မြတ်ကြီး၊ အဲဒီသာသနာတော်မြတ်ကြီးကို မိမိတို့ ရှေးဘုန်းရှေးကံရှိလို့ ကြုံကြ တွေ့ကြရတယ်။
မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂါနိ ဟိတာနိစ။
ယေတေဝါကျာနိ သောဿန္တိ၊ တေပိ ဓညာ နရုတ္တမ။
နရုတ္တမ-သတ္တဝါအပေါင်းတို့ထက် ဆထက်ထောင်ရာမက သာအောင် လွန်စွာထူးမြတ်တော်မူတဲ့ သားတော်မြတ်ဘုရား၊ တေ-သား တော်ဘုရား၏။ မဓုရာနိ-ကြားရလျှင် _ရွှင်ပျဖွယ်ရာ ချိုသာကောင်းမွန် လှကုန်သော၊ ပဟဋ္ဌာနိ။ နှစ်သက်ရွှင်လန်း ၀မ်းမြောက်စေတတ်ကုန်သော၊ ဒေါသဂါနိ-အပြစ်အမျိုးမျိုး အဆိုးအရပ်ရပ်တို့ကို ပယ်ဖျောက်တတ်ကုန် သော ဟိတာနိ-ကြားရသူမှန်သမျှ အကျိုးစီးပွားတို့ကို ဖြစ်ပွားစေတတ်
ကုန်သေား ယေတေဝါကျာနိ-အကြင်တရားစကားတော်တို့ကို၊ သောဿန္တိ-ကြားနာကြရကုန်သည်ဖြစ်အံ့။ တေ-ထိုရှင်တော်မြတ်ဘုရား စါ ကြားရလျှင်ချိုသာ အကျိုးစီးပွားကိုဖြစ်စေတတ်သော တရားကောင်း တရားမြတ်တို့ကို ကြားနာကြရကုန်သောပုဂ္ဂိုလ်တို့သည်။ ဓညာ-ရှေးဘုန်း ရှေးကံ ထက်သန်ထူးချွန် အလွန်ပင် ကံကောင်းလှပါပေသတည်း။
မိထွေးတော်ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်စံခါနီး ဘုရားရှင်ကိုယ် တော်မြတ်ကို လျှောက်ထားတဲ့ တရားဂုဏ်ရည် တရားအကျိုးပြ အဖွဲ့ ကလေး ရှင်တော်မြတ်ဘုရားရဲ့ တကယ့်ချိုသာ သာယာဖွယ်ကောင်းတဲ့ ကောင်းကျိုးအမျိုးမျိုး အစီးအပွားအမျိုးမျိုးတို့ကို ဖြစ်စေတတ်တဲ့ တရား တော်တွေ အဲဒီတရားတော်တွေကို ကြားနာရတဲ့ရဟန်းရှင်လူ လူနတ်ဗြဟ္မာ သတ္တဝါမှန်သမျှ ထူးခြားတဲ့ပုဂ္ဂိုလ်တွေ ရှေးဘုန်းရှေးကံထူးချွန်တဲ့ပုဂ္ဂိုလ် တွေ ဖြစ်ပါပေစွလို့ လျှောက်ထားခဲ့တယ်။
ဒီတရားတွေနာဖို့ရာ သာမန်ကုသိုလ်ကံနဲ့ နာကြရတာမဟုတ်ဘူး။ ရှေးဘုန်းရှေးကံရှိကြမှ နာကြရတယ်။ ရှေးဘုန်းရှေးကံဆိုတာ ဒီဘဝ မရောက်ခင် ရှေးအခါက ဘဝဘဝတွေက မိမိတို့ဉာဏ်နှင့်ယှဉ်တဲ့ ဉာဏ သမ္ပယုတ်ကုသိုလ်စိတ်ဖြင့် ကုသိုလ်တွေပြုခဲ့ဖူးကြတဲ့ ပုဂ္ဂိုလ်တွေ။ သာသနာနဲ့ကြုံပြီး ကုသိုလ်ကောင်းမှု ပြုခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေ အဲသလို ထူးခြားတဲ့ ဘုန်းရှင်ကံရှင်ပုဂ္ဂိုလ်ထူးတွေသာ ကြားနာရတဲ့တရားတော် တွေ။ အဲဒီတရားတော်တွေ ယနေ့နာကြရတယ်။ ကံထူးကြတဲ့ပုဂ္ဂိုလ်တွေ။ ဘာကြောင့် ကံထူးသလဲဆိုတော့ ခုနပြောသလိုပဲ တရားတော်က မှန်လဲမှန်တယ် အကျိုးလဲရှိစေတတ်တဲ့တရား၊ အဲဒီတရားကို ကောင်းစွာ သိရင် မိမိတို့ဟာ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရစေနိုင်တတ်တဲ့ တရား၊ အဲဒီတရားဟာ ဤသာသနာမှာရှိတယ်။ ဤသာသနာတော်မှ တစ်ပါး တခြားမှာမရှိဘူး။
အယူဝါဒအမျိုးမျိုး
လောကမှာ ဘုရားရှင်ကိုယ်တော်မြတ် ပွင့်တော်မူတဲ့အခါတုန်းက
တရားတွေအမျိုးမျိုးရှိကြတယ် အယူအဆအမျိုးမျိုးရှိကြတယ်1 ဝါဒတွေ က္ကဿရနိမ္မာနဝါဒ-တ္တဿရနိမ္မာနဝါဒဆိုတာ ကမ္ဘာလောကကြီးကို ဗြဟ္မွာကြီးဖန်ဆင်းတယ်ဆိုတဲ့ အယူဝါဒ အားလုံးသတ္တဝါတွေကိုရော။ အရာဝတ္ထုတွေကိုရော ဘုရားရှင်ကိုယ်တော်မြတ်က ဖန်ဆင်းပေးထားတယ် လို့ ယူဆတဲ့ဝါဒ၊ က္ကဿရနိမ္မာနဝါဒ။
တချို့က အဟေတုကဝါဒယူကြတယ်။ အဟေတုကဝါဒဆိုတာ အကြောင်းမရှိဘဲနဲ့ သူ့အလိုအလျောက်ဖြစ်ချင်သလိုဖြစ်တယ်ဆိုတဲ့ဝါဒမျိုး အဲဒါလဲ ဝါဒတစ်မျိုး။
အတ္တဝါဒ-ခန္ဓာကိုယ်ထဲမှာ တရားတွေသာရှိတယ်။ အဲဒီတရားတွေက မိမိကိစ္စမိမိ ဆောင်ရွက်နေကြတယ်။ အဲဒီတရားတွေကို မမြင်ကြတဲ့ သာသနာပပုဂ္ဂိုလ်တွေဟာ ခန္ဓာကိုယ်ထဲမှာ ထိုထိုကိစ္စကို ဆောင်ရွက်ပေး နေတဲ့ အသက်ကလေးဆိုတာရှိတယ်။ အဲဒီအသက်ကလေးရဲ့ အလိုလိုက် နေကြရတယ် ဆိုတဲ့ အယူအဆတစ်မျိုး။ အဲဒါ အတ္တဝါဒလို့ခေါ်တယ်။ အချုပ်အားဖြင့်ဆိုရင် အဲဒီဝါဒကြီးတွေ မင်းမူနေတာ။
ဘုရားရှင်ကိုယ်တော်မြတ် မပွင့်သေးသမျွ ဒီဝါဒကြီးသုံးခုဟာ တွင် ကျယ်နေခဲ့တယ်။ တစ်နည်းမဟုတ်တစ်နည်း တစ်ခုမဟုတ်တစ်ခု ဒီဝါဒ တွေကို လက်ခံနေကြတယ်။ အများအားဖြင့် ရှေးကဗြာဟ္မဏဝါဒဆိုတာ ဘုရားမပွင့်ခင်ကတည်းက ထွန်းကားနေတား။ ဗြာဟ္မဏဝါဒရဲ့ အယူအဆ က တ္တဿရနိမ္မာနဝါဒ လောကကြီးကို ဗြဟ္မာကြီးကဖန်ဆင်းပေးတယ်။ အတ္တဝါဒ-ဗြဟ္မာကြီးဆိုတာပရမအတ္တ။ အမြတ်ဆုံးဖြစ်တဲ့အတ္တ' ဗြဟ္မာ ဝိညာဉ်ကြီးဟာ အမြတ်ဆုံးဖြစ်တဲ့ ဝိညာဉ်ကြီး၊ အတ္တကြီး အဲဒီဗြဟ္မာ ကြီးက အဲဒီအတ္တကြီးကိုအခြေခံပြီးတော့ နင် လူဖြစ်စေ နင် နတ်ဖြစ်စေ။ ဗြဟ္မာဖြစ်စေ။ တိရစ္ဆာန်ဖြစ်စေ စသည်ဖြင့် ဖန်ဆင်းပေးလိုက်တော့ ဆိုင် ရာဆိုင်ရာဘဝတွေမှာ ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်တွေ အမျိုးမျိုးဖြစ်ကြတယ် ဆိုတဲ့ အယူဝါဒ။
အဟေတုကဝါဒဆိုတာကတော့ ဘာဖြစ်ဖြစ် အကြောင်းကင်းပြီးဖြစ် တယ်လို့ယူတယ်။ ဒီတော့ လောကမှာမှန်ကန်တဲ့အကြောင်းမဟုတ်ဘဲနဲ့
မမှန်ကန်တဲ့အကြောင်းကိုကြံဆလို့ ဖြစ်လာတဲ့ ဗြဟ္မာ ဖန်ဆင်းတယ်ဆိုတဲ့ ဝါဒဟာ ဝိသမဟေတုဝါဒ။ မမှန်ကန်တဲ့အကြောင်းတရားး' တကယ် မဟုတ်တဲ့အကြောင်းတရားကိုရှာပြီးတော့ ဗြဟ္မာဖန်ဆင်းတယ်လို့ ယူဆလို့ဝိသမဟေတုဝါဒ။ တ္တဿရနိမ္မာနဝါဒဆိုတာ ဝိသမ ဟေတုဝါဒ ဆိုတဲ့ ဒီအမည်လဲရတယ်။ ဗြဟ္မာဖန်ဆင်းတယ် ဘုရားဖန်ဆင်းတယ်။ ထာဝရဖန်ဆင်းတယ်ဆိုတဲ့ဝါဒတွေ။ အဲဒီဝါဒတွေဟာ အခုမှပေါ်တဲ့ဝါဒ တွေ မဟုတ်ဘူး။ ကမ္ဘာဦးထဲက ပေါ်လာတား ယနေ့အထိ အဲဒီဝါဒတွေ ရှိနေတုန်းပဲ။
အဟေတုကဝါဒဆိုတာက ဘာဖြစ်ဖြစ် လောက က သူဖြစ်ချင်သလို ဖြစ်တာ ဘာအကြောင်းမှမရှိဘူး။ အဲသလိုအကြောင်းကိုပယ်တဲ့ဝါဒ။ သူက အကြောင်းကို မရှိဘူးဆိုပြီးပယ်တဲ့ဝါဒ။ ကောင်းကျိုးပေးဖို့ရာ ကုသိုလ် ဆိုတဲ့အကြောင်းဆိုတာ မရှိဘူး။ မကောင်းကျိုးပေးဖို့ရာ အကုသိုလ်ဆိုတဲ့ အကြောင်းဆိုတာမရှိဘူး။ နိတ္ထိချည်းဝဲး နတ္ထိ ဒိန္နံ နတ္ထိယိဋ္ဌံစသည်ဖြင့် နတ္ထိဟေတု နတ္ထိ ပစ္စယော။ သတ္တာနံ သံကိလေသာယ။ အဟေတု အပစ္စယာ။း သတ္တာ သံကိလိဿန္တိ။
နတ္ထိ ဟေတု နတ္ထိ ပစ္စယော၊ သတ္တာနံ ဝိသုဒ္ဓိယာ အဟေတု အပွစ္စယာ သတ္တာ ဝိသုဇ္စုန္တိ့ . . . သတ္တာနံ-သတ္တဝါထိုထို ပုဂ္ဂိုလ်အရပ်ရပ်တို့ါ။ သံကိလေသာယ။ ညစ်နွမ်းခြင်းငှား ဟေတု-ဇနကဆိုတဲ့ ဖြစ်စေတတ်သောအကြောင်းလဲ။ နတ္ထိ-မရှိ။ ပစ္စယော-ဥပတ္ထမ္ဘကဆိုတဲ့ ထောက်ပံ့တတ်သောအကြောင်း လဲ။ နတ္ထိ-မရှိ။ သတ္တာ-သူသူငါငါသတ္တဝါအပေါင်းတို့သည်1 ဟေတု- ဇနကအကြောင်းမရှိဘဲ အပစ္စယား ဥပတ္ထမ္ဘက အကြောင်းမရှိကြဘဲ။ သံကိလိဿန္တိ-ညစ်နွမ်းကြရလေကုန်၏။
သတ္တာနံ-သတ္တဝါထိုထို ပုဂ္ဂိုလ်အရပ်ရဂ်တို့ါ။ ဝိသုဒ္ဓိယာ- စင်ကြယ်ခြင်းငှာ ဟေတု-ဖြစ်တတ်သောအကြောင်းလဲ။ နတ္ထိ-မရှိ။ သတ္တာ-သတ္တဝါတို့သည်။ ပစ္စယာ-အကြောင်းမရှိဘဲ။ ဝိသုဇ္စုန္တိ-စင်ကြယ် ကြရကုန်၏။
လောကမှာ မကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရား ညစ်နွမ်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ ရာ မကောင်းမှုကိုဖြစ်စေတတ်တဲ့ အကုသိုလ်ဆိုတဲ့အကြောင်းဟာ မရှိဘူး။ ကောင်းကျိုးကိုသာဖြစ်စေတတ်တဲ့ လူကောင်းသူကောင်း နတ်ကောင်း ဗြဟ္မာကောင်းဖြစ်ဖို့ရာ အကြောင်းဆိုတဲ့ ကောင်းမှုကုသိုလ်ဟာလဲ မရှိဘူး ဆိုပြီးတော့ ရှေးအကြောင်းတွေကို ပယ်တဲ့ဝါဒ၊ အဲဒီ အဟေတုကဝါဒ ကြီးဆိုတာ ထွန်းကားပြီးတာ့ ရှေးတုန်းက ဘုရားမပွင့်ခင်တုန်းက ဘုရား ပွင့်ပြီးလဲ ဘုရားစကား နားထောင်တဲ့သူတွေသာ လိုက်နာတား နားမထောင်တဲ့ ပုဂ္ဂိုလ်တွေထဲမတော့ အဲဒီအဟေတုကဝါဒဆိုတဲ့ ဝါဒ ကြီး ထင်ရှားရှိနေတာပဲ။
အဲဒီပဋ္ဌာန်းဒေသနာတော်ကြီးဆိုတာ ဘုန်းကြီးတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့တရားတွေကို ဖော်ပြဟောကြားတဲ့ ဒေသနာတော်ကြီး ဘယ် အကြောင်းကြောင့် ဘယ်အကျိုးတွေဖြစ်တယ်ဆိုပြီးတော့ အကြောင်း အကျိုးတရားတွေကို စီစဉ်ပြီးတော့ ဟောတဲ့ဒေသနာတော်ကြီး ဤဒေသ နာတော်ကြီးအရ ဘုန်းကြီးတို့လောကမှာ အကြောင်းကင်းရဤ ဘယ်အကျိုး မှမဖြစ်နိုင်ဘူး။ အားလုံးအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတွေး လောကမှာ ဖြစ်ပေါ်နေတဲ့တရားတွေ။ အားလုံး အကြောင်းကြောင့်ဖြစ်တာ ချည်းပဲ။ အကြောင်းကင်းပြီးဖြစ်တဲ့ တရားရယ်လို့ မရှိဘူး။ အဲဒါကို ထင်ရှားအောင် ဟောပြတဲ့ ဒေသနာတော်ကြီး၊
ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်က သေလာဆိုတဲ့ ဘိက္ခူနီမလေးဆိုတာရှိတယ်။ ရဟန္တာမလေးပေါ့။ သာသနာ့ကိစ္စအပြီး ရောက်နေတဲ့ ရဟန္တာထေရီမလေး တစ်နေ့ကျတော့ အဲဒီထေရီမလေးဟာ သာဝတ္ထိပြည် ဆွမ်းခံကြွပြီးတော့ ဆွမ်းခံအပြန် အန္စဝန်တောကြီးထဲ သွားပြီးတော့ သမာပတ်ဝင်စားပြီးတော့ ချမ်းသာခံစားနေတယ်။ အဲသလို ခံစားနေတုန်း တစ်နေရာက အသံကြားလိုက်တယ်။
ကေနိဒံ ပကတံ ဗိမ္ဗံ၊ ကွန ဗိမ္ဗဿ ကာရိယံ။
ကွနု ဗိမ္ဗံ သမုပ္ပန္န။ ကွနု ဗိမွံ နိရုဇ္ဇုတိ။ က္ကဒံဗိမွံ-ဤအတ္တဘောဆိုတဲ့ ကိုယ်ကြီးကို၊ ကေန-အဘယ်ပုဂ္ဂိုလ်
က၊ ပကတံ-ပြုလုပ်ဖန်တီးအပ်ပါပေသနည်း။
(ဒီခန္ဓာကိုယ်ကောင်ကြီးကို ဘယ်သူက ဘယ်ပုဂ္ဂိုလ်က ဖန်ဆင်းပေး သတုံးလို့ မေးတာနော်)
ဗိမ္ဗဿ-ခန္ဓာကိုယ်အတ္တဘောကို၊ ကာရိယံ-ပြုလုပ်ဆောင်ရွက်တတ် သော အရာဝတ္ထုသည်။ ကွန-အဘယ်ပါနည်း။
(ခန္ဓာကိုယ်ကြီးကို ဆောက်လုပ်ပြုပြင် ဖန်တီးပေးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်ပုဂ္ဂိုလ်တုံး)
ဗိမ္ခံ-ခန္ဓာကိုယ် အတ္တဘောကြီးသည် ကွန-အဘယ်အကြောင်း ကြောင့်၊ သမုပ္ပန္နံ-ထင်ရှားစွာ ပေါ်လာရပါသနည်း
(ဒီခန္ဓာကိုယ်ကြီး ဘယ်အကြောင်းကြောင့် ပေါ်လာရသတုံး)
ဗိမ္ဗံ-အတ္တဘောဆိုတဲ့ကိုယ်ကြီးသည်။ ကွန-အဘယ်အကြောင်း ကြောင့်၊ နိရုဇ္စုတု-ချုပ်ငြိမ်းရုပ်သိမ်းရပါပေသနည်း။
မာရ်နတ်ကြီးကမေးတယ်။ သူသူငါငါတို့ရဲ့ ခန္ဓာကိုယ်ကြီးကို ဘယ်သူက ဖန်ဆင်းပြုလုပ်ပေးသတုံး။ ခန္ဓကိုယ်ကြီးဖြစ်ပေါ်အောင်ပြုလုပ် တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူတုံး။ ဤကိုယ်ကြီးဟာ ဘယ်အကြောင်းကြောင့် ဖြစ်လာရသတုံး။ ဤကိုယ်ကြီးဟာ ဘယ်အကြောင်းကြောင့် ချုပ်သွားရ သတုံးလို့ မေးတယ်။ သေလာထေရီဘိက္ခူနီမလေးက ဒီအသံကြားရတယ်။ သြော်-ဒီဂါထာရွတ်တာ ဘယ်သူပါလိမ့်။ လူလား နတ်လားဆိုပြီးတော့ စဉ်းစားတဲ့အခါကျတော့ မာရ်နတ်ကြီးမှန်းသိတယ်။ သိတော့ ဒီပုဂ္ဂိုလ်ဟာ မာရ်နတ်ပဲဆိုတာသိတော့မှ ပြန်ပြီးတော့ မာရ်နတ်ကြီးကိုအဖြေပေးတယ်။
နဟိ ဒ အတ္တ ကတံဗိမ္ခံ နဟိဒံ ပရကတံအဃံ။
ဟေတုံ ပဋိစ္စ သမ္ဘုတံ၊ ဟေတု ဘင်္ဂါ နိရုဇ္စျရေ။
ဗိမ္ဗံ-ခန္ဓာကိုယ်အတ္တဘောကြီးကို၊ အတ္တကတံ-ပရမအတ္တဆိုတဲ့ အစိုးရတဲ့ပုဂ္ဂိုလ်က ပြုအပ်သည်လဲမဟုတ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အတ္တ ကလဲ ပြုအပ်သည်မဟုတ်။ ပရကတံ-တန်ခိုးကြီးမားတဲ့တခြားပုဂ္ဂိုလ်က ပြုအပ်သည်လဲမဟုတ်။ ဟေတုံ-အကြောင်းတရားကို၊ ပဋိစ္စ-အစွဲပြုရ သမ္ဘူတံ-ထင်ရှားဖြစ်ပေါ်လာခြင်းသာ ဖြစ်ပါပေ၏။ ဟေတုဘင်္ဂါ-ဖြစ်
ပေါ်လာတဲ့ အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့်၊ ပျက်စီးခြင်း ကြောင့်၊ နိရုဇ္ဇုရေ-ဖြစ်လာတဲ့တရားတွေ အကုန်လုံး ချုပ်ဆုံးရလေကုန် သတည်း။
ယထာ အညတရံဗီဇံ။ ခေတ္တေ ဝုတ္တံ ဝိရူဟတိ။
ပထဝီရသဉ္စာဂမ္မ။ သိနေဟဉ္စ တဒူဘယံ။
ဧဝံ ခန္ဓာစ ဓာတုယော။း ဆ အာယတနာ က္ကမေ။
ဟေတုံ ပဋိစ္စသမ္ဘုတား ဟေတုဘင်္ဂါ နိရုဇ္ဇုရေ။
ခေတ္တေ-လယ်ခင်းယာခင်းထဲ။ ဝုတ္တံ-စိုက်ပျိုးအပ်သော မျိုးစေ့ အမျိုးမျိုးသည်။ ပထဝီရသဉ္စ-မြေဆီမြေသြဇာကိုလည်းကောင်း၊ သိနေဟဉ္စ-ရေဓာတ်အဆီအစေးကိုလည်းကောင်း1 အာဂမ္မ-အစွဲပြုရ်။ တဒုဘယံ-ထိုမြေဓာတ် ရေဓာတ် မြေဆီသြဇာ ရေဓာတ်အဆီအစေး အကြောင်းနှစ်ရပ်ကိုး အာဂမ္မ-အစွဲပြုရွ ဝိရဟတိယထာ-တဖြည်းဖြည်း ကြီးပွားစည်ကားလာသကဲ့သို့၊ ဧဝံ-ဤအတူး ခန္ဓာစ-ခန္ဓာတရားတို့သည် လည်းကောင်း၊ ဓာတုယောစ-ဓာတ်တို့သည်လည်းကောင်း၊ က္တမေ ဆအာယတနာနိစ-_ဤအာယတန ၆-ပါးတရားတို့သည်လည်းကောင်း၊ ဟေတုံ-အကြောင်းတရားကို ပဋိစ္စ-အစွဲပြုရ်၊ သမ္ဘူတာ-ဖြစ်လာကြပါ ပေကုန်ခါ ဟေတုဘင်္ဂါ-အကြောင်းတွေချုပ်ဆုံးခြင်းကြောင့်၊ နိရုဇ္စုရေ- ချုပ်ဆုံးပျောက်ကွယ်ကြရလေကုန်သတည်း။
ဘိက္ခူနီ သေလာထေရီမလေးက အဖြေပေးတယ်။ “မာရ်နတ်ကြီး
သင်ထင်သလို ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်သူမှပြုရတာမဟုတ်ဘူး။ ဘယ်ပရမအတ္တ ဘယ်ဗြဟ္မာ ဘယ်ထာဝရမှ ပြုတာမဟုတ်ဘူး။ တစ်ပါးသောပုဂ္ဂိုလ်ကလဲပြုတာမဟုတ်ဘူး။ စင်စစ်တော့ အဝိဇ္ဇား တဏှာ။ ကံ။ ဥပါဒါန်အစရှိသော အကြောင်းတရားတွေအစွဲပြုပြီးတော့ ဖြစ်လာ တား အဲဒီအဝိဇ္ဇာတဏှာကံ ဥပါဒါန်အစရှိသောအကြောင်းတရားတွေ ချုပ်ငြိမ်းရင် ခန္ဓာကိုယ်ဆိုတဲ့ကိုယ်ကြီးဟာလဲ ချုပ်ဆုံးရတယ်။ ချုပ်ငြိမ်း ရတယ်။ အဲဒီလိုအဖြေပေးတယ်နော်။ အဲဒီတော့ သေလာထေရီရဲ့အဖြေအရ ပဲ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ဝါဒအရ ဖော်ထုတ်ပေးတာ။ တို့ဘုရားရှင်
ကိုယ်တော်မြတ်ရဲ့ ဝါဒဟာ ဒီလိုလို့။
လောကမှာ လယ်ထဲယာထဲမှာ မျိုးစေ့လေးထည့်။ အဲဒီမျိုးစေ့ဟာ အလိုအလျောက် အပင်ပေါက်လာတာမဟုတ်ဘူး။ ပထဝီမြေဆီမြေသြဇာ ကိုအစွဲပြုပြီးတော့ ရေဓာတ် အစိုဓာတ်ကိုအစွဲပြုပြီးတော့ ဖြစ်ပေါ်လာရ တား စည်ကားလာရတား အပင်ပေါက်လာရတာ။ အဲဒါလိုပဲ လောကမှာ ရုပ်တရားတွေ ဖြစ်လာကြ နာမ်တရားတွေဖြစ်လာကြ။ အဲဒီရုပ်တွေ အဲဒီ နာမ်တွေဟာ အလိုအလျောက် ဖြစ်လာတာမဟုတ်ဘူး။ ဗြဟ္မာ သိကြား ထာဝရ စသည် ဖန်ဆင်းလို့လဲဖြစ်လာရတာမဟုတ်ဘူး။ အကြောင်းတရား ကြောင့် ဖြစ်လာရတယ်။ ခန္ဓာကိုယ်ဖြစ်တယ်ဆိုတာ ရှေးကံကြောင့်ဖြစ်လာ ရတာ။ အဲဒီကံကလဲ သူ့မှာ အထောက်အပံ့တွေရှိရင် ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီကံနှင့် အတူတကွ အပေါင်းအဖော်အဖြစ်နဲ့ တဏှား ဥပါဒါန်။ အာဟာရ၊ အဝိဇ္ဇာဆိုတဲ့ အဲဒီအဖော်တွေရမှ ဒီကံကလဲအကျိုး ပေးတာ။ အဲဒီအကျိုးအကြောင်းတွေ စုပေါင်းပြီးတော့ ကျေးဇူးပြုလိုက်တဲ့ အခါကျတော့ ပဋိသန္ဓေ ဘဝင်စသည်ဖြင့် ထိုထိုဘဝ အစပေါ်လာရတယ်။
ဒီတော့ ခန္ဓာကိုယ်ဆိုတာ အကြောင်းကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းမျိုးစေ့အပင်ပေါက်တာနဲ့ ဥပမာပေးပြီးတော့ ဘိက္ခူနီမလေးက အဖြေပေးတယ်။ ဒီတော့မှ မာရ်နတ်ကြီးလဲ ငါသိသွားပြီ။ ဘိက္ခူနီမလေး၊ ငါ့သိသွားပြီဆိုပြီးတော့ ရှောင်ပြေးထွက်ခွာ ကွယ်ပျောက်သွားတယ်လို့ ဆိုတယ်။ အဲဒါ ဒီသေလာထေရီမက ဗုဒ္ဓဝါဒနဲ့ ညီညွတ်တဲ့ ဗုဒ္ဓဝါဒရဲ့ သဘာဝ။ ဗုဒ္ဓဝါဒအလိုအရ အမှန်တရားကို ထင်ရှားဖော်ပြပြီးတော့ အဖြေပေးခဲ့တယ်။ ဒါ့ကြောင့် ဗုဒ္ဓဝါဒဟာ ဘာလဲ။ က္ကဿရနိမ္မာနဆိုတဲ့ ဘုရားကဖန်ဆင်းတဲ့ ဝါဒလဲမဟုတ်ဘူး' အဟေတုကဝါဒဆိုတဲ့ အကြောင်း မရှိဆိုတဲ့ဝါဒလဲမဟုတ်ဘူး။ အကြောင်းကြောင့် အကျိုးဖြစ်လာရတာကို ဟောတဲ့ အကြောင်းအကျိုး ညီညွတ်မှဖြစ်တဲ့ တရားဆိုတဲ့ ဝါဒ။ သဟေတုကဝါဒ။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ။
အမြတ်များများကျန်သော ကုန်ရခြင်းတရားတော်
လောကမှာ ဘုန်းကြီးတို့ ကုန်ပြီးတော့စွန့်ိငလို့ ချမ်းသာရတဲ့ ချမ်း သာဆိုတာရှိတယ်။ အဲဒီချမ်းသာမျိုးဟာ အင်မတန်ထူးခြားတဲ့ ချမ်းသာမှု မျိုး၊ စိတ်ချမ်းသာမှုမျိုး။ ပစ္စည်းဥစ္စာ တွယ်တာကြရ။ ပစ္စည်းဥစ္စာ အကြောင်းပြုပြီးတော့ ကြောင့်ကြရ။ ဒုက္ခတွေဆိုတာ ပစ္စည်းအကြောင်း ပြုပြီးတော့ အများကြီးတွေ့ရတယ်။ အဲဒီပစ္စည်းတွေကို ယခုလို သာသနာ ပြု ကောင်းမှုဆိုရတဲ့ ကောင်းမှုမျိုးဘက်မှာ သွန်ပြီးတော့ သွန်ချပြီးတော့ လွတ်လွတ်ကျွတ်ကျွတ် မုတ္တစာဂ၊ လွတ်လွတ်ကျွတ်ကျွတ် စွန့်နိုင်ကြ တယ် အဲဒီလိုစွန့်နိုင်ခြင်းဟာ တကယ်တော့ ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက်ရတယ်1 တစ်ရွေးလောက်လှူရင် တောင်ကြီးလောက် ရတယ်။ လှူတာထက် အဆမတန် တိုးပြီးရနိုင်တဲ့ ကောင်းမှုမျိုးမို့လို့ အဲဒီကောင်းမှုမျိုးဟာ စွန့်ရပေမယ့် ကုန်သွားတာမဟုတ်ဘူး။ ပစ္စည်း ကတော့ ကုန်သွားတာပဲ။ ကုန်ခြင်းအကြောင်းပြုပြီးတော့ အမြတ်ကို ကြည့်လိုက်တော့ အများကြီးရတယ်
အဲဒါကြောင့်မို့လို့လဲ တေသံ-ထိုပစ္စည်းကုန်ခန်းခြင်း သုံးမျိုးတို့တွင် ပဌမခယောဝ-လှူရွှတန်းရွ ကုန်ခန်းခြင်းဆိုတဲ့ ကုန်ခြင်းမျိုးကိုသာလျှင်း ဓမ္မဒဿိနာ-တရားသိမြင် ရှင်တော်မြတ်ဘုရားသည်။ ပသတ္ထော-ကောင်း စွာ အထဝ်ထပ် ချီးမွမ်းတော်မူအဝ်ပါပေ၏။ ဤကုသိုလ်ကောင်းမှုတို့ကို ရရှိကြပြီးတော့ ဖြစ်ရာဘဝ၌ ကွယ်လွန်သူများ စည်းစိမ်ချမ်းသာ တိုး တက်ရရှိကြပါစေ။ စည်းစိမ်ချမ်းသာသာမက စည်းစိမ်ကိုအကြောင်းပြုရွှ်ံသုခိနော စိတ္တံ သမာဓိယတိ အစရှိသော ပါဠိအရ ချမ်းသာတယ်။
စိတ်ကြည်လင်တယ်။ စိတ်ကြည်လင်ရင် သမာဓိရတယ်။ သမာဓိရရင် ပညာတွေတိုးတက်နိုင်တယ်။
ဒါကြောင့်မို့လို့ ဒါတွေဟာ ချမ်းသာရုံတင်မက ချမ်းသာခြင်းကို အကြောင်းပြုပြီး သူတို့တစ်တွေ တရားအဆင့်ဆင့် မြင့်သထက်မြင့်သော ပေါက်ရောက်အောင်မြင်နိုင်ခြင်းဆိုတဲ့ အကျိုးလဲရနိုင်တာပဲ။ အဲသလို ထူးခြားတဲ့ အကျိုးတွေတွက်ကြည့်လိုက်တော့ အကျိုးတွေဟာမကုန်နိုင်ဘူး။ ယခု ဘုန်းကြီး ခုန ပစ္စည်းကုန်ခြင်းသုံးမျိုး ဟောခဲ့တယ်။ မကြာ မကြာ ဘုန်းကြီးဟောခဲ့တဲ့ တရားတစ်ပုဒ် ရေး မီး။ မင်း။ ခိုးသူ အမွေခံဆိုး သားသမီးတို့ကြောင့် ပျက်စီးရတဲ့ ပစ္စည်းဟာ မိမိအဖို့ ဘာမှမကျန်တော့ဘူးး တကယ်ကုန်တဲ့ အကုန်မျိုးနဲ့ ပျက်စီးကုန်ဆုံးသွားကြတဲ့ပစ္စည်းတွေ။ အဲဒီပစ္စည်းတွေအတွက်တော့ ဘာမှ ပစ္စည်းရှင်အတွက် အမြတ်မကျန်ဘူး။ စားလို့သောက်လို့ ကုန်တဲ့အကုန်။ စားလို့ကုန်။ သောက်လို့ကုန်။ သုံးလို့ကုန်။ စွဲလို့ကုန်။ အဲသလိုစားသောက် သုံးစွဲလို့ ကုန်ရတဲ့ပစ္စည်းတွေကျတော့ တစ်ဘဝအတွက်လေးတော့ သူ့ အတွက် အမြတ်ရှိသေးတယ်လို့ ဆိုအပ်သေးတယ်။ သို့သော် အရာထင်ပြီး မကျန်ခဲ့ဘူး။ ကိုယ့်မှာအမြတ်အဖြစ်နဲ့ မကျန်ရစ်ခဲ့ဘူး။ ဒါတော့ အားလုံး သိပြီးသားပါ။
လှူလို့တန်းလို့ ကုန်ခြင်းမျိုးက အဲသလိုမဟုတ်ဘူး။ အမြတ်များများ ကျန်တယ်။ မိမိအဖို့ မကုန်နိုင် မခန်းနိုင်အောင် သုံးမကုန်စွဲမကုန်နိုင်အောင် နောင်အခါ ကောင်းကျိုးချမ်းသာတွေ ဖြစ်နိုင်တဲ့အလှူဒါန၊ မိမိက သဒ္ဓါ တရားရှိတယ်။ သဒ္ဓါတရားအကြောင်းပြုပြီးတော့ သာသနာအတွက် လိုအပ်တဲ့အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါမှာ သာသနာပြု အဖြစ်ဖြင့် ပါဝင်ဆောင်ရွက်လှူဒါန်းရတယ်။ လှူဒါန်းရခြင်းကြောင့် အဖတ်တင်တာပဲ/။
ယေသံ ဒိဝါစ ရတ္တောစ။
သဒါပုညံ ပဝတ္တတိ။
ဓမ္မဋ္ဌာ သီလသမ္ပန္နာ။
တေဇနာ သဂ္ဂဂါမိနော။
ယေသံ-အကြင်ထာဝရနိဗဒ္ဓကောင်းမှုတွေပြုကြတဲ့ ပုဂ္ဂိုလ်တို့၊ ပုဂ္ဂိုလ်တို့အား၊ ဒိဝါစ-နေ့အခါဉ်လည်းကောင်း၊ ရတ္တောစ-ညဉ့်အခါ၌ လည်းကောင်း သဒါ-အခါခပ်သိမ်း။ ပုညံ-ကုသိုလ်ကောင်းမသည်။ ပဝနု တိ-တိုးပွားရနေပါသတည်း။ ဓမ္မဋ္ဌာ-သီလဥ်တည်ကြကုနံသေား ဓမ္မဋ္ဌာ-သူတော်ကောင်းတရားခဋ် တည်ကြကုန်သေား သီလသမ္ပန္နာ- က ယ်တျင် သီလနှင့် ပြည် ကြကုန်အေား တေဝနာဟိုသူရားတပည့် ဗုဒ္ဓဘာသာ ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့သည်။ သဂ္ဂဂါမိနော- အထက်တန်းကျတဲ့ နတ်ရွာသုဂတိ။ လူ့ရွာနတ်ရွာသုဂတိ။ လူ့ရွာသုဂတိ သုဂတိဘဝသို့ ကောင်းစွာလှလှ ဆိုက်ရောက်ကြရစေ
ကုန်သတည်း။
ထာဝရ နိဗဒ္ဓကောင်းမှု၊ ထာဝရနိဗဒ္ဓကောင်းမှုဆိုတော့ အားလုံး ကြားဖူးကြတာပဲ။ နိဗဒ္ဓပုည ထာဝရကုသိုလ်ပြုကြလို့ရှိရင်ဖြင့် နေ့ရော ညပါ အခါခပ်သိမ်း ကုသိုလ်တရားတွေ တိုးတယ်။ နေ့ရောညပါဆိုတာ အလကားနေရင်းတော့ တိုးလာတာမဟုတ်ဘူး။ မိမိတို့ပြုရတဲ့ကုသိုလ်က အမှတ်တရ ထုနဲ့ထည်နဲ့ ပြုရတဲ့ကုသိုလ်ဖြစ်လို့ ပြန်ပြီးတော့ မတွေးမိဘဲ မနေဘူး။ မကြာမကြာ တွေးမိတယ်။ အမြဲတမ်း သတိရတိုင်း တွေးမိတယ်။ တွေးမိတိုင်းလဲ နှစ်သက်ရွှင်လန်း' ၀မ်းမြောက်ရတယ်။ နဂိုကတည်းက ဒါဟာတို့အတွက် ဆောက်တည်ရာ၊ မှီခိုရာ။ အားကိုးရာဆိုတဲ့ ခံယူချက်နဲ့ ပြုထားတဲ့ ကုသိုလ်တွေး သာသနာတော်အပေါ်မှာ ကြည်ညိုမြတ်နိုးတဲ့ သာသနာတော် ကြီးပွားတိုးတက်လိုတဲ့ ဆန္ဒအာသီသနဲ့ လှူထားတဲ့ ကုသိုလ်တွေဖြစ်သောကြောင့် အမှတ် မကြာမကြာရတယ်။ ရတိုင်းရတိုင်း နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရတယ်။ ဝမ်းမြောက်တိုင်း ဝမ်းမြောက်တိုင်း ဒကာမကြီးတွေကိုလဲ သတိရပြီးတော့ အမျှအတန်း ပေးဝေဖြစ်ကြတယ်။ ဒါကြောင့် ထာဝရနိဗဒ္ဓကောင်းမှုအထူး' ကုသိုလ်အထူး ယနေ့ ဆည်းပူးအားထုတ်ရသောကြောင့် မိမိတို့လဲ အကျိုးရှိတယ်။ ဒကာမကြီး တွေလဲ အကျိုးရှိတယ်။ နှစ်ဖက်အကျိုးရှိတဲ့ကုသိုလ်တွေ စွန့်လိုက်ရခြင်း
ကြောင့် ချမ်းသာတယ်ဆိုတာ ဒါပဲ။ လောကမှာ ပစ္စည်းဥစ္စာတွေ အများ ကြီးရှိတယ်။ တွယ်တာနေလို့ရှိရင် ဒုက္ခတစ်မျိုး။ ဝ င င ငု င င ဝ. ဌ၀ဌ လ ဓ င အခုလို လွတ်လွတ်လပ်လပ် စွန််လိုက်နိုင်တော့ အဲဒီပစ္စည်း အကြောင်းပြုပြီးတော့ မစ္ဆရိယတွေ လောဘတွေကင်း'း အလောဘသဒ္ဓါ အစရှိသော ကောင်းမြတ်သောဓာတ်ခံကြီး ဖြစ်ပွားတယ်။ ကုသိုလ်တရား တွေ ဖြစ်လိုက်ကြတာ နည်းတာမဟုတ်ဘူး။ အဲဒီလိုကုသိုလ်တရားတွေ ဖြစ်ပွားတာဖြစ်သောကြောင့် တွေးမိတိုင်းလဲ နှစ်သက်ရွှင်လန်း ဝမ်းမြောက် ရတာဖြစ်သောကြောင့် တစ်ခါတစ်ခါ အဲသလို မိမိတို့ ရဲရဲဝံ့ဝံ့စွန့်လွှတ် ၀ လူ င္ဝ ရျ လျှ ရ င္သ င္သ င ရ ရျ နိုင်တဲ့ အဖြစ်မျိုးတွေဟာ ပျော်စရာလဲ အင်မတန်ကောင်းတယ်။ နှစ်သက် လျှ င္လ င္လ င င ဝင ငု င္လ။ ဝ ဝင စရာလဲအင်မတန်ကောင်းတယ်။ စိတ်ချမ်းသာခြင်းအကြောင်း၊ ကိုယ် ချမ်းသာခြင်းအကြောင်း1 ကောင်းမြတ်တဲ့အထောက်အပံ့ကြီး၊ ဘုန်းကြီး ၀ ၂ ဓ (ရျ ငုျှ ဗျိ င ချ တို့ ပါရမီတော်ဖြည့်ခဲ့ကြတဲ့ ဘုရားအလောင်းတွေ။ ပစ္စေကဗုဒ္ဓါအလောင်း တွေး အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက အလောင်းတွေ။ အဂ္ဂသာဝိကာ မဟာသာဝိကာ ပကတိသာဝိ့ကာအလောင်းတွေ ဒါနပြု ကြတဲ့အခါ အဲသလို အင်မတန်ပျော်ကြတယ်။ ဥဒါန်းတွေ ကျူးကာ ကျူးကာနဲ့။
ကြားဖူးကြမှာပေါ့။ သိကြားမင်းကြီး လူ့ပြည်လာပြီးတော့ ရှင်မဟာ ကဿပကြီးကို ခိုးကြောင်ခိုးဝှက်နဲ့ လှည့်ပတ်ပြီးတော့ လှူသွားရတာလေး ဝ င လ ရျ င ဂ ရ သိကြားမင်းကြီးဟာ သုဇာတာနဲ့ နှစ်ယောက်လာပြီးတော့ လူအိုလင်မယား ယောင်ဆောင်ပြီး ရက်ကန်းရုံက ရက်ကန်းသည်အဘိုးအို အမယ်အိုယောင် ဆောင်ပြီးတော့ ဆွမ်းလှူရတယ်။ ဆွမ်းလှူလို့ အထမြောက်သွားတော့ တစ်ခါတည်း ဥဒါန်းကျူးသွားတယ်။
အဟောဒါနံ ပရမဒါနံ ကဿဗေ သုပ္ပတိဋ္ဌိတံ။
ကဿပေ-ရှင်မဟာကဿပကိုယ်တော်မြတ်ကြီးခး သုပ္ပတိဋ္ဌိတံ- ကောင်းစွာလှလှ တည်ထားရသော ဤကုသိုလ်ဒါနကြီးသည်။ အဟော ဒါနံ-ချမ်းသာဖို့အကြောင်း အလွန်ကောင်းလှသော ဒါနကြီးပါပေတကား။ ပရမဒါနံ-သဒ္ဓါသီလအစရှိသော ကုသိုလ်တရားတွေ တိုးပွားစေကြောင်း။
အလွန်ကောင်းမြတ်သော ဒါနထူးကြီးပါပေတကားလို့ ဥဒါန်းကျူးသွား တယ်တဲ့။
ဒါကြောင့် ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ် သာသနာတော်မှာ ပုညခေတ်ကြီးမှာ မိမိတို့ ကုသိုလ်ကောင်းမှုတွေ ပြုကြရတယ်။ ယနေ့ ကုသိုလ်ကောင်းမှုက ဒကာမကြီးတွေ ကွယ်လွန်ခြင်းအကြောင်းပြုပြီး လှူရတဲ့ ကုသိုလ်တွေး အဲဒီ ကုသိုလ်တွေက ယနေ့ ဒကာမကြီးတွေ အကြောင်းပြုပြီးတော့ လှူဒါန်းရတဲ့ကုသိုလ်တွေ။ အဲသလိုပြုရတဲ့ကုသိုလ် တွေကျတော့ မိမိတို့စွန့်လိုက်ရတဲ့ စွန့်လွှတ်မှုမျိုး လောကမှာစွန့်ရတဲ့အခါ အကျိုးရှိတဲ့ စွန့်ရမှုး အကျိုးမရှိတဲ့ စွန့်ရမှုနှစ်မျိုးအနက် ယနေ့အကျိုးရှိတဲ့ စွန့်ရမှုကြီးဖြစ်လို့ မွန်မြတ်တဲ့စွန့်ရမှုကြီး၊ မိမိကသဒ္ဓါတရားနဲ့ စွန့်လွှတ် လိုက်ရတာမို့လို့ စွန့်ရခြင်းအတွက် နှစ်သက်ရွှင်လန်း ၀မ်းမြောက်စေ တတ်တဲ့စွန့်ရမှုကြီး၊ ဒကာမကြီးတွေ မိမိတို့ ဆုံးရှုံးလိုက်ရတယ်။ ဒါပေမဲ့ အရှုံးထဲကအမြတ်ထုတ်ဆိုတာလို ယနေ့ ဒကာမကြီးတွေ အကြောင်းပြုပြီး အမြတ်ထုတ်လိုက်ရတာ အင်မတန် နှစ်သက်ရွှင်လန်းဝမ်းမြောက်စရာ ကောင်းတယ်
ဒါကြောင့် ယနေ့ စွန့်ရခြင်းဟာ မိမိတို့ပျော်စရာကောင်းတဲ့စွန့်ရခြင်း၊ နှစ်သက်စရာကောင်းတဲ့ စွန့်ရခြင်း၊ ၀မ်းမြောက်စရာကောင်းတဲ့ စွန့်ရခြင်း၊ တို့တစ်တွေ ယနေ့ ဤတကယ့်ကိုယ်ကျိုးရှိတဲ့ ဒကာမကြီးတွေ အကျိုး ရှိတဲ့ မွန်မြတ်တဲ့စွန့်ရခြင်းမျိုး စွန့်ရပေပြီလို့ နှစ်သက်ရွှင်လန်း ဝမ်း မြောက်ခြင်းနဲ့ မိမိတို့ကုသိုလ်တွေကို ထပ်ခါထပ်ခါ နှစ်သက်ရွှင်လန်း ၀မ်းမြောက်၀မ်းသာ အောက်မေ့ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
စွန့်နိုင်မှ ချမ်းသာရတရားတော်
လောကမှာ ဓစွန့်နိုင်သေးလို့ သေခြင်းဆိုတဲ့သဘောတရားနဲ့ တွေ့ သွားရတာ။ အေး-လောကမှာ စွန့်နိုင်တဲ့ပုဂ္ဂိုလ်တွေကျတော့ ပဋိသန္ဓေ လဲမနေရ။ အိုလဲမအိုရ။ နာလဲမနာရ။ ဒုက္ခခပ်သိမ်း ငြိမ်းအေးကြရတယ်။ အဲသလိုမစွန့်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေအဖို့တော ကြုံရမှာချည်းပဲ။ စွန့်နိုင်တဲ့ ပုဂ္ယိုလ်တွေကျတော့ အိုခြင်း လွန်မြောက်နိင်ကြ၊ နာခြင်း သေခြင်း လွန်ခြောက်နိုင်ကြ မိမိတို့စန္ဓာကိုယ်ကြီး စဉ်ဆက်ပြေတ် ဖြစ်ပျက်နေတဲ့ သံသရာကြီးကို မစွန့်နိုင်ကြသေးသမျှ အိုရမယ်။ နာရမယ်။ သေရမယ်။ ပဋိသန္ဓေနေရမယ်။ အဖန်တလဲလဲ ဒုက္ခတွေ့ကြုံရမယ်။ ဒီဘဝက လွတ် မြောက်နိုင်ကြမှာမဟုတ်ဘူး။ စွန့်နိုင်ကြမှ၊
ဇာတိ မစ္စု ဇရာဗျာဓိ။ ဝေဒနာဘိ အဘိပ္ပလုတံ။
သံသာရ မိဓ မစ္စန္တ မသာရံ စဧတောသုခံ။
ဇာတိ မစ္စု ဧရာဗျာဓိ ဝေဒနာဘိ-ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း' သေရခြင်း၊ စိုးရိမ်ပူဆွေးရခြင်းတို့ဖြင့်၊ အဘိပ္ပလုတံ-အမြဲ မပြတ် ရှုပ်ယှက်ခတ်လျက်ရှိသေား အစ္စန္တံ-စင်စစ်။ အသာရံ-အနှစ်သာရ ရှာမရသေား တ္ကဒံ သံသာရံ-ဤဘဝခန္ဓာ သံသရာကြီးကို၊ စဧဇတော- မတွယ်မတာ ပယ်ခွာစွန့်ပစ်နိုင်သူအဖို[ သုခံဟောတိ-ချမ်းသာအစစ် တကယ်တမ်းဖြစ်ပါပေသတည်း။
ပဋိသန္ဓေ အိုနာသေရေး။ ဘေးဒုက္ခတွေနဲ့ ကြုံတွေ့လျက်ရှိတဲ့ သံသရာ ကြီး၊ မိမိတို့ခန္ဓာသံသရာကြီး၊ အဲဒီသံသရာကြီးကို မစွန့်နိုင်ကြရင် အိုခြင်း ဒုက္ခနဲ့လဲကြုံရမှာပဲ။ နာခြင်းဒုက္ခ၊ သေခြင်းဒုက္ခနဲ့လဲ ကြုံရမှာပဲ။ စွန့်နိုင် သူတွေအဖို့တော့ အိုခြင်းဒုက္ခက လွတ်ကြ။ နာခြင်းဒုက္ခက လွတ်ကြ။
သေခြင်းဒုက္ခက လွတ်ကြ။ ဒုက္ခအမျိုးစုံက လွတ်ကြရွ် တကယ့်အေးငြိမ်း ခြင်းနဲ့ ကြုံရတယ်။ စွန့်နိုင်ဖို့ရာ အရေးကြီးတယ်။
အဲဒီတော့ စွန့် နိုင်တယ်ဆိုတာ ခန္ဓာကိုယ်ကြီး စွန့်လို့ကတော့ ဘယ် နည်းနဲ့မှရမှာမဟုတ်ဘူး။ အကြောင်းဖြစ်တဲ့ အဲဒီခန္ဓာကိုယ်ကြီးကို ဖန်တီး တဲ့ တဏှာဥပါဒါန်စသော ကိလေသာတွေ။ တွယ်တာမှု သမုဒယတွေ စွန့်နိုင်ကြမှ အဲဒီခန္ဓာကိုယ်ရုပ်တရားတွေ နောက်ဖြစ်တော့မှာ မဟုတ်ဘူး။ နာမ်တွေလဲဖြစ်တော့မှာ မဟုတ်ဘူး။
ဒီတော့ ခန္ဓာကိုယ်ကြီးဆိုတာ အားလုံးသိကြတဲ့ အတိုင်းပဲ။ ကောင်းတယ်ရယ်လို့ တယ်မရှိဘူး။ မကောင်းတဲ့ခန္ဓာကိုယ်ကြီးကို ခုန ပြောသလို သမုဒယအတွယ်အတာလေးကရှိလေတော့ ကောင်းတယ် ထင်နေကြတယ်။ နှစ်သက်ဖွယ်လဲထင်နေကြတယ်1 တွယ်တာနေကြတယ်။ တွယ်တာမှုဆိုတဲ့ သမုဒယတဏှာ ဥပါဒါန်တရားတွေရှိနေသမျွ ဒီခန္ဓာ ကိုယ်ကြီးကတော့ မိမိတို့ကို ဒုက္ခပေးလျက်ကြီးပဲရှိမှာပဲ ကွယ်လွန်တဲ့ ဒကာမကြီးကလဲ အဲသလို စွန့်လွှတ်မှုမျိုးနဲ့ မစွန့်လွှတ်နိုင်သေးလို့ ယခု အခါ သူ့ကံအလျောက် လျော်ရာမှာဆိုက်ရောက်နေပြီး ခန္ဓာကိုယ်ကြီး ဆက်ဖြစ်နေသရွ််တော့ နောင်လဲပဲ အဲဒီခန္ဓာကိုယ်ကြီး အကြောင်းပြုပြီး တော့ အဲဒီဘဝမှာလဲ ကြုံရအုံးမှာပဲ။ နာရအုံးမယ်။ အိုရအုံးမယ်။ သေရအုံး မယ်။ နောက်တစ်ခါ ပဋိသန္ဓေနေရအုံးမယ် ဆက်ဆက်ပြီး ဖြစ်ရအုံးမှာပဲ။
အကြင်မျှလောက် ခန္ဓာကိုယ်ကြီး မစွန့်နိုင်သေး။ ခန္ဓာကိုယ်ကြီး စွန့်နိုင်လောက်အောင် သမုဒယတဏှာကို မပယ်နိုင်သေး။ ထိုမျှလောက် ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ သေရခြင်း စသော ဒုက္ခတွေနဲ့ကြုံရဦးမှာပဲ။ အဲသလိုဒုက္ခတွေမကြုံရအောင် ဤသာသနာတော်ကြီးက အာမခံပေးထား တယ်။ အာမခံပေးထားတဲ့ တရားတော်တွေ ကြိုးစားပြီးတော့ အားထုတ် ကြ၊ ပွားများကြဖို့ အရေးကြီးတာပဲ။
ဒီတော့ ခန္ဓာကိုယ်ကြီးဆိုတာတော့ ဘုန်းကြီးတို့ ပြောစရာမရှိဘူး။ အင်မတန်ဒုက္ခများတဲ့ ခန္ဓာကိုယ်ကြီး၊ တစ်ခါတုန်းက နကုလပိတာဆိုတဲ့ ဒကာကြီး ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက်လာပြီး မိမိရဲ့ခန္ဓာကိုယ်
ကြီးဟာ အင်မတန် အဓြဲမပြတ်နာကျင်နေတဲ့ ခန္ဓာကိုယ်ကြီးဖြစ်တဲ့အတွက် ကြောင့် မိမိကြည်ညိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် မိမိကြည်ညို တဲ့ ရဟန်းတော်တွေကို ဖူးမြင်ဖို့ရာ အခွင့်မသာတဲ့အကြောင်းတွေ လျှောက်ထားတော့-
ဘုရားရှင်ကိုယ်တော်မြတ်က ဒကာကြီး ခန္ဓာကြီးဟာဒီလိုပဲ။ အမြဲ တမ်း နာကျင်နေတဲ့ ခန္ဓာကိုယ်ကြီးပဲ။ ဘယ်လောက်ပဲ ခန္ဓာကိုယ်ကြီးက နာနာ-
အာတုလ ကာယဿ ဒေသကေား စိတ္တံ နာတိရံ ဘဝိဿတိ ဧဝံ ဟိတေ ဂဟပတိ သိက္ခိတဗ္ဗံ1
ခန္ဓာကိုယ်ကြီးကတော့ နာမှာပဲ။ အမြဲတမ်းနာနေတဲ့ ခန္ဓာကိုယ် ကြီးပဲ။ သို့သော် ခန္ဓာကိုယ်ကြီးနာပေမယ့် စိတ်ကိုတော့ မနာအောင် ကြိုးစားရမယ်လို့ မိန့်ကြားတော်မူတယ်
ယောဟိ ဂဟပတိ မုဟုတ္တမ္ပိ တ္ကမံ ကာယံ အာရောဂျံ ပဋိဇာနေယျ ကိမညတြဗာလာ။
ဒီခန္ဓာကိုယ်ကြီးကို နာကျင်နေတဲ့ခန္ဓာကိုယ်ကြီးကို တစ်ခဏမျှ အနာ ရောဂါကင်းပြီးတော့ ကျန်းမာခြင်းနှင့် ပြည့်စုံတယ်လို့ ဆိုလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်ဟာ မိုက်မဲလို့ပဲ။ မိုက်မဲခြင်းကို ကြဉ်ထားရွ် ခန္ဓာကိုယ်ကြီးမာပါ တယ်။ တစ်ခဏမျွှမာပါတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်ဟာ မိမိ၏မသိမလိမ္မာမှု မိုက်မဲမှုကိုထားရွ တစ်ပါးသောအကြောင်းမရှိဘူး။ မိုက်လို့ပြောတာပဲလို့ ဆိုပါတယ်။ မိုက်လို့ပြောတာပဲလို့ ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော် မူတယ်1
ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ကြီးဟာ အင်မတန်နာကျင်နေတဲ့ ခန္ဓာကိုယ်ကြီး တစ်ခဏမျှ ကြင်နာမှုပေးနေတဲ့ အခါရယ်လို့မရှိဘူး။ တစ်နည်းမဟုတ် တစ်နည်း တစ်မျိုးမဟုတ် တစ်မျိုး နာနေတာပဲ။ ခန္ဓာကိုယ်ကြီး ဘယ်လောက်နာနာ စိတ်ကိုတော့မနာဇေနဲ့လို့] စိတ်ကိုတော့ မနာအောင်ကြိုးစားရမယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်က မိန့်ကြားတော် မူတယ်။
စိတ္တေ မလံ မုပေက္ခာယ၊ ကာယေ မလံစ ဓော၀တု။
စိတ္တေဟိ နိမ္မလေ သန္တော၊ ဥတုကာယောပိ ပူဇိတော။
-ကာယေ-ခန္ဓာကိုယ်ကြီးခ်၊ မလံ-ဖြစ်နေတဲ့ အညစ်အကြေးကို၊ ဥပေက္ခာယ-အရေးမပြု လျစ်လျူရှု စိတ္တေ-စိတ်ခ်။ မလံ-ဖြစ်နေတဲ့ အညစ်အကြေးကို၊ ဓော၀တု-လုံးဝ ပြောင်စင်အောင် ဆေးကြောပါ လေလော့1
ခန္ဓာကိုယ်ကြီးက အပုပ်တွေကို မစင်ကြယ်သေးတဲ့ဟာတွေကို ထားလိုက်အုံး စိတ်ခ်ဖြစ်တဲ့ အညစ်အကြေးတွေကို ဆေးကြောပါ။ သုတ် သင်ပါ
စိတ္တေ-စိတ်သည်။ နိမ္မလေ-ကိလေသာအညစ်အကြေးကင်းဝေးရွ် သန့်ရှင်းသည်။ သတိ-ရှိသော်၊ သန္တော-သူတော်ကောင်းဖြစ်သောပုဂ္ဂိုလ် ကိုး ဂူတိကာယော-ပုပ်ဟောင်ညှီနေသော ခန္ဓာကိုယ်ကြီးရှိနေသော်လည်း။ ပူဇိတော-အမြဲမပြတ် ပူဇော်အပ် မြတ်နိုးအပ်ပါပေသတည်း။
စိတ်စင်ကြယ်နေပြီဆိုရင် စိတ်ဟာ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်နေပြီဆိုရင် ခန္ဓာကိုယ်ကြီး ပုပ်နေသော်လဲ အဲဒီစင် ကြယ်နေတဲ့ပုဂ္ဂိုလ်ဟာ ပူဇော်အင်တဲ့ပုဂ္ဂိုလ်ပဲတဲ့1 ဒါကြောင့်မို့လို့ သာသနာ တော်ကြီးနဲ့ ကြုံတဲ့အခါမှာ စိတ်စင်ကြယ်ကြောင်း ကောင်းမြတ်တဲ့တရား တွေဟာ ဘုရားသာသနာတော်မှာ အများကြီးရှိတာမို့လို့ မိမိတို့လက်လှမ်း မီသမျှ ကြိုးစားအားထုတ်ကြရတယ်။
ကာယေ ရောဂံ တိတိက္ခာယ၊ စိတ္တေ ရောဂံ စိကိစ္ဆတု။
သုခိတော ကာယရောဂီပိ၊ စိတ္တေနိရာမယေ သတိ။
ကာယေ-ခန္ဓာကိုယ်ကြီးဦ်ဖြစ်သော၊ ရောဂံ-ရောဂါကို၊ တိတိက္ခာယ-သည်းညည်းခံရွ်း စိတ္တေ-စိတ််ဖြစ်သော၊ ရောဂံ-ရောဂါကိုး စိကိစ္ဆတု-တရားဆေးဖြင့် ကုသပါလော့။
ခန္ဓာကိုယ် ရောဂါဖြစ်နေရင် အဲဒီရောဂါကို အသာထားပြီးတော့ သည်းခံပြီးတော့ စိတ်ခဖြစ်တဲ့ရောဂါကို ကုပေးပါ။ စိတ််ဖြစ်တဲ့ရောဂါ ဆိုတာ ကိလေသာတွေပဲ။း ကိလေသာတွေကို ရောဂါလို့ဆိုတယ်။
စိတ်ရောဂါလို့ ဆိုတယ်။ အဲဒီရောဂါတွေကို ကုသပေးပါ။ ကုသဖို့ ဘုန်းကြီးတို့ ဗုဒ္ဓသာသနာတော်မှာ အများအပြား နည်းလမ်းတွေ ရှိပါတယ်။။
စိတ္တေ-စိတ်သည်။ နိရာမယေ-ကိလေသာဆိုတဲ့ရောဂါကင်းနေသည် ရှိသော်' ကာယရောဂံပိ-ခန္ဓာကိုယ်၌ ရောဂါစွဲကပ်နေတဲ့ပုဂ္ဂိုလ်သော်လဲ သုခိတော-ချမ်းသာမြဲချမ်းသာပေသည်1 ဟောတိ-မုချမသွေ ဖြစ်ပါပေ သတည်း။
ဒါကြောင့် ကွယ်လွန်တဲ့ဒကာမကြီး အကြောင်းပြုပြီးတော့ လှူဒါန်း တဲ့ အခါသမယ စိတ်ကျန်းမာရေး။ စိတ်ချမ်းသာရေး ဘုရားဆေးတွေ အသုံးပြုပြီးတော့ မိမိခန္ဓာကိုယ်ကြီးကို စွန့်နိုင်အောင် ကြိုးစားပြီးတော့ စွန့်နိုင်ရင်ချမ်းသာမယ်ဆိုတဲ့အသိ ကောင်းကောင်းရပြီးတော့ စွန့်နိုင်အောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(၁၁-၂-၉၂။ သင့်ဘဝဦးတင်မောင်နေအိမ် ဆွမ်းအလှူအနုမောဒနာတရား)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
မွေးနေ့ဆွမ်းအနုမောဒနာတရားတော်
ဒကာမကြီးဒေါ်ပူဒီရဲ့ ၇၉-နှစ်ပြည့် ယနေ့ ပူဇော်လှူဒါန်းတယ်။ မွေးနေ့အလှူတော်လှူဒါန်းရခြင်းဖြင့် ဒါနတွေ သီလတွေ ဘာဝနာတွေ ဗုဒ္ဓပူဇာ ဓမ္မပူဇာ သံဃပူဇာ ပူဇနိယပူဇာ မင်္ဂလာတွေ များစွာဖြစ်ပွားသော ကြောင့် ဤနေ့ဤအခါသည် ကျက်သရေရှိတဲ့နေ့ မင်္ဂလာရှိတဲ့နေ့ အဲဒီ ကျက်သရေ အဲဒီမင်္ဂလာတွေက ဖယ်ရှားပေးလို့ မကောင်းသောဘေးတွေ ပျောက်နိုင်တယ်။ မကောင်းသောရန်တွေ ပျောက်နိုင်တယ်။ မကောင်းသော အန္တရာယ်တွေ ပျောက်နိုင်တယ်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းး ဉာဏ်ပညာကြီးခြင်း အစရှိသော ကောင်းကျိုးချမ်းသာတွေ ဖြစ်ပွားနိုင်တယ်။
ယနေ့ ဒကာမကြီးအတွက် ထူးခြားတဲ့ကုသိုလ်ပွဲကြီး မင်္ဂလာရှိတဲ့ ကုသိုလ်ပွဲကြီး၊ ကျက်သရေရှိတဲ့ ကုသိုလ်ပွဲကြီး၊
စိန္တာမဏိ သမံဒါနံ။ ကပ္ပရုက္ခ သမမ္ပိစ။
တသ္မာ အနေန ဒါနေန1။ ယထိစ္ဆိတံ လဘိဿထ။
ဒါနံ-လှူဒါန်းပေးကမ်း စွန့်ကြဲခြင်းဆိုတဲ့ အလှူဒါနမျိုးသည်။ စိန္တာ မဏိသမံ-လိုရာလိုရာကိုပေးတတ်တဲ့ စိန္တာမဏိတည်းဟူသော ပတ္တမြား ရတနာကြီးနဲ့လဲတူပါပေ၏ / အလှူဒါနဆိုတာ စိန္တာမဏိပတ္တမြားရတနာ ကြီးနဲ့လဲ တူတယ်တဲ့။ လောကမှာ စိန္တာမဏိဆိုတဲ့ ပတ္တမြားရတနာကြီး မျိုးရှိတယ်။ အဲဒီ ပတ္တမြားရတနာကြီးမျိုးဟာ လိုတရစေတတ်တဲ့ အစွမ်း ရှိတဲ့ပတ္တမြားရတနား ရွှေလိုချင်ရွှေး ငွေလိုချင်ရင်ငွေ။ စီးပွားတိုးစေချင်ရင် စီးပွားတိုး အသက်ရှည်ချင်ရင်အသက်ရှည်။ ကျန်းမာချင်ရင်ကျန်းမာတယ်။
ကောင်းကျိုးချမ်းသာအမျိုးမျိုးရစေတတ်တဲ့ စိန္တာမဏိဆိုတဲ့ ပတ္တမြား ရတနာကြီး ရှေးတုန်းက ရှိခဲ့ဖူးတယ်။ ခုတော့ ပြောသံဆိုသံ တယ် မကြားရဘူး။
ဘုန်းကြီးတို့ ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ဆုပေးတဲ့အခါမှာ-
က္ကစ္ဆိတံ ပတ္ထိတံ တုယှံ။ ခ်ိပ္ပမေဝ သမိဇ္စျတု။
သဗ္ဗေပူရေန္ဘု သင်္ကပ္ပါ။ မဏိဇောတိ ရသောယထာ။
တုမှံ-သင်ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့၏။ က္ကစ္ဆိတံ- မိမိတို့စိတ်တွင် လိုချင်တောင့်တအပ်သော၊ ပတ္ထိတံ-စိတ်ကတမ်းရွ မျှော်မှန်းတမ်းတအပ်သော အကြံအစည်မှန်သမျှ တောင့်တချက်မှန်သမျှ လိုလားချက်မှန်သမျှသည်။ ခိိပ္ပမေ၀-မကြာမတင် လျင်မြန်စောစွာ သာလျှင်၊ သမိဇ္စျတု-လိုတိုင်းမြောက်ကာ ပြီးပြည့်စုံပါစေသတည်း။ ဇောတိရသော- ဇောတိရသလို အမည်တစ်မျိုးရသေား မဏိ-စိန္တာမဏိ ခေါ် ပတ္တမြားရတနာသည်။ ဂူရေန္တိယထာ-လိုအင်ဆန္ဒမှန်သမျှကို ပြီးမြောက်စေသကဲ့သို့၊ သဗ္ဗေ-ကြွင်းမဲ့ဥဿုံး အလုံးစုံကုန်သေား တုမှံ-သင်ဒကာဒကာမအပေါင်း သူတော်ကောင်းတို့၏ 1 သင်္ကပ္ပါ- လောကရေးနှင့်စပ်ရွှ မိမိတို့တောင့်တချက်အမျိုးမျိုး လောကုတ္တရာရေး နှင့်စပ်ဤ မိမိတို့ လိုလားတောင့်တချက်အမျိုးမျိုးတို့သည်။ ပူရေန္ဘု- ကောင်းစွာမသွေ ကြံတိုင်းလိုတိုင်း ပြီးမြောက်ကြပါစေကုန်သတည်း။
စ္စေကဗုဒ္ဓါအရှင်မြတ်တွေပေးတဲ့ ဆုပေး။ လှူရင်တန်းရင် ရှိခိုးရင် ပစ္စေကဗုဒ္ဓါအရှင်မြတ်များက အဲဒီဆုပေးနဲ့ပေးတယ်။
တ္တစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခ်ိပ္ပမေဝ သမိဒ္ဒုတု။
သဗ္ဗေ ဗူရေန္ဘု သင်္ကပ္ပါ။ စန္ဒော ပန္နရသောရသော ယထာ
စိန္တာမဏိပတ္တမြားကြီးလို ပြည့်စုံပါစ၊ ကြံသမျှ လိုလားသမျှ။ တောင့်တသမျှ ပြည့်စုံပါစေလို့ဆုပေးတယ်။ တစ်ဆယ့်ငါးရက် ဝိုင်းစက် ပြည့်ဖြိုး မိုးစါမင်္ဂလာရတနာလဝန်းကြီးကဲ့သို့လဲ လိုအင်မှန်သမျှ ကြံသမျှ တောင့်တူ့သမျှ ပြည့်စုံပါစေလို့ ဆုပေးတယ်။
ဒါကြောင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ဆုပေးတဲ့အခါ တောင့်တတိုင်း
ပြည့်စုံပါစေလို့ ဆုပေးတဲ့အခါမှာလဲ လပြည့်ကြီးနဲ့လဲ ခိုင်းနှိုင်းပြီးတော့ ဆုပေးကြတယ်။ ခုနပြောတဲ့ လိုရာလိုရာပြည့်စုံစေနိုင်တဲ့ စိန္တာမဏိပတ္တမြား ရတနာကြီးနဲ့လဲ ခိုင်းနှိုင်းပြီးတော့ ဆုပေးလေ့ရှိတယ်။ ဒါကြောင့်မို့လို့ လောကမှာ ဒါနဆိုတာ အဲဒီ စိန္တာမဏိပတ္တမြားရတနာကြီးနဲ့လဲ တူတယ်။ ပဒေသာပင်ကြီးနဲ့လဲ တူတယ်တဲ့။ ပဒေသာပင်ကြီးဆိုတာ ကြားဖူး ကြမှာပေါ့။
လောကမှာ ပဒေသာပင်ဆိုတာ လိုရာလိုရာ ပြီးပြည့်စုံစေတတ်တဲ့ အပင်တစ်မျိုး။ ဘုန်းကြီးတို့ ရှင်မဟာကဿပအလောင်း အမျိုးသား တစ်ယောက် တစ်ချိန်သောဘဝမှာ သွားရင်းလာရင်း ပစ္စေကဗုဒ္ဓါတစ်ပါး တွေ့တယ်။ ပစ္စေကဗုဒ္ဓါမထေရ်မြတ်က သင်္ကန်းချုပ်မလို့ စီမံနေတယ်။ သင်္ကန်းကလဲ မလောက်ဘူး။ အလျားနပတ်လေးတပ်ဖို့ အစလေးကမရှိ ဘူး' မလောက်ဘူး။ မလောက်တော့ သင်္ကန်းလေးကို အသာသိမ်းထား လိုက်တယ်။ မချုပ်သေးဘူး။ ခုနပြောတဲ့ ရှင်မဟာကဿပအလောင်း အမျိုးကောင်းသားနှင့် သွားတွေ့တဲ့အခါကျတော့ အရှင်ဘုရား ဘယ့်နှယ်. ကြောင့် ဤသင်္ကန်းလေးမချုပ်ဘဲနဲ့ သိမ်းထားပါသတုံးဘုရားလို့ လျှောက်တော့။ မလောက်တဲ့အကြောင်း' အလျားအနားပတ်အတွက် ဒီပိတ်က မမီဘူး။ မလောက်ဘူး။ ဒါကြောင့် သိမ်းထားသေးတယ်ဆိုတော့ အဲဒီအမျိုးသားက သူ့မှာပါတဲ့ ခြုံထည်ကိုလှူတယ်။ ဆုလဲတောင်းတယ် တဲ့။ တပည့်တော်-
ဖြစ်ရာဘဝမှာ ဘာမှလိုတာရယ်လို့ မရှိစေရပါဘူးဘုရား၊ အားလုံး ပြည့်စုံတဲ့အဖြစ်မျိုးသာဖြစ်ရပါလိုါ လို့ ဆုတောင်းတယ်။ ဆုတောင်းတော့ ခုနပြောသလို ပစ္စေကဗုဒ္ဓါအရှင်မြတ်က ဆုတော့ပေးမှာပဲ။ ဘုန်းကြီးတို့ ဒီ၀တ္ထုကြောင်းမှာ ဆုပေးတယ်လို့တော့မတွေ့ဘူး ဒါပေမဲ့ နောက် နောက်က တောင့်တတဲ့နေရာမှာ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ဟာ ဆုပေး တာချည်းပဲ။ ခုနပြောတဲ့ ဆုပေးဂါထာနဲ့-
စ္ဌာစ္ဆိတံ ပတ္ထိတံ တုယှံ။ ခိပ္ပမေဝ သမိဇ္စျတု။
သဗ္ဗေ ပူရေန္ဘု သင်္ကပ္ပါ1။ စန္ဒော ပန္နရသော ယထာ။
လပြည့်ဝန်းကြီးပြည့်သလို တစ်ခါတည်းအကုန်ပြည့်ပါစေ။ သူ့ဆန္ဒ က သူ့ဆုတောင်းက တပည့်တော်ဖြစ်ရာဘဝမှာ ဘယ်နေရာမှလိုနေတယ် လို့ မရှိပါစေနဲ့ဘုရား၊ အားလုံးပြည့်စုံပါစေဘုရားလို့ ဆုတောင်းလို့ တောင့်တချက်နဲ့ မထေရ်မြတ်ရဲ့ ဆုပေးချက်နဲ့ ညီသွားတယ်။ သဗ္ဗေပူရေန္တိ သင်္ကပ္ပါ။ မဏိဇောတိရ သောယထာ စိန္တာမဏိပတ္တမြား ရတနာကြီးလို လိုရာလိုရာ ပြည့်စုံပါစေလို့ ဆုပေးတယ်။ အဲဒါနဲ့ ဒီဒကာ ဟာ နောက်ကျတော့ အကြောင်းအားလျော်စွာ အမတ်သား သွားဖြစ်တယ်။ အမတ်သား သွားဖြစ်တဲ့အခါကျတော့ တစ်နေ့ ပွဲလမ်းရှိတော့။ ပွဲလမ်း သဘင်သွားမယ်ဆိုပြီးတော့ သူ့အမေကို ပုဆိုးတောင်းတယ်။ ပုဆိုးတောင်း တော့ အမေကထုတ်ပေးတယ်။ ထုတ်ပေးတော့ သူက မကြိုက်ဘူး။ ကြမ်းတယ်ဆိုပြီးတော့ အိမ်မှာရှိတဲ့ကောင်းပေ့ဆိုတဲ့ ပုဆိုးတွေထုတ်ပြ။ ဘယ်ပုဆိုးမှ သူကသဘောမကျဘူး။ ကြမ်းတယ်ချည်းပဲထင်နေတယ်။ အဲဒီတော့ အမေက ငါ့သား ဒီအမေ့အိမ်မှာ အကောင်းဆုံးတွေတော့ကုန်ပြီ။ ဒဲ့ထက်ကောင်းတောတွေတော့မရှိဘူးး တကယ်တော့ အမေ့ဆန္ဒပြောရရင် မင်းကို ရှင်ဘုရင်ဖြစ်သည်အထိ အမေတို့ လိုလားတာပေါ့ကွာ ဆိုတော့ ဒါဖြင့် ရှင်ဘုရင်ဖြစ်ဖို့ တခြားသွားမယ်ဆိုတော့ အေး-မင်းသွားတော့လို့ ဆိုပြီး လွှတ်လိုက်သတဲ့။
အမေက တကယ်သွားမယ်မထင်ဘူး။ သူသွားမယ်ဆိုပေမယ့် ဒီအရပ် မှာ တစ်နေရာရာဝင်မှာပဲလို့ ဒီလိုထင်တယ်။ သူကမဟုတ်ဘူး။ တစ်ခါ တည်း သူတို့နေရာ ပြည်ထဲကထွက်သွားတယ်။ ထွက်သွားပြီးတော့ တိုင်း ပြည်ကြီးတစ်ပြည်ရောက်သွားတယ်။ ရောက်သွားတဲ့အခါကျတော့ အဲဒီ တိုင်းပြည်ကြီးမှာရှိတဲ့ ဥယျာဉ်ထဲက ကျောက်ဖျာကြီးပေါ်သွားပြီးတော့ အပန်းဖြေအိပ်နေတယ်။ အိပ်နေတဲ့အခါကျတော့မှ အဲဒီတိုင်းပြည်မှာလဲ ရှင်ဘုရင်က နတ်ရွာစံသွားတာ ခုနစ်ရက်ပဲရှိသေးတယ်တဲ့။ ဒါနဲ့ ရှင်ဘုရင် မြှောက်ဖို့ လူရှာကြတဲ့အခါ သူ့လဲသဘောမကျး ငါ့လဲသဘောမကျ အဲသလိုဖြစ်နေတဲ့အခါမှာ နောက်ဆုံး ဖုဿရထားဆိုတဲ့ လောကဖုတ် သွင်း ရထားလွှတ်ကြတယ်။ မင်္ဂလာမြင်းတွေ ဆင်တပ်ထားတဲ့ လူမပါတဲ့
ဖုဿရထားလွှတ်ကြတယ်' မင်းလောင်းရှာမယ်ဆိုပြီးတော့ အဲသလိုလွှတ် လိုက်တဲ့အခါကျတော့ ဖုဿရထားက ခုန ရှင်မဟာကဿပအလောင်း အမျိုးကောင်းသားအိပ်နေတဲ့ဥယျာဉ်ထဲ ဝင်မလို့လုပ်တော့ တချို့လူတွေက ဟာ-ဥယျာဉ်ဆိုတာ သူအလေ့အလာများတဲ့နေရာမို့ ဝင်မှာ မဝင်စေနဲ့ မဝင်စေနဲ့ဆိုပြီး တချို့အမတ်တွေကတားတယ်။ ဒါပေမဲ့ တချို့အမတ်တွေ က ဟာ-မဟုတ်ပါဘူး ဝင်ပါစေဆိုပြီးတော့ ခွင့်လွှတ်တဲ့အခါကျတော့ ရထားဟာ အလိုအလျောက် ဥယျာဉ်ထဲဝင်ပြီးတော့ ခုန အမျိုးကောင်းသား အိပ်နေတဲ့ ကျောက်ဖျာကြီးကို လက်ယာရစ်လှည့်ပြီးတော့ စီးဖို့အရံသင့် ဖြစ်အောင် အနေအထားနဲ့ဆိုက်တယ်။
ကျောက်ဖျာကြီးအစပ်မှာဆိုက်တယ်။ အဲဒီအခါကျတော့ ပုရောဟိတ် က ခြုံထည်လှန်ပြီးတော့ ခြေဖဝါးကိုကြည့်တယ်။ လက္ခဏာကြည့်တယ်။ လက္ခဏာကြည့်တော့ ဒီအမျိုးသားဟာ ဒီပြည်တစ်ပြည်မကဘူး။ လေးကျွန်းလုံးအစိုးရနိုင်တဲ့ လက္ခဏာရှိတယ်ဆိုပြီးတော့ တစ်ခါတည်း တောင်းပန်တယ်။ တောင်းပန်တဲ့အခါကျတော့ ရှင်ဘုရင်ဘယ်ရောက်သွား တုန်းမေးတော့ နတ်ရွာစံသွားတာ ခုနစ်ရက်ပဲရှိပါသေးတယ်လို့ တင် ကြတော့ သားသမီး မကျန်ရစ်ဘူးလားဆိုတော့ သမီးတော်တစ်ပါး ထွန်းကားကျန်ရစ်ပါတယ်။ ကောင်းပြီး၊ ဒါဖြင့်လက်ခံတယ်ဆိုပြီး၊ ငါဝတ်မယ့် ပုဆိုးတွေဘာတွေ ယူခဲ့ဆိုတော့ ဟိုအမတ်တွေက အကောင်းဆုံးအ၀တ် ပုဆိုးတွေ ယူလာပေးတယ် ဟ-မင်းတို့အဝတ်က ကြမ်းလှချည်လားဆိုတော့ မှန်ပါ။ ဒီအ၀တ်မျိုးဟာ ဒီမှာအကောင်းဆုံးပါ ဘုရား၊ ဒီထက်ကောင်းတဲ့ အ၀တ်ရယ်လို့ ဒီမှာမရှိတော့ပါဘူးး' အေး- အရင်က အမတ်ကြီးတို့ ဘုရင်ဟာ ဒီလိုမျိုးဝတ်သလားဆိုတော့။ မှန်ပါ ဒီအဝတ်မျိုးပဲ ဝတ်ပါတယ်။ အမတ်ကြီးတို့ဘုရင်ဟာ ဘုန်းကံနည်းတယ်။ တို့မဝတ်နိုင်ဘူး ဆိုပြီးတော့-
ရွှေကရားယူခိုင်းတယ်။ ရွှေကရားယူလာပြီး ရောက်တယ်ဆိုရင်ပဲ တိုတိုပြောကြပါစို့[ အရှေ့အရပ်ကနေပြီးတော့ ရွှေကရားကရေတွေ လောင်းချလိုက်တာ ပဒေသာပင် ရှစ်ပင်ပေါက်လာတယ်။ တစ်ခါ တောင်
အရပံ။ အနောက်အရပ်။ မြောက်အရပ်။ အရင်လေးမျက်နှာကို ရွှေကရား လ င့. ဌ ငင .ဌငဓမ္လ င .ဌမွ ချ င္သ နဲ့ရေလောင်းလိုက်တာ။ ပဒေသာပင်ရှစ်ပင်စီ ရှစ်ပင်စီ ပေါက်လာတယ်။ အဲဒီတော့လိုချင်ရာဝတ်လဲတော် ဆွတ်ယူပြီးတော့ ဝတ်ဆင်သုံးဆောင်တယ် တဲ့။ နောက်မင်းမြောက်တန်ဆာတွေ ဆင်ယင်ပြီးတော့ အဘိသိက်သွန်း ပေးကြတယ်။ မင်းသမီးကိုခေါ်ပြီးတော့ မင်းမြောက်တန်ဆာတွေဆင်ပြီး တော့ ဒီမှာလဲ အဘိသိက်သွန်းပြီးတော့ အဘိသိက်မဏ္ဍပ်တွေဆောက်။ အဘိသိက်သွန်းပြီးတော့မင်းမြှေက်ပေးတယ်။ ဒီမဒ္ဒရာဇ်တိုင်းကြီးမှာ အမျိုးသမီးရက်ကန်းစင်တွေမရှိပေမယ့် လိုချင်ရင် ဟောဒီခြောက်ဆယ့် လေးပင် ပဒေသာပင်က လိုချင်ရာအ၀တ်အထည်တွေဆွတ်ပြီးတော့ ဝတ် ကြပေတော့ဆိုပြီးတော့ တစ်ခါတည်း ရက်ကန်းသံတိတ်သွားတယ် နောက် ရှင်ဘုရင်လဲပဲနန်းတော်ကြွ။ ထီးနန်းစံပြီးတော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ် ခဲ့တယ်
အခုဒါပြောချင်တာကတော့ အလှူဒါနသင်္ကန်းအတွက် မိမိခြုံထည် လေး ပစ္စေကဗုဒ္ဓါ လှူလိုက်တဲ့အခါ ပစ္စေကဗုဒ္ဓါက စိန္တာမဏိပတ္တမြား ရတနာလို လိုတပြည့်ပါစေလို့ ဆုပေးတဲ့အတိုင်းပဲ လိုရာပဒေသာပင် ကြီးတွေ ပေါက်လာတယ်။ အဲဒီခေတ် မဒ္ဒရာဇိတိုင်းပြည်မှာ လူတွေလို ချင်ရင် ပဒေသာပင်သွားပြီး ဆွတ်ဝတ်ရုံပဲ။ ဒါကြောင့် ကုသိုလ်ဆိုတာဟာ-
စိန္တာမဏိ သမံဒါနံ။ ကပ္ပရုက္ခ သမမ္ပိစ။
တသ္မာ အနေန ဒါနေန။ ယထိစ္ဆိကံ။ ဇကိဿထ။
ဒါနံ-ယနေ့လှူဒါန်းရတဲ့ မွေးနေ့အာနှူုတာံ ကောင်းမှုကုသိုလ်ကြီး သည်။ စိန္တာမဏိသမံ-လိုရာလိုရာကိုပေးတတ်တဲ့ စိန္တာမဏိအမည်ရှိတဲ့ ပတ္တမြားရတနာနဲ့လဲ တူပါပေ၏။ ကပ္ပရုက္ခသမ္ပိ-လိုရာလိုရာဆွတ်ချူလို့ သုံးနိုင်တဲ့ ပဒေသာပင်ကြီးနဲ့လဲ တူပါပေ၏။ တသ္မာ-ထိုသို့ ယနေ့
အလှူတော် ပူဇော်လှူဒါန်းရခြင်းဟာ ပဒေသာပင်ကြီးနဲ့လဲတူတယ်။ စိန္တာ မဏိပတ္တမြားရတနာကြီးနဲ့လဲတူသောကြောင့်[' အနေန ဒါနေန-ဤပူဇော် လျ င င ၀ ချ ဝင
ရတဲ့ မွေးနေ့အလှူတော်ကြီးဖြင့်၊ ယထိစ္ဆိတံ-လောကရေးဆိုင်ရာစည်းစိမ် တွေ ချမ်းသာတွေ ပစ္စည်းတွေ ဝတ္ထုတွေ လောကုတ္တရာရေးဆိုင်ရာ
မင်ဉာဏ် ဖိုလ်ဉာဏ် အဘိဉာဏ် သမာပတ်အစရှိသောကောင်းကျိုးချမ်း သာတွေ လိုရာလိုရာ မိမိတို့လိုလားတဲ့ လောကီလောကုတ္တရာနှစ်ဖြာနှစ်၀ တောင့်တတဲ့အရာမှန်သမျှကို လဘိဿထ-ကောင်းစွာအပြည့်အဝ ရနိုင် ကြပါစေကုန်သတည်း
အဲဒါကြောင့် ယနေ့အလှူတော်ဟာ မိမိတို့ လိုရာလိုရာ ရနိုင်လိမ့် မယ်လို့ တောင့်လဲတောင့်တကြရတယ်။ ကျန်းမာရေးလိုချင်သလား။ ချမ်းသာခြင်းလိုချင်သလား စည်းစိမ်တွေလိုချင်သလား။ လိုရာလိုရာ တောင့်တကြရတယ်။ ဒါကြောင့် လိုရာရနိုင်တဲ့ က္ကစ္ဆာသယ စိန္တာမဏိ ပတ္တမြားရတနာကြီး၊ ပဒေသာဝင်ကြီးလို အပြည့်အစုံရနိုင်တဲ့ ကုသိုလ် ကြီးလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် ကုသိုလ်တွေတိုးပွားအောင် ပြန်ပြန်အောက်မေ့ ဆင်ခြင်ခြင်းဖြင့် ကုသိုလ်တွေ တိုးပွားအောင် အကျိုး တွေရအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(ဒေါ်ပူဒီ ၇၉-နှစ်ပြည့်မွေးနေ့ တပ်မြေး ပုဇွန်တောင်။ ဆွမ်း အနုမောဒနာ) ကြ
မွေးနေ့ဆွမ်းအနုမောဒနာတရားတော်
ယနေ့ ဒကာမကြီးဒေါ်စန်းလွင်ရဲ့ အနှစ်ခြောက်ဆယ်မြောက်မွေးနေ့ အလှူ။ မိသားစုတွေ။ ဆွေမျိုးမိတ်ဆွေသင်္ဂဟတွေ စုပေါင်းပြီးတော့ ဤမွေး နေ့မှာ တစ်ပေါင်းတည်း ကုသိုလ်ကောင်းမှုတွေပြုကြတယ်။ အဲဒီတော့ ကုသိုလ်ကောင်းမှုရှင်တွေ သဒ္ဓါပွားအောင် ဘုန်းကြီးက ဒကာမကြီး လျှောက်ထားတဲ့စာကို ဖတ်ရအုံးမယ်။ တပည့်တော်မ ရိုသေစွာ လျှောက်ထားပါသည်ဘုရား၊ တပည့်တော်မ ဒေါ်စန်းလွင်ဓါ အသက် ၆၀-ပြည့်မွေးနေ့မင်္ဂလာခွ် ဆရာတော်ဘုရားစ၏ကျောင်းတိုက် ဂီလာနသံဃာတော်စောင့်ရှောက်ရေး ဆေးပဒေသာပင်ခ်် ကျပ်ငွေ ၁၀၀၀-ကျပ် လှူဒါန်းပါသည်။ ဦးစောစိန်- ဒေါ်စန်းလွင် မိသားစုမှ ပန်ကာနှစ်လက်၊ ဦးခင်လှ-ဒေါ်ခင်မြမြအောင် ရတနာပဖြိုးစက်မှုအလုပ်ရုံ မိသားစုမှ ဆေးပဒေသာပင်အတွက် ကျပ်ငွေ ၁၀၀၀-ကျပ် ပန်ကာ ၄-လက်။ ဦးထွန်းမျှင်-ဒေါ်လှကြွေမိသားစုမှ ဆေးပဒေသာပင်အတွက် ကျပ်ငွေ ၁၀၀၀-ကျပ် ပန်ကာတစ်လက်.၊ ဦးမြင့်သိန်း- ဒေါ်အေးအေးမြင့် သမီး အေးအေးမော်တို့မှ ပန်ကာနှစ်လက်။ ဦးဟုတ်ချွန်-ဒေါ်ရှုစိန်တို့မှ ပန်ကာတစ်လက်။ ဦးကိုကိုလေး- ဒေါ်အေးအေးမြင့်တို့မှ ဆေးပဒေသာပင် အတွက် ပန်ကာတစ်လက်၊ ဦးအေး-ဒေါ်အင်နိုင် အောင်မိသားစုမှ ဆေးပဒေသာပင်အတွက် ကျပ်ငွေ ၂၀၀၀-ကျပ် ပန်ကာနှစ်လက်။ စုပေါင်းအလှူတော်ကို ပူဇော်လှူဒါန်းကြတယ်။ ဒီနေ့မွေးနေ့အလှူမှာ သားသမီးတွေ ဆွေမျိုးမိတ်သင်္ဂဟတွေ စုပေါင်းပြီးတော့ အလှူပွဲကို အတူတူဆင်နွှဲကြတယ်
ကံကောင်းကြတယ်နော်။ ကံကောင်းကြတယ်လို့ဆိုရတယ်။ လောက မှာ ကံမကောင်းတဲ့လူတွေရှိကြတယ်။ ကံကောင်းတဲ့လူတွေရှိကြတယ်။ လှူချင်ပေမယ့် လှူချင်တိုင်းလှူနိုင်တာမဟုတ်ဘူး။ ကံကောင်းမှ လှူနိုင်တာ ကံမကောင်းရင် မလှူနိုင်ဘူး။ ခေတ်ကောင်းကြီးကြုံရမှ လှူနိုင်တယ်။ ခေတ်ကောင်းကြီးမကြုံရင် မလှူနိုင်ဘူးး ခေတ်ကောင်းကြီးကြုံဖို့ရာ ကံကောင်းကြရတယ်။
ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ဟောထားတဲ့ အခါသင့်တဲ့ အခွင့်အခါကောင်းကြီးမဟုတ်ဘဲနဲ့ ရပ်ပြစ်ရှစ်ပါးအက္ခဏလို့ ပါဠိမှာတော့ သုံးတယ်။ အက္ခဏဆိုတာ ဘုရားတရားတော်ကိုရနိုင်တဲ့ အခွင့်အရေး မရှိတဲ့အရပ်တွေ အပြစ်တွေး ခဏဆိုတာက ဘုရားတရားတော်တွေရနိုင် တဲ့ အခွင့်အခါကောင်းကြီးနဲ့ ကြုံတဲ့အခါကို ခဏလို့ခေါ်တယ်။ ဘုန်းကြီးတို့ ရပ်ပြစ်ရှစ်ပါးဆိုတာရှိတယ်။ ရပ်ပြစ်ရှစ်ပါးမှလွတ်တဲ့ ဗုဒ္ဓုပ္ပါဒ နဝမခဏ။ ဘုရားပွင့်ရာ အခွင့်အခါကောင်းကြီးဆိုတာရှိတယ်။ ရပ်ပြစ် ရှစ်ပါးနဲ့ကြုံရင် ဘုရားပွင့်ပေမယ့် မိမိတို့အဖို့ အလကားပဲ။ ရပ်ပြစ်ရှစ် ပါးကလွတ်ပြီးတော့ တကယ့်ဘုရားလဲပွင့် မိမိကလဲ လူကောင်းသူကောင်း။ အဲသလိုဖြစ်မှ သူတော်ကောင်းတရားတွေ သိနားလည်ဖို့ ရရှိဖို့ အခုလို ကုသိုလ်တွေဖြစ်ဖို့ အခွင့်အလမ်းကြုံတယ်။ ကုသိုလ်ဖြစ်ရာ အခွင့်အခါ မကြုံတဲ့ အက္ခဏဆိုတာရှိတယ်။ ကုသိုလ်ဖြစ်ရန် အခွင့်အခါကောင်း ကြုံတဲ့ ခဏကောင်းဆိုတာရှိတယ်။
ဘုရားရှင်ကိုယ်တော်မြတ် ပွင့်တော်မူတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ကလဲ တရားဟောတော်မူတယ်။ အခါကောင်းကြီးပဲး အဲဒီအခါကောင်း ကြီး မိမိကမကြုံရဘူး ငရဲသွားဖြစ်နေမယ်။ ငရဲသွားဖြစ်နေရင် ဘယ်မှာ သွားပြီးတော့ ဘုရားတရားတော်ဘယ်မှာရနိုင်မလဲ။ ကုသိုလ်ကောင်းမှု တွေ ဘယ်မှာအခွင့်သာမလဲ။ မသာတော့ဘူး။ ဒီတော့ ငရဲဖြစ်မှုဟာ အကွံဏ-ဘုရားတရားတော်တွေ ရမို့သိဖိုး ကုသိုလ်တွေရဖို့ ဖြစ်ဖို အခွင့်အခါကောင်းကြီး မဟုတ်တော့ဘူး။
ဒုတိယ-ဘုရားရှင်ကိုယ်တော်မြတ်တော့ပွင့်ရဲ့ တရားတော်တွေကလဲ
ဟောထားတာရှိရဲ့။ သို့သော် မိမိက တိရစ္ဆာန်ဘုံမှာ သွားဖြစ်မယ်ဆိုရင် ဒါလဲပဲ အက္ခဏ-ခဏကောင်းကြီးနဲ့ လွဲနေတယ်။ ခဏကောင်းကြီး မကြုံရဘူး။ မကောင်းတဲ့အက္ခဏဆိုတဲ့ ခဏကြီးမှာ သွားကြုံရတယ်။ တတိယကဘဘုရားလဲပွင့်ရဲ့ တရားတော်တွေလဲဟောရဲ့။ သို့သော် မိမိက ပြိတ္တာဘုံမှာသွားဖြစ်နေမယ်ဆိုရင် ခဏကောင်းနဲ့ မကြုံရတော့ဘူး ဘုရားပွင့်ရာ အခွင့်အခါကောင်းကြီးနဲ့ လွဲနေတယ်။ ဒါကိုရပ်ပြစ်လို့လဲ ဆိုတယ်။ ရပ်ပြစ်ရှစ်ပါးထဲ ပါဝင်လို့ သုံးခုရှိပြီ။ စတုတ္ထက-ဘုရားလဲပွင့်ရဲ့ တရားတော်တွေလဲ ဟောထးတာရှိရဲ့။ မိမိက ဟို၊ . . အသက်တမ်းတွေ အင်မတန်ရှည်တဲ့ အသညသတ်ဘုံတို့ အရူပဘုံတို့မှာ သွားဖြစ်နေမယ်ဆိုရင်လဲ လွဲတာပဲ။ ဘုရားပွင့်ရာ အခါ ကောင်းကြီးနဲ့လွဲသွားတယ် မကြုံတော့ဘူးး အက္ခဏဆိုတဲ့ တရားမတွေ့ နိုင်တဲ့ တရားမသိနိုင်တဲ့ဌာနမှာ သွားဖြစ်နေတယ် ဒါကတစ်ခု။ ပဉ္စမက ဘုရားလဲပွင့်ရဲ့။ တရားတော်တွေလဲ ဟောထားတာရှိရဲ့။ မိမိက ဟို တိုင်းစွန်ပြည်နား လူရိုင်းတွေရှိတဲ့ နေရာအရပ်မှာ သွားဖြစ် နေမယ်။ အဲဒီမှာဆိုရင် ဘိက္ခုလဲမရှိဘူး ဘိက္ခုနီလဲမရှိဘူးး ဥပါသကာလဲ မရှိဘူး။ ဥပါသိကာမလဲ မရှိဘူး။ ဒီလိုနေရာမျိုး သွားဖြစ်ရင်လဲ လွဲတာပဲ။ အက္ခဏ-ခဏကောင်းနဲ့ လွဲရတယ်။ သူ့မှာလဲပဲ အရှုံးနဲ့ပဲ1 ဆဋ္ဌမက-ဘုရားပွင့်ရဲ့။ တရားတော်တွေလဲဟောထားတာရှိရဲ့။ သို့ သော် မိမိက မိဗစ္ဆာဒိဋ္ဌိဖြစ်နေမယ်။ အယူမှားနေတယ်။ ကုသိုလ်ဟာ ကောင်းကျိုး မပေးဘူး' အကုသိုလ်ဆိုတာ မကောင်းကျိုးမပေးဘူး။ နတ်ပြည်မရှိ။ ဗြဟ္မာပြည်မရှိ။ ဒီဟာမရှိ။ နောက်ဘဝမရှိ စသည်ဖြင့် မဟုတ်တဲ့အယူအဆတွေ ယူပြီး မိစ္ဆာဒိဋ္ဌိသွားဖြစ်နေမယ်ဆိုရင်ပြီးရော။ အဲဒီမှာလဲ။ တရားထူးမရနိုင်။ ရှုံးတာပဲ အဲဒါ အက္ခဏ၊ တကယ့် အက္ခဏကောင်းကြီး မဟုတ်တဲ့နေရာမှာ သွားဖြစ်ရတယ်။ သတ္တမက ဘုရားလဲပွင့်ရဲ့။ တရားတော်တွေလဲ ဟောထားတာရှိရဲ့။ သို့သော် မိမိက ပညာမရှိဘူးး လူအ ဖြစ်နေတယ်။ ပဋိသန္ဓေထဲက ပင်းလာကန်းလာ စသည်ဖြင့် အဲသလို ကိုယ်အင်္ဂါတွေချို့ယွင်း အသိ
ဉာဏ်ကလဲ မရှိတဲ့ တကယ့် လူအ လူဖျင်းတစ်ယောက် ဖြစ်နေရင်လဲ ဘုရားပွင့်ရာအခါနဲ့ ဘာမှမဆိုင်တော့ဘူး။ ဒါကြောင့် သူ့အဖို့အက္ခဏ တဲ့။ တကယ့်ခဏကောင်းကြီး ဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်
နောက် အဋ္ဌမက-မိမိက လူကောင်းသူကောင်းလဲဖြစ်တယ်။ ပညာ လဲရှိတယ်။ သို့သော် ဘုရားမပွင့်ဘူးး သူက လူကောင်းဖြစ်ပေမယ့် ဘုရား မပွင့်တော့ အဲဒီမှာလဲ ဆုံးရှုံးတာပဲ ဘုရားမပွင့်တဲ့ခေတ်ထဲမှာ သွားဖြစ်နေ ရတော့ ပညာရှိပေမယ့် အဲဒီ ပုဂ္ဂိုလ်မျိုးကျတော့လဲ ရပ်ပြစ်ထဲပါတာပဲ။ အက္ခဏမှာ သွားဖြစ်တယ်။
အဲဒါရပ်ပြစ်ရှစ်ပါး ခေါ်တယ်နော်။ ငရဲမှာဖြစ်နေမယ်။ တိရစ္ဆာန်မှာ ဖြစ်နေမယ်။ ပြိတ္တာမှာဖြစ်နေမယ်။ ဘုရားကတော့ ပွင့်နေတဲ့ခေတ်ကြီး ပဲ မိမိက ငရဲတိရစ္ဆာန်ပြိတ္တာမှာဖြစ်နေမယ်။ အသက်အလွန်ရှည်တဲ့ ဗြဟ္မာ ဘုံကြီးတွေမှာဖြစ်နေမယ်။ ပစ္စန္တရစ်တရားမရှိတဲ့ အရပ်တွေမှာဖြစ်နေမယ်။ တိုင်းစွန်ပြည်နားလူရိုင်းတွေအရပ်။ ရဟန်း၊ ရဟန်းမ။ ဥပါသကား ဥပါ သိကာမတွေ မရောက်ရာမပေါက်ရာအရင်ဒေသတွေ ဖြစ်နေမယ်။ မိမိက မိစ္ဆာဒိဋ္ဌိဖြစ်နေမယ်1 ဘုရားပွင့်ပေမယ့် မိမိက အဖျင်းအညံ့။ ပညာမရှိ။ ကိုယ်အင်္ဂါချို့တဲ့ အဲဒီလို ပုဂ္ဂိုလ်တွေဖြစ်နေမယ်။ မိမိက ပညာရှိပေမယ့် ဘုရားပွင့်တဲ့အခါမှာ ဖြစ်နေမယ်ဆိုရင် အဲဒီရှစ်ဌာနမှာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေ ဟာ ကံမကောင်းကြတဲ့ပုဂ္ဂိုလ်တွေ။ ဘုန်းကံမရှိတဲ့ပုဂ္ဂိုလ်တွေ။ အဲဒီရှစ်ဌာန မှလွတ်ပြီးတော့ ဘုရားလဲပွင့်ခဲ့တယ်။ ဘုရားဟောတဲ့ တရားတော်တွေလဲ အထင်အရှားရှိနေမယ်။
အဲသလို ဌာနမှာ မိမိတို့ဖြစ်ကြရတယ်။ အဲဒါ ခဏကောင်းကြီးနဲ့ ကြုံရတား အက္ခဏမဟုတ်တော့ဘူး။ ဒါခဏကောင်းကြီး၊ ယနေ့ ကဲ- ဘုန်းကြီးတို့ ဒကာဒကာမတွေ အဲဒီခဏကောင်းကြီးနဲ့ ကြုံရတယ်။ အက္ခဏဆိုတဲ့ ရဗ်ပြစ်ရှစ်ပါးကလွတ်ကြတယ်' ဘုရားပွင့်ရာအခါကောင်း ကြီး၊ ဘုရားမရှိတော့ပေမယ့်၊ ပရိနိဗ္ဗာန်စံသွားပေမယ့် တရားတော်တွေက ရှိနေတယ်။ တရားတော်တွေရှိနေရင် ဘုရားရှိတာပဲ။ အဲဒီတရားတော်တွေ မိမိတို့ ကျင့်နေရတော့ ဘုရားဟောသလိုပဲ။ ဘုရားဟောတဲ့ တရားတော်
တွေနာနေရသလိုပဲ။ တရားနာနေရသလိုပဲ။ တရားတွေအထင်အရှား နာ ကြရ။ သိကြရ။ ကျင့်ကြရတယ်1 အဲဒါဟာ ခဏကောင်းကြီးနဲ့ကြုံတာဟာ ကုသိုလ်အဋ္ဌက္ခဏ-ဝိနိမုတ္တံ-ခဏံပရမဒုလ္လဘံ တံ လဒ္ဓါ ကောပမဇ္ဇေယျ- သမ္မာသမ္ဗုဒ္ဓသာဝကော။
အဋ္ဌက္ခဏ ဝိနိမုတ္တံ-ငရဲ တိရစ္ဆာန် ပြိတ္တာ အစရှိသော ရပ်ပြစ်ရှစ် ပါး အက္ခဏရှစ်ပါးမှ လွတ်မြောက်လာရသော၊ ခဏံ ဗုဒ္ဓုပ္ပါဒ နဝမအမွန်း အလွန်ထူးလှ ခဏကောင်း အခွင့်ကောင်းကြီးကို၊ ပရမဒုလ္လဘံ-ကမ္ဘာ့ ကမ္ဘာ ကြာကြီးကြာလဲ တစ်ခါတစ်ခါမှ ကြုံကြရရွ် အလွန်ပင် ကြုံရဖို့ရာ ခဲယဉ်းလှပါပေ၏။ တံ-ထိုဗုဒ္ဓုပ္ပါဒ နမဝဟု ရရန်ခဲစွ ခဏ ကောင်းကြီးကို၊ လဒ္ဓါ-အရေးကြုံရာ ရှေးပုညကြောင့် တစ်ခဏတာ ရလာကြုံလာသည်ရှိသော်၊ ကော-အဘယ်မည်သော၊ သမ္မာသမ္ဗုဒ္ဓ သာဝကော' ဘုရားတပည့်ဟူ ရှင်လူမှန်သမျှ သာဝကအပေါင်းသည်။ ပမဇ္ဇ္စေယျ-တရားမတွေ့ မှားဓလေ့ဖြင့် မေ့လျော့နိုင်ပါအံ့နည်း။ နပမဇ္စ္ဇေယျေဝ-ကြုံလာတဲ့အခွင့် သင့်အောင်သုံးမည် ရည်ရွယ်ချက်ထား။ နိုးကြားမလျော့ ကြိုးစားတော့သည်သာလျှင်တည်း။
(သာဓု သာဓု သာဓု)
(ညောင်တန်းဒေါ်စန်းလွင် အနှစ်ခြောက်ဆယ်မြောက်မွေးနေ့နှင့် ဆေးပဒေသာပင်။ ပန်ကာအလှူရှင်များကောင်းမှု ရေစက်ချ အလှူ တရားတော်၊ ၈-၉-၉၁တွင်) ဟောကြားပါသည်။
ဇွေးနေ့ ဆွမ်းအနမောဒနာတရား
၄၈-နှစ်ပြည့်မွေးနေ့မင်္ဂလာအလှူတော် ပူဇော်လှူဒါန်းကြတယ်။ ယနေ့ မင်္ဂလာကြီးပဲ။ ဒါနဉ္စ-အလှူပေးရခြင်းသည်။ မင်္ဂလံ-မင်္ဂလာပေတည်း။ အလှူပေးရခြင်းသည်လည်း တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်တဲ့ မင်္ဂလာ။ ဓမ္မစရိယာစ-ကုသိုလ်ကမ္မပထ ကျင့်ရခြင်း သီလအကျင့်သည် လည်း။ ဥတ္တမံ-ကောင်းမြတ်သော မင်္ဂလံ-မင်္ဂလာပေတည်း။ ကာလေန- သင့်လျော်လျောက်ပတ် ကောင်းမြတ်သောအချိန်အခါခ်၊ ဓမ္မဿ၀နံ- တရားတော်ကို ကြားနာရခြင်းသည်လည်း။ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ-မင်္ဂလာပါပေတည်း။ မင်္ဂလာတွေ။
သီလကလဲ မင်္ဂလာ။ ဓမ္မသဝနကလဲ မင်္ဂလာ။ ပူဇာစ ပူဇနေယျာ န-ပူဇနေယျာနံ ပူဇော်ထိုက်သောရတနာသုံးပါး။ ဆရာသမား မိဘစသည် တို့ကိုး ပူဇာစ-ပူဇော်ရခြင်းသည်လည်း ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ- မင်္ဂလာပေတည်း။ ပူဇနိယဂူဇာ-ပူဇော်ထိုက်သောပုဂ္ဂိုလ်ကို ပူဇော် ရခြင်းသည်လည်း။ မင်္ဂလာ-မင်္ဂလာတွေပဲ
ဒါကြောင့် ဒီနေ့ကျက်သရေရှိတဲ့နေ့။ မင်္ဂလာရှိတဲ့နေ့။ မွေးနေ့အလှူ တော် ပူဇော်လှူဒါန်းရခြင်းဖြင့် မိမိတို့မှာ အသက်ရှည်ကြောင်းလဲဟုတ်။ အဆင်းလှကြောင်းလဲ ဟုတ်။ ချမ်းသာကြီးကြောင်း။ ခွန်အားကြီးကြောင်း။ ဉာဏ်ပညာကြီးကြောင်း ကောင်းမြတ်သောအထောက်အပံ့တွေ။
အသက်ကိုဉာဏ်စောင့်တဲ့။ ယနေ့လှူရတဲ့အလှူဒါန၊ ဆောက်တည် ရတဲ့သီလတွေး ကြားနာရတဲ့ ဘာဝနာကုသိုလ်တွေး အမျှအတန်းပေးဝေ ရတဲ့ ပတ္တိဒါနတွေ။ ကုသိုလ်ကောင်းမှုတွေချည်းပဲ။ အားလုံးကုသိုလ်
ကောင်းမှုတွေဟာ မိမိအဖို့ ကုသိုလ်ရရုံတင်မဟုတ်ဘူး။ အဲဒီကုသိုလ်တွေ ကနေ ကုသိုလ်ကရောဂါကင်းအောင်။ ကျန်းမာအောင် အထောက်အပံ့ ပေးတတ်တယ်။ အသက်ရှည်အောင် အထောက်အပံ့ပေးတတ်တယ်1
အလှူဒါနမှာ အသက်ရှည်ကြောင်း။ အဆင်းလှကြောင်း။ ချမ်းသာ ကြီးကြောင်းး။ ဉာဏ်ပညာကြီးကြောင်းရှိခဲ့လို့ အဲဒီကုသိုလ်တွေက မိမိ တို့ကို ကျန်းမာအောင် ချမ်းသာအောင် ဆောင်ရွက်ပေးတတ်တယ်။ အသက်ရှည်ခြင်းအကြောင်းမှာ ဇီဝံပညာယရက္ခေယျ-အသက်ကိုဉဉာဏ် စောင့်။ မသင့်တဲ့အစာမစားဘဲနဲ့ သင့်တဲ့အစာစား။ မကောင်းတဲ့ဥတုရှောင် ပြီးတော့ ကောင်းတဲ့ဥတုမှီဝဲ) သပ္ပါယဖြစ်မယ့်ဥတုမှီဝဲ။ မကောင်းတဲ့ ကျန်းမာရေးထိခိုက်တတ်တဲ့အမှုတွေ ရှောင်ပြီးတော့ ကျန်းမာရေးကောင်း မွန်စေတတ်တဲ့အမှုတွေ ဆောင်ရွက်ပြုလုပ်ခြင်းဖြင့် မိမိတို့အသက်ရှည် အောင် ဉာဏ်ပညာနဲ့ စောင့်ရှောက်ပေးနိုင်တယ်။
အဲဒီလိုပဲ ယနေ့ ကုသိုလ်တွေပြုတာဟာလဲ အသက်ရှည်ခြင်း အကြောင်း ကောင်းမြတ်တဲ့အထောက်အပံ့တွေ ဆောင်ရွက်ပေးတာပဲ။
ဥစ္စာကံစောင့်တဲ့။ တူတူပဲ မိမိတို့ဥစ္စာတွေ တိုးပွားအောင် ကံနဲ့ စောင့်ရှောက်ပေးရတယ်။ ကံဆိုတာက ရှေးကံ1 နောက်ကံ1 ရှေးကကံက အခုအခါတစ်မျိုးပဲ) အခုအခါက ဝီရိယထူထောင်ပြီးတော့ မိမိတို့ဥစ္စာ ပစ္စည်းတွေ တိုးတက်အောင် ကြီးပွားအောင် ကံနဲ့ ထူထောင်ပေးရတယ်။။ ကုသိုလ်ကံထပ်ပြီးတော့ အလှူအတန်းပေးဝေခြင်းစသည်ဖြင့် ကံထပ်ပြီး တော့ ထောက်ပံ့ပေးတာ။ အဲသလို ကုသိုလ်ကောင်းမှုတွေပြုကြတဲ့အခါ မိမိတို့ ခုကာလဝီရိယနဲ့ ဥစ္စာတိုးပွားကြောင်း။ တည်တံ့ကြောင်း။ ကောင်း မြတ်တဲ့ဝီရိယနဲ့ ထောက်ပံ့ပေးရတယ်။
အခုလုံ ကုသိုလ်ကောင်းမှုတွေပြုခြင်းဖြင့် မိမိတို့ပစ္စည်းဥစ္စာတွေ မြဲအောင် တိုးပွားအောင် စောင့်ရှောက်ပေးရတယ်။ ကုသိုလ်တွေအကျိုး ပေးတော့ ဒီဘဝမှာလဲ အဲသလို ပစ္စည်းတိုးပွားအောင်လဲ အထောက်အပံ့ ရတယ်။
လောက ဒါနဖြစ်ဖြစ်' သီလဖြစ်ဖြစ်' ဘာဝနာဖြစ်ဖြစ် ကုသိုလ်
ကောင်းမှုတွေ ပြုကြတဲ့အခါမှာ မိမိတို့ကုသိုလ်ကို တိုးတက်အောင် အစွမ်း ရှိအောင် အထုံရအောင် ကြိုးစားပေးကြရတယ်။ ကုသိုလ်ဆိုတာ ပြုပြီး၊ ပြီးပြီးပျောက်ပျောက်သဘောမထားရဘူး။ အဲဒီကုသိုလ်တွေကို မိမိက ဘယ်လောက်သတိရတုံး။ ဘယ်လောက်အောက်မေ့တုံးး။ ဘယ်လောက်ဆင် ခြင်သတုံးး' ဘယ်လောက်ထုံပေးသတုံး။ ထုံပေးသည်နှင့်အမျှ မိမိမှာ အဲဒီကုသိုလ်တွေက မိမိထုံပေးလိုက်သလို အစွမ်းရှိတဲ့ကုသိုလ်တွေဖြစ်ပြီး တော့ ဒီဘဝမှာပဲ တစ်နည်းတစ်လမ်းအားဖြင့် အသက်ရှည်ဖို့။ ပစ္စည်းဥစ္စာ တည်တံ့ဖို့။ တိုးပွားဖို့ အထောက်အပံ့ပေးနိုင်တယ်။
သီလဆိုတာ ဆောက်တည်ပြီး၊ ပြီးပြီးပျောက်ပျောက်မဖြစ်စေရဘူး။
အဟောဟောဝတ သီလံမေ၊ အခဏ္ဍံ အဆိဒ္ဒံဟဝေ။
အသဗလံ အကမ္မာသံ ဘုဇိဿံ အပရာမသံ။
ပသတ္ထံ သဗ္ဗဝိညူဟိ သမာဓိ သံဝတ္တနကံ။
သီလဆိုတာ ဆောက်တည်ပြီးတော့ အဲဒီသီလ ပြန်ဆင်ခြင်ပေးရ တယ်။ ဒါ သီလာနုဿတိဆိုတယ်
မေ-အများမဆန် တရားမှန်ကို အားသန်ကျင့်လို ဤငါကိုယ်၏။ သီလံ-ထိန်းသိမ်းစောင့်စည်း သီလတည်းဟူသော အကျင့်ကြီးသည်။ အဟောဝတ-အားရစဖွယ် သြော် တင့်တယ်ပေစွတကား။ ဟဝေ-စင်စစ် ဧကန် အမှန်အားဖြင့်၊ အခဏ္ဍစ-အ၀တ်အနားပြတ်သည့်လားသို့ အနား မြိတ်စပ် ကျိုးအပြတ်လဲမရှိပါပေတကား။ အဆိဒ္ဒံ-အ၀တ်အလယ် ပေါက်သည့်နယ်သို့ အလယ်သိက္ခာ အရာရာတွင် အပေါက်လဲမထင် ပါပေတကား။ အသဗလံ-နွားကြောင်နွားကျား ပုံအလားသို့ အများဆက် လျက် အကျားအကွက်လဲ မရှိပါတကား။ အကမ္မာသံ-ဝါစေ့ပျောက်နွား ပုံအလားလို့ ကြိုးကြားပေါက်အင် အပြောက်လဲမထင်ပေတကား။ ဘုဇိဿံ-လောကီချမ်းသာ မမှန်းပါဘဲ တဏှာ၏ ကျွန် တာဝန်မဲ့ကင်း သန့်ရှင်းလေစွတကား။ အပရာမသံ-တစ်စုံတစ်ရာ ပြစ်အနာကို ဖွေရှာ သုံးသပ် မစွဲအပ်ပေစွတကား။ သဗ္ဗဝိညူဟိ-အဘိဇ္စျာကင်း က္ကဿာရှင်းရွ် ဤကောင်းခြင်းလိုလား ပညာရှိများတို့သည်။ ပသတ္ထံ-နည်းလမ်းအလိုက်
ချီးမွမ်းထိုက်သည်ဖြစ်ဤ သမာဓိကို ထိမဲစေရန် အခြေခံဖြစ်ပါပေစွတကား။ (သင်္ကြိုဟ်ဘာသာဋီကာ) သီလလေးဆင်ခြင်ပေးရတယ်။ ငါ့သီလက စင်ကြယ်တယ်။ ကျားလဲ မကျား။ ကျိုးလဲမကျိုး။ ပေါက်လဲမပေါက်၊ ပျောက်လဲမပျောက်။ ကျား လဲမကျား ဒီသီလဟာ ဆောက်တည်ထားစမို့ စင်ကြယ်နေတယ်။ သန့်. ရှင်းနေတယ်။ အဲဒါဆင်ခြင်ပြီးတော့ ၀မ်းသာရတယ်။ တချို့ ရှေ့က မထေရ် ကြီးတွေ ကိုယ့်သီလကိုယ်ပြန်ဆင်ခြင်း ကိုယ့်သီလ တကယ်စင်ကြယ်တာ မြင်ရတော့ ရဟန္တာကြီးတွေဖြစ်ကုန်တယ်။ ဆင်ခြင်ရင်း ရဟန္တာတွေ ဖြစ်ကုန်တယ်။ သီလကိုသာမက ဒါနကိုလဲ ဆင်ခြင်ပေးရတယ်။ မနုဿတ္တံ သုလဒ္ဓံမေ။ ယွာဟံစာဂေ သဒါရတော။
မစ္ဆေရ ပရိယုဋ္ဌာယ။ ပဇာယ ဝိဂတော တတော ယွာဟံယောအဟံ-သံသရာနောင်ရေး မျှော်ခေါင်တွေးရွ လေးလေး ပင်ပင် ဆင်ခြင်လေ့လာ အကြင်ငါသည်။ မစ္ဆေရ ပရိယုဋ္ဌာရ-မပေးရက် လိသဝန်တိုသဖြင့် ငိုထိုဒါရပန်သမ္ဗဒ မမရရန် ၇န်ကန်သောင်းကျန်း လျက်ရှိသေား ပဇာယ-ဝတ်မှုစားမှု အကြြားမှုတို့၌ အားပြုငဲ့စောင်း သူအပေါင်းတွင်း တတော-ထိုမစ္ဆေရဟု ထကြွပုန်ကန် သူပုန်ရန်မှ၊ ဝိဂတော-ရှေးဝါသနာ အထုံပါသဖြင့် ကောင်းစွာလွတ်ကင်း သန့်ရှင်း သည်ဖြစ်ရွ၊ စာဂေ-စွန့်ကြဲဝေငှ လှူဒါန်းနေရခြင်းခ၊ သဒါရတော-ကိုယ့် တွက်ခြိုးခြံ ပင်ပန်းခံလျက် အမှန်မွေ့ပျော် အပျော်ကြီးပျော်ရပါပေ၏။ တဿမေ-ဒါနစာဂီပါရမီခ် သာကြည်မွေ့လျော် ထိုကဲ့သို့ပျော်နေသော ငါသည် မနုဿတ္တံ-ပတိရူပ ဤဒေသခိ ဖြစ်ရစင်စစ် လူ့အဖြစ်ကို၊ သုလဒ္ဓံ၀တ-သံသရာနောင်ရေး မျှော်ခေါင်တွေးက အေးမြရွှင်ပျော် သြော် အရတော်လေစွတကား။ တော်စွပါပေတကား။
ကိုယ့်ဒါနကိုယ်ဆင်ခြင်ရတယ်။ အောက်မေ့ရတယ် ပြန်ပြန်ပြီးတွေး ရတယ်။ သြော်. .. ငါဟာ လောကမစ္ဆရိယတရား လွှမ်းမိုးခံရပြီးတော့ လှူမှုတန်းမှုဉ်စိတ်မပါ။ ကြြားရေးဝါရေး ဝတ်ရေးစားရေး မော်ရေးတို့ခ်သာ လုံးပန်းနေကြတဲ့ သတ္တဝါအပေါင်းတို့မှာ ငါဟာအဲသလို ပျော်မှုပါးမှု
အကြြားမှုတို့၌ အားမပြုဘဲနဲ့ ရှေးဝါသနာ အထုံပါရွ် လှူခြင်းတန်းခြင်းခ် မွေ့လျော်ခဲ့ရပြီ။ ဒီလိုလှူခြင်းတန်းခြင်းအမှုဉ္ဗ် ယနေ့လို လှူရေးတန်းရေးခ်် မစ္ဆရိယာတရားတွေ ဖယ်ရှားခိုင်မာပြီးတော့ သဒ္ဓါတရား တက်တက်ကြွ က္ဗွနဲ့ လှူနိုင်တန်းနိုင်ပူဇော်နိုင်း အဲသလိုပူဇော်ရခြင်းဟာ ငါ လူ့ဘဝအရ တော်လှပါပေစွလို့ ပြန်ပြန်ပြီးအောက်မေ့ခြင်း ဆင်ခြင်ခြင်းဟာ စာဂါ နုဿတိပဲ။ ဒီလောက် ဝေဝေဆာဆာမဟုတ်တောင် သူတော်ကောင်းတွေ ကျင့်ရိုး။ ဘုရားပစ္စေကဗုဒ္ဓါရဟန္တာသခင်။ ရဟန္တာသခင်မကြီးတွေကျင့်ရိုး ဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေ တို့ပြုရပြီ။ ချမ်းသာခြင်းအကြောင်း ကောင်း မြတ်ပါပေစွလို့ ပြန်ပြီးတော့ အောက်မေ့ခြင်း၊ တွေးတောခြင်းကို စာဂါ နုဿတိခေါ်တယ်။
အဲဒီ စာဂါနုဿတိ ကုသိုလ်ရှိလဲရအောင် အောက်မေ့ကြရတယ်။ ဆင်ခြင်ကြရတယ်' ပွားများကြရတယ်။ ဘုန်းကြီးတို့ဒါနတွေဟာ ကုသိုလ် တိုးတက်ကြောင်းတွေ။ မေ့မေ့ပျောက်ပျောက်ဖြစ်သွားရင် ပျောက်သွားတာ ပဲ1 နောက် ကုသိုလ် ထပ်မတိုးတော့ဘူး။ အဲသလို မဟုတ်ဘဲနဲ့ အမြဲလှူ နိုင်တဲ့ ဒါနမဟုတ်။ ကစ်ရံတစ်ခါ အကြောင်းအားလျော်စွာ လှူရတဲ့ဒါနမျိုး မို့လို့ ထူးထူးကဲကဲ လှူရတာဖြစ်လို့ ထူးထူးကဲကဲဖြစ်အောင်လဲ ကြိုးစား ကြရတယ်။
ယေတိ သဒ္ဓါဒိ ဂုဏေဟိ။ ဒေဝတာ ဒေဝတ္တံဂတာ။
မယှမ္ပိတေ သံဝိဇ္ဇန္တိ။ အဟောမေ ဂုဏ ဝန္တတာ။
ဒေဝတာ-စတုမဟာ ဝတိံသာနှင့် နတ်ရွာခြောက်လီ ဗြဟ္မာ့ပြည် ဝယ် ကိုယ်စီစံထား နတ်ဗြဟ္မာအပေါင်းတို့သည်။ ယေတိ သဒ္ဓါဒိဂုဏေ ဟိ-သဒ္ဓါသီလ များသုတနှင့် စာဂပညာ စဉ်သာလောက်လုံ-အကြင် ကျေးဇူးဂုဏ်တို့ကြောင့်၊ ဒေ၀တ္တံ-ရောဂါမကပ် ဥပါဒ်မတွယ် အန္တရာယ် ကင်းဝေး မင်းဘေးစိုးတာ ကင်းစင်ကွာလတ် ဗြဟ္မာနတ်၏အဖြစ်သို့ ဂတာ-ဤလူ့ပြည်မှ စုတေကြသော် ခဏမသွေ ရောက်ရပါပေကုန်၏။ တေဂုဏာ-ထိုနတ်ဗြဟ္မာနန်း ကပ်ကာမြန်းပို့ အစွမ်းလောက်လုံ ထို
ကျေးဇူးဂုဏ်တို့သည်။ မယှံပိ-ဘုရားအကြိုက် တရားလိုက်တဲ့ စရိုက် မြင့်စွာ ဤသည်ငါဠ်လည်း။ သံဝိဇ္ဇန္တိ-အမြဲမပြတ် သတိချဝ်သဖြင့် မလပ် ပုံသေ ရှိခဲ့ပါပေကုန်၏။ မေ-ငါဒါ။ ဂုဏဝန္တတာ-သဒ္ဓါသီလ စသည် လောက်လုံ ဂုဏ်ပေါင်းစုံသည်စါအဖြစ်သည်။ အဟောဝတ-တမလွန်ရေး ကြံတိုင်းအေးဖို့ လေးလေးပင်ပင် အစဉ်မျိုးမှန် သြော်. . . အဖိုးတန်လှ ပါပေစွတကား။
ဒေဝတာ နုဿတိပဲ။ နတ်တွေကို သက်သေထားပြီးတော့ နတ်တွေရဲ့ သဒ္ဓါ။ သီလ၊ သုတ၊ စာဂ ဟီရိသြတ္တပ္ပတရားတွေ သက်သေထားပြီးတော့ မိမိသဏ္ဌာန်မှာရှိတဲ့ သဒ္ဓါ1 သီလ၊ သုတ၊ စာဂ၊ ပညာ။ ဟီရိသြတ္တပ္ပတရား တွေ အောက်မေ့ပြီးတော့ ဒေ၀တာနုဿတိပွားကြရတယ်နော်။ နတ်တွေ ဗြဟ္မာတွေဟာ အကြင်သဒ္ဓါး သီလ၊ သုတ၊ စာဂ ပညာတည်းဟူသော တရားငါးအင်- ထင်ရှားရှိကြသောကြောင့် ဤလူ့ပြည်မှာ လူဖြစ်ကြ။ နတ်ဖြစ်ကြ။ ဗြဟ္မာဖြစ်ကြ။ အဲဒီနတ်ဗြဟ္မာတွေ နတ်ဖြစ်ကြောင်း။ ဗြဟ္မာ ဖြစ်ကြောင်း ကောင်းမြတ်သော သဒ္ဓါ။ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ တရားတွေဟာ အင်မတန်ကောင်းမြတ်တဲ့တရားတွေပါလား။ ဒီတရားတွေ ငါ့သန္တာန်မှာရှိသဖြင့် ငါအရတော်လှပါပေစွလို့။ နတ်တွေရဲ့ သဒ္ဓါ' သီလ၊ သုတ၊ စာဂ၊ ပညာတရားတွေ ဆင်ခြင်အောက်မေ့ရတယ်။ အဲသလို အောက်မေ့ရခြင်းဖြင့် ဒေ၀တာနုဿတိပွားများကြမယ်ဆိုရင် ခုနပြောသလို ကုသိုလ်တွေဟာ အစွမ်းရှိတယ်။
အဲဒါကြောင့် အဲသလိုအနုဿတိတရားတွေကိုလဲ အခါအားလျော် စွာ ပွားကြရတယ်။ အဲသလိုပ္ပားခြင်းဖြင့် မိမိတို့မှာ ကုသိုလ်တွေမှာ ထပ်ထပ် တိုးတယ်။ တစ်ခါလှူလိုက်တဲ့ မွေးနေ့အလှူတော်အကြောင်းပြုပြီးတော့ သီလာနုဿတိဖြစ်ပွားကြတယ် စာဂါနုဿတိဖြစ်ပွားကြတယ်။ ဒေဝတာ နုဿတိဖြစ်ပွားကြတယ်။ ဖြစ်ပွားကြခြင်းဖြင့် ကုသိုလ်တွေဟာထဝ်ထပ်တိုး လေ ကိုယ်ပြုတဲ့ကုသိုလ်ဟာ တစ်ကြိမ်တစ်ခါပေမယ့် အကြိမ်များစွာ ပြုတဲ့ ကုသိုလ်တွေထက် သာပြီးတော့ အာသေဝနအထုံရတယ်။ အာစိဏ္ဍ ကံ-အရှိန်သန်တယ်။ အဲဒီလိုကုသိုလ်မျိုးတွေ ခုနပြောသလို ဇီဝံပညာယ
ရက္ခေယျ-အသက်ကို ဉာဏ်စောင့်ရတယ်ဆိုတဲ့ ဉာဏ်စောင့်ကျိုးနပ်တယ်။ အသက်ရှည်ခြင်းအကြောင်းဖြစ်သွားတယ် အသက်ရှည်ဖို့ရာ ကောင်းတဲ့ အထောက်အငပံ့ဖြစ်သွားတယ်။ အဲသလို ထဝ်ခါတလဲလဲ ပြန်ဆင်ခြင် အောက်မေ့ခြင်းဖြင့် ရရှိတဲ့ အာစိဏ္ကကံတွေ အာသေဝနအထုံရတဲ့ကုသိုလ် တွေဟာ ဇီဝံပညာယ ရက္ခေယျအရ အသက်ကို စောင့်ရှောက်ပေးနိုင်တယ်။ အသက်ရှည်ခြင်းအကျိုးရတယ်။ ဥစ္စာစီးပွား တိုးတက်မှုတွေကို စောင့် ရှောက်ပေးတတ်လို့ ဥစ္စာစည်းစိမ် တိုးတက်ခြင်းအကျိုးတွေကိုလဲရတယ်။ ဒါကြောင့် ကုသိုလ်ဆိုတာ အာသေဝနအထုံရဖို့ အရေးကြီးတယ်။ အာစိဏ္ဍကံ အရှိန်သန်ဖို့အရေးကြီးတယ်
ဒါကြောင့် ဘုန်းကြီးတို့ ဝိသုဒ္ဓိမဂ်မှာလာတဲ့ သီလာနုဿတိ။ စာဂါ နုဿတိ။ ဒေ၀တာနုဿတိ စသော နုဿတိလေးတွေဟာ ကုသိုလ်အရှိန် တိုးအောင် အရှိန်ပေးတဲ့အနုဿတိတွေမို့လို့ မိမိတို့အလှူကို မေ့မေ့ပျောက် ပျောက် သဘောမထားဘဲနဲ့ ထပ်ကာထပ်ကာ အောက်မေ့ခြင်း၊ ဆင်ခြင် ခြင်း၊ တွေးတောခြင်းဖြင့် ကုသိုလ်တွေအရှိန်ထက်အောင် အထုံရအောင် အာစိဏကကံ အလေ့အကျက်များအောင် ကြိုးစားခြင်းဖြင့် ကုသိုလ်တွေ အရှိန်တက်အောင် တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(၂၀-၂-၉၁ တွင် မွေးနေ့ဆွမ်းအလှူ တရားတော်ဖြစ်ပါသည်။)
မြတ်ပန်းရဂုံမဂ္ဂဇင်းမှ
သဒ္ဓါတရားကြောင့် ဒါနအောင်မြင်တရားတော်
လောကမှာသဒ္ဓါတရားရှိပြီလို့ဆိုရင် ဘယ်လောက်ပဲလှူရလှူရ။ ဘာမှ တွန့်ဆုတ်မှုမရှိဘူး တကယ်ရဲရဲရင့်ရင့် အာဇာနည်ပီပီသသ လှူနိုင်တန်း နိုင်ကြတယ်။ သဒ္ဓါဆိုတာဟာ အလှူဒါနကလေးတစ်ခု ထူးထူးခြားခြား ဖြစ်အောင် အင်မတန်အားပေးတတ်တဲ့တရား၊ သဒ္ဓါရှိရင် သိန်းလဲ မခက်ဘူး။ သန်းလဲမခက်ဘူး။ ကုဋေလဲမခက်ဘူး။ သဒ္ဓါမရှိရင်သာ ပြီးရော ဘာမှအလှူမဖြစ်တော့ဘူး။
ဘုရားလက်ထက်တ မစ္ဆရိယသူဌေးကြီးဆိုတာရှိတယ်' ယုံနိုင်စရာ တောင်မရှိဘူး။ နှမြောလိုက်တာ။ ဥစ္စာက ကုဋေလေးဆယ်လောက်တောင် ကြြယ်ဝတယ်။ ဒီလောက် ချမ်းသာကြွယ်ဝတာတောင် စားတော့ဆန်ကွဲ ထမင်းနဲ့ ထမင်းစားတယ်။ ရထားစီးရင်လဲ ရထားအိုလေးနဲ့။ ထီးဆိုရင် လဲ တစ်ရွက်ထီးလေးနဲ့။ နှမြောလိုက်တာ။ မစားရက် ဆသုံးရက် မစွဲရက် ဒီလောက်နှမြောတဲ့သူဌေးကြီးဟာ တစ်နေ့ကျတော့ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်နဲ့တွေ့တော့ အရှင်မောဂ္ဂလာန်က ရတနာသုံးပါးရဲ့ဂုဏ် တွေဟောပြ၊ အလှူဒါန သီလဘာဝနာရဲ့အကျိုးတွေ ဟောပြတော့ တကတည်း နောက်ကျတော့ ရဲလိုက်တာ ကုဋေလေးဆယ်အကုန်လုံး သာသနာရောက်သွားတယ်။ အဲဒီလောက်ထိအောင်ရဲတာ။
ထို့အတူပဲ သဒ္ဓါရှိရင် ဘာမဆိုလှူရဲတဲ့ သာဓကတွေအများကြီးရှိတယ်။ ဘုရားရှင်လက်ထက်တော်အခါတုန်းက အမျိုးသမီးလေးတစ်ယောက်ရှိ တယ်။ နဂိုက သူဌေးကြီးတွေပဲ နောက်တော့ပစ္စည်းတွေပျက်စီးသွားတယ်။ အထိန်းသည်ကြီးကို အမှီပြုပြီးတော့ အသက်မွေးရတယ်။ အဲဒီရွာမှာပဲ သူဋေးသမီးလေးတစ်ယောက်၊ သူကတော့ အခြေမပျက် အနေမပျက်
ဌေးလျက်ပဲ။ ပေါလျက်ပဲ။ ချမ်းသာလျက်ပဲ။ အဲဒီသူဌေးသမီးက ဆံပင် မကောင်းဘူး။ ဆံပင်မရှိဘူး။ ခုန သူဌေးဘဝကလျှောကျသွားတဲ့ အမျိုးသမီးလေးကတော့ ဆံပင်တယ်ကောင်းတယ်။ အဲဒီအမျိုးသမီးလေးရဲ့ ဆံပင်ကို ခုနအခြေအနေမပျက်တဲ့သူဌေးသမီးက ဆံပင်လာဝယ်တယ်။ တစ်ရာကနေတစ်ထောင်။ တစ်ထောင်ကနေတစ်သောင်း တက်တက်ပေး လိုက်တာ ဘယ်လောက်တက်တက်ပေးပေမယ့် ဟိုကမရောင်းဘူး။
အမျိုးသမီးတို့ရဲ့ကျက်သရေဆိုတာ ဆံပင်ပေါ်မှာလဲတည်တာပဲ။ မိမိ ကျက်သရေအပျက်ခံပြီးတော့ မရောင်းပါဘူး။ တစ်နေ့ကျတော့ အရှင် မဟာကစ္စည်းမထေရ်ဟာ စဏ္ဍပဇ္ဇောတမင်းကြီးဆီ ကောင်းကင်ခရီးက နေပြီးတော့ကြွလာတယ်။ လမ်းခရီးဆွမ်းချိန်ကနီးတော့ အဲဒီရှာကသာသနာ က ထွန်းကားတာမဟုတ်တော့ ဆွမ်းလောင်းမယ့်သူမရှိဘူး။ ကိုယ်တော်တွေ ဆွမ်းမရဘူး။ အဲဒါ ခုနပြောတဲ့ ဆံပင်ကောင်းတဲ့ အမျိုးသမီးလေးက မြင်ရတယ်။ မြင်ရတော့ သြော်. င . ကိုယ်တော်တွေ ဆွမ်းလဲမရဘူး။ ငါ့မလဲ လှူစရာမရှိဘူးဆိုပြီး စိတ်မကောင်းသလိုဖြစ်ပြီးမှ ဗြုန်းခနဲဆို သွားသတိရတယ်။ သြော်. . . ငါ့ရဲ့ဆံပင်ကို သူဌေးသမီးက၀ယ်ဖူးတယ် ဆိုပြီးတော့ ကိုယ်တော်တွေအိမ်ကိုပင့်သွားတယ်။ အိမ်ကိုပင့်သွားပြီးတော့ အထိန်းတော်ကြီးခေါ်ပြီး ငါ့ကိုကတ်ကြေးပေးစမ်းဆိုပြီးတော့ အခန်းထဲ ဝင်ပြီးတော့ အထိန်းတော်ကြီးကို အမျိုးသမီးလေးက သူ့ရဲ့ဆံပင်ကိုဖြတ် ခိုင်းတယ်။ ဒီလောက်ကောင်းတဲ့ဆံပင်ကြီးကို ဖြတ်ရမလားဆိုပြီး အထိန်း တော်ကြီးက မျက်ရည်မဆည်နိုင်ဘူးတဲ့။ သူဌေးသမီး အမျိုးသမီးလေး ကတော့ဘာမှမဖြစ်ဘူး။ သူ့မှာအင်မတန်ဝမ်းသာလို့။ အင်မတန်လှူချင်နေ။ အင်မတန်ဝမ်းသာနေတော့ ကောင်းလှတဲ့ဆံပင်ကြီး ဖြတ်ရတဲ့အတွက် ဘာမှမဖြစ်ဘူးတဲ့ 1
အဲဒီအမျိုးသမီးလေးက အထိန်းတော်ကြီးကိုဆံပင်ဖြတ်ခိုင်းပြီး ဖြတ် ပြီးသားဆံပင်ကို အထိန်းတော်ကြီးကို ရောင်းခိုင်းတယ်။ အထိန်းတော် ကြီးက ဆံပင်ကို မထေရ်တွေမမြင်အောင် ဝှက်ပြီးဆင်းသွားတယ်။ ဆင်း သွားပြီးတော့ ဆံပင်ဝယ်ဖူးတဲ့သူဌေးသမီးဆီသွားရောင်းတယ်။ နောက်
နောက်က တစ်ရာတစ်ထောင်စသည် တက်ပေးပေမယ့် ခုတော့ ဥစ္စာရှင်က လာရောင်းတာဆိုတော့ စျေးနှိမ်တယ်။ ရှစ်ကျပ်ပဲပေးတယ်။ ပင့်ထားတဲ့ မထေရ်ကလဲရှစ်ပါးဆိုတော့ တစ်ပါးတစ်ကျပ်တန်ဆွမ်းကလေး စီမံပြီး တော့ သံဃာတော်တွေ ဆွမ်းကပ်ရတယ်။
ဒီတော့ အရှင်မဟာကစ္စည်းမထေရ်က ဒကာမလဲမမြင်ပါလားဆို တော့ အကျိုးအကြောင်းလျှောက်ပြတယ်။ ဒါပေမဲ့ အခေါ်ခိုင်းတော့ အမျိုးသမီးလေးလဲ မထေရ်မြတ်ရှေ့ရောက်တယ်ဆိုရင်ပဲ ဆံပင်က နဂို အတိုင်းဖြစ်သွားတယ်။ ပြန်ကောင်းသွားတယ်။ ဒါဒိဋ္ဌဓမ္မအကျိုးပေးပေါ့ နော်။ အဲဒီလိုမထေရ်မြတ်ထံရောက်တော့ ဆံပင်ပြန်ကောင်းလာ။ မထေရ် မြတ်ကလဲတရားဟောပြောပြီးတော့ ကောင်းကင်ခရီးကနေ ပြန်ကြွသွား တယ်။ စဏ္ဍပဇ္ဇောတမင်းကြီးရဲ့ ဥယျာဉ်ထဲကြွပြီးတော့ ဆွမ်းဘုဉ်းပေး ကြတယ်။ ဆွမ်းဘုဉ်းပေးပြီးတဲ့အချိန်မှာ စဏ္ဍပဇ္ဇောတမင်းကြီးရောက်လာ ပြီးတော့ ဒီနေ့အရှင်ဘုရားတို့ ဘယ်မှာ ဆွမ်းကိစ္စပြီးပါသလဲလို့ လျှောက် ထားတော့ အဲဒီတင်မထေရ်မြတ်က အမျိုးသမီးလေးရဲ့ ပြုနိုင်ခဲတဲ့ အမှု ကြီးပြုပုံကို ပြန်ပြောင်းပြီး ဟောပြတော့ မင်းကြီးလဲ အင်မတန်အားရပြီး အဲဒီအမျိုးသမီးလေးကိုခေါ်ပြီး မိဖုရားမြှောက်လိုက်တယ်။ ဒါဟာ ဒါနရဲ့ဒိဋ္ဌဓမ္မအကျိုးပဲ။
ဘုန်းကြီးရဲ့ ဆိုလိုရင်းကတော့ လောကမှာ တကယ်သဒ္ဓါတရား မရှိရင် တစ်ပြားနှစ်ပြားတောင်လှူဖို့ခဲယဉ်းတယ်။ သဒ္ဓါတရားရှိပြီဆိုရင် မိမိ ဘယ်လောက်မြတ်နိုးတဲ့ပစ္စည်းဖြစ်ဖြစ် ဘယ်လောက်များပြားတဲ့ပစ္စည်း ဖြစ်ဖြစ် လှူဖို့ရာတန်းဖို့ရာ မခဲယဉ်းတော့ဘူး သဒ္ဓါဆိုတာ အင်မတန် အရေးကြီးတာပဲ။ ဒါကြောင့် သဒ္ဓါတရားဟာ အင်မတန်ထူးခြားတဲ့အလှူ တွေဖြစ်ဖို့ရာ တွန်းအားပေးတဲ့တရားထူးကြီးပဲ။ အဲဒီသဒ္ဓါတရားကြောင့် လှူနိုင်ခဲတဲ့အလှူတော်ကြီး ထမြောက်အောင် ဆောင်ရွက်နိုင်ကြတယ်။
ဒါနဉ္စ ယုဒ္ဓဉ္စ သမာနမာဟု။
ဒါနဉ္စ-အလှူပေးရခြင်းကိုလည်းကောင်း၊ ယုဒ္ဓဉ္စ-စစ်တိုက်ရခြင်းကို
လည်းကောင်း၊ သမာနံ-တူမျှစါ ဟူရဤ၊ အာဟု-ဘုရားအဆူဆူ မိန့်တော်
မူကြလေကုန်၏ ( စစ်တိုက်ရခြင်းနဲ့ အလှူပေးရခြင်းဟာအတူတူပဲ။ ဒါနနဲ့ စစ်ထိုးခြင်းဟာ အတူတူတဲ့ သဒ္ဓါတရားရှိပြီဆိုရင် ဒီတိုက်ပွဲကိုအနိုင်ရမှာ ချည်းပဲ။ သဒ္ဓါတရားမရှိဘူးဆိုရင်လဲ ဒီလိုတိုက်ပွဲမျိုး စိတ်တောင် မကူး ရဲဘူး။
မစ္ဆေရာစ ပမာဒါစ၊ ဧဝံ ဒါနံ နဒိယျတိ။
မစ္ဆေရာစ-နှမြောခြင်းကြောင့်လည်းကောင်း' ပမာဒါစ-မေ့လျော့ ခြင်းကြောင့်လည်းကောင်း၊ ဧဝံ-ဤအကြောင်းနှစ်ပါးကြောင့် ဒါနံ-အလှူ ဒါနကို၊ နဒိယျတိ-မပေးလှူနိုင်
လောကမှာ နှမြောပြီဆိုရင် ခုနသူဌေးကြီးလို မလှူနိုင်ဘူးး ပမာဒ- မေ့လျော့ရင်လဲမလှူနိုင်ဘူး။ တချို့က ဝတ်မှုစားမှုနှင့်လောကရေးတွေ မိမိတို့ ကိုယ်ရေးကိုယ်တာ အရေးတွေသာ ဦးစားပေးပြီးတော့ သာသနာ ရေး။ ကုသိုလ်ရေးတွေကို ဦးစားမပေးနိုင်ဘူး။ အဲဒီလိုပုဂ္ဂိုလ်တွေကျတော့ ပမာဒ မေ့လျော့မှုကြောင့် အလှူဆိုတာဖဖြစ်နိုင်ဘူး။ နှမြောရင်တော့ ပြောစရာမရှိဘူး။
ယနေ့ မစ္ဆေရ-၀န်တိုမှု နှမြောမှုကို တွန်းလှန်နိုင်ကြလို့ ပမာဒ- မေ့လျော့ခြင်းဆိုတဲ့ တကယ့်အဖျက်အဆီးကြီးကို တိုက်ဖျက်နိုင်ကြလို့ လှူဒါန်းနိုင်ကြလို့ တကယ်တော့ အလှူဆိုတာ အကျိုးပြီးရင် အင်မတန် ပျော်စရာကောင်းတယ်။ အကျိုးမသိရင်တော့ အဲဒီပျော်ပွဲကြီးမျိုး မဆင်နွှဲ နိုင်ကြဘူးး ကုသိုလ်ဆိုတာ အင်မတန်စိတ်ကိုပျော်ရွှင်စေတတ်တယ်။ ကုသိုလ်ရှင်တွေကို စိတ်ပျော်ရွှင်စေတတ်တယ်။ ဒါကြောင့် အင်မတန် ပြုဖို့ကောင်းတဲ့နေရာတွေ ပြုရပြီဆိုရင် သိပ်ပျော်သွားကြတာ။
ဝိသာခါ ဒကာမကြီးကို ကြားဖူးကြမှာပေါ့' ဝိသာခါဒကာမကြီး ဟာ ပုဗ္ဗာရုံဆိုတဲ့ကျောင်းတော်ကြီးဆောက်တယ်။ မြေက ကိုးကုဋေ ကျောင်းတော်ကြီးဆောက်ခက ကိုးကုဋေး ကျောင်းပူဇော်ပွဲကြီးက ကိုး ကုဋေကုန်သတဲ့။ ကျောင်းပူဇော်ပွဲကြီးဆင်နွှဲလိုက်တာ ဝမ်းမြောက်လွန်း လို့ ဥဒါန်းတွေကျူးတယ်။ သားတွေ သမီးတွေ မြေးတွေ ခြံရံပြီးတော့ ကျောင်းပူဇော်ပွဲကြီးမှာ ဥဒါန်းကျူးတယ်။
ကဒါဟံ ပါသာဒံ ရမ္မံ သုဓာ မတ္တိကလေပနံ။
ဝိဟာရဒါနံ ဒဿာမိ၊ သင်္ကပွော မယှပူရိတော။
အဟံ-ငါဝိသာခါသည်။ ကဒါ-ဘယ်နံရောအခါခဦ်၊ သုဓာမတ္တိ ကလေပနံ-အင်္ဂတေသရွတ်တို့ဖြင့် အထွတ်တပ် ခြယ်လှယ်မွမ်းမံအပ် သော၊ ရမ္မံ-နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းလှစွာသော၊ ပါသာဒံ- ပြဿာဒ်တော် အထွတ်တပ်ထားတဲ့ ပုဗ္ဗာရုံဆိုတဲ့ ကျောင်းတော်ကြီးကို၊ ဒဿာမိ-လှူဒါန်းပေးကမ်းရပါအံ့နည်းး က္ကတိ-ဤကဲ့သို့ ယောသင်္ကပွေါ- ရှေးအခါက ကျောင်းလှူဖို့ရာ အကြင်အကြံအစည်ကြီးသည်။ ဥပွန္နော- မကြာမကြာ အခါခါဖြစ်ပေါ်လာခဲ့ပါပေ၏ ( မယှံ-ငါဓါ။ သောသင်္ကပွော- ထိုကျောင်းတော်ကြီးလှူဒါန်းရဖို့ အကြံအစည် မျှော်လင့်ချက် တောင့်တ ချက်ကြီးသည်။ အဇ္ဇ-ယနေ့ယခုအခါခ်။ ပူရိတော-ကောင်းစွာမသွေ ပြည့်ခဲ့ရပါပေပြီတကား။
ပုဗ္ဗာရုံကျောင်းတော်ကြီး ဆောက်လုပ်ပြီးစီးလို့ ကျောင်းလွှတ်ပူဇော် ပွဲကြီး၊ ကျောင်းအလှူပူဇော်ပွဲကြီး ဆင်ယင်ကျင်းပတဲ့အခါ အခုလို ဥဒါန်း ကျူးတယ်တဲ့1 အဲဒီလိုပဲ မိမိတို့ယနေ့ ရွှေကျင်ကျောင်းတိုက်မှာ ကျောင်းဟောင်း ပေါရာဏ မနောရမာဝါသ ကျောင်းတော်ကြီးပြင်ဆင်ဖို့ ထူးခြားတဲ့၀တ္ထု' ငွေ တစ်သိန်းကုန်ကျခံပြီး မတည်ပူဇော်ကြတယ်။ ပူဇော်လို့နောင်အခါ ကျောင်းကြီးပြီးသွားပြီး အသစ်ဖြစ်သွားပြီဆိုရင် ဝိသာခါဒကာမကြီးတို့ လိုပဲ ဥဒါန်းကျူးဖို့ အခွင့်ကြုံလာအုံးမယ်။
ကဒါဟံ ဇိဏ္တကာဝါသ၊ သင်္ခေတေန သမုဗ္ဘဝံ သုဘံ ဝိဟာရံ ပဿာမိ။ သင်္ကပ္ပေါ မယှပူရိတော။
အဟံ-ငါ သည်။ ကဒါ-ဘယ်နံ ရောကာလ အခါသမယညဉ္ဗ်။
ဇိဏ္ဍကာဝါသ သင်္ခေတေန-ဟောင်းနွမ်းနေသော ပေါရာဏ မနောရမာ ဝါသ ကျောင်းတော်ကြီးကို ပြုပြင်ရခြင်းကြောင့်၊ သမုဗ္ဘဝံ-နောင်အခါ လှလှပပ ထူးထူးခြားခြား ဖြစ်ပေါ်လာသော၊ သုဘံ-အပြုအပြင် အမွမ်း အမံတို့ကြောင့် ကျောင်းသစ်ကြီးတစ်ခုဖြစ်ကာ လွန်စွာတင့်တယ်လှသေား
ဝိဟာရံ-ကျောင်းတော်ကြီးကို၊ ပဿာမိ-မြင်ရပါအံ့နည်း။ က္ကတိ-ဤသို့၊ ယောသင်္ကပွော-ကျောင်းတော်ကြီးအသစ်တစ်ဖန် ထင်ရှားစွာဖြစ်လာပို့ အရေး။ တွေးတောကြံဆခဲ့တဲ့ အကြင် အကြံအစည်ကြီးသည်။ ဥပ္ပန္နော- ဖြစ်ခဲ့ပါပေပြီး သောသင်္ကပ္ပော-လှလှပပကျောင်းတော်ကြီး အသစ်ဖြစ်ပေါ် လာဂုံကို ကြမည်တဲ့ဘတိုင်းဖြစ်လာရွှ ထိုကြံမည်တဲ့ အတြံအစည်ကြီးသည်း ပူရိတော-ယနေ့ယခု ကောင်းစွာမသွေ ပြည့်စုံခဲ့ရပါပေသည်တကား။
သောစသဗ္ဗံ ဒဒေါဟောတိ၊ ယော ဒဒါတိ ဥပဿယံ။
ယော-အကြင်ပုဂ္ဂိုလ်သည်။ ဥပဿယံ-ကျောင်းကန်ကိုး ဒဒါတိ- ပေးလှူဇ်။ သော-ထိုကျောင်းကန်ပေးလှူတဲ့ပုဂ္ဂိုလ်သည်။ သဗ္ဗဒဒေါ- အဆင်းတို့ အသက်တို့ ခွန်အားဗလတို့ ဉာဏ်ပညာတို့ အစရှိသော အလုံးစုံသော အကျိုးတရားတို့ကို ပေးသည်မည်တယ်လို့ ဘုရားရှင်က ဟောတော်မူတယ်။
ဒီ့ပြင်အကျိုးတရားတွေလဲ မနည်းပါဘူး။ ဘုရားရှင်ဟောထားတာ။း
ဝိဟာရဒါနံ သံဃဿ။ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဍိတံ။
သံဃဿ-သံဃာတော်အား၊ ဝိဟာရဒါနံ-ကျောင်းအလှူတော်ကိုး အဂ္ဂံ-မွန်မြတ်လှသည်ဟူရွ်။ ဗုဒ္ဓေန-ဘုရားရှင်ကိုယ်တော်မြတ်သည်။ ဝဏ္ဍိတံ-ထိုထိုနေရာ ထိုထိုဌာန ထိုထိုဒေသနာတော်မှာ အကြိမ်ကြိမ် အထပ်ထင် ချီးမွမ်းတော်မူအပ်ပါပေသတည်း။
ကောင်းပြီး အဲသလောက်များအောင် ဘုရားရှင်ကိုယ်တော်မြတ် ချီးမွမ်းအပ်တဲ့ အကျိုးတရားတွေ မိမိတို့ကလိုချင်ရမလားဆိုတော့ ဒီလို မဟုတ်ဘူးနော် တကယ့်တကယ် သဒ္ဓါတရားရှိတဲ့ပုဂ္ဂိုလ်၊ တကယ်လှူချင် ဝ.န်းချင်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘာမှရည်ရွယ်ကြတာ မဟုတ်ပါဘူး။ သာသနာ တော်ကြီး ကြီးပွားဖို့လိုလားကြတယ်။ သံဃာတော်တွေချမ်းသာဖို့သာ လိုလားကြတယ်။ မိမိအဖို့သိပ်တွက်ကြတာမဟုတ်ဘူးး တကယ်သာသနာ မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေး တကယ် ကုသိုလ်လိုလားကြတဲ့ ပုဂ္ဂိုလ်တွေမှန်သမျှ ကိုယ့်ဖို့ဆိုတာ တယ်ပြီးထားကြတာ မဟုတ်ပါဘူး။ ဒါနဲ့စပ်ပြီး အနာထပိဏ်သူဌေးကြီးရဲ့ အကြောင်းလေး နည်းနည်းပြောရအုံးမယ်။
အနာထပိဏ်သူဌေးကြီးဆိုတာ" စောစောက ဘုရားနဲ့မတွေ့ခင်က သူက ဗုဒ္ဓဘာသာမဟုတ်သေးဘူး။ နောက်ကျတော့ ရာဇဂြိုဟ်ပြည်ကို အရောင်းအဝယ်ကိစ္စနဲ့သွားတယ်။ ရာဧဂြိုဟ်ပြည်မှာ သူ့ယောက်ဖသူဌေး ကြီးရှိတယ်။ သူတို့ကအပြန်အလှန် ယောက်ဖတော်စပ်ကြတယ်။ အနာ ထပိဏ်သူဌေးကြီးကလဲ ရာဇဂြိုဟ်ပြည် သူ့ယောက်ဖသူဌေးကြီးဆီ သွားပြီးတော့ ကုန်ရောင်းကုန်၀ယ်ကိစ္စအတွက်နဲ့ တည်းခိုတယ်။ ရာဇဂြိုဟ် သူဌေးကြီးကလဲ ကုန်ရောင်းကုန်၀ယ်အတွက် အနာထပိဏ်သူဌေးကြီး ဆီ လာပြီး တည်းခိုလေ့ရှိတယ်။
တစ်နေ့ အနာထပိဏ်သူဌေးကြီးက လှည်းတွေနဲ့ ကုန်တင်ပြီးတော့ ရာဇဂြိုဟ်သူဌေးကြီးဆီကုန်ရောင်းရင်းး' လည်ရင်းပတ်ရင်းသွားတယ်။ လမ်းခရီးကျတော့ တစ်ယူဇနာလောက်ကနေ အကြောင်းကြားတယ်။ အနာထပိဏ်သူဌေးကြီးလာပြီလို့။ အရင်အခါတွေက အဲသလိုအကြောင်း ကြားရင် ရာဧဂြိုဟ်သူဌေးကြီးက တစ်ယူဇနာခရီးလောက်က လာကြို လေ့ရှိတယ်။
အဲဒီနေ့တော့ ပေါ်မလာဘူး။ လာကြိုလိမ့် ကြိုလိမ့်နဲ့ မျှော်နေတာ။ ပေါ်ကိုမလာဘူး။ ရောက်မှပဲ သူဌေးကြီးကိုခဏတွေ့လိုက်တယ်။
ရာဧဂြိုဟ်သူဌေးကြီးက စီမံခန့်ခွဲလို့ တော်တော်လေးကြာမှ အနာ ထပိဏ် သူဌေးကြီးဆီလာပြီးတော့ နှုတ်ဆက်တယ်။ စကားပြောတယ်။ အဲဒီအခါကျတော့။ ဘယ့်နှယ်တုံး ယောက်ဖ။ ခါတိုင်း ငါလာရင် တခြား ကိစ္စတွေ-အကုန်ဖယ်ပြီးတော့ ငါ့ကိုလာကြိုလေ့ရှိတယ်။ ခုဘာကိစ္စရှိလို့တုံး။ အာဝါဟဝိဝါဟကိစ္စများ ဆောင်ရွက်စရာရှိလို့လား။ ဗိမ္ဗိသာရမင်းကြီး ကိုပဲ ပင့်ဖိတ်ပြီးတော့ ထမင်းကျွေးစရာရှိလို့လားဆိုတော့ ဟာ-ဒီကိစ္စ တွေ မဟုတ်ပါဘူး။ ဘုရားအမှူးရှိတဲ့သံဃာတော်တွေ ဆွမ်းဆက်ကပ်မလို့ ဆိုတော့ ဘုရားဆိုတဲ့အသံလေးကြားရင်ပဲ အနာထပိဏ်သူဌေးကြီး တစ်ကိုယ်လုံးစိမ့်သွားတယ်။ တစ်ခါတည်း ပီတိတွေဖြစ်သွားလိုက်တား မေ့သလိုဖြစ်သွားတယ် ဟာ-ဘုရားလို့ပြောသလားဆိုတော့ အေး-ဟုတ် တယ်။ ဘုရားကိုဆွမ်းကပ်မလို့။ ဘုရားလို့ ငါပြောလိုက်တယ်ဆိုတော့
ဘုရားဆိုတဲ့ ဒုတိယအသံကြားလိုက်ရင်ပဲ တစ်ခါထပ်ပြီးတော့ ပီတိတွေ ဖြစ်သွားတယ်။
ဘယ်လောက်ထိအောင် ဘုရားအာရုံ ထုံမိနေသတုံးဆိုတော့ အဲ သူဌေးကြီးဟာ ဘုရားကို အခုမမြင်ရသေးပေမယ့် ရှေးတုန်းက ဘုရားတွေ ဖူးခဲ့ရာ ကုသိုလ်ကောင်းမှုတွေပြုခဲ့ရတဲ့အထုံကရှိလေတော့ အဲဒီ မေ့နေတဲ့အသံ ဟာ ယနေ့ ကမ္ဘာပေါင်းများစွာကြာမှ ပြန်ပေါ်လာတယ်။ ပေါ်လာတော့ တစ်ခါတည်း ပီတိတွေဖြစ်တယ်။ ပြီးတော့ ဘုရားကို ကြည်ည်ိုလိုက်တာ အနာထပိဏ်သူဌေးကြီးဟာ ဘုရားအာရုံမပျောက်တော့ ဘူး။ ဒီနေ့သွားပြီး ဖူးမြော်လို့ရမလားဆိုတော့ သူဌေးကြီးက ဒီနေ့ အချိန်မရှိတော့ဘူး ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးတာကလဲ ယင်းတိုက်တောကျောင်းမှာသီတင်းသုံးတယ် မနက်ဖြန်ခါမှ သွားတာ ပေါ့ဆိုတော့ တစ်ခါတည်း သူဌေးကြီး ဘာမှမလုပ်နိုင်တော့ဘူး။ ထမင်းလဲ မစားချင်တော့ဘူး။ ဘာမှလဲမလုပ်ချင်တော့ဘူး။ အိမ်ပေါ်တက်ပြီးတော့ “ဘုရား ဘုရား ဘုရား” နဲ့ ပုတီးစိတ်သလိုစိတ်ပြီး ဘုရားအာရုံပြုပြီးတော့ ညအိပ်တယ်။ ပထမယံမှာ နိုးလာတယ်။ မိုးလင်းပြီဆိုပြီးထလိုက်တယ်။ အပြင်ထွက်ပြီးနက္ခတ်တွေကြည့်လိုက်တော့ ဟိုမှာ မလင်းသေးဘူးး သူက ဘုရားအာရုံနဲ့အိပ်ပျော်တာ။ ပီတိတွေကလဲဖြစ်နေတော့ အဲဒီပီတိဓာတ်နဲ့ ကိုယ်ခန္ဓာမှာ အရောင်အလင်းတွေထွက်နေတယ်။ ညသန်းခေါင်ကျော် လဲဒီလိုပဲ ထ။ နက္ခတ်ကြည့်လိုက်တော့ မလင်းသေးဘူး သန်းခေါင် ရှိသေးတယ် နောက် မနက်လင်းတဲ့အခါကျတော့ အိဝ်ရာကထတော့ ကိုယ်အရောင်အလင်းတွေနဲ့ ပီတိတွေဖြစ်ပြီး ပီတိဓာတ်ကြောင့် ကိုယ်အရောင်အလင်းတွေပေါ်လား အရောင်အလင်းနဲ့ထပြီးတော့ ကြည့် လိုက်ပြန်တော့ အဲဒီအခါကျမှ မိုးလင်းပြီဆိုပြီးတော့ ထွက်လာတယ်။ တိုတိုပြောကြပါစို့။ မြို့ပြင်ရောက်ပြီဆိုရင်ပဲ တစ်ခါတည်း လူသေကောင် တွေသွားသွားပြီးတိုက်မိတယ် ရှေးတုန်းက သုသာန်မှာလူသေကောင်တွေ မြေမမြှုပ်ဘဲ ဒီအတိုင်းပစ်ထားတာဆိုတော့ လူသေကောင်တွေ တိုက်မိ တာပေါ့။ အဲဒီလူသေကောင်တွေ သွားတိုက်မိတော့ သူဌေးကြီးဟာ
ကြောက်လန့်တဲ့စိတ်တွေဖြစ်ပေါ်ပြီး ပီတိတွေပျောက်သွားတော့ အရောင်ကလဲပျောက်သွားတယ်။
အဲဒီတော့ သခင်္ချိုင်းစောင့်နတ်က “သူဌေးကြီးရှေ့သို့သာတက်ပါ။ ရှေ့သို့သာတက်ပါ။ နောက်မဆုတ်ပါနဲ့သူဌေးကြီး၊ ရှေ့သို့တက်ခြင်းသည် မြတ်ပါ၏ / နောက်သို့ဆုတ်ခြင်းသည်မမြတ်ပါ ဆိုတော့ သြော် . . ငါ့မှာ အဖော်ရှိသားပဲဆိုပြီး ပြန်ပြီးဘုရားအာရုံပေါ်လာတယ်။ ပီတိတွေဖြစ် ပြီး အရောင်အလင်းတွေပေါ်လာတော့ သွားပြန်ရော။ နောက်ထပ်တစ်ခါ တိုက်မိပြန်တော့ အဲဒီလိုပဲ အရောင်တွေပျောက်ပြီးကြောက်လာပြန်တယ်။ ကြောက်လာတယ်ဆိုရင်ပဲ နောက်ပြန်ဆုတ်တယ်။ ခုနသင်္ချိုင်းစောင့်နတ်က အသံပေးပြန်တယ် “အဘိတ္ကမ ဂဟပတိ အဘိက္ကမ ဂဟပတိ?” ရှေ့သို့သာ တက်ပါသူဌေးကြီး ဆိုတော့ ရဲလာပြီး ပီတိတွေဖြစ်လာ အရောင် အလင်းတွေ ပေါ်လာတယ်။ အဲဒါနဲ့ ရှေ့ဆက်သွားပြန်တယ်1။
ရှေ့တော်တော်ရောက်သွားတော့ သူဌေးကြီးကစဉ်းစားတယ်။ လောက မှာ ဘုရားဆိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီဘုရားတွေဟာ တကယ်တော့ ဘုရားဟုတ်ကြတာမဟုတ်ဘူး။ အခုဘုရားရှင်ကိုယ်တော်မြတ်ဆိုတာလဲ တကယ်ဟုတ်မဟုတ် ငါဘယ်လိုသိရမလဲ။ ကောင်းပြီ ငါ့နာမည်ဟာ ငယ်ငယ်တုန်းက သုဒတ္တဆိုတဲ့ ငယ်နာမည်ရှိတယ်။ အဲဒီနာမည် ငါမှ တစ်ပါး ဘယ်သူမှမသိဘူး။ အကယ်ရွ် အခုတွေ့မယ့်ဘုရားဟာ အဲဒီနာမည် ကိုသိတယ်ဆိုရင် ငါ ဘုရားအစစ်တကယ်ဝဲလို့ ဆုံးဖြတ်နိုင်တော့မယ်လို့ စဉ်းစားပြီးသွားတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က ဟိုကမြင်ဆော်မူ တယ်။ မနက်ခင်းက ထတော်မူပြီး ဘုရားရှင်ကဆီးကြိုနေတယ်။ သစ်ပင် တစ်ပင်အောက် ထိုင်နေတော်မူတယ်။
အနာထပိဏ်သူဌေးကြီး ယင်းတိုက်တောရောက်တယ်ဆိုရင်ပဲ ဘုရား ရှင်ကိုလှမ်းမြင်ရ။ မြင်ရတယ်ဆိုရင်ပဲ သူဌေးကြီး သိပ်ကိုဝမ်းသာသွား တယ်။ ဝမ်းသာနေတုန်း ဘုရားရှင်ကိုယ်တော်မြတ်က-ဧပဟိ-သုဒတ္တ။ သုဒတ္တရေး ဧဟိ-ငါဘုရားထံ လာခဲ့ဆိုပြီး သူ့ရဲ့ငယ်နာမည်ခေါ်လိုက်တော့
၀မ်းသာမှုဟာ အထွတ်အထိပ်ရောက်သွားတယ် သြော် .. ဒါဟာ တကယ့် ဘုရားဝဲလို့ ဆုံးဖြတ်နိုင်သွားတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ထံရောက် ရှိခိုးပြီးတော့ ကစ္စိ ဘန္တေ သုခံ သယိတ္ထ။ ရှင်တော်မြတ်ဘုရား ချမ်းချမ်းသာသာအိပ်ရပါရဲ့လား ဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်က ကိလေသာရှိတဲ့သူတွေမှာတော့ ချမ်းချမ်းသာသာ မအိပ်ရဘူး။ ငါဘုရားမှာတော့ ကိလေသာတွေကုန်နေပြီဖြစ်လို့ ချမ်းချမ်းသာသာမအိပ်ရဘဲ ဘယ်ရှိမတုံး။ ချမ်းသာစွာအိဂ်ရတဲ့ပုဂ္ဂိုလ် တွေထဲမှာ ငါဘုရားဟာ တစ်ပါးအပါအဝင်ပဲလို့ဆိုပြီးတော့ အဲဒီတရား လေးဟောလိုက်တယ်။ ကိလေသာကင်းရင် ချမ်းချမ်းသာသာအိပ်ရတာပဲ ဆိုတဲ့ တရားလေးဟာ ဟောလိုက်တယ်ဆိုရင်ပဲ တစ်ခါတည်း အနာ ထပိဏ်သူဌေးကြီးဟာ သောတာပန်တည်သွားတယ်။
နဂိုက အလှူရက်ရောတဲ့ဒကာကြီးဟာ သောတာပန်တည်သွားတော့ ပိုပြီးရက်ရောတော့တာပေါ့။ အဲဒီမှာတင် ဘုရားရှင်ကိုယ်တော်မြတ်ကို သာဝတ္ထိပြည်ကြြပြီးသီတင်းသုံးဖို့ ပင့်လျှောက်တယ်1 တပည့်တော် ကျောင်း ဆောက်လှူပါ့မယ်1 သာဝတ္ထိပြည်ကြွပါလို့လျှောက်တော့ ဘုရားရှင်ကိုယ် တော်မြတ်က လက်ခံတော်မူတယ်။
ဒီတော့ သူဌေးကြီးရဲ့ ဒီအချိန်အခါမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို ကျောင်းဆောက်လှူချင်တာဟာ ဘာလိုချင်လို့တုံး။ ကျောင်းဒကာဆိုတဲ့ ဂုဏ်ကြီးခံချင်လို့လား။ မဟုတ်ဘူး။ သူရတဲ့တရား သတ္တဝါတွေရစေချင် တယ် ပျံ့နံ့စေချင်တယ်။ တရားကိုအလေးပြုပြီး ဘုရားရှင်ကိုယ်တော် မြတ်ကို ကျောင်းဆောက်လှူချင်တာ။ သူဌေးကြီးရဲ့စိတ်ဓာတ်ကို ဘာ ကြောင့်သိနိုင်တုံးဆိုတော့ သူဌေးကြီးရဲ့စိတ်ဓာတ် ဘာမှမသိနိုင်စရာမရှိ ဘူး။ သူ့ငယ်နာမည်က သုဒတ္တ တဲ့။ ငယ်နာမည်က နောင်အခါ ကိုးကွယ် ရာ မဲ့ကြတဲ့ဆင်းရဲသားတွေ သူတောင်းစားတွေစသည်ဖြင့် အရပ် လေးမျက်နှာက ကိုးကွယ်ရာမဲ့ကြတဲ့သူတွေကို ထမင်းအဖျော်တွေ ပေးပြီးတော့ ချမ်းသာအောင် ဆောင်ရွက်ပေးလို့ အနာထာနံ- ကိုးကွယ်ရာ
မဲ့ကြတဲ့ပုဂ္ဂိုလ်တို့အား၊ ဝိဏ္ဍံ-ဆွမ်းအစာကို၊ ဒဒါတိ-ပေးတတ်၏ က္တတိ-ထို့ကြောင့်။ အနာထပိပဏ္ဍိကော-အနာထပိဏ်မည်၏ ဆိုတဲ့ ဗျူပွတ်အရ ကိုးကွယ်ရာမဲ့တဲ့ပုဂ္ဂိုလ်တွေ ထမင်းအစာပေးတတ်တဲ့ သူဌေး ကြီးဆိုပြီးတော့ အနာထပိဏ်လို့ တွင်လာတယ်1
ဒီတော့သူဌေးကြီးဟာ သူ့လိုလားချက်က တရားတော်တွေပျံ့နှံ့ပြီး သတ္တဝါတွေချမ်းသာဖို့ဆိုတဲ့ ကောင်းမြတ်တဲ့ရည်ရွယ်ချက်ပဲရှိတယ်။ အဲဒါ ဟာ မိမိတို့အတုခိုးရမယ့် ရည်ရွယ်ချက်ဖြစ်တယ်1 တောင့်တစရာဖြစ်တယ်။ မိမိတို့မှာလဲ သာသနာတော်ကြီးပွားဖို့ ဘုရားတရားတော်တွေ ပြန့်ပွားဖို့။ ဘုရားတရားတွေပြန့်ပွားလို့သာ သာသနာတော်ကြီးပွားရင် လူရော။ ရှင်ရေား နတ်ရော။ ဗြဟ္မွာရောအကျိုးရှိတယ်။ အကျိုးတရား တိုးပွား ကြမှာမို့လို့ အနာထပိဏ်သူဌေးကြီးရဲ့ ကောင်းမြတ်တဲ့ရည်ရွယ် ချက်မျိုး တို့တစ်တွေ ထားကြရမယ်။
သူဌေးကြီးဟာ တစ်နေ့ကျတော့ မမာလို့စုတေသွားတော့ တုသိတာ နတ်ပြည်ရောက်သွားတယ်။ တုသိတာနတ်ပြည်ရောက်တော့ ငါဘယ်က လာပါလိမ့်လို့ ဆင်ခြင်ကြည့်တော့ အနာထပိဏ်သူဌေးကြီးဘဝက ကျောင်းဒကာကြီးအဖြစ်နှင့် ကုသိုလ်တွေပြုခဲ့လို့ ယခုလိုနတ်ပြည်ကို ရောက်လာရတယ်ဆိုတဲ့အကြောင်း သိတော့ အေး-ငါဟာ ဒီစည်းစိမ် ကြီးခံစားနေရင် ကုသိုလ်တွေမေ့သွားအုံးမယ်။ မမေ့ခင် ဘုရားရှင် ကိုယ်တော်မြတ်ထံ သွားအုံးမှတော်မယ်ဆိုပြီး နတ်ပြည်က နတ်ဗိမာန်ကြီး နဲ့ နတ်သမီးတွေပစ်ထားခဲ့ပြီး တစ်ခါတည်း လူ့ပြည်ဆင်းလာတယ်။ ဆင်းလာပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်သီတင်းသုံးရာ ဇေတဝန် ကျောင်းတော်ကြီးကို အကြောင်းပြုပျော်ရွှင်ရပုံကို ကောင်းကင်ကနေပြီး အနာထပိဏ်နတ်သားက မြွက်ကြားခဲ့တယ်။
တ္တဒံ ဟိဒံ ဇေတ၀နံ၊ က္ကသိ သံဃနိသေဝိတံ။
အာဝုတ္တံ ဓမ္မရာဇေန။ ပီတိ သဉ္စနနံ မမ။
က္ကသိသံဃနိသေဝိတံ-ရဟန္တာ မဟာက္ကသိအရှင်တို့ ပျော်ရွှင်စွာမှီဝဲ သီတင်းသုံးရာဖြစ်ပေထသော၊ ဓမ္မရာဇေန-တရားဘုရင် ငါတို့ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ အာဝုတ္တံ-နှစ်ပေါင်းများစွာ သာယာရွှင် ပြုံးစိုးစံ သီတင်းသုံးရာဖြစ်ပေထသေား က္ကဒံ ဇေတ၀နံ-ဤဇေတဝန်ခေါ် ကျောင်း တိုက်တော်ကြီးသည် မမ-ငါအနာထပိဏ်သူဌေးကြီး၏။ ပီတိသဉ္စနနံ- လက်ထက်တော်အခါက ငါ့စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေ ပီတိတွေ ဖြိုးဖြိုးဝေအောင် ဖြစ်စေခဲ့ပါသတည်း။
အင်မတန် နှစ်သက်ဝမ်းသာစွာနှင့် ဘုရားရှင်နဲ့ သံဃာတော်တွေကို လျှောက်ထားပြီးတော့ နောက်ထပ်မဂ္ဂင်ရှစ်ပါးရဲ့ ဂုဏ်ကျေးဇူးတွေလျှောက် ထားပြီး အဲဒီနောက်မှာ ရှင်သာရိပုတ္တရာ၏ ဂုဏ်တော်တွေကို ချီးကျူးပြီး တော့ အနာထပိဏ်နတ်သားကြီး တုသိတာနတ်ပြည်ပြန်သွားတယ်။ ယနေ့ဘုန်းကြီးတို့ ကျောင်းတော်ဟောင်းကြီးကို အသစ်တစ်ဖန် ပြုပြင်မွမ်းမံဖို့ရာ မတည်ငွေအဖြစ်ဖြင့် ထူးထူးခြားခြား ငွေတစ်သိန်းမက အလှူတော်ကြီးကိုလှူဒါန်းကြတဲ့ ဒကာမကြီးဒေါ်ခင်ခင်တို့ မောင်အောင်မြင့် တို့ မောင်သန်းလွင်တို့ မောင်နှမတစ်စုတို့ရဲ့ အလှူကြီးဟာ ထူးခြားတဲ့ အလှူကြီးး။ တကယ့်သာသနာပြုကောင်းမှုတော်ကြီးး။ နောင်အခါ ထာဝရ နိဗဒ္ဓကုသိုလ်တော်အဖြစ်ဖြင့် နှစ်တိုင်းနှစ်တိုင်း။ တွေးမိတိုင်းတွေးမိတိုင်း မိမိတို့ရဲ့စိတ်ကို ပီတိ သဉ္ဇ္စနနံမမ-ငါ့ကိုဗီတိတွေအမြဲဖြစ်စေအောင် ကျောင်းတော်ကြီးက ဆောင်ရွက်ပေးတယ်ဆိုတဲ့ အနာထပိဏ်သူဌေးကြီး ရဲ့ ဥဒါန်းချီးကျူးမှုမျိုး ဥဒါန်းချီးကျူးနိုင်ကြရအောင် အထောက်အပံ့ ကောင်းကြီး ကောင်းမှုကောင်းကြီးကို အောင်အောင်မြင်မြင် ယနေ့ လှူဒါန်းပူဇော်ရတယ်။ အဲဒီလှူဒါန်းရတဲ့အလှူတော်ကြီးဟာ နောင်အခါ ဆောက်လုပ်တဲ့အခါ ပြုပြင်တဲ့အခါ စီမံတဲ့အခါ ပြီးမြောက်တဲ့အခါ အခါခပ်သိမ်းမိမိတို့မှာ ကုသိုလ်တွေအမျိုးမျိုးတိုးဝြီး။ အမျိုးမျိုးတိုးပွား ပြီး ကုသိုလ်တွေ အခါခပ်သိမ်းဖြစ်ပွားပြီးတော့ စိတ်ချမ်းသာ ကိုယ်ချမ်း သာ ဗီတိတွေအမြဲတမ်းဖြစ်ကြောင်း ကောင်းမြတ်တဲ့အလှူတော်ကြီးလို့
နှစ်သက်ရွှင်လန်း ဝမ်းမြောက်ပြီးတော့ မိမိတို့အလှူဒါနကို အားရဝမ်းသာ ဖြစ်ပြီး ပျော်ရွှင်နိုင်ကြ' ပီတိဖြစ်ကြ၊ ကုသိုလ်တွေတိုးပွားကြ။ အကျိုး များကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(ကွယ်လွန်သူဒါယကာကြီး ဦးသန်းမောင်။ ဒါယိကာမကြီးဒေါ်ဒေါ်နှင်း တို့အား ရည်စူးရွ ပုဇွန်တောင်ရွှေကျင်ကျောင်းတိုက်-ပေါ ရာဏမနော ရ မာဝါသ-ကျောင်းကြီး ပြန်လည်ဆောက်လုပ်ရာတွင် ဗဟိုတရားရုံး ရှေ့နေကြီး ဒေါ်ခင်ခင်နှင့် မောင်မောင်အောင်မြင့်-မောင်သန်းလွင်တို့ဇ်ါ မတည်ဌွေတစ်သိန်းလှူဒါန်းသော ကျောင်းအလှူတရားပွဲ၌ ဟောကြားသော တရား)
မြတ်ဆုမွန်မဂ္ဂဇင်းမှ
သာကေတ မဟာဂန္ဓာရုံဆရာတော် သိမ်ထပ်မင်္ဂလာ ပုနောပသမ္ပဒါ မင်္ဂလာတရားတော်
ယနေ့ သာကေတ မဟာဂန္ဓာရုံဆရာတော်ကို သိမ်ထပ်မင်္ဂလာ ပြုကြတယ်။ သိက္ခာထပ်တယ်လို့လဲခေါ်ကြတယ်။ ဒါဟာ ပြုသင့်တဲ့အမှု တစ်ခုပဲ။ ဘုန်းကြီးတို့ ကြားဖူးတယ်။ လယ်တီဆရာတော်ကြီးများ တိုက် ထဲမှာ ရဟန်းဖြစ်တဲ့ပုဂ္ဂိုလ်မဟုတ်ခဲ့ရင် ရဟန်းခံကြုံတဲ့အခါ သိက္ခာထပ် ပေးလေ့ရှိတယ်။ လယ်တီတိုက်မှာနေတဲ့ ပုဂ္ဂိုလ်ဆိုရင် အနည်းဆုံးသုံးခါ လောက်တော့ သိမ်ထပ်ကြရတာပဲ။ ဘာ့ကြောင့် သိမ်ထပ်ပေးရတုံးဆိုတော့ စောစောက မဖြစ်သေးရင်လဲ ရဟန်းဖြစ်သွားအောင်။ ရဟန်းဖြစ်နေရင်လဲ ပဲ ဒဠီကမ္မ-ဘုန်းကြီးတို့ဝိနည်းအသုံးနဲ့ဆိုရင် ဒဠီကမ္မ။ တစ်ခါနဲ့ပြီးလျက် သားနဲ့ မပြီးဘဲ ထပ်ကာထပ်ကာ လုပ်ပေးတာကို ဒဠီကမ္မ။
အခုရဟန်းခံပါဆိုရင်။ ကမ္မဝါဆရာတစ်ပါးတည်း တစ်ခါတည်း ဖတ်လိုက်လဲပြီးတာပဲ။ သို့သော်လဲပဲ လက်ကလွတ် ခြေကမြဲဆိုသလို တစ်ဦးက နည်းနည်းအရွတ်အဆို တိမ်းပါးသွားရင်း ဒ့ပြင်ပုဂ္ဂိုလ်တွေက သူ့အတွက် အကာအကွယ်ပြုပေးသောအားဖြင့် ဖြည့်စွက်ပေးကြတယ်။ နှစ်ခါထပ်ဖတ်တဲ့အခါလဲရှိတာပဲ။ ဝိနည်းအရာမှာတော့ အစဉ်အလာအား ဖင့် ဘုန်းကြီးတို့ အသုံးပြုနေကြတာက ဒိဠိကမ္မတဲ့ မြဲမြဲအောင် ရဟန်း ဇ်။းရင်လဲဖြစ်။ ဖြစ်ပြီးရင်လဲ မြဲမြတယ်။
ာခဲးကြီးတို့ ဒီလိုလုပ်တဲ့ကိစ္စကို သင့်လျော်ပါတယ်လို့ ထောက်ခံ ပေးခဲ့တဲ့ ဝိနယာလင်္ကာရဋီကာဆရာကြီးရှိတယ်4 ဆရာတော်ကြီးက ဒီဥစ္စာဟာ ရှေးတုန်းက ကံက ပျက်နေလို့ရှိရင်လဲ ကံပြည့်စုံခြင်းအကျိုး
ရှိတယ်။ ရှေးတုန်းက ကံက ထမြောက်ခဲ့လို့ရှိရင်လဲ ဒီဥစ္စာဟာ ဒဠီကမ္မ။ ဒါမြဲမြတဲ့အကျိုးရတယ်။ ဆရာတော်ကြီးက၊ ဘာနဲ့ဥပမာပေးလဲ ဆိုရင် ရှေးက ရှင်ဘုရင်တွေဟာ အဘိသိက်တစ်ခါသွန်းပြီးပေမယ့် နှစ်ခါသုံးခါစသည်ဖြင့် ထပ်ကာထပ်ကာ အဘိသိက်သွန်းလေ့ရှိတယ်1 ဘာကြောင့် သွန်းကြတုံးဆိုတော့ မင်းတန်ခိုးတိုးတယ်။ ရာဇိဒ္ဓိဆိုတဲ့ မင်းတန်ခိုး တိုးတယ်ဆိုပြီးတော့ အဘိသိက်သွန်းကြတယ်1
ဒါဟာ တကယ်အားဖြင့် ထပ်ထပ်လုပ်တာဟာ ထပဝ်လုပ်ခြင်းအား ဖြင့် အဖိုလို့ ပြောစရောမေဘူးတဲ့၅ ဘာ့ကြောင့်တုံးဆိုရ် ခုနပြောသလို သူတို့မှာက အကျိုးရှိတယ် အကျိုးရှိလို့ ထဝ်ထဝ်သွန်းကြတာ။ အပိုလို့ ပြောစရာမရှိဘူး။ ထို့အတူပဲ ဘုရားလဲ ဥဒ္ဒိဿစေတီဆင်းတုတော်မြတ် တွေကို ကိုးကွယ်တယ်။ ကိုးကွယ်ပြီးတော့ အနေကဇာတင်။ ဗုဒ္ဓါ ဘိသေက မင်္ဂလာပြုကြတယ်။ တစ်ခါပြုထားပေမယ့် နောက်တစ်ခါပြု ကြတာပဲ။ အဲသလိုထပ်ထပ်ပြီး ပြုခြင်းဟာ ဘာမှပြောစရာမရှိဘူးတဲ့ ထပ်ထပ်ပြီး ပြုခြင်းဟာ ကုသိုလ်ထပ်တိုးတာပဲ
အဘိသိက် ထပ်အသွန်းခံကြရတဲ့ စေတီတော်တို့ဟား ဆင်းတုတော် တို့ဟာ တန်ခိုးတက်သွားတယ်။ အဲဒါလိုပဲ အခုလို သိက္ခာတင်ပူဇော်ခြင်း ဟာ မိမိတို့အဖို့ အကျိုးရှိတဲ့အလုပ် လုပ်ကြတာ ဒီတရားတော်တွေနဲ့ သိက္ခာတင်ပေးလိုက်တဲ့အတွက် ရှေးကရဟန်းမဖြစ်သေးရင်လဲ ရဟန်းဖြစ် ခြင်း အကျိုးရှိတယ်။ ရဟန်းဖြစ်ရင်လဲ ဒဠီကမ္မအားဖြင့် ထဝ်ပြီးတော့ မြဲမြံအောင်ဆောင်ရွက်ပေးတာမို့ အကျိုးရှိတာပဲလို့ ဝိန္ယယာလင်္ကာရဋီကာ ဆရာတော်ကြီးက အမိန့်ရှိတယ်။
ဒါကြောင့် ဘုန်းကြီးတို့တချို့ကိစ္စတွေမှာ တစ်ခါတစ်ခါပိုတယ်လို့ ယူဆတဲ့ပုဂ္ဂိုလ်လဲရှိတာပဲ။ မပိုဘူး။ ဒါအကျိုးရှိတယ်လို့ ယူဆတဲ့ပုဂ္ဂိုလ် လဲရှိတာပဲ သို့သော်လဲ ကိစ္စတစ်ခုကို ဆောင်ရွက်တဲ့အခါမှာ ဘုန်းကြီး တို့ သာသနာတော်မှာ အဖြေရှာရမယ်။ ဒီအလုပ်ဟာ ကောင်းသလား။ မကောင်းဘူးလား။ ကောင်းမကောင်းကို ဘယ်လိုတွက်ရမလဲ။ ကောင်း မကောင်းတွက်ဖို့ရာ အပြစ်ရှိသလား( အပြစ်မရှိဘူးလား။ အပြစ်ရှိရင်
မကောင်းဘူး။ အပြစ်မရှိရင်ကောင်းတယ်1 သိက္ခာတင်ပြီးတော့ ပူဇော် ချီးမြွောက်တာဟာ ဘယ်မှာ မကောင်းဘဲရှိမလဲ။ ဒီအခိုက်မှာ မိမိတို့ ပြုကြတာတွေဟာ ကုသိုလ်ချည်းပဲ
ယနေ့ ဆရာတော်ကို ဘုန်းကြီးတို့ဘုရားရှင် အာဏာတော် ကမ္မဝါ စာ ဖတ်ရွတ်ပြီးတော့ ချီးမြှောက်ပေးကြတယ်။ အဲဒီကမ္မဝါဆိုတာ ဘုရား ရှင် ကိုယ်တော်မြတ်ရဲ့ အာဏာအမိန့်။ သံဃာတော်တို့ရဲ့ ဆန္ဒပေးကြတဲ့ ဆန္ဒပေးမှု။ မိမိတို့ သဘောတူပါတယ်။ အကုန်လုံး သံဃာတော်တွေက ဆန္ဒပေးကြတယ်။ အဲသလို ဆန္ဒပေးပြီးတော့ ချီးမြှေက်ပေးကြတယ်။ ဒီကမ္မဝါဖတ်ခြင်းဟာလဲ ဘုရားရှင်ရဲ့အာဏာတော်ဖတ်ရတာမို့လို့ ကမ္မဝါ ဆိုတာ အရှိန်အဝါရှိပြီး' အာနုဘော်ရှိပြီး
ရှေးတုန်းက ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဆရာတော်တွေ အန္တရာယ်ကင်း ကမ္မဝါဖတ်ပါဆိုရင် ဒီရဟန်းခံကမ္မဝါ ဖတ်ကြတယ်။ တချို့က ဘာအကျိုးရှိတုံးဆိုတယ် တချို့ကလဲ ဒါဟာ တရားကထူးခြား တယ် ဆိုတယ်။ အဲဒီတရားရဲ့ ဓမ္မတေဇော် တရားအာနုဘော်ကြောင့် ရောဂါကင်းနိုင်တယ်ဆိုပြီးတော့ ရဟန်းခံတဲ့ကမ္မဝါကို အန္တရာယ်ကင်း အဖြစ်နဲ့ ဖတ်ကြတယ်။ ဒီတော့ ခုန ဘုန်းကြီးပြောသလိုပေါ့လေ။ ကိစ္စ တစ်ခုဟာ အပြစ်ရှိသလား အပြစ်မရှိဘူးလား။ အပြစ်မရှိရင်ကောင်းသား ပဲ။ ကုသိုလ်ဖြစ်ရင်ကောင်းတာပဲ။ ယနေ့ ဘုန်းကြီးတို့ ကမ္မဝါဖတ်တာလဲ ကုသိုလ်ဖြစ်တာပဲ။
ဒီသိက္ခာတင်ပွဲမှာ ဆရာတော်ကို ကြည့်ညိမြတ်န်းကြလို့ ဆရာတော့် ဒကာဒကာမတွေက ပူဇော်ကြတယ်။ ကံဆောင်ကြတဲ့ သံဃာတော်တွေကို လဲ လှူကြတန်းကြပူဇော်ကြတယ်။ အားလုံး ဒါတွေဟာ ကုသိုလ်ချည်းပဲ။ ကုသိုလ်ဆိုတာ အပြစ်မရှိ ကောင်းသောအကျိုးကို ပေးတတ်တယ်ဆိုတာ ဘုန်းကြီးတို့ ဒကာဒကာမတွေယုံပြီးသား။ ဒါ့ကြောင့် အလုပ်တစ်ခုမှာ ကုသိုလ်ဖြစ်သလား။ အကုသိုလ်ဖြစ်သလား။ အကျိုးရှိသလား။ ဒါသာ တွက်ကြရတယ်။
ဘုန်းကြီးတို့ သာသနာတော်မှာ လုပ်ငန်းတစ်ခု အပြစ်ရှိသလာ။
အပြစ်မရှိဘူးလားဆိုတာကို ကုသိုလ်ဖြစ်မဖြစ်နဲ့ တွက်ကြရတယ်။ အပြစ် ရှိမရှိနဲ့ တွက်ကြရတယ်။ အခု မိမိတို့ ပူဇော်ကြတယ်။
ပူဇော်ကြတာ ကုသိုလ်တွေ ဖြစ်ကြတာပဲ။ ဒါနတွေဖြစ်ကြတယ်။ သီလတွေ ဆောက်တည်ကြရတယ်။ ဓမ္မဿ၀နဘာဝနာတွေ နာယူကြရ တယ်။ ကုသိုလ်တွေဖြစ်ကြရတယ်။ ဒါကြောင့် ကုသိုလ်တွေချည်းဖြစ်နေ တဲ့ ဒီကိစ္စကြီးကို မသင့်ဘူးလို့ပြောရင် ဒါကတော့ တရားနဲ့လျော်မှာ မဟုတ်ဘူး။။
ဘုန်းကြီးတို့ ကြုံကြိုက်တုန်းတစ်ခုပြောရအုံးမယ်။ စောစောက ဒကာမကြီးက တပည့်တော်တို့ဘုရားတဲ့ အသန့်ရှင်းဆုံး ဆရာတော်တွေကို ကိုးကွယ်ရတယ်လို့ ပြောလိုက်တယ်ထင်တယ်နော်။ (တင်ပါ့ဘုရား)။ အမှန်က အသန့်ရှင်းဆုံးဆိုတာ ရယန္ကာလို့ဆိုတာကို ၁ုန်းကြီးငစိမရောက် သေးပါဘူး အများကြီးလိုပါသေးတယ်' ဘုန်းကြီးတို့က အသန့်ရှင်းဆုံး ဆိုတာ ဘုန်းကြီးခုနက ကြားလိုက်တယ်။ အမှတ်တမဲ့နဲ့မို့လို့ ဘာပါလိမ့် လို့။ နောက်မှ ဒကာမကြီးပြန်သွားမှ အင်း. . . ဒါတော့ ငါရှင်းအုံးမှပဲလို့။ အမှန်ကတော့ အသန့်ရှင်းဆုံးဆိုတာ ရဟန္တာမဖြစ်သေးရင် အသန့်ရှင်းဆုံး ဆိုတာ မရောက်သေးဘူး။
အဲဒါကြောင့် တစ်ခါတစ်ခါတော့လဲ ပိုပြီးတော့ ချီးမြှောက်လျှောက် ထားတော့ ဘုန်းကြီးတို့က ကိုယ့်ဘက်ကလဲ နည်းနည်း သံသယလေးတွေ ဖြစ်စရာရှိတယ်။ ခုန ရုတ်တရက် မပြောသာသေးလို့ နောက်မှပြောမယ် လိုမြီးတော အခုအခွင့်ထြဲတာနဲ့ ဘုန်းကြီးတို့က ပြောရတား ရှေ့ရှေ့ ဘုရားလက်ထက်တုန်းက ရဟန်းတွေကို ဒကာကြီးတစ်ယောက်က ကြွ တော်မူကြပါ ရဟန္တာသခင် အရှင်တို့လို့ဆိုတယ်။ ကိုယ်တော်တွေက အနေရ ခက်တယ်။ နောက်ကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ကြ တော့ ဘုရားရှင်ကိုယ်တျှော်မွတ်က အေး-ရဟန္တာမဟုတ်ပေမယ့် သူက ကြည်ညိုလို့ပြောတဲ့စားနို့လို့ ကြည်ညိုတဲ့စကားမှာတော့ အပြစ် မရှိပါဘူးလို့ ဒီလိုခွင့်ပြုတဲ့ သိက္ခာပုဒ်ရှိတယ်။
အဲဒါကြောင့် အပြစ်မရှိဘူးဆိုပေမယ့် တစ်ခါတစ်ခါတော့ ဘုန်း
ကြီး ခုနပြောသလိုပေါ့။ ဝန်ခံနေလို့လဲ သိပ်တော့မကောင်းဘူး။ ဒါကြောင့် အခွင့်သင့်လို့ ဘုန်းကြီးတို့ကပြောရတာ။ ဒါ့ကြောင့် ပုဂ္ဂိုလ်ကြည်ညိုတယ် ဆိုတာလဲ ကြည်ညိုသင့်တာထက် မပိုရဘူး။ ပိုပြီးတော့ ချီးမြှောက်ပြော ဆိုမှုမျိုးလဲ မပြုသင့်ဘူးပေါ့။ ဘုန်းကြီးတို့ကတော့ နောက်နောက်ကလဲ ဒီလိုပဲ။ လူတွေက ဘုန်းကြီးတို့ကို ပိုပိုပြီး အထင်ကြီးလာကြတယ်။ ဘုန်း ကြီးတို့ သပြေကန်နေတုန်းကလဲဒီလိုပဲ။ လူတွေက ဘာပြောကြသတုံး။ ရဟန္တာတဲ့။ ဒီဆရာတော်ဟာ သွားရင် ခြေထောက်နဲ့မြေကြီးမထိဘူးတဲ့။ အိပ်ရင်လဲ အိပ်ရာနဲ့ကိုယ်နဲ့ မထိဘူးတဲ့။ အဲသလို ပိုပိုပြီးပြောကြတာတွေ လဲရှိတယ်။ အဲဒါ မိမိတို့ချီးကျူးသင့်တာထက် ပိုပြီးတော့မြင်တား ပုဂ္ဂိုလ် တစ်ပါးကို ရဟန္တာပဲ။ ရဟန္တာမဟုတ်ဘူးဆိုတာကို နားလည်ဖို့ဆိုတာက တယ်မလွယ်ဘူး။ ဘုန်းကြီးတို့ ဘုန်းကြီးအချင်းချင်းတောင်မှ သံဝါသန- ပေါင်းဖော်ခြင်းဖြင့်[ သီလံ-သီလကို၊ ဝေဒိတဗ္ဗံ-သိအပ်၏။ အချင်းချင်း နီးနီးကပ်ကပ်ပေါင်းဖော်မှ သီလဆိုတာသိရတယ်။ ဒီဘုန်းကြီး သီလရှိ တယ် မရှိဘူး' ကောင်းတယ် မကောင်းဘူးဆိုတာ ခပ်ဝေးဝေးကနေလို့ မသိနိုင်ဘူး။ နီးနီးကပ်ကပ်နေမှ၊ ဒါလဲ နီးနီးကပ်ကပ်ပေါင်းကြည့်ပေမယ့် လဲ တကယ်အမှန် သိဖို့က တယ်မလွယ်သေးဘူး။
ဒါကြောင်မ့လို ကြ်ညိုတာလဲ ကြည်ညို တာပေါ သိုသော်မိဓ်တို က ပိုပြီးတော့ ကြည်ညိုမှုမျိုးကတော့ ဆင်ခြင်သင့်တယ်။
ဒါကြောင့် လောကမှာ သီလရှိတယ် သီလမရှိဘူး1 သမာဓိရှိတယ် သမာဓိမရှိဘူး1 ပညာရှိတယ် မရှိဘူးဆိုတာက အနီးကပ်မနေရဘဲနဲ့ သိနိုင်တဲ့အရာမျိုးတော့ မဟုတ်ဘူး။ တကယ်လို့ နီးနီးကပ်ကပ်နေရဦးတော့။ အချင်းချင်း ရဟန်းအချင်းချင်းသာ သိနိုင်တဲ့အရာမျိုး1 ဒါ့ကြောင့် အထင် ကြီးကြ ထင်မြင်တတ်ကြတယ်။
သံဃာကိုသာရည်မှန်းကြရတယ်။ သံဃာကိုမှန်းရင် အပြစ်ကင်းတယ်။
ယနေ့ဒကာမကြီးတို့ လှူကြတန်းကြပူဇော်ကြ။ သိက္ခာထပ်ပြီးတော့ ချီးမြှောက်ကြ၊ အားလုံး ကုသလာ အနဝဇ္ဇ သုခဝိပါက လက္ခဏာအရ အပြစ်မရှိ ကောင်းသောအကျိုးကိုပေးတတ်တဲ့ ကုသိုလ်တွေမို့လို့ မွန်မြတ်
တယ်။ မိမိတို့ကို ချမ်းသာအောင်ဆောင်ရွက်ပေးမယ့် ကောင်းမှုတွေ မို့လို့ ထူးခြားတဲ့ကုသိုလ်တွေ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အာဏာတော် ကို အလေးထားပြီး ဆောင်ရွက်တာမို့လို့ မွန်မြတ်တဲ့ချီးမြှောက်မှု မွန်မြတ် တဲ့ ပူဇော်မှုဆိုတဲ့ အမှုဖြစ်လို့-
မနာပဒါယီ လဘတေ မနာဝံ-နှစ်သက်ဖွယ်တွေ လှူတဲ့ပုဂ္ဂိုလ်ဟာ နှစ်သက်ဖွယ် အကျိုးရတယ်။
အဂ္ဂဿ ဒါတာ လဘတေ ပုနဂ္ဂံ-မွန်မြတ်တဲ့ ပစ္စည်းဝတ္ထုလှူတဲ့ ပုဂ္ဂိုလ်ဟာ မွန်မြတ်သောအကျိုးကိုရတယ်ဆိုတဲ့ ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင် ဟောကြားထားတယ်1 မိမိတို့လဲ ဆရာတော်အပေါ်မှာ ကြည်ညိုခြင်းအကြောင်းပြုပြီးတော့ သဒ္ဓါတရားပတွပွားကြ ကုသိုလ်တွေ တိုးကြ၊ ဒါနတွေဖြစ်ပွားကြ၊ သီလတွေဖြစ်ပွားကြ၊ ဘာဝနာတွေဖြစ်ပွား ကြ။ အဲဒီအလုပ်ကို မကောင်းဘူးလို့ ပြောတဲ့သူမှာ ပြောသူအပြစ်။ ပြောသူရဲ့ဝေဖန်မှု။ ခွဲခြမ်းသိမြင်မှုဆိုတဲ့ ဉာဏ်မရှိမှုဘဲ
မိမိတို့မှာတော့ ဒီကုသိုလ်တွေကြောင့် ကောင်းကျိုးရတယ်လို့ ယုံ ကြည်ချက်ရှိတယ်။ အဲဒီ ယုံကြည်ချက်အရ လှူဒါန်းကြတာဖြစ်သော ကြောင့်၊ အဲဒီယုံကြည်ချက်ကပဲ ကုသိုလ်တွေမှီပြီး အကြောင်းပြုပြီး ဖြစ်လာရတာမို့ မှန်ကန်သောယုံကြည်ချက်။ သဒ္ဓါတရား၊ အဲဒီသဒ္ဓါတရား နဲ့ ယနေ့သိက္ခာထဝ်' ဘုန်းကြီးတို့ပါဠိလိုတော့-ပုနောပသမ္ပဒါခေါ်တယ်1။ နောက်ထပ်သိက္ခာထဝ်ပေးတဲ့ ကောင်းမှုမင်္ဂလာဟာ မိမိတို့ကို ချမ်းသာ သုခ ဧကန်ပေးအုံးမယ်။ အဲဒီကောင်းမှုတစ်ရပ်ကို ယနေ့ထူထောင်တဲ့အခါ မှာ အခုလို ရဟန်းခံ သံဃာတွေ လောင်းလို့ လှူလို့ ကုသိုလ်တွေပြုကြ တယ် အဲဒီ လှူကြတန်းကြတဲ့အခြင်းအရာလေးတွေ စိတ်ထဲမှာ ဓာတ်ပုံ ရိုက်ထားသလို စွဲနေတယ် အမှတ်လဲရကြ၊ ပြန်ပြန်လဲအောက်မေ့ကြ။ အဲသလိုအောက်မေ့ပေးလို့ရှိရင် အဲဒီကုသိုလ်တွေဟာ ထပ်ကာထပ်ကာ ဖြစ်တယ် ထပ်ထပ်ဖြစ်နေရင် ကုသိုလ်ဟာ အာစိဏ္ဍကံဖြစ်တယ်။ ဒာသေဝ၀န အထုံ ရတယ် အထုံ ရတဲ့ကုသိုလ်ဟာ အကျိုးပေး ကောင်းတယ်။
ဒါကြောင့် မိမိတို့ကုသိုလ်တရားတွေ ပြန်ပြန်အောက်မေ့ဆင်ခြင်ပြီး တော့ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
မြတ်ပန်းရဂုံမဂ္ဂဇင်းမှ
မွေးနေ့ ဆွမ်းအနုမောဒနာ
သော အဟံ ဝိစရိဿာမိ။ ဂါမာ ဂါမံ ပုရာပုရံ။
နမဿမာနော သမ္ဗုဒ္ဓံ။ ဓမ္မဿစ သုဓမ္မတံ။
သောအဟံဘထိုငါ သည်။ သမ္ဗုဒ္ဓံ-လောကထွတ်ထား မြတ်စွာဘုရား ကို1 နမဿမာနော-ရှိခိုးဦးတင်လျက်။ ဓမ္မဿ-တရားတော်မြတ်၏။ သုဓမ္မတံစ-ကောင်းမြတ်မှန်ကန်သော တရားဖြစ်သည်၏ အဖြစ်ကိုလည်း ကောင်း။ သံဃဿ-သံဃာတော်မြတ်၏။ သုသံဃတံစ-ကောင်းမြတ် မှန်ကန်သောသံဃာဖြစ်သည်၏ အဖြစ်ကိုလည်းကောင်း၊ နမဿမာနော- ရှိခိုးဂျဏ်တင်လျက်။ ဂါမာ-နတ်ရွာတစ်ရွာမှ၊ ဂါမံ-နတ်ရွာတစ်ရွာသို့၊ ပုရာ-နတ်မြို့တစ်မြို့မှ၊ ပုရံ-နတ်မြို့တစ်မြို့သို့ ဝိစရိဿာမိ-ကောင်းစွာ မသွေ လှည့်လည်ပါတော့အံ့သတည်း။
ဘုန်းကြီးတို့ အာဠာ၀ကဘီလူးကြီး ဘုရားရှင်ကိုယ်တော်မြတ်ကို အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်။ သူ့ဗိမာန်ထဲ ဘုရားရှင်ကိုယ်တော်မြတ် က ကြွရောက်သီတင်းသုံးတော့ အင်မတန်မကျေမနပ်ဖြစ်ပြီးတော့ နည်း အမျိုးမျိးဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကို သတ်ဖို့ဆိုပ္ပြီးတော့ တိုက် ခိုက်တယ် နောက်ဆုံးကျတော့ ဘယ်လိုနည်းနဲ့မှ ဘုရားရှင်ကိုယ်တော် မြတ်ကို တိုက်ခိုက်လို့ မဖြစ်တဲ့အခါကျတော့မှ ပြဿနာမေးပြီးတော့ ရဟန်းကြီးဂေါတမကို ပြဿနာမေးပြီးတော့ နှိပ်စက်မယ်ဆိုပြီးတော့ ပြဿနာအမျိုးမျိုးမေးတယ်။ အဲဒီမေးတာတွေကို ဘုရားရှင်ကိုယ်တော် မြတ်က ဖြေကြားတဲ့အခါကျတော့မှ နောက်ဆုံး ဓမ္မစက္ခုဆိုတဲ့ တရား မျက်လုံးရခဲ့တယ်
အဲဒီအခါမှ အရိယာဆိုတဲ့အဖြစ်မျိုးသို့ ဆိုက်ရောက်သွားတယ်။
သောတာပတ္တိမဂ်ကို ဆိုက်ရောက်သွားတယ်။ အဲဒီထဲကစပြီးတော့ ဘုရား ရှင် ကိုယ်တော်မြတ်နဲ့ ကင်းပြီးမနေနိုင်တော့ဘူး။ တရားတော်မြတ်နဲ့ ကင်းပြီးမနေနိုင်တော့ဘူး။ သံဃာကော်မြတ်နဲ့ကင်းပြီး မနေနိုင်တော့ဘူး။ ဘယ်သွားသွား' ဘယ်ကလာလာ ဆုရားရှိခိုးပြီးမှ သွားတယ်။ တရား ရှိခိုးပြီးမှ သွားတယ် သံဃာတော် ရှိခိုးပြီးမှသွားတယ်။
ခုန ရွတ်ဆိုလိုက်တဲ့ဂါထာလေးက သူရဲ့ခံယူချက်။ သူရဲ့ ပဏာမ။ သူရဲ့ ဘုရားရှိခိုးလေး၊ တရားရှိခိုးလေး သံဃာရှိခိုးလေး1 ဘုရားတပည့် ကောင်းကောင်းခံသွားတယ်1 ဘုရားတပည့်ဖြစ်သွားတယ်။ ဖြစ်သွားတော့ ဘုရားအဆုံးအမလွန်ပြီး ဘာမှမလုပ်တော့ဘူး။ ဘယ်အလုပ်က ဘုရား ကြိုက်သတုံး။ ဘုရားကြိုက်တဲ့ အလုပ်ကိုပဲလုပ်မယ်။ ဘယ်အလုပ်ဟာ ဘုရားမကြိုက်ဘူးတုံး။ ဘုရားမကြိုက်တဲ့အလုပ်ဆို မလုပ်ဘူး။ ဒါမိမိတို့ ဘုရားကို ဆရာတင်တဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒီအတိုင်းကျင့်ရမှာချည်းပဲ။ အဲဒီ တော့ အခုမိမိတို့ ယနေ့ ဒေါ်ထွေးထွေးရဲ့ ၃၃-နှစ်ပြည့် မွေးနေ့အလှူတော် လှူဒါန်းတယ်ဆိုတာဟာ=ခုနပြောသလို၊ မိမိတို့ဘုရားတပည့်ဖြစ်တော့ ဘုရားအလိုကျလိုက်ပြီးလုပ်ကြတယ်။ ဘုရားကြိုက်တဲ့အလုပ်လုပ်ကြတာ ပဲ။ ဘုရားမကြိုက်တဲ့အလုပ်လဲ ရှောင်ကြတာပဲ ဘုရားတပည့်အဖြစ် ခံယူခဲ့သည်ကစပြီးတော့ ဘုရားကြိုက်တဲ့အလုပ်တွေချည်း လုပ်ခဲ့ကြတယ်။
ဘုရားတပည့် ခံယူတယ်ဆိုတာက သရဏဂုံပဲး သရဏဂုံ ခံယူသည် ကစပြီး မိမိတို့ ဘုရားတပည့်ဖြစ်သွားကြတယ်။ ဗုဒ္ဓံသရဏံဂစ္ဆာမိ။ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ။ ဘုရားရှင်ကိုကိုးကွယ်ရာဟူရွ် ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟူရွ် ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ရာဟူရဤ ဆည်းကပ်ပါ၏လို့ မိမိတို့သရဏဂုံ သုံးပါး ခံယူသည့်အခါကစပြီးတော့ ဘုရားတပည့်း ဘုရားတပည့်မတွေ ဖြစ်သွားကြတယ် သံဃာ၏ တပည့်ခံလိုက်တာပဲ။
အဲသလို တပည့်ခံခဲ့သည့်အားလျော်စွာ ရတနာသုံးပါးရဲ့ တပည့်ခံ ခဲ့ကြသည်အားလျော်စွာ မိမိတို့ဟာ ဘုရားကြိုက်တဲ့အလုပ်ချည်းပဲ လုပ်ခဲ့ ကြတယ်။ မကြိုက်တဲ့အလုပ် မလုပ်ခဲ့ကြဘူး။ မတော်တဆပြုလုပ်ခဲ့
သော်လည်း တကယ်စိတ်ပါလို့တော့ မဟုတ်ကြဘူး။ အမှတ်တမဲ့ ပြုမှား တာ ရှိချင်ရှိမယ်။ များသောအားဖြင့်တော့ ဘုရားကြိုက်တဲ့အလုပ်တွေပဲ လုပ်ခဲ့ကြတယ်။
ယနေ့မွေးနေ့အလှူတော်မိဘနှစ်ပါးရဲ့ အနန္တကျေးဇူးဂုဏ်တို့ကို ဦးထိပ် တင်ပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်လိုလားတဲ့ တရားတော်တွေ လိုက် နာကြတယ်။ ဘုရားရှင်ကိုယ်တော်မြတ်လိုလားတဲ့ အလုပ်ဆိုတာက ဓမ္မာနု ဓမ္မပဋိပတ်-မြန်မာလိုတော့ လောကုတ္တရာတရားကိုးပါးအားလျော်သော အကျင့်တွေ။ အဲဒီအကျင့်တွေကို မိမိတို့လိုက်နာကြတယ်။ ဒါနဆိုတာလဲ ဘုရားရှင်ကိုယ်တော်မြတ် နှစ်သက်တော်မူတဲ့တရားတစ်ခုပဲ။ ကိုယ်တော် တိုင်လဲပါရမီဆယ်ပါး ဖြည့်ခဲ့တယ်ဆိုတာ အားလုံးအသိပဲ။
ဝိစိနန္ဘော တဒါဒက္ခီ? ပဌမံဒါန ပါရမိ
ပုဗ္ဗကေဟိ မဟေသီဟိ။ အာသေဝိတနိသေဝိတံ
တဒါ-ထိုသုမေဓာဘဝ အလောင်းတော်ဖြစ်စဉ်က။ ဝိစိနန္တော-မိမိ ကျင့်ရမယ့်ပါရမီတရားတို့ကို စူးစမ်းဆင်ခြင်သည်ရှိသော်၊ ပဌမံ-ရှေး ဦးစွာ။ ဒါနပါရမိ-ဒါနတည်းဟူသော ပါရမီတော်ကြီးကို၊ အဒက္ခိ။- ကောင်းစွာမသွေ မြင်ခဲ့ရပါပေပြီ1
ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ပန်း ဆင်မြန်းတော်မူ ရသည့် အခါကျတော့ ငါကျင့်ရမယ့်ပါ ရမီတွေး ဘာတွေပါလိမ့်လို့ ဘုရား အလောင်းတို့ရဲ့ အသိအမြင်ဉာဏ်ထူးနဲ့ ဆင်ခြင်စဉ်းစားတဲ့အခါကျတော့ ရှေးဦးစွာ ဒါနပါရမီမြင်တော်မူတယ်။ ငါဘယ်တရား ဘယ်ပါရမီတွေ စဖြည့်ဆည်းပူးရပါမတုံးလို့ စဉ်းစားတဲ့အခါကျတော့ ဒါနပါရမီကိုမြင် တော်မူတယ်။ မြင်တော်မူတဲ့အတိုင်း ဘုရားရှင်ကိုယ်တော်မြတ် ဒါနပါရမီ ကို ဖြည့်ဆည်းပူးတော်မူခဲ့တယ်။ ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ် နှစ်သက်တဲ့တရား၊ ဒါနဆိုတာ ဘုရားရှင်ကိုယ်တော်မြတ်နှစ်သက်တဲ့ ဒါနပါရမီလမ်းကြောင်း။ အဲဒီလမ်းကြောင်းကို မိမိတို့လိုက်ကြတာ။ ဒီတော့ ကောင်းပြီ ဘုရားရှင်ကိုယ်တော်မြတ် လမ်းကြောင်းဖြစ်တဲ့ ဒါနကိုမိမိတို့ လိုက်တယ်။ ဘယ့်နှယ်ကြောင့်လိုက်သတုံး။ ကောင်းလို့ပဲ။ ဒါနဆိုတာ
ကောင်းတဲ့အလုပ်၊ ပါရမီ။ ပါရမီဆိုတာ ပါဠိစကား၊ မြန်မာလိုတော့ ဖရမာနံသောပါရမီ-ပရမဒနံ-မြင့်မြတ်ကုန်သော ဗုဂ္ဂုလ်မြတ်မုဂိ်မန်တိ့ စါ) ဧသော-ဥစ္စာတည်း။ က္ကတိ-ထို့ကြောင့်၊ ပါရမီ-ပါရမီမည်၏။
ပါရမီဆိုတာ မွန်မြတ်တဲ့ပုဂ္ဂိုလ်တွေရှဲ လုပ်ငန်းကြီး ပရမာနံ ကမ္မန္တိ ပါရမီ ပရမာနံ-မြင့်မြတ်တဲ့ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ ကမ္မံ-လုပ် ငန်းတည်း။ က္ကတိ-ထို့ကြောင့်၊ ပါရမီ-ပါရမီမည်၏။ ပါရမီက မြင့်မြတ် တဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းလို့လဲ အနက်ထွက်တယ်1။ ဒါန-လှူဒါန်းခြင်း ဆိုတာ သာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူး1 တကယ်မွန်မြတ်တဲ့ပုဂ္ဂိုလ်ထူးတွေ ပြုလုပ်တဲ့အလုပ်တွေး ကောင်းလဲကောင်းမြတ်တဲ့တရားတွေ။ ဘုရားရှင် ကိုယ်တော်မြတ်က ဒါနပြုကြလို့ ညွှ်ကြားရုနဲ့ မိမိတို့ပြူတရတာမဟုတ် ဘူး။ ကောင်းမှန်းလဲ မိမိတို့သိကြလို့ ဒီလုပ်ငန်းကို လုပ်ခဲ့ကြတာဟာ မွန်မြတ်တဲ့လုပ်ငန်း။ မွန်မြတ်တဲ့လုပ်ငန်းဆိုတာ ဘာအစွဲပြုပြီး မိမိတို့ ဆုံးဖြတ်နိုင်သတုံး။
လောကမှာ ပေးကမ်းတယ်ဆိုရင် စိတ်ထဲက မေတ္တာရှေ့သွားရှိတယ်1 တစ်ရံတစ်ခါ ကရုဏာရှေ့သွားလို့ လှူနိုင်တာ။ ပုဂ္ဂိုလ်တစ်ဦးကို ကြည်ညို လို့ မြတ်နိုးလို့လှူကြတယ်။ ပုဂ္ဂိုလ်တစ်ဦးကို ကရုဏာသက်လို့ လှူကြ တယ် ပေးကြတယ်။ အဲဒီမေတ္တာ ကရုဏာဆိုတဲ့တရားဟာ မကောင်း ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ သတ္တဝါများအပေါ် မိမိတို့ ကိုးကွယ် ကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ကြည်ည်ုမြတ်နိုးကြတယ်။ မေတ္တာတရား ရှေ့သွားပြုကြတယ်4 ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ သနားတယ်။ ကရုဏာတရားရှေ့သွားရှိတယ်။ ရှေ့သွားရှိပြီးတော့ ပေးကြ။ ကမ်းကြ။ စွန့်ကြဲကြ၊ လှူဒါန်းကြ၊ အဲဒီမေတ္တာကရုဏာဆိုတဲ့တရားဟာ ဘယ်မှာ သွားပြီး မကောင်းတဲ့တရားဖြစ်မလဲ။
ဒီတော့ဒါနပြုရင် မေဘ္တာတော်လဲဖြစ်' ကရုဏာတော်လဲဖြစ်။ ဒါတင် မက ဒီတရားတွေဟာ မိမိသန္တာန်မှာဖြစ်လာပြီဆိုရင် လှူတယ် တန်းတယ်။ ပူဇော်တယ်ဆိုတာဟာ ကိုယ်စိတ် အင်မတန်ချမ်းသာစေတတ်တဲ့ အလုပ် တွေ။ မိမိတို့က သဒ္ဓါတရားထင်ရှားရှိနေတော့ စိတ်ဟာကြည်လင်နေ
တယ်။ လှူဒါန်းတဲ့အလှူရှင်တွေရဲ့ စိတ်ဆိုတာဟာ အင်မတန် ကြည်လင် နေတယ်။ သဒ္ဓါက၀င်နေတာ။ စိတ်ထဲရောက်နေတာ။
သဒ္ဓါဆိုတဲ့တရားက စကြဝတေးမင်းကြီးရဲ့ ပတ္တမြားရတနာလိုပဲ တဲ့။ စကြဝတေးမင်းကြီးရဲ့ ပတ္တမြားရတနာဟာ ရေနောက်ထဲထည့်လိုက် ရင် တစ်ခါတည်း ကြည်သွားတယ်။ အနည်တွေ အောက်ကျသွားတယ်။ အဲသလိုပဲတဲ့။
သူသူငါငါပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာ သဒ္ဓါတရားဖြစ်လာပြီဆိုရင် အဲဒီ ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာ ကြည်လင်လာတယ်။ မကောင်းတဲ့လောဘတွေ ဒေါသတွေ မစ္ဆရိယတွေ မာနတွေ အဲဒီအကုသိုလ်အနည်တွေဟာ အကုန် လုံး အောက်ကျကုန်တယ်။ စိတ်ဓာတ်ဟာ ကြည်လာတယ်။ ကြည်လာ သောကြောင့် အဲဒီသဒ္ဓါတည်းဟူသောတရား ဝင်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ ကြည်လင်နေတော့ အလှူရှင်ကလဲပဲ ကြည်လင်ရွှင်လန်းနေတယ်။ ကိုယ်ထဲမှာရှိတဲ့စိတ်က ကြည်လင်နေတော့ မိမိတို့ကိုယ်ခန္ဓာကြီးကလဲ ကြည်လင်နေတယ်။ ရွှင်လန်းနေတယ်။ ၀မ်းမြောက်တဲ့အသွင်ပေါ်နေ တယ်။ အဲဒါတွေအားလုံးဟာ ကောင်းမြတ်တဲ့တရားချည်းပဲ
ဒီကောင်းမြတ်တဲ့တရားတွေ ဖြစ်ပေါ်ရာဖြစ်တဲ့ ဒါနအလှူကြီးကို မကောင်းဘူးလို့ ဘယ်မှာသွားပြောလို့ဖြစ်မလဲ။
ဒါနံသိနေဟ ဘေသဇ္ဇံ-ဒါနံ-လှူဒါန်းပေးကမ်း စွန့်ကြဲခြင်းသည်။ သိနေဟ ဘေသဇ္ဇံ-ပီယဆေးတဲ့။ ဟုတ်တာပေါ့။ လှူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေ ထံသို့ သီလရှိတဲ့ပုဂ္ဂိုလ်တွေ ချဉ်းကပ်ကြတယ်။ ပစ္စည်းဥစ္စာလိုလားတဲ့ ပုဂ္ဂိုလ်တွေ ချဉ်းကပ်ကြတယ်။ အဲသလို ချဉ်းကပ်ရာဖြစ်လို့ ဒါနရှင်ဆို တာဟာ အများရဲ့ချစ်မြတ်နိုးမှုခံရတဲ့ပုဂ္ဂိုလ်၊ ဒါကြောင့် ဒါနဆိုတာ ပီယဆေးလို့ဆိုတယ်။
လူမပြောနဲ့။ တိရစ္ဆာန်လေးတွေတောင် ပေးကမ်းတဲ့ပုဂ္ဂိုလ်ဆီသာ ချဉ်းကပ်ကြတယ်။ သူတို့ကို ပေးကမ်းကျွေးမွေးတဲ့ ပုဂ္ဂိုလ်ဆီသာ ချဉ်း ကပ်ကြတယ်။ အလေးဂရုပြုကြတယ်။ မြတ်နိုးကြတယ်။ အဲဒီလိုအချက် အလက်တွေ မြင်ရသဖြင့် ဒီတရားဟာ အင်မတန်မွန်မြတ်တဲ့တရားဆိုတာ
သူများပြောလို့ သိတာမဟုတ်ဘူး မိမိတို့တွေ့ကြုံရတဲ့အတွေ့အကြုံတွေက ပြနေတယ်။ မိမိလဲ ချမ်းသာရတယ်1 သူတစ်ပါးကိုလည်း ချမ်းသာရတယ်။ သူတစ်ပါးကိုလဲ ချမ်းသာစေတတ်တယ်။ သူတော်ကောင်းလက္ခဏာ တစ်ရပ်လဲ ဖြစ်တယ်။
လောကမှာ သူတော်ကောင်းမှပေးကြတယ်။ သူတော်ကောင်းမဟုတ် ရင် မပေးကြဘူး။ မစ္ဆရိယ-နှမြောတယ် ဝန်တိုတယ်ဆိုတာ သူတော် ကောင်းတရားမဟုတ်ဘူး။ လူညံ့တွေရဲ့တရား။ မပေးနိုင်ဘူးဆိုကတည်းက သူ့မှာ လောဘတွေက လွှမ်းမိုးနေပြီ1 ကိုယ်ကျိုးတွေက လွှမ်းမိုးနေတယ်။ ကိုယ်ကျိုးလိုက်စားခြင်းဆိုတဲ့ တရားသဘောတွေက လွှမ်းမိုးနေတယ်။ အဲဒါကြောင့်မို့လို့ ဒီတရားကောင်းတယ်ဆိုတဲ့နေရာမှာ သူတစ်ပါး ပြောလို့ကောင်းရတဲ့ အကောင်းလား။ မိမိကိုယ်တွေ့ သိပြီးတော့ သန္ဒိဋ္ဌိက ကိုယ်တွေ့သိပြီးတော့ ကောင်းတယ်လို့သိရတဲ့ အကောင်းလား ဆိုတာ အထင်အရှားပဲ
ဒါကြောင့်မို့လို့ ဒါနဆိုတာ မွန်မြတ်တယ် မွန်မြတ်လို့ ဘုရားရှင် ကိုယ်တော်မြတ်ကလဲ ဒ
ဓာ ဘိက္ခဝေ ပုညာနံ ဘာယိတ္ထ။
သုခ ဿေတံ အဓိဝစနံ။ ယဒိဒံ ပုညာနိ
ဘိက္ခေဝေ-ချစ်သားချစ်သမီးတို့။ ပုညာနံ။ ကုသိုလ်ကောင်းမှုတို့ ကို၊ မာဘာယိတ္ထ-မကြောက်ကြကုန်လင့်။ ဘိက္ခဝေ-ချစ်သားရဟန်းတို့ ယဒိဒံပုညာနိ-အကြင်ကောင်းမှုတို့မည်သည်။ သန္တိ-ရှိကြပါပေကုန်၏။ ဧတံ-ထိုကောင်းမှုဆိုတဲ့ပုညသည် သုခဿ-ချမ်းသာသုခ၏။ အဓိဝစနံ- တင်စားရည်ရိုး အမည်တစ်မျိုးပင် ဖြစ်ပါပေသတည်း
ဘုရားရှင်ကိုယ်တော်မြတ်က ချစ်သားချစ်သမီးတို့ ကုသိုလ်ကောင်းမှု တွေကို မကြောက်ကြနဲ့။ ဘာကြောင့် မကြောက်ရမတုံးဆိုတော့ ကုသိုလ် ကောင်းမှုဆိုတာ ချမ်းသာရဲ့အမည်ပဲ။ အဲသလို ဘုရားရှင်ကိုယ်တော်မြတ် က တိုက်တွန်းတော်မူခဲ့တယ်။ ဒီတော့ အဲသလိုဘုရားရှင်ကိုယ်တော်မြတ် ရဲ့စကားတော်ကို လိုက်နာဖို့ဆိုတာ သူတော်ကောင်းမှဖြစ်နိုင်တယ်။ ခုန
ပြောသလို လောဘဝင်ရင် သူတော်ကောင်းဟုတ်ပါ့မလား။ လှူသင့်လှူထိုက် တဲ့ အရေးကြုံနေလို့ လောဘက္ဝင်နေလို့မလှူရက်ဘူး။ မလှူရက်လို့မလှူရင် သူတော်ကောင်းဟုတ်နိုင်ပါ့မလား။ ထို့အတူပဲ မိမိတို့မှာ ဝတ်မှုစားမှု အကြြားမှု ဒါတွေဘက်သာလိုက်နေပြီးတော့ ကုသိုလ်ကောင်းမှုကို မလိုက် စားဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာလဲပဲ မစ္ဆရိယကြီးဝင်နေတယ်။ နှမြောတဲ့ ဝန်တိုတဲ့ ဒီမစ္ဆရိယတရားကြီး လွှမ်းမိုးခံနေရတယ် အဲဒီမစ္ဆရိယတရား ဟာ ဘယ်မှာကောင်းတဲ့တရားဟုတ်မတုံး။ သူတော်ကောင်းတို့ရဲ့တရား မျိုး မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လောဘတို့ ဒေါသတို့ မစ္ဆရိယတို့ မာနတို့ က္တဿာတို့ အဲဒီတရားတွေ ဝင်နေရင် ဘယ်မှာသွားပြီးတော့ သူတော်ကောင်းဟုတ်တော့မတုံး။ သူတော်ကောင်းဆိုတာ သဒ္ဓါသက်ဝင် နေမှ ကြည်ညိုတယ်။ ယုံကြည်တယ်။ ဒီဟာကောင်းတဲ့အလုပ်။ ဒီကောင်း တဲ့အလုပ်လုပ်ရသဖြင့် ကောင်းကျိုးရလိမ့်မယ်လို့ ယုံကြည်တယ် သဒ္ဓါက အဲဒီသဒ္ဓါသည်သာ သူတော်ကောင်းတရား ဒါကြောင့် သပ္ပူရိသ ဓမ္မ သူတော်ကောင်းတရားလို့ဆိုတယ်( သူတော်ကောင်းဥစ္စာ ခုနစ်ပါးထဲမှာ သဒ္ဓါဟာ ပါတယ်။ သူတော်ကောင်းများမှာသာဖြစ်တာ။
ထို့အတူပဲ စာဂ စွန့်ကြဲခြင်း သူတော်ကောင်းဥစ္စာထဲမှာသာ ပါတယ်။ စာဂ စွန့်ကြဲရခြင်းသာ သူတော်ကောင်းတို့ရဲ့လုပ်ငန်း။ ဘုရားရှင်ကိုယ်တော် မြတ်နှစ်သက်တဲ့လုပ်ငန်း' ဘုရားတပည့်မှန်သမျှ စာဂလုပ်ရမှာပဲ။
ပညာ ဟီရိသြတ္တပွ ဒါတွေကလဲ သူတော်ကောင်းတရားတွေ။ အဲဒီ သူတော်ကောင်းတရားတွေရှိမှ မိမိတို့ လှူဖြစ်ကြတယ်။ လှူနိုင်ကြတယ်။ ယနေ့ လှူကြတယ်။ အဲဒီအလှူဒါနဟာ မွန်မြတ်တဲ့ဒါန၊
ဒါကြောင့် သူတော်ကောင်းဥစ္စာတွေး သူတော်ကောင်းတို့၏ ရတနာ တွေ။ ဒါနဆိုတာ ထို့အတူပဲ။ သီလတို့ ဘာဝနာတို့လဲ သူတော်ကောင်း ဥစ္စာကြီးပဲ။ သူတော်ကောင်းတို့ရဲ့အလုပ်ချည်းပဲ။ သူတော်ကောင်းတို့ရဲ့ ရတနာချည်းပဲ ညံ့တဲ့ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘူး အဲဒီတရားတွေ မိမိတို့ ကြိုးစားဆည်းပူးအားထုတ်ရင် ဘုရားရှင်အလိုလိုက်တာပဲ။ ဘုရားရှင်ကို မိတ်ဆွေလိုကျင့်ကြတဲ့ပုဂ္ဂုံလ်တွေး အဲဒီသူတော်ကောင်းတရားတွေမလိုက်
ဘူး။ မကောင်းတဲ့အကုသိုလ်ဘက်သာ လိုက်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဘုရားရှင်ကို ရန်သူလိုကျင့်တဲ့ ပုဂ္ဂိုလ်လို့ဆိုရတယ်။
ဘုရားရှင်က အာနန္ဒာ။ ငါဘုရားအပေါ်မှာမိတ်ဆွေလိုကျင့်ကြ၊ ရန်သူ လိုမဟျင်ကြနဲ့လို) မိတိဆွေးလိုကျင် ကြဆို ကုုယ်တော်မြတ်လူလားတိ ကုသိုလ်ကောင်းမှု သုစရိုက်တရားတွေကို ပြုကျင့်ဖို့။ ရန်သှူလိုကျင့်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘုရားမကြိုက်တဲ့ ခုနပြောတဲ့ မကောင်းတဲ့တရားတွေ လိုက်စားတဲ့ ပုဂ္ဂိုလ်မျိုးတွေ။
အဲသလို ဒါ့ကြောင့်မို့ ယနေ့ မိမိတို့ပြုရတဲ့အလုပ်ဟာ မွန်မြတ်တဲ့ အလုပ်။ မွေးနေ့ကို ကျက်သရေရှိအောင် ဆောင်ရွက်ပေးတဲ့အလုပ်။ ဘုရားရှင်ကိုယ်တော်မြတ်ဟောထားတဲ့ တရားတော်တစ်ပုဒ်ရှိတယ်။ ပုဗ္ဗဏှ သုတ်မှာ ချစ်သားရဟန်းတို့ အကြင်သတ္တဝါတို့သည် နံနက်ခင်းအခါခိ ကိုယ်ဖြင့်သုစရိုက်တရားကျင့်ကြ။ါ။ နှုတ်ဖြင့်သုစရိုက်တရားကျင့်ကြ၏။ က်ဖြင့် ၁ရိက်တရားက၂၆ ကြဆ မ လိုပမ္ပလ်ငို့အဖို ထုနနက်ခငးသည် ကောင်းသောနံနက်ခင်းဖြစ်ပါပေ၏။
အကြင်ပုဂ္ဂိုလ်တို့သည် နေ့လယ်ခင်းအခါ် ကိုယ်ဖြင့် သုစရိုက်တရား ကျင့်ကြကုန်၏။ နှုတ်ဖြင့် သုစရိုက်တရားကျင့်ကြကုန်၏။ စိတ်ဖြင့် သုစရိုက်တရားကျင့်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့အဖို့ ထိုနေ့လယ်သည် ကောင်းသောနေ့လယ်ခင်းဖြစ်ပါပေ၏။
အကြင်ပုဂ္ဂုလ်တို့သည် ညစေ့ချမ်းအခါ ကိုယ်ဖြင့် သူစရိုက်တရား ကျင့်ကြကုန်၏။ နှုတ်ဖြင့် သုစရိုက်တရားကျင့်ကြကုန်၏။ စိတ်ဖြင့် သုစရိုက်တရားကျင့်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့အဖို့ ထိုညနေချမ်းသည် ကောင်းသောညနေချမ်းဖြစ်ပါပေ၏ လို့ ဟောထားတဲ့တရားတွေရှိတယ်။
ဒါကြောင့် ယနေ့မွေးနေ့ကို မင်္ဂလာရှိအောင် ကျက်သရေရှိအောင် မိမိတို့ကောင်းမြတ်တဲ့တရားတွေနဲ့ ထုံမွှမ်းပေးကြတယ်။ ခြယ်မှုန်းပေး ကြတယ်။ ဒါကြောင့်မို့လို့ ယနေ့ ဒါန သီလ၊ ဘာဝနာအစရှိသော ကုသိုလ်ကောင်းမှုတို့ဖြင့် ထုံမွှမ်းပေးအပ်တဲ့မွေးနေ့ဟာ မင်္ဂလာရှိတဲ့ မွေးနေ့။ ဒါတွင်မက ကတညုတ ကတဝေဒီ မိဘရဲ့ဂုဏ်ကျေးဇူးဟာ
အနန္တ မြင်းမိုရိတောင်ထု မေရုမကကြီးမြတ်လှတယ်။ မိဘတွေကွယ်လွန် လို့ ဘယ်လောက်ဝဲကြာကြာ မိမိတို့မှာ အစဉ်သဖြင့် အမှတ်ရကြရတယ်။ မမေ့ကြရဘူး။ မမေ့ကြလေ ဂုဏ်တွေအမှတ်ရလေ မိမိတို့မှာ ကုသိုလ် တွေ တိုးလေပဲ။
ယနေ့ ထိုကျေးဇူးရှင်မိဘနှစ်ပါးကိုလဲ အမှတ်တရ ပူဇော်သော အားဖြင့် အမှတ်ရကြတယ်။ အမျှအတန်းပေးဝေကြတယ်။ ကုသိုလ်ကလဲ ထူးခြားတဲ့ကုသိုလ်' ယနေ့လှူကြတယ်။
တူးခြားတဲ့ကုသိုလ်ဆိုတာက ဘုန်းကြီးတို ဒါနဆိုတာကို ကျမ်းဂန် များက စိန္တာမဏိ ပတ္တမြားရတနာကြီးနဲ့လဲ နှိုင်းခိုင်းတယ်1 ဒါနဆိုတာဟာ စိန္တာမဏိပတ္တမြားရတနာကြီးတဲ့ စိန္တာမဏိပတ္တမြားဆိုတာ ရှေးကရှိခဲ့ဖူး လို့ပေါ့။ အခုခေတ်လဲမသိလို့ ရှိချင်မှရှိမှာပဲ အလိုခပ်သိမ်းပေးနိုင်တယ်။ ဒီပတ္တမြားကြီးရှိပြီဆိုရင် အဲဒီပတ္တမြားကြီးရှိတဲ့ပုဂ္ဂိုလ်ဟာ ဒီပတ္တမြား ဆင်မြန်းချင်တဲ့ပုဂ္ဂိုလ်ဟာ အလိုရှိတာတွေကိုရနိုင်တယ်1 လိုတရနိုင်တယ်1
ထို့အတူပဲ ပဒေသာ၀င်ဆိုတာရှိတယ်။ အဲဒီပဒေသာပင်ဆိုတာလဲ ပုဂ္ဂိုလ်တစ်ဦးရဲ့ ကုသိုလ်ထူးကြောင့် ဖြစ်ပေါ်လာတဲ့ပဒေသာဝင်း အဲဒီ ပဒေသာပင်ဆိုတာကလဲ ကိုယ်လိုချင်ရာ လိုချင်ရာ အဝတ်အစား အသုံး အဆောင်။ အကုန်လုံးရနိုင်တဲ့ အရာတွေ။ ဒါနဆိုတာ အဲဒီပဒေသာပင် နဲ့လဲတူတယ်တဲ့။
ယနေ့ သံဃာတော်တို့ချမ်းသာဖို့ သံဃာတော်တွေ ချမ်းချမ်းသာသာ ပရိယတ္တိ ပဋိပတ္တိ အားထုတ်နိုင်ဖို့ဆိုပြီးတော့ ပဒေသာပင်လှူရတော့ လောက ထူးခြားတဲ့ဘုန်းရှင်ကံရှင်တို့အတွက် ဖြစ်ပေါ်လာတဲ့ ပဒေသာပင် လိုပဲ။ ပဒေသာပင်စိုက်ထားတော့ မကုန်တော့ဘူး အမြဲတမ်း သံဃာ တော်တွေအတွက် အသုံးပြုနိုင်ဖို့ သဒီသံပါကံ ဧနေတိ တူသောအကျိုး ပေးဆိုတဲ့ သဘာဝအရဆိုရင် မိမိတို့၏ ကုသိုလ်ကြောင့် လိုရာလိုရာ ရနိုင်တဲ့အကျိုး ခံစားရလိမ့်မယ်ဆိုတာ အထူးပြောစရာမရှိဘူး။
အဲဒါကြောင့် ယနေ့ မိမိတို့ဟာ ဘုရားမမေ့။ တရားမမေ့။ သံဃာ မမေ့။ ဘာဖြစ်ဖြစ် မိမိတို့ပြုတဲ့အခါ ဘုရားတပည့်ဖြစ်ကြသည့်အတိုင်း
ဘုရားအလိုကျသာပြုကြတယ်။ တရားအလိုကျသာပြုကြတယ်1 သံဃာ အလိုကျသာပြုကြတယ်။ ရတနာသုံးပါးအလိုအတိုင်း ပြုကြတဲ့မိမိတို့ အမှုဟာ ဘယ်တော့မှလွဲတယ်မရှိဘူး။ မှားတယ်မရှိဘူး။ လမ်းမှန်နည်းမှန် ကောင်းမြတ်တဲ့ အမှုချည်းပဲ။ အဲဒီကောင်းမြတ်တဲ့အမှုကြီးတွေကို ယနေ့ တို့တစ်တွေ ဆည်းပူးပြုလုပ် အားထုတ်ကြရပြီလို့ မိမိတို့ကုသိုလ်ကောင်း မှုကို အဖန်တလဲလဲအောက်မေ့ပြီးတော့ စာဂါနုဿတိပွားများသောအား ဖြင့် ကုသိုလ်တွေတိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(မထွေးထွေး ၃၃-နှစ်မြောက်မွေးနေ့အလှူ တရား၊ တာမွေ) ကြာ
ရဟန်းခံရှင်ပြု သိက္ခာတင်အလှူမင်္ဂလာ အနုမောဒနာ
သာသနံ ပုညဝန္တဿ။ ပုည၀န္တာဝလဗ္ဘရေ။
နပ္ပပုညာ ကရဟစိ၊ ပဂ္ဂဏှိတု မဝိသယာ။
ပ ညတာဿတ္တသာရိယသည် ခြောက်ပြာုန်းသမ္ဘာနွင့် ပြည့် တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သာသနံ-အံ့ဖွယ်ရှစ်ဖြာ သာသနာတော်မြတ်ကြီးကို၊ ပုည၀န္တာ၀-ရှေးရှေေးဘဝက သံသာရက ဘုန်းစကံထူး ရှိခဲ့ဖူးသူတို့သည်သာလျှင်း ပဂ္ဂဏှိတုံ-ပစ္စယ ဓမ္မ နှစ်၀ လုံလောက် ချီးမြှောက်ထောက်ပင့်ခြင်းငှာ။ လမ္ဘရေ လဗ္ဘန္တိ-ကောင်းစွာ ပိုင်ပိုင် ရရှိနိုင်ကြပါပေကုန်၏။
ပုညဝန္တဿ-က္တဿရိယစသည် ခြောက်ဖြာဘုန်းသမ္ဘာနှင့် ပြည့်စုံ တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးါ၊ သာသနံ-အံ့ဖွယ်ရှစ်ဖြာ ပြည့်စုံစွာသည့် သာသနာတော်မြတ်ကြီးကို၊ အပ္ပပုညာ-ဘုန်းကံပါးရှား ဂုဏ်နွမဲးပါးတဲ့ပုဂ္ဂိုလ်တို့သည်1 ပဂ္ဂဏှိတုံ-ပစ္စယ ဓမ္မ နှစ်ဝလုံလောက် ချီးမြှောက်ထောက်ပင့်ခြင်းငှာ ကရဟစိ-တစ်ဘဝတစ်ကမ္ဘာ တစ်ရံတစ်ခါ မျှ နလဗ္ဘရေ နလဗ္ဘန္တိ-ကောင်းစွာပိုင်ပိုင် မရနိုင်ကြပါပေကုန်သတည်း။
အင်မတန်ကောင်းတဲ့ ဒီဂါထာလေးဟာ ဟိုငယ်ငယ်တုန်းကတည်း ကာ ဆယ်နှစ် ဆယ့်တစ်နှစ်သားလောက်ကတည်းက ရနေခဲ့တဲ့ဂါထာလေး၊ နှစ်ပေါင်းခုနစ်ဆယ်ကျော်နေပြီ။ ဘုန်းကြီးတို့ လက်မလွှတ်နိုင်သေးဘူး။ ယနေထိအောင်ရွတ်တုန်းပဲ။ အကြောင်းအားလျော်စွာ အခွင့်အခါသင့်တဲ့ အခါ ရွတ်လိုက်တာပဲ။ ဒါလေးကို အင်မတန်လဲသဘောကျတယ်။ ဘုန်း ကြီးတင်လား မဟုတ်ဘူး။ ဒီဂါထာလေးကို တော်တော်နှစ်သက်ကြတဲ့
ဆရာတော် ဆရာတော်တွေ ရွတ်ကြတာ ကြားရတယ်။ ဆရာတော်တွေ လဲ ဘုန်းကြီးနဲ့ တစ်သဘောတည်းပဲ။ ဒါလေးကို အင်မတန် နှစ်သက် ကြတယ်။ ကျေနပ်ကြလို့ ရွတ်ကြတယ်။ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် ခုနစ်နှစ်လောက်ကထင်တယ်။
အဲဒီတုန်းက တိပိဋကပူဇော်ပွဲမှာ အခုခေတ် တကယ့်နိုင်ငံကျော် ကမ္ဘာကျော် အရှင်ဝိစိတ္တသာရာဘိဝံသ။ အဲဒီ တိပိဋက ပူဇော်ပွဲကြီးမှာ ရွတ်သွားကာ ကြားလိုက်ရတယ်။
ဘုန်းကြီးတို့နှစ်သက်သလို ဆရာတော်ကလဲ သူနှစ်သက်တယ်။ ကျေကျေနပ်နပ်ရွတ်ဆိုတယ် မရိုးနိုင်ဘူး ဒီဂါထာလေးဟာ ဂါထာသာ ရွတ်နေကြတယ်။ ဒီဂါထာဘယ်သူရေးသတုံးဆိုတော့ တယ်မပြောပြတတ် ချင်ဘူး ရေးတဲ့ပုဂ္ဂိုလ်ကပျောက်သလိုဖြစ်နေတယ်။ ဘုန်းကြီးတို့ကတော့ ငယ်ငယ်ကတည်းက သိခဲ့တဲ့ဂါထာမို့လို့ ရေးတဲ့ဆရာတော်လဲ သိထား တယ်။ ကျေးဇူးရှင် ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံဆရာတော် ဘုရားကြီးရဲ့တပည့်ရင်း လက်ရုံးပမာအားကိုးရတဲ့ ဓမ္မာဇ္စေက္ခ ဓမ္မကထိက အချုပ် ဝိသုဒ္ဓါရုံတိုက်ထဲက ဓမ္မကထိကတွေဆိုရင် အဲဒီဆရာတော်ကို အတုခိုးပြီးတော့ ဟောကြရတယ်။
ဒါ့ကြောင့် ဓမ္မာဇ္စေက္ခ စာပေအရာမှာလဲ တကယ့် စာချအကျော် ပုဂ္ဂိုလ်တော်ကြီးး။ တရားဟောတဲ့နေရာမှာလဲ ဆရာတော်ကြီးကိုယ်တိုင် ချီးမွမ်းခံရတဲ့ဆရာတော့်လက်ရုံးကြီး အရှင်စာရိတ္တဆိုတဲ့ဆရာတော်ကြီး ရေးခဲ့တာ။ မရိုးနိုင်ဘူး သာသနာတော်ကို သာမန်ပုဂ္ဂိုလ်တွေ ချီးမြှောက် နိုင်တာမဟုတ်ဘူး။ ဘုန်းစကံထူးရှိခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေသာ သာသနာကို ချီးမြှောက်နိုင်ကြတယ် ယနေ့ ဒကာမကြီးဒေါ်အေးသီတို့ တူ တူမတစ်စု တို့ သာသနာတော်ကို ချီးမြှောက်နိုင်တယ်ဆိုတာ သာမန်ကံနဲ့ ချီးမြှောက် နိုင်တာမဟုတ်ဘူး။ ပုဗ္ဗေစ ကတပုညတာဆိုတဲ့ ရှေးဘုန်းရှေးကံရှိကြလို့ သာသနာတော်ကြီး ချီးမြှောက်နိုင်ကြတာ။ အဲဒီရှေးဘုန်းကံဆိုတာက ဘုန်းကြီးတို့ဒီဘ၀မရောက်ခင် ဟိုနောက်နောက်ဘဝတွေ။ ဟိုနောက်နောက် ဘုရားရှင်နဲ့ ကြုံချင်လဲကြုံမယ်။ ဘုရားရှင်သာသနာတော်နဲ့ ကြုံကြိုက်
ချင်လဲ ကြုံကြိုက်မယ်။ အဲဒီအခါက မိမိဓို့.ပြုခဲ့တဲ့ ကုသိုလ်စေတနာ ကောင်းမှု ပါရမီတွေ။ အဲဒီပါရမီတွေရဲ့ ကုသိုလ်အကျိုးပေးကြောင့်၊ အဲဒီပါရမီတွေရဲ့ ဖန်တီးမှုကြောင့်၊ ယနေ့ အလှူပွဲကြီး ဆင်ယင်ကျင်းပ နိုင်သည်ထိအောင် သာသနာတော်ကို ချီးမြှောက်နိုင်ကြတယ်။
ဒီတော့-သာသနာတော်ကို ချီးမြှောက်နိုင်တယ်ဆိုတာ တော်တော့် ဘုန်းကံနဲ့ ချီးမြှောက်နိုင်တာမဟုတ်ဘူး။ အဲဒီ ရှေးရှေးဘဝကပြုခဲ့တဲ့ ပုဗ္ဗေစကတပုညတာဆိုတဲ့ ဉာဏသမ္ပယုတ် ကာမာဝစရ ကုသိုလ်စိတ်။ အဲဒီဇောတွေ အဲဒီကုသိုလ်တွေအစွမ်းကြောင့် အရှိန်အစော်ကြောင့် မိမိတို့ အခုဘဝမှာ သာသနာတော်ကြီးနဲ့ ကြုံကြိုက်ပြီးတော့ သာသနာတော် ကြီးကို ချီးမြှောက်နိုင်တယ်။ သာသနာတော်ကြီးနဲ့ ကြုံကြိုက်တိုင်း သာသနာတော်ကို ချီးမြှောက်နိုင်ကြတာမဟုတ်ဘူး1 အကြောင်းညီည္ပတ်မှ၊ ပစ္စည်းလဲရှိမှ အလှူခံတွေလဲရှိမှ မိမိကလဲသဒ္ဓါရှိမှ ဒီလောက်အများ ကြီး အကုန်အကျခံပြီးတော့ အလှူပွဲကြီးတစ်ပွဲဖြစ်မြောက်အောင် ဆောင် ရွက်နိုင်တယ်ဆိုတာဟာ တော်ရုံပစ္စည်းရှိလို့ ဆောင်ရွက်နိုင်တာမဟုတ်ဘူး။ ပစ္စည်းပဲရှိဦးတော့ သဒ္ဓါတရားနည်းနေရင်လဲ ဆောင်ရွက်နိုင်တာမဟုတ် ဘူး။ ပစ္စည်းရော သဒ္ဓါတရားရော။ သာသနာရော။ သုံးခုလုံးဆုံမိနေလို့ သာသနာတော်ကြီးကို ချီးမြှောက်နိုင်တယ်။ ကံနည်းတဲ့ပုဂ္ဂိုလ်တွေ သာသနာတော်ကြီးကို ချီးမြှောက်နိုင်တာမဟုတ်ဘူး။ တချို့ သားလေးတွေ ရှိရဲ၊ ပစ္စည်းမရှိတော့ သားလေးတွေရှင်မပြုနိုင်ဘူး။ သူများပြုခိုင်းရတယ်1 အဲသလို စသည်ဖြင့်ပေါ့လေ တချို့ ပစ္စည်းတော့တော်တော်ရှိတယ်။ သဒ္ဓါက ကယ်မရှိတော့ သိပ်ပြီးတော့ကြီးကြီးကျယ်ကျယ် ဓလုပ်နိုင်ကြ ဘူး စသည်ဖြင့် အကြောင်းကြောင်းကြောင့် သာသနာတော်ကိုချီးမြှောက် နိုင်တယ်ဆိုတာဟာ ရှေးဘဝက ကုသိုလ်ကောင်းမှု အထူးရှိခဲ့ဖူးမှ၊ ဒီဘဝသာသနာတော်နဲ့ကြုံကြိုက်ရတယ်။ ဒီဘဝမှာ မိမိတို့မှာ သဒ္ဓါတရား ထက်ထက်သန်သန်ရှိကြတယ်။ လူဖြစ်လာပေမယ့် သူတော်ကောင်းတရား တွေကျတော့ အရှိချင်းတူကြတာမဟုတ်ဘူး။
တချို့ ပစ္စည်းရှိတယ် သဒ္ဓါတရားကျတော့သိပ်မရှိဘူးး စေတနာနည်း
ကြတယ် နှမြောကြတယ် အဲသလိုဆိုရင် ဒီလောက်ကြီးတဲ့ အလှူကြီး ဘယ်သွားပြီးတော့ ဆင်ယင်ကျင်းပ ချီးမြှောက်နိုင်ကြမတုံး။ အခု မိမိ တို့ ရှေးဘုန်းရှေးကံ နှိုးဆော်လို့ ဒီဘဝမှာ ဘုရားတပည့် ဗုဒ္ဓဘာသား ဥပါသကာ။ ဥပါသိကာမတွေဖြစ်ကြရတယ်။ ဥပါသကာတွေဖြစ်ပေမယ့် လဲ သာမန်ဥပါသကား၊ ဥပါသိကာမတွေမဟုတ်ဘဲနဲ့ ဆရာသမား မိဘ သူကော်ကောင်းတွေကို ပေါင်းသင်းကြရတယ်1 သူတော်ကောင်းတွေကို ပေါင်းသင်းကြရလို့ အတ္တသမ္မာပဏီဓိဆိုတဲ့ မိမိက သူတော်ကောင်းတွေ ဖြစ်ကြရတယ်။ သူတော်ကောင်းဖြစ်ပြီးတော့ သူတော်ကောင်းအလုပ်ဖြစ် တဲ့ ယခုလို အလှူတော်ကြီး ပူဇော်လှူဒါန်းနိုင်ကြတယ် ဆင်နွှဲနိုင်ကြ တယ်။
အဲဒီတော့ ယနေ့ သာသနာ့ဝန်ထမ်းရဟန်းတွေး ရှင်သာမဏေလေး တွေ ကံကောင်းကြတယ်/။ သူတို့လဲ ကံထူးတဲ့ပုဂ္ဂိုလ်တွေး ကံမထူးဘဲ မနေလား။ ပဗ္ဗဇ္ဇိတ ဘာဝေါ ဒုလ္လဘော ရဟန်းခံဘဝ ရခဲတယ်တဲ့။ တော်ရုံနဲ့ရဟန်းပြုနိုင်တာမဟုတ်ဘူး။ တော်ရုံနဲ့ ရှင်ဖြစ်နိုင်တာမဟုတ်ဘူး။ ဖြစ်တယ်ပဲထားအုံး၊ အဲဒီရှင်ဟာ သာသနာမှာ ရှင်တစ်ယောက် လောက် လောက်လားလား စွဲစွဲမြဲမြဲနဲ့ သာသနာ့တာဝန် ထမ်းဆောင်နိုင်တာမဟုတ် ဘူး။ တော်ကြာ ထွက်သွားကြပြန်တာပဲ။ အဲ့သလို အကြောင်းတွေက တော်တော်ညီညွတ်ဖို့ရာ ခဲယဉ်းတယ်။
ယနေ့-ရှင်သာမဏေလေးတွေး။ ရဟန်းဖြစ်ကြတဲ့ရဟန်းတော်တွေ ကံထူးကြတယ်။ ပုည၀န္တ -ဘုန်းကံရှိကြတယ်။ ဘုန်းကံရှိလို့ သာသနာ တော်ကြီးကို ချီးမြှောက်နိုင်ကြတယ် 1 သာသနာတော်မှာ ကိုယ်ထိလက် ရောက် ဝင်ရောက်ပြီးတော့ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ကြတယ်။ အားလုံး ရှေးရှေးဘ၀ သံသာရက ဘုန်းစကံထူး ရှိခဲ့ဖူးသူတွေ။ ဒါကြောင့်မို့လို့ သာသနာတော်မှာ ကိုယ်ထိလက်ရောက် ဝင်ပြီးတော့ သာသနာ့တာဝန်တွေထမ်းဆောင်နိုင်ကြတယ် အားလုံးဘုန်းကံရှိတဲ့ပုဂ္ဂိုလ် ကြီးပဲ။ မိမိတို့ ဘုန်းကံရှိတယ်လို့ဆိုနိုင်တာက သာသနာတော်ကြီးကလဲ တကယ်ကောင်းတဲ့ သာသနာတော်ကြီးမို့လို့ သာသနာတော်ကြီးဟာ
သာမန် တော်သလိုလျော်သလို သာသနာဆိုရင် မိမိတို့ဟာ ဘုန်းကံရှိတာမဟုတ်ဘူး။ ကံနည်းတယ်ဆိုရတယ်။ လောကမှာ သာသနာ ဆိုတာတို့၊ ဂဏဂိုဏ်းဆိုတာတို့ အများကြီးရှိတယ်1 အဲဒီဂဏတွေ။ သာသနာတွေထဲမှာ ဘုန်းကြီးတို့ဗုဒ္ဓသာသနာတော်ကြီးဟာ အင်မတန် မွန်မြတ်တယ်။
ရ သ၀န္တဿ ဿရိယသေည်ြောက်ပြာ ဘုန်းသင္ဘာနှင်ပြည့်စံတော် မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။ သာသနံ-အံ့ဖွယ်ရှစ်ဖြာ သာသနာတော်မြတ်ကြီးကို. အံ့ဖွယ်ရှစ်ဖြာနဲ့ ပြည့်စုံတော်မူတဲ့ သာသနာ တော်မြတ်ကြီးတဲ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သာသနာတော်မြတ် ကြီးဟာ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံတယ်။ ဘာအံ့ဖွယ်တွေလဲ။ ဒါလေးတွေ လဲ ဘုန်းကြီးတို သိမ္ကြီး ကြည်သိထြရတယ်။ တို့ ချးပြှောက်ကြရတဲ့ သာသနာတော်ကြီးဟာ ဘယ်လောက်ထူးခြားတယ်။ တို့ပူဇော်ရတဲ့ သာသနာတော်ကြီး၊ တို့ပစ္စည်းဖြင့်လည်းကောင်း၊ ဓမ္မဖြင့်လည်းကောင်း၊ ချီးမြွောက်ရတဲ့သာသနာတော်ကြီးဟာ ဘယ်လောက်ထူးခြားတယ်ဆိုတာ သိမှ ပိုပြီးတေ့အားတက်ကြရတယ်' အံ့ဖွယ်ရှစ်ပါးနဲ့ ပြည့်စုံတယ်တဲ့။
အံ့ဖွယ်ရှစ်ပါးနဲ့ ပြည့်စုံတယ်ဆိုတဲ့ သာသနာ့အံ့ဖွယ်ရှစ်ပါးကို ဟော ကြားတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ မဟာသမုဒ္ဒရာနဲ့ နှိုင်းခိုင်း ပြီးတော့ သာသနာတော်ရဲ့ အံ့ဖွယ်ရှစ်ပါး ဟောတော်မူတယ် မဟာ သမုဒ္ဒရာကြီးမှာ အံ့ဖွယ်ရှစ်ပါးရှိတယ်ဆိုတဲ့အကြောင်း နှိုင်းခိုင်းပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တယ်။
မဟာသမုဒ္ဒရာကြီးဟာ-အစဉ်အတိုင်းနက်သွားတယ်4 အစကတည်း က စပြီးနက်သွားတာမဟုတ်ဘူး။ အစဉ်အတိုင်းတဖြည်းဖြည်း တဖြည်း ဖြည်းနက်သွားတယ်။ နက်မှန်းမသိ နက်သွားတယ်။ အဲ့ဒါ မဟာသမုဒ္ဒရာ ရဲ့ အံ့ဖွယ်တစ်ရပ် အဲသလိုပဲ ဘုန်းကြီးတို့ သာသနာတော်ကြီးဟာလဲ အစဉ်အတိုင်းနက်သွားတယ် သီလ၊ သမာဓိ။ သမာဓိကနေ ပညာစသည် ဖြင့် တဖြည်းဖြည်း တဖြည်းဖြည်း မိပု ပိုပိုနက်သွားတယ်။ သာသနာ တော်မြတ်ကြီးမှာ စစချင်း အရဟတ္တမဂ် အရဟတ္တဖိုလ်ရသွားတာမဟုတ်
ဘူး။ အရဟတ္တမဂ်။ အရဟတ္တဖိုလ်ရဖို့ရာ သာသနာတော်ကြီးဟာ အစဉ် အတိုင်း နက်နက် နက်နက်သွားတယ်။ နက်နက် နက်နက်သွားအောင် ကျင့်ကြရတယ်။ အစ သီလက စတယ် သီလပြီး သမာဓိ။ ပိုနက်သွားပြီ။ သမာဓိပြီး ပညား ပညာကျတော့ ပိုနက်သွားတယ်။ အဲသလိုသာသနာ တော်မြတ်ကြီးဟာ အစဉ်အတိုင်းနက်သွားတယ်။ ဒါအံ့ဖွယ်တစ်ခု။ အဲဒီ အံ့ဖွယ်ဟာ ဘယ်မှာမှမရှိဘူး။ ဘုန်းကြီးတို့ ဗုဒ္ဓသာသနာတော်မှာသာ ရှိတယ် ဒါ ထူးခြားတဲ့ သာသနာတော်ရဲ့ ဂုဏ်ရည်တစ်မျိုး။
ပြီးတော့ မဟာသမုဒ္ဒရာကြီးဆိုတာ ဘယ်တော့မှ ရေဟာကမ်းကို လွန်သွားတယ်ဆိုတာမရှိဘူး။ အားလုံးသိတဲ့အတိုင်း ကန်တွေ ဘာတွေ ရေလျှံတယ်။ ကျင်းတွေ အိုင်တွေ ရေလျှံတယ်။ မဟာသမုဒ္ဒ ရာကြီး လျှံတယ် လို့မရှိဘူး အဲဒီကမ်းကို လွန်မသွားတာဟာ မဟာသမုဒ္ဒရာကြီးရဲ့ အံ့ဖွယ် တစ်မျိုးပဲ
အဲဒါလိုပဲ ဘုန်းကြီတို့ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးဟာလဲ အဲဒီအံ့ဖွယ်မျိုးရှိတယ် ဘာတုံး-ဘုန်းကြီးတို့ သာသနာ့ဝန်ထမ်း ရဟန်း တော်တွေဟာ ဘုရားရှင်ကိုယ်တော်မြတ် ပိုင်းခြားသတ်မှတ်ထားတဲ့ သိက္ခာပုဒ် ဝိနည်းစည်းကမ်းဆိုတဲ့ ကမ်းကိုမလွန်ကြဘူး။ လွန်ပြီးမကျင့် ကြဘူး။ အဲ့ဒါ သာသနာတော်မြတ်ရဲ့ ဒုတိယအံ့ဖွယ်တစ်ရပ်ပဲ။
တတိယ-မဟာသမုဒ္ဒရာကြီးမှာ လူကောင်ပုပ်။ ခွေးကောင်ပုပ်။ ဘာ ပုပ်၊ အပုပ်တွေရှိရင် ဘယ်တော့မှကြာကြာမနေရဘူး မဟာသမုဒ္ဒရာ ကြီးက လှိုင်းနဲ့ပုတ်တင်လို့ ဘေးရောက်သွားတယ်။ မဟာသမုဒ္ဒရာကြီး မှာ ဘယ်အကောင်ပုပ်ဖြစ်ဖြစ် ရောက်လာရင် အဲဒီမှာကြာကြာမနေနိုင် ကမ်းနားရောက်သွားရသလို၊ ထို့အတူ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သာသနာတော်မြတ်ကြီးမှာလဲ အဲ့သလိုပဲ။ မဟုတ်တဲ့ပုဂ္ဂိုလ်တွေ အကျင့် တရားအားဖြင့် ပုဂ်နေတဲ့ပုဂ္ဂိုလ်တွေဆိုတာ ကြာကြာနေခွင့်မရှိဘူး သံဃာ က လက်မခံဘူး သံဃာကဖယ်ထုတ်လိုက်တာပဲ။ အဲဒါ မဟာသမုဒ္ဒရာ ကြီးနဲ့တူစွာ ဘုရားရှင်ကိုယ်တော်မြတ်' သာသနာတော်မြတ်ကြီးရဲ့ သုံးခု မြောက် အံ့ဖွယ်ကြီးပဲ။ ဒါ့ကြောင့် သာသနာတော်မြတ်ကြီးဟာ အဲ့သလို
အပုပ်တွေနဲ့ စင်ကြယ်နေတယ်။
ပြီးတော့ ဘုန်းကြီးတို့ မဟာသမုဒ္ဒရာကြီးမှာ လေးခုမြောက်အံ့ဖွယ် တစ်ခုရှိသေးတယ်။ ဘာတုံးဆိုရင်-ဂင်္ဂါး ယမုနာ အစီရဝတီ။ သရဘူ။ မဟီဆိုတဲ့ မြစ်ကြီးငါးသွယ်ကရေတွေ မဟာသမုဒ္ဒရာထဲ စီးဆင်းတယ်။ အဲ့ဒီစီးဆင်းလာတဲ့ မြစ်ကြီးငါးသွယ်ကရေတွေဟာ အမည်တစ်မျိုးတည်း ဖြစ်သွားတယ်။ ဘယ်ဟာကဂင်္ဂါမြစ်ရေး ယမုနာမြစ်ရေး အစီရဝတီ မြစ်ရေး သရဘူမြစ်ရေ။ မဟီမြစ်ရေ ဆိုပြီး သူ့နာမည်နဲ့သူရှိပေမယ့် အကုန်လုံး သမုဒ္ဒရာထဲရောက်သွားတဲ့အခါကျတော့ အဲဒီနာမည်တွေ ပျောက်သွားတယ်။ သမုဒ္ဒရာရေဆိုတဲ့ အမည်တစ်မျိုးတည်းဖြစ်သွားတယ်။ ဒါ မဟာသမုဒ္ဒရာရဲ့ အံ့ဖွယ်တစ်ရပ်။
အဲဒါလိုပဲ။ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်မှာ လူအမျိုး မျိုးက သာသနာကို ရောက်လာကြတယ်။ ဇာတ်အမျိုးမျိုး။ လူအမျိုးမျိုး က ရောက်လာကြတယ်။ ရောက်လာကြတဲ့လူတွေအကုန်လုံး သာသနာ တော်မှာ ရောက်သွားပြီဆိုရင် အမည်တစ်မျိုးသာ ရတော့တယ် ခုန မဟာသမုဒ္ဒရာရေလို မြစ်ရေတွေက ဘယ်လောက် ကွဲပြားပေမယ့် မဟာသမုဒ္ဒရာထဲ စီးဆင်းလို့ ရောက်သွားရင် သမုဒ္ဒရာရေဆိုတဲ့အမည် တစ်မျိုးတည်းရသွားသလို၊ သာသနာတော်မှာ ထိုထိုအမျိုး ထိုထို ဇာတ်တွေက ရောက်လာကြပေမယ့် အကုန်လုံး သမဏသ ကျပုတ္တိယာ- သာကီဝင်မင်းသား ဘုရားသားတော်အဖြစ်သို့သာ ရောက်သွားတယ်။ ဒီအမည်သာ ခံယူကြရတယ်။ အဲ့ဒါ သာသနာတော်ရဲ့ အံ့ဖွယ်တစ်မျိုး1
ပြီးတော့ ဘုန်းကြီးတို့ မဟာသမုဒ္ဒရာမှာ ကောင်းကင်ကရေတွေ ကျလာတယ် ခုနပြောတဲ့မြစ်ကြီးငါးသွယ်က ရေတွေကလဲ စီးဝင်နေတယ်။ ဘယ်လောက်ပဝဲဝင်ဝင်။ ဘယ်ရေတွေပဲလာလာ သမုဒ္ဒရာကြီးဟာ လျော့ တယ်လဲမရှိဘူး။ လျှံသွားတယ်လဲမရှိဘူး။ ဒီအတိုင်း ဒီအတိုင်းပဲ။ အဲ့ဒါ လိုပဲ ဘုန်းကြီးတို့သာသနာတော်မြတ်ကြီးမှာ နိဗ္ဗာန်ကိုဝင်စံကြတဲ့ ပုဂ္ဂိုလ် တွေဘယ်လောက်များများ နိဗ္ဗာန်ကြီးဟာ လျော့သွားတယ်လဲမရှိဘူး။ လျှံသွားတယ်လဲမရှိဘူး ဒီအတိုင်း ဒီအတိုင်းပဲ။ အားလုံးလက်ခံနိုင်တဲ့
သဘာဝရှိတယ်။ အဲဒါဟာ ဘုန်းကြီးတို့သာသနာတော်ရဲ့ အံ့ဖွယ်တစ်ရပ်။ ထူးခြားချက်ပဲ။
ပြီးတော့ မဟာသမုဒ္ဒရာကြီးဟာ အရသာတစ်မျိုးတည်းရှိတယ်။ အဲဒီအရသာတစ်မျိုးရှိခြင်းဟာ ဆားငန်အရသာဆိုတဲ့ အရသာတစ်မျိုး တည်းရှိခြင်းဟာ မဟာသမုဒ္ဒရာရဲ့ အံ့ဖွယ်တစ်ရပ်ပဲ။ အဲဒါလိုပဲ ဘုန်း ကြီးတို့သာသနာတော်မှာလဲ တကယ်အဆီစစ်ညှစ်ထုတ်လိုက်ရင် အရသာ တစ်မျိုးပဲထွက်တယ်။ ဝိမုတ္တိရသတဲ့) ကိလေသာမှလွတ်မြောက်မှုအရသာ။ သာယာဖွယ်ကြီးတစ်ခုလဲရှိတယ်။ အဲ့ဒါဟာ သာသနာတော်ကြီးရဲ့ ထူးခြား တဲ့ အံ့ဖွယ်တစ်ရပ်1
ပြီးတော့ ဘုန်းကြီးတို့ သမုဒ္ဒရာကြီးဟာ ရတနာအမျိုးမျိုးတို့ရဲ့ တည်နေရာဖြစ်တယ်။ ပါဠိလိုတော့ ရတနာကရတဲ့။ ရွှေငွေစိန်ကျောက်။ သန္တာ နီလာ ဂေါ်မုတ် ဥဿဖရား ပတ္တမြားအစရှိသော ရတနာတွေများစွာ တည်ရှိတယ်။ ရတနာအမျိုးမျိုးတို့ရဲ့ တည်ရာဖြစ်တယ်။ အဲဒါလိုပဲ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးဟာလဲ ဗဟုရတနများစွာ သော ရတနာတွေရှိကြတယ်1 အနေက ရတန အလွန်များပြားတဲ့ ရတနာ တွေရှိကြတယ်။ သာသနာတော်မှာ ရှိတယ်ဆိုတဲ့ ရတနာတွေဟာ ဘာတွေ တုံး သတိပဋ္ဌာန်တည်းဟူသော ရတနာ။ သမ္မပ္ပဓာန်တည်းဟူသော ရတနား' က္တဒ္ဓိပါဒ်တည်းဟူသောရတနာ၊ ဗိုလ်တည်းဟူသောရတနာ။ မဂ္ဂင် တည်းဟူသောရတနား ဗောဇ္ဇျင်တည်းဟူသောရတနား မဂ္ဂင်တည်းဟူသော ရတနာ ရတနာတွေ ရတနာတွေ အမျိုးစုံရှိတယ်( ဘုန်းကြီးတို့ ယူနိုင် ကြတယ် သုံးနိုင်ကြတယ်။ အများကြီးရှိတယ်။ ဒါဟာ ဘုန်းကြီးတို့ ဒကာဒကာမတွေလဲ တတ်နိုင်သမျှ ကိုယ်လက်လှမ်းမီသမျှ သုံးနေကြတား အဲဒီရတနာအမျိုးမျိုးရှိခြင်းဟာ ဘုန်းကြီးတို့သာသနာတော်မြတ်ကြီးရဲ့ အစ္ဆရိယ-အံ့ဖွယ်တစ်ရပ်
ထို့အတူပဲ. . . မဟာသမုဒ္ဒရာကြီးဟာ ကြီးကျယ်သောသတ္တဝါတို့ရဲ့ တည်နေရာဖြစ်တယ် တိမိ-တိမိရ။ တိမိပိငဂံလ၊ အသူရာ ဒေဝါနာဂါ အသူရာတွေ နတ်တွေ နဂါးတွေ။ ပုဂ္ဂိုလ်ကြီးတွေး သတ္တဝါကြီးတွေ။
တည်ရာဖြစ်တယ်။ အဲ့ဒါလိုပဲ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီးဟာ လဲပဲ ကြီးကျယ် မြင့်မြတ်သော ပုဂ္ဂိုလ်တို့ခစါ တည်နေရာဖြစ်တယ်။ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးယောက်။ ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးယောက်တို့၏ တည်နေရာဖြစ်တယ်။ တကယ်အရိယာမွန် ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်ကြီးတွေရဲ့ တည်နေရာဖြစ်တယ် ဒါ့ကြောင့် မဟာသမုဒ္ဒရာကြီးဟာ သတ္တဝါကြီးတွေရဲ့တည်နေရာဖြစ်သလို။ ဘုန်း ကြီးတို့သာသနာတော်မြတ်ကြီးဟာလဲ ထူးခြားသော မွန်မြတ်သော ပုဂ္ဂိုလ် ထူး ပုဂ္ဂိုလ်ကြီးတွေရဲ့ တည်နေရာဖြစ်သောကြောင့် တကယ့်အစ္ဆရိယ သာသနာ။ အံ့ဖွယ်ရာသာသနာတော်ကြီးလို့ဆိုရတယ်
အဲဒီတော့ အခုပြောခဲ့သလို သာသနာတော်ကြီးဟာ အံ့ဖွယ်ရှစ်ပါး နဲ့ ပြည့်စုံတော်ဓမူတဲ့ သာသနာတော်မြတ်ကြီး၊ အဲဒီ သာသနာတော်မြတ် ကြီးကို မိမိတို့ ယနေ့ပူဇော်ကြရတယ်1 ချီးမြှောက်ကြရတယ်။ ထောက် ပင့်ကြရတယ်။ အဲသလိုတကယ်ထူးခြားတဲ့ သာသနာတော်ကြီးကို ချီး မြှောက်ရတယ် ထောက်ပင့်ရတယ်ဆိုရင် ချီးမြှောက်ထောက်ပင့်ရတဲ့ပုဂ္ဂိုလ် မှာ ဘယ်လောက် ဂုဏ်တက်တယ်။ ဘယ်လောက် ထူးခြားတယ်။ ဘယ်လောက်အရှိန်အဝါ ရှိလှတယ်ဆိုတာ ပြောစရာမရှိဘူး။
ဒါကြောင့်မို့လို့ တူနိုင်မယ်မထင်ကြနဲ့လို့ဆိုတဲ့ သာသနာတော် ကြီး
က္ကဓေဝ သမဏော ဥပလဗ္ဘတိ။
က္ကဓေဝ-ဤဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးဋိသာ။ သာမဏော- သောတာပန် ရဟန်းကို၊ လင်္ဘတိ-ရအဂ်၏
က္ကဓ က္ကဓေဝ-ဤဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးခွ်သာလျှင်၊ ဒုတိယော သမဏော-နှစ်ယောက်မြောက်တဲ့ သကဒါဂါမ်ရဟန်းကို၊ လဗ္ဘိတိ-ရအပ်၏။
တ္တဓ တ္ကဓေဝ-ဤဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး်သာလျှင်၊ တတိယော-သုံးယောက်မြောက်သော၊း သမဏော-အနာဂါမ်ရဟန်းကို၊ လဗ္ဘိတိ-ရအပ်၏။
စတုတ္ထော-လေးယောက်မြောက်သေား သမဏော- ရဟန္တာ ရဟန်းကိုလဲ က္ကဓ က္ကဓေဝ-ဤဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးခ်သာ။ လဗ္ဘိတိ-ရအပ်ပါပေ၏။
တူနိုင်မယ်မထင်ကြနဲ့လို့ ဆိုတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က သုဘဒ္ဒိလျှောက်ထားတဲ့ မေးခွန်းဖြေတဲ့အခါကျတော့ မိန့်ကြားတော်မူ တယ်။ ကိုယ်တော်မြတ်ရဲ့သာသနာတော်ကို ဂုဏ်တင်သောအားဖြင့်၊ ငါတို့ သာသနာဟာ သုဘဒ္ဒဆိုတာ စောစောကတော့ ဗုဒ္ဓဘာသာမဟုတ်သေး ဘူး။ ဘုရားပရိနိဗ္ဗာန်စံခါနီးမှလာတွေ့တာ။ တွေ့ပြီးမှရဟန်းဖြစ်။ ရဟန်း ဖြစ်ပြီးတော့ နောက်ဆုံးသာဝကအဖြစ်သို့ရောက်တာ။
သာသနံ ပုည ဝန္တဿး ပုည၀န္တာ၀ လဗ္ဘရေး။
နပ္ပပုညာ ကရဟစိ။ ပဂ္ဂဏှိတုမဝိသယာ. . . လို့
ဆိုခဲ့တယ်။ ဘုန်းရှိလို့ ဒီလိုထူးခြားတဲ့သာသနာတော်မြတ်ကြီး ချီး မြှောက်နိုင်ကြတယ်။ သာမန်ဘုန်းရှိတဲ့ပုဂ္ဂိုလ်၊ ဘုန်းမရှိတဲ့ပုဂ္ဂိုလ်တွေ ဤသို့ထူးခြားသော သာသနာတော်ကြီး ပြုစုဖို့ရာ ဘယ်လောက်လက်လှမ်း လှမ်း အတန်းမမီနိုင်ဘူး။ ဒါကြောင့်မို့လို့ မိမိတို့ကံထူးပါတယ်လို့ ကိုယ့် ကိုယ်ကို ကံထူးမှန်းလဲသိရတယ်။ ကိုယ့်ကိုယ်ကို နှိမ်ရတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကံထူးမှန်းသိရတယ်။ ဒါဖြင့် ကောင်းပြီး မိမိတို့ကံထူး ကြတယ် တကယ်ကံထူးသလား။ တကယ်ကံထူးတဲ့ပုဂ္ဂိုလ်တွေအဖြစ် ရောက်ပြီလား။ ဒါလဲစဉ်းစားကြရသေးတယ်နော်။ ယနေ့ အလှူရှင်များ ဒကာမကြီးဒေါ်အေးသီနဲ့ တူ တူမတွေအားလုံး ပရိသတ်တွေး ဒကာ ဒကာမတွေ တကယ့်သဒ္ဓါရှင်တွေပါပဲ။ အင်မတန် သဒ္ဓါတရားထက်သန် ကြတဲ့ပုဂ္ဂိုလ်တွေး။ ဒါကတော့ ဘုန်းကြီးတို့သိနေတာပဲ။ ပညာတရားရှိ ကြတယ်။ လောကီထူးထူးခြားခြားပညာတွေ / လောကုတ္တရာ ထူးထူးခြားခြား ပဝိဋကတ်ဗေဒင်စသည်ဖြင့် ဒီလိုပညာတွေး ဒါတွေလဲ ပညာပဲ ကောင်းတာပဲ။ သို့သော် အရေးကြီးတာက သာသနာ့ပညား
ပါဠိလိုတော့ သမ္မာဒိဋ္ဌိ1 ကံ-ကံ၏အကျိုးသိတယ်။ ဝိပဿနာ သမ္မာဒိဋ္ဌိ၆ ကမ္မသတတာ သမ္မာဒိဋ္ဌိ၊ စျာနသမ္မာဒိဋ္ဌိ1 မဂ္ဂသမ္မာဒိဋ္ဌိ။
ဆိုတဲ့ သမ္မာဒိဋ္ဌိတွေ ဘယ်လောက်ထိအောင် မိမိတို့ရောက်ပြီလဲ။ အဲ့ဒါလဲ အရေးကြီးတယ် ဒီတော့ တို့ကံထူးကြတယ်ဆိုပြီး ကြောင့်ကြမဲ့နေဖို့ တော့မဟုတ်ဘူး သဒ္ဓါတန်းဆုံးအောင် လိုက်ရတယ် သဒ္ဓါဆိုတာ တန်းဆုံးမှနော်။
အာဂမသဒ္ဓါ။ အဓိဂမသဒ္ဓါ။ သြကပ္ပနသဒ္ဓါ။ ပသာဒသဒ္ဓါတဲ့။ ပသာဒ ဆိုတာ ကြည်ညိုရုံလေး၊ နောက်ဆုံး ဒီသဒ္ဓါမျိုးကတော့ ကလေးတွေမှာ တောင်ရှိတယ်။ ကလေးတွေရဲ့သဒ္ဓါက ဉာဏဝိပ္ပယုတ်သဒ္ဓါခေါ်တယ်။ ဉာဏ်မပါလို့ ဒီလောက်အဆင့်အတန်းမမြင့်သေးဘူး။ ထို့ထက်ပိုပြီးတော့ သြကပ္ပနသဒ္ဓါဆိုတဲ့ ဘုရားအပေါ်မှာ တော်တော်နားလည်တယ်။ သက်ဝင်ယုံကြည်နိုင်တယ်1 သံဃာအပေါ်မှာတော်တော်နားလည်တယ်။ သက်ဝင်ယုံကြည်နိုင်တယ်။ အဲဒီယုံကြည်မှုသဒ္ဓါမျိုးကို သြကပ္ပန- တကယ့်ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်၊ ကုသိုလ် ကောင်းမှုတို့ရဲ့အကျိုးပေါ်မှာ သက်ဝင်ပြီးတော့ စူးစိုက်ပြီးတော့ တကယ် မြင်တဲ့အမြင်မျိုး သြကပွန သက်ဝင်ယုံကြည်တဲ့သဒ္ဓါ တန်းမဆုံးသေး ဘူး။ အဲဒါကလဲ ပုထုဇဉ်အခိုက်မှာပဲရှိသေးတယ်။
အဓိဂမသဒ္ဓါဆိုတာကျမှ သဒ္ဓါက တန်းကုန်တယ်။ အဓိဂမသဒ္ဓါ ဆိုတာ မဂ်ရသည်နှင့်တစ်ပြိုင်နက်ဖြစ်တဲ့သဒ္ဓါမျိုး။ မင်ရခြင်းဖြင့် ပေါ် လာတဲ့သဒ္ဓါမျိုးကို အဓိကမသဒ္ဓါခေါ်တယ်။ အဓိဂမမဂ်ရခြင်းကြောင့် ဖြစ်လာတဲ့သဒ္ဓါမျိုး။ အဲ့ဒီသဒ္ဓါမျိုးကျမှ သမဏေနဝါ-ဘယ်ရဟန်းကသော် လည်းကောင်း၊ ဗြာဟ္မာ့ဏေနဝါ-ဘယ်ပုဏ္အားကသော်လည်းကောင်း၊ ဒေဝေနဝါ-ဘယ်နတ်ကသော်လည်းကောင်း၊ မာရေနဝါ-ဘယ်မာရ်က သော်လည်းကောင်း၊ ဗြာဟ္မာဏေနဝါ-ဘယ်ဗြဟ္မာကြီးကသော်လည်း ကောင်း။ အပ္ပဋိဝတ္တိယံ-မတားမြစ်နိုင်1 မပျက်စီးနိုင်လောက်အောင် ခိုင် ခံ့တဲ့ သဒ္ဓါမျိုး။ အဲ့ဒီသဒ္ဓါမျိုးရရှတာဝန်ကျေတယ်။ ဘုန်းကြီးတို့ ဘုရား ရှင် ကိုယ်တော်မြတ်နဲ့ တွေ့ရကျိုးနပ်ကြတယ်4 အားလုံး ယနေ့ ဘုန်းကြီးတို့လုပ်ရသမျှ ကုသိုလ်တွေဟာ အဲ့ဒီအထိရောက်အောင် ကြိုးစား နေကြတာနော်။ အဲဒါလေး မျက်ခြည်မပြတ်ဘူး။ မျက်ခြည်မပြတ်ဖို့လဲ
အရေးကြီးတယ် ငါ ဒီကုသိုလ်တွေလုပ်ပြီးပြီလို့ ကျေနပ်မနေကြရဘူး။ အဓိဂမသဒ္ဓါဆိုတဲ့ သဒ္ဓါမျိုးရဖို့အရေးကြီးတယ်။ အဲ့ဒီသဒ္ဓါရမှ နေချင် သလိုနေတော့။ ဘာမှမဖြစ်တော့ဘူး။ အဲဒီသဒ္ဓါမရသေးသမျှ မိမိတို့ ကြောင့်ကြမဲ့နေဖို့ မဟုတ်သေးဘူး။
ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်တို့ ပွင့်လာတယ်ဆိုတာ သတ္တဝါတွေ အဲဒီသဒ္ဓါအထိ ရောက်အောင် ကယ်တင်ဖို့ ပွင့်တော်မူလာတာ။ ဒါ့ကြောင့် ရည်ရွယ်ချက်မြင့်မြင့်ထားကြ၊ ဒီသဒ္ဓါမဆိုက်သမျှ တို့ကြိုးစား မယ်ဆိုတဲ့ ရည်ရွယ်ချက်ထားကြရတယ်။ ထူးခြားတဲ့သာသနား အံ့ဖွယ် ရှစ်ပါးနဲ့ ပြည့်စုံတဲ့သာသနာ။ မွန်မြတ်တဲ့သာသနာတော်ကြီး၊ ယနေ့ ချီးမြှောက်ကြရတယ်။ ကောင်းသောချီးမြှောက်ခြင်းပဲ။ ပူဇော်ရခြင်းပဲ။ အဲ့သလို ချီးမြှောက်ပူဇော်တယ်ဆိုတာ ကိုယ်ကျိုးအတွက် ချီးမြှောက် ရတယ်လို့ သဘောမထားရဘူး။ သာသနာအတွက် ဒီလိုသဘောထားရ တယ်။ ကိုယ့်အတွက်ဆိုတာကတော့ လှူရင်ဒါနဖြစ်တယ်။ သီလဆောက် တည်ရင် သီလအကျင့်ရတယ်။ ဘာဝနာစီးဖြန်းရင် ဘာဝနာအကျင့်ရတာ ပဲမို့ ကိုယ့်အတွက်ဆိုရင်တော့ ပြီးနေတာပဲ။
လောကက ကိုယ့်အတွက်တင် မပြီးသေးဘူး4။ သာသနာတော်ကြီး မိမိတို့မြန်မာပြည်ကရထားတယ် ကံကောင်းထောက်မလို့ ရခဲ့ကြတယ်။ ခုနပြောသလို ပုညဝန္တာဝ လစ္ဘရေဆိုတာ ဘုန်းရှိလို့ရထားကြတာ။ ဘုန်း ရှိလို့ရထားတဲ့ ပစ္စည်းကြီးဆိုပါတော့။
အဲဒီတော့ ဘာလုပ်လုပ်။ ဘယ်ကုသိုလ်လုပ်လုပ် နောက်ဆုံး။ ဆွမ်း တစ်ဇွန်း။ ဟင်းတစ်ဇွန်း ပေါင်းလှူတာတောင်မှ သာသနာမျက်ခြည် မပြတ်ရဘူး4 ဘုရားမပျောက်အောင် တရားတော်မပျောက်အောင်။ သံဃာ တော် မပျောက်အောင်။ အဲ့ဒီရတနာမြတ်သုံးပါးမပျောက်ဘဲနဲ့ သတ္တဝါတွေ အကျိုးများအောင်။ ဒီသာသနာတော်ကြီး တည်တံ့အောင် တို့ကြိုးစားမယ် ဆိုတဲ့ခံယူချက်ထားရတယ်။
အတ္တတ္ထာယေဝ ဝါယာမေား
နာ ယံ မမ ကုဒါစနံ။
သမ္ဗုဒ္ဓ သာသန ဿေဝ။
ဌပနာယ အယံ မမ။
မမ။ ငါဓါ။ အယံ ဝါယာမော။ ဤကြိုးစားမှုသည်။ အတ္တသုခါယ။ မိမိအတွက်လေးသာ ချမ်းသာဖို့အကျိုးငှာ နဟောတိ၊ မဖြစ်ပါပေး အယံဝါယာမော။ ယခုကဲ့သို့ ကုသိုလ်တွေပြု ငါ့ကြိုးစားမှုသည်။ သမ္ဗုဒ္ဓသ သာနဿး ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို' ဌပနာယ၊ အရှည်ခံ့ အောင် တည်တုံ့ဖို့ထားခြင်းဝှာ ဝါယာမော။ ကြိုးစားအားထုတ်ခြင်းသည်။ ဟောတိ။ မုချမသွေ ဖြစ်ပါပေသတည်း။
ဘုန်းကြီး အခုအလှူတော်မှာ။ ကွမ်းခြံကုန်းရွာမှာ တရားသုံးချီ ဟောခဲ့ပြီ1 ဒီနေ့ဟောလို့အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲ အေးအေးဆေး ဆေးဟောရလို့၊ မဏ္ဍပ်ကြီးတွေနဲ့ နေပူလောင်လောင်ဟောရတော့ ဟောလို့မကောင်းဘူး။
ဒါ့ကြောင့် ယနေ့ဘုန်းကြီးခုနဟောခဲ့တဲ့အတိုင်းပေါ့ လေး မိမိတို့ တာဝန်ကျေပြီး တို့တာဝန်ကုန်ပြီး သာသနာတော်နဲ့ ကြုံရကျိုးနပ်သွား ပြီ။ သာသနာတော်နဲ့ ကြုံရကျိုးနပ်သွားပြီ။ ကိစ္စပြီးပြီလို့ မအောက်မေ့ နဲ့။ အများကြီးရှိသေးတယ်။ အကြင်မျှလောက် ခုနပြောတဲ့ အဓိဂမသဒ္ဓါ မျိုး မရသေး။ ထိုမျှလောက် မိမိတို့မှာ သွားရမယ့်လမ်းကရှိသေးတယ်။ အဲဒီလမ်းကြီးလိုက်ကြ။ ဘာတုံး။ အဲ့ဒီလမ်းကြီးက အဲ့ဒီလမ်းကြီးက ဖြူးလို့၊ ကိုယ်က မလိုက်ချင်ကြလို့နော်း
သမ္မာဒိဋ္ဌိ-မှန်ကန်သောအမြင်။ သမ္မာသင်္ကပ္ပ-မှန်ကန်သောအကြံ။ သမ္မာဝါစာ-မှန်ကန်သောအပြော။ သမ္မာကမ္မန္တ-မှန်ကန်သောအလုပ်။ သမ္မာအာဇီ၀-မှန်ကန်သောအသက်မွေးမှု၊ သမ္မာဝါယမ-မှန်ကန်သော လုံ့လ၊ သမ္မာသတိ-မှန်ကန်သောသတိ။ သမ္မာသမာဓိ-မှန်ကန်သော သမာဓိ။ မဂ္ဂင်ရှစ်ပါးလမ်းကြောင်းကြီး၊ အဲဒီမဂ္ဂင်ရှစ်ပါးလမ်းကြောင်း ကြီးဟာ အလှူအတန်းလဲသူပါမှ အထမြောက်တယ်။ သီလဆောက်တည် လဲသူပါမှ၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းလဲသူပါမှ သူနဲ့ချည်း လုပ်သွားရမှာ။
အဲ့ဒီမဂ္ဂင်ရှစ်ပါးကိုခုနပြောသလို သူကလဲ တန်းဆုံးအောင်လိုက်ရအုံး
မှား' အခုလဲလိုက်နေကြတာပဲ။ ဒီနေ့ မဂ္ဂင်ရှစ်ပါးတွေဖြစ်လို့ အလှူ ကြီး ပြီးနေပြီ နောက်လဲပဲ တန်းမဆုံးသေးဘူး။ ခုနပြောသလို အဓိဂမ သဒ္ဓါရမှ တန်းဆုံးကြမယ်။ ဒါ့ကြောင့် အဲ့ဒီသဒ္ဓါရအောင် ကြိုးစားခြင်း ဖြင့် ကံထူးတဲ့ပုဂ္ဂိုလ်တွေ ကံထူးသထက်ထူးအောင်။ မိမိတို့ကိုယ် မြှင့်တင်ပေးနိုင်ကြဖို့ အရေးကြီးတယ်။ ခမြှင့်တင်ပေးနိုင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(ဦးပု၊-ဒေါ်စောခင် မိဘနှစ်ပါး။ အစ်ကိုများကို အမှူးထားရွ် ရန်ကုန်မြို့ မ၇ဥတ္ကလာ၊ ဒေါ်အေးသီနှင့် တူ-တူမများတို့၏ သိက္ခာထပ် ရဟန်းခံရှင်ပြု အလှူတရားတာ်။) ကြ
မွေးနေ့မင်္ဂလာ ဆွမ်းအနုမောဒနာ
ဘဝတု သဗ္ဗမင်္ဂလံ။ ရက္ခန္တုသဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါ နုဘာဝေန (သဗ္ဗဓမ္မား သဗ္ဗသံဃာ) နုဘာဝေန သုခီဘဝထ ဝေါသဒါ ဝေါ-ရတနာသုံးပါး အားထားကိုးကွယ်ကြသော ဒကာဒကာမ အပေါင်း သူတော်ကောင်းတို့အား( သဗ္ဗမင်္ဂလံ-ကျက်သရေအမျိုးမျိုး။ ကောင်းကျိုးအဖြာဖြား မင်္ဂလာအရပ်ရပ်သည်။ ဘဝတု-တစ်နေ့တခြား အကျိုးများဖို့ တိုးပွားဖြစ်ထွန်းပါစေး သဗ္ဗေဒေ၀ဝတာ-အလုံးစုံသော သမ္မာ ဒေဝနတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်။ ရက္ခန္တု-စောင့်ရှောက် ကြပါစေကုန်သတည်း။ သဗ္ဗဗုဒ္ဓါနုဘာဝေန-အလုံးစုံသောဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်(သဗ္ဗဓမ္မာနုဘာဝေန-အလုံးစုံသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်၊ သဗ္ဗသံဃာ နု ဘာဝေန-အလုံးစုံသောသံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော် ကြောင့်) ဝေါ-ရတနာသုံးပါး အားထားကိုးကွယ်ကြသော ဒကာ ဒကာမ အပေါင်း သူတော်ကောင်းတို့သည်4 သဒါ-အခါခပ်သိမ်း။ သုခိ-ကိုယ် စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည်။ ဘဝထ-ဖြစ်ကြပါစေကုန်သတည်း။ ဒကာကြီးရဲ့မွေးနေ့မှာ ကျက်သရေမင်္ဂလာဖြစ်ပါစေလို့ ဘုန်းကြီး တို့က ဆုတောင်းရတယ်။ အမှန်ကတော့ အလှူဒကာ ဒကာမတွေမှာ ကျက်သရေမင်္ဂလာရှိပြီးသားပါ။ ဆုတောင်းစရာတောင်မလိုပါဘူး။ ဘာဖြစ် လို့တုံးဆိုတော့ ကျက်သရေဆိုတာ ကောင်းတာတွေကို ကျက်သရေခေါ် တာ။ မင်္ဂလာဆိုတာလဲ ကောင်းမှုတွေ။ ကောင်းမှုတွေကြောင့်ဖြစ်တဲ့
ကောင်းကျိုးတွေကို မင်္ဂလာဆိုတယ်။ ဒီတော့ ပုဗ္ဗေစကတ ပုညတား အတ္တသမာပဏီဓိ။ ပတိရူပဒေသဝါသ' သပ္မုရိသူပနိသျ၊ ရှေးဘဝက ကောင်းမှုရှိခဲ့ဖူးလို့ ဒီဘဝမှာသူတော်ကောင်းတွေနဲ့ ပေါင်းသင်းမှီဝဲရတယ်။ ရတနာသုံးပါးထွန်းကားရာအရပ်မှာ ဖြစ်ရတယ်။ ပြီးတော့ သူတော် ကောင်းတွေဖြစ်ကြရတယ် အဲ့ဒီတော့ ရှေးက မင်္ဂလာရှိခဲ့လို့ ရှေးက ကျက်သရေခေါ်တဲ့ ကောင်းမှုရှိခဲ့ကြလို့ ယခုဘဝမှာ မင်္ဂလာရှိတဲ့သူတွေ ဖစ်ကြရတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေကို သိရီနတ်သမီးက စောင့်ရှောက်တယ်။
ဘုန်းကြီးတို့ လောကမှာ-လောကမှာဆိုတာ လောကီဆရာတွေက သိရီနတ်သမီးး သူရဿတီနတ်သမီးလို့ဆိုတယ်။ သူရဿတီနတ်သမီးဆို တာကတော့ ဘုန်းကြီးတို့ သာသနာတော်မှာမရှိဘူး1 ဒါကတော့ သူတို့ ဟိန္ဒူနတ်သမီးပဲ။ သိရီနတ်သမီးဆိုတာကတော့ရှိတယ်။ ရှေးက ကာဠ ကဏ္ဍီနတ်သမီးနဲ့ သိရီနတ်သမီးနှစ်ယောက် ဘုန်းကြီးတို့ဇာတ်တော်ထဲ မှာ ဟိမဝန္ဘာတောက အနဝတတ်အိုင်မှာ သူကအရင်ရေချိုးမယ်။ ငါက အရင်ရေချိုးမယ် ဆိုပြီးတော့ ရေအရင်ချိုးဖို့ နေရာလုကြတယ်+ အနဝတတ်အိုင်ဆိုတာက ဘုရားများရေချိုးရာဆိပ်ကမ်း။ ပစ္စေက ဗုဒ္ဓါ တွေ ရေချိုးရာဆိပ်ကမ်း။ လူတွေရေချိုးရာဆိပ်ကမ်း။ နတ်တွေရေချိုးရာ ဆိပ်ကမ်း။ နတ်သမီးတွေရေချိုးရာဆိပ်ကမ်းဆိုပြီးတော့ သူ့ဆိပ်ကမ်းနဲ့သူ အသီးသီးရှိကြတယ်။ အဲ့ဒီမှာ နတ်သမီးနှစ်ယောက်လုနေကြတား သူတို့ ပြဿနာကမပြီးဘူး။ မပြီးတော့ စတုမဟာရာဇိနတ်မင်းကြီးလေးယောက် ဆီသွားပြီးတော့ အဆုံးအဖြတ်ခံကြစို့ဆိုပြီးတော့ နတ်ပြည်တက်သွား ကြတယ် စတုမဟာရာဇိနတ်မင်းကြီးလေးယောက်ဆီရောက်တော့ သူတို့ ပြဿနာကိုတင်ပြကြတယ်။ ပြဿနာတင်ပြတဲ့အခါကျတော့ နတ်မင်း ကြီးတွေကလဲ ကာဠကဏ္ဍီဆိုတာက ဝိရူပက္ခနတ်မင်းကြီးရဲ့သမီး။ သိရီဆို တာက ဓတရဋ္ဌနတ်မင်းကြီးရဲ့သမီး၊ အဲ့သလို နတ်မင်းကြီးနှစ်ယောက် ရဲ့ သမီးတွေဖြစ်နေလေတော့ နတ်မင်းကြီးတွေကလဲ ဒီပြဿနာဖြေရှင်း ပေးဖို့ အခက်ကြုံနေကြတယ်။ အခက်ကြုံနေကြတော့ သိကြားမင်းဆီ ယွှတ်တယ်။ သိကြားမင်းဆီရောက်တဲ့အခါကျတော့ သိကြားမင်းက သူတို့
ပြဿနာ ဖြေရှင်းပေးတယ်(
ဗာရာဏသီပြည်မှာ သုစိပရိဝါ ရသူဌေးကြီးဆိုတာရှိတယ်။ အဲဒီ သူဌေးကြီးဟာ ကိုယ်တိုင်ကလဲသီလရှိ။ အလှူရေစက်လက်နဲ့မကွာ သီလ သီတင်းစောင့်ရှောက်လို့ ကိုယ်တိုင်ကလဲ စင်ကြယ်ပြီးတော့ သားတွေ သမီးတွေ အခြွအရံတွေအကုန်လုံး သီလရှိတယ်။ ကုသိုလ်ကောင်းမှုရှိ ကြတယ်။ ဒါကြောင့် သုစိပရိဝါ ရသူဌေးကြီး စင်ကြယ်တဲ့ပုဂ္ဂိုလ်တည်း ဟူသော အခြံအရံရှိတဲ့သူဌေးကြီးလို့ ထင်ရှားတယ်။ အဲဒီသူဌေးကြီးက သူ့အိပ်ခန်းထဲမှာ သင်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်အိမ်ရာတစ်ခု ပြင်ထား တယ်။ စင်ကြယ်တဲ့ပုဂ္ဂိုလ်၊ စင်ကြယ်တဲ့အခြံအရံရှိတဲ့ပုဂ္ဂိုလ်မျိုးလာလို့ ရှိရင် အဲဒီပုဂ္ဂိုလ်အတွက်ပေးမယ်ဆိုပြီးတော့ ဘယ်သူမှမအိပ်ရသေးတဲ့။ ဘယ်သူမှအသုံးမပြုရသေးတဲ့ အိပ်ရာတစ်ခုအရန်သင့်ထားတယ်။ အဲဒီတော့ သိကြားမင်းကြီးကသိတယ်1 သိတော့လာပြီး အဆုံးအဖြတ်ခံတဲ့ နတ်သမီး နှစ်ယောက်ကို ကဲ-မင်းတို့နှစ်ယောက် ဗာရာဏသီပြည်က သုစိပရိဝါရ သူဌေးကြီးဆီသွားကြ။ အဲဒီသူဌေးကြီးရဲ့အိပ်ရာကို အသုံးပြုခွင့်ရတဲ့ နတ်သမီးဟာ ရေအရင်ချိုးရမယ်။ ရေအရင်ချိုးတော့ဆိုပြီးတော့ အဆုံး အဖြတ်ပေးလိုက်တယ်။ အဲဒါနဲ့ ကာဠကဏ္ဍီနတ်သမီးက သူကအရင်ဦး ဆုံး မြားပစ်လိုက်သလို သူဌေးကြီးအိမ်ရောက်သွားတယ်။ ရောက်သွား တော့ ညိုတဲ့အဆင်းရှိတဲ့ နံ့သာတွေလိမ်းထား။ ညိုတဲ့တန်ဆာတွေဆင် ထား။ ညိုတဲ့အဝတ်တွေ၀တ်ထား။ တစ်ကိုယ်လုံးညိုနေတယ်။ ကောင်း ကင်ကနေပြီးတော့ သူဌေးကြီးကို ကိုယ်ရောင်ပြတယ် ဒီတော့ သူဌေး ကြီးက သင်ကဘယ်သူတုံး။ ဘာကိစ္စနဲ့လာတာတုံး ဆိုတော့ ကျွန်မ ကာဠကဏ္ဍီနတ်သမီးပါ။ သူဌေးကြီးအိမ်မှာ တစ်ညလောက်အိပ်ပါရစေလို့ ခွင့်တောင်းတယ်။ ဒါဖြင့်သင်ဟာ ဘယ်အကျင့်ရှိသတုံး။ ဘယ်လို ယောက်ျားမျိုးကိုမှိဝိတတ်သတုံး။ ဘယ်လိုယောက်ျားမျိုးကို စောင့်ရှောက် တတ်သတုံးမေးတော့ သူကမကောင်းတာတွေ အကုန်လုံးပြောတယ်။ သူဟာ နာမည်က ကာဠကဏ္ဍီမည်ပါတယ်။ ကာဠကဏ္ဍီဆိုတာ မြန်မာ လိုတော့ မည်းညစ်တဲ့တရားရှိတဲ့ပုဂ္ဂိုလ်လို့ အနက်ထွက်တယ်။ သူ့အမည်
က ကာဠကဏ္ဍီအမည်ရှိပါတယ်။ သူဟာ က္တဿာမစ္ဆရိယဖြင့် ငြူစူတဲ့ ပုဂ္ဂိုလ်တွေး ဝန်တိုတတ်တဲ့ပုဂ္ဂိုလ်တွေး ချုပ်ချယ်စောင်းမြောင်းတတ်တဲ့ ပုဂ္ဂိုလ်တွေး မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂိုလ်တွေကို သူမှီဝဲ တတ်ပါတယ်1 အဲဒီပုဂ္ဂိုလ်တွေကို သူအားပေးတတ်ပါတယ်လို့ အဲသလို ပြောတော့ သူဌေးကြီးက- ဟာ-နတ်သမီး။ နတ်သမီးပြောတဲ့အကျင့်တွေ တို့မှာဘာမှမရှိဘူး။ အဲဒီတော့ တို့အိမ်မှာ သင်တည်းခွင့်မရှိဘူး1 တခြား မြို့ရား တခြားအိမ်ဂေဟာတွေသွားပြီး တည်းပါတော့လို့ဆိုတော့ သူကလဲ အလျှော့တော့မပေးဘူး။ သူဌေးကြီးလက်မခံလဲ ကိစ္စမရှိပါဘူး။ ကျွန်မ သိပြီးသား။ လောကမှာ မကောင်းတဲ့လူတွေအများကြီး၊ အဲဒီမကောင်း တဲ့လူတွေက ကျွန်မကို လက်ခံမှာပေါ့ဆိုပြီး ထွက်သွားတယ်။ သူထွက်သွားပြီးနောက် သိရီနတ်သမီးကရောက်လာတယ်။ ရွှေ အဆင်းရှိတဲ့နံ့သာတွေလိမ်းလို့ ကိုယ်ကလဲရွှေရောင်ရွှေဝါ တောက်ပစွာ နဲ့ အဝတ်တန်ဆာဒ္ပါဒရာတွေကလဲရွှေရောင်နဲ့ သူဌေးကြီးအိမ် ကောင်း ကင်ယံကလာပြီးရပ်ပြန်တယ်။ သူဌေးကြီးက သင်ဘယ်သူတုံး။ ဘာကိစ္စ လာတာတုံးဆိုတော့ ကျွန်မဟာ သိရီအမည်ရှိပါတယ်4 သိရီဆိုတာ ကျက်သရေလို့အနက်ထွက်တယ်1 ကျက်သရေရှိတဲ့ နတ်သမီး(သိရီ)လို့ ခေါ်ပါတယ်။ ဒီတစ်ညသူဌေးကြီးအိမ်အိပ်ဖို့ တည်းခိုဖို့ရာ ခွင့်လာတောင်း ပါတယ်ဆိုတော့ ကောင်းပြီ1 သင်ဟာ ဘယ်လိုအကျင့်ရှိတုံးး ဘယ်လို ပုဂ္ဂိုလ်တွကို သင်မှီဝဲတတ်သတုံးလို့မေးပြန်တယ်။ အဲဒီအခါကျမှ သိရီ ဟာ ကျက်သရေရှိတဲ့နတ်သမီးအမည်ရှိပါတယ် လက္ခိလို့လဲခေါ်ပါတယ်။ ပညာရှိတဲ့ပုဂ္ဂိုလ်လို့လဲ အမည်ရပါတယ်။ သူဟာ ကောင်းတဲ့ပုဂ္ဂိုလ်တွေ ကို မှီခိုပါတယ်။ လောကမှာ အအေးကိုအမှုမထား။ အပူကိုအမှုမထား ဘဲနဲ့ စွမ်းစွမ်းတမံအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေး အမျက်ဒေါသမရှိတဲ့ ပုဂ္ဂိုလ် တွေ၊ ကောင်းတဲ့ပုဂ္ဂိုလ်တွေး ပညာရှိတွေး အကောင်းတွေချည်းသူက လျှောက်ပြောတယ်။ သူပြောတဲ့စကားချုပ်လိုက်တော့ လောကမှာကုသိုလ် ပြုနေတဲ့ပုဂ္ဂိုလ်တွေ အကုသိုလ်ရှောင်တဲ့ပုဂ္ဂိုလ်တွေ ယောက်ျားတွေကို မှီခိုပါတယ်။ မှီိဝဲပါတယ်ဆိုတဲ့အကြောင်း ပြောပြတဲ့အခါကျတော့ သူဌေး
ကြီးက ဘယ်သူ့မှအသုံးပြုခွင့်မပေးတဲ့နေရာကို အသုံးပြုခွင့်ပေးလိုက် တယ်။
တစ်ညနေပြီးတော့ နောက်တစ်နေ့ကျတော့ သိရီနတ်သမီး အနဝတတ်အိုင်ကရေကို ဦးစွာချိုးခွင့်ရသွားတယ်1 ဒါ ဘုန်းကြီးတို့ ကျမ်းဂန်မှာလာတဲ့ သိရီ ကာဠကဏ္ဍီနှစ်ဦးရဲ့ အတ္ထုပ္ပတ္တိဇာတ်လမ်းလေး၊ အဲဒီတော့ လောကမှာ မကောင်းတဲ့ပုဂ္ဂိုလ်တွေ မကောင်းတဲ့အကျင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ကာဠကဏ္ဍီနတ်သမီးစောင့်တယ်။ ကောင်းတဲ့ပုဂ္ဂိုလ်တွေ ကောင်းတဲ့အကျင့်ရှိတဲ့ပုဂ္ဂိုလ်တွေကို သိရီနတ်သမီးစောင့်တယ်လို့ဆိုတယ်။ အဒါ ကြောင့်ခို့လို့ ကျက်သပေရိတဲ့ပုဂ္ငါလ်) ခင်လာရှိတဲပုဂ္ဂုလ်ကု သိရီ နတ်သမီးက စောင့်တယ်။ သိရီနတ်သမီးသာမကဘူး။ သူတော်ကောင်း နတ်ကောင်းစောင်မတယ်1 သူတော်ကောင်းဖြစ်တဲ့ပုဂ္ဂိုလ်တွေကို နတ်တွော စောင့်ရှောက်ကြတယ်။ လိုလိုလားလားအကူအညီ အစောင့်အရှောက် ပေးကြတယ်။ အဲ့ဒါကြောင့် ဝေါ-သင်တို့အားး သဗ္ဗဒေ၀တာ-သဗ္ဗဒေဝ လောကစောင့်ကြပ် နတ်အများတို့သည်။ သဗ္ဗဒေ၀တာ-ကိုယ်စောင့်နတ် အိမ်စောင့်နတ် အရာမ်စောင့်နတ် ဘုမ္မစိုး ရုက္ခစိုး အာကာယစိုး စတုလောကပါလ သိကြား ဗြဟ္မာများစွာသော နတ်ဗြဟ္မာအပေါင်းတို့ သည်။ ရက္ခန္တု-စောင့်ရှောက်ကြပါစေကုန်သတည်းလို့ ဆုပေးတယ်။
ဘုန်းကြီးတို့ ဒကာဒကာမတွေ သူတော်ကောင်းတွေ။ ကောင်းတဲ့ အကျင့်ကျင့်တဲ့ပုဂ္ဂိုလ်တွေမို့လို့ အထူးတောင် ဆုတောင်းစရာမလိုပါဘူး။ ကျက်သရေရှိပြီးသား။ မင်္ဂလာရှိပြီးသား။ နတ်တွေက လိုလားပြီးသား။ စောင့်ရှောက်ပြီးသား။ သို့သော်လဲ ဆုဆိုတာကလဲပေးရသေးတယ်။ သံဃ မေတ္တာဆိုတာပြုရသေးတယ်။ သဗ္ဗဗုဒ္ဓါ] နုဘာဝေန-ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ လောကထွတ်ထား ဘုရားမြတ်တို့၏ အာနုဘော် ကြောင့်လည်းကောင်း။ သဗ္ဗဓမ္မာ နုဘာဝေန-ကိုးပါးဆယ်ပါး တရား တော်မြတ်စါ အာနုဘော်ကြောင့်လည်းကောင်း1 သဗ္ဗသံဃာ နုဘာဝေန- ရှစ်ပါးအရိယာ သံဃာတော်မြတ်တို့၏ အာနုဘော်ကြောင့်လည်းကောင်း၊ ဝေါ-သင်တို့သည်/။ သုခ်ီ-ကိုယ်၏ ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း
သုခ အပြည့်အဝရှိကြကုန်သည်။ ဘဝထ-မုချပုံသေ ဖြစ်ကြပါစေကုန် သတည်း။
အဲဒါကြောင့် မိမိတို့မှာ နဂိုကကျက်သရေရှိပြီးသား။ မင်္ဂလာရှိပြီး သား။ ယနေ့ ကုသိုလ်ကောင်းမှုတွေပြုတယ် မွေးနေ့မင်္ဂလာအခါသမယ လူ ဓ ဝင င္သ လျှ က် ခ င လျ င မှာ အဲဒီကုသိုလ်ကောင်းမှုတွေဟာလဲ အထော အပံ့ဖြစ်တာပဲနော်။ (ချ ဦ. ဝ င္သ . ဝ ၀ ၂. လောကမှာ ဘုန်းကြီးတို့ ကံဆိုတာရှိတယ်။ ကံဆိုတာက တချို့ကံတွေ င င ရ င္ရ (၁၂၂ င င င င္လ ဟာ အင်မတန်စွမ်းအင်ကြီးမားတယ်။ တချို့ကံတွေက စွမ်းအင်နည်းနည်း သေးတယ်။ အားကြီးတဲ့ကံတွေကျတော့ ဘာမှကူစရာမလိုဘူး။ ဟုန်းခနဲ ထပြီး အကျိုးပေးတာပဲ။ အားနည်းတဲ့ကံတွေကျတော့ အကူအမလေး လုပ်ပေးရတယ် အဲဒီအကူအမကို ပယောဂသမ္ပတ္တိတဲ့1 ပယောဂသမ္မတ္တိ ဆိုတာ ပယောဂက-လုံ့လ၊ သမ္ပတ္တိက-ပြည့်စုံခြင်း၊ လုံ့လနှင့်ပြည့်စုံခြင်း၊ ဝ င္သ ရ မ မ ဇ င ချ င. င္သ ဝ လုံ့လဆိုပေမယ့် ဉာဏ်ပါပါတယ်။ ဉာဏ်လုံ့လနှင့်ပြည့်စုံခြင်း၊ အသိ ၀ လျ ၀ င ဝ္ဝ (ရြ ရျ ရ ချ (ချြ င ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ မိမိကိုယ်ကို စောင့်ရှောက်တတ်တယ်နော်။ င ၀ ၂ လျ ၀၂. ဂ င ဓ င ကုသိုလ်တွေဆိုတာက ကောင်းတဲ့အကျိုးကိုပေးတတ်တယ်( ကံကကောင်း နေရင်လဲ ကောင်းသထက်ကောင်းအောင် ကူမပေးတတ်တယ်။ ကံက ညံ့နေရင်လဲ သူကည္ခံတဲ့ကံဖျောက်ပြီးတော့ ကောင်းတဲ့ကံရောက်လာအောင် ၁ င င စ လူ ၂၅ ၂၂ ရ ရျ အထောက်အပံ့ပေးတတ်တယ် ညံ့တဲ့ကံက အားရှိတဲ့ကံဖြစ်လာအောင် ချ င္ရ ဗျိ ရ ဝ စ င ဝင အကူအမပေးတတ်တယ်။ အဲ့ဒ ကို ပယောဂသမ္ပတ္တိခေါ် တယ်။ ကုသိုလ် ကောင်းမှုတွေဟာ ပယောဂသမ္ပတ္တိရှိပြီဆိုရင် အားသေးတဲ့ကံဟာ အား ကြီးလာတယ်။ မကောင်းတဲ့ကံပျောက်ရတယ်။ ကောင်းတဲ့ကံဟာ အားသေးရင် အားကြီးလာတယ်။ အားကြီးလို့ရှိရင် အားကြီးသထက် (ချ င ဝဝ ဝ (ချ အားကြီးရတယ်1 ဒါကြောင့် ပယောဂသမ္ပတ္တိဆိုတာရှိတယ်။ ယနေ့ လှူကြတန်းကြတယ်။ သီလဆောက်တည်ကြတယ်။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းကြတယ်။ အားလုံး ဒါတွေဟာ ပယောဂသမ္ပတ္တိပဲ။ မကျန်းမာရင် ဝ ရျ င ချ ရျ င ဓ င္လ ကျန်းမာအောင် စောင့်ရှောက်တတ်တယ်။ စီးပွားရေးအခြေမလှရင် စီးပွားရေးအခြေလှအောင် စောင့်ရှောက်တတ်တယ်1 ကံညံ့သွားရင် ကံကောင်းအောင် စောင့်ရှောက်တတ်တယ်။ ဒါ့ကြောင့်မို့လို့ ယနေ့ဒွေးနေ့
မင်္ဂလာအခါသမယဒ် ပြုအပ်သော ကုသိုလ်ကောင်းမှုတို့သည် ပယောဂ သမ္ပတ္တိဖြစ်ဤ မကောင်းသော ဘေးဒဏ်ရန်စွယ် အန္တရာယ်တို့နှင့်တကွ မကောင်းသောကံဆိုး။ နက္ခတ်ဆိုး။ ဂြိုဟ်ဆိုးတို့ကို ကာကွယ်တားဆီးရွ ကောင်းသောနက္ခတ်၊ ကောင်းသောဂြိုဟ်စီး ဂြိုဟ်နင်း' ကောင်းသော မင်္ဂလာတို့နှင့် ပြည့်စုံအောင် ဆောင်ရွက်တတ်သည်ဖြစ်ရွွ ဤနေ့။ ဤအချိန်1 ဤအခါမှစရွ် ကောင်းမြတ်သော က္ကဋ္ဌအာရုံတို့ အမြဲတမ်း ကြုံကြရသည်ဖြစ်ရွ မကောင်းသော အမင်္ဂလာမျိုး အဆိုးမှန်သမျှ ကင်းလွတ်ငြိမ်းကြသည်ဖြစ်ရွ အလှူရေစက် လက်နှင့်မကွာ ဘာဝနာ သီလ မှန်မှန်ကန်ကန် စောင့်ထိန်းပွားများနိုင်ကြဤ အလိုရှိအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
၁၂၄၆--ခု။ ဝါခေါင်လဆုတ် ၈-ရက်။ (၁၉။ ၈။ ၈၄) ကြည့်မြင်တိုင်။ ဒကာဦးဘသန်း၏ ၆၆-နစ်မြောက် မွေးနေ့ဆွမ်း အနုမောဒနာ တရားတော်၊
မြတ်ပန်းရဂုံမဂ္ဂဇင်းမှ
သဒ္ဓါဆွမ်းအနုမောဒနာ
အာယုံဒေတိ-အသက်ကို ပေးလှူသည်မည်တယ်။ ဆွမ်းစားရရင် အသက်ရှည်တယ်1 ဒီတော့ ဆွမ်းအလှူဒါနက သံဃာတော်တွေကို အသက်ပေးလှူသည်မည်သောကြောင့် မိမိတို့မှာလဲ ဒီဘဝနောင်ဘဝ အသက်ရှည်ခြင်းအကျိုးကိုရတယ်( ဆွမ်းစားရရင် သံဃာတော်တွေ ကိုယ် ကြည်လင်ကြတယ်။ စိတ်ကြည်လင်ကြတယ်။ အဆင်းကိုပေးလှူသည် မည်သောကြောင့် ဆွမ်းဒကာဒကာမတွေ အဆင်းလှခြင်း အကျိုးကိုလဲ ခံစားရတတ်တယ်တဲ့။ သုခံဒေတိ-ချမ်းသာကိုပေးလှူသည်မည်တယ်။ ဆွမ်းစားရရင် ကိုယ်ချမ်းသာတယ်။ စိတ်ချမ်းသာတယ်။ ဒီတော့ အလှူခံပုဂ္ဂိုလ်တွေချမ်းသာအောင် လှူတာဖြစ်သောကြောင့် ဆွမ်းအလှူဒါန ပေးလှူတဲ့ဒကာ၊ ဒကာမတွေမှာ ချမ်းသာကိုပေးလှူသည်မည်တယ်။ ကိုယ်ချမ်းသာခြင်းပေးလှူသည်မည်တယ်။ စိတ်ချမ်းသာခြင်းပေးလှူသည် မည်တယ်။ ချမ်းသာကိုပေးလှူသည်မည်သောကြောင့် မိမိတို့မှာ ဖြစ်လေ ရာရာ သံသရာဘ၀/ဤဘဝနောင်ဘဝ' ဘဝတိုင်းမှာ ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းအကျိုးကို ခံစားရတယ်။ တူသောအကျိုးပေးတယ်ဆိုတဲ့ သဘာဝအတိုင်း၊ ဗလံဒေတိ-အားခွန်ဗလကို ပေးလှူသည်မည်တယ်။ ဆွမ်းစားရတော့ သံဃာတော်တွေ ခွန်အားပြည့်ဖြိုးတယ်။ အဲဒီတော့ ဒီလိုခွန်အားပြည့်ဖြိုးအောင် အလှူ့ရှင်တွေကပြုတာဖြစ်သောကြောင့် ဆွမ်းလှူခြင်းသည် ခွန်အားဗလကို လှူသည်မည်တယ်။ ခွန်အားဗလ လှူသည်မည်သောကြောင့် မိမိတို့မှာ ဤဘဝ-နောင်ဘဝ ဖြစ်ရာဘဝန် ကျန်းမာစွာနဲ့ ခွန်းအားပြည့်ခြင်း၊ အားခွန်ဗလ ကြီးမားခြင်းအကျိုးကို
ခံစားရတယ်။ ပဋိဘာနံဒေတိ-ပညာကိုလှူသည်မည်တယ် ဆွမ်းစားရ တော့ ခုနပြောသလို ကိုယ်ချမ်းသာတယ်။ စိတ်ချမ်းသာတယ်။ ချမ်းသာ တော့ အဲဒီချမ်းသာက သမာဓိဖြစ်အောင်အားပေးတယ်။ အဲဒီသဓာဓိက ပညာဖြစ်အောင်အားပေးတယ်။ ပညာကောင်းအောင် တိုးတက်အောင် အားပေးတယ်။ ဒါကြောင့် ဆွမ်းအလှူဒါနဟာ ပညာတိုးအောင် ဆောင်ရွက် ပေးလို့ ပညာကိုလှူသည်လဲမည်တယ် လှူရာလဲရောက်တယ်။ အဲဒီလို ပညာလှူရာရောက်သောကြောင့် ဆွမ်းအလှူဒကာ ဒကာမတွေ ခံစားရတယ် လို့ အဲသလိုအကျိုးငါးပါး ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတယ်
ဒီတော့ မိမိတို့မှာ အဲဒီအကျိုးတွေက မနည်းဘူး နောက်ဆုံး ပညာ ကြီးမားခြင်းဆိုတာကတော့ အင်မတန်အရေးကြီးတဲ့အကျိုးတစ်ရပ်။ ပညာ ဆိုတာ လောကသိပ္ပံပညာ ဝိဇ္ဇာပညာ အစရှိသော လောကပညာတွေ။ ဒါတွေလဲတတ်မြောက်ရင်ကောင်းတာပဲ1 ဒါပေမဲ့ အဲဒါတွေထက်အရေး ကြီးတာက ဘာတုံးဆိုတော့ မိမိတို့ ယနေ့ သာသနာခေတ်နဲ့ ကြုံ ကြိုက်တဲ့အခါ မိမိတို့ဒုက္ခမြန်မြန်ငြိမ်းကြောင်း' သံသရာဒုက္ခတွေ မြန်မြန် ငြိမ်းကြောင်း။ တကယ့်ချမ်းသာဆိုရတဲ့ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန် ချမ်းသာတွေရကြောင်း ကောင်းမြတ်သောပညာတွေး ဝိပဿနာပညာ။ မင်္ဂပညာဖိုလ်ပညာအထိ ပညာတွေဟာ အရေးကြီးတယ်။ ပညာတွေ ရခြင်းအကြောင်းလဲဖြစ်တယ်။ ယနေ့လှူရတဲ့ အလှူဒါန-
ဒီတော့ ဒါနတစ်ခုဟာလှူပြီဆိုရင် ဒါနရှင်တွေအကုန်လုံး အကျိုးပေး အားဖြင့် တူသလားဆိုတော့ မတူဘူးနော် အလှူလိုက်ပြီးတော့ အကျိုးပေး နည်းတယ်များတယ်။ ကြီးတယ်ငယ်တယ်။ ဒီလို ကွဲပြားခြားနားချက်တွေ ရှိတယ်။ သက္တစ္စဒါနတဲ့ ရိုရိုသေသေပေးလှူတယ် အဲဒီဒါနဟာ မွန်မြတ် တဲ့ဒါနဖြစ်တယ်။ တချို့ လှူဖွယ်၀တ္ထုတွေကို အလှူခံပုဂ္ဂိုလ်တွေကို ရိုရိုသေသေ ကောင်းကောင်းမွန်မွန်ပြုပြီးတော့ လူတတ်တာမဟုတ်ဘူး။ လှူဖွယ်ဝတ္ထုလဲ တော်သလိုလျော်သလို) အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာလဲ တော်သလိုလျော်သလို သိပ်လေးလေးစားစား ရိုရိုသေသေ မရှိကြဘူး။
အဲသလိုမဟုတ်ဘဲနဲ့ လှူဖွယ်ဝတ္ထုတွေကိုလဲ ကောင်းကောင်းမွန်မွန်
ဖြစ်အောင်ပြုပြင်စီမံပြီးလှူကြ။ အလှူခံပုဂ္ဂိုလ်တွေကိုလဲ ရိုရိုသေသေ လေးလေးစားစား ကိုယ်ထိလက်ရောက်ဆိုသလို လှူကြစသည်ဖြင့် ရိုရို သေသေပေးလှူမှုဟာ အလှူအကျိုးကြီးခြင်းရဲ့အကြောင်းတစ်ရပ်။ အလှူချင်း တူပါစေ။ တစ်ဦးက ပေါ့ပေါ့ဆဆလှူတယ်။ လေးလေးစားစားမရှိဘူး။ သိပ်ရိုရိုသေသေမရှိဘူးး တစ်ဦးသောအလှူရှင်က ရိိရိုသေသေရှိတယ်။ လေးလေးစားစားရှိတယ်။ အလှူကိုလဲ ကောင်းကောင်းမွန်မွန်ဖြစ်အောင် ပြုပြင်လှူတယ်။ အလှူခံပုဂ္ဂိုလ်တွေအပေါ်မလဲ ရိုရိုသေသေ ပေးကမ်း လှူဒါန်းတယ် စသည်ဖြင့် သတ္တစ္စဒါနခေါ်တဲ့ ရိုသေသမှုပြုတဲ့ အလှူဒါန မျိုးဟာ သာမန်လှူတဲ့အလှူဒါနထက် အဆရာပေါင်းထောင်ပေါင်း သိန်းသန်းကုဋေမက ပိုပြီးတော့အကျိုးကြီးတတ်တယ်။ ဒီတော့ အလှူ ဆိုတာ လှူတဲ့ပုဂ္ဂိုလ်ရဲ့ လှူဒါန်းတဲ့အခါ ပြုမူမှု ဆောင်ရွက်မှု စသည်ဟာလဲ အလှူကြီးခြင်း အကျိုးကြီးခြင်းကို ဖန်တီးပေးတယ်။
သာဟတ္ထိက ဒါန-တချို့ ကိုယ်ထိလက်ရောက် လှူကြတယ်' တချို့ ကတော့ မျက်နှာလွှဲခဲပစ်။ သူများကို ကပ်ခိုင်းလှူခိုင်း အဲသလိုလှူကြ တယ် စသည်ဖြင့်ဆိုရင် ဒါကွာခြားချက်ရှိတယ်။ ကိုယ်ထိလက်ရောက် သာဟတ္ထိကမြောက်အောင်လှူတဲ့ အလှူရှင်ရဲ့အလှူကို တော်သလိုလျော်သလို လှူတဲ့အလှူက မမီပြန်ဘူး။
အပဝိဒ္ဓံဒါနံဒေတိ-တချို့လှူတာက ပစ်လိုက်သလို ပစ္စည်းတစ်ခုကို ပစ်ပေးလိုက်သလို လှူတဲ့အလှူမျိုး တချို့ကပစ်လိုက်သလို မဟုတ်ဘူး။ တစ်ခါတည်း သိမ်းယူလိုက်သလို လှူတဲ့အလှူလဲရှိတယ်။ ခုနပြောသလို ပဲ ရိုရိုသေသေလှူရင်။ သိမ်းယူလိုက်သလိုလှူတာပဲ။ ကိုယ်ထိလက်ရောက် လှူတယ်ဆိုရင် ဒါသိမ်းယူလိုက်သလိုလှူတာပဲ။ ပစ်ပစ်ခါခါလှူတဲ့အလှူ မျိုးမဟုတ်ဘူး။ ဒါသူတော်ကောင်းဒါနခေါ်တယ်1 ရိုရိုသေသေလှူတာဟာ သူတော်ကောင်းဒါန၊ ကိုယ်ထိလက်ရောက်လှူတယ်ဆိုတာ သူတော်ကောင်း ဒါန၊ ပစ်လိုက်သလိုမဟုတ်ဘဲနဲ့ သိမ်းယူလိုက်သလို တကယ့် လိုလို ချင်ချင် လေးလေးစားစားနဲ့ လှူတာမျိုးဟာ သူတော်ကောင်းဒါန၊
ကံ-ကံရဲ့အကျိုးကို ယုံကြည်ပြီး လှူတာဟာ သူတော်ကောင်းဒါနတဲ့။
တချို့က သူများလှူလို့သာလှူတာ ဘာမှန်းညာမှန်းမသိကြဘူး။ အထူး သဖြင့် ဒီဒါနဆိုတဲ့ကောင်းမှုဟာ ကိုယ့်ကိုကောင်းကျိုးပေးလိမ့်မယ်1 ဒီဘဝနောင်ဘဝ ဘဝခပ်သိမ်းမှာ တို့အတွက် ကောင်းကျိုးတွေဖြစ်စေလိမ့် မယ်။ တို့အတွက် ပစ္စည်းဥစ္စာဒ်ိလည်းကောင်းး' အဆင်းပညာစသည်ခွ် လည်းကောင်း၊ ခွန်အားဗလစသည်ခလည်းကောင်း တိုးတက်ကြီးပွားမှု တွေရအောင် ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်တဲ့သဒ္ဓါတရားရှိပြီး လှူကြရတယ်။ အဲသလိုသဒ္ဓါတရားရှိမှ သူတော်ကောင်းဒါန၊
သဒ္ဓါတရားမရှိဘဲနဲ့ သူများလှူလို့ ၀တ္ထရားရှိလို့ စသည်ဖြင့် အဲသလို လှူတာမျိုးကတော့ ဒါ ဉာံဏ်မပါလို့ သမ္မာဒိဋ္ဌိဆိုတဲ့ ဉဉာဏ်မပါလို့ ဥဉာဏဝိပ္ပယုတ်ကုသိုလ်မျိုးလို့ဆိုတယ်။ ဘုန်းကြီးတို့စာလို အဘိဓမ္မာ သုံးနဲ့ပြောရင် ဉာဏဝိပ္ပယုတ်ကုသိုလ်မျိုး အဲသလိုမဟုတ်ဘဲနဲ့ ကောင်း ကျိုးရလိမ့်မယ်လို့ ယုံကြည်တဲ့သဒ္ဓါဉာဏ်ရှိပြီးတော့ လှူရင်း ဒါသမ္မာဒိဋ္ဌိ ပါတဲ့ ကုသိုလ်မို့လို့ သူတော်ကောင်းဒါန
အဲသလို ဒါနဆိုတာက မိမိတို့အပြုအမူ။ မိမိတို့အသိဉာဏ်ဆင်ခြင် မှု တွေးခေါ်မှုအရ အကျိုးကြီးတယ်မကြီးဘူး သူတော်ကောင်းဒါန၊ သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဒါန စသည်တွေဟာ ကွာခြားမှု ရှိတယ်ဆိုတာ ဒါကျမ်းဂန်အရသိရတား။ ဒါကြောင့် သူတော်ကောင်းဒါန က တစ်မျိုး။ သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဒါနကတစ်မျိုး ဘုန်းကြီးတို့ ကျမ်းဂန်မှာရှိတယ်။
ဘုန်းကြီးတို့ကျမ်းဂန်မှာ ရှေးတုန်းက ပါယာသိရာဇညမင်းဆိုတာ ရှိတယ်။ သူက ပထမတော့ မိစ္ဆာဒိဋ္ဌိအယူမှားနေတယ်4 တမလွန်ဘဝဆို တာ မရှိဘူး။ ကုသိုလ်ကံရဲ့ကောင်းကျိုးး အကုသိုလ်ကံရဲ့ မကောင်းကျိုး ဆိုတာ မရှိဘူးဆိုပြီးတော့ ယူဆနေတဲ့မင်းကြီး ဒယူလွဲနေတယ်။ နောက် ကျတော့ ရှင်ကုဓမာရကဿပဆိုတဲ့ ရဟန္တာမထေရ်မြတ်ကြီးနဲ့တွေ့တော့မှ၊ အဲဒီရဟန္တာမထေရ်မြတ်ကြီးက သူ့ကိုချွတ်လိုက်လို့ ကျွတ်သွားတယ်။ သူကလဲ သူ့ယုတ္တိနဲ့သူ။ တမလွန်ဘဝမရှိဘူး။ ကုသိုလ်ကံ အကုသိုလ်ကံ တို့ရဲ့ အကျိုးမရှိဘူးဆိုတာပြောတယ်1
အရှင်ကုမာရကဿပမထေရ်မြတ်ကြီးကလဲ နည်းအမျိုးမျိုး ယုတ္တိ အမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့တင်ပြပြီးတော့ ဖြေရှင်းတယ်။ နောက် ဆုံးကျတော့ သူအလျှော့ပေးရတာပဲ။ နောက်ဆုံးကျတော့ သူလက်ခံလာ ရတယ်။ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့အကျိုးရှိတယ်။ တမလွန်ဘဝ ဆိုတာရှိတယ်ဆိုတာ သူလက်ခံလာရတယ်။ လက်ခံတော့မှ လှူတယ်တဲ့း နောက်နောက်က လှူတာမဟုတ်ဘူးတဲ့။ အဲသလို ရှင်ကုမာရကဿပ မထေရ်မြတ်က ဆုံးမတော့မှ နောက်ဆုံးလက်ခံပြီးတော့ အလှူဒါနပေး တယ်။ ပေးတော့လဲ အလှူကြီးပေးတာပါ။ နေ့တိုင်းနေ့တိုင်း အရပ် လေးမျက်နှာကလာကြတဲ့သူတောင်းစားတွေ။ ခိုကိုးရာမဲ့တွေး ခရီးသွား တွေ ဘာတွေ လှူဒါန်း၊ ရဟန်းပုဏ္ဍားတွေ လှူဒါန်း။ အဲသလို အလှူကြီး ပေးတယ် ဒါပေမဲ့။
သူကိုယ်တိုင်ကတော့ ဘာမှကြောင့်ကြမစိုက်ဘူး။ ဥတ္တရလုလင် ဆိုတာကို လွှဲအပ်ထားလို့ ဥတ္တရလုလင်က အလှူရှင်လိုပဲ သူက ကြောင့်ကြစိုက်တယ် သူကပစ္စည်းကုန်ကျခံပြီး မလှူပေမယ့် အလှူရှင်လိုပဲ သူက ကြောင့်ကြစိုက်ပြီးတော့လှူတယ် အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာလဲ ကောင်းကောင်းဆက်ဆံတယ်။ လှူဖွယ်၀တ္ထုတွေကိုလဲ ကောင်းမွန် အောင်စီမံပြီး ပေးကမ်းကျွေးမွေးတယ်။ လေးလေးစားစား ရိုရိုသေသေနဲ့ ကြောင့်ကြစိုက်ခဲ့တယ်။
အဲဒီတော့ . . . အလှူရှင်ကတော့ မျက်နှာလွှဲခဲပငစ် သူကဘာမှ ကြောင့်ကြမစိုက်ဘူး လှူရေးတန်းရေးမှာ ကိုယ်ထိလက်ရောက်လှူဖို့မပြော နဲ့ သွားတောင်မသွားဘူး။ ဥတ္တရလုလင်ကိုသာ တာဝန်အားလုံး လွှဲလိုက် တယ်။ အဲဒီတော့ ဝေယျာဝစ္စအကျိုးဆိုတာလဲ နည်းတာမဟုတ်ဘူး နောင်အကျိုးပေးတဲ့အခါကျတော့ အလှူရှင်ကအကျိုးပေးညံ့ပြီးတော့ ဟို အလှူရှင်မှာ ကြောင့်ကြစိုက်ပြီးတော့ တာဝန်ယူရတဲ့ ဥတ္တရလုလင်ဆိုတာက အကျိုးပေး သာသွားတယ်။ အဲဒီအလှူကို တာဝန်ယူရကြောင့်ကြစိုက်ရတဲ့ ဥတ္တရလုလင်က တာဝတိ။ သာနတ်ပြည်ဆိုတဲ့ အထက်နတ်ပြည်မှာ အခြွေအရံ တွေနဲ့ ပျော်ပျော်ပါးပါး စည်းစိမ်တွေခံစားရတယ်။ အလှူရှင်ဖြစ်တဲ့
ပါယာသိရာဇဧညမင်းကတော့ ကိုယ်တိုင်လှူတာမဟုတ်ဘူး။ သူများ မျက်နှာ လွှဲထားတာ လွှဲထားတော့သူက အထက်နတ်ပြည်မှာမဖြစ်ဘူး1 အောက် စတုမဟာရာဇိ နတ်ပြည်မှာသွားဖြစ်တယ်။
သွားဖြစ်တော့လဲ ဥတ္တရလုလင်တို့ ခံစားရသလို ဗိမာန်ကြီးကောင်း ကောင်းနဲ့ အခြွေအရံတွေနဲ့ ပျော်ပျော်ပါးပါး အကျိုးခံစားရတာမဟုတ် ဘူး အခြွေအရံမရှိ တုံးတိတိနဲ့ သူ့မှာ အဲဒီမှာ ဗဝိမာန်ကလေးကလဲ သာမည။ အခြွေအရံကလဲမရှိ ငြီးငွေ့ဖွယ်ရာ တစ်ယောက်တည်းသွား ဖြစ်တယ်။ အဲဒီမှာ အလှူရှင်နဲ့ အလှူမှာကြောင့်ကြစိုက်ခဲ့တဲ့ ဥတ္တရလုလင် တို့ ကွာခြားတာဟာ ခုနပြောသလို သက္ကစ္စ-ရိုရိုသေသေလှူမှု။ ကိုယ်ထိ လက်ရောက်လှူမှု၊ တကယ့်အလှူခံတွေအပေါ်မှာ လေးလေးစားစား ဆောင် ရွက်ပေးမှုဆိုတဲ့ အဲဒီအရည်အချင်းတွေက ကွာခြားလို့ အလှူရှင်တွေက အောက်ရောက်တယ်။ အလှူမှာကြောင့်ကြစိုက်တဲ့ ဥတ္တရလုလင်က အထက်ရောက်ပြီးတော့ စည်းစိမ်ချမ်းသာနေရာမှာလဲ အင်မတန်အဆင့် အတန်းကွာခြားပြီးတော့ တွေ့မြင်ခံစားကြရတယ်။ ဒါကြောင့်
အလှူဒါနဆိုတာလဲ သတ္တစ္စဒါနမြောက်အောင်လှူတဲ့ အလှူရှင်ရဲ့ အလှူဟာ ပိုပြီးအကျိုးကြီးတယ်။ ရိုရိုသေသေ လေးလေးစားစား ကိုယ်တိုင် ကိုယ်ကျ လှူကြတန်းကြ။ ဗိမိအလှူမှာ ကိုယ်တိုင်ကိုယ်ကျလှူခင်း ရိရ သေသေ လှူခြင်း'း လေးလေးစားစားလှူခြင်းဟာ အလှူ အကျိုးကြီးခြင်း အကြောင်းပဲ ဒါကြောင့်၊
ယနေ့ မိမိတို့မှာ သက္တစ္စဒါန အရိုအသေလှူရတဲ့ သတ္ကစ္စဒါနမြောက် ကြတယ်။ ကိုယ်ထိလက်ရောက်လှူရတဲ့ သာဟတ္ထိကဒါနခေါ်တဲ့ ဒါန မြောက်ကြတယ်။ စွန့်ပစ်လိုက်သကဲ့သို့မဟုတ်ဘဲနဲ့ တကယ်သိမ်းသလို လိုလိုချင်ချင် တက်တက်ကြြကြြ လှူဒါန်းကြတာဖြစ်သောကြောင့် အနုပဝိဒ္ဓ ဆိုတဲ့ သူတော်ကောင်းဒါနဖြစ်ကြတယ်။
မိမိတို့မှာ သမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ရှိကြတယ်1 ကောင်းမှုပြုရင် ကောင်းကျိုးရတယ်။ မကောင်းမှုပြုရင် မကောင်းကျိုးပေးလိမ့်မယ်ဆို တဲ့ အဲ့ဒီအသိဉာဏ်မျိုး၊ အဲ့ဒီပညာမျိုး၊ အဲ့ဒီ သမ္မာဒိဋ္ဌိမျိုး။ မိမိတို့မှာ
ရှိနေကြတယ်။ ရှိနေကြသောကြောင့် အလှူအကျိုးကြီးခြင်း အကောင်း တွေ ပြည့်စုံလျက်ရှိသောကြောင့် ယနေ့မိမိတို့လှူတဲ့ ဆွမ်းအလှူဟာ မိမိတို့ လိုလားသည်ထက်ပိုပြီးတော့ ကောင်းကျိုးတွေ ချမ်းသာတွေ ရ လန့မယ်လို ယူထြည်ခြင်းသန္ဓ သိညြင်နားလည် ခြင်း တရားမြင့် ကုသိုလ တွေကို ထဝ်ကာထဝ်ကာ ဆင်ခြင်စဉ်းစားခြင်းဖြင့် စာဂါနုဿတိ ဖြစ်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
(၂၂-၂-၉၁။ ဝင်းသိငီမိသားစု အရုဏ်ဆွမ်း အနုမောဒနာ။)
မြတ်ပန်းရဂုံမဂ္ဂဇင်းမှ
ဓမ္မဒါနအလှူ အနုမောဒနာတရားတော်
တရားအလှူဆိုတာ အလှူတကာတို့တွင် အမြတ်ဆုံး။ ဘာကြောင့် မြတ်တုံး။
တရားဆိုတာက ဘုရားရှင်ကိုယ်တော်မြတ်များ ပူဇော်ခဲ့တဲ့တရား၊
ယေစ အတီတာသမ္ဗုဒ္ဓါ။ ယေစ ဗုဒ္ဓါ အနာဂတာ
ယောစေတရဟိ သမ္ဗုဒ္ဓေါ1 ဗဟူနံ သောက နာသနေား
သဗ္ဗေ သဒ္ဓမ္မ ဂရုနော။ ဝိဟိသု ဝိဟရန္ဘာစ။
တထာပိ ဝိဟရိဿန္တိ၊ ဧသာ ဗုဒ္ဓါန ဓမ္မတာ။
အတီတာ-ရှေးကပွင့်တော်မူကြပြီး ဖြစ်ကြကုန်သော၊ ယေစဗုဒ္ဓါ- အကြင်ဘုရားရှင်ကိုယ်တော်မြတ်တို့သည်လည်းကောင်း1 အနာဂတာ- နောင်အခါ ပ္ပင့်တော်မူကြမည်ဖြစ်ကုန်သော၊ ယေစဗုဒ္ဓါ-အကြင်ဘုရားရှင် တို့သည်လည်းကောင်း၊ ဗဟူနံ-များစွာသောသတ္တဝါအပေါင်းတို့ါ။ သောကနာသနော-စိုးရိမ်ပူဆွေးမှုသောကကို ပယ်ဖျောက်တတ်သော၊း က္ကဟရဟိ-ယခုခေတ်ထဲခ် ပွင့်တော်မူသော၊ ယောစ သမ္ဗုဒ္ဓေါ-အကြင် ဂေါတမဟု လောကထွတ်ထား ရှင်တော်မြတ်ဘုရားသည်လည်းကောင်း အတ္ထိ-ရှိပါပေ၏။ သဗ္ဗေ-အလုံးစုံကုန်သော ပွင့်ပြီး ပွင့်ဆဲ ပွင့်လတ္တံ့ ဖြစ်ကုန်သော၊ ဧတေသမ္ဗုဒ္ဓါ-ထိုဘုရားရှင်မှန်သမျှတို့သည်။ သဒ္ဓမ္မဂရု နော=တရားတော်ကို အလေးပြုကြကုန်သည်ဖြစ်ရွှ။ ဝိဟရိံသုစ-ရှေးကလဲ နေခဲ့တော်မူခဲ့ကြပါပေပြီ ဝိဟရန္တိစ-ယခုလဲနေဆဲ။ တထာပိ- ထိုမှတစ်ပါးလဲ ဝိဟရိဿန္တိ-နောင်အခါလဲ နေတော်မူကြမည် ဖြစ်ပါပေ ကုန်ဓါ။ ဧသာ-ဤသို့ပွင့်ပြီး ပွင့်ဆဲပွင့်လတ္တံ့ဖြစ်ကုန်သော ဘုရားရှင်
ကိုယ်တော်မြတ်မှန်သမျှ တရားတော်ကို အလေးပြုကြခြင်းသည်။ ဗုဒ္ဓါနံ-ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ် တို့၏ ပြ ဓမ္မတာ-ပြုမြဲစဉ်လာဓမ္မတာကြီး ဖြစ်ပါပေ၏လို့ ဟောတော်မူတဲ့ ဒေသနာအရ-
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့တရားတော်တွေး အဲဒီတရားတော်တွေ ကို ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင် အလေးအမြတ်ပြုတယ်။ အရိုအသေပြုတယ်။ ဒါ့ကြောင့်မို့လို့ အဲဒီတရားတွေဟာ မွန်မြတ်တယ်။ ဘုရားရှင်ကိုယ်တော်မြတ်က အလေးပြုတယ်ဆိုတာ ဘယ်လိုနည်းနဲ့ အလေးပြုတုံးဆိုတော့1 ဂေါစရာသေဝန-ဒီတရားတွေ အာရုံပြုသော အားဖြင့်လဲ အလေးပြုခဲ့တယ်။ ဘာဝနာတွေအာရုံပြုသောအားဖြင့်လဲ အလေးပြုခဲ့တယ်4 ဘာဝနာသေဝန-ဒီတရားတွေ မိမိသဏ္ဌာန်မှာ ဖြစ်အောင် ကြိုးစားခြင်းဖြင့်လည်း အလေးပြုခဲ့တယ်။ ပူဇော်ခဲ့တယ်။ အဲဒီတရားတွေအကုန်လုံးကို ဘုရားရှင်ကိုယ်တော်မြတ်က ဂူဇော်ခြင်းဆိုတဲ့ အလေးပြုမှုဖြင့် အလေးပြုခဲ့တဲ့တရားတွေပဲ။ ဘုရားရှင်ကိုယ်တော်မြတ် က ပူဇော်ခြင်းဖြင့် တရားတော်ကို အသက်သွင်းပေးသလို ပြုလုပ်ခဲ့တဲ့ တရားတော်တွေ။
တသ္မာဟိ အတ္ထ္ဆကာမေန။း မဟတ္တ မဘိကခ်္ခတာ။း
သဒ္ဓမ္မော ဂရုကာတဗ္ဗော။ သရံဗုဒ္ဓါနသာသနံ
တသ္မာဟိ=တသ္မာဧ၀- ထိုသို့ ပွင့်ပြီးပွင့်ဆဲပွင့်လတ္တံ့ဖြစ်သော ဘုရား ရှင် ကိုယ်တော်မြတ်မှန်သမျှ ပူဇော်ကြ မြတ်နိုးကြ အလေးပြုခဲ့ကြသည်ဖြစ် သောကြောင့်။ အတ္ထကာမေန-အကျိုးစီးပွားကို လိုလားတောင့်တသော၊ မဟတ္တံ-မြတ်သည်၏ အဖြစ်ကို1 မဟတ္တံ-အဘက်ဘက်ခ်် တိုးတက် ။ မင့်မြတ်သည်၏ အဖြစ်ကို1 အဘိကခ်ံတာ-လိုလားတောင့်တသော အမျိုး ဧကာင်းသား။ အမျိုးကောင်းသမီးမှန်သမျွသည်။ ဗုဒ္ဓါနံ-ဘုရားရှင် ကိုယ်တော်မြတ်တို့၏ / သာသနံ-ကျိုးကြောင်းထုံးပြ အဆုံးအမကို သရ- သရန္တာ-အောက်မေ့ကြကုန်လျက်။ သဒ္ဓမ္မော-ရှင်တော်မြတ်ဘုရား ကိုယ်တော်တိုင် အလေးပြုအပ်တဲ့ သဒ္ဓမ္မသုံးဖြာသာသနာဆိုတဲ့
တရားတော်မြတ်ကို၊ ဂရုကာတဗ္ဗော-အမြဲမပြတ် အလေးပြုအဝ်လှပါပေ သတည်း။
လို့ ဟောတော်မူတဲ့ဒေသနာအရ တရားဆိုတာမွန်မြတ်တယ်။ ဘုရား ရှင် ကိုယ်တော်မြတ်များ ပူဇော်ခဲ့လို့ အလေးပြုခဲ့လို့ ဒါကြောင့် အဲ့ဒီ ဘုရားရှင်ကိုယ်တော်မြတ်များ အလေးပြုခဲ့လို့ မွန်မြတ်တဲ့တရားတော်ကို ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့ အဆုံးအမရယူကြတဲ့ ခံယူကြတဲ့ ပုဂ္ဂိုလ် မှန်သမျှ ထိုတရားတော်ကို အလေးပြုကြရတယ်။ တရားတော်အလေးပြု တယ်။ တရားတော်ကို ပူဇော်တယ်ဆိုတာဘာတုံး။
မိမိတို့အဖို့မှာ အဲဒီတရားကျင့်ခြင်းဟာလဲ တရားတော်ကို ပူဇော် ခြင်းပဲ လေ့ကျက်သင်အံခြင်းဟာလဲ တရားတော်ကို ပူဇော်ခြင်းပဲ။ ကျင့်လို့ထူးခြားတဲ့တရားတွေရသွားပြီဆိုရင် အဲဒီရခြင်းဟာလဲ ဂူဇော်ခြင်း တစ်မျိုးပဲ။ အဲဒီတော့ တရားတော်ကို ပူဇော်တယ်ဆိုတာဟာ အဲအီသုံးမျိုး နဲ့ ပူဇော်နိုင်ကြတယ်။ အဲဒီတရားတော်လာအတိုင်း ကျင့်ခြင်း၊ ကျင့်ခြင်း ဖြင့် ပူဇော်တယ်။ တရားတော်ကို သင်အံလေ့ကျက်ခြင်း၊ သင်အံလေ့ကျက် ခြင်းဖြင့်လဲပူဇော်တယ်။ သင်အံလေ့ကျက်လို့ ထူးခြားတဲ့မင်တရားရတယ်။ ဖိုလ်တရားရတယ်။ နိဗ္ဗာန်တရားရတယ်။ မဂ်လေးပါး။ ဖိုလ်လေးပါး။ နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာတရားတွေရတယ်။ ရတယ်ဆိုရင် အဲ့ဒီလို ပေါက်ရောက် အောင်မြင်ခြင်းဟာလဲ။ တရားပေါက်သွားခြင်းဟာလဲ အဲဒီတရားကို ပူဇော်ခြင်းပဲ။
အဲသလို သုံးနည်းသုံးမျုးဖြင် တုန်းကြီးဝိုဆရားတော်ကို ပူဇော် နိုင်ကြတယ်။ ဒီတော့ ဒီတရားတော်ကို ကိုယ်တိုင်ဟောခြင်းဟာလဲ တရားတော်ကိုပူဇော်ခြင်းတစ်မျိုးပဲ။ စာပေကျမ်းဂန်ရေးသားပြီးတော့ သူတစ်ပါး အကျိုးရှိအောင် ဖြန့််ဝေတာဟာလဲ တရားတော်ကိုပူဇော်ခြင်း တစ်မျိုးပဲ။ တရားတော်ကို ပေးလှူခြင်းတစ်မျိုး၊ ပေးလှူခြင်းဟာလဲပူဇော် ခြင်းပဲ အဲဒီတရားတော်တွေကို ယခုလိုအများအကျိုးရှိအောင် ဓမ္မဒါန အပေုနဲ့ ဖြန့်ဝေခြင်းဟာလဲ တရားတော်ကိုပူဇော်ခြင်းပဲ။ ဒီတော့ တရား တော်ပူဇော်ခြင်းဆိုတာ မိမိတို့အဖို့ နည်းအမျိုးမျိုးနဲ့ ပူဇော်နိုင်ကြတယ်
ယခု ဓမ္မဒါန၊ တရားအလှူပေးခြင်းဟာလဲ တရားတော်ကို တစ်နည်း တစ်လမ်းအားဖြင့် ပူဇော်ခြင်းတစ်မျိုးပဲ1 မိမိတို့မှာ အဲဒီတရား ကျင့်လဲ ကျင့်ကြတယ်။ ကျင့်ခြင်းဖြင့်လဲ ပူဇော်ခဲ့ပြီး တတ်နိုင်သမျှ ကျက်ကြ တယ်။ မှတ်ကြတယ်။ သင်ကြတယ်။ အဲဒီနည်းနဲ့လဲ မိမိတို့ပူဇော်ခဲ့ပြီ။ ယနေ့တရားတော်ကို အများသိနားလည်အောင် ဟောပြောခြင်း၊ ဟော ပြောနိုင်အောင် အထောက်အပံ့ပေးခြင်း၊ တရားတော်တွေ သူတစ်ပါးသိ အောင် တစ်နည်းတစ်လမ်းဖြင့် တရားပွဲဆင်ပေးခြင်း အခုလို တရားတွေ ရေးသားထားတဲ့ တရားစာအုပ်တွေ ဖြန့်ဝေပေးခြင်း၊ လှူဒါန်းခြင်း၊ အဲဒီ တရားတွေ လူအများသိအောင်ဆောင်ရွက်ပေးခြင်း အားလုံးဟာ ဓမ္မဒါန ချည်းပဲ
အဲဒီဓမ္မဒါနတွေဟာလဲ မိမိတို့အဖို့ ဓမ္မဒါနဖြင့် တရားကိုပူဇော် ခြင်းတစ်မျိုးပဲ။ အဲ့ဒီတရားပူဇော်ခြင်း တရားကိုပေးလှူခြင်းဖြင့် ပူဇော်ခြင်း၊ အားလုံးပူဇော်မှုမှန်သမျှပာ လောကဒါနမှန်သမျှတို့ထက် သာလွန်တယ်။ ပစ္စည်းဥစ္စာ ပူဇော်တယ်ဆိုတာက သူ့အတွက်သိပ်ပြီးတော့ အဖတ်တင် တာမဟုတ်သေးဘူး။ ဓမ္မတရားပူဇော်တယ်ဆိုတာကတော့။ လှူဒါန်းတယ် ဆိုတာကတော့ အဖတ်တင်သွားတယ်။ အပူဇော်ခံရတဲ့ပုဂ္ဂိုလ်မှာ အဖတ် တင်သွားတယ်။ အဲဒီတရားပူဇာ တရားအလှူသာ ပိုပြီးတော့ ထူးခြားတဲ့ အလှူ။
လောကမှာ တရားဟာ အရေးကြီးဆုံးအရာတစ်ခု။ တရားမရှိရင် အဲ့ဒီလူဟာ တကယ့်လူကောင်းသူမှန်မဟုတ်ဘူး။ တရားမရှိရင် ကောင်း ရာရောက်ဖို့ တယ်မလွယ်ဘူး။ တရားရှိမှ လူကောင်းသူကောင်း တရား ရှိမှ ကောင်းရာမှန်ရာရောက်တယ်။ ဒါကြောင့်မို့လို့ တရားရဲ့အကျိုးဟာ မနည်းဘူး။ အဲဒီမနည်းတဲ့ အကျိုးရှိတဲ့တရားကို အခုလိုဖြန့်ဝေမှု၊ တစ်နည်း နည်းနဲ့ ဖြန့်ဝေမှုတို့တွင် အခုနည်းဟာလဲ အများတရားသိဖို့ တရားရဖို့ ဖြန့်ဝေတဲ့ နည်းလမ်းတစ်စမျိုးမို့လို့ ထူးခြားတဲ့ဓ္မဒါန၊ ထူးခြားတဲ့ဓမ္မပူဇာ
အဲဒီဓမ္မဒါန ဓမ္မဂူဇာကို တို့တစ်တွေ ကံထူးလို့ပြူကြတယ်။ ရှေးဘုန်း ရှေးကံရှိလို့ ပြုကြရတယ်လို့ နှစ်သက်ရွှင်လန်းဝမ်းမြောက်ပြီးတော့ မိတို့
ကုသိုလ်ကိုတိုးပွားအောင် ကြိုးစားအောက်မေ့နိုင်ကြ။ ဆင်ခြင်နိုင်ကြ။ ပွားများနိုင်ကြပါစေကုန်သတည်း။
ရေစက်ချ
အရှင်မြတ်တို့ဘုရား၊ ဘုရားတပည့်တော်တို့သည်။ အလွန်ထူးမြတ်လှ စွာသော တရားတော်ကို တတ်စွမ်းသမျှ ကျင့်ကြံခြင်း' သင်ယူခြင်း၊ အားထုတ်ခြင်းဖြင့် ဓမ္မပူဇာ မင်္ဂလာကုသိုလ်ထူးကို ဆည်းပူးအားထုတ် ခဲ့ကြပါကုန်ဒါ၊ ထိုတရားတော်ကို မြတ်နိုးကြသော ဓမ္မမာမက ဖြစ်ကြ သည့်အတိုင်း မိမိအကျိုးရှိသကဲ့သို့ တစ်ပါးပုဂ္ဂိုလ်တို့အားလဲ အကျိုးရှိ ဖို့ရာ စေတနာထားကြကုန်ရွ် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလှူမှန်သမျှ တို့တွင် ဓမ္မအလှူတရားပူဇော်မှုက သာလွန်အောင်နိုင်ပါပေ၏ဟု ဟောတော်မူသော ဒေသနာတော်ကို အလေးထားကြကုန်ရွ်။ ရဟန်းရှင်လူ အများတို့ အသိဉာဏ်ပွားဖို့ရား စေတနာထားကြကုန်ရွ။ ထိုတရားတော် တို့ကို ပူဇော်လို လှူဒါန်းလိုသည်ဖြစ်ရဤ၊ ထိုတရားတည်းဟူသော အလှူတော်ကို ပူဇော်ပေးဝေလိုသည်ဖြစ်ရွျ။ ယခုအခါ ရတနာသုံးပါး ဦီးထိပ်ထားကြရ် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးနှင့်ပြည့်စုံသော လတော်မြတ်တို့ကို ခံဟူဆောက်တယ်ကြကန်ရ္ဆါ ဤ၀တ္ထုမေ ၁၃၀၀2 ကျပ် တို့ကို အသီးသီး အလှူဒကာ ဒကာမ ခံယူကြကုန်၍ ရွှေကျင် ကျောင်းတိုက် လှူဒါန်းမည်ဖြစ်သောစာအုပ်များအတွက် ဓမ္မဒါနအလှူ ဖြစ်ဖြင့် လှူဒါန်းကြပါကုန်၏ ' ဘုရားတပည့်တော်တို့ဓ၊ါ ယနေ့ပြုရသော ဓမ္မအလှူ ဓမ္မပူဇာ မင်္ဂလာကောင်းမှုကြောင့် ဘုရားတပည့်တော်တို့သည် တရာကို အထူးခြားဆုံး ဆတ်ရောတ်ထြကုန် သည်ဖြစ်ဖဲ) ကြကုန်သည်ဖြစ်၍ ဒုက္ခခပ်သိမ်းအေးငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ ဆိုက်ရောက်ရပါလိုကုန်၏။ နိဗ္ဗာန်မရမီအတွင်းခွိ သံသရာ တစ်ခွင် ကျင်လည်ရသမျှ ပိဋကတ်ဗေဒင်အစရှိသော လောကတတ်ရိုး အတတ်မျိုးတို့ကို အလွယ်တကူ မပင်မပန်း ချမ်းချမ်းသာသာဖြင့် တတ် မြောက် ကျွမ်းကျင်ကြကုန်ရဤ လောကီပညာသာမက မဂ်ဉာဏ်ဖိုလ်
ဉာဏ်တည်းဟူသော လောကုတ္တရာ ဝိဇ္ဇာပညာထူးတို့ကိုလဲ ဆွတ်ခူးနိုင် င္လ တာကယ်အရိဟာ ပညာ တိ့အဖြစ်ဖြစ့် ၀၂၆ဖြန်ဌာ သံသရာဘ၀ငွ လွတ်မြောက်ရပါလိုကုန်၏။
ဤကုသိုလ်ကောင်းမှုတို့၏ အဖို့ဘာဂကို မိဘနှစ်ဖြာ ဆရာသခင် ကျေးဇူးရှင်တို့အားလည်းကောင်း၊ ဆွေမျိုးဉာတိ မိတ်သင်္ဂဟအပေါင်းတို့ အားလည်းကောင်း၊ ဘုရားတပည့်တော်တို့ကို စောင့်ရှောက်နေကြသော နတ်အပေါင်းတို့နှင့်တကွ အလုံးစုံသောနတ်အပေါင်း ဗြဟ္မာအပေါင်း သတ္တဝါအပေါင်းတို့ကိုလည်းကောင်း အမျှပေးဝေကြပါကုန်၏။ ပတ္တိဒါန ဤအမျွကို ရကြဖို့ရာ သာဓုသာဓု ကောင်းချီးပြုကာ ဝမ်းသာကြပါကုန် လော့ ဝမ်းသာအားရ သာဓုခေါ်နိုင်ကြဋ် ကိုယ်စီကိုယ်ငှ အမျှရကာ ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သတည်း။
(အမျှ အမျှ အမျွ ယူတော်မူကြံပါကုန်လော သာဓု သာဓု သာဓု)၃
(၁၉၉၁-ခုနှစ်။ ဇန်နဝါရီလ ၁၂-ရက်နေ့တွင် ပုဇွန်တောင်စျေး။ ဝင်းသိင်္ဂီ ရွှေဆိုင်မိသားစု၏ အလှူပွဲတွင် ဟောကြားတော်မူသော တရားတော် ဖြစ်ပါသည်။) ဓမ္မတံခွန်(မဂ္ဂဇင်း)မှ
သဒ္ဓါဆွမ်းအနုမောဒနာတရားတော်
တစ်ခါက ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး အပြင်းအထန် မကျန်းမမာဖြစ်နေခဲ့တယ်။ ဘုရားရှင်ကိုယ်တော်မြတ် ကြွရောက်ပြီးတော့ ဗောဇ္စျင်ခုနစ်ပါး တရားဟောလို့ ရှင်မဟာကဿဂကြီးရဲ့ ရောဂါ ဝေဒနာဟာ ကင်းပျောက်သွားတယ်။ ထို့အတူပဲ တစ်ခါက ရှင်မဟာ မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး အပြင်းအထန် မကျန်းမမာဖြစ်နေတာ ဘုရားရှင်ကိုယ်တော်တိုင်ပဲ ကြွရောက်ပြီးတော့ ဗောဇ္ဇျင်ခုနစ်ပါးတရား ဟောခဲ့တယ် ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးရဲ့ ရောဂါလဲ နောက် တစ်ခါ ပြန်မပေါ်လာလောက်အောင်ဘဲ အရှင်းပျောက်ခဲ့တယ်။
ထို့အတူပဲ တစ်ခါတုန်းက ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တော်တိုင် မကျန်းမမာ ဝေဒနာဖြစ်တော့ စုန္ဒမထေရ်ကို ရွတ်ခိုင်းပြီးတော့ ဘုရား ရှင် ကိုယ်တော်မြတ် နာယူပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ရောဂါ ဟာလဲ အလျင်းမရောက် ကင်းပျောက်ပြီးတော့ နောက်တစ်ခါ ပြန်ပေါ် မလာတော့ဘူး။ ဗောဇ္စျင်တရားတွေနာရတော့ သြော်-ဒီဗောဇ္ဇျင်တရားတွေ ဟာ တချိန်က တို့သန္တာန်မှာအထင်အရှားဖြစ်ပေါ်လာတယ်1 ဖြစ်ပေါ်ဖူးတဲ့ တရားတွေပါလားလို့ ပြန်ပြီးတွေးပြီးတော့ ပီတိ နှစ်သက်ခြင်းတွေဖြစ်။ ပဿနဒ္ဓိဖြစ် စိတ်စေတသိက်တွေငြိမ်းအေးခြင်း၊ အဲဒါနဲ့ အဲဒီအေးငြိမ်း ခြင်း အကြောင်းပြုပြီး ရုပ်တွေး စိတ်တွေး စေတသိက်တွေ ကြည်ပြီးတော့ ရောဂါဟာ အရှင်းပျောက်သွားခြင်းဖြစ်တယ်။ ဒါကြောင့် ဗောဇ္ဇုင်ခုနစ်ပါး တရားဟာ အန္တရာယ်ပျောက်ကြောင်း ဘေးကင်းကြောင်း ရောဂါပျောက် ကြောင်းအဖြစ်ဖြင့် အသိအမှတ်ပြုပြီးတော့ ရွတ်ကြ ဖတ်ကြ ပူဇော်
ကြ တကယ်တော့ ဒီတရားတွေဟာ ရွတ်တာ နာတာထက် ကိုယ်တိုင် ကျင့်ဖို့ ပိုပြီး အရေးကြီးတယ်
သတိ။ ပညာ' ဝီရိယ၊ ပီတိ၊ ပဿနဒ္ဓိ၊ သမာဓိ။ ဥပေက္ခာဆိုတဲ့ တရားတွေအားထုတ်တယ်ဆိုရင် ကိုယ်သန္တာန်မှာဖြစ်တား သတိပဋ္ဌာန် တရားအားထုတ်မယ်ဆိုရင် အဲဒီသတိပဋ္ဌာန်တရားဆိုတာ ဒီတရားတွေနဲ့ အားထုတ်ရတာ သတိ၊ ပညား ဝီရိယ၊ ပီတိ၊ ပဿနဒ္ဓိ၊ သမာဓိ။ ဥပေက္ခာတရားတွေ ဖြစ်ပေါ်ပြီးတော့နေတာ။ တရားအားထုတ်ရင် သတိပဋ္ဌာန်တရားအားထုတ်ရင် အဲဒီတရားတွေဟာ ရင့်လာပြီး နောက်ဆုံး ကူးတူးခြားခြားပွားများလို့ ရင့်လာပြီ အချိန်မွေလာပြီ အနိုန်တက်လာြ ဆိုရင် နောက်ဆုံး သမ္မသနဉဉာဏ် ဥဒယဗ္ဗယဉဉာဏ် စသည်ဖြင့် ဉာဏ်တွေအဆင့်ဆင့် တက်သွားတဲ့အခါ ဥဒယဗ္ဗယဉာဏ်ရောက်တယ် ဆိုရင် အဲဒီသတိပညား ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တရားတွေဟာ ထူးထူးခြားခြားပေါ်လာတာ။ ထူးထူးခြားခြားဖြစ်လာတာ။ ဒီအခိုက်မှာ ပီတိကလဲ အင်မတန်ထူးခြားတဲ့ ပီတိဖြစ်နေတယ်။ ပဿဒ္ဓိ က အင်မတန်ထူးခြားတဲ့ ပဿဒ္ဓိဖြစ်နေတယ်1 သမာဓိ ဥပေက္ခာတွေက လဲ အင်မတန် တိုးတက်ခိုင်မြဲပြီးတော့-
အင်မတန်တရားတွေတက်နေတော့ နောက်ဆုံး ကိုယ်က အားထုတ် ရသလိုမဟုတ်ဘဲနဲ့ သူ့ဟာသူ အလွယ်တကူ အားထုတ်လာတယ်။ အဲသလို ဖြစ်လာတဲ့ ဥပေက္ခာတရားတွေ ဖြစ်လာမယ်။ ဒီအခါမှာ တော်တော် ရောဂါဟာပျောက်နေပြီ အဲဒါကြောင့် နာရုံတင်မက ကျင့်လဲကျင့်ကြံ ရတယ်။ ကျင့်ကြံလို့ရှိရင် ဗောဇ္ဇျင်တွေတက်လာပြီဆိုရင် တော်တော် တန်တန် ကိုယ်ထဲက အညစ်အကြေးတွေဟာ ရောဂါအနာ အညစ် အကြေးတွေဟာပျောက်တယ်။ ရောဂါတွေကင်းတယ်။ ခုနပြောတဲ့ ရှင် မောဂ္ဂလာန် ရင်မဟာကဿပဘုရားရှင်ကိုယ်တော်မြတ်တို့ ရောဂါပျောက် တယ်ဆိုတာ အဲ့သလိုပဲ ပီတိပဿဒ္ဓိတွေက ပေါ်လာတယ်။ ဘောင်းတဲ့ ဓာတ်တွေကပေါ်လာတယ်။ စင်ကြယ်တဲ့။ အေးချမ်းတဲ့ဓာတ်တွေပေါ်လာ တယ်။ မစင်ကြယ်တဲ့ ပူလောင်တဲ့ ရောဂါဓာတ်တွေဟာ ပျောက်ငြိမ်းခြင်း
သို့ ရောက်ရတယ်။
ဒါ့ကြောင့်မို့လို့ ဗောဇ္စွင်တရားကို နာလဲနာပေးရတယ်။ ကျင့်လဲ ကျင့်ပေးရတယ်' ပွားလဲပွားကြရတယ်။ အဲသလိုခစုံမှ ပိုပြီးတော့ မိမိတို့မှာ တကယ်ဒုက္ခငြိမ်းသွားမယ်။ အငြိမ်းဓာတ်ကိုရမယ်။ ယခု အဲဒီ ဗောဇ္စျင်ဟာ အဲဒီမထေရ်မြတ်ကြီးတွေ။ ဘုရားရှင်ကိုယ်တော်မြတ်တို့ ကိလေသာတွေ ငြိမ်းတဲ့အထိ ရောဂါတွေလဲပျောက်ကြတယ် ရောဂါပျောက်ကြောင်း လဲဟုတ်တယ်။ အဝ ရောဂါဆိုတဲ့ ခန္ဓာကိုယ်ရောဂါပျောက်ကြောင်းလဲ ဟုတ်တယ် အတွင်းရောဂါခေါ်တဲ့ အတွင်းက ကိလေသာတွေ ပျောက် ကြောင်းလဲဟုတ်တယ်။ အဲ့ဒီတော့ ရောဂါပျောက်ကြောင်းး ကိလေသာ ပျောက်ကြောင်း ကောင်းမြတ်တဲ့ဗောဇ္စုင်ခုနစ်ပါးတရားတို့ကို ဘုရားရှင် ကိုယ်တော်မြတ်ရဲ့တရားထူးတွေ။ အစွမ်းရှိတဲ့တရားတော်တွေဆိုပြီးတော့ အားကြိုးမာန်တက် နာကြရတယ်။
အတ္ထိ ဟိ သတ္တိ ဓမ္မဿ။ ဓမ္မော နော ဗုဒ္ဓပူဇိတော။ ယေဓမ္မံ အဘိမာနေန္တိ၊ တေ ဟောန္တိ ဥန္နတုန္နတာ။
ဓမ္မဿ။ ရှင်တော်ဟောကြား တရားတော်မြတ်၏ / သတ္တိ။ အစွမ်း သတ္တိသည်။ အတ္ထိဟိ အတ္ထိဧ၀ဝ၊ တကယ်ထင်ရှားရှိသည်သာတည်း။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်တွေမှာ အစွမ်းသတ္တိတွေရှိနေ တယ်။ ဓမ္မသတ္တိ၊ တရားတို့ရဲ့အစွမ်းသတ္တိရှိနေတယ် ဘာကြောင့် ရှိ သတုံးဆိုတော့-ဓမ္မော နော ဗုဒ္ဓပူဇိတော ဓမ္မော၊ တရားတော်မြတ်ကို၊ နော၊ ငါတို့၏။ ဗုဒ္ဓပူဇိတော၊ ဘုရားရှင်ကိုယ်တော်မြတ်သည် ပူဇော် တော်မူအပ်၏။ ဘုရားရှင်ကိုယ်တော်မြတ် ပူဇော်ထုံမွမ်းထားတဲ့ တရား တွေ။ အဲသလိုဘုရားရှင်ကိုယ်တော်မြတ်သည် အာရုံပြုသောအားဖြင့်လည်း ကောင်း။ မိမိသန္တာန်မှာ ဖြစ်ပွားစေသောအားဖြင့်လည်းကောင်း၊ အမျိုးမျိုး အဖုံဖုံ ထုံပွားအခါခါ အထပ်ထပ် မှီဝဲအပ်တဲ့ တရားတွေမို့လို့ အဲဒီတရား တွေမှာ အစွမ်းသတ္တိရှိနေတယ်။
ယေ။ အကြင်ပုဂ္ဂိုလ်တို့သည်။ ဓမ္မံ၊ ထိုကဲ့သို့ တကယ့်အစွမ်းသတ္တိ ရှိတဲ့တရားတော်ကို၊ မာနေန္တိ။ မြတ်နိုးကြကုန်စါ ' တေး ထိုတရားတော်
ကို မြတ်နိုးကြသောပုဂ္ဂိုလ်တို့သည်။ ဥန္န တုန္နတာ။ တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်ကာ တိုးတက်ခြင်းသို့ ရောက်ကြရပါလေကုန်သတည်း။
အပရာဇိတပလ္လင်္ကေး သီသေ ပုထုဝိ ပုက္ခလေး အဘိသေကေ သဗ္ဗဗုဒ္ဓါနံ။ အဂ္ဂပ္ပတ္တော ပမောဒတိ။။
ဇီနော။ ငါးမာရ်အောင်မြင် ဘုရားရှင်သည် သဗ္ဗ ဗုဒ္ဓါန။ ဂင်္ဂါ ဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဗုဒ္ဓထွတ်တင် ရှင်တော်မြတ်ဘုရားတို့၏ အဘိသေကေး ဗုဒ္ဓါဘိသေက ခံယူရာဌာနဖြစ်သော၊ သီသေး မြေတို့ စါ အထွတ်အထိပ် အချက်အချာဖြစ်သော၊ ပုထုဝိပုက္ခလေ။ တင့်တယ်သာ လွန် မြေမွန်မြေကောင်းဖြစ်သော၊ အပရာဇိတပလ္လင်္ကေး အပရာဇိတ တွင်ခေါ် ပလ္လင်တော်မြတ်ခ်။ အဂ္ဂပ္ပတ္တော။ ထွတ်ဖျားတိုင်မြောက် ဘုရား အဖြစ်သို့ ရောက်တော်မူရသည်ဖြစ်ရ ပမောဒတိ။ ရှင်တော်မြတ်ဘုရား နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူရပါပေသတည်း။ ဧ၀မေဝ။ ရှင်တော် မြတ်ဘုရား ဘုရားအဖြစ်သို့ရောက်ရွ် နှစ်သက်ရွှင်ပျ ၀မ်းသာရသလိုပင်။ တုမှေ။ ဘုရားတပည့် ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်း ဖြစ်ကြတဲ့ပုဂ္ဂိုလ်အပေါင်းတို့သည်။ အဂ္ဂပ္ပတ္တော။ မိမိတို့ဆောင်ရွက်သမျှ ထိုထိုကိစ္စ ထိုထိုလုပ်ငန်းအရပ်ရပ်ခွ် လုံးဝပြီးမြောက် အထွတ်အထိဂ်သို့ ရောက်ကြကုန်သည်ဖြစ်ရွ။ ပမောဒတိ။ နှစ်သက်ရွှင်လန်း ဝမ်းမြောက် ကြပါစေကုန်သတည်း။
ဘုရားရှင်ကိုယ်တော်မြတ်သည် တစ်ချိန်က ဘုရားအဖြစ်သို့ ရောက် တော်မူရသည်ဖြစ်ရွ်။ အင်မတန် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရသလို။ ထို့အတူ ဘုရားတပည့်ဖြစ်တဲ့ ဤအိမ်သူအိမ်သားပရိသတ်တွေ မိတ် ဆွေသင်္ဂဟ ဆွေမျိုးဥာတိ ပရိသတ်တွေ။ ဂိမိတို့ ဆောင်ရွက်သမျှ ကြိုး စားသမျှ ထိုထိုကိစ္စ ထိုထိုအမှုတို့ဒွ် လုံးဝပြီးမြောက် အထွတ်အယိပ် သို့ ရောက်ကြ အောင်မြင်ခြင်းသို့ ရောက်ကြကုန်သည်ဖြစ်ရွ နှစ်သက် ရွှင်လန်း ဝမ်းမြောက်ကြရပါစေကုန်သတည်း။ (သာဓု သာဓု သာဓု)
(၁၉၉၁-ခုနှစ်။ ဇန်နဝါရီလ ၁၃-ရက်နေ့တွင် ဦးအောင်ရွှေဦး၏ နေ့ဆွမ်း အလှူပွဲဋိ ဆရာတော်ကြီးဟောကြားသော ဆွမ်းအနုမောဒနာ တရားတော်) ဓမ္မတံခွန်(မဂ္ဂဇင်း)မှ
လူ့ဘဝအနှစ်သာရတရားတော်
ဘုန်းကြီးတို့ ယနေ့ ဒေါက်တာအေးအေးမြင့်ရဲ့ အောင်ပွဲကို အကြောင်းပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြတယ် လောကမှာ ဂုဏ်ဆိုတာ အရေးကြီးတယ်။ လူ့ဘဝမှာ ဂုဏ်ရှိဖို့ အင်မတန် အရေးကြီးတယ်။
သရီရဿ ဂုဏနဉ္စ။ ဒူရမစ္စန္တ မန္တ ရံ။
သရီရ ခဏဝိဒ္ဓံသီ။ ကပ္ပန္တဌာယိနောဂုဏာ။
သရီရဿစ။ ခန္ဓာကိုယ်ကြီး၏ လည်းကောင်း၊ ဂုဏနဉ္စ။ ထိုခန္ဓာ ကိုယ်ကြီးကိုအမှီပြုရ် ရအပ်သောဂုဏ်တို့သည်လည်းကောင်း၊ အန္တရံ။ ကွဲပြားခြားနားခြင်းသည်။ အစ္စန္တ၊ စင်စစ် ဒူရံ။ တစ်ခုနှင့်တစ်ခု အလှမ်း ဝေးကွာလှပါပေ၏။ သရီရး ခန္ဓာကိုယ်ကြီးသည်။ ခဏဝိဒ္ဓံသီး တစ်ခဏ ချင်းပင် ပျက်စီးတတ်သောသဘောရှိပါဝေ၏။ ဂုဏာ၊ ထိုထိုလောကီ လောကုတ္တရာ ဂုဏ်အပေါင်းတို့သည်ကား။ ကပ္ပန္တဌာယိနော။ ကမ္ဘာဆုံး အောင် တည်တတ်သော သဘောရှိကြပါပေကုန်သတည်း။
ဂုဏ်နှင့်ခန္ဓာကိုယ် ခြားနားချက်
ခန္ဓာကိုယ်ကြီးနှင့်ဂုဏ်း ဂုဏ်နှင့်ခန္ဓာကိုယ် ကွဲပြားခြားနားချက်ဟာ အင်မတန် အလှမ်းဝေးကွာတယ်။ ခန္ဓာကိုယ်ကြီးက ပျက်စီးတတ်တယ်။ ပျက်စီးတတ်တယ် တစ်ဘဝစာလေးပဲ နေရတယ်။ တစ်ဘဝစာ ခဏတာ လေးနဲ့ ပျက်စီးတတ်တဲ့သဘောရှိတယ်။
အဲ ဂုဏ်တွေကတော့ မပျက်စီးဘူးတဲ့။ ကမ္ဘာကျေသော်လဲ ဥဒါန်း
မကျေဆိုတာလို ဂုဏ်တွေဆိုတာကတော့ မပျက်စီးတတ်ဘူး။ အရှည်သဖြင့် တည်တတ်တယ်။
အဲ. . . ဘုန်းကြီးတို့ ရူပံဇီရတိ မစ္စာနံ။ နာမဂေါတ္တံ နဇီရတိ လို့ ဘုရားရှင်ကိုယ်တော်မြတ်ဟောတဲ့ ဒေသနာတော်တစ်ရပ်ရှိတယ်။ ရူပံ။ ရုပ်တရားသည်။ ဇီရတိ။ ဆွေးမြည့်ယိုယွင်း ပျက်စီးခြင်းနှင့် ကြုံရပေ၏။ နာမဂေါတ္တံ1 အမည်အမျိုးနွယ်သည်။ နဇီရတိ။ မပျက်စီးတတ်၊ မယို ယွင်းတတ်ပေလို့ ဟောထားတာရှိတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီး၊ ရုပ်တရားကြီးဟာ ပျက်စီးတတ်တယ်။ အဲ နာမည်ဂုဏ်သတင်း။ နာမည် ဂုဏ်သတင်းဟာ ပျက်စီးခြင်းမရှိဘူး။
အဲဒါကြောင့် ဘုန်းကြီးတို့ ရှေးရှေးက လောကဆိုင်ရာ ထင်ရှား ကျော်ကြားတဲ့ ဗုဂ္ဂုလိကြီးတွေရဲ့ ဂုလ်သတင်းဟာ ယနေ့တိုင်အောင် နာမည် မပျောက်ကြဘူး။ သာသနာတော်မှာလဲ ဘုန်းကြီးတို့ ထင်ရှားတဲ့ ဘုရားတို့၊ ရှင်သာရိပုတ္တရာ။ ရှင်မဟာမောဂ္ဂလာန်တို့၂ ခေမာထေရီး ဥပ္ပလဝဏ်ထေရီ တို့ ပုဂ္ဂိုလ်ကြီးတွေ မရှိကြပေမယ့် သူတို့ရဲ့ဂုဏ်သတင်းကတော့ အခုထက်ထိပဲ။ အဲ ရုပ်တရားဟာ ဆွေးမြည့်ယိုယွင်း ပျက်စီးတတ်တယ်1 ဂုဏ်သတင်းတွေဟာ မပျက်စီးတတ်ဘူး' လူသေသော်လဲ နာမည် ကျန်နေတယ်
လူ့ဘဝရတနာ
ဒါကြောင့် ဘုန်းကြီးဟောတဲ့တရားတွေက ဂုဏ်ဆိုတဲ့ ဂုဏ်ဟာ လူ့ဘဝအတွက် အရေးကြီးတယ်။ ရတနာနဲ့ဆိုရင် လူ့ဘဝရတနာတွေပဲ။ အ လဝန ဥန်းကြးတို လူ့ဘဝဆိုတာ ၉န်မြတ်တဘဝ၊ မွန်မြတ်တဲ့ ဘဝ ရတဲ့အခါမှာ မွန်မြတ်တဲ့ လောကီဆိုင်ရာဂုဏ်တွေး ဓမ္မဆိုင်ရာဂုဏ် တွေ ဂုဏ်တွေရခြင်းဟာ လူ့ဘဝရကျိုးနပ်တယ်လို့ ဆိုရတယ် လူ့ဘဝ အရည်အချင်းတွေပဲ
ဂုဏ်မြင့်ကြောင်းတရား
ဒါကြောင့်မို့လို့ လောကမှာဂုဏ်ရှိအောင်ကြိုးစားကြရတယ်။ အဲ
ယခုလိုဂုဏ်ရခြင်းကို အကြောင်းပြုပြီးတော့ ရတနာသုံးပါး ပူဇော်ကြ။
လှူကြ၊ တန်းကြ။ ကုသိုလ်ကောင်းမှုတွေ ပြုကြခြင်းဟာ အဲဒီဂုဏ်တွေ ဒီထက်တိုးတက်ပြီးရခြင်း အကြောင်းဖြစ်တယ် တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် တိုးတက်ပြီးရခြင်း အကြောင်းတရားဖြစ်တယ်။ ၁။ လူ့ဘဝသည် အနှစ်သာရ
ဒါကြောင့် ကုသိုလ်ကောင်းမှုဆိုတာကလဲပဲ လူ့ဘဝရတနာတွေပဲ။ အဲ လူ့အဆင့်အတန်းကို တိုးတက်အောင် ဆောင်ရွက်ပေးတတ်တဲ့ ရတနာ တွေပဲ။ လူ့ဘဝဖြစ်လာတာကိုက ဘုန်းကြီးတို့ ဒါဟာ အနှစ်သာရတစ်မျိုး။
သံသာရေ သာရံ မာနုဿတ္တံ တဟိဉ္စ။
ဝေကလ္လာဘာဝေါ သာဓု သဗ္ဗိန္ခြိယာနံ1
ကောလညံ တသ္မိံ တဿ သောစေယျဘာဝေါ်။
တသ္မိံ သုဿုသာ ဓမ္မရာဇဿ ဓမ္မံ။
သံသာရေး သံသရာကြီးထဲခ် ဖြစ်ပျက်ဖန်ခါ ဖြစ်ပျက်နေရတဲ့ သံသရာကြီးထဲခ်။ မာနုဿတ္တံ။ လူ့ဘဝ လူအဖြစ်သည်။ သာရံ။ အနှစ်သာရအစစ် တကယ်တမ်း ဖြစ်ပါပေ၏ / လူ့ဘဝဟာ တကယ့် အနှစ်သာရပဲ။ အဲ လူဖြစ်တိုင်း အနှစ်သာရရှိရောလားတဲ့။ ဒီလိုတော့လဲ မဟုတ်ဘူး။ အဲ-လူ့ကျင့်၀တ် လူ့တရား လူ့ဘဝဂုဏ်ကျက်သရေတွေ ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တကယ့်အနှစ်သာရပဲ) ဒီအတိုင်း ဆရာ့ဆရာ တို့ မိန့်ကြားတော်မူကြတယ်။
၂ တ္တန္ပြေမချွတ်ယွင်းခြင်းသည်
အနှစ်သာရ
တဟိဉ္စ။ ထိုလူ့ဘဝခိလည်း။ သာဓု။ ကောင်းစွာ။ သဗ္ဗိန္ပြိယာနံ1 မျက်စိ နား။ နှာ။ လျှာ။ ကိုယ်၊ စိတ်ဆိုတဲ့ တ္ကန္ခြေ့တို့၏။ ဝေကလ္လာဘာဝေါ ချွတ်ယွင်းခြင်းမရှိ ကောင်းမွန်ပြည့်စုံသည်စ၊ အဖြစ်သည်။ သာရံ။/ အနှစ် သာရပင်ဖြစ်ပါပေ၏ / အဲ-လူရယ်လို့ဖြစ်လာပြီးတော့ မျက်စိ၊ နား။ လျား တယ်"်တ်ဆိုတဲ ဤတ မန္ပတ်ယွင်းဘဲနဲ့ ပြည်ပြယ် စုံစုံဖြစ်နေခြင်းဟာ အနှစ်သာရတစ်မျိုးပဲတဲ့ 1
၃။ အမျိုးကောင်းဖြစ်ရခြင်းသည်
အနှစ်သာရ
တသ္မိ ထိုလူ့ဘဝဒ်လည်း။ ကောလညံ။ မျိုးကောင်းဆွေကောင်း အမျိုးကောင်းအဆွေကောင်းခွဖြစ်ရခြင်းသည်။ သာရံ။ အနှစ်သာရပင် ဖြစ်ပါပေ၏ / လူဖြစ်ပြန်တော့လဲ မကောင်းတဲ့လူမဟုတ်ဘဲနဲ့ ကောင်း မြတ်တဲ့အကျင့် ကျင့်ကြံနေတဲ့ လူကောင်းသူကောင်းအဖြစ်နဲ့။ အဲ-လူ့ အဆင့်အတန်းမီမီနဲ့ လောကရေးမှာလဲ စားဝတ်နေရေး မပူမပင် မကြောင့်ကြရ။ ဓမ္မရေးမှာလဲ တတ်နိုင်သမျှ အခုလိုကုသိုလ်ကောင်းမှုတွေ ပြုကြရတဲ့လူဖြစ်ရခြင်းဟာ ဒါလူ့ဘဝ အနှစ်သာရတစ်မျိုးတဲ့။ သာရံ။ လူ့ဘ၀၏ အနှစ်သာရပင် ဖြစ်ပါပေ၏။
၄။ စင်ကြယ်ခြင်းသည် အနှစ်သာရ
တဿး ထိုလူ့ဘဝ၏လည်း။ သောစေယျဘာဝေါ။ စင်ကြယ်သည် ၏အဖြစ်သည်။ သာရံ။ အနှစ်သာရပင်ဖြစ်ပါပေ၏။ အဲ-လူဖြစ်လာပြီး တော့ မကောင်းတဲ့အလုပ်တွေလုပ်။ မကောင်းတဲ့အပြောတွေပြော။ မကောင်းတဲ့အကြံတွေကြံ။ ကိုယ်။ နှုတ်၊ စိတ်ထား မစင်ကြယ် မသန့် ရှင်းရင် အဲဒါ လူ့အနှစ်သာရမဟုတ်ဘူး။ အဲ-လူဖြစ်လာပြီးတော့ ကိုယ် ကလဲကောင်းတဲ့အလုပ်လုပ်။ နှှတ်ကလဲကောင်းတဲ့စကားပြော။ စိတ်က လဲ ကောင်းတဲ့အကြံကြံလို့ စင်ကြယ်နေပြီဆိုရင် အဲဒီစင်ကြယ်မှုဟာ လူ့ဘဝရဲ့ အနှစ်သာရတစ်မျိုးပဲ။
၅။ တရားနာယူခြင်းသည် အနှစ်သာရ
တသ္မိ၊ ထိုလူ့ဘဝခ္ဗ်လည်း ဓမ္မရာဇဿ။ တရားဘုရင် ဘုရားရှင်ဒါ။ ဓမ္မံ၊ တရားတော်မြတ်ကို၊ သုဿုသာ။ ကောင်းစွာနာခံမှတ်သားကြားနာ ခြင်းသည်။ သာရံ၊ လူ့ဘဝအနှစ်သာရအစစ် တကယ်တမ်းဖြစ်ပါပေ၏။ အဲ-လူဖြစ်ပြန်တော့လဲ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတော်တွေကို နာယူလို့ ကြားနာခြင်းဟာလဲပဲ ဒါဟာ လူ့ဘဝအနှစ်သာရတစ်မျိုးပဲလို့ ဘုန်းကြီးတို့ လူ့ဘဝ အနှစ်သာရတွေ ဟောထားတာရှိပါတယ်။
လူဖြစ်တိုင်း အနှစ်မရှိ
ဒါကြောင့် လူဖြစ်တိုင်းလူ့ဘဝမှာ အကျိုးရှိတာမဟုတ်ဘူး။ လူဖြစ် တိုင်း အနှစ်သာရမဟုတ်ဘူး။ အဲ-အနှစ်သာရရှိအောင် ဂုဏ်ရှိအောင် နေရတယ်။ ကိုယ်သန့်ရှင်းအောင်။ နှုတ်သန့်ရှင်းအောင် စိတ်သန့်ရှင်း အောင် ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အနှစ်သာရရှိတဲ့လူတွေ လို့ ဆိုရတယ်။
နတ်တွေဂုဏ်တင်ရကဲ့ဘဝ
အဲဒီတော့ ဘုန်းကြီးတို့ လူ့ဘ၀ဆိုတာကတော့ တကယ်စင်ကြယ် အောင် လုပ်ချင်ရင် တကယ့်ကိလေသာ ခပ်သိမ်း အကုန်လုံးကုန်အောင်ပဲ လုပ်နိုင်တဲ့ လုပ်ဖို့အခွင့်သာတဲ့ဘဝကြီး၊ အဲဒီဘဝကြီးမှာ အဲဒီလို လောကီ ဂုဏ်တွေး လောကုတ္တရာဂုဏ်တွေနဲ့ သန့်ရှင်းစင်ကြယ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်အောင် တကယ်စွမ်းဆောင်နိုင်တဲ့ ဘဝဆိုတာကြောင့် နတ်တွေက တောင် လူ့ဘဝကို ဂုဏ်တင်ရတယ်လို့ ဟောထားတာရှိတယ်။
နတ်တို့မှာခြွေ စကားသုံးခွန်း
အဲ-နတ်တစ်ဦးဦး စုတေတော့မယ်ဆိုရင် ဘေးကနတ်တွေက သိ ကြတယ် ပုဗ္ဗနိမိတ်တွေဆိုတာ ပေါ်လာတော့ ဘေးကနတ်တွေက သိ ကြတယ် သိရင်အားပေးတယ်။ အားပေးစကားပြောကြတယ်တဲ့။
၁။ တ္တတော ဘော သုတိ ဂစ္ဆ။
အို့ .. အမောင်နတ်သား။ ဒီကနေပြီးတော့ သုဂတိဘဝကို သွားပါ လေလို့ အဲဒီလိုတိုက်တွန်းစကား၊ ချီးမွမ်းစကား ပြောကြတယ်။
၂] သုဂတိံ ဂန္တား သုလဒ္ဓလာဘံ လဘ
သုဂတိံ ဂန္တာ။ သုဂတိဘုံသို့ ရောက်ကြသည်ရှိသော်၊ သုလဒ္ဓလာဘံ လဘ။ ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးတစ်ပါးကို ရအောင် ပြုပါလေး လူ့ဘဝသုဂတိဘ၀သို့ ရောက်ပြန်တော့လဲပဲ အဲဒီ သုဂတိဘဝမှာ တကယ့်လာဘ်လာဘကြီးရအောင် ကြိုးစားပါလို့မှာတယ် နတ်တွေက
မှာတယ်။ စုတေမယ့်နတ်သား နတ်သမီးကို သုဂတိသွားပါ စကား တစ်ခွန်းနဲ့ မှာကြားတယ်။ သုဂတိရောက်တော့ တကယ့်လာဘ် လာဘ ကြီးရအောင် ကြိုးစားပါ စကားတစ်ခွန်းနဲ့မှာကြားတယ်။ နောက်ပြီး-
၃4 သုလဒ္ဓလာဘံ လဘိတွာ။ သုပ္ပတိဋ္ဌိတော ဘဝါဟိ။
တကယ့်လာဘ်လာဘကြီး ရပြီးတဲ့နောက်လဲ ကောင်းစွာတည်တံ့တဲ့ ပုဂ္ဂုလ်ဖြစ်အောင် ကြိုးစားပါလို့ စကားသုံးခွန်းနဲ့မှာတယ်
၁။ နတ်တို့၏ သုဂတိဘဝ
ဘုရားရှင်ကိုယ်တော်မြတ်က မိန့်ကြားတော်မူတယ်။ နတ်တွေစုတေ ခါနီး ဒီ့ပြင်နတ်တွေက ဒီလိုစကားသံုံးခွန်းနဲ့ မိန့်ခြွေမာ ကြားတယ်။ ဒီတော့ ရဟန်းတစ်ပါးက ဘုရားရှင်ကို မေးလျှောက်တယ်
မြတ်စွာဘုရား၊ နတ်တွေက သုဂတိလို့ ဂုဏ်တင်တဲ့ဘ၀ဟာ ဘယ် ဘဝပါလဲဘုရား၊ နတ်တွေက ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီး ရအောင် ကြိုးစားပါဆိုတာ ဘယ်လိုလာဘ်လာဘကြီးပါလဲဘုရား၊ လာဘ် လာဘကြီးရပြီးနောက် ကောင်းစွာတည်တံ့သူဖြစ်အောင် လုပ်ပါဆိုတာ ဘယ်လိုတည်တံ့သူဖြစ်အောင်လုပ်ရမှာပါလဲဘုရား လို့ လျှောက်ထားတော့ ဘုရားရှင်ကိုယ်တော်မြတ်က နတ်တွေ သုဂတိလို့ ဂုဏ်တင်တဲ့ သုဂတိ ဘဝဟာ တခြားမဟုတ်ဘူး။ လူ့ဘဝကိုပြောတာပဲ” အဲဒီလိုအဖြေပေးတော် မူတယ်။
၂။ သဒ္ဓါတရားဖြစ်ပွားစေခြင်း
ဒါကြောင့် လူ့ဘဝဆိုတာ သုဂတိလို့ နတ်တွေကဂုဏ်တင်ရတဲ့ဘဝ၊ အဲ အဲဒီဘဝရပြီးနောက် ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးရအောင် လုပ်ပါဆိုတဲ့ အဲဒီလာဘ်လာဘကြီးရအောင်ဆိုတာ ဘာပါလဲဘုရားဆို တော့ လူဖြစ်ပြီးနောက် သာသနာတော်မှာ သဒ္ဓါတရား ဖြစ်ပွားစေခြင်းဟာ အဲဒါ ကောင်းစွာရတဲ့ လာဘ်လာဘကြီးပဲ။ အဲ ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးဆိုတာ သာသနာတော်မှာ မိမိတို့ယုံကြည်တဲ့ သဒ္ဓါတရား
ရှေ့ထားပြီး သဒ္ဓါတရားဖြစ်ပွားအောင် ကြိုးစားခြင်းဟာ ဒါဟာ ကောင်း စွာရအပ်တဲ့ လာဘ်လာဘကြီးပဲ1 ၃။ သဒ္ဓါတရား ခိုင်မြဲတည်တံ့စေခြင်း
အဲဒီလိုဖြစ်ပြီးတော့ ကောင်းစွာတည်တံ့သူဖြစ်အောင် ကြိုးစားပါဆို တာ ဘာပါလဲလို့ဆိုတာ ဘုရားရှင်မိန့်ကြားတယ် မိန့်ကြားတော့ ကောင်း စွာတည်တံ့သူဖြစ်အောင်ကြိုးစားပါ ဆိုတာ သဒ္ဓါရပြီးတော့ အဲဒီသဒ္ဓါတရား ခိုင်မြဲအောင်ကြိုးစားပါ ဆိုတာ အဲ့... သဒ္ဓါ ရပြီးတော့ သာသနာတော်မှာ သာသနာဝင် ဥဝါသကား၊ ဥပါသိကာမအဖြစ်နဲ့ ရရှိကြတဲ့အခါ ကျင့်ကြံကြိုးကုတ်အားထုတ်လို့ နောက်ဆုံး အရိယာမဂ်ရပြီဆိုရင် သဒ္ဓါ ခိုင်မြဲသွားပြီး စောစောကသဒ္ဓါတရားက သူတစ်ပါးက ရွေ့လျားအောင် လုပ်နိုင်တယ် ပုထုဇဉ်ဘဝရဲ့ သဒ္ဓါတရားဟာ နတ်တွေ ဗြဟ္မွာတွေက ပျက်ပြားသွားအောင် ဆောင်ရွက်နိုင်တယ်။ တချို့ဆရာသမားတွေက ပျက်ပြားသွားအောင် ဆောင်ရွက်နိုင်တယ်1 အဲ-အရိယာမဂ်ရပြီဆိုရင် မဂ်ပုဂ္ဂိုလ်ဖြစ်ပြီး အရိယာပုဂ္ဂိုလ်အဖြစ် ရောက်ပြီဆိုရင် အဲ့ဒီသဒ္ဓါတရားဟာ မပျက်တော့ဘူး။ ခိုင်မြဲသွားပြီ။ ဒါကြောင့် သေခါနီးနတ်တွေ စုတေခါနီး နတ်တွေကို ကောင်းစွာတည်တံ့သူဖြစ်အောင် ကြိုးစားပါဆိုတာက မရွေ့ လျားနိုင်အောင်။ မပျက်ပြားနိုင်အောင် ခိုင်မြဲလှတဲ့ သဒ္ဓါတရားရှိအောင် ကြိုးစားပါလို့ နောက်ဆုံးကျတော့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားပါလို့ ဆိုလိုရင်းဖြစ်တဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က မိန့်ကြားတော် မူခဲ့တယ်။
လူပီသသူ
အဲ ... ဒါလေးထုတ်ပြီး ဘုန်းကြီးဟောရတာက လူ့ဘဝဆိုတာ အင်မတန်ထူးခြားတဲ့ဘဝ၊ ဘယ်ဘဝနဲ့မှ မတူရအောင် အဲ့ဒီဘဝ ရရှိ ကြတဲ့အခါမှာ တချို့ပုဂ္ဂိုလ်တွေဟာ တကယ့်လူစင်စစ် လူပီသကြတယ်။ တချို့ပုဂ္ဂိုလ်တွေဟာ လူမပီသကြဘူး။ အဲ လူပီသတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ လောကကြီးမှာလဲပဲ စားဝတ်နေရေး မပူရ။ ထိုက်တန်တဲ့ဂုဏ်ကျက်သရေ
တွေလဲရှိကြတယ်။ ဓမ္မရေးဆိုင်ရာမှာလဲပဲ သူတော်ကောင်းတို့ အရေးဖြစ် တဲ့ ဒါန သီလ အစရှိသောကုသိုလ်တွေး ဝိပဿနား အဲ-တတ်နိုင်ရင် မဂ်ဖိုလ်နိဗ္ဗာန်အထိ ဆိုက်ရောက်ကြတဲ့ပုဂ္ဂိုလ်တွေ အဲဒီလောက် အခွင့် အလမ်းသာတဲ့။ အဲ့ဒီလောက်ဆိုက်ရောက်တဲ့ပုဂ္ဂိုလ်တွေကို လူပဝီသတယ်။ လူဖြစ်ရကျိုးနပ်တယ်လို့ဆိုတယ်။
လူ့ဘဝအနစ်မရှိသူ
အဲ့. အဲဒီလိုမဟုတ်ဘဲနဲ့ စားဝတ်နေရေးလဲ မပြည့်စုံး တရားဘက် ကလဲမပြည့်စုံး ဘယ်ဘက်ကမှ ထောက်ရာတည်ရာမရှိကြတဲ့ ပုဂ္ဂိုလ်မျိုး ကျတော့ ခုနပြောတဲ့ လူ့ဘဝအနှစ်သာရဆိုတာ အဲဒီပုဂ္ဂိုလ်တွေနဲ့ မဆိုင် ဘူး။
လူ့ဘဝအနှစ်ရှိသူ
ဒါကြောင့် လူ့ဘဝဆိုတာ တကယ့်အနှစ်သာရပဲ။ အဲဒီအနှစ်သာရ ဖြစ်တဲ့ လူ့ဘဝရကြတဲ့အခါမှာ လူချင်းတူတူ သူချင်းမျှမျှ စားဝတ်နေရေး မပူရ။ တရားဘက်မှာလဲ တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်ကြ၊ အဲ့ဒီလို နေကြတဲ့လူတွေကျတော့ ဒါဟာအနှစ်သာရရှိတဲ့လူတွေလို့ ဆိုရတယ်။
ဂုဏ်တွေတိုးပွားအောင်ကြိုးစား
ဒါကြောင့် လောကမှာ ခန္ဓာကိုယ်ကြီးဟာ ပျက်စီးတတ်တယ်။ လူရဲ့ဂုဏ်သတင်းဟာ မပျက်စီးတတ်ဘူးတဲ့။ ဒါကြောင့် ဂုဏ်တွေထပ် တလဲလဲ။ ဂုဏ်တွေတစ်ဆင့်ပြီးတစ်ဆင့်။ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ရရှိ အောင် လောကီဂုဏ်တစ်မျိုးး ဓမ္မဂုဏ်တစ်မျိုး။ ဂုဏ်တွေ ဂုဏ်တွေရအောင် ကြိုးစားကြရမယ်။
သဘာဝတရား
ဒါကြောင့် ယနေ့ဒေါက်တာအေးအေးမြင့်ရဲ့အောင်ပွဲကို အကြောင်း
ပြုပြီးတော့ လှူဒါန်းတာဟာ အောင်ပွဲအဆင့်ဆင့်မြင့်ခြင်းရဲ့ အကြောင်းပဲ
ကုသိုလ်ဆိုတာ ကိုယ့်ကို မြှင့်ပေးတတ်တယ် ကုသိုလ်တရားဆိုတာဟာ ကိုယ်ကို မြှင့်ပေးတတ်တယ်/။ ကုသိုလ်တရားဆိုတာက မသိသည်ဖြစ်စေ။ သိသည်ဖြစ်စေ။ သူကတော့ ကိုယ့်ကိုမြှင့်ပေးတတ်တဲ့ သဘောတရား ရှိတယ်။ ဒါကြောင့် အောင်မြင်လို့ ကုသိုလ်တရားတွေပြုလုပ်တယ်ဆိုရင် အဲ့ဒါ နောင်ဒီထက်ပိုပြီးတော့ အောင်မြင်ခြင်းအကြောင်းပဲ။ ဒါ သဘာဝ အတိုင်းပဲ အမြတ်များများရအောင် ကြိုးစားကြပါ
အဲ-ဒါကြောင့် လူဖြစ်ဖို့ အရေးကြီးတယ် လူ့ဘဝဆိုတာလဲ အင်မတန်ရခဲတယ်။ ဒါကြောင့် အနှစ်သာရလို့ ဆိုရတယ်။ လူဖြင်ဖို့လဲ အရေးကြီးတယ်။ လူဖြစ်ပြန်ရင် ဂုဏ်ရှိသထက်ရှိ။ ဂုဏ်ရှိသထက်ရှိအောင် ကြိုးစားဖို့လဲ အရေးကြီးတယ် လောကီဂုဏ် ဓမ္မဂုဏ် အမျိုးမျိုးပေါ့လေး
အဲ-ဂုဏ်ရှိပြီးတော့ အဲဒီဂုဏ်ကို တစ်ဆင့်ထက်တစ်ဆင့်မြင့်အောင် ကြိုးစားဖို့လဲအရေးကြီးတယ်။ နောက်ဆုံးကျတော့ လူဖြစ်ရကျိုးနပ်အောင် လူ့ဘဝမှာ အမြတ်များများရအောင် ကြိုးစားဖို့ အရေးကြီးတဲ့အကြောင်း၊ အမြတ်များများရအောင် ကြိုးစားနိုင်ကြပါစေလို့။ လူဖြစ်ရကျိုးနပ်အောင် ကြိုးစားနိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
(သာဓု သာဓု သာဓု)
(ရန်ကုန်မြို့နေ ဦးသက်စိန်။ ဒေါက်တာအေးအေးမြင့်တို့၏ နေအိမ်တွင် ဆင်ယင်ကျင်းပသော ရတနာမြတ်သုံးပါးပူဇော်ပွဲဋိ ဟောကြားတော်မူသော တရားတော်ဖြစ်ပါသည်။)
ဓမ္မတခွန်မဂ္ဂဇင်းမှ
ကွယ်လွန်သူအား ရည်စူးသည့် ဆွမ်းအနုမောဒနာတရားတော်
ကလျာဏမိတ္တာ မာတာစ၊ ပိတာစ ဟိတ ကာရကာ။
တေသံပစ္စော ပကာရာယ။ ကာတဗ္ဗံ ဂူဇနံသဒါ ]]
မာတာစ=မွေးသမိခင်ကျေးဇူးရှင်သည်လည်းကောင်း၊ ပိတာစ- မွေးသဖခင်ကျေးဇူးရှင်သည်လည်းကောင်း1 ဟိတကာရကာ-သားသမီးတို့ အါ အကျိုးစီးပွားကို လိုလားဆောင်ရွက်တတ်ကြကုန်သော၊ ကလျာဏ မိတ္တား မိတ်ဆွေကောင်းအစစ်။ တကယ်တမ်း ဖြစ်ကြပါပေကုန်၏။ တေသံ-ထိုမိတ်ဆွေကောင်းအစစ်။ ကလျာဏမိတ္တဖြစ်ကြသော မိဘနှစ်ပါး တို့ကို၊ ပစ္စောပကာရာယ-ကျေးဇူးတုံ့ပြန်မှုပြူခြင်းငှား သဒါ-အခါ ခပ်သိမ်း။ ပူဇနံ--ပူဇော်ခြင်းကို ကာတဗ္ဗံ-ပြုအပ် ပြုသင့်ပြုထိုက်လှပါပေ ဓါ။
သားသမီးတို့ အကျိုးစီးပွားကို လိုလားတောင့်တ ဆောင်ရွက် ကြသောကြောင့် မိဘနှစ်ပါးတို့သည် ကလျာဏဓိတ္တ-မိတ်ဆွေကောင်း အစစ်ဖြစ်ကြသည်။ ထိုမိတ်ဆွေကောင်းအစစ်ဖြစ်ကြသော ကျေးဇှူးရှင်မိဘ နှစ်ပါးတို့၏ မြင်းမိုရ်တောင်ထု မေရုမက ကြီးမြင့်လှသော နန္တကျေးဇူး တ်တ အာရု] ရည်ရွယ်ကြမ္ယု ၆ဘန္ဒမပါး တို့ဘဲ ချမ်းသာိုအကျု မျှော်ကိုးတောင့်တကြကုန်ရဤ် ကတညုတ-ကတဝေဒီ တရားလက်ကိုင် ထားသဖြင့် ကျေးဇူးတုံ့ပြန်မှုပြုခြင်းငှာ ဤနေ့ ဤအခါသမယခ် သံဃာ တော်တို့အား ဆွမ်းအလှူတော်ဂူဇော်လှူဒါန်းဤ မိဘနှစ်ပါးတို့အား ဂူဇော် ကြ ကျောဇွးတုံမြန်ကြည်ဖြစ်ရာ ရွေခါးဌာ ရတနာသုံးပါး ဦးသိပ်သားခ ကြတဲ့အစဉ်အလာအရ ဘုရား တရား သံဃာရတနာ။ှတ်သုံးပါးတို့၏
တူးခြားသောဂုဏ်ကို ယုံလြည်မြတ်နိုး လက်စုံမိုး ရခိုးမဇော်ဖူးမြော်ဇန် လျော့ ကန်တော့ရသောပဏာမမင်္ဂလာ ကောင်းမြတ်သောကုသိုလ် စေတနာကြောင့် ဘေးခပ်သိမ်းရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်းကြောင့် ကြခပ်သိမ်း အေးငြိမ်းပပျောက်ကြကုန်သည်ဖြစ်ဤ ကောင်းမြတ်သော က္ကဋ္ဌမင်္ဂလာချမ်းသာအပုံဖုံ အမြဲတမ်း တွေ့ကြုံရလျက် အဘက်ဘက်၌ တိုးတက်ကြီးပွားခြင်း၊ အောင်မြင်ခြင်းသို့ရောက်ကြပြီးလျှင် မိမိတို့ လို လားတောင့်တအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာမြတ်ကိုလဲ မငြိုမငြင်။ မတောင့်မတ၊ မကြောင့်မကြ အလွယ်တကူ ပြည့်စုံနိုင်ကြသည်ဖြစ်စေ။ ၅-ပါးသီလပေးသည်
ဗြဟ္မွာတိ မာတာပိတရော။ ပုဗ္ဗာစရိယာတိ ဝုစ္စရေ။
အာဟုနေယျာစ ပုတ္တာနံ ပဇာယ အနု ကမ္ဗ္ပကာ။
မာတာပိတရော-မိခင်ဖခင်ကျေးဇူးရှင်တို့ကို' ဗြဟ္မာတိ-မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မဝိဟာရ-စျာန်တရားပွားများကြကုန်သော ဗြဟ္မာကြီးတို့ဟူရွါ။ ဝုစ္စရေ-ဝုစ္စန္တီ-ဆိုအပ်ပါပေကုန်၏
မိဘတွေက ဗြဟ္မာကြီးတွေတဲ့။ ဘုရားရှင်က ဗြဟ္မွာကြီးတွေဟာ မေတ္တာစျာန်ပွားများကြတယ်။ ကရုဏာစျာန်ပွားများကြတယ်။ မုဒိတာ စျာန်ပွားများကြတယ် ဥပေက္ခာစျာန်ပွားများကြတယ်။ သတ္တဝါတွေ အပေါ်မှာ အဲဒါလိုပဲ မိဘတွေဟာလဲ သားသမီးတွေအပေါ်မှာ အခါအား လျော်စွာ မေတ္တာထားကြတယ်။ ကရုဏာပွားကြတယ်။ မုဒိတာထား ကြတယ်။ ဥပေက္ခာတရား ပွားကြတယ်။ ဒါ့ကြောင့် မိဘများဟာ သားသမီးတို့၏ ဗြဟ္မွာကြီးတွေတဲ့ ဘုရားရှင်က။
ပုဗ္ဗာစရိယာဝုစ္စရေ-မာတာပိတရော-မိခင်ဖခင်ကျေးဇူးရှင်တို့ကို၊ ပုဗ္ဗာစရိယာတိ-တခြားဆရာတွေထက် အရင်ကြိုတင်ရွွ သင်ကြားပြသ ကြသော လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိဘတို့ဟူရွ်။ ဝုစ္စရေ-ဝုစ္စန္တိ-ဆိုအပ်ပါ ပေကုန်၏။
လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ။ မိနှင့်ဖ ဆိုတဲ့အတိုင်း
မိဘနှစ်ပါးဟာ သားသမီးတို့ရဲ့ လက်ဦးဆရာပဲ။ ပုဗ္ဗာစရိယတွေ။
ပဇာယ-သားသမီးတို့ကို၊ အနုကမ္ပကာ-အစဉ်အားဖြင့် သနား စောင့်ရှောက် ချီးမြှောက်တတ်ကြကုန်သည်ဖြစ်ရွ။ ပုတ္တာနံ-သားသမီးတို့ ဓါ အာဟုနေယျာစ-မြတ်သောအလှူကိုခံထိုက်ကြတဲ့ အာဟုနေယျပုဂ္ဂိုလ် အစစ် တကယ်တမ်း ဖြစ်ပါပေ၏ ဆိုတဲ့အတိုင်း၊
မိဘဆိုတာ သားသမီးတို့ အပူဇော်ကိုခံထိုက်ကြတယ်။ သား သမီးတို့ကို တကယ့်မေတ္တာ။ တကယ့်ကရုဏာ၊ မုဒိတာတရားတို့ဖြင့် ဥပေက္ခာတရားဖြင့် ပွားများစောင့်ရှောက်ကြကုန်ရွွ သားသမီးတို့ ပူဇော်အထူးကို ခံထိုက်ကြတဲ့ပုဂ္ဂိုလ်တွေ။ အဲသလို ဘုရားရှင်ကိုယ်တော် မြတ်က ချီးကျူးတော်မူတယ်။
ယနေ့မိမိတို့ရဲ့ ကွယ်လွန်ခဲ့ကြတဲ့မိဘနှစ်ပါးတို့ကို အကြောင်းပြုပြီး တော့ ရည်ရွယ်ကြပြီးတော့ လှူကြတန်းကြပူဇော်ကြတဲ့ အခါသမယ ထိုမိဘတို့ရဲ့ ကျေးဇူးဂုဏ်ကို အာရုံပြုမိကြရအောင် ဘုရားရှင်ကိုယ်တော် မြတ်ရဲ့ တရားတော်ကို ထုတ်ဆောင်ပြရတယ်။ ဂုဏ်တွေပြန်ပြီးတော့ အောက်မေ့ကြရအောင် မာတာပိတု ဂုဏော အနန္တော-မိဘတို့ါ ဂုဏ် ကျေးဇူးသည် အဆုံးအစမရှိ။ ဒါ့ကြောင့် မြင်းမိုရတောင်ထု မေရုမက ကြီးမြတ်လှတဲ့ အနန္တကျေးဇူးရှင်လို့ သတ်မှတ်ကြရတယ်။ ဂုဏ်တင် ကြရတယ် ဒီတော့ လောကမှာ အဲသလောက်ဂုဏ်ကြီးတဲ့ မိဘတွေရဲ့ ဂုဏ်ကို သိနိုင်ကြတယ်ဆိုတာ သူတော်ကောင်းတွေမှ သိနိုင်တာ။ သူတော် ကောင်းဖြစ်မှ သိနိုင်တယ်။
ကတညုနော ဟိ သာရိပုတ္တ သပ္ပုရိသာ ကတဝေဒိနော။
သာရိပုတ္တ-သာရိပုတ္တရာ။ သပ္ပုရိသာ-သူတော်ကောင်းဖြစ်ကြသော ပုဂ္ဂိုလ်တို့သည်။ ကတညုနော-သူတစ်ပါး၏ ကျေးဇူးကို သိကြကုန်၏။ သူပြုဖူးသည့်ကျေးဇူးတရားကို သိနားလည်ကြလေကုန်ဒါ / ကတဝေဒိ နော-သူပြုဖူးသည့်ကျေးဇူးတရားကို ထင်ရှားထုတ်ဖော်တတ်ကြပါပေကုန် ဤ ဂြ
ဘုရားရှင်က ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို မိန့်ကြားတဲ့
စကား၊ သူ့ကျေးဇူးဆိုတာ သူတော်ကောင်းမှသိကြတယ် သူတော်ကောင်း ဆိုတာပညာရှိတဲ့ပုဂ္ဂိုလ်ပဲ။ ပညာရှိမှ မိမိတို့လိုက်နာရမယ့်တရား၊ ကျင့် ကြံရမယ့်တရားတွေ သိကြတယ်။ ပညာရှိဆိုတာ ဘယ်လိုပုဂ္ဂိုလ်ကို ဆိုတာလဲ- ဒိဋ္ဌေဓမ္မေစ ယော အတ္ထော။
ယောစတ္ထော သမ္ပရာယိကော။
အတ္ထာဘိ သမယာ ဓီရော။
ပဏ္ဍိတောတိ ပဝုစ္စတိ ပညာရှိသရုပ်ကို ဘုရားရှင်ကိုယ်တော်မြတ်က ထုတ်ဖော်ပြတယ်။ ဒိဋ္ဌေဓမ္မေ-မျက်မှောက်ထင်ထင် ဤမျက်မြင်ဘဝန်။ ယောအတ္ထော စ-အကြင်အကျိုးစီးပွားသည်လည်းကောင်း။ သမ္မရာယိကော-တမလွန် ဘဝနခွ်ဖြစ်သော၊ ယောအတ္ထောစ-အကြင်အကျိုးစီးပွားသည်လည်း ကောင်း။ အတ္ထိ-ရှိခဲ့ပါပေါ 1 အတ္ထာဘိသမယာ-မျက်မှောက်အကျိုး တမလွန်ဘဝအကျိုးး ဤဘဝအကျိုး၊ နောင်ဘဝအကျိုး အကျိုးနှစ်ပါးကို ရရှိခြင်းကြောင့်1 ဓီရော-ပညာရှိတဲ့ပုဂ္ဂိုလ်ကို၊ ပဏ္ဍိတောတိ-ပဏ္ဍိတဟူရ်ုစ္စတိ-ကောင်းစွာသတ်မှတ် မိန့်ဆိုအပ်ပါပေသတည်းလို့ ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူတဲ့ ပဏ္ဍိတပုဂ္ဂိုလ်ဖြစ်လို့ မိမိတို့ပြုကြရ တယ်။
ပဏ္ဍိတဆိုတာပညာရှိ။ ဘယ်လိုပညာရှိကို ပဏ္ဍိတခေါ်ရသတုံးဆို တော့ ဒိဋ္ဌေဓမ္မေ-မျက်မှောက်ဘဝဉ္မ်၊ ယောအတ္ထောစ-အကြင်အကျိုး စီးပွားသည်လည်းကောင်း1 သမ္ပရာယိကော-တမလွန်ဘဝန်ဖြစ်သော၊ ယော အတ္ထောစ-အကြင်အကျိုးစီးပွားသည်လည်းကောင်း( အတ္ထိ-ရှိ၏။ အတ္ထာဘိသမယာ-အကျိုးနှစ်ပါးကို ထင်ရှားရခြင်းကြောင့်၊ ဓီရော-ပညာ ရှိတဲ့ပုဂ္ဂိုလ်ကို၊ ပဏ္ဍိတောတိ-ပဏ္ဍိတဟူရွ်။ ဝုစ္စတိ-ကောင်းစွာသတ်မှတ် မိန့်ဆိုအပ်ပါပေသတည်း တဲ့ ဘုရားရှင်ကိုယ်တော်မြတ်က- ဒီဘ၀အကျိုးလဲသိတယ်။ နောင်ဘဝအကျိုးလဲသိတယ်။ ဒီဘဝ နောင်ဘဝအကျိုးနှစ်ပါးကို ထင်ရှားသိတဲ့ပုဂ္ဂိုလ်ကို ပဏ္ဍိတလို့ဆိုရတယ်
လူတစ်ယောက်ဟာ မျက်မှောက်ဘဝအကျိုးလို့ဆိုရတဲ့ မိမိစားဝတ်နေရေး လူတစ်လုံးသူတစ်လုံးအဖြစ်နဲ့ စားဝတ်နေရေး မပူမပင် မကြောင့်မကြ စားနိုင်သောက်နိုင်အောင် သုံးဆောင်နိုင်အောင် စွမ်းဆောင်နိုင်ရင် ဒါ မျက်မှောက်ဘဝအကျိုးကိုသူရတာပဲ / လောကမှာ သူ့မှာပညာရှိတယ် ဉာဏ်ရှိလို့ ကိုယ်သင့်လျော်တဲ့လုပ်ငန်းဆောင်တာကို အောင်အောင်မြင် မြင် ဆောင်ရွက်နိုင်တယ် အဲသလို ဆောင်ရွက်နိုင်လို့ စားရေးမပူရ။ ၀တ်ရေးမပူရ။ နေရေးမပူရ။ ထိုင်ရေးမပူရ။ သားသမီးအတွက် မပူရ။ အဲသလို လောကမှာ လူတစ်လုံးသူတစ်လုံးဖြစ် နေနိုင် ထိုင်နိုင်အောင် လောကအကျိုးတွေ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်ကို ဒါ မျက်မှောက်အကျိုး နားလည်တယ်လို့ ဆိုရတယ်
တမလွန်ဘဝန်ဖြစ်တဲ့ အကျိုးဆိုတာကတော့ အခုလို လှူကြ တန်း ကြတယ်။ ပေးကြကမ်းကြတယ်။ သီလဆောက်တည်ကြတယ်။ ဘာဝနာ စီးဖြန်းကြတယ် စသည်ဖြင့် မိမိတို့နောင်ရေးမပူရအောင်။ ဒီဘဝမှာလဲပဲ အခန့်သင့်ရင် မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်အောင်။ အခန့်မသင့်လို့ ဒီဘဝမရရင် အနီးအကပ်နောက်ဘဝ အဲ့သလိုဘဝမှာ ရအောင်ဆိုပြီးတော့ ကြိုးစား ကြတယ်။ ကြိုးစားနိုင်ကြတယ်။ အဲသလို လှူရေးတန်းရေး သီလဆောက် တည်ရေး အစရှိသော ကုသိုလ်ကောင်းမှုတွေကို ကြိုးစားပြုနိုင်လို့ရှိရင် ဒါ-တမလွန်အကျိုးရတဲ့ပုဂ္ဂိုလ်လို့ ဆိုရတယ်
အဲသလိုမျက်မှောက်အကျိုး တမလွန်ဘဝအကျိုး အကျိုးနှစ်ပါးကို ရတဲ့ပုဂ္ဂိုလ်ကို ပဏ္ဍိတပညာရှိလို့ ဘုရားရှင်ကိုယ်တော်မြတ်က နာမည် ပေးခဲ့တယ်။
အဲဒီတော့ ယနေ့ မိမိတို့ စားဝတ်နေရေး မပူမပင်နိုင်အောင် ဆောင် ရွက်တတ်လို့ မျက်မှောက်ဘဝအကျိုးလဲရ။ အဲသလိုရတဲ့ ပစ္စည်းဥစ္စာတွေ ထဲက စားသောက်သုံးစွဲနိုင်ရံမက ယခုလိုပဲ တမလွန်ဘဝအကျိုးဆိုတဲ့ ဒါနမှုပြုနိုင်ကြတယ်။ သီလမှုပြုနိုင်ကြတယ်။ ဘာဝနာမှုပြုနိုင်ကြတယ်။ အဲဒါဟာ တမလွန်ဘဝအကျိုးကို ရတယ်လို့ဆိုတယ်။ မျက်မှောက်ဘဝ အကျိုး၊ တမလွန်ဘဝအကျိုး အကျိုးနှစ်ပါးကိုရသောကြောင့် မိမိတို့ကို
ဘုရားရှင်ကိုယ်တော်မြတ်က ပဏ္ဍိတလို့ ဘွဲ့ပေးထားတယ်။ အမည်ပေး ထားတယ်။
ဒါကြောင့် မိမိတို့ဟာ သူတော်ကောင်းတွေ။ သူတော်ကောင်းဖြစ်တဲ့ အတိုင်း သူတော်ကောင်းတို့ ကျင့်ရိုးဖြစ်တဲ့။ နားလည်ရိုးဖြစ်တဲ့။ သိရိုး ဖြစ်တဲ့ ကောင်းကျိုးတွေသိကြတယ် မကောင်းကျိုးတွေ သိကြတယ် မကောင်းမှုတွေသိကြ။ မကောင်းကျိုးတွေသိကြ။ ကောင်းမှုတွေ သိကြ၊ ကောင်းကျိုးတွေသိကြ။ သိကြတဲ့အတိုင်းဝဲ တတ်နိုင်သမျှ မကောင်းတဲ့အလုပ်တွေရှောင်ကြ၊ ကောင်းတဲ့အလုပ် ကုသိုလ်တွေ ပွားများ ကြတယ်4 ယခု ယနေ့ပြုရတဲ့ကုသိုလ်ဟာ မိမိတို့ သူတော်ကောင်း ဖြစ်ကြလို့ပြုကြတဲ့ သူတော်ကောင်းအကျင့်တွေ။ မိဘတွေရဲ့ ဂုဏ်ကျေးဇူး သိကြ၊ ဆရာသမားရဲ့ဂုဏ်ကျေးဇူးသိကြ။ အခုလိုမိဘတွေ ချမ်းသာဖို့ အသက်ထင်ရှားရှိတုန်းကလဲ တတ်နိုင်သမျှ ပူဇော်ခဲ့ကြ၊ ခုလိုကွယ်လွန်တဲ့ အခါကျတော့လဲ သူတို့ဆီရောက်နိုင်တဲ့နည်းလမ်းဖြင့် မိမိတို့ ယနေ့ က သိုလ်တပြကြ) ဒီကုသိုလ်ကလ ဒီနှစ်တင်နပ်တည် ပြုတဲ့ကုသိုလ် မဟုတ်ဘူး။ နှစ်ပေါင်းများစွာပြုခဲ့တဲ့ ကုသိုလ်တွေ1 အာစိဏ္ဍကံခေါ်တဲ့ အလေ့အကျင့်ရနေတဲ့ ကုသိုလ်တွေ အရှိန်အဟုန် အထုံရနေတဲ့ကုသိုလ် တွေ အဲဒီကုသိုလ်ကို ယနေ့ထပ်ပြီးတော့ ထုံပေးတယ်။ ထပ်ပြီးတော့ မွမ်းပေးတယ်။ ထပ်ပြီးတော့ အရှိန်ရအောင် လုပ်ပေးတယ်။ ဒီကုသိုလ်တွေဟာ မိမိတို့အဖို့ အကျိုးပေးတယ်လို့ဆိုရတယ်။ လောကမှာ မရှိလို့မလှူး မလှူလို့မရှိတဲ့။ မလှူတဲ့ပုဂ္ဂိုလ်ဟာ ရှိလဲမရှိဘူး။ လှူတဲ့ပုဂ္ဂိုလ်မှာ ရှိတယ်။ ဒါဟာကုသိုလ်ရဲ့ လက်ငင်းကောင်းကျိုး။ အဲဒါလို မိမိတို့ဟာ ရှိလို့လှူကြတယ်။ နောက်နောက်ကနှစ်ပေါင်းများစွာ ရှိလို့ လှူခဲ့ကြတယ်။ လှူတဲ့အတိုင်းပဲ တစ်နှစ်ပြီးတစ်နစ် လစ်ဟင်းတယ် မရှိ ဘူး။ လှူနိုင်ကြတယ်။ အဲဒါမျိုးကို အာစိဏ္တကံကုသိုလ်ခေါ်တယ်။ အာစိဏ္ဍကံဆိုတာ မြန်မာလိုတော့ အလေ့အကျင့်ရနေတဲ့ကုသိုလ် လို့ဆိုတယ်။ တစ်ခါတည်းပြုတဲ့ကုသိုလ်ဟာ အရှိန်မရသေးဘူး။ နှစ်ခါ ပြုရင်ပိုအရှိန်ရတယ်။ သုံးခါပြုမိပြီဆိုရင် သာပြီးအရှိန်ရတယ်။ အဲသလို
ထပ်တလဲလဲပြုလို့ အရှိန်အဝါရှိနေတဲ့ကုသိုလ်ဟာ အာစိဏ္ဍကံမြောက်တဲ့ ကုသိုလ်လို့ခေါ်တယ်။ မိမိတို့ကုသိုလ်ဟာ တစ်ခါလဲမက နှစ်ခါလဲမက သုံးခါလဲမက များပြီ1 အဲသလို အများအပြားပြုခဲ့တာမို့လို့ အရှိန်အဟုန် ရနေတဲ့ကုသိုလ်၊ အဲဒီအရှိန်အဟုန်ရနေတဲ့ကုသိုလ်ကို ပြန်ပြီးတော့ အောက်မေ့ခြင်းဟာလဲ ပိုပြီးတော့ အရှိန်အဟုန်ရတယ်လို့ ဆိုရတယ်။
ပုဗ္ဗေ၀ သုမနော ဒါနာ။ ဒဒံ စိတ္တံ ပသာဒယေ
ဒတွာ အတ္တမနောဟောတိ။ ဧသာပုညဿ သမ္ပဒါ။
ဒါနာ-စွန့်ကြဲပေးကမ်းလှူဒါန်းသည်မှ/ ပုဗ္ဗေ၀-ရှေးမဆွကပင်လျှင်၊ သုမနော-နှစ်သက်ရွှင်လန်းဝမ်းမြောက်သည်။ ဟောတိ-ဖြစ်ပါပေ၏။
အလှူဆိုတာ မလှူခင်လဲဝမ်းသာရမယ်။ လှူရတော့မယ် လှူရတော့မယ် နဲ့ အလှူ၀တ္ထုတွေ ရှာဖွေကြ စုဆောင်းကြ။ လှူဖို့တန်းဖို့ ပြင်ကြဆင်ကြ။ ဒီနေ့မနက်လှူသည်ထိအောင် ဖြစ်နေတဲ့ကုသိုလ်တွေး စေတနာတွေဟာ ပုဗ္ဗစေတနာ၊ အဲဒီပုဗ္ဗစေတနာအခိုက်လဲ နှစ်သက်ရွှင်လန်းဝမ်းမြောက်ရ မယ်။ ဝမ်းမြောက်ပြီးပြီ ဒါကတော့-
ဒဒံ ဒန္တော-လှူတုန်းလှူဆဲလှူခိုက်လည်း။ စိတ္တံ-မိမိစိတ်ကို၊ ပသာ ဒယေ-နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြည်လင်စေရာ၏။
လှူတုန်းလဲ ၀မ်းသာရမယ်1
ဒတွာ-လှူပြီးသည်ရှိသော်၊ အတ္တမနော၊ နှစ်သက်ရွှင်လန်းဝမ်းမြောက် သည်။ ဟောတိ-ဖြစ်ပါပေ၏။
လှူပြီးနောက်လဲဝမ်းသာ။ ကုသိုလ်တစ်ခုဟာ မိမိကပြုတတ်ရင် အဲဒီ ကုသိုလ်ဟာ မကုန်နိုင်တော့ဘူး။ ပြီးပြီးပျောက်ပျောက်သဘောမထားဘဲ နီ လြီးတဲ့တုသိုလ် ပြန်ပြန်ပြီး. နစ်သက်ဋ္ဌမ်လန်းဝင်းမြောက်ကြရ တယ်။ မိဘတွေ ဂုဏ်ကျေးဇူးအောက်မေ့ပြီးတော့ သြော်-တို့ အင်မတန် ချစ်မြတ်နိုးအပ်တဲ့ တကယ့်ကျေးဇူးရှင်ကြီးတွေ တို့ပူဇော်ရပြီ။ ကျေးဇူး ဆပ်ရပြီလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် ပြန်ပြန်ပြီးတော့ တွေးကြ၊ အောက်မေ့ကြ။
ဧသာ-ဤသို့မလှူခင်လဲဝမ်းသာ လှူတုန်းလဲဝမ်းသာ လှူပြီးလဲဝမ်းသာ ခြင်းသည်။ ပုညဿ-မိမိတို့ပြုရတဲ့ ကုသိုလ်ကောင်းမှု၏ 1 သမ္ပဒါ- အကြောင်းလောက်လုံရွ ပြည့်စုံခြင်းအစစ် တကယ်တမ်းဖြစ်ပါပေ သတည်း။
ဒါကြောင့် ကုသိုလ်ဆိုတာ ပြီးပြီးပျောက်ပျောက်သဘောမထားရဘူး။ ပြုပြီးတဲ့နောက် ပြန်ပြန်အောက်မေ့ကြ မိဘဆိုတာ အောက်မေ့ချင်ဖွယ် ဂုဏ်ပေါင်းများစွာ တည်နေရာဖြစ်သောကြောင့် မမေ့ထိုက်တဲ့ပုဂ္ဂိုလ်တွေး မိဘတ္မေမမမ္သည်နှင့်အမျှ သူတို့အကြောင်းပြုပြီး ပြုရတဲ့ကုသိုလ်တွေလဲ မမေ့ကြရဘူး။ အဲဒါလို မမေ့ဘဲနဲ့ ထပ်တလဲလဲ ကျေးဇူးဂုဏ်ကို အောက်မေ့။ ကုသိုလ်တရားတွေကို အောက်မေ့ခြင်းဖြင့် အာသေဝနဆိုတဲ့ အထုံရအောင်ပြုရခြင်းဟာ ကုသိုလ်တိုးတက်ခြင်းအကြောင်း၊ အရှိန်ရခြင်း အကြောင်း၊ အဲဒီလိုကုသိုလ်မျိုးဟာ နောက်ဘဝထိအောင် ဆိုင်းနေရတာ မဟုတ်ဘူး။ တစ်နည်းနည်းအားဖြင့် မိမိတို့ကို အကျိုးပေးလျက်ပဲ။ ဒါကြောင့် မိမိတို့ပြုအပ်တဲ့ ကုသိုလ်တွေကို ပြန်ပြန်အောက်မေ့ပြီးတော့ ၀မ်းမြောက်ခြင်းဖြင့် ကုသိုလ်တွေတိုးပွားအောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
ဓမ္မတံခွန်မဂ္ဂဇင်းမှ
မင်္ဂလာဆွမ်း အနုမောဒနာတရားတော်
ယနေ့ မင်္ဂလာဆွမ်း ဆက်ကပ်လှူဒါန်းကြရာမှာ ဘုန်းကြီးတို့ အနု ဓောဒနာတရားလေး နည်းနည်းဟောရမယ်။
လောကမှာ အမျိုးသားနဲ့အမျိုးသမီး လက်ထပ်ထိမ်းမြားကြတဲ့အခါ ဘုန်းကြီးတို့ဘဝတစ်သက် ခရီးရှည်ကြီး သွားရတဲ့အခါကျတော့ အချင်း ချင်း အတွဲညီဖို့ အရေးကြီးတယ်။ ဘုရားရှင် ကိုယ်တော်မြတ်က စတုအင်္ဂုတ္တရပါဠိတော်မှာ ဟောထားတဲ့ အတွဲလေးမျိုးရှိတယ်။
၁1 လူသေယောက်ျားနဲ့ လူသေမိန်းမအတွဲ။ ယောက်ျားကလဲသီလ မရှိဘူး။ အကျင့်မကောင်းဘူး။ မိန်းမကလဲ သီလမရှိဘူး။ အကျင့်မကောင်း ဘူးဆိုရင် အဲဒါ လူသေယောက်ျားနဲ့ လူသေမိန်းမ အတွဲလို့ဆိုတယ်။
၂1 မိန်းမကသီလရှိတယ် ယောက်ျားကသီလမရှိဘူးဆိုရင် နတ်သမီး မိန်းမနဲ့ လူသေယောက်ျား ပေါင်းသင်းခြင်းပဲတဲ့။ ဒါဒုတိယအတွဲ။ နတ်သမီးဆိုတာ မိန်းမက ကိုယ်ကျင့်တရားကောင်းတယ်။ သီလလုံတယ်။ သမာဓိရှိတယ်။ ကိုယ်ကျင့်ကောင်းတယ်။ ယောက်ျားက သီလမရှိဘူး။ သမာဓိ မကောင်းဘူး။ အဲသလိုအတွဲကတစ်မျိုး ဒါက အတွဲမညီဘူး။ ပထမ လူသေယောက်ျားနဲ့ လူသေမိန်းမဆိုတာလဲ မကောင်းတဲ့အတွဲပဲ။ အခု ဒုတိယအတွဲက မိန်းမဘက်က ကောင်းပေမယ့် ယောက်ျားဘက်က မကောင်းဘူး။ မကောင်းတဲ့အတွဲပဲ။
၃။ တတိယအတွဲက ယောက်ျားဘက်ကကောင်းတယ်။ နတ်သား ယောက်ျားနဲ့ မယားကလူသေ။ ယောက်ျားကတော့ သီလရှိတယ်။ ကိုယ် ကျင့်တရားကောင်းတယ်' မိန်းမက ကိုယ်ကျင့်တရားမကောင်းဘူး' သီလ
မရှိဘူး အဲဒီအတွဲကလဲ ယောက်ျားဘက်ကသာကောင်းလို့ မိန်းမဘက်က မကောင်းဘူး။ အတွဲမညီဘူး။
၄4 စတုတ္ထအတွဲကတော့ အကောင်းဆုံးအတွဲပဲ ယောက်ျားဘက်က လဲ သီလရှိတယ်။ ကိုယ်ကျင့်ကောင်းတယ်။ မိန်းမဘက်ကလဲ သီလရှိ တယ်။ ကိုယ်ကျင့်ကောင်းတယ်။ အဲဒီလို သီလရှိတဲ့- ကိုယ်ကျင့်ကောင်း တဲ့ အတွဲကျတော့ နတ်သားယောက်ျားနဲ့ နတ်သမီးမိန်းမ အတွဲတဲ့။
အဲဒီအတွဲမျိုးဖြစ်ကြရတယ်။ လောကမှာ အတွဲညီညီနဲ့ ကောင်းတဲ့ ပုဂ္ဂိုလ်တွေအဖြစ်ဖြင့်' သူတော်ကောင်းအဖြစ်ဖြင့် ကောင်းတဲ့အကျင့်တွေ ကျင့်ပြီးတော့ အချင်းချင်း မေတ္တာကရုဏာတွေ ထားကြပြီးတော့ ဆက်ဆံ ပေါင်းသင်းနေခဲ့ကြရင် အဲဒီအိမ်ထောင်ရေးဟာ မသာယာဖွယ်မရှိဘူး။ သာယာမှာပဲ1
ဘုန်းကြီးတို့ တစ်ခါက ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘဂ္ဂတိုင်း သံသုမာရဂိရိဆိုတဲ့မြို့မှာ သီတင်းသုံးတယ်။ အဲဒီမြို့မှာ ဘုရားရှင်ကိုယ် တော်မြတ်ကို စွဲပြီးတော့ သားအရင်းကဲ့သို့ ချစ်မြတ်နိုးကြတဲ့ နကုလ မာတာနဲ့ နကုလပိတာဆိုတဲ့ ဒကာကြီးနဲ့ ဒကာမကြီးတို့ ရှိကြတယ်။
ဘုရားရှင်နဲ့ အင်မတန်အကျွမ်းဝင်လို့ ဘုရားရှင် ကိုယ်တော်မြတ် က အကျွမ်းဝင်တဲ့နေရာမှာ ဧတဒဂ်အရာဖြင့် မြှောက်စားခံရတဲ့ ဒကာ ကြီးနဲ့ ဒကာမကြီး၊
တစ်နေ့ကျတော့ ဘုရားရှင်ကိုယ်တော်မြတ် သင်္ကန်းပြင်ရုံး သပိတ် ယူပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် မြို့ထဲ ဆွမ်းခံကြွတော့ ခုန နကုလပိတာနဲ့ နကုလမာတာတို့ဆိုတဲ့ ဒကာကြီး ဒကာမကြီးများအိမ် ဆွမ်းခံကြွတယ်။ ခင်းထားတဲ့နေရာမှာထိုင်နေတုန်း ဒကာကြီးနဲ့ ဒကာမ ကြီးက လာပြီးတော့ ရှိခိုးနေကြေတယ်။ အဲဒီအခါမှာ နကုလပိတာ ဒကာကြီးက လျှောက်ထားတယ်။
မြတ်စွာဘုရား တပည့်တော်မှာ ဟောဒီနကုလမာတာ ဒကာမကြီး ကို ငယ်ငယ်ရွယ်ရွယ်ကတည်းက လက်ထဝ်ထိမ်းမြားပြီးတော့ ပေါင်း သင်းခဲ့တဲ့မယားပါပဲး တပည့်တော်ဟာ နကုလမာတာအမျိုးသမီးကို စိတ်
ဖြင့်တောင် ကျူးကျော်မှုမပြုခဲ့ပါဘူးဘုရား၊ ကိုယ်ဖြင့်ကျူးကျော်မှုဆို တာကတော့ ပြောစရာမရှိပါဘူးဘုရားး' တပည့်တော်ဟာ ဤဘဝ ဒကာမ ကြီးနဲ့ ပေါင်းသင်းနေရသလို နောက်နောက်ဘဝလဲ ဒကာမကြီးနဲ့ ဒီလို ပဲ ပေါင်းသင်းနေထိုင်လိုပါတယ်ဘုရား လို့ လျှောက်ထားတယ်။
ထို့အတူပဲ ဒကာမကြီးကလဲ မြတ်စွာဘုရား၊ တပည့်တော်မဟာ ဒကာကြီးနဲ့ ငယ်ငယ်ကတည်းကပဲ လက်ထပ်ထိမ်းမြားပြီးတော့ ပေါင်း သင်းနေထိုင်ခဲ့ပါတယ် ဒကာကြီးကို တပည့်တော်မဟာ စိတ်ဖြင့်တောင် မကျူးကျော်ခဲ့ပါဘူး။ ကိုယ်ဖြင့်ကျူးကျော်မှုဆိုတာကတော့ ပြောစရာမရှိ ပါဘူးဘုရား၊ တပည့်တော်တို့ဟာ ဒီဘဝပေါင်းသင်းနေကြရသလို နောက် နောက်ဘဝလဲ ဒီလိုပဲ ပေါင်းသင်းနေထိုင်လိုကြပါတယ် လို့ လျှောက် ထားတယ်။
အဲဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်က ဘာအမိန့်ရှိတုံးဆိုတော့ ဧနီးမောင်နှံနှစ်ယောက်ဟာ ဒီဘဝလဲ ပေါင်းသင်းနေထိုင်လိုကြတယ်။ နောက်ဘဝလဲ အတူတကွ ပေါင်းသင်းနေထိုင်လိုကြတယ်ဆိုရင် အဲဒီဇနီး မောင်နှံနှစ်ယောက်ဟာ တူမျှသောသဒ္ဓါတရားရှိကြရတယ်။ တူမျှသော သီလရှိကြရတယ်။ တူမျှသောစာဂရှိကြရတယ်။ တူမျှသောပညာ ရှိကြ ရတယ်။ အဲသလို သဒ္ဓါလဲတူမျှကြတယ်။ သီလလဲ တူမျှကြတယ်။ စာဂလဲတူမျှကြတယ်။ ပညာလဲ တူမျှကြတယ်ဆိုရင် အဲဒီသဒ္ဓါတူ။ သီလတူး စာဂတူ။ ပညာတူကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ဒီဘဝ ချစ်ချစ်ခင်ခင်ပေါင်းသင်းကြရသလို နောက်နောက်ဘဝလဲ ပေါင်းသင်း ကြရမှာပဲဆိုတဲ့အကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော် မူခဲ့တယ်။
ဒါကြောင့် လောကမှာ ဇနီးမောင်နှံနှစ်ယောက်ဟာ စိတ်တူကိုယ်တူ ဖြစ်ကြသလို သဒ္ဓါတရားမှာလဲ ညီတူညီမျှဖြစ်ကြရတယ်။ သီလတရားမှာ လဲ ညီတူညီမျှ။ သူကလဲသီလရှိ၊ ကိုယ်ကလဲသီလရှိ။ ခုနပြောသလို လင်နတ်သား။ မယားနတ်သမီးဆိုတဲ့အတွဲလို အဲသလို သီလလဲတူမျှ။ သဒ္ဓါလဲတူမျှ။ စာဂလဲတူမျှ။ ပညာလဲတူမျှမယ်ဆိုရင် မိမိလိုလားသလို
ဒီဘဝအတူပေါင်းသင်းကြရသလို နောက်နောက်ဘဝတွေမှာလဲ အတူတူ ပေါင်းသင်းနေထိုင်ကြရမယ်ဆိုတဲ့အကြောင်း ဟောတော်မူခဲ့တယ်။ ဒါကြောင့် လောကမှာ အတွဲညီဖို့ အင်မတန်အရေးကြီးတယ်။ အချင်း
ချင်း မေတ္တာတရား ကရုဏာတရားထားကြပြီးတော့ စိတ်တူကိုယ်တူဖြစ် အောင် ကြိုးစားကြ၊ လောကမှာ ဝတ္တရားတွေဆိုတာရှိတယ်။ ဝတ္တရား တွေ ကျေပွန်ကြရင် လောကကြီးဟာ သာယာလျက်ရှိတယ်။ ဝတ္တရား မကျေပွန်ဘူးဆိုရင် လောကကြီးမသာယာဘူး။ မိဘနဲ့သားသမီး။ ဆရာနဲ့ တပည့် စသည်ဖြင့်ပေါ့လေ ဇနီးမောင်နှံ ဇနီးနှင့်လင် စသည်ဖြင့် အချင်း ချင်း အပြန်အလှန်ကျင့်ရမယ်. ကျင့်ဝတ်တွေရှိတယ်။ ဒါတွေကတော့ သိပြီးသားတွေပါဝဲ။
အိမ်တွင်းမှုလုပ်' သိမ်းထုပ်သေချာ။
မိစ္ဆာကြဉ်ရှောင်။ လျော်အောင်ဖြန့်ချိ။
ပျင်းရိမမူး ဝတ်ငါးဆူ။ အိမ်သူကျင့်အပ်စွာ ဆိုတဲ့ အိမ်သူဇနီးရဲ့ ကျင့်ဝတ်ကငါးပါး။
မထေမဲ့ကင်း။ အပ်နှင်းဥစ္စာ။
မိစ္ဆာမမှား ဝတ်စားဆင်ယင်
မြတ်နိုးကြင်။
ငါးအင်လင်ကျင့်ရာ။
ဘုရားရှင်ကိုယ်တော်မြတ် ဒေသနာတော်ကယူပြီးတော့ အရေးကြီး
လို့ သင်္ဂဇာဆရာတော်ကြီးက အလွယ်တကူကျက်နိုင်ကြပါစေဆိုပြီးတော့ လင်္ကာလေးတွေရေးခဲ့တယ် ကဗျာလေးတွေ လင်္ကာလေးတွေ အင်မတန် ကောင်းတယ် အဲဒါ လောက သာယာကြောင်း ကျင့်ဝတ်ကလေးတွေ။ ဒီကျင့်ဝတ်ကျင့်တဲ့ လောကကြီးဟာ သာယာတယ်။ ဒီကျင့်ဝတ်တွေ မကျင့်ဘူးဆိုရင် လောကကြီးဟာ မသာယာဘူး။ ပြဿနာတွေ အမျိုးမျိုး ကြုံတွေ့ပြီးတော့ မေတ္တာတွေပျက်၊ ကရုဏာတွေပျက်။ မုဒိတာတွေပျက်။ ဥပေက္ခာတွေပျက်။ မုဒိတာတွေပျက်။ ဥပေက္ခာတွေပျက်လို့ အားလုံး မသာမယာဖြစ်ကြရတယ်။ အဲသလို အချင်းချင်း မိဘနဲ့ သားသမီး။ ဆရာနဲ့
တပည့်။ ဇနီးနဲ့ ယောက်ျား။ အားလုံး ကိုယ်ပြုရမယ့်တာဝန်။ ကိုယ်ကျင့်ရ မယ့်တာဝန် ကျေပွန်ကြမယ်ဆိုရင် အားလုံး လောကကြီး သာယာလျက် ရှိမှာပဲ
ဒါကြောင့် ယနေ့ ဘုန်းကြီး နောက်ဆုံးတိုက်တွန်းချင်တာကတော့ အဲသလို ၀တ္တရားကျေပွန်ပြီးတော့။ အချင်းချင်း မေတ္တာ ကရုဏာတရား တွေ ပွားပြီးတော့ ကြိုးစားပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အလိုတော် ကို လိုက်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
ရက်လည်ဆွမ်းအနုမောဒနာတရားတော်
ပါတောဒိဋ္ဌာ ဗဟူဇနာ။
ပါတော ဧကေ နဒိဿန္တိ။
သာယံဒိဋ္ဌာ ဗဟူဇနာဓ။
ဗဟူဇနာ။ ရဟန်းရှင်လူအဆူဆူ ထိုထိုများစွာသောပုဂ္ဂိုလ်တို့ကို၊ ပါတော-နံနက်ခင်းအခါက( ဒိဋ္ဌာ-မြင်အပ် တွေ့အဝ်ပါပေကုန်၏ ဧကေ-မနက်ခင်းက မြင်ရထိုထို အချို့သောပုဂ္ဂိုလ်တို့ကို၊ သာယံ- ညနေခင်းအခါကျတော့။ နဒိဿန္တိ-မမြင်ကြရပါပေကုန်။ ဗဟူဇနာ။ ရဟန်းရှင်လူအဆူဆူ ထိုထိုများစွာသောပုဂ္ဂိုလ်တို့ကို၊ သာယံ-ညနေခင်းအခါက။ ဒိဋ္ဌာ-တွေ့မြင်ကြရပါပေကုန်၏ ဧကေ-ညနေချမ်းက မြင်ရတဲ့ အချို့သောပုဂ္ဂိုလ်တို့ကို၊ ပါတော- နံနက်ခင်းအခါကျတော့။ နဒိဿန္တိ-မတွေ့ရ မမြင်ကြရပါပေကုန်တော့ တကား။
နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက် လောကသာဘဝ၊ သူသူငါငါ သတ္တဝါမှန်သမျှ မသေနိုင်တဲ့အချိန်ရယ်လို့မရှိဘူး1 မသေနိုင်တဲ့အခါရယ် လို့မရှိဘူးး နေ့မြင်ညပျောက် ညမြင်နေ့ပျောက်1 သေခြင်းသဘောတရား ဆိုတာက သေမယ်ထင်ပေမယ့် သေချင်မှသေတာ။ မသေဘူးထင်ပေမယ့် သေသွားရတယ်။ သေမင်းက အချိန်မရွေးဘူး။
ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟ နိက္ခေပနံ ဂတိ ပဉ္စေတေ ဇီဝလောကသ္မိံ အနိမိတ္တာ နနာယရေး
ဇီဝိတဉ္စ-ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတဲ့အသက်ကိုလည်း ကောင်း ဗျာဓိစ-ဘယ်ရောဂါနဲ့ သေရမယ်ဆိုတဲ့ သေရမယ့်ရောဂါကို လည်းကောင်း၊ ကာလောစ-ဘယ်အချိန်မှာ သေရမယ်ဆိုတဲ့ သေရမယ့် အချိန်ကိုလည်းကောင်း၊ ဒေဟနိက္ခေပနံစ-ခန္ဓာကိုယ်ကြီးကို ဘယ်သင်ျိုင်း မှာ မြှုပ်ရမယ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးပစ်ချရမယ့်နေရာကိုလည်းကောင်း၊ ဂတိစ-သေပြီးနောက်အခါ ရောက်လာမယ့် နောက်ဘဝ ဂတိတစ်မျိုးမျိုး ကိုသော်လည်းကောင်း။ ဧတေပဉ္စ-ဤငါးမျိုးတို့ကို၊ အနိမိတ္တာ-အမှတ် အသား မထားအပ်ကုန်သည်ဖြစ်ရ။ နနာယရေ-မသိအင် မသိနိုင် မသိရ ပါပေကုန်တကား။
(၁) ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာလဲ မသိရဘူး “ဘယ် သက်ရွယ်မှား ဘယ်ရောဂါနဲ့] ဘယ်ခါကာလ၊ ဘယ်ဒေသရှိ။ ဘယ်ဂတိ ခ်၊ သေရမည့်တာ။ တို့သူငါ။ မှန်စွာမသိပါတကား ဆိုတဲ့အတိုင်း သေရ မယ့် အချက်တွေကို မသိနိုင်ကြဘူးး ဘယ်အသက်ရွယ်မှာ သေရမယ်။ တချို့ အသက်ငယ်ငယ်နဲ့ သေကြတယ်။ တချို့အသက်ကြီးပေမယ့် အရွယ် မကုန်ခင်သေကြတယ်။ အမျိုးမျိုးပဲ အနာရောဂါ ဘယ်ရောဂါနဲ့ သေရ မယ်ဆိုတာလဲ ပိုင်းခြားသတ်မှတ်ချက်မရှိဘူး။ သေချင်တဲ့ရောဂါနဲ့ သေတတ်တယ်' မနက်ခင်းသေမယ်။ နေ့လယ်ခင်းသေမယ်။ ညနေခင်း သေမယ်ဆိုတဲ့အချိန်ကာလလဲ ဝိုင်းခြားသတ်မှတ်လို့မရဘူး1 သေတဲ့အခါ ကျတော့ ဘယ်မှာသေရမယ်ဆိုတဲ့ သေရမယ့်သင်္ချိုင်းလဲ ပိုင်းခြားသတ်မှတ် ချက်မရှိဘူး1 ရန်ကုန်နေပေမယ့် တခြားသွားသေချင်သေတာပဲ။ မမျှော် လင့်ဘဲကုန်းပေါ်နေတဲ့သူတွေက ရေထဲသွားသေတာလဲ ရှိကြတာပဲ။ တချို့ ကောင်းကင် သေချင်သေကြတယ်။ သေခြင်းသဘောတရားဆိုတာ သတ်မှတ်ချက်မရှိဘူး။ ဘာမှ သတ်မှတ်ချက်မရှိဘူး။ သူဖြစ်ချင်သလို ဖြစ်တာ။
မနာချင်လိုး ငါကဆိုလည်း။ ဆိုတိုင်းမရ။ နာကြရ၊ အနတ္တခန္ဓာကိုယ်”
မအိုချင်လိုး ငါကဆိုလည်း။ ဆိုတိုင်းမရ။ အိုကြရ။ အနတ္တခန္ဓာကိုယ်”
မသေချင်လို၊ ငါကဆိုလည်း။ ဆိုတိုင်းမရ။ သေကြရ။ အနတ္တခန္ဓာကိုယ်”
အနတ္တဆိုတဲ့အတိုင်း မိမိတို့အစိုးမရဘူး။ လိုချင်တိုင်းမရဘူး။ သူ ဖြစ်ချင်တိုင်းဖြစ်တာ ခန္ဓာကိုယ်ကြီးက၊ ဒီတော့ ခန္ဓာကိုယ်ကြီးဆိုတာက ဘာမှ မိမိတို့အလိုအတိုင်း မဖြစ်နိုင်ဘူး တစ်နေ့ကျ ပျက်စီးရမှာသေချာ တယ်။ မြန်မြန်နဲ့နှေးနှေးပဲ အဲသလို ပျက်စီးတက်တဲ့ ခန္ဓာကိုယ်ကြီးဟာ ပျက်စီးမှာဖြစ်တော့ မိမိ ဒီခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးတော့ မိမိတို့ ဘာမှ ကြောင့်ကြစရာမရှိဘူး။ ဖြစ်ချင်တိုင်းဖြစ်နေတာ။ ကြောင့်ကြစရာက တရားမရှိမှာ စိုးရိမ်ကြ ကြောင့်ကြကြရတယ်။ ဘုန်းကြီးတို့ ဒီဘဝက နေပြီးတော့ ဘယ်ရောက်ရမယ်ဆိုတာ ဘယ်သူမှမသိဘူး။ တန်ခိုးရှင် အဘိညာဉ်တန်ခိုးရှင်တွေမှလွဲလို့ တခြားပုဂ္ဂိုလ်တွေ သိနိုင်မှာမဟုတ်ဘူး။ မသိနိုင်တော့ နောက်ဘဝစိတ်ချရအောင်ဆိုတာ လုပ်ထားရတယ်။ ဒီဘဝ မိမိတို့ဘဝ ဆုံးချင်မှဆုံးမှာ ရဟန္တာ ရဟန္တာမဖြစ်မှ ဘဝဆုံးတယ်။ နောက်ကို ဘယ်ဘဝမှမဖြစ်ရဘူး။ ဘယ်ဒုက္ခမှ မခံရဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ အကြင်မျှလောက် ရဟန္တာ ရဟန္တာမ မဖြစ်သေးဘူးဆိုရင် ထိုမျှလောက် သွားရအုံးမယ် နောက်ဘဝကို၊
ဒါကြောင့် အဲဒီနောက်ဘဝမှာ သွားရတဲ့အခါ သံသရာခရီးသွားအဖြစ် နဲ့ သွားရတဲ့အခါ မိမိတို့မှာ အားကိုးစရာပါဖို့လိုတယ်။ အားကိုးစရာ ဆိုတာက ပစ္စည်းဥစ္စာလဲမဟုတ်ဘူး။ ဆွေမျိုးဉဥာတိ မိတ်သင်္ဂဟတွေလဲ မဟုတ်ဘူး။ ကိုယ်အားထုတ်ထားတဲ့တရားတွေး ဒါနတွေး သီလတွေ။ ဘာဝနာတွေ။ အဲဒီအားထုတ်ထားတဲ့ ကုသိုလ်တရားတွေသာ ကိုယ့်ရိက္ခာ။ အဲဒီရိက္ခာ များများထုပ်မိပြီဆိုရင်ဖြင့် ဘာမှစိုးရိမ်စရာမရှိဘူး။ အဲဒီ စိုးရိမ်စရာမရှိအောင် ကြိုတင်ပြီးတော့ များများရိက္ခာထုပ်ကြရတယ်။
တစ်ခါက သာကီဝင်မင်း မဟာနာမ်က ဘုရားရှင်ကိုယ်တော်မြတ်ဆီ ရောက်လာတယ်။ ရောက်လာတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။
“မြတ်စွာဘုရား၊ တပည့်တော်ဟာ တစ်ခါတစ်ခါ ဘုရားရှင် ကိုယ် တော်မြတ်ထံ ရောက်လာတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကို ဖူးမြော် ပြီးတော့ မိမိကြည်ညိုတဲ့ အရှင်မြတ်တွေကို ဖူးမြော်ပြီးတော့ ညနေချမ်း
အခါ ကပ္ပိလဝတ်နေပြည်တော်ကြီးဆီ ဝင်သွားတယ်။ ဝင်သွားတဲ့အခါ ဆင်ကြမ်းနဲ့လဲ ကြုံရတယ်။ မြင်းကြမ်းနဲ့လဲကြုံရတယ်။ လူတွေ လှုပ်ရှား သွားလာနေတာလဲမြင်ရတယ်။ အမျိုးမျိုးကြုံရတဲ့အခါမှာ တပည့်တော် သြော် ဒီအချိန်အခါများ ငါသေသွားရင်ဖြင့် ဘယ်ဘဝများ ရောက်ရ ပါလိမ့်မလဲလို့ စိုးရိမ်မိတဲ့အကြောင်း လျှောက်ထားတဲ့အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က-
မာဘာယိမဟာနာမ။ မာဘာယိမဟာနာမ။
အပါပကံ တေ မရဏံ ဘဝိဿတိ။ အပါပိကာ ကာလကိရိယာ။
မဟာနာမ်။ မစိုးရိမ်နဲ့ မစိုးရိမ်နဲ့။ မဟာနာမ်အဖို့ မကောင်းသော သေရခြင်းဖြစ်မှာ မဟုတ်ဘူးး' မကောင်းသော ဘဝပြောင်းရခြင်းမျိုး ဖြစ်မှာမဟုတ်ဘူးလို့ မိန့်တော်မူပြီးနောက် ဘုရားရှင်ကိုယ်တော်မြတ်က တရားသဘောလေးတွေနဲ့ပဲ မစိုးရိမ်ရမယ့် ပုဂ္ဂိုလ်အရည်အသွေးကို ပြောပြတယ်။
လောကမှာ ထောပတ်အိုးကြီး ဆီအိုးကြီးကို နက်လှတဲ့မြစ်ထဲမှာ နှစ်ပြီးတော့ခွဲလိုက်တယ်။ အဲဒီလိုခွဲလိုက်တဲ့အခါမှာ အိုးခြမ်းကွဲတွေက တော့ အောက်ကျသွားတယ်' အဲဒီထော၀တ်အိုး ဆီအိုးထဲက ထောပတ် တွေ ဆီတွေကတော့ ရေအထက်ကိုတက်ပြီးတော့ ဝေ့နေကြတယ်။ အဲဒီ လိုပဲ ခန္ဓာကိုယ်ကြီးကတော့ သေရင်ကျီးအစာ။ လင်းတအစား ပိုးလောက် တို့ရဲ့အစာဖြစ်မှာပဲ။ သို့သော် အဲဒီခန္ဓာကိုယ်ကြီးနဲ့ ရင်းနှီးထားတဲ့သဒ္ဓါ တရား၊ သီလတရား၊ သုတတရား၊ စာဂတရား၊ ပညာတရားဆိုတဲ့ တရားတွေကတော့ ဥဒ္ဓဂါမိ အထက်အထက်သို့သာ တက်သွားကြမှာပဲ။ ဝိသေသဂါမိ-သာမညအခြေအနေက ထူးခြားတဲ့အခြေအနေသို့ ရောက် သွားပေါက်သွား တက်သွားမှာပဲလို့ မိန့်တော်မူပြီးတော့-
“မာဘာယိ မဟာနာမ။ မာဘာယိ မဟာနာမ။ အပါပကံ တေ မရဏံ ဘဝိဿတိ၊ အပါပိကာ ကာလကိရိယာ”လို့ အားပေးတော်မူ တယ်။ မစိုးရိမ်နဲ့ မဟာနာမ် မစိုးရိမ်နဲ့ သူက သကဒါဂါမ်လောက် ဖြစ်နေတဲ့ပုဂ္ဂိုလ်ကြီး၊ ဒါကြောင့်မို့လို့ မစိုးရိမ်နဲ့ မဟာနာမ် မစိုးရိမ်နဲ့။
သင့်အတွက်မကောင်းသောသေခြင်းမျိုး။ ယုတ်ညံ့တဲ့သေခြင်းမျိုး သေရမှာ မဟုတ်ဘူးလို့ အားပေးစကား မြွက်ကြားတော်မူတယ်။ အဲဒီလို ဘုရား ရှင် ကိုယ်တော်မြတ် မိန့်တော်မူတဲ့ ဤစကားတော်အရ ခန္ဓာကိုယ်ဆိုတာ ကတော့ ပျက်စီးမှာချည်းပဲ တစ်နေ့ကျတော့ ဘယ်သူမှ နေရမှာ မဟုတ်ဘူး။
အန္တော ဝဿသတံ သဗ္ဗေ-လောကေ သကမ္မနိဿိတာ။
မရဏံ ဝေ ဂမိဿန္တိ၊ ဇာတာနံ ဟိ မတံ ဓုဝံ။
လောကေး မျက်မြင်တွေ့ရ လူ့လောကဉ််4။ သကမ္မနိဿိတာ-စား ရေးဝတ်ရေး နေထိုင်ရေးဟု ကိုယ်ရေးတွေရှုပ် ကိုယ့်အလုပ်ကို မှီကြကုန် သော၊ သဗ္ဗေ-ရဟန်းရှင်လူ ခပ်သိမ်းသူတို့သည်။ အန္တော၀ဿသတံ- တစ်နေ့တစ်ရက်။ တစ်နံနက်ဟု အသက်ကုန်ဆင်း အနှစ်တစ်ရာအတွင်းခ်း ဝေဧကန္တေန-စစ်စစ်ဧကန် အမှန်မလွဲ တစ်ပုံစံတည်းသာလျှင်၊ မရဏံ ဂမိဿန္တိ-သေတွင်းသေဝ သေပေါက်ကျအောင် ရောက်ရကုန်လတ္တံ့ ဟိ-သစ္စံ-သူတော်အများ လက်ကိုင်ထားရွ စကားဆိုဟန် အမှန်ပင် ဖြစ်ပါပေ၏်။ ဇာတာနံ-ရှေးကံအရ တစ်ဘဝ ဖြစ်ကြရသူ အများလူ တို့၏ 1 မတံ-အသက်တမ်းနှင့် ကံစွမ်းအရှိန် ကုန်ချိန်ရောက်က သေပျောက်ရခြင်းသည်။ ဓုဝံ-မြေလက်ခတ်နဲ မြောက်သည့်ခဲသို့ မလွှဲမသွေ အမြဲပင်ဖြစ်ပေသတည်း။ (ခုဒ္ဒသိက္ခာဘာသာဋီကား))
နှစ်တစ်ရာအတွင်းမှာ ဘယ်သူမှ မြဲမှာမဟုတ်ဘူး။ အင်မတန် ကံကောင်းလှတဲ့တချို့ပုဂ္ဂိုလ်တွေ အနည်းအကျဉ်းတော့ တစ်ရာကျော်နေရ တာရှိပါတယ်။ သို့သော် များသောအားဖြင့် တစ်ရာအတွင်း၊ ခုခေတ် ခုနစ်ဆယ်လောက်ဆို တယ် မဟုတ်ချင်ဘူး။ ခုနစ်ဆယ် ရှစ်ဆယ် ဒီ အတွင်း သေကြတာချည်းများနေတယ်။ အဲဒါကြောင့် ကိုယ့်အလုပ် လုပ်ကြရင်း လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်းနဲ့ အနှစ်တစ်ရာအတွင်းမှာ အကုန်လုံး သေကြမှာချည်းပဲ။။
ဒီတော့ ခန္ဓာကိုယ်ကြီးကတော့ သေတတ်တဲ့သဘောတရားမို့ သေမှာ ပဲ4 ပျက်ဟတ်တဲ့ သဘောတရားမို့ ပျက်မှာပဲ။
ဘိဇ္ဇန ဓမ္မံ ဘိန္နံ န စိန္တိတဗ္ဗံ မလ္လိကေ။
မလ္လိကေ။ မလ္လိကာ။ ဘိဇ္ဇန ဓမ္မံ၊ ပျက်တတ်တဲ့သဘောတရားသည်။ ပိန္နံ ပျက်မှာပင်ဖြစ်ပါ၏ / နစိန္တိတဗ္ဗံ၊ တွေးပြီးတော့ ပူနေစရာမလိုပါ။
စစ်သူကြီးကတော် မလ္လိကာ သံဃာတော်တွေ။ ရှင်သာရိပုတ္တရာ အမှူးရှိတဲ့ သံဃာတော်တွေ ဆွမ်းဆက်ကဝ်လှူဒါန်းနေတုန်း တစ်နေရာ မှ ချီယူလာတဲ့ ထောပတ်အိုးကြီးက ကျကွဲသွားတယ်။ အဲဒါအကြောင်း ပြုပြီးတော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက မလ္လိကာ။ ကွဲတတ် တဲ့အမျိုးဟာ ပျက်စီးတာပဲ တွေးမပူလေနဲ့ဆိုတော့ မလ္လိကာက ခါးကြားထဲက စာလေးထုတ်ပြီးတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ကြီးကို ပြတယ် အရှင်ဘုရား၊ တပည့်တော်ဟာ သားသုံးကျိပ်နှစ်ယောက် နှင့်တကွ လင်သား ဗန္ဓုလစစ်သူကြီး ကွယ်လွန်သွားတယ်ဆိုတဲ့သတင်း ရတယ်။ အဲဒီသတင်းရတာတောင် တပည့်တော်ဟာ ဘာမှမဖြစ်ပါဘုရား လို့ လျှောက်ထားတယ်။
လောကမှာ ခံနိုင်ရည်ရှိအောင်။ ခံနိုင်ရည်ရှိတဲ့ တရားတွေ ကြိုးစား စုဆောင်းကြရတယ်။ ကြိုးစားပြီးတော့ရှာကြရတယ်။ ကြိုးစားပြီးတော့ စုဆောင်းကြရတယ်။
စိတ်ဓာတ်ခိုင်မာအောင် ကြိုးစားကြရတယ်။ အဲဒါကို ဒါ မလ္လိကာ စစ်သူကြီးကတော် စိုးရိမ်မှု ဘာကြောင့်မဖြစ်သတုံးဆိုတော့ အလကား ရတဲ့စိတ်မဟုတ်ဘူး နဂိုကတော့ သူများလိုပဲ စိတ်မခိုင်တဲ့ပုဂ္ဂိုလ်ပဲ။ သို့သော်လဲပဲ မိမိလေ့ကျင့်အပ်တဲ့တရားတွေ။ ကြားနာအပ်တဲ့တရားတွေ။ အဲဒီတရားတွေအကြောင်းပြုပြီးတော့ စိတ်ဓာတ်ဟာ တဖြည်းဖြည်း မာလာတာပဲ။ စိတ်ဓာတ်မာလာတော့ ဘယ်လိုဒုက္ခမျိုးကြုံကြုံ မဖြုံဘူး။ ခံနိုင်ရည်ရှိတယ်။ ဒါကြောင့် တရားဆိုတာ အင်မတန်အားထုတ်ထိုက် တယ်။ ဒါကြောင့် ခုန မဟာနာမ်သာကီဝင်ကို ဘုရားရှင်ကိုယ်တော် မြတ် ဟောတော်မူတယ်။ ခန္ဓာကိုယ်ကြီးပျက်စီးပေမယ့် တရားကမပျက် စီးဘူး ခန္ဓာကိုယ်ပျက်စီးပေမယ့် ကိုယ့်တရားက ကိုယ့်ကိုမပျက်ရာရောက် ရအောင် ပို့ပေးမှာ။ ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်အောင် ဆောင်ရွက်ပေးမှာ။
လောကမှာ တရားဆိုတာ အင်မတန်အရေးကြီးတယ်။ တရားကို ကြိုးစားပြီး ပွားကြရတယ်။ အားထုတ်ကြရတယ်။ ဆည်းပူးကြရတယ်။ စုဆောင်းကြရတယ
ယံ ကိဉ္စိဗာဟိယံ ဝတ္ထု၂[ ယထာကာမံ ပဘိဇ္ဇတု။
အဇ္စျတ္တမှိ အဘိန္နမှိ အဘိန္နောဝေသ ပညဝါ။
ခန္ဓာကိုယ်ကြီးက ပျက်စီးတတ်တာ။ ပျက်စီးပစေတဲ့။ သူ့ဟာသူ ပျက်စီးချင်သလို ပျက်စီးပါစေ။ အဇ္စျတ္တိက တရားမပျက်စီးဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မပျက်စီးတဲ့ ပုဂ္ဂိုလ်ပဲ။ ခန္ဓာကိုယ်ကြီး ပျက်စီးပေမယ့် သူဘယ်တော့မှ မပျက်စီးဘူး။ မပျက်စီးတဲ့ပုဂ္ဂိုလ်၊ တရားမပျက်သေးရင် လူမပျက်ဘူး။ တရားပျက်။ ရင် လူပျက်တာပဲ။
ဗာယိယံ။ အပဖြစ်သော၊ ယံကိဉ္စိ၀တ္ထု။ အကြင်တစ်စုံတစ်ခုသော ဝတ္ထုသည်။ ယထာကာမံ။ ပျက်လိုသည့်အတိုင်း။ ပဘိဇ္ဇတု၊ ပျက်ပါစေး အဇ္စုတ္တမှိ၊ အဇ္စုတ္တဖြစ်သောတရားသည်။ ကိုယ်တွင်းမှာဖြစ်တဲ့တရားသည်။ အဘိန္နမှိ၊ မပျက်စီးသည်ရှိသော် မိမိစိတ် မပျက်စီးသည်ရှိသော်၊ ဧသ ပညဝ္ဝါး ထိုပညာရှိပုဂ္ဂိုလ်သည်။ အဘိန္နော၀ဝ၊ ဘယ်သောအခါကာလမှ မပျက်စီးတဲ့ပုဂ္ဂိုလ်အဖြစ်' တကယ်ခိုင်မြဲတဲ့ပုဂ္ဂိုလ်အဖြစ် တကယ်တမ်း ဖြစ်ပါပေသတည်း1.
ခန္ဓာကိုယ်လဲပျက်စီးတတ်တယ်။ မိမိတို့ပစ္စည်းတွေလဲ ပျက်စီး တယ်။ ပျက်စီးပါစေ။ သူ့အကြောင်းအားလျော်စွာ ပျက်စီးတာ ဘာမှ စိုးရိမ်စရာမလိုဘူး။ မိမိတို့ စိုးရိမ်ဖို့က တရားမပျက်ဖို့ကသာ အရေး ကြီးတယ် အဲဒီတရားကသာ မိမိတို့ကို ကယ်မှာ။ အဲဒီတရားပျက်ရင်တော့ သွားရော ဒါကြောင့် လူ့ဘဝအဖို့ အနှစ်သာရကတရားပဲ။ အကာဖြစ်တဲ့ ခန္ဓာကိုယ်၊ အကာဖြစ်တဲ့ ပစ္စည်းဥစ္စာတွေ အကြောင်းပြုပြီးတော့ စိုးရိမ် ခြင်းမဖြစ်ဘဲနဲ့ တရားပျက်မှာကိုသာ စိုးရိမ်ကြရတယ်။ မပျက်အောင် ကြိုးစားရတယ်။ တရားတွေ ပွားသထက်ပွား။ များသထက်များအောင် ကြိုးစားကြရတယ်။
စက္တီဘူတာန ပုဗ္ဗေပိ၊ ဘိန္နာ သမ္ပတ္တိယော ဗဟု။
။ ပါရမီဒဗ္ဗသမ္ဘာရ။ သာရောဧဝ အဘိန္နကော။
တသ္မာတမေဝ သမ္ဘာရံ။ သဗ္ဗ သမ္ပတ္တိသာဓကံ။
သတိမာ ပညာဝါ ရက္ခေး နသောစေ ဖဂ္ဂုဘေဒနံ။
စက္တီဘူတာနံ။ လေးကျွန်းပိုင်သ စကြာသနင်း မင်းအဆက်ဆက် ဖြစ်ကြကုန်သော အမှာကံ။ ငါတို့၏။ ယာသမ္ပတ္တိယော။ အကြင်စည်း စိမ်ဥစ္စာရတနာတို့သည်။ ပုဗ္ဗေပိ၊ ရှေးအခါကလည်း၊ ဗဟူ၊ မြားမြောက် လှစွာ။ သန္တိ။ ရှိကြကုန်လေ၏။ ဖြစ်ခဲ့ကြပေကုန်စါ တာသမ္ပတ္တိယော။ ရခဲ့ ကြုံခဲ့ ခံစားခဲ့ရတဲ့ စည်းစိမ်ဥစ္စာ ရတနာမှန်သမျှတို့သည်။ ဘိန္နား ပရမ်းပတာ ယူစရာမရ ဗျက်စီးခဲ့ရပါပေကုန်၏။ ဧကော။ တစ်ခုသေား ပါရမီဒဗ္ဗသမ္ဘာရောဝ) ဝိ၀ဋ္ဒနိဿိတ ဓမ္မအဆောက်အအုံ ပါရရမီကောင်းမှု တည်းဟူသော၊ သာရောဧဝ။ အနှစ်သာရသည်သာလျှင် အဘိန္နကေား ဘယ်အခါကာလမှ မပျက်စီးမပျောက်ပျက် အမြဲသာ တည်နေပါပေ သတည်း။
တသ္မာ။ ထိုသို့ ပစ္စည်းတွေပျက်ပေမယ့် မိမိတို့ ဆည်းပူးအားထု။ ထားတဲ့ ဝိ၀ဋနိဿိတ ပါရမီအဆောက်အအုံ ကုသိုလ်ထူးသည်သာလျှင် မပျက်စီးလေသောကြောင့် / သဗ္ဗသမ္ပတ္တိ သာဓကံ။ လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်ဟူသော စည်းစိမ်အားလုံးကိုဖြစ်စေ ပြီးမြောက် စေနိုင်သော ဓမ္မအဆောက်အအုံဖြစ်တဲ့ ပါရမီကုသိုလ်ထူးကိုသာလျှင် သတိမာ။ သတိရှိသည်ဖြစ်ရွ။ ပညဝါ။ ကျိုးကြောင်းသိမြင် ပညာရှင်သည်။ ရက္ခေ။ ကာကွယ်စောင့်ရှောက်ရမည်သာတည်း( ဖဂ္ဂုဘေဒနံ၊ အကာဖြစ်တဲ့ ခန္ဓာကိုယ်ကြီးပျက်စီးမှု။ ပစ္စည်းဥစ္စာတွေ ပျက်စီးမှုဆိုတဲ့ ပျက်စီးမှုမျိုးကို၊ နသောစေ။ မတွေးကြရ မပူပန်ကြရ တွေးကြံ ပူပင်ပြီး စိုးရိမ်ခြင်း မဖြစ်ရာသတည်း။
ဘုန်းကြီးတို့ ကျေးဇူးရှင် ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးရဲ့ ဩဝါဒတော်၊ ဆရာတော်ကြီးက ရန်ကုန် ကျိုတ္တဆံကျောင်းတိုက်မှာ သီတင်းသုံးငုန်း မန္တလေးဝိသုဒ္ဓါရုံကျောင်း တိုက်မှာ ကျောင်းတွေမီးလောင်တယံ၊ မီးလောင်တော့ တပည့်၁တ္ဟာ
လာပြီးတော့ အကြောင်းကြားကြတယ်။ အဲဒီအခါမှာ ဒီဂါထာလေးတွေ ရေးပေးလိုက်တယ် တပည့်တွေကို တရားပြသောအားဖြင့် သတိတရား ရအောင် ဩဝါဒပေးတာ။ လူ့ဘဝစည်းစိမ်။ နတ်ဘဝစည်းစိမ်။ ဗြဟ္မာ့ ဘဝစည်းစိမ်။ စည်းစိမ်တွေဆိုတာက များလှပြီ ခံစားခဲ့ကြရတာ။ ယနေ့ အိပ်မက်ထဲမှာတောင် မရှိဘူး။ အားလုံး ပျောက်ကြရပြီး ဒီတော့ စည်းစိမ် ဥစ္စာ ရတနာတွေဆိုတာ ပျက်စီးတာချည်းပဲ
မပျက်စီးတာ တရားပဲ။ ပွားများထားတဲ့ အားထုတ်ထားတဲ့တရား တွေသာ မပျက်စီးတာ။ ဘယ်အခါမှ မပျက် ဒီဘဝသေ နောက်ဘဝ ပါတာပဲ နောင်ဘဝသေရင် ဟိုနောက်ဘဝပါတာပဲ။ အနှစ်သာရတွေ ခန္ဓာကိုယ်ဟာ အနှစ်သာရမဟုတ်ဘူး။ ပစ္စည်းဟာ အနှစ်သာရမဟုတ် ဘူး အနှစ်သာရမဟုတ်လို့ ပျက်စီးချင်တိုင်း ပျက်စီးတာ။ တရားကတော့ မပျက်စီးဘူး။ မိမိကံမကောင်း အကြောင်းမလှလို့ ကွယ်လွန်ရင် နောက် ဘဝလိုက်မှာပဲ။ ကိုယ်ပြုထားတဲ့ကုသိုလ်စိတ်တွေဟာ ကမ္မသတ္တိအဖြစ်ဖြင့် လိုက်မှာပဲ။ ပါရမီသတ္တိအဖြစ်ဖြင့် လိုက်မှာပဲ။ အဲဒီသတ္တိတွေဟာ မမြင်ရပေမယ့် ရှိနေတာချည်းပဲ။ ကိုယ့်ကို ကောင်းကျိုးပေးဖို့ရှိနေတာ ချည်းပဲ။
ဒီဩဝါဒတော်များကို ဝိသုဒ္ဓါရုံ အဆုံးအဖြတ်စသော ကျမ်းများမှာ တွေ့ရသော်လည်း ထိုဂါထာတို့၏ နိဒါန်းအတ္ထုပ္ပတ္တိ မတွေ့ရ။ ဒကာ ဦးထိန်ဝင်းထံမှ ကြားခဲ့ရ၏ / ဒကာဦးထိန်ဝင်းကလဲ အမှတ်အသား ကောင်းလှသော မြောင်းမြဆရာတော် ရွှေကျင်နိကာယ ဓမ္မသေနာပတိ ထံမှ ရခဲ့သည်ဟုသိရပါသည်။ အမှတ်အသားကောင်းလှသော ရွှေကျင် နိကာယ ဓမ္မသေနာပတိ ကျေးဇူးရှင် မြောင်းမြဆရာတော်ဘုရားနှင့် ဦးထိန်ဝင်းတို့ကျေးဇူးကြောင့် အကြောင်းအရာနိဒါန်း မပျောက်ရသည်ကို ဝမ်းမြောက်စွာ သာဓုခေါ်ရပါတော့သည်။
အဲဒါကြောင့်မို့လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မမေ့ကြနဲ့ဆို တာ ဒါပဲ။ မမေ့ကြနဲ့ဆိုတာ ဒီတစ်ဘဝတည်း မိမိတို့ကိစ္စ ကုန်ချင်မှကုန် မယ်။ ရဟန္တာဖြစ်မှ ကိစ္စကုန်တာ။ ခုနကပြောသလိုပဲ ရဟန္တာတွေ
ရဟန္တာမတွေဖြစ်မှ ဒုက္ခဆုံးမှာ။ မဖြစ်သေးသမျှ သွားရအုံးမယ်1 သံသရာ ခရီးကြီး ဘယ်လောက်ရှည်အုံးမယ်မသိဘူး။ ဘယ်လောက်ရှည်တယ်ဆို တာကတော့ ကိုယ့်အစွမ်းအရပဲ။ ကိုယ်ကစွမ်းရင် နောက်ဘဝ ပြတ်ချင် ပြတ်မယ်။ ဒီဘဝပြတ်ချင်ပြတ်မယ်။ ရဟန္တာဖြစ်ရင် ပြတ်တာပဲ။ ပြတ် တယ်ဆိုရင် ဘာဒုက္ခမှ မရှိတော့ဘူး။ မခံရတော့ဘူး။ အဲဒါကြောင့် အဲဒီဒုက္ခတွေငြိမ်းဖို့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင် ဟာ အဲဒီဒုက္ခတွေငြိမ်းဖို့။ ဒါကြောင့် ကွယ်လွန်ခဲ့တဲ့ ဒကာဦးဖေကြည် အကြောင်းပြုပြီးတော့ တို့တစ်တွေဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေလို့မသင့်ဘူး မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေရင် ရတဲ့လူ့ဘဝ လေးတောင် တော်ကြာ အရင်းရှုံးချင် ရှုံးနေမယ်။ အပါယ်ရောက်ဖို့ အကြောင်းတွေဟာအများကြီး၊ လူတစ်ယောက်မှာ။ ဒါကြောင့် ကြောက် ကြပါ။ လန့်ကြပါ။ ဘုရားရှင်ကိုယ်တော်မြတ်က ဘဝဆုံးရှုံးမှာကို အင်မတန် ကြောင့်ကြတော်မူလို့ အပ္ပမာဒေန သမ္ပာဒေထလို့ အထပ်ထပ် အခါခါ မိနိ့တော်မူတဲ့အတိုင်း မမေ့မလျော့။ မပေါ့မဆ သူတော်ကောင်း တရားတွေ။ ပါရမီတရားတွေပွားများကြ၊ ကြိုးစားကြ၊ အားထုတ်ကြ။ ပြီးတော့ ရလာတဲ့ဘ၀ဝလေး အရင်းမရှုံး အမြတ်တွေများများရပြီးတော့ နောက်ဘဝလဲ ဘဝအပြောင်းလှပြီးတော့ ဟိုဘဝမှာချမ်းသာအောင်။ ဟို ဘဝမှာချမ်းသာပြီးတော့ တရားတွေအားထုတ်နိုင်အောင်။ မြန်မြန်တရား ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပ္ပမာဒေန သမ္ပာဒေထဆိုတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့အမိန့်တော်ကို မမေ့ကြပါနဲ့။ မမေ့ကြပါနဲ့လို့ ဘုရား ရှင် ကိုယ်တော်မြတ် မိန့်တဲ့ အမိန့်တော်ကို ယခုဘုန်းကြီးတို့ ဘုန်းကြီးတွေ အမြဲတမ်းသတိပေးနေတဲ့ အပ္ပမာဒေန သမ္ပာဒေထဆိုတဲ့ ဘုရား အမိန့်တော်ကို အလေးအနက်ထားပြီးတော့ ကြိုးစားလိုက်နာကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
ဘာသာသွေးမဂ္ဂဇင်းမှ
ကွယ်လွန်သူအား ရည်စူးသည့် ဆွမ်းအနုမောဒနာတရားတော်
ဆွမ်းအနုမောဒနာတရားတော်
စာဂေန ပရိဘောဂေန၊ ဗျသနေန တယော ခယာ။း
တေသံ ပထမ ခယောဝ။ ပသတ္ထော ဓမ္မဒဿိနာ။
စာဂေန-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဖြင့်လည်းကောင်း1 ပရိဘော ဂေန-သုံးဆောင်ခံစားခြင်းဖြင့်လည်းကောင်း ဗျသနေန-ပျက်စီးခြင်းဖြင့် လည်းကောင်း ခယာ-ပျက်စီးကုန်ခန်းခြင်းတို့သည်1 တယောသုံးမျိုး သုံးစား သုံးပါးရှိပါပေကုန်ါ / တေသံ-ထိုပစ္စည်းကုန်ခြင်းသုံးမျိုးတို့တွင် ပထမ ခယောဝ-ရှေးဦးအစ ပထမဖြစ်သော လှူရွှတန်းရွ ကုန်ခြင်းမျိုး ကိုသာလျှင်၊ ဓမ္မဒဿိနာ-တရားသိမြင် ရှင်တော်မြတ်ဘုရားသည်။ ပသတ္ထော-ကောင်းစွာထပ်ထပ် ချီးမွမ်းတော်မူအပ်ပါပေသတည်း။
ယနေ့ မိမိတို့ သံဃာတော်တွေကို ဆွမ်းအလှူတော် ပူဇော်လှူဒါန်း ကြတယ်။ ပစ္စည်းတွေကုန်ကြတယ်။ ကောင်းသောကုန်ခြင်း1 ကုန်တာ ထက်ပိုပြီး အကျိုးတွေ အဆမတန် များများရခြင်းအကြောင်း၊ ကောင်း မြတ်တဲ့ကုန်ခြင်း။ ပစ္စည်းကုန်ခြင်းသုံးမျိုး။ ကွယ်လွန်တဲ့ဒကာ မောင်မောင်ပြုံးကိုအကြောင်းပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြတယ်။ ကောင်းသောကုန်ခြင်း၊ ဘုန်းကြီးတို့ သဒ္ဓါတရားရှိတဲ့ပုဂ္ဂိုလ်ကတော့ ကသိုလ်ဖြစ်ဖို့ကို ရှာနေတာ ကုသိုလ်ဖြစ်မို့တွေးတယ်။ ကုသိုလ်ဖြစ် ကြိုးပမ်းတယ်1 ကြိုးပမ်းတဲ့အတိုင်းပဲ ကုသိုလ်တွေဖြစ်ကြ၊ အထမြောက် ကြတယ်။
တစ်ခါတစ်ခါတော့ လှူလေ့လှူထမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ လှူဖို့ရန် အကွက်သိပ်မမြင်ပေမယ့် လှူတတ်တဲ့ပုဂ္ဂိုလ်၊ လှူလေ့ရှိတဲ့ပုဂ္ဂိုလ်၊ အလှူ
ဝါသနာပါတဲ့ပုဂ္ဂိုလ်ကျတော့ လှူဖို့ရာ အကွက်မြင်ကြတယ်။ ဒါကြောင့် ယနေ့ကွယ်လွန်တဲ့ ဒကာမောင်မောင်ပြုံးကို အကြောင်းပြုပြီးတော့ လှူဒါန်း တဲ့ ဆွမ်းအလှူတော်ဖြစ်လာတယ်။ ကောင်းသောကုန်ခြင်း၊
လူဒါန်း၍ကုန်ခြင်း စားသံးရဲကုန်ခြင်း၊ ပျက်စီးခကန်ခြင်းလို့ ပစ္စည်း ကန်ခြင် သူးမျုးရတယ်။ အဲဒီုးပျုးိုတွင် လဒ နားမ ကုန်ခြင်းမျးက ဘုရားရှင်ကိုယ်တော်မြတ် ချီးမွမ်းတော်မူခဲ့တယ်လို့ ပညာရှိများ မိန့်ကြားတဲ့ဂါထာတစ်ခုပါ
ယနေ့လှူဒါန်းတော့ မိမိတို့မှာ ပစ္စည်းတွေအများကြီးရတယ်။ ဘာပစ္စည်းတွေတုံးဆိုတော့-
သဒ္ဓါဓနံ သီလဓနံ။ ဟီရိသြတ္တပ္ပိယံဓနံ
သုတဓနဉ္စ စာဂေါစ၊ ပညာဝေ သတ္တမံ ဓနံ။
ယဿဧတေ ဓနာအတ္ထိ၊ တ္ကတ္ထိယာ ပုရိသဿဝါ။
အဒလိဒ္ဒေါတိ တံအာဟု။ အမောဃံ တဿဇီဝိတံ။
သဒ္ဓါဓနံ-ရတနာသုံးတန် ကံ-ကံ၏ အကျိုး အားကိုးယုံကြည်တဲ့ သဒ္ဓါတည်းဟူသော ဥစ္စာလည်းကောင်း၊ သီလဓနံ-ကိုယ်ကျင့်သီလဆို တဲ့ သီလဥစ္စာလည်းကောင်း၊ ဟီရိသြတ္တပ္ပိယံဓနံ-မကောင်းမှုမှရှက်ခြင်း ဟီရိတည်းဟူသောဥစ္စာ။ မကောင်းမှုမှလန့်ခြင်း သြတ္တပွတည်းဟူသော ဥစ္စာလည်းကောင်းး သုတဓနဉ္စ-အကြားအမြင်ဗဟုသုတတည်းဟူသော သုတဥစ္စာလည်းကောင်း၊ စာဂေါစ-စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းတည်း ဟူသော စာဂဥစ္စာလည်းကောင်း၊ ဝေ-စင်စစ် သတ္တမံ-ခုနစ်ခုမြောက် သေား ပညာဓနံ-ပညာတည်းဟူသောဥစ္စာလည်းကောင်း။ ယဿာတက္ကတ္ထိ ယာဝါ-အကြင် အမျိုးသမီးအားလည်းကောင်း၊ ယဿံပုရိသဿဝါ - အကြင် အမျိုးသားအားလည်းကောင်း၊ ဧတေဓနာ-ထိုသဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ။ ဟီရိသြတ္တပ္ပတည်းဟူသော သူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါးတို့သည်။ အတ္ထိ-ထင်ရှားမသွေ ရှိနေကြပါပေကုန်၏ တံ-ထိုသူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါး ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ကို အဒလိဒ္ဒေါတိ-မမွဲတဲ့ပုဂ္ဂိုလ်ဟူရွှ။ သူဋေးဟူရွျ။ အာဟု-ဘုရားအဆူဆူ
မိန့်တော်မူကြလေကုန်စါ / တဿဘထိုသူတော်ကောင်းဥစ္စာ ရတနာ ခုနစ်ပါး ထင်ရှားရှိနေတဲ့ အမျိုးသား အမျိုးသမီးဒါ၊ ဇီဝိတံ-အသက်ရှင် ရခြင်းသည်1 အမောဃံ-အလကား အသက်ရှင်ရခြင်းမဟုတ်။ တကယ် အကျိုးရှိတဲ့ အသက်ရှင်ရခြင်းအစစ် တကယ်တမ်း ဖြစ်ပါပေသတည်း။
ဘုန်းကြီးတို့ ယနေ့လှူကြတန်းကြ ပူဇော်ကြတော့ အခုပြောတဲ့ သဒ္ဓါအစရှိသော သူတော်ကောင်းဥစ္စာတွေ ရကြတယ် ရကြသော ကြောင့် ကုန်တာထက်ပိုပြီးတော့ မြတ်တဲ့ကုန်ခြင်း1 လောကမှာ ပျက်စီး လို့ ကုန်တယ်ဆိုရင်ပြန်မရတော့ဘူး။ ကိုယ့်အတွက် ဘာမှမကျန်တော့ဘူး။ သုံးစွဲလို့ကုန်ခြင်းကတော့ ကျန်သေးတယ် ဒီဘဝအတွက် ခံစားရလို့ ကျန်သေးတယ်/။ လှူလို့တန်းလို့ ကုန်ခြင်းမျိုးကဲ့သို့ အဖတ်မတင်ဘူး။ (စားသမျှမစင်။ ထားသမျှမသေခင်။ ပြုသမျှကုသိုလ်အပင်။ ယခုကာလ ဘဝကောင်းတွင်၊ စားလဲစား။ ထားလဲထား ပြုလဲပြုမှ တော်မည်ထင်) လို့ဆိုတဲ့ ဘုန်းကြီးတို့ ဒီပဲရင်းဆရာတော်ကြီးရဲ့ ဩဝါဒအရ သုံးစွဲတဲ့ ပစ္စည်းတွေကတော့ ကုန်သွားတာပဲ။ ဒီဘဝအတွက်သာ အကျိုးရှိတာ။
လှူတဲ့တန်းတဲ့ အလှူဒါနကြောင့်ရတဲ့ အရတွေကတော့ မနည်းဘူး။ လှူခြင်းတန်းခြင်းကြောင့် ကုန်သွားတဲ့အကုန်က တကယ် ကုန်သွားတာ မဟုတ်ဘူး။ ရတာ။ ပေးခြင်းကြောင့် ရတယ်ဆိုတာဟာ လှူဒါန်းလို့ ကုန်ခြင်းမျိုးပါပဲ။
တစ်ခါတုန်းက ဘုန်းကြီးတို့ ဝေသာလီပြည်။ ဥဂ္ဂဆိုတဲ့အမတ် ကြီး ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက်လာတယ်။ ဘုရားရှင်ကိုယ်တော် မြတ်ကို လျွောက်ထားတယ်။ ရောက်ရောက်တယ်ဆိုရင်ပဲ သူက ဘာမပြောညာမပြောနဲ့ သူက အစ္ဆရိယံ ဘန္တေ အဗ္ဘုတံဘန္တေ။ မြတ်စွာ ဘုရား အံ့စရာကောင်းလှပါပေ၏ / မဖြစ်စဖူး ထူးပါပေစွ၊ ရောဟန သူဌေးရဲ့မြေးဖြစ်တဲ့ဥဂ္ဂ္ဟာ ချမ်းသာလိုက်တာဘုရား၊ ရွှေချည်းပဲ တစ်သိန်း လောက် ချမ်းသာတယ်။ ဒီ့ပြင် ငွေ စသည် ပြောစရာမရှိဘူးဆိုတဲ့ အကြောင်း လျှောက်ထားတယ်။ အဲဒီတော့ ဘုရားရှင်က-
ဥဂ္ဂ သင်ပြောတဲ့ပစ္စည်းဥစ္စာဆိုတာ ရှိတယ်။ ရှိတာမှန်တယ်။ မရှိ
ဘူးမဟုတ်ဘူး ရှိတာမှန်တယ်။ သို့သော်လဲ အဲဒီပစ္စည်းဥစ္စာတွေဟာ ရေကြောင့်လဲပျက်စီးနိုင်တယ်။ မီးကြောင့်လဲပျက်စီးနိုင်တယ်။ မင်းစိုးတို့ ကြောင့်လဲပျက်စီးနိုင်တယ်။ သူခိုးဓားပြတို့ကြောင့်လဲ ဗျက်စီးခြင်းသို့ ရောက်ရတယ်။ အမွေခံဆိုး သားသမီးတို့ကြောင့်လဲ ပျက်စီးခြင်းသို့ ရောက်ရတယ်။
ဟော သဒ္ဓါ သီလ သုတ စာဂ ပညာ ဟီရိသြတ္တပ္ပ၊ သဒ္ဓါတည်း ဟူသောဥစ္စာ။ သီလတည်းဟူသော ဥစ္စာ။ သုတတည်းဟူသော ဥစ္စာ။ စာဂတည်းဟူသော ဥစ္စာ။ ပညာတည်းဟူသော ဥစ္စား ဟီရိသြတ္တပ္ပတည်း ဟူသော ဥစ္စာ။ အဲဒီဥစ္စာခုနစ်ပါးဟာဖြင့် ရေလဲမဖျက်ဆီးနိုင်။ မီးလဲ မဖျက်ဆီးနိုင်း မင်းလဲမဖျက်ဆီးနိုင်။ သူခိုးဓားပြလဲမခိုးယူနိုင်။ အမွေခံဆိုး သားသမီးတို့လဲ မဖျက်ဆီးနိုင်။ မဖျက်ဆီးနိုင်လို့ အင်မတန် ခိုင်ခံ့တဲ့ ဥစ္စာတွေဆိုတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူပြီး တော့ ခုနကပြောသလို-
သဒ္ဓါဓနံ သီလဓနံ။ ဟီရိသြတ္တပ္ပိယံ ဓနံ
သုတဓနဉ္စ စာဂေါစ။ ပညာဝေ သတ္တမံ ဓနံ။
ယဿဧတေ ဓနာ အတ္ထိ၊ တ္ကတ္ထိယာ ပုရိသဿဝါ။
သဝေ မဟဒ္ဓနော လောကေ။ အဇဧေယော ဒေဝ မာနုသေ။
သဒ္ဓါဓနံ-သဒ္ဓါတည်းဟူသောဥစ္စာလည်းကောင်း၊ သီလဓနံ-သီလ တည်းဟူသောဥစ္စာလည်းကောင်း၊ ဟီရိသြတ္တပ္ပိယံဓနံ-မကောင်းမှုမှရှက် ခြင်းဆိုတဲ့ ဟီရိဥစ္စား သြတ္တပ္ပတည်းဟူသောဥစ္စာလည်းကောင်း သုတ ဓနဉ္စ-အကြားအမြင်ဗဟုသုတတည်းဟူသော ဥစ္စာလည်းကောင်း၊ စာဂေါစ-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ စာဂတည်းဟူသော ဥစ္စာ လည်းကောင်း၊ ဝေ-စင်စစ်။ သတ္တမံ-ခုနစ်ခုမြောက်သော၊ ပညာဓနံ- ပညာတည်းဟူသော ဥစ္စာလည်းကောင်း1 ယဿာ-အကြင်အမျိုးသမီး အပေါင်းအား လည်းကောင်း၊ ယဿပုရိသဿဝါ-အကြင်အမျိုးသား အပေါင်းအားလည်းကောင်း၊ ဧတေဓနာ-ထိုသဒ္ဓါသီလ အစရှိကုန်သော သူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါးတို့သည်။ အတ္ထ္ဆိ-ထင်ရှားမသွေ
ရှိနေကြပါပေကုန်ဒါ။ သော-ထိုသူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါး ထင်ရှားရှိတဲ့ပုဂ္ဂိုလ်သည်။ မဟဒ္ဓနော-တကယ်ထူးခြားတဲ့ စီးပွားဥစ္စာတွေ ရှိနေသောပုဂ္ဂိုလ်ပင် ဖြစ်ပါပေ၏ / ဒေ၀မာနုသေ-နတ်ပြည်လောက လူ့ပြည်လောကတည်းဟူသော လောကကြီးထဲခဒိ။ အဇဧေယော- ဘယ်ရန်သူ၏ အနိုင်မှမခံရဘဲ ဘယ်ရန်သူကြောင့်မှ မရှုံးရဘဲ မိမိကသာ အောင်နိုင်တဲ့ပုဂ္ဂိုလ်သည်4 ဟောတိ-ဖြစ်ပါပေ၏။
သဝေ မဟဒ္ဓနော လောကေ အဇောယော ဒေ၀မာနုသေ။ ဟော- ဘုရားရှင်ကိုယ်တော်မြတ်က ဥဂ္ဂအမတ်ကြီးကို ဟောတော်မူတာ။ သူက ပစ္စည်းဥစ္စာတွေကို ရှေ့တန်းတင်ပြီးတော့ တကယ့်ထူးမြတ်တဲ့အနေနဲ့ ချီးကျူးမြွှောက်စားပြီးတော့ လျှောက်ထားတော့ ဘုရားရှင်ကိုယ်တော် မြတ်က လက်မခံဘူး အဲ့ဒီဥစ္စာတွေဟာ အလကား၊ ရန်သူမျိုးငါးပါး ကြောင့် ပျက်စီးနိုင်တယ်။ အဲ တကယ့်ဥစ္စာက သဒ္ဓါ သီလ သုတ စာဂ ပညာ ဟီရိသြတ္တပ္ပတည်း ဟူသော သူတော်ကောင်းဥစ္စာရတနာတွေ။ ထိုဥစ္စာတွေရှိလို့ ကိုယ်ပိုင်တာမဟုတ်ဘူး1 တကယ်ပိုင်တာမဟုတ်ဘူး။ လောကပစ္စည်းဆိုတာက ကိုယ်ပိုင်ဥစ္စာတွေ မဟုတ်ဘူး။
အသကော လောကော၊ သဗ္ဗံ ပဟာယ ဂမနီယံ။
လောကော-ကောကကြီးသည်။ အသကော-ကိုယ်ပိုင်ဥစ္စာ မရှိပါပေး သဗ္ဗံ-ရှိပါတယ်ဆိုတဲ့ ပစ္စည်းဥစ္စာ ရတနာကလေးတွေကို၊/ ပဟာယ- တစ်နေ့သောအခါ ပယ်စွန့်ခွာရွ်။ ဂမနီယံ-သွားရမှာချည်းပါတကား။
ပစ္စည်းဥစ္စာကလေးတွေဟာ တကယ့်ကိုယ်ပိုင်ဥစ္စာ မဟုတ်ဘူး။ တစ်နေ့ စွန့်သွားရမှာ။ ခုနပြောတဲ့ စကားအတိုင်းပဲ စွန့်သွားခဲ့ရတယ် ပစ္စည်းတွေ စွန့်သွားရ။ ဆွေမျိုးမိတ်ဆွေတွေ စွန့်သွားရ။ အားလုံးစွန့် သွားရမှာချည်းပဲ။ ဘာမှ သူပိုင်မရှိဘူး။ လူ့ဘဝရောက်လာတော့ ဘာမှ မပါခဲ့ဘူး လူ့ဘဝက သွားပြန်တော့လဲ ဘာမှပါမသွားဘူး။ ဒါတွေဟာ ဘုန်းကြီးတို့အဖို့ အားလုံး ဒကာ ဒကာမများအဖို့ ဆရာပဲနော်။ ဆရာ ခေါ်တယ်။ လောကဥပဇ္စာယ်တွေပဲ။ လောကကြီးကို နည်းညွှန်ပြနေတာ။ ငါ့ကြည့်ကြ ဘာမှမပါဘူး။ ဘာမှ ယူမသွားဘူး1 အမိ၀မ်းထဲရောက်လာ
တော့လဲ ဘာမှမပါခဲ့ဘူး။ အခု လူ့ဘဝက ခွာသွားရတော့လဲ ရှိတာတွေ အကုန်စွန့်သွားရတယ်။ လက်ချည်းပဲသွားရတယ်1 နို့ ဘာမှယူမသွားနိုင် ဘူးလားဆိုတော့ ခုနသူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါး ဒါတွေတော့ မိမိတို့ ယူသွားနိုင်တယ်1 အခု ဆည်းပူထားတာတွေ မနည်းဘူး။ သဒ္ဓါတွေ လဲ မနည်းဘူး။ သီလလဲ မနည်းဘူး။ သုတ။ စာဂ၊ ပညား ဟီရိသြတ္တပွ တွေလဲ မနည်းဘူး အရိယာတို့ရဲ့ ဥစ္စာရတနာခုနစ်ပါး၊ ဒါတွေ မိမိတို့ စုဆောင်းထားကြတယ်။
ယနေ့လဲပဲ အဲဒီ သူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါးတွေ စုဆောင်းမိကြပြီ။
“သဝေ မဟဒ္ဓနောလောကေ။ အဇဧေယော ဒေ၀မာနသေ ”
သ-သော-ထိုသူတော်ကောင်းဥစ္စာရတနာခုနစ်ပါး ထင်ရှားရှိကြ တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးသည်။ လောကေ-လောက ကြီးခ္ဗ်။ မဟဒ္ဓနော-ပစ္စည်းဥစ္စာ တကယ် များပြားစွာရှိတဲ့ မဟဒ္ဓန သူဌေးတွေပဲ။ ဒေ၀မာနုသေ-နတ်လောက၊ လူ့လောက လောကမှန်သမျှ ခ။ အဇေယော-ဘယ်မှာပင်ဖြစ်ဖြစ်' ဘယ်ရန်သူ၏ အလွှမ်းမိုး အနှိပ် စက်မှ မခံရဘဲ မိမိကသာ လွှမ်းမိုးကာ အမြဲတမ်း အောင်မြင်ပါသတည်း။
ယနေ့မိမိတို့ မဟဒ္ဓန တကယ်ဥစ္စာများတဲ့ လူတွေလို့ ဆိုရလောက် အောင် သူတော်ကောင်းဥစ္စာတွေ ဆည်းပူးတာ။ ဒီနေ့ စုဆောင်းကြတာ။ အဲဒါတွေမှ ကိုယ့်ဥစ္စာ၊ ဒီ့ပြင်ဥစ္စာတွေက ကိုယ့်ဥစ္စာမဟုတ်ဘူး။ ရှိတုန်း ပဲ ကိုယ်စားရမှာ။
တမလွန်ဘဝသွားတော့ ကိုယ်အားထုတ်ထားတဲ့ သဒ္ဓါ သီလ စတဲ့ တရားတွေကသာ ကိုယ့်နောက်လိုက်မှာ။ အဲ့ဒီဥစ္စာတွေသာ အားကိုးရာ အားထားရာ။ လူတစ်ယောက်ဟာ အရဟတ္တမဂ် အရဟတ္တဖိုလ် မရသေး ရင်ဖြင့် ဘယ်သူဖြစ်ဖြစ် သံသရာခရီးသွားရအုံးမှာပဲ။ သွားရင် ဒီဥစ္စာတွေ ကသာ အားကိုးရာ။ အဲဒီဥစ္စာတွေကတော့ အကြင်မျှလောက် အရဟတ္တ မင်္ဂ အရဟတ္တဖိုလ်မရောက်သေး။ ထိုမျှလောက် သံသရာခရီးသွားတဲ့အခါ မှာ မိမိတို့အားကိုးရာအဖြစ်ဖြင့် သုံးရစွဲရ။ သူတော်ကောင်းတရားတွေ
အားထုတ်နိုင်ပြီးတော့ မင်ဉာဏ် ဖိုလ်ဉာဏ် မြန်မြန်ရနိုင်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဘေးကြီးတွေကို မြန်မြန်ကိစ္စတုံး စီရင်နိုင်တယ်။ ဖျောက်ဖျက်နိုင်တယ်4 ပယ်ဖျောက်နိုင်တယ်။
ဒါကြောင့်မို့လို့ ယနေ့ မိမိတို့လှူရတဲ့ အလှူဒါန သီလဘာဝနာတွေ အနေနဲ့ ဒကာမောင်မောင်ပြုံးကတော့ ရချင်မှရမယ်1 အနီးအနားမှာ ပြိတ္တာလေးဘာလေးဖြစ်နေမှရမယ်။ သူ့ဘဝအလျောက် လူ့ဘုံသုဂတိ ရောက်နေမယ်ဆိုရင်လဲ မရနိုင်ဘူး။ နတ်ဘုံရောက်နေမယ်ဆိုရင်လဲ မရနိုင်ဘူး။ သို့သော်လဲ မိမိတို့ကတော့ ရပြီးသား။ သူ့အပေါ်မှာထားတဲ့ မေတ္တာ ကရုဏာအရ လှူကြတန်းကြပူဇော်ကြတဲ့ အလှူဒါန သီလ ဘာဝနာတွေကတော့ မိမိတို့ရပြီးသားပဲ။ မိမိတို့ကတော့ မရမရှိဘူး။ ကုသိုလ် သူမရပေမယ့် မိမိတို့ကတော့ရတယ်။ သူရရင်လဲ မိမိတို့က ရပြီးသား၊ သူမရရင်လဲ အလကားဖမဖြစ်ဘူး။ မိမိတို့ ရပြီးသား။ ဒါကြောင့် ယနေ့အိုခြင်းကင်းကြောင်း။ နာခြင်းကင်းကြောင်း။ သေခြင်း ကင်းကြောင်း ကောင်းမြတ်သောကုသိုလ်ရိက္ခာ သူတော်ကောင်းဥစ္စာ ရတနာတွေ အထုပ်အထည်နဲ့ စုမိကြပြီ အဲဒီစုမိကြတဲ့ သူတော်ကောင်း ဥစ္စာရတနာတွေမှ တကယ့် ကိုယ်ပိုင်ဥစ္စာ။ အဲ့သလို ရတနာဥစ္စာတွေ ကိုသာ ဘုရားရှင်ကိုယ်တော်မြတ်က ချီးမွမ်းတယ်။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ချီးမွမ်းတဲ့ မိမိတို့ချမ်းသာကို ရွက်ဆောင်ပေးမယ့် ကုသိုလ်တရားတွေကို သူတော်ကောင်း ဥစ္စာရတနာ တွေကို ယနေ့ သဒ္ဓါအရင်းပြုပြီးတော သတိ သမာဓိ ပညာစသော တရားတွေအရင်းပြုပြီးတော့ ရယူကြတယ်။ ဝယ်ယူကြတယ်။ ဝယ်ခြင်း ပဲနော်
ပီဠေယျ ကာယတော မေဒံ။ ဓနတော ဖေဂ္ဂုနာဝရံ။
တေန မေဒေန နိဗ္ဗာနံ။ ကိဏေယျ အဇရံ ဝရံ]။
ဖေဂ္ဂုနာ-ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့၏ တည်နေရာဖြစ်ရွိး အနှစ်သာရမဖက် သက်သက်အကာချည်းသာဖြစ်သော၊ ကာယတော- ခန္ဓာကိုယ်ရုပ် အကောင်ပုပ်ကြီးထဲမှ၊ မေဓံ-သူတော်ကောင်းဥစ္စာရတနာ
တည်းဟူသော အနှစ်တွေကို၊ ပီဠေယျ-အားကုန်နှစ်ကာ ညှစ်ထုတ်ရာ သတည်း။
ခန္ဓာကိုယ်ဟာ အနှစ်မရှိတဲ့အရာ၀တ္ထုကြီး၊ ဘာမှအကောင်းမရှိဘူး။ အဲဒီခန္ဓာကိုယ်မှာ အနှစ်သာရက အခုပြောတဲ့တရားတွေပဲ။ တရားတွေ ရှိရင် အနှစ်သာရရှိတယ် တရားတွေမရှိတဲ့ခန္ဓာကိုယ်ဆိုရင် ဘာမှရစရာ မရှိတော့ဘူး။ နဂိုကလဲမကောင်း တရားမရှိတော့ ပိုမကောင်း။ ပိုမကောင်းတော့ အပုပ်မှာ အယုတ်ထပ်ဆင့်သလို။
ဖေဂ္ဂုနာ-ရန်သူမျိုးငါးတန်နှင့် ဆက်ဆံနေသောကြောင့် အနှစ်သာရ မဖက် သက်သက်အကာအတိသာဖြစ်သော၊ ဓနတော-ပစ္စည်းဥစ္စာ ရတနာထဲမှ၊ မေဒံ-ဒါနအစရှိသော သူတော်ကောင်းဥစ္စာရတနာကို၊ ပီဠေယျံ-အားကုန်နှစ်ကာ ညှစ်ထုတ်ရာသတည်း။
ပစ္စည်းဥစ္စာထဲမှ အနှစ်ထုတ်ရမယ်တဲ့။ ပစ္စည်းဥစ္စာလဲ အကာတွေ ပဲ။ ခုနပြောသလို ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေသောကြောင့် အနှစ် သာရမဟုတ်ဘူး အကာချည်းပဲ4 အဲဒီအကာထဲက ယနေ့လှူဒါန်းကြ ပူဇော်ကြတော့ အနှစ်ထုတ်ယူတာ။ အနှစ်တွေ ယနေ့အများကြီးရတယ် ဒါ့ကြောင့် ပထမခယော၀-ပထမဖြစ်သော လှူဒါန်းရွွ ကုန်ခြင်းမျိုးကိုသာ လျှင်1 ဓမ္မဒဿိနာ-တရားသိမြင် ဘုရားရှင်ကိုယ်တော်မြတ်သည် ပသတ္ထော-ကောင်းစွာအထပ်ထပ် ချီးမွမ်းတော်မူအပ်သည့် ဆိုတဲ့အတိုင်း မိမိတို့ ဘုရားရှင်ကိုယ်တော်မြတ် ချီးမွမ်းတော်မူအပ်တဲ့ အလုပ်ကို ယနေ့ လုပ်ကြရတယ်
ဘုရားတပည့်တွေဖြစ်တဲ့အတိုင်း ဘုရားအကြိုက် ဘုရားလိုလားတဲ့ ချီးမွမ်းတဲ့ကုန်ခြင်းမျိုးကို အကုန်ခံပြီးတော့ လုပ်ကြတယ်။ အဲဒါကြောင့် ယနေ့ ကုန်ခြင်းမျိုးဟာ မွန်မြတ်တဲ့ကုန်ခြင်း တကယ်ကုန်တာမဟုတ် ဘူး။ နောက် အများကြီးရမှာ။ ဒါကြောင့်-
ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယောအရ ကွယ်လွန်တဲ့ဒကာ အကြောင်းပြုပြီးတော့ ကုသိုလ်တွေဖြစ်ကြရတယ်။ အများကြီးဖြစ်ကြရ တယ်။ အဲဒီကုသိုလ်တွေဟာ နောင်အခါ ချမ်းသာကြောင်း။ မြန်မြန်
အိုခြင်းကင်းကြောင်း။ နာခြင်းကင်းကြောင်း။ သေခြင်းကင်းကြောင်း ကောင်းမြတ်တဲ့ကုသိုလ်တွေလို နှစ်သက်ရွှင်လန်း ဝမ်းမြောက်ပြီးတော့ ကုသိုလ်ဆိုတာ အောက်မေ့ကြရတယ်။ ဒီကုသိုလ်ကို မြန်မြန်အောက်မေ့ ပြီးတော့ အပရစေတနာတွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။
(သာဓု သာဓု သာဓု)
၁၉၉၁-ခုနှစ်' အောက်တိုဘာလ။ ၁၉-ရက်နေ့တွင် (ကွယ်လွန်သူ ဦးမောင်မောင်ပြုံး နှစ်လပြည့် ဆွမ်းအလှူတွင်ဟောကြားသော တရားတော် ဖြစ်ပါသည်)
ဓမ္မတံခွန်မဂ္ဂဇင်းမှ
ကွယ်လွန်သူအတွက် ရည်စူးသည့် ဆွမ်းအနုမောဒနာတရားတော်
ဝစးအစုမောဒနာတရား
န ဂါမဓမ္မော န နိဂမဿ ဓမ္မော။
နစာပိယံ ဧကကုလဿ ဓမ္မော
သဗ္ဗဿ လောကဿ သဒေဝကဿး
ဧသေ၀ဓမ္မော ယဒိဒံ အနိစ္စတာ။
ယဒိဒံ ယာအယံ အနိစ္စတာ-အကြင် အနိစ္စတာဆိုတဲ့ မမြဲခြင်း သဘောတရားသည် အတ္တိ-ရှိဒါ 1 အယံ-ဤမမြဲခြင်း အနိစ္စသဘော တရားသည် နဂါမဓမ္မော-တစ်ရဝ်တစ်ရွာသာ ကြုံရမယ့်သဘောမျိုး မဟုတ်ပါပေ။ နနိဂမဿ ဓမ္မော-တစ်နိဂုံး တစ်မြို့တစ်နယ်သာ ကြုံရ မယ့် သဘောမျိုး မဟုတ်ပါပေ။ အယံ-ဤအနိစ္စတာဆိုတဲ့ မမြဲခြင်း သဘောတရားသည် ဧကကုလဿ-တစ်မျိုးတစ်ဆွေဒါ သာ။ နဓမ္မော- ကွက်၍ကြုံရမယ့် သဘောမျိုးမဟုတ်ပါပေ။ ယဒိဒံ ယာအယံ အနိစ္စတာ- အကြင် အနိစ္စတာဆိုတဲ့ မမြဲခြင်း သဘောတရားသည်။ အတ္ထိ-ရှိခါ။ ဧသ-ဧသော-ထိုမမြဲခြင်းဆိုတဲ့ အနိစ္စသဘောတရားသည်။ သဒေဝကဿ-နတ်ဗြဟ္မာနှင့်တကွဖြစ်သော၊ သဗ္ဗဿ လောကဿ- တစ်လောကလုံး၏ ဓမ္မောဧ၀-မလွဲတမ်းကြုံရမယ့် နိယာမသဘောသာ ဖြစ်ပါ ပေသတည်း။
ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အရ အနိစ္စတာဆိုတဲ့။ မမြဲခြင်းသဘောတရား သည် တစ်ရပ်တစ်ရွာသာ ကြုံရမယ့်သဘောမျိုးမဟုတ်။ တစ်မြို့တစ်နယ် သာကြုံရမယ့်သဘောမျိုးမဟုတ်။ တစ်မျိုးတစ်ဆွေသာ ကြုံရမယ့်သဘော မျိုးမဟုတ်။ အနိစ္စတာဆိုတဲ့ မမြဲခြင်းသဘောတရားသည် အားလုံး
နတ်ဗြဟ္မာနှင့်တကွ သတ္တဝါတစ်လောကလုံး မလွဲတမ်းကြုံရမယ့် နိယာမ -သဘောသာဖြစ်ပါပေသည်။ ဤနိယာမသဘာဝကို လွန်မြောက်ခြင်းငှာ မစွမ်းနိုင်ရှာရ လွန်ခဲ့သော တစ်လလောက်က ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်ခဲ့သည့် ဒေါ်သန်းသန်းကိုအကြောင်းပြုရ ဖြစ်ရာဘဝ၌ ချမ်းသာ သုခ တိုးတက်ခံစားရပါစေ။ ချမ်းသာခြင်းအကြောင်းပြုရွှ် တရားအဆင့် ဆင့် မြင့်သထက်မြင့်ကာ တိုးတက်ပေါက်ရောက်ပါစေသတည်းဟူသော ကောင်းမြတ်သော သမ္မာဆန္ဒထားကြကုန်ရွ ဤနေ့ ဤအခါသမယ် ဆွမ်းအလှူတော် ပူဇော်လှူဒါန်းကြမည်ဖြစ်ရာ ရှေးဦးစွာ ရတနာသုံးပါး ဦးထိပ်ထားခဲ့ကြသော အစဉ်အလာအရ တကယ့်ရိုသေထိုက်' မြတ်နိုး ထိုက်၊ ပူဇော်ထိုက်သော ဂုဏ်ပေါင်းများစွာ တည်နေရာဖြစ်တော်မူသော ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့ါ ထူးခြားသောဂုဏ်ရည် ကုယုကြည်ရြတ်ခိုး လက်စုံခုံးဲ ရိးဂူဇော်ူးခြောမာနိကျာ ကန်တော့ ရခြင်းဖြင့် ပဏာမမင်္ဂလာ ကောင်းမြတ်သော ကုသိုလ်စေတနာကို ရခဲ့ ကြပေပြီ။ ထိုရရှိခဲ့သော ပဏာမမင်္ဂလာ ကောင်းမြတ်သောကုသိုလ် စေတနာကြောင့် ဘေးခဝ်သိမ်း ရန်ခပ်သိမ်း။ အန္တရာယ်ခဝ်သိမ်း။ ကြောင့်ကြခပ်သိမ်း အေးငြိမ်းပပျောက်ကြကုန်သည်ဖြစ်ရွ။ ကောင်းမြတ် သော က္ကဋ္ဌမင်္ဂလာ ချမ်းသာအမျိုးမျိုး ကောင်းကျိုးအပုံပုံ အမြဲတမ်း တွေ့ကြုံရလျက် အဘက်ဘက်၌ တိုးတက်ကြီးပွားခြင်းသို့ ရောက်ကြပြီး လျှင် မိမိတို့ လိုလားတောင့်တအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ချမ်းသာကိုလဲ အရဟတ္တမဂ်။ အရဟတ္တဖိုလ်ပေါက် လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြပါစေကုန်သတည်း။
ငါးပါးသီလပေးသည်။
သဒ္ဓါဗန္ဓတုပါထေယျံ တဒေသနံ က္ကဓေဝဟိ။
ဘဝန္တရေ န လဗ္ဘေယျး အပါထေယျေ တိဒုက္ခိတော။
သဒ္ဓါ သဒ္ဓါယ-ရတနာသုံးတန် ကံ-ကံ၏အကျိုး အားကိုးယုံကြည် တဲ့ သဒ္ဓါတရားဖြင့်1 ပါထေယျံ-သံသရာတစ်လွှား ခရီးသွားအနေနဲ့ သွားရတဲ့အခါ ၌ မိမိတို့သုံးစွဲဖို့ ခံစားဖို့ စံစားဖို့ ကုသိုလ်ရိက္ခာ ရတနာတွေ
ကို၊ ဗန္ဓထု-ချီနှောင်ဖွဲ့ထုပ်ပါလေလော့။ (ဒါ-ဘုန်းကြီးတို့ သင်္ဂဇာ ဆရာတော်ကြီးရဲ့ ဩဝါဒဘဝတစ်ပါးခ္မ် သုံးဖို့စွဲဖို့ ချမ်းချမ်းသာသာ သံသရာ့ခရီးသွားအဖြစ်နဲ့ သံသရာခရီးသည်အဖြစ်နဲ့ သွားကြတဲ့အခါမှာ ဘဝတစ်ပါးခ် ချမ်းချမ်းသာသာဖြစ်အောင် ရိက္ခာထုပ်ကြတဲ့။ သဒ္ဓါတရား ဖြင့် ကုသိုလ်ရိက္ခာထုပ်ဖို့ဆိုတာ သဒ္ဓါတရားရှိမှဖြစ်နိုင်တာ။ ဒါ့ကြောင့် သဒ္ဓါတရားဖြင့် ထုပ်ကြရတယ်။ ရတနာသုံးပါးယုံကြည်မှု၊ ကံ-ကံ၏ အကျိုး ယုံကြည်မှု။ ရတနာသုံးပါး ကံ-ကံ၏အကျိုးယုံကြည်မှု ကုသိုလ် တရားတွေအပေါ်မှာ ယုံကြည်မှုဆိုတဲ့ ယုံကြည်မှုသဒ္ဓါတရားရှိမှ ကုသိုလ် ရိက္ခာထုပ်ဖြစ်တယ်( ဒါကြောင့် သဒ္ဓါတရားဖြင့် ရိက္ခာတွေထုပ်ပါလို့ ဆရာတော်ကြီးက ဩဝါဒပေးတယ်။
တဒေသနံ-ထိုကုသိုလ်ရိက္ခာ ရှာမှီးခြင်းသည်။ က္ကဓေဝ-ယခုကြုံနေရ တဲ့ ဘဝခွိသာလျှင်၊ ဟောတိ-ဖြစ်ပါပေဇဓါ / ဟောတိဧဝ-ဖြစ်သည်သာ လျှင်တည်း-ကုသိုလ်ရိက္ခာထုပ်ဖို့အတွက် ဤဘဝမှာသာ ကြုံနိုင်တယ် တဲ့။ ဒီဘဝကုသိုလ်ရိက္ခာတွေမထုပ်ရင် အပါယ်ကျချင်လဲကျမယ်။ ဟိုဘဝ မှာ ဆင်းရဲမွဲတေလို့ ဘာကုသိုလ်မှ မလုပ်နိုင်တဲ့ အခြေမျိုး ရောက်ချင်လဲ ရောက်မယ်။ အဲဒါကြောင့်မို့လို့ “သူသူငါငါ သတ္တဝါကား ခေတ္တခိုနား ခရီးသွားတွေပါတကား ဆိုတဲ့အတိုင်း သံသရာခရီးသွားတွေ။
တစ်နေရာမှာ အခန့်သင့်လို့ ဆုံမိကြတယ်။ ဆုံမိပြီးတော့ တစ်နေ့ကျ ခွဲကြရမယ်။ တစ်ခါတစ်ဘဝမှာ ဆုံကြပြန်ရော။ မိမိနဲ့ သင့်လျော်တဲ့ တစ်ဘုံဘုံ တစ်ဘဝဘဝမှာ ဆုံမိကြ၊ ကွဲကြပြန်ရော။
ယထာကဋ္ဌဥဉ္စ ကဋ္ဌဉ္စ၊ သမာယေယျုံ မဟဏ္ဍဝေ။
သမေစ္စစ ဗျပေယေယျုံး တံ၀ဘူတ သမာဂမော။
ကဋ္ဌဥဉ္စ-သစ်သားချောင်း တစ်ချောင်းသည်လည်းကောင်း၊ ကဋ္ဌဥ္စ- သစ်သားချောင်း တစ်ချောင်းသည်လည်းကောင်း1 မဟဏ္ဍဝေ- အပြောကျယ်စွာ သမုဒ္ဒရာကြီးထဲဉ်။ သမာယေယျုံ-အကြောင်းအား လျော်စ္ကာ ဆုံမိတွေ့မိကြကုန်ရာဓါ / သမေစ္စစ၊ အကြောင်းအားလျော်စွာ ဆုံမိတွေ့မိပြီးသည်ရှိသော်၊ ဗျပေယေယျူ-အတူမနေသာ ခွဲဠွာကြလေ
ကုန်ရာ၏။
လှိုင်းလေပြင်းထန်တဲ့ သမုဒ္ဒရာကြီးထဲမှာ သစ်သားချောင်းနှစ်ခု အကြောင်းအားလျော်စွာ ပေါင်းမိကြတယ်။ ပေါင်းမိကြတော့။ အဲဒီ သစ်သားချောင်းနှစ်ခုဟာ အတူတူ အမြဲပေါင်းနေသလားဆိုတော့ မဟုတ် ဘူး။ တော်ကြာကျတော့ ခွဲသွားရတယ်။ လေလကြောင့်လှိုင်းကြောင့်ပဲ ပါင်းမိကြတယ်။ လေကြောင့်လှိုင်းကြောင့်ပဲ ခွဲသွားကြတယ်။ သူသူငါငါ သတ္တဝါတို့ရဲ့ တစ်ဘဝမှာ တွဲနေကြရတယ်ဆိုတာ အဲဒီသစ်သားချောင်း နှစ်ချောင်း သမုဒ္ဒရာထဲမှာအရန်သင့်။ အခန့်သင့်။ အကြောင်းသင့် အခွင့် သာလို့ ပေါင်းမိကြတယ်။ ပေါင်းမိပြီး ခွဲရသလိုပဲ သတ္တဝါဆိုတာက ခေတ္တခိုနား ခရီးသွားတွေပါတကားဆိုတဲ့အတိုင်း ခရီးသွားတွေ တစ်နေရာ ဆုံမိကြပြီး တော်ကြာကျ အကြောင်းအားလျော်စွာ ခွဲသွားကြရတာပါပဲ။ ဒါကြောင့်မို့လို့ အကြင်မျှလောက် အရဟတ္တမဂ်။ အရဟတ္တဖိုလ် မရသေး ထိုမျှလောက် သံသရာ ကျင်လည်ကြရမှာချည်းပဲ ဟိုဘုံရောက်လိုက်။ ဒီဘုံရောက်လိုက်၊ အထက်ရောက်လိုက်။ အောက်ရောက်လိုက်။ ရောက်တဲ့ အခါလဲ သာယာတဲ့ခရီးလဲရှိ၊ မသာယာတဲ့ခရီးလဲရှိ၊ သာယာတဲ့ ဘုံဌာနမှာသွားရလို့ ချမ်းသာတဲ့ခရီးသွားလဲရှိ။ မသာယာတဲ့ဘုံတွေမှာ ဖြစ်လို့ ဆင်းရဲတဲ့ ခရီးသွားတွေလဲရှိတယ်
အဲဒီတော့ အဲဒီဘ၀ကျတော့ ဒီဘဝကကုသိုလ်မရှိရင် မိမိတို့ကုသိုလ် ရှာဖို့ အခွင့်ရမှာမဟုတ်ဘူး။ မေ့မေ့လျော့လျော့နဲ့ ကုသိုလ်တွေမပြု အကုသိုလ်တွေသာပြုရင်း ဒီဘဝ ခေတ္တနားတဲ့ ဧည့်သည်ကြီးဟာ သံသရာ ခရီးဆက်ရတဲ့အခါကျတော့ ကောင်းတဲ့ခရီးဆက်ရမှာမဟုတ်ဘူး1 အပါယ် လေးဘုံကျရ ဒုက္ခတွေခံရ။ ကုသိုလ်တွေမရှိတဲ့ လူဖြစ်လို့ရှိရင်လဲပဲ အမျိုး ပျိုး အထွေထွေ စားရေးသောက်ရေး မဖူမလုံ။ နေရေးထိုင်ရေး မဖူမလုံ နဲ့ ကုသိုလ်ပြုဖို့ အခွင့်သာမှာမဟုတ်ဘူး။ အူမတောင့်မှ သီလစောင့်နိုင် တယ်ဆိုတာ။ ဒါကြောင့် ဒီဘဝကုသိုလ်ရှိမှ ဟိုဘဝကျတော့ ဒီထက်ပို ပြီးတော့ မိမိတို့ စားဝတ်နေရေးဘက်ကလည်းကောင်း၊ ဒီ့ပြင် ပစ္စည်း ဥစ္စာစသည်ဘက်ကလည်းကောင်း ပြည့်စုံပြီးတော့ ပေါများပြီးတော့
ကုသိုလ်တွေကို ဒီလောက်ပြုနိုင်ကြတယ်4 အူမတောင့်မှ သီလစောင့် နိုင်တယ်ဆိုတဲ့အတိုင်းပေါ့ 1 ကုသိုလ်တွေကြောင့် ဟိုဘဝမှာ ပစ္စည်းဥစ္စာ တွေ ပြည့်စုံရင် သီလဆောက်တည်ဖို့ အခွင့်သာတယ်။ ဘာဝနာစီးဖြန်းဖို့ အခွင့်သာတယ်
ဒါကြောင့်မို့လို့ ဒီဘဝက ထုပ်ထားကြမှ သံသရာ့ရိက္ခာထုဒ်ကြီးကို ထုပ်ထားကြမှ နောက်ဘဝ အားလုံးအခွင့်သာမယ်။ ဒါကြောင့် . . .
တဒေသနံ-ထိုကုသိုလ်ရိက္ခာကို ဖွေရှာထုပ်ပိုးခြင်းသည်1 -တ္တဓေဝ- ယခုကြုံရတဲ့လူ့ဘဝခ်သာလျှင်' ဟောတိဟိ၊ ဟောတိဧဝ-ဖြစ်သည်သာ လျှင်တည်းး။ ဘဝန္တရေ-ဘဝတစ်ပါးကျတော့။ နလဗ္ဘေယျ-ဘထုပ်ဖို့ရာ အခွင့်သာချင်မှသာမည်။ အပါထေယျေ-ကုသိုလ်ရိက္ခာ အထုပ်မပါခဲ့သည် ရှိသော အတိ-ဒုက္ခိတော-သာလွန်ခဲ့တဲ့ တကယ့်ဒုက္ခ ကြုံရတော့သည် သာလျှင်တည်း။
ဆိုတဲ့ စတုရာရက္ခကျမ်းက သင်္ဂဇာဆရာတော်ရဲ့ ဒေသနာအရ ကုသိုလ်ဆိုတာ ဒီဘဝ အင်မတန်ထုပ်ဖို့အခွင့်သာတယ်။ အဲဒါမှလဲ ကိုယ့် နောက်ပါမှာ။ ပါမှလဲ ဟိုဘ၀မှာ ချမ်းချမ်းသာသာနဲ့ လှူနိုင်မယ်။ တန်း နိုင်မယ်' သီလဆောက်တည်နိုင်မယ်။ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနိုင်မယ်။ ကုသိုလ်တွေ ထပ်တလဲလဲဖြစ်ပွားပြီး ချမ်းသာမှာ။ ဒါကြောင့် လူ့ဘုံ ကြီးဟာ အင်မတန်ကုသိုလ်ပြုရန် အခွင့်သာတဲ့ဘုံကြီး၊ အခွင့်သာတဲ့ဘုံ ကြီးမှာ ကံတော်လို့ရောက်လာတဲ့အခါကျတော့ အကျိုးရှိတဲ့ပုဂ္ဂိုလ်လဲရှိ။ အကျိုးမရှိတဲ့ပုဂ္ဂိုလ်လဲရှိတာပဲ။ အရမတော်တဲ့ပုဂ္ဂိုလ်လဲရှိ အရတော်တဲ့ ပုဂ္ဂိုလ်လဲရှိတာပဲ1 အဲဒီတော့ ဒီဘဝဟာ မွန်မြတ်တဲ့ဘဝကြီးမို့လို့။ အခွင့် သာတဲ့ဘ၀ကြီးမို့လို့ ဆရာတော်ကြီးကသတိပေးတယ်။ နောက်ဘဝကျ ကုသိုလ်ရှာဖို့အခွင့်သာမှာမဟုတ်ဘူး။ ဒီဘဝအခွင့်သာတဲ့အခါမှာ သဒ္ဓါ တရားနဲ့ ကုသိုလ်ရိက္ခာတွေထုပ်ပါ။ ကုသိုလ်ရိက္ခာမရှိဘူးဆိုရင် သံသရာ မှာ ခရီးသည်အဖြစ်နဲ့ သံသရာခရီးသွားနေရတဲ့အခါမှာ ပင်ပန်းကြ ဆင်းရဲကြမယ် သတိပေးတယ်။
ဒါကြောင့် ဒီဘဝဟာ အင်မတန်အခွင့်သာတဲ့ဘ၀ကြီး၊ အဲဒီဘဝ
ကြီးမှာ မိမိတို့ ထူထောင်လိုက်ရင် တကယ့်ထူးခြားတဲ့ ကုသိုလ်ထူးတွေ ဆည်းပူးနိုင်ကြမယ်။
သဒ္ဓါ ဗန္ဓတု ပါထေယျံး တဒေသနံ က္ကဓေဝဟိ။
ဘဝန္တရေ နလဗ္ဘေယျ၊ အပါထေယျေ တိဒုက္ခိတော။
သဒ္ဓါ သဒ္ဓါယ-ရတနာသုံးပါး ကံကံ၏အကျိုးတရားကို အားထား ယုံကြည်ကြသော သဒ္ဓါတရားဖြင့်1 ပါထေယျံ-သံသရာ့ရိက္ခာဆိုရတဲ့ ဒါန သီလ ဘာဝနာ အစရှိသော ကုသိုလ်ရိက္ခာကို၊ ဗန္ဓတု-ချည်နှောင် ဖွဲ့ထုပ် အလုပ်ထုပ်ပါလော့1 တဒေသနံ-ထိုသံသရာရိက္ခာ ရှာမှီးခြင်းမည် သည်။ တ္ကဓေ၀-ဤ ပစ္စက္ခ ယခုဘဝဒ်သာလျွင်1 ဟောတိဟိ ဟောတိ ဧဝ-ဖြစ်နိုင်သည်သာလျှင်တည်း1 ဘဝန္တရေ-ဘဝတစ်ပါးကျတော့။ နလဗ္ဘေယျ-ရိက္ခာထုပ်ဖို့ရာ အခွင့်သာမည်မဟုတ်ပါပေ။ အပါထေယျေ- ကုသိုလ်ရိက္ခာ မပါမရှိခဲ့သည်ရှိသော်၊ အတိဒုက္ခိတော-အလွန်တရာ ဆင်းရဲဒုက္ခ ရောက်ရမည်သာတည်း ဆိုတဲ့အတိုင်း- ဒါက ဘုန်းကြီးတို့ ဘုရားဟောဒေသနာတော့ မဟုတ်ဘူး။ သင်္ဂဇာ ဆရာတော်ကြီးရဲ့ အဆိုအမိန့်၊ အဆုံးအမ ဩဝါဒ သင်္ဂဇာဆရာတော်ရဲ့ ဩဝါဒဆိုသော်လဲ ဘုရားအလိုတော်ကျ တင်ပြထားတဲ့ ဩဝါဒတော် ပါ။ ဒီဘဝက ပြုထားတဲ့ကုသိုလ်တွေပါမှ ဟိုဘဝ ချမ်းသာမှာ။ သံသရာခရီးသွားတွေး ခုနပြောသလို သမုဒ္ဒရာထဲ သစ်သားချောင်း တွေ့ဆုံမိကြတယ်။ တော်တော်ကြာ ခွဲခွာကြ၊ ခရီးသွားတစ်ယောက် ခရီးပဝိပှန်းသွားတော့ သစ်ပင်ရိပ်စသော အရိပ်ကလေးတွေတွေ့ရင် အဲဒီ အရိပ်ကလေးအောက်ကို ဝင်နား။ တော်ကြာ အပန်းပြေတဲ့အခါကျတော့ ထသွား။ အဲသလိုပဲ ခရီးသွားတွေအဖို့ ခဏနားရာ သစ်ပင်ရိပ်စသော အရိပ်ကလေးတွေပါပဲ1 ယထာဟိ ပထိကော ကောစိ၊ ဆာယမာသီ တျတိဋ္ဌတိ။
ဝိဿမျစ ပုနောဂစ္ဆေ။ တံ၀ ဘူတသမာဂမော။
ဟိ-ဥပမာဆောင် ထင်အောင်ပြအုံးအံ့။ ကောစိပထိကော-ခရီးသွား ပုဂ္ဂိုလ်တစ်ယောက်သည်။ ဆာယံ-နားစရာ ခိုစရာ အရိပ်တစ်ခုခုကို'
အာသီတျ-၀င်နားခိုမှီရ်။ တိဋ္ဌတိ ယထာ-အပန်းဖြေလေ တည်နေဘိ သကဲ့သို့၊ ဝိဿမျစ။ အပန်းပြေနားနေပြီးသော်ကား၊ ပုနော-နောက်ထဝ် တစ်ဖန်။ ဂစ္ဆေယထာ-တစ်နေရာဆီ ရှေ့သို့ချီလေဘိသကဲ့သို့၊ ဘူတသမာ ဂမော-ချစ်ခင်အပ်ဟု သူသူငါငါသတ္တဝါတို့၏ ကြုံလာခဏ တွဲယှဉ် ပေါင်းသင်းရခြင်းသည်။ တံ၀-အရိပ်ခိုကာ ခွဲခွာရဘိ ထိုသို့ပင် သဘော ရှိပါပေသတည်း။
ဒီနီတိက ဘဝသဘော ပဗြောတာပါပဲ။ ခရီးသွားတာ လမ်းမှာ အရိပ်ကလေးတွေ့ခိုဝင်နား တော်တော်ကြာ အပန်းပြေတော့ထသွား။ အားလုံးသတ္တဝါ၊ သူသူငါငါ ခေတ္တခိုနား ခရီးသွားတွေပါတကားကို သရုပ်ဖော်ထားတာပါပဲ။ လူ့ဘဝ ခဏနားနေကြတဲ့ မိမိတို့မှာ တော်တော် ကြာ ဒေါ်သန်းသန်းတို့လို သွားကြရမှာပဲ။ ကုသိုလ်ရိက္ခာ များစွာပါမှ ချမ်း သာမှား ရိက္ခာများများပါမှ အိုဘေး နာဘေး သေဘေးတွေကို တွန်းလှန် တိုက်ဖျက်သွားနိုင်မှာ။
တစ်ခါက မြတ်စွာဘုရားက ကောသလဓင်းကြီးကို ဟောထားတာ ရှိတယ် တစ်နေ့ နေ့ခင်းကြောင်တောင် ရှင်တော်မြတ်ထံ ရောက်လာရှိခိုး ပြီး သင့်တော်ရာမှာ ထိုင်နေတယ်။ မင်းကြီး နေ့ခင်းခေါင်ခေါင်ကြီး ဘယ်ကလာခဲ့သလဲ မေးမြန်းတော်မူတယ်။ မင်းကြီးက ပြည်ကျယ် နယ်ပယ်ကြီးတွေအုပ်စိုးနေရတဲ့ တပည့်တော်တို့မှာ မင်းကိစ္စတွေ များပြား လှပါသည်။ ထိုကိစ္စတွေ ကြောင့်ကြစိုက်နေရကြောင်း လျှောက်ထားတယ်။
အမှန်က ဒီအခါက သူ့ကိုဖမ်းဖို့ သူပုန်ပေါင်း ၅၀၀-လောက်က အန္စဝန်တောမှာ ပုန်းနေကြတယ်။ ဘုရင့်ဘုန်းဆိုတာက အထူးသား။ သူပုန်ထဲကတစ်ယောက်က ဒီအကြောင်း ကောသလမင်းကြီးထံ သွားရောက် လျှောက်ထား အကြောင်းကြားခဲ့တယ်။ ဒီတွင်ပဲ ကောသလ ဘုရင်က စစ်တပ်နဲ့ ဝိုင်းပြီးဖမ်းတော့ သူပုန်တွေမိခဲ့တယ်။ မိသမျှသူပုန် တွေကို သာဝတ္ထိနဲ့ အန္မွဝန်တောတစ်လျှောက် တန်းစီပြီး တံကျင်ဝေ လျှိုပြီး ထားခဲ့တယ်။
အဲဒီ မိမိမကောင်းမှုကို ဖော်ရခက်တော့ ခုနပြောသလို မင်းကိစ္စတွေ
ဆောင်ရွက်ရတာပါ ဆိုတယ်။ ဘုရားရှင်က သိတော်မူပြီးသား။ သို့သော် မင်းကြီး မျက်နှာပျက် အရှက်ရ တရားနှလုံးမသွင်းနိုင်ဘဲ ရှိမှာစိုးလို့ တရားကိုပဲ ဆက်ဟောတော်မူတယ်။
မင်းကြီး ယခုငါဟောမယ့်စကား ဘယ်သို့များ သဘောရသလဲ။ မင်းကြီး စိတ်ချယုံကြည်တဲ့ လူယုံတော်ယောက်ျားတစ်ယောက် မင်းကြီး ကံ ရောက်လာပြီးပြောတယ်ဆိုပါစို့။ အရှင်မင်းကြီး ကျွန်တော်မျိုး အရှေ့ အရပ်က လာခဲ့ပါတယ် အဲဒီအရှေ့အရပ်မှာ မိုးတိမ်တမျှကြီးမားလှတဲ့ တောင်ကြီးတစ်ခုဟာ သတ္တဝါတွေကြိတ်ခြေပြီး တလိမ့်လိမ့်သာလာနေ ပါတယ်1 မင်းကြီးပြုသင့်သည်ကို ပြုတော်မူပါလို့ လျှောက်ထားလာမယ်။ အနောက်အရပ် မြောက်အရပ် တောင်အရဗ်က လူယုံယောက်ျားအသီး သီးကလဲ ထိုနည်းပင် တောင်ကြီးဧရာ သတ္တဝါတွေကြိတ်ခြေပြီး လိမ့်လာနေကြောင်း ပြုသင့်သည်ကိုပြုဖို့အကြောင်း ရှေ့နည်းအတိုင်း လျှောက်ထားလာလျှင် အဲဒီလို ဒုလ္လဘလူ့ဘဝရတုန်းအခါ လူတွေကုန် အောင် ပြုနေတဲ့ ထိုမျှ ကြမ်းတမ်းသောဘေးကြီးတွေ ပေါ်လာနေလျှင် မင်းကြီးဘယ်လိုအမှုတွေများ ပြုပါ့မလဲ မေးမြန်းတော်မူတော့ ဒီလို ဘေးကြီးတွေ ကြုံနေရတဲ့အခါ တရားကျင့်ခြင်းမှတစ်ပါး ကောင်းမှု ကုသိုလ်ပြုခြင်းမှတစ်ပါး တခြား ဘာလုပ်ဖွယ်ရှိပါတော့မလဲဘုရားလို့ လျှောက်ထားတယ်။
မင်းကြီး သင့်အား ငါဘုရားပြောရ အသိပေးရမယ်။ သင့်ကို ဧရာ မရဏ အိုခြင်း သေခြင်းက လွှမ်းမိုး ဖိစီးနေပြီ။ မင်းကြီးအဖို့ ဘာကို ပြုသင့်ပြုထိုက်သလဲ။ ရှင်တော်မြတ်ဘုရား၊ ဘုရားတပည့်တော်ကို ဇရာ မရဏ အိုခြင်းသေခြင်းက လွှမ်းမိုး ဖိစီးလာရင် တပည့်တော် တရားကျင့် ခြင်းမှတစ်ပါး။ အညီအမျှကျင့်ခြင်းမှတစ်ပါး။ ကုသိုလ်ကောင်းမှုပြုခြင်းမှ တစ်ပါး တခြား ဘာပြုစရာရှိပါတော့မလဲဘုရား၊
ဘုရားတပည့်တော်တို့ မင်းတို့မှာ ဆင်တပ်။ မြင်းတပ်။ ရထားတပ်။ ခြေလျင်တပ်တွေ ရှိနေပါ၏။ သို့သော် ဧရာမရဏတရား လွှမ်းမိုးဖိစီး လျှင်တော့ ထိုတပ်တွေမတတ်သာ အရာမဟုတ်တော့ပါဘုရား၊ တပည့်
တော်တို့မင်းများမှာ မင်းတိုင်ပင်အမတ်ကြီးတွေ ရှိနေကြပါသည်။ မိမိတို့ အကြံအတိုင်အပင်ဖြင့် တိုက်လာသောရန်သူတို့ကို ဖြိုခွင်းနိုင်ကြပါသည် ဘုရား၊ ဧရာမရဏပဖိစီးလွှမ်းမိုးလာလျှင်တော့ ထိုမင်းတိုင်ပင်အမတ်တို့ အရာမဟုတ်တော့ပါ / တပည့်တော်များ မင်းတို့ မင်းနန်းတော်မှာ ပစ္စည်း တွေ အောက်မှာ အထက်မှာ များစွာရှိပါသည်။ ဒီပစ္စည်းတွေနဲ့ ရန်သူကို ဖြားယောင်းကာ အနိုင်ယူနိုင်ပါတယ်။ ဧရာမရဏတရား လွှမ်းမိုးဖိစီး လာလျှင်တော့ ထိုပစ္စည်းများလဲမတတ်သာ အရာမဝင်တော့ပါဘုရား၊ ရှင်တော်မြတ်ဘုရား ဇဧရာမရဏတရား လွှမ်းမိုးဖိစီးလာလျှင်တော့ တရား ဓမ္မ ကျင့်ခြင်းမှတစ်ပါး' အညီအမျှကျင့်ခြင်းမှတစ်ပါး ကောင်းမှုကုသိုလ် ပြုခြင်းမှတစ်ပါး တခြားပြုဖွယ်ရာ အဘယ်မှာရှိပါအံ့တော့နည်းဘုရား ဟု လျှောက်ထားခဲ့တယ်။ ကောသလဓင်းကြီးကို ရှင်တော်မြတ်မေးသလို တရားနာပရိသတ်တို့ကိုလဲ ကဲ. .. . ကောသလမင်းကြီးလို မိမိတို့ကိုလဲ ဧရာမရဏလွှမ်းမိုးနေရင် ဘာလုပ်ကြမလဲမေးရင် ဘယ်လိုဖြေကြမလဲ။ သူ့လိုပဲ ဖြေရမှာပဲ ဧရာမရဏလွှမ်းမိုးလာလျှင်တော့ တပည့်တော်များ တရားကျင့်ဖို့ အညီအမျှကျင့်ဖို့။ ကုသိုလ်ကောင်းမှုကျင့်ဖို့မှတစ်ပါး တခြား ဘာများရှိပါတော့မလဲဘုရား၊
ဒါ့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကလဲ မမေ့ကြနဲ့ မမေ့ကြနဲ့ ဆိုတဲ့တရားတွေ အထပ်ထပ်အခါခါဟောတယ်။ နေ့တိုင်းဟောတယ်။ ရဟန်းတော်တွေ တပည့်သားတွေကို နေ့တိုင်းဟောတယ်။ နောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးထိအောင် မမေ့ကြနဲ့ဆိုတဲ့ တရားနဲ့ပဲ အဆုံးသတ်တော်မှုခဲ့တယ်။
အပ္ပမာဒေါ အမတံပဒံ။ ပမာဒေါ မစ္စုနောပဒံ။
အပ္ပမတ္တာနမီယန္တို ယေ ပမတ္တာ ယထာမတာ။း
မမေ့ကြနဲ့တဲ့] ဘုရားရှင်ကိုယ်တော်မြတ်က အမြဲဟောတယ်။ အရေး ကြီးလွန်းလို့။
အပ္ပမာဒေါ-ကုသိုလ်ကောင်းမှုတို့ဉွ် မမေ့မလျော့ခြင်းသည်။ အမတံ ပဒံ-မသေရာမှန် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်ပါပေ၏။ ပမာဒေါ-မေ့လျော့
ဆွမ်းအနုမောဒနာတရားတော်
ယံကိဉ္စိဝိတ္တံ က္ကဓဝါ ဟုရံဝါ သဂ္ဂေသုဝါ ယံရတနံ ပဏီတံ။
နနောသမံ အတ္ထိ တထာဂတေန။
က္ကဒမ္ပိ ဗုဒ္ဓေ(ဓမ္မေ သံဃေ)ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု[(အနက်ပေး)
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တော်တွေ။ တရားတော်မြတ်ရဲ့ဂုဏ်။ သံဃာတော်မြတ်ရဲ့ ဂုဏ်တော်တွေဟာ တွေးလိုက်လို့ရှိရင် နှစ်သက်ဖွယ်ရာ မြတ်နိုးဖွယ်ရာတွေ ဖြစ်စေတတ်သောကြောင့် ဘုရားရှင်ကိုယ်တော်မြတ် ဟာ ရတနာဖြစ်သည်။ တရားတော်သည်ရတနာဖြစ်သည်။ သံဃာတော် သည် ရတနာဖြစ်သည်။ ဤသည်ကားသစ္စာစကား) အမှန်အတိုင်းဆိုတဲ့ စကား၊ ဤသစ္စာစကားကြောင့် ဆွမ်းဒကာ ဒကာမတွေနှင့်တကွ အားလုံး ပရိသတ်တွေ ချမ်းသာကြပါစေလို့ ဘုန်းကြီးတို့က ဆုပေးရတယ်။
လောကမှာ ဆိုရိုးရှိတယ်။ ရတနာရှိရာ ရတနာစုတယ်တဲ့1 ရတနာ ရှိရင် ကံကောင်းနေတဲ့ပုဂ္ဂိုလ်ပဲ။ အဲဒီရတနာတွေအကြောင်းပြုပြီး ရတနာ တွေက ဝင်လာတယ်။ ကိုယ့်မှာ ရတနာကောင်းကောင်းတွေ ရှိနေပြီဆို ရင် ဒီလူအဖို့စိတ်ချး ရတနာတွေ ဝင်လာတာပဲ။ ရတနာရှိရာ ရတနာ စုတယ်။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရတနာတွေရှိကြတယ်။ အဲဒီရတနာတွေဟာ တခြားမဟုတ်ဘူး။ ဘုန်းကြီးခုနပြောခဲ့တဲ့ ဘုရား ရတနာ။ တရားရတနာ။ သံဃာရတနာဆိုတဲ့ ရတနာတွေရှိတယ်။ ဘယ်လို ရှိလဲ။ ရတနာတွေဟာ ကိုယ်ပိုင်နေတာ ဘယ်လိုရှိသတုံးလို့ဆိုရင် ဘုရား ဂုဏ်တော်ကိုအောက်မေ့ကြတယ်။ တရားဂုဏ်တော်ကို အောက်မေ့ကြ
တယ်။ သံဃာဂုဏ်တော်ကို အောက်မေ့ကြတယ်။ ဘုရားဂုဏ်တော် အောက်မေ့တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်သန္တာန်မှာ ဘုရားရှိနေတာပဲ1 တရား ဂုဏ်တော်ကိုအောက်မေ့တဲ့ပုဂ္ဂိုလ်မှာ တရားရှိနေတယ်။ သံဃာ့ဂုဏ်တော် ကို အောက်မေ့နေကြတဲ့ပုဂ္ဂိုလ်တွေမှာ သံဃာရှိနေတယ်4 အဲဒါကို ရတနာ ရှိနေတယ်လို့ဆိုတယ်။ အဲဒီရတနာတွေ ရှိပြီဆိုရင် ဘာတွေလာမလဲ။ ကုသိုလ်တွေလာမယ်။
သဒ္ဓါဓနံ သီလဓနံ။ ဟီရိသြတ္တပ္ပိယံဓနံ။
သုတဓနဉ္စ စာဂေါစ။ ပညာဝေ သတ္တမံ ဓနံ။
ယဿဧတေ ဓနာအတ္ထိ၊ တ္တတ္ထ္ဆိယာ ပုရိသဿဝါ
အဒလိဒ္ဒေါတိတံအာဟု။ အမောဃံ တဿဇီဝိတံ(
သဒ္ဓါနေ=ရိတနာသုံးတန် တံကံတါအကျိုးကို မြတ်နိုးယုံကြည္လိတဲ စကြဝတေးမင်းကြီးရဲ့ ပတ္တမြားရတနာကဲ့သို့ အလွန်ကြည်လင်လှစွာသော သဒ္ဓါတရားတည်းဟူသောဥစ္စာလည်းကောင်း၊ သီလဓနံ-ကိုယ်မှု နှုတ်မှု တို့ကို ကောင်းစွာထားခြင်းတည်းဟူသော ဥစ္စာလည်းကောင်း။ သုတ ဓနဉ္စ-အကြားအမြင် ဗဟုသုတတည်းဟူသော ဥစ္စာလည်းကောင်း၊ စာဂေါစ-စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းတည်းဟူသော ဥစ္စာလည်းကောင်း၊ ဝေ-စင်စစ် သတ္တမံ-ခုနစ်ခုမြောက်သော၊ ပညာဓနံ-ပညာတည်းဟူသော ဥစ္စာလည်းကောင်း၊ ဟီရိသြတ္တပ္ပိယံဓနံ-မကောင်းမှုမှရှက်ခြင်း ဟီရိတည်း ဟူသောဥစ္စာ။ မကောင်းမှုမှလန့်ခြင်း သြတ္တပ္ပတည်းဟူသော ဥစ္စာလည်း ကောင်း၊ ယဿာက္ကတ္တိယာဝါ-အကြင်အမျိုးသမီးအားလည်းကောင်း1 ယဿာပုရိဿဝါ-အကြင်အမျိုးသားအားလည်းကောင်း။ ဧတေဓနာ-ထို သဒ္ဓါစသော ရတနာဥစ္စာခုနစ်ပါးတို့သည်( အတ္ထိ-ရှိနေပါပေကုန်၏။ တံ-ထိုသဒ္ဓါစသော ဥစ္စာရတနာခုနစ်ပါး ထင်ရှားရှိနေသောပုဂ္ဂိုလ်ကို1 အဒလိဒ္ဒေါ တိ-အဒလိဒ္ဒ မဆင်းရဲသောပုဂ္ဂုံုလ် တကယ်ချမ်းသာသော ပုဂ္ဂိုလ်ဟူရဤှ။ အာဟု-ဘုရားအဆူဆူ မိန့်တော်မူကြကုန်ဒါ။ တဿ- ထိုသဒ္ဓါအစရှိသော ရတနာခုနစ်ပါး ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်ါ / ဇီဝိတံ- အသက်ရှင်ရခြင်းသည်။ အမောဃံ-အချည်းအနှီးအသက်ရှင်ရခြင်းမဟုတ်1
ဇာကယ်အကျိုးရှိတဲ့ တကယ်မွန်မြတ်တဲ့ အသက်ရှင်ရခြင်းအစစ် တကယ်တမ်းဖြစ်ပါပေတော့သတည်း။
ဘုရားအကြောင်းပြုပြီးတော့ သဒ္ဓါအစရှိသော သူတော်ကောင်းဥစ္စာ ရတနာတွေး သီလ သုတ စာဂ ပညာ ဟီရိသြတ္တပ္ပတည်းဟူသော သူတော်ကောင်းဥစ္စာ ရတနာတွေ ရှိလာကြတယ် 1 ဒါ့ကြောင့် ခုနပြော သလို ရတနာရှိရာ ရတနာစုတယ်4 ကိုယ့်သန္တာန်မှာ ဘုရား တရား သံဃာဆိုတဲ့ ရတနာအခံကရှိနေတော့ သဒ္ဓါ သီလ သုတ စာဂ ပညာ ဟီရိသြတ္တပ္ပ တည်းဟူသော သူတော်ကောင်းတို့ ရတနာ။ သူတော် ကောင်းတို့၏ ဥစ္စာတွေ ရောက်လာတယ်။ သူတော်ကောင်းတို့ရဲ့ရတနာ။ သူတော်ကောင်းတို့ရဲ့ဥစ္စာ တိုးပွားလာတယ်4 စည်ပင်လာတယ် ပြန့်ပွားလာတယ်။ အဲဒီပုဂ္ဂိုလ်ကို အဒလိဒ္ဒ-မဆင်းရဲတဲ့ပုဂ္ဂိုလ်၊ သူဌေး ပဲတဲ့။ ဤကဲ့သို့ ရတနာရှိရာ ရတနာစုလို့ ရတနာအမျိုးမျိုးတွေကို တို့သန္တာန်မှာ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် အသက်ရှင်နေရခြင်း ဟာ အမောဃ အချည်းအနှီး အသက်ရှင်နေရခြင်းမဟုတ်။ တကယ် အကျိုးရှိတဲ့ အသက်ရှင်နေရခြင်း၊ မွန်မြတ်တဲ့ အသက်ရှင်နေရခြင်း၊ အသက်ရှင်ရကျိုးနပ်တဲ့ အသက်ရှင်ရခြင်းဖြင့် အသက်ရှင်နေရတဲ့ပုဂ္ဂိုလ်း ဘုရားရှင်ကိုယ်တော်မြတ်က ဒီလို ချီးကျူးတော်မှုသည်။ အဲဒါကြောင် မို့လို့ ရတနာရှိရာ ရတနာစုတယ်တဲ့
ရှေးက သူကြွယ်တစ်ယောက် သာ၀တ္ထိပြည်မှာ ဘုရားအမှူးရှိသော သံဃာတော်တွေ ဆွမ်းကပ်နေတယ်1 အဲဒီအချိန် ကောသလမင်းကြီးက ပစ္စည်းလိုနေလို့ ပစ္စည်းပေးဖို့ မင်းချင်းယောက်ျားတစ်ယောက် သူ့ဆီ လွှတ်လိုက်တယ်။ အဲဒီလိုလွှတ်လိုက်တဲ့မင်းချင်း ရောက်လာပြီးတော့ ဒီလို ဒီလိုပဲ ကောသလရှင်ဘုရင်က လွှတ်လိုက်တယ်လို့ပြောတော့ သူကြွယ်က ဘ်္ဘာပြန်ပြောလဲ။ အေး-မင်း ဆိုင်းအုံးကွ ငါ့ရွှေအိုးမြှုပ်တုန်းရှိသေးတယ် လို့ပြောတယ်။ အဲဒီသူကြွယ်ရဲ့စကားဟာ အင်မတန်တန်ဖိုးရှိတဲ့စကား၊ ဒီစကားကို ဒီလိုသုံးနိုင်တာဟာ ပညာရှိမို့လို့။1 ဒီပညာဟာ အလကား ရတာမဟုတ်ဘူး ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတွေကို
ကိုးကွယ်ဆည်းကပ်ရာကနေပြီး ရလာတဲ့ပညာမျိုး။ အဲဒီပညာမျိုးကြောင့် အဖိုးတန်တဲ့ တကယ်ဆန်းကြယ်တဲ့ နှစ်သက်ဖွယ်ရှိတဲ့စကားလုံးကို ထုတ် သုံးနိုင်တယ်။ ရွှေအိုးကြီးမြှုပ်နေသေးတယ်ကွာ။ ရွှေအိုးကြီးမြှုပ်နေသေး တယ်လို့ ရှင်ဘုရင်ကို သံတော်ဦးတင်လိုက် နောက်မှလာခဲ့မယ် အဲသလို မှာလိုက်တယ်4 လောကမှာ ဘာဝဲဖြစ်ဖြစ် ရတနာသုံးပါးနဲ့ ရင်းနှီးလာ ပြီဆိုရင် ရင်းနှီးလာသည်နှင့်အမျှ ကုသိုလ်တိုးတယ်။ အသိအလိမ္မာ ပညာတိုးလာသည်နှင့်အမျှ ကုသိုလ်ရေးနှင့်စပ်ဆိုင်တဲ့] တရားရေးနှင့် စပ်ဆိုင်တဲ့ အမြင်တွေလဲတိုးလာတယ်။ အသိတွေလဲတိုးလာတယ်4 အမြင် တွေ အသိတွေတိုးလာရင် ခုနပြောသလို အဖိုးတန်တဲ့စကားပြောနိုင်တယ်1 နှစ်သက်ဖွယ်စကား ပြောနိုင်တယ် ဘုရားရှင်ကိုယ်တော်မြတ်ကတောင် ထိုသူကြွယ်ရဲ့စကားကို ယူပြီးတော့ တရားဟောနေတယ်နော်1
ရွှေအိုးကြီးမြှုပ်နေသေးတယ်။ နိဓိ-ဆိုတာ ရွှေအိုးကိုညွန်ကြတယ်1 အမှန်ကတော့ နိဓိ-ဟာ ရွှေအိုးဆိုတဲ့အနက် ဘုန်းကြီးတို့စာထဲ တယ် မတွေ့ရဘူး။ နိဓိ-ဆိုတာ ရတနာပဲတွေ့ရတယ် ဒါ့ကြောင့် ရတနာအိုး ကြီးဆိုရင် စာနဲ့ပိုညီတယ်။ သို့သော် လောကဝေါဟာရက တွင်ကျယ်နေ တော့ ရွှေအိုးကြီးဆိုလဲ မမှားတော့ပါဘူး တစ်ခါတစ်ခါ ရတနာအမျိုး မျိုး အိုးကြီးဖြစ်ပေမယ့် လောက က ရွှေအိုးလို့တွင်နေတဲ့အခါကျတော့ အဲဒီတွင်တဲ့စကားကို လိုက်သုံးရတာပဲ။ သုံးလို့မမှားပါဘူး။ ဘုရားရှင် ကိုယ်တော်မြတ်ကလဲ ဥပရိပဏ္ဍာသပါဠိတော်လာ အရဏ ဝိဘင်္ဂသုတ်မှာ သာမညံနာတိဓာဝေယျ။ သာမညံ-လောကဝေါဟာရကို၊ နာတိဓာဝေယျ- မလွန်ရာ။ လွန်မပြေးရာ-သူများပြောနေတဲ့ ဒီအရပ်ဒေသဟာ ဒီအရာကို ဒီလိုခေါ်တယ်ဆိုရင် အဲဒီအရပ်ဒေသရောက်သွားတဲ့အခါ အရဂ်ဒေသလိုက် ပြီးတော့သုံးရတယ်။ တချို့အရပ်ဒေသမှာ ပုစွန်ခြောက်ကို ပုလောလို့ ခေါ်တယ်။ ပုလောလို့ခေါ်တဲ့ အရပ်ဒေသရောက်သွားတဲ့အခါ ကိုယ်က ပုလောမဟုတ်ဘူးလို့ ငြင်းနေလို့မဖြစ်ဘူး1 သူ့အရပ်ဒေသလိုက်ပြီး သုံးရမှာ ပဲ
အဲဒီလိုပဲ ဒီ့အပြင်ဝေါဟာရတွေလဲ အများကြီးရှိနေတယ်။ သူ့အရပ်
ဒေသအလိုက် ခေါ်ကြတယ်။ သူ့အရပ်ဒေသအလိုက် ခေါ်ဝေါ်ရမယ့် ဝေါဟာရကိုလွန်ပြီးတော့ ကိုယ်က ဆန့်ကျင်မှုမပြုရ။ အဲဒါကို ဘုရားက ဒီအတိုင်းပဲဟောထားတယ်။ အဲဒါကြောင့် ရွှေအိုးလို့သုံးတာပဲ။ အမှားလို့ မဆိုနိုင်ဘူး။ အစဉ်အလာအားဖြင့် သုံးလာတာဖြစ်တော့ ရွှေအိုးလို့လဲ သုံးနိုင်ပါတယ်။ ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က ရွှေအိုးကြီးမြှုပ်နေ တယ်ဆိုတဲ့ စကားအလိုက်ပဲ နိဓိကဏ္ဍသုတ္တန်ဆိုတဲ့ ဒေသနာတောဲ ကြီးကို ဟောတော်မူတယ်။ ဒေသနာတော်ကြီးကတော့ အများကြီး၊ အကုန်ဟောရရင်တော့ အကျယ်ကြီး၊ လိုရင်းလေးနည်းနည်းဟောရရင်-
အသာဓာရဏ မညေသံ။ အစောရာဟရဏောနိဓိ။ နိဓိ-ကုသိုလ် ရတနာဥစ္စာအိုးကြီးသည်။ အစောရာ ဟရဏော-သူခိုးတွေကလဲ ဆောင်ယူ ခြင်းငှာ မတတ်နိုင်ပါပေး အသာဓာရဏံ-သူတစ်ပါးနဲ့ ဆက်ဆံခြင်းမရှိ မိမိကိုယ်ပိုင်ဖြစ်ပါပေ၏။
ဒီ့ပြင်ဥစ္စာတွေဟာ သူတစ်ပါးနဲ့ ဆက်ဆံမှုရှိနေတယ်။ မယားရှိရင် လင်ပါပိုင်တယ်။ လင်မှာရှိရင် မယားပါပိုင်တယ်။ သားသမီးတွေလဲ အမွေဆက်ခံတဲ့အနေနဲ့ ပိုင်တယ် လောကပစ္စည်း ဥစ္စာတွေက သူတစ်ပါး နဲ့ ဆိုင်တယ်။ ကိုယ်သေရင် ယူသွားနိုင်တာမဟုတ်ဘူး( ဒါ့ကြောင့် သူတစ်ပါးနဲ့ ဆိုင်တယ်။ ဘုံဆိုင်တွေ။
အဲဒီရွှေအိုးကြီးကတော့ အသာဓာရဏ-သူတစ်ပါးနဲ့မဆိုင် ကိုယ်ပိုင် အစစ် တကယ်တမ်းဖြစ်ပါပေ၏။ ကိုယ်ပိုင်ဥစ္စာဟာ ကုသိုလ်တွေပဲ။ အစောရာ ဟရဏော-သူခိုးဓားပြတို့ တိုက်ယူလုယူခြင်းငှာ မတတ်နိုင်ါပေ။ ဒီရွှေအိုးကြီး ဒီကုသိုလ်ရတနာအိုးကြီးတွေကတော့ သူခိုးတွေ ဓားပြတွေမယူနိုင်ဘူး လောကဥစ္စာတွေကတော့ ရေဖျက်ဆီးနိုင်တယ်။ မီးဖျက်ဆီးနိုင်တယ် မင်းကလဲသိမ်းယူနိုင်တယ်။ သူခိုးဓားပြရန်ကြောင့် ပျက်စီးရတယ်။ ကုသိုလ်ဆိုတဲ့ဥစ္စာကတော့ ပုညံစောရေဟိ ဒုဟရံ။ ပုညံ-ကုသိုလ်ကောင်းမှုကို၊ စောရေဟိ-သူခိုးတို့သည်။ ဒုဟရံ- ဆောင်ခြင်းငှာ မတတ်နိုင်ပါပေး ကုသိုလ်တည်းဟူသော ရတနာအိုး ကြီးဟာ တခြားဥစ္စာတွေနဲ့ လောကဥစ္စာတွေနဲ့ မဆိုင်တဲ့ ကိုယ်ပိုင်ဥစ္စာ
ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က နိဓိကဏ္ဍသုတ်မှာ ဟောတော် မူခဲ့တယ်1
ဧသ ဒေဝမနုဿာနံ။ သဗ္ဗကာမဒဒေါ နိဓိ။
ယံယဒေဝါဘိ ပတ္ထေန္တိး သဗ္ဗမေတေန လဗ္ဘတိ
ဧသဧသော-ကုသိုလ်ရတနာအိုးကြီးသည်။ သဗ္ဗကာမဒဒေါ-အလို ရှိအပ် သမ္ပတ္တိအမျိုးမျိုး ကောင်းကျိုးအထွေထွေပေးတတ်သော၊ နိဓိ- ကုသိုလ်ရတနာဥစ္စာအိုးကြီးပင် ဖြစ်ပါပေ၏
ဘာလိုချင်လဲ။ လိုချင်ရာပေးနိုင်တဲ့ အိုးကြီး1 ဒကာကြီးဦးစံည္ပန့်- ဒကာမကြီးဒေါ်သန်းခင်တို့ ယနေ့ပြုကြတဲ့ သိုမှီးကြတဲ့ ကုသိုလ်ရတနာ အိုးကြီးပဘ သဗ္ဗကာမဒဒေါ-လိုချင်ရာ ပေးနိုင်တဲ့ ရနိုင်တဲ့ ရတနာ အိုးကြီး၊
မာနုဿိကာစ သမ္ပတ္တိ၊ ဒေဝလောကေစ ယာရတိ။
ယာစ နိဗ္ဗာန သမ္ပတ္တိ၊ သဗ္ဗမေတေန လဗ္ဘတိ
လူ့စည်းစိမ်လိုချင်လဲ ရနိုင်ဓါ 1 နတ်စည်းစိမ်လိုချင်လဲ ရနိုင်၏။ နိဗ္ဗာန်ချမ်းသာလိုချင်လဲ ရနိုင်ဓါ
ပဋိသမ္ဘိဒါ ဝိမောက္ခား ယာစသာဝက ပါရမီ။
ပစ္စေက ဗောဓိ ဗုဒ္ဓဘူမိ။ သဗ္ဗမေတေန လဗ္ဘတိ
ပဋိသမ္ဘိဒါလေးပါး လိုချင်သလား။ ဝိမောက္ခရှစ်ပါးလိုချင်သလား။ သာဝက ပါရမီခေါ်တဲ့ မဟာသာဝက အဂ္ဂသာဝက ပကတိသာဝက လိုချင်သလား( အားလုံးရနိုင်တယ်။ ပစ္စေကဗုဒ္ဓါအဖြစ်ကို၊ သမ္မာ သမ္ဗောဓိ ဘုရားအဖြစ်ကို လိုချင်သလားတဲ့။ လိုချင်တာအကုန်ရနိုင်တယ်။ အဲဒါ ကြောင့်မို့လို့ သဗ္ဗကာမဒဒေါ-လိုချင်ရာရာ လိုချင်ရာရာ စည်းစိမ်အမျိုး မျိုး ကောင်းကျိုးအရပ်ရပ် ကောင်းကျိုးအစားစား၊ တရားအထွေထွေကို ပေးတတ်တယ် 1 မိမိတို့ အင်မတန်မွန်မြတ်လှတဲ့ စီဝရဒါန သင်္ကန်း အလှူ၊ ဆွမ်းဒါနအစရှိသောအလှူတွေး သီလဆောက်တည်ရ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းရ။ ဘာဝနာဆိုတာ ဒီတရားနာရတာလဲ ဘာဝနာပဲ တရားနာရင်းနဲ့ ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်က သောတာပန်။
သကဒါဂါမ်။ အနာဂါမ် ရဟန္တာဖြစ်တာ မနည်းဘူး။ ဒါဟာ တရားက ဘာဝနာဆိုတော့ အဲဒီတရားနာရင်း သမထကနေ ဝိပဿနာဖြစ်တယ်1 ဝိပဿနာကနေပြီးတော့ သောတာပန်ဖြစ်ကြ၊ အနာဂါမ်ဖြစ်ကြ၊ ရဟန္တာ တွေ ဖြစ်ကြရတယ် လိုရာမှန်သမျှ အကုန်ရနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ပြုရတဲ့ ကုသိုလ်ကောင်းမှုတွေဟာ အကုန်လုံးလိုချင်ရာရာ။ လိုချင် ရာရာရနိုင်တဲ့ ကောင်းမြတ်တဲ့ ရတနာအိုးကြီးတွေ။ အဲဒီရတနာအိုး ကြီးတွေက ကိုယ်ပိုင်ဥစ္စာ။ ဒီကိုယ်ဂိုင်ဥစ္စာဟာ တခြားလောကပစ္စည်းတွေ က သေရင် စွန့်ထားခဲ့ရပေမယ့် ကုသိုလ်ကောင်းမှုတွေကတော့ စွန့်မထား ခဲ့ရဘူး1 ကိုယ်နဲ့တစ်ပါတည်းယူဆောင်ပြီး သွားလို့ရတယ်။
ဟာ-လူတောင်ပျက်စီးနေတာ ဒီကုသိုလ်တွေက ဘယ်လိုပါနိုင်မတုံး ဒီလိုပြောစရာရှိတယ်နော်1 လောကမှာ ဓာတ်တွေ ဓာတ်တွေ အမျိုးမျိုး ရှိတယ်။ ဓာတ်တွေကို တချို့လူတွေကမမြင်ဘူး မမြင်နိုင်ဘူး။ မမြင် နိုင်လို့ မရှိဘူးဆိုရင် လောကကြီးမှာ အဏုမြူဗုံးတွေဟာ အလကားပဲ။ အဏုမြူဓာတ်ဆိုတာ မြင်ရတာမဟုတ်ဘူး။ ဒါပေမ့ တချို့ဓာတ်တွေက အစွမ်းအာနိသင်အတော်ရှိတယ်။ မြင်လဲမြင်ရတာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကိရိယာတွေနဲ့ စမ်းသပ်တီထွင်လိုက်ကြတော့ အဲဒီမမြင်ရတဲ့ အဏုမြူဓာတ်တွေဟာ ကမ္ဘာကြီးပျက်စီးလောက်အောင် စွမ်းနိုင်လာတယ် အစွမ်းဓာတ်တွေရှိတယ်။ ကုသိုလ်တွေဟာ အဲဒီလိုပဲ ဘုရားဖြစ်တယ် ဆိုတာ နည်းနည်းနောနောသတ္တိမဟုတ်ဘူး။ နည်းနည်းနောနော အစွမ်း အာနုဘော်သတ္တိမဟုတ်ဘူး အဲဒီသတ္တိရှိအောင် ရောက်လာတဲ့ဓာတ်တွေ ကို မြင်လဲမြင်ရတာမဟုတ်ဘူး။ မမြင်ရလို့ မရှိဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အန္ဓ အန္စဆိုတာ မမြင်တာ။ ဘုရားက ဧကစက္ခု ဒွိစက္ခုတဲ့။ တစ်ဖက် မမြင်တဲ့ပုဂ္ဂိုလ်၊ နှစ်ဘက်လုံးမမြင်တဲ့ပုဂ္ဂိုလ်၊ လောကဘက်မှာလဲ ဘာမှ နားမလည်ဘူး တရားဘက်မှာလဲ ဘာမှနားမလည်ဘူး1 လောကဘက် မှာလဲ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ဘာမှ မမွမ်းဆောင်နိုင်ဘူး။ လောကီရေးရာမှာ ဘာမှနားမလည်ဘူး။ လောကုတ္တရာတရားဘက်မှာ လဲ ဘာမှနားမလည်ဘူးဆိုရင် အန္စ။
လောကဘက်တော့ နားလည်တယ်။ စီးပွားရေးဘက်မှာ ဖြစ်ထွန်း အောင် ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ တရားဘက်မှာနားမလည်ဆူး ဆိုရင် ဧကစက္ခု။ တစ်ဖက်မြင်ပုဂ္ဂိုလ်၊ ဓမ္မဘက်လဲ ထွန်းထွန်း ပေါက်ပေါက်ဖြစ်အောင် ဆောင်ရွက်နိုင်တယ်ဆိုရင် ဒါဟာ ဒွ္ပိစက္ခု နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်၊ အဲဒါကြောင့် တကယ့်ဓာတ်တွေကို မမြင်လို့ မရှိဘူး အလကားပါပဲလို့ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အန္စ အဲဒါကြောင့် ဘုန်းကြီးတို့ဒကာဒကာမတွေက အန္မွမဟုတ်ဘူး ဧကစက္ခုလဲမဟုတ်ဘူး။ ဒွိစက္ခုတွေန လောက ဘယ်မှာလဲ လူချင်းသူချင်းတူအောင် ဆောင်ရွက် နိုင်။ စားဝတ်နေရေး မပူမပင် မကြောင့်မကြ။ ဓမ္မဘက်မှာလဲ တတ်နိုင်သမျှ လှူကြတန်းကြ' သီလဆောက်တည်ကြ၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြ ဗဟုသုတရှိကြ' ပညာအမြော်အမြင်ရှိကြတယ်။ အဲဒါနှစ်ဖက် မြင်တွေ၊ အဲဒီလို နှစ်ဖက်မြင်တွေဖြစ်ကြတာ ကံကောင်းကြတယ်။ ဒါကြောင့် လာဘာဝတ-တို့တစ်တွေအရတော်ပါပေစွ။ သုလဒ္ဓံ၀တ-လူ့ အဖြစ်ကို စင်စစ်ကောင်းမွန်စွာ ရအပ်ပါပေစွလို့ ဥဒါန်းကျူးဖို့ကောင်း တယ်
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့လှူရတဲ့ဒါန၊ ဆောက်တည် ရတဲ့ သီလ၊ ပွားများရတဲ့ဘာဝနာ ကုသိုလ်ကောင်းမှုတွေအားလုံးဟာ နိဗ္ဗာန် မဂ်ဖိုလ်ရနိုင်တဲ့ အစွမ်းသတ္တိအပြည့်ရှိတဲ့ ဓာတ်တွေအဖြစ်သို့ ရောက် ကြပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော တကယ့်အဆင့်အတန်းမြင့်မြင့် ပွင့်လန်းနိုင်တဲ့အဖြစ်သို့ ရောက်ပါစေကုန်သတည်း။ ဆိုက်ရောက်ရပါစေ ကုန်သောဟု ဆုတောင်းပတ္ထနာပြုကြပါကုန်။
(သာဓု သာဓု သာဓု)
(ဦးစံညွန်. + ဒေါ်သန်းခင် မိသားစု ဆွမ်းအနုမောဒနာ)
အတန်
တိုက်ကြီးဆရာတော် မွေးနေ့အလှူတရားတော်
ဗုဒ္ဓ သုဗုဒ္ဓတာ လောကေ။ ဓမ္မဿစ သုဓမ္မတာ။
သံဃဿ သုပ္ပဋိပတ္တိ။ ဧသာ သာသန သမ္ပဒါ။
လောကေ၊ ကမ္ဘာလောကကြီးအတွင်းခ်။ ဗုဒ္ဓသုဗုဒ္ဓတာစ၊ ဘုရား ရှင် ကိုယ်တော်မြတ်ဇ၊် ကောင်းမြတ်မှန်ကန်သော ဘုရားဖြစ်သည်၏ အဖြစ် သည်လည်းကောင်း ဓမ္မဿ တရားတော်မြတ်၏ / သုဓမ္မတာစ၊ ကောင်း မြတ်မှန်ကန်သော တရားစင်စစ်ဖြစ်သည်၏ အဖြစ်သည်လည်းကောင်း၊ သံဃဿ သံဃာတော်၏။ သုပ္ပဋိပတ္တိစ၊ ကောင်းစွာကျင့်ခြင်းသည် လည်းကောင်း အတ္ထိ ရှိပါပေ၏ / ဧသာ။ ဤသို့ ဘုရားက ဘုရားစစ် ဘုရားမှန်၊ တရားက တရားစစ်တရားမှန်' သံဃာက သံဃာစစ် သံဃာမှန် ဖြစ်ခြင်းသည်။ သာသနသမ္ပဒါ။ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး၏ ပြည့်စုံခြင်းအစစ် တကယ်တမ်းဖြစ်ပါပေ၏ ဆိုတဲ့- ဒေသနာအရ ဘုရားစစ်ဘုရားမှန်။ တရားစစ်တရားမှန်း သံဃာစစ် သံဃာမှန် ပြည့်စုံခြင်းသုံးပါးဖြင့် ပြည့်စုံလျက်ရှိတဲ့ ဗုဒ္ဓမြတ်စွာသာသနာ တော်ကြီးကို ချီးမြှေက်ကြသော သာသနာပြုကောင်းမှုရှင် ဒကာ ဒကာမ များတို့ ယနေ့ ထိုသာသနာတော်ကြီးကို တတ်နိုင်သမျှ တတ်စွမ်းသမျှ မိမိတို့ နိုင်ရာနိုင်ရာဘက်က ထူးထူးခြားခြား ချီးမြှောက်ခဲ့ကြတဲ့ အခါသမယ ကျောင်း။ သိမ် ပြင်ဆင်မွမ်းမံဆောက်လုပ် ပလ္လင်တော်ကြီး နှင့်တကွ ရွှေထီး ရွှေသင်္ကန်း အစရှိသော လှူဖွယ်၀တ္ထုတို့ကို လှူကြ ကန်းကြ ပူဇော်ကြမည့် ဤအခါသမယနခ် ရှေးဦးစွာ ရတနာသုံးပါး
ဦးထိပ်ထားခဲ့ကြသော အစဉ်အလာအရ တကယ့်ရှိခိုးထိုက် မြတ်နိုးထိုက် ပူဇော်ထိုက်သော ဂုဏ်အပေါင်းများစွာ တည်နေရာဖြစ်တော်မူသော ဘုရား အမြတ်ဆုံးရတနာ။ တရားအမြတ်ဆုံးရတနာ။ သံဃာအမြတ်ဆုံးရတနာ ဤရတနာမြတ်သုံးပါးတို့၏ ထူးခြားသော ငုဏ်ရည်ကို ယုကြည်ဠတ်နိး လက်စုံမိုး ရှိခိုးပူဇော် ဖူးမြော်မာန်လျွော့ ကန်တော့ရခြင်းဖြင့် ရရှိသော ပဏာမ မင်္ဂလာ ကောင်းမြတ်သောကုသိုလ်စေတနာကြောင့် ဘေးခပ်သိမ်း ရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်း။ ကြောင့်ကြခပ်သိမ်း အေးငြိမ်းပပျောက် ကြကုန်သည်ဖြစ်ဤ ကောင်းမြတ်သော က္ကဋ္ဌမင်္ဂလာချမ်းသာအမျိုးမျိုး ကောင်းကျိုးအဖုံဗုံ အမြဲတမ်းတွေ့ကြုံရလျက် အဘက်ဘက်၌ တိုးတက် ကြီးပွားခြင်း အောင်မြင်ခြင်းသို့ ရောက်ကြပြီးလျှင် မိမိတို့ လိုလား တောင့်တအပ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာမြတ်ကိုလည်း အရဟတ္တမဂ် အရဟတ္တဖိုလ်ပေါက် လျင်မြန်စွာ ဆိုက်ရောက်နိုင် ကြပါစေကုန်သတည်း။ ငါးပါးသီလပေးသည်
ယနေ့ သာသနာပြု ကောင်းမှုတွေ ပြုကြရလေတော့ မိမိတို့ရဲ့ ကုသိုလ်ကောင်းမှုကို ရေစက်သွန်းချ အမျှဝေခြင်းဖြင့် ကျောင်းပူဇာသဘင် သိမ်ပူဇာသဘင် ကုသိုလ်ဓမ္မတွေဖြင့် ပူဇော်ကြတဲ့နေ့ ယနေ့ မိမိတို့ သဒ္ဓါတရားထက်သန်စွာဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြလို့ ကျောင်းကျက်သရေတိုးတက်တယ်။ သိမ်ကျောင်းတော်ကြီး ပြင်ဆင်တာ လဲ ပြီးမြောက်အောင်မြင်သွားတယ်။ ဒီကျောင်းကြီး ပြင်ဆင်တာလဲ ပြီးမြောက်အောင်မြင်သွားတယ်။ ဒီ့ပြင် အလှူတော်တွေနဲ့တကွ ကျောင်း ပူဇော်ပွဲ သိမ်ပူဇော်ပွဲ ယနေ့ ပူဇော်ကြတယ်။
ဘုန်းကြီးတို့ ဒီကျောင်းကိုမရောက်တာ တော်တော်ကြာသွားပြီး အနှစ်နှစ်ဆယ်လောက်ရှိမလားမသိဘူး။ ဟိုတစ်ခါတုန်းက ဘာမှမရှိဘူး။ နှစ်ပေါင်းများစွာလဲ ဒီကျောင်းတိုက်ထဲမှာ ဘာမှ တိုးတက်တာမရှိဘူး။ အခုတော့ တော်တော်လေး တိုးတက်နေတာ တွေ့ရတယ်
ပြည့်စုံပြီလားဆိုတော့ မပြည့်စုံသေးဘူး။ ကျောင်းအင်္ဂါတွေနဲ့ ပြည့် ပြည့်စုံစုံ စည်စည်ကားကား ဖြစ်လာပြီဆိုရင် သံဃာတွေတိုးတက်တာပဲ။
သံဃာတွေတိုးတက်လာရင် အဲဒီကျောင်းတိုက်ရဲ့ သာသနာဟာ တိုးတက် တာပဲ။
အဲသလို သာသနာကို တိုးတက်အောင်ပြုဖို့ရာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တာဝန်ရှိတယ်။ ဒကာ ဒကာမတွေ မဟုတ်ဘူး။ ဘုန်းကြီးတို့မှာလဲ တာဝန်ရှိတယ်
အဲသလို ကျောင်းတစ်ကျောင်းဟာ တိုးတက်လာပြီဆိုရင် လူတို့ အားထားရာ။ နတ်တို့၏ အားထားရာ။ သံဃာတော်တို့၏ အားထားရာ။ လူနတ် သံဃာတော်တို့ အားထားရာအဖြစ်သို့ ရောက်ရတယ် တကယ်တော့ အဲသလိုဖြစ်အောင် ဆောင်ရွက်ဖို့ရာ မိမိတို့မှာလဲ တာဝန် ရှိတာပဲ။ ဒကာ ဒကာမတွေရဲ့အားဟာ အင်မတန်ကြီးမားတယ်နော် ကြားဖူးမှာပေါ့။ ရှေးက သီဟိုဠ်ကျွန်းမှာ-
ဒကာမကြီးက တောသွားခါနီး သမီးလေးကို မှာနေတယ်။ သူတို့ သားအမိက အယျမိတ္တဆိုတဲ့ အရှင်မြတ်ကို သားလေးလိုပဲ ပြုစု စောင့်ရှောက်နေကြတယ်။
တစ်နေ့တော့ တောသွားခါနီး အမေကြီးကမှာနေတယ်။ အမေ တောသွားမယ်။ သမီး မောင်တော်ကို ဘယ်မှာဘာရှိတယ်။ ထောပတ်ရှိ တယ်။ တင်လဲရှိတယ်။ ဘာရှိတယ်။ ညာရှိတယ်။ ဆန်တောင်းလေးက ဘယ်မှာ ရှိတယ်။ အဲဒါလေးတွေချက်ပြီးတော့ ဆွမ်းကဝ်ပါဆိုတော့။ ဒီလိုဆို အမေက ဘာစားမတုံးဆိုတော့။ အေး-ငါ့ဆန်ကျိုးလေးတွေနဲ့ ဟင်းရွက်နဲ့ ယာဂုပြုပ်ဆတ်လေးကြိုပြီးတော့ ထားပေါ့။ အမေ ဒါပဲသောက်မယ်ဆိုတော့ အယျမိတ္တမထေရ်ကလဲ ဆွမ်းခံခါနီးကြားရတော့ အင်မတန် သံဝေဂဖြစ်သွားတယ်။ သူ့ကိုလဲ ဆုံးမတယ်။ အယျမိတ္တ ကြည့်စမ်း။ ဒကာမကြီးက မင်းဖို့ မှာလိုက်တာ အကောင်းတွေချည်းပဲ။ ကပ်ဖို့ လှူဖို့ သမီးကိုမှာနေတာ အကောင်းတွေချည်းပဲ။
သူ့အတွက်တော့ ယာဂုပြုပ်ဆတ်လေးပဲ ကြိုထားလိုက်လို့ဆိုတယ်။ ကဲ-ဒီ ဒကာမကြီးတွေကို မင်းဘာပေးမလဲ။ သူဟာ ၀စ္စည်းလိုချင်လို့လဲ မဟုတ်ဘူး။ ဘာမှလိုချင်လို့မဟုတ်ဘူးး တကယ်တော့ မဂ်ဖိုလ်နိဗ္ဗာန်
လိုချင်လို့ အဲဒီ သူတို့လိုချင်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မင်းပေးနိုင်မလား။
မပေးနိုင်ဘူး။ မပေးနိုင်ရင် ငါဒီဆွမ်းကို မစားသေးဘူး ရဟန္တာ မဖြစ်သမျှ မစားသေးဘူးဆိုပြီး တစ်ခါတည်းထိုင်ပြီး တရားအားထုတ် လိုက်တာ သဝိတ်တွေပြန်ထား။ သင်္ကန်းတွေပြန်တင်၊ သင်္ကန်းရုံဖျက်ပြီး တစ်ခါတည်း အားထုတ်လိုက်တာ တစ်ခါတည်းထိုင်ပြီး ကာလကြာမြင့် စွာက အားထုတ်လာခဲ့တဲ့ အထုံက တယ်ကြီးနေတဲ့ မထေရ်မြတ်ဟာ ဘာမှမကြာဘူး။ ဇွဲနဲ့ မာန်နဲ့ အားထုတ်လိုက်တာ ခဏလေး ရဟန္တာ ဖြစ်သွားတယ်။
အဲ့ဒါ ဒကာဒကာမများရဲ့ ဆွမ်းရိုသေမှု။ ပူဇော်မှု၊ အဲဒီဥစ္စာဟာ ဘယ်လောက်စွမ်းတုံးဆိုရင် ရဟန္တာမဖြစ်သေးတဲ့ မထေရ်ကြီးဟာ ခဏ ချင်းနဲ့ ရဟန္တာဖြစ်သွားတယ်။
အဲဒီကျမှ တစ်ခါတည်းနေကိုကြည့်လိုက်တာ အချိန်ရှိသေးလို့ သင်္ကန်းပြန်ရုံပြီးတော့ သဝိတ်ပိုက်ပြီးတော့ ဆွမ်းခံထွက်အိမ်ကိုက္ပြသွား တယ် အိမ်သွားတော့ အိမ်ကအမျိုးသမီးက မထေရ်ရဲ့သပိတ်ထဲ ဆွမ်းတွေ ဟင်းတွေလောင်းပြီးတော့ ဆက်ကပ်လိုက်တယ်။ ညနေကျတော့ အမေက ပြန်လာတယ်။
သမီးမောင်တော် ဆွမ်းခံကြွရဲ့လားဆိုတော့ ကြွတယ်အမေး ဒါပေ မဲ့ မောင်တော့်မျက်နှာဟာ ခါတိုင်းနဲ့မတူဘူးး အင်မတန်ကြည်ကြည် လင်လင်နဲ့ ခါတိုင်းထက်ပိုပြီးတော့ တင့်တယ်သပ္ပာယ်နေတဲ့အကြောင်း ပြောပြတော့ အေး-ငါ့သားတော်ဟာ သမီးမောင်တော်ဟာ သာသနာ တော်မှာပျော်ပြီး လူမထွက်တော့ဘူးဆိုပြီးတော့ ဒကာမကြီးက အင်မတန် ၀မ်းမြောက်ဝမ်းသာနဲ့ ၀မ်းမြောက်စကားပြောကြားတယ်။
ဘုန်းကြီးဆိုလိုရင်းက ဒကာဒကာမများရဲ့ အားထုတ်မှုဟာ အင်မတန်အရေးပါပါတယ်။ အရာရောက်ပါတယ်။ ဒကာ ဒကာမတွေရဲ့ အဲသလို ပူဇော်မှု တိုးတက်ဆောင်ရွက်မှု လှူဒါန်းမှု စသည်ဟာ သံဃာတော်တွေ ပိုကြိုးစားဖို့ဖြစ်တယ်။
ပိုကြိုးစားဖို့ တွန်းအားတွေပဲ။ အဲဒါကြောင့်မို့လို့ သာသနာကို ဘုန်း
ကြီးတို့ဒကာဒကာမတွေ ချီးမြှောက်မှုဟာ ဘုန်းကြီးတွေအဖို့ တအားပဲ။ ပရိယတ်ဘက်က စွမ်းစွမ်းတမံကြိုးစားဖို့. ပဋိပတ်ဘက် စွမ်းစွမ်းတမံ ကြိုးစားဖို့ အားကြီးတစ်ခုပဲ
အဲဒီအားဟာ သေးတာမဟုတ်ဘူး။ ဒီတော့ ဒီအားကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသုံးပြုဖို့ တာဝန်ရှိတယ်။ သာသနာဆိုတာက အင်မတန် မွန်မြတ်တယ်နော်။ သာသနာတော်ဆိုတာက မွန်မြတ်တဲ့ သာသနာမြတ်ကြီး၊ ခုန ဘုန်းကြီးရွတ်လိုက်တဲ့ သီလမပေးခင် ဆုပေးတှော့-
ဗုဒ္ဓ သုဗုဒ္ဓတာ လောကေ။ ဓမ္မဿစ သုဓမ္မတာ။
သံဃဿ သုပ္ပဋိပတ္တို ဧသာ သာသန သမ္ပဒါ
လောကေး ကမ္ဘာလောကကြီးအတွင်းခဥ် ဗုဒ္ဓသုဗုဒ္ဓတာစ၊ ဘုရား ရှင် ကိုယ်တော်မြတ်၏ ကောင်းမြတ်မှန်ကန်သော ဘုရားဖြစ်သည်၏ အဖြစ် သည်လည်းကောင်း၊ ဓမ္မဿ၊ တရားတော်မြတ်ဓါ / သုဓမ္မတာစ၊ ကောင်း မြတ်မှန်ကန်သော တရားစင်စစ်ဖြစ်သည်စါ အဖြစ်သည်လည်းကောင်း၊ သံဃဿ။ သံဃာတော်၏ / သုပ္ပဋိပတ္တိစ၊ ကောင်းစွာကျင့်ခြင်းသည် လည်းကောင်း၊ အတ္ထိ ရှိပါပေစ်ါ / ဧသာ။ ဤသို့ ဘုရားက ဘုရားစစ် ဘုရားမှန်း တရားက တရားစစ်တရားမှန်' သံဃာက သံဃာစစ် သံဃာမှန် ဖြစ်ခြင်းသည်။ သာသနသမ္ပဒါ။ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏ ပြည့်စုံခြင်းအစစ် တကယ်တမ်းဖြစ်ပါပေသတည်း
မြတ်ဌာသာသနာတော်ကြးဟာ ပြည်ုခြင်းသံးပါးဖြင့် ပြည်စုံ လျက်ရှိတယ်။ ဘုရားက ဘုရားစစ်ဘုရားမှန်၊ တရားက တရားစစ် တရားမှန်း သံဃာက သံဃာစစ်သံဃာမှန် အဲ့ဒီပြည့်စုံခြင်းသုံးပါးဖြင့် ပြည့်စုံလျက်ရှိတဲ့ သာသနာတော်ကြီး ဘုရားကောင်း ဘုရားမြတ် ဘုရား မှန်း တရားကောင်း တရားမြတ် တရားမှန်း သံဃာကောင်း သံဃာမြတ် သံဃာမှန်။ ဘာလိုသေးလဲ ဘုန်းကြီးတို့သာသနာတော်ကြီးမှာ ဒီ့ထက် ပိုကောင်းစရာ ဘာရှိတော့လဲ တကယ်အကောင်းသုံးပါးဖြင့် ပြည့်စုံလျက် ရှိပါတယ်။
ဝိသိဋ္ဌ ရတနသဓမ္ပန္နံ။ ပုညခေတ္တဥိ သာသနံ။
တသ္မာ အမှာက ဘာရောဝ။ တံဝနု ယာ နုယုဉ္စနေ။
ဟိယသ္မာ။ အကြင်ကြောင့်4 သာသနံ။ တို့ဘဘုရား တည်ထားခဲ့ ရာ သာသနာတော်မြတ်ကြီးသည်။ ဝိသိဋ္ဌ ရတနသမ္ပန္နံ1 ထူးခြားမျိုးမှန် အဖိုးတန်သုံးဖြားရတနာအတိ တကယ်တမ်း ပြည့်စုံလျက်ရှိပါပေ၏။
သာသနာတော်ကြီးဟာ ထူးခြားတဲ့အဖိုးတန်ရတနာသုံးပါးနှင့် ပြည့် စုံလျက်ရှိတယ်။ ဘာတုံးဆိုတော့ ခုနပြောတဲ့ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး။ ဤသာသနာတော်ကြီးရဲ့ အရင်းခံ အခြေခံ ပဓာန ကျတဲ့ ထူးခြားချက်တစ်ရပဝ်။
အဲဒီရတနာသုံးပါး ရှိနေတယ်။ ဒီတော့ ဘုရားကလဲ သာမညမဟုတ် ဘူး။ ငါဘုရားလို လောကမှာ ဆိုနေကြတဲ့ သာမန်တွေနဲ့ ဘာမှမဆိုင် ဘူး။ အင်မတန်ထူးခြားတဲ့ ဘုရား၊ ဘာလို့ ထူးခြားတယ်လို့ ပြောနိုင် တုံးဆိုတော့ ပြောနိုင်ပြီလား။ ဘုန်းကြီးတို့ ပြောနိုင်စရာ အထောက် အထားဟာ အင်မတန်ခိုင်လုံပါတယ်။
အဲဒီအထောက်အထားက ဘာတုံးဆိုရင် တရားတော်တွေ။ ယနေ့ ဝိနည်းသုတ္တန် အဘိဓမ္မာ။ ဒီဃနိကာယ်။ မဇ္စိုမနိကာယ်။ သံယုတ္တနိကာယ်။ ခုဒ္ဒကနိကာယ်၊ အင်္ဂုတ္တရနိကာယ် စသည်ဖြင့် နိကာယ်ငါးဖြာဖြင့် ဘုရား ရှင် ကိုယ်တော်မြတ်ရဲ့ နှုတ္ရ်ကပါဠိတရားတော်တွေ အထင်အရှား ရှိနေ တယ်။
လေ့လာကြည့်။ ဘယ်ပုဂ္ဂိုလ်ပဲ လေ့လာကြည့်ကြည့် စိတ်ကောင်း နှလုံးကောင်းနဲ့ လေ့လာသူမှန်သမျှ ဤတရားဟာ အနှစ်သာရရှိတယ်။ ဤတရားဟာ မွန်မြတ်တယ်။ ဤတရားဟာ ဘုရားဝန်ခံတဲ့အတိုင်း တကယ့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တည်းဟူသော မွန်မြတ်တဲ့ လောကုတ္တရာတရားတွေ ရနိုင်ပြီးတော့ ဝဋ်ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ ဖြစ်တယ် ဆိုတာ သူများပြောလို့ သိရတာမဟုတ်ဘူး။ ကိုယ်လေ့လာရင် ကိုယ် ကိုယ်တိုင် သိတယ်။
လေ့လာဆိုတာ သင်ခြင်းအားဖြင့် လေ့လာမှု။ ကျင့်ခြင်းအားဖြင့်
လေ့လာမှု ဘယ်နည်းနဲ့ လေ့လာလေ့လာ အဲဒီတရားတွေဟာ မွန်မြတ် တယ် မှန်ကန်တယ်။ အနှစ်သာရရှိတယ်။ ရှင်တော်မြတ်ဘုရား အာမခံ တဲ့ အတိုင်း ကျင့်ကြံရင်း မိမိတို့လိုလားတဲ့ ဒုက္ခငြိမ်းခြင်း အကျိုးရနိုင် တယ်ဆိုတာ လက်ခံနိုင်တဲ့တရားတွေမို့လို့ အဲဒီတရားတွေ လေ့လာလေး ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကြည်ညိုလေပဲ1
ဒါကြောင့် ဘုရားစစ်ဘုရားမှန်ဆိုတာ တခြားသက်သေရှာစရာ မလိုး ယခု အထင်အရှားရှိတဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်သော်လည်း ယနေ့ထက်ထိ မပျောက်မပျက် တည်နေတဲ့ ဘုရားတရားတော်တွေက သက်သေခံနေတယ်။
တရားကောင်း တရားမှန်လို့။ အဲဒီတရားကောင်း တရားမှန်ရှိတဲ့ ဘုရားရှင်မို့လို့ တကယ့်မွန်မြတ်တဲ့ဘုရား၊ မှန်ကန်တဲ့ဘုရားဆိုတာ တရားက သက်သေခံနေတာမို့လို့ အထူးပြောစရာမလိုတော့ဘူး။
အဲဒီတရားကိုကျင့်ကြတဲ့ သံဃာတော်အရှင်မြတ်တွေကလဲပဲ တကယ် မွန်မြတ်တဲ့ သံဃာတော်တွေဆိုတာ အထူးပြောစရာ မရှိပါဘူး။ အဲဒါ ကြောင့် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးဆိုတဲ့ အဖိုးတန် သးဖြာရတနာတိုနင် ပြည်စုံနေသောမကြောင့် ဂဤသာသနာတော်ကြီးဟာ မွန်မြတ်တဲ့ သာသနာတော်ကြီး၊
ပုညက္ခေတ္တံ-သာသနာတော်ကြီးကို ပုညက္ခေတ္တံ လို့ ဆိုတယ်နော်။ တကယ့်ခေတ်ကောင်းကြီးဆိုရတဲ့ ကောင်းမှုတွေဖြစ်ပွားရာ တကယ့် ခေတ်ကောင်းကြီးတွေး သာသနာဆိုတာ ခေတ်ကောင်းကြီး၊
ယာဝတာ ခေတ္တာ ဝိဇ္ဇန္တိ။ သံဃာပိစ ဂဏာပိစ။
ဗုဒ္ဓခေတ္တသမောနတ္ထိ၊ သုခဒေါ သဗ္ဗပါဏိနံ။
သံဃာပိစ၊ သံဃာဆိုရတဲ့သံဃာတို့သည်လည်းကောင်း၊ ဂဏာပိစ။ ဂိုဏ်းဆိုရတဲ့ ဂိုဏ်းတို့သည်လည်းကောင်း1 ယာဝတာ။ အကြင်မျှလောက် ကုန်သော၊ ခေတ္တာ။ ကောင်းမှုပြုရာ ခေတ်တို့သည်။ ဝိဇ္ဇန္တို လောက တစ်ခွင် ထင်ရှားရှိကြပါပေကုန်၏။ သဗ္ဗပါဏိနံ၊ လုံးစုံများစွာ သတ္တဝါ အပေါင်းတို့ါ / သုခဒေါ၊ ချမ်းသာကိုပေးတတ်သော၊ ဗုဒ္ဓခေတ္တသမေား
ဘုရားရှင်ကိုယ်တော်မြတ်စါ ပုညခေတ်ကြီးနှင့်တူတဲ့ ကောင်းမှုပြုရာ ခေတ်တစ်မျိုးသည်။ နတ္ထိ၊ ဘယ်မှာပင်ရှာရှာ ဘယ်မှာပင်ကြည့်ကြည့် မရှိရိုးဧကန် အမှန်စင်စစ် ဖြစ်ပါပေတော့သည်သာလျွှင်တည်း(
သာသနာတော် သက်ဝင်လာကြတဲ့ အချို့ရဟန်းတော်တွေ။ ဘိက္ခူနီ မကလေးတွေ လက်ခံခဲ့တဲ့ အယူအဆ လောကမှာခေတ်တွေရှိတယ်။ ခေတ်ဆိုတာ ကောင်းမှုပြုရာခေတ်တဲ့။ ဘာတွေတုံး။ သံဃာအမျိုးမျိုး ရှိတယ်။ ဂိုဏ်းအမျိုးမျိုးရှိတယ်1 အဲဒီ သံဃဂဏ ဂိုဏ်းအမျိုးမျိုးတို့တွင် ဘုရားရှင်ကိုယ်တော်မြတ်၏ ဗုဒ္ဓခေတ်ဆိုတဲ့ ကုသိုလ်ဖြစ်ပွားရာ ဘုရား ရှင် ကိုယ်တော်၏ ခေတ်ကြီးနှင့်တူတဲ့ တခြားခေတ်မျိုးရယ်လို့ ဘယ်မှာ မှ မရှိဘူး။ တစ်ကြိမ်တစ်ခါ လှူရင်လှူသလောက် တစ်ကြိမ်တစ်ခါ ကျင့်ကြည့်ရင် ကျင့်သလောက် အကျိုးဖြစ်ပွားစေတတ်တဲ့ တကယ့် ခေတ်ကောင်းကြီး၊ ဗုဒ္ဓခေတ်ကြီးဟာ။
အဲဒီဗုဒ္ဓခေတ်ကြီးနဲ့တူတဲ့ ခေတ်တစ်မျိုးရယ်လို့ လောကမှာမရှိ။ အဲဒီခေတ်ကြီးကို မိမိတို့ကြုံကြိုက်ပြီးတော့ ဒီခေတ်ကြီးမှာ ကုသိုလ်မျိုး တွေစိုက်ပျိုးကြ၊ ကောင်းမှုတွေထူထောင်ကြး တရားတွေ ကျင့်ကြံကြရ။ ဒါ့ကြောင့် မိမိတို့မှာ ကံထူးကြတယ်။ ကံထူးကြတဲ့အတိုင်း ဒီသာသနာ တော်ကြီး မပျောက်အောင်။ ဒီသာသနာတော်ကြီး တည်တံ့အောင်။ ဒီ သာသနာတော်ကြီး တိုးပွားအောင် ကြိုးစားဖို့ မိမိတို့မှာ တာဝန် ရှိကြတယ်။
တသ္မာ။ ထိုသို့ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးသည် တကယ့် အဖိုးတန်ရတနာတွေနဲ့ပြည့်စုံတဲ့ သာသနာတော်မြတ်ကြီး တကယ့် ကောင်းမှုပြုရာ ကောင်းမှုတစ်ကြိမ်ပြုလျှင်ပြုသလောက် ထူးထူးခြားခြား အကျိုးရောက်စေတတ်ရွ် တကယ့် ပုညခေတ်။ ဗုဒ္ဓခေတ်ကြီးလို့ ဆိုရတဲ့ သာသနာတော်မြတ်ကြီးဖြစ်သောကြောင့်၊ အဲဒီသာသနာတော်မြတ်ကြီး ကို တိုးပွားအောင် ကြိုးစားဖို့ရာ မိမိတို့မှာ တာဝန်ရှိကြတယ်လို့.။
တသ္မာ။ ထိုသို့ ဗုဒ္ဓခေတ်ခေါ်ရတဲ့ သာသနာတော်မြတ်ကြီးသည် ဘုရား တရား သံဃာ ရတနာအစစ်အမှန်တို့ဖြင့် ဖန်တီးထားသော
သာသနာတော်မြတ်ကြီးဖြစ်သောကြောင့်
တံဝုနု ယား ထိုသာသနာတော်မြတ်ကြီး အခွန့်ရှည်ကြာ တိုးတက် ကြီးပွားဖို့ အကျိုးငှာ အနုယုဉ္စနေ။။ အားကြိုးမာန်တက် ဆောင်ရွက် ကြိုးပမ်းရာခ်။ အမှာကံ၊ ဘုန်းကြီးတို့နှင့်တကွ အားလုံးသော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့၏ / ဘာရောဝ။ ကြိုးစားအားသန် ဆောင်ရွက်ရန် ဝန်တာ တကယ်တမ်းဖြစ်ပါပေသတည်း။
ဒီလောက်ကောင်းတဲ့ သာသနာတော်ကြီး မိမိတို့ ပိုင်ထားတယ်။ ပိုင်ထားတော့ အဲဒီသာသနာတော်ကြီးကို တိုးပွားအောင် ကြိုးစားဖို့ ဘုန်းကြီးတို့လဲ တာဝန်ရှိတယ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ တာဝန်ရှိတယ် အဲဒီတာဝန်ဟာ တို့မှာရှိတယ်လို့ ခံယူချက်ထားပြီးတော့ ကြိုးစားကြတာ ကြိုးစားကျိုးနပ်ပါတယ်။ ဘုန်းကြီးတို့ တစ်ခုပြောစရာ ရှိတာက ဘာဖြစ်ဖြစ် လှူရရင်ပြီးရော သီလဆောက်တည်ရပြီးရော။ တရားနာရပြီးရော ဒီလောက် မိမိတို့ ခံယူချက်ထားရမှာက ဒီမျှမကဘူး။ လောကမှာ ခံယူချက်အရ အလုဝ်တစ်ခုဟာ လေးနက်တယ် မလေးနက် ဘူး သိတယ်။
အတ္တသုခါယ ဝါယာမော။ နာယံ မမ ကုဒါစနံ။
သမ္ဗုဒ္ဓ သာသနဒေဝ။ ဌပနာယ အယံ မမ။
အယံ ဝါယာမော။ ယခုကဲ့သို့ ကြိုးစားနေခြင်းသည်။ သာသနာ အတွက် မိမိတို့ ကြိုးပမ်းဆောင်ရွက်နေခြင်းသံည်။ အတ္တသုခါယ၊ မိမိ တစ်ကိုယ်တော် ချမ်းသာဖို့အကျိုးငှား' န ဝါယာမေား ကြိုးစားနေခြင်း မဟုတ်ပါပေး အယံ။ ဤကဲ့သို့ ငါကြိုးစားနေခြင်းသည်။ သမ္ဗုဒ္ဓ သာသနဿး ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကို။ ဌပနာယ၊ အရှည် ခံ့ရွှ တည်တံ့အောင်ထားခြင်းငှာ။ ဝါယာမေား' ကြိုးစားအားထုတ်ခြင်း သည်။ ဟောတိ မုချမသွေ ဖြစ်ပါပေသတည်း။
ဘုန်းကြီးတို့ မဟောင်သုဒ္ဓါရဲဲ ရွှေကျင်သာသနာမိုင် ဘုန်းကြီးတို့ ကျေးဇူးရှင် ဆရာတော်ဘုရားရဲ့ ခံယူချက်။ တစ်ခါတုန်းက သတင်းစာထဲ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ လှူလွန်းလို့ နိုင်ငံခြားသားတွေနဲ့ မယှဉ်
သာအောင် မွဲကုန်တယ်ဆိုပြီးရေးတော့ ဆရာတော်ကြီးက အဲဒီအရေး အသားကို ချေဖျက်သောအားဖြင့် ဝိသုဒ္ဓါရုံ လမ်းဖြောင့်တရားစာဆိုတဲ့ တရားစာကြီးရေးတော်မူခဲ့တယ်။ အဲဒီတရားစာကြီးက ခုနပြောတဲ့ မြန်မာ တွေလှူလွန်းလို့ မွဲကုန်တယ်ဆိုတဲ့ အယူအဆကြီး ချေဖျက်တဲ့ တရား တော်ကြီးပါပဲ။ အဲသလို ချေဖျက်တဲ့ အခါကျတော့ ဆရာတော်ကြီးက ခုနပြောသလို ရည်ရွယ်ချက်ကို ဂါထာလေးနဲ့ မိန့်ကြားတော်မူတယ်။
ယခုလို ဒီဝါဒကြီး ချေဖျက်တဲ့ ငါ့ရဲ့ကြိုးစားမှုဟာ မိမိအကျိုးရရုံ။ ဂုဏ်တက်ရုံမဟုတ်ဘူး။ မိမိချမ်းသာဖို့ မဟုတ်ဘူး။ ယခုကဲ့သို့ ချေဖျက် ရခြင်းဟာ မြတ်စွာဘုရား သာသနာတော်မြတ်ကြီးကို ကောင်းစွာ အရှည်ခံ့ တည်တံ့အောင် ငါကြိုးစားခြင်းဖြစ်တယ်လို့ ရည်ရွယ်ချက်ဆားတော် မူခဲ့တယ်1 ဒါ အင်မတန် ကြီးမားထူးခြားတဲ့ ရည်ရွယ်ချက် ဒါကလဲ ဆရာတော်ကြီးက သူဘာဖြစ်လို့ ဒီရည်ရွယ်ချက် ထားနိုင်သလဲဆိုရင် ဒုဋ္ဌဂါမဏိမင်းကြီးကို ထောက်ထားတော်မူတယ်1 ဒုဋ္ဌဂါမဏိမင်းကြီးဟာ ဧဠာရကျေးမင်း အစရှိသော မိစ္ဆာလူမျိုးတွေကို နှိမ်နင်းတယ်။ အဲသလို နှိမ်နင်းတဲ့အခါမှာ ခုနပြောတဲ့ ရည်ရွယ်ချက်မျိုး အဲဒီမင်းတရားက ထားခဲ့ တယ်။
ရဇ္ဇသုခါယ ဝါယာမော။ နာယံ မမ ကုဒါစနံ။
သမ္ဗုဒ္ဓ သာသနသေဝ။ ဌာပနာယ အယံ မမ။
မမ။ ငါဓါ။ အယံဝါယာမော။ ယခုကဲ့သို့ ကြိုးပမ်းနေရခြင်းသည်1 ရဇ္ဇသုခါယ။ မင်းစည်းစိမ်ကလေး ခံစားခြင်းငှာ။ ဝါယာမော။ ကြိုးစား ခြင်းသည်။ န။ မဟုတ်ပါပေ။ အယံ။ ဤကဲ့သို့ ငါကြိုးစားနေရခြင်းသည်1 သမ္ဗုဒ္ဓသာသနဿ။း ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကို၊ ဌပနာယ။ အရှည်ခံရဤွတည်တံ့ခြင်းအကျိုးငှား ဝါယာမေား။ ကြိုးစားအားထုတ်ခြင်း သည်။ ဟောတိ မုချမသွေ ဖြစ်ပါပေသတည်း
ဒုဋ္ဌဂါမဏိမင်းဟြီး ရည်ရွယ်ချက်ထားသလို၊ မျှော်လင့်ချက် ထား သလို အဲဒါနည်းမှီပြီးတော့ ငါလဲပဲ ဒီလိုရည်ရွယ်ချက် ထားခဲ့တယ်ဆို ပြီးတော့ ဒီလိုပဲ ဆရာတော်ကြီးက မိန့်ကြားခဲ့တယ်။ ဒါ့ကြောင့် လောက
၄၁ လှူရရင်ပြီးရော သီလဆောက်တည်ရရင်ပြီးရော။ ငါ ငါ ငါတစ်ဖို့ တည်းမကြည့်ရဘူး။ အရှည်ကြည့်ရတယ်။ အရှည်မျှော်ကြရတယ် အနာထဝပိဏ်သူဌေးကြီးအကြောင်း နည်းနည်းပြောရအုံးမယ်။ အနာထပိဏ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကုန််ဘှားဖူးပြီးသားပါ။ အထူး မိတ်ဆက်ပေးစရာမလိုဘူး1 ယနေ့အထိ အနာထပိဏ်ဆိုတဲ့ နာမည်ဟာ မပျောက်ဘူး မပျောက်အောင်လဲ သူဌေးကြီးက လုပ်ခဲ့တာဟာ ကမ္ဘာကျေသော်လဲ ဥဒါန်းမကျေး သရီရဿ ဂုဏာနံစ၊ ဒူရ မစ္စွန္တ မန္တရံ။
သရီရ ခဏဝိဒ္ဓံသိ။ ဂုဏာကပ္ပန္တဋ္ဌာယိနော။
သရီရဿ။ ခန္ဓာကိုယ်ကြီးစ် လည်းကောင်း၊ ဂုဏာနံစ၊ ဂုဏ် အပေါင်းတို့၏ လည်းကောင်း။ အန္တရံ ခြားနားချက်သည်။ ဒူရ၊ အလှမ်း ဝေးကွာလှပါပေ၏။ သရီရ ခန္ဓာကိုယ်ကြီးသည် ခဏဝိဒ္ဓံသီ။ တစ်ခဏ ချင်းဖြင့် ပျက်စီးတတ်သောသဘော ရှိကြပါပေကုန်၏။ ဂုဏာ။ မိမိတို့ အားထုတ်ခဲ့သော ဂုဏ်သရေအပေါင်းတို့သည်။ ကပ္ပန္တဋ္ဌာယိနော-လူသာ သေသော်လည်း ဂုဏ်ကားမသေ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေ ကမ္ဘာဆုံးသည်ထိအောင် တည်တံ့သောသဘော ရှိကြပါပေကုန်သတည်း။
(သာဓု သာဓု သာဓု)
ရဟန်းခံရှင်ပြု အနုမောဒနာတရားတော်
ယနေ့ ရှင်ပြုရဟန်းခံ အလှူတော်ပွဲ ဆင်နွှဲကျင်းပပူဇော်ကြတယ်။ ဒီတော့ ဒကာမကြီးက သမီးဖြစ်တဲ့ အလှူရှင်တစ်ဦး နေမကောင်းလို့ နေကောင်းစေတတ်တဲ့ နေကောင်းရာကောင်းကြောင်းတရား ဟောပေးပါ လို့ လျှောက်ထားတယ်။ ဒါ့ကြောင့် ဘုန်းကြီးတို့ အခု သံဃာတော်တွေ က ဗောဇ္စျင်ခုနစ်ပါး တရားတော်မြတ်ကို ဟောတော်မူခဲ့တယ်။ အဲဒီ ဗောဇ္စုင်ခုနစ်ပါး တရားနာရလို့ ရှင်မဟာကဿပကိုယ်တော်မြတ်ကြီး၊ ရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး ထို့ပြင် ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင် မကျန်းမာတုန်း ဗောဇ္စုင်ခုနစ်ပါးတရားနာရလို့ ကိုယ်တော် မြတ် ကြုံတွေ့ရတဲ့ ရောဂါဝေဒနာတွေ အရှင်းမရောက် ကင်းပျောက်ပြီး တော့ နောက်ပေါ်မလာသည်ထိအောင် ချမ်းသာသွားကြတယ်ဆိုတဲ့ အတ္ထုပ္ပတ္တိလေးတွေရှိတယ်1
ဒါ့ကြောင့် ဒီတရားဟာ ရောဂါပျောက်ကင်းစေကြောင်းး ကျက်သရေ မင်္ဂလာ တိုးတက်ကြောင်း ကောင်းမြတ်တဲ့တရားတော်၊
ဧကသ္မိံ သမယေနာထော။ မောဂ္ဂလာနဉ္စ ကဿပံ
ဂိလာနေ ဒုက္ခိတေဒိသွာ။ ဗောဇ္စျင်္ဂသတ္တဒေသယိ။
တေစတံ အဘိနန္ဒိတွာ။ ရောဂါမုစ္စိးသုတခ်ဏ။
ဧတေန သစ္စဝဇ္ဇေန။း သောတ္ထိ တေ ဟောတု သဗ္ဗဒါ
အခါတစ်ပါး မောဂ္ဂလာန်မထေရ်မြတ်နဲ့ ရှင်မဟာကဿပ မထေရိ မြတ်ကြီးများ မကျန်းမမာ ရောဂါဝေဒနာဖြစ်ကြတော့ ဘုရားရှင်ကိုယ် တော်မြက် ကြွရောက်ပြီးတော့ ဗောဇ္စုင်ခုနစ်ပါးတရားဟောလို့ အဲဒီမထေရ်
မြတ်ကြီးများ ကြုံတွေ့နေရတဲ့ ထိုရောဂါ အရှင်းပျောက်ခြင်းသို့ ရောက် ကြရတယ်4 ဤသည်ကား သစ္စာစကား၊ ဤသစ္စာစကားကြောင့် ကြုံ နေရတဲ့ ဘေးရောဂါကြီး အရှင်းပျောက်ကာ ကျန်းမာချမ်းသာခြင်းသို့ ရောက်ပါစေလို့ ဘုန်းကြီးတို့ သံဃာတော်များက မေတ္တာပွားကြတယ်။
အခါတစ်ပါး ဘုရားရှင်ကိုယ်တော်မြတ် မကျန်းမမာဖြစ်တယ် အဲဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်က ရှင်သာရိပုတ္တရာရဲ့ ညီတော် စုန္ဒမထေရိမြတ်ကို ဗောဇ္စုင်ခုနစ်ပါးတရား ဟောခိုင်းပြီးတော့ အဲဒီ ဗောဇ္စုင် ခုနစ်ပါးတရား နာယူခြင်းအားဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တော် တိုင် ရောဂါပျောက်ကင်းခြင်းသို့ ရောက်တော်မူရတယ်။ ဤသည်ကား သစ္စာစကား၊ ဤသစ္စာစကားကြောင့် ကြုံနေကြရတဲ့ ရောဂါဝေဒနာတွေ ပျောက်ကင်းပြီးတော့ နောက်တစ်ခါပေါ်မလာအောင် လုံးဝငြိမ်းခြင်းသို့ ရောက်ပါစေလို့ ဘုန်းကြီးတို့ မေတ္တာပြုကြတယ်။
ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘိပီဠိတော။
စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။
သမ္မောဒိတွာနအာဗာဓာ။ တမှာ ဝုဋ္ဌာသိ ဌာနသော၊
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထ္ဆိတေ ဟောတု သဗ္ဗဒါ။
ဘုရားရှင်ကိုယ်တော်တိုင် ရောဂါပျောက်တယ်။ ဒါဟာ အမှန်စကား၊ ဤအမှန်စကားကြောင့် မိမိတို့ကြုံနေရတဲ့ ရောဂါတွေ ပျောက်ကြပါစေ။ အလှူရှင်တွေ ကြုံနေတဲ့ရောဂါတွေ ပျောက်ကြပါဇစေလို့ ဘုန်းကြီးတို့ သံဃာတော်များက မေတ္တာပို့ကြတယ်။
ပဟီနာ တေစ အာဗာဓာ။ တိဏ္ဍန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ။ ပတ္တာနုပ္ပတ္တိ ဓမ္မတံ
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဘုရားရှင်ကိုယ်တော်မြတ်နဲ့ ရှင်မဟာကဿပနဲ့ ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးများ ရောဂါတွေပျောက်ကြတယ်။ မဂ်ဖြင့်ပယ်တဲ့ ကိလေသာတွေဟာ တစ်ခါတည်း လုံးဝပျောက်ငြိမ်းခြင်းသို့ ရောက်သလို ဘုရားရှင်ကိုယ်တော်မြတ်နဲ့ ရဟန္တာသခင်အရှင်မြတ်ကြီးနှစ်ပါး ရောဂါ
တွေပျောက်တယ်ဆိုတာ ဟိုတစ်ခါကာတယ်ဖြစ်ခဲ့တဲ အဖြစ်အပျက်။ ဤသည်ကား သစ္စာစကား၊ ဤသစ္စာစကားကြောင့် ရောဂါကင်းကြပါ စေ ရောဂါပျောက်ကြပါစေ။ ရောဂါပျောက်ခြင်းသို့ ရောက်ကြပါစေလို့ သံဃာတော်များက မေတ္တာပွားကြတယ်။
အဲ-ယနေ့ အဲ့ဒီ ဗောဇ္စျင်္ဂသုတ် အာနုဘော်ကသာလျှင် ရောဂါ ကင်းပျောက်အောင် ဆောင်ရွက်နိုင်သည် မဟုတ် မိမိတို့ ယနေ့ လှူကြတန်းကြ ပူဇော်ကြတဲ့ ရှင်ပြုရဟန်းခံပွဲသဘင်ကြီးမှာ မိမိတို့ ရရှိ ကြတဲ့ ကုသိုလ်တရားတွေ ကောင်းမှုတွေအမျိုးမျိုး။ အဲဒီကောင်းမှုတွေ ကလဲ ရောဂါပျောက်ကင်းအောင် ဆောင်ရွက်ပေးနိုင်တယ်။
ဇီဝံ ပညာယရက္ခေယျ။ ဓနံကမ္မေနရက္ခယေ။
ဧဝံတျ ရောဂေါ သုခိတော၊ ပေါရာဏက ဝစော တ္ကဒံ။
ဇီဝံ-မိမိတို့အသက်ကို၊ ပညာယ-သပ္ဗွာယဖြစ်မဖြစ် စိစစ်ဆင်ခြင်တဲ့ ပညာတရားဖြင့်၊ ရက္ခေယျံ-စောင့်ပေးရာဓါ ၅4 (ဒီတော့ အသက်ကို ဉာဏ်စောင့်တယ်တဲ့။ ဒီတော့ ရောဂါဖြစ်ပြီဆိုရင် ဘာသင့်တယ်။ ဘာမသင့်ဘူးး ဘယ်ဟာတည့်တယ်။ ဘယ်ဟာမတည့်ဘူးလို့ မိမိက ဆင်ခြင်ပြီးတော့ သပ္ပာယဖြစ်တဲ့ မိမိနဲ့ တည့်တဲ့အစာစား1 သပ္ပာယ မဖြစ်တဲ့ မတည့်တဲ့အစာတွေ ရှောင် အဲသလို သပ္ဗာယ အသပ္ဗွာယ ဖြည့်ပေးခြင်း၊ ရှောင်ပေးခြင်းဖြင့် ဉာဏ်ပညာရှေ့သွားပြုပြီးတော့ မိမိ အသက်ကို ကာကွယ်ပေးရမယ်။ စောင့်ရှောက်ပေးရမယ်၅/ အသက် ဉာဏ်စောင့်။ ဒါတင်မက၊ အခုလို ကုသိုလ်တွေ ပြုပေးခြင်းအားဖြင့်လဲ မိမိအသက်ကို ကာကွယ်စောင့်ရှောက်နိုင်တာပဲ။ ကုသိုလ်ဆိုတာ ဘယ် ကုသိုလ်မဆို အသက်ရှည်ခြင်းဆိုတဲ့အကျိုးကတော့ ပါတာချည်းပဲ1
အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာ ကြီးခြင်းအကျိုးတွေ ပါတာချည်းပဲ။ အဲဒီအကျိုးတွေရအောင် မိမိတို့ ဒီကုသိုလ်တွေနဲ့ ဆောင်ရွက်ပေးတာပဲ။ အသက်ရှည်အောင် ဆောင်ရွက် ပေးတယ် ချမ်းသာသွားအောင် ဆောင်ရွက်ပေးတယ်1 ခွန်အားတိုးအောင် ဆောင်ရွက်ပေးတယ်။ ပညာတိုးတက်အောင် ဆောင်ရွက်ပေးတယ်။ အဲဒါ
လဲပဲ ဇီဝံပညာယရက္ခေယျပဲ။ မိမိတို့အသက်ကို ပညာဖြင့် ကောင်းတဲ့ ကုသိုလ်တွေ ပြုပေးခြင်းအားဖြင့် ကာကွယ်စောင့်ရှောက်တယ်။
ဓနံ ကမ္မေန ရက္ခေယ။ ဓနံ-မိမိတို့ရဲ့ပစ္စည်းဥစ္စာကို၊ ဓနံ- မိမိတို့ရဲ့ စည်းစိမ်ရိဝ်ငြိမ်း ရာထူးဂုဏ်သိန် စည်းစိမ်မှန်သမျှကို၊ ကမ္မေန-ကံသစ် ဖြည့်ပေးခြင်းဖြင့်1 ရက္ခေယျ-စောင့်ရှောက်ပေးရာ၏။ ယနေ့ မိမိတို့ရဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ပစ္စည်းဥစ္စာတွေ။ အဲဒီပစ္စည်းဥစ္စာတွေကို ကံသစ် ဖြည့်ပေးခြင်းဖြင့် စောင့်ရှောက်တယ်။ ဒီနေ့ အဲသလိုစောင့်ရှောက်ခြင်း ပဲ။ မိမိတို့ကံသစ်ဖြင့် ပစ္စည်းဥစ္စာကိုး ရာထူးဂုဏ်သိန်ကို ကာကွယ်ပေး နိုင်တယ်။ စောင့်ရှောက်ပေးနိုင်တယ်။ ဟိ-ထိုစကား မှန်လှစါ။ ဟိ- လဒ္ဓဂုဏ်ကိုပြဆိုပါအံ့။ ဧဝံ-ဤသို့ အသက်ကိုဉာဏ်စောင့်။ ဥစ္စာကို ကံစောင့်ပေးသည်ရှိသော်၊ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာကို ကံစောင့် ပေးသည်ရှိသော်1 အရောဂေါ-ကျန်းကျန်းမာမာ ဝေဒနာကင်း အေးချမ်း ခြင်းသည်။ ဟောတိ-ဖြစ်တတ်ပါပေ၏ / သုခိတော-ဝေဒနာကင်း ချမ်း သာခြင်းရှိသည်။ ဟောတိ-ဖြစ်ပါပေ၏ / အယံ-ဤစကားသည်။ အယံ- ဤအသက်ကိုဉာဏ်စောင့် ဥစ္စာကိုကံစောင့်ဆိုသောစကားသည်။ ပေါရာဏ၀စော-ရှေးပညာရှင်သူတော်ကောင်းတို့၏ ရှေးဟောင်းစကား အစစ် တကယ်တမ်းဖြစ်ပါပေသတည်း။
ရှေ့သူဟောင်းတို့ရဲ့စကား အသက်ဉာဏ်စောင့်။ ဥစ္စာကို ကံစောင့် တဲ့။ ယနေ့ပြုရတဲ့ ကုသိုလ်တွေဟာ မိမိတို့ရဲ့အသက်ကို စောင့်ရှောက် ပေးနိုင်တယ်။ ကာကွယ်ပေးနိုင်တယ်။ သူတို့ရဲ့အစွမ်းအာနုဘော်ကြောင့် ခုနပြောသလို သူတို့မှာအစွမ်းတွေရှိတယ်။ တော်တော့ရောဂါဟာ ကုသိုလ် ဆက်ပေးတာနဲ့ ပျောက်တာပဲ။ ပျောက်မှာပေါ့ အဲဒီက ကုသိုလ်တွေမှာ အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတွေပါတာချည်းပဲ။ အသက်မရှည်စေတတ် တဲ့ ကုသိုလ်ရယ်လို့မရှိဘူး အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အား ကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း စသော ကောင်းမှု တွေ ကောင်းမှုတွေ။ ကောင်းကျိုးတွေ ကောင်းကျိုးတွေ ဖြစ်စေတတ်တာ ချည်းပဲ။ ဒါ့ကြောင့် အသက်ရှည်မှုမှာ ဤကုသိုလ်တွေက အထောက်
အပံ့ များစွာဖြစ်စေတယ်။ ကျန်းမာဖို့မှာ ဤကုသိုလ်တွေက များစွာ အထောက်အပံ့ပေးလိမ့်မယ်။ ခွန်အားဗလ တိုးတက်ဖို့ရာမှာ ဤကုသိုလ် တွေက များစွာအထောက်အပံ့ပေးလိမ့်မယ်။
ဒါတင်မကသေးဘူး။ မိမိတို့ဘဝမှာ ပစ္စည်းဥစ္စာတွေ ရာထူးဂုဏ် သိန်တွေ စည်းစိမ်ကျက်သရေတွေ တည်တံ့အောင် ဆောင်ရွက်ပေးတတ် တယ်။ ကံသစ်ထူထောင်ရတယ်လို့ လောကဆိုရိုးရှိတယ်။ ကံသစ် ထူထောင်ရတယ်4 အသက်ရှည်ခြင်းဆိုတာ ကုသိုလ်တွေက ဆောင်ရွက် ပေးတတ်တယ်ဆိုတဲ့ သာဓကလေးတစ်ခု ဘုန်းကြီးတို့ ပြောရဥအုံးမယ်။
သီရိလင်္ကာကျွန်းမှာ ဝသဘမင်းကြီးဆိုတာ ရှိတယ်။ သူ့ဗေဒင် ဆရာတွေ ပုရောဟိတ်တွေက အရှင်မင်းကြီးအတွက် နောက်ဆယ့်နှစ် နှစ်သာ နေရတော့မယ်1 အရှင်မင်းကြီးရဲ့ နန်းသက်ဟာ ဆယ့်နှစ်နှစ်သာ ရှိပါတော့တယ် အဲသလိုဟောကြားတော့ မင်းကြီးက ဝသဘဓင်းကြီး က မင်းတို့ဒါကို ဘယ်သူ့မှ မပြောကြနဲ့။ ဆရာတို့ ဒီစကားကို ဘယ်သူ့မှ မပြောကြနဲ့ ဆိုပြီးတော့ ဆရာတော် သံဃာတော်တွေပင့်ပြီးတော့ လျှောက် ထားတယ်။
အရှင်ဘုရားတို့ လောကမှာ အသက်ရှည်စေတတ်တဲ့ကောင်းမှုတွေ ရှိပါသလားလို့ လျှောက်ထားတယ်။ အဲ့သလို လျွောက်ထားတော့ ဆရာ တော် သံဃာတော်တွေ မထေရိတွေက-
ပရိဿဝန ဒါနဉ္စ၊ အာဝါသ ဒါန မေ၀စ။
ဂိလာန ဝတ္တဒါနဉ္စ၊ ကာတဗ္ဗံ မနုဇာဓိပ။
မနုဇာဓိပ-တိုင်းသူပြည်သားတို့၏ သခင် အရှင်မင်းကြီး၊ ပရိဿဝန ဒါနဉ္စ-စင်ကြယ်စေရေး အားပေးတတ်တဲ့ ရေစစ်အလှူဒါနကိုလည်း ကောင်း။ အာဝါသဒါနမေဝစ-ကျောင်းကန်ဧရပ်ဆိုတဲ့ အလှူမျိုးကို လည်းကောင်း၊ ဂိလာန ဝတ္တဒါနဉ္စ-မကျန်းမမာတဲ့ သူနာတွေအတွက် ဆေးဝါးဓာတ်စာ အစရှိသော သူရာတို့နှင့်လျော်တဲ့ အလှူဒါနမျိုးကို လည်းကောင်း၊ ကာတဗ္ဗံ-မလွဲမသွေ ပြုသင့်ပြုထိုက် ပြုအပ်လှပါပေတော့ သတည်း။
မထေရ်တွေက အသက်ရှည်ကြောင်း ကောင်းမှုတွေ ညွှန်ကြားကြ တယ်။ ရေစစ်အလှူတဲ့။ ရေစစ်ဆိုတာ စင်ကြယ်စေတတ်တဲ့ ပစ္စည်းဝတ္ထု မို့လို့ ရေစစ်ကိုလှူရင်လဲပဲ မကောင်းတဲ့အညစ်အကြေးတွေး ရောဂါတွေ စင်ကြယ်ခြင်း ဆောင်ရွက်ပေးတတ်တဲ့ အထောက်အပံ့ပေးတတ်တဲ့ ကောင်းမှုဖြစ်တယ်။ အာဝါသဒါန-ကျောင်းဆောက်မယ်။ ဧရပ်ဆောက် မယ်။ တန်ဆောင်းဆောက်မယ် စသည်ဖြင့် အဲ့သလို အဆောက်အအုံတွေ ဆောက်လှူခြင်း အဲ့ဒီအဆောက်အအုံတွေ ဆောက်ရာမှာ ပါဝင်ပြီးတော့ ကုသိုလ်ပြုခြင်းဟာ အသက်ရှည်ခြင်းအကြောင်း၊ ရောဂါကင်းခြင်း အကြောင်း၊ ဂိလာနဝတ္တဒါနဉ္စ-ဒါကတော့ မကျန်းမာရင် အထူးအဖြစ် ဖြင့် လှူကြတန်းကြတယ်( လူမမာတွေ လူရှင်ရဟန်း ရောဂါပျောက် ကြောင်း ရောဂါသက်သာကြောင်း ကောင်းမြတ်တဲ့ဓာတ်စာတွေ ဆေးတွေ လှူကြရတယ်။ ဆေးရုံတွေ ဆေးခန်းတွေ လှူကြရတယ်။ အဲသလို လူမမာ တွေ ချမ်းသာတဲ့အကြောင်း ကောင်းမြတ်တဲ့အထောက်အပံ့ ဆေးဝါးပစ္စည်း ဓာတ်စာ အလှူအတန်းတွေ လှူကြရတယ်။ အဲဒါ အသက်ရှည်ခြင်း အကြောင်းပဲဆိုပြီးတော့ မိန့်ကြားတော်မူကြတယ်1 ကာတဗ္ဗံ ဇိဏ္ဍဝါသ ပဋိသင်္ခရဏံတထာ-ဟော-ကျောင်းအိုကျောင်းပျက် ဇရပ်အိုဧရပ်ပျက် တံတားအို တံတားပျက်စသည်ဖြင့် ဟောင်းနွမ်းဆွေးမြည့်နေတဲ့ အဆောက် အအုံတွေ ၀တ္ထုပစ္စည်းတွေ ပြင်ဆင်တဲ့ကုသိုလ်မျိုး ပြုရမယ်တဲ့။ ဒါလဲပဲ အဟောင်းအအို ဆွေးမြည့်တဲ့ပစ္စည်းကို ပြင်ဆင်တယ်ဆိုတာ သဘာဝကျ တယ်။ မကောင်းတဲ့ ဆွေးမြည့်တဲ့ပစ္စည်း ကောင်းအောင်ပြုပြင်တယ် ဆိုတာ မကောင်းတဲ့ခန္ဓာကိုယ်ကြီး ကောင်းအောင်ပြုပြင်တာနဲ့ အတူတူပဲ။ ဒါ့ကြောင့် အသက်ရှည်တယ်ဆိုတာ ဒါသဘာဝကျတယ် ၀ဉ္စ သီလ သမာဒါနံ။ ကတွာတံ သာဓုရက္ခိတံ ပဉ္စ သီလ သမာဒါနံ-ငါးပါးသီလဆောက်တည်ခြင်းကို1 ကတွာ- ပြုရှ်၊ တံ-ထိုငါးပါးသီလကိုး သာဓု-ကောင်းကောင်းမွန်မွန် လုံလုံခြုံခြုံ လုံခြုံရအောင်။ ရက္ခိတဗ္ဗံ-စောင့်ရှောက်အပ်ပါပေသတည်းလို့ ငါးပါးသီလ ။ မဲတာဟာ အသက်ရှည်ကြောင်း မကျန်းမာတဲ့အခါ အထူးသဖြင့် ငါးပါး
သီလမြဲအောင် စောင့်ရှောက်ရတယ်။ သူ့အသက် မသတ်အောင်။ သူ့ဥစ္စာ မခိုးအောင်။ သူ့သားအိမ်ရာ မပြစ်မှားရအောင်။ မုသားမပြောရအောင်။ သေရည်သေရက် မူးယစ်စေတတ်တဲ့ ဝတ္ထုပစ္စည်းတွေရှောင်။ ငါးပါးသီလ မြဲရတယ်။ ငါးပါးသီလမြဲခြင်းဟာ အသက်ရှည်ခြင်းအကြောင်း1 ဥပေါသထူပဝါသောစ၊ ကာတဗ္ဗူ ပေါသထေက္ကတိ1 ဥပုသ်နေ့မှာ ဥပုသ်စောင့်ရမယ်တဲ့။ ဒါလဲ အသက်ရှည်ခြင်းအကြောင်း၊ အဲ့ဒါ ရဟန်း တော်တွေက ဝါသဘမင်းကြီးကို အသက်ရှည်ကြောင်း ကောင်းမှုတွေလို့ ညွှန်ကြားတယ်( ညွှန်ကြားတဲ့အတိုင်း တစ်ခါတည်း ဘာမှမပြောနဲ့ မင်းကြီးကအကုန်လုပ်တာပဲ။ မထေရ်မြတ်တွေပြောတဲ့ ကောင်းမှုတွေ ရော။ မထေရ်မြတ်တွေညွှန်ကြားတဲ့ ဒီ့ပြင်ကောင်းမှုတွေ ကုသိုလ်တွေရော အကုန်လုပ်တာပဲ။ အကုန်လုပ်တော့ ဗေဒင်အတွက်လွဲသွားတယ်။ ဗေဒင် စကားမှားသွားတယ် တစ်ဆယ့်နှစ်နှစ် နန်းစံသက်ရှိတယ်ဆိုတဲ့ ဗေဒင် စကား လုံးဝမှားသွားတယ်။ ဆယ့်နှစ်နှစ်သာ နန်းစံသက်ရှိတယ်ဆိုတဲ့ မင်းကြီးဟာ ကုသိုလ်တွေလုပ်လိုက်တာ နန်းစံသက် ၄၂-နှစ်ရှိတယ်လို့ ဆိုတယ်။ ဒါ့ကြောင့်မို့လို့ အသက်ရှည်ခြင်းအကြောင်းဟာ ကောင်းမှု တွေလဲပါတယ်။ အဲ့ဒီ အသက်ရှည်ခြင်းအကြောင်း ကောင်းမှုတွေကို တတ်စွမ်းသမျှ ပြုရတယ်။ ယနေ့ပြုတဲ့ ရဟန်းခံရှင်ပြုကုသိုလ်ဟာလဲပဲ မိမိတို့ အသက်ရှည်ခြင်းအကြောင်း၊ ရောဂါပျောက်ခြင်းအကြောင်း၊ ကောင်းမြတ်တဲ့အထောက်အပံ့တွေဆိုတာ အထူး ပြောစရာမရှိဘူးနော်။ ဇီဝံပညာယ ရက္ခေယျး ဓနံ ကမ္မေန ရက္ခယေ။
ဧဝံတျ ရောဂေါ သုခိတော။ ပေါရာဏက၀္ဝစော က္ကဒံ ဇီဝံ-မိမိရဲ့အသက်။ ပညာယ-ဒါတည့်တယ်။ ဒါမတည့်တယ်ဆို တဲ့ တည့်တာမတည့်တာကို စားခြင်းရှောင်ခြင်းဖြင့်1 ရက္ခေယျ-စောင့် ရှောက်ကာကွယ်ရာ၏ / အသက်ဉဉာဏ်စောင့်ဆိုတာ တည့်တာစား။ မတည့် တာရှောင်ခြင်းဖြင့် သဗ္ဗာယဖြစ်မဖြစ် ဆင်ခြင်တဲ့ပညာဖြင့် စောင့်ရှောက် ပေးနိုင်တယ်။ ဒါတင်မက-ယနေ့ ကုသိုလ်တွေ ကုသိုလ်တွေ ကောင်းမှု တွေ ရှင်ပြုကောင်းမှု ရဟန်းခံကောင်းမှု ကုသိုလ်အသက်ဆက်ပေးခြင်း
ဖြင့် မိမိတို့အသက်ကို ဆက်ပေးရတယ်။ ယနေ့ ကုသိုလ်တွေဟာလဲ မိမိတို့ပညာဖြင့် ကုသိုလ်တွေပြုပေးခြင်းဖြင့် အသက်ကို စောင့်ရှောက်တာ ပဲ
ဓနံကမ္မေန ရက္ခယေ-။ ဓနံ-စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိန်မျိုးကို၊ ကမ္မေန-ကုသိုလ်ကံဆက်ပေးခြင်းဖြင့် ရက္ခယေ-ကာကွယ်စောင့်ရှောက် ပေးရာ၏။ မိမိတို့ရဲ့ ရာထူးဂုဏ်သိန် စည်းစိမ်တွေ ပစ္စည်းဥစ္စာတွေ အဲဒါတွေကိုလဲ အခုလို ကုသိုလ်ကောင်းမှု အသစ်ဆက်ပေးရမယ်။ ယနေ့ ဤကုသိုလ်ကြီးဟာ မိမိတို့ရဲ့ စည်းစိမ်ဥစ္စာတွေ မိမိတို့ရဲ့ အခြေအနေတွေ။ မိမိတို့ရဲ့ အစိုးရမှုတွေ လူ့ဘဝချမ်းသာတွေကို ကာကွယ်စောင့်ရှောက် ပေးခြင်းပဲ1 အဲ့ဒါကိုပဲ ရှေးက အသက်ဉာဏ်စောင့် ဥစ္စာကိုကံစောင့်လို့ ဆိုတယ် ဟိ-လဒ္ဓဂုဏ်ကို ပြဆိုဦးအံ့ ဧဝံ-ဤသို့ အသက်ကိုဉာဏ် စောင့် ဥစ္စာကိုကံစောင့်ခဲ့သည်ရှိသော်၊ အရောဂေါ-ရောဂါဝေဒနာ ကင်း ကင်းရှင်းရှင်းနေရသည်။ ဟောတိ-ဖြစ်ပါပေ၏။ သုခိတော-စည်းစိမ် ဥစ္စာ ချမ်းသာသည် ဟောတိ-ဖြစ်ပါပေ၏။ က္ကဒံ-ဤစကားသည်။ ပေါရာဏက၀စော-ပညာရှိအပေါင်း ရှေးသူဟောင်းတို့၏ ကောင်းမြတ် သော စကားအစစ် တကယ်တမ်း ဖြစ်ပါပေသတည်း။
အေး-ဒါ့ကြောင့် ယနေ့ မိမိတို့ အသက်ရှည်ကြောင်း။ ရောဂါ ကင်းကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့ကြီး အလှူတော်ကြီးကို ပြုရပြီ။ ဆောင်ရွက်ခဲ့ရပြီလို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် မေ တုသိုလ်တွေကို ပြန်ပြန်အောက်မေ့ခြင်းဖြင့် ခန္ဓာတိုယ်ထမာ ပီတိတွေ သောမနဿတွေ နှစ်သက်ရွှင်လန်း ဝမ်းသာခြင်းတွေဖြစ်ပြီး တော့ မကောင်းတဲ့ အညစ်အကြေးတွေ ရောဂါအညစ်အကြေးတွေ ဓာတ် ဖောက်ပြန်မှုတွေအားလုံး ကင်းငြိမ်းပြီးတော့ ပကတိ ကျန်းမာခြင်းသို့ ရောက်ကြပြီးတော့ မိမိတို့ဘဝ၌ ချမ်းချမ်းသာသာဖြင့် ပျော်ပျော်ရွှင်ရွှင် ဖြင့် လောကချမ်းသာကြောင်း။ သံသရာချမ်းသာကြောင်း ကောင်းမြတ်ာဲ့ ချမ်းသာကြောင်းအမှုတွေ ပြုနိုင်ကြပြီးတော့ အသက်ရှည်စွာ ရောဂါ ကင်းဝေး အေးချမ်းသာယာစွာဖြင့် လူ့လောက၏ အကျိုးး သာသနာတော်
စါ အကျိုး၊ မိမိအကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။
(သာဓု သာဓု သာဓု)
၂၅-၄-၉၁ နေ့ ဦးမောင်မောင်ကြီး+1-ဒေါ်စောခင် မိသားစု ရဟန်းခံရှင်ပြု အလှူတရားတော်၊
ဓမ္မတံခွန်မဂ္ဂဇင်းမှ
မွေးနေ့ ဆွမ်းအနုမောဒနာတရားတော်
ယနေ့ ဒကာမကြီးဒေါ်ဌေးအောင်ရဲ့ အသက် ၇၆-နှစ်ပြည့် မွေးနေ့ မင်္ဂလာအခါသမယန ဘုန်းကြီးတို့ မေတ္တာတွေ အများကြီးပွားလိုက်ပြီး ပြီ။ မေတ္တသုတ် ပရိတ်တရားနဲ့လဲ မေတ္တာတွေ ပွားခဲ့ကြတယ်။ ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ အနုဿတိတရားသုံးပါးကို လည်း ပွားခဲ့ကြပြီး နောက် ပုဗ္ဗဏှသုတ္တန်ဖြင့် မေတ္တာတရားတွေကိုလဲ ပွားခဲ့ကြပြီ ယနေ့ ဘုန်းကြီးတွေဘက်က မေတ္တာတွေ အများကြီးပွားပေး ခဲ့တယ်။
အဲဒီတော့ ယနေ့ဟာ မင်္ဂလာရှိတဲ့နေ့။ ကျက်သရေရှိတဲ့နေ့ မင်္ဂလာ ဆိုတာဘာလဲ/။ မင်္ဂလာဆိုတာက ဘုန်းကြီးတို့ဗုဒ္ဓဘာသာ၀င်တွေမှာသာ ရှိတာမဟုတ်ဘူး။ ဘာသာတိုင်းမှာ မင်္ဂလာဆိုတာရှိကြတယ်။ သို့သော် မင်္ဂလာချင်းတော့ တူချင်မှတူမယ်။
လောက ဒိဋ္ဌမင်္ဂလာ သုတမင်္ဂလာ မုတမင်္ဂလာဆိုတဲ့ မင်္ဂလာတွေ ရှိတယ်။ တချို့က ဘာလေးမြင်ရင်ဖြင့် မင်္ဂလာရှိတယ်1 ဘာလေးမြင်ရင်ဖြင့် မင်္ဂလာမရှိဘူး။ မြင်တာအစွဲပြုပြီး မင်္ဂလာလို့ သမုတ်ကြတယ်။ ဘယ်လို အသံမျိုးကြားရင် မင်္ဂလာရှိတယ်။ ဘယ်လိုအသံမျိုးကြားရင်တော့ မင်္ဂလာ မရှိဘူးလို့ ကြားခြင်းကိုအစွဲပြုပြီး မင်္ဂလာလို့သမုတံတဲ့ သုတမင်္ဂလာ ဆိုတာလဲရှိတယ်။ ဘယ်လိုအတွေ့မျိုး တွေ့ကြုံရင်။ ဘယ်လိုအနှံ့မျိုး ရှုရရင်း ဘယ်လိုအရသာမျိုး စားရရင်။ ဘယ်လိုကိုယ်အတွေ့လေး တွေ့ရင် မင်္ဂလာရှိတယ်။ ဘယ်လိုဟာမျိုးတွေ့ရရင်ဖြင့် မင်္ဂလာမရှိဘူးလို့ မုတ အတွေ့ကိုစွဲပြီးတော့ မင်္ဂလာလို့ သမုတ်ထားကြတဲ့ မုတမင်္ဂလာဆိုတာလဲ
ရှိတယ်။ ဒါက လောက အများသမုတ်ထားကြတဲ့။ အချို့သမုတ် ထားကြတဲ့ မင်္ဂလာတွေ။
အဲဒီမင်္ဂလာတွေဟာ တကယ့်မင်္ဂလာလားဆိုတော့ ဘုရားရှင် ကိုယ် တော်မြတ် ထုတ်ဖော်ညွှန်းပြထားတဲ့ မင်္ဂလာတွေနဲ့စာရင် အဲဒါတွေက တကယ့်မင်္ဂလာတွေမဟုတ်ဘူး)။ ရှေးတုန်းက မြတ်စွာဘုရား ရာဇဂြိုဟ် ပြည်မှာသီတင်းသုံးတုန်း ပုဏ္ဍားကြီးတစ်ယောက်ဟာ အင်မတန် မင်္ဂလာ အစွဲရှိတယ်။ မင်္ဂလာအစွဲစွဲတယ်။ ခုနပြောတဲ့ ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ။ မုတမင်္ဂလာဆိုတဲ့ ဘာမြင်ရရင် ဘယ်လိုမင်္ဂလာရှိတယ်။ ဘာမြင်ရရင် မင်္ဂလာမရှိဘူးဆိုတဲ့ အမြင်အကြား အထွေထွေကိုအစွဲပြုပြီး မင်္ဂလာလို့ သမုတ်တဲ့ မင်္ဂလာဝါဒရှိတဲ့ ပုဏ္ထားကြီး၊
တစ်နေ့ကျတော့ ရေချိုးသွားမလို့ ပုဆိုးယူခဲ့စမ်းခိုင်းတော့ သေတ္တာထဲ က သွားပြီး ပုဆိုးယူတယ်။ သို့သော် အဲဒီပုဆိုးကို ကြွက်ကိုက်ထားတယ်။ ကြွက်ကိုက်ထားတော့ ဟာ-ဒီပုဆိုးဟာ မသုံးထိုက်တော့ဘူး။ မင်္ဂလာ မရှိဘူး။ ဒါကိုသုံးလို့ရှိရင်ဖြင့် ပျက်စီးကုန်တော့မှာပဲဆိုပြီးတော့ သွား ပစ်ခိုင်းတယ်တဲ့။ လူတိုင်းပစ်ခိုင်းလို့လဲ မကိုက်သေးဘူး1 တခြားလူတွေ ပစ်ခိုင်းရင် တော်ကြာ ဒီပုဆိုးအပေါ်မှာ လောဘထွက်ပြီးတော့ မပစ်ဘဲနဲ့ သိမ်းချင်သိမ်းထားအုံးမယ်။ အဲသလိုသိမ်းထားရင်ဖြင့် သူတို့အတွက် ဒုက္ခ ရောက်လိမ့်မယ်ဆိုပြီးတော့ သူ့သားကြီးကို စွန့်ပစ်ခိုင်းတယ်။ သားကြီး ကတော့ ငါ့ စကားနားထောင်မှာပဲ။ ဟောဒီအ၀တ်တွေကို လက်နဲ့မကိုင် ဘဲနဲ့ တုတ်နဲ့ကော်သွား ဘယ်သူမှ မထိစေနဲ့ သုသာန်မှာသွားပစ်ချေ ဆိုပြီးတော့ပစ်ခိုင်းတယ်။ အဲဒီနေ့မနက်မှာ ရှင်တော်မြတ်ဘုရားကလဲ လောကကို ကြည့်တော်မူတယ်။ ငါဒီနေ့ ဘယ်ပုဂ္ဂိုလ်ကိုများ ကယ်ချွတ်ရ မတုံးလို့ ကြည့်တော်မူတုန်း အခန့်သင့်ပဲ အဲဒီကြောက်စရာကောင်းတဲ့ အဝတ်ကြီးဆိုပြီးတော့ ကြွက်ခဲတဲ့အ၀တ်ကြီးကိုပစ်မယ့် ပုဏ္ထားကြီး သားကိုသွားတွေ့တယ်။ တွေ့တော့ ငါသွားပြီးတော့ ချီးမြှောက်ရင်ဖြင့် သူတို့သားအဖ နှစ်ယောက်စလုံး သောတာပတ္တိမဂ်ဖိုလ် ရနိုင်ဖွယ် အကြောင်းရှိတယ်ဆိုပြီးတော့ သူတို့ရဲ့ သောတာပတ္တိဥပနိဿယကို
အကြောင်းပြုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကြြဖို့ဆုံးဖြတ်တယ်။ အဲဒီပုဏ္ဍ္ထားသား သင်္ချိုင်းမရောက်ခင် ကြိုတင်ပြီးတော့ သင်္ချိုင်းမှာ သွားစောင့်တော်မူတယ်။ ဒီတော့ ပုဏ္ဍားသားကလဲ စွန့်မလို့သွားတော့ ဘုရားရှင်ကိုယ်တော်မြတ်ကိုမြင်တယ်( အဲဒီတော့ ဘုရားရှင်ကိုယ်တော် မြတ်က မေးတော်မူတယ်။ ဘာလုပ်မလို့လဲကွဆိုတော့ ဒီလိုဒီလိုပဲ ဘုရား၊ ဟောဒီအဝတ်တွေ ပုဆိုးတွေဟာ မင်္ဂလာမရှိဘူး ဒီအ၀တ်ပုဆိုးကို ဝတ် ရင်ဖြင့် အကုန်ပျက်စီးကုန်မှာပဲလို့ အဖေကစ္ပန့်ခိုင်းလို့ တပည့်တော် လာစွန့်ပါတယ်ဘုရားလို့ လျှောက်တော့။ အေး-စွန့်ကွာလို့ဆိုတော့ ဒါနဲ့ ပုဏ္ထားသားကလဲ သခင်ျိုင်းမှာစွန့်တယ်။ စွန့်တယ်ဆိုရင်ပဲ ဘုရားရှင် ကိုယ်တော်မြတ်က တစ်ခါတည်းကောက်ယူဖို့ သွားမလို့လုပ်တော့ ဟာ- အရှင်ဂေါတမ မလုပ်ပါနဲ့။ အရှင်ဂေါတမ ပျက်စီးလိမ့်မယ်။ တို့ရဟန်း ဆိုတာက ဒါတွေကို ကောက်နိုင်တယ်။ သုသာန်မှာဖြစ်စေ။ မြို့တံခါး ရွာတံခါးမှာဖြစ်စေ။ အမှိုက်ပုံမှာဖြစ်စေ ပစ်ထားတဲ့ပစ္စည်းတွေကို တို့ရဟန်းတွေ ကောက်ယူလို့ ရတယ်ဆိုတော့း ဟာ-အရှင်ဘုရား၊ အဖေကပြောတယ် ဒါတွေဟာ အသုံးပြုလို့ရှိရင် အားလုံး ဘေးဒုက္ခရောက် လိမ့်မယ်လို့ ပြောပါတယ်ဘုရားလို့ဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်က ယူပြီးတော့ ပြန်ကြွသွားတယ်။
ဒါနဲ့အိမ်ပြန်ပြီး သူ့အဖေကို အကြောင်းကြားတယ်။ ဒီလိုဒီလိုပဲ အဖေကအပြစ်ရှိတယ်ဆိုတဲ့ အဲဒီပုဆိုးတွေကို အရှင်ဂေါတမကောက်ယူ သွားတယ်ဆိုတော့ ပုဏ္ထ္ဌားကြီးက ထိတ်လန့််သွားတယ်။ အရှင်ဂေါတမ တော့ ခက်တော့မှာပဲ4 သူသာသုံးရင် သူသာမက တစ်ကျောင်းလုံး ကိုယ်တော်တွေ ဒုက္ခရောက်ကုန်ကြလိမ့်မယ်ဆိုပြီး တစ်ခါတည်း အဝတ် တွေ အများကြီးယူပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ထံ သားအဖ နှစ်ယောက်သွားတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ထံ ရောက်တဲ့အခါကျ တော့ ရှင်ဂေါတမ။ ကြွက်ကိုက်ထားတဲ့အ၀တ်တွေကို ရှင်ဂေါတမ ယူ သွားတယ်ဆိုတာ မှန်ပါသလားဘုရားဆိုတော့။ အေး. . . တို့ရဟန်းဆိုာာ ဒီလိုပစ္စည်းတွေ ကောက်ယူကောင်းပါတယ်ဆိုတော့-
ဟာ၊ . . မဟုတ်ပါဘူး။ ရှင်ဂေါတမ ပျက်စီးလိမ့်မယ်။ ဒီမှာ အဝတ်တွေအများကြီးရှိပါတယ်။ အဲဒီအ၀တ်တွေယူပြီးတော့ အဲဒီသင်္ချိုင်း က ယူလာတဲ့ ကြြက်ကိုက်ထားတဲ့ ပုဆိုးကို စွန့်ပစ်လိုက်ပါ [ မစွန့်ပစ်ရင် ဒုက္ခရောက်ကြလိမ့်မယ်ဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်က အဲဒီတင် လောကမှာ လူတွေမှာ အားလုံးသတ္တဝါတွေမှာ မင်္ဂလာဆိုတဲ့ ပင်္ဂလာ တွေကို သူတို့ယူဆထားတဲ့ မင်္ဂလာဆိုတဲ့ မင်္ဂလာတွေကို ပယ်နတ်နိုင် ကြမှ အားလုံးကိလေသာကင်း။ ဒုက္ခတွေကင်းမယ်ဆိုတဲ့အကြောင်း ဟော တော်မူတဲ့အခါ တရားအဆုံးမှာ ပုဏ္ထားကြီးလဲ သောတာပန်ဖြစ် ပုဏ္ယား ကြီးသားလဲ သောတာပန်ဖြစ်သွားတယ်။
အဲဒါကြောင့် လောကမှာ မင်္ဂလာအစွဲတွေရှိကြတယ်1 အဲဒီမင်္ဂလာ အစွဲတွေဟာ တကယ်တော့ အစွဲမျှသာပဲ1 တကယ့် မင်္ဂလာမဟုတ်ဘူး။ တကယ့်မင်္ဂလာတွေက ဘာတွေတုံး။ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ မင်္ဂလသုတ္တန်မှာလာတဲ့ မင်္ဂလာတွေသာ တကယ့်မင်္ဂလာ။ အဲဒီမှာလာတဲ့-
အသေဝနာစ ဗာလာနံ။ ပဏ္ဍိတာ နဉ္စန သေဝနံ။
ပူဇာစ ပူဇနေယျာနံ။ ဧတံ မင်္ဂလ မုတ္တမံ။
ဗာလာနံ။ လူမိုက်တို့ကို၊ အသေဝနာစ။ မမှီဝဲမပေါင်းခြင်းသည် လည်းကောင်း၊ ပဏ္ဍိတာနံ။ ပညာရှိသူတော်ကောင်းတို့ကို၊ သေဝနာစ။ မှိဝဲဆည်းကပ်ခြင်းသည်လည်းကောင်း၊ ပူဧနေယျာနံ။ ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့ကို၊ ပူဇာစ၊ ပူဇော်ခြင်းသည်လည်းကောင်း၊ အတ္ထိ ရှိခါ ဧတံ။ ဤသုံးပါးကား၊ ဥတ္တမံ၊ ကောင်းမြတ်သော၊ မင်္ဂလံ မင်္ဂလာပေ တည်းအရ-
ဒါ... တကယ့်မင်္ဂလာ။ လူမိုက်ပေါင်းရင် ဒုက္ခရောက်မှာ။ ပညာရှိ ပေါင်းရင် ချမ်းသာမှာ။ ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ပူဇော်ရင် ချမ်းသာမှား အဲဒါမှ မင်္ဂလာ၊ အဲဒီမင်္ဂလာမျိုးကို မင်္ဂလာမဟုတ်ပါဘူးလို့ ဘယ်သူမှ မငြင်းပယ်နိုင်ဘူး။ လူမိုက်ပေါင်းရင် ဒုက္ခရောက်တယ်ဆိုတာ သူများ ပြောလို့ သိနိုင်တာမှမဟုတ်ဘဲ။ သိရတာမှမဟုတ်ဘဲ။ မိမိတို့အသိပဲ။
လူမိုက်ကိုပေါင်းသဖြင့် သူလဲပဲမကောင်းတဲ့လူဖြစ်ရ။ ဒုက္ခရောက်ရတယ် ဆိုတာတွေဟာ စာထဲရှာနေစရာတောင်မလိုဘူး။ မိမိတို့မျက်မြင်မှာ အများ ကြီး၊ လူမိုက်ပေါင်းလို့ မကောင်းဖြစ်သွားတာတွေ။ ဒုက္ခရောက်သွားတာ တွေ အများကြီးတွေ့ရတယ်
ပညာရှိတွေ။ သူတော်ကောင်းတွေ မှီဝဲပေါင်းသင်း ဆည်းကပ်လို့ ထိုပညာရှိတွေအထံမှ လောကကြီးပွားကြောင်း။ သံသရာကြီးပွားကြောင်း ကောင်းမြတ်သောတရားတွေရပြီးတော့ ချမ်းသာကြတာတွေ။ ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်သွားကြတာတွေလဲ မိမိတို့အသိ မိမိတို့ကိုယ်တွေ့း ဘယ်သူက မှ ငြင်းစရာမလိုဘူး။ ပညာရှိပေါင်းရတာ မင်္ဂလာ၊ တိုးတက်ကြီးပွား ကြောင်း။
မင်္ဂလာဆိုတာ ပါဠိပျက်။ ပါဠိက မင်္ဂလ၊ မြန်မာကျတော့ မင်္ဂလာ လို့ပဲပြန်တယ်။ မင်္ဂလာအနက်က တိုးတက်ကြီးပွားကြောင်း။ ချမ်းသာ ကြောင်းလို့ အနက်ရတယ်။
ဒါ့ကြောင့်-ဒီအမှုတွေ ဒီအမှုတွေပြုရင်။ ပညာရှိကိုပေါင်းသင်းရင်။ ဘိုးတက်နိုင်တယ်။ ကြီးပွားနိုင်တယ်။ ချမ်းသာနိုင်တယ်။ ဒါ့ကြောင့် လူမိုက်ကိုရှောင်ကြဉ်ခြင်းလဲ မင်္ဂလာပါပဲ။ လူမိုက်ကိုရှောင်မှ ကိုယ့်မှာ ဒုက္ခမရောက်ဘူး။ ပညာရှိပေါင်းသင်းမှ ကိုယ်ချမ်းသာမှာ။ ဒါ့ကြောင့်-
ပူဇော်ထိုက်သောပုဂ္ဂိုလ်ကို ပူဇော်ခြင်းဆိုတာလဲအတူတူပဲ ချမ်း၁ဘ ခြင်းအကြောင်းပဲ။ ဒါ-ယနေ့ ပူဇော်ထိုက်သောပုဂ္ဂိုလ်ကို ဂူဇော်ကြတာ ပဲနော် ဘုရားပူဇော်ကြတယ်။ တရားပူဇော်ကြတယ်။ သံဃာတော်တွေ ပူဇော်ကြတယ်။ အားလုံး ဒါတွေဟာ ပူဇာစ ပူဇနေယျာနံ မင်္ဂလာချည်း ပဲ။ အဲ့ဒီ မင်္ဂလာကို မကောင်းဘူးလို့ ဘယ်သူကပြောနိုင်မလဲ။ တစ်ခုတော့ ရှိတာပေါ့။/ ဘုရားမယုံ တရားမယုံ သံဃာမယုံတဲ့ ပုဂ္ဂိုလ်အဖို့တော့ ဟုတ်တာပေါ့။ သူ့အဖို့မှာတော့ မင်္ဂလာမဟုတ်ဘူး။ ယုံတဲ့ပုဂ္ဂိုလ်တွေ အဖို့တော့ မင်္ဂလာဖြစ်နေတယ်1 မယုံတဲ့ပုဂ္ဂိုလ်က မှန်သလား။ ယုံတံ့ ပုဂ္ဂိုလ်ကမှန်သလားဆိုတာ ဒါလဲဘယ်သူမှ မိမိတို့ကို ပြောစရာမလို တော့ပါဘူး။ ကောင်းတဲ့အလုပ်တွေ။ ယနေ့ဒါနပြုကြတယ်။ မွေးနေ့
အလှူတော်အဖြစ်ဖြင့် ဒါနတွေ ပြုကြတယ်။ သီလဆောက်တည်ကြတယ်။ မွေသ၀န ဘာဝနာကုသိုလ်တွေ ဆည်းပူးကြတယ်။
အဲဒါတွေဟာ ချမ်းသာခြင်းအကြောင်းချည်းပဲ။ ချမ်းသာခြင်း အကြောင်းမဟုတ်ဘူးလို့ ဆိုမယ့်ပုဂ္ဂိုလ်ရှိရင် အဲဒါဟာ သူမသိလို့နော်1 လောကဒါနဟာ ကောင်းတယ်ဆိုတာဟာ။ သီလကောင်းတယ်ဆိုတာဟာ ဘုရားရှင် ကိုယ်တော်မြတ်များပွင့်မှ ပညတ်ခဲ့တာမဟုတ်ဘူး1 သာသနာပ အခါများလဲ ပညာရှိပုဂ္ဂိုလ်တွေဟာ ဒီဒါနကောင်းတယ်။ သီလခေ ကာင်းတယ်ဆိုတာ ပညတ်ခဲ့တာပဲ။ ပညတ်ခဲ့တဲ့အတိုင်း ပညာရှိ သူတော်ကောင်းတွေက သာသနာပအခါ၊ ဘုရားမပွင့်တဲ့အခါမှာလဲ ဒါနတွေပြူကြတာပဲ။ သီလတွေ ဆောက်တည်ကြတာပဲ။ တကယ် ကောင်းတဲ့တရားတွေမို့လို့
ဒါနဆိုတာဟာ ဟိုအဝေး မကြည့်ရပါဘူး။ လောကမျက်မြင် အကျိုး ကိုပဲပေးနေတာပဲ။ ဒါနပြုခြင်းကြောင့် ဒါနံသိနေဟ ဘေသဇ္ဇံ။ ဒါနံ- လှူဒါန်းပေးကမ်းစွန့်ကြဲခြင်းသည်။ သိနေဟ ဘေသဇ္ဇံ။ ပီယဆေးတစ်မျိုး ဖြစ်ပါပေ၏။
ဟော့. . . ပေးရင်ချစ်တာပဲ။ လူမပြောနဲ့ တိရစ္ဆာန်လေးတွေတောင် ပေးတတ် ကမ်းတတ်တဲ့ပုဂ္ဂိုလ်ကို ချစ်ကြတာပဲ ခင်ကြတာပဲ။ ဒါ မျက်မြင် ထို့အတူပဲ လူအချင်းချင်း လဲပေးခြင်းကမ်းခြင်းအားဖြင့် အောင် နိုင်ရမယ် အနိုင်ယူရမယ်။ ကိုယ့်ကိုမုန်းနေတဲ့လူတစ်ယောက်ကို တကယ့် စေတနာလေးထားပြီးတော့ ပေးကြည့်ပါလား။ ချစ်စဖွယ်စကားတွေပြော ပြီးတော့ ပေးကြည့်စမ်းပါလား။ စေတနာလေးထားပြီးတော့ ပေးကြည့်ပါ လား။ အဲဒီလူဟာ ရန်သူအဖြစ်က။ မိတ်ဆွေဖြစ်လာနိုင်တယ်။ ဒါ လောကမျက်မြင်ဝဲ။ ဘယ်သူကမှ ြာစရာမလိုဘူး' ဒါကြောင့်ပဲ ဘသနာပအခါ ဘုရားများမရှိပေမယ့် ပညာရှိတွေဟာ ဆုံးမသွန်သင်ပြီး တော့ လူတွေ လှူချင် ကမ်းချင်အောင် ဆောံက်တည်စေတယ်။ စေခိုင်းာယ်၊ အဲဒါနဲ့ သာသနာပမှာလဲ သူတော်ကောင်းတွေဟာ လှူကြ တန်းကြ ပူဇော်ကြတာပဲ။ ဒါ့ကြောင့် ဒါနဆိုတာဟာ ကောင်းတယ်ဆိုတာ
သူများပြောလို့ သံရတာမဟုတ်ဘူး။ ကိုယ့်ကိုယ်တွေ့အရ ကိုယ့်ရဲ စိတ်ချမ်းသာမှု အကြောင်းပြုပြီးတော့ ဒီဘ၀မှာလဲပဲ ကိုယ်က သိသည် ဖြစ်စေ။ မသိသည်ဖြစ်စေ။ ဒီဒါနကြောင့် ကိုယ့်ကို အကျိုးပေးတာတွေ ကြုံကြရတာပဲ။ တချို့အကျိုးပေးတာဟာ ကိုယ်ကမသိလို့ သူကတော့ အဲဒီဒါနဆိုတဲ့ တရားကတော့ ပေးနေတာပဲ။
ဇီဝ ပညာယ ရက္ခေယျ-အသက်ဉာဏ်စောင့်။ ဓနံကမ္မေန ပါလေယျ-ဥစ္စာကံစောင့်
လောကဆိုရိုးရှိတယ်1 အသက်ဉာဏ်စောင့်။ ဥစ္စာကံစောင့်တဲ့။ အဲဒီ တော့ အဲသလို ဒါနမှု သီလမှုကို ယနေ့ကုသိုလ်ကောင်းမှုတွေ ပြုကြ တယ်။ ယနေ့ မွေးနေ့အလှူအဖြစ်ဖြင့် ကုသိုလ်ကောင်းမှုပြုကြတယ် ပြုကြတော့ အဲဒီကုသိုလ်ကောင်းမှုက ခုနပြောသလို ဆွမ်းအလှူဆိုတာ အသက်ရှည်စေတတ်တယ်။ အဆင်းလှစေတတ်တယ်။ ချမ်းသာစေတတ် တယ်။ ခွန်အား ကြီးစေတတ်တယ်။ ပညာကြီးစေတတ်တယ်ဆိုတော့ ဟော-သူတို့က မိမိတို့ ဒီဘ၀ အသက်ကို အထောက်အပံ့ပေးတတ်တယ်။ ပေးတတ်တော့ ဒီဘဝမှာ အသက်ရှည်ခြင်းဆိုကဲ့ အကျိုးကိုရတယ်။ ဒါ့ကြောင့် အသက်ဉာဏ်စောင့်တဲ့။
လောကမှာ သင့်တင့်တဲ့ အစာအာဟာရစား။ သငဲ့တင့်တဲ့ ရာသီဥတု အသုံးပြု၊ သင့်တင့်တဲ့အစားအစာစား၊ သင့်တင့်တဲ့ရာသီဥတုကို အသုံး ပြုး အဲသလို ဥတုတွေး အာဟာရတွေ စသည် မသင့်တာရှောင်။ သင့်တာ အသုံးပြုပြီးသွားရင် အသက်ရှည်တာပဲ။ ဒါကို အသက်ဉာဏ်စောင့်တဲ့။
ဒါတင်မက အခုလိုပဲ ကုသိုလ်ကောင်းမှုတွေပြုတယ် အဲဒီကုသိုလ် ကောင်းမှုတွေက မိမိတို့ကို အသက်ရှည်အောင် ဆောင်ရွက်ပေးမယ်' ဒါ့ကြောင့် အသက်ဉာဏ်စောင့်အောင် ကုသိုလ်နဲ့ အားပေးရတယ်။ ကုသိုလ်နဲ့အားပေးခြင်းဟာလဲ အသက်ရှည်ခြင်းအကြောင်းတစ်ရပ်ပဲ။
ဥစ္စာကံစောင့်။ မိမိတို့ဥစ္စာကို တိုးပွားအောင်။ တည်တံ့အောင် ဘာလုပ်မလဲ ဥစ္စာကံစောင့်တဲ့။ ကံနဲ့ စောင့်ရှောက်ရတယ်။ ကံဆိုတာ ကိုယ့်အလုပ်ပေါ့ လုံ့လ ဝီရိယနဲ့ စောင့်ရှောက်ပေးရင် ပစ္စည်းဥစ္စာတွေ
တည်တံ့တယ်။ တိုးပွားတယ်။ ပြီးတော့ အခုလိုပဲ ကုသိုလ်ကောင်းမှုတွေ ဆက်ပေးလိုက်လို့ရှိရင် လှူပေးတန်းပေး။ သီလစောင့်ရှောက်ပေးး ဘာဝနာ စီးဖြန်းပေး။ ကုသိုလ်ကောင်းမှုတွေနဲ့ ဆက်ပေးရင် ဥစ္စာပျက်စီးမှုစသော ပျက်စီးမှုဘေးတွေဟာ ကင်းဝေးရတယ်1 ဥစ္စာတိုးပွားခြင်း အစရှိသော တးဌားမအဖုဖုံနဲ့ ကြရတယ်။ါ့ကြောင့်မုလို ကုသိုလ်ဆုတား ဘုန်းကြီးတို့ ကုသလဆိုတဲ့ပုဒ်က ဖြစ်လာတာ။
ကုစ္ဆိတေ ပါပဓမ္မေ သလယန္တိ စလယန္တိ ကမ္မေန္တိ ဝိဒ္ဓံသေန္တီတိ
ကုသလာနိ-
မကောင်းကဲ့တရားတွေကို ဖျက်ဆီးတတ်သောကြောင့် ကုသိုလ်တဲ့။
ဒါကြောင့် ကုသိုလ်တွေနဲ့ ဆက်ပေးလိုက်တော့ ဥစ္စာဗျက်စီးခြင်း စသော ပျက်စီးခြင်း မကောင်းမှုတွေမှ ကင်းပြီးတော့ ဥစ္စာကြွယ်ဝခြင်း အစရှိသေား ကောင်းမြတ်သော အကျိုးတရားတွေနဲ့ ဆုံကြရတယ်။ အဲဒါကြောင့်မို့ အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်လို့ ဆိုရတယ်။ ဒါ့ကြောင့် ယနေ့ ဒကာမကြီးဒေါ်ဌေးအောင်ရဲ့ မွေးနေ့အလှူတော် ပူဇော် လှူဒါန်းကြတယ်။ အဲဒီမွေးနေ့အလှူတော်မှာ လှူဒါန်းရတဲ့ အလှူဒါနတွေ ဟား သီလတွေဟား အားထုတ်ရတဲ့ ပွားများရတဲ့ ဘာဝနာတွေဟာ ကောင်းကျိုးချမ်းသာအမျိုးမျိုးတို့ကို ရခြင်းအကြောင်းမို့လို့ ယနေ့ မိမိတို့ အသက်ရှည်အောင်။ တိုးတက်ကြီးပွားအောင် အထောက်အပံ့ပေးကြမှာ မို့လို့ အဲဒီကုသိုလ်တွေဟာ အသက်ကိုလဲစောင့်ရှောက်တယ် ဥစ္စာကိုလဲ စောင့်ရှောက်တယ် ဒါ့ကြောင့် မင်္ဂလာ တိုးတက်ကြီးပွားကြောင်း။
မင်္ဂလန္တိ မဟန္တိ ဝုဂို' ပါပုဏန္တီတိ မင်္ဂလာနိ။
ဧတေဟိ-ယနေ့ မွေးနေ့အခါပြုကြသော အလှူဒါန သီလဘာဝနာ များစွာသောကုသိုလ်ကောင်းမှုတို့ကြောင့် မင်္ဂလန္တိ မဟန္တိ-ဒီဘဝမှာလဲ တိုးတက်ကြောင်း နောက်ဘဝမှာလဲ တိုးတက်ကြောင်း တိုးတက်ကြီး ပွားမြင့်မြတ်ကြရကုန်၏။ ဝုဗို' ပါပုဏန္တိ-တိုးတက်ခြင်းသို့လည်း ရောက် ကြရပေကုန်၏။ တ္တတိ-ထိုသို့ တိုးတက်ကြောင်း ကြီးမြတ်ကြောင်း ဖြစ်ကြသောကြောင့်၊ မင်္ဂလာနိ-မင်္ဂလာတို့မည်ကြကုန်၏။
အဲသလို အရှိန်ရ အထုံရသဖြင့် အဲဒီကုသိုလ်ဟာ အကျိုးပေးညံ့တဲ့ ကုသိုလ်မျိုးမဟုတ်ဘူး အကျိုးပေး ထက်သန်ထူးခြားတဲ့ ကုသိုလ်တွေ လို- နှစ်စဉ်နှစ်စဉ် လှူဒါန်းတဲ့ ထာဝရကောင်းမှု နိဗဒ္ဓကုသိုလ်အဖြစ်ဖြင့် တွေးတောပြီးတော့ ယနေ့ နှစ်သက်ရွှင်လန်း ဝမ်းသာအားရသလိုပင် နောင်အခါလဲပဲ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် မိမိတို့ကုသိုလ် တွေ တိုးပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။။
(သာဓု သာဓု သာဓု)
သပြေကန်ဆရာတော်၊ (၆-၂-၉၁ တွင် ဆရာမကြီး ဒေါ်ဌေးအောင်စါ ၇၆- နှစ် မြောက် မွေးနေ့၌ ဟောကြားပါသည်။)
ဓမ္မတံခွန်မဂ္ဂဇင်းမှ
ဆုတောင်းအာသီသ
ဤသို့ပြုရ မြတ်ပုညကြောင့် ဤဂေါတမ ဗုဒ္ဓမြတ်ဘုရား သာသနာတော်အတွင်း၌ပင် ဇာတိ၊ ဇရာ၊ မရဏ မရှိသဖြင့် အမတ မည်သော၊ အဖြစ်အပျက်ကင်း ငြိမ်သက်ငြိမ်းအေးသဖြင့် သန္တိ မည်သော၊ ကိလေသာတရား ကုန်ခန်းသဖြင့် ခယံ မည်သော၊ ရာဂကုန်ရာဖြစ်သဖြင့် ဝိရာဂ မည်သော သန္တိသုခ နိဗ္ဗာနဓာတ်သို့ အထူးထူးသောအသိဖြင့် ထိုးထွင်း၍သိမြင်ခြင်း၊ ခြောက်ဖြာသော အဘိညာဉ်တို့ကို ဆောင်နိုင်ခြင်းစသည့် ဝိသေသတို့နှင့်တကွ အရဟတ္တဖိုလ်တည်းဟူသော တင့်တယ်သောကျက်သရေတော်ဖြင့် မျက်မှောက်ပြုရပါစေသား။
ဗုဒ္ဓမြတ်စွာ သာသနာတော်၏အကျိုးငှာ အဇ္ဈတ္တသန္တာန်ရှိ ရန်သူကိလေသာ၊ ဗဟိဒ္ဓပြင်ပရှိ ရန်သူမိစ္ဆာဟူသမျှကို အောင်နိုင်၍ သီရိဓမ္မာသောက မင်းမြတ်ကဲ့သို့၊ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကဲ့သို့ သာသနာတော်ကို ရွပ်ရွပ်ချွံချွံ ပြုစုစောင့်ရှောက် ချီးမြှောက်ခွင့် ရရှိပါစေသား။
မိမိနှင့်အတူ ကောင်းမှုကို ဖြည့်ကျင့် ဆည်းပူးကြကုန်သော လုပ်ဖော်ကိုင်ဖက် ပါရမီဖြည့်ဖက် အပေါင်းတို့သည်လည်း မိမိတို့ အလိုရှိရာ ဗောဓိဉာဏ် ဆုထူးဆုမြတ်တို့နှင့် ပြည့်စုံခွင့် ရကြပါစေသား။
ထုတ်ဝေသူ၏ စာအုပ်မိတ်ဆက် (နောက်ဆက်တွဲ)
မိခင်ဧရာဝတီစာအုပ်တိုက်မိသားစု
၁၉၉၉-ခုနှစ်၊ ဩဂုတ်လ
သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၏ ကျမ်းစာ — စေတီနှင့် ရိုသေမှု
စေတီဟူသည် အဘယ်နည်း။ စေတီနှင့်ပတ်သက်သမျှ အကိုးအကား ခိုင်ခံ့ပြည့်စုံစွာ တင်ပြထားသော ဗုဒ္ဓဘာသာဝင်တိုင်း တစ်အိမ်တစ်အုပ် မရှိမဖြစ်ဆောင်ထားရမည့်စာအုပ်။
စေတီတော်ပေါ်သို့ အမျိုးသမီးတို့ တက်ခွင့်ရှိ မရှိ၊ တက်ကောင်းမတက်ကောင်း မည်သို့ဆုံးဖြတ်သင့်ကြောင်း စေတိယဝန္ဒနာ ကျမ်းစာ။
သပြေကန်ဆရာတော်ကြီး၏ ကျမ်းစာအုပ်များစွာအနက် တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့ဖူးသေးသော စာအုပ်အသစ်စက်စက်။
ရွှေတိဂုံဘုရားစောင်းတန်း မုခ် (၄) မုခ်ရှိ စာအုပ်ဆိုင်တန်းနှင့် ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါသည်။ တန်ဖိုး- ၂၀၀ ကျပ်၊ ကိုယ်စားလှယ်နှုန်း- ၁၈၀ ကျပ်။
ကျန်းမာရေးအတွက် မြတ်ဗုဒ္ဓ၏ဟောကြားချက်များ (နှစ်ဖက်လှ)
စာရေးဆရာကြီး နှစ်ဖက်လှ အမည်ဖြင့် လောကအကျိုးပြု စာအုပ်များစွာ ရေးသားခဲ့သူ၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ယင်းဌာန၌ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ဗုဒ္ဓနည်းကျ နှစ်ဖက်လှ ဝိပဿနာအသင်း၏ ကမ္မဋ္ဌာန်းဆရာကြီးအဖြစ် နည်းပေးလမ်းညွှန်နေသော ဝိပဿနာနည်းပြ။
ကျန်းမာရေးသည် လူတိုင်းအတွက် ရတောင့်ရခဲ လာဘ်တစ်ပါး...
ကျန်းမာရေးချို့ယွင်းခြင်းသည် ဘဝရသချို့တဲ့ခြင်းပင်... မြတ်ဗုဒ္ဓ၏ ကျန်းမာရေးနည်းလမ်းကောင်းများသည် ကမ္ဘာ့နောက်ဆုံးပေါ် ရောဂါဆန်းများအတွက် အကောင်းဆုံးကုထုံး...
မြတ်ဗုဒ္ဓ ညွှန်ပြထားသော ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးနည်းလမ်းအဖုံဖုံ ဤစာအုပ်တွင် အပြည့်အစုံဖော်ပြထားပါသည်။ ရောင်းဈေး- ၂၅၀ ကျပ်၊ ကိုယ်စားလှယ်နှုန်း- ၂၂၅ ကျပ်။